လှည်းတန်း ခုံးကျော်တံတား ခံနိုင်ဝန်အတွက် စိုးရိမ်စရာမရှိဟုဆို


ရုံးတက်ရုံးဆင်းချိန်များတွင် ခုံးကျော်တံတားပေါ်၌ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေသည့် ဧပြီလ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သော ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်း ခုံးကျော်တံတား၏ မော်တော်ယာဉ် လက်ခံနိုင်သော ခံနိုင်ဝန်နှင့် ပတ်သက်၍ စိုးရိမ်စရာ မရှိကြောင်း ခုံးကျော်တံတား ဆောက်လုပ်ခဲ့သည့် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီဒါရိုက်တာ ဦးထွန်းအောင်ဆန်းက ပြောကြားသည်။

တန် ၆၀ ခံနိုင်ဝန်အားသာရှိသော လှည်းတန်းခုံးကျော် တံတားတွင် မကြာခဏ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလာပြီးနောက် တံတား၏ ခံနိုင်ဝန်အားအပေါ် ခရီးသွားများ စိုးရိမ်နေခြင်းနှင့် ပတ်သက်၍ ၎င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တံတားကို အင်ဂျင်နီယာများက သေချာစွာ တွက်ချက်ပြီး တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် အန္တရာယ် မဖြစ်နိုင်ကြောင်း၊ တစ်နေရာတည်းတွင် တန် ၆၀ အလေးချိန် စုနေခြင်း မဟုတ်ဘဲ တံတားပေါ်တွင် ပိတ်ဆို့သည့် ယာဉ်ငယ်များမှာ တန်ဝက်ခန့်သာ ရှိသောကြောင့် တံတား၏ ခံနိုင်ဝန်မှာ စိုးရိမ်စရာ မရှိကြောင်း ဦးထွန်းအောင်ဆန်းက ရှင်းလင်း ပြောကြားသည်။

လှည်းတန်း ခုံးကျော်တံတား ဆောက်လုပ်ရေးကို ကုမ္ပဏီသို့ လွှဲထားသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မသက်ဆိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုသည်။

တံတားများမှာ ပုံစံမတူသောကြောင့် လှည်းတန်း ခုံးကျော်တံတား၏ ခံနိုင်ဝန်အားနှင့် ပတ်သက်၍ မှတ်ချက်ပေး မပြောကြားလိုကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းအရာရှိ ဦးညီမျိုးမြင့်က ဆိုသည်။

အလျား ၂၄၆၆ ပေ အရှည်ရှိပြီး ယာဉ်သွားလမ်း လေးလမ်းပါသည့် လှည်းတန်း ခုံးကျော်တံတားကို စင်ကာပူနိုင်ငံမှ ကုမ္ပဏီဖြစ်သော T.Y.LIN International Pte.,Ltd ၏ ဒီဇိုင်းဖြင့် ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပန္နက်ချပြီး မတ်လတွင် စတင် တည်ဆောက်ခဲ့ကာ ၂၀၁၃ ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။
The Voice Weekly

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး


၆၈ နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနိုင်ငံလုံးတွင် စစ်တပ် သိမ်းဆည်းထားသော မြေဧက ၂သိန်း ကျော် အနက်မှ မြေဧက ၃၈၀၀၀ ကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

နေပြည်တော်တွင် ယနေ့ကျင်းပသော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုနှင့်ဆက်စပ်သော အစည်း အဝေး တွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတချို့ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ လုံးဝ ပြန်ပေးလို့ မရဘူးပေါ့။ တစိတ်တပိုင်း ပေးတာကတော့ တပ်လုံခြုံရေးကိုမထိခိုက်တဲ့အပိုင်းကို ပြန်ပေးမှာပါ။ ပြန်မပေး ဘူး ဆိုရင်လည်း ဘယ်လိုကြောင့် ပြန်မပေးလဲ။ ဘာကြောင့်လဲဆို တာကို သေချာ ရှင်းလင်း ပြောမှာပါ”ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကဆိုသည်။

လတ်တလော စစ်တပ်က သိမ်းဆည်းထားသော မြေဧက ၃သောင်း ၈ထောင်ကို အစိုးရ မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းပေးအပ်လိုက်ပြီး ကျန်ရှိသော မြေဧကများကို လည်း ပြန်လည် စစ်ဆေးလျက်ရှိသည်ဟု တပ်မတော်က အစိုးရထံ အကြောင်းကြားထားကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က နိုင်ငံတွင်း မြေယာ သိမ်းဆည်းမှု များနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကို အစီရင်ခံစာ ၃ ပိုင်းခွဲထုတ်ပြန်ခဲ့ရာ အစီရင်ခံစာ အပိုင်း ၁ တွင် တပ်မတော်နှင့် သက်ဆိုင် သည့် မြေသိမ်းမှုများ၊ အပိုင်း ၂ တွင် မြို့ပြတိုးချဲ့မှုနှင့်စက်မှုဇုန်တည်ဆောက်ခြင်းအတွက် မြေသိမ်းမှုများ၊ အပိုင်း ၃ တွင် ပုဂ္ဂလိက ကုမ္ပဏီများက မြေသိမ်းမှုများ အသေးစိတ် ဖော်ပြခဲ့ကြောင်း၊ တနိုင်ငံလုံးတွင် မြေယာသိမ်းဆည်းမှု ၇၄၅ မှုရှိပြီး အစိုးရက မြေသိမ်းမှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော မြေ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားလိုက်ကာ မူလပိုင်ရှင်များထံ မြေယာများ ပြန်လည်ပေးအပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအုန်းသန်းက “တပ်မတော်က သိမ်းထားတဲ့မြေမှာ တချို့တဝက် ပြန်ပေးမယ် ဆိုတဲ့ အပိုင်းနဲ့ လုံးဝပြန်မပေးတဲ့ အပိုင်းမှာ သူ့စည်းမျဉ်း တွေရှိပါတယ်။ ပြည်သူကို ဘယ်လို လျော်မလဲ၊ မြေအစားပြန်ပေးမလား။ ငွေကြေးပေးမလားပေါ့။ အဲလိုတွေစီစဉ်မှာပါ။ ဒီကိစ္စကို ခုလက်ရှိကတော့ စစ်ဆေး တုန်း ကတော့ပြောရခက်ပါတယ်” ဦးအုန်းသန်းကပြောသည်။

တပ်မတော်က တနိုင်ငံလုံးတွင် လယ်ယာမြေဧက ပေါင်း ၂သိန်းကျော် သိမ်းယူခဲ့ရာ ယခု ပြန်လည်ပေးအပ်မှုသည် သိမ်းယူခဲ့သည့် မြေဧကစုစုပေါင်းပမာဏ၏ ၁၉ရာခိုင်နှုန်းကိုသာ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သိမ်းဆည်းမြေ ၈၁ ရာခိုင်နှုန်း ပြန်လည်စိစစ်နေဆဲဟုသာပြောဆိုပြီး မည်သို့အဖြေထွက်ကိုမူ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက အတိအကျ ထုတ်ပြန်ပြောဆိုခြင်းမပြုပေ။

irrawaddy

နေပြည်တော်တွင် ရဲများကို ဖမ်းဆီးခဲ့သူ ရွာသားများ အဖမ်းမခံလျှင် အင်အားသုံးမည်


အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နေပြည်တော်၊ ၀ဲကြီးကျေးရွာတွင် ပြန်ကြားရေးဝန်ကြီးဌာနက မြေသိမ်းယူထားခြင်းကို အကြောင်းပြု၍ ဒေသခံ ရွာသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ယင်းအမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သူ ရွာသား ၁၀ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး လာရောက်အဖမ်းမခံပါက အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် နေပြည်တော် ဇဗ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့နယ်၊ ၀ဲကြီး၊ ကျောက်ခွင့် ၊ သရက်ပင် နှင့် အင်းတိန် ကျေးရွာများမှ လယ်မြေဧက ၅၀၀ ခန့်ကို သတင်းစာတိုက်နှင့် စက်ရုံများဆောက်လုပ်ရန် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းလယ်မြေများတွင် ဒေသခံရွာသားများက ၀င်ရောက် စိုက်ပျိုးထွန်ယက်မှုများ ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့က ဒေသခံ ရွာသားများကို ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း၊ စက်တင်ဘာလ ၂၀ရက်နေ့ ညသန်းခေါင်ယံကျော် အချိန်တွင် ဝဲကြီးကျေးရွာမှ လယ်သမား များ၏ အိမ်များကို ရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်စီးနင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ ဒေသခံ ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ဝဲကြီးကျေးရွာ ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သော ရွာသား ၁၀ ဦးကို အေးအေးဆေးဆေး အဖမ်းခံရန် သက်ဆိုင်ရာ ကျေးရွာအာဏာပိုင်များထံ လာရောက်အကြောင်းကြားခဲ့ပြီး ၃ ကြိမ်ဆင့်ခေါ်၍ လာရောက် အဖမ်းမခံလျှင် အင်အား သုံးဝင်ရောက်ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့က တရားဝင်ပြောဆိုထားကြောင်း၊ ၀ဲကြီးပဋိပက္ခတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ဲကြီးကျေးရွာ ရပ်/ကျေး ဥက္ကဋ္ဌတဦး ဖြစ်သူ ကိုဇော်လတ်က လယ်ယာမြေပိုင်ဆိုင်မှု မရှိသော်လည်း လယ်သမားများကို လယ်ယာမြေ ဥပဒေများ ရှင်းပြခြင်း၊ လယ်ယာမြေအရေး ကိစ္စများတွင် ကူညီဆောင်ရွက်ပေးခဲ့ပြီး လယ်သမားများကို အားပေးကူညီမှုဖြင့် ရဲက အလိုရှိနေကြောင်း နေပြည်တော် ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇာနည်က ဧရာဝတီသို့ ပြောသည်။

“ရဲက အေးအေးဆေးဆေး အဖမ်းခံစေချင်တယ်။ ၃ ကြိမ်ခေါ်ပြီး မလာလို့ အင်အားသုံးရရင် ကျနော်တို့ ပါတီအတွက်ရော ဒေသခံ လယ်သမားတွေအတွက်ရော မကောင်းဘူးလို့ လာပြောတယ်။ နေပြည်တော်ကောင်စီနယ်မြေဖြစ်လို့ သူတို့မှာလဲ အပေါ်က ဖိအားတွေ ရှိနေတယ်လို့ ပြောတယ်´´ဟု ပုဗ္ဗသီရိမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌကိုအောင်အောင် က ပြောသည်။

ဝဲကြီးကျေးရွာသားများကို အမှုဖွင့်ထားသော နေပြည်တော်၊ ရွှေတွင်းကုန်းရဲစခန်းမှ ဒုရဲအုပ် ၀င်းဗိုလ်က “သူတို့အနေနဲ့ အေးအေးဆေးဆေး လာပြီးတော့ ရဲစခန်းနဲ့ တရားရုံးမှာလာရောက်ဖြေရှင်းမယ် ကျနော်တို့က အေးအေးချမ်းချမ်း ပဲလက်ခံ မှာပါ ။ အဲလိုမဟုတ်ဘဲနဲ့ အုတ်အော်သောင်းနင်း လူတွေအများကြီး ခေါ်လာပြီး လူအုပ်နဲ့လာဝိုင်းရင်တော့ ကျနော် တို့က လက်မခံဘူး”ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူထားသောမြေများအတွက် ပိုင်ဆိုင်မှု အထောက်အထားရှိသူများကို လယ်မြေ တဧက လျှင် ငွေကျပ် ၃ သိန်းခွဲ၊ ယာမြေ တဧကလျှင် ငွေကျပ် ၂ သိန်းခွဲနှုန်းဖြင့် စုစုပေါင်း ၁၀၅ သိန်းလျော်ကြေး ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နေပြည်တော်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာနက သိမ်းယူထားသော လယ်မြေများတွင် အထောက်အထားခိုင်လုံသူ ၄၄ ဦးရှိရာ ၂၉ ဦးမှာ လျော်ကြေး လက်ခံခဲ့သော်လည်း ကျန် ၁၇ ဦးမှာ အချင်းချင်းပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ လျော်ကြေးနည်း၍ မထုတ်ယူခြင်း များရှိနေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
irrawaddy

မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ


ပရဟိတလှူဒါန်းချင်သူများအတွက် ကူညီမှု လိုအပ်သောနေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။ ကျွန်တော်တို့ နေထိုင်ရာမြန်မာပြည်မှာလည်းရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေကြဆဲပါ၊အမိအဖမဲ့ ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။ ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက် မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။ ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ- * --
ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ? *
ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ? *
ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ? အတူလက်တွဲကူညီကြပါစို့ လား..... ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက်

ချစ်သောရွှေအိမ်စည်

နာဂါအိ၊ ၆ နှစ်ပြည့် ရွှေဝါရောင်နဲ့ ဖုံးဖိလို့မရတဲ့ အမှန်တရား


၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံကို စစ်တပ်က ဖြိုခွဲစဉ် ဂျပန်သတင်းသမား နာဂအိကို ပစ်သတ်နေသည့် မြင်ကွင်း (ဓာတ်ပုံ – Reuters)
လွန်ခဲ့တဲ့ ၆ နှစ် အခုလို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ နာရီမှာ ဂျပန်သတင်းထောက် ကင်ချိ နာဂါအိက သူ့ရဲ့ သတင်းဌာနဖြစ်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေစိုက်တဲ့ APF ကို နောက်ဆုံးအကြိမ် ဖုန်းဆက်ခဲ့တဲ့ အကြောင်း အဲဒီအချိန်က လုပ်ဖော်ကိုင်ဘက် လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ ဦးကိုကိုအောင်က အမှတ်တရ ပြန်ပြောပြတယ်။

ဦးကိုကိုအောင်ဟာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံမှာ သွားရောက်ခိုလှုံရင်း APF သတင်းဌာနမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ သူပါ။

ကင်ချိ နာဂါအိဟာ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှုသမိုင်းမှာ လက်ရှိအပြောင်းအလဲ ဖြစ်လာတဲ့ကာလနဲ့ အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ စစ်တပ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းသမား တဦးဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်ဟာ နိုင်ငံခြား သတင်းဌာနတွေကို ပိတ်ပင်တားဆီးပြီး ပြည်တွင်း မီဒီယာတွေအပေါ်မှာ အရမ်းကို တင်းကျပ်တဲ့ မူဝါဒတွေနဲ့ စိစစ် ဖြတ်တောက်နေတဲ့ အချိန်၊ သံဃာတော်တွေ ဦးဆောင်ပြီး လုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွင်းတဲ့အချိန်မှာ ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ကမ္ဘာတခုလုံးက ပိုပြီးအာရုံစိုက်မိစေတဲ့ အဖြစ်အပျက်တခု ဆိုရင်လည်း မမှားပါဘူး။

“သူ့ကို သတိထားဖို့ ကျနော် ပြောခဲ့ပါသေးတယ်။ အဲဒီအချိန်က စစ်တပ်ဆိုတာ ကင်မရာတွေကို အဓိက ဦးတည်တတ် တယ်ဆိုတာပါ။ ကင်မရာထဲက ဓာတ်ပုံတွေက စစ်တပ်က ဘယ်သူ့ကိုမှ မသိစေချင်တဲ့ ဓာတ်ပုံတွေ ပါတယ်မဟုတ်လား” လို့လည်း ဦးကိုကိုအောင်က ပြောပါတယ်။

နာဂါအိရဲ့ ရဲရင့်တဲ့ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူမှု၊ စိုက်လိုက်မတ်တပ် လုပ်ဆောင်တတ်မှုတွေကပဲ စစ်တပ်ရဲ့ အဓိက ပစ်မှတ် ဖြစ်သွားစေတယ်လို့ ဦးကိုကိုအောင်ကယုံကြည်နေပါတယ်။ ကင်ချိ နာဂါအိဟာ သူမသေခင် ၂ ရက်အလို စက် တင်ဘာ ၂၅ ရက်နေ့ကမှ မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ သူက ဒီလို အရေးအခင်းမျိုးနဲ့ စိမ်းတဲ့ သတင်းသမား တဦး မဟုတ်ပါဘူး။ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနဲ့ အီရတ်တို့လို စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတောင် သတင်း လိုက်ခဲ့ဖူးတဲ့ သူပါ။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး သတင်းကို ထိုင်းနိုင်ငံကို ရောက်နေတဲ့ နာဂါအိ ကြားရတဲ့ အချိန်မှာ သူ့မိခင် သတင်းဌာနက အယ်ဒီတာဆီကို ဒီသတင်းကို လိုက်မယ်လို့ အကြောင်းကြား လိုက်ပြီးတဲ့နောက် ကမ္ဘာလှည့် ခရီးသည် တယောက် အနေနဲ့ ရန်ကုန်ကို ရောက်လာပါတော့တယ်။ ဒီလိုမျိုး အခြေအနေမှာ သတင်းသမား တယောက်အနေနဲ့ လာမယ်ဆိုရင် စစ်အစိုးရက လုံးဝခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး။ ရောက်လာတော့လည်း သတင်းသမားပီပီ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းပုံတွေကို မိမိရရ မှတ်တမ်း တင်နိုင်ဖို့ ကြိုးစားရင်း အသက်ကိုပါ ပေးလိုက် ရပါတယ်။

ဒါကြောင့်လည်း APF သတင်းဌာနရဲ့ ဥက္ကဋ္ဌ မစ္စတာ တိုရူး ယာမာဂျီက နာဂါအိ သေဆုံးခဲ့ရခြင်းကို ဘယ်ဘက်က ကြည့် ကြည့်၊ လုံးဝမဖြစ်သင့်တဲ့ သေဆုံးခြင်းမျိုး ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

နာဂါအိ သေဆုံးခဲ့တဲ့နေ့မှာ သူ့အမေက တညလုံးမအိပ်ဘဲ သူ့သားအကြောင်းကို စဉ်းစားနေခဲ့တဲ့အကြောင်း၊ သူ့ရဲ့သား ခရီး အဝေးကြီးတွေ သွားတော့မယ်ဆိုရင် သူ့သားနဲ့ ပက်သက်ပြီး အဆိုးဆုံး အခြေအနေအထိ စဉ်းစားပြီး ရင်ဆိုင်ဖို့ ပြင် ဆင်ထားပေမယ့် တကယ်တမ်း သားဖြစ်သူ ခရီးသွားပြီဆိုရင် သူ့မှာ အမြဲ ရင်တုန်နေခဲ့ရတဲ့အကြောင်းကို နာဂါအိရဲ့ အမေက ပြောပြခဲ့တယ်လို့ အမေရိကန် အမျိုးသမီး စာနယ်ဇင်း သမားတဦးဖြစ်တဲ့ Bridget Johnson က သူ့ရဲ့ ဆောင်းပါး တပုဒ်မှာ ရေးသားခဲ့ပါတယ်။

