ဆီးဂိမ်းအလံတိုင် နုတ်ပစ်သူငါးဦးကို ဒဏ်ရိုက်အရေးယူ


Friday, December 06, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မန္တလေးမြို့တွင် စိုက်ထူထားသည့် လှုံ့ ဆော်ရေးအလံတိုင်များအား နိုဝင်ဘာလ ၃၀ ရက် ည ၁၁ ပိုင်းက ဆွဲနုတ်သူများကို ချမ်းမြသာစည်မြို့ နယ်တရားရုံးက ဒဏ်ငွေ နှစ်ရာကျပ် ဒီဇင်ဘာ ၄ ရက်တွင် ချမှတ်လိုက်သည်။

အလံတိုင်များဆွဲနုတ်သည့် နေရာများမှာ မန္တလာသီရိအားကစားကွင်း မုခ်ဦးရှိအလံတိုင်နှင့် သဇင်လမ်းနှင့် အားကစားကွင်း ၀င်ပေါက်မုခ်ဦးထိပ်ကြားတွင် စိုက်ထူးထားသော အလံတိုင်တို့ဖြစ်သည်။ ဒဏ် ငွေချမှတ်ခံရသူများမှာ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် ကပ်ကြီးကုန်းရွာတွင် နေထိုင်သည့် အသက် ၁၉နှစ် အရွယ်တစ်ဦး အပါအ၀င် ငါးဦးတို့ကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၃(ဆ) ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

သို့သော် စည်ပင်သာယာရေး နည်းဥပဒေတားမြစ်ချက်နှင့် အရေးယူခြင်း ပြဋ္ဌာန်းချက် ပါဝင်ခြင်းမရှိ သဖြင့် မြို့နယ်တရားသူကြီးနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကာ ပြစ်မှုဥပဒေ ပုဒ်မ၂၉၀ ဖြင့် ငြိစွန်း ကြောင်းသိရသဖြင့် ဒီဇင်ဘာ ၄ ရက် တွင် ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှုအမှတ် ၁၄၁၈/၂၀၁၃ဖြင့် လက်ခံဆောင်ရွက်ခဲ့သည်။ စစ်ဆေးမှု ပြုလုပ်ပြီးနောက်တွင် ပြစ်မှုကျူးလွန်သူ ငါးဦး ကို ငွေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ကြော်ငြာဌာနက တာဝန်ရှိသူတစ်ဦးက “အခုလို ဆီဂိမ်းအားကစားပြိုင်ပွဲ ကျင်းပဖို့အတွက် လှုံ့ဆော်ရေးပို့စတာ၊ အလံတိုင်တွေကို ဖျက်ဆီးတာဟာ နိုင်ငံကြီးသား မပီသရာရောက်ပါတယ်၊ဒါတွေ ကို ထိရောက်တဲ့အရေးယူမှုတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

မန္တလေးမြို့ ဆီဂိမ်းပြိုင်ပွဲလှုံ့ဆော်ရေး ပို့စတာများကို အလံတိုင်၊ ပို့စတာ၊ လမ်းဖြတ်ပိုစတာ စုစုပေါင်းတစ် ထောင်ကျော် လုပ်ဆောင်ထားရှိသည်။

Mizzima Burmese

အုတ်ဖိုမော်ကျေးရွာ၌ ရော်ဘာမှိုင်းခံရုံ မီးလောင် အဆောက်အဦး (၆)လုံး ဆုံးရှုံး


အုတ်ဖိုမော် ကျေးရွာနေ ဒေါ်လှခင် ပိုင်ဆိုင်သော ရော်ဘာမှိုင်းခံရုံတွင် ရော်ဘာပြားများ မှိုင်းခံထားစဉ် အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကျေးရွာသားများ စုပေါင်း ငြိမ်းသတ်မှုကြောင်း (၈)နာရီ ခွဲ အချိန် မီးငြိမ်း သွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ရာဘာမှိုင်းခံရုံ (၂)ရုံ၊ အလုပ်သမားနေအိမ် (၂)လုံး ၊ ထင်းသိုလှောင်ရုံ (၁)ရုံ၊ ရော်ဘာပြား အလုပ်ရုံ (၁)ရုံ၊ ရော်ဘာပြား (၄၀၀၀) ခန့် ဆုံးရှုံး သွားကြောင်း သိရသည်။ ထိုမီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမား ဖြစ်သူ ဦးမင်းမင်းအား ကံမော်ကျေးရွာ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

အလားတူ မီးလောင်ကျွမ်းမှု ဖြစ်စဉ်မျိုး ၂၀၁၃ ခုနှစ် မတ်လ အတွင်း အဆိုပါ ရော်ဘာခြံ အနီး ဦးမြင့်ယုံ ပိုင် ရော်ဘာခြံတွင် တောခုတ် မီးရှို့ရာမှ အပင် (၅၀၀) ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျွန်းစုမြို့နယ် တရားရုံးမှ ပြစ်မှု ပုဒ်မ (၂၈၅) ဖြင့် ရော်ဘာခြံပိုင်ရှင် ဦးမြင့်ယုံနှင့် မီးရှို့သူ အလုပ်သမား ဦးသန်းလှိုင် တို့အား ထောင်ဒဏ် (၆)လ စီ ကျခံစေရန် (၂-၁၂-၂၀၁၃) ၌ အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ

ဖဲရိုက်နေစဉ် လှည့်ကင်းနဲ့တိုးပြီး ရေကန်ထဲ ခုန်ချပြေးသူ သေဆုံး


၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့ ည (၇) နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့ အမှတ်(၄) နယ်မြေ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်နေစဉ် မြိတ်မြို့ မြစ်ငယ်ရပ် ကန်ကြီးရေကန်ဘောင် ပတ်လမ်း အရောက်တွင် ကန်ဘောင်ရှိ ကွပ်ပျစ်တွင် ဖဲကစားနေသူများသည် ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ပြီး ထွက်ပြေးစဉ် ကန်ကြီးရေကန် ပတ်လမ်းတွင် နေထိုင်သူ ဦးတုတ်ငယ်၊ အသက် (၄၈) နှစ်သည် ရေကန်အတွင်း ခုန်ချ ဆင်းပြေးရာမှ ပြန်လည်ပေါ်လာခြင်း မရှိပဲ ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသဖြင့် မြိတ်မြို့ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေး တပ်စုမှ အင်အား (၄၀) ဦးခန့်နှင့် ရပ်ကွက်နေ ပြည်သူများမှ ကန်အတွင်း ရှာဖွေရာ ညပိုင်းတွင် တွေ့ရှိခြင်း မရှိဘဲ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ၄င်းရေကန်အတွင်းမှ အလောင်း ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ

ကယန်းလူမျိုး များအား 'အောင်းပဒင်၊ အင်ပဒေါင်း' ဗီဒီယို ဇာတ်ကား အတွက် နေတိုး တောင်းပန်


'အောင်းပဒင်၊ အင်ပဒေါင်း' ဇာတ်ကား သည် ကယန်း လူမျိုးများ ၏ ယဉ်ကျေးမှု ကို လှောင်ပြောင်သည့် ပုံစံမျိုး ဖြစ်ခဲ့ပါက အနူး အညွတ် တောင်း ပန် ပါကြောင်း ပါဝင် သရုပ် ဆောင်ခဲ့သော မင်းသား နေတိုး က ပြောဆို လိုက်သည်။

''ဒီဇာတ်ကား အပေါ် ကယန်း လူမျိုး တွေအနေနဲ့ ပြန်ကြည့်တော့ စိတ် အနှောင့် အယှက် ဖြစ်စရာ၊ ယဉ်ကျေးမှုကို လှောင်ပြောင် တဲ့ပုံစံမျိုး ဖြစ်ခဲ့ရင် ဇာတ်ကားမှာ ပါဝင် တဲ့ မင်းသား တစ်ယောက် အနေနဲ့ အနူး အညွတ် တောင်းပန်ပါတယ်'' ဟု နေတိုးက ပြောခဲ့ခြင်း ဖြစ်သည်။

ယင်း ဇာတ်ကားသည် လွန်ခဲ့သော နှစ်နှစ်ခွဲခန့် က ထုတ်လုပ်ဖြန့်ချိ ခဲ့ခြင်းဖြစ် ပြီး အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ Lavender ထုတ်လုပ်ရေးမှ ကယန်း လူမျိုး များအား တောင်းပန်ရန် ရုပ်ရှင် အစည်းအရုံး သို့ ကယန်း အမျိုးသား ပါတီမှ စာပို့ တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။

''ထုတ်လုပ်သူ၊ ဒါရိုက်တာ ဇာတ်ညွှန်း ဆရာတွေကလည်း တောင်းပန်ချင် ပါတယ်။ ကယန်း အမျိုးသားပါတီက ဒီကိစ္စနဲ့ ပတ်သက် ပြီး စာထုတ်ပြန် ထားတယ် ဆိုတော့ အစည်း အရုံးမှာ တွေ့ရမယ် ထင်တာ။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ ကျွန်တော် တို့သွားတော့ လူ ကိုယ်တိုင် တွေ့ရမယ် ထင်တာ။ ဒါပေမဲ့ မတွေ့ခဲ့ရပါ ဘူး။ တောင်းပန် ဖို့လည်း လိုအပ် တယ်လို့ထင်တဲ့ အတွက် တောင်းပန်ချင် ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့ စိတ်နဲ့ ဖန်တီးခဲ့တာလည်း မဟုတ်ပါဘူး''ဟု နေတိုး က ထပ်လောင်းဆိုခဲ့ သည်။

၎င်းတို့ အနေဖြင့် ထိုအချိန်က ဟာသ ကားများ ခေတ်စားနေချိန် ဖြစ်၍ အကောင်းဆုံး ဖြစ်အောင် သာ လုပ်ခဲ့ကြပြီး ယင်းဇာတ်ကားမှာ ဝတ္ထု အနေဖြင့် ထွက်ရှိပြီး သားဖြစ် သည့်အပြင် စာပေ စိစစ်ရေးမှ ခွင့်ပြုခဲ့၍ ယင်းခေါင်းစဉ် အ တိုင်း သာဖြစ်ကြောင်း နေတိုး က ရိုက်ကူးဖြစ်ခဲ့ ပုံကို ရှင်းပြသည်။

''ဒီကားနဲ့ ပတ်သက်ပြီး ကယန်း အမျိုးသား ပါတီက ယဉ်ကျေးမှု အမွေ အနှစ်ကို ထိခိုက် ပျက်ပြားစေတဲ့ အပြောအဆိုတွေ ပါတဲ့ အတွက် တောင်း ပန်စေချင် တယ်။ လှောင်ပြောင် ထား တာတွေအပေါ် စိတ်မကောင်းဖြစ် တယ် ဆိုတာကို ဖတ်ရတယ်။ ကျွန်တော်တို့ ရိုက်ခဲ့တုန်းက ဒါရိုက်တာရော၊ ကျွန်တော်တို့ သရုပ်ဆောင်တွေ ပါ ထိခိုက်စေချင်တဲ့ စိတ် တစ်ခုမှ မရှိခဲ့ကြဘူး'' ဟု နေတိုးက ပြောသည်။

အဆိုပါ ဇာတ်ကားကို Lavender ထုတ်လုပ်ရေး မှဖြန့်ချိခဲ့ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးကာ သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့် တို့က ပါဝင်သရုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

မေမွန်မောင်
Popular Myanmar News Journal

ပုဇွန်တောင်မြို့ နယ် တွင် လည်လှီးမှု ဖြစ်ပွား


ဒီဇင်ဘာ ၆ ရက် ၂၀၁၃ ရန်ကုန်မြို့  ပုဇွန်တောင်မြို့ နယ် အမှတ် (၉)ရပ်ကွက် ရွှေဘုန်းပွင့်ဘုရားအနီး သဇင်လမ်းတွင် မူးယစ်ဆေးစွဲ သူတစ်ဦးက မူးယစ်ဆေးဖြတ်ရန် ဆေးကုသနေစဉ်အတွင်း မူးယစ်ဆေးမဖြတ်ပဲ အိမ်သို့ ရောက်ရှိနေသည့် ဧည့်သည် ကို လည်ပင်းလှီးဖြတ်ခဲ့ခြင်းကြောင့် ပုဇွန်တောင်မြို့ နယ် ရေကျော်ရပ်နေ ပြည်သူများအတွင်း ရပ်ကွက်နာသည်ဟု ပြောဆိုဝေဖန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလ၊(၄)ရက်နေ့ ည ၂၀၁၅ နာရီအချိန်တွင် ပုဇွန်တောင်မြို့ နယ် ၊ (၉)ရပ်ကွက် ၊ ရေကျော်ရပ်၊ သဇင်လမ်း ၊ အိမ်အမှတ်(၉) ၊ (၅)လွှာ တွင် နှစ်ချုပ်ငှားရမ်းနေထိုင်သည့် ရှမ်းတိုင်းရင်းသား လူငယ် များနေထိုင်သည့်အခန်းမှ ပစ္စည်းပေါက်ကွဲသံများနှင့် ဆူညံအော်ဟစ်သံများဖြစ်ပွားခဲ့သည် ။

ယင်းအတွက် သဇင်လမ်းနေထိုင်သည့် ပြည်သူများက ဆူညံသံများဖြစ်ပွားနေသည့်အခန်းပေါ်သို့ မော့ကြည့် သည့်အခါ လူနှစ်ဦး ၀ရန်တာတွင် ခိုက်ရန်ဖြစ်ပွားနေသည် ကို တွေ့ ရကြောင်း သိရသည်။ယင်းနောက် လမ်းမပေါ် သို့ ဓားနှင့် အခြား ပစ္စည်းများ ကို ပစ်ချခဲ့သည့်အတွက် သဇင်လမ်းနေပြည်သူများက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ပုဇွန်တောင်မြို့ နယ် ရဲ တပ်ဖွဲ့ ထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြသည် ။

သဇင်လမ်းအတွင်း နေထိုင်သူများမှ ၀ိုင်းဝန်းကြည့်ရှုအော်ဟစ်မှုကြောင့် ရန်ပွဲမှာ ခေတ္တရပ်နားခဲ့ရပြီး ရန်ဖြစ်သူ နှစ် ဦးအနက်မှ တစ်ဦးမှာပြေးဆင်းလာခဲ့ပြီး အိမ်ပေါ်မှာ စိတ်မမှန်သူ ဦးလေး က ဓါးနဲ့ ခုတ်နေတယ် ကျွန်တော့် သူငယ်ချင်း သေသွားပြီလား မသိဟု ဆိုကာ ဦးခေါင်းတွင် သွေးသံရဲရဲဖြင့် သဇင်လမ်းနေပြည်သူများကို အကူ အညီ တောင်းခံခဲ့သည် ။ သဇင်လမ်းသူလမ်းသားများက အခင်းဖြစ်တိုက် ၏ ၀င်ထွက်ပေါက်ကို အပြင်မှ ပိတ်ထားလိုက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအလာကို စောင့်ဆိုင်းခဲ့ကြပြီး ဒဏ်ရာများနှင့် ဆင်းပြေးလာသူ ကို စိုင်း အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြသည်။

အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် နှင့် ပုဇွန်တောင်မြို့ နယ် ရဲတပ်ဖွဲ့  အမှတ် (၂၉) ရဲစခန်း မှ စခန်းမှူး ရဲအုပ် ဦးစံသောင်း၊ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် ဦးသိန်းဝင်း တို့ အဖွဲ့ ရောက်ရှိခဲ့ပြီးနောက် အမှတ် (၉) ၊ (၆)လွှာအတက် လှေကားတွင် ခိုအောင်းနေသည့် တရားခံ စိုင်းရီအား လက်ထိတ်ခတ် ဖမ်းဆီး ပြီး လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းအိမ်နေထိုင်သူတစ်ဦးမှ ပြောကြားသည်။

တရားခံ စိုင်းရီ မှာ တာချီလိတ်မြို့ နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်း၊ အမှတ် (၆/၇၃) တွင် နေထိုင် သူ တစ်ဦးဖြစ်ကြောင်း၊ ဦးလုံးရှိန် + ဒေါ်ကျင်ပိုင်တို့ ၏ သားတစ်ဦးဖြစ်ကာ ၂၀၁၁ ခုနှစ်ခန့် မှ ရန်ကုန်မြို့ သို့  မူးယစ်ဆေးဖြတ် ကုသရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ က တူတော်စပ်သူ ကိုစိုင်း၏ သူငယ် ချင်း ၀င်းသန့် (၄၀) နှစ် (တာချီလိတ်မှ ရန်ကုန်သို့  မော်တော်ကားဝယ်ယူရန် ရောက်ရှိနေသူ) အား အသားလှီး သစ်သားရိုးတပ် စတီးဓါးပြား အရိုး အသွားအရှည် ၁၁ လက်မခန့် ရှိ ဓါးဖြင့် မျက်နှာ၊ဦးခေါင်း၊လည်ပင်းတို့  အား ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ၀င်းသန့် မှာ တာချီလိတ်မြို့ နယ်၊ မကာဟိုခမ်း ရပ်ကွက် ဂေါ်သဇင်လမ်း၊ ၈/၁ တွင် နေထိုင်သူတစ်ဦးဖြစ်ကာ ဈေးရောင်း လုပ်ငန်းဖြင့် အသက် မွေး သူတစ်ဦးဖြစ်ကြောင်း၊ ယင်းသေဆုံးသည့်နေရာသို့  မော်တော်ကားဝယ်ယူရန် အကြောင်းဖြင့် ခေတ္တ တည်းခို နေထိုင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ ပုဇွန်တောင်မြို့ နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဦးသိန်းဝင်း မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၃၀၂ ၊ ပြစ်မှု အမှတ် ၂၆၉/၂၀၁၃ ဖြင့် အမှုဖွင့်အရေးယူလျှက် ရှိကြောင်း သိရသည်။

The Mirror Daily 

အတင်း အဓမ္မ ကလေး မွေးဖွားရန် စေခိုင်း ခံနေရသည့် မိခင်လောင်း ၁၆ ဦးကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့ ကယ်ဆယ်



Saturday, December 07, 2013

နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၄ ရက်က Owerri ဒေသရှိ နေအိမ် တစ်အိမ် အတွင်းသို့ စုံစမ်း ထောက်လှမ်းရေး အဖွဲ့၏ သတင်းပေးချက် အရ ဝင်ရောက်စီးနင်း ရှာဖွေ ခဲ့ရာမှ အတင်း အဓမ္မ ကိုယ်ဝန်ဆောင်ရန် စေခိုင်း ခံခဲ့ရသည့် အမျိုးသမီး ၁၆ ဦးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် ယင်းကိုယ်ဝန်ဆောင် အမျိုးသမီးငယ် များသည် အသက်၁၄ နှစ်မှ ၁၉ နှစ်ကြား မိန်းကလေး ငယ်များဖြစ်ပြီး ၎င်းတို့မှာ အကြောင်း အမျိုးမျိုးကြောင့် မိခင်လောင်း ဘဝကို ရောက်ရှိ နေသူများ ဖြစ်သည်။

အဆိုပါ မိန်းကလေးများ၏ မွေးဖွားလာမည့် ကလေးငယ် များကို လူမှောင်ခို ကုန်ကူးရန် ကြိုးပမ်းခဲ့သည့် အိမ်ရှင် အမျိုးသား ကိုလည်း လိုင်စင်မဲ့ ကိုင်ဆောင်ထားသော သေနတ် တစ်လက်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

ယခုကဲ့သို့ စေခိုင်းရသည့် အကြောင်းအရင်းမှာ ရိုးရာဓလေ့ တစ်ခုတွင် အသုံးပြုရန် အတွက်ဟု မိမိတို့ အနေဖြင့် ယူဆကြောင်း ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း Imo ပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဂွိုင်အီ လိုမိုကိုက ပြောကြားခဲ့သည်။
မြ၀တီ

ဒီဇင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း


    "...ဗုဒ္ဓဟူးသားသမီးများ ....  ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်..."


တနင်္ဂနွေသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုး၌ သာမန် အခြေအနေမျိုးမှ နေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများစွာ စီးပွား တက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။

လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများ မကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။

ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့ အတွက် သောကရောက်ရခြင်းများ ကြုံရတတ်သည်။

ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။

ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးဖြူအသေး သက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာသားသမီးများအတွက်

ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများ သွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ်သောအချိန် ဖြစ်ပါသည်။

လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက်အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေ အလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။

အထူးသတိပြုရန် - အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ်သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။

အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံ မလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။

နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။

မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထားရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။

ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူးသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အိမ်ကဘုရားတွင် ကော်ဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေးသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။  လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။

အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်။

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။

သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ။ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်းသစ်များ စတင်ပြုလုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် - အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။

အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။

ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွား တိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။

အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးဟုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၅

ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။

အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံသို့ နေပြည်တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လလယ်အထိ နည်းပညာပိုင်း ဆိုင်ရာများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၃ ခုနှစ် မေလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဂျပန်အစိုးရ၏ ODA ချေးငွေမှ အကူအညီဖြင့် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က တာဝန်ယူ စီမံခန့်ခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုစီမံကိန်းကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးတို့တွင် အင်တာနက်သုံးစွဲမှု အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးချိန်များတွင် အင်တာနက် မြန်လာမည်ဟု ဆိုသော်လည်း ပိုမို နှေးကွေးလာသဖြင့် ဝေဖန်မှုများ ရှိနေသည်။
“SEA Games နားနီးရင် အင်တာနက် မြန်မယ်သာပြောတာ။ ဒီရက်ပိုင်းမှာ အင်တာနက်က ပိုစုတ်ချာလာတယ်။ ဒီအတိုင်းဆို မလွယ်ဘူး” ဟု Web Programmer တစ်ဦးဖြစ်သူ ဦးစိုးမိုးက ဆိုသည်။

အဆိုပါ စီမံကိန်းတွင် ရန်ကုန်-မန္တလေး-နေပြည်တော် 30 Gb အမြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်ခြင်း၊ အဆိုပါ မြို့များတွင် 4G LTE ကွန်ရက်နှင့် 10 Gb မိုဘိုင်းလ် အင်တာနက်စနစ် တည်ဆောက်ခြင်း၊ LTE Station ၅၀ ကို မြို့ကြီး သုံးမြို့တွင် တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း ဂျပန်ကုမ္ပဏီများက ကြေညာခဲ့သည်။

အဆိုပါ စီမံကိန်းကြောင့် အင်တာနက် အသုံးပြုသူ တစ်သန်း၊ တယ်လီဖုန်းလိုင်း ၁ ဒသမ ၅ သန်းနှင့် LTE စနစ် သုံးစွဲသူ ၄၀,၀၀၀ ထပ်မံတိုးချဲ့နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

အားကစားစိတ်ဓာတ်၊ မြန်မာ့နိုင်ငံရေးနှင့် အဓိက ကစားသမားများ


အားကစားနည်း အမျိုးမျိုး ရှိသည့်အနက် ယနေ့ မြန်မာနိုင်ငံတွင် လူကြီးလူငယ်မရွေး အများစု အားပေးနေကြသော အားကစားနည်းမှာ ဘောလုံး အားကစားနည်း ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ပြည်နယ်/တိုင်း ဘောလုံးပွဲများကို ကွင်းသို့ သွားမကြည့်နိုင်လျှင် ရေဒီယိုကိုသာ အားကိုး ရပါသည်။ ကစားသမား တစ်ဦးချင်း၏ ခြေစွမ်းများ၊ အသင်းလိုက် ကစားကွက်များကို အသံလွှင့် ကြေညာသူ ပြောသမျှကိုသာ ကြားရသဖြင့် စိတ်ဖြင့်သာ မှန်းဆကြည့်ရသည်။ ကမ္ဘာ့ဖလားပွဲ လိုမျိုးဆိုလျှင် နှစ်အတော်ကြာမှ ရုပ်ရှင်ရုံတွင် ပြန်ကြည့်ရပါသည်။

ယခုဆိုလျှင် တိုးတက် ခေတ်မီလာသော နည်းပညာများကြောင့် ကမ္ဘာ့ဖလား၊ ဥရောပဖလား၊ တိုက်ကြီးများအလိုက် ဖလားများအပြင် ဘောလုံးအင်အားကြီး နိုင်ငံများ ဖြစ်ကြသော အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ စသော နိုင်ငံများ၏ ပြည်တွင်း ကလပ်ပြိုင်ပွဲများကိုပါ အချိန်နှင့် တစ်ပြေးညီ ထိုင်ရာမထ ကြည့်ရှုနိုင်ကြပြီ ဖြစ်ပါသည်။ ထိုသို့ ကြည့်ခွင့်ရသော အခါမှ နည်းပြများ၏ နည်းပညာ အစွမ်းပြ ကစားကွက်များ၊ ဒိုင်လူကြီးများ၏ တရားသော/မတရားသော ဆုံးဖြတ်ချက်များ၊ ပွဲကြည့် ပရိသတ်တို့၏ မျှတသော/မမျှတသော အားပေးမှု စသည်တို့အပြင် ကစားသမား တစ်ဦးချင်း၏ ခြေစွမ်းများ၊ အားကစား စိတ်ဓာတ်ရှိမှု/မရှိမှု စသည်တို့သည်လည်း ကွင်းကွင်းကွက်ကွက် အထင်အရှား မြင်တွေ့ရပါသည်။ အချို့သော ဘောလုံးသမားများသည် မိမိအသင်း အနိုင်ရလိုမှု တစ်ခုတည်းကို ကြည့်၍ အားကစား စိတ်ဓာတ် ကင်းမဲ့စွာဖြင့် တစ်ဖက်ကစားသမားကို တမင်သက်သက် အနာတရ ဖြစ်စေခြင်း၊ မိမိအသင်းဘက်မှ မှားမှန်းသိလျက် ဒိုင်လူကြီးကို ငြင်းခုံ ခြင်း၊ စောဒက တက်ခြင်းများကိုလည်း တွေ့မြင်ရပါသည်။

သို့ရာတွင် အမှန်တကယ် ထူးချွန်သော၊ အကောင်းဆုံး ဘောလုံးသမားအဖြစ် ပရိသတ်ကရော၊ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များကပါ အသိအမှတ် ပြုထားသည့် ဘောလုံးသမားများမှာမူ ပြိုင်ပွဲတစ်ပွဲကို မတရားသောနည်း ညစ်ပတ်သော နည်းတို့ဖြင့် အနိုင်မယူလိုဘဲ တရားသောနည်း၊ မျှတသောနည်း၊ သန့်ရှင်းသော နည်းများဖြင့်သာ ယှဉ်ပြိုင် အနိုင်ယူကြသည်ကို တွေ့ရှိရပါသည်။ ဤသည်မှာလည်း လေးစားအပ်သော အားကစားသမား စိတ်ဓာတ်ဟူ၍ ကျွန်တော် အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။

ဘောလုံး အသင်းတစ်သင်း အောင်ပွဲရဖို့အတွက် အသင်းလိုက် ညီညွတ်မှုရှိဖို့ လိုအပ်သည် ဆိုခြင်းမှာ အားကစား ဝါသနာရှင် ပရိသတ်များ အားလုံးသိကြသည့်အချက် တစ်ခုပင် ဖြစ်ပါသည်။ သို့သော် ပရိသတ်များသည် ဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းသူကို ပိုမိုအားပေးသည်၊ ဂိုးသွင်းသူကို ပိုမိုအသိအမှတ် ပြုလေ့ ရှိကြပါသည်။ မီဒီယာများကလည်း ဂိုးသွင်းသူကို ပိုမို အလေးပေး ဖော်ပြလေ့ ရှိကြသည်။ ထို့ကြောင့် အသင်းတစ်သင်းတွင် ဂိုးသွင်း သူတို့သည် အခြားအသင်းသား များထက် ပိုမို နာမည်ကြီးကြသည်။ ထို့ကြောင့် နာမည်ကြီး လိုသူတို့သည် ဂိုးသွင်းနိုင်ရန် ကြိုးစားလာကြသည်၊ ဂိုးသွင်းခွင့် ရရန် ပိုမို ကြိုးစားလာကြသည်။ တစ်ကိုယ်ကောင်း ဆန်လာကြသည်။ မိမိက ဂိုးသွင်းခွင့် မသာသော်လည်း ဂိုးသွင်းရန် အခွင့်အရေး ပိုမိုရှိနေသည့် မိမိအသင်း ကစားဖော်ကို ဘောလုံးပေးပို့ခြင်း မပြုဘဲ မရမက ကန်သွင်းသည်။ သည်တော့ ဘောလုံးက ဂိုးပေါက်ထဲမဝင်၊ အပြင်ထွက်သည်၊ အပေါ်ထောင်သည်၊ ရလဒ်ကတော့ မိမိအသင်း အရှုံးသာလျှင် ဖြစ်သည်။

သို့ရာတွင် ကျွန်တော်အထက်တွင် ဖော်ပြခဲ့သည့် ထူးချွန်သော ကစားသမား၊ တစ်နည်း ပရိသတ်ချစ်သော ကစားသမားများမှာမူ ထိုသို့မဟုတ်။ မိမိတစ်ဦးတည်း၊ မိမိတစ်ကိုယ်တော် နာမည်ရဖို့ထက် မိမိအသင်း အနိုင်ရဖို့ကို ဦးစားပေးသည်။ အကယ်၍ မိမိက ဂိုးသွင်းခွင့် မသာလျှင် မိမိထက် အနေအထား ပိုကောင်းသော၊ ဂိုးသွင်းရန် အခွင့်အလမ်း ပိုမိုရှိသော မိမိအသင်းဖော်ထံသို့ ဘောလုံးကို ပေးပို့၍ ဂိုးသွင်းစေသည်။ ထိုအခါ ဂိုးဝင်သည်။ ရလဒ်ကား မိမိအသင်း အနိုင်ရသည်။ ဤသို့သော ဘောလုံးသမားမျိုးကို နည်းပြဆရာနှင့် အဆင့်အတန်းမြင့်သော ပရိသတ်က အသိအမှတ်ပြုသည်။ ချီးကျူးပါသည်။ ဤသည်ကိုလည်း ကျွန်တော်က အားကစားသမား စိတ်ဓာတ် ဟု အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသည်။ တစ်နည်းအားဖြင့် တစ်ကိုယ်ကောင်း မဆန်သော စိတ်ဓာတ် ဖြစ်ပါသည်။ မိမိနာမည်မရလျှင် နေပါစေ၊ မိမိအသင်း၊ မိမိအဖွဲ့အနိုင်ရလျှင် ကျေနပ်သူမျိုး ဖြစ်ပါသည်။

