သွားအချောင်း ၂၀ တစ်ကြိမ်တည်းနဲ့ အနှုတ်ခံရလို့ အသက် ၆၄နှစ် အဖွား သေဆုံး


သီဟနိုင်

အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ အဖွားတစ်ယောက်ဟာ သွားအချောင်း (၂၀) ကို ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်တွေနဲ့အတူ တခါတည်းအနှုတ်ခံနေတုန်း သွားဆရာဝန်ရဲ့ ထိုင်ခုံမှတင် အသိပျောက်သွားခဲ့ပါတယ်။ အဲ့ဒီ့အဖွားဟာ နောက် တစ်နာရီအကြာမှာပဲ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စာကြည့်တိုက်မှူးဟောင်း၊ ကလေးနှစ်ယောက်မိခင်၊ အဖွားဖြစ်သူ Judy Ganဟာ သွားနှုတ်တာအပါအ၀င် သွားစိုက်တာ၊ သွားကိုင်းဆက်တာတွေကို အမေရိကန်၊ Connecticut ပြည်နယ်က သွားဆရာဝန် ဒေါက်တာ Patelရဲ့ ကုသမှုခံယူခဲ့တာပါ။

လက်ရှိသွားဆရာဝန် အကူနှစ်ယောက်ဟာ ဒေါက်တာ Rashmi Patel က သူ့လူနာတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရအောင်လုပ်နေတာတွေကို ရပ်ဖို့ တောင်းပန်ခဲ့ကြပါသေးတယ်။ ဒေါက်တာ Patel ဟာ အဲ့ဒီ့ပြည်နယ်မှာ သွားဆရာဝန်အဖြစ်လုပ်ကိုင်နေခဲ့တာ ၁၁နှစ် ရှိပါပြီ။ သူ့ရဲ့အကူကနေ ကုသမှုလုပ်ငန်းစဉ်တွေကို ရပ်ပစ်ခိုင်းတာကို သူက ငြင်းပယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူ့အကူဟာ 911 ကိုဖုန်းဆက်တာတောင်၊ အဖွား Gan ခဏနိုးလာပြီး ရပ်ခိုင်းတာတောင် သူ ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ Patelရဲ့ ဆေးကုလိုင်စင်ကို Connecticut ပြည်နယ် သွားဆရာဝန် ကော်မရှင်အဖွဲ့က ရပ်ဆိုင်းထားလိုက်ပါပြီ။

သွားဆရာဝန်လာပြတဲ့ တစ်ကြိမ်ထဲမှာ သွားတွေကို မတော်သရော် နှုတ်လိုက်လို့ သူ့လူနာရဲ့ အောက်ဆီဂျင် ပမာဏ ကျသွားတာကို ကောင်းကောင်း မတုံ့ပြန်ခဲ့ဘူးလို့လည်း သူ့ကို တရားစွဲထားပါတယ်။

အဖွား Gan သေဆုံးမှုကို ဖြစ်သွားစေခဲ့တဲ့ သွားဆရာဝန် Patelရဲ့ လုပ်ဆောင်မှုတွေကို ပြည်နယ်အစိုးရက တရားစွဲဆိုထားပြီး ဇွန် ၁၈ရက်မှာလုပ်မယ့် ကြားနာမှုမှာ ဒေါက်တာ Patelရဲ့ လိုင်စင်ကို အပြီးအပိုင်ရပ်ဆိုင်းသွားဖို့ အလားအလာရှိတယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

အခွေတစ်ခွေလုံး အမိုက်စားဖြစ်အောင် ကြိုးစားထားတဲ့ စန္ဒီမြင့်လွင်ရဲ့တတိယအယ်လ်ဘမ် ကလီယိုပက်ထရာ


ခင်ဆွေသက်

ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ အခွေနဲ့ပတ်သတ်ပြီး သူမက “ဒီအခွေလေးကို ဒီးဒီပြင်ဆင်ပြီး ကြိုးစားခဲ့တာ တစ်နှစ်လောက်ကြာတယ်။ ဒီအခွေ နာမည်လေးကို ကလီယိုပက်ထရာလို့ပေးဖြစ်ခဲ့တာက အခွေစလုပ်ကတည်းက အဲဒီသီချင်းလေးကို ကြိုက်လို့ New version ပြန်လုပ်ပြီး title အနေနဲ့ ပေးဖြစ်ခဲ့တာပါ။ ဒီအခွေလေးကို ၆လပိုင်း၁ရက်နေ့ Junction Square Indoor area မှာ လက်မှတ်ထိုး ရောင်းချပေးသွားပါမယ်။ သီချင်း အမျိုးအစားတွေက ဟစ်ဟော့တွေရော တခြား ပုံစံမျိုးစုံ အများကြီးပဲ။ ပထမခွေနဲ့တော့ မတူလောက်တော့ဘူး။ နဲနဲတော့ ကွဲထွက်သွားမယ်။ တေးရေးတွေကတော့ ကိုAr-T၊ နေ၀င်း၊ ဟဲလေးအစုံပဲပေါ့နော်။ အများကြီးပါပါတယ်။ သီချင်းတီးလုံး မြူးဆစ်တွေအားလုံးကို အမိုက်စားတွေပဲ ဖန်တီးထားပါတယ်။ အများကြီးလဲ အားထည့်ပြီး ကြိုးစားထားပါတယ်။ ဒုတိယအခွေနဲ့တော့ တူမှာမဟုတ်ဘူး။ ခေတ်ကြောင့်လဲပါတယ်။ လူကတော့ အသက်သာကြီးလာတာ ကိုယ်ဖန်တီးတဲ့ သီချင်းတွေက ပိုတောင်အမိုက်စားတွေ ထွက်လာတယ်ပေါ့။ ဒီအခွေ ထဲမှာ ပရိသတ် ကြိုက် မယ့် သီချင်းကတော့ ထွက်မှပဲ အသံနားထောင်ရမှာပေါ့။ ဒီးဒီနဲ့ပရိသတ်နဲ့ထပ်တူကျမဲ့ သီချင်းကတော့ မသိသေးဘူး။ အစွမ်းကုန် ကြိုးစားထားတဲ့အတွက်တော့ ထပ်တူကျမယ်လို့ မျှော်လင့်မိပါတယ်။ အချစ်ရေးက အဆင်ပြေနေပြီး အေးအေးဆေးဆေး ရှိနေပါတယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

သရုပ်ဆောင် ရဲတိုက်အတွက် သမ္မတထံ အသနားခံစာတင်မယ်လို့ဆိုတဲ့ ဒါရိုက်တာရီဇော်


စန္ဒီ

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ် ၆နှစ်ကျခံခဲ့ရတဲ့ သရုပ်ဆောင်ရဲတိုက်အတွက် အနုပညာရှင်တွေစုပေါင်းပြီး သမ္မတထံ အသနားခံစာတင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ဒါရိုက်တာရီဇော်ကတော့ “အခုဆိုရင် ဥပဒေလမ်းကြောင်းအရ သူ့မိဘတွေက အယူခံဝင်ဖို့ အတွက်ပြင်ဆင်နေတယ်။ ပြီးတော့ အနုပညာလောကသားတွေကို ရဲတိုက် အတွက် လက်မှတ် တောင်းခံသွားမယ်။ ဒါကလည်း အခုမှ စီစဉ်တုန်းပါ။ အကောင်အထည် ဖော်ဖြစ်နေပါပြီ။ အခုလို စီစဉ်ရတာကလည်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ခြောက်နှစ် ချခံခဲ့ရတဲ့ သူ့အတွက် ထောင်ဒဏ်ခြောက်နှစ်ကနေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ရဲတိုက်က နဂိုကတည်းက စိတ်ကျရောဂါကို ခံစားနေရတာ ကြာပါပြီ။ အခုလည်း ရောဂါက ကောင်းလိုက်၊ မကောင်းလိုက်နဲ့ပဲ။ ရဲတိုက်နဲ့ ရိုက်ဖို့စီစဉ်ထားတဲ့ ဇာတ်လမ်းတွေ အများကြီးရှိတယ်။ မမျှော်လင့်ပဲ အခုလို ထောင်ကျသွားတဲ့အတွက် သူပြန်လွတ်လာရင် ရိုက်မယ့်ကားတွေ အများကြီးရှိတယ်။ နောက်ပြီး ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက အသစ်တင်တဲ့ သရုပ်ဆောင်သစ်တွေနဲ့ ရိုက်မယ့် ဇာတ်လမ်းတွေလည်း ရှိပါတယ်”လို့ ဆိုပါတယ်။

Trend Myanmar

ပြည်တွင်း ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းများ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ချိတ်ဆက်တင်ပို့နိုင်ရန် စီစဉ်


အိမ်အရောက်ဝန်ဆောင်မူ Door To Door စနစ်ဖြင့် ၀န်ဆောင်မူပေးနေသည့် ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ပြည်ပနိုင်ငံများသို့ ချိတ်ဆက်တင်ပို့နိုင်ရန်စီစဉ်နေသည်ဟု ပြည်တွင်းအမြန် ချောပို့လုပ်ငန်းများက ပြောသည်။

ပြည်တွင်းအမြန်ချောပို့လုပ်ငန်းတစ်ခုဖြစ်သော MGL လုပ်ငန်းသည် ပြည်ပနိုင်ငံပေါင်း ၂၀၀ ကျော်အား မကြာမီ စတင်ပို့ဆောင် ၀န်ဆောင်မှုပေးနိုင်တော့ မည်ဖြစ်ကြောင်းMGL လုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဦးညီညီအောင် က မဇ္ဈိမ ကိုပြောသည်။

“လက်ရှိမှာတော့ ပြည်တွင်း ၁၆ မြို့ ကိုဝန်ဆောင်မှုပေးနေပါတယ်။ လောလောဆယ် ဂျပန်ကိုစမ်းသပ်တဲ့ အနေနဲ့ ပစ္စည်း အ၀င်လက်ခံနေပါတယ်၊ ကျွန်တော်တို့ တစ်ကမ္ဘာလုံးကိုပို့နိုင်အောင် ဆောင်ရွက်တဲ့ အနေ နဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ကိုပို့ဖို့ ခွင့်ပြုချက်ကို ရဖို့အတွက် MPT နဲ့ MIC က ခွင့်ပြုချက်ကိုစောင့်နေတာ၊ ရှေ့လလောက် ဆောင်ရွက်နိုင်မယ်လို့ထင်ပါတယ် ”၎င်း က ပြောသည်။

အခြား အမြန်ချောပို့လုပ်ငန်းတစ်ခု ဖြစ်သော SBS ချောပို့လုပ်ငန်းကလည်း ပြည်တွင်း မြို့ကိုးမြို့အပါအ၀င် ပြည်ပနိုင်ငံတစ်ခုဖြစ်သော စင်ကာပူနိုင်ငံသို့ ပို့ဆောင်လျက်ရှိကြောင်းနှင့် ပြည်တွင်းမြို့များကိုလည်း တိုးချဲ့ ရန် စီစဉ်လျက်ရှိကြောင်း SBS တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ကုမ္ပဏီက အခုလော လောဆယ်တော့ ပြည်ပနိုင်ငံဝန်ဆောင်မှု ပေးတာက စင်ကာပူ တစ်နိုင်ငံ ပဲရှိသေးတယ်။ ဟိုမှာက ရုံးခွဲရှိတော့ပို့တာရော လက်ခံတာပါ နှစ်ခုလုံးလုပ်ပေးတယ်။ ဒါပေမဲ့ စင်ကာပူ ရုံးမှာတော့Door To Door စနစ်တော့မရသေးဘူး။ မြန်မာနိုင်ငံက ပို့လိုက်ရင် စင်ကာပူရုံးခွဲမှာ သွားထုတ်ရ တယ်”” ဟု SBS မှတာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် ပြည်တွင်းမြို့ ကိုးမြို့ဖြစ် သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် နယ်မြို့များအား ပို့ဆောင်လျက်ရှိပြီး နယ်မြို့များဖြစ်သောပဲခူး၊ ပခုက္ကူနှင့် မိတ္ထီလာမြို့များအား တိုးချဲ့ရန်စီစဉ်နေကြောင်း MGL လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အမြန်ချောပို့လုပ်ငန်းများမှ နေပြည်တော်သို့ ပစ္စည်းပို့မည် ဆိုပါက တစ်ကီလိုဂရမ်လျှင် ကျပ် ၃၅၀၀ နှင့် ရန်ကုန်၊ မန္တလေးသို့ ပစ္စည်းပေးပို့မည်ဆိုပါက တစ် ကီလိုဂရမ်လျှင် ကျပ် ၄၀၀၀ နှုန်းသတ်မှတ်ထားပြီး ဈေးနှုန်းပြောင်းလဲမှုများ ရှိနိုင်သည်။

Mizzima Burmese

မှောင်ခိုပစ္စည်း ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ


စီးပွား- ကူးသန်း ၀န်ကြီးဌာနက ဖွဲ့စည်းထားတဲ့ မှောင်ခိုပစ္စည်းဖမ်းဆီးရေး Mobile Team အဖွဲ့ဟာ ၂ နှစ်အတွင်း အမှုပေါင်း ၂၅၀၀ ကျော်ကနေ ကုန်ပစ္စည်းတန်ဖိုး ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Mobile Team အဖွဲ့တွေဟာ တရုတ်နယ်စပ် – မူဆယ် နဲ့ မန္တလေးလမ်းကြောင်းမှာ မှောင်ခို ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး စုစုပေါင်း အမှု ၁၅၀၀ ကျော်တယ်လို့ ဆိုပါတယ်။

မြ၀တီ-ရန်ကုန်လမ်းမှာတော့ ဒုတိယ အများဆုံးဖြစ်ပြီး အမှုပေါင်း ၈၅၀ ကျော်တယ်လို့ ဖော်ပြထားပါတယ်။

Mobile Team အဖွဲ့တွေအနေနဲ့ ရန်ကုန်က လေဆိပ်၊ ရေဆိပ်၊ ပင်လယ်ကူးသင်္ဘော ၀င်ထွက်တဲ့ နေရာတွေအထိ မှောင်ခို ကုန်ပစ္စည်း လိုက်လံ ဖမ်းဆီးမယ်လို့ ကြေညာထားပေမယ့် ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မ မရလို့ ဒီနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

DVB Burmese

ဖရန့်တေးစီးရီး အမ်တီဗီ ပြင်ဆင်နေသည့် နန်းမြတ်ဖြိုးသင်းနှင့်တွေ့ဆုံခြင်း


ဆရာဝန် တစ်ယောက်လည်းဖြစ်သည့်အပြင် ဇာတ်ကားများစွာကိုလည်း လက်ခံရိုက်ကူးလာသည့် နန်းမြတ်ဖြိုးသင်းဟာ ၀ါသနာကို အရင်းခံတာမို့ ဆရာဝန် လက်မှတ်ကို မယူပဲ အနုပညာ အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နေသူတစ်ဦးပါပဲ။ ဒါ့ကြောင့်မို့ နန်းမြတ်ဖြိုးသင်းရဲ့ အနုပညာ လှုပ်ရှားမှုများကို မဇ္စျိမက မေးမြန်းခဲ့ပါတယ်။

မေး ။ ။ လတ်လော အနုပညာ လှုပ်ရှားမှုက……

ဖြေ ။ ။ အခုက ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ ကြိုက်ရာတစ်ခုကို ရွေးချယ်ပါ ဇာတ်ကားလေးကို ကလောမှာ သွားရောက် ရိုက်ကူးနေတယ်။ ပါဝင်တဲ့
သရုပ်ဆောင်တွေက နေဒွေးရယ်၊ နန်းခင်ဇေယျာရယ်၊ နန်းမြတ်ရယ် ပါဝင် သရုပ်ဆောင် ထားတယ်။

မေး ။ ။ ဒီဇာတ်ကားလေးကို ဘာကြောင့် ကလောထိ သွားရောက် ရိုက်ကူးဖို့ လက်ခံဖြစ်တာလဲ။

ဖြေ ။ ။ ကြိုက်ရာတစ်ခုကို ရွေးချယ်ပါ ဇာတ်ကားက နန်းမြတ်အတွက် လုပ်ကွက်ရတယ်။ ပြီးတော့ နန်းမြတ် တစ်ခါမှ မရိုက်ဘူးသေးတဲ့ ကာရိုက်တာမျိုး၊ ဇာတ်လမ်းပုံစံကလည်း အလှည့်အပြောင်းလေးတွေနဲ့ ရိုက်ကူးထားတဲ့အတွက် အရမ်းကောင်းတယ်။ အဓိကကတော့ ဇာတ်ကိုကြိုက်လို့
လက်ခံဖြစ်တာပါ။

မေး ။ ။ နန်းမြတ်နဲ့ နန်းသူဇာ နှစ်ယောက်ပေါင်းပြီး ထွက်ရှိခဲ့တဲ့ Friend စီးရီးလေးက ဘယ်တော့လောက် MTV ထွက်ဖြစ်မလဲ။

ဖြေ ။ ။ အခုလည်း နန်းမြတ်တို့ ခရီးတွေ သွားရင်လည်း MTV အတွက် ရိုက်ဖြစ်ကြတယ်။ MTV ကို အမြန်ဆုံး ထွက်နိုင်အောင်လည်း စတင်နေပါပြီ။ MTV
ထွက်တဲ့ အခါ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်လမ်းပုံစံ လေးတွေလည်း ပါဝင်မယ်။

