ရေရှားပါးမှု နှင့် ကြုံတွေ့ရသောမြို့နယ်များ NLD ပါတီကို ဆက်သွယ် အကူညီတောင်းခံနိင်



ရန်ကုန် ၊ မဇ္ဈိမ ။            ။ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုအခက်ခဲ နှင့် ကြုံတွေ့ရသော မြို့နယ်များ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးများကို ဆက်သွယ် အကူညီတောင်းခံနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ဦးသိန်းဦးကပြောကြားသည်။

" ရေရှားပါးမှု နဲ့ ဘယ်မြို့နယ်တွေမှာ အခက်ခဲဖြစ်နေပြီဆိုတာ သိရင်လည်း ကူညီပါတယ်။ မြို့နယ်အလိုက် အကူညီတောင်းခံရင် လည်း မြို့နယ်မှာ ငွေကြေးအနေထား မရှိဘူးဆိုရင် အဖွဲ့ချုပ်ကို တင်ပြပြီး အဖွဲ့ချုပ်ကနေ တဆင့် ကူညီတာတွေလည်း ရှိတယ်။ရေပို့ဖို့အတွက် တစ်ချို့ရွာတွေက လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကားတွေဝင်ဖို့အခက်ခဲဖြစ်တဲ့ ရွာတွေနဲ့ မနှစ်ကကြုံခဲ့တယ် "ဟု ဆိုသည် ။

အဖွဲ့ချူပ်၏ ရန်ပုံငွေများထဲမှာ သုံးစွဲသွားမှာဖြစ်ပြီး အလှူရှင်များ လာရောက်လှူဒါန်းလျှင်လည်း လက်ခံဆောင်ရွက်ပေးသွား မည်ဟု အဖွဲ့ချူပ်ရုံးချူပ်မှ သိရသည်။

၂ဝ၁၃ ခုနှစ်အတွင်း က ရန်ကုန်တိုင်းအတွင်းရှိ ရေရှားပါမှု နှင့် ကြုံတွေ့ရသော တွံ့တေး ၊ ကော့မှုး ၊ ကွန်းခြံကုန်း ၊ ဒလ ၊ ဆိပ်ကြီးခနောင်တို နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးစိုက်ရာမြို့နယ်များတွင် ရေရှားပါးခြင်း အခက်နှင့် ကြုံတွေရပါက ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်သည်ဟု ဆိုသည်။

"ကျွန်တော်တို့မြို့နယ်မှာ နှစ်စဉ်ရေရှားတယ်။ မြို့တော်စည်ပင်သာ ရေပေးအဖွဲ့ကလည်း ကောင်းကောင်း စီမံခန့်ခွဲတာ မလုပ်ဘူး။လွှတ်တော် ကိုယ်စားလှယ်တွေကို ချထားပေးတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက သောက်သုံးရေ ရရှိရေးအတွက် အသုံးပြုမယ်ဆိုတော့ ဘယ်လိုလုပ်ပေးမလဲ စောင့်ကြည့်ရမယ်။NLD က အကူအညီတောင်းလို့ ရတယ်ဆိုတော့ အဆင်ပြေတာပေါ့”ဟု နှစ်နှစ်ဆက် ရေရှားပါးမှုနှင့် ကြုံတွေ့ရသည့် ဒလမြို့နယ်အတွင်းနေထိုင်သူ ဦးစံဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာတစ်နိင်ငံလုံးတွင် မြို့နယ်အဆင့် ရုံးခွဲပေါင်း ၃ဝဝ ကျော်ခန့်ရှိုပြီး ရေရှားပါးမှု အခက်ခဲများ နှင့် ပါတ်သက်ပြီး သက်ဆိုင်ရာမြိုနယ် လွှတ်တော် ကိုယ်စားလှယ်များ ၊ ရုံးအဖွဲ့ဝင်များထံသို့အကူညီတောင်းခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူကဆိုသည် ။

သောက်သုံးရေရှားပါးမှု နှင့် ပါတ်သက်ပြီး တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဇော်ဟန်က "ကျွန်တော်တို့ မြို့နယ်တွေမှာတော့ ပါတီတွေကလာလှူတာ နည်းပါတယ်။ မြို့နယ်ကနေပြီးတော့ အဝီစိတွင်းတူးပေးတာတွေ လုပ်ပေးပါတယ်။ တွံ့တေး မြို့နယ်ထဲမှာတော့ ရေအရမ်းရှားတာ ၂ ရွာပဲ ရှိပါတယ်။ ရေလှူအဖွဲ့စည်းတွေ ၊ မြို့ပေါ်အလှုရှင်တွေက လာလှုကြတာဖြစ်လို့ သိပ်တော့အခက်ခဲမဖြစ်ပါဘူး " ဟုဆိုသည်။

Written by  ဖိုးစိုးသူ
Mizzima - News in Burmese

ပြည်သူလူထုပါဝင်မှု အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော


နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ပြည်သူလူထုရဲ့ ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောတာပါ။

"အမျိုးသားလုံခြုံရေးအပေါ်မှာ ပြည်သူလူထုရဲ့ အခြေပြုအမြင်နဲ့ဆောင်ရွက်တဲ့ သမရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာအမြင်တွေကို တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်၊ ပြည်သူလူထုအခြေပြုတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရေးပါတဲ့အကြောင်းကို ဒီအစည်းအဝေးမှာ မီးမောင်းထိုးပြီးပြပါတယ်"

၁၁ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောတွေ့ဆုံပွဲမှာ ၂၀၁၄ ခုနှစ်မှသည် ၂၀၁၆ ခုနှစ် ဆီသို့ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ အာဆီယံ တပ်မတော်တွေအကြား လုပ်ငန်းစဉ်တွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေ ပိုမိုခိုင်မာစေရန် စတဲ့အချက် ၃ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်မှာကျင်းပမယ့် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောတွေ့ဆုံပွဲကို မလေးရှားနိုင်ငံမှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

RFA Burmese

အနာဂတ်မှာ နိုင်ငံတကာနှင့် မြန်မာ့တပ်မတော် ပူးပေါင်းနိုင်ဖို့ ကာချုပ်ယုံကြည် (ရုပ်/သံ)


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ မတ်လ(၅)ရက်နေ့က ကျင်းပပြုလုပ်သွားပါတယ်။ ဒီပွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ COC သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်သွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အာဆီယံဒေသတွင်း စစ်အင်အားတွေကို ရေပြင်လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု၊ ဆိုက်ဘာအမှုအခင်းစတဲ့ အရေးကိစ္စတွေအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလဲ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အဲဒီ့ဆွေးနွေးပွဲနဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့မှာ အရင်က မြန်မာ့တပ်မတော် ပါဝင်ခဲ့မှုရှိခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မပါဝင်ဖြစ်ခဲ့တာ အခုချိန်ထိ ဖြစ်ပါတယ်လို့ မီဒီယာတွေကို ပြောဆိုသွားပါတယ်။ အနာဂတ်မှာ အပြည်ပြည်ဆိုင်ရာ တပ်မတော်သားတွေနဲ့ မြန်မာ့တပ်မတော်သားတွေ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အခန်းကဏ္ဍအသစ်ကို ရောက်ရှိရမယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားပါတယ်။


DVB TV

တည်ငြိမ်မှုကို မလိုလားတဲ့ လူတစုက လားရှိုးမှာ လှုံဆော်မှုတွေရှိခဲ့ (ရုပ်/သံ)


လားရှိုးမြို့ရဲ့ တည်ငြိမ်မှုကို မလိုလားတဲ့ လူတစုက ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေထပ်မံဖြစ်ပွားစေမဲ့ လှုံဆော်မှု ပြုလုပ်ခဲ့ပါတယ်။ ခွန်ဇော်ဦးပေးပို့ထားပါတယ်။


DVB TV



လူထွားကြီးတစ်ဦးကြောင့် ပူတာအိုမြို့မှ အမျိုးသမီးများ ထိတ်လန့်လျှက်ရှိ


လွန်ခဲ့သည့်(၅)ရက်ခန့်မှစ၍ ကချင်ပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော ပူတာအိုမြို့ပေါ်တွင် အမျိုးသမီးများ ညစဉ် ထိတ်လန့်နေရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လျှက်ရှိရာ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ (၅၊၃၊၁၄)ရက်နေ့က ပူတာအိုမြို့နယ်တာဝန်ရှိသူများမှ အရေးပေါ်အစည်းအဝေးပြုလုပ်၍ ကျူးလွန်နေသူအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ရကြောင်း herjule media မှသတင်းရရှိပါသည်။

ထိုသို့ ထိတ်လန့်နေရသောသတင်းမှ လူထွားကြီးတစ်ဦး ညအချိန်တွင် အမျိုးသမီးများရှိရာ နေအိမ်များပေါ်တက်၍ မဖွယ်မရာ ပြုလုပ်နေသည့် သတင်းဖြစ်ပြီး တစ်ညလျှင်တစ်ရပ်ကွက်နှုန်းဖြင့် နေအိမ်များပေါ်တက်၍ အဓမ္မကြံစီရန်ကြိုးပမ်းနေကြောင်း ဒေသခံတစ်ဦးမှ ယခုလိုအတည်ပြု herjule media သို့ ယခုလိုပြောကြားခဲ့ပါသည်။
" ဟုတ်တယ်၊ (၅)ရက်လောက်ရှိပါပြီ၊ကောလဟလ တော့မဟုတ်ဘူး၊ တကယ်ဖြစ်နေတာပါ၊ လွန်ခဲ့တဲ့(၃)ရက်လောက်က မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ကောင်ကထောင်ရပ်ကွက်မှာ လင်မယားအိပ်ယာကို သူ့ယောက်ျားယောင်ဆောင်ပြီး ၀င်အိပ်ပါတယ်၊မိန်းမဖြစ်သူက သူ့ယောက်ျား မီးဖိုထဲမှာ အလုပ်လုပ်နေတာကို သိတဲ့အတွက် လှမ်းအော်တော့ အခြားအိမ်သားတွေရော သူ့ယောက်ျားကပါ ၀င်လုံးပြီး ဖမ်းဖို့ကြိုးစားပါတယ်၊အယောင်ဆောင်ဝင်အိပ်သူက ထွားကျိုင်းလွန်းတော့ ဖမ်းမမိဘဲ ထွက်ပြေးသွားခဲ့ပါတယ်၊ အဲဒီလူဆီက မိုးကာဂျာကင်တစ်ထည်နဲ့ စစ်စွတ်ကျယ်တစ်ထည် ကျန်ရစ်ခဲ့ပါတယ်၊ စစ်စွတ်ကျယ်မှာ ခလရ(၁၃၇)ဆိုတဲ့ အမှတ်အသား ပါနေပါတယ်၊ဖြစ်သွားတဲ့အိမ်ဟာလည်း ပူတာအိုဗျူဟာနဲ့နီးတော့ အဲဒီဗျူဟာမှာ သင်တန်းလာတက်တဲ့ တပ်တစ်ခုခုကများ ဖြစ်နေမလားလို့ ထင်ပါတယ်"..။

အခြားပူတာအိုနယ်ခံမှလည်း "" ဟုတ်တယ်၊ ကျွန်တော်တို့ တစ်မြို့လုံး အဲဒီသတင်းက ပြောစရာလိုဖြစ်နေတယ်၊ အရင်က အခုလို ဖြစ်ရပ်မျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး၊ ခုတလော ညတိုင်းပဲ ကြားနေရပါတယ်၊ ဒီနေ့ ဒီရပ်ကွက်က တစ်အိမ် နောက်နေ့ နောက်ရပ်ကွက်က နောက်တစ်အိမ် အဲဒီလိုပဲကြားနေရတာ၊ အထူးသဖြင့်တော့ အမျိုးသမီးအိမ်တွေပေါ်တက်တာပါ၊ ပစ္စည်းခိုးသွားတယ်ဆိုတာတော့ မကြားပါဘူး၊ အိပ်ခန်းထဲ ၀င်ဖို့ကြိုးစားတာတို့ တံခါးဖွင့်ဖို့ကြိုးစားနေတုန်း လူသိသွားပြီး အော်ဟစ်လို့ ထွက်ပြေးသွားတာတို့ ကြားရပါတယ်၊""

ထိုဖြစ်စဉ်အပေါ် အတည်ပြုချက်ရယူနိုင်ရန် ပူတာအိုမြို့ရဲစခန်းသို့ ဖုန်း(၀၉၈၄၀၀၅၂၅ ၊ ၀၉၈၄၀၀၂၅၅)ဆက်သွယ်ရန်ကြိုးစားခဲ့ရာ ဖုန်းနှစ်လုံးစလုံး ခေါ်ဆိုမရသောကြောင့် မြိုနယ်အုပ်ချုပ်ရေးမှူး၏ ဖုန်းဖြစ်သော (၀၉၈၄၀၀၁၇၀)သို့ ခေါ်ဆိုရာတွင်လည်း ခေါ်ဆို၍ မရရှိခဲ့ပေ၊

သို့ပါ၍ ဌာနဆိုင်ရာ အကြီးအကဲ တစ်ဦးထံ ဖုန်းဆက်သွယ်မေမြန်းခဲ့ရာ "ဖြစ်စဉ်ကတော့ အမှန်ပါပဲ၊ဒါပေမယ့် ကျွန်တော့်နာမည်တော့ မသုံးစေချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီကနေ့ အစည်းအဝေးကို တက်ခဲ့သူဖြစ်နေလို့ပါ၊အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချလိုက်တာက ဘယ်အဖွဲ့က ဘယ်သူပဲ ဖြစ်ဖြစ် မိအောင်ဖမ်းပြီး ဥပဒေအရအရေးယူသွားဖို့ပါ၊ လက်နက်ကိုင်အဖွဲ့ကလား အရပ်ကလားဆိုတာတော့ စုံစမ်းနေတုန်းပါပဲ၊ မနေ့ညကဆိုရင် အတော်ကို ဆိုးပါတယ်၊ မနေ့ညက (၁၀)နာရီ ပူတာအိုမှာမီးပျက်သွားတယ်၊
ည(၁၁)နာရီခွဲနဲ့(၁၂)နာရီကြားထဲမှာသူနာပြုအပျိုတွေ နေတဲ့ အိမ်တွေရဲ့ ၀ရံတာပေါ်တက်တယ်။ ဆရာမတွေ လှန်းထားတဲ့ အတွင်းခံဘောင်းဘီ အကျီင်္တွေကို ကိုင်တွယ်သွားတယ်၊ဆရာမတွေအိမ်က မိန်ကလေးတွေပဲရှိတဲ့အပြင် အခြားအိမ်တွေနဲ့ ဝေးတော့ ဆရာမလေးတွေက မအော်ရဲဘူး၊ အဲဒီလူထွားကြီးက ၀ရံတာပေါ်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတယ်၊ တံခါးတွေ ဆွဲကြည့်တယ်၊ အိမ်ခေါင်မိုးပေါ် တက်တယ်၊ပြီးတော့မှ OG ရဲ့အိမ်ဘက်ထွက်သွားတယ်၊မနက်မိုးလင်းတော့ OGရဲ့ အိမ်သာမှာ မစင်ပုံတွေ့တယ်၊ညက သန့်ရှင်းရေးလုပ်ထားတဲ့ အိမ်သာမှာ သူစိမ်းရဲ့ မစင်ပုံဆိုတော့ သိသာတာပေါ့၊ ဒါတွေကြောင့် မြို့မှာ ထိတ်လန့်နေတယ်၊ ဒီထိတ်လန့်မှုကို ဖြေလျော့ဖို့ လုံခြုံတွေ တိုးမြင့်ဖို့လည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်""
ဟု herjule media ကို အတည်ပြု ပြောဆိုသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)

တဆင့်ခံ ဆေးလိပ်ငွေ့ရှူ ရှိုက်မိတဲ့ ကလေးငယ်တွေရဲ့ သွေးလွှတ်ကြောတွေဟာ ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်


ကလေးဘ၀မှာ တဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက် ရခြင်းဟာ ကလေးငယ်တွေရဲ့ သွေးလွှတ်ကြောတွေကို ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်စေပါတယ်။ အဲ့ဒီ့ကလေးငယ်တွေ ကြီးလာတဲ့အခါ လေဖြတ်ရောဂါ၊ နှလုံးတိုက်ခိုက်မှု အန္တရာယ်တွေ တက်လာတယ်လို့ မတ်လ ၅ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေလိုက်တဲ့ နိုင်ငံတကာ လေ့လာမှုကြီး တစ်ရပ်အရ သိရပါတယ်။

ဒီသုတေသနရပ်ရဲ့ ရလဒ်အရ အိမ်တွေ၊ ကားတွေ စတဲ့ ကလေးငယ်တွေဆီ တဆင့်ခံ ဆေးလိပ်ငွေ့ရောက်စေမယ့် နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ဖို့ ဖြစ်လာခဲ့ပါတယ်။

Tasmania တက္ကသိုလ် ရဲ့ နှလုံးသွေးကြောဆိုင်ရာ ကူးစက်ပျံ့ပွားမှုရောဂါ ဗေဒ ဋ္ဌာနက သုတေသီတွေက ဦးဆောင်လေ့လာခဲ့တာ ဖြစ်ပါတယ်။

သုတေသီတစ်ယောက်ဖြစ်တဲ့ Seana Gall က တော့ မိဘတွေကို အကြံဉာဏ်ပေးထားပါတယ်။ ကိုယ့်ကျန်းမာရေးအတွက်ရော၊ ကိုယ့်ကလေးရဲ့ အနာဂတ် ကျန်းမာရေးအတွက်ပါ ရှေးရှုပြီး ဆေးလိပ်ဖြတ်သင့်တယ်လို့ သူမက ဆိုပါတယ်။

ဆေးလိပ်သောက်ရင် အသက်ဆုံးရှုံးနိုင်တဲ့ အဆုတ်ကင်ဆာဖြစ်ပါတယ်။ ပြီးတော့ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးပေါင်ချိန်မြင့် ရောဂါစတဲ့ နာတာရှည်ရောဂါတွေနဲ့ အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးရတဲ့ ကမ္ဘာ့အကြီးမားဆုံး သေဆုံးရခြင်း အကြောင်းရင်းလဲဖြစ်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်လို့ တစ်နှစ်သေဆုံးနှုန်း ၆သန်းရှိပြီး တဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်ရတာကြောင့် သေဆုံးသူနှုန်း ၆သိန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တင်ပြထားပါတယ်။

