ဒီချုပ်ပါတီရုံးရှေ့ ဆဲဆိုခြိမ်းခြောက်သူကို အမှုဖွင့်


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီရုံးရှေ့တွင် နှစ်ကြိမ်တိုင်တိုင် ဆဲဆိုခြိမ်းခြောက်သူကို  ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပျဉ်းမနားမြို့နယ် ငကောင်း ကံကျေးရွာအုပ်စု၊  ဇီးကုန်းကျေး ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရပ်ကျေးရုံးရှေ့တွင် မေလ ၃၁ ရက်က တစ်ကြိမ်၊  ဇွန်လ ၂ ရက်က တစ်ကြိမ်လာရောက် ဆဲရေးတိုင်းထွာကာ  ပါတီကိုတပ်၍ ခြိမ်းခြောက်မှုများ ရှိနေသည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရဲစခန်းအနေဖြင့် ရဲအရေး ပိုင်သည့် ဆဲဆိုခြိမ်းခြောက်မှုကို သာ  အဓိကထား စစ်ချက်ယူလုပ် ဆောင်ပေးသွားမည်ဟုပြော ကြောင်း နေပြည်တော်အမျိုးသား    ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက် တာညီညီဇော်က ပြောသည်။

မေလ ၃၁ ရက်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ငြိမ်း ချမ်းရေးနှင့်  ပွင့်လင်းလူ့အဖွဲ့အ စည်းတို့ ပူးပေါင်းကာ အခြေခံဥပဒေပြင်ဆင်ရန်စီစဉ်နေချိန်တွင်တစ် ရွာတည်းနေ ဦးဟန်ဝင်းအောင်ဆိုသူက  ပါတီရုံးအတွင်းသို့ ၀င် ရောက်ကာ ဆဲရေးမှုများပြုလုပ်ခဲ့ ကြောင်း၊  ဇွန်လ ၂ ရက်တွင် ထပ် မံ၍ NLD ပါတီကို ဂရုမစိုက်ဟု ဆိုပြီး ပုဂ္ဂိုလ်ရေးအရ ရိုင်းစိုင်းစွာဆဲဆိုမှုများရှိသည်ဟုဆိုကာ အမှုဖွင့်ခဲ့ကြောင်း အမှုစစ်ထံမှ သိရသည်။

‘‘ပါတီအနေနဲ့ တိုင်ကြားလို့ မရတဲ့အတွက် ဒီကိစ္စကို ရုံးချုပ်ကို တိုင်သွားမှာပါ။ ဒီကိစ္စမှာလာဆဲ တဲ့သူက တခြားပါတီကပါတီဝင် တစ်ယောက်လို့ သိရတယ်။ အသေးအဖွဲကနေ ကြီးမားတဲ့ ပြဿနာ တစ်ရပ်ဖြစ်လာနိုင်ပါတယ်’’ ဟုဒေါက်တာ ညီညီဇော်က ပြောကြားသည်။

   အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ ပျဉ်းမနားရဲတပ်ဖွဲ့ရုံးမှ အိမ်ကျော်နင်းမှု၊ ဆဲဆိုမှု၊ ခြိမ်း ခြောက်မှုတို့ဖြင့် မေလ ၄ ရက်တွင် စစ်ဆေးအရေးယူမှုများကို ဆောင် ရွက်သွားမည်ဖြစ်သည်။

7day daily

အဆိုတော် Dယံ ငွေကြေးမတတ်နိုင်သူများကို အယ်ဘမ်ထုတ်ပေးမည်


မိုးသူ

အဆိုတော် Dယံကမြန်မာနိုင်ငံ အတွင်းရှိ အဆိုဝါသနာရှင် ၁ဝဦးကို ရွေးချယ်ပြီး အော်ဒီယို အယ်ဘမ် တစ်ခွေကို ထုတ်ဝေပေးမည်ဖြစ်သည်။ ယင်းအဆိုဝါသနာရှင်များသည် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသားငါးဦးနှင့် အမျိုးသမီးငါးဦးကို ရွေးချယ်သွားမည်ဟု အဆိုတော် ဒီယံက မဇ္စျိမကိုပြောသည်။

“Dယံတ င်ပေးလိုက်တဲ့ အဆိုတော်က ရုပ်မမြင်ရသေးဘူး။ အသံကြားတာနဲ့ တော်တော်ကောင်းတယ် ဆိုတာဘဲ လိုချင်တာပါ။ ကိုလေးဖြူ စပေါ်တုန်းကဆိုရင် အသံဘဲ ကြားရတယ်။ ရုပ်မမြင်ရသေးဘူး။ ပရိသတ်တွေ သဘောကျကြတယ်။ ကျွန်တော်လည်း ချမ်းသာတာ မဟုတ်တော့ အဆိုရှင်တွေဆီက ငွေကြေး အနည်းငယ်သာ ကောက်ခံမှာပါ။ ဒါပေမယ့် မတတ်နိုင်ရင်တော့ မကောက်ခံပါဘူး။” ဟု၎င်း ကပြောသည်။

အဆိုတော်ဒီယံသည် အသံပါရမီရှိပြီး ငွေကြေးမတတ်နိုင်သည့် သူများကို ရည်ရွယ် ဖော်ထုတ်ခြင်းဖြစ် ပြီး အဆိုဝါသနာရှင်များ အနေဖြင့် ဇွန်လမှစတင်ကာ ၎င်းထံသို့ ဖုန်းဆက် စာရင်းသွင်း ပေးနိုင်သည်။ ၎င်းအနေဖြင့် ဆက်သွယ်လာသည့် အဆိုဝါသနာရှင်များကို လိုချင်သည့် အတိုင်းအတာအထိ ရောက် ရှိမှသာ Pro-studio တွင် တစ်ယောက်လျင် သုံးပုဒ်ခန့် သီချင်းသီဆို ယှဉ်ပြိုင်ခိုင်းမည်ဖြစ် ပြီး ၎င်းယှဉ်ပြိုင်သည့် အဆိုရှင်များ ထဲမှ အနှစ်သက်ဆုံး အဆိုရှင် ၁ဝဦးကို ရွေးချယ်မည်ဖြစ်သည်။

လာရောက် လျောက်ထားသည့် အဆိုရှင်များ၏ သီဆိုမှုကို အဆိုတော်ဒီယံ တစ်ဦးတည်းသာ အသံ စစ်ဆေး ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသည့် အဆို ဝါသနာရှင် ၁ဝဦးကို တစ်ပတ်လျင် သုံးရက် ၊ စုစုပေါင်း ၉ ရက် ဖြင့် သုံးပတ်အကြာ အသံပိုင်းဆိုင်ရာ သင်တန်းပေး သွားမည်ဖြစ်သည်။

အဆိုတော် ဒီယံအနေဖြင့် ရွေးချယ်ထားသည့် အဆိုရှင်များ အဆိုသင်တန်းပေးပြီး အယ်ဘမ် ထုတ်ပေးမည်ဖြစ်ရာ ငွေကြေး တတ်နိုင်သည့် အဆိုရှင်များထံမှ အယ်ဘမ်ထုတ်ရန် ငွေကြေးကောက်ခံ သွားမည်ဖြစ်သလို မတတ်နိုင်ပါက ကောက်ခံသွားမည် မဟုတ်ဟုပြောသည်။

အဆိုတော်ဒီယံစီစဉ်သည့် အယ်ဘမ်တွင် ပါဝင်မည့် သီချင်းများသည် ၎င်းကိုယ်တိုင် ရေးသား တီးခတ် ထားသည့် သီချင်းများကို သီဆို ခိုင်းမည်ဖြစ်ပြီး ယင်းသီချင်း များကိုလည်း အွန်လိုင်းပေါ်၌ ဖြန့်ချိပေး သွားမည်ဖြစ်သည်။

တေးရေး ၊ အဆိုတော် Dယံ သည် ၁၉၉၄ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် ဂူဂူးနာမည်ဖြင့် တေး သီချင်း များ ရေးသား ခဲ့ပြီး ဂီတလောကတွင် ရပ်တည်လာခဲ့ကာ ၂ဝဝ၄ ခုနှစ်တွင် Dယံ နာမည် ကို ပြောင်းလဲ ခဲ့သူဖြစ်သည်။ ၎င်းသည် စိုးရိမ် ရတာပေါ့ ၊ ပတ်သက်ခွင့်ပြုပါ၊ ယောကျာင်္း ယောကျာင်္း စသည့် သီချင်းများဖြင့် ပရိတ်သတ်များ သိရှိလာခဲ့သူဖြစ်သည်။

Mizzima Burmese

မိသားစုနာမည်၊ မွေးသက္ကရာဇ်နဲ့ ကျေးဇူးရှင်ရဲ့နာမည်ကို တက်တူးထိုးထားတဲ့ ခင်လှိုင်


လူငယ်ဘဝကတည်းက တက်တူးကို စွဲစွဲလမ်းလမ်းထိုး ဖြစ်ခဲ့တဲ့ ခင်လှိုင်က တက်တူးမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိပြီးမှတ်ချင်တဲ့ သင်္ကေတတွေကို ခန္ဓာကိုယ်ပေါ်မှာ ပန်းချီ အဖြစ်နဲ့ သိမ်းဆည်းထားခြင်း ဖြစ်ကြောင်းပြောပါတယ်။

သူ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေနဲ့ ပတ်သက်ပြီး ခင်လှိုင်က ” ကျွန်တော့်ရဲ့ ညာဘက် လက် ဖျံမှာက ကျွန်တော့်ရဲ့ ဇနီးနာမည်ကို ထိုးထားတယ်။ အရေပြားပေါ်မှာ မှတ်တမ်းတင်ထားတာပေါ့။

မိသားစုတွေရဲ့နာမည် နဲ့ မွေးသက္ကရာဇ်ကိုလည်း လက်မှာထိုးထားတယ်။ ကျွန်တော့်ရဲ့အဓိပ္ပာယ်နဲ့ကျွန်တော်ပေါ့။ တက်တူးမှာလည်း လူတိုင်းက သူ့အဓိပ္ပာယ်နဲ့သူထိုးကြတာပဲ။ ကျွန်တော် အရုပ်ထိုးတော့မယ်ဆိုရင် ငယ်ငယ်လေး က တည်းက ကိုယ့်ကိုယ်ကိုယ် ဘာအကြိုက်ဆုံးလဲလို့ ပြန်စဉ်း စားတဲ့အခါ တကယ်တမ်းတအား ကြိုက်တာက အရိုးခေါင်းတွေကို တအားကြိုက်တယ်။

နာရီတို့၊ခါးပတ်တို့ကအစ အရိုးခေါင်း တွေပါတယ်။ ကျွန်တော့်ခန္ဓာ ကိုယ်မှာထိုးထားတာတွေ အကုန်လုံးက အရိုးခေါင်းတွေ၊ သရဲခေါင်းတွေချည်းပဲ ထိုးတယ်။ လည်ပင်း မှာကျတော့ ကျွန်တော့် ကလေး ၃ ယောက်နာမည်ကို အတိုကောက်တွေထိုးထားတယ်။ အကြီးကဖြိုးသီဟဖြစ်တဲ့အတွက် P ၊ အငယ်ကထက်ပိုင်ဦးဆိုတော့ ၊သမီးက သဇင်ထူးဆိုတော့ H ပေါ့။

အဲဒါကိုမှ ကြယ်လေးတွေ ခြံရံပြီးတော့ကိုယ့်ရဲ့မြင့်မြတ် တဲ့ နေ ရာအပေါ်ပိုင်းမှာထိုးထားတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော့် အပေါ်
ကျေးဇူး ရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ကုပ်စည်းမှာထိုးထားတယ်။
သူက ကိုနေရဲမာန်။ ကျွန် တော်တို့မိသားစုအပေါ်မှာ ကျေးဇူး ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက၊ကျွန်တော်အနုပညာလော
ကစရောက်တဲ့အချိန်မှာကတည်းက၊ သူဗိုလ်မှူးဘဝမှာကတည်းက
ကျွန်တော် တို့မိသားစုကို ကြည့်ရှုေ စာင့် ရှောက်ခဲ့တယ်။

ကျွန်တော့်ရဲ့ အစ်ကိုဆိုလည်းဟုတ်တယ်။ ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်။ ဒါ ကြောင့် အစ်ကို့ရဲ့နာမည်ကို မြတ်မြတ်နိုးနိုးနဲ့ ကုပ်ပေါ်မှာ ထိုးထား တယ်” လို့ပြောပါတယ်။

တက်တူးဆိုတာက ဆုံးဖြတ်ချက် သေချာတဲ့သူတွေမှ ထိုးတဲ့အရာဖြစ်ပြီး တစ်သက်လုံး သေရာပါသွားမယ့်အရာဖြစ်ကြောင်း ခင်လှိုင်ကပြောပါတယ်။ တက်တူးနောက် ထိုး မယ့် လူငယ်များကိုလည်း ဆုံးဖြတ်ချက်သေချာပြီဆိုမှ ထိုးစေချင်ကြောင်းကို ခင်လှိုင်က ” ပုံကို ဒီပုံကြိုက်တယ်၊ တစ်သက်လုံး မပြောင်းတော့ဘူး ဆိုမှ ထိုးလို့ရတယ်။

တက်တူးထိုးမယ့်လူငယ်တွေကိုမှာချင်တာက ကိုယ်တကယ်မကြိုက်ဘဲနဲ့ မလုပ်ပါနဲ့။ သေသေချာချာကြိုက် ပြီဆိုမှထိုးပါ။ အဆိုးဆုံးကတော့ နာမည်ပေါ့။ ချစ်သူရဲ့ နာမည် တို့၊ ငယ်ငယ်တုန်းက ရူးရူးမူးမူးနဲ့ထိုးကြတယ်။ အဲဒီချစ်သူနဲ့ အဆင်မပြေတော့ အဲဒီနာမည်ကြီးကဘယ်လိုလုပ်ရမှန်းမ သိတော့ ဘူး။ဒါကြောင့်သေချာမှ ထိုးပါ” လို့ပြော ပါတယ်။

ခိုင်ဝေလွင်
Popular Journal

မိုင်လီဆိုင်းရပ်စ်၏ ပျောက်ဆုံးနေသော မော်တော်ကား ပြန်လည်တွေ့ရှိ


မိုင်လီဆိုင်းရပ်စ်၏ ပျောက်ဆုံးနေသော မော်တော်ကားကို အပျက်အစီး အထိအခိုက်မရှိ ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မိုင်လီ၏နေအိမ် ဖောက်ထွင်းခံရပြီး Maserati Quattroporte မော်တော်ကားကို လူ(၂)ဦးက ခိုးယူသွားခဲ့သည်။ ကယ်လီဖိုးနီးယားရှိ နေအိမ်မှ ပျောက်ဆုံးသွားသည့် ဇိမ်ခံမော်တော်ကားကို ယခုအခါ ဆီမီဗယ်လီလမ်းတွင် ရပ်တန့်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ မော်တော်ကားတွင် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးနေမှု မရှိကြောင်းလည်း ဆိုသည်။ လတ်တလောတွင် စုံစမ်းမှုများ ဆက်လက် ပြုလုပ်နေပြီး မည်သူ့ကိုမျှ ဖမ်းဆီးထားမှု မရှိကြောင်းလည်း ရဲများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က CCTV ဗီဒီယို မှတ်တမ်းများကို လေ့လာကာ သူခိုးများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့နှစ်ဦးသည် နေအိမ်ရှိ ကားဂိုဒေါင်ကို ကျော်တက်ကာ ကားကို ခိုးထုတ်သွားခြင်း ဖြစ်သည်။ ထို့အပြင် မိုင်လီ၏ လက်ဝတ်ရတနာ အချို့လည်း ခိုးယူခံရကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မိုင်လီသည် လတ်တလောတွင် Bangerz ကမ္ဘာလှည့် ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ဥရောပသို့ ရောက်ရှိနေသည်။ သူမသည် ဇူလိုင်လထိ အမေရိကန်သို့ ပြန်လာမည့် အခြေအနေ မရှိသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်လျှင် စားသုံးသူအား အကြိတ် ကင်ဆာ ဖြစ်ပွားနိုင်


သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကို ကြောက်လှော်ပါက အသားတွင် ဓာတုဓာတ် တစ်မျိုး ဖြစ်ပေါ် စေနိုင်ပြီး ယင်းဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက် ပျက်စီး စေနိုင်သည်။

အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် အဆိုပါ တွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည် ။

ကယ်လီ ဖိုနီးယား ပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော် ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွား နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည် ။

မြ၀တီ

သြစတြေးလျရှိ ကလေးသူငယ်များတွင် သေစေနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိ


ဇွန်၊ ၅ ။

သြစတြေးလျ နိုင်ငံ ကလေးသူငယ်များကြားမှာ
သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိနေတယ်လို့
ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
အဲဒီဗိုင်းရပ်စ်ပိုးကို Parechovirus လို့ အမည်ပေးထားပြီး
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကလေးငယ်တွေဟာ အဖျားကြီးခြင်း၊ ခန္ဓာကိုယ်မှာ
အနီစက်များ ထွက်ခြင်းနဲ့ ဝမ်းသွားခြင်းတွေ ဖြစ်ပေါ်တတ်ပြီး အချို့
အသက်အနည်းငယ်ကြီးတဲ့ ကလေးငယ်တွေမှာတော့ အသည်းရောင် အသားဝါရောဂါ ဒါမှမဟုတ်
ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးအာဏာပိုင်များရဲ့
ပြောကြားချက်အရ သိရပါတယ်။ သြစတြေးလျနိုင်ငံမှာ အဲဒီဗိုင်းရပ်စ်ပိုး
ကူးစက်ခံရတဲ့ ကလေးအရေအတွက်ဟာ ၄၆ဦး ထိရှိခဲ့ပြီး အဲဒီ ဗိုင်းရပ်စ်ပိုးဟာ
ကလေးငယ်တွေရဲ့ဦးနှောက်ကို ထိခိုက်နိုင်တယ်လို့ ကွင်းစလန်းပြည်နယ်
ကလေးဆေးရုံ ကူးစက်ရောဂါဌာနက ပါမောက္ခ သီအိုစလုစ်က ပြောပါတယ်။
အခုလက်ရှိအနေနဲ့ အဲဒီဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးနိုင် တဲ့
ကာကွယ်ဆေးမရှိသေးပါဘူး။ ပြီးတော့ အဲဒီရောဂါပိုးဟာ လူတစ်ဦးက တစ်ဦးကို
ကူးစက်ပျံ့နှံ့နိုင်တယ်လို့  Sloots က ပြောပါတယ်။

Source; ABC

ဘာသာပြန် David
The Myanma Age

မြက်ခုတ်ရာမှပြန်လာသော အမျိုးသား(၂)ဦး မိုးကြိုးပစ်ခံရ၍ တစ်ဦးသေဆုံး


ရန်ကုန်၊ ဇွန် ၅

၎.၆.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ကင်းရွာကျေးရွာတွင် မြက်ခုတ်ရာမှပြန်လာသော အမျိုးသား(၂)ဦး မိုးကြိုးပစ်ခံရ၍ တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ်၊ ကင်းရွာကျေးရွာနေသူများဖြစ်သည့် ဦးသောင်းတင်၊ (၆၆)နှစ်နှင့် ဦးနို့ဆီ၊ (၅၀)နှစ် တို့(၂)ဦးသည် လယ်ကွင်းအတွင်းမှ မြက်ခုတ်ပြီးပြန်လာစဉ် မိုးကြိုးပစ်ခဲ့သဖြင့် ဦးသောင်းတင်မှာ ဦးခေါင်းနောက်စေ့ဆံပင်များကျွတ်ပြီး ညိုမဲ
ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း၊ ဦးနို့ဆီမှာ သတိလစ်မေ့မျောသွားရာမှ ပြန်လည်သတိရလာခဲ့ကြောင်း
သိရှိရပါသည်။

ဦးသောင်းတင်သေဆုံးမှုနှင့်ပတ်သက်၍ တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေရဲစခန်းသေမှုသေခင်း အမှတ်စဉ်
(၃/၂၀၁၄) ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နေအိမ်အတွင်းမှ ရွှေထည်လက်ဝတ်ရတနာပစ္စည်းများကို ၀င်ရောက်ခိုးယူမှုအား ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ ဇွန် ၅

၁၁.၅.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ မအိအိခင်သည် နေအိမ်မှ စမ်းချောင်းမြို့နယ်ရှိ သင်တန်းသို့
သွားရောက်တက်နေစဉ် ၁၂၅၀ အချိန်တွင် နေအိမ်နောက်ဖေး
တံခါးပွင့်နေကြောင်း ကြားသိရ၍ ပြန်လာပြီးကြည့်ရှုစစ်ဆေးရာ
နေအိမ်အတွင်းရှိပစ္စည်းများပြန့်ကျဲနေပြီး ဗီရိုအတွင်းမှ ငွေကျပ်
(၁၄)သိန်းနှင့် ရွှေထည်လက်ဝတ်ရတနာပစ္စည်း(၉)မျိုး၊ စုစုပေါင်း
တန်ဖိုးငွေကျပ်သိန်း(၄၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရ
သဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းချက်အရ ကမာရွတ်
မြို့မရဲစခန်း(ပ)၂၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူ
တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပြစ်မှုကျူးလွန်သည်ဟု စုံစမ်းအတည်ပြုရရှိသူ လှိုင်မြို့နယ်နေ အငယ်လေး(ခ) ကျော်ဝင်းခိုင်၊ (၁၈)နှစ်၊ (ဘ)ဦးဝင်းစိုးအား
၃.၆.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်တွင် ၎င်း၏နေအိမ်မှဖမ်းဆီး
ရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ ယင်းနေ့ ၁၂၀၀ အချိန်ခန့်က အခင်းဖြစ်အိမ်ရှေ့
အုတ်တံတိုင်းအားကျော်တက်ကာ နေအိမ်နောက်ဖေးတံခါးမကြီးအား
လေးသံချောင်းဖြင့်ကန့်လန့်ဖွင့်ကာ အတွင်းသို့ဝင်ရောက်ပြီး အမှုမှ
ပျောက်ဆုံးပစ္စည်းများကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်
ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်ချက်အရ အမှုမှပါဆုံးသွားသော ရွှေထည်လက်ဝတ်
ရတနာပစ္စည်းများကို ၎င်းထံမှ ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်
ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်တော့မည် မဟုတ်



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံး အသင်းများ စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

MFF မှ မီဒီယာတာဝန်ခံ ဦးစိုးမိုးက “ကျွန်တော်တို့အနေနဲ့ အစက အာရှအားကစားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်လည်း အစီအစဉ်တွေ လုပ်ပြီးပါပြီ။ ဒါပေမဲ့ အခုနှစ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေက များပြားနေသလို အောင်မြင်မှုရရှိဖို့လည်း အခွင့်အရေးက အရမ်းနည်းတာကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ၀င်မယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့တာပါ” ဟု ပြောကြားသည်။ မြန်မာအမျိုးသား ဘောလုံးအသင်းမှာ အာရှအားကစားပြိုင်ပွဲကို ၁၉၉၄ ခုနှစ်က နောက်ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာမူ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၆ ရက် မှ အောက်တိုဘာ ၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၀ မျိုးဝန်းကျင်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒုဝန်ကြီးဆို´



နေပြည်တော်၊ ဇွန် ၅

ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ် မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။

သို့သော် "ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှာ တာဝန်ထမ်းဆောင် လိုတဲ့ မည်သည့်အရာရှိဝန်ထမ်းမဆို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့် ခေါ်ယူသော ရာထူးနေရာများအတွက်ဖြေဆိုအောင်မြင်သူများကို သာခန့်ထားပါတယ်”ဟု
၎င်းက ဆက်ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမေးမြန်းသော မေးခွန်းကို ၄င်းက
ယင်းသို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခွင့်ပြုဖွဲ့စည်းပုံရှိသည့် အတိုင်းသာ ခန့်အပ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြုန်းတီးအင်အားနှင့် အသစ်တိုးအင်အားကို ချိန်ဆ၍ မွေးထုတ်ပေးလျက်ရှိပါကြောင်းနှင့် အစိုးရဝန်ထမ်း အဖြစ်ဆောင်ရွက် လိုခြင်းမရှိသော်လည်း ပြင်ပတွင်အခြားသောကျန်းမာရေးဝန်ဆောင်မှု
လုပ်ငန်းများကိုသာ လုပ်ဆောင်လိုသော ဆရာဝန်များလည်းရှိနေပါသည်ဟု
ဒုတိယ၀န်ကြီးက ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကအဆိုပါ မေးခွန်းနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို အမြင့်ဆုံးသတ်မှတ်ချက်ဖြင့်ဆေး တက္ကသိုလ်တက်ရောက်ခွင့်ရရှိခဲ့ကြသော ထူးချွန်ထက်မြက်သည့်
အနာဂတ်မျိုးဆက်သစ် လူငယ်များသည် ဆရာဝန်ဘွဲ့ရရှိအောင် ၆/၇ နှစ်ခန့်
စာတွေ့နှင့်လက်တွေ့များကိုပါ သင်ကြားခဲံရကြောင်း၊၎င်းအပြင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ၊ အရည်အချင်းစစ်
စာမေးပွဲများဖြင့် ဦးရေ ကန့်သတ်ခေါ်ယူလျက်ရှိရာနှစ်ကြီးဘွဲ့ရကျောင်း သားများပင် လုပ်ငန်းခွင်မဝင်ရောက်နိုင်ဘဲ ရှိနေကြကြောင်း၊ လုပ်ငန်းခွင်သို့ဝင်ရောက်ခွင့်အတွက် ထပ်မံစစ်ဆေးခြင်းမှာဆရာဝန်ထုတ်လုပ်မှုများပြီး အလုပ်ခန့် အပ်နိုင်မှု နည်းခြင်း ကိုသက်သေပြနေပြီး နိုင်ငံ၏ အထက်မြက်ဆုံး လူငယ်၊ လူရွယ်များအနေဖြင့်
လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မှု ကန့်သတ်တားဆီးခံနေရပြီး အချိန်ဖြုန်းတီး
သကဲ့သို့ ဖြစ်နေရခြင်းမှာ နိုင်ငံတော်အနေဖြင့် လည်းကောင်း၊ဘွဲ့ရလူငယ်
များအနေဖြင့် လည်းကောင်း အလွန်နစ်နာပါကြောင်းတို့ကိုပါ တင်ပြပြော
ဆိုခဲ့သည်။

စိုင်းလမင်း


Popular Myanmar News Journal

ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ ချစ်သူတွေဖြစ်တဲ့အခါ လိုက်နာသင့်တဲ့ အချက်(၆)ချက်




လူတိုင်းကတော့ ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို ဘယ်တော့မှ မချစ်ဘူး၊ မကြိုက်ဘူးလို့ ကြွေးကြော်လေ့ရှိတာပါပဲ။ တကယ်တမ်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ တွဲဖို့ အခြေအနေတွေ ဖြစ်လာတဲ့အခါ ကိုယ့်ဘက်က လိုက်နာရမယ့် အချက်ကလေးတွေရှိလာပါပြီ။ အဲ့ဒါမှ ကိုယ့်ချစ်သူနဲ့လည်း ရေရှည်လက်တွဲသွားနိုင်မှာဖြစ်သလို အချင်းချင်း သံသယတွေရှိနေရင်တောင် အချိန်ကြာလာနဲ့အမျှ ပျောက်ကွယ် သွားနိုင်မှာပါ။

၁။အတင်းအဖျင်းတွေ မပြောပါနဲ့။

သုံးယောက်သား ပတ်သက်ဆက်နွယ်မှုရှိနေတယ် ဆိုပေမယ့် အတိတ်ဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ ခုချိန်မှာ ကိုယ့်သူငယ်ချင်းကလည်း သူ့ရည်းစားဟောင်းနဲ့ကိုယ် ချစ်ကြိုက်သွားတယ်လို့ သိလိုက်ရတဲ့အတွက် စိတ်ထဲ မသက်မသာ ဖြစ်နေမှာအမှန်ပါပဲ။ ကိုယ့်ကိုလည်း စကားပြောချင်မှ ပြောတော့မှာပေါ့။ ဘယ်လိုအကြောင်းတွေနဲ့ပဲ ပြတ်ခဲ့ ပြတ်ခဲ့ ဒါတွေကို အတိတ်မှာ ချန်ထားလိုက်ပြီး ကိုယ့်ချစ်သူနဲ့ ရှေ့ဆက်နိုင်ဖို့သာ စဉ်းစားပါ။ သူငယ်ချင်းက ကိုယ့်ကို စကားမပြောတော့တာကြောင့် သူ့အတင်းတွေ ပြောတာမျိုး၊ သူငယ်ချင်းကို မထိတထိ လိုက်ပြောဆိုနေတာမျိုးတွေ မလုပ်ပါနဲ့။

၂။ကိုယ့်ချစ်သူကို စကားနာထိုးတာမျိုးတွေ မလုပ်ပါနဲ့။

တစ်ခါတစ်လေ ကိုယ့်ချစ်သူနဲ့ ကတောက်ကဆဖြစ်တဲ့အခါ အရင်အကြောင်းတွေ ဆွဲသွင်းပြီး အရင်ရည်းစားနဲ့ဆိုရင်တော့ ဘယ်လိုမဟုတ်လား။ အဲ့ဒါတွေ သိတယ်နော်။ ကိုယ်နဲ့ကျမှ ဒီလိုမဟုတ်တော့တာမလား စတာတွေနဲ့ စကားနာ မထိုးပါနဲ့။ သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို ကြိုက်ထားမှတော့ ကိုယ့်ဘက်က အစစအရာရာ နားလည်မှုရှိမှ ဖြစ်မှာလေ။

၃။တစ်ခုခုဆို အထင်လွဲနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။

ကိုယ့်ချစ်သူက အရင်ရည်းစားဟောင်းရှိတဲ့ ပါတီ၊ ဒင်နာကို ကိုယ်နဲ့မလိုက်ချင်ဘူးဆိုရင် သူ့ကိုဖိအားမပေးပါနဲ့။ ဒါဟာကိုယ့်ကို မချစ်လို့ မလိုက်တာပဲလို့လည်း မထင်ပါနဲ့။ သုံးယောက်စလုံး အနေရခက်မယ့် ကိစ္စတစ်ခုမှာ အဆင်ပြေမယ့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်သွားတာလို့ တွေးပါ။ အချိန်ကာလတစ်ခု ကြာသွားမယ်ဆိုရင်တော့ ဒီလိုအဖြစ်အပျက်တွေက အေးအေးဆေးဆေး ဖြစ်သွားနိုင်ပေမယ့် ခုလောလောဆယ်တော့ လွယ်ကူမယ့်အရာမဟုတ် သေးပါဘူး။

