MPT အချင်းချင်း ခေါ်ဆိုမှု တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချရန် စီစဉ်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)က ယင်းတို့၏ မို ဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို  တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ်လျက်ရှိပြီး အတည်ပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိ သည်။

‘‘တစ်မိနစ်ကို ၂၅ ကျပ် အထိ လျှော့ပေးဖို့အတွက်

စဉ်းစားနေတာကတော့ ကြာပါပြီ။ ဘယ်တော့လောက်စပြီး ပေးဖြစ်မယ်ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောသည်။

လက်ရှိတွင်  ပြည်ပဆက် သွယ်ရေးကုမ္ပဏီဖြစ်သည့် အူရီး ဒူးဆင်းကတ်များကို ဇူလိုင်လ ၂၉ ရက်က မန္တလေးနှင့် နေပြည် တော်တို့တွင် စတင်ရောင်းချပေး ခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့သို့ စတင်ရောင်းချပေးခဲ့သည့် အူရီးဒူးဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အ ခြားကွန်ရက်သို့ ခေါ်ဆိုပါက တစ် မိနစ်လျှင် ၃၅ ကျပ်နှုန်း ကျသင့် မည်ဟု ထုတ်ပြန်ထားသည်။

‘‘ကျွန်တော်တို့အနေနဲ့ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင် ပြီး လုပ်ရမှာဖြစ်တဲ့အတွက် အ ရည်အသွေးရော ဈေးနှုန်းကိုပါ သူတို့ထက်သာအောင် လုပ်သွား ဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု နှင့် လက်မှတ်ရေးထိုးပွဲတွင် ဖြေ ကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် အူရီးဒူးဆင်းမ်ကတ် များ စတင်မရောင်းချမီ ရက်ပိုင်း အတွင်း မိမိ၏ မိသားစုဝင်၊ သူ ငယ်ချင်း (သို့) နှစ်သက်သော ဖုန်းနံပါတ် သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်သည့် Friends and Family Service ၀န်ဆောင်မှုကို စတင်၍ ပေးခဲ့သော်လည်း တစ်လလျှင် ၂၅၀၀ ကျပ် ပေးရမည်ဖြစ်သောကြောင့် အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုသူ အများစု နှစ်သက်မှုမရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုမှု လျှော့ချရန်အတွက်ပင် ညှိနှိုင်းနေ ဆဲဖြစ်ပြီး အခြားအော်ပရေတာ ဖုန်းလိုင်းများနှင့် ခေါ်ဆိုမှုကို မည် မျှသတ်မှတ်မည်ကို မသိရသေး ပေ။

7daydaily

လမ်းတွင်စကားများရန်ဖြစ်ပြီးအိမ်အထိလိုက်ကာဓားနှင့်ခုတ်သဖြင့် သေဆုံး


ရန်ကုန်၊ သြဂုတ် ၁။ လမ်းတွင် စကားများ ရန်ဖြစ်ခဲ့ပြီး အိမ်အထိလိုက် ကာဓားနှင့် ခုတ်ခြင်းခံရသဖြင့် လူတစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ် တစ်ခုဇူလိုင်လ ၃၁ ရက်၊ ညနေ ၅ နာရီခန့်က လှိုင်သာယာမြို့ နယ်အတွင်း ဖြစ်ပွားခဲ့ သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန် ထားသည်။

သေဆုံးသူမှာ လှိုင်သာယာ မြို့နယ်၊ကုလားကြီး စုကျေးရွာ၊ ပုလဲလမ်းသွယ် (၂)တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ကိုလှိုင်မျိုးဝင်းဖြစ်ပြီး ၎င်းသည် နေအိမ်အနီး၌ လှိုင်သာယာမြို့နယ် (၁၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အေးမင်းလှိုင်(ခ)ငကြွက်နှင့် ရန်ဖြစ်ပြီး နေအိမ်သို့ ပြန်လာခဲ့သည်။

ထိုသို့ပြန်လာ စဉ်တွင်ကိုလှိုင်မျိုးဝင်း နောက်သို့ အေးမင်းလှိုင် အပါအ၀င် လူသုံးဦးက ဓားရှည် ကိုယ်စီကိုင် ကာ လိုက်လာခဲ့ပြီး မင်းက လူမိုက်လားဟုဆိုကာ ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ကြ သည့်အပြင် ကိုလှိုင်မျိုးဝင်း ၏ဇနီးဖြစ်သူကို လည်း အော်ရင် ခုတ်သတ်ပစ် မယ်ဟု ခြိမ်းခြောက်ပြော ဆိုခဲ့သည်ဟု ဆိုသည်။

ထိုသို့ ၀ိုင် ၀န်းရိုက်နှက် ခုတ်ခြင်း ခံရသဖြင့် ကိုလှိုင်မျိုးဝင်း၏ ဦးခေါင်း၊ လည်ဂုတ်၊ ၀မ်းဗိုက်တို့တွင် ပြတ်ရှ သွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားသည်ဟု ရဲမှတ် တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အေးမင်းလှိုင် အပါအ၀င်သုံးဦးကို အရေးယူပေးပါရန် ဒေါ်အေးအေးစန်းက တရားလိုပြု တိုင်တန်းပြီး သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၂၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက် ရှိသည်။

Mizzima Burmese

ရှေးခေတ်က လူသေအလောင်းများထည့်ထားသည့် ကျတ်ဂူတွေ့ရှိ


ဂူဆီသို့သွားရာလမ်းတွင် ခရီးသွားများကို တွေ့ရစဉ်။

ကယားပြည်နယ်၌ ယခုနှစ်အစောပိုင်းက ရှေးဟောင်းကျောက်ဂူ သင်္ချိုင်းတစ်ခု ထပ်မံ တွေ့ရှိ
ထားကာ ဂူထဲတွင် ရှေးဟောင်း အခေါင်း ၁၅ လုံးခန့် တွေ့ရှိခဲ့ရကြောင်း သွား ရောက်လေ့လာ
ခဲ့သည့် သုခမိန်ပြည်တွင်း ခရီးသွားလုပ်ငန်းက ဦးမျိုးက ပြောသည်။ လွိုင်ကော်မြို့မှ ၁၀ မိုင်ခန့်
အကွာတွင် တည်ရှိသော ၎င်းကျောက်ဂူထဲတွင် ရှေးဟောင်း လူသေအလောင်းများထည့်သည့်
အလျားကိုး ပေခန့်အရှည်ရှိသော အခေါင်းများကို တွေ့ရှိ ရသည့်အတွက် ဒေသခံများက
‘ကျတ်ဂူ’ ဟု အမည်ပေးထားကြောင်း ၎င်းက ပြောသည်။

