ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ တစ်ဦး အိတ်ဆွဲလုခံရ


မန္တလေး၊ သြဂုတ်၎

မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့သစ် ကားလမ်း၊ အနော်ရထာလမ်း တောင်ဘက်ရှိ ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ် အချိန်၌ ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးခံရမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ပြင်သစ်နိုင်ငံသူ Ms. Amilie Schaitt ၂၃ နှစ်သည် လှည့်လည် ဓာတ်ပုံ ရိုက်နေစဉ် အနော်ရထာလမ်း တောင်ဘက်ရှိ လူသွားလူလာ ပြတ် တတ်သော ဆူးလေကုန်းဘုရား အနီးတွင် ၎င်း၏ ခါးပတ်အိတ်ကို အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက လုယူရာ ပြန်လည် ဆွဲသဖြင့် ပြင်သစ်နိုင်ငံသူ၏ ဝဲမျက်လုံး ညိုမည်း၊ လည်ပင်း ဝဲဘက်လက်ပြင် ပွန်းသော ဒဏ်ရာများ ရရှိခဲ့ကြောင်း ညောင်ဦး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီနှစ်ဆန်းပိုင်းအတွင်းမှာ ဒီလို ဖြစ်စဉ် လေးကြိမ်လောက် ရှိသွားပြီ။ လုံခြုံရေးကတော့ လုပ်နေတာပါပဲ။ ဆူးလေကုန်းဘက်ဆိုတာက လူအသွားအလာ နည်းတဲ့ နေရာတွေပါ။ နောက်ပြီး နိုင်ငံခြားသားတွေ က တောလမ်းလို နေရာတွေကို စက်ဘီးနဲ့ တစ်ယောက်တည်း သွားကြ တယ်။ လုံခြုံရေးကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတာပါ။ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေ၊ Toursim Police တွေနဲ့လည်း လုံခြုံရေး ဆောင်ရွက်ပေးနေတာပါ။ လိုအပ် သလို ပြင်ဆင် ဆောင်ရွက်နေတာပါ။ အခွင့်အရေးသမားကတော့ အမြဲ စောင့်မှာပါပဲ” ဟု ပုဂံ ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက The Voice သို့ ပြောဆိုသည်။

လုယူသွားသော ခါးပတ် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ အမေရိကန်ဒေါ်လာ ၂၀၀၊ မြန်မာငွေ ၁၀၀၀ ကျပ်၊ Credit Card တစ်ခု၊ Flight Ticket တစ်စောင်၊ Bank Account Imformation တစ်ခုတို့ ပါသွားကြောင်း၊ အဆိုပါ ဧည့်သည်မှာ ဒဏ်ရာ ရရှိမှုကြောင့် ညောင်ဦးဆေးရုံ တွင် ပြင်ပ လူနာအဖြစ် ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် ဘန်ကောက်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။

ပြင်သစ်နိုင်ငံသူ လုယက်ခံရမှုနှင့် ပတ်သက်၍ ၎င်းတည်းခိုသည့် တည်းခိုခန်း ပိုင်ရှင်က တရားလိုပြု တိုင်တန်းသဖြင့် ညောင်ဦး ရဲစခန်းတွင် (ပ) ၉၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၆၈ အရ အမှုဖွင့်ခဲ့ပြီး တရားခံကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရုံးထံမှ သိရသည်။
The Voice Weekly

ကျိုင်းတုံ ရပ်ကွက်အချို့ ရေလွှမ်း


ကျိုင်းတုံ၊ သြဂုတ်လ ၎

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သြဂုတ်လ ၄ ရက် နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရပ်ကွက်အချို့ ရေဖုံးလွှမ်းခဲ့ကြောင်း ယင်းမြို့ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“မိုးကသဲသဲမဲမဲရွာတယ်။ အဲဒီမှာ ရေတွေက မြောင်းတွေကနေ ကားလမ်းပေါ် ကျော်တက်ပြီး အိမ်တွေထဲအထိ ဝင်ကုန်တယ်” ဟု ရပ်ကွက် (၃) နေ ဦးစိုင်းခမ်းကျောက်က The Voice သို့ ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျရေသည် ကျိုင်းတုံမြို့၏ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၄) တို့ အတွင်းသို့ ရေလျှံခဲ့ပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာလည်း ရေမြောင်းပေါ်တွင် တည်ဆောက်ထားသည့် တံတားများမှာ ကျဉ်းမြောင်းသဖြင့် ရေကောင်းစွာ စီးဆင်းမှု မရှိသောကြောင့် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းထိုက်က ဆိုသည်။

“မိုးကြီးလို့ ကျောင်းမြေသား ထိန်းထားတဲ့ အုတ်တံတိုင်း ပြိုကျသွားတာ ၁၀ ပေကျော် လေးခန်း ပျက်စီးသွားတယ်” ဟု ရပ်ကွက် (၄) အတွင်းရှိ အလက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွန်းခမ်းက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့နယ်တွင် ယင်းရပ်ကွက်များသည် နှစ်စဉ် ရေကြီးရေ လျှံကာ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ပေးရကြောင်း ယင်းမြို့နယ်ဒေသခံများနှင့် လူမှုရေး အသင်းအဖွဲ့များက တူညီစွာ ပြောဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သော မိုးရေချိန်သည် ၂ ဒသမ ၁၃ လက်မ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
The Voice Weekly

သာကေတရဲနှင့် ပြည်သူ ပဋိပက္ခ ပြည်သူ ၂ဝကျော်အား ဝတ္တရားနှောင့်ယှက်မှုဖြင့် ဖမ်းဆီး


သာကေ တ အနော်မာ ရပ်ကွက်၌ ရဲနှင့် ပြည်သူ ပဋိပက္ခဖြစ်ပွားမှုတွင် ဝတ္တ ရားနှောင့်ယှက်မှုဖြင့် အရေးယူ ခံရသူ ၅ဝအနက် ၂ဝကျော်ကို ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသည့်လူများကို တရားဥပဒေအရ အရေးယူနိုင် ရန် ထပ်မံဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဖြစ် ရပ်ကို မှန်ကန်တိကျစွာကိုင်တွယ် ရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ရဲတပ်ရင်း ကွပ်ကဲမှု ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါတာဝန်ရှိသူက''ကျွန် တော်တို့အနေနဲ့ ဥပဒေအတိုင်း ဖမ်းဆီးစစ်ဆေးတာကို လူစုလူ ဝေးနဲ့ဝိုင်းပြီး ဆူပူအောင်လုပ်လို့ ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေး ယူတာပါ။ ဒါဟာ တာဝန်ထမ်း ဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်း တွေကို နှောင့်ယှက်တာပါပဲ''ဟု ပြောသည်။

ယင်းဖြစ်စဉ်မှာ ဇူလိုင် ရ ရက်က သာကေတအနော်မာ (၁)ရပ်ကွက်ရှိ နေအိမ်တစ်အိမ် အား သာကေတ အမှတ်(၁)ရဲစ ခန်းက မူးယစ်ဆေးဝါးလက်ဝယ် ထားရှိသည်ဟူသောသတင်းကြောင့် ဖမ်းဝရမ်းဖြင့်ဖမ်းရာမှ ယင်းရပ် ကွက်အနီးနေ ပြည်သူ ၅ဝခန့် က ဖမ်းထားသောလူနှစ်ဦးကို ပြန်လွှတ်ပေးရန်တောင်းဆိုရာမှ တစ်ဖက်နှင့် တစ်ဖက်အချင်းများ သောကြောင့် ရန်ကုန်တိုင်းရဲရုံးမှ တာဝန်ရှိသူများအပါအဝင် လုံခြုံ ရေးရဲများဖြင့် ယင်းလူအင်အား ၅ဝကို အင်အားသုံးကာ ဥပဒေ အတိုင်းရှင်းလင်းခဲ့ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ သာ ကေတအနော်မာရပ်ကွက်နေ ပြည်သူတစ်ဦးက ''ဒီကိစ္စကို အ နော်မာရပ်ကွက်အနီးတစ်ဝိုက်က လူတချို့က မကျေနပ်ဘူး။ ဒါ သက် သက်ခွင်ဆင်ပြီးဖမ်းတာလို့တော့ ပြောနေကြတယ်''ဟုပြောသည်။

ကျော်မြတ်ဇံ - ရန်ကုန်တိုင်း နေ့စဉ်သတင်းစာ

ရာသီဥတု ဖောက်ပြန်မှုကြောင့် ပျက်စီးသီးနှံစိုက်ခင်းများ ပြန်စိုက်ပျိုးနိုင်ရန် ကူညီမည်


ရန်ကုန်၊ သြဂုတ် ၎

မိုးရွာသွန်းခြင်း မရှိဘဲ မိုးခေါင် ခြောက်သွေ့သော ဒေသ များတွင် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးဆုံးရှုံးသွားမှုအပေါ် ပြန်လည် ထူထောင်နိုင်ရန် အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင်လအတွင်း မိုးရွာသွန်းခြင်း မရှိဘဲ မိုးခေါင်ခဲ့မှုကြောင့် နှမ်းနှင့်အခြား စိုက်ပျိုးသီးနှံ အများအပြား တိုင်းဒေသကြီး အချို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ တောင်သူများ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းကြောင့် ဒေသခံ တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်ဆပ်ရန် အချိန်ကာလ ရွှေ့ဆိုင်းပေးခြင်းနှင့် မျိုးစေ့များ ထုတ်ပေးခြင်းစသည်တို့ကို ပျက်စီးဆုံးရှုံးခဲ့သည့် မြို့နယ်အလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြ ပြောဆိုသည်။

မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသရှိ လင်းခေး၊ မြင်းခြံ၊ နွားထိုးကြီး၊ ပွင့်ဖြူ၊ ရွှေဘိုနှင့် ဝက်လက် အစရှိသည့် မြို့နယ်များတွင် ဇူလိုင်လဆန်းက စတင်၍ မိုးရွာသွန်းခြင်း မရှိသောကြောင့် နှမ်း၊ ပဲစင်းငုံ၊ မြေပဲနှင့် အခြားသီးနှံမျိုးစုံ စိုက်ခင်းဧက အများအပြား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။

“မိုးခေါင်လို့ အထွက်နှုန်း ထိခိုက်တာတွေ ရှိတယ်။ ဒါကြောင့် အစားထိုး စိုက်ပျိုးဖို့အတွက် မျိုးစေ့တွေ ပြန်ပေးသွားမယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုင်းမောင်ချစ်က ဆိုသည်။

ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသည်ကို သြဂုတ်လ ၄ ရက်နေ့ ဂြိုဟ်တု တိုင်းတာချက်များအရ တွေ့ရှိရပြီး အဆိုပါ မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မိုးရွာသွန်းနိုင်ခြေ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် သြဂုတ်လ ၆ ရက်နေ့အတွင်း မိုးပို မိုးရွာသွန်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၄ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်သည်။
The Voice Weekly

သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံတွင် ရောင်းစားထားကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်ကြား


ရန်ကုန်၊ သြဂုတ် ၅

၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာမြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ မ----- အား ရွှေပြည်သာမြို့နယ်
နေသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေးနှင့်
မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်းအနီး၌ကြိုတင်ရောက်ရှိနေသူ သားငယ်(စိစစ်ဆဲ)နှင့်
အတူ လားရှိုးမြို့၊ (၉)ရပ်ကွက်နေ မစုစုခိုင်ထွေး၏နေအိမ်သို့
ပို့ဆောင်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ခိုးဝင်ပြီး ရွှေလီမြို့၊ အန်ဝှေ့ရပ်ကွက်ရှိ မရှမ်းမ(စိစစ်ဆဲ)၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း မရှမ်းမနှင့် ခင်ပွန်းဖြစ်သူတို့က သမီးဖြစ်သူအား တရုတ်အမျိုးသား (၂)ဦးထံ ရောင်းစားခဲ့ကြကြောင်းတို့ကို ရွှေလီမြို့၌ သမီးဖြစ်သူနှင့်
တွေ့ခဲ့သော မဇာခြည်စိမ့်စိမ့်ကျော်မှ ၂၀.၇.၂၀၁၃ နေ့တွင်
နေအိမ်အနီးရှိဖုန်းဆိုင်သို့ဆက်သွယ်အကြောင်းကြားပေးလာသဖြင့် သိရှိခဲ့ရသောကြောင့် သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင်ရောင်းစားခဲ့ကြသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေး၊ မစိုးစိုး၊ သားငယ်၊ မစုစုခိုင်ထွေး၊ 
မရှမ်းမနှင့် ၎င်း၏ခင်ပွန်းတို့အား အရေးယူပေးပါရန် 
၎.၈.၂၀၁၃ ရက်နေ့တွင် လှော်ကားနယ်မြေရဲစခန်းသို့ 
လာရောက်တိုင်တန်းခဲ့သဖြင့် (ပ)၂၃၅/၂၀၁၃၊ လူကုန်ကူးမှုဥပဒေ
ပုဒ်မ ၂၄ ဖြင့်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

စစ်တွေတွင် အိမ်ငှားခများ ယခင်ထက် ဆယ်ဆနီးပါးတက်

==========================
ညိုသဏ်း
သြဂုတ်(၄) ရန်ကုန်
ရန်ကုန်တိုင်းနေ့စဉ်
=========================
စစ်တွေ မြို့ရှိ အိမ်ငှားရမ်းခဈေးများမှာ ပဋိပက္ခများနောက်ပိုင်း ဆယ်ဆ နီးပါးဈေးတက်သွားကြောင်း သိ ရသည်။
ယခုကဲ့သို့ အိမ်ငှားရမ်းခ ဈေးများတက်လာရခြင်းမှာ ကူညီ ထောက်ပံ့ရေးလုပ်ငန်းများကို လုပ် ကိုင်ဆောင်ရွက်လာကြသည့် အိုင် အင်န်ဂျီအိုအဖွဲ့အစည်းများ ရုံးခန်း အဖြစ် ငှားရမ်းမှု များလာခြင်း ကြောင့်ဖြစ်ကြောင်း စစ်တွေမြို့ခံ ဖြစ်သူ ကိုအောင်လင်းက ပြော သည်။
''အရင်နှစ်တွေက နှစ်ထပ် တိုက်အိမ်တစ်လုံးကို ငှားရမ်းခ တစ်လကို ကျပ်သုံးသိန်းနဲ့ ငါးသိန်း မှာရှိပါတယ်။ အခုတော့ တစ်လ အိမ်ငှားရမ်းခ ကျပ်ဆယ်သိန်း ကနေ သိန်းသုံးဆယ်အထိ ပေါက် ပါတယ်။ အဲဒီလို အိမ်ငှားခတွေ ဈေးတက်လာတော့ အိုင်အင်န်ဂျီ အိုအဖွဲ့တွေကပေးနိုင်ပေမယ့် အ ခြေခံလူတန်းစားအဖို့ အဆင် မပြေဘူး။ ပြီးတော့ အိမ်ငှားခ ဈေးတက်လာတဲ့အတွက် ဆိုင် ခန်းငှားရမ်းခတွေလဲ အလိုလိုတက် လာပါတယ်''ဟု ယင်းက ဆက် လက်ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် ၂၀၁၂ခုနှစ်အတွင်းက ဖြစ်ပွားခဲ့ သည့်ပဋိပက္ခများအတွက် ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ လုပ် ကိုင်ရန်ဝင်ရောက်နေသည့် အိုင် အန်ဂျီအိုအဖွဲ့ များစွာရှိသည်။
Yangon Media Group

ရွှေတိဂုံ ပုံစံတူစေတီ မိတ္ထီလာတွင် တည်


မန္တလေး၊ သြဂုတ် ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ငွေကျပ် သိန်း ၆၀၀၀ ခန့် အကုန်အကျခံကာ မဟာရန်မျိုးအောင် ရွှေတိဂုံစေတီတော် ပုံစံတူ စေတီ တည်ထားလျက် ရှိကြောင်း ယင်းစေတီ ဦးဆောင် တည်နေသည့် သာသနဝေပုလ္လ ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ကောဝိဒက The Voice သို့ မိန့်ကြားသည်။

“ဉာဏ်တော် အမြင့် ၇၄ ပေ ဖြစ်ပါတယ်။ ခုနစ်ရက် သားသမီးတွေ ကြည်ညို ကုသိုလ် ပွားနိုင်အောင် ရည်ရွယ်ပြီး တည်ထားခြင်း ဖြစ်ပါတယ်” ဟု ဆရာတော် ဘဒ္ဒန္တ ကောဝိဒက ထပ်မံ မိန့်ဆိုသည်။

ယင်း မဟာရန်မျိုးအောင် ရွှေတိဂုံ စေတီတော် ပုံစံတူ စေတီကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က စတင် ပန္နက်တင်ပြီး အများပြည်သူ ကောင်းမှုနှင့် တည်ထားခြင်းဖြစ်ကာ ပြီးစီးရန် အချိန် ၂ နှစ်ခန့် ကြာမြင့် နိုင်ကြောင်း ဆရာတော်ထံမှ သိရှိရသည်။

ယင်းစေတီကို မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် သာသန ဝေပုလ္လ ပရိယတ္တိ စာသင်တိုက်အတွင်း တည်ထားပြီး အလျင်အမြန် ပြီးစီးရန် အလှူငွေများ လိုအပ်လျက် ရှိကြောင်း အလှူငွေများ လှူဒါန်းလိုပါက ပဓာန နာယက ဆရာတော် ဦးကောဝိဒ ဖုန်း ၀၉-၂၂၀၁၂၄၈၊ ရေခါး ဆရာတော် ဦးနန္ဒဓဇ ၀၉-၂၂၀၁၈၈၁၊ ဦးကျော်အေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) ၀၉- ၂၀၂၆၅၆၁ တို့ထံ ဆက်သွယ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူများက ဆိုသည်။

ယင်းစေတီ တည်ဆောက်နေသော သာသနာဝေပုလ္လပရိယတ္တိ စာသင်တိုက် တွင် စာသင်သား သံဃာ ၃၀၀ ခန့် ရှိကြောင်း ယင်းကျောင်းတိုက် ဝါဆို သံဃာ စာရင်းများအရ ထပ်မံ သိရှိရသည်။
The Voice Weekly

တရုတ်ပြည်တွင် အပူချိန် ဆိုးဆိုးရွားရွားလွန်ကဲ


Saturday, Augest 03, 2013

တရုတ်ပြည် အရှေ့ ပိုင်းမှာ အပူချိန် သိသိသာသာ လွန်ကဲနေပါတယ်။ ရှန်ဒေါင်းပြည်နယ်ရဲ့ မြို့ တော် Jinan မှာဆိုရင် ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း မီးဖို မပါပဲတောင် ဟင်းချက်လို့ ရတဲံ အဆင့်အထိ ဖြစ်ပါတယ်။

၁၀၄ ဒီဂရီတောင်ကျော်လွန်ပြီး Level 2 အဆင့်ထိတောင် ရှိပါတယ်။ ဒါကြောင့် နေ့ခင်းနေ့ဘက် အပြင်မထွက်တောင် တားမြစ်အမိန့်ထုတ် ပြန် တဲ့အထိတောင်ဆိုးရွားနေပါတယ်။ သေဆုံးသူလည်း ဒါဇင်ကျော်သွားပါပြီ။ ရာသီဥတု ထူးခြားပြောင်းလဲမှုကြောင့် ယခုလို ဖြစ်ရခြင်း ဖြစ်ပြီး အခြားသော မြို့ တွေမှာလည်း ယခုလို ဖြစ်နေပါတယ်။

ဇူလိုင်လ ၃၀ ရက်နောက်ပိုင်းက စဖြစ်တာပါ။ သြဂုတ်လ ၂ ရက်နေ့အထိ အပူချိန်မလျော့သွားတဲ့အပြင် ပိုတောင်တိုးလာပါတယ်။ ယခုကဲ့သို့ ရာသီဥတု ဖောက်ပြန်မှုအတွက် အဖြေရှာနေဆဲ ဖြစ်ပြီး အခြားသော ပြည်နယ် များကိုလည်း ကျန်းမာရေး အသိရှိရန် ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။
.
Ref: msn
ရိုးရာလေး နိုင်ငံတကာ

မြန်မာ လူကုန်ကူး ခေါင်းဆောင်ကို ထိုင်းမှာ ဖမ်းမိ


ထိုင်းနိုင်ငံ အတွင်းမှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်ခေါင်းဆောင် ကိုမျိုးကို ဘန်ကောက် မြန်မာ သံရုံး အလုပ်သမား ညွှန်ကြား ရေးမှူးနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ ပါတယ်။

