လက်နက် သဖွယ်အသုံးပြုနိုင်တော့မယ့် စမတ်ဖုန်း



ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို
ကာကွယ်နိုင်မယ့် အရေးပေါ်လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ
ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေအတွက်မရှိမဖြစ် အသုံးပြု
လာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။

အဓိက ပစ်မှတ်ကတော့ မသမာသူတွေရဲ့ တိုက်ခိုက်မူတွေရန်မှ အားနွဲ့တဲ့မိန်းကလေးတွေကို အကာအကွယ်ပေးစေလိုတဲ့အတွက် မိမိရဲ့  Cell-phone တွေကို Self-defense systems အဖြစ်ပြောင်းလည်း ပေးထား
တာပါ။

ကနဦးတီထွင်ဖန်တီးပေးထားမူအရ iPhone တွေမှာသာ တပ်ဆင်အသုံးပြုရ
မှာဖြစ်ပြီး အဆိုပါကရိယာတွေကို အခြားသူတွေလွယ်ကူစွာအသုံးမပြုစေ
နိုင်ဖို့ လက်ဗွေလုံခြုံရေးစနစ်ကိုပါထည့်သွင်းပေးထားပါသေးတယ်။

ပုံမှာမြင်တွေ့ရတဲ့ဟာကတော့ ဖုန်းနဲ့တွဲဖွက်ပြီး အသုံးပြုရတဲ့ Pepper Spray
လို့ခေါ်တဲ့ ငရုပ်ကောင်းဆေးဖျန်းရေပါ။လက်ဗွေစနစ်ကိုအသုံး ပြုထားတဲ့အ
တွက် မိမိကိုယ်တိုင်သာအသုံးပြုရမှာဖြစ်ပြီး အရေးပေါ်အခြေအနေမှာ ရန်သူ
ရဲ့ မျက်စိကို လွယ်ကူစွာဖျန်းထည့်လို့ရအောင်ဖန်တီးပေးထားပါတယ်။

ထို့ပြင် ယခုထက်ပိုမိုပြင်းထန်ပြီး အန္တရာယ်များတဲ့ လျှပ်စစ်စွမ်းအင်ပါ
Yellow Jacket လို့ခေါ်တဲ့ အရာကိုလည်းဖန်တီးပေးထားပါတယ်။အဲဒါက
တော့ အဆိတ်ပြင်းတဲ့ ပျားတစ်ကောင်အတုတ်ခံရ သလိုမျိုး အားအလွန်ပြင်း
တဲ့ တစ်ချက်ထိ လျှပ်စစ်စွမ်းအင်တွေကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

နိုင်ငံတကာအနံ့ဖြန့်ချိဖို့ပြုလုပ်ထားပြီး Pepper Spray ပါကာဗာအတွက်ကို
တော့ ၃၉.၉၅ ဒေါ်လာနှင့် စွမ်းအားမြင့်လျှပ်စစ်ဓာတ်တွေကိုထုတ်လုပ်ပေး
မယ့် Yellow Jacket ကာဗာတစ်ခုကိုတော့ ကန်ဒေါ်လာ ၁၄၀ ကျသင့်မယ်
လို့သိရပါတယ်။လက်ရှိဈေးကွက်အနေအထားအရ ဥရောပတွေမှာသာဖြန့်
ချိရောင်းချလျက်ရှိနေပါတယ်။
ခွန်နေ(AMMG)
Ref:Dailymail

၂၀၁၄ ပထမ အပတ် တွင် Sim card များ ကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့ နည်း ကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်



တောင်သူ လယ်သမား များ အတွက် စိုက်ပျိုးရေး နည်းပညာများ ကို မကြာသေးမီ က ဆယ်သွ ယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသော Telenor Myanmar မှ Mobile phone များက တစ် ဆင့်ဖြန့်ဝေပေး သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ စနစ်ကို ၂၀၁၄ ပထမလေးပတ် အတွင်း စတင်တည် ဆောက်မည်ဖြစ်ပြီး ယင်း ကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူလယ် သမားများ ထုတ်လုပ်မှု တိုးတက် စေဖို့နှင့် ကုန်ကျ စရိတ်များ ကို လျော့ ချနိုင် ဖို့ အတွက်ဖြစ်ကြောင်းTelenor Myanmar မှ တာဝန် ရှိ သူတစ်ဦး ကပြောသည်။

““မိုဘိုင်း ဆက်သွယ်ရေး ဟာ အများပြည်သူ အတွက် ကောင်း မွန်တဲ့ ဆက်သွယ်ရေး စနစ်ဖြစ်မယ် လို့ Telenor က ယုံကြည် ပါတယ်။ ဒါကြောင့် ထိုင်းမှာ လယ်သမားတွေ ကို ၀န်ဆောင်မှုပေး တဲ့ ဟာ ကို မြန်မာနိုင်ငံ မှာ ပေးမှာပါ”” ဟု ၎င်းက ဆက်လက်ပြောသည်။

““ ဒီဝန်ဆောင် မှု က လယ် သမားတွေ ကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့ လည်း ဆိုတော့ ဒီ မို ဘိုင်းဖုန်း ကနေ တစ်ဆင့် မိုးလေ ၀သ ကို သိရမယ်။ ဒီ ရာသီမှာ ဘာသီးနှံတွေ စိုက်ရင် အကောင်း ဆုံးဖြစ် မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက် ရဲ့အခြေအနေတွေ ပါ သိရမှာပါ ”” ဟုTelenor Myanmar မှ တာဝန် ရှိသူ တစ်ဦး က ဆိုသည်။

အင်တာနက်လျှောက် ထားပြီးသော Sim card များကို ၁၅၀၀ ထက် သက်သာသောနှု န်း ထားနှင့် ရောင်းချ မည့် အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်း မှ လျော့နိုင်အောင် စီစဉ် လျက် ရှိပြီး လာ မည့် ၂၀၁၄ ၄လ ပိုင်း တွင် Sim card များကို ရောင်းချနိုင် မည်ဖြစ်ကြောင်း သိ ရ သည်။Telenor Myanmar သည် နော်ဝေး အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရသည်။

Hot News

TNLA ကို အစိုးရတပ်များ ထိုးစစ်ဆင်၊ အစိုးရတပ်ဘက်က အကျအဆုံးများ


                TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင် တချို့ကိုရှေ့တန်း စစ်မြေပြင်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စုတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၂၂ ကို မြန်မာအစိုးရ တပ်နှင့် ပန်းဆေး ပြည်သူ့စစ်တို့ ပူးပေါင်း စစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ အစိုးရ တပ်မတော်ဘက်က အကျအဆုံး များခဲ့ကြောင်း သတင်းရရှိသည်။

တနာရီခွဲခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲကြောင့် မြန်မာ့တပ်မတော် ခလရ ၄၅ တပ်ရင်းနှင့် ပန်းဆေးပြည်သူ့စစ်မှ ဆယ့် ၁၂ ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဧရာဝတီကို ပြောသည်။

“တပ်ရင်း ၁၂၂ ကို အစိုးရတပ်နဲ့ ပြည်သူ့စစ် ပေါင်းပြီး လိုက်နေတာ ၂ ရက် ၃ ရက်ရှိပြီ။ ကျနော်တို့ တနေရာပြီး တနေရာ ရွှေ့ပြီး ဆုတ်လာတာ။ မနေ့ကတော့ အတင်း ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့တော့ သူတို့ ဒဏ်ရာရထားသူတွေကို သယ်နေတယ်လို့ သတင်းရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ ဝေးတော့ အရပ်သား ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့က TNLA တပ်ရင်း ၁၂၂ သည် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် လော့ခူန် ပြည်သူ့စစ် အဖွဲ့ကို လက်နက်ဖြုတ်သိမ်းခဲ့ပြီးနောက် အစိုးရတပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ်မှ လိုက်လံ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့စစ်ကို လက်နက် ဖြုတ်တယ်ဆိုတာက သူတို့က မူးယစ်ဆေးဝါး လုပ်နေတယ်၊ အဲဒါကိုလည်း တပ်မတော်က အကာအကွယ် ပေးနေပြန်တယ်။ ပြည်သူ့စစ်အဖွဲ့တွေက တပ်မတော်ရဲ့ အင်္ဂါရပ် တရပ်ဖြစ်တယ်လို့ တိုင်းမှူးက ပြောတယ်။ အဲဒါဆိုရင် သူတို့က မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ချိနေတယ်ဆိုရင် တပ်မတော်က လုပ်တာနဲ့ တူတူပဲ” ဟု TNLA ဒုတိယ ဗိုလ်မှူးကြီး တားဖုန်းကျော်က ဆိုသည်။

တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ်အဖွဲ့များကို ၀င်မတိုက်ရန် ဆိုသည့် အချက်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရာတွင် မြန်မာ့ တပ်မတော်က ထားရှိသည့် အချက် ၆ ချက်တွင် တချက် အပါအ၀င်ဖြစ်သည်။

“ပလောင်မှာ ရှိတဲ့ ရွာတရွာက ပြည်သူ့စစ်အဖွဲ့ကို TNLA အဖွဲ့က လက်နက်တွေ သိမ်းပြီး ရွာသားသုံးဦးကို ဖမ်းသွားတယ်လို့ သတင်းတွေ တက်လာတယ်။ တပ်မတော်ဘက်ကလည်း သူတို့ သဘောထား ထုတ်ထားတာ ရှိတယ်။ အဲဒီထဲက တချက်ချက် ညိရင်လည်း ပဋိပက္ခက ရှိနိုင်ပါတယ်။ အခုလို အဖြစ်အပျက်မျိုးကျတော့ တဘက်နဲ့ တဘက် စွပ်စွဲမှုတွေက ရှိနိုင်ပါတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းဘက်ကလည်း တုံ့ပြန်မှုတွေ ရှိသွားနိုင်တယ်” ဟု မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။

တပ်မတော်၏ သဘောထား ၆ ချက်အနက် တချို့အချက်များကို သဘောတူနိုင်သော်လည်း တချို့ အချက်များသည် နိုင်ငံရေး မဆန်ဘဲ၊ တိုင်းရင်းသား အဖွဲ့အစည်းများကို တဘက်သတ်နှိမ့်ချ ဆက်ဆံသည့် သဘောထားများ ဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်နိုင်ကြောင်း ဒုဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုသည်။

TNLA နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့သည် ဇူလိုင် လကုန်ပိုင်းက မူဆယ်မြို့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက် မပါဘဲ နယ်မြေဖြတ်သန်းခွင့် စသည့် သဘောတူညီချက်များ ရရှိခဲ့သည်။ ဇူလိုင်တွေ့ဆုံပွဲ အပြီးတွင် တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီ

သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား


UNFPA လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း
သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။
သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ့ နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနို င်တဲ့ နော က် ဆက်တွဲတွေမှာတော့ နှစ်ခုပဲ ရှိတယ်။
တစ်ခုက ဘာလဲဆိုတော့ အိမ်ထောင် မကျခင် တရားဝင် မဖြစ် သေးခင်မှာကို မမျှော်လင့်ဘဲနဲ့ ကိုယ်ဝန် ရသွားတာ။ နောက်တစ်ခုက ဘာလဲဆိုတော့ သမီး ရည်းစားအ ချင်းချင်း ဆိုသော်လည်းပဲ၊ မိန်းကလေးက ယော က်ျားလေးအကြောင်း တစ်ခါတလေမှာ ပြည့်ပြည့်စုံစုံ မသိ နိုင်တာဖြစ်နိုင်တယ်။ ယောက်ျားလေးက လည်းမိန်း ကလေး အကြောင်း ပြည့်ပြည့် စုံစုံ မသိနိုင်တာဆိုရင် သူ့ရဲ့နောက် ကြောင်း ရာဇဝင်သူသည် ဘယ်လိုလူ မျိုးလဲ ကိုယ့်အပြင် တခြားတွဲတဲ့ လူရှိသ လားဆိုတာတွေ အပေါ်မှာ HIV ရှိ သလားဆိုတာတွေ ရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ် သူနဲ့ကိုယ်နဲ့က သူကလွဲလို့ ကိုယ့်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကလွဲလို့ သူ့ မှာ ဘယ်သူ့မှ မရှိဘူးဆိုတဲ့ ဟာဆိုရင် HIV ကပြဿနာ မဟုတ်လောက်သော် လည်း အကယ်၍ ဒီလိုမသိဘူးဆိုလဲ HIVကအတိုင်းအတာ တစ်ခုထိတော့ ကူးဖို့ဖြစ် လာပြီပေါ့။ ဘာကြောင့်ဆိုတော့ သူက သမီးရည်းစားလို့ ပြောရင် အကာ အကွယ်သုံးရင် သုံးမယ်။ စောစောက HIV လို့ ပြောရင် HIV မကူးချင်ရင် တော့ အကာအကွယ်သုံးရင် သုံး မယ်။ ဒါက အခုကတော့ အပြင်လူနဲ့ မဟုတ်ဘူး။ ကိုယ့်သမီးရည်း စားကြား အချင်း ချင်းဆိုတော့ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုဆို တာတွေ ရှိနေတဲ့အခါကျတော့ အကာ အကွယ်မသုံးဘူးဆိုရင်သူ့နောက်ကြောင်း ကိုယ်မသိ၊ ကိုယ့်နောက်ကြောင်းသူမသိ၊ သူက ကိုယ့်အပြင်အခြား လူရှိတယ်ဆို ရင်တော့ HIV ပိုးကူးနိုင်တာပေါ့။ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိတော့ HIV ကူးဆက်ပျံ့နှံ့မှုမှ ဒီလိုကိစ္စ လေးတွေက တစ်စိတ်တစ်ပိုင်းပါနေတယ်ပေါ့။
မှန်းဆကြည့်ရသလောက် အတူတူ နေတဲ့အခါများသောအားဖြင့် condom  မသုံးမိကြဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ ဘာပြောလိုသလဲ။
စောစောက ပြောတဲ့ အကာ အကွယ်မသုံးဘူးဆိုတဲ့ကိစ္စမှာ စောစောက ပြောသလိုပဲ သူနဲ့သမီးရည်းစားဖြစ်နေပြီဆိုတဲ့အခါမှာ စောစောက ပြောတဲ့ ပြဿနာနှစ်ခုထဲက တစ်ခုပေါ့။ ဥပမာ ဆိုရင် ငါတို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်တဲ့အတွက်ကြောင့် ဒီကိုယ်ဝန်မရအောင် တားချင်တဲ့ အ တွက်ကြောင့် တားမယ်ဆိုတဲ့ ရည်မှန်း ချက်ဒါမျိုးရှိခဲ့ရင်လည်း သူတို့က သုံး ကောင်းသုံးမယ်။ သို့သော်ဒီလို ရှိချင်မှ လည်း ရှိမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပြီဆိုရင် ဒီလိုဖြစ်ဖို့သည် ကြို တင်ပြင်ဆင်မှု ဟုတ်ချင်မှဟုတ်မယ်။ ကြိုတင်ပြင်ဆင်ထားကြတာ မဟုတ်ဘူး။ ဒီလိုပဲ အခြေအနေပေးလို့ ဖြစ်သွားကြ တာ။ တစ်ခါတလေမှာလည်း ဒီလူနဲ့ ပုံမှန်မျှော်လင့်ထားတဲ့ အနေအထား လေးမှာပဲ အနေအထားက အခြေအနေ ပေးသွားမယ်။ အဲဒီအတွက်ကြောင့် စိတ်အလို လိုက်တယ်။ စိတ်ရဲ့ခေါ်ရာ နောက်ကို လိုက်သွားတယ်ဆိုတော့ ဘာ ပဲပြောပြော ပြင်ပြင်ဆင်ဆင် ရှိဖို့က ခဲ ယဉ်းတယ်ဆိုတော့ တော်တော်များများ သည် ကွန်ဒုံးမသုံးဖြစ်ဖို့ များတယ်။ ကွန်ဒုံးမသုံးဖြစ်ဖို့ များပြီဆိုကတည်းက စောစောက ဆ ရာပြောဖြစ်တဲ့ ပြဿနာ နှစ်ခုစလုံး ဖြစ်လာနိုင်တာပဲ။ မမျှော်လင့် ဘဲနဲ့ ကိုယ်ဝန်ရသွားနိုင်တာရော၊ HIV ကူးစက်နိုင်တဲ့ အန္တရာယ်တစ်ယောက် ယောက်မှာ ရှိခဲ့ ရင် ယောက်ျားလေး တစ်ယောက်ကို ပြောရင် ဒီယောက်ျား လေးသည် မူးယစ်ဆေး သုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ မူးယစ်ဆေး သုံးတယ်ဆိုရင်  မူးယစ်ဆေး သည် အ ကြောထဲ အပ်နဲ့ ထိုးတာမျိုး လုပ်တယ်ဆိုရင် သူက HIV ကူးစက်မှုကို ဗဟုသုတ ဘယ်လောက်ရှိလဲ။
ဘယ်လောက်အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေးအပြင် တခြားအပြင် မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောက်ျားလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေး က မသိရင် မိန်း ကလေးက HIV ကူးသွားနိုင်တယ်။ ထို နည်းလည်းကောင်းပဲ အပြန်အလှန်ပေါ့။ မိန်းကလေးမှာ HIV  ရှိ၊ မရှိ ယောက်ျားလေးဘက်က မသိတာ လည်း ဖြစ်နိုင်တယ်။ မိန်းကလေးမှာလည်း ဒီယောက်ျား လေးအပြင် တခြားယောက်ျားလေးရည်းစားဖြစ်ချင်ဖြစ်နိုင်မယ်ဆိုတော့ မိန်းကလေးမှာ HIV ရှိ၊မရှိမသေ ချာရင် နဂိုကယောက်ျားလေးမှာ မရှိပေမယ့် ကိုယ့်ရဲ့ ရည်းစားကနေတစ်ဆင့် ကူးသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ Condom မသုံးဘူးဆို တာနဲ့တော့ စောစော က ပြဿ နာနှစ်ရပ်လုံးသည် ဖြစ်လာနိုင်စရာရှိတယ်။ မသုံးကြဘူးဆိုတာလည်း အကြောင်းကြောင်းကြောင့် ဖြစ်တယ်။ အဆင်သင့်မဖြစ် လို့။ ကြိုတင်မပြင်ဆင်ထားလို့ သို့မဟုတ် မဖြစ်လောက်ဘူးထင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်ကြ တာလည်း ဖြစ်နိုင်တယ်။ ဒီလို အကြောင်းကြောင်း ကြောင့် ဖြစ်ဖို့များတယ်။
သမီးရည်းစား အတူနေရာကနေ HIV ကူးစက်နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ပတ်သက်ပြီး Research လုပ်ထားတာရှိလား။
ဆရာတို့ Research လုပ်ထားတာ မရှိတော့ HIV ကူးစက်နှုန်းကို အတိအကျ မပြောနိုင်ဘူး။
အဲဒါနဲ့ပတ်သက်ပြီးတော့ Research သေချာမလုပ်သင့်သေးဘူးလား။
Research လို့ ပြောရင် ဆရာတို့ လုပ်တဲ့ အလုပ်တိုင်းမှာက အထောက် အထားရှိဖို့ လိုတယ်။ အထောက်အထား ကတော့ ရလေ ဆရာတို့အတွက်  အ ကောင်းဆုံးပဲ။ ဒါပေမဲ့ အထောက်အ ထားလို့ ပြောလို့ အချက်အလက်နဲ့ ပတ် သက်လို့ ဆရာတို့ မှတ်တမ်းမှတ်ရာတွေ ကနေပဲဖြစ်ဖြစ်၊ သီးသန့်ကောက်ယူ တာပဲဖြစ်ဖြစ် ရတယ်ဆိုပေ မယ့် တချို့ ကိစ္စတွေကျတော့ မှတ်တမ်းမှတ်ရာ အရလည်း ရဖို့ခက်သလို သီးသန့်သု တေသန လုပ်ငန်းကလည်း ရဖို့ကလည်း ပိုဆိုးသွားပြီ။ သူတို့ သမီးရည်း စား နှစ်ယောက်ကြားထဲမှာ ဒီလို ကိစ္စမျိုး ရှိသလားလို့ မေးရမယ်ဆို ဘယ်သူမှ မဖြေဘူးပေါ့။ အဲဒီတော့ ဒီလိုဟာတွေ ကျရင် ဆရာတို့က အခက်အခဲရှိသွားပြီ။ မင်းတို့ သမီးရည်းစား နှစ်ယောက်အတူတူနေကြလားဆို ဖြေကြတယ်ဆို ရင်တောင် ဟုတ်ပြီ။ ကွန်ဒုံးသုံးလား၊ မသုံးဘူးလားဆိုရင် ဖြေဖို့ ခက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ တော်တော်များများက လူတွေအ တွက် အလွယ်တကူ ဖြေရခက်တဲ့ sensitive question လူတွေ  ဖြေရခက် တဲ့ မဖြေတဲ့ မေးခွန်းတွေဆို   တကယ့် အချက်အလက် အတိအကျ မှန်မှန်ကန် ကန်ရဖို့ အခက်အခဲရှိနိုင်တယ်။ ဒီလို ဟာမျိုးဆိုရင် ဆရာတို့ ဘာလုပ်ရလဲ ဆိုတော့ လူတွေ့မေးတဲ့ မေးခွန်းမဟုတ် တော့ဘူး။ အချို့နိုင်ငံတွေကျ ဘာလုပ် လဲ။ Anonymous မမြင်ရဘဲနဲ့ အွန်လိုင်း survey တွေဆိုတာ ရှိလာတာပေါ့။ အဲဒီလိုဆိုတော့ ပြဿနာမရှိဘူး။ အွန်လိုင်းမှာ ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။ Anonymous ဆိုတော့ မျက် နှာချင်းလည်း တွေ့ရတာ မဟုတ်ဘူး။ ကိုယ်ဘာဖြေလဲ မဖြေလဲ ဘယ်သူမှ မသိကြဘူး။ အဲဒါမျိုးဆိုရင်တော့ စာ ရင်းကို ရနိုင်တယ်။ နောက်ပိုင်းလည်း ဒါမျိုးက ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။
အဲဒါဆိုရင် ဆရာတို့ဆီမှာ အွန်လိုင်း survey  တွေ ပေါ်လာတယ် ဆိုရင် ကိုယ်လိုချင်တဲ့ အသက်အပိုင်း အခြားတွေမှာ ရှိနေတဲ့ အမူအကျင့်တွေ၊ ရှိနေတဲ့အလေ့ အထတွေ ကို မေးနိုင် မယ်ဆိုရင်တော့ ဒါတွေက အခုလက်ရှိ အနေအထားမှာတော့ ဆရာတို့မှာ မရှိ သေးသလို လုပ်ဖို့လည်း လက်ရှိသုံးနေ တဲ့ ပုံစံနည်းစနစ်တွေနဲ့ဆိုရင် ဆရာတို့ အခက်အခဲရှိနိုင်တယ်။ တချို့ကတော့ စာတိုက်ကနေ ပို့ပြီးမေးတယ်တို့၊ ဒါကျ တော့ တချို့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေ မဲ့ ဒီမှာတော့ စာတိုက်ကနေ ဘယ် လောက် အတိုင်းအတာအထိ ချောချော မွေ့မွေ့ လုပ်နိုင်တယ်ဆိုတာ Question  ပဲဆိုတော့။ အွန်လိုင်းလုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဟာမျိုး သူများနိုင်ငံမှာ သုံးတယ် ဆိုတာ အခု တွေ့ပြီး ဒီမေးခွန်းဖြေလို့ ပြောရင် အခက်အခဲရှိသွားပြီ။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင် တွေ့နေတော့။ အဲဒါ ကြောင့် မျက်နှာချင်းဆိုင်စရာ မလိုဘဲနဲ့ သူမှန်း ကိုယ်မှန်းကိုမသိတဲ့နည်းနဲ့ သွား ကြတယ်။  အဲဒီတော့ စာတိုက်ကပို့ပြီး ဖြေခိုင်းတဲ့ဟာမျိုး၊ အွန်လိုင်းကနေ ဖြေ ခိုင်းတာမျိုး။ ဆရာတို့လည်း တစ်ချိန် ချိန်မှာ ဒါမျိုးသုံးမယ်လို့ စဉ်းစားမယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အချက် အလက်တွေ ရနိုင်တာပေါ့။
အခု ကျွန်မတို့ သိထားသလောက် ဒီဘက်နှစ်မှာ HIV ကူးစက်နှုန်းကျဆင်း သွားတယ်ဆိုတာဟုတ်ပါသလား။ ဟုတ်ရင် အဲဒါကရော စိတ်ချရတဲ့စာရင်းဇယားလား။
အခုနောက်ပိုင်းမှာတော့ ဟုတ်တယ်။ HIV အနေအထားနဲ့ ပြောရင်တော့ ၂ဝဝ၅ ခုနှစ် မတိုင်မီက ဆရာ တို့ မြန်မာပြည်မှာ HIV ရှိတယ်လို့ ပြောလာတဲ့ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ ၂ဝဝ၅ ခုနှစ်အထိ တောက်လျှောက် မျဉ်းကြောင်းကြီးက အပေါ်ထောင်တက်လာခဲ့တာ။ ၂ဝဝ၅ ခုနှစ်က စပြီး တော့ ဒါက အပေါ်ကို ထောင်မတက်တော့ဘဲနဲ့ အတည့်ပြန်ဖြစ်သွားပြီးတော့ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာ ကျလာခဲ့ပြီ လို့ သိထားခဲ့တယ်ပေါ့။ နောက်ဆုံးထွက် တဲ့ စာရင်းဇယား အရတော့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပေါ့။ HIV  ဖြစ်ပွားမှုနှုန်း ပေါ့။ သို့သော်လည်း ဒါကလည်း ဆရာတို့က ဒါကသွေးစစ်တဲ့လူကို အခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးတော့ အပြောင်းအ လဲ အတိမ်းအစောင်း ရှိနိုင်တယ်။ သူတို့ ကတော့ စိတ်ချရလောက်တဲ့ နည်းစနစ် တွေနဲ့ တွက်ရချက်ရတာပေါ့။ သန်း ၆ဝ ရှိရင် သန်း ၆ဝ စလုံးကို စစ်ထားတာ မဟုတ်ဘူးေ လ။ ဒီထဲက တစ်စိတ် တစ်ပိုင်းကိုပဲ စစ်ထားပြီးတော့ တွေ့တဲ့ ဟာကိုပဲ မူတည်ပြီး ရာခိုင်နှုန်း ပြန်တွက် ကြတာဆိုတော့ စစ်ထားတဲ့လူကနေ တစ်ဆင့်ပဲယူပြီး တွက်ထား တာဆိုတော့ အမှန်တကယ် ကိန်းဂဏန်းနဲ့တော့ ကွာဟကောင်း ကွာဟနိုင်တယ်။ ဘာလို့ လဲဆိုတော့ အနီးစပ်ဆုံး မှန်းလို့ရတဲ့ ကိန်းဂဏန်းပဲ ဆိုတော့ ၂ဝဝ၇ ခုနှစ် နောက် ပိုင်းတော့ တဖြည်းဖြည်း ကျလာတယ်။
လူငယ်တွေကြားမှာ HIV ကူးစက် နှုန်းအပေါ် ဆရာဘယ်လိုမြင်ထားလဲ။
လူငယ်တွေကြားထဲမှာကတော့ အကြမ်းဖျင်း ပြောရင်တော့ လူငယ်မှာ လည်း အမျိုးအစားကခွဲမယ်ဆိုရင် General Youth သူလိုကိုယ်လိုပဲ လူ ငယ်တွေရှိသလို။ ဒီထဲထဲ မှာမှ ကူးစက် မှု အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူငယ် အုပ်စုတွေ ရှိတယ်။ ဥပမာ မူးယစ်ဆေး ဝါးထိုးတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ နောက်လိင် အပျော်အပါး လိုက်စားတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် ရင်းပြီး လုပ်စားတဲ့လူငယ်အမျိုးသမီးတွေ ဖြစ်နိုင်တယ်။ ဒီလိုမျိုးဟာတွေကတော့ ဘာပဲပြောပြော အခုအချိန်အထိ ကူး စက်မှု က မြင့်နေတုန်းပဲ။ စောစောက ပြောတဲ့ ဝ ဒသမ ၅၉ ဆိုတာ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေအကုန် လုံးကတွက်ထားတာ ဆိုပေမယ့်လို့ အဲဒီ ထဲကမှ တစ်ဆင့် လူငယ်ဆိုတဲ့ ဟာကို ကြည့်မယ်။ အဲဒီလူငယ်ထဲကမှ ကူးစက် မှုနှုန်း မြင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လူငယ် အုပ်စုတွေကို ကြည့်မယ်ဆိုရင်တော့ သူတို့က များနေသေး တာ တွေ့ရတယ်။
ဘာကြောင့်လဲလို့ ပြောရင်တော့ လူငယ်တွေမှာ ဘာကြောင့်များလဲဆို ရင်တော့ စောစောက ဆွေးနွေးခဲ့တဲ့ အတိုင်းအတာက ဗဟုသုတ မရှိသေး တာ ဖြစ်နိုင် တယ် ။ နောက်တစ်ခုက ဗဟုသုတရှိသော်လည်း ”ငါတို့ မဖြစ် လောက်သေးပါဘူး” လို့ကိုယ့်ကိုယ်ကိုယ် လျှော့တွက်နေတာ။ နောက်တစ်ခုက ကာကွယ်ဖို့အတွက် ပစ္စည်း ပစ္စ ယတွေကို လက်လှမ်းမမီကြတာပေါ့။ ဥပမာ ကွန် ဒုံးသုံးချင်သော်လည်း ကိုယ်က သုံးဖို့ ကြိုတင် ပြင်ဆင်မထားတော့ တကယ့် တကယ်မှာ ကွန်ဒုံးက လက်ထဲမှာ ရှိ မနေ ဘူး။ အဲဒီလို အကြောင်းကိစ္စတွေ ကြောင့် လူငယ်တွေကြားထဲမှာ ပိုပြီး များနေတာ တွေ့ရတယ်။ ဒီထဲထဲမှာ ပိုပြီး ဆိုးသွားတာက ဘာလဲဆိုတော့ လူငယ်ဆိုတော့ လက် တည့်စမ်းချင်တာ ပေါ့။ သူများပြောလို့ မယုံတာမျိုးတွေ ရှိတယ်။ ”ဒါကတော့ ကိစ္စမရှိပါဘူး။ တစ်ခါလေးနဲ့လည်း မဖြစ်လောက်ပါ ဘူးဆိုပြီး ငါစမ်းကြည့်ဦးမှ ဆိုပြီးတော့ အဲဒါမျိုးက အန္တရာယ်ထဲကို တွန်းပို့ တာပဲ။
လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တွေကတည်းက Group Sex တွေ ရှိနေပြီလို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သိထားတာ များရှိသလား။
Group Sex ဆိုတဲ့ ကိစ္စတွေက တော့ ကြားလာရတဲ့ သတင်းတွေအရ သိနေရတယ်။ ဒါတွေကတော့ ဖြစ်နိုင် လောက်တဲ့ အနေအထားရှိတယ်လို့ ဆို နိုင်တာကတော့ မီဒီ ယာတွေရဲ့ လွှမ်းမိုး မှုရှိနေတယ်ဆိုတော့ ကလေးတွေက Website တွေ၊ တခြားနိုင်ငံတွေရဲ့ Information တွေ၊ တခြားနိုင်ငံရဲ့ အလေ့အထတွေ၊ တခြားနိုင်ငံရဲ့ ယဉ် ကျေးမှုတွေ လွယ်လွယ်ကူကူ သိလာရ တယ်။ လက်လှမ်းမီလာတယ်ဆိုတော့ အတု မြင်အတတ်သင် ဖြစ်ဖို့ နီးစပ် တယ်ပေါ့။အဲဒီအတွက်ကြောင့် တကယ် တမ်း လက်တွေ့ ရှိနိုင်လောက်တယ်လို့ ဆရာတို့ ပြောလို့ ရတယ်။ ဒါနဲ့ ပတ် သက်လို့ တကယ်တမ်း အချက်အလက် သိလားဆိုတော့ စောစောက ပြောသလို ဆရာတို့ HIV နဲ့ပတ်သက်လို့ အချို့ အချက်အလက်တွေတောင်မှ ဆရာတို့ မရနိုင်တော့ ဒါမျိုးဆိုရင် ပိုပြီးဆိုးတယ်။ အချက်အလက်အတိ အကျကတော့ ဆရာတို့မှာ မရနိုင်ဘူး။
လူငယ်တွေကြားက HIV ကာကွယ်ရေးအသိဟာ အင်မတန်အားနည်းသေးတယ်လို့ မထင်ဘူးလား။
လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level  ကိုစစ်ကြည့်လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ ၄ဝ၊ ၅ဝ ရာခိုင်နှုန်း ကြားမှာရှိတယ်။ HIV လို့ပြောရင်သာမန်သိလို့ မရဘူး။ ထဲထဲဝင်ဝင် ဂဃနဏသိမှရမယ်။ ဥပမာဆိုရင်  HIV ကိုကာကွယ်ဖို့အတွက် Condom  သုံးရင်ရတယ်ဆိုတာသိတယ်။ ကွန်ဒုံးဘယ်လို သုံးတယ်မသုံးဘူးဆိုတဲ့ အပေါ်မူတည်ပြီး  HIV သည် Condom သုံးလျက်နဲ့ ကူးသွားနိုင် တယ်။ စောစော က ပြောတဲ့ ဂဃနဏ ဆိုတာ အဲဒါပဲ။ကွန်ဒုံး သုံးတယ်။ HIV ကာကွယ် နိုင်တယ်။ ဒါက အပေါ်ယံသိတာ။ သို့သော် ကွန်ဒုံးနှစ်ထပ်သုံးတာသည် HIV ကာကွယ်နိုင်မှု ပိုထိရောက်တာလား။ HIV ကာကွယ်နိုင်မှု အနှောင့်အယှက် ဖြစ်စေတာလားဆိုတာ အဲဒါမျိုးတွေပေါ့။ မဟုတ်ဘူး ကွန်ဒုံးသည် နှစ်ထပ်သုံးလို့ မရဘူး။ ၄ဝ ရာခိုင်နှုန်း နဲ့ ၅ဝ ရာခိုင်နှုန်း လူငယ်တွေက ဂဃနဏသိတာ ကျန်တဲ့ တစ်ဝက်ကျော်က ဂဃနဏ သိတဲ့အထဲ မပါသေးဘူး။ ဂဃနဏ မသိသေးသရွေ့ ကာလပတ်လုံး HIV ကူးဖို့ အခွင့်အလမ်း တွေ ရှိနေသေးတယ်။ နောက်ပြီး သိရက်နဲ့ တောင် လက်တွေ့ကျင့်သုံးဖို့တောင် ကွာပြန်ရော။ လူတွေမှာ သိတာက သိတာတစ်ပိုင်း သိတာကို လက်တွေ့ ကျင့်တာကတစ်ပိုင်း ဆိုတော့ အမြဲတမ်းအသိထက် လက်တွေ့ကျင့်တာသည် ရာခိုင်နှုန်းနည်းနေမယ် ဆိုရင် သာမန်သိတာ ၈ဝ ရာခိုင်နှုန်း ဆိုရင် သာမန်သိ တာထက် လက်တွေ့ လိုက်လုပ်နေတာသည် ၈ဝ ရာခိုင်နှုန်း ထက်ကျမယ်။ ဂဃနဏ သိတာသည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းကြား ဆိုရင်လည်း ဂဃနဏ သိတဲ့အတိုင်း လိုက်လုပ်တဲ့ ကိစ္စ သည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းအောက် မှာရှိမယ်ဆိုရင် ဒါကိုကြည့်တာနဲ့ ဆရာတို့မှန်းလို့ရတယ်။ ဘာလဲ၊ လူငယ်တွေသည် HIV ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိပညာ ရှိရုံတင်မကဘူး။ အဲဒီမှာ အသိပညာအတိုင်းလိုက်ပြီး လက်တွေ့ကျင့်သုံးရမယ်။ ဥပမာ HIV သည် ကူးနိုင်တယ်။ HIV ကာကွယ်ချင်ရင် Condom သာ သုံးရမယ်ဆိုရင် ကိုယ်သည် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု ရှိတိုင်းရှိတိုင်း ကွန်ဒုံးသုံးရမယ်။ ကိုယ့်ရည်းစား မို့လို့ မသုံးဘူးဆိုတာ မဟုတ်ဘူး။ ငါကတော့ အပျော်အပါးလိုက်ရင်တော့ ငါသုံးပါတယ်။ သို့သော် ငါ့ရည်းစားနဲ့ဆိုရင်တော့ ငါမသုံးပါဘူး။ ဒါဆိုရင်တော့ မဟုတ်တော့ ပြန်ဘူး။ တကယ်တော့ ဗဟုသုတတွေ လိုအပ်နေသေးတယ်။ ဒါပေမဲ့ ဟိုတုန်း က လို အရမ်းကြီးတော့ မဟုတ်ဘူး ဆိုပေမယ့် လိုနေသေးတယ်။
ကာကွယ်ရေးအသိကို မြှင့်တင်ဖို့အတွက် ဘာတွေလုပ်နေလဲ။ ဘာတွေ ထပ်လုပ်သင့်ပါသလဲ။
ဒါနဲ့ပတ်သက်ပြီး HIV ကာကွယ် ရေးနဲ့ပတ်သက်ပြီး လူငယ်တွေ အသိပညာရဖို့အတွက်ကတော့ ဆရာတို့ နည်းမျိုးစုံနဲ့ လုပ်နေကြတယ်။ အဖွဲ့အစည်းပေါင်းစုံ လုပ်တယ်။ အစိုးရဌာန တွေလည်းပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေလည်း ပါတယ်။ အဖွဲ့အစည်းပေါင်းစုံက ကိုယ်လုပ်လို့ ရနိုင်တဲ့ အေ နအထားလေးတွေကနေ လုပ်ကြတယ်။ သို့သော်လည်း နယ်နဲ့မြို့ နဲ့တော့ မတူဘူး။ မြို့ပြကလူတွေက တော့ဘာပဲပြောပြော နယ်က လူတွေ ထက်စာရင် ဒီလို အသိပညာရဖို့ အခွင့် အလမ်းတွေ ပိုများတယ်။ နယ်ကလူတွေ မှာက ဒီလိုအခွင့်အလမ်းတွေ နည်း နေသေးတယ်။ နယ်တွေကို ရောက်တဲ့အထိ ဆရာတို့ လုပ်ဖို့ လိုနေသေးတယ်။ အဲဒါကြောင့်လုပ်တယ်ဆိုတဲ့ နည်းလမ်း တွေမှာ အမျိုးစုံရှိရတော့မှာပေါ့။ ဟောပြောတယ်။ ဟောပြောပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့အတွက် မလွယ်ကူဘူး။ သင်တန်းတွေ လုပ်တယ်။ တစ်နိုင် ငံ လုံးအတိုင်းအတာနဲ့ လုပ်ဖို့မလွယ်ဘူး။ အဲဒီတော့ ဆရာတို့က ဟောပြောပွဲတွေ၊ သင်တန်းေ တွလုပ်တာ ကတစ်ပိုင်း ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောက် နိုင်တာသည် မီဒီယာပဲ။
အဲဒီတော့ TV Channel တွေ FM Radio တွေ ဒီဟာ တွေကနေ တစ်ဆင့် ဆရာတို့ လုပ်ဖို့လို တယ်။ အရင့်အရင်ကတော့ ဒီမီဒီယာ တွေသည် သုံးဖို့မလွယ်ဘူး။ ခက် တယ်။ အရင်တုန်းက အနေအထားနဲ့ကျတော့ ဒီမီဒီယာတွေ အသုံးပြုခွင့်ရဖို့ကို ငွေရေး ကြေးရေးတွေ သုံးရတယ်။ ပညာပေး လုပ်ငန်းတွေအတွက် နေရာမရှိဘူး။ ရှိဦးေ တာင်မှပဲ ဈေးကြီးတယ်။ Business တွေနဲ့အပြိုင် စီးပွားရေးကြော်ငြာတွေ အပြိုင်ပေးရတာဆိုတော့ ဈေးကြီးတယ်။ပညာပေး လုပ်ငန်းတွေကို အဲဒီလောက် အတိုင်း အတာ အထိ လုပ်နိုင်တဲ့လူမရှိဘူး။ ပညာပေးလုပ်ငန်းတွေအတွက်သည် Free ရတဲ့ မီဒီယာတွေသည် Free Access ဖြစ်မှ လူတွေကိုရောက်မှာပေါ့။ အခုတော့ လည်း အချို့ေ နရာတွေမှာ Free ရနေပြီ ဆိုတော့ ဘာပဲပြောပြောရှေ့ဆိုရင်တော့ ပိုပြီးတော့ အခြေအနေလေးတွေ ကောင်း လာမယ်ထင်တယ်ပေါ့။ ဆရာ့အနေနဲ့ ပြော ရရင် Free Education  လိုင်းလေး တွေရှိလာတာသည် ကောင်းတယ်။ ဒါမှပဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်မှာကိုး။ Radio နဲ့ ရောက်နိုင် တဲ့ နေရာတွေရှိတယ်။ တချို့ နေ ရာတွေမှာ TV ရောက်နိုင်တဲ့ နေရာတွေရှိတယ်။ လူမရောက်နိုင်တဲ့ နေရာတွေ အများကြီးပဲ။ သွားပြီး သင်တန်းမပေးနိုင်ဘူး။ သွားပြီး မဟောပြော နိုင်ဘူး။ သို့သော် Radio နားေ ထာင်ရင် ရေဒီယိုကနေ ပေးသွားမှာပေါ့။ ဒါမျိုး လေးတွေပေါ့။
အတိုင်းအတာတစ်ခု အထိ လုပ်နေသော်လည်း လုပ်ဖို့ လိုပါ သေးတယ်။ လုပ်ပုံလိုပါသေးတယ်။ ကျယ် ကျယ်ပြန့်ပြန့် နေရာအနှံ့တောရော မြို့ပါ မကျန်ရောက်ဖို့ အတွက် ဆိုရင်တော့ အရှိန် အဟုန်တော့ ထိန်းထားရဦးမယ်။ တစ်ခုပဲ ရှိတယ် တစ်ခါတလေမှာ ဖြစ်တတ်တာက ဘာလဲဆိုတော့ သူတို့ကပြောတယ် HIV က ၂ဝဝ၇ နောက်ပိုင်း ကျနေပြီဆိုတဲ့အခါမှာ သူတို့က နောက်ပိုင်းလူတွေက ဘာဖြစ် လာလဲဆိုတော့ အားလျော့လျော့ သွား တယ်။ မလိုတော့ ပါဘူးဆို။ မဟုတ်ဘူး။ ဒီတိုင်းဆက် လုပ်နေမှ ဒါဆက်ကျမှာလေ။ ရပ်လိုက်တာနဲ့ ပြန်ပြီးတော့ ထောင်တက် လာမှာပဲ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလို မျိုး အတွေ့အကြုံတွေ ရှိဖူးတယ်။ အရှိန် လည်း ချလို က်ရော ပြန်ထိုးထောင်တက် သွား ရော။ ဒါမျိုး မဖြစ်ဖို့လည်း လိုတယ်။ အရှိန်အဟုန်မပျက်အောင် လုပ်နေတဲ့ လူကလည်း ဆက်လုပ်ဖို့ လိုတယ်။ ပြီးရင် နောက် ဆုံးအ လှူရှင်တွေကလည်း နောက်ပိုင်း HIV ဆို သိပ်မဟုတ်တော့ဘူး။ အဲဒီလိုဟာမျိုးတွေ အမှန်တော့ အဲဒါ မဟုတ်ဘူး။ Prevention သည် လုပ်ကိုလုပ်နေရမှာ။ အဲဒီတော့ အရှိန်အဟုန် သည် ရပ်လို့လည်း မရသေးဘူး။ လျှော့လို့ လည်း မရသေးဘူး။ လုပ်နေတဲ့အတိုင်း ဆက် လုပ်သွားရမယ်။ အဲဒါမှ အခုကျ နေတဲ့ မြားသည် ဆက်ကျ သွားမယ်။
သမီးရည်းစားဘဝ အတူနေခြင်းနဲ့ ပတ်သက်ပြီး ဆရာဘာပြောချင်ပါသလဲ။
သမီးရည်းစားဘဝ အတူတူနေ တာနဲ့ ပတ်သက်လို့ ဆရာပြောချင်တာ ကတော့ ဒီလိုအချိန်မှာ အရွယ်ရောက် လာရင်တော့ သမီးရည်းစားဖြစ်ကြတာ သဘာဝပဲ။ ဒါ မမှား ဘူး။ ဒါလူ့ရဲ့ ခန္ဓာ ကိုယ်မှာရှိတဲ့ဟော်မုန်းရဲ့ လှုံ့ဆော်မှု ကြောင့် သဘာဝဖြစ်တယ်။ ဒါပေမဲ့ သမီး ရည်းစားအတူနေတယ်ဆိုတဲ့ အဖြစ်က တော့ ထည့်ပြီးစဉ်းစားရေ တာ့ မယ့် အ ချက်တွေ ရှိတယ်ထင်တယ်။ ဆရာ အမြဲ တမ်း ပြောတဲ့စကားကတော့ အဆင်သင့် ဖြစ်ပြီလားပေါ့။ သမီးရည်းစားကတော့ ဟုတ်ပြီ၊ သမီးရည်းစား အနေနဲ့ ကတော့ ဖြစ်တယ်။ သမီးရည်းစား အဆင့်ကနေ ကျော်ဖို့ကျတော့ နှစ်ယောက်စလုံးသည် အဆင်သင့်ဖြစ်ပြီလား။ ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုမယ်ထင်တယ်။ ဒီမေးခွန်းကို မမေးဘဲနဲ့တော့ Blind ကြီး အဆင့်ကျော် သွားရင် အခက်အခဲတွေဖြစ်ကြမှာ။အဲဒီ တော့ အဆင်သင့်မဖြစ်ဘဲ ကိုယ်ဝန်ရ သွားရင် ဘာလုပ်ကြမလဲ။ အခုရှိတယ်။ အပြင်မှာ တစ်ခါတလေကြားရတာအဆင် သင့်မဖြစ်ဘဲ ကိုယ်ဝန်ရသွားတယ်။ ပြီး တော့မှ ဘာလုပ်ရမှန်းမသိဘူး။ နောက် ဆုံး ဘာပဲပြောပြော ဖြေရှင်းဖို့ အတွက် ပြဿနာ က လောလောဆယ် အိမ်ထောင် ပြုလို့မရ။ ယောက်ျားလေးဘက်ကလည်း လက်မခံသေး။ မိန်းက လေးဘက်ကလည်း လက်မခံသေး အသက်အားဖြင့်လည်း Ready မဖြစ်၊ ပညာရေးလည်း မပြီးသေး ဘူးဆိုရင် နောက်ဆုံးကျတော့လည်း မထူးပါဘူး။ ဖျက်ချလိုက်ဆိုတဲ့ဟာမျိုး အပြင်မှာ ရှိနေကြတယ်။ ကြားနေကြတယ် ဆိုတော့။ ဘယ်လိုပြောပြော ဖျက်ချတယ် ဆိုကတည်းက အတိုင်းအတာတစ်ခုအထိ တော့ မိန်းကလေးမှာ ထိခိုက်နစ်နာမှု ရှိတာပဲ။ အသက်ထိခိုက် နစ်နာနိုင်တာ ရှိတယ်။ အသက် ထိခိုက် မနစ်နာရင် တောင်မှပဲ အချို့ဆိုရင် ပိုးဝင်သွားတယ်။
ဘာကြောင့်လဲဆိုတော့ ဖျက်ချဖို့ကြိုးစား တဲ့အခါမှာ စနစ်တကျမှ မရှိတာလေ။ စနစ်တကျ ဖျက်ချပေးတယ်ဆိုတာ ဆရာ တို့ မြန်မာနိုင်ငံမှာမှ မရှိသေးဘူး။ တရား ဝင် ဘယ်မှာမှ မရှိသေးဘူး။ အဲဒီတော့ ခိုးကြောင်ခိုးဝှက်လုပ်ကြတယ်။ ခိုးကြောင် ခိုးဝှက်လုပ်ပြီ ဆိုကတည်းက တတ်ကျွမ်း တဲ့လူ လုပ်တာလည်း ဟုတ်ချင်မှ ဟုတ် မယ်။ မတတ်ကျွမ်းတဲ့လူလုပ်တာ ပိုများ တယ်။ ဒီတော့ မတတ်ကျွမ်းဘဲလုပ်တယ် ဆိုကတည်းက လုပ်တဲ့ နည်းလမ်းသည် စနစ်မကျရင် ရောဂါပိုး ဝင်တယ်။ တချို့ မိန်းကေ လးတွေဆိုရင် ဒီရောဂါပဲ။ အဲဒီ တော့ အထဲထဲကို ရောဂါပိုးဝင်သွားတဲ့ အတွက်ကြောင့် နောက်ဆုံး ဒီသားအိမ်ကြီး ပျက်စီးသွားတယ်။ တစ်သက်လုံး ကိုယ်လို ချင်တဲ့ အချိန်ရောက်ရင်တောင်မှ ကလေး မရတော့ဘူး။ တစ်သက်လုံး မြုံသွားတဲ့ ကိစ္စပေါ့။ ဒါတွေကတော့ မိန်းကလေး တစ်ယောက်အတွက် ထိခိုက်နစ်နာမှုဘဲ။ တစ်ခုေ တာ့ ပြေလည်သွားတယ်။ ဒါပေမဲ့ တစ်သက်လုံးအတွက် ဘာဖြစ်သွားမလဲ။ ဒါဟာ အမာရွတ်ကျန်ခဲ့တဲ့ သဘောပဲ။ ကဲနောက်ဆုံး ယူမယ်ဆိုပြန်တော့ရော အဆင် သင့်မဖြစ်ဘဲယူတယ်။ ကျောင်း မပြီးဘူး။ တို့လို့တန်းလန်း ဖြစ်တယ်။ တချို့ ကျောင်းပြီးဦးတောင်မှ အလုပ် အကိုင် မရှိသေးဘူး။ ကိုယ့်အိမ်ထောင် တစ်ခု တည်ထောင် ဖို့အတွက် Ready မဖြစ်သေးဘူးဆိုတော့ အဲဒီမှာ တစ်ခါ ထပ်ပြီး ဘာတွေဆင့်လာလဲဆိုတော့ အိမ် ထောင်ရေးပြဿနာတွေက ထပ်ဆင့်လာ တယ်။ အဲဒီတော့ နှစ်ေ ယာက် စလုံးက အဆင်သင့်မဖြစ်သေးဘဲ ယူလိုက်ကြတဲ့ အခါ နှစ်ယောက်စလုံးက အခက်အခဲ တစ်ခုရှိတိုင်း တစ်ယောက် နဲ့တစ်ယောက် အပြန် အလှန်ြ ပဿနာရှာ တယ်။ အပြစ် ဖို့ကြတယ်နဲ့ပဲ အဆင်မပြေကြဘူး။ ဘယ် အထိသွားလဲဆိုတော့ ကလေးအထိ သွား တယ်။ အဲဒီတော့ ဆရာပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက် လည်း တူ ချင်မှ တူမှာ။ အဆင်သင့်ဖြစ်ပြီ။
ပြဿနာ မရှိဘူး။ အဆင်သင့်မဖြစ်သေးတဲ့ လူအတွက် ကျတော့အဆင်သင့် မဖြစ် သေးသရွေ့ ကာလပတ်လုံး ခေါင်းထဲမှာ ထည့်ထားရမှာက ကိုယ့်မှာ အခက်အခဲ တွေ အများ ကြီးရှိနိုင်တယ်ဆိုတဲ့ဟာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆင်သင့် ဖြစ်မဖြစ် မေးခွန်းမေးပြီးမှ ကိုယ်ပိုင် ဆုံး ဖြတ်ချက်နဲ့ လုပ်ပေါ့။ မှားတယ်၊ မှန်တယ် တော့ ဆရာမပြောလိုဘူး။ လူတိုင်းမှာ လုပ်သင့်မလုပ်သင့် ကိုယ်တိုင် ဆုံးဖြတ် မယ်။ သို့သော် လုပ်ပြီးရင်လည်း တာဝန် ယူ တတ်တဲ့အကျင့် ရှိရမယ်။ ဒါပဲ။ တချို့ ယော က်ျားေ လးတွေ ရှိတယ်။ ဖြစ်နိုင်တယ် ဒါမျိုးက။ နှစ်ယောက်စလုံး ပထမတော့ စိတ်ခံစားချက်အရ လုပ်လိုက်တာပဲ။ နောက်ကျတော့ မဟုတ်ဘူး။ ဟုတ်လား တာဝန်မ ယူနိုင်ဘူး ဆိုတာတွေလည်းရှိတဲ့ အတွက်ကြောင့် အဲဒီတော့ မိန်းကလေး ဘက်ကလည်း ဒါတွေ သတိထားဖို့လိုတာ လေ။ တစ်ခါတလေမှာတော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့ပဲ တကယ်တမ်းကျတော့ သူကတာဝန်မယူဘူးဆိုရင် ကိုယ့်မှာနစ်နာ တာတွေအများကြီး။ တကယ်တမ်းတာဝန် ယူဦးတော့ တကယ်တမ်းကျတော့လည်း အဆင်ပြေ ချင် မှပြေမယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အဆင်သင့် ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းရဲ့အဖြေက ကိုယ့်ဆီမှာပဲ ရှိတယ်။ ဒီအဖြေသည် ကိုယ့်မှာရှိတယ် ဆိုရင် ဆက်သွား လို့ရ မယ်။ မရှိရင်တော့ သတိထားရမယ်ပေါ့။ အဲဒီတော့ ဒါဆိုရင် ကြိုကြိုတင်တင် ငါတို့ဘာလုပ်သင့်လဲဆိုတဲ့ အဖြေ။ ဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သိတယ်။ ဒီလို မျိုး ဖြစ်လာနိုင်တာကို သိ ရင် ငါတို့ဘယ်လို ကြိုတင်ကာကွယ်ထား မလဲ။ ဖြစ်ပြီးမှလုပ်ရတာထက်စာရင် မဖြစ် ခင် ကြိုတင်ကာ ကွယ်ထား တာသည် နှစ် ယောက်စ လုံးအ တွက် အဆင်ပြေတယ်။ အဲဒီတော့ နှစ်ယောက်စလုံးအတွက် ကြိုတင် ကာကွယ်ဖို့ကို ဗဟုသုတရှိဖို့ လိုတယ်။ ဗဟုသုတရှိဖို့ဆိုရင် လူငယ် တစ်ယောက် အတွက် ရှိသင့် ရှိထိုက်တဲ့ ဗဟုသုတရှိဖို့ အတွက် စာအုပ်တွေ ဖတ်ထားလို့ရတယ်။ သူများပြောတာ နားထောင်လို့ရတယ်။
လူငယ်တွေကြားကအတူနေတဲ့အခြေအနေကိုလုံးဝဖျက်ပစ်လို့ မရနိုင်တာသေချာပါတယ်။ ကိုယ်ဝန်ဖျက်ချမှု ပြဿနာလည်းများလာတယ်လို့ ကြား နေရတယ်။ ဒီမွာေ ရာ တရားဝင္ကိုယ္ဝန္ဖ်က္ခ်မႈဥပေဒ လုပ္သင့္ပါသလား။
ယောက်ျားလေးနဲ့ မိန်းကလေး သည် အိမ်ထောင်မကျသေးဘူး။ သို့ သော်လည်း အကြောင်းကြောင်းကြောင့် မမျှော်လင့်ဘဲနဲ့ တရားဝင် အိမ်ထောင် မကျသေးခင်မှာ ကိုယ်ဝန်ရကြတယ် ဆို တာရှိနေတာပဲတဲ့။ အဲဒီတော့ ရပြီးပြီ ဆိုရင် ဒီကိုယ်ဝန်ကြောင့် ဖြစ်လာနိုင် တာတွေကို စဉ်းစားရမယ်။ ဖျက်ချတယ် ဆိုတာ မကောင်းဘူး။ ယူမယ် ဆိုပြန် တော့လည်း အဆင်သင့်မဖြစ်။ အိမ် ထောင်တစ်ခု တည်ဆောက်ဖို့အတွက် နှစ်ယောက်စလုံးအတွက် အခြေအနေ မပေးသေးဘူးဆိုရင် ဖျက်ချ သင့်သလား ပေါ့။ ဖျက်ချသင့်သလားဆိုတော့ ဖျက် ချသင့်တယ်လို့ ဖြေတဲ့လူလည်း ရှိမှာပဲ။ မဖျက်ချသင့်ဘူးလို့ ဖြေတဲ့လူလည်း ရှိ မှာပဲ။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာ  မြန်မာ့ ယ ဉ်ေ ကျးမှုဆိုတာတော်တော်လေး ဟိုးအရင်ကတည်းက ရှိခဲ့ကြတာဆိုတော့ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် အချို့သောယဉ်ကျေးမှုေ တွ သည် ပြောင်း ဖို့ လို လာတာလည်း ဖြစ်ကောင်းဖြစ် နိုင်မယ်။ မိန်းကလေးနဲ့ ယောက်ျားလေး အိမ်ထောင် မကျသေးဘဲ အကြောင်း ကြောင်းကြောင့် ကိုယ်ဝန်ရသွား ခဲ့ေ သာ် ဒီကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်။ ကျန်း မာရေး ရှုထောင့်အရပြောရင် ရှိသင့်တယ် လို့ ပြောလို့ရတယ်။
ဘာကြောင့်လဲဆိုတော့ မဟုတ်တာတွေ လုပ်လို့ရှိရင် လုပ်ချင်တာ တွေ လုပ်လို့ရှိရင် ပြဿနာက ပိုဆိုးသွား မှာ။ စနစ်တကျလုပ်လိုက်တော့ ဘာပဲ ပြောပြော အန္တရာယ် ကင်းတယ်လို့ပဲ ဆို ရမှာပေါ့။ နို့မို့ဆိုရင် တရားဝင် မလုပ်ပေး ဘူး။ မလုပ်ပေးတော့ လုပ်ပေးတဲ့လူက စနစ်မကျဘူး။ ကျွမ်းကျင်မှုမရှိဘူးဆိုတော့။ သို့သော် ဒါပေမဲ့ တစ်ခါ တစ်ဖက်က ဒီလို ရှိပြန်ရင်လည်း လူတွေက ဒါကို အလွဲ သုံးစား လုပ်မှာလား။ ဒီဟာကြီးရှိ ပြန် ရင်လည်း ဒါကြီးရှိနေတာပဲ ငါတို့ကိစ္စမရှိ ဘူး။ နေချင်သလို နေလို့ရတယ်။ ကာ ကွယ်စရာလည်း မလိုဘူး။ ပြီးရင် ဒီလို လုပ်သွားလို့ရတယ်ဆိုတော့  ဘာပဲပြော ပြော ကောင်းတာနဲ့ ဆိုးတာနဲ့ပေါ့။ ရှိတဲ့ အတွက်ကြောင့် ကောင်းသွားနိုင်တယ်။ မရှိတဲ့ အတွက်ကြောင့် မကောင်းသွား တာလည်း ရှိတော့ ဒါကတော့ ကျန်းမာ ရေး ရှုထောင့်အရ ရှိသင့်တယ်လို့ ပြောလို့လဲပဲ။ ရှိခြင်း မရှိခြင်း အတွက် ကတော့ တော်ေ တ်ာကြီးကို ဆွေးနွေးရမယ်။ ပညာ ရှင်တွေ အကုန်လုံး ပါရမယ်။
ဒါပေမဲ့ ဒီဟာကို စဉ်းစားဖို့ အချိန်တော့ တန်ပြီ။ ဘာလို့လဲဆိုတော့ မစဉ်းစားရင် အခုလက် ရှိ အနေအထားအ တိုင်းပဲ ရှိနေမယ်ဆိုရင် ဆရာတို့မှာ ပြဿနာ အခက်အခဲတွေ က မျိုးစုံရှိတယ်။ ဆိုတော့ တချို့နိုင်ငံတွေ မှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြ ဘူး။ အလေ့ အထတွေ မတူကြဘူးဆိုတော့ ဆရာတို့ သူများနိုင်ငံတွေမှာ ဘယ်လို လုပ်လဲဆိုတာ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လေ့လာပြီးရင် ကိုယ့်နိုင်ငံမှာ ဘယ်လို လုပ်သင့်သလဲဆိုတာ အကောင်းဆုံး အ ဖြေက ဘာလဲပေါ့။ နောက်ဆုံးအဖြေက ရှိသင့် တယ်လို့ တွက်တာလည်း ရှိမယ်။ မရှိသင့်သေးဘူးလို့ တွက်တာလည်း ရှိ ချင်ရှိမယ်။ ရှိသင့်တယ်ဆိုရင်လည်း ရှိဖို့အတွက် ဘယ်လို အခြေအနေမျိုး ဆိုရင်တော့ ဘယ်လို အခြေအနေမျိုး ဖြစ် နိုင်လဲဆိုတာကိုပါ တစ်ခါတည်း တွဲပြီး သတ်မှတ်ရမှာပေါ့။ အဲဒီတော့ ဒါစပြီး စဉ်းစားရမယ့် အချိန်တန်ပြီ။ အထူးသ ဖြင့်တော့ ကိုယ်တွေနဲ့ ယဉ်ကျေးမှု အနေ အထားချင်း မတိမ်းမယိမ်းရှိတဲ့ နိုင်ငံမျိုး တွေမှာရော ဘာတွေလုပ်နေလဲ။ ရှိတဲ့ နိုင်ငံ ရှိမယ်။ မရှိတဲ့နိုင်ငံ ရှိမယ်။ မရှိတဲ့ နိုင်ငံ မှာရော ကိုယ်နဲ့အ တူတူပြဲ ပဿနာေ တွ ဖြစ်နေလား။ ပြဿနာတွေ မရှိဘူးဆိုရင် သူတို့မှာ မရှိရက်နဲ့ မဖြစ်ဘူးဆိုရင် သူတို့ မှာ တခြားဘာတွေလုပ်နေတဲ့ နည်းလမ်း တွေ ရှိလဲ။ ရှိတဲ့နိုင်ငံမှာရော ရှိတဲ့အ တွက် ကြောင့် ပိုပြီးကောင်းလား တစ်လွဲသုံး တာတွေ ရှိလားဆိုတာလေ့လာရမှာပေါ့။ အဲဒီကနေတော့ အဖြေတစ်ခုတော့ ထွက်မှာပေါ့။
မြ တ် စု ငြိ မ်းေ တွ့ ဆုံေ မး မြ န်း သ ည်

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်





အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။
ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။

ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။

ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။

Posted by ရွှေသတင်းသစ်

ခွင့်ပြုချက်မဲ့တည်ဆောက်နေတဲ့အဆောက်အအုံတွေကို ပြန်ဖျက်ခိုင်းပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၂.၉.၂၀၁၃ ရက်နေ့က ထုတ်ပြ


ခွင့်ပြုချက်မဲ့တည်ဆောက်နေတဲ့အဆောက်အအုံတွေကို ပြန်ဖျက်ခိုင်းပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၂.၉.၂၀၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေတည်ဆောက်နေတာ အဆောက်အအုံပေါင်း တစ်ထောင်ကျော်ရှိနေတာဖြစ်ပြီး တည်ဆောက်နေတဲ့ မြို့နယ်တွေထဲမှာ သင်္ကန်းကျွန်းမြို့နယ်က အဆောက်အအုံပေါင်း ၅၁၁ လုံးနဲ့ လှိုင်မြို့နယ်၊အင်းစိန်မြို့နယ် နှစ်ခုပေါင်း ၅၀၀ ကျော်လို့သိရပါတယ်။

ပုံမှာမြင်ရတာကတော့သင်္ကန်းကျွန်းမြို့နယ် ၊ ဃ ရပ်ကွက် လွတ်လပ်ရေးလမ်းမှာ ခွင့်ပြုချက်မဲ့ဆောက်ထားလို့ ပြန်ဖျက်ဖို့ ညွှန်ကြားထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ငွေစက္ကူ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် တင်ပြမှု အဆို ကန့်ကွက်ခံရ


ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်ခဲ့မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။

ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံ သူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။

အမျိုးသား ဒီမိုကရေစီ ပါတီသစ် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က လက်ရှိထုတ်ဝေနေသော တစ်ထောင်တန်အထိ ငွေစက္ကူများမှာ ပါတီတစ်ခုကို ကိုယ်စားပြုသော ခြင်္သေ့ ပုံတံဆိပ် ထည့်သွင်းရိုက်နှိပ် ထားခြင်းမှာ မသင့်တော်ဟု
ပြောကြားခဲ့သည်။

ယင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ယင်းကိစ္စမှာ ပြည်ထောင်စု လွှတ်တော်မှ ဆုံးဖြတ်ရမည့် ကိစ္စရပ်ဖြစ်ပြီး ဦးကျော်၏ အဆိုမှာ အဖွဲ့အစည်းကို ပုတ်ခတ်ပြောဆိုသည့် သဘောရှိနေ သည်ဟု ပြန်လည်ချေပခဲ့သည်။

၎င်း၏ အဆိုဆွေးနွေးခွင့် မရခဲ့မှုနှင့် ပတ်သတ်၍ ဦးကျော်က "ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဗိုလ်ချုပ်ကို ဘယ်နေရာပေးလဲဆိုတာ ဒီနေရာမှာ ပေါ်သွားပြီ" ဟု မှတ်ချက်ပေးသည်။

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဆဌမ ပုံမှန် ပထမ ဆုံးရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးတက်ရောက်ခဲ့သည်။

ဝေမာထွန်း
Popular Myanmar News Journal

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ မြ၀တီမြို့ ထွတ်ပြေးရောက်ရှိ



မလေးရှားမှထွတ်ပြေးလာသောမြန်မာအလုပ်သမား ၁၅၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် စက်တင်ဘာ ၁၁ ရက်နေ့က မြ၀တီမြို့သို့ရောက်ရှိလာခဲ့သည်။
၎င်းအလုပ်သမားများသည် မလေးရှားမှ ၃ညအိပ် ၄ရက်ခရီးဖြင့်နယ်စပ်ကိုဖြတ်ကျော်ကာ ထွတ်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
မြ၀တီမြို့ခရိုင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများက ယင်းအလုပ်သမားများ၏ နေရပ်အသီးသီးသို့ ဘက်စ်ကားကြီးများနှင့်အခမဲ့တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အာရှ-ပစိဖိတ်နိုင်ငံအချို့၌ အမျိုးသား ၄ ဦးတွင် ၁ ဦးက လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ဖူး




အာရှ-ပစိဖိတ် ဒေသ နိုင်ငံအချို့တွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အမျိုးသား အများအပြားသည် ဘဝတွင် အမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှု အနည်းဆုံး တစ်ကြိမ်မျှ ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများတွင် အမျိုးသား (၁၀၀၀၀)မျှကို ဖြန့်ကျက် မေးမြန်းသော အင်တာဗျူးတွင် (၂၄) ရာခိုင်နှုန်းက မိမိတို့သည် ဘဝတွင် အမျိုးသမီး တစ်ဦးကို အနိုင်အထက် ပြုကျင့်ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ တောင်အာဖရိက ဆေးသုတေသန ကောင်စီမှ ရေချယ်လ်ဂျူးကက်စ်က ယခုစစ်တမ်းသည် အာရှ-ပစိဖိတ် ရပ်ဝန်းတွင် မုဒိမ်းမှုများ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ယခုစစ်တမ်းက ညွှန်ပြနေကြောင်း ဆိုသည်။

ယခုစစ်တမ်းတွင် ဖြေကြားသူ အမျိုးသား (၁၀)ဦးတိုင်း (၁)ဦးက ဘဝတွင် မိမိ၏ ချစ်သူ၊ လက်တွဲဖော် မဟုတ်သော အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ဖူးကြောင်း ဝန်ခံခဲ့ပြီး ချစ်သူအမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှုများပါ ထည့်ပေါင်းတွက်ချက်သည့်အခါ (၂၄)ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရသည်။ ယင်းသည် အမျိုးသား (၄)ဦးလျှင် (၁)ဦးက ပြစ်မှုကျူးလွန်ဖူးသည့် သဘောမျိုး သက်ရောက်နေသည်။ မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံဖူးသူ အားလုံး၏ ထက်ဝက်မပြည့်သော အရေအတွက်ကမူ မိမိတို့သည် အမျိုးသမီး တစ်ဦးထက် မနည်းကို ကျင့်ကြံဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြေဆိုသူ အမျိုးသား (၁၁)ရာခိုင်နှုန်းက မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံခဲ့ပြီး ပါပူအာ နယူးဂီနီ နိုင်ငံရှိ ဘူဂိန်ဗီးလ် အရပ်မှ ဖြေကြားသူများတွင် (၆၀)ရာခိုင်နှုန်းက အဆိုပါ အတွေ့အကြုံ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယခုသုတေသန ရလဒ် အပြည့်အစုံကို Lancet Global Health ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂျူးကက်စ်က "ဒီစစ်တမ်းက အာရှ-ပစိဖိတ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေတယ် ဆိုတာကို ညွှန်ပြနေတယ်။ ဒီပြစ်မှု ကျူးလွန်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကျွန်တော်တို့ ပိုနားလည်လာဖို့ အရေးကြီးပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က မိန်းကလေး တစ်ဦး ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်က အာရှနိုင်ငံအချို့တို့တွင် အမျိုးသမီးများ၏ ဘဝကို အခြေခံကျကျ ကာကွယ်ရန် ပိုမိုလိုအပ်နေသည့် သက်သေဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

ယခုစစ်တမ်းအတွက် အင်တာဗျူးခံသူ အမျိုးသားများကို အထူးလေ့ကျင့်ထားသည့် မေးမြန်းသူများက ဆွဲဆောင်ကာ လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မုဒိမ်းကျင့်သည်ဆိုသော အသုံးအနှုန်းကို ရှောင်ဖယ်ကာ မုဒိမ်းမှုမြောက်သည့် အခြေအနေများ ပြုလုပ်ခဲ့ဖူးခြင်း ရှိမရှိကို သွယ်ဝိုက် မေးမြန်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် "ခင်ဗျားရဲ့ ဇနီးဖြစ်ဖြစ်၊ ရည်းစားဖြစ်ဖြစ် မဟုတ်တဲ့ အမျိုးသမီး တစ်ဦးကို အင်အားသုံးပြီး လိင်ဆက်ဆံဖူးသလား"ဆိုသော မေးခွန်းမျိုးဖြင့် ချဉ်းကပ်ခဲ့ခြင်းဟုလည်း သိရှိရသည်။

From : planet

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းအား သက်သာစေရန်


ကိုယ်ဝန်ရှိနေလား၊ ဝမ်းရော ချုပ်နေသလား၊ ရှက်မနေပါနဲ့။ ဒီပြဿနာဟာ သင်တစ်ယောက်ထဲ ခံစားနေရတာမဟုတ်ပါဘူး။ ကိုယ်ဝန် ဆောင်တွေမှာ ဘာဖြစ်လို့ ဝမ်းချုပ် ကြတာလဲ။ အကြောင်းအရင်းက နှစ်ခုရှိတယ်။ တစ်ခုက ကိုယ်ဝန်ေ ဆာင်စဉ်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်း တွေက အစာခြေဖျက် မှုကို အားမပေး လို့ရယ်၊ နောက်တစ်ခုက ကိုယ်ဝန် ဆောင်အားဆေးတွေက သံဓာတ် ပါဝင်မှုများတဲ့အတွက် ဝမ်းချုပ်စေ တာပါ။

ကဲ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်ခြင်းက သက်သာအောင် ဆေးသောက် စရာမလိုဘဲ ဘယ်လို လုပ်ကြမလဲ။၁။နေ့စဉ်စားနေကျ အစားထဲ မှာ လတ်ဆတ်တဲ့သစ်သီးတွေ၊အရွက် တွေ ၊ အစေ့အဆန်တွေ ထပ်ပေါင်း ထည့်လိုက်ပါ။ အမျှင်ဓာတ်က ဝမ်း ချုပ်တာကို သိသာစွာ သက်သာစေ ပါတယ်။

၂။ရေများများသောက်ပါ။

၃။မနက်မိုးလင်းလျှင် စပျစ်သီးခြောက် အနည်းငယ်ကို ရေစိမ်၍ စားပါ။ ယင်းက အမျှင်ဓာတ်များစွာပါရုံသာမက သဘာဝ၀မ်းနှုတ်ဆေးလည်း ဖြစ်ပါ တယ်။

၎။မရသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေး ကို ပြောင်းသုံးကြည့်ပါ။ တချို့တံ ဆိပ်တွေက ဝမ်းချုပ်ခြင်းကို ပိုသက် သာစေပါတယ်။

၅။အရေးကြီးဆုံးကတော့ ဝမ်းချုပ် လို့ဆိုပြီး ဆရာဝန်မညွှန်ကြားတဲ့ ဝမ်းနှုတ်ဆေးတွေ မသောက်ပါနဲ့။ ယင်းက ကိုယ်ဝန်အပေါ်သက်ရောက် မှုတွေ ရှိနိုင်ပါတယ်။

မိုင်ကိ
ref: Medindia
Health Updates Journal

Facebook က သင့်ကို Block ရခြင်း အကြောင်း များ



Friend အသားကုန် Add ခြင်း

ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း

ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

- Group အများအပြား ဝင်ခြင်း

user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နောတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ ကျနော်တို့တော့ အဆင်ပြေနေတာပဲ။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ ဒါကျ ကိုယ်တိုင် မကြုံဖူးတော့ မသိဘူး။

- နေရာ ပြောင်းသုံးလွန်းခြင်း

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း

ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း

Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း

ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။

- အသက် ၁၈ နှစ်မပြည့်သေးရင်

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- App ဇွတ်သုံးခြင်း

သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့်လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။

- အခြားအကြောင်းအရာများ

အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။

အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)
Kindly Share Th

နန်းဆုရတီစိုး ရဲ့ စိတ်ဝင်စားစရာ Facebook အစီအစဉ်

Popular Myanmar

ငြိမ်းချမ်းရေးအတွက် အစ္စလာမ်နှင့်ပါ လက်တွဲမည်ဟု ဦးဝီရသူဆို



အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစ္စလာမ် ဘာသာဝင်များ အပါအဝင် ငြိမ်းချမ်းရေး လိုလားသူ မည်သူနှင့်မဆို လက်တွဲလုပ် ဆောင်မည်ဖြစ်ကြောင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၉၆၉ နှင့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဝေဖန်ခံနေရသည့် ဆရာတော် ဦးဝီရသူက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက်ရှိ ကေသာရာမ ပရိယတ္တိစာသင်တိုက်၌ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ မိန့်ကြားခြင်းဖြစ်သည်။
"ငြိမ်းချမ်းရေးအတွက် လက်တွဲလို့ရတဲ့သူ ဘယ်သူနဲ့မဆို လက်တွဲ လုပ်ဆောင်သွားမယ်" ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ပယောဂ လုံးဝမပါရှိကြောင်း၊ ၄င်းသည် အဓိကရုဏ်းများကို မလိုလားသူဖြစ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေ တားဆီးနိုင်အောင် စွမ်းနိုင်သမျှကြိုးပမ်းနေသူ ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ပဋိပက္ခများတွင် ဥပဒေမဲ့တုံ့ပြန်ခြင်း များကြောင့် နှစ်ဦးနှစ်ဖက် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း၊ ဥပဒေမဲ့ တုံ့ပြန်ခြင်းကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ ထိခိုက်နစ်နာရကြောင်း ကို ပြည်သူများ နားလည်ပြီး ယင်းသို့လုပ်ရပ် များကို ရှောင်ရှားနိုင်ရန် ကျယ်ပြန့်စွာ ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။

ကမ္ဘာပေါ်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေသည့်အတွက် ပြဿနာများ ရှိနေမည် ဖြစ်ကြောင်း၊ သို့သော် ယင်းပြဿနာများကို ဖြေရှင်းရန် ကောင်းမွန်သည့်မူများ၊ နည်းလမ်းများ၊ တရားဥပဒေ စိုးမိုးမှုများ ရှိနေရမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် (ဒိုင်းမွန်းရွှေကြည်)က ပြောကြားသည်။
"အမှန်အတိုင်း ပြောရရင် အရင်က ဦးဝီရသူကို မုန်းတဲ့ သူတွေထဲမှာ ကျွန်တော် ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ၃ နဲ့ ၄ ကနေ ၄ နဲ့ ၃ လို မျက်နှာချင်းဆိုင် အနေအထားရောက်အောင် ကြိုးစားကြရမှာပါ" ဟု ၄င်းက ဆိုသည်။

ဥပဒေမဲ့ အကြမ်းဖက် လက်တုံ့ပြန်ခြင်းသည် မြတ်ဗုဒ္ဓ၏ တရားတော်နှင့် ဆန့်ကျင်ပြီး ဘာသာတရား၏ ဂုဏ်သိက္ခာ ကို ထိခိုက်ကျဆင်းစေကြောင်း၊ အကယ်၍ ဘာသာခြားများက မိမိတို့ကို အကြမ်းဖက် လာသည့်တိုင် ဗုဒ္ဓ၏ တရားတော်နှင့်အညီ မေတ္တာဖြင့် တုံ့ပြန်ရန်သာ ဟောပြောမိန့်ကြား ခဲ့ကြောင်း ဦးဝီရသူက မိန့်ဆိုသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာ-မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့ကို ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောတွင် တစ်စုံတစ်ရာ မှတ်ချက် ပေးရန် မရှိသေးကြောင်းသာ ပြန်လည်ဖြေကြားကြသည်။

ယခုကဲ့သို့ ဘာသာပေါင်းစုံ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြခြင်းသည် ကောင်းမွန်သော်လည်း စာရွက်ပေါ်၌သာ ငြိမ်းချမ်းနေရုံတင်မကဘဲ တကယ့်ငြိမ်းချမ်းရေး ရရှိစေရန် သက်ဆိုင်ရာ ဒေသများအထိ သွားရောက် လုပ်ဆောင်သင့်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သူ ဖေကမ္ဘာငြိမ်းချမ်း(ခ) တေးရေးကမ္ဘာက The Voice သို့ ပြောကြားသည်။
The Voice Weekly

ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ပိုလန်သမ္မတ အပါအ၀င် နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံခဲ့




ဥရောပ သုံးနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် ပိုလန်နိုင်ငံ ၀ါဆောမြို့သို့ ရောက်ရှိနေသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် (မြန်မာစံတော်ချိန် စက်တာဘာ ၁၁ ရက် ည ၁၁း၃၀ နာရီ ခန့်က စတင်ကာ) ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီးနောက် ပိုလန်သမ္မတ Bronislaw Komorowskim၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့နှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ယခုခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံမြို့တော် ၀ါဆောတွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံပြီး ၀ါဆောတက္ကသိုလ်တွင် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။ ပိုလန်နိုင်ငံ သမ္မတဟောင်းနှင့် နိုဗယ်ဆုရှင် တစ်ဦးဖြစ်သူ Lech Walesa၊ ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌ Ewa Kopacz တို့၏ ဖိတ်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

"ပိုလန်နိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး အကူးအပြောင်းကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ မျှဝေချင်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့် ရနိုင်မှာဖြစ်တဲ့အတွက် ကျွန်မအထူးပဲ ကျေနပ်ဝမ်းမြောက် မိပါတယ်" ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz က ပြောကြားသည်။

ပထမဆုံးနေ့ဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်အောက်လွှတ်တော်သို့ သွားရောက်လေ့လာခဲ့သည်။ ပိုလန်အလုပ်သမား သမဂ္ဂများမှ အောက်လွှတ်တော် အဆောက်အအုံရှေ့တွင် ဆန္ဒပြနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကားပေါ်မှဆင်းကာ လမ်းလျှောက်ခဲ့ရသည်။ "ဒီမိုကရေစီရဲ့ လက်တွေ့လှုပ်ရှားမှု တစ်ခုကို အခုလို တွေ့မြင်လိုက်ရတာ ကျွန်မအတွက် စိတ်ဝင်စားစရာပါပဲ။ မိုးရွာနေပေမယ့် ဒီလွှတ်တော် အဆောက်အအုံဆီကို လမ်းလျှောက်ပြီး လာခဲ့ရပါတယ်။ ဆန္ဒပြပွဲကလည်း (ဆန္ဒပြသူတွေ ၀တ်ထားတဲ့) ရောင်စုံမိုးကာတွေကြောင့် လှပနေပါတယ်။ ဒီမိုကရေစီ အတွက်ကြောင့် မိုးစိုရတာ တန်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ညနေ ၄ နာရီခန့်တွင် ပိုလန်အထက်လွှတ်တော် ဥက္ကဋ္ဌ Bogan Borusewicz နှင့်တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပိုလန်နိုင်ငံ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကာ ညနေ ၄ နာရီတွင် ၀ါဆောတက္ကသိုလ်၌ နိုင်ငံရေးနှင့် ပညာရေးခေါင်းစဉ်ဖြင့် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း ယခုဥရောပ ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ယခုတစ်ကြိမ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ချက်နိုင်ငံတို့ကို သွားရောက်မည်ဖြစ်ကာ ခုနစ်ရက်ကြာမြင့်မည် ဖြစ်သည်။

Ref:AFP

(စက်တင်ဘာ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌ Ewa Kopacz တို့ တွေ့ဆုံစဉ်
Eleven Media Group

လူကူးမျဉ်းကြားတွင် ရပ်နားခြင်းမရှိဘဲ မောင်းနှင်နေသည့် ယာဉ်မောင်းများကို စီမံချက်ဖြင့် အရေးယူမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကူးမျဉ်းကြားများ၌ ခေတ္တရပ်နားခြင်း မရှိဘဲ ယာဉ်ဆက်လက် မောင်းနှင်နေသည့် ယာဉ်မောင်းများကို စက်တင်ဘာ ၂၃ ရက်မှ စတင်ပြီး အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူရဲမှူး သာဌေးက စက်တင်ဘာ ၁၁ ရက် နံနက်တွင် ပြောကြားသည်။

စည်းကမ်းလိုက်နာမှု မရှိသည့် ယာဉ်မောင်းများကို စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် နည်းဥပေဒဖြင့် အရေးယူမည့်အပြင် စီမံချက် ဒဏ်ငွေကျပ် ၃၁၅၀၀ ဆောင်ခိုင်းခြင်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"လူကူးမျဉ်းကြားတွေမှာ ခြေကျင်သွားနေတဲ့ ခရီးသည်တွေ လမ်းဖြတ်ကူးတဲ့ အချိန်တွေမှာ ယာဉ်မောင်းတွေက မရပ်ဘဲ မောင်းနှင်နေတော့ လမ်းကူးတဲ့သူတွေ အန္တရာယ် ကင်းရှင်းမှု မရှိဘူး။ ဒါ့ကြောင့် ထိရောက်စွာ အရေးယူသွားမယ်။ ဒါပေမဲ့ စက်တင်ဘာ ၉ ရက်ကနေ နှစ်ပတ်အတွင်း ပညာပေးတွေ ပြုလုပ်နေတယ်။ ပညာပေးကာလ ပြီးသွားရင်တော့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အရေးယူသွားမယ်။ ယာဉ်မောင်းတွေ အနေနဲ့ စနစ်တကျ ရှိစေချင်သလို လမ်းကူးသူအနေနဲ့လည်း အန္တရာယ်ကင်းရှင်း စေချင်ပါတယ်" ဟု ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသားဌေးက ပြောကြားသည်။

သြဂုတ်လအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်အစီးရေ (၁၅၀၀၀) ၀န်းကျင်၊ ခေါင်းမိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲနေသော ယာဉ်များနှင့် ဘေးတွယ်စီးပြီး မောင်းနှင်နေသည့် မော်တော်ယာဉ် (၄၀၀) ကျော် အရေးယူခဲ့ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

"ရန်ကုန်မြို့မှာရှိတဲ့ လူကူးမျဉ်းကြား အများစုမှာတော့ လမ်းကူးသူတွေကို ပြီးအောင်မစောင့်ဘဲနဲ့ ယာဉ်မောင်းတွေက မောင်းနှင်နေတာ တွေ့ရတယ်။ အချို့ယာဉ်မောင်းတွေက စည်းစနစ်တကျ ရပ်ပေးတာ ရှိသလို အချို့ယာဉ်မောင်းတွေ ဆိုရင်လည်း လမ်းကူးတွေကို အော်ဟစ်ပြောဆို တာတွေကို တွေ့ရတယ်" ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ဒေါ်ယဉ်မာက လူကူးမျဉ်းကြားတွင် လမ်းကူးသည့်အခါ ကြုံတွေ့ရသည်ကို ပြန်လည်ပြောကြားသည်။

(ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် လမ်းဖြတ်ကူးနေသည့် ခရီးသွားများကို စောင့်ဆိုင်းခြင်းမရှိ မောင်းနှင်နေသော ယာဉ်များ (ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group

တောင်ကိုရီးယား အာဏာရှင်ဟောင်း ချန်ဒူးဝမ်မိသားစု လာဘ်စားမှုဒဏ်ကြေးငွေ ကြွေးကျန်များပေးရန် ကတိပြု


တောင်ကိုရီးယားနိုင်ငံ၏ အာဏာရှင်ဟောင်း ချန်ဒူးဝမ်၏ မိသားစုက ကျန်ရှိနေသောဒဏ် ကြေးငွေများကိုပေးရန် ကတိပြု ခဲ့ကြောင်း သိရသည်။
ယင်းသည် စစ်အာဏာရှင် ခေါင်းဆောင် ချန်ဒူးဝမ်လက် ထက်က အမည်းစက်စွန်းထင်းခဲ့ ရသော တံစိုးလက်ဆောင်ရယူမှု များအတွက် ပြစ်ဒဏ်စီရင်ခဲ့သည့် ဒဏ်ကြေးငွေများဖြစ်ကြောင်း သိရသည်။
ချန်ဒူးဝမ်၏အကြီးဆုံးသား ချွန်ဂျေးကွတ်ခ်က မိသားစုပိုင် တန်ဖိုးရှိပစ္စည်းစာရင်းကို ထုတ် ပြန်ကြေညာခဲ့ပြီး တန်ဖိုးရှိပစ္စည်း တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ဝမ်၁၆ရဒသမ၂ဘီလီယံ ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချွန်ဂျေကွတ်ခ်က ၎င်းတို့ပိုင်ပစ္စည်း များကို ရောင်းချသွားမည်ဖြစ် ကြောင်းကိုလည်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ယခုအခါ အသက်၈၂နှစ် ရှိနေပြီဖြစ်သော ချန်ဒူးဝမ်သည် ၁၉၇၉ခုနှစ်က ကာလရှည် ကြာ စစ်အစိုးရအကြီးအကဲအဖြစ် စိုးမိုးအုပ်ချုပ်ခဲ့သော ပတ်ချုံဟီး ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် နိုင်ငံ၏အာဏာကို ထိန်းချုပ်ခဲ့ သူဖြစ်သည်။ ချန်ဒူးဝမ်သည် နိုင်ငံ ကို ရှစ်နှစ်ကြာ စိုးမိုးအုပ်ချုပ်ခဲ့စဉ် ကာလအတွင်း သူ၏အစိုးရသည် အဂတိလိုက်စားမှုများအတွက် တာဝန်ရှိကြောင်း မှတ်ချက်ချခဲ့ ကြသည်။ ၁၉၉ရခုနှစ်တွင် ဗဟို တရားရုံးချုပ်က ချန်ဒူးဝမ်သည် ဆူပူအုံကြွမှုနှင့် အဂတိလိုက်စား မှုတို့တွင် အပြစ်ရှိကြောင်းစီရင် ချက်ချကာ ဝမ်သန်း ၂၂၀ ဒဏ်ငွေ ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
ချန်ဒူးဝမ်က ပေးဆောင် ရမည့် ဒဏ်ကြေးငွေများအနက် အနည်းငယ်ကိုသာ ပေးဆောင်ခဲ့ ပြီး သူ့တွင် ထပ်မံပေးဆောင်စရာ ငွေလည်းမရှိသကဲ့သို့ ပိုင်ဆိုင်သည့် ပစ္စည်းလည်းမရှိကြောင်း ပြော ကြားခဲ့သည်။ မကြာသေးမီလက မူ ကျန်ရှိသည့်ဒဏ်ငွေကို ပေး ဆောင်ရန် တရားဥပဒေအရဖိ အားပေးလာသည့်အတွက် ချန် ဒူးဝမ်၏သား ချွန်ဂျေးကွတ်ခ်က မိသားစုပိုင်ပစ္စည်းများကို ရောင်း ချ၍ ပေးဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ် သည်။
Yangon Media Group

လက်အဆစ် ချိုးလျှင်



လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ် ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီး လာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ် လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။
--
Ref: medic-facts
Kayan Times


မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့်အတူ ရန်ကုန်မှ နွမ်းပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာ



မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ငှားရမ်းခဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ရာနှင့်ချီသော ဆင်းရဲနွမ်းပါးသည့် မိသားစုများမှာ အိုးမဲ့အိမ်မဲ့ဖြစ်လာခဲ့ပြီး လမ်းပေါ်တွင် နေရသည့်ဘ၀သို့ မရောက်ရှိရန် ပရဟိတလုပ်ငန်းများအပေါ် မှီခိုနေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြလိုက်သည်။

၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရမှ အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း နိုင်ငံရေးအရ အသွင် ကူးပြောင်းမှုများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ဒဏ်မှ လွတ်ကင်းသွားပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမှာလည်း မြင့်တက်လာလျက် ရှိသည်။

သို့သော် အပြောင်းအလဲများကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများကိုလည်း အိုးမဲ့အိမ်မဲ့ဘ၀သို့ ရောက်ရှိသွားခဲ့ရသည်။

“မိသားစုလိုက်ရောက်လာပြီးတော့ သူတို့မှာနေစရာနေရာလည်း မရှိဘူး၊ စားစရာလည်း မရှိဘူး၊ အကူအညီတွေပဲ လိုက်တောင်းနေရတယ်လို့ ပြောလာတာတွေရှိပါတယ်” ဟု ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျာင်းတွင် ယာယီတဲများဖြင့် နေရာထိုင်ခင်းများ ပြုလုပ်ပေးသည့် စင်တာတစ်ခုမှ မန်နေဂျာဖြစ်သူ ခင်ဆန်းဦးက ပြောသည်။

သန်လျင်မြို့နယ်တွင် ဧက ၃၀ ခန့်ကျယ်သည့် သဘာဝခြံဝိုင်းအား ဆရာတော်ဦးဥတ္တမစာရကလွန်ခဲ့သော ၁၆ လတွင် နေရာထိုင်ခင်းများစီစဉ်ပေးခဲ့ပြီး၊ ယခုအခါတွင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ခရိုင်များမှ ငွေကြေးချို့တဲ့သည့် မိသားစုများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားလေသည်။

ရန်ကုန်မြို့လယ်ခေါင်မှ တစ်နာရီခန့် ဘတ်စ်ကားစီး၍ သွားရောက်နိုင်သည့် သန်လျင်မှ ခြံဝိုင်းထဲတွင် တဲငယ်လေးများ ဆောက်လုပ်ကာ နေထိုင်နေသည့် မိသားစုပေါင်း ၂၄၀၀ ကျော်ရှိနေသည်။

တဲဆောက်လုပ်ရန် ကုန်ကျစရိတ် မတတ်နိုင်သေးသည့် ရာနှင့်ချီသော မိသားစုများမှာလည်း လူအများ နေထိုင်ရန် ၀ါးဖြင့်ဆောက်ထားသည့် အဆောက်အအုံအတွင်းတွင် နေထိုင်နေသည်။ ယင်းအဆောက်အအုံမှာ ယခင်က တရားစခန်းအဖြစ် အသုံးပြုခဲ့သည့် နေရာဖြစ်သည်။

စစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံ၏ ကမ္ဘာနှင့် အဆက်ပြတ်နေသည့် အခြေအနေကို ရပ်တန့်ရန် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာပြုလုပ်လာသည်နှင့်အမျှ အိမ်ရာမြေလိုအပ်ချက်များလည်း ကြီးမြင့်လာသည်။ ထိုအခြေအနေမှာ ဆင်းရဲမွဲတေသည့် မိသားစုများကို အန္တရာယ်ပြုလျက် ရှိသည်။

မြန်မာနိုင်ငံတွင် လူနေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်ရှိ လုပ်ခလစာနည်းပါးသော မိသားစုများအတွက် အိမ်ငှားရမ်းသည့် ဈေးနှုန်းမြင့်မားလွန်းခြင်းကြောင့် ယခုကဲ့သို့ အန္တရာယ်ဖြစ်နေရခြင်းဖြစ်သည်။

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ စာရင်းဇယားများအရ ရန်ကုန်မြို့ရှိ အသေးစား အဆောက်အအုံများ၏ ဈေးနှုန်းမှာ ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ ထို့အတူ လွန်ခဲ့သောနှစ်နှစ်အတွင်း ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် အိမ်ခြံမြေဈေးနှုန်းများမှာလည်း နှစ်ဆမှ သုံးဆအထိ မြင့်တက်လာခဲ့သည်။

အိမ်ငှားရမ်းခ ခြောက်လစာအတွက် မြန်မာကျပ်ငွေ သုံးသိန်းဝန်းကျင် ကြိုတင်ပေးဆောင်ရန် တောင်းဆိုခြင်းခံခဲ့ရသည့်အတွက် မိမိအပါအ၀င် မိသားစုဝင်ခြောက်ဦးမှာ သန်လျင်မှ သဘာဝခြံဝိုင်းတွင်းသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု အသက် ၅၇ နှစ်အရွယ် ဒေါ်တင်တင်ဝင်းက အေအက်ဖ်ပီကို ပြောသည်။

“အိမ်ငှားရမ်းခတွေက နှစ်ကြိမ်သုံးကြိမ်လောက် တက်ပြီးပါပြီ။ အိမ်ဆက်ငှားဖို့အတွက် ကျွန်မတို့ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီကိုရွှေ့လာတာပါ” ဟု သူမကဆိုသည်။ “ကျွန်မသမီးကလည်း ဒီမှာခဏလောက် ကပ်နေဦးမယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာမှာ အိမ်ငှားဖို့မဖြစ်နိုင်လို့ပါ” ဟု ပါးပြင်မှ စီးကျလာသည့် မျက်ရည်များအားသုတ်ရင်း သူမက ဆက်ပြောသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွင် ဒေါက်တိုင်တစ်ခု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် အဂတိလိုက်စားသော စစ်ဗိုလ်ချုပ်များသည် လူမှုဘ၀ လုံခြုံရေးစနစ်များအား လျစ်လျူရှုခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ နေရာကောင်းတစ်ခုတွင် တစ်ပေပတ်လည်မြေတစ်နေရာအား ၀ယ်ယူရန်အတွက် ခုနှစ်သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် ဘန်ကောက်မြို့ထက်ပင် နှစ်ဆသုံးဆခန့် ဈေးကြီးလျက် ရှိသည်။

နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော်လည်း ကုန်ကျစရိတ်ကြီးမြင့်ခြင်းက ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်စေကာ ဈေးကွက်မတည်ငြိမ်မှု အန္တရာယ်နှင့်ကြုံတွေ့ရမည်ကို ကြောက်ရွံ့လျက်ရှိသည်။

“ရန်ကုန်မြို့မှာ အိမ်ရာဈေးနှုန်း အရမ်းကြီးမြင့်တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိနေပါပြီ” ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ အသက် ၆၄ နှစ်အရွယ် မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးမှ အေအက်ဖ်ပီသို့ ပြောသည်။

အိမ်ခြံမြေဈေးကွက်အား တည်ငြိမ်စေရန်အတွက် မြေခွန်များ မြှင့်တင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများကို အစိုးရက ဆောက်လုပ်လျက်ရှိသည်။ သို့သော် တန်ဖိုးနည်းအိမ်ရာ၏ လက်ရှိဈေးနှုန်းမှာ ကျပ်သိန်း ၂၀၀ ၀န်းကျင် ကျသင့် သည့်အတွက် လူများစုမတတ်နိုင်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားလိုက်သည်။
Mizzima - News in Burmese

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို




ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်းများ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။

(ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်း မြင်ကွင်းအား စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group

ရန်ကုန်အိမ်၊ ခြံ၊ မြေဈေး စံနှုန်း ယခုလကုန် စတင်ကြေညာမည်



အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားခြင်းကို လျှော့ချရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေး စံနှုန်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ သတ်မှတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဈေးနှုန်းသတ်မှတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကပြောဆိုသည်။

အခွန်ဆောင်ရန် ဈေးနှုန်းသတ်မှတ်ခြင်းသည် ပြောင်းလဲမှုများ ရှိနိုင်ပြီး ပြင်ပပေါက်ဈေး အပြောင်းအလဲရှိပါက စံနှုန်းပြောင်းလဲမှုများ ရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်သူများ စရိတ်သက်သာစွာ အခွန်ထမ်းဆောင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ယခုကဲ့သို့ နှုန်းထား သတ်မှတ်ခြင်း ဖြစ်ကြောင်း ကာလတန်ဖိုး သတ်မှတ်ရေး အဖွဲ့ထံမှ သိရသည်။

“ပွဲစားတွေအတွက်တော့ အနည်းငယ်ထိခိုက်မှု ရှိနိုင်တယ်။ ပြည်သူတွေအတွက်တော့ စရိတ်သက်သာစေပါတယ်” ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့နယ်အလိုက် စံနှုန်းများအား ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ စံနှုန်းများ ကြေညာသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“အခွန်နှုန်း သတ်မှတ်တယ်ဆိုတာက သတ်မှတ်တဲ့ ဈေးနှုန်း တစ်ခုထက် ကျော်လို့မရဘူးဆိုတဲ့ သဘောပဲ။ ဒီလိုသတ်မှတ်ရတယ်ဆိုတာ ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ကျော်နေလို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက်နိမ့်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘာကြောင့် ဒီလိုဈေးတွေ မြင့်နေရတာလဲ ဆိုတာကို အဖြေရှာသင့်တယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် မြင့်မားနေခြင်းနှင့် အခွန်အကောက်များ ဆုံးရှုံးနေခြင်းကို ကာကွယ်ရန် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းသို့ သတ်မှတ်မည် ဆိုခြင်းကြောင့် ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းတွင် စီပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးဆောင်များ လက်တွန့်နေခြင်းကြောင့် အရောင်းအဝယ်မှာ အလွန် အေးစက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည်လည်း ယခင်က အလျား ပေ ၂၀၊ အနံ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့်မှ ယခုကျပ်သိန်း ၅၀၀ ထိ ထိုးကျသွားကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင်က ပြောကြားသည်။
The Voice Weekly

Sony Xperia Z 1 လည်း မီနီဗားရှင်း ထွက်နိုင်


မီနီဖုန်းတွေ အပြိုင်အဆိုင် ထုတ်လုပ်ရာမှ ဈေးကွက်မှာ ထပ်မံမြင်တွေ့နိုင်ချေ မီနီဖုန်း တစ်လုံးကတော့ Sony Xperia Z1 mini ပဲ ဖြစ်ပါတယ်။

Sony Xperia Z1 ကို IFA မှာ ကြေညာပြီးသွားပါပြီ။ ယခုရက်ပိုင်းအတွက် Leak ဖြစ်လာတဲ့ သတင်းနဲ့ ဓာတ်ပုံ ကတော့ Sony xperia Ze Mini ပဲ ဖြစ်ပါတယ်။ မီနီဆိုပေမယ့် ရေးသား ဖော်ပြချက်များအရ အရွယ်ခပ် ငယ်ငယ် ကြီးတော့ မဟုတ်ပါဘူး။ ၄.၃ လက်မ အကျယ်ရှိ HD Resolution ပေးနိုင်သော အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြု ထားပါမယ်။ RAM က 2GB ပါ။ On board Storage က 8 GB ပါဝင် ပါ တယ်။ ကင်မရာ ကလည်း 20 Megapixel တောင်ပါ။ Snapdragon 800 quad-core processor ကို အသုံးပြုထားကြောင်း ဆိုပါတယ်။

ဒီတော့ မီနီနဲ့ Z1 က အရွယ်အကြီးအသေး လောက်ပဲ ကွာ သယောင်တောင် ဖြစ်နေ ပါတယ်။ ရေစုံခံမှု ရှိမရှိတော့ ထည့်သွင်း မရေးသား ထားကြ ပါဘူး။ ခန့်မှန်းချက်များကတော့ ၂၀၁၄ ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2014 မှာ Sony Xepria Z1 Mini ကို မိတ်ဆက် ပြသ သွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: ubergizmo
Aung Kham (TSJ team)
TechSpace Journal

BMW i8 ဟိုင်းဘရစ်ပြိုင်ကား မိတ်ဆက်




အောင်ခမ်း (TSJ team)

ဂျာမနီနိုင်ငံ၊ Frankfurt မှာ ကျင်းပလျက် ရှိတဲ့ နိုင်ငံတကာ ကားပြပွဲမှာ BMW မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ကား သစ် ဖြစ်ပါတယ်။

BMW ဟာ i အမည်တပ်ပြီးတော့ လောင်စာဆီစား သက်သာတဲ့ ကားတွေ ထုတ်နေပါတယ်။ မြန်မာပြည်မှာလည်း BMW ကိုယ်စားလှယ် ရှိပြီမို့ ပုံမှာမြင်တွေ့နေရတဲ့ကား ရောက်ရှိဖို့ မျော်လင့် ပါတယ်။ BMW i8 plug in hybrid လို့ အမည်ပေးထားတဲ့ကားပါ။ လောင်စာဆီအား အင်ဂျင်နဲ့ လျှပ်စစ် မော်တော တွဲမောင်းတဲ့ အားပြန်ဖြည့် (Plug-in) ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်က ၁.၅ လီတာ ပါ။ ဆလင်ဒါ ၃ လုံးပူး တာဘို နှစ်လုံးတပ် ဗားရှင်းမို့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၂၃၁ တောင် ရှိပါတယ်။ သူ့ချည်း သက်သက်လည်းမောင်းနိုင်ပါတယ်။ ထပ်မံ အားဖြည့်ပေးထား တာကတော့ ၉၆ ကီလိုဝပ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ် မော်တာပါ။ သူကလည်း မြင်းကောင်ရေအား ၁၃၁ သီးသန့် ထုတ်ပေးပါတယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်မှုက ၃၆၂ တောင် ရှိသွားမှာ ဖြစ်ပါတယ်။

ဆီစားနှုန်းက ၉၄ မိုင်ခရီးအတွက် တစ်ဂါလံတည်းပါ။ အမေရိကန် မှာ ပြုလုပ်တဲ့ စမ်းသပ်ချက် ရလဒ်ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ အပြင်ပန်း ဒီဇိုင်းကော အတွင်းဘက် ဒီဇိုင်းပါ i စီးရီး Concept အတိုင်း အကျအန ပြင်ဆင်ပေးထားပါတယ်။ concept အဖြစ်ပြသခဲ့တာ ယမန်နှစ်ကပါ။ ယခု ဈေးကွက်ကို တကယ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အော်ဒါစနစ်နဲ့ မှာယူနိုင်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်း၎သောင်းအောက် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၃၀၀ ကျော် ဖြစ် ပါတယ် သို့ပေမယ့် တကယ်စီးဖို့မှာမယ်ဆို အခွန်ခနဲ့ ပေါင်းလိုက်ရင် သိန်း ၃၀၀၀ အောက်ထစ်ပါပဲ။ ဂျာမနီကားချင်း အတူတူ မာစီဒီး E Class နောက်ဆုံးပေါ် ကန်ဒေါ်လာ ၈ သောင်း တန်တောင် မြန်မာပြည်ဈေးကွက်မှာ သိန်း ၂ ထောင် ဝန်းကျင် ပေါက် လို့ ဖြစ်ပါတယ်။ သို့ပေမယ့် i8 က အင်ဂျင်သေးတော့ အခွန်လည်း သက်သာ လောက်ပါတယ်။

အမေရိကန်နဲ့ ဥရောပ ဈေးကွက်အတွက်ကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မှာယူမှု စတင်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ။်

.TechSpace Journal
Ref: autoblog

Apple ရဲ့  iPhone5s ကလူစိတ်ဝင်စားမူအများဆုံးဖြစ်


GsmArena.com ရဲ့ ဖော်ပြထားတဲ့ စစ်တမ်းများအရ ယမန်နေ့မှမိတ်ဆက်
လိုက်တဲ့ iPhone 5s ဟာ စက်တင်ဘာ-၄ မှာမိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 3 ကိုကျော်လွန်ကာ လူစိတ်ဝင်စားမူအများဆုံး အဖြစ် ထိပ်ဆုံးမှာရပ်တည်လျက်ရှိနေပါတယ်။

GsmArena ဟာနိုင်ငံတကာအနံ့ထွက်ပေါ်ခဲ့သမျှဖုန်းတွေရဲ့  Features တွေ၊
နောက်ဆုံးရသတင်းအချက်အလက်များကိုဖော်ပြနေတဲ့ ဝက်ဆိုဒ်တစ်ခု
ဖြစ်ပြီး ယခုဖော်ပြထားတဲ့ စစ်တမ်းတွေက နေ့စဉ်ဝင်ရောက်ကြည့်ရှုသူတွေ
ရဲ့  စစ်တမ်းကိုကောက်ယူထားခြင်းဖြစ်တယ်။

၂၄ နာရီတောင်မပြည့်သေးတဲ့ iPhone 5s ကထိပ်ဆုံးမှာရပ်တည်နေပြီး
အဆင်လိုက်ရပ်တည်နေတဲ့ စာရင်းများကိုဖော်ပြပေးလိုက်ပါတယ်။

1. Apple iPhone 5s 230,442
2. Samsung Galaxy Note 3 154,244
3. Apple iPhone 5c 121,011
4. Sony Xperia Z1 66,268
5. Samsung I9500 Galaxy S4 66,083
6. Samsung Galaxy S Duos S7562 53,491
7. Samsung Galaxy Core I8260 48,178
8. Nokia Lumia 520 47,054

မှတ်ချက်။ ။အချိန်အပြောင်းအလည်းအရ ကိန်းဂဏာန်းများထပ်တိုးနေပါ
သည်။စိတ်ဝင်စားသူများ အဆိုပါဝက်ဆိုဒ်သို့ အချိန်ပြည့်ဝင်
ရောက်ကြည့်ရှုနိုင်သည်။

Ref:GsmArena.com
TechSpace Journal

အဓမ္မသိမ်းပိုက်ရန်အတွက် အခန်းပိတ်လှောင်ခံနေရသည့်မြန်မာအမျိုးသမီးအားကယ်ထုတ်


စက်တင်ဘာ ၁၀   ကိုတီး

   ဘန်ကောက်မြို့ ဘန်ဖီနယ်မြေ ၀တ်လုံဖေါ့ အရပ်တွင်ရှိသောဘဲသားအလုပ်ရုံအနီးတွင်နေထိုင် သည့်မြန်မာပွဲစားတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦး အား အလိုမတူပဲ သားမယားအဖြစ် ပေါင်းသင်းရန် အဓမ္မကြံစည်စဉ်အခန်းနီးနားမှ မြန်မာအလုပ်သမား များက MAT အဖွဲ့သို့ အကူညီတောင်းသဖြင့်

ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

 မြန်မာပြည် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ……….မှ    …….. မ ဆိုသူအား  အခန်းထဲတွင် ပိတ်လှောင်ထားပြီး
နောက် သားမယားအဖြစ် ပေါင်းသင်းရန် ကြံစည်နေသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့်ပူးပေါင်း၍ ကယ်တင်ခဲ့ကြောင်းသိရသည်
“သမီးကို အခန်းမှာ ပိတ်လှောင်ထားတာ ၆ ရက်ရှိပြီ၊ အခန်းနီးနားတွေက  သမီးရဲ့အခြေအနေကို သိလို့
ဦးလေးတို့ MAT အဖွဲ့ကို အကူညီတောင်းလို့ ခုလိုလွတ်လာတာ။ ပတ်ဝန်းကျင် က ထင်နေတာက သမီး
တို့ကို လင်မယား လို့ထင်နေကြတာ။ ဘန်ကောက်ကို တက်လာတုန်းက သမီး ကို အဓမ္မပြုကျင့်ထား
တယ်။  သူက သမီးကို ထပ်ကြိုးစားတယ်။ သမီးက ဗမာပြည်ပြန်ပို့ပေးဖို့ပြောတယ်။ သမီးက နှလုံးလည်း အားနည်းတယ်လေ။ ခုလိုကူညီပေးကြတာကို ကျေးဇူးတင်ပါတယ်” ဟုပြောဆိုသွားသည်။
သားမယားအဖြစ် အဓမ္မ သိမ်းပိုက်ရန် ကြိုးစားသည့် မြန်မာပွဲစား….. အား သူမကို ထပ်မံ မနှောက်
ယှက်ရန်နှင့် ယခုကဲ့သို့သော အပြုအမူမျိုးအား မပြုလုပ်ရန် ကတိက၀တ်ပြု လက်မှတ်ထိုးစေလျှက်
အာမခံဖြင့် ရဲစခန်းမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
သူမ၏ နောက်ဆက်တွဲ ကျမ္မာရေးစောင့်ရှောက်မှု ကိစ္စရပ်များအတွက်လည်း  AHTD က
စီစဉ်ညွန်ကြားထားပြီဖြစ်ကြောင်း သိရှိရသည်။



ရွှေလုပ်သား

စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ




ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကျားဖြူပါတီ ခေါင်းဆောင်တွေဟာ တောင်ကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့ကနေ ဒီနေ့အထိ ကျင်းပခဲ့တာပါ။ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းစေလိုတဲ့ အကြောင်းကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က အခုလိုပြောပါတယ်။

“တပ်နဲ့ ပြည်သူ တသားတည်းကျအောင်ဆိုပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရောက် အမျိုးသားတွေ အနည်းဆုံး စစ်မှုနှစ်နှစ်ထမ်းစေချင်တဲ့ဆန္ဒရှိတယ်လေ၊ နိုင်ငံတကာမှာလည်း ဒီလိုကျင့်သုံးနေတာရှိတယ်လေ၊ အခုက တပ်ကသီးခြားဖြစ်နေတယ်၊ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရဆိုရင် တော်တော်လေးကင်းကွာကြတာပေါ့နော်”

ဒါ့အပြင် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဆိုင်ရာခွဲဝေမှုအပြင် မြေပေါ်မြေအောက် သယံဇာတ ခွဲဝေရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမယ့် အသေးစိတ်ကို သူကထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။
RFA Burmese

အမျိုးစောင့် ဥပဒေနှင့် ခေါင်ဆောင်သုံးဦး တွေ့ဆုံ


10.9.2013 ရက်နေ့ မနက် 8:30 နာရီ၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာ ဘိဝံသအား အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ ဂါရဝပြု ဖူးမြော်ရာတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် လူငယ်များလည်း ကြည်ညိုသဒ္ဒါ ပွားနိုင်ခဲ့ ကြသည်။

 အင်းစိန်ရွာမဆရာတော်ကြီးက အမိန့်ရှိရာတွင်
“ဆရာတော်တို့ရဲ့နောက်မှာ ဘယ်အဖွဲ့စည်းတွေက ကြိုးကိုင်နေတယ်။ ဘယ်သူ့ကို ကျဆင်းအောင်၊ မထောက်ခံအောင်၊ တမင်ကြံစည်နေတယ်လို့ ပြောကြတာတွေ ရှိပါတယ်။

 ဆရာတော်တို့ကတော့ အမျိုးဘာသာ သာသနာ မျက်နှာကိုပဲ ကြည့်မှာပါ။ ပါတီ၊ ဝါဒ၊ ဂိုဏ်းဂဏတွေ အစွဲအလန်းမထားပါဘူး”
"ပါတီကြီးတွေက တင်ပေးရင်တော့ အကောင်းဆုံးပေါ့။ ပါတီကြီးတွေက ဆန္ဒမရှိရင်လဲ ရှိတဲ့လူနဲ့ပဲ လုပ်သွားရမှာပါ။ ဆရာတော်တို့ အသက်နှင့်ခန္ဓာ တည်ရှိနေသ၍တော့ အမျိုးဘာသာ သာသနာအတွက် လိုအပ်နေတဲ့ ကွက်လပ်ကြီးတစ်ခုကို မဖြစ်မနေ ဖြည့်ဆည်းပေးသွားမှာပါ။"ဟု မိန့်တော်မူခဲ့ပါသည်။

NDF အမတ် ဒေါ်ခင်ဝိုင်းကြည်ကလည်း အမျိုးစောင့်ဥပဒေကို မလိုလားသူများနှင့် လွှတ်တော်ပြင်ပ တွေ့ကြုံရမှုများကို ဆရာတော်ကြီးအား လျှောက်ထားပြီး အခြေအနေအရပ်ရပ်ကို သုံးသပ်ပြခဲ့ပါသည်။

"အမျိုးစောင့်ဥပဒေနှင့် ၅၄-ခုနှစ် ထိမ်းမြားခြင်းဥပဒေ လုံးဝမတူဘူး။ ဒါက တစ်မျိုးသားလုံးအတွက် ပိုကျယ်ပြန့်တယ်။ ပိုလေးနက်တယ်။ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်အောင် အစွမ်းကုန် ကြိုးပမ်းသွားမယ်။ "နိုင်ငံရေး လုပ်စားနေတာ" ဆိုတဲ့ စကားလုံးထက် ပြင်းထန်ကြမ်းတမ်းတဲ့ စကားလုံးတွေနှင့် ထိုးနှက်လာရင်တောင် မမှုဘူး။ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ဆရာတော်တို့ ပေးအပ်တဲ့တာဝန်ကို ကြေပွန်အောင် ထမ်းဆောင်ပါမည် ဘုရား။"ဟု ပြန်လည် လျှောက်ထားခဲ့ကြောင်း သိရသည်။

Wira Thu


သင့် ခြေချောင်းလေးများ လှပသန့်စင် သွားစေမည့် အလွယ်နည်းလမ်းများ


အထူးတလည် ပြုပြင် ပြောင်းလဲဖို့ မလို အပ်ဘဲ သင့်ခြေချောင်း လေးတွေ လှပ သန့်စင်  သွားစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက် ပါတယ်။ ပုံမှန်ပြုလုပ်ပေး ပါက ခြေထောက် နာကျင်ခြင်း၊ အသား မာတတ်ခြင်း၊ ခြေစွယ်ငုပ်ခြင်းနဲ့ ခြေ ထောက်အနံ့ဆိုး ထွက်ခြင်းတွေကို သက် သာစေ ပါလိမ့်မယ်။
 
အသားမာများ ပုံမှန်ဖယ် ရှားပေးပါ
 ခြေထောက် အသားမာ တက်တယ် ဆိုတာ အရေပြားက ဆဲလ်သေတွေတ ဖြည်းဖြည်းများလာပြီး အချိန်ကြာကြာ ပွတ်တိုက်သန့်စင်မှုမပြုတာကြောင့် အရေ ပြားပေါ်မှာ မာကျောတဲ့ အသားမာတွေ ဖြစ်ပေါ်လာရတာပါ။ ကြေးတွန်းကျောက် ဒါမှမဟုတ် ကြေးတွန်းတဲ့ဘရပ်ရှ် သုံးပြီး ခြေဖဝါးနဲ့ ခြေဖနောင့်တွေကို ပုံမှန်ရေချိုး တိုင်း ပွတ်တိုက်ပေးကာ၊ ရေချိုးပြီးချိန်မှာ အစိုဓာတ်ထိန်း ခရင်မ်တစ်မျိုး ချက်ချင်း လိမ်းထားလိုက်ပါ။

လက်သည်း ခြေသည်း ကျန်းမာစေမည့် အစာစားပါ
 သင်ဟာ လက်သည်းခြေသည်း ကျန်းမာရေးကို အထူး ဂရုစိုက်ပြီး သက် သောင့်သက်သာဖြစ်စေမယ့် ဖိနပ်မျိုးကို စီးတာတောင် သင့်ခြေသည်း တွေက ပျက် စီးပြီး ခြောက်သွေ့နေတယ်ဆိုရင်တော့ သင်စားတဲ့အစားအစာထဲမှာ လိုအပ်မှုရှိ နေပါပြီ။ ဗီတာမင်စီ၊ အီး၊ ဘီ-၁၂၊ ဇင့် ဓာတ်တွေ သင့်ခန္ဓာကိုယ်က လိုအပ်နေ တာဖြစ်ပြီး၊ ငါး ၊ အသား ၊ ဥ ၊ သင်းရွက် သုပ်၊ အာလူးနဲ့ မုန်လာဥနီတွေပါဝင် အောင်စား ပေးပါ။

 ခြေဆစ်ရိုးကို ဂရုပြုပါ
 ခြေမနေရာက ခြေဆစ်ရိုးဟာ တ ဖြည်းဖြည်းကြီး လာပြီး ကားထွက်လာကာ ခြေချောင်းလေးတွေ ပုံစံပျက်စီးလာတာ မျိုးပါ။ ခြေမဘေးက ခြေဆစ်ရိုးဖုတ ဖြည်းဖြည်း ကြီးလာတာမျိုးပါ။ အမျိုးသ မီးတွေမှာ အမျိုးသားတွေထက်ပိုပြီးတွေ့ ရတတ်ပါတယ်။ ခြေဆစ်ရိုးဖု တဖြည်း ဖြည်းကြီး လာတာမျိုး မဖြစ်စေဖို့ ဖိနပ်ကို သင့်ခြေချောင်းလေးတွေထက်ကျယ်တာ မျိုးရွေးစီးပါ။ ခြေချောင်းထိပ်တွေ ကျပ်မ နေပါစေနဲ့။ ဒေါက်မြင့် ဖိနပ်မစီးပါနဲ့။ နား လည်တဲ့ဆရာဝန်ကို ပြသတိုင်ပင်ပါ။

 ခြေသည်းပုံမှန်ညှပ်ပါ
 ခြေသည်း အရှည်ထားတဲ့သူ မဟုတ် ရင် သင့်ခြေသည်း တွေကို ပုံမှန်လှီးဖြတ် ပေးတာက ခြေစွယ်ငုပ် တာကို သက်သာ စေနိုင်ပါတယ်။ ခြေသည်းရှည်ထားသူတွေ ဆိုရင်လည်း ခြေသည်းထောင့်စွန်းတွေကို ပုံမှန်လှီးဖြတ်ပေးတာမျိုးနဲ့ ကြေးမဝင်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ နှစ်ပတ်တစ်ကြိမ် ခြေသည်းညှပ်ပါ။ ခြေသည်းထောင့်စွန်း တွေကို ချွန်မနေစေဘဲ ချောမွေ့နေပါစေ။

 ခြေသည်းဝါခြင်းကို ပြုပြင်ပါ
 အရောင်ရင့်ရင့် လက်သည်းဆိုး ဆေးတွေကို အချိန်ကြာကြာအသုံးပြု ခြေသည်းခွံတွေကိုသာ ပြုပြင်ပေးဖို့လိုပါ တယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းဖတ် မှာဆွတ်လိုက်ပြီး ခြေသည်းပေါ်မှာ တစ် မိနစ်လောက်ကပ်ထားပြီးမှ ဆေး ကြောလိုက်ကာ တံစဉ်းနဲ့ပွတ်တိုက် ပေးပါ။ ခြေသည်းခြောက်သွေ့ တတ်တာကြောင့် ရေနံဂျယ်လီ ကို ခြေသည်းနဲ့ ခြေချောင်းလေး တွေပေါ်မှာ လိမ်းပေးပါ။လက် သည်းဆိုးတွေကြောင့် လက်သည်း ဝါတာမျိုးဆိုရင် ဖော်ပြပါနည်းလမ်းနဲ့ သုံးကြိမ်ပြုလုပ်ပေးရင် လက်သည်းအ ရောင်ဖြူလာနိုင်ပေမယ့် လက်သည်းပိုး ဝင်လို့ လက်သည်းဝါတာမျိုးဆိုရင်တော့ နားလည်တဲ့ဆရာဝန်ရဲ့ အကြံကို ယူဖို့ လိုပါတယ်။

 ခြေထောက် အရေပြား စိုပြည်ပါစေ
 ရေဓာတ်ပါဝင်တဲ့ ခရင်မ် တစ်မျိုါ်ကို ခြေထောက် ပွတ်တိုက်ပြီး ချိန်တွင် ပုံမှန် လိမ်းပေးဖို့ လိုပါတယ်။ ခြေထောက်အရေ ပြားက သင့်ခန္ဓာကိုယ်ကတခြားအရေ ပြားတွေထက်ပိုပြီး ခြောက်သွေ့တတ်ပါ တယ်။ ရေဓာတ်ပုံမှန်အားဖြည့်ပေးတာ ကြောင့် ခြေသည်းခွံတွေပါ ပျက်စီးမှုကင်း စေပါလိမ့်မယ်။

 ခြေသွေ့မှု ရှိပါစေ
 ခြေထောက်နဲ့ ခြေချောင်းလေးတွေ ကြားမှာ ရေစိုနေတာမျိုးမဖြစ်ပါစေနဲ့ အ မြဲတမ်းခြောက်သွေ့နေပါစေ။ ရေစိုနေ သေးတဲ့ခြေအိတ်တွေကို မဝတ်ပါနဲ့။ ခြေ စွပ်တွေကို နေ့စဉ်လျှော်ဖွပ်ပြီးမှ ပြန်သုံး ပါ။ ခြေအိတ်နဲ့ ဖိနပ်မစီးခင်အချိန်မှာ သင့်ခြေထောက်တွေ စိုစွတ်မနေစေဖို့ ဂရု စိုက်ပါ။

 ခြေဖနောင့် ဂရိုစိုက်ပါ
 ခြေဖနောင့် နေရာမှာ အသားမာ တက်တာမျိုး၊ ကွဲအက် တာမျိုး၊ ဖိနပ်ကျပ် ကျပ်တွေကြောင့်ထိခိုက်မိတာမျိုးမဖြစ်စေ ဖို့လိုပါတယ်။ ခြေထောက်ရဲ့ဖိအားဟာ ခြေဖနောင့်ပေါ်မှာ အများဆုံးသက် ရောက်မှုရှိတာကြောင့် ခြေဖနောင့်ထိ ခိုက်မှုဖြစ်မယ် ဆိုရင် သင့်ခြေလှမ်း တိုင်းကို လည်း အလှပျက်စေနိုင် ပါတယ်။
 သဲသဲ
ရိုးရာလေး

ရဲဘော်တစ်ဦးမှ ဒုအရာခံ ဗိုလ်တစ်ဦးအား လူမဆန်စွာ မီးရှို့သတ်ဖြတ်မှုအား တပ်ရင်းမှူးမှ အချုပ် (၂) ပတ်သာ ပြစ်ဒဏ်ချမှတ်


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ရခိုင်ပြည်နယ် ၊ အမ်းမြို့ရှိ လလစ (၇၅၇) တပ်တွင်း စားသောက်ဆိုင်တွင် ၁၈.၈.၂၀၁၃ နေ့  ည(၈း၀၀) အချိန်ခန့်တွင် ကိုယ်ပိုင်အမှတ် ၅၂၇၅၆၅ ဒုအရာခံဗိုလ် စံလွင် နှင့် ကိုယ်ပိုင်အမှတ် တ-၂၇၄၆၂၈ တမ်သားအေးကျော်တို့သည် ကတောက်ကဆဖြစ်ခဲ့ရာ တမ်သားအေးကျော်မှ ဆဲဆိုစိန်ခေါ်၍ ဒုအရာခံဗိုလ်စံလွင်မှ လက်သီးဖြင့် (၂) ချက်ထိုးခဲ့သည်။

ထိုကိစ္စအား မကျေနပ်၍ တပ်သားအေးကျော်မှ ၁၈.၈.၂၀၁၃ နေ့ ည (၁၂း၀၀) အချိန်ခန့်တွင် ဒုအရာခံဗိုလ် စံလွင် အိပ်စက်နေသော လက်နက်ပြင်အခန်း၏ ပြတင်းပေါက်မှန်အားရိုက်ခွဲ၍ အတွင်းသို့ ဓါတ်ဆီနှင့် အင်ဂျင်ဝိုင်ရောထားသော ပလပ်စတစ်ပုံးအား မီးစာတပ်၍ ပစ်သွင်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ နောက်တစ်နေ့ နေ့လည်ပိုင်းတွင်လည်း တပ်ကြပ်ကြီး သန်းထွန်း၏ ဖုန်းအားခေါ်ဆို၍ \"ဒုအရာခံဗိုလ် စံလွင်သေပြီလား\" ဟု ဆက်သွယ်မြေးမြန်းခဲ့ပါသည်။

မီးလောင်ဒဏ်ရာများကြောင့် ဒုအရာခံဗိုလ်စံလွင်မှာ ဆေးရုံတွင် (၇)ရက်ခန့်ဝေဒနာခံစားရပြီး နောက် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်ခဲ့ပါသည်။ မီးရှို့ထွက်ပြေးသွားသော တပ်သားအေးကျော်သည်လည်း ခွင့်မဲ့ပျက်ကွက် (၈) ရက်ခန့်အကြာတွင် တပ်မှ ပြန်လည်ဖမ်းဆီးမိခဲ့ပါသည်။ ထိုကြောင့်ဖြစ်ရိုးဖြစ်စဉ်အရ ထိုစစ်သားမှာ မိမိသတ်ကြောင်းဝ ၀န်ခံပြောဆိုထားခြင်း ၊ တပ်မတော်တွင် အထက်အရာရှိအား ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျဖြင့် မီးရှို့သတ်ထားခြင်း စသည်ပြစ်မှုများကြောင့် စစ်စည်းကမ်းအရ ပြင်းထန်စွာအရေးယူရမည်ဖြစ်ပါသည်။

သိုရာတွင် လက်ရှိ အခြေအနေမှာ ထိုသို့မဟုတ်ပဲ အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ (လျှပ်/စက်) မှ တပ်မှူးဖြစ်သူ ကြည်း(၃၂၀၄၃) ဗိုလ်မှူုးကျော်စွာဝင်းမှ ထိုဖြစ်စဉ်အား ည(၁၂း၀၀) အချိန်တွင် ဖြစ်သည်ကို နံနက် (၇း၀၀) ဖြစ်သည်ဟုလည်ကောင်း၊ ၁၈.၈.၂၀၁၃ ကို ၁၉.၈.၂၀၁၃ ဟူ၍လည်းကောင်း မီးလောင်မှုကို အက်ဆစ်ပုံအား မတော်တဆ တိုက်မိ၍ လည်းကောင်း အထက်သို့တင်ပြထားပါသည်။

ထိုထက်ဆိုးသည်မှာ အထက်အရာရှိအား မီးရှို့သတ်ဖြတ်ထားသော တပ်သားအေးကျော်အား တပ်သို့ပြန်လည်ရောက်ရောက်ချင်း မည်သည့်အရေးယူမှု့မျှ မလုပ်ပဲ အမ်းမြို့ရှိ \'ရိုးမချစ်သူ\' ဘီယာဆိုင်သို့ခေါ်သွားကာ ဘီယာတိုက်ခဲ့ပါသည်။ ထိုနောက် တပ်တစ်တပ်လုံးအား ထိုရဲဘော်အား မည်သူမျှလက်ဖျားနဲ့ မထိရန် နှင့် အဆိုပါဖြစ်စဉ်အား အဖြစ်မှန်အတိုင်း မည်သူမျှ မထွက်ဆိုရန် ချိန်းခြောက်ထားခဲ့ပါသည်။ နောက်တစ်နေ့တွင် ထိုရဲဘော်အားရုံးတင်၍ တပ်မှစစ်သည်များကျေနပ် စေရန် အချုပ် (၂)ပတ်သာ အမည်ခံချခဲ့ပါသည်။ ထိုသပ်သား အေးကျော်သည် အချုပ် (၂) ပစ်ဒဏ်မှ လွဲ၍ မည်သည့်ပြစ်ဒဏ်မှ ခံစားရခြင်းမရှိပဲ လွတ်မြောက်လျှက်ရှိပါသည်။

The Burma Post


နိုင်ငံ့ဘဏ္ဍာငွေအလွဲသုံးသူများ၏နိုင်ငံခြား ဘဏ်စာရင်းများလော၊ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့်ငါးခုကို အစိုးရအနေဖြင့်ဖော်ထုတ်ရှင်းလင်းရန် လိုလာ

#သတင်းဆောင်းပါး

မြန်မာနိုင်ငံမှနိုင်ငံခြားဘဏ်များတွင်ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိနေပြီးအဆိုပါ ဘဏ်စာရင်းများကြောင့်မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်ကအကြွေးလျှော်ပေးမည့်အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့်ဘဏ်စာရင်း ငါးခုအတွက်ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟုစီးပွားရေးပညာရှင်များက ဆိုသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကိုနိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှအပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်းကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာကစက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့်ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့်အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၈၉၀ ကျော် တင်ရှိနေကြောင်း၊တစ်ဘီလျံပင်မရှိသည့် ယင်းပမာဏသည်နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှအတိုးများ တက်လာခြင်းကြောင့်စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်မြန်မာနိုင်ငံမှပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိနေခဲ့ကြောင်း ကိုကမ္ဘာ့ဘဏ်မှအာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှကမ္ဘာ့ဘဏ်ချေးငွေနှင့်စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင်ယခင်အစိုးရ လက်ထက်များက တင်ရှိသည့်အကြွေးများ လျှော်ပေးရန်တောင်းဆိုပါက လျှော်ပေးလေ့ရှိ သော်လည်းမြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင် ငံများကဲ့သို့ အခွင့်အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင်ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ အပ်နှံထားသည့်အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

"မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကိုအစိုးရသစ်နိုင်ငံအသစ် ဖြစ်သွားလို့အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့လုပ်လို့မရဘူး။ တခြားနိုင်ငံတွေ ဆိုရင်ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကိုဘာလို့လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ်စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူအကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီအကောင့်ငါးခုမှာ ၁၁ ဘီလျံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့်ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုမေးခွန်းထုတ်တယ်။ အကြွေးတွေလည်းလျှော်မပေးခဲ့ဘူး" ဟုလည်း ကမ္ဘာ့ဘဏ်၊အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအားကြွေးမြီနှင့်ပတ်သက်၍ဖြေရှင်းရန် နည်းလမ်းသုံးခုပေးခဲ့ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုကိုလုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊မြန်မာပြည်သူများ အနေဖြင့်အဆိုပါဘဏ်စာရင်းငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း၎င်းကထုတ်ဖော်ခဲ့သည်။

Mr.Jelson Garcia က "အဲဒီအတွက် မြန်မာနိုင်ငံကိ Option သုံးခု ထုတ်တယ်။ ၁၁ ဘီလျံရှိတဲ့ ဘဏ်အကောင့်ငါးခုထဲကထုတ်ပြီးဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ်ကြားကနေပြီး အကြွေးဟောင်းကိုဆပ်ပြီးအကြွေးသစ်ကို လုပ်ပေးတဲ့သူကိုရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေပေါင်းပြီးTrust Bank လိုမျိုးကမ္ဘာ့ဘဏ်ကိုရန်ပုံငွေလိုများ လုပ်မလားဆိုပြီးထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကိုရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီအကောင့်ငါးခုကို ခုထိမြန်မာပြည်သူတွေ မသိသေးဘူး" ဟု Mr.Jelson Garcia က ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီးအကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့မြန်မာနိုင်ငံမှတင်ရှိနေသည့် ကြွေးမြီများကိုဝင်ရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ် ကြောင်း၊မြန်မာနိုင်ငံ အနေဖြင့်ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက်ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေးအမေရိကန်ဒေါ်လာ သန်း၈၉၀ ကျော်အားဂျပန်နိုင်ငံသို့ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့်ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များပြည်ပသို့လေးနှစ်နီးပါး ရောင်းချမှုမှရရှိသည့်ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။

မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင်အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့်နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။

နိုင်ငံတွင်အကြွေး၁၁ ဘီလျံရှိနေချိန်နိုင်ငံတော် အစိုးရသည်ပင်အကြွေးဆပ်ရန်မထိရဲခဲ့သော ဘဏ်စာရင်းငါးခုထဲတွင်အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီးအဆိုပါဘဏ်စာရင်း ငါးခုကြောင့်လည်းနိုင်ငံတော်အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီဖြစ်သည်။

၎င်းအပြင်မြန်မာနိုင်ငံအနေဖြင့်ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှအတိုးနှုန်း၎ ဒသမ၅ ရာခိုင်နှုန်းအထိ ပေးရမည့်ချေးငွေများကိုမ ရယူသုံးစွဲနေရချိန်တွင်မြန်မာနိုင်ငံမှဒေါ်လာ ၁၁ ဘီလျံကိုအတိုးနှုန်းနှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့်နိုင်ငံခြားဘဏ်များတွင်သွားရောက်အပ်နှံ ထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။

အတိုးများများဖြင့်ယူသုံးပြီးအတိုးနည်းနည်းသာ ပြန်ရမည့်ဘဏ်များတွင်ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည်ဆိုခြင်းကိုအစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီဖြစ်ကြောင်းနှင့်ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့်ဘဏ်စာရင်းသို့မဟုတ် ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများကပိုင်ဆိုင်သည့် ဘဏ်စာရင်းဟုတ်မဟုတ်ရှင်းလင်းရန် လိုအပ်လာသည်။

နိုင်ငံတော်၏ သစ်၊ကျောက်မျက်၊တွင်းထွက်၊ သတ္တု၊သဘာဝဓာတ်ငွေ့အပါအ၀င် နိုင်ငံ့သယံဇာတများရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်သယံဇာတအရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့်ဥပမာအားဖြင့်လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိမြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်းအပါအ၀င်စီမံကိန်းပေါင်းများစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများအဆိုပါ ဘဏ်စာရင်းများထဲ၌ပါနေခြင်းရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့်အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

နိုင်ငံနစ်နာသည့်အတွက်အဆိုပါ ဘဏ်စာရင်း ငါးခုအားနိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန်လိုအပ်လာကြောင်းနှင့်အဖွဲ့ဖွဲ့စစ်ဆေး ရန်လိုအပ်လာကြောင်း၊အရေးယူသင့်လျှင်ပင် အရေးယူရမည်ဖြစ်သည်ဟု ဥပဒေနှင့်စီးပွားရေး ပညာရှင်တစ်ဦးကထောက်ပြခဲ့သည်။

ဥပဒေနှင့် စီးပွားရေးပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းကဖြစ်ခဲ့တာဆိုရင် လည်းဥပဒေကိုချိုးဖောက်ရင် စစ်ဆေးအရေးယူခွင ရှိတယ်။ ဥပဒေနဲ့အညီလုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလားဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီးအများပြည်သူကိုချပြသင့်ပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်ကလုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင်စစ်ဆေးအရေးယူခွင့်ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီးကိုယ်ကအတိုးနှုန်း၎ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့်ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီးသုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်းငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ်အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီးအများပြည်သူကို ချပြသင့်တယ်" ဟုထောက်ပြခဲ့သည်။

စီးပွားရေးပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့လာဘ်လာဘတွေပါနေသလား ဆိုတာပါစစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင်ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက်ပြန်စစ်ပြီးအရေးယူလို့ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးကနိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါစစ်သင့်ပါတယ်" ဟုလည်းပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့်အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်းအထိပင် အမေရိကန်ဒေါ်လာ သန်း၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း၂၀၀၀ ကျော်ပမာဏအထိ ချေးယူသုံးစွဲထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်းအတိုးနှုန်း၎ ဒသမ၅ ရာခိုင်နှုန်းပေးရမည့်ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူရဦးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့်ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင်အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိပြန်ဆပ်ရန် ကျန်နေသေးသည်။

မြန်မာနိုင်ငံ အနေဖြင့်အတိုးနှုန်းမြင့်မားစွာဖြင် ယူထားသော ချေးငွေများအပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့်လူမှုဘ၀ အကျပ်အတည်းများကိုအစိုးရသစ်ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့်အချိန်တွင် သဘာဝဓာတ်ငွေ့လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊နိုင်ငံတကာ အကြွေးအားလုံးကိ တစ်ချက်တည်းဖြင့်အကြေဆပ်နိုင်သည် ငွေပမာဏများကို နိုင်ငံခြားတွင်အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင်အများပြည်သူ အနေဖြင့်လည်းမေးခွန်းထုတ်ရမည့်ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။

၁၉၈၈ ခုနှစ်မတိုင်မီချေးယူခဲ့သည့် ချေးငွေများအတွက်ပြန်လည်ပေးဆပ်ရန ကျန်ရှိသည့်ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)

နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ

အေဒီဘီချေးငွေ ၃၅၆ဒသမ ၉၃၅ အိုင်ဒီအေချေးငွေ၈၀၀ဒသမ ၅၉၀ ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉ ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ဒသမ ၇၂၈ ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀ ကနေဒါနိုင်ငံမှချေးငွေ ၈ဒသမ ၀၅၆ ဖင်လန်နိုင်ငံမှချေးငွေ ၄ဒသမ ၈၁၂ ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆ အီတလီနိုင်ငံမှချေးငွေ ၆ဒသမ ၀၉၀ နယ်သာလန်နိုင်ငံမှချေးငွေ ၉ဒသမ ၇၅၆ နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆ သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇ အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂ စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈

ဘဏ္ဍာနှစ်အလိုက်သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ (အမေရိကန်ဒေါ်လာ၊သန်း)

ဘဏ္ဍာနှစ် ပမာဏ ၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃ ၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄ ၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉ ၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉ ၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃ ၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂ ၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့်အထက်

၁၉၈၈ ခုနှစ်နောင်ပိုင်းချေးယူခဲ့သည့် ချေးငွေများအတွက်ပြန်လည်ပေးဆပ်ရန ကျန်ရှိသည့်ပြည်ပချေးငွေများ (အမေရိကန် ဒေါ်လာသန်း)

နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ

အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈ အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ဒသမ ၃၈၉ ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇ ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆ ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀ မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ဒသမ ၀၀၀ ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆ တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄ စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀

Credit to-Eleven Media Group