ဆင်မလေးမိုမို၏ အသက်၆၀ပြည့် မွေးနေ့ပွဲ - The Voice Weekly


ဆင်မလေးမိုမို၏ အသက်၆၀ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၁၉ရက် သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပခဲ့သည်။ ဆင်မလေးမိုမိုကို ၁၉၆၁ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးဆုံဒန္ဒာက ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ အဝေးပြေးကားလေးဝင်းတွင် ဗုံးလန့်မှုဖြစ်ပွား - Mizzima - News in Burmese




ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အဝေးပြေးကားအသင်းစုဝေးရာ ကားလေးဝင်းတွင် ရန်ကုန်မှတင်ပို့ပေးလိုက်သော ပါဆယ်အိတ်တစ်လုံးအား သက်ဆိုင်ရာမှ မသင်္ကာ၍ စစ်ဆေးရာမှစကာ အောက်တိုဘာလ ၁၈ရက် နံနက် ၉နာရီက ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု ဗုံးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ပါဆယ်အိတ်သည် Myanmar Mobile အမှတ်တံဆိပ် အပြာရောင်စာတမ်းပါ လက်ဆွဲစက္ကူအိတ်ဖြစ်ပြီး အိတ်ပေါ်တွင် "ဗိုလ်ချုပ်စိုးလွင် (တိုင်းမှူး) မုံရွာမြို့"ဟု ရေးထားပြီး ရန်ကုန်မှ မုံရွာသို့ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်ဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ထိုအိတ်ပေါ်တွင် ပေးပို့မည့်နာမည်ပါသော်လည်း လိပ်စာရေးသားထားခြင်းမရှိသောကြောင့် သက်ဆိုင်ရာမှ မသင်္ကာသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ အမှတ်(၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးချစ်ဆွေနှင့်အဖွဲ့သည် ထိုမသင်္ကာဖွယ် စက္ကူအိတ်အား သီးခြားသတင်းအတည်ပြုရန် သက်ဆိုင်ရာစစ်ဘက်ရေးရာဌာနသို့ ယူဆောင်စစ်ဆေးရာ အိတ်အတွင်း၌ ဂေါက်သီးများ ထည့်ထားခြင်းသာဖြစ်ပြီး စိုးရိမ်ဖွယ်မရှိကြောင်း ယင်းအင်ဂျင်နီယာတပ်က ပြောကြားခဲ့သည်။

ယင်းမသင်္ကာဖွယ် ပါဆယ်အိတ်တစ်လုံးအား တိုင်းဒေသကြီး အရေးကြီးစာပို့ တာဝန်ထမ်းဆောင်နေသူ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့(မုံရွာ) တပ်ဖွဲ့ခွဲမှ ယာဉ်ထိန်းရဲတပ်ကြပ် မြသိန်းထိုက်က တာဝန်အရ ပေးပို့စာများနှင့် ပါဆယ်ပစ္စည်းများကို ကားဂိတ်တွင် သွားရောက်ယူဆောင်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ဒီရက်ပိုင်းအတွင်းမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်စုံတစ်ခုကို တွေ့ရှိရတယ်ဆိုရင် သက်ဆိုင်ရာကို ဖုန်းဆက်အကြောင်းကြားပါဆိုလို့ လုံခြုံရေသတိအရ အခုလိုဖုန်းဆက်လိုက်ရတာဖြစ်ပါတယ်"ဟု ယာဉ်ထိန်းရဲတပ်ကြပ် မြသိန်းထိုက်က ပြောသည်။

အောက်တိုဘာလ ၁၁ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလ ၁၁ရက်နေ့တွင် တောင်ငူမြို့၌ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုလထဲတွင်ပင် ၁၃ရက်နေ့၌ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Westren Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ရက် ညပိုင်းက ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၅ရက်တွင် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား ကားပါကင်နေရာနှင့် ရွှေပြည့်စုံဟိုတယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သေးသည်။ ထိုသို့ဗုံးပေါက်ကွဲမှုများအပြီး စစ်ကိုင်းတိုင်းတွင် အရပ်ဝတ်ရဲများအား လူစည်ကားရာနေရာများနှင့် မြို့အဝင်အထွက်နေရာများတွင် လုံခြုံရေးများ ချထားခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၆ရက်နှင့် ၁၇ရက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံးဆက်ပေါက်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

မြန်မာတွေ မျိုးတုန်းသွားနိုင်တယ်ဆိုတာ သိသင့်တယ် - Update News In Myanmar



လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ကျုပ် တို့ကိုမသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင်မြင်ကြည့်ကြ ရအောင်။

လူမျိုးတုန်းသတ်ဖြတ်နေတာ၊ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။ တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကိုမတားဆီး၊ မပိတ်ပင်နိုင်ရင်တော့မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေ နဲ့မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို..... အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ........ ....

၁၇-၈-၂၀၁၃ နေ့မှာ တောင်တွင်းကြီးမြို့ အ.လ.က (၁) မှာ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်က ကျောင်းဈေးဆိုင်မှာ ရောင်းချနေတဲ့ မုန့်တွေကိုစစ်ဆေးတဲ့အခါ မှာ ရောင်းချနေတဲ့ မုန့်အများစုဟာ ကလေးများအတွက်အာဟာရ မဖြစ်တဲ့အပြင် အန္တရာယ်ကြီးမားတဲ့ မုန့်တွေပါတွေ့ရှိရပါတယ် ။

ပုံပါအတိုင်း အချိုရည်ဘူးကပြည်တွင်းဖြစ်ပါ။ ရေသန့်မဟုတ်တဲ့ ရိုးရိုးရေထဲမှာ ဆိုးဆေးရော၊ သကြားဆီနဲ့အနံ့ ထည့်ပြီးpacking ပိတ်ထားတာပါ ။

ဆိုးဆေးထည့်တာ လက်ဆများသွားပုံ ရပါတယ် ။ ရေတွေက ပြစ်နှစ်နေပြီး အမှုန်တွေတောင် တွေ့ရပါ တယ်။ မုန့်ထုပ်တွေကတော့ သက်တမ်းလွန်နေတာ တစ်နှစ်နဲ့နှစ်လ ရှိနေပြီဖြစ်တဲ့ တရုတ်မုန့် တွေပါ။

ဒီလိုသက်တမ်းလွန်မုန့်တွေနဲ့ ဆိုးဆေးရည်တွေကိုပိုက်ဆံပေးပြီး မုန့်လုပ်စားနေကြရတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပါ။

ဈေးပေါပေါနဲ့ဝင်လာတဲ့ တရုတ်မုန့်တွေ ၊ ဆိုးဆေးအပြည့်နဲ့ အချိုရည်ဘူးတွေ၊ ဂျယ်လီဘူးတွေ၊ရေခဲချောင်းတွေ ၊ စားအုန်းဆီခဲတွေနဲ့ ကြော်ထားတဲ့အကြော်တွေ ၊ဆိုးဆေးတွေနဲ့ အကင်တွေ ၊ဆိုးဆေးတွေ ဆိုးထားတဲ့ သရက်ကင်တွေ၊သကြားဆီတွေနဲ့ ဘာတွေရောစပ်ထား မှန်းတောင်မသိနိုင်တဲ့ တရုတ်သကြားလုံးတွေ၊

အစရှိတဲ့ မုန့်တွေပဲ နေ့စဉ်နဲ့ အမျှ မြိန်ရည် ရှက် ရည် စားနေကြရရှာတဲ့ ကျွန်တော်တို့ ကလေး များ ကိုဘယ် လိုကယ်ဆယ် နိုင်ကြမ လဲ??

ဒီမုန့်တွေကိုရောင်းချနေတာ ကျွန်တော် စစ်ဆေးခဲ့တဲ့ကျောင်း တကျောင်းထဲမှာပဲ ရောင်းနေတာ မ ဟုတ်ပါဘူး။

မြန်မာနိုင်ငံ တနံတလျားတောရော မြို့ပါကျောင်းတိုင်းကျောင်းတိုင်း မှာ ရောင်းချနေတာပါ ။

ဒါဆိုရင် ကျွန်တော်တို့မျိုးဆက်ကလေးတွေအားလုံးမှာ အန္တရာယ်ကြီးကြီးမားမား ကျရောက်နေပြီ ဆိုတာဟာ ငြင်းလို့မ ရလောက်အောင်ကို သိသာထင်ရှား နေပြီဖြစ်ပါတယ် ။

အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ ဖြစ်နေပါပြီ။

ဒီနှုန်းအတိုင်း ဆိုရင်ကျွန်တော်တို့ကလေးတွေ အားလုံး အသက်၂၀ နဲ့ ၃၀ ကြားမှာ အသည်း ကင်ဆာလို ရောဂါတွေနဲ့သေဆုံးကြ ရဖို့ သေချာနေပါပြီ။

ဒီကလေးတွေသာ မ်ျုးဆက်ပြတ်ကြရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်အုပ်ချုပ် အုပ် ချုပ်။ ဘယ်လောက်ကောင်းတဲ့စနစ်နဲ့ချီတက်ချီတက် တိုးတက်ကြပါ့မလား????

ဒါကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုလို့မပြောရင် ဘာကိုပြောမှာလဲ??????

Credit to - U Kyaw Swe

နန်းခင်ဇေယျာကို နိုင်ငံပိုင်သတင်းစာ အလွဲသုံးစားလုပ် သတင်းစာ မဖတ်ရသေး၍ မဖြေနိုင်ဟု အကြောင်းပြန် - မြန်မာသံတော်ဆင့်



ဆီးဂိမ်း လှုံ့ဆော်မှု ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အစိုးရပိုင် ကြေးမုံ သတင်းစာတွင် သတင်းရေးသား ဖော်ပြခဲ့ရာ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာကို သတင်းဓာတ်ပုံ ထည့်သွင်း ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံ မှာလည်း ပုံနှင့်အမည် လွဲမှား ဖော်ပြ ထားခဲ့သည်။အောက်တိုဘာ ၁၃ ရက်ထုတ် ကြေးမုံ သတင်းစာ နောက်ကျောဖုံးတွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပြီး သတင်း၏ အဆက်ကို စာမျက်နှာ ၅ ကော်လံ ၁ တွင် ဆက်လက် ဖော်ပြရာတွင် အဆိုပါပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာပုံကို စာရေးသား ထည့်သွင်းထားခြင်း ဖြစ်ပြီး ယင်းဓာတ်ပုံမှာ လည်း မော်ဒယ် ကေကေ မိုးမြင့်ပုံ ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ အနောက်ပိုင်းခရိုင် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်ကို မြန်မာသံတော်ဆင့်က အောက်တိုဘာ ၁၆ ရက်တွင် ဆက်သွယ် မေးမြန်း ခဲ့ရာ““အန်တီတို့ အဲဒီနေ့ သတင်းစာကို မဖတ်ရသေးဘူး။ အဲဒီညီမ ပြောနေတာတွေနဲ့ ပတ်သက်ပြီး အထက်က ဘာမှ ညွှန်ကြားထားတာ မရှိသေးပါဘူး။ ပုံမှားနေတာ တော့ အန်တီတို့လည်း မသိဘူး”” ပြန်လည် ပြောကြားခဲ့သည်။ …

ယင်းနောက် အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ၏ စာမျက် နှာ ၅ တွင်မူ မော်ဒယ် ကေကေမိုးမြင့်၏ ပုံဖြင့်ပင် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲနှင့် အနုပညာရှင်၏ ၀မ်းသာပီတိ ဟူသော သတင်း ခေါင်းစဉ်ဖြင့် ထည့်သွင်း ဖော်ပြထားခဲ့သည်။အဆိုပါ ဓာတ်ပုံနှင့် စာသား မှားယွင်း ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာက ယင်းပွဲသို့ ဖိတ်ကြား ခံထားရခြင်း မရှိကြောင်းနှင့် ကြေးမုံတွင် ယင်းသတင်း ပါဝင်သည်ကို မသိသေးကြောင်း မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းသည်ကို ပြန်လည် ဖြေကြားခဲ့သည်။

နန်းခင်ဇေယျာက ““ ညီမအနေနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ညီမ ထင်တာတော့ ပုံနှိပ်တာ ရိုက်တဲ့လူ မှားသွားလို့ပါ။ လူတိုင်းက အလုပ်တွေ များတာနဲ့အမျှ အမှားလည်း ရှိနိုင်တယ်လေ။ လူတိုင်းက သဘောပေါက်မှာပါ။ အဲဒါ မှားယွင်းမှုလို့ နားလည်ကြမှာပါ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အထိမ်းအမှတ် ပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင်ဟောင်းများ ဘောလုံးအသင်းနှင့် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး အမျိုးသား ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင် ကစားခဲ့ကြရာ မြန်မာ့ လက်ရွေးစင်ဟောင်းများ အသင်းက ၂-၁ ဖြင့် အနိုင်ရခဲ့သည်။




နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသော Shangrila Residence နှင့် Rose Garden ဟိုတယ်တို့မှ ဆီးဂိမ်းအမီ အခန်းများရရှိရေး ၀န်ကြီးဌာနနှင့် ညှိနှိုင်းဆဲ - Eleven Media Group




နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသော Shangrila Residence နှင့် Rose Garden ဟိုတယ်မှ ဆီးဂိမ်းအမီ ပမာဏ အခန်းများရရှိရေး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် လက်ခံ ကျင်းပတော့မည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဟိုတယ်အခန်းများ လိုအပ်ချက်မှာ ရန်ကုန်နှင့် နေပြည်တော်တို့တွင် အဓိက လိုအပ်လာမည်ဟု ၀န်ကြီးဌာနမှ သုံးသပ်ထားပြီး အဓိကထား ဖြည့်ဆည်းရမည် ဖြစ်သည့်အတွက် ရန်ကုန်တွင် ပြင်ဆင်ဆောက်လုပ်နေဆဲ ဖြစ်သည့် ဟိုတယ်၊ အဆောက်အအုံများထဲမှ Shangrila Residence နှင့် Rose Garden ဟိုတယ်မှ လိုအပ်သည့် အခန်းအရေအတွက် ရရှိရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှာ အခန်း ၂၄၀ နှင့် အခန်း ၃၀၀ စီတို့ ရှိမည်ဖြစ်ပြီး အမှန်တကယ် ပြီးစီးခဲ့မည် ဆိုပါက ရန်ကုန်တွင် ကျင်းပမည် ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲအတွက် အခန်းများမှာ လုံလောက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဆိုသည်။

''Shangrila Residence ကတော့ နိုဝင်ဘာမှာ ဖွင့်ပွဲလုပ်နိုင်မယ်လို့တော့ သိထားတယ်။ အဲဒီမှာ သူတို့ဘက်ကလည်း တတ်နိုင်သလောက် ရရှိနိုင်အောင် လုပ်ဆောင်နေတယ်။ နောက်ပြီး Rose Garden ဟိုတယ်ဆိုလည်း နဂိုကတည်းက ဒီဇင်ဘာအတွင်းမှာ အပြီးသတ်နိုင်မယ်လို့ တင်ထားပြီးသားဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ လိုသလောက် အခန်းရရှိနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဦးလှိုင်ဦးက ပြောကြားသည်။

Shangrila Residence နှင့် Rose Garden ဟိုတယ်မှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံထားသည့် အဆောက်အအုံများ ဖြစ်ပြီး ယခုနောက်ပိုင်း မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် အဆမတန် မြင့်တက်လာမှုကြောင့် ပြန်လည်ပြင်ဆင်ကာ ဖွင့်လှစ်မည် ဖြစ်သည်။

လာမည့် ဆီးဂိမ်းအတွက် ရန်ကုန်-နေပြည်တော်-မန္တလေးတို့တွင် ဆီးဂိမ်းပြိုင်ပွဲအတွက် ဟိုတယ် ၈၆ လုံးမှ အခန်းပေါင်း ၇၀၀၀ ကျော် ထားရှိမည်ဖြစ်ပြီး ရန်ကုန်တွင် Sedona၊ Traders ဟိုတယ်များ အပါအ၀င် ဟိုတယ် အလုံးပေါင်း ၃၃ လုံးရှိ အရန်အခန်းများ အပါအ၀င် ၁၀၂၆ ခန်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။

(ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော Rose Garden ဟိုတယ်ကို တွေ့ရစဉ်)

မန္တလေး ရတနာပုံ၊ တရုတ်နဂါးနဲ့ သီတင်းကျွတ် - irrawaddy


မန္တလေးတွင် သီတင်းကျွတ် ကာလအတွက် ပြင်ဆင်ထားသည့် မီးပုံး အရောင်းဆိုင် တဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
“… ရွှေနန်းတော်ဦး စွယ်တော်စင် ဘုရားမှာပူဇော်ရန် ရောင်စုံမီး၊ ဥပါမီး၊ မီးလင်းမြွေ စသော မီးပုံး အမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ဆင်သံ၊ မြင်းသံ စသော ရှို့မီး အမျိုးမျိုး။ တစ်ဆဲ့ခြောက်ဌာန ဘုရားရှင်တို့အား မီးစောင်းတန်း သွယ်တန်း ပူဇော်တော်မူရန်။ အရပ်ရပ် မီးစောင်းတန်း၊ လမ်းအရှည်တာ တသောင်းခြောက်ထောင်၊ တစ်တာလျှင် သုံးလုံးကျ။ မှန်မီးလုံးရေ လေးသောင်းရှစ်ထောင်။ တစ်ညလျှင် လေးလဲကျ။  ခြောက်ညသင့် ကျောက်ဖုယောင်းတိုင်ပေါင်း  တသန်း  တသိန်း ငါးသောင်း နှစ်ထောင်။ ပန်းထီးကိုးထောင်ကျော်။ ပန်းတံခွန် ကိုးထောင်ကျော်မှစ၍အလှူတော် အဘွယ်အရာများကို အစီအစဉ် အခမ်းအနား မျိုးတူမျိုးခြား ပွဲသဘင်စုံများနှင့်တကွ တောင်စမုတ်တော်သို့သွင်းပြရာ။ အသျှင်နှစ်ပါး ထွက်တော်မူ၍ ရေစက်သွန်းချတော်မူပြီးလျှင် …”

(မူရင်းသတ်ပုံ ကုန်းဘောင်ခေတ် မဟာရာဇဝင် ဇာတ်တော်ကြီးမှ)

မန္တလေး ရတနာပုံခေတ်၊ သီပေါမင်း နန်းတက်စဉ်ကာလ၊ သက္ကရာဇ် ၁၂၄၄ ခုနှစ်၊ သီတင်းကျွတ်လ၊ ဆီမီးမြင့်မိုရ်ပွဲတော် ခင်းကျင်း လှူဒါန်းပုံတွေကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးမှာ မှတ်တမ်းတင်ထားတာထဲက  ထုတ်နုတ်ပြတာပါ။