အသက် ၄၂ နှစ် အရွယ် ပဲခူးတိုင်း ဇာတိ ဖြစ်တဲ့ လူကုန်ကူး ခေါင်းဆောင် ကိုမျိုးဟာ မြန်မာ လုပ်သား ၆၀၀ ကျော်ကို ကော့သောင် ကနေ တဆင့် ထိုင်းနိုင်ငံကို ခေါ်လာပြီး လှေပေါ်မှာ ရောင်းစား ခဲ့တယ်လို့ ဘန်ကောက်က မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါတင်မက မြန်မာ အမျိုးသမီး တွေကို အဓမ0x081မ ပြုကျင့်မှု၊ သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘေးဝန်းကျင်က မြန်မာ တွေရဲ့ ပြန်ပြောပြချက်အရ သူ သတ်ဖြတ်ခဲ့သူ လူပေါင်း ၄၀ကျော် ရှိတယ်လို့ လည်း ဦးနိုင်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကတည်းက တိုင်ကြား ထားသူ၊ ရောင်းစား ခံရသူ၊ နှိပ်စက် ခံရသူ တွေရဲ့ အချက်လက် စုဆောင်းထားပြီး ထိုင်အာဏာပိုင် တွေကို တင်ပြ ထားခဲ့ပြီးတဲ့နောက် သဲလွန်စ ရခဲ့ပြီး ကိုမျိုးရဲ့ တပည့် တစ်ယောက်ကို ကိုဖမ်းဆီး နိုင်ရာက ကိုမျိုးကိုပါ ဆက်လက် ဖမ်းဆီး နိုင်ခဲ့တာလို့ သူက ဆက် ပြောပါတယ်။

ရာဘာတော ထဲမှာ ပုန်းအောင်း နေတယ်လို့ သတင်းရတဲ့ အတွက် လူကုန်ကူးသူ ကိုမျိုးကို ထိုင်းနယ်မြေခံရဲနဲ့ ထောက်လှမ်းရေး အပါ အဝင် လုံခြုံရေး အဖွဲ့တွေ စုပေါင်းပြီး ကြာသပတေးနေ့က စူလပ် မြို့မှာ ဖမ်းဆီးခဲ့ ပါတယ်။

သူကိုယ်တိုင်ကလည်း လက်နက် ကိုင်ဆောင်ထားတာ ဖြစ်တဲ့ အတွက် လုံခြုံရေးတွေ ဘက်က လက်ဦးမှု ရယူပြီး ပစ်ခတ် ဖမ်းခဲ့တယ်လို့ မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ရတဲ့ ဒဏ်ရာကြောင့် ကိုမျိုးကို ဆေးရုံတင်ထား ပါတယ်။

ဖမ်းမိသူ ကိုမျိုးကို မြန်မာ နိုင်ငံဘက် ပြန်မအပ် သေးဘဲ ထိုင်းနိုင်ငံမှာ စစ်ဆေး မေးမြန်းပြီး သက်သေ ထွက်ဆိုချက်တွေ ရယူမယ်လို့ ဆိုရပါတယ်။

BBC (မြန်မာပိုင်း)

ကိုယ်ပိုင်ကားများအား ဆိုင်ကယ်ဖြင့် အမှုဆင်ငွေတောင်းမှုရှိလာ


====================
လှိုင်ထွေးအောင်
သြဂုတ် ၂ ၊မန္တလေး
====================
ကိုယ်ပိုင် ဆလွန်းကားမောင်းသူများကို ဆိုင်ကယ်စီးနင်းသူတချို့က မိမိ အား ကားဖြင့်ပွတ်ရှပ်သွား၍ ဒဏ် ရာရရှိသွားကြောင်း၊ ၎င်းအတွက် လျော်ကြေးပေးရမည်ဖြစ်ကြောင်း တောင်းဆိုမှုများ မန္တလေးမြို့ နေရာတချို တွင် ရှိလာကြောင်း ကိုယ်ပိုင်ဆလွန်းကားမောင်းသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
ဆိုင်ကယ်ဖြင့် လိုက်လံခြိမ်း ခြောက် ငွေတောင်းခံသူများမှာ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက် စီး၍ ဆလွန်းကားမောင်းသူတစ် ဦးသာပါသည့်ကားများအား လိုက် လံတောင်းခံကြောင်း၊ မပေးပါ က ပြဿနာပြုလုပ်လာကြောင်း၊ အဆိုပါတောင်းဆိုမှုများကို ယာဉ် ကြောရှုပ်ထွေးသည့်နေရာများ မှာ ကားအရှိန်လျှော့ရပ်နားစဉ် လိုက်လံတောင်းခံခြင်းဖြစ်သည်။
''မန္တလေးကနေ စစ်ကိုင်း ပြန်လာတာ ဘုရားကြီးအနောက် မုခ်မှာယာဉ်ကြောကျပ်လို့ ကား ဖြည်းဖြည်းမောင်းတုန်း ဆိုင်ကယ် တစ်စီးနဲ့ လူနှစ်ယောက် ကားရပ် ခိုင်းတယ်။ ခုနက ခင်ဗျား ကား မောင်းသွားတာ ကျွန်တော်တို့ကို ပွတ်ဆွဲသွားလို့ လက်ဒဏ်ရာရ သွားတယ်။ အဲဒါ ဆေးကုသစရိတ် ပေးရမယ်လို့ ပြောတယ်။ ကျွန် တော်က လုံးဝပွတ်တိုက်မိခြင်းမရှိ ဘူး။ ကားမှာလဲ ဘာခြစ်ရာမှမရှိ တဲ့အပြင် မင်းမှာလဲ ဘာဒဏ်ရာ မှမရှိဘူးလို့ ပြန်ပြောလိုက်တယ်။ သူတို့ကမရဘူး။ လျော်ကြေးငွေ ပေးရမှာပဲ။ ကျွန်တော်တို့ နှစ် ယောက်စီးလာတာ သူခိုက်မိသွား တယ်ဆိုတာကို သိတယ်လို့ ရှေ့က ဆိုင်ကယ်မောင်းတဲ့သူက ဝင်ပြော တယ်။ မပေးရင် ခင်ဗျားကားနာ မယ်လို့ ထပ်ပြောတယ်''ဟု ကား ပိုင်ရှင် ဒေါက်တာအောင်ဝင်းက ပြောသည်။
အဆိုပါဖြစ်ရပ် ပြေလည် စေရန်အတွက် ကျပ်၅၀၀ဝထုတ် ပေးရာ ဆိုင်ကယ်ဖြင့် ခြိမ်းခြောက် တောင်းဆိုသူများက ကျပ်၃၀၀၀၀ ပေးမှပြေလည်မည်ဟု ပြောသဖြင့် နောက်ဆုံးတွင် ကျပ်၁၅၀၀ဝဖြင့် ပြေလည်မှုရခဲ့ကြောင်း သိရသည်။
''ကျွန်တော်တစ်ယောက် တည်း ကန်တော်ကြီးကန်ပတ်လမ်း မှာ ကားမောင်းနေတုန်းနောက် က ဆိုင်ကယ်တစ်စီး ကျွန်တော့် ကားကိုမီအောင်လိုက်ပြီး ရှေ့က နေရပ်တယ်။ ပြီးတော့ ကားနဲ့ပွတ် တိုက်လို့ ခြေထောက်ဒဏ်ရာရတဲ့ အကြောင်းပြောပြီး ငွေတောင်း တယ်။ ကိုယ်ဘာမှမလုပ်မိတာ သိလို့ သူတို့ဆက်အပြောစောင့် မနေတော့ဘူး။ ကားကိုအားကုန် မောင်းပြီးရှောင်ခဲ့ရတယ်။ မန္တလေး မြို့မှာ လူပြတ်တဲ့နေရာ၊ ကား ဖြည်းဖြည်းမောင်းတဲ့နေရာ၊ ကား အတန်းလိုက် ပိတ်ဆို့နေတဲ့နေရာ တွေမှာ ဆိုင်ကယ်နဲ့ ငွေတောင်း နေတယ်ဆိုတာ အရင်ကကြားဖူး တယ်။ အခုတော့ ကိုယ်တွေ့ဖြစ် လာပြီ။ ကျွန်တော့်ဆီ ငွေတောင်း တဲ့လူတွေစီးလာတဲ့ ဆိုင်ကယ်နံ ပါတ်က ၁ရယ/၉-----၂ပါ။ ရှေ့ ကလူက အသားဖြူအရပ်မြင့်၊ နောက်ကလူက အသားညိုမျက် နှာဝိုင်း''ဟု မန္တလေးမြို့ ရှမ်းပွဲရပ် မှ အသက်၎ဝအရွယ်ရှိ ကိုယ်ပိုင် ဆလွန်းကားမောင်းသူတစ်ဦးက ပြောသည်။
Yangon Media Group

ဖျက်လက်စတိုက်ဟောင်းပြိုကျ၍ ရပ်ထားသည့် ယာဉ်ပေါ်ပိမိ


ရန်ကုန်၊ သြဂုတ် ၅

၎.၈.၂၀၁၃ ရက်နေ့ ၂၂၂၀ အချိန်မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်း၊ တိုက်အမှတ်(၂၈) ၊ (၂)ထပ်တိုက်(ဖျက်လက်စတိုက်ခန်း)၏ အရှေ့ဘက်ခြမ်းမျက်
နှာစာမှာ အလိုအလျောက်ပြိုကျခဲ့ရာ တိုက်ရှေ့တွင်ညအိပ်ရပ်နား
ထားသည့် လိုက်ထရပ်ယာဉ်၏ နောက်ပိုင်းပေါ်သို့ အုတ်ချပ်များပြိုကျပိမိခဲ့ပါသည်။

အဆိုပါတိုက်ခန်း၏ ပိုင်ရှင်မှာ ဦးခင်မောင်ထူးဖြစ်ပြီး JS ကုမ္ပဏီသို့ တိုက်ခန်းပြန်လည် ဆောက်လုပ်ရန် အပ်နှံထားရာ၎.၈.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင် ဖြိုချဆောင် ရွက်လျက်ရှိသော တိုက်ဖြစ်ပါသည်။

တိုက်ပြိုကျမှုကြောင့် လိုက်ထရပ်ယာဉ်၏ နောက်ပိုင်းအနည်းငယ်
ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Samsung Galaxy Note 3 စက်တင်ဘာ ၄ ထွက် မိတ်ဆက်မည်


Samsung က တရားဝင် အတည်ပြုလိုက်တဲ့ သတင်း ဖြစ်ပါတယ်။ Samsung Galaxy Note ရဲ့  တတိယ မျိုးဆက် ဖြစ်တဲ့ Note 3 ကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ မိတ်ဆက်ပြသမှာ ဖြစ်ပါတယ်။

ပြီးတော့မှ ဂျာမနီ ဘာလင်မှာ ကျင်းပတဲ့ IFA မှာ ဆက်လက်ပြသ မှာ ဖြစ် ကြောင်း သိရပါတယ်။ နောက်ထပ် ထူးခြားတဲ့ သတင်း ကတော့ Samsung Galaxy Note 3 အပြင် စမတ်နာရီပါ မိတ်ဆက် ခြင်း ဖြစ်ပါတယ်။ စမတ်နာရီက အဖြူအမည်းမျက်နှာပြင်နဲ့ ဖြစ်ပြီး e Reader တို့လိုဖြစ် ပါတယ်။ သို့ပေမယ့် စမတ်နာရီလို့ ခေါင်းစဉ် တပ်ထားတဲ့ အတိုင်း စမတ်ဖုန်း တစ်လုံး လုပ်ဆောင်ချက် နည်းပါး ပါဝင် စေမယ့် Feature များက ဘယ်လို ရှိမယ်ဆိုတာ ခန့်မှန်း နေကြဆဲ ဖြစ်ပါတယ်။

Samsung Galaxy Note 3 ကတော့ အရွယ်အစား ၅.၇ လက်မ၊ Super AMOLED မျက်နှာပြင် full HD 1920x1080 pixel အရည်အသွေး နဲ့ မျက်နှာ ပြင် ပါဝင်မယ်လို့ ဆိုကြ ပါတယ်။ ကင်မရာ ကလည်း 13 Megapixel ရှိပြီး Android ဗားရှင်းကတော့ 4.3 ဖြစ်ပါတယ်။ ဒါကတော့ Samsung က တရားဝင်ပြောတဲ့ သတင်း မဟုတ်ပါဘူး။

Samsung Galaxy Note 3 အား မြင်တွေ့ရရန် တစ်လ တိတိသာ လိုအပ်တော့ ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

ဗြိတိန် Air Bus A830 လေယာဉ် နှင့်ရပ်ဘီကစားသမား အပြေးပြိုင်


================================
မင်းသန့်
================================
၂၀၀ရ ခုနှစ်က ချီတာကျားသစ်နှင့် အပြေး ယှဉ်ပြိုင်ကာ ပိုမိုနာမည်ကျော်လာ ခဲ့သည့် တောင်အာဖရိကရပ်ဘီ ကစားသမား ဘရွိုင်ယန်ဟာဘား နားသည် ဗြိတိန် Air Bus A380 နှင့် အပြေးပြိုင်ပွဲတစ်ရပ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်အာဖရိကရပ်ဘီ ကစားသမား ဘရွိုင်ယန်ဟာဘား နားသည် ရပ်ဘီအားကစားသမား များထဲတွင် အလျင်မြန်ဆုံးကစား သမားအဖြစ် သတ်မှတ်ခံထားရရုံ မကဘဲ အကောင်းဆုံးကစား သမားများထဲမှ တစ်ဦးလည်းဖြစ် ကြောင်း သိရသည်။ ဟာဘားနား သည် တစ်ဦးချင်းအောင်မြင်မှု တွင် နိုင်ငံတကာရပ်ဘီကစား သမားအဖွဲ့အစည်း၏ ၂၀၁၂ခုနှစ် အကောင်းဆုံးကစားသမား၊ ၂၀၁၂ခုနှစ်အတွက် တောင်အာဖရိ က အကောင်းဆုံးရပ်ဘီကစား သမားဆုတို့ကို ရရှိထားသူလည်း
ဖစ်သည်။ ထို့အပြင် ဟာဘားနား နှင့် ချီတာကျားတို့ မီတာ၁၀၀ အပြေးပြိုင်ခဲ့ပြီးနောက် ဟာဘား နားနှုန်းမှာ အလင်းသွားနှုန်းထက် ပင်မြန်ကြောင်း ဖော်ပြခဲ့သည်။
ရပ်ဘီကစားသမားဟာ ဘားနားသည် ဗြိတိန် Air Bus A380 င့် မီတာ၁၀ဝအတွင်း မည်သူက ပိုမြန်သနည်းဆိုခြင်း ကို ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ယင်းစက်တပ်လေယာဉ်နှင့် ဟာ ဘားနားတို့ အပြေးပြိုင်ပွဲမှာ အလွန်အမင်း အကြိတ်အနယ်ရှိ ခဲ့ကာ ဟာဘားနားက နှာတ ဖျားအသာဖြင့် ပန်းဝင်နိုင်ခဲ့သည်။
ယင်းသို့ စက်တပ်လေယာဉ် ပျံဖြင့် ယှဉ်ပြိုင်ပြေးခဲ့ပြီးနောက် ဟာဘားနားက ''အင်ဂျင်တပ် ဆင်ထားတဲ့လေယာဉ်တစ်စင်းနဲ့ ယှဉ်ပြိုင်ရတာ တကယ်ကို ခက်ခဲ လွန်းပါတယ်။ Air Bus A380 က အရှိန်ကို တဖြည်းဖြည်း ပိုမြင့်လာ နိုင်ခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်သွား လဲဆိုတာကို ဗီဒီယိုကနေ ကြည့် ရင် ခင်ဗျားတို့ တွေ့မြင်နိုင်မှာ ပါ''ဟု ပြောခဲ့သည်။
ဟာဘားနားနှင့် Air Bus A380 တို့ အပြေးပြိုင်ပွဲကို့ You Tubr တွင် တင်ခဲ့ရာ လေးရက် အတွင်း ကြည့်ရှုသူတစ်သိန်းကျော် သွားခဲ့ကြောင်း သိရသည်။
Yangon Media Group

ရဲတပ်သား တစ်ဦး ဆွဲကြိုးချ သေဆုံး


ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရွာသစ် ရပ်ကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က ရဲတပ်သား တစ်ဦး ယူနီဖောင်းဝတ်ဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

သေဆုံးသူ ရဲတပ်သား တေဇာလင်းသည် ၎င်း၏ နေအိမ် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းတွင် ဝါယာကြိုး ဟောင်း အသုံးပြု၍ ထိုင်လျက် သေဆုံးနေခြင်း ဖြစ်ကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ရဲဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိပြီး အရက် ပုံမှန် သောက်တတ်ကာ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ အရက် ဖြတ်ထားပြီး ယင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရဲတပ်သား သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ် ၆ /၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

The Voice Weekly

အမေရိကန်ဖြစ် စစ်စစ်ဟု ဆိုသော စမတ်ဖုန်း Moto X


Google က ပိုင်ဆိုင်တဲ့ Motorola ကုမ္မဏီမှ တရားဝင် ကြွေးကြော်တဲ့ စကား တစ်ခုပါ။ နောက်ဆုံးထွက်ရှိလာတဲ့ Moto X လို့အမည်ရသော စမတ်ဖုန်း ဟာ အမေရိကန်ဖြစ် စစ်စစ် ဖြစ်ကြောင်း သိရပါတယ်။

စက်ရုံကလည်း အမေရိကန်မှာ၊ ကုန်ပစ္စည်းကလည်း အမေရိကန်က ဖြစ် ပါတယ်။ သို့ပေမယ့် ကုန်ကြမ်းကတော့ ပြည်တွင်း ကချည်း မဟုတ်နိုင် ပါဘူး။ စက်ရုံ ကတော့ တက္ကဆက်ပြည်နယ်မှာပါ။ Moto X ထွက်လာဖို့ အဆင့်တိုင်းကို Motorolla ရဲ့  စက်ရုံမှာပဲ ပြီးဆုံးစေတာ ဖြစ်ပါတယ်။ ဖုန်း ကတော့ Middle class အတွက်ရည်ရွယ်တဲ့ ဖုန်းပါ။

ယနေ့နောက်ဆုံးထွက်တဲ့ Specification အမြင့်ဖုန်တွေကိုတော့ မယှဉ် နိုင်ပါဘူး။ အရောင်အသွေးကတော့ စုံစုံလင်လင် ထုတ်ထားပါတယ်။

မျက်နှာပြင် - 720p 4.7-inch OLED display

Processor - dual-core 1.7GHz Snapdragon S4 Pro

ကင်မရာ - 10 megapixel / ရှေ့  - 2.1 megapixel

RAM - 2GB

Memory - 16GB/ 32 GB

Connectivity - LTE, NFC, Bluetooth 4.0+ EDR and 802.11ac Wi-Fi.