မိမိအကျိုးစီးပွား အတွက်၊ တစ်နည်း အကျိုးအမြတ်အတွက် စီးပွားရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူကို စီးပွားရေးသမားဟု ခေါ်ပါသည်၊ မိမိလုပ်အားကို အရင်းပြု၍ ရလာသော လုပ်အားခဖြင့် အသက်မွေးမှုပြုသူကို အလုပ်သမား/ဝန်ထမ်းဟု ခေါ်ပါသည်။ မိမိ၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို စွန့်လွှတ်၍/အနစ်နာခံ၍ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အနစ်နာခံ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်ကြောင်း ငယ်စဉ်ကပင် မှတ်သား လေ့လာဖူးပါသည်။ ထို့ကြောင့် နိုင်ငံရေးသမား ဟူသည် သာမန်လူတို့ လုပ်နိုင်ခဲသည့် အလုပ်ကို လုပ်နိုင်သူ၊ မွန်မြတ်သော ပုဂ္ဂိုလ်ဟုပင် ဆိုနိုင်လောက်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အားကစားသမားကောင်း တစ်ယောက်သည် မိမိ၏ နာမည်ကျော်ကြားမှု၊ အောင်မြင်မှုထက် မိမိအသင်း၏ အောင်မြင်မှုကို ဦးစားပေးသလိုမျိုး နိုင်ငံရေးသမား တစ်ယောက်သည် မိမိနိုင်ငံ မိမိလူမျိုး အကျိုးရှိမည်ဆိုလျှင် မိမိ၏ အောင်မြင် ကျော်ကြားမှုကို စွန့်လွှတ်နိုင်ကြပါမည်လား။

ဆိုလိုသည်မှာ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မိမိကိုယ်တိုင် လုပ်ရမှပင် ကျေနပ်နိုင်ပါမည်လား။ အကယ်၍ အခြား တစ်ယောက်သည် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိထက်ပိုမို၍ လုပ်ကိုင် ဆောင်ရွက်နိုင်သော အနေအထားမျိုး ရှိနေမည် ဆိုလျှင်ကော၊ ၎င်းလုပ်ကိုင် ဆောင်ရွက်၍ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်သွားမည်၊ ပြည်သူတွေပို၍ ချမ်းသာကြီးပွား သွားမည် ဆိုလျှင်ကော မိမိအနေနှင့် ကျေနပ်နိုင်ပါမည်လား။ နောက်တစ်မျိုး စဉ်းစားကြည့်လျှင် အခြားတစ်ယောက်သည် မိမိထက်ပိုမို၍ လုပ်ရည်ကိုင်ရည် ရှိသည်၊ မိမိထက်ပိုမို၍ အရည်အချင်းရှိသည်၊ ပြည်သူလူထုက နှစ်သက် သဘောကျသလို နိုင်ငံတကာကလည်း လက်ခံနိုင်သည်။ ထိုသူကို ပြည်သူအကျိုး၊ နိုင်ငံအကျိုးကို ဆောင်ရွက်စေရန် ကြည်ကြည်ဖြူဖြူနှင့် သဘောထားကြီးကြီး ထားနိုင်ပါမည်လား။ ထူးချွန် ထက်မြက်သော ဘောလုံးသမား တစ်ဦးကဲ့သို့ မည်သူပင် ဂိုးသွင်းသွင်း မိမိအသင်း အနိုင်ရရှိရေးသည် အဓိကဆိုသော အားကစား သမားကောင်း စိတ်ဓာတ်မျိုးထား ရှိနိုင်ပါမည်လား။

နိုင်ငံရေး သမားများသည် မိမိကိုယ်မိမိ ပြန်လည် ဆန်းစစ်ကြည့်ကြဖို့ လိုပါသည်။ မိမိသာလျှင် ပြည်သူနှင့် နိုင်ငံအကျိုးကို ဆောင်ရွက်မည်၊ အခြားတစ်ပါးသူ ဆောင်ရွက်သည်ကို လက်မခံနိုင်၊ အခြားတစ်ပါးသူ ဝင်ရောက် လုပ်ကိုင် ဆောင်ရွက်မည်ဆိုလျှင် ၎င်းပုဂ္ဂိုလ် ဝင်ရောက် လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုနိုင်ရန် ရနိုင်သမျှ နည်းလမ်းများကို အသုံးပြု၍ ဟန့်တားမည်၊ နှောင့်ယှက် မည်ဆိုလျှင် ထိုထိုသော ပုဂ္ဂိုလ်/အဖွဲ့အစည်း တို့ကို ကျွန်တော်တို့ မည်ကဲ့သို့ သတ်မှတ်ကြပါ မည်နည်း။ မိမိအသင်း အနိုင်ရှိရေးထက် မိမိတစ်ကိုယ်တော် ဂိုးသွင်းစွမ်းရည် ပြနိုင်ရေးကို အဓိကထားသော တစ်ကိုယ်ကောင်း ဆန်သည့် ဘောလုံးသမားမျိုး သို့မဟုတ် နိုင်ငံနှင့်လူမျိုး အကျိုးကို ဦးစားမပေးဘဲ မိမိ၏ အောင်မြင်ကျော်ကြားမှု ကိုယ်ကျိုးကိုသာ ရှေ့တန်းတင် ဦးစားပေးသူ များအဖြစ် သတ်မှတ်ရုံသာ ရှိပါတော့သည်။

ဘောလုံး အားကစားနည်းနှင့် နိုင်ငံရေးကစားပွဲတို့ မတူညီသော အချက်မှာ ဘောလုံး ကစားနည်းတွင် နည်းပြဆရာ ရှိပါသည်။ နည်းပြဆရာက ကစားကွက်ကို ချပေးပါသည်။ နည်းပြဆရာ ချပေးသော ကစားကွက်အတိုင်း ကစားသမားများက လိုက်နာရပါသည်။ တစ်ခါတစ်ရံတွင်မူ ကွင်းထဲတွင် ဖြစ် ပေါ်လာသော အခြေအနေအရ အတွေ့အကြုံကို အခြေခံ၍ အချင်းချင်း နားလည်မှုဖြင့် အပေးအယူမျှစွာ ကစားရပါသည်။ နိုင်ငံရေး ကစားပွဲတွင်မူ နည်းပြဆရာ မရှိပါ။ မိမိ၏ နိုင်ငံရေး အတွေ့အကြုံ၊ မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်း အစဉ်အလာနှင့် ပြည်သူတို့က သာလျှင် နည်းပြဆရာများ ဖြစ်ကြပါသည်။ အချင်းချင်း နားလည်မှု ရှိစွာဖြင့် အပေးအယူ မျှမျှတတ ကစားဖို့ကလည်း အဓိက အရေးကြီးပါသည်။

မြန်မာ့ နိုင်ငံရေး ကစားကွင်းတွင် လောလောဆယ်အားဖြင့် အဓိက ကစားသမား ရှေ့တန်း တိုက်စစ်မှူး သုံးဦး ရှိပါသည်။ အရေးကြီးသော အချက်မှာ ယင်းတိုက်စစ်မှူး သုံးဦးသည် မတူညီသော အသင်းများမှ တိုက်စစ်မှူးများလား။ သို့တည်းမဟုတ် အသင်းတစ်သင်းတည်းမှ အတူတကွ ကစားကြမည့် အဓိက တိုက်စစ်မှူး များလား။ ကျွန်တော်ကတော့ ပြည်သူတစ်ဦး အနေနှင့် ဖြစ်စေလိုသည်မှာ ပြည်တွင်းတွင် ကွဲပြားသော ကလပ်အသင်းများကို ကိုယ်စားပြု၍ ကစားနေကြသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လက်ရွေးစင် အသင်းကြီးတွင်မူ နိုင်ငံကို ကိုယ်စားပြု၍ အတူတကွ ပါဝင် ကစားကြစေ လိုပါသည်။ အဓိက ကစားသမား သုံးဦး ဖြစ်နေသည့်အတွက် မည်သူ့ကို ဦးစားပေး တိုက်စစ်မှူးအဖြစ် ထားရှိရပါမည်နည်း။ ဘောလုံးစကား ဖြင့် ဆိုရသော် မည်သူ့ကို အထောင် တိုက်စစ်မှူးအဖြစ် ထားရှိ၍ မည်သူ့ကို နောက်ချန် တိုက်စစ်မှူးအဖြစ် ထားရပါမည်နည်း။

ဤသို့ဆိုလျှင် ပြည်ပ ကစားပွဲများတွင် ကျွန်တော်တို့ ယှဉ်ပြိုင် ကစားရမည့် အသင်းများကား မည်သည့် အသင်းများပါလဲ။ ယနေ့ ဆွဲထားသော ပွဲစဉ်ဇယားများအရ ဆိုလျှင် မြန်မာနှင့် တွေ့ရမည့် အသင်းများမှာ ကမ္ဘာကျော် အသင်းကြီးများဖြစ်သည့် ဥရောပ သမဂ္ဂအသင်း၊ အမေရိကန်အသင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအသင်း၊ အိန္ဒိယနိုင်ငံအသင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ အသင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း စသည့် အသင်းများဖြစ်ရာ မြန်မာအသင်းအဖို့ နိုင်ငံခြား အတွေ့အကြုံများစွာ လိုအပ်သည်မှာ အငြင်းပွားစရာ မရှိပါပေ။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး ကစားကွင်းမှ အဓိက ကစားသမားများ ဖြစ်သည့် ရှေ့တန်း တိုက်စစ်မှူးများကို သန်း ၆၀ သော နည်းပြများအနက် တစ်ဦးဖြစ်သော ပြည်သူတစ်ဦး အနေနှင့် အကြံပြု ကစားကွက်ကို တင်ပြလိုသည်မှာ မိမိရှိနေသော အနေအထားတွင် ဂိုးသွင်းရန် အခွင့်မသာပါက မိမိအသင်း အောင်နိုင်ရေးကို အဓိက ထား၍ မိမိထက်ပို၍ ဂိုးသွင်းရန် အခွင့်သာ သောနေရာ/အနေအထားတွင် ရှိနေသူအား ဘောလုံးကို ထိုးပေးလိုက်ပါ ဟူ၍သာ....။

The Voice Weekly

လေကြောင်းဇုန်သတ်မှတ်မှုအပေါ် မှားယွင်းကြောင်း ထပ်တလဲလဲမပြောရန် တရုတ်က အမေရိကန်ကို သတိပေး

အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်သည် ပေကျင်းသို့ ရောက်ရှိလာချိန် တရုတ်တို့၏ လေကြောင်းဇုန် သတ်မှတ်မှုအပေါ် မှားယွင်းကြောင်း ထပ်တလဲလဲ အပြစ်ပြောဆိုမနေသင့်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက သတိပေး ပြောကြားလိုက်သည်။ ပေကျင်းသို့ ရောက်ရှိနေသော မစ္စတာဂျိုးဘိုင်ဒင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီကေကျန်းတို့နှင့်အတူ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ ၄င်း၏ အာရှခရီးစဉ်သည် တရုတ်က ဂျပန်ထိန်းချုပ်ထားသော ကျွန်းစုကို လွှမ်းခြုံလျက် တရုတ်က လေကြောင်း ကာကွယ်ရေးဇုန်သစ် သတ်မှတ်လိုက်ခြင်းအပေါ် တင်းမာမှု ဖြစ်ပွားခြင်းကို ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်သည်။ မစ္စတာဂျိုးဘိုင်ဒင်သည် ဂျပန်မှာ အမေရိကန်၏ အဓိက မိတ်ဖက်ဟု အခိုင်အမာ ပြောဆိုခဲ့ပြီး တိုကျိုမှ တစ်ဆင့် ရောက်ရှိလာခဲ့သည်။ ၄င်းသည် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ ပြုလုပ်သော ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လိမ့်မည်ဖြစ်သည်။ မစ္စတာဂျိုးဘိုင်ဒင်က သူ့အနေဖြင့် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တရုတ်၏လေကြောင်း ဇုန်အသစ်အပေါ် စိုးရိမ်မှုများ မြင့်တက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

BBC Burmese

မိမိ အရည်အချင်းနှင့် မမှီသော အလုပ်ကို လျှောက်သင့် မလျှောက်သင့်


မိတ်ဆွေသူငယ်ချင်းတွေလည်း လာလာတိုင်ပင်ကြတယ်။ လက်ရှိ ကိုင်ထားတဲ့ ဘွဲ့လက်မှတ်နဲ့ အခြား Certificate များကို ပေါင်းလို့ အဲ့အလုပ် ရာထူးကို လျှောက်လို့ရမရပေါ့။ အများစုကတော့ မရလို့ စိတ်ညစ်ပြီး လှည့်ပြန်တဲ့သူတွေချည်းပါပဲ။ ဒီတော့ အဲ့လို အလုပ်အခြေအနေမှာ ယင်း အလုပ်ကို လျှောက်သင့် မလျှောက်သင့် တွေဝေနေသူများကို ဒီဆောင်းပါးလေးနဲ့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။


ဆိုကြပါစို့။ ကုမ္မဏီက အလုပ်ခေါ်တယ်။ လုပ်သက်က ၁၀ နှစ်၊ လိုချင်တဲ့ ဘွဲ့က MBA . ဒါ့အပြင် ပြောမကုန်အောင် များလိုက်တဲ့ အရည်အချင်း။ အမှန်တော့ အဲဒါတွေ ကုမ္မဏီက တကယ်လိုတယ်ကော ထင်လို့လား။ လိုတယ်လို့ ထားပါတော့။ အဲ့ဒါကို ၁၀၀ ရာခိုင်နှုန်း ပြည့်မှီတဲ့သူကရော် ရှိကော ရှိပါ့မလား။ ကုမ္မဏီက သူလိုချင်တဲ့ ခရိုင်တီးရီးယား တစ်ခု သတ်မှတ်လိုက်ပေမယ့် လာလျှောက်တဲ့သူတွေထဲက အနီးစပ် ဆုံးကို ရွေးချယ်သွားကြတာ ချည်းပါပဲ။ ဒီတော့ လျှောက်သင့်မလျှောက် သင့် မေးလာသူများကို Yes လို့ပဲ ဖြေချင်ပါတယ်။ သို့ပေမယ့် ယင်း ပရော်ဖက်ရှင် ဆီကို သွားနေတဲ့ Track ပေါ်မှာတော့ ရှိရမယ်နော်။ တတ်ထားတဲ့ ပညာက ဒီဇိုင်းဖက်ရှင်၊ သွားလျှောက်တဲ့ အလုပ်က အိုင်တီ မန်နေဂျာတော့ မရဘူးလေ။ ဆိုင်ရာ ဆိုင်ရာပေါ့။ အိုကေ ဆက်ကြည့်ရအောင်။