တကယ်တော့ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် သီတင်းကျွတ်လ ဝါကျွတ်အလှူ ပွဲတော်ကို ရှင်ဘုရင်က ဦးစီးပြီး အခမ်းအနား ကျင်းပခဲ့ပုံဟာ  အံ့ဘနန်းပါပဲ။ ဒီအစီအစဉ်တွေကြောင့် မန္တလေးရဲ့ သီတင်းကျွတ် ပွဲတော်တွေက အမွေ ဆက်ခံပြီး ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တယ်လို့ သဘောပေါက် ရပါတယ်။ ရတနာပုံ မန္တလေးနေပြည်တော် နန်းမြို့တော် အတွင်း လွှတ်တော် မြောက်ဘက်မှာ အရှေ့မြင်းမိုရ်နဲ့ ရုပ်စုံစင်ရှိသတဲ့။ မြင်းမိုရ်ဆိုတာက … မြတ်စွာဘုရား ယခင်က ဝါတွင်းသုံးလ တာဝတိံဿနတ်ပြည်မှာ မယ်တော်မိနတ်သား အမှူးပြုပြီးနတ် ဗြဟ္မာသိကြားတို့ကို အဘိဓမ္မာ တရားများဟော ကြားပြီး မြင်းမိုရ်တောင်က သင်္ကဿနဂိုရ်ပြည်ကို ရွှေ၊ ငွေ၊ ပတ္တမြား စောင်းတန်းတွေနဲ့ နတ်များ ဗြဟ္မာများ ခြံရံဆင်းသက်ပုံကို ပမာပြုပြီး ဆီးမီး ရောင်စုံနဲ့ မြင်းမိုရ်တောင် အလား ပြင်ဆင် ထွန်းညှိပူဇော်တာကို ဆိုလိုတာပါတဲ့။

အရှေ့မြင်းမိုရ်၊ အနောက် မြင်းမိုရ်တွေအပြင် ဝင်းတော်လေးမျက်နှာမှာ ရွှေဆင်တော် ထားဖို့ တန်စောင်း လေးရပ်နဲ့ ရုပ်စုံစင် မြေနန်းတော် ယာဘက် ယာယီစံနန်းတော်နဲ့ အရှေ့ဝင်္ကပါ၊ အနောက်စမုတ်တော် ဝဲယာမှာ လေးကျွန်း မြင်းမိုရ်ဝင်္ကပါ တော်တို့ကိုလည်း ပြင်ဆင်ထားရှိပါသည်။ စက်ယန္တရားတွေနဲ့ လုပ်ဆောင်ရတဲ့ ပါရသီဇာတ်ရုံတော်ကြီးနဲ့ ဇာတ်ရုံဝဲယာမှာ အခြေ စက်ဘီးတပ် လက်ရှပ် ရုပ်စုံစင်တော်လည်း ရှိသတဲ့။

ရွှေမြို့တော် အတွင်းက တဆယ့်ခြောက်ဌာန ဘုရားရှင်တွေမှာလည်း ရုပ်စုံစင်တော် အလုပ်အဆောင်တွေ၊ ရွှေထီးစိုက် တန်ဆောင်း စင်ရှင်တွေ။ ဘုရားရှင်များလှူဒါန်းဖို့ ရွှေဆင်တော် လေးစီး၊ ဆင်နီတော် တစီး အလုပ်အဆောင်တွေ။ ဒီနောက် အလုပ်ရုံဌာန အရာရှိ၊ ဆင်ဝန်အရာရှိ၊ မြင်းဝန်အရာရှိ၊ လှေဖောင်အရာရှိ၊ ကျီဝန်အရာရှိ၊ တရုတ်၊ ကုလား၊ ယိုးဒယား၊ လင်းဇင်း၊ မီးပန်းအရာရှိတွေက အဲဒီ တဆယ့်ခြောက်ဌာန ဘုရားရှင်တွေဆီကို ရွှေနန်းတော်ကြီးကနေ မီးစောင်းတန်း သွယ်တန်းပြီး ပူဇော်ကြဖို့  စီမံဆောင်ရွက်ကြရ သတဲ့။ ရွှေနန်းတော်ကြီးက မဟာမြတ်မုနိ ဘုရားကြီးဆီ မီးစောင်းတန်းသွယ် တန်းရာမှာ ဝဲယာမီးတိုင်တွေ၊ နိုင်ငံခြားဖြစ် ပန်းမျိုးစုံ၊ ပြည်တွင်းဖြစ် ဖော့ပန်းမျိုးစုံ၊ ပန်းထီး၊ ပန်းဆိုင်း၊ ပန်းတံခွန် အမျိုးမျိုး ပြင်ဆင်ကြရသတဲ့။ သီတင်းကျွတ်လဆန်း ကိုးရက်နေ့ကနေ လဆန်း တဆယ့်လေးရက်နေ့အထိ ဝင်းတော်လေးမျက်နှာ ရုပ်စုံစင်တွေက ညစဉ်တပြိုင်တည်း ခင်းကျင်းကပြကြတယ်။ ဝင်းတော်လေးမျက်နှာက ဝင်းတော်အမှုတော်၊ ယွန်းစုအမှုထမ်းတွေက ရွှေဆင်တော်၊ ဆင်နီတော်တွေကို တန်ဆောင်းဆင်ရှင်နဲ့ အတူ ထမ်းဆောင်ပြီး အတီးအကတွေနဲ့ မှူးတော်  မတ်တော် အရာရှိတို့ နေအိမ်တွေဆီ သွားရောက် တီးမှုတ်ကခုန်ကြတော့ ဆုလာဘ်တွေ ချီးမြှင့်ကြသတဲ့။ လေးမျက်နှာဝင်းပွဲတော်က သီတင်းကျွတ်လဆန်း တဆယ့်လေးရက်မှာ သိမ်းပါတယ်။

သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှာတော့ စွယ်တော်စင်ဘုရား၊ လောကဆီမီးဘုရား၊ မဟာလောက မာရဇိန်ဘုရားစတဲ့ တဆယ့်ကိုးဆူသော ရုပ်ပွားစေတီတော်တွေကို လှူဒါန်းပူဇော်မယ့် ရောင်စုံဆီမီးတွေ၊ မီးလင်းမြွေစတဲ့ မီးပုံးအမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ရှို့မီးအမျိုးမျိုး။ တဆယ့်ခြောက်ဌာန ဘုရားရှင်တွေဆီ မီးစောင်းတန်း သွယ်တန်း ပူဇော်မယ့် အရှည်ဟာ တာတသောင်းခြောက်ထောင် (၃၄ မိုင်ဝန်းကျင်) စုစုပေါင်း အရှည် အရှိမှာ တတာ (၁၀ ပေကျော်ခန့်) အတွင်း မီးမှန်အိမ် သုံးလုံးနှုန်းနဲ့ မီးအိမ်လုံးရေ ၄၈၀ဝ၊ တညမှာ ၄ ကြိမ် လဲလှယ်ထွန်းမယ်၊ ခြောက်ညအတွက် ကျောက် ဖရောင်းတိုင်ပေါင်း ၁၁၅၂၀ဝ၀၊ ပန်းထီး ၉၀ဝ၀ ကျော်၊ ပန်းတံခွန် ၉၀ဝ၀ ကျော်ကို အလှူတော် အဖွယ်အရာ အစီအစဉ် အခမ်းအနား မျိုးတူ မျိုးခြား ပွဲသဘင်စုံတွေနဲ့ တောင်စမုခ်တော်မှာ ခင်းကျင်းပြသပြီး အရှင်နှစ်ပါးက ထွက်တော်မူ ရေစက် သွန်းချသတဲ့။ ပြီးတာနဲ့ သက်ဆိုင်ရာ ဘုရားတွေဆီကို တာဝန်ပေးထားတဲ့ မှူးမတ် အရှာရှိတွေကတဆင့် လှူဒါန်း စေခဲ့တယ်။

မီးစောင်းတန်းတွေ သွယ်တန်းပူဇော်တဲ့ ဘုရားတွေက ရွှေနန်းတော်ကြီးကို ဗဟိုပြုပြီး၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင် ဗျာဒိတ်ပေးဘုရား၊ တောင်ထိပ်စေတီတော် ဘုရားဆီအထိ တလမ်း။ ဦးထိပ်တံခါးမှ ရတနာနဒီမြစ်ကို ကျော်ပြီး မင်္ဂလာဥယျာဉ်တော်၊ ၎င်းမှ တောင်သို့ မာရ်အောင်ရတနာ စေတီဘုရား (ဝါခင်းကုန်း ဘုရား) အထိ တလမ်း။ ကျော်မိုးတံခါး (မင်္ဂလာတံခါး) မှ တောင် မဟာဗောဓိညောင်ပင်သို့ တလမ်း။ ကျော်မိုးတံခါး (မင်္ဂလာတံခါး) လမ်းဆုံမှ အနောက်မဟာ လောကရုံသီ စေတီတော် (အိမ်တော်ရာ ဘုရား) သို့ တလမ်း၊ ယင်းမှ အနောက် ချမ်းသာကြီးဘုရား၊ ယင်းမှ တောင်ချမ်းသာရ ဘုရားသို့ တလမ်း။ ရွှေမြို့တော် အနောက်တောင်၊ တရုတ်တန်း လမ်းဆုံမှ တောင်ဘက် မဟာမုနိဘုရား၊ ယင်းမှ ရှင်ပင်းအုံ အင်းဘုရားသို့ တလမ်း။ ရွှေနန်းတော် အနောက်ဘက်တံခါးမှ တောင်ဘက် လောကဆီမီးဘုရားသို့ တလမ်း။ စည်ရှည်တံခါးမှ ဆုတောင်းပြည့် ဘုရား၊ ၎င်းမှ ရွှေကြီးမြင်ဘုရား၊ ၎င်းမှ ရတနာမဉ္ဇူ ဘုရားအရောက် တလမ်း။ အရပ်ရပ် ဝဲယာနှစ်ဘက်ပေါင်း စုစုပေါင်း တာတသောင်း ခြောက်ထောင်အရှည် မီးစောင်းတန်း အသွယ်သွယ် ထွန်းညှိ ပူဇော်ကြသတဲ့။

သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ မီးစောင်းတန်းများ အသွယ်သွယ် ထွန်းညှိတဲ့အခါ ရုပ်စုံပွဲ သဘင် များကိုလည်း ဘုရားစေတီ အသီးသီးမှာ တီးမှုတ်ဖျော်ဖြေစေတယ်။ ဒါမျှသာမ မီးစောင်းတန်း တလျှောက်မှာလည်း တညဥ့်လုံး တူရိယာသံ မပြတ်စေရဘူးတဲ့။ လမ်းတလျှောက် တီးမှုတ်ကခုန်နိုင်ကြဖို့ ဗုံရှည်၊ ဒိုးပတ်၊ အိုးစည် စတဲ့ တူရိယာအစုံ ငါးဆယ်ကျော်။ အတီးအက လူငါးရာကျော်ကို ပုဆိုး၊ ပုဝါ၊ အင်္ကျီ အစုံအလင် အပြင် တညကို ငွေကျပ် ဒင်္ဂါးနှစ်ပြားစီ ဆုတော်ငွေ ပေးကာ နန်းတော်က ဘုရားဆီအထိ တဦးရောက် တဦးပြန် တီးမှုတ် ကခုန်စေသည်။

ဇာတ်ရုံတော် ကြီးတွေမှာလည်း ယိုးဒယားကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ကုလားပါရသီ ဇာတ်ကြီး အတီးအက၊ ဂျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်တဲ့ ပွဲတွေအပြင် ရုပ်စုံသဘင် တွေကလည်း ကပြကြနဲ့ ခြိမ့်ခြိမ့် သည်းသည်း ပါပဲ။

ကိုင်း …

ထူးခြားတာက ရတနာပုံ နေပြည်တော်က ကြီးကျယ်ခမ်းနားလှတဲ့ သီတင်းကျွတ်ပွဲတော်ကို မန္တလေး ရတနာပုံ နေပြည်တော် မှာ နှစ်စဉ်မပျက် ကျင်းပပုံကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးက “မြင်းမိုရ် နှစ်ရပ်တွင်လည်း၊ ညနေသုံးချက်တီးခန့် အချိန်က၊ လေးချက်တီး ကျော်အချိန်ထိမှာ ယိုးဒယားဇာတ်ကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ဂျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်၊ တရုတ်နဂါး အတီးအက အစုံများကို ခင်းကျင်း ပြသရသည်။ ညလေးချက်တီး ကျော်အချိန်က ညဥ့်နှစ်ချက် တီးကျော် အချိန်ထိမှာ ရုပ်စုံပွဲ သဘင်ခင်းကျင်း ပြသရသည်” လို့ မှတ်တမ်းတင်တာကြောင့် မန္တလေးရတနာပုံနဲ့ တရုတ်နဂါးက ရှေးကတည်းက တွဲဖက်ပါဝင်နေကြောင်းပါဗျာ။

မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရန် မလေးအေပီအမ် ခွင့်ပြုချက်ရ - Mizzima - News in Burmese


မလေးရှားနိုင်ငံမှ အေပီအမ် မော်တော်ကားလုပ်ငန်းစုအား မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်းများနှင့် မော်ဒယ်များ ထုတ်လုပ်ရောင်းချရန်အတွက် စက်ရုံတစ်ခုတည်ဆောက်ခွင့်အား မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ချပေးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အေပီအမ်အနေဖြင့် APM Auto Components Myanmar Co., Ltd. ဟူသော အမည်ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၁၂ ဟက်တာ ကျယ်ဝန်းသော စက်ရုံတစ်ရုံအား တည်ဆောက်ခွင့် ရရှိတော့မည် ဖြစ်သည်။

စက်ရုံတည်ဆောက်ရန်ခွင့်ပြုလွှာအား မြန်မာနိုင်ငံရှိ အေပီအမ်၏ ဌာနခွဲများဖြစ်သော APM Auto-motive Myanmar Ltd. နှင့် APM Automotive Indochina Ltd. တို့က တင်ပြခဲ့ခြင်းဖြစ်သည်ဟု အေပီအမ်မှ ဗုဒ္ဓဟူးနေ့ က ပြောသည်။

ထို့အပြင် ပထမသုံးနှစ်အတွင်း စက်ရုံတည်ဆောက်ခြင်း၊ စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ၀ယ်ယူခြင်းတို့ အတွက် အရင်းအနှီးမှာ ကန်ဒေါ်လာ ကိုးသန်းရှိသည်ဟု ခန့်မှန်ထားပြီး လိုအပ်သောငွေကြေးအား ကုမ္ပဏီ စိုက်ထုတ်သွားမည်ဖြစ်သည့်အပြင် ပြင်ပမှလည်း ချေးငှားသွားမည်ဟု ဖော်ပြထားသည်။

စက်ရုံတည်ဆောက်ခြင်းအား MIC မှ ခွင့်ပြုခဲ့သည့်အချိန်မှ တစ်နှစ်အတွင်း စတင်တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အေပီအမ်က ပြောသည်။

APM Myanmar အနေဖြင့် ရင်းနှီးမြှုပ်နှံခွင့် ကန်ဒေါ်လာ ၁၀ သန်းရရှိထားပြီး ရှယ်ယာအစုပေါင်း ၁၀သန်း ခန့်ရှိကာ တစ်စုလျှင် ကန်ဒေါ်လာ တစ်ဒေါ်လာခန့် တန်ကြေးရှိသည်။

“ကုမ္ပဏီမှစိုက်ထုတ်ရန် လိုအပ်သည့် အနိမ့်ဆုံးအရင်းပမာဏမှာ ကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်ပြီး ကန်ဒေါ်လာ ၇၅,၀၀၀ ခန့်အားပေးပြီး ဖြစ်သည်”ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

စက်ရုံတည်ဆောက်အသုံးပြုခွင့်အား ပဲခူးတိုင်းဒေသကြီး အစိုးရနှင့် အေပီအမ်မြန်မာတို့အကြား မြေအသုံးပြုခွင့် သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးသည့်အချိန်မှ စတင်ကာ နှစ်ပေါင်း ၅၀ အသုံးပြု ခွင့်ရမည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားပါးက ၁၀ နှစ်တာ သက်တမ်းတိုးခြင်းအား နှစ်ကြိမ်တိုင်တိုင် ပြုလုပ်နိုင်မည်ဖြစ်သည်။

အောင်မင်း ဘာသာပြန်သည်


ထောက်ခံစာအတုဖြင့် အလှူခံနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအားအရေးယူ - 7Day Daily


တရားဝင်အလှူခံခွင့်ပြုထားသည့် ထောက်ခံစာကို မိတ္တူဆွဲပြီး လိမ်လည်အလှူခံကာ ကိုယ်ကျိုးအတွက်သုံးစွဲနေသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား အရေးယူခဲ့မှု အောက်တိုဘာ ၁၅ရက်က နေပြည်တော် ပျဉ်းမနားတွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ပျဉ်းမနားရှိ သာသနာထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဆရာတော်နှင့်အဖွဲ့ တို့သည် အောက်တိုဘာ ၁၅ရက် နံနက် ၁၀နာရီက ရွာကောက်ရပ်ကွက်တွင်း လိုက်လံအလှူခံနေသူ သုံးဦးအား စစ်ဆေးမေးမြန်းရာ အလှူခံဖြတ်ပိုင်းစာအုပ်တစ်အုပ်၊ အလှူခံခွင့်ပြုပါရန် လျှောက်ထားခြင်းခေါင်းစဉ်ပါ ကွန်ပျုတာဖြင့် ပြန်လည်ကူးထားသော ထောက်ခံစာတစ်စောင်တို့ တွေ့ရှိရသည်ဟုဆိုသည်။
ရန်အောင်(၂)ရပ်ကွက်နှင့် တောင်သာရပ်ကွက်နေ ဦးအောင်မြင့်ချို၊ မတင်တင်ဦးနှင့် မသန်းမြင့်တို့သည် ယခင်က တရားဝင်အလှူခံခဲ့ခြင်းဖြစ်သော်လည်း လွန်ခဲ့သောတစ်လခန့်က တာဝန်ရှိဓမ္မာရုံက ရပ်နားခိုင်းထားရာတွင် ထုတ်ပေးထားသော ထောက်ခံစာများကို ပြန်လည်အပ်နှံခဲ့ရကြောင်း၊ ထိုသို့မအပ်နှံမီ အဆိုပါထောက်ခံစာများကို မိတ္တူကူးကာ ထောက်ခံစာအတုဖြင့် ကိုယ်ကျိုးအတွက် လိုက်လံအလှူခံနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းတို့သုံးဦးအား နေပြည်တော်ပျဉ်းမနား မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၆၈(လိမ်လည် မှု/စာရွက်စာတမ်းအတုပြုလုပ်မှု)ဖြင့် အရေးယူဆောင်ရွက်ထားပြီး လွန်ခဲ့သောတစ်လခန့်ကလည်း အလားတူစာရွက်စာတမ်းအတုဖြင့် အလှူခံနေသော အမျိုးသမီးသုံးဦးနှင့် စေခိုင်းသူ အမျိုးသားတစ်ဦးကိုလည်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။


အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူကထိန်းမလဲ ကျုပ်တို့လား သူများလား- Popular Myanmar News Journal


ပခုက္ကူခရိုင် မြိုင်မြို့နယ်သည် မြန် မာ့သမိုင်းအမွေအနှစ်များ ပေါကြွယ်ဝရုံ မျှမက စာဆိုပညာရှင်အများ  ပေါ်ထွက်ရာ ဒေသတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ ပေါ်တွင် လွန် ခဲ့သောအနှစ်သန်း ၄ဝက လူသား မျိုးနွယ်၏ အစောဆုံး ပရိုင်း မိတ်ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုမြို့နယ်၌ တွေ့ရှိရ သည်။ ခေတ်အဆက် ဆက် ဆောက်လုပ်ခဲ့ သမျှသော အသားကျောင်း များတွင်လည်း နှစ်အရှည်ကြာဆုံးကျောင်း ကို ထိုမြို့နယ် ဗိမာန်မရွာတွင် တွေ့ရှိရ သည်။

ကျောင်းကြီး၏ ထုပ်တန်းပေါ်မှ စာကြောင်း ၁၃ ကြောင်းပါ ကမ္ပည်းစာ အရ ”မနောရမ္မာ ရွှေကျောင်း” ကြီးကို  မြန်မာနှစ် ၁၁ဝဝ ပြည့် (ခရစ်နှစ် ၁၇၃၈)က ဆောက် လုပ်ခဲ့သည်။ ယခု အခါ သက်တမ်း ၂၇၅ နှစ် ရှိပေပြီ။ သမိုင်းယဉ်ကျေးမှုအမွေမို့ ချစ်ကြရ မည်ဆိုလျှင် ထိုကျောင်းကို မြန်မာတို့ သံကွန်ချာ ခုနစ်ထပ် အုပ်ကာ ကုမ္ဘဏ် တစ်ထောင်အစောင့်အကြပ်ဖြင့် ထိန်း သိမ်းစောင့်ရှောက် ထားသင့်ပေသည်။  အမျိုးသား သမိုင်းယဉ်ကျေးမှု အမွေအ နှစ်များဖြစ် သဖြင့်ကျောင်းတွင်း ရှိ ကျောင်း နှင့် အတူလှူထားခဲ့သော အသုံးအဆောင် များကို စနစ်တကျထားရှိကာ ပြည်တွင်း ပြည်ပ ပညာရှင်များကို လာရောက်လေ့ လာနိုင်အောင် ဒေသယဉ်ကျေးမှု ပြ တိုက် အဖြစ် ပြုလုပ်ဖွင့်လှစ်ထားသင့် သည်။

ကျောင်းကြီးသည် မူလက တစ် ဆောင်တည်းမဟုတ်ချေ။ အမိုးကလည်း မူလအမိုးမဟုတ်တော့၊ ကျောင်းကမ္ပည်း စာအရ စုလစ်မွမ်းချွန်တို့ဖြင့် အလွန် တင့်တယ်လှပစွာ တည်ဆောက်ထား ခဲ့သည်။  ကျောင်းမှာ အလျား ခုနစ်ပင် ခြောက်ခန်းနှင့် အနံခြောက်ပင် ငါးခန်း ဖွဲ့ကာတည်ဆောက်ထားသည်။ ခန်းဖွင့် အကျယ်မှာ လေးတောင် ရှိ သည်။ ဝင် ထွက်ပေါက်တံခါးတို့ကို တံကဲပုံပန်း အလှဖော်ထားသည်။ အပြင်ဘက်မှ ကျောင်းပျဉ်ထောင်နံရံပေါ်တွင်လည်း လေ့လာစရာများ ပန်းထွင်းလက်ရာများ ရှိ သည်။ ရွှေနန်း ပြာသာဒ်ပုံ၊ ယင်း အောက်တွင် ရာဇပလ္လင်ပုံ ထိုပုံပေါ်တွင် ဥဒေါင်းရုပ်ကို ဟန်အမျိုးမျိုးဖြင့် ထုလုပ် ထားသည်။

ကျောင်းအတွင်းပိုင်းတွင် ပန်းပု ရုပ်ကြွရုပ်လုံးပညာရှင်များ သစ်စေး ဟင်္သာပြဒါးကိုင်ကြရသူများ၊ ရွှေဆိုင်း ပညာရှင်များ၊ ပန်းပွတ်ပညာရှင်များ၊ ရွှေဇဝါရေးပညာရှင်များ၊ စာတိုက် သေတ္တာလုပ် ပညာရှင်များ၊ သရိုးပန်းချီ ပညာရှင်များ၊ ပေစာရေးများ၊ ပန်းပဲ သမားများဖြင့် တည်ဆောက်ခဲ့ကြသည်။ ကျောင်းတစ်ကျောင်း ဆောက်လုပ်ခြင်း တွင်
ရတနာသုံးပါးနှင့် ပြည့်စုံအောင် ပူဇော်ခဲ့ကြသည်။ စစ်နှင့် ဝေးကွာသော အရပ်ဖြစ်သောကြောင့် စိတ်တိုင်းကျ တည်ဆောက်နေခြင်း ဖြစ်ဟန်ရှိသစဥ့်ကန်ရွာမှ ဦးဆုသာတို့ မိသားစုနှင့် ဆွေမျိုး တစ်စုတို့က နောင်သံသရာပါ အောင် ကျောင်းကြီးကို တည်ဆောက် ခဲ့ကြသည်။ ပိဋကတ်တော်များကို ရေး ကူးလှူဒါန်းခဲ့ကြသည်။ စစ်ဘေး စစ် ဒဏ် ကြောင့် သာသနာညှိုးနွမ်းသွားမည်ကို လည်း အထူးစိုးရိမ်ကြောင့်ကြမှု ဖြစ် ပေါ်နေကြဟန် ရှိသည်။ ကျောင်းကြီးကို စုဆောင်းထားသမျှ တရားသဖြင့် ရှာ ဖွေထားေ သာ (ဓမ္မိယလဒ္ဒ) ငွေကြေးများ ကို အိတ်သွန်ဖာမှောက် အကုန်အကျခံ ကာတည်ဆောက်ခဲ့ဟန်ရှိသည်။ ကျောင်း တော်ကြီး၏ အဆင်တန်ဆာတို့က လည်း ကြည့်မြင်ရ သူတို့ကို ကြည်ညိုမှု သဒ္ဓါတရားပွားလာအောင် ဖန်တီးထား ခြင်းဖြစ်ဟန် ရှိသည်။

အတွင်း တံခါးပေါက်များတွင် တပ်ဆင်ထားသော သိကြားရုပ် ဗြဟ္မာ ရုပ်တို့ကလည်း စံပြုလောက်အောင် လှပအချိုးအစားကျသည်။ တောကြို အုံ ကြားတွင် ရှိနေသော် လည်း ဘာသာ သာသနာပညာနှင့် အနုပညာလက်ရာ တို့တွင် ရှေးကပခန်းနယ်၊ ယခုမြိုင်မြို့  နယ်သည် ခေတ်ရှေ့ဆောင် ဆိုရမ လောက် ထွန်းတောက်ခဲ့ သည်။ ခေ တ် ပြိုင် နာမည်ကြီးခဲ့သော ပထမကျော် အောင်စံထားဆရာတော်၏ ပိုက်သင်ရွာ၊ ကြည့်ကန်ရှင်ကြီး၏ ကြည့်ကန်ရွာ၊ ဓမ္မ သတ်ကျမ်းပြု အတွင်းဝန် ဝဏ္ဏဓမ ၼေ ကျာ် ထင်၏ ဇာတိ ဖျသီးရွာ၊ နှစ်ဆယ့်တစ်ရာ စု မြိုင်မှ တိပိဋကဆရာတော့်ဇာတိ ကျောက်တိုင်ရွာတို့နှင့်လည်း မဝေးလှ ချေ။ စစ်ကွင်းရာတွင် မနော ရမ္မာ ရွှေ ကျောင်း ကြီး သည် မီးလျှံကြားမှ ပဒုမ္မာ ရွှေကြာပန်းကြီးတစ်ပွင့် ပေါ်ပေါက်ဖူး ပွင့်လာ သကဲ့သို့ရှိချေသည်။

မနောရမ္မာ(စိတ်နှလုံးပျော်မွေ့ ဖွယ်ရာကျောင်း၊ အရပ်အခေါ်အုံတုံ ကျောင်း)ကို စဥ့်ကန်(စိန့်ကန်)ရွာနေ ဦးဆုသာ၊ ဇနီး ဒေါ်ဇံဖြိုးနှင့် ဇနီးသား သမီး ဆွေမျိုးအပေါင်းတို့က စုပေါင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထို ကျောင်းဆောက်မှတ်တမ်းကို အရှေ့ဘက်ထုပ်တန်းတွင် ပါဠိ၊ နိသျ၊ မြန်မာ သုံးမျိုးစာ ၁၃ ကြောင်း ရေးထိုး ထားသည်။ မြန် မာဘာသာစကားပြေဖြင့် ကျောင်းတည်၊ ကျောင်းတင်မှတ်တမ်းနှင့် ပိဋကတ်တော်များလှူသည့် မှတ် တမ်းထိ အပြည့်အစုံဖော်ပြသည်။

မနောရမ္မာရွှေကျောင်းကြီးတွင် ယခုအခါ ဘုရားဆောင်မတွေ့ရတော့ သော်လည်း ကျောင်းကြီးပေါ်တွင် ဘုရားဆင်းတုတော် သုံးဆူနှင့် ဘုရား ဆောင်ငယ်နှ စ်ဆောင် ကိုကား တွေ့ရှိရ သည်။ဆင်းတုတော် သုံးဆူသည် ခေတ် သုံးခေတ်ကို ဖော်ပြနေသကဲ့သို့ ရှိပေ သည်။ အားလုံးသည် စကျင်ကျောက် ဆင်းတုတော်များ ချည်း ဖြစ်သည်။ ဆင်း တုတော်များ၏ မုဒြာနှင့် အာသနတို့ သည် ပုံစံတူဖြစ်ကြသော်လည်း အသေး စိတ်ဖော်ပြပုံနှင့် မျက်နှာတော်တို့ သည် ခြားနားကြပေ သည်။အ သာြး ဖင့် ဆောက်လုပ်ထား သော ဘုရားကျောင်းဆောင်ငယ် နှစ်ခု ကိုလည်း တွေ့ရှိရသည်။ ပထမကျောင်း ဆောင်ငယ်မှာ စုလစ်မွမ်းချွန် တို့ဖြင့် အလွန်လှ ပသော ပုံ သဏ္ဌာန်ဖြင့် တည် ဆောက်ထားသည်။ ထုပ်တန်းစာထဲ တွင်တွေ့ရှိရသည့်အတိုင်း ဖြစ်သည်။ ဒုတိယကျောင်းဆောင်မှာ ကြီးမားပြီး အမိုးနှစ် ထပ်ဖြင့် ဆောက် လုပ် ထားသော ကျောင်းဆောင်ငယ်ဖြစ်သည်။

ထိုပုံကိုကြည့်လျက် မူလကျောင်း အမိုးကို အာရုံဖြင့် မှန်းဆကြည်ညိုနိုင် ပါသည်။ ကျောင်းနှင့် ပတ်သက်သော ရက်စွဲဖြစ်စဉ်အချို့ကိုလည်း တွေ့ရသမျှ ဖော်ပြလိုက် ပါသည်။

၁။ ၁၁ဝဝပြဥ့် ကဆုန်လပြဥ့်ကျော် ၁၅ံ စနေ(၆ မေ ၁၇၃၈) ကျောင်းစတည်။
၂။ ၁၁ဝဝပြဥ့်ဝါဆိုလ္ဆန်း ၁၄ံ တနင်္ဂနွေ (၁၈ ဇွန် ၁၇၃၈)ရှင်ဥတ္တမသာ ရကို ကျောင်းတင်လှူ။
၃။ ၁၁ဝ၃ သီတင်ကျွတ်လပြဥ့်ကျော် ၆(၁၉ စက်တင်ဘာ ၁၇၄၁) ကရက ပါဠိတော်ရေးကူးပြီး။
၎။ ၁၁ဝ၄ ဒုဝါဆိုလ္ဆန်း ၁၂ သော ကြာ(၂ ဇူလိုင် ၁၇၄၂)ရွှေဇဝါရေးပြီး၊ ဒုကြိမ်ကျောင်း တင်လှူ။

ကျောင်းတော်ကြီး တည်ဆောက် ရာတွင် ၃ နှစ်ကျော်ကြာခဲ့ပြီး ကုန်ကျ ငွေပေါင်း ၂၅၂၈ ကျပ် ရှိသည်။ ထိုငွေ သည် သူ့ခေတ်အလျောက် ရွှေကို ဝယ်လျှင် ရွှေ ၁၇၆.၆ ကျပ်သား ဝယ်နိုင်ပါသည်။ ထိုခေတ်က ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေဖြင့် ၁၆ ကျပ် သာ ကျပါသည်။ စပါးဝယ်ယူလျှင် စပါးတင်း ပေါင်း ၅၆၅ဝဝ တင်း (စပါး ၁ဝဝ လျှင် ငွေ ၅ကျပ်နှုန်း) ဝယ် ယူနိုင်ပါသည်။ သို့မဟုတ်၍ ငါးပိ ဝယ်ယူမည် ဆိုပါက ငါးပိပိဿာ ပေါင်း ၁၁၃ဝဝဝ (ငါးပိဿာ ၁ဝဝလျှင် ငွေနှစ် ကျပ်ခွဲနှုန်း) ဝယ်ယူနိုင်ပါသည်။

ဦးဆုသာမိသားစုနှင့်နှစ်ဖက်ဆွေ မျိုးတို့က မနော ရမ္မာရွှေကျောင်းကြီး ကို ညောင်ရမ်းခေတ်နှောင်း နိုင်ငံ မငြိမ် မသက်ဖြစ်နေစဉ် တည်ဆောက်လှူဒါန်း ခဲ့ကြခြင်းဖြစ် သည်။ နိုင်ငံပြိုလဲနေသော အချိန်တွင် ယင်းတို့တစ်သက်တာ စု ဆောင်းခဲ့ရသည့်ဥစ္စာတို့ကို ရန်သူမျိုးငါး ပါးက လက်မဦးမီ ယင်းတို့က သာသနာ တော် အတွက်လက်ဦးမှု ရယူလိုက်ခြင်း ဖြစ်သည်။ ထိုကျောင်းကို ကျွန်တော်တို့ ထိန်းသိမ်းကြရန် တာဝန်ရှိနေပေသည်။

ဗညားရိုး



အမြန်လမ်းတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ - Thit Htoo Lwin


ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင် (၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း အလုပ်သမား  ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။

ဦးခင်မောင်မြင့်မှ နံနက်(၇း၀၀)အချိန်တွင် ဖြူးအမြန်လမ်း ရဲစခန်းသို့အကြောင်း ကြားခဲ့ရာ စခန်းမှ စခန်းမှူးဝင်းထွဋ်အောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အသက်(၃၀)ခန့် ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့ ရှိရသည်။

အဆိုပါ သေဆုံးနေသူ အမျိုးသမီးသည် မြို့သူပုံစံဝတ်စားထားပြီး၊ ရင်ညွှန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀ဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပုတ်ပွနေသည်ကို တွေ့ရှိခဲ့ရာ ဖြူးမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြူးအမြန်လမ်း ရဲစခန်းမှ (ပ)၃၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားပြီး တရားခံအား စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုသန့် ဇင်
Thit Htoo Lwin



သောက်ရေအိုးမှ ရေ သံသယဖြစ်၍ ဓာတ်ခွဲခန်းပို့စစ်ဆေး - 7Day Daily


မုံရွာ-အမြင့်ကားလမ်း မြို့ဝင်ဘီးခွန်ကောက်ခံရေးစခန်းအနီး လမ်းဘေး အပန်းဖြေသောက်ရေအိုးခုနစ်လုံးတွင် အောက်တိုဘာ ၁၆ ရက် နံနက်က ရေအရောင်နှင့်အနံ့များ သံသယဖြစ်ဖွယ် ပြောင်းလဲနေသည်ကိုတွေ့ရှိရပြီးနောက်ပိုင်း သောက်သုံးသူအချို့ ဆေးဝါးကုသမှုခံယူရသည်ဆိုသည်မှာ ကောလာဟလများသာဖြစ်ကြောင်း မုံရွာမြို့၊ အမှတ် (၁)ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ကျော်ကျော်ညွန့်ကပြောသည်။

““ရေအိုးစင်တွေမှာ အရောင်နဲ့အနံ့ပြောင်းလဲမှုဖြစ်စဉ် သံသယဖြစ်ဖွယ်တွေ့ရလို့ သက်ဆိုင်ရာက ရေကိုဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။ အဲဒီသောက်ရေအိုးကရေကို သောက်သုံးလို့ ဆေးဝါးကုသမှုခံယူရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး””ဟု ရဲအုပ်ကျော်ကျော်ညွန့်က ပြောကြားသည်။
““အဲဒီနေ့တုန်းက နဂါးတွင်းမှာ ဆရာတော်ကြီးရဲ့ သက်တော် ရာပြည့်ပွဲရှိတော့ အသွားအလာ များတယ်။ ဒီလမ်းမှာ ညဥ့်သန်းခေါင်ကျော်ချိန်ဆိုရင် ဈေးသည်တွေ၊ ပန်းသည်တွေက ကူးနေတာဆိုတော့ အသွားအလာမပြတ်ဘူး။ နေ့တိုင်း နံနက် (၅)နာရီဆို ရေအိုးတွေ လဲလှယ်လေ့ရှိတယ်။ အဲဒီနေ့တုန်းက ရေအိုးလှယ်တော့ ရေတွေက အနီရောင်ပြောင်းနေတယ်။ ရေအနံ့ကလည်း ပုပ်အဲ့အဲ့အနံ့တွေရနေတယ်။ ဒါကြောင့် ရပ်ကွက်လူကြီးတွေရော၊ ရဲတွေရောအကြောင်းကြားတော့ လာစစ်ဆေးသွားတယ်။ ကျန်းမာရေးဌာနကရော စီအိုင်စီအဖွဲ့ကပါ ရေစစ်ဆေးဖို့ နှစ်ဘူးစီ ဓာတ်ခွဲစစ်ဆေးဖို့ယူသွားတယ်။ ချက်ချင်းရေအိုးတွေကိုလည်း အသစ်လဲလှယ်ထားပါတယ်။ ဒီနေ့အထိ ရေသောက်လို့ ဆေးကုသမှုခံရတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး””ဟု အဆိုပါသောက်ရေအိုး အပန်းဖြေကုသိုလ်ရှင် ဦးကျော်တင်၏ သမီး မတူးမာက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မုံရွာခရိုင် ကျန်းမာရေးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ မုံရွာ-အမြင့် ကားလမ်းဘေး သောက်ရေအိုးစင်မှ သံသယဖြစ်ဖွယ်ရေကို သက်ဆိုင်ရာဓာတ်ခွဲ န်းသို့ပေးပို့စစ်ဆေးလျက်ရှိပြီး ရေသောက်သုံးသူ တစ်ဦးတစ်ယောက်မှ ဆေးဝါးကုသမှုခံယူရခြင်းမရှိကြောင်း အတည်ပြုပြောကြားသည်။