OS - Android 4.2.2

ဈေးနှနုးက အမေရိကန်ဒေါ်လာ ၅၇၅ ရှိပါတယ်။ ဒီတစ်ခုတော့ ပြောစရာ ရှိပါတယ်။ သူ့မှာရှိတဲ့ Specification နဲ့ ဈေးနှုန်း အရမ်းမြင့်မားနေ မှုကို အချို့ ကျ မကြိုက်ကြပါဘူး။ နောက်ဆုံးထွက်ထားတဲ့ Huawei Ascend P6 တောင် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းနေတော့ စဉ်းစား စရာပါ။

သို့ပေမယ့် Moto X ကိုလည်း အထင်သေးလို့ မရပါဘူး။ အမေရိကန် ဖြစ် စစ်စစ်ပါဆိုပြီး ပြောတဲ့ အကြောင်းက ကွာလတီကို အာမခံချင်လို့ ဖြစ် ပါတယ်။ Designed by Motorola, Assembled in USA ဆိုတဲ့စာနဲ့ ပါလာမှာဆိုတော့ အမေရိကန်ဖြစ် ကုန်ပစ္စည်းကို စမ်းသုံးချင်သူ များအနေနဲ့ သွေးတိုးစမ်းနိုင်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။ အရည်အသွေး ပိုင်း အာမခံချက်နဲ့ ကမ္ဘာတစ်ဝန်းကို Motorola မှ စတင်ဖြန့်ချိနေပါပြီ။ သစ်သား Casing နဲ့ လုပ်တဲ့ ဗားရှင်းကိုလည်း Moto X အမည်နဲ့ပဲ ထုတ်လုပ် ရောင်းချအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

ရှစ်လေးလုံးငွေရတုပွဲ နိုင်ငံတော်သမ္မတကို ဖိတ်ကြားမည်


ကလေး၊ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်ပွဲသို့ သမ္မတဦးသိန်းစိန်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း အဆိုပါပွဲ ဦးဆောင်ကျင်းပမည့် ရှစ်လေးလုံး အင်အားစု (ကလေး) မှ ရုံးတာဝန်ခံ ဦးမိုက်ကယ်ဝင်းကျော်က The Voice သို့ ပြောကြားသည်။

“ကျွန်တော်ကိုယ်တိုင် သြဂုတ်လ ၄ ရက်နေ့မှာ စာတိုက်ကိုသွားပြီး မှတ်ပုံတင်စာနဲ့ ပို့ဆောင် ဖိတ်ကြားမှာပါ။ သမ္မတကြီးကို ဘာလို့ဖိတ်ရသလဲဆိုတော့ ၈၈ ကာလတုန်းက သမ္မတကြီးက တပ်ရင်းမှူးဘဝနဲ့ ကလေးမြို့က (၈၉)တပ်ရင်းမှာ နေထိုင်ခဲ့ဖူးတယ်။ ၈၈ တုန်းက ကလေးမြို့မှာ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ သမ္မတကြီး အသိဆုံးဖြစ်တယ်။ ဒါကြောင့် သမ္မတကြီးကို ဖိတ်ကြားရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အခမ်းအနားဖွင့်ပွဲကို အဆိုပါနေ့ နံနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်အချိန်တွင် ကလေးမြို့ အောင်မင်္ဂလာ ဇာတ်ရုံအတွင်း ပြုလုပ်မည် ဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်းက ကိုယ်ကျိုးစွန့်သွားခဲ့သော ရဟန်းရှင်လူအပေါင်းကို အမှတ်ရစေ ရန်ရည်ရွယ်ကာ ယင်းခေတ်က မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကို အများပြည်သူ လေ့လာနိုင်စေရန် ပြသသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့ပေါ်ရှိ အဖွဲ့အစည်း အသီးသီး၊ ဌာနဆိုင်ရာ အသီးသီးနှင့် တမူး၊ ကလေးဝ စသောမြို့များမှ လူငယ်အဖွဲ့အစည်းများ တက်ရောက်ရန် ဖိတ်ကြားထားပြီး ၁၉၈၈ ခုနှစ်ကာလအတွင်း ပါဝင်လှုပ်ရှားခဲ့သောသူများ၏ အတွေ့အကြုံများကို ပြန်လည် ပြောပြခြင်း များ ပြုလုပ်မည် ဖြစ်ကြောင်း ဦးမိုက်ကယ်ဝင်းကျော်က ပြောကြားသည်။

မြတ်(ကလေး)
The Voice Weekly

ဆောက်လုပ်ဆဲတံတားသံငြမ်းအားတိုက်မိသဖြင့် ယာဉ်မောင်းသေဆုံး


ရန်ကုန်၊ သြဂုတ် ၃

၂.၈.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် မရမ်ကုန်းမြို့နယ်၊
ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်း လှိုင်သာယာ ဘက်မှ သမိုင်းဂုံးတံတားဘက်သို့ ယာဉ်မောင်း -----၊ မောင်းနှင်လာသည့် ပါဂျဲရိုးခဲရောင် ယာဉ်သည် ဆောက်လုပ်ဆဲသမိုင်းဂုံတံတား
တိုင်အမှတ်(၁၄)၏ သံငြမ်းအားဝင်ရောက် တိုက်မိပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ တွင်ပင်သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဘုရင့်နောင်နယ်မြေရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဆူးလေတွင် တစ်ကိုယ်တော် ဆန္ဒပြမှု ထပ်ဖြစ်






Mizzima - News in Burmese

Google Glass တပ်ကားမောင်းနှင်မှု ခွင့်ပြုသင့်မပြုသင့်


လက်ရှိ ဗြိတိန်နိုင်ငံမှာ အငြင်းပွားနေဆဲ အဆိုတင်သွင်းမှု တစ်ခု ဖြစ် ပါတယ်။ Google Glass လို့ခေါ်တဲ့ Google က ထုတ်သော စမတ် မျက်မှန်ကို တပ်ဆင်ပြီး မော်တော်ယာဉ် မောင်းနှင်မှုအား တားမြစ်ရန် အစိုးရ သို့ အဆိုတင်သွင်းထားကြပေမယ့် တစ်ဖက်ကလည်း ပြောင်းပြန် အမြင်တစ်ခုကို ပေးပါတယ်။

Google Glass ကိုတပ်ဆင်ပြီး မော်တော်ယာဉ် မောင်းနှင်ခြင်းက ယာဉ်မောင်းများအတွက်ပိုမို လုံခြုံမှု ရှိစေတယ်လို့ တီထွင်သူ Developer များက ပြောဆိုလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။ Google မှ Developer များက ပြန်လည်ဖြေရှင်းချက် ပေးထားမှုပါ။

တားမြစ်ရန် အဆိုမှာတော့ Google Glass တပ်ဆင်ပြီး ကားမောင်းနှင် မှုကြောင့် ဒရိုင်ဘာရဲ့  အာရုံဟာ အပြင်လောကကို မရောက်တော့ပဲ မျက်မှန်ထဲက ပုံရိပ်ကိုပဲ မြင်နေတာကြောင့် အက်ဆီးဒန့်များ ဖြစ်နိုင်တယ် လို့ ဆိုခြင်း ဖြစ်ပါတယ်။ Developer များရဲ့  ချေပချက် ကျတော့ Google Glass တပ်ဆင်ခြင်းကြောင့် လမ်းမသိတာတွေ၊ မြင်ကွင်းမှ မသေချာတာတွေ၊ အရေးကြီး ပြောဆိုမှုများအတွက် ခြေ၊လက် အသုံးပြုစရာ မလိုတော့ပဲ မျက်လုံးနဲ့တင် စက္ကန့်အတွင်း ပြီးစေတာ ကြောင့် ပြင်ပ မြင်ကွင်း ရော၊ အပြင်အာရုံစူးစိုက်မှု ကိုရော မလျော့ကျစေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Google Map တို့လို မြေပုံ တွေကိုတောင် မှန်ကနေ အလွယ်မြင်အောင် ဖန်တီးပေးထား မှုကြောင့် ပိုမို လုံခြုံစိတ်ချရတဲ့ ခရီးတစ်ခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဗြိတိန်မှာတင်မက၊ အခြား နိုင်ငံတွေမှာပါ Google Glass တပ်ပြီး မော်တော်ယာဉ် မောင်းနှင်ခွင့် ရှိမရှိဟာ အငြင်းပွားစရာ တစ်ခုအဖွယ် ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါတယ်။
.
Stuff UK

Aung Kham (Stuff Myanmar)

ဆူးလေဘုရားလမ်း ရထားဂုံးကျော်တံတား ပေါ်မှ ကားတစ်စီးပြုတ်ကျ (ဓာတ်ပုံများ)






ရန်ကုန်၊ ဩဂုတ် ၎

အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ပါဂျဲရိုး ကားတစ်စီး သည် သြဂုတ်လ ၄ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ဆူးလေဘုရားလမ်းမပေါ်ရှိ ယောက်လမ်းမှတ်တိုင် အနီး ရထားဂုံးကျော် တံတားပေါ်မှ အရှိန်လွန်ပြီး ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းအမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

The Voice Weekly

ယာဉ်လိုင်းများပေါ်တွင် စီးနင်းလိုက်ပါ နှိုက်ယူလေ့ရှိသူခါးပိုက်နှိုက်အား ဖမ်းဆီးရမိစစ်ဆေးရာမှ ခါးပိုက်နှိုက်မှုဟောင်းများ ဖေါ်ထုတ်နိုင်


ရန်ကုန်၊ သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂) မှတပ်ဖွဲ့ဝင်များသည် ၃၁.၇.၂၀၁၃ရက်နေ့တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် အမှတ်(၄၅)ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာစဉ် လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အရောက် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရှိုင်းထက်အောင်(ခ)နှစ်တောင် (ဘ)ဦးသက်အောင်၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူမှ ယာဉ်ပေါ်ပါခရီးသည် မိန်းကလေးတစ်ဦး၏ကျောပိုးအိတ်အတွင်းမှ
လက်ကိုင်ဖုန်းအား ၎င်း၏ ကျောပိုးအိတ်ဖြင့် အကာအကွယ်ပြုကာ
နှိုက်ယူပြီး ဘောင်းဘီအိတ်အတွင်းထည့်နေစဉ် ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၃၂၄/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အရေးယူ
ဆောင်ရွက်ခဲ့ပြီး အခြားခါးပိုက်နှိုက်မှုများအား စစ်ဆေးဖေါ်ထုတ်
ခဲ့ပါသည်။

၎င်းအားစစ်ဆေးခဲ့ရာ ၂၀၁၃ခုနှစ် ဇွန်လအတွင်းက အမှတ်(၁၈၈)လိုင်းယာဉ်ပေါ်တွင် စံရိပ်ငြိမ် မှတ်တိုင်၌ဆင်းသွားသော အမျိုးသမီးတစ်ဦးထံမှ Samsung GTS 5360 အမျိုးအစား ဖုန်း(၁)လုံး အားလည်းကောင်း၊ အမှတ်(၄၈)လိုင်းယာဉ်ပေါ်တွင် လှည်းတန်း
မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei C 8650 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၅၀)လိုင်း
ယာဉ်ပေါ်တွင် ဆင်ရေတွင်းမှတ်တိုင်၌ဆင်းသွားသော အမျိုးသား
တစ်ဦးထံမှ Samsung S3 CH အမျိုးအစားဖုန်း(၁)လုံးအား
လည်းကောင်း၊ အမှတ် (၄၈)လိုင်းယာဉ်ပေါ်တွင် ဆင်ရေတွင်း
မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Samsung I 930 အမျိုးအစား ဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်
ပေါ်တွင် စံရိပ်ငြိမ်မှတ်တိုင်၌ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ
Huawei T 8828 အမျိုးအစား ဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၂၂၆)လိုင်းယာဉ် ပေါ်တွင် လှည်းတန်း မှတ်တိုင်၌
ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei Y 210 အမျိုးအစား ဖုန်း(၁)လုံးအား လည်းကောင်းနှိုက်ယူခဲ့ပြီး ဆင်းကတ်များအား
လွှင့်ပစ်ကာ ဟန်းဆက်များ ရောင်းချထားကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း အမှတ်(၂၂၆)လိုင်းယာဉ်ပေါ်တွင် သံလမ်းမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei G 510 အမျိုးအစား ဖုန်း(၁)လုံးအား
လည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်ပေါ်တွင် ဘာတာမှတ်တိုင်၌
ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Sony E16 i အမျိုးအစားဖုန်း
(၁)လုံးအားလည်းကောင်း၊ အမှတ်(၄၈)လိုင်းယာဉ်ပေါ်တွင်
သုခမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ
Huawei C 8813 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း၊
ရွှေအင်းဝလိုင်းယာဉ်ပေါ်တွင် ဘူတာရုံမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei U8500 အမျိုးအစားဖုန်း(၁)လုံး
အားလည်းကောင်း၊ အမှတ်(၂၂၆)လိုင်းယာဉ်ပေါ်တွင် ဘုရားလမ်း မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Android M-2 အမျိုးအစား ဖုန်း(၁)လုံးအား လည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်
ပေါ်တွင် အုတ်ကျင်းမှတ်တိုင်၌ ဆင်းသွားသောအမျိုးသားတစ်ဦးထံမှ Huawei C 8650 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း
နှိုက်ယူခဲ့ပြီး ဆင်းကတ်များအားလွှင့်ပစ်ကာ ဟန်းဆက်များ
ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ သက်သေခံ ဟန်းဆက်များအား လိုက်လံသိမ်းဆည်းပြီး ၎င်းအား သက်ဆိုင်ရာ ကမာရွတ်မြို့မရဲစခန်း
နှင့် လှိုင်မြို့မရဲစခန်းတို့တွင် အမှုများထပ်မံဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

၁၈ နှစ်အောက် မကြည့်ရ ဇာတ်ကားနဲ့ သဉ္ဇာနွယ်ဝင်း


သဉ္ဇာနွယ်ဝင်းက '၁၈ နှစ် အောက် မကြည့်ရ' ဆိုတဲ့ဇာတ်ကား ကို နေတိုးနဲ့ရိုက်ကူးနေပါတယ်။ ဟာသ ဇာတ်ကားလေးဖြစ်ပြီး ဒီကားမှာ နေတိုးကို အထင် မကြီးတဲ့သူတစ်ယောက်၊ အပုန်းကြီးလို့ ထင်နေတဲ့ အတွက် ဟာသအလွဲလေးတွေနဲ့ ပရိသတ်တွေ
သဘောကျမယ့် ဇာတ်ကားဖြစ်မှာပါ ဆိုတဲ့ သဉ္ဇာနွယ်ဝင်းက..

"ဒီမှာက ကိုနေတိုးကို အပုန်းကြီးလားဆိုပြီး သိချင်တာနဲ့ Sexy တွေလုပ်ပြရတာပေါ့။ ဒါပေမဲ့ ရယ်စရာပုံစံမျိုးလေးပါ။ ဒီကားကို သဉ္ဇာ ကိုယ် တိုင်လည်း သဘောကျလို့ ရိုက်တာပါ" လို့ ပြော ပြပါတယ်။ ဇာတ်ကားရိုက်ကူးမှုအတွက် သေ သေချာချာရွေးချယ် ပြင်ဆင်ဖြစ်သလိုပရိသတ် တွေသတိထားပေးတဲ့အတွက်လည်း ကြိုးစား ရကျိုးနပ်တယ် လို့ ပြောပြတဲ့ သဉ္ဇာနွယ်ဝင်း..

"ဇာတ်ကားတွေကို ဘယ်လို ဇာတ်ဝင်ခန်း တွေပါလဲဆိုတာရယ်၊ ကိုယ်မရိုက်ဖူးတဲ့ ပုံစံဆို ဘယ်လိုပုံစံမျိုးအထိလဲဆိုတာ မေးပြီးမှ ရိုက်ဖြစ် တယ်။ 'အနုံ' ဆိုတဲ့ကားထွက် ကတည်း က သဉ္ဇာ့ကို အပြင်မှာ ပရိသတ်တွေကတွေ့ရင် ချစ်စနိုးနဲ့အနုံဆိုပြီး ခေါ်ကြတယ်။ အဲဒီအတွက် လည်း ဝမ်းသာရတယ်။ ကြိုးစားရကျိုးနပ် တယ်။ သဉ္ဇာဇာတ်ကားတွေကို ဇာတ်လမ်း တစ်ခုနဲ့ တစ်ခုကွဲအောင် အင်္ကျီအဝတ်အစား ကအစ သေ ချာပြင်ဆင်ပြီး ရိုက်ကူးတယ်။ သဉ္ဇာ အနုပညာအလုပ်တွေကိုရှေ့ဆက်
အကောင်းဆုံးကြိုးစားသွားမှာပါ။

ဇာတ်ကား တွေကို သေသေချာချာ ရွေးဖြစ်တယ်။ အခုသဉ္ဇာ ရိုက်ကူးခဲ့ သမျှကားထဲမှာဒီဇာတ်ကားကိုအကြိုက်ဆုံးပဲ"လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

၈၈ သမိုင်းတွေကို ပြန်ပြောင်းအမှတ်ရစေမယ့် သီချင်းခွေတစ်ခွေ


သြဂုတ်လ ၈ ရက်နေ့၊ ရှစ် လေးလုံးအရေးတော်ပုံငွေရတု အထိမ်းအမှတ်ပွဲအတွက် အမှတ် တရအဖြစ် ဂီတမှူး ကိုဝင်းမော် (ရွှေသံစဉ်)က ဦးစီးပြီး စီးရီး တစ်ခွေစီစဉ်ထားပါတယ်။ ခေတ်
ဟောင်း၊ စနစ်ဟောင်းက ဆိုး ရွားတဲ့ အတိတ်သမိုင်းတွေကို ထင်ဟပ်ပြနိုင်စေမယ့် သီချင်း အများစုပါဝင်မှာဖြစ်တဲ့ အဲဒီ အခွေကို "တကယ်လို့" လို့ အမည်ပေးထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အနေနဲ့ အမှတ်တရပြု လုပ်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

" ကျွန်တော်က အဆိုတော် တွေနဲ့တီးဝိုင်းကို ကူညီပေးတယ်။ ၈၈ငွေရတုအတွက် အဖွဲ့အစည်း ပေါင်းစုံ ဝိုင်းပြီးလုပ်ကြတဲ့အချိန် မှာနိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့အနေနဲ့ ဒါလေးကိုလုပ် ဖြစ်တယ်။ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဖန်တီးခဲ့တဲ့ အနုပညာ၊အဓိက သီချင်းတွေ ကို စီးရီးတစ်ခွေအနေနဲ့ အမှတ် တရပြန်လုပ်တဲ့သဘောပါ။

ရှစ် လေးလုံးငွေရတုနေ့မှာ ရောင်း မယ်။ငွေရေးကြေးရေး ရန်ပုံငွေ ဆိုတာထက် ထောင်ထဲမှာ ဂီတ နဲ့ဆက်လက်ရှင်သန်ခဲ့ကြတယ် ဆိုတာကိုအမှတ်တရဖြစ်စေချင်တာပါ" လို့စီးရီးအတွက်
တာဝန် ယူစီစဉ်ပေးနေသူဂီတမှူး ကိုဝင်း မော်(ရွှေသံစဉ်)က ပြောပါတယ်။ အဲဒီအခွေထဲမှာ နိုင်ငံရေး အကျဉ်းသားများရေးဖွဲ့ထားတဲ့ သီချင်းအများစုပါဝင်မှာ ဖြစ် ပြီး ဆိုးရွားတဲ့ အတိတ်သမိုင်း များတွင် လူမသိ၊ သူမသိ ကျဆုံးသွားခဲ့ရတဲ့ အညတရ သူရဲကောင်းများအတွက် ရည်စူး စပ်ဆိုထားတဲ့ သီချင်းများပါ ဝင်ပြီး မလွတ်လပ်ဆဲ ကာလများ က
တိတ်တဆိတ်ထုတ်လွှင့်ခဲ့ ကြရတဲ့ သီချင်းများလည်း ပါ ဝင်မှာဖြစ်ပါတယ်။

" သီချင်း ၁၂ ပုဒ်ပါမယ်။ ကျွန်တော်ရေးတာတွေလည်းပါမယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ဆိုင်တဲ့ သီချင်းမျိုး လည်းပါမယ်။ပြီးတော့ "တကယ်လို့" ဆိုတဲ့သီချင်း ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ခဲ့တဲ့ ကဗျာကို ပြန်စပ်ဆိုထားတယ်။ ပြီးတော့ကိုမာကီးတို့၊ ကိုမြအေး၊ ကိုမင်းကိုနိုင်တို့ရေးတဲ့ သီချင်းတွေ လည်းပါမယ်။ ပြီးတော့ ကိုနိုင် မြန်မာကြီးရဲ့ " ဂစ်တာနဲ့နိုင်ငံတည်ခြင်း" ဆိုတဲ့ သီချင်းလည်း ကြိုက်လွန်းလို့ထည့်ထားတယ်။

ပြီးတော့ "ဝေဒနာမီးအိမ်" ဆိုတဲ့ သီချင်းတစ်ပုဒ်။ အဲဒါကတော့ ၈၈မျိုးဆက်ကျောင်းသား ကိုပြုံး ချိုရဲ့ညီသက်ဝင်းအောင်ဆိုတာ မန္တလေးထောင်မှာ ကွယ်လွန် သွားတယ်။ သူက ၈၈ တုန်းက အ.ထ.က ကျောင်းသား။ ထောင် နှစ် ၅ဝ ကျော်ကျတယ်။ ထောင်ထဲကဒဏ် တွေကြောင့်
သေသွားတယ်။ အဲဒါ သူ့ကိုရည် ညွှန်းစပ်ဆိုထားတဲ့ သီချင်း။ အဲဒါမျိုးလေးတွေလည်းပါမယ်" လို့ ဂီတမှူးဦးဝင်းမော် (ရွှေသံ စဉ်) က ပါဝင်မည့်သီချင်းများရဲ့ ပုံစံကိုပြောပြပါတယ်။

အဲဒီ့အခွေမှာ သီချင်း တစ်ပုဒ် ပါဝင်သီဆိုပေးထားသူ ခိုင်မြဲသာကလည်းသူပါဝင်သီ ဆိုမှုနဲ့ပတ်သက်ပြီး..
" ကျွန်တော်အပါအဝင် ကျွန် တော်တို့တီးဝိုင်းမှာဆိုရင် ကိုဝင်း မော်မဟုတ်ဘဲ ကျန်ခဲ့တဲ့အပြင်ကလူတွေဆိုရင် အထဲကလူတွေ ရဲ့ဖီလင်တွေကို တအားခံစားမိ ပါတယ်။

အပြင်ကလူတွေတောင် မှ ဒီလောက်ခံစားရမယ်ဆိုရင် အထဲကလူတွေရဲ့ စိတ်ပိုင်းဆိုင် ရာ ခံစားမှုတွေကိုတော်တော် လေး ကိုယ်ချင်းစာမိပါတယ်။ အဲဒီဖီလင်ကတော့ ကျွန်တော့် အတွက်ဆိုရင် အတုမဖြစ်ပါဘူး။ အဲဒီလိုမျိုးဖီလင်နဲ့ မုဒ်နဲ့ ရသအပြည့် ပေးစွမ်းနိုင်အောင် ကြိုးစားပြီး သီဆိုထားပါတယ်" လို့လည်း ပြောပြပါတယ်။ ၈၈ မှစတင်၍ ၂၅နှစ်အတွင်း ပြည် သူတွေ ဘယ်လိုဖြတ် သန်းခဲ့ရ တယ်ဆိုတဲ့အကြောင်း၊ ပုံရိပ် တွေက ဒီသီချင်းတွေထဲမှာပါ ဝင်မယ်ဆိုတဲ့အကြောင်းကိုလည်း ကိုဝင်းမော်ကပဲ ဆက်လက်ပြီး ပြောပြတာက..

