မြန်မာအမျိုးသမီးဆိုင်ရာ ဆွေးနွေးပွဲ အင်ဂျလီနာဂျိုလီ သဝဏ်လွှာပို့


ရန်ကုန်၊ နိုဝင်ဘာ ၁၀

နာမည်ကြီး ဟောလီဝုဒ် အကျော်အမော် သရုပ်ဆောင် တစ်ဦးဖြစ်သော အင်ဂျလီနာဂျိုလီသည် ကျင်းပဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အဆိုပါ စကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍတို့တွင် အမျိုးသမီးများ အပြည့်အဝ ပါဝင် လှုပ်ရှားနေသည်ကို မြင်တွေ့လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် အမျိုးသမီးများ ပါဝင်မှုနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီး လိုအပ်ကြောင်း၊ အကြောင်း အရပ်ရပ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှု ရရှိရေး၊ ၎င်းတို့ကို ကာကွယ် စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ရာတွင် ခက်ခဲမည် ဖြစ်သော်လည်း အောင်မြင်အောင် ကြိုးစားရမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်နေသူ များကိုလည်း အလွန်ပင် လေးစား ဂုဏ်ယူမိပါကြောင်း ၎င်း၏ သဝဏ်လွှာတွင် ပါရှိသည်။

အဆိုပါ စကားဝိုင်းသို့ တက်ရောက်ရန် သြဂုတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် ဖိတ်စာကို လက်ခံရရှိခဲ့ပြီး အချိန် မအားလပ်သည်နှင့် တိုက်ဆိုင်သောကြောင့် လူကိုယ်တိုင် မလာရောက်နိုင်သဖြင့် သဝဏ်လွှာ ပေးပို့ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အင်ဂျလီနာဂျိုလီသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UN Refugee Agency) ၏ သံတမန်အဖြစ် ၂၀၀၁ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် United Nations Association – USA က ချီးမြှင့်သည့် Global Humanitarian Action Award (ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူဆု) ကို ၂၀၀၅ ခုနှစ်တွင် ရရှိခဲ့သည်။

အထက်ပါ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းကို ရန်ကုန်မြို့ Sky Star Hotel ၌ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပလျက် ရှိသည်။
The Voice Weekly

အိပ်ရေးမဝတဲ့ ဦးဏှောက် စိတ်ခြောက်ခြားနိုင်။


အိပ်စက်နားနေမှုမရရှိပါက လူ၏ဦးနှောက်သည် ပင်ပန်းနွမ်းနယ်ပြီး စိတ်လှုပ်ရှားမှုလွန်ကဲတတ်ကြောင်းကို ဦးနှောက် scans ဖြင့်စမ်းသပ်စစ်ဆေးတွေ့ရှိရသည်ဟု အမေရိကန်သိပ္ပံပညာရှင်များက ပြောသည်။
စေတနာ့ဝန်ထမ်းစမ်းသပ်ခံများကို ၃၅ နာရီကြာမအိပ်စက်စေပဲ functional magnetic resonance imaging (FMRI) ဖြင့်စမ်းသပ်ကြည့်ရာတွင် ဦးနှောက်တွင်သွေးလည်ပတ် စီးဆင်းမှုနှင့် ဦးနှောက်၏မည်သည့်အစိပ်အပိုင်း အတက်ကြွဆုံးဖြစ်သည် တို့ကို စမ်းသပ်တွေ့ရှိခဲ့ကြသည်။
စိတ်လှုပ်ရှားမှုဆို်င်ရာ ဦးနှောက်တွင်းမှ တုန့်ပြန်မှုအစိပ်အပိုင်း amygdale သည်ပို၍ ပြင်းထန်သော တုန့်ပြန်မှုဖြစ်ပွားကြောင်း တွေ့ရှိခဲ့ကြသည်။ ၎င်းတွေ့ရှိမှုမှလည်း အိပ်စက်မှုနှင့် စိတ်ရောဂါဆိုင်ရာ ကစဉ်ကလျားဖြစ်မှုကို ဆက်စပ်မှုကို အခုသုတေသနတွေ့ရှိချက်က မီးမောင်းထိုးပြခဲ့သည်။ Source: Phatpa
ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ

ဖိလစ်ပိုင်တွင် လူပေါင်း ၁ဝဝဝဝ ကျော် သေ ဆုံး ခဲ့ ရ သည့် ဟိုင်ယန် မုန်တိုင်း ဗီယက်နမ်နှင့် တရုတ် နိုင်ငံသို့ ဆက်လက် ဝင်ရောက်မည် …..


ဖိလစ်ပိုင် နိုင်ငံတွင် လူပေါင်း ၁ဝဝဝဝ ကျော် သေဆုံးကာ ၄ဒသမ ၄သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန်သည် ယခုအခါ ဗီ ယက်နမ် နိုင်ငံနှင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသများသို့ ဦး တည် ရွေ့လျားလျက် ရှိကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းယမြို့အား အဖျားခတ်ကာ တိုက်ခတ်သွားမှုကြောင့် စက်လှေ တစ်စင်းနစ်မြုပ်ခဲ့ပြီး ခြောက်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ ၎င်းမုန်တိုင်း တိုက်ခတ်နိုင် မှုအား တရုတ်နိုင်ငံ မိုးလေဝသ ဌာနက အနီရောင်အဆင့် သတ်မှတ်ထားကာ ကယ်ဆယ်ရေး လုပ် ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဆန်းယမြို့ ဒေသခံပြည်သူ ၁၃ဝဝဝ ဦးအား ဘေးလွတ်ရာသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးနိုင် ခဲ့ကြောင်းနှင့် စက်လှေ အစင်းရေ ၄ဝဝ ကိုလည်း ဆိပ်ကမ်းသို့ ပြန်ခေါ်ထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါပြည်နယ်ရှိ နိုင်ငံတကာ လေဆိပ်နှစ်ခုမှ လေ ယာဉ်ခရီးစဉ် ၂ဝဝ ကျော်ကိုလည်း ဖျက်သိမ်းခြင်းနှင့် အချိန်လွှဲပြောင်း ခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရ သည်။

ယခုတိုက်ခတ်မည့် မုန်တိုင်းသည် တရုတ်နိုင်ငံ၌ ယခုနှစ် အတွင်း တိုက်ခတ်သည့် မုန်တိုင်းများအနက် ၃ဝ ခုမြောက် မုန်တိုင်း ဖြစ်သည်။

ထို့အပြင် ၎င်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၁၁ ရက်နံနက် အစောပိုင်းတွင် ဝင်ရောက်နိုင်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထား ရှိကာ ဒေသခံပြည်သူ ၆ သိန်းခန့်ကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ ပေး ထားကြောင်း သိရသည်။
Shan News

မိုးစက်ဝိုင် အမိ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ






People Choice Award ဆု ရခဲ့တဲ့ မိုးစက်ဝိုင် အမိမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ

ရုရှားနိုင်ငံ မော်စကို မြို့မှာ ကျင်းပတဲ့ Miss Universe 2013 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အလှမယ် မိုးစက်ဝိုင် က နိုဝင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်မှာ အမိမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အမိမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မိုးစက်ဝိုင်ကို ပရိသတ်များက ဂုဏ်ပြုပန်းစည်း များဖြင့် လေဆိပ်မှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါတယ်။
မိုးစက်ဝိုင်က မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ အွန်လိုင်းပေါ်က vote လုပ်ပေးတဲ့ ၀က်ဆိုဒ်များမှ ပေးတဲ့ People Choice Award ဆုကိုရရှိခဲ့ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓါတ်ပုံ - အိသွဲ့ (တန့်ယန်း)
Popular Journal

မဟာမြတ်မုနိဘုရား မျက်လုံးတော်ပွင့်ဟူသော ကောလာဟလကြောင့် လုံခြုံရေးကင်မရာကို စစ်မည်


မန္တလေး၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မန္တလေးမဟာမြတ်မုနိ ဘုရားကြီး ဘယ်ဘက်မျက်လုံးတော် ပွင့်တော်မူသည်ဟူသော ကောလာဟလများ နိုဝင်ဘာလ ၁၀ ရက်နေ့က ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဘုရားကြီးမျက်နှာတော် အနီးရှိ လုံခြုံရေး ကင်မရာကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကြီး ဂေါပက အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

“မဟာမြတ်မုနိဘုရား ဘယ်ဘက် မျက်လုံးတော် ပွင့်တယ်လို့ မနက် ၁၀ နာရီ ကျော်လောက် ကတည်းက ကြားလိုက်မိတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ဓာတ်ပုံတွေ တွေ့လိုက်ရတယ်။ တချို့ကလည်း အခုချိန်ထိ (မွန်းလွဲ ၃ နာရီ ကျော်ခန့်အထိ) မျက်လုံးတော် ပွင့်နေတယ်လို့ ပြောတာနဲ့ အခု လာဖူးတာပါ။ ဒီရောက်တော့လည်း ဘုရားဖူးလည်း များပြားတာ မတွေ့ရဘူး။ ပုံမှန်ပါပဲ။ ဘုရားမျက်လုံးတော် ကလည်း အရင်အတိုင်းပါပဲ။ ဒါတောင် ဘေးက ဘုရားဖူးတွေက ညာဘက် မျက်လုံးတော် ပွင့်လာတယ်တို့ ဘာတို့ ပြောနေကြသေးတယ်” ဟု မန္တလေး ဒေသခံတစ်ဦး ဖြစ်သူ ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဘုရားမျက်လုံးတော် ပွင့်ခြင်း ဆိုသည်ကို အတည်ပြု မပြောကြားနိုင်ကြောင်း၊ ဘုရားကြီး နံနက် မျက်နှာတော်သစ်ချိန် နိဗဒ္ဓရေကြည်တော် ဝတ်အသင်းတော် အဖွဲ့သားများက ဘုရားကြီးဘယ်ဘက် မျက်လုံးတော် ပွင့်လာသည်ကို တွေ့သည်ဟု သိရသဖြင့် ဆရာတော် ဘုရားကြီးများကို လျှောက်တင်ခဲ့သော်လည်း မည်သည့် အကြောင်းအရာကိုမျှ မိန့်တော် မမူခဲ့ကြောင်း၊ ဘုရားမျက်နှာတော်ကို ရိုက်ထားသော CCTV မှတ်တမ်းများကို ပြန်လည် စစ်ဆေးနေကြောင်း မန္တလေး မဟာမြတ်မုနိ ဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်တင်က The Voice သို့ ပြောကြားသည်။

မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသည် ပြီးခဲ့သည့် ၁၅ နှစ် ဝန်းကျင်ခန့်က ရောင်ခြည်တော် ကွန့်မြူးခဲ့ပြီး ကြားကာလများတွင်လည်း မျက်လုံးတော် ပွင့်တော်မူသည် ဟူသော သတင်းများ မကြာခဏ ကြားရကြောင်း မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

မန္တလေး မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးကင်မရာ ၁၄ လုံး တပ်ဆင်ထားပြီး အဆိုပါ လုံခြုံရေးကင်မရာ စစ်ဆေးချက် အဖြေကိုမူ ထုတ်ပြန်သွားမည် မဟုတ်ကြောင်း ယင်းဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။
The Voice Weekly

ဆယ်ကျော်သက်တွေ ဘာကြောင့် ပိန်ရသလဲ


ဆယ်ကျော်သက်တွေ ဆိုတာ မြီးကောင်ပေါက် အရွယ်တွေကို ခေါ်ကြတာ ဖြစ်ပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာတော့ Teenager လို့ ခေါ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ကနေ ၁၈ နှစ်ကြား အရွယ်ဟာ ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။ အပျံသင်ခါစအရွယ်၊
အရာရာကို စူးစမ်းလေ့လာလိုစိတ်၊ အတုခိုးလိုစိတ်တွေ၊ အားကျစိတ်တွေ အပြည့်ရှိနေတဲ့ အချိန်လည်း ဖြစ်တယ်။ မိဘတွေအနေနဲ့ အဲဒီအရွယ်မှာ စနစ်တကျ ထိန်းသိမ်းနိုင်မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို ရယူနိုင်မှာ ဖြစ်တယ်။ ထစ်ခနဲဆိုတာနဲ့ စိတ်အပြောင်းအလဲ မြန်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် သေချာ ဂရုစိုက်ရပါတယ်။

သူတို့ဘာကြောင့် ပိန်ရတာလဲ..