မေး ။ ။ လက်ရှိမှာရော ကြော်ငြာ ရိုက်ကူးဖို့တွေ ရှိသေးလား

ဖြေ ။ ။ နန်းမြတ်က Kanbangan ဆေးရုံရဲ့ Ambassador တစ်ယောက်ဖြစ်တဲ့ အတွက် အခု ဆေးရုံကြော်ငြာအတွက် အသစ်တစ်ခု ရိုက်ပေးဖြစ်တယ်။ နောက် Cosemetic ကြော်ငြာတစ်ခု ရိုက်ပေးဖို့ ရှိတယ်။ နောက် အခြားကြော်ငြာလေးတွေလည်း ရိုက်ပေးဖို့ ရှိတယ်။

မေး ။ ။ အခုရော ဇာတ်ကားတွေကို ဘယ်လို ပုံစံနဲ့ အဓိကထား ရိုက်ကူးဖြစ်နေလဲ။

ဖြေ ။ ။ အဓိကတော့ နန်းမြတ် ဇာတ်ကို သေချာဖတ်ပြီး စီစစ်လက်ခံဖြစ်တယ်။ ဇာတ်က ကိုယ်နဲ့ လိုက်ဖက်မှု ရှိပြီး ကိုယ့်အတွက် အနုပညာ ကျန်တဲ့ ဇာတ်မျိုးကို ပိုပြီး ဦးစားပေးတယ်။ နန်းမြတ် လက်ရှိမှာတော့ သရုပ်ဆောင်နဲ့ အဆို ကို မျှမျှတတ လုပ်ရှားနေမှာပါ။

နန်းမြတ်ဖြိုးသင်းသည် အနုပညာ လောကကို ၂၀၁၀ ခုနှစ်တွင် စတင် ၀င်ရောက်ပြီး ၂၀၁၁ ခုနှစ်၌ အကယ်ဒမီဗန်းကိုင်အဖြစ် လူသိများကာ ဗီဒီယို ဇာတ်ကား ၂၀ ဖြင့် ကြော်ငြာ ၁၀ ခုတွင် ပါဝင်သရုပ်ဆောင်နေသူ တစ်ယောက် ဖြစ်သည်။

Mizzima Burmese

တနိုင်ငံလုံး အပစ်ရပ်ဆွေးနွေးမည့် နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်ရောက်


တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးရရှိရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ဆွေးမယ့်သူတွေ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိရေးနဲ့ပတ်သက်ပြီး မေလ ၂၁ နဲ့ ၂၂ တို့မှာ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ဖွဲစည်း ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ဆွေနွေးမှာဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနက် ၉ နာရီလောက် ဆွေးနွေးပွဲ စတင်မှာဖြစ်ပြီး အန်စီစီတီ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းအပါအ၀င် တိုင်းရင်းသားတွေဘက်က ကိုယ်စားလှယ် ၈ ဦးနဲ့ အစိုးရဘက်ကတော့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးကြမယ်လို့ မြန်မာငြိမ်းချမ်း ရေးစင်တာက တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရဘက်ကတော့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်မှာပါ။ ကျနော်တို့ကိုရှင်းပြထားတာကတော့ အစိုးရဘက်က ၃ ယောက်၊ လွှတ်တော်က ၃ ယောက်နဲ့ တပ်မတော်က ၃ ယောက်လို့ ပြောပါတယ်။ လူစာရင်းအတိအကျတော့ ကျနော့်မှာမရှိသေးပါဘူး။”

ဒီဆွေးနွေးပွဲကနေ နှစ်ဖက် ဆွေးနွေးရမယ့်အချက် ၈၀ ရာခိုင်နှုန်းပြီးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

မတ်လဆန်းပိုင်း ဆွေးနွေးပွဲမှာတုန်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ပထမမူကြမ်းတစောင် ရရှိခဲ့ပါတယ်။

တိုင်းရင်းသားတွေဘက်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရပ်တည်ချက်တွေ ဖြစ်တဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲအမိန့်တွေကို တိတိကျကျလိုက်နာဖို့ဆိုတဲ့အချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှု လိုက်နာဖို့ အချက်တွေကို လိုက်နာနိုင်ခြင်းမရှိဘူးလို့ ထုတ်ပြောဆိုထားတာကြောင့် ဒီတကြိမ်ဆွေးနွေးပွဲမှာ ညှိနှိုင်းကြဖွယ်ရှိပါတယ်။

တိုင်းရင်းသားတွေဘက်က အဓိကတောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးကိစ္စတွေကိုလည်း ညှိနှိုင်းဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာမှာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြ ပြီး သတင်းထုတ်ပြန်ခြင်းတော့ မရှိပါဘူး။

နိုင်ငံသမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်မယ်လို့ တိုင်းပြည်ကို ပြောထားသလို တပ်မတော် ဘက်ကလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို လာမယ့်သြဂုတ်လမတိုင်ခင် လက်မှတ်ရေး ထိုးလိုကြောင်း အဆိုပြုထားပါတယ်။

DVB Burmese

ထိုင်းနိုင်ငံလို ဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ကြောင်း ကာကွယ်ရေး ၀န်ကြီးက ပြောဆို (ရုပ်သံ)



ထိုင်းနိုင်ငံမှာ တရားဥပဒေပြန်လည် စိုးမိုးဖို့အတွက် ထိုင်းစစ်တပ်က မေလ၂၀ ရက်နေ့မှာ တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်အုပ်ချုပ်ရေး ကြေညာပါတယ်။ ထိုင်းနိုင်ငံလို ဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ကြောင်း ကာကွယ်ရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။

DVB TV News



Thai Martial Law 2005 2014 (ရုပ်သံ)



ထိုင်းနိုင်ငံ မှာ စစ်အုပ်ချုပ်ရေး ကျေညာချက် ပြီးနောက် နယ်စပ်ဂိတ်တွေ ပိတ်လာမှာကို ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒေါ်ခင်မင်းဇော် က သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ဖိုးစီ

DVB TV News



ဖွဲ့စည်းပုံ ပြင်နိုင်ရေး အလားအလာ

NLD လွှတ်တော်အတွင်း ဝင်ရောက်ခဲ့စဉ်

လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၆ လ အလို နောက်ဆုံးထားပြီး လုပ်ဆောင်သွား ဖို့၊ သတ်မှတ် ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ရဲ့ ဒုတိယ ဥက္ကဌ ဦးစိုးဝင်း က ဘီဘီစီ ကို ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ်၊ လွှတ်တော်ကော်မတီဝင် စစ်တပ် ကိုယ်စားလှယ်တွေ အနေနဲ့၊ လုံးဝ အပြင် မခံနိုင်ဘူး ဆိုတဲ့ သဘောထား တင်းမာမှုမျိုး ကို မတွေ့ရပဲ၊ ဉပဒေနဲ့ အညီ၊ အားလုံး ညှိညှိ နှိုင်းနှိုင်း ဆောင်ရွက် သွားရမယ့် သဘော ဖြစ်ပါတယ် ဆိုပြီး၊ ဦးစိုးဝင်းက သုံးသပ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်ကြတဲ့ အခါမှာ၊ ကော်မတီရဲ့ သဘောထား တစ်ခုတည်းနဲ့ မဟုတ်ပဲ၊ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး၊ အများ သဘောနဲ့ ဆုံးဖြတ် သွားကြရမယ့် ကိစ္စမျိုးတွေလည်း ရှိကြောင်း ဦးစိုးဝင်းက ဆိုပါတယ်။

ဒါ့ကြောင့်၊ အခုရက်ပိုင်း အတွင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို တောင်းဆို လိုက်တဲ့၊ ဒီနှစ်မကုန်ခင် အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် လုပ်ပြပါဆိုတာနဲ့ ပတ်သက်ပြီး၊ တကယ် ဒီနှစ်ကုန် အမီ လွှတ်တော်တွင်း ဆောင်ရွက်သွားနိုင်မှု ရှိမရှိ အပေါ်၊ ယတိပြတ် ပြောလို့ မရနိုင်ဘူး လို့ ဦးစိုးဝင်းက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး၊ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးမှာ အခရာကျနေတဲ့ ပုဒ်မ ၄၃၆ကို စတင် ပြောင်းလဲဖို့၊ လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာနေပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု လွှတ်တော် ကော်မတီကလည်း၊ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က စလို့ လွှတ်တော်တွင်းမှာ အစည်းအဝေး ခေါ်ယူ ဆွေးနွေးနေကြပါတယ်။

bbc burmese

OIC က ရခိုင်ဒေသကို ကူဖို့အသင့် လို့ ပြော

OIC ကို ရခိုင်ဒေသခံ ကန့်ကွက်

ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရခိုင်ဒေသ မှာ လူသားချင်း စာနာ တဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ အတွက် OIC အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Alba ကို အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

OIC အဖွဲ့ အနေနဲ့ ရခိုင်ဒေသကို သွားရောက်ခွင့် ရခဲ့ပြီး အဲဒီမှာ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်နိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဆိုခွင့် ရခဲ့ပုံ၊ OIC အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာရယ်၊ OIC အဖွဲ့ အပေါ် အထင်အမြင် လွဲမှား နေတာတွေကို ရှင်းပြ မှာပါ လို့ Syed Hamid Alba က ဘီဘီစီ ကို ပြောပါတယ်။

ဒီဒေသမှာ ဒုက္ခရောက်နေသူ တွေကို OIC အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာရယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း မှာ လည်း ပါဝင် လာနေလို့၊ ပြုပြင် ပြောင်းလဲရေး တွေလည်း လုပ်နေပြီ ဆိုတော့၊ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံ က သဟဇာတ ရှိတယ်၊ ငြိမ်းချမ်း တည်ငြိမ် တဲ့ နိုင်ငံတခု ဖြစ်တယ် ဆိုတာ မြင်ချင် နေ ကြတယ်၊ ဘာသာ အယူ၊ မတူကွဲပြားတဲ့ အုပ်စုတွေကြား မှာ နားလည်မှု ရှိလာရေး မှာ OIC အနေ နဲ့ တစိတ်တပိုင်း ပါဝင် ဆောင်ရွက် ဖို့ ဖြစ်ပါတယ် လို့ လည်း ရှင်းပြပါတယ်။

အခုလို တာဝန်ပေးအပ် ခံခဲ့ ရတာနဲ့ ပတ်သက်ပြီးတော့၊ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေးမဲ့ အကြောင်း၊ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဆိုတာရယ်၊ OIC အနေနဲ့ ပြည်တွင်းမှာ ရုံးဖွင့် ဆောင်ရွက်ခွင့် ရချင်တဲ့ အတွက် ဆွေးနွေးယင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ OIC က ဘယ်လို အကျိုးရှိရှိ ဆောင်ရွက် မလဲ မြန်မာအစိုးရ ကို ဘယ်လို ကူညီမလဲဆိုတာတွေကို မြန်မာအစိုးရကို ဆက်သွယ်ပြီး ပြောပြသွား မှာလို့ လည်း ပြောပါတယ်။

OIC ဟာ ဘက်လိုက်တယ် ဆိုပြီး မြန်မာအစိုးရကရော ဒေသခံတွေကပါ သံသယတွေ ရှိနေတယ်ဆိုတော့ ဒီသံသယတွေကို ဖြေဖျောက်ဖို့၊ ဒီပဋိပက္ခအရေးကို စိတ်ဝင်တစား ကူညီ ဖြေရှင်းပေးလိုသူတွေ၊ NGO အဖွဲ့တွေ နိုင်ငံရေး ပါတီတွေ နဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ သူ့အနေနဲ့ ဒီပဋိပက္ခအရေးကို ဖြေရှင်းပေးလိုတယ် ဒုက္ခရောက်နေသူတွေကို အကူအညီပေးလိုတယ် ဒါ့ကြောင့် မကောင်းတဲ့ ဘက်ကမမြင်ပဲ တဘက်နဲ့ တဘက် နားလည် မှုတွ ရှိဖို့ လိုတယ် လို့ လည်း Syed Hamid Alba က ပြောပါတယ်။

ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အဆိုးဘက်က အမြင်မျိုး မထားသင့်ပါသလို၊ OIC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ပေးသင့်ပုံ၊ ဖိလစ်ပိုင်၊ အာဖရိက စတဲ့ တခြားနေရာဒေသတွေမှာလည်း OIC က ပဋိပက္ခအရေးတွေ ဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ကို Syed Hamid Alba က ပြောပါတယ်။

bbc burmese

Mark Zuckerberg (သို့မဟုတ်) လူတွေ Like ကြတဲ့နောက်ထပ်ကမ္ဘာတစ်ခုကိုတည်ထောင်သူ


ကမ္ဘာကြီးပြားတယ်ဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို
ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့
ပြောကြဆိုကြနေထိုင်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှု
ကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့
အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည် နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင်တက်ကြပါတယ်။
သို့သော်ကောင်းကောင်းအသုံးချတတ်ရင်တော့ ကောင်းကျိုးတွေအများကြီးလည်းရနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေလူသားတွေကတော့ နေ့စဉ်နေ့စဉ်၊ညစဉ်ညစဉ် ဒီ Facebook ထဲကိုဝင်နေကြဦးမှာကတော့ သေချာပါတယ်။ ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခြေရာကောက်ကြရအောင်။

သူကတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Mark Zuckerberg ပါပဲ။ Facebook လုပ်ဖို့ကျောင်းတောင်ထွက်ခဲ့သူတစ်ယောက်ပေါ့။ သူ့ကို May 14,1984 မှာနယူးယောက်ပြည်နယ်က ဟဒ်ဆန်မြစ်ကြီးအနီးက White Plains ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပါတယ်။ပညာတတ်မိသားစုက နေဆင်းသက်လာခဲ့ပြီး သူ့ အဖေက သွားဆရာဝန်တစ်ယောက်ဖြစ်ကာ အမေကတော့စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သည်။

ဇူကာဘတ်သည် သူ့ရဲ့ငယ်စဉ်ကတည်းကပင် ကွန်ပျူတာအပေါ်ရူးသွပ်ခဲ့ပြီး အသက် ၁၂ နှစ်မှာပင် Atari BASIC ပရိုဂရမ်မင်း ကို အသုံးပြုကာ “Zucknet” ဆိုတဲ့ စတိုပို့လွှတ်တဲ့ messageing ပရိုဂရမ်လေးကိုရေးသားခဲ့ပါတယ်။အဲဒိပရိုဂရမ်လေးကသူ့ အဖေသွားဆရာဝန်အတွက်တော့တော်တော်အသုံးကြပါတယ်။လူနာ
တစ်ယောက်လာတဲ့အခါ စာရေးမက လှမ်းအော်စရာမလိုဘဲ ကွန်ပျူတာနဲ့ စာရိုက်ဆက်သွယ်လိုက်ရုံပါပဲ။သူ့အဖေတင်မက တစ်မိသားစုလုံးပါအဲဒိ ပရိုဂရမ်လေးကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အသုံးပြုခဲ့ကြပါတယ်။ Facebook ရဲ့ရှေ့ပြေးလို့ဆိုရမလားမသိဘူး။တစ်ချိန်တည်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့တွဲပြီး အပျော်သဘောအနေ
နဲ့ ဂိမ်းလေးတွေကိုလည်းရေးခဲ့ပါတယ်။

ဇူကာဘတ်က ကွန်ပျူတာဝါသနာပါတာသိလို့ သူ့မိဘတွေက အလွတ်တန်းကွန်ပျူတာဆရာတစ်ယောက်ဖြစ်တဲ့ David Newman ကို တစ်ပါတ်တစ်ခါ အိမ်ခေါ်ပြီးစာကွန်ပျူတာသင်စေပါတယ်။ နောက်ပိုင်းမှာတော့ ဇူကာဘတ်ဟာ Philips Exeter Academy မှာ ကျောင်းဆက်တက်ခဲ့ပြီး သူက အဲဒိမှ စာပေပညာရပ်နဲ့ပတ်သက်လို့ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ကာ ဂန္ထဝင်စာပေနဲ့ ဒီပလိုမာရရှိခဲ့ပါတယ်။ သို့သော်လည်းသူ့ရဲ့ ပရိုဂရမ်တွေ develop လုပ်ဖို့ အတွက် ပိုမိုစိတ်အားထက်သန်စွာနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ကာ ပရိုဂရမ်အသစ်များကိုရေးသားခဲ့ပါတယ်။ အဲဒိကျောင်းမှာပဲ တေးဂီတဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Pandora ရဲ့ရှေ့ပြေးဖြစ်တဲ့ Synapse ကို ရေးသားခဲ့ပြီး AOL ,Microsoft တို့က ဝယ်ယူဖို့ကမ်းလှမ်းခြင်းခံရခဲ့ပေမယ့် ဇူကာဘတ်ကမရောင်းခဲ့သလို အလုပ်လုပ်ဖို့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။