နာဂါအိ သေဆုံးချိန်မှာ သူ့လက်ထဲက ကင်မရာကို လုံးဝလက်မလွှတ်ဘဲ ကိုင်ထားတာကို အဲဒီအရေးအခင်းအကြောင်း မှတ်တမ်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာ သေသေချာချာ မြင်တွေ့ခဲ့ကြရ ပေမယ့်လည်း သူ့ကို ဘယ်သူ ပစ်သတ်ခဲ့တာ၊ သူ့ရဲ့ကင်မရာ ဘယ်ဆီကိုရောက်နေခဲ့ပြီ ဆိုတာတွေကို ယနေ့အချိန်အထိ ရှင်းရှင်းလင်းလင်း လုံးဝမသိသေးပါဘူး။ နာဂါအိ သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် အကြောင်းပြချက် တောင်းခံလိုက်ပြီး နာဂါအိရဲ့ ကင်မရာကိုလည်း ပြန်တောင်းတဲ့အတွက် ဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံ အစိုးရတို့ရဲ့ ဆက်ဆံရေးက အေးတိအေးစက် ဖြစ်ခဲ့ရပါသေးတယ်။

အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေတဲ့ ယာဆူအို ဖုကုဒကလည်း လုံးဝ ၀မ်းနည်းဖွယ်ဖြစ်တဲ့ အကြောင်း၊ သူ သေဆုံးခဲ့ရတဲ့အတွက်လည်း ဂျပန်နိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရတော့မယ် ဆို တာကို စဉ်းစား ဆုံးဖြတ်ရတော့မယ့် အကြောင်းကို နိုင်ငံတကာကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု နည်းလမ်းတွေနဲ့ ဖြေရှင်းတာမျိုးကတော့ ဒီအချိန်မှာ အကောင်းဆုံး ဖြေရှင်းတဲ့ နည်းလမ်းတခုတော့ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို ရောက်လာပြီးနောက်ပိုင်း သူက ရွှေဝါရောင်တော်လှန်ရေးပုံရိပ်တွေကို မှတ်တမ်းတင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေ၊ ပြည်သူလူထုတွေကို အကြမ်းဖက် ဖြိုခွင်းရင်းနဲ့ စစ်တပ်ရဲ့ အရှေ့တည့်တည့်ကနေ ရက်ရက် စက်စက် ပစ်ခတ်မှုကြောင့် သူသေဆုံးခဲ့ရတာကို နိုင်ငံတကာ မီဒီယာတွေက သက်သေခံ အထောက်အထား မှတ်တမ်း တွေနဲ့ ဖော်ပြခဲ့ပေမယ့်လည်း အဲဒီအချိန်က မြန်မာ စစ်အစိုးရကတော့ ဒီကိစ္စဟာ မတော်တဆ ဖြစ်ရပ်တခုသာ ဖြစ်တယ်လို့ နိုင်ငံတကာကို ပြောဆိုခဲ့ပါတယ်။

နာဂါအိ သေဆုံးသွားတဲ့အချိန်မှာ အသက် ၅၀ ရှိပါပြီ။ မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာခဲ့ပေမယ့်လည်း သူ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဘာမှ ဖြေရှင်း မပေးနိုင်သေးတဲ့ အကြောင်း၊ မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲရေး တွေနဲ့ ပိုမို ပွင့်လင်း လာခဲ့တယ်လို့ ဆိုနိုင်လာပေမယ့် မြန်မာ အစိုးရရဲ့ ကူညီမှုတွေဘာမှ မရခဲ့သေးတဲ့ အကြောင်း APF သတင်းဌာနရဲ့ တာဝန် ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုက တကယ်ကို ကြီးကျယ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ကျနော်တို့ အချိန် တွေက ရပ်တန့် သွားခဲ့ရပြီ။ ကျနော် စိတ်မကောင်းပါဘူး” လို့ သူက ဆိုပါတယ်။

အခု သတင်းရေးသားနေတဲ့ အချိန်အထိ မြန်မာနိုင်ငံက ဂျပန်သံရုံးကို ဧရာဝတီက ဖုန်းအကြိမ်ကြိမ်ခေါ်၊ အီးမေးလ်တွေ ပို့ခဲ့ ပေမယ့် ဂျပန်သံရုံးက နာဂါအိ ကိစ္စနဲ့ ပက်သက်လို့ ဘာမှ အကြောင်းပြန် ဖြေကြားခြင်း မရှိသေးပါဘူး။ နာဂါအိ သေဆုံး ခဲ့ခြင်းနဲ့ ကင်မရာကိစ္စကို ဂျပန် အစိုးရဘက်က ဘယ်လို ကြိုးစားအားထုတ်မှုတွေ လုပ်ပေးနေသလဲလို့ APF သတင်းဌာနက တာဝန်ရှိသူကို မေးကြည့်လိုက်တဲ့ အခါမှာတော့ “ဂျပန် အစိုးရ ဘာမှမလုပ်ပါ” ဆိုတဲ့ တခွန်းပဲ ဧရာဝတီကို ပြောပါတယ်။

လက်ရှိအချိန်မှာ ကင်ချိနာဂါအိ ကိစ္စနဲ့ ပက်သက်ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ဖို့ရှိသလဲ၊ သူ့ရဲ့မိသားစုတွေဆီကို ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ပြီး အစိုးရရဲ့စာနာမှုကို ပြသဖို့ ရှိသလားလို့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ အဲဒီအချိန်မှာ အရင်အစိုးရက ဒီကိစ္စတွေကို ဖြေရှင်း ပေးခဲ့ပြီဖြစ်ကြောင်း၊ နာဂါအိရဲ့ ကင်မရာကိစ္စကိုလည်း အဲဒီ အစိုးရခေတ်က ရဲချုပ်တာဝန်ယူခဲ့တဲ့ ဦးခင်ရီက ဖြေရှင်း ပေးခဲ့ပြီး ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ သမ္မတ လက်ထက်မှာ မိသားစုတွေဆီကို စာပို့ဖို့လည်း လောလောဆယ် အစီစဉ်မရှိတဲ့ အကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက သေဆုံးသူရဲ့ အလောင်းရောက်လာတဲ့ အချိန်မှာ ဒီဟာတွေ တွေ့တယ်၊ မတွေ့ဘူးဆိုတာ ပါခဲ့ပါတယ်။ ဒါကတော့ သူတို့က ဒီဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ လူတွေပေါ့။ အဲဒီအချိန်တုန်းက တာဝန်ရှိတဲ့သူတွေက ရှင်းပြခဲ့ပြီးပြီပဲ။ သံရုံး တာဝန်ရှိသူတွေကိုရောပဲ။ သူ့မိသားစုတွေဆီကို စာပို့ နှစ်သိမ့်တာမျိုး ဆိုတာ လောလောဆယ် မရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အမေရိကန်မှာလည်း စစ်ကြောင့် အီရတ်မှာ သေဆုံးခဲ့ကြတာမျိုးတွေ ရှိတာပဲ။ ကျနော်တို့ကတော့ သီးခြား မှတ်ချက် ပေးစရာမရှိပါဘူး” လို့ ဦးရဲထွဋ်က ဧရာဝတီကို ဆိုခဲ့ပါတယ်။

အီရတ်နိုင်ငံမှာလိုမျိုး လက်နက်ကိုင် စစ်ပွဲတွေ၊ အစွန်းရောက် အကြမ်းဖက်မှုတွေ ပြည့်နေတဲ့ အခြေအနေမျိုးနဲ့ ၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူက ဘယ်လို နှိုင်းယှဉ်သွားသလဲ ဆိုတာကိုတော့ မသိပါဘူး။

ဒီနေ့ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ငွေရတု နှစ်ပတ်လည် အခမ်းအနားမှာလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နာဂါအိ သေဆုံးခဲ့ရတာနဲ့ ပက်သက်ပြီး နာဂါအိနဲ့ သက်ဆိုင်သူတွေက ကျေနပ်မှု မရှိသေးတဲ့ အကြောင်း ဂျပန်သတင်းထောက်တဦးရဲ့ မေးခွန်းကို ဖြေကြားရင်း ထည့်သွင်းပြောခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးရေး ဒီနိုင်ငံမှာ မရှိပါဘူးလို့ တချိန်လုံး ပြောနေတာပဲ။ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံတနိုင်ငံ အေးချမ်း သာယာမှုရဲ့အခြေခံပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ မစ္စတာ နာဂါအိနဲ့ ပတ်သက်တဲ့သူ ဘယ်သူမှ မကျေနပ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ သေဆုံးခဲ့တဲ့ နာဂါအိကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် ဖောင်ဒေးရှင်းလုပ်ပြီး သတင်းဆု ပေးတဲ့အခါမှာ ပထမဆုံး နာဂါအိ သတင်းဆုရခဲ့တဲ့ မြန်မာဂျာနယ်လစ် ဒေါ်အိမ့်ခိုင်ဦးက နာဂါအိရဲ့ မိခင် သတင်းဌာနနဲ့ အီးမေးလ် အဆက်အသွယ် ရရှိခဲ့ပုံကို ဧရာဝတီကို ပြန်ပြောပြတယ်။

သူ ၂၀၀၈ ခုနှစ် ထောင်ကျနေတဲ့ အချိန်မှာ သူ့ကို ဒီဆု ပေးအပ်တဲ့အကြောင်း ထောင်ထဲကနေ ကြားသိခဲ့ရပေမယ့် ၂၀၀၉ ခုနှစ် ထောင်က ပြန်ထွက်လာတော့မှ အဆက်သွယ်ရခဲ့တာလို့ သူက ဆက်ပြောပြတယ်။

“ဘယ်လို အခက်အခဲတွေပဲ ဖြစ်ဖြစ် ကျမဘက်မှာ ရှိနေပါတယ်လို့ သူတို့က အီးမေးလ်ပို့ပေးတယ်။ ကျမနဲ့ အီးမေးလ် အပြန် အလှန် လုပ်ဖူးပါတယ်” လို့ ဒေါ်အိမ့်ခိုင်ဦးက ဆိုပါတယ်။

မိမိကိုယ်တိုင်ကလည်း သတင်းသမားတဦး ဖြစ်နေတော့ အဲဒီအချိန်က နာဂါအိကို တမင်သက်သက် ပစ်သတ်ခဲ့တဲ့ ပုံစံမျိုး ရှိခဲ့တာတောင် ဘာမှ တာဝန်ယူမှုမရှိခဲ့တဲ့ အတွက်လည်း အဲဒီခေတ် အစိုးရကို အဆိုးဆုံးလို့ မြင်မိတဲ့အကြောင်း သူက ပြော ပါတယ်။ ကင်မရာတလုံးတောင် ပြန်ရအောင် မလုပ်ပေးနိုင်ခဲ့တဲ့အတွက် အစိုးရတရပ် အနေနဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တခုလို့ သူက မြင်တယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရ ပြောင်းလဲလာခဲ့ပေမယ့် မိသားစုအပေါ်မှာတော့ တစုံတခု တာဝန်ယူမှု ပြုလုပ်သင့်တယ်လို့ သူက ဆက် ပြောပြတယ်။

“အဓိကပြောချင်တာက ကင်မရာ ပြန်မရတာ၊ ရတာထက် သတင်းထောက် တယောက်ကို ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ တာဝန်ယူ ဆောင်ရွက် မပေးသေးဘူးလို့ မြင်တယ်” လို့ သူကဆိုပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာနေခဲ့တဲ့အပြင် ထပ်ပြီးတော့လည်း တိုးမြှင့် လာဖို့ ရှိပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံသား သတင်းသမားတဦး သေဆုံးခဲ့ရဖူးတဲ့အပေါ်မှာ ဂျပန်အစိုးရအနေနဲ့က ဘာမှ ဆောင်ရွက်ပေးတာမရှိဘူး ဆိုရင်တော့ နိုင်ငံတကာအစိုးရတွေ အနေနဲ့က သတင်းသမားတွေကို အလေးမထားတော့ဘူး လားလို့ ဒေါ်အိမ့်ခိုင်ဦးက မေးခွန်း ထုတ်လိုက်ပါတယ်။

ဒီလို ပဋိပက္ခတွေကြားမှာ စတေးသွားရတဲ့ သတင်းသမားတွေကို အလေးအနက် မထားတော့ဘူးလား၊ နိုင်ငံရေးမူဝါဒတွေ ကြားမှာ အမေ့ခံဘ၀ကို ရောက်သွားခဲ့ကြပြီလားလို့ သူက ဆက်ပြောပါတယ်။

“သူတို့ဘာသာသူတို့ မေ့ထားပေမယ့် ကျမတို့လို သတင်းသမားတွေကတော့ မမေ့သင့်ဘူး။ ပြီးတော့ သတင်းသမား တွေကလည်း ဒီအပေါ်မှာ အတိုင်းအတာတခုထိ အသိအမှတ်ပြုပေးဖို့ တောင်းဆို ပြောဆို သင့်တယ်” လို့လည်းသူက ဆိုပါတယ်။

နာဂါအိ သေဆုံးခဲ့ပြီးနောက်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိဘတွေကတော့ ဒီနှစ်ပိုင်းထဲမှာပဲ ကွယ်လွန်သွားကြပါပြီ။ အိမ် ထောင်မရှိဘဲ လူလွတ်တယောက် ဖြစ်တဲ့အတွက် အခုဆိုရင် သူ့ရဲ့ညီမတယောက်ပဲ ကျန်ပါတော့တယ်။ သူ့ရဲ့ မိဘတွေ ကလည်း ဒီကိစ္စကို ဖော်ထုတ် ဖြေရှင်းပေးစေချင်တဲ့ ဆန္ဒရှိခဲ့ ပေမယ့် ကွယ်လွန်ချိန်အထိ တိကျတဲ့အဖြေ မရသေးတာကြောင့် အလွန် ၀မ်းနည်းစရာ ကောင်းပါတယ်လို့ APF သတင်းဌာနရဲ့တာဝန်ရှိသူက ဧရာဝတီကို ပြောပါတယ်။

နာဂါအိရဲ့ ညီမဖြစ်သူ နိုရီကို အိုဂါဝါကတော့ “သူ့ရဲ့ ကင်မရာကို ပြန်ရဖို့နဲ့ သူ့ကိစ္စရဲ့ အဖြေကို သိရဖို့ ကျမ မျှော်လင့်နေ ပါတယ်” လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။
irrawaddy

လျှပ်စစ်မီတာပျက်စီးမှုအတွက် လျော်ကြေးငွေ သိန်းတစ်ရာကျော် မပေးဆောင်သူ အမှုဖွင့် ခံရ


လျှပ်စစ်မီတာ ပျက်စီးမှုအတွက် သတ်မှတ်လျော်ကြေးငွေ (၁၁၇) သိန်း မပေးဆောင်သူကို အရေးယူပေးရန် တိုင်ကြားမှုကို မရမ်းကုန်းရဲစခန်းက စက်တင်ဘာ ၂၅ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အမှုတွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနေ ဦးစန်းလှိုင်၏ နေအိမ်တွင် ပလပ်စတစ်လုပ်ငန်းအား ပါဝါမီတာ အမှတ် XN-7863 ဖြင့် လုပ်ကိုင်နေခဲ့ရာတွင် မီတာလုံခြုံမှုစနစ်အရ တပ်ဆင်ထားသည့် Cover Seal လေးလုံးအနက် တစ်လုံးကျွတ်ထွက်နေသည်ကို ဇွန်လ ၅ ရက်က စစ်ဆေးတွေ့ရှိ ခဲ့သည်ဟုလည်း ရဲမှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် လျှပ်စစ်စမ်းသပ်ရေးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ပြုပြင်၍ မရသော မီတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသောကြောင့် အဆိုပါ မီတာအတွက် လျော်ကြေးငွေ သိန်းတစ်ကျော် ကျပ် ၁၁၇၂၈၄၀၀ အား ပေးဆောင်ရန် အကြောင်းကြားခဲ့သည်ဟုလည်းတရားလိုက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

သို့သော်လည်း ပေးဆောင်ခြင်းမရှိသဖြင့် လျော်ကြေး၊ နစ်နာကြေး၊ ဒဏ်ကြေးများ ပေးသွင်းရန် ပျက်ကွက်သည့် အပြင် ဌာနပိုင် လျှပ်စစ်မီတာအား မီတာယူနစ် မတက်အောင် ပြုလုပ်ဆောင်ရွက်ခဲ့သူ ဦးစန်းလှိုင်အား အရေးယူ
ပေးရန် မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူးက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထား ရသူ ဦးစန်းလှိုင်အား စစ်ဆေး လျက်ရှိကြောင်းနှင့် ပြစ်မှုကျုးလွန်ထားသည်ကို ဟုတ်မှန်ကြောင်း တွေ့ရှိပါက လျှပ်စစ်ဥပေဒ ပုဒ်မ ၃၃/၃၄ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 Mizzima News

မြန်မာ အမျိုးသမီးများ နှင့် ဝတ်စားဆင်ယင်မှု

ပြီးခဲ့သည့်လဆန်းပိုင်းက ဇာတိရပ်ရွာသို့ တစ်ခေါက် ပြန်ရောက်ဖြစ်သည်။ ထိုစဉ်က သတိထားမိတာ တစ်ခုရှိသည်။ မိမိတို့နယ်တွင် စက်ရက်ကန်းများအလုပ် ဖြစ်နေခဲ့ရာမှ ယခုဘက်ပိုင်း လက်ရက်ကန်းများပါ ပြန် အလုပ်ဖြစ်လာခဲ့သည်ကို အံ့ဩဝမ်းသာစွာ ပြန်တွေ့လာ ခဲ့ရသည်။ ထို့ရှေ့ပိုင်းတုန်းက လက်ရက်ကန်းများအလုပ် မဖြစ်တော့ဘဲ စက်ရက်ကန်းများကသာ အလုပ်ဖြစ်နေခဲ့ ခြင်းဖြစ်သည်။ ယခုကျတော့ လက်ရက်ကန်းများအလုပ် ဖြစ်လာပုံမှာ စင်ခွင်များပါလုပ်ပြီး ရောင်းဝယ် ဖောက် ကားလာနေကြခြင်းဖြစ်သည်ကို တွေ့ရသည်။ ထိုအခြေ အနေသည် မိမိတို့ရပ်ရွာတစ်ခုတည်းတင်မက ဘေးနီး ချုပ်စပ်ကျေးရွာများမှာပါ အုံနှင့်ကျင်းနှင့် အလုပ်ပြန် ဖြစ်လာကြခြင်းဖြစ်သည်။

ဘာ့ကြောင့် ထိုသို့ လက်ရက်ကန်းများ ပြန်လည် ခေါင်းထောင်လာရသနည်းဆိုသည်မှာ ဒေါ်အောင်ဆန်း စုကြည်ဝတ်ဆင်လေ့ရှိသော မြန်မာ့ရိုးရာအဆင် အဝတ် အစားများကြောင့် ယခုလို ပြန်လည်ခေါင်းထောင်ကာ အလုပ်ပြန်ဖြစ် လာကြခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပေသည်။ သို့ဖြစ်သည်နှင့်အညီ ယင်းရိုးရာအထည်ဆန်းများ စင် တင်ရက်လုပ်လာကြရာ ရက်ခအနေဖြင့်ပင် တစ်နေ့ ၅ဝဝဝကျပ်ခန့် ဝင်ငွေရရှိပြီး ပြန်လည်ရောင်းချရာတွင် လည်း ဈေးကောင်းကောင်း ရသဖြင့် ယခုလိုလက်ရက်ကန်း စင်များ ပြန်လည်အလုပ်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ပြော ကြသည်ကို တွေ့ရသည်။ ထိုသို့သောအဆင်များကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားဈေးကွက်တို့တွင် ဝမ်းဆက် တစ်အုပ်အနေဖြင့် ရောင်းဈေး ကျပ်၂၀၀၀၀ ခန့်အထိ ဈေးပေါက်နေကြောင်း သိရသည်။ ယင်းအပြင် မြန်မာ့ ရိုးရာအဝတ်အထည်များကို ပြည်တွင်းသာမက ပြည်ပ ကပါ ပိုမိုစိတ်ဝင်စားမှုမြင့်တက်လာစေခဲ့သည်ဟု သိရ သည်။