Ref:irishtimes.com
Trend Myanmar

လိုအင်ရင် ယူကရိန်းအရေးစစ်ရေးအရ၀င်စွက်ရ လိမ့်မယ်ဟုအိုဘားမားအရိပ်အမြွက်ပြော


အမေရိကန်သမ္မတအိုဘားမား သည် မတ်လ ၁ ရက်နေ့ကအိမ် ဖြူတော်တွင်အိမ်ဖြူတော်အရာရှိ ကြီးများ၊ အစိုးရအရာရှိကြီးအချို့ နှင့် သတင်းထောက်များကိုတွေ့ ဆုံပြီးညှိနှိုင်းအစည်းအဝေး(Briefing)တစ်ရပ်ကျင်းပစဉ် သမ္မတ အိုဘားမားက ““ကျွန်တော်တို့အနေ နဲ့ ရုရှားသမ္မတနိုင်ငံဟာ ယူကရိန်း နိုင်ငံကိုစစ်ရေးအရ၀င်ရောက်စွက် ဖက်ရန်ကြိုးပမ်းနေမှုများဟာဖြင့် အတော့်ကိုစိတ်ကသိကအောက် ဖြစ်ရတယ်။ အမေရိကန်ပြည်ထောင် စုဟာနိုင်ငံတကာအဖွဲ့အစည်းများ နဲ့ အခိုင်အမာရပ်တည်ပြီးတော့ လိုအပ်ရင် ယူကရိန်းအရေးမှာ ငွေပုံအောသုံးစွဲဖို့ဝန်လေးနေမှာ မဟုတ်ဘူး”” ဟု We are deeply Concerned by reports of Mil itary Movements Taken by the Russian Federation inside of UKraine. The United States will stand with international Community in affirming that there will be costs for any military intervention in UKrain''              စ သည်ဖြင့်ရုရှားသမ္မတနိုင်ငံကို သတိ ပေးပြောကြားသည်။ ရုရှား နိုင်ငံသည် ဆီးရီးယားကိုလည်း ကျောထောက်နောက်ခံပြုနေပြီး၊ ယခုလည်းယူကရိန်းနိုင်ငံမတည် မငြိမ်ဖြစ်အောင်နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် (deeply destabili zing)  သပ်လျှိုဖြိုခွဲလျက်ရှိသည်ဟု ပြောကြားသွားသည်။

ကျော်စိန်

ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခြင်းကို ခွင့်ပြုရန် လွှတ်တော် ဆုံးဖြတ် (ရုပ်သံ)





နှစ် ၂၅၀ ကျော်သက်တမ်းရှိ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာများ အာမေးနီးယန်း အုတ်ဂူအနီးတွေ့


မန္တလေး၊ မတ် ၎

နှစ်ပေါင်း၂၅၀ ကျော်သက်တမ်းရှိ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ တောင်သမန် အင်းအနီး စည်ပင်ခြံစည်းရိုး သတ်မှတ်ထားသော တဝဂူဘုရား တောင်ဘက်ရှိ အာမေးနီးယန်း အုတ်ဂူအနီးတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်းက တူးဖော်တွေ့ရှိ ခဲ့ကြောင်း ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

“စည်ပင်က အာမေးနီးယန်း သချိုင်းနားကို ရှင်းတုန်းက သီတဂူ ဆရာတော်ကြီး လာရောက် ကြည့်ရှုခဲ့တယ်။ အဲ့ဒီတုန်းက ဆက်ပြီး ရှင်းလင်းဖို့ ပြောတာနဲ့ ဆက်ရှင်းတော့ အဲ့ဒီအုတ်ဂူနားမှာ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာတွေကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဌာပနာများ ထည့်သွင်းထားသော စေတီကို မတွေ့ရှိရတော့ဘဲ ဘုရားဌာပနာများဖြစ်သော ၁လက်မခွဲ၊ ၂ လက်မ အရွယ်ရှိ အတွင်းက ချိတ်ဖြင့် ငွေပြားစက္ကူ ကပ်ထားသော ထိုင်ကိုယ်တော် ပုံသဏ္ဌာန်ရှိ ဆင်းတု ၁၄ ဆူကို တွေ့ရှိရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ဌာပနာ ဘုရားတွေကို ၂ ကျိပ် ၈ ဆူ (၂၈ ဆူ) ပူဇော်ထားတာ ရှိကြတယ်။ ခုတွေ့တာကတော့ ၁၄ ဆူပဲတွေ့တယ်။ လက်ရာတွေကို ကြည့်ရတာတော့ အမရပူရ မတိုင်မီ လက်ရာတွေ ဖြစ်မယ်” ဟု ၎င်းကထပ်လောင်း ဆိုသည်။

အဆိုပါ တွေ့ရှိသည့် ဘုရားဌာပနာ များကို ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) တာဝန်ရှိသူများက ကွင်းဆင်းကာ သွားရောက် စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အနောက်ဘက် ၆ မိုင်အကွာရှိ တမုတ်ရွှေဂူကြီး ဘုရားဝင်းအတွင်း နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ပျူခေတ် လက်ရာရေတွင်း တစ်တွင်းကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း တွေ့ရှိခဲ့သည်။

The Voice Weekly

အခု မြန်မာပြည်က ဒီမိုကရေစီ တကယ် စစ်မှန်ရဲ့လား


မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက် စစ်မှန်သလဲဆိုတဲ့ Burma's Democracy: How Real? ဆိုတဲ့ ခေါင်းစဉ်နဲ့ မနက်ဖြန် မတ်လ ၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်ရုံ
ဆွေးနွေးပွဲ လုပ်မှာပါ။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ အဓိက ဦးဆောင် ဆွေးနွေးမယ့်သူတွေကတော့ အမေရိကန် ပြည်ထောင်စု၊ စတန်းဖို့ တက္က သိုလ်ရဲ့ Shorenstein Asia-Pacific Research Center – APRC က ၂၀၁၃ ခုနှစ်အတွက် Shorenstein Journalism Award ဆုရှင် ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူ အယ်ဒီတာချုပ် ကိုအောင်ဇော်၊ Yale Center for the Study of Globalization ယေးလ် ဂလိုဘယ် အွန်လိုင်းမဂ္ဂဇင်း အယ်ဒီတာ Nayan Chanda၊ စတန်းဖို့တက္ကသိုလ် အရှေ့တောင် အာရှရေးရာ ဒါရိုက်တာ Donald K. Emmerson တို့ ဖြစ်ကြပါတယ်။

ဒီအကြောင်း အသေးစိပ်ကို စတန်းဖို့ တက္ကသိုလ် ဝက်ဆိုက်မှာ အခုလို ဖော်ပြထားပါတယ်။



Burma's Democracy: How Real?  
Panel Discussion
Date and Time
March 6, 2014
12:00 PM - 1:30 PM
Speakers
Aung Zaw (panelist) - 2013 Journalism Prize Winner and Founder and Editor, The Irrawaddy News Magazine
Nayan Chanda (panelist) - Director of Publications and the Editor of YaleGlobal Online Magazine at Yale Center for the Study of Globalization
Donald K. Emmerson (panelist) - Senior Fellow at FSI, Emeritus; Affiliated Faculty, CDDRL; Affiliated Scholar, Abbasi Program in Islamic Studies and Director, Southeast Asia Forum at Stanford University
Daniel C. Sneider (moderator) - Associate Director for Research, Shorenstein Asia-Pacific Research Center at Stanford University
The opening up of Myanmar (Burma) and the steps undertaken taken toward political reform in that formerly isolated dictatorship have been among Asia's most dramatic and least expected events.  But the establishment of full democracy is still on the agenda and faces many challenges.  How willing is the current government in Burma to allow a full and free exercise of political rights, including media freedom?  A panel of experts, including Aung Zaw, the editor and founder of The Irrawaddy and this year's recipient of the Shorenstein Award for Journalism in Asia, will address that question in discussing "Burma's Democracy:  How Real?"
Stanford University’s Walter H. Shorenstein Asia-Pacific Research Center (Shorenstein APARC) is pleased to announce Aung Zaw as the 2013 recipient of the Shorenstein Journalism Award. Zaw has been selected for his leadership in establishing independent media in Myanmar (Burma) and his dedication to integrity in reporting on Southeast Asia.

Aung Zaw is the founding editor-in-chief and executive director of The Irrawaddy, an independent Burmese media organization operating in Myanmar and northern Thailand. Zaw has been an active campaigner for democratic reform in Burma/Myanmar over the last two decades. He was awarded the 2010 Prince Claus Fund Award for journalism along with two journalists from Iran and Cuba – and is recognized for his active dedication to achieving democratic governance in Burma and his work to uphold press freedom.
Zaw studied Botany at Rangoon University. As a student activist in Burma, he was part of the 1988 protests in Rangoon against the Burmese military regime of General Ne Win. He was arrested and detained for a week in Rangoon’s notorious Insein prison where he was severely tortured during interrogation about his pro-democracy activities. Upon release Aung Zaw continued to work with the resistance movement until the military staged a coup in September that year and he was forced to leave the country for neighboring Thailand.
Two years later, Aung Zaw founded the Burma Information Group (BIG) in Bangkok, to document human rights violations in Burma. He began to write political commentaries for national newspapers in Thailand and internationally, and in late 1993 launched The Irrawaddy News Magazine in Bangkok, covering Burma affairs. He worked in Bangkok for two years producing The Irrawaddy Magazine until relocating to the more secure position in Chiang Mai in the north of Thailand.
In February 2012, Aung Zaw was able to return to his homeland for the first time in more than 20 years for a temporary visit as an independent journalist. By the end of 2012, The Irrawaddy was able to establish a media and news office in central Yangon, returning to Burma/Myanmar to practice independent journalism, whilst retaining a regional office in Thailand.
In 2013, the government lifted ban on The Irrawaddyand other exiled websites, the Irrawaddy English magazine and the Irrawaddy Dateline Current Affairs TV programis available for audiences in Myanmar. Aung Zaw writes for New York Times,International Herald Tribune, Time, The Guardian, Bangkok Post, The Nation and several publications in the Europe. His interviews have also appeared on CN, BBC and Al Jazeera. He is the author of the Face of Resistance and is a recent Visiting Scholar at UC Berkeley, School of Journalism.
Location
Bechtel Conference Center
Encina Hall
616 Serra Street
Stanford University
Stanford, CA 94305
» Directions/Map

FSI Contact
Debbie Warren
The Irrawaddy

ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့တွင်မြန်မာ စစ်တပ် ပါဝင်တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းထား


ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့တွင်မြန်မာ စစ်တပ် ပါဝင်တာဝန်ထမ်းဆောင်ရန် ၂၀၁၂ခုနှစ်မှစ၍ကမ်းလှမ်းထားသော်လည်း ယခုလက်ရှိတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကုလသမဂ္ဂငြိမ်းချမ်းရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက ငြိမ်းချမ်းရေး ၊ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ မြန်မာ့တပ်မတော်နေနဲ့ ပါဝင်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တာ ဒါခုချိန်ထိဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က စပြီးတော့ မြန်မာနိုင်ငံကို ဒီကုသမဂ္ဂငြိမ်းချမ်းရေး ပါဝင်ခွင့်နဲ့ ပက်သက်ပြီးတော့ ၀င်ရောက် ဆောင်ရွက်နိုင်ဖို့တွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်. ကျွန်တော်တို့ လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ ကျွန်တော်တို့ လုပ်ခဲ့တာ ရှိပါတယ်။ လတ်တလော နေနဲ့တော့ ပါဝင်ဆောင်ရွက်မှု မရှိ သေးပေမယ့်လည်း မနှစ်က ကျွန်တော်တို့ လုပ်ခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာ ရှိပါတယ်" ဟုပြောကြားခဲ့သည်။

Messenger News Journal

ငြိမ်းစုစီပါ ပုဒ်မ ၃ ခု ပြစ်ဒဏ်လျှော့ချပြီး ပြည်သူ့လွှတ်တော်အတည်ပြု


ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကို လျှော့ချ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေ ပါဝင်တဲ့ ပုဒ်မ ၁၇၊ ၁၈ နဲ့ ၁၉ တို့က ပြစ်ဒဏ်တွေကို လျှော့ချပြီး အတည်ပြုလိုက်တာပါ။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ တွင်ပါသော ၁ နှစ်ထက် မပိုသော စကားရပ်ကို ၆ လနဲ့ မပိုသော ထောင်ဒဏ်ချမည်ဆိုတဲ့ စကားရပ်ဖြင့် အစားထိုးရမှာဖြစ်ပါတယ်။ ထောက်ခံဆန္ဒမဲ ၂၃၅၊ ကန့်ကွက်ဆန္ဒမဲ ၄၃၊ ကြားနေ ၄ ဖြစ်တဲ့ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖတ်ကြား အတည်ပြုသွားတာပါ။

ဒီဥပဒေ ပုဒ်မ ၁၇ မှာ ခွင့်ပြုချက်နဲ့ ဆန္ဒပြနေသူတွေကို ပတ်ဝန်းကျင်က အနှောင့်အယှက်ပေး လာရင် အနှောင့်အယှက်ပေးလာသူတွေကို အရင် ထောင်ဒဏ် ၂ နှစ်အစား အခု ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ မှာပါတဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင် အရင် ထောင်ဒဏ် ၁ နှစ်အစား အခု ၆ လ၊ ပုဒ်မ ၁၉ မှာပါတဲ့ ခွင့်ပြုထားတဲ့ အချက်တွေထက်ပိုပြီး အသုံးပြုရင် အရင်ထောင်ဒဏ် ၆ လအစား အခု ထောင်ဒဏ် ၁ လ ချမှတ်ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခု ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်အရ ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းနေရအုန်းမှာ ဖြစ်ပေမယ့် ခွင့်ပြုချက်တောင်းခံလာရင်တော့ သက်ဆိုင်ရာက ခွင့်ပြုချက်ထုတ်ပေးရမှာ ဖြစ်တဲ့အကြောင်း မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“နိုင်ငံသား တဦးဦးဖြစ်စေ၊ အဖွဲ့အစည်းတခုခုကဖြစ်စေ သတ်မှတ်ချက်နဲ့အညီ တင်ပြ လျှောက်ထားလာလို့ရှိခဲ့ရင် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့ ခွင့်ပြုချက် ထုတ်ပေးရမယ်လို့ ပါထားတယ်။ ထုတ်ပေးရမည်ဟုကို ပြဋ္ဌာန်းထားတယ်။ ငြင်းပယ်ချင်း မပြုရ ဆိုတဲ့ စာပိုဒ်ကိုလည်း ကျနော်တို့ ဖျောက်လိုက်ပါတယ်။ ဒါက သိပ်ပြီးတော့ ပြဿနာ မရှိတော့ဘူးလို့ ကျနော်မြင်တယ်။”

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကတင်တဲ့ ပြင်ဆင်ချက်ဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ကို ဆက်လက်ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က ဒီပြင်ဆင်ချက်အတိုင်း သဘောတူရင်တော့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ဖြစ်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ၂၀၁၁ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပေးခဲ့တာဖြစ်ပြီး ဥပဒေပါ ပုဒ်မ ၁၈ နဲ့ ငြိစွန်းပြီး ထောင်ဒဏ်ကျခံရသူ အမြောက်အမြား ရှိခဲ့တာကြောင့် ဒီတကြိမ်လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

DVB Burmese

ထိုင်းရေလုပ်ငန်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကျွန်အဖြစ် ရောင်းစား

Photo by Environmental Justice Foundation (http://ejfoundation.org)

ပင်လယ်ထွက်ကုန်တွေကို ကမ္ဘာမှာ တတိယအများဆုံး ပြည်ပတင်ပို့တဲ့ ထိုင်းနိုင်ငံက ရေလုပ်ငန်းတွေမှာ မြန်မာနဲ့ တခြား အရှေ့တောင် အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား တွေကို ကျွန်အဖြစ် ရောင်းစားတာတွေ ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် လူမှုအဖွဲ့အစည်းတခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဗြိတိန်အခြေစိုက် Environmental Justice Foundation (EJF) က ထိုင်း ကမ်းရိုးတန်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်ပြုတဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပြီး ပြောဆိုလိုက်တာပါ။

မတ်လ ၄ ရက်ထုတ် ပင်လယ်ပြင်မှာ ကျွန်ပြုခြင်း အစီရင်ခံစာမှာ အတင်းအကျပ် စေခိုင်းတာနဲ့ လူကုန်ကူးတာတွေနဲ့ ပတ်သက်ပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။
ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရှိတဲ့ တရားမ၀င် ကုန်ကူးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဆိုးဝါးတဲ့ မတော်မတရား လုပ်ဆောင်မှုတွေကို ကြုံတွေ့နေရပြီး အခြေခံ အခွင့်အရေးတွေကို ငြင်းပယ်ခံနေရတယ်လို့ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး စတီထရန်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက လူကုန်ကူးသူတွေကို အားပေးကူညီသလို အလုပ်သမားကို ကျွန်တွေလို ထိန်းသိမ်းထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီက လာဘ်ငွေတွေကို ရယူနေ တယ်လို့လည်း ဆိုပါတယ်။

အစီရင်ခံစာမှာ တခြား ၃၆ ဦးနဲ့အတူ လှေပေါ်ကနေ ထွက်ပြေးလာတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတဦးက သူတို့ကို ခေါ်ယူလာတဲ့သူတွေဟာ ကျွမ်းကျင်သူတွေဖြစ်ပြီး လမ်းတလျောက် ရဲကားနဲ့သူတို့ကို ခေါ်ဆောင်လာကာ ရောင်းချခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သူနဲ့အတူ ထွက်ပြေးလာတဲ့သူတွေကလည်း ထိုင်းကမ်းရိုးတန်းတလျောက်မှာ ပျောက်ဆုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ရှာဖွေရေး ပွဲစားတွေရဲ့ လှည့်စားတာကို ခံရပြီး ထရန် ခရိုင်က သင်္ဘောပိုင်ရှင်တွေနဲ့ ဘန်ကောက်အနားက နေရာ အများအပြားမှာ ရောင်းစားခံရ တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေဟာ လုပ်အားခ မရသလို ခြိမ်းခြောက် ရိုက်နှက် အစာငတ်ခံရတယ်လို့ ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးမှုက လုပ်ဆောင်ပေမယ့် ရှားပါးတယ်လို့လည်း အစီရင်ခံစာမှာ ရေးပါတယ်။

ထိုင်းဟာ လူကုန်ကူးမှုနဲ့ ပတ်သက်ရင် ဆိုးဝါးတဲ့ မှတ်တမ်းရှိပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတ်မှတ်ချက်မှာ အဆင့်အနိမ့်ဆုံး အနေအထားမှာရှိနေပါတယ်။

ဒီအစီရင်ခံနာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေကို ဒီဗွီဘီမှ ဆက်သွယ် မေးမြန်ရာမှာ ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာန အလုပ်သမားကာကွယ်ရေးဦးစီးဋ္ဌာန ဒုတိယ အတွင်းဝန် မွမ်လုံ ဖွန်းထရစ် ဆမ်မိသီ က အခုလို ပြောကြားပါတယ်။

