ပုဂံစေတီရင်ပြင်များပေါ်တွင် ကွန်ဒုံးများ မကြာခဏတွေ့


မန်မာ့ယဉ် ကျေးမှု၏ အသည်းနှလုံးနေရာ ဖြစ်သည့် ပုဂံဒေသမှ စေတီပုထိုး ရင်ပြင်များပေါ်တွင် ကွန်ဒုံးများ တွေ့လာရကြောင်း ပုဂံတွင် ဧည့် လမ်းညွှန်လုပ်ကိုင်သူများ၏ပြော ကြားချက်အရ သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ အလွန်စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ရှေးဟောင်းမြို့ တော်ပုဂံဒေသက စေတီပုထိုးများ တွင် မဖွယ်မရာကိစ္စများကို ပြု လုပ် လျက်ရှိပြီး ကွန်ဒုံးများကို စည်း ကမ်းမဲ့စွန့်ပစ်လျက်ရှိကြောင်း ယင်း တို့၏ ပြောကြားချက်အရ သိရ သည်။ ဧည့်လမ်းညွှန်ဦးဆန်းဝင်းက ''ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့ ပြချင်တဲ့နေရာခေါ်သွားကာမှ သူတို့မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့ဖယ်ပစ်ရတယ်။ ပုဂံလို ထူးခြားပြီး သာသနိကအဆောက် အအုံတွေရှိ တဲ့နေရာ မှာ ဒါတွေရှိ နေတာဟာ မကောင်းပါဘူး''ဟု ပြောသည်။

ဧည့်သည်တွေ ကို ဗျူးလေး ကောင်း လို့

ပြချင်တဲ့နေရာခေါ်သွားကာမှ

သူတို့  မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့
ဖယ်ပစ်ရတယ်။



အခါကြီးရက်ကြီး အားလပ် ရက်များတွင် ဟိုတယ်သို့ မသွားနိုင်သည့် သာမန် လက်လုပ်လက်စား စုံတွဲများမှာ လူသွားနည်းသည့် ဘုရားများ၊ လမ်း မကြီးများ နှင့် ဝေးသည့် ပုထိုးများ တွင် မဖွယ်မရာများ ပြုလုပ်ပြီး ကွန်ဒုံးများကို ယင်းကဲ့သို့ စွန့်ပစ် နေကြကြောင်း သိရသည်။

''FDI တိုးတွေဟာ ဧည့်လမ်း ညွှန်တို့၊ ကားဆရာတို့မပါဘဲ လမ်း ညွှန်စာအုပ်နဲ့ ချောင်ထဲက စေတီ ပုထိုးတွေ ထိသွားလေ့ရှိတယ်။ နောက်တစ်ခါတ လေကျရင် အဲဒါ တွေကို ချောင်းပြီး ကင်မရာရိုက် နေတဲ့သူတွေကိုလည်း တွေ့ဖူး တယ်''ဟု  Myanmar Voyages International Tourism  ကုမ္ပဏီမှ ဒေါ်ဝါဝါလေး က ပြော သည်။ ဧည့်လမ်းညွှန်များ၊ စား သောက်ဆိုင်များနှင့် အဖွဲ့အစည်း များအနေဖြင့်လည်း ပုဂံဒေသ တွင် လုပ်အားပေးအမှိုက်ကောက် မှုများရှိ နေကြောင်း ယင်းကဲ့သို့ အမှိုက် ရှင်းလင်းသည့်အဖွဲ့ အနေ ဖြင့်လည်း အဆိုပါကွန်ဒုံးများကို လမ်းတွင် များပြားစွာတွေ့ရှိနေရ ကြောင်း သိရသည်။

''ဒီလို ကိစ္စမျိုးတွေက လူ့ကျင့် ဝတ်နဲ့ သက်ဆိုင်တယ် စည်းမျဉ်း စည်းကမ်းထုတ်စရာမလိုဘူး၊ ထုတ် ရင်ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလိုဖြစ်မယ်။ ဗုဒ္ဓဘာသာ တွေ ဆိုရင် စောင့်ထိန်းရမယ့်အသိရှိရ မယ်။ ဆိုင်းဘုတ်ထောင်စရာကို မလိုတာအရေးယူဖို့လည်း ပုဂံဆို တာက အကျယ်ကြီး ဒီဌာနမှာရှိ တဲ့ လူအင်အား နဲ့ လဲမဖြစ်နိုင် ဘူး''ဟု ပုဂံရှေးဟောင်းသုတေသ န၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်ဦးနိုင်ဝင်းက ပြောသည်။