ဆိုလိုသည်မှာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ဝတ်စားဆင်ယင်မှုသည် မြန်မာ့ပုံရိပ်ကို မည်မျှအတိုင်းအတာ အထိ သက်ရောက်မှုရှိစေသည်ဆိုသည့်အချက်နှင့် မြန် မာ့ပုံရိပ်ကို မည်သို့ဖော်ထုတ်လျှင် ရနိုင်သည်ဆိုသည့် အချက်ကို သတိပြု မိစေရန် ဖြစ်သည်။ ထိုကဲ့သို့သော သဘောမျိုးကို ယခင်ခေတ်က အိန္ဒိယအမျိုးသားခေါင်း ဆောင်ကြီး မဟတ္တမဂန္ဒီသည်လည်း ယင်းနည်းလမ်းမျိုး ကို အသုံးပြုခဲ့ဖူးသလို၊ တို့ဗမာအစည်းအရုံးဝင်များလည်း ကြိုးပမ်းခဲ့ကြဖူးသည်ကို သမိုင်း သက် သေ များအဖြစ် တွေ့မြင်နိုင်ပေသည်။

သို့ရာတွင် ယခုတလော တချို့သော မြန်မာမော် ဒယ်လ်နှင့် သရုပ်ဆောင်တချို့၏ မလုံ့တလုံနှင့်အဖော် အပြပါသော ဝတ်စားဆင်ယင်မှုပုံစံများကို တွေ့မြင်လာ ခဲ့ပေရာ ယင်းအချက်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့ စရိုက်နှင့် မြန်မာ့ပုံရိပ်၊ မြန်မာ့ လူမှု တန်ဖိုးများအပေါ် အကဲဖြတ်အမှားများ ဖြစ်ပေါ်လာစေနိုင်သကဲ့သို့ မြန်မာ လူငယ်ထု အထူးသဖြင့် အမျိုးသမီးငယ်များအကြား အတုယူလွဲမှားမှုများကို ဖြစ်ပေါ်စေနိုင်သည့် ဝတ်စား ဆင်ယင်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ကို တွေ့မြင် နိုင်ပေသည်။ အရေးကြီးသည့်အချက်မှာ ထိုသို့ဝတ်စား ဆင်ယင်သည့် တချို့သော မြန်မာမော်ဒယ်လ်များနှင့် သရုပ်ဆောင်များ သတိမမေ့လျော့စေရန်မှာ မိမိတို့သည် လူထုရှေ့ဆောင်(public figure) များဖြစ်သည်ဟူသော အသိနှင့် ယင်း၏ အခန်းကဏ္ဍသည် မြန်မာလူငယ်လူ ရွယ်များအတွက် နမူနာကောင်းစံပြပုဂ္ဂိုလ်များဖြစ်သည် ဟူသောအချက်သည် များစွာအရေးပါလှသည်ကို တွေ့ မြင်နိုင်ပေသည်။ သို့ဖြစ်သည့်အလျောက် မိမိတို့၏ဝတ် စားဆင်ယင်မှု သည် မြန်မာ လူငယ် လူရွယ်များ အတွက် ရှေ့ဆောင်လမ်းပြမဖြစ်စေ နိုင်သည့်တိုင် အဆိပ်အတောက် မဖြစ်ပေါ်စေရန် များစွာနှလုံးသွင်းဆင်ခြင်ဝတ်ဆင် ကြရန် လိုအပ်လှပါကြောင်း အကြံပြုတိုက်တွန်းအပ်ပေ သည်။

အယ်ဒီတာ
yangonmedia

နိုင်ငံသားအားလုံး လုံခြုံအေးချမ်းရေးအတွက် ကြိုးစားမည်ဟု ဒေါ်စုကတိပြု

နိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကို ခွဲခြားမှုမရှိဘဲ နိုင်ငံသားအားလုံးအတွက် လုံခြုံအေးချမ်းမှုအတွက် ကြိုးစားသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထူထောင်တဲ့ ၂၅နှစ်ပြည့် နှစ်ပတ်လည်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
kamayutmedia


ရန်ကုန်တွင် ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမှုပေါင်း ၆၀၀ ကျော်ရှိ


ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှ မှ ၂၀၁၃ ခုနှစ်၊ဧပြီလအထိ ၃နှစ်တာ ကာလအတွင်းတွင် ဖော်ထုတ်ဖမ်းဆီးမှု မပြုနိုင်သော အမှုပေါင်း ၆၂၆ မှု ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးမှု၊ လူကုန်ကူးမှု အပါအ၀င် မှုအခင်း များကို တိုင်းဒေသကြီး အစိုးရက မည်သို့ မည်ပုံ စီမံ ဆောင်ရွက်နေပါသနည်းဟုမေးမြန်းစဉ် ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေဖြင့် အမှုအခင်းများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းအရေးယူနေကြောင်း ပြန်လည် ပြောဆိုသည်။

“၃နှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းပေါင်းက ၄၀၀၀ ကျော်ရှိတယ်။ ဒီမှာ ၆၀၀ ကျော်လောက်ဘဲ အမှုမပေါ်တာ ဆိုတော့ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီအပေါ်မှာကျနော်တို့အနေနဲ့ အကောင်းဆုံး လုပ် ဆောင်နေတယ် လို့ပြောနိုင်ပါတယ်”ဟု ဗိုလ်မှုးကြီးတင်ဝင်းက ဆိုသည်။

၃နှစ် ကာလအတွင်း လူသတ်မှုပေါင်း ၃၅၇ မှု ဖြစ်ပွားခဲ့ပြီး ၃၅၁ မှုတွင် တရားခံ ဖမ်းဆီးနိုင်ကာ ၆မှုမှာ ယခုအချိန် အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း၊ အလားတူ ခိုးမှုပေါင်း ၂၈၅၅မှု ဖြစ်ပွားခဲ့သည့် အနက် ၂၂၇၄ မှု တရားခံဖမ်းမိပြီး ၅၈၁မှုမှာ တရားခံ ဖမ်းဆီးရမိခြင်းမရှိကြောင်း၊ ဖောက်ထွင်းမှု ၁၁၆ မှုတွင် ၉၃ မှုတွင် တရားခံဖော်ထုတ်နိုင်သော်လည်း ၂၃ မှုတွင် တရားခံ မဖမ်းမိသေးကြောင်း၊ လုယက်မှု ၈၃ မှုတွင် ၁၆ မှု တရားခံ မမိသေးကြောင်း၊ လူကုန်ကူးမှုနှင့် မူးယစ် ဆေးဝါးမှု များတွင်မူ တရားခံအားလုံး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသော အမှုများတွင် ခိုးမှု အများဆုံး ပါဝင်နေကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီးတင်ဝင်းက “မှုခင်းကျဆင်းရေးအတွက် လှိုင်းလုံးစီမံချက်၊ ဝရဇိန် စီမံချက်၊ ကျားနက် စီမံချက် စတဲ့စီမံချက် တွေကိုဆက်လက်လုပ် ဆောင်သွား မှာပါ။ အခါ အားလျှော်စွာလည်း အရေးပေါ်စီမံချက်တွေလုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက “မူခင်းတွေကို ဘယ်လိုကာကွယ်နေလဲ ဆိုတာကိုတိတိကျကျ ပြောစေချင်တယ်။ မပေါ်သေးတဲ့အမှုဆိုလည်း ဘယ်လိုတွေ စီမံဆောင်ရွက်နေလဲ။ ဘယ်လိုအချက်တွေက မပေါ်တာလဲ။ ဘာအားနည်းချက် တွေ ရှိနေလို့လဲ။ သေချာပြောပြရမယ်လေ။ ခုကဘာမှ ရှင်းရှင်းလင်းလင်းမပြောသွားဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရဲတပ်ဖွဲ့က ဖော်ထုတ်ခြင်းမရှိသော အမှုအခင်းများအနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှာ ယခုအချိန်အထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသည့်အပြင် ရဲတပ်ဖွဲ့ကလည်း အမှုနှင့်ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်မှုမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက အမှုအခင်းများ မဖြစ်ပွားရေးနှင့် လုံခြုံရေးအတွက် ခေတ်မီပစ္စည်းများ လိုအပ် နေကြောင်း ပြောဆိုသည်။

“ရဲတွေမှာ လိုနေတာ ကခေတ်မှီပစ္စည်းတွေပါ။ အခုဆိုရင် ဆိုက်ဘာ အမှုအခင်း တွေနဲ့ပတ်သက်ပြီး စစ်ဆေး အရေးယူ နိုင်အောင် ဆိုက်ဘာရဲအဖွဲ့တွေလည်း ဖွဲ့ထားတယ်။ မကောင်းတဲ့ လူတချို့ကြောင့် အမြင်မကြည်လင် ဖြစ်တာ လက်ခံ ပါတယ်။ ဒါပေမယ့်ဒီနေ့ထိ ကျနော်တို့အကောင်းဆုံး လုပ်ဆောင်နေဆဲပါ။ ဘယ်နိုင်ငံမှာမှ ပြည့်စုံတဲ့ လုံခြုံရေး ဆိုတာ မရှိပါဘူး။ ရတဲ့ပစ္စည်းတွေနဲ့အကောင်းဆုံး ကာကွယ်နေပါတယ်”ဟု ရဲအရာရှိတဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများတွင် လုံခြုံရေးပိုင်း ကိုင်တွယ်ဆောင်ရွက်မှု အားနည်း နေသည်ဟု ဝေဖန်မှုများရှိနေပြီး ခေတ်မီ နည်းပညာနှင့် ပစ္စည်းအင်အား မလုံလောက်မှုများသည် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသည်ဆိုသော ထောက်ပြဝေဖန်မှုများ ရှိနေသည်။
irrawaddy

ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ရွှေ ၊ ဒေါ်လာ နှင့် ကားဝယ်ရောင်းများကြောင့် ရန်ကုန် မြေဈေး တက်ရခြင်းဖြစ်ဟု

ရန်ကုန် မြေဈေးတက်ခြင်းမှာ စီမံကိန်းကြောင့် မဟုတ်ဘဲ မြေဈေးကွက် အတွင်း ပြင်ပစီးပွားရေးလုပ်ငန်း ရှင်များနှင့် ရွှေ၊ ဒေါ်လာနှင့် ယာဉ် အရောင်းအဝယ်သမားများကြောင့် မြေဈေးနှုန်းများ တက် ရခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ အသင်းအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ဝေဖန်ပြောကြားသည်။

ရွှေ၊ ဒေါ်လာ၊ ကားဝယ် ရောင်းလုပ်ကိုင်သူများသည် ၎င်း တို့ဈေးကွက်တည်ငြိမ်ခြင်းများ ကြောင့် မြေဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး ဈေးကွက်ကျွမ်း ကျင်မှုများမရှိဘဲ ဈေးများပေးကာ ဈေးကစားခြင်းများကြောင့် ယခု ကဲ့သို့ မြေဈေးများ အဆမတန်  တက်ရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ''ကားဈေးကွက်ကျတဲ့ အချိန်နဲ့ ဒလမြေဈေးတက်တဲ့အချိန်က အတူတူဖြစ်နေတယ်။ ပြီးတော့ မနှစ်တုန်းက သန်လျင်၊ အောင် ချမ်းသာတို့ဘက်မှာလဲ ကားဈေး ကွက် ပထမဆုံးကျတဲ့အချိန်နဲ့ မြေဈေးတက်တဲ့အချိန်က အတူတူပဲ ဖြစ်နေတယ်။ အဲဒီတော့ ကားလုပ် တဲ့သူတွေက မြေထဲကိုလာပြီးရင်း နှီးမြှုပ်နှံတယ်။ ရင်းနှီးမြှုပ်နှံပြီးတော့ မကျွမ်းကျင်ဘဲနဲ့ ဈေးနှုန်းတွေကို ပါးစပ်ထဲရှိတဲ့ ဈေးတွေလိုက် ပေး တဲ့အတွက် ဈေးနှုန်းတွေ ကမောက် ကမတွေဖြစ်ကုန်တာ''ဟု ပြောသည်။

မြေဈေးကွက်ကျွမ်းကျင်သူ များသည် စဉ်းစားချင့်ချိန်၍ဝယ် ယူပြီး ၎င်းတို့လက်အတွင်းတွင် လည်း ကြာရှည်စွာထားရှိခြင်းမရှိ ဘဲ ပြန်လည်ရောင်းချခြင်းများပြု လုပ်ကြောင်း၊ ယခုလက်ရှိကာလ တန်ဖိုးအဖွဲ့မှ သတ်မှတ်ပေးသည့် ဈေးနှုန်းများအတိုင်း ရောင်းချရမည် မဟုတ်ကြောင်း ယင်းကဆိုသည်။

ရန်ကုန်မြို့တွင်း မြေဈေး များ ကြီးမြင့်မှုများသည် ကားဈေး ကွက်အတွင်းမှ ဝယ်ရောင်းများ ဝင်လာခြင်းများကြောင့် မြေဈေး များ ကြီးမြင့်ရခြင်းဟု ဆိုနိုင်သော် လည်း ပြည်တွင်းငွေစုဘဏ်မှ ဘဏ် အပ်ငွေအတိုးနှုန်းများအား လျှော့ ချလိုက်ခြင်း များကြောင့် ငွေအ မြောက်အမြားအပ်ထားသူများ သည် ဘဏ်မှငွေများအားထုတ်၍ မြေဈေးကွက်အတွင်းသို့ ဝင်ရောက်  မြှုပ်နှံခြင်းများကြောင့် မြေဈေး များတက်ရခြင်းဖြစ်ကြောင်း၊ မြေ ဈေးတက်ရခြင်း၏အဓိကအချက် မှာ မြေဈေး ကွက် ကျွမ်းကျင်မှုမရှိ ဘဲ ဈေးကွက်အတွင်းသို့ ဝင်ရောက် လာခြင်းကြောင့် မြေဈေးများတက် လာခြင်းဖြစ်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများနှင့် စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

စီးပွားရေးပညာရှင် ဦးလှ မောင်က ''ကားသမားတွေ မြေ ဘက်ကိုဝင်လာလို့ မြေဈေးတက် လာတယ်ဆိုတာ ဟုတ်ပါတယ်။ နောက်တစ်ခုက ငွေစုဘဏ်ကနေ အတိုးနှုန်းကို ၁၂ရာခိုင်နှုန်းကနေ ရှစ်ရာခိုင်နှုန်းကို လျှော့ချလိုက်တဲ့ အတွက်ကြောင့် တက်တယ်ဆို တာလဲ ဟုတ်တယ်။ ဒါတွေကို သုံး သပ်ရရင် ဘဏ်အတိုးဆိုတာမှာလဲ ဘဏ်အတိုးနဲ့စားနေတဲ့ သူတွေလဲ ရှိတယ်။ အဲဒီမှာအတိုးက လျော့ သွားတော့ ငွေတွေကိုထုတ်ပြီး မြေ ဘက်ကို ရင်းနှီးမြှုပ်နှံတယ်။ မြေ ဈေးကွက် ကို နားမလည်ဘဲဝင် လာပြီး ဈေးကစားလို့ အခုလိုမြေ ဈေးတွေတက်နေတာ''ဟု သုံးသပ် ပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးနှုန်း များအတွက် ကာလတန်ဖိုးသတ် မှတ်ပေးရေးအဖွဲ့မှ မြို့နယ်များ အလိုက် မြေဈေးနှုန်းများအပြင် တိုက်ခန်းဈေးနှုန်းများကိုလည်း သတ်မှတ်ပေးထားပြီး ယင်းကို လာမည့် အောက်တိုဘာ ၁ရက်မှ စတင်ကာ အကျုံး ဝင်မည်ဖြစ် ကြောင်း သိရသည်။

အောင်သူ (ဒေးဒရဲ)
yangonmedia

တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တချို့ မဖွယ်မရာပြသ သောင်းကျန်းနေ

 ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တချို့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိနြေ္ဒကိုထိပါးစေသောအ ပြုအမှုများ ကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိရသည်။  တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။

၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။

ယင်းက ''ရပ်ကွက်ထဲမှာ အိမ်တော်တော်များများက ခြံတံ ခါးတွေ ပိတ်ထားကြတာများတယ်။ ကျွန်မတို့က ဆိုင်ဆိုတော့ တံခါး ဖွင့်ထားရတယ်။ လမ်းပေါ်ဘယ် သူဖြတ်ဖြတ် လှမ်းကြည့်ရတာ။ သူ့ကိုကြည့်သလို ဖြစ်သွားတာ ပေါ့၊ အဲ့ဒါ လိုက်ဖမ်း ရင် ပြေးတာ ပဲ''ဟု ပြောသည်။ ယင်းလူငယ်များကို ရပ်ကွက် အတွင်းနှိမ်းနင်းမည့်သူများ မရှိ ကြောင်း၊ ဖမ်းမိသူတချို့ရှိကြောင်း ရပ်ကွက်လူကြီးများကို မိန်းကလေး ငယ်များမှ တိုင်ကြားထားကြောင်း နှင့် ယခုနှစ်ဧပြီလတွင် စတင်ကြုံ တွေ့ကြရခြင်းဖြစ်ကြောင်း ယင်း ရပ်ကွက်နေ အမျိုးသမီးများက ဆိုသည်။

ရပ်ကွက်အတွင်းရှိ ပွင့်ဦးစံ အပ်ချုပ်ဆိုင်မှ အမျိုးသမီးတစ်ဦး က ''အစ်မတို့လဲ ဒီလိုကြုံရတယ်၊ အစ်မတို့က မိန်းကလေးတွေဆို တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး၊ အကုန်လုံးက မိန်းကလေး တွေဆိုတော့ ခြေမကိုင်မိ လက် မကိုင်မိ ဖြစ်တာ ပေါ့၊ တစ်ခါတစ် ခါလာတဲ့သူက မတူတော့ ရုပ်ရည် လဲသေချာမမှတ်မိဘူး။ မိန်းကလေး တွေ အများစုဝင်ထွက်နေတဲ့ နေရာ မို့လို ဒီလိုလုပ်တာဖြစ်မယ်''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီးတောင် ဥက္ကလာပ မြို့နယ်ရဲစခန်းကို ရန်ကုန် တိုင်းမ်သတင်းစာက ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ''ဒါနဲ့ပတ်သက်ပြီး တိုင်းကြားထား တာတွေတော့ ယနေ့ထိမရှိသေး ပါဘူး။ ရပ်ကွက်တာဝန်ရှိသူကလဲ လာရောက် အကြောင်းကြားထား တာ မရှိသေးပါဘူး။ အခုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ထိန်းတွေ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကို အဲဒီနေရာတွေကိုသေချာ စောင့် ကြည့်ဖို့တာဝန်ပေးလိုက်ပါပြီ''ဟုပြောသည်။

