ပုသိမ် ၈၈မျိုးဆက် ပြန်ကြားရေးတာဝန်ခံကို ဗီဒီယိုရိုက်ကူးရေးလိုင်စင် မရှိဟုဆိုကာ အမှုဖွင့်


စည်သူမောင်မောင်

ပုသိမ်၊ မဇ္ဈိမ။ ။ နိုင်ငံရေးပွဲအများစုကို မှတ်တမ်းရိုက်ကူးပေးသည့် ပုသိမ်မြို့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့၏ သတင်းပြန်ကြားတာဝန်ခံ ဦးမြင့်ကိုအား ဗီဒီယိုရိုက်ကူးရေးလိုင်စင်မရှိဘဲ ရိုက်ကူးသည်ဟုဆိုကာ ဧရာဝတီတိုင်း၊ အသည်ကြီးရဲစခန်းက မေလ ၃ဝရက် ညနေတွင် ဖမ်းဆီးကာ ထိုနေ့ည ၁၂နာရီခန့်က အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

“ဗွီဒီယိုလုပ်ငန်းလိုင်စင် မရှိလို့ဆိုပြီး အိမ်မှာ ဝင်ပြီးဖမ်းတာ၊ အခွန်ဆောင်ဖို့ကို ၂၃ ရက်နေ့က အစည်းအဝေးပြောတယ်၊ မဆောင်ရင် ဖမ်းမယ်လို့တော့ပြောတယ်၊ ဖမ်းတဲ့အချိန်မှာ ကျွန်တော် ဗွီဒီယိုရိုက်နေတာလည်း မဟုတ်ဘူး၊ အလုပ်လုပ်နေတဲ့ အချိန်လည်းမဟုတ်ဘူး၊ သူတို့ လုပ်တာ အခွန်ဆောင်စေချင်လို့မဟုတ်ဘူး ဖမ်းချင်လို့ လုပ်တာမျိုးဖြစ်နေတယ်၊ အခွန်ကို ဘယ်နေ့  နောက်ဆုံးဆောင်လို့ စာထုတ်တာလည်းမရှိဘူး၊ စာနဲ့ အကြောင်းကြားထားတာမျိုးလည်းမရှိဘူး”ဟု ပုသိမ်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြင့်ကို က မဇ္ဈိမကို ပြောသည်။

မေလ ၂၃ရက်က ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်း လိုင်စင်အစည်းအဝေးကို တက်ရောက်သူ ဦးသီဟက “သူတို့ ပြောခဲ့တာ အရေးယူမယ် ဖမ်းဆီးမယ် ပစ္စည်းမသိမ်းဘူး၊ နောက်ရိုက်ကူးနေတဲ့နေရာမှာ လာရောက်ဖမ်းမယ်၊ ပွဲပြီးအောင်ရိုက်ပြီးမှဖမ်းမယ်၊ သတိပေးမယ် လိုင်စင်လုပ်ခိုင်းမယ်ဆိုပြီး ပြောခဲ့တယ်၊ အခုလုပ်တာ သူတို့ ပြောတာနဲ လုပ်တာနဲ့ မဆိုင်သလိုဖြစ်နေတယ်”ဟု ပြောသည်။

ယင်းအပြင် ပုသိမ်မြို့တွင် ဗွီဒီယိုလုပ်ငန်းအခွန်ကို အချို့က ၄၂,ဝဝဝကျပ်၊ အချို့က ၄၃,၅ဝဝကျပ် ပေးဆောင်ရပြီး ပြေစာစာရွက်တွင် ၃ဝ,၅ဝဝ ကျပ် ပေးဆောင်သည်ဟုသာ ရေးထားကြောင်း ဗွီဒီယိုရိုက်သူများက ပြောကြသည်။

အမှုဖွင့် ခံထားရသူ ဦးမြင့်ကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပွဲများ၊ ၈၈ မျိုးဆက်ပွဲများ နိုင်ငံရေးအခမ်းအနားများကို တာဝန်ယူရိုက်ကူးပေးသူဖြစ်သည်။ ပုသိမ်မြို့တွင် ဗွီဒီယို ရိုက်ကူးသူ ၄ဝနှင့် ၅ဝအကြားတွင်ရှိပြီး လိုင်စင်မဆောင်သူများလည်း ရှိသော်လည်း ဦးမြင့်ကို တစ်ဦးတည်းကိုသာ ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

“သူတို့ မှာ ရည်ရွယ်ချက်ရှိလို့ လုပ်တာလို့မြင်တယ်၊ အခွန်မဆောင်ရသေးတဲ့ သူတွေ အများကြီးပဲ၊ ပြီးတော့ အခွန်ဆောင်ချိန်ဆိုတာ တိတိကျကျ သတ်မှတ်ရမယ်၊ မသတ်ဘဲလုပ်တာ ဘာအတွက်လဲ”ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းမှ ဦးစိုးလှိုင်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဗွီဒီယိုအခြေခံဆင်ဆာအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လှကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တနင်္လာနေ့ ရုံးဖွင့်မှသာ ဖြေဆိုနိုင်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ဦးမြင့်ကို အား ဧရာဝတီတိုင်း၊ အသည်ကြီးရဲစခန်းမှ ပ ၁ဝ၁/၂ဝ၁၄၊ပုဒ်မ ၃၂(က) ဖြင့် အမှုဖွင့်ထားသည်။

ဗီဒီယိုလုပ်ငန်း လိုင်စင်မရှိဘဲ စီးပွားရေး အလို့ငှာ(ဝင်ငွေရရှိ၍) ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ခြင်းကို ထောင်ဒဏ် ၃နစ်အထိဖြစ်စေ၊ ငွေဒဏ် တစ်သိန်း ဖြစ်စေ၊ နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ ယခုကဲ့သို့ ဗီဒီယိုလုပ်ငန်းလိုင်စင် မရှိ၍ ဖမ်းဆီးခြင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ဖြစ်သည်။

Mizzima Burmese

သတင်းတိုများ - Breaking News


အာဆင်နယ် မန်နေဂျာ အာဆင်ဝင်းဂါးသည် လာမည့် နွေရာသီ အပြောင်းအရွှေ့တွင် ဘန်ဇီးမား၊ ဘန်ဒါနှင့် မန်ဇူကစ်တို့ကို ခေါ်ယူရန် ပေါင်သန်း၁ဝဝ အသုံးပြုမည် ဖြစ်သည်။မဇ္ဈိမ


ပါလက်စတိုင်း အသင်းသည် AFC Challenge Cup ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်ကို ၁-ဝဂိုးဖြင့် အနိုင်ယူကာ သြစတြေးလျ၌ ကျင်းပမည့် ၂ဝ၁၅ အာရှဖလား ပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။မဇ္ဈိမ


နိုင်ငံရေးပွဲများတွင် ဗီဒီယိုမှတ်တမ်းရိုက်ကူးသည့် ပုသိမ်၈၈မျိုးဆက်အဖွဲ့ ရပ်ကျေးအဖွဲ့ဝင်ကို လိုင်စင်မရှိဟုဆိုကာ မေ၃ဝရက် ညနေက ဖမ်းဆီးသွားပြီး ည ၁ဝ နာရီခန့်တွင် အာမခံနှင့် ပြန်လွှတ်လိုက်။မဇ္ဈိမ


ရန်ကုန်- မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှု ဖြစ်လေ့ရှိသည့် နေရာများကို သမ္မတ ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး လိုအပ်သည့် စီမံချက်များ လုပ်ရန်ညွှန်ကြားပြီးဟု သမ္မတဦးသိန်းစိန်ပြော။မဇ္ဈိမ


အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့၏တစ်နိုင်ငံလုံးအပစ်ရပ်ရေးဖြစ်စဉ်များကို မြန်မာ့ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်သူများက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေ ၃၁ ရက်က ဆွေးနွေးကြသည်။ မဇ္ဈိမ


ဖွဲ့စည်းပုံပြင်ဆင်ရေး နည်းပေါင်းစုံဖြင့် ကြိုးစားနေသည့် နိုင်ငံရေးအင်အားစုများ အချင်းချင်း ချိတ်ဆက်ကာ ပူးပေါင်းလုပ်ရန် သမ္မတဦးသိန်းစိန်ပြော။မဇ္ဈိမ


ပေါက်တဲ့အိုး ၊အနီးဆုံးလူနမ်းမှာလားတေးစီးရီးဖြင့်ပရိသတ်ကြားအောင်မြင်ခဲ့သည့်အဆိုတော်အေသင်ချိုဆွေက၎င်း၏တတိယမြောက် Play Boy အယ်ဘမ်ကိုဇွန်၂၁ရက်၌ထွက်ရှိမည်။မဇ္ဈိမ


အဆိုတော်စိုင်းစိုင်းခမ်းလှိုင်သည်မေ၂၆၌ နိုင်ငံရေးနှင့် ပတ်သက်သည့် စာသားတချို့ ရေးပြီးနောက်ပိုင်း မေ ၃ဝ ရက် တွင် ၎င်းအသုံးပြုနေသည့် ဖေ့ဘုတ်ကို ပိတ်ပစ်လိုက်သည်။ မဇ္ဈိမ


မန္တလေး ဘောလုံးအကယ်ဒမီ အတွက် ရွေးချယ်ထားသည့် ကစားသမား ၄၂ ဦးအနက်မှ ၂ဦးကို အသက်မမှန်သောကြောင့် ထုတ်ပယ်ခဲ့သည်။မဇ္ဈိမ



မန္တလေး အောင်မြေသာစံမြို့နယ် ဂက်(စ်) မီးခြစ်စက်ရုံအတွင်း ယနေ့ညနေ ၃နာရီခွဲအချိန်က မီးလောင်

မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနေအရှေ့ရပ်ကွက် ရပ်ကွက်၄၁၅ N3 ရှိ ဂက်(စ်) မီးခြစ်စက်ရုံအတွင်း ယနေ့ညနေ ၃နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်းဓာတ်ပုံ - စူပါ၊ ဇော်ဇော်
DVB TV News










နိုင်ငံရေးဆွေးနွေးပွဲကတဆင့် အခြေခံဥပဒေပြင်ဖို့ သမ္မတအကြံပြု


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေရရှိတဲ့ သဘောတူညီချက်တွေပေါ် မူတည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရေးသားတာတွေ ပြုလုပ်သင့်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ တိုင်းပြည်ကို လစဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတက အခုလို အကြံပြုလိုက်တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲမျိုးမှ ပေါ်ပေါက်လာသော သဘောတူညီချက်များအပေါ် မူတည်ြပီ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်"

ဒါ့အပြင် ဖွဲ့စည်းပုံကို နိုင်ငံရေးမှာပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမှု၊ ဥာဏ်ပညာကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတွေနဲ့သာ ပြင်ဆင်သင့်ကြောင်းနဲ့  မည်သည့်နိုင်ငံသား တိုင်းရင်းသားတွေကိုမှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်ထားတာ မဖြစ်စေလိုကြောင်း၊ ဒါပေမယ့် အမျိုးသား အကျိုးစီးပွား နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးရေး အကာအကွယ်ပေးနိုင်တဲ့ အခြေခံတွေရှိဖို့ လိုအပ်ကြောင်းလည်း သမ္မတက ထည့်သွင်းပြောသွားခဲ့ ပါတယ်။

RFA Burmese

ငွေ သိန်း ၁၀၀ ကောက်ရသော်လည်း အသက်အန္တရာယ်ကြားက ပိုင်ရှင်ထံ ပြန်ပို့နိုင်ခဲ့သူ လေးစားထိုက်သူ ဆိုက်ကားဆရာ ဦးစန်းဝင်း


ငွေထုပ်သိန်းတစ်ရာ ကောက်ရမိသူ ဦးလေးအတွက်
ဘဏ်သူဘဏ်သားပေ့ထဲမှာ ရှိကြသော မန်ဘာများအားလုံး Share လုပ်ပေးကြရင်း ဂုဏ်ပြုလိုက်ရအောင်
ပဲခူးတိုင်းဒေသကြီး ပြည်မြိဲု့ န၀င်းကမ်းနားလမ်းနေ
ဦးစန်းဝင်း(ဆိုက်ကားဆရာ/နိဗာန်ဆော်) ဆိုသူ ဆိုက်ကားနံပါတ် 1661 ဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေသော ဆိုက်ကားဆရာ၏ စိတ်ဓါတ်
ဆိုက်ကားဆရာ ဆိုတာ အင်္ကျီ အနွမ်းလေးဝတ် ဦးထုပ်အဟောင်းလေးဆောင်းပြီး နေပူပူမှာ ဘ၀ ၀မ်းစာရေးကို ဖြေရှင်းနေကြပေမဲ့ အနေစုပ်ပေမဲ့ စိတ်ဓါတ် မညံကြတဲ့ နိုင်ငံကြီးသား အဆင်မြင့် စိတ်ဓါတ်ရှင် ပြည်မြို့က ဆိုက်ကားဆရာ တစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်

မနေ့က (30) ရက်နေ့က လစာထုတ်ရက်ဆိုတော့ စီးပွားရေးဘဏ်မှာ လစာထုတ်သူများ နဲ့ စည်ကားနေတဲ့ အချိန် ၊ လူရှုပ်နေတဲ့ အချိန်ပါနေ့လည် ပိုင်းမှာ ဌာနဆိုင်ရာ တစ်ခုရဲ့ ငွေစာရင်းကိုင် ၀န်ထမ်းတစ်ဦးအား စီးဘဏ်ရှေ့ က ပီစီအို ဘေးမှာ သူ တာဝန်ယူထုတ်လာတဲ့ ၀န်ထမ်းလစာ သိန်း (၉၀) ကျော် အထုပ်ကို ဘေးချပြီး ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ဌာန ကားက ရောက်လာတာမို့ အလောသုံးဆယ် ကားပေါ်တက်လိုက်လာပါတယ် ဒု-၀န်ကြီးလည်း ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာတာမို့ ကားပေါ်ပါလာသူတွေရော သူကိုယ်တိုင်ပါ စိတ် လောနေကြပါတယ် ဌာနကို ရောက်ရှိပြီး အခန်းထဲရောက်လို့ ငွေထုပ်ကို ကြည့်တဲ့အခါမှ သိန်း (၉၀) ကျော်ငွေထုပ်ဟာ စီးဘဏ် ရှေ့ ပီစီအိုဘေးနားမှာ ကျန်ခဲ့ ကြောင်းသိရတဲ့အတွက် အားလုံး ခေါင်းနပန်း ကြီးကုန်ကျပါတယ်။ ချက်ချင်းပဲ ကားပြန်လှည့်ပြီး ဘဏ်ကို သွားနေပေမဲ့ ဆုံးပြီ၊ ဒီငွေတွေကို ဘယ်လို ပြန်ရှင်းမလဲ ဆိုပြီး စိတ်ပူချင်းများစွာနဲ့ သွားနေရသလို ရုံးက ၀န်ထမ်းတွေကလည်း စိတ်မကောင်းချင်းများစွာနဲ့ ကျန်ခဲ့ ရပါတယ်

အဲဒီကျွပ်ကျွပ် အိတ် အထုပ်ကို ဘဏ်ဘေးက ဆိုက်ကားဂိတ်က ဆိုက်ကားဆရာ တစ်ဦးက ဖွင့်ကြည့်ပြီး ငွေထုပ်ဖြစ်ကြောင်းသူသိသွားပါတယ် ငွေစည်းတွေရဲ့ အပေါ် မှာ ပန်းတောင်း လို့ ရေးထားတဲ့အတွက် ပန်းတောင်းကားဂိတ်ကို လိုက်ပေးပါတယ် ကားဂိတ်ကလည်း ငွေထုပ်ပျေက်တဲ့ သူ မရှိတာမို့ ဘဏ်ကို ပြန်ယူလာခဲ့ပါတယ်

အဲဒီအချိန်မှာပဲ နောက်က လူ (၃) ဦးက လိုက်လားပြီး သူတို့ ငွေထုပ်ပါ ဆိုပြီး လိုက်ပြောပါတယ် မပေးရင် အန္တရာယ်ပြုမဲ့ ပုံစံမျိုးနဲ့ပါ
ဆိုက်ကား ဆရာ က လည်း မင်းတို့ ပိုက်ဆံဆိုရင် ရဲဆီမှာ လိုက်ယူပါ ရဲကိုပဲ အပ်မယ် ဆိုပြီး ဘဏ်က ရဲနဲ့ ဘဏ် မန်နေဂျာ လက်ထဲ အပ်ခဲ့ပါတယ် အဲဒီလူ (၃) ဦးလည်း မယောင်မလည်နဲ့ ပြန်သွားကြပါတယ်
မျက်ရည်တွေနဲ့ စိတ်ပူပန်ချင်းတွေနဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ သောက တွေနဲ့ ဘဏ်ကို ရောက်လာတဲ့ အမျိုးသမိး ဟာ ရောက်ရောက်ချင်း သူ့ ဆုံးပြီ ပြသနာတက်ပြီ လို့ ထင်ထားတဲ့ ငွေထုပ်ဟာ ဘဏ် မန်နေဂျာ ဆီကို ရောက်နေပြီလို့ သိလိုက်ရတဲ့ အတွက် အရမ်းကို ပျော်သွားပါတယ်

ဦးစန်းဝင်းမှာ ကားဂိတ်တွေမှာ လိုက်ရှာမရတဲ့အဆုံး မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးရဲဝန်ထမ်းမှ တဆင့် မန်နေဂျာထံသို့ ပေးပို့အပ်နှံခဲ့ပြီးဖြစ်ပါသည်။

သူ သိန်း ၁၅၀၀ ထီပေါက်ရင်တောင် အခုလောက် ပျော်မှာ မဟုတ်ပါဘူး
သူမ ဟာ ဘဏ်မှာ ငွေ အမြဲလာထုတ်နေတာရယ် သူ့ဌာန ၀န်ထမ်းလစာဖြစ်ကြောင်း သက်သေပြနိုင်တာရယ် ကြော င့် သူမကို ပြန်ပေးလိုက်ပါ တယ်
ဆိုက်ကားဆရာ ကို ကျေးဇူးတင်လွန်းလို့ သူမ ယခုလ ရမည့်လစာ (မေလ/၁၄)လအတွက် ငွေ တစ်သိန်းကို ကန်တော့ပါတယ် ရိုးဂုဏ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော ကျေးဇူးရှင် တစ်ယောက် အဖြစ် အသိအမှတ် ပြုတဲ့ အနေနဲ့ရော ပဆစ်တုပ်ထိုင်ပြီး ဦးချ ကန်တော့ခဲ့ပါတယ် ဆိုက်ကားဆရာ ရင်မှာတော့ ပီတိတွေနဲ့ပါ ငွေ ၁ သိန်းကို မယူပါဘူး အတင်းငြင်းပေမဲ့ ကျေးဇူးရှင်မို့ပါဆိုပြီး လက်ခံပါ အတင်းပြောခဲ့ရပါတယ်
ဒိငွေ တစ်သိန်းထက် ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုမှုက သူ့ဘ၀ တစ်လျှောက်လုံး ရိုးဂုဏ် ကို ထိန်းသိမ်းတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့ တွန်းအားကြီး တစ်ခုပါ ဘဏ် မန်နေဂျာ အပါအ၀င် အားလုံးရဲ့ ရင်မှာ ၀မ်းသာ မျက်ရည်စတွေနဲ့ရယ်ပါ ငွေထုပ်လက် ခံပြီး ဘဏ် မန်နေဂျာ ဆီ လိုက်ပို့ပေးတဲ့ ရဲ တပ်သားလေးကိုလည်း မုန့်ဖိုး ၁ သောင်း ပေးအပ်ခဲ့ပါတယ်
ကျွန်တော်တို့ ဘဏ်သူဘဏ်သားများ အဖွဲ့သားများမှလည်း ဦးစန်းဝင်းကြီး
မိသားစုနှင့် ထပ်တူ ဂုဏ်ယူမိပါသည်။ လေးစားမိပါသည်။
အတုယူသင့်ပါသည်။
ဂုဏ်ယူအားကျဖွယ် ဆိုက်ကားဆရာဦးလေးကြီး ဦးစန်းဝင်း LiKe . Share . Comment များဖြင့်ဂုဏ်ပြုပေးကြပါအုန်း

