Hack ခံလိုက်ရသည့် သင့်၏ Facebook Account ကို ဘယ်လိုပြန်ယူမလဲ



အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။
Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။
နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။
အဆင့် ၃ – မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံကို ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ – ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password ကို ထည့်သွင်းပါ။
အဆင့် ၅ – မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ – Password အသစ်ကို ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် – ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။
အဆင့် ၃ – စာမျက်နှာ ဘယ်ဘက်အောက်ထောင့်ရှိ “I can’t identify my account” ကို နှိပ်ပါ။
အဆင့် ၄ – Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေပါ။
အဆင့် ၅ – Submit လုပ်ပါ။
မကြာမီတွင် Facebook က သင့်ကို ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account ကို ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။
ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များ မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဘဲ သတိထား သင့်ပါသည်။
မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email ကို အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

mmconsumerguide

အဓိကပြောချင်တာကရဲတပ်ဖွဲ့နဲ့ မိဘပြည်သူတွေကိုအခုချိန်ထိရန်တိုက်ပေးခံနေရတုန်းဆိုတာပါပဲ


ဒီပုံကိုမြင်ရတွေ့ရတော့ ကျွန်တော် ဝမ်းနည်းတယ် ဒီနိုင်ငံနဲ့ ဒီလူမျိုးကို ကျွန်တော်တို့ချစ်တယ် ကျွန်တော်တို့ရဲဆိုတာကလဲ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းလာတဲ့ ဒီလူမျိုးတွေမို့လို့ပါပဲ ဘာကြောင့် ရဲမဟုတ်တဲ့ ဒီနိုင်ငံကပြည်သူတွေက ရွံ့ရှာမုန်းတီးနေကြတာလဲ ဒီမေးခွန်းကို ကျွန်တော်မမေးရဲဘူး ပြန်ပြောလာမဲ့ ပြန်ဖြေလာမဲ့ အဖြေတွေထဲမှာ ကျွန်တော်တို့သိက္ခာတွေ ကျွန်တော်တို့ရဲ့အရှက်အကြောက်တရားတွေကို ချေဖျက်ပြစ်နိုင်တဲ့စကားလုံးတွေပါလာမယ်ဆိုတာကြိုသိနေလို့ပါပဲ အစွန်းနှစ်ဖက်ကြားမှာရပ်တည်နေရတဲ့လူတန်းစားကိုမီးစာတစ်ဖက်ရေမှုတ်တစ်ဖက်နည်းဗျူဟာနဲ့ထိန်းကျောင်းခံနေရသမျှ ပြည်သူကိုအပြည့်အဝမစောင့်ရှောက်နိုင်သလို ပြည်သူတွေရဲ့ရွံ့ရှာမုန်းတီးခြင်းကိုခံနေရမှာပါပဲ ။

၂၀၀၂ / ၂၀၀၃ လောက်က ရဲချုပ်စိုးဝင်းလက်ထက်လောက်ကပေါ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုပြီး အသွင်သဏ္ဍန်နဲ့အနှစ်သာရပြောင်းလဲရေးစီမံချက်ကြီးကိုဘယ်လိုပညာရှိတွေနဲ့ပူးပေါင်းရေးဆွဲလိုက်သလဲမသိဘူး ရေးတော့ရေးလိုက်တာပါပဲ အဲဒိစီမံချက်ကြီးရေးပြီးသွားတော့ အောက်ခြေကိုချပြတယ် ပြီးတော့ ဘယ်လူကြီးလာလာအဲဒိဘာမှန်းညာမှန်းမသိတဲ့ စီမံချက်ကြီးကို အလွတ်ဆိုပြရတယ် (ကျွန်တော်ကကင်းစစ်ရေးပြအဖွဲ့မှာပါလို့ပါ) ဒီလိုနဲ့ပဲ ယူနီဖောင်းတွေအရောင်ပြောင်းလဲလိုက်တယ် ဝန်ကြီးကရဲချုပ်ကိုခိုင်းတယ် ရဲချုပ်ကတိုင်းမှူးကိုပြန်ခိုင်း တိုင်းမှူးကခရိုင်မှူးပေါ့ အဲလိုအဆင့်ဆင့် ပါးစပ်နဲ့အသွင်သဏ္ဍန်ကြီးပြောင်းလဲပြစ်လိုက်တာ နောက်ဆုံးကျွန်တော်တို့အောက်ခြေကိုရောက်လာတဲ့အခါမှာ သူတို့ပြောင်းခိုင်းသလိုပြောင်းဖို့ ငွေလိုလာတယ် ..အဲံဒိလိုငွေအတွက် ချဲဒိုင်တွေ အရက်ပုန်းဆိုင်တွေ ဖဲဝိုင်းဒိုင်တွေ အမှုသည်တွေအပေါ် လုံးလုံးတာဝန်ရှိသွားခဲ့ရတယ် သူတို့ကလဲငါ့သားလေးငါ့ညီလေးငါ့အကိုကြီး ဆိုပြီးချစ်လို့ခင်လို့ပေးတာမဟုတ်ဖူး သူတို့လုပ်ငန်းမှာအနှောင့်အယှက်ဖြစ်မှာစိုးလို့သောက်မြင်ကပ်ကပ်နဲ့ပေးရရှာတာလေ ...

ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့သိက္ခာတွေ အရှက်တရားတွေ ကိုအထက်လူကြီးတွေရဲ့လိုအင်ဆန္ဒအရ ရောင်းစားလိုက်ရတယ် ကျွန်တော်တို့တပ်ဖွဲ့ကြီးကို တကယ်ပဲအသွင်သဏ္ဍန်နဲ့အနှစ်သာရတိုးတက်စေချင်လား လွယ်လွယ်လေး ရော့ဒီမှာ လစာရိက္ခာ ဒီမှာနေဖို့ ဒီမှာဝတ်ဖို့ ဒီမှာလုပ်ငန်းအသုံးစရိတ် လုံလောက်လား တရားဥပဒေစိုးမိုးရေးလုပ်ငန်း ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်း တွေဆောင်ရွက်ဖို့ဘာလိုအပ်သလဲ ပြန်တင်ပြ ။ ငါ့တို့ဖက်ကဖြည့်ဆည်းပေးမယ် အဲဒိလုပ်ငန်းတွေအောင်မြင်အောင် ဆောင်ရွက်ပေးဖို့က မင်းတို့တာဝန်ပဲ တာဝန်မကျေရင်တော့ထိထိရောက်ရောက်အပြစ်ပေးအရေးယူမယ် ဒါပဲ ။ မလွယ်ဘူးလား မရှင်းဘူးလား ဟိုစီမံချက်ဒီစီမံချက်တွေလျှောက်ဆွဲမနေနဲ့ အလုပ်ရှုပ်တယ် စာရွက်ဖိုး ကွန်ပျုတာစာစီခ မိတ္တူဆွဲခ ကုန်တယ် ။ ဒီတော့ ရှင်းရှင်းပြောရရင် အမှန်တကယ်ပဲဒီတပ်ဖွဲ့ကြီးကို တိုးတက်စေချင်တာမှ ဟုတ်ရဲ့လား လုပ်ငန်းတစ်ခုခုခိုင်းလိုက်တိုင်းလိုအပ်လာမဲ့ လုပ်ငန်းအသုံးစရိတ်တွေကို ဒုစရိုက်သမားတွေဆီကရှာလိမ့်မယ် ...

ဒါဆိုရင်ဒီတပ်ဖွဲ့ကြီးပြည်သူကြားမှာတောင်ရမ်းစားသောက်နေရလိမ့်မယ် ဒီတော် တပ်ဖွဲ့ဂုဏ်သိက္ခာကျလိမ့်မယ် အများအမုန်းကိုခံရလိမ့်မယ် အများပြည်သူတွေရဲ့ရွံ့ရှာခြင်းကိုခံရလိမ့်မယ် ။ ဒါမှ ပြည်သူနဲ့ရဲတပ်ဖွဲ့ ပေါင်းစပ်လို့မှမရပဲ အငြိုးအတေးတွေဖြစ်လာမယ် ဒီတော့အဲဒိအင်အားနှစ်ရပ်မပူးပေါင်းသေးသရွေ့ငါတို့လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့ နေမဝင်ဗျူဟာအတိုင်းများ ကျင့်သုံးနေခဲ့သလား ? ကျွန်တော်တို့ရဲတပ်ဖွဲ့ကတော်လှန်ခဲ့ဖူးတယ် သူပုန်ဗိုလ်ဖြစ်သွားတဲ့ ဗိုလ်မြက ရဲဒုတပ်ကြပ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ် ဒီတော့ အဲလိုမဟုတ်မခံပြန်တော်လှန်တတ်တဲ့ ဒုတိယလက်နက်ကိုင်တပ်ဖွဲ့ကြီးကို ဂုတ်ချိုးနှိမ်ထားမှသာ ငါတို့နောင်ရေးစိတ်အေးရမယ် ဆိုတဲ့အတွေးစိတ်ကူးမျိုးဘယ်သူတွေးဖူးမလဲ? ဆိုတာကျွန်တော် စဉ်းစားမိတယ် ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့အရေးပါတဲ့နေရာတိုင်းမှာဆဲလ်တွေသွင်းထားခဲ့တယ် ။ second way ဆိုတာမရှိဘူးလို့မပြောနိုင်ဘူးလေ ထားပါတော့ ဒါတွေဆက်ပြောရင်ကျွန်တော့်အတွေးတွေကကုန်ဆုံးသွားမယ်မထင်ဘူး ။ အဓိကပြောချင်တာက ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ မိဘပြည်သူတွေအခုချိန်ထိရန်တိုက်ပေးခံနေရတုန်းဆိုတာပါပဲ ဘာကြောင့်လဲဆိုတော့ တိုင်းတပ်ဖွဲ့မှူးနဲ့အထက်အရာရှိကြီးများက အများပြည်သူနဲ့စကားပြောဆိုဆက်ဆံတဲ့နေရာ အရမ်းသိမ်မွေ့လွန်းတယ် အရမ်းသီးခံနေလွန်းတယ် အရမ်းချိုသာလွန်းတယ် ဒါပေမယ့်အဲဒိလူကြီးတွေရဲ့ အောက်ခြေကိုပေးတဲ့အမိန့်မှာ ပြင်းထန်းလွန်းနေတာဟာ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးဖြစ်နေသလို အောက်ခြေရဲတပ်ဖွဲ့ဝင်စစ်စစ်တွေနဲ့ ပြည်သူကိုအံချော်စေသလိုပါပဲ အောက်ခြေကပြဿနာတစ်ခုခုဖြစ်လာတော့ အကြိမ်ကြိမ်ညွှန်ကြားထားသော်လည်း လိုက်နာမှုမရှိ ဆိုပြီးအပြစ်ပေးအရေးယူပြလိုက်တယ် ဒါဟာ ထိုးကျွေးတာပဲ နေပြည်တော်ဖြစ်စဉ် မအူပင်ဖြစ်စဉ် တွေကိုပဲကြည့် ။ ဒီတော့ ကျွန်တော်အိမ်ကြက်ဘဝကအမြန်လွတ်မြောက်ချင်နေပါပြီ ကဲခင်ဗျားတို့ရော ။

အိုးမဲအသုတ်ခံနေဦးမှာလား မျက်စိဖွင့်ကြည့်ပေးပါ ။ နားတွေစွင့်ထားပေးပါ ။ ဒီလိုပြောလို့ ငါတို့က ထတော်လှန်ရမှာလား ဆိုပြီးတောင်တွေးမြောက်တွေးလျှောက်မတွေးနဲ့ဦး ကျွန်တော်ပြောချင်တဲ့သဘောက ရဲဆိုတာကလဲ ဒီနိုင်ငံက ဒီလူမျိုးထဲကပေါက်ဖွားလာတာပါ ။ အခြားတိုင်းပြည်ကလာအုပ်ချုပ်တဲ့ ကျူးကျော်သူတွေမဟုတ်ပါဘူး ။ ဒီတော့ ရဲတပ်ဖွဲ့ဝင်တွေပိုက်ဆံတောင်းနေတာများတွေ့ရမြင်ရရင် ဒီရဲဒုက္ခရောက်သွားအောင်တိုင်လိုက်တာထက် ဘာကြောင့်တောင်းနေရလဲဆိုတာကို အခြေခံကျကျနားလည်သိရှိအောင် လေ့လာပြီးပြုပြင်ဆုံးမပေးပါလို့ ကျွန်တော်ကတောင်းပန်ချင်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ကဟိုးနှစ်ပေါင်းများစွာကတည်းက ပြည်သူဆီကတောင်းလို့ရတဲ့ပိုက်ဆံနဲ့ပဲ ပြည်သူ့ကိုကာကွယ်စောင့်ရှောက်ပေးရတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်လာခဲ့ရပါတယ် ။ အခုလဲဒီအတိုင်းပါပဲတောင်းနေရတုန်းပါပဲ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဘာအဖွဲ့ညာအဖွဲ့ဆိုတာကြီးပေါ်လာလို့ မတောင်းရတော့ဘူးလို့တထစ်ချမယူဆပါနဲ့ဦး အခုချိန်ထိ လှည့်ကင်းလှည့်ဖို့ နိုင်ငံတော်ကဘာတစ်ခုမှထုတ်မပေးနိုင်သေးပါဘူး စက်ဘီးတွေဝယ်ဖို့တင်ဒါခေါ်တုန်းပဲရှိပါတယ် ။ ယူနီဖောင်း လက်ထိပ် စကားပြောစက် ချပ်ဝတ်တန်ဆာ ဘာတစ်ခုမှအလကားမရသေးပါဘူး ။ ဒီတော့ ကျွန်တော်တို့တောင်းနေရဦးမှာပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကိုပေးတဲ့အမိန့်က ဟိုးအရင်ကအတိုင်းပါပဲ ။ မိုက်ကရိုဖုန်းရှေ့မှာပြောင်းလဲသွားတဲ့စကားတွေကြောင့် အရာအားလုံးပြောင်းလဲသွားပြီလို့ မထင်ပါနဲ့ အဲလိုထင်လိုက်ရင် ခင်ဗျားလူလိမ်ခံလိုက်ပြီလို့မှတ်လိုက်ပါ ။ စကားလုံးလှအောင်ပြောဖို့ကလွယ်ပါတယ် ။ အလုပ်တွေလှပဖို့အတွက် လိုအပ်ချက်တွေအများကြီးရှိပါတယ် ။
ကျေးဇူးတင်ပါတယ်
မင်္ဂလာရှိသောနှစ်သစ်မှာ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။(Real Felling)

Dawnmanhon

အမြန်လမ်းမကြီးပေါ်တွင် ကိုယ်တွေ့ကြုံခဲ့ရသူ၏ ရင်ဖွင့်သံ




 မိမေ facebook ကို မသုံးဘဲ ပြစ်ထားတာ ကြာပါပြီ။ ဘာ post မှ ရေးမတင်ဖြစ်ဘူး။ ဘာရယ်မဟုတ်ပါဘူး။ အဝိုင်းလည်နေတာကို မစောင့်ချင်လို့ မသုံးတာပါ။ အခုတော့ ----ဒီလိုပါ။ အမြန်လမ်းပေါ် ည ၁၁ နာရီဝန်းကျင်။ ဖြူးနဲ့ နေပြည်တော်ကြား။ မိုင်တိုင် ၁၅၀/၁မှာပေါ့။ အမြန်လမ်းဆိုတော့ ကီလို ၁၀၀ တော့ ဘယ်ကားမဆို မောင်းကြပါတယ်။ ၁၀၀ တောင် ကျော်ချင်ကျော်မယ်ထင်တယ်။ အဲဒီမှာ----မိမေတို့ ကားရှေ့မှာ mark x ကားလေးမောင်းနေတယ်။ mark x ရှေ့မှာတော့ 97 တစ်စင်းရှိပါတယ်။ ည ၁၁ နာရီလောက်ဆိုတော့ တအား မိုးမချုပ်သေးပါဘူး။ ဘာဖြစ်သလဲ ဆိုတော့----အမြန်လမ်းပေါ် မီးပိတ်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးက သူ့ဆိုင်ကယ်ပေါ်ကနေ ကွန်ကရစ်တုံးကို ပစ်ချလိုက်တယ်။ ရုတ်တရက်ဆိုပေမယ့် 97 က ကျင်လည်စွာ ရှောင်တိမ်းနိုင်တော့ လွတ်သွားတယ်။ မိမေတို့ ကားရှေ့က mark x ကတော့ ကံဆိုးသွားပါတယ်။ ကွန်ကရစ်တုံးကို တည့်တည့်ဝင်ဆောင့်ပစ်တယ်။ ကားက တုံ့ကနဲ မဆိုသာတောင် ရပ်သွားတာတော့ အမှန်ပဲ။ နောက်ကားပေါ်က မိမေတို့က ရှေ့ကားကို mark x က ဝင်ဆောင့်မိသလားလို့ ထင်နေမိတာ။ အမြန်လမ်းပေါ် ဘာတိုက်စရာ ရှိမှာလဲ။နောက်မှသိတယ်။ ဆိုင်ကယ်သမား ပစ်ချသွားတဲ့ ကွန်ကရစ်တုံးကို mark x က ဝင်ဆောင့်လိုက်တာပါ။ mark x ကားဟာ အင်ဂျင်ကွဲထွက်သွားပါတယ်။ တခုကံကောင်းတာက ကား security system မြင့်မားလို့ ဘယ်သူမှအသေအပျောက် မရှိခဲ့ဘူး။မိမေတို့လည်း ကားရပ်ပြီး အကူအညီပေးရတော့တာပေါ့။ mark x မောင်းလာတဲ့ ကိုလူချောလေးဆို ကြောက်ပြီးတုန်နေရှာတယ်။ မိမေလည်း လန့်တာပဲ။ အမြန်လမ်းပေါ်မှာ ကျောက်တုံး ပစ်ချပြီး ခရီးသွားတွေကို ယာဉ်တိုက် ယာဉ်မှောက် ဖြစ်အောင်လုပ်ပြီး လုယက်နေတဲ့ သတင်းတွေ မိမေတို့ ကြားဖူးပါတယ်။ အစက ကောလဟာလမှတ်နေတာ။ ခုတော့ တကယ်ပဲကိုး။ မိမေတို့က ကားရပ်ပြီး မိမေ အကိုတွေက အကူအညီပေးနေတော့ အလစ်သုတ်သမားတွေ mark x ကို မလုနိုင်ပါဘူး။ ဒါတောင် ခပ်လှမ်းလှမ်းမှာ မီးပိတ်ထားတဲ့ ဆိုင်ကယ်သုံးစီးနဲ့ လူ ၆ ယောက်က ပေစောင်းစောင်းနဲ့ လှမ်းကြည့်နေသေးတာ။ မိမေဖြင့် ကြောက်လိုက်တာလေ။အမြန်လမ်းလား မပြန်လမ်းလား။









The Mirror Daily

မန်းဝန်ကြီးချုပ်နေအိမ် မီးလောင်မှု နှုတ်ဆိတ်နေသော်လည်း ဈေးချိုဟိုတယ်မီးလောင်မှု နာရီပိုင်း အတွင်း သတင်းထုတ်ပြန်

ဧပြီလ ၁၉ရက် ည ၈နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့သည့် မန္တလေးတိုင်း လွှတ်တော်ဝင်းအတွင်းရှိ မန္တလေးတိုင်း ဝန်ကြီးချုပ်၏ နေအိမ်ကို လာရောက် ငြိမ်းသတ်ပေးသည့် မီးသတ်ကားများကို လွှတ်တော်ဝင်းရှေ့၌ တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး)

Written By အောင်ကိုဦး

မန္တလေးမြို့ ၂၄ လမ်းပေါ်၊ ၆၅ လမ်းထောင့်ရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ ရက်၊ ည ၈ နာရီ ၃၀ ခန့် မီးလောင်ကျွမ်းမှုအပေါ် မည်သည့်ဌာန ဆိုင်ရာကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက်က ဈေးချို ဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။



ဝန်ကြီးချုပ်အိမ် မီလောင်းကျွမ်းမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် အဆိုပါဖြစ်စဉ်ကို ၎င်းတို့ဌာနက ကိုင်တွယ်ခြင်းမရှိဘဲ မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကသာ တာဝန်ယူထားသည်ဟု ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီ အချိန် တာဝန်ကျ တာဝန်မှူးက ပြန်လည် ဖြေကြားသည်။