“ကျမတို့အစိုးရ ဆီမှာ ပင်လယ်ရေလုပ်သား အခွင့်အရေးက ကာကွယ်ပေးတဲ့ ဥပဒေတွေ အစကတည်းက ရှိသလို လူကုန်ကူးမှု တိုက်ဖျက်ရေးတွေလည်း အစွမ်းကုန် တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ အလုပ်သမားအခွင့်အရေးအပြည့်မရရင်၊ မတရားမှုတွေ ခံနေရရင် သက်ဆိုင်ရာ ခရိုင်မြို့နယ် အလုပ်သမားရုံးတွေကို တိုင်ကြားလို့ရတယ်။ ဘာသာပြန်တွေလည်း ထားရှိပါတယ်။ ဒါပေမယ့် ကျမတို့ လက်လှမ်းမမှီတဲ့နေရာမှာ ဖြစ်ပျက်တာဆိုရင်တော့ မသိနိုင်ဘူးပေါ့ ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ တချို့အချက်တွေဟာ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ရေးတာရှိတယ်။ နောက်နောင် အစီရင်ခံစာထုတ်ပြန်မယ်ဆိုရင် ကျမတို့ဋ္ဌာနနဲ့လည်း လာရောက် ဆက်သွယ်ပြီး အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးစေချင်ပါတယ်။ ”

ထိုင်းနိုင်ငံရဲ့ အလုပ်သမားအင်အားရဲ့ ၁၀ ရာခိုင်နှုန်းဟာ မြန်မာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်သလို ၉၀ ရာခိုင်နှုန်းသော ရွှေ့ပြောင်းအလုပ်သမားတွေဟာ တခါတရံ အတင်းအကျပ် ဆိုသလို ရေလုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ထိုင်း ငါးလုပ်ငန်းက ထွက်ကုန်တွေကို ကမ္ဘာတ၀န်းက စားသောက်ဆိုင်နဲ့ ဆူပါမား ကတ်တွေမှာ တင်သွင်း ရောင်းချနေသလို နှစ်စဉ် ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေ ရရှိနေပြီး အမေရိကန်၊ ဥရောပ သမဂ္ဂ၀င် နိုင်ငံနဲ့ ဂျပန်ကို တင်ပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

DVB Burmese

မိုးထိမိုးမိ ရွှေလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

မိုးထိမိုးမိတောင် တနိုင်တပိုင် ရွှေတူးသမားများ လုပ်ပိုင်ခွင့် ပြန်ရရေး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆန္ဒပြ နေစဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးဖော်ရေးနယ်မြေ၊ ရွှေမြင်တင် ဘုရားဝင်းတွင် ယာယီခိုလှုံနေသော ရွှေတွင်း အလုပ်သမား ၄၀ ကျော်ကို ယမန်နေ့ညနေပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး၍ ရမည်းသင်း အကျဉ်းထောင် သို့ ပို့လိုက်ကြောင်း သတင်း ရရှိသည်။

“ဖမ်းသွားတာက ကလေးတွေရော၊ အသက်ကြီး အမျိုးသမီးတွေလည်း ပါတယ်၊ ရမည်းသင်း ထောင်ကိုတော့ ပို့လိုက်တယ် ပြောတယ်”ဟု မိုးထိမိုးမိဒေသ ရွှေမြင်တင်ကျောင်းတိုက်မှ ရဟန်းတော်တပါးက ဧရာဝတီကို ပြောသည်။

ရဲ တပ်ဖွဲ့အင်အား ၁၅၀ ကျော်နှင့်အတူ ရမည်းသင်း ခရိုင်ရဲမင်းကြီး အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များက ဘုရားဝင်း တွင် ယာယီခိုလှုံနေသော ကလေး၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၄၀ ကျော်ကို လာရောက် ဖမ်းခြင်းဖြစ်သည်ဟု အဆိုပါ ရဟန်းတော်က ဆက်ရှင်းပြသည်။

ရမည်းသင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးကလည်း အဆိုပါဖမ်းဆီးမှုမှာ မှန်ကန်သော်လည်း ယခုလုပ်ရပ်သည် အထက် လူကြီးများက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အသေးစိတ်ကို ပြောပိုင်ခွင့်မရှိကြောင်း ဧရာဝတီကို တယ်လီ ဖုန်းဖြင့် ဖြေကြားသည်။

“အဲဒီကိစ္စက တိုင်းက လူကြီးတွေ၊ သူတို့ ဦးဆောင်ပြီး လုပ်သွားတာ၊ အသေးစိတ်ကတော့ ကျနော်တို့ မသိပါဘူး၊ ဒါက လူကြီး တွေပဲ လုပ်နေတဲ့ ကိစ္စတွေလေ၊ ဘယ်နှယောက်ဆိုတာ ကျနော်တို့လည်း မသိပါဘူး”ဟု သူက ပြောသည်။

ယာယီခိုလှုံနေသူများသည် မိုးထိမိုးမိ ဒေသတွင် လွန်ခဲ့သည့် ၁၀ နှစ် ၀န်းကျင်က အနယ်အနယ်အရပ်ရပ်မှ တနိုင်တပိုင် ရွှေတူးဖော်မှု လုပ်ငန်း လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။

ထိုရွှေလုပ်ကွက်ကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရပြီးနောက် ၄င်းတို့အား မိုးထိမိုးမိနယ်မြေတွင်းက နှင်ထုတ်ခဲ့၍ ၂၀၁၂ ခုနှစ်အတွင်းက ရွှေမြင်တင် ဘုရားဝင်း၌ သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်ကြရင်း နေထိုင်ကြခြင်း ဖြစ် သည်။

ရွှေမြင်တင်ကျောင်းတိုက်၌ ယာယီ နေထိုင်စဉ် မိုးထိမိုးမိဒေသတွင် ပြန်လည် လုပ်ကိုင် စားသောက်ခွင့်ရရေး အတွက် ဆန္ဒပြ မှုများလည်း ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ရွှေမြင်တင်ဘုရားပွဲ ရှိ၍ ရပ်မိ၊ ရပ်ဖများက အဆိုပါ ခိုလှုံနေသူများကို ဘုရားပွဲမတိုင်မီ ဖယ်ရှားပေးစေလို၍ အာဏာ ပိုင်များက သတ်မှတ်ရက်တွင် ဖယ်ရှားပေးရန် ပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိခဲ့၍ ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားရခြင်း ဖြစ် သည်ဟု ရွှေမြင်တင်ကျောင်းတိုက်မှ ရဟန်းတော်က ပြောဆိုသည်။

“ဦးပဉ္စင်းတို့မှာက ပွဲတော်ရှိနေတယ်၊ ပွဲတော်အတွက် သူတို့က မဖယ်ပေးရင် ပိုပြီး ပြဿနာ ကြီးထွားမှာ၊ ဦးပဉ္စင်းတို့ အရပ် ဒေသ ကလည်း ဒီအဖွဲ့တွေကို လက်မခံဘူး၊ အခုနောက်ဆုံး အာဏာပိုင်အဖွဲ့တွေက မရွှေ့ပေးရင် ပိုပြီး ဆိုးသွား လိမ့်မယ် ဆို တာ သိတယ်၊ ရပ်မိ၊ ရပ်ဖ၊ မြို့မိ၊ မြို့ဖကလည်း လက်မခံဘူး၊ ရွာသူ ရွာသားကလည်း ကိုယ့်ရဲ့ ပွဲတော် ပျက်စီးမှာ ကြောက် လို့ သူတို့ကို ဖယ်ပေးစေချင်တယ်၊ ဒါတွေကို သူတို့ကို သဘောပေါက်အောင် ပြောလိုက်တော့ သူတို့ အဖွဲ့တွေလည်း အသာတကြည် အဖမ်းခံလိုက်ကြတာ”ဟု ရဟန်းတော်က ဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်းများက ဖမ်းဆီးခေါ်ဆောင်သွားသူများကို အမိန့်မနာခံမှုဖြင့် ဖမ်းမိန့်ထုတ်ခဲ့တာဖြစ်ပြီး ၄င်းတို့ အနေဖြင့် နေရပ်ရင်းသို့ပြန်မည်ဆိုပါက လမ်းစရိတ်များပေးကာ ပြစ်ဒဏ်မချဘဲ ညှိနှိုင်း၍ ပြန်လွှတ်ပေးမည်ဟုလည်း ရွှေမြင်တင် ကျောင်းတိုက် ရဟန်းတော်က ဆက်လက် ပြောဆိုသည်။

ဧရာဝတီ

ယခုနွေ ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံး ရှိနေ

ထီး၊ ဦးထုပ်၊ နေကာ မျက်မှန် စသည့် လုံခြုံသော အကာအကွယ်များ ၀တ်ဆင် ထားသင့်သည် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)

မြန်မာနိုင်ငံတွင် ယခုနှစ်နွေရာသီကာလ အပူချိန်မြင့်တက်ပြီး ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ် အမြင့်ဆုံးတွင် ရှိနေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

လတ်တလော၌ ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အမြင့် ဆုံး ရှိနေကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုများကြုံတွေ့နေရပြီး လာမည့်နှစ် တွင် ပူပြင်းခြောက်သွေ့သော အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

“နိုင်ငံတကာ စံနှုန်းအရ ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံးအဆင့်ကို မြန်မာပြည်မြောက်ပိုင်းကနေ မြစ်ဝကျွန်းပေါ် တောင် ဘက် တခြမ်း အထိ ခံစားနေရပြီ၊ နေရောင်ခြည်အောက်မှာ အကာအကွယ်မယူဘဲ အချိန်ကြာကြာနေမယ်ဆိုရင် ခရမ်းလွန် ရောင်ခြည် သင့်နိုင်တယ်၊ အန္တရာယ်ရှိတဲ့ အဆင့်က တောင်ပိုင်းကနေ ရန်ကုန်လောက်အထိ ရောက်နေတာ တွေ့ရတယ်၊ နောက်ပိုင်း ရက် တွေမှာဆို တစစနဲ့ အထက်ကို တက်မယ်၊ နွေရာသီ အလယ်လောက်နဲ့ နွေရာသီအကုန်လောက် ရောက်ရင် မြစ်ကြီးနားအထိ ရောက် သွားနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အညွှန်းကိန်းများတွင် အဆင့် ၃ သည် အလယ်အလတ် အဆင့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ဟု သတ်မှတ်ပြီး အဆင့် ၆ ဆိုလျှင် အဆင့်မြင့်၊ အဆင့် ၉ ဆိုလျှင် အလွန်မြင့်၊ အဆင့် ၁၁ ဆိုလျှင် အမြင့်ဆုံးဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တချို့ဒေသများတွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အမြင့်ဆုံး အဆင့် ၁၁ ထက်ပင်  ကျော်လွန်နေသည်ဟု ဒေါက်တာ ထွန်းလွင် က ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကို အမြင့်ဆုံး ထိတွေ့ခံစားရသည့်အချိန်သည် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖြစ်ပြီး လွန်ကဲ ခရမ်းလွန် ရောင်ခြည်သင့်မှုကြောင့် အရေပြားကင်ဆာ၊ မျက်စိကင်ဆာ၊ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း၊ မျိုးပွားဗီဇ ပျက်စီးခြင်း (သားသမီး မရခြင်း) အပါအ၀င် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစားရနိုင်သည်ဟု ဆိုသည်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးထိတွေ့ခံရနိုင်သည့် အချိန်များတွင် နေပူထဲ အကာအကွယ်မပါဘဲ လုံးဝမသွားသင့်ကြောင်း၊ မဖြစ် မနေ သွားလာရမည် ဆိုလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ လုံခြုံသည့် အ၀တ်အစားများ စသည်တို့ ၀တ်ဆင် သွားလာသင့်ပြီး နေ ရောင်ခြည် ကာကွယ်သည့် လိမ်းဆေးများ လိမ်းထားရန် လိုအပ်ကြောင်း သိရှိရသည်။

ယခုနှစ်နွေရာသီတွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ်အမြင့်ဆုံး ကြုံတွေ့နိုင်သည့်အပြင် ပူပြင်းခြောက်သွေ့သော အယ်လ်နီညို ရာသီ ဥတုကို ခံစားရဖွယ်ရှိသည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်

“ဒီနှစ် အနေနဲ့ ပြောရရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ပေးမယ့် အယ်လ်နီညိုနှစ် ဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်၊ အယ်လ်နီညိုဖြစ်ပြီဆို ကာလအနေနဲ့ နှစ်နှစ်ကြာတယ်၊ အားအကောင်းဆုံး အချိန်က လာမယ့် ၂၀၁၄ ဒီဇင်ဘာလမှာ ဖြစ်မယ်၊ ဖြစ် မယ် မဖြစ်ဘူး လို့ အတိအကျ သိနိုင်ဖို့ဆိုရင် ဇွန်လလောက်မှ သေချာမယ်၊ အခုအချိန်တောင် မြန်မာပြည်မှာ အပူချိန် ၃၇၊ ၃၈ ဒီဂရီ စင်တီဂရိတ် ဖြစ်နေပြီ၊ နောက်ပိုင်း ဒီထက်တိုးနိုင်တာ သေချာသလောက် ဖြစ်နေပြီ၊ ပူတာကတော့ ပူမယ်၊ ပူနိုင်တဲ့ အတိုင်း အတာ တွေက မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းတွေကတော့ ဒီနှစ်နွေရာသီ အပူဆုံးအချိန်က ၄၄ ဒီဂရီ လောက်တော့ အနည်းဆုံးရောက်မယ်၊ ရန်ကုန်ကတော့ ၃၉ ရောက်နိုင်တယ်၊ ၄၀ လောက် လည်း ဖြစ်သွားနိုင်တယ်၊ တကယ်လို့များ အယ်လ်နီညို ဖြစ်ပြီဆို စံချိန်ကျိုးပြီး ၄၀ ကျော်ချင်ကျော် သွားနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင် က ပြောပြသည်။

ပူပြင်းခြောက်သွေ့သည့် နွေရာသီကြောင့် ကလေးငယ်များ၊ ဘိုးဘွားများ၊ ရောဂါဝေဒနာရှင်များတွင် ကျန်းမာရေး ထိခိုက်နိုင်ပြီး လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်း စသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရန် လိုအပ် သည် ဟု ကျန်းမာရေး ၀န်ကြီးဌာနက နှစ်စဉ် သတိပေးချက် ထုတ်ပြန်လေ့ ရှိသည်။

ဧရာဝတီ

ပင်လယ်စာစား သတိထား


ပင်လယ်ထွက် အစားအစာ (ပင်လယ်စာ) များအနက် အဆိပ်အတောက် ဖြစ်နိုင်သည့် အစာ မြောက်များစွာ ရှိ၏။ ယခင်က ဆိုလျှင် ပင်လယ်ထွက် အစားအစာများကို ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူ များသာ စားသောက်လေ့ ရှိကြ သဖြင့် ပင်လယ်စာကြောင့်အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများ အတွက် ပြဿနာဖြစ်ခဲ့၏။  သို့သော်ခေတ်မီ နည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီ ဖြစ်ရာ ပင်လယ်နှင့် ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ် ပေသည်။ ပင်လယ်စာ(Sea Foods)များ ကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စား လာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။



ပင်လယ်စာကိုအစားများသည့် ဂျပန်နိုင်ငံတွင် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် အစာ အဆိပ်သင့်မှု စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် ရှိကြောင်း သိရသည်။ ပင်လယ်စာများကို တင်သွင်း စားသုံးနေကြသည့်ကုန်းတွင်း နိုင်ငံများ၌လည်းပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုများ တစထက်တစ များပြားလာနေကြောင်း သိရ ပါသည်။ ပင်လယ်စာ များကြောင့်အစာအဆိပ်သင့်ခြင်း ဖြစ်ရာတွင်အဓိကနည်းသုံးမျိုး ရှိလေသည်။

(၁) ပထမနည်းမှာ ပင်ကိုသဘာဝအားဖြင့် အဆိပ်ရှိနေသော မစားကောင်းသည့် ပင်လယ်ငါး သို့မဟုတ်-ပင်လယ် သတ္တဝါကို စားမိခြင်း ဖြစ်သည်။ စားမိလျှင် အဆိပ်ဖြစ်ရန် သေချာ၏။ မစားကောင်းသည့် ပင်လယ်သတ္တဝါ၊ မစားကောင်းသည့် ပင်လယ်ငါးတို့ကို ခွဲခြားသိရှိထားခြင်းဖြင့် အဆိပ်မသင့်အောင် ကြိုတင်ကာကွယ်နိုင် ပါသည်။ အချို့သော ပင်လယ်သတ္တဝါများ၊ ပင်လယ်ငါးများသည် မိမိ၏ခန္ဓာကိုယ် တစ်နေရာတွင် အဆိပ်အတောက်ကို ကိုယ်တိုင် ထုတ်လုပ်၏။ သို့သော် အဆိပ်ထုတ်လုပ်သည့် ကလီစာ (Organ)ကို ဖယ်ထုတ်ပြီး အသားကိုစားလျှင်အန္တရာယ် မရှိပေ။ ထိုအချက်ကို မသိဘဲစားလျှင်မူ အဆိပ်သင့်မည်ဖြစ်၏။ ထိုအဆိပ်မျိုးသည် အပူပြင်းပြင်း ပေး၍ ချက်ပြုတ်လိုက်လျှင် ပြေပျောက်သွားတတ် ပါသည်။