ဆေးပညာ စစ်တမ်းများအရ ဒီအရွယ်မှာ အဝလွန်နေတဲ့ ကလေးတချို့ကို တွေ့ရတတ်ပေမယ့် အများစုကတော့ ပိန်ကြတယ်လို့ ဆိုပါတယ်။ ပိန်ကြတဲ့ နေရာမှာတော့ ယောက်ျားလေး၊ မိန်းကလေး ဦးရေနှုန်းဟာ သာတူညီမျှသာ ရှိကြတယ်လို့ ဖော်ပြထားတယ်။ ဒါဆိုရင် သူတို့ဘာကြောင့် ပိန်ရသလဲ...။ ဒီအဖြေကတော့ နက်နဲပြီး ရှုပ်ထွေးပါတယ်။ အဓိပ္ပါယ်ဖော်ဖို့လည်း တော်တော်လေး ခက်ခဲတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ အဓိက ကတော့ အားကျစိတ်၊ စွဲလမ်းစိတ်၊ အတုခိုးတတ်တဲ့ စိတ်တွေကြောင့် ဖြစ်ရတယ်လို့ ဖော်ထုတ်ကြပါတယ်။ ရောဂါကြောင့် ပိန်ရတာ တစ်ရာမှာတစ်ယောက်လို့ ဆိုရလောက်အောင် အရေအတွက် နည်းပါးပါတယ်။ အဖြေကတော့ ဒီအရွယ်မှာ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ပိန်ပိန်ပါးပါးနဲ့ လှပချင်ကြတယ်။ ပိန်အောင် ကြိုးစားကြတယ်။ ဘယ်သူမှ ဒီအချိန်မှာ ဝမနေချင်ဘူး။ ဖက်တီးလို့ အခေါ်ခံရမှာကို အလွန်ပဲ စိုးရွံ့ကြတယ်လို့ ပြောကြပါတယ်။ နောက်တစ်ချက်ကတော့ သူတို့အားကျ အတုယူတဲ့ Celebrity တွေ ပုံစံအတိုင်း အတုခိုးပြီး နေထိုင်တတ်ကြပါတယ်။ ဝဖြိုးနေတဲ့ မိန်းကလေးတွေက ပိန်ဆေးတွေ သောက်ကြတယ်။ အစားလျှော့စားပြီး ဝိတ်ကျအောင် ကြိုးစားကြတယ်။ သူတို့လိုပဲ ယောက်ျားလေးတွေကလည်း ညဘက် အစာမစားတာ။ လက်ဖက်ရည်သောက်ပြီး လေခံအောင်၊ အစာစားချင်စိတ် ပပျောက်အောင် ကြိုးစားကြပါတယ်။ ပိန်အောင် ကြိုးစားတဲ့နေရာမှာ ယောက်ျားလေး၊ မိန်းကလေး အားလုံးအတူတူပဲ ဖြစ်ပါတယ်။

အတုခိုး မှားယွင်းခြင်း

ပိန်ရတဲ့ နောက်အချက် တစ်ခုကတော့ အတုခိုး မှားယွင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တချို့က ကိုယ်အားကျ အတုယူတဲ့ သူရဲ့ပုံစံအတိုင်း လိုက်လံပြုမူ နေထိုင်လေ့ ရှိတာကြောင့် မူးယစ်ဆေး သုံးစွဲသွားတတ်တယ်။ ဆေးလိပ်သောက်၊ အရက်သောက်သွားတတ်ကြပြီး ကျန်းမာရေးကို ထိခိုက်ကာ ပိန်ချုံးနေကြခြင်း ဖြစ်ပါတယ်။ မိန်းကလေးတွေကျတော့ လှချင်၊ ပချင်စိတ် ကြီးမားရင် ပိန်ချုံးတတ်ကြပါတယ်။ သူတို့ရဲ့ လှပလိုစိတ်က သူတို့ကို ပိန်ချုံးစေတာ ဖြစ်ပါတယ်။

စိတ်အလိုမကျခြင်း

စိတ်အလိုမကျစေတာကလည်း ဆယ်ကျော်သက်တွေကို ပိန်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ ရည်းစားနဲ့ ကွဲကွာနေခြင်းကြောင့် ဖြစ်ဖြစ်၊ သူတို့စိတ်တွေဟာ စားချင်သောက်ချင်စိတ် မရှိကြတော့ဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။

ကိုမိုး (တောင်ကြီး)
Ref: 7Day Shopping Guide posted on Yatanarpon.com.mm
ဆေးပညာဆိုင်ရာဆောင်းပါးများ

ကံကောင်းလို့ အသက်မပျောက်တာပါ ..


ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်…)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)
အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know, but i don’t want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i’m very annoyant, don’t trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့ ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ…)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ လက်ပါတော့မယ့်ဟန်ပြင်…)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

Credit - Original Writer


မြန်မာ ပြက္ခဒိန် ၂၀၁၄ - Myanmar Calendar 2014 Download (for Android)


မြန်မာပြက္ခဒိန် ၂၀၁၄ ကို ထုတ်လုပ်ပေးလိုက်ပါပြီ။ မည်သူမဆို အခမဲ့ download ရယူနိုင်ပါသည်။newworth မြန်မာပြက္ခဒိန် ၏ထူးခြားချက်များမှာ ရှင်းလင်းသည်။ လွယ်ကူသည်။ လှပသည်။

အင်္ဂလိပ်ရက် နှင့် မြန်မာရက်ကို ယှဉ်တွဲ ပြသပေးထားသည်။ မြန်မာ လကို သိရှိနိုင်ရန်အတွက် မြန်မာ ရက် ၏အရောင် ဖြင့် calendar ၏အောက်ခြေတွင် ဖော်ပြပေးထားသည်။

ကြယ်ပုံသည် အားလပ်ရက်ကိုဖော်ပြခြင်းဖြစ်ပါသည်။ မည်သည့်အားလပ်ရက်မျိုးဖြစ်သည်ကို သိနိုင်ရန် ထို ကြယ်ပါသော ၇က်ကို နှိပ်လိုက်ပါက အားလပ်ရက်ကိုမြင်ရပါမည်။

၂၀၁၃ တွင် မပါသော နဂါးလှည့်  ပြဿဒါး  ရက်ရာဇာ တို့ကို အလွယ်တကူကြည့်နိုင်ရန် button လေးများထည့်သွင်းပေးထားပါသည်။ ရည်ညွန်းချက်ပုံစံများကိုတော့ အ၇င် ၂၀၁၃ ကဲ့သို့ ဆက်လက်ဖော်ပြထားပါသည်။

၂၀၁၄ ခုနှစ်တွင် ကျွန်တော်တို့ရဲ့ ပြက္ခဒိန်အသုံးပြု၇င်း ပျော်ရွှင်နိုင်ပါစေ။

ယခု ၂၀၁၄ ပြက္ခဒိန် သည် ပိုမိုပေါ့ပါးစေရန် ၊ ပိုမို လျင်မြန်စေရန် နှင့် ပိုမိုလှပစေရန် ဖန်တီးထားပြီး လတစ်လနှင့်တစ်လ လက်ဖြင့် slide လုပ်ပြိး ကြည့်ရှုနိုင်ပါသည်။

Download လုပ်ရန် နှိပ်ပါ

Source: New Worth Facebook

ဝိသမစီးပွားရှာသူများကြောင့် ရေချိုသားငါး၊ ပုစွန်များမျိုးပွားရှင်သန်ရေးနှင့် စားသုံးသူများအဆိပ်သင့်စေနိုင်


ဘားအံ နိုဝင်ဘာ ၉
ကရင်ပြည်နယ် သံလွင်မြစ်ကြော တစ်လျှောက် အထူးသဖြင့် ဘားအံ မြို့နယ်တွင်း မြစ်ကြော၊ ချောင်း၊ တူးမြောင်းများ၊ အင်းအိုင်များတွင် နေ့ (သို့) ည အထူးသဖြင့် ညအချိန်အခါ များတွင် အသေးစား၊ အကြီးစား ကျဉ်စက်များ (ဘက်ထရီဖြင့် ရှော့ ရိုက်ခြင်း)၊ တစ်ဖက်နိုင်ငံထုတ် ပိုး သတ်ဆေးအပြင်းစား (ဓာတုဆေးဝါး)များ အသုံးပြု၍ သားငါး၊ ပုစွန်များကို ဖမ်းဆီးခြင်းဖြင့် စီးပွားရှာနေကြသည်။
ゞင်းတို့စီးပွားရှာရာတွင် အသုံး ပြုသည့် ကျဉ်စက်အသေးစားများသည် ရေပြင်အကျယ် ၂ပေ_၃ ပေ၊ ရေ အနက် ၂ ပေ _ ၃ ပေတွင်ရှိသော သားငါး၊ ပုစွန်တို့နှင့် ရေသတ္တဝါများကို သေကျေပျက်စီးစေနိုင်သည်။ ကျဉ်စက် အကြီးစားများမှာမူ ရေပြင်အကျယ် ငါးပေ၊ ခြောက်ပေပတ်လည်နှင့် ရေ အနက် ငါးပေ၊ ခြောက်ပေအနက် တွင်ရှိသော သားငါး၊ ပုစွန်နှင့် အခြား ရေသတ္တဝါများကို သေစေရုံသာမက လျှပ်စစ်စက်ကွင်းအတွင်း ရောက် ရှိသော လူနှင့်အခြားသတ္တဝါများ လုပ်ငန်းလုပ်ကိုင်ရင်း မတော်တဆ ပြုတ်ကျခဲ့လျှင် သေဆုံးနိုင် သည်အထိ အားပြင်းလှသည်။ ကျဉ်စက်ကြီးများဖြင့် စီးပွားရှာသူ များသည် သေကျေ၍ ရေပေါ်ပေါ် လာသော သားငါးအကောင်ကြီးများ ကိုသာ ခပ်ခွက်များဖြင့် ခပ်ယူသွား ကြပြီး ကျန်ရေသတ္တဝါငယ်လေးများ မှာ သေကျေပျက်စီးကျန်ရစ်ခဲ့ သည်။
လျှပ်စစ်ကျဉ်စက် ထိသော်လည်း မသေဘဲကျန်ရစ်ခဲ့သော သားငါး၊ ပုစွန်များမှာ ကျောရိုးကျိုးပြီးမသေမရှင် ဒုက္ခိတရေသတ္တဝါအဖြစ်သာ ရှင်သန် ခွင့်ရကြပြီး သားငါးပုစွန် အမများ မှာ သုံးနှစ်တိုင် ဥမဥနိုင်ခြင်းကြောင့် မျိုးဆက်ပြန့်ပွားမှု ကျဆင်းရခြင်း ကြောင့် စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်နစ်နာစေသည်။ အခြေခံ မိသားစုဝမ်းရေးရှာဖွေစားသောက်ရ သော တံငါသည်များ အခက်ကြုံ ရတော့သည်။ ထို့ပြင် တစ်ဖက်နိုင်ငံ ထုတ် ဓာတုပိုးသတ်ဆေးအပြင်းစား များဖြင့် သံလွင်မြစ်ရေပြင်ရေစီးဆင်းမှုအထက်ကမ်းခြေမှ ပေ ၂၀ ခန့် အကွာမှ ပိုးသတ်ဆေးများ ဖျန်းချလိုက် ခြင်းဖြင့် ရေပြင်ကိုက် ၂၀ဝ မှ ၃၀ဝ အထိ ရေစီးကြောင်းအတွင်း ပျံ့နှံ့ သွားပြီး ရေနေသားငါး၊ ပုစွန်ကြီးငယ် တို့မှာ ရေထဲတွင်မနေနိုင်တော့ဘဲ ကမ်းခြေရေစပ်သို့ ပြေးကပ်လာကြ တော့သည်။ သံလွင်မြစ်ကမ်းနံဘေး နေပြည်သူများမှာလည်း သောက်သုံး ရေအဖြစ် မြစ်ရေကိုသာ မှီခို အားထားကြသဖြင့် ချက်ချင်း အဆိပ်မသင့်သော်လည်း တဖြည်း ဖြည်းချင်း အဆိပ်သင့်သေဆုံးစေ နိုင်သည်။
ကျဉ်စက်ကြီးများ၊ ပိုးသတ်ဆေး အသုံးပြုစီးပွားရှာကြသူများကြောင့် သားငါးပုစွန်မျိုးသုဉ်းပျက်စီးစေနိုင် ခြင်း၊ စားနပ်ရိက္ခာကျဆင်းစေခြင်း၊ ဝမ်းစာရှာဖွေလုပ်ကိုင်ကြရသော အခြေခံပြည်သူများ၊ ရေလုပ်ငန်းဖြင့် မှီခိုအသက်မွေး ဝမ်းကျောင်းနေသူ များ ပိုမိုဆင်းရဲတွင်း နက်စေခြင်း များကြောင့် နိုင်ငံတော်၏ဆင်းရဲမှု လျှော့ချရေးစီမံချက်ကို ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် တစ်ဖက် တစ်လမ်းက ပါဝင်ပံ့ပိုးနိုင်ရေးအတွက် ဝိသမစီးပွားရှာကြသူများအား ထိထိ ရောက်ရောက် အမြန်ဆုံးထိန်းသိမ်းနိုင် စေရေးအတွက် အသိပေးနှိုးဆော် ရေးသားဖော်ပြအပ်ပါသည်။
ထွန်းထွန်းထွေး(ဘားအံ)
The Mirror Daily

ဘာလို့ လေဖြတ်ကြသလဲ


• စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေဟာ ယောက်ျားတွေအတွက် (စထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြော ရုတ်တရက် မတော်တဆရောဂါကို ဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေ ဖြစ်ကြတယ်။
• အိန္ဒိယနိုင်ငံမှာ (စထုပ်) ရတဲ့လူနာပေါင်း ၂၉ဝ (ယောက်ျား ၂၁ဝ + မိန်းမ ၈ဝ) ကို လေ့လာခဲ့ရာကနေ တွေ့ရှိရတာ ဖြစ်တယ်။
• ယောက်ျားတွေမှာ စိတ်ဖိအားများခြင်း (၁၈့၆%)၊ အရက်သောက်ခြင်း (၁၄့၈%)၊ ရောဂါပိုးဝင်ခြင်း (၉%)၊ ဒေါစိတ်ဖြစ်ခြင်း (၃့၃%)၊ ကေဖင်းသောက်များခြင်း (၈့၆%)၊ လိင်နဲ့ပါသက်ခြင်း (၂့၎%) ကြောင့်ဖြစ်ကြတယ်။
• မိန်းမတွေမှာ စိတ်ဖိအားများခြင်း (၁၅%)၊ ဒေါစိတ်ဖြစ်ခြင်း (၆့၃%)၊ ရောဂါပိုးဝင်ခြင်း (၆့၃%)၊ ကေဖင်း သောက်များခြင်း (၅%) နဲ့ ခွဲစိတ်ကုသရခြင်း (၃့၈%) ဖြစ်ကြတယ်။
• ကေဖင်းဆိုတာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာစတဲ့အရည်တွေဖြစ်တယ်။
• အရင်က အသက်ကြီးမှဖြစ်တာများပေမဲ့ အခု အသက်ငယ်သူတွေမှာလဲ ဖြစ်လာနေတယ်။
• စိုးရိမ်စိတ်များတာ၊ စိတ်ဖိအားများတာနဲ့ ကြောက်စိတ်တွေဖြစ်လာပြီးနောက် ဒီရောဂါဖြစ်လာကြတတ်တယ်။

Dr. Tint Swe
၁၁-၁၁-၂ဝ၁၃

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးရှိ မူလတန်းကျောင်းဆရာ၊ဆရာမများ အားလုံး၏ လစာတစ်နှစ်စာသည် သဘာဝဓါတ်ငွေ့၏ ရှစ်ရက်ကျော်ကျော် ဝင်ငွေသာရှိ ဟုဆို