ထို့ကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးဌာနသို့ မေးမြန်းရာတွင်လည်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၎င်းတို့ဌာနက မသိရှိ၍ ဖြေဆိုရန် မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသာ တိုက်ရိုက်သွားရောက် မေးမြန်းပါဟု ဧပြီလ ၂၀ရက်က တာဝန်မှူးအဖြစ် ထမ်းဆောင်နေသူ အမျိုးသမီးက ပြန်လည်ဖြေကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဝန်ကြီးများ အစည်းအဝေး လုပ်နေသောကြောင့် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဟုသာ အစိုးရဖွဲ့ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများကို ဧပြီ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဖြစ်ပွားနေချိန် လာရောက်သတင်းယူကြသည့် သတင်းထောက်များ ဓာတ်ပုံမှတ်တမ်းယူရာ၌ပင် ဟန့်တားမှုများ ကြုံတွေ့ခဲ့ရသည်။

"ဒါက မဖြစ်သင့်ဘူးပေါ့ဗျာ၊ မီးလောင်တာ လောင်တာပေါ့။ ဘယ်သူ့အိမ် မီးလောင်လောင် သတင်းယူရမှာပဲ၊ အခုဟာလုံးဝကိုတားတာ၊ ဒါကိုနားမလည်ဘူး၊ ပွင့်လင်းမြင်သာဆိုတာကို ဘယ်လိုလက်ခံရမှာလဲ၊ ဘယ်လိုယုံကြည်ရမှာလဲ၊ ကျွန်တော်တို့ကတော့ နားမလည်ဘူး"ဟု DVB သတင်းထောက် ဘကြီးအောင်က မဇ္ဈိမ ကိုပြောသည်။

ထိုသို့ ၀န်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှုအပေါ် နှစ်ရက်ခန့်ကြာသည်အထိ မည်သည့် ဌာနကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက် ၃နာရီကျော်ခန့်တွင် မန္တလေး ဈေးချိုဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ် ဌာနက နာရီပိုင်းအတွင်း သတင်း ထုတ်ပြန်ခဲ့သည်။

ဈေးချိုဟိုတယ် ဒုတိယထပ်ရှိ ငွေစာရင်းဌာန Computer UPS အပူလွန်ကဲရာမှတစ်ဆင့် မီးလောင် ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄၂သိန်းခန့် ရှိသည်ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ကွန်ပျူတာ ၅ လုံး၊ လက်နှိပ်စက် တစ်လုံး၊ ကွန်ပျူတာစားပွဲ ၉ လုံး၊ အသားဗီဒို ၂လုံး၊ အလူမီနီယံစားပွဲ ၁၁ လုံး၊ နံရံကပ်ဗီဒို ၂ လုံး၊ အဲယားကွန်း ၂ လုံး၊ CCTV ၁လုံး၊ ဝိုင်ဖိုင် အင်တာနက်ဆာဖာ ၁ လုံး၊ ၂၀x၃၅ ပေ အခန်းတစ်ခန်း ပျက်ဆီးခဲ့ပြီး လူ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဈေးချိုဟိုတယ် ဒုတိယအထွေထွေမန်နေဂျာ (DGM) ဦးကျော်သူရိန်ကို ပ-၃၃၇/၂၀၁၄/ ပုဒ်မ၂၅၈ဖြင့် အမှတ် ၈ ရဲစခန်း အရေးယူထားသည်ဟုလည်း သတင်းထုတ်ပြန်မှုတွင် ပါဝင်သည်။ ထိုသို့ ဈေးချိုဟိုတယ် မီးလောင်မှုကို နာရီပိုင်းအတွင်း ဆုံးရှုံးမှုတန်ဖိုးများ တွက်ချက် ထုတ်ပြန်သော်လည်း ၀န်ကြီးချုပ် နေအိမ်မီးလောင်မှုကိုမူ ယနေ့တိုင် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေး၍ မန္တလေးမြို့ခံများက ဝေဖန်မှုများ ရှိလာသည်။

ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မှန်ကန်သည့် သတင်းထုတ်ပြန်မှုမျိုး လုပ်ဆောင်မှသာလျှင် တရားဥပဒေစိုးမိုးမှုနှင့် တိုင်းအစိုးရအပေါ် ပြည်သူတို့ ယုံကြည်မှု ပိုမိုလာနိုင်မည်ဟု မြို့ခံအချို့က ပြောသည်။

မဇ္ဈိမ

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု


၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်
ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့
အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာ
ကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့်
သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်
တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသောအခက်အခဲများအား ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
အခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူး
ဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်း
တွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါ
တယ်။

Myanmar Forward

သွေးတိုးရောဂါလက်တွေ့ ပျေက်ကင်းတဲ့ သဘာဝဆေးနည်း


သွေးရောဂါဝေဒနာရှင်များ သွေးတိုးလာပါက ဗန်ဒါရွက်နုနုလေးကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပါ။ တစ်နေ့ကို ၃ ခွက်ပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ ပျောက်ကင်းသွားပါမည်။

လွယ်ကူစွာရနိုင်ပြီး ငွေကုန်လည်း သက်သာတဲ့အပြင် သဘာဝဆေးနည်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။

ကျနော့်သူငယ်ချင်းများ၊ အသိမိတ်ဆွေများလည်း ထိုဆေးနည်းအတိုင်း သွေးတိုးရောဂါများ ပျောက်ကင်းသွားကြပါတယ်။

သွေးတိုးရောဂါဝေဒနာရှင်များကို ကူညီသောအားဖြင့် Share ပေးနိုင်ကြပါတယ်။

by Mitte Sky

(Messsage မှ ပေးပို့လာသော ဆေးနည်းအား အများသူငှါသိရှိနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါသည်)

ကျန်းမာရေးသတင်းများ

လာမည့် သင်္ကြန် တွင် Light Truck ယာဉ် ပေါ်ပါ လူဦးရေကန့်သတ်ချက် များအား ထုတ်ပြန်သွားမည်


ယခုနှစ်သင်္ကြန်အတွင်း Light Truck ယာဉ်များ မဆင်မခြင်မောင်းနှင်မှုနှင့် လူဦးရေ ပိုမို တင်ဆောင်မှုများ ကြောင့် အခြားယာဉ်များထက်ယာဉ်တိမ်းမှောက်မှုများ ပိုမိုဖြစ်ပွားခဲ့သဖြင့် လာမည့်သင်္ကြန်ရက်ကာလများတွင် Light Truck ယာဉ်များနှင့်ပတ်သက်၍ ယာဉ်ပေါ်စီးနင်းမည့် လူဦးရေကန့်သတ်ချက်များ ထုတ်ပြန် သွားမည် ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရ သည်။

“သာမန်အားဖြင့် Light Truck ယာဉ် တွေအနေနဲ့ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုမိုတင်ဆောင်ပြီး အရှိန်ပြင်းမောင်းနှင်မှုနဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့် ဒီနှစ်သင်္ကြန်မှာ ယာဉ်မတော်တဆမှုတွေ ပိုဖြစ် လာတယ်။ ဒါကြောင့် နောက်နှစ် သင်္ကြန်တွေမှာ ဒါနဲ့ပတ်သက်ပြီး အသိပေးနှိုးဆော်ကန့်သတ်ချက် စည်းကမ်း တွေကို ထုတ်ပြန်သွားဖို့ရှိပါတယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ယခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၆၂ ခုမှ ဒဏ်ရာရရှိသူ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၆၇ဦးနှင့် သေဆုံးသူ အမျိုးသား ၁၃ ဦး၊အမျိုးသမီး ၂ ဦးရှိခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆဖြစ်စဉ်များတွင် Light Truck ယာဉ်များမှာ မှုခင်းဖြစ်စဉ်ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် ၁၃ မှုနှင့် နယ်နိမိတ်ပြင်ပတွင် တစ်မှုဖြင့် စုစုပေါင်း ၁၄ မှုထိဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူ ၇၀နှင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်းသိရသည်။

ယခုနှစ် သင်္ကြန်ရက်များတွင် ယာဉ်မတော်တဆဖြစ်စဉ် ၆၂ ခုဖြစ်ပွားခဲ့သော အကြောင်းအရင်းများ ကိုပြန်လည် သုံးသပ်ကြည့်ပါက ယာဉ်မောင်းသူ၏ မဆင်မခြင်မောင်းနှင်မှု၂၁ မှု၊ လမ်းကူးသူပေါ့ဆမှု လေးမှု၊ခရီးသည် ပေါ့ဆမှုကြောင့် နှစ်မှု၊ အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ၁၆ မှု၊ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှု၁၇ မှု၊ အရက်သေစာသောက်စားမောင်းနှင်မှု ၂ မှုတို့အားတွေ့ရှိခဲ့သည်။

ပါဝင်ခဲ့သော ယာဉ် အမျိုးအစားအရ မှုခင်းဖြစ် စဉ်များမှာကိုယ်ပိုင်ယာဉ်များကြောင့် ၃၀ မှု၊အငှားယာဉ်များကြောင့် ငါးမှု၊ခရီးသည်တင်ယာဉ်များ ကြောင့် ခြောက်မှု၊ မော်တော်ဆိုင်ကယ်
များ ကြောင့်၁၃မှု၊တက္ကစီယာဉ်များကြောင့် လေးမှု၊ထော်လာဂျီများ ကြောင့်၎ မှုရှိခဲ့သည်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ၄၉ မှုနှင့်နယ်နိမိတ်ပြင်ပတွင် ၁၃ မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဒီနှစ်သင်္ကြန်မှာ ရေကစားတာပိုများလာသလို ကားတွေထွက်လာတာလည်း များလာပါတယ်။ ဒီအချက်တွေ ထဲမှာ ယာဉ်တွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်တာပါတယ်။လစဉ် ယာဉ်တစ်သောင်းကျော် တိုးလာတာ လည်းပါပါတယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှဒုတိယရဲမှူးကြီး လင်းထွဋ် ကပြော သည်။
ယခုနှစ် သင်္ကြန်ရက်များအတွင်းယာဉ်မတော်တဆဖြစ်မှုများထက်ယခင်နှစ်ထက် ၁၆ မှု ပိုမိုဖြစ်ပွား ခဲ့ပြီး၂၀၁၃ ခုနှစ်တွင် ယာဉ်မတော်တဆမှုဖြစ်စဉ် ၄၆ မှုတွင် ဒဏ်ရာရရှိသူ ၉၂ ဦးနှင့် သေဆုံးသူ လေးဦးသာရှိ ကြောင်းသိရသည်။
စိုးအောင်ဖေ

MOI Webportal Myanmar

လူကုန်ကူးခံရသူ အမျိုးသမီးနှစ်ဦးအား တရုတ်နိုင်ငံမှ လွှဲပြောင်းပေး


နေပြည်တော် ဧပြီ ၁၉

တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသူရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှမြန်မာအမျိုးသမီး နှစ်ဦးအား ဧပြီ ၁၁ ရက်နံနက် ၁၀ နာရီတွင် ရွှေလီလူကုန်ကူးအထူးအဖွဲ့မှမူဆယ်မြို့နန်းတော်စစ်ဆေးရေးဂိတ်သို့ လာရောက် လွှဲပြောင်းပေးသဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(မူဆယ်)မှ လက်ခံခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံရသူနှစ်ဦးအနက် ရှမ်းပြည်နယ်နမ္မတူမြို့မှ အမျိုးသမီးမှာ ယခင်က တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသဖြင့် ၂၀၀၉ ခုနှစ်တွင်တရုတ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(မူဆယ်)သို့ လွှဲပြောင်းပေးခဲ့သူဖြစ်သည်။ ထိုစဉ်က ၎င်းသည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ တရုတ်အမျိုးသား ရန်ဖန်ဟုန်း ဆိုသူထံ ပို့ဆောင် ရောင်းစားခံရ၍ နှစ်နှစ်ပေါင်းသင်းကာ ကလေးတစ်ဦးရရှိခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့မှစစ်ဆေးတွေ့ရှိကာ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် တရုတ်အမျိုးသားခင်ပွန်းနှင့် ပြန်လည်ပေါင်းသင်းရန် စီချွမ်ပြည်နယ် သို့ လိုက်သွားခဲ့ပြီး သုံးနှစ်ကျော်ပေါင်းသင်းနေထိုင်ခဲ့ရာ ရန်ဖန်ဟုန်က မကြာခဏ ရိုက်နှက်ဆဲ ဆိုကြိမ်းမောင်းခြင်း ပြုလုပ်သဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထွက်ပြေးစဉ်အခြားတရုတ်အမျိုးသား ဝမ်ချန်ကွေ ဆိုသူနှင့် တွေ့ရှိ ကာ နှစ်ဦးသဘောတူ ချစ်ကြိုက်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ သုံးလခန့် အကြာတွင်ယခင်ယောက်ျား ရန်ဖန်ဟုန်က ပြန်လည်ပေါင်းသင်းရန်လာရောက် ခေါ်ဆောင်သည်ကို၎င်းက လက်မခံသဖြင့် ရန်ဖန်ဟုန်က တရုတ် ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်တန်းခဲ့၍ မတ် ၆ ရက်တွင် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးတရုတ်အချုပ် ထောင်တွင် တစ်လထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခြင်းခံရကြောင်း သိရသည်။
လူကုန်ကူးခံရသူနောက်တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှဖြစ်ပြီး ၎င်းသည် ခင်ပွန်းဖြစ်သူနှင့် အတူ ၂၀၁၁ ခုနှစ်တွင် မူဆယ်သို့သွားရောက်ကာ ရွှေလီတွင်ကျောက်သွေးလုပ်ငန်းလုပ်ကိုင်စဉ် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင်မအေးရင်ဆိုသူနှင့်တွေ့ရှိခင်မင်ခဲ့ပြီး မအေးရင်ကတရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက ငွေအဆင်ပြေကြောင်း၊ တရုတ်ငွေယွမ် ၁၀၀၀၀ရမည်၊ တရုတ်ယောက်ျားနှင့် ပေါင်းလိုကပေါင်းနိုင်ပြီး မပေါင်း လိုက ပြန်ထွက်ပြေးလာနိုင်ကြောင်း စည်းရုံးပြောဆိုပြီး ဇန်နဝါရီ ၁၉ ရက်တွင် မအေးရင်က တရုတ်နိုင်ငံ ပန်ပုံရွာသို့ခေါ်ဆောင်သွားကာ အမည်မသိတရုတ်နိုင်ငံသား အမျိုးသမီး နှစ်ဦးမှတစ်ဆင့် ၎င်းအား တရုတ်အမျိုးသားတစ်ဦးနှင့် ထည့်ပေးလိုက်ကြောင်း၊ အဆိုပါ တရုတ်အမျိုးသားက ရှမ်းမနှစ်ဦးနှင့် မအေးရင် တို့အား ယွမ် ၂၇၀၀၀ ပေးခဲ့ပြီး၎င်းအား စီချွမ်ပြည်နယ် မင်ရန်မြို့သို့ ခေါ်ဆောင်သွားကြောင်း၊ တရုတ် အမျိုးသားနှင့် ၁၅ ရက်ခန့်ပေါင်းသင်းနေထိုင်ပြီးနောက် ဆက်မပေါင်းလို၍ ထွက်ပြေးခဲ့ရာ တရုတ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရပြီး အချုပ်ထောင်တစ်ခုတွင် နှစ်လကျော် ထိန်းသိမ်းခံခဲ့ရကြောင်း၊ ထို့နောက် ရှမ်းပြည်နယ်နမ္မတူမြို့မှ အမျိုးသမီးနှင့်အတူ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်း ပေးခြင်းခံရကြောင်း သိရသည်။

ရှမ်းပြည်နယ် နမ္မတူမှ လူကုန်ကူးခံရသူအမျိုးသမီးသည် ယခင်က လူကုန်ကူးခံရသူဖြစ်သော်လည်း ၎င်းအား ရောင်းစားခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်း မပြောပြနိုင်ခြင်းကြောင့်တရားခံအား အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှ လူကုန်ကူးခံရသူ အမျိုးသမီး အားတရုတ်ငွေယွမ် ၂၇၀၀၀ ဖြင့် ရောင်းစားခဲ့သူမအေးရင် လားရှိုးမြို့နေသူနှင့် မနန်းမြအောင် ( တရုတ်ယောက်ျားနှင့် အိမ်ထောင် ကျနေသူ)တို့အား မူဆယ်မြို့မရဲစခန်းက (ပ)၈၁/၂၀၁၄၊လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ၂၄ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)

MOI Webportal Myanmar

ဒုတိယရွှေလီ သို့မဟုတ် မန္တလေးပါရာဒိုင်း



Written by  ရဲဝင်းနိုင်
ကုန်းဘောင်မင်းဆက်၏ ဘုရင်မင်းတစ်ပါးဖြစ်သော မင်းတုန်းမင်း တည်ထားခဲ့သည့် မန္တလေး ရတနာပုံ ရွှေမြို့တော် မြန်မာဘုရင်တို့၏ နောက်ဆုံးစိုးစံရာ မြို့တော် မန္တလေး။ မင်းတုန်းမင်းကြီး၏ သားတော် သီပေါဘုရင် စိုးစံပြီးနောက် မန္တလေးသည် အင်္ဂလိပ် ကိုလိုနီခေတ် ကျရောက်သွားခဲ့ပြီး ရွှေနန်းမြို့တော် ခေတ်သမိုင်း မှေးမှိန်သွားခဲ့ရသည်။ မြို့တည်သက်တမ်း နှစ်ပေါင်း ၁၅၅ နှစ် ဝင်နေပြီဖြစ်သော မန္တလေးတွင် အပြောင်းအလဲများစွာ ရှိလာသည်။ မြန်မာဘုရင်တို့၏ ထီးဟန်၊ နန်းဟန်များ ပြည့်နှက်နေသော မန္တလေးသည် အပြောင်းအလဲ အရွေ့များစွာကြောင့် အလွန်ပြောင်းလဲ သွားခဲ့ချေပြီ။

မန္တလေး၏ မြို့ပြလူနေမှုသရုပ် သဏ္ဌာန်သည် ၁၉၈၄ ခုနှစ် ဦးကျားကြီးဝင်း မီးလောင်မှု နောက်ပိုင်း  လျင်မြန်စွာ ပြောင်းလဲလာပြီး အရွေ့စာမျက်နှာသစ် စတင်ဖွင့်လှစ်ခဲ့သည်ဟု ဆိုရပေမည်။ ဦးကျားကြီးဝင်း မီးလောင်မှု နောက်ပိုင်း  မန္တလေးသို့ တရုတ်လူမျိုး အများစု တစ်စထက်တစ်စ ပြောင်းရွှေ့ နေထိုင်လာကြသည်။ တရုတ်လူမျိုးများသည် မြို့တွင်းမှ ခြံကွက်၊ မြေကွက်များကို ဈေးကြီးကြီးပေး၍ ဝယ်ယူခြင်းဖြင့် မြို့လယ်ကောင် အချက်အချာများကို စတင်သိမ်းယူခဲ့ရာ ယခုအခါ မန္တလေး မြို့လယ်ကောင်တွင် မြန်မာလူမျိုး ပိုင်ဆိုင်မှုမှာ မရှိသလောက်ပင် နည်းပါးသွားခဲ့သည်။
“တရုတ်တွေ ဝင်ရောက်လာပြီးနောက် မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ သူတို့တွေချည်း ဖြစ်လာတယ်” ဟု မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ဆိုသည်။