ဘဏ်သူဘဏ်သားများစုံဆည်းရာမိသားစုမှမျှဝေပါသည်

Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး


ဆရာခင်ဗျား ကျွန်တော်တို့လင်မယားက့ နေ့ကမှ လက်ထပ်ထားတာပါ။ အဲ့ဒါနဲ့ OK တားဆေးရောင်းတဲ့သူကပြောတယ်။ အဲ့ဆေးစားပြီးရင် ၇ ရက်ကျော်မှစိတ်ချရတာပါတဲ့။

• လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

ဒေါက်တာတင့်ဆွေ

စိတ္တဇ ဆေးရုံတစ်ခုတွင် - ဟာသ


စိတ်မနှံသော မောင်ချဉ် နှင့် မိဂျမ်း တို့နှစ်ယောက် စကားလက်ဆုံပြောနေကြလေသည် ။

မောင်ချဉ် ။ ။ " နင့်ကို အရေးကြီးတဲ့ စကားပြောစရာရှိတယ် "

မိဂျမ်း ။ ။ ဘာတုန်း !! " ပြောစရာရှိရင်လည်း မြန်မြန် ပြောဟာ "

မောင်ချဉ် ။ ။ " ငါ ...နင့်ကို တိုးတိုးလေး ပြောပြမယ်နော် " ၊ " နင် ဘယ်သူ့ကိုမှ လျှောက်မပြောရဘူးနော် "

မိဂျမ်း ။ ။ ငွင် !! " နင့် စကားက ဘာစကားမို့လို့တုန်း "

မောင်ချဉ် ။ ။ ဒီလိုဟ ~~ " ငါ က ကွမ်ရင်မယ်တော်ရဲ့သား အငယ်ဆုံးဟ "

မိဂျမ်း ။ ။ ဟာာာ ~~ " နင် လျှောက်ပြောမနေနဲ့ ၊ ငါ ဘယ်တုန်းကမှ နင့်လိုသားမျိုး မွေးခဲ့မိလို့လဲ "

:D

Credit: မချိုမချဉ်ဟာသများ

မလိုပါဘူး - ဟာသ


'' မောင်ရေ ...
မတို့ရဲ့ အိမ်ရှေ့ကအိမ်ကို လူငယ်ချောချော
တစ်ယောက်ပြောင်းလာတယ် ၊ အဲဒါ ' မ '
အဝတ်အစား လဲတဲ့ အခါ သူမမြင်အောင် ပြတင်းပေါက်မှာ ခန်းဆီးတပ်လိုက်ရင် မကောင်း ဘူးလားဟင် ''

ဟု ကိုချဉ် အား သူ့ အိမ်သူ သက်ထား
မှ ပြောလေသည် ။

'' မလိုပါဘူးကွာ ၊ မင်း အဝတ်အစား ချွတ်တာကို သူတခါမြင်တာနဲ့ သူ့ဟာသူ ခန်းဆီး
တပ်ပါလိမ့်မယ် ''

မချိုမချဉ်ဟာသများ

Meeting New People - အင်္ဂလိပ်စာ


Jam : The Web Design Company that Teaches You English



၅. မျက်နှာစိမ်းများနှင့် တွေ့ဆုံနှုတ်ဆက်ခြင်း(Meeting New People)



ဒီနေ့ဟာ Sanjeev တစ်ယောက် Jam ကိုရောက်တဲ့ပထမဆုံးနေ့ပါ။ သူဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ တွေ့ဆုံ နှုတ်ဆက်နေပါတယ်။

"Sanjeev မင်းကို Jeef Delini နဲ့မိတ်ဆက်ပေးပါရစေ။ သူကအရမ်းတော်တဲ့ Designer လေ။ ပြီးတော့ ကျွန်မတို့ရဲ့ ကွန်ပျူတာ ကျွမ်းကျင်သူလည်း ဖြစ်တယ် တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။ ကျွန်တော် လည်း တွေ့ရတာ ဝမ်းသာပါတယ် ပြီးတော့ ဒါက Maria Sanchez ပါ။ ကျွန်မတို့ရဲ့ Office Manager ပေါ့။ သူကစပိန်နိုင်ငံကပါ။ တွေ့ရတာဝမ်းသာပါတယ် Maria တွေ့ရတာဝမ်းသာပါတယ်ရှင် အဲ့ဒီနောက်တော့ Sanijeev ဟာသူရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်တွေအကြောင်း ပိုသိလာဖို့ ကြိုးစားပါတယ်။



ဒီမှာအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ

Jeff "နှစ်နှစ်လောက်ရှိပြီခင်ဗျ

ဒီမှာခင်ဗျား ဘာလုပ်ရလဲ

ကျွန်တော်က websites တွေကို ဒီဇိုင်းဆွဲပေးရတယ်။ ပြီးတော့သူများတွေ နားမလည်တဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေ လုပ်ရတယ်ပေါ့ဗျာ



"Maria ခင်ဗျားရော ဒီမှာဘာလုပ်ရလဲ ကျွန်မကတစ်ရုံးလုံးကို လည်ပတ်အောင်လုပ်ရတယ်။ ဖုန်းဖြေတာကအစ စာရင်းအင်းတွေကို ကြည့်ပေးတာအထိ အကုန်လုံးပါပဲဟာ၊ ခင်ဗျားတော်တော် အလုပ်များမှာ ပဲနော်ကဲ Sanjeev တစ်ယောက် မိမိရဲ့ လုပ်ငန်းခွင်ကို လာလည်တယ်လို့ စိတ်ကူးယဉ်ကြည့်ပါမယ်။



Sanjeev နဲ့စကားပြောရအောင်လို့ ကိုယ်ပြောမယ့် အပိုင်းလေးတွေကို ချရေးကြည့်ပါဦး။ ဟဲလို။ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျားဒီမှာ ဘာလုပ်ရသလဲ ဒီမှာအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ သိတဲ့ စာလုံးတွေရှိရင်လည်း အဘိဓာန်ကို သုံးပါနော်။



ကဲ။ သူတို့ပြောသွားတဲ့ စကားတွေကို နည်းနည်းအသေးစိတ် လေ့လာကြည့်ရအောင်။ ကိုယ်ကအခြားမျက်နှာစိမ်း နှစ်ယောက်ကို သူတို့အချင်းချင်း မိတ်ဆက်ပေးချင်ရင်May I introduce you to (Name).This is (Name).



မိတ်ဆက်ပေးရင်းနဲ့မှ သူတို့အကြောင်းလည်း နည်းနည်း ထပ်ပြောပေးလေ့ ရှိပါတယ်။

He's a brillant designer, and our computer expert.

And this is Maria Sanchez, our office manager.

She's from Spain.

ဒီနေရာမှာ လောလောဆယ် ကိစ္စကိုပြောတာမို့လို့ "simple present tense" ကိုသုံးပါတယ်။

သူများက မိတ်ဆက်ပေးပြီးရင် ကိုယ်ကဒီလိုပြန်ပြောကြပါတယ်။

Nice to meet you!

Nice to meet you, too!

Pleased to meet you!

Pleased to meet you, too!

ဒီနေရာမှာ ခုမှတွေ့တာမို့လို့ 'Meet' လို့သုံးတာပေါ့။ သိပြီးသားသူချင်းတွေ့ရင် "Pleased to see you" လို့သုံးပါတယ်။

1.

Q. How long have you worked here?

A. For about two years.

မေးခွန်းက အလုပ်စဝင်တဲ့ အချိန်ကနေပြီး အခုထိလို့မေးချင်လို့ Present Perfect (have + past participle) သုံးပြီးမေးထားပါတယ်။ ကြာမြင့်ချိန်အရှေ့မှာ for ထည့်ပြီးဖြေသွားတာကို သတိပြုပါ။

2.

Q. What do you do here?

A. I design websites and do the technical stuff that no one understands.

A. I run the office, everything from answering the phone to looking after the accounts.

ဒီမေးခွန်းရဲ့ အဖြေကလည်း နေ့စဉ်လုပ်ငန်း အကြောင်း ပြောတာဖြစ်လို့ "Simple Present tense" ပါပဲ။

ဒီစာဖတ်ပြီး သူငယ်ချင်းတွေနဲ့ လေ့ကျင့်ကြည့်ဦးနော်။

Happy Learning English!

ပေါ့ပါးပျော်ရွှင်စွာ အင်္ဂလိပ်စာ သင်ယူနိုင်ပါစေ။

(Daw May May Win, MA (English) (YU), MA (TESOL) (Lancaster University) မှ မြန်မာဘာသာ ပြန်ဆို ရေးသားထားပါသည်။)

Internet Journal

Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး


(၁) ရာသီမလာအောင်နိုမ်တဲ့ဆေးပြားတွေမှာ Side effect တွေရှိပါသလားဆရာ။ ဆိုးကျိုးကောင်းကျိုးတွေ သိချင်လို့ပါဆရာ။
(၂) မြန်မာနိုင်ငံတွင် စစ်ဆေးစဉ်က ဆရာဝန်ပြောသည်မှာ နှစ်နေရာမှာ နှလုံးသွေးကြောကျဉ်း နေပါတယ်တဲ့။ တားဆေးများကို ၇ နှစ်နီးပါး သောက်သုံးခဲ့ခြင်းကြောင့်ဟု ပြောပါတယ်။

တကမ္ဘာလုံး၊ အမျိုးသမီးတွေ အများဆုံးသုံးတဲ့ ကိုယ်ဝန်တားဆေးဟာ Hormonal Birth Control လို့ခေါ်တဲ့ ဟော်မုန်း ပါတဲ့ဆေးတွေ ဖြစ်ပါတယ်။ ဟော်မုန်း ၁ မျိုးထဲဆေး နဲ့ ၂ မျိုးတွဲဆေးတွေဖြစ်တယ်။

Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နဲစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်း မပါဘူး။ ဒါ့ကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
ဘေးထွက်-ဆိုးကျိုး ရှိသလို ပူးတွဲ-ကောင်းကျိုးလဲ ရှိတယ်။ သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Dr. တင့်ဆွေ

အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ


ကျန်းမာရေးအတွက် သုတလေးပါ…။
သမ်းခြင်း
————
သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။ ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့ နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။
ယားယံခြင်း
————–
အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက် အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့် ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ လိုးရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက်
ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့ ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း
———————————
မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင် လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ် မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

ကြို့ထိုးခြင်း
————–
သင်ဟာ မကြာခဏကြို့ထိုးတတ်ရင် အစာစားတဲ့အခါနဲ့ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသာ စားသောက်ပါ။ အလွန်မြန်မြန်စားသောက်ခြင်းဟာ အစာအိမ်ကို ဖောင်းကားစေပြီး ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆော်တဲ့အတွက် အဲဒီကြွက်သားကျုံပြီး ကြို့ထိုးတတ်ပါတယ်။ ဒါ့အပြင် ကြို့ထိုးတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ဒါမှမဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်းမှု ဖြစ်တဲ့အတွက် ကြို့ထိုးလာတာဖြစ်ပြီး ရုတ်တရက်လန့်သွားတဲ့အခါ အာရုံကြောတွေကို နာနာလှုပ်ပြီး ပြန်ချိန်ပေးသလိုဖြစ်တဲ့အတွက် ကြို့ထိုး ပျောက်သွားတတ်ပါတယ်။

ကြက်သီးမွေးညင်းထခြင်း
—————————-
သင်ဟာ အေးတဲ့အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့အခါ ကြက်သီးမွေးညင်း ထတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အရေပြားနဲ့ မွေးညင်းအိတ်ကို ဆက်ထားတဲ့ ကြွက်သားသေးလေးတွေ ကျုံပြီး အရေပြားပေါ်က အမွေးအဆုံးကို ထောင်စေတဲ့အခါ ကြက်သီးမွေးညင်း ထလာတာပါ။ ကမ္ဘာဦးလူသားတွေကတော့ အခုခေတ်လူတွေထက် အမွေးတွေ ထောင်သွားတဲ့အခါ လေကိုဖမ်းယူပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သားရဲတိရစ္ဆာန်တွေ ရန်မူတဲ့အခါ အမွေးတွေထောင်သွားခြင်းကြောင့် တိရစ္ဆာန်တွေကို ကြောက်လန့်အောင် ခြိမ်းခြောက်နိုင်ပါတယ်။

နှာချေခြင်း
——————–
သင့်ခန္ဓာကိုယ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာချေတာဖြစ်ပါတယ်။ သင့်မှာ ဓာတ်မတည့်မှု ပြဿနာရှိရင် ပန်းဝတ်မှုန်တွေနဲ့ တိရစ္ဆာန် အညစ်အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ အအေးမိရောဂါဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို ဖမ်းယူဖို့ ချွဲသလိပ်တွေကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်းနဲ့
ခန္ဓာကိုယ်အပြင်ကို ထုတ်ပစ်ပါတယ်။ အအေးမိပျောက်ဆေးနဲ့ ဓာတ်မတည့်ပျောက်ဆေးတွေက နှာချေတာကိုဖြစ်စေတဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို လျော့နည်းစေတာ ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းကို သင့်ခန္ဓာကိုယ်က တုံ့ပြန်မှုကို ဖိနှိပ်တာပါ။

ချောင်းဆိုးခြင်း
———————
ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်ပစ်တဲ့ နောက်ထပ်စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ အထူးဆဲလ်တွေ ရှိပါတယ်။ ဒီဆဲလ်တွေက အနှောင့်အယှက်ပေးမယ့် အရာတွေကို သိရှိပြီး အားနဲ့ဖယ်ထုတ်ပစ်တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်းမှာ ပိုးဝင်ခြင်းနဲ့ နမိုးနီးယားရောဂါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ချွဲသလိပ်ထုတ်လုပ်မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါတွေကလည်း ဆဲလ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာကို လျော့နည်းစေဖို့အတွက်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကောင်းမွန်တဲ့ ကိုယ်ဟန်အနေအထားဟာ အသက်ရှူလမ်းကြောင်းကို ပွင့်နေအောင် ထိန်းသိမ်းပေးပါတယ်။

ကြွက်တက်ခြင်း
———————-
ရုတ်တရက်ကြွက်သားနာကျင်ပြီး ကြွက်တက်တာဟာ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အားကစားလုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ မညီမျှတာအပါအဝင် အကြောင်းအချက် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ပြီး နောက်မှာ အားကစားသမားတွေ သောက်ရတဲ့အချိုရည် (Sports Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေကို ချောမွေ့လွယ်ကူစေပါတယ်။ နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။

ချမ်းတုန်ခြင်း
———————
ချမ်းတုန်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါနေခြင်းပါ။ သင့်ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားတဲ့အခါ ခန္ဓာကိုယ်ဟာ တုန်လာပြီး အပူကို ဖြစ်စေတာပါ။ ဒီလိုချမ်းတုန်တာကို ကုသဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သင့်ခန္ဓာကိုယ်အပူချိန်ကို ၉၈ ဒဿမ ၆ ဒီဂရီဖာရင်ဟိုက် ပြန်ရောက်အောင်လုပ်ဖို့ပါ။

နားအူခြင်း
—————–
အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့် ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။

အစာအိမ်ထဲမှာ အသံမြည်ခြင်း
————————
အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတဲ့အခါ အစာအိမ်ကြွက်သားတွေနဲ့ အူကြွက်သားတွေက ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။ လူတိုင်းရဲ့ အစာအိမ်က အစာခြေနေစဉ်မှာ အသံထွက်ပါတယ်။ ဒါပေမယ့် အလွန်ကျယ်လောင်တဲ့ အသံထွက်နေရင်တော့ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း ဒါမှမဟုတ် Herbal Tea တစ်ခွက်ကို သောက်ပေးရင် သက်သာနိုင်ပါတယ်။

ခြေ၊ လက်ကျဉ်ခြင်း
———————–
ခြေ၊ လက်အစိတ်အပိုင်းတစ်ခုခုပေါ်မှာ ကြာရှည်ဖိထားတဲ့အခါ ကျဉ်တတ်ပါတယ်။ သင်ဟာ ခြေထောက်ကို ဖိပြီး အကြာကြီးထိုင်တဲ့အခါ ဒါမှမဟုတ် လက်ကိုဖိပြီး အကြာကြီးအိပ်မိတဲ့အခါ အဲဒီနေရာမှာကျရောက်တဲ့ ဖိအားက သင်ရဲ့အာရုံကြောတွေကို ညှစ်ထားပြီး ဦးနှောက်ကို ပေါက်တတ်ကရ သတင်းတွေပို့ပေးပါတယ်။ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ ပြောဖို့ခက်ခဲသွားတဲ့အတွက် ဒီရောထွေးနေတဲ့အတင်းတွေက အဲဒီနေရာမှာ ခံစားမှု ပျောက်သွားစေပါတယ်။ ခြေလက်ကျဉ်တာကို ကာကွယ်ဖို့ အတွက်တော့ အာရုံကြောတွေကို ဖိမိတဲ့အနေအထားမှာထိုင်တာ ဒါမှမဟုတ် အိပ်တာကို ရှောင်ကြဉ်ဖို့ပါ။

ကြယ်မြင်ခြင်း
——————-
သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။ ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ ကြာပါတယ်။ သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။

Thuta Kabar


Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု




“လိင်ဆက်ဆံမှုပြုတိုင်း (ကွန်ဒွမ်) ကို စနစ်တကျသုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်” လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့အစည်းတွေက ထောက်ခံချက် ပေးထားတယ်။

(ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။ (၁) ကိုယ်ဝန်ရမှာကို တားဘို့နဲ့ (၂) HIV အပါအဝင် STDs ခေါ်တဲ့ လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ လိင်လမ်းရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) စတဲ့ရောဂါမှန်သမျှတွေကို ကူးစက်မလာစေဘို့လဲ ဖြစ်တယ်။ လိင်လမ်းကြွက်နို့ နဲ့ လိင်လမ်းရေယုံတွေကိုတော့ အသေအချာ မကာကွယ်နိုင်ပါ။

(ကွန်ဒွမ်) ကို အသုံးပြုနည်းလဲ မှန်ရမယ်။ စဉ်ဆက် မပြတ်စေရဘူး။ နည်းအမှန်ဆိုတာ ဘာလဲ။ လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ဗဂျိုင်းနား)၊ ပါးစပ်၊ စအို ဘာကိုမှ မထိရသေးခင် ကျားအင်္ဂါသန်မာတာနဲ့ စွပ်ပါ။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးစေပါ၊ လေမခိုအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာကျန်နေအောင် ဂရုစိုက်ပါ။ ဒီနေရာကလွဲရင် လိင်တံတခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေပါစေ။

Latex condoms (လေးတက်စ်-ကွန်ဒွမ်) ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံးဖြစ်တယ်။ ဆီအခြေခံတွေဖြစ်တဲ့ ဓါတ်ဆီ-ချောဆီ၊ (ဗက်ဆလင်း)၊ Hand lotion လက်-လိုးရှင်း၊ Baby oil ကလေးကိုယ်လိမ်းဆီ၊ တခြား ဘယ်ဆီအမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant (စီလီကွန်) ချောဆီက အဝတ်အစားကို စွန်းထင်းစေတယ်။

ဆန္ဒပြည့်ဝလို့ သုက်ရည်ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မရောက်ခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန်မနေစေပါနဲ့။ ဒီအခါမှာလဲ တယုတယလုပ်ပါ။

၉၈% ထိရောက်တယ်လို့ ဆိုပါတယ်။ မထိရောက်မှု (ကိုယ်ဝန် မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ)၊ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေက မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ် သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင်ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့်စဉ်းစားရလို့ မတူတာဖြစ်ပါတယ်။

