တရုတ်မှ ဥပဒေပြုသမား ၅၀၀ကျော် မသမာမှုများအတွက် နှုတ်ထွက်ရ


ထိုနေ့မတိုင်မီက ထွက်ပေါ်လာသော စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများတွင် ပြည်နယ်ဆိုင်ရာ လူထုကွန်ဂရက်မှ နေရာ ၅၁၈ နေရာနှင့် အခြား နေရာ ၆၈နေရာအတွက် မှဲဆန္ဒနယ်ပေါင်း ၅၆ ခုစလုံးတွင် စုစုပေါင်း ယွမ် ၁၁၀သန်း (အမေရိကန် ဒေါ်လာ ၁၈.၁၄သန်း) ခန့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ထားကြောင်း အတိအကျ ဖော်ပြခဲ့သည်။

ထိုအတွက် သက်ဆိုင်သူများကို ပယ်ထုတ်ရန် စီစဉ်ခဲ့ရာ ယခုကဲ့သို့နှုတ်ထွက်စာများ လာရောက်တင်ကြခြင်းဖြစ်သည်။

Ref: Xinhua
The Myanma Age

ထင်းခုတ်သွားပြီး အိမ်အပြန် စက်လှေမှောက်၍ လူ ၁၇ ဦးသေ၊ သေဆုံးသူများမှာ မိန်းကလေးများသာဖြစ်နေ


ကျောက်ဖြူမြို့နှင့် ရှစ်မိုင်ခန့် ဝေးကွာသည့် ဆင်ဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာမှ ထင်းခုတ်၍ ပြန်လာသည့် စက်လှေသည် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းက တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ပြောကြားသည်။

ယင်းစက်လှေ၌ ထင်းခုတ်သွားရန် လိုက်ပါသွားသူ ၄၉ ဦးအနက် စက်တပ်ရေယာဉ်၏ စက်ခန်းအနီးတွင် လိုက်ပါလာသူ ၁၅ ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်ရရှိခဲ့ရာ ယင်းနေ့တွင် ၁၆ ဦးကို သင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်ဦးကို ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်ကြောင်း ၎င်းကဆိုသည်။

ယင်းလှေပေါ်တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄၀ ဦး လိုက်ပါလာသည်။
“ထင်းတွေကို ဝမ်းဗိုက်ထဲ မထည့်ဘူး။ ခေါင်းမိုးပေါ် တင်လာတယ်။ စက်လှေ ဝိတ်မမျှတော့ ရွာကိုရောက်ဖို့ နှစ်မိုင်အလိုမှာ လူးပြီးမှောက်တယ်” ဟု စခန်းမှူးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်လှေပိုင်ရှင်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀/၃၀၄ - (က) နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly Myanmar

ကယား စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် ခေါ်ယူမည်


ပြီးခဲ့သည့် မတ်လအတွင်းက မီးလောင်ပြီးနောက် တွေ့ရသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၂ မှ ဒုက္ခသည် တချို့ (ဓာတ်ပုံ – know)

ထိုင်းနိုင်ငံနယ်စပ်နှင့် ပြည်တွင်း ဒုက္ခသည် စခန်းများရှိ ကယား (ကရင်နီ) စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်လည်နေရာ ချထား ပေးရန် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ပြည