ဦးကျားကြီးဝင်း မီးလောင်မှု နောက်ပိုင်း မန္တလေး ချက်မြှုပ်ဇာတိသားများ မန္တလေးသူ၊ မန္တလေးသား စစ်စစ်များသည် မြို့ထဲမှ မြေကွက်များကို စွန့်ခွာ ရောင်းချပြီး တိုးချဲ့မြို့သစ်များဆီသို့ ပြောင်းရွှေ့ခဲ့ကြသည်။ တရုတ်လူမျိုး ဝင်ရောက်လာချိန်မှစပြီး မန္တလေးမြို့၏ မြေဈေးများသည်လည်း တရိပ်ရိပ် တဖြည်းဖြည်း မြင့်တက်လာသည်။
“၂၀၀၀ ပြည့်နှစ်လောက်က မြေဈေးက ဒီနေ့မြေဈေးနဲ့ နှိုင်းယှဉ်ရင် အဆ ၂၀  လောက် တက်လာတယ်” ဟု မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦး ဖြစ်သူ ဒေါ်ချိုက ပြောကြားသည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးများ ဝင်ရောက် နေထိုင်နေရာယူလာမှုကို ဆန်းစစ်ရာတွင် မန္တလေး၏ ကျောက်စိမ်း ဈေးကွက်ကို ချန်လှပ်ထား၍ မရပေ။ ယင်းကျောက်စိမ်း ဈေးကွက်သည် မန္တလေးကို တရုတ်လူမျိုးများ စတင်ပြောင်းရွှေ့လာသော အခြေခံ အကြောင်းအရင်း တစ်ခုဆိုရင်လည်း မမှားနိုင်ပေ။

မန္တလေးတွင် မြို့သစ်ကြီး၊ မြရည်နန္ဒာ မြို့သစ်၊ ထွန်တုံးမြို့သစ်၊ အောင်ပင်လယ် မြို့သစ်၊ သင်ပန်းကုန်မြို့သစ်၊ ကန်သာယာ မြို့သစ်များ ပေါ်ထွန်းလာသကဲ့သို့ မြို့ကွက် အနေအထားသည်လည်း တဖြည်းဖြည်းနှင့် အရှေ့ဘက်နှင့် တောင်ဘက် ပြန့်ကားလာသည်။ လူနေထိုင်မှု တဖြည်းဖြည်း သိပ်သည်းလာသည်။

တရုတ်လူမျိုးများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုက မန္တလေး၏ ယဉ်ကျေးမှု ခေတ်သစ်တစ်ခုသို့ ဆွဲခေါ်နေသည်။ မန္တလေးတွင် ယခင်ကတည်းက တရုတ်လူမျိုး ဝင်ရောက် နေထိုင်မှု ရှိနေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ ပမာဏများစွာ အလုံးအရင်းဖြင့် ဝင်ရောက်မှုမှာ တပ်မတော် အစိုးရလက်ထက်တွင် စတင် ဖြစ်ပေါ်လာသည်ဟု ဆိုရပေမည်။

“မန္တလေးနဲ့ တရုတ်လူမျိုးက ခွဲခြားလို့တော့ မရဘူး။ ဒါပေမဲ့ မင်းတုန်းမင်းကြီး လက်ထက်ကတည်းက နေခဲ့ကြသူတွေနဲ့ သူတို့ကတစ်ဆင့် ပေါက်ဖွားခဲ့ကြ သူတွေဟာ မြို့နဲ့ တစ်သားတည်း ဖြစ်ခဲ့တယ်။ မန္တလေးမြို့သူ မြို့သားပီပီ ကောင်းမွန်စွာ နေထိုင်ခဲ့ကြတယ်” ဟု  မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က သုံးသပ်ပြောဆိုသည်။
မန္တလေးနှင့် တရုတ်လူမျိုး ခွဲခြားမရသော သမိုင်းအထောက်အထား အချို့ရှိခဲ့ပြီး မင်းတုန်းမင်းကြီး လက်ထက်တွင် တရုတ် စစ်သံမှူးတစ်ဦးကို မင်းတုန်းမင်း ကိုယ်တိုင် မြန်မာ အမျိုးသမီးတစ်ဦးနှင့် လက်ဆက် ပေးခဲ့ဖူးသည်။ စစ်ဘက်ဆိုင်ရာ အဆောင်အယောင်များ ချီးမြှင့် မြှောက်စားခဲ့သေးသည်။

သက်တမ်း ၈၀ ကျော်ပြီဖြစ်သော မြို့မအပျော်တမ်း တေးဂီတ အသင်းကြီး၏ ဥက္ကဋ္ဌဆိုလျှင် တရုတ်လူမျိုး တစ်ဦးဖြစ်ပြီး ရတနာပုံခေတ်က တည်ဆောက် လှူဒါန်းခဲ့သော ရွှေအင်ပင် ကျောင်းတော်ကြီး တည်ဆောက်သူမှာလည်း တရုတ်အမျိုးသား တစ်ဦးဖြစ်သည်။ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးတွင် ဆရာတော်ကြီး လက်ထက်မှ ယနေ့တိုင် စဉ်ဆက်မပြတ် ပစ္စည်းလေးပါး လှူဒါန်း နေသူများတွင်လည်း တရုတ်လူမျိုးများ ပါဝင်သည်။

ယခင်က ပြောင်းရွှေ့ နေထိုင်ခဲ့ကြသော တရုတ်လူမျိုးတို့သည် မန္တလေးကို ၎င်းတို့၏ မိခင်ဌာနသဖွယ် သဘောထားပြီး ဒေသအကျိုးပြု လုပ်ငန်းများတွင် အစွမ်းကုန် ပါဝင်ကူညီခဲ့ကြသည်။ သို့ရာတွင်  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ ပြောင်းရွှေ့နေထိုင် ဝင်ရောက်လာသည့် တရုတ်လူမျိုး အများစုသည် စီးပွားရေး အမြတ်ထုတ်လိုသည့်စိတ်၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်လို စိတ်များဖြင့် အာဏာပိုင်များနှင့် ပူးပေါင်းပြီး ရသမျှ အခွင့်အရေးယူ၍ စီးပွားရှာလာကြခြင်းက ပိုများသည်ဟု မန္တလေးမြို့ခံများက ဝေဖန် ပြောဆိုကြသည်။
“ဧည့်သည်က သခင်ပုံစံမျိုး ကျင့်ကြံပြီး မတရားသဖြင့် နိုင်ထက်စီးနင်း စီးပွားရှာတဲ့ ပုံစံဖြစ်နေတယ်။ ဒါကကောင်းတဲ့ ပုံစံမဟုတ်ဘူး” ဟု စာရေး ဆရာဆူးငှက်က ဆိုသည်။

ယခင်တပ်မတော် အစိုးရလက်ထက်တွင် အရှေ့မြောက်ဒေသမှ တရုတ်လူမျိုး များသည် မန္တလေးမြို့သို့ ခေါင်းစဉ် အမျိုးမျိုးတပ်၍ ရောက်လာကြသည်။ နိုင်ငံခြားသား တရုတ်လူမျိုးတို့သည် လာဘ်ပေးမှု ကျူးလွန်၍ မြန်မာနိုင်ငံသား စိစစ်ရေးကတ်များ ရယူခဲ့ကြမှုများလည်း ရှိသည်။
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော တပ်မတော် ထောက်လှမ်းရေး၏ ထောက်ခံချက်ဖြင့် နိုင်ငံသား မှတ်ပုံတင် ထုတ်ယူသွားသော တရုတ်လူမျိုးများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ တရုတ်လူမျိုး အချို့ကို မှတ်ပုံတင် ထုတ်ပေးမိ၍ တာဝန်မှ အနားပေး ခံလိုက်ရသော လူဝင်မှုကြီးကြပ်ရေး အရာရှိများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီအချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင် နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ရရှိသွားသော လူမျိုးခြားသွေးနှော နိုင်ငံသားများ မန္တလေးတွင် အများအပြား ရှိနေပြီး ယင်းတို့တွင် တရုတ်လူမျိုးလည်း ပါဝင်နေသည်။
“ဒီနေရာမှာ အမေရိကန်ရယ်၊ တရုတ်ရယ်၊ ယိုးဒယားရယ်၊ ပါကစ္စတန်ရယ် ခွဲခြားပြီး မပြောလိုဘူး။ အန္တရာယ် ကြီးပါတယ်။ မခံမရပ်နိုင်တဲ့အဆုံး ပြည်တွင်း မငြိမ်မသက်မှုတွေ၊ ဒေသတွင်း  မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါကို အာဏာပိုင်တွေ အနေနဲ့ လျစ်လျူရှု မထားသင့်ပါဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက စိုးရိမ်စိတ်ဖြင့် ပြောဆိုသည်။

မြို့ဧရိယာ ကျယ်ဝန်းလာသော မန္တလေးတွင် လူဦးရေလည်း တဖြည်းဖြည်း သိပ်သည်းလာသည်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က မန္တလေး၏ လူဦးရေသည် ငါးသိန်းဝန်းကျင်သာ ရှိရာမှ ယခုအခါ လူဦးရေ ၁၀ သိန်း ရှိလာသည်ဟု သက်ဆိုင်ရာက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရသည်။

ခြံဝင်းများနှင့် နေထိုင်ခဲ့သော မန္တလေး မြို့လယ်ကောင်တွင် အထပ်မြင့်တိုက်များ နေရာယူလာသည်။ မြို့၏ သင်္ကေတ များသည်လည်း တစ်စတစ်စ ယုတ်လျော့လာသည်။
“အရင်တုန်းကဆိုရင် မန္တလေးမြို့ရဲ့ သင်္ကေတတွေကို မှတ်နိုင်တယ်။ ဘယ်နေရာမှ ဘာရှိတယ် ဆိုတာကို မှတ်မိနိုင်တယ်။ အခုကျ မှတ်ဖို့ မလွယ်တော့ဘူး။ မန္တလေးသား ဖြစ်ပေမယ့်လည်း  မျက်စိလည်လာပြီ” ဟု မန္တလေး မြို့သစ်မှ  ဦးတင်မောင်ထွန်းက ဆိုသည်။

မန္တလေးသည် လျင်မြန်စွာ ပြောင်းလဲလာသည်ဟု မန္တလေးမြို့ခံ စာရေးဆရာ ညိုထွန်းလူက  ပြောဆိုသည်။
“မန္တလေးရဲ့ အရွေ့တွေကို ခံစားဖြစ်တယ်။ မန္တလေးရဲ့ နိုင်ငံရေးအရွေ့၊ ယဉ်ကျေးမှုအရွေ့၊ စီးပွားရေးအရွေ့၊ ကျန်းမာရေးအရွေ့၊ လူမှုရေးအရွေ့ ပညာရေးအရွေ့တွေ ဆင့်ကဲပြောင်းလဲမှုတွေ ရှိလာတယ်။ ဒီအရွေ့တွေဟာ မြန်ဆန် လွန်းလှတယ်” ဟု စာရေးဆရာ ညိုထွန်းလူက ဆိုသည်။

မန္တလေးမြို့၏ ပုံစံသည် တရုတ်နှင့် မြန်မာနယ်စပ်ရှိ တရုတ်ပိုင် ရွှေလီမြို့နှင့် ဆင်တူလာသည်အထိ တရုတ် လူမျိုးတို့၏ ပိုင်ဆိုင်မှုများက များပြားလာသည်။ မန္တလေး၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ကြီးမားလာပြီး တရုတ်လူမျိုး အများစုက မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်း အများစုကို ကြီးစိုးထားသည်။ ပါရာဒိုင်းပြောင်း မန္တလေးတွင် တေးသံရှင် လင်းလင်း၏ သီချင်းစာသား ထဲကကဲ့သို့ ဘာသာစကားမတူ၊ အသားအရောင် မတူလူများ ပြည့်နှက်နေပြီ ဖြစ်သည့်အပြင် မန္တလေးသူ၊ မန္တလေးသား အများစု နားမလည်နိုင်သော ဘာသာစကားများဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ နေရာအနှံ့ ချိတ်ဆွဲလာကြပြီ ဖြစ်သည်။

ယင်းသို့ အချိုးမညီမျှမှုများက မန္တလေး၏ အရွေ့တစ်ခုကို အရွှေ့ခံရလိုက် ရသည်ဟု မြို့ခံများက မှတ်ချက်ပေးသည်။

မန္တလေးမြို့၏ မြန်ဆန်သော ပြောင်းလဲမှု၊ လူမျိုးခြားများ စိမ့်ဝင်ကြီး စိုးလာမှု၏ အဓိက အကြောင်းအရင်းမှာ တရားဥပဒေ စိုးမိုးမှု နည်းပါးသောကြောင့်ဟု ဆိုလျှင် မမှားနိုင်ပေ။ တရားဥပဒေ စိုးမိုးမှု ဆက်လက် ပျောက်ဆုံးပါက မန္တလေးမြို့သည် ဒုတိယ ရွှေလီမြို့တော်အဖြစ် လုံးဝအသွင်ပြောင်းလဲ သွားမည်ဟု ဒေသခံများက သုံးသပ် ပြောဆိုကြသည်။



The Voice Weekly

Grand Royal မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း


Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေနေသည့် ထိုင်းမိန်းမလျာအကမယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက ပြောကြားသည်။

မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွားတာ။ ဘလက်လစ် သွင်းထားတယ်။ မှတ်တမ်းလုပ်ထားတယ်။ နောင်နှစ်မှာရှိုးပွဲမပေးတော့ဘူး။ မဏ္ဍပ် လာလျှောက်ရင်လည်း မပေး တော့ဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အဆိုပါ အကမယ်များမှာ Stars and Model Agency ပိုင်ရှင် ဂျွန်လွင် ခေါ်လာသည့် ထိုင်း နိုင်ငံမှ မိန်းမလျာများ၊ အကသမား များဖြစ်ပြီး ရန်ကုန်မြို့ရှိ အရောင်းပြခန်းဖွင့်ပွဲ တစ်ခုတွင်လည်း လာ ရောက်ခဲ့ဖူးသူများဖြစ်ကြောင်း အဆိုပါ မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် နောင်နှစ်သင်္ကြန် ကာလများတွင် မဏ္ဍပ်များလာ ရောက်လျှောက်ထားပါက အမည်ပျက်စာရင်းသွင်းခံထားရသည့်မဏ္ဍပ်များကို ခွင့်ပြုချက် မပေးတော့ဘဲ မဏ္ဍပ်အမည်ဆိုင်းဘုတ်များကို မြန်မာလို ရေးသားရာတွင်လည်း အရွယ်အစား သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဖော်မှ  ချွတ်မှ  အရက် ရောင်းကောင်းတာမဟုတ်ဘူး။ အရက် ကွာလတီကောင်းရင်၊ ကျန်းမာရေးနဲ့ညီညွတ်ရင် ရောင်း ကောင်းမှာပဲ။ မန်နေဂျာကို ခေါ် ပြောပြီးပြီ။ သူဌေးက နိုင်ငံခြား ရောက်နေတယ်ဆိုလို့ ပြန်လာရင် ခေါ်ပြောမယ်။ သာမန်ကိစ္စမို့ ဝန်ခံချက်နဲ့တော့ နောင်မလုပ်ဖို့ ပြောရတော့မှာပေါ့’’ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

 အလားတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ၉၃ ခုတွင် မဏ္ဍပ် ၃၀ ကျော်၌ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် သောက်စားမူးယစ်ပြီး သရုပ်ပျက် အပြုအမူများ ဆောင်ရွက်ခဲ့၍ မှတ်တမ်းပြုစုကာ အမည်ပျက် စာရင်းသွင်းထားကြောင်း သတင်း ရရှိသည်။

‘‘ကျွန်တော်တို့ကတော့ သူ တို့ချမှတ်ထားတဲ့စည်းကမ်းအ တိုင်း အကုန်လိုက်နာပါတယ်။ မဏ္ဍပ်တိုင်းက အရက်ပါတာပဲ။ ဘလက်လစ် သွင်းမယ်ဆိုရင် အကုန်လုံးသွင်းရမှာ။ မဏ္ဍပ်တိုင်း မှာ အရက်မသောက်ရင် ဘယ်သူ ကပျော်မှာလဲ။ နောင်နှစ်ဆို နောက်တစ်မျိုးထပ်ပြောင်းပြီး ပြောဦးမှာပဲ’’ဟု ဟစ်ဟော့ပ်အဆိုတော် ရန်ရန်ချမ်းက ပြောကြားသည်။

Author: သန်းဌေး

7Day Daily





ဦးပိန်တံတား ရှေးဟောင်း အမွေအနှစ် စာရင်းက ပယ်ဖျက်ခံရတော့မလား

ဦးပိန်တံတား ထိန်းသိမ်းရေး ငွေကြေးမလုံလောက်ဟု ဆိုသည် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)


အမရပူရ တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားဟာ မူလရှေးလက်ရာ နည်းပါလာတဲ့အပြင် ထိန်းသိမ်းဖို့ ငွေကြေးမတတ်နိုင်တော့တဲ့အတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှု စာရင်းက ပယ်ဖျက်ဖို့ ရှိနေကြောင်း သိရပါတယ်။

သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်တဲ့ ဦးပိန်တံတားကြီးကို ထောက်ခံထားတဲ့ တိုင်လုံးကြီးတွေဟာ အခုအခါ အောက်ခြေတွေ ဆွေးမြေ့လာနေပြီဖြစ်ပြီး အစားထိုးလဲလှယ်ဖို့ ငွေကြေး မလုံလောက်တဲ့အပြင် မူလရှေးဟောင်း လက်ရာတွေလည်း နည်းပါးလာပြီ ဖြစ်တဲ့အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနအနေနဲ့ ဆက်လက် ထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။

“(ယဉ်ကျေးမှု) ၀န်ကြီး ဦးအေးမြင့်ကြူက တံတားကြီးက ပြုပြင်နေရတဲ့အတွက် အဓိပ္ပါယ် အနှစ်သာရ မရှိတော့ဘူး၊ မူလသစ်လုံးတွေက နည်းလာပြီ၊ နောက်ပြီး ထိန်းသိမ်းဖို့ ငွေမတတ်နိုင်တော့ဘူး။ အဲဒီအတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး စာရင်းက ပယ်ဖျက်ဖို့ ပြောလာတာပါ” လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက အရာရှိတဦးက ဆိုပါတယ်။

ဦးပိန်တံတားဟာ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်ကြည့်ရှုကြသလို၊ နိုင်ငံခြားသားများ မသွားမဖြစ် သွားရောက်ကြတာကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် ၀င်ငွေအများဆုံး ရှာဖွေပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် ရှေးဟောင်း အမွေအနှစ် သမိုင်းဝင်နေရာတချို့ကို တိုင်းဒေသကြီး အစိုးရများလက်သို့ လွှဲအပ် လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရကလည်း ဦးပိန်တံတားကို လွှဲပြောင်းရယူဖို့ ကြိုးစားလျက်ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရ လက်ထဲ ဦးပိန်တံတားကို ထိန်းသိမ်းဖို့ လွှဲအပ်လိုက်မယ် ဆိုရင်လည်း ရှေးဟောင်းဆိုင်ရာ ထိန်းသိမ်းရေး နည်းပညာ၊ လူအင်အား၊ ထိန်းသိမ်းနိုင်မှု စွမ်းရည်တွေ လိုအပ်တာကြောင့် ပိုမို ပျက်စီးသွားမှာကိုလည်း ယဉ်ကျေးမှု ၀န်ကြီးဌာနက တာဝန်ရှိသူတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

စလေရုပ်စုံကျောင်း၊ ဦးပိန်တံတား၊ အင်းဝဒေသမှာရှိတဲ့ ဗားကရာကျောင်းတိုက်၊ မယ်နုအုတ်ကျောင်းလို ဗိသုကာလက်ရာ အရ တန်ဖိုးရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အမျိုးသားယဉ်ကျေးမှု ပြယုဂ်အဖြစ် ပြည်ထောင်စု အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနကသာ ဆက်လက် ထိန်းသိမ်းသင့်တယ်လို့ အဆိုပါ အရာရှိက ဆက်လက်ပြောပါတယ်။

သက်တမ်း ၁၆၄ နှစ်ရှိပြီဖြစ်တဲ့ ဦးပိန်တံတားဟာ တမိုင်နီးပါးရှည်လျားတဲ့ သစ်သားတံတားဖြစ်ပြီး တိုင်လုံးပေါင်း ၉၈၄ တိုင်နဲ့ စတင်ဆောက်လုပ်ခဲ့ပေမယ့် ခုအခါမှာတော့ တိုင်ပေါင်း ၁၀၈၆ နဲ့ ထောက်ခံထားပါတယ်။