သော်ဇင်ထက် ၊ ဝေယံ
yangonmedia

စတန့်ထွင်ရင်း လူသိများလာသည့် အာဆင်နယ် ပရိသတ် မိန်းကလေး


တော့တင်ဟမ် ဟော့စပါး အသင်း၏ အိမ်ကွင်းတွင် စတန့်ထွင်ခဲ့သည့် အာဆင်နယ် ပရိသတ် မိန်းကလေး တစ်ဦးသည် ယခုအခါ အင်တာနက်တွင် နာမည်ကျော်တစ်ဦး ဖြစ်လာကြောင်း သိရသည်။ နော်ဝေးသူလေး မာရီအက်ဒ်ဗာ့ဒ်ဆန်သည် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အာဆင်နယ်ကို အားပေးသလို မိမိနိုင်ငံမှ ထရွမ်ဆို အသင်းကိုလည်း အားပေးသူ ဖြစ်သည်။ ထရွမ်ဆို အသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲအဖြစ် စပါးအသင်း၏ အိမ်ကွင်း ဝှိုက်ဟတ်လိန်းတွင် လာရောက် ယှဉ်ပြိုင်ကစားရာ မာရီက ကိုယ်တိုင်ကိုယ်ကျ လိုက်လံ အားပေးခဲ့သည်။ ထိုပွဲစဉ်တွင် အသက်(၁၉)နှစ်ရှိ မိန်းကလေးသည် အသင့်ယူဆောင်လာသည့် အာဆင်နယ် ဂျာစီကို ဝတ်ဆင်ပြခဲ့ပြီး ယင်းဓာတ်ပုံများကို မီဒီယာများက ဖော်ပြခဲ့သည့်နောက် နာမည်ကြီးလာခြင်း ဖြစ်သည်။ အာဆင်နယ်နှင့် စပါးတို့ကြား အလွန်ခါးသီးသော အားပြိုင်မှုများ ရှိနေရာ ယခုလုပ်ဆောင်မှုသည် စတန့်ထွင်မှု တစ်ခုဟု မှတ်ယူနိုင်မည် ဖြစ်သည်။

"ကျွန်မက အာဆင်နယ်ကို ကြိုက်တယ်။ ထရွမ်ဆိုကိုလည်း အားပေးတယ်လေ။ စပါးနဲ့ပွဲမှာတော့ ထရွမ်ဆို ရှုံးလောက်တယ်ဆိုတာ ကျွန်မ ခံစားမိတယ်။ အဲဒီပွဲမှာ ကျွန်မ အာဆင်နယ် ဂျာစီကို ဝတ်သွားချင်ပေမယ့် နည်းနည်း ကြောက်မိတယ်။ နောက်တော့ ကျွန်မ ဂျာစီကို ကောက်စွပ်လိုက်တယ်။ တကယ်က (၅)စက္ကန့်လောက်ပါပဲ။ ဒါကို သတင်းသမားတွေက ဓာတ်ပုံရိုက်သွားတာပါ"ဟု မာရီက ရှင်းပြခဲ့သည်။ ယခုအခါ သူမကို အာဆင်နယ် ပရိသတ် (၅၀၀)ခန့်က Facebookတွင် လာရောက် မိတ်ဖွဲ့ခဲ့ပြီး ဖြစ်သလို Messageများလည်း ပေးပို့ခဲ့ကြောင်း မာရီက ဆိုသည်။

"တကယ်တမ်း ပြောရရင် ဒီကိစ္စက ဒီလောက်ထိ တုံ့ပြန်စရာ ဖြစ်လာမယ် မထင်ခဲ့ဘူး။ ပြောရရင် ကျွန်မက အာဆင်နယ် ပရိသတ်ဆိုတော့ ဝှိုက်ဟတ်လိန်းကို မသွားချင်ဘူး။ ဒါပေမဲ့ ထရွမ်ဆိုကိုလည်း ကျွန်မ အားပေးတယ်လေ။ ကွင်းထဲမှာ အာဆင်နယ် ဂျာစီကို ထုတ်ဝတ်လိုက်ပြီး ကျွန်မ ဂုဏ်ယူချင်စိတ် ဝင်လာတယ်။ တကယ်ပဲလည်း လုပ်ဖြစ်သွားတယ်။ ကျွန်မကို တစ်ကမ္ဘာလုံးက အာရုံစိုက်လောက်စရာ ဖြစ်သွားမယ်လို့ မထင်ခဲ့ပါဘူး။ Facebookမှာ အာဆင်နယ် ပရိသတ် (၅၀၀)လောက်က ကျွန်မကို လာမိတ်ဖွဲ့တယ်။ Messageတွေလည်း အများကြီးရတယ်။ အများစုက အကောင်းဘက်က ရေးတာပါ။ တချို့ကတော့ ပုတ်ခတ်တာတွေ ပါတယ်လေ"ဟုလည်း မာရီက ဖွင့်ဟခဲ့သည်။

သူမက "တချို့တွေက ကျွန်မလုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်တာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဟာသအနေနဲ့ပဲ လုပ်ခဲ့တာပါ။ နည်းနည်းရိုင်းသလို ဖြစ်သွားတာကို တောင်းပန်ပါတယ်"ဟုလည်း ဆိုသည်။ သူမက ယင်းပွဲစဉ်နောက်ပိုင်းတွင် စတုတ်ခ်စီးတီးနှင့် အာဆင်နယ်တို့ အမ်းမရိတ်စ်တွင် ကစားခဲ့သည့် ပွဲစဉ်အတွက် လက်မှတ်တစ်စောင်ကိုလည်း လက်ဆောင်ရခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ "ခုဆို ကျွန်မမှာ အာဆင်နယ် ပရိသတ် သူငယ်ချင်းတွေ အများကြီး ရှိလာပါပြီ။ သူတို့က ကျွန်မကို စတုတ်ခ်နဲ့ ပွဲစဉ်အတွက် လက်မှတ်တစ်စောင် လက်ဆောင်ပေးတယ်။ သူတို့နဲ့အတူ ပွဲကြည့်တယ်။ အရမ်းခင်သွားကြတယ်။ ကျွန်မ သိပ်ပျော်ပါတယ်"ဟု မာရီက တက်တက်ကြွကြွ ပြောကြားခဲ့သည်။

သူမက နောက်တစ်ကြိမ် စပါးကွင်းတွင် အာဆင်နယ်ဂျာစီ ဝတ်ဆင်ပြရန် စိတ်ကူးရှိမရှိ မေးမြန်းရာ သူမက ထပ်မံ စတန့်မထွင်လိုတော့ဟု ဖြေကြားခဲ့သည်။ "ကျွန်မ ထပ်ပြီး လုပ်ရဲမယ်လို့ မထင်ဘူး။ ဒီကိစ္စကို အေးဆေးပဲ ဖြစ်သွားစေချင်ပါတယ်။ ဒီလောက်ကြီး ကြီးကျယ်တာမျိုးလည်း မဖြစ်စေချင်ဘူးလေ။ ရိုးရိုးသားသား ပြောရရင် အရမ်းအာရုံစိုက်လောက်စရာကြီး ဖြစ်သွားလို့ ကျွန်မ တုန်လှုပ်မိခဲ့ပါတယ်"ဟု မာရီက ဖွင့်ဟသွားသည်။

planet

ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီး


Ark Nova ခန်းမကြီးကို လေမှုတ်ခန်းမ၊ ဖောင်းပွခန်းမ၊ သို့မဟုတ် လေသွင်းရုပ်လုံး ခန်းမဟု အမည်ခေါ်ဝေါ်ရမည် ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၅၀၀)မျှ စုစည်းနေနိုင်မည့် ယင်းခန်းမကျယ်ကြီးကို အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ထားခြင်း မဟုတ်သည်က ထူးခြားမှု တစ်ခုဖြစ်သည်။ ပိုလိုင်စတာ ဖြည့်တင်းပေးထားသည့် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် လေမှုတ်သွင်းနိုင်သော ပစ္စည်းကြီးသည် ယခုအခါ သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားခဲ့ရသည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လေအပြည့်ဖြည့်ပြီး ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။ ယင်းကို ဇာတ်ရုံအဖြစ်၊ ဟောပြောပွဲ ခန်းမအဖြစ်၊ အစည်းအဝေးခန်းမအဖြစ် ဘက်စုံ အသုံးပြုနိုင်သည်။ စိတ်ကူးစိတ်သန်း ကောင်းမွန်သည့် အဆိုပါ လေမှုတ်သွင်း ခန်းမကြီးကို မတ်ဆူရှီမာမြို့တွင် ထားရှိမည် ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသည်များစွာ လာရောက် လည်ပတ်လေ့ရှိသည့် မတ်ဆူရှီမာမြို့သည် (၂၀၁၁)ခုနှစ်၊ မတ်လက ရစ်ခ်ျတာစကေး (၉.၀)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသော်လည်း သဘာဝ ကမ်းရိုးတန်း၏ အကာအကွယ် ပေးထားမှုကြောင့် ဒေသတွင်းရှိ အခြားမြို့ရွာများလောက် အထိအခိုက် မရှိခဲ့ချေ။ ယခုအဆောက်အအုံကြီးသည် ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီးအဖြစ် သတ်မှတ်နိုင်ပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် ပိုမို အကျိုးဖြစ်ထွန်းလာစေဖွယ် ရှိနေသည်။
Ark Novaကို အိန္ဒိယဖွား ဗြိတိသျှ ပန်းပုပညာရှင် အာနစ်ရှ်ကာပူအာနှင့် ဂျပန် ဗိသုကာ ပညာရှင် အာရာတာ အိုင်ဆိုဇာကီတို့က ပူးပေါင်း တည်ဆောက်ပေးခဲ့သည်။ ခန်းမကြီးကို မတ်ဆူရှီမာ မြို့လယ်တွင် နေရာချထားပြီး ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ အစီအစဉ်ကို သောကြာနေ့တွင် စတင်မည် ဖြစ်သည်။ ဆန်ဒိုင်း သံစုံ အော်ကက်စထရာ တီးဝိုင်းအဖွဲ့ကြီးသည် ထူးထူးခြားခြား တည်ဆောက်ထားသည့် ယင်းခန်းမကြီးကို ဇာတ်ရုံအဖြစ် အသုံးပြုကာ ဖျော်ဖြေသွားရန် စီစဉ်ထားသည်။ ထို့အပြင် ဂျပန်ရိုးရာ ကူဘူကီ ပြဇာတ်များလည်း ကပြသွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို အောက်တိုဘာ (၁၄)ရက်နေ့ထိ ကျင်းပသွားရန် ရည်ရွယ်ထားသည်။

"ဒီခန်းမကြီးက အလွယ်တကူ ဖြုတ်သိမ်းနိုင်ပါတယ်။ Ark Novaဟာ လူတွေ အများကြီးကို စုဝေးခွင့် ရရှိစေမယ့် နေရာတစ်ခု ဖြစ်လာမှာပါ"ဟု အိုင်ဆိုဇာကီက ပြောကြားခဲ့သည်။ ပြဇာတ်ရုံအဖြစ် အသုံးပြုရန် လိုအပ်သည့် ခုံနေရာများကို ငလျင်အတွင်း ထိခိုက်ပြိုလဲခဲ့သည့် သစ်ကတိုးပင်များဖြင့် ကြိုတင်ပြုလုပ်ထားပြီး ဖြစ်သည်။ Ark Nova၏ ပထမဆုံး ဖျော်ဖြေပွဲ အစီအစဉ်တွင် အခြားသော ကမ္ဘာကျော် ဂီတအဖွဲ့အစည်းများ ပါဝင်လာအောင် ဆွစ်ဇာလန် နိုင်ငံရှိ Lucerne Festivalက အကူအညီ ပေးခဲ့သည်။ Ark Novaကို ဒေသတွင်းရှိ အခြားသော မြို့များသို့လည်း လှည့်လည်သယ်ယူကာ ဖျော်ဖြေရေး အစီအစဉ်များအတွက် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။
planet

ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုပြီး အရေးကြီးတယ်



တရုတ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တစ်ခုဖြစ်ပွား ခဲ့ပါတယ်။ အဲဒီအချိန်မှာ လုယက်သူတွေက သေနပ်ဖြင့် ခြိမ်းခြောက်ကာ ငွေတွေကို ယူကြတာပေါ့။ အာလုံးဆိုသလို တတ်ဆိတ် ငြိမ်သက်နေပါတယ်။ ထိုအချိန် လုယက်သူက " အဝတ်အစားတွေကို လုံလုံခြုံခြုံ ဖုံးထားပါ။ ဒါဟာ မဒိမ်းကျင့်နေတာ မဟုတ်ပါဘူး။ လုယက်နေတာ ဖြစ်တယ်။ ပိုက်ဆံတွေက နိုင်ငံတော် ပိုင်တွေ ဖြစ်တယ်။ ခင်ဗျားတို့ ပိုင်တာဆိုလို့ ခင်ဗျားတို့ရဲ့ အသက်တွေပဲ ဖြစ်တယ်" လို့ လုယက်သူတွေက ပြောလိုက်ပါတယ်။

လုယက်သူနှစ်ယောက်ဟာ လုယက်အပြီး အိမ်ကို ပြန်ရောက်သွားတော့ MBA ဘွဲ့ရတဲ့ ညီဖြစ်သူက မှုလတန်းသာ အောင်မြင်တဲ့ အကို ဖြစ်သူကို " အကို ငွေတွေ ရေရအောင်လေ ဘယ်လောက် ရသလဲလို့ " " ရှုးလိုက်တဲ့ ငါ့ညီ ငွေတွေ ဒီလောက်များတာ ဘယ်လိုလုပ်ပြီး ရေ နိုင်မှာလဲ။ ခဏနေရင် တိဗီကနေ ကြေငြာလိမ့်မယ် အကိုတို့ ငွေတွေ ဘယ်လောက် ခိုးသွားသလဲ ဆိုတာကို " လို့ အကိုဖြစ်သူက ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာ ဘဏ်မန်နေဂျာနှင့် အုပ်ချုပ်သူနှစ်ယောက်ဟာ ဘဏ်ကို လုယက်မှု ဖြစ်သောကြာင့် ရဲတွေကို ဖုန်းဆက်ပြီး တိုင်ကြားလိုက် ပါတယ်။ ရဲတွေ ရောက်မလာခင်မှာ ဘဏ်အုပ်ချုပ်တဲ့ သူက မန်နေဂျာကို " ရဲတွေ မရောက်လာခင်မှာ ငါ့တို့ အလွဲသုံးစား လုပ်ထားတဲ့ သန်း ၇၀ ကို လုယက်ခံရတဲ့ စာရင်းထဲကို ထည့်လိုက်ကြမယ်။ ပြီးရင် အခွင့်အရေးရတုန်း ၁၀ သန်းလောက် ထပ်ပြီးခိုးလိုက် ကြရအောင် " လို့ပြောလိုက်တယ်။ မန်နေဂျာဖြစ်သူက " ကောင်းလိုက်တဲ့ အကြံပဲ၊ သန်း ၁၀၀ ခိုးသွားတယ်လို့ စာရင်းတင်လိုက်မယ် "လို့ ပြောလိုက်တယ်။

ခဏအကြာမှာပဲ ရဲတွေ ရောက်လာကြတာပေါ့။ ရဲတွေက ဘဏ်မှာ လုယက်သွားသော ငွေကို သန်း ၁၀၀ လို့ စာရင်းမှတ်လိုက်တယ်။ ထို့နောက် တီဗီကနေ သန်း ၁၀၀ လို့ ကြေငြာလိုက်ပါ တော့တယ်။ အဲဒီအချိန်မှာ လုယက်သူနှစ်ယောက်က ပိုက်ဆံတွေကို ရေတွက်ပါတော့တယ်။ ရေတွက်လို့ အပြီးမှာ ဒေါသတွေ ထွက်ပါတော့တယ်။ ဘာလို့ဆိုတော့ တော့ သန်း ၂၀ ပဲရှိလို့ပါ။

ထိုအခါ အကိုဖြစ်သူက ညီကို ပြောပါတယ် "ညီလေး ပညာဆိုတာက ရွှေထက်ပိုပြီး တန်ဖိုးရှိတယ်၊ ခွန်အားစိုက်ထုတ် စရာလည်း မလိုဘူး၊ ဦးနှောက်လေးကိုပဲ အသုံးပြုရတာ၊ လက်ထဲမှာ ဘွဲ့လက်မှတ် ရှိမှ ပညာရှိ မဟုတ်ဘူး " လို့ အကို ဖြစ်သူက ပြောလိုက်ပါတယ်။

ထိုအချိန်မှာ ဘဏ်အုပ်ချုပ်သူနှင့် ဘဏ်မန်နေဂျာ တို့က အလွန်ပဲ ဝမ်းသာနေကြတာပေါ့။ ဘာလို့ဆိုတော့ သူတို့ အလွဲသုံးစား လုပ်ထားတဲ့ သန်း ၇၀ ကိုလည်း ပြန်ဆပ်လိုက်ရတယ်။ ထို့အပြင် ၁၀ သန်းကို တောင် အစစ်ရလိုက် ရလို့ပါပဲ။ ဘဏ်အုပ်ချုပ်တဲ့သူက မန်နေဂျာကို " သူခိုးတွေ ငါ့တို့ ဘဏ်ကို လတိုင်း လာပြီးလုရင် တော်တော်ကောင်းမယ်လို့ " ပြောလိုပါတယ်။

တကယ်တော့ ပညာရှိ ဆိုတာဟာ အတန်းပညာ ဘွဲ့လက်မှတ်တွေ မဟုတ်ဘူး အခြေအနေ အချိန်အခါ အလျောက် သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်သောသူကို ဆိုလိုတယ်။ ဒါကြောင့် သင်ဟာ ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ စာရေးသူ ဆိုလိုက်ပါတယ်။

(ရိုးရာလေး)

HTC One Max တွင် လက်ဗွေစနစ်ပါဝင်မည်





အရွယ်ကြီး Phablet ဖုန်း အဖြစ် ထွက်ရှိမယ့် ထိုင်ဝမ်ရဲ့  HTC Max သတင်း တစ်ခုပါ။ လက်ဗွေ သုံး လုံခြုံရေးစနစ် ပါဝင်လာမယ်လို့ တရုတ်ပြည် အခြေဆိုက် သတင်းဌာန အများစုက ဖော်ပြလျက် ရှိနေကြပြီး HTC အတည်ပြုမှုကိုလည်း စောင့်ဆိုင်းလျက် ရှိပါတယ်။