" ပြီးခဲ့တဲ့ အမှောင်ခေတ် ကြီးထဲမှာ ပြည်သူတွေ ရဲ့ဘဝတွေရှစ်လေးလုံးနေ့ကစပြီး အသက် တွေ၊ ဘဝတွေ ဘယ်လိုရုန်း ကန်လှုပ်ရှားပြီး အခုလို ဒီမိုက ရေစီ လမ်းကြောင်းပေါ်ထိ ရောက်အောင် ပြည်သူတွေ ဘယ်လို ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ပုံရိပ်တွေ၊ သီချင်းတွေပါမယ်။ ဒီအခွေမှာ အချစ်သီချင်းတော့ မပါဘူး။ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရတာတွေပါမယ်။

လူ မသိ၊ သူမသိ အနစ်နာခံခဲ့ရတဲ့ သူတွေအကြောင်းပါမယ်။ သမိုင်း တစ်ခုကို အမှတ်တရအနေနဲ့ အမှောင်ခေတ်ကနေ အလင်း ကို ရောက်အောင် ဘယ်လိုဖြတ် သန်းခဲ့ရတယ်ဆိုတဲ့ ပုံရိပ်တွေပါမှာပါ" လို့ပြောပြခဲ့ပြီး ရှစ်လေး လုံးငွေရတုပွဲမှာအမှတ်တရ ရောင်း ချမယ့်အခွေကိုသာမန် အခွေ များထက်လျော့နည်းတဲ့ ဈေးနှုန်း နဲ့ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

ရဲရဲ၊ မျိုးမောင်
Popular Journal

နိုင်ငံအလံကို မဖွယ်မရာပြုခဲ့မှုကြောင့် Bloodhound Gang အား ရုရှား ပိတ်ပင်


စင်မြင့်ပေါ် ဖျော်ဖြေနေစဉ် အမေရိကန် Rock ဂီတအဖွဲ့ Bloodhound Gangမှ အဖွဲ့ဝင် တစ်ဦးက ရုရှားအလံကို အတွင်းခံ ဘောင်းဘီထဲ သွပ်သွင်းပြခဲ့သည်

ရုရှားအလံကို မဖွယ်မရာ ပြုခဲ့မှုအတွက် အမေရိကန် ဂီတအဖွဲ့တစ်ခုအား ရုရှားက ဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ စင်မြင့်ပေါ် ဖျော်ဖြေနေစဉ် အမေရိကန် Rock ဂီတအဖွဲ့ Bloodhound Gangမှ အဖွဲ့ဝင် တစ်ဦးက ရုရှားအလံကို အတွင်းခံ ဘောင်းဘီထဲ သွပ်သွင်းပြခဲ့သည်။ ရုရှား ယဉ်ကျေးမှု ဝန်ကြီး ဗလာဒီမာ မီဒင်စကီးက အဆိုပါ ဂီတအဖွဲ့ကို အရူးများဟု ဝေဖန်ခဲ့ပြီး ၎င်းတို့ အနေဖြင့် အိမ်ပြန်ရန် အထုပ်ပြင်ရုံသာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ Bassဂီတာ တီးခတ်သူ ဂျာရတ် ဟာဆယ်လ်ဟော့ဖ်က ရုရှားအလံ တစ်ခုကို ၎င်း၏ အတွင်းခံဘောင်းဘီ ရှေ့ဘက်ထဲ ထိုးထည့်ပြီး နောက်ဘက်မှ ပြန်ဆွဲထုတ်ခဲ့သည့် ဗီဒီယိုသည် ရုရှားတွင် ဝေဖန်စရာ ဖြစ်ခဲ့သည်။



ယင်းသည် ယူကရိန်းရှိ အိုဒက်ဆီမြို့မှ ဖျော်ဖြေပွဲတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဟာဆယ်လ်ဟော့ဖ်က ပြန်လည် တောင်းပန်ခဲ့သည်။ ထိုစဉ်က စတန့်ထွင်သည့် လုပ်ရပ်ကို အားပေးနေသည့် ပရိသတ်အား ဟာဆယ်လ်ဟော့ဖ်က "ပူတင်ကို မပြောနဲ့နော်"ဟု နောက်ပြောင်ခဲ့သေးသည်။ ဗလာဒီမာ ပူတင်သည် လက်ရှိ ရုရှားသမ္မတလည်း ဖြစ်သည်။ အဆိုပါ အဖွဲ့သည် ဩဂုတ်လ ပထမပတ်အတွင်း ရုရှားနိုင်ငံ ကရာစ်နိုဒါ ဒေသတွင် ကျင်းပမည့် ကူဘာနာ ဂီတပွဲတွင် ဖျော်ဖြေရန် စီစဉ်ထားသော်လည်း ယခုအခါတွင်မူ ပိတ်ပင်မှုနှင့် ကြုံရပြီဟု သိရှိရသည်။ "ကျွန်တော် ကရာစ်နိုဒါ ဒေသ အုပ်ချုပ်ရေး အဖွဲ့နဲ့ စကားပြောခဲ့တယ်။ ခုတော့ Bloodhound Gangက ပြန်ဖို့ အထုပ်ပြင်နေရပြီ"ဟု မီဒင်စကီးက Twitter တွင် ရေးသားခဲ့သည်။



၎င်းက ဆက်လက်၍ "အဲဒီ အရူးတွေကို ကူဘာနာမှာ ဖျော်ဖြေခွင့် မပေးနိုင်ဘူး"ဟုလည်း အတည်ပြုခဲ့သည်။ ဂီတပွဲ စီစဉ်သူ အိုင်လေယာ အော့စ်ထရော့ဗ်စကီးက "ကျွန်တော်တို့ ဒီပွဲကို စီစဉ်တာ ရင်းနှီးဖို့၊ တေးဂီတတွေ နားထောင်ဖို့ပါ။ နိုင်ငံတစ်နိုင်ငံကို မလျော်မကန် စော်ကားတာမျိုးကိုတော့ လက်မခံနိုင်ပါဘူး"ဟု ပြောကြားသွားသည်။ Gloodhound Gangကို (၁၉၉၀)ပြည့်လွန် နှစ်များက စတင်တည်ထောင်ပြီး ၎င်းတို့၏ တဏှာရာဂနှင့် ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာ တစ်တစ်ခွခွ သီဆိုသော စာသားများကြောင့် လူသိများသည်။

အိန္ဒိယပြည့်တန်ဆာရပ်ကွက်မှဆယ်ကျော်သက် အမေရိကန်သို့ ဘွဲ့ယူရန် ထွက်ခွာ


======================
မွန်ဘိုင်း ၊ သြဂုတ် (၄)
Ref AFP
======================
မွမ်ဘိုင်း၊ ဩဂုတ် ၄- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ပြည့်တန်ဆာရပ်ကွက် ၌ ကြီးပြင်းလာခဲ့ရသော ဆယ် ကျော်သက် အိန္ဒိယအမျိုးသမီးငယ် တစ်ဦးသည် ဆင်းရဲမွဲတေမှုနှင့် လိင်စော်ကားမှုများကို ဖြတ်ကျော် ကာ အမေရိကန်နိုင်ငံနယူးယောက် မြို့၌ ပညာသင်ကြားခွင့်ကို ရရှိ ခဲ့ သည်။
ဆွီတာကစ်တီအမည်ရှိ အ သက်၁၈နှစ်အရွယ် မိန်းကလေး မှာ ဘရက်ကောလိပ်တွင် ခေတ် သစ်အနုပညာကို လေ့လာသင် ကြားမည်ဖြစ်ပြီး စိတ်ပညာကို အ ဓိကထား လေ့လာသင်ကြားမည် ဟုဆိုသည်။ ကျောင်းပညာသင် ပြီးနောက် အိန္ဒိယရှိ သူမ၏ပတ် ဝန်းကျင်ရှိ အမျိုးသမီးများအား ပြန်လည်သင်ကြားပေးမည်ဟု ဆို သည်။
''ဒါဟာ ကျွန်မရဲ့ကလေး ဘဝစိတ်ကူးပါ၊ လက်တွေ့ဖြစ်လာ လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး''ဟု သူမက မွမ်ဘိုင်းမှမထွက်ခွာ မီ အေအက်ဖ်ပီသို့ ပြောခဲ့သည်။
ကစ်တီသည် နယူးစ်ဝိခ်၏ Young Women to Watch အစီ အစဉ်မှဆုရခဲ့ခြင်းဖြစ်သည်။ ဤ အဖွဲ့သည် အသက်၂၅နှစ်အောက် မိန်းကလေးများကို စောင့်ရှောက် ပေးသောအဖွဲ့ဖြစ်သည်။
မကြာခင်က ပါကစ္စတန် တာလီဘန်တို့ပစ်ခတ်၍ ဦးခေါင်း ဒဏ်ရာရရှိသွားခဲ့သော တက်ကြွ လှုပ်ရှားသူ မာလာလာယူဆွပ်ဇာ အီကိုလည်း ဆုပေးခဲ့သည်။ ကစ် တီ၏ဘဝမှာ မွမ်ဘိုင်း၏နာမည် ဆိုးဖြင့် ကျော်ကြားသည့် ခါမာသီ ပူရ၌ ကြီးပြင်းခဲ့ရသည်။ မိန်းမ တစ်ဦး ရိုက်နှက်ခံနေရသည်ကို နေ့စဉ်မြင်တွေ့နေရကြောင်း၊ ရဲ ကလည်း တစ်ခါတစ်ရံ ရောက် လာတတ်ပြီး မိန်းမများမှာ ခန္ဓာ ကိုယ်ကို ရောင်းစားနေကြရကြောင်း ခတ်တီက ပြောပြခဲ့သည်။
''ကျွန်မကို အဖေကစပြီး လူ တွေက ဆဲရေးတိုင်းထွာကြပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့အမေက ငါ့သမီး အကောင်းဆုံးတစ်ခုခုကို လုပ်နိုင် လိမ့်မယ်''ဟုပြောခဲ့ကြောင်း ကစ် တီက ပြောပြခဲ့သည်။
သူမ၏ဇာတ်နိမ့်မျိုးရိုးနှင့် ဆင်းရဲမှုကြောင့် ကျောင်းနှင့်လူ့ ပတ်ဝန်းကျင်၌ ခွဲခြားဆက်ဆံမှု ကိုခံခဲ့ရသည်ဟုလည်း သူမက ပြောပြသည်။ သူမ၏စိတ်ကူးအ ကောင်အထည်ဖော်ရန် ဟိန္ဒူလူ မှုရေးအဖွဲ့မှ ကူညီခဲ့သည်ဟုဆို သည်။ ဤအဖွဲ့သည် မိန်းကလေး များကို မွမ်ဘိုင်းမြို့ ပြည့်တန်ဆာ ရပ်ကွက်မှလွတ်မြောက်စေရန် ကူ ညီပေးလျက်ရှိသည်။ ထိုအဖွဲ့မှာ မွမ်ဘိုင်းမြောက်ကန်တစ်၌ တည် ရှိသည်။
Yangon Media Group

တယ်လီနောသို့ အီးမေးလ်မှ အလုပ် စလျှောက်နိုင်


ရန်ကုန်၊ သြဂုတ် ၎

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။

အလုပ် လျှောက်ထားရန် စိတ်ပါဝင်စားမှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ [email protected] သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းက တစ်နေ့ကို လေး၊ ငါး၊ ဆယ်ယောက်လောက် နေ့တိုင်း ဖုန်းဆက် စုံစမ်းကြတယ်။ လက်ရှိ မှာတော့ ခေါ်ဖို့ စပြင်ဆင်နေပါပြီ။ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း
မှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာ တာဝန်ခံ ဒေါ်မွန်မြတ်သူ က ပြောကြား သည်။

တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသော Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။

ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် လေ့ကျင့် သင်ကြားပေးမှုများကို တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“တယ်လီနောပိုင်တဲ့ ထိုင်းက dtac အကြောင်း လေ့လာကြည့် တယ်။ တော်တော်လေး ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။

တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်မည် ဖြစ်ပြီး ဆင်းကတ် အရောင်းဆိုင်ပေါင်း ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly

တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်


သားစိုးက မေလမှာ မိသားစု နဲ့ အတူ အမေရိက ကို အလည် သွားခဲ့ပြီး ဇူလိုင် ၆ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အမေရိကမှာ VOA အသံလွှင့် ဌာန နဲ့ လည်း တွေ့ဆုံ ဖြစ်ခဲ့ပြီး ဂီတအစည်းအရုံး အပါအဝင် တခြား အဖွဲ့အစည်း တွေ လှုပ်ရှားနေတဲ့ မူပိုင်ခွင့် ဥပဒေ အကြောင်းလည်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ မိသားစုနဲ့ အတူ သွားရောက်တဲ့ ခရီးဖြစ်တဲ့ အတွက် သားဖြစ်သူ အတွက် ကစားစရာ အရုပ်တွေကို ဝယ်ပေးရင်း နဲ့ မြန်မာနိုင်ငံ မှာလည်း ကလေး ကစားစရာ ပစ္စည်းဆိုင် ဖွင့်လှစ်ဖို့ အတွက် ပါ အမေရိကက ဆိုင်တွေ နဲ့ ချိတ်ဆက် လာခဲ့ပါသေးတယ်။ တစ်လခွဲကြာ အလည်အပတ် အဖြစ် ရောက်ရှိခဲ့တဲ့ အမေရိက ခရီးစဉ် နဲ့ ပတ်သက်ပြီး သားစိုးကို အင်တာဗျူး ဖြစ်ခဲ့ပါတယ်။
မေး- ဒီတစ်ခေါက် ခရီးစဉ်မှာ အမေရိက ရဲ့ ဂီတဈေးကွက် အခြေအနေကို လေ့လာ ဖြစ်ခဲ့သေးလား။ သူတို့နိုင်ငံ ရဲ့ အခွေ ဖြန့်ချိမှု ကကော မြန်မာနိုင်ငံ နဲ့ ဘယ်လို ကွာခြားနေလဲ။
ဖြေ- သူတို့ဆီမှာ စီဒီရောင်းအားက တအားကို ကျသွားတယ်။ သူတို့ဆီ မှာ ဘာကောင်းလဲ ဆိုတော့ အွန်လိုင်း ကနေရောင်းတဲ့ Digital Sale က တော့ တစ်နှစ်ထက် တစ်နှစ်တက် လာတယ်။ ကျွန်တော်တို့ တိုင်းပြည် မှာကျတော့ စီဒီ ရောင်းအားက လည်း မတက်ဘူး။ Digital Sale ကလည်း လုံးဝ မရှိသေးတဲ့ အတွက် ကြောင့် ကျွန်တော် တို့တိုင်းပြည်ရဲ့ ဂီတလောက အခြေအနေက တစ်နှစ် ထက်တစ်နှစ် ပိုဆိုးလာတယ်။ အမေရိကမှာ စီဒီက ရောင်းအား မကောင်း ပေမယ့် Digital Sale နဲ့ အသက်ရှင် နေတာတွေ့ရတယ်။ ဒါပေမဲ့ သူတို့ ဆီမှာလည်း ၂ဝဝဝ ခုနှစ်လောက် က တော့ တအား ဒုက္ခရောက်ခဲ့တယ်။ ၂ဝဝ၅ လောက် ကစပြီးတော့ Digital Sale က ဖြည်းဖြည်းချင်းအား ကောင်းလာတယ်။ အခု ၂ဝ၁၃ မှာ ဆိုရင် Digital Sale က တအား ကောင်းသွားပြီ။ အရင်တုန်းက အခွေ ကတစ်သောင်း ၊ နှစ်သောင်းလောက် ရောင်းရတယ် ဆိုရင် အခု Digital Sale က တစ်သိန်းလောက် ကို ရောင်း နေရတယ်။ တစ်ပုဒ်ချင်းစီ ရောင်းရ တာလေ။ ကျွန်တော် တို့ ဆီမှာက လုံးဝ မရှိသေးတော့ တော်တော် ဒုက္ခ ရောက်တယ်။ ဒီမှာက အင်တာနက်လိုင်းက လည်း သိပ်မကောင်းဘူး ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အမေရိက ရဲ့ ဂီတ ကတော့ ပုံမှန် ချီတက်နေ တုန်းပါပဲ။ Rock, Hip Hop, Pop Music တွေကလည်း သူ့ Music နဲ့ သူ ဆက်သွားနေတာပါပဲ။ ကျွန်တော် တို့ တိုင်းပြည်မှာ ကတော့ မနည်း အသက် ဆက်နေရတယ်။ အဆိုတော် တွေ အနေနဲ့လည်း မင်္ဂလာဆောင်ဆို လိုက်၊ ပွဲတွေ ဆိုလိုက်နဲ့ မနည်းရုန်း ကန်နေရတာပေါ့။ ကိုယ့် အနုပညာနဲ့ ဖန်တီး ထားတဲ့ အခွေကိုဖြန့်ပြီးအေး အေးဆေးဆေး ထိုင်နေလို့မရဘူးလေ။
မေး- အမေရိကမှာ ကျောင်းတက် နေတဲ့ ဗုံဗုံ ရဲ့ မြူးဇစ် အပေါ် စိတ်ဝင်စားမှု ကိုကော အစ်ကို တစ်ယောက် အနေ နဲ့ ဘယ်လိုမြင်လဲ။ အမေရိက မှာ နှစ်ကာလ ကြာနေ ထိုင်နေတဲ့ လူတစ်ယောက်ရဲ့ Life က မြန်မာ နိုင်ငံက လူငယ် တစ်ယောက်ရဲ့ Life နဲ့တော့ကွာခြားမှုတွေရှိမယ်ထင်တယ်။
ဖြေ- ဘုံဘုံကတော့ နောက်ထပ် ၂ နှစ် တက်ပြီးရင် သူကဘွဲ့ရပြီ။ သူကတော့ သီချင်းတော့ လုပ်ချင်တယ်။ ကျွန်တော် ကတော့ သူ့သဘောပါပဲ။ မြန်မာနိုင်ငံ မှာတော့ မြူးဇစ် အနေနဲ့ မလုပ်စေချင်တော့ဘူး။ တအား ပင် ပန်းတယ်။ ကိုယ်နဲ့ ဘဝတူ လောက သားတွေ ဘယ်လောက် ပင်ပန်းလဲ ဆိုတာ ကိုယ်သိနေ တာ ပဲလေ။ အောင် မြင်မှု တစ်ခုရဖို့ ဆိုတာလည်း လွယ်တာ မဟုတ်ဘူး။ လူတွေက ပြောတော့ သာအလွယ်လို့ ထင်နေတာ။ လုပ် ကြည့်မှပဲ အင်မတန် ခက်ခဲတယ်ဆို တာ လူတွေက သိမှာလေ။ ကျွန်တော် ကတော့ သူဝါသနာ ပါရင်ပေး လုပ် ပါတယ်။ သူကိုယ်တိုင် ကလည်း ကျွန်တော့်လောက်ကို Serious မထား ပါဘူး။ သူ့ဘာ သာ ကျောင်းတက်တယ်။ သူ့လိုင်း နဲ့သူပေါ့။ အမေရိက ရောက်သွားတဲ့ အခါကျတော့ အမေရိက Life ပေါ့။ အမေရိကမှာ နေတာကြာ လာတော့ သူ့ အသိုင်းအဝိုင်း ကလည်း အမေရိက က လူတွေဖြစ်တဲ့ အခါကျ တော့ အတွေးအခေါ်တွေ ကတော့ ကျွန်တော် တို့နဲ့မတူဘဲ ပြောင်းလဲနေပြီပေါ့။ ဒါပေမဲ့ ကျွန်တော့် အနေ နဲ့ လည်း နိုင်ငံခြား မှာနေခဲ့တယ်။ ပြန် လာတော့လည်း မြန်မာနိုင်ငံ နဲ့ သဟ ဇာတဖြစ်အောင် ပြန်ပြီး ထိန်းသိမ်း ရတာပေါ့။
မေး- ၂ဝ၁ဝ တုန်းက အခွေထွက် မယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ မထွက်ဖြစ်ခဲ့ဘူး။ အခုလည်း အခွေ ထွက်တော့မယ်လို့ သိရတယ်။ နှစ်ခွေ ပေါင်းပြီး ထွက်တာလား။ ကုန်သလောက် ပြန်မရတဲ့ ကာလမှာ ဘယ်လို ပုံစံနဲ့ ဖြန့်ချိမယ်လို့ စိတ်ကူးထားလဲ။
ဖြေ-အခွေကိုတော့ ၈ လပိုင်းမှာ အွန်လိုင်း ကနေစပြီး ဖြန့်မယ်လို့ စဉ်းစားထားတယ်။ အခွေ နာမည်က တော့ အာလူး၊ သာကူး၊ နှာဗူး၊ ဂန်ဒူးလို့ ပေးထားတယ်။ အခွေက လုပ်ထားတာ ကြာပါပြီ။ ဒီအခွေမှာ ငွေမြင်ရင် လင်လုပ်မယ် အခွေထဲက သီချင်းတွေ အကုန်လုံး ထည့်လိုက်တယ်။ ပြီးတော့ သီချင်း အသစ်တွေ ထပ်ထည့်တယ်။ သီချင်း အားလုံး ၂၂ ပုဒ်လောက် ပါမယ်။ အမေရိကန် နယူးယောက်က ကျွန်တော့် သူငယ် ချင်းတွေ အဖွဲ့ဖြစ်တဲ့ BOG အဖွဲ့ရဲ့ ဟစ်ဟော့ပ် သီချင်းတွေပါမယ်။ နောက် နဒီဝင့်နိုင်၊ ဧကရီမှူးပိုင်၊ မြကြာညို၊ ခခ၊ ရတနာဖြူဖြူအောင် တို့လည်းပါ မယ်။ ပြီးတော့ ဦးသုမောင် နောက် ဆုံး ဆိုသွားတဲ့ အောင်ပါစေ သီချင်း လည်း ပြန်ထည့်ထားတယ်။ ၂ဝ၁ဝ မှာ ထွက်ရမယ့် အခွေရယ်။ ၂ဝ၁၃ မှာ လက်ရှိ လုပ်နေတဲ့ အခွေရယ်ကို နှစ် ခွေပေါင်းလိုက်တာပါ။ ဘာကြောင့် လည်း ဆိုတော့ တစ်ခွေပြီး တစ်ခွေ ထွက်နေရင် ကျွန်တော့် အတွက်က  ပိုက်ဆံလည်း ပိုကုန်တယ်။ ပြန်လည်း ရတာ မဟုတ် ဘူး။ အဲဒီတော့ အားလုံးပေါင်းလိုက် ပြီးတော့ အခွေ ထုတ်လိုက်တာပါ။  အွန်လိုင်း ကနေပဲ အလကား ဖြန့်မှာပါ။ ဒါပေမဲ့ ကြော် ငြာတွေတော့ ထည့်ရမှာပေါ့။ အခွေ က ထွက်ရင်လည်း ပြန်မမရတာလေ။ ကျွန်တော့် အနေနဲ့ ကလည်း အခွေကို မလုပ်ရရင် မနေနိုင် ဘူးလေ။ တတ် နိုင်ရင် နိုင်သလောက်လေး လုပ်ပြီး တော့ ပေးလိုက်တော့မယ် လို့ပဲ စဉ်း စားလိုက်တော့တယ်။ နောက်အခွေ တွေလည်း အွန်လိုင်းကနေ ပဲဖြန့်ဖြစ်ဖို့ပဲ များပါတယ်။ စီဒီလည်း ရောင်းမယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ ပရိသတ်တွေ ကတော့ စီဒီကို ရှာဝယ်ကြမှာပေါ့။
မေး- ကိုသားစိုး အနေ နဲ့ အနုပညာ ထက် စီးပွားရေးဘက်ကို ပိုပြီး ဦးစား ပေးလာတာ တွေ့ရတယ်။ စီးပွားရေး သမား တစ်ယောက် ဖြစ်လာနေပြီလို့ တချို့တွေ ရဲ့ သုံးသပ်မှုတွေ ကို ဘယ် လိုတုံ့ပြန်ချင်လဲ။
ဖြေ- အမှန်အတိုင်း ပြောရရင်တော့ စီးပွားရေး မလုပ်ချင်ဘူး။ ကိုယ့်ရဲ့ အနုပညာနဲ့ ရသလောက်လေး နဲ့ပဲ နေချင်တာပါ။ ဒါပေမဲ့ သားကျွေးမှု၊ မယားကျွေးမှုတွေ ပါလာတဲ့ အခါကျ တော့ အနုပညာနဲ့က လောက်တော့ လောက်တယ်။ သုံးချင် သလောက် မသုံးရဘူး။ အဲဒီလို မျိုးဖြစ်နေတဲ့ အတွက်ကြောင့် စီးပွားရေး ဘက် လုပ်တာ ပါ။ နောက် ပိုင်းမှာလည်း စီးပွားရေးကိုပဲ ဆက်တိုက်လုပ်ဖြစ် သွားမယ်။ စီးပွားရေးက လုပ်စရာတွေ အများကြီးပဲလေ။ တိုင်းပြည်က လည်း ပြောင်းလဲလာတယ် လို့ ပြော နေ ပြီ။ ပြောနေတဲ့ အခါမှာ ဒီပြောင်း လဲတာကို ဘယ်လောက်အထိ ပြောင်းလဲမှု ပေးမှာလဲ ဆိုတာကို စီးပွားရေး ဘက်က လုပ်ရမှာပါ။ ကျွန်တော်တို့ အနေ နဲ့ ၂ဝ၁၄၊ ၂ဝ၁၅ လောက်မှာ တော့ Construction ပိုင်းတွေပါ လုပ်ဖြစ်ဖို့ ကြိုးစားသွားမယ်။
မေး- အနုပညာသမား တစ်ယောက် အနေနဲ့ စီးပွားရေး လုပ်တဲ့ အခါမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။ အနုပညာ နယ်ပယ်နဲ့ စီးပွားရေး နယ်ပယ်က မတူဘူးလေ။ နယ်ပယ် မတူညီမှု ကြားထဲမှာ ကိုသားစိုး ဘယ် လိုရှေ့ဆက်နေလဲ။
ဖြေ-အနုပညာ ပဲဖြစ်ဖြစ်၊ စီးပွားရေး ပဲဖြစ်ဖြစ်ပါ။ စီးပွားရေးလည်း အနုပညာလေးပါ တွဲပြီး လုပ်တဲ့ အခါဆို ပိုပြီးတော့ အောင်မြင်တယ်။ စီးပွားရေးကို စီးပွားရေးလို လုပ်နေပြန် ရင် လည်း မကောင်းဘူး။ အနုပညာလေး နဲ့နွှယ်ပြီး စေတနာ ထားပြီး လုပ်တော့ ပိုကောင်းတာပေါ့။ ကျွန်တော့် အနေ နဲ့ ကတော့ အနုပညာ သမားတစ်ဝက်၊ စီးပွားရေး သမား တစ်ဝက်လို့ပဲ ခံယူ ထားတယ်။ အနုပညာ သမားနဲ့ စီးပွား ရေးသမား တစ်ယောက်ရဲ့ Feel ချင်း ကတော့ မတူဘူး။ စီးပွားရေး သမား တွေ ကျတော့ လည်း ဘယ်လောက် ရောင်းရင် ဘယ်လောက် ရမလဲပေါ့။ အမြတ် များများ ရအောင် ရောင်းနိုင် ရင် ဆရာဖြစ်တာပဲလေ။ အနုပညာ လောက ကျတော့ အဲဒီလို မဟုတ်ဘူး။ ဝါသနာ နဲ့လုပ်ရတာလေ။ သီချင်း တွေရေးပြီး ပေါက်ချင် မှပေါက်တာ။ ကျွန်တော့် အနေနဲ့ကတော့ အနုပညာသမား တစ်ယောက်က အင်မ တန်တန်ဖိုး ရှိတယ်။ အများ ပြည်သူ လက်ခံမှ အနုပညာသမား ဖြစ်တာလေ။ စီးပွားရေးသမား ဆိုတာ ဘယ်သူမှ လက်မ ခံလဲရတယ်။ ကိုယ့်ဘာသာကိုယ် အမြတ် ရအောင် ရှာမယ်။ ပြီးရင် ကိုယ့်မိသားစု နဲ့ ကိုယ်နေမယ်။ အနုပညာနဲ့ စီးပွားရေးသမား Type က တော်တော်ကွာ ပါတယ်။ အနုပညာ သမား တစ်ယောက် ဖြစ်နေတဲ့ အတွက် စီးပွား ရေး သမားတွေ ရဲ့ ယုံကြည် ခြင်း ကို တော့ ခံရပါ တယ်။
လင်းအက္ခရာ
ပေါ်ပြူလာ

လှိုင် မြစ်ကမ်းတွင် ပုပ်ပွ ကလေး အလောင်းတွေ့

ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း အနောက်မြောက်ရပ်ကွက်၊ ကြည့်မြင်တိုင် ငါးဈေးအနီး လှိုင်မြစ်ကမ်းတွင် သြဂုတ်လ ၃ ရက် ညနေပိုင်း၌ ပုပ်ပွနေသည့် အသက် ခုနစ်နှစ်အရွယ် ကလေး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ပုပ်ပွနေသည့် ကလေးအလောင်းသည် မိန်းကလေး အလောင်းဖြစ်ပြီး ယင်းအလောင်းကို ရန်ကုန် အထွေထွေ ပြည်သူ့ ဆေးရုံကြီးက ပီအာရ် ၀၁၉ ဖြင့် လက်ခံထားကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အလောင်းက လက်ချောင်းတွေက အရိုး ပေါ်နေတယ်။ ပါးစပ်ကလည်း ဟနေတယ်။ အလောင်းက တော်တော် ပုပ်ပွနေပြီ” ဟု မျက်မြင် တွေ့ရှိ သည့် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၃၆/၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး သေဆုံးသူ အမည်နှင့် နေရပ်ကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ွှThe Voice