သို့သော် ရှေးဟောင်းသုတေသနဌာနက သုတေသနလုပ်ငန်းများ မပြုလုပ်ရသေးသည့်အတွက်
၎င်းကျတ်ဂူ၏ သက်တမ်း၊ တွေ့ရှိရသည့် အခေါင်းများထဲတွင်ရှိသည့် လူမျိုးများသည် မည်သည့်
လူမျိုးများဖြစ်နိုင်ကြောင်း၊ ဘာကြောင့်၎င်းကျောက်ဂူထဲတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်းအစရှိသည်
များကို မည်သူမှ တိတိကျကျ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

“စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်နိုင်ငံ မှာ ဒီလိုရှေးဟောင်းအမွေအနှစ်ဂူတွေ ရှိနေသေးတယ်
ဆိုတာ ၀မ်းသာဂုဏ်ယူဖို့ ကောင်း ပါတယ်။ ရှေးဟောင်းသုတေသနဌာနက သေသေချာချာလေ့
လာဆန်းစစ်မှုတွေ ပြုလုပ် ပြီးသွားရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုဖြစ်လာနိုင်တယ်
လို့ထင်ပါတယ်”ဟု ဦးမျိုးက ပြောသည်။

ပင်လယ်ရေမျက်နှာပြင်မှအထက် ပေ ၁၀၀ ခန့်တွင် တည်ရှိနေသော ၎င်းကြပ်ဂူ၏ အ၀င်ဝသည်
ေ ပ ၈၀ ခန့်အကျယ်ရှိပြီး အမြင့် မှာ ပေ ၃၀ မှ ၃၅ ပေခန့် အထိရှိကြောင်း သိရ သည်။

လာရောက်လေ့လာသူ နည်းနေသေး သော ကြပ်ဂူတွင် လျှပ်စစ်မီးတပ်ဆင်ထားခြင်း မရှိသေး
သည့်အတွက် သစ်သားဖြင့် ပြုလုပ်ထားသော အခေါင်းများကို ဓာတ်မီး အလင်းရောင်ဖြင့်သာ
ကြည့်ရှုလေ့လာခဲ့ရကြောင်း ဦးမျိုးက ပြောသည်။

မြန်မာလူမျိုးများ၏ ရှေးဟောင်းသမိုင်း ၀င်အမွေအနှစ် နေရာများနှင့် ပစ္စည်းများ အပေါ် စိတ်ပါဝင်
စားမှုအားနည်းခြင်း၊ အသိ ပညာပေးမှုအားနည်းခြင်းတို့သည် ရှေးဟောင်း သမိုင်းဝင်နေရာများ
ပျက်စီးရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမျိုး က ပြောသည်။

“ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက မရောက်ဖူးတဲ့ နေရာဒေသတစ်ခုမို့ လာရောက်ခြင်း
သာဖြစ်ပြီး သမိုင်းနဲ့ပတ် သက်ပြီး လေ့လာမှုအားနည်းတာ ၀မ်းနည်း စရာ ကောင်းပါတယ်။
နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တစ်ခုအပေါ် လေ့လာမှုအားနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် လိုက်မမီဘူး
လို့ ထင်ပါ တယ်”ဟု ၎င်းက ပြောသည်။

Credit: Myanmar Times

မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး လိုင်လာခမ်းနှင့် တွေ့ဆုံခြင်း


မြန်မာနိုင်ငံမှာ သူ့ရဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသမှု အတွက် ရောက်ရှိနေတဲ့ လိုင်လာခမ်းက မြန်မာနိုင်ငံက ရုပ်ရှင်များ၊ အနုပညာရှင်များကို သူ့ရဲ့အမြင်များနဲ့ အိန္ဒိယနိုင်ငံ ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ တိုးတက်နေမှုများကို သုံးသပ်လို့ မဇ္စျိမကို ပြောပြခဲ့ ပါတယ်။


မေး။ ။ မြန်မာနိုင်ငံ ရုပ်ရှင်လောကနဲ့ ဘောလိဝုဒ်ရဲ့ ရိုက်ကူးမှုကအစ ကွာခြားချက်က

ဖြေ။ ။ ဟိုမှာ က VCD ၊ DVD ဆိုတာမရှိဘူး။ ရုပ်ရှင်တကားရိုက်ကူးတော့မယ်ဆိုရင် မင်းသမီး ၊ မင်းသားတွေက ဘာမှ ယူစရာမလိုဘူး။ မိတ်ကပ် ၊ အဝတ်အစား ၊ ဆံပင်အစအကုန်လုံး သူတို့ တွေဘဲ လုပ်ပေးသွားတာ။ ဆံပင်ကအစ ခြေသည်းနီအထိ ၊ လက်ဝတ်လက်စား အကုန်သူတို့ဘဲ ဆင်ပေးတာ။ အဲဒါကို ပရီပရိုဒက်ရှင်းလို့ ခေါ်ပါတယ်။ ရုပ်ရှင်မစခင်ပေါ့။ ရိုက်ကွင်းတစ်ကွင်းမှာလည်း အလုပ်လုပ်တဲ့ လူနှစ်ရာကျော်၊ သုံးရာကျော် ရှိပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံမှာ သွားရိုက်ရင်လည်း မီးကိုင်တဲ့လူ ၊ မိုက်ကိုင်တဲ့လူတွေက အစခေါ် သွားတယ်။ ဟိုကလူတွေကို မခေါ်ပါဘူး။ အက ကတဲ့ လူတွေဆိုရင် ဟိုနိုင်ငံကလူတွေကို ခေါ်တယ်။ တစ်ကားရိုက် ကူးပြီဆိုရင် အနည်းဆုံး ၆ လကနေ ၈ လအထိကြာတယ်။ တစ်ခါတစ်လေ တစ်နှစ်လောက်ကြာတယ်။ ကျွန်မ အခုရိုက်ကူးနေတဲ့ ကားဆိုရင် တစ်နှစ်ရှိပြီ။ အခုမှ ၅ဝ ရာခိုင်နှုန်းဘဲ ပြီးသေးတယ်။ ပရီပရိုဒက်ရှင်းက သုံးလလောက်ကြာတယ်။ ရူတင်ကာလက တစ်နှစ်လောက်ကြာတယ်။ Post Production ပို့စ်ပရိုဒက်ရှင်းကတော့ မြန်သွားပြီ။ တည်းဖြတ်တာ ၊ အသံဖျောက်တာ ၊ စာတမ်းထိုးတာတို့ သူတို့တွေက ရုံတင်ရက်ကြတော့ ချက်ခြင်းရတယ်။ အိန္ဒိယမှာ ရုံတင်ပြီဆိုတာနဲ့ တစ်ကမ္ဘာလုံးမှာ တန်းပြီးတော့ ရုံတင်တယ်။ တစ်ကားရိုက်ကူးပြီဆိုရင် တစ်နှစ်ခွဲလောက် အချိန်ယူတယ်။ တချို့မင်းသား ၊ မင်းသမီးဆိုရင် တစ်ခါတည်း လေးငါးကားရိုက်ကူး နိုင်ကြတယ် တချို့ နာမည်ကြီး မင်းသားတွေဆိုရင် ပိုက်ဆံကို မကြည့်တော့ဘူး။ တစ်ကားဆိုရင် တစ်ကားဘဲ ရိုက်တယ်။ အရူးအခန်းရိုက်ကူးတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို အခန်းတစ်ယောက်နဲ့ တူအောင် လေ့ကျင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး သိပ်အများကြီး မကွာဘူး။ နည်းပညာအပိုင်းလေးဘဲ ကွာတာပါ။ ပိုက်ဆံငွေသုံးနိုင်တာရယ် ၊ နည်းပညာအပိုင်းရယ် ၊ အဲ့လောက်ဘဲကွာခြားတာပါ။