(၂) ဒုတိယနည်းမှာ လူတို့ စားသုံးသည့် ပင်လယ်ငါး၊သို့မဟုတ်- ပင်လယ် သတ္တဝါသည် ပင်ကိုသဘာဝ အားဖြင့် စားကောင်းသော အစာ ဖြစ်၏။ အဆိပ်မရှိပေ။ သို့သော်ပင်လယ်ရေထဲ၌ အဆိပ်အတောက် ရှိသည့် ပင်လယ်ရေညှိ (Marine Algae) ကဲ့သို့ အမှုန်အမွှား သက်ရှိ ကောင်ကလေးများ (Micro-organisms) ရှိနေသည်။ယင်းကဲ့သို့ ပင်လယ် သတ္တဝါ (ဥပမာ-ခရု၊ ပင်လယ်ငါး)တို့ကို စားသုံးမိပြီး၊ ခရု၊ပင်လယ်သတ္တဝါတို့ကို လူတို့က တဖန် စားသုံးခြင်းဖြင့်အဆိပ်အတောက် များသည် လူတို့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုအဆိပ်မျိုးကြောင့် ဖြစ်ရသည့် အစာအဆိပ်သင့်မှုမျိုးကို ကာကွယ်ထိန်းသိမ်းရန်ခက်ခဲ၏။ အကြောင်းမှာ မည်သည့်ဒေသမှ ပင်လယ်ရေညှိများက အဆိပ်အတောက် ဖြစ်စေနိုင်သည်ဆိုသည်ကို ကြိုတင်၍ မသိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ယင်းတို့ကို ပင်လယ်ငါးနှင့် ပင်လယ် သတ္တဝါမျိုးစုံတို့က စားသုံးကြ ခြင်းဖြစ်ရာ ဘယ်လိုငါးမျိုး၊ ဘယ်လို ခရုမျိုးကိုစားလျှင် စိတ်ချရသည်။ ဘယ်လိုငါးမျိုး ဘယ်လို ခရုမျိုးကို စားလျှင် စိတ်မချရဟု ကြိုတင် တွက်ဆဖို့လည်း မလွယ်ပေ။ ပင်လယ်စာ တမျိုးတည်းက တရာသီတွင် အဆိပ်သင့်မှုများ ဖြစ်စေပြီး နောက် တရာသီတွင် အဆိပ်သင့်မှု မဖြစ်စေနိုင်ခြင်းက ကြိုတင် ကာကွယ်မှုပြုလုပ်ရန် ခက်ခဲစေပြန်၏။ ဤနည်းဖြင့် အဆိပ်သင့်နေသည့် ပင်လယ်သတ္တဝါတို့၏ အသားကို အပူပြင်းပြင်းနှင့် ချက်ပြုတ်သော်လည်းအဆိပ်အတောက်များ ပြေပျောက် မသွားတတ်ချေ။ အစာအိမ်ထဲ ရောက်သွားလျှင်လည်း အစာခြေ အင်ဇိုင်း (Digestive Enzymes)များက ထိုအဆိပ်အတောက်များကို မခြေဖျက်နိုင်ပြန်ပေ။ ဤအဆိပ်သင့်နည်းမှာ ဖြစ်ပွားလေ့ အရှိဆုံးနှင့် ကာကွယ်ရန်အခက်အခဲဆုံးနည်း ဖြစ်ပေသည်။

၃။ပင်လယ်စာကြောင့် အဆိပ်သင့်နိုင်သည့် နောက်တနည်းမှာ အစာထားသိုမှု စနစ်မကျခြင်း၊ သန့်ရှင်းမှု မရှိခြင်း တို့ကြောင့် အစာထဲတွင် ဗက်တီးရီးယား (Bacteria) ပိုးများပေါက်ဖွားပြီး အဆိပ်များ ထုတ်လုပ်ကြခြင်း ဖြစ်၏။ ဗက်တီးရီးယား များမှ ထုတ်လုပ်သည့်အဆိပ်များကို အစာခြေအင်ဇိုင်း (Digestive Enzymes) များက မဖျက်ဆီးနိုင်၊ တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့်လည်း ပျက်စီးမသွားတတ်ပေ။ အပူရှိန်ပြင်းပြင်းနှင့်ချက်ပြုတ်မှသာ ပျက်စီးသွားနိုင် ပါသည်။

(၁) ပင်ကိုသဘာဝ အားဖြင့် အဆိပ်ရှိသည့် ပင်လယ်ငါးနှင့် ရေသတ္တဝါများ---

လွန်ခဲ့သောနှစ်ပေါင်းများစွာ (ဘီစီ-၂၀၀၀၊ ၃၀၀၀ခန့်) ကပင် တရုတ်ပြည်၌ ငါးပူတင်း(Pufferfish) စားခြင်းကြောင့်အစာ အဆိပ်သင့်ခြင်းများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများရှိခဲ့ပါသည်။ ယနေ့ တိုင်အောင်လည်း ငါးပူတင်းကြောင့် အစာအဆိပ်သင့်ခြင်းများ ရှိနေဆဲပင်ဖြစ်၏။ အဆိပ်ကို ငါးပူတင်း၏ အသည်း၊ အူ၊ အရေပြား၊မ-မျိုးဥအိမ် (Ovary) နှင့်ဥများတွင်တွေ့ ရသည်။ ငါးပူတင်း မျိုးပေါင်း မြောက်များစွာ ရှိရာ အမျိုးအစား အားလုံးတွင် အဆိပ်ရှိသည်ဟု မဆိုလိုပေ။ အချို့ အမျိုးအစားများ မှာသာ အဆိပ်တွေ့ရ လေသည်။ ငါးပူတင်း မျိုးပေါင်း ၃၀-ခန့်အနက် ၂၈-မျိုးသည် တရုတ်နှင့် ဂျပန်ပင်လယ်ပြင်တွင် ကျက်စားနေပြီး အဆိပ်အပြင်းဆုံး ငါးပူတင်းများ ကိုလည်း ထိုဒေသများ မှာပင် တွေ့ရသည်။ အဆိပ်ပြင်းသည့် ငါးပူတင်းမျိုးများသည် စား၍လည်း အရသာ အရှိဆုံးဖြစ်ကြ ပြန်၏။ ဂျပန်နိုင်ငံတွင် အဆိပ်ပြင်းသည့်ငါးပူတင်းများသည် ပင်လယ်၌ ပျော်သည့် ပင်လယ်ငါးများသာဖြစ်ကြပြီး တရုတ်နိုင်ငံတွင်မူ ယင်းတို့သည် ဥချချိန်၌ မြစ်ချောင်းများ အတွင်းသို့ နယ်ကျူးကာ ရောက်ရှိ လာတတ်ကြသည်။ ငါးပူတင်းများသည် နွေရာသီတွင် အဆိပ် အနည်းဆုံးဖြစ်ပြီး ဆောင်းရာသီတွင် အဆိပ်ပိုများကာ ဥချချိန် မတိုင်မီ မိုးဦးရာသီတွင် အဆိပ်အပြင်းဆုံး ဖြစ်သည်ဟု ဆိုပါသည်။

ငါးပူတင်းအဆိပ်သင့်သူသည် မိနစ် အနည်းငယ်အတွင်း ခြေဖျားလက်ဖျား၊ နှုတ်ခမ်းနှင့်လျှာတွင် ထုံခြင်း၊ တရွရွဖြစ်ခြင်း တို့ကို ခံစားရတတ်သည်။ အချို့တွင် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ခေါင်းအောင့်ခြင်း၊  ဝေဒနာများခံစားကြရ၏။ အချိန်ကြာလာသည့် အခါ အာရုံကြောနှင့် ကြွက်သားများ အားနည်း လာပြီး  နောက်ဆုံးတွင်အသက်ပင် မရှူနိုင်တော့ပဲ သေဆုံးရတတ်လေသည်။

 ငါးပူတင်းကဲ့သို့ပင်ကိုသဘာဝ အားဖြင့် အဆိပ်ရှိသည့် အခြားပင်လယ် သတ္တဝါများ ရှိနေပါသေးသည်။ ယင်းတို့မှာ ငါးမန်း (Shark) မျိုးနွယ် ငါးအချို့၊ ငါးပုပ်သင် (Mackerel) မျိုးနွယ်ငါးအချို့၊ ငါးလင်ပန်း (Lamprey) မျိုးနွယ် ငါးအချို့၊ ငါးစာလုပ် (Squid) မျိုးနွယ် ငါးအချို့၊ ရေဘဝဲ (Octopus) မျိုးနွယ် သတ္တဝါအချို့နှင့် လိပ်မျိုးနွယ်စု အချို့တို့ ဖြစ်ကြပါသည်။


(၂) အဆိပ်ရှိသည့် ပင်လယ်ရေညှိကို စားသည့် ငါးနှင့် ရေသတ္တဝါ များကြောင့် အစာအဆိပ်သင့်ခြင်း။
(က) ခရု (Shellfish) စား၍ အဆိပ်သင့်ခြင်း---
အဆိပ်ရှိသည့်ပင်လယ်ရေညှိ (Toxic Marine Algae) များကို စားသုံးထားသော ခရုများကို စားမိလျှင် ထိုသူကိုယ်တိုင် အဆိပ်သင့်ခြင်းအန္တရာယ်ကို ကြုံတွေ့ရမည် ဖြစ်သည်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းနှင့်ကယ်လီဖိုးနီးယား အလယ်ပိုင်းမှ ဂျပန်နိုင်ငံထိ ပစိတ်ဖိတ်သ မုဒ္ဒရာကမ်းရိုးတန်း၊ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း အတ္တလန်တိတ် သမုဒ္ဒရာကမ်းရိုးတန်း၊ ဂျပန်နိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို တွေ့ရှိရပါသည်။

ထိုအဆိပ်သင့်ခြင်းမျိုးတွင်အာရုံကြောများ အားနည်းခြင်း၊ အကြောသေခြင်း တို့သည် အဓိကလက္ခဏာများ ဖြစ်၏။ အဆိပ်သင့်ထားသည့် ခရုကိုစားပြီးမိနစ်အနည်းငယ်အတွင်း နှုတ်ခမ်း၊ လျှာနှင့် လက်ထိပ် ကလေးများတွင် ထုံကျဉ်မှု ဝေဒနာကို စတင်ခံစားရ တတ်သည်။ထို့နောက် ခြေထောက်၊ လက်ဖျံ၊ လက်မောင်း၊ လည်ပင်းတို့ပါထုံကျဉ်လာပြီး ခြေလက်လှုပ်ရှားမှု များလည်း မူမမှန်တော့ပဲ ဒယိမ်းဒယိုင်ဖြစ်လာ တတ်သည်။ သို့သော် လူနာသည်သတိကင်းလွတ်သွားခြင်း မရှိတတ်ချေ။ နောက်ဆုံးတွင် လူနာသည် အသက်မရှူနိုင်တော့ပဲ ၂-နာရီမှ ၁၂-နာရီအတွင်းသေဆုံးရလေတော့၏။ အဆိပ်သင့်ပြီး ၂၄-နာရီအထိ မသေဆုံးခဲ့ လျှင်မူ အသက်ရှင်ရန်အခွင့်အရေး ပိုများလေသည်။

ခရုစား၍အဆိပ်သင့်ခြင်းသည် ၁၉၇၃-ခုနှစ်အထိ ပဟေဠိသဖွယ် ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာစားသုံးခဲ့ပြီး အန္တရာယ် တစုံတရာ မပေးခဲ့သော ခရုမျိုးကိုပင် စားမိသူများ အဆိပ်သင့်ကြရ၏။ ထိုခရုများကို ရက်သတ္တ သုံးပတ် ကာလအတွင်း စားသူတိုင်းအဆိပ်သင့်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝအဆိပ်မဖြစ်တော့ပြန်ပေ။ ၁၉၇၃- ခုနှစ်ရောက်မှသာ အဖြစ်မှန်ကိုသိကြရလေသည်။ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH  စသည့်ပတ်ဝန်းကျင် အခြေအနေများ သင့်တင့်လျောက်ပတ်သည့် အချိန်တွင် ထိုရေထဲ၌ အဆိပ်ရှိသည့် ပင်လယ်ရေညှိများ ပေါက်ဖွား ရှင်သန်ကြသဖြင့် ထိုရေညှိများကို စားသုံးမိသည့် ခရုများကြောင့် အစာအဆိပ် သင့်ကြခြင်း ဖြစ်၏။

 ရက်သတ္တသုံးလေးပတ်ခန့် ကြာသည့်အခါ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH စသည့် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားပြီး ပင်လယ်ရေညှိများသေကုန်ကြသဖြင့် ခရုများလည်း အဆိပ်အတောက် ကင်းသွားကြ ပြန်တော့သည်။ ခရုများသည် ပင်လယ်ရေညှိ၏ အဆိပ်ကို ခံနိုင်ရည် ရှိကြ သော်လည်း ခရုကိုစားသုံးသည့်လူများကိုယ်တိုင်မှာ ခံနိုင်ရည် မရှိဘဲ အဆိပ်၏ဒဏ်ကို ခံကြရခြင်း ဖြစ်လေသည်။

(ခ) ဂဏန်းများ (Crabs), ကမာကောင်များ(Oysters)---
ဂျပန်ပင်လယ် ရေပြင်မှ ဖမ်းဆီးရမိသောဂဏန်းအချို့သည်လည်း အဆိပ်သင့်စေနိုင်ကြောင်း  တွေ့ရှိထားပါသည်။ထိုဂဏန်းများသည် ခရုများကဲ့သို့ပင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို စားသုံး ထားခြင်းကြောင့် လူကို အဆိပ်သင့်စေခြင်း ဖြစ်နိုင်သည်ဟုဆိုပါသည်။ ဂျပန်နိုင်ငံ Hamana ပင်လယ်အော်မှ ကမာကောင် အချို့သည်လည်း ယင်းတို့ စားသုံးထားသည့် ပင်လယ်ရေညှိ များကြောင့် လူတွင် အစာအဆိပ်သင့် ရောဂါ ဖြစ်စေနိုင်ကြောင်းသိရပါသည်။ ထိုကမာကောင်များစား၍ အဆိပ်သင့်သူများသည် ပထမ ရက်အနည်းငယ်အတွင်း ဗိုက်နာခြင်း၊ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊  ခေါင်းကိုက်ခြင်းဝေဒနာများ ခံစားကြရပါသည်။ ထို့နောက် အရေပြားနှင့် အစာအိမ် စသည့် ကလီစာများ၏အမြှေးပါး (Mucous Membrane) တို့မှ သွေးများယိုလာပြီး နောက်ဆုံးတွင် အသည်းပျက်၍ (acute yellow atrophy of the liver) သေဆုံးရတတ်လေသည်။

(ဂ) ပင်လယ်ငါးများ---
အနောက်အင်ဒီးစ် West Indies) ဒေသတွင် ပင်လယ်ငါး အချို့ကို စားပြီးလူများ အစာအဆိပ်သင့်ခဲ့ကြောင်းကို ၁၅၅၅-ခုနှစ်လောက်ကပင် မှတ်တမ်းများ ရှိခဲ့လေသည်။ ထိုငါးများသည်ပင်ကိုသဘာဝ အတိုင်း အဆိပ်ရှိနေခြင်း မဟုတ်ဘဲ အဆိပ်ရှိသည့် ပင်လယ်ရေညှိများကိုစားထားခြင်းကြောင့်သာ လူကို အဆိပ်သင့်စေခြင်း ဖြစ်ကြောင်းအထောက်အထားများတွေ့ရပါသည်။ကရစ်ဘီယမ်ပင်လယ်နှင့် ပစိဖိတ် သမုဒ္ဒရာအတွင်း အထူးသဖြင့် မြောက်လတ္တီတွဒ် ၃၅-ဒီဂရီနှင့် တောင်လတ္တီတွဒ်၃၅-ဒီဂရီကြား ကျွန်းများ တွင်လည်း ဤသို့ အဆိပ်သင့်မှုများ ဖြစ်တတ်၏။ငါးအမျိုး အနွယ်စုပေါင်း ၃၀၀-ကျော်သည် ဤနည်းဖြင့်အဆိပ်သင့် နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထား ပါသည်။Ciguatera Poisoning ခေါ် အဆိုပါ အစာ အဆိပ်သင့်ခြင်း သည် ပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုSeafood Poisoning များအနက်အကြီးမားဆုံး ကျန်းမာရေးပြဿနာဖြစ်ကြောင်း သိရှိရသည်။

Ciguatera Poisoning ခေါ် ပင်လယ်ငါးကြောင့် အဆိပ်သင့်ခြင်း၏လက္ခဏာများမှာ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ တရွရွဖြစ်နေရာမှ ထုံကျဉ်လာခြင်းဖြစ်၏။ တစ်တခါတစ်ရံ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း စသည့် ဝေဒနာများကိုလည်း ခံစားရတတ်သည်။နောက်ပိုင်းတွင် လမ်းမလျှောက်နိုင်သည်ထိ အားနည်းသွားတတ်၏။ အသက် သေဆုံးသည်ထိ ပြင်းထန်လေ့ မရှိသော်လည်း နှလုံးနှင့် သွေးလည်ပတ်မှုလုပ်ငန်း ပျက်ယွင်းသွား လျှင်မူ အသက်ဆုံးရှုံးမှုရှိနိုင်သည်ဟု သိရပါသည်။

(၃) ဗက်တီးရီးယားများကြောင့် ပင်လယ်စာ အဆိပ်သင့်ခြင်း---
ဗက်တီးရီးယားများကြောင့်ပင်လယ်အစာ အဆိပ်သင့်ခြင်း အမျိုးမျိုးရှိသည့်အနက်Clostridium Botulium ခေါ် ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်းကို နမူနာထား၍ တင်ပြပါမည်။

Clostridium Botulinum အမျိုးအစား ငါးမျိုး ( A-မှ E ထိ) ရှိသည့်အနက် အမျိုးခွဲ (E)သည် အစာအဆိပ်သင့်မှု အများဆုံးဖြစ်စေသည့်ဗက်တီးရီးယားမျိုး ဖြစ်သည်။ အခြားအမျိုးကွဲများကြောင့် အစာအဆိပ်သင့်မှု  ဖြစ်တတ် သော်လည်း ရှားပါ၏။CI.Bitulinum သည် အကောင်ဘဝ  Vegetative Form နှင့် မျိုးအောင်းစေ့ဘဝSpore Form ဟူ၍ သဏ္ဍာန်နှစ်မျိုးဖြင့် တည်ရှိသည်။ မျိုးအောင်းစေ့များသည် မြေကြီးထဲ၌ ၄င်း၊ ပင်လယ်ကမ်းခြေ၊ ရေကန်များနှင့်မြစ်များ၏ ကမ်းတစ်လျှောက် နုံးမြေများထဲတွင်၎င်း ရှိနေကြ၏။ မျိုးအောင်စေ့များသည် ပတ်ဝန်းကျင် အပူချိန် ၃-ဒီဂရီမှ ၅-ဒီဂရီ စင်တီဂရိတ်အတွင်း၌ပင် အကောင်ဘဝသို့ ပြောင်းပြီးအဆိပ်များ ထုတ်လုပ်နိုင်သည်။ ၅-ဒီဂရီမှ ၃၀-ဒီဂရီ စင်တီဂရိတ်အတွင်း အပူချိန်တက်လာလေအကောင်ပေါက်ရန် အခွင့်ပို၍ သာလာလေဖြစ်၏။ ထို့ကြောင့် ရေထွက်အစားအစာတိုင်းသည်CI.Botulinum ဗက်တီးရီးယားပိုးဝင်ရောက်ပြီး အစာ အဆိပ်သင့်မှုဖြစ်ရန် အန္တရာယ် အမြဲရှိနေသည်ဟု မှတ်ယူနိုင်ပါသည်။

ဤပိုးကြောင့်အစာအဆိပ်သင့်လျှင် ရောဂါလက္ခဏာများကို များသောအားဖြင့် အစာစားပြီး ၁၂-နာရီမှ ၃၆-နာရီအတွင်း စတင်၍ တွေ့ရလေ့ရှိ၏။ သို့သော် စားပြီး သုံးလေးနာရီအတွင်း စောစွာ တွေ့နိုင်သကဲ့သို့ စားပြီး၁၀၈-နာရီကြာမှ နောက်ကျစွာ တွေ့ရသည်လည်း ရှိသည်။ ယေဘုယျအားဖြင့် ရောဂါလက္ခဏာ စောစောပေါ်လေအဆိပ်ပြင်းလေဟု မှတ်ယူနိုင်၏။ ပျို့ခြင်း၊ အန်ခြင်း ဖြစ်ခဲ့လျှင် အန်လိုက်ခြင်းကြောင့် အဆိပ်သင့်မှု သက်သာသွားနိုင်သည်။