တောင်မြို့လို့ ခေါ်တဲ့ အမရပူနဲ့ တောင်သမန်ရွာများအကြား ဆက်သွယ်ထားပြီး လူ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်များ ယနေ့တိုင် ဖြတ်သန်း အသုံးပြုလျက်ရှိပါတယ်။

တောင်သမန်အင်းဟာ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့အတွက် အရင်က မိုးအခါမှာသာ ရေပြည့်ပြီး ဆောင်းနဲ့ နွေမှာတော့ ရေအနည်းငယ်သာ ရှိပေမယ့် စစ်အစိုးရ လက်ထက်မှ စတင်ကာ စီးပွားရေး လုပ်ငန်းရှင်တို့ကို ငါးမွေးမြူခွင့် ပြုလိုက်တဲ့ အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ရေအပြည့် ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့်လည်း တံတားကြီးကို ထောက်ခံထားတဲ့ သစ်သားကျွန်းတိုင်များဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ ရေအောက်မှာ နစ်မြုပ်နေတဲ့အပြင် ဆိုင်ကယ်များ နေ့ညမပြတ် သွားလာနေတဲ့အတွက် ပိုမို ယိုယွင်းလာတာပါ။

အရင်ကတော့ ရေကျသွားရင် တိုင်တွေကို ရေနံသုတ်၊ ပြုပြင်သင်တဲ့အပိုင်း ပြုပြင်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရေအမြဲမြုပ်နေတဲ့အတွက် ကျွန်းတိုင်တွေဟာ ဆွေးမြေ့လာခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ကျွန်း၊ ပျဉ်းကတိုး စတဲ့ သစ်ကြီးဝါးကြီးတွေ ပေါများပြီး နိုင်ငံခြားကို သစ်လုံးလိုက်ပို့နေပေမယ့် ဦးပိန် တံတားက ဆွေးမြေ့လာနေတဲ့ ကျွန်းတိုင်လုံးကြီးတွေကို အစားထိုးဖို့တော့ အခုအချိန်မှာ ခဲယဉ်းနေတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

“နန်းတော်တိုင်ကြီးတွေကို ယူဆောက်တာဆိုတော့ အရင်လိုမျိုး တိုင်လုံးအရွယ်အစားရဖို့ မလွယ်သလို သစ်တောဌာနက ပေးနိုင်ဦးမှလေ။ သစ်လုံးသေးသေးနဲ့ အစားထိုးရင်လည်း ကြည့်မကောင်းဘူး” လို့ သူက ဆိုပါတယ်။

အဲဒီအတွက် ကျွန်းသစ်အစား အင်္ဂတေတိုင်များနဲ့ အစားထိုးဖို့ အကြံပြု ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ကျွန်းသစ်တံတားဆိုတဲ့ မူလ အဓိပ္ပါယ်ကနေ သွေဖည်သွားပြီး အင်္ဂတေတံတား ဖြစ်သွားမှာ ဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ ဒုဝန်ကြီး ဦးသန်းဆွေက မှတ်ချက်ချပါတယ်။

၁၈၄၉ ခုနှစ် ပုဂံမင်းလက်ထက်မှာ စစ်ကိုင်းနဲ့ အင်းဝရှိ နန်းတော်ဟောင်းမှ သစ်များနှင့် မြို့စာရေး မောင်ပိန်က တည်ဆောက်ခဲ့တဲ့အတွက် ဦးပိန်တံတားလို့ အမည်တွင်ခြင်း ဖြစ်ပါတယ်။

အမရပူရမြို့ဝန် ဘိုင်ဆပ်က အာဏာသိမ်းလျှင် လွယ်ကူရန်အတွက် မြို့စာရေး ဦးပိန်အား တည်ဆောက်ခိုင်းခြင်း ဖြစ်တယ်လို့ ၁၉၅၆ ခုနှစ်ထုတ် ယဉ်ကျေးမှု စာစောင်မှာ ရေးသားထားပါတယ်။

တံတားတည်ဆောက်ရာမှာ သံရိုက်ခြင်းမရှိဘဲ သစ်လုံးများကို အပေါက်ဖောက်ကာ စနစ်တကျ တည်ဆောက်ထားကာ မြန်မာ့လက်သမား ပညာရပ်ကို ပြသခြင်းဖြစ်တဲ့အပြင် မြန်မာ့ကျွန်းသစ်ရဲ့ ခိုင်ခန့်မှု ပြယုဂ်လည်း ဖြစ်ပါတယ်။

မည်သည့် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့စေကာမူ လက်ရှိအချိန်မှာတော့ ကမ္ဘာသိ တံတားကြီးတစင်းဖြစ်ပြီး ဒီတံတားကြီးကိုပဲ မှီခိုပြီး လုပ်ကိုင် စားသောက်နေသူများ ရှိတဲ့အတွက် တံတားကြီး ပြုပြင်ဖို့ နိုင်ငံတော်နဲ့ တခြားသော သူများကလည်း ၀ိုင်းဝန်း ထိန်းသိမ်းသင့်တယ်လို့ ဒု ဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

တောင်သမန်းအင်းဘေးမှာရှိတဲ့ ရွာတွေမှာ ဦးပိန်လှူဒါန်းထားတဲ့ တခြားသော တံတားငယ် ၁၁ စင်းကိုလည်း မကြာသေးမီက ရှာဖွေ တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။



ဧရာဝတီ

MERS (မားစ်) ကူးစက်ရောဂါ သင်ထံမကူးစက်အောင်သတိပြုပါ။





လူစည်ကားရာနေရာတိုင်းသွားပါကနှာခေါင်းပိတ်စည်းထားပါ။
ဆရာ ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း သိချင်ပါတယ်ရှင့်။ စင်္ကာပူမှာနေပါတယ်ရှင့်။ မလေးရှားမှာတော့ တယောက် သေသွားပြီလို့ Yahoo မှာဖတ်လိုက်ရပါတယ်။ ခုစင်္ကာပူမှာလည်း သံသယဖြစ်စရာ လူနာတွေ့တယ်ရေးထားပါတယ်။ ဒါပေမဲ့ negative လို့တော့ပြောပါတယ်။ ကူးစက်တာ အရမ်းမြန်တယ်လို့တော့ ဖတ်ရပါတယ်။ အသေးစိတ်နဲ့ သေသေချာချာလေးရှင်းပြပေးပါဆရာ။ ဘေးအိမ်မှာက မလေးရှန်းတွေနေပြီး တအိမ်ကျော်က အင်ဒိုနီရှားနဲ့ နှစ်အိမ်ကျော်က ဖိလစ်ပင်းပါ။ ကလေးငယ်ကလည်းရှိတော့ စိတ်ပူလို့ပါဆရာ။ ကျေးဇူးပါရှင့်။


Coronaviruses (ကိုရိုနာ) ဗိုင်းရပ်စ်
• (ကိုရိုနာ) ဗိုင်းရပ်စ် ဟာ အကောင်တွေကို အဓိကရောဂါရစေတဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်တယ်။
• သူတို့အထဲက ၄-၅ မျိုးကနေ လူကိုလဲ ကူးစက်ရောဂါတွေရစေတယ်။
• SARS (ဆားစ်) ဆိုတာ Severe acute respiratory syndrome ရက်တို အသက်ရှူလမ်းရောဂါ (ရောဂါအစုအဝေး) ကို ခေါ်တယ်။ SARS-CoV လို့လဲခေါ်ပါတယ်။
• အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရော အောက်ပိုင်းကိုပါ ကူးစက်ရောဂါရစေတယ်။ နူမိုးနီးယား လဲဖြစ်စေနိုင်တယ်။ အစာလမ်းရောင်တာလဲ ဖြစ်တယ်။
• အအေးမိတာကိုလဲ အများဆုံးဖြစ်တယ်။ အအေးမိဖြစ်စေတဲ့ တခြား Rhinoviruses (ရိုင်နို) ဗိုင်းရပ်စ် ထက် ဓါတ်ခွဲစမ်းသပ်ရတာ ပိုခက်တယ်။
• ၂ဝဝ၄ မှာ NL63, NL နဲ့ the New Haven coronavirus ဆိုတဲ့နာမည်တွေပေးခံလာရတယ်။
• ၂ဝဝ၅ ခုနှစ်မှာ ဟောင်ကောင်ကနေ HKU1 နာမည်ပေးလာတယ်။
MERS
• ၂ဝ၁၂ မှာ အသစ်တမျိုးတွေ့လာရပြန်တယ်။ SARS နဲ့ဆင်ပေမဲ့ အတူမဟုတ်ဘူး။
• WHO ကနေ Middle East respiratory syndrome coronavirus (MERS-CoV) အရှေ့အလယ်ပိုင်း အသက်ရှူလမ်းရောဂါ (ရောဂါအစုအဝေး) လို့ နာမည်ပေးထားတယ်။
• ဆော်ဒီမှာ ၂ဝ၁၂ ကတည်းကနေတွက်ရင် အခုထိ ၂၄၃ ယောက်မှာ ရောဂါရှိတာတွေ့သိထားပြီးဖြစ်တယ်။ ၉၃ ယောက် သေဆုံးသွားပြီ။
• ရှေ့အလယ်ပိုင်းမှာ ဒီရောဂါ MERS ကြောင့် ဧပြီ ၁ဝ ရက်မှာ လူတယောက်သေခဲ့တယ်။
• အခု အာရပ်နိုင်ငံတွေကနေ အရှေ့တောင်အာရှကို ရောက်လာနေတယ်။ ဆော်ဒီအာရေးဗီးယားကနေ ဘုရားဖူး ပြန်လာတဲ့ မလေးရှန်း တယောက် (၅၄ နှစ်) သေဆုံးသွားတယ်။
• အဘူဒါဘီကပြန်လာတဲ့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ထမ်းတယောက် ကူးစက်ခံရပြီးနောက်မှာ စစ်ဆေးမှုတွေ တင်းကြမ်နေတယ်။
• ၁၃-၄-၂ဝ၁၄ နေ့က သေသွားတဲ့ မလေးလူမျိုးဟာ မပြန်ခင်က ကုလားအုတ်ခြံကိုသွားလည်ခဲ့ပြီး ကုလားအုတ်နို့ သောက်ခဲ့တယ်။ ၄ ရက်နေ့မှာ နေမကောင်ရာကနေ ဆေးကုပေမဲ့ စင်္ကာပူနဲ့နီးတဲ့ ဂျိုဟာမှာဘဲ သေဆုံးတယ်။
• ဆော်ဒီအာဏာပိုင်တွေက ရောဂါသတိပေး မိုဘိုင်းဖုန်း မက်ဆေ့ခ်ျတွေ ပို့ထားတယ်။ ဝဘ်ဆိုက်နဲ့ တွစ်တာ ကို ဖတ်ဘို့ အကြံပေးထားတယ်။
• ဗိုင်းရပ်စ်ရောဂါမှန်သမျှအတွက် ဗိုင်းရပ်စ်ကို သေအောင်လုပ်နိုင်တဲ့ဆေး မပေါ်သေးပါ။ ဖြစ်လာမှာသာ ရောဂါ လက္ခဏာတွေကိုကြည့်ပြီး ကုသပေးရပါတယ်။
ဒေါက်တာတင့်ဆွေ

ဗုဒ္ဓဂါယာမှာ ဗုံးတွေဖေါက်မှုနဲ့ အဖမ်းခံတားရတဲ့ Indian Mujahideen အိန္ဒိယ မူဂျာဟီဒင် (အိုင်အင်မ်) အဖွဲ့ကနေ နောက်ထပ်လဲ ဗုဒ္ဓဂါယာမှာ ဗုံးဖေါက်ဘို့ အစီအစဉ်ရှိသေးဟုဆို


• ဗုဒ္ဓဂါယာမှာ ဗုံးတွေဖေါက်မှုနဲ့ အဖမ်းခံတားရတဲ့ Indian Mujahideen အိန္ဒိယ မူဂျာဟီဒင် (အိုင်အင်မ်) အဖွဲ့ကနေ နောက်ထပ်လဲ ဗုဒ္ဓဂါယာမှာ ဗုံးဖေါက်ဘို့ အစီအစဉ်ရှိသေးတယ်လို့ စစ်ဆေးစဉ်မှာ ထုတ်ဖေါ်လိုက်ပါတယ်။
• အဖမ်းခံထားရတဲ့ Tehsin Akhtar (တက်ဆင် အက်ခ်တာ) နဲ့ တွဲဖက် ပါကစ္စတန် ဗုံးလုပ်သမား Waqas (ဝါကက်စ်) တို့နေ ဒေလီ ရဲတပ်ဖွဲ့ကို အဲလိုပြောလိုက်တာပါ။
• အရင်တခါ ဖေါက်ခွဲတုံးက သူတို့ထင်သလောက် ပျက်စီးမှုမများလို့ဖြစ်ပါသတဲ့။
• အသစ်တပ်ဆင်ထားတဲ့ ကင်မရာ ၁၆ လုံးကိုဘယ်လိုကျော်လွှားမလဲ၊ မိုဘိုင်းဖုန်း သုံးခွင့်မပြုတော့တာကို ဘယ်လိုလုပ်မလဲ စတာတွေကို ကြံဆထားကြပါသတဲ့။
• ဗုဒ္ဓဂါယာဟာ ကမ္ဘာ့ဆွဲဆောင်မှု ရစေမှာမို့ သူတို့အတွက် အရေးပါတယ်လို့လဲ ဆိုပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၄

http://timesofindia.indiatimes.com/india/Puri-yatra-Bodh-Gaya-on-IM-hit-list/articleshow/33980348.cms

့မြစ်ဆုံလမ်းလျှောက်အဖွဲ့ သဘောထားကွဲခြင်းမဟုတ် ဧပြီလကုန်ခန့် ရွှေဘိုအထက်ပိုင်းတွင် ပြန်ဆုံကြမည်




အောင်မြင်ရဲဇော်၊ရန်ကုန်၊ ဧပြီ-၁၉

သင်္ကြန်အကြိုနေ့ကပင် ပုဂံမြို့၌ အဖွဲ့နှစ်ဖွဲ့ခွဲလျှောက်ရန်ဆုံးဖြတ်ခဲ့ပြီး သင်္ကြန်အပြီး ဆက်လက်ထွက်ခွာခဲ့ကြသော မြစ်ဆုံဆည်စီမံကိန်းရပ်တန့်
ရေးလှုပ်ရှားသူများလမ်းလျှောက်အဖွဲ့နှစ်ဖွဲ့သည် ဧပြီလကုန်ခန့်တွင်
ရွှေဘိုအထက်ပိုင်း၌ ပြန်လည်ဆုံစည်းကာ မြစ်ဆုံအထိ ဆက်လက်လမ်း
လျှောက်ကြရန် စီစဉ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ
အဖွဲ့ချုပ် ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ဧပြီ ၁၉ ရက်၌ စံတော်ချိန်
သို့ပြောဆိုခဲ့သည်။

ရန်ကုန်မှမူလထွက်ခွာစဉ်ကပင် တစုတစည်းတည်း စတင်ထွက်ခွာလာ ကြသောအဆိုပါလမ်းလျှောက်အဖွဲ့သည် ဧရာဝတီမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတစ်လျှောက်နှစ်ဖွဲ့ခွဲ၍ လမ်းလျှောက်ကြခြင်းမှာအဖွဲ့တွင်း သဘောထားကွဲလွဲမှုများကြောင့်ဖြစ်ကြောင်း သတင်းများထွက်ပေါ်
ခဲ့သော်လည်း အဆိုပါလှုပ်ရှားမှုအပေါ် ပြည်သူများအကြား ပျံ့နှံ့စွာသိရှိ လာနိုင်စေရန်အတွက် ယခုကဲ့သို့ အဖွဲ့ နှစ်ဖွဲ့ခွဲ၍ လမ်းလျှောက်ရခြင်း
ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သတင်းတွေထွက်နေသလို ကျွန်တော်တို့အဖွဲ့ ကွဲသွားတာမဟုတ်ပါဘူး။
ကျွန်တော်တို့ထဲမှာ အဖွဲ့အစည်းသဘော သဘာဝအရ မပြေလည်တာ တချို့ရှိခဲ့ပေမယ့် အားလုံးရဲ့တူညီတဲ့ရည်ရွယ်ချက်က ဧရာဝတီကို ကာကွယ်ဖို့၊ မြစ်ဆုံဆည်စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းဖို့ပါ။ အခုလို အဖွဲ့နှစ်ဖွဲ့ခွဲပြီး လမ်းလျှောက်တဲ့အတွက်ကျွန်တော်တို့လှုပ်ရှားမှုကို
ပြည်သူတွေကြားထဲ ပိုပြီးတော့ထိထိရောက်ရောက်သိရှိလာမယ်လို့
ယူဆပါတယ် "ဟု ဦးမြင့်ဝင်းမောင်က ပြောဆိုသည်။

ယင်းကဲ့သို့အဖွဲ့နှစ်ဖွဲ့ခွဲ၍ လမ်းလျှောက်ရာတွင် ကိုရဲထွဋ်ခေါင်ဦးဆောင်
သောဧရာဝတီမြစ်အရှေ့ဘက်ခြမ်း လမ်းလျှောက်အဖွဲ့သည် သင်္ကြန်တွင်
မြင်းခြံမြို့၌ရပ်နားခဲ့ကြပြီး နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ လူအင်အား ၂၀ ကျော်ဖြင့် ခရီးဆက်နေကြောင်း၊ အလားတူ ကိုသီဟဦးဆောင်သော ဧရာဝတီမြစ်အနောက်ဘက်ခြမ်းလမ်းလျှောက်အဖွဲ့သည် သင်္ကြန်အတွင်း
ညောင်ဦးမြို့၌ ရပ်နားခဲ့ကြပြီးလူအင်အား ၄၀ ကျော်ဖြင့်ခရီးဆက်နေကြောင်း
သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှ ကိုရဲထွဋ်ခေါင်ဦးဆောင်သောအဖွဲ့သည်
ဧပြီ ၁၉ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး တစ်ညအိပ်ရပ်နားကာ
ဧပြီ ၂၀ ရက် (ယနေ့)တွင် မန္တလေးမြို့တွင်း မြို့နယ်များသို့လှည့်လည်ကာ ထိုမှတစ်ဆင့် မတ္တရာ၊ စဥ့်ကိုင်လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာ
မည်ဖြစ်ကြောင်း သိရသည်။ ' ကျွန်တော်တို့ အနောက်ဘက်ခြမ်းက
လျှောက်တဲ့အဖွဲ့ကတော့ ဧပြီ ၁၈ ရက် ပခုက္ကူမှာနားပြီးတော့ ဒီနေ့မနက် ပခုက္ကူက စထွက်တယ်။ ကိုရဲထွဋ်ခေါင်တို့ အဖွဲ့ကတော့ အရှေ့ဘက်
လမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်။ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်တဲ့အတွက် လူအင်အားနည်းသွားပေမယ့် လမ်းတစ်လျှောက်မှာထပ်ပြီး ပူးပေါင်းပါဝင်
လာမယ့်ပြည်သူတွေလည်း ရှိနေပါသေးတယ်' ဟု အနောက်ဘက်
ခြမ်းလမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသီဟက ပြောဆိုသည်။

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် မတ် ၂၃ ရက်မှစတင်၍
ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော မြစ်ဆုံလမ်းလျှောက်အဖွဲ့သည် ခရီးစဉ်
ကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေအခက်အခဲ တချို့ရှိလာခဲ့ပြီး လမ်းတစ်
လျှောက်ရရှိသည့်ကူညီထောက်ပံ့ငွေတချို့မှာလည်း ရှည်လျားသော ခရီးစဉ်အတွက် လုံလောက်မှုမရှိကြောင်းနှင့် ပြည်သူလူထုက ကျွေးမွေး
သည့် အစားအစာများဖြင့်သာ ရှေ့ဆက်နေရသဖြင့် အခက်အခဲရှိနေကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်လက်ထက်အတွင်း စီမံကိန်းရပ်ဆိုင်းကြောင်း တရားဝင်
ကြေညာထားသည့် မြစ်ဆုံဆည်စီမံကိန်းသည် လက်ရှိအချိန်တွင် ပြန်လည်
စတင်ရန်ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်လာခဲ့သောကြောင့်
မြန်မာနိုင်ငံသားအားလုံးက ယင်းစီမံကိန်းကို ထာဝရဖျက်သိမ်းရန်အတွက် အလိုရှိနေသည်ကို အသိပေးလိုသောကြောင့် ယခုကဲ့သို့ ရန်ကုန်မှ မြစ်ဆုံသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေးပတ်သက်မှုမရှိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှပတ်သက်ခြင်းမရှိဘူး ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း