မေး။ ။ မြန်မာနိုင်ငံက အနုပညာရှင်တွေအပေါ် မြင်မိတာက။

ဖြေ။ ။ ကျွန်မတို့မြန်မာက လည်းမညံ့ပါဘူး။ ဒီလောက်ငွေလေးနဲ့ ဒီလောက်လုပ်နိုင်တာ မညံ့ပါဘူး။ ဒီမှာရိုက် လိုက်တဲ့ ရုံတင်ကားတစ်ကားရဲ့ငွေက ဟိုမှာ သီချင်းတစ်ပုဒ်တောင် မပြီးဘူး။ ဒီငွေလေးနဲ့ ဘယ်သူမှလည်း မရိုက်ကူးနိုင်ဘူး။ ပင်ကိုယ်အရည်အသွေးက ကို မညံ့ပါဘူး။ ဟိုမှာက ပင်ကိုယ်အရည်အသွေး ၊ ပိုက်ဆံ ၊ နည်းပညာပိုင်းဆိုင်ရာ အစစအရာရာ အကုန်ရှိ တော့နံပါတ် တစ် ဖြစ်သွားတာပေါ့။ ဒီမှာက ပင်ကိုယ်အရည်အသွေးရှိတယ်။ နည်းပညာပိုင်း ကြတော့ နည်းနည်းကွာတာပေါ့နော်။ ဒီက ရုပ်ရှင်တွေက နိုင်ငံတကာ မသွားတော့ ပိုက်ဆံလည်း သိပ်သုံးစရာမလိုဘူး။ သုံးရင်လည်း ပိုက်ဆံပြန်မရဘူးလေ။ စီးပွားရေး သမားတစ်ယောက်က ပိုက်ဆံအဝင်အထွက် ကြည့်မယ်လေ။ အထွက်ဘဲရှိပြီး အဝင်မကြည့်ဘူးဆိုရင် ပိုက်ဆံဘယ်ထည့် တော့မလဲ။ဟိုနိုင်ငံမှာက တစ်ကျပ်ထည့်ရင် တစ်သိန်းရတယ်ဆိုတော့ အပြိုင်အဆိုင် ငွေထည့်ကြတယ်။ ဒီမှာကြတော့ အဲဒါကွာတာပေါ့။ ကိုယ်ပိုင် အရည်အသွေးအပိုင်းကြတော့ ဒီမှာက တော်ကြပါတယ်။ ဦးမျိုးနဲ့လည်း အလုပ်လုပ်ကြည့်တော့ ဦးမျိုးလည်း အရမ်းတော်ပါတယ်။ အိန္ဒိယမှာ ရိုက်လာပြီး မြန်မာနိုင်ငံမှာ ရိုက်ရတာဆိုတော့ စကားပြောရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်တယ်။ မြန်မာစကားနဲ့ အထိအတွေ့က ကွာတာအရမ်းကြာနေပြီလေ။ ဟိုမှာက စကားပြောတာ အင်္ဂလိပ်လိုပိုများတယ်။

မေး။ ။ဒီကဒါရိုက်တာတွေ ရဲ့ ရိုက်ကူးနေတာကို ဘယ်လို မြင်လဲ

ဖြေ။ ။ ဦးမျိုးတို့ကို ဝါရင့် ဒါရိုက်တာနဲ့ လူငယ်ပိုင်း ဒါရိုက်တာ ဝိုင်းတို့လိုတော်တဲ့ လူတွေ တွေ့နေရ တယ်။ ကိုဝိုင်းရိုက်ကူးတဲ့ ကားတွေကို လူတွေ တော်တော် ကြိုက်တယ်လို့ကြားပါတယ်။ ကျန်တဲ့ဒါရိုက်တာ တွေကိုတို့ ကျွန်မမသိဘူး။ ကန်တော့ပွဲမှာမှာ တိုက်ဆိုင်မှုရှိလျှင်နဲ့ နင်စေရင် ဇာတ်ကား နှစ်ကားကို တစ်ပြိုင်တည်း ကန်တော့ပွဲ လုပ်တယ်။ အဲဒီတုန်းက စိုးမြတ်သူဇာနဲ့ ဖွေးဖွေးတို့တွေ ရိုက်ကူးထားတဲ့ “လက်ပံ”ရုပ်ရှင်က ကိုဝိုင်းရဲ့ ရိုက်ကူးချက်လို့ သိရတယ် တစ်ခန်းကြည့်ရင် ဒီဒါရိုက်တာ ဘယ်အဆင့်လည်းဆိုတာကို သိပါတယ်။ ကိုဝိုင်း ရဲ့ကားကိုကြည့်လိုက်တော့ အရမ်းသဘောကျသွားတယ်။ မဆိုးဘူး တော်တော်ကောင်းတယ်ပေါ့။ ဖွေးဖွေးက တော့ အခုလက်ရှိ တက်သစ်စ အနုပညာရှင်တွေ ၊ပြီးတော့ ကျွန်မအကြိုက်ဆုံး မစိုးမြတ်သူဇာတို့ ဒွေးတို့ပေါ့။ ဖွေးဖွေးတို့လို အသစ်ဆီကတောင် ဒီလိုအရည်အသွေးမျိုးထုတ်နိုင်တယ်ဆိုတာ ကိုဝိုင်း တော်ပါ တယ်။