Exeter ကနေ 2002 မှာကျောင်းပြီးတဲ့နောက် ဟားဗတ်တက္ကသိုလ်ကိုဆက်တက်ခဲ့ပါတယ်။အဲဒိဟားဗတ်ဆိုတဲ့တကယ့်နေရာမှာလည်းသူက ဆော့ဖ်ဝဲdeveloper အသိုင်းအဝိုင်းမှာရေပန်းစားခဲ့ပြီး CourseMatch ဆိုတဲ့ ပရိုဂရမ်ကိုရေးသားခဲ့ကာ အဲဒိ ပရိုဂရမ်က ကျောင်းသားတွေအနေနဲ့သူတို့ယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ပြီး အခြားသူများယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ကာတူညီမှုများကိုနှိုင်းယှဉ်တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ထို့ပြင် Facemash ပရိုဂရမ်ကိုလည်းရေးသားခဲ့ပြီး Campus အတွင်းက ကျောင်းသားနှစ်ယောက်ရဲ့ပုံနှစ်ပုံကိုနှိုင်းယှဉ်ပြကာ user များကို ဘယ်အတွဲက ဆွဲဆောင်မှုအရှိဆုံးလဲဆိုတာကို vote လုပ်ရတဲ့ပရိုဂရမ်ဖြစ်ပါတယ်။အဲဒိပရိုဂရမ်ကတော်တော်လေးလူကြိုက်များခဲ့ပေမယ့် ကျောင်းရဲ့အုပ်ချုပ်မှုအဖွဲ့အစည်းက အခြားသူများရဲ့ ကိုယ်ရေးအချက်အလက်များကို သုံးစွဲမှုနဲ့ ပတ်သက်ပြီးပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဒီလိုနဲ့ဇူကာဘတ်ဟာ သူလုပ်ခဲ့တဲ့ Projects များနဲ့ ပတ်သက်ဆက်နွယ်ကာ Social Networking site တစ်ခုဖြစ်တဲ့ Harvard Connection ဆိုတဲ့ site ကိုလုပ်ဖို့ Divya Narendra နဲ့ အမွှာညီအစ်ကိုဖြစ်တဲ့ Cameron နဲ့ Tyler တို့ကဖိတ်ခေါ်ခဲ့ပါတယ်။ဇူကာဘတ်က အဲဒိ Project ကိုလုပ်ဆောင်ဖို့ကူညီပေးခဲ့ပေမယ့် မကြာမီ သူ့ရဲ့ကိုယ်ပိုင် social networking site ကိုလုပ်ဖို့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Dustin Moskovitz,Chris Hughes နဲ့ Eduardo Saverin တို့နဲ့ပူးပေါင်းခဲ့ပါတယ်။ဇူကာဘတ်နဲ့သူ့သူငယ်ချင်းတွေက site တစ်ခုကိုလုပ်ခဲ့ပြီး အဲဒိ site မှာ သုံးစွဲသူများကို သူတို့ရဲ့ ကိုယ်ပိုင် profile တွေပြုလုပ်ဖို့၊ ပုံတွေ တင်ဖို့နဲ့ အခြားသော သုံးစွဲသူများနဲ့ ဆက်သွယ်ဖို့ အတွက် ရည်ရွယ်ခဲ့ပြီး ပထမဦးဆုံး The Facebook လို့ခေါ်တွင်ခဲ့ပါတယ်။ဟားဗတ်မှာအဲဒိ Project လုပ်နေရင်း ဒုတိယနှစ်ပြီးတဲ့အခါ Facebookကို အချိန်ပြည့်လုပ်ဆောင်နိုင်အောင်ကျောင်းထွက်ခဲ့ပြီး ကုမ္ပဏီကို ကယ်လီဖိုးနီးယားမှာရှိတဲ့ Palo Alto ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီလိုနဲ့ Facebook စတင်မွေးဖွားခဲ့ကာ 2004 နှစ်ကုန်ပိုင်းလောက်မှာတော့ သုံးစွဲသူပေါင်း တစ်သန်းကျော်ရှိလာခဲ့ပါတယ်။

ဒီလိုမျိုးသုံးစွဲသူတွေများလာတာနဲ့အမျှ အခြားသော ရင်းနှီးမြှုပ်နှံသူများပါဝင်ပူးပေါင်းထောက်ပံ့မှုကိုရရှိခဲ့ကာ 2005 မှာတော့ Accell Partners က $12.7 billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2005 ဒီဇင်ဘာလောက်မှာတော့ သုံးစွဲသူ 5.5 million ရှိလာခဲ့ပြီး အခြားသောကုမ္ပဏီများက ဒီမှာကြော်ငြာဖို့ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ထို့ပြင်သူ့ကုမ္ပဏီကိုမရောင်းချလိုတဲ့ Zuckerberg ကYahoo! နဲ့ MTV Networks တိုရဲ့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။ အဲဒိလိုမရောင်းခဲ့ပဲ သူ့ရဲ့ site မှာ ပြင်ပ developer များအား များစွာသော feature များထည့်သွင်းနိုင်စေဖို့တွေလုပ်ဆောင်ပေးခဲ့ပြီး site ကိုပိုမိုတိုးတက်ဖို့ပဲအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချက်က Developer တွေ အတုယူရမယ့်အချက်တစ်ခုလည်းဖြစ်ပါတယ်။

2006 မှာတော့ ပြဿနာတက်တော့တာပဲ။ Harvard Connection ရဲ့ ဖန်တီးသူတွေက သူတို့ရဲ့ အိုင်ဒီယာကို ခိုးချပါတယ်ဆိုပြီးတရားစွဲပါတယ် ။ အဲဒိအမှုဟာ၂၀၁၁ အထိရောက်ရှိခဲ့ပါတယ်။နှစ်ဦးနှစ်ဖက်လည်းတော်တော်လေးငွေကုန်ခဲ့ပါတယ်။ထို့အတူ ဇူကာဘတ်အနေနဲ့ အခြားသော ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုနဲ့လည်းကြုံတွေ့ခဲ့ရပါသေးတယ်။ စာရေးဆရာ Ben Mezirch က “The Accidental Billionaries” မှာ ဇူကာဘတ်ရဲ့ ဘဝအကြောင်းနဲ့ပတ်သက်ပြီး ဇာတ်ကွက်တွေကို ကိုယ့်ဖာသာကိုဆင်ရေးတာ၊ စကားပြောတွေကို စိတ်ကူးနဲ့ ရေးတာ့ ၊ဝတ္ထု ဆန်ဆန် ဇာတ်ရုပ်ဖန်တီးရေးသားတာတွေနဲ့ပတ်သက်ပြီး ဇူကာဘတ်နဲ့ ပြဿနာတက်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူရေးထားတာတွေက မှန်တာ မှားတာ ဆိုတာထက်နောက်ဆုံးတော့ အကယ်ဒမီ ရှစ်ဆု အမည်တင်သွင်း ခြင်းခံခဲ့ရတဲ့ The Social Network ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ Facebook ရဲ့ အရှိန်အဟုန်ကြီးထွားလာခဲ့ပြီး 2010 မှာတော့ ဇူကာဘတ်ဟာ Person of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်း မှာNo. 35 ဖြစ်လာခဲ့ပြီး အသားတင်ပိုင်ဆိုင်မှုဟာ $ 6.9 billion ရှိလာခဲ့ပါတယ်။
အလှူအတန်းလည်းရက်ရောတဲ့ဇူကာဘတ်ဟာ 2010 မှာ ဒေါ်လာသန်းတစ်ရာကို နယူးဂျာစီမှာရှိတဲ့ Newark Public Schools အတွက် လှူဒါန်းခဲ့သလို သူ့ရဲ့ တစ်သက်တာမှာ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလှူဖို့ “Giving Pledge” အဖွဲ့မှာလက်မှတ်ရေးထိုးခဲ့ပြီး အဲဒိအဖွဲ့ဝင်တွေထဲမှာ ဘီလ်ဂိတ်၊ ဝါရင်းဘတ်ဖတ် နဲ့ ဂျော့လူးကပ်စ်တို့လို ဘီလီယံနာကြီးတွေလည်းပါဝင်ပါတယ်။

၂၀၁၂ မေလမှာတော့ Facebook ရဲ့အပြောင်းအလဲကြီးတစ်ခုစတင်ခဲ့ပါတယ်။ အဲဒါကတော့ Public လုပ်လိုက်တာပါပဲ ။$16 ဘီလီယံ အထိမြင့်တက်ခဲ့ပြီး သမိုင်းတလျှောက်အကြီးမားဆုံးသော internet IPO တစ်ခုဖြစ်ခဲ့ပါတယ်။မေလ 2013 မှာတော့ ဇူကာဘတ်ကသူနှစ်ပေါင်းများစွာတွဲလာတဲ့ Priscilla Chan နဲ့လက်ထပ်ခဲ့ပါတယ်။မေလ 2013 မှာတေ့ Facebook ဟာ Fortune 500 lists ထဲကိုပထမဦးဆုံးအကြိမ်ရောက်ခဲ့ပြီး ဇူကာဘတ်က အဲဒိ lists ထဲမှာ အသက်အငယ်ဆုံးဖြစ်ကာ ၂၈ နှစ်မျှသာရှိပါသေးတယ်။

Nyein Chan(TSJ Tech Team)
TechSpace Journal 

ကမ္ဘာ့တန်းကြေး အမြင့်ဆုံး ကားများစာရင်းထုတ်ပြန်


မကြာသေးခင်ကပဲ လက်ရှိ ကားလောကမှာ တန်ကြေး အမြင့်ဆုံး ကားများစာရင်း ထွက်ပေါ်လာတာ တွေ့ရပြီးတော့ အရင်က ထုတ်ပြန်ထားခဲ့တဲ့ စာရင်းများ အတိုင်းဆိုရင် ထိပ်ဆုံးကျတဲ့ အပိုင်းတွေမှာတော့ အပြောင်းအလဲ များများစားစား မတွေ့ရပဲ အဆင့်(၅)နဲ့ နောက်ပိုင်းကျတဲ့ မော်ဒယ်တချို့မှာပဲ နေရာ အပြောင်းအလဲ အနည်းငယ် ရှိတာ တွေ့ရပါတယ်။

လက်ရှိ တန်ကြေးအမြင့်ဆုံး မော်တော်ကားနေရာမှာတော့ အရင်ကတည်းက ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကားအဖြစ်ရပ်တည်နေခဲ့တဲ့ Ferrariရဲ့ 250 GTOက ဆက်လက် ရပ်တည်နေနိုင်တာ တွေ့ရပြီး တန်ကြေးကတော့ အမေရိကန် ဒေါ်လာ ၂၈၅၀၀၀၀၀ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်ဟာ ဆိုရင် အင်ဂျင်အပိုင်းမှာ ၃.၀လီတာသုံး V12အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီးတော့ နောက်ဘီးယက် စနစ်ဖြစ်ကာ ၁၉၆၂ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းကတော့ တစ်နာရီကို မြင်းကောင်ရေ ၃၀၂ကောင်အားကို သုံးပြီးတော့ ၁၇၄မိုင်နှုန်းထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ နေရာမှာတော့ Ferrariရဲ့ 250 Testa Rossaက ရပ်တည်နေပြီးတော့ ၁၉၅၈ခုနှစ်ထုတ် မော်ဒယ် ဖြစ်ကာ ၃.၀လီတာသုံး V12အင်ဂျင်တပ် နောက်ဘီးယက် မော်ဒယ်ဖြစ်ကာ တန်ကြေးကတော့ ဒေါ်လာ ၁၆၄၀၀ ၀၀၀ရှိမှာ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ တန်ကြေး ဒေါ်လာ ၁၅၀၀၀ ၀၀၀တန်ကြေးရှိ Jagaur XJ13က တတိယနေရာနဲ့ ဒေါ်လာ ၁၀၀၀၀ ၀၀၀တန် Mercedes-Benz SLR McLaren 999 Red Golden Dream Ueli Anlikerက စတုတ္ထ၊ Ferrari 330 P4က တန်ကြေး ဒေါ်လာ ၉၀၀၀ ၀၀၀နဲ့ ပဉ္စမရပ်တည်တာ တွေ့ရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ Maybach Exeleroက တန်ကြေး ဒေါ်လာ ၈၀၀၀ ၀၀၀၊ Rolls-Royce Hyperion Pininfarinaက တန်ကြေး ဒေါ်လာ ၆၀၀၀ ၀၀၀၊ Lamborghini Veneno Roadsterက တန်ကြေးဒေါ်လာ ၅၆၀၀ ၀၀၀၊ Zenvo ST1က တန်ကြေးဒေါ်လာ ၅၅၀၀ ၀၀၀၊ Lamborghini Venenoက တန်ကြေးဒေါ်လာ ၅၃၀၀ ၀၀၀စသဖြင့် အစဉ်လိုက် ရပ်တည်နေတာ တွေ့ရပါတယ်။

လင်းလင်း (IA)
TechSpace Journal 

Feature အသစ်ပါဝင်လာသည့် Facebook for iOS 10.0


ပြီးခဲ့သည့် ရက်အနည်းငယ်က Facebook သည် iOS app update ကိုဖြန့်ချိခဲ့ပြီး ၎င်းတွင်သုံးစွဲသူများ ၏ဖုန်းလိုင်းအားနည်းနေစဉ် သို့မဟုတ် အင်တာနက်မမိသည့် အချိန်တွင် post များကိုဖန်တီးထားနိုင်မည့် feature ပါဝင်လာကြောင်းသိရသည်။

Facebook ဗားရှင်း 10.0 တွင်ပြုလုပ်ထားသည့် ပြောင်းလဲမှုများသည် အချို့အရာများတွင် ပြုလုပ်ထားသည့် update များထက်ပို၍ ထူးခြားမှုမရှိကြောင်း တွေ့ရသည်။ Feature အသစ်တစ်ခုအဖြစ် ကြီးမားသောပြောင်းလဲမှုဖြစ်သော သုံးစွဲသူများက  offline  ဖြစ်နေစဉ်အတွင်း draft post များအဖြစ်ထားရှိကာ network connection ပြန်လည်ရရှိသည့်အချိန်မှ upload ပြုလုပ်နိုင်မည့် feature ပါဝင်လာသည်။ ၎င်း feature ကိုဖုန်းအား Airplane Mode ပြောင်းထားခြင်း သို့မဟုတ် data connection အားနည်းနေသည့် အချိန်တိုတွင်းအသုံးပြုနိုင်ကြောင်း Facebook ကပြောကြားထားသည်။

ထို့အပြင် ၎င်းဗားရှင်း 10.0 တွင်သုံးစွဲသူများအနေဖြင့် အဓိက draft post များကိုတင်ရန်ကြည့်ရှု စစ်ဆေးနိုင်ပြီး၊ စာအုပ်၊ ရုပ်ရှင်နှင့်သီချင်းများကို ဝေမျှထားသည့် status များမှအလိုမရှိသည်များကို "suggested links" မှဖယ်ရှားနိုင်သည်။ အဆိုပါ update သည် device ဟောင်းများဖြင့် အသုံးပြုသည့်အခါတွင်လည်း News Feed loading time ကိုမြန်ဆန်မှုရှိစေရန် လုပ်ဆောင်ထားကြောင်း သိရသည်။


-စိုးထက်

Ref: Apple Insider
Internet Journal

ဧပြီလတွင် Xbox One ထက် PS4 ရောင်းအားသာလွန်ခဲ့


ယခုနှစ်ဧပြီလတွင် Sony ၏ PlayStation 4 ရောင်းအားသည် Microsoft ၏ Xbox One ရောင်းအားထက် သာလွန်ခဲ့ကြောင်း NPD Group ကထုတ်ပြန်ခဲ့သည့် ဧပြီလရောင်းအား အစီရင်ခံစာအရသိရသည်။

၂၀၁၃ ခုနှစ် ဧပြီလက ဂိမ်းစက်များရောင်းချမှုနှုန်းသည် ၇၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ယခုနှစ်ဧပြီလတွင် ၁၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း NPD မှလေ့လာဆန်းစစ်သူ Liam Callahan ကပြောကြားခဲ့သည်။ ထို့အပြင် ပထမခြောက်လအတွင်း PS4 နှင့် Xbox One ဂိမ်းစက်ရောင်းချမှုနှုန်းသည် PS3 နှင့် Xbox 360 ဂိမ်းစက်စုစုပေါင်း ရောင်းချမှုထက်နှစ်ဆ ပိုမိုခဲ့ကြောင်း၊ ဂိမ်းစက်များရောင်းချမှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၉၂.၆ သန်းရှိခဲ့ကြောင်း Callahan ကဆိုခဲ့သည်။

ဂိမ်းစက်ရောင်းအား မြင့်တက်လာသော်လည်း ဂိမ်း software ရောင်းချမှုနှုန်းမှာ လွန်ခဲ့သည့်နှစ်ကထက် ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၀.၈ သန်းသာရှိခဲ့ကြောင်း Callahan ကပြောကြားခဲ့သည်။

Sony သည်ဧပြီလက ဂိမ်းစက် ၇ သန်းရောင်းချခဲ့ရကြောင်း ကြေညာခဲ့ပြီး Microsoft ကလည်း၎င်း၏ ဂိမ်းစက် ၅ သန်းတင်ပို့ရောင်းချ ခဲ့ရကြောင်းကြေညာခဲ့သည်။ ထို့အပြင် Xbox One ဂိမ်းစက် ၁၁၀,၀၀၀ နှင့် Xbox 360 ၇၆,၀၀၀ ရောင်းချခဲ့ရကြောင်း Microsoft ကထုတ်ဖော်ပြောကြားခဲ့သည်။



-နောင်နောင်

Ref: CNET
Internet Journal

အင်တာနက်အသုံးပြုသည့် ကျသင့်ငွေကို လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်မည်ဟု Telenor ပြော


ဒေသတွင်းရှိ လူတန်းစားမျိုးစုံကို အင်တာနက်စနစ် တွဲဖက်ပါဝင်သော မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးမည်ဖြစ်သည့် Telenor Myanmar သည် ဈေးနှုန်းနှင့် ပတ်သက်၍ ပူပန်စရာမလိုအောင် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

Telenor Myanmar ၏ CEO ဖြစ်သူ Mr.Petter Furberg က“အင်တာနက်အသုံးပြုနေရင်း ဘယ်လောက်ကျသင့်မယ်ဆိုတာကို ပူပန်နေစရာမလိုပါဘူး” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ Mr.Petter Furberg အနေဖြင့် ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း ဈေးနှုန်းသတ်မှတ်သည့်အခါ လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်ရမည်ဟု ကတိပေးပြောဆိုခဲ့သည်။