Bridge the Gap

ကွာဟနေတဲ့ အပိုင်းတွေကို လိုက်လံ ဖြည့်ဆည်းဖို့ပါ။ ဒီမှာ ဖြည့်ပုံဖြည့်နည်းက ၂ နည်းရှိပါတယ်။ အချိန်တို ဖြည့်နည်းနဲ့ ပုံမှန်ဖြည့်နည်းပေါ့။ ဥပမာ လျှောက်မယ့် ရာထူးက မန်နေဂျာ။ ကိုယ်က စီမံခန့်ခွဲမှုနဲ့ ပက်သက်လို့ အတွေ့အကြုံမရှိ၊ မတတ်ထားသေးဘူး ဆိုပါစို့။ အင်တာဗျူးကလည်း တစ်ပတ်လောက်ပဲ လိုတော့တယ်။ ဒီလိုမျိုးဆိုရင် တစ်ပတ်အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ် စာအုပ်တစ်အုပ်ကို အမြန်ဖတ်၊မှတ်လို့ အင်တာဗျူးအတွက် ပြင်ဆင်သွားစေချင် ပါတယ်။ အလုပ် ရလိုက်ပြီ ဆိုပါစို့။ ဒါဆိုရင်တော့ ယင်း ပညာ အတွက် ကျောင်း၊ သင်တန်း တစ်ခုကနေ ပုံမှန်လေး လိုက်ဖြည့် သင်ကြားတဲ့နည်းနဲ့ Gap ကို ဖြည့်နိုင်ပါပြီ။

Don’t tell them you’d be great

ဒီမှာ အလုပ်ရှင်ဆီကို ကျနော် လုပ်နိုင်တယ်ဆိုတဲ့အချက်ထက် လုပ်ချင်တယ်ဆိုတဲ့ အချက်ကို ချပြရမှာပါ။ ဘာလို့လဲဆို ကိုယ့်ဆီမှာ လုပ်နိုင်တဲ့ အရည်အချင်းက မပြည့်ဝသေးဘူးလေ။ သို့ပေမယ့် လုပ်ချင်တဲ့ စိတ်က အင်မတန် ပြင်းထန်နေဖို့လိုတယ်။ ဒါကို လည်း တစ်ဖက်က သိအောင် ပြပေးရမယ်။ အဲ့လိုမဟုတ်ပဲ လုပ်နိုင်တယ် ဘာညာနဲ့ ဝင်လိုက်ရင် အလုပ်ရခဲ့ရင်တောင် ကမောက်ကမတွေ ဖြစ်သွား နိုင်ပါတယ်။

Find a Connection

အလုပ် ရာထူး မရခင် ရှာရမယ့် connection က တစ်မျိုး၊ ရပြီးချိန် ရှာရမယ့် Connection က တစ်မျိုးပါ။ မရခင် အရင်လေ့လာရအောင်။ အချို့ က အလုပ်ရှာဖို့အတွက် ကိုယ့် Network ထဲကပဲ အချင်းချင်း Recommend ပေးပြီး ခန့်သွားတယ်။ အရည်အချင်းကျတော့ ကုမ္မဏီလိုချင်တဲ့ ခရိုင်တီးရားကို မမှီးဘူး။ သို့ပေမယ့် Trusted Connection က ပေးတဲ့ Recommend ကြောင့် ရာထူး တစ်ခုကို လွယ်လွယ်ရနိုင်တယ်။ နောက် တစ်ဆင့် ကတော့ အလုပ်ရပြီး ရှာရမယ့် Connection ပါ။ ကိုယ်က ဒီရာထူးအတွက် အရည်အချင်း ပြည့်မှီဖို့ ကြိုးစားနေဆဲ။ ယူထားတဲ့ တာဝန်ကလည်း ခပ်များများ။ ဒါဆိုရင်လုပ်ရမှာပါ။ အချိတ်အဆက်များနဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ကိုယ်က ရာထူးကြီးကြီးတစ်ခုခုကို ယူလိုက်ပေမယ့် ထုတ်ပြနိုင်တာက နည်းတယ်။ ဒါဆိုရင် ထုတ်ပြနိုင်တဲ့ လူမျိုးတွေကို များများချိတ်ရမယ်။ ကုမ္မဏီကြည့်မှာက Productivity လေ။ အများအားဖြင့် ပေါ့။ ဒါကို ရနိုင်ဖို့ Connection တွေထဲကနေလည်း အဆင်ပြေအောင် ကြိုးစားဖန်တီးနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။ မိတ်ဆွေသူငယ်ချင်းဆီက အကူအညီတောင်းလို့ရတဲ့ အနေအထား။ ကိုယ်ယူလိုက်တဲ့ ရာထူးအတွက် နောက်ကွယ်ကနေ သွန်သင် Support လုပ်ပေနေမယ့် ဆရာကောင်း။ ဒါမျိုးတွေ ရှိထားရင် အဆင်ပြေပါတယ်။

Opportunity ရှာမှီးမှုက အခြားရယ်လို့မဟုတ် အိုင်တီလောကသားတွေ အတွက်လည်း လိုအပ်နေတဲ့ Gap တစ်ခုမို့ ရည်ရည်ရေးသားရခြင်းပါ။
ဒီတော့ အလုပ်ရာထူးတစ်ခုလျှောက်ဖို့ လက်တွန့်၊ အတွေးတွန့်နေသူများ အတွက် ရှေ့ ဆက်တိုး ရင်ဆိုင်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။

.
Ref:mashable

အောင်ခမ်း

ကြောင်တွေ ဘာကြောင့် အမြင့်ကြိုက်သလဲ



ကြောင်တိုင်း အမြင့်ကြိုက်ကြပါတယ်။ အမြင့်ကြိုက်တယ် ဆိုတာထက် အမြဲတမ်း နေရာ ဒေသ တစ်ခုတိုင်းရဲ့  အပေါ်ဆုံးတွေမှာပဲ နေရတာကို ပိုမို နှစ်သက်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

အကြောင်းကတော့ သူတို့ ဗီဇကြောင့်ပါ။ ကြောင်တို့ရဲ့  ဗီဇ သွေးကိုက အမြင့်မှာ နေရင် သားကောင် တိုက်ခိုက်မှု အန္တရာယ်မှ လွတ်ကင်းပြီး မိမိရဲ့  လုံခြုံရေး အတွက် အကောင်းဆုံး နေထိုင်ပုံ နေထိုင် နည်းလို့ ဘယ်သူမှ မသင်ပေးတဲ့ သိနေတဲ့ ပင်ကိုယ်စိတ် ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်တွေကို အမြင့်မှာ မြင်တွေ့ ရတာပ့ါ။

မွေးပြီး ရက်ပိုင်းပဲ ကြာသေးတဲ့ ကြောင်သေးသေးလေးတွေတောင် သူတို့ တက်နိုင်လောက်တယ်လို့ ထင်ရတဲ့ အမြင့် မှန်သမျှကို ရောက်အောင် ကြိုးစား တက်ကြတာကို အလွယ်တကူ လေ့လာ မြင်တွေ့ နိုင်ပါတယ်။
.
Ref: dykonw
အောင်ခမ်း ( www.innewsmyanmar.com )

Myanmar Focus Online Issue 70, Vol 17


ဆီးဂိမ်း ဘောလုံးပြိုင်ပွဲရက်များတွင်ည ၈ နာရီသတင်း အချိန်ပြောင်းလွှင့်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)သည် ဆီးဂိမ်းပြိုင်ပွဲဘောလုံးပွဲ ကျင်းပမည့်ရက်များတွင် ည ၈ နာရီ၌ ပုံမှန်ထုတ်လွှင့်နေသည့် သတင်းအစီအစဉ်ကိုည ၈ နာရီ မိနစ် ၄၀ သို့ ပြောင်းလဲထုတ်လွှင့် သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းထုတ်
ပြန်ထားသည်။ယခုကဲ့သို့ ည ၈ နာရီသတင်းအား နောက်ဆုတ် ထုတ်လွှင့်မှုအပေါ် ဘောလုံးကွင်းအတွင်းသို့ သွားရောက် မကြည့်ရှုနိုင်
သည့် ပရိသတ်တစ်ဦး အနေဖြင့် ၀မ်းမြောက်ကြောင်း မြန်မာဘောလုံး
ပရိသတ်တစ်ဦးက စံတော်ချိန်သို့ ပြောကြားသည်။

" အိမ်မှာပဲ ကြည့်ရမှာဆိုတော့ တစ်ဆက်တည်းပြတာကို ပိုသဘော ကျပါတယ်။ အရင်တုန်းကဆို မြန်မာပွဲတွေ သတင်းနဲ့တိုက်ရင် သတင်း
ကို ၁၅ မိနစ် လောက်ပြပြီးမှ ပွဲကို ပြန်လွှင့်တာ။ အခုတော့ တစ်ထိုင်တည်း ကြည့်ရတော့မှာပေါ့ " ဟု ၎င်းကဆိုသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဆီးဂိမ်းပြိုင်ပွဲကျင်းပနေသည့်ကာလ အတွင်း ဆီးဂိမ်းနေ့စဉ်သတင်းများကို နံနက် ၁၀ နာရီ၊ မွန်းတည့် ၁၂
နာရီ၊ ညနေ ၄ နာရီတို့တွင် ဦးစားပေးထုတ် လွှင့်သွားမည်ဖြစ်ကြောင်း
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ သတင်းထုတ်ပြန် ကြေညာချက်၌ ပါရှိသည်။

ဆီးဂိမ်းပြိုင်ပွဲအတွင်းမှ မြန်မာ ပရိသတ်များ စိတ်ဝင်စားမှုအရှိဆုံးဖြစ်သည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင်မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ အားလုံး မှာ ည ၆း၄၅ နာရီတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သောကြောင့် ည ၈ နာရီ သတင်းနှင့် တိုက်နေခြင်းဖြစ်သည်။\

စံတော်ချိန် နေ့စဉ်သတင်းစာ

ဗာရာဏသီမှ သေမင်းမျှော် ဟိုတယ်များ လူပြည့်နေ


ဒီဇင်ဘာ ၆။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒက်ခ်ျပြည်နယ် ဗာယာဏသီမြို့မှ ဟိုတယ်အိုကြီးများတွင် သက်အိုးရွယ်အိုများသည် သူတို့၏ ခေါင်းခါရာ အရပ်အဖြစ် ရွေးချယ်ကာ သေဆုံးမည့်အချိန်ကို တည်းခိုစောင့်ဆိုင်းနေကြသည်။

ဟိန္ဒူဘာသာဝင် တို့၏ ကိုယ်ကွယ်ယုံကြည်မှုအရ ဗာရာဏသီသည် ဘ၀ကူးချိန်တွင် ကယ်တင်ခြင်းသို့ ၀င်ရောက်ရန် မုခ်ဦးပေါက်
တစ်ခုသဖွယ် ခံယူထားကြသူများစွာရှိသည်။

လွန်ခဲ့သော ရာစုနှစ် များစွာကတည်းက ထွန်းကားခဲ့သော ယင်းယုံကြည့်ချက်အပေါ် မပြောင်းမလဲ ခံယူထားဆဲ ဖြစ်သော သက်ကြီးရွယ်အို အဘိုး၊အဘွားအိုတို့သည် ကာရှီဟုခေါ်သည့် ဗာရာဏသီသို့လာရောက်ကာ ဈေးသက်သာသည့် ဟိုတယ်အိုကြီးများတွင် တည်းခိုးရင်း ဘ၀နောက်ဆုံးအချိန်ကို စောင့်ဆိုင်းလျက် ရှိကြသည်။

သူတို့က ဗာရာဏသီတွင် သေဆုံးခဲ့လျှင် သံသရာစက်ဝန်း
ပြတ်ဆဲသွားမည်။ ယင်းအရပ်တွင် သေဆုံးသူသည် တဖန်ပြန်လည် မမွေးဖွားနိုင်တော့သည့်အတွက် ကယ်တင်ခြင်း ခံရမည်ဟု ယူဆယုံကြည်ထားကြသည်။

၁၉၂၀ခုနှစ်များကတည်းက တည်ဆောက်ထားခဲ့သော ကယ်တင်းခြင်း အိမ်တော် မိုခ်ရှာဘ၀မ်အမည်ရှိ ဟိုတယ်အို တစ်လုံးသည်လည်း
သေမင်းကို မျှော်လင့်နေသူများ နေထိုင်ရာ ဟိုတယ်တစ်လုံး ဖြစ်သည်။

အသက်ရှစ်ဆယ်အရွယ် မန်ဘူတရီပါသီဆိုသည့် အဘိုးအိုက သူသည် လွန်ခဲ့သော ၁၇နှစ်ကတည်းက မိုခ်ရှာဘ၀မ်တွင် နေထိုင်နေခဲ့ကြောင်း၊ အသစ်တဖန် ပြန်လည်မွေးဖွားခြင်း မရှိနိုင်တော့သော ထွက်ခွာမှုမျိုးဖြင့် ကမ္ဘာလောကကြီးမှ အပြီးတိုင် နှုတ်ဆက်ထွက်ခွာရန် စောင့်ဆိုင်နေခြင်း
ဖြစ်ကြောင်းဆိုသည်။ အဘိုးအို မန်ဘူတရီပါသီကို သူ၏ သားများက လစဉ် ငွေများ ပုံမှန်ပို့ပေးနေပြီး သူတို့ကို မတွေ့ရတော့သည်မှာ ၁၀နှစ်ကျော်ပြီ ဖြစ်သည်ဟု ဆိုသည်။

မန်ဘူတရီပါသီတွင် ဘ၀နေ၀င်ချိန်ကို စောင့်ဆိုင်းနေသူပေါင်း ၃၀၀ကျော်ရှိပြီး အများစုမှာ အသက် ၆၀ကျော်ဖြစ်သည်။ သူတို့၏ဘ၀ကို ဤနေရာတွင် အဆုံးလာသတ်ကြခြင်းဖြစ်ကြောင်း ဟိုတယ်မန်နေဂျာ မန်နစ်ပန်ဒီ အသက် ၄၃နှစ်က ဆိုသည်။ ဟိုတယ်တွင် လူတစ်ဦးသေဆုံးသည့်အခါတိုင်း ပူဆွေးငိုကြွေးခြင်းများ
မပြုကြဘဲ ဆုတောင်းပွဲများဖြင့်သာ ဈာပနလုပ်လေ့ရှိသည်။

မိုခ်ရှာဘ၀မ်တွင် တည်ခိုးခနှင့် လျှပ်စစ်မီးသုံးခများမှာ မဆိုသလောက်သာယူပြီး မည်သူ့ကိုမျှ လာရောက်နေထိုင်ရန် တိုက်တွန်းခြင်းမရှိ၊ ကာယကံရှင်၏ သဘောအတိုင်းသာ
ဖြည့်ဆည်းပေးလျက်ရှိသည်။

Ref: Al jazeera
The Myanma Age

ရဲတိုက်အမှု ခံပြသက်သေမလာသောကြောင့် ရုံးချိန်းသုံးခုပျက်


မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့အမှု
အတွက် ခံပြသက်သေများကို ရုံးတင်စစ်ဆေးလျက်ရှိရာ ရဲတိုက်ဘက်မှ သက်သေထွက်ဆိုပေး
မည့်သူများ တရားရုံးသို့ ရောက်မလာသောကြောင့် ရုံးချိန်းပျက်ကွက်မှု သုံးခုရှိခဲ့ပြီဖြစ်ကြောင်း
ကျောက်တံခါးရဲစခန်းမှ ရဲအရာရှိတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