ဒီလိုမျိုးဒါရိုက်တာတွေနဲ့ အလုပ်လုပ်ရရင်ကောင်းတာပေါ့နော်။

မေး။ ။ ထပ်ပြီးမြန်မာနိုင်ငံက ဒါရိုက်တာတွေကမ်းလှမ်းလာတာရှိလား ။

ဖြေ။ ။ ဗီဒီယို ရိုက်ဖို့ အများကြီးကမ်း လှမ်းတယ်။ အဲဒီတုန်းက ကျွန်မအခြေအနေနဲ့ လုပ်ရတာ အရမ်း ကသိကအောက်ဖြစ်တယ်။ တစ်ချို့ဗီဒီယိုတွေ ကျွန်မကြည့် ဖြစ်တယ်။ သိပ်အဆင်မပြေဘူး။ ဆိုဖာ တစ်ခုတည်းမှာတောင် ရုပ်ရှင်အစအဆုံးပြီးတဲ့ ကားတောင်ရှိတယ် အဲဒီလိုမျိုးဆိုရင် မလုပ်ချင်ဘူးဆိုတဲ့ စိတ်က ဝင်သွားတယ်။ ရုပ်ရှင်တစ်ကားကို သုံးရက်နဲ့ပြီးအောင် ရိုက်သွားတာလည်း ကြားဖူးတယ်။ ကျွန်မစဉ်းစားမိလိုက်တဲ့ အချက်က ဘာလဲဆိုတော့ မြန်မာပြည် အခြေအနေနဲ့ ရုံကားဘဲ ရိုက်ကူးမယ်ဆိုရင် မင်းသားမင်းသမီးတွေ ထမင်းငတ်သွားမယ်။ အရည်အသွေးကောင်းတဲ့ ဗီဒီယိုဆိုရင် တော့ ကျွန်မ စဉ်းစားမယ်ပေါ့နော်။

မေး။ ။ မြန်မာနိုင်ငံရဲ့ရုပ်ရှင်စနစ်ကိုဘယ်လိုမြင်လဲ

ဖြေ။ ။ ၂ဝ၁၁ခုနှစ် မှာ ရိုက်ထားတဲ့ ကားက အခု ၂ဝ၁၄ ခုနှစ်စက်တင်ဘာမှ ရုံတင်မယ်ဆိုတော့ တော်တော် လေးကိုကြာသွားပြီ။ ဒီကားကို ဦးမျိုး ကရက်ပေါင်း ၂ဝ တည်းနဲ့ ပြီးအောင် ရိုက်သွားတာတော်တယ်။ ဒီက ရက်၂ဝ ကဟိုမှာ သီချင်းတစ်ပုဒ် မပြီးဘူး ရက်ပေါင်း ၂ဝ တည်းနဲ့ အားလုံး အဆင်ပြေအောင် ရိုက်ကူး သွားနိုင်ပြီး ရုံရက်ကြတော့ မရဘူးဆိုတော့ အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ ဟိုမှာလိုဘဲ ထင်ပြီးတော့ ၂ဝ၁၁ မှာ ရိုက်တယ်။ ၂ဝ၁၂ ဆိုရင်တော့ တင်ပြီးပေါ့လို့ ထင်ထားတာ။ အခုတော့ အဲဒီလို မဟုတ်ဘူး။ ထားလိုက်၊ စိတ်လျှော့လိုက်ပေါ့။ ဦးမျိုးက သမီးဒီမှာက ရုံရက်ရဖို့ နှစ်နှစ် ၊ သုံးနှစ် စောင့်ရတယ်လို့ပြောတယ်။ မင်းသား ၊ မင်းသမီးအကျီင်္တွေ ဘယ်လိုလုပ်မလဲ ။ အကုန်ဟောင်းကုန်ပြီ။ ခေတ်တွေလည်း နောက်ကျကုန်ပြီ။ ဒီမှာက ရုပ်ရှင် စနစ်ကိုပြောင်းဖို့ အရမ်းလိုနေပြီ ဒီနှစ်မှာရိုက်ကူးပြီး နောက်သုံးလေးနှစ်ကြာမှ အကယ်ဒမီရမယ် ဆိုရင် လူတွေက ဘာလုပ်ထားလဲ ၊ ဘယ်လိုငိုလဲ ၊ ဘယ်လိုရယ်လဲ ဘာမှမမှတ်တော့ဘူး။ အဲဒါကြောင့် မြန်မာပြည်ရဲ့ ရုပ်ရှင်လောကကြီးက နောက်ကိုရောက်နေတာ။up to date မဖြစ်တော့ဘူး။

မေး။ ။ အကယ်ဒမီပေးတာကိုကော ဘယ်လိုမြင်လဲ

ဖြေ။ ။ နောက်တစ်ခု စနစ်မကျတာက အကယ်ဒမီ ဘယ်လိုရလဲ၊ ဘာလဲ စနစ်မရှိဘူး။ ဘယ်သူက ဘယ်လိုလုပ်လဲ ။ဘာလဲပေါ့ ။ ရုပ်ရှင်ကလည်း ရုံမတင်သေးဘူး။ ဘာမှမဖြစ်သေးဘူး။ သူအကယ်ဒမီရမယ် ဆိုတော့ အံ့သြပြီးတော့ ဘယ်သူက ကြည့်ပြီးလို့လဲ ဘယ်တုန်းက ရုံတင်သွားလို့လဲပေါ့ဆိုပြီး မေးလိုက်တော့ ရုံတင်တဲ့ကားက နှစ်ခုဘဲရှိတယ်။ မင်းသမီးကလည်း နှစ်ယောက်ဘဲရှိတယ်။ တစ်ယောက်က ရပြီးသွားပြီ။ တစ်ယောက်က မရသေးဘူး။ အဲဒါကြောင့် အဲဒီတစ်ယောက်ကရမှာတဲ့။ အရမ်းအံ့သြတယ် ကိုယ့်နိုင်ငံက စနစ်ကို မကောင်းဘူးပြောနေတာ မဟုတ်ဘူး။ ပြောင်းလဲသင့်နေပြီ။ ကျွန်မတို့အိမ်မှာတင်ပစ္စည်းတစ်ခုက ဟောင်းနေပြီဆိုရင် ၊သိနေတယ်ဆိုရင် ကိုယ့်ဟာကိုယ် ပြောင်းလဲဖို့ လိုနေပြီ။ပြည်ပက ရုပ်ရှင်ကားကြီးတွေ အကယ်ဒမီပေးပြီဆိုရင် ဒီဇင်ဘာမှာ ရုံတင်တဲ့ကားဆိုရင် ဒီဇင်ဘာမှ အကယ်ဒမီရှိရင် အဲဒီအကယ်ဒမီမှာ အဲဒီကားပါတယ်။ ဟိုမှာ ဘယ် award မဆို ပရိသတ်သာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ရုပ်ရှင်ကြည့်တာ ပရိတ်သတ်ဘဲ ကြည့်တယ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာလည်း ပရိတ်သတ်ဘဲ ဆုံးဖြတ်တယ်။ ဒီအနုပညာရှင် ကိုကြိုက်တယ် မကြိုက်ဘူးဆိုတာကလည်း ဒီပရိတ်သတ်ဘဲဆုံး ဖြတ်တယ်။ ဒါကို ဒီမိုကရေစီလို ခေါ်တာလေ။ မင်းသား ၊မင်းသမီးကြီးတွေ ၊ ဒါရိုက်တာ အကြီးတွေကြတော့ နိုင်ငံပိုင်းဆိုင်ရာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လူကြီးတွေက ဆုံးဖြတ်တယ်။ ဟိုနိုင်ငံမှာ ရှာရွတ်ခမ်း အကယ်ဒမီ ၁၇ နှစ်ဆက်တိုက်ယူခဲ့တယ်။ သူ့အိမ်မှာထား စရာနေရာတောင်မရှိတော့ဘူး။ သူ လောက်တော်တဲ့သူလည်းမရှိသေးဘူးလေ။ ဒါကိုလည်း ပရိသတ်တွေ ဘဲပေးနေတာလေ။ တရားမျှတဘူးတို့ ၊ ဘာတို့ ၊ ခင်မင်ရင်းနီးတာတို့ ၊ ပိုက်ဆံနဲ့ဝယ်တာတို့ ဘာမှမရှိဘူး။