Telenor ၏ အဓိကပြိုင်ဘက် ဖြစ်သော Ooredoo သည် အင်တာနက်စနစ်ကောင်းမွန်သည့် 3G ကွန်ရက်ကို စတင်အသုံးပြုသွားမည် ဖြစ်သော်လည်း Telenor သည် 3G ကွန်ရက်နှင့်အတူ 2G ကွန်ရက်မှစတင်၍ ဝန်ဆောင်မှုပေးသွားမည်ဟု ပြောဆိုထားသည်။ “အသံနဲ့အတူ အင်တာနက်စနစ်ကလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ 2G မှာဆိုရင် ပုံမှန်အသုံးပြုနေတဲ့ email တို့၊ Facebook တို့အပြင် အခြားသော Application တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3G မှာဆိုရင်တော့ ဗီဒီယိုကို ကောင်းကောင်းကြည့်ပြီး အသုံးပြုနိုင်မှာပါ” ဟု Mr.Petter Furberg ကပြောသည်။

Telenor သည် မြန်နှုန်းမြင့် အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးရန်အတွက် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁၀၀၀ အကြား တည်ရှိရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ အဓိကအခက်အခဲသည် တာဝါတိုင်စိုက်ထူရန် မြေနေရာများ ရှာဖွေရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ထို့အပြင် ဆက်သွယ်ရေးအော် ပရေတာများသည် မိုဘိုင်းဆင်းမ်ကတ်ရောင်းချရာ၌ အသံနှင့်ဒေတာစနစ်ကို တွဲဖက်အသုံးပြုနိုင်မည့် မိုဘိုင်းဟန်းဆက်များကိုလည်း ပူးတွဲရောင်းချရန် စီစဉ်ထားသည်ဟု သိရသည်။


မြင့်ကျော်လှိုင်
Internet Journal

YouTube ထိုင်းဗားရှင်းကို Google လွှင့်တင်


Google သည် ထိုင်းနိုင်ငံရှိ YouTube ကြည့်ရှုသူများအတွက် YouTube.co.th ပြည်တွင်းဒိုမိန်းကို လွှင့်တင်လိုက်ကြောင်း သိရသည်။

YouTube ၏ အကြောင်းအရာဆိုင်ရာ ဒုဥက္ကဋ္ဌ Tom Pickett က ယခုလွှင့်တင်မှုသည် ထိုင်းနိုင်ငံ၏ YouTube ကြည့်ရူမှု ကိန်းဂဏန်းများ အလွန်အမင်း မြင့်တက်မှုနှင့် နှိုင်းယှဉ်လျှင်နောက်ကျနေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

Youtube တွင် ကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများက မိနစ်နှင့် အမျှ အကြောင်းအရာ နာရီရာပေါင်းများစွာကို upload ပြုလုပ်လျက်ရှိပြီး ၎င်းတို့အထဲမှ ၄၀ ရာခိုင်နှုန်းမှာ မိုဘိုင်းဖြင့် upload ပြုလုပ်ခဲ့ကြသည်။ Youtube ကြည့်ရူမှုနှုန်းသည် အာရှ တွင် မြင့်တက်လျက်ရှိကာ ထိုင်းနိုင်ငံမှ YouTube ကြည့်ရှုသူ သုံးပုံတစ်ပုံခန့်သည် မိုဘိုင်းများဖြင့် ကြည့်ရူကြသည်။ ထိုင်းနိုင်ငံအတွင်းရှိ လူများသည် တစ်နေ့လျှင် နာရီတစ်သန်းခန့် YouTube ကိုကြည့်ရူကြပြီး နိုင်ငံအတွင်း လစဉ် ကြည့်ရူမှု တစ်ဘီလီယံခန့် ရှိကြောင်း သိရသည်။

ထိုင်းဘာသာစကားဖြင့် YouTube လွှင့်တင်မှုကြောင့် ထိုင်းနိုင်ငံရှိ အကြောင်းအရာ ဖန်တီးသူနှင့် ဗီဒီယိုရိုက်ကူးသူများဖြင့် ပူးပေါင်းလုပ်ကိုင်သွားနိုင်မည် ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း YouTube ကြော်ငြာမှတဆင့် ငွေကြေးများရှာဖွေနိုင်မည်ဟု သိရသည်။



Ref: Techinasia
Internet Journal

အင်တာနက်လိုင်း ကျဆင်းမှုကြောင့် ATM စက် သုံးစွဲသူများအခက်တွေ့


ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်သုံးစွဲနေကြသည့် အလိုအလျောက်ငွေထုတ်စက် (ATM) များကို အသုံးပြုရာတွင် အင်တာနက်ဆက်သွယ်မှု လိုင်းကျဆင်းမှုကြောင့် စက်ချို့ယွင်းမှုနှင့် မကြာခဏကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြည်တွင်းအင်တာနက်လိုင်း ဆက်သွယ်မှုလိုင်းကျဆင်းမှုကြောင့် ATM စက်များ ချို့ယွင်းခြင်းသည် ယခင်က ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ သုံးစွဲသူတချို့ထံမှ သိရသည်။

“ရန်ကုန်မြို့ထဲက ATM စက်တစ်ခုမှာ ငွေထုတ်ဖို့ကတ်ထည့်တော့ ကွန်နက်ရှင်ကျနေလို့မရခဲ့ဘူး။ နောက်တစ်ခေါက်ကလည်း ရန်ကုန်မှာပဲ။ ကွန်နက်ရှင်ကျလို့ ထုတ်လို့မရပြန်ဘူး။ ကျွန်မအတွက်တော့ နှစ်ကြိမ်ပဲ ဒီပြဿနာကြုံရပေမယ့် ဖြစ်ကိုမဖြစ်သင့်တဲ့ ချို့ယွင်းမှုပါ။ ကျွန်မလိုပဲ တခြားသူတွေလည်း ဒီပြဿနာကြုံရတယ်လို့ သိရတယ်” ဟု ရန်ကုန်မြို့နေအမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။

ထို့အပြင် ပုဂ္ဂလိကဘဏ်အချို့မှ ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာသုံး  ငွေပေးချေရေးကတ်များကို သုံးစွဲရာ၌လည်း အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း သုံးစွဲသူတချို့က ပြောသည်။

“ပြည်ပနိုင်ငံတွေမှာ သုံးလို့ရတဲ့ ငွေပေးချေရေးကတ်တွေ၊ ကတ်တွေနဲ့ပတ်သက်ပြီး သုံးစွဲတဲ့အခါ အဆင်မပြေတာတွေ မဖြစ်အောင် ဘဏ်တွေဘက်ကနေ သေသေချာချာရှင်းပြတာတွေ၊ ပညာပေးတာတွေ လုပ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒီလိုကတ်တွေကိုသုံးတဲ့အခါ အသုံးပြုတဲ့သူအများစု နားလည်လွယ်မယ့်စနစ်တွေကိုပဲ ထည့်သွင်းသင့်ပါတယ်။ သူများနိုင်ငံရောက်ပြီးမှ ကိုယ့်ဆီက နည်းပညာမကောင်းလို့ မျက်နှာငယ်ရတဲ့အဖြစ် တခြားသူတွေလည်းဖြစ်ကြတာတွေ့နေရတယ်” ဟု မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ ထုတ်လုပ်သည့် နိုင်ငံတကာသုံး အီလက်ထရွန်နစ် ငွေပေးချေရေးကတ်သုံးစွဲရာတွင် အဆင်မပြေဖြစ်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့  ပြည်တွင်းမှ ATM စက်များ အင်တာနက်မြန်နှုန်းကြောင့် အခက်အခဲကြုံတွေ့နေရသကဲ့သို့  POS (Point of Sale) စက်များသည်လည်း အလားတူပြဿနာမျိုးကြောင့် သုံးစွဲသူများ နည်းပါးနေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။


ယုဇနကိုကို
Internet Journal 

iPhone မှ text message များ Android သို့ လွှဲပြောင်း ပေးပို့နိုင်ခြင်း မရှိသောကြောင့် Apple တရားစွဲခံရ


iPhone အသုံးပြုသူဟောင်းတစ်ဦးသည် ၎င်းအနေဖြင့် Andorid စမတ်ဖုန်းပြောင်းလဲပြီးနောက် Apple ၏ messaging စနစ်မှ message များကို လွှဲပြောင်းပေးပို့နိုင်ခဲ့ခြင်း မရှိသည့်အတွက် Apple ကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Apple ၏ iMessage သည် Apple ထုတ်ကုန်များမှ အခြားသုံးစွဲသူများ ပေးပို့သည့် text message များကို ထိန်းသိမ်းထားပြီး Android အသုံးပြုထားသော မိမိ၏ Samsung ဖုန်းသို့ လွှဲပြောင်းပေးခြင်း မရှိကြောင်း Adrienne Moore က ၎င်း၏ တိုင်ကြားချက်တွင် ဖော်ပြထားသည်။ ထို့အပြင် Apple ထုတ်ကုန် အသုံးပြုနေသူများ အနေဖြင့် အခြားစမတ်ဖုန်းနှင့် tablet များပြောင်းလဲ အသုံးပြုရခြင်းမှာ ၎င်းတို့ ဝန်ဆောင်မှု၏ အကျိုးကျေးဇူး အပြည့်အဝမရရှိခြင်းနှင့် ပြစ်ဒဏ်ခတ်ထားခြင်း တို့ကြောင့်ဖြစ်ကြောင်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။

Apple သည် စမတ်ဖုန်း ထုတ်လုပ်သူများနှင့် တရားဆိုင်နေရကာ လတ်တလော၌ San Jose မြို့တွင် Samsung ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။ Apple က Samsung သည် Android ကိုအခြေခံထားသည့် feature များပေါ်တွင် ကြီးမားသော အစိတ်အပိုင်းအတွင်း မှုပိုင်ခွင့် ချိုးဖောက်ခဲ့ကြောင်း ပြောကြားထားသည်။

ယခု text-messaging အမှုတွင် Apple သည် iOS တွင် အသုံးပြုနေသည့် အရာတစ်ခုကို ထုတ်ကုန်တစ်ခုထံ ပြောင်းလဲ အသုံးပြုရာတွင် ဖော်ပြနိုင်ခြင်း မရှိသောကြောင့် သုံးစွဲသူကို စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း၊ အဆိုပါ အမှုသည် သဘောတူညီချက်များ ချိုးဖောက်ခြင်းနှင့် မမျှတသည့် ပြိုင်ဆိုင်မှု ဥပဒေများကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။


Ref: SMH
Internet Journal

ဆီး၌သွေးများ ပါခြင်း၊ သွေးဝမ်းသွားခြင်း များကို မြင်ခွာရွက်ဖြင့်ကုမယ်


မြင်းခွာရွက်ကို ဆေးဝါးအဖြစ် အမျိုးမျိုး အသုံးပြုလို့ရပြီး ထိုနည်းလမ်းတွေ ထဲကမှ ဆီး၌သွေးများ ပါခြင်း၊ သွေးဝမ်းသွားခြင်း ဆီးချုပ်ခြင်း စသည့်ရောဂါ
တွေကို မြင်းခွာရွက်ဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ဖော်ပြပါရောဂါတွေ ဖြစ်ပေါ်လာပြီ ဆိုတာနဲ့ မြင်းခွာရွက်ကို အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ရေစင်အောင်ဆေးကြာပါ။ ထိုရေဆေးပြီးသော
အရွက်များကို ဖျော်ရည်ပြုလုပ်၍ သောက်ခြင်းဖြင့် ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ကြက်သွန်နီ၏ အစွမ်းထက်မူများ


(၁) ကြက်သွန်နီသည် အားတိုးစေပါတယ်။ ( ကြက်သွန်နီစေ့ကို ထောင်းစားပါ )

(၂) ကလေး ဆီးချုပ်ရောဂါအတွက် ကောင်းမွန်ပါတယ်။ ( မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ )

(၃) ကြက်မျက်သင့်ရောဂါ ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ( ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးပါ )

(၄) နားကိုက်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။ ( ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်ပါ )

(၅) လေနာ ရောဂါများအတွက်လည်း ကောင်းမွန်စေပါတယ်။ ( လေနာရောဂါဆေး ဖော်စပ်တဲ့ နေရာမှာ သုံးနိုင်ပါတယ် )

(၆) ကလေးများ ၀မ်းဗိုက်နာရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။( ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေး )

(၇) နားပြည်ယိုရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ( ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်ပါ )

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ထိုင်း မာရှယ်လော ကြေညာပြီးနောက် ဘန်ကောက်မြင်ကွင်း


၂၀ မေလ ၂၀၁၄

ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။ ထိုင်းစစ်တပ်ပိုင် Channel 5 နိုင်ငံပိုင် NBT နဲ့ ပုဂ္ဂလိကပိုင် သတင်း ရုပ်သံဌာန အဆောက်အုံတွေကိုလည်း စစ်တပ် စောင့်ကြပ်နေတာကို တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ပဲ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုအတွက် စစ်အုပ်ချုပ်ရေး ကျင့်သုံးတာလို့ ဆိုပါတယ်။ဘန်ကောက်မြို့ပေါ်မှာ အစိုးရလိုလားသူနဲ့အစိုးရ ဆန့်ကျင်သူ ဆန္ဒသမားတွေကိုလဲ ကိုယ့်နေရာမှာပဲ နေကြဖို့နဲ့ ဘယ်လိုချီတက်ပွဲကိုမှ မလုပ်ကြဖို့ ညွန်ကြားလိုက်ပါတယ်။ ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ပရာယွတ်သ် ချန်အိုချာက တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဖို့ အုပ်စုတွေ အားလုံးနဲ့ ဘက်အားလုံး အမြန်ဆုံး ငြိမ်းချမ်ရေးရဖို့ စစ်အုပ်ချုပ်ရေး ဥပဒေ ၂၄၅၇ အပိုဒ် ၂နဲ့ ၄အရ ထိုင်းတနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်လို့ပြောပါတယ်။ ဘက်အားလုံး၊ အုပ်စုအားလုံးက ဘယ်လိုလှုပ်ရှားမှုကို မဆို ရပ်တန့်ရမယ်လို့လဲ ပြောပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာကျရာ နေရာတိုင်းမှာတော့ စစ်တပ်လုံခြုံရးတွေ တိုးမြှင့် ချထားပါတယ်။

Thailand's army declared martial law on Tuesday (May 20) to restore order after six months of anti-government protests which have left the country without a functioning government.

"To maintain peace and order and bring back peace into all groups and all sides as soon as possible, I used law section 2 and 4 on Martial law 2457, to announce martial law all over Thailand," army chief Prayuth Chan-Ocha said.

"I asked all sides, all groups to stop any movement, in order to start the sustainable solution as soon as possible."

The declaration did not constitute a coup and was made in response to deteriorating security, an army general said separately. Troops were patrolling in Bangkok and had secured television stations, he said.

DVB TV News 

လက်ဖြင့်​ လိင်ဖျော်​ဖြေမှု လွန်ကဲ၍ ဘရာဇီး​လ် ဆယ်​ကျော်သက် ​သေဆုံး​သွား


ဘရာဇီး​လ်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ် တစ်ဦး​သည် လက်ဖြင့်​ လိင်စိတ်​ဖြေ​ဖျောက်မှု လွန်ကဲရာမှ အသက်ဆုံး​ရှုံး​သွား​ကြောင်း​ သိရသည်။
၎င်းသည် ပြီး​ခဲ့​သည့်​လက တစ်ညအတွင်း​ လိင်စိတ်​ဖြေမှု အကြိမ် ၄၀ မျှ ပြုလုပ်ခဲ့​သည်ဟု ယူဆရ​ကြောင်း​ ဆရာဝန်များ​က ခန့်​မှန်း​ခဲ့​သည်။ ရလဒ်အ​နေနှင့်​ ​နောက်တစ်​နေ့​ မနက်လင်း​ချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်၏ အ​လောင်း​ကို မိခင်ြ ဖစ်သူက အိပ်ခန်း​ထဲတွင် ရှာ​ဖွေ ​တွေ့​ရှိခဲ့​သည်။

မိခင်က သူမသည် သား​ဖြစ်သူ၏ လွန်ကဲ​သော အ​ခြေအ​နေကို သိရှိ​နေသဖြင့်​ လိင်စွဲလန်း​မှု ကုထုံး​တစ်ရပ် ခံယူနိုင်​စေရန် စီစဉ်​နေ​သော်လည်း​ ​နောက်ကျသွား​ပြီဖြစ်​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ထိုလူငယ်၏ အတန်း​ဖော်များ​က ၎င်းသည် လိင်စိတ်လှုံ့​ဆော်မှု ပြင်း​ပြလွန်း​ပြီး​ အမျိုး​သမီး​များ​ကို ပုံသဏ္ဍန်မ​ရွေး​၊​ အရွယ်မ​ရွေး​ ​တောင့်​တ​နေတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

၎င်းသည် မိမိလက်ဖြင့်​ လိင်စိတ်​ဖြေ​နေခြင်း​ကို Webcamမှတဆင့်​ ကြည့်​ရှုရန် အတန်း​ဖော်များ​ကို ဖိတ်​ခေါ်တတ်​သေး​ကြောင်း​လည်း​ သိရသည်။ ၎င်း၏ အခန်း​ထဲတွင် အပြာမဂ္ဂဇင်း​စာအုပ် အများ​အပြား​ကို ရဲများ​က ​တွေ့​ရှိခဲ့​သည်။ ထို့​အပြင် လိင်စိတ်လှုံ့​ဆော်​သော ရုပ်ပုံများ​နှင့်​ ညစ်ညမ်း​ဗီဒီယိုများ​ကိုလည်း​ ကွန်ပျူတာအတွင်း​ ​တွေ့​ရှိခဲ့​ရ​ကြောင်း​ သိရှိရသည်။