Author: ရန်မျိုးနိုင်/အိဖြူလွင်

ဓာတ်ပုံ−ကျော်ဇင်သန်း
နိုင်ငံရေးလောကတွင်ယခု လပိုင်းအတွင်း ဦးကိုကိုကြီးနှင့် ပတ်သက်သော ကောလာဟလမျိုးစုံထွက်ပေါ်နေသည်။ အထူးသဖြင့် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင်ဖြစ်သည်။ ဦးကိုကိုကြီးအား ဒုတိယသမ္မတအဖြစ် အစိုးရက ကမ်းလှမ်းထားသည်။ ဦးကိုကိုကြီး၏ မင်္ဂလာပွဲကုန်ကျစရိတ်များကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေမှ လှည့်ယူသုံးစွဲခဲ့သည်။ အမေရိကန်သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်က ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအား ငွေကြေးထောက်ပံ့ထားပြီး ငွေရေးကြေးရေးပတ်သက်မှုများရှိနေ သည် စသည်တို့ဖြစ်သည်။ ထို့ကြောင့် 7Day Daily က ဦးကိုကိုကြီးနှင့် ၎င်း၏နေအိမ်တွင် ဧပြီ ၁၉ရက်ကတွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက်ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုအပြင်မှာ ပျံ့နှံ့နေတဲ့သတင်း တစ်ခုနဲ့ စချင်ပါတယ်။ အဲဒါက တော့ လက်ရှိအစိုးရအဖွဲ့က ဦးကို ကိုကြီးကို ဒုတိယသမ္မတအဖြစ် ကမ်းလှမ်းထားတယ်ဆိုတာပါပဲ။ ဦးကိုကိုကြီးဘယ်လိုဆုံးဖြတ်ထား ပါသလဲ

ကျွန်တော့်အမြင်အရပြောရ ရင် နေရာကအဓိကမဟုတ်ဘူး။ ဘယ်လောက်အလုပ်အကျွေးပြု နိုင်မလဲ။ ကိုယ့်ဖြတ်သန်းမှုကိုယ့် အတွေ့အကြုံတွေနဲ့ ကိုယ့်မဲဆန္ဒ ရှင်တွေကို ဘယ်လောက်အလုပ် အကျွေးပြုနိုင်မလဲဆိုတာက အဓိ ကပါပဲ။ ဘယ်နေရာမှာပဲနေနေ နေရာက အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်းအ ခုနေပြောရင် ကျွန်တော်ရှက် တောင်ရှက်တယ်။ ကျွန်တော်တို့ စလုပ်ကတည်းက အဲဒီနေရာတွေ ရာထူးတွေကို ဘယ်တုန်းကမှ ထည့်ပြီးစဉ်းစားခဲ့တာမဟုတ်ဘူး။



ဒါဆို ဦးကိုကိုကြီးကို ဒုတိယသမ္မ တအဖြစ်ကမ်းလှမ်းထားတာမရှိ ဘူးလို့ ဆိုလိုတာလား။

မဟုတ်ပါဘူး။ မရှိပါဘူး။

ဦးကိုကိုကြီးအနေနဲ့ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းကို    ရွေး ချယ်ထားတယ်လို့ပြောထားပါ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖြစ်မှာလား။

သေချာတာကတော့ ကျွန် တော်လွှတ်တော်နိုင်ငံရေးလုပ်ရင် ရွေးကောက်ပွဲဝင်ရမှာပဲ။ ရွေး ကောက်ပွဲဝင်မှာက ဘယ်တိုင်ပင် ၀င်မလဲပေါ့။ ဥပမာ ဒီကြားဖြတ် ရွေးကောက်ပွဲဆိုရင် ဖြစ်နိုင်တာ က ၂၀၁၄နှစ်ကုန်ပိုင်းလောက်မှ ဖြစ်နိုင်တယ်။ တစ်နှစ်သက်တမ်း လောက်ပဲကျန်တယ်။ အဲဒီမှာ ၀င် ခြင်းအားဖြင့် ဘယ်လိုအကျိုး ဆက်ဖြစ်မလဲ။ သို့မဟုတ်ရင် ၂၀၁၅၀င်ရင် ဘာဖြစ်မလဲ။ ကျွန် တော်အဲဒါတွေ အားလုံးကို ချိန်ဆ နေတယ်။ တရားဝင်ထုတ်ပြန်ဖို့ လိုပါသေးတယ်။ အဲဒီအခါကျ တော့ ကျွန်တော်ပြောပါမယ်။

ပါတီတွေက ဦးကိုကိုကြီးကို သူ တို့ပါတီကိုယ်စားပြုပြီး ကမ်းလှမ်း တာမျိုးရှိလာပြီလား။ ဒါမှမဟုတ် သီးသန့်ပါတီထောင်ဖို့ စဉ်းစား ထားလား။

အဲဒါတော့ ကျွန်တော်မစဉ်း စားတာမဟုတ်ဘူး။ စဉ်းစားတယ်။ မဆုံးဖြတ်ရသေးဘူး။ နည်း လမ်းက သုံးခုပဲရှိပါတယ်။ ရှိနေ တဲ့ ပါတီတစ်ခုခုမှာ ၀င်လုပ်မလား (သို့မဟုတ်)ကိုယ့်ဘာသာသီးခြား ပါတီတစ်ခုလုပ်မလား။ ဒါမှမ ဟုတ်ရင် တစ်သီးပုဂ္ဂလနဲ့ ၀င်မ လားဆိုတာရွေးချယ်မှုက ဒါပဲရှိပါ တယ်။ အဲဒါလည်း ဆုံးဖြတ်တဲ့ အ ခါကျရင်ပြောပါ့မယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံတွေကို ကူညီနေတဲ့ အမေရိ ကန်သန်းကြွယ်သူဌေးဂျော့ဆိုး ရော့စ် မြန်မာပြည်လာတုန်းက ဦး ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး ငွေကြေးထောက်ပံ့မှုတွေရှိပါ တယ်ဆိုတဲ့ သတင်းတစ်ခုထွက် နေပါတယ်။ အဲဒီအပေါ်မှာ ဘာ များပြောချင်ပါသလဲ။

အရင်ဆုံးပြောချင်တာက ဒီ ပွင့်လင်းဆိုတဲ့ကိစ္စက ကျွန်တော် နာမည်ပေးတာ။ ဘာဆိုးရော့စ် နဲ့မှ မပတ်သက်ဘူး။ နာမည်ပေး ဖြစ်တဲ့အခါမှာလည်း ကျွန်တော် သွားပြီးသတိထားမိတယ်။ Open Society နဲ့ သွားပြီးတူမှာစိုးလို့။ အင်္ဂလိပ်လို စဉ်းစားတဲ့အခါမှာ Open Community ဆိုပြီးသွားပြီး စဉ်းစားမိသေးတယ်။ တူမှာစိုးလို့ ကွဲအောင်စဉ်းစားသေးတယ်။  Community ဆိုတဲ့ Senseထက် Society ဆိုတာကပိုပြီးကျယ်ပြန့် တယ်။ တခြားရွေးစရာမရှိတော့ဘဲ Open Society ပဲ ရွေးဖြစ်တာပါ ။ဆိုတော့ ဒါကြောင့်စပြောရရင် ဂျော့ဆိုးရော့စ်ရဲ့ Open Society  နဲ့ ကျွန်တော်နဲ့ ဘာမှမပတ်သက် ဘူး။ သူဌေးကြီးလာတယ်။ လာတဲ့ အခါမှာ ကျွန်တော်တို့ကတွေ့ချင် လို့ သွားခေါ်တာမဟုတ်ဘူး။ ကျွန် တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီးတော့ မြန်မာနိုင်ငံဒီမိုက ရေစီအပြောင်းအလဲမှာ ဒီအင် အားစုဟာ အရေးပါတဲ့အင်အားစု အဖြစ် သူကတွေ့ချင်လို့လာတာ။ တွေ့ချင်လို့  တွေ့တဲ့အခါမှာ လည်း ကျွန်တော်တို့ လုပ်နေတာ တွေမေးတယ်။ ကျွန်တော်တို့ ဖြတ်သန်းမှုတွေမေးတယ်။ လက် ရှိအခြေအနေအပေါ်မှာ ကျွန်တော်တို့ရဲ့ အမြင်သုံးသပ်ချက် တွေမေးတယ်။ အဲဒါပဲ။ ဆိုတော့ ၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေးပတ်သက်ခြင်းမရှိ ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ ပတ်သက်ခြင်းမရှိဘူး။



နောက် ၈၈ကို လုပ်ငန်းရှင်တွေက လှူဒါန်းတဲ့အပေါ်မှာကော   ဘာ များ ပြောချင်ပါသလဲ။

ကျွန်တော်တို့ စေတနာဝ သန်တေးဂီတပွဲမှာသူတို့ လှူကြ တယ်။ လုပ်ငန်းရှင်တွေထဲကနေ ကျွန်တော်တို့ကို လှူကြတာတွေ အများကြီးရှိတယ်။ အဲဒီအတွက် လည်း ကျွန်တော်တို့ ဘာကတိက ၀တ်မှ မရှိဘူး။ ဒီလို လှူတဲ့အ တွက်ကြောင့်လည်း သူ့ကို ဘာ ပြန်လုပ်ပေးရမယ်။ ဘာတွေတော့ မလုပ်ပါနဲ့ဆိုတဲ့ နှောင်ကြိုးမျိုးဆို ရင် ကျွန်တော်တို့က ဘယ်သူ့ဆီ ကမှ လက်မခံဘူး။ ကျွန်တော်တို့ ကို လှူရင်လည်း ကျွန်တော်တို့ လုပ်နေတဲ့ ကျွန်တော်တို့ ဖြတ် သန်းမှုနဲ့ ကျွန်တော်တို့ဆောင် ရွက်မှုတွေကို ရိုးရိုးသားသားယုံ ကြည်လို့ လှူတဲ့ အလှူမျိုးပဲလက် ခံတယ်။ ကျန်တဲ့ နှောင်ကြိုးပါတဲ့ လှူတဲ့အတွက်ကြောင့် ဘာပြန် ပေးရမလဲဆိုတဲ့ ကတိက၀တ်မရှိ ခဲ့ဘူး။ လက်လည်း လက်ခံမှာမ ဟုတ်ဘူး။

ဦးကိုကိုကြီးတို့လို နိုင်ငံရေးသြဇာ ရှိတဲ့ သူတွေကို အခုလိုမျိုးပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုများ ကြုံလာတဲ့ အခါမှာ စိတ်ကသိကအောက်ဖြစ် နိုင်ပါတယ်။  အဲဒီလို အခက်အခဲ တွေ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားဖို့ စီစဉ်ထားပါသလဲ။

ကျွန်တော်ကလည်း ကျွန် တော့်အကျိုးပေးဗျ။ စလုပ်က တည်းက အစိုးရနဲ့ပေးစားတယ်။ ထောက်လှမ်းရေးနဲ့ပေးစားတယ်။ ကျွန်တော်က တော်တော်ကို တောက်လျှောက်အဲဒီလို တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒါတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်  ဖြတ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ရန် မလုပ်ခဲ့ပါဘူး။ ဘယ်သူက ကျွန် တော့်ကို ချလို့ ကျွန်တော်က ပြန် ချတယ်ဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော်ပြန်ပြီးမတုံ့ပြန်ခဲ့ဘူး။ အဲဒီတုန်းက တိုက်ခဲ့တဲ့သူတွေ အ ခုကျွန်တော်နဲ့ ပြန်လက်တွဲတာရှိ တယ်။ ကျွန်တော် နာမည်တွေ ထုတ်ပြီးမပြောချင်ဘူး။ ကျွန်တော် အဲဒီတိုက်ခိုက်ခဲ့သူတွေနဲ့ ပတ်သက်ပြီး တချို့က ရိုးရိုးသား သားနဲ့ သူများပြောတာကို သံ ယောင်လိုက်ပြီးပြောတာရှိတယ်။ အချိန်တန်ရင် သူတို့ဘာသာသူ တို့နားလည်သွားတဲ့အခါ ကျွန် တော့်အတွက် မိတ်ကောင်းဆွေ ကောင်းတွေပြန်ဖြစ်လာတယ်။အ ခုလည်းပဲ ကျွန်တော်မျှော်လင့်ပါ တယ်။ တချို့က ဘာမှန်းညာမှန်း မသိဘူး။ သူတို့ရဲ့ ခံစားချက်တွေ ဒဏ်ရာဒဏ်ချက်တွေက ပြင်းတဲ့ အခါကျတော့ တစ်လျှောက်လုံး မှာ ကိုယ်ကအဖိနှိပ်အညှဉ်းပန်းခံ ခဲ့ရတယ်။ အဲဒီတော့ ဒီလူတွေနဲ့  အခု အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုပြီး ဆက်ဆံနေရတယ်။ ပြောဆိုနေရတဲ့အပေါ်မှာ စိတ်မ သက်မသာဖြစ်တာရှိတယ်။ အဲဒီ လူတွေနဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝစာနာပါတယ်။



ရွှေသံလွင်က ၈၈ငွေရတုတုန်းက ရော ဂီတဖျော်ဖြေပွဲတုန်းကရော လှူဒါန်းမှုတွေရှိခဲ့ပါတယ်။ အခု ဦးကိုကိုကြီးမင်္ဂလာဆောင်ကို လည်း ရွှေသံလွင်ပိုင် Sky Star  ဟိုတယ်မှာ ကျင်းပတဲ့အတွက် စပွန်ဆာပေးတယ်ဆိုပြီး ဝေဖန်မှု တွေအပေါ် ဘာများပြောချင်ပါသလဲ။

ရန်ကုန်မှာ အမှန်ပြောရရင် ကျွန်တော်က မလုပ်ချင်တော့ဘူး။ ကျွန်တော်ကလည်းတစ်လျှောက် လုံးကျောင်းတက်လာတဲ့ သူငယ် ချင်းတွေက ဂျီတီအိုင်တောင်နှစ် ကျောင်း။ ပြည်မှာဒုတိယနှစ်။ ဖိုင်  နယ်ကျတော့ အင်းစိန်မှာ။ အဲဒီ တော့ အဲဒီအုပ်စုတွေကလည်း သေချာတယ်။ ၀မ်းတေဘယ်။ ရန်ကုန်တက္ကသိုလ် အိုင်အာ(IR) အုပ်စုကလည်းဝမ်းတေဘယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ၀မ်းတေဘယ်ဆိုတော့ အဲဒါ ကျွန်တော်လည်းပြီးမှာမ ဟုတ်တော့ဘူး။ အဲဒီတော့ ကျွန် တော်အားလုံးစုပြီးတော့ ဧည့်ခံပွဲ လေးပဲလုပ်လိုက်မယ်။ ပထမ ဘုန်းကြီးကျောင်းစဉ်းစားတယ်။ ဘုန်းကြီးကျောင်းစဉ်းစားတော့ ကျွန်တော့်ကို အကျပ်ကိုင်တာက ရွှေသံစဉ်တီးဝိုင်းကိုဝင်းမော်တို့။ ဟေ့လူ ကျွန်တော်တို့ မတီးရရင် မဖြစ်ဘူး။ တီးရဆိုရမှဖြစ်မှာ။ မ တီးမဆိုရရင် ကျွန်တော်တို့က ခင် ဗျားရဲ့ အိမ်ရှေ့မှာတစ်ညလုံးလာ တီးမှာဆိုတော့ ဟုတ်ပြီ ခင်ဗျား တို့လည်း အဆင်ပြေအောင်ဆိုပြီး ဘုန်းကြီးကျောင်းကိုရှောင်ပြီး တ ခြားခန်းမလိုမျိုးနေရာတစ်ခုရှာ မယ်စဉ်းစားတော့ လနဲ့ချီပြီး ဘွတ် ခ်ကင်လုပ်တယ်။ ဟိုတယ်တွေက မတတ်နိုင်ဘူး။ အဲဒီတော့ ကျွန် တော့်ညီမတစ်ယောက်က ကိုကျူ့(ဦးကိုကိုကြီး)တဲ့ ညီမတို့ဝပ်ရှော့ တွေ အစည်းအဝေးတွေအဲဒီမှာ လုပ်တာ ကျယ်လည်းကျယ်တယ်။ကားပါကင်အတွက်လည်း အဆင်ပြေတယ်။ အဲဒီမှာမေး ကြည့်ပါလားဆိုတော့ အဲဒီမှာ ကျွန်တော်လည်း တစ်ခါမှမ ရောက်ဖူးဘူး။ ကျွန်တော်အဲဒီမှာ မေးဖြစ်တော့ ပြောရရင်တော့ ကိုယ်လည်း လက်နိုင်ခြေနိုင်ရှိတဲ့ ပမာဏဆိုတော့ အဲဒါနဲ့ Sky Star မှာ လုပ်ဖြစ်လိုက်တာ။ အမှန်က ကျွန်တော်ကိုယ်တိုင် မင်္ဂလာ ဆောင်ကျမှ အဲဒီထဲကိုရောက်ဖူး တာ။ ကျွန်တော်ရှိမှန်းတောင်မသိ ဘူး။



အခုလိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရ တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

အမျိုးအမည်မသိတိုက်ခိုက် နေတဲ့ သူတွေကိုတော့ ကျွန်တော် ဘာမှ မပြောချင်ဘူး။ ဒီမိုကရေစီ ဆိုတာ တန်ဖိုးရှိရှိအသုံးပြုတဲ့အ တွက် ဆုလာဘ်ဖြစ်သလို စည်းမဲ့ ကမ်းမဲ့သုံးတဲ့သူတွေအတွက် တော့ ကျိန်စာဖြစ်တယ်။အဲဒီ တော့ ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ကို ချစ်ခင်တဲ့ပြည်သူ တွေကိုပဲ ကျွန်တော်ပြောပြချင် တယ်။ တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်ဘာမှ မဖြေရှင်းပါဘူး။ ပြည်သူတွေအနေနဲ့က သတင်း တစ်ခုအပေါ်မှာ ကောက်ချက်ချ တဲ့အခါမှာ၊ သတင်းတစ်ခုကို အကဲဖြတ်တဲ့အခါမှာ သတင်းအ ရင်းအမြစ်က ဘယ်လောက်ခိုင် လုံမှုရှိလဲ။ ဘယ်သူလဲ။ အဲဒါကို အရင်ဆုံးလေ့လာဖို့လိုတယ်။ နောက်တစ်ခုက သတင်းဖော်ပြခံ ရတဲ့ပုဂ္ဂိုလ်။ သူ့ရဲ့ဖြတ်သန်းမှု။ ဘယ်လိုလူမျိုးလဲဆိုတာလေ့လာ ဖို့လိုတယ်။ ကျွန်တော်ကိုယ်တိုင် က ဆင်းရဲသားမိသားစု၊ လက်လုပ် လက်စားမိသားစုကနေကြီးပြင်း လာတယ်။ လူဦးရေအများဆုံးဖြစ် တဲ့ ဆင်းရဲသားတွေ၊ လက်လုပ် လက်စားတွေအပေါ်မှာတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အဲဒါကို ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ရဲ့ နိုင်ငံသားတွေကို ပေးနိုင်တဲ့ ကတိပါပဲ။

7day Daily

လှိုင်သာယာမြို့နယ်တွင် လှိုင်မြစ်ကမ်းပါးပြိုကျ




ရန်ကုန်၊ ဧပြီ ၂၀

၂၀.၄.၂၀၁၄ရက်နေ့ ၀၃၀၀အချိန် လှိုင်သာယာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊
ဆိပ်ကမ်းသာလမ်း၊ သာယာကုန်းဘုန်းတော်ကြီးကျောင်းအရှေ့ဘက်
(၁၅)ပေခန့်အကွာတွင် လှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား(၁၀၀)ပေခန့်၊ အကျယ်(၁၅)ပေခန့်မှာ မြစ်အတွင်းသို့ပြိုကျသွားခဲ့
ပါသည်။