Apple တုန်းကလည်း ပလပ်စတစ်နဲ့ လုပ်တဲ့ အိုင်းဖုန်း ထွက်ရမယ်လို့ တရုတ်ပြည်ကနေပဲ သတင်း စထွက်ပြီး တကယ် အတည်ဖြစ်သွားပါတယ်။ ဒီတစ်ခါလည်း အရွယ်ကြီး HTC One သတင်းနဲ့ အတူပါဝင်လာမယ့် လက်ဗွေ စနစ်ကလည်းမမှားနိုင်ပါဘူး။ ဖုန်းရဲ့  အသေးစိတ် Specification ကိုလည်း ခန့်မှန်းဖော်ပြ ထားကြ ပါတယ်။ မျက်နှာပြင်အရွယ် ၆.၄ လက်မရှိမယ့် Full HD မျက်နှာပြင် သို့မဟုတ် ၅.၉ လက်မ 1920x1080 resolution ၂ ခုတည်း က တစ်ခုခုနဲ့ ထွက်မယ်လို့ ဆိုပါတယ်။ ၆.၄ လက်မ ဖုန်းက ppi 342 ရှိပြီး ၅.၉ လက်မ ဖုန်းက 373 ppi ရှိမယ်လို့တောင် ရေးသား ဖော်ပြ ထားကြ ပါတယ။် ထွက်ရင်တော့ တစ်မျိုးပဲ ထွက်မှာပါ။

RAM 2GB, internal storage 16 GB ရှိပြီး ဘက်ထရီက 3300 mAh ရှိမယ်လို့ ဆိုပါတယ်။ microSD card ထည့်သွင်း အသုံးပြုလို့ ရပါမယ်။ HTC One မှာ ပါဝင်တဲ့ ကင်မရာထပ် ပိုကောင်းမယ်လို့ ပြောဆိုထားပြီး Processor က 2.3 GHz Snapdragon 800 quad core ဖြစ်ပါတယ်။ Android 4.3 နဲ့ Sense 5.5 UI ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။ RAM 3G ရှိတဲ့ Note 3 ကိုလိုက်လို့ မမှိပေမယ့် Fingerprint Scanner ပါဝင်တာတော့ တစ်ခုသာသွားပါတယ်။

ဒီတော့ Samsung Galaxy Note 3 ရဲ့  ပြိုင်ဘက်ဖြစ် လာအုံးမယ် ထင်ပါတယ်။ ရေးသားဖော်ပြချက်များ အရတော့ လာမယ့် အောက်တိုဘာလ IFA မှာ မိတ်ဆက်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint
အောင်ခမ်း (TSJ Team)
TechSpace Journal

Programming ဘယ်လိုလေ့လာမလဲ





Programming ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေ စလို့ ဘယ်လို လေ့လာ ရမှန်း မသိသူများ အတွက် wikihow က ဆောင်းပါးကိုပဲ ဆီလျော်သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။


Decide your goal

Programmer လို့သာ ခေါင်းစဉ်တပ်လိုက်တာ။ ရွေးစရာလိုင်းတွေက အများကြီးပဲ။ Web လား၊ Software လား၊ Desktop Application လား၊ System လား အစရှိသဖြင့် ရွေးစရာတွေ အများကြီးပဲ။ ကိုယ်က စက်ရုပ် တီထွင်တဲ့ ပညာရှင်ဖြစ်ချင်တာလား၊ OS လုပ်ချင်တာလား၊ ဖုန်း Application လုပ်ချင်တာလား၊ Web application လုပ်ချင်တာလား အစရှိသဖြင့် သီးသန့်လမ်းကြောင်းတစ်ခုကို အရင်ဆုံး Choice လုပ်ရပါအုံးမယ်။ အဲဒါလုပ်ပြီး ပန်းတိုင်ကို သေချာ ချထားမှ အကောင်းဆုံး လုပ်နိုင်မှာ ဖြစ်ပါတယ်။


Choose a programming language

အကယ်၍ ကိုယ်က Web Programming ကိုလေ့လာမယ်ဆိုရင်တောင် PHP, Java, C++, .Net အစရှိသဖြင့် ပြောမကုန်အောင် များပြားလှတဲ့ Language တွေ ရှိနေပါသေးတယ်။ တစ်ခုတည်းကို အရင်ဆုံး Specialized လုပ်မှ အောင်မြင်မှာလေ။ နေရာတစ်ခုရောက်မှာလေ။ ဒီတော့ ကိုယ်သွားချင်တဲ့ လမ်းကို ရွေးပြီး ပန်းတိုင်ကို သေ သေချာချာ သတ်မှတ်ထားဖို့ လိုပါတယ်။


Fall in Love in mathematics

ကွန်ပြူတာနဲ့ ပက်သက်တဲ့ အလုပ်လုပ်ပြီဆိုရင် သင်္ချာကို မချစ်လို့ မရတော့ဘူး။ Fibonacci, Floyd triangle, Fourier Seiries အစရှိသဖြင့် Mathematical series များကို ထိတွေ့ထားဖို့လိုအပ်ပါတယ်။ သင်္ချာဥာဏ်စမ်း လေးတွေကိုလည်း အားတဲ့အချိန်တိုင်း လေ့ကျင့်ပြီးဖြေဖြစ် ရင်တော့ အကောင်းဆုံးပေါ့။ Programmer ဖြစ်ဖို့ ဆုံးဖြတ် လိုက်သူက သင်္ချာနဲ့ ချစ်သူ ဖြစ်ဖို့ ခံယူလိုက်သလိုပါပဲ။


Be self-motivated

Rome was not built in a day တဲ့။ ဒီနေ့မှ စလုပ်ပြီး မနက်ဖန် အကုန်တတ်ပြီလို့ ဘယ်ပြောလို့ရမလဲ။ ဒါကို သိထားပြီး အမြဲတမ်း ကိုယ့်ကိုယ်ကို Motivate လုပ်နေရ မယ်။ စိတ်အားတက်ကြွမှု ရှိနေရမယ်။ ယုံကြည်ချက် လည်း ရှိနေရပါမယ်။


Take your time

မအောင်မြင်တဲ့ ပရိုဂမ်မာတွေရဲ့  အားနည်းချက်က အချိန်မပေးတာပါပဲ။ Error တွေ့နေပေမယ့် ဒီ Error ကို အဖြေရှာဖို့အတွက် ကောင်းကောင်း အချိန်မပေးပြီး Project ပြီးဖို့သာ ခေါင်းခဲပြီး လုပ်တော့၊ အိုင်ဒီယာ ကောင်း မထွက်တဲ့အပြင် အမှားလည်းများပါတယ်။ Problem Solving ဆိုတာ Programming မှာ ဘာသာရပ်တစ်ခုလိုပါပဲ။ Programmer တစ်ယောက်ဟာ code ရေးတဲ့အခါမှာတင်မကပဲ တကယ့် လက်တွေ့ ဘဝမှာပါ ပြဿနာကို ခေါင်းအေးအေးထား ဖြေရှင်းတတ်သူ တစ်ယောက် ဖြစ်လာပါတယ်။ ဒီတော့ အချိန်ပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။


Never Back Down

Programming ဆိုတာ မခက်ဘူး။ သို့ပေမယ့် စိတ်ရှုပ်ဖို့ကောင်းတယ်။ စိတ်မရှည်တဲ့ သူတွေနဲ့ သင့်တော် တဲ့ အလုပ်မဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာကလည်း လူတိုင်းလေ့ကျင့်လုပ်ယူလို့ရတဲ့ အကျင့်စရိုက် တစ်ခု။ ဒါကို ငါနဲ့တော့ အဆင်မပြေပါဘူးလေ ဆိုပြီး ရပ်လိုက်ရင်၊ နောက်ဆုပ်လိုက်ရင်တော့ သွားပါပြီ။ ရှေ့ မရေက်၊ နောက်မရောက် အလယ်မှာ ကိုးရိုးကားရားဖြစ်တဲ့ ဘဝက ပိုဆိုးပါတယ်။ ဒီတော့ မလျော့သောဇွဲနဲ့ နောက်မလှည့်တန်း ကြိုးစားရမှာက Programmer တစ်ယောက်ရဲ့  ခံယူချက်ပဲ ဖြစ်ပါတယ်။


Become a master

Programming Language တစ်ခုမှာ ဆရာကျသွားသူ တစ်ယောက်ဖြစ်ဖို့ဆို တာ အဲဒါကို အနည်းဆုံး ၂ နှစ်လောက်တော့ အချိန်ပေးရသေးတယ်။ ၁ နှစ်ပဲ ကြိုးစားထားတဲ့ ရလဒ်က လုပ်ငန်းခွင်ဝင်နိုင်တဲ့ level တစ်မခုသာ ရှိသေးပြီး expert မဖြစ်နိုင်ပါဘူး။ ၂ နှစ်နဲ့ကော် ဆရာကျပြီလို့ ကြိမ်းသေပြောလို့ရပါ့မလား။ ၄ နှစ်သာကြာသွားမယ်။ သူများခိုင်းတဲ့ ပရိုဂရမ်တွေ၊ ကုဒ်တွေပဲ ရေးပြီး ကိုယ်ပိုင် ပရောဂျက်၊ application များ မလုပ်နိုင်သေးရင် Master တစ်ယောက်ဖြစ်တဲ့ ပရိုဂမ်မာလို့ မဆိုနိုင်ပါဘူး။


Be a bookworm

ပရိုဂမ်မာကောင်း တစ်ယောက်ကလည်း စာဂျပိုးပါပဲ။ စားဖတ်အား အမြဲသန်နေရမယ်။ စာမှာတောင်မှ Programming တစ်ခုတည်းတင်မကပဲ သုတ၊ ရသ၊ သတင် အစုံအလင် အမြဲ စိတ်ဝင်တစား ဖတ်ချင်နေ သူ ဖြစ်ရပါမယ်။ ဒါက a must တော့မဟုတ်ပါဘူး။ Optional ပါ။ သို့ပေမယ့် ပရိုဂမ်မာကောင်းတစ်ယောက် ဖြစ်ဖို့ စာဖတ်အားကောင်းဖို့တောင် recommend ပေးထား ကြပါတယ်။


Invest on Training Centers

ကိုယ်တစ်ယောက်တည်း လေ့လာနေတာ အဆင်မပြေတော့ဘူး။ အချို့ အချက်တွေ နည်းပညာ ကျကျ သိဖို့ ကျတော့ မလွယ်တော့ဘူးဆိုရင် သင်တန်းတက်ဖို့ အကြံပေးပါတယ်။ တစ်ယောက်တည်း Self Study လုပ်တယ် ဆိုတာ သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ သင်တန်းတက်တယ် ဆိုတာ ပညာတစ်ခုတည်း သင်တာ မဟုတ်ပါဘူး။ စီနီယာ ပရိုဂမ်မာများရဲ့  ပရောဂျက်များ၊ လုပ်ဆောင်ချက်များ၊ အရည်အချင်းများကို လေ့လာခြင်း လည်း ပါဝင်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လေ့လာလို့ နေရာတစ် ခုမှာ တစ်နေရင် training center ကောင်းကောင်းတစ်ခု ရွေးချယ်လို့ Invest လုပ်ဖို့ Recommend ပေးပါတယ်။

Programmer တစ်ဦး ဖြစ်ဖို့အတွက်၊ အတန်းပညာ၊ ဘွဲ့ပညာ တတ်နေမှ မဟုတ်ပါဘူး။ သင်္ချာတွက်ချက်ဥာဏ် ရှိပြီး Programmer ဖြစ်ချင်စိတ် ရှိနေရင် Programmer တစ်ဦး ဖြစ်နိုင်ပါပြီ။

အောင်ခမ်း ( TSJ Team )
TechSpace Journal

မိန်းမသံဂျိုင်းထောက်ဖြင့်ရိုက်၍ ယောက်ကျားဖြစ်သူသေဆုံး



ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ မြနန္ဒာလမ်းသွယ်၊ နယ်မြေ(၁၈)၊တွင် (၂၆.၉.၂၀၁၃)နေ့ ညနေ(၃း၃၀) အချိန်ခန့်က ဆယ်အိမ်မှူးဦးစန်းမောင်
နေအိမ်တွင်ရှိနေစဉ် တစ်ရပ်ကွက်ထဲနေ ..
ဒေါ်xxxx၊အသက်(၅၁)နှစ်၊(ဘ)ဦးလှငွေ နှင့်၎င်း၏သား xxxx တို့ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဦးမျိုးအောင်(ဒုက္ခိတ)၊အသက်(၄၃)နှစ်၊ (ဘ)ဦးလှသိန်း နေအိမ်တွင်သေဆုံးနေကြောင်း လာရောက် အကြောင်းကြားပြီး သေစာ ရင်းပြုလုပ်ပေး ပါရန် ပြောသဖြင့် ဆယ်အိမ်မှူးဦးစန်းမောင်မှ ပတ်ဝန်းကျင်အားစုံစမ်း ရာ(၂၅.၉.၂၀၁၃)နေ့ ညနေ(၄း၀၀)အချိန်ခန့်တွင် ဦးမျိုးအောင်နှင့် ၄င်း၏ဇနီးဖြစ်သူ
ဒေါ်xxxxတို့စကားများရန်ဖြစ်သည်ကိုကြားသိရပြီး ဒေါ်xxxxမှ သံဂျိုင်းထောက်ဖြင့် ရိုက်လိုက်ရာ ဦးမျိုးအောင်၏ဦးခေါင်းနှင့်ကျောဘက် တွင်သွေးများ ပေးကျံလျှက်သေဆုံးနေသည်ကို တွေ့ရှိရ၍ ပဲခူးအမှတ်(၃) စခန်းသို့ တိုင်ကြားရာ စခန်းမှ(ပ)၃၈၉/၂၀၁၃၊ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်
Kayan Times

ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့်ပညာသင်နှစ်တွင် ပြန်ပြင်မည်


ရန်ကုန်- ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွားမည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံတို့အား ပုံနှင့်ပုံစာ လွဲမှားဖော်ပြမှုသည် မည်သည့်ပညာသင်နှစ်ကတည်းက မှားယွင်းနေသည်ကို မသိရသော်လည်း၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ဆက်လက်မှားယွင်းသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ခုနကပဲ ၀န်ကြီး PSO (ကိုယ်ရေးအရာရှိ) လာသွားတယ်။ အဲဒီအချက်ကိုပြင်ဖို့ လာပြောတာပါ။ တခြားအလွဲတွေကိုလည်း စိစစ်နေပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင်သွားမှာပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေနေသော သင်ရိုးဖတ်စာအုပ်နှင့် ပတ်သက်၍ ပဉ္စမတန်းကျောင်းသားမိခင်တစ်ဦးက မြန်မာမြေပုံတွင် နာမည်နေရာ လွဲမှားရိုက်နှိပ်ထားမှုကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

“မနေ့ညက သားစာကျက်တာနားထောင်ကြည့်တော့ မြန်မာနိုင်ငံ၏ အနောက်တောင်တန်းဒေသမှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော တောင်ကြားလမ်းများမှာ ..လို့ ကြားလိုက်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတာ။ သားဆိုနေတာမှားနေတယ်။ မြေပုံနဲ့တွဲကြည့်ပြီးကျက်ဆိုပြီး သားရဲ့ ငါးတန်းပထ၀ီဝင်ဖတ်စာအုပ် ယူကြည့်လိုက်တာ။ မြေပုံကိုတွေ့မှ သဘောပေါက်သွားတယ်။ အစိုးရကျောင်းဆက်ထားရမှာတောင် ကြောက်လာပြီ” ဟု ပဉ္စမတန်း ကျောင်းသားမိခင်တစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပညာရေးဝန်ကြီးဌာနသည် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသုံးစာအုပ်များကို အရည်အသွေးမြှင့်တင်ရိုက်နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင် ၂၃ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည်။

ဓာတ်ပုံ - နစ်ကီ
7Day News Journal

တရုတ် ဗိုလ်ချုပ်ကြီးရဲ့ သား မုဒိမ်းမှု ထောင် ၁၀ နှစ်ချ .



တရုတ် နိုင်ငံမှာ စစ်တပ်က ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ သားကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ဘေဂျင်းမြို့က တရားရုံးတစ်ခုက ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ အဆင့်မြင့် အရာရှိကြီးတွေရဲ့ သားသမီးတွေ အထိန်းအကွပ်မဲ့ ထင်ရာစိုင်း လုပ်နေချိန်မှာ လီတီယန်ရီရဲ့ မုဒိမ်းမှုကြောင့် လူထုရဲ့ ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
စစ်တက္ကသိုလ်ကျောင်းရဲ့ ဂီတ ဆိုင်ရာ ဌာနမှူး ဖြစ်တဲ့ သူ့ဖခင်ဟာ ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီး တစ်ယောက်နဲ့ ရာထူး အဆင့် တူပါတယ်။အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လီတီယန်ရီဟာ ဘေဂျင်းမြို့က ဟော်တယ် တစ်ခုမှာ အမျိုးသမီး တစ်ယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ကြသူ ၅ ယောက်ထဲမှာ ၁ ယောက် အပါအဝင် ဖြစ်ပါတယ်။ သူကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆိုထားခဲ့ပါတယ်။
တရုတ် နိုင်ငံမှာ အရာရှိ သားသမီးတွေဟာ ပျက်စီးနေကြပြီး အဂတိ လိုက်စားကြတဲ့ အပြင် သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ အများအားဖြင့် ကင်းလွတ်ခွင့် ရနေကြတယ်လို့ လူအများအပြားက ပြစ်တင် ပြောဆို နေကြပါတယ်။
Credit to - Nga Thant
Classic Burma News

မီတာလျှောက်ထားခနှင့် ထိန်းသိမ်းခ လျှော့ချမည်

ရန်ကုန်- လစဉ် ကျပ်တစ်ထောင် ပေးဆောင်နေရသော မီတာထိန်းသိမ်းစောင့်ရှောက်ခနှင့် မီတာအသစ် လျှောက်ထားရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များကို လာမည့်အောက်တိုဘာ ၁ ရက်မှ စတင်၍ လျှော့ချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

ပြောင်းလဲသတ်မှတ်ရန် စီစဉ်ထားသော နှုန်းထားများကို စက်တင်ဘာ ၂၈ ရက်တွင် အများပြည်သူ ကြိုတင်သိရှိရန် တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။

“မီတာထိန်းသိမ်းခနဲ့ မီတာဘောက်စ်တွေအတွက် သတ်မှတ်နှုန်းတွေကို လျှော့ချမှာပါ။ ပြောင်းလဲမယ့်နှုန်းတွေကို လာမယ့်စနေနေ့မှာ ၀န်ကြီးကိုယ်တိုင် ထုတ်ပြန်ကြေညာသွားမှာပါ”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မီတာထိန်းသိမ်းစောင့်ရှောက်ခ ပေးဆောင်နေရမှုအပေါ် အများပြည်သူက လျှပ်စစ်ဌာနအား မကြာခဏ ပြစ်တင်ပြောဆိုနေသော ကိစ္စတစ်ရပ် ဖြစ်သည်။ မိမိအိမ်နှင့် လုပ်ငန်းခွင်များတွင် သုံးစွဲသည့် မီတာယူနစ်ပမာဏကိုသိရှိရန် တပ်ဆင်ထားသော မီတာဘောက်စ်များအတွက် လစဉ် တစ်ထောင်ကျပ် ပေးဆောင်နေရမှုမှာ သဘာဝမကျသော လုပ်ငန်းတစ်ခုလည်း ဖြစ်နေကြောင်း စမ်းချောင်းမြို့နယ်ရှိ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ကိုယ့်အိမ်မှာကိုယ်တပ်ထားတဲ့ မီတာအတွက် ထိန်းသိမ်းစောင့်ရှောက်ခ ကျပ်တစ်ထောင် ပေးရတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ ဒီနှုန်းကလည်း မီတာယူနစ်လေးဆယ်စာလောက်ရှိတယ်။ ဒီနှုန်းထားတွေက လျှော့သင့်တာ ကြာနေပြီ”ဟု ဗိုလ်တထောင်မြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် မီတာဘောက်စ်အသစ်တစ်ခုရရှိရန် လျှောက်ထားလျှင် ကျပ် ၈၅၀၀၀ ခန့် ပေးဆောင်နေရခြင်းကြောင့် အများပြည်သူ လျှပ်စစ်မီး သုံးစွဲနိုင်ရန်အတွက် အခက်အခဲဖြစ်စေသော အကြောင်းတစ်ချက်လည်း ဖြစ်နေကြောင်း မီတာဘောက်စ်အသစ်လျှောက်ထားရန် လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ ထို့အပြင် မီတာဘောက်စ် အသစ်တပ်ဆင်ရန် လျှောက်ထားရာတွင် အချို့နေရာများ၌ အခက်အခဲများရှိနေသည့်အတွက် သတ်မှတ်နှုန်းထက် အဆများစွာ ပိုပေးနေရမှုများလည်း ရှိနေသေးကြောင်း သိရသည်။
7Day News Journal

ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစီတီဗွီမှ ကြည့်နိုင်ပြီ

ရဲ စခန်းများတွင် မသင်္ကာတရားခံ များကိုစစ်ဆေးသည့် မှတ်တမ်း မြင်ကွင်းများ ကို စီစီတီဗွီမှတစ်ဆင့် အမှုနှင့်ပတ်သက်သူများ အချိန် မရွေး ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးကြီး အောင်ဌေးမြင့် က ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်း များတွင် ယင်းကဲ့သို့ကြည့်ရှုနိုင် ရေးအတွက် စီစီတီဗွီကင်မရာများ တပ်ဆင်နေပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပွင့်လင်းမြင်သာ မှုရှိနေပြီ ဆိုသည်ကို အများပြည် သူသိရှိစေနိုင်ရန်အတွက် ယခုကဲ့ သို့ ပြုလုပ် ခြင်း ဖြစ်ကြောင်း သိရ သည်။

ရဲမှူးကြီး အောင်ဌေးမြင့်က ''အခုလိုတပ်ဆင်တာကို မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေ မှာလုပ်မှာ။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးရာမှာ သက်ဆိုင်ရာအမှု စစ်ရဲက မသင်္ကာတရားခံတွေ နှိပ် စက်တာတွေ၊ ရိုက်နှက်စစ်ဆေး တာတွေကို မလုပ် ဘူး ဆိုတာ အမှု နဲ့ပတ်သက်တဲ့သူတွေ သိစေချင် တဲ့ရည်ရွယ်ချက်နဲ့ အခုလိုလုပ် တာပါ။ စီစီတီဗွီကင်မရာနဲ့ မှတ် တမ်းတင်ထားပါတယ်''ဟု ပြော သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးရှိ အရှေ့ပိုင်းခရိုင်နှင့် အနောက် ပိုင်းခရိုင်ရှိရဲစခန်းများတွင် စတင် တပ်ဆင်ထားပြီဖြစ်ကြောင်း၊ ရဲ စခန်းတစ်ခုလျှင် စီစီတီဗွီလေးခု ခန့်တပ်ဆင်ထားကြောင်း၊ အရှေ့ ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြီးမျိုးဝင်း က ပြောသည်။
ကျော်မြတ်ဇံ
Link =>http://goo.gl/iPA2SV
Yangon Media Group

ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး




ကမ္ဘာကျော် ဖြစ်ရပ်တခု မကြာသေးမီက ဖြစ်ပွားသွားခဲ့ပါတယ်။ ကင်ညာနိုင်ငံ၊ နိုင်ရူဘီမြို့က ကုန်တိုက် ကြီးမှာ အမည်မသိ သေနတ်သမားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိက သံသယ
ဖြစ်ခံရသူ အမျိုးသမီးတဦးကို ကမ္ဘာ့ အလိုအရှိဆုံး အမျိုးသမီးရယ် လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ရူဘီကုန်တိုက်က ရက်စက်သတ်ဖြတ်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၆၇ ဦး သေဆုံးခဲ့ရပြီး နောက် ဆုံးမှာတော့ အစိုးရက အဲဒီကုန်တိုက်ကြီးကို ထိမ်းသိမ်းနိုင်လိုက်ပါပြီတဲ့။

အခုလို ထိန်းသိမ်းနိုင်တယ်လို့ ကြေညာအပြီး ယနေ့ထုတ် The Mirror သတင်းစာမှာ ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီးအဖြစ် ဗြိတိသျှ လူမျိုး အသက် ၂၉ နှစ်အရွယ် မစ္စ Samantha Lewthwaite ကို ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်လာပါတယ်။

အပြည်အပြည်ဆိုင်ရာ ရာဇ၀တ်မှု နှိမ်နင်း တိုက် ဖျက်ရေး ရဲတပ်ဖွဲ့ အင်တာပိုလ် အဆိုအရ သူဟာ တောင် အာဖရိကနိုင်ငံ၊ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး မွတ်စလင်ဘာသာကို ပြောင်းလဲ ကိုးကွယ်ခဲ့သူ
ဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေ၊ မှတ်တမ်းတွေအရ အခုလို ထုတ်ပြန်တာလို့ ဆိုပါ တယ်။

နောက်ထပ် ရက်စက်မှုတွေကျူးလွန်နိုင်တဲ့ အန္တရာယ်ရှိသူ အမျိုးသမီး အဖြစ် ကင်ညာနိုင်ငံကလည်း သူ့ ဓာတ်ပုံတွေကို နိုင်ငံအနှံ့ ထုတ်ပြန်ထားရုံအပြင် နိုင်ငံပေါင်း ၁၉၀ ကျော်ကိုလည်း ဖြန့်ဝေ အသိပေး ပြီး ဖြစ်တယ်လို့ အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် ရော်နယ် နိုဗဲလ်က ပြောထားပါတယ်။

သူဟာ အခုတော့ ဖမ်းဆီးစစ်ဆေးမှုတွေကနေ ရှောင်တိမ်းထွက်ပြေးနေပြီး သူ့မှာ ဖမ်းဆီးမှုတွေကို အကာကွယ်ယူဖို့ အ တွက် ကလေး ၃ ယောက်လည်း သူနဲ့ အတူပါသွားတယ်လို့ ဆိုပါတယ်။


အိမ့်သံစဉ် ~
ဧရာဝတီ

လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကိုချီတက်


စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု လုပ်ငန်းရှင်ကပြောဆိုခဲ့သော်လည်း ရှင်းမပေးသဖြင့် ပန်းရံဆိုဒ်မှ မြန်မာအလုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ မြို့ပိုင်ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော AEKSUPACHOKဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့် အလုပ်သမား ၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ လေးသိန်း ကျော်ဖြစ်သည်။ ထိုငွေများအား လုပ်ငန်းရှင်က မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေခဲ့ကြသည်။

ထို့နောက် မြန်မာသံရုံးနှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က သီးခြားစီ ဖုန်းဆက်သွယ်လျှက် ထိုင်းအလုပ်သမားဝန်ကြီးဌာနဆိုင်ရာများသို့ အကူညီတောင်းခံခဲ့ကြ သည်။ ထိုနောက် စက်တင်ဘာ ၁၆ ရက်ေ န့ တွင် လုပ်ငန်းရှင်က စက်တင်ဘာ ၂၆ ရက်နေ့တွင် လုပ်အားခ များရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ကတိပြုခဲ့သည်။

အလုပ်သမားများ ရက်ပေါင်း ၂၀ ခန့် စားစရိတ်များအတွက် MAT အဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့က ဦးဆောင်၍ အကူညီတောင်းခံခဲ့ကြသည်။ သို့ဖြစ်၍ အမည်မဖေါ်လိုသည့် မြန်မာအရာရှိတစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ အမည် မဖေါ်လိုသည့် MOU ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ MAT အဖွဲ့က ဘတ်ငွေ ၁၀,၀၀၀၊ ဒေသအခြေစိုက် Rak Thai ဖေါင် ဒေးရှင်းက ဘတ်ငွေ ၁၂,၀၀၀၊ ဘန်ကောက်မြို့ IRCမှ ဘတ်ငွေ ၁,၅၀၀ နှင့် ဖူးခက်အခြေစိုက် လေးဝတီရခိုင်လူမှုရေးအသင်းဥက္ကဌ ကိုခိုင်အတ မှ ဆန် ၂အိပ်ဖိုးဘတ်ငွေ ၃,၀၀၀ ပေးပို့လှူဒါန်း ခဲ့ကြ သည်။

အလုပ်သမားများအား ဒေသခံကူညီပေးသူတစ်ဦးဖြစ်သူ ကိုပြေငြိမ်းက “ ခုကျနော် အလုပ်သမား တွေရှိတဲ့ မြို့ပိုင်ရုံးကိုေ ရာက်နေတယ်။ စစ်သားတွေ ပုလိပ်တွေ အများကြီးပဲ။ ဒီနေရာကို မြန်မာသံရုံး ဖြစ်ဖြစ် တရားဝင်အဖွဲ့အစည်းတစ်ခုခုလာ ရှင်မှ ဖြစ်မယ်။ ဒီအလုပ်သမားတွေကို ပစ်ပယ်ထားလို့မဖြစ်ဘူး။

မသိချင်ယောင်ဆောင်နေကြလို့မဖြစ်ဘူး။ ကြောက်နေကြလို့ မဖြစ် ဘူး။ ဒီအလုပ်သမားတွေအကူညီမရရင် သူတို့ ကိုင်ဆောင်ထားတဲ့ တရားဝင်ပတ်စပို့ဆိုတာ ဘာလဲလို့မေးရလိမ့်မယ်” ဟုပြောသည်။

အပြင်သို့ဆက်သွယ်သူတစ်ဦးဖြစ်သော မရည်မွန်ကျော် က “သမီးတို့ကို နေလည်ကတည်းက ပိုက်ဆံမရှင်းပေးနိုင်သေး ဘူး လို့ လူမှုဖုံလုံရေးဌာန ပြောတယ်။ သမီးတို့က လုံခြုံရေးနဲ့ပြဿ နာတွေ ပြေလည် ရေးအတွက် အလုပ်သမားရုံးကို နေ့လည် ၂နာရီ ကတည်းက လမ်းလျှောက်လာခဲ့ကြတာဖြစ်တယ်။ မြို့ပိုင်ရုံးကို ညနေ ၆နာရီခွဲကျော်မှာရောက်တယ်။ လမ်းမှာ ပုလိပ် ၂ကြိမ် စစ်ဆေးတယ်။ ဆက်မသွားဖို့တားတယ်။ MAT ရုံးက ပုလိပ်နဲ့  စကားပြောပေးတယ်။



မြို့ပိုင်ရုံးကိုရောက်တော့ တာဝန်ရှိတဲ့သူတွေ က ဒီမှာနေ လို့မရဘူးလို့ ပြောတယ်။သမီးတို့က ဒီကိုလာတာဒီမှာပဲ ဖြေရှင်း မယ်လို့ပြန်ပြောထားတယ်၊ ၂နာရီလောက်ညှိနှိုင်းပြီးတော့မှ သမီး
တို့ ကို ဟောခန်းတစ်ခုမှာ နေရာချထားပေးပါတယ်။ မနက်ကျရင် ရှင်းပေးမယ်လို့ပြော ပါတယ်ရှင်” ဟုပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ထမင်းစားစရာမရှိဖြစ် နေ ကြသည့် အလုပ်သမားတစ်ရာကျော် အတွက် စားစရာ ဆန်နှင့် သောက်စရာရေများ အကူညီရလိုရငြား အလှူခံရန်ထွက် လာကြသည့် အလုပ် သမ ဇနီး မောင်နှံတို့အား ထိုင်းပုလိပ် ၉ဦးက ၀ိုင်းဝန်းဖမ်းဆီးခံခဲ့ရသည်။

အလုပ်သမား ၁၁၀ ဦးအနက် မိန်ကလေး ၁၁ဦးနှင့်အမျိုး သား ၄၅ဦး တို့ လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။ အခြားအ လုပ် သမားများမှာ ပန်းရံဆိုဒ်ထဲတွင် ကျန်နေခဲ့ကြပါသည်။

၂၀၁၃ ခုနှစ်အစပိုင်းကာလက နိုင်ငံတော် သမ္မတကြီး
ဦးသိန်းစိန် က ပြည်ပရောက် မြန်မာ သံရုံး များသို့ ရွှေ့ပြောင်း အလုပ်သမားများကို ကူညီစောင့်ရှောက်ကြရန် မှာကြားထားဖူး သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုင်းရောက် မြန်မာ အလုပ် သမားများကို ကူညီစောင့်ရှောက်ပေးမည် ဟု ပြောဆိုခဲ့ဖူးေ သ်ာလည်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ဖိနှိပ်ခံရမှုမှာ မြူတစ်မှုန်မျှ လျှော့ပေါ့ သွားခြင်းမရှိသေးကြောင်း MAT အဖွဲ့ကပြောသည်။


မြန်မာနိုင်ငံအတွင်းမှ သြဇာရှိသည့် မြန်မာ့အရေး တက်ကြွ လှုပ်ရှား သူများကလည်း သန်းချီရှိသည့် ထိုင်းနိုင်ငံမှ အလုပ် သမား အရေးထက်၊ သိန်းကဏန်းသာရှိသော မလေးရှားနိုင်ငံေ ရာက် မြန်မာအလုပ် သမားအရေးကို စိတ်ဝင်စားကြသည်ဟု သိရှိ
ရသဖြင့် ငိုအားထက်ရည်အားသန်မိကြောင်း MAT အဖွဲ့ကပြော
သည်။

 မြတ်ညို (အလွတ်သတင်းထောက်)
Credit to>>>ရွှေလုပ်သားရွှလုပ်သား

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေး ရန် မြန်မာနိုင်ငံလာမည်

အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲရှိ ပါသေး တယ်။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။

စက်တင်ဘာ၂၅ရက်က ကျင်းပခဲ့သော OIC အဖွဲ့၏ ရို ဟင်ဂျာမူဆလင် လူနည်းစုရေးရာ အစည်း အဝေးတွင် OIC ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာ နိုင်ငံသို့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။

OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ မူဆလင်များရှိရာ အချို့သောနေ ရာများသို့သွားရောက်ရန် အစီ အစဉ်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်က ''OIC လာမယ့်ကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိ ရဘူး။ သေချာတာတစ်ခုက OIC ကို ရခိုင်ပြည်နယ်က ရခိုင်လူမျိုး တွေက လုံးဝလက်မခံဘူးဆိုတာ တော့ သိတယ်။ ဒီသတင်းနဲ့ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့လုံးဝ မသိရတာပါ''ဟု ပြောသည်။

မူဆလင်များ၏အခြေအ နေကို တိုးတက်မှုရှိစေရန်အတွက် အကူအညီပေးအပ်သည့်နေရာ တွင် ပူးပေါင်းဆောင်ရွက်သွား ရန်ဆန္ဒရှိကြောင်းOIC အတွင်း ရေးမှူးက ပြောကြားခဲ့ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် Kshmir Watch သတင်းဌာနတွင် ဖော်ပြ ထားသည်။

OIC အဖွဲ့သည် နိုင်ငံပေါင်း ၅ဝကျော်ဖြင့်ဖွဲ့စည်းထားပြီး ယခင် က မြန်မာနိုင်ငံတွင် OIC ရုံးကို ဖွင့်လှစ်ခွင့်ပြုရန် တောင်းဆိုခဲ့မှု များရှိခဲ့သော်လည်း ပြည်သူများ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် နိုင်ငံ တော်သမ္မတက OIC ရုံးကိုဖွင့်လှစ် ခွင့်မပြုဟု ၂၀၁၂ခုနှစ် အောက် တိုဘာလအတွင်း သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။

Link =>http://goo.gl/djl43U
Yangon Media Group

သေမင်းနှင့် ကစားသူ လူငယ်လေး




သေမင်းနဲ့ ကစားတယ်ဆိုလို့ စိန်ပြေးတန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ အမြင့်ဆုံး တိုက်တာ အအောက်အအုံ၊ မျော်စင်တွေပေါ်ကနေ ဘာပစ္စည်း မှ မပါပဲ ကုတ်တက် ဓာတ်ပုံရိုက်ခြင်း ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကလည်း အခြားမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ဖို့ပါပဲ။ ဒီခေတ် မှာ လူတိုင်းက ဓာတ်ပုံ ဒေါင့်စုံရိုက်နိုင်နေပြီ။ Reality , Hearth Shock ဖြစ်စေမယ့် ပုံမျိုးကျတော့ ခပ်ရှားရှားမို့ ယူကရိန်းနိုင်ငံသား လူငယ်လေး Mustang Wanted က စတန့်ထွင်လိုက်ခြင်း ဖြစ်ပါတယ်။

ကမ္ဘာပတ်ပြီး ပေပေါင်း ထောင်သောင်းမက မြင့်တဲ့ အဆောက် အအုံတွေကနေ တွဲလောင်းနေပါတယ်။ ခါးမှာ ဘာမှမပတ်ပါဘူး။ သက်ကယ်ကြိုးမပါပါဘူး။ လက်ကလေးသာ လွတ်ရင် သေဖို့ သေချာတဲ့ အနေအထား ဖြစ်ပါတယ်။ သို့ပေမယ့် လက်တစ်ချောင်းနဲ့ တွဲလောင်း ရိုက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေးသာ အင်တာနက်မှာ တင်လိုက်ရမှ ကျေနပ် တယ်ဆိုတော့ ဘယ်သူမှ မတားနိုင်တော့ပါဘူး။ တားတဲ့ကြားကလည်း မရရအောင် ရိုက်တဲ့သူ ဖြစ်ပါတယ်။

သူ စီစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://is.gd/SK9EC4

Aung Kham (ရိုးရာလေး)

အရပ် ၈ ပေနီးပါးရှိသည့် ကိုဝင်းဇော်ဦး အနုပညာလောကသို့ ဝင်နိုင်ရန် စီစဉ်ပေးမည်ဟုဆို


ခွဲစိတ် ကုသမှု အောင်မြင်သွားပြီဖြစ်သည့် ကမ္ဘာ့ ဒုတိယ အရပ်အရှည်ဆုံး လူသား ကိုဝင်းဇော်ဦး (ဓာတ်ပုံ – Soe Zeya Tun / REUTERS)
ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သော ခန္ဓာကိုယ် အဆမတန် ထွားကြိုင်းသည့် ရောဂါဝေဒနာ ခံစားနေရသူ ကိုဝင်းဇော်ဦး၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အဖြစ် ရုပ်ရှင် အနုပညာလောကသို့ ဝင်ရောက်သွားနိုင်ရန် ကြိုးစား ပေးသွားမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပြောသည်။

“ကျနော့်အနေနဲ့က သူ့ကို တသက်လုံး ကျွေးထားနိုင်ပေမယ့် သူရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တခုကတော့ ရှိဖို့ လိုအပ်တယ်လေ။ ဒီတော့ ကျနော် စဉ်းစားကြည့်လိုက်တော့ ရုပ်ရှင်တွေထဲမှာ အရပ်အရမ်းပုတဲ့ သူတွေကို ထည့်ထည့် သုံးတာတွေ့ရတော့၊ ဝင်းဇော်ဦးလို အရပ်အရမ်းရှည်တဲ့ သူအတွက်လည်း အဆင်ပြေလောက်မယ်ထင်ပါတယ်” ဟု အသည်းအထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