"ကျွန်တော်တို့က ခံပြသက်သေဘယ်သူ့ကိုထုတ်မယ်ဆိုတာကို မသိရပါဘူး။ တရားရုံးရောက်မှ
သိရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နဲ့ ၂၆ ရက်နေ့ ခံပြသက်သေကို စစ်ဆေးမယ့်ရုံးချိန်းမှာ
လည်း တရားခံဘက်မှထွက်ဆိုပေးမယ့် သက်သေတွေရောက်မလာတဲ့အတွက် ရုံးချိန်ပျက်
သွားပါတယ်"လို့ သူကပြောပြပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့တရားရုံးချိန်းမှာလည်း တရားခံဘက်မှထွက်ဆိုပေးမယ့် သက်သေမရောက်
လာသောကြောင့် ရုံးချိန်းထပ်မံပျက်သွားခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၁၃ ရက်
နေ့ ပြန်လည်စစ်ဆေးမယ်လို့သိရပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ယခုနှစ်မကုန်ခင် မပြီး
သတ်ဖို့များတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ကျောက်တံခါးရဲစခန်းမှ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှု ပုဒ်မ
၁၅/၁၆(ဂ) ဖြင့်ဆရာဝန်၏ ဆေးစစ်ပြန်ကြား စာမရခင် တရားစွဲဆိုခဲ့ရာ ဆီးစစ်ဆေးမှု အဖြေရပြီး
နောက် ပုဒ်မ ၁၆ (ဂ) တစ်မှုတည်းဖြင့်သာ တရားစွဲဆိုထားကြောင်းကျောက်တံခါးရဲစခန်းမှ
ရဲအရာရှိကဆိုပါတယ်။

ဒီလို အမှုမျိုးအတွက် ပြစ်ဒဏ်ဟာ ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ ဆယ်နှစ်အထိရှိကြေင်း
သိရပါတယ်။

အိအိသူ - မြန်မာတိုင်း(မ်)

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာသို့ အပေါ့စား မီးသတ်စက် များအား ပံ့ပိုးမည်


ကျေးလက်ဒေသမီးဘေး ကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင် အပေါ့စား မီးသတ်စက်များအာ့း  မြိတ်ခရိုင် အတွင်းရှိ ကျေးရွာ(၄၇)ရွာ အတွက် မြိတ်မြို့နယ် အတွက် (၁၁)လုံး၊ကျွန်းစုမြို့နယ် အတွက်(၁၅)လုံး၊ ပုလောမြို့နယ် အတွက်(၈)လုံး၊ တနင်္သာရီမြို့နယ် အတွက် (၉)လုံး၊ပလောက်မြို့နယ်ခွဲ အတွက်(၄)လုံး၊ ခရိုင်အတွင်းရှိမြို့နယ်မီးသတ် စခန်း(၄)ခုအတွက်စခန်းတစ်ခု လျှင်(၂)လုံးစီစုစုပေါင်း (၅၅)လုံးကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါအပေါ့စား မီးသတ်စက် အမျိုးအစားမှာဓာတ်ဆီလောင်စာ အသုံးပြုသည့် KENBO အမျိုးအစား နှင့် KEMAGE အမျိုးအစားများ  ဖြစ်ပြီး မီးသတ်စက်တစ်လုံးစီတွင် ရေစုပ်ပိုက်အရှည်(၂၅)ပေ၊ ရေပက်ပိုက် အရှည်(၆၀)ပေ၊ ရေပက် ပိုက်ခေါင်းတစ်လုံး ပါရှိကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ

ရခိုင်တွင် မိန်းကလေးနှစ်ဦး အသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေး



ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသူ မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှု သံသယရှိသူ အမျိုးသား လေးဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသတ်ခံခဲ့ရမှု၌ သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အလားတူ ပေါက်တောမြို့နယ် စိုးမဲကျီ ကျေးရွာတွင် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က အသတ်ခံရမှု သံသယရှိသူ တစ်ဦးကိုလည်း ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ်တွင် မိန်းကလေး အသတ်ခံမှုမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားပြီး နောက်တစ်ရက်တွင် ရွာပြင် စပါးခင်းတွင် ဦးခေါင်း၊ ပါးတို့တွင် ဒဏ်ရာများအပြင် အဓမ္မပြုကျင့် ခံရသည့် အနေအထားဖြင့် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

ပေါက်တောမြို့နယ်၌ သတ်ဖြတ်ခံရသည့် မိန်းကလေးသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၆ နာရီ ဝန်းကျင်တွင် ပျောက်ဆုံးသွားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိမ်နှင့် နှစ်ဖာလုံခန့် ဝေးသည့် စမ်းချောင်းအနီးတွင် ငယ်ထိပ်ပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးလျက် ရှိကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly

သူမကို နတ်မော်စစ်တပ်မှ တပ်သားရဲဘော်တစ်ယောက်က အဓမ္မပြုကျင့်ခဲ့သည်ဟု ထွက်ဆိုထားသော အမျိုးသမီး အဆိပ်သောက်မိထားသောကြောင့် သေဆုံး


ဟင်္သာတ၊ ဒီဇင်ဘာ ၆။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ခြေလျှင်တပ်ရင်း (၁၈)မှ ရဲဘော်တစ်ဦးက သူမကို အဓမ္မပြုကျင့်ခဲ့ပါသည်ဟု ထွက်ဆိုထားသော အမျိုးသမီးသည် ယနေ့နံနက် (၁၀:၃၀) အချိန်ခန့်က ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနေ မသူဇာ အသက် (၃၈) နှစ်သည် သူမနှင့် ရည်ငံနေသော နတ်မော်ရှိ အမှတ် (၁၈) ခြေလျှင်တပ်ရင်းမှ ဒုတပ်ကြပ် မောင်ဌေးထံသို့ တွေ့ဆုံရန်လာရောက်စဉ် ဤကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက် ၆ နာရီအချိန်ခန့်က နတ်မော်ဒေသခံများမှ နတ်မော်စစ်တပ်ရှေ့ရှိ လမ်းဘေးတွင် သူမကို သတိလစ်မေ့မြောလျှက်တွေ့ရှိခဲ့သောကြောင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် သတိပြန်လည်ရရှိလာကာ စကားအနည်းငယ်ပြောဆိုပြီး ပြန်လည်သတိလစ်သွားခဲ့ကြောင်း သိရသည်။ သူမသတိရရှိစဉ် ပြောကြားခဲ့သည်များမှာ “ သူမသည် သူမရည်းစားရှေ့တန်းထွက်နေ၍မရှိသော်လည်း ယခင်အကြိမ်များကတည်းခိုခဲ့ဖူးသည့်အိမ်မှာပင် တည်းခိုခဲ့ကြောင်း၊ ထိုအိမ်တွင် ညပိုင်းရောက်သော် သူမကို ရဲဘော်တစ်ဦးမှ အလိုမတူပဲ သားမယားအဖြစ်ဆက်ဆံခဲ့ကြောင်း၊ သူ့မတွင် အထောက်အထားစာရွက်စာတမ်း၊ မှတ်ပုံတင်တို့ ပါလာကြောင်း၊ ထိုအရာများကို အဓမ္မပြုကျင့်ခဲ့သော ရဲဘော်မှယူဆောင်သွားကြောင်း ” သာပြောဆိုနိုင်ခဲ့ပြီး ပြန်လည်သတိလစ်သွားခဲ့ကြောင်း သိရသည်။ သူမသတိလစ်မေ့မြောနေစဉ်အတွင်း သူမကိုယ်ခန္ဓာပေါ်တွင် ရှာဖွေရာ မတ်ပဲအိတ်အတွင်းထည့်ရသောဆေးပြားအချို့သာ (ထိုဆေးပြားများမှာ တစ်ပြားသောက်မိလျှင်ပင် လူ့အသက်ကို သေစေနိုင်) တွေ့ရှိခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ တာဝန်ရှိ ဆရာဝန်များက ဆက်လက်စစ်ဆေးသောအခါတွင် သူမမှာ အဆိပ်(သူမ၏ အိပ်ထဲတွင်တွေ့ရှိရသော ဆေးပြားများဟု ယူဆ) သောက်ထားကြောင်း သိရှိရပြီး၊ သူမကို ဆေးကုသမှုပြုလုပ်နေဆဲမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

သူမတည်းခိုခဲ့သောအိမ်မှာ နတ်မော်စစ်တပ်ရှေ့တွင်ရှိသော နတ်ချောင်းအုပ်စု ရွာသစ်ကုန်းကျေးရွာရှိ နတ်မော်စစ်တပ်ထဲတွင် လိုင်းခန်းအနေအထားအစဉ်မပြေသော တပ်သားမိသားစုများ ငှားရမ်းနေထိုင်သောအိမ်ဖြစ်ကြောင်း သိရသည်။ နတ်မော်ဒေသခံများ၏ပြောကြားချက်အရ သေဆုံးသူသည် ဒုတပ်ကြပ်မောင်ဌေးနှင့် သမီးရည်းစားဖြစ်နေသည်မှာ မှန်ကန်ကြောင်း၊ ယခုမှုခင်းဖြစ်ပွားခဲ့သောအိမ်မှာပင် ၎င်းတို့နှစ်ဦး အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်မှာလည်း မှန်ကန်ကြောင်း သိရသည်။ ဟင်္သာတပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာတွင် ဆေးရုံအုပ်ကြီး၏ ခွင့်ပြုချက်ပါမှသာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Hinthata HumanRights

မရမ်းကုန်းမြို့နယ် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးငယ် သုံးဦးသေဆုံး ၊ တစ်ဦးဒဏ်ရာ အပြင်းအထန်ရရှိ


ရန်ကုန် ၊ ၆-၁၂-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် ၊ ဥက္ကလာလမ်း (လေဆိပ်လမ်း) ၌ ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ယာဉ်တိုက်မှု တ်စခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး အခင်းဖြစ်ပွား ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ညီစိုး ၃၇ နှစ် (ဘ) ဦးအောင်ချိန် ( ခရေဖြူလမ်း (၁၀) ရပ်ကွက် ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော ခရီးသည်တင် ( ၄၈ အထူး ယာဉ်လိုင်း ) ဇူးစီးတီးဘတ် အမျိုးအစား ( အဖြူ/ အစိမ်း ) ရောင်မှန်လုံ ( ကားကြီး ) ယာဉ်သည် ဥက္ကလာလမ်း (လေဆိပ်လမ်း) အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင် လာစဉ် သုခလမ်း အလွန် အရောက်တွင် ဘရိတ် ချွတ်ယွင်းကာ ယာဘက် လမ်းဘေးတွင် လမ်းလျှောက် နေသော မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် နေထိုင် သူများ ဖြစ်ကြသည့် မကျော့ယဉ်ထွန်း ၃၄ နှစ် (ဘ) ဦးကျောက် ၊ မဆွေဇင်ထက် ၁၀ နှစ် (ဘ) ဦးဟန်သိန်း ၊ မမေမြတ်နိုး ၅ နှစ် (ဘ) ဦးဟန်သိန်း နှင့် မမိုးသူ (ခ) မခမ်းမို့မို့ထွေး ၂၈ နှစ် (ဘ) ဦးသံလုံးတို့ အား အရှိန် မထိန်းနိုင်ဘဲ တောက်လျှောက် ၀င်တိုက် ခဲ့ပြီး ဆက်လက်၍ လမ်းဘေးရှိ ဂျာနယ် အရောင်းဆိုင် အား တိုက်မိကာ ရပ်တန့် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မဆွေဇင်ထက် ၊ မမေမြတ်မိုး နှင့် မမိုးသူ (ခ) မခမ်းမို့မို့ထွေး တို့ သုံးဦးသည် အခင်း ဖြစ်ပွားရာ နေရာ၌ပင် သေဆုံး သွားခဲ့ပြီး မကျော့ယဉ်ထွန်း မှာ ယာတင်ပါး ပေါက်ပြဲ ဒဏ်ရာ ရရှိပြီး မြောက် ဥက္ကလာပ ဆေးရုံကြီး တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိသည်။

ထို ဖြစ်ပွားမှု နှင့် ပတ်သက်၍ အများ ပြည်သူ ဆိုင်ရာ နေရာတွင် ယာဉ် မဆင်မခြင် မောင်းနှင်၍ လူများ သေဆုံး ဒဏ်ရာရရှိပြီး ပျက်စီးခဲ့မှု အပေါ် ယာဉ်မောင်း ညီစိုး အား မရမ်းကုန်း မြို့မ ရဲစခန်း ၌ ပ/၉၄ အရ အမှုဖွင့်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၊ ၂၉၇ / ၃၃၈ / ၃၀၄(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မြ၀တီ

ချင်းတွင်းမြစ်ကြောင်းတွင် ခရီးသည်တင် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ရေမြုပ်သွား၍ လူတချို့ ပျောက်ဆုံးနေ


ဟုမ္မလင်း ၊ ၆-၅-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ထမံသီ နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ချင်းတွင်း မြစ်ကြောင်း အတွင်း ခရီးသည်များ တင်ဆောင် လာသည့် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ရေယာဉ်များ နစ်မြုပ်ကာ လူတချို့ ပျောက်ဆုံး နေသည့်အတွက် ရေယာဉ် မောင်းနင် လာသူများကို အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်း ဆိုင် တိုက်မိသည့် နေရာမှာ ဟုမ္မလင်း မြို့နယ် မှန်ကင်း ဆိပ်ကမ်း အနီး ချင်းတွင်း မြစ်ကြောင်း အတွင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေယာဉ် ကြီးကြပ်ရေး အဖွဲ့၏ မှတ်တမ်း များက ဖော်ပြထား ကြောင်း သိရသည်။

ဟုမ္မလင်း မြို့နယ် မောင်းခမ်း နယ်မြေ ရဲကင်းမှူး ဒုတိယ ရဲအုပ် အောင်စိုးဝင်း နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂ရက်ညက အဆိုပါ ရေယာဉ် နှစ်စီး နစ်မြုပ် သွားခဲ့သည့် နေရာသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်ဟု အတည်ပြုပြော ကြားသည်။ (ပုံ)