လူသတ် မုဒိန်းကျင့် လူကုန်ကူးသည့် မြန်မာ ဂိုဏ်းအား ဖမ်းမိပြီ







အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်


စုံတွဲများ နှစ်ကိုယ်တူ သဘောတူ ချစ်တင်းနှောစဉ် အမှတ်တရ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးထားပြီး နောက်ပိုင်း၌ အကြောင်းအမျိုးမျိုးဖြင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်သို့ ရောက်ရှိသွားသောအခါ ဖြစ်စဉ်တွင် ပါဝင်သူ ကာယကံရှင်များ သာမက ၎င်းတို့ အသိုင်းအဝန်း၊ မိဘဆွေမျိုးများပါ လှုမှုရေး၊ စီပွားရေး ဆိုးကျိုးများ ခံစားရကြောင်း တွေ့ကြုံခဲ့သူများက ဧရာဝတီသို့ ပြောသည်။
သမီးရည်စား စုံတွဲများသည် နှစ်ဦးသဘောတူ ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး နောက်ပိုင်း ကွဲကွာသွား၍ ဖြစ်စေ၊
နှစ်ဦးသဘောတူ နေထိုင်ကြစဉ် တစုံတဦးက ခိုးယူ မှတ်တမ်းတင်ထားသည် ဖြစ်စေ ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းမှ အင်တာနက် စာမျက်နှာများပေါ် တင်ပြ လိုက်သောအခါ အမှုအခင်းများ ဖြစ်ပွားရကြောင်း၊ ထို့အတွက် အမျိုးသမီးများ နစ်နာရကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူများက ပြောကြသည်။
“နှစ်ဦးသဘောတူ အတူတူနေခဲ့ပြီးမှ ဖြစ်လာရင် တာဝန်မယူတဲ့၊ အကျင့်စာရိတ္တ မကောင်းတဲ့ ယောက်ျားတွေမှာ တာဝန် ပိုရှိတယ်။ နှစ်ဘက်စလုံးနဲ့ ဆိုင်တယ်။ နှစ်ယောက်စလုံးမှာ ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ ဗီဒီယိုရိုက် တင်တာကတော့ ယောက်ျားလေးတွေက လုပ်တာ၊ မိန်းကလေးတွေက မသိဘဲ ခံလိုက်ရတာ များပါတယ်။ သူတို့ အခွင့်အရေး ယူလိုက်တာ
အမျိုးသမီးတွေမှာ အများကြီး နစ်နာနေရပါတယ်” ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ဆူဆန်နာ လှလှစိုးက ဆိုသည်။
တပါးသူ၏ အခွင့်အရေးကို ချိုးဖောက်၍ နာမည်ပျက်စေရန် ရည်ရွယ်ကာ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို အွန်လိုင်းပေါ် ပျံ့နှံ့စေခြင်းသည် ဆိုက်ဘာ ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဆိုက်ဘာ ရာဇ၀တ်မှု ဥပဒေကို ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ် စသည်ဖြင့် အနုပညာရှင် များသည် ၎င်းတို့ အတွဲများဖြင့် နေထိုင်ကာ ဗီဒီယိုရိုက်ကူး အင်တာနက်ပေါ် တင်ခြင်းဖြင့် လူသိပိုများလာကာ ပို၍ပင် နာမည်ကြီးလာလေ့ရှိကြောင်း၊ အရှက်ရပြီး အနုပညာလောကမှ ထွက်ခွာသွားသူမှာ မဆိုစလောက်သာ ရှိကြသည်။
ယခင်က အနုပညာရှင်များသာ ဗီဒီယိုဖိုင်များ အင်တာနက်ပေါ် တင်ကြသော်လည်း ယခုနောက်ပိုင်းတွင် သာမန်စုံတွဲများမှ အမျိုးသားများက ၎င်းတို့၏ ချစ်သူ မိန်းကလေးများနှင့် အဆင်မပြေချိန်၊ ကွဲကွာသွားချိန်များတွင် ချစ်ခင်စဉ်က သဘောတူစွာ ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်များကို အင်တာနက်ပေါ်တွင် ဖြန့်ခြင်း၊ စုံတွဲများ အတူနေထိုင်စဉ် ခိုးယူ ရိုက်ကူး၍ အင်တာနက်ပေါ် ဖြန့်ခြင်းတို့ကြောင့် နှစ်ဦးနှစ်ဘက် အသိုင်းအဝိုင်း ဂုဏ်သိက္ခာ ထိခိုက်ကာ အရှက်ရကြရသည်။
“ဒီကိစ္စတွေက အခုမှ ဖြစ်တာမဟုတ်ဘူး။ ကျမ ဆရာမ ဘ၀တုန်းက တချို့ ပါမောက္ခချုပ်တွေက အတွဲတွေကို အဲဒီလို တွေ့ရင် ပေးစားလိုက်တယ်။ တချို့ကျတော့ မိန်းကလေးကို သီလရှင် အတင်းဝတ်ခိုင်းတယ်။ တခါတလေ မိဘတွေဆီကို ဆံပင်ကတုံးတုံးပြီး ပြန်လွှတ်လိုက်တာမျိုးတွေ ရှိတယ်။ အဲဒါမျိုးက လူ့ဂုဏ်သိက္ခာကို မလေးစားရာ ရောက်ပြီး အင်မတန်ကို စော်ကားရာ ကျတယ်။ ဒီလိုအပြုအမူမျိုးကိုတော့ မလုပ်စေချင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဆိုသည်။
ယခု လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နည်းပညာ တက္ကသိုလ် (သန်လျင် GTC) တွင် ကျောင်း စာသင်ခန်းထဲ၌ စုံတွဲတတွဲ မဖွယ်မရာ ပြုလုပ်နေပုံကို ကျောင်းသားတချို့က ဗီဒီယိုရိုက်ကူး၍ အွန်လိုင်းပေါ်သို့ တင်ခဲ့ရာမှ အများပြည်သူ အာရုံစိုက်ခဲ့ပြီး နောက်ပိုင်း အဆိုပါကိစ္စကို ပြည်တွင်းသတင်းစာနှင့် ဂျာနယ်တချို့ကပါ ဖော်ပြလာခဲ့သည်။ ထိုသို့ ဖော်ပြရာတွင် သတင်းစာ၊ ဂျာနယ်တချို့၏ ဖော်ပြချက်မှာ သက်ဆိုင်သူများကို ထိခိုက်ကြောင်း၊ ကျင့်ဝတ်နှင့် မညီကြောင်း စသည့် ဝေဖန်ချက်တချို့ ထွက်ပေါ်လာသည့် အပြင် အဆိုပါ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
မကွေးမြို့တွင်လည်း သမီးရည်းစားနှစ်ဦး သားမယားအဖြစ် အတူနေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို အင်တာနက် တွင် တင်ခဲ့သည်ဟု ယူဆရသူအား အမှုဖွင့်ပေးရန် ကာယကံရှင် မိန်းကလေးက တောင်းဆို လာသောကြောင့် ယင်းအမှုကို
လက်ခံထားကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောဆိုခဲ့သော်လည်း ယင်းဖြစ်စဉ်ကို အသေးစိတ် ရှင်းပြရန် ကိုမူ ငြင်းဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှစ်ခုမှာ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူသိများသည့် ဖြစ်စဉ်များဖြစ်ပြီး ထိုကဲ့သို့ ဖြစ်စဉ်များစွာ လူမှု ကွန်ရက် အင်တာနက် စာမျက်နှာများတွင် ပျံနှံ့လျှက် ရှိသည်။
မကြာသေးမီ လပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တခုတွင် အလားတူ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။
ယင်းဖြစ်စဉ်မှာ သမီးရည်းစားနှစ်ဦး သဘောတူ ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်များကို နှစ်ဦးပြတ်စဲချိန်တွင် အင်တာနက်ဆိုင် တဆိုင်သို့သွား၍ နှစ်ဦးသဘောတူ ဖျက်ခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသားဖြစ်သူက Recover ဖိုင်ကို ပြန်လည်ရယူ၍ အွန်လိုင်းသာ မကဘဲ၊ ဗီဒီယိုအခွေများ အဖြစ် မြို့နယ်တွင်း ဖြန့်ခဲ့ကြောင်း၊ ထို့ကြောင့် မိန်းကလေးဖြစ်သူမှာ များစွာ နစ်နာခဲ့ရပြီး အမှုဖွင့် တရားစွဲဆိုလျှင်လည်း ဂုဏ်သိက္ခာ ပိုမိုကျဆင်းမည် စိုးသောကြောင့် အမှုမဖွင့်တော့ဘဲ မြို့နယ် ရဲအရာရှိရှေ့၊ မိဘများရှေ့တွင် အမျိုးသားဖြစ်သူဘက်က နစ်နာကြေးပေး၍ နောက်နောင် ထိုသို့ ထပ်မံမလုပ်ရန် ခံဝန်လက်မှတ် ရေးထိုး စေခြင်းဖြင့် ပြီးစီး သွားခဲ့ရကြောင်း သိရသည်။
ဗီဒီယိုရိုက်ကူးပြီး အများသိစေရန် ဖြန့်ဝေမှုသည် ရိုက်ကူးခံရသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် ကျူးလွန်သူကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးဖြစ်ပါက တဘ၀လုံး အရှက်ရ နစ်နာ စေသော ကြောင့် အရေးယူပေးရန် အာဏာပိုင်အဖွဲ့အစည်းများကို တိုက်တွန်းလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
သန်လျင် GTC ဗီဒီယိုဖိုင် ပျံ့နှံ့သွားသောကြောင့် ဗီဒီယိုရိုက်ကူးခံခဲ့ရသူ ကျောင်းသားနှင့် ကျောင်းသူတို့ကို မိဘများနှင့်အတူ
ကျောင်းအုပ်ကြီး ရုံးခန်းတွင် ခေါ်ယူသတိပေး ခဲ့ကြောင်း၊ ယင်းဗီဒီယိုဖိုင်ကြောင့် ကျောင်းဂုဏ်သိက္ခာ ကျဆင်းရသကဲ့သို့
ကျောင်းသူများမှာလည်း အရှက်ရဖွယ် အပြုအမူများနှင့် စနောက်ခံခဲ့ရကြောင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ မသန္တာက ပြောသည်။
“အခုက ကျမတို့ ယူနီဖောင်းကို မြင်ရင်တောင်မှပဲ ဒါက GTC က ဟာတွေပါကွာ ဆိုပြီး သူငယ်ချင်း ထဲမှာတောင်မှပဲ စချင်နောက်ချင်တဲ့ သူတွေ ရှိလာတယ်။ ရပ်ကွက်တွေထဲ သွားရင်လည်း အပြင်လူတွေက စချင်တယ်” ဟု သူ၏ အတွေ့အကြုံကို ဧရာဝတီသို့ ပြောသည်။
မကွေးဖြစ်စဉ်မှာ ရဲဇာနည် အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်အရ မေလ ၂၃ ရက်နှင့် ဇွန်လ ၇ ရက်နေ့ များက သားမယား အဖြစ် နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေကို ဇွန်လ ၇ ရက်နေ့က မိန်းကလေး ဖြစ်သူထံ
ပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် ကာယကံရှင် မိန်းကလေးမှာ ရှက်၍ မန္တလေးသို့ ထွက်သွားခဲ့ကြောင်း၊ မန္တလေးတွင် နှစ်ပတ်ခန့် နေခဲ့ပြီး မကွေးသို့ ရောက်ရှိကာ အလုပ်ပြန်ဝင်ခဲ့စဉ် အဆိုပါ ဗီဒီယိုဖိုင်သည် အင်တာနက် ၀က်ဘ်ဆိုက် တခုတွင် တင်ထားသည်ဟု သိရှိရ၍ မိန်းကလေးက မကွေးမြို့ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သန်လျင် GTC ကျောင်းသား စုံတွဲတတွဲ၏ အနေအထိုင် မဆင်ခြင်မှုကြောင့် ကျောင်းသား အားလုံးကို ၀ါးလုံးရှည်ဖြင့် သိမ်းရမ်းခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ဗီဒီယို ရိုက်ကူးသူနှင့် အွန်လိုင်းပေါ် တင်ခဲ့သူတို့ကိုလည်း ရှုတ်ချကြောင်း၊ ဘယ်သူမပြု မိမိမှုသာ ဖြစ်သောကြောင့် မိန်းကလေး ကျောင်းသူများအနေဖြင့် အနေအထိုင် ဆင်ခြင်စေလိုကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသား အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။
“ဒီကိစ္စကြောင့် ပညာပေး အစီအစဉ်နဲ့ စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်တွေ လုပ်သွားမယ်။ စည်းကမ်းထိန်းသိမ်းရေး လုပ်ဖို့အတွက် အတန်းပြီးတာနဲ့ အခန်းကို သော့ခတ်တယ်၊ စစ်ဆေးရေး လုပ်တယ်။ လုံခြုံရေး အပိုင်းမှာလည်း တိုးထားတယ်။ အချင်းချင်း ပြန်ထိန်းတာတွေ လုပ်နေတယ်” ဟု သန်လျင် GTC ကျောင်းသား ကိုကျော်ဇင်ထက်က ရှင်းပြသည်။
ပညာပေးသည့် အနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သော ယူနက်စကိုက သန်လျင်နည်းပညာ တက္ကသိုလ် တခုတည်းကို ရွေးချယ်၍ လူငယ်မြှင့်တင်ရေး ပုံစံ ၄ ရက် သင်တန်းပေးရန် ကမ်းလှမ်းလာသည်ဟုလည်း သူက ပြောသည်။
“ကျနော်တို့ တကျောင်းတည်းကို သင်တန်းလာပေးဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ Central Hotel မှာ စက်တင်ဘာလထဲမှာ ဖြစ်နိုင်တယ်။ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ သပ်သပ်စီ ခွဲပေးမှာ” ဟု ကိုကျော်ဇင်ထက်က ဆိုသည်။
သန်လျင် GTC သတင်းနှင့် ပတ်သက်၍ ကျောင်းသားစုံတွဲ နှစ်ဦး၏ ဗီဒီယိုဖိုင်ကို ကျောင်းအုပ်ကြီးက ကျောင်းသား မိဘများအား ပရိုဂျက်တာဖြင့် ပြသခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းအုပ်ဆရာကြီးကို နုတ်ထွက်စာ တင်ခိုင်းထားသည်ဟူ၍ အပတ်စဉ်ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်က ရေးသားဖော်ပြခဲ့သော်လည်း ယင်းကဲ့သို့ ပရိုဂျက်တာဖြင့် ပြသခြင်းမရှိဟု နည်းပညာ တက္ကသိုလ်ကျောင်းသားများက ငြင်းဆိုသည်။
ဗီဒီယိုဖိုင်ကို ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင် ပြသခဲ့ခြင်းလုံးဝ မရှိကြောင်း၊ ကာယကံရှင် ကျောင်းသား ကျောင်းသူ နှစ်ဦးမှာလည်း ကျောင်းအုပ်ကြီးက မိဘများကို ခေါ်ယူ သတိပေးခဲ့ပြီးနောက်ရက်တွင် သူတို့သဘော ဆန္ဒအလျောက် ကျောင်းထွက်သွား ခဲ့ကြောင်း ကျောင်းသားအသိုင်းအဝန်းမှ သိရသည်။
မြန်မာသံတော်ဆင့် ဂျာနယ်အနေဖြင့် GTC ကျောင်းကိစ္စ သတင်းဖော်ပြမှုတွင် ကာယကံရှင် ဖြစ်သူများကို ထိခိုက်စေလိုသော ဆန္ဒမရှိဘဲ ကျောင်းသားထုဘက်မှ ရပ်တည်၍ ကျောင်းအုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ အစိုးရ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုများကို ထောက်ပြခြင်းသာ ဖြစ်ကြောင်း ယင်းဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးပြည့်စုံထွန်းက ဧရာဝတီသို့ ပြောသည်။
“ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ သက်သေ အထောက်အထား အခိုင်အလုံ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူကလည်း တကယ်ပြောတာပါ” ဟု သူက ဆိုသည်။
ယခုနောက်ပိုင်းတွင် လူငယ်များမှာ လွတ်လပ်စွာ နေထိုင်လာကြပြီး Living Together နေထိုင်မှု ပုံစံ များပြားလာကြောင်း၊ သို့သော် မိမိတို့မှာ မြန်မာအမျိုးသမီး ဖြစ်သည်ကို မမေ့သင့်ကြောင်း၊ စာသင်ကျောင်းများ တွင်လည်း ယဉ်ကျေးမှု ထိန်းသိမ်း ရေးကို ဘာသာရပ်တခု အနေဖြင့် ထည့်သွင်း သင်ကြားခြင်းဖြင့် လူငယ်များ လျှပ်ပေါ်လော်လီသောစိတ် နည်းသွားကာ
မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာ ရောက်နိုင်ကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါက်တာခင်ဥမ္မာက အကြံ ပြုသည်။
“ကိုယ့်မှာ ရှိရမယ့် ဟီရိသြတ္တပတရားနဲ့ ယဉ်ကျေးမှုကိုတော့ လက်မလွှတ်စေချင်ဘူး။ ကိုယ်က မြန်မာ အမျိုးသမီး တယောက် ဆိုတာကို မမေ့စေချင်ဘူး။ ငါမလုပ်သင့်ဘူးဆိုတာ သိမယ်ဆိုရင် မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့” ဟု သူကဆိုသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ တာဝန်များစွာ ရှိကြောင်း၊ လူမှုရေးတာဝန်၊ ယဉ်ကျေးမှုဆိုင်ရာ တာဝန်၊ အိမ်တွင်းမှုဆိုင်ရာ တာဝန်များ ရှိနေသောကြောင့် ခေတ်ပြောင်း လာသော်လည်း လူ့အဖွဲ့အစည်းက ပေးအပ်ထားသော
တာဝန်များ ရှိနေဆဲသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိန်းကလေးများ အနေဖြင့် အနေအထိုင် အသွားအလာ ဆင်ခြင်ကြ စေလိုကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။

ဧရာဝတီ

ချစ်တာတစ်ခုတည်းနဲ့ဖြင့် မပြီးနိုင်တော့တဲ့ ခေတ်


ချစ်တာတစ်ခုတည်းနဲ့ဖြင့် မပြီးနိုင်တော့တဲ့ ခေတ်မြန်မာနိုင်ငံ လူဦးရေ၏အ သက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်း ရှိသူ အသက် အပိုင်းအခြား အ တွင်းမှ ထက်ဝက်ခန့်သည် အိမ် ထောင်မပြုကြဘဲ နေထိုင်လျက်ရှိ နေကြသည် ဆိုသည့် သတင်းထုတ် ပြန်ချက် တစ်ခုကို ကမ္ဘာ့လူဦးရေ နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ သည့် အခမ်းအနားဆီမှ ကြားလိုက် ရသည်။ ကျား၊ မ ရာခိုင်နှုန်း အ ချိုးအဆ အနေနှင့်မူ အဆိုပါအ သက်အပိုင်း အခြားရှိ လူဦးရေထဲ မှ ထက်ဝက်ခန့်၏ အမျိုးသမီး ၄၄ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၇ ရာ ခိုင်နှုန်းတို့သည် အိမ်ထောင် မပြု ဘဲနေထိုင်ကြ သည်ဟုဆိုလေ၏။

သို့ဆိုသော်လည်း ထိုသို့အိမ် ထောင်မပြုကြသူတွေမှာ အမျိုး သမီးနှင့်အမျိုးသားတို့၏ သဘာဝ ဓမ္မတာအရ ကျား၊ မချစ်ကျွမ်းဝင်မှု များမရှိကြဟုဆိုခြင်းမဟုတ် ကြောင်း။ ထိုထုတ်ပြန်ချက်က ထပ် မံဖွင့်ဆိုထားပြန်သည်။ ထို သတင်း ကို အသေအချာစဉ်းစား မိသည့် အခါ ကောင်းသတင်းမဟုတ်။ အ နုတ်လက္ခဏာဆောင်သော သ တင်းသာဖြစ်လေဟုထင်သည်။ စင်စစ်လူသားတစ်ယောက် ဖြစ် လာသည်နှင့် အချိန်တန် အရွယ် ထောင်ပြုကြသည်ဆိုခြင်းမှာ သ ဘာဝလည်းဖြစ်၊ ဓမ္မတာလည်း ဖြစ်လေသည်။ ထိုသဘာဝ ဓမ္မတာ သည် သဘာဝဓမ္မတာ အတိုင်း ဖြစ် မလာဘဲနှင့် ဖောက်လှဲ ဖောက်ပြန် ဖြစ်လာပြီဆိုသည့်အခါ တစ်ခုခု အမှားအယွင်းတော့ဖြင့် ရှိနေပြီ ဖြစ်ကြောင်း သေချာလေသည်။

လွန်ခဲ့သည့် ခုနှစ်၊ ရှစ်နှစ် ခန့်တုန်းက သားသမီးအရင်းလို ခင်မင်နေသည့် ကလေးမလေး တစ်ယောက်ကမေးဖူးသည်။ " ဆရာအိမ်ထောင်ရေး တစ်ခုမှာ အချစ်နဲ့ ဓနငွေကြေး ဘယ်ဟာ ဟာပိုအရေးကြီးသလဲ"တဲ့။

သည်ကလေးမလေးက ကလေးမလေး ဆိုရသော်လည်း တစ်ဆယ်ကျော်ငါးနှစ်ပတ်လည် . . . တင့်တင့်တို့အရွယ်ဆိုသည့် သီချင်းလို မြီးကောင်ပေါက်စ အရွယ်မဟုတ်တော့။ မြန်မာစာ နှင့် မဟာဘွဲ့ယူထားပြီးသည့် အ သက် ၃၀ နားကပ်နေသည့် အရွယ်။ ပြောရလျှင် သည်အရွယ်မှ အမြီး မပေါက် ဘာမျောက်တဲ့လဲကွဲ့ ဆို သည့်အရွယ်။ သည်တော့ သူ့အိမ် ထောင်ရေးလမ်းခရီးအတွက် ဆုံး ဖြတ်ချက်တစ်ခုတော့ဖြင့် ချီတုံချ တုံဖြစ်နေကြောင်း သဘောပေါက် လိုက်မိသည်။

အမေးရှိပြီဆိုတော့ ဖြေမှ တော့ဖြစ်မည်။ သို့သော် ဖြေရမည် ကလည်းခက်ခက်။ ကိုယ့်ရှိရင်းစွဲ အတွေးအရတော့ဖြင့် အချစ်မပါ သည့်အိမ်ထောင်ရေးဆိုသည်ကို အနှစ်အသားမပါသည့် ဥခွံတစ် လုံးလို့သာ ထင်ထားမိသည်။ အ ချစ်မပါဘဲနှင့်တော့ဖြင့်လည်း အိမ်ထောင်တစ်ခု မတည်သင့်ဟု ကိုယ့်ဘာသာအယူအဆခိုင်မာ ထားခဲ့သည်။ သို့သော် ခုခေတ်က သည်လိုမဟုတ်နိုင်တော့တာလား ထင်သည်။ " တူနှစ်ကိုယ်တဲ အိုပျက် မှာ နေရ ချစ်တာပဓာန" သီချင်း က ဒိတ်ကုန်သွားခဲ့ပြီပဲထင်သည်။ သည်တော့ ချင့်ချင့်ချိန်ချိန်နှင့်ပင် ဖြေရသည်။

 ကိုယ့်ဘဝထဲက တစ်သက် လုံးစာအရေးအကြီးဆုံးဆေးမင် ရည်စုတ်ထိုးရတဲ့ အိမ်ထောင်ရေး ဆိုတာမှာလည်း အချစ်ကပဲ နံပါတ်တစ်ဖြစ်လာခဲ့တယ်ထင် ပါရဲ့။ ဒါကလည်း ကာလ သတ်မှတ် ချက်တော့ရှိနေသလားပဲ။ဆရာ တို့ခေတ်အခါတုန်းကနဲ့တော့ ဒီခေတ်က မတူနိုင်တော့ဘူးထင် ပါရဲ့။ လွန်ခဲ့တဲ့ နှစ်သုံးလေးငါး ဆယ် ဆရာတို့ခေတ်တုန်းကတော့ လစာနည်း ဝန်ထမ်းအဆင့်ဖြစ် တဲ့ လစာတစ်ရာနှစ်ဆယ့်ခြောက် ကျပ်ပဲရတဲ့ မူလတန်းပြဆရာ တစ်ယောက်က သူ့မိသားစုလေး ငါးယောက်ကို ထမင်းဝအောင် ကျွေးနိုင်ရုံမက ကျန်းမာရေး၊ ပညာရေးပါ လူတမ်းစေ့အောင် ထားနိုင်ခဲ့တာကိုးသမီးရယ်။

ဘဝတူ မူလတန်းပြဆရာနဲ့ဆရာမ မေတ္တာမျှလို့ အိမ်ထောင်ပြုကြ မယ်ဆို လစဉ် ရွှေငါးမူးသား လောက်ဝယ်စုနိုင်တယ်ဆိုတဲ့ ခေတ် လေကွာ။ ဒီတော့လည်း ဘဝက ခွင့်ပြုချက်အရကို အချစ်က နံပါတ် တစ်ဖြစ်နိုင်ခဲ့တယ်လို့လည်း ဆိုနိုင် ပါတယ်။ အခု သမီးတို့ ခေတ် ရောက်တော့ သမီးခုနက မေးတဲ့ မေးခွန်းမျိုးကို မေးရတော့မယ့် ခေတ်ကိုရောက်သွားခဲ့ပြီလို့ ဆရာ နားလည်ပါတယ်။ တစ်ခု အကြံ ပေးချင်တာကတော့ အချစ် ဆိုတာ နဲ့ ဥစ္စာဓနဆိုတာရဲ့ နှစ်ဖက်လုံး အစွန်းကိုမရောက်အောင် သတိ နဲ့ဆုံးဖြတ်ဖို့ပါပဲ။

ကျွန်တော့်အဖြေကြောင့် က လေးမလေးက မချိပြုံးပြုံးသည်။ လွန်ခဲ့သည့်နွေနှောင်းတုန်း ကတော့ မထင်မမှတ်နှင့်ပင် သည် ကလေးမလေးထံမှ မင်္ဂလာပွဲဖိတ် သည့် တယ်လီဖုန်းရသည်။ "ဆရာ က ကိုယ့်မိဘလိုပဲမို့ ဆက်ဆက် လာခဲ့ပါနော်"တဲ့။တစ် ဆက်တည်း ပြောသည်က "သူက သမီးထက် ရှစ်နှစ်တောင်ကြီး တယ်ဆရာရဲ့" တဲ့။ သူ့အသက်ပင် (၄၀) ဆိုသည့် အခါ သူတို့ဇနီးမောင်နှံအတွက် မျိုးဆက်ကို သူတို့ဘယ်လိုစဉ်းစား ထားကြသည်လဲ။ တကယ်က မိမိ၏မျိုးဆက်ဆိုသည်က မိမိ တို့၏ ပုဂ္ဂလိကအိမ်ထောင်တစ်ခု အတွက်သာမက လူ့ဘောင်တစ်ခု လုံးအတွက်လည်း လူသားမျိုး ဆက်၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီးလှ၏။ လူသားမျိုးဆက် တည်တံ့ပြန့်ပွားရေးဆိုသည်က လူ သားတိုင်း၏တာဝန်ဖြစ်သည်ဟု ထင်သည်။ သို့ပါလျက် အိမ် ထောင်ပြုသူဦးရေနည်းပါးလာ ခြင်း(သို့မဟုတ်) အချိန်နှင့်အခါ နှင့် အိမ်ထောင်မပြုဖြစ်ကြခြင်းဆို သည်မှာ ဘယ်လိုပဲတွေးတွေး အပေါင်းလက္ခဏာတော့ဖြင့်မဖြစ် နိုင်ဟုတွေးမိ၏။

ယခုတော့ မြန်မာနိုင်ငံ အ တွင်းမှ အသက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်းရှိသူ ကျား၊ မပေါင်း လူဦး ရေ၏ ထက်ဝက်ခန့်သည် သမုဒယ တွေ၊ အချစ်စိတ်တွေ၊ မေတ္တာတ ရားတွေ ကုန်ခန်းသွား ကြ၍လည်း မဟုတ်ပါဘဲ အဗြဟ္မစရိယာပုဒ်ကို စောင့်ထိန်းကာ အာသဝေါတွေ ကုန်ခန်းကြသဖြင့် နိဗ္ဗာန်ကူးလု ဆဲဆဲ တစ်မဂ်တစ်ဖိုလ်ဆိုက်ကြ မည့် အရိယာပုဂ္ဂိုလ်တွေလည်း မ ဟုတ်ကြပါဘဲလျက် အိမ်ထောင် မပြုကြဟုဆိုလေသည်။