တစ်နိုင်ငံလုံးရှိ မူလတန်းကျောင်း ဆရာ/ဆရာမများ၏ တစ်နှစ်စာလုံးသော လစာသည် မြန်မာနိုင်ငံမှ တင်ပို့ ရောင်းချသော သဘာဝဓာတ်ငွေ့၏  ရှစ်ရက်ကျော် ဝင်ငွေခန့်သာ ရှိနေသေးကြောင်း အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက နေပြည်တော်  UNICEF မှ ကြီးမှူးကျင်းပသော Social Budgeting and  Social Investment For Children အလုပ်ရုံ ဆွေးနွေးပွဲတွင် အသုံးပြုခဲ့သည့် မြန်မာကလေးငယ်များ အတွက် လက်တွေ့ကျပြီး လက်လှမ်းမီသော လက်ငင်း ဖြေရှင်းချက်များ အစီရင်ခံစာ အဓိက တွေ့ရှိချက်များတွင် ဖော်ပြထားချက်အရ သိရသည်။

UNICEF မှ Chief of Social  Policy M & E ဖြစ်သူ Ms.Cristina  Roccella ဆိုသူ ဖတ်ကြားသွားသော အဆိုပါ အစီရင်ခံစာ အရ ယခုအခါ တစ်နိုင်ငံလုံးတွင် မူလတန်း သင် ဆရာ/ဆရာမ သုံးသောင်းခြောက်ထောင်မျှသာ ရှိသေးပြီး ကျောင်း ၆၀ ရာခိုင်နှုန်းတွင် ဆရာ ၊ဆရာမ မလုံလောက်ဘဲ ဆရာ၊ ဆရာမ သုံး ယောက်မှ အတန်း (၅) တန်းမျှ၍  သင်ကြားနေရခြင်းတို့  ရှိနေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း အဆိုပါ ဆရာ၊ ဆရာမများ နှစ်အလိုက် စု စုပေါင်း ကုန်ကျမှု လစာမှာ ၄၄.၇ ဘီလီယံမျှ ရှိကြောင်းနှင့် အဆိုပါ စုစုပေါင်း တစ်နှစ်စာလစာမှာ မြန် မာပြည်က ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ (၈) ရက်၊ (၈) နာရီ၊ (၃၁) မိနစ်စာနှင့် ညီမျှကြောင်း Ms. Cristina Roccella က ဆိုသည်။ ထို့အပြင် ၂၀၁၁-၂၀၁၂ နိုင်ငံ့ ၀င်ငွေ၏ ၃၈ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းမှ ရရှိသည်ဟုလည်း သိရသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ စီးပွားဖွံ့ဖြိုးသော တိုင်းပြည်များသည် ငွေကြေး အရင်းအမြစ် ထက်စာလျှင် လူ့အရင်းအမြစ်ပေါ် ရင်းနှီးခြင်းကို ဦးစွာ လုပ်ဆောင်ကြသည်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုကို ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်း ကဏ္ဍများတွင် ပမာဏများစွာ သုံးစွဲခြင်းကို အရေးပေးဆောင်ရွက် လုပ်ဆောင်ကြ သည်ဟု ဆိုထားကြောင်း ယင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အာဆီယံ ဒေသ အတွင်းရှိ နိုင်ငံများတွင် နိုင်ငံတော် အစိုးရ အသုံးစရိတ်၏ ရာခိုင်နှုန်း အဖြစ် အစိုးရ ပညာရေး အသုံးစရိတ် အများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး နိုင်ငံ၏ GDP ရဲ့ ရာခိုင်နှုန်း အဖြစ် နိုင်ငံတော် အစိုး ရ ပညာရေး အသုံး စရိတ် အမြင့်မားဆုံးမှာ (၂၀၀၈) ခုနှစ်တွင် ဗီယက်နမ်က အများဆုံး ဖြစ်ကြောင်းနှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံတွင် ပညာရေး ဘတ်ဂျက် ခွဲဝေသတ်မှတ်မှုနှုန်းမှာ မြန်မာ ကျပ်ငွေ ၃၁၀ ဘီလီယံ ရှိခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာကျပ်ငွေ ၆၃၉ ဘီလီယံသို့ တိုး မြင့်လာကြောင်းကို အဆိုပါ အခမ်းအနားတွင် ပြောဆိုခဲ့သည်။
ကျော်ဇေယျ
Internet Journal

အလိုလို သက်သာသွားသော ရောဂါ သို့မဟုတ် ပခုံးကပ်ခြင်း၊ ပခုံးနာခြင်း (Frozen Shoulder)


ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ လက်က ကောင်းကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီးတွေဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း လက်ထိုးရခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။ ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။

ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုးလာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယအဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်းသွားပါတယ်။ ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။ ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံးနာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်းအာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါတယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခုအနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။ ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ်တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းက ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။ ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေမယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။ ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေမှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။ ပိုးမဝင်အောင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေးပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။

ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ်နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြားနိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆိုင်ရာဆောင်းပါးများ 

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ယိုယွင်း

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)

စစ်ခေါင်းဆောင်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေများထံမှ သိရပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ်ရှိ ပုညနိမိတ္တာရာမ ရွှေသုဝဏ်ကျောင်းမှာ ပြုလုပ်တဲ့  မိသားစု ကထိန်ကိုတောင်မှ တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဆရာတော်ကို အိမ်သို့ ပင့်ဆောင်ပြီး တရားနာယူခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေလည်း ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဂါရ၀ပြုခဲ့ကြတယ်လို့ သိရပါတယ်။

DSA အပတ်စဉ် ၁၉ ဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အပေါ်မှာ လေးစားသူတဦးဖြစ်သလို၊ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ရရှိအောင် ထောက်ခံပေးသူတဦးလို့လည်း ယုံကြည်ထားသူလို့ သိရှိရပါတယ်။

သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အချက်ကတော့ စစ်သားစိတ် အပြည့်ရှိခြင်းနဲ့ လက်အောက်ငယ်သားများ အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခြင်းတို့ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအ၀န်းက အသိအမှတ်ပြုကြပါတယ်။

မိသားစု ကထိန်ကိုတော့ ဇနီးဖြစ်သူ ဒေါ်မြမြစန်းကပဲ ဦးစီးကျင်းပခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ န၀တ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့ အပါအ၀င် စစ်ဘက်၊ နယ်ဘက်မှ အရာရှိများလည်း လာရောက်တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ  ၁၉၅၅ ခုနှစ်က ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေး စစ်တက္ကသိုလ် (Defense Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒေချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော် တို့နဲ့ တပတ်စဉ်ထဲ ဆင်းခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လမှာ နိုင်ငံတော် အကြီးအကဲနဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူခဲ့ပါတယ်။

အနားယူပြီးတဲ့ နောက်မှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ လွတ်လပ်စွာ ခရီးသွားရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲနှစ် မေလမှာတော့ ရုတ်တရက် လေဖြန်းသွားတဲ့အတွက် စင်ကာပူနိုင်ငံကို သွားရောက် ဆေးကုခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ နေပြည်တော် နေအိမ်မှာပဲ စာဖတ်နေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလက သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပြောဆိုခဲ့ပါသေးတယ်။
Irrawaddy
ရန်ပိုင်| November 11, 2013 

Royal Green River အပျော်စီး သင်္ဘောသစ် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် စတင်ပြေးဆွဲမည်

Royal Green River အပျော်စီး သင်္ဘောအား ရန်ကုန်မြစ်အတွင်း တွေ့ရစဉ် 

Royal Green River အပျော်စီး သင်္ဘောသစ်ဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်များအား ယခုလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Royal Green River အပျော်စီးသင်္ဘော ခရီးစဉ်အား အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်ကာ အချိန်နှစ်နာရီခန့် ရန်ကုန်မြစ်အတွင်း ရှုခင်းများကြည့်ရှု အပန်းဖြေပြီး ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်မည်ဟု သိရသည်။

"နိုဝင်ဘာလကစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမှာပါ။ စင်းလုံးငှား ခရီးစဉ်တွေလည်း ငှားရမ်းနိုင်မှာပါ" ဟု Royal Green River အပျော်စီးသင်္ဘော ကုမ္ပဏီမှ MD ဦးဌေးအောင်က ပြောပါသည်။

Royal Green River အပျော်စီး သင်္ဘောသစ်အား ယခုနှစ် ခရီးသွား ရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော်စသည့် ရက်ရှည်ခရီးစဉ်များကိုလည်း စင်းလုံးငှား အနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။ Royal Green River အပျော်စီး သင်္ဘောတွင် အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများ ပါဝင်ပြီး ညအိပ်ခရီးစဉ်တွင် ခရီးသည် ၁၆ ဦး တည်းခိုလိုက်ပါ နိုင်မည်ဖြစ်ပြီး နေ့ခရီးစဉ်များတွင်မူ ခရီးသည် ၅၀ ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလမှ စတင်ကာ မန္တလေးမြို့ အခြေပြု၍ အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲသည့် သင်္ဘောကုမ္ပဏီသစ်များ တိုးချဲ့လာကြပြီး သင်္ဘောစီးရေများလည်း တိုးချဲ့ပြေးဆွဲလာသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘော ခရီးစဉ်များ စီစဉ်ပြေးဆွဲနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောသစ်ဖြစ်သော Princess Royal အပျော်စီး သင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ်များအား ယခုလတွင် ပြေးဆွဲမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ဗန်းမော် စသည့်ဒေသများသို့ အပျော်စီးသင်္ဘော ခရီးစဉ်များဖြင့် သွားရောက်လည်ပတ်ခြင်းအား အထူးစိတ်ဝင်စားမှု ရှိသောကြောင့် မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများသည် အပျော်စီး သင်္ဘောများ တည်ဆောက်ပြီး အပျော်စီးသင်္ဘော ခရီးစဉ်များကို စီစဉ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