လှိုင်သာယာ အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာအရေး ဆန္ဒပြ (ရုပ်/သံ)

လှိုင်သာယာ စက်မှုဇုန်က Solamoda အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၇ရက်နေ့ ညနေကစတင်ပြီး ဆန္ဒပြခဲ့ပါတယ်။



သစ်ထူးလွင်

ကင်ဆာရောဂါ ကာကွယ် နိုင်အောင် ဂေါ်ဖီထုပ် စားပါ - Good Health






ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက် တွေကို

အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥ လိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ် တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခု လေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၁၇

လက်ဖက်ရည်ဖိုး ယဉ်ကျေးမှုနဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာ - irrawaddy


မနက်စောစော အိပ်ရာနိုးတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး မနက်စာ စားကြတာဟာ မြို့ပြဒေသက ဓလေ့တခုပါ။ မနက်စာအပြင် နေ့လည်ဖက်မှာလည်း ဒီလူတွေဟာ အလုပ်ချိန်နည်းနည်း အားတာနဲ့ လဖက်ရည်ဆိုင် ပြေးထိုင်တတ်ကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်ဆိုတာဟာ အစာစားဖို့ နေရာတင်မကဘဲ စကားထိုင်ပြောဖို့၊ ဆွေးနွေးငြင်းခုံဖို့၊ လေကန်ဖို့ နေရာတခုလည်း ဖြစ်လာခဲ့ပါတယ်။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဒီအဆင့်အထိကို ကျနော် ကောင်းကောင်း နားလည်ပေမယ့် “လက်ဖက်ရည်ဖိုး တောင်းတဲ့ယဉ်ကျေးမှု” ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကတော့ သိပ်မရှင်းလှပါ။ ဒီလို လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းကနေ ဒီဝေါဟာရ ပေါ်လာတာလား၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေက သူတို့ဆီလာတဲ့ ဧည့်သည်တွေကို လက်ဖက်ရည်ဆိုင်ခေါ်ပြီး ကျွေးမွေးခိုင်းရာကနေ ဒီစကားလုံး ပေါ်လာတာလား၊ ဘယ်ကနေ ဘယ်လို ဒီဝေါဟာရ ပေါ်လာမှန်းမသိပေမယ့် ဒီစကားလုံး အခုချိန်အထိ ခေတ်စားနေဆဲဆိုတာကတော့ သေချာပါတယ်။

ပြီးခဲတဲ့မေလက ရန်ကုန်ကနေ ထားဝယ်အသွား လေယာဉ်ကွင်း ပေါင်ချိန်စက်မှာ ကျနော် လက်ဖက်ရည်ဖိုး အတောင်းခံခဲ့ရပါတယ်။ “ညီလေး လက်ဖက်ရည်ဖိုးလေး” လို့ ၀န်ထမ်းတဦးကပြောတော့ ကျနော် ကောင်းကောင်း နားမလည်။ လက်ဖက်ရည်ဖိုး ဆိုတာကို ကျနော် မကြားဖူးတာ ၂၅ နှစ်တောင် ကြာခဲ့ပြီပဲလေ။ ဒါပေမယ့် ကျနော့်ကို လိုက်ပို့တဲ့ မိတ်ဆွေက ၅၀၀ တန်တရွက်ကို ထုတ်ပြီး ချက်ချင်းပေးလိုက်မှ “သြော် … ခေတ်ပြောင်းကာလမှာလည်း ဒါတွေရှိနေဆဲကိုး” လို့ နားလည် လိုက်ရပါတယ်။


စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ပြန်တော်ပြန် ခရီးစဉ်အတွင်း ဒီအကြောင်းကို ကျနော်က ပြန်ရေးပြတော့ ငွေ ၅၀၀ လောက် ပေးရတာကိုများ စာဖွဲ့နေတယ်၊ အသေးအဖွဲ့လေးကအစ Negative အမြင်တွေ သိပ်များနေတယ်ဆိုပြီး စာဖတ်ပရိသတ်တဦးက ဝေဖန်ပါတယ်။ “ပုံမှန် ခရီးသွားနေကြသူတွေ၊ မြန်မာလူမျိုး တော်တော်များများကတော့ ပုံမှန် မုန့်ဖိုး၊ ပဲဖိုးလေး ပေးသွားကြတာပဲ။ ဒါကို လာဘ်တောင်းတယ်လို့ ခေါ်မလား” ဆိုပြီး အဲဒီ ပုဂ္ဂိုလ်က ငြင်းချက်ထုတ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာငွေ ၅၀၀ ဆိုတာဟာ ဒေါ်လာနဲ့တွက်ရင် တဒေါ်လာတောင် မရှိပါဘူး။ လက်ဖက်ရည်တခွက်တောင် ၃၀၀ ကျပ် ဖြစ်နေချိန်မှာ ၅၀၀ ကို ထည့်တွက်စရာ မရှိပါဘူး။ ဒါပေမယ့် “မြန်မာလူမျိုး အတော်များများကတော့ ပုံမှန် မုန့်ဖိုးပဲဖိုးလေး ပေးသွားကြတာပဲ” ဆိုတဲ့ အယူအဆနဲ့ “ဒီလိုတောင်းတာကို လာဘ်တောင်းတယ်လို့ ခေါ်မလား” ဆိုတဲ့ အယူအဆပေါ်မှာတော့ ဆွေးနွေးစရာ ရှိလာပါတယ်။

ဒါကို လာဘ်တောင်းတယ်လို့ မခေါ်ရင် ဘယ်လိုခေါ်မလဲ။ ဒါကို အလှူပေးလိုက်တယ်လို့ပဲ အလွယ် သဘောထားကြမလား။ ဘာကြောင့် ဒီလို တောင်းနေတာလဲ။ သူ့မှာ အဲဒီလို တောင်းပိုင်ခွင့်ရှိသလား။ သူ တောင်းတိုင်း ကျနော်က ပေးရမှာလား။ ဒီလို အလွယ်တကူ ပေးလိုက်ခြင်းအားဖြင့် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။ ၅၀၀ ပေးရတာကို စာမဖွဲ့ချင်ပေမယ့် ၅၀၀ ပေးလိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်တာတွေကိုသာ ကျနော်က မေးခွန်းထုတ်ချင်နေတာပါ။

ဒီမေးခွန်းကို မဖြေခင် နောက်ထပ်ကြုံခဲ့ရတဲ့ လဖက်ရည်ဖိုး ယဉ်ကျေးမှုအကြောင်းတွေကို နည်းနည်းဖြည့်ပြော ချင်ပါတယ်။ ကျနော် မော်လမြိုင်တက္ကသိုလ်ဆီဝင်ပြီး လွန်ခဲ့တဲ့ ၁၉၈၈ တုန်းက တက်ခဲ့ဖူးတဲ့ စတုတ္တနှစ် ကျောင်းထွက်လက်မှတ် သွားယူတော့ “ဒီဆရာက နိုင်ငံခြားပြန်ဆိုတော့ လက်ဖက်ရည်ဖိုး အများကြီး ပါမယ်ထင်တယ်” ဆိုတဲ့ စာရေးမလေးတွေရဲ့ တီးတိုးစကားသံကို မသဲမကွဲ ကြားလိုက်ရပါတယ်။

တခါ ရန်ကုန်က ထွက်ခါနီး မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံးဆီသွားပြီး ၁၀ တန်းအောင်လက်မှတ် သွားတောင်းပါတယ်။ ဒီရုံးမှာတော့ ကျနော်နဲ့သိသူ တဦးမှမရှိ။ သိသူတွေ၊ ရင်းနှီးသူတွေနဲ့တဆင့် ၀င်ရကောင်းမှန်းလည်း ကျနော်က မသိပါ။ ဒီတိုင်း ရိုးရိုးပဲ သွားတောင်းတော့ မရပါဘူး။ “မင်းကလည်းကွာ ရေတပုံးလောက် လောင်းလိုက်ရင် ရပါတယ်။ ပြင်ပြင်ဆင်ဆင်လုပ်ပြီး သွားမှပေါ့” လို့ ရန်ကုန်နေ မိတ်ဆွေတွေကပြောတော့မှ လက်ဖက်ရည်ဖိုး ယဉ်ကျေးမှုကို နားမလည်ရင် ခေတ်ပြောင်းစ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်ဖို့မလွယ်သေးဘူး ဆိုတာကို နားလည်ခဲ့ရပါတယ်။

“အရပ်ဖက်ဝန်ထမ်းတွေ လစာမလောက်လို့ လာဘ်စားတာ အပြစ်လားကွာ။ ရှေ့တန်းက စစ်သားတွေဆို ကျည်ဆံကိုတောင် ရောင်းစားနေရတာ မင်းသိတာပဲ” လို့ ရန်ကုန်ရောက် သူပုန်ဟောင်းတဦးက ပြောပါတယ်။ သူအပြော ပိုတယ်လို့ မထင်ပါနဲ့။ ၁၉၉၀ ပြည့်လွန် နှစ်တွေက ရှေ့တန်းမှာ တကယ်ကြုံခဲ့ရတာပါ။ မြန်မာ့တပ်မတော်က ထုတ်တဲ့ စစ်ပစ္စည်းတွေကို မင်္ဂလာဒုံဈေးနဲ့ တခြား စစ်စခန်းရှိတဲ့ တပ်မြို့တွေက ဈေးတွေမှာ အလွယ်တကူ ၀ယ်နိုင်တာ လူတိုင်းသိပါတယ်။ အဲဒီပစ္စည်း အများစုဟာ စစ်သားတွေ လစာ မလောက်လို့ ပြန်ရောင်းစားထားတယ် ဆိုတာကိုလည်း သူတို့သိကြပါတယ်။

ရှေ့တန်းမှာတော့ ဖိနပ်တွေ၊ အီးကွေးမင်းတွေ၊ ခြင်ထောင်တွေ ရောင်းစရာမရှိတော့လို့ ကာဘိုင်ကျည် (အဲဒီကာလက သူပုန်နဲ့ အစိုးကြား လက်နက်ချင်း၊ ကျည်ချင်း သိပ်မတူဘဲ ကာဘိုင်တမျိုးပဲ တူပါတယ်) ကိုတောင် ရောင်းထုတ်ရတဲ့ အဖြစ်မျိုး တွေ့ရဖူးပါတယ်။ သူပုန်တွေဆီ တိုက်ရိုက်ရောင်းတာ မဟုတ်ပေမယ့် ဒီကျည်တွေ သူပုန်တွေဆီ ရောက်သွားပြီး သူတို့ကို ပြန်လာတိုက်မယ့်အထဲ ပါလာနိုင်တယ်ဆိုတာကို အသက်ပေးတိုက်နေတဲ့ စစ်သားတွေ မသိဘဲ ဘယ်နေပ့ါမလဲ။ ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံမှာ တကယ်ဖြစ် ပျက်ခဲ့တာတွေပါ။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင် လေယာဉ်ကွင်းဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ စစ်ဖက်ဝန်ထမ်း အားလုံးဟာ လစာမလောက်လို့ လက်ဖက်ရည်ဖိုး တောင်းတယ်။ လစာမလောက်လို့ ကျည်ဆံနဲ့ စစ်ပစ္စည်းတွေ ရောင်းစားနေရပါတယ်။ ကျောင်းဆရာတွေကတော့ လစာမလောက်လို့ ကျုရှင်သင်နေကြရပါတယ်။ ဒါဖြင့် လစာလောက်တဲ့ သူတွေကရော လက်ဖက်ရည်ဖိုး မတောင်းတော့ဘူးလား။ ၀င်ငွေ ဘယ်လောက်ရှိတဲ့ သူကို လစာလောက်ငှတယ်လို့ ပြောမလဲ။ အနိမ့်ဆုံးလစာ ဘယ်လောက်ရှိရမယ်လို့ အစိုးရက သတ်မှတ်ပေးထားပြီးပြီလား။ ၀င်ငွေနဲ့ ကုန်ဈေးနှုန်း မျှတအောင် အစိုးရက ဘယ်လို စီမံပေးထားသလဲ။ စသည်ဖြင့် နောက်ဆက်တွဲ မေးခွန်းတွေက ပေါ်လာပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ အစိုးရဝန်ကြီးဌာန ၆ ခုလောက် ကျပ်သိန်းထောင်ချီတဲ့ ငွေအလွဲသုံးစားလုပ်မှု သတင်းတွေ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဘက်ကနေ ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ပြန်ကြားရေး၊ စက်မှု (၁)၊ စက်မှု (၂)၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နဲ့ စစ်တပ်အတွက် တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ပါဝင်တယ်လို့ သတင်တွေက ဆိုပါတယ်။

ဒါက အစိုးရဖက်ကလူတွေ လာဘ်စားမှုပါ။ ဒါဖြင့် အတိုက်ခံဘက်က လူတွေကရော လာဘ်ငွေကို မခုံမင်ကြဘူးလား။ အတော် အဖြေရကျပ်တဲ့ မေးခွန်းပါပဲ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကတော့ ခရိုနီ၊ ခရိုပြာတွေ လှူတဲ့ငွေကို လက်ခံသင့်၊ မသင့်နဲ့ပတ်သက်ပြီး အဓိက အတိုက်ခံတွေဖြစ်တဲ့ NLD ပါတီနဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့စည်းတွေကြားမှာ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ဆင်ခြေ အမျိုးမျိုးပေးပြီး ခရိုနီတွေကို စည်းရုံးရမယ်ဆိုတဲ့ မူနဲ့လက်ခံလိုက်တာပါပဲ။

တခါ ၈၈ မျိုးဆက် တောခိုကျောင်းသား အဖွဲ့ဖြစ်တဲ့ ABSDF ကလည်း အစိုးရဖက်ကပေးတဲ့ ကားအစီးရေ ၆၀ ရဲ့ ပါမစ်ကို မကြာသေးခင်က လက်ခံလိုက်တယ်လို့ သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒါကို အစိုးရက သူပုန်တွေဆီ လာဘ်ထိုးတယ်လို့ ပြောမလား၊ စေတနာအလျောက် လှူတန်းလေ့ရှိတဲ့ မြန်မာ့ယဉ် ကျေးမှုလို့ ဆိုမလား၊ နိုင်ငံရေးအရ အပေးအယူ လုပ်တယ်လို့ အဓိပ္ပာယ်ဖွင့်မလား။

ဒီဖြစ်စဉ်အပေါ် ကြည်ရှုသူက ဘယ်နေရာမှာရပ်နေပြီး ကြည့်နေသလဲဆိုတဲ့ “ကိုယ့်ရဲ့ရပ်တည်ချက်” ပေါ် မူတည်ပြီး အဓိပ္ပာယ် သတ်မှတ်ချက် ကွဲပြားသွားနိုင်တယ်လို့ ထင်ပါတယ်။ အလှူပေးတယ်လို့ မြင်ချင်မြင်နိုင်သလို လာဘ်ပေးလာဘ်ယူ လုပ်တယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်။ သင် ဘယ်နေရာမှာ ရပ်နေသလဲဆိုတဲ့အချက်က သင့်အမြင်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အစိုးရ၊ အတိုက်ခံနဲ့ ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုကို ခဏထားလိုက်ပါဦး။ ဒီအမှုတွေကို ဖော်ထုတ်ဖို့ အဓိက တာဝန်ရှိတဲ့ မီဒီယာသမားတွေ ကိုယ်တိုင်က သမ္မတပေးတဲ့ ငွေ သိန်း ၅၀၀ ကို လက်ဆောင်အဖြစ် ယူလာမိတဲ့အခါ ဘယ်လို ပြောတော့မလဲ။ ယူလာသူတွေနဲ့ သူတို့နဲ့ နီးစပ်သူတွေကတော့ ဒါဟာ စာနယ်ဇင်းအဖွဲ့ ရန်ပုံငွေအတွက် ဖြစ်တယ်။ ကိုယ်ကျိုးအတွက် မသုံးဘဲ အဖွဲ့အတွက်သုံးရင် အကျိုး ရှိပါတယ်။ ဒါကို လာဘ်ယူတယ်လို့ မယူဆသင့်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် စတုတ္တမဏ္ဍိုင်ဟာ လုံးဝလွတ်လပ်ရမယ်ဆိုတဲ့ အမြင်ရှိသူ သတင်းသမား အများစုကတော့ ဒါကို လက်မခံကြပါဘူး။ သမ္မတက စာနယ်ဇင်းကောင်စီကို လာဘ်ထိုးတယ်လို့ အမြင်ရှိကြပါတယ်။ ဒါဆိုရင် သမ္မတကိုယ်တိုင် လာဘ်ပေးသူ ဖြစ်နေပြီလား။ မီဒီယာသမားတွေကိုယ်တိုင် လာဘ်စားသူ ဖြစ်နေပြီလား။

ဒီလို လက်ဖက်ရည်ဖိုး ကျပ် ၅၀၀ ကအစ အလှူငွေ သိန်း ၅၀၀ အထိ ပေးခြင်းဟာ စေတနာအလျောက် လှူတန်းခြင်းလား။ လာဘ်ပေးလာဘ်ယူမှု အထမြောက်သလားဆိုပြီး အငြင်းပွားလို့ကောင်းတုန်းမှာ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ” ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး အာဏာတည်စေရမည်လို့ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ကဲ … ဒီဥပဒေ အတည်ဖြစ်ပြီဆိုရင် ဘယ်သူတွေက ဘယ်သူတွေကို ဘယ်လို “မူ” တွေနဲ့ အရေးယူမှာလဲ …။

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းလဲနေပါတယ် ဆိုတဲ့ စကားလုံးတွေ ထွန်းကားရာ မြန်မာနိုင်ငံ မြို့ပြဒေသက လမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ရင်း အနာဂတ်နိုင်ငံတော်သစ်မှာ ခြစားမှု ပပျောက်ရေးအတွက် ကျနော်တို့ ဆက်လက် ငြင်းခုန်ကြရဦးမှာပါ။

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း - The Voice Weekly


မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။

ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
"လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