FWD Mail

ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တဲ့ အမျိုးသမီး



ချန်ဝီရီး ဆိုသော ထိုင်ဝမ်မှ အမျိုးသမီး သည်  မိတ်ဆွေ အယောက် ၃၀ နှင့်အတူ သူမ၏ မင်္ဂလာပွဲ ကျင်းပရန် မင်္ဂလာခန်းမ ငှါးရမ်းလိုက်ပါသည်။ သို့သော် ဤမင်္ဂလာဆောင်အတွက် သတိုးသား မရှိပါ။

အရုပ်နှင့်​လိင်ဆက်ဆံသည့်​ အ​မေရိကန် မူလတန်း​​ကျောင်း​ဆရာ အလုပ်ထုတ်ခံရ

လိင်ဆက်ဆံနိုင်သော အရုပ်မ

အ​မေရိကန်နိုင်ငံမှ မူလတန်း​ ​ကျောင်း​ဆရာ တစ်ဦး​သည် အရုပ်နှင့် လိင်ဆက်ဆံ​နေသည့်​အတွက် အလုပ်ထုတ်ခြင်း​ ခံခဲ့​ရ​ကြောင်း​ သိရှိရသည်။
တင်နက်ဆီရှိ နက်ရှ်ဗီး ​လ်မှ အလန်​ဒေး​လ် မူလတန်း​​ကျောင်း​အနီး​တွင် ဂီတ သင်တန်း​ဆရာ တစ်ဦး​သည် အရုပ်နှင့်​ လိင်ဆက်ဆံ​နေသည်ကို မျက်မြင်များ​က ​တွေ့​ရှိခဲ့​ပြီး​​ နောက် ယခုလို အ​ရေး​ယူခံရခြင်း​ဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။ 

ကျောင်း ​အနီး​ရှိ တံတား​တစ်ခု​အောက်တွင် အသက် ၅၆ နှစ်အရွယ် လူတစ်ဦး​ မ​ လျော်မကန် ပြုမူ​နေသည်ကို ​တွေ့​ရှိရသူများ​က ရဲထံ အ​ကြောင်း​ကြား​ခဲ့​သည်။ ​နောက်ပိုင်း​တွင် ထိုသူမှာ ​ကျောင်း​မှ ဆရာတစ်ဦး​ဖြစ်​ကြောင်း​ ရဲများ​က ​ ဖော်ထုတ်နိုင်ခဲ့​သည်။
ထို့ ​​နောက်တွင်​တော့​ ​ကျောင်း​အုပ်ချုပ်​ရေး​ အဖွဲ့​က က​လေး​များ​ထံ လိင်နှင့်​ဆိုင်​သော ဆိုး​ရွား​သည့်​ အမူအကျင့်​များ​ လွှမ်း​မိုး​လာနိုင်​ ကြောင်း​ စိုး​ရိမ်ကာ ဒန်နီရယ် တိုရယ်လ်ဆို​သော အဆိုပါ ​ကျောင်း​ဆရာကို ထုတ်ပယ်ခဲ့​ခြင်း​ဖြစ်သည်။ ရဲများ​က အရုပ်နှင့် လိင်ဆက်ဆံ​နေစဉ် ဒန်နီရယ်လ်သည် ကိုယ်လုံး​တီး​ ဖြစ်​နေပြီး​ ​ကျောင်း​သို့​ ကား​​မောင်း​လာသူများ​က ၎င်း​အား​ ထင်ထင်ရှား​ရှား​ မြင်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။
ဒန်နီရယ်လ်က မိမိသည် အဆိုပါ ​နေရာမှ ​ကျောင်း​ပိုင်နက်တွင် ရှိ​နေဆဲဟု အ​သေအချာ မသိမိခဲ့​​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်း​က မိမိသည် ပုံမှန်မဟုတ်​သော လိင်စိတ် လှုံ့​​ ဆော်မှုများ​ကို တွန်း​လှန်နိုင်ခြင်း​ မရှိ​ကြောင်း​ ဖွင့်​ဟခဲ့​ပြီး​ ယင်း​အတွက် မည်သည့်​ က​လေး​ကိုမျှ အန္တရာယ်​ပေး​ရန် စိတ်ကူး​မရှိ​ကြောင်း​ ​ပြောကြား​သွား​သည်။

multivitaminforall

အစားမလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့်နည်းလမ်းများ


အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်း ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝ အိပ်ပါ။
မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာ ကြောင့် ဖြစ်ပါတယ်။

၂။ အိမ်မှာ စားပါ။
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ် ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။

၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စား ရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။

၎။ ဟင်းသီးဟင်းရွက် များများစားပါ။
အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ် သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင် မှု နည်းပါးတာကြောင့်ပါ။

၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။
“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ် ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။

၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။
နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။

၇။ သကြား မစားရပါ။
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက်   ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။

၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့် အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရ တန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။

၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေ တာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်း သွားစေနိုင်ပါတယ်။

၁ဝ။ ယောဂ ကျင့်ပါ။
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစား အသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

၁၁။ သကြားမပါသော ပီကေ ဝါးပါ။
သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။

၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင်လုပ်ပါ။
အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။

၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။
သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျ နေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

Credit : Health Articles

ဆေးလိပ်စွဲနေသည့် အင်ဒိုနီးရှားမှ မျောက်ဝံအား ဆေးလိပ်ဖြတ်ရန် ကြိုးပမ်း


တိုရီဆိုတာကတော့ အကျင့်ဆိုးတစ်ခု စွဲနေတဲ့ ဆယ်ကျော်သက် တစ်ဦးပါပဲ။ စွဲနေတဲ့ အကျင့်ဆိုးကလည်း ဆေးလိပ်ကြိုက်တဲ့ အကျင့်ဖြစ်ပါတယ်။ ဒါပေမယ့် တိုရီဟာ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အသက်

လင်မယားနှစ်ဦး လိင်ဆက်ဆံ နေပုံကို ဗီဒီယို ခိုးရိုက်ခဲ့လို့ ဓားထိုးခံရ


သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။

အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။ ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့ ည ၇း၃၀ ခန့်တွင် La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အ၀တ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။

သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။ အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။

La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။ အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။

ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။

နေဇော်လင်း

မြစ်ဆုံစီမံကိန်းရပ်ရန် လမ်းလျှောက် ကန့်ကွက်သူများကို ဒေသခံများ အယုံအကြည်မရှိဟုဆို


ကျော်စွာဝင်း| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်းအပြီး တိုင်ရပ်ဆိုင်းရေး ရန်ကုန်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်လ၂၃ ရက်မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု ကော်မတီအဖွဲ့အား ဒေသခံတိုင်းရင်းသားများက လုံးဝအယုံအကြည်မရှိကြောင်း မေ ၁၉ ရက် တွင် ဒေသခံတိုင်းရင်းသူ ဒေါ်ဂျာခေါန်က မဇ္ဈိမကို ပြောသည်။

ဒေသခံများကို ဧရာဝတီမြစ်ဆုံရပ် ဆိုင်းရေးလမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် ပထမအဖွဲ့မှ မြစ်ဆုံနှင့် အောင်မြေသာရွာများတွင် သပိတ်စခန်းဖွင့်လှစ်ကာ မြစ်ဆုံအပြီးတိုင် ပိတ်သိမ်းရေး ဆန္ဒထုတ်ဖော်မည်ဆိုခြင်း၊ ဒုတိယအဖွဲ့ မှ မေလ ၁၈ရက်တွင် အစာငတ်ခံဆန္ဒထုတ်ဖော်မည်ဟုဆိုသော်လည်း China Power Investment (CPI) ကုမ္ပဏီနှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် လုပ်ဆောင်ခြင်းမရှိဘဲ ပြန်သွားသည့်အတွက် ဒေသခံများက မကျေနပ်ခြင်းဖြစ်သည်။

ထို့ပြင် မြစ်ဆုံလမ်းလျှောက်သူများသည် ပိုက်ဆံရယူကာ လုပ်ဆောင်သူများဟု ကောလာဟလ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသကဲ့သို့ လမ်းလျှောက်ဆန္ဒပြသူများသည် လမ်းခရီးတွင် ကားဖြင့် တလှည့်သွားခဲ့ခြင်းများကိုလည်း ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်မတို့ အစက သူတို့နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ကြားခဲ့ပါတယ်။ မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ယုံရမလိုဖြစ်နေပြီ။ သူတို့အဝေးကြီးက လာပြီး ဘယ်လိုလုပ်တာလဲ မသိဘူး။ တွေးမရအောင်ပါဘဲ။ နောက်ဒီလိုလာတဲ့ အဖွဲ့တွေကို လုံးဝလက်မခံတော့ဘူး။ ယုံလည်းမယုံတော့ဘူး”ဟု ဒေါ် ဂျာခေါန်က မဇ္ဈိမကို ပြောသည်။

သို့သော် အဆိုပါလမ်းလျှောက်သူများနှင့် တိုင်းရင်းသားများအား ဆန္ဒပြပွဲဖြစ်မြောက်ရန် ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေဦးချမ်းအေးကမူ “တိုင်းရင်းသားတွေ အမြင်မှားတာ ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသားတွေ မပါရင်လည်း ဒီအလုပ်က လုပ်လို့မရပါဘူး။ သူတို့သာ တကယ်မလုပ်ချင်ရင် မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက ဘယ်လာပါ့မလဲ။ တိုင်းရင်းသားတွေ ဒီလောက်မြင်တတ်တာကိုပဲ ကျေးဇူးတင်ရမှာပါ” ဟု ပြောသည်။

မြစ်ဆုံအပြီးတိုင် ရပ်ဆိုင်းရေးလမ်း လျှောက်ဆန္ဒထုတ်ဖော်ကြသူများသည် အဖွဲ့နှစ်ဖွဲ့ကွဲကာ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဦးရဲထွဋ်ခေါင်အဖွဲ့က မေလ ၇ ရက်တွင် လည်းကောင်း ၊ ဦးသီဟနှင့် နန္ဒခေါင်းဆောင်အဖွဲ့က မေ ၁၇ ရက်တွင် လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြသည်။ ရောက်ရှိသည့် မေလ၁၇ရက်တွင်ပင် CPI နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး ၎င်းတို့လုပ် ငန်းစဉ်များ ရပ်နားထားမှုကို တရားဝင် လေ့လာခွင့်ရခဲ့သည်ဟု ဦးချမ်းအေးက ပြောသည်။

ယင်းသို့ စီမံကိန်းရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒပြသည့်အပေါ် ဝေဖန်မှုများနှင့် ဒေသခံများက အယုံအကြည်မရှိ ပြောဆိုနေခြင်းနှင့် စပ်လျဉ်းပြီး ဦးဆောင်သူများဖြစ်သည့် ကိုသီဟနှင့် ကိုနန္ဒတို့ထံ မေလ ၁၉ ရက်က တယ်လီဖုန်းအကြိမ်ကြိမ်ခေါ်ဆို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြလမ်းလျှောက်သည့် ပထမအဖွဲ့တွင် ၃၈ ဦး ပါဝင်ခဲ့ပြီး၊ ဒုတိယအဖွဲ့တွင် ၄၁ ဦး ပါဝင်ခဲ့သည်။

Mizzima Burmese 

ဒေါ်လာ သန်း ၁၀၀တန် ကမ္ဘာ့ဘဏ်စီမံကိန်း ပွင့်လင်း မြင်သာမှုနှင့် လာဘ်စားမှုကင်းရန် ပညာရှင်များ အကြံပြု


နီနီမြင့်| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

အမေရိကန် ဒေါ်လာသန်း (၁၀၀) ချေးငွေဖြင့် ကမ္ဘာ့ဘဏ်က ငွေကြေး ထောက်ပံ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(DWIR) က အကောင်အထည်ဖော်ဆောင်ရွက်သော မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်း ဘက်စုံပေါင်းစည်းစီမံခန့်ခွဲမှု အဆိုပြုစီမံကိန်း အကောင်အထည်ဖော်မည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိရန်နှင့် လာဘ်စားမှု ကင်းရန်ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက တိုက်တွန်းအကြံပြုသည်။

“မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက်မှာရှိခဲ့တယ်။ စီမံကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုမရှိဘူး။ လာဘ်စားမှုတွေရှိတယ်။ ဒီ စီမံကိန်းအတွက် ထည့်သွင်းစဉ်းစားရမှာက အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ လာဘ်စားမှုကင်းဖို့လိုပါတယ်” ဟု မြန်မာ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင် က မေလ ၁၉ ရက်၊ ရန်ကုန်၊ ဆီဒိုးနား ဟိုတယ်တွင်ကျင်းပသော ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောသည်။

ဆက်လက်ပြီး ၎င်းက စီမံကိန်းအတွက် သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးရ မည့်အပြင် ဧရာဝတီမြစ် ၀ှမ်းတစ်လျှောက် နေထိုင်သည့် ဒေသခံများ၏ ပူပေါင်းပါဝင်မှုများကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောသည်။

“နောက်ပြီး EIA/SIA (သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်လေ့လာဆန်းစစ်ခြင်း၊ လူမှုစီးပွားထိခိုက်မှု အကဲဖြတ် လေ့လာဆန်းစစ်ခြင်း)တို့ပြောရင် များသောအားဖြင့်စီမံကိန်းရ ရှိရေးအတွက် လုပ်ဆောင်နေတာများတယ်။ တကယ် ထိထိရောက် ရောက် လေ့လာဆန်းစစ်မှုတွေမရှိဘူး။ လုံလောက်တဲ့ လေ့လာဆန်းစစ်မှုတွေလဲ လိုတယ်” ဟု ဒေါ်ဒေ၀ီသန့်စင်ကပြောသည်။

Spectrum အဖွဲ့မှ ဒါရိုက်တာ မစ္စတာ ဒေးဗစ်အလန်က “ EIA/SIA လို့ပြောရင် ရလာတဲ့စစ် တမ်းတွေကို ပြည်သူကိုတကယ် ချပြရမယ်။ ပွင့်လင်းမြင်သာမှုရှိရပါမယ်။အရေးပါတဲ့ ကိစ္စရပ်ပါ” ဟု ပြောသည်။

ကမ္ဘာ့ဘဏ်မှ ကူညီမည်ဖြစ်သော အဆိုပါစီမံကိန်းကို ပို့ဆောင်ရေးဝန်ကြီး ဌာနလက်အောက် DWIR က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းင်းစီမံကိန်းကို ဧရာဝတီမြစ်ဝှမ်း နှင့် နိုင်ငံ၏ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲ မှုဆောင်ရွက်ရန် လိုအပ်သော အဖွဲ့အစည်း နှင့် လုပ်ဆောင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ ရေကြောင်းသွားလာမှု၊ မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ အသိပေးဂရုပြုစေမှုနှင့် အကြံပြုခြင်းများအား တိုးတက်စေခြင်းဖြင့် နှီးနွယ်ရာ အသက်မွေးဝမ်း ကျောင်းမှုများတွင် ကောင်းကျိုးသက်ရောက်မှုများရှိစေရန် စသည့် ဦးတည်ချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အကြမ်းဆွေးနွေးခြင်းများကို ဇူလိုင် ၂၀၁၄ တွင်ပြုလုပ်ပြီး၊ ဆန်းစစ်လေ့လာခြင်းကို သြဂုတ်လတွင် ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဒီဇင်ဘာလတွင် အတည်ပြုမည်ဖြစ်သည်။

Mizzima Burmese 

လက်ပံတောင်းတောင်စီမံကိန်းပဋိပက္ခ ရဲနှစ်ဦးဒဏ်ရာရ၊ လုံခြုံရေးယာဉ်များ ပျက်စီး


ကိုတိုးကြီး| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသရှိ ကျောက်ဖြူတိုင်ရွာနှင့် ဇီးတောရွာ ဟောင်းအနီးတွင် ဒေသခံတောင်သူ များနှင့် လုံခြုံရေးရဲတပ်ဖွဲ့များအကြား မေလ ၁၈ ရက် ညက ရုန်းရင်းဆန် ခတ်ဖြစ် ပွားခဲ့ရာ ရဲတပ်သားနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကားငါးစီးနှင့် ဆိုင်ကယ်များလည်း ပျက်စီး ခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးက အတည်ပြုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆား လင်းကြီးမြို့နယ်အတွင်းရှိ အဆိုပါစီမံကိန်း တွင် ယင်းနေ့ ည ၉ နာရီ ကျော်မှ စတင်ကာ နှစ်ဖက်ကြား တင်းမာမှုများဖြစ်ပွားခဲ့ရာမှ တစ်ဆင့် ပဋိပက္ခအသွင် ဖြစ်ပွား ခဲ့သည်။

“အမှတ်(၂၈)ရဲကင်းက ရဲတပ်သားနဲ့ ယင်းမာပင်ခရိုင်တပ်ဖွဲ့မှူးရုံးက ရဲတစ်ဦး ဒဏ်ရာတွေ တော်တော် များများ ရသွား တယ်”ဟု အဆိုပါဒေသတွင် လုံခြုံရေးရယူ ပေးနေသည့် အမည်မဖော်လိုသူရဲတပ်သား တစ်ဦး က ပြောသည်။