ပြည်သူများ ဝမ်းသာ (သို့သော်) မပျော်နိုင်သေးပါ


၂ဝ၁၃ နိုဝင်ဘာ ၁ ရက်နေ့ သတင်းစာ ကောက်ဖတ်လိုက်ရာ ကျေးလက် မီးလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေ အနေကို ဖော်ပြသည့် သတင်း အချက် အလက် ဇယား တစ်ခု ပါလာပါသည်။ သာမန်ပြည်သူ အနေဖြင့်တော့ အတော်ပင် ဝမ်းသာခဲ့ရ ပါသည်။ သို့ရာတွင် ယခုကဲ့သို့ပင် ”၂ဝဝ၈ အရောက် တစ်နိုင်ငံလုံး မီးလင်း တော့မည်” ဟူသော စာတန်း ခေါင်းစီး ကြီးဖြင့် သတင်းစာ မျက်နှာဖုံးတွင် စာလုံး မဲမဲကြီးဖြင့် ဝင့်ကြွားစွာ ဖော်ပြခဲ့ဖူးပေပြီ။ ပြည်သူများ ယခုထိ မပျော်နိုင် သေး ပါ။
ယခင် တစ်ရက် ကပင် မီတာကျ သင့်နှုန်းများကို တိုးမြှင့်လိုက်ကြောင်း သတင်းပါလာသည်။ ၄င်းသတင်းကြောင့် အတော်ပင် စိတ်မကောင်း ဖြစ်ခဲ့ကြပြီး ဖြစ်ပါသည်။ ရန်ကုန် မြို့မှာပင် မီးမှန်မှန် မရသေးသော မြို့နယ် အများအပြား ရှိ သေးသည်။ ရန်ကုန်သား တို့စိတ်တွင် ကိုယ်စီ အတွေးများ ဖြစ်လာရပေပြီ။
ယခု တွေ့ရှိရသော စာရင်းဇယား များအရ ကျေးရွာစုစုပေါင်း ၆၄၉၁၇ ရွာ မြန်မာနိုင်ငံ အတွင်း ရှိသည်ဟု ဖော်ပြထားသည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ် အထိ မီးလင်း ပြီး (သို့) ဆောင် ရွက် ပြီးစီးသည့် ကျေးရွာ ၂၁၆၇၅ ရွာ ဟု ဖော်ပြ ထားပါသည်။
စာရင်း ဇယားတစ်ခုကို ဖော်ပြ ကြေညာရာတွင် တာဝန်ယူမှု ရှိရန် လို အပ်ပါသည်။ စာရွက်ပေါ်တွင် ရောက်ရှိ လာသော စာရင်းတစ်ခု သည် ၉ဝ ရာခိုင် နှုန်း မှန်သလား။ မည်သည့် အခြေခံ အချက်များပေါ် မူတည်၍ မှန်ကန်သည် ဟု ကောက်ချက် ချပါသနည်း။ မေးခွန်း ထုတ်စရာဖြစ်လာပါသည်။
- အချို့ကျေးရွာများ ကိုယ်ပိုင်မီး စက်နှင့် ထွန်းနေကြတာကို ဒီစာရင်းထဲ မှာ ထည့်လိုက်ပြီလား။
 - တစ်နေ့တွင် မီးလင်းချိန်ဘယ် လောက်ရှိသလဲ။
- တစ်နေ့ကို ၂ နာရီ ၃ နာရီ ညဦးပိုင်းမီးလင်းသည်ကို မီးလင်းပြီဟု သတ်မှတ်ပါသလား။ေ
- တစ်အိမ်ကို ၂ ပေမီးချောင်း တစ်ချောင်းသာထွန်းရပြီး တီဗီပင် ကြည့်၍မရသော ရွာများအဖြစ် ဘယ် လောက်ရှိနေသလဲ။
- စက်ကို အစိုးရပေး၊ ဆီကိုကိုယ့် နည်းကိုယ့်ဟန်ဖြင့်ဝယ်ထွန်းနေရသော ရွာ (သို့) မြို့နယ်ဘယ်လောက်ရှိနေသေး သလဲ။
ရန်ကုန်မြို့တော်ကြီးမှာပင် ၂၄ နာရီ မီးရသော်လည်း (၁၅ဝ-၁၈ဝ V ) အကြားသာ ရှိသည့် မြို့နယ်များ ရှိနေပါ သေးသည်။
- ကျေးရွာများတွင် မီးထွန်းရ သော်လည်း တစ်ယူနစ်ကို ၅ဝဝ ကျပ် ၆ဝဝ ကျပ်ပေးနေရသော အခြေအနေ ဖြစ်နေသလား။
- မီးစက် စနစ်ဖြင့်ပေးနေသော ကျေးရွာ ၁၂၇၈၃ ရွာဟု ဖော်ပြထား သဖြင့် ထိုဈေးနှုန်းဖြင့်သာ ထွန်းကြရ မည်ဟု ထင်မိပါသည်။
စာရင်းဇယားထဲတွင် လျှပ်စစ် ဓာတ်အားစနစ်ပေးဝေရရှိသောရွာ ၄၇၈၅ ရွာရှိသည်ကို တွေ့ရှိရပါသည်။
- ဒီကျေးရွာတွေရော ၂၄ နာရီ မီးရပြီလား။
-လျှပ်စစ် ဓာတ်အားလိုင်း ဆိုသည် မှာ မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ကို အဓိက အားကိုး၍ မီးလင်းနေရသော ကြောင့် နွေရာသီ ၄ လခန့်တွင် ရေခမ်း မီးမလာ ရက်တွေ ဘယ်လောက် ရှိသလဲ။
- ရေပြတ်သည်နှင့် မီးဖြတ်ခံရ တော့သည်။
ဤကဲ့သို့ပင် ဌာနဆိုင်ရာ များတွင် ပြည်သူများအား ချပြသည့် စာရင်းဇယား များကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြတတ် ကြသည်။
၂ဝ၁ဝ ခုနှစ်ထုတ် မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေပြ ဇယားတွင်လည်း ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ လျှပ်စစ်ဓာတ် အား ပေး စက်များ ၏ စက်တပ် ဆင်အားမှာ စုစုပေါင်း မဂ္ဂါ ဝပ် ၃၃၄၄ ဟုဖော်ပြထား ပြီး စာရင်း တင်ခဲ့ဖူးပါပြီ။ စက်တစ်လုံး၏ စတင် ထုတ်လုပ်ပေးနိုင်သည့် ဗို့အား ဂဏန်းမှာ နှစ် ၃ဝ ကြာအထိ ၄င်းဂဏန်း အမှတ်အသား ပျက်ပြယ် မသွားပါ။ သို့ရာတွင် စက်ကတော့ အမှန်တကယ် အလုပ် မလုပ်နိုင်တော့ပါ။ ထို့အပြင် ရေအား လျှပ်စစ် မှာ ရေ အပြည့်အဝ ရှိနေ မှသာ ဓာတ်အား အပြည့် ထုတ်လုပ်နိုင် ပါသည်။ သို့ရာတွင် သွယ်တန်း ရသော ကြိုးရှည်လျှင် လမ်းတွင် လျှပ်စစ်ဓာတ် အား ဆုံးရှုံးမှု များစွာ ရှိနိုင် ပါသေးသည်။
နိုင်ငံငယ် တစ်ခုအတွင်း နှစ်ပေါင်း ဆယ်စုချီ၍ တည်ဆောက် တပ်ဆင် လျှပ်စစ်ဖြင့် နိုင်ငံကို ယနေ့အထိ အလှ မဆင်နိုင်သေးသည်ကို ပြည်သူ တစ်ယောက် အနေဖြင့် မပျော်နိုင်သေးပါ။
ဤဆောင်းပါး ရေးနေချိန်တွင်ပင် မီးက ပြတ်တောက် သွားပါသည်။ ခဏ ဟုထင်မိ၏။ တစ်ရက်ခန့် ကြာမှ မီးပြန်လာသည်။ လှိုင်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်နှစ် ခု ဖြစ်ပါသည်။
ကျွန်တော် အသက် ၅ဝ ကျော်ပါ ပြီ။ မှတ်မိ သလောက် မိမိမွေးဖွား ရာဇာတိ ရခိုင်ပြည်နယ်၊ မာန်အောင် မြို့နယ် ဖြစ်ပါသည်။ ၁၉၇ဝ ခုနှစ်ခန့် တွင် ညနေ ၆ နာရီမှ ည ၁၂ နာရီ အထိ မီးပေးခဲ့ ဖူးသည်။ ဒီဇယ်ဖြင့် ထွန်းရသော မီးစက် ဖြစ်သည်။ ယခုအခါ ည ၁ဝ နာရီ အထိ သာမီးပေးနေကြောင်း သိရှိရပါသည်။
ကျွန်တော်တို့ မူလတန်းကျောင်း သားဘဝ ၁၉၆ဝ ခန့်က မိုးအလင်းမီး ပေးသည်ဟု ကျွန်တော့် အဖေပြောဖူး သည်ကို ကျွန်တော် မယုံတစ်ဝက် ယုံတစ် ဝက်ဖြစ်နေရ ပါသည်။ လျှပ်စစ်မီးကို အိမ်တိုင်းစေ့ ထွန်းကြရန်နှင့် လျှပ်စစ်မီတာကို အိမ်တိုင်ရာရောက် တပ်ဆင်ကာ Promotion လုပ်ခဲ့ရသည်ဟု မြို့နယ် လျှပ်စစ်မှူးလုပ်ခဲ့ဖူးသည့် ကျွန်တော့် အဖေ တစ်ယောက် သက်ရှိ ရှိနေဆဲပါ။ အသက် ၈၅ နှစ်ခန့် ရှိနေပါပြီ။ ရခိုင် ပြည်နယ်၏ အခက်ခဲဆုံး မြို့နယ်တစ်ခု တွင်ရှိနေဆဲပါ။
ဒီတစ်ခေါက် အဖေ ရှိရာသို့ သွား ရောက်သည့် အခါ အဖေ တို့ရဲ့ လျှပ်စစ် စီမံကိန်း ပုံပြင် တစ်ပုဒ်ကို ကျွန်တော် မှတ်တမ်းတင်၍ ယုံတမ်းစကား ပုံပြင် အဖြစ် ကျွန်တော်ပြန် လည်ပြောပြပါဦးမည်။


ကိုလင်းမာန်အောင်
Popular Myanmar News Journal

သီပေါမြို့ ကျူးကျော်ဆိုင်ခန်းများကိစ္စ ဖြေရှင်းပေးမှု လူထုစိတ်ဝင်တစားစောင့်ကြည့်


သီပေါ၊ နိုဝင်ဘာ ၁၁။

သီပေါမြို့နယ်အတွင်း စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် ကျူးကျော်ဆိုင်ခန်းရှင်များအကြား ဖြစ်ပေါ် နေသည့် ပြဿနာအား မည်သို့မည်ပုံ ရှင်းလင်းပေးမည်ကို ဒေသခံလူထုမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိနေကြောင်း သိရှိရသည်။

လက်ရှိလူထုအကြားတွင် စည်ပင်မှကျူးကျော်သည့် ဆိုင်ခန်းများအား ဖယ်ရှားပေးနိုင်ရေး ဆောင်ရွက်ချက်အား ဒေသခံအချို့မှ ထောက်ခံမှုရှိနေပြီး အချို့မှာ ကန့်ကွက်လျက်ရှိနေကြခြင်းလည်း ဖြစ်သည်။

“ဒီကျူးကျော် ဆိုင်ခန်းတွေက အရင်တုန်းကတည်းက ရှိလာတာ၊ လူတွေက စည်းကမ်းနဲ့အညီ မရောင်းချလို့ တစ်ဦးနဲ့တစ်ဦး ပြဿနာဖြစ်နေရတာ။ လက်ရှိစည်ပင်ရဲ့ လုပ်ဆောင်ချက်က ကောင်းပါတယ်၊ ဒါဖြစ်သင့်နေတာ ကြာပါပြီ”ဟု သီပေါဈေးအတွင်း ဈေးရောင်းချနေသူ အထည်သည် တစ်ဦးက ပြောသည်။

စည်ပင်သာယာရေးအဖွဲ့မှ ကျူးကျော်ဆိုင်ခန်းများနှင့် ဈေးအတွင်း ရောင်းချနေသော ကျူးကျော်ဆိုင်ရှင်များအား စည်းကမ်းနှင့်အညီ ရောင်းချနိုင်ရန် လူထုနှင့် တွေ့ဆုံရှင်းလင်းရာတွင် အချို့မှာ လက်ရှိအနေအထားအရ အခက်အခဲ ရှိနေသဖြင့် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီလိုလုပ်တာက ဒေသလူထုကို အခက်တွေ့စေနိုင်တယ်။ တစ်ရက်လုပ်တစ်ရက်စားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်။ နိုင်ငံတော်က ဆောင်ရွက်နေတယ့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်လည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်”ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိကျူးကျော်ဆိုင်ခန်း ကိစ္စအား ဒေသအတွင်း ဈေးရောင်းသူများအကြား တစ်ဦးနှင့်တစ်ဦး သင့်မြတ်မှု မရှိဘဲ မြို့နယ်အထောက်အကူပြု အဖွဲ့သို့ တိုင်ကြားလာ၍ မြို့နယ်အထောက်အကူပြု အဖွဲ့မှတစ်ဆင့် စည်ပင်ကော်မတီသို့ ရောက်ရှိလာ၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်အထောက်အကူပြုကော်မတီဥက္ကဋ္ဌက ပြောသည်။

“ဒီပြဿနာက လူထုကနေ စတာပါ။ သူတို့ကတိုင်တော့ ကျွန်တော်တို့က ဆောင်ရွက်မပေးလို့မရဘူး။ ဒီလိုဆောင်ရွက်တဲ့ နေရာ မှာလည်း ဘယ်သူ့ကိုမှ မျက်နှာလိုက်ပြီး ဆောင်ရွက်လို့မရပါဘူး။ စည်းမျဉ်းစည်းကမ်းနဲ့အညီပဲ သွားမှာပါ”ဟု စည်ပင်အမှုဆောင်အရာရှိက ပြောသည်။

အဆိုပါကိစ္စအတွက် သီပေါမြို့၊ စည်ပင်ကော်မတီအဖွဲ့မှ ကွင်းဆင်း လေ့လာ၍ ဆောင်ရွက်ပေးမည် ဟု ဆိုထားရာ လူထုအား အဆင်ပြေစေရန် မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်မည်ကို ဒေသခံလူထုများအကြား အထူးစိတ်ဝင်စားစွာ စောင့်ကြည့်လျက်ရှိနေကြခြင်းဖြစ်သည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

ကျန်းမာရေးအတွက် အထောက်အကူပြုစေ မဲ့  အအေး ၈ မျိုး


၁။ သလဲသီးဖျော်ရည်

သလဲသီးဟာ အဝါရောင်အခွံရှိပြီး အထဲမှာ အနီရောင်အစေ့လေးတွေများ
စွာပါဝင်တဲ့အသီးမျိုးပါ။ ချိုချဉ်နဲ့ ဖန်တဲ့ အရသာရှိပါတယ်။ ကျန်းမာရေးအတွက်
ကောင်းမွန်တဲ့အကျိုးရလဒ်တွေများစွာ ပါရှိပါတယ်။ သဘာဝ အင်တီအောက်
ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ်
ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း
ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို
ထပ်ပေါင်းဖြည့်စွက်ပေးပါ။

၂။ ဘလူးဘယ်ရီသီးဖျော်ရည်

ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုး
ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီး တစ်မျိုးလို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ
မပါဝင်တာကြောင့် နေ့စဉ် ဘလူးဘယ်ရီ သီးတစ်ခွက် ဖျော်သောက်ပေးရင်လည်း
ခန္ဓကိုယ်အလေးချိန်မတက်စေနိုင်ပါဘူး။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက်
နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်
ပစ္စည်းတွေပါဝင်ပြီး ရောဂါတချို့ကို လည်း တားဆီးနိုင်ကာ ခန္ဓာကိုယ်ကို
သက်သောင့်သက်သာဖြစ်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး
မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်
ပါတယ်။

၃။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့အရသာရှိပြီး အနီရောင်ဖြစ် တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာ
ကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှ လုံးကျန်းမာရေးကိုကောင်းစေတဲ့
Flavonoid တွေပါဝင်ပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်နိုင်တဲ့အာနိသင်ရှိကာ
ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတွေအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။
ဒါပေမဲ့ လတ်ဆတ်တဲ့အသီးကို ဝယ်ပြီး ဖျော်ရည်ပြု လုပ်သင့်ပြီး
အသင့်ပြုလုပ်ထားတဲ့ ဖျော်ရည်တွေက သကြားပါဝင်မှု များတတ်ပါတယ်။ ၁၀ဝ
ရာခိုင်နှုန်း ခရင်မ်ဘယ်ရီသီး ဖျော်ရည်ဖြစ်ဖို့ လတ်ဆတ်တဲ့
ခရင်မ်ဘယ်ရီးသီးကိုသာ ဖျော်သောက်ပါ။

၎။ လိမ္မော်သီးဖျော်ရည်

လတ်ဆတ်တဲ့ လိမ္မော်သီးဖျော်ရည်မှာ ဗီတာမင်စီကြွယ်ဝပြီး အင်တီအောက်
စီးဒင့်တွေကြွယ်ဝပါတယ်။ ကင်ဆာကို တားဆီးနိုင်ဖို့ ဗီတာမင်စီက ကူညီနိုင်တဲ့
အပြင် ဆဲလ်ပျက်စီးမှုတွေကိုလည်း ကာ ကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး
ကိုယ်ဝန်ဆောင် သည်တွေသောက် သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါ တယ်။
လိမ္မော်သီးဖျော်ရည်မှာ ကယ်လ ဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး
အက်စစ်တွေပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၅။ ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။
တခြားကျန်းမာရေးကောင်းစေတဲ့အချက် တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်း
မွန်စေတာ၊ အစာခြေစနစ်ကို ကောင်း မွန်စေတာ၊ စွမ်းအင်တိုးစေတာ၊ ရောဂါ
တိုက်ထုတ်ပေးတာ၊ အမြင်အာရုံကောင်း စေတာစတဲ့ အချက်တွေများစွာပါဝင်တာ ကြောင့်
တစ်နေ့ကို ပန်းသီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးသင့်တယ် လို့ ဆိုပါတယ်။