မေး။ ။ ဘာတွေကို ပြုပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ။ ။ ပရိတ်သတ်တွေ အမြင်ကိုတော့ ကျွန်မ အမြင်လေး ပြောပြချင်တယ်။ အိန္ဒိယမှာဆိုရင် ကျွန်မသည် မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်နေတဲ့ မိန်းကလေး တစ်ယောက်ပါ။ နိုင်ငံခြားတိုင်းကနေပြီးတော့ လာရောက် အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ အများကြီးပါဘဲ။ အိန္ဒိယ ပရိတ်သတ်ရဲ့ စိတ်ဓာတ်ကို ကျွန်မ ကြိုက်နှစ်သက်တာက ခွဲခြားမှု လုံးဝမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောသွားပါသေးတယ်။ မြန်မာတွေ နောက်ကျနေတာ စိတ်ဓာတ် နည်းနည်းလေး ပြုပြင်ရမယ်လို့ပြောသွားပါတယ်။ ကျွန်မလည်း နိုင်ငံတွေ တော်တော်များများကို သွားဖူးပါတယ်။ အဲဒီတော့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားကမှန်ပါလား ဆိုတာ ကျွန်မသဘောပေါက်လာတယ်။ အော်ဟုတ်တယ်။ ငါတို့မြန်မာနိုင်ငံက စိတ်ဓာတ်ပြုပြင်ဖို့ အရမ်းလို နေတယ် စိတ်ဓာတ်လေးသာပြုပြင်လိုက် ကျွန်မတို့မြန်မာနိုင်ငံက ဒုန်းကနဲဆို တက်သွားမှာ။ ကျွန်မ သူများနိုင်ငံမှာ အလုပ်လုပ်တယ်။ ဘယ်သူနာမည်ရလဲ မြန်မာနိုင်ငံဘဲ နာမည်ရတယ်။ ကျွန်မကို ဟိုမှာဆိုရင် လိုင်လာခမ်း လို့နောက်မှပြောတယ်။ ဒါမြန်မာနိုင်ငံက ဆိုပြီးတော့ အရင်ပြောတယ် အဲဒီတော့ ကိုယ့်မြန်မာပြည် ဂုဏ်တက်တာပေါ့။ ကျွန်မကြားလိုက်တယ် မယ်တစ်ယောက်ဝိုင်းပြောကြတာ။ သူက တရုတ်မလို့ ဘာလို့ပြောတာလဲ။ သူဟာမြန်မာပြည်ကို သိက္ခာကျအောင် လုပ်မှာ မဟုတ်ပါဘူး။ သူသည်မြန်မာပြည်ကို ဂုဏ်တက်အောင်သွား လုပ်မှာလေ။ ဘာဖြစ်လို့ တရုတ်မလို့ ပြောနေကြတာလဲ။ သူ့ကိုအားပေးကြပါ။ ကိုယ့်ရဲ့လူကို ကိုယ်တွေက နှိပ်ကွပ်မယ်ဆိုရင် တစ်ခြားလူကလည်း နှိပ်ကွပ်မှာဘဲ။သူက အဲဒီလိုသွားပြိုင်တဲ့ အခါကြတော့ ကိုယ့်နိုင်ငံဘဲ နာမည်ရမှာလေ။ အဲဒီလိုအမူအကျင့်က အိန္ဒိယ နိုင်ငံမှာ လုံးဝမရှိဘူး စိတ်ဓာတ်လေးတွေပြောင်းလဲဖို့ လိုပါတယ်။

မေး။ ။ မြန်မာနိုင်ငံက ဗီဒီယိုဇာတ်လမ်းတွေက

ဖြေ။ ။ ဒီမှာ ရုံကားရိုက်တော့ ဗီဒီယိုရိုက်တဲ့ မင်းသမီးတွေဆိုရင် ဘာလို့ရိုက်တာလဲ။ Level ကလည်း အရမ်းနိမ့်တယ်။ မင်းသား ၊မင်းသမီးတွေလည်း မရိုက်သင့်ဘူး။ ဒါရိုက်တာတွေလည်း မရိုက်သင့်ဘူး။ ပိုက်ဆံတစ်ခုအတွက်နဲ့ ကိုယ့်ကိုယ် ကိုယ် Level အဲဒီလောက်အထိ မနှိမ့်သင့်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့်ပြန်မှ အတွေးတွေ ပြောင်းလိုက်တယ်။ ရုံကားက လေးနှစ်ကြာသွားတော့ အတွေးတွေ ပြောင်းလဲလိုက်တယ်။ မင်းသား ၊ မင်းသမီးတွေ ထမင်း ဘယ်ငတ်ချင်တော့မလဲ လူတစ်ယောက်က တစ်ချိန်လုံး မမြင်နေရင် မေ့သွားတယ်လေ။ ဝတ်မှုန်ရွှေရည်ဆိုရင် တီဗီမှာ အမြဲတမ်း မြင်နေရတယ်။ သူ့ထက်တော်တဲ့လူလည်း ရှိရင်ရှိမယ်။ လှတဲ့လူလည်း ရှိချင်ရှိမယ်။ သူ့ကို အမြဲမြင်နေရတယ်။ အလုပ်က အမြဲရှိနေတာ အရမ်းအရေးကြီးတယ် ဒီလိုမျိုး ရိုက်ကူးတာဟာ မင်းသား၊ မင်းသမီး ၊ ဒါရိုက်တာတွေက စီးပွားရေး ကဏ္ဍကတစ်ခု ၊ ကိုယ့်ရဲ့ပညာ သံချေးမတက်သွားအောင်က တစ်ခု၊ လူတွေနဲ့ အဆက်အသွယ် မပြတ်သွားအောင်က တစ်ခု။ မလုပ်ချင်ပေမယ့်လည်း ဒီဗီစီဒီတို့ ဒီဗီဒီတို့ကို လုပ်ရတော့မယ်။ ရွေးချယ်ခွင့် မရှိတော့ဘူးလေ။ ဒီနိုင်ငံရဲ့ စနစ်က မင်းသား၊ မင်းသမီး ၊ ဒါရိုက်တာတွေကို ရွေးချယ်ခွင့် မပေးတော့ဘူးလေ။ ဒီရုံကား လေးနှစ်တစ်ခါ ၊ လေးနှစ်တစ်ခါ ဘယ်ထိုင်စောင့်တော့မလဲ။