၎။မနှိုင်းယှဉ်ပါနဲ့။

အရင် သူ့ရည်းစားဟောင်းနဲ့ ကိုယ်နဲ့ ဘယ်သူပိုမိုက်လဲ၊ လှသလဲ ဆိုတာမျိုးတွေ မမေးပါနဲ့။ တစ်ခုခုဆို အရင်ရည်းစားမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့။ သူပြောလာမယ်ဆိုရင်တောင် ဒါတွေမကြားချင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပါ။ စိတ်အနှောင့်အယှက်မဖြစ်အောင် နေပါ။

၅။သင်္ကာမကင်းတွေ မဖြစ်ပါနဲ့။

သူနဲ့ အတူ မရှိတဲ့အချိန်တွေဆို အရင်ရည်းစားဟောင်းနဲ့များ တွေ့နေတာလား။ သံယောဇဉ်တွေ ပြန်တွယ်သွားရင် ဒုက္ခပဲဆိုပြီး ပူစရာမရှိတာတွေ ပူမနေပါနဲ့။ ခု သူဟာ ကိုယ့်လူဖြစ်နေပါပြီ။ အဲ့ဒါကို မြဲမြဲမှတ်ထားပါ။ သူကိုယ့်ကို ချစ်လို့ ကိုယ့်ဆီရောက်လာပြီ။ ဒါ့ကြောင့် နှစ်ဦးသားကြားမှာ သံသယတွေရှိနေမယ်ဆိုရင် သာယာတဲ့အချစ်ရေး မဖြစ်နိုင်တော့ပါဘူး။

၆။ကိုယ့်ချစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မေးခွန်းမျိုးတွေ ခဏခဏမမေးပါနဲ့။

အရင်ရည်းစားဟောင်းနဲ့ ဘာလို့ကွဲသွားတာလဲ။ နှစ်ယောက်သားအဓိက ပြ ဿနာက ဘာလဲ။ ဘာကြောင့်များ အဲ့ဒီတုန်းက အဲ့ဒီလိုဖြစ်တာလဲ စတဲ့ ကိုယ့်ချစ်သူ အနေခက်မယ့် မေးခွန်းမျိုးတွေ နေ့စဉ်မေးနေမယ်ဆိုရင် သူလည်း စိတ်အနှောင့်အယှက်ဖြစ်မှာပဲ။ နှစ်ဦးသားဆက်ဆံရေး ချို့ယွင်းသွားစေမယ့် မေးခွန်းမျိုးတွေ မမေးမိအောင် ထိန်းပါ။

Ref:.cosmopolitan.com
Trend Myanmar

အမေ့ထူသူများအတွက် နည်း ၅ နည်း


လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)

ကိုရီးယားမှ ပြန်ရောက်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားအချို့ မထုတ်ယူရသေးသည့် အာမခံကြေးများ ပြန်လည်ဆက်သွယ် ပေးအပ်သွားမည်



ရန်‌ကုန်‌၊ဇွန်‌၊၅

ကိုရီးယားသို့သွား‌ရောက်‌အလုပ်‌လုပ်‌ကိုင်‌ပြီးပြန်‌လည်‌‌ရောက်‌ရှိလာ‌သောမြန်‌မာလုပ်‌သားများထဲမှအာမခံ‌ကြေးထုတ်မ‌လာ‌သောသူများကို၎င်းတို့ အား ဆက်‌သွယ်‌၍ပြန်‌လည်‌‌ပေးအပ်‌သွားရန်‌ရှိ‌ကြောင်းလူ့စွမ်းအားအရင်း
အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုပြုလုပ်ပေးနေသော
ကိုရီးယား အဖွဲ့အစည်းထံမှသိရသည်။

‌အဆိုပါအဖွဲ့အစည်းသည် အစိုးရချင်းသဘောတူညီမှုဖြင့် လုပ်သားပို့ဆောင်ပေးနေသောHRD KOREA (EPS Center In Myanmar) ဖြစ်ပြီးDirector General of the Center Cho Yong-ilက‌ အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်‌မာမှကိုရီးယားသို့သွား‌ရောက်‌အလုပ်‌လုပ်‌ကိုင်‌ရာတွင်‌ အာမခံအမျိုးအစား၎မျိုးကို‌ပေးသွင်းရပြီး အဆိုပါအာမခံ၎မျိုးမှာ
အသက်‌အာမခံ၊လစာ‌ငွေအာမခံ၊အလုပ်‌ပြီးဆုံးချိန်‌အကျိုးခံစားခွင့်‌အာ
မခံနှင့်‌ပြည်‌‌တော်‌ပြန်‌စရိတ်‌အာမခံတို့ဖြစ်‌သည်‌။အဆိုပါ၎မျိုးမှမြန်‌မာ
လုပ်‌သားများ၃နှစ်‌သက်‌တမ်းပြည့်‌၍ပြည်‌တွင်းသို့ပြန်‌လာပါကအ
လုပ်‌ပြီးဆုံးချိန်‌အကျိုးခံစားခွင့်‌အာမခံနှင့်‌ပြည်‌‌တော်‌ပြန်‌စရိတ်‌အာမခံ၂
မျိုးကိုထုတ်‌ယူရမည်‌ဖြစ်‌‌ကြောင်း၎င်းကဆက်‌‌ပြောသည်‌။

`အခုအလုပ်‌သမား‌တွေကပြန်‌ဖို့အတွက်‌အာရုံ‌ရောက်‌‌နေကျ‌တော့ဒါ‌တွေ
ထုတ်‌ဖို့ကို‌မေ့သွားကြတာရှိတယ်‌။သူတို့‌တွေကိုအစိုးရက‌နေပြန်‌‌ပေးရမယ်‌ဆိုတဲ့
အတွက်‌ပြန်‌ဆက်‌သွယ်‌‌ပေးမှာ´ ဟုCho Yong-ilကရှင်းပြသည်‌။

အဆိုပါအာမခံ‌ကြေး‌ငွေမှာအလုပ်‌သမားများလုပ်‌ခမှ‌ပေးသွင်းခဲ့သည့်‌‌ငွေ‌ကြေးဖြစ်‌သည့်‌အတွက်‌အာမခံ‌ကြေးထုတ်‌ယူရန်‌ကျန်‌ရှိ‌သောလုပ်‌သား၈၇‌ယောက်‌ကိုပြန်‌လည်‌‌ပေးရန်‌စီစဉ်‌ခြင်းဖြစ်‌ပြီး အဆိုပါလူဦး‌ရေအတွက်‌ပြန်‌‌ပေးမည့်‌အာမခံ‌ကြေးမှာ ကန်‌‌ဒေါ်လာ၄၆၀၀၀ခန့်‌ရှိ‌ကြောင်းသိရသည်‌။

လူစာရင်း‌တွေကို‌တော့‌ကြေညာဖို့ကျ‌တော့လူအစားထိုးလာတာ‌တွေဖြစ်‌လာနိုင်‌လို့မထုတ်‌ပြန်‌ပါဘူး ဟုCho Yong-ilက‌ပြောသည်‌။လက်‌ရှိကိုရီးယားသို့ သွား‌ရောက်‌အလုပ်‌လုပ်‌ကိုင်‌‌သောမြန်‌မာလုပ်‌သား၁၂၀၀၀‌ကျော်‌
ရှိပြီဖြစ်‌‌ကြောင်းသိရသည်‌။

ခိုင်‌နွယ်‌ဦး
Popular Myanmar News Journal

ဇနီးမယား(၇)မျိုး...


မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ ယောက္ခမနဲ့ လင်သားကို ရိုသေရကောင်းမှန်းမသိဘူး။ ဇနီးမယားဆိုး တစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယား ဖြစ်တယ်ဆိုတာ သိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာသင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက

(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊ လင်ယောက်ျားသိက္ခာအားချခြင်း၊လင်ယောက်ျားမကောင်းကြောင်အား ပြောဆိုတတ်ခြင်း၊ အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ ဆဲဆိုခြင်း၊ ဆောင့်အောင့်ခြင်း၊ အရွဲ့တိုက်ခြင်း၊ မိမိရဲ့လင်သားမှ တစ်ပါးသောယောင်္ကျားတို့ကို ချစ်ခင်နှစ်သက်ဖောက်ပြန်ခြင်း၊ မိမိလင်သားအပေါ် မချစ်ခင်မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကိုနှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သောမယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးက မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုဖြင့် ရှာဖွေ၍သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊ စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင် ခိုးယူသုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃) အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ် ပြုသင့်ပြုထိုက်သည့်အမှုတို့ကို မပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကို ကျွန်လိုသဘောထားပြီး ကြမ်းတမ်းရုန့်ရင်းစွာ မကောင်းသောစကားတို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း
မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့် စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့် ကျွေးမွေးစောင့်ရှောက်သော၊ လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ ကြောက်ခြင်း၊ ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက် မလုပ်တဲ့မယားမျိုးကို ခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊ သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါး မည်သူနှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊ အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီ လုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက် ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇) ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သားက မိမိကိုဒေါသတရားနှင့် ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊ မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲ သည်းခံတတ်ခြင်း၊ လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကို လိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ထင်သလိုပြုမူတတ်ပြီး၊ ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာ သိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊ နှမနှင့်တူသော ဇနီး၊ အဆွေခင်ပွန်းနှင့်တူသောဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊

သခင်နှင့်တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့တူသော ဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ ဖောက်ပြန်ခြင်း၊ မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့် သီလမရှိတဲ့ဇနီးများ ဖြစ်ကြတယ်လို့ဆိုရမှာ။ ထိုထိုသောဇနီးမယားသေလျှင် ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကို မြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။

ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့် တူသောဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟု လျှောက်ထားပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့်တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်း မိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊ လူသတ်ကောင်နှင့်တူသော၊ သခင်နှင့်တူသောဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော၊ နှမနှင့်တူသော၊ အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကို ရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
.
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

မန္တလေးတွင် အပူဒဏ်ကြောင့် သုံးရက်အတွင်း လူ ၇ ဦး ဆေးရုံရောက်


မန္တလေး၊ ဇွန်

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အပူချိန် မြင့်တက်နေချိန်တွင် အရက်သောက်သုံးသူများ၊ အခြေအနေမဲ့ သွားလာနေထိုင်သူများ၊ နယ်မှ လာရောက်၍ ဈေးလာဝယ်သူများ ရုတ်တရက် အဖျားများ တက်လာခြင်း၊ ချွေးထွက်များ၍ မူးဝေလာခြင်းများကြောင့် ယင်းသို့ ဆေးရုံကြီးကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းလွင်က The Voice သို့ ထပ်မံ ရှင်းပြသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အပူကြောင့် လူနာ ၅၇ ဦး ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရက်ကြောင့် တစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့တော်တွင် မေလ ၂၃ ရက်နေ့က အပူချိန် ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဆီးရီးယားသမ္မတ ကြေညာ

ဆီးရီးယားပြည်တွင်းစစ်မြင်ကွင်းတစ်ခု

ပြည်တွင်းစစ်မီး တောက်လောင်နေပြီး သူပုန်များနှင့် အကြိတ်အနယ် တိုက်ခိုက်ခံနေရသည့်တိုင် မဲရလဒ် အပြတ်အသတ်ဖြင့် ရွေးကောက်ပွဲတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်က ကြေညာခဲ့သည်။ အင်္ဂါနေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ မဲပေးမှု ရလဒ်များကို ကြေညာရာ အာဆက်ဒ်သည် မဲအရေအတွက် (၈၈.၇)ရာခိုင်နှုန်းထိ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း မဲကောက်ခံမှုများကို အစိုးရက ထိန်းချုပ်ထားသည့် ဒေသများတွင်သာ ပြုလုပ်ခဲ့ပြီး သူပုန်တပ်များ သိမ်းပိုက်ထားသည့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများမှ ပြည်သူများကမူ မဲပေးခွင့် မရခဲ့ချေ။

အာဆက်ဒ်အား ထောက်ခံသူများက ၎င်း၏ပိုစတာများကို ပြင်ဆင်နေစဉ်

ဆီးရီးယား ပြည်တွင်းစစ်သည် (၃)နှစ်မျှ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး လူပေါင်း ထောင်နှင့်သောင်းနှင့်ချီ သေဆုံးခဲ့သလို သန်းပေါင်း အတော်များများ နေရပ်မှ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ယခုရွေးကောက်ပွဲတွင် အာဆက်ဒ်ကို အဓိက စိန်ခေါ်သည့် ဟာဆန်အယ်လ်နူရီနှင့် မဟာဟာဂျားတို့ နှစ်ဦးသည် မဲအရေအတွက် (၄.၃)နှင့် (၃.၂)ရာခိုင်နှုန်းစီသာ ရရှိခဲ့ကြောင်း သိရှိရသည်။ အာဆက် မိသားစု ပြင်ပမှ သမ္မတလောင်းများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုမှာ ဆယ်စုနှစ်များအတွင်း ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်သည်။

အတိုက်အခံများက ယခုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရိုးသားမှု မရှိကြောင်း စွပ်စွဲနေသလို အနောက်အုပ်စု မဟာမိတ်များကလည်း ပြည်တွင်းစစ်တွင် အစိုးရ ထိန်းချုပ်ထားသည့် ဒေသများ၌ ကန့်သတ်ပြုလုပ်သော မဲကောက်ခံမှုများမှာ အဓိပ္ပါယ် မရှိကြောင်း ဝေဖန်ခဲ့သည်။ ဆီးရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကမူ မဲပေးခွင့်ရှိသူ (၁၅.၈၅)သန်းအနက် စုစုပေါင်း (၁၁.၆၃)သန်းက မဲပေးခဲ့ကြောင်း ကြေညာသည်။ ဆီးရီးယား အစိုးရသည် ပြီးခဲ့သည့် လပိုင်းများအတွင်း သူပုန်တို့အပေါ် စစ်ရေးအရ သိသိသာသာ အသာစီး ရရှိလာပြီး ယခုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်မျိုး ထွက်ပေါ်လာခြင်းကြောင့် နိုင်ငံရေးအင်အား ပိုမိုတွင်ကျယ်တောင့်တင်းလာဖွယ် ရှိနေကြောင်းလည်း သိရသည်။

Planet Myanmar Network

အသက် ၁၆နှစ်အရွယ် ကျောင်းသားကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျွမ်းဘားဆရာမ တရားစွဲခံရ


ကျောင်းသားတဦးကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျောင်းတကျောင်းမှ ကျွမ်းဘား ဆရာမတဦး တရားစွဲခံရပြီး ယင်းတို့ ၂ ဦးပတ်သက်မှုအချိန် ၁ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း CBS New York က ဖော်ပြသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ဂျိုင်းမော်စီသည် အသက် ၁၆နှစ်အရွယ်ကျောင်းသား၂ဦးနှင့် မဖွယ်မရာပြုမှုများအတွက် ကလေးတယောက်၏ လူမှုဘ၀ကို အန္တရာယ်ပြုမှု၊ အဓမ္မပြုကျင့်မှု၊ ပြစ်မှုဆိုင်ရာလိင်ကိစ္စအနေအထိုင်တို့ဖြင့် တရားစွဲချက်တင်ခံရသည်။

အစိုးရရှေ့နေများက ဆရာမနှင့်ကျောင်းသားဇာတ်လမ်းသည် လွန်ခဲ့သောနှစ်ဇွန်လက စတင်ခဲ့သည်ဟု ပြောသည်။ နယူးယောက်တွင် အမျိုးသားနှင့် အမျိုးသမီး သဘောတူလိင်ဆက်ဆံမှုကို အသက် ၁၇ နှစ်ဟု ပြဌာန်းထားသည်။