၆။ စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်က သွေးဖိအား ကို ထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိပါတယ်။
သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း
ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကို လည်း
ကာကွယ်ပေးနိုင်ပါသေးတယ်။

၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်းရောင် ချယ်ရီသီးဖျော်ရည် ကတော့ ကြွက်သားတွေပျက်စီးတာနဲ့
နာကျင်တာကို သက်သာစေတဲ့ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း
သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါ တယ်။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အ များအပြားပါဝင်ပါတယ်။

၈။ အနီရောင် စပျစ်သီးဖျော်ရည်

အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကို
လက်စထရောကို လျော့ကျစေကာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးအ
ထောက်အကူပြုတယ်လို့ဆိုပါတယ်။

အလှအပ ၊ ကျန်းမာရေး နှင့် လိင်ပိုင်းဆိုင်ရာ

ဆေးပညာဆိုင်ရာဆောင်းပါးများ

ရွှေ့ပြောင်းနေထိုင်သူများကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သော လူကုန်ကူးဂိုဏ်းဝင် ဆိုမာလီတစ်ဦးကို အီတလီရဲက ဖမ်းမိ


နိုဝင်ဘာ ၁၁။

အီတလီ ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၃ရက်က အီတလီကမ်းလွန် တစ်နေရာတွင် နစ်မြုပ်ခဲ့သော တရားမ၀င် နိုင်ငံဖြတ် ကျော် သင်္ဘောမှ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများနှင့် ပတ်သတ်သူ လူကုန်ကူးဂိုဏ်းသား ဆိုမာလီတစ်ဦးကို ဖမ်းမိခဲ့ကြောင်း နိုဝင်ဘာ ၉ရက်က ကြေညာခဲ့သည်။

ထိုသင်္ဘောနစ်မြုပ်မှုကြောင့် နိုင်ငံသစ်တွင်ခိုလှုံရန် ပင်လယ်ကိုဖြတ်ကာ လာခဲ့ကြ သူများအနက် ၃၃၆ဦးအထိ သေဆုံးခဲ့ပြီး အနည်းငယ်သာ အသက်ရှင်လွတ်မြောက်ခဲ့သည်။

ယခုဖမ်းမိခဲ့သည့် အီမမဟာမက်မူဟစ်ဒင် အသက် ၂၄နှစ်သည် ယင်းသင်္ဘောဖြင့် လိုက်ပါမည့် ဒုက္ခသည်များအနက် အယ်ရစ်ထရီးနိုင်ငံသူ ၂၀ဦးကို ခရီးမထွက်မီ ရက်များက လစ်ဗျားတွင် နှိပ်စက်ညှင်းပန်းကာ အဓမ္မပြုကျင့်ခဲ့သူများအနက် တစ်ဦး ဖြစ်သည်။

မူဟစ်ဒင်သည် ဆိုမာလီ၊ အာဖရိက၊ ဆူဒန်၊ လစ်ဗျားစသည့် နိုင်ငံများက ခိုလှုံရာနိုင်ငံသစ် ရှာဖွေသူများကို တရားမ၀င် နည်းလမ်းပေါင်းစုံ သုံးကာ လူစု၊ ကုန်ကူးနေသည့် ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

မူဟင်ဒင်သည် သူ၏ အလုပ်အတွက် ပြန်ပေးဆွဲခြင်း၊ တရားမ၀င် နိုင်ငံဖြတ်ကျော်မှုများ ပြုလုပ်ခြင်းသာမက ရွှေ့ပြောင်းနေထိုင်သည့် ဒုက္ခသည်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာ ကျူးလွန်နေသူဖြစ်သည်။

သူသည် အောက်တိုဘာ ၂၅ရက်တွင် လန်ပက်ဒူဆာမြို့သို့ အခြားသော ရွှေ့ပြောင်း နေထိုင်သူများနှင့်အတူ ခိုးဝင်လာခဲ့သည်။

အီတလီ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းမိပြီးနောက် လူပြစစ်ဆေးမှု ပြုလုပ်သည့်အခါ သင်္ဘောနစ်မြုပ်စဉ်က အသက်ဘေးမှ လွတ်မြောက်ခဲ့သူ အယ်ရစ်ထရီး ရှစ်ဦးက မှတ်မိသွားပြီး သက်သေခံ ထွက်ဆိုချက် ၀ိုင်းပေးကြသည်။

ထိုအခါမှ အီတလီရဲက အလိုရှိနေသူ တစ်ဦးကို ဖမ်းမိဖြစ်ကြောင်း သေချာသွားခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများသည် ကမူဟစ်ဒင်တို့ကို ယူရို ၃၃၀၀ မှ ယူရို ၃၅၀၀ အထိပေးကာ ခရီိးစဉ်တွင် လိုက်ပါခွင့်ရ အောင် ကြိးပမ်းခဲ့ရသည်လည်း ထွက်ဆိုကြသည်။

Ref: AP
The Myanma Age

စူပါတိုင်ဖွန်းမုန်တိုင်း ဗီယက်နမ်သို့ရွေ့လျား လူပေါင်းခြောက်သိန်းခန့် နေရာပြောင်းရွှေ့ပေး


[ ဟနွိုင်း ၊ နိုဝင်ဘာ ၁၀ ၊ Ref-AFP ]

ဖိလစ် ပိုင်နိုင်ငံတွင်တိုက်ခတ်သော တိုင် ဖွန်း Haiyan ကြောင့် လူထောင် ပေါင်းများစွာသေဆုံး၍ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစူပါတိုင်ဖွန်းံHaiyanသည် ဗီယက်နမ်သို့ ရွေ့လျားသွားသဖြင့် လူပေါင်း၆၀၀၀၀ဝကျော်တို့ကို နေရာပြောင်းရွှေ့ခဲ့ကြရကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောခဲ့သည်။
''မိသားစုပေါင်း ၁၇၄၀၀၀ ကျော် နေရာပြောင်းရွှေ့ခဲ့ရတယ်'' ဟု ဗီယက်နမ်ရေလွှမ်းမိုးခြင်းနှင
မုန်တိုင်းထိန်းချုပ်ရေးဌာနက ပြောခဲ့သည်။

ဟနွိုင်းမြို့မှ ကီလိုမီတာ ၂၃၀ (၁၄၅မိုင်) ဝန်းကျင်ရှိ Nghe An ပြည်နယ်မြောက်ဘက် တွင် နေရာပြောင်းရွှေ့မှုများပြု လုပ်ပြီးနောက် အဆိုပါမုန်တိုင်း သည် နိုဝင်ဘာ ၁၁ရက် နံနက် တွင် တိုက်ခတ်နိုင်ကြောင်း သိရ သည်။ သို့သော်လည်း ပြည်နယ် လေးခုမှ နေရာရွှေ့ပြောင်းသူ ၂၀၀၀၀၀ ခန့်ကို ယနေ့တွင် ၎င်း တို့၏အိမ်သို့ပြန်ရန် ခွင့်ပြုခဲ့သည်။

ဖိလစ်ပိုင်တွင် တိုက်ခတ် သော မုန်တိုင်းသည်အင်အား အပြင်းထန်ဆုံးသော မုန်တိုင်းဖြစ် ခဲ့ပြီး တောင်တရုတ်ပင်လယ်ကို ဖြတ်ချိန်တွင် အင်အားလျော့နည်း သွားကြောင်း သိရသည်။ တိုင် ဖွန်းဗဟိုစခန်း၏ ခန့်မှန်းချက် အရ လေတိုက်နှုန်း တစ်နာရီ ၇၄ ကီလိုမီတာဖြစ်ပြီး တနင်္လာနေ့ နံနက်တွင် မြေပြိုမှုများဖြစ်မည် ဟု ခန့်မှန်းရသည်။ လေကြောင်း လိုင်း ၆၂ခုကိုလည်း ဖျက်သိမ်း လိုက်ရကြောင်း ဗီယက်နမ်လေ ကြောင်းလိုင်းက ပြောခဲ့သည်။
Yangon Media Group

ဓာတ်အားခလျှော့ချရေး ဆန္ဒပြမှု ရန်ကုန်မှာဖမ်း မန္တလေးတွင်တား


ကေဇင်ဦး၊ အောင်ကိုဦး| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

နိုဝင်ဘာလမှစတင်၍ ဓာတ်အားခ တိုးမြှင့် ကောက်ခံမည့်အပေါ် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သည့် အကြောင်းပြချက်ဖြင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများကို တရားစွဲဆိုထားပြီး မန္တလေးမြို့တွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒေသခံအာဏာပိုင်တို့က ဟန့်တားမှုများ ပြုလုပ်ခဲ့ ကြသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

ရန်ကုန်တွင် နိုဝင်ဘာ ၆ ရက်မှစ၍ သုံးရက်ဆက် ပြုလုပ်ခဲ့ကြပြီး၊ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောက်တံတား၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ သက်ဆိုင်ရာရဲစခန်းများက စီတန်းလှည့်လည် ဆန္ဒပြမှုတွင် ဦးဆောင်သူတချို့ကို တရားစွဲဆိုကြောင်း ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်ဟု ကာယကံရှင်အချို့က ဆိုသည်။

“တရားစွဲဆိုထားပြီဆိုတဲ့ ရဲစခန်းတွေက ဖုန်းနဲ့ လှမ်းပြီး အကြောင်းကြားလို့ သိရတာပါ။ အခြား အမှုနဲ့ ပတ်သက်ပြီး ဘာမှ ထပ်ပြောတာ မရှိသေးပါဘူး”ဟု ရန်ကုန် ဆန္ဒထုတ်ဖော်ပွဲကြောင့် တရားစွဲဆိုခံထားရသူ ကိုတင်ထွဋ်ပိုင်က မဇ္ဈိမကို ပြောသည်။

ယင်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ရဲမှူးမျိုးမြင့်ကြိုင်က ပြန်လည်ရှင်းလင်းရာတွင် ဖမ်းဆီးထားခြင်းမျိုးမဟုတ်ဘဲ ဥပဒေအရ ဆောင်ရွက်ရန်ရှိသည်များကို လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

“တရားဥပဒေအရ လုပ်စရာရှိတာလုပ်မှာပါ။ သူတို့ကို စခန်းမှာလည်း ဖမ်းဆီးမထားပါဘူး။ စစ်ဆေးမှုတွေလည်း မလုပ်ရသေးပါဘူး”ဟု ပြောသည်။

မန္တလေးတွင်ပြုလုပ်သည့် နိုဝင်ဘာ ၈၊ ၉ ရက် ဆန္ဒဖော်ထုတ်မှုများတွင်မူ အာဏာပိုင်များ၏ တားမြစ်ခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေတွင် မရှိသေးဟု ကာယကံရှင်များက ပြောသည်။

၎င်းတို့သည်လည်း ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိဘဲ ဒုတိယနေ့ ဆန္ဒဖော်ထုတ်ဖော်မှုတွင် တိုင်းလျှပ်စစ်ရုံးသို့ ချီတက်ရာ လမ်း ၄၀ နှင့် ၄၁ လမ်းကြား အရောက်၌ အာဏာပိုင်တို့၏ တားဆီးခြင်းကို ကြုံတွေ့ရသည် ဟု မန္တလေး ဆန္ဒပြပွဲဦးဆောင်သူ ကိုစောလင်းက ပြောသည်။ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက အဆိုပါ ဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်ပြီး ခွင့်ပြုချက် တောင်းခံလာလျှင်လည်း ပေးမည်ဟု မဇ္စျိမ သို့ ပြောဆိုခဲ့သည်။

ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းမှ ဒု-ရဲအုပ်တစ်ဦးက “ကျွန်တော်တို့ တားတယ်ဆိုတာက အများပြည်သူသွားနေတဲ့ လမ်းပိတ်ဆို့မှု ဖြစ်လို့ရယ်။ ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာ စိုးရိမ်လို့ တားတာပါ။ လုံခြုံရေးယူတဲ့သဘောပါ”ဟု ပြောသည်။

ရန်ကုန်မြို့တွင် ဦးဆောင် ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်သည့် ဒီမိုကရေစီအင်အားစုမှ ဦးသိန်းဆွေက ငါးရက်အတွင်း မီတာခဈေးနှုန်းများ ပြန်လည် လျှော့ချခြင်းမပြုလျှင် တရားစွဲဆိုခံရပါကလည်း ထပ်မံဆန္ဒဖော်ထုတ်သွားမည်ဟု ဆိုသည်။

လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကလည်း နိုဝင်ဘာ ၈ ရက်တွင် အစိုးရအဖွဲ့ကို မေးခွန်းထုတ်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက အများပြည်သူ လက်ခံနိုင်သည့်နှုန်းသို့ ပြန်ပြင်ပေးမည်ဟု ကတိပြုထားသည်။
Mizzima - News in Burmese

ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင် အချိန်ကြာမြင့်စွာနှင့် ညအိပ်ရပ်နားထားသော ကွန်တိန်နာ ယာဉ်ကြီးများကို ကရိန်းဖြင့် သယ်ယူရှင်းလင်းရန် စီစဉ်နေ