ထိုသို့ မြစ်ကမ်းပါးပြိုကျခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းနှင့်ကပ်လျက်
ရှိသော လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနေ ဒေါ်ချိုချိုမာ ပိုင်သည့်
M-5 သင်္ဘောကျင်း၌ သင်္ဘောများဆိုက်ကပ်ရန်ပြုလုပ်ထားသော အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊အမြင့်(၁၅)ပေခန့်ရှိ ကွန်ကရစ်ဆိပ်ခံတံတား ၏ အစိတ်အပိုင်းတစ်ချို့မှာ မြစ်အတွင်းကျကာမျောပါသွားခဲ့ပါသည်။

ယင်းသို့ မြစ်ကမ်းပါးပြိုကျခဲ့ရာတွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ၎င်းနေရာသို့လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ရောက်ရှိကာ လိုအပ်သည်များ စီစဉ်
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကေအိုင်အေနှင့် ဧပြီလအတွင်းတိုက်ပွဲများတွင် တပ်မတော်မှ အရာရှိနှစ်ဦးအပါအ၀င်ကိုးဦးကျဆုံး

တပ်မတော်က ထိုးစစ်ဆင်ခြင်းလုံးဝမပြုလုပ်ဘဲဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် လုံခြုံရေးသာဆောင်ရွက်ခဲ့ဟု ထုတ်ပြန်



Author: အောင်ခိုင်
Location: ရန်ကုန်
မြန်မာစစ်တပ်နှင့်ကေအိုင်အေတပ်များ ထိပ်တိုက်တွေ့မှုနေရာပြမြေပုံ
 ကေအိုင်အေနှင့် ဧပြီလ အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲ များတွင်  မြန်မာ့တပ်မတော်မှ အရာရှိနှစ်ဦးအပါအ၀င် ကိုးဦးကျ ဆုံးပြီး၁၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၉ရက်တွင် သတင်းထုတ်ပြန် သည်။

ကျဆုံးသွားသူများတွင် အ ရာရှိနှစ်ဦးနှင့် စစ်သည် ခုနစ်ဦးပါ ၀င်ပြီး ဒဏ်ရာရရှိသူများမှာ အရာ ရှိတစ်ဦးနှင့် စစ်သည် ၁၆ဦးဖြစ် ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။သို့သော် တပ်မတော်မှ ကျဆုံးသော ဗိုလ် မှူးတစ်ဦးသည် ဧပြီ၎ရက်တွင် ကေအိုင်အေမှ ချောင်းမြောင်းပစ် ခတ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရတပ်နှင့် ကေအိုင်အေ တို့ကြား ဧပြီ ၁၀ရက်မှစတင်၍ ရှစ်ရက်ကြာတိုက်ပွဲများပြင်းထန် စွာ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ စဖြစ်သည့်ရက်မှ ၁၀ရက်အကြာ တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများသည် ပန်ခမ်း နယ်မြေ၊ မန်ဝိန်းကြီးဒေသနှင့်မိုး မောက်မြို့နယ်များအတွင်းဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၄ရက်မှ ၁၃ရက်အထိ တိုက်ပွဲနှင့်ထိတွေ့ မှုပေါင်း ၂၂ကြိမ်နှင့် မိုင်းခွဲတိုက် ခိုက်ခံရမှု ငါးကြိမ်  ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလအတွင်းဖြစ်ပွားခဲ့ သော တိုက်ပွဲများအတွင်း ကေ အိုင်အေဘက်မှ အလောင်း ၁၄  လောင်းကို သိမ်းဆည်းရရှိခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာ နထုတ်ပြန်ချက်တွင်ပါရှိသည်။

ကေအိုင်အေဘက်ကမူ တစ် ကျော့ပြန်ဖြစ်ပွားခဲ့သော တိုက်ပွဲ များမှ အစိုးရတပ်ဘက်က သစ် မှောင်ခိုမှုရှင်းလင်းခြင်း၊ သန်း ခေါင်စာရင်းလုံခြုံရေးဆောင်ရွက် ခြင်းတို့ကို အကြောင်းပြ၍နယ်မြေ စိုးမိုးမှုပြုလုပ်ခြင်းသာဖြစ်ကြောင်းတုံ့ပြန်ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၁၀ရက် ညွှန်ကြားချက်အတိုင်းကေအိုင် အေနှင့်တစ်ဖက်နှင့်တစ်ဖက်ယုံ ကြည်မှုရရှိစေရန် ခုံခံကာကွယ်ရုံ မှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း များ လုံးဝမပြုလုပ်ဘဲ ဆက်သွယ် ရေးလမ်းကြောင်းများ   တစ် လျှောက် လုံခြုံရေးကိုသာ အဓိကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ထို့အပြင် ဧပြီလအတွင်း ကေအိုင်အေ၏ ပွိုင့် ၇၉၂မိုင် ဆက်ကောင်းစခန်းနှင့် ပွိုင့် ၄၀၆ ဒဂေါ်မကာအွမ်စခန်းများကို တပ် မတော်က ရှင်းလင်းခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လတ်တလောဖြစ်ပွားခဲ့ သော တိုက်ပွဲများနှင့်ပတ်သက်၍  ‘‘နှစ်ဖက်စလုံးကို ယုံကြည်ပြီးငြိမ်း ချမ်းရေးလုပ်နေချိန်မှာ မမျှော် လင့်တာတွေက ဖြစ်ဖြစ်လာတော့ ရှေ့ဆက်ခန့်မှန်းရခက်နေပါ တယ်’’ဟု ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့(PCG)မှ ဦးအင်ရှန် ဆန်အောင်ကပြောသည်။

ကေအိုင်အေသတင်းရင်း မြစ်များကမူ ယခုဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ၎င်းတို့နယ် မြေအချို့ကို နောက်ဆုတ်ပေးခဲ့ရ သော်လည်း အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမှာ ယခုသတင်း ထုတ်ပြန်ချက်တွင်ပါရှိသည့် အ ရေအတွက်ထက်များပြားနိုင် ကြောင်းပြောသည်။

ထို့အပြင် တရုတ်နယ်စပ်ပန် ခမ်းနယ်မြေအတွင်းဖြစ်ပွားခဲ့ သော တိုက်ပွဲများသည် နယ်စပ် မျဉ်းမှ မီတာလေးထောင်အထက် ကွာဝေးသည့်နေရာများတွင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲများ ကြောင့်နှစ်နိုင်ငံသံတမန်ရေးရာ ကိစ္စရပ်များကို ထိခိုက်မှုမရှိ ကြောင်းလည်း ကာကွယ်ရေးဝန် ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

အစိုးရနှင့် ကေအိုင်အေတို့ ကြား လတ်တလောပြန်လည်ဖြစ် ပွားခဲ့သောတိုက်ပွဲများကြောင့် လ ဂတ်ယန်ဒုက္ခသည်စခန်းအပါအ အ၀င်ကျေးရွာ ၁၅ရွာခန့်မှ ဒေသ ခံပြည်သူငါးထောင်ကျော် ထွက် ပြေးတိမ်းရှောင်နေရပြီး အရေး ပေါ်အကူအညီများလိုအပ်နေ ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၀ရက်မှစတင်၍ တစ်ကျော့ပြန်  ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ဧပြီလ ၁၈ရက်မှ စတင်၍ ပြန်လည်ငြိမ်သက်သွား ပြီဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။

7day daily

မန္တလေးတွင် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၈ သန်းနီးပါး ဖမ်းဆီးရမိ


ဓာတ်ပုံ - MOI


ပြီးခဲတဲ့ မြန်မာနှစ်ဆန်းတရက် ဧပြီလ ၁၇ ရက်က မန္တလေးမြို့မှာ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား သိန်း ၈၀ လောက် ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ တွေ့ရှိရသူ ၅ ဦးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် မူးယစ်ဆေးတွေရဲ့ ကာလပေါက်ဈေးတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
မန္တလေးမြို့က သတင်းအယ်ဒီတာက ကိုစန်းယုကျော်က မူးယစ်ဆေးဝါးတွေဟာ အိနိယနဲ့ တရုတ်နယ်စပ်တွေက ၀င်လာတာဖြစ်ပြီး မန္တလေးမြို့ဟာ မူးယစ်ဆေးဝါး သယ်ဆောင် ဖြတ်သန်းရာ ဆုံရပ်လို ဖြစ်နေတာလို့ ပြောပါတယ်။ ဒီတကြိမ် မူးယစ်ဆေးဝါး ဖမ်းမိမှုဟာ ဆေးပြားသိန်း ၈၀ လောက် ရှိတာမို့ စံတင်လောက်တဲ့ ဖမ်းဆီးရရှိမှု ဖြစ်ပါတယ်။

DVB Burmese

လာဆင်ကို လက်ပြန်ရိုက်သည့် ရာမီရက်စ် အရေးယူခံရဖွယ်ရှိ


ဆန်းဒါးလန်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား လာဆင်ကို လက်ပြန်ရိုက်ခဲ့သည့် ချဲလ်ဆီး ကွင်းလယ်လူ ရာမီရက်စ်အနေဖြင့် ပြန်လှန်စုံစမ်းစစ်ဆေးခြင်း စည်းမျဉ်းကြောင့် အရေးယူခံရဖွယ်ရှိနေသည်။ ဆန်းဒါးလန်းသည် လီဗာပူးမှ အငှားခေါ်ယူထားသည့် တိုက်စစ်မှူး ဘိုရီနီ၏ ပင်နယ်တီဂိုးဖြင့် ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီး မော်ရင်ဟို၏ အိမ်ကွင်း ၇၇ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

ရာမီရက်စ်မှာ ပွဲချိန် ၄၄မိနစ်တွင် လာဆင်ကို လက်ပြန်ရိုက်ခဲ့ခြင်းဖြစ်သည်။ ကွင်းလယ်ဒိုင် မိုက်ဒင်း အနီးတွင် ယင်းကဲ့သို့ဖြစ်ပွားခဲ့သော်လည်း ဒိုင်လူကြီး မြင်တွေ့ခဲ့ခြင်း မရှိသောကြောင့် ရာမီရက်စ်အနေဖြင့် ပွဲချိန်အတွင်း အပြစ်ပေးခံရခြင်းမရှိသော်လည်း ပြန်လှန်စုံစမ်းစစ်ဆေးခြင်း စည်းမျဉ်းအရ အရေးယူခံရဖွယ် ရှိနေခြင်းဖြစ်သည်။

@z (ရိုးရာလေး)

ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်(၈)စီးနှင့် ဈေဆိုင်သုံးဆိုင် ဖျက်စီးခံရ



ကသာ၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာ၊ လမ်းဆုံကြီးရပ်ကွက်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာ ချင်းဆိုင်တိုက်မိခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်(၈)စီး၊ ဈေးဆိုင်သုံးဆိုင် ဖျက်စီးခံရပြီး လူ(၈)ယောက်ပြင်ထန် ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်တစ်ရပ်အား ယခုလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ကသာခရိုင် ထွေအုပ်ရုံးရှိ အမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးမှ ပြောသည်။
ထိုသို့ အုပ်စုဖွဲ့၍ နှစ်ဘက်ခိုက်ရန်ဖြစ်ပွားခဲ့ရခြင်းမှာ ယခုလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်က ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာလမ်းမကြီးပေါ်တွင် ပျဉ်ထောင်လေးရွာမှ ငါးအိုးကျေးရွာဘက်သို့ ဦးတည်ပြီး မောင်ငြိမ်းချမ်း အောင် (ခ) မောင်ငမော့စ် မောင်းနှင်လာသည့် kenbo 125 ဆိုင်ကယ်နှင့် ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာနေ ဦးမောင် မြင့် ဆိုသူမှ ငါးအိုကျေးရွာဘက်မှ ပျဉ်ထောင်လေးကျေးရွာဘက်သို့ စီးနှင်းလာသည့် kenbo 125 ဆိုင်ကယ်တို့မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်တိုက်မှုကိုလည်း အင်းရွာနယ်မြေရဲစခန်းက ယာဉ်(ပ) ၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ အရ အမှုရေးဖွင့်ထားခဲ့ပြီးဖြစ်ကြောင်း ၎င်းယာဉ်တိုက်မှုအား သွားရောက်စစ်ဆေးခဲ့သည့် ဒုရဲ အုပ် နေဇော်နှင့်အဖွဲ့က ပြောပြသည်။
“ အဲ့ဒီဆိုင်ကယ်တိုက်မှုကို ကျေနပ်မှုမရှိတဲ့အတွက် အခုလို နှစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်..” ဟု အင်းရွာနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
အဆိုပါ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုမှ မောင်ငြိမ်းချမ်းအောင်(ခ) မောင်ငမော့စ် ဆိုသူသည် ယခုလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ပျဉ်ထောင်လေးကျေးရွာနေ ကိုလွင်ဦး၏ နေအိမ်ဈေးဆိုင်အနီးရှိ ရေကစားမဏ္ဍပ်အ နီး ဒေါ်ဂျမ်းကွမ်းယာဆိုင်၌ ကွမ်းယာဝယ်ယူနေစဉ် အလယ်ကျွန်းကျေးရွာနေ ကိုသောင်းတန်(ခ) လိပ်ခွေ ဆိုသူနှင့် လူ(၁၅)ဦးရောက်ရှိလာပြီး ခဲများဖြင့်ပစ်ပေါက်၍ စကားများရန်ဖြစ်ခဲ့ကြသည်။
ထို့သို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် မောင်ငြိမ်းချမ်းအောင်(ခ) ငမော့စ် ဆိုသူမှာ ဒဏ်များရရှိခဲ့သည်။ ထို့အပြင် အလယ်ကျွန်းကျေးရွာမှ ကိုခင်မောင်ရှင်၊ ကိုမျိုးမင်းဦး၊ နှင့် ကိုဆန်းမောင် ဆိုသူတို့မှာလည်း ဒဏ်ရာများရရှိခဲ့သဖြင့် ကျေးရွာသို့ပြန်လည်သွားကာ လူစုကွဲခဲ့ကြောင်း ပျဉ်ထောင်လေးရဲကင်းစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။
ထို့နောက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အလယ်ကျွန်းကျေးရွာနေ ကိုသောင်းတန်(ခ) လိပ်ခွေဆိုသူနှင့် လူ(၅၀)ဦး သည် ပျဉ်ထောင်လေးကျေးရွာသို့ နောက်တစ်ခေါက်ပြန်လည်ရောက်ရှိလာပြီး ကိုလွင်ဦး ကုန်မျိုးစုံဆိုင်၊ ဦးချစ်ဆွေ ကုန်မျိုးစုံဆိုင်နှင့် ဒေါ်ဂျမ်းကွမ်းယာဆိုင်တို့ကို ဖျက်ဆီးခဲ့ကြသည်။ ထိုမျှမက အနီးရှိ ဆိုင်ကယ်(၈)စီးကိုလည်း ဖျက်စီး ခဲ့ကြောင်း အဆိုပါ ရန်ပွဲအား သွားရောက်ဖျန်ဖြေပေးခဲ့သည့် ဒုရဲအုပ် မျိုးသန့်နှင့်အဖွဲ့က ပြောပြသည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ရာရရှိသူ ကျား(၇)ဦးနှင့် မ(၁) ဦးရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူ ကျား (၇)ဦးမှာ ငါးအိုးဆေးရုံ၌ ဆေးကုသမှုခံယူနေသော်လည်း မ (၁) ဦးမှာ ငါးအိုးဆေးရုံမှတဆင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း ငါးအိုးဆေးရုံရှိ ကျန်းမာရေး ၀န်ထမ်းတစ်ဦး၏ ပြောပြ ချက်များအရ သိရသည်။
မျက်နှာဆိုင် ဆိုင်ကယ်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်သည့်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်အောင်မြင့် နှင့်အဖွဲ့မှသွားရောက်လျက်ရှိပြီး ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်ပတ်သက်သူများကို အမှုဖွင့်အရေး ယူရန် ဆောင်ရွ့က်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး

တောင်ကိုရီးယား သင်္ဘောပျက်ထဲ ဝင်နိုင်ပြီ


ရေငုပ်သမားတွေရဲ့ ကင်မရာကတဆင့် မိသားစုဝင်တွေ ကြည့်ရှုနေပုံ
ဗုဒ္ဓဟူးနေ့က နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား သင်္ဘောရဲ့ အတွင်းပိုင်းကနေ၊ သေဆုံးသွားသူတွေရဲ့ ကိုယ်ခန္ဓာတွေကို၊ ရေငုပ်ရှာဖွေသူတွေက စတင် တွေ့ရှိ ရယူနေကြပြီ ဖြစ်ပါတယ်။

သင်္ဘောမှန်ကို ခွဲပြီး၊ အလောင်း ၁၃လောင်း ရယူနိုင်ခဲ့တဲ့ အတွက်၊ အခုဆို အတည်ပြုနိုင်တဲ့ သေဆုံးစာရင်းမှာ ၄၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လူပေါင်း ၂၅၀ ကျော် ဆက်လက် ပျောက်ဆုံးနေကြဆဲ ဖြစ်ပြီး၊ အဲဒီ့အထဲမှာ ကလေးသူငယ်တွေ အများကြီး ပါပါတယ်။

ရေငုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ကင်မရာကနေ တဆင့် တွေ့ရတဲ့ ပုံရိပ်တွေကို၊ ကျန်ရစ်သူ မိသားစုဝင် တချို့ ကြည့်ရှု့နေကြပါတယ်။

အာဏာပိုင်တွေက ဒီရေငုပ် ရှာဖွတဲ့ အလုပ်ဟာ ၂ လလောက် အချိန် ယူရနိုင်တယ်လို့ ပြောခဲ့တဲ့ အတွက်၊ တချို့ မိသားစုဝင်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

အားသန်တဲ့ ရေစီးကြောင်းတွေ၊ ရေလှိုင်းလုံး အမြင့်ကြီးတွေနဲ့ ရေအောက်မြင်ကွင်း ရှင်းလင်းမှု အလွန် အားနည်းတာတွေဟာ၊ ရေငုပ် ရှာဖွေမှုကို အင်မတန် နှောင့်နှေးနေစေပါတယ်။

သင်္ဘောနစ်မြုပ်စဉ်မှာ၊ ပဲ့ကိုင်နေသူဟာ၊ အတွေ့ကြုံ မရှိတဲ့ တတိယအဆင့် သင်္ဘောဝန်ထမ်း တစ်ဦး ဖြစ်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အခုဆို အဲ့ဒီ့သင်္ဘောရဲ့ မာလိန်မှုးအပြင်၊ ဒုတိယအဆင့် ဝန်ထမ်းတစ်ဦးနဲ့၊ ပဲ့ကိုင်နေခဲ့သူဆိုတဲ့ တတိယအဆင့် ဝန်ထမ်းတစ်ဦးတို့ကို ဖမ်းဆီးထားပါတယ်။

BBC

ဆီရီးယားနိုင်ငံတွင် အဖမ်းခံထားရသည့် ပြင်သစ် သတင်းထောက် ၄ ဦး ပြန်လည်တွေ့ရှိ


ဓာတ်ပုံ – AFP
ဆီရီးယားမှာ အဖမ်းခံထားရတဲ့ ပြင်သစ်လူမျိုးသတင်းထောက် ၄ ယောက်ကို တူရကီ စစ်သားတွေက နယ်စပ်မှာ တွေ့ရပြီးနောက် ဧပြီလ ၁၉ ရက်နေ့မှာတော့ အိမ်ပြန်သွားကြပါပြီ။

တူရကီနဲ့ ဆီရီယား နယ်စပ်မှာ သတင်းထောက်တွေကို မျက်နှာကို အုပ်ထားပြီး လက်တွေကို ကြိုးချည်လျက် ပြန်တွေ့ခဲ့ရတာလို့ ဒိုဂန် သတင်းဌာနက အစီရင်ခံပါတယ်။
သတင်းထောက် ၄ ယောက်စလုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းတယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ သူတို့ ၄ ယောက်ကို အစ္စလာမ္မစ် အီရတ်နိုင်ငံတော်နဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသ (အိုင်အက်အိုင်အယ်) သူပုန်အဖွဲ့က ဇွန်လကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမည်မသိ အဖွဲ့တဖွဲ့က ဧပြီလ ၁၈ ရက်နေ့ ညပိုင်းမှာ တူရကီနယ်စပ်ကို ပို့ပေးခဲ့တာဖြစ်ပါတယ်။