အဆိပ်၏အဓိကပစ်မှတ်မှာ အာရုံကြောနှင့် ကြွက်သားများဖြစ်၏။ မျက်လုံးကြွက်သားများ ထိခိုက်မှုကြောင့် အရာဝတ္ထု တစ်ခုကို နှစ်ခုကဲ့သို့ မြင်ရခြင်းသည် အဆိပ်သင့်ခြင်း၏ ကနဦး ဝိသေသ လက္ခဏာတရပ်ပင်  ဖြစ်သည်။ထို့နောက် မျက်ခွံများလေးလံ တွဲလာခြင်း၊ သူငယ်အိမ် ကျယ်လာခြင်း၊ လက်နှိပ်ဓာတ်မီးနှင့် မျက်စိကို ထိုးကြည့်သည့်တိုင် သူငယ်အိမ် မကျယ်တော့ခြင်း စသည့် လက္ခဏာများကို တွေ့ရတတ်သည်။လက်ချောင်း ကြွက်သားများ ထိခိုက်သဖြင့် အစာမမျိုနိုင်ခြင်း၊ အသံဝင်ခြင်း၊ အစာနှင့်အရည်  များနှာခေါင်းနှက့်ပါးစပ်မှပြန်ထွက်လာခြင်း၊ လည်ပင်းကြွက်သားများ ထိခိုက်သဖြင့် ဦးခေါင်းကို မထောင်နိုင် ဇက်မခိုင်နိုင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ် ခံစားရတတ်၏။ နောက်ဆုံးတွင် အသက်ရှူသည့် ကြွက်သားများ အလုပ်မလုပ်တော့သဖြင့် အသက်ရှူရပ်ပြီး သေဆုံးရတတ် သည်။ နှလုံးကြွက်သားများ အလုပ်မလုပ်တော့ သဖြင့် နှလုံးရပ်ပြီး သေဆုံးရသည်လည်း ရှိ၏။ ဤအဆိပ်သင့် သဖြင့် သေဆုံးမှုနှုန်းသည်၆၅-ရာခိုင်နှုန်းထိ ရှိကြောင်း သိရပါသည်။

E-အမျိုးအစားမဟုတ်သောCI.Botulinum ပိုးများနှင့်Staphylococcus Aureus ဗက်တီးရီးယားများသည်လည်းပင်လယ်စာ များတွင် တစ်ခါတစ်ရံ ဝင်ရောက်ပွားများပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ပင်လယ် စာကြောင့်  အစာ အဆိပ်သင့်မှု အန္တရာယ်လျော့ပါးစေခြင်း---
* မစားကောင်းသည့်ပင်လယ်စာများကို သိထားသင့်သည်။
* မည်သည့်ပင်လယ်သတ္တဝါများသည်မည်သည့်အင်္ဂါ (ကလီစာ) မှ အဆိပ်အတောက်များထုတ်လုပ်တတ်သည်ကို သိထားသင့်သည်။
ပင်လယ်စာ(အသားစိမ်း၊ ငါးစိမ်း) များကို
* အလွန်အေးသောအပူချိန် (ရေခဲခန်း)တွင်  သိမ်းဆည်းရမည်။
* ရေခဲခန်းမှထုတ်ပြီးလျှင် ချက်ပြုတ်ရန် ဟင်းအိုးထဲ မထည့်မချင်း ရေခဲသေတ္တာထဲ၌သာ ထားရမည်။
* အသား-ငါး အတုံးအတွင်းပိုင်းတွင် အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ် ကျော်သည်အထိမီးရှိန်ပြင်းပြင်းနှင့် ချက်ပြုတ်ရမည်။

ချက်ပြုတ်ပြီးပင်လယ်စားများကို ---
* မီးဖိုမှချပြီးပူပူနွေးနွေး စားသုံးသင့်သည်။
* ချက်ချင်းမစားသုံးဖြစ်လျှင် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပြီး မစားသုံးမီ (အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ်ကျော်ထိ) ပြန်၍ အပူပေး (နွေး)ပြီးမှသာစားသုံးရမည်။
* ချက်ပြုတ်ပြီးသောအသားတုံး၊ ငါးတုံးများကို တုံး,တစ်,လှီးဖြတ်လိုလျှင်သားစိမ်းငါးစိမ်းများ လှီးဖြတ်သည့် စဉ်းတီတုံးကို အသုံးမပြုဘဲ သီးသန့်စဉ်းတီတုံးကိုသာ သုံးရမည်။
* တစ်နေ့စာလောက်ငှရုံ ချက်ပြုတ်စားသုံး သင့်သည်။ ပိုနေလျှင် နောက်တစ်နေ့စားရန် ချန်မထားဘဲ သွန်ပစ်ရမည်ဟု အကြံပြုလိုပါသည်။


ဒေါက်တာ-လှကြည်
မြိတ်ပုလဲမြေ

လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲသူအား အရေးယူ


ရန်ကုန်၊ မတ် ၅

၂၃.၂.၂၀၁၄ ရက်နေ့ ၁၆၄၅ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် လျှပ်စစ် ဓါတ်အားကို တရားမ၀င်သုံးစွဲနေကြောင်းသတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ဂန္ဓမာလမ်း၊ တိုက်အမှတ်(၁၀)သို့သွားရောက်စစ်ဆေးရာ (၅)လွှာရှိအခန်းနေ ဦးချိုလတ်မှာ အဆိုပါတိုက်၏ အခန်း(၈)ခန်းအတွက် လျှပ်စစ်ဓါတ်အား
ပေးထားသည့် မီတာဘောက်မှ 1c x 25mm2 ကြိုး(၄)ချောင်းဖြင့် လျှပ်စစ်ဓါတ်အားကိုတိုက်ရိုက်ဖောက်ယူကာ ၎င်း၏အခန်းသို့
သွယ်တန်းသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရ၍ လျှပ်စစ်ဓါတ်အား ကိုခိုးယူသုံးစွဲသူ ဦးချိုလတ်အား အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ၄.၃.၂၀၁၄ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၁၄၂/၂၀၁၄၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥပဒေပုဒ်မ ၃၃/၃၄ ဖြင့်
အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

အင်တာနက်လိုင်းလွှင့်ပေးမယ့် မောင်းသူမဲ့လေယာဉ် ကုမ္ပဏီကို ၀ယ်ယူဖို့ Facebook ပြောဆို ညှိုနှိုင်းလျှက်ရှိ


နောက်ဆိုရင် ကမ္ဘာမှာ အင်တာနက်မရတဲ့ နေရာတွေမှာ အင်တာနက်သုံးနိုင်ဖို့အတွက် လေထုထဲမှာ လွှင့်တင်ထား ရဖို့ ရှိနိုင်ပါတယ်။

နယူးမက္ကစီကို အခြေစိုက် မောင်းသူမဲ့လေယာဉ် ထုတ်ကုမ္ပဏီ (Titan Aerospace) ကို ၀ယ်ဖို့ Facebook က အသေးစိတ်ဆွေးနွေးနေပါတယ်။ Titan Aerospace ကထုတ်လုပ်မယ့် မောင်းသူမဲ့လေယာဉ်တွေဟာ နေရောင်ခြည်စွမ်းအင်သုံးဖြစ်ပြီး မြေပြင်အထက် ၁၂မိုင် အမြင့်မှာ ၅နှစ်ကြာ ဆက်တိုက် ပျံသန်းနေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ်တော့ မပြီးစီးသေးပါဘူး။ အင်တာနက်မရတဲ့ ဒေသတွေရဲ့ ကောင်းကင်မှာ ပျံသန်းခိုင်းထားပြီး အင်တာနက်လိုင်း ထုတ်လွှင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို အသေးစိတ် ဆွေးနွေးပွဲနဲ့ အကျွမ်းတ၀င်ရှိတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပြခဲ့တာပါ။ မှတ်ချက်တစ်စုံတစ်ရာ ပေးဖို့ Titan Aerospace က ပြောရေးဆိုခွင့်ရှိသူကို တောင်းဆိုခဲ့ရာမှာတော့ ဘာမျှ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

ဒီ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်း အရောင်းအ၀ယ်ဟာ ကန်ဒေါ်လာ သန်း၆၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Ref:usa.today.com
Trend Myanmar

အိန္ဒိယအစိုးရ ဆန့်ကျင်သောင်းကျန်းသူများကို မြန်မာ့မြေတွင် လက်ခံမည်မဟုတ်ဟု သမ္မတသတိပေး


ရန်ကုန်၊ မတ် ၎

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများတွင် ခြေကုပ်ယူထားကြသည့် အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများကို မြန်မာ့မြေတွင် လက်ခံထားမည် မဟုတ်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် မတ်လ ၃ ရက်နေ့က တွေ့ဆုံရာတွင် ကတိပေး ပြောကြားခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

“အိန္ဒိယအစိုးရကို ဆန့်ကျင်မယ့် ဘယ်လို လုပ်ရပ်မျိုးမဆို မြန်မာ့ နယ်မြေအတွင်း ဆောင်ရွက်ခွင့် မပြုဘူးလို့ သမ္မတကြီးက ကတိပြု ပြောကြားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ထံ သမ္မတဦးသိန်းစိန်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက် နှစ်နိုင်ငံ စလုံးက နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ချစ်ကြည်ရေးက အရေးကြီးပါတယ်” ဟု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။

အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေးအတွက် အစိုးရကို ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အချို့သည် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသအတွင်း၌ စစ်သင်တန်းများ ဖွင့်လှစ်၍ စစ်ပညာ သင်ကြားပေးနေကြောင်း အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယ မီဒီယာအချို့တွင် ဖော်ပြထားသည်။

အဆိုပါ နယ်စပ် သောင်းကျန်းသူများကို နှိမ်နင်းရန်နှင့် နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရက ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ပြီး၊ မကြာမီ ကာလအတွင်း ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အစီအစဉ်များကို နှစ်နိုင်ငံအစိုးရတို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်က အိန္ဒိယ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာအစိုးရ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုကို အပြည့်အဝ ထောက်ခံကြောင်း ပြောကြား ခဲ့သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ အစိုးရ ပူးပေါင်း၍ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးနှင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စများ ပူးတွဲဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံကို သတင်းအချက်အလက် နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ အကူအညီများ ပိုမို ပံ့ပိုးပေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် ၂၀၁၂ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

The Voice Weekly

လေ့ကျင့်ရေးကွင်းအနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ


မိတ္ထီလာ၊ မတ် ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆ နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော် လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း ကာယကံရှင်များ၏ မိဘများထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့သည် ရွာ၏ အနောက်မြောက်ဖက်ရှိ ဆပ်ပြာအိုင် ချောင်းအနီးတွင် နွားကျောင်းရင်း ဆီး(ဇီး) သီးကောက်ရာ ကျည်ဆန်အရှည် (ဆေးမှတ်တမ်းအရ) တစ်ခုကို တွေ့၍ တစ်ယောက်က ကောက်ယူပြီး မြေပေါ်တွင် ပစ်ပေါက်ပြီး ကစားရာမှ ပေါက်ကွဲ သွားသည်ဟု သိရကြောင်း သေဆုံးသူ၏ ဖခင်ဦးသန်းဝင်းက ပြောကြားသည်။

“တစ်ယောက်က ဒဏ်ရာပြင်းတယ်။ ရွာကိုလှည်းနဲ့ တင်လာပြီး တစ်နာရီကြာမှာ ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေကို မိတ္ထီလာဆေးရုံ ပို့ရတယ်။ တစ်ယောက်က ဒဏ်ရာပြင်းလို့ မန္တလေးဆေးရုံကို ဆက်ပြီး ပို့ခဲ့ရတယ်။ ဒီနေ့ (မတ်လ ၄ ရက်) မှာ သက်သာလို့ မန္တလေးဆေးရုံက ပြန်ဆင်းလာတယ်။ မိတ္ထီလာဆေးရုံမှာ တက်နေတဲ့ မောင်သီဟနိုင်နဲ့ မောင်ဝင်းကိုတို့ နှစ်ယောက်လည်း အခြေအနေ ကောင်းလာပါပြီ” ဟု ၎င်းကဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် ဦးသန်းဝင်း၏သား အသက် ၁၂ နှစ်ရှိ မောင်သန်းမျိုးအောင် သေဆုံးခဲ့ပြီး၊ ညီဖြစ်သူ အသက် ၆ နှစ်ရှိ မောင်သီဟနိုင်မှာ ဘယ်ခြေညာလက်နှင့် ဦးခေါင်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဦးမောင်ရွှေ၏ သားဖြစ်သူ အသက် ၈ နှစ်မောင်ဝင်းကိုမှာ ဘယ်တင်ပါးနှင့် ဘယ်ဒူးဆစ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဦးပိုက်တိုး၏ သားဖြစ်သူ နောက်စေ့တွင် ဒဏ်ရာရရှိသွားသူ အသက် ၂၀ ရှိ မောင်တင်စိုးလင်းကို မန္တလေးဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ဆေးမှတ်တမ်းများအရ သိရသည်။

မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ မတ်လ ၃ ရက်နေ့က မိတ္ထီလာ တပ်နယ်မှူး လာရောက်၍ ဒဏ်ရာရသူများနှင့် သေဆုံးသူအတွက် ထောက်ပံ့ကြေးနှင့် စားသောက်ဖွယ်များ ပေးကာ လာရောက် ကြည့်ရှုခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် မိဘများက ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တပ်မတော် ကြည်း၊ ရေ၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့် ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်တွင် လူသေဆုံးခဲ့သဖြင့် နတ်မောက်မြို့နယ်၊ ရွှေပန်းတောရွာ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly

ထီးချိုင့်တွင် စက်ရုံထွက် အနံ့ဆိုးများကြောင့် ဒေသခံအများစု အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားဟုဆို


မန္တလေး၊ မတ် ၎

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ အုပ်စုတွင် ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီလီမိတက်ပိုင် သကြားစက်၊ အီသနော၊ မက်သနောစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ဟွန်ဒါ မြန်မာသစ်ပါးလွှာ စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဒေသခံအများစုမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များလာကြောင်း အဆိုပါ မောင်းကုန်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အနံ့ဆိုးများကြောင့် ကျေးရွာ ရှိလူကြီးများ ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စတင်ကာ အသက်ရှူမဝခြင်း၊ ကင်ဆာ အကျိတ်ကဲ့သို့ အကျိတ်အဖုများ ထွက်ခြင်း၊ ကလေးသူငယ် များတွင်လည်း အဖုများ၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊ မကြာခဏ ဖျားခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များက မသန်စွမ်း ကလေးများ မွေးဖွားလာခြင်းတို့ ခံစားနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းကျေးရွာတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အာခေါင်ကွဲ၊ လျှာကွဲနေသော ကလေးများ မွေးဖွားလာသည်မှာ ခြောက်ဦးခန့်ရှိပြီး စက်ရုံစွန့်ပစ်ရေ များကြောင့် ကျွဲ၊ နွားများပါ သေကျေ ပျက်စီးလာသဖြင့် သက်ဆိုင်ရာ စက်ရုံ တာဝန်ရှိသူများ အနေနှင့် စွန့်ပစ်ရေနှင့် အနံ့ဆိုးများ အမြန်ဆုံး ပပျောက်အောင် ဆောင်ရွက်စေလိုကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

“အစကအနံ့တွေဆိုရင် မခံနိုင်ဘူး။ မူးကနဲမိုက်ခနဲ ဖြစ်တယ်။ အခုအနေကြာလာတော့ အနံ့က ယဉ်သလိုလိုတော့ ဖြစ်လာတယ်။ ဒီအနံ့တွေနဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ ကိုယ်ဝန်ဆောင်တွေက ဒုက္ခိတလေးတွေ၊ မသန်စွမ်းလေးတွေ မွေးလာတယ်။ အသက်ရှူမဝတာတို့ ကလေးတွေမှာ ဘုတွေ၊ တီဘီအကျိတ်လို ဟာတွေ ဖြစ်လာတယ်” ဟု မောင်းကုန်း ဒေသခံ ဦးမြင့်လှိုင်က ဆိုသည်။

ယင်းကဲ့သို့သော အနံ့အသက် များကြောင့် အသက်ရှူရာတွင် အောက်ဆီဂျင် နည်းလာပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ရင်ကျပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း မြန်မာအစိမ်းရောင် ကွန်ရက်မှ ဓာတုဗေဒဆိုင်ရာ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။
“ဒီအနံ့ဆိုးတွေက ကျွန်တော်တို့ စက်ရုံက အနံ့မဟုတ်ပါဘူး တခြားကနေပါလိမ့်မယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ဇွန်လကစပြီးတော့ နိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ အနံ့ဆိုးပျောက်အောင် သိန်းရှစ်ထောင်ကျော် အကုန်အကျခံပြီး လုပ်ကိုင် ဆောင်ရွက်ထားပါတယ်” ဟု ဂရိတ်ဝေါ ကုမ္ပဏီ အကြံပေးအရာရှိ ဦးအေးကျော်က ဆိုသည်။

အဆိုပါစက်ရုံများမှ အနံ့ဆိုးများအပြင် ဧရာဝတီ မြစ်အတွင်းသို့ စက်ရုံများမှ စွန့်ပစ်ရေများကို စွန့်ပစ်နေသဖြင့် ဒေသတွင်းရှိ နတ်အင်း၊ ကတူးအင်း၊ မလှိုင်ကြံအင်း၊ ငါးဗျစ်တောက် အင်းများထဲသို့ ယင်းရေများ စီးဝင်ကာ ငါးနှင့် ပုဇွန်များသေကျေခြင်း၊ သားငါး ရှားပါးလာခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်းကျေးရွာ ဒေသခံများက တညီတညွှတ်တည်း ပြောကြားသည်။

ဧရာဝတီမြစ်အတွင်း ရေဆိုး စွန့်ပစ်မှုကြောင့် မြစ်အတွင်းငါး၊ ပုစွန်မျိုးစိတ်များ သေကျေနိုင်ကာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောကြားသည်။

အဆိုပါ ဂရိတ်ဝေါ သကြားစက်ရုံကို ၂၀၀၆ ခုနှစ်၊ ဓာတ်မြေသြဇာ စက်ရုံကို ၂၀၀၉ ခုနှစ်နှင့် သစ်ပါးလွှာစက်ရုံကို ၂၀၁၀ ပြည့်နှစ် မတ်လတို့တွင် စတင်တည်ထောင်ခဲ့သည်။