ဒေသခံတောင်သူများနှင့် စီမံကိန်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ ရခြင်း သည် မေ ၁၈ ရက် နံနက်ပိုင်းက ကြေးနီစီမံကိန်းလုပ်ငန်းခွင် အတွင်းမှ တရုတ်နိုင်ငံသားနှစ်ဦး၊ မြန်မာ နိုင်ငံသားတစ်ဦးကို ဒေသခံ တောင်သူများ က ၀ိုင်းဝန်းထိန်းသိမ်းထားရာမှ စတင်ခဲ့ သည်။

ယင်းည ၁၀ နာရီခွဲတွင် အဆိုပါ ထိန်း သိမ်းခံ ကုမ်္ပဏီဝန်ထမ်းသုံးဦးနှင့် ပတ် သက်၍ ညှိနှိုင်းဖြေရှင်းရန် စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်း၊ အမှတ်(၉) ရဲတပ်ရင်းများစုမှူး(တပ်ရင်းစုမှူး) ရဲမှူးကြီး ၀င်းဗိုလ်၊ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်မိုးနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့လုံခြုံရေးအကူတပ်ခွဲ၊ တပ်ခွဲမှူး ရဲမှူး ဇော်ဝင်းအောင်တို့ ဦးဆောင်ကာ ရဲအင်အား ၃၀၀ ကျော်သည် ယင်းမာပင် ခရိုင်နှင့် ဆားလင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကျောက်ဖြူ တိုင်ကျေးရွာမှ ဇီးတောကျေးရွာဘက်သို့ သွား ရောက်ခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့် လိုက်ပါသွားသူ ခရိုင် ထွေအုပ်ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။

“ဇီးတောကျေးရွာဟောင်း ဘုန်းကြီး ကျောင်းတိုက်အနီးမှာ ဒေသခံတွေက ခဲတွေ၊ မီးတုတ်တွေ၊ လောက် လေးခွတွေ နဲ့ပစ်တယ်”ဟု ၎င်းင်းက ပြောသည်။

ယင်းသို့ ဒေသခံများက စတင်ပစ်လိုက် သည့်အတွက် ပြဿနာနှင့်စပ်လျဉ်းပြီး ညှိနှိုင်းဖြေရှင်းခွင့် မရခဲ့ ကြောင်းလည်း ၎င်း က ဆက်ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များ စီးနင်းလာသည့် ယာဉ်များကိုလည်း ကျောက်ဖြူတိုင် ကျေးရွာစာသင် ကျောင်းဝင်း အတွင်း ထားရှိချိန် တွင် ဒေသခံရွာသားများ၏ လက်ချက်ဖြင့် ကားငါးစီးပျက်စီးခဲ့သည်ဟုလည်း စစ်ကိုင်း တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း က စွပ်စွဲ ပြောဆိုထားသည်။

ထို့ပြင် လုံခြုံရေးရဲတပ်ဖွဲ့များနှင့်အတူ လိုက်ပါသွားခဲ့သည့် မြို့နယ်ဖျန်ဖြေရေးအဖွဲ့ ၀င်များ၏ ဆိုင်ကယ် ၁၂ စီးကိုလည်း ရိုက် ချိုး ဖျက်ဆီးခံလိုက်ရကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးမှ သိရသည်။

ဆည်တည်းကျေးရွာဟောင်း ကျောင်း တိုက်ဆရာတော် ဦးစန္ဒာသီရိကမူ အဆိုပါ ပဋိပက္ခနှင့်ပတ်သက်၍ “အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း လိုက်နာမယ်လို့ ရွာသားတွေက ယုံကြည်ထားခဲ့ပေမယ့် ရဲအင်အား အလုံးအရင်းနဲ့ ရွာဘက်ကို လာ ရောက်ပြီး ၀ိုင်းထားတော့ ရွာသားတွေက စိုးရိမ်ခဲ့ကြတာပါ။ မီးခိုးဗုံးလား၊ မျက်ရည်ယို ဗုံးလားတော့မသိဘူး အဲဒီ ဗုံးတွေနဲ့ ရဲတွေ က အလုံးပေါင်းများစွာ ရွာသားတွေဘက်ကို ပစ်တယ်” ဟု မိန့်သည်။

အဆိုပါပဋိပက်္ခဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်ကြားဖြေရှင်းဆောင်ရွက်ရန် စီမံ ကိန်းအတွင်းရှိ ဆက်ဆံ ရေးရုံး တွင် မေ ၁၉ ရက် ညနေ ၃ နာရီက တိုင်းအစိုးရ အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဥပဒေရုံးမှ ဥပဒေအရာရှိ တစ်ဦးက ““အခု နိုင်ငံခြားသားကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိစ္စဟာ ဓားစာခံ အဖြစ် ခေါ်ထားတာဖြစ်တဲ့ အတွက် နိုင်ငံတကာ ဥပဒေအရကြည့်ရင် သိပ်ကို အန္တရာယ်များ ပါတယ်။ ဒါ့ကြောင့် ပြန်လွှတ်ပးစေချင် တယ်””ဟု သုံးသပ်ပြောဆိုသည်။

သို့သော်စီမံကိန်းဒေသရှိ တုံရွာမှ မစန္ဒာကမူ လျော်ကြေးမယူသည့် တောင်သူ ၃၇ ဦး၏ မြေယာများအပေါ် ယခုကဲ့သို့ ၀င်ရောက်ခြံခတ်ခြင်းကို လက်မခံနိုင် ကြောင်းနှင့် ဥပဒေပုဒ်မများကိုလည်း နားမလည် ကြောင်း တုံ့ပြန်ပြောဆိုသည်။

နောက်ဆုံးရသတင်းများအရ မေ ၁၉ ရက် ညနေ ၆ နာရီကျော်တွင် ဒေသခံ များက ထိန်းသိမ်းထား သူများကို ပြန်လွှတ် လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။

Mizzima Burmese 

ဧရာမရင်သားအလှပိုင်ရှင် (ဓာတ်ပုံများ)


ယောကျာင်္းလေးတွေကို ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ အလှအပတွေထဲမှာ ရင်သားအလှလည်း ပါဝင်ပါတယ်။
 အမျိုးသမီးတွေရဲ့ ဆယ်ကျော်သက်ရင်သားအလှကတော့ဆွဲဆောင်မှု အရှိဆုံးလို့ ပြောလို့ရပါတယ်။

ဖုန်းရောင်းမည့်စနစ်တွင် အသုံးပြုသူ၏ အချက်အလက်ရယူမှုကို လျှော့ချရန် MCF အကြံပြုသွားမည်


မောင်မန်း

ရန်ကုန်၊ မေ ၁၉

အော်ပရေတာများ မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချသွားမည့်စနစ်များနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြည်သူလူထုထံမှ အကြံပြုချက်များ တောင်းခံခဲ့ရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်(MCF) အနေဖြင့် ဖုန်းအသုံးပြုသူများ၏ အချက်အလက်များ ပေးသွင်းရမှုကို လိုအပ်ပါက လျှော့ချနိုင်ရန်အတွက် တင်ပြသွားမည်ဖြစ်သည်ဟု MCF၏ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။

ဦးဇော်မင်းဦးက “ဆင်းမ်ကတ် ရောင်းချတဲ့နေရာမှာ အသုံးပြုသူတွေရဲ့ အချက်အလက်ပေးရတာ အရမ်း များတယ်။ ဒီလို အချက်အလက်ပေးရတဲ့ KNC (Key No: Customer) ကို လျှော့ချနိုင်ရင် လျှော့ချဖို့ အကြံ ပြုသွားဖို့ ရှိတယ်” ဟုဆိုသည်။

အကြံပြုချက်တင်သွင်းရမည့် နောက်ဆုံးရက် မေ ၁၉ ရက်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က အကြံပြုချက် တင်သွင်းရခြင်း မရှိသေးဟု ဦးဇော်မင်းဦးက ပြောသည်။ ၎င်းက “အကြံပြုချက်တင်သွင်းဖို့ နောက်ဆုံးရက်ကို ရောက်နေပေမယ့် မတင်ရသေးပါဘူး။ သူတို့ပေးတဲ့ အချိန်က တိုတောင်းနေတယ်။ KNC နဲ့ပတ်သက်ပြီး တင်သင့်၊ မတင်သင့်ကို လေ့လာနေပါတယ်။အကြံပြုချက် တင် သွင်းတဲ့ရက် မမီရင်တောင် လုပ်စရာရှိတာတွေတော့ လုပ်သွားပါမယ်” ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ပြည်သူများဘက်သို့ အကြံပြုလွှာ ကောက်ခံခြင်းကို မေ လ ၅ ရက်မှ ၁၉ ရက် အထိ ကောက်ခံရန် သတ်မှတ်ထားပြီး အကြံပြုချက်များ တင်သွင်းမှု အခြေအနေနှင့် ပတ်သက်ပြီး အသေး စိတ်မသိရှိရသေးဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဆို သည်။

ဦးသန်းထွန်းအောင်က““အကြံပြုချက်တွေတော့ ရောက်နေပါတယ်။ ဘယ်လိုအချက်တွေ ဆိုတာကိုတော့ မသိရသေးဘူး။ ဒီနေ့နောက်ဆုံး အကြံပြုချက်တွေ ၀င်လာပြီးမှ စိစစ်ရမယ်” ဟု ဆိုသည်။ မိုဘိုင်းဖုန်းများ ရောင်းချမည့်စနစ်အပေါ် နိုင်ငံတကာစံနှုန်းများနှင့်ညှိနှိုင်းပြီး အသုံးပြုသူများ၏ အချက်အလက်များ ပေးသွင်း ရမှုလျှော့ချနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးဇော်မင်းဦးက ပြောသည်။

Mizzima Burmese 

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ် ပြင်ပပေါက်ဈေး အနည်းငယ်မြင့်တက်လာ


မောင်မန်း

ရန်ကုန်၊ မေ ၁၉

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များ ချထားပေးမှု လျော့နည်းလာခြင်းကြောင့် ပြင်ပပေါက်ဈေး အနည်းငယ် ပြန်လည်မြင့်တက်လာသည်ဟု ဈေးကွက်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များနှင့် အွန်လိုင်းဖုန်း အရောင်းအ၀ယ် ပြုလုပ်သည့် ၀က်ဘ်ဆိုဒ်များက မဇ္ဈိမကို ပြောသည်။

ယခုနောက်ပိုင်း သုံးလခန့်အတွင်း ချထားပေးသည့် ဆင်းမ်ကတ်များတွင် GSM ဆင်းမ်ကတ် ပါဝင်မှု နည်း လာသောကြောင့် ဈေးကွက်အတွင်းတွင် ဈေးတက်နေခြင်း ဖြစ်သည်ဟု အွန်လိုင်းမှတစ်ဆင့် ဖုန်းဆင်းမ် ကတ်များ ရောင်းချနေသည့် Online ဈေးကွက်စီးပွားရေး ၀က်ဘ်ဆိုဒ်မှ ဦးဇော်ဇော်က ပြောသည်။

ဦးဇော်ဇော်က “GSM က လာမယ့်လအတွက် ကတ်မထွက်သေးတာရယ်၊ သုံးလလောက် ကတ်မထွက် တော့တာကြောင့် ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်သွားတာပါ။ ပြင်ပပေါက်ဈေး ပြန်တက်လာပါ တယ်” ဟု ဆိုသည်။

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များကို ယခင်ပြင်ပပေါက်ဈေး ကျပ် ၆၀,၀၀၀ ခန့်ဝန်းကျင် ရောင်းချနေ ရာမှ လက်ရှိအချိန်တွင် ကျပ်တစ်သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပြီး CDMA ဆင်းမ်ကတ်များ အနေဖြင့်လည်း ကျပ် ၃၀,၀၀၀၀န်းကျင်မှ ကျပ် ၄၅,၀၀၀ ၀န်းကျင်အထိ ပြန်လည် မြင့်တက်လာသည်ဟု ဦးဇော်ဇော်က ဆိုသည်။

၎င်းက“အရင်ကတ်တွေထွက်နေတဲ့အချိန်ကGSMဆို ပြင်ပပေါက်ဈေး ခြောက်သောင်းဝန်းကျင်နဲ့ အရောင်း အ၀ယ် ဖြစ်နေပါတယ်။ အခုပြန်ပြီး ဈေးပြန်တက်လာတဲ့အချိန်မှာတော့ တစ်သိန်းဝန်းကျင်လောက် ရှိပါ တယ်”ဟု ဆိုသည်။

၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ပြန်လည်မြင့်တက်လာသော်လည်း ရောင်းလိုအား နှင့် ၀ယ်လိုအား နှစ်ရပ်စလုံး နည်းပါးနေသည်ဟုလည်း ဦးဇော်ဇော်က ဆိုသည်။၎င်းက“ဖုန်းဆင်းမ်ကတ် ဈေးတွေသာ ပြန်တက်လာတာပါ။ ရောင်းလိုအားရော ၀ယ်လိုအားမှာပါ အရင်လောက် မရှိတော့ပါဘူး။ ရောင်းချင်တဲ့သူ လျော့လာသလို အ၀ယ်ဘက်ကလည်း ဈေးပေးပြီး မ၀ယ်ချင်တော့ဘူး”ဟု ပြောသည်။
ယင်းအပြင် မိုဘိုင်းဆင်းမ်ကတ်များ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကိုမင်းအုပ်စိုးကလည်း ဆင်းမ်ကတ် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသည်ဟု ပြောသည်။

၎င်းက “ချပေးတဲ့ အနည်းအများပေါ် မူတည်ပြီး ဈေးအတက်အကျ ရှိနေတာပါ” ဟု ဆိုသည်။ လက်ရှိပြည် တွင်းတွင် မိုဘိုင်းအသုံးပြုသူ ရှစ်သန်းကျော် ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်မူ တိုင်းနှင့်ပြည်နယ်များ၏ ဖုန်းသိပ်သည်းမှု လိုအပ်ချက်အလိုက် ဖုန်းဆင်းမ်ကတ်များ ဆက်လက် ချထားပေးသွားရန် လုပ်ဆောင်နေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ် ငန်း၏ အထွေထွေ မန်နေဂျာက မဇ္ဈိမကို ပြောထားသည်။