ကိုဝင်းဇော်ဦး ရုပ်ရှင်အနုပညာ လောကထဲသို့ ဝင်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ကြော်ငြာရိုက်ခြင်း၊ ရုပ်ရှင်ရိုက်ခြင်းများ ပြုလုပ် နိုင်ရန်အတွက် ဒါရိုက်တာ ဇင်ယော်မောင်မောင်အား အကူအညီတောင်းထားကြောင်းကို ၎င်းက ဆက်လက်ပြောသည်။

ဒေါက်တာ ခင်မောင်ဝင်းက ရုပ်ရှင်အနုပညာ လောကထဲသို့ ဝင်ရောက်သွားနိုင်ရန် ကြိုးပမ်းနေသော်လည်း ကိုဝင်းဇော်ဦးမှာ ယခု လတ်တလောကာလတွင် နေရပ်သို့ ပြန်လည်၍ သင်္ကန်းဝတ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။

“ကျနော် ဒီလိုကောင်းမွန်လာတာ ဆရာခင်မောင်ဝင်း ကျေးဇူးတွေအပြင် ဘုရားတရား ကျေးဇူးကြောင့်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် နောက် ၂ ရက်နေရင် ကျနော် ရွာပြန်ပြီး ဘုန်းကြီးဝတ်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းကျမှသာ အသက် မွေးဝမ်းကျောင်း အလုပ်တခုခုအတွက် ပြန်လာသင့်ရင် ပြန်လာမှာပါ” ဟု ကိုဝင်းဇော်ဦးက ဆိုသည်။

ခန္ဓာကိုယ် အဆမတန် ထွားကြိုင်းသည့် ရောဂါခံစားနေရသည့် ကိုဝင်းဇော်ဦးသည် သြဂုတ်လ ၁၅ ရက်နေ့က စင်ကာပူနိုင်ငံသို့ ထွက်ခွာ ကုသခဲ့ရာ ရာနှုန်းပြည့် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေက ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စင်ကာပူနိုင်ငံသို့ သွားရောက် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့သည့်အတွက် ကုန်ကျစရိတ်မှာ မြန်မာငွေ ကျပ် သိန်းခြောက်ရာခန့် ရှိကြောင်း၊ ခွဲစိပ်ကုသမှု အောင်မြင်ခဲ့ပြီဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဆေးတချို့ကို ဆက်လက် သောက်သွားရန် လိုအပ်သည့်အပြင်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ တနှစ်လျှင် တကြိမ် ဆေးစစ်ခြင်းများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦး၏ ဆေးကုသမှု ကုန်ကျစရိတ်အတွက် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက အဓိက ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကာ တခြား ပြည်တွင်း ပြည်ပ အလှူရှင်များထံမှ အလှူငွေများလည်း ရရှိခဲ့သည်။

ကိုဝင်းဇော်ဦးသည် နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းရွာတွင် နေထိုင်သူဖြစ်ပြီး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည့်အတွက် ကမ္ဘာ့ ဒုတိယ အရပ်အရှည်ဆုံးသော လူသားတဦး ဖြစ်သည်။ ၎င်း၏ အရပ်အရှည်မှာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ၇ ပေနှင့် ၁၀ လက်မ ရှိသည်။

ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် သတင်း အသေးစိတ်ကို ဤနေရာတွင် ဖော်ပြထားပါသည်။
irrawaddy

ကားရထားနှင့် ပါဂျဲရိုးတိုက်မိ



စစ်ကိုင်းတိုင်းဒေသကြီး တင်းတိမ်ရံမှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကားရထားနှင့် သံလမ်းဖြတ်ကူးသည့် ပါဂျဲရိုးကားတစ်စီးတို့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက်တွင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြောကြားသည်။

သံလမ်းဖြတ်ကူးခဲ့သည့်ကားမှာ အင်းရွာသစ်ရပ်ကွက် အောင်မင်္ဂလာလမ်း အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားမှာရထားနှင့် အတူကိုက် ၁၀၀ ခန့်အထိ တွဲလျက်ပါသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ မုံရွာမြို့ခံများက ဆိုသည်။
“ဒုန်းဆိုပြီး အသံကြီးတစ်သံ ကြားလိုက်ပြီး ရထားလမ်းနဲ့ ပွတ်တိုက်ပြီး ဆွဲသွားတဲ့ အသံကြီးတစ်ခုတော့ ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ရထားရှေ့မှာ ပါဂျဲရိုးကားတစ်စီး ရောက်နေပြီ။ တော်သေးတယ် ကားမောင်းတဲ့သူက ဒဏ်ရာအကြီးအကျယ် မဖြစ်လို့” ဟု ဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အင်းရွာသစ်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ကားနှင့်ရထားမှာ တွဲလျက် တောက်လျှောက် ပါသွားပြီး ယာဉ်မောင်းသူမှာ ရထားအရှိန်လျှော့သည့်အခါမှ ကား၏ အခြားတံခါးပေါက်တစ်ခုမှ ထွက်ခဲ့ရကာ၊ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။
“မြို့အဝင်ထဲက ရထားကိုအရှိန်လျှော့ပြီး မောင်းနှင်လာခဲ့တာပါ။ လမ်းသွယ်ထဲက ကားကိုအဝေးကနေ လှမ်းမြင်နေရလို့ ဟွန်းရှည်ဆွဲပေမယ့် ကားကမှန်အကုန် ပိတ်ထားတော့ မကြားရဘူး ထင်တယ်။ သံလမ်းပေါ်ထိ ရောက်လာတော့ တိုက်မိခဲ့တာပါ” ဟု တင်းတိမ်ရံမှ မုံရွာသို့ မောင်းနှင်လာသည့် ရထားအမှတ် (၂၁၈) မှ စက်ခေါင်း မောင်းသူတစ်ဦးက ပြောကြားသည်။
The Voice Weekly

HIV-AIDS မေးခွန်းများ



ဘယ်နည်းလမ်းတွေကနေ ကူးစက်သလဲ
Blood သွေး၊ semen ယောက်ျားလိင်ဆက်ဆံစဉ်မှာထွက်တဲ့အရည်၊ vaginal secretions မိန်းမ ဗဂျိုင်းနာအရည်နဲ့ breast milk နို့ရည်တွေကနေတဆင့် ကူးစက်တယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ အများဆုံးကူးစက်နည်းဖြစ်တယ်။
သွေးကနေ ဘာလို့ကူးသလဲ
ဗိုင်းရပ်အမျိုးအစားက လူတကိုယ်လုံးမှာ နေရာရွေးတယ်။ HIV viruses တွေ ကိုယ်ထဲဝင်လာတာနဲ့ မျိုးပွါးဘို့လုပ်တယ်။ အရေအတွက်များလာချိန်မှာ WBC သွေးဖြူဥတွေကိုလဲ တိုက်ခိုက်တယ်။ သွေးဖြူဥဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်စစ်သားတွေ ဖြစ်လို့ ဗိုင်းရပ်စ်တွေကတိုက်ခိုက်တာခံရပြီး နည်းလာတာနဲ့ ကိုယ့်ခုခံအားတွေကျဆင်းလာတယ်။ တော်တော်တန်တန် ရောဂါ ဥပမာ အအေးမိတာ၊ ဝမ်းလျှောတာမျိုးကအစ မခံနိုင်ဖြစ်လာတယ်။
သွားရည်-တံတွေး-မျက်ရည်တွေကနေ ကူသလား
မကူးပါ။ အဲတာတွေထဲမှာ ဗိုင်းရပ်စ် အရေအတွက် နည်းလို့ဖြစ်ပါတယ်။
လိင်ဆက်ဆံရာကနေ မတော်တဆ ဆီးစပ်မွှေး ပါးစပ်ထဲဝင်ရင် ကူးစက်နိုင်သလား
မကူးစက်ပါ။ ပိုးတွေက ရှင်နေဘို့ ကိုယ်ခန္ဓာထဲကအရည်လိုအပ်တယ်။
လိင်ဆက်ဆံရာမှာ ပါးစပ်သုံးတာကို ခံယူသူကို ကူစက်သလား
ကူးစက်နိုင်ပါတယ်။ မျိုမချပေမဲ့လဲ ကူးစက်နိုင်တယ်။ ဒါပေမဲ့ ပြုလုပ်ပေးသူမှာ ပါစပ်နေရာအနီးအနားမယ် အနာ၊ ဒဏ်ရာ၊ သွား-သွားဖုံးရောဂါ ရှိနေမှသာ ကူးစက်နိုင်တယ်။ (ကွန်ွးမ်) သုံးရင် ကာကွယ်နိုင်တယ်။ မပါရင် အနည်းဆုံးတော့ (စီမင်) ကို မျိုမချပါနဲ့။ ပါးစပ်သုံးလို့ ဒီပိုးကူးစက်နိုင်တဲ့ ရာခိုင်နှုန်းက လိင်အင်္ဂါကိုအသုံးပြုတာထက် အတော်ကြီးနည်းပါးတယ်။
နှုပ်ခမ်းခြင်း နမ်းစုပ်ရာကနေ ကူးသလား
ဝ့၁% သာကူးစက်တယ်လို့ ပြောနိုင်တယ်။
တံတွေး မျက်စိထဲဝင်ရင် ကူးသလား
မကူးစက်လောက်ပါ။ (ဘီ) ပိုးကတော့ ကူးစက်နိုင်တယ်။
ယောက်ျးလိင်အရည် မျက်စိထဲဝင်ရင် ကူးသလား။
ကူးစက်နိုင်တယ်။
အသက်ရှူရာကနေ ကူးသလား။
မကူးစက်ပါ။
ခြင်ကနေကူးသလား။
မကူးစက်ပါ။ ခြင်ရဲ့ကိုယ်က ပိုးအတွက် အေးလွန်းတယ်။
ဆီး (သေး) ကနေကူးသလား
မကူးပါ။ ဒါပေမဲ့ ဆီးထဲမှာ သွေးပါနေရင် မပြောနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၃

ပါကစ္စတန်ရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် ခရစ်ယာန် ဘာသာဝင်များ ကြောက်ရွံ့ထိတ်လန့်




ပါကစ္စတန် နိုင်ငံအနောက်မြောက်ပိုင်းရှိ ဘုရား ရှိခိုးကျောင်း တစ်ခု၌ စက်တင်ဘာ ၂၂ ရက်က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားမှုကြောင့် ခရစ် ယာန် အသိုင်း အဝိုင်းကြား စိုးရိမ် ပူပန်မှု များ ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ္မစ် အ ကြမ်းဖက်မှု များ၌ ၄င်းတို့သည် ပစ်မှတ် တစ်ခု ဖြစ်လာမည်ကို ကြောက်ရွံ့တုန် လှုပ်လျက် ရှိကြောင်း သိ ရသည်။

ပါကစ္စတန်ရှိ ခရစ်ယာန် ဘာသာ ဝင်များသည် စက်တင်ဘာ ၂၃ ရက်တွင် ပက်ရှ်ဝါမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများ၌ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုအား ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှု၌ ခရစ်ယာန် ဘာသာဝင်ပေါင်း ၈၂ ဦး သေဆုံးခဲ့ သည်။ ပါကစ္စတန်နိုင်ငံ၌ အစ္စလာမ် ဘာသာဝင် များ အကြား ဂိုဏ်း ဂဏစွဲ တိုက်ခိုက်မှု များနှင့် အစ္စလာမ္မစ် အ ကြမ်းဖက်မှုများ နှစ်ကာလ ကြာရှည်စွာ ဖြစ်ပွားလျက် ရှိသော်လည်း လတ်တ လော၌ ခရစ်ယာန် ဘာသာဝင် များ အား ရန် မူ လျက် ရှိသောကြောင့် ခရစ်ယာန် ဘာသာဝင် များကြား စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ နှစ်တစ်ရာ သက်တမ်းရှိ ခရစ် ယာန် ဘုရား ရှိခိုးကျောင်း၌ အသက် ၁၄ နှစ် အရွယ် Shaloom Nazir သည် သမ္မာကျမ်းစာ သင်ယူရန် ဘုရား ကျောင်းသို့ မိသားစုဝင် များနှင့် အတူ လာရောက်ခဲ့ပြီး နေ့လယ်ခင်း မတိုင် ခင် ပေါက် ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

”သမ္မာကျမ်းစာ တန်းတက်ဖို့ ထိုင် မလို့ ပဲရှိသေးတယ် ဗုံးပေါက်သံ ကြားလို့ ထွက်ပြေးလာတာ။ လူပေါင်း ၃ဝဝ လောက်မြေပေါ် မှာ လဲနေကြတယ်။ အမေ့ ကိုတွေ့တော့ ထူ လိုက်တယ်။ ဒါ ပေမဲ့ မကြာဘူး ဒဏ်ရာတွေ နဲ့ သေသွား တယ်”ဟု ၄င်းက ဝမ်းနည်း တုန်ရီစွာ ပြောကြားခဲ့သည်။

ပါကစ္စတန်မှ ခရစ်ယာန်ဘာသာဝင် အများစုသည် ဟိန္ဒူမျိုးနွယ်မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ဗြိတိန်တို့ အုပ်ချုပ်စဉ် ကာလအတွင်း ခရစ်ယာန်ဘာသာ သို့ ပြောင်းလဲ ခဲ့သည်။ အများစုမှာ ဆင်းရဲ မွဲတေပြီး အဆင့်အတန်း နိမ့်ကျသူများ ဖြစ်သည်။ ပါကစ္စတန်ရှိ လူဦးရေ သန်း ၁၈ဝ ၌ ခရစ်ယာန် ဘာသာဝင်မှာ နှစ် ရာခိုင်နှုန်းသာ ရှိပြီး ကုရ် အာန်ကျမ်း (သို့မဟုတ်) တမန်တော် မိုဟာမက်အား မထီမဲ့မြင် ပြုသည်ဟု စွပ်စွဲ၍ လွန်ခဲ့သည့်နှစ် များ အတွင်း အစ္စလာမ် ဘာသာဝင် များက အကြမ်းဖက် တိုက်ခိုက် လျက် ရှိသည်။

သိင်္ဂီဝင်း

Ref:AFP

နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိုက်သွားမည့် အင်ဂျင်နီယာတစ်ဦး



ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို
ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊
သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို
ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း
ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။



Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်က တခြားဝက်ဘ်ဆိုက် တွေမှာပါ သူ့ဓာတ်ပုံတွေကိုဖော်ပြခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာရဲ့ Facebook မှာ သူငယ်ချင်း ငါးထောင်နီးပါးရှိပြီး Followers ပေါင်း၂ သောင်း နီးပါး ရှိနေပါတယ်တဲ့။


အွန်လိုင်းပေါ်မှာ မြန်မာပြည်ရဲ့ Nicki Minaj (အမေရိကန် အမျိုးသမီး Rap အဆိုတော်၊ သရုပ်ဆောင်) လို့ လူသိများတဲ့ တောင်ကြီးသူ ဇွန်သဉ္ဖာကို သူရိုက်ဖြစ်နေတဲ့ Sexy ဓာတ်ပုံတွေ ဘာကြောင့် ဘယ်လို
ရိုက်ဖြစ်နေလဲ၊ ဒီအပေါ်ကိုရော သူ့ရဲ့ ခံစားချက် ဘယ်လိုရှိသလဲ ဆိုတာကို ဧရာဝတီ သတင်းထောက်
မစပ်စုက မေးမြန်းစပ်စု ထားပါတယ်။



မေး။ ။ အခုလို အမူအရာပိုင်းနဲ့ ၀တ်စားဆင်ယင်မှု ပိုင်းမှာ ပွင့်ပွင့်လင်းလင်းနဲ့ သရုပ်ဆောင်
ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကို ဘာကြောင့် Facebook ပေါ် တင်ဖြစ်ရတာပါလဲ။


ဖြေ။ ။ အစကတော့ ဘာရယ်မဟုတ်ဘူး။ ပုံတွေကို ဒီအတိုင်း ရိုက်ပြီးတင်တာပါပဲ။ ဒါပေမယ့်
အားပေးတဲ့သူတွေ များလာတဲ့အတွက်ကြောင့် သူတို့ကလည်း ဒီလိုပုံစံမျိုးကို ကြိုက်တဲ့အတွက်
ထပ်ပြီးတော့ Sexy ပုံစံတွေပဲ ရိုက်ဖြစ်သွားတာပါ။ ကိုယ့်မျက်နှာက Cute လည်း မဖြစ်ဘူး၊ Cute ပုံစံက
ကိုယ်နဲ့လည်း မလိုက်တဲ့အတွက်၊ ကိုယ့်မှာလည်း အားသာချက်က ခန္ဓာကိုယ် အလှ ရှိတဲ့အတွက် Sexy
ပိုင်းကို ဦးစားပေးရင်းနဲ့ တောက်လျှောက် Sexy ပုံစံပဲ ဖြစ်သွားတာပါ။ နောက်ပိုင်းလည်း အဲဒီလို Sexy
ပုံတွေပဲ ရိုက်ဖြစ်ဖို့ များပါတယ်။ ကိုယ့်ကို ပြန်ပြီး ပြောကြတဲ့ ပရိသတ်တွေကလည်း Sexy ပုံတွေပဲ
ရိုက်စေချင်တာ များတော့ သူတို့အားပေးတဲ့ နောက်ကို လိုက်ရင်းနဲ့ Sexy ပုံတွေပဲ ရိုက်ဖြစ်သွားတာပါ။


မေး။ ။ ဇွန်သဉ္ဖာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေက Facebook မှာပဲ သုံးဖို့လား။ ဒါမှမဟုတ် ဂျာနယ်တွေ
မဂ္ဂဇင်းတွေမှာရော အသုံးပြုဖို့ သီးသန့် ရိုက်ဖြစ်တာမျိုးကော ရှိလား။ ဒီလို ဓာတ်ပုံတွေကို ပြည်တွင်း
ဂျာနယ်တွေမှာကော သုံးလို့ရလား။