ဆီရီးယားဟာ ကမ္ဘာမှာ သတင်းထောက်တွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် သတင်းသမား ကာကွယ်ရေးအဖွဲ့ (စီပီဂျေ)က သတ်မှတ်ပါတယ်။ ဆီရီးယားနိုင်ငံ ဆာဟဲ ဒေသမှာ နောက်ထပ် ပြင်သစ်သတင်းသမား ၂ ယောက် ပျောက်ဆုံးနေပါတယ်။

DVB Burmese

အိမ်အကူအား ရေနွေးဖြင့်ပက်ပြီး ရိုက်နှက်သည် ဆိုသောစွဲချက်ဖြင့် တက္ကသိုလ် လက်ထောက်ကထိက ဆရာမကို အမှုဖွင့်


ရန်ကုန်− အသက် (၁၅) နှစ်အ ရွယ်   အိမ်အကူမိန်းကလေးအား ရေနွေးပူဖြင့် ပက်ကာ ရိုက်နှက်ခဲ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် တက္ကသိုလ်လက်ထောက်ကထိက ဆရာမကို အမှုဖွင့်ထားပြီး ဖြစ် စဉ်အပေါ် စုံစမ်းမှုများပြုလုပ်နေ ကြောင်း တာမွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

တာမွေမြို့နယ် မေတ္တာ ညွန့် ရပ်ကွက်၊ သမာဓိလမ်းတွင် ဧပြီ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၄၃) နှစ်အရွယ် တက္က သိုလ်လက်ထောက်ကထိက ဆရာမက အိမ်အကူအမျိုးသမီး ကို ရေနွေးပူဖြင့် ပက်ကာ ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမှုဖွင့် ထားကြောင်း တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။

ရေနွေပူဖြင့် အပက်ခံရသည့် မိန်းကလေးမှာ ပခုက္ကူမြို့နယ်မှ လာရောက်၍ အိမ်အကူလုပ်နေ ခြင်းဖြစ်ပြီး မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် က တရားလိုပြုလုပ်ကာ တာမွေရဲစခန်းတွင်  အမှုဖွင့်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါရဲအရာရှိကဆို သည်။ ဆရာမမှာ မည်သည့် တက္ကသိုလ်တွင် တာဝန်ထမ်း ဆောင်နေသည်ဆိုသည်ကိုမူ ဖြေ ကြားခြင်းမရှိပေ။

ဒဏ်ရာရရှိခဲ့သည့် မိန်းက လေးအား ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ကာ ဒဏ်ရာသက် သာလာသောကြောင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အစည်း ကစောင့်ရှောက်ထားကြောင်း သ  တင်းရရှိသည်။ ၎င်းဆရာမကို ဘေးဖြစ်စေသော လက်နက်ဖြင့်  နာကျင်စေမှု ၃၂၄ ဖြင့် အမှုဖွင့် ထားပြီး အာမခံဖြင့် နေထိုင်စေ ကြောင်း သတင်းရရှိသည်။

Author: အောင်သစ်လွင်

7Day Daily

မိတ္ထီလာဒုက္ခသည်စခန်း ရေနဲ့ အိမ်သာ အခက်အခဲတွေ့


မိတ္ထီလာမြို့ပေါ်ရှိ ရေအရင်းအမြစ်ရုံး ဒုက္ခသည်စခန်းမှာ သောက်သုံးရေ မလုံလောက်တာနဲ့ အိမ်သာတွေလျှံထွက်နေတာကြောင့် စခန်းနေမိသားစုဝင်တွေ အခက်အခဲ တွေ့နေကြတယ်လို့ စခန်းတာဝန်ခံ ဦးအောင်ဌေးက ပြောပါတယ်။

ဒုက္ခသည်စခန်းမှာ တနှစ်ကျော်ကြာ နေထိုင်နေကြရတာမို့ အခုလို အခက်အခဲနဲ့ ပြသနာတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တလခွဲလောက်ကထဲက စတင် ရင်ဆိုင်ခဲ့ကြရတာလို့လည်း သူက ပြောပါတယ်။

“မိတ္ထီလာကန်ရေက ယခင်ပေးတာက ဂါလံ ၁၆၀၀ ကားနဲ့ ပေးတာ။ အခုက ဂါလံ ၁၆၀၀ မလာပဲနဲ့ ဂါလံ ၁၂၀၀ ကားနဲ့လာတယ်။ ဒီမှာက အိမ်ထောင်စုက လူဦးရေ ၉၀၀ လောက်ရှိတယ်။ ရဲက ၉၅ ယောက်ဆိုတော့ ၁၀၀၀ ထောင်နီးပါးလောက် ဖြစ်နေတော့ သုံးရေ ချက်ပြုတ်ရေက ဘယ်လိုမှ မလုံလောက်ဘူး။ အဲဒီတော့ ကျနော်တို့ ဒီဒုက္ခသည်တွေနဲ့ နေ့တိုင်းပဲ စကားများတယ်။ ဒီနေ့ မနက်ခင်းလည်း စကားများတယ်။ ချိုးရေကို အ၀ိစိတွင်းရေကို သုံးရတာလေ။ ချိုးရေအတွက် တော်တော် ခက်ခဲမှု ဖြစ်သလို့ ချက်ပြုတ်ရေအတွက်လည်း တော်တော် ခက်ခဲတယ်။ အိမ်သာတွေဆို ရေတွေတော်တော်လျှံထွက်နေတာ၊ အနံ့အသက်တွေကလည်း တော်တော် မကောင်းဘူး။”

စခန်းထဲ ၀မ်းလျှောဝမ်းပျက် ရောဂါတွေဖြစ်ပွားလို့ ဆေးရုံပို့ဆောင်ရသူ ၇ ဦးအထိ ရှိသွားပြီလို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ဒုက္ခသည်စခန်း ၅ ခု ရှိပြီး ရေအရင်းအမြစ်ရုံးစခန်းတခုပဲ ခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စခန်းရဲ့ အကျယ်အ၀န်း အလျားပေ ၅၀၀ လောက် အနံပေ ၁၅၀ လောက်အတွင်း လူဦးရေ ၁၀၀၀ လောက် စုပေါင်းနေထိုင်နေကြရတာမို့ အချိန်ကြာလာတာနဲ့အမျှ အခုလို အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာပါ။

ဒီဒုက္ခသည်စခန်းမှာ အရင် မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ နေထိုင်ခဲ့ကြတဲ့ မွတ်စလင် လူမျိုးတွေချည်း ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေ နေထိုင်ဖို့ လုံးချင်းအိမ်ရာနဲ့ အခန်းတွဲ အဆောက်အဦ ၃၀၀ ကျော် တည်ဆောက်နေပြီး မိုးမကျမီပြီးစီးအောင် ဆောက်လုပ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေက ပြောဆိုနေပေမယ့် လတ်တလော တည်ဆောက်မှုအနေအထားအရ မပြီးနိုင်လောက်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်ပွားပြီး တနှစ်ကျော်ကြာချိန်အထိ မိတ္ထီလာမြို့ပေါ်က ဒုက္ခသည်စခန်းမှာ လူ ၅၀၀၀ လောက် ခိုလှုံနေထိုင်နေကြရတုန်း ဖြစ်ပါတယ်။

 DVB

အငှားယာဉ်မှ ရပ်ထားသည့်ကုန်တင်ယာဉ်အား နောက်မှဝင်ရောက် တိုက်မိသဖြင့် အငှားယာဉ်ပေါ်ပါသူ(၉)ဦး ဒဏ်ရာရ



ရန်ကုန်၊ ဧပြီ ၂၀

၂၀.၄.၂၀၁၄ ရက်နေ့ ၀၄၀၅ အချိန် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း ကမာရွတ်ဘက်မှ ပိတောက်ချောင်းဘက်သို့ ယာဉ်မောင်း ကိုရဲ၊ (၂၆)နှစ်၊ (ဘ)ဦးစန်းမြင့်၊ရန်ကင်းမြို့နယ်နေသူမောင်းနှင်လာသော AA---- CALDINA အဖြူရောင်အငှားယာဉ်သည် ဘုရင့်နောင်လမ်းသွယ်(၂)လမ်း ထိပ်အရောက် အရှိန်လွန်ကာ ရပ်ထားသော ၆ဂ/---- ကုန်တင်ယာဉ်၏ နောက်ဘက်ကို ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် AA---- ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ကျား(၂)ဦး၊ မ(၄)ဦးနှင့် ယာဉ်မောင်း ကိုရဲတို့တွင် ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာများအဖြစ် လည်းကောင်း၊ မ(၂)ဦးတွင် နဖူးပေါက်ပြဲ၊ နှုတ်ခမ်းစုပ်ပြဲ၊ သွားကျိုးဒဏ်ရာ များရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် လည်းကောင်း တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုရဲ အား ပိတောက်ချောင်း နယ်မြေရဲစခန်း ယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police 

သမ္မတကြီး ယူသွားသော ဆေးရုံခုတင် အခင်းအသစ်များ


(အောင်ထက်)

“ခင်ဗျားတို့က လေးယောက်တောင် ဝင်မှာ နှစ်ရာတော့ ပေးခဲ့” ဟူသောအသံ။
သေအံ့ဆဲဆဲလူနာ သို့မဟုတ် မဖြစ်မနေ ကုသမှဖြစ်မည့် သေကောင်ပေါင်းလဲ လူနာတစ်ဦးထံသို့ သွားကြည့်ဖူးပါက မဖြစ်မနေ ကြားရမည့် အသံမှာ ထိုလေသံမျိုး ဖြစ်ပါလိမ့်မည်။ တစ်ဦးတည်း သွားပါက “လူနာစောင့်လက်မှတ် ပြပါ” ဆိုသော စကားလုံးက ဝေဒနာ တစ်ခုအတွက် စိုးရိမ်စိတ် မကင်းသော ရင်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ခရီးဦးကြို ပြုပါလိမ့်မည်။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

တရားပွဲများတွင် မကြာခဏ ကြားရသော အနိစ္စ၊ ဒုက္ခနှင့် အနတ္တ ဟူသည်ကို နီးကပ်စွာ မြင်တွေ့နိုင်သော နေရာဖြစ်၏။ ချို့တဲ့သူများအတွက် အခမဲ့ ကုသပေးသော ဆေးရုံဖြစ်သည်ဟု တိတိကျကျ ရေးသားထားသည်။ အပြာရောင် အောက်ခံပေါ်တွင် ဖုန်မှုန့်များ တက်နေပြီ ဖြစ်သော အဆိုပါ အဖြူရောင်စာတန်းက မည်ကဲ့သို့ အဓိပ္ပာယ် ဖော်ဆောင်နေသနည်းဟု မေးခွန်းထုတ်စရာ။

ဝင်ပေါက်စောင့်၏ မျက်နှာထားပုံက ခက်ထန်လှသည်ဟု မဆိုသာ။ တင်းထားသည့် မျက်နှာကြောများကို ဖြေလျှော့မှု မပေးရန် သံတံခါးနှင့် ဝတ်စုံ (ယူနီဖောင်း) တို့က အားပေးအားမြှောက် ပြုထားသည်ဟု ထင်ရသည်။ ထိုသူတို့ ခန္ဓာအပေါ် YGH (Yangon Hospital) ဟူသော တံဆိပ်ကို အပြာရောင် ရှပ်အင်္ကျီပေါ် ရိုက်နှိပ်ထားခြင်းက လူနာနှင့် လူနာစောင့်တို့ အပေါ်သာမက လူနာသတင်းမေး လူပုဂ္ဂိုလ်များစွာကို တားဆီးစစ်ဆေးနိုင်စွမ်း အာဏာရှိ ထားသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ၁၀ ပေခန့် ကျယ်ဝန်းသော ဆေးရုံအဝင်ပေါက်သည် လူတစ်ကိုယ်ဆံ့သာ ဝင်နိုင်ထွက်နိုင်အောင် လုပ်နိုင်စွမ်းလည်း ရှိကြပြန်သည်။

အစိုးရသစ် မတိုင်မီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာတစ်ဦးအတွက် လူနာစောင့်ကတ်တစ်ခု ထုတ်ပေးသည်။ ထိုသူမှလွှဲ၍ ဝင်ခွင့်ပါမစ် တိတိကျကျ မရှိ။ ခဏတာ ဝင်ခွင့် ရှိလိုပါက တစ်ရာကျပ် (သို့မဟုတ်) နှစ်ရာကျပ်ကို အဆိုပါ ယူနီဖောင်းဝတ် အပေါက်စောင့်များထံ ထိုးပေးရသည်မှာ ရောက်ဖူးသူတိုင်း ကြုံနေကျ။ ယခုမူ အဆိုပါကတ် ကိုင်ဆောင်သူများ မတွေ့ရတော့ပေ။

“ဆေးလိပ်လေး မပါဘူးလား။ လက်ဖက်ရည်ဖိုးလေးပါ။ ကွမ်းယာဖိုးလောက်ဆိုလည်း ဖြစ်ပါတယ်” ဟူသော တစ်ခုမဟုတ်၊ တစ်မျိုးသော လေသံက ဆေးရုံဝင်ပေါက်ကို ခပ်တည်တည်ဖြင့် ဝင်သူများအတွက် ကြားရမည့် လေသံဖြစ်သည်။ ထို့ကြောင့် ခပ်တည်တည် အမူအရာဖြင့် ဝင်ပေါက် ဖြတ်ကျော်သူများကို ရဲရဲတင်းတင်းဟန်ဖြင့် ငွေတောင်းခံခြင်း နည်းဖြစ်၏။

သို့သော် ဆရာဝန် ဆိုသူများက ထိုအသံကို ကြားဖူးလိမ့်မည် မထင်။ အချို့သော ဆရာဝန်များသည် ဆေးရုံ တာဝန်အတွက် အထက်တန်းဆန်သော ပြင်ပ အဝတ်အစားများဖြင့် လာရောက်ကြသော်လည်း ဝန်ထမ်းအားလုံးက သိသည်။ ကိုယ်အမူအရာဖြင့် အချက်ပြစနစ် သုံးကြသည်။ ထိုအချိန်အခါမျိုးတွင် လူနာနှင့် လူမနာများ လမ်းဘေး ကပ်ပေးရန် ၎င်းတို့က လှုံ့ဆော်ကြရလေသည်။

“ပြန်အထွက်မှ ယူပါလားဗျာ” ဟု အသက် ၅၀ အရွယ် အမျိုးသားကြီး တစ်ဦးက အဝင်ဝ၌ ဆိုသည်။ သူ၏ လက်ထဲတွင် လူနာနှင့် သက်ဆိုင်သော ဝေယျာဝစ္စများက တွဲအိ လေးလံလွန်းနေသည်။
“ပြန်လာရင် ကျွန်တော် ရှိတော့မှာ မဟုတ်ဘူး။ တစ်ခါတည်း ပေးခဲ့” ဟု YGN တံဆိပ်ကပ် ဆေးရုံအပေါက်စောင့်က ခွန်းတုံ့ပြန်လေသည်။ ဤသည်ကား နိုင်ငံပိုင် ရန်ကုန်ပြည်သူ့ဆေးရုံ၏ အဝင်ဝ မြင်ကွင်း ဖြစ်လေ၏။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

အခုလို နာခြင်းတရား အတွက် မိမိတို့အိမ်တွင် စောင်ခြုံ၍ ချွေးထုတ်ခြင်းဖြင့် မစွမ်းသာ။ တစ်နိုင်ငံလုံး၏ ဆင်းရဲသား ပြည်သူ ၇၀ ရာခိုင်နှုန်းသည် ကုမှဖြစ်တော့မည့် ရောဂါဖြစ်လာပါက ထိုကဲ့သို့သော နိုင်ငံတော်ပိုင် ဆေးရုံသို့ လာရောက်လတ္တံ့။ ယင်းတွင် သုခချမ်းသာ ပြန်ရရေး မျှော်လင့်ချက်လမ်းလေး တစ်မျှင်ပါလာသည်။ ထိုလမ်းသည် ကျဉ်းမြောင်းလွန်းလှသည်။

ပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ရန်ကုန်မြေရှိ ဆင်းရဲချို့တဲ့သူများ သာမက ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းမှ ပြည်သူလူထု အများဆုံး လာရောက်ရသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသတို့မှ လူနာများ အနည်းစုသာ လာရောက်ကုသခြင်း ဖြစ်သည်။ ထိုသို့ ကုသရန် ရန်ကုန်မြေ၏ နေစရိတ်၊ စားစရိတ်နှင့် လမ်းစရိတ် များစွာအပြင် ဆေးကုသ စရိတ်ပင် မရှိသည့် လူနာအများစု ရှိနေသေးကြောင်း ယနေ့ခေတ် ပေါ်ပေါက်လာသော အစိုးရ၊ လွှတ်တော်တို့တွင် ဆွေးနွေးတင်ပြဆဲ ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ရန်ကုန်ဆေးရုံဟောင်းကြီး အတွက် အသစ်တစ်ဖန် မွေးဖွားရန် သန္ဓေတည်လာသည်။ အတိုက်အခံ ခေါင်းဆောင်ဟု သတ်မှတ်ခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အခြေအနေအဖြစ် ပြင်ဆင်ရန် တင်ပြခဲ့သည်။ ထိုကိစ္စသည် လွှတ်တော်တွင် အောင်မြင်သည်။ အောက်ခြေ၌ တရွေ့ရွေ့သာ။

မြန်မာနိုင်ငံ၏ ကျန်းမာရေး ကိစ္စအတွက် ယင်းကိစ္စကို ဗြိတိန်အစိုးရက ကူညီပံ့ပိုးမည်ဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည်အဆင့်မြှင့်တင်ရေး ကော်မတီက ဆိုထားသည်။

လက်ရှိတွင် လူနာနှင့် ခုတင် မမျှသဖြင့် လူနာများ တစ်ပူပေါ် တစ်ပူဆင့် နေကြရ၏။ လူနာစောင့် ထိုင်ခုံပေါ်၌ မသက်မသာ လဲလျောင်းနေရသော လူနာများစွာက နေ့စဉ်နှင့်အမျှ။ စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး အခြားပေးရန်လည်း ခုတင်မရှိဟု ဆရာဝန်အချို့က ဆိုသည်။ တစ်ခါတစ်ခါ လူနာကိုယ်တိုင်ပင် သမံတလင်းပေါ် ဖျာခင်းအိပ်ရသည်။

“ပိုက်ဆံစုပြီးမှ လာတာ။ ပြန်လို့ မဖြစ်ဘူး။ စောင့်ခွဲသွားမှာပဲ” ဟု ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အပိုင်၊ ကျေးရွာငယ်တစ်ခုမှ အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းလည်ပင်း ခွဲစိတ်ရန် နှစ်ပေါင်း ၂၀ ခန့် မျှော်လင့်ခဲ့ရသည်ဟု ၎င်းကဆိုသည်။ သူမ၏ လည်ပင်းရှိ အဖုမှာ ဦးခေါင်း အရွယ်အစားခန့် ရှိနေသည်။ လည်ပင်းကြီးရောဂါဟု ဆရာဝန်များက မှတ်ချက်ပြုထားကြောင်း သူမက ညှိုးငယ်စွာ ဆိုသည်။ လူနာဆောင် အမှတ် (၃/၄) ရောက် သူမသည်လည်း ခုတင်လက်မဲ့ပင်။ ခုတင်ပေါ်တွင်မဟုတ် ထိုင်ခုံနှစ်ခုကို ပူးကပ်၍ ထိုင်နေခြင်း ဖြစ်သည်။
သူမနှင့်အတူ လည်ပင်းရှိ အဖုမှ သွေးပြည်များ တစိမ့်စိမ့်ကျနေသည့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးက ခေါင်းကို ငိုက်၍ ထိုင်လျက် မှိန်းနေရှာသည်။ လဲလျောင်းနေသော လူနာများကို ကြည့်၍ ၎င်းတို့သည် စိတ်သက်သာပုံ မရ။ ထိုအမျိုးသမီးကြီးက မည်သည့် စကားမျှမဆို။ လူနာဆောင်အတွင်း မကြာမကြာ ဝင်လာတတ်သော သူနာပြု များနှင့် ဆရာဝန်များကို အားကိုးတကြီးဖြင့် သူမတို့နှစ်ဦး မျှော်ကြည့်နေတတ်သည်။ လူနာခုတင်တစ်ခု လွတ်ပါက မဲနှိုက်စနစ်ကို ကျင့်သုံးနေရသည်။