CDMA လိုင်း တပ်ဆင်အားကို ထပ်မံတိုးချဲ့ခြင်း မရှိသည့်အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များ ထပ်မံရောင်းချရန် အစီအစဉ်ရှိ မရှိမှာမူ MEC က လိုင်းအင်အား ထပ်တိုး မတိုးအပေါ် မူတည်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ CDMA ကတ်များ ရောင်းချမှု ရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလ အတွက် GSM/WCDMA ဖုန်းလိုင်းများကို သုံးသိန်းခြောက်သောင်းအထိ တိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ကတ် ၁၀၂,၀၀၀ ကို ခွဲဝေရောင်းချမည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ် ခုနစ်သောင်းကျော် အများဆုံး ရောင်းချမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ ဒသမ ၅ သန်းနှင့် GSM နှင့် WCDMA ကတ် စုစုပေါင်း ခြောက်သိန်းကျော် ရောင်းချထားပြီးဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း Nippon Foundation ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ - ပြည်သူ့လွှတ်တော်



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ၊ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှမြင့်ဦး၊ ဦးတီးခွန်မြတ်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်စိုး၊ ဦးကြည်ထွဋ်ဝင်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်တူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Mikio NUMATA လည်းတက်ရောက်သည်။ (သတင်းစဉ်)

ဆီးဂိမ်းစ်တွင် အမျိုးသား ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတာဝန် ထမ်းဆောင်ရန် ရဲမေ ၉၀ ကျော် ခန့်အပ် - Eleven Media Group



(ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကျားတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

၂၇ နှစ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ် ရဲမေများ အပါအ၀င် အခြားအဆင့် ရဲမေစုစုပေါင်း ၉၀ ကျော်အား ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်အဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ်အဆင့်ရှိသည့် ရဲမေ ၄၂ နှစ်ဦးနှင့် အခြားအဆင့် ရဲမေ ၅၂ ဦးတို့ကို အသစ်ခန့်အပ်ထားပြီး သင်တန်းများ ပို့ချနေကြောင်း သိရသည်။

''စက်တင်ဘာ ၂၇ ရက် တုန်းက ဒုရဲအုပ်ရဲမေတွေ တပ်ဖွဲ့ဝင်သင်တန်း ဆင်းတယ်။ အဲဒီအထဲကမှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အရပ် ၅ ပေ ၅ လက်မရှိတဲ့ သူတွေကို ရွေးချယ်ပြီး ခန့်အပ်ခဲ့တာပါ။ အခုခန့်အပ်ခဲ့တဲ့ ရဲမေတွေ အကုန်လုံးကလည်း ရဲတပ်ဖွဲ့ဝင်တွေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတွေ ဖြစ်ပါတယ်။ အခု အသစ်ခန့်အပ်လိုက်တဲ့ ရဲမေတွေကိုတော့ ဆီးဂိမ်းစ်ကျင်းပမယ့် အားကစားကွင်းတွေနဲ့ ကျင်းပမယ့် နေရာတွေမှာ အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း အမျိုးပေါင်း ၃၃ မျိုး ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမားပေါင်း ၁၀၂၁ ဦး ဖြင့် ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယခုလက်ရှိ အချိန်ထိ အာဆီယံ နိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား အရေအတွက် စာရင်းများအရ မြန်မာနိုင်ငံမှ အများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံမှ ၈၂၀ ဦးဖြင့် ဒုတိယ အများဆုံး၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့မှ အားကစားသမား ဦးရေ ၆၈၉ ဦးစီတို့ဖြင့် တတိယ အားကစားသမား အများဆုံးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားကြောင်း အားကစား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။



“မုန့်တိုက်ပွဲ” ဦးဆောင်သူနှင့် - irrawaddy


ဟောပြောပွဲတစ်ပွဲတွင် တွေ့ရသည့် ဒေါက်တာကျော်ဆွေ
ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည့် ဓာတုဆိုးဆေးပါ မုန့်များ မရောင်းချ၊ မစားသုံးမိစေရေးအတွက် လက်ကမ်းစာစောင် ဝေခြင်း၊ ဟောပြောပွဲကျင်းပခြင်းများကို “မုန့်တိုက်ပွဲ”ဟု အမည်ပေးကာ စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုကို ဦးဆောင်နေသော  ဒေါက်တာ ကျော်ဆွေအား မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာကျော်ဆွေကို ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က ဆက်သွယ်မေးမြန်းထားပါသည်။ ဒေါက်တာကျော်ဆွေသည် ၁၉၉၅ ခုနစ်တွင် ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဘွဲ့ရယူကာ ၁၉၉၆ ခုနစ်မှ ၂၀၀၂ ခုနစ်ထိ မန္တလေးတိုင်း သပိတ်ကျင်းမြို့တွင် သွားဘက်ဆိုင်ရာ ဆရာဝန်အနေဖြင့် တာဝန်ထမ်းခဲ့ပြီး၂၀၀၂ ခုနစ်မှ ယနေ့ထိ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားဘက်ဆိုင်ရာ ဆရာဝန်အဖြစ်လည်းကောင်း၊ ကျောင်းကျန်းမာရေး အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

မေး။    ။ ဆရာတို့ အဖွဲ့အစည်းကို သက်ဆိုင်ရာက ဘာကြောင့်ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပါသလဲ။

ဖြေ။    ။ ကျနော့်ကိုခေါ်တုန်းက တိုင်းဒေသကြီး အဖွဲ့ ညွှန်ကြားချက်အရဆိုပြီးတော့ ခေါ်မေးတာပါ။ ခေါ်တဲ့နေ့က အောက်တိုဘာ ၁၅ ရက် အချိန်က မနက် ၉ နာရီခွဲလောက်မှာ ခေါ်လိုက်တယ်။ စခန်းမှူးနဲ့တွေ့တယ်။ လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး မေးစရာ ရှိတာ မေးတယ်။ ဒါပေမယ့် သူတို့က သိချင်လို့ မေးနေတဲ့ ပုံစံမဟုတ်ဘဲ၊ ကျနော်တို့နဲ့ ပတ်သတ်တဲ့ ရည်ရွယ်ချက်တွေ လှုပ်ရှားမှု ဆောင်ရွက်နေပုံတွေကို မမေးပဲနဲ့၊  လက်ကမ်းစာစောင်ကို ဘယ်သူတွေ ရိုက်ပေးသလဲ၊ ဘယ်နေရာမှာ ရိုက်လဲ၊ ရိုက်ပေးတဲ့သူတွေရဲ့ နာမည်တွေ အဖေနာမည်တွေ အားလုံးမေးတာပေါ့။ ဒီစာတွေက ဘယ်မှာရိုက်တာတွေ ဘယ်သူရေးတာတွေကို နောက် ဘယ်မှာတွေဖြန့်တာလဲ ဆိုပြီး တရားခံစစ်သလို စစ်ဆေးတာပေါ့။

မေး။    ။ မုန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး နာမည်မသုံးဖို့ ဖိအားပေးခဲ့တယ် ကြားပါတယ်။

ဖြေ။    ။ ကျနော့်ကို သက်ဆိုင်ရာက ခေါ်တွေ့ပြီးနောက်ပိုင်းမှာပဲ တောင်တွင်းကြီး ဆေးရုံအုပ်ကြီးက ကျနော့်ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ထပ်ခေါ်တွေ့တယ်။မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကို ဖုန်းဆက်တယ်တဲ့။ မုန့်တိုက်ပွဲဆိုတဲ့ စကားလုံးက အရမ်းပြင်းထန်တဲ့ စကားလုံး တဲ့။ ပြင်ဆင်ဖို့ပြောတာပေါ့။ ကျနော်ကလည်း တိုက်ပွဲဆိုတာ လူလူချင်း တိုက်တဲ့ပွဲ ပြောတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာက လက်ကမ်းစာစောင်ကို သေချာမဖတ်လို့ ဖြစ်ပါမယ်။ ကျနော်က အဆိပ်ရှိတဲ့ မုန့်တွေ၊ အန္တရာယ်ရှိတဲ့ နိုင်ငံခြားမုန့်တွေအစား မြန်မာရိုးရာမုန့်တွေနဲ့ပြန်တိုက်တဲ့ အဓိပ္ပါယ်ပါလို့။ ကျနော်က တင်စားခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။ တိုက်ပွဲဆိုတဲ့ အသုံးအနှုန်းမကြိုက်ဘူးဆိုရင်လည်း ကျနော်ပြင်ပေးပါမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အခု လောလောဆယ်မှာ မုန့်တိုက်ပွဲ အစား မုန့်လှုပ်ရှားမှုလို့ ကျနော် ပြင်ဆင်ထားပါတယ်။

မေး။    ။ ဆရာတို့အဖွဲ့က တရားဝင်ဖွဲ့ထားတာလား။

ဖြေ။    ။ ကျနော်တို့ အနေနဲ့ တရားဝင်ဖွဲ့စည်းထားတာတော့ မဟုတ်ဘူး။ လှုပ်ရှားမှုအဖွဲ့အနေနဲ့ မိဘတိုင်း ပြည်သူတိုင်း ကိုယ့်အိမ်မှာ လုပ်နေရင်လည်း ရတယ်လေ။ အဖွဲ့ဝင်အနေနဲ့ လျှောက်လွှာတင်စရာ မလိုဘူး။ ကျနော်တို့မှာ အဖွဲ့ဝင်အနေနဲ့ သီးခြားလည်း မရှိပါဘူး။ ပါဝင်ဆောင်ရွက်သူတိုင်းက ကျနော်တို့ အဖွဲ့ဝင်ပါပဲ။ အားလုံးက တန်းတူပါပဲ။

မေး။    ။ သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးတဲ့အပေါ် မုန့်လှုပ်ရှားမှု အနေနဲ့ ဘယ်လိုတုန့်ပြန် လုပ်ဆောင်သွားမလဲ။

ဖြေ။    ။ ကျနော်တို့က ဘယ်လိုမှ မတုန့်ပြန်ပါဘူး။ သူတို့အနေနဲ့ တာဝန်ရှိလို့ ခေါ်ယူမေးမြန်းတယ်လို့ ယူဆပါတယ်။ ကျနော်တို့ကတော့ လုပ်စရာရှိတာတွေ ရှေ့ဆက် လုပ်သွားမှာပါ။ သူတို့ကို ကျနော်တို့က ဆန့်ကျင်နေတာ မဟုတ်ဘူး။ ကျနော်တို့ ကလည်း ဓာတုဆေးဆိုးတဲ့မုန့်တွေ အားလုံး တိုက်ထုတ်ပြီး မြန်မာရိုးရာမုန့်ကို ပြန်လည်ဖော်ထုတ်နေမှာပါ။ မြန်မာရိုးရာ မုန့်ပညာရှင်တွေ ကျနော်တို့ လိုက်လံ ရှာဖွေမယ်၊ ပံ့ပိုးမယ်။ မြန်မာရိုးရာမုန့်တွေကို သပ်သပ်ရပ်ရပ် ရောင်းချနိုင်အောင် လုပ်သွားမှာပါ။ ပြီးတော့ မြန်မာရိုးရာမုန့်တွေကို
ပါကင်စနစ်ဖြင့် ရောင်းချနိုင်အောင် လုပ်ဆောင်သွားမှာပါ။ မြန်မာရိုးရာမုန့်ကိုပဲ ဈေးဆိုင်တွေမှာ တင်ဆောင်ပြီးတော့ ရောင်းချနိုင်အောင် လုပ်မယ်။ ပြီးတော့ ကလေးတွေကိုလည်း မြန်မာမုန့်နဲ့ ပတ်သက်ပြီး ရှင်းပြမယ်။ ဒီလို ကျနော်တို့ လုပ်ငန်းတွေကို တဖြည်းဖြည်းမြင့်သွားအောင် လုပ်ဆောင်သွားမှာပါ။

မေး။    ။ ဒီလိုလှုပ်ရှားမှုက ဘယ်နှခုနစ်က စတင်လှုပ်ရှားပါသလဲ။

ဖြေ။    ။ ကျနော်တို့က ဒီနှစ်မှ စလှုပ်ရှားတာပါ။ ၂၀၁၃ ခုနစ် ဩဂုတ်လကတည်းကလို့ ပြောလို့ရပါတယ်။

မေး။    ။ အဖွဲ့တိုးချဲ့လုပ်ဆောင်မယ်နေရာ ဒေသတွေက ရော။

ဖြေ။    ။ လောလောဆယ် ကျနော်တို့ အဖွဲ့ တောင်တွင်းကြီးမှာပဲ လှုပ်ရှားပါတယ်။ တောင်တွင်းကြီးမှာဆိုရင်တော့ မိဘမဲ့ကျောင်းတွေ အစိုးရစာသင်ကျောင်းတွေ ပညာရေးဌာနက ခွင့်ပြုချက်ရမှ ကျနော်တို့ လုပ်ဆောင်လို့ရမှာလေ။ အဲဒီနေရာတွေကို မြန်မာရိုးရာမုန့်တွေရဲ့ အနှစ်သာရကို ပြချင်တယ်။ ပြီးတော့ နယ်မြို့တွေကနေပြီး ကျနော်တို့ လက်ကမ်းစာစောင်မှာရင်တော့ ကျနော်တို့ ပို့ပေးပါတယ်။ လောလောဆယ်တော့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်ဘက်တွေတော့ ပို့ဆောင်ပြီးသွားပါပြီ။ ရန်ကုန်တိုင်းမှာလည်း အခြားအဖွဲ့အစည်းက လုပ်ဆောင်နေတယ်လို့ ကြားပါတယ်။ သက်ဆိုင်ရာ အနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းလှုပ်ရှားမယ်ဆိုရင် ပိုထိရောက်မြန်ဆန်မယ် ထင်ပါတယ်။

မေး။    ။ ကျောင်းတွေမှာ လှုပ်ရှားနေတယ်ဆိုတာ ဘယ်လိုလှုပ်ရှားနေပါသလဲ။

ဖြေ။    ။ ကျောင်းတွေမှာ လှုပ်ရှားနေတယ်ဆိုတာကလည်း ကျောင်းဝင်းထဲ မသွားရဘူး။ ကျောင်းပြင်ပကနေ ပြီးတော့ပဲ ကျနော်တို့ လက်ကမ်းစာစောင်တွေ ဝေရတယ်။ ပြီးတော့ မိဘတွေကို အကျိုးအကြောင်း ရှင်းပြရတာပေါ့။

မေး။    ။ ကလေးတွေ ဆေးဆိုးထားတဲ့ မုန့်တွေ စားသုံးနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့ ငယ်ငယ်တုန်းက မြန်မာမုန့်တွေနဲ့ ကြီးပြင်းလာခဲ့ရတယ်လေ။ အရင်တုန်းက မုန့်တွေက ဓာတုဆိုးဆေးမပါဘူး။ အန္တရာယ်မရှိဘူး။ ဈေးလည်းမကြီးဘူး။ စားလို့လည်း ကောင်းတယ်လေ။ အခုခေတ်ကလေးတွေက မွေးကတည်းက မြန်မာမုန့်နဲ့ ကင်းဝေးနေကြတယ်။ ဓာတုဆေးပါတဲ့မုန့်တွေ၊ အန္တရာယ်ရှိစေတဲ့မုန့်တွေ၊ ပြီးတော့ သက်တမ်းကုန်တဲ့မုန့်တွေကို ငယ်ကတည်းက နေ့စဉ်နဲ့ အမျှ စားသောက်နေရတဲ့အတွက် အသက်အန္တရာယ်ကို စိုးရိမ်ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လူညွန့်တုံးစေပါတယ်။ အရွယ်မတိုင်ခင်မှာပဲ အသည်းကင်ဆာတို့ အစာအိမ်ကင်ဆာတို့နဲ့ ဆုံးပါးသွားနိုင်ပါတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ ကလေးတွေက အနယ်နယ်အရပ်ရပ်ကလေး တွေက ဒီအတိုင်း ဓာတုဆေးပါတဲ့ မုန့်တွေ နေ့တိုင်းစားသုံးနေမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရှိ မျိုးဆက်တွေ ပျက်သွားနိုင်ပါတယ်။ ပြီးတော့ နိုင်ငံကလည်း ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။

မေး။    ။ မုန့်လှုပ်ရှားမှု လက်ကမ်းစာစောင်ထဲမှာ ဘာတွေထည့်သွင်းထားလဲ။

ဖြေ။    ။ မုန့်တွေရဲ့ အန္တရာယ်ကို သိမြင်လာအောင် လူမျိုးတမျိုးလုံး တိုက်ခိုက်ခံနေရပြီလားဆိုတဲ့ ဆောင်းပါး ပါပါတယ်။ မြန်မာမုန့်ထုတ်လုပ်ရောင်းချသူများထံသို့၊ မြို့နယ်အတွင်းရှိ မုန့်ဖြန့်ဖြူးရောင်းချသူများထံသို့၊ မြို့နယ်အတွင်းရှိ မုန့်ထုတ်လုပ်ရောင်းချသူများထံသို့ အကြံပြုစာ ပါပါတယ်။

မေး။    ။ ဈေးသည်တွေကိုရော ဆရာတို့ အဖွဲ့က ဘယ်လိုညှိနှိုင်းဆောင်ရွက်နေပါသလဲ။

ဖြေ။    ။ ဈေးသည်တွေကို ကျနော်အနေနဲ့ မေတ္တာရပ်ခံချက်ထုတ်ထားတာကတော့ ဓာတုဆေးပါတဲ့ မုန့်တွေ ရက်လွန်တဲ့မုန့်တွေကို မရောင်းဖို့၊ ကျောင်းဈေးဆိုင်တွေမှာလည်း အဲဒီလို မုန့်တွေ မရောင်းမိအောင် စိစစ်ဖို့ ပြောထားပါတယ်။ နောက်တခုက အန္တရာယ်ရှိမှန်း သိရက်နဲ့ ရောင်းချနေမယ်ဆိုရင် မုန့်တွေကို ကျနော်တို့က ၀ိုင်းဆန့်ကျင်နေတဲ့အတွက် ရောင်းရမှာမဟုတ်ဘူးလို့ ပြောပြပါတယ်။ ရောင်းရင်လည်း အရင်းအနှီး ပြုတ်သွားနိုင်တယ်။ အန္တရာယ်ကင်းတဲ့မုန့်ကို စိစစ်တင်ရောင်းချဖို့ စသည်ဖြင့် ပြောပါတယ်။

မေး။    ။ မိဘတွေနဲ့ ကလေးတွေ တုန့်ပြန်မှု ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ မိဘတွေကလည်း အခု ဆိုရင် ဓါတုဆေးဆိုးတဲ့ မုန့်တွေမစားမိအောင် ရှောင်တယ်။ မိဘတွေအနေနဲ့ကလည်း ဒီလိုမုန့်ကို စားနေတဲ့ သူတို့ သားသမီးအတွက် ရင်လေးနေတာ ကြာပြီ။ သူတို့အနေနဲ့ ဘာလုပ်ရမှန်းမသိလို့ ဒီအတိုင်းနေလိုက်ကြတယ်။ ကျနော်တို့ နောက် အခုဆိုရင် အများကြီး ၀ိုင်းပါလာကြတော့ ကျနော်တို့ ၀မ်းသာပါတယ်။ အခုဆိုရင် မြန်မာမုန့်တွေ ကလေးတွေကို ၀ယ်ကျွေးလာတာမြင်တော့ အရမ်းဝမ်းသာပါတယ်ဗျာ။