ရန်ကုန်မြို့အတွင်း သွားလာနေသည့် ကွန်တိန်နာတင် ယာဉ်ကြီးများကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းနှင့် ညအိပ်ရပ်နားထားသော ကွန်တိန်နာ ယာဉ်ကြီးများအား ကရိန်ဖြင့်ဆွဲမ၍ ရှင်းလင်းမှု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် ကွန်တိန်နာယာဉ်နှင့် နောက်တွဲယာဉ်ကြီး အချို့မှာ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်း၊ နေ့ရောညပါ ရပ်ထားခြင်းကြောင့် လမ်းမကြီးပေါ်တွင် ညအချိန်ယာဉ်များ သွားလာရာတွင် အဆိုပါ ယာဉ်များအား ၀င်တိုက်မိခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းကြောင့် လေးလမ်းသွား လမ်းများမှာ နှစ်လမ်းသာ သွား၍ရခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူအတွက် အနှောင့်အယှက်များနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိအတွင်း လမ်းမကြီးများပေါ်တွင် မောင်းနှင်သွားလာလျက်ရှိသည့် သစ်လုံးတင်ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ ကွန်တိန်နာ ယာဉ်ကြီးများ၊ အခြားယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ရာပြတ်ဌာန၊ လမ်းတံတားဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနရှိ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းယာဉ် သုံးစီးဖြင့် စည်းကမ်းထိန်းသိမ်းလျက် ရှိကြောင်း၊ အဓိက လမ်းမကြီးများဖြစ်သော ပြည်လမ်း၊ ခရေပင်လမ်း၊ ဒညင်းကုန်းလမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်း၊ ညောင်တုန်းလမ်း၊ မင်းဓမ္မလမ်း၊ ပါရမီလမ်း၊ လေဆိပ်လမ်း၊ ဗဟိုလမ်း၊ ရွှေပြည်သာ တံတားလမ်း၊ လှိုင်မြစ်လမ်း၊ အမှတ် (၃) လမ်း၊ အမှတ် (၂) လမ်း၊ သံသုမာလမ်း၊ ယမုံနာလမ်း၊ ရှုခင်းသာလမ်း၊ ကမ်းနားလမ်း၊ ကွန်ကရစ် လမ်းသစ်တို့တွင် လှည့်ကင်းယာဉ်များဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်ကြိမ်၊ ည ၆ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် ရှင်းလင်းခြင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ပြုလုပ်နေကြောင်း သိရသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၀၁၃ အောက်တိုဘာ ၁၈ ရက်အထိ ကွန်တိန်နာ အပါအ၀င် ယာဉ်အစီးရေ ၄၃၅၈ စီးအား မ၀င်ရလမ်းများ ၀င်ခြင်း၊ မရပ်ရ နေရာတွင် ရပ်တန့်ခြင်း၊ ကုန်စည်ပိုမို တင်ဆောင်ခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့်မှုတို့အတွက် သက်ဆိုင်ရာ ယာဉ်ထိန်းတရားရုံးနှင့် စည်ပင်တရားရုံးတို့တွင် အရေးယူခဲ့ကြောင်း သိရသည်။

ထို့အပြင် အခွံမပါ၊ ကွန်တိန်နာ မပါဘဲ လမ်းမကြီးများပေါ်တွင် ညအိပ်ရပ်နားထားတဲ့ နောက်တွဲယာဉ်များကို မှတ်သားဖမ်းဆီး ပုံစံဖြင့် မှတ်တမ်းတင်ထားသော ယာဉ်အစီးရေထဲမှ အစီး ၃၃၀ ကို ယာဉ်ထိန်းတရားရုံးသို့ အရေးယူ ဆောင်ရွက်ရန် ပေးပို့ခဲ့ပြီး လက်ရှိအရေးယူမှုထက် ထိရောက်သော ကရိန်းဖြင့် ဆွဲမ၍ အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လိုသည့် အချက်များ ကိုယ်ပိုင် သီးခြားပြုလုပ်ထားဟု သူရဦးရွှေမန်းဆို


မန္တလေး၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ၂၃ နှစ်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရက ရေးဆွဲ ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များကို ကိုယ်ပိုင် သီးခြား ပြုလုပ်ထားသည်ဟု သူရဦးရွှေမန်းက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားသည်။

မန္တလေးမြို့ (တယက) ရုံးဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အဲဒီ ပြင်ဆင်ရန် အချက်တွေက ကျွန်တော်သီးခြား လုပ်ထားတဲ့ အချက်တွေ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ကိုယ်ပိုင် လေ့လာသုံးသပ်ထားသည့် အချက်များအပြင် ပါတီ အနေနှင့်လည်း ပါတီရဲ့ အာဘော်အဖြစ် လေ့လာသုံးသပ် ဆောင်ရွက်မှုများ လုပ်လျက် ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စများ ပြုပြင်ပြောင်းလဲ လိုသည့်၊ တစ်ဦးချင်း အနေနှင့် ပူးပေါင်း ကော်မတီသို့ တင်ပြနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ဖွဲ့စည်းပုံ ရေးဆွဲတုန်းကလည်း သူတို့ပါဝင်ခဲ့တယ်။ ယခုလက်ရှိမှာလည်း သူတို့က လက်တွေ့အကောင်အထည် ဖော်နေရတာ ဖြစ်တော့ အားနည်းချက် အားသာချက်ကို ဦးရွှေမန်းတို့ ပိုသိနိုင်ပါတယ်” ဟု တွေ့ဆုံပွဲသို့ တတ်ရောက်ခဲ့သူ မန္တလေးတိုင်း NDF ပါတီ တိုင်းစည်းရုံးရေး ကော်မတီဝင် ဦးခင်မောင်သန်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပြည်သူ တစ်ဦးချင်းစီနှင့် NGO, INGO တို့မှ ပေးပို့ထားသော အကြံပြုစာပေါင်း ၁၂၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း၊ ပြည်သူများ အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ အကြံပြုချက်များကို ဒီဇင်ဘာ ၃၀ ရက်နေ့ မတိုင်မီအထိ ပေးပို့နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

Facebook အကောင့်သစ်ပြုလုပ်ရောင်းချခြင်း တွင်ကျယ်လာ


လူသုံး အများဆုံး လူမှုကွန်ရက် တစ်ခုဖြစ်သော Facebook သုံးစွဲမှု များပြားလာလျက်ရှိသလို Facebook အကောင့်များ ပြုလုပ်ကာ ရောင်းချခြင်းများလည်း တွင်ကျယ်လာကြောင်း သိရှိရသည်။

အဓိကပြုလုပ်လိုသူများမှာ Faebook ပေါ်မှ သတင်းများကို ဖတ်ရှုလိုသူ အများစု ဖြစ်ကြသည်ဟု မိုဘိုင်းဆားဗစ်ဆိုင် အချို့ထံမှသိရသည်။ “ခု နောက်ပိုင်းက ဆိုင်မှာ ဟန်းဆက်လာဝယ်တာပဲ ဖြစ်ဖြစ်၊ ဆော့ဖ်ဝဲလာပြင်တာပဲဖြစ်ဖြစ် facebook အကောင့်လုပ်ပေးပါလားလို့ ပြောတဲ့သူများလာလို့ Gmail နှင့် Facebook တစ်ခါတည်း အကောင့်နှစ်ခု လုပ်ပေးရင် ၅ ထောင်ထိပေးတဲ့သူ ရှိလာတယ်။ နောက်ပိုင်း ဆားဗစ်တွေကလည်းများလာလို့ အလုပ်ပါးတဲ့အချိန်မှာ တစ်နေ့ကို အကောင့် ၃၊ ၄ ခုလောက် လုပ်ပေးရင် ဝင်ငွေမဆိုးတာကြောင့် လုပ်ပေးတာပါ” ဟု ၇၃ လမ်းရှိ မိုဘိုင်းဆိုင်တစ်ဆိုင်မှ ပြောသည်။

“ခုက အင်တာနက်တွေကို ဖုန်းနဲ့ နယ်မှာ သုံးလို့ရကတည်းက Facebook ကို စိတ်ဝင်စားသူတွေ သုံးကြည့်ချင်လာတဲ့ သူတွေ များလာတယ်။ နယ်မှာဆိုတော့ အကောင့် ကိုယ်တိုင် မလုပ်တတ်သူတွေများတယ်။ တစ်ကောင့်ကို ၅ ထောင်ကျပ်နှုန်းနဲ့ လုပ်ပေးတယ်။ အကောင့်လုပ်ရာမှာ code တောင်းတော့ နိုင်ငံခြား အသိတွေ ဖုန်းနံပါတ်ကို သုံးပြီးလုပ်ပေးတာ ပိုများတယ်။ တစ်လကို အကောင့် ၂၀ နဲ့ အထက် လုပ်ပေးနေရတယ်” ဟု ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက အင်တာနက်ဂျာနယ်သို့ တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။

Facebook အကောင့်သစ်များကို အခကြေးငွေဖြင့် ပြုလုပ်ရောင်းချခြင်းများ သာမက မန်းရှိမိုဘိုင်းဆိုင် အချို့တွင် ပရိုမိုးရှင်းအစီအစဉ်အနေဖြင့် ၎င်းတို့ဆိုင်၏ ကိုယ်ပိုင် Facebook စာမျက်နှာများတွင် Post ပြိုင်ပွဲပြုလုပ်ကာ Facebook အကောင့်သစ်များပြုလုပ်ပြီး ဆုအနေဖြင့် အကောင့်သစ်များ ပေးအပ်လာကြောင်းသိရသည်။

ကောင်းမြတ်ထွန်း
Internet Journal

တောင်သူဦးကြီးများအတွက် သတင်းကောင်း




မြန်မာနိုင်ငံဟာ အချိန်အခါမဟုတ် မုန်တိုင်းမိုးဘေးမှ ကင်းဝေးခဲ့ပါပြီ။

Everything is under control ပါဘဲ။ တိုင်ဖွန်း Haiyan ဟာ မူလခန့်မှန်း ထားတဲ့အတိုင်း မြောက်အနောက်ယွန်းယွန်းကို ရွေ့နေခဲ့ပြီး ဗီယက်နမ်နဲ့ တရုတ်နယ်စပ်ကို ဦးတည်ရွေ့နေခဲ့ပါပြီ။ မြန်မာနိုင်ငံကို အချိန်အခါမဟုတ် မိုးတွေရွာနိုင်တဲ့ မုန်တိုင်းမိုးဘေးကတော့ ကင်းဝေးခဲ့ရပါပြီလို့ ခန့်မှန်းရကြောင်းပါဗျာ။

Update News တွေအနေနဲ့ကတော့
(၁) တိုင်းဖွန်း Haiyan ဟာ မူလခန့်မှန်းထားတာထက် မြန်မာနိုင်ငံနဲ့ ပိုဝေးတဲ့ဖက် ကို ရွေ့သွားနေပါတယ်။ (၁၀-၁၁-၂၀၁၃)ရက်ည(၆)နာရီခွဲအချိန် တိုင်းတာချက်အရ (၁) မြောက်အနောက်ယွန်းယွန်း(NNW) (330 deg)ဖက်ကိုရွေ့သွားခဲ့ပါတယ်။ (၂) လေတိုက်နှုန်းကလည်း 100 mph ရဲ့အောက်ကို ကျဆင်းသွားခဲ့ပါတယ်။ (၃) အင်အားအဆင့်ကလည်း Category One (74-95 mph) အဆင့်ကို လျော့ကျ သွားခဲ့ပြီဖြစ်ပါတယ်။
Typhoon 31W(Haiyan)
Date: 10-11-2013 Time; 1200 Z
Position: Lat:19.3N, Long: 108.1 E
Movement: 330 seg, 17 knots Wave: 23 feet
Wind: 75 knots Gust: 90 knots

(၂) (၁၀-၁၁-၂၀၁၃)ရက်ည(၁၀)နာရီအချိန် တိုင်းတာချက်များအရ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း(Ha Noi)မြို့ရဲ့ အရှေ့ဖက် 220 km(137 miles) အကွာ တုံကင်း ပင်လယ်ကွေ့ အတွင်း ရေပြင်ပေါ်တွင်ဗဟိုပြုနေပါတယ်။ ဗဟိုချက်အနီး အများဆုံး လေတိုက်နှုန်းမှာ 150 km/hr (93 mph) ရှိနေပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဟာ အနောက်မြောက်ဖက်ဆီသို့ တစ်နာရီ 30 km (18 miles) နှုန်းနဲ့ ရွေ့ လျှားနေပြီး နောက်(၁၂)နာရီအတွင်း ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဟနွိုင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နှိုင် တယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်

သို. …..ချစ်သူ


အကြောင်းညီညွတ်လို့  ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်…

အခု ကိုယ်ပို့ လိုက်တဲ့ စာကလေးကို ရရင် အမွှေးနှုတ်ပြီး ကျော်စားလိုက်ပါနော်…

မင်း ကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်ကမရှိဘူး…….

မင်း နဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်က ဈေးကြီးတာ မင်းအသိပေါ့…

မင်း ကို ကိုယ်နှစ်သက်ပေမယ့် မင်းရေငုပ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့…

အချစ် ရယ်…

ကိုယ် တစ်ယောက် ထဲ လျှောက်လှမ်း ခဲ့တဲ့ အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ့…

မင်းအချစ်ကိုသာမရရင် ကိုယ်လေ..

မထူးတော.တဲ. ဘ၀မှာ..

မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော.မယ်ကွာ…

ကိုယ် ဒီလို အရဲစွန့်ပြီး စာရေးတာကို စိတ် မဆိုးနဲ.နော်…

ငပိ စားပြီး အသိတရား မရှိဘူးလို့ တော့ မပြောလိုက်ပါနဲ.ကွာ…

ဂေါ်ဖီ စားပြီး တော်ကီပွားတာလဲ မဟုတ်ပါဘူး…

ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့…

အရှက်မရှိ သရက်စေ့ လဲ မဟုတ်ပါဘူး …

ကိုယ်ဟာ…

ရုပ်ကလာပ် က စုတ်ပြတ်..

ရူပါက ချူချာ..

သောက်ရုပ် က မြောက်စုတ်..

ပုံစံ က ဒုံပျံ နေပေမယ်.

အသည်းနှလုံးကတော. သိပ်ချစ်တတ်ပါတယ်…

ကိုယ်.ရဲ.စာကို မင်းမိဘတွေ တွေ့ သွားလို့ တော်တော်ဆူနေလား ?