ဆေးတွေလိုဘဲ (ကွန်ဒွမ်) သတ်မှတ်ရက် ကုန်နေ-မနေစစ်ပါ။ ဝယ်ထားတုံးက ကောင်းနေအုံးတော့ အပူချိန်များတဲ့နေရာ ထားမိတာ၊ ဥပမာ လက်ကိုင်အိတ်ထဲ အကြာကြီးထားတာမျိုး။ စွပ်-ချွတ်တဲ့အခါ နည်းမှန်ပေမဲ့၊ သွား-လက်သည်း-လက်စွပ် နဲ့ထိပြီး ပေါက်နိုင်တာမျိုး၊ သုံးရမဲ့ဆီမှန်ပေမဲ့ လိုတာထက် အားသုံးမိလို့ ပေါက်ပြဲတာမျိုး စတာတွေ စဉ်းစားရအုံးမယ်။
အရည်အသွေးက အရေးပါတယ်။ ခပ်ညံ့ညံ့ နိုင်ငံတွေမှာ ခပ်ညံ့ညံ့ လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များပါတယ်။ အမေရိကားမှာ (FDA) က အသိအမှတ်ပြုမှသာ ရောင်းခွင့်ရှိတယ်။ ဥရောပမှာတော့ CE အမှတ်အသား ပါရတယ်။ တကမ္ဘာလုံးမှာဆိုရင် (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ်ဆိုတာ သတ်မှတ်ပေးထားပါတယ်။
(ကွန်ဒွမ်) ကို အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှု မရှိပါ။ (လေးတက်စ်-ကွန်ဒွမ်) နဲ့ မတည့်သူတွေက Polyurethane Condom (ပေါ်လီယူရီသိန်း-ကွန်ဒွမ်) သုံးရတယ်။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) လဲ ရှိပါတယ်။ (ပေါ်လီယူရီသိန်း) နဲ့ လုပ်ထားတာပါ။

ကနေဒါမှာ မမြင်နိုင်တဲ့ (ကွန်ဒွမ်) ထုတ်လုပ်ဘို့ ကြိုးစားနေပါတယ်။ အရည်တမျိုးကနေ အကာအကွယ် (ဂျဲလ်) ဖြစ်လာစေပြီး ကာကွယ်ပေးမယ်။ ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေးပါတယ်။ Foam အမြှုပ် ဒါမှမဟုတ် Cream (ခရင်မ်) အနေနဲ့ သုတ်ထားပေးတာမျိုး။ ဒါက ကိုယ်ဝန်မရမှာကို ပိုသေခြာအောင် လုပ်တာပါ။ မတည့်ရင်တော့ တချို့မှာ အနာဖြစ်တတ်တယ်။

သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင် ရောဂါကာကွယ်ဘို့ သုံးသူက အသစ်လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်း Emergency contraceptive (EC) လုပ်ရမယ်။ ကိုယ်ဝန်တားဆေး တခုခု သုံးနေသူနေပေမဲ့ တကယ်လို့ ကိုယ့်အဖေါ်အကြောင်းကိုမသိရင် ရောဂါတွေကာကွယ်ဘို့ရာ (ကွန်ဒွမ်) ကိုပါ သုံးရမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် Antiviral therapy ဆေး သောက်ရပါမယ်။

အဆန်းသမားတွေက လိင်လမ်းတမျိုးမက အသုံးချတယ်။ (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း ဥပမာ စအို၊ ပါးစပ်အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့လိုတယ်။ အုပ်စုလို အဆန်းအပြား လိင်ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက်ကြ အသစ်ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ အမှိုက်ပုံးထဲသာ ပြစ်ပါ။ ရေအိမ်သာထဲ မပြစ်ရပါ။ သူများမမြင်စေချင်ရင်တော့ (တစ်ရှူး) လေးနဲ့ထုပ်ပေါ့။

ဒေါက်တာတင့်ဆွေ


နားလည်မှု့.. လွဲခြင်း - ဟာသ


ကျနော်အကျင့်ကိုက.. မကောင်းတာပါဗျာ…

ဒီအကျင့်ကြောင့်လည်း.. သူငယ်ချင်း မိန်းခလေးတွေနဲ့.. ပြဿနာ တက်ပေါင်းများပီ…

သူတို့ပြောတာတစ်မျိုး.. ကိုယ်တွေနားလည်တာက တစ်ခြား…
တစ်လွဲတွေ ဖြစ်တတ်လွန်းလို့ အခင်အမြင် ပျက်ရပေါင်းလဲ များခဲ့ ပါပီ…

ဟိုတစ်နေ့ကပဲ.. online ပေါ်မှာ သူငယ်ချင်း ဖြစ်ခဲ့တဲ့ တရုတ်ပြည်က ကောင်မလေး မြန်မာပြည်ကို လာလည်တော့.. အပြင်မှာ တွေ့ဆုံကြတာပေါ့..

မြန်မာစကားသိပ်မပြောတတ်တော့.. စကားပြန် တစ်ယောက်လည်း ပါလာတယ်…

ကျနော်လည်း.. ဧည့်ဝတ်ကျေပွန်အောင် ဟိုဟို ဒီဒီ လိုက်ပို့ရတာပေါ့ဗျာ…

စကားပြောတဲ့အခါကျတော့လဲ.. ကျနော်က မတတ်တခေါက် စပီကင်လေးနဲ့ ပြော သူမကလည်း မပီကလာပီကလာ စပီကင်နဲ့ ပြော.. လုံးခြာပတ်ခြာလိုက်ပီး.. သူ့စကားပြန်က ဖြေရှင်းပေးလို့သာ တောရော့တယ်။

ဒီလိုနဲ့.. သူမလည်း ဟိုတယ်ပြန်ရမယ့် အချိန်ရောက်တော့ သူမကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် တောင်းလိုက်တော့..
သူမက ပြန်ပြောတယ်…

” Sex Sex Sex , Free Sex To Night…! ”

” ဝှားးးးးးးး ”
ကျနော်.. အံ့သြဝမ်းသားသွားတယ်..

တံတွေးကို.. ဂလုခ်.. ကနဲ မြိုချလိုက်ရင်း.. တုန်တုန်ရီရီနဲ့.. မေးလိုက်မိတယ်…

“ဂယ်…ဂယ်လား…ငင်..!!! ”

ကျနော့ မျက်နှာ အမူအရာကို ကြည့်ရင်း သဘောပေါက်သွားတဲ့ စကားပြန်က ကဗျာကယာ ဖြေရှင်းရှာတယ်…

” ဟုတ်ပူး..ရှင့်.. သူပြောချင်တာက သူ့ဖုန်းနံပါတ်.. 6663629 ပါ..တဲ့..”

ငွင်….!!!!!

#NcNc@
မချိုမချဉ်ဟာသများ


ရန်ကုန် - မန္တလေး အမြန်လမ်းကို အင်ဂျင်နီယာရှုထောင့်မှာ သုံးသပ်ခြင်း


ဦးကျော်လင်း (73)


ယခုရက်ပိုင်းအတွင်း ကျယ်ပြန့်စွာ ရေးသားနေကြသော ရန်ကုန်- မန္တလေး အမြန်လမ်းနှင့်ပတ်သက်၍ တာဝန် ရှိသူအချို့၏ ပြောကြားချက်နှင့် လက်တွေ့ဖြစ် ပျက်နေသော အခြေအနေများပေါ် မြို့ပြအင် ဂျင်နီယာတစ်ဦး၏ ရှုထောင့်တစ်ခုမှ အဓိက အချက်သုံးချက်ကို ဆွေးနွေးလိုပါသည်။

(က) လက်ရှိဖွင့်လှစ်ထားသော ရန်ကုန်-မန္တ လေးအမြန်လမ်းမှာ လေးလမ်းသွားကွန်ကရစ် လမ်းသာဖြစ်ပြီး ရှစ်လမ်းသွား မဟုတ်သေး သောကြောင့် စံချိန်စံညွှန်း လိုအပ်နေသေးခြင်း၊ အသုံးပြုရန်လိုအပ်ချက်အရ မပြည့်စုံသေးဘဲ ဖွင့်လှစ်ပေးခဲ့ခြင်းသာဖြစ်ခြင်း။

(ခ ) လက်ရှိလမ်းမှာ တစ်မိုင်လျှင် ကျပ်သန်း ၂၅ဝဝ ခန့်ကုန်ကျပြီး စုစုပေါင်း ၃၆၆ မိုင် သုံး ဖာလုံအတွက် ရှစ်လမ်းသွားပြုလုပ်ရန် ရန်ပုံ ငွေကျပ် ဘီလီယံ ၅၅ဝ ခန့်လိုအပ်ခြင်း။

(ဂ ) ၂ဝဝ၉ ခုနှစ် မတ် ၂၅ ရက်မှ ၂ဝ၁၄ ခု နှစ် မေ ၁၂ ရက်အထိ မတော်တဆမှုပေါင်း ၇၃ဝ သေဆုံးသူပေါင်း ၃၆၇ ဦး၊ ဒဏ်ရာရ သူပေါင်း ၁၁၁၄ ဦးရှိခဲ့ရာတွင် မတော်တဆမှု ဖြစ်ရခြင်းအကြောင်းအဖြစ် ယာဉ်မောင်းသူ ၏ချို့ယွင်းချက်ကြောင့် ၆၃ ဒသမ ၆၄ ရာခိုင် နှုန်း၊ ယာဉ်ချွတ်ယွင်းချက်ကြောင့် ၂၃ ဒသမ ၈ဝ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ဝ ဒသမ ၄ဝ ရာခိုင်နှုန်းနှင့် လမ်းအရည်အသွေး ချို့ယွင်း ချက်ကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းဟု ဖော် ပြထားခြင်း။

မိမိ၏အမြင်အားဖြင့် လေးလမ်း၊ ခြောက် လမ်း၊ ရှစ်လမ်းသွား ဖောက်လုပ်ခြင်းသည် အ သုံးပြုသောယာဉ်သိပ်သည်းဆ(Traffic Density) အပေါ် အဓိကတည်နေပေရာ လက်ရှိအ သုံးပြုနေသော ယာဉ်အစီးရေကို တစ်ဖက် နှစ်လမ်းသွားဖြင့် ကောင်းစွာလုံလောက်နေ သေးကြောင်း လမ်းပေါ်တွင်ကြည့်ပါက တွေ့ မြင်ရမည် ဖြစ်ပေသည်။ တိုးတက်လာသော ယာဉ်အစီးရေအရ တစ်ဖက် နှစ်လမ်းသွားမှ သုံးလမ်း၊ လေးလမ်း စသည်ဖြင့် နောင်တွင် တိုးတက်ချဲ့ထွင်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

လေးလမ်းသွားကြောင့် စံချိန်မမီသော လမ်းမ ဟုတ်ဘဲ စံချိန်မီ၍ ဘေးအန္တရာယ်ကင်းဝေး သောအမြန်လမ်းအဖြစ် မည်သို့ပြုလုပ်ပေးနိုင် မည်ကို ပြည်တွင်းအင်ဂျင်နီယာများ ပွင့်လင်း မြင်သာစွာ စုပေါင်းဆွေးနွေး၍ အဖြေရှာပါ က တွေ့မြင်နိုင်မည်ဟု ယုံကြည်ပါသည်။

လက်ရှိအသုံးပြုနေသောလမ်းမှာ တစ် မိုင်လျှင် ကျပ်သန်းပေါင်း ၂၅ဝဝ ခန့် ကုန်ကျ ခဲ့သော်လည်း အောက်ခံမြေသားလမ်းနှင့် တံ တားအချို့တို့ကို တစ်ဖက်လျှင် လေးလမ်းသွား အဖြစ် ဆောင်ရွက်ထားပြီးဖြစ်ရာ တိုးချဲ့မည့် ကုန်ကျစရိတ်မှာ ယခင်ကုန်ကျစရိတ်ထက် များစွာ လျော့နည်းမည်ဟု ယူဆပါသည်။ ပြောင်း လဲလာသော ဈေးနှုန်းများကြောင့် ကုန်ကျစ ရိတ် ပိုမိုလာနိုင်ခြင်းနှင့် တိုးတက်များပြားလာ မည့် ယာဉ်သိပ်သည်းဆအရ မည်သည့်အ ချိန်တွင် တစ်ဖက်လျှင် သုံးလမ်းသွားမှ လေး လမ်းသွားအထိ တိုးချဲ့နိုင်ရန် စီမံကိန်းချ မှတ် ထားသင့်ပါသည်။

ဤစာရင်းဇယားမှာ လမ်းဖောက်လုပ် စဉ်က ပါဝင်ခဲ့သော တာဝန်ရှိသူများနှင့် အင် ဂျင်နီယာများမှ ပြုစုထားသည်ဟု ယူဆပါ သည်။
...........................................................................................................
စတင်ဖွင့်လှစ်သည်မှ ၂ဝ၁၄ ခုနှစ် မေ ၁၂ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၇၃ဝ ကျော်ဖြစ်ပေါ်ခဲ့ရာတွင် အောက်ပါစာရင်းဇယားအပေါ် အကျယ်တဝင့် ဆွေးနွေး လိုပါသည်။
...........................................................................................................
(က) ယာဉ်မောင်း၏ချို့ယွင်းမှု - ၆၃.၆၄%
...........................................................................................................
(ခ) ယာဉ်၏ချွတ်ယွင်းမှု - ၂၃.၈ဝ%
...........................................................................................................
(ဂ) ရာသီဥတုဆိုးရွားမှု - ဝ.၄ဝ%
...........................................................................................................
(ဃ) လမ်းအရည်အသွေးမကောင်းမှု - ၁.၁၆%
...........................................................................................................

ယာဉ်မတော်တဆဖြစ်မှုတိုင်း၏ ၉ဝ ရာခိုင်နှုန်းခန့်မှာ ယာဉ်မောင်းနှင့်ယာဉ်ချွတ် ယွင်းမှုကြောင့်ဟုဆိုခြင်းကို အငြင်းပွားဖွယ် ရာမရှိပေ။ သို့ရာတွင် မတော်တဆမှုများဖြစ် ပေါ်ရခြင်းမှ ရှောင်ကြဉ်နိုင်ရန် Engineering, Education, Enforcing, Encouraging and Emergency Action ဟူသော 'E' ငါး မျိုးအနက် အင်ဂျင်နီယာအတတ်ပညာဖြင့် လုံလောက်သော ကာကွယ်မှုမျိုးကို ဆောင် ရွက်ပေးထားရမည်ဖြစ်ပါသည်။ ဥပမာအား ဖြင့် ခိုင်ခံ့ကောင်းမွန်သော အကာအရံများ ကြောင့် တံတားအောက်ခြေအထိ ထိုးကျသွား ရခြင်းမျိုး မဖြစ်ပေါ်စေရန် ဆောင်ရွက်ထား ရမည်ဖြစ်ပါသည်။ ထို့ပြင် ယခုကဲ့သို့ဆိုးရွား လှသော မတော်တဆမှုများကို ကြုံတွေ့ရပြီး နောက် အင်ဂျင်နီယာနည်းပညာဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ရန်ကိစ္စများကို ချက်ချင်း ဆောင်ရွက်သင့်ပါသည်။

ယခုအမြန်လမ်း၏ မတော်တဆမှုတွင် ဖော်ပြခဲ့သော ယာဉ်မောင်းသူ၊ ယာဉ်ကြောင့် ဖြစ်ပေါ်သော ချွတ်ယွင်းချက် ၉ဝ ရာခိုင်နှုန်း ခန့်တွင် အမြန်လမ်းတစ်ခု၏ လိုအပ်ချက်ဖြစ် သော အောက်ပါအချက်များကို မှန်ကန်စွာ ဆောင်ရွက်ပေးမည်ဆိုပါက ထိခိုက်ဒဏ်ရာ ရမှုနှင့် အသက်အန္တရာယ်တို့ကို အတိုင်းအ တာတစ်ခုအထိ အကာအကွယ်ပေးနိုင်မည် ဟုယုံကြည်ပါသည်။

(က) မြို့တွင်းလမ်းများနှင့်သာ သင့်တော်ပြီး အမြန်လမ်းတွင် လုံးဝအသုံးမပြုသင့်သော ၆ လက်မမှ ၁၂ လက်မခန့်ရှိ Road Kerb တုံးများကို ပြုလုပ်ထားခြင်းဖြင့် မတော်တဆ ထိခိုက်မိပြီးနောက် မော်တော်ယာဉ်ကို တိမ်း မှောက်စေခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။ (မည် သည့်နိုင်ငံ၏ အမြန်လမ်းမတွင်မျှ ဤကဲ့သို့ Kerb တုံး အနိမ့်ကိုအသုံးပြုခြင်းမတွေ့ရပါ)

နိုင်ငံတကာ အမြန်လမ်းမကြီးများတွင် အမြင့် ၂ ပေခွဲခန့်ရှိ ကွန်ကရစ် Kerb သို့ မဟုတ် Guard Rail တပ်ဆင်ပေးခြင်းကိုသာ တွေ့မြင်ရပါသည်။ (Guard Rail ကို ချိုးထား သော ဒှဒ ပုံသဏ္ဌာန်အကွေးမှာ မော်တော် ယာဉ် မတော်တဆ တိုက်မိပါက အရှိန်ကိုလျော့ နည်းစေရန်နှင့် မတိမ်းမှောက်စေရန် ဒီဇိုင်းပြု လုပ်ထားခြင်း ဖြစ်ပါသည်။)

ကုန်ကျစရိတ်ကို လောလောဆယ် ခြိုး ခြံလိုပါကလည်း အန္တရာယ်ရှိသော အကွေ့ များတွင် မဖြစ်မနေ တပ်ဆင်သင့်ပါသည်။

(ခ) Total quality management သဘော အရ အမြန်လမ်းတစ်ခုလုံးမှ ချို့ယွင်းချက် များရှိနေသည့် လမ်းမပြေပြစ်မှုနှင့်Super Elevation မမှန်ကန်မှုတို့ကို နိုင်လွန်ကတ္တရာ ဦးစွာခင်းပြီး အတတ်နိုင်ဆုံး ပြုပြင်ပေးသင့် ပါသည်။ (JICA မှ ထောက်ပြထားသော ၆ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်း ပမာဏတို့ကို ချက်ချင်းပြင်ဆင်ရန်နှင့် ထိန်းသိမ်းရန် လိုအပ် ပါသည်။)

(ဂ) ဥရောပနိုင်ငံများတွင် အဝေးပြေးလမ်းမ များပေါ်တွင် ယာဉ်တစ်စီးကို နှစ်နာရီထက် ပို ၍မောင်းနှင်စေခြင်း မပြုသကဲ့သို့ ၁၁၅ မိုင် စခန်းကဲ့သို့ နေရာများတွင် ယာဉ်များ၊ ယာဉ် မောင်းများ မရပ်မနေရ ရပ်တန့်အနားယူစေ ရန် ထိန်းသိမ်းစစ်ဆေးစေခြင်းဖြင့် ယာဉ်မောင်း နှင့် ယာဉ်၏ချွတ်ယွင်းချက်များကို လျော့နည်း စေနိုင်မည်ဖြစ်ပါသည်။

ဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာအ တတ်ပညာဖြင့် ချက်ချင်းအရေးယူ ဆောင် ရွက်ရန်လိုအပ်ချက်ကို တာဝန်ရှိသူများမှ ဆောင် ရွက်ရန်မကြိုးစားဘဲ ယာဉ်မောင်း၊ ယာဉ်၏ချွတ်ယွင်းချက်ဟု ထောက်ပြနေမည့်အစား ဤ လမ်းမကြီးနှင့်ပတ်သက်၍ မိမိတို့ဘက်မှ အ ရေးယူဆောင်ရွက်ရန် လိုအပ်ချက်များကို အင် ဂျင်နီယာ နည်းပညာရှုထောင့်မှ ချက်ချင်းအ ရေးယူဆောင်ရွက်ပေးရန် တာဝန်ရှိသူများ သို့ တိုက်တွန်းလိုပါသည်။

ယခုရက်ပိုင်းအတွင်း ဖတ်ရှုရသော သ တင်းစာရှင်းလင်းပွဲ၊ သတင်းစာဂျာနယ်များမှ ရေးသားချက်များအပေါ် အခြေခံ၍ ဆောက် လုပ်ရေးအင်ဂျင်နီယာတစ်ဦး၏ အမြင်ဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်ချက် တို့ကို ဆွေးနွေးတင်ပြခြင်းဖြစ်ပါသည်။ လက် တွေ့တွင် တာဝန်ရှိသူတို့မှ စိတ်ဝင်စားသော ကျွမ်းကျင်သူအင်ဂျင်နီယာများ ပါဝင်ဆွေးနွေး ၍ အတွေ့အကြုံများအပေါ် သင်ခန်းစာကောင်း များရယူရန် ဆောင်ရွက်နိုင်သော ဘောင်အ တွင်း ချက်ချင်း၊ ရေတို၊ ရေရှည် ဆောင်ရွက် ရန်အစီအစဉ်များ ချမှတ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
---------------------------------------------------------------------------------

