အမျိုးစောင့်ဥပဒေကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ ကန့်ကွက်


အမျိုးသမီးအရေးလှုပ်ရှားသူ မခင်ဥမ္မာ
အမျိုးစောင့်ဥပဒေကို လွှတ်တော်တင်ပြီး ဥပဒေပြဋ္ဌာန်းဖို့ လုပ်ဆောင်တာဟာ အမျိုးသမီးတွေအပေါ်မှာ မတရားတဲ့ဥပဒေဖြစ်တဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူ မခင်ဥမ္မာက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက ရဟန်းရှင်သူ၊ ပြည်သူတို့ရဲ့ တောင်းဆိုတဲ့အပေါ်မှာ သမ္မတက အမျိုး စောင့်ဥပဒေ မှုကြမ်းရေးဆွဲရေး ကော်မတီကို မတ်လ ၇ ရက်က ဖွဲ့စည်းပေးလိုက်ချိန်မှာ ကန့်ကွက်မယ်လို့ အမျိုးသမီး ကွန်ရက်အဖွဲ့တွေ့က တုံ့ပြန်ပြောဆိုလိုက်တာပါ။

အမျိုးစောင့်ဥပဒေကို မိတ္ထီလာနဲ့ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ့အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်ပြီး အမျိုးသမီးကြောင့် ပြဿနာဖြစ်ပွားရခြင်းမဟုတ်ဘဲ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်တယ်လို့သူက ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း အမျိုးစောင့်ဥပဒေကြမ်းရေး ဆွဲဖို့အတွက် တကယ်ခံစားရတဲ့ အမျိုးသမီးတွေပါဝင်သင့်သလို ရှိပြီးသားဥပဒေကိုသာ ပြန်ဆင်စေချင်တယ်လို့ ပြောပါတယ်။

အမျိုးစောင့်ဥပဒေမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တလင်တ မယားစနစ် ကျင့်သုံးရေးဥပဒေကြမ်း၊ ဘာသာရေးကူးပြောင်းခွင့်နဲ့ လူဦးရေတိုးပွားရေး ဥပဒေကြမ်းတို့ကို ရေးဆွဲပြီး ဇွန် ၃၀ ရက်မှာ သမ္မတကို တင်သွင်းရမယ်လို့ သိရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်


DVB Burmese

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း



ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှန်ဟိုင်းမြို့မှာ တရုတ်မယားအဖြစ် ရောင်းစားခဲ့လို့ အခုကလေး တစ်ယောက်ရနေပြီ ပြောတယ်။ သူ့အမေဆီ ဖုန်းဆက်ပြီး မြန်မာပြည် ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တာ။ လတ်တလော တရုတ်နိုင်ငံက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး စုံစမ်းပေးဖို့ အကူအညီ တောင်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လစာ သိန်းချီရသော အလုပ်သွင်းပေးမည်ဟုဆိုကာ ရောင်းစားခဲ့သူဟု တိုင်ကြားခံရသည့် မစိုးစိုးကို ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ ၁၈ ရက်နေ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

The Voice

ဂေါ်ရခါးသီး၏ ကျန်းမာရေး အကျိုးကျေးဇူး




ဂေါ်ရခါးသီးဟာ ကျန်းမာရေး အတွက် များစွာအထောက် အကူပြုတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ ဈေးသက်သာပြီး လူတိုင်း စားနိုင်တဲ့ အစားအစာ တစ်မျိုး  ဖြစ်လို့ မျှဝေပေးလိုက် ရပါတယ်။၏

ဂေါ်ရခါးသီးဟာ အိပ်မပျော်သူများ အတွက် အထူးပင်ကောင်းမွန် ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါနှင့် အရိုးပါးရောဂါ များအတွက် အထူးပင် ကောင်းမွန် ပါတယ်။ သွားကျန်းမာရေး အတွက်လည်း ကောင်းမွန်ပြီး အဆုပ်နှင့် ကျောရိုးအတွက် ကောင်းမွန်စေတဲ့ ဆေးတစ်လက်ပင် ဖြစ်ပါတယ်။

ဝမ်းချုပ်တတ် သူများ စားသင့်ပြီး အူမကြီး ကင်ဆာကို မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

MH 370 လေယာဉ် အပိုင်းအစများကို ရှာဖွေရာတွင် အခက်အခဲတွေ့


◄ကင်ဘာရာ၊ မတ် ၂၀►

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် MH 370 လေယာဉ် အပိုင်းအစများကို
ရှာဖွေနေသောသြဇီတော်ဝင်လေတပ်မှ P3လေယာဉ်သည် မိုးသည်းထန်
စွာရွာခြင်းနှင့် တိမ်ထူထပ်ခြင်းတို့ကြောင့် ဂြိုဟ်တုမှ ဖော်ပြသော အပျက်
အစီးများကို ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

ရှာဖွေမှုများကိုမူ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။

လွန်ခဲ့သော မိနစ် ၂ဝခန့်တွင် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက
လည်းဂြိုဟ်တုမှတဆင့် တွေ့ရှိရသော အပျက် အစီးများမှာ MH 370 မှ
ဟု ယုံကြည်ရကြောင်း ပြောကြားလိုက်သည်။

လေယာဉ်ပျက်ရှာဖွေရေးလုပ်ငန်းကို ယခုအခါ သြစတြေးလျ၊ နယူဇီလန်နှင့်
အမေရိကန်ရေတပ်များမှ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း မလေးရှား
အာဏာပိုင်များက ပြောကြားသည်။

LYT


Popular Myanmar News Journal

ဘ၀တစ်လျှောက် မှတ်ဥာဏ်ထဲမှာ အစွဲဆုံးအချိန်

photo-Internet

No. 109
လူအများစုဟာ အသက်၂၅ နှစ်အရွယ်မှာ ဘ၀ရဲ့မှတ်ဥာဏ်ထဲမှာ စွဲမြဲစွာမှတ်သားနိုင်တဲ့အဖြစ် အပျက် တွေကိုပိုင်ဆိုင်ကြောင်း အမေရိကန် နိုင်ငံ၊New Hampshire တက္ကသိုလ် မှ သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ ဘ၀ရဲ့သက်တမ်းလေးပုံ သုံးပုံကိုကျော်လွန်လာသူတွေကို မေးခွန်းများ ဘ၀အမှတ်တရများကို မေး မြန်းခြင်းလုပ်ခဲ့ရမှာ အခုလိုသိရှိခဲ့ ရတာဖြစ်ပါတယ်။
“လူတွေဟာ သူတို့ရဲ့ဘ၀ကို ပြန်စဉ်းစားပြီး ပြောပြစေတဲ့အခါမှာ ဘ၀ရဲ့အရေးအကြီးဆုံး အချိန်တွေ ကိုပဲ မှတ်မိကြပါတယ်။ ဒါကြောင့် ဘ၀ရဲ့အမှတ်တရတွေကို အခန်း လေးတွေခွဲပြီး ယေဘုယျသဘော မေးမြန်းခဲ့ပါတယ်။ ကောလိပ်စတင် တက်ရောက်ရခြင်း၊ အလုပ်စရခြင်း၊ လက်ထပ်ခြင်း၊ စစ်မှုထမ်းခြင်း၊ က လေးများကို ပိုင်ဆိုင်ခြင်းစသဖြင့် ဖြစ်ပါတယ်”လို့ သုတေသနခေါင်း ဆောင်Kristina Steineru က ပြော ကြားထားပါတယ်။
လေ့လာမှုမှာ အသက်၅၉နှစ် ကနေ ၉၂နှစ်အတွင်းရှိတဲ့ ပင်စင်စား တွေကို မေးမြန်ခဲ့ပြီး ၇၆%ကတော့ ဘွဲ့ရပြီးသူတွေဖြစ်ပါတယ်။ ပါဝင် သူတွေကို မိနစ်၃၀ကြာ ဘ၀အဖြစ် အပျက်တွေကို ပြောကြားစေခဲ့ပြီး ၄င်းတို့ကိုယ်တိုင် ဘ၀အဖြစ်အပျက်တွေကိုအခန်းငယ်လေးတွေ ခွဲခြား မှတ်သားစေခဲ့ပါတယ်။ တွေ့ရှိလာရ တာကတော့ အမှတ်မိနိုင်ဆုံးအချိန် ဟာ ၁၇နှစ်ကနေ ၂၆နှစ်အတွင်း ဖြစ်ပါတယ်။ ဒါဟာ ဘ၀မှာအရေး အကြီးဆုံးဖြစ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေကြောင့် ပဲ ဖြစ်ပြီးအမှတ်မိဆုံး အသက်အရွယ် အပိုင်းအခြားကတော့ ၂၅နှစ်အရွယ် ပဲဖြစ်ကြောင်း Kristina Steineru က ရှင်းပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Memory မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး

Health Updates Journal

ပြိုင်ဘက်ရဲ့ငယ်ပါကို လက်နဲ့ရိုက်လို့ ဒမ့်ဆေး (၂)ပွဲပယ်ခံရ




ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖူလ်ဟမ်ကနေ မေဂျာလိဂ်ကလပ် ဆီယက်တယ်ဆောင်းဒါးကို ပြောင်းခဲ့တဲ့ ဒမ့်ဆေးဟာ ပြိုင်ဘက်ကစားသမားကို မဖွယ်မရာ လုပ်ခဲ့လို့ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒမ့်ဆေးနဲ့ တိုရွန်တိုနောက်ခံလူ မက်ဘလွန်းတို့ အပြန်အလှန် စကားများပြီးနောက် မက်ဘလွန်းတစ်ယောက် ရုတ်တရက်မြေပေါ် လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း ဘာဖြစ်သွားတယ်ဆိုတာ မမြင်ခဲ့ပါဘူး။ ဒမ့်ဆေးကလည်း သူမဟုတ်သလို ခပ်တည်တည် နေခဲ့ပြီး ပရိသတ်တွေလည်း ဘာဖြစ်သွားခဲ့မှန်း မသိလိုက်ကြပါဘူး။

ဒါပေမဲ့ ရုပ်သံ အနှေးပြကွက်တွေကို ပြန်ကြည့်တဲ့အခါမှာ ဒမ့်ဆေးက မက်ဘလွန်းရဲ့ငယ်ပါကို လက်နဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တိုရွန်တိုအတွက် ဒီဖိုးက ပွဲချိန် (၁၇၊ ၂၄)မိနစ်တွေမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဒမ့်ဆေးက (၆၈)မိနစ်မှာ ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် (၁-၂)ဂိုးနဲ့ ဆီယက်တယ်ဆောင်းဒါး ရှုံးပွဲကြုံခဲ့ပြီး (Western Conference )မှာ အဆင့်(၅)နေရာ ရပ်တည်ခဲ့ပါတယ်။

@z (ရိုးရာလေး)


ပူပြင်းတဲ့နွေရာသီမှာ ရှောင်ရှားသင့်တဲ့ အစားအစာများ




ပူပြင်းခြောက်သွေ့တဲ့နွေရာသီကိုတော့ ရောက်လို့လာပါပြီ။ အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစားအသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစားအသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင်ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ချိန်ဆကြည့်ဖို့ သူတို့ရဲ့အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။

၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ

အနံ့အရာသာပြင်းတဲ့ အစားအသောက်တွေမှာတွေ့ရတဲ့ capsaicin ဓာတ်ကိုစားသုံးမှုဟာ ခဏတာခန္ဓာကိုယ်အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာအရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းကအပူချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့အချည်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။

၂။ ဆီးရွှင်စေတဲ့အစားအသောက်များ

အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့ အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ် နဲ့ ကညွတ်ရွက်တွေပါဝင်ပါတယ်။

၃။ ပရိုတိန်းပါဝင်မှုများသော အစားအသောက်များ

ပရိုတိန်းကိုအစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာအလုပ်အများကြီးလုပ်ဖို့လိုအပ်ပြီး thermogenesis လို့အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ်နည်းနည်းသာပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကိုစားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့သင်ခန်းစာကတော့ “အသားကို လျှော့စားပါ”။

Ref:thekitchn.com
trend myanmar

လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့



(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ



ကောင်းဖို့ထက် ဆိုးကျိုးပေးမဲ့ အလေ့အကျင့်သုံးမျိုး



ထမင်းစားပြီးတိုင်း သွားတိုက်ခြင်း

အစားအစာတွေဟာ သွားပေါ်မှာ အက်ဆစ်တွေကို ချန်ထားနိုင်ပါတယ်။ ဒီအက်ဆစ်က ကြွေလွှာတွေကို ပျော့သွားစေပါတယ်။ ကြွေလွှာတွေပျော့နေတဲ့ အခြေအနေမှာ သွားတိုက်လိုက်မယ်ဆိုရင်တော့ ကြွေလွှာတွေကို ပျက်ဆီးဆုံးရှုံး မှုတွေဖြစ်သွားနိုင်စေပါတယ်။ ဒီအလေ့ကျင့်ရှိရင် ဖျောက်လိုက်ပါ။ စားပြီးတိုင်းပလုတ်ကျင်းပေးရင် လုံလောက်ပါတယ်။

ရေသန့်ဗူးပဲသောက်တယ်

ရေသန့်ဗူးတွေပဲသောက်တဲ့အတွက် ခင်ဗျားခန္ဓာကိုယ်ဟာ ကျန်းမာ လိမ့်မယ်လို့ မထင်ပါနဲ့။ ရေသန့်ဗူးတွေမှာ ဖလိုရိုက် (fluoride)မပါပါဘူး။ အသက်ကြီးတဲ့လူတွေဆိုရင် ဖလိုရိုက် မလုံလောက်မှုကို ခံစားရပြီး သွားပိုးစားတဲ့ထိဖြစ်စေပါတယ်။

အားဆေး

တစ်ချို့လူတွေက သူတို့ တကယ်လိုလား မသိဘဲနဲ့ အားဆေးကို အလေ့အကျင့်ကြီး တစ်ခုလို သောက်ကြပါတယ်။ တကယ်တော့ သူတို့နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေထဲမှာ လုံလောက်တဲ့ ဗီတာမင်ဓာတ်တွေပါ ပြီးသားပါ။ ဒီလို အားဆေးတွေကို ဂရုမစိုက်ဘဲ သောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဗီတာမင်C များမယ်ဆိုရင်တော့ အစာအိမ်ပြ၁သနာတွေကြုံရပါမယ်။ ဗီတာမင် A များခြင်းက သန္ဓေသားကို အဆိပ်ဖြစ်စေပါတယ်။ B6 များခြင်းကတော့ ဦးနှောက်အာရုံကြောကို ထိခိုက်စေပါတယ်။ တကယ်လို့ ခင်ဗျားမှာ ဗီတာမင်ချို့တဲ့နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သောက်တာ အကောင်းဆုံးပါပဲ။
Myawady News

ရီးယဲလ်ဂန္တ၀င်ကစားသမားပွက်ရှ်ကပ်စ်၏ ဂိုးသွင်းစံချိန်ကို စီရော်နယ်ဒို လိုက်မီ


အောင်သုတ (ဘာသာပြန်သည်)

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းက ရှော်လ်ကေးအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက် ရီးယဲလ်အသင်းအတွက် သွင်းဂိုး ၂၄၂ ဂိုးရှိလာခဲ့ကာ ရီးယဲလ်အသင်း၏ ဂန္တ၀င်ကစားသမား တစ်ဦးဖြစ်သူ ဖီရန်းပွက်ရှ်ကပ်စ်၏ ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဆုကို နှစ်ကြိမ်ရရှိထားသော စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းအတွက် ငါးရာသီ အတွင်း ပြိုင်ပွဲစုံ ၂၃၆ ပွဲတွင် ၂၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး နောက်ထပ်တစ်ဂိုး သွင်းယူနိုင်ခဲ့ပါက ရီးယဲလ်အသင်း၏ ထာဝရဂိုးအများဆုံးသွင်း ထားသူများစာရင်းတွင် အဆင့် (၄)နေရာအထိ ရောက်ရှိလာ တော့မည်ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ပေါ်တူဂီအသင်း ခေါင်းဆောင်အနေဖြင့် ဆွစ်ဇာလန်တိုက်စစ်မှူးဟောင်း ပွက်ရှ် ကပ်စ်ထက် ရီးယဲလ် အသင်းအတွက် ၂၅ ပွဲလျော့ကစားပြီး ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့သလို ပွက်ရှ်ကပ်စ် မှာ ယင်းသွင်းဂိုးများကို ရီးယဲလ်အတွက် ရှစ်နှစ်အတွင်း သွင်းယူခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုမှာ ငါးနှစ် အတွင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စီရော်နယ်ဒိုသည် ယခုနှစ်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁၃ ဂိုး အထိရှိလာခဲ့ပြီဖြစ်ပြီး ၂၀၁၁-၂၀၁၂ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁၄ ဂိုး အထိရယူကာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည့် အဓိကပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ ဂိုးသွင်းစံချိန်ကို လိုက်မီရန်လည်း တစ်ဂိုးသာလိုအပ် တော့သည်။ ထို့အပြင် ရီးယဲလ်အသင်းအနေဖြင့် ရှော်လ်ကေး အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၉-၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ ၂၀၁၁-၂၀၁၂ ရာသီက အေပိုးလ်အသင်းကို နှစ်ကျော့ပေါင်း ၈-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အကြီးမား ဆုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Mizzima Burmese

၁၀ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ


ဒီနှစ်ဟာ ထိုင်းလူ့အခွင့်အရေးရှေ့နေ ဆွမ်ချိုင်း နီးလပိုင်ချစ် ပျောက်ကွယ်နေတာ ၁၀ နှစ်ပြည့်သွားပါပြီ။ ဆွမ်ချိုင်းဟာ နာမည်ကြီး ထိုင်း မွတ်စလင် လူ့အခွင့်အရေးရှေ့နေတယောက်ပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ၂၀၀၄ ခုနှစ် မတ်လ ၁၂ ရက် ညနေခင်းမှာ ဆွမ်ချိုင်း နီးလပိုင်ချစ် တယောက် ဘန်ကောက်မြို့ပြင် ဆင်ခြေဖုံးက ရမ်ခမ်ဟဲင်လမ်းမပေါ်ရှိ ရဲစခန်းတခုနားမှာ အဓမ္မခေါ်ဆောင်သွားခံခဲ့ရတာပါ။ သူ့ကို လူ ၅ ယောက်က မော်တော်ယာဉ်တစီးထဲ ထုပ်ပိုးစည်းနှောင် တင်ဆောင်သွားတာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ဘယ်သူမှ မမြင်ရတော့ပါဘူး။ သူ့ကို သေပြီလို့ ယူဆထားကြတာပါ။

ဆွမ်ချိုင်း နီးလပိုင်ချစ် အဓမ္မ ခေါ်ဆောင်ခံခဲ့ရသည့်နေရာ


လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အဆင့်မြင့် သုတေသီ ဆူနိုင်းဖာစွတ်ခ်က “ဆွမ်ချိုင်းကို ခေါ်သွားတဲ့အုပ်စုဟာ ရဲအရာရှိတွေလို့ နောက်ပိုင်းမှာ သိလာရပါတယ်။ သူတို့က ဘန်ကောက်မှာ ရဲတစ်ယောက်ရှေ့မှာတင် ခေါ်သွားကြတာပါ။”
စမ်းစစ်ဆေးမှုတွေကလည်း တာဝန်ယူမှု မရှိကြဘူးလို့ ဆူနိုင်းက ပြောပါတယ်။ “ဒီပထမဆုံး ဖြစ်သွားတဲ့ ဖြစ်ရပ်က နိုင်ငံရဲ့တခြား နယ်စွန်နယ်ဖျားမှာ ဖြစ်သွားတာ မဟုတ်ပါဘူး။ လုံခြုံရေးကင်မရာတွေ၊ မျက်မြင်သက်သေတွေ အများကြီးရှိနေတဲ့ ဘန်ကောက်မှာ ဖြစ်သွားတာနော်။ ရမ်ခမ်ဟဲ့င် ရဲစခန်းရဲ့ အရှေ့လေးတင် ဖြစ်သွားတာပါ။ ဒါပေမယ့် တာဝန်ယူ ဆောင်ရွက်ပေးမှုမရှိတာတွေ၊ ရဲဘက်စုံစမ်းစစ်ဆေးမှုကိုလည်း အလေးအနက် မထားတာတွေ တွေ့နေရပါတယ်။ နောက်ပိုင်းတော့ တရားရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနဘက် အဲဒီအမှု ရောက်သွားပါတယ်။”

၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခွဲထွက်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆ ထောင်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ရှေ့နေ ဆွမ်ချိုင်းဟာ သူ ပြန်ပေးဆွဲခံရချိန်တုန်းက ရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရပါတယ်လို့ တိုင်ကြားလာတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းက လူအုပ်စု တစုဘက်က ရှေ့နေ လိုက်ပေးနေတဲ့အချိန်ပါ။ ဒီအမှု စုံစမ်းစစ်ဆေးရေးကို ရဲတပ်ဖွဲ့က တနည်းတဖုံ ပါဝင်ပတ်သက် နေတယ်လို့ တရားရေးဝန်ကြီဌာနထဲက မှုခင်းဆေးပညာဆိုင်ရာ ဗဟိုသိပ္ပံရဲ့ ညွှန်ကြားရေးမှူးဟောင်း ပွန်သစ်ပ် ရိုဂျာနာ ဆူနန်က ပြောပါတယ်။

“ကျမတို့ ဒီအမှုကို စုံစမ်းနိုင်အောင် လွတ်လပ်တဲ့ ဌာန မရှိဘူးလေ။ ဒါကြောင့် ဆွမ်ချိုင်း နီလပိုင်ချစ်ရဲ့ အမှုမှာဆိုရင်လည်း ဒီကိစ္စနဲ့ ဆက်နွှယ်ပတ်သက်နေသူ တယောက်ယောက်ရဲ့ အထောက်အထားတွေကို ဘယ်ရဲအရာရှိကမှ ရှာမတွေ့သွားစေချင်ဘူးလို့ ကျမ ထင်တယ်။”

ဆွမ်ချိုင်းရဲ့ ဇနီးဖြစ်သူ အန်ခါလာ နီလာပိုင်ချစ်အတွက်ကတော့ ဒီဖြစ်ရပ်ဟာ သူ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတယ်လို့ ပြောပါတယ်။

“ဆွမ်ချိုင်း အခုလို ပျောက်ဆုံးသွားတာဟာ ကျမဘ၀ကို ကြီးကြီးမားမား ပြောင်းလဲသွားစေတာပါပဲ။ ဥပဒေနဲ့ပတ်သက်ပြီး ဗဟုသုတ သိပ်မရှိတဲ့ သာမန်အိမ်ရှင်မ တaယာက် အဖြစ်ကနေ ကျမ ကလေးတွေကို တိုးတက်မြင့်မားရအောင် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျမကလေးတွေရဲ့ အဖေဖြစ်သူအတွက် တရားမျှတမှုကို လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းတခုခုကို ရှာတွေ့နိုင်အောင် ကြိုးစားရင်း နေရတာဟာ ခက်ခဲပင်ပန်းပြီး ၀မ်းနည်းစရာ ကောင်းပါတယ်။”

ထိုင်းအစိုးရဟာ ၂၀၁၂ ဇန်န၀ါရီလမှာတော့ လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသဘောတူညီချက်က ခုထိ တရားဝင် မဖြစ်သေးပါဘူး။

ဒီလို လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းမှုဟာ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတင် သာမက နိုင်ငံတကာဥပဒေအောက်က ရာဇ၀တ်မှုတခုလည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အန်ခါလာက “ကျမ လက်မခံနိုင်တာက ကျမတို့ တရားမျှတမှုအတွက် တိုက်နေရတာ ၁၀ နှစ် ရှိနေပါပြီ။ ဘယ်သူ့ကိုမှလည်း ပြစ်ဒဏ်ချတာ မရှိဘူး။ ဒီလိုအဖြစ်မျိုး နောက်ထပ် မဖြစ်စေဖို့ ဘာအာမခံမှလည်း မရှိဘူး။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆိုတဲ့ အစဉ်အလာကို ရပ်လိုက်ဖို့တော့ လိုနေပြီ” လို့ ပြောပါတယ်။

ဆယ်စုနှစ်တွေ ကျော်လာချိန်မှာတော့ လျှို့ဝှက် ဖမ်းဆီးထိန်းသိမ်းခြင်းဟာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ရာဇ၀တ်မှုကို ဖြေရှင်းရာမှာနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို ဘာမှ မပြောရဲ မဆိုရဲအောင် လုပ်ဆောင်တဲ့ သာမန်ဗျူဟာတရပ် ဖြစ်နေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီစိုးရိမ်ပူပန်ရမှုတွေကို တရားဝင် ထုတ်ပြောရတာမှာ တိုးတက်မှု နည်းပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ဆူနိုင်ဖာဆွခ်က ပြောပါတယ်။

“ခင်ဗျားသာ အစိုးရရဲ့ရန်သူ ဖြစ်နေမယ်ဆိုရင် ကြာကြာ မလုံခြုံနိုင်ပါဘူး။ ခင်ဗျားရဲ့ လုံခြုံမှုကိုလည်း လုံးဝ အာမ မခံနိုင်ပါဘူး။ တရားမျှတမှု ဆိုတာကိုလည်း လုံးဝ အာမ မခံနိုင်ပါဘူး။ ဒါ ပြောချင်တဲ့အချက်ပါပဲ။”

အာရှ-ပစိဖိတ်ဒေသ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဆမ် ဇာရီဖှီကတော့ ဒီအမှုကို တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။

“ဆွမ်ချိုင်းရဲ့အမှုဟာ လျှို့ဝှက်ဖမ်းဆီးခံရတဲ့ ပြဿနာအတွက် အမှတ်သင်္ကေတ တခု ဖြစ်လာပါပြီ။ ဒီအမှုဟာ ထိုင်းနိုင်ငံ ဒါမှမဟုတ် အရှေ့တောင်အာရှ ဒေသထဲတင် မဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်းလုံးနဲ့ကို ဆိုင်လာပါပြီ။ ဒါဟာ ခုဆို ကမ္ဘာမှာ အတင်းအကျပ် လျှို့ဝှက်ဖမ်းဆီးခံရတဲ့ အမှတ်အသား ပြုရလောက်တဲ့ အမှုတွေထဲက တခုပါ။”

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကတော့ ဆွမ်ချိုင်း အပါအ၀င် တောင်ပိုင်းခရိုင်တွေထဲက ထိခိုက်နစ်နာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံဟာ ဆုံးရှုံးမှုအတွက် လုံးဝ အစားမထိုးနိုင်ပါဘူးလို့ အန်ခါလာက ပြောပါတယ်။

“တရားစွဲတဲ့ကိစ္စတွေက သူ့အသက်ကို ပြန်ရှင်လာအောင် လုပ်မပေးနိုင်ပေမယ့်လည်း ဆွမ်ချိုင်းအတွက် တရားမျှတမှု ရှိစေတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်လွှဲခွင့် မပြုပေးသင့်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျမ တရားမျှတမှုရအောင် အရမ်းခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ယင်းလပ်အစိုးရကတော့ ကျမကို လျော်ကြေးပေးပါတယ်။ ဒါပေမယ့် ပိုက်ဆံက နစ်နာသူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်ပေးနိုင်တာ မဟုတ်ပါဘူး။”

ဆွမ်ချိုင်းရဲ့ သမီး ၂ ယောက်လုံးက ဥပဒေဘာသာရပ်ကို သင်ယူလေ့လာခဲ့ကြပါတယ်။ တယောက်က တရားသူကြီး ဖြစ်နေပြီး နောက်တယောက် ပရာတူဘ်ဂျစ် နီလာပိုင်ချစ်ကတော့ လူ့အခွင့်အရေး ရှေ့နေတယောက် ဖြစ်ပါတယ်။

သူ့ဖခင်ဟာ အမှန်တရားနဲ့ တရားမျှတမှုအပေါ် အစဉ်အမြဲ သစ္စာရှိတာကြောင့် တနေ့တော့ အမှုကို ဖြေရှင်းနိုင်မှာပဲလို့ မျှော်လင့်နေကြောင်း ပရာတူဘ်ဂျစ်က ပြောပါတယ်။

“လူ့အခွင့်အရေး လှုပ်ရှားသူတယောက်အနေနဲ့ ပြောရရင် ကျမတို့ အကောင်းဘက်က မြင်တတ်ရမယ်လေ။ ကျမတို့ အမြဲတမ်း ယုံကြည်တယ်။ အမြဲတမ်း မျှော်လင့်ချက်ထားတယ်။ ကျမတို့ လူတွေရဲ့ စွမ်းအားတွေက တနေ့ပြီးတနေ့ ပိုခိုင်မာ အားကောင်းလာတယ်လို့ ကျမတို့ ယုံကြည်ထားတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တနေ့ကျရင်တော့ တရားမျှတမှုနဲ့ အမှန်တရားကို ကျမတို့ တွေ့လာနိုင်မှာပါ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရွန်ကော်ဘန်က ဘန်ကောက်ကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။


DVB Burmese

မိတ္ထီလာပဋိပက္ခ ၁ နှစ်ပြည့်ချိန် လူ ၈၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရ


မိတ္ထီလာပဋိပက္ခ ၁ နှစ်ပြည့်ချိန်မှာ မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ခိုလှုံနေရသူပေါင်း ၈ ထောင်လောက် ရှိနေသေးတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးဝင်းက “အခုက ကယ်ဆယ်ရေး စခန်း ၅ ခုမှာ လူဦးရည် ၈ ထောင် ကျော်လောက် ရှိပါသေးတယ်။ ကျနော်တို့က ချမ်းအေးသာယာရပ်ကွပ်ထဲမှာက အလုံး ၂၀၀ ကျော်လောက်တော့ လောလောဆယ်မှာ အချောသတ်ဖို့ ရှိတော့တာပေါ့။ အချောသတ်ပြီးရင် ထားနိုင်တဲ့အနေအထားကို အပိုင်းပိုင်းပြီး ထားဖို့ စီစဉ်ထားပါတယ်။”

မိတ္ထီလာ ဒုက္ခသည်စခန်းအား မြင်တွေ့ရစဉ်
မိတ္ထီလာ ဒုက္ခသည်စခန်းအား မြင်တွေ့ရစဉ်

လုံးချင်းအိမ် ၂၀၀ ကျော်မှာ မိုးမကျမီ ပြန်လည်နေရာချထားပေးဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။

မိတ္ထီလာမြို့နယ် ချမ်းအေးသာယာရပ်ကွက်မှာ ရန်ကုန် ရောင်နတ်ဗလီရဲ့ အလှူငွေနဲ့ လုံးချင်းအိမ်ရာ ၄၀၀ ကျော် ဆောက်လုပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပြီး အလှူငွေအခက်အခဲ ရှိနေတယ်လို့ အိမ်ရာဆောက်လုပ်ရေးကြီးကြပ်မှု ကော်မတီဝင် ဦးခင်နန်းက ပြောပါတယ်။

“ငွေရေးကြေးရေး ခက်ခဲတယ်ဆိုတာလည်း ဒီအဆောက်အအုံတွေကို နိုင်ငံတော်ကပဲ ဆောက်ပေးသရောင်ရောင် နိုင်ငံတော်ကပဲ ငွေကြေးစိုက်ထုတ်ပြီးတော့ ဒီဒုက္ခသည်တွေအတွက် ဆောက်ပေးသလိုလို၊ တချို့ ဂျာနယ်တွေနဲ့ သတင်းစာတွေက ရေးလို့ အလှူငွေ မရလို့ ၂၇၃ လုံးမှာ လက်ရှိ ဖြည်းဖြည်းချင်းပဲ တည်ဆောက်နေပါတယ်။ အဲဒီထက်ပိုပြီး မဆောက်နိုင်သေးဘူး။ အလှူငွေနည်းလို့ အလှူငွေ မရလို့ပါ။”

အခု ရက်ပိုင်း မိတ္ထီလာမြို့မှာ ရဲတပ်ဖွဲ့ဝင် လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး နေ့ရောညပါ ကင်းလှည့် စောင့်ကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်မှာ ရွှေဆိုင်အရောင်းအ၀ယ်လုပ်ရာက စပြီး ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အတွင်း လူနေအိမ်ခြေတွေ မီးရှို့ဖျက်ဆီးခံရလို့ ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ခြေမဲ့ လူဦးရေ ၁ သောင်းလောက် ခိုလှုံနေထိုင်ခဲ့ကြရပါတယ်။

အခု ၁ နှစ်ကြာချိန်မှာ လူနေအိမ်ခြေ မပျက်စီးဘဲ ကျန်ရှိခဲ့တဲ့သူတွေပဲ နေရာ ပြန်လည် ချထားပေးနိုင်ပြီး အိမ်မီးလောင်ပျက်စီးခဲ့တဲ့ မိသားစုတွေကတော့ ခုချိန်ထိ ကယ်ဆယ်ရေး စခန်းတွေမှာ ဆက်လက် ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အစိုးရက လူနေအိမ်ခြေတွေ ပြန်မဆောက်ပေးနိုင်သေးတာကြောင့် အခုလို ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

အိမ်ခြေ မီးလောင်ပျက်စီးသွားလို့ နေစရာမရှိတဲ့ လူဦးရေ ၈ ထောင်လောက်ဟာ မိတ္ထီလာမြို့ပေါ်ရှိ ခရိုင်အားကစားကွင်း၊ ပို့ဆက် သင်တန်းကျောင်း၊ ရေအရင်းအမြစ်ရုံးဝင်း၊ အင်းကုန်းဘုန်းကြီးကျောင်းနဲ့ အုတ်ဖိုအလယ်တိုက် ဘုန်းကြီးကျောင်းတို့မှာ လတ်တလော ဆက်လက် ခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။


DVB Burmese

လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြော



နေပြည်တော်၊မတ်၂၀
လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကပြောသည်။
“တိုင်းပြည်မှာ ၀န်တွေပိနေတယ် ဘာလဲဆိုတော့ အာဆီယံအားကစားပြိုင်ပွဲတွေရှိတယ် အာဆီယံဥက္ကဌဖြစ်နေတော့ ၀န်ကြီးဌာနအသီးသီးနဲ့ကိုယ်တို့ကြီးပဲ လုပ်ပေးရမဲ့အခြေအနေရှိပါတယ် ဒါတွေအကုန်လုံးပိနေတော့ လုပ်ပေးနေရတော့ဒါကတစ်ချက်ပါ”ဟုဦးတင်အေးကဆိုသည်။ ဆက်လက်ပြီး ၄င်းက မကြာမီတွင် မိုးတွင်းရောက်လာပြီ ဖြစ်သောကြောင့် ရာသီဥတုကောင်းသည့်အချိန် နှင့် အာဆီယံဥက္ကဌတာဝန်ပြီးသည့် ရာသီဥတုကောင်းလောက်သည့်အချိန်ဖြစ်သော နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိင်မည်ဟု ထပ်လောင်းပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမည့်အပေါ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က “ရွေးကောက်ပွဲဥပဒေမှာပြဌာန်းပြီးသား ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပဖို့ကသူရဲ့တာဝန် လစ်လပ်တဲ့မဲဆန္ဒနယ်ရှိရင် အစားထိုးရွေးပေးရမယ်”ဟု ပြည်သူ့လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းသမားများနှင့်တွေ့ဆုံသည့်အခါတွင် ပြောကြားခဲ့သည်။
လက်ရှိလစ်လပ်နေသောမဲဆန္ဒနယ်များမှာ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်၁၁နေရာ နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၁၃နေရာ အမျိုးသားလွှတ်တော်အတွက်၎နေရာ စုစုပေါင်း၂၈နေရာလစ်လပ်လျှက်ရှိကြောင်း ၄င်းကဆိုသည်။စိုင်းလမင်း

Popular Myanmar News Journal

နှစ်ဦးနှစ်ဖက်သဘောတူကြည်ဖြူမှု Mutualism နှင့် နေ့စဉ်နိုင်ငံရေး



(အယ်ဒီတာ့ အာဘော်)

အိမ်လိပ်စာ တောင်းကြသည့် ခေတ်ကာလကနေ အီးမေးလ်လိပ်စာ တောင်းကြသည့် ခေတ်ကာလကို ရောက်ခဲ့သည်မှာ နှစ်ကာလမနည်းလှတော့၍ နေ့စဉ်လူမှုဘဝထဲတွင် အင်တာနက်သည်ပင်လျှင် မရှိမဖြစ်လူ့အသုံးအဆောင်တစ်ခု ဖြစ်ခဲ့ပါပြီ။

မိတ်ဆွေအချင်းချင်း နီးနီးဝေးဝေးဆုံစည်းမှု အခွင့်အရေးကို တန်းတူအချိန်နှင့် တစ်ပြေးညီရနိုင်စွမ်းသည့် အင်တာနက်လိုင်းပေါ်၌ Chatting လုပ် စာစကားတိုက်ရိုက်ရေးသားရိုက်နှိပ်ပြီး ပြောကြားမှုကနေ လူမှုကွန်ရက်ဖွဲ့နိုင်သည့် Twitter တို့၊ Facebook တို့ကိုသုံး၍ မိမိစိတ်ဆန္ဒရှိနေသမျှနှင့် မိမိနိစ္စဓူဝဆောင်ရွက်မှုတို့ကို စာနှင့်တစ်မျိုး၊ ပုံဖြင့်တစ်သွယ် မိတ်ဆွေတို့မြင်တွေ့သိရှိစေမှုတွေအထိ အလေ့အထ၊ အလေ့အကျင့်တွေနှင့် လူမှုဘဝ ပရဝဏ်ကို နယ်ပယ်ချဲ့ထွင် တွင်ကျယ်ကြစေပြန် ၏။

အထူးသဖြင့်တော့ အသုံးလွယ်သော Facebook ကို အရွယ်သုံးပါးမရွေး
နှစ်သက်စွဲလန်းစွာ သုံးလာနေကြသည်။ တချို့ ကတော့ Facebook ကို လူတကာသုံး၍ မနှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုကြပြီး သူတကာ ကတော့ လူတကာသုံး၍ Facebook ကို လက်မလွှတ်လိုကြောင်း ဆန္ဒပြု၏။

လူတကာထဲကမှ အများစုက Facebook ကို သတင်းတွေ အချိန်နှင့်တစ်ပြေးညီသိနိုင်၍ သဘောကျကြောင်းဆိုကာ ခေတ်နောက် ကျမကျန်ခဲ့အောင် Facebook ကို တစ်နေ့တာ၏ သုံးပုံတစ်ပုံမျှ အနည်းဆုံးသုံးကြောင်း ဂုဏ်ယူစွာဆိုကြ၏။

ထိုထဲကမှ သတင်းမီဒီယာလုပ်ဆောင်သူများ အနေဖြင့်သူတကာ၏ သတင်းမျှဝေမှုတွေ မှန်၏၊ မမှန်၏ကို အတည်ပြုနိုင်အောင်အားထုတ်ပြီး ကိုယ့်သတင်းမီဒီယာလောကဂုဏ်မငယ်ဖို့အရေး ဆောင်ရွက်ကြရ
သည်ကြောင့် Facebook နှင့် မီဒီယာသမား မီးဝေးချိတ်ပမာ
မရှိသင့်ကြောင်း ခံယူကြ၏။

မီဒီယာသမားမဟုတ်သည့်တိုင်သတင်းကိုစားသုံးသူအဖြစ် နှစ်သက်လိုလားသတင်းရှာဖွေမျှဝေသူတွေလည်း Facebook ကို အသုံးများသလို

''တစ်နေ့တစ်ကြိမ်မျှသာ Facebook ကိုသုံးပါတယ်။ တစ်ခါသုံးရင် ၂၄ နာရီပါ'' ဟုဆိုကာ အချိန်ပေးနိုင်၊ ငွေ (အင်တာနက်အဖိုးအခ)ပေးနိုင် သူတွေလည်း Facebook ကို အသုံးများ၏။ တစ်ခါတရံမှာတော့ အဆိုပါ Facebook အသုံးများသူများထဲက စိတ်ပျက်စကားကြားရ တတ်ကာ Facebook ကို ဘယ်နှရက်မသုံးဘဲနေမည်ဟု ကြေညာချက်ပြုသည်တို့၊ ချစ်သူရည်းစားကို စိတ်ဆိုးစိတ်ကောက်သလို Facebook ကြီးကို တစ်သက်မသုံးတော့ဘူးဆိုသည်တို့လည်း တွေ့ရ တတ်သေး၏။

Facebook သည် မိသားစုများသော အိမ်ကြီးသဖွယ်အရွယ် စုံ၏။ ပြဿနာပေါင်းစုံ စုစည်းရာကြီးဖြစ်သလို လူမျိုးစုံ၏ ကြည်နူးအားကျဖွယ်ပုံရိပ်တွေ မြင်တွေ့နိုင်ရာနေရာကြီးလည်း
ဖြစ်နိုင်သည့်အတွက်အကောင်းအဆိုးနှင့် အကြောင်းအကျိုးက တစ်ရံမလပ် ဆန်းသစ်နေသည်သာ ဖြစ်၏။

တစ်ဦးနှင့်တစ်ဦး ချီးကျူးထောမနာပြုခြင်းတွေက ကြည်နူးစရာကောင်းသလောက် လူချင်းမမြင်ဖူးသော်ငြား Facebook စာမျက်နှာထက်က အမည်ဝှက်သိရရုံနှင့်ပင် မြင်ပြင်းကပ်ကာရန် သတ္တရုပြုနေကြတာတွေ၊ စာစကားစစ်ပွဲတွေဖြင့် အသေ သတ်ဖြတ်တိုက်ခိုက်နေကြတာတွေကြောင့် စိတ်ရှုပ်၊ စိတ်ပျက်၊
စိတ်ညစ်ညူးဖွယ်ရာလည်းရှိမည်။

အိမ်ထောင်စုတစ်စု၊ ရပ်ကွက်ကျေးရွာ နယ်ပယ်တစ်ခု၊ နိုင်ငံတော်တစ်ခုသဖွယ် စုစည်းမှုကိုအခြေပြုကာ တည်ရှိနေသော်ငြား စိတ်တူ ကိုယ်တူဖြစ်မှုနှင့် အစုအဖွဲ့ စုစည်းပိုင်းခြားနေထိုင်မှုတွေကြား နယ်မြေကျူးကျော်ကာ ငါနှင့်မတူငါ့ရန်သူပမာ ရန်ကိုရန်ချင်း တုံ့နှင်းနေကြသူတွေလည်း ရှိမည်။ တစ်ပါးသူ၏ လွတ်လပ်ခွင့်ကို ထိပါးစော်ကားမှုတွေ လည်းရှိမည်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုသော ရပ်ကွက်လူမိုက်ပမာ သူတကာ၏ စိတ်ပျော်ရွှင်မှုကို အနှောင့်အယှက်ပြုလိုကာ သူတကာမနှစ်သက်သောပုံများ၊ အကြောင်းအရာများ မျှဝေပေးပို့ခြင်း၊ဝင်ရောက်ရေးသားခြင်းတို့လည်းရှိမည်။

သို့အတွက် သက်ဆိုင်ရာသို့ တိုင်တန်းသလို Facebook ကုမ္ပဏီထံ Report လုပ်တိုင်စာပို့ကာ ကိုယ့်အခွင့်အရေးကို အရေးဆိုတိုင်ကြား ဆန္ဒပြုမှုတွေလည်း ရှိကြသည်ဟူ၏။

တချို့ကတော့ Facebook သုံးရင်းတရားရ တရားကျသွားရကြောင်း ဆိုကြသည်။ ဥပေက္ခာပါရမီကိုကျင့်ကာ Equanimity သင့်တင့်စွာ ပြုမူကျင့်ကြံနေထိုင်တတ်သွားသည်ဟု အားရဖွယ်ဆို၏။ မည်သို့ဆိုစေ Facebook တည်းဟူသော ကာလပေါ် လူမှုအသိုက်အမြုံအတွင်း အေးချမ်းပျော်ရွှင်စွာနေလိုသူများအနေဖြင့် Mutual Friend ကို အရေးထားကြောင်း မိတ်ဆွေဖြစ်သူတိုင်းနှင့် သင့်တင့်မျှတစွာဆက်ဆံနေထိုင်နိုင်ရေးမှာ မိတ်ဆွေအဖြစ် Mutual Friend အဖြစ်လက်ခံထားမှု ''မိတ်ဆွေ၏ မိတ်ဆွေသည် မိတ်ဆွေ'' ဟူသည့်မူကို တန်ဖိုးထားမှုကိုလည်း သတိပြုမိရ၏။

ယင်းသို့ Mutual နှစ်ဖက်သဘောတူမိတ်ဆွေ ဖြစ်မှုတွေအပေါ် အခြေခံပေါင်းသင်းဆက်ဆံလိုရင်း အေးချမ်းမှုရရှိစေကြသည့်သဘောကို ဘဝင်ကျခြင်းနှင့်အတူ အေးချမ်းမှုကိုအလေးထား၍ နေ့စဉ်ဘဝမှာ စားဝတ်နေရေးတမျှ Facebook ပေါ်က နေ့စဉ်ဘဝတွေကို အာရုံသက်ဝင်ကြမှုနည်းတူ နိုင်ငံတွင်းက နေ့စဉ်နိုင်ငံ့အရေးအရာ နိုင်ငံရေးမှန်သမျှပေါ်မှာလည်း နှစ်ဦးနှစ်ဖက် ယုံကြည်သက်ဝင် သဘောတူကြည်ဖြူမှုတွေဖြင့် Mutualism ကို ''အစိုးရနှင့်ပြည်သူ'' ၊ ''အစိုးရနှင့် တပ်မတော်''၊ ''အစိုးရနှင့် လွှတ်တော်''၊ ''လွှတ်တော် နှင့် တပ်မတော်''၊ ''တပ်မတော်နှင့် ပြည်သူ''၊ ''ပြည်သူနှင့်
လွှတ်တော်''အစရှိသည်တို့အတွင်း၌ လည်းကောင်း၊ လူအချင်းချင်းအဖွဲ့အစည်းအချင်းချင်း၌လည်းကောင်း သက်ဝင်စီးဆင်း ပြုမူကျင့်သုံးသွားနိုင်စေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။

အယ်ဒီတာ
Popular Myanmar News Journal

ပေါက်ခဲ့သော ဘီး


တစ်ဆောင်တည်းအတူနေ ကောလိပ်ကျောင်းသား လေးဦးဟာ နှစ်ကုန် စာေးမးပွဲ မဖြေခင် တစ်ညမှာ လောင်းကစား ဆော့ပြီး သောက်စား ပျော် ပါးကြပါတယ်။ နောက်နေ့မနက်လည်းရောက်ရော စာမေးပွဲဖြေဆိုခန်းကို အချိန်ပြည့်ဖို့ နာရီဝက်အလိုမှ ရောက်လာပါတယ်။

စာမေးပွဲ ဝင်မဖြေရင် တစ်နှစ်ကျတော့မှာဆိုတော့ ကျောင်းသား များက မောကွန်းထိန်းခန်းဆီသွားပြီ ဖြေဆိုခွင့်ဖို့တောင်းပါတယ်။ ဒီတော့ ကျောင်းသားလေးယောက်ဟာ မနေ့ညမှ ခရီးဝေးက ပြန်လာခြင်း ဖြစ်ကြောင်း ကားဘီးပေါက်သဖြင့် ရွဲ့ နွံထဲကနေ တွန်းလာရကြောင်း လိမ်ပြောပါတယ်။ လိမ်လို့ကောင်းအောင်လည်း အဝတ်အစားကို ရွံ့ ဗွက်များ လူးလို့ မောကွန်းထိန်း အခန်းသို့ ဝင်ခြင်း ဖြစ်ပါတယ်။

ဒီတော့ မောကွန်းထိန်းဆရာမ က "ကောင်းပြီလေ၊ ကားဘီးပေါက်တယ် ဆိုတော့လဲ။ မင်းတို့ လေးယောက် အတွက် ၁၀ မိနစ်စာ သာ ဖြေပြီး အောင်နိုင်မယ့် အထူးအခွင့်အရေးရ မေးခွန်း ပဲ မေးတော့ မယ်။ သို့ပေမယ့် တစ်ယောက် တစ်ခန်းဆီခွဲထိုင်ပြီး ဖြေရမယ်။ သဘောတူရင် စာမေးပွဲခန်း ကိုယ်စီ သွားတော့" လို့ ပြောတဲ့အခါ ကျောင်း သားလေးယောက်က သီးခြားအခန်းတွေဆီ သွားပါတယ်။

ယင်းနောက် ရလာတဲ့ မေးခွန်းကတော့ -

၁။ စာဖြေသူ အမည်ကို ရေးပါ။ (၂-မှတ်)

၂။ ပေါက်ခဲ့သော ကားဘီး (၉၈-မှတ်)
(က) ရှေ့ ညာဘီး (ခ) ရှေ့ ဘယ်ဘီး (ဂ) နောက်ညာဘီး (ဃ) နောက်ဘယ်ဘီး

.....
အောင်ခမ်း (ရိုးရာေးလ)

ထရန်စဖော်မာပြုပြင်ရာမှ ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ မတ် ၂၀

၁၉.၃.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကျောက်တန်းဆေးရုံသို့အမျိုးသားတစ်ဦးဓါတ်လိုက်
သေဆုံးရောက်ရှိလာကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ ကျောက်တန်းမြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ လျှပ်စစ်ကျွမ်းကျင်အဆင့်(၃)ဖြစ်သူ ကိုပြည့်စုံဦး၊(၂၉)နှစ်ဖြစ်ပြီး ယာလက် ညိုမဲပွန်းပဲ့ဒဏ်ရာရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၉၃၀ အချိန်ခန့်က ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာရှိ ဗို့အား(၆၆၀၀) ထရန်စဖော်မာကို လျှပ်စစ်ဝန်ထမ်းများ
နှင့်အတူ ပြုပြင်နေစဉ် လျှပ်စစ်ဓါတ်အားစီးဝင်နေသော မောင်းထိန်းတံ
အားတိုက်မိခဲ့သဖြင့် ဓါတ်လိုက်ပြီး အမြင့်(၁၀)ပေခန့်ရှိတန်းပေါ်မှပြုတ်ကျ
ခဲ့၍ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကျောက်တန်းမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ်(၉/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခေတ်သစ် မီးခွက် အာလာဒင်


ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။

ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ ခုတော့ ငါတို့ သွားတောင်ပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို တောင်းပန်ဖို့ သွားပါတယ်။

တံခါးပေါက် တစ်ချက်ပဲ ခေါက်ရသေးတယ် အထဲက အဖိုးအို တစ်ဦးမှ နွေးထွေးပြူငှာစွာပဲ ကြိုဆိုတယ်။ အံ့သြစွာနဲ့ပဲ အထဲဝင်တော့ ထိုင်ခုံမှာ အေးဆေးထိုင်စေပါတယ်။ ကွဲသွားတဲ့ ပြတင်းပေါက် ကလည်း ပြန်ပြင်ပြီးသားဖြစ်ပြီး ဘေးမှာ မှန်အကွဲ တစ်ချို့ ကို စုပုံထားပါတယ်။

"ကွဲသွားတဲ့မှန်အတွက် တောင်းပန်ပါတယ်ဗျာ။ ကျနော်တို့ ဘာပြန်လုပ်ပေးရ မလဲခမျာ" လို့ အမျိုးသားက မေးတော့ အဖိုးကြီးက အောက်ပါ အတိုင်း ပြန်ဖြေပါတယ်။

"မလိုဘူးဗျ။ အမှန်တော့ ကျနော်ကတောင် ခများတို့ကို ကျေးဇူးတင်ရမှာ။ ကျနော်က ဒီအိမ်မှာပိတ်မိနေတဲ့ မီးခွက်စောင့် နတ်တစ်ပါးပါ။ ကျနော် ဒီအိမ်မှာ ပိတ်မိနေတာ နှစ် ၄၀၀ ကျော်ပြီ။ ခု ခများတို့ ရိုက်လိုက်တဲ့ ဂေါက်သီးက မှန်လာကွဲစေလို့သာ ကျနော်လွတ်ရတာပါ။

ဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ မိတ်ဆွေတို့ နှစ်ယောက်ကို ဆု တစ်ခုစီ တောင်းခွင့်ပေးမယ်။ ကျနော်လည်း မိတ်ဆွေတို့ဆီကနေ ဆုတစ်ခု ပြန်တောင်းမယ်။ အဆင်ပြေမယ်ဆိုရင်ပေါ့"

ဒီတော့ ခင်ပွန်းဖြစ်သူက ဝမ်းသာအားရစွာနဲ့ပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ သန်း အလိုအလျောက်ငွေပုံမှန် ဝင်နေစေဖို့ ဆုကို ပေးဖို့တောင်းပါတယ။် အမျိုးသမီးကလည်း ကမ္ဘာပေါ်မှာ ဇိမ်အကျဆုံး အိမ်တစ်လုံးနဲ့ ဝန်ထမ်းပေါင်း များစွာ ရှိချင်တယ်လို့ တောင်းပါတယ်။

"ဟုတ်ပြီ။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းဝင်ပြီး ဘယ်တော့မှ မဆင်းရဲစေရအောင် ဆုတွေ ပြည့်စေမယ်။ ဒီက အမျိုးသမီးကိုလည်း နတ်စည်းစိမ်လို့ ပြည့်စုံလှတဲ့ အိမ်တစ်လုံးနဲ့ အစေခံကောင်းများ ရစေပါမယ်။ အပိုဆုအနေနဲ့ နှစ်ဦးစလုံး ဘေးမသီ၊ရန်မခ အသက်ရှည် ကျန်းမာစေရမယ်။ ဟုတ်ပြီ။ ကျနော်လိုချင်တဲ့ ဆုကို ပြန်တောင်းမယ်။

ကျနော်က ဒီအိမ်မှာပိတ်နေတာ နှစ် ၄၀၀ မကတော့ဘူး။ အခု အလိုချင်ဆုံး ကတော့ မိန်းကလေး တစ်ယောက်နဲ့ အတူအိပ်ဖို့ပဲ။ ဒီတော့ ခများအမျိုးသမီးနဲ့ ခဏအတူအိပ်ခွင့် ပေးနိုင်မလား။ ဒါကျနော့ တောင်းဆိုမှုပါ"

လို့ အဖိုးအိုက အထက်ပါအတိုင်း ဖြေကြားပြီး မေးမြန်းပါတယ်။

ဒီတော့ ဇနီးမောင်နှံနှစ်ဦးတွေဝေသွားပါတယ်။ သို့ပေမယ့် အတန်ကြာ စဉ်းစားပြီး အမျိုးသားက ဇနီးကို "ချစ်ရေ။ တို့တွေမှာ အလွန်ကောင်းတဲ့ အနာဂတ်တစ်ခုရှိနေပြီ။ သေလည်းသေချာနေပြီ။ ဒီမီးခွက်စောင့် နတ်ရဲ့  တောင်းဆိုမှုက မျှတပါတယ်။ မောင် ကတော့ သဲဆုံးဖြတ်အတိုင်းပါပဲ" လို့ ပြောပါတယ်။

ဇနီးဖြစ်သူကလည်း "အင်း။ ဟုတ်တယ်။ အနာဂတ်က သေချာနေပြီပဲ။ မောင် လည်းကြည်ဖြူတယ်ဆိုရင် သဲပေးဆပ်ရဲပါတယ်။ နတ်တစ်ပါးနဲ့ တစ်ကြိမ် တစ်ခါ အတူအိပ်တဲ့အပေါ် မောင်လည်း နားလည်ပေးမယ်ဆို သဘောတူ ပါတယ်"

ဒီတော့ နှစ်ဦးသား တိုင်ပင်ပြီး ခေါင်းညိတ်လိုက်တော့ အဖိုးအိုဟာ အမျိုးသမီးကို အပေါ်ထပ်ခေါ်သွားပြီး သူ့ဆန္ဒအတိုင်း လိုက်လျောစေပါတယ်။ အတန်ငယ်ကြာပြီးနောက် အဖိုးအိုက အမျိုးသမီးကို မေးပါတယ်။

"ကလေးမ အသက်ဘယ်နှစ်နှစ်ရှိပြီလဲ"

" ၃၅ နှစ်ရှိပါပြီ"လို့ အမျိုးသမီးက ပြန်ဖြေတော့ အဖိုးအိုက အောက်ပါ အတိုင်း ပြန်ပြောပါတယ်။

"သေသင့်တယ်။ အသက်က ၃၅ နှစ်ရှိပြီ။ ခုထိ အာလာဒင်မီးခွက်စောင့်နတ်တွေ ကို ယုံကြတုန်းပဲ"

---
သင်ခန်းစာ - လောဘ စိတ်ဟာ ဆင်ခြင်တုံ တရားကို ကျော်လွန် သွားရင် မဖြစ်သင့်တာ ဖြစ်ရ ပါတယ်။

..
အောင်ခမ်း (ရိုးရာလေး)

ကလေးငိုတိုင်း အစာကျွေးနေတဲ့ မိခင်ကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတဲ့ ရှစ်လသားလေး



Angel on 2014-03-20 12:36    
ဆန်တီယာကို မန်နိုဇာ ဆိုတဲ့ ရှစ်လသားအရွယ်ကလေးငယ်ဟာ ကိုယ်အလေးချိန် ၄၃ ပေါင် ရှိနေပြီး ဒါဟာ ခြောက်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်လောက်ရှိပါတယ်။

ကလေးအမေ ဖန်ဒင်ဟို က သူမဟာ ကလေးငိုတဲ့အခါတိုင်း အငိုတိတ်အောင်လို့ နို့ ဖြစ်ဖြစ် အစားအစာတစ်ခု ဖြစ်ဖြစ် ကျွေးခဲ့လို့ အခုလို ကလေးဟာ အရမ်းအလေးချိန်တက်လာတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ မိခင်လက်ထဲမှာဆက်နေရင် ကလေးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် လူမှုအဖွဲ့ အစည်းတစ်ခုက ကလေးကို မိခင်ဆီက ခွဲထုတ်ထားရပါတယ်။

ကိုလံဘီယာရဲ့ အ၀ဆုံးကလေးငယ်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ စန်တီယာဂို လေးကို သူ့ ရဲ့မိခင်အိမ်ကနေ အဝေးတစ်နေရာဖြစ်တဲ့ မြို့ တော် ဘိုဂိုတာကို တနင်္ဂနွေနေ့ က ရွှေ့ ပြောင်းခဲ့ရပါတယ်။

ကလေးငယ်ဟာ အ၀လွန်တာကြောင့် ကျန်းမာရေးပြဿနာ ခဏခဏကြုံတွေနေရပြီး မိခင်ဖြစ်သူက မတတ်နိုင်တော့တဲ့အတွက် လူမှုအဖွဲ့ အစည်းတွေကို အကူအညီတောင်းခံခဲ့ရာမှာ ချက်ဘီ  နှလုံးရောဂါ ဖောင်ဒေးရှင်းက ကူညီပေးခဲ့တာပါ။ စန်တီယာဂို လေးကို ဘိုဂိုတာမြို့ မှာ ဆေးကုသမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ကိုယ်အလေးချိန်ကျဆင်းသွားဖို့ အတွက် ခွဲစိတ်ကုသမှု ဆက်တိုက်ပြုလုပ်သွားရဖို့ ရှိတယ်လို့ သိရပါတယ်။

“ ကလေး က ကာလကြာရှည်ကုသဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပုံစံပေးဖို့  လည်းလိုအပ်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်က အခုလိုဆက်တက်နေမယ်ဆိုရင် ကလေးဟာ အသက်ငယ်ငယ်နဲ့ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သူ့ ရဲ့ အရိုးအဆစ်တွေမှာ ပြဿနာအမျိုးမျိုး ဖြစ်လာပါလိမ့်မယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာတောင် ရှိပါတယ်” လို့  ဘိုဂိုတာဆေးရုံရဲ့ ခွဲစိတ်ဆရာဝန် ဆီဆာ အာနက်စတို က ပြောကြားသွားခဲ့ပါတယ်။

သူ့ သားလေးရဲ့ အခြေအနေမှန်ကို သိလိုက်ရတဲ့ အမေဖြစ်သူ ဖန်ဒင်ဟို က အခုလို သူ့ သားလေးကို သူ့ ဆီက ခွဲထုတ်ထားတာကို အကောင်းမြင်ပေးပါတယ်လို့ ဆိုပြီး ဆရာဝန်တွေ ညွှန်ကြားချက်အတိုင်း လိုက်နာသွားမယ် လို့ ကိုလံဘီယာသတင်းဟာ El Espectador ကို ပြောကြားသွားပါတယ်။

Ref: Mirror.co.uk
Trend Myanmar

ဟံသာဝတီလေဆိပ် မူလ သတ်မှတ်ချိန် မပြီးနိုင်



ပဲခူးတိုင်း ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဟာ လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယား ကုမ္ပဏီနဲ့ ညှိနှိုင်းမှု မအောင်မြင်တာကြောင့် မူလသတ်မှတ်ထားတဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့် လေလံတင်ဒါကို တောင်ကိုရီးယား အင်ချီယွန်ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် သြဂုတ်လ က အောင်မြင်ခဲ့ပါတယ်။ တောင်ကိုရီးယား အင်ချီယွန်နဲ့အတူ စင်္ကာပူ ချန်းဂီ လေဆိပ် ၊ ပြင်သစ် ဗင်စီလေဆိပ် နဲ့ ဂျပန် တာအီဆာအီလေဆိပ်တွေရဲ့ စီမံရေး ကုမ္ပဏီတွေက အရံတွေအဖြစ် လုပ်ကိုင်ခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့အဓိက လေလံအောင်ခဲ့တဲ့ အင်ချီယွန်ကုမ္ပဏီနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်းမှု မအောင်မြင်ခဲ့တဲ့အတွက်၊  မြန်မာအစိုးရက အဲ့ဒီကုမ္ပဏီလေးခုကို ဘဏ္ဍာရေးဆိုင်ရာအဆိုပြုလွှာတွေ ထပ်တင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးအတွက်သာ ထပ်တင်ရမှာဖြစ်ပြီး၊ ဒီဇိုင်း၊ တည်ဆောက်ရေး၊ ထိန်းသိမ်းရေး စတဲ့ မူလတင်ထားပြီး အဆိုပြုလွှာတွေကိုတော့ ထပ်တင်စရာမလိုဘူးလို့  အရပ်ဘက်လေကြောင်းဆိုင်ရာ ဒု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောဆိုကြောင်း Chammel News Asia က ဆိုပါတယ်။ ဒါ့ပြင် စီမံကိန်းစတင်မယ့်အချိန်နဲ့ ပြီးစီးရမယ့်အချိန်ကို လေလံအောင်စာရင်းထွက်ပြီးမကြာခင် ကြေညာမယ်လို့လည်းပြောပါတယ်။

တောင်ကိုရီးယား အင်ချီယွန်ကုမ္ပဏီနဲ့ အဆင်မပြေတဲ့အတွက် အခုအခါဟံသာဝတီလေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့်ကို မည်သူမဆိုတင်ဒါလျှောက်ထားနိုင်ပြီး၊ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား တင်ရမယ်လို့ သိရပါတယ်။

ဒီအတွင်း စင်္ကာပူနိုင်ငံကိုရောက်ရှိနေကြတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က  ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း  စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းကဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေးစတဲ့  လုပ်ငန်းသစ်တွေပေါ်ပေါက်လာမှာဖြစ်ကြောင်း စင်္ကာပူ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။

RFA

အလုပ်များသော သူတို့အတွက် ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင်နည်းများ


20.3.2014

အလုပ်များသော သူတို့အတွက် အချိန်သည် လွန်စွာပင် အရေးကြီးပါသည်။ အလုပ်များကိုပင် နေ့စဉ်နေ့တိုင်း လုပ်နေရသောကြောင့် အနားယူချိန်သည် အိပ်ချိန်မှ တစ်ပါး မရှိသလောက်ပင် ရှားပါသည်။ ဒါကြောင့် အလုပ်များသော သူများအတွက် ကျန်းမာရေးနှင့် လျော်ညီစွာ နေထိုင်စားသောက်ပုံ နည်းတစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါသည်။

(၁) အလုပ်မှ နားချိန်တွင် ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်ခြင်းသည် စိတ်ကို အနားပေး စေတဲ့အပြင် အာရုံကိုလည်း ပြောင်းလဲစေနိုင်ပါသည်။ အတွေးအခေါ် အသစ်တွေကိုလည်း ရရှိစေနိုင်ပါသည်။

(၂) အသီးအရွက်များများစား သင့်ပါသည်။ အသီးအရွက်စားခြင်းဟာ ခန္ဓာကိုယ် အတွက် ကောင်းမွန်စေရုံ သာမက ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေနိုင်ပါသည်။

(၃) လေ့ကျင့်ခန်း လုပ်ပါ။ အချိန်လုံးဝ မရဘူး ဆိုရင် ညအိပ်ယာ မဝင်မီ အိပ်ယာအတွင်း၌ လုပ်လို့ ရသော လေ့ကျင့်ခန်းများကို လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ မကောင်းသော အရာများသည် ချွေးအဖြစ် ထွက်သွားမှာ ဖြစ်ပါသည်။ သို့မှသာ စိတ်ကို လန်းဆန်း စေနိုင်ပါသည်။

(၄) သင်သည် အစည်းအဝေး ခဏခဏ ထိုင်ရတယ်ဆိုပါက လမ်းများများ လျောက်ပေးပါ။

(၅) ညနေ ၃ နာရီကျော်ပါက ကော်ဖီမသောက်ပါနှင့်။ ကော်ဖီကို ညနေဘက် သောက်ခြင်းဟာ အိပ်မပျော် ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အိပ်ချိန်တွင် အနှောင့်အယှက် မဖြစ်စေရန် ညနေ ၃ နာရီကျော် လျှင် ကော်ဖီကို မသောက်တာ အကောင်းဆုံး ဖြစ်ပါသည်။

(၆) နံနက်စာကို မှန်မှန်စားပါ။ လူတစ်ယောက်အတွက် နံနက်စာသည် အရေးကြီးပါသည်။ နံနက်စာ စားမှသာ တစ်နေကုန် အစာခံနိုင်မည်ဖြစ်ပြီး အလုပ်များကို ကောင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

(၇) တီဗီကြည့်သော အခါမှာ အညောင်းအညာပြေအောင် ခြေထောက်ကို လက်ဖြင့် ခါးကိုင် ကာ ဆွဲပေးပါ။

(၈) ဓာတ်ဆားရည်ကို သောက်ပေးပါ။ ရေအစား ဓာတ်ဆားရည်ကို သောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် သာမက အသားအရည်ကိုပါ လှပစေပါသည်။

(၉) ဓာတ်လှေကားနှင့် တက်ရမည့် နေရာများတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် လှေကားနှင့် တက်ပါ။

(၁၀) နားရက်များတွင် ပန်းခြံ သို့မဟုတ် စိတ်ကို လန်းဆန်းစေမည့် ပတ်ဝန်းကျင် ရှိသော ဒေသများသို့ သွားပါ။ သို့မှသာ စိတ်ကိုလန်းဆန်း တက်ကြွစေရုံသာမက အတွေးအခေါ် အသစ်တွေကိုလည်း ရရှိစေနိုင်ပါသည်။

ကျန်းမာရေး အလှအပ

အမျိုးသမီး ရောဂါများ ကာကွယ်နိုင်ရန် Kegel လေ့ကျင့်ခန်း



Kegel လေ့ကျင့်ခန်း ပြုလုပ်ပါက မိန်းမကိုယ် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်နိုင်သဖြင့်

အရွယ်ရောက်ပြီး မိန်းကလေးတိုင်း လုပ်သင့်သော လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ကြောင်း မြောက်ဥက္ကလာပ ဆေးရုံမှ မီးယပ်နှင့်သားဖွား အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဖြူသွယ်စင်က ပြောကြား ခဲ့သည်။ ''ဒီလေ့ကျင့်ခန်းက သားအိမ်၊ စအိုဝ၊ အူအတွင်းပိုင်းနဲ့ မိန်းမကိုယ် လမ်းကြောင်းက ကြွက်သားတွေ ကိုသန်မာစေပြီး အူမကြီးကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်တယ်'' ဟု ၎င်းက ပြောကြား ခဲ့သည်။ Kegel လေ့ကျင့်ခန်းသည် တင်ပါးဆုံ အတွင်းပိုင်းမှ ကြွက်သားများကို လုပ်ဆောင်ချက် ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်သည်များ လေ့ကျင့်ခန်း ပြုလုပ်ပါက ကြွက်သား တင်းမာမှုများ လျော့ကျ စေကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ ကလေး မွေးဖွားချိန်တွင် ပိုမို လွယ်ကူစေသဖြင့် သားဖွားဆရာမများ လေ့ကျင့်ခိုင်းလေ့ ရှိသော လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်မည် ဆိုပါက ဆီးသွားချိန်တွင် ဆီးကို ရုတ်တရက် ရပ်တန့်သကဲ့သို့ တင်ပါး ကြွက်သားများကို မလှုပ်ရှားစေပဲ မိန်းမကိုယ်မှ ကြွက်သားများကို စက္ကန့်ငါးဆယ်ခန့် ကျုံလိုက်၊ ဆန့်လိုက် ပြုလုပ်ပေးရသော လေ့ကျင့်ခန်းဖြစ်ကာ ဆရာဝန် ပြသရန် စောင့်ဆိုင်းနေချိန်၊ ရေချိုးနေချိန်၊ ကွန်ပျူတာ ရှေ့တွင် ထိုင်နေချိန်များနှင့် အားလပ်ချိန်များတွင် တစ်နေ့လျှင် သုံးကြိမ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်မြန်မာ


ကောက်ပဲသီးနှံများတွင် ပိုးကျခြင်းကို အသိပေးနိုင်သည့် Application တောင်သူများကို အခမဲ့ပေးမည်



20.3.2014

မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားသည့် တောင်သူ လယ်သမားများကို ကောက်ပဲသီးနှံများတွင် ပိုးမွှားနှင့် ရောဂါများ ကျရောက်မှုကို အသိပေးနိုင်သည့် Application အခမဲ့ ဖြန့်ချိပေး သွားမည် ဖြစ်ကြောင်း တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် နည်းပညာများ၊ ဗဟုသုတများ ကူညီပေးနေသည့် Pro- ximity Design အဖွဲ့က ပြောကြားသည်။

အဆိုပါ Application မှာ မြန်မာနိုင်ငံတွင် မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမဦးဆုံးသော ‘Hackathon’ ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် Application ဖြစ်ပြီး လူငယ် IT ပညာရှင်များ ပါဝင်သည့် NilBug အဖွဲ့က တီထွင်လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော် ကမ္ဘာအရပ်ရပ်က Hackathon ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒီပွဲဟာ အကောင်းတကာ့ အကောင်းဆုံးတွေထဲက တစ်ခုပါ။ မြန်မာလူငယ်တွေ အခုလို လုပ်ပြနိုင်လိုက်တာကို ကျွန်တော် တော်တော်လေး အံ့သြတယ်။ အဲဒါက မြန်မာနည်းပညာ နယ်ပယ်အတွက် တကယ် အားတက်စရာပါပဲ” ဟု ယင်းပြိုင်ပွဲမှ ဒိုင်အဖွဲ့ဝင် Mr. Phil Morle က ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသအများစုတွင် လယ်သမားများ ရင်ဆိုင်နေရသော ပိုးကျသည့် ပြဿနာကို အစိုးရ မဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် Proximity Design က တင်ပြခြင်းဖြစ်ကာ NilBug အဖွဲ့က နည်းပညာဖြင့် ကူညီဖြေရှင်းခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ဦးအာကာမင်းအောင်က ပြောကြားသည်။

“မြန်မာပြည် လူမှုပတ်ဝန်းကျင်ထဲမှာ တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေကို နည်းပညာကနေ ဘယ်လို ဖြေရှင်း သွားနိုင်သလဲ ဆိုတာကို Hackathon က ပြလိုက်နိုင်ပါတယ်” ဟု Internews မှ ဝါရင့် မဟာဗျူဟာ အကြံပေး Mr.David Madden က မှတ်ချက်ပေးသည်။

‘Hackathon’ ပြိုင်ပွဲများသည် စီးပွားရေးနှင့် လူမှုနယ်ပယ် အသီးသီးတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို အချိန်တိုအတွင်း နည်းပညာဖြင့် ဖြေရှင်းနိုင်ရန် နည်းပညာ နယ်ပယ်အတွင်းမှ လူငယ် ပညာရှင်များကို ယှဉ်ပြိုင်စေသည့် ပြိုင်ပွဲတစ်ခု ဖြစ်ပြီး နိုင်ငံတကာတွင်မူ Google၊ Microsoft အစရှိသော နည်းပညာ ကုမ္ပဏီများနှင့် နည်းပညာ ကျောင်းများက ဦးစီးကျင်းပလေ့ ရှိသည်။

The Voice Weekly



အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တချို့ဆုံးရှုံးနိုင်


ဘီဘီစီ

အိပ်ရေးပျက်ခြင်း၏ဆိုးကျိုးမှာ ယခင်ကထင်ထားခဲ့သည်ထက် ပိုမိုဆိုးရွား ပြင်းထန်နိုင်ကာ ဦးနှောက်ဆဲလ် များ ထာဝရဆုံးရှုံးသွားခြင်းမျိုး ဖြစ်နိုင်သည်ဟု သုတေသနကဆိုကြောင်း မတ်လ ၁၉ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စမ်းသပ်ချက်အရ ကြွက်များတွင်ကာလကြာရှည်စွာ အိပ်ရေးပျက်ခြင်းကြောင့် တချို့ ဦးနှောက်ဆဲလ်များ၏ ၂၅ ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့ကြောင်း ဦးနှောက်နှင့် အာရုံကြောဗေဒဂျာနယ်၏ သုတေသန ဆောင်း ပါးတစ်ပုဒ်ထဲတွင် ဖော်ပြထားသည်။

အကယ်၍ ထိုအချက်သည် လူသားများအတွက်လည်း မှန်ကန်ပါက အတိတ်ရက်များက အိပ်ရေးပျက်ခဲ့ သည်များကို ပြန်ကာမိအောင် အတိုးချ၍အိပ်ခြင်းသည်လည်း အချည်းနှီးဖြစ်သွားနိုင်ကြောင်း အမေရိကန် သိပ်္ပံပညာရှင်များက ဆိုသည်။

အိပ်ရေးပျက်ခြင်း ဘေးထွက်ဆိုးကျိုးများ၏အန္တရာယ်မှ ဦးနှောက်ကို ကာကွယ်ပေးနိုင်မည့် ဆေးဝါးတစ်မျိုး တစ်နေ့နေ့တွင် ထုတ်လုပ်နိုင်မည်ဟုထင်ကြောင်းလည်း သိပ္ပံပညာရှင်များက ဆိုသည်။

ဦးနှောက်နှင့်အာရုံကြောဗေဒ ဂျာနယ်ထဲတွင်ပါရှိသော သုတေသနမှာ မျက်မှောက်ခေတ်တွင် လူသားများ အနေဖြင့် ညဘက်အလုပ်များ၊ ရှည်ကြာလှသော ရုံးချိန်များကြောင့် အိပ်ရေးပျက်ရသည့် အခြေအနေမျိုးနှင့် ဆင်တူစေရန်အတွက် ဓာတ်ခွဲခန်းထဲတွင် အစမ်းသပ်ခံကြွက်များ အိပ်မရစေသည့်အခြေအနေမျိုးဖန်တီး ကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ပင်ဆယ်ဗေးနီးယား ဆေးတက်္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့သည် ဦးနှောက် အား နိုးကြားနေစေသောဆဲလ်များကို လေ့ လာခဲ့ကြခြင်း ဖြစ်သည်။

ညဆိုင်းအလုပ် သုံးရက်ဆက်တိုက် ဆင်းကာ တစ်ရက်လျှင် ၄ နာရီ မှ ၅ နာရီ အတွင်းသာ အိပ်ချိန်ရှိသော ညပိုင်းအလုပ်သမားများတွင် တွေ့ရလေ့ရှိသည့် အိပ်ရေးပျက်မှုမျိုးနှင့် ဆင်တူသည့်ပုံစံမျိုးဖန်တီး၍ ကြွက်များ ကို စမ်းသပ်ခဲ့ခြင်းဖြစ်ကာ ထိုကြွက်များတွင် flocus coeruleus (LC) ဟု ခေါ်သော ဦးနှောက်ဆဲလ် ၂၅ ရာခိုင်နှုန်းဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။ အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ဆဲလ်များ ဆုံးရှုံးနိုင်ကြောင်း နှင့်ပတ်သက်၍ ယခုတွေ့ရှိ ချက်သည် ပထမဆုံး အထောက်အထား ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

လူသားများ အိပ်ရေးပျက်ပါက ကြွက်များနည်းတူ ဦးနှောက်ဆဲလ်တချို့ ထာဝရ ဆုံးရှုံးခြင်းရှိမရှိ သုတေသန ပြုရဦးမည် ဖြစ်သည်။


Mizzima Burmese

ဖားကန့်မြေပြို ၆ ဦးသေ၊ ၄ ဦး ဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် နတ်မော်ကျေးရွာအုပ်စုမှာ မတ် ၁၈ ရက်နေ့က ရေမဆေး ကျောက်ရှာနေတဲ့ တနိုင်တပိုင်သမားတွေ မြေဇာပုံ ပြိုကျတဲ့အတွက် ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖြစ်ပွားပုံက နတ်မော်ကျေးရွာအနီးမှာ တည်ရှိတဲ့ မှော်တခုမှာ တနိုင်တပိုင်ကျောက် တူးသမားတွေ ကျောက်တူးနေစဉ် ကမ်းပါး ပြိုကျတဲ့အတွက် ထိခိုက်သေဆုံးသွားရတာလို့ ဖားကန့်မြို့ခံ ဦးဂျာနော်က ပြောပါတယ်။

“၆ ယောက်သေတာက ၃ ရက်လောက်ရှိပြီ။ ကျောက်ကြောခေါက်တဲ့အချိန်မှာ ကမ်းပါးပြိုကျတဲ့ သဘောပါ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို မြေပြိုပြီး လူသေဆုံးတာဟာ မကြာခဏ ဖြစ်ပွားနေပြီး အဓိကအားဖြင့် လုပ်ငန်းခွင်အတွင်း သေချာသပ်ရပ်အောင် မလုပ်ကြတဲ့အတွက် ဖြစ်ရတာလို့ မြို့ခံ ဦးတာရှီလာဆိုင်းကလည်း ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်ကာလမှာ ကုမ္ပဏီတွေက တူးဆွတဲ့အချိန် ဒိုင်းနမိုက်တွေနဲ့ မြေကြီးကို ခွဲထားတဲ့ အက်ကြောင်းတွေမှာ လူတွေက ပြန်ပြီး ရှာဖွေတူးဆွတာကြောင့် တပိုင်တနိုင်လုပ်သူတွေ သေသေသပ်သပ် မပြုလုပ်တာကြောင့်လည်း ပါတယ်၊ ရာသီဥတု ကြောင့်လည်း ပါတယ်၊ ပြိုတယ်။ နောက်ပြီး လုပ်ငန်းခွင်ရဲ့ လုပ်ရတဲ့ အနေအထားကလည်း မလွတ်မလပ်တာလည်း ပါတာပေါ့နော်။ ဒီမှာ လုပ်ကိုင်စားသောက်တဲ့သူတွေက ကျင်းတကျင်းနဲ့ တကျင်းက သိပ်ပြီး မကွာဝေးတာ၊ တူးတဲ့သူတွေ သပ်ရပ်သေသပ်မှု မရှိတဲ့အချိန်ကြတော့ ပြိုကျပြီးတော့မှာ လူတွေ အသက်ဆုံးရှုံးနေကြတဲ့ အဖြစ်မျိုးတွေ ကျိုးကန်းတာမျိုးတွေ ဖြစ်ကြတဲ့ အဖြစ်အပျက်မျိုးက ဒီမှာကတော့ နေ့တဓူဝလိုပါပဲ။”

ဒါ့အပြင် လက်ရှိ ဥရုချောင်းရဲ့ အောက်ဘက်မှာရှိတဲ့ တောင်းကော့၊ ရှမ်းစု၊ ရှရော်ခနဲ့ မြောက်ဖြူအစရှိတဲ့ ဒေသတွေမှာလည်း ၁ ပတ်ကို ၁ ကြိမ်လောက် ဒီလို မြေပြိုပြီး ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားနေတယ်လို့ ဦးတာရှီလာဆိုင်းက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ဝ လောက်ရှိပြီး ရေမဆေးကျောက် ရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေကို အာဏာပိုင်တွေက တားမြစ်မှုတွေ လုပ်ပါတယ်။

ဒါပေမယ့် တပိုင်တနိုင် ရေမဆေးကျောက်ရှာသူတွေကတော့ ဝမ်းရေးအတွက် ဆက်လက်ရှာဖွေ လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

DVB Burmese

စာအုပ်မလိုဘဲ ငွေစုနိုင်သည့် ဝန်ဆောင်မှု CB ဘဏ်စတင်




ရန်ကုန်၊ မတ် ၁၉

ငွေစုဘဏ်စာရင်းကို စာအုပ်မလိုဘဲ ငွေစာရင်းများကို E-mail ဖြင့် စစ်ဆေးနိုင်မည့် e-Saving Account ဝန်ဆောင်မှုကို သမဝါယမဘဏ် လီမိတက် (CB Bank) တွင် မတ် ၁၉ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ငွေစုစာအုပ် ထိန်းသိမ်းမှု လျှော့ချရန် ဆောင်ရွက်ထားသည့် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန် ကိုယ်ပိုင် E-Mail Account တစ်ခုရှိရန် လိုအပ်ပြီး ငွေအသွင်းအထုတ် ပြုလုပ်ရန် အထောက်အထား စာရွက်နှင့် စာရင်းနံပါတ်များ ပေးထားမည်ဖြစ်ကာ ငွေစာရင်းကို လစဉ် E-mail ပို့ပေးမည် ဖြစ်ကြောင်း CB Bank ၏ Senior Technical Officer ဦးဝေဖြိုးအောင်က ရှင်းပြသည်။

“အတိုးနှုန်းကလည်း အတူတူပဲ။ ငွေစုစာအုပ် မရှိတော့ဘူး။ Statement (စာရင်းရှင်းတမ်း) ကိုလည်း နေ့စဉ်နဲ့ အပတ်စဉ် လိုချင်တယ်ဆိုလည်း ပို့ပေးမယ်” ဟု ဦးဖေမြင့်က ပြောဆိုသည်။

အပ်ငွေအပ်နှံရာတွင် ငွေစာရင်းများကို ငွေစုစာအုပ် မလိုအပ်ဘဲ E-mail မှတစ်ဆင့် စစ်ဆေးနိုင်သည်မှာ ကောင်းမွန်ပြီး စိတ်ဝင်စားကြောင်း ဘဏ်တွင် ငွေအပ်နှံထားသူအချို့က ဆိုသည်။

သမဝါယမဘဏ်တွင် e-Saving Account ဖွင့်လှစ်၍ ငွေစုသူများသည် CB Bank ၏ Mobile Banking မှ CB Bank Easi MPU ကတ်ဖြင့် ATM စက်များတွင် ၂၄ နာရီ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း များကို ပြုလုပ်နိုင်ခြင်းနှင့် ငွေသွင်း၊ ငွေထုတ်သည့် ဝန်ဆောင်မှုများကို ကိုယ်စားလှယ်ဖြင့်လည်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဦးဖေမြင့်က ပြောကြားသည်။

နေ့စဉ် ထုတ်ပြန်ချက်နှင့် အပတ်စဉ် စာရင်းရှင်းတမ်း ရရှိလိုသူများသည် နေ့စဉ်ဆိုလျှင် နှစ်ရာကျပ်နှင့် အပတ်စဉ်ဆိုလျှင် သုံးရာကျပ်နှုန်းဖြင့် သုံးလစာ ဝန်ဆောင်ခ ကြိုတင်ပေးသွင်း ရမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ




ကိုးကား - Business Insider၊ Time

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ)

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

The Voice Weekly

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိဟု သြစတြေးလျ ပြော


သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ဆက်သွယ်ရေးဂြိုလ်တုဓါတ်ပုံတွေအရ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပက်သက်ပြီး ယုံကြည်ရနိုင်တဲ့ အရာ ၂ ခုကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိထားတယ်လို့ သြစတြေးလျပါလီမန်မှာ မတ် ၂၀ ရက် ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်က သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်တွေဟာ လေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်နိုင်တဲ့ ဂြိုလ်တုဓာတ်ပုံတွေ ရထားပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။

သြစတြေးလျလေတပ်က ဆက်သွယ်ရေးလေယာဉ် အိုရီယမ် အပါအ၀င် လေယာဉ် ၄ စင်းကို တွေ့ရှိတဲ့နေရာကို သွားရောက်နေပြီး သဘောင်္ ၂ စီးလည်း စေလွှတ်ထားပြီး ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကိုလည်း တွေ့ရှိချက်အသစ်တွေနဲ့ ပတ်သက်ပြီး အသိပေးပြောဆိုပြီး ဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်က သတိပေးပြောဆိုရမှာတော့ ဂြိုလ်တုက တွေ့ရှိထားတဲ့ အရာ ၂ ခုဟာ သွားရောက်ရှာဖွေရာမှာ အလွန်အမင်း ခက်ခဲနိုင်ပြီး ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ လုံးဝ မပတ်သက်တဲ့ အရာ ၂ ခုလည်း ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန်ကတော့ ပျောက်ဆုံး လေယာဉ်နဲ့ ပတ်သက်တဲ့ သြစတြေးလျနိုင်ငံရဲ့ တွေ့ရှိချက်အသစ်တွေကို လေ့လာ သုံးသပ်နေတယ်လို့ ပြောဆိုပါတယ်။

လေယာဉ်စပျောက်တဲ့နေ့ကစပြီး ဘယ်လိုတွေ့ရှိချက်ကို မဆို အလေးထားခဲ့တာဖြစ်ပြီး အခု တွေ့ရှိချက်ကိုလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် မှတ်ယူပါတယ်လို့ ၀န်ကြီးက ပြောဆိုပါတယ်။

သြစတြေးလျရေကြောင်းလုံခြုံရေးအာဏာပိုင် အထွေထွေမန်နေဂျာ ဂျွန်ရမ်းက တွေ့ရှိထားတဲ့အရာတခုဟာ အရှည် ၂၄ မီတာ ရှိတာကြောင့် အရေးထားရမယ့် အရွယ်အစားဖြစ်နေတယ်လို့ ပြောဆိုပါတယ်။

မလေးရှားနိုင်ငံက ပျောက်ဆုံးသွားတဲ့လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကိုလည်း ပျံသန်းသွားနိုင်တယ်လို့ ပြောဆိုပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံဟာ လေယာဉ်ပျောက် ရှာဖွေရေးကို မတ်လ ၉ ရက်နေ့ကစပြီး အထူးအာရုံစိုက်ရှာဖွေလာခဲ့တာဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဟာ သြစတြေးလျနိုင်ငံရဲ့ ရေကြောင်းလုံခြုံမှုဧရိယာထဲမှာ ပါဝင်တာလည်း ဖြစ်ပါတယ်။

မလေးရှားလေကြောင်းပိုင် လေယာဉ်ပျောက်ဆုံးနေတာဟာ မတ် ၂၀ ရက်နေ့မှာ ၁၃ ရက်ရှိလာတာဖြစ်ပြီး ခရီးသည် ၂၃၉ ဦး လေယာဉ်ပေါ် လိုက်ပါသွားကြတာ ဖြစ်ပါတယ်။
DVB Burmese

အခွင့်ကောင်းကို အဆုံးရှုံးမခံသင့်

photo-internet

       ဘုရားသာသနာနဲ့ ကြုံဖို့ မပြောနဲ့ ဘုရားဆိုတဲ့အသံကို ကြားရဖို့ပင် အလွန်ခဲရင်းပါတယ်။ ဓမ္မ မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များ အရမ်းကံကောင်းကြပါတယ်။ ကောင်းတဲ့အရပ်မှာ မွေးလို့ပါ။ ကောင်းတဲ့ တရားတွေ တည်ရှိနေလို့ ကောင်းတဲ့အရပ်လို့ပြောတာ။ ဒီအချိန်အခါကို စာပေမှာတော့ ဗုဒ္ဓုပ္ပါဒန၀မ က္ခဏလို့ဆိုပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာတွေ အများကြီးပါ။ ခုလက်ရှိကမ္ဘာမှာတော့ ဘုရားငါးဆူပွင့်ရပါ တယ်။ ဘုရားတစ်ဆူရဲ့ သာသနာသက်တမ်းဟာ အလွန်တိုတောင်းလှတယ်။ ခုဆိုရင် နှစ်သန်းပေါင်း များစွာ မရေမတွက်နိုင်တဲ့အထဲက ခန့်မှန်းခြေ သာသနာငါးထောင်သက်တမ်းလေးထဲမှာ လူလာဖြစ်ဖို့ဟာ အရမ်းခတ်ခဲပါတယ်။ ဒါကြောင့် ခုရောက်ရှိနေတဲ့ ကောင်းမြတ်တဲ့ ဒေသလေးမှာ လူလာဖြစ်တာကို ဂုဏ်ယူ လိုက်ပါ။

       ကျမ်းလာအရ မကောင်းတဲ့ အရပ်ရှစ်မျိုးရှိပါတယ်။
၁။ ငရဲဘုံ = အချိန်ပြည့် ငရဲဆင်းရဲခံစားနေရတဲ့အတွက် သူတော်ကောင်းတရားကျင့်ဖို့ မပြောနဲ့ ကြားရဖို့တောင် အချိန်မရပါဘူး။

၂။ တိရိစ္ဆာန်လောက= အိပ်၊ စား၊ ကာမ သုံးမျိုးပဲ ခံစားနေရပြီး အမြဲထိတ်လန့်စွာနေရလို့ သူတော်ကောင်း တရားကျင့်ဖို့ရာ မဖြစ်နိုင်ပါ။ ခုခေတ်မှာဆို လူတွေရဲ့ စားသောက်ကုန်ဖြစ်နေတဲ့အတွက် အလှည့် ကျသေနေကြရတာပါ။

၃။ ပြိတ္တာလောက = အချိန်မစဲ ပူလောင်ခြောက်ကပ်၊ အစာငတ်၊ အနိုင်ကျင့်ခံနေရတဲ့အတွက် သူတော်ကောင်းတရား ကြားရဖို့ ကျင့်နိုင်ဖို့ အိမ်မက်တောင် မက်ချိန်မရပါဘူး။

၎။ အသညသတ်လောက= သူတော်ကောင်းတရား ကြာနာရဖို့ နားအကြည်ဓာတ်မရှိပါဘူး။ တရား မကြားရလို့ အကျင့်မြတ်ကို ကျင့်ဖို့ အခွင့်မရပါဘူး။

၅။ ပစ္စန္တရာဇ်အရပ် = အရမ်းဝေးလံခေါင်ပါးတဲ့ နေရာတွေပါ။ ဘုရားသားတော်ရဟန်းတော်၊ လူသာသ နာပြုပုဂ္ဂိုလ်များ မသွားရောက်မဟောကြားနိုင်တဲ့အတွက် နားရှိသော်လည်း သူတော်ကောင်းတရား နာ ကြားခွင့်မရ။ ပြုကျင့်ခွင့် မရနိုင်ပါ။

၆။ မိစ္ဆာဒိဋ္ဌိအယူရှိခြင်း = ကောင်းတာလုပ်လဲ ကောင်းကျိုးဆိုတာမရှိ၊ မကောင်းတာလုပ်လဲ မကောင်းကျိုး မရှိဟု အယူမှားတဲ့သူ။ ကုသိုလ်အကုသိုလ်ဆိုတာလဲ မရှိဘူး။ ကြိုက်တာလုပ်၊ လုပ်ပြီးရင် ပြီးသွားတာပဲလို့ ယူဆပြီး အယူမှားနေတဲ့သူ။ အဲလိုလူမှာ တရားမသိနိုင်ပါ။

၇။ ပညာမဲ့ပြီး မိုက်မဲ ဆွံ့အနေတဲ့သူ = သာသနာတည်တဲ့အရပ်မှာ လူလာဖြစ်သော်လည်း အသိဥာဏ် ထိုင်းပြီး မိုက်မဲဆွံအနေပါမူ ကုသိုလ်စကား၊ အကုသိုလ်စကား နားမလည်နိုင်ပါဘူး။ နားမလည်တဲ့အတွက် မကျင့်နိုင်ပါဘူး။

၈။ ဘုရားမပွင့်သောအခါ ဖြစ်ခြင်း = ဘယ်လောက်ပင် ဥာဏ်ထက်မြတ်စေကာမူ ဘုရားမပွင့်တဲ့ကာလမှာ လာဖြစ်ရင်တော့ သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို ကြားနာပြုကျင့်ဖို့ အခွင့်မရှိပါဘူး။

       ဒါတွေဟာ မဖြစ်ထိုက်တဲ့ အရပ်ရှစ်ပါးလို့ ခေါ်ပါတယ်။

       အဲရှစ်ပါး လွန်မြောက်ပြီး ဘုရားအဆုံးအမတည်ရာ သာသနာကာလနဲ့လည်းကြုံတယ်။ နားကြားနိုင် စွမ်းရှိတယ်။ ကျင့်သုံးနိုင်စွမ်းလည်းရှိတယ်။ အယူလည်း မှန်တဲ့ အခါအခွင့်ကိုတော့ ကိုးခုမြောက်အခါ အခွင့်ဖြစ်လို့ ဗုဒ္ဓုပ္ပါဒန၀မက္ခဏလို့ ခေါ်ပါတယ်။ ယခု ဗုဒ္ဓဘာသာဝင်များရရှိနေတဲ့ အခါခွင့်ပါပဲ။ အဒီအခါ အခွင့်ကို အဆုံးအရှုံးမခံပါနဲ့။ စာပေလေ့လာပါ။ ကြားနာပါ။ တရားသိအောင်လုပ်ပါ။ ကျင့်ပါ။

        လူသားအားလုံး သစ္စာတရား ကြားနာရပြီး ကျင့်ကြံနိုင်ပါစေ။ မကောင်းတဲ့ အရပ်ကနေကင်းဝေးပြီး ကောင်း တဲ့အရပ်မှာ လူဖြစ်ကျိုးနပ်ပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သော ကျန်းမာရေးဆိုင်ရာပြဿနာများ




နွေရာသီရောက်တယ်ဆိုရုံနဲ့ပဲ မြန်မာနိုင်ငံနေရာအနှံ့အပြား အပူဒဏ်ကိုခံစားရမှုက သိသိသာသာကို မြင့်မားလာပါတယ်။ အပူဒဏ်ကြောင့်ဖြစ်ပွားရတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများလည်း မကြာခဏကြားသိနေရတယ်။ ဒါ့ကြောင့် အပူဒဏ်မြင့်မားမှုကြောင့် အဓိကဖြစ်ပွားရတဲ့ကျန်းမာရေးပြဿနာများအကြောင်း စုစည်းတင်ပြပေးလိုက်ပါတယ်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ မြင့်မားတဲ့အပူချိန်နဲ့ အချိန်အတိုင်းအတာအနည်းငယ်မျှအတောအတွင်းမှာကိုပဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ သိပ်မပြင်းထန်တဲ့အခြေအနေတွေကနေ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အရေးပေါ် အခြေအနေတွေထိတိုင်အောင် ဖြစ်ပွားနိုင်ပါတယ်။ ဒီနေရာမှာတော့ အပူဒဏ်ကြောင့်အဓိကဖြစ်ပွားရတဲ့ ကျန်းမရေးပြဿနာတွေဖြစ်တဲ့ အပူရှပ်ခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ အပူကြောင့် ကြွက်တတ်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ မိတ်ထွက်ခြင်းတို့အကြောင်းကို တင်ပြပါမယ်။

လူသားတွေဟာ သွေးနွေးသတ္တ၀ါတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူအချိန်တစ်သမတ်တည်းရှိတဲ့သူတွေ ဖြစ်ပါတယ်။ လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပုံမှန်ဖြစ်အောင်ထိန်းထားတဲ့ အပူချိန်ထိန်းတဲ့အင်္ဂါအစိတ်အပိုင်းတွေက မြင့်တက်လာတဲ့အပြင်အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်ပြီးမထိန်းညှိနိုင်တော့တဲ့အချိန်မှာ ကျန်းမာရေးပြဿနာတွေဖြစ်ပွားလာရတယ်။ အထူးသဖြင့်တော့ ပူပြင်းပြီး စိုထိုင်းစများတဲ့အချိန်တွေမှာပိုဖြစ်ပွားနိုင်ပါတယ်။ စိုထိုင်းစများနေတဲ့အခြေအနေမှာ ခန္ဓာကိုယ်က အပူချိန်ကိုထိန်းတဲ့ ချွေးထွက်တဲ့လုပ်ငန်းစဉ်ကျဆင်းလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အလွန်မြင့်မားတဲ့ အပူချိန်ဟာ ဦးနှောက်အပါအ၀င် အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်တဲ့အပြင် အပူရှိန်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်နှင့် အခြားဓါတ်များဆုံးရှုံးမှုကို မဖြည့်တင်းခြင်းကြောင့်လည်း ကျန်းမာရေးပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။ အပူကြောင့်ဖြစ်ပွားတဲ့ ပြဿနာတွေဟာ အဓိကအားဖြင့်တော့ အသက် ၄နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅နှစ်အထက် လူကြီးများ၊ အ၀လွန်သူများ၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများ၊ စိတ်ရောဂါရှိသူများ၊ နှလုံးနှင့် သွေးတိုးရောဂါရှိသူများ၊ အရက်သောက်သုံးထားသူများမှာ ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

အပူရှပ်ခြင်း (Heat Stroke)
ဘာ့ကြောင့်ဖြစ်တာလဲ - အပူရှပ်ခြင်းဟာ ဆေးပညာအရ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အရေးပေါ်ကုသမှုခံယူရမယ့် အခြေအနေတစ်ခုဖြစ်ပါတယ်။ အပူကြောင့်ဖြစ်ပွားစေသော ကျန်းမာရေးပြဿနာများအနက် အဆိုးရွားဆုံးဖြစ်ပြီး သေဆုံးတဲ့အထိ ဒါမှမဟုတ် တစ်သက်လုံး ဒုက္ခိတဖြစ်သွားစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်ရဲ့ အပူချိန်ညှိမှု ပျက်ယွင်းသွားတဲ့အတွက်ကြောင့်ဖြစ်ရတာပါ။ အပူရှိန်တအားတက်လာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ ၁၀၅ ဖာရင်ဟိုက်(၄၀ ဒဿမ ၅ ဆဲလ်စီးယပ်စ်) အထိရောက်လာတဲ့အခါ ဦးနှောက်နဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတော့တယ်။ အပူရှပ်ခြင်းနှစ်မျိုးရှိပြီး တစ်မျိုးကတော့ နေပူထဲပြင်းထန်တဲ့လှုပ်ရှားမှုတွေပြုလုပ်တဲ့ လူငယ်များမှာ ဖြစ်ပွားတတ်ပြီး နောက်တစ်မျိုးကတော့ လှုပ်ရှားမှုသိပ်မပြုတဲ့ အသက်ကြီးတဲ့သူများ၊ ကလေးငယ်များနှင့် ကာလကြာရှည် နေမကောင်းဖြစ်နေတဲ့သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။

ဘာတွေဖြစ်မလဲ - ခန္ဓာကိုယ်အပူချိန်အလွန်အမင်းတက်လာခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ထက်ပိုများမယ်)၊ အရေပြားဟာ ပူပြီးနီနေမယ် ချွေးတွေနဲ့စိုစွတ်နေမယ် ဒါမှမဟုတ် ခြောက်သွေ့နေမယ်၊ နှလုံးခုန်နှုန်းမြန်နေမယ်၊ အသက်ရှုရကြပ်နေမယ်၊ ခေါင်းကိုက် ခေါင်းမူး ပျို့အန်ဖြစ်မယ်၊ အာရုံထွေပြားနေပြီး ဂဏာမငြိမ်ဖြစ်မယ်၊ အရမ်းဆိုးလွန်းရင် တက်မယ်၊ သတိလစ်ပြီး ကိုမာထိ ဖြစ်နိုင်ပါတယ်။

ဘာတွေလုပ်မလဲ - လူတစ်ယောက်မှာအထက်မှာ ဖော်ပြထားတဲ့လက္ခဏာတွေတွေ့ပြီဆိုရင် ထိုလူကို အေးတဲ့နေရာတစ်ခုခုကို ချက်ခြင်းခေါ်သွားပါ။ အ၀တ်အစားတွေချွတ်ပစ်ပါ။ အမြန်ဆုံးအေးသွားစေမယ့် ရရှိနိုင်တဲ့နည်းလမ်းကို အသုံးပြုပါ။ ရေကန်ထဲ စိမ်ထားခြင်းကစလို့ ရေပန်းဖြင့် အေးအောင်လုပ်ခြင်း၊ ပန်ကာများ အဲယားကွန်းများအသုံးပြုပြီး အေးအောင်လုပ်ခြင်း၊ ရေခဲထုပ်များကပ်ထားခြင်းစတဲ့ နည်းလမ်းအကုန်သုံးလို့ရပါတယ်။ သတိရနေသေးရင် အေးတဲ့ ဖျော်ရည်၊ ရေ အစရှိတာတွေတိုက်ကျွေးပါ။ အရက်နဲ့ဆက်စပ်အရာများကိုတော့ တိုက်ကျွေးခြင်းမပြုပါနဲ့။

အပူဒဏ်ကြောင့် ရေနှင့် ဆားဓါတ်ဆုံးရှုံးမှုများခြင်း (Heat exhaustion)
ဘာ့ကြောင့်ဖြစ်တာလဲ - မြင့်မားတဲ့ခန္ဓာကိုယ်အပူရှိန်ကို အေးအောင်လုပ်ဖို့အတွက် ခန္ဓာကိုယ်က ချွေးထွက်ပေးရပါတယ်။ အလွန်အမင်းချွေးထွက်များတဲ့အခါမှာ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဆားဓါတ်တွေပါ ဆုံးရှုံးရပါတယ်။ အဓိကအားဖြင့်တော့ ပူတဲ့နေရာမှာ အပြင်းအထန်လှုပ်ရှားမှုပြုတဲ့အခါ ဖြစ်တတ်ပါတယ်။

ဘာတွေဖြစ်မလဲ - ဒီအခြေအနေမှာတော့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ဒါမှမဟုတ် အနည်းငယ်တက်နေတတ်ပါတယ်။ ဒါပေမယ့် အပူရှပ်တာလိုမျိုး အရမ်းအမြင့်ကြီးတော့ဖြစ်မနေပါဘူး။ ချွေးထွက်အရမ်းများမယ်၊ ဖြူပတ်ဖြူရော်ဖြစ်နေမယ်၊ ကြွက်သားတွေနာကျင်မယ် ကြွက်တက်မယ်၊ မောပန်းနွမ်းနယ်နေမယ်၊ ခေါင်းမူး ခေါင်းကိုက်မယ်။ အရေပြားဟာ အေးပြီး စိုစွတ်နေမယ်။ သွေးခုန်နှုန်းအရမ်းမြန်ပြီး အားလျော့နေမယ်။ ဒီအခြေအနေမှာ ကုသမှုမရှိဘူးဆိုရင် အပူရှပ်တဲ့အဆင့်ထိရောက်သွားနိုင်ပါတယ်။

ဘာတွေလုပ်မလဲ - ရေအပါအ၀င် အလ်ကိုဟောမပါတဲ့ အေးတဲ့အဖျော်ယမကာများ သောက်သုံးပါ၊ ဓါတ်ဆားရည်သောက်ပါ၊ အေးမြတဲ့နေရာမှာ နားခိုပါ၊ ရေချိုးပါ၊ အပူချိန်ညှိမှုကို တားဆီးနေတဲ့ အ၀တ်အစားများကို ဖယ်ရှားပစ်ပါ။

အပူဒဏ်ကြောင့် ကြွက်တက်ခြင်း (Heat Cramps)
ဘာ့ကြောင့်ဖြစ်တာလဲ - ဒီပြဿနာဟာလည်း ချွေးထွက်များတာကြောင့်ဖြစ်တာပါပဲ။ ချွေးထွက်များတဲ့အခါမှာ ခန္ဓာကိုယ်က ဆားဓါတ်တွေ နည်းလျော့နည်းသွားတယ်။ နေ့စဉ်ကောင်းမွန်စွာရှင်သန်နေထိုင်ရန်အတွက် ခန္ဓာကိုယ်ဟာ ဆားဓါတ်များကို ညီမျှအောင်ထိန်းသိမ်းထားရပါတယ်။ အဲဒီဓါတ်တွေ မညီမျှမှုတွေဖြစ်လာရင်တော့ ပြဿနာတွေဖြစ်ပေါ်လာပါတယ်။ ချွေးထွက်များတဲ့အတွက် ဆားဓါတ်တွေနည်းပါးခြင်းက ကြွက်သားတွေကို နာကျင်စေပါတယ်။

ဘာတွေဖြစ်မလဲ - လှုပ်ရှားနေတဲ့အချိန် ကြွက်သားတွေတောင့်တင်းပြီး နာကျင်နေပါမယ်(အများအားဖြင့်တော့ ဗိုက်သား၊ လက်မောင်းနဲ့ ခြေထောက်တွေမှာပါ)။

ဘာတွေလုပ်မလဲ - လှုပ်ရှားမှုပြုနေတာတွေကို ရပ်တန့်ပစ်လိုက်ပါ။ အေးတဲ့နေရာတစ်ခုမှာ အနားယူပါ။ ရေ၊ အဖျော်ယမကာ၊ ဓါတ်ဆား အစရှိတာတွေသောက်ပါ။ ဖြစ်တဲ့နေရာကို အကြောလျှော့ပါ။ ကြွက်တက်ပြီးနောက် အပူရှပ်ခြင်းနဲ့ ရေနှင့် ဓါတ်ဆားဓါတ်များ အလွန်အမင်းဆုံးရှုံးခြင်းတို့ ထပ်မံဖြစ်ပေါ်နိုင်တဲ့အတွက် ဖြစ်ပြီးနောက်ထပ်နာရီအနည်းငယ်အထိ ပြင်းထန်တဲ့ လှုပ်ရှားမှုများကို ရှောင်ကျဉ်ပါ။

အပူဒဏ်ကြောင့် မူးမိုက်လဲခြင်း (Heat Syncope)
ဘာ့ကြောင့်ဖြစ်တာလဲ - နေပူထဲမှာ အချိန်အကြာကြီးရပ်နေတာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်နေတာ၊ အိပ်နေရာကနေ ရုတ်တရက်ထလိုက်တာ၊ ထိုင်လိုက်တာမျိုးတွေမှာ မူးမိုက်ပြီး လဲကျသွားတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ အပူဒဏ်ကိုခံစားနေကျမဟုတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ သူကလည်း ရေဓါတ်ဆုံးရှုံးမှုကြောင့်ပဲဖြစ်ပေါ်ပါတယ်။

ဘယ်လိုဖြစ်မလဲ - ခေါင်းမူး ခေါင်းကိုက်ဖြစ်မယ်၊ မူးမိုက်ခြင်း၊ မျက်လုံးပြာဝေသွားခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘာတွေလုပ်မလဲ - အေးမြပြီး အရိပ်ရတဲ့နေရာတစ်ခုမှာ နားနေပါ၊ လူနာကို လှဲခိုင်းထားပြီး ခြေထောက်ကို မပေးထားပါ။ ရေအပါအ၀င် အလ်ကိုဟောမပါတဲ့ အဖျော်ယမကာ တစ်မျိုးမျိုး သောက်သုံးနိုင်ပါတယ်။

အပူမိတ်ထွက်ခြင်း (Heat Rash)
ဘာ့ကြောင့်ဖြစ်တာလဲ - အပူမိတ်ဟာ ပူအိုက်ပြီး စိုစွတ်တဲ့ရာသီတွေမှာ အရေပြားဓါတ်မတည့်ဖြစ်ခြင်းပါ။ ချွေးထွက်များတဲ့အတွက် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ ချွေးထွက်များတဲ့အခါ ချွေးပေါက်လမ်းကြောင်းများ ပိတ်ဆို့မှုဖြစ်ပွားတဲ့အတွက် အဖုလေးတွေလိုမျိုးဖြစ်လာပြီး ယားယံလာရပါတယ်။ ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် အသက်ငယ်ရွယ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ဘာတွေဖြစ်မလဲ - အပူမိတ်တွေဟာ အနီရောင်အဖုငယ်လေးများ သို့မဟုတ် အရည်ကြည်ဖုလေးများ အစုလိုက်ဖြစ်ပေါ်ပါတယ်။ ယားယံနိုင်ပါတယ်။ လည်ပင်း၊ ရင်ဘက်အပေါ်ပိုင်း၊ ပေါင်ကြားများမှာ အဓိကဖြစ်ပေါ်ပါတယ်။

ဘာတွေလုပ်မလဲ - အကောင်းဆုံးကတော့ အပူရှိန်ကနေ တတ်နိုင်သမျှရှောင်နေပါ။ မိတ်ထွက်နေတဲ့နေရာတွေကို ခြောက်သွေ့အောင်ထားပါ။ ပေါ့ပေါ့ပါးပါးရှိတဲ့ အ၀တ်အစားများ ၀တ်ဆင်ပါ။ နေသာထိုင်သာရှိအောင် ပေါင်ဒါအသုံးပြုလို့ရပါတယ် ဒါပေမယ့် အဆီများနှင့် ခရမ်များအသုံးပြုခြင်းကတော့ အပူမိတ်ကို ပိုဆိုးစေနိုင်တဲ့အတွက် ရှောင်ကြဉ်ပါ။ ကုတ်ဖဲ့မှုမပြုဘဲ ပွတ်သတ်မှုသာ ပြုလုပ်ပေးပါ။ ကုတ်ဖဲ့ခြင်းက ပိုးဝင်ပြီး ပြည်တည်ယောင်ရမ်းမှုတွေပိုဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ အများဆုံးဖြစ်တတ်တဲ့အတွက် ကလေးငယ်များရဲ့ လက်သည်းများကို ညှပ်ပေးထားပါ။ အရေပြားပိုးဝင်ယောင်ရမ်းနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ကုသမှုခံယူရပါလိမ့်မယ်။

အပူဒဏ်ကာကွယ်ရေး
၁။ ရေများများသောက်ပါ။ ရေကိုမဆာလည်းဘဲ သောက်ပေးပါ။ အရက်နှင့် ကဖိန်းပါတဲ့အဖျော်ယမကာများကိုတော့ ရှောင်ကြဉ်ပါ။
၂။ ကုန်ဆုံးသွားတဲ့ ဆားဓါတ်နှင့် သထ္ထုဓါတ်များ ပြန်လည်ဖြည့်တင်းပါ။ ဓါတ်ဆားရည်သောက်ခြင်း၊ ရေဆူဆေးပြားသောက်ခြင်းတို့ဖြင့် ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။
၃။ ပေါ့ပေါ့ပါးပါးရှိတဲ့ အ၀တ်အစားများ၊ အရောင်ဖျော့သော အ၀တ်အစားများကို ၀တ်ဆင်ပါ။ ထီးဆောင်းပါ။ ဦးထုပ်ဆောင်းပါ။ နေလောင်ခံခရမ်အသုံးပြုပါ။
၎။ တတ်နိုင်သမျှ အေးမြသော အရိပ်ထဲမှာနေပါ။ ပူလောင်သော အစားအစာများကို ရှောင်ကျဉ်ပါ။ ဖော်ပြထားတဲ့ အပူကြောင့်ဖြစ်တဲ့လက္ခဏာများ ဖြစ်ပေါ်လာပါက ချက်ခြင်း ကုသမှုခံယူပါ။

Thurein Hlaing Win
ကျန်းမာရေးနှင့် အလှအပ

အမျိုးသမီးတွေ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲ့တဲ့ ဝေဒနာတွေ သက်သာစေဖို့




မေသော် on 2014-03-20 11:17    
အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ အသက် ၂၅ ၀န်းကျင် အမျိုးသမီးအများစုဟာ ဓမ္မတာကြောင့်ပဲဖြစ်ဖြစ်၊ အစားအသောက်မှားတာကြောင့် လေထိုးလေအောင့်တာပဲဖြစ်ဖြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပုံမှန် ခံစားကြရလေ့ရှိပါတယ်။ အဲ့ဒီလို နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့နဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ အစားအစာတစ်ခု စားတော့မယ်ဆို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်မဖြစ် သတိထား စားပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စတာတွေကို စားပေးဖို့ လိုပါတယ်။

၂။ရေနွေးကြမ်းသောက်ပေးပါ။ တစ်နေ့ကို သုံးခွက်လောက် သောက်ပေးရုံနဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကာကွယ်ပေးပါလိမ့်မယ်။

၃။အချိန်ပေးပြီး ယောဂကျင့်တာဟာလည်း နာကျင်မှုကို သက်သာစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

၎။အသားတွေကို ချက်ပြုတ်တဲ့အခါ တူးနေအောင် ချက်ပြီး မစားပါနဲ့။ အပူကို အလွန်အကျွံပေးပြီး ချက်ပြုတ်ခြင်းဟာ သင့်ကို ကင်ဆာဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်တာကြောင့်ပါ။

၅။တစ်ယောက်တည်း နားနားနေနေ နေနိုင်ဖို့ အချိန်ပေးပါ။ အလုပ်တွေဖိလုပ်တာမျိုး၊ ဖိစီးမှုတွေ များနေတာမျိုးတွေကြောင့် ကိုက်ခဲနာကျင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၆။အိပ်ချိန် လုံလုံလောက်လောက် ရှိပါစေ။ ကိုယ်အိပ်စက်မယ့် အခန်းအနေအထားကလည်း ကိုယ့်ကို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ကူညီနိုင်တဲ့ပုံစံ ဖြစ်ဖို့လိုပါတယ်။

၇။ရေများများသောက်ပါ။ ကိုယ်သောက်လိုက်တဲ့ရေဟာ သန့်ရှင်းစင်ကြယ်မှု ရှိဖို့ကိုလည်း သတိထားရပါလိ့မ်မယ်။

၈။ အသီးအနှံများများစားပါ။ ကိုယ်က နေ့စဉ်နေ့တိုင်း အသားတွေ၊ ငါးတွေကို စားဖြစ်နေပေမယ့် ဘာအသီးအနှံမှ မစားဖြစ်ဖူးဆိုတာမျိုး မရှိပါစေနဲ့။

၉။ကိုယ်စားမယ့် အစားအစာထဲမှာ ပါဝင်ပစ္စည်းတွေက ဘာတွေဖြစ်သလဲဆိုတာ အမြဲသိနေပါစေ။

၁၀။ကိုကာကိုလာ လို အရည်မျိုးတွေ၊ နောက်အချိုရည်တစ်ချို့ကိုလည်း သောက်နိုင်ပါတယ်။ ဒါဟာ နာကျင်မှုကို သက်သာစေတဲ့ အရာတွေထဲက တစ်ခုပါပဲ။



Ref:womenshealthmag.com
Trend Myanmar


သမ္မတ ဦးသိန်းစိန်နဲ့ ပွင့်လင်း စွာဆွေးနွေးခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ က တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ပွင့်လင်းစွာဆွေးနွေး ခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိတယ် လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားပါတယ်။
"ထူးထူးထွေထွေ ဘာမှသတင်း ထုတ်ပြန်စရာမရှိပါဘူး။ ပြောရမယ်ဆိုရင် ထူးထူးထွေထွေ ထုတ်ပြန်စရာမရှိလို့ မထုတ်ပြန်တာပါ။"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် မနေ့ ညနေ ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ လယ်ယာမြေတွေ၊ အိုးအိမ်တွေကို သက်ဆိုင်ရာက သိမ်းယူရာမှာ အဓမ္မ ဖျက်ဆီးမှုတွေရှိနေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တော့ ဥပဒေ အရဆောင်ရွက်ဖို့ လိုသလို၊ ပြည်သူလူထု ရဲ့ခံစားမှုကိုနားလည်ဖို့လည်း အရေးကြီးကြောင်း ပြောပါတယ်။
"စိုက်ခင်းတွေပဲဖြစ်ဖြစ် ကျူးကျော်ရပ်ကွပ်တွေပဲဖြစ်ဖြစ် တရားဥပဒေနဲ့ မကိုက်ညီဘူး ဆိုလို့ရှိရင် တရားဥပဒေနဲ့ ကိုက်ညီလာအောင်လို့ လုပ်ရမယ်။ ဒါပေမဲ့ အဲ့ဒီ လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့ အနေအထားနဲ့ လိုအပ်ချက် တွေကိုလည်း ဘယ်လိုမှ မျက်ခြေပျက်လို့ မရဘူး။ ပြည်သူပြည်သားတော်တော် များများက ဥပဒေဆိုတာ ပြည်သူ ပြည်သားကို ချုပ်ချယ်ဖို့ ဖိနှိပ်ဖို့ လုပ်ထားတာလို့ ထင်နေကြတယ်။ အဲ့လိုထင်တာလဲ သူတို့အပြစ် မဟုတ်ဘူးနော် ဒီလိုပဲ ဥပဒေကိုသုံးခဲ့တဲ့ နှစ်ပေါင်းများစွာရှိခဲ့လို့ ဥပဒေမဲ့လုပ်တာကသက်သက်ပေါ့ နော် ၊ရှိတဲ့ဥပဒေကို ကြိုက်သလိုသုံးတာ သက်သက်ပေါ့။"
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ နဲ့ ဒေသခံလူထုအကြား အဆင်မပြေဖြစ်နေ တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောထားတွေကို သေသေချာချာဆန်းစစ်ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

RFA

ချောင်းသာကမ်းခြေသို့ အပန်းဖြေလည်ပတ်သူ ဧည့်သည်များသိရှိသတိပြုနိုင်စေရန်။(အားလုံးသိစေရန် ပြန်၍ share ပေးစေလို)


20.3.2014
ချောင်းသာကမ်းခြေသို့ အပန်းဖြေရန်လာရောက်လည်ပတ်ကြသူ ဧည့်သည်များ ရေကူးရာတွင် "အန္တရာယ်ရှိသည် ဤနေရာမှ ကျော်လွန်၍ ရေမကူးရ”ဟူသော ဆိုင်းဘုတ်အနီထက်ကျော်လွန်၍ ရေမကူးသင့်ပါ။ဤသတိပေးဆိုင်းဘုတ်၏ အလွန်တွင် ချောင်းနှင့်ပယ်လယ်ဆုံရာ ရေ၀ဲဂယက်တစ်ခုဖြစ်ပေါ်လျက်ရှိပြီး ရေကူးသူများအတွက် အန္တရာယ်ရှိပါသည်။၎င်းသတိပေးဆိုင်းဘုတ်အနီသည် ဖိုးကုလားကျွှန်းကူးတို့နှင့် hotel Max တို့ကြား အုန်းတော(ယခင် စစ်အစိုးရလက်ထက်၌ စစ်တပ်မှသိမ်းယူခဲ့ပြီး,ယခု မူလပိုင်ရှင်များ တည်းခိုခန်းဆောက် ငှားရမ်းလျက်ရှိသော)၏ အစွန်ဘက်တွင် စိုက်ထူထားလျက်ရှိပါသည်။ထို့အပြင် lai lai hotel အရှေ့ ကျောက်ပုထိုးဘုရား ကျောက်ဆောင်များအနီးတွင်ရေကူးကြသူအချို့သည် အန္တရာယ်ရှိသည်။ အထူးသဖြင့် ကျောက်ဆောင်များအပေါ်တွင် ကပ်လျက်ရှိသော ဂျင်း ခေါ် ကယင်းကောင်များ၏ မာကျောသောအခွံသည် ဓားကဲ့သို့ ထက်မြပြီး ကွဲရှတတ်ပါသည်။၎င်းအပြင် ရေကူးနေစဉ် လှိုင်ရိုက်ခတ်မူ့ကြောင့် ကျောက်ဆောင်ဖြင့်တိုက်မိတတ်သောကြောင့် ကျောက်ဆောင်များအနီးတွင် ရေကူးခြင်းမှရှောင်ကြဉ်သင့်ပါသည်။သတိတချက်ကြောင့် ပျော်ရွှင်ဖွယ်အပန်းဖြေခရီး သာယာလှပစေရန်ရည်ရွယ်ပြီး အသိမျှဝေတင်ပြလိုက်ရပါသည်။
ချောင်းသာကမ်းခြေ သတင်းဌာန

ထိုင်းတွင် တရားမ၀င် ၀င်ရောက်သည့် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် ၃၈ ဦး ဖမ်းမိ


ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလုန်ခရိုင်ထဲမှာ မတ် ၁၉ ရက် သန်းခေါင်ယံအချိန်က မြန်မာနိုင်ငံဘက်ကနေ ခိုးဝင်လာတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးရမိတယ်လို့ နယ်စပ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – မန်နေဂျာ အွန်လိုင်း ထိုင်းသတင်း

နယ်စပ်ရနောင်းခရိုင်ဘက်ကနေ တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာမယ်လို့ ကြိုတင်သတင်းရထားချက်အရ အမှတ် ၄ ခရိုင် နယ်ခြားစောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ အာရှလမ်းမကြီးပေါ်ကနေ စောင့်ကြပ်စစ်ဆေးရေးလုပ်ရာမှာ ဟိုင်းလပ်စ်ကား ၂ စီးပေါ်ကနေ သူတို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ပထမကားတစီးပေါ်မှာ အမျိုးသမီးနဲ့ အမျိုးသားပါ ပါဝင်တဲ့ ရိုဟင်ဂျာလူမျိုး ၂၀ ဦး ပါဝင်ပြီး ဒုတိယကားပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၈ ဦးပါဝင်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်တဲ့ ထိုင်းနိုင်ငံသား နိုင်းဝမ်းချိုင်းနဲ့ နိုင်းဗညားတို့ကိုပါ လိုအပ်သလို စစ်ဆေး အရေးယူဖို့ ထိန်းသိမ်းထားကြောင်း အမှတ် ၄ ခရိုင်ရဲမှူးး နိုင်းဖတ်ခဖုန်း ခုမ့်ဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ ၃၈ ဦးကို ရနောင်းကနေ ဆုန်ခလာခရိုင် ဆဒေါင်းမြို့ကို ပို့ပေးဖို့ ပွဲစားက ကားတစီးကို ဘတ် ၈ ထောင်နဲ့ ငှားရမ်းခဲ့တယ်လို့ ယဉ်မောင်း ၂ ဦးက ထွက်ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ခိုးဝင်သူတွေကို ဘာသာပြန်ကနေတဆင့် စစ်ဆေးမေးမြန်းရာမှ သူတို့ အားလုံး မြန်မာနိုင်ငံက လာတာ ဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ်သွား လုပ်ဖို့ ရနောင်းကို မတ် ၁၅ ရက်ကတည်းက ရောက်ရှိနေပြီး ပွဲစားကို ၁ ယောက် ဘတ် ၇ ထောင် ပေးရကြောင်း၊ အဲဒီမှာ စုစုပေါင်း လူ ၁၅၀ လောက် ရှိပြီး ပွဲစားက သူတို့ကို လူခွဲပြီး အသုတ်လိုက် ခေါ်ယူတယ်လို့ ထွက်ဆိုကြောင်း ရဲမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB Burmese

နေ့စဉ် ကြားသိမြင်တွေ့နေရသည့် ဒီမိုကရေစီ လွန်ဆွဲပွဲများ


#emg_opinions
(Written by: ဉာဏ်လင်းဖြိုး (စိုင်းချစ်))

စာရေးသူရဲ့ နေ့စဉ်လုပ်ငန်းက အသိပညာမျှဝေပေးမှု (Knowledge Contribution) နဲ့ အသိပညာစုဆောင်းမှု (Knowledge Saving) ပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စာရေးသူ ရယူစုစည်းလာခဲ့တဲ့ အရှိပညာ (Formal-Knowledge) နဲ့ အသိပညာ (Informal-Knowledge) တွေကို ပညာဒါန (Knowledge Contribution) အဖြစ် နှစ်ပေါင်း ၁၄ နှစ်လောက် ပေးခဲ့တယ်။ အခုအခါမှာတော့ အသက်အရွယ်အရ မိမိတို့လုပ်ငန်းတွေအတွက် မရှိမဖြစ် မသိမဖြစ် ခံယူချက်နဲ့ အမှန်တကယ် ရှိလိုသူတွေ သိလိုသူတွေကိုသာ သင်ကြားပေးနေတယ်။ အရာရာတိုင်း ရယူတတ်ရင် ရနိုင်ပေမယ့် သမ္မာအာဇီဝကျတဲ့ ရယူမှုကသာ စိတ်သန့်စေတဲ့ ရယူမှုဖြစ်တယ်လို့ ခံယူယုံကြည်ထားတာနဲ့ အသိပညာ ဖြန့်ဝေပေးမှုတွေကနေ သမ္မာအာဇီဝက ရရှိလာတဲ့ အကျိုးခံစားခွင့်ကိုသာ ရယူပါတယ်။

လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀က မှန်တဲ့အပေးတွေနဲ့ မှန်ကန်တဲ့အယူတွေ ရှိကြဖို့ လိုအပ်တယ်။ စာရေးသူ အပါအ၀င် တပည့်ဒါယကာတွေကို အမြဲဆုံးမ သြ၀ါဒပေးခဲ့ဖူးဘူးတဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ လွန်ခဲ့သောနှစ်က ပျံလွန်တော်မူသွားခဲ့တဲ့ ဆုထူးပန်ဆရာတော်ကြီး ဖြစ်ပါတယ်။ ဆရာတော်က လှူတာက ယူတာပဲလို့ ဆိုခဲ့တယ်။ လှူရာမှာ သမ္မာအာဇီဝနဲ့ လုပ်ကိုင်ပြီးရတဲ့ ငွေကြေးပစ္စည်းကို လှူဒါန်းလိုက်တာက ကုန်သွားတာမဟုတ်ဘဲ လှူသူအတွက် ပြန်လည်ရရှိနိုင်တဲ့ အလှူဖြစ်တယ်ဆိုတဲ့ သြ၀ါဒဖြစ်ပါတယ်။

ကံ၊ ကံရဲ့အကျိုးဆိုတာနဲ့လည်း ထပ်တူကျပါတယ်။ ငွေကြေးဥစ္စာတွေကို သမ္မာအာဇီဝမကျတဲ့ နည်းလမ်းနဲ့ ရယူပိုင်ဆိုင်ထားသူ တစ်ဦးက လှူဒါန်းမှုတစ်ခုမှာ အမည်မဖော်လိုသူ တစ်ဦးဆိုပြီး သိန်း ၂၀၀ လှူဒါန်းသွားတာ မြင်သိခဲ့ရဖူးတယ်။ နေ့စဉ်နဲ့အမျှ ထုတ်ဝေလာကြတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေကို ဖတ်ရရင် အစိုးရနဲ့ ပြည်သူလွန်ဆွဲပွဲ၊ နိုင်ငံရေးပါတီတွေရဲ့ လွန်ဆွဲပွဲ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လွန်ဆွဲပွဲတွေ အပါအ၀င် လွန်ဆွဲပွဲသတင်းတွေ အမြဲဖတ်နေရတယ်။

စာရေးသူတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခံယူချက်က သူမဟုတ်တာလုပ်ရင် သူပဲမဟုတ်တဲ့လမ်းကို သွားရလိမ့်မယ်ဆိုတဲ့ ယောနိသောမနသိကာရစိတ်ဓာတ် ထားရှိတတ်သူတွေ ဖြစ်တယ်။ သည်းခံစိတ်နဲ့ အရာရာကို ခွင့်လွှတ်တတ်ကြတယ်။ အဲဒီသည်းခံစိတ်က နှစ်ပေါင်း ၅၀ လောက် သည်းခံလာရပေါင်း များလာတဲ့အခါ တစ်ဖက်ကလည်း အိုင်တီပညာတွေ ခေတ်စားလာတဲ့အခါ နိုင်ငံတကာ အမြင်အထွေထွေ ရှိလာပြီး ဒီမိုကရေစီ အနှစ်သာရကို မြင်တွေ့လာကြရာကနေ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်းလိုက်ဖို့ သည်းခံစိတ်ကို ဘေးဖယ်လိုက်ကြတယ်။ တစ်ဦးတစ်ယောက်ရဲ့ မှားယွင်းတဲ့ အပြောတွေအလုပ်တွေက စက္ကန့်ပိုင်း မိနစ်ပိုင်းမှာပဲ အင်တာနက် ၀က်ဘ်ဆိုက်ပေါ် ရောက်သွားနိုင်တယ်။ ဒါကြောင့်လားမသိ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ၀န်ကြီးတစ်ပါးဆိုရင် ပါးစပ်ပိတ်သွားပြီးလို့ သိရတယ်။ အိုင်တီပညာရဲ့ အနှစ်သာရကို မသိသေးလို့လား မသိ။ မကြာမီက ပြောသွားတဲ့သူတွေရဲ့ ရောင်ပြန်ဟပ်မှု အင်တာနက် စာမျက်နှာတွေနဲ့ ပုဂ္ဂလိက သတင်းစာ စာမျက်နှာတွေပေါ် ရောက်လာတယ်။

ရှက်တတ်ရင်တော့ ရာထူးကနေ ထွက်လိုက်တာ အကောင်းဆုံးဖြစ်တယ်။ အရှက်မရှိ ရှက်ကြိုးမပါရင်တော့ မသိဘူးပေါ့လေ။ တစ်ဖက်မှာ နိုင်ငံတော်သမ္မတကြီးကနေ မိဘပြည်သူများလို့ တလေးတစား သုံးနှုန်းပြီး လစဉ်လဆန်းရက်မှာ ရေဒီယိုမိန့်ခွန်း ခြွေပေးနေသလို အခြားတစ်ဖက်မှာ ပြည်သူလူထုကို မျက်ကွယ်ပြု လုပ်ဆောင်ချက်တွေ ရှိလာနေတယ်။ ဒါတွေက လွန်ဆွဲတဲ့သဘော ဖြစ်တယ်။ အပြောနဲ့အလုပ် ညီပါမှ မိမိပြောလိုက်တဲ့ စကားတစ်ခွန်းက တန်ဖိုးရှိနေမှာ ဖြစ်ပါတယ်။ အပြောသာပြောပြီး တစ်ဖက်မှာ ရုပ်လုံးမဖော်နိုင်ရင် အရင်ပုဂ္ဂိုလ်ကြီးလို တေမိဇာတ်ခင်းတာက မိမိအသံ အခြားသူတွေမသိဘဲ မိမိလုပ်ဆောင်ချက်တွေသာ ပေါ်လွင်စေတော့တာ ဖြစ်တယ်။ လေလုံးမဖော်ကြဘဲ ရုပ်လုံးဖော်ကြဖို့သာ လိုအပ်တယ်။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြပေးဖို့သာ လိုအပ်တယ်။

အခု လွန်ဆွဲပွဲတွေက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား နှစ်ရပ်ရဲ့ လွန်ဆွဲပွဲ ဖြစ်လာနေတယ်။ အုပ်ချုပ်သူက သူတို့ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့လည်း ပြောနေသလို အခြားတစ်ဖက်မှာ ပြည်သူ့ကိုယ်စားလှယ်ဆိုတာကို ပေယျာလကန်ပြုပြီး ပြည်သူတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပင်လယ်ဝေအောင် လုပ်ဆောင်နေကြသလားလို့ မြင်မိတယ်။ စာရေးသူကတော့ အဲဒီလွန်ဆွဲပွဲ ရပ်တန်းကရပ်ပြီး ကောင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ မိမိနိုင်ငံသားတွေကို အလုပ်အကျွေးပြုပေးကြပါလို့ပဲ ဆိုချင်တယ်။

အငြိမ့်ခွေတစ်ခွေ ကြည့်ရတယ်။ အဲဒီအငြိမ့်မှာ မင်းသမီးတွေက အမျိုးသားတွေလို ၀တ်စားပြီး လူရွှင်တော်တွေအဖြစ် ထွက်လာတယ်။ ယခင်က လူရွှင်တော်တွေက မင်းသမီး အ၀တ်အစားတွေနဲ့ ထွက်လာ။ အဲ့ဒီမှာ ပြက်လုံးတစ်ခုက မင်းသမီးတစ်ဦး အမျိုးသားလိုဝတ်ပြီး လူရွှင်တော်အဖြစ် ထွက်လာပေမယ့် မင်းသမီးပဲဆိုတာ လူတိုင်းသိကြပြီးဖြစ်တယ်။ လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ သိကြပြီး အများအကျိုး သယ်ပိုးဆောင်ရွက်လိုစိတ်နဲ့သာ လုပ်ဆောင်ကြပြီး ပေါ်ပေါက်လာနေတဲ့ လွန်ဆွဲပွဲတွေ ရပ်တန့်ကြဖို့ လိုအပ်မှာ ဖြစ်ကြောင်းပါ။

Eleven Media Group

တောင်ဥက္ကလာမှာ မတ်လ၁၉ ရက်နေ့က မီးလောင်ခဲ့







ရန်ကုန်မြို့  တောင်ဥက္ကလာ ၁၄ရပ်ကွက်မှာ မတ်လ(၁၉ )ရက်နေ့က မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ၅လုံးမီးလောင်။

DVB Burmese