မေး။    ။ ဘာများထပ်ပြီးတော့ ပြောချင်ပါသလဲ။

ဖြေ။    ။ အဓိကတော့ အာဏာပိုင်တွေ ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်တယ်။ ပြီးတော့ ကျနော်တို့က အာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။သူတို့အနေနဲ့ ကျနော်တို့ လှုပ်ရှားမှုကို သိအောင်ဆောင်ရွက်စေချင်ပြီး ပါဝင်စေချင်တာပေါ့။ တကယ်တော့ ပူးပေါင်းကူညီမယ်ဆိုရင်တော့ ထန်းသီးမုန့်လိုပေါ့၊ အထက်မီး အောက်မီးပေးပြီးမှ မုန့်က တက်မှာပါ။ အခုတော့ ပြည်သူတွေကပဲ အောက်ကနေ မီးပူပေးနေရင်တော့ ဒီမုန့်ဟာ တခြမ်းပဲကျက်ပြီး စားလို့ မကောင်းတော့ဘူးပေါ့ဗျာ။  

နတ်မတောင်ဒေသ အပါအ၀င် ကန့်သတ်ဒေသများ ဖြေလျှော့အပြီး ခရီးသွား အခြေအနေ တိုးတက်ဖွယ် ရှိသောကြောင့် သဘာဝ နယ်မြေများကို ပိုမိုထိန်းသိမ်းရန် လိုအပ် - Eleven Media Group




သဘာဝ နယ်မြေများကို ပို့ဆောင်ပေးလေ့ရှိသော နယ်မြေဒေသ များထဲတွင် နတ်မတောင် အပါအ၀င် အခြားသော ကန့်သတ်ဒေသများကို ယခင်က ကန့်သတ်နေရာအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ကြိုတင်ခွင့်ပြုမိန့် မလိုအပ်ဘဲ သွားလာခွင့်ပြုပြီ ဖြစ်သောကြောင့် Eco tourism အတွက် ပိုမိုဖွံ့ဖြိုးလာရန် ရှိကြောင်း ခရီးသွား လုပ်ငန်းများမှ သိရသည်။

''ကျွန်တော်တို့ Eco tour က သာမန် tour တွေနဲ့ မတူပါဘူး။ သဘာဝနယ်မြေတွေကို လိုက်ပြီး လေ့လာတဲ့ tour ပါ။ အခုဆိုရင် နတ်မတောင်ကို ခွင့်ပြုမိန့် တင်စရာ မလိုတော့ဘူး။ နတ်မတောင်က International Park သဘာဝနယ်မြေ ထိန်းသိမ်းတဲ့ အထဲမှာ အဆင့်အမြင့်ဆုံးပဲ။ အရင်က ပါမစ်ရှင် တင်ရတယ်။ ပူတာအိုဘက်မှာ ဆိုလည်း မြို့ပေါ်ဆိုရင် ခွင့်ပြုတယ်ပေါ့။ အဲဒီလိုရှိတယ်။ ကန့်သတ်ဒေသ အကုန်လုံးကို ဖွင့်ပေးသင့်တယ်ပေါ့။ ပါမစ်ရှင်တင်တာက နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးအတွက် ခွင်ြ့ပုမိန့် တောင်းခံရတယ်ဆိုတာ ဒီသဘောပါပဲ'' ဟု Nature Lovers ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။

အဆိုပါ နတ်မတောင်ဒေသ (ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်) သို့ ခရီးသွားများ စိတ်ဝင်စားသည့်အပြင် ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၊ ကန်တော်ကြီး အမျိုးသားဥယျာဉ် (ပြင်ဦးလွင်)၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုပ္ပါးတောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ လှော်ကားဥယျာဉ် များမှာလည်း ငှက်ကြည့်ရန်အတွက် အကောင်းဆုံး နေရာဒေသများ ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှားပါးသော ငှက်မျိုးရင်း စိတ်များအဖြစ် white browed Nuthatch (မျက်ခုံးမွေးဖြူ ငှက်ပြာခြောက်) နှင့် Burmese Tit တို့မှာ ကချင်ပြည်နယ်တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် EcoTourism အတွက် အကောင်းဆုံး ဘေးမဲ့တောများမှာ ပဲခူးတိုင်း ဒေသကြီးရှိ မိုးယွန်းကြီးအင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်၊ ရှမ်းပြည်နယ်ရှိ အင်းလေးအိုင်၊ ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း စသည့် နေရာများပင် ဖြစ်ကြောင်း သိရသည်။

''အခုက နတ်မတောင်ကို ခွင့်ပြုပေးလိုက်တော့ လမ်းပန်းဆက်သွယ်ရေးက အဆင်ပြေပါတယ်။ ဒါပေမဲ့ လူဦးရေ များလာတဲ့ အခါကျတော့ ငှက်ကြည့်ဖို့ အတွက်က အဆင်မပြေတော့ဘူး။ ငှက်တွေက လူသံသူသံ ကြားတာနဲ့ ထပြေးတာလေ။ ကျွန်တော်တို့ ခရီးသွားတွေကလည်း အဓိက လာရောက်တာကလည်း အပင်မျိုးစိတ်တွေဖြစ်တဲ့ သစ်ခွ၊ အရှေ့တောင် အာရှမှာတောင် မြန်မာပြည်မှာပဲရှိတဲ့ တောင်ဇလပ် ပန်းတွေလိုမျိုး၊ မျိုးသုဉ်းတော့မယ့် မျက်ခုံးမွေးဖြူ ငှက်ပြာခြောက်ဆိုတဲ့ ရှားပါးငှက်မျိုးစိတ်တွေနဲ့ လူနေမှု သဘာဝအဖြစ် ချင်းတောင်မှာ ပါးရဲထိုးထားတဲ့ ချင်းအမျိုးသမီးတွေကို သူတို့သိပ်စိတ်ဝင်စားပြီး လာရောက် လေ့လာကြတာပါ။ ဒီတော့ နတ်မတောင်မှာရှိတဲ့ သဘာဝတွေကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်'' ဟု S.S.T ခရီးသွား ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုစိုးမင်းအေးက ပြောကြားသည်။

(နတ်မတောင် အမျိုးသား ဥယျာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-နတ်မတောင် အမျိုးသားဥယျာဉ်))

ဗြိတိန်ဘုရင်မကြီးနှင့် မာလာလာ တွေ့ဆုံ - Planet Myanmar Network




ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် ၂ နှင့် ပါကစ္စတန်ကျောင်းသူ မာလာလာတို့ လန်ဒန်ရှိ ဘက်ကင်ဟမ်နန်းတော်တွင် သောကြာနေ့က တွေ့ဆုံခဲ့ကြသည်။ ဘုရင်မကြီးနှင့် တွေ့ဆုံစဉ် မာလာလာက ဘုရင်မကြီးအား သူမ၏စာအုပ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ပါကစ္စတန် ဆယ်ကျော်သက်ကျောင်းသူ မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားခွင့်နှင့် အခြားအခွင့်အရေးများအတွက် လှုပ်ရှားတောင်းဆိုသူဖြစ်ပြီး သူမအား တာလီဘန်တို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သို့သော် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် မာလာလာမှာ ဗြိတိန်တွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သည်။

သင်မကြာခဏ ဝမ်းချုပ်နေလျှင် - မြ၀တီ






ဒေါက်တာစွမ်း (ဆေး - ၁)

ဒေါက်တာစွမ်းခင်ဗျား ...ကျွန်တော့်မှာ မကြာခဏ ဝမ်းချုပ်ခြင်း ဖြစ်တတ်ပါတယ်။ ဝမ်းနုတ်ဆေး စားသုံး လိုပေမဲ့ ဘေးထွက်ဆိုးကျိုး ရှိတယ်ပြောလို့ စားလည်း မစားရဲပါဘူး ဆရာ။ ဝမ်းချုပ်တာေ ကြာင့်

အလုပ်မှာပါ စိတ်မပါ ဖြစ်ရပါတယ်။ တစ်ကိုယ်လုံးညောင်းပြီး နုံးချည့်ပင်ပန်း နေသလို အမြဲခံစား ရပါတယ်ဆရာ။ ဝမ်းတစ်လုံး မကောင်းလို့ ကျွန်တော် ခေါင်းခဲ နေပါပြီ။ ၀မ်းမချုပ်အောင် ဘယ်လို လုပ်ရမလဲ ဆရာ။ (ကျွန်တော်က ဝမ်းနုတ်ဆေး မစားချင်ပါ) ဦးကိုကို(အမရပူရ)

ဝမ်းချုပ်ခြင်း ဝေဒနာ ဖြစ်ရတဲ့ အကြောင်းအရင်း များကတော့ အစာစားသောက်မှု လွဲမှားခြင်း၊ ဝမ်းသွား ကျင့်မမှန်ခြင်း၊ အသက်ကြီးလာခြင်း၊ အိပ်ရာထဲ အလှဲများခြင်း၊ကား၊ ရထားအစီးများခြင်း စတဲ့ သာမန် အကြောင်းအရင်းများ အပြင် အစာအိမ်ဆေး အချို့၊ သွေးပေါင်ကျဆေး အချို့နဲ့ စိတ်ကျရောဂါ ကုသဆေး အချို့ကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးချို၊ ကျောက်ကပ်၊ သိုင်းရွိုက်ဂလင်း အားနည်းခြင်း၊ ပိုတက်ဆီယမ်နည်းခြင်း၊ ကယ်လ်ဆီယမ် များခြင်းနှင့် ကိုယ်ဝန်ရှိခြင်း တို့ကြောင့်လည်း ဝမ်းချုပ် နိုင်ပါ တယ်။ ဒါ့အပြင် အူမကြီး ကင်ဆာ၊ အူလမ်းကြောင်း ပိတ်ဆို့ခြင်း၊ အူကျွံအူခေါက်ခြင်း စတဲ့ အူလမ်းကြောင်း ဆိုင်ရာ ဝေဒနာများကြောင့်လည်း ဝမ်းချုပ် နိုင်ပါသေးတယ်။ တချို့ကတော့ စအိုကျွံခြင်း၊ ဝမ်းညှစ် ကြွက်သား အားနည်းခြင်း၊ စိတ်ကျခြင်း၊ ဝမ်းပုံမှန် မသွားဘဲ ချုပ်တည်းထားခြင်း တို့ကြောင့်လည်း ဝမ်းချုပ် ခြင်း ဖြစ်ပေါ် နိုင်ပါတယ်။ ဒါကြောင့် အထက်ပါ လက္ခဏာတွေ အနက် ဝမ်းချုပ်ခြင်းကို ဖြစ်စေသော ရောဂါ ရှိပါက အဆိုပါ ရော ဂါကို ဦးစွာ ကုသရမှာပါ။ ဝမ်းချုပ်စေသော ဆေးများနှင့် ဝမ်းနုတ်ဆေး အပြင်းစားများ သုံးစွဲခြင်းကို ရှောင်ပါ။ အမျှင်ဓာတ် များများပါသော သီးနှံ၊ ဟင်းသီးဟင်းရွက်များကို စားသုံးပါ ။ ရေ၊ ဖျော် ရည်နဲ့ အချိုရည်များများ သောက်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။ အမျှင်ဓာတ် ပါသောဆေး Normacol တို့၊ Fybogel-Fybranta တို့ တွဲသောက် နိုင်ပါတယ်။ ဝမ်းချူဆေးတောင့်လည်း သုံးနိုင်ပါတယ်။

နံနက်တိုင်း ပုံမှန် ဝမ်းသွားတဲ့ အကျင့် လုပ်ဆောင်ပေးပါ။ ဝမ်းချုပ်ခြင်း ဖြစ်ရတာဟာ အစားအသောက် အနေအထိုင် မမှန်ကန်ခြင်း၊ ရေသောက်နည်းခြင်း၊ ဝမ်းသွားကျင့် မရှိခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ကြောင့် အဖြစ်များပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်တာဟာ အူမကြီး ကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာလည်း ဖြစ်နိုင်တာကြောင့် ဂရုပြုဖို့ လိုအပ်ပါတ ယ်။ ဒါကြောင့် ဦးကိုကိုရဲ့ မလိုအပ်ဘဲ ဝမ်းနုတ်ဆေး မစားတဲ့ အကျင့်ဟာ အလေ့အထ ကောင်းပါ။ အူလမ်းကြောင်း ပိတ်လို့ ဝမ်းချုပ် သူတွေမှာ ဝမ်းနုတ်ဆေးကြောင့် အူပေါက်ခြင်း၊ ရောဂါပို ဆိုးခြင်း၊ အရေးပေါ် ခွဲစိတ်ရခြင်းတို့ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် ကောင်းမွန်မျှတသော နေထိုင်နည်းဖြင့် ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲ စေနိုင်ကြောင်း ပါ။ အနေအထိုင်၊ အစားအသောက်၊ အလေ့အကျင့် ပြောင်းလဲ လိုက်တာနဲ့ ဝမ်းပုံမှန် ဖြစ်သွားပါမယ်။ အကယ်၍ ကိုယ်အလေးချိန် သိသာစွာ ကျဆင်းခြင်း၊ ဝမ်းသွားသွေးပါခြင်း၊ ဝမ်းသွားလိုက်၊ ချုပ်လိုက် အဖြစ် များခြင်း၊ ဗိုက်ဖောင်း လာခြင်း၊ ပျို့အန်ခြင်း၊ သာမန်ထက် ပိုမောပန်းခြင်း၊ ဗိုက်နာခြင်းစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသ သင့်ပါကြောင်း လမ်းညွှန်ရင်း ဦးကို ကိုလည်း ဝမ်းကောင်းလို့ စိတ်ကြည် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်း အပ်ပါသည်။

ဗုံးတရားခံတွေ ဖော်ထုတ်ရေး ကေအဲန်ယူ ပူးပေါင်းဆောင်ရွက်မည် - RFA Burmese

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမြို့ကြီးတချို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့တရားခံတွေကိုဖော်ထုတ် ရာမှာ KNU ကရင်အမျိုးသားအစည်းရုံးအနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNU ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။

“ အကြမ်းဖက်မှု ကျွန်တော်တို့ KNU အနေနဲ့ လက်မခံဘူးလေ၊ အစိုးရနဲ့ဆက်ပြီးတော့ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှာပေါ့”

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအတွင်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမူတွေနဲ့ပက်သက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကစတင်ပြီး ဖြူးမြို့နယ်က အဝေးပြေးယာဉ်တစ်စီးပေါ်မှာ လက်လုပ် ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့က တောင်ငူ၊ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက်နေ့က မန္တလေး၊ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ စစ်ကိုင်းမြို့နဲ့ မနေ့က နမ့်ခမ်းမြို့မှာ ဗုံးပေါက်ကွဲမူတွေ၊ ဗုံးရှာဖွေတွေ့ရှိတာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ကြက်သွန်ဖြူစားပြီး မနံအောင် - Health Updates Journal






(၁) နို့သောက်ပါ

နွားနို့တွင် ပါဝင်သော အဆီဓါတ်က ကြက်သွန်ဖြူ၏ ဆာလဖာ ဓါတ်ကို ချေဖျက်ပေးပြီး အနံ့ဆိုးများမှ ကင်းဝေးစေသည်။

(၂) လက်ဖက်စိမ်းရည် (Green tea) သောက်ပါ

လက်ဖက်စိမ်း၏ ပိုလီဖီနောဒြပ် ပေါင်းများက ကြက်သွန်ဖြူ၏ အနံ့ကို လျော့နည်းစေသည်။

(၃) မှိုစားပါ

မှိုတွင်လည်း ပိုလီဖီနောဒြပ် ပေါင်းများပါဝင်ပြီး အထူးသဖြင့် ခံတွင်းနံ့ဆိုးခြင်းမှ ကာကွယ်ပေး သည်။

(၄) သစ်သီးစားပါ

ပန်းသီး၊ ဘယ်ရီသီး၊ နာနတ်သီး၊ ကီဝီသီးတို့၏ သဘာဝ အင်ဇိုင်းများက ကြက်သွန်ဖြူ၏ အနံ့ဆိုးသော ဆာလ ဖာဒြပ်ပေါင်းများအား ချေဖျက် ပေးသည်။

ဇော်ကို



ဗုံးပေါက်ကွဲမှုများ KNU နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြောပြီ - irrawaddy


ဗုံးပေါက်ကွဲမှုများမှာ KNU နှင့် မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားနေသည့် ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။

“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အနေနဲ့လည်း အခုချိန်မှာ ဖမ်းဆီးရမိတဲ့သူကို လာရောက်တွေ့ဆုံ မေးမြန်းမှုတွေ လုပ်နေပါတယ်။သံသယ ရှိသူတွေရဲ့ လုပ်ဆောင်ချက်ဟာ လူတချို့ရဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ပြောသည်။

ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် KNU ဘက်မှ ကူညီပေးခဲ့မှုများ ရှိကြောင်း၊ သံသယ ရှိသူများကို KNU ဘက်မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး မည်သူက လာရောက်တွေ့ဆုံသည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

“ဒီကိစ္စကို ပြောဖို့ခက်ပါတယ်။ ကျနော် လာတွေ့တာလည်း မဟုတ်ပါဘူး။ ဘာမှ မပြောလိုသေးပါဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းငြိမ်းမောင်က ဧရာဝတီက မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဖောက်ခွဲမှုများမှာ KNUအဖွဲ့၏ စီးပွားရေးအဖွဲ့တခုမှ လူတဦးက လုပ်ကိုင်ရန် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များပြားလာကာ တိုင်းရင်းသားများ၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်သည်၊ မည်သည့် စီးပွားရေးကို ထိခိုက်စေမည် ဆိုသည့် ထင်မြင်ချက်နှင့် ထိုသို့ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးမေးမြန်း၍ ရမရကို ဧရာဝတီမှ မေးမြန်းရာ မသိရှိရသေးကြောင်းသာ ၎င်းက ပြန်လည်ပြောဆိုသည်။

“ခရီးသွား လုပ်ငန်း တိုးတက်တာကို အဟန့်အတား ဖြစ်စေချင်တယ်။ အဲဒီလောက် ရည်ရွယ်ချက် ဖြစ်ခဲ့တာကိုပဲ စစ်ဆေး တွေ့ရှိ ခဲ့ပါတယ်။ အဲဒီလောက်ကိုပဲ ဖြေကြားလိုပါတယ်” ဟု ရဲချုပ်ဇော်ဝင်းက ဆိုသည်။