မေး။ ။ အနုပညာကြေးကိုကော အစ်မဘယ်လိုယူလဲ။

ဖြေ။ ။ ကျွန်မ အနုပညာကြေး ယူကတော့ အတိအကျတော့ မပြောတော့ဘူးနော်။ ဦးစိန်ဌေးကတော့ ငိုတယ်ပေါ့။ ဟိုနိုင်ငံမှာ ယူသလိုတော့ လုံးဝမရဘူးလေ။

မေး။ ။ အစ်မရဲ့ ရည်ရွယ်ချက်က အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာလား။

ဖြေ။ ။ ကျွန်မ မင်းသမီးလုပ်မယ်လို့ဘဲ မတွေးထားမိဘူး။ အိန္ဒိယကိုသွားတာလည်း မင်းသမီးလုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်ကို ကံတရားက ခေါ်သွားလိုက်တာဘဲ။ ကျွန်မ ဒူဘိုင်းမှာ အလုပ်လုပ်တယ်။ GM အနေနဲ့ အလုပ်လုပ်တော့ အဲဒီကိုလာတဲ့ ဒါရိုက်တာတွေက နင်ဘာလို့ ဒီမှာ အလုပ်လုပ်နေတာဘဲ။ ဒီလောက်လှတာ အိန္ဒိယ မှာလာပြီးတော့ အလုပ်လာလုပ်ပါလားလို့ ပြောတယ်။ ကိုယ်လည်း တစ်ခါမှ မစဉ်းစားဖူးတော့ ဒီလိုဘဲနေလိုက် တယ်။ ဒါပေမယ့်လာတဲ့ ဒါရိုက်တာတိုင်းကပြောနေတော့ ဟုတ်လားဆိုပြီးတော့ ထလုပ်လိုက်တာပါ။ ဓာတ်ပုံတွေ ဘာတွေရိုက်တော့ ပို့စ်တွေက သူ့ဟာသူထွက်လာတယ်။ ကိုယ်လည်း တစ်ခါမှမသင်ဖူးဘူး။ တစ်ခုသိလာတာက ငါလုပ်နိုင်ပါလားလို့သိလာခဲ့တယ်။ နောက်တော့ လည်း သရုပ်ဆောင်မှုအပိုင်း ၊ အကအပိုင်းတို့က သူ့ဟာသူ ဖြစ်လာ တာဘဲ။ ဘဝမှာက ကိုယ်စီစဉ်ထားတဲ့ အတိုင်းလည်း ဖြစ်ချင်မှဖြစ်မှာလေ။

မေး။ ။ ပြည်ပက နည်းပညာပိုင်းကိုကော မြန်မာနိုင်ငံမှာ ပြန်လည်ချပြပေးဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ဟိုမှာတတ်လာခဲ့တဲ့ နည်းပညာပိုင်းတွေကော တစ်ခြားဟာတွေကိုဒီမှာ လုပ်ပေးချင်ပါတယ်။ ကျွန်မကို လက်တွဲခေါ်မယ်ဆိုရင် ကျွန်မကတော့ အမြဲတမ်း ကြိုဆိုပါတယ်။ ကူညီပေးဖို့လည်း အသင့်ပါဘဲ။ ကျွန်မက ဒါလုပ်ပေးချင်တယ် ဟိုဟာလုပ်ပေးမယ် သွားပြောလို့ မရဘူးလေ။ အစိုးရ အပိုင်းဘဲဖြစ်ဖြစ် ၊ ကောင်စီ ကဘဲဖြစ်ဖြစ် ၊ မော်ဒယ်အေဂျင်စီကဘဲ ဖြစ်ဖြစ်ပေါ့ သင်ပေးပါလို့ အကူအညီတောင်းရင် လုပ်ပေးဖို့အ ဆင်သင့်ပါဘဲ။