Mizzima Burmese 

HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ


• အစောဆုံး ဘယ်တော့ သွေးစစ်ရမလဲ
HIV ပိုးရှိသူနဲ့ ဆက်စပ်မှု တနည်းနည်းရှိလို့ ကိုယ့်ကို ကူးသလား အစောဆုံး သိနိုင်အောင် သွေးစစ်ဘို့ အဲဒီအချိန်ကနေ နောက် ၆ ပါတ်ကနေ ၃ လ စောင့်ရမယ်။ ၃ လစောင့်ရင် မှားပြီးအနုတ်ပြတာ မဖြစ်နိုင်ဘူး။ ၆ လ ထက်တော့ စောင့်စရာ မလိုပါ။ HIV Antibodies (အင်တီဘော်ဒီ) ခုခံပေးမဲ့ဓါတ်တွေ စမ်းလို့ရတဲ့အတိ များလာအောင် စောင့်ရတာဖြစ်တယ်။ Window period လို့ခေါ်ကြတယ်။ ဒီကြားထဲမှာ နောက်ထပ် ကူးစက်လာမှာမျိုးကို ရှောင်ကျဉ်ပါ။ HIV PCR test က ပိုးဝင်အပြီး ၃ ပါတ်အတွင်းမှာ သိနိုင်တယ်။
• HIV antibody test ဆိုတာဘာလဲ
အများဆုံး လုပ်တဲ့နည်း ဖြစ်တယ်။ သွေးထုတ်စစ်နည်းနဲ့ ပါးစပ်က သွားရည်ယူ စစ်နည်းတွေရှိတယ်။ ပိုးဝင်ထားလို့ ကိုယ်ခန္ဓာကနေ ခုခံပေးမဲ့ ဓါတ်တွေရှိနေတာကို စမ်းတာဖြစ်တယ်။ ချွင်းချက်ရှိတာက HIV အပေါင်းပြနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာလဲ ဒီ Antibodies (အင်တီဘော်ဒီ) တွေ လအတော်ကြာထိ ရှိနေမယ်။
- Rapid HIV test အမြန်နည်းဆိုတာ Antibody test ခုခံပေးမဲ့ဓါတ် ရှိ-မရှိစစ်နည်းဖြစ်တယ်။ မိနစ် ၃ဝ သာကြာတယ်။
- p24 antigen test ဆိုတာ Antigens ကို စမ်းရတာဖြစ်တယ်။ ရောဂါပိုးနဲ့ဆင်တူတဲ့ ဒီဓါတ်ကနေ ကိုယ်ထဲဝင်ရင် Antibodies (အင်တီဘော်ဒီ) တွေကို ထွက်လာစေနိုင်တယ်။ နေရာတိုင်းမှာ မသုံးပါ။ P-24 Antigen test နဲ့ Antibody test နှစ်မျိုးလုံးတွဲပြီး ၃ လအတွင်းမှာ လုပ်ကြတာလဲရှိတယ်။
- NAT, DNA, RNA and PCR tests ဆိုတာတွေက HIV ပိုးရဲ့ Genetic material မျိုးဗီဇကိုစမ်းတာဖြစ်တယ်။ စောစောကနည်းတွေလို Antibodies နဲ့ Antigens ကိုစမ်းတာ မဟုတ်ဘူး။ Polymerase Chain Reaction (PCR) tests လို့ခေါ်တယ်။ HIV ပိုးရဲ့ မျိုးဗီဇကို ထုတ်ယူ-ပွါးစေပြီးတော့ စမ်းတယ်။ Nucleic-acid Amplification Testing or NAT ခေါ်တယ်။ ဒါမှာ ပုံစံ ၂ မျိုးရှိတယ်။ DNA PCR tests နဲ့ RNA PCR tests တွေဖြစ်တယ်။ RNA PCR tests နည်းကို သွေးလှူမဲ့သူတွေကို စမ်းတယ်။ DNA PCR tests နည်းကို ပိုးရှိတဲ့ မိခင်ကနေမွေးလာတဲ့ကလေးကို စမ်းတယ်။ ၂ မျိုးလုံးကနေ ပိုးတွေ ဘယ်လောက်များများ ရှိနေသလဲ သိနိုင်တယ်။ ဒါကြောင့် Viral load tests လို့ခေါ်တယ်။ NAT နည်းက မြန်တယ်။ RNA PCR test နဲ့ DNA PCR test က ၂-၃ ပါတ် စောင့်ရတယ်။ Instant tests ဆိုပြီး (အင်တာနက်) ကနေ ကြော်ညာတာတွေက အသိအမှတ်ပြု မထားတာတွေဖြစ်တယ်။
• HIV negative အနုတ်ပြနေခြင်း
အနုတ်ပြတိုင်းလဲ လုံးဝကင်းတယ်လို့ ပြောမရသေးပြန်ပါ။ ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်အဖေါ်မှာဖြစ်ဖြစ် ပိုးမရှိနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ HIV ပိုးက လိင်ဆက်ဆံမှုတိုင်းကနေ ကူးချင်မှ ကူးပါမယ်။
- False positive မှားတဲ့ အပေါင်းပြခြင်း Flu vaccinations တုပ်ကွေး-ကာကွယ်ဆေးထိုးတာနဲ့ Multiple pregnancies အမွှာကိုယ်ဝန်ကြောင့်လဲ မှားတဲ့ အပေါင်း ပြနိုင်တယ်။ Western blot နည်းနဲ့ သေခြာအောင် လုပ်နိုင်တယ်။ ဒီနည်းက စမ်းသပ်မှု ၂ သိန်းခွဲလုပ်မှ တယောက်သာ မှားတဲ့ အပေါင်းပြနိုင်တယ်။
• Pregnancy ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်တိုင်း စစ်သင့်တယ်။ မိခင်လောင်းမှာ အပေါင်းပြနေရင် ကလေးကို ကူးဘို့များတယ်။ မွေးတုံးမှာဖြစ်ဖြစ် နို့တိုက်နေရင်းဖြစ်ဖြစ် ကူးနိုင်တယ်။ ကလေးကိုမကူးစေချင်ရင် လုပ်နိုင်တာတွေရှိတယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။ မွေးနေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။ LSCS ဗိုက်ခွဲမွေးပါ။ မွေးပြီးပြီးချင်း ကလေးကို Antiretroviral drugs ရက်တိုဆေးကုပါ။ နို့မတိုက်ပါနဲ့။
• Newborn baby မွေးကာစကလေးကို Antibodies စမ်းရင် ပေါင်းပြမယ်။ ကြားထဲမှာ ကလေးကို ပိုးမကူးစက်ရင်တော့ ၁၈ လနေရင် HIV antibody test က အနုတ်ပြနေမယ်။ ၃ လအရွယ်ကလေးကို ပိုးကူး-မကူးသိအောင် DNA PCR test လုပ်နိုင်တယ်။
• HIV ပိုးအသက်
HIV ဗိုင်းရပ်စ်ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူတဲ့ အချက်တခုကတော့ ကိုယ်အပြင်မှာ ကြာကြာမနေနိုင်ဘူး။ ဓါတ်ခွဲခန်းမှာ စမ်းဘို့ထားချင်ရင်လဲ လူ့အပူချိန်အတိုင်း၊ ၉၈.၆ ဒီဂရီမှာသာ ထားရတယ်။ အဲလို လုပ်ပေးမထားရင် မိနစ်နည်းနည်းသာ ရှင်မယ်။ လူ့ကိုယ်ထဲကထွက်ရင် နာရီပိုင်းသရှင်တယ်။ တချို့ပိုးတွေလို အကာအဖုံး (စပိုး) လိုလဲ မလုပ်နိုင်ပါ။ ဒါကြောင့် နှုပ်ခမ်းခြင်း စုပ်နမ်းတာတို့ ပွေ့ဖက်မှုလုပ်တာနဲ့ ပိုးမကူးနိုင်ပါ။ သွေးထဲကို တနည်းနည်းနဲ့ဝင်မှ ဥပမာ လိင်ဆက်ဆံတာနဲ့ သွေးကြောထဲ ဆေးထိုးတာတွေကနေသာ ကူးတယ်။ အပူချိန်၊ အောက်စီဂျင်တွေကို နဲနဲပြောင်းလဲတာကို မခံနိုင်ဘူး။ အသေအခြာ ပြုပြင် စီမံထားတဲ့ ဓါတ်ခွဲခန်းထဲမှာ မိနစ် အနည်းငယ်သာ ရှင်နိုင်တယ်။ ၂-၃ မိနစ်လောက်သာ ဖြစ်တယ်။ ဆေးထိုးအပ်ထဲမှာတော့ ရက်အနည်းငယ်အထိ ရှင်တာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဆေးထိုးအပ်ထဲမှာ သွေး ကျန်တောက ပိုးအတွက် အသက်ဆက်ရှင်စေနိုင်လို့ဖြစ်တယ်။
၂၅ နှစ်တာ လေ့လာမှုအရ အခုထိတော့ ကိုယ်ချင်းထိတွေရယုံ၊ ပတ်ဝန်းကျင် ပစ္စည်းနဲ့ ထိတွေ့မှုတွေက HIV ကူးရတယ် ဆိုတာ မရှိသေးပါ။ HIV ပိုးရှိနေခဲ့သူ ကွယ်လွန်သွားရင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာမှာ HIV တခုထဲ ကိုသာမက ကြည့်ရမှာတွေထဲမှာ အခွင့်ကောင်းယူပြီး ကူးစက်နေခဲ့တဲ့ ရောဂါဘယတွေကိုလဲ သတိထားရမယ်။ သေဆုံးနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဒီလောက်အရေးမကြီးပါ။ လက်အိပ်သုံးပြီးသာ ကိုင်တွယ်ပါ။ ရင်ခွဲရုံမှာ ခွဲစိတ်စစ်ဆေးရရင် မျက်စိ အကာအကွယ်လဲလိုတယ်။ သေခြာတာက တခြားရောဂါပိုးတွေက HIV ထက်ပိုပြီး ရှင်နေနိုင်ကြတယ်။ ဥပမာ TB ပိုး။
အခြေခံဥပဒေသ မှတ်ရမှာက HIV ပိုးရှင်နေရေးမှာ သွေးရှိနေဘို့လိုပါတယ်။ သွေးခြောက်သွားရင် ပိုးလဲ အသက်ပျောက်သွားမယ်။ သွေးသာမက နေရာမှာ ရေဓါတ်ခြောက်သွေ့ရင်လဲ ပိုးအသက်ဆက်ရှင်ဘို့ ခက်တယ်။ အခွင့်အလမ်းက နည်းနည်းလေးပေမဲ့ သတိထားသင့်တယ်။ HIV ပိုးဟာ သက်မဲ့အရာတွေမှာ ရှင်နေဘို့ မဖြစ်သလောက် ခက်ခဲတယ်။ စိုနေတဲ့နေရာတွေမှာ ကူးစက်နိုင်တယ်လို့သာ မှတ်ပါ။

Author: HimBur
ဒေါက်တာတင့်ဆွေ

ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုးရာမှ ယောင်္ကျားသေဆုံး


ပြည် မေ ၁၉

ပဲခူးတိုင်းဒေသကြီးကိုးသောင်းတိုးချဲ့ကွက်သစ် ပြည်သာယာရပ်ကွက် ပြည်မြို့တွင် ဇနီးဖြစ်သူက ခင်ပွန်းကို ကတ်ကြေးဖြင့် ထိုးရာမှ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၆ ရက် ညနေ ၃ နာရီက ကိုးသောင်းတိုးချဲ့ ကွက်သစ် ပြည်သာယာရပ်ကွက် ပြည်မြို့တွင် ဝင်းမြင့်ထွန်းလတ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီး မနန္ဒာဝင်းနှင့် စကားများ ရန်ဖြစ်ရာမှ မနန္ဒာဝင်းက ကတ်ကြေးဖြင့် ဝင်းမြင့်ထွန်းလတ်၏ ယာဘက်ရင်အုံကို ထိုးမိရာ အခင်းဖြစ်နေရာတွင် ဒဏ်ရာ များဖြင့် သေဆုံး သွားသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ပြည်အမှတ် (၃) မြို့မရဲစခန်းက အမှုရေး ဖွင့်ပြီး တရားရုံးတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

ကားလမ်းကွေ့တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်


ကျောက်တံခါး မေ ၁၉

ကျောက်တံခါးမြို့ မြို့မရဲစခန်းမှ ရဲအုပ်သန်းဝင်းအောင် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မြို့မရဲစခန်း၏ တောင်ဘက် သုံးမိုင်ခန့်အကွာ ဘာဘူကုန်းကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ မေ ၁၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မန္တလေးကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ် (၁၁၁/၄)နှင့် (၁၁၁/၅)အကြား ဘာဘူကုန်းကျေးရွာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း မြင့်စိုး (၅၁ နှစ်) (ကညွတ်ကွင်းမြို့ ကျွန်းတောရပ်ကွက်၅ လမ်းနေသူ) မောင်းနှင်၍ ကျော်ဇင် ထိုက် လိုက်ပါစီးနင်းလာသော ၃ဂ/----- ရှားရော့အမျိုးအစား အဖြူရောင် အိမ်စီးယာဉ်နှင့် မျက်နှာချင်းဆိုင် မှ ယာဉ်မောင်း သန်းထိုက် (၃၃နှစ်) (တောင်ဒဂုံမြို့ ဆောင်တော်ကူးလမ်း ၂၂ ရပ်ကွက်နေသူ) မောင်းနှင် လာသော လယ်ယာသုံး ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်အမှတ် ၄ဂ/----- ဟီးနိုး အမျိုး အစား ခြောက်ဘီးယာဉ်တို့သည် ဘာဘူကုန်းကျေးရွာ ကားလမ်းကွေ့ အလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိကြရာ ယာဉ်ပေါ်ပါသူများ ထိခိုက် ဒဏ်ရာ မရရှိခဲ့သော်လည်း ယာဉ်နှစ်စီးလုံး၏ ဦးခေါင်းဝဲဘက်ခြမ်းများ ကြေမွ ပျက်စီးသွားသဖြင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ မြင့်စိုးနှင့် သန်းထိုက် တို့ကို အရေးယူ ပေးပါရန် ရဲအုပ် သန်းဝင်းအောင်က တိုင်တန်း လာသဖြင့် ကျောက်တံခါး မြို့မရဲစခန်းက အရေးယူထားပြီး အမှုအား ရဲအုပ် သန်းဝင်းအောင်က ဆက်လက်စစ်ဆေးနေကြာင်း သိရသည်။
MOI Webportal Myanmar 

မလေးရှားတွင် မြန်မာအမျိုးသမီး ဆိုင်ကယ်တိုက် သေဆုံး


ဂျိုဟိုး မေ ၁၉

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံတွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးမှာ မေ ၁၇ ရက် နံနက်ပိုင်းက ဆိုင်ကယ်တိုက်မှုဖြင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံသား ကိုအောင်သန်းညွန့် (Nilai) က ဆက်သွယ်ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၇ ရက်ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အပိုင် ဆနိုင်း (SENAI) မြို့လေးတွင် တည်ရှိသော GES MANUFACTURING SERVICES (M) SDN. BHD စက်ရုံသို့ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် မြန်မာအမျိုးသမီး တင်မိုးမြင့် (၂၈ နှစ်) က ကားလမ်းမကြီးကို ဖြတ်ကူးစဉ် စည်းကမ်းမဲ့ အရှိန်ပြင်း မောင်းနှင်သော မော်တော်ဆိုင်ကယ်နှင့် တိုက်မိရာ မှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းဒေသရှိ မြန်မာအလုပ်သမားများ၏ ဆက်သွယ်ပြောချက်အရ အဆိုပါ သေဆုံးသူ မြန်မာ အမျိုးသမီးမှာ သာစည်မြို့မှ ဖြစ်ကြောင်း ၎င်းကိုင်ဆောင်သည့် ပတ်စ်ပို့မှ တစ်ဆင့်သိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြကြောင်း၊ သေဆုံးသူ မြန်မာအမျိုးသမီး၏ မိတ်ဆွေများနှင့် စက်ရုံမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံရှိ မြန်မာလူမှုရေး အဖွဲ့ အစည်းများက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မလေးရှားရောက် မြန်မာ လူမှုရေးအဖွဲ့ အစည်းများထံမှ စုံစမ်းသိရသည်။

MOI Webportal Myanmar 

အပူရှိန်မြင့်မားမှုကြောင့် နို့ထွက်ရှိမှု နည်းသဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အခက်ကြုံ


မုံရွာ မေ(၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နို့စားနွားမွေးမြူရေး အထူးဇုန်တွင် နွားမွေးမြူရေးတောင်သူများအနေဖြင့် ဖရီရှန်နို့စားနွားမျိုးများကို မွေးမြူလျက်ရှိရာ ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်ခြင်း နို့အထွက်နှုန်း ကျသဖြင့် အမြတ်နှုန်း နည်းပါးလျက်ရှိကြောင်း နွားမွေးမြူရေးတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လာတာ ကြာပါပြီ၊ ဒီမှာက ဖရီရှန်နို့စားနွားမျိုးတွေ မွေးပါတယ်၊ တစ်ကောင်ကို ငွေကျပ်(၁ဝ) သိန်းကနေပြီး (၁၅) သိန်းအထိပေးရတယ်၊ နွားစာကိုတော့ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ထော်လာဂျီအသေးတစ်စီးကို ငွေကျပ် (၃၅ဝဝဝ)၊ ပဲအရည်ထောက်လာဂျီတစ်စီးကို ငွေကျပ် (၁ဝဝဝ)၊ ပဲဖတ်ပုံးအသေးတစ်ပုံးကို တစ်ရာကျပ် ပေးရတယ်၊ နို့ထွက်ကောင်းတဲ့ နွားမတစ်ကောင် တစ်ရက်ကို နွားနို့ပိဿာချိန် (၁၂) ပိဿာလောက်ထွက်တယ်၊ အခုအချိန်က ရာသီဥတုကပူ၊ မိုးရွာတော့လည်း အပူချိန် မရော့သွားဘဲ ပိုပြီးပူတော့ တစ်ရက်ကို အခု (၈) ပိဿာလောက်ပဲထွက်တယ်၊ ရာသီဥတုက ပူတော့ နွားတွေ မောပြီး အစာမစားနိုင်ဘူး၊ ဒါ့ကြောင့်နို့ထွက်နှုန်းကျတယ်၊ တွက်ချေသိပ်မကိုက်ဘူး” ဟု နွားအထူးမွေးမြူရေးဇုန်မှ မွေးမြူရေးတောင်သူ ကိုနေလင်းက ပြောကြားသည်။

ရာသီဥတုနှင့်ပတ်သက်၍ နွားများတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်ပြီ “ရာသီဥတုက ပူလိုက်၊ မိုးရွာလိုက်နဲ့ဆိုတော့ အခုအချိန်မှာ ပေါင်ပုတ်၊ လက်ပုတ်၊ ဒေါင်သန်းရောဂါတွေနဲ့ ခွာနာ လျှာနာ ရောဂါတွေဖြစ်တတ်တယ်၊ ကာကွယ်ဆေးတွေတော့ ထိုးပြီးပြီ ပေါ့လို့တော့မရဘူး၊ အပူအအေးမမျှတော့ နွားမကြီးတွေရဲ့နို့တံတွေနဲ့ နို့အုံတွေ ရောင်ရမ်းမှုမဖြစ်စေဘို့ နနွင်းလူးပေးတယ်၊ နောက်ပြီး မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကလည်း လိုအပ်တဲ့ကာကွယ်မှုတွေလုပ်ပေးတယ်၊ ညွှန်ကြားပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နို့အထွက်နှုန်း၊ ဈေးနှုန်းနှင့်ပတ်သက်၍လည်း “အရင်က နို့တစ်ပိဿာကို ငွေကျပ် (၅၅ဝ) ဈေး နဲ့တုံးကတော့ အထွက်နှုန်းကောင်းတယ်၊ ဒါပေမဲ့အစာဈေးနှုန်းတက်လာတော့ အကြွေးတင်တယ်၊ လွန်ခဲ့တဲ့ (၆) လလောက်ကစပြီး နို့တစ်ပိဿာကို တစ်ရာကျပ်တိုးပေးတော့ (၆၅ဝ) ကျပ်ဖြစ်လာတယ်။ အကြွေးတွေဆပ် နိုင်တုံးရှိသေးတယ်၊ အပူချိန်မြင့်လာပြီး နို့ထွက်နှုန်းကျတာပဲ၊ ဒီနွားမွေးမြူရေးအထူးဇုန်မှာ နွားကောင်ရေ (၃ဝဝ)ကျော်လောက်ရှိတယ်၊ တစ်နေ့ကို နွားနို့ပိဿာချိန် (၁၇ဝဝဝ) လောက် ထွက်တယ်၊ ရာသီဥတုကောင်းပြီး အပူလျော့သွားရင်တော့ နို့ထွက်နှုန်းကောင်းလာမှာပါ” ဟုပြောကြားသည်။
မုံရွာမြို့ နွားမွေးမြူရေးအထူးဇုန်နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် နွားမွေးမြူရေးတောင်သူ (၂ဝဝ) ဦးကျော် မွေးမြူရေးလျက်ရှိရာ ထွက်ရှိလာသော နွားနို့များကို နွားမွေးမြူရေးဇုန်အတွင်း နွားနို့ကောက်ယူရေး စခန်းတစ်ခုဖွင့်လှစ်ကာ မြဘုရင်နို့ချက်စက်ရုံသို့ ပေးပို့လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar 