သည်တော့ ဘာတွေဖြစ်လာ သနည်း။ ရှင်းသည်။ ၂၄ နာရီ အတွင်းစားရသည့် တားဆေးတွေ ရောင်းကောင်းသည်ဟု လမ်းဘေး ဆေးဆိုင်တွေကဆိုကြသည်။ တစ် လခံ၊ သုံးလခံဆေးတွေလည်းဆေး ခန်းများတွင် အတော်ထိုးပေးရ သည်။ နာရီပိုင်းနှင့်ငှားသည့် တည်းခိုခန်းတွေပေါလာသည်။ LI ဟု အတိုကောက် ခေါ်နေကြ သော တစ်ဦးအပေါ်တစ်ဦးအပြန် အလှန်တာဝန်ယူမှု မရှိသည့် တာ ဝန်ယူစရာလည်းမလိုသည့် Living Together ခေါ် လွတ်လပ်စွာ ဖိုမ ဆက်ဆံရေးမျိုးတွေ ခေတ်စား လာသည်။ လက်ထပ်ပွဲမင်္ဂလာဦး ညအထိ အမွန်တမြတ်ထိန်းသိမ်း စောင့်ရှောက်ထားလေ့ရှိကြသည့် ကျွန်ုပ်တို့ မြန်မာအမျိုးသမီးငယ် လေးတွေ၏ အပျိုဂုဏ်ဆိုတာတွေ လည်း ခုတော့ဖြင့် ဟင်းရွက်ကန် စွန်းထက် ဈေးပေါသွားကြပြီလား ထင်သည်။ ဟိုတစ်လောကဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ အမျိုးသမီး လေးတစ်ယောက်က ရင်နင့်နင့် နှင့်ရေးထားသည့်သဘောထား စာစုလေး တစ်ပုဒ်ဖတ်လိုက်ရ သည်။ တက္ကသိုလ်ကျောင်းအမျိုး သမီးအိမ်သာတွေနားမှာ၊ပုဂ္ဂလိ က အမျိုးသမီးဆောင်တွေက ရေအိမ် အမှိုက်ခြင်းတွေထဲမှာ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်သည့် ပစ္စည်းလေးတွေ တွေ့ç တွေ့နေရ တတ်သတဲ့။ ဗဟိုအမျိုးသမီးဆေး ရုံကြီးတွင် တက်ရောက် ကုသရင်း အသက်ပျက်စီး ဆုံးရှုံးရသည့် ဦး ရေထဲတွင် ကိုယ်ဝန်ဖျက်ချမှု ကြောင့်သေဆုံးရသည့်ဦးရေစာ ရင်းက ပိုများနေသည်တဲ့။

တွေးကြည့်သည့်အခါ သည် ကိစ္စတွေအားလုံးသည် အနုတ် လက္ခဏာတွေချည်းဖြစ်နေသည်။ သည်အနုတ်လက္ခဏာများ၏ လက်သည်တရားခံကိုရှာတော့ ဝေးဝေးလံလံမှာမဟုတ်။ ကျွန်ုပ် တို့နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရ သော ဝင်ငွေ၊ ထွက်ငွေမညီမျှမှု စီးပွားရေး ပြဿနာကြီးသာ ဖြစ်နေ လေတော့၏။

အိမ်ထောင်တစ်ခုကို လူနှင့် တူတူ သူနှင့်တန်တန် တင့်တောင့် တင့်တယ်ရှိအောင်လုပ်ဖို့ဆိုသည် က သည်ခေတ်ထဲမှာ လူငယ်လေး တွေအတွက် ဓားတောင်နှင့်မီးပင် လယ်ကိုဖြတ်ရဖို့ထက် ခက်ခဲသည့် ကိစ္စဖြစ်လာသည်။ သို့နှင့်ပင် တည် တည်တံ့တံ့ဖြင့် ခိုင်မာအောင် တည် ဆောက်ရမည့် အိမ်ထောင်တစ်ခု ထက် ပါးလွှာသည့် အထိမခံ ထိ လွယ်ရှလွယ်ဖိုမကိစ္စ ဘက်သို့သာ ပေါက်ထွက်သည့်အခါ အထက် တွင် ဖော်ပြခဲ့သည့် တလွဲလမ်း ကြောင်းများဆီသို့သာ ရေဦးလည် တော့၏။

ဒါက စဉ်းစားတတ်၊တွေးခေါ် တတ်သည့် ပညာတတ်လူလတ် တန်းစား အောက်လွှာမှ လူငယ် လေးများ အများစု၏ လက်ရှိ ဖြစ် ပေါ်နေသော ရေစီးကြောင်း ဖြစ် လေသည်။ သို့သော် သူတို့ ကဲ့သို့ မစဉ်းစားနိုင်ကြသူ၊ မစဉ်းစား တတ်ကြသူ ပညာမဲ့ အောက်ခြေ လူတန်းစားအလွှာမှ လူငယ်တွေ ကမူ ရိုးသားစွာဖြင့်ပင် သူတို့ ဘဝကိုသူတို့ ရှင်းရှင်းပြတ်ပြတ် ဆောင်ရွက်တတ်ကြလေသည်။ အနာဂတ်အတွက် ဘာအတွက်၊ သားသမီးရှေ့ရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမျှ မစဉ်းစား။ စဉ်းစားနှိုင်းယှဉ်စရာလည်း သူ့ ပတ်ဝန်းကျင်မှာ အတူတူနှင့် အနူနူ ချည်းမို့ ချစ်တဲ့သူတွေ့လျှင်ဆို ဝမ်း တူးသရီးနှင့် ပြိုင်တူစိန် ခေါ်ရသည် ပင်ကြာသလားလို့ ထင်ကြသေး သည်။ ပျော်ပျော် ပါးပါးနှင့်ပင် ဘဝ ထဲ ပုဆိုးတန်းတင်လင်မယား အ ဖြစ် ခပ်မြန်မြန်နှင့်ခပ်ရဲရဲ လက်တွဲ ပစ်လိုက်ကြသည်။ မွေးလာသည့် ကလေးတွေကျတော့လည်း ပညာ တတ်ဖို့၊ မတတ်ဖို့ထက် မိရိုးဖလာ ကောက်စိုက်၊ ပျိုးနုတ်၊ လယ်သူရင်း ငှား ဘဝဖြင့်အရိုးထုတ်ကြပေရော့ ဆိုသည့် ဘဝတွေ ဖြစ်နေသည်။

အားလုံးကို ခြုံကြည့်လိုက် သောအခါ ထိုသို့သောလူတန်းစား မတူညီကြသည့် လူလတ်တန်းစား၊ လူလတ်တန်းစားအောက်လွှာနှင့် အခြေခံလူတန်းစားထဲမှ လူငယ် များ၏ အိမ်ထောင်ရေးအခြေအ နေများက အနာဂတ်အရုဏ်ဦး အပေါ် တိမ်မည်းတိမ်ပုပ်တို့ လွှမ်း မိုးနေသလားဟု ခံစားမိသည်။

မြန်မာ့လူဦးရေနှင့်ပတ်သက် ၍ ထုတ်ပြန်ထားသော စာရင်း ဇယားတစ်ခုတွင် သေဆုံးနှုန်း ထက် မွေးဖွားနှုန်းက အဆမတန် နိမ့်ကျနေသဖြင့် ၂၀၁၅ တွင် အလုပ်မလုပ်နိုင်တော့သော သက် ကြီးရွယ်အိုတွေက အလုပ်လုပ်နိုင် သူ ဦးရေထက် များပြားလာမည် ဟုဆိုနေသည်။ ယခုနှုန်းထား အတိုင်းရှိနေမည်ဆိုလျှင် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာမည့် နောင်ဆယ်စုနှစ်များတွင် အမှန်တကယ်စွမ်းဆောင်နိုင်အား ရှိသော လုပ်သားစွမ်းရည်များ လို အပ်မှုကို ပြည့်မီအောင်ဖြည့်ဆည်း ပေးနိုင်လိမ့်မည်မဟုတ်ဟု ဟော ကိန်းတွေထုတ်နေကြသည်။

တွေးမိတော့ ပညာ အကြောင်း သိကြသည့် ပညာတတ် လူလတ် တန်းစားအလွှာကလည်း အိမ် ထောင်သားမွေးကိစ္စအတွက် လက် တွန့်ကာ တာဝန်မဲ့ ဖိုမရေစီးထဲ သို့သာ မျှောချနေကြ။ ပညာ အ ကြောင်း အလေးအနက် မထား တတ်သည့် အောက်ခြေအလွှာက လည်း ကျန်းမာရေးနှင့် ပညာရေး တွင် ချို့တဲ့နုံနဲ့သော ကလေးတွေ ကို ဖောဖော သီသီမွေး ထုတ်နေကြ ဟုဆိုခဲ့လျှင် ကျွန်ုပ်တို့ နိုင်ငံတော် ၏ အနာဂတ် မျိုးဆက် လှပရှင်သန် ရေးကို မည်သို့မည်ပုံ တွေးတောပူ ပန်ဝိုင်းဝန်း၍ ကျွန်ုပ်တို့အားလုံး ဆောင်ရွက်နိုင်ကြပါ မည်နည်းဟု စဉ်းစားရင်းဖြင့်...

သင်းရီ

By 7Day News

ငွေ ၅၀၀ အတွက် အချင်းများရာမှ လူသတ်မှုဖြစ်


ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ရွှေတောင်မြို့နယ် မီးတောင်အုပ်စု၊ ဝါးလည်ရွာတွင် အလုပ်လုပ်ခြင်းဖြင့် ပေးဆပ်မည်ဟုဆိုကာ ချေးယူ ထားသောငွေ ၅၀၀ ကျပ်အတွက် အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

တူဖြစ်သူ ကိုသန်းသူမောင်ထံက ချေးယူထားသော ငွေ ၅၀၀ ကျပ်အတွက် အလုပ်လုပ်ပေးရန် ဦးဝင်းမြင့်နိုင်ကို သွားရောက်ခေါ်စဉ်တွင် ဦးဝင်းမြင့်နိုင် နေမကောင်း ဖြစ်နေခဲ့ကြောင်း၊ နောက် တစ်နေ့တွင် တူဝရီးနှစ်ယောက် အတူအရက်သောက် စကားများရာမှ ဦးဝင်းမြင့်နိုင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ နေအိမ်ရှေ့တွင် တူဖြစ်သူက တုတ်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးရှိ ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က တူဝရီးဖြစ်သူ ဦးဝင်းမြင့်နိုင်နှင့် ကိုသန်းသူမောင်တို့ အရက်အတူ သောက်ရာမှ စကားများခဲ့ပြီး ကိုသန်းသူမောင်က ဝါးတုတ်ဖြင့်တစ်ချက် ရိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဒဏ်ရာဖြင့် သြဂုတ် ၁ ရက်နေ့တွင် ဦးဝင်းမြင့်နိုင် သေဆုံး သွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ဦးအောင်မြင့်ဌေးက ပြောကြားသည်။

ဦးဝင်းမြင့်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ပ/၁၈၄/၂၀၁၃၊ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရွှေတောင်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

မြ၀တီ

လုံခြုံရေးအားနည်းမှု၊ ပရိသတ်များ၏ အလွန်အကျူး အားပေးမှုများကြောင့် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကစားခဲ့သည့် နေပြည်တော်-ရန်ကုန် MNL ပွဲစဉ်ကို ပွဲချိန် ၃၇ မိနစ်တွင် ရပ်ဆိုင်းခဲ့ရ




၂၀၁၃ MNL ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် ၂၂ ဒုတိယနေ့ ပွဲစဉ်အဖြစ် သြဂုတ် ၄ ရက်က နေပြည်တော်နှင့် ရန်ကုန်အသင်းတို့
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ လုံခြုံရေး အခြေအနေ အားနည်းမှု၊ ပရိသတ်များ၏ အလွန်အကျူး အားပေးမှု၊ နှစ်ဖက်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ပွဲချိန် ၃၇ မိနစ်တွင် ပွဲရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယင်းပွဲကို မူလက နေပြည်တော်အသင်း၏ အိမ်ကွင်းဖြစ်သည့် NPT ကွင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း လုံခြုံရေး အခြေအနေအရ ၀ဏ္ဏသိဒ္ဓိကွင်းသို့ ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ပွဲမတင်မီ ကတည်းက နှစ်ဖက်အသင်း ပရိသတ်များမှာ အပြန်အလှန် အချင်းများကာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ပွဲချိန်အတွင်း၌လည်း နေပြည်တော် ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။ ပွဲချိန် ၃၄ မိနစ်တွင် ရန်ကုန်ကစားသမား ဒေးဗစ်ထန်းကို
နေပြည်တော် နောက်ခံလူများက ပယ်နယ်တီ ဧရိယာအတွင်း ဖျက်ထုတ်ခဲ့ရာ ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယင်းပယ်နယ်တီမှာ အငြင်းပွားဖွယ် အနေအထားဖြစ်နေပြီး ပရိသတ်တစ်ဦးက ကွင်းထဲဝင်လာကာ ဒိုင်လူကြီးကို ရန်ပြုရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းပယ်နယ်တီကို ရန်ကုန်တိုက်စစ်မှူး ဆီဇာက ကန်သွင်းယူ
ခဲ့သောကြောင့် ရန်ကုန်အသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်နေချိန် ပွဲချိန် ၃၇ မိနစ်တွင် နှစ်ဖက်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအကြား အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲကြည့်စင်ပေါ်မှ နေပြည်တော် ပရိသတ်များက ကွင်းအတွင်း ၀င်ရောက်လာကာ ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပွဲကိုခေတ္တ ရပ်နားခဲ့ရပြီး မိနစ် ၄၀ ခန့် စောင့်ကြည့်မှု ပြုလုပ်ပြီးနောက် ဆက်လက်ကစားရန် မဖြစ်နိုင်တော့သဖြင့် ပွဲကိုရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပွဲကိုရပ်ဆိုင်းခဲ့သောကြောင့် ပွဲအပြီးတွင် ပြုလုပ်ရန် စီစဉ်ထားသည့် MNL ဆုပေးပွဲ အခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ယင်းကဲ့သို့ ရပ်ဆိုင်းခဲ့ရခြင်းမှာ MNL သမိုင်းတစ်လျှောက် ပွဲမပြီးဆုံးခင် ရပ်ဆိုင်းခဲ့ရသည့် ပထမဆုံး ပွဲစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။

"ဆီးဂိမ်းစ်ပြိုင်ပွဲလို နိုင်ငံတကာ အဆင့်ပွဲတွေလုပ်မယ့် ဒီလိုနေရာမျိုးမှာ ဒါမျိုးမဖြစ်သင့်ပါဘူး။ လုံခြုံရေး အခြေအနေကလည်း အရမ်းအားနည်းတယ်။ တခြားပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူခဲ့ကြပေမယ့် ဒီပွဲမှာတော့ ကွင်းလုံခြုံရေးတွေပဲ ရှိတယ်။ ပရိသတ်တွေရဲ့ အလွန်အကျူး အားပေးတဲ့ ပုံစံတွေကလည်း ဆီးဂိမ်းစ်လို နိုင်ငံတကာ ပြိုင်ပွဲတွေ လက်ခံကျင်းပရမယ့်
မြန်မာနိုင်ငံအတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်" ဟု ယင်းပွဲကို သွားရောက်သတင်းရယူခဲ့သူ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းပွဲစဉ်ကို ရန်ကုန်မြို့မှ လိုက်ပါကြည့်ရှုခဲ့သူ ပရိသတ် တစ်ဦးကလည်း "အခုနောက်ပိုင်း နယ်မြို့တွေမှာလုပ်တဲ့ ပွဲတွေကို လိုက်အားပေးရတာ မလုံခြုံဘူး ဖြစ်နေတယ်။ ပွဲတိုင်းလိုလို ပြဿနာ ဖြစ်တယ်ဆိုတဲ့ အသံတွေ ကြားနေရလို့ တာဝန်ရှိသူတွေ အနေနဲ့ လုံခြုံရေးကို ဒီထက်ပိုပြီး တာဝန်ယူပေးသင့်တယ်။ အိမ်ကွင်း၊ အဝေးကွင်း ဖြစ်လာတဲ့အချိန်မှာ လုံခြုံရေး အားနည်းမှုက အဝေးကွင်းပွဲတွေကို လိုက်အားပေးမယ့် ပရိသတ်တွေအတွက် အတားအဆီး ဖြစ်စေပါတယ်" ဟု ပြောကြားခဲ့သည်။

eleven media group

မိုက်ကရိုဖုန်းနဲ့ ရိုက်မိပြီး တေလာဆွစ်ဖ် သွားပဲ့


ဂရမ်မီဆုရှင် ကျေးလက်ဂီတ အဆိုတော် တေလာဆွစ်ဖ်ဟာ ဖျော်ဖြေပွဲ တစ်ခုမှာ သီဆိုဖျော်ဖြေနေရင်း မိုက်ကရိုဖုန်းနဲ့ သူမဘာသာမျက်နှာကို ရိုက်မိပြီး သွားတစ်ချောင်း ပဲ့သွားခဲ့တယ်လို့ hollywood reporter.com မှာ ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တေလာဆွစ်ဖ်ဟာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်၊ ပစ္စဘတ်မြို့မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ I Knew You Were Trouble ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာ သူမဘာသာ မိုက်ကရိုဖုန်းနဲ့ မျက်နှာကို မတော်တဆ ရိုက်မိပြီး သွားတစ် ချောင်းပဲ့သွားခဲ့တာ ဖြစ်ပါတယ်။

“အဲဒီအချိန်တုန်းက ကျွန်မက သီဆိုဖို့ အသင့်အနေအထားမှာ ရှိမနေခဲ့ပါဘူး။ အဲဒီတော့ သီဆိုရမယ့်အချိန်မှာ မိုက်ကရိုဖုန်းကို အလျင်အမြန် ဆွဲယူလိုက်တော့ မျက်နှာကို ပင့်ရိုက်လိုက်သလို ဖြစ်သွားပြီး သွားတစ်ချောင်း ပဲ့သွားခဲ့တာပါ” လို့ တေလာဆွစ်ဖ်က Rolling Stone မဂ္ဂဇင်းကို ပြောကြားပါတယ်။

ဒါ့အပြင် တေလာဆွစ်ဖ်က သူ့အနေနဲ့ အဲဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ရှေ့လျှောက်သတိထား သွားတော့မယ်လို့လည်း ဆိုပါသေးတယ်။

တေလာဆွစ်ဖ်အနေနဲ့ စင်ပေါ်မှာ သီဆိုဖျော်ဖြေရင်း ဣနြေ္ဒပျက်ရတာ ယခုအကြိမ်ဟာ ပထမအကြိမ် မဟုတ်ဘဲ ၂၀၁၁ ခုနှစ်က စိန့်လူးဝစ်ဇ်မှာ ဖျော်ဖြေစဉ်ကလည်း စင်ပေါ်မှာ စကတ်လန်သွားတဲ့အတွက် မျက်နှာပူစရာ ဖြစ်ခဲ့ရဖူးပါသေးတယ်။

The Voice Weekly

အင်ဂျင်နီယာဘဝ မရခဲ့သော်လည်း နိုင်ငံကျော်ဘဝရခဲ့သူ

မြန်မာ့တူရိယာ ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံကြား တွင် ကြီးပြင်းခဲ့ရပြီး ဆိုင်းသံကြားလျှင် ကချင်သူ၊ အင်ဂျင်နီယာတစ်ဦး ဖြစ်နိုင်သည့် အခွင့်အလမ်းကို ငွေကြေးအခက်အခဲကြောင့် စွန့်လွှတ်ခဲ့ရသော်လည်း နိုင်ငံကျော်အနုပညာရှင် ဖြစ်လာသူ၊ ဇာတ်ခုံပေါ်တွင် LED Screen ကို စတင်သုံးစွဲ၍ ဇာတ်ခုံအပြင်အဆင် ခေတ်မီအောင် လုပ်ဆောင်ခဲ့သူ၊ ဇာတ်သဘင်သမားများ နားခိုနိုင် ၍ အနုပညာအလုပ်များ လုပ်ဆောင်နိုင်ရန် သဘင်ခြံ တစ်ခု အကောင်အထည်ဖော်နေသူမှာ မြို့ရွှေမန်းသား ဖိုးချစ် ဖြစ်သည်။

ဆိုင်းသံကြားရင် “က” ချင်သူ

သူ၏ဇာတိက ရွှေဘိုခရိုင် ကန့်ဘလူမြို့။ မွေးချင်း မောင်နှမ ခြောက်ယောက်တွင် အငယ်ဆုံးသား ဖြစ်သည်။ ဖခင်ဖြစ်သူက မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူက ကန့်ဘလူ ဘူတာ နှင့် မူလတန်းကျောင်းများတွင် ဈေးရောင်းခဲ့ရသည်ဟု သူက ပြောပြသည်။