The Voice Weekly

ယူကရိန်းအရေး စစ်အင်အားသုံးရန် မလိုသေးဟု ပူတင်ပြော


မော်စကို၊ မတ် ၎

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသ အရေးနှင့် ပတ်သက်၍ လောလောဆယ် ကာလတွင် စစ်အင်အား အသုံးပြုရန် မလိုအပ်သေးဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး အရှေ့-အနောက် တင်းမာမှု လျှော့ကျလာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် သုံးသပ် ပြောကြားလိုက်သည်။

ယူကရိန်းအရေးတွင် စစ်အင်အား အသုံးပြုရေး နည်းလမ်းကို နောက်ဆုံးအနေနှင့် ရွေးချယ်သွားမည် ဖြစ်ပြီး မော်စကိုအပေါ် အနောက်နိုင်ငံများက စီးပွားရေးအရ အရေးယူ ပိတ်ဆို့ပါက တန်ပြန် သက်ရောက်မှုများ ပေါ်ပေါက်လာမည်ဟု သမ္မတပူတင်က သတိပေးလိုက်သည်။

ထို့အပြင် ရုရှား၏ မဟာမိတ် တစ်ဦးဖြစ်သော ယူကရိန်းသမ္မတ ဗစ်တာယာနျူကိုဗစ်ကို အခြေခံဥပဒေနှင့် မညီညွတ်ဘဲ အာဏာသိမ်း ဖြုတ်ချလိုက်ကြောင်း၊ ယာနျူကိုဗစ်မှာ ယူကရိန်းနိုင်ငံ၏ တရားဝင် ခေါင်းဆောင် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပူတင်က ပြောကြားလိုက်သည်။

သို့သော်လည်း အင်္ဂါနေ့ အစောပိုင်းတွင် ယူကရိန်းနှင့် နယ်မြေချင်း ထိစပ်နေသော ရုရှားနိုင်ငံ အနောက်ပိုင်း ဒေသများတွင် စစ်ရေးလေ့ကျင့်နေသော တပ်ဖွဲ့ဝင်များကို စစ်အခြေစိုက် စခန်းများသို့ ပြန်လည် ဝင်ရောက်ရန် ပူတင်က အမိန့်ပေးလိုက်သည်။

ကရိုင်းမီးယားဒေသကို ပူတင်၏ တပ်ဖွဲ့ဝင်များ ထိန်းချုပ်လိုက်ပြီးနောက် ရုရှားစတော့ဈေးနှုန်း၊ ရူဘယ်ငွေဈေးနှုန်း၊ ဘွန်းဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းသွားပြီး ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ တနင်္လာနေ့တွင် ဖြစ်ပေါ်ခဲ့သော်လည်း အင်္ဂါနေ့တွင် ပြန်လည် မြင့်တက်လာပြီ ဖြစ်သည်။

ယင်းကဲ့သို့သော ဘဏ္ဍာရေး ကျဆင်းမှုများကြောင့် ရုရှားကုမ္ပဏီများမှာ ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးအထိ ဆုံးရှုံးခဲ့ရပြီး နောက်တွင် စစ်အင်အား အသုံးပြုရန် မလိုဟု သမ္မတပူတင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေပြီး ယူကရိန်းနှင့် ရုရှားအကြား စေ့စပ်ဆွေးနွေးနိုင်ရန် နည်းလမ်းများ တင်ပြပေးမည် ဖြစ်သည်။

ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်များကြောင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ၊ ဆိပ်ကမ်းများသို့ သွားရောက် လည်ပတ်မှုများ အပါအဝင် ရုရှားနှင့် စစ်ရေး ပူးပေါင်းမှုများကို ဆိုင်းငံ့မည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်လိုက်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဆွေးနွေးမှု များကိုလည်း ရပ်တန့်ထားမည်ဟု ပြောကြားလိုက်သည်။

ထို့အပြင် ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ပြင်ဆင်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပြီး စီးပွားရေး ပိတ်ဆို့ပါက ဒေါ်လာကို အရန်ငွေအဖြစ် အသုံးပြုမည် မဟုတ်ဘဲ အမေရိကန် ချေးငွေများကို ပြန်မဆပ်ဟု ကရင်မလင် အရာရှိများက ပြောကြားသည်။

အနောက်တိုင်း ခေါင်းဆောင် များကလည်း စစ်ရေးအရ မစွက်ဖက်ရန် သမ္မတပူတင်ကို သတိပေးလိုက်ပြီး စီးပွားရေး၊ သံတမန်ရေးရာ အကျိုးဆက်များ ပေါ်ပေါက်လာမည်ဟု ပြောကြားလိုက်သော်လည်း စစ်ရေး အရေးယူမှုများ လုပ်ဆောင်မည်ဟု ပြောကြားခြင်း မရှိပေ။

ရုရှား၏ အနီးကပ် မဟာမိတ် တစ်ဦးဖြစ်သော တရုတ်နိုင်ငံကလည်း ယူကရိန်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရုရှားနိုင်ငံကို ကုလသမဂ္ဂ အစည်းအဝေးတွင် တိုက်တွန်းလိုက်ကြောင်း RIA သတင်းတွင် ဖော်ပြထားသည်။

ပူတင်၏ မဟာမိတ်ဖြစ်သော ယူကရိန်းသမ္မတ ယာနျူကိုဗစ်ကို လူထု အုံကြွမှုများဖြင့် ရာထူးမှ ဖြုတ်ချပြီးနောက်တွင် ယူကရိန်း နိုင်ငံတွင်းရှိ ရုရှားလူမျိုးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် စစ်အင်အား အသုံးပြုနိုင်ခွင့် ရှိသည်ဟု ရုရှားသမ္မတ ပူတင်က ထုတ်ပြန် ပြောကြားလိုက်သည့် နောက်တွင် တင်းမာမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံ၌ အနောက်လိုလားသော အစိုးရ အဖွဲ့သစ် တက်လာပြီး ဥရောပသမဂ္ဂနှင့် ပိုမို ပူးပေါင်းရေး လမ်းကြောင်း ရွေးချယ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ရုရှားသမ္မတ ပူတင်က ယူကရိန်းအရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်။

The Voice Weekly

ကျွဲ၊ နွား ရှားပါးမှုဒဏ်အားကာကွယ်ရန် အမဲသတ်ခွင့်လိုင်စင်အား ဇီဝိတဒါန ကျွဲ၊ နွားအသက်ကယ်ကုသိုလ်တော်မဖွဲ့မှ လေလံယူသွားမည်


ရေကြည်၊ မတ်လ ၅။

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်တွင် ကျွဲ၊ နွားများ အသက်ခံရခြင်းနှင့် ကျွဲ၊ နွား များရှားပါးမှုဒဏ်အား ကာကွယ်ရန်အတွက် ကျွဲ၊ နွား သတ်ခွင့်လိုင်စင်အား ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော်အဖွဲ့မှ  လေလံယူသွားမည်ဖြစ် ကြောင်း မတ်လ ၅ ရက်နေ့က သိရသည်။

ကုန်းပြင်တိုက်နယ်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ကာ သားသတ်လိုင်စင်များအား ရရှိခဲ့သော်လည်း သားသတ်သည့်နေရာ အတည်တကျမရှိဘဲ သားသတ်ခြင်းလုပ်ငန်းများအား ကန့်သတ်ထက် ကျော်လွန်လုပ်ကိုင် နေခြင်းကြောင့် ကျွဲနွားများ မွေးမှုနှုန်းနှင့်သေဆုံးမှုနှုန်းသည် မမျှတဘဲ ကျွဲနွားဈေးများအဆမတန် မြင့်တက်နေခြင်းကြောင့် ယင်းကဲ့သို့ ဝယ်ယူရခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော်အဖွဲ့မှ  ဥက္ကဋ္ဌ ဦးခင်စိုးကပြောသည်။

“အမဲလိုင်စင်ကို လေလံနဲ့ဆွဲဖို့အတွက် ဧရာဝတီ တိုင်းဝန်ကြီးချုပ်အထိ စာတင်ထားတယ် လိုင်စင်ရဖို့အတွက် ရန်ပုံငွေမတည်ပြီး ကျွဲနွားသေဆုံးမှုကို ထိန်းချုပ်သွားမယ်”ဟု ဦးခင်စိုးက ဆိုသည်။

အမဲသတ်ခွင့် လိုင်စင်ကြေးမှာ ကာလ တန်ကြေးအရ ကျပ် သိန်း ၁၅၀၀ ခန့်ရှိပြီး ယင်းလိုင်စင် အား အသင်းသား တစ်ဦးခြင်းစီ၏ တစ်နေ့လျှင် တစ်ရာကျပ်နှုန်းဖြင့် ကောက်ခံကာ ကျွဲနွားများ၏ သေဆုံးမှုအား လျော့သွားမည် ဖြစ်ကြောင်းကိုလည်း ရေကြည်မြို့နယ် ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော် အဖွဲ့မှ  သိရသည်။

စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ  ကျွဲနွားသတ်ခွင့်မှာ သုံးရက်လျှင် တစ်ကောက်နှုန်းဖြစ်ပြီး ကျွဲ နွား သက်တန်း ၁၆ နှစ်ကျော်မှသာ သတ်ဖြတ်ခွင့်ရှိသည်ဟု ဆိုသော်လည်း ယင်းမြို့နယ်တွင် ၁၆ အောက်နွားများကို သတ်ဖြတ်ခြင်းသည် တစ်စ တစ်စ ဖြင့် ပိုများလာကြောင်း  ကုန်ပြင်တိုက်နယ်လုံးဆိုင်ရာ အုပ်ချုပ်ရေးမှူး ဦဝင်းအောင်က ပြောသည်။

“ဒီမှာက နွားတွေကို အရမ်းသတ်ကြတာ နေရာကိုအတည်တကျမရှိဘူး ဟိုနားမှာလည်းသတ်တာပဲ ဒီနားမှာ လည်းသတ်တာပဲ တကယ်လို့သားသတ်ခွင့် လိုင်စင်သာ ရရှိခဲ့မယ်ဆိုရင် ဒီရန်တွေကနေကင်းဝေးနိုင်ပြီ” ဟု ဦးဝင်းအောင်က ဆိုသည်။

ကုန်းပြင်တိုက်နယ်လုံးဆိုင်ရာ ဇီဝိတ ဒါန ကျွဲ နွား အသက်ကယ်ကုသိုလ်တော်အဖွဲ့ သည် ကုန်းပြင်၊ လက်ပံ့ပင်၊ ပန်းပုကွင်း၊ ကက္ကူကြီး ၊ ကက္ကူလေး၊ ဂွေးတောက်၊ ဖန်ခါး၊ ကွင်းချောင်း၊ ညောင်ပင်သာ အစရှိသည့်ရွှာများမှ ထူထောင်ထားသည့် အဖွဲ့ဖြစ်ကြောင်းကိုလည်း သိရသည်။

နှင်းနွယ်
The Myanma Age

အိန္ဒိယမှ ရွေးကောက်ပွဲနေ့ရက်များကို ကြေငြာ


မတ်လ ၅။မတ်လ ၅။

အိန္ဒယ အထွေထွေ ရွေးကောက်ပွဲကို ဧပြီလနှင့် မေလများတွင် အဆင့် ကိုးဆင့်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှ ကြေငြာခဲ့သည်။ အောက်လွှတ်တော်အတွက် မဲပေးခြင်းကို ဧပြီလ ၇ ရက်မှ မေလ ၁၂ ရက်နေ့အထိ ကျင်းပပြီး မေလ ၁၆ ရက်နေ့တွင် မဲများကို ရေတွက်သွားမည် ဖြစ်သည်။

တရားဝင် မဲပေးခွင့်ရှိသူ အရေအတွက် ၈၁၄ သန်းဖြင့် အိန္ဒိယ ရွေးကောက်ပွဲသည် ကမ္ဘာတွင် အကြီးဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ လက်ရှိ အုပ်ချုပ်နေသည့် ကွန်ဂရက်ပါတီနှင့် အဓိက အတိုက်အခံ ဘရာတီယာ ဂျနာတာ ပါတီ (BJP) နှစ်ခုသည် ဒေသတွင်း ပါတီငယ်လေးများနှင့်ပါ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပါတီကြီးနှစ်ခု ဖြစ်သည့် ကွန်ဂရက်ပါတီနှင့် BJP ပါတီတို့ကို ယှဉ်ပြိုင်နိုင်ရန် အတွက် ဒေသတွင်း ပါတီငယ် ၁၁ ခု၏ ခေါင်းဆောင်များ စုပေါင်း၍ တတိယ အင်အားစုအဖြစ် စုစည်း ရင်ဆိုင်ကြမည် ဖြစ်သည်။

မြို့တော် ဒေလီတွင် ကောက်ခံခဲ့သည့် စစ်တမ်းများတွင် ထင်ရှားလာသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမ်အဒ်မီ ပါတီသစ် (AAP) သည်လည်း ရွေးကောက်မှုများတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အကယ်၍ မည်သည့် ပါတီကြီးကမှ မဲအရေအတွက် ပြတ်ပြတ်သားသား အနိုင်ရမှု မရှိခဲ့လျှင် ပါတီငယ်လေးများ အနေဖြင့် အဆုံးအဖြတ် ပေးနိုင်သော နေရာတွင် တည်ရှိနိုင်သည်။

အိန္ဒိယ၏ အောက်လွှတ်တော်အတွက် နေရာ ၅၄၃ခု ရှိပြီ အစိုးရဖွဲ့စည်းရန် အတွက် အနည်းဆုံး ၂၇၂ နေရာကို အနိုင်ရရှိရမည် ဖြစ်သည်။ အချို့သော ဒေသများတွင် မဲပေးခြင်းကို အဆင့် တစ်ချို့ဖြင့် ကျင်းပမည် ဖြစ်သည်။ ပါလီမန်သစ်ကို မေလ ၃၁ ရက်တွင် ဖွဲ့စည်းရမည် ဖြစ်သည်။

မဲပေးခြင်းများကို

ဧပြီ ၇ ရက်တွင် ပြည်နယ် ၂ ခု မဲဆန္ဒနယ် ၆ ခု
ဧပြီ ၉ ရက်တွင် ပြည်နယ် ၅ ခု မဲဆန္ဒနယ် ၇ ခု
 ဧပြီ ၁၀ ရက် ပြည်နယ် ၁၄ ခု မဲဆန္ဒနယ် ၉၂ ခု
 ဧပြီ ၁၂ ရက် ပြည်နယ် ၃ ခု မဲဆန္ဒနယ် ၅ ခု
 ဧပြီ ၁၇ ရက် ပြည်နယ် ၁၃ ခု မဲဆန္ဒနယ် ၁၄၂ ခု
 ဧပြီ ၂၄ ရက် ပြည်နယ် ၁၂ ခု မဲဆန္ဒနယ် ၁၁၇ ခု
 ဧပြီ ၃၀ရက် ပြည်နယ် ၉ ခု မဲဆန္ဒနယ် ၈၉ ခု
 မေလ ၇ ရက် ပြည်နယ် ၇ ခု မဲဆန္ဒနယ် ၆၄ ခု
မေလ ၁၂ ရက် ပြည်နယ် ၃ ခု မဲဆန္ဒနယ် ၄၁ ခု များတွင် ကျင်းပသွားမည် ဖြစ်သည်။
တရားဝင် မဲပေးခွင့် ရှိသူဦးရေ ၈၁၄သန်းမှာ မဲရုံပေါင်း ၉၃၀၀၀၀ တွင် မဲဆန္ဒများ ပေးနိုင်မည် ဖြစ်သည်။

REF: BBC
The Myanma Age

မုန့်ဖိုးနှင့်အတူ ကိုယ်ချင်းစာတရားမှလွဲ၍ အခြားအရာများ မပါစေရ


ဓာတ်ပုံ - အင်တာနက်

ညနေခင်းက အမြှုပ်တစီစီထလွန်းလှသည်။ အခိုးတရှိန်ရှိန် ထွက်နေသော သွေးရောင်လွှမ်းမျက်နှာများနှင့် မည်သည့် အဓိပ္ပာယ်ဟု အလိုလိုသိသာနေသော ရီဝေဝေ အကြည့်များကို လည်း ထိုနေရာ တွင်ပေါပေါသီသီရနိုင်ပါသည်။ ထိုကဲ့သို့ အရိုင်းဆန်လှသောနေရာ တစ်ခုတွင် ပေါင်လယ်ခန့်စကပ်တိုတို၊ ရင် တစ်ဝက်လှပ်ထားသော ကြိုးပျောက်ဘော်လီအင်္ကျီနှင့် မိန်းမ သားတစ်ဦးကို ဟိုစားပွဲဝိုင်းကူးလျက် ဒီစားပွဲဝိုင်းကူးလျက်မြင်တွေ့ရပါလျှင် သင့်မျက်လုံးများသည်ရော တစ်စုံတစ်ရာသော တပ် မက်မှုဖြင့် အရောင်မပြောင်းဟုအာမခံနိုင် ပါမည်လော။ အဘယ့်ကြောင့်ဆိုသော် နေရာ အချိန်နှင့် သုံးစွဲနေသော အရာ၏ ပံ့ပိုးမှုများက ပုထုဇဉ်တို့၏စိတ်ကို ဖောက်ပြန်ေ စတတ်သော ကြောင့်ဖြစ်သည်။ ထိုနေရာက နိုက်ကလပ်တစ်ခုမဟုတ်။ မော် ဒယ်လျှောက်လမ်းတစ်ခုမဟုတ်သလို အပျော်အပါးအတွက် သွေးသား အရောင်းအဝယ်နေ ရာတစ်ခုလည်း မဟုတ်ပါ။ ထို နေရာက ဘီယာဆိုင် တစ်ခုသာဖြစ်သည်။ အဖြေကိုသိပြီဆို သောအခါ သင့်ထံတွင်အတွေး တစ်ခုလည်းရှိနေပြီဖြစ်သည်။