ရေယာဉ်များ မျက်နှာချင်း ဆိုင် တိုက်မိကာ ရေထဲသို့ နစ်မြုပ် သွားခဲ့ခြင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ ၏ စစ်ဆေး ပေါ်ပေါက်ချက် များအရ သိရှိသည်မှာ ဟုမ္မလင်း မြို့နယ် ပုတ်သိုး ကျေးရွာမှ မောင်းခမ်း (တောင်/မြောက်) ကျေးရွာများ သို့ ဦးတင်မောင်ထွေး (ခ) ဦးထွေး မောင်းနှင်သည့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင် တပ်ဆင် ထားသော အလျား ၁၈ ပေရှိ ရေယာဉ်နှင့် ဟုမ္မလင်း မြို့နယ် ဟိန်းစွန်း ကျေးရွာနေ ကိုစန်းလှိုင် မောင်းနှင်သည့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်စက် တပ်ဆင် ပါရှိသည့် အလျား ၂၄ ပေရှိ အပြာရောင် ရေယာဉ် နှစ်စီးမှာ မျက်နှာချင်း ဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်မိ ခဲ့သည့် အတွက် ရေယာဉ် နှစ်စီးမှာ ရေထဲသို့ နစ်မြုပ်သွား ခဲ့သည်။ ရေယာဉ်နှစ်စီး တိုက်မိပြီး ရေနစ်မြုပ် သွားသည့် အတွက် ကိုစန်းလှိုင် မောင်းနှင် လာသော ရေယာဉ်ပေါ်မှ စီးနင်း လိုက်ပါ လာသည့် ခရီးသည် ၂၄ ဦးအနက် ဦးမိုးညွန့် ၊ ဒေါ်သန်းမြင့်ဆိုသူ ခရီးသည် နှစ်ဦးမှာ ရေထဲ၌ နစ်မြုပ် ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

'' ဖြစ်တာက ည ၇ နာရီ အချိန်ကြီး ဆိုတော့ ဘာမှ ကောင်းကောင်း မမြင် ရတော့ဘူး။ ပျောက်နေတဲ့ ခရီးသည် တွေလဲ အသက်ရှင်လျက် ပြန်တွေ့ နိုင်ဖို့ မျှော်လင့်ချက် အပြည့်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေပါတယ် .. .. '' ဟု မောင်းခမ်း နယ်မြေ ရဲကင်းမှူး ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့က ပြောပြသည်။ အဆိုပါ ရေယာဉ်စီး ခရီးသည် များကို ကူညီ ကယ်ဆယ် ပေးလျက် ရှိသည့် ဒုတိယ ရဲအုပ် စိုးဝင်းအောင် က ၄င်းကိစ္စကို တရားလို ပြုလုပ်၍ ထမံသီ နယ်မြေ ရဲစခန်းသို့ တိုင်တန်း ခဲ့သည့် အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/၂ဝ၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့် ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမင်း က ရေယာဉ်များ တွင် သက်ကယ် အင်္ကျီများနှင့် သက်ကယ် ပစ္စည်းများ ခရီးသည် အရေအတွက် နှင့် ကိုက်ညီစွာ အလုံအလောက် ထားရှိရန် နိုဝင်ဘာလ က ပြောကြား ခဲ့ကြောင်း သိရသည်။ ရေယာဉ် သုံးစွဲမှု တစ်နေ့တခြား များပြားလာသည့် ချင်းတွင်း မြစ်ကြောင်း၌ မကြာခဏ ရေယာဉ် တိမ်းမှောက်မှု များနှင့် ယာဉ်တိုက် မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လျက် ရှိရာ ခရီးသည် များ၏ အသက်ဆုံးရှုံး ခဲ့ရသည့် အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ချင်းတွင်း မြစ်ကြောင်း အတွင်း ရေယာဉ် တိမ်းမှောက် နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်သည် ယခုနှစ် အတွင်း ၁၄ ကြိမ်ခန့် ရှိခဲ့ပြီး ယခုလ အတွင်း ကလေးဝ ဆိပ်ကမ်းတွင် အမြန် ရေယာဉ်၏ ရေယက်ပန်ကာ ခုတ်မိ သဖြင့် ဈေးရောင်း လှေတစ်စီး တိမ်းမှောက်ကာ ဆယ်တန်း ကျောင်းသူလေး တစ်ဦး ရေယက် ပန်ကာ ခုတ်မိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်များ လည်း ရှိခဲ့ကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက်တွင် ချင်းတွင်း ရေကြောင်းသွား ကုန်တင် ရေယာဉ် တစ်စီးသည် မြင်းမူမြို့ အနီး ဧရာဝတီမြစ် အတွင်း၌ တိမ်းမှောက် နစ်မြုပ် သွားကြောင်း စစ်ကိုင်းတိုင်း ရေယာဉ် ကြီးကြပ်ရေး အဖွဲ့ထံမှ သိရှိရသည်။

မြ၀တီ

အမြတ်အစွန်း ရရှိရေး ကုန်းရုန်းနေ ရသည့် မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းစာများ


ပုဂ္ဂလိ က သတင်းစာ များ အပေါ် အစိုးရက နှစ် ငါးဆယ်ကျော်ကြာ ပိတ် ပင်မှုကို ရုပ်သိမ်း ပေးလိုက်သည့် အခါ မြန်မာ သတင်းစာ ဆရာ များအဖို့ ယခု နှစ်သည် အထိမ်း အမှတ် နှစ်တစ်နှစ် ဖြစ်လာသည်။

သို့ရာတွင် တစ်ဒါဇင် မျှသော နေ့ စဉ် သတင်းစာ များကို တက်သုတ်နှင် ထုတ်ဝေပြီး ခြောက်လခန့် အကြာမှာ စစ် အစိုးရ၏ အမျက် ဒေါသနှင့် ရက် စက်မှု အောက်မှာ ကြံ့ကြံ့ ခံနေသား ကျသည့် မြန်မာ သတင်းစာ ဆရာများသည် အများသူငါ ကြုံတွေ့နေကျ ဖြစ်သော ဈေးကွက် ပြိုင်ဆိုင်မှုတွေနှင့် ရုန်းကန်နေ ကြရပေသည်။ အနှစ်နှစ် အလလက မျိုသိပ်ခဲ့ ရသည့် ခံစားချက် များကို ထုတ် ဖော်ဖွင့်ချလိုသည့် မျှော်လင့်ချက်များ ရှိနေသော် ငြားလည်း ကြော်ငြာ ရရှိမှု နည်းပါးခြင်း နှင့် အတူ Internet ရဲ့ ပခုံးချင်း ယှဉ်မှုကိုလည်း ခံစားနေကြောင်း ထုတ်ဝေသူများ က ဆိုကြ သည်။ နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ဝေနေသည့် ”မဇ္ဈိမ သတင်းစာ” Mizzima Media Group ၏ CEO ဦးဆန်နီဆွေ က ”ထုတ်ဝေသူ တွေတိုင်း ဖြူကာပြာကာကျနေကြတယ်” ”ခင်ဗျားတို့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ကြ၊ ပြီးတော့ ဆုံးရှုံးမှု ကိုလည်း ပြင်ဆင် ထား” ဖို့ သတိပေး သည်။

ယခုနှစ်တွင် စတင် ထုတ်ဝေသည့် သတင်းစာ ၁၂ စောင် အနက် သတင်း စာ သုံးစောင် ရပ်သွားပြီး ကျန်သတင်း စာကိုးစောင် မှာလည်း အမြတ်အစွန်း ရရှိနိုင်သည့် အလား အလာမရှိသေး ကြောင်း ထုတ်ဝေသူများ က ပြောကြ သည်။

ကမ္ဘာနှင့် အဝန်း သတင်းမီဒီယာ လုပ်ငန်းတွင် ပုံနှိပ် မီဒီယာများ ဖတ်ရှု သူ ကျဆင်းလာသည် ကို ထိပ်တိုက် ရင် ဆိုင်နေကြရသည့် နည်းတူ ပုဂ္ဂလိက မြန်မာ့နေ့စဉ် သတင်းစာ များသည်လည်း စိန်ခေါ်မှု အချို့နှင့် ရင်ဆိုင်နေကြရ သည်။ တစ်ဆက်တည်း မှာပဲ မြန်မာနိုင်ငံ တစ်နံ တစ်လျား စစ်အုပ်ချုပ်မှု အမွေ အနှစ် နေရာတကာ ပျံ့နှံ့ လျက်ရှိပြီး  ဆင်းရဲ တွင်းနက်နေဆဲ နိုင်ငံတွင် မြန်မာ့ နေ့စဉ် သတင်းစာ များ လည်ပတ်နေကြ ရသည့် ပုဂ္ဂလိက သတင်းစာ များသည် သတင်း လုပ်ငန်းတွင် နေမြဲဖြင့် အသား ကျနေသည့် အစိုးရပိုင် သတင်းစာများ နှင့်လည်း ယှဉ်ပြိုင်နေကြရသည်။

ဖြန့်ချိရေးသည် မြို့ကြီး များတွင် အထူးသဖြင့် မိုးတွင်းကာလ များမှာ အားမကိုးရ၊ စိတ်မချ ရသော အခြေ အနေတွင် ရှိနေဆဲ ဖြစ်သည်။ နယ်မြို့ ငယ် များနှင့် ကျေး လက်ဒေသများတွင်မူ မရှိသလောက် ဖြစ်သည်။ ပုဂ္ဂလိက သတင်းစာ တစ်စောင်လျှင် ကျပ်နှစ်ရာသည် စာဖတ်သူ အများစု အတွက် ဈေးနှုန်း အတော်မြင့်မား လျက်ရှိ သည်ဟု ထုတ်ဝေသူများ က သုံးသပ်သည်။ အစိုး ရထုတ် သတင်းစာ တစ်စောင်လျှင် ငါး ဆယ်ကျပ် အောက်တွင် ရှိသည်။
၁၉၆ဝ ခုနှစ် များတွင် စစ်အစိုးရ က ပုဂ္ဂလိက သတင်းစာများကို ပိတ်ပင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အာဏာ သိမ်းပြီး တက်လာသည့် စစ်အစိုးရ က အပတ်စဉ် သတင်းစာစောင် အချို့ကို တင်းကျပ်သော ဆင်ဆာ စည်းကမ်း များနှင့် ခွင့်ပြုခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် အာဏာ ရရှိလာသည့် အရပ်သား အစိုးရ က စာပေ စိစစ်ရေး အဖွဲ့ကို ယခင်နှစ်က ဖျက်သိမ်းပေးခဲ့ပြီး ယမန်နှစ် ဧပြီလတွင် ပုဂ္ဂလိက သတင်းစာ များကို ခွင့်ပြုခဲ့ သည်။

”The 7Day Daily” သတင်းစာ ၏ အမှုဆောင် အယ်ဒီတာ တစ်ဦးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနိုင် က သတင်းထောက် ကောင်း တစ်ယောက် ရရှိဖို့ ခက်ခဲ ကြောင်း၊ သူ၏ သတင်းထောက် အချို့ သည် Facebook စွဲနေသူများ ဖြစ်ပြီး သက်ဆိုင်ရာ အယ်ဒီတာ များထံ သတင်း များ ရေးသားပေးပို့သည် ထက်  မိမိတို့၏ Facebook စာမျက်နှာ များတွင် သာ မကြာခဏ ရေးကြလေ့ ရှိကြောင်း ပြောဆိုသည်။ သတင်းတိကျ မှန်ကန်မှု ထက် အုတ်အော်သောင်းတင်း လှုပ်လှုပ်ရွရွ သတင်းများ ဖော်ပြလေ့ ရှိသည့် နေ့စဉ် ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များကိုသာ စာဖတ်သူ အများစု ပိုမို နှစ်သက်လာ ကြကြောင်းနှင့် ”ပြည်သူ တွေဟာ အရည်အသွေး ကို မဝယ်ကြဘူး” ဟု ပြောဆိုပါသည်။

၎င်းကပဲ ဆက်လက်ပြီး ”နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ခွင့်ရဖို့ ကျွန်မတို့ အိပ်မက် မက်ခဲ့တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ကျွန်မ စဉ်းစားမိတယ်။ နေ့စဉ် သတင်းစာ တစ်စောင် လုပ်ခွင့်ရ တာ စောများ စောနေသလားလို့။ ကျွန်မတို့က စာဖတ်သူတွေကို အကောင်းဆုံး အရည်အသွေးတွေ မပေးနိုင်ဘူး။ ကျွန်မတို့ အဆင်သင့် မဖြစ်ခဲ့ တာ ဖြစ်ပါလိမ့် မယ်။ အထူးသဖြင့် လူအင်အား အရင်း အမြစ်ဘက်မှာပါ”
ဂိုဏ်းဂဏစွဲ အကြမ်းဖက်မှု များနှင့် မေးခွန်းထုတ်စရာ ဖြစ်နေသည့် စစ်တပ်၏ သြဇာ အာဏာ လွှမ်းမိုးမှု များကြောင့် အခက် အခဲတွေ့နေ ရပြီး သေချာမှု မရှိ သေး သည့် မြန်မာနိုင်ငံ၏ အနာဂတ် အဖို့ နိုင်ငံ တစ်ဝန်းမှ တိကျသေချာသော အဆင့်မြင့် သတင်းပေး ပို့မှုများ လိုအပ် လျက် ရှိကြောင်း အယ်ဒီတာ များက ပြောကြသည်။
ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ထင်ရှားသည့် သာဓက ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်နှင့် အပတ်စဉ် ထုတ် ဂျာနယ်များ ထုတ်ဝေနေ သူ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောသည်။

ယမန်နှစ် မတ်လ အတွင်း မြန်မာ နိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွင် ဂိုဏ်းဂဏ ပဋိပက္ခများ အုံကြွပေါ်ပေါက်စဉ် သူ၏ ဓာတ်ပုံ သတင်းထောက် တစ် ဦးမှာဒေါသ ထွက်နေသည့် လူအုပ်စု တစ် စု၏ ခြိမ်းခြောက် နှောင့်ယှက်မှု ခံခဲ့ရ သည်။ နောက်ထပ် ဓာတ်ပုံသတင်း ထောက် တစ်ဦးမှာ အနီးအနားမြို့မှ မောင်း ထုတ်ခံရသည်။ ယင်း သတင်းထောက် သည် မာန်ဖီနေသည့် လူအုပ်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ကြုံ ခဲ့ရပြီး သက်ဆိုင်ရာ ရဲစခန်းတွင် ခိုလှုံခဲ့ရသည်။ တတိယမြောက် သတင်းထောက် တစ်ဦး မှာမူကား ထိုအချိန်က ဒါဇင်ပေါင်းများ စွာသော အိမ်များ မီးလောင်ခံ ရပြီး အနည်းဆုံး လူပေါင်း ၄၄ ဦး အသတ်ခံ ခဲ့ရသည့် အဆိုပါ မြို့တွင် စီးပွားရေး လုပ်ငန်း ရှင် ဟန်ဆောင်ပြီး မြို့တွင်းမှ ဓာတ်ပုံများကို ပိပိရိရိ ရိုက်ယူခဲ့ပါသည်။ The Daily Eleven သတင်းစာမှ ဓာတ်ပုံများသည် မြို့တွင်း အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှု ကို ဖော် ပြရာတွင် သတင်းဦး ဓာတ်ပုံများ အဖြစ် လူပြော များခဲ့သည်။

The Daily Eleven သတင်းစာ စောင်ရေ ၈၅ဝဝဝ ရှိကြောင်း၊ ပမာဏ ကြီးမားသည့် ပုဂ္ဂလိက သတင်းစာ တစ်စောင် ဖြစ်သော်လည်း အမြတ် အစွန်း မရှိသေးကြောင်း ဒေါက်တာ သန်းထွဋ် အောင် က ဆိုပါသည်။
ယခု လက်ရှိ The Daily Eleven သတင်းစာသည် လက်တွေ့ အားဖြင့် လွန်ခဲ့သည့် ၁၃ နှစ် ဝန်းကျင် က Eleven Media Group မှ စတင် ထုတ်ဝေခဲ့သော အမြတ် အစွန်း ကြီးမားသည့် အပတ်စဉ် အားကစား ဂျာနယ် တစ်စောင်၏ အထောက်အပံ့ ခံ ဖြစ်သည်။