မေး။ ။ အောင်မြင်ကျော်ကြားသူဖြစ်ဖို့အတွက် ခံယူချက်က

ဖြေ။ ။ အောင်မြင်ကျော်ကြားသူဖြစ်ဖို့အတွက်ခံယူချက်နဲ့ စိတ်ထားကတော့ ပထမဆုံးက အောက်ခြေမ လွတ်ဖို့ဘဲ အေ၇းကြီးတယ်။လူတစ်ယောက်က ဘယ်တော့မှ အောက်ခြေမလွတ်ရဘူး။ အောက်ခြေလွတ်သွားတဲ့နေ့ လူတွေကစမုန်းပြီ လူတွေရဲ့ အမုန်းတရားကို ရသွားရင် ဘယ်တော့မှ မအောင်မြင်တော့ဘူး။ ငါသည်မင်းသမီး ၊ မင်းသားဆိုပြီး ဘဝင်မြင့်လို့ မရဘူး။ဘာဖြစ်လို့လဲဆိုတော့ နင်မင်းသမိး ၊မင်းသားဖြစ်တာ ဘယ်သူ့ကြောင့်လဲ ။ပရိသတ်တွေကြောင့်။ ပရိတ်သတ် လက်မခံရင် မင်းသမီး ၊ မင်းသားဖြစ်လာစရာအကြောင်း လုံးဝမရှိဘူး။ မင်းသား ၊ မင်းသမီးတွေ တစ်ချို့တွေကို ကျွန်မ ဒီမှာ သတိထားမိတဲ့ အရာတစ်ခု ရှိတယ်။ နာမည်တော့ မပြောပြချင်ဘူး။တစ်ချို့ဆို ထောင်ထောင်ထောင်နဲ့ ဆရာကြီးစတိုင်နဲ့ မီဒီယာကိုလည်း လူမထင်၊ ပရိတ်သတ်တွေကိုလည်း ရပါတယ်ဆိုတဲ့ ပုံစံမျိုးတွေတွေ့ရတယ်။ ကျွန်မကလည်း မွေးကတည်းက တတ်လာတာ မဟုတ်ပါဘူး။ အင်ဂျလီနာဂျိုလီတို့ တစ်ခြားမင်းသား ၊ မင်းသမီးတွေ အများကြီး လာတယ်။ သူတို့ကို ကျွန်မလေ့လာတာက သူတို့က ကိုယ့်ထက်မြင့်တဲ့ လူတွေလေ အမြဲတမ်း ကိုယ့်ထက်မြင့်တဲ့ လူဆီက သင်ရတယ်လေ။ ကိုယ်ကဆရာကြီး ဆိုပြီးတော့ ထိုင်နေလို့မရဘူး။ ကိုယ့်ထက် ဆရာကြီးတွေ အများကြီးရှိတယ်လေ။ နင်ဆရာကြီးဆိုရင် နင့်ထက်ဆရာကြီး အယောက် တစ်ရာလောက်ရှိတယ် သဘောကိုပြောပြတာပါ အင်ဂျလီနာဂျိုလီတောင် လူတွေအားလုံးကို ဆက်ဆံတာတစ်ပုံစံတည်းဘဲ သွားတယ်။ ငါ့ကဆရာကြီး ဆိုပြီးတော့ မျက်နှာထား တင်းမာတာတို့ မရှိဘူး။ သူဆရာကြီး ဆိုတာ တစ်ကမ္ဘာလုံးသိတယ်။ ဘာကိုထပ်ပြရမှာလဲဆိုတဲ့ စိတ်ထားမျိုး သူ့မှာရှိတယ်။ အဲဒီစိတ်ဓာတ်သည် လူ တစ်ယောက်ကို အမြင့်ဆုံး သယ်ဆောင်သွားတဲ့ စိတ်ဓာတ်ဘဲ။ ကိုယ့်ဘယ်လောက်ဘဲ အမြင့်ရောက်နေနေ အဲဒီ စိတ်ဓာတ်မရှိရင် အောက်ကို ပြန်ပြုတ်ကျမှာဘဲ။ စိတ်ကောင်းထားရမယ်။ လူတိုင်းအပေါ်ကို စိတ်ကောင်းထားရပါမယ် အမြင်မှန်ရမယ် အဲဒါကအောင်မြင်မှုရဲ့ နံပါတ်၁ အချက်ပေါ့။ နောက်နှစ်အချက်က လုပ်မယ်ဆိုရင်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အချက်ပေါ့။ နောက်သုံးအချက်က ကိုယ်လုပ်မယ့်အရာ တစ်ခုကို ၁ဝဝ ရာခိုင်နှုန်း ယုံကြည်ချက်ထားပါ။

မေး။ ။ အစ်မရဲ့အချစ်ရေးကိုပြောပြပေးပါဦး

ဖြေ။ ။ ကျွန်မရဲ့အချစ်ရေးကတော့ မြန်မာကလည်းမဟုတ်ဘူး။ အိန္ဒိယနိုင်ငံကလည်း မဟုတ်ဘူး။ ပြောထားတဲ့လူတွေကို စဉ်းစားတော့မှာပါ။ နိုင်ငံခြားမှာနေလာလို့လား မသိဘူး။ မြန်မာမှလို့ဘာမှလို့မရှိဘူး။ ကျွန်မချစ်ရင်တော့ကျွန်မရွေးချယ်မှာပါ။

Mizzima Burmese

မန္တလေးပဋိပက္ခ လူထောင်ချီဖမ်းထားလို့ အစိုးရသတင်းထုတ်



မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ ရက်အထိ အမှုပေါင်း ၅၀၀ ကျော်နဲ့ လူပေါင်း ၁၅၀၀ လောက်ကို အရေးယူထားတယ်လို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန်လိုက်ပါတယ်။

ထောင်နဲ့ချီ ဖမ်းထားတဲ့လူတွေအများစုဟာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မလိုက်နာလို့ အဖမ်းခံထားရတဲ့ လူတွေဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့က ရဲများ လုံခြုံရေးယူနေစဉ်

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ လူသတ်မှု ၂ မှုနဲ့ပတ်သက်ပြီး ဖမ်းထားတာ ၁၄ ဦးရှိပြီး ၈ ဦး ထွက်ပြေးနေတယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ရှေ့နေဦးသိန်းသိန်းဦးက လူသတ်မှု တရားခံတွေ ရှာဖွေဖော်ထုတ်ဖို့ အခက်တွေ့နေတာက လူသတ်မှုဖြစ်ပွားတဲ့အချိန်တွေမှာ မီးပျက်နေတာကြောင့်ဖြစ်ပြီး လူသတ်မှု ၂ ခုစလုံးကို တဖွဲ့ထဲက လုပ်သွားတာလို့ ပြောပါတယ်။
“ဒီလူသတ်မှု ၂ ခုလုံးကို ၁ ဖွဲ့ထဲက လုပ်တာလို့ ကော်မတီက ယူဆတယ်။ နောက် ဖြစ်စဉ်မှာ အားနည်းချက်ရှိတာက အဲဒီ လူသတ်မှု အဓိကရုန်း ဖြစ်တဲ့အချိန်မှာ မီးတွေက ပြတ်နေတယ်။ အဲဒီအခါကျတော့ မျက်မြင်သက်သေရဖို့ အင်မတန် အခက်အခဲ ရှိတယ်။ ဥပမာ ကိုစိုးမင်း အသတ်ခံရတဲ့ အချိန်ပေါ့ဗျာ အဲဒီနားက တကယ့်မြို့လယ်ခေါင် နေရာမှာ ဖြစ်ပေမယ့် အဲဒီနေရာမှာ ဖြစ်တဲ့အချိန်မှာ မီးတွေက ဖျက်တာလား ပြတ်တာလား မသိဘူးပေါ့နော်။ တော်တော်တိုက်ဆိုင်တယ်ပေါ့နော်။ အုပ်စုလိုက် ၀င်ရောက်ရမ်းကားတဲ့အချိန်မှာ မီးတွေက ပြတ်နေပြီ။”