ဆူရင် မီးဖို ပေါ်ကချပြီး လက်ဘက်ခြောက်ခတ်လိုက်နော်…

မင်းလေး… ကိုယ့်ဆီ စာပြန်ပါဦးနော်…

မင်းဆီက ပြန်လာမယ်. စာကလေးတွေကို..

ကိုယ်… လေသေနတ် နဲ. အသင့်ဆောင်.နေ မယ်.. အဲလေ မှားလို. အသင့်စောင်.နေမယ်…


မအောင့်နိုင်လို့


ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”

သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။

ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။

ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”

ကိုဒသဂီရိ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့ သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။

ကိုဒသဂီရိ နှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။

ကိုဒသဂီရိ - “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”

ကိုဇော်ဂျီ - “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”

ကိုဒသဂီရိ - “ဘယ်လိုဖြစ်လို့လဲကွ။”

ကိုဇော်ဂျီ - “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ---”
သေးပါထွက်သောဟာသများ

ဖူးခက်မြို့အဝင်တွင် အဝေးပြေးယာဉ် တိမ်းမှောက်မှု မြန်မာကိုးဦး ဒဏ်ရာရ


ရန်ကုန်၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ စီးနင်း လိုက်ပါလာသော အဝေးပြေး ယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖူးခက်မြို့အဝင် ပတန် (Patong) တောင်ပေါ်၌ တိမ်းမှောက်သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင် နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Phuket Wan ခရီးသွားဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Asian Institute of Technology (AIT) မှ ကျောင်းသား၊ ကျောင်းသူ နှစ်ရာ၏ လေ့လာရေး ခရီးစဉ်ကို အဝေးပြေးယာဉ် လေးစီးဖြင့် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ရာ ပတန် တောင်တက်ခရီးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ ယင်းတိမ်းမှောက်ခဲ့သော ယာဉ်သည် နောက်ဆုံးယာဉ် ဖြစ်ပြီး ခရီးသည် ၄၀ ကျော် လိုက်ပါလာခဲ့ကြောင်း အဆိုပါ သတင်းဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် မြန်မာနိုင်ငံသား ကိုးဦး၊ သီရိလင်္ကာ နိုင်ငံသား ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦး၊ ပါကစ္စတန် နိုင်ငံသားနှစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦး၊ နိုက်ဂျီးရီးယား နိုင်ငံသား တစ်ဦးနှင့် နီပေါ နိုင်ငံသားတစ်ဦးတို့ ထိခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသူ ၁၀ ဦးကို ဖူးခက်မြို့ရှိ Bangkok Hospital Phuket သို့ လွှဲပြောင်းထားသည်။

ယင်းဒဏ်ရာ ရရှိသူများတွင် ဦးခေါင်း ထိခိုက်သူ သုံးဦး၊ အတွင်းဒဏ်ရာ ရရှိသူ သုံးဦး ပါဝင်ပြီး ကျန်လူနာများမှာ ခြေထောက် ထိခိုက်မိသူများ ဖြစ်ကြောင်း Phuket Wan သတင်းဌာန ဖော်ပြချက်အရ သိရသည်။
“ယာဉ်မောင်းကတော့ ကားကိုပဲ အပြစ်တင်ထားတယ်” ဟု ယင်းခရီးစဉ်တွင် လိုက်ပါလာသော ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

ဖူးခက်ကမ်းခြေ လမ်းခရီးတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုမျိုး မကြာခဏ ဆိုသလို ဖြစ်လေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
The Voice Weekly

OIC လာရောက်မယ့် ခရီးစဉ်ကို ကန့်ကွက်မယ်


OIC မြန်မာနိုင်ငံသို့ ယခုလ ၁၅ ရက်နေ့မှာ လာရောက်မယ့် ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မှာ မနက်ဖြန် (၁၂ရက်နေ့) မှာ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

OIC က မြန်မာနိုင်ငံကို ယခုလ ၁၅ ရက်နေ့မှာ ရောက်မှာ ဖြစ်ပြီးတော့ ရခိုင်ကိုတော့ ၁၆ ရက်နေ့မှာ ရောက်မယ်လို့ သတင်းမီဒီယာတွေ မှာ ဖော်ပြကြပါတယ်။

အဲဒီအဖွဲ့ကို ရခိုင်ပြည်နယ်မှာလည်း ဆန္ဒပြဖို့ ဆုံးဖြတ်ထားကြပါတယ်။

OIC ဆိုတာ အစ္စလာမ်မစ် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးပါ။ သတိထားရပါမယ့် အဖွဲ့အစည်းပါပဲ။
Rakhine Citizen Journalists

မှတ်ချက်။ ။ လမ်းကြောင်းပါ ဓါတ်ပုံကို အွန်လိုင်းတွင် တင်ထားသူ မခွဲခြား နိုင်တော့ပါသဖြင့် အသိအမှတ်မပြုနိုင်ခြင်းကို နားလည်ပေးစေလိုပါသည်။
Shan News

မိုးပျံပူဖောင်းဖြင့် မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာအုပ်များ ချပေး


[ ဆိုးလ် ၊ နိုဝင်ဘာ ၁၀ ၊ Daily Mirror ]

ခရစ်ယာန် သင်းအုပ်ဆရာတော်ဖိုလီးနှင့် ကိုလိုရာဒိုအခြေစိုက်အဖွဲ Seoul USA သည် လွန်ခဲ့သည့်ခုနစ်နှစ် ကတည်းက ပေ၄ဝရှည်သော မိုး ပျံပူဖောင်းများနှင့် သမ္မာကျမ်းစာ အုပ်များကို သယ်ဆောင်စေလျက် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ချပေးနေခဲ့သည်။ မြောက်ကိုရီး ယားတွင် ခရစ်ယာဉ်ဘာသာကို ပိတ်ပင်ထားသည်။

လွန်ခဲ့သည့်နှစ်က ၎င်းတို့ သည် မြောက်ကိုရီးယားနိုင်ငံအ တွင်း ခန့်မှန်းခြေသမ္မာကျမ်းစာ အုပ်၅၀၀၀ဝခန့် ချပေးခဲ့သည်။ တရားမဝင်သော်လည်း မြောက် ကိုရီးယားတွင် ခရစ်ယာန်ဘာသာ ဝင်၁၀၀၀၀ဝခန့်ရှိမည်ဟု ဖိုလီးက ခန့်မှန်းထားသည်။ ၎င်းတို့အ နက် ၃၀၀၀ဝမှာ ထိန်းသိမ်းရေး စခန်း၌ ရောက်ရှိနေပြီး အလုပ် အလွန်အကျွံလုပ်ရခြင်း၊ ငတ် မွတ်ခြင်း၊ နှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ပင် ခံရသည် ဟုသိရသည်။ ''သူတို့ဟာ ကမ္ဘာ ပေါ်မှာ နှိပ်စက်အခံရဆုံး ယုံ ကြည်ကိုးကွယ်သူတွေပါ''ဟု ၎င်း ကFox News သို့ ပြောကြားခဲ့ သည်။

မြောက်ကိုရီးယားနိုင်ငံ သားများသည် ဂျူချီဝါဒကို စွဲ မြဲလိုက်နာရန် ဖိအားပေးခံနေရ သည်။ ၎င်းဝါဒမှာ မာ့က်စ်ဝါဒ နှင့် မြောက်ကိုရီးယားတည် ထောင်သူ ကင်အီဆွန်းနှင့် ၎င်း၏ အဆက်အနွယ်များကို ကိုးကွယ် မှုရောနှောထားသော ဝါဒဖြစ်သည်။ကျေးလက်ဒေသမှ ပြည်သူ များအနေဖြင့် သမ္မာကျမ်းစာအုပ် များကို မသိမသာကောက်ယူလိမ့် မည်ဟုဆိုသည့် မျှော်လင့်ချက်ဖြင့် သင်းအုပ်ဆရာ ဖိုလီးနှင့် ၎င်း၏အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ အတွင်း သမ္မာကျမ်းစာအုပ်များ ချပေးနေခြင်းဖြစ်သည်။

မြောက်ကိုရီးယားတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ပိုင် ဆိုင်ခြင်းသည် ပြစ်မှုတစ်ခုဖြစ် သည်။ ယင်းပြစ်မှုကို ကျူးလွန် သူနှင့် ၎င်း၏မိသားစုမှ မျိုးဆက် သုံးဆက်ကို အကျဉ်းစခန်းသို့ပို့ ကြောင်း သိရသည်။
Yangon Media Group

ကားလမ်းမဘေးရှိမီးစက်များ ဖယ်ခိုင်းခြင်းကြောင့် လုပ်ငန်းရှင်များ အခက်ကြုံ


ရန်ကုန်၊ နိုဝင်ဘာလ ၁၁။

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်စီးရေ တိုးတက်များပြား
လာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူသွားစင်္ကြနှင့်
လမ်းနယ်နိမိတ် အတွင်းရှိ မီးစက်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDCက နိုဝင်ဘာလ
၈ရက်နေ့က ဖယ်ရှားပေးရန် ကြေငြာခြင်းကြောင့်
လုပ်ငန်းရှင်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း မီးစက်ပိုင်ရှင်များက ပြောကြားသည်။

မီးစက်များအား ဖယ်ရှားခိုင်းခြင်းကြောင့် မီးစက်ထားရန်
နေရာအသစ် ရှာရမည့်အတွက် ဝန်ထုတ်ဝန်ပိုး အခက်အခဲ များစွာ ဖြစ် ပေါ်နေပြီး လျှပ်စစ်မီးအားကိုးလုပ်ကိုင်ရသော လုပ်ငန်းများဖြစ်သောကြောင့် လျှပ်စစ်မီး မရရှိချိန်တွင် လုပ်ငန်းလည်ပတ်မှုနှုန်း နှေးကွေးသွားနိုင်ကြောင်း မဟာ
ဗန္ဒုလလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ စားသောက်ကုန် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“မီးစက်တွေကလည်း ဝယ်ပြီးနေပြီ။ ဒါတွေကို ဖယ်ခိုင်းရင်
လျှပ်စစ်မီးမှန်ဖို့ လိုအပ်တယ်။ မီးမှန်ပြန်တော့လည်း
မီတာခက မီးစက်မောင်းသလောက် သွားကျနေတော့
တော်တော်လေးတော့ ခက်နေပြီ။ နေရာထပ်ရှာရမယ်
ဆိုတော့ ဝန်ထပ်ဝန်ပိုးတော့ ဖြစ်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြို့နေပြည်သူများ လျှပ်စစ်မီးသုံးစွဲမှု အဆင်ပြေစေရေး
အတွက် လူသွားစင်္ကြာများ လမ်းနယ်နိမိတ်များအတွင်း
မီးစက်များ ချထား သုံးစွဲ လျှောက်ထားမှုများကို နှစ်စဉ်ကြေး
ကောက်ခံ၍ ယာယီထားခွင့်ကို စည်ပင်သာယာရေး ကော်
မတီက ခွင့်ပြုပေးခဲ့ပြီး ယခု အခါနှစ်စဉ်ကြေးကောက်ခံမှုအား ယာယီရပ်ထားကာ မီးစက်များကိုလည်း ထပ်မံချထားခွင့်
မပြုတော့ကြောင်း YCDC၏ ထုတ်ပြန် ထားချက်များအရ
သိရသည်။

ရေးသားသူ - သက်သက်မိုးသူ
တည်းဖြတ် - ဂျူးဂျူးလှိုင်
People power

အရိုးပွရောဂါဆိုတာ


ကိုယ်ထဲမှာ ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ရှိရမယ့် အရိုးရဲ့ ကျစ်လျစ်သိပ်သည်းမှု (standard density of bone) မရှိတော့ရင် အရိုးပွရောဂါ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ရင် အရိုးတွေဟာ ကြံ့ခိုင်မှု မရှိတော့ဘဲ သာမန် ထိခိုက်မှုနဲ့တောင် ကျိုးလွယ်လာတာ အဓိက နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။ အရိုးကျိုးတာအပြင် အရိုးပွခြင်း အရမ်းဆိုးရင် ရိုးရိုးကျိုးရုံမက ကြေမွပျက်စီး တဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်လေ့ရှိတဲ့ အရိုးနေရာ တွေကတော့ ခါးရိုးဆစ်၊ တင်ဆုံရိုးနဲ့ လက်ကောက်ဝတ် နေရာတွေ ဖြစ်ပါတယ်။

ဆေးရုံမှာ အရိုးကျိုးလို့ ရောက်လာတဲ့ လူနာတွေကို အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ကြည့်ရင် များသော အားဖြင့် ဆယ်ယောက်မှာ ရှစ်ယောက်က လျော့နည်း နေကြတာ တွေ့ရပါတယ်။ အရိုးပွခြင်းဟာ လူတိုင်း အသက် အရွယ် ရလာတာနဲ့အမျှ ဂရုစိုက် ကာကွယ်သင့်တဲ့ ရောဂါ တစ်မျိုးမို့ အရိုးပွရောဂါရဲ့ လက္ခဏာ များနဲ့ ဖြစ်စေတဲ့ အကြောင်းရင်းများကို စာဖတ်ပရိသတ်များ သတိပြု ဖွယ်ရာ စုစည်း ဖော်ပြ ပေးလိုက်ရပါတယ်။
ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ

Common Errors in English Usages


ယနေ့ခေတ်သည် English language ကို အလေးထားသင်ကြားနေသောခောတ်ဖြစ်သည်။သတိမထားမိလို့ရေးမိပြောမိတဲ့အမှားလေးတွေကို ဖော်ပြပေးထားပါတယ်။

မှား- I had no kyats.
မှန်-I had no money.
ငါ့မှာပိုက်ဆံမရှိခဲ့ပါဘူး။
မှား-There ‘s no place for us.
မှန်-There ‘s no room for us.
တို့အတွက်နေရာမရှိဘူး။
မှား-There ‘s no place for doubt.
မှန်- There ‘s no room for doubt.
သံသယဖြစ်စရာမရှိပါဘူး။
မှား-I went to my house.
မှန်-I went home.
ငါအိမ်ပြန်သွားတယ်။
မှား-I got a free –ship.
မှန်-I got a free-student ship.
ငါ ကျောင်းလခလွတ်ကင်းခွင်ရတယ်။
မှား-Who paid your schooling fee?
မှန်- Who paid your school fee?
မင်းရဲ့ကျောင်းလခကိုဘယ်သူကပေးသလဲ။

မှား-The weather of Myanmar suited me.
မှန်- The climate of Myanmar suited me.
မြန်မာနိုင်ငံရဲ့ရာသီဥတုကကျွန်တော်နဲ့သင့်တင့်ပါတယ်။
မှား- Good night ,Sir ,have a seat.
မှန်- Good evening,Sir , have a seat.
မင်္ဂလာညနေခင်းပါခင်ဗျာ ။ထိုင်ပါခင်ဗျာ။
မှား- Put down your sign here.
မှန်-Put down your signature here.
ဒီနေရာမှာခင်ဗျားရဲ့လက်မှတ်ကိုထိုးပါ။
မှား-I got my fooding expenses.
မှန်-I got my food expenses.
ငါ့စားစရိတ်ကိုငါခံစရာရှိတယ်။
Pronoun အနေဖြင့်မှားတတ်သောအမှားများ

မှား-whom you think will pass?