“ဒီအမှုဟာ အရမ်းစိတ်အနှေက်အယှက်ဖြစ်စရာကောင်းတယ်၊ အကြောင်းကတော့ တရားပြိုင်ဟာ ဆရာမတဦးဖြစ်လို့ပဲ၊ စာသင်ကျောင်းတွေဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့နေရာဖြစ်သင့်တယ်၊ အဲဒီလို ဖြစ်ရမယ့်အစား တရားပြိုင်ဟာ သူမရဲ့ ကျောင်းသားတဦးနဲ့ လိင်ကိစ္စ မဖွယ်မရာပြုလုပ်ကျောင်း စွပ်စွဲခံရတယ်”ဟု ကွင်းခရိုင်အစိုးရရှေ့နေ ရစ်ချက်ဘရောင်းက ပြောသည်။

မော်စီသည် ကျုးလွန်ခံကျောင်းသားထံသို့ အီးမေးလ်ပို့ပြီး “လူပျိုစစ်သလား”ဟု မေးမြန်းခဲ့ကြောင်း၊ တဏာရာဂနိုးဆွသော ဓါတ်ပုံများ ပေးပို့ခဲ့ကြောင်း CBS New York ရုပ်သံက ဖော်ပြသည်။

Watch News

The Hunger Games ရုပ်ရှင်ထဲမှပုံစံဖြင့် ဆန္ဒမပြရ


ဇွန်လ ၁ ရက်က ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခု ဆန္ဒပြပွဲအတွင်း လက်သုံးချောင်းထောင်၍ စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်နေသူများကို တွေ့ရစဉ် (Erik De Castro/REUTERS)

ထိုင်းနိုင်ငံတွင် စစ်တပ်ကို "The Hunger Games" ရုပ်ရှင်ဇာတ်ကားထဲမှပုံစံမျိုး အတုခိုးပြီး စစ်အာဏာသိမ်းမှုကို အမူအရာဖြင့် အသံတိတ်အလေး ပြု ဆန္ဒပြခြင်းများအား စောင့် ကြည့်စစ်ဆေးသွားမည်ဟု စစ် အာဏာသိမ်းသူများက ပြောကြား သည်။ စစ်တပ်ကို အလေးပြုရာ ၌ လက်အောက်ချရန် သတိပေး ချက်ကို လျစ်လျူရှုသည့်အုပ်စု များကို ဖမ်းဆီးသွားမည်ဟု ဆိုသည်။ဆန္ဒပြသူများကို သတိပေး ထားသော်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း အချက်အချာ ကျသောဖူးခက်၊ ပတ္တရားနှင့် ကော့စမြွေဒေသများတွင် ည မထွက်ရအမိန့် ထုတ်ပြန်ထား သည်ကို ထိုင်းစစ်တပ်က ပြန် လည်ရုပ်သိမ်းပေးခဲ့သည်။

သို့ရာတွင် ညဥ့်သန်းခေါင်မှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို မြို့တော်ဘန်ကောက် အပါအဝင် တစ်တိုင်းပြည်လုံး တွင် ထုတ်ပြန်ထားဆဲဖြစ်သည်။ ဘန်ကောက်မြို့တွင် လူအများစု သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် "The Hunger Games"ရုပ်ရှင်ထဲက အတိုင်း လက်သုံးချောင်းကိုလေ ထဲမြှောက်ကာ အလေးပြုကြခြင်း ဖြစ်သည်။

‘‘အဲဒါကြောင့် ဒီလိုလုပ်တာ တွေကို ကျွန်တော်တို့စောင့်ကြည့် မယ်။ ဒါဟာ ဆန့်ကျင်လှုံ့ဆော် တဲ့ပုံစံဆိုတာ သိပ်သိသာနေတယ်။ ဒါကြောင့် တိုင်းပြည်ကို ရုတ်ရုတ် သဲသဲမဖြစ်ရအောင် ကျွန်တော်တို့ ထိန်းရမယ်’’ဟု စစ်တပ်ပြော ခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီး ဝီရာချွန် ဆုခွန်ဒါပတီပတ်က ပြောကြား သည်။

သွေးထွက်သံယိုမှုမရှိသည့် စစ်အာဏာသိမ်းမှုဟု ပြောကြား ထားသည့် ယင်းစစ်အာဏာသိမ်း မှုတွင် ထိုင်းစစ်တပ်က လူငါးဦး ထက်ပိုပြီး စုဝေးခြင်းကို တားမြစ် ထားပြီး နိုင်ငံရေးပါတီများနှင့် ပတ်သက်နေသော ရုပ်သံများကို ပိတ်ထားသည်။ ထို့အပြင် အင် တာနက်စာမျက်နှာများကိုလည်း ပိတ်ပင်ထားသည်။

ဆန္ဒပြမှုများကိုကာကွယ်ရန် ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် စစ် တပ်က စစ်သားနှင့် ရဲတပ်သား ၆,၀၀၀ ကို ဘန်ကောက်မြို့တွင်း ၌ ထပ်မံတိုးချထားသည်။ လုံခြုံ ရေးထူထပ်သည့်ကြားထဲမှာပင် တီထွင်ဆန်းသစ်သည့် ဆန္ဒပြမှု ပုံစံများ ပေါ်ပေါက်လာသည်။ အချို့က မြို့လယ်ကောင်လူစည် ကားရာဘက်သို့ မျက်နှာဖုံးစွပ် ကာ လမ်းလျှောက်ကြသည်။ အချို့က အုပ်စုလိုက်။ အချို့က လည်း သီးသန့်တစ်ကိုယ်တော် လက်သုံးချောင်းကို လေထဲဝှေ့ ယမ်းပြကြသည်။

ထိုသင်္ကေတများကို ဘာ အဓိပ္ပာယ်လဲဟု ဆန္ဒပြသူများကို မေးကြည့်ပါက အမျိုးမျိုးရှင်းပြ ကြသည်။ အချို့က ပြင်သစ်တော် လှန်ရေး၏ သင်္ကေတဟုပြော သည်။ အချို့ကလည်း လွတ်လပ် မှု၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ ဟု ဆိုကြသည်။ အချို့က "The Hunger Games"ရုပ်ရှင်ထဲက သင်္ကေတကိုပြောသည်ဟု ဆို သည်။ အဓိပ္ပာယ်မှာ စစ်အာဏာ သိမ်းမှုမရှိစေရေး။ လွတ်လပ်မှု နှင့် ဒီမိုကရေစီဟူ၍ဖြစ်သည်ဟု ပြောကြသည်။

ဝတ္ထုကိုအခြေခံကာ ရိုက် ကူးထားသော "The Hunger Games"ရုပ်ရှင်ထဲတွင် ထိုကဲ့သို့ လက်သုံးချောင်းဖြင့် အလေးပြု သည့် သင်္ကေတမှာ အုပ်ချုပ်သူ အစိုးရအား ဆန့်ကျင်သည့် သဘောဖြစ်သည်။ ကျေးဇူးတင် ခြင်း၊ လေးစားခြင်းနှင့် ချစ်ခင်သူ ကို နှုတ်ဆက်စကားပြောခြင်းဆို သည့် သင်္ကေတအဓိပ္ပာယ်ဖြစ်၏။

‘‘ဒါရုပ်ရှင်ထဲကလာတယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒါက အာဏာပိုင်တွေကို ဆန့် ကျင်မှုကိုဖော်ပြတာ။ တကယ်လို့ တစ်ယောက်ချင်းက လေထဲကို လက်မြှောက်ရင်တော့ ကျွန်တော် တို့ မဖမ်းပါဘူး။ ဒါပေမဲ့ လူငါး ယောက်ထက်ပိုစုဝေးပြီး အဲဒီလို လုပ်တယ်ဆိုရင်တော့ ရပ်ဖို့ပြော ရလိမ့်မယ်။ မရပ်ဘဲဆက်လုပ်နေ ရင်တော့ ဖမ်းရလိမ့်မယ်’’ဟု ဝီရာ ချွန်က ပြောကြားသည်။

လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့က ထိုင်းအစိုးရ၏ အဆို ပါအပြုအမူသည် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ဝေဖန်ပြစ် တင်လိုက်သည်။

ထိုင်းနိုင်ငံ၌ စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေးကို စီစဉ်လှုပ် ရှားနေသူ ဆွန်ဘက်ဘိုနာဂမ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာတွင် အလေးပြုသည့် အမှတ်အသားတင်ထားပြီး တိတ် ဆိတ်စွာ ဆန့်ကျင်မှုကိုပြသရန် လှုံ့ဆော်ထားသည်ဟု ဆိုသည်။

‘‘လက်သုံးချောင်းထောင် တာက အခြေခံနိုင်ငံရေးအခွင့် အရေးကိုတောင်းဆိုတဲ့ သင်္ကေတ ပါ’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်ပေါ် တွင် ရေးသားထားသည်။ ထို့ အပြင် ဆွန်ဘက်ဘိုနာဂမ်ရဲများ၊ စစ်သားများမရှိသည့်နေရာတွင် တစ်နေ့သုံးကြိမ် လက်သုံးချောင်း ကို ဝှေ့ယမ်းပါဟု လူအများကို ဆော်ဩထားသည်။ ထိုအချိန်မှာ နံနက် ၉ နာရီ၊ နေ့လယ် ၁ နာရီ နှင့် ညနေ ၅ နာရီတို့ဖြစ်သည်။ စစ်အာဏာသိမ်းမှုအား ဆန့် ကျင်သည့် လှုပ်ရှားမှုကို တစ်နေ့ လျှင်သုံးကြိမ် အတူတကွလုပ် ခြင်းဖြင့် အရှိန်မြှင့်တင်ပါဟု ၎င်း က ဆိုသည်။ တစ်ခါလက်မြှောက် လျှင် စက္ကန့်သုံးဆယ်ပဲကြာရန်လို သည်ဟုလည်း ပြောကြားသည်။

ခုနစ်လကြာအောင် ရွေး ကောက်ပွဲနိုင်အစိုးရကို ဆန္ဒပြမှု များ မငြိမ်သက်မှုဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်က စစ်တပ်ကအာဏာသိမ်းခဲ့သည်။ ယခုအချိန်ထိ အခြေအနေ တည်ငြိမ်လျက်ရှိပြီး ထိုကဲ့သို့ အာဏာသိမ်းခဲ့သည်မှာ တိုင်း ပြည်ငြိမ်ဝပ်ပိပြားလာစေရန် အတွက်ဟု ထိုင်းစစ်တပ်က ပြော ကြားခဲ့သည်။

(အေပီသတင်းကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
7Day Daily


မေးသည့် မေးခွန်းကို တည့်တည့်ဖြေရန် သမဝါယမ ဒုတိယဝန်ကြီးကို သူရဦးရွှေမန်း အသိပေး




နေပြည်တော်၊ ဇွန် ၎

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို တည့်တည့် ဖြေဆိုပေးရန် သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၄ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

“လွှတ်တော် ကိုယ်စားလှယ်များက တည့်တည့်မေးတာ တည့်တည့်ဖြေပါ” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်သော ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သမဝါယမ ဝန်ကြီးဌာန အနေနှင့် အများပြည်သူ စီးပွားမြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် နိုင်ငံပိုင် ထုတ်ချေးငွေများကို မည်သည့် ပါတီနှင့် မည်သည့် အဖွဲ့အစည်းမဆို ထုတ်ချေးပါသလား ဟူသော မေးခွန်းကို ဒုတိယဝန်ကြီးက သွယ်ဝိုက် ဖြေကြားနေသဖြင့် ၎င်းက ယင်းသို့ ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနက သမဝါယမ အသင်းသား ဖွဲ့စည်းခြင်းနှင့် ချေးငွေ ထုတ်ပေးသည့် လုပ်ငန်းများတွင် ပါတီစွဲ ဂိုဏ်းကဏ္ဍ စွဲများဖြင့် ငွေထုတ်ချေးနေခြင်း ပပျောက်ရန် ယင်းသို့ မေးမြန်းရခြင်း ဖြစ်ကြောင်း မေးခွန်းမေးသူ ဦးဝင်းမြင့်က ရှင်းပြသည်။

သမဝါယမ ဝန်ကြီးဌာန အနေနှင့် အသင်းသား ဖွဲ့စည်းခြင်းတွင် ဝိုင်းကြီးချုပ် စနစ်ဖြင့် ကျေးရွာဒေသအလိုက် ငါးဦးစီ ခေါင်းဆောင် ဖွဲ့စည်းပေးပြီး ချမှတ်ထားသော မူဝါဒများအလိုက် မည်သည့် ပါတီဝင်ကိုမဆို ချေးငွေ ထုတ်ယူလိုပါက အသင်းသားအဖြစ် လက်ခံဆောင်ရွက်ကြောင်း သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းက ဆိုသည်။

သူရဦးရွှေမန်းသည် ဇွန် ၃ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ယေဘုယျဆန်သော စကားလုံးများဖြင့် လွှတ်တော်အတွင်း မေးမြန်းပြောဆိုခြင်း မလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို သတိပေးခဲ့သည်။

The Voice Weekly

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ကွန်ပျူတာ သုံးစွဲသူထက် တက်ဘလက် သုံးစွဲသူ များပြားမည်ဟု Microsoft ခန့်မှန်း



ရန်ကုန်၊ ဇွန် ၎

ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးလာသောကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကွန်ပျူတာ သုံးစွဲသူထက် တက်ဘလက် (Tablet) သုံးစွဲသူ ပိုများလာမည် ဖြစ်ကြောင်း Microsoft မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mr. Alvin Chua က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကွန်ပျူတာသုံးစွဲသူ အရေအတွက်မှာ တစ်သန်းအောက်သာ ရှိနေသော်လည်း လာမည့် နှစ်များတွင် မိုဘိုင်းလ် ဆင်းမ်ကတ်များ လွယ်ကူစွာ သုံးစွဲလာနိုင်ခြင်း၊ ကွန်ပျူတာထက် ဈေးနှုန်းသက်သာခြင်းတို့ကြောင့် ဘက်စုံ အသုံးပြုနိုင်သည့် တက်ဘလက်များ ဈေးကွက်အတွင်း ပိုမိုနေရာရလာမည် ဖြစ်ကြောင်း Microsoft ကုမ္ပဏီက ခန့်မှန်းထားသည်။

“နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဒီမှာက အင်တာနက်ကို Facebook လောက် သုံးကြတာ များတော့ ကွန်ပျူတာထက် ဖုန်းတွေ တက်ဘလက်တွေနဲ့ ပိုအဆင်ပြေတယ်။ လုပ်ငန်းအတွက် လိုအပ်လို့ ဝယ်တာမျိုးက လွဲလို့ လူအများစုက ဈေးနှုန်းပိုကြီးတဲ့ ကွန်ပျူတာထက် တက်ဘလက်တို့ မိုဘိုင်းလ်ဖုန်း ကောင်းကောင်းတို့ကို ပိုဝယ်လာကြတယ်။ Desktop ကွန်ပျူတာတွေဆို တော်တော် အရောင်းကျသွားတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးရှိ အင်တာနက် အသုံးပြုသူ အရေအတွက်၏ ၂၅ ရာခိုင်နှုန်းသည် တက်ဘလက်၊ စမတ်ဖုန်း စသည့် မိုဘိုင်းလ် ပစ္စည်းများဖြင့် အသုံးပြုနေကြခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ မိုဘိုင်းလ် ထုတ်ကုန်များ ထုတ်လုပ်မှုနှင့် တင်ပို့မှုလည်း နှစ်ဆခန့် တိုးတက်လာမည် ဖြစ်ကြောင်း Microsoft က ခန့်မှန်းထားသည်။