သူငယ်တန်းမှ နဝမတန်းအထိ ကန့်ဘလူ အ.ထ.က (၃) တွင် ပညာသင်ကြားခဲ့ပြီး ဒသမတန်း တွင် မန္တလေး အ.ထ.က (၁၄) သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့သည်။
ဖခင်ဖြစ်သူမှာ မြန်မာ့သစ်ထုတ်လုပ်ရေးမှ ဖွဲ့စည်းထားသော ကျွန်းရွှေဝါ တေးဂီတဝိုင်းတွင် ဆိုင်း ဆရာ ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံ၊ နှဲသံများကြားတွင် ကြီးပြင်းခဲ့ရသည်ဟု သူကပြောပြသည်။ သူလေးနှစ်ခွဲအရွယ် ကျောင်းစ မတက်ခင်အချိန်ကတည်းက သစ်ထုတ်လုပ်ရေးပိုင် ကားကြီးများပေါ်တွင် သစ်သားပြားများခင်း၍ လုပ်ထား သောစင်ပေါ်တွင် သင်္ကြန်ပွဲ၊ ကထိန်ပွဲများတွင် ကခဲ့သလို၊ နဝမတန်း ရောက်သည်အထိ ဖခင်ဖြစ်သူ ဆိုင်းနှင့် အလှူ မင်္ဂလာပွဲများတွင် လိုက်လံကပြရင်း စာမေးပွဲဖြေခဲ့ရ သည်ဟု သူကဆိုသည်။

ငယ်စဉ်ကတည်းက ဆိုင်းသံကြားလျှင် ကချင်သည်မှာ မိမိဝါသနာဗီဇကြောင့် ဖြစ်သလို ဆိုင်းဆရာ အဖေနှင့် အိမ်ထောင်မကျခင် အချိန်က ရပ်ကွက်ပွဲများ တွင် အမြဲလိုလို ပါဝင်ကခဲ့သော အမေဖြစ်သူတို့၏ အနုပညာပိုးကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သူကဆိုသည်။

ရွှေတံဆိပ်ဆုများရှင်

ဆိုင်းသံ၊ ဗုံသံကြားလျှင် မြေကြီးပေါ်မှာဖြစ်စေ၊ ခုံပေါ်မှာဖြစ်စေ၊ လှည်းပေါ်မှာဖြစ်စေ နေရာမရွေး ကလေ့ရှိသောသူက ကျောင်းကပွဲများတွင်လည်း မလွတ်တမ်း ဆင်နွှဲလေ့ရှိသည်။ ခြောက်တန်း ကျောင်းသား အရွယ်ကတည်းက နိုင်ငံတော်မှ ကျင်းပသော ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၍ နှစ်စဉ် ယှဉ်ပြိုင်ခဲ့ရာ အကပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု ရရှိခဲ့သလို အိုးစည်နှင့် ဒိုးပတ်အတီး ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ကို ရရှိခဲ့သူဖြစ်သည်။

ဇာတ်သဘင် နယ်သို့အဝင်

မန္တလေးတွင် ဆယ်တန်း အောင်မြင်ပြီးနောက် အင်ဂျင်နီယာတစ်ယောက် ဖြစ်လိုသည့်အတွက် နည်းပညာ တက္ကသိုလ်တက်ရောက်ခွင့်ရရန် ဝင်ခွင့်ဖြေသောအခါ ဝါးခယ်မတွင် သူတက်ရောက်ခွင့် ရခဲ့သည်။ သူ့ကို ချစ်ခင်သော ဆရာမ ဒေါ်ခင်မာချိုက အိမ်တွင် နေခွင့် ပေးသလို လိုအပ်သော အကူအညီများပေးသော် လည်း နည်းပညာတက္ကသိုလ်ကို ခဏသာတက်ရောက်ပြီး မန္တလေးသို့ သူပြန်လာခဲ့သည်။ နည်းပညာကျောင်းသားတစ်ယောက် အတွက် တစ်လကုန်ကျစရိတ်ဖြစ် သော ငွေကျပ် ၅၀၀၀ ရှိလျှင် အင်ဂျင်နီယာ ဖြစ်နိုင်သော်လည်း ထိုငွေပမာဏကို မတတ်နိုင်၍ သူဖြစ်ချင်သော အင်ဂျင်နီယာဘဝကို စွန့်လွှတ်ခဲ့ရသည်ဟု သူက ပြောပြသည်။

နည်းပညာတက္ကသိုလ် မှနေ၍ ရတနာပုံတက္ကသိုလ် တွင် သင်္ချာမေဂျာဖြင့် သူအဝေးသင်တက်ရောက် ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် စတင်တက်ရောက် နေဆဲအချိန်တွင်ပင် မန္တလေးမြို့ရှိ မွေးစားမိဘများ၏ အဆက်အသွယ်ဖြင့် ရွှေမန်းသူအငြိမ့်တွင် ယိမ်းမင်းသား လေးအဖြစ် သူကပြခဲ့သည်။ ဇာတ်သဘင်လောကသို့ စတင်ဝင်ရောက်စဉ် ကြုံခဲ့ရသော အခက်အခဲများကို သူက အခုလို ပြောပြသည်။ "အခက်အခဲကတော့ အဲဒီ အချိန်တုန်းက ကက်ဆက်ခေတ် ဖြစ်ပေမယ့် ကျွန်တော့်မှာ သီချင်းနားထောင်ဖို့ ကက်ဆက်မရှိဘူး။ စတိတ်ရှိုးဆိုဖို့ ရှူးဖိနပ်မရှိဘူး။ မင်းသားအဝတ်အစား ကလည်း တစ်ထည်ပဲရှိတယ်။ ချွေးစိုရင် လှန်းထားပေါ့။ လှန်းထား တဲ့အခါမှာလည်း ကြိုးလေးနဲ့ ချည်ပြီး စောင့်နေရတယ်။ ပျောက်သွားရင် ညကျ ဝတ်စရာမရှိဘူးလေ။ ကိုယ့် အဝတ်အစားကို ကိုယ်လျှော်တယ်။ ညကြေးရှင်းတဲ့ နေရာမှာလည်း ဝင်ကူတယ်။ အောက်ခြေသိမ်း ဝင်လုပ် ပေးရတယ်"

မြို့ရွှေမန်းသားဖိုးချစ်သဘင်

ရွှေမန်းသူအငြိမ့်တွင် သုံးနှစ်လောက် ကပြီးသော အခါ သူနာမည်ရလာပြီး သူ့ကိုတည်၍ ကလာသော အချိန်တွင် ရွှေမန်းသူဆိုသည့် အမည်မှာ မိန်းမဆန်သည့် အတွက် ရွှေမန်းသားဟု ပြောင်းခဲ့ကာ နောက်ပိုင်းတွင် မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ အကအလှသဘင် အမည် ဖြင့် သူဦးဆောင်၍ ကခဲ့သည်။ နာမည်မရခင် အချိန်တွင် ပရိသတ်များ၏ ခဲနှင့်ထုခြင်း၊ ဆဲဆိုခြင်းများကို သူခံခဲ့ရ သည်။ ထိုစဉ်က သူ၏ညကြေးမှာ တစ်ရက်ကို ၁၅၀၊ တစ်လ လျှင် ၈၀၀၀ လောက်သာရခဲ့သည်ဟု သူကပြော ပြသည်။

အောင်မြင်မှုမရခင် ကြိုးစားဆဲကာလတွင် ပရိသတ်သိသည့် ရုပ်ရှင်အနုပညာရှင်များ၏ အကူအညီ ကို ယူ၍လည်း သူကြိုးစားခဲ့ရဖူးသည်။ "အဲဒီတုန်းက ပဲခူးဘုရားပွဲ စကတော့ ကိုယ့်ကို ဘယ်သူမှ မသိသေးဘူး ဆိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ကိုသီဟတင်စိုး၊ ကိုရဲအောင်၊ ဦးအောင်ခိုင်တို့ကို ဖိတ်ခေါ်ပြီး ကရတယ်။ ပရိသတ်က သူတို့ကို ကြည့်ချင်လို့လာတာ ဆိုတော့ သူတို့အလှည့်ပြီးသွားရင် ဇာတ်ရုံထဲမှာ လူ ၂၀၊ ၃၀ လောက်ပဲ ကျန်တော့တယ်။ ကိုယ့်ကိုလည်း နောက်ရက် ကျတော့ ခိုင်းတာပေါ့။ အစ်ကိုတို့ပြန်သွားရင် ရုံထဲမှာ လူမရှိတော့လို့ ကျွန်တော်ရှေ့က ကပါရစေလို့ ပြောပြီး အကူအညီတောင်းတော့ သူတို့လည်း ကူညီပေးပါတယ်။
နောက်နှစ်ရက်လောက်နေတော့ ပရိသတ်ကလည်း ကိုယ့်ရဲ့ ကြိုးစားမှုကိုကြည့်ပြီး ကရုဏာ သက်သွားဟန် တူပါတယ်။ မအော်ကြတော့ဘူး" ဟု သူကပြောပြသည်။

ဝါသနာအရ ဇာတ်သဘင်လောကသို့ စတင် ဝင်ရောက်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ပရိသတ်များ၊ ဇာတ်သူဇာတ်သားများအပေါ် သံယောဇဉ်တွယ်ရင်း လုပ်ငန်းအပေါ် ချစ်သွားခဲ့သည်ဟု သူကဆိုသည်။ သူဇာတ်မင်းသား စဖြစ်သောအချိန်တွင် ဇာတ်သဘင် လောကအခြေအနေမှာ ခေတ်မကောင်းသော်လည်း ကိုယ်ရွေးချယ်လိုက်သော အလုပ်တစ်ခုအပေါ် အကောင်းဆုံး ဖြစ်ချင်သောစိတ်ဖြင့် သူကြိုးစားခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးခဲ့သော နှစ်ပါးသွားအစီအစဉ်နှင့် သရုပ်ဆောင် ရတနာခင်၊ မိုးပြည့်ပြည့်မောင်တို့နှင့် ရိုက်ကူးခဲ့သော အကခုနစ်ဖြာ အနုပညာ နှစ်ပါးသွားခွေ များကြောင့် သူပိုမိုအောင်မြင် လာခဲ့ပြီး ပြက္ခဒိန်၊ တီဗီကြော်ငြာများ ရိုက်ခဲ့ရသည်။
အောင်မြင်လာသောသူ့ကို ဗီဒီယိုထုတ်လုပ်သူများက စာချုပ်ချုပ်ဆို၍ ရိုက်ကူးရန် ကမ်းလှမ်းကြသော်လည်း လက်မခံခဲ့ဘဲ အစ်ကိုဖြစ်သူ တည်ထောင်ထားသော ကုမ္ပဏီနှင့်သာ ပရိသတ်အတွက် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကားများကို သူရိုက်ကူးခဲ့သည်။ နောင်တွင်လည်း ပရိသတ်အတွက် ဗီဒီယိုဇာတ်ကားများ အလျဉ်းသင့် သလို ရိုက်ကူးသွားမည်ဖြစ်သော်လည်း ဗီဒီယိုပဲရိုက်ပြီး လုံးဝဇာတ်မကဘဲ နေဖြစ်မည်မဟုတ်ဟု သူကဆိုသည်။

LED သုံး ပထမဆုံးသဘင်

မြန်မာနိုင်ငံတွင် ယခင်က သဘင်၊ ရုပ်ရှင်၊ ဂီတ ဟူ၍ သဘင်က ထိပ်ဆုံးမှရှိသော်လည်း ယခုအခါ စာနယ်ဇင်းများတွင် ရေးသားကြသောအခါ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုပြီး သဘင်က နောက်ဆုံး ရောက်သွားသည့်အတွက် ဝမ်းနည်းရသည်ဟု သူကဆိုသည်။

စတင်သန္ဓေတည်ခဲ့သော အနုပညာသက်တမ်း၊ အနုပညာ၏ အစဉ်အလာနှင့် ဝါသမ္ဘာအရလည်း ရှေ့ဆုံး ကရှိပြီး ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအရှိဆုံး သဘင်က နောက်ဆုံးရောက်နေရခြင်းမှာ နည်းပညာပိုင်း နောက်ကျမှုကြောင့် ဖြစ်သည်ဟု သူတွေးမိခဲ့သည်။ သူ၏အမြင် မှားကောင်းမှားနိုင်သည်ဟု သူကဆိုသည်။

ဇာတ်ခုံပေါ်တွင် LED Screen ကို ဇာတ်သဘင် လောက၌ သူစတင်သုံးစွဲခဲ့သလို ဇာတ်ခုံ အပြင်အဆင် Lighting ပိုင်းနှင့် Sound System ပိုင်းကိုလည်း ခေတ်မီအောင် သူလုပ်ဆောင်ခဲ့သည်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ဖျော်ဖြေရေးမှန်သမျှကို အိမ်ထဲမှာတင် ကြည့်ရှု ခွင့်ရနေသောအချိန်တွင် ဇာတ်သဘင်မှာ အခက်အခဲ များနှင့် ပိုမိုရင်ဆိုင်နေရပြီး ရေရှည်ရပ်တည် နိုင်ရန် အတွက် ပရိသတ်များအပေါ် မေတ္တာထားပြီး ပိုမို ကြိုးစားရမည်ဖြစ်ကြောင်း သူကပြောပြသည်။

သဘင်ခြံ

ဇာတ်သဘင်လောကသားများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့နှင့် အနုပညာအလုပ် များကို စိတ်အေးချမ်းသာစွာ အနှောင့်အယှက်ကင်းကင်းနှင့် လုပ်နိုင်ဖို့ သဘင်ခြံတစ်ခုကို မင်္ဂလာဒုံ၊ ဝိုင်ယာလက် အကျော်တွင် သူအကောင်အထည်ဖော်လျက် ရှိသလို နေပူမရှောင် မိုးရွာမရှောင် ခရီးသွားလာနေရသော ဇာတ်အဖွဲ့သား များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် သူကိုယ်တိုင်စီးရန် ကားအကောင်းစားကြီး မရှိသော်လည်း Express ကားကောင်းကောင်းတစ်စီးကို သူဝယ်ပေးထားသည်။

ဇာတ်ကရာ အရပ်များတွင် ဘုန်းကြီးကျောင်းနှင့် ဇရပ်များကို တောင်းပန်ပြီး တည်းခိုခွင့်တောင်းရသော ဇာတ်အဖွဲ့သားများမှာ လူများသည့်အတွက် အဆင် မပြေမှုတစ်ခုခု ဖြစ်လာသောအခါတွင် ဇာတ်သမားများ စည်းကမ်းမရှိဘူး ဆိုပြီး ပြောဆိုခံခဲ့ရသည့် အဖြစ်များ ကြုံခဲ့ဖူးသည့်အတွက် ဇာတ်သမားများ အနားယူသော အချိန်တွင် လုံခြုံစိတ်ချစွာ နားစေချင်သလို တီးလုံး တိုက်သော အခါတွင်လည်း ကိုယ်ပိုင်နေရာတွင် စနစ် တကျ တိုက်စေချင်ပြီး သူများအပြောအဆိုလည်း မခံစေချင် သည့်အတွက် သဘင်ခြံကို အကောင်အထည် ဖော်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ သဘင်ခြံတွင် အကခန်းမတစ်ခု၊ အသံသွင်းခန်း၊ ဇာတ်တိုက်ရန် ဇာတ်ရုံတစ်ရုံ၊ ဘောလုံးဝါသနာပါသော သူ့အတွက် ဖူဆယ်ဘောလုံးကွင်း အသေးလေးတစ်ခု ပါဝင်မည်ဖြစ်သည်။

သဘင်ခြံပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်း "ဒီခြံကို လုပ်တာက ကြီးကျယ်ချင်လို့လည်း မဟုတ်ပါ ဘူး။ ပေါ်ပြူလာ ဖြစ်ချင်လို့လည်းမဟုတ်ပါဘူး။ ကျွန်တော် ကြုံတွေ့ခံစားခဲ့ရသလိုမျိုး ကျန်တဲ့လူတွေကို မကြုံတွေ့စေချင်လို့ ကျွန်တော်နိုင်တဲ့ ဘက်ကနေ ဝင်ထမ်းတာပါ။ သဘင်ခြံက ၆၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ပြီးသွားတဲ့အခါ သဘင့်ခေါင်းစဉ်အောက်က အငြိမ့်၊ ဆိုင်း၊ မည်သည့်အဖွဲ့မဆို လွတ်လပ်စွာ လာနားလို့ ရပါတယ်။ အခကြေးငွေပေးစရာမလိုပါဘူး။ ရေဖိုး၊ မီးဖိုး ကျွန်တော် လှူပါတယ်" ဟု သူကပြောပြသည်။

ပံ့ပိုးမှုလိုတယ်

ယနေ့ခေတ် ဇာတ်သဘင်အများစုမှာ စတိတ်ရှိုး နှင့် နှစ်ပါးသွားကိုသာ အဓိကအားပြုပြီး ဇာတ်တော် ကြီးများ ကပြမှု နည်းပါးလာခြင်းကြောင့် “ဇာတ်သမား လာရင် မှတ်သားစရာ ကျန်ရမယ်” ဆိုသော ဆိုရိုးစကား မှာလည်း တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်လျက် ရှိသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဇာတ်သဘင်အများစု သည် စားဝတ်နေရေးကို အဓိကဦးစားပေး၍ လုပ်နေရ သည့်အတွက် လိုအပ်ချက်များ ရှိနိုင်ကြောင်း သူက ဆိုသည်။

သဘင်သည် သဘင်ပီပီသသဖြစ်ဖို့ ဆိုသည်မှာ ဇာတ်သမားချည်း ကြိုးစား၍မရဘဲ အသိအမှတ်ပြု ထောက်ပံ့ကူညီမှု များလည်း လိုအပ်ကြောင်းကို "ခေတ် အနေအထားအရ ကျွန်တော်တို့ ဇာတ်သမားတွေမှာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနေတယ်ဆိုပြီး ဘယ်ကမှ ထောက်ပံ့ပေးတာမျိုး မရှိဘူး။ ရုပ်ရှင်နဲ့ ဂီတဘက်မှာ ကိုယ်ပိုင်အဆောက်အအုံတွေ ထည်ထည်ဝါဝါ ရှိကြပေမယ့် ကျွန်တော်တို့သဘင်မှာ ကိုယ်ပိုင် အဆောက်အအုံတောင် မရှိဘူး။ တရုတ်ဘုံကျောင်းဘေးမှာ ကပ်နေရတာ။ သဘင်လိုဟာမျိုးက ကိုယ်ပိုင်ဇာတ်ရုံ ရှိသင့်တာပေါ့။ ပံ့ပိုးမှုလိုအပ်သလို သဘင်သမားတွေရဲ့ စိတ်ဓာတ် တွေကိုလည်း ပြောင်းလဲရမယ်။ သဘင်လောကတိုးတက် ဖို့က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံး မှာ တာဝန်ရှိတယ်" ဟု သူကဆိုသည်။

ပွင့်လင်းမြင်သာမှုလိုတယ်

ဇာတ်သဘင်လောက မြင့်မားတိုးတက်ဖို့အတွက် သူတတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်သလို သဘင်ထု တစ်ရပ်လုံး ပါဝင်ရမည့်ကိစ္စ မျိုးတွင်မူ သဘင်လောကတွင် ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။
"ဂီတနဲ့ ရုပ်ရှင်ထက်စာရင် လူအင်အား အများဆုံးက သဘင်ပါ။ ရုပ်ရှင်သမားက ရန်ကုန်နဲ့ မန္တလေးမြို့ လောက်မှာတင်ရှိတာ။ သဘင်သမားမရှိတဲ့ မြို့နယ် တစ်မြို့နယ်မှ မရှိဘူး။ သဘင်သမား များပြီး လုပ်နိုင်တဲ့ အင်အားက နည်းနေတယ်။ သဘင်ထုအားနဲ့ သွားရမယ့် ကိစ္စတွေမှာ သဘင်ထုတစ်ရပ်လုံး ပါပြီလားဆိုတာ လုပ်နေတဲ့လူတွေ သိကြမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နေရာလိုချင်လို့ အလုပ်လုပ်တာလား၊ အလုပ်လုပ်ဖို့အတွက် နေရာလိုတာလားဆိုတာ စဉ်းစားရမယ်။ အခုလိုပြောတာ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးထိခိုက် ပြီး ပြောတာမဟုတ်ပါဘူး။ သဘင်လောကတစ်ခုလုံး အတွက် ပြောတာပါ"။

(သန့်ဇင်ဦး)
The Voice Weekly