Yangon Times Journal | အတွဲ ၁၀ ၊ အမှတ် ၂၀

 Yangon Media Group




ယနေ့မှစ၍ ရန်ကုန်ရှိ မြို့နယ်အချို့ မီးပြတ်မည်



ယနေ့(မေလ ၃၁) ရက်မှ စတင်ကာ ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားအချိန် ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ မေလ ၃၁ ရက်တွင် ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လှိုင်၊ စမ်းချောင်း၊ လသာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ ကမာရွတ်၊ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊မှော်ဘီမြို့နယ်များရှိ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအတွင်းအချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၄ ခုနှစ် ဇွန် လ ၁ ရက်တွင် ဒဂုံအရှေ့၊ တောင်၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ ရပ်ကွက်အချို့ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်လည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားလိုင်းပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သောသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်ရခြင်းကြောင့် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မှုဖြစ်ပေါ်ရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားအချိန်ပိုင်းပြတ်တောက်မှုများကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးအခက်အခဲများအတွက်လည်း မိဘပြည်သူများကို အနူးအညွတ်တောင်းပန်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


ရန်မျိုးနိုင်
7day daily

တူရကီတွင် အပိတ် ခံထားရသောYouTube ပြန်သုံးနိုင်ပြီ



တူရကီ နိုင်ငံတော် တရားရုံးက အမိန့် ချမှတ် လိုက်ပြီးနောက် တူရကီ နိုင်ငံတွင်း၌ YouTube ကို ပြန်လည် အသုံးပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကဗ္ဘာတွင် လူကြည့် အများဆုံး ၀က်ဘ်ဆိုက် တစ်ခုဖြစ်သည့် YouTube မှာ တူရကီတွင် ပြီးခဲ့သည့် မတ်လမှစ၍ အစိုးရ အရာရှိ များ ခြစားမှုကို မှတ်တမ်း တင်ထားသည် ဆိုသည့် အသံဖမ်းယူချက်များ လွှင့်တင်ခဲ့ပြီး နောက်အသုံးပြု၍ မရတော့ဘဲ ပိတ်ပင်ခံ လိုက်ရခြင်း ဖြစ်သည်။ ထိုသို့ ပိတ်ပင်ထားခြင်း မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဥပဒေများကို ချိုးဖောက်ရာ ရောက်သောကြောင့် YouTube ကို ပြန်ဖွင့်ပေးရန် တူရကီနိုင်ငံ အခြေခံ ဥပဒေ တရားရုံးက အမိန့်ချမှတ် ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆက်သွယ်ရေး လုပ်ငန်းများသို့ လည်း အကြောင်း ကြားထားပြီဖြစ်ပြီး YouTube ကို ပိတ်ပင် ထားမှုများ ပြန်ဖျက်ရန် ညွန်ကြားထား ကြောင်း သိရသည် ။

တူရကီတွင် တွစ်တာနှင့် YouTube ဆိုက်များမှာ ယခုနှစ် အစောပိုင်းကပင် ၀န်ကြီးချုပ် အာဒိုဂန်က ပိတ်ပင် ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထိုဆိုက်များတွင် တူရကီစစ် အရာရှိများ ဆီးရီးယားသို့ ဝင်ရောက် တိုက်ခိုက်ရေး ဆွေးနွေးနေပုံများ နှင့် မစ္စတာအာဒို ဂန်နှင့် နီးစပ်သော သူများထဲတွင် လာဘ်စားမှု များရှိနေကြောင်း စွပ်စွဲသည့် အသံဖိုင် မှတ်တမ်းများလည်း ပါဝင်သည်။ တူရကီသည် ယခုနှစ် ဆန်းပိုင်းမှ စ၍ ဆက်သွယ်ရေး အာဏာပိုင်များ အနေဖြင့် မည်သည့် တရားရုံး ခွင့်ပြုချက်မှ မလိုဘဲ ၀က်ဘ်ဆိုက်များကို ပိတ်ပင် ဖြတ်တောက် နိုင်သည့် လုပ်ပိုင်ခွင့် ပေးသော ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည် ။ တွစ်တာကို ပိတ်ပင်ထားမှုမှာ ပြီးခဲ့သည့် လက ပြန်လည် ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။



messenger news journal

မြန်မာနေရှင်နယ်တီဗီ အခမဲ့ရုပ်သံလိုင်းကိုဘရာဇီးကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြင့် စတင်ထုတ်လွှင့်မည်



ရိုးရိုး အင်တင်နာတိုင်ဖြင့် ဖမ်းယူကြည့်ရှုနိုင်မည့် မြန်မာနေရှင်နယ်တီဗီ mntv အခမဲ့ရုပ်သံလိုင်းကို ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာဖလားပြိုင်ပွဲဖြင့် စတင်ကာ ထုတ် လွှင့်ပေးတော့မည်ဟု အဆိုပါ ရုပ်သံလိုင်းမှ တာဝန်ခံ ဦးရဲမင်းဦးက ပြောသည်။

”ရာသီဥတု အခြေအနေကြောင့် ထုတ်လွှင့်ပေးဖို့ နောက်ကျနေတာပါ။ ကမ္ဘာ့ဖလားအမီတော့ ထုတ်လွှင့်ပေးသွားမှာပါ။လတ်တလောမထုတ်
လွှင့်နိုင်တာက Station ပိုင်း တည်ဆောက်တာ မပြီးပြတ်သေးလို့ပါ” ဟု ၎င်းကပြောသည်။ အဆိုပါ ရုပ်သံလိုင်းထုတ်လွှင့်ပါက ရန်ကုန်မြို့နှင့် မိုင် ၇ဝ ပတ်လည်မှပြည် သူများက ရိုးရိုးအင်တင်နာတိုင်ဖြင့်ဖမ်း ယူကြည့်ရှုနိုင်
မည်ဖြစ်ပြီး ကနဦးအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ ကြီးများ ထုတ်လွှင့်ပေးသွားမည်ဖြစ် ကြောင်း၎င်းက ဆက်လက်ပြောသည်။

”မန္တလေးကတော့ ထုတ်လွှင့်ပေးတာ ၆ လလောက်ရှိပါပြီ။ ရန်ကုန်နဲ့ နေပြည်တော်ပဲကျန်ပါတော့တယ်။ အခု ရန်ကုန်ပြီးသွားရင် နေပြည်တော်ကို ဆက်လက် ထုတ် လွှင့်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ လူနေထူထပ်သည့် မြို့ဖြစ်နေခြင်း ကြောင့် တာဝါတိုင် တည်ဆောက်သည့်အပိုင်းတွင် အခြားမြို့ များထက်ပို၍ တည်ဆောက်ရသည့်အတွက် ရန်ကုန်မြို့အား မထုတ် လွှင့်ပေးသေးခြင်းဖြစ်ကြောင်း ယင်းက ရှင်းပြသည်။

စတင်ထုတ်လွှင့်ပေးမည့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များတွင် ပွဲစဉ်ပေါင်း ၆ဝ ကျော်တွင် ပွဲပေါင်း ၂ဝ ပြသပေးသွားမည့်အပြင် ဖွင့်ပွဲနှင့် ပိတ်ပွဲ ကျင်းပုံများကိုလည်း တိုက်ရိုက် ပြသသွားမည်ဖြစ်ကြောင်း ထုတ်လွှင့်မည့်ပွဲစဉ်များတွင် အကြိုဗိုလ်ပွဲစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ထုတ်လွှင့်ပြ သနေ သည့် အခမဲ့ရုပ်သံလိုင်းမှာ MRTV-4 ၊ မြဝတီ၊ Channel 7 ၊ မြန်မာ့ရုပ်မြင်သံကြား
( MRTV ) နှင့် mntv ရုပ်သံလိုင်းများဖြစ်ပြီး ယင်းတို့အနက် mntv ရုပ်သံလိုင်းမှသာ ကမ္ဘာ့ဖလားဘောလုံးပွဲကို ပြသမည်ဖြစ်ကြောင်း အဆိုပါ ရုပ်သံမှသိရသည်။


Popular Myanmar News Journal

မေးပါများ စကားရ



မေး - ကျွန်တော်က သမိုင်းမှာနေသူတစ်ဦးပါ။ မြို့တွင်းကို အသွားအပြန် အလုပ်သွားရသူမို့ အလုပ်ကနေ အိမ်အပြန်ကြုံရတဲ့ အခက် အခဲတစ်ခုကိုတင်ပြလိုပါတယ်။ အဲဒါ ကတော့ အပြန်လမ်းမှာ မီးမှောင်နေတာပါပဲ။ နေရာကတော့ သမိုင်းလမ်းဆုံနဲ့ ကုလားကျောင်း မှတ်တိုင်ကြားမှာ ညဘက်မှောင်နေပါတယ်။ ရန်ကုန် ဧရိယာထဲမှာပါပြီး ဒီလိုဖြစ်နေတာကို လျှပ်စစ်ကတာဝန်ရှိသူတွေ မမြင်တာလားဗျာ။ မေးပေးပါ၊၊ အမှောင်က အန္တရာယ်ကို ဖိတ်ခေါ်တတ်လို့မေးတာပါ။

လေးစားလျက်
သမိုင်းသား

ဖြေ - သမိုင်းသားရဲ့ အမေးရှိမှုကို ကျွန်တော်တို့က အဖြေပြန်ပေးပါ့မယ်။ ဒါက ထောက်ပြသင့်တောင်းဆိုသင့်တဲ့အချက်တစ်ခုပါပဲ။ မြို့နယ်အာဏာပိုင်တွေ ကွင်းဆင်း သင့်ပြီဆို တာကို ပြလိုက်တဲ့ သဘောလည်းဖြစ်နေပါပြီ။ ရုံးမှာပဲ နေ နေကြ လို့ထင်တယ်။ ဒါကြောင့်မမြင်တာကိုမေးပေးပါ့မယ်။

စိတ်ချပါ။ အမှောင်ဆိုလို့ ဖြတ် ပြောရဦးမယ်၊၊ ရန်ကုန်မြို့တော်ရဲ့ မြို့လယ်ကောင်မှာတောင် မှုခင်းက ဖြစ်နေတော့ မီးအလင်းရောင်က အရေးကြီးတယ်ဗျို့။ အဖြေကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေး အဖွဲ့ က ဖြန့်ဖြူးရေး အတွင်းရေးမှူး ဦးတိုးအောင်က အခု လိုပဲ ဖြေပေးပါတယ်။ ”ချက်ချင်းဆောင်ရွက်ပေးဖို့ စီစဉ်သွားမှာပါ။ အခုလို မေးမြန်းတာ
ကို လည်း ကျေးဇူး တင်ပါ တယ်။ လိုအပ်ချက်ကို လေ့လာပြီး ပြည်သူလူထု အဆင်ပြေဖို့ ဆောင်ရွက်သွားမှာပါ”

မေး - ပုသိမ်မှာ ပြီးခဲ့တဲ့အပတ်က လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို ဆန္ဒပြတယ်လို့ ဂျာနယ်တွေက ရေးကြပါတယ်။ ရဲဌာနကို အခုလိုဆန္ဒပြတာက ပထမဦးဆုံး လည်း ဖြစ်တယ်လို့ သိရတယ်။ တိုင်တာကို ရဲက အရေးမ ယူလို့ဆိုတဲ့အကြောင်းနဲ့ဆိုတော့ အံ့သြမိတယ် ဗျာ။ နေပြည်တော်က ဌာနချုပ် ကို မေးပေးဖို့ ဒီကဏ္ဍ ကနေ တောင်း ဆိုပါတယ်။ မသိလို့လားသိလျက်နဲ့ မလုပ်တာလား မေးပေးပါဗျာ။

ကျေးဇူးတင်လျက်
ပုသိမ်သား

ဖြေ - အမှုတွေထဲမှာ လူကုန်ကူးမှုတွေက အဆိုးရွားဆုံး အမှုတစ် ခုလည်းဖြစ်တော့ ဒီကိစ္စက အရေးကြီးတယ်ဗျို့။ ကျွန်တော်တို့ ဆက် သွယ်ပြီးမေးပေးပါ့မယ်။ လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဗဟိုက ဒုတိယရဲမှူးကြီး ဦးခင်မောင်က အခုလို ဖြေပေးပါတယ်။

”ကျွန်တော်တို့ ဒီသတင်းကို ကြားပြီးပါပြီ။ ကျွန်တော်တစ်ခု ပြောချင်တာက လူကုန်ကူးမှုဆိုတာက ရှုပ်ထွေးပါတယ်။ ဒါကို အရင်သိစေ ချင်တယ်။ ပြစ်မှု ဆိုင်ရာ ဥပဒေဖြစ်တဲ့ မုဒိမ်းမှု၊ လူသတ်မှု။ ဒါက ရှင်းပါတယ်။ လူကုန်ကူး ဆိုတာကို ဒီမှာ အများစု နားလည်တာက နိုင်ငံခြားကို ခေါ်သွားတယ်။ အဆင်မပြေဘူး ပြန်လာတယ်။

ဒါကို လူကုန် ကူးမှု နဲ့ ဖမ်းခိုင်းတယ်။ ဒါဆို မရဘူး။ မရတဲ့အခါ ကျန်တဲ့ အမှုပုဒ်မနဲ့ ဖမ်းလိုက်တယ်။ ဒါကိုအရေးမယူဘူးဆိုပြီး အထင်လွဲတယ်။ ဒါတွေကို တွေ့ရတယ်။ လူကုန်ကူးမှု အဓိပ္ပာယ်ဖွင့်ဆိုမှုကို ကျွန်တော်တို့နိုင်ငံ အာဆီယံနဲ့က အဓိပ္ပာယ်ဖွင့်တာ မဟုတ်ဘူး။ ကမ္ဘာက အဓိပ္ပာယ်ဖွင့်ထားမှုကို အချက်သုံးချက်နဲ့ ငြိမှ အရေးယူလို့ရပါတယ်။ ဒါတောင် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုပါမှပါ။ ဒီမှာတော့ ရှုပ်ထွေးတယ်။ တရားမဝင်ရွှေ့ပြောင်း တယ်။ အဲဒီကနေ လူမှောင်ခိုဖြစ်တယ်။ ဒီလိုသွားတာပေါ့။ တိုင်ကြားလို့ အေ ရးမယူတာမျိုး မလုပ်ပါဘူး။ တိုင်ကြားတဲ့အခါ မှန်၊ မမှန်စုံစမ်းပြီး ဟုတ်မှသာ အရေးယူလို့ ရပါတယ်ဗျာ။

မေး - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယာဉ်ကြောမပိတ် ဆို့အောင်ဆိုပြီးယာဉ်မရပ်ရ နယ်မြေတွေကို လုပ်ဆောင်ပေး တာ တွေ့ရလို့ ကျေးဇူးတင်ပါတယ်။ ကိုယ့်မှာ ကားပိုင်မရှိလို့ ယာဉ်ရပ်ဖို့ နေရာရှားပါးနေတဲ့ ကားပိုင်ရှင်များကို မစာနာလို့ မဟုတ်ပေမယ့် ကားပိုင်ရှင်တွေရော၊ ယာဉ်ထိန်းရဲတွေကပါ ရပ်ချင်သလို ရပ်၊ ရပ် ထားတာကို ဖမ်းချင်သလို မဖမ်းချင်သလို လုပ်နေတာကို တွေ့နေရပါတယ်။ ဒါက ဘာသဘောလဲဗျာ။ အမိန့်တစ်ခုဆိုတာက စိတ်ပါမှ ထလုပ်ရတယ် ဆိုရင် မျက်နှာလိုက်တာတွေ မမျှတတာတွေ ဖြစ်နေမှာပေါ့ဗျာ။

ဥပမာတစ်ခုအနေနဲ့ ပြောရရင် မြေနီကုန်းမီးပွိုင့် ကွေ့ကြောနားက တက္ကစီတွေကို ပြောပါရစေ။ ရပ်ထားတာကို မဖမ်းဘူးဗျာ။ ဘာကြောင့် လဲလို့ မေးပေးပါဗျာ။

စမ်းချောင်း (သိန်းဝင်း)

ဖြေ - တရားဥပဒေ စိုးမိုးမှုဆိုတာက အရေးကြီးပါတယ်။ မရှိရင် တည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက်မှုက ရောက်တော့မှာ မဟုတ်ပါဘူး။ စည်းမျဉ်းတစ်ခုကို ချမှတ်သင့် တယ်လို့ ပိုင်းဖြတ်ပြီး အမိန့်ထုတ်လိုက်ရင် ပြည်သူက လိုက်နာရမှာဖြစ်သလို၊ အာဏာ ပိုင်များဘက်ကလည်း အမိန့် တည်မြဲဖို့ ဆောင်ရွက်ရပါ့မယ်။ ဒါမှလည်း အဆင် ပြေမှာပါ။

ကားတွေကို တင်သွင်းချင်တိုင်း တင်သွင်းပြီး နေရာကမရှိ၊ ယာဉ်ထိန်းရဲက မလုံ လောက်ဆိုရင်လည်း အဆင်ပြေမှု နှောင့်နှေးစေပါတယ်။ သို့သော်လည်း ယာဉ်ထိန်း ရဲတွေနဲ့ မျက်ကွယ်မဟုတ်တဲ့ နေရာတစ်ခုတည်းမှာဆိုတော့ ဒီအရေးကို ယာဉ်ထိန်း တပ်ဖွဲ့ခွဲရုံးက ဘယ်လိုမှတ်ချက်ပေးမလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဒုတိယရဲမှူးကြီး ဦးလင်းထွတ်က အခုလို ဖြေပေးပါတယ်။

”ယာဉ်တွေကို မရပ်ရမယ့်နေရာမှာ ရပ်ကြပါလို့ ကျွန်တော်တို့ မမှာထားသလို စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကို မဖမ်းနဲ့ လွှတ်ပေးပါလို့ ကျွန်တော် မပြောထားပါဘူး။ မှာကြားမှုမလိုက်နာသူကို ကျွန်တော်တို့ အရေးယူမှာပါ”

ပေါ်ပြူလာနယူးစ်အဖွဲ့



အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒီဗွီဘီ အဖွဲ့ကို ဖိတ်ပြီးမှ တက်ခွင့်မပြု


အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ဖိတ်ကြားချက်အရ ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်နေ့ မနက် ၉ နာရီမှာ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ညှိနှိုင်းအစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိလာတဲ့ ဒီဗွီဘီ ကိုယ်စားလှယ်အဖွဲ့ကို လွှတ်တော်ထဲ ၀င်ခွင့်မပြုနိုင်ကြောင်း လွှတ်တော် ၀င်ပေါက်မှာ တားမြစ်ခံရပါတယ်။

အဲ့ဒီ့ အစည်းအဝေးနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ပြည်သူ့ဆက်ဆံရေးနဲ့ အားကစား ယဉ်ကျေးမှု ကော်မတီက ဒီဗွီဘီ အဖွဲ့အပါအ၀င် မြန်မာစာနယ်စင်းကောင်စီနဲ့ သတင်းဌာန ပေါင်းစုံက သတင်းထောက် ၂၃ ယောက်ကို ဖိတ်ကြားခဲ့တာဖြစ်ပီး အခြားသူအားလုံး ၀င်ခွင့်ရ ပေမယ့် ဒီဗွီဘီအဖွဲ့ကို ပေးမ၀င်ခဲ့တာပါ။

လုံခြုံရေးတာဝန်ကျသူတွေကို ဘာကြောင့် အခုလို တားဆီးရတာလဲဖို့ မေးမြန်းတဲ့အခါမှာ ဥပဒေကြမ်းကော်မတီ အတွင်ရေးမှူး ဦးစောလှထွန်းက နှုတ်နဲ့ ညွှန်ကြားထားလို့ အခုလို တားမြစ်ရကြောင်း ပြောပါတယ်။