ထိုအတွေးကတော့ ”ဒီလိုနေရာမျိုး ဒီလိုဝတ်လို့ကတော့ အထင် ခံရတာတောင်နည်းသေး” သို့မဟုတ် ”အင်း ဒီပုံစံဆို ဒီဆော် လေးတွေ ရတယ်ထင်တယ်” ဟူ၍ ဖြစ်နိုင် ပါသည်။ ထိုသို့ မဟုတ်ပါက သေချာသည်မှာ ထိုအဝတ်အစားအဆင်အပြင် နှင့်မိန်းကလေးများအပေါ် အထင်အမြင်သေးသွားခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ထို့အတွက် လည်းမြန်မာစကားကရှိ ပါသည်။ ”လူမှာအဝတ်တောင်းမှာအကွပ်”ဟူ၏။ ထို့သို့ဖြင့်ပင် ချဉ်စုတ်စုတ်အရက်နံ့နှင့် အမြှုပ်တစီစီထနေသောဘီယာ ခွက်များ တင်ထားသည့် စားပွဲများတစ်လျှောက် လိုအပ်၍ဖြစ်စေ၊ အ ကြောင်းမဲ့ ဆေးလိပ်ယူခိုင်း ဟိုမှာသည်မှာဖြစ်စေ လုပ်ပေးနိုင် သလောက် လုပ်ပေးနေရသော စကပ်တိုတို ရင်တစ်ဝက်ဟိုက် အင်္ကျီဖြင့် မိန်းကလေးများကတော့ ညနေ ညီအစ်ကို မသိတသိ အချိန်မှစ အားကောင်းမောင်းသန်ယောက်ျားကြီးများကတော့ သိသိကြီးနှင့်ပင် ဘီယာတကျိုက် အကြည့် တနှိုက်ဖြင့် ညက ပိုမိုက်လာခဲ့ပြီဖြစ်သည်။

သို့သော်—— ”ရင်ပြတ်အင်္ကျီဝတ်လို့ ကြိုးပျောက်ဘော် လီမဝတ်ရင် ဒဏ်ငွေပေးရတယ်”ဟု မနန်း(အမည်ပြောင်း)က ရှင်းပြသည်။ ၄င်းအပြင်ရေချိုး၊ ခေါင်းလျှော်၊ အလှပြင်ဆင်မှုတို့ကို မိနစ် ၃ဝသာအချိန်ပေးထားပြီး အချိန်ကျော်လွန်ပါကလည်းဒဏ်ငွေပေးရပါသည်တဲ့။ သူတို့ဝတ်ဆင်ရသောဝတ်စုံများသည် လည်း ဆိုင်ရှင်စိတ်ကြိုက် ဆင်ယင်ပေးထားခြင်းသာဖြစ်ကြောင်း သင်သိလိုက်ရပြီဆိုပါက အထက်ပါအမြင်များ ပြောင်းသွားပါ မည်လား။

တကယ်တော့ စားဝတ်နေရေး ရပ်တည်မှု တစ်စုံတစ်ရာ အခက်အခဲကြောင့် အလုပ်ကို စိတ်တိုင်းကျမရွေးနိုင်ဘဲ ဝင် ရောက်လုပ်ကိုင်နေရသည့်အပြင် အလုပ်၏ ထို သို့သော ဂယက် များကြောင့် ဘဝရပ်တည်မှုအပေါ် အထင်အမြင် အသေးခံ ကြရသည်။ ထို့ပြင်အလုပ်ရှင်၏ သတ်မှတ်ဆင် ယင်ပေးမှုက ပျက်ကွက်ပါက ဒဏ်ငွေဟူသော ဝင်ငွေထိခိုက်မှု ပါရှိနေ သောအခါ ——-ရွေးချယ်ခွင့်နည်းသော ဘဝများအတွက် အဖြေသည် လွယ်ကူမည်ဟု သင်ထင်ပါသလား။ ထိုဆိုင်က အောင်မင်္ဂလာ အဝေးပြေး ကားဝင်းထဲတွင်ရှိသည်။ မနန်းနှင့် မဖြိုး(အမည်လွှဲ)တို့က ၂ဝ၁၂ခုနှစ်မှစကာ ထိုကားဝင်းအတွင်းရှိဘီယာဆိုင်တွင် တစ်လလျှင် ကျပ် ၃ဝဝဝဝ ဖြင့် စတင်ဝင် ရောက် ခဲ့သည်မှစ ထို့သို့ကြုံခဲ့ကြရခြင်း ဖြစ်သည်။

မနန်းမှာ အလုပ်ဝင်ပြီးနောက် ဆိုင်ရှင် ဒေါ်တင်တင်ကြီး (အမည်ပြောင်း)က ခြောက် လစာကြိုထုတ်ပေးခဲ့သည်ဟု ပြန်ပြောင်းပြော သည်။ တရားဝင်အလုပ်ချိန်က ညနေ ၄ နာရီ မှ ည ၁၂ နာရီ။ ထို့အတွက် သူတို့သည်လည်း လာ ရောက်သောက်စားကြသော ဖောက်သည်များဆီမှ မုန့်ဖိုးကိုမျှော်ကြရသည်။ သို့သော် ထိကပါးရိက ပါးပြုလုပ်၍ တိုင်တန်းမိပါကဆိုင်ရှင်က မိတ်ပျက် မည်စိုး၍ ခေါင်းရှောင်နေတတ်သည်ဟု မနန်းက ရင်ဖွင့်သည်။

နောက်ပိုင်းတွင် သူကဲ့သို့စားပွဲထိုးမိန်းက လေးတစ်ဦးနှင့် ရန်ဖြစ်ရာ ဆိုင်ရှင်က ရင့်ရင့်သီးသီး ပြော၍ အလုပ်ထုတ်ခဲ့သည်။ ဇာတ်ကတော့ ထူး ဆန်းသည်မဟုတ်ပါ။ သို့သော် ကျန်ခဲ့သည့် မဖြိုး မှာလည်း ဆိုင်မှာတင်း ကျပ်သည့် စည်းကမ်းများ သာမက နောက်ထပ် ဒုက္ခတစ်ခုပါ ကြုံလိုက်ရ သည်။ လုပ်ဖော်ကိုင်ဖက်ချင်း ခင်မင်ချစ်ခင် ၍ ပေးထားသည့်နားကပ်လေး မှာ ၂ဝ၁၃တွင် မဖြိုး အလုပ်ထွက်ပြီးနောက် ပါလာခဲ့သည်ဟု မနန်းက ပြောပြသည်။

သို့သော် ဆိုင်ရှင် ဒေါ်တင်တင်ကြီးက နား ကပ်အား မဖြိုး ခိုးယူသွားသည် ဟုဆိုကာ အမှုဖွင့်ခဲ့ သည်။ တရားရုံးတွင် မဖြိုးမှာအသက်မပြည့်သေးသောကြောင့် အမှုမှ ပလပ်ပေးခဲ့၍သာ ဘဝတွင် အမည်းစက်မစွန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ လျှပ်ပေါ်လျှပ်လီလည်းဝတ်ခိုင်း၊ ရေချိုးအလှပြင်ရာ တွင်ပင် အချိန်မစွန်းမခံဒဏ်ငွေတပ်သော ဘဝများတွင် ဘီယာ တန်ခိုးရီဝေစွာမစာမနာအရသာ ခံမြည်းဖို့တော့ သူတို့သည် လည်း ဘဝကို အလကား ပစ်ချထားခြင်းတော့ မဟုတ်ကြပါ။

”ဒီလိုဘီယာဆိုင်တွေမှာလုပ်တာတော့ ယောက်ျားတွေက တဏှာမျက် လုံးနဲ့ကြည့်တာတွေ ရှိတယ်။ အဲလိုမျိုးဆိုရင် သူများတွေတော့ မသိဘူး။ အစ်မဆိုရင် သူတို့နဲ့ ဝေးဝေးမှာ ရှောင်နေမယ်။ ဒါမှမဟုတ်လည်း စိတ်ကိုအဲဒီမှာနှစ်မထားဘူး။ အဲဒီလို အချိန်မျိုးဆို ဖယ်ရီကားမြန်မြန်လာ ပါစေလို့ ဆုတောင်း တယ်” ဟု ဘီယာကုမ္ပဏီတစ်ခုမှ အရောင်းမြှင့်တင်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ မသီတာက အသံခပ်ပြတ်ပြတ်ဖြင့် ပြောသည်။

သူသည်လည်း မိသားစုကိုထောက်ပံ့နေရခြင်းဖြစ်သည်။ သူ့အနေဖြင့် ဘဏ်ဝန်ထမ်းလုပ်ချင်သော်လည်း ဆယ်တန်းမ အောင်သဖြင့် ရရာအလုပ်ကိုရွေးလိုက် ရခြင်း ဟု ပြောသည်။ သူတို့အလုပ်အပေါ် အထင်သေးကြသော်လည်း ညနေ ၃ နာရီမှ ည ၁ဝ နာရီအထိ လုပ်ကိုင်ရသော နေ့တစ်ဝက်သာသာအတွက် လစာက တစ်သိန်းေ ကျာ်သည်ဟု ဆိုသည်။ ထိုအတွက်လည်း သူတို့ မက်ကြခြင်းဖြစ်သော်လည်း ဘဝနှင့်အရှက်တန်ဖိုးတို့ကို ထိပါးခံနေသူချည်းလည်းမဟုတ်ပါ။

”အစ်မတို့က ဒီအလုပ်လုပ်ရတာ အခက်အခဲက သူတို့ရစ် တာကိုခံရတယ်။ အစ်မတို့က သူတို့နဲ့စကားမပြောချင်လည်း ပြောရတယ်။ တချို့တွေကျတော့ ကိုယ့်နှမ သားချင်း မစာမနာ ပြောတယ်။ တချို့ဆို ဆိုင်ရှင်တွေ လည်းပါတယ်။ အစ်မတို့က အရောင်းမြှင့်တင်ရေး ဝန်ထမ်းတွေလေ။ အစ်မတို့ ခံယူချက်က ဒါပဲရှိတယ် ။ သူတို့က အစ်မတို့လို ခံယူထားတာ မဟုတ်ဘူး” ဟု သူက ဆိုပါသည်။

စားသုံးသူများ၏ ဆိုးဆိုးဝါးဝါးဆက်ဆံမှုကို မကြုံဖူးသော် လည်း သူတို့ သူငယ်ချင်းများ၏ အတွေ့အကြုံက ဆုံပါသည်။ လာသောက်နေကျဖောက် သည်က အရက် တစ်ပက် မှာလိုက်၊ ဆေးလိပ်မှာလိုက်ဖြင့် ထိုအရောင်းမြှင့်တင်ရေးဝန်ထမ်းအမျိုးသမီးငယ်အား မော်ဒယ်များကဲ့သို့ ဟိုဘက်သည်ဘက်လျှောက် ခိုင်းပါသည်တဲ့။ ထိုအရာ များက တကယ်ဆိုရပါလျှင် လူအခွင့်အ ရေးနှင့် အလုပ်သမား အခွင့်အရေးအရ လုံခြုံမှုမဲ့ခြင်းပင်ဖြစ် သည်။ သို့သော် အလွယ်တကူစကားလည်းရှိပါသည်။ အဲလို မခံစား ချင်ရင် အဲဒီအလုပ်ဝင်မလုပ်နဲ့ပေါ့ ဟူ၍ ဖြစ်နိုင်ပါသည်။

သို့သော် ”ပတ်ဝန်းကျင်က ဒီအလုပ်လုပ်လို့ အထင်သေး လားဆိုတော့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေတာလည်း ကြာပြီ။ သူတို့ပြောတာလည်း စိတ်မဝင်စား ဘူးလေ။ အစ်မလုပ်မှ အစ်မစားရမှာ။ အစ်မမှာက မိသားစုငါးယောက်ရှိတယ်” ဟုမသီတာက ဆိုပါသည်။

ဆိုက်ကားဆရာက တက္ကစီသမားကိုအားကျသည်။ တက္ကစီ သမားကလည်း ကိုယ်ပိုင်ကားလေးပိုင်ချင်သည်။ ကိုယ်ပိုင်ကား ပိုင်သူကလည်းတစ်စီး မှ နောက်တစ်စီး။ ဘဝဟူသည်က မပြည့် သောလိုဘများနှင့်မို့ တစ်ယောက်အလုပ်တစ်ယောက် သာသည် နာသည်ဟုတွက်၍မရပါ။ ထို့အတူ ဘဝနှင့်ရင်းရသည်ဖြစ်စေ၊ဂုဏ်သိက္ခာနှင့် အရှက်တရားတို့ကို ရင်းရသည်ဖြစ်စေ ငါ့ဝမ်း ပူစာမနေသောဟူသော လောကဓံတွင် တစ်ခုတည်းသော လောကပါလတရားမှာ ”ကိုယ်ချင်းစာတရားပင်” ဖြစ် မည်ဟု ထင်မိပါသည်။ သို့သော် အကယ်၍ အလင်းရောင်ခပ်မှိန်မှိန်၊ စားပွဲပေါ်တွင် အမြှုပ်တစီစီဘီယာခွက်နှင့် အမြည်းစုံ။ ရှေ့ တွင် တော့ ပေါင်လယ်အထိ စကပ်တိုနှင့် လည် ဟိုက်အင်္ကျီဝတ်ဆင် ထားသော မိန်းမပျိုတစ်ဦးက ဝန်ဆောင်မှုပေးနေသည်ဆိုပါအံ့။ သင် သူ့အပေါ်မည်သို့ဆက်ဆံမိမည်ကို ကျွန်တော်လည်း စိတ် ဝင်စားနေမိပါ သည်။ အထူးသဖြင့် သင်သူ့အပေါ် ပြန်အမ်းငွေ သို့မဟုတ် သင့်အိတ်အတွင်း မှ သီးသန့်ထုတ်၍ မုန့်ဖိုးပေး သည့်အခါ ထိုတစ်ခုတည်းသော လောက ပါလတရားသည်လည်း တစ်ခါတည်းပါသွားစေချင်မိပါတော့သည်။

အောင်ခွန်းဆက်၊ ဇေဝေယံ
Popular Myanmar News Journal

စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ


စင်ကာပူ-မတ် ၅
အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မသန်းသန်းဝင်းကို အိမ်ရှင်အဖွားအိုအား သတ်မှုဖြင့် စင်္ကာပူတရားရုံးတစ်ခုတွင် တရားစွဲဆိုထားကြောင်း သိရသည် ။
မသန်းသန်းဝင်းကို အသက် ၈၅ နှစ်အရွယ် အိမ်ရှင်အဖွားအို Yong Wan Lan အား မတ်လ ၄ ရက်နေ့ ညနေ က သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ။
မတ်လ ၄ ရက်နေ့က အိမ်ရှင်အဖွားအိုYong Wan Lan နေထိုင်ရာ Springdale ကွန်ဒိုမှ ရဲတပ်ဖွဲ့ထံ အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး အဆိုပါနေရာသို့ ရဲတပ်ဖွဲမှ ရောက်ရှိသွားချိန်တွင် သူမအား အခန်းတွင်း၌ပင် မလှုပ်မယှက် လှဲနေသည်ကိုတွေ့ခဲ့ရသည် ဟု သိရသည်။
သူမ၏ ခန္တာကိုယ်အထက်ပိုင်းတွင် ဒဏ်ရာများ ရှိနေပြီ မှုခင်းဆရာဝန်က သူမ သေဆုံးကြောင်း အတည်ပြုပေးခဲ့သည် ။
မသန်းသန်းဝင်းကို ချန်ဂီအမျိုးသမီး အကျဉ်းထောင်တွင် ထိမ်းသိမ်းထားပြီး ယင်းအမှုအား မတ်လ ၂၆ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည် ။
ပြစ်မှုထင်ရှားပါက ၄င်းကို သေဒဏ်အထိချမှတ်ခြင်း ခံရနိုင်ကြောင်းသိရသည် ။ Ref: CNA

Popular Myanmar News Journal

ဆေးခန်းသွားပြသောမိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦးပြုတ်ကျ သေဆုံး


ရန်ကုန်-မတ်၅
ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦးပြုတ်ကျ၍သေဆုံးမှုတစ်မှု
ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။
ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွက်
ပုဇွန်တောင်မြို့ နယ် နေ မရွှေဇင်ဦး(၂၃) သည်
၎င်းဧ။် နေအိမ်ပထမ ထပ်ရှိဝရံတာတွင်
ဆေးခန်းသွားပြသောမိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ်ပြုတ်ကျခဲ့ပြီး
ဝဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊ယာချိုစောင်းဖူးရောင်ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ၍ဆေးကုသမှုခံယူစဉ်
ယနေ့  နံနက် ၂း၅၀ အချိန်တွင်သေဆုံးသွားကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှထပ်မံသိရှိရသည်။zwy

Popular Myanmar News Journal

အစိုးရ ပေးထားသည့် ကတိ ၈၀၀ ခန့်မှ ၃၀ ကျော်သာ ပြီးစီး


5-3-2014

မြန်မာ့ပါလီမန်သက်တမ်း သုံးနှစ်အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးများ၏ လွှတ် တော်အတွင်း ပြန်လည်ဖြေကြားရသည့် ကြယ်ပွင့်ပြမေးခွန်းများအတွက် အစိုးရဘက်မှ ကတိက၀တ်ဖြစ် သောလုပ်ငန်း ၄၄၀၊ ကိုယ်စားလှယ်သို့ တိုက်ရိုက်အကြောင်းပြန်သည့် ကြယ်ပွင့်မပြမေးခွန်းများအတွက် ကတိပေါင်း ၈၈၄၊ စုစုပေါင်း ၁၃၂၄ တို့ရှိပြီး မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်း ၇၇၈ ခု ရှိသည့် အနက် လုပ်ငန်း ၃၂ ခုတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် အစိုးရအာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အစိုးရ ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပထမအကြိမ် ပြည်သူ့လွှတ် တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ကတိက၀တ်ဖြစ်ပြီးသည့် လုပ်ငန်းများအနက် ပြီးစီးကြောင်း ပြန်ကြားထားသည့် လုပ်ငန်း ၃၂ မျိုး တို့ကို အဖွဲ့လေးဖွဲ့ခွဲ၍စစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံးနီးပါး ပြီးစီးနေကြောင်း တွေ့ရသည်ဟု ယနေ့ ပြည် သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစည်းအဝေးသို့ တင်သွင်းသော အဆိုပါ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