ဖြေ။ ။ အရင်တုန်းကတော့ ကိုယ့်ဖာသာကိုယ် ၀ါသနာပါလို့ ရိုက်ဖြစ်တာရှိတယ်။ နောက်ပိုင်း ကျတော့
ဂျာနယ်အတွက် ရိုက်ပေးတာတွေ များပါတယ်။ ဂျာနယ် လေးငါးခုလောက် အတွက် ရိုက်ဖြစ်တယ်။ သူတို့
ဂျာနယ်မှာ မပါခင် Facebook မှာ ကိုယ်က အရင်တင်ဖြစ်တယ်။ Facebook မှာ အရင်သုံးတယ်။
တချို့ကျတော့ Facebook မှာ အရင်တင်ပြီးတော့မှ ဂျာနယ် အတွက် ဓာတ်ပုံလိုချင်တယ် ဆိုတော့မှ
Facebook ကပုံကို ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ပုံတွေက နှစ်မျိုးစလုံး အတွက် အဆင်ပြေတယ်။
Facebook မှာလည်း သုံးတယ်၊ ဂျာနယ်အတွက် လည်းသုံးပါတယ်။ ဂျာနယ်တွေကျတော့ သူတို့ဘက်က
လာကမ်းလှမ်းတော့မှ Facebook မှာ ရှိပြီးသား၊ ပေါက်ပြီးသား ပုံလေးတွေ ပေးလိုက်ဖြစ်တာပေါ့။
သူတို့အတွက် သက်သက် မရိုက်ဖြစ်တော့ဘူးပေါ့။ တချို့ အရမ်း ဟော့တာတွေ ကျတော့
သူတို့မထည့်ရဲတာလည်း ရှိတယ်၊ ဒါပေမယ့် တချို့ကျတော့ ထည့်ရဲတယ်။ ကျမ ရိုက်ထားတဲ့ အပေါ်က
ဘရာအနက်နဲ့ ရက်ပါ ပုံစံဆိုရင် ဂျာနယ်တခုက ထည့်မယ်လို့ ပြောတယ်။ တချို့ကျတော့လည်း
ထည့်ရဲတယ်၊ တချို့ကျတော့လည်း မထည့်ရဲဘူး။ အဲဒီလိုတော့ ရှိပါတယ်။


မေး။ ။ ဇွန်သဉ္ဖာ ရဲ့ Facebook က ဓာတ်ပုံတွေကို တချို့လူတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေ တွေ့ရတော့ အဲဒီ အပေါ်ကိုရော ဘယ်လို သဘောရလဲ။ ဒီလိုပုံတွေ ရိုက်ရင်၊ တင်ရင် ဒီလို ပြောကြမှာပဲ ဆိုတာကို သိရက်နဲ့ တင်ဖြစ်တာလား။


ဖြေ။ ။ တချို့တွေ တော်တော် မိုက်မိုက်ရိုင်းရိုင်း ရေးထားတာတွေ ရှိပါတယ်။ အရမ်းကြီး
ကိုယ်မခံနိုင်လောက်တဲ့ အရာမျိုး ဆိုရင်တော့ သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘူး။
အဆင်မပြေဘူးဆိုရင် ဘလော့ဂ် လိုက်တယ်။ ဒါပေမယ့် တချို့ ရေးထား တာတွေက အရမ်းကြီး မရိုင်းဘူး။ ကိုယ်တင်ထားတဲ့ ပုံနဲ့လည်း သူတို့စာတွေက စပ်ဆက်မှု ရှိနေတယ် ဆိုရင် သူတို့က အချိန် ပေးပြီး ကိုယ့်ကို လာရေးပေးထားတဲ့ အတွက် ဖြစ်နိုင်ရင် သူတို့ ကွန်မန့်တွေကို Delete မလုပ်ဘူး။ ဒီအတိုင်းပဲ ထားတာ များ တယ်။ ဒါပေမယ့် တချို့ကျတော့လည်း ပြောတယ်၊ အရမ်းမရိုင်းပေမယ့် ဖျက်ပစ်လိုက်ပေါ့။ ကိုယ်က မဖျက်ချင်ဘူးဆိုတာ သူတို့ကို Respect ပေးတာပေါ့နော်။ သူတို့ အချိန်ကုန်ခံပြီး ကျမ ပေ့ခ်ျကို ကွန်မန့်လာပေးထားတဲ့ အချိန်အတွက် လေးစားတဲ့ အနေနဲ့ မဖျက်ပါဘူး။ သိရက်နဲ့ လုပ်ဖြစ်တာပါ။ လူတွေ ဝေဖန်မယ်၊ မျိုးစုံပြောမယ် ဆိုတာလည်း ကြိုသိတယ်။ အဲဒီလိုပဲ သူတို့ပြောသလို အားပေးတဲ့ သူတွေကလည်း ရှိနေတော့ လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်သွားတာပါ။ များသော အားဖြင့် သူတို့ပြောတာတွေကို သိသိနဲ့ လုပ်တာများပါတယ်။


မေး။ ။ ဒါကို နာမည်ကြီးချင်လို့ လုပ်တာလားဆိုတဲ့ အမေးအပေါ် ဇွန်သဉ္ဖာ ဘက်က
ဘာပြောစရာရှိပါသလဲ။


ဖြေ။ ။ အမှန်အတိုင်း ပြောရရင်တော့ နာမည်ကြီးချင်လို့ လုပ်တာ ပါပါတယ်။ အဓိကကတော့ ကိုယ်က နာမည်ကြီး သွားမယ်၊ Facebook ကနေ လူသိများမယ်၊ အဲဒီကနေတဆင့် အနုပညာလောကက ဒါရိုက်တာတွေ၊ အနုပညာ သမားတွေနဲ့ ရင်းနှီးမှုရမယ်။ အဲဒီကနေမှ အလုပ်တွေ အများကြီး လုပ်နိုင်တယ်ပေါ့။ ပြီးတော့ မြန်မြန် နာမည် ကြီးချင်လို့ ထိုးဖောက်တာ လည်း ပါပါတယ်။ ကိုယ်က ဘွဲ့ရပြီးပြီ၊ အသက်ကလည်း ၂၃ နှစ်ရှိပြီ၊ ၁၆ နှစ် သမီးလောက်က စလုပ်တာ ဆိုရင်တော့ ဖြည်းဖြည်းချင်း သွားလို့ရပေမယ့် ကိုယ့်အသက် အရွယ်နဲ့ကျတော့ အဲဒီလို တဖြည်းဖြည်းချင်း သွားနေရင် ဖြစ်ချင်မှ ဖြစ်မှာဆိုတော့ ဘာရယ် မဟုတ်ပါဘူး။ နောက် ကိုယ့်ကို အနုပညာ လုပ်ခွင့်ကလည်း အိမ်က တနှစ်၊ နှစ်နှစ်လောက်ပဲ ခွင့်ပြုထားတာ ဆိုတော့ အဲဒီအတောအတွင်း လေးကို မြန်မြန်လေး ပေါက်သွားအောင် ဆိုပြီးတော့ ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘောလည်း ပါပါတယ်။ အိမ်က နှစ်နှစ်လောက် နေပြီးတော့မှ မအောင်မြင်နိုင်ဘူး ဆိုရင်တော့ မိဘတွေက ပညာရေးဘက်ကို ပြန်လုပ်စေချင် ပါတယ်။ အဲဒီကျရင် ကိုယ်ကလည်း တခုခုတော့ ပြန်စဉ်းစားရမှာပေါ့။ အဲဒါကတော့ လောလောဆယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ် ဆိုတာကတော့ အတိအကျ ပြောလို့မရသေးပါဘူး။


မေး။ ။ တခြား နိုင်ငံတကာ မိန်းကလေးတွေနဲ့ မတူဘဲ မြန်မာမိန်းကလေး ဆိုတဲ့ ကန့်သတ်ချက်
စည်းတွေ ဘောင်တွေများ လွန်းတဲ့ မြန်မာလူမျိုး မိန်းကလေး တယောက်အနေနဲ့ အခုလို Sexy ဆန်တဲ့
Pose တွေကို လုပ်နိုင်တဲ့ ဇွန်သဉ္ဖာရဲ့ ခံစားချက်က ဘယ်လို ရှိမလဲ။


ဖြေ။ ။ အဓိကက လုပ်နိုင်တယ်ဆိုတာကလည်း ပရိသတ်က Facebook က စပြီး တောင်းဆိုလို့ပါ။
သူတို့ရဲ့ တောင်းဆို ချက်ကြောင့် ဆက်ပြီးတော့ လုပ်ရဲသွားတာပါ။ သူတို့သာ ဆက်အားမပေးဘူး ဆိုရင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရပ်သွား မယ်လို့ ထင်ပါတယ်။ ပုံတပုံ တင်လိုက်ရင် သူတို့အားပေးတဲ့ Like တွေ Comment တွေက ဆက်လုပ်ဖို့ အတွက် အများကြီး ဖြစ်စေပါတယ်။ အဓိကကတော့
သူတို့ကြောင့်ပါပဲ။


မေး။ ။ Sexy ဆန်တဲ့ ဓာတ်ပုံတွေရဲ့ ဘေးမှာ များသောအားဖြင့် တွေ့ရတတ်တဲ့ ကွန်မန့်တွေက
ဒီလောက်တောင် ပြချင် နေရင် နိုင်ငံဂုဏ်လည်း ဆောင်နိုင်မယ့် နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ အကျိုးရှိရှိ ဖော်ချွတ် ပြပါလားဆိုတဲ့ အပြောတွေပါပဲ။ အဲဒီအပေါ်ကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။


ဖြေ။ ။ သူတို့ကိုတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုးပြိုင်စေချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကျတော့ အဲဒီလောက်အထိ ယုံကြည်မှု မရှိဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး အဲဒီလို ၀င်ပြိုင်ပြီးတော့ မရတဲ့အခါမှာ ဖြစ်လာမယ့် စိတ်ဓာတ်ကျမှုကိုလည်း မခံစားနိုင်ဘူး။ အဲဒါကြောင့် များသောအားဖြင့် ပြိုင်ပွဲတွေ ၀င်မပြိုင်ဖြစ်ဘူး။ ကိုယ့် ပုံစံကလည်း မော်ဒယ်လ် တယောက်နဲ့ မတူဘဲ
မယ်တယောက်လို ဖြစ်နေတော့ စင်ပေါ်မှာ များသောအားဖြင့် နိုင်ငံတကာက မော်ဒယ်လ်ပုံစံတွေပဲ
ရွေးတော့လေ မရနိုင်ဘူးလို့ တွက်ထားလို့ မပြိုင်ဖြစ်တာလည်း ပါပါတယ်။


မေး။ ။ နိုင်ငံတကာ မှာလည်းရှိပါတယ်။ လိင်အသားပေး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာ
သီးသန့်ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဆိုတာပေါ့။ ဆိုတော့ ဇွန်သဉ္ဖာ ဖန်တီးချင်တဲ့
ရှေ့လျှောက် အနုပညာပုံရိပ်က ဘယ်လို ဖြစ်မလဲ။


ဖြေ။ ။ ကျမ အဓိက ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်ချင်တာပါ။ သရုပ်ဆောင်ပိုင်းကို
ဦးတည်ရင်းနဲ့မှ မော်ဒယ်လ်လည်း ဖြစ်ဖို့ လိုအပ်တယ်လို့ ထင်လို့ မော်ဒယ်လ် သင်တန်းတွေတက်ပြီး
Facebook ကိုလည်း ဓာတ်ပုံတွေ တင်ဖြစ်တာပါ။ အဓိကကတော့ သရုပ်ဆောင် လုပ်မှာဖြစ်တဲ့အတွက်
နောက်ပိုင်းကျရင် ဓာတ်ပုံရိုက်ရင် ဒါကတော့ ဓာတ်ပုံ အနေနဲ့ ရိုက်တာပေါ့။ Sexy photo အနေနဲ့ Sexy
pose အနေနဲ့ပဲ ရိုက်မှာပါ။ လိင်အသားပေးတို့ ဘာတို့ အထိတော့ သွားဖို့မရှိပါဘူး။ Sexy ဆိုရင် တော့
Sexy လိုင်းတလိုင်းပဲ ရိုက်မယ်။ ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို
ဦးစားပေးပြီး လှုပ်ရှားသွားဖို့ရှိပါတယ်။


မေး။ ။ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို သွားပြိုင်နေတဲ့ မယ်တွေကိုတောင် ရေကူးဝတ်စုံနဲ့
တွေ့ရင် အမျိုးမျိုး ဝေဖန်ချင် နေတာဆိုတော့ အဲဒီအပေါ်ကိုရော ဘယ်လိုမြင်လဲ။


ဖြေ။ ။ ကျမကတော့ သဘောကျပါတယ်။ မိန်းမတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ တကယ့်အလှကို
အဲဒီတော့မှ အစအဆုံး မြင်ရတာပါ။ မယ်တယောက်ရဲ့ အလှအပကို ဒီလို ၀တ်ပြီးပြတယ်၊ ဒါကို စိတ်ထဲမှာဟော့တယ်၊ ရိုင်းတယ်လို့ မထင်ပါဘူး။ အရင်ခေတ်က မယ်တွေလည်း ဒီလိုမျိုး ၀တ်ခဲ့ရတာ ဆိုတော့လေ။ သူတို့ အခုလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ အခါမှာ ဒီလို ၀တ်တယ် ဆိုတာကလည်း ခန္ဓာကိုယ် တခုလုံးမှာ ချွင်းချက် မရှိအောင် လှတယ်ဆိုတာကို ပြသတဲ့အတွက် သဘောကျ ပါတယ်။ အခုလိုမျိုး မယ်တွေအနေနဲ့ ရေကူးဝတ်စုံ ၀တ်ပြီး ပြိုင်ရတဲ့အခါ မြန်မာပရိသတ်တွေ အနေနဲ့ ၀ိုင်းပြီး ဝေဖန်ကြ တယ်ပေါ့။ သူတို့ပြောတာတွေကို စိတ်ထဲမှာ ထားမနေဘဲ ကိုယ်လုပ်စရာ ရှိတာကို ရှေ့ဆက် လုပ်သွားရမယ်လို့ ကျမ ခံယူပါတယ်။ ဒီလို ပြိုင်ပွဲဝင်တဲ့အခါမှာ နိုင်ငံတကာ အဆင့်မီ ကိုယ့်ခန္ဓာကိုယ်မှာ ရှိတဲ့ အလှအပ အကုန်လုံးကို ပြခွင့်ရတယ်။ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဂုဏ်ယူရမှာ၊ ကိုယ့်အလှကို ကမ္ဘာကို ချပြခွင့် ရတဲ့အတွက် ဂုဏ်ယူရမှာပါ။ အမြင်မတူသူတွေ ကတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် အကုန်လုံး အကြိုက်ကို လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ဆက်သွားဖို့ လိုပါတယ်။ ။

From : .... ဧရာဝတီ

လဟာပြင်ဈေး၊ သိမ်ဖြူယာဉ်မောင်းကွင်း၊ ဟံသာဝတီ ကားပွဲစားတန်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းက ကျပ်သန်းပေါင်း ၂၀၀၀၀၀ အထိ သုံးရန်စီစဉ်


လဟာပြင်ဈေး၊ သိမ်ဖြူယာဉ်မောင်းကွင်း၊ ဟံသာဝတီ ကားပွဲစားတန်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၄၂၅၀၀၀ အထိသုံးစွဲမည်၊ ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းက လဟာပြင်ဈေး စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၂၀၀၀၀၀ အထိ သုံးရန်စီစဉ်

ရန်ကုန်မြို့၏ အချက်အချာကျ နေရာများဖြစ်သည့် လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ်နေရာ၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာနှင့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းများ အတွက် ကျပ် ၄၂၅ ဘီလျံ (ကျပ်သန်းပေါင်း ၄၂၅၀၀၀)အထိ သုံးစွဲရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့လယ်၊ လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို Shwe Taung Junction City Development Co.,Ltd မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းခန့်မှန်း တန်ဖိုးမှာ ငွေကျပ် သန်းပေါင်း ၂၀၀၀၀၀ (၂၀၀ ဘီလျံ) ဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီး ပတ်လမ်းရှိ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာကို Asia Myanmar Consortium Development Co.,Ltd က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၂၅၀၀၀ (ကျပ် ၁၂၅ ဘီလျံ) ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်း နေရာတစ်ခုလုံးကို Crown Advanced Construction Co.,Ltd မှ အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်း ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၀၀၀၀၀ (ကျပ်ဘီလျံ ၁၀၀) ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများ အားလုံးကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားပြီး စီမံကိန်း ပြီးဆုံးချိန်အထိ အဆိုပါ ကုမ္ပဏီသုံးခုတည်းမှ မြှုပ်နှံရန် ခန့်မှန်းတွက်ချက်ထားသည့် ပမာဏမှာ ကျပ် သန်းပေါင်း ၄၂၅၀၀၀ အထိ ရှိနေသည်။

ကုမ္ပဏီ သုံးခုတည်းမှ မြှုပ်နှံမည့် ယင်းငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စည်းကြပ် နှစ်အတွက် ပြည်တွင်းအခွန် ဦးစီးဌာနမှ တစ်နှစ်လုံး ကောက်ခံရရှိသည့် ငွေပမာဏ၏ ငါးပုံတစ်ပုံနီးပါးအထိ ရှိသော ငွေပမာဏ ဖြစ်သည်။

လဟာပြင်ဈေး နေရာတွင် ရွှေတောင်ကုမ္ပဏီမှ ၃၂ ထပ် အမြင့်ရှိ Hotel၊ ၂၈ ထပ်အမြင့်ရှိ Office နှင့် ၃၄ ထပ်အမြင့်ရှိ Residential Twin Tower နှစ်လုံးအပြင် Shopping Mall များပါ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း၊ ပထမဆင့်ကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

အကျိုးအမြတ် အနေဖြင့် လဟာပြင်ဈေးနေရာ စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် စည်ပင်မှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်း ခွဲဝေရန် လျာထားထားကြောင်း၊ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်းနေရာမှ စီမံကိန်းအတွက် စည်ပင်မှ ၅၂ ရာခိုင်နှုန်းနှင့် Crown Advanced မှ ၄၈ ရာခိုင်နှုန်း၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာမှ ကန်သာယာ Consortium Tower စီမံကိန်းအတွက် စည်ပင်မှ ၅၀ ရာခိုင်နှုန်းနှင့် Asia Myanmar Consortium Development မှ ၅၀ ရာခိုင်နှုန်း ခွဲဝေရန် လျာထားထားသည်ဟု သိရသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၏ အချက်အခြာကျ နေရာတွင်ရှိပြီး ရွှေတိဂုံဘုရား အနီးတွင် တည်ရှိသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်းနယ်မြေ(၂)ရှိ မြေဧရိယာ ၁၂ ဒသမ ၆၀၄ ဧကထဲမှ မြေ ၈ ဒသမ ၈၄၄ ဧကအား ရွှေတောင်ကုမ္ပဏီမှ စီးပွားဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီမှ ကျပ်သန်းပေါင်း တစ်သိန်းကျော်အထိ မြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ ထို့အတွက် ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းမှ စီမံကိန်းနှစ်ခု အပြီးသတ် ကာလအထိ ငွေကျပ်သန်းပေါင်း ၃၀၀၀၀၀ ကျော်ကို မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ရွှေတောင် ကုမ္ပဏီအပြင် အခြားသော ကုမ္ပဏီအချို့၏ ဟိုတယ်နှင့် စီးပွားဖြစ် အဆောက်အအုံ ဆောက်လုပ်မည့် စီမံကိန်းများ အတွက် အသုံးပြုမည့် ငွေပမာဏမှာလည်း လွန်စွာများပြားသည့် အခြေအနေ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် ဘုတ်အဖွဲ့ တာဝန်ရှိသူများမှလည်း အခွန်ရှောင်တိမ်းမှုများကို ဥပဒေအရ အရေးယူမည်ဟု ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထို့အတွက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏများမှာ အခွန်ပေးဆောင်ပြီးသည့် ငွေများ ဟုတ်၊ မဟုတ် စိစစ်ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည် ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် အချို့ကလည်း သုံးသပ်ထားသည်။

လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
Eleven Media Group