ကမ္ဘာ့စံချိန်တင်ကွာရှင်းစရိတ်အဖြစ် ဇနီးဟောင်းကို စတာလင်ပေါင် ၂.၇ ဘီလီယံ ပေးရတော့မယ့် မိုနာကို အသင်းပိုင်ရှင်




Angel on 2014-05-20 12:40    
မိုနာကို ဘောလုံးအသင်းပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုး Dmitry Rybolovlev ဟာ ဇနီးဟောင်းဖြစ်သူ Elena Rybolovleva ကို လျော်ကြေးငွေ စတာလင်ပေါင် ၂.၇ ဘီလီယံ ပေးဖို့ တရားရုံးက အမိန့် ချလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အများဆုံးကွာရှင်းကြေးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ တရားရုံးက အသက် ၄၇ နှစ်အရွယ် Dmitry Rybolovlev ကို သူနဲ့ ၂၄ နှစ်ကြာအတူ လက်တွဲ ခဲ့တဲ့ ဇနီးဟောင်းဖြစ်သူ Elena ကို သူ့ ရဲ့ပိုင်ဆိုင်မှုအကုန်လုံးရဲ့ တစ်ဝက်ဖြစ်တဲ့ ပေါင် ၂.၆ ဘီလီယံကျော် ပေးချေဖို့ အမိန့် ချမှတ်ခဲ့တာပါ။

တရားရုံးမှာ ၂၀၀၈ ခုနှစ်က စတင်အမှုရင်ဆိုင်ခဲ့ပြီးနောက် ခြောက်နှစ်အကြာမှာ အမိန့် ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Mr.Rybolovlev ဟာ သူ့ ရဲ့ ဓာတ်မြေသြဇာလုပ်ငန်းကနေ ဘီလျံနာသူဌေးဖြစ်လာခဲ့သူဖြစ်ပါတယ်။ သူ ရဲ့ အမေရိကန်ပြည်ထောင်စုက စံအိမ်ကြီးနှစ်ခုနဲ့ ပေါင် သန်း ၁၀၀ တန်တဲ့ ဂရိကျွန်းစုတစ်ခုကို တရားရုံးမှာ ခြောက်နှစ်ကြာ ပိုင်ဆိုင်ခွင့် ငြင်းဆန်ခဲ့ပြီးနောက် အခုလို လျော်ကြေးငွေပေးခဲ့ရတာဖြစ်ပါတယ်။

Mrs.Rybolovlev နေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမြို့ တော် ဂျီနီဗာ မှာ မကြာခင် Mr.Rybolovlev တစ်ယောက် ချက်လက်မှတ်ကို လက်မှတ်ထိုးပေးရတော့မှာပါ။ ဒါ့အပြင် Mrs.Rybolovlev ဟာ သူတို့ နှစ်ယောက်ရဲ့ ၁၃ နှစ်အရွယ် သမီးလေး Anna ကို ထိန်းသိမ်းခွင့်ပါရရှိခဲ့ပါတယ်။

အရင် ကမ္ဘာ့အများဆုံးကွာရှင်းစရိတ် စံချိန်ဟောင်းကတော့ ပြင်သစ်ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် Alec Nathan Wildenstein နဲ့ Jocelyn Wildenstein တို့ ကွာရှင်းမှုဖြစ်ပြီး ကွာရှင်းစရိတ် ဒေါ်လာ ၂.၅ ဘီလီယံ ပေးချေခဲ့ရပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

ကမ္ဘာ့ မဟာကုမ္ပဏီကြီးများ၏ အစောပိုင်းနေ့ ရက်များ ကို ပြန်လည် ဆန်းစစ်ခြင်း




ကမ္ဘာ့ မဟာကုမ္ပဏီကြီးများသည် ယနေ့ ခေတ်အခါ တွင် တောက်ပြောင်လှသော ကော်ပိုရိတ်နေရာများတွင် နေရာယူထားကြသော်ငြားလည်း တစ်ချိန်တုန်းက ၄င်းတို့ သည် ယခုလိုနေရာများနှင့် ကွဲပြားခြားနားလှသော ပတ်ဝန်းကျင်တွင် အစပြုခဲ့ကြရပါသည်။ ထိုအကြောင်းကို အောက်ပါ သာဓကများဖြင့် ဆန်းစစ်လေ့လာနိုင်ပါသည်။

Amazon
ကမ္ဘာ့ အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Amazon.com သည် ၁၉၉၄တွင် အွန်လိုင်းစာအုပ်ဆိုင်အနေနှင့် စတင်အသက်ဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက ဘယ်လီဗျူး၊ ဝါရှင်တန်တွင်ရှိသော ဂျက်ဖ်ဘေးဇက်၏ ကားဂိုဒေါင်လေးမှသာ အလုံးစုံစတင်ခဲ့သည်။ ဘေးဇက်ဟာ သူ့ ရဲ့ ပထမဦးဆုံးသော စာအုပ်ကို ၁၉၉၅ ဇူလိုင်မှာ စတင်ရောင်းချခဲ့ရပြီး နှစ်နှစ်ကြာပြီးနောက် ၁၉၉၇မှ စတော့ဈေးကွက်တွင် စာရင်းဝင်ခဲ့သည်။

Apple
၁၉၇၆မှာ အသက်၂၁နှစ်နဲ့  ၂၆နှစ် အသီးသီးရှိတဲ့ စတိဗ်ဂျော့ဘ်နှင့် စတိဗ်ဝေါ့ဇ်နီးယက်(က) က ဝေါ့ဇ်နီးယက်(က)ရဲ့  အက်ပဲလ်ကွန်ပျူတာ အလုံး ၅ဝ ကို တစ်လုံးဒေါ်လာ ၅ဝဝ နှင့် ဒေသခံ လက်လီ အရောင်းဆိုင် ကို ရောင်းချခြင်းဖြင့် အက်ပဲလ်ကွန်ပျူတာကို စတင်ခဲ့သည်။ ဂျော့ဘ်သည် အဝယ်လွှာများကို အစိတ်အပိုင်းဖြန့် ဝေသူတစ်ယောက်ထံ ယူသွားပြီးမှ အစိတ်အပိုင်းတွေကို မှာယူခဲ့သည်။ သူတို့ နှင့် သေးငယ်လှသော အသင်းအဖွဲ့ လေးသည် ကျူပါတီနို၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ကားဂိုဒေါင်လေး ကနေ ရက်၃ဝအတွင်းမှာ ကွန်ပျူတာအလုံး၅ဝကို လက်ဖြင့်ပြုလုပ်ခဲ့သည်။ အက်ပဲလ်သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး နည်းပညာကုမ္ပဏီဖြစ်ပါသည်။

Disney
အန်နာဟိမ်း၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဒစ္စနီလန်းပတ်ခ်ကနေ ၄၅ မိနစ်လောက် လမ်းအောက်လျှောက်လိုက်လျှင် လော့စ်အန်ဂျလိစ်တွင် အိမ်တစ်လုံးရှိပါသည်။ ယင်းသည် ဝေါ့ဒစ္စနီကုမ္ပဏီ အစပျိုးခဲ့သောနေရာဖြစ် သည်။ ၁၉၆၃မှာ ဒီအိမ်ကို ဝေါ့ဒစ္စနီရဲ့ ဦးလေး ရောဘတ်ဒစ္စနီက ပိုင်ဆိုင်ပါတယ်။ ဝေါ့လ်(ဒ်)နဲ့  သူ့ အကို ရွိုင်းတို့ ဟာ သူတို့ ဦးလေးနှင့် အတူ ရွှေ့ ပြောင်းလာပြီးနောက် ကားတစ်စီးသာဆန့် တဲ့ ကားဂိုဒေါင်ကနေ ပထမဦးဆုံးသော ဒစ္စနီစတူဒီယိုကို ထူထောင်ခဲ့ပါတယ်။

Google
စတန်းဖို့ ဒ်ကျောင်းထွက်ကျောင်းသားများဖြစ်တဲ့ လယ်ရီပေ့ခ်ျနဲ့  ဆာဂျီဘရင်းဟာ စူဆန်ဝေါ့စ္စကီးရဲ့ ကားဂိုဒေါင်ကနေ ယနေ့ Googleလို့ သိတဲ့ဟာကို ၁၉၉၈ စက်တင်ဘာမှာ စတင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ဒီစီမံကိန်းဟာ သူတို့ ရဲ့ ကျောင်းစာတွေကြောင့် အတားအဆီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ ဟာ Excite ကို ဒေါ်လာတစ်သန်းနဲ့ ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ Exciteက ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တဲ့နောက်မှာတော့ Google ဟာ ယနေ့ မှာ ကမ္ဘာပေါ်မှာ လမ်းကြောင်းအကျပ်ဆုံး ဆိုဒ်(site) တစ်ခုဖြစ်လာပါတယ်။

Harley Davidson
၁၉ဝ၁ခုနှစ်မှာ ၂၁နှစ်သား ဝီလီယံအက်စ်ဟာလီဟာ စက်ဘီးကိုစွမ်းအားမြှင့် ဖို့ အင်ဂျင်အသေးစားတစ်လုံးကို ဖန်တီးဖို့ စီမံကိန်းတွေ ဆွဲခဲ့ပါ တယ်။ နောက်နှစ်နှစ်ကြာပြီးတဲ့အချိန်မှာတော့ ဟာလီနဲ့ သူ့ ရဲ့ ငယ်သူငယ်ချင်း အာသာဒေးဗစ်ဆင်တို့ က မီလ်ဝါယူကီး၊ ဝစ္စကွန်ဆင်မှာရှိတဲ့ သူတို့ သူငယ်ချင်းရဲ့  သစ်သားတဲလေးကနေ သူတို့ ရဲ့ မော်တော်ဆိုင်ကယ်ကို တည်ဆောက်ခဲ့ပါတယ်။ ၄င်းဟာ ကားဂိုဒေါင်တစ်လုံးနှင့် ညီမျှနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ မှာ ကားတွေမရှိလို့ ပါပဲ။ သူတို့ က ဟာလီဒေဗစ်ဆင် ကို ၁၉ဝ၃မှာ တရားဝင်တည်ထောင်ခဲ့ပြီး ယနေ့ ခေတ် မှာတော့ ဟာလီဒေဗစ်ဆင်ဆိုတာ ကမ္ဘာပေါ်မှာ လူသိအများဆုံး မော်တော် ဆိုင်ကယ် အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။

Hewlett-Packard
၁၉၃၉မှာ ဘီလ်ဟျူးလတ်နဲ့ ဒေ့ဗ်ပတ်ကတ်က ကနဦးရင်းနှီးမြှုပ်နှံငွေ ၅၃၈ဒေါ်လာနဲ့  ပတ်ကတ်ရဲ့ ကားဂိုဒေါင်ထဲမှာ HP ကို တည်ထောင်ခဲ့ပါတယ်။ သူတို့ ရဲ့ ပထမဦးဆုံးထုတ်ကုန်ကတော့ အသံလှိုင်းထုတ်ကိရိယာဖြစ်ပြီးတော့ ပထမဦးဆုံးဖောက်သည်များထဲကတစ်ယောက်ကတော့ Walt Disney ဖြစ်ပါ တယ်။ Fantasia ဆိုတဲ့ရုပ်ရှင်အတွက် အသံစနစ်တိုး တက်အောင် အသံလှိုင်းထုတ်ကိရိယာရှစ်ခုကို ဝယ်ယူခဲ့သုပေါ့။ ပါလိုအယ်လ်တိုမှာရှိတဲ့ HP ရဲ့ ကားဂိုဒေါင်ကတော့ ဆီလီကွန်တောင်ကြား (Sillicon Valley) စတင်မွေးဖွားရာနေရာအဖြစ် သိကြပါတယ်။ HP က ယနေ့ မှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါတယ်။

Lotus Cars
၁၉၄၈မှာ အသက်၂ဝအရွယ်ရှိတဲ့ အန်သနီကော်လင်းဘရုစ်ချက်ပ်မင်း ဟာ မြောက်လန်ဒန်ရဲ့  ဟွန်ဆီမှာရှိတဲ့ Railway ဟိုတယ်ရဲ့ အနောက် ဘက် မြင်းဇောင်းထဲမှာ ပထမဦးဆုံး Lotus ပြိုင်ကားကို တည်ဆောက်ခြင်းဖြင့် Lotus Cars ကို စတင်ခဲ့ပါတယ်။ ချက်ပ်မင်းဟာ ၁၉၃ဝ အော်စတင်ဆဲဗင်းနဲ့  လျှပ်စစ်လွန်ပူတစ်ခုနဲ့ the Lotus Mark 1 ကိုတည်ဆောက်ခဲ့ပါတယ်။

Maglite
၁၉၅ဝမှာ တိုနီမက်ခ်လီကာဟာ စစ်ကြောင့်ပျက်စီးနေတဲ့ ခရိုအေးရှားမှ အမေရိကားသို့ ရွှေ့ ပြောင်းလာခဲ့တယ်။ အင်္ဂလိပ်လိုအနည်းငယ် သာတတ်သော်လည်း သူဟာ Los Angeles မှာအခြေချပြီး ရသမျှနေရာတိုင်းက အလုပ်ကိုလုပ်ခဲ့တယ်။ ၁၉၅၅မှာ မက်ခ်လီကာဟာ ၁၂၅ဒေါ်လာစုပြီးတဲ့နောက် သူရဲ့ ပထမဦးဆုံးတွင်ခုံကို ငွေအကြေချေခဲ့တယ်။ အဲဒီနောက်မှာ သူက လော့စ်အန်ဂျလိစ်နယ်မြေ ကားဂိုဒေါင်ကနေ အနုစိတ်အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့  စတင်လုပ်ဆောင်တော့တယ်။ သူဟာ Mag Instrument ကို ၁၉၇၄မှာ စတင်တည်ထောင်ပြီးတော့ ၁၉၇၉မှာတော့ ပထမဦးဆုံး လက်နှိပ်ဓာတ်မီးကို ထုတ်လုပ်ခဲ့တယ်။ ယနေ့ ခေတ်မှာတော့ Magliteဟာ USမှာရှိတဲ့ ရဲအရာရှိတွေအကုန်လုံးရဲ့  စံမျိုးဆက်လက်နှိပ်ဓာတ်မီးဖြစ်လာခဲ့တယ်။

Mattel
ဟယ်လ်ရိုး မတ်မေဆင်နှင့် အဲလီယက်ဟန်ဒလာတို့ ဟာ ၁၉၄၅မှာ Mattelကို ဓာတ်ပုံဘောင်ကုမ္ပဏီအနေနဲ့  တောင်ကယ်လီဖိုးနီးယားမှာရှိတဲ့ ကားဂိုဒေါင်တစ်ခုကနေ တည်ထောင်ခဲ့တယ်။ သူတို့ ရဲ့ ကုန်ကြမ်းတွေကနေ အများဆုံးပြန် လည်ရရှိဖို့ အတွက် ဓာတ်ပုံဘောင်အပွန်းတွေကနေ အရုပ်အိမ်တွေဖန်တီးဖို့  စတင်ခဲ့တယ်။ မကြာခင်မှာပဲ သူတို့ ရဲ့ အရုပ် အိမ်တွေ ဟာ ဓာတ်ပုံဘောင်တွေ ထက် ရောင်းကောင်း လာတဲ့ အတွက်ကြောင့် သူတို့ ဟာ အရုပ်ကို ပိုအာရုံစိုက်လာတယ်။ ယနေ့ ခေတ် မှာတော့ Mattel ဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးအသားတင်မြတ်တဲ့ အရုပ်ကုမ္ပဏီဖြစ်လာပါတယ်။

Yankee Candle ကုမ္ပဏီ
၁၉၆၉မှာ ၁၆နှစ်သား မိုက်ကယ် ကစ်ထရက်ခ်ျဟာ သူ့ အမေအတွက် လက်ဆောင်တစ်ခုအနေနဲ့  ပျော်နေသောဖယောင်းကနေ ရနံ့ ရှိတဲ့ ဖယောင်းတိုင် ကို ကားဂိုဒေါင်ကနေ ပြုလုပ်ခဲ့တယ်။ အိမ်နီးနားချင်းတွေက သတိထားမိခဲ့ပြီး ကစ်ထရက်ခ်ျရဲ့ ဖယောင်းတိုင်တွေကို ဝယ်လိုစိတ်ထက်သန် မှုပြခဲ့တယ်။ အဲဒီအတွက် သူဟာ စတင်ပြီး အမြောက်အများ ထုတ်လုပ် ခဲ့တယ်။ လေးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကစ်ထရက်ခ်ျဟာ ကားဂိုဒေါင် ထက်များပြားတဲ့ ထုတ်ကုန်တွေကို ထုတ်နိုင်တဲ့အတွက် ဟိုရိုကီး၊ မက်ဆာချူးဆက် မှာရှိတဲ့ စက်ရုံဟောင်းတစ်ရုံသို့  Yankee Candle ကုမ္ပဏီကို ပြောင်းရွှေ့ ခဲ့တယ်။ ယနေ့ ခေတ်မှာတော့ ၄င်းဟာ USမှာ အကြီးဆုံး ရနံ့ ရှိသောဖယောင်းတိုင် ထုတ်လုပ်သူဖြစ်ပါတယ်။
Reference: Business Executive

သောကြာငယ်(၂၁ရာစု)
YoYarLay