The Voice Weekly

မောင်းနှင်လာသည့်ယာဉ်ပေါ်သို့ သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းသူသေဆုံး


ရန်ကုန်၊ ဇွန် ၅

၎.၅.၂၀၁၄ရက်နေ့၁၆၀၀အချိန်တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၌
မော်တော်ယာဉ်တစ်စီးမောင်းနှင်လာစဉ် သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းအမျိုးသား ဒဏ်ရာရသေဆုံးသွားကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုသိန်းဇော်ဦး၊ (၁၉)နှစ်
သည် 9F---- Probox အငှားယာဉ်အား မြို့မကျောင်းလမ်းအတိုင်း
မောင်းနှင်လာစဉ် အမှတ်(၁၄၀)ခြံဝင်းအတွင်းရှိ စိန်ပန်းပင်မှာ မိုးရွာသွန်းမှုကြောင့် အမြစ်မှကျွတ်ထွက်ပြီး လမ်းပေါ်သို့လဲကျခဲ့ရာ ယာဉ်ပေါ်သို့ပိမိခဲ့သဖြင့် ယာဉ်ပျက်စီးပြီး ၎င်းတွင်ယာပေါင်နှင့် ၀မ်းဗိုက်ဝဲဘက်တို့၌ ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး
သို့ပို့အပ်ကုသနေစဉ် ၁၈၃၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်
ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကိုရဲထွဋ်ခေါင်နှင့်ကိုသီဟတို့နှစ်ဦးအား လူလိမ်များဖြစ်သည်ဟု မြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်သူများမှပြော


ရန်ကုန်၊မေ ၃၀။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးရန်အတွက် မြစ်ကြီးနားမြို့ရှိ မေခ မလီခမြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒပြခဲ့သူ များအား ကျန်းမားရေး
အထောက်အကူပြုဆေးဝါးများ၊စားရေး သောက်ရေး၊အားလုံးတာဝန်ယူမည်ဟု ပြောကြားခဲ့သော ကိုရဲထွဋ်ခေါင်နှင့်ကိုသီဟတို့
့နှစ်ဦးအား လူလိမ်များဖြစ်သည်ဟု မြစ်ဆုံသို့လမ်းလျှောက် ဆန္ဒပြခဲ့ရာတွင် ပါဝင်သော ပြည်သူများမှ ပြောကြားခဲ့သည်။

“ရန်ကုန်ကနေ မြစ်ဆုံဖြစ်တဲ့ မေခ မလီခအထိ ကျွန်မတို့စပြီးလမ်းလျှောက်လာကတည်းက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောက်ပံ့
ကူညီမှုဟာ မရှိသလောက်ကိုရှားတယ်။ ဒီမှာတို့ သူတို့က ငွေသိန်း ဘယ်လောက် ထောက်ပံ့တယ် ဆိုတဲ့စကားကို လူတွေရှေ့မှာပြောနေတယ်။
လမ်းတလျှောက်လုံး ပြည်သူကျွေးတဲ့ထမင်းကိုစားတယ်၊ပြည်သူ တိုက်တဲ့ရေကိုသောက်တယ်။ကိုညိုဝင်းမောင် ရှင်းထားတဲ့ စာရင်း
ထဲမှာတော့ ကျွန်မတို့ပြည်သူတွေ လာလှူထားတဲ့ စာရင်းကိုရှင်းထားတယ်။ပြည်သူတွေလှူတဲ့ ငွေထဲကနေ ကိုရဲထွဋ်ခေါင်၊ ကိုသီဟနဲ့
ကိုညိုဝင်းမောင်တို့ သုံးထားတဲ့ အသေးစားသုံးငွေ တစ်သိန်း၊ နှစ်သိန်း၊သုံးသိန်း၊ပြည်သူတွေက သနားလို့ လှူထားတဲ့ငွေတွေကို သူတို့က
သုံးပစ်တယ်။ ကျွန်မတို့ ကျတော့ ရန်ကုန်ကိုပြန်ရောက်အောင်တောင် ပြန်မခေါ်ဘူး။ကိုသီဟဆိုတဲ့လူက ကျွန်မတို့ကို မြစ်ကြီးနားမှာ
ထားတယ်။ ရန်ကုန်ပြန်ဖို့အိမ်ကနေ ငွေလွဲခိုင်းရတယ်။ နေမကောင်းတဲ့အခါ ဆေးလည်းကုမပေးဘူး ထမင်းမစားရတာဆိုရင် သုံးရက်
လောက်ရှိတယ်။ သူတို့ပြောနေတဲ့ ကျန်းမာရေး ဆေးဝါး အထောက်အပံ့ တွေ၊ စားရေး သောက်ရေး၊အထောက် အပံ့ တွေ
ပေးခဲ့တယ်ဆိုတာမဟုတ်ပါဘူး လိမ်နေတာပါ ”ဟု မြစ်ဆုံသို့ လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မသက်သက်မာ မှ ပြောကြားခဲ့သည်။

“ပြောင်ပဲပြောမယ်ဗျ။ ဆေးဝါးပစ္စည်းတွေစားစရာ သောက်စရာတွေကို ကားပေါ်တင်ပြီးတော့ ရဲထွဋ်ခေါင်ဆိုတဲ့လူ ထွက်ပြေးသွားတယ်။
မပြေးခင်မှာ ကျွန်တော်ပြောတယ် အားလုံးတိုင်ပင်ပြီးတော့ မဲခွဲဆုံးဖြတ်မယ်။ ဦးဆောင်သူရွေးမယ် ဦးဆောင်သူ သီဟလို့ပြောတယ်။သီဟက
ဦးဆောင်သူမဟုတ်ဘူး လမ်းကြောင်းရှင်းရတဲ့သူပါ။ စကားတွေပဲ များကြတယ်၊ စကားများတော့ အဖွဲ့တွေခွဲသွားတဲ့ အဲ့ဒီကားပေါ်မှာ
ငွေသိန်း(၂၀)လောက်ပါတယ်၊ ပြည်သူတွေလှူထားတဲ့ဆေးပစ္စည်းတွေ၊ စားစရာတွေပါသွားတယ်။ ရဲထွဋ်ခေါင် ယူသွားတာပေါ့၊
ကျွန်တော်တို့ကို သူတို့ပြောခဲ့တယ် မြစ်ဆုံကိုလမ်းလျှောက်ဆန္ဒပြတဲ့အခါမှာ ကျန်းမာရေးအတွက်ကော၊စားရေး သောက်ရေးအတွက်ကော ၊
အားလုံးအပြည့်အဝ ထောက်ပံ့ပေး မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ တကယ်တမ်းကျတော့ တခြားစီ ဖြစ်နေတယ်။ ငွေသားကော၊ ဆေးပစ္စည်းနဲ့
စားစရာတွေကော ရဲထွဋ်ခေါင်ယူပြီးတော့ ထွက်ပြေးသွားတယ်။ ဒါကြောင့် ဒီလူတွေဟာ လူလိမ်တွေ ဖြစ်တယ်လို့ ကျွန်တော်တို့ပြောရခြင်း
ဖြစ်ပါတယ်”ဟု မြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြခဲ့ရာတွင် အုပ်ချုပ်ရေး တာဝန်ယူခဲ့သူ ကိုမိုးသူ၏ ပြောပြချက်အရသိရှိရသည်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးအတွက် ရန်ကုန်မှမြစ်ကြီးနားသို့ မေလတွင် စတင်လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ပုဂံသို့ရောက်ရှိချိန်တွင် အဖွဲ့များ
စိတ်ဝမ်းကွဲကာ ကိုရဲထွဋ်ခေါင်နှင့် ကိုသီဟတို့ တစ်ဖွဲ့စီခွဲခြား လမ်းလျှောက်ခဲ့သည်။ ကိုသီဟဦးဆောင်သော အဖွဲ့တွင် လူဦးရေ(၄၂)ယောက်
ပါဝင်၍ ကိုရဲထွဋ်ခေါင် ဦးဆောင်သော အဖွဲ့တွင် လူဦးရေ(၄၀)ကျော်ပါဝင်ခဲ့ကြောင်းသိရသည်။ ယင်းနောက် ကိုသီဟသည် အဖွဲ့အတွက်
အသုံးပြုရန် ငွေ(၂၅)သိန်းအား မန္တလေးမြို့နှင့်မြစ်ကြီးနားမြို့များတွင် နှစ်ကြိမ်ယူခဲ့ကြောင်း မသက်သက်မာကပြော ကြားခဲ့သည်။

ကိုရဲထွဋ်ခေါင်ကို ဆက်သွယ်မေးမြန်းရာ၌ ကိုသီဟအား အမှန်တကယ်ပေးအပ်ခဲ့သော ငွေကြေးမှာ (၇)သိန်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုမိုးသူ ပြောကြားခဲ့သည့် ငွေသိန်း(၂၀)နှင့်အတူ  ဆေးဝါးပစ္စည်းများ၊ အစား အသောက်များအား ကားဖြင့်ထွက်ပြေး ယူဆောင်သွားခြင်းမှာလည်း
မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ချစ်မင်းထွန်း
The Myanma Age

ကွန်တိန်နာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်



ရန်ကုန်၊ ဇွန် ၅

ကွန်တိန်နာယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု တစ်ခု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်မှာဗိုလ်တစ်ထောင်ဈေးလမ်းအတိုင်း တောင်မှ
မြောက်သို့မောင်းနင်း လာရာ မဟာဗန္ဓုလလမ်းအရောက် ညာဘက် သို့ ကွေ့ရာတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ကွေ့တဲ့အရှိန်နဲ့ တင်လာတဲ့ ၀ိတ်နဲ့မမျှတော့မှောက်သွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူသာ အနည်းငယ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး လမ်း သွားလမ်းလာများ ထိခိုက်မှုမရှိ ခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများက
ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

မြန်မာ-ဘင်္ဂလာဒေခ်ျ့ အလံတင်တပ်မှူးအဆင့် အစည်းအဝေး မောင်တောတွင် ပြုလုပ်



မြန်မာ-ဘင်္ဂလာဒေခ်ျ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နယ်စပ်မြို့ မောင်တောတွင် ယနေ့ နံက်နက် ၁၀ နာရီခွဲက စတင်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ကျင်းပသည့် ယနေ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နှစ်ဘက်နိုင်ငံ ပြည်သူများက အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ ၁၀ နာရီနဲ့ ၃၀ မိနစ် တိတိမှာ စတင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှ ၂၃ ဦးပါဝင်ပါတယ်” ဟု မောင်တောမြို့က အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ အချက် (၅) ခုကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ဆိုသည်။

ဆွေးနွေးမည့်အချက်များမှာ ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူညီမှုကို မြန်မာဘက်မှ အကြိမ်ကြိမ် ချိုးဖောက်မှု၊ မေလ ၂၈ ရက်နေ့က နယ်ခြား မှတ်တိုင် ၅၂ အနီးတွင် မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ အရာရှိငယ်တစ်ဦး သေဆုံးရမှု၊ သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြား စောင့်အလောင်းကို မေလ ၃၀ ရက်နေ့တွင် ပြန်ပေးရန် သဘောတူညီခဲ့သော်လည်း ကြန့်ကြာခဲ့မှု၊ စိတ်ကြွ ဆေးပြားအပါအ၀င် မူးယစ်ဆေးဝါး လုပ်ငန်းတားဆီးရေးတို့ပါဝင်ကြောင်း ကော့စ်ဘာဇား အခြေစိုက် CBN သတင်းတွင် ရေးသားထားသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိကြီးများဖြစ်ကြသည့် အမှတ် ၃၁ နတ်ကျောက်ဆိုးရီ တပ်ရင်းမှ ချောဖီးကူလ်ရာ ဟာမာန်၊ အမှတ် ၅၀ ရာမူးအခြေစိုက်တပ်ရင်းမှ တပ်ရင်းမှူး၊  အမှတ် ၁၇ ကော့စ် ဘာဇားတပ်ရင်းမှ ဆိုင်ဖူးလ်အာလာမ်နှင့် အမှတ် ၄၂ တက်နက်အခြေစိုက်တပ်ရင်းမှ အာဘူဇာရ် အာလ်ဇာ ဟီလ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် တင်ကိုကို ဦးဆောင်တက်ရောက်နေသည်ဟု သိရသည်။ မြန်မာဘက်က တင်ပြမည့် အချက်များကို မသိရှိရသေးပေ။

ယနေ့ဆွေးနွေးပွဲအပြီးတွင် သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ ကိုင်ဆောင်ခဲ့သည့် သေနတ်နှင့် ကျဉ်အိမ် ၄ ခု၊ ၎င်းကျဉ်ဆန် ၁၂၀ ကို မြန်မာဘက်မှ ပြန်ပေးမည်ဟု ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မျှော်လင့်ထားကြောင်း သိရသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သေဆုံးသွားသည့် မီဇာနူရ်ရာဟာမန် အလောင်းကို လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းက မြန်မာဘက်မှ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သူနှင့်အတူပါသွားသည့် လက်နက်နှင့်ကျဉ်ဆန်များကို မပေးအပ်သေးကြောင်း သိရသည်။

Narinjara

နည်းပြအပေါ် မချေမငံပြု၍ ကျော်ကိုကိုကို အရေးယူရန်ရှိ

ဇွဲကပင်အသင်းနှင့်ပွဲစဉ်တွင် ထိုးဖောက်ကစားနေသည့်ကျော်ကိုကို

ရန်ကုန်- ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကို၏ ဇွဲကပင်အသင်းနှင့် ပွဲစဉ်တွင်  ပြုလုပ်ခဲ့သော အပြုအမူနှင့်ပတ်သက်၍ အရေးယူရန် အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။

ရန်ကုန်တိုက်စစ်မှူး ကျော် ကိုကိုမှာ ဇွဲကပင်အသင်းနှင့် သရေကျခဲ့သော ပွဲစဉ်တွင် ကျော်ကိုကိုကိုသည် နည်းပြက ကွင်းလယ်ကစားသမား ရန်အောင်ကျော်ဖြင့် လူစားလဲခြင်းကို မကျေနပ်သည့် အပြုအမူများ ပြုလုပ်ခဲ့ပြီး နည်းပြကို မချေမငံ ဆက်ဆံခဲ့ခြင်းကြောင့် နည်းပြက အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ကာ အရေးယူသွားမည်ဟုသိရသည်။

‘‘လူစားလဲလိုက်တာကို မကျေနပ်တဲ့အတွက် အခုလို ပြုမူခဲ့တာပါ။ ဒါဟာ ပရိုပီသတဲ့ အပြုအမူမဟုတ်ဘူး။ ကလပ်အသင်းပဲ ဖြစ်ဖြစ်၊ နိုင်ငံအသင်းပဲဖြစ်ဖြစ် အသင်းအောင်မြင်ဖို့အတွက် အရေးကြီးတယ်။ အသင်းမှာ ဘယ်ကစားသမားမှ ကလပ်အသင်းအထက်မှာ ရှိမနေပါဘူး။ အသင်းနိုင်ပွဲရရှိဖို့အတွက် ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်’’ဟု အဲရစ်ဝီလျံက ပြောသည်။

အဆိုပါ ပွဲစဉ်တွင် ရန်ကုန် အသင်းသည် ပထမပိုင်း နှစ်မိနစ်တွင် တိုက်စစ်မှူးဆီဆာက ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီး ခါနီးမိနစ်ပိုင်းအလိုတွင် ဇွဲကပင် အသင်းက ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ပွဲတွင် အားပေးခဲ့ကြသည့် ရန်ကုန်အသင်း ပရိသတ်များအနေဖြင့် အသင်း၏ လက်ရှိအနေအထားကို လက်ခံ ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်အသင်းရှိ ကစားသမားများမှာ နိုင်ငံလက်ရွေးစင်ပွဲများတွင် သွားရောက်ကစားခဲ့ရပြီး ပင်ပန်းနေကြောင်း၊ ထို့ကြောင့် ရန်ကုန်အသင်းအနိုင် မရရှိသော ပွဲစဉ်များကို နားလည် ပေးနိုင်ရမည်ဖြစ်ကြောင်း ဇွဲက ပင်အသင်းနည်းပြ ဦးအောင်မင်း ဦးက ပြောသည်။

‘‘ရန်ကုန်အသင်းပရိသတ် တွေက အသင်းကို နိုင်စေချင်တဲ့ အတွက် အားပေးကြတာ မှန်ပေ မယ့် တစ်ဖက်အသင်းကို ပုတ် ခတ်တာတွေ၊ ဒိုင်တွေကို လှောင် ပြောင်တာတွေ မလုပ်သင့်ဘူး။ ရန်ကုန်အသင်းက အသင်းကြီးတစ်သင်းပါ။ သူတို့အသင်းမှာ လက်ရွေးစင်အသင်းအတွက် သွားကစားပေးခဲ့တဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ဒီကစားသမားတွေက ပင်ပန်းမှုတွေ ရှိနေတယ်။ ဒါ့ကြောင့် နိုင်ပွဲမရရင်လည်း နားလည်ပေးနိုင်ရမယ်’’ ဟု ဦးအောင်မင်းဦးက ပြောသည်။

7day daily

ဒဏ်ရာကြောင့် တကိုယ်တည်းလေ့ကျင့်နေရသည့် ရော်နယ်ဒို


ပေါ်တူဂီ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဒူးဒဏ်ရာ အခြေအနေကြောင့် ဇွန် ၄ ရက်နေ့ လေ့ကျင့်ရေး အစီအစဉ်မှာ တယောက်တည်း လေ့ကျင့်ခဲ့ရပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုဟာ ပေါင်ခြံက ဒဏ်ရာကို ကုသနေရတဲ့အတွက် ပေါ်တူ ဂီ အသင်းဖော်တွေနဲ့အတူ မလေ့ကျင့်နိုင်တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ကွင်းလယ်သမား မီရီလက်စ်နဲ့ နောက်တန်းသမား ပက်ပ်ီတို့လည်း ဒဏ်ရာတွေကနေ ပျောက်ကင်းလာဖို့အတွက် ကုသမှု ခံယူနေရပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့် ခြေစမ်းဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတာပါ။
ပေါ်တူဂီ တိုက်စစ်မှူးတယောက်ဖြစ်တဲ့ အယ်မီဒါကတော့ ရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေ သက်သာ ပျောက်ကင်းလာနေတဲ့အတွက် အားလုံး ၀မ်းသာနေကြောင်း ပြောပါတယ်။

ပေါ်တူဂီဟာအသင်းဟာ ဇွန်လ ၆ ရက်နေ့မှာ မက္ကဆီကိုအသင်းနဲ့ ဘော့စတွန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဂျီမှာ ပေါ်တူဂီအသင်းဟာ ဂျာမနီ၊ ဂါနာ၊ အမေရိကန်တို့နဲ့ ကျရောက်နေပြီး ဇွန် ၁၆ ရက်နေ့ အုပ်စုအဖွင့်ပွဲမှာ နာမည်ကြီး ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

DVB Burmese

ဖွဲ့စည်းပုံပြင်ဆင်ရေး အတိုက်အခံများ တွန်းအားပေး


ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းတွင် အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံ၏ အဓိက အ တိုက်အခံပါတီ NLDက ဖွဲ့စည်းပုံပြောင်းရေး ကင်န်ပိန်းလှုပ်ရှားမှု စတင်လိုက်ပြီး ၎င်းတို့၏ အနာဂတ်တွင် လူထုထောက်ခံမှုများ ရရှိလာရန် မျှော်လင့်ထားသည်။ ဒီချုပ်အမတ်တစ်ဦးဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ‘‘ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကင်န်ပိန်းလုပ်တာပဲ’’ ဟု ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရန် တရားဝင်ကင်န်ပိန်း ကို မေလ ၂၇ ရက်က စတင်ခဲ့ သည်။ ထိုနေ့သည် NLD က အ ပြတ်အသတ်နိုင်ခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ၏ နှစ်ပတ်လည်နေ့ ဖြစ်သည်။ ရွေးကောက်ပွဲအောင် မြင်ခဲ့သော်လည်း စစ်တပ်က ၎င်း တို့အား အစိုးရဖွဲ့ခွင့်မပေးခဲ့ပေ။။ ယခုအခါ အပြောင်းအလဲအတွက် လက်မှတ်စုဆောင်းနေပြီး ဖွဲ့စည်း ပုံ အပိုဒ် ၄၃၆ ကိုပြင်ရန်ဖြစ် သည်။ ယင်းအပိုဒ်သည် ဖွဲ့စည်းပုံ ပြင်ဆင်ရန် လွှတ်တော်တွင် လို အပ်သည့် မဲအရေအတွက်နှင့် ပတ်သက်နေသည်။ လက်ရှိတွင်ပြင်ဆင်ရန်အတွက် လွှတ်တော်ကမဲ ၇၅ ရာခိုင်နှုန်းရရှိရန် လိုအပ် သည်။ ဤကင်န်ပိန်းလှုပ်ရှားမှုမှ ယင်း ၇၅ ရာခိုင်နှုန်းကို နိုင်ငံတ ကာစံနှုန်းဖြစ်သည့် သုံးပုံနှစ်ပုံသို့ လျှော့ချရန်ဖြစ်သည်။

လက်မှတ်များကို ဇူလိုင် လ ၁၉ ရက် အာဇာနည်နေ့အမီ နိုင်ငံအနှံ့ကောက်ခံရန်ဖြစ်သည်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံခဲ့ရသည့် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ယင်းလက်မှတ်များကို လွှတ် တော်ပြောခွင့်ရပုဂ္ဂိုလ်ထံ လွှဲပေး မည်ဖြစ်သည်။

ဤလက်မှတ်လှုပ်ရှားမှုနှင့် အချိန်ကာလ သတ်မှတ်ရွေးချယ် မှုတို့ဖြင့် NLD က အစိုးရကို ပြင်း ထန်သော သတင်းစကားပါး လိုက်ခြင်းပင်ဖြစ်သည်။

‘‘ဒီနေ့ရက်နှစ်ခုစလုံးကို တ မင်သက်သက် ရွေးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရက် တွေက အရေးပါလို့ပါပဲ’’ ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

၈၈ ကျောင်းသား ခေါင်း ဆောင်များဖြစ်သည့် ဦးမင်းကို နိုင်နှင့် ဦးကိုကိုကြီးတို့ ဦးဆောင် သည့် ၈၈ မျိုးဆက်နှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းက ဤကင်န်ပိန်းလှုပ် ရှားမှုကို ပူးပေါင်းဆောင်ရွက်ခြင်း ကလည်း အရေးပါသည့်အချက် ဖြစ်သည်။ ညီညွတ်သော တိုင်း ရင်းသားများအဖွဲ့ UNA တွင် ပါ ၀င်သည့် တိုင်းရင်းသားပါတီများ ကလည်း ထိုလက်မှတ်လှုပ်ရှားမှု ကို ထောက်ခံကြသည်။

၈၈ နှင့် NLD အကြား သုံး ကြိမ်ထက်မက ဆွေးနွေးချက်များ အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အခြေခံဖြစ် သည့် ပုဒ်မ ၄၃၆ ကို အဓိကထား လာသည်။ ယင်းအချက်ကို ပြင် နိုင်လျှင် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသည့် စစ် တပ်၏ ဗီတိုအာဏာသုံးနိုင်မှုကို ထိထိရောက်ရောက် လျှော့ချနိုင် မည်ဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးဆောင်နေသူ ဒေါ်အောင်ဆန်း စုကြည်က လာမည့် ရွေးကောက် ပွဲအပြီးတွင် သမ္မတမဖြစ်နိုင်ပေ။ သို့သော် လှုပ်ရှားမှုများကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရန် ပိတ်ပင်ထားသည့် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန်မဟုတ် ပေ။ ယင်းဆုံးဖြတ်ချက်သည် NLD ဘက်မှ ဗျူဟာအရ ဆုံးဖြတ်လုပ် ဆောင်ချက်ဖြစ်ကြောင်း NLD ပါ တီနှင့် နီးစပ်သည့် လေ့လာဆန်း စစ်သူတစ်ဦးက ပြောဆိုသည်။

သို့သော် ဤလုပ်ရပ်က ၈၈ အဖွဲ့ဝင်များကို ခေါ်သွင်းခဲ့ခြင်းအ တွက် ပေးဆပ်ရမှု ဖြစ်ပုံလည်း ရ သည်။

‘‘လူတစ်ဦးတစ်ယောက် တည်းအတွက် ဖွဲ့စည်းပုံကို ပြင်ဖို့ ကျွန်တော်တို့ ပံ့ပိုးလို့ မရပါဘူး’’ ဟု ၈၈ အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြောသည်။

‘‘ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ရမယ် ဆိုတာကို ကျွန်တော်တို့ သဘော တူပါတယ်။ ဒီကိစ္စမှာလည်း ပုဒ်မ ၄၃၆ က အဓိကဖြစ်နေတော့ အခု အချိန်မှာ ဒီကိစ္စကို တွန်းအားပေး ရမှာ ဖြစ်ပါတယ်’’ ဟု ဆိုသည်။

အဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်အ ဆိုအရ ၈၈ တို့၏ လုပ်ပိုင်ခွင့်အာ ဏာကို ကျယ်ပြန့်လာအောင် လွှတ်တော်အတွင်း အပြောင်းအ လဲအတွက်လည်း ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည်ဟု သိရသည်။

အထူးသဖြင့် ၀န်ကြီးချုပ်များ ကို ဒေသဆိုင်ရာညီလာခံမှ တိုက် ရိုက်ရွေးကောက်တင်မြှောက်သင့် ပြီး ယခုလက်ရှိ လုပ်ဆောင်နေ သကဲ့သို့ သမ္မတက ရွေးချယ်ခန့် ထားခြင်း မပြုရန်ဖြစ်သည်။ ဒေ သခံပါလီမန်၏ လုပ်ပိုင်ခွင့်အာ ဏာကိုလည်း တိုးမြှင့်လိုကြောင်း သိရသည်။

ယင်းအချက်ကို တိုင်းရင်း သားပါတီများက အပြည့်အဝ ထောက်ခံကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင်နှင့် UNA ၏ အထင် ကရအဖွဲ့ဝင် ဖြစ်သည့် ဦးခွန်ထွန်းဦးက ပြောဆိုသည်။

ကင်န်ပိန်းမစတင်မီ လက်ရှိ တွင် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောမှုများ စတင်ပြုလုပ်နေ သည်။ မဲပေးခွင့်မရဘဲ လက်မှတ် ထိုးခွင့်မရသည့် (၁၈) နှစ်အောက် လူငယ်များအနေဖြင့် စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ထံ ဖွဲ့စည်းပုံပြင်ဆင် ရေးကို ထောက်ခံကြောင်း တိုက် ရိုက်စာရေးသားကြရန်လည်း တိုက်တွန်းလိုက်သည်။ ဤလုပ် ရပ်သည် ကန်ပိန်းလှုပ်ရှားမှု၏ ပထမအဆင့်သာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဦးဟန်သာမြင့်က ပြော သည်။ ပါလီမန်က ယခုနှစ်ကုန် တွင် ယင်းအပြောင်းအလဲကို လက်ခံရန် မျှော်လင့်ထားသော် လည်း ဖြစ်နိုင်ခြေ နည်းပါးလှ သည်။

‘‘ဘယ်အပြောင်းအလဲကို မဆို လွှတ်တော်တွင်းမှာ တင်းမာ သူတွေက အသေအလဲ ဆန့်ကျင် ကြမယ်ဆိုတာ ရှင်းပါတယ်။ ဒါ ကလည်း လုပ်ငန်းစဉ်တွေကို ရ သလောက် ဆွဲယူနေတာပါ’’ ဟု ပြည်တွင်းနိုင်ငံရေး လေ့လာသူ များက ဆိုသည်။

‘‘ဖွဲ့စည်းပုံကို ပြင်ဖို့ လုပ်ငန်း အဆင့်ဆင့်က အချိန် အင်မတန် ယူရပါတယ်’’ ဟု လက်ရှိအာဏာ ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ လာမည့် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှု တစ်စုံတစ်ရာ ဖြစ်နိုင်မည်မထင် ကြောင်းလည်း ၎င်းက ပွင့်ပွင့်လင်းလင်း ၀န်ခံပြောဆိုလိုက်သည်။

NLD ခေါင်းဆောင်များကမူ ရှေ့လာမည့်အချိန်တွင် ဘာဖြစ် မည်ဆိုသည်ကို နောက်မှ ဆုံး ဖြတ်မည်ဟု ဆိုသည်။ သို့သော် လူထုဆန္ဒပြပွဲဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း လွှတ်တော်အမတ် ဦးဝင်းသိန်းက ပြောဆိုသည်။ လာမည့်နှစ်လယ် ခန့်တွင် ကင်န်ပိန်းလှုပ်ရှားမှုက လမ်းမပေါ်ထွက်လာနိုင်ကြောင်း NLD သတင်းရပ်ကွက်အရ သိရ သည်။ လာမည့်နှစ် ဇွန်လခန့်တွင် အထွေထွေသပိတ်ကြီး ဖြစ်နိုင် ဖွယ်ကိုလည်း အချက်တစ်ခုအနေ ဖြင့် အလေးအနက် စဉ်းစားနေပုံ ရသည်။

သို့သော်လည်း ပါတီကို သစ္စာကြီးသူများကြားတွင် အ တိုက်အခံအချို့ ရှိနေရာ အထူး သဖြင့် စစ်တပ်နှင့် ဖိနှိပ်အကြမ်း ဖက်သည့် လုပ်ရပ်များဖြင့် အာ ဏာပိုင်တို့ဘက်က တုံ့ပြန်လာ ရန် ဆွပေးသလိုဖြစ်မှာကို စိုးရိမ် နေသည်။ ထိုင်းနိုင်ငံ၏ ဖြေရှင်း နည်းကို စစ်တပ်အတွင်း အားကျ နေသူများ ရှိနေနိုင်ကြောင်း စိုးရိမ် နေကြခြင်းဖြစ်သည်။ ဗိုလ်ချုပ် ပရာယွတ်၏ စစ်အုပ်ချုပ်ရေး ကြေ ညာပြီး အုပ်ချုပ်ရေးအာဏာ အ ပြည့်အ၀ ရယူလိုက်သည့်အပေါ် တွင်ဖြစ်သည်။

NLD နှင့် ၈၈ အုပ်စု မဟာ မိတ်အကြား သဘောထားကွဲလွဲ မှုများ ဖြစ်လာနိုင်ရာ ၈၈ အုပ်စု အတွက် လမ်းမပေါ်က နိုင်ငံရေး သည် အတိတ်က ဖြစ်ရပ်ဟု ယုံ ကြည်ပြီး ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ်လိုကြသည်။ ‘‘ကျွန်တော် တို့ ဒီကနေ့ ဒီလောက်ထိ ရောက် နေတာက ဗိုလ်ချုပ်ကြီးတွေ၊ အ ထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးတွေက အာဏာခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့လို့ ပါ’’ ဟု အမည်မဖော်လိုသော လှုပ်ရှား တက်ကြွသူတစ်ဦးက ဆိုသည်။

‘‘ကျွန်တော်တို့က အဲဒီအစ ကနေ အခြေပြုပြီး တည်ထောင် သင့်တယ်။ အမြန်ဖြိုဖျက်ချလိုက် တာမျိုး မလုပ်သင့်ဘူး’’

သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်က လတ်တလော မိန့်ခွန်းများတွင် စစ်တပ်ကို စတင်စိန်ခေါ် လိုက်ပြီဖြစ်သည်။ ‘‘သေနတ်ရှိပေ မယ့် လူတွေကိုကြောက်နေသေး တယ်’’ ဟု လာရောက်နားထောင် ကြသူ လူထောင်ပေါင်းများစွာအား မန္တလေးတွင် ပြောကြားခဲ့သည်။ ပရိသတ်ကလည်း လက်ခုပ်လက် ၀ါးတီး အားပေးကြသည်။

‘‘ကျွန်မတော့ သိပ်ကျေနပ် တယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ဒီလိုလူသိရှင်ကြား စိန် ခေါ်တာကို ပထမဆုံးအကြိမ် ကြားရတာပဲ’’ ဟု ဟောပြောပွဲ တက်ရောက်ခဲ့သူ သူနာပြုဆရာမ နန္ဒာက ပြောသည်။

‘‘ဒါမတိုင်ခင်က သူ့ချဉ်းကပ် ပုံကိုကျွန်မအတော် စိတ်ပျက်ခဲ့ တာ။ နောက်ဆုံးတော့ လူတွေရဲ့ အသံကို တကယ် ရောင်ပြန်ဟပ် ပြောလိုက်ပြီ’’

NLD သတင်းရပ်ကွက်ကမူ ပါတီ၏ စစ်တပ်အပေါ် ဝေဖန်မှု သည် ဆွပေးနေသည်ဟု ယုံကြည်ပြီး ယင်းတို့သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ချမှတ်ထားသော ဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်ဟု ဆိုသည်။

‘‘လူထုက သူ့ကို ထောက်ခံ အားပေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေက စစ်တပ်ကို မုန်းလို့ပဲ’’ ဟု ဦးခွန်ထွန်းဦးက ပြောသည်။

‘‘ဒါဟာ ကျွန်တော်တို့က ဒီမို ကရေစီကို ထောက်ခံတယ်ဆိုတာ အစိုးရကို ပြနိုင်တဲ့နည်းပါပဲ’’

(ဆောင်းပါးရှင် လာရီဂျယ်ဂင်နှင့် ဘန်ကောက်ပို့စ်တို့၏ ခွင့်ပြုချက် ဖြင့် ခင်မေဇော် (၀ါရှင်တန်ဒီစီ) ကဘာသာပြန်ဆိုပြီး ပြန်လည် ဖော်ပြသည်။)

7day daily

ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်


ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်ကျခံနေတဲ့ ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို တရားရုံးက ဖောက်ခွဲမှုပုဒ်မတွေနဲ့ ထပ်မံပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပါတယ်။

မတရားအသင်း ဆက်သွယ်မှုနဲ့ မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်ချမှတ်ခံ ထားရတဲ့ စစ်ရှောင် ဒုက္ခသည် ၃ ဦးကို  ပေါက်ကွဲမှုပုဒ်မတွေနဲ့ မြစ်ကြီးနားခရိုင် တရားရုံးက  နှစ်ရှည်ထောင်ဒဏ်တွေ ဒီကနေ့ ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၁၃ နှစ်၊ ဘရန်ရုန်းကို ၁၄ နှစ်နဲ့ လရိန်ကို ထောင်ဒဏ် ၃ နှစ် အသီးချမှတ်လိုက်တာဖြစ်ပါတယ်။  ထောင်ဒဏ်အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး  တရားခံရှေ့နေ ဦးမာခါးက အခုလို ပြောပါတယ်။

“ဘရန်ရုန်းကို အမှု ၄ မှုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊ လဖိုင်ဂမ်က ၁၃ နှစ်၊ လရိန်က ထောင်ဒဏ် ၃ နှစ်။ ဘရန်ရုန်းနဲ့ လဖိုင်ဂမ် ၂ ယောက်က ထောင်ဒဏ် ၇ နှစ် ချမှတ် ခံထားရပြီးသား။ လရိန်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီးသား ၁၇ (၁)အမှုပေါ့နော်။”

သူတို့တွေဟာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ၂၀၁၂ ခုနှစ်တုန်းက မြစ်ကြီးနားမြို့ နှစ်ခြင်းအသင်းတော်တခုမှာ လာရောက်ခိုလှုံရင်း ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ကို အစပိုင်းက မတရာအသင်းနဲ့ဆက်သွယ်မှုတွေနဲ့ စွဲဆိုထောင်ချပြီး  ထောင်တွင်းမှာပဲ နောက်ထပ် ဖောက်ခွဲမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတာလို့ ဦးမာခါးက ပြောပါတယ်။

ဒီလိုအမိန့်ချမှတ်တာဟာ တရားမမျှတမှုမရှိသလို တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်းနေ တယ်လို့ ဦးမာခါးက ဝေဖန်ပါတယ်။

“ဒီနေ့ သူတို့ကို ထောင်ဒဏ်ချမှတ်တဲ့ဟာက မြစ်ကြီးနားခရိုင်တရားရုံး၊ မြို့နယ်တရားရုံး တွေက တရားစီရင်ရေးစနစ်က တိမ်းစောင်းနေတာပေါ့။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။ ဒီ ဥပဒေကို ဆန့်ကျင်ပြီးမှ အပြစ်မရှိတဲ့သူကို ပြစ်ဒဏ်ချမှတ်နေတာ ဖြစ်တယ်။ ဒီအမှုကို ကြည့်ခြင်းအားဖြင့် မြစ်ကြီးနား တရားရုံးတွေက ပြည်သူလူထုရဲ့ လုံခြုံမှုကို အကာအကွယ်မပေးပဲနဲ့ အစိုးရနဲ့ စစ်တပ်ကို အကာအကွယ်ပြုပြီးမှ တရားစီတာ ဖြစ်တယ်။ လုံးဝ တရားမျှတ မှန်ကန်မှုမရှိဘူး။”

သူတို့ကို ပထမ ထောင်ချခဲ့တဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ပတ်သက်ပြီး လာမယ့် ၁၇ ရက်နေ့ နေပြည်တော်မှာ အယူခံလျှောက်လဲမယ်လို့လည်း ဦးမာခါးက ပြောပါတယ်။

ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ လထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော်အရာရှိအဖြစ် စွပ်စွဲပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ဖမ်းဆီးထားစဉ်မှာလည်း နှိပ်စပ်ညှဉ်းပန်းမှုတွေ ရှိခဲ့ပါတယ်။

DVB (မြန်မာပိုင်း)

ရန်ကင်းမှ ခေါင်းဖြတ်လူသတ်မှု ဇွန် ၁၁ ရက်တွင် စွဲချက်တင်ဖွယ်ရှိ



ပြီးခဲ့သည့်မတ် ၁၅ ရက်က ရန်ကင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ မေတ္တာရိပ်သာ လမ်းပေါ်တွင်ဖြစ်ခဲ့သည့် ခေါင်းဖြတ် လူသတ်မှုအတွက် လာမည့်ဇွန် ၁၁ ရက်တွင် စွဲချက်တင်ဖွယ်ရှိနေသည်ဟု ယင်းအမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက်တရားသူကြီး (၄) ဦးငြိမ်းမြင့်က ဇွန်လ ၄ ရက်တွင် ပြောသည်။

“သက်သေတွေ အားလုံးကို စစ်ဆေးပြီး သွားပါပြီ။ သူတို့ရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေးပြီး လာမယ့် တစ် ပတ် ရုံးချိန်းကျရင် စွဲချက်တင်နိုင်မယ်လို့ ယူဆရပါတယ်” ဟု ဦးငြိမ်းမြင့်က ဆိုသည်။

အဆိုပါအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ စတင်ကာ သက်သေ ၁၄ ဦးကို ရုံးချိန်း ခုနစ်ကြိမ်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဇွန် ၄ ရက်တွင် သက်သေများကို အပြီးသတ် စစ်ဆေးနိုင် ခဲ့ခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်အတွင်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက “ဒီလို ရက်ရက်စက်စက် သတ်သွားတဲ့ အမှုကို အမြန်ဆုံး စီရင်ချက်ချနိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက် ညပိုင်းက ရန်ကင်းမြို့နယ်တွင် နေထိုင်သော ကိုမင်းမင်းဦးသည် ၀ါးတံတား တွင်နေထိုင်သည့် အစ်ကိုဖြစ်သူ၏ နေအိမ်မှပြန်လာစဉ် မေတ္တာရိပ်သာလမ်းပေါ်တွင် အရက်သောက်ထား သူ ချစ်ပိုနှင့် ၀င်တိုက်မိခဲ့ရာက ချစ်ပိုက ကိုမင်းမင်းဦး၏ လည်ပင်းအား ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်သည် ဟု ရဲဌာနက ယူဆထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းမှ ချစ်ပိုအား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ကနဦး အမှုဖွင့်ထား ပြီး ရန်ကင်းမြို့နယ်နေ ပြည်သူများကလည်း ယင်းအမှု အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် မတ် ၂၈ ရက် တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Mizzima Burmese
ကျော်စိုးမိုး| ကြာသပတေးနေ့၊ ဇွန်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်

ပြည်မြို့တွင် ပုဒ်မ၄၃၆ပြင်ဆင်ရေး ကားဖြင့်နှိုးဆော်မှု အသံချဲ့စက်မသုံးရန် အတားခံရ

နေပြည်တော်၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောစဉ်

ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေး ကားဖြင့်လိုက်လံနှိုးဆော်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ 'လက်တွဲကူမယ်ပြည်လူငယ်' ပရဟိတအသင်းကို
အသံချဲ့စက်အသုံးမပြုရန် ရဲတပ်ဖွဲ့က ဇွန်လ ၃ရက် ည၉နာရီခွဲက ပြည်ညဈေးတန်းအနီးတွင် တားမြစ်ခဲ့သည်ဟု လက်တွဲကူမယ်ပြည်လူငယ် အဖွဲ့က အတွင်းရေးမှူး ကိုမျိုးသူထွဋ်က
ပြောသည်။

"ပရိုဂျက်တာနဲ့ထိုးပြီး ဘွားတော်ကြီး ဟောပြောပွဲခွေ ဖွင့်ထားတယ်။ ပန်းဖလက်ဝေတယ်။ ပြန်ခါနီးမှာ ပြည်(၁)စခန်းမှူးနဲ့ နယ်ထိန်းIn-charge (တာဝန်ခံ)လာပြီး ခွင့်ပြုချက်ရှိလား မေးတယ်။ မရှိဘူး တစ်နိုင်ငံလုံး လုပ်နေတာဆိုတော့ အသံချဲ့စက် ဥပဒေပုဒ်မ၂၄ဆိုတာ ရှိတယ်။ ခွင့်ပြုချက် တောင်းရမယ်လို့ ပြောတယ်"ဟု ကိုမျိုးသူထွဋ်က ပြောသည်။

လာရောက်တားမြစ်သူ ရဲတပ်ဖွဲ့ဝင်များက နှိုးဆော်ရေးလုပ်ဆောင်မှုအား ဓာတ်ပုံရိုက်ခြင်း၊ လက်တွဲကူမယ်ပြည်လူငယ်ရုံးခန်းသို့သွားရောက် ဓာတ်ပုံရိုက်ခြင်းများကိုပါ ပြုလုပ် ခဲ့သည်ဟု ဆိုသည်။

ထိုသို့တားမြစ်သည့်အတွက် ဇွန်လ ၄ရက်က ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အသံချဲ့စက်အသုံးပြုမည်ဟု အသိပေးအကြောင်းကြားစာပေးပို့ခဲ့ပြီး မိတ္တူကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်အမှတ်(၁) ရဲစခန်း၊ မြို့မရဲစခန်းများသို့ ပေးပို့ခဲ့ကြောင်း ကိုမျိုးသူထွဋ်ကပြောသည်။

ထို့အပြင် လက်ကမ်းစာစောင်ရိုက်ပေးသည့် စာပုံနှိပ်တိုက်ကို ရဲတပ်ဖွဲ့က တားမြစ်ထားသည့်အတွက် လက်ကမ်းစာစောင် အခက်အခဲများရှိပြီး ဇွန်လ၅ရက် ညနေ၆နာရီမှ နှိုးဆော်ရေးကားပြန်ထွက်နိုင်မည်ဟု ကိုမျိုးသူထွဋ်က ဆိုသည်။

Mizzima Burmese

အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း (၅)မျိုး



အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလိုက်နာသင့်ပါတယ်။

စစ်ဆေးပါ - ဆံပင်

ဆံပင်အကွက်လိုက် ကျွတ်နေလျှင်

ဆံပင်တွေက ဦးရေပြား တစ်နေရာတည်းကနေ အထွေးလိုက် ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။

လိုက်နာပါ- စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာတို့လို စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သား ကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။

စစ်ဆေးပါ - ရင်သား

ရင်သားတစ်ဖက်က ကြီးလာလျှင်

လိုက်နာပါ- အမျိုးသားတွေရဲ့ ရင်သား တစ်သျှူးက အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးလောက်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖု ဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။

လိုက်နာပါ- ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာ မျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာ ဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ဆေးပါ - ဆီးသွားခြင်း

ဆီးသွားရ ခက်ခဲနေလျှင်

ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်း ကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်းက အမျိုးသား ဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင် ဆီးသွားရ ခက်ခဲတတ်ပါတယ်။

လိုက်နာပါ- ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

စစ်ဆေးပါ - ခံတွင်း

ခံတွင်းထဲ မပျောက်နိုင်သော အနာဖြစ်နေလျှင် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခံတွင်းအနာလို့ မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။

လိုက်နာပါ- ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

စစ်ဆေးပါ - ခါး

ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင် ဒါဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ်အစား ကြီးမားပြီး ဗိုက်နာတာက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာ တိုင်းတာကြည့်လိုက်ပါ။

လိုက်နာပါ- ဗိုက်ပူနေရင် ခါးအရွယ် အစားလျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။

BY GOOD HEALTH


ရှင်းပြနိုင်ခွင့်မရှိလေတဲ့ သူတို့ရဲ့ဘ၀...



အသက် နှစ်ဆယ့်လေးနှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့တဲ့သူမဟာ အခုအသက် ၄၀ အရွယ်ရောက်တဲ့တိုင်အောင် ကလေး မရနိုင်ပဲဖြစ်နေခဲ့ပါတယ်..။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသခဲ့ပေမယ့်လည်း မထူးခြားခဲ့ပါဘူး..။ လက်ထပ်ပြီး ၁၆ နှစ်အကြာမှာတော့ ကလေး အရမ်းလိုချင်တဲ့ သူမအမျိုးသားက သူမကို ထားရစ်ခဲ့ပါတယ်..။

စိတ်ဓါတ်ကျပြီး အထီးကျန်နေတဲ့သူမဟာ သူမရဲ့အချိန်တွေကို တရားထိုင်ခြင်း၊ ဘာသာရေးလိုက်စာခြင်း၊ ခွေး၊ ကြောင်နဲ့ အနီးနားမှ ကလေးငယ်တွေနဲ့အတူ ကုန်ဆုံးစေခဲ့ပါတယ်…. အသက် ၄၃ နှစ်အရွယ်မှာတော့..သူမနဲ့ဘ၀တူ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး မေတ္တာမျှခဲ့ပါတယ်…။ အဆိုပါ အမျိုးသားရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မတော်တဆမှု တစ်ခုမှာ ဆုံးပါးသွားခဲ့ပြီး အထီးကျန်တဲ့ဘ၀ကို ဖြတ်သန်းနေရသူ ဖြစ်ပါတယ်..။

ကံကောင်းမှုတွေ သူမစတင်ကြုံတွေ့ခဲ့ပြီး အဆိုပါအမျိုးသားနဲ့ သူမ ကိုယ်ဝန်ရှိခဲ့ပါတယ်..။ သူမဟာ အခုဆို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးတစ်ဦးဖြစ်နေပါပြီ..။ သူမရဲ့ အရင်အမျိုးသားက သဘောထားကြီးစွာ ဂုဏ်ပြုတဲ့အနေနဲ့ ကမ်းခြေ မှာ အိမ်တစ်လုံးကို ၀ယ်ပေးခဲ့ပါတယ်..။ သူမဟာ သိပ်မကြာခင်မှာ အရမ်းချစ်စရာကောင်းတဲ့ "Merry" ဆိုတဲ့ သမီးလေး ကို ပိုင်ဆိုင်ခဲ့ပါတယ်..။ သမီးလေးဟာ သူမရဲ့ကမ္ဘာဖြစ်ခဲ့ပြီး သမီးလေးရဲ့ သုံးနှစ်မြောက် မွေးနေ့မှာ သမီးလေးအတွက် လိမ္မာတဲ့ ခွေးတစ်ကောင်ကို သူမ၀ယ်ပေးခဲ့ပါတယ်..။ အဲ့ဒီခွေးလေးဟာ သမီးလေးရဲ့ အဖော်ဖြစ်ခဲ့ပြီး ခွေးလေးက သမီးလေးကို အရမ်း သံဃောဇဉ်တွယ်ကာ မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်ခဲ့ရပါတယ်..။

တစ်နေ့မှာ… သူမဟာ ဈေးဝယ်ဖို့ ကုန်စုံဆိုင်တစ်ခုကို ထွက်လာခဲ့ပါတယ်.. သမီးလေးကိုတော့ ခွေးလေးနဲ့အတူ အိမ်ထဲက ပန်းခြံထဲမှာထားခဲ့ပါတယ်..။ ကုန်စုံဆိုင်က ပြန်လာတော့….. သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက အရမ်းကို ထိတ်လန့် ဖို့ ကောင်းပါတယ်..။ ခွေးလေးရဲ့ ပါးစပ်နဲ့ မျက်နှာမှာ သွေးတွေ စွန်းပေနေပြီး ခွေးရဲ့ လက်သည်းမှာ သမီးလေးရဲ့ အ၀တ်အစားတွေ စုတ်ပြဲ ကပ်ညှိနေတာကို တွေ့လိုက်ရပါတယ်..။

သူမ ချက်ချင်းပဲ အနီးနားမှာတွေ့ရတဲ့ ပေါက်တူးကို ဆွဲယူလိုက်ပြီး ခွေးကို အဆက်မပြတ် ရိုက်နှက်လိုက်ပါတယ်..။ လုံးဝ သေဆုံးပြီး မလှုပ်မယှက် ဖြစ်တဲ့အထိကို မနားတမ်း ရိုက်နှက်လိုက်ပါတယ်..။ သူမဟာ ငိုယိုပြီး သွေးစက်တွေနောက်ကို လိုက်ခဲ့ပါတယ်…။ နောက်ဆုံး သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက သူမရဲ့ သမီးလေး "merry" ဟာ အ၀တ်အစားတွေ စုတ်ပြဲပြီး ပျော်ရွင်စွာ ကစားနေတာကိုပါ…။ သမီးလေးရဲ့ ဘေးမှာတော့ ….. ကြီးမားလှတဲ့ စပါးကြီးမြွေ တစ်ကောင်ဟာ သွေးအိုင်ထဲမှာ သေဆုံးနေခဲ့ပါတယ်…။

တစ်ကယ်တော့ခွေးလေးဟာ သမီးလေးကို စပါးကြီးမြွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ကိုက်ဆွဲပြီး ဆွဲခေါ်သွားခဲ့တာပါ…။ သူမရဲ့ ချစ်သမီးလေးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကတော့ သူမရဲ့ တစ်ခဏာတာ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒကို ဦးစားပေးခဲ့မှု ကြောင့်…………..

သင်ခန်းစာ : ကိစ္စ.၊ အကြောင်းအရာတစ်ခုကို ဘယ်တော့မှ အပေါ်ယံ သွင်ပြင်ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး..။

ဖိုးသူတော်

ဗြိတိန်အမျိုးသမီး၏ MH 370 နှင့်ပတ်သက်သော ပြောကြားချက်ကို သြစတြေးလျအစိုးရ စတင်စုံစမ်း




ကက်သရင်းတီးနှင့် ၎င်း၏ အမျိုးသား (Photo: Jeremie Schatz/Phuket Gazette)
သြစတြေးလျအစိုးရသည် အိန္ဒိယသမုဒ္ဒရာအထက်တွင် မီးလောင်နေသည့် မလေးရှားလေယာဉ် MH 370 ကို တွေ့မြင်ခဲ့သည်ဟုဆိုသော ဗြိတိန်အမျိုးသမီးကက်သရင်းတီး၏ ပြောကြားချက်ကို စတင်စုံစမ်းနေပြီဖြစ်သည်။

မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို ဦးဆောင်နေသော သြစတြေးလျသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ (ATSB) က ကက်သရင်းတီး၏ ပြောကြားချက်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဆန်းစစ်သွားမည် ဟု ပြောသည်။

‘‘MH 370 လေယာဉ်ပျောက်သွားတဲ့ ညမှာ အိန္ဒိယသမုဒ္ဒရာအထက်ကောင်းကင်မှာ မီးလောင်နေတဲ့ လေယာဉ်တစ်စီးလို့ ယူဆရတဲ့ အရာကို တွေ့တယ်ဆိုပြီး ပြောတဲ့ သတင်းတစ်ခု ATSB အဖွဲ့က ရထားပါတယ်။ အဲဒီသတင်းကို ပြန်လည်ဆန်းစစ်နိုင်အောင်လို့ ATSB ရဲ့ MH 370 ရှာဖွေရေးမဟာဗျူဟာအဖွဲ့ကို ပေးပို့ထားပါတယ်’’ဟု ATSB ပြောရေးဆိုခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ အီးမေးလ်တစ်စောင် ပေးပို့၍ပြောကြားခဲ့သည်။

—Ref:AFP
7day daily

Android ဖုန်းပေါ်မှာ ဘတ္တရီ သက်တမ်း အချိန်ကြာကြာသုံးခံစေဖို့


Android ဖုန်းတွေဟာ ဘတ္တရီ သက်တမ်းတိုတောင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ Setting အနည်းငယ်လောက်ကို ပြုလုပ်လိုက်တာနဲ့ ဘတ္တရီ သက်တမ်းကို ပိုပြီး တိုးမြင့်နိင်မှာပါ ။ ဘတ္တရီ အားကို ပိုမိုကောင်းကောင်းနဲ့ အသုံးခံစေဖို့ အောက်က အချက်တွေ အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။

ဖုန်းမှာ GPS ဖွင့်ထားခြင်း

GPS ဟာ ဖုန်းဘတ္တရီအားစားစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။ ဖုန်းထဲမှာ ရှိတဲ့ GPS ချိပ်စ်ပြားကနေတစ်ဆင့် တည်နေရာအချက်အလက်တွေကို သိစေပြီး ဖုန်းတာဝါတိုင်နေတွေ၊ ၀ိုင်ဖိုင် Hptspots တွေကနေတစ်ဆင့် သင့်ရဲ့နေရာတွေကို ရှာဖွေနိင်ပါတယ်။ ဖုန်းစစ်တမ်းတွေမှာ ဖုန်းတွေက သင့်ကို ရှာလေလေ သင့်မှာ ရှိတဲ့ ဘတ္တရီအားက ကုန်လေလေပါပဲ။
ဒီတော့ ဖုန်းထဲက Settings > Location > Google Location Reporting ကိုသွားပြီး ပိတ်လိုက်ပါ။

Wi-Fi scanning

ဒါဟာလည်း ဖုန်းဘတ္တရီ အားအကုန်မြန်ရခြင်းရဲ့ အကြောင်း အရင်းတစ်ခုဖြစ်ပါတယ်။ Android ပေါ်တွင် ၀ိုင်ဖိုင် ကို disabled လုပ်ထားခဲ့ရင်တောင် ဖုန်းဟာ နက်ဝပ်ကို ရှာနေတုန်းပါပဲ။ ဒီလိုမဖြစ်ဖို့ Wi-Fi settings > Advanced ထဲသွားပြီး Wi-Fi scanning ကို Uncheck လုပ်ပါ။

Battery tool ကို သုံးပါ။

သင့်ရဲ့ ဘတ္တရီဟာ အရမ်းမြန်မြန်ကြီး အားကုန်နေပြီးလို့ ယူဆရင် Battery tool တွေကိုသုံးနိင်ပါတယ်။ Google play နဲ့ အခြား One Mobile Store တွေမှာ ဒေါင်းလ်နိင်ပြီး ထို Tool တွေက ဘယ် app တွေဟာ အားအရမ်းသုံးနေသလဲ ဆိုတာကို ပြပေးနိင်ပါတယ်။

Aung Heine ( S P J)

သံတွဲ-တောင်ကုတ်ကားမှောက် တစ်ဦးသေဆုံး


(နိရဉ္စရာ- ၅ ဇွန်လ ၂၀၁၃) / နေဇော်

ဓါတ်ပုံ – စိုးမင်းနိုင် Facebook

ယနေ့ မွန်းလွဲပိုင်းက သံတွဲ- တောင်ကုတ်လမ်းတွင် ကားတစ်စီး တိမ်းမှောက်၍ လူ တစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

“ သံတွဲက တောင်ကုတ်ကို သွားတဲ့ ကုန်တင် ကားပါ။ တောင်ကုတ်မြို့နယ် အတွင်းက မိုင်တိုင်အမှတ် ၂၄  အနီးမှာ မှောက်တာပါ။ သေတဲ့လူက စစ်တပ်ကလို့ ပြောပါတယ်။ ရေခဲပုံးပိပြီး သေတယ်လို့ သိရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဒဏ်ရာရသူ အများအပြားရှိပြီး ၈ ဦးကို အတွင်း လူနာ အဖြစ်၎င်း၊ ၇ ဦးကို ပြင်ပ လူနာအဖြစ်၎င်း တောင်ကုတ်ဆေးရုံတွင် ကုသနေရသည်ဟု သိရသည်။

သို့သော်လည်း အခြေအနေ မစိုးရိမ်ရဟု တောင်ကုတ်ဆေးရုံက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Narinjara

ထိုင်းအခြေအနေ အာဆီယံဥက္ကဋ္ဌ မြန်မာ ထောက်ခံ



ထိုင်းနိုင်ငံ အခြေအနေကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာက ထောက်ခံတယ်လို့ ထိုင်း နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) က ပြောပါတယ်။

ဇွန် ၂ ရက်နေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီး အမြဲတမ်း အတွင်ရေးမှူး ဆီဟာဆတ် ပေါင်ကပ်ကွေး (Sihasak Puangketkaew)က မြန်မာနိုင်ငံကို သွားရောက်ပြီး ထိုင်းနိုင်ငံ ပုံမှန်ဖြစ်ရေးအတွက် စစ်ကောင်စီရဲ့ လမ်းပြမြေပုံကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရှင်းပြခဲ့ရာက ထောက်ခံချက်ရရှိတာ ဖြစ်တယ်လို့ NCPO ပြောခွင့်ရ ယောင်ယွတ် မေယလပ် (Yongyuth Mayalarp)က ပြောပါတယ်။

“ထိုင်းဟာ မြန်မာရဲ့ အိမ်နီးချင်းဖြစ်သလို အရေးကြီးတဲ့ အတွက် ထိုင်းရဲ့ အခြေအနေကို မြန်မာ အစိုးရက စောင့်ကြည့်နေပါတယ်။ မြန်မာက ထိုင်းအခြေအနေကို နားလည်သလို ၀င်မစွက်ဖက်ရေး မူဝါဒကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ အထူးသဖြင့် တခြား အာဆီယံအဖွဲ့တွေနဲ့ ဆက်ဆံရေးနဲ့ အာဆီယံ သတ်မှတ်ချက်ဘောင်အတွင်းမှာ မြန်မာက လိုလို လားလား ထောက်ခံသလို ထိုင်းအပေါ်မှာလည်း မြန်မာက ယုံကြည်မှုရှိပါတယ်။”

ထိုင်းရဲ့စစ်အစိုးရသစ်ကို တရုတ်နဲ့ ဗီယက်နမ်တို့က ထောက်ခံကြောင်း ပြောဆိုခဲ့ပေမယ့် မေ ၂၂ ရက် အာဏာသိမ်းပြီးနောက် အမေရိကန် ပြည်ထောင်စုက ထိုင်းနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ရုတ်သိမ်းခဲ့သလို ဥရောပသမဂ္ဂကလည်း နိုင်ငံရေး အကျဉ်းသား လွတ်ပေးဖို့နဲ့ ဆင်ဆာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

သြစတြေးလျက နိုင်ငံက စစ်တပ်ခေါင်းဆောင်တွေ သူတို့နိုင်ငံလာရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ချက်တွေကို ဖြတ်တောက်ခဲ့ပါတယ်။

NCPO ပြောခွင့်ရက အမေရိကန် သြစတြေးလျနိုင်ငံတွေက စစ်ရေးလေ့ကျင်မှုတွေက လွဲပြီး ကျန်တဲ့ စစ်ရေး လေ့ကျင်မှုတွေကတော့ ရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအာဏာသိမ်းမှုဟာ ခြောက်လကြာ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုအပြီး တိုင်းပြည်ပြန်လည် တည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ စစ်တပ်က ကြေညာပါတယ်။

DVB

အဲသလိုအတိုင်း ရွေးလိုက်ပါ - ဟာသ


လွှတ်တော်အမတ်တစ်ဦးသည် လွှတ်တော်တက်ရန် ကားဖြင့်အသွားတွင်
ဖရဲသီးကြီးတစ်လုံးထမ်းလာသူကို တွေ့လိုက်ရသည်။ ကားကိုရပ်ပြီး
ဖရဲသီးဆင်းဝယ်လိုက်သည်။
“ခင်ဗျားဖရဲသီးက ကြီးလှချည်လား။ ကျွန်တော့ိကိုရောင်းပါဗျာ”
“ဈေးကောင်းပေးရင် ရောင်းရတာပေါ့လေ၊ ကြိုက်တာရွေးပေါ့”
“ဟင်၊ ဖရဲသီးက တစ်လုံးထဲ၊ ဘယ်လိုရွေးရမှာတုန်း”
“ရွေးကောက်ပွဲတုန်းက ခင်ဗျားတစ်ယောက်ထဲကို ကျွန်တော်တို့ ရွေးခဲ့ရသလို ရွေးပေါ့ဗျာ”

ရဲစတိုင်း
The Myanma Age