မှန်- Who you think will pass?

ဘယ်သူအောင်မယ်လို့ မင်းထင်သလဲ။

မှား-Let you and I try.

မှန်-Let you and me try.

မင်းနဲ့ငါကြိုးစားကြည့်ရအောင်။

မှား-He saw both you and I.

မှန်- He saw both you and me

မင်းနဲ့ငါ နှစ်ယောက်စလုံးကိုသူတွေ့သွားတယ်။

မှား-Between you and I.

မှန်- Between you and me.

မင်းနဲ့ငါ စပ်ကြားမှာ။

မှား-I and he may go.

မှန်- He and I may go.

သူနဲ့ငါက သွားခွင့်ရှိတယ်။

မှား-I, you and Tom went.

မှန်-You ,Tom and I went.

မင်းရယ် ၊ တွမ်ရယ် ငါ ရယ်သွားခဲ့ကြတယ်။

မှား- I and You must part.

မှန်- YOu and I must part.

မင်းနဲ့ငါ ခွဲခွာကြရမယ်။

မှား-The climate of Indian is hotter than England.

မှန်- The climate of Indian is hotter than that of England.

အိန္ဒိယရဲ့ရာသီဥတု က အင်္ဂလန်ရာသီဥတုထက်ပိုပူတယ်။

မှား-One cannot be too careful of his purse.

မှန်- One cannot be too careful of one’s purse.

လူတစ်ယောက်ဟာကိုယ့်ပိုက်ဆံအိတ်ကိုအလွန်အမင်းဂရုစိုက်မနေနိုင်ဘူး။

မှား- I am not so old as him.

မှန်- I am not so old as he.

ငါက သူ့လောက်အသက်မကြီးသေးပါဘူး။

မှား-My sister is taller than her.

မှန်-My sister is taller than she.

ငါ့ညီမက သူ့ထက်အရပ်ရှည်တယ်။

မှား- He ‘s one of the greatest man who has ever lived.

မှန်- He ‘s one of the greatest men who have ever lived.

ပေါ်ထွန်းခဲ့တဲ့ပုဂ္ဂိုလ်ကျော်တွေထဲမှာသူကတစ်ယောက်အပါအ၀င်ဖြစ်တယ်။

မှား- I don’t like these sort people.

မှန်-I don’t like this sort of people.

ငါက ဒီလိုလူစားတွေကိုသဘောမတွေ့ဘူး။

မှား- Life has ups and downs.

မှန်-Life has its ups and downs.

ဘ၀ဆိုတာအတက်အကျရှိစမြဲပါ။

မှား- My son is taller than me

မှန်- My son is taller than I.

ငါ့ရဲ့သားက ငါ့ထက်အရပ်ရှည်တယ်။

မှား- Your’s truly.

မှန်- Yours truly.

သစ္စာရှိစွာဖြင့် ( ပေးစာ/ပြန်စာတွင်အဆုံးသတ်သည့်စကားလုံး)

မှား- It’s tail.

မှန်- Its tail.

သူ့ရဲ့အမြီး။

နေ့စဉ်သုံး English Dictionary & Myanmar Definitions

Phrasel Verb အဆက်ပါ။


apply to=လျှောက်ထားသည်(လူ)
He applied to the Director.
သူက ညွှန်းကြားရေးမှုထံ လျှောက်ထားတယ်။

apply for=လျှောက်ထားသည်(အကြေင်းအရာ၊ အလုပ်၊ အရာဝတ္ထ၊)
He applied for the post of a clerk.
သူက စာရေးရာထူးအတွက် လျှောက်ထားတယ်။
(He applied to the Director for the post of a clerk.)
သူက စာရေးရာထူးအတွက် ညွှန်းကြားရေးမှုထံ လျှောက်ထားတယ်။

ashamed of(ရှက်သည်)
Are you not ashamed of your conduct?
မင်းရဲ့ အပြုအမူအတွက် မင်းမရှက်ဘူးလား

attend on=အလုပ်အကျွေးပြုသည်(လူ)
The servant attended on his master.
အစေခံက သူ့သခင်ကို အလုပ်အကျွေးပြုတယ်။

attend to=အာရုံစိုက်သည်(စကား၊ သင်္ခန်းစား၊ အကြောင်းအရာ)
Students should attend to their lessons.
ကျောင်းသားတွေက သူတို့ရဲ့ သင်္ခန်းစာကို အာရုံစိုက်သင်ကြားသင့်တယ်။
(ဆင်ပါဦးမည်)

ပြောဆိုသွားလာအင်္ဂလိပ်စာ

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု


နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ ကျင်းပနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်း မရှိသော်လည်း NLD ပါတီ၏ သဘာပတိ အဖွဲ့နာယက ဦးတင်ဦးနှင့် သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ သဘာပတိအဖြစ် NLD ပါတီအဖွဲ့ နာယက ဦးတင်ဦးက ဆောင်ရွက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တရားလွှတ်တော်ရှေ့နေ့ ဦးကျော်ဟိုးတို့က ဟောပြောပွဲသို့ တက်ရောက်လာသူများအား ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအား ဆန္ဒပြုနိုင်ရန် ရှင်းလင်းဟောပြောခဲ့သည်။
NLD ပါတီအား အမျိုးသား ညီလာခံမှ ထုတ်ပယ်ခဲ့သည့် အခြေအနေ၊ ပါတီဝင်များ ဖမ်းဆီးထောင်ချ ခံရခြင်းနှင့် ပါတီအား ဖိနှိပ်ခံခဲ့ရသည့် အခြေအနေများ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့မှုများ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ မူဝါဒ သုံးရပ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများအား NLD သဘာပတိနာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
"ဒေါ်အောင်ဆန်းစုကြည်က အားလုံးပြောတဲ့ နေရာမှာ အဖွဲ့အစည်းတစ်ခု၊ တစ်ယောက်အတွက် မပြောရဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကိုပဲ လိုချင်ပါတယ်။ လူထုရဲ့ အစစ်မှန်သာလျှင် ခိုင်မြဲပါတယ်။ ဒါကြောင့်မိုလို့ လူထုနဲ့ ပတ်သက်လို့ ဆန္ဒကို ရယူရအောင်ဆိုတာ ဖြစ်လာတယ်။ ဒီလို အတွေးအခေါ်မျိုး ဒေါ်စုက ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကြတော့ တစ်ခုကတော့ ပြင်ဆင်ရေး၊ နောက်တစ်ခုကတော့ အသစ်ပြန်လည်ရေးရေး။ ကျွန်တော်တို့က ပြင်ဆင်ရေးရေး၊ အသစ်ပြန်ရေးရေး ဒီမကြိုက်တာဟာကတော့ တစ်ခုခု ပြင်ရမယ်။ ဖျက်ပစ်ရမယ်။ မမှန်ကန်တဲ့ အချက်တွေကို ဖယ်ရှားရမယ်ဆိုတာ ပြောပြီးသားပဲ" ဟု ဦးတင်ဦးက ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် သုံးနည်းသာရှိကြောင်း၊ ပထမ တစ်နည်းမှာ လွှတ်တော်ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းမှ ပြင်ဆင်ချင်ပါက ပြင်ဆင်၍ရသော ပြင်ရန်လွယ် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နောက်တစ်နည်းမှာ ၆၇ ရာခိုင်နှုန်းကျော် သဘောတူမှ ပြင်၍ရသော ပြင်ရန်ခက်သည့် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နောက်ဆုံးတစ်နည်းမှာ ၇၅ ရာခိုင်နှုန်း သဘောတူမှသာ ပြင်၍ရသော ပြင်ရန်အလွန်ခက်သည့် ဖွဲ့စည်းပုံဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံများတွင် မသုံးဘဲ ဆိုရှယ်လစ်စနစ် ကျင့်သုံးသည့် နိုင်ငံများတွင်သာ သုံးကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါ သုံးနည်းထက် ဘောင်ကျော်လွန်ပြီး ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်၍ရကာ လွှတ်တော်၌ အရပ်သားလွှတ်တော် ကိုယ်စားလှယ်မှာ ၇၅ ရာခိုင်နှုန်းသာရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထောက်ခံမှသာ ပြင်ဆင်၍ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ရှင်းလင်းပြောကြားသည်။
"ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုဖြစ်ဖို့ ပြင်ပြင်၊ သစ်သစ်၊ နောက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ဖို့လိုတယ်။ နိုင်ငံတော်အာဏာ ပြည်သူလူထုကို အပ်ဖို့လိုတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေလို ရှင်းရှင်းလင်းလင်း နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကို အပ်ဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ အနာဂတ်လှပမယ့် ဖွဲ့စည်းပုံ ပေါ်ပေါက်လာမယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ထို့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရယူသည့်အချိန်တွင် လွတ်လပ်ရေး ကြေညာစာတမ်း ရေးဆွဲခဲ့ကြောင်း၊ လွတ်လပ်ရေး ကြေညာစာတမ်း စာပိုဒ်ငါးတွင် ဗမာနိုင်ငံသည် လူတစ်ယောက်ပိုင်သည့် နိုင်ငံမဟုတ်ကြောင်း၊ ဗမာနိုင်ငံသည် လူတစ်စု တစ်ဖွဲ့ပိုင်သည့် အမွေအနှစ် မဟုတ်ကြောင်း၊ ဗမာနိုင်ငံသည် နိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသား ပြည်သူအားလုံးပိုင်သည့် အမွေအနှစ် ဖြစ်သည်ဟု ရေးသားထားကြောင်း၊ သို့သော် အဆိုပါ ကြေညာစာတမ်းနှင့် ဆန့်ကျင်သည့် မိမိတို့နိုင်ငံသား အားလုံးပိုင်သည့် နိုင်ငံကို လူတစ်ယောက်မှ နှစ်ပေါင်း ၅၀ အုပ်ချုပ်သည်ကို ခံခဲ့ရသည်အတွက် နောက်ပိုင်းတွင် ထိုကဲ့သို့မဖြစ်ရန် လွတ်လပ်ရေး ကြေညာစာတမ်းကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ဦးကိုနီက ဆက်လက်ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက အခမ်းအနားသို့ တက်ရောက်လာသူများအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းအား ထောက်ခံပါက လက်ထောင်ဆန္ဒပြုရန် ပြောကြားခဲ့ရာ ရာခိုင်နှုန်း ၉၀ ခန့်မှာ လက်ထောင်ဆန္ဒပြုခဲ့ပြီး အသံဖြင့် ဆန္ဒပြုရာတွင်လည်း ပြင်ဆင်ရေးအား သဘောတူကြောင်း သံပြိုင်ဆန္ဒပြုခဲ့ကြပြီး ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး လမ်းကြောင်းအား သဘောတူသည့်သူများ လက်ထောင်ပြရန် မေးမြန်းခဲ့ရာ NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ လက်ထောင်၍ အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့သည်။
"ဒါ ပြင်သည်ဖြစ်စေ။ အသစ်ဖြစ်စေ။ လူတွေက ပြောင်းတာကို လိုချင်တယ်။ အဲဒီတော့ မိမိတို့ဆန္ဒ သဘောထားကတော့ သစ်တာကြိုက်ရင်လည်း ပြောင်းတာကို လိုချင်တယ်။ ပြင်တာကို ဆန္ဒပြုရင်လည်း ဒီအခြေခံ ဥပဒေကို ငြင်းတယ်။ အတူတူပဲ။ ကျွန်တော် ခုနက ပြောသလိုပေါ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှင်းရှင်းပြောရရင် သုံးလို့မရပါဘူး။ သုံးလို့မရတဲ့ ဥပဒေကို လုပ်မယ့်လုပ်ရင် ဒါကြီးကို အသေးစိတ် လျှောက်ပြင်နေရင် ပြီးတော့မှာ မဟုတ်ဘူး။ ပြီးလည်းမပြီးနိုင်ဘူး။ အဲဒီတော့ ပြည်သူ့ဆန္ဒ သဘောထား အသစ်ကိုလို ချင်တယ်ဆိုတာပဲ ပြောဖို့ရှိတယ်လို့ ကျွန်တော်ယူဆတယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က အခမ်းအနား အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စက်တင်ဘာလ အတွင်းက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ခုနစ်ဖွဲ့ခွဲကာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်အဆင့်များအား ရှင်းလင်းဟောပြောမှုများ လုပ်ဆောင်ခဲ့ပြီး အများစုမှာ ပြင်ဆင်ရေး လမ်းကြောင်းကိုသာ ဆန္ဒပြုခဲ့ကြကာ ရန်ကုန်တိုင်း ဒေသကြီး၌လည်း ခရိုင်၊ မြို့နယ်များအပြင် ယခုကဲ့သို့ တိုင်းလုံးကျွတ်ပွဲ ပြည်သူ့ဆန္ဒသဘောထား ရယူပွဲအား ပြုလုပ်ခြင်းဖြစ်သည်။
Eleven Media Group