အချို့သော ပုဂ္ဂလိက သတင်းစာ ငယ်များတွင်မူ ဤကဲ့သို့သော ငွေကြေး အထောက်အပံ့ မျိုး မရှိချေ။
စစ် အာဏာရှင် လက်ထက်တွင် စိစစ်ရေးနှင့် အကြိမ်ပေါင်း များစွာ ပြဿနာ ဖြစ်ခဲ့ဖူးသည့် ဝါရင့် သတင်းစာ ဆရာ ဦးသီဟစော သည်လည်း မြန် မာနိုင်ငံတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ် ဝေသည့် တစ်စောင် တည်းသော Myanma Freedom Daily သတင်းစာ ကို ထုတ်ဝေလျက် ရှိသည်။ မိမိတို့ ဘာသာ အခန်းရောင်း ဘာရောင်းနှင့် ကျစ်ကျစ် ကုတ်ကုတ် စုဆောင်းပြီး လုပ်ကြတာ ဖြစ်ကြောင်း၊ ဆွေမျိုးသား ချင်းများနှင့် ခင်မင်သည့် မိတ်ဆွေ သူငယ်ချင်းများ ကလည်း ထည့်ဝင်ကြ တာ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာ သတင်းစာဆရာ များအသင်း ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးသီဟစောက ပြောပါ သည်။ ပြင်ပမှ ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်ဖို့ စဉ်းစားနေ သော်လည်း ထည့်ဝင်မြှုပ်နှံငွေ များသည် နှောင်ကြိုး ဖြစ်မည်ကို စိုးရိမ်လျက် ရှိသည်။

များပြားလှသော ကြော်ငြာများနှင့် အတူ ဈေးနှုန်း ချိုသာစွာ ရောင်းချနေ သည့် ပုဂ္ဂလိက သတင်းစာများ မပေါ်မီ ကတည်းက ရှိနှင့်ပြီး ဖြစ်ကြသော အစိုးရပိုင် သတင်း စာများနှင့် မမျှမတ ယှဉ်ပြိုင် နေကြရကြောင်း ဂျာနယ်လစ် များ က ရင်ဖွင့်ကြသည်။
အင်တာနက် သတင်းများကို ကျယ်ကျယ် ပြန့်ပြန့်ဖြင့် လစဉ်ဖော်ပြ ထုတ်ဝေလျက် ရှိသည့် ”ဧရာဝတီ” အမည်ရှိ အင်္ဂလိပ် မဂ္ဂဇင်း တစ်စောင်၏ အယ်ဒီတာ တစ်ဦးဖြစ်သူ ဦးကျော်စွာမိုး က အစိုးရပိုင် သတင်းစာများသည် တိုင်းပြည်တွင်း လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် တိုးတက် ဖွံ့ဖြိုးမှု အတွက် ခလုပ် ကန်သင်း ဖြစ်နေသည် ဟု ပြော ပါသည်။ ”ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းစာ ထုတ်ဝေမည်ကို သင်မျှော်လင့်မထားပါနဲ့။ ယင်းအချက်သည် လွတ်လပ် စွာ ပြောဆိုရေးသား ထုတ်ဝေ ခွင့်၊ ပုဂ္ဂလိကနှင့် အမှီခို ကင်းသော မီဒီ ယာအုပ်စု အတွက် အဟန့်အတား တစ် ရပ်ပါပဲ”ဟု သူကပြောသည်။

အချို့သော နေ့စဉ်ထုတ် သတင်း စာစောင် များမှာမူ ယခင်စစ် အစိုးရ၏ ကျောထောက် နောက်ခံ ပံ့ပိုးမှုများ ရှိနေ ကြသည်။ လွှတ်တော်တွင်း ကိုယ်စား လှယ် အများစု ရှိနေပြီး ယခင် စစ်အစိုးရ ဗိုလ်ချုပ်ဟောင်း များဖြင့် ဖွဲ့စည်း တည်ထောင် ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထုတ် သတင်းစာမှာ ”ပြည်ထောင် စုနေ့စဉ် သတင်းစာ” ဖြစ်သည်။
မိမိတို့ သတင်းစာသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ မူဝါဒများကို ထင်ဟပ်ဖော်ပြလျက် ရှိ ကြောင်း သတင်းစာ အယ်ဒီတာချုပ် ယခင်တပ်မတော် အရာရှိ ဟောင်း ဦးဝင်း တင်က ပြောကြားပါသည်။
 ရေရှည်တွင် ပုဂ္ဂလိက သတင်းစာ  ရော၊ အစိုးရပိုင် သတင်းစာ များပါ အခက်အခဲတွေနှင့် ရင်ဆိုင် ကြုံတွေ့ရ မည် ဖြစ်ကြောင်း အယ်ဒီတာ များက သုံးသပ်သည်။

တိုးတက်လာသော အင်တာနက် ဆက်ကြောင်း များနှင့်အတူ ရင်းနှီးမြှုပ်နှံ ရန် အသင့် အနေအထားတွင် ရှိနေသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ၏ မိုဘိုင်း တယ်လီဖုန်းများ တပ်ဆင်ရေး ကွန်ရက်သည် သန်းပေါင်း များစွာသော မြန်မာပြည်သူ လူထုအတွက် ပထမဦး ဆုံး on line ပေါ်ရောက်ရှိရေး ဆောင် ရွက်မှု တစ်ရပ် ဖြစ်လာပေမည်။ မိမိတို့ ၏ သတင်းများကို on line ပေါ်တွင် ကမ္ဘာ့ပြည်သူများ ကြည့်ရှုကြသည့် လမ်းကြောင်းသို့ မြန်မာ သည်လည်း အတူ လိုက်ပါလာဟန် ရှိပေသည်။
”သတင်းစာ များသည် တိုင်းပြည် အတွက် အသစ်အဆန်း တစ်ခု မဟုတ် ဒါကြောင့် လူတိုင်း ထုတ်ဝေကြခြင်း ဖြစ်ကြောင်း ”Mizzima” အကြီးအမှူး ဦးဆန်နီဆွေ က ပြောပါသည်။ ”သို့ သော်လည်း သတင်းစာတွေ ထဲမှာပဲ ၁ဝ နှစ်လောက် နေမနေပါနဲ့။ ကျွန်တော် တို့ရဲ့ အနာဂတ်က Mobile မှာရှိတယ်”ဟု ၄င်းက ဆိုပါသည်။

မောင်မြား
[ကိုးကား-  Thomas Fuller ၏ In Myanmar, Newly Free Media Struggle to turn a profit»]
Popular Myanmar News Journal

စက်သုံးဆီ မှောင်ခိုတင်သွင်းမှု မမိနိုင်သေး၍ နည်းလမ်းမျိုးစုံ သုံးနေရ


မှောင်ခိုတင်သွင်းမှု ရှိနေသော စက်သုံးဆီကိုသက်သေဖြင့် ဖမ်းမမိနိုင် သေး၍ ရှာဖွေတားဆီးရေးအဖွဲ့က နောက်ထပ် နည်းလမ်းတစ်မျိုးကို အသုံး ပြုနေရသည်ဟု ရန်ကုန် မှောင်ခိုတား ဆီးရေးအဖွဲ့ထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ရောက်မစစ်ဆေးမီ ပြုလုပ်သော စက်သုံးဆီ ရှာဖွေရေး တားဆီးရေးအဖွဲ့ သည် ရန်ကုန်သီလဝါ ပင်လယ်ဝ၌ အထိုင်အဖွဲ့တစ် ခု ထားကာ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေသော် လည်း မတွေ့၍ ၄င်းနည်းလမ်း အပြင် နောက်ထပ်နည်းလမ်းကို အသုံးပြုရ ခြင်း ဖြစ်သည်ဟု စီးပွား/ ကူးသန်း ဒုတိ ယ ညွှန်ချုပ် ဦးညွန့်အောင်က ဆိုသည်။

”မှောင်ခိုရှိနေခဲ့တဲ့ ကိစ္စက အခု မရှိဘူးဆိုတော့ မဟုတ်သေးဘူးလေ။ ဒါ့ ကြောင့် အသေးစိတ် ထပ်ရှာနေတယ်၊ အခု မတွေ့တာက မလုပ်ရဲသေးတာလို့ပဲ မြင်တယ်” ဟု ၄င်းကပြောသည်။

အထိုင်အဖွဲ့အပြင် သင်္ဘောဖြင့်ရေ ယာဉ်များကို ရှောင်တခင်စစ်ဆေးနေမှု ကိုလည်း ပြီးခဲ့သော ၄ရက်ခန့်က စတင် နေပြီဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

သို့သော်ရာသီဥတုပြင်းထန်၍လှိုင်း လေများရှိသဖြင့် ထိုအဖွဲ့သည်ယာယီ ရပ်နားနေရပြီး မကြာမီရက်ပိုင်းမှ ပြန် လည်စတင်နိုင်မည်ဟုလည်း ၄င်းအဖွဲ့ ထံမှ သိရသည်။ တရားမဝင် မှောင်ခိုမှု တို့ကြောင့် နိုင်ငံ၏ ကုန်သွယ်မှုပမာဏ ကို ထိခိုက်ကျဆင်းလာသည်အထိ ဖြစ် လာ၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြဝတီနှင့်မူဆယ် ၌ မှောင်ခို တားဆီးရေး ကို အစိုးရက ဗဟိုအဖွဲ့ဖွဲ့ကာထိရောက် သောဖမ်း ဆီးစစ်ဆေးမှုတို့ ပြုလုပ်ခဲ့သည်။

ယခု စက်သုံးဆီ စစ်ဆေးမှု၌ ရေ ကြောင်းရဲ၊ စီးပွား/ကူးသန်း၊ ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန်စသည်တို့ ပါဝင်သည်။
Popular Myanmar News Journal

မန်ဒဲလားကို မဟာလူသားဟု ဒေါ်အောင်ဆန်းစုကြည် ပြော


နယ်ဆင်မန်ဒဲလား၊
ကြာသပတေးညက ကွယ်လွန်သွားခဲ့သော တောင်အာဖရိကနိုင်ငံ အသားအရောင်ခွဲခြားမှု တိုက် ဖျက်
ရေး ခေါင်းဆောင် နယ်ဆင် မန်ဒဲလားသည် ကမ္ဘာကို ပြောင်းလဲရန် အခြားသူများကို အားကျ စွဲဆောင်နိုင်
သော"မဟာလူသား"ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သတင်းတပုဒ်က ရေးသားထားသည်။

လူ့အခွင့်အရေးနှင့် တန်းတူရေးတို့အတွက် တိုက်ပွဲဝင်ခဲ့သော တောင်အာဖရိက ခေါင်းဆောင် ကွယ်လွန် သွားသည့်အတွက် အလွန်ဝမ်းနည်းကြေကွဲမိကြောင်း ပြောပြီး " သူ မွေးဖွားကြီးပြင်းလာရတဲ့ အကျိုးပေး အတွက်၊ သူ့ အသားအရောင်အတွက် ဘယ်သူမှ ပြစ်ဒဏ်ကျခံဖို့ မသင့်ဘူးဆိုတာ ကျမတို့ အားလုံးကို သူ နားလည်စေခဲ့တယ်။ ကျမတို့ဟာ ကမ္ဘာကို ပြောင်းလဲနိုင်တယ်၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲခြင်း၊ သဘောထား အမြင်တွေ ပြောင်းလဲခြင်းဖြင့် ကမ္ဘာကို ပြောင်းလဲနိုင်တယ်လို့လည်း ကျမတို့ကို သူ နား လည်စေခဲ့တယ်။ ဒီအကြောင်းကြောင့် သူ့ကို ကျမက လူသားဆန်မှု အဆင့်အတန်းကို မြှင့်တင်ပေးသူ မဟာလူသားတဦးအနေနဲ့ ဂုဏ်ပြုလိုပါတယ်"ဟုလည်း ဆိုသည်။ 

RedLink ၏တပ်ဆင်လှူဒါန်းမှုဖြင့်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိနေရာ(၈)နေရာတွင် Free Wireless Internet အသုံးပြုနိုင်ပြီ။


ဒီဇင်ဘာလ(၆)ရက်နေ့မနက်တွင်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ဂေါပကစောင်းတန်းတွင် RedLink Communication Company မှ Free Wireless Internet ကိုစတင်အသုံးပြုနိုင်တဲ့ပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါပွဲကို RedLink မှနမောတ ဿသုံးကြိမ်ရွတ်ဆိုကာဖွင့်လှစ်ခဲ့ပြီး RedLink မှာတာဝန်ရှိသူဦးသိန်းသန်းတိုးမှလှူဒါန်းရခြင်းအကြောင်း ကိုပြောကြားခဲ့ပါ တယ်။ထိုနောက်ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှကျေးဇူးတင်ရှိကြောင်းပြောကြားပြီး RedLink မှအင်တာနက်သုံးပစ္စည်း ကုန်ကျငွေကိုပေးအပ်လှူဒါန်းပြီးနောက်ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ပြီးအခမ်းအနားကိုပြီးဆုံးစေခဲ့ပါတယ်။ဆက်လက်ပြီးRedLink မှဒုတိယဥက္ကဌဖြစ်တဲ့ဦးသိန်းသန်းတိုးကကျွန်တော့်တို့တပ်ဆင်ထားတဲ့ Wireless Internet အတွက် Service ကို RedLink ကပဲတာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊လက်ရှိ Wireless Internet ကိုရေရှည်သွားမည်ဖြစ်ကြောင်း ၊လိုအပ်ရင်ထက်မံတိုးချဲ့ဖို့အစီအစဉ်ရှိကြောင်း ၊ နောက်ပိုင်းတွင်စာသင်ကျောင်း များကိုလည်း Free Wireless Internet တွေတပ်ဖို့အစီအစဉ်ရှိကြောင်း ၊ လိုအပ်တဲ့နေရာမှန်သမျှကို Free Wireless Internet ကိုလှူဒါန်းသွားမည်ဖြစ်ကြောင်းစတဲ့ရေရှည်စီမံကိန်းတွေကိုစီစဉ်နေကြောင်းသိရသည်။ ဒါအပြင် ရွှေတိဂုံစေတီ တော်မှလက်ရှိ ဥက္ကဌဖြစ်တဲ့ဒေါက်တာတင်မင်းလွင်ကယခုကိုလှူဒါန်းတာကိုကျေးဇူးတင်သလိုဝမ်းလည်းသာမိကြောင်း ၊ နောင် RedLink လိုမျိုး Free Internet Wirless လာရောက်လှူဒါန်းမှုများရှိမယ်ဆိုရင်လက်ခံဖို့အစီအစဉ်ရှိကြောင်းသိရှိရ ပါတယ်။လက်ရှိမှာတော့ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အဓိကစောင်းတန်း (၈)နေရာမှာလိုင်းလွှင့်တဲ့စက်တွေတပ်ဆင်ထား ပြီးယနေ့မှစတင်၍ရင်ပြင်တော်ပေါ်တွင် Wireless Internet ကိုအခမဲ့သုံးနိုင်ပြီပဲဖြစ်ပါတယ်။