သို့ရာတွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၌ ဗုံးပေါက်ကွဲမှုမှာ တခြားသော ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်မှုရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း၊ သို့အတွက် ပေါက်ကွဲမှုများတွင် တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များသာ ဆက်စပ်မှု များရှိနေကြောင်း၊ သံသယ ရှိခံရမှုဖြင့် လွတ်မြောက် နေသူများကိုလည်း ခြေရာခံ လျှက်ရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

“ဖြစ်ပွားခဲ့တဲ့ အကြောင်းတွေကို သတင်းထုတ်ပြန် နေပါတယ်။ အခု ကိစ္စက စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိနိုင်သေးလို့ ထုတ်ပြန်ခြင်း မပြုသေးတာပါ” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး လတ်တလော လုံခြုံရေး ဆောင်ရွက်မှုနှင့် SEA GAMES အတွက် ဆောင်ရွက်နေသည့် လုံခြုံရေး အပိုင်းကို မေးမြန်းရာ ရဲချုပ်က “ပေါက်ကွဲမှုများကို ကြိုတင်သိရှိခဲ့တာ မရှိခဲ့ပါဘူး။ အခုအချိန်မှာ နောက်ထပ် ဖြစ်ပွားမှု မရှိအောင် ကာကွယ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ SEA GAMESအတွက် ကျနော်တို့ အနေနဲ့ နိုင်ငံ ကာကွယ်မှု တခု အနေနဲ့ ဆက်လက် ကာကွယ်သွားနိုင်မှာပါ” ဟု ရဲချုပ်က ဖြေကြားခဲ့သည်။

ထို့အပြင် လာမည့်နှစ်တွင် လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် သုံးစွဲကာ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အောက်တိုဘာလ အတွင်းတွင် ပေါက်ကွဲခဲ့မှု ၆ ကြိမ်၊ ပေါက်ကွဲမှုမဖြစ်စေရန် ဖယ်ရှားနိုင်ခဲ့မှု ၄ ကြိမ် စုစုပေါင်း ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲချုပ်၏ ပြောကြားချက်အရ သိရသည်။

ဗုံးပေါက်ကွဲမှုတွေကြောင့် ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်ရေး ဖိလစ်ပိုင် စိုးရိမ် - RFA Burmese



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်း(SEA GAMES) အကြိုကာလ မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့  ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့ထိကျင်းပမယ့်ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်နိုင်ငံက အားကစားသမား ၂၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အားကစားသမားတွေနဲ့  သူတို့အရာရှိတွေလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့  ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင် ဥက္ကဌ ရစ်ချီဂါဆီယာ ကပြောပါတယ်။

မြန်မာနိုင်ငံက ဗုံးပေါက်ကွဲမှုအခြေအနေတွေကို မိမိတို့အနေနဲ့ ဂရုတစိုက်အနီးကပ်စောင့်ကြည့်နေကြောင်း၊ ပြိုင်ပွဲမှာ ဖိလစ်ပိုင် ဝင်ပါ-မပါကို အခုချိန်ဆုံးဖြတ်ချက်ချဖို့ စောနေသေးပြီး၊ နိုဝင်ဘာလကုန်ကျမှ အစိုးရရဲ့အကြံဉာဏ်ကို ရယူဆုံးဖြတ် ရမှာဖြစ်ကြောင်း ဂါဆီယာက ပြောပါတယ်။

အရှေ့တောင်အာရှအားကစားပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့  ငွေဆောင်ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ပင်မှည့်သီး၏ ကောင်းကျိုးများ - Health Updates Journal




၁။ကင်ဆာဆဲလ်များ ကြီးထွားမှုကို လျော့နည်းစေသည်။

၂။ ပါဝင်သော phenolic acid နှင့် flavonoid ကြောင့် နှလုံးရောဂါကို ကာကွယ်ပေးသည်။

၃။ပိုးသေစေသော အာနိသင်ရှိသည်။

၎။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်သောကြောင့် အိုမင်းမှုကို လျှော့ချပေးသည်။

၅။ကာဗိုဟိုက်ဒြိတ်နှင့် သကြားဓာတ်ပါ ဝင်မှုကြောင့် အားကစား စွမ်းဆောင်ရည်ကို မြင့်စေသည်။

၆။Cholesterol ကျစေရန် ကူညီ ပေးသည်။

၇။vit C, vit A နှင့် potassium တို့ ကြွယ်ဝစွာ ပါဝင်သည်။

၈။၎င်း၏ အစေ့ seed တွင် fiber များစွာပါဝင်သဖြင့် weight ကို ကျစေသည်။

၉။မအိပ်ခင် စားသုံးပေးပါက ကောင်းမွန်စွာ အိပ်စက်စေသည်။

ကံကော်



ဖားကန့်မှာ ကျောက်တူးသမား ၅၀ ကျော် ဖမ်းဆီးခံရ - RFA Burmese



ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာနဲ့ သာယာကုန်းကျေးရွာနားတစ်ဝိုက်က အမျိုးသားကြီးပွား တိုးတက်ရေး၊ ခိုင်လုံ၊ ကြိုင် အင်တာနေရှင်နယ်စတဲ့ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်တွေထဲမှာ တစ်နိုင်တပိုင်ကျောက်စိမ်း တူးဖော်နေသူတွေထဲက ၅၀ လောက်ကို တပ်မ ၁၀၁ လက်အောက်ခံ လှုပ်ရှားတပ်နဲ့ လုံခြုံရေးအဖွဲ့က ဖားကန့်မြို့နယ်ရဲစခန်း ကို ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကအဲ့ဒီလုံခြုံရေးအဖွဲ့တွေနဲ့ ရေမဆေး ကျောက်ရှာသူတွေကြားမှာ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ အခုလိုဖမ်းဆီးသွားတာလို့ လုံးခင်းကျေးရွာ NLD ပါတီဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ အယောက် ၅၀ ကျော်ကို အခုရှိတဲ့ ၁၀၁ တပ်မကနေ ဖမ်းသွားပါတယ်ခင်ဗျ၊ ဒီအတိုင်း တွေ့တဲ့သူကို သူတို့ လိုက်ဖမ်းတယ်၊ ပြေးတဲ့သူကပြေးတယ်၊ မိတဲ့သူကို သူတို့ဖမ်းသွားပါတယ်၊ လွန်ခဲ့တဲ့ ၄ ရက်လောက်က ပြဿနာ တစ်ခုတက်ထားတယ်ဗျ၊ ရဲဘော်တစ်ယောက် ခေါင်းမှာ ကျောက်ခဲမှန်လို့ ပေါက်သွားတယ်၊ အဲ့အချိန်က စပြီးတော့ လိုက်ပြီးဖမ်းနေပါတယ်ခင်ဗျ”

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာတစ်နိုင်တပိုင် ကျောက်ရှာဖွေသူတွေ
သောင်းနဲ့ချီရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗုံးဖောက်ခွဲရန်စေခိုင်းသူနှင့် ကိုယ်တိုင်ဖောက်ခွဲသူဟု ရဲကသံသယရှိသည့် စောရွှေထူးကို မမိနိုင်သေး - Mizzima - News in Burmese



ဗုံးဖောက်ခွဲရန်စေခိုင်းသူနှင့် ကိုယ်တိုင်ဖောက်ခွဲသူဟု ရဲတပ်ဖွဲ့၏ သံသယရှိခြင်းခံသည့် နေတိုး ခေါ် စောရွှေထူးသည် ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးဟု ရဲချုပ်ဇော်ဝင်းက အောက်တိုဘာ ၁၈ ရက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၄ ရက် ရန်ကုန်မြို့ အလုံမြို့နယ် Western Park Ruby စားသောက်ဆိုင်နှင့် ကုန်သည်ကြီးများဟိုတယ်တို့တွင် ဗုံးထောင်မှုနှင့် ဖေါက်ခွဲမှုတို့ကို ပြုလုပ်ခဲ့သူဟု ဝန်ခံထားသူ စောမြင့်လွင် ခေါ် မောထ၏ ထွက်ဆိုချက်တွင် စောရွှေထူးက စေခိုင်းခဲ့သည်ဟု ရဲချုပ်က ပြောသည်။

"စေခိုင်းချက်ကြောင့် စောမြင့်လွင်က ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကြောင့် လည်းကောင်း၊ ကျန်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေးဖြစ်စဉ်များမှာလည်း အသုံးပြုထားတဲ့ပစ္စည်းနဲ့ တပ်ဆင်ပုံစနစ်တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါနေရာတွေကို နေတိုးခေါ် စောရွှေထူးနဲ့ နေတိုးဦးဆောင်တဲ့အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်" ဟု ရဲချုပ်က ပြောသည်။

အောက်တိုဘာ ၁၄၊ ၁၅ ရက်များတွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများအတွက် ကိုယ်တိုင်ပြုလုပ်ခဲ့သူအဖြစ် စောရွှေထူးကို ရဲချုပ် ဇော်ဝင်းက သံသယရှိနေသည်။

စောရွှေထူးသည် KNU(ကရင်အမျိုးအသားအစည်းအရုံး)၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်ဟု ရဲချုပ်က ဆိုလိုက်ပြီး "KNU အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့တခုမှာ ပါဝင်တဲ့ ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ တာဝန်ခံတစ်ယောက်ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားသည်။

သို့သော် ယခုဗုံးဖောက်ခွဲမှုဖြစ်စဉ်တွင် KNU နှင့် ပတ်သက်မှု မရှိသည်ကို အလေးအနက် ယုံကြည်သည်ဟု သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့က KNU အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးမှာ လုံးဝ လုပ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်" ဟု ပြောသွားသည်။ ယခုဖြစ်စဉ်များကြောင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား တည်ဆောက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်နိုင်စရာအကြောင်းမရှိဟုလည်း ဦးရဲထွဋ်က ပြောသည်။

"ဘယ်လိုစိန်ခေါ်မှုမျိုးပဲဖြစ်ဖြစ် ကျွန်တော်တှို့ ဒါကို မဖြစ်ဖြစ်အောင်လုပ်သွားမှာပါ"ဟု ပြည်တွင်းငြိမ်းချမ်းရေးကို ရည်ညွန်းပြီး သူကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖာပွန်ခရိုင်ခြေစိုက် KNU တပ်မဟာ (၅) ကလည်း `ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည် ဟု အောက်တိုဘာ ၁၇ ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။

ယခုလ ၉ ရက်မှ စပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ကောလဟာလသတင်းများလည်း ထွက်ပေါ်လျက်ရှိနေသည်။
===============
ပုံစာအညွှန်း - ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာများ မေးမြန်းမှုကို ဖြေကြားပေးနေသော သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း၊ မဇ္ဈိမ) ဗုံးဖောက်ခွဲမှုဖြစ်စဉ်များကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို မထိခိုက်နိုင်ဟု ၎င်းက ပြောဆိုလိုက်သည်။

ပြည်တွင်း အလုပ်အကိုင် နည်းပါး၍ ပြည်ပနိုင်ငံများသို့ တရားမ၀င် သွားရောက်သော မြန်မာအလုပ်သမားများ ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရ - Eleven Media Group




မြန်မာနိုင်ငံရှိ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုများကြောင့် ထွက်ပေါက်အဖြစ် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြသည့် အလုပ်သမားများသည် ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း အလုပ်သမား ၀န်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ရွှေ့ပြောင်းရေးရာနှင့် မီဒီယာများ၏ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

''ပြည်တွင်း အလုပ်အကိုင် အခွင့်လမ်း နည်းပါးမှု ထွက်ပေါက်က ပြည်ပနိုင်ငံတွေ ဖြစ်နေပြီး မသိနားမလည်ဘဲ သွားရောက် လုပ်ကိုင်မှုတွေကြောင့် အလုပ်သမားတွေဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ အခုပြည်ပကို ထွက်နေတဲ့ အလုပ်သမားတွေက ဘာမှမသိဘူး။ ဘာသာစကား ဆိုလည်း မတတ်ဘူး။ သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း မသိဘူး။ ကိုယ်ရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကိုလည်း မသိကြဘူး။ အခုအချိန်အထိ အဆက်အသွယ်တွေ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် မသိနားမလည်ဘဲ သွားနေကြတုန်းပဲ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အောက်ရှိ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် တရားမ၀င် သွားရောက် မှုများကြောင့် လူကုန်ကူးခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ပွဲစားများ၏ လိမ်လည်မှုကို ခံရခြင်းနှင့် အတင်းအဓမ္မ ခိုင်းစေခံရခြင်း စသည့်တို့ကို ကြုံတွေ့နေရသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရန်အတွက် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး ၇၇ ရုံးကို ဖွင့်လှစ်ထားပြီး အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် အလုပ်အကိုင် အခွင့်လမ်း ပြပွဲများ ကျင်းပပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီပေးလျက် ရှိကြောင်းနှင့် ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများကို လုပ်ကိုင်ခွင့်လိုင်စင် ချပေးထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများသည် တရားဝင် သွားရောက် လုပ်ကိုင်ခွင့် ပြုထားသည့် ထိုင်း၊ မလေးရှား စသည့် အာဆီယံ ဒေသတွင်း နိုင်ငံများတွင် သာမက သွားရောက် အလုပ်လုပ်ကိုင်ခွင့် မပြုထားသည့် အရှေ့ အလယ်ပိုင်းဒေသနှင့် အာရပ်စော်ဘွားများ နိုင်ငံများတွင်လည်း တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြကြောင်း ထုတ်ပြန်ထားသည်။

(မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများအား ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်))

ဂျော်ဂျီယာနိုင်ငံ Dmanisi ရှေးဟောင်း သုတေသန ဆိုဒ်မှာ တူးဖော်တွေ့ရှိရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းနီးပါးက လူ့ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းကြောင့် အဲဒီ နှစ် ၂ သန်းလောက်မှာ ကွဲပြားတဲ့ လူ့မျိုးနွယ်ပေါင်းစုံ ရှိခဲ့ကြတယ်ဆိုတဲ့ အယူအဆ - BBC Burmese


ဂျော်ဂျီယာနိုင်ငံ Dmanisi ရှေးဟောင်း သုတေသန ဆိုဒ်မှာ တူးဖော်တွေ့ရှိရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းနီးပါးက လူ့ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းကြောင့် အဲဒီ နှစ် ၂ သန်းလောက်မှာ ကွဲပြားတဲ့ လူ့မျိုးနွယ်ပေါင်းစုံ ရှိခဲ့ကြတယ်ဆိုတဲ့ အယူအဆကို စွန့်လွှတ်ရမလို ဖြစ်နေပြီလို့ သိရပါတယ်။

ယခင် အယူအဆအရ လူသားတွေဟာ လွန်ခဲ့တဲ့နှစ် သန်းပေါင်းများစွာတုန်းက လူ့မျိုးကွဲ အသီးသီး ပြိုင်တူ ရှိခဲ့ကြပြီး ခေတ်သစ် လူသားအဖြစ်သို့ တရွေ့ရွေ့ ပေါင်းစပ်ဖြစ်ထွန်းလာတာ ဖြစ်တယ်လို့ ယူဆထားခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ ဦးခေါင်းခွံကို လေ့လာမှုအရ လူသားတွေဟာ အစကတည်းက တစ်မျိုးနွယ်တည်းကနေသာ ဆင်းသက်လာတယ်လို့ ယူဆနိုင်ကြောင်း ဒီဦးခေါင်းခွံကို တူးဖော်တွေ့ရှိတဲ့ သုတေသီအဖွဲ့က သိပ္ပံဂျာနယ်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

တူးဖော်တွေ့ရှိခဲ့ရသမျှ နှစ်ပေါင်း ၃ သိန်း အထက်က လူ့အရိုး ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ အခုတွေ့ရတဲ့ နှစ်ပေါင်း ၂ သန်း နီးပါးက ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းဟာ မူလအနေအထားနီးပါးအတိုင်း ပြည့်ပြည့်စုံစုံ တွေ့ရတဲ့ တစ်ခုတည်းသော ရုပ်ကြွင်း ဖြစ်ပါတယ်။

ဗြိတိန် စစ်တက္ကသိုလ်တွင် အမှာစကား ပြောကြားရန် အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ တတိယမြောက် ဥရောပခရီးစဉ် စတင် - Eleven Media Group



ဗြိတိန် စစ်တက္ကသိုလ်တွင် အမှာစကား ပြောကြားရန် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း တတိယမြောက် ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်က စတင်ခဲ့သည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံ ငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ဗြိတိန်အပါအ၀င် ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံ ပါဝင်ပြီး ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှာ ပထမဆုံး ဥရောပ ခရီးစဉ် အတွင်းကလည်း ပါဝင်ခဲ့သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ရန်အပြင် ဥရောပ ပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မြောက်အိုင်ယာလန်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးခြင်းနှင့် ပြင်သစ်နိုင်ငံတွင် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲများ တက်ရောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစိုက် ထောက်ခံအားပေးခဲ့သော အီတလီ နိုင်ငံရှိ မြို့လေးမြို့သို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဗြိတိန်၊ နော်ဝေ၊ အိုင်ယာလန် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ဥရောပခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် ကျခံခဲ့ရသော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် မေ ၂၉ ရက် တွင် ထိုင်းနိုင်ငံသို့ သွားရောက်မှုမှ စတင်ကာ ပြည်ပခရီးစဉ်များ ဆက်တိုက် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဟာဝိုင်ယီကျွန်းသို့ သွားရောက် လည်ပတ်ခြင်း အပါအ၀င် အမေရိကန်နိုင်ငံသို့ နှစ်ကြိမ်၊ အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊ စင်ကာပူနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

(တတိယမြောက် ဥရောပခရီးစဉ် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်)

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ SAMSUNG အီလက်ထရွန်နစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား - Eleven Media Group




ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက်၊ တိုက်အမှတ် ၂၀၃ ရှိ SAMSUNG အီလက်ထရောနစ် ဆိုင်တွင် အောက်တိုဘာ ၁၈ ရက် ည ၈ နာရီခွဲ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကြည်ဝင်းက ''မီးလောင်မှု အကြောင်းရင်းကို စိစစ်နေတုန်းပါ'' ဟု ည ၁၁ နာရီ ၀န်းကျင်က ပြောကြားခဲ့သည်။

