ပထမဆုံး ဆေးမင်ကြောင် ထိုးလိုက်သည့် မော်ရင်ဟို

မာတယ်လ်ဒီ ဖာရီရာ၏ ချစ်စနိုးအမည်ဖြစ်သော တမ်မီနှင့် ကလေးနှစ်ဦး၏ အမည်များကို လက်ကောက်ဝတ် ပတ်လည်တွင် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။



ချယ်လ်ဆီးအသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုတစ်ယောက် ၎င်း၏ ဘဝတွင် ပထမဆုံး ဆေးမင်ကြောင် (Tattoo)ကို ခန္ဓာကိုယ်ပေါ် ရေးထိုးလိုက်ပြီ ဖြစ်သည်။ အသက်(၅၀)ထိ လုံးဝ Tattooမထိုးဖူးသော ပေါ်တူဂီသားသည် ယခုအခါ လက်ကောက်ဝတ်ပေါ်၌ စာတန်းတစ်ခု ရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စာတန်းသည် မော်ရင်ဟို၏ မိသားစုအတွက် ဂုဏ်ပြုရန် ရည်ရွယ်မှု တစ်ခုဖြစ်ပြီး ပေါင်စတာလင် (၈၀)မျှ ကုန်ကျခဲ့ကြောင်း သတင်းများက ဆိုသည်။ ၎င်းသည် ဇနီးသည် မာတယ်လ်ဒီ ဖာရီရာ၏ ချစ်စနိုးအမည်ဖြစ်သော တမ်မီနှင့် ကလေးနှစ်ဦး၏ အမည်များကို လက်ကောက်ဝတ် ပတ်လည်တွင် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။



လန်ဒန်ရှိ Tattoo အလှဆင် ဆိုင်တစ်ခုတွင် ရေးထိုးလာသည့် စာတန်းအတွက် မော်ရင်ဟို အနေဖြင့် ကျေနပ်နေဖွယ် ရှိသည်။ လတ်တလောတွင် ချယ်လ်ဆီးသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်သို့ ရောက်ရှိနေပြီး ကက်သလစ် တက္ကသိုလ် လေ့ကျင့်ရေးကွင်းတွင် ပုံမှန် လေ့ကျင့်ခန်း ဆင်းနေသည်။ ယင်းသည် ချယ်လ်ဆီး၏ အမေရိကန် ခြေစမ်း ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။ မော်ရင်ဟိုသည် တမ်မီကို (၁၉၈၉)ခုနှစ်က လက်ထပ်ခဲ့ပြီး သမီးငယ် တီတာနှင့် သားငယ် ဇူကာတို့ကို မွေးဖွားကာ သာယာသော အိမ်ထောင်ရေး တစ်ခုကို ထူထောင်ထားသည်။

ရန်ကုန်တွင် အလိုအလျောက်အမှိုက်သိမ်းယာဉ် များဖြင့် သန့်ရှင်းရေးလုပ်မည်


ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်မြို့တော်ရှိ သန့်ရှင်းရေးလုပ်ငန်း များနှင့် စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်းကို အမေရိကန်နိုင်ငံထုတ် အလိုအလျောက် အမှိုက်သိမ်း ယာဉ်များဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားသည်။

အမှိုက်သိမ်းဆည်းရာတွင် အသုံးပြုရန် အဆိုပါဌာနက Compactor Garbage Truck with Rear Bin Lifter (အမှိုက်ပုံး ချိတ်ဆွဲ၍ အလိုလျောက် အမှိုက်သိမ်းယာဉ်) အစီးရေ ၃၈ စီး၊ Road Cleaner Truck (လမ်းရေဆေးသန့်ရှင်းသောယာဉ်) နှစ်စီး၊ Road Cleaner Vacuum နှစ်စီး (အမှိုက်စုပ်ယာဉ်)၊ Roll on – Roll off အမှိုက်သိမ်းယာဉ် ၁၄ စီးအပါအဝင် သန့်ရှင်း ရေးယာဉ် ၅၆ စီး ဝယ်ယူခဲ့ကြောင်း ၄င်းက ပြောကြားသည်။

လက်ရှိကာလအထိ အသုံးပြုလျက် ရှိသော စွန့်ပစ်အမှိုက် သိမ်းဆည်းရာတွင် သန့်ရှင်းရေးဝန်ထမ်း ငါးဦးခန့်က အမှိုက်များကို သယ်ယူကာ အမှိုက်သိမ်းယာဉ် ပေါ်သို့ ပို့ဆောင်ပေးသောစနစ်မှ ယခုအခါ အမှိုက်ပုံးချိတ်ဆွဲ၍ အလိုအလျောက် အမှိုက်သိမ်းသည်ယာဉ်ဖြင့် အသုံးပြုပါက ယာဉ်တွင် အမှိုက်ပုံးချိတ်ဆွဲမည့် ဝန်ထမ်း တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးသာ လိုအပ် သောကြောင့် အချိန်ကုန်သက်သာစေပြီး လူအင်အား အသုံးပြုမှုကို လျော့ကျနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"အခုသုံးနေတဲ့ အမှိုက်သိမ်းကားတွေက တော်တော်စုတ်နေပြီး အနံ့လည်း မလုံတော့ ကားသစ်တွေက အနံ့လုံရင် ကောင်းမယ်" ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ဦးမင်းနိုင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် Compactor GarbageTruck များဖြင့် တွဲဖက်၍ အမှိုက်သိမ်းနိုင်ရန် ၀ ဒသမ ၂၁၇ တန် ဝင်ဆံ့သော အမှိုက်ပုံး ၄၀၀၀ကျော်ကို မြို့နယ်များတွင် ဇူလိုင်လတွင်း ထားရှိပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် နေ့စဉ် စွန့်ပစ်အမှိုက်တန် ၁၆၀၀ ကျော် ထွက်ရှိပြီး အမှိုက်သိမ်း ဝန်ထမ်း ၁၉၀၀ကျော်နှင့် ထပ်မံ ဝယ်ယူသော အမေရိကန်ထုတ် အမှိုက်သိမ်းယာဉ် အပါအဝင် အစီးရေ ၃၀၀ နီးပါးခန့်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။
The Voice Weekly

လက်ပံတောင်းတောင် ပြန်လည်အသက်ဝင်လာတော့မည်


လက်ရှိ အစိုးရ၏ သက်တမ်းသုံး နှစ်အတွင်း မထင်မှတ်သော အချိုးအ ကွေ့နှင့် ပဋိပက္ခများစွာ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအရာများက နေ့ချင်းညချင်း ဖြစ်လာသည့် အသစ်များတော့ မဟုတ်။ ယခင် တပ်မတော်အစိုးရလက် ထက်အတွင်း တံခါးပိတ်၍ တိတ်တ ဆိတ် သဘောတူခဲ့သော စီမံကိန်းများ၏အောက် ပျောက်ဆုံးနေသော အသံများ ထွက်လာခြင်းဖြစ်သည်။

ထိုပြဿနာနှင့် ပဋိပက္ခများအနက် လက်ပံတောင်းတောင် စီမံကိန်း ရပ် ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ သပိတ် စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်နေသော သံဃာတော်များကို အရုဏ်တက်ချိန် အလစ်အငိုက်ဝင်၍ အကြမ်းဖက် နှိမ် နှင်းခဲ့ခြင်းက ဆိုးရွားသောအမည်းစက် ဖြစ်လာခဲ့သည်။ ထိုကာလများအတွင်း ယင်းဒေသ သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်သည်လည်း ကန့်ကွက်ဝေဖန်မှု များစွာဖြင့် ကြုံခဲ့ရသော်လည်း လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးကော် မရှင်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင် ရွက်ခဲ့သည်။

ပဋိပက္ခများ ဖြစ်ပေါ်နေသော လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သင့် မသင့်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပုလဲမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီး အဆိုဖြင့် တင်သွင်းခဲ့မှုကို ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်း ထားသော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နောက် ကော်မရှင် အစီရင်ခံစာအရ စီမံကိန်း၏ အားနည်းချက်များကို ပြင် ဆင်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သင့်သည်ဟု ဆိုသော ကြောင့် ကန့်ကွက်မှု များမည်မျှရှိနေပါ စေ စီမံကိန်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လက်ပံတောင်းတောင် အစီရင်ခံစာ အပေါ်မကျေနပ်ချက်များ များစွာရှိခဲ့ပြီး အစီရင်ခံစာထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စီမံကိန်းဒေသများမှ ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မြို့ ရှိ မကျေနပ်ကြသူများမှာလည်း အစီရင် ခံစာအပေါ်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းလိုက်သော လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီအနေ ဖြင့် လက်ပံတောင်းတွင် လက်ရှိလုပ်ကိုင်နေသော စီမံကိန်း ဖျက်သိမ်းရေးကိုသာဦးတည် ကန့်ကွက်နေခြင်း ဖြစ် ကြောင်း နာယက ဦးအံ့မောင်က ပြော သည်။

''စတုန်းကတည်းက ဖျက်သိမ်းရေးပဲ ပြောခဲ့တာ။ အခုလည်း ဖျက်သိမ်းပေးဖို့ပဲ တောင်းဆိုသွားမယ်'' ဟု ပြော သည်။ ထုတ်ပြန်ကြေညာသည့် အစီရင် ခံစာအပေါ်တွင် ဒေါ်အောင်ဆန်းစု ကြည်က ''လက်ပံတောင်းတောင် စီမံ ကိန်းနဲ့ ပတ်သက်ပြီးတော့ ဝင်လုပ်တာဟာ ဒီဒေသလေးအတွက်ပဲ လုပ်တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက် နိုင်ငံ ရဲ့ အနာဂတ်ကို ကြည့်ပြီးတော့ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဖြစ်ထိုက်သလဲ ဆို တာ လေ့လာစုံစမ်းပြီးတော့ လုပ်ဖို့ လုပ်သွားတာပဲ'' ဟု အစီရင်ခံစာ ထုတ် ပြန်ခဲ့သည့် မတ် ၁၂ ရက်နေ့တွင် လွှတ် တော်၌မီဒီယာများ မေးမြန်းချက်ကို ပြောကြားခဲ့သည်။

အဆိုပါအစီရင်ခံစာအရ အ ကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီမှ ၄ လတာ ဆောင်ရွက်ခဲ့မှုများကို မီဒီယာများအား သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုကာလများမှ အလွန်

၈ လ အကြာတွင် အမှတ် (၁) သတ္တုတွင်း လုပ်ငန်း မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သုံးဦး ပါဝင်သော စာချုပ်သစ်ကို ထပ်မံချုပ် ဆိုခဲ့သည်။ယင်းစာချုပ်အသစ်ကို ယခုလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြခြင်းဖြစ်ပြီး စာချုပ်အသစ်တွင် အ ကျိုးအမြတ် ခွဲဝေမှုများ၊ မူလ စာချုပ် တွင် တိတိကျကျ ထည့်သွင်းချုပ်ဆို ထားခြင်း မရှိခဲ့သော သတ္တုတွင်း ပြန် လည်အပ်နှံရေးနှင့်သတ္တုတွင်း ပိတ် သိမ်းရေး၊ လူမှုရေးတာဝန်ယူမှု CSR လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက် ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ချုပ်ဆိုပြီး ဖြစ်သော ကြောင့် မကြာမီကာလတွင် လုပ်ငန်းစတင်လည်ပတ်တော့မည်ဟု ပြည်ထောင် စုဝန်ကြီး ဦးလှထွန်းက ဆိုသည်။ ဇူလိုင် ၂၅ ရက်နေ့တွင် နေပြည် တော်သတ္တုတွင်းဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံ စမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြော ကြားခြင်းဖြစ်သည်။

စာချုပ် ပြန်လည်ချုပ်ဆိုရာတွင် အကျိုးအမြတ် ခွဲဝေရာ၌ နိုင်ငံတော် အနေဖြင့် အခွန်အခနှင့် ခွဲဝေမှု အချိုး အပါအဝင်အကျိုးအမြတ်၏ ၅၁ ရာခိုင် နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦး ပိုင်မှ ၁၉ ရာခိုင်နှုန်း၊ ဝမ်ပေါင် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း ရရှိကြမည်ဟု ဖော်ပြထားသည်။ အဆိုပါစီမံကိန်းကို ဝမ်ပေါင်ကုမ္ပဏီမှ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ထားခြင်း ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်သည် မိုင်းပါမစ် သတ္တုတွင်းရရှိထားပြီး ကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အကျိုးအမြတ် ခွဲဝေမှုတွင် ၁၉ ရာခိုင် နှုန်းပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

အကျိုးအမြတ်ခွဲဝေမှုတွင် ရာခိုင် နှုန်းများသတ်မှတ်ထားပြီး ဖြစ်သော်လည်း အကျိုးအမြတ် ရရှိမှုအပေါ် မည်သည့်အဖွဲ့အစည်းနှင့်မျှ စိစစ်ကြပ်မတ်မှု မရှိပါက မည်မျှအကျိုးအမြတ် ရရှိ သည်ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင် ခြင်း မရှိနိုင်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ထောက်ပြပြောဆိုသည်။

လုပ်ငန်းစတင်ဆောင်ရွက်ပါက ကနဦးနှစ်တွင် ကြေးနီတန်ချိန် ၄ သောင်း ထုတ်မည်ဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ပါက တစ်နှစ်လျှင် တန် ချိန် ၁ သိန်း ထုတ်လုပ်သွားမည် ဖြစ် ကြောင်း သိရသည်။

ကန့်ကွက်နေမှုများကြား လုပ်ငန်းများ အကောင်အထည်ပေါ်လာရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ''မကြာခင် မိုင်းလုပ်ငန်းစတင်တော့မှာပါ။ ဒေသခံတွေ နားလည်သဘောပေါက်လာရေးကို ဝိုင်းဝန်း ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

မိုင်းလုပ်ငန်းကြောင့် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အတွက် ဝမ်ပေါင်ကုမ္ပဏီမှ တစ်နှစ်လျှင် ကန် ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးမည် ဖြစ်ပြီး ယခုနှစ်အတွက် လူမှုရေးတာဝန် ယူမှုလုပ်ငန်း (CSR ) အတွက် ကန်ဒေါ် လာ ၁ သန်းကို ထောက်ပံ့ပေးထားပြီး စီမံကိန်းလုပ်ငန်း အကောင်အထည် ပေါ်လာပါကလုပ်ငန်းမှ ရရှိသော အ ကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကို CSR လုပ်ငန်းများတွင် သုံးစွဲသွားမည်ဟု အတည်ပြုထားကြောင်း သိရသည်။

စီမံကိန်းနယ်မြေတွင် ပါဝင်ပြီး ဖယ်ရှားရမည့် ရွာ ၄ ရွာနှင့်သာသနိ ကအဆောက်အအုံ ၃ ခုကို နေရာသစ် သတ်မှတ်ပြီးဖြစ်သောကြောင့် ဖယ်ရှား နိုင်ရေးများကိုလည်း ဆောင်ရွက်နေကြ သည်။ ဖယ်ရှားရမည့်ရွာတွင် ပါဝင်ပြီး ဖယ်ရှားခြင်းမရှိသေးသည့် ဆင်တဲရွာ နှင့် ဇီးတောရွာမှ အိမ်ထောင်စု ၁၈၂ စုကို အကြမ်းဖက် ဖယ်ရှားခြင်း မပြု ဟု ဆိုသော်လည်း ဖယ်ရှားပေးရေးအတွက် ကိုမူ ဆက်လက်ဆောင်ရွက်သွားမည် ဟု ဦးလှထွန်းက ပြောသည်။

''စီမံကိန်းနယ်မြေအတွင်းက ရွာ ၄ ရွာက မိုင်းလုပ်ငန်းလုပ်ရင် ထိခိုက်မှု ရှိနိုင်လို့ ရွှေ့ပြီး ရွာသစ်တည်ပေးထား ပါတယ်။ ရွာဟောင်းကို ပယ်ဖျက်လိုက် ပြီဖြစ်လို့ ရွာလို့ သတ်မှတ်လို့ မရတော့ ပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန် ကြားချက်အရ ရွာမရှိတော့ပါဘူး'' ဟု ၎င်းကဆိုသည်။မပြောင်းရွှေ့ရသေးသော ဆည်တဲ ရွာတွင် အိမ်ထောင်စု ၁၆ဝ စုကျန်ရှိပြီး ဇီးတောရွာတွင် အိမ်ထောင် စု ၂၂ စု ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် သိမ်းဆည်းခံ လယ် မြေများအတွက် မြေယာလျော်ကြေး အဖြစ် ၂၈၂၇ ဒသမ ဝ၁ ဧကအတွက် ကျပ်သိန်းပေါင်း ၂၉၁၆၆ ဒသမ ၇၄ သိန်းပေးအပ်ပြီး ကျန်ရှိနေသော လျော် ကြေးများကိုလည်း ဆက်လက်ပေးအပ် နေကြောင်း၊ သိမ်းဆည်းထားသော မြေ များမှ ၂၈၃ ဒသမ ၆၉ ဧကကို တောင် သူများထံ ပြန်လည်ပေးအပ်နေပြီး ၂၂၃ ဒသမ ၂၃ ဧက ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။ မြေယာလျော်ကြေးများ ပြန်လည် ပေးအပ်ရာတွင် လာရောက်ထုတ်ယူ ခြင်း မရှိသေးသည့် တချို့မြေပိုင်ရှင်များ မှာပိုင်ဆိုင်မှုအငြင်းပွားနေခြင်း၊ မြေဈေး ယခုထက်ပိုကောင်းမွန်လာမည် ဆိုပါက လျော်ကြေးပိုမို ရရှိစေရန် စောင့်ကြည့် နေခြင်းများ ရှိနေကြောင်း ဦးလှထွန်း က အခြေအနေကို သုံးသပ်ပြောသည်။

မည်သို့ပင်ဖြစ်စေ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းသည် ကန့်ကွက် မှုများရှိနေသည့်ကြားမှ အကောင်ထည် ပေါ်ပေါက်လာစေရန်အတွက် တွန်း အားပေး ဆောင်ရွက်နေကြပြီး ဝမ်ပေါင် ကုမ္ပဏီ အနေဖြင့်လည်း စီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း ဝန်းကျင်ရှိ ဒေသခံများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူမှုရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားရှိထားသည်။

မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက် လာမည့် စီမံကိန်းများ အတွက် ယခု လက်ပံတောင်းတောင် စီမံကိန်းသည် စံ ပြ စီမံကိန်းတစ်ခုဖြစ်စေပြီး လာမည့် ရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လူ မှုတာဝန်ယူမှု (CSR ) အတွက် မည်မျှ ရင်းနှီးမြှုပ်နှံမည်ဆိုသော အချက်ကိုပါ ထည့်သွင်းစိစစ်မှုရှိလာကြောင်း သိရ သည်။''ဒီလိုမျိုး စီမံကိန်းတွေ နောက် ထပ် ထပ်လုပ်ကြဦးမယ်။ ဒီစီမံကိန်းက စံပြသဘောမျိုး သက်ရောက်ပြီး နောက် ထပ်စီမံကိန်းတွေကို တိုးတက်ကောင်း မွန်စေမှာပါ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် သဘာဝ အ ရင်းအမြစ် ထုတ်ယူရေး စီမံကိန်းများ သာ များပြားပြီး ကဏ္ဍကြီး ၃ ခုအနေ ဖြင့် ရှေ့ဆုံးမှ ရပ်တည်နေကြောင်း၊ ယင်းတို့မှာ ရေအားလျှပ်စစ် ထုတ်ယူ ရေးလုပ်ငန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့်သတ္တုတွင်းတူး ဖော်ရေး လုပ်ငန်းများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ ယခုနှစ် မြန်မာနိုင်ငံသို့ဝင်ရောက် သော ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် ရေ အားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမှ ၄ဝ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ ၃ဝ ရာခိုင်နှုန်း၊ သတ္တု တွင်း တူးဖော်ရေးလုပ်ငန်းမှ ၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။ မည်သို့ပင်ဆိုစေ ကန့်ကွက်မှုများ၊ ဝေဖန်မှုများနှင့် အတားအဆီးများကြား မှပင် လက်ပံတောင်းတောင်စီမံကိန်းက မကြာမီသက်ဝင်လာတော့မည် ဖြစ် သည်။

ဝေယံမိုးမြင့်
Popular Myanmar News Journal

ကျွဲကျောင်းသားတစ်ဦး၏ ပုပ်ပွနေသည့်အလောင်း ရေမြောင်းထဲတွေ့


ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၁၂၁) ရပ်ကွက်၊ လယ်ကွင်းပြင်ရှိ ရေမြောင်းထဲမှ ဇူလိုင်လ ၃၀ ရက် နံနက် ၁၁နာရီ ၃၀မိနစ်က အသက် ၅၀ အရွယ်ရှိ ကျွဲကျောင်းသားအမျိုးသား အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူသည် အဆိုပါရပ်ကွက် အင်းဝလမ်းတွင် နေသူ ဦးဘာဘူကြီး ဖြစ်ပြီး ၄င်းသည် အရက်အလွန်အကျွံ သောက်စားတတ်သူ တစ်ဦးဖြစ်ကြောင်း လွန်ခဲ့သော သုံးရက် (ဇူလိုင်လ ၂၇ ရက်) ခန့်က ကျွဲကျောင်း သွားရာမှ ပျောက်ဆုံးခဲ့ပြီး ဒဂုံအင်တာ နေရှင်နယ်ကုမ္ပဏီပိုင် လယ်ကွင်းရှိ အကျယ် ၁၀ပေ၊ အနက် ရှစ်ပေရှိ ရေမြောင်းထဲမှ အလောင်းကို ပုပ်ပွ၍ ပြန်လည်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း (၁၂၅) ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအောင်ချမ်းသာက The Voice သို့ ပြောကြားသည်။

"ကျွဲကျောင်းသားကောင်လေးက တွေ့ပြီး ရပ်ကွက်ရုံးကို လာပြောလို့ ရဲစခန်း ကို အကြောင်းကြား ခဲ့တယ်။ သွားကြည့်တော့ အလောင်းက တော်တော်လေး ပုပ်ပွ နေပါပြီ" ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း ၁၁/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ


၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews

Aung Kham (TSJ team)

လောင်းကစားဂျင်ဝိုင်းဒိုင်ဖမ်းဆီး


Author ဇင်သော်

ရန်ကုန်၊သြဂုတ်လ-၁ လောင်းကစားနဲ့ဂျင်ဝိုင်းဒိုင်ထောင်ထားသူတွေကို ယနေ့နေလည်ပိုင်းကရန်ကုန်တိုင်း ဒေသကြီး၊ဒုဏရိုက်နှိမ်နှင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်းသိရတယ်။ ဝင်ရောက်ဖမ်းဆီးတဲ့နေရာက ပန်ဘဲတန်းမြို့နယ်၊၂၉လမ်းအလယ်ဘလောက် ကန်ထရိုက်တိုက် သုံးထပ်မှာဖြစ်ပါတယ်။တိုက်ခန်းထဲက စားပွဲဝိုင်း၊စားပွဲခုံတွေကိုလည်းရဲတွေကသိမ်းဆည်းသယ်ဆောင်သွား ကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ရရှိတဲ့သတင်းအရငွေကျပ်သိန်း၂၀တန်းဖိုးခန့်လောင်းက စားဝိုင်းက သိမ်းဆည်းရမိကြောင်းသိရပါတယ်။ လောင်းကစားဝိုင်းကိုဝင်ဖမ်းတော့ တိုက်ခန်းအနောက်ပေါက်ကနေထွက်ပြေးလွတ်မြောက်သွားတဲ့သူအချို့ လည်းရှိတယ်လို့ အနီးနားရှိမျက်မြင်သက်သေအချို့ကပြောပါတယ်။

ကမ်းဝေးငါးဖမ်းခြင်းမပြုရန် မုန်တိုင်းသတိပေး


ရန်ကုန်၊ ဇူလိုင် ၃၁

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တတားမြို့ အနောက်တောင်ဘက် မိုင် ၂၄၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းခြင်းမပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းသည် အဝါရောင်အဆင့် ဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်းမရှိ သော်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် ကမ်းဝေး ငါးဖမ်းလှေများကို ကမ်းကပ်ခိုင်းသည့် သတိပေးချက်များ ထွက်ပေါ်သော်လည်း ပင်လယ်ထွက်ဖမ်းသည့် လှေများလည်း ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ
ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
"ကမ်းခိုကြတာ အစီး ၂၀ လောက် တော့ တွေ့တယ်။ ဒီတစ်ကြိမ်တော့ သိပ် စိုးရိမ်စရာမရှိဘူး ထင်တယ်။ လေတိုက်နှုန်း က တစ်နာရီ ၄၀ ဆိုတော့ ဒီဘက်က လူတွေက သိပ်မမှုကြတာလည်း ပါတယ်" ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်း ကလည်း မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အလုပ်အကိုင်ပျက်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
The Voice Weekly

အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသူ ကန်ဒေါ်လာလေးသန်း နစ်နာကြေးရ


===============
စန်ဒီယာဂို၊ ဇူလိုင် ၃၁
===============
အကျဉ်းထောင်ရှိ အကျဉ်း သားများထားရှိရာအခန်းအတွင်း လေးရက်ကျော်ကြာ ပစ်ထားခြင်း ခံရသော အမေရိကန်ပြည်ထောင်စု စန်ဒီယာဂိုမြို့မှ တက္ကသိုလ်ကျောင်း သားတစ်ဦးကို အမေရိကန်အစိုးရ က အမေရိကန်ဒေါ်လာလေးသန်း ကျော် နစ်နာကြေးပေးခဲ့ကြောင်း သူ၏ရှေ့နေက ပြောကြားခဲ့သည်။
တက္ကသိုလ်ကျောင်းသားဒန် နီယယ်ချောင်သည် သူ၏ကျင်ငယ် ရေကိုသောက်၍ အသက်ဆက်ခဲ့ ရပြီး သူ၏စိတ်ချောက်ချားနေမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူထံ အမှာ သတင်းပါးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ချောင်သည် ၂၀၁၂ခု နှစ်က မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ဝင်ရောက်ဖမ်းဆီးမှုအတွင်း ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီး အချုပ်ခန်းအတွင်း လေးရက်ကြာ သည်အထိ သူ့ထံသို့ မည်သူမျှ ရောက်ရှိလာခဲ့ခြင်းမရှိဟု ဆိုသည်။
ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရားရေးဌာနမှ စုံစမ်းစစ်ဆေး ရေးအရာရှိတို့က စုံစမ်းစစ်ဆေး ခဲ့ကြခြင်း ဖြစ်သည်။ ချောင်အား အကျဉ်းထောင်အခန်းထဲမှ ကယ် တင်ပြီးနောက် ဆေးရုံတွင် ငါးရက် ကြာ ဆေးကုသမှုခံယူခဲ့ရသည်။ သူသည် ရေဓာတ်ခန်းခြောက် ခြင်း၊ ကျောက်ကပ်အလုပ်မလုပ် ခြင်း၊ ကြွက်တက်ခြင်းဝေဒနာများ ကို ခံစားခဲ့ရပြီး ကိုယ်အလေးချိန် ၁၅ပေါင် ဆုံးရှုံးခဲ့သည်။
ချောင်သည် မှားယွင်းစွာ မေ့လျော့မှုကြောင့် အခန်းကျဉ်း အတွင်း ပစ်ထားခြင်းခံရခြင်းဖြစ် ပြီး မတော်တဆမှားယွင်းမှုက သူ့အတွက်အလွန်ဆိုးရွားချောက် ချားဖွယ်ရာဖြစ်ခဲ့သည်ဟု ဆို သည်။ ချောင်အားထားရှိသော အခန်းတွင် ပြတင်းပေါက်မရှိဘဲ အခန်းထဲ၌ လေးရက်ကျော် ပိတ်မိ နေစဉ်အတွင်း အစားအစာနှင့် ရေရရှိခဲ့ခြင်းမရှိဟု ဆိုသည်။
ချောင်၏ဖြစ်ရပ်မှနေ၍ ပေါ်ထွက်လာသောရလဒ်မှာ ဖမ်း ဆီးထိန်းသိမ်းထားသူများအတွက် မူဝါဒသစ်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ ကြောင်း သိရသည်။ သတ်မှတ်ပြ ဋ္ဌာန်းမှုအရ အကျဉ်းထောင်အခန်း များကို နေ့စဉ်စစ်ဆေးရေးဝင်ခြင်း နှင့် အခန်းများတွင် ကင်မရာများ တပ်ဆင်ထားစေခြင်းတို့ ပါဝင် ကြောင်း သိရသည်။
REF : BBC

ဘားအံနှင့် ငါးသိုင်းချောင်းမြို့တို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်



တံတားဦးတွင် မုဒိမ်းကျင့် လူသတ် ပစ္စည်းလုသူ သေဒဏ်ချ


မန္တလေး၊ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့တွင် လွန်ခဲ့သည့် ငါးလခန့်က အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် လူသတ် ပစ္စည်း လုယက်မှု ကျူးလွန်သူ ဝင်းအောင်စိုးကို ဇူလိုင်လ ၃၀ ရက်နေ့က သေဒဏ် အမိန့် ချမှတ်လိုက်ကြောင်း ကျောက်ဆည်ခရိုင် တရားရုံးထံမှ သိရှိရသည်။

“ကျောက်ဆည်ခရိုင် တရားရုံးက သေဒဏ် ချတာပါ။ ဒီကနေ့ မန္တလေး အိုးဘိုထောင်ကို ပို့ပါတယ်” ဟု တံတားဦး ရဲစခန်းက အတည်ပြု ပြောကြား သည်။

ပြစ်မှု ကျူးလွန်သူ ဝင်းအောင်စိုးသည် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ဈေးဝယ်မည်ဟု အကြောင်းပြကာ တံတားဦးမြို့ သုသာန်သို့ ခေါ်၍ ယင်းသို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ သွားရောက် စစ်ဆေးရာ ယင်းသုသာန် တွင် အမျိုးသမီး တစ်ဦးသည် မျက်နှာဖူးရောင်၊ အထက် သွားနှစ်ချောင်း အောက်သွား သုံးချောင်းကျိုး၊ နှာခေါင်းရိုးကျိုး ဒဏ်ရာ များနှင့် သေဆုံးနေကြောင်း တံတားဦး ရဲစခန်းရှိ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ တရားခံ ဝင်းအောင်စိုးသည် ငါန်းဇွန်မြို့နယ် ကျွမ်းကန် အနောက်ရွာ တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို မြို့သာမြို့၏ အရှေ့ဘက် ရွာသစ်ကျေးရွာ ညိုလေး လက်ဖက်ရည်ဆိုင်၌ သက်သေခံ ရွှေထည် ပစ္စည်းများနှင့်အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖမ်းဆီး ရမိကြောင်း ၎င်းရဲစခန်း တာဝန်ရှိသူ က ဆိုသည်။

သေဆုံးသူ အမျိုးသမီးသည် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်ကာ မိခင်အို ကြီးကို ပေါက်စီကြော်၊ ငုံးဥပြုတ်၊ စမူဆာကြော် ရောင်း၍ လုပ်ကိုင် ကျွေးမွေးနေသူဖြစ်ကြောင်း ယင်းမြို့ ဒေသခံများက ပြောကြား သည်။
The Voice Weekly

စက်လှေဝမ်းဗိုက်အတွင်းရှိ ဆီတိုင်ကီဆေးကြောရာမှ မူးမေ့လဲကျခဲ့ကာ (၃)ဦးသေ (၁)ဦးသတိလစ်လျက်ရှိ


ရန်ကုန်၊ သြဂုတ် ၁

၁.၈.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ ဟိုင်းလုံသင်္ဘောဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော
ရွှေလျှံတိုးငါးဖမ်းစက်လှေမှ လုပ်သားများဖြစ်သည့် ထွန်းလေး၊ (၃၃)နှစ်
(စိစစ်ဆဲ)၊ မျိုးထွန်း၊ (၄၂)နှစ် (စိစစ်ဆဲ)၊ မင်းနိုင်၊ (၃၀)နှစ် (စိစစ်ဆဲ)၊ မင်းမင်း(၃၃)နှစ် (စိစစ်ဆဲ)တို့ (၄)ဦးသည် စက်လှေဝမ်းဗိုက်အတွင်းရှိ ဆီတိုင်ကီအားဝင်ရောက်ဆေးကြောရာမှ ၎င်းတို့(၄)ဦးမှာ မူးမေ့လဲကျသွားသဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ပို့အပ်စဉ်
ထွန်းလေး၊ မျိုးထွန်း၊ မင်းနိုင်တို့ (၃)ဦးမှာ လမ်းတွင်သေဆုံးသွားခဲ့ပြီး မင်းမင်းမှာသတိလစ်နေသဖြင့် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်
တက်ရောက်ကုသလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစားအစာထဲသို့ ပိုးသတ်ဆေးထည့်ခဲ့သူ တရုတ်အလုပ်သမားအား ရုံးတင်စစ်ဆေး


၂ဝဝ၈ ခုနှစ်က ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစာသွပ်မုန့်အတွင်း၌ ပိုး သတ်ဆေးထည့်သည်ဆိုသော စွဲချက် ဖြင့် တရုတ်စက်ရုံလုပ်သား တစ်ဦးအား ရုံးတင်စစ်ဆေးလျက်ရှိပြီး အဆိုပါ အပြု အမူကြောင့် ဂျပန်လူမျိုး ၁ဝ ဦးနာမ ကျန်းဖြစ်ခဲ့ကြောင်း ဂျပန်နှင့်တရုတ်မီ ဒီယာများတွင် ဖော်ပြသည်။

စက်ရုံလုပ်သား လုယွဲ့တင်သည် ပေါင်မုန့်လုံးထဲသို့အင်း ဆက်ပိုး သတ် ဆေးထည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၄င်းမုန့် များအား ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ကြောင်း စင်ဟွာသတင်းအေဂျင်စီကဖော် ပြသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝဝ၈ ခု နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းကိစ္စ ရပ် ကြောင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တင်းမာခဲ့ကြောင်း သိရသည်။

အဆင့်မြင့် ဂျပန်ဝန်ကြီးတစ်ဦး တရုတ်နိုင်ငံသို့လာရောက် လည်ပတ် သည့်အထိမ်းအမှတ်အနေဖြင့် ၄င်းကိစ္စ အားရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

လုယွဲ့တင်သည် ဟီပေးပြည်နယ် ရှိ ထျန်းယန်အစားအသောက် ကုမ္ပဏီ ၌ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လုပ်အားခ မကျေနပ်မှုများနှင့် လုပ်ဖော်ကိုင်ဖက် များနှင့်အဆင်မပြေမှု များကြောင့် အစာ သွပ်ပေါင်မုန့်အတွင်းသို့ ဆေးထိုးပြွန်သုံး ၍ ပိုးသတ်ဆေးထည့်ခဲ့ခြင်းဖြစ်သည်။

၎င်း၏လုပ်ရပ်ကြောင့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလအတွက် အဆိုပါ ပေါင် မုန့်စားသုံးမိသူ အနည်းဆုံး ၁ဝ ဦး နာမကျန်းဖြစ်ခဲ့ကာ အသက် ၅ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးမှာ အ ပြင်းဖျားခဲ့ပြီးဆေးရုံတက်ခဲ့ရသည်။ ၄င်း ပေါင်မုန့်ထဲ၌ အန္တရာယ်မြင့်မားသည့် ပိုးသတ်ဆေးများပါဝင်ကြောင်း စုံစမ်း စစ်ဆေးသူများက ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ၄င်းအား ၂ဝ၁ဝ ခုနှစ် က ဖမ်းဆီးခဲ့ကာ ဇူလိုင် ၃ဝ ရက်တွင် စတင်၍ ဟီပေးပြည်နယ်ရှီးကျားကျွမ်း မြို့၌ ရုံးတင်စစ်ဆေး ခဲ့သည်။

Ref:BBC
သိင်္ဂီဝင်း

တားမြစ်ဆေးကိုစအိုထဲထည့်၍ အင်းစိန်ထောင်ထဲသို့ သယ်ဆောင်သူအမှုဖွင့်ခံရ


တားမြစ်ထားသော ဆေးဝါးများကို စအိုတွင်းသို့ထည့်ပြီး အင်းစိန်ထောင်အတွင်းသို့ သယ်ဆောင်ရန် ကြိုး ပမ်းသူ အချုပ်သားတစ်ဦးကို ဇူလိုင် ၂၉ ရက်တွင် အကျဉ်းထောင်ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

တရားစွဲခံရသူသည် ဦးဝေထွန်းပိုင်ဆိုသူဖြစ်ပြီး ၎င်းမှာသင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေ သူဖြစ်သဖြင့် ဇူလိုင် ၂၄ ရက်က ရုံးထုတ်ရာ ထိုနေ့ကအချုပ်ယာဉ်ဖြင့် ညနေ ၆ နာရီခန့်တွင် အင်းစိန်ထောင် သို့ပြန်ရောက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သူ့ကို ထောင်စည်းကမ်း ထိန်းသိမ်းရေးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးနှင့် အဖွဲ့က ရှာဖွေစစ်ဆေးခဲ့ ကြရာထောင်တွင်း၌ တားမြစ်ထားသောဆေးဝါးဖြစ်သည့် “သခွားစေ့”ဟု ခေါ်ဝေါ်သော ချောင်းဆိုးပျောက် ဆေး ၄၀၀ လုံးကို စအိုအတွင်းဝှက်၍ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြ သည်ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် ကိုဝေထွန်းပိုင်သည် လက်ရှိတရားစွဲခံထားရသည့် အမှုအပြင်အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူး ဦးသိန်းနိုင်က တရားလိုပြုလုပ်တိုင်တန်းတရားစွဲဆိုသည့် ထောင်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲခံရတော့ မည် ဖြစ်သည်ဟု ရဲဌာနကထုတ်ပြန်သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

ထားဝယ်ခရိုင် အနှံ့အပြားတွင် အဝေးပြေးလမ်းများ ရေကျော်လျက်ရှိသဖြင့် ကုန်တင်ယာဉ်များ ပိတ်မိနေ


တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းများပေါ်တွင် ရေများကျော်တက်လျက်ရှိပြီး ဆက်သွယ်မှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနသာင်္ရီတိုင်း ဒေသကြီး၏ အဓိက အဝေးပြေးလမ်းမကြီးဖြစ်သည့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ နေရာအချို့တွင် လမ်းမပေါ်၌ အမြင့်လေးပေခန့်အထိ ရေများကျော်တက်လျက် ရှိသောကြောင့် ကားများဖြတ်သန်းခြင်း မပြုနိုင်ဘဲ ရေကျမည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ထားဝယ်-ရေး လမ်းပိုင်းပေါ်ရှိ မိုင်တိုင် ၃၅ မှ ၄၅ အတွင်းတွင် နေရာလေးခုမှာ ရေအမြင့် လေးပေခန့်အထိ လမ်းမပေါ် ကျော်တက်လျက်ရှိပြီး ၎င်းလမ်းပိုင်းပေါ်ရှိ ကလိန်အောင် တံတားတွင်လည်း တံတားအောက် သံဘောင်သို့ပင် ချောင်းရေများ လျှံတက်ကာ ကလိန်အောင်မြို့အတွင်း၌ ရေအမြင့် လေးပေခန့် နစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

"ထားဝယ်က ထွက်တဲ့ကားတွေကတော့ ၂၉ မိုင် သက်ကယ်ကွက်ရွာနားမှာ ရပ်နားနေရပါတယ်။ ဟိုဘက်ကို ကူးလို့မရပါဘူး။ ရန်ကုန်ကဆင်းတဲ့ ကားတွေလည်း ကလိန်အောင်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ ကလိန်အောင်ကနေ သက်ကယ်ကွက်လောက်အထိ ရေကျော်နေတဲ့ နေရာလေးခုကို ဖြတ်ဖို့လှေမရှိဘူး။ မီးရထားလမ်းတော့ ရှိတယ်။ ခရီးသည်တွေကို မီးရထားနဲ့  ထည့်လိုက်ပြီး ရေကျနေတဲ့ဘက်မှာ ကြိုရင်ကောင်းမလား စဉ်းစားနေပါတယ်။ ထားဝယ်ကထွက်လာတဲ့ ကားကိုတော့ အခြေအနေကြည့်ပြီး ပြန်လှည့်ခိုင်းရတော့မှာပါ" ဟု ငွေငန်းဖြူ ယာဉ်လိုင်းမှ တာဝန်ခံ ကိုအောင်ကိုလတ်က ပြောကြားသည်။

ထားဝယ်မြို့ အနီးတစ်ဝိုက်တွင်လည်း အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိပြီး မြိတ်မြို့မှ ၀င်ရောက်လာသော ကားများမှာ ပေါက်တိုင်းချောင်း တံတားအနီးရှိ လမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီး လမ်းကျွံနေမှုကြောင့် တံတားအနီးတွင် ရပ်နားထားရပြီး ခရီးသည်များမှာ အနီးရှိ လမ်းမသစ်မှ သုံးဘီးဆိုင်ကယ်များဖြင့် သွားလာနေရကြောင်း သိရသည်။

ယနေ့ ညနေထွက်မည့် ထားဝယ်-မြိတ် အဝေးပြေးယာဉ်လိုင်းများမှာ ခရီးစဉ်ဖျက်သိမ်းလိုက်ပြီး ရန်ကုန်-ထားဝယ် ခရီးစဉ်တွင်လည်း ယာဉ်လိုင်းအချို့သာ ထွက်ရှိမည်ဖြစ်ကြောင်း အဝေးပြေး ယာဉ်လိုင်းများထံမှ သိရသည်။

ထားဝယ်ခရိုင် အတွင်းတွင် မိုးများဆက်တိုက် ရွာသွန်းခဲ့ပြီး ဇူလိုင်တစ်လတာ ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၇၀ ဒသမ ၅၉ လက်မရှိပြီး ဇူလိုင် ၂၄ ရက်တွင် ထားဝယ်မြို့၌ ရွာသွန်းခဲ့သော မိုးရေချိန်ဖြစ်သည့် ၁၃ ဒသမ ၇၉ လက်မမှာ ၁၉၈၂ ခုနှစ်မှ ယခုအချိန်အထိ ဒုတိယအများဆုံး ရွာသွန်းခဲ့သော မိုးရေချိန် ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဇူလိုင် ၄ ရက်က ရွာသွန်းခဲ့သည့် ၁၇ ဒသမ ၆၀ လက်မမှာ ပထမ အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media Group

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်


ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။
ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

GoodHealth

မြန်မာနိုင်ငံမှ ပေးချေရန်ရှိသော ချေးငွေ ယူရို ၁ ဒသမ ၁ ဘီလျံအနက် သန်း ၅၅၀ ကျော်အား ပြင်သစ်ပယ်ဖျက်


ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပေးချေရန် ရှိနေသော ကြွေးမြီ ယူရို ၁ ဒသမ ၁ ဘီလျံအနက် သန်း ၅၅၀ အား ပယ်ဖျက်ပေးလိုက်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Nicole Bricq က ပြောကြားသည်။

"ဒီနေ့မနက်မှာပဲ နေပြည်တော်မှာ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးတော့ မြန်မာနိုင်ငံကနေပြီး ပြင်သစ်နိုင်ငံကို ပေးချေဖို့ရှိတဲ့ ကြွေးမြီ ၁ ဒသမ ၁ ဘီလျံထဲက ထက်ဝက်ဖြစ်တဲ့ သန်း ၅၅၀ ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး စာချွန်လွှာ ရေးထိုးခြင်းပါပဲ။ ကျန်ရှိနေတဲ့ ကြွေးမြီတွေကိုတော့ အတိုးနှစ်ရာခိုင်နှုန်း ၀န်းကျင်နဲ့ သတ်မှတ်ပြီးတော့ ၁၅ နှစ်အတွင်းမှာ ပြန်လည်ပေးဆပ်နိုင်ဖို့ ကတိက၀တ် ပြုထားခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

ဇူလိုင် ၃၁ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ပြင်သစ်ကုမ္ပဏီများ အနေဖြင့် တာဝန်ယူမှု အပြည့်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကျွမ်းကျင်မှုအတွက် လိုအပ်သော သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း တိုးတက်မှုအတွက်သော် လည်းကောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အခွင့်အလမ်းများအတွက် လည်းကောင်း ပြင်သစ်နိုင်ငံ အနေဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ပြင်သစ်ကုန်သွယ်ရေး ၀န်ကြီးက ပြောကြားသည်။

Eleven Media Group

နိုင်ငံရေးသိပ္ပံဘာသာရပ်ဝင်ခွင့် ရမှတ်အနိမ့်ဆုံး ၄၇၀ ရရှိရမည်


ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်တို့တွင် နိုင်ငံရေးသိပ္ပံဘာသာရပ် ပထမနှစ်သင်တန်း စတင် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာအနိမ့်ဆုံးရမှတ် ၇၅ မှတ်နှင့် စုစုပေါင်းအနိမ့်ဆုံးရမှတ် ၄၇၀ မှတ်ရရှိထားသူများ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်သည် ကိုပညာရေးဝန်ကြီးဌာနမှသိရသည်။ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများရွေးချယ်၍ ပထမနှစ်သင်တန်း မှပါရဂူဘွဲ့ရရှိသည်အထိ အထူးပြုစုပျိုးထောင်ရေး စီစဉ်ဆောင်ရွက်ရန် တက္ကသိုလ်ပညာရေးအဖွဲ့များကောင် စီနှင့် တက္ကသိုလ်ဗဟိုကောင်စီတို့က အတည်ပြုထားပြီးဖြစ်သည်။
   ယင်းတက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားရွေးချယ်ရာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့သည့် ဘာသာတွဲများ ကိုသတ်မှတ်ချက်မပြုဘဲ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ ဘာသာတွဲအား လုံးမှ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ် အခြေခံ၍ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ကျောင်းသား များအားသင်ကြားပို့ချရာတွင် စာတွေ့၊လက်တွေ့သင်ကြားပို့ချခြင်းများကို နိုင်ငံတကာအဆင့်မီသင်ကြားပို့ချ မည်ဖြစ်ပြီး စာသင်ခန်းအရွယ်အစားအပါအ၀င်သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပြည့်စုံ စွာ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

Ref..facebook

ဆွဲဆောင်မှုရှိတဲ့ အလှနဲ့ မော်ဒယ် မိုးမြင့်သဇင်


သူမကတော့ ညို့အားပြင်းချက်များစွားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ် မိုးမြင့်သဇင်ပါ။ သူမရဲ့ Nick Name ကတော့ဖူးပါ။ သူမကိုကြည့်ရင်သရုပ်ဆောင်မင်းသမီး လှအဉ္ဖလီတင့်ရဲ့ညီမလို့တောင်ထင်မိပါတယ် သူမရဲ့မွေးနေ့ကတော့ ၁၉၉၀ စက်တင်ဘာ ၂၇ ဖြစ်ပြီး၊ အရပ်တော့ ၅ပေ ၅ လက်မမြင့်ကာ၊ ကိုယ်အလေး 
ချိန်၁၁၀ ပေါင်ဖြစ်ပါတယ်။ သူမဟာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး Miss Ngwe Saung & Photogenic of Miss Color of Fall  ဆုတွေရရှိထားသူလေးဖြစ်ပါတယ်။ သူမရဲ့ဝါသနာအလုပ်ကတော့မော်ဒယ်လ်နှင့် သရုပ်ဆောင်ဖြစ်ပါတယ်။ ခုလတ်တလောမှာ show နဲ့ ပြက္ခဒိန်တွေလုပ်နေပါတယ်။ သူမရဲ့အဓိက Hobby ကတော့ အစာစားခြင်းနှင့်အင်တာနက်သုံးခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာဘွဲ့ရထားသူလေးဖြစ် ကာ၊ Single လဲဖြစ်ပါတယ်။

Ref...myanmarcelebrit

အမေရိကတွင် ကလေးငယ်များကို ပြည့်တန်ဆာ အဓမ္မလုပ်ခိုင်းမှုဖြင့် ၁၅၉ ဦး FBI ဖမ်းဆီး


ဝါရှင်တန်၊ ဇူလိုင် ၃၀

အမေရိကန်ပြည်ထောင်စုတွင် FBI တပ်ဖွဲ့က နိုင်ငံလုံးအနှံ့ ကလေးသူငယ်အဓမ္မ လိင်ဖျော်ဖြေလုပ်သား လုပ်ကိုင်စေခြင်း နှိမ်နင်းမှု စစ်ဆင်ရေးကို နိုင်ငံလုံးချီ၍ ပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၅၉ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း New York Times သတင်းစာက ရေးသားဖော်ပြ ထားသည်။

မိန်းကလေးငယ် ၂၇၀၀ ကို ကယ်တင်နိုင်ခဲ့ပြီး အချို့မှာ အသက် ၁၃ နှစ်ခန့် သာရှိသေးကြောင်း လည်း ယင်းသတင်းအရ သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် ဆယ် စုနှစ်တစ်ခု ကြာပြီဖြစ်သော တရားရေး ဌာန၏ အစီအစဉ်တစ်ခု ဖြစ်သည့် Innocence Lost National Initiative ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး ကလေးသူငယ်များကို လိင်လုပ်သား လုပ်ကိုင်စေသည့် ဒုစရိုက် ဂိုဏ်းများကို ဖြိုခွင်းရန် ရည်ရွယ်သည်။

ကယ်ဆယ်ထားသော လိင်လုပ်သား ကလေးငယ်များကို နှစ်သိမ့်ဆွေးနွေး အားပေးရန်နှင့် ၄င်းတို့အတွက် နေထိုင်စရာ စီစဉ်ပေးရန်လည်း FBI ကဆောင်ရွက် လျက်ရှိသည်ဟု အဆိုပါ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့အစည်း၏ လက်ထောက်ဒါရိုက်တာ ရွန်ဟော့စ်ကို က ပြောကြားသည်။

မိန်းကလေးငယ်များကို မည်သည့် အမှုနှင့်မျှ တရားစွဲဆိုအရေးယူသွားမည် မဟုတ်ကြောင်းလည်း FBI က ထုတ်ပြန် ထားသည်။

"ပြည့်တန်ဆာ အတင်းအဓမ္မ လုပ်ခိုင်းခံရတဲ့ ကလေးတွေကို ပြည့်တန်ဆာမှုနဲ့ အရေးယူမှာ မဟုတ်ပါဘူး။ သူတို့ကို သားကောင် အဖြစ်ခံရသူတွေလို့ သဘော ထားပါတယ်။ သူတို့ဟာ ရွေးချယ်စရာမရှိခဲ့ ပါဘူး။ အဓိကက ဒီလိုသံသရာ လည်နေတာကို ရပ်တန့်ချင်ပြီးတော့ သူတို့ဘဝကို သူတို့ ပြန်ထိန်းကျောင်းနိုင်အောင် လုပ်ပေး ရမှာပါ" ဟု ရွန်ဟော့စ်က ပြောကြားသည်။

အများဆုံး ဖမ်းမိသည့်နေရာမှာ ဒက်ထရွိုက်တွင် ဖြစ်ပြီး ပြည့်တန်ဆာခေါင်း ၁၈ ဦးကို ဖမ်းမိခဲ့ကာ မိန်းကလေး ၁၀ ဦးကို လည်းကယ်တင်ထားနိုင်ခဲ့သည်။

ဆန်ဖရန်စစ္စကို တွင်လည်း ပြည့်တန်ဆာခေါင်း ၁၈ ဦး ဖမ်းမိထားပြီး မိန်းကလေးငယ် ၁၂ ဦး ကယ်တင်ထား နိုင်ကာ အတ္တလန္တာတွင်လည်း ပြည့်တန်ဆာ ခေါင်း ၁၇ ဦးနှင့် မိန်းကလေးနှစ်ဦးတို့ ရရှိထားသည်။

အမေရိကန်ပြည်ထောင်စု မြို့ကြီး ပေါင်း ၇၀ တွင် ဖော်ပြပါစစ်ဆင်ရေးကို အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

အာဏာပိုင်များသည် အင်တာနက် ပေါ်မှ ဖောက်သည်ရှာသော ပြည့်တန်ဆာ အုပ်စုများနှင့် ဘတ်ကားမှတ်တိုင်များ၊ ကာစီနိုများတွင် လှုပ်ရှားကြသည့် အဖွဲ့များကို ပစ်မှတ်ထား ခြေရာခံ ကြခြင်းဖြစ်ပြီး ၄င်းတို့မှတစ်ဆင့် ကလေးသူငယ်များကို အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းသည့် အမှုများကို ဖော်ထုတ်ကြခြင်းဖြစ်သည်။

FBI နှင့် ပျောက်ဆုံး၊ ခေါင်းပုံဖြတ်ခံ ကလေးများအတွက် အမျိုးသားဗဟိုဌာန ကဲ့သို့သော ဥပဒေ ဘက်တော်သား အဖွဲ့ အစည်းများ ပူးပေါင်းကာ စစ်ဆင်ရေးများကို လုပ်ဆောင်ကြခြင်း ဟုလည်း ယင်း သတင်းကဆိုသည်။
The Voice Weekly

ဟိုတယ်သို့ အမျိုးသမီးခေါ်အိပ်မိသူ ငွေကျပ် ၈၈ သိန်းဖိုးအခိုးခံရ


ဇော်ဇော်ထွေး

ဟိုတယ်ခန်းအတွင်း အမျိုးသမီးတစ်ဦးအား ခေါ်ယူအိပ်စက်ရာမှ ကျပ် ၈၈ သိန်းတန်ဖိုးရှိ အသုံးဆောင် ပစ္စည်းနှင့် ငွေများခိုးယူခံရသဖြင့် ဇူလိုင်လ ၂၉ ရက်က ဗဟန်းရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တိုင်တန်းသူသည် အသက် ၃၉ နှစ်အရွယ် ကုန်သည်တစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ် ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် ဆရာစံလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စဉ် ယင်းဟိုတယ်မှ ဧည့်ကြိုကို အမျိုးသမီးခေါ်ခိုင်းသဖြင့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ခေါ်ပေးခဲ့ကြောင်း ကာယကံရှင်က ရဲကိုထွက်ဆိုထားပါသည်။

ထိုနေ့ည မိန်းကလေးနှင့်သူအတူတူ အိပ်ခဲ့ကြပြီး နံနက်သုံးနာရီခန့်တွင် အိပ်ပျော်သွားခဲ့သည်ဟု ရဲကို ၎င်းကဆက်လက်ထွက် ဆိုထားသည်။
နံနက်မိုးလင်း အိပ်ရာနိုးချိန်တွင်သူနှင့် အတူအိပ်ခဲ့သည့် မိန်းကလေးမှာမရှိတော့ဘဲ သူပိုင်ပစ္စည်းများ လည်းပျောက်ဆုံးနေခဲ့ကြောင်း ရဲဌာနတွင် တိုင်တန်းထားသည်။

ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ အိုင်ဖုန်းတစ်လုံး၊ အိုင်ဖုန်းဖိုက်တစ်လုံး၊ စိန်များ တပ်ဆင်ထားသည့် ဆွစ်ဇာလန်နိုင်ငံထုတ် သိန်းခြောက်ဆယ်တန် လက်ပတ်နာရီတစ်လုံး၊ ပိုက်ဆံအိတ်အတွင်းမှ ငွေခြောက် သိန်းတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ၈၈ သိန်းရှိကြောင်း ရဲဌာနတွင် ကာယကံရှင်ကအသေးစိတ် ထွက်ဆိုထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဗဟန်းရဲစခန်းက အမှုအမှတ်(ပ)၂၉၅/၁၃ဖြင့် အမှုဖွင့်ထားပြီး ပစ္စည်းများခိုးသူ အဖြစ် စွပ်စွဲခံထားရသူ အမျိုးသမီးငယ်ကို ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းလျှက်ရှိသည်ဟု ရဲဌာန ကထုတ်ပြန်သည်။
Mizzima - News in Burmese

မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်


မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေး မွေးဖွားနိုင်မယ့် မိခင်ဖြစ်ခွင့် အိပ်မက်ကို ခြိမ်း ခြောက်နေတဲ့ အရာသုံးမျိုးကို သတိပြုဆင်ခြင်သင့် ပါတယ်။

အိမ်တွင်း လေထုညစ်ညမ်းမှု

အိမ်တွင်း လေထုညစ်ညမ်းမှု များတာဟာ အမျိုးသမီးတွေရဲ့ သွေးလှည့်ပတ်မှု စနစ်၊ ကိုခံ စွမ်းအားစနစ်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဇီဝကမ္မ ဆိုင်ရာ လုပ်ငန်းဆောင်တာတို့အပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိ ခိုက်စေနိုင်ပါတယ်။

ဆေးလိပ်ငွေ့

ဆးရွက်ကြီးမှာ အဆိပ်ဖြစ်စေတဲ့ ဒြပ်အများ အပြားပါဝင်ပြီး သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက် တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျတာ၊ လမ စေ့ ကလေးမွေးဖွားတာနဲ့ ကလေးအသေမွေးတာ တို့ ဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေအနေနဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက် မှုလည်း ရှိတတ်ပါတယ်။

အဖြူရောင် ကောက်နှံစာ အများအပြား

အခွံချွတ်ထားတဲ့ ကောက်နှံစာတွေဟာ အခွံ ချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်၊ ခေါက်ဆွဲညိုစတာတွေလောက် ကျန်းမာရေးနဲ့ မညီညွတ်နိုင်ပါဘူး။ အခွံချွတ်ထားတဲ့ ထမင်းဖြူ၊ ခေါက်ဆွဲဖြူ စတာတွေကို များများ စားတာကြောင့် အမျိုးသမီးဟော်မုန်း ဟန်ချက်ညီမျှမှုကို အဟန့် အတားဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေ နိုင်ပါတယ်။

ဇွန်

By Good Health

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်


အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိလိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။  လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ်မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီလောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

နံနက်ခင်း နေခြည်နုနုခံပါ

ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်ပါ

စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။

တစ်ရေးအိပ်စက်ပါ

ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။

ကျန်းမားရေးနှင့် ညီညွတ်သော အစာ စားပါ

အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ်လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။

ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ

အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။

ကြယ်စင်

By Good Health


သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ


သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည် အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

FROM-The Myawady Daily


ကျောက်တော်မြို.နယ် ပီချောင်းကျေးရွာတွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို.နယ် ပီချောင်းကျေးရွာ(ရွာသစ်)တွင် ဇူလှိုင်လ ၂၉ ရက်နေ.ည ၁၁ လောက်တွင် အသက် ၆၀ အရွယ် အမျိုးသမီးတဦး လည်လှီးပီးအသတ်ခံရကြောင်းသတင်းရှိပါသည်။

ဖြစ်စဉ်မှာ အသတ်ခံရတဲ့ အမျိုးသမီးထံမှ ငွေ ၆၅၀၀ ခြောက်ထောင့်ငါးရာကျပ်ကို လုယူရာတွင် လွယ်လင့်တကူ မရနိုင်သဖြင့် လည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အသတ်ခံရသူမှ ဒေါ်မြလေးဖြူဖြစ်ပြီး လည်လှီးသတ်ဖြတ်သူမှာ မောင်စံလုံး(ဘ) အသက် ၂၄ နှစ်ဖြစ် ကြောင်းလည်းသိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်ရဲစခန်းမှ (ပ)၈၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ အရေးယူထားကြောင်းသိရသည်။ တရားခံအား ညတွင်းချင်းပင် ဖမ်းဆီးမိခဲ့ကြောင်းလည်းသိရှိရပါသည်။


MyanmarExpress

ဆိုတေးကို သွားရောက်အားပေးခဲ့သည့် နန်းဆုရတီစိုး


မန္တလေးဆေးရုံမှာ ဆေးကုသမှုခံယူနေ တဲ့ ပရိသတ်အချစ်တော် ဆိုတေးရဲ့ ကျန်းမာ ရေးအခြေအနေကို ပရိသတ်တွေနဲ့ အနုပညာ ရှင်တွေ အား လုံးက စိုးရိမ်ပူပန်နေကြပါတယ်။ အနုပညာမောင်နှမဖြစ်တဲ့ နန်းဆုရတီစိုးက လည်း ဆိုတေးကို ဇူလိုင်လ ၂ဝရက်နေ့က ကိုယ်တိုင် သတင်းသွားေ ရာက် မေးမြန်းဖြစ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ “နန်းဆု သွားတဲ့နေ့မှာ သူကအရင်နေ့ကထက်ပိုပြီး သိ သိသာသာတိုးတက်လာ တာ တွေ့ရတယ်။ လက် ကလေးတွေလှုပ်တယ်။ စကားတော့ မပြော နိုင်ဘူး။ နန်းဆုလာမှန်းတော့ သိတယ်။ သူ့ အမေကလည်း နန်းဆုလာမယ် ဆိုပြီး တောက် လျှောက်ပြောနေတာ။ နန်းဆုလာတော့ နန်းဆုဘက်ကို ခေါင်းလေးလှည့်တယ်။ မျက်လုံးက ဖွင့်လို့မရသေးဘူး။ မော့ပြီးတော့   မှေးမှေးလေး တစ် ရစ်လောက်ပဲ ပေါ်ပြီးကြည့်တယ်။
သူ့ကိုအားပေး စကားတွေလည်း ပြောခဲ့တယ်။ အားမလျှော့လိုက်နဲ့၊ စိတ်မလျှော့လိုက်နဲ့ အားတင်းထား။ငါတို့တွေ လည်းရှိတယ်။နင်နဲ့ငါနဲ့ ဆိုထား တဲ့သီချင်းလေးတောင်မှ ငြထငညါ ပြီးသွားပြီ။ နားထောင်ကြည့် မလားဆိုပြီး သူ့ကို လက်ဟန်ခြေဟန်နဲ့ ပြောခိုင်းတယ်။နင်ငါ့ကို သိလား။ သိရင် လက်ကလေးထောင်ပြဆိုရင် ထောင်ပြတယ်။ ငါနင့်ကို သီချင်းဖွင့်ပြမယ်။ နား ထောင်မလား လက်ကလေးထောင်ပြဆိုရင် လက် ကလေးထောင်ပြ တယ်။ သီချင်းဖွင့်ပြတဲ့အချိန်မှာ အဲဒီသီချင်းလေးနားထောင်ပြီး မျက်ရည်တွေဝဲပြီးမျက်ရည်တွေကျလာတယ်။ အဲဒါကိုကြည့်ပြီး နန်းဆု တို့လည်း စိတ်မကောင်း ဖြစ်ရတယ်။ အဲဒါ သူရေး ပေးတဲ့ ‘မင်းကြောင့်’ ဆိုတဲ့ သီချင်းလေးပါ။ နန်းဆုတို့ အတူတူဆိုထားကြတာ။ သူ့အသံကို သူပြန်ကြားပြီး သူမျက်ရည်တွေကျလာတာပေါ့” လို့ ဆိုတေးကို သတင်းသွားရောက်မေးမြန်းခဲ့တဲ့ အကြောင်းကို နန်းဆုရတီစိုးက ပြန်လည်ပြောပြခဲ့ပါတယ်။
ခိုင်ဝေလွင်
ပေါ်ပြူလာမြန်မာ

ဒေါ်လာ (၁) သန်းတန်သောအဖော်ချွတ်ဓါတ်ပုံရိုက်ရန်ငြင်းခဲ့သူမင်းသမီး


ဟောလီးဝဒ်မှ နာမည်ကြီးမင်းသမီးဖြစ်သူ လင်းဆေးလိုဟန်
မှ Playboy မဂ္ဂဇင်း (၅၅)နှစ်ပြည့် တွင် အဖော်ချွတ်ပုံ ရိုက်
ကူးရန် အယ်ဒီတာ Hugh Hefner's အမျိုးသားများ သီးသန့်
မဂ္ဂဇင်း မှတဆင့် ချင်းကပ်ခံခဲ့ရကြောင်းသိရသည်။မင်းသမီး
မှ အဆိုပါ ကမ်းလှမ်းမူကိုငြင်းပယ်ခဲ့သည်။

ယခုအကြီမ်တွင် ယခင်ချင်းကပ်စဉ်က ထက်ပိုမို
သော ငွေကြေးပမာဏအဖြစ် အမေရီကန်ဒေါ်လာ (၁) သန်း
ဖြင့်ဓါတ်ပုံ ရိုက်ကူးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

လင်းစေးလိုဟန် မှာ တ၀က်တပျက်အဖော်ချွတ်ပုံ
များကို ယခင်ထုတ် မဂ္ဂဇင်းများတွင် များစွာ ရိုက်ဖူးခဲ့ကြောင်း
ဖက်ရှင်ဒီဇိုင်နာဖြစ်သူ Hedi Slimane မှပြောသည်။

Source:oddee
Hau Sian Siam ( MM Social Sky )

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြစ်စဉ်ကြောင့် အကျယ်ချုပ် ချခံရတာတွေ ရှိခဲ့တယ်။ ဘယ်သူ့ကိုမှ မုန်းတီးမှု မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖြစ်ရတယ်လို့ပဲ သဘောထားတယ်။

ဦးသန်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယခင်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် မည်သည့်ကိစ္စမျှ ဆွေးနွေးခဲ့မှု မရှိကြောင်း၊

ဦးသန်းရွှေ လက်အောက်တွင်လည်း အကျယ်ချုပ် ချခံခဲ့ရကြောင်း၊ ဦးသန်းရွှေ လုပ်ပါတယ်ဆိုပြီး စိတ်ထဲတွင် မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဒီလူကလုပ်ပါတယ်၊ ဟိုလူက လုပ်ပါတယ်၊ ဟုတ်ရင်ဟုတ်မယ်၊ မဟုတ်ရင်မဟုတ်ဘူး။

ဒါကအဓိက မဟုတ်ကြောင်း၊ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်နေတာဖြစ်ကြောင်း၊ ကိုယ်ယုံကြည်တာလုပ် လို့ ပြဿနာဖြစ် ရင်လည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နေတာက အပြစ်ရှာရန် မဟုတ်ကြောင်း၊ အဖြေရှာရန် သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

"နောက်ကြောင်းပြန်ပြောတာတွေ မလုပ်ချင်ဘူး။ ရှေ့ကို နိုင်ငံကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာဘဲ စဉ်းစားပါတယ်။ လက်စားချေဖို့ စိတ်ကတော့ လုံးဝမရှိဘူး။ အန်တီအမြဲ ပြောခဲ့တယ်။ အန်တီ့ကို ကောင်းကောင်းထားခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုများ မရှိခဲ့ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးကိုပဲ ဦးတည်ထားပါတယ်။ အန်တီ့ရဲ့ စိတ်အရကတော့ လက်စားချေလိုစိတ် မရှိဘူး။ မှန်တယ်ထင်ရင် လုပ်မယ်။ မမှန်ဘူးထင်ရင် မလုပ်ဘူး။

နိုင်ငံအတွက် ကောင်းအောင်လုပ်ဖို့ပဲ စဉ်းစားထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိတွင် ကော့မှူးမြို့နယ် တိုးတက်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံး တိုးတက်ရန်အတွက် ဆောင်ရွက်လိုကြောင်း၊ မဲဆန္ဒရှင်တွေအတွက် အဓိကထားပြီး လုပ်ဆောင်နေကြောင်း ပြောကြား သည်။

Eleven Media Group

ဆူးလေစေတီတော် သမိုင်း


( ဆူးလေဘုရားဘေးက ဗလီကြီးဟာ ဆူးလေဘုရားမြေပေါ်မှာ ဆောက်လုပ်ထားတာဆိုတဲ့ အထောက်အထား ဆောင်းပါး)

ဆူးလေစေတီတော်တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမအနီးဉာဏ် တော် ၁၅၁-ပေကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ(မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။

သမိုင်းကြောင်း

သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်းဘုရင်ညွှန်ကြားချ က်အတိုင်းဗုဒ္ဓမြတ်စွာ၏ဓာတ် တော်၊ဆံတော်များအား ပင့်ဆောင်၍ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။သမိုင်းအထောက်အထားများအရ ဆူးလေစေတီ တော်အားအသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။သူရဲကောင်းအသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ကျိုက်- ဘုရား၊ အသုတ် -အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီးဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင်အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။

သို့နှယ်ပင်အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အားမီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ”ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်အရှေ့သို့စဉ်းငယ်ယွန်းသည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့်တွင်တည်သည်ကမူအမှန်ပင်။

ဆူးလေစေတီတော်၏ပရိဝှုဏ်အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီးအရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ(၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ဆူးလေစေတီတော်သည ပန်းတင်ခုံဖိနပ်တော်မှစ၍ငှက်ပျောဖူးအထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ဖိနပ်ခုံ၊ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင် ၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ကျင့်စဉ်ဖြူစင်သ ည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအားရည်မှန်းခြင်းဖြ စ်၏။ကြာမှောက်ကြာလှန်၊ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ြ ခင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ်ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များတင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။

သိဖွယ်မှတ်ဖွယ်များ

ဆူးလေစေတီတော်သည်အလောင်းမင်းတရားကြီး ရာမညတိုင်းအားသိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀င်ရောက်နားတော် မူသည့်အခါဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အားဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား““ရန်ကုန်မြို့” ”ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ်ကျုံး၊ မြောင်၊တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင်ရန်ကုန်မြစ်၊ အရှေ့ဘက်၌ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင်ဖြစ်၏။

ထိုစဉ်က ဆူးလေစေတီတော်သည်သစ်တပ်မြို့ရိုး အပြင်တွင်ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်းပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ရွှေဘိုမင်း(ခ) ဟံသာဝတီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သိ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့်အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက်အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက် တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။

ဆူးလေစေတီ၏အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟုဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏တောင်ဘက်ကျွန်းေ နရာများသည် ရေလယ်ကျွန်းဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန်ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟ တွင်ခဲ့၏။ကျောက်တံတားလမ်းဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့်ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကားနေသည်ဟုဆို၏။

အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီးဆာအာသာဖယ်ရာကား မြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချိုစေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအားဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အားဆူးလေစေတီသည် လမ်းဆုံလမ်းခွတွ င်ရှိသည့်စေတီဖြစ်သဖြင့်ဖြိုဖျက်သင့်သည် ဟု တင်ပြကြ၏။

သို့သော် အင်္ဂလန်တွင်ရှိသည့်ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြ င့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တ္တိကမြေဖြစ်သည့ ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။မြေညှိပြီး ၀တ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။

(((ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့်ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများပျက်စီးခဲ့ရ၏။နယ်ချဲ့အာဏာပိုင်များ၏ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။)))

ဆူးလေဘိုးဘိုးကြီးသမိုင်း

ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး””ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့်သိင်္ဂုတ္တရကုန်ြးေ မအား ညွှန်ပြပေးခဲ့သည့်ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ယုံကြည်မှုလွန်ကဲ သည့် မြန်မာလူမျိုးများသည်ယုံကြည်မှုနှင့်အတူ အားကိုးအားထားပြုခဲ့သည်လည်းရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများပြုလုပ်ခဲ့ကြသည် နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။

ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင်နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ရှေးသူဟောင်းတို့စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အားပိုင်သူဟု ဆို၏။အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တ်လဲတော် ပုဆိုး၊အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီးကောင်းမှု ကောင်းကျိုးပြုသူဟုလည်းဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီးနေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထားကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအားသီးခြား နန်းပြုလုပ်၍ပူဇော်ကြ၏။

“လေးဆူနတ်ကြီး” အားဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည်ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအားဆူးလေ စေတီတော်အားအစွဲပြု၍ ““ဆူးလေဘိုးဘိုးကြီး”” ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့ သော်လည်းသာမန်နတ်မျိုးနတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။

ရှေးသူဟောင်းအချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ကောင်းသူကယ်၏။သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ဆူးလေဘိုးဘိုးကြီး၏ နန်းထိမ်းတစ်ဦးကဆူးလေဘိုးဘိုးကြီးအား ““သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသ မ်းထားသူ လည်းဖြစ်တယ်။မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်းအများကြီးအောင်မြင် ထမြောက်နိုင်တယ်”” ဟုဆို၏။ထို့အတူ နန်းထိမ်းဟောင်း ကြီးကဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေက ပိုပြီးစောင်မကြည့်ရှုတယ်။ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။

မေတ္တာဖြင့် မျှဝေသူ အနှိုင်းမဲ့စာတိုပေစများ

အခြေခံလူတန်းစားများ အပေါင်ပစ္စည်းမပါဘဲ ငွေချေးနိုင်မည့် ဘဏ်တစ်ဘဏ် ဖွင့်ခွင့်ရ

အခြေခံလူ တန်းစားများအနေဖြင့် အပေါင် ပစ္စည်းထားစရာမလိုအပ်ဘဲ ချေးငွေထုတ်ချေးပေးမည့် အသေးစား ငွေရေးကြေးရေးဘဏ် (Myanmar Micro Finance Bank) ကို ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ် ကြောင်း သိရသည်။ အသေးစားငွေရေးကြေး ရေးဘဏ် (Myanmar Micro-Finance Bank)  ဖွင့်လှစ်နိုင်ရန် အတွက် ဗဟိုဘဏ်မှ ဘဏ်လုပ် ငန်းလုပ်ကိုင်ခွင့် တရားဝင်လိုင် စင်ကို ဇူလိုင်၂ရက်က ပေးအပ်ခဲ့ ကြောင်း ယင်းဘဏ်၏ မန်နေ ဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းနိုင်က ပြော ကြားသည်။

မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းနိုင်က ''ဘဏ်ကနေ အသေးစားချေးငွေ လုပ်ငန်းတွေ အပြင် မူလဘဏ်လုပ်ငန်းဆိုင်ရာ အပ်ငွေလက်ခံခြင်းနဲ့ ချေးငွေထုတ် ချေးခြင်းလုပ်ငန်းတွေကိုပါ လုပ် ဆောင်သွားမှာပါ။ လုပ်ငန်းတိုး ချဲ့ဖို့ ဘဏ်ခွဲ တွေဖွင့် ဖို့နဲ့ ဘဏ် လုပ်ငန်းနဲ့ဆက်စပ်တဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် (Myanmar Micro-Finance Bank)ကို လာမယ့်သုံးလအတွင်း ဖွင့် လှစ်သွားမှာပါ''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။
ဘဏ်လုပ်ငန်း ဆောင်ရွက် မှု တစ်နှစ်တာကာလအတွင်း ဘဏ် ခွဲပေါင်း ၂၅ခု ဖွင့်လှစ်နိုင်ရန်ရည် ရွယ်ထားကြောင်း၊ ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျသည့် နေရာများတွင်စတင်ကာ ဘဏ် ခွဲများဖွင့်လှစ်နိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

Myanmar Micro Fina-nce Bank အနေဖြင့် ဗဟိုသမဝါ ယမအသင်းချုပ်နှင့် ပူးပေါင်းကာ တောင်သူနှင့် အခြေခံလူတန်းစား များ၏ အလုပ်အကိုင်အခွင့်အ လမ်းများ တိုးတက်စေရေးအတွက် သမဝါယမအသင်းချုပ်အောက် ရှိ အသင်းအဖွဲ့အစည်းများ၏အ ကူအညီဖြင့် အပေါင်ပစ္စည်းထား စရာမလိုဘဲ ချေးငွေများထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။ Myanmar Micro Finance Bank  ၏အထွေအထွေမန်နေ ဂျာ ဦးသက်နိုင်ဝင်းက ''တောင် သူတွေတင် မကပါဘူး။ အခြေခံ လူတန်းစားတွေအားလုံးအတွက် ချေးငွေထုတ်ချေးမှာပါ။ သမဝါ ယမအသင်းအဖွဲ့တွေ၊ တခြားလူ မှုအကျိုးပြု အဖွဲ့အစည်းတွေကနေ တစ်ဆင့် ချေးငွေလိုအပ်သူတွေ ကို ထုတ်ချေးသွားမှာပါ''ဟုပြော သည်။ ဘဏ်တိုးနှုန်း များကို တခြား သော ကူးသန်းရောင်းဝယ်ရေး ဘဏ်များနည်းတူ ဗဟိုဘဏ်မှ သတ်မှတ်ထားသော စည်းမျဉ်းများ အတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယင်းအပြင် ခေတ်မီဘဏ် လုပ်ငန်းဝန်ဆောင်မှုများအတွက် လည်း ဆောင်ရွက် ရန်ရည်ရွယ် ထားကြောင်း သိရသည်။ ဦးဇော်ဝင်းနိုင်က ''အပ်ငွေ တွေအတွက် ပြည်သူတွေကို ယုံ ကြည်စိတ်ချမှု၊ ခိုင်မာမှုပေးနိုင်ဖို့ အဓိကထား ဆောင်ရွက်ထားပါ တယ်။ အခြေခံလူတန်းစားတွေ အတွက် ချေးငွေတွေထုတ်ချေး ပေးတဲ့ အခါ သူတို့ရဲ့လုပ်ငန်းတွေ အတွက် သွင်းအားစုတွေဖြစ်လာ မှာပါ''ဟုပြောသည်။

Myanmar Micro Finance Bank ကို ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဆရာစံပလာဇာဒုတိယ ထပ်တွင် ရုံးချုပ်အဖြစ် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။  လက်ရှိမြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူမှာ နိုင်ငံ၏ ရာခိုင်နှုန်းရဝရှိပြီး ဆင်းရဲ နွမ်းပါး မှုလျော့ချနိုင်ရေးအတွက် အသေး စားချေးငွေလုပ်ငန်းဆိုင်ရာ ဘဏ် များပေါ်ထွန်းလာရေး ဆောင်ရွက် သွားရန် နိုင်ငံတော်သမ္မတက ယခု နှစ် သမဝါယမဝန်ကြီးဌာနနှစ်ပတ် လည်အစည်းအဝေးတွင် အကြံ ပြုထားကြောင်း သိရသည်။

သော်ဇင်ထက်
Yangon Time

ကလေးပြည့်တန်ဆာလုပ်ငန်း အား FBI နှိမ်နင်း


အရွယ်မရောက်သောပြည့် တန်ဆာအများစုမှာ ဆယ်ကျော် သက်မိန်းကလေးများဖြစ်သည်။ ၎င်းတို့မှာ ပြိုကွဲသွားသည့်အိမ် ထောင်စုများမှဖြစ်လေ့ရှိပြီး ၎င်း တို့အားလွမ်းဆွတ်သူလည်းမရှိ ပေ။ ၎င်းတို့၏ကမ္ဘာမှာ မူးယစ် ဆေးဝါးနှင့်စိတ်ပိုင်းရုပ်ပိုင်းအ အလွဲသုံးစားလုပ်ခြင်းဖြစ်သည်။ ယင်းအခြေအနေတို့က ၎င်းတို့ ၏ခန္ဓာကိုယ်ကို ရောင်းစားဖို့ တွန်းအားပေးခဲ့သည်။

်FBI  ၏ကလေးပြည့်တန် ဆာလုပ်ငန်းအား နောက်ဆုံးနှိမ် နင်းမှုကိုကြေညာရာတွင် လူ့အ ဖွဲ့အစည်း၏အောက်ဘက်အ မှောင်ခြမ်းကို အရာရှိများက ဇူ လိုင် ၂၉ရက်တွင်ပြသခဲ့ကြသည်။ ပြည့်တန်ဆာခေါင်းများသည် အင်တာနက်များမှတစ်ဆင့် ဟို တယ်၊ မိုတယ်၊ ထရပ်ကားဂိတ် နှင့်တခြားနေရာများရှိ ဖောက် သည်များကို အလွယ်တကူဆက် သွယ်နိုင်ကြသည်။



လွန်ခဲ့သည့် သီတင်းပတ် ကုန်အတွင်း နိုင်ငံတစ်ဝန်း စစ် ဆင်ရေးက လူ ၁၅ဝကိုဖမ်းဆီး နိုင်ခဲ့ပြီး အသက် ၁၃နှစ်နှင့် ၁ရ နှစ်အတွင်းရှိ ကလေးများကို ကယ် တင်နိုင်ခဲ့ကြောင်း FBI  ၏ ရာဇ ဝတ်မှုစုံစမ်းထောက်လှမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ရွန်ဟော့စကိုက ပြောခဲ့သည်။

စုစုပေါင်းသုံးရက်ကြာ လျှို့ ဝှက်စစ်ဆင်ရေး Operation Cross Country ကိုမြို့ကြီး ၇၆ မြို့တွင် ပြုလုပ်ခဲ့ပြီး ဥပဒေထိန်း သိမ်းရေးတပ်ဖွဲ့ ၂၃ဝပါဝင်ခဲ့ သည်ဟု ဟော့စကိုကသတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ယခုကဲ့သို့နှိမ်နင်းမှုတွင် ယခုအကြိမ်သည် အကြီးမားဆုံး ဖြစ်ပြီး အအောင်မြင်ဆုံးလည်းဖြစ် သည်။ ရှာဖွေမှု ၂၈ခု၊ ငွေကြေး၊ မူးယစ်ဆေး၊ ယာဉ်နှင့်လက်နက် စုစုပေါင်းသိမ်းယူမှု ၁၂၉ခုရှိခဲ့ သည်။ ယခင်စစ်ဆင်ရေးများ နှင့် နှိုင်းယှဉ်လျှင် ပြည့်တန်ဆာ နှင့်ပြည့်တန်ဆာခေါင်းခွဲခြား ဖော်ထုတ်နိုင်မှုမှာ ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိမြင့်မား လာကြောင်း ဟော့စကိုကပြော ကြားခဲ့သည်။  

REF : CNN
Yangon Time

ကျေးရွာမြေပေါ် ကုမ္ပဏီက ရွှေဝင်တူးသဖြင့် ရွာခံများ မကျေနပ်


မန္တလေး တိုင်းဒေသကြီး တွင် ရွှေတူးဖော် ရေးလုပ်ကွက်များကို ကျေးရွာမြေ များတွင်ချပေးသည့်အတွက်ရွာခံများမကျေမနပ်ဖြစ်နေကြောင်း ရွာသူရွာသားများကရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောကြား သည်။ အဆိုပါကျေးရွာပိုင်မြေများကို သတ္တုတူးဖော်ရေးလုပ်ငန်းအတွက်ချထားပေးမှုဖြစ်ပေါ်နေသည့်နေရာသည်မန္တလေးတိုင်း ဒေသကြီးပင်ဦးလွင်ခရိုင်သပိတ်ကျင်းမြို့နယ်ရှိ ချောင်းကြီးကျေးရွာတွင်ဖြစ်ပြီး ယင်းကျေးရွာ၏ အလယ်တွင် တည်ရှိသည့် တောင်တစ်လုံးကိုသတ္တုတွင်းဝန်ကြီးဌာနမှ ရွှေမိခင်တောင်သတ္တုတူးဖော် ရေးကုမ္ပဏီကို ရွှေတူးဖော်ခွင့်ချ ထားပေးခြင်းဖြစ်ကြောင်း သိရ သည်။

၂၀၁၁ခုနှစ် ဇန်နဝါရီက ပြည်ထဲရေးဝန်ကြီးဌာနက တရား ဝင်ကျေးရွာအဖြစ် ကြေညာထား သည့် ချောင်းကြီးကျေးရွာ၏ ကျေးရွာ ပိုင်မြေကို ယခုနှစ် မတ်၂ဝရက် တွင် ရွှေတူးဖော်ခွင့်ချထားပေး မှုကို ပြန်လည်တားမြစ်ပေးခြင်း မရှိသည့် ဒေသ အာဏာပိုင်များ သည် ကျေးလက်နေပြည်သူ များကို အကာအကွယ်ပေးမှုမရှိကြောင်း ဒေသခံများက သုံးသပ်ပြောသည်။ ''ရွာမြေကို သတ္တုတူးဖော် ခွင့်ပေးခွင့်ရှိသလား။ မြို့နယ်ကို တင်ပြပေမယ့် တားမပေးခဲ့ဘူး။ ဒါကို နေပြည်တော် အထိ ရောက် အောင်တင်ပြသွားမယ်''ဟု ကျေး ရွာနယ်မြေတွင် ရွှေတူးဖော်ရေး လုပ်ကိုင်မှုကို တိုင်ကြားခဲ့မှုကြောင့် နားမလည်နိုင်သည့် ပုဒ်မများဖြင့် ခြောက်လနီးပါး အချုပ်အနှောင် ချထားခံခဲ့ရသူ ချောင်းကြီးကျေး ရွာနေဦးသန်းအေးက ပြော သည်။ အဆိုပါဒေသသည် မည် သည့်နေရာတွင်မဆို မြေကြီးကို တူးဖော်ပါက ရွှေသတ္တုကိုတွေ့ နိုင်သည့်ဒေသဖြစ်ပြီး ဒေသခံအာ ဏာပိုင်များက ရွှေတူးဖော်ရေး ကုမ္ပဏီများ၏ အနိုင့်အထက်ပြု နေရာဦးတူးဖော်မှုများ၊ သဘာဝ ပတ်ဝန်း ကျင်ပျက်စီးမှုများ ကို တား ဆီးခြင်း၊ စစ်ဆေးခြင်းတစ်စုံတစ် ရာ မရှိကြောင်း ချောင်းကြီးကျေး ရွာသားများက ပြောသည်။

''၂ဝဝ၇ လောက်က ရွှေတူး ဖော်ရေးကုမ္ပဏီတစ်ခုက ချောင်း ကိုပိတ်ပြီး ရွှေတူးတဲ့အခါ မိုးရွာပြီး တမံကျိုးတဲ့အတွက် ရွာကအိမ် ခြေ ၆ဝလောက်နဲ့ လူခြောက်ဦး ပျက်စီးသေဆုံးခဲ့တယ်။ သဘာဝ ဘေးအန္တရာယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ တစ်စုံတစ်ရာအရေးယူ ခြင်း၊ ရွာသားတွေအတွက်နစ်နာ ကြေးပေးခြင်းမရှိခဲ့ဘူး။ အခြေ အနေကို အထက်လူကြီးကိုတိုင် ကြားခဲ့တဲ့လူတွေတောင်မှ အပြစ် ပေးခံရမယ့် အခြေအနေအထိ ရောက်ခဲ့ရတယ်။ ဒီဒေသမှာ ရွှေ ကုမ္ပဏီတွေကို အလိုမရှိပါဘူး''ဟု ရေဘေးကြောင့် မြေးနှစ်ဦးဆုံး ရှုံးခဲ့ရသည့် ချောင်းကြီးကျေးရွာ သား ဦးထွန်းတင်က ပြောသည်။ အဆိုပါရွှေမိခင်တောင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ လက် ရှိလုပ်ကိုင်နေသည့်လုပ်ကွက် (ရွှေ လုပ်ကွက်အမှတ် TPK-171 ၊ ချောင်းကြီး ကျေးရွာ အမှတ်(၅)ရွှေဝါဝင်းရပ်ကွက်)သည် ချောင်း ကြီးကျေးရွာပိုင်မြေများတွင် အား လုံးပါဝင်နေသည်မှာ အမှန်ဖြစ် ပြီး ယင်းကုမ္ပဏီက ယခုနှစ် မေ ၂ဝရက်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသွားကြောင်း သပိတ် ကျင်းမြို့ နယ် ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး က အတည်ပြုသည်။ ဦးစီးမှူးက ''အခု ရွှေမိခင် တောင်ကုမ္ပဏီရဲ့ ရွှေလုပ်ကွက်ချ ထားမှုက ကျေးရွာပိုင်မြေဆိုတာ ဟုတ်ပါတယ်။ ခွင့်ပြုမိန့်ရသွားပြီ ဖြစ်တဲ့အတွက် ကျွန်တော် တို့မြို့ နယ်အနေနဲ့ လိုင်စင်သက်တမ်း ကုန်တာနဲ့ ရွာကိုပြန်ပေးဖို့စီစဉ် ထားတယ်''ဟု ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်း မှုကို ဖြေဆိုသည်။ လက်ရှိတွင် အဆိုပါချောင်း ကြီးကျေးရွာသားအချို့သည် ယင်း ကုမ္ပဏီ၏ ပိုင်နက်ကျူးလွန်မှုဖြင့် တိုင်ကြားမှုကြောင့် လူနှစ်ဦးအချုပ် ထဲတွင် ရောက်ရှိနေပြီး လေးဦး သည် တိမ်းရှောင်နေကြောင်း သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့ထံ မှ သိရသည်။ ''သူတို့ လိုင်စင်ဘယ်လိုရ ထားလဲဆိုတာ မသိဘူး။ ရဲစခန်း ကို တိုင်ချက်ဖွင့် ထားတာကတော့ နေပြည်တော်က လက်မှတ်နဲ့ခွင့် ပြုထားတဲ့စာပါတယ်။ အခုရွာ သားတွေကို သတ္တုပုဒ်မ၃၀(ခ)နဲ့ အရေးယူပေးဖို့တိုင်ကြားထား တယ်။ နှစ်ဦးကိုဖမ်းထားပြီး ကျန် လူတွေကိုတော့ အပြေးနဲ့ အမှု ဖွင့်ပြီး စုံစမ်းနေတယ်''ဟု ဒုရဲအုပ် သန်းဇော်နိုင်က ပြောသည်။ အဆိုပါသတ္တုကုမ္ပဏီ၏ ကျေးရွာပိုင်မြေများကို လိုင်စင် လျှောက်ထား ရွှေတူးဖော်ခြင်း သည် ကျေးရွာရှိယခင်လယ်မြေ များလည်းပါဝင်နေကြောင်း၊ လယ် ယာမြေ ပြန်လည် လုပ်ကိုင်ခွင့် လျှောက်ထားမှုကို ယင်းကုမ္ပဏီ ၏လိုင်စင်ကြောင့် ဆိုင်းငံ့ခံထား ရကြောင်း ၂၀၀၅ခုနှစ်အထိ လယ် မြေလုပ်ကိုင်သည့် ပြေစာကိုင်ထား သူများက ပြောသည်။ ''လယ်ယာမြေတွေ ဆိုတာ ဟုတ်ပါတယ်။ အခုတော့ရွှေလုပ် ကွက်တွေ ကြောင့် ရွှံ့တွေဖုံးလွှမ်း နေပါပြီ။ ရွာသားတွေ လျှောက် ထားတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် ကိုလဲ စိစစ်ထားပါတယ်''ဟုမြို့ နယ် မြေစာရင်းဦးစီးမှူးက ပြော သည်။ ယခုကဲ့သို့ ကျေးရွာပိုင်မြေ များကိုဝန်ကြီးဌာနမှ သတ္တုတူး ဖော်ရေး ကုမ္ပဏီကို လုပ်ကိုင်ခွင့် ချထားပေးခြင်းနှင့်ပတ်သက်ပြီး ကျေးရွာသားများက ကျေနပ်မှုမရှိ ဘဲ ရွာသားများ၏ စုပေါင်းလက် မှတ်များဖြင့် ပြည်သူ့လွှတ်တော် မြေယာကော်မတီအထိ ရောက် ရှိစစ်ဆေးပေးရန် တိုင်ကြားမည် ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများကို အ စစ်အဆေးမရှိ ပြုလုပ်ခွင့်ပေးနေ သည့် ဒေသအာဏာပိုင်များကို အထောက်အထားများဖြင့် တိုင် ကြားမှုပြုလုပ်ရန် စီစဉ်မည်ဖြစ် ကြောင်း ရွာသားများက တညီ တညွတ်တည်းပြောသည်။ လက်ရှိတွင် ယင်းကုမ္ပဏီ၏ ဝင်းခတ်ပိတ်ဆို့ လိုက်ခြင်းကြောင့် တစ်ပိုင်တစ်နိုင် ရွှေရှာသည့်လုပ် ငန်းဖြင့် အသက်မွေးသူဒေသခံ များ၊ လယ်ယာမြေလုပ်ကိုင်သူနှင့် တောင်ယာလုပ်ကိုင်သူများ အ ခက်အခဲဖြစ်ပေါ်နေကြောင်း သိ ရသည်။

ယင်းအခြေအနေများနှင့် သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် မေးမြန်းရာတွင် အသေအချာမသိ ကြောင်း၊ ကျေးရွာသားများက မသိနားမလည်၍ ပြောခြင်းဖြစ် နိုင်ကြောင်း၊ လုပ်ကိုင်ခွင့်ရထား သည့်အတွက် လုပ်ကိုင် နေခြင်း ဖြစ်နိုင်ကြောင်း အမည်မဖော်လို သူ မြို့နယ်ဒုတိယဦးစီးမှူးက မှတ် ချက်ပေးသည်။ အဆိုပါလတ်တလောဖြစ် ပေါ်နေသည့်အခြေအနေများ ကို ရွှေမိခင်တောင်သတ္တုတူးဖော် ရေးလုပ်ငန်းခွင်ရှိရာ မန်နေဂျာရုံး ခန်းကို ဝင်ရောက် မေးမြန်းရာ တွင် လုပ်ငန်းတာဝန်ခံက ''ဒီကုမ္ပဏီ လုပ်ကိုင်ခွင့် ဘယ်လိုရထားတာ လဲဆိုတာ ဒီဒေသကရဲစခန်းတိုင်း သိတယ်။ သိချင်ရင် ရဲစခန်းကို သွားမေးပါ''ဟု ဇူလိုင်၂၆ရက် နံနက်၁၁နာရီခွဲခန့်တွင် ပြန်လည် ဖြေဆိုသည်။

ကျော်ဇေယျ
Yangon Time

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့


တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာ၌ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် မစိုးဌေး (ခ) မပျော့ (အဘ) ဦးစောတင်၏ နေအိမ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မစိုးဌေး (ခ) မပျော့သည် လွန်ခဲ့သော (၃)နှစ်ခန့်က မြစ်ချောင်းအတွင်း ခရုငုတ်စဉ် အရှည် (၁) ပေ လုံးပတ် (၈)လက်မခန့်ရှိသည့် သံပိုက်လုံး (တစ်)လုံး ကောက်ရခဲ့သဖြင့် မိမိနေအိမ်၏ အောက်တွင် ထားရှိခဲ့ကြောင်း၊ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁း၀၀)နာရီချိန်ခန့် ၀က်စာပြုတ်နေစဉ် မီးဖိုနံဘေးတွင် ထိုပိုက်လုံးကို ချထားခဲ့ရာမှ ပေါက်ကွဲထွက်ပြီး မစိုးဌေး (ခ) မပျော့၏ ၀ဲဘက်ပေါင်၌ (၂)လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ပိုက်လုံးပေါက်ကွဲရာမှ ကျန်ရှိသော သံကြွပ်အပိုင်းအစများကို တာဝန်ရှိသူများသို့ သွားရောက် ပြသရာ တာဝန်ရှိသူများ စစ်ဆေးချက်အရ ဂျပန်ခေတ်စစ်တပ်၌အသုံးပြုသည့် တင့်ကား ဖျက်မိုင်းဟု သိရှိရသည်။ ဒဏ်ရာရရှိသော မစိုးဌေး (ခ) မပျော့ အား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းရရှိသည်။

Tanintharyi Thar
မြ၀တီ

အမျိုးသမီးတစ်ဦးနဲ့လျှို့ဝှက်ချိန်းတွေ့ခဲ့တဲ့ ရောဘတ်ပတ်တင်ဆန်


Twilight မင်းသားရော ဘတ်ပတ်တင်ဆန်ဟာ အမျိုး သမီးတစ်ဦးနဲ့လျှို့ဝှက်ချိန်းတွေ့ ခဲ့ပြီးနောက် အိမ်အပြန်လမ်းမှာ ကင်မရာတွေကို ရှောင်ရှားရင်း ပြန်ခဲ့ရပေမယ့် သူ့ရဲ့ပုံကိုတော့ ဓာတ်ပုံဆရာက ရိုက်ကူးနိုင်ခဲ့ ပါတယ်။ သူနဲ့အတူတွဲလာတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသ မီးဟာ ကင်မရာတွေရဲ့ရန်ကို ကာကွယ်ဖို့ မျက်နှာကိုလက်နဲ့ ကာထားပြီး ရောဘတ်ကတော့ လမ်းကိုဘဲ ငုံ့ကြည့်ရင်းလျှောက် လာတာတွေ့ရပါတယ်။ ဒါပေမဲ့ ရောဘတ်ဟာ ချစ်သူဟောင်း စတီးဝပ်ကို မပြတ်နိုင်သေးဘူးလို့ ပြောကြောင်း သူ့ရဲ့သူငယ်ချင်း တွေက ပြောခဲ့ပါတယ်။
အခုကြုံရတဲ့အခြေအနေ အရတော့ ရောဘတ်ရဲ့စကားနဲ့ အပြုအမူက ကွဲပြားနေပါတယ် လို့ သတင်းများမှာဖော်ပြခဲ့ပါတယ်။

Yangonmedia