၎င်းအစီရင်ခံစာအရ ကတိက၀တ်အတိုင်း ဆောင်ရွက်ပြီးစီးသော လုပ်ငန်း ၃၂ ခုတို့ကို ကော်မတီက အ ဖွဲ့လေးဖွဲ့ခွဲပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လုပ်ငန်းကိုးခုနှင့် မကွေးတိုင်းဒေ သကြီးရှိ လုပ်ငန်းနှစ်ခုတို့အတွက် ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့် ဦးဆောင်သည့် အဖွဲ့(၁)က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းလေးခုနှင့် ရှမ်းပြည်နယ်ရှိ လုပ်ငန်းနှစ်ခုတို့အား ကော် မတီအဖွဲ့ဝင် ဦးသန်းနွယ် ဦးဆောင်သော အဖွဲ့(၂)ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ငန်း သုံးခုနှင့် ရခိုင်ပြည်နယ်ရှိ လုပ်ငန်းနှစ်ခုတို့အား ကော်မတီဝင်ဦးအောင်စိန် ဦးဆောင်သည့် အဖွဲ့(၃)က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ လုပ်ငန်းလေးခု၊ မွန်ပြည်နယ်ရှိ လုပ်ငန်းတစ်ခု၊ ကရင်ပြည်နယ်ရှိ လုပ်ငန်းတစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းလေးခုတို့ကို ကော်မတီဝင်ဦးဝင်းသန်း ဦးဆောင် သည့် အဖွဲ့(၄)တို့ကလည်းကောင်း သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးမှုများအပေါ် ကော်မတီ၏ တွေ့ရှိသုံးသပ်အကြံပြုချက်များတွင် အစိုးရ၏ကတိက၀တ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအနေအထားကို ဒေသခံပြည်သူတို့ ကျေနပ်ကြကြောင်း၊ သို့ရာတွင် ကျေး လက်နေ ပြည်သူအချို့သည် ကျန်းမာရေးအသိ၊ ပညာရေးအသိ၊ ဥပဒေဆိုင်ရာအသိတို့ အားနည်းနေပြီး မိမိတစ်ဦးတည်း၏ လိုလားချက်၊ ဆန္ဒများကို ရှေ့တန်းတင် အလေးထား တောင်းဆိုမှုများရှိကြောင်း၊ အစိုးရအဖွဲ့ဝန်ထမ်းတို့၏ ဆောင်ရွက်မှုများအပေါ် အထင်လွဲမှားမှုများလည်း ရှိနေကြောင်း၊ နိုင်ငံတော် စီမံကိန်းများကို သတ်မှတ်အချိန်အတွင်း အရည်အသွေးပြည့်မီပြီး ထိရောက်စွာဆောင်ရွက်နိုင်ရန် စိစစ် သည့် ပြည်သူ့ကိုယ်စားလှယ်များ၊ ဆောင်ရွက်နေသည့် အစိုးရအဖွဲ့ဝင်များအချင်းချင်း ဥပဒေနှင့်အညီ အပြန်အလှန် ထိန်းညှိဆောင်ရွက်နေမှုအပေါ် သိမြင်ကြဖို့လိုနေကြောင်း၊ ထိုသို့ ပွင့်လင်းမြင်သာစေရန် သတင်းမီဒီယာတို့ကလည်း ပြည်သူပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား ပူးပေါင်း ဆောင်ရွက် ပေးဖို့ လိုအပ်ကြောင်း တွေ့ရှိရသည်ဟု ပါဝင်သည်။

အဆိုပါကော်မတီ၏ အစီရင်ခံစာတွင် ကတိက၀တ်လုပ်ငန်းများ အားလုံးနီးပါးပြီးစီးကြောင်း တွေ့ရသည် ဟူ၍ ဖော်ပြပါရှိခြင်းကို ကော်မတီဥက္ကဋ္ဌဦးဝင်းစိန်အား မဇ္ဈိမက မေးမြန်းခဲ့ရာ ၎င်းက “ကတိက၀တ်လုပ် ငန်းအားလုံးကို ပြောတာမဟုတ်ဘူး၊ အစိုးရအဖွဲ့ဘက်က ဆောင်ရွက်ပြီးစီးကြောင်း အကြောင်းပြန်လာ တဲ့ ခုနက အဖွဲ့လေးဖွဲ့က သွားပြီး စစ်ဆေးခဲ့တဲ့ လုပ်ငန်း ၃၂ ခုကိုပဲပြောတာပါ၊ မပြီးသေးတဲ့ ကတိက ၀တ်လုပ်ငန်းတွေ အများကြီး ကျန်နေသေးတာကလည်း လုပ်ရမယ့်အချိန်ကို မရောက်သေးလို့ပါ”ဟု ဖြေ ကြားခဲ့သည်။

လွှတ်တော်သို့ ကတိပေးခဲ့သည့် အစိုးရအဖွဲ့ကဆောင်ရွက်ရန် လုပ်ငန်းများတွင် နှစ်လတ်နှစ်ရှည် စီမံ ကိန်းများလည်း ပါဝင်သောကြောင့် အချို့လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲတွင်လည်းကောင်း၊ အချို့ကို ၂၀၁၅-၁၆ နှင့် ၂၀၂၀ ပြည့်နှစ်တို့ရောက်မှလည်းကောင်း အသီးသီး ဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားခဲ့သည်။

Mizzima - News in Burmese

အသက်ကယ်ပေးမယ့် Lifesaver iPhone Case


Lifesaver iPhone Case က ဖုန်းကိုင်ဆောင်သူ အန္တရာယ် ရှိတဲ့ အခြေအနေမှာ တည်နေရာ နဲ့ တကွ ရဲဌာန ကို အကြောင်းကြားပေးနိုင်ပါတယ်။ Case ရဲ့ ဘေးဘက်မှာ Slider Button တစ်ခုရှိပါတယ်။ အဲဒီခလုတ် ကို အသုံးပြုပြီး ရဲဌာန ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ခလုတ် ကို ဖွင့်လိုက်တာနဲ့ 911 ကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ တည်နေရာ နဲ့ ဖုန်းကိုင်ဆောင်သူ ရဲ့ သတင်းအချက်အလက်ကို ပေးပို့ပေးမှာဖြစ်ပါတယ်။ Microphone နဲ့ ကင်မရာ ကလည်း အဖြစ်အပျက်ကို မှတ်တမ်းတင်ပြီး ရဲဌာန ကို ပေးပို့မှာ ဖြစ်ပါတယ်။ ရဲဌာန ကို အကူအညီ တောင်းပြီးရင် LED Light က အချက်ပြပေးနိုင်ပါတယ်။ App က နောက်ကွယ်မှာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် တိုက်ခိုက်သူ က ရဲဌာန ကို အကြောင်းကြားတာ ကို မသိပါဘူး။

Lifesaver iPhone Case ကို ထုတ်လုပ် ရောင်းချဖို့ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေကောက်ခံလျှက်ရှိပါတယ်။ ရန်ပုံငွေ ထည့်သွင်းထားသူများ က Case ကို ဒေါ်လာ (၅၉) နဲ့ ရရှိမှာ ဖြစ်ပါတယ်။ အခြားသူများ ကိုတော့ ဒေါ်လာ (၉၉) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Lifesaver Case ကို iPhone 4 နဲ့ နောက်ပိုင်းထုတ်တဲ့ iPhone များမှာအသုံးပြုနိုင်ပါတယ်။ သြဂုတ်လ မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

တီထွင်သူ John Powell က သူ့ရဲ့ သမီး ကျောင်းသွားတဲ့လမ်းမှာ လူတစ်ယောက် က လှည့်ဖျား ခေါ်ဆောင်ဖို့ ကြိုးစားမှု ဖြစ်ပေါ်ပြီးနောက်မှာ Lifesaver Case ကို တီထွင်ခဲ့တာဖြစ်ပါတယ်။ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ The National Coalition Against Domestic Violence, Veterans For Missing And Exploited Children, and The National Network to End Domestic Violence တို့က Lifesaver Case ကို အားပေးပံ့ပိုး နေကြပါတယ်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ဖြစ်ပေါ် ခဲ့သော ယာဉ် မတော် တဆ မှုများ အ နက် လမ်း ကြောင့် ဖြစ်ပွား ခဲ့သော မတော် တဆ မှုမှာ တစ် ရာခိုင် နှုန်း သာ ရှိဟုဆို


ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ဖြစ်ပေါ် ခဲ့သော ယာဉ် မတော် တဆ မှုများ အ နက် လမ်း ကြောင့် ဖြစ်ပွား ခဲ့သော မတော် တဆ မှုမှာ တစ် ရာခိုင် နှုန်း သာ ရှိကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့ မှ ရဲမှူးကြီး နေ ၀င်း The Messenger သတင်းစာ သို့ ပြောသည်။

အမြန်လမ်းမှာ ယာဉ် မတော် တဆ မှု တွေ ဖြစ်တိုင်းလမ်းကြောင့်လို့ ပြောနေကြ တာ။ တကယ်တော့ လမ်း ကြောင့် ဖြစ်ပွားတဲ့ ယာဉ် မတော်တဆမှုက တစ်ရာခိုင်နှုန်းပဲ ရှိပါ တယ် ဟု ၎င်း က ဆိုသည်။ အဆိုပါ အ မြန် လမ်းမကြီးတွင် နေ့စဉ် နီးပါး ယာဉ် မတော် တဆမှုများ ဖြစ်ပေါ်လျက် ရှိပြီး၊ အများဆုံးဖြစ်ပေါ်ရသည့် အ ကြောင်း ရင်းမှာ လူ(ယာဉ်မောင်း)ကြောင့်ဖြစ်ကာ ဒုတိယအဖြစ် အများဆုံးမှာ ယာဉ်ကြောင့်ဖြစ် ကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့ ၏ စာရင်းအရ သိရသည်။ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ယာဉ် မတော်တဆမှု အများဆုံးဖြစ်ပွားတဲ့ နေရာ မရှိဘူး။ နေရာအနှံ့မှာ ဖြစ်တာကိုတွေ့ရတယ်။ ဒါကြောင်မို့လို့ မတော် တဆမှု တွေဟာ နေရာ တစ်ခုနဲ့ တစ် ခုတူညီတာ မဟုတ်တဲ့အတွက် လမ်းကြောင့် ဖြစ် ရတာ မဟုတ် ဘဲ လူတွေရဲ့ မဆင်မခြင် မောင်းနှင်း မှု ကြောင့် ဖြစ်တာပါ။ လမ်းကသာ တစ်စုံတစ်ခု ချွတ်ယွင်းနေမယ်ဆို ရင် ချွတ်ယွင်းတဲ့ တစ်နေရာမှာပဲ မကြာခဏ ဖြစ်နေမှာပါ””ဟု ၎င်း က ဆက်လက်ပြော ကြားသည်။ အဆိုပါ အမြန်လမ်းမကြီး ပေါ်တွင် ယာဉ် မတော် တ ဆမှုများသည် မကြာခဏ ဖြစ်ပွားနေသောကြောင့် နယ်ပယ်အသီးသီး က ဝေဖန်မှုများရှိနေပြီး၊ ယခုနှစ် ဇန်န၀ါ ရီ လမှ ဖေဖော်ဝါရီလ(၂၄) ရက်အတွင်း ယာဉ် မတော်တဆမှုပေါင်း(၅၂) မှုထိ ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၇) ဦး နှင့် ဒဏ်ရာရသူ (၉၇) ဦးအထိရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ် အတွင်း က လည်း ယာဉ် မတော် တဆ မှု ပေါင်း (၂၅၉) မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၁၃) ဦးနှင့် ဒဏ်ရာ ရသူ (၆၂၇) ဦးထိရှိခဲ့ ကြောင်း ရဲမှတ် တမ်း များ အရ သိရသည်။ ဖြစ်စဉ်အများစုက ယာဉ်မောင်းတွေ ရဲ့ မကျွမ်းကျင်တွေ၊ အရက် သောက် စားထား မှုတွေ၊ အိပ်ငိုက်မှု တွေ၊ အရှိန်လွန် မောင်းနှင် မှု တွေနဲ့ စည်းကမ်း ပျက်မောင်း နှင် မှုတွေ ကြောင့်ဖြစ်တာ””ဟု ရဲမှူးကြီးနေ၀င်းက ပြော သည်။

အဆိုပါ အမြန် လမ်း မကြီးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ (၃၆၆ ဒသမ ၃) မိုင်ရှည် လျား ကာ လမ်းမကြီးတစ် လျှောက် ကွပ်ကဲရေးရုံးတစ်ရုံး၊ ရဲ စခန်း (၁၅) ခု၊ ရဲကင်း (၄၀) ခုထားရှိထားကြောင်း သိရ သည်။ အများစုက ယာဉ်မောင်းကြောင့် ဖြစ် တာဆိုပေမယ့် လမ်းပိုင်းမှာလည်း ချွတ်ယွင်း မှုတွေရှိတယ်။ အများဆုံးက ကွေ့တွေကို ခင်းထားတဲ့ ပုံစံက အ်္တရာယ်များတယ်””ဟု ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို အ မြန်လမ်း မှ မကြာခဏမောင်းနှင်ရသော ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။အဆိုပါ အမြန်လမ်း ရဲတပ် ဖွဲ့  ၏ ထုတ်ပြန် ချက်အရ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မတော် တဆ မှုပေါင်း (၂၅၉) မှုဖြစ်ပွား ခဲ့ရာ၊ ယာဉ် မောင်း ကြောင့် ဖြစ်ပွားသော မတော်တဆမှု မှာ (၅၅) ရာခိုင်နှုန်း၊ ယာဉ်ချို့ယွင်းမှုကြောင့် (၄၄) ရာခိုင်နှုန်း နှင့် လမ်း အား နည်းမှုကြောင့် ဖြစ်ပွားသော မတော်တဆမှုမှာ တစ်ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။
The Messenger

ငါးသောင်းပေါက်တယ်ဆိုတဲ့ထီ တိုက်ကြည့်မှ သိန်းထောင့်ငါးရာပေါက်မှန်းသိ


5-3-2014

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မတ်လ(၁)ရက်နေ့၌ အောင်ဘာလေထီကျပ်သိန်း(၁၅၀၀) ပေါက်သူ ကြင်စဦးဇနီးမောင်နှံကို မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင် ကိုယ်စားလှယ်မှ တွတ်(၅)သောင်းသာ ရရှိသည်ဟု မှားယွင်းစွာအကြောင်းကြားမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပုသိမ်မြို့ကင်မလင်းကျွန်းရပ်ကွက်၊ ကန်သာယာ(၃)လမ်းနေကို ထိန်လင်းအောင်နှင့် မသော်တာတို့မှ ထီသိန်း(၁၅၀၀)ပေါက်သည်ကို အက္ခရာတူ ရှေ့နှစ်လုံးတူအဖြစ် တစ်စောင်ကို(၅)သောင်းကျပ်ဖြင့် (၅)စောင်တွဲအား(၂၅၀၀၀၀)ကျပ်ရသည်ဟု သွားရောက်အကြောင်းကြားရာမှ ပါလာသောထီပေါက်စဉ်ဖြင့် တိုက်ကြည့်ရာတွင် သိန်း(၁၅၀၀)ပေါက်သည်ကိုသိရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မတ်လ(၁)ရက်နေ့ညနေ(၄)နာရီခွဲလောက်မှာ လာအကြောင်းကြားတာပါ၊ ကျွန်တော်က သူတို့လာပြောတော့ တစ်စောင်(၂)သိန်းဆိုရင်(၅)စောင်ဆိုတော့(၁၀)သိန်းမရဘူးလားဆိုတော့ သူတို့ကလည်းပါလာတဲ့ ထီပေါက်စဉ်ကိုထုတ်ပြပြီး ကျပ်သိန်း(၁၅၀၀)ဂဏန်းကို ဒီလိုတိုက်ရတယ်လို့ပြောရင်းနဲ့ ကြည့်လိုက်တော့ ကျွန်တော်ထိုးထားတဲ့(၅)စောင်တွဲမှာပေါက်ဂဏန်းပါနေတာသိရတာပဲ။”ဟု ပုသိမ်မြို့မှ ကျပ်သိန်း(၁၅၀၀)ထီ ပေါက်ခဲ့သူ ကိုထိန်လင်းအောင်က ပြောသည်။

အဆိုပါ ထီ(၅)စောင်တွဲအား ၄င်းတို့မင်္ဂလာဆောင်မည့် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့နံနက်မတိုင်မီ ဖေဖေါ်ဝါရီလ (၁၉)ရက်ညပိုင်းက မင်္ဂလာဆောင်တွင်ကမ်းမည့်ကဒ်များ သွားယူစဉ် လမ်းတွင် ထိုးခဲ့ခြင်းဖြစ်ပြီး၊ မိသားစု အတွင်း၌ (၂) ကျပ်တန်ထီခေတ်ကလည်း အမြင့်ဆုံးဆုဖြစ်သည့်(၁၀)သိန်းဆု ပေါက်ခဲ့ဘူးကြောင်း ၄င်းက ဆက်ပြောသည်။

ပုသိမ်မြို့မှထီဆိုင်ကြီးများကို ရန်ကုန်ပင်ရင်းဆိုင်မှ ပေါက်ဂဏန်းထွက်ပြီး အချိန်ပိုင်းအတွင်း အကြောင်း ကြားလေ့ ရှိသော်လည်း ကိုယ်စားလှယ်များက မည်သည့်ဒေသမှပေါက်သည်ကို ဆက်လက် ကြည့်ရှုပြီး အကြောင်းကြားလေ့ရှိသည်။

ကိုယ်စားလှယ်များအကြောင်းကြားမှု ပျက်ယွင်းသဖြင့် ပေါက်သူမှာ မိမိထီပေါက်မှန်းမသိရှိသဖြင့် သိန်းဆုအကြီးစားများပင် မကြာခဏနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူနေသဖြင့် ထီထိုးထားသူများအနေဖြင့် ကိုယ်စားလှယ်များအကြောင်းကြားသည်ကို မစောင့်ဘဲထီပေါက်စဉ် ၀ယ်ကာ တိုက်ကြည့် ကြစေလိုကြောင်း ပုသိမ်မြို့မှ ထီဆိုင်ပိုင်ရှင်များကဆိုသည်။

“ကျွန်တော်တို့က ထီပေါက်စဉ်နဲ့ တိုက်ကြည့်ပြီးမှ အရင်ဆုံးငါးသောင်းဆုကနေစပြီး တွတ်ရတဲ့ဆုသေးတွေကို လိုက်လျှော်ပေးတယ်။ အဲ့ဒီနေ့ကလည်းတွတ်(၅)သိန်းရတဲ့ လူတစ်ယောက်ကို သွားပေးရင်းနဲ့ ၀င်သွားတာပါ၊ ကျွန်တော်တို့ သိန်း(၁၅၀၀)ပေါက်နေတယ်ဆိုတာ အဲ့ဒီအချိန်ထိမသိခဲ့ပါဘူး။ လိမ်ချင်ရင်တော့ သူတို့ငြင်းတဲ့ (၁၀)သိန်းကို ချက်ချင်းပေးခဲ့မှာပေါ့ဗျာ။ ပါသွားတဲ့ထီပေါက်စဉ်တောင် ထုတ်မပြဘူး။”ဟု သိန်း(၁၅၀၀)ဆုကို မှားယွင်းကာသွားရောက်ပေးလျှော်ခဲ့သူ ပုသိမ်မြို့မှ ထီကိုယ်စားလှယ် ကိုစိုးသူကျော်ကပြောသည်။

မတ်လ(၁)ရက်နေ့က (၃၀၂) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင်ကျပ်သိန်း(၁၅၀၀)ဆုမဲအဖြစ်(တ-၆၅၆၉၉၈) ထွက်ပေါ်ခဲ့ကာ ပုသိမ်မြို့တွင် ယခုတစ်ကြိမ်ကျပ်သိန်း(၁၅၀၀)ဆုမဲပေါက်ခဲ့မှုမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ထီဆိုင်ပိုင်ရှင်များထံမှသိရသည်။

Shwe Myitmakha Media Group