''မီးလောင်တာက ၈ နာရီခွဲ ၀န်းကျင် လောက်မှာပါ။ ၀ါယာရှော့ခ်ကြောင့် လောင်တာလို့တော့ ပြောကြတာပဲ'' ဟု ပန်းဆိုးတန်းလမ်း အလယ်ဘလောက်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဦးတင့်ဆန်းက ပြောကြားသည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အီလက်ထရွန်နစ်ဆိုင်မှာ ဖြစ်ပွားချိန်၌ လူစောင့်မရှိဘဲ ဆိုင်အား ပိတ်ထားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်များ လောင်ကျွမ်း ပျက်စီးမှုများ ရှိခဲ့ကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွင် ငြိမ်းသတ်လျက်ရှိသည့် မီးသတ်ရဲဘော် အချို့မှာ မီးခိုးမွှန်မှုကြောင့် ဆေးကုသမှု ခံယူခဲ့ရပြီး မီးလောင်နေသည်ကို လာရောက် ကြည့်ရှုသည့် အမျိုးသမီး တစ်ဦးမှာ မီးခိုးမွှန်၍ သတိလစ် သွားသောကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ညဥ့် ၁၂ နာရီ ၁၅ မိနစ်တွင် ငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၈ ရက် ည ၉ နာရီခန့်က ကျောက်တံတားမြို့နယ်ရှိ Samsung အီလက်ထရွန်နစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားနေစဉ်

ဦးနှောက်ဟာ တစ်နေ့တာ အသုံးပြုခဲ့လို့ သူ့ထဲမှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကို သန့်ရှင်းရေး ပြုလုပ်ဖို့ အိပ်စက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ် - Aye Chan Mon


ဦးနှောက်ဟာ တစ်နေ့တာ အသုံးပြုခဲ့လို့ သူ့ထဲမှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကို သန့်ရှင်းရေး ပြုလုပ်ဖို့ အိပ်စက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိပ်ချင်လာရတဲ့ အဓိက အကြောင်းဟာ ဦးနှောက်က သူ့ကိုယ်သူ သန့်ရှင်းရေး ပြုလုပ်ရတော့မှာ ဖြစ်တာကြောင့်လို့ အမေရိကန်က သုတေသီအဖွဲ့က သိပ္ပံဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အိပ်စက်ချိန် ဦးနှောက်ထဲမှာ သန့်ရှင်းရေး ဘယ်လို လုပ်ဆောင်သလဲဆိုတာ အဲဒီအဖွဲ့က တင်ပြထားပြီး တကယ်လို့ လုံလောက်တဲ့ အိပ်စက်ချိန် မရှိခဲ့ရင် ဦးနှောက်ဖောက်ပြန်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။ (မင်းဒင်)




၁။ ဗမာဖြစ်ရတဲ့ဒုက္ခ

ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ဘ၀ပုံရိပ်အချို့ကို ရံဖန်ရံခါ ကျနော်ရေးလေ့ရှိသည်။ စာဖတ်ပရိသတ်အချို့က `ဆောင်းပါးတွေထဲမှာ ရေးထားသလို ထိုင်းရောက်မြန်မာတွေရဲ့ ဘ၀ဟာ တကယ်ပဲဆိုးသလား´ဟု မေးမြန်းလာပါသည်။ လွန်ခဲ့ သောလက ရွှေလုပ်သားဂျာနယ်မှ အောက်ဖော်ပြပါ သတင်းသည် အထက်ပါမေးခွန်းအတွက်အကောင်းဆုံးသက်သေ ဖြစ်မည် ဟု ကျနော်မျှော်လင့်ပါသည်။

စက်တင်ဘာ၆ မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမားတစ်ဦးအား ခွေးကိုဆဲဆိုသဖြင့် ထိုင်း လူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသူ ရာဘာခြံ အလုပ်သမားတစ်ဦးသည် အချိုရည်နှင့် မုန့်များ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန်လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှစောင့်နေပြီး ညာဘက်ရင်အုံနှင့်ညာဘက် မျက်ခုံးအပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် လိုက်ခြင်းဖြစ်သည်။
ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင် လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စွာဆိုသည်။
ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပုလောမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း၊ ဒေါ်ထွေးရီ တို့၏ သား လူပျိုလူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင် ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။

၂။ ထမင်းတစ်လုတ် တုတ်တစ်ချက်

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ ဘ၀ကို အတိုဆုံးအရှင်းဆုံး ဥပမာပေးရလျှင် ထမင်းတစ်လုတ်၊တုတ်တစ်ချက်ဟူသော ဆိုရိုး သည် အံအ၀င်ဆုံးဖြစ်တန်ရာသည်။ကာလကြာညောင်းခဲ့သော စစ်သားအုပ်ချုပ်ရေးစံနစ်ကြောင့် ထမင်းနပ်မမှန်ကြသော တောနေ လူ တန်းစားအများအပြားမှာ ရေကြည်ရာမြက်နုရာရှာရင်း ထိုင်းဘက်ခြမ်းသို့ရောက်လာကြသည်။အစအဦးကသော် ကော့သောင်း၊ဘိတ်၊ ထားဝယ်၊မော်လမြိုင်၊ကရင်ပြည်နယ်ဘက်တို့မှ ကျေးလက်နေလူထုအများစုဖြစ်သော်ငြား နောင်သော် ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီး ပြကြီးမှ လူများပါ ထိုင်းနိုင်ငံတနံတလျားသို့ ပြိုဆင်းလာကြသည်။အဆိုပါ မြန်မာအားလုံးလိုလို ထိုင်းဥပဒေအရ၊ထိုင်းလူမျိုးတို့ လက်ရှောင်ကြသည့် ညစ်ပတ်ပေရေ၊ ကျန်းမာရေးထိခိုက်သော၊ ကြမ်းတမ်းပင်ပန်းသော အလုပ်များကိုသာ လုပ်ခွင့်ရကြသည်။
မြန်မာရွေ့ပြောင်းလုပ်သားတို့ကား ခေတ်မီတိုက်တာ အဆောက်အဦးများ အကြိုအကြားတွင် ၊ ပန်ကာတစ်လုံး၊ထမင်းပေါင်းအိုး တစ်လုံးဖြင့် ယိုင်နဲ့နဲ့အလုပ်သမားတန်းလျားများတွင်နေရကာမျှဖြင့် နတ်ဘုံနတ်နန်း ထင်မှတ်ကြရှာသည်။ဇာတိမြေကို စွန့်ရခြင်း ၏ဒုက္ခ၊လူလိုမနေရသည့်ဒုက္ခတို့ကို ထမင်းနပ်မှန်ခြင်းဖြင့် အလဲအထပ်ပြုကြရသည်။
နွားသတ်ရုံပို့မည့်နွားများကို တံဆိပ်တုံးရိုက်ပေးသည်နှင့် ဥပမာပြုအပ်သော အလုပ်သမားကဒ်(ဘတ်)များကိုင်ဆောင်ရသည့် ဘ၀မှ ယာယီနိုင်ငံကူးလက်မှတ်ပေးခြင်းကား အမြင်ကောင်းလှပါ၏။နားဝင်ချိုလှပါ၏။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာသွားလာနိုင် သည့် အနီရောင်နိုင်ငံကူးလက်မှတ်များအတွက်လည်း သာဓုဖြောင့်ဖြောင့် ခေါ်လိုလှပါ၏။ သို့သော် …..။
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းအတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းသူတို့မှာ ထိုင်းလူမျိုးပိုင် အလုပ်သမားကုမ္ပဏီများ မြန်မာသံရုံးနှင့် မြန်မာပတ်စပို့ပွဲစားတချို့သာဖြစ်သည်။


မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည်ထိုင်းအာဏာပိုင်တို့၏ အလိုအလျောက်ငွေထုတ်စက်(ATM)များဟု ဆိုနိုင်သည်။ဘတ်ရှိရှိ၊ မရှိရှိ၊ ပတ်စ်ပို့ရှိရှိ၊မရှိရှိ ဖမ်းသည်။ငွေညှစ်သည်။ မရရရာ ပုဒ်မတစ်ခုခု ပြောင်းတပ်သည်။ရွှေပေါင်လက်မှတ်ကိုပင် အလွတ်မပေး။ ရွေ့ပြောင်း အလုပ်သမားတွေမှာ ခေါ်စရာအဖေမရှိ။

၎။ မြန်မာကျွန်မျိုးဆက်သစ်

အစအဦးမှာ ပြည်တွင်းဇနပုဒ်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦး ဖူးခက်သို့လာရောက် အလုပ်လုပ်ကိုင်သည်။ စားဝတ်နေရေး ပြေလည်ရုံရှိသည်ကို ရွာမှာရှိနေသည့် အလုပ်လက်မဲ့တို့က အားကျသည်။နီးစပ်ရာဆွေနီးမျိုးစပ်တွေ အကုန်နီးပါး ဖူးခက်ကို ရောက်လာကြသည်။ မွန်ပြည်နယ်မော်လမြိုင်မြို့အနီးရှိ ကျောက်တန်းကျေးရွာကဲ့သို့ ရွာများမှဆိုလျှင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျေးရွာကောင်စီဥက္ကဋ္ဌ တွေပါ ဖူးခက်ကိုရောက်လာ၊ကြွလာကုန်ကြသည်။
ဖူးခက်မှာပင် နဖူးစာရွာလည်ကြသည်။ အိမ်ထောင်ဖက်ကာ သားသမီးပွားစီးကြသည်။ လေးငါးနှစ်အရွယ်တွင် ဇာတိရပ်ရွာသို့ ပြန်ပို့ ကာ မူလတန်းပညာအဆင့် သင်ယူနေကြသော်ငြား၊ကျောင်းစာကို စိတ်မ၀င်စား။ ဖူးခက်မှာနေထိုင်ကြီးပြင်းခဲ့ရစဉ်က နေ့စဉ်မှီဝဲရသည့် အားဖြည့်အချိုရည်နှင့် ကော်ဖီဗူးမျိုးစုံကိုသာ အထင်တကြီးတောင့်တသည်။အဆိုးတော့မဆိုသာပြန်ချေ။ ထိုထိုသော ဗူးမျိုးစုံသည် ရွာမှာ သူဌေးနှင့်ဘုန်းတော်ကြီးများသာမှီဝဲနိုင်သောအရာမဟုတ်လော။ ကြီးပြင်းလာသည့်တစ်နေ့ ဖူးခက်မှာအလုပ် သွားလုပ်မည်ဟူသော ကျွန်ခံရေး မျှော်မှန်းချက်သည် ကလေးတိုင်းလိုလို၏ စိတ်ဝယ်စွဲထင်နေခဲ့ကြပြီ။ထိုင်းနိုင်ငံသားတို့တစ်နေ့အလုပ်ချိန် ရှစ်နာရီဖြစ်သော်ငြား မြန်မာအလုပ်သမားအများစုမှာ တစ်နေ့လျှင် ဆယ့်နှစ်နာရီမျှ အလုပ်လုပ်ကြရသည်။လစာကား အတူတူ။
ထို့ကြောင့် အရွယ်မတိုင်မီ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီး အသက်ငါးဆယ်ကျော်ခန့်တွင် လူမမာဘ၀ဖြင့် ဇာတိရွာမှာ ခေါင်းချကြသည်။ ထိုကွက်လပ်ကို သားသမီးမြေးမြစ်များက ကျွန်ကမွေးသည့်သဘောက်များအဖြစ် ၀င်ရောက်ဖြည့်ဆည်းရန် အသင့်ရှိနေကြသည်။ အကောင်းဆုံး လုပ်အားစိုက်ထုတ်နိုင်သည့် အရွယ်ကောင်း၊အားကောင်းမောင်းသန်မြန်မာအလုပ်သမား အလုပ်သမားများကို ဈေးပေါပေါနှင့် သန်းချီစေခိုင်းနိုင်သည့် ထိုင်းနိုင်ငံ တဟုန်ထိုး စည်ပင်နေသည်မှာ ထူးဆန်းလှသည်မဟုတ်။

၎။ သံရုံးသည်မျက်စိနားမရှိလေသလော။

ယခုဤစာကိုရေးနေချိန်တွင် ဖူးခက်မြို့ရှိ အကြီးဆုံးဈေးဆိုင်ကြီး စူပါချိ(Super Cheap) မီးလောင်နေဆဲဖြစ်ပါသည်။ အောက်တိုဘာ (၁၆) ရက်နေ့ည ကိုးနာရီခန့်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယခုအချိန်အထိ အငွေ့မသေသေး။၄၈နာရီကျော်ခဲ့ပြီ။ဝါယာကြိုးရှော့ဖြစ်ရာ က စတင်သောမီးသည် အနီးအနားရှိမြို့နယ်မှ မီးသတ်ကားပေါင်းမြောက်များစွာဖြင့်ငြိမ်းသတ်သည့်တိုင် မီးစွယ်ကျိုးရုံသာရှိပြီး မီးလောင်ပြင်ထဲသို့ ယခုတိုင် ကယ်ဆယ်ရေးအဖွဲ့များ မ၀င်နိုင်ကြသေးချေ။အဆိုပါဈေးဆိုင်ကြီးတွင် မြန်မာအလုပ်သမား(၃၀၀၀)နီးပါး ရှိသည်။မီးလောင်သည့်အချိန်တွင် အလုပ်သမားနှင့်ဈေးဝယ် ထောင်ချီရှိနေသည်ဟု ဖူးခက်သတင်းစာများတွင်ဖော်ပြသည်။ဆယ်ဧက ခန့်အကျယ်အ၀န်းရှိသည့် ဧရာမဈေးဆိုင်းဝင်းကြီးပြာအတိကျသွားသည့် မီးလောင်မှုဖြစ်၍ ဖူးခက်သမိုင်းတွင် အကြီးကျယ်ဆုံးမီးဟု ဆိုနိုင် သည်။
`လူသုံးဆယ်လောက်သေတယ်´၊`အနည်းဆုံးတစ်ရာလောက်တော့ သေတယ်´၊`နှစ်ရာအထိအသေအပျောက်ရှိနိုင်တယ်´၊ သေမှာပေါ့၊ မီးလောင်တယ်ဆိုတာနဲ့ လုမဲ့ယက်မဲ့လူတွေဝင်မလာအောင်ဆိုပြီး ပင်မတံခါးကြီးတွေ အကုန်ပိတ်လိုက်တာကိုး´၊`တစ်ယောက်မှ မသေပါဘူး´၊`အသေအပျောက်စာရင်းအတိအကျမကောက်နိုင်သေးဘူး၊မီးလောင်ပြင်ထဲကို ၀င်ကြည့်မှ အတိအကျသိရမှာ´
လတ်တလောဖူးခက်မှာထွက်ပေါ်နေသည့်အရပ်သတင်းများကား စုံလှသည်။နှစ်စဉ်နိုင်ငံခြားဧည့်သည် လေးငါးသန်းလာရောက်နေသော ငွေတွင်း မြို့ကြီးဖြစ်၍ ထိုင်းမီဒီယာများအနေဖြင့် သတင်းအမှန်ကို ထုတ်ပြန်ရန် အခက်အခဲရှိနေနိုင်သည်။သေချာသည့်အချက်မှာ ထိုင်းသတင်း များတွင် စူပါချိရှိ အလုပ်သမားဦးရေကို ခုနစ်ရာဟုသာ ဖော်ပြသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးအရပ်ရပ်မှာ ထိုင်းဘတ် သန်းထောင်ချီသည် ဟု ထိုင်းအာဏာပိုင်ရပ်ကွက်မှဆိုသည်။
မြန်မာသံရုံးသည် မျက်စိမှိတ်နားပိတ်ကာ အိပ်ပျော်နေလေသလော။ `အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးတာဟာ အမေရိကန် ပြည်ထောင်စုကို ထိပါးတာပါပဲ´ဟူသော စကားသံကိုနားမှာကြားယောင်သည်။ `တို့မြန်မာနိုင်ငံတာဝန်ရှိသူတွေက သုံးထောင်ဒုက္ခ ရောက်တာနည်းနေလို့ သုံးသောင်းပြည့်အောင် ၊သုံးသိန်းပြည့်အောင်စောင့်နေလေသလား´ အတွေးပွားရသည်။မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသားအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသော်ငြား မြန်မာအလုပ်သမားတို့အရေးအရာအတွက် တခွန်းတပါဒ ပြောဆိုမည့်သူ ယခုတိုင်မရှိသေး။
အချို့အန်ဂျီအိုအမည်ခံအဖွဲ့တဖွဲ့တလေရှိကောင်းရှိနိုင်သော်ငြား မြန်မာ့အရေး အန်ဂျီအိုဟူသည် မည်သို့သောလူများဖြစ်သည်ကို အများသိပြီးဖြစ်၍ အကျယ်မရေ့းလိုချေ။လိုတိုရှင်းဆိုရလျှင် မျောက်ပြဆန်တောင်း ဟူသောစကားကိုသာ အမှတ်ရကြစေလိုသည်။


၅။ ကောင်စစ်ဝန်ရုံးအမြန်ဖွင့်ပါ။

ဖူးခက်မြို့တွင် နိုင်ငံခြားသားမျိုးစုံရှိသည်။ ဆွီဒင်၊တောင်ကိုးရီးယား၊ဗီယက်နမ်၊လာအို၊ ဂျပန်စသည်ဖြင့် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန် ရုံးအမြောက်အမြားရှိသည်။ဖူးခက်တွင် မြန်မာလူမျိုးသိန်းချီရှိသော်ငြား မြန်မာလူမျိုးတို့၏ အရေးအရာကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း ပေးမည့် ကောင်စစ်ဝန်ရုံး(သို့မဟုတ်) အလုပ်သမားကိုယ်စားလှယ်ရုံးကား မရှိ။ခေတ်ကြီးပြောင်းပြီဆိုပါလျှင် မြန်မာအလုပ်သမားအရေး ကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးမည့် အလုပ်သမားကိုယ်စားလှယ်ရုံးများကို မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေထူထပ် သည့် ထိုင်းနိုင်ငံတလွှားရှိ မြို့ကြီးအသီးသီးတွင် အမြန်ဆုံးဖွင့်သင့်သည်။
အဆိုပါရုံးများတွင် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊အလုပ်သမားဥပဒေတို့ကို အကျွမ်းတ၀င်ရှိသည့် မြန်မာအရာရှိများ စေလွှတ် သင့်သည်။ယာယီနိုင်ငံကူးလက်မှတ်လုပ်စဉ်ကကဲ့သို့ အကြံအဖန်ပေါင်းစုံလုပ်၊ရသမျှ ပိုက်ဆံ၊အိပ်ကပ်ထဲထည့်ပြန်သည့် ၀န်ထမ်းများ စေလွှတ်လျှင်ကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းသကဲ့သို့ဖြစ်နေပေဦးမည်။
ကိုယ့်အထုတ်ကိုယ်ဖြည်၊ ကိုယ်ပေါင်းကိုယ်လှန်ထောင်းသည့် ဤစာမျိုးကို ရေးရသည်မှာ နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်ဖြစ်သော်ငြား ၊ မီးလောင်ပြင်မှ မြန်မာရွေ့ပြောင်းအလုပ်သမားသုံးထောင်ကျော်အား မြန်မာတာဝန်ရှိသူတို့အနေဖြင့် တချက်မျှ ငဲ့ကွက်ကြည့်သည် ဆိုလျှင်ရေးရကျိုးနပ်သည်ဟု နှလုံးပိုက်မိသည်။


Reference and Credit to -(မင်းဒင်)