BlackFlame(TSJ Tech Team)
TechSpace Journal

ပြည်မြန်မာ-898-small


ဆီးဂိမ်းအားကစားသမားအချို့ နေပြည်တော်ခြင်များ ကိုက်ခံရ၍ အိပ်ရေးမဝ


နေပြည်တော်၊ ဒီဇင်ဘာ ၅

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် ဗီယက်နမ် အားကစားသမားများ အနေဖြင့် တည်းခိုရန် စီစဉ်ပေး ထားသည့် နေအိမ်များ၌ မျှော်လင့် မထားသော ခြင်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဗီယက်နမ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ အား ဖော်ပြပေးလျက်ရှိသော http://www.talkvietnam/ သတင်း စာမျက်နှာ၌ ဖော်ပြထားသည်။

ပြိုင်ပွဲဝင် ဗီယက်နမ် ကစားသမားများမှာ ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကစားသမားများ တည်းခိုရန် နေရာအား သစ်တောမြေပေါ်တွင် ဆောက်လုပ် ပေးထားခြင်းဖြစ်ပြီး အနီးပတ် ၀န်းကျင်တွင်လည်း ရွှံ့ဗွက်များ၊ ရေကန်များဖြင့် ၀န်းရံလျက်ရှိကြောင်း ကစားသမားများအား ကိုးကား၍ အဆိုပါ သတင်း၌ ဖော်ပြထားသည်။ အဆိုပါ တည်းခိုရိပ်သာ မန်နေဂျာ အနေဖြင့်လည်း ခြင်အန္တရာယ် ကင်းရှင်းရန် အတွက် ထိရောက်သည့် စီမံဆောင်ရွက်မှုများ မရှိသည့် ကစားသမားများ ကိုယ်တိုင် ခြင်လိုက်ဖမ်း နေရ ကြောင်း သိရသည်။ …

ယခုကဲ့သို့ ခြင်အန္တရာယ် တွေ့ကြုံနေရခြင်းမှာ ဗီယက်နမ် အားကစားအဖွဲ့ အတွက် ပထမဦးဆုံး အကြိမ် မဟုတ်ဘဲ ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ၂၃ နှစ်အောက် ဘောလုံးအားကစား ပြိုင်ပွဲတွင် ကြုံတွေ့ ခဲ့ရဖူးပြီး ခြင်အန္တရာယ်ကြောင့် ညမအိပ်ခဲ့ရဟု အဆိုပါ သတင်း၌ ဖော်ပြထားသည်။ အားကစား ပြိုင်ပွဲများအတွင်း ခြင်အန္တရာယ် အပါအ၀င် အခြားသော ပြဿနာငယ်များမှာ အားကစား သမားများ၏ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု ရှိကြောင်းလည်း အဆိုပါ အားကစားသမားများ၏ ပြောစကားကို ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။ U-၂၃ ဘောလုံးအသင်းမှာမူ ဟိုတယ်တွင် နေထိုင်ရသည့်အတွက် ခြင်အန္တရာယ်မှ ကင်းဝေးနေကြောင်း သိရသည်။

အောင်ထွန်းလင်း
Myanmartandawsint Newspaper

Premier Eleven Vol11 No15


မြန်မာတိုင်းမ်-အတွဲ၃၃-အမှတ်၆၅၀


Myanmar ThanDawSint Vol 2,No 39


Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး


မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-C ထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။
စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။

Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။

အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg

Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။
ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။

Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။

Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။

တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။

ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။

ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ

ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊

သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ

Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။

အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။

Credit to Dr. Aye Min Htoo

ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင် အထူးကုဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူ



ဒေါ်အောင်ဆန်းစုကြည်သည် Asia Royal Hospital ၌ ဒီဇင်ဘာ၅ ရက် တွင် ကျန်းမာရေးစစ်ဆေးမှုခံယူ ခဲ့ကြောင်း သိရသည်။

''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်းလို့ လုပ်ရတာမျိုးမဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ။ အန်တီက အခုလက်ရှိမှာကျန်းမာရေးအလွန်ကောင်းပါတယ်''ဟု ဒေါ် အောင်ဆန်း စုကြည် ၏ ကျန်းမာရေးအား အနီးကပ်စောင့်ရှောက် မှုပေးနေသူ ဒေါက်တာတင်မျိုးဝင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေး ကွန်ရက်ဥက္ကဌက ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယင်း၏ ကျန်းမာရေးအခေအနေအတွက် ကျန်းမာရေး စစ်ဆေးမှုကို နှစ်စဉ်ပုံမှန်ပြုလုပ် လေ့ရှိပြီး လိုအပ်ပါက ခြောက်လ တစ်ကြိမ်ပြုလုပ်ကြောင်း ဒေါက် တာတင်မျိုးဝင်းက ဆက်လက် ပြောသည်။

''ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်တာမှာ အဖြေကိုတော့ ဒီနေ့ မသိရသေးပါဘူး။ ဒီဇင်ဘာ၉ရက် နိုင်ငံခြားခရီးစဉ်ကပြန်လာမှ ကျန်း မာရေး စစ်ဆေးမှုအဖြေကို အများ ပြည်သူများသိရှိစေနိုင်ဖို့ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားဖို့ရှိပါ တယ်။ အခု ကျန်းမာရေး စစ်ဆေး တာကတော့ ခန္ဓာကိုယ်တစ်ခုလုံး ကို Medical Checkup လုပ်တာ ပါ''ဟု ယင်းက ဆက်လက်ပြော သည်။

ခင်သက်မွန်
The Yangon Times

ရှေးဟောင်းစေတီ ထီးတော်အောက်မှ ရေထွက်သည်ဆိုကာ ဖူးမြော်သူ၊ ရေယူသူများစည်ကား


ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရှေးဟောင်းစေတီတစ်ဆူတွင် ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်နေစဉ် ထီးတော်အောက်ဘက်မှ နှစ်ရက်တိုင် ရေများ အလိုအလျောက် ပန်းထွက်နေသောကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသများမှ လူဦးရေငါးရာခန့် လာရောက်ဖူးမြော်ကာ ယင်းရေများကို ရေမန်းအဖြစ် သယ်ဆောင်နေကြကြောင်း အဆိုပါဒေသမှ ဒေသခံများကပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက်က ဘုရားအား ရွှေသင်္ကန်းကပ်လှူရန် ရောင်တော်ဖွင့်ရာမှ ထီးတော်အောက်ဘက်တွင် လက်မ၀က်ခန့် အပေါက်ပေါက်ကာ ရေများထွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် အထိ ရေများ ဆက်လက်ပန်းထွက်လျက်ရှိကြောင်း သတင်းရရှိသည်။
““ဘာကြောင့် အခုလို ရေတွေထွက်နေတာလဲဆိုတာ ဘုန်းကြီးတို့မသိပါဘူး။ ဟိုအရင်ကလည်း မဖြစ်ဖူးပါဘူး။ ဖြစ်စဉ်ကို လာလေ့လာတဲ့သူတွေကတော့ များတယ်””ဟု ယင်းစေတီတော်တည်ထားသည့်ကျောင်းမှ ဆရာတော် ဦးသုမနကမိန့်ကြားသည်။

အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စိတ်ဝင်စားသူများ လာရောက်ဖူးမြော်ခဲ့ကြသလို ဒီဇင်ဘာ ၅ ရက်တွင်မူ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှပါ လာရောက်ဖူးမြော်ခဲ့ကြကာ ပန်းထွက်နေသည့်ရေများကို ရေမန်းအဖြစ် သယ်ဆောင်သွားကြကြောင်း ယင်းဒေသမှ ဒေသခံတစ်ဦးက ပြောသည်။
““ရဲတပ်ဖွဲ့ဝင်တွေက ရေတွေကို ရေဘူးနဲ့ခံပေးတယ်။ တစ်ဘူးကို နှစ်မိနစ်လောက်တော့ စောင့်ရတယ်။ ဘုရားဖူးတွေကတော့ အခုအချိန်အထိ လူတစ်ရာ့ငါးဆယ်လောက် ရှိတုန်းပဲ””ဟု ယင်းဒေသမှ ဒေသခံတစ်ဦးက ဒီဇင်ဘာ ၅ ရက်ညတွင် ပြောသည်။

စေတီတော်သည် ဉာဏ်တော်အမြင့် ၂၇ တောင်ခန့် မြင့်ပြီး ဉာဏ်တော်အတောင် ၂၀ ခန့် နေရာစေတီတော်၏ ထီးတော်အောက်ဘက် ဖောင်းရစ်အနီးရှိ လက်မ၀က်ခန့်အပေါက်မှ ရေများပန်းထွက်နေခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

ဒီဇင်ဘာလ၅ ရက် နံနက်ကလည်း ကြို့ပင်ကောက်မြို့ နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ဖူးမြော်ခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍မူ မှတ်ချက်တစ်စုံတစ်ရာ မပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

မြေလွှာထုအောက်တွင်ရှိသော ရေကြောနှင့် ဆက်စပ်နေသည့် ကျောက်လွှာများ အက်ကွဲရာလမ်းအတိုင်း ရေစိမ့်တတ်သောသဘာဝရှိပြီး စေတီပုထိုးများနှင့်ပတ်သက်၍ ဖြစ်လေ့ရှိသော သဘာဝလွန်ဖြစ်ရပ်ဆန်းများကိုမူ မှတ်ချက်မပေးလိုကြောင်း ဘူမိဗေဒပညာရှင် ဦးကျော်ထွန်းကပြောသည်။

7 Day Daily

ခန္ဓာဝန်ချသည်မှာ ခြောက်နှစ်ကြာသော်လည်း ဆားတောင်ဆရာတော်ကြီး ရုပ်ကလာပ် မပုတ်မသိုးရှိနေ


မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့အ နောက်ဘက် ငါးမိုင်ခန့်အကွာ ကသဲကုန်းကျေးရွာရှိ ဆားတောင် ပဋိပတ္တိရိပ်သာဝင်းအတွင်း ထာ ဝရဗိမာန်တော်ဖြင့် အပူဇော်ခံ ထားရှိသည့် ဆားတောင်ဆရာ တော်ကြီး ဦးပညာဏိက ၏ ဥတုဇ ရုပ်ကလာပ်တော်အား ယခုရက် ပိုင်းအတွင်း လာရောက်ဖူးမြော် လေ့လာသူများ များပြားလျက်ရှိ ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ခန္ဓာ ဝန်ချသွားသည်မှာ ခြောက်နှစ် ကျော်ရှိပြီဖြစ်သော်လည်း ဥတုဇ ရုပ်ကလာပ် တော် သည် ယနေ့အ ချိန်အထိ မပုပ်မသိုးဘဲ တည်ရှိ နေရာ အသားအရည်မှာလည်း ဝင်းအိနေဆဲဖြစ်ကာ အကြော စိမ်းများကိုပင် မြင်တွေ့ရသဖြင့် ထူးခြားမှုများ ဖြစ်ပေါ်နေသည့် ဆရာတော်ကြီးအကြောင်းကို တပည့် ဒါယကာ များက အများ ပြည်သူသိရှိနိုင်ရန် အင်တာနက် ပေါ်သို့တင်ပြီးနောက် လာရောက် ဖူးမြော်ကြသည့် အရေအတွက် မှာ ယခင်ကာလများကထက် သိ သာစွာ များပြားနေခြင်းဖြစ် ကြောင်း ထာဝရဗိမာန်တော်ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီ မှ ဦးထွန်းရွှေ က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။






''ရဟန္တာမို့လို့သာ ဒီလိုမျိုး ရုပ်ကလာပ်တော် မပုပ်မသိုးဘဲ ကျန်ရစ်တာလို့ ဒီဘက်ကဒေသခံ တွေက ယုံကြည်တယ်။ ခြောက်နှစ်အတွင်းမှာလဲ ညာဘက် လက်မောင်းတော် တံတောင်ကွေး နေရာမှာ ဓာတ်တော်ကျခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ တရား တော် ကို ကျင့်ကြံရင် လက်တွေ့အကျိုးထူး ရတယ်ဆိုတာကို ဆရာတော်ကြီး က နောင်လာနောက်သားတွေ သိရှိအားထုတ်နိုင်အောင် ဒီရုပ် ကလာပ်တော်ကို ထားရှိခဲ့ပုံပါပဲ။ ဟိုးအရင်ကတည်းကတော့ ဆရာ တော်ကြီးရဲ့ ရုပ်ကလာပ် တော် ကို လာရောက်ဖူးမြော်တဲ့သူတွေ ပုံ မှန်ရှိပေမယ့် အခုရက်ပိုင်းအတွင်း မှာ ဆရာတော်ကြီးတပည့်တွေ က အင်တာနက်ပေါ်မှာတင်ထား တဲ့ ဆရာတော်ကြီးရဲ့အကြောင်း နဲ့ ဓာတ်ပုံတွေကို ဖူးလိုက်ရပြီး တော့မှ နေရာကိုစုံစမ်းပြီး မျက် မြင် ကိုယ်တွေ့ လာဖူးကြတာပါ။ လာဖူးတဲ့သူအရေအတွက်က ပုံ မှန်မရှိဘဲ ရုံးပိတ်ရက်တွေနဲ့ လ ပြည့်နေ့တွေမှာဆိုရင် ပိုပြီးတော့ များသလို တချို့ဆိုရင်း ဝေးလံ တဲ့နယ်ဒေသတွေကနေ လာကြ တာမျိုးလဲရှိပါတယ်''ဟု ယင်းက ထပ်မံ ပြော သည်။

ဗိမာန်တော်အတွင်း ဆရာ တော်ကြီး၏အကြောင်းနှင့်အတူ မှတ်တမ်းဓာတ်ပုံများ၊ ဟောကြား ခဲ့သည့် တရားစာများနှင့် ဓာတ် တော်များကို လာရောက်သူများ ကြည့်ရှုလေ့လာဖူးမြော်နိုင်ရန် ဖော်ပြပေးထားရာ အဆိုပါရိပ် သာအတွင်းတွင် ကြွင်းကျန် ရစ် သောဓာတ်တော်များဖြင့် ရွှေစေ တီတစ်ဆူကို တည်ထားကြောင်း သိရသည်။

ဆားတောင်ဆရာတော် ကြီး၏မွေးရပ်ဇာတိမှာ စစ်ကိုင်း တိုင်းဒေသကြီး ဆားတောင်ကျေး ရွာအုပ်စု သင်းတွဲရွာဖြစ်ပြီး ခမည်း တော် ဦးငွေဒင်နှင့် မယ်တော် ဒေါ်ပြောင်းမယ်တို့မှ ၂၉.၁၀. ၁၉၂၅တွင် ဖွားမြင်ခဲ့ခြင်းဖြစ် သည်။ ၁၃.၁၁.၂ဝဝရခုနှစ်တွင် ခန္ဓာတော်ဝန်ချခဲ့ရာ မပုပ်မသိုး ဘဲ ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ် တော်ကို ၁၀.၂.၂၀၀၈တွင် ထာ ဝရဗိမာန်တော်သို့ ပင့်ဆောင်အ ပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ခွန်စိုင်းအောင်
The Yangon Times