“လူနာ ဒေါ်ကျင်တင် ဘယ်မှာလဲ” ဟု စူးရှသော အသံတစ်ခု ထွက်လာသည်။ လူနာနှင့် လူနာစောင့်များ တစ်ဦးမျက်နှာ တစ်ဦးကြည့်၍ မိမိဝန်းကျင်တစ်ဝိုက် မျက်လုံးလှည့်ကြည့်သည်။ အဆိုပါ မျက်လုံးများတွင် အောက်ကြို့ခံစိတ်များ ပြည့်နှက်လို့နေ၏။ သိပ်မကြာပါ။ နှာခေါင်းစည်း ဝတ်ထားသော သူနာပြုတစ်ဦးက ဆေးထိုးအပ်ပါစလင်းကို ကိုင်ဆောင်လာသည်။ လူနာတစ်ဦးကို ဆေးထိုးပေးသည်။ နှာခေါင်းစည်းအောက်ရှိ နှုတ်ခမ်းမှ စကားသံဟု ယူဆလောက်ရသည့် လေသံထွက်လာသည်။ သို့သော် မည်သည့် စကားလုံးမှန်း ကွဲကွဲပြားပြား မကြားရ။ သူနာပြုဆရာမလေး ပြန်ထွက်သွားသည်။ လူနာစောင့်က သုတ်သီးသုတ်ပျာနှင့် လိုက်မေးဟန်တူသည်။
“လိုအပ်တဲ့ ဆေးကို သွားဝယ်ဖို့ လိုက်ခဲ့လို့ ပြောတာ” ဟု ပေါက်ကွဲအံ့ဆဲဆဲ လေသံထွက်လာသည်။ အဆိုပါ လူနာစောင့်က ဦးညွတ်ထားသည်။ ဆရာမလေးက ဝယ်ရမည့် ဆေးများကို စာရွက်ပိုင်း တစ်ခုဖြင့် ရေးပြီးနောက် လူနာစောင့်ကို ပေးလိုက်သည်။ သို့သော် လူနာစောင့်ဘက် မျက်နှာမလှည့်။ သူမ၏ ရှေ့နံရံကိုသာ ကြည့်၍ လက်နောက် ပြန်ပေးလိုက်ခြင်း ဖြစ်သည်။

“အရပ်ရှည်ရှည်နဲ့ ဆရာမလေး မလာသေးဘူး။ သူဆို အမြဲပြုံးနေသလိုပဲ။ မြင်တာနဲ့ စိတ်ချမ်းသာတယ်” ဟု ခွဲစိတ်ခံလူနာ ဒေါ်ကျင်တင်က လက်ရှိ တာဝန်ကျ ဆရာမလေးကနှင့် ဆန့်ကျင်ဘက် ဖြစ်သော အမူအရာကို နှိုင်းယှဉ်ပြောဆိုသည်။

လူနာဆောင်နှင့် ဆရာဝန်များ ထိုင်ခုံကြားတွင် လူနာများကို… “(၁) နွေးထွေးစွာ ကြိုဆိုပါ၊ (၂) စေတနာဖြင့် ပြုစုကုသပေးပါ” ဟု နံရံကပ် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ သို့သော် ဆရာဝန်များနှင့် သူနာပြုများသာမက သန့်ရှင်းရေးလုပ်သား ဝန်ထမ်းကိုပါ လူနာများက ကြောက်ရသည်ဟု တညီတညွတ်တည်း ဆိုကြသည်။

သန့်ရှင်းရေး လုပ်သားဝန်ထမ်း၊ လူနာဆေးထည့်သော ဆရာဝန် မဟုတ်သည့် ဝန်ထမ်းတို့က နှစ်အဆက်ဆက် လက်ဆင့်ကမ်း ဆောင်လာသော မူဝါဒကို မဖျောက်။ ငွေရမှ မျက်နှာသာပေးသည့် ကျင့်ဝတ်ကို မြေဝယ်မကျ နားထောင်နေဆဲပင်။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

“ကျွန်တော်တို့ သုံးယောက် ထမင်းသွားစားမလို့ ထမင်းဖိုးတော့ လုပ်ဦး” ဟု အသက် ၅၀ နှစ်ခန့် ဆေးရုံလုပ်သား တစ်ဦးက ခွဲစိတ်ခန်းအဝတွင် ခပ်တည်တည် လေသံဖြင့် ဆိုသည်။ ငွေတောင်းခံရသူသည် ခွဲခန်းမှ ထုတ်လာသော လူနာဘေးတွင် ရပ်နေခြင်းဖြစ်သည်။ အသက် ၃၀ အရွယ် လူလတ်ပိုင်း ဖြစ်သည်။ ခုတင် မလောက်သောကြောင့် ခွဲလူနာကို သုံးကြိမ် ရွှေ့ပြောင်းထားရပြီ ဖြစ်ကြောင်း အဆိုပါ လူနာစောင့်က ဆိုသည်။
“ခုတင် တစ်ခါပြောင်းရင် တစ်ခါ ပိုက်ဆံပေးရတယ်။ သူတို့က ကူညီပေးတယ်။ နှုတ်ဆက်ဖော်ရတယ်” ဟု ၎င်းက သူ၏ အတွေ့အကြုံကို ပြောပြသည်။

ဆေးရုံကြီးတစ်ခုလုံးတွင် လုပ်သားဝန်ထမ်း ၁၀၀ ခန့်ရှိပြီး အမြဲတမ်း ဝန်ထမ်းနှင့် နေ့စား(ယာယီ) ဝန်ထမ်းများ ခန့်အပ်ထားကြောင်း ဝန်ထမ်းလုပ်သက် ၂ နှစ်နီးပါး ရှိပြီဖြစ်သော အသက် ၄၀ အရွယ် ဟိန္ဒူဘာသာဝင် အမျိုးသမီးက ဆိုသည်။
“ယာယီဝန်ထမ်းက လစာ ခုနစ်သောင်းလောက် ရတယ်။ အမြဲတမ်း ဝန်ထမ်းက ကိုးသောင်းလောက် ရတယ်” ဟု ၎င်းက ဆေးရုံလုပ်သားတို့၏ လစာ ဝင်ငွေကို ထုတ်ဖော်ပြောပြသည်။ ဆေးရုံရှိ အောက်ခြေလုပ်သား တို့တွင် မျှော်လင့်ချက်မှာ နေထိုင်ရာ အိမ်ခန်းတစ်ခုဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ဝန်ထမ်းလုပ်ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဦးလေးက ပင်စင်ရပြီ။ ဒါကြောင့် ကျွန်မကို အမြဲတမ်းဝန်ထမ်း ဖြစ်အောင် သူက ဆက်လုပ်ခိုင်းတာပါ” ဟု သူမက ပွင့်လင်းစွာ ပြောဆိုသည်။

ဆေးရုံလုပ်သားများ၏ ဝန်ထမ်းအိမ်ရာသည် ဒလမြို့နယ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး နေထိုင်ရေး အဆင်ပြေကြောင်း ဝန်ထမ်းအချို့က ပြောသည်။ ရသည့် လစာအပြင် လူနာထံမှ ရငွေသည် ကြားပေါက် ပိုလျှံငွေအဖြစ် ၎င်းတို့က သတ်မှတ်ထားသေးသည်။

အစိုးရသစ် ခေါင်းဆောင်ပိုင်းများသည် ဆင်းရဲချို့တဲ့မှု ပပျောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထိုက်အလျောက် ပြုပြင်ပြောင်းလဲပြီး ဖြစ်ကြောင်း မစားရ ဝမခန်း မကြာခဏ ပြောဆိုလေ့ ရှိကြသည်။ ထိုအောင်မြင်မှုကို ပြည်သူများက ထောက်ခံပြောဆိုခြင်း မရှိသေး။ အောက်ခြေတွင် ပြောင်းလဲမှု နည်းပါးနေကြောင်း အစိုးရအဖွဲ့က ဝန်ခံထားပြီး ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်များ လောက်ငမှု ရှိမရှိ မသိရ။ ဆေးကုသမှုဆိုင်ရာ လိုအပ်ချက် သို့မဟုတ် အားသာချက်များ မည်သို့ ရှိနေသည်ကို မသိရ။ ဆရာဝန်အားလုံး အလုပ်ရှုပ်ကြသည်။ ယင်းကိစ္စများကို အားလပ်သည့် အချိန်မှသာ ဆက်သွယ် ပြောကြားနိုင်လိမ့်မည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဆိုသည်။

အစိုးရသစ် လက်ထက် (၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း) တွင် ရန်ကုန်ဆေးရုံကြီးသို့ ပထမဆုံးအကြိမ် တရားဝင် လာရောက် လေ့လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ လွှတ်တော်တွင် သူမ တင်သွင်းသည့် အဆိုအောင်မြင်မှုဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်များ ရရှိခဲ့ခြင်း ဖြစ်သည်။ ဆရာဝန် အကြီး၊ အငယ်မရွေး ဂါရဝပြု နှုတ်ဆက် ကြိုဆိုခြင်း မဆုံးခဲ့။

ဆရာဝန် အလုပ်ဖြင့် စီးပွားရေး မလုပ်ရန် သူမက တိုက်တွန်းခဲ့သည်။ ထိုအကြောင်းအရာကို ရေးသားဖော်ပြသည့် မီဒီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆရာဝန်အချို့က မကျေနပ်ကြပေ။ မီဒီယာအနေနှင့် ပြန်လည် မရှင်းလင်းပေးပါက ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့မည်ဟု ဆရာဝန်များက ဆက်သွယ် ပြောကြားမှုများ ရှိခဲ့သည်။
“အန်တီက မှန်တာပြောတာပဲ။ ဆရာဝန် လုပ်ချင်ရင် စီးပွားရေးမလုပ်နဲ့ ချမ်းသာချင်ရင် စီးပွားရေးလုပ် ဆိုတဲ့ သဘောကို ပြောတာ။ သူတို့က မကျေနပ်လည်း မတတ်နိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြတ်သားစွာ ဆိုသည်။ ယင်းကိစ္စကို မည်သူမျှ မေးမြန်းခြင်း မဟုတ်။ သူမထံ ရောက်လာသည့် ပေးပို့စာအပေါ် တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်သည် လူနာအပေါ် မေတ္တာ၊ စေတနာဖြင့် ကုသစေချင်သည်။ ငွေကြေးရယူလိုမှုဖြင့် ကုသပေးနေသည့် စနစ်ကို သူမက လိုလားဟန်မပြ။ ပညာရပ်ဆိုင်ရာများ တွင်သာမက လူတစ်ဦး တစ်ယောက်အတွက် ကျင့်ဝတ်နှင့် သိက္ခာအပေါ် ရပ်တည်မှု ပြုစေရန် လိုလားသော သဘောကို သူမက ထပ်လောင်းဆိုသည်။

ရန်ကုန်ဆေးရုံကြီး၏ လိုအပ်ချက်များ အဆင့်မြှင့်တင်ရေးသည် ၂၀၁၃ ခုနှစ်ကို ကျော်ဖြတ်ခဲ့ပြီ။ အဆင့်မြှင့်တင်ရေး ဖော်ဆောင်ချင်သည့် သူမက ဒုတိယအကြိမ် လာရောက်ပြန်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသည်။ ဗြိတိန်ကျန်းမာရေး ဝန်ကြီးဟောင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ရန်ကုန်ဆေးရုံသစ် တည်ဆောက်ရန် စီမံချက်တစ်ခု ဖြစ်လာခဲ့သည်။ သူရဦးရွှေမန်းအဖို့ ပြည်သူ့ဆေးရုံသို့ လာရောက်ခြင်းမှာ သူ၏သမိုင်းတွင် ပထမဆုံး ဖြစ်သည်ဟု ၎င်း၏ ကိုယ်ရေးအရာရှိ အသိုင်းအဝိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက် ညနေပိုင်းတွင် ဖြစ်သည်။
လူနာဆောင်အတွင်းသို့ လုံချည် အပြာရောင်နှင့် ရင်ဖုံးအင်္ကျီ အဖြူရောင်ကို သေသပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီး ဆရာမကြီးတစ်ဦး ဝင်လာသည်။ နိုင်ငံတော်သမ္မတ လာမည်ဟု ၎င်းက ပြောသည်။ နိုင်ငံတော်သမ္မတ ဟူသည် ဘယ်သူဘယ်ဝါဟု မသိ။ လူနာအများစု၏ “ဟုတ်ကဲ့..ဟုတ်ကဲ့” က သံပြိုင်ထပ်နေသည်။

“ရှင်တို့လည်း ဒီနေရာကို လာချင်လို့ လာနေတာ မဟုတ်ဘူးဆိုတာ သိတယ်။ လူနာများလို့ ခုတင်မရှိတာ ပြဿနာ မဟုတ်ဘူး။ ခုတင်အခင်းသစ်တွေ လဲပေးမယ်” ဟု ဆရာမကြီးက ဆိုသည်။

အမျိုးသား လူနာဆောင်တွင် အမျိုးသမီး မစောင့်ရ။ ထို့အတူ အမျိုးသမီး လူနာဆောင်တွင် အမျိုးသား မစောင့်ရဟု ကြေညာချက် တစ်ခုလို ထွက်ဆိုသည်။
“ကျွန်တော့်အမေမှာ ကျွန်တော်ပဲ စောင့်မယ့်သူ ရှိပါတယ် ဆရာမ” ဟု လူနာဆောင် (၃-၄) အခန်းထောင့်မှ အမျိုးသားတစ်ဦးက ခပ်ရို့ရို့ အနေအထားဖြင့် ပြောသည်။
“မရဘူး။ ဘေးခုတင်က အစောင့်တွေ ကြည့်ပေးလိမ့်မယ်” ဟု ဆရာမကြီးက ဆိုသည်။

လူနာများက လိုက်နာသည်။ အထုပ်အပိုးများကို မြင်သာမှု မရှိသော ထောင့်များတွင် ကွယ်ဝှက်နေကြသည်။ နံနက်လင်းလျှင် နိုင်ငံတော်သမ္မတ ရောက်လာပါက ၎င်းတို့ မြင်တွေ့ကောင်း မြင်ရမည်ဟု လူနာအချို့က မျှော်လင့်ကြသည်။

ဆရာ၊ ဆရာမတို့၏ တိကျသေချာသော လမ်းညွန်ချက်က အောင်မြင်လှသည်။ နံနက်ခင်း နေရောင်ပင် မမြင်ရသေး။ ဟောင်းနွမ်းစုတ်ပြတ်နေသည့် မိုးကာစ အဖြူရောင်ခုတင် အခင်းများ မရှိတော့။ ဖြူဖွေးသန့်စင်သော ချည်ထည်အခင်းများ သေသပ်ကျနစွာ နေရာယူထားလေပြီ။ ထိုကဲ့သို့ပင် ဆေးရုံလုပ်သား အားလုံးသည်လည်း အစိမ်းရောင် လက်ပြတ်ကုတ်ကို ဆင်တူ ဝတ်ထားသည်။
“အရင်က မဝတ်ဖူးဘူး။ သမ္မတ လာမယ်ဆိုလို့ ဝတ်ဖို့ ပေးထားတာ” ဟု ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဆေးရုံ ပတ်ဝန်းကျင်ရှိ ခေါင်းရွက်ဗျပ်ထိုးများ၊ ရေနွေးကျိုချက် ရောင်းသူများ၊ တက္ကစီဂိတ်များ၊ ထမင်းဖြူနှင့် ဟင်းမျိုးစုံ ရောင်းသူများ တစ်ဦးတစ်ယောက်မျှ မတွေ့ရတော့။ ယမန်နေ့ညက ပန်းရန်လုပ်သားတို့၏ အားထုတ်မှုက ပီပြင်စွ။ “ရန်ကုန်ပြည်သူ့ဆေးရုံကြီး” ဟူသည့် ဆိုင်းဘုတ်သည် သစ်လွင် တောက်ပနေပေ၏။

လူနာတစ်ဦးလျှင် လူနာစောင့် တစ်ဦးသာ စည်းကမ်းတကျ စောင့်ခွင့် ရှိနေပေပြီ။ အထူးကြပ်မတ်ဆောင် တွင်တော့ လူနာစောင့် တစ်ဦးမျှ မထားပေ။ ဆေးရုံပေါ်မှ လူနာစောင့် ၃၀၀ ခန့် မြေပြင်ပေါ်သို့ ဆင်းစေသည်။ “ဆေးရုံခါခြင်း” ဟု အများစုက ဆိုကြသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်နေလေပြီ။

“သမီလေးက နှစ်ခါပြန်ခွဲထားရတာ။ အထူးကြပ်မတ်ဆောင်မှာ လူနာစောင့် မနေရဘူးဆိုလို့ ဆင်းလာရတယ်၊ အခုထိ သတိရတစ်ချက် မရတစ်ချက်နဲ့” ဟု ရခိုင်ပြည်နယ်မှ လာရောက်သော အမျိုးသမီးတစ်ဦးက ပြောသည်။ သူမ၏ နှလုံးခုန်သံတို့က သမီးကို စိတ်မချ။ ဝေ့တက်လာသော မျက်ရည်များကို မျက်တောင် တဖျတ်ဖျတ်ခတ်၍ ပုတ်ချနေသည်။
“ဘယ်အချိန်မှ ပြန်ဖို့လည်း မသိပါဘူးကွာ၊ တော်တော်ကြာနေပြီ” ဟု သူမ၏ ခင်ပွန်းက စိတ်တိုသော လေသံဖြင့် ဆိုသည်။ ထိုသူနှစ်ဦးသည် မြေပြင်ပေါ် ထိထိမိမိ ထိုင်ပြီး အနီရောင် ဆေးရုံနံရံကို မှီထားသည်။ မျက်လုံးတွင် ညိုကွက်နေခြင်းက ၁၈ နှစ်အရွယ် သမီး၏ အပူလုံးကြောင့် မအိပ်ရခြင်းကို သက်သေပြနေသည်။ ၎င်းတို့၏ သမီးကဲ့သို့ပင် အထူးကြပ်မတ်ဆောင်တွင် လူနာ ခုနစ်ဦး ရှိနေသည်။ ထိုလူနာများ၏ အစောင့်များသည်လည်း လူနာဘေး၌ တစ်ဦးမှ မနေရဟု ဆိုသည်။

သမ္မတကြီးကို အမြန်ပြန်စေချင်ကြပြီ။ ကိုယ့်ဝမ်းအပူ ကိုယ်သာ သိသည်ဟု လူနာစောင့်တို့က ဆိုသည်။

“လူနာဆောင်များရုံခါ” ပြီး သုံးနာရီခန့် ကြာခဲ့ပြီးနောက် “ဝင်လို့ရပြီ” ဟူသော အချက်ပြသံက ကုတ်အင်္ကျီ အစိမ်းရောင် အသစ်များ ဝတ်ဆင်ထားသူများထံမှ ထွက်လာသည်။ ဆေးရုံဝင်းအတွင်း ဝင်ပေါက်များ ကြိတ်ကြိတ်တိုး စည်ကားကြလေသည်။ လူနာဆောင်များတွင် ညတွင်းချင်း လဲထားသော ခုတင်အခင်းသစ် ချည်ထည်များ မရှိတော့။ မူလခင်းထားမြဲ ဖြစ်သည့် မိုးကာစ အခင်းဟောင်းများ ပြန်လည်အစား ဝင်နေလေပြီ။
“ချည်သားအခင်းက အေးတယ်။ စောစောကပဲ ပြန်သိမ်းသွားပြီ။ သမ္မတကြီး ပြန်ယူသွားတာပေါ့” ဟု လူနာစောင့် တစ်ဦးက ခပ်ယဲ့ယဲ့ပြုံးရင်း ပြောလေသည်။

ထိုအရပ်ဌာနေကား “ရန်ကုန်ပြည်သူ့ဆေးရုံကြီး”။

The Voice