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူသတ်မှု၊ မီးရှို့မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု၊ လီဆယ်တိုင်တန်းမှု၊ အဆောက်အဦတွေဖျက်စီးမှု စတဲ့ အမှုပါင်း ၁၉ မှု အတွက် ၅၆ ဦးကို ဖမ်းဆီးထားပြီး ၃၆ ဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ အစိုးရသတင်းက ဖော်ပြပါတယ်။

မန္တလေးကရှေ့နေ ဦးသိန်းသန်းဦးကတော့ အခုအချိန်ထိ အဓိက လက်သည်တရားခံတွေ ဖမ်းဆီးထားတာ မရှိသေးဘူးလို့ ပြောပါတယ်။
“လူတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ကိုထွန်းထွန်းရဲ့ ဈာပနကို လိုက်ပို့ကြတယ်။ အဲဒီမှာ တချို့က စာနာစိတ်နဲ့ ရိုးရိုးသားသား ၀မ်းနည်းကြေကွဲပြီးတော့ လိုက်ပို့တဲ့လူလည်း ပါပါတယ်။ ဒါပေမယ့် ထိပ်ကနေပြီးတော့ အဲဒါကို အခွင့်ကောင်းယူပြီး လှုံ့ဆော်ဖို့အတွက် ဖေ့ဘုတ်တွေမှာ စာရွက်တွေ ဖြန့်တာ နာမည်အမျိုးမျိုးနဲ့ ကြော်ငြာခဲ့တာ၊ တရားဝင် စပီကာနဲ့ လှုံ့ဆော်ပြီး ပြောသွားတဲ့လူတွေ၊ အဖွဲ့အစည်းတွေ ဒီလူတွေကို ဖမ်းတာ ကျနော်တို့ မတွေ့ပါဘူး။ အခု ဖမ်းထားတဲ့သူတွေက ခုန ကျနော်ပြောတဲ့ ကြာနီကန်မှာ သင်္ချိုင်းဝင်ဖျက်တဲ့ ကလေးတွေပေါ့။ ဒါက ရုပ်သေးရုပ်လေးတွေပဲ နောက်က ကြိုးကိုင်တဲ့ ဆရာကြီးမပါပါဘူး။ အကုန်မြင်နေရပါတယ်ဗျာ။ လှုံ့ဆော်တဲ့သူတွေ ဓာတ်ပုံတွေ အထောက်အထား အပြည့်အစုံနဲ့ တုတ်၊ ဓားတွေ ကိုင်ထားတယ်။ ဒါများက တကယ်လို့ ကျန်တဲ့ ပြည်သူလူထုဖက် အဖွဲ့အစည်းတခုရဲ့ ချီတက်ပွဲ ဒါမှမဟုတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချီတက်ပွဲဆိုရင် သေချာပေါက် ၅၀၅ (ခ)တို့ ၅ (ည) တို့ အကုန်ဖြစ်မှာပါ။ ဒါမျိုးအရေးယူတာ လုံးဝ မရှိပါဘူး။”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လီဆယ်တိုင်တန်းမှု ကြောင့်ဖြစ်ရတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

DVB

ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသော နိုင်ငံခြားသားအား ပြည်နှင်ဒဏ်ပေ;




ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသားအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။

ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။

ထို့ကြောင့် သြဂုတ် ၂ ရက် တွင် ၎င်းနှင့်ဇနီးတို့ အင်းလေးသို့ ရောက်ရှိစဉ် ရှမ်းပြည်နယ် တောင်ပိုင်း MTGA မှ တာဝန်ရှိ သူများ၊ နယ်မြေခံ ခရီးသွားရဲနှင့် ပြည်နယ် လ၀ကတို့က ၎င်းတည်း ခိုသော ဟိုတယ်တွင်သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်း/တောင် MTGA ဒုဥက္ကဋ္ဌ ဦးစိုင်း ၀င်းကပြောသည်။

‘‘ဒီမှာက နောက်ပိုင်းမှာ ဘာ သာရေး ပဋိပက္ခတွေ ဖြစ်နေတာ ကြောင့် သူကအခုလို တက်တူး ထိုးထားရင်လည်း လုံချည်တို့၊ ဘောင်းဘီရှည်တို့ ၀တ်ပြီး ဖုံး ထားတာလည်း မဟုတ်ဘူး။ ဘောင်းဘီတိုနဲ့ လျှောက်သွားနေ တယ်။ ဘာသာရေးအစွန်းရောက် တွေနဲ့တွေ့လို့ ကြာရင် သူ့အသက်အန္တရာယ်လုံခြုံရေး စိုးရိမ် ရတာကြောင့် ချက်ချင်းပဲ ပြည်နှင်ဒဏ်ပေးဖို့ လ၀က ပြည်နယ်ဦးစီး မှူးက ဆုံးဖြတ်လိုက်တယ်’’ ဟု ဦးစိုင်းဝင်းက ပြောသည်။

အဆိုပါ ကနေဒါနိုင်ငံသား သည် မြန်မာနိုင်ငံသို့ ရန်ကုန်၊ အင်းလေး၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုးသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဟောင်ကောင် သို့ သွားရောက်ရန် ၎င်း၏ ဇနီးဖြစ် သူ ဟောင်ကောင်နိုင်ငံသူနှင့် လာရောက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အဆိုပါ ဧည့်သည်သည် တစ်ဦးချင်းလွတ်လပ်စွာလည်ပတ်သော ကမ္ဘာလှည့်ခရီးသည် (F.I.T) ဖြစ်ပြီး အဖွဲ့လိုက်လည်ပတ်သော (Pa−ckage Tour) တွင်မူ ဖြစ်ပေါ်လေ့မရှိကြောင်း အီတလီဘာသာ ကျွမ်းကျင်ဧည့် လမ်းညွှန် ဦးအောင်ထွန်း လင်းကပြောသည်။

‘‘ဒီလို လုပ်တာကိုမြင်ရင် တော့ တာဝန်ရှိသူဟုတ်ဟုတ်၊ မဟုတ်ဟုတ် သာမန်ပြည်သူတွေ ကလည်း သိသိချင်း အကြောင်း ကြားပေးစေချင်တယ်’’ ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် ပုံများကို လက်မောင်းတွင်ဆေးမင်ကြောင်ထိုးသော နိုင်ငံခြားသားဧည့်သည်များကို သီရိလင်္ကာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင်တစ်ကြိမ် တွေ့ရှိခဲ့သောကြောင့် လေဆိပ်၌ပင် တားဆီးပြီး နိုင်ငံအတွင်းသို့ ၀င် ရောက်ခွင့်မပေးသောဖြစ်စဉ်များ ရှိခဲ့သည်။

Credit : 7Day