ဦးစောလှထွန်းကို ဖုန်းနဲ့ သွယ်မေးမြန်းတဲ့အခါမှာတော့ စာနယ်ဇင်းကောင်စီနဲ့ ပြည်တွင်း ဂျာနယ်တွေကို ဖိတ်ကြား ရှင်းပြအကြံပြုချက်ယူတာဖြစ်ပြီး နားလည်မှုလွဲပြီး ဖိတ်ကြားတာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

လွှတ်တော်ပရ၀ဏ် အတွင်းမှာရှိတဲ့ စီ ဆောင် ဒုတိယထပ် ပူးပေါင်းကော်မတီ အစည်းအဝေး ခန်းမမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

DVB Burmese

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာမည့်ရက် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည်



Photo- Internet

ပညာရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာမည့်ရက်ကို မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနသို့ လာမည့် ဇွန်လဆန်းတွင် အကြောင်းကြားမည် ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် အောင်စာရင်း ကြေညာနိုင်ဖွယ် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန အသိုင်းအဝိုင်းက The Voice သို့ ပြောကြားသည်။

ယင်းအောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေး ဝန်ကြီးဌာနသို့ တင်သွင်းပြီး ဖြစ်သော်လည်း မေလ ၃၀ ရက်နေ့အထိ ပြန်လည် အကြောင်း မကြားသေးကြောင်း၊ အောင်စာရင်း ထုတ်ပြန်မည့် ရက်ကို ဇွန်လ ဒုတိယပတ် လျာထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ရန်ကုန်မြို့တော် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောဆိုသည်။

“စာတင်ထားတုန်း ဆိုတော့ ၇ ရက်နေ့ ဆိုတာတောင် မသေချာဘူး။ ဒီတစ်ပတ်အတွင်း အကြောင်းပြန်မကြားရင် နောက်တစ်ပတ်လည်း ကူးနိုင်တယ်” ဟု မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ထပ်လောင်း ပြောကြားသည်။

သို့သော် ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ဒုတိယပတ်တွင် ထုတ်ပြန် ကြေညာလေ့ ရှိသည်။

“၇ ရက်နေ့လို့လည်း ကြားတယ်။ ကျောင်းက ပြောတာတော့ မကြားသေးဘူး” ဟု ရန်ကုန်မြို့ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေဆိုမီက စာမေးပွဲ မေးခွန်းများနှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း မတ်လ ၁၄ ရက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မေးခွန်းပုံစံ ပြောင်းလဲခြင်း မရှိခဲ့ချေ။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများမှ ဝင်ရောက်ဖြေဆိုသူ လေးသိန်းကျော် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ကိုးသောင်းကျော် ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဝင်ရောက် ဖြေဆိုသူ အများဆုံး ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

မုံရွာအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦး ထောင်လွတ်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံး


သတင်း၊ ကိုတိုးကြီး
မုံရွာ၊ မေ ၃၀
အကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးသည် ထောင်မှလွတ်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားသည့် အတွက် ထောင်မှူး ဦးစီးအရာရှိမှ ရဲစခန်းသို့သွားရောက်၍ သေမှုသေခင်းရေးဖွင့်လိုက်ရသည့် ဖြစ်စဉ်တစ် ရပ်အား မေလ ၂၉ ရက်နေ့မနက် ၁၀ နာရီက မုံရွာမြို့တွင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှ သိရသည်။
ထောင်မှလွတ်မြောက်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ရသည့် အကျဉ်းသားလူထွက်မှာ ထောင်ဝင် အမှတ် မရ/ ၁၃/၀၀၉၃၀/(က) ကိုသိန်းဇော် အသက်(၂၆)နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် မုံ ရွာမြို့နယ် တရားရုံး၏ အမှုအမှတ် ၁၀၂၇/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ်(၁)ကျခံစေ ရန် စီရင်ချက် ချမှတ်ခြင်းခံထားရသူတစ်ဦးဖြစ်ကြောင်း အကျဉ်းထောင်၏ အကျဉ်းသားမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုသူသည် မေလ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်တွင် မုံရွာအကျဉ်းထောင်၌ ကျခံရန်အလုပ်နှင့်ပြစ်ဒဏ် များ ကုန်ဆုံးခဲ့သည့်အတွက် အကျဉ်းထောင်မှ လွတ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ထောင်မှလွတ်မြောက် ပြီးနောက် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်အတွက် အကျဉ်းထောင် တာဝန်ရှိသူများက မုံရွာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသခွင့်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါ အကျဉ်းသားလူထွက်သည် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် ဆေးကုသမှုခံယူနေရင်း မနက် ၁၀ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်ဟု မှုခင်းဆေးစာဌာနရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမသို့ ပြောပြသည်။
“ သေဆုံးသူ သိန်းဇော်မှာက ထောင်ကလွတ်မြောက်လာပေမဲ့လည်း သူ့ရဲ့ မိဘဆွေမျိုးတွေနဲ့ သူ့မှာ အဆက်အသွယ်မရခဲ့ဘူးလေ..” ဟု မုံရွာ အကျဉ်းထောင်ရှိ တာဝန်ကျ ထောင်ဝန်ထမ်းတစ်ဦးမှ ပြောပြ သည်။
ထောင်မှလွတ်ပြီးနောက် ၂ နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ရသည့် ထောင်လွတ်အကျဉ်းသားတစ်ဦးနှင့် ပတ်သက်၍ သေဆုံးရခြင်းအကြောင်းတရားအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နိုင်ရန် ထောင်မှူး ဦးစီးအရာရှိ ဦးမောင်ထွေးက မုံရွာမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၄အရ ရေးဖွင့်၍ မှုခင်းဆေးပညာများအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

ကိုတိုး ချင်းတွင်း

Condom ယောက်ျားသုံး (ကွန်ဒွမ်)


ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့အထဲက ပေါ်ပြူလာ အဖြစ်ဆုံးဟာ ယောက်ျားသုံး-ကွန်ဒွမ် ဖြစ်တယ်။ ဈေးလဲမကြီး၊ ရှာလို့လဲ လွယ်တယ်။ ကိုယ်ဝန်တားဘို့သာ မဟုတ်ပါ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့ လိင်လမ်း-ရေယုံ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအခြာတော့ သုံးတတ်ဘို့ လိုပါမယ်။ တခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့ လုပ်တာကိုသာ သုံးပါ။ • Before Sex ဆက်ဆံတာမတိုင်ခင်
ကိုယ့်အဖေါ်ကို ကြိုတင်ပြောထားပါ။ (ကွန်ဒွမ်) အပိုဆောင်ထားပါ။ ကာရံမသင့်ရင် (ကွန်ဒွမ်) ပေါက်ပြဲတာ ဖြစ်တတ်တယ်။ တကြိမ်ထဲမကတဲ့ ဆက်ဆံမှုအတွက်လဲ (ကွန်ဒွမ်) အပို လိုသေးတယ်။ တခါမှ မသုံးဘူးရင် မတည့်ဖြစ်တတ်တာလဲ သတိထားပါ။

• Preparing for Sex ပြင်ဆင်မှု
ယောက်ျားရဲ့ လိင်အင်္ဂါက မိန်းမရဲ့ လိင်အင်္ဂါနဲ့ လုံးဝမထိတွေ့မီကတည်းက (ကွန်ဒွမ်) ကို စွပ်ရမယ်။ (ကွန်ဒွမ်) အသစ် အထုပ်ကို ဖေါက်ပါ။ အထဲက(ကွန်ဒွမ်) ကို စုပ်ပြဲမသွားအောင် အောက်မကျအောင် သတိထားပါ။ အရင်းပိုင်း စက်ဝိုင်းကွင်းလေးကနေစပြီး စွပ်ပါ။ ထိပ်ဖျားနေရာမှာ အသီးလေးလိုရှိတာ တွေ့ပါမယ်။ ဒါကိုထိကိုင်စရာ မလိုပါ။ ပုံစံပေါ်အောင် မစွပ်ခင် ဆွဲဆန့်ဘို့ လုပ်ချင် လုပ်နိုင်တယ်။ အရင်းက ကွင်းကိုသာ လက်ချောင်းသုံးပြီး သန်မာမှု အတိုင်းအတာတခုထိရှိနေမဲ့ ကျားလိင်အင်္ဂါကို အပေါ်ကနေ ဖုံးအုပ်ပေးသလို အရင်းဘက်ဆီ ဆွဲပြီးစွပ်ပါ။ ထိပ်ဖျားမှာ လေအောင်းမနေတာ ကောင်းတယ်။ အတွင်း-အပြင် မှန်မှသာ အဆင်ပြေပြေ ဆွဲဖုံးနိုင်တယ်။ တကယ်လို့ ပိုးရှိနေနိုင်သူ ယောက်ျားဟာ အတွင်း-အပြင်မှားစွပ်တာဆိုရင် နောက် အသစ်တခုလဲပြီး မှန်မှန်ကန်ကန်စွပ်ပါ။ စွပ်ပြီးချိန်မှာ ထိပ်ဖျားက အသီးလေးဖြစ်နေပါစေ။ ဒါမှ ထွက်လာမဲ့ သုက်ရည် နေစရာရမယ်။ တကယ်လို့ ပန်းအဖျားဖြတ်ဘို့လိုသူက မဖြတ်ရသေးရင် ပန်းအဖျားက အရေပြားကို ဆွဲလှန်ပြီးမှ (ကွန်ဒွမ်) စွပ်ပါ။ (ကွန်ဒွမ်) ကို ဆက်ဆံမှုပြုနေချိန်တလျှောက်လုံး မချွတ်ပါနဲ့။ သုက်ရည်ထွက်လို့ ကိစ္ဓပြီးမှသာ ချွတ်ရမယ်။

• During Sex ဆက်ဆံနေချိန်
ဘယ်သူအတွက်သုံးတာဖြစ်ဖြစ် ချောဆီလိုမယ်ဆိုရင် Water-based lubricants အမျိုးအစားကိုသာသုံးပါ။ ဥပမာ KY Jelly နဲ့ Astroglide တွေဖြစ်တယ်။ တခြားဆီတွေက ဥပမာ ဆီ-ဓါတ်ဆီပါတဲ့ Creams, Mineral oil, Vaseline petroleum jelly, Baby oil, Body and Massage lotions တွေက (ကွန်ဒွမ်) ပေါက်သွားစေနိုင်တယ်။ Plastic condoms အမျိုးအစား သုံးတာဆိုရင်တော့ ဘယ်ချောဆီဖြစ်ဖြစ် သုံးလို့ရတယ်။ ဆက်ဆံနေတုံး (ကွန်ဒွမ်) ပေါက်ပြဲတာ၊ ကျွတ်သွားတာဖြစ်ရင် (ကွန်ဒွမ်) အသစ်တခုသုံးပါ။ ဆက်ဆံနည်းလမ်း တမျိုးအတွက် တခုသုံးပါ။ ဥပမာ (ဗဂျိုင်းနား) လမ်း၊ စအိုလမ်း။ ဆက်ဆံတာပြီးရင် (ကွန်ဒွမ်) ကို အသေအခြာ ချွတ်ပါ။ အရင်းနေရာကနေကိုင်ပါ။ ကျား-လိင်အင်္ဂါ လုံးဝပျော့ မသွားခင်မှာ ချွတ်ပါ။ အထဲက သုက်ရည် လုံးဝထွက်မကျစေပါနဲ့။

• After Sex ဆက်ဆံအပြီး
သုံးလိုက်တဲ့ (ကွန်ဒွမ်) ပေါက်ပြဲတာရှိ-မရှိစစ်ဆေးပါ။ အချိန်တခုခုမှာ ကျွတ်တာ၊ ပြဲတာ၊ အသစ်လဲရတာ စသဖြင့်ရှိခဲ့ရင် ကိုယ်ဝန်အတွက် နဲ့ ရောဂါအတွက် ဖြစ်နိုင်ခြေကို အဖေါ်နဲ့ တိုင်ပင်ပါ။ လိုအပ်ရင် ဆရာဝန်မေးပါ။ ကိုယ်ဝန်အတွက်ဆို အရေးပေါ်တားနည်း လိုချင်လိုမယ်။ ဥပမာ Emergency pills အရေးပေါ်တားဆေး၊ Spermicide သုက်ပိုးသေဆေး။ ရောဂါကာကွယ်ရေးအတွက် လိင်လမ်းနေရာတွေကို ဆပ်ပြာနဲ့ဆေးပါ။ သုံးပြီးသား (ကွန်ဒွမ်) ကို (တစ်ရှူး) နဲ့ဖြစ်ဖြစ် (ပလပ်စတစ်) အိတ်နဲ့ဖြစ်ဖြစ် ထည့်-ကိုင်ပါ။ ကလေးတွေ တိရစ္ဆာန်တွေ မရောက်နိုင်တဲ့နေရာမှာသာ စွန့်ပြစ်ပါ။ ရေအိမ်သာခွက်မှာ မစွန့်ပါနဲ့။

• Storing Condoms ဘယ်လို ထားသိုမလဲ
(ကွန်ဒွမ်) တွေကို အေးပြီး ခြောက်သွေ့ရာမှာ သိမ်းထားပါ။ ပိုက်ဆံအိပ်ထဲ၊ ကားထဲက ပူနိုင်တာသတိပြုပါ။ ပိုက်ဆံအိပ်က အဆင်ပြေတတ်တော့ အသုံးများတယ်။ အကြာကြီး ထည့်မထားပါနဲ့။ လေသလပ်ပေးပါ။ (ကွန်ဒွမ်) သက်တမ်းကုန်နေ့စွဲ သတိထားပါ။

• Effectiveness ထိရောက်မှု
စနစ်တကျ၊ မပြတ်တမ်းသုံးကြတဲ့ အတွဲတွေမှာ လေ့လာတော့ ပဌမတနှစ်အတွင်း ထိရောက်မှု မရှိတဲ့နှုန်း ၃% အထိရှိတယ်။ တကယ်တန်းဆိုရင် ၁၄% အထိရှိနိုင်တယ်။ ၆့၇% ပေါက်ပြဲနိုင်တယ်။ ၁၂% ဆက်ဆံနေရင်း ကျွတ်သွားနိုင်တယ်။

Dr. တင့်ဆွေ

Sky Net ထံမှ အကျိုးအမြတ်ဝေစု တိုးတောင်းမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနဆို


နေပြည်တော်၊ မေ ၃၀

သုံးဆယ်သုံးနှစ်ကြာ ရုပ်သံထုတ်လွှင့်ခွင့် သဘောတူစာချုပ်တွင် အစိုးရ၏ အကျိုးအမြတ်ဝေစု နည်းလွန်းသည်ဟု ဝေဖန်ခံနေရသော ပြန်ကြားရေး ဝန်ကြီးဌာနက Sky Net (ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်) နှင့် ချုပ်ဆိုထားသော စာချုပ်ကို ပြန်ပြင်၍ အကျိုးအမြတ် ဝေစုကို ထပ်တိုး တောင်းခံမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အဆောက်အအုံ၌ မေလ ၃၀ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“ဆတိုးနဲ့ တောင်းသွားမှာပါ။ အဲ့ဒီအတွက် ပြင်ချုပ်မယ့် စာချုပ်မူကြမ်းကို ဇွန်လမှာ ရှေ့နေချုပ်ရုံးကို ပို့ပြီး အစိုးရအဖွဲ့အထိ အဆင့်ဆင့် တင်ပြအတည်ပြုဖို့ လုပ်နေပါတယ်” ဟု ဦးတင့်ဆွေက ဆိုသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရွှေသံလွင် ကုမ္ပဏီတို့ ရုပ်သံ ထုတ်လွှင့်ခွင့်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ရာတွင် လုပ်ငန်း လုပ်ကိုင်ခွင့် ၃၃ နှစ်အထိ ခွင့်ပြုထားခြင်း၊ ပထမသုံးနှစ်တွင် အကျိုးအမြတ် ခွဲဝေပေးရန် မလိုကြောင်း ခွင့်ပြုထားခြင်း၊ အကျိုးအမြတ် ခွဲဝေရာတွင်လည်း ၄ ရာခိုင်နှုန်းမှ စတင် ကောက်ခံ၍ ငါးနှစ်တစ်ကြိမ် ၄ ရာခိုင်နှုန်းသာ ထပ်မံတိုးမြှင့် တောင်းခံရန် သဘောတူထားခြင်းတို့ကြောင့် အဆိုပါစာချုပ်ကို ဝေဖန်နေကြခြင်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ မူလ သဘောတူစာချုပ်ကို ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြန်လည်ပြင်ဆင် ချုပ်ဆိုမည် ဖြစ်ပြီး ကုမ္ပဏီကလည်း သဘောတူထားကြောင်း၊ ပြင်ဆင်မည့် စာချုပ်တွင် နိုင်ငံတော်အတွက် အကျိုးအမြတ် ဝေစုကို သေချာပေါက် တိုးမြှင့် တောင်းခံမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောဆိုသည်။

ရွှေသံလွင် ကုမ္ပဏီကမူ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ချုပ်ဆိုသော သဘောတူစာချုပ်တွင် အကျိုးအမြတ် ခွဲဝေမှု ကိစ္စရပ်မှာ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် သက်ဆိုင်ကြောင်း၊ ရုပ်သံကြော်ငြာခမှာလည်း မီဒီယာအချို့တွင် ရေးသား ဖော်ပြနေသကဲ့သို့ အများအပြား မရရှိကြောင်း ထုတ်ပြန် ရှင်းလင်းသည်။

ပုဂ္ဂလိက ရုပ်သံထုတ်လွှင့်ခွင့်ကို ရွှေသံလွှင်နှင့် Forever ကုမ္ပဏီ နှစ်ခုကသာ ရရှိထားသဖြင့် ရုပ်သံကြည့်ရှုသူ အများပြည်သူတွင် ရွေးချယ်ပိုင်ခွင့် မရှိကြောင်း၊ ဈေးနှုန်း သတ်မှတ်ချက် ကြီးမြင့်မှုကြောင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲ တက်ရောက်သူများက ထောက်ပြသော်လည်း ရုပ်သံထုတ်လွှင့်ခွင့်ကို ထပ်မံခွင့်ပြုရန် မရှိကြောင်းသာ ဦးတင့်ဆွေက ပြောဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြောဆိုချက်အရ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်များ ထပ်မံခွင့်ပြုရန် ရုပ်သံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လိုအပ်ပြီး အဆိုပါ ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိပြီး ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

အတုယူစရာ စင်ကာပူက လူမျိုးဘာသာကွဲပြားမှု

Singapore Flyer


ကျနော်တို့က လူမျိုးရေး၊ ဘာသာရေး သဟာဇာတဖြစ်ခြင်းကို အာမခံပေးနိုင်ပြီလို့ ဘယ်တော့မှ မဆိုသာဘူး။ ပြဿနာတွေကို ဖြေရှင်းမယ်၊ ဒါ့ပြင် တချိန်ထဲမှာပဲ အခြေခံနည်းနာအချို့ကို နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ရမယ်။ အဲဒီ အခြေခံနည်းနာတွေထဲက အချို့ကို ပြောပြချင်တယ်။ ပထမက အုပ်စုအားလုံးသည် (ဆန့်ကျင်ဘက် ဘာသာသာသနာအားလုံးကို) သည်းခံတတ်ရမယ်၊ အစွန်းမ ရောက်ဘဲ အလယ်အလတ်သဘောထားမျိုး ထားရမယ်။ ခရစ်ယာန်တွေကလည်း ဒီ (စင်ကာပူနိုင်ငံ) ကို  ခရစ်ယာန် အသိုက်အ၀န်းကြီး ဖြစ်လာရမယ်လို့ မျှော်မှန်းနေလို့ မရဘူး။ မွတ်စလင်တွေကလည်း ဒီနိုင်ငံကြီးကို မွတ်စလင်နိုင်ငံ အသိုက်အ၀န်းဖြစ်လာရမယ်လို့ မျှော်မှန်းလို့ မရဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူနဲ့ အခြားအုပ်စုတွေကလည်း မျှော်မှန်းနေလို့ မရဘူး။ ဒီမြေကို  မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်သူတွေ အများကြီးက (တခန်းတကဏ္ဍစီ) နေရာယူထားတယ်။


မလေးကျွန်းဆွယ်ထိပ်မှာ တည်ရှိပြီး ၇၁၆ စတုရန်းကီလိုမီတာအကျယ်သာရှိတဲ့ စင်ကာပူနိုင်ငံကို city-state ခေါ် မြို့တစ်မြို့ထဲသာရှိတဲ့ နိုင်ငံရယ်လို့ သိကြပါတယ်။ စင်ကာပူမှာ လူဦးရေ ၅ မီလီယံရှိပါတယ်။ အဲဒီ လူဦးရေ ၅ မီလီယံမှာ အဓိက လူမျိုးစု ၄ ခုပေါင်းစပ်ပါဝင်နေပါတယ်။ အများစုကတော့ တရုတ် ၇၄ ရာခိုင်နှုန်း၊ အဲဒီနောက်က မလေး ၁၄ ရာခိုင်နှုန်းနဲ့ အိန္ဒိယ ၇ ရာခိုင်နှုန်း၊ အခြားလူမျိုးစုက ၅ ရာခိုင်နှုန်း ဖြစ်ပါ တယ်။

နိုင်ငံသေးသေးလေးဖြစ်တဲ့ စင်ကာပူမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ယှဉ်ရင် သာသနာပေါင်း ၁၀ ခုထိရှိနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓ၊ တာအို၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ခရစ်ယာန်သာသနာတွေက အဓိက ကိုးကွယ်ကြတဲ့ ဘာသာတွေဖြစ်ပြီး ဆစ်ခ်၊ ဂျိန်းဝါဒ၊ ဇိုရိုအေစတာ၊ ဘဟာအီနဲ့ free thinker ခေါ် ဘယ်ဘာသာကိုမှ နောက်လိုက်ခြင်းမရှိတဲ့ အုပ်စု စတဲ့အုပ်စုများကတော့ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမယ့် လူနည်းစုစာရင်းဝင် ဘာသာရေး အုပ်စုတွေပဲဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် လူမှုရေးအခြေခံ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးတဲ့ Pew Research Center ရဲ့ အဆိုအရ စင်ကာပူဟာ ကမ္ဘာပေါ်မှာ သာသနာအမျိုးအစား ပျံ့နှံ့မှုအများဆုံးလို့ သိရပါတယ်။ (www.pewforum.org/2014/04/04/global-religious-diversity/)

စိတ်ဝင်စားဖို့ကောင်းတာက စင်ကာပူမှာ လူတစ်ဦးဟာ မိမိကိုးကွယ်တဲ့ သာသနာက ပြဌာန်းထားတဲ့ အလေ့အကျင့်တွေအပြင် အခြား သာသနာတစ်ခုသို့မဟုတ် အများရဲ့ အလေ့အကျင့်တွေကိုပါ လက်ခံကျင့်သုံးနေတာမျိုးကို သမရိုးကျကိစ္စတစ်ခုလိုမျိုး မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် polytheistic ခေါ် ဘုရားအများကိုးကွယ်တဲ့ ဘာသာအုပ်စုဝင်တွေမှာ တွေ့ရတာပါ။ ဒါကလည်း ဗုဒ္ဓဘာသာ၊ တာအို၊ ကွန်ဖြူး ရှပ်နဲ့ ရိုးရာဘိုးဘွားမိဘတွေကို ကိုးကွယ်တဲ့ ယုံကြည်မှု စတာတွေဟာ အလေ့အကျင့်အားဖြင့် တစ်ခုနဲ့တစ်ခု ပေါင်းစပ်ရောယှက်နေ တာကြောင့်လို့ ဆိုနိုင်ပါတယ်။

လမ်းဘေးတဘက်တချက်မှာရှိတဲ့ သာသနိကအဆောက်အဦငယ်တွေမှာ ဟိန္ဒူတွေရဲ့ ဂနေသျှား၊ ဟာနုမာ၊ ခရစ်ယာန်တွေရဲ့ ယေရှု၊ မယ်တော် မာယာ သာမက အာဖရို-အမေရိကန် ဘာသာအများစုမှာ ထင်ရှားတဲ့ ပင်လယ်နတ်ဘုရားမ (Mother Goddess of the Sea) ရုပ်တုတွေပါ တစ်နေရာထဲ တွေ့နိုင်ပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓနဲ့ တရုတ်လူမျိုးများကိုးကွယ်ကြတဲ့ ဘာသာသာသနာများအကြား မှာတော့ သာသနာ တစ်ခုရဲ့ ဘာသာရေးအခမ်းအနား ဒါမှမဟုတ် ဘာသာရေးအလေ့အကျင့် ထုံးတမ်းတွေမှာ အခြားဘာသာဝင်များကလည်း ပေါ့ပေါ့ပါးပါး ပါဝင်ဆောင်ရွက်ကြတာမျိုးတွေလည်း ရှိပါတယ်။

သာသနာများ ပျံ့နှံ့မှု
၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ စင်ကာပူမှာ ဗုဒ္ဓဘာသာဝင် ၃၃.၃ ရာခိုင်နှုန်း၊ တာအို ၁၀.၉ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၁၈.၃ ရာခိုင်နှုန်း၊ အစ္စလာမ် ၁၄.၇ ရာခိုင်နှုန်း၊ ဟိန္ဒူ ၅.၁ နဲ့ အခြားဘာသာ ၀.၇ ရာခိုင်နှုန်း ရှိပါတယ်။ ဘာသာမဲ့ကတော့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ (ပုံ – က)


ပုံ (က)
ပုံ – ခ ကတော့ ဘာသာကိုးကွယ်သူတွေကို လူမျိုးစုတွေအလိုက်ပြန်ပြီး ခွဲထုတ်ပြထားတာပါ။ ဗုဒ္ဓနဲ့ တာအိုဘာသာကိုတော့ တရုတ်လူမျိုးတွေ အများဆုံးကိုးကွယ်ပါတယ်။ မလေးလူမျိုးတွေကတော့ အစ္စလာမ်ဘာသာဝင်တွေအများဆုံးဖြစ်နေတာ အံ့သြစရာမဟုတ်သလို အိန္ဒိယ လူမျိုးစုတွေမှာလည်း ဟိန္ဒူဘာသာဝင်အများဆုံးဖြစ်နေတာကလည်း အံ့သြစရာမဟုတ်ပါ။

ဒါပေမယ့် သတိပြုရမယ့်အချက်တစ်ခုကတော့ တရုတ်တွေဟာ မလေးနဲ့ အိန္ဒိယတို့ထက်ပိုပြီး ကိုးကွယ်ရာ ဘာသာ ပြောင်းကြတယ်ဆိုတဲ့ အချက်ပါ။ အဲဒီအချက်ကိုလည်း ပုံ (ခ) ပါ စာရင်းဇယားတွေက ရည်ညွှန်းဖော်ပြ နေပါတယ်။ ဥပမာ တရုတ်လူမျိုးတွေထဲမှာ ဗုဒ္ဓ ဒါမှမဟုတ် တာအိုဘာသာဝင်တွေက ၂၀၀၀ ခုနှစ်မှာ ၆၄ ရာနှုန်းကျော်ရှိပေမယ့် ၂၀၁၀ ကျတော့ ၅၇ ရာနှုန်းကျော်ကို လျော့ကျသွားတယ်။  ခရစ်ယာန်၊ အခြားဘာသာနဲ့ ဘာသာမဲ့ကဏ္ဍတွေမှာကျတော့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်နှိုင်းယှဉ်ရင် ပမာဏ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပုံ (ခ)
၂၀၁၀ သန်းခေါင်စာရင်းအရ သာသနာပျံ့နှံ့မှုအပေါ် သုံးသပ်ချက်
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ရဲ့ သာသနာရေးကဏ္ဍတွေအပေါ် အထူးပြုလေ့လာတဲ့ ပရောဖက်ဆာ လီလီကောင်း (www.nus.edu.sg/about-nus/nus-structure/management/item/9-professor-lily-kong) ကတော့ စင်ကာပူရဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ စာရင်း ဇယားတွေက တခါတလေ မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ မလွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင် တွေပါလို့ ဆိုကြပေမယ့် တကယ်တမ်းကြတော့ တကယ့်ဗုဒ္ဓဒေသနာတွေအတိုင်း နေထိုင်ပြုမူဆောင်ရွက်ကြတာမျိုး မရှိကြဘူး လို့ဆိုပါ တယ်။

ဒါ့ပြင် လီလီကောင်းက အခုလို မှတ်ချက်ပေးပြန်ပါတယ်။ တရုတ်ဘာသာဆိုတာ ရှင်းရှင်းပြောရမယ်ဆိုရင် နတ်ဘုရားနဲ့ ၀ိညာဉ်တွေကို ကိုးကွယ်ကြတဲ့ ဘာသာပါပဲ။ အဲဒီနတ်ဘုရားတွေထဲမှာ စစ်မက်တွေကို အစိုးရတဲ့ နတ်ဘုရားကနေ ကွန်ဖြူးရှပ်အထိ၊ ကွမ်ယင်မယ်တော်ကနေ တုဒိဂုန်လို့ခေါ်တဲ့ မြေနတ်မင်း၊ မာဇူးလို့ခေါ်တဲ့ ပင်လယ်နတ်ဘုရားမ တို့ပါဝင်ပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေမှာ စင်ကာပူနိုင်ငံသားတွေ ပိုပြီးတော့ ပညာတတ်တွေ ဖြစ်လာကြတယ်။ ဒီတော့ တရုတ်ဘာသာ ဆိုတာ ဗုဒ္ဓဘာသာမဟုတ် ဘူးဆိုတာလည်း သူတို့ သိလာကြတာနဲ့အမျှ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာ ၀င်တွေပါလို့ ခေါ်ဆိုမှုတွေလည်း လျော့လာတယ်။” လို့ လီလီကောင်းက ဆိုပါတယ်။ ဒါ့ပြင် သူမက အဲဒီတရုတ်ဘာသာဝင်အများစုဟာ အခုအခါ သူတို့ကိုယ်သူတို့ တာအိုဘာသာဝင်တွေလို့ သတ်မှတ်လာကြကြောင်း၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အရေအတွက်ဟာလည်း လျော့နည်းလာပြီး တာအိုဘာသာဝင် အရေအတွက် တိုးလာ ကြောင်း ဆိုပါတယ်။

၂၀၁၀ ခုနှစ် စင်ကာပူ သန်းခေါင်စာရင်းအချက်အလက်တွေအရ ပညာတတ်အရေအတွက် တိုးတက်လာတာနဲ့ အမျှ ဘာသာမဲ့ရာနှုန်းလည်း တိုးတက်လာကြောင်း သိရပါတယ်။ တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရရှိထားကြသူတွေထဲမှာ ၂၄ ရာခိုင်နှုန်းက ဘာသာမဲ့တွေ ဖြစ်နေတာ ကလည်း ပညာတတ်ဖြစ်လာမှုနှုန်းနဲ့ ဘာသာမဲ့အရေအတွက်တိုးလာမှု တိုက်ရိုက်အချိုးချလို့ရတယ်လို့ ဆိုရမှာပါ။

လီလီကောင်းရဲ့ အဆိုအရ ခရစ်ယာန်ဘာသာဝင် တိုးတက်များပြားလာရခြင်းရဲ့ အကြောင်းကတော့ ချာခ်ျခေါ် ခရစ်ယာန် ဘုရားကျောင်း တွေရဲ့ လုံ့လစိုက်ထုတ်မှုကြောင့်ဖြစ်ကြောင်း၊ ဒီဘုရားကျောင်းတွေဟာ ပညာတတ်ပြီး ငယ်ရွယ်တဲ့ လူထုအပေါ် အဓိကထား အာရုံ စိုက်ကြကြောင်း၊ မိမိတို့ကိုယ်ကို ဗုဒ္ဓ ဒါမှမဟုတ် တာအိုဘာသာဝင်လို့ သတ်မှတ်ထားတဲ့ မိဘတွေဟာ လက်တွေ့မှာတော့ အဲဒီဘာ သာတရားကို ကျင့်ကြံခြင်းမရှိတော့တာကြောင့် သားသမီးတွေကလည်း ဘာသာပြောင်းတာတွေ များပြားလာခြင်းဖြစ်ကြောင်း သိရပါတယ်။

သန်းခေါင်စားရင်းအရ ဟိန္ဒူနဲ့ မွတ်စလင် အရေအတွက်ကတော့ ၂၀၀၀ခုနှစ်ကနေ ၂၀၁၀ ထိနှိုင်းယှဉ်ရင် တည်ငြိမ်နေတာကို တွေ့ရပါ တယ်။

စင်ကာပူသို့ ကိုးကွယ်ယုံကြည်ရာ သာသနာများ ရောက်ရှိလာပုံ
၁၉ ရာစုအစောပိုင်းမှာ စင်ကာပူကို ၀င်လာကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ တရုတ်လူမျိုးတွေကနေ တဆင့် မဟာယနဗုဒ္ဓဘာသာ စင်ကာပူကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတွင်းရှိ Telok Ayer ဘူတာရုံနားက သီယန်ဖုဂေါင်နဲ့ Tai Seng Avenue ပေါ်ကဂျင် လောင်းဆီ ဘုရားကျောင်းတွေကတော့ အစောဆုံးဆောက်လုပ်ခဲ့တဲ့ မဟာယန ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေဖြစ်ပါတယ်။

ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီနဲ့အတူ ပါလာကြတဲ့ တောင်အိန္ဒိယအနွယ် ရွှေ့ပြောင်းအခြေချသူတွေကြောင့် စင်ကာပူမှာ ဟိန္ဒူသာသာနာ အခြေတည်ခဲ့ပါတယ်။ ၁၉ ရာစု အစောပိုင်းမှာပဲ စတင်ပျံ့နှံ့ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာကိုတော့ ထိုင်းရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ယူဆောင်လာတာလို့ သိရပါတယ်။

အစ္စလမ်ဘာသာကတော့ ၈ ရာစု ဒါမှမဟုတ် ၉ ရာစုမှာ အာရပ်နဲ့ အိန္ဒိယမွတ်စလင်တွေ ယူဆောင်လာတာဖြစ်ပြီး ၁၂ သို့မဟုတ် ၁၃ ရာစုကျမှ မလေးဘုရင့်နိုင်ငံတော်တွေရဲ့ အစ္စလာမ်ဘာသာကို တရားဝင်ဘာသာအဖြစ် ပြဌာန်းလာတာနဲ့အတူ စတင်အခြေတည်ခဲ့တယ်လို့ သိရပါတယ်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ ယင်းကို အကာအကွယ်ပေးထားသည့် ဥပဒေများ
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို စင်ကာပူနိုင်ငံ အခြေခံဥပဒေက ပြဌာန်းပေးထားပါတယ်။ Interfaith dialogue ခေါ် ဘာသာ တရား အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရရှိစေဖို့ ဆွေးနွေးညှိနှိုင်းကြပုံမျိုးကို စင်ကာပူအစိုးရက အားပေးပါတယ်။ ဘာသာရေးကိစ္စရပ် တွေမှာ စင်ကာပူအစိုးရကိုယ်တိုင် တက်ကြွလှုပ်ရှား သူနေရာကနေ ပါဝင်ဆောင်ရွက်လေ့ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ MRHA (The Maintenance of Religious Harmony Act) ခေါ် ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဥပဒေကတော့ ထင်ရှားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။ ဒီဥပဒေက PCRH (Presidential Council for Religious Harmony) ခေါ် သမ္မတကွပ်ကဲတဲ့ “ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကောင်စီ” စတင်ဖွဲ့စည်းနိုင်ဖို့ကို အထောက်အကူ ပြုပေးပါတယ်။ လက်ရှိ PCRH ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး သမ္မတ တိုနီတန်ရဲ့ တိုက်ရိုက်တာဝန်ပေးမှုအရ အငြိမ်းစား တရားသူကြီး မစ္စတာ ဂိုးဂျွန်းဆန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။ PCRH က ဘာသာရေး သဟဇာတဖြစ်ခြင်းကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေနဲ့ ပတ်သတ်ပြီး  ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပေးအဖြစ် ဆောင်ရွက်သလို၊ MRHA ဥပဒေရဲ့ အ၀န်းအ၀ိုင်း အတွင်းမှာ အမိန့်ကြေညာစာတွေ ထုတ်ပြန်နိုင် ဖို့ရာအတွက်လည်း သမ္မတကို တိုက်ရိုက် အစီရင်ခံရပါတယ်။ PCRH ရဲ့ အဖွဲ့ဝင်တွေအဖြစ် စင်ကာပူရဲ့ အဓိက ကိုးကွယ်ရာ ဘာသာသာသနာအကြီးအကဲတွေကို ရွေးချယ်ထားပါတယ်။

၁၉၉၀ နိုဝင်ဘာ ၉ မှ စတင်ပြဌာန်းပြီး ၁၉၉၂ မတ် ၃၁ မှ စတင်အသက်ဝင်စေခဲ့တဲ့ MRHA ဥပဒေမှာ – ဘယ်သာသနာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဒါမှမဟုတ် အဖွဲ့ဝင် ဖြစ်ပါစေ၊ ပြည်ထဲရေးဝန်ကြီးကသာ အောက်ပါ အချက်တွေထဲက တစ်ခုခုကို ချိုးဖောက်တယ်၊ ဒါမှမ ဟုတ် ချိုးဖောက်ဖို့ ကြိုးစားတယ်လို့ ယူဆရင် အရေးယူ ခံရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကွဲပြားခြားနားတဲ့ ဘာသာရေးအဖွဲ့အစည်းတွေအကြား အမုန်းတရား၊ ရန်လိုမှု၊ အကောက်ကြံမှုနဲ့ ရန်ညှိုးရန်စထားရှိမှုတွေ ဖြစ်ပေါ်လာ အောင် ဆောင်ရွက်မယ်၊ ဘာသာရေး ကျင့်ကြံ ဆောင်ရွက်မှု ဒါမှမဟုတ် ဘာသာရေးဖြန့်ချိမှု စတာတွေကို အကာအကွယ်ယူပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထီမဲ့မြင်ပြုတဲ့ ဆောင်ရွက်ချက်တွေ လုပ်မယ်၊ ဘာသာရေး ကျင့်ကြံ ဆောင်ရွက်မှု ဒါမှမဟုတ် ဘာသာရေးဖြန့်ချိမှု စတာတွေကို အကာအကွယ်ယူပြီး သမ္မတ သို့မဟုတ် အစိုးရအဖွဲ့ကို အနှောင့်အယှက်ဖြစ်အောင် ဆောင်ရွက်မယ်။ ဘာသာရေးခေါင်းဆောင် ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ခုခုကို ဖော်ပြခဲ့တဲ့ အချက်တွေ လုပ်ကိုင်ကြဖို့ တနည်းနည်းနဲ့ ကြိုးပမ်းမယ်၊ လှုံ့ဆော် တိုက်တွန်းမယ်။ ဘာသာရေးခေါင်းဆောင် မဟုတ်ပေမယ့်လည်း သာမာန်လူတစ်ယောက်အနေနဲ့ ဘာသာသာ သနာတွေအကြားမှာ ရန်လိုမှု၊ အမုန်းပွားမှု၊ အကောက်ကြံမှုနဲ့ ရန်ညှိုးရန်စဖြစ်အောင် ဆောင်ရွက်မယ်။

အဲဒီအချက်တွေထဲက တစ်ခုခုကို ကျူးလွန်ခဲ့မယ်ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနက restraining order ခေါ် ပိတ်ပင်တားမြစ်တဲ့အမိန့်ကို ကျူးလွန်သူနဲ့ ဆန့်ကျင်ပြီး ထုတ်ပြန်ပြဌားန်ခွင့်ရှိပါတယ်။ ကျူးလွန်သူက restraining order ကို ထပ်ပြီးချိုးဖောက်ရင် ရာဇ၀တ်မှု မြောက် ပါတယ်။

(http://statutes.agc.gov.sg/aol/search/display/view.w3p;page=0;query=DocId%3A77026343-e30d-40e2-a32e-b1f5d46c5bd7%20%20Status%3Ainforce%20Depth%3A0;rec=0)

အပြစ်ပေး အရေးယူမှုများ
အရေးယူမှုတွေထဲက အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်မှာ Jehovah’s Witnesses လို့ခေါ်တဲ့ ယေဟောဝါကို သက်သေခံသူများအမည်ရ ဘာသာရေးအဖွဲ့ကို စစ်မှုထမ်းခြင်း၊ နိုင်ငံတော်အလံအား  အလေးပြုခြင်း၊ နို်င်ငံတော်အား သစ္စာပြုအဓိဌာန်ခြင်း စတာတွေကနေ ပိတ်ပင်တားမြစ်ခဲ့သလို ၁၉၈၂ မှာ Unification Church ကို ပိတ်ပစ်ခဲ့တာမျိုးတွေ ရှိပါတယ်။

စင်ကာပူရင်ဆိုင်နေရသော ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကို စိန်ခေါ်နေတဲ့ ပြဿနာများ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ၂၀၀၉ ခုနှစ် အမျိုးသားနေ့အခမ်းအနားမှာ တင်ပြခဲ့တဲ့ မိန့်ခွန်း ကို လေ့လာရင် စင်ကာပူရင်ဆိုင်နေရတဲ့ ဘာသာသာသနာများအကြား လိုက်လျောညီထွေဖြစ်ခြင်းကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေ ဘာတွေလဲဆိုတာ သိသာနိုင်ပါတယ်။

လီရှန်လွန်းပြောတဲ့ နံပါတ် ၁ ပြဿနာကတော့ မိမိကိုးကွယ်တဲ့ ဘာသာကို ပြင်းပြင်းထန်ထန် ဖြန့်ချိသာသနာပြုခြင်း ဒါမှမဟုတ် တခြားသူတွေကို မိမိကိုးကွယ်တဲ့ ဘာသာထဲ ၀င်ရောက်ဖို့ အတင်းအဓမ္မစည်းရုံးခြင်းပဲ ဖြစ်ပါတယ်။

လီရှန်လွန်းက “ခင်ဗျားတို့က ခင်ဗျားတို့ယုံကြည်တဲ့ သာသနာကို တခြားလူတွေကို ယုံကြည်ဖို့ ဖိအားပေးမယ် ဆိုရင် ဒါက အနှောင့် အယှက်ဖြစ်သလို ကျူးလွန်မှုလည်း မည်တယ်။ မကြာသေးမီက သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ခုကို ခင်ဗျားတို့ ဖတ်မိကြမှာပါ။ လင်မယားနှစ်ယောက်က ခရစ်ယာန်အယူကို ပြင်းပြင်းထန်ထန်ဖြန့်ချိတယ်၊ သူတို့ ဖြန့်ချိတဲ့ ခရစ်ယာန်အယူက တခြားအယူဝါဒတွေကို ကျူးလွန်စော်ကားရာလည်း ရောက်နေတယ်။ အဲဒီ အစော်ကားခံရတဲ့ အယူတွေက ခရစ်ယာန်အ၀န်းအ၀ိုင်းအပြင်က ဘာသာတွေ တင်မကဘူး၊ ကက်သလစ်ခရစ်ယာန်တွေလည်း ပါနေတယ်။ အဲဒီလင်မယားက ကက်သလစ်တွေဟာ ခရစ်ယာန်မဟုတ်ဘူးလို့ ဆိုကြ တယ်။ သူတို့ကို အရေးယူပြီး ထောင်ဒဏ်အပြစ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအမှုမျိုးလောက် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုမရှိပေမယ့် ပြဿနာဖန်တီးနိုင်တဲ့ အခြားကိစ္စတွေ ရှိနေသေးတယ်။

ဥပမာ ဆေးရုံတွေက ရောဂါကြီးတဲ့ လူနာတွေကို ဘာသာပြောင်းနိုင်ဖို့ ကြိုးစားတာမျိုးတွေ ရှိတယ်ဆိုတာ ကျနော်တို့ ခဏခဏကြား သိနေရတယ်။ ဒီလူနာတွေက ဘာသာမပြောင်းချင်ဘူး။ လူနာတွေအနေနဲ့က သူတို့ဘ၀ထဲ စီးနင်းဝင်ရောက်လာတဲ့ ပုဂ္ဂလိက ပြဿနာ တွေကို အလိုမရှိဘူး။ ဒါပေမယ့် တခါတလေတော့ ဒါမျိုးတွေ ဖြစ်နေရတယ်။ နောက်ထပ်ပြဿနာက ဘာသာခြားကို သည်းခံနိုင်စွမ်းမရှိမှုပဲ။ ဘာသာခြားရဲ့ ယုံကြည်ကိုးကွယ်မှု့ကို မလေးစားတာ၊ ဘာသာခြားရဲ့ သဘောဆန္ဒကို မလိုက်လျောပေးနိုင်တာမျိုးတွေ ဖြစ်တယ်။ ခုဒီလိုပြောတော့ ခင်ဗျားက ဒီပြဿနာမျိုးကို  အုပ်စု တစ်ခုနဲ့ အခြားအုပ်စုအကြားမှာရှိတဲ့ ပြဿနာပဲဆိုပြီးတော့ ထင်မယ်။ မဟုတ်ဘူး၊ ဒါမျိုးပြဿနာက မိသားစု တစ်စုထဲမှာတင်လည်း ရှိနိုင်တယ်။

တခါတလေကျတော့ အဖေအမေက ဘာသာတမျိုးကိုးကွယ်မယ်၊ သားသမီးကျတော့ အဖေအမေကိုးကွယ်တဲ့ ဘာသာကို စွန့်ပြီး တခြားဘာသာကိုးကွယ်တယ်၊ အဖေအမေက ကွယ်လွန်တော့ သူတို့ ဘာသာဓလေ့ထုံးတမ်း အတိုင်း သင်္ဂြိုလ်ခံရဖို့ ဆန္ဒထားတယ်၊ ဒီတော့ သားသမီးက အဖေအမေဆန္ဒကို မလိုက်လျောပေးဘူး၊ ဈာပနကို မတက်တော့ဘူး။ ဒါဟာ အလွန်ဝမ်းနည်းစရာကိစ္စပါပဲ။ အစဉ်အလာဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ဒါဟာ သားသမီးဝတ်မကျေပွန်တာပဲ၊ ဒါမျိုးတွေ မကြာခဏဖြစ်နေတယ်။ နောက်ပြဿနာ တစ်ခုက ဘာသာခြားကို သည်းမခံပေးနိုင်တာ၊ နားလည်မပေးနိုင်တာနဲ့ အစွန်းရောက်တဲ့ ကိစ္စတွေ။ ဘာသာခြားအုပ်စုတွေကနေ ခွဲထွက်နေမယ်။ မရောနှော မဆက်ဆံဘူး။ ဒါဟာ ဘာကို ဆိုလိုသလဲ။ တသီးပုဂ္ဂလ ဆန်မှု။ ခင်ဗျားက ခင်ဗျားနဲ့ အမျိုးတူလူတွေနဲ့ပဲ ရောနှောမယ်။ အခြားလူတွေနဲ့ မရောဘူး၊ ဒီတော့ ခင်ဗျားအဖွဲ့အစည်းက အထီးကျန်တဲ့ အဖွဲ့ကြီးဖြစ်နေပြီ။”

ဖော်ပြပါအချက်တွေကတော့ လီရှန်လွန်းပြောတဲ့ စင်ကာပူက ဘာသာရေးဆိုင်ရာ ပြဿနာအချို့ပါ။

ဘာကြောင့် ဘာသာသာသနာတွေအကြား သဟဇာတဖြစ်ခြင်းက နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတာလဲ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ၂၀၀၉ ခုနှစ် အမျိုးသားနေ့အခမ်းအနားမှာ တင်ပြခဲ့တဲ့ မိန့်ခွန်းမှာ ဘာသာသာသနာတွေအကြား လိုက်လျောညီထွေ သဟာဇာတဖြစ်ဖို့ စင်ကာပူအတွက် ဘာကြောင့် အရေးကြီးသလဲဆိုတာကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အချို့ကို ကောက်နုတ်ဖော်ပြရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ကျနော်တို့က လူမျိုးရေး၊ ဘာသာရေး သဟာဇာတဖြစ်ခြင်းကို အာမခံပေးနိုင်ပြီလို့ ဘယ်တော့မှ မဆိုသာဘူး။ ပြဿနာတွေကို ဖြေရှင်းမယ်၊ ဒါ့ပြင် တချိန်ထဲမှာပဲ အခြေခံနည်းနာအချို့ကို နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ရမယ်။ အဲဒီ အခြေခံနည်းနာတွေထဲက အချို့ကို ပြောပြချင်တယ်။ ပထမက အုပ်စုအားလုံးသည် (ဆန့်ကျင်ဘက် ဘာသာသာသနာအားလုံးကို) သည်းခံတတ်ရမယ်၊ အစွန်းမ ရောက်ဘဲ အလယ်အလတ်သဘောထားမျိုး ထားရမယ်။ ခရစ်ယာန်တွေကလည်း ဒီ (စင်ကာပူနိုင်ငံ) ကို  ခရစ်ယာန် အသိုက်အ၀န်းကြီး ဖြစ်လာရမယ်လို့ မျှော်မှန်းနေလို့ မရဘူး။ မွတ်စလင်တွေကလည်း ဒီနိုင်ငံကြီးကို မွတ်စလင်နိုင်ငံ အသိုက်အ၀န်းဖြစ်လာရမယ်လို့ မျှော်မှန်းလို့ မရဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူနဲ့ အခြားအုပ်စုတွေကလည်း မျှော်မှန်းနေလို့ မရဘူး။ ဒီမြေကို  မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်သူတွေ အများကြီးက (တခန်းတကဏ္ဍစီ) နေရာယူထားတယ်။ သူတို့မှာ ကွဲပြားတဲ့ သွန်သင်ချက်၊ အလေ့အကျင့်တွေ ရှိတယ်။ အုပ်စုတခုထဲကို အကျိုးသက်ရောက်နေတဲ့ ဥပဒေမျိုးကို ဥပဒေလို့ မဆိုသာဘူး။ ဥပဒေဆိုတာ အားလုံးအပေါ် အကျိုးသက် ရောက်နေရမယ်။ မွတ်စလင်တွေ အရက်မသောက်တာနဲ့ ပဲ အရက်ကို ပိတ်ပစ်ဖို့မလိုဘူး။ ဘာသာအများစုက တားမြစ်တဲ့ လောင်းကစား မှုကိုလည်း ပိတ်ပစ်စရာမလိုဘူး။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုကြတယ်ဆိုရင် ‘live and let live’ ခေါ် မိမိကိုယ်တိုင်လည်း မှီတင်းနေထိုင်မယ်၊ အခြားသူကိုလည်း နေရာပေးပြီး မှီတင်းနေထိုင်စေမယ်ဆိုတဲ့ နည်းနာကို ကျင့်သုံးရမယ်။ ဒုတိယအနေနဲ့ ဘာသာရေးကို နိုင်ငံအုပ်ချုပ်ရေးနဲ့ ရောထွေးမနေဖို့ လုပ်ဆောင်ရမယ်။ စင်ကာပူရဲ့ သာသနာဟာ အမေရိကရဲ့ သာသနာမဟုတ်သလို အစ္စလာမ်မစ်တိုင်းပြည်တစ်ခုရဲ့ သာသနာလည်း မဟုတ်ဘူး။ ဥပမာ- အီရန်ကို ကြည့်မယ်။ အစ္စလာမ်မစ်တိုင်းပြည်။ အားလုံးက ရှီးယိုက်တွေ။ သူတို့တွေ ရွေးကောက်ပွဲလုပ် ကြတော့ ပြိုင်ဆိုင်မှုက ကြမ်းတမ်းတယ်။ ရလဒ်အပေါ်မှာလည်း ငြင်းခုန်တာမျိုးတွေ ရှိတယ်။ အဟ်မဒ်ဒီနီဂျက်နဲ့ မူဆာဝီတို့ ပြိုင်ကြတာပါ။ နှစ်ဘက်စလုံးက အစ္စလာမ်သာသနာကို ဗန်းပြကြတယ်။ မူဆာဝီထောက်ခံသူတွေက စစ်ညာသံပေးသလိုမျိုး အလ်လာဟို့အက္ကဘာရ် (အလာဟ်အကြီးဆုံး) ဆိုပြီး ဟစ်ကြွေးကြတယ်။ ဒါပေမယ့် အီရန်က ရှီးယိုက်အစ္စလာမ် မစ်နိုင်ငံ။ ပြဿနာတွေဖြစ်ပြီးတဲ့နောက် သူတို့က အသိုက်အ၀န်းတစ်ခုထဲ အသွင်ပြန်ရောက်သွားမှာပဲ။ အကယ်၍ စင်ကာပူမှာ အုပ်စုတစ်ခုက (အီရန်မှာမဲဆွယ်သလို) ဘာသာရေးကို ဗန်းပြမယ်ဆိုရင်၊ အခြားအုပ်စုကလည်း သူတို့ကိုးကွယ်တဲ့ ဘာသာကို ရှေ့တန်း တင်ပြီး ထောက်ခံမှုရဖို့ လုပ်လာကြမှာပဲ။ တအုပ်စုကလည်း ငါတို့က ဘုရားအလုပ်လုပ်နေတာလို့ဆိုမယ်၊ အခြားအုပ်စုကလည်း ထိုနည်းလည်းကောင်း ဆိုမယ်။ နှစ်ဖက်စလုံးက သဘောတူညီချက်ရရှိဖို့ မလုပ်နိုင်ဘူးလို့ ပြောကြမယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စကြီးပဲ။ ရလဒ်က ဘာသာခြားအုပ်စုနှစ်ခုအကြား အညိအစွန်းတွေဖြစ်လာမယ်၊ မျက်ရည်နဲ့ လမ်းခွဲရမယ်။ ဒါမျိုးကို ကျွန်တော်တို့  (စင်ကာပူနိုင်ငံက) အလွန်သတိဝီရိယကြီးစွာနဲ့ ကိုင်တွယ်တယ်။ ”

စင်ကာပူက ကွဲပြားခြားနားတဲ့ ဘာသာဝင်များအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီလား
လီရှန်လွန်းက ၂၀၀၉  ခုနှစ် အမျိုးသားနေ့မိန့်ခွန်းမှာ အောက်ပါအတိုင်း ထည့်သွင်း တင်ပြခဲ့ပါတယ်။

“စင်ကာပူရဲ့ ဘာသာသာသနာများအကြား သဟဇာတဖြစ်မှုအခြေအနေကို အာမခံချက်ပေးနိုင်တဲ့အဆင့်လို့ ဆိုရင် ရကောင်း ရနိုင်မယ်။ ဒါပေမယ့် စင်ကာပူကို အလည်အပတ်ရောက်လာတဲ့သူတွေကတော့ ဒီဟာနဲ့ပတ်သတ်ပြီး အံ့သြကြတယ်။ မကြာသေးခင်ကာလကပဲ ဆီးရီးယားနိုင်ငံရဲ့ အစ္စလာမ်ဘာသာ  ဦးဆောင် ဓမ္မသတ်မှူး (မုဖ်သီ)နဲ့ ဆုံခဲ့ပါသေးတယ်။ သူ့ဆီက ပညာတော်တော်ရလိုက်တယ်။ သူက စင်ကာပူရဲ့ လူမျိုးစုတွေ၊ ဘာသာသာသနာတွေအကြား နားလည်မှုရှိစွာ ငြိမ်းချမ်းနေတာကို ရည်ညွှန်းပြီး နိုင်ငံရဲ့ ကြီးမားတဲ့ ရတနာလို့ ကင်ပွန်းတပ်တယ်။  ကွဲပြားခြားနားမှုတွေကို ဘယ်လိုမျိုး သည်းခံရောင့်ရဲနေကြသလဲဆိုတဲ့အပေါ်မှာ သူက တော်တော်ကြီး အထင်တကြီး ဖြစ်နေတယ်။ ဆီးရီးယားဓမ္မသတ်မှူးက ကျွန်တော်ကို ဒီလိုပြောတယ်။ ဥပမာ ခရစ်ယာန်ဘာသာဝင် ကလေးတစ်ဦး၊ ဗုဒ္ဓဘာသာဝင် ကလေးတစ်ဦး၊ မွတ်စလင်နဲ့ဂျူးဘာသာဝင် ကလေးတစ်ဦး စုစုပေါင်း လေးဦးရှိတဲ့ မိခင်အနေနဲ့ ဘယ်ကလေးကို ပိုချစ်မလဲဆိုပြီးတော့ပါ။ ဒီမေးခွန်းက သူကပဲ ခုလို ဖြေကြားခဲ့ပါတယ်။ မေးခွန်းက မဖြစ်နိုင်တဲ့ မေးခွန်းမျိုးပဲ၊ မိခင်က သူ့ကလေး လေးဦးစလုံးကို သာတူညီမျှချစ်မှာပဲ၊ ဘာကြောင့်လဲဆိုတော့ အားလုံးက သူ့ကလေးတွေဖြစ်နေလို့ပဲ။ ဒါပေမယ့် အဲဒီလေးဦးထဲကမှ ကျန်တဲ့ သုံးဦးအပေါ် အကောင်းဆုံး ကြည့်ရှုစောင့် ရှောက်တတ်သူကို မိခင်က ပိုပြီး သဘောကျလိမ့်မယ်။ အဲဒီအခါ ကျွန်တော်က ဆီးရီးယားဓမ္မသတ်မှူးကို ကျေးဇူးတင် တဲ့အကြောင်း ပြန်ပြောခဲ့တယ်။ တဆက်တည်း ကျွန်တော့်အနေနဲ့ စင်ကာပူသည်လည်း ပန်းတိုင်ကို လုံးဝဥဿုံ အရောက်လှမ်းနိုင်ခဲ့ပြီလို့ မခံစားရသေးတဲ့အကြောင်း၊ ကျွန်တော်တို့အနေနဲ့ သတိဝီရီယထား ကြရအုန်းမှာဖြစ်တဲ့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ လူမျိုးရေး ဘာသာရေး အငြင်းပွားမှုမျိုး ဆိုတာက ကျွန်တော်တို့အားလုံးကို တကွဲတပြားဆီ ဆွဲထုတ်သွားနိုင်တဲ့အတွက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။”

နိုင်ငံသားတွေရဲ့ သဘောထားကို သိသာအောင် ဘယ်လို ရှာဖွေဖော်ထုတ်မလဲ
နိုင်ငံသားတစ်ဦးဟာ သူနဲ့ လူမျိုးမတူ ဒါမှမဟုတ် ဘာသာမတူတဲ့ အခြားနိုင်ငံသားတစ်ဦးအပေါ် သဘောထား ဘယ်လိုရှိသလဲဆိုတာကို သိအောင် လုပ်ယူကြရပါမယ်။ ဒါမှသာ သင့်တင့်မျှတတဲ့ နောက်ဆက်တွဲဆောင်ရွက်မှု မျိုးကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူကတော့ နိုင်ငံသားတွေရဲ့ သဘောထားကို survey ခေါ် စစ်တမ်းတွေ ကောက်ပြီး လေ့လာကြပါတယ်။

နန်ယန်နည်းပညာတက္ကသိုလ် (NTU) က ဦးစီးဆောင်ရွက်တဲ့ ၂၀၀၇ နိုဝင်ဘာလထုတ် “စင်ကာပူနိုင်ငံရဲ့ လူမျိုးကွဲ ဘာသာကွဲများအကြား ဆက်ဆံရေးံ” ခေါင်းစဉ်ပါ စစ်တမ်းအစီရင်ခံစာကို လေ့လာကြပါမယ်။

ဒီစစ်တမ်းမှာ လူမျိုးကြီးလေးခုဖြစ်တဲ့ တရုတ်၊ မလေး၊ အိန္ဒိယ နဲ့ အခြားဆိုတဲ့တာတွေကို အုပ်စု ၄ခု ခွဲတယ်။ ဗုဒ္ဓ သို့မဟုတ် တာအို၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဘာသာမဲ့ ဆိုပြီး ဘာသာတွေအလိုက်က အုပ်စု၎ ခု ခွဲတယ်။ စစ်တမ်းကို ပါဝင်ဖြေဆိုသူပေါင်း ၁၈၂၄ ဦးအပေါ် အခြေခံပြီး တွက်ချက်ပြထားတယ်။ စစ်တမ်းပါ မေးခွန်းတွေက ရိုးရှင်းတယ်၊ ဖြေဆိုသူရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း သိသာစေတယ်၊ ဖြေဆိုသူကိုလည်း မေးခွန်းက ဘာကို ဆိုလိုတာလဲဆိုတာ သိသာအောင် သွယ်ဝိုက်တဲ့ အသုံးအနှုံးတွေ ရှောင်ပြီး စကားလုံးကို ကျစ်ကျစ်လစ်လစ် ထိထိမိမိ သုံးထားတယ်။ ဒီစစ်တမ်းမှာ အဓိက မေးခွန်းတွေက ဥပမာ – ပါဝင်ဖြေဆိုသူက ဗုဒ္ဓဘာသာဝင် သို့မဟုတ် တာအိုဘာသာဝင်ဖြစ်တယ်ဆိုပါစို့။ သူ့အတွက်မေးခွန်းက -

မေးခွန်း (၁) ဘ၀မှာ အရေးကြီးတဲ့ အခမ်းအနားတွေကို ဘယ်လို သူငယ်ချင်းတွေနဲ့ အတူ ကျင်းပလိုပါသလဲ။ (ဥပမာ – မွေးနေ့ကနေ မင်္ဂလာအခမ်းအနားအထိ) ရွေးချယ်ဖို့က – ဗုဒ္ဓဘာသာတာအိုသူငယ်ချင်းများ၊ မွတ်စလင် သူငယ်ချင်းများ၊ ဟိန္ဒူသူငယ်ချင်းများ၊ ခရစ်ယာန် သူငယ်ချင်းများ၊ အခြားဘာသာဝင် သူငယ်ချင်းများ၊ ဘာသာမဲ့ခေါ် free thinkers သူငယ်ချင်းများ။ ဖြေဆိုသူက သူရဲ့ အထူးအခမ်းအနားမှာ ဗုဒ္ဓဘာသာ သို့မဟုတ် တာအို သူငယ်ချင်းဘယ်လောက်ထိ ပါဝင်စေချင်သလဲ၊ တခြားဘာသာဝင်တွေကို ဖိတ်ချင်ပါသလား၊ မွတ်စလင်တွေပါရင် နှစ်သက်သလား၊ ဟိန္ဒူတွေ ပါရင် နှစ်သက်သလား၊ ခရစ်ယာန်တွေပါရင် နှစ်သက်သလား၊ ဘာသာခြားတွေပါရင်ရော၊ ဒါမှမဟုတ် ဘာသာမဲ့တွေ ပါရင်ရော နှစ်သက်ပါသလား။ ဘယ်လောက်ထိ နှစ်သက်ပါသလဲ၊ စသဖြင့် ဖြေပေးရပါတယ်။

မေးခွန်း (၂) ကတော့ သားသမီးတွေရဲ့ အပေါင်းအသင်း သူငယ်ချင်းများ။ ကိုယ့်မွေးထားတဲ့ သားသမီးများရဲ့ သူငယ်ချင်းတွေထဲမှာ ဘာသာခြားတွေ ပါနေရင် လက်သင့်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၃) ကတော့ ညီအစ်ကိုမောင်နှမများရဲ့ ခင်ပွန်း သို့မဟုတ် ဇနီး။ ကိုယ့်ရဲ့ ခယ်အို သို့မဟုတ် ခယ်မကသာ ဘာသာခြားဖြစ်နေရင် လက်သင့်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၄) ကတော့ မိမိကိုယ်ပိုင်ရဲ့ ခင်ပွန်းသို့မဟုတ် ဇနီး။ ဘာသာခြားကို ခင်ပွန်းသို့မဟုတ် ဇနီးအဖြစ် ရွေးချယ်မလား။

မေးခွန်း ၁ ကနေ ၄ အထိက ပုဂ္ဂလိက (personnel) နဲ့ ဆိုင်တဲ့မေးခွန်းတွေဖြစ်ပြီး ကျန်တဲ့ မေးခွန်းတွေကတော့ ဘုံမေးခွန်း (public) တွေ ဖြစ်ပါတယ်။

မေးခွန်း (၅) ကတော့ social ခေါ် လူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။
၅.၁ ကိုယ့်ရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းဟာ ဘာသာခြားဖြစ်နေရင် ဒါမှမဟုတ် လူမျိုးကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၂ ကိုယ့်ကို စာသင်ကြားပြသပေးတဲ့ ဆရာများဟာ လူမျိုးကွဲ ဒါမှမဟုတ် ဘာသာကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၃ ရထား သို့မဟုတ် ဘတ်စ်ကားပေါ်မှာ ထိုင်ရင် ဘေးချင်းကပ်လျက်ထိုင်နေတဲ့သူက လူမျိုးကွဲသို့မဟုတ် ဘာသာကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၄ အကူအညီလိုအပ်လို့ အကူအညီတောင်းချင်ရင် ဘာသာခြား သို့မဟုတ် လူမျိုးကွဲထံမှာ အကူအညီ တောင်းချင်ပါသလား။

မေးခွန်း (၆) ကတော့ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ မေးခွန်းတွေ။
    ၆.၁ လူမျိုးခြား၊ ဘာသာခြားသူဌေးထံမှာ အလုပ်လုပ်လိုပါသလား။
    ၆.၂ လူမျိုးခြား၊ ဘာသာခြားတွေနဲ့အတူတူ အလုပ်လုပ်လိုပါသလား။
    ၆.၃ လူမျိုးခြား၊ ဘာသာခြားတွေကို ကိုယ့်ရဲ့အလုပ်မှာ ခန့်ထားလိုပါသလား။

မေးခွန်း (၇) ကတော့ နိုင်ငံရေးမေးခွန်းတွေ။
၇.၁ ကိုယ်နေထိုင်တဲ့ နယ်မြေရဲ့ ပါလီမန်အမတ်က ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။
    ၇.၂ စင်ကာပူရဲ့ ၀န်ကြီးချုပ်က ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။
    ၇.၃ စင်ကာပူရဲ့ သမ္မတက ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၈) က လုံခြုံရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ။
    ၈.၁ ရဲဌာနက ရဲသားတွေထဲမှာ ဘာသာခြားလူမျိုးခြားပါနေရင် လက်ခံနိုင်မှု အတိုင်းအတာ။
    ၈.၂ စစ်သားတွေထဲမှာ ဘာသာခြားလူမျိုးခြားပါနေရင် လက်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၉) ကတော့ လူနည်းစုနဲ့ လူများစုဆိုတဲ့ majority – minority အဆင့်သတ်မှတ်ထားမှုတွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေ။ နိုင်ငံတစ်နိုင်ငံမှာ လူနည်းစု လူမျိုးကွဲနဲ့ လူများစုဆိုပြီး အုပ်စုတွေ ကွဲပါတယ်။ အဲဒီလိုကွဲတဲ့အခါ -

၉.၁ နေရာတစ်နေရာကို သွားလို့ အဲဒီမှာ တရုတ်တွေချည့်ပြည့်နေရင် ဒါမှမဟုတ် မလေးတွေချည့်ပြည့်နေရင်၊ ဒါမှမဟုတ် အိန္ဒိယတွေချည့်ပြည့်နေရင် ဒါမှမဟုတ် ဘာသာခြားတွေချည့်ပြည့်နေရင် လက်ခံနိုင်မှု၊ သွားရောက်လိုမှု အတိုင်းအတာ။

၉.၂ စင်ကာပူရဲ့ လူများစုလူမျိုးက တရုတ်တွေဖြစ်လာရင် ဒါမှမဟုတ် အိန္ဒိယတွေဖြစ်လာရင် ဒါမှမဟုတ် မလေးတွေဖြစ်လာရင် ဒါမှမဟုတ် ဘာသာခြားလူမျိုးကွဲတွေဖြစ်လာရင် လက်ခံနိုင်မှုအတိုင်းအတာ။

အောက်ဖော်ပြပုံကတော့ မေးခွန်းတွေအပေါ်အခြေခံပြီး ရာခိုင်နှုန်းအလိုက်တွက်ချက်ပြီး အဖြေထုတ်ပြထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာဝင်တစ်ယောက်အနေနဲ့ မေးခွန်းတွေကို ဖြေထားပြီး အဲဒီဖြေဆိုထားချက်အားလုံးအပေါ်မှာ ရာခိုင်နှုန်းအလိုက် ဖော်ပြထားပါတယ်။


အောက်ဆုံးမှာ မေးခွန်းတွေအလိုက် ရရှိလာတဲ့ ရာခိုင်နှုန်းတွေကို mean value ဆိုတဲ့ သမတ်ကိန်းနဲ့ ဖော်ပြထားပါတယ်။ ရလဒ်က ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာဝင်များဟာ မွတ်စလင်များနဲ့ အဆက်အဆံ လုပ်လိုမှု ဒါမှမဟုတ် မွတ်စလင်များကို နှစ်လိုမှုက ၈၇ ရာခိုင်နှုန်း၊ ဟိန္ဒူများကို အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုကလည်း ၈၇ ရာခိုင်နှုန်း၊ ခရစ်ယာန် များကို အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုက ၉၅ ရာခိုင်နှုန်း၊ အခြားဘာသာဝင်များနဲ့ အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုက ၉၃ ရာခိုင်နှုန်းနဲ့ ဘာသာမဲ့များကို နှစ်လိုမှု ဒါမှမဟုတ် အဆက်အဆံလုပ်လိုမှုက ၉၇ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

စစ်တမ်းရဲ့ အနှစ်ချုပ်မှတ်တမ်းအရ ဆန္ဒမဲပေးခဲ့တဲ့ ဘာသာကွဲလူမျိုးကွဲအားလုံးရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းက မိမိနဲ့ အမျိုးမတူ ဘာသာလူမျိုးကွဲနဲ့ ပေါင်းသင်းဆက်ဆံ၊ အတူတကွယှဉ်တွဲနေထိုင်ကြရမှာကို လက်ခံနှစ်လိုကြကြောင်း သိရပါတယ်။

လူမျိုးဘာသာကွဲပြားမှုကြောင့် ဖြစ်လာမယ့် အစိုင်အခဲတစ်ခုခုကို ကြိုတင်တွက်ချက်မိစေဖို့ အဓိကပြဿနာနှစ်ရပ် တင်ပြဖို့ လိုအပ်တဲ့ အကြောင်း စစ်တမ်းက ဆိုပါတယ်။ နံပါတ် ၁ က ဘာသာကွဲလူမျိုးကွဲအုပ်စုတိုင်းရဲ့ ပေါင်းသင်းဆက်ဆံမှု အလေ့အထအပေါ်မှာ လူမျိုး ဘာသာ ကွဲပြားခြင်းက  ကောင်းကျိုးဆိုးကျိုးသက်ရောက်နေသလား၊ တကယ်လို့ ဆိုးကျိုးသက်ရောက်မှု ရှိနေတယ် ဆိုရင် အဲဒီသက်ရောက်ခြင်းက အမြဲတမ်းရှိနေတာလား၊ အုပ်စုကွဲ တစ်စု ဒါမှမဟုတ် ဘာသာအမျိုးအစား တစ်ခုအားဖြင့် သက်ရောက်နေတာလား။ နံပါတ် ၂ က လူမျိုးကွဲအုပ်စုတိုင်း၊ ဘာသာကွဲအုပ်စုတိုင်းက မိမိတို့နဲ့ မတူကွဲပြားတဲ့ အခြားအုပ်စုအားလုံးအပေါ်မှာ တပြေးညီ သဘောထားမျိုးရှိရဲ့လား၊ ဒါမှမဟုတ်ဘဲ အုပ်စုတစ်ခုကိုတော့ဖြင့် ကွက်ပြီး အခြားအုပ်စုတွေထက် ပိုနှစ်သက်နေသလား ဆန်းစစ်ပါတယ်။

စစ်တမ်းဖော်ပြချက်အရ စင်ကာပူနိုင်ငံသားများဟာ နိုင်ငံရေး ခေါင်းဆောင် ရွေးချယ်တဲ့ ကိစ္စအပါအ၀င် အခြားကိစ္စအားလုံးမှာ လူမျိုးကွဲ ဘာသာကွဲဖြစ်နေခြင်းကို အရေးတကြီးနေရာထားပြီး စဉ်းစားရမယ်လို့ မသတ်မှတ်ကြကြောင်း သိရပါတယ်။ ဒါပေမယ့် စင်ကာပူက လူမျိုးကွဲအုပ်စုတိုင်းဟာ မိမိတို့ရဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ရာမှာတော့ လူမျိုးကွဲ ဘာသာကွဲပြားနေခြင်းကို အရေးကြီးတဲ့ နေရာကနေ ထည့်သွင်းစဉ်းစားရမယ်လို့ သတ်မှတ်ထားတဲ့အကြောင်း ဆန္ဒမဲ ပေးခဲ့ကြတာ တွေ့ရပါတယ်။

တရုတ်လူမျိုးကတော့ အားလုံးလိုလားအနှစ်သက်ဆုံးလူမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်လူမျိုး ကတော့ အခြားလူမျိုးကွဲကို လိုလားမှုအနည်းဆုံးဖြစ်တယ်လို့ စစ်တမ်းကဆိုပါတယ်။ ဘာသာရေးမှာဆိုရင်တော့ တာအို သို့မဟုတ် ဗုဒ္ဓဘာသာဝင်တွေကို လိုလားနှစ်သက်မှုအများဆုံးရှိကြပေမယ့် တာအို သို့မဟုတ် ဗုဒ္ဓဘာသာဝင်တွေကတော့ ဘာသာကွဲကို လိုလားမှု အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုကြတဲ့သူတွေဟာ သူတို့အနေနဲ့ ဘာကြောင့် အဲလိုဖြေဆိုခဲ့တာလဲဆိုတာနဲ့ ဘယ်အကြောင်းတွေက သူတို့ကို အဲလို အဖြေပေးဖို့တိုက်တွန်းနေသလဲဆိုတာတွေကို အသေအချာလေ့လာဖို့ လိုအပ်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

အထက်မှာ ဖော်ပြခဲ့တာကတော့ နိုင်ငံသားတွေရဲ့ သဘောထားအမှန်ကို ရှာဖွေဖော်ထုတ်တဲ့ နည်းလမ်းတမျိုး ဖြစ်သလို အတုယူစရာ တွေလည်း ပါဝင်နေပါတယ်။

စင်ကာပူရဲ့ ဘာသာကွဲ လူမျိုးကွဲအပေါ်ထားရှိတဲ့ သဘောထားနဲ့ ကိုင်တွယ်ပုံကို အတုယူသင့်သလား
ယေဘုယျအားဖြင့်တော့ အတုယူသင့်တယ်လို့ ဆိုရပါမယ်။ ဥပဒေအားဖြင့်သော်လည်းကောင်း၊ ပညာပေး အစီအစဉ်တွေအားဖြင့်သော်လည်းကောင်း စိစစ်ကြပ်မတ်ထားတာကြောင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးဟာ စင်ကာပူမှာ စံပြပုံစံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

စင်ကာပူရဲ့စံပြ သရုပ်နဲ့ ပတ်သတ်ပြီး အစ္စလာမ်သာသနာထဲက ကမ္ဘာပေါ်မှာ နောက်လိုက်လူဦးရေအများဆုံး အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင် ခလီဖာ (Caliph) က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၃ က ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ “စင်ကာပူအစိုးရက သာသနာတစ်ခုကို ဆန့်ကျင်ရှုံ့ချတာမျိုး ခွင့်မပြူပေမယ့် သာသနာတစ်ခုရဲ့ အပြုသဘောဆောင် သွန်သင်ချက်တွေကို ဖြန့်ချိဖို့အတွက်တော့ လွတ်လပ်ခွင့်ပေးထားတာကြောင့် စင်ကာပူက အဟ်မဒီမွတ်စလင်မ်တွေအတွက်တော့ အခြေအနေကောင်းတစ်ခု ပဲ ဖြစ်ပါတယ်။”

ဝေဖန်မှုအချို့ရှိနေပေမယ့် pew research centre ရဲ့ အဆိုအရ ဘာသာကွဲပြောင်း အများဆုံးဖြစ်နေတဲ့ စင်ကာပူကတော့ အတုယူရမယ့် စာရင်းထဲမှာ ထိပ်ဆုံးနေရာက ရှိနေဆဲဖြစ်ပါတယ်။ စင်ကာပူရဲ့ လက်ရှိခေါင်းဆောင် လီရှန်လွန်းပြောပြထားတဲ့ အချက်တွေကလည်း ဂရုဓမ္မပြု စဉ်းစားရမယ့် အချက်တွေဖြစ်သလို အတုယူဆောင်ရွက်ရမှာတွေလည်း ပါဝင်နေပါတယ်။ “မိဘက သားသမီးတွေအားလုံးအပေါ် တပြေးညီ ချစ်ပေမယ့် မောင်နှမအချင်းချင်းအပေါ်မှာ  အနွံတာခံတဲ့ သားသမီးကို  ပိုပြီး သဘောကျလက်ခံ လေ့ရှိတယ်” ဆိုတာကို အထူးသတိပြု မှတ်သားကြရမှာပဲ ဖြစ်ပါတယ်။

“Live and let live”  ဆိုတဲ့ မိမိသည်လည်း မှီတင်းနေထိုင်မယ်၊ အခြားသူကိုလည်း နေရာပေးပြီး မှီတင်းနေထိုင်စေမယ် ဆိုတာနဲ့ဘာသာ ရေးကို နိုင်ငံရေး မှာ နှီးနွယ်ပတ်သတ်မနေစေရဘူးဆိုတာ တွေကလည်း ဆင်ခြင်မှတ်သားစရာ ကောင်းလှတဲ့ အချက်များပဲ ဖြစ်ပါတော့တယ်။

ကိုးကား
၁) ၂၀၁၄ ဧပြီလထုတ် The Review of Religions မဂ္ဂဇင်းပါ Religious Trends in Singapore ဆောင်းပါး။
(http://www.reviewofreligions.org/10274/religious-trends-in-singapore/)

၂) စင်ကာပုူဝန်ကြီးချုပ်၏ ၂၀၀၉  ခုနှစ် သြဂုတ် ၁၆ ရက်၊ အမျိုးသားနေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း
(http://www.pmo.gov.sg/content/pmosite/mediacentre/speechesninterviews/primeminister/2009/August/national_day_rallyspeech2009part3racialreligiousharmony.html#.U4ASn1iSw01)

၃) A report on inter-racial and inter-religious relations in Singapore
(http://www.rsis.edu.sg/publications/reports/RSIS%20Social%20resilience%20report.pdf)

၎) စင်ကာပူ ၂၀၁၀ သန်းခေါင်စာရင်း
(http://www.singstat.gov.sg/publications/publications_and_papers/cop2010/census_2010_release1/cop2010sr1.pdf)

၅) ၀ီကီပီဒီးယား
ဘာသာရေး – အစ္စလာမ်သာသနာထဲမှ အဖွဲ့ခွဲတစ်ခုဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ (http://bit.ly/1hDyvCD)

======================================
ယခုဆောင်းပါးနှင့် ပတ်သက်၍ ဆွေးနွေးလိုပါက စာရေးသူအား ဆက်သွယ်ရန်
ဖေ့ဘွတ်စာမျက်နှာ – https://www.facebook.com/tinnasir
LinkedIn www.linkedin.com/profile/view?id=97536841&trk=nav_responsive_tab_profile

ဆက်သွယ်ရန် – [email protected]
Block 661A, Jurong West Street 61, #03-408, Singapore 641661
Singapore FIN: G0740085W Ph: +65 98581727

တင်မောင်ထွေး