ရွှေနု ၊ မေသက်ဇင်
Yangon media


ဆားဝက်ခြံများကို တိုက်ထုတ်နည်းများ


မျက်နှာပေါ်မှ ဆားဝက်ခြံများဟာ အလှအပ အတွက် မဟာရန်သူတော်များ ဖြစ်ပါတယ်။ ဒါကြောင့် ဆား ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေ အတွက် တိုက်ထုတ်နည်းလေးတွေ တင်ပြလိုက်ပါ တယ်။

ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီး တွေကို အစေ့တွေဖယ်ပြီး ညှစ်ထားတဲ့ အရည်ကို ဆားဝက်ခြံပေါ်မှာ အုပ်တာဟာ အကောင်း ဆုံး ပေါင်းတင် ဆေးပါပဲ။ ခရမ်းချဉ်သီး အနှစ်ရည်ကို ဆားဝက်ခြံ ဖြစ်တဲ့နေရာမှာ ၁ဝ မိ နစ် ခန့်ထားပြီး ရေအေးဖြင့် ပြန်လည် ဖယ်ရှားပါ။

ရွှံ့စေးရေ
ရွှံ့စေးရေကတော့ ဝက်ခြံက အဆီတွေကို စုပ်ယူမယ့် အကောင်းဆုံး သဘာဝရေပါ။ ဆိုးဝါးပြင်းထန်တဲ့ ဝက်ခြံတွေ အတွက် လိမ်းရလည်းအေးပြီး အဆီစုပ်မှုလည်း အားကောင်းတဲ့ ရွှံ့ရေ ပေါင်း တင်ဆေးက ပိုမို ထိရောက်ပါတယ်။ ဈေးကွက်ထဲမှာ အသင့်လုပ်ပြီးသား ရွှံ့အခြေခံ ပေါင်းတင်ဆေးတွေ ရှိပါတယ်။

နွားနို့ရည်
နွားနို့စစ်စစ် အနည်းငယ်ကို ဂွမ်းသန့်သန့်လေးနဲ့ အနည်းငယ်ယူပြီး အမည်းစက်တွေ ပေါ်ကို ၁၅ မိနစ်ခန့် ထားပေးပါ။ အမည်းစက် သို့မဟုတ် ဝက်ခြံခေါင်းတွေ နူးညံ့လာပြီး ဖယ်ရ ပိုလွယ်ကူ တာ တွေ့ရပါမယ်။

သွားတိုက်ဆေး
နှာခေါင်းပေါ်က အမည်းစက်၊ ဆားဝက်ခြံတွေ အတွက် အရိုးရှင်းဆုံး နည်းက သွားတိုက်ဆေးပါ။ သွားတိုက် ဆေး အနည်းငယ်ကို ရေစွတ်ထားတဲ့ နှာခေါင်းပေါ် လိမ်းပေးပါ (မျက်လုံးကို သတိထား ပါ) စိုနေတဲ့ သွားတိုက်တံလေးနဲ့ သွားတိုက်ဆေး ပွတ်ထားတဲ့ နေရာကို ဖြည်းဖြည်းလေး နေ့စဉ် ပွတ်ပေးပါ။ ဒီနည်း လမ်းဟာ အငြင်းပွားဖွယ်ရာ ရှိပေမဲ့ ဆားဝက်ခြံ ရှိသူများ အတွက်တော့ အ လွယ်ဆုံး နည်းလမ်းလေးပါ။ ဒီနည်းသုံးပြီးလျှင် သွားပွတ်တံကို ရေနွေး ပူပူဖြင့် စေ့စပ်စွာ ဆေးကြော သန့်စင်ပါ။ ကြယ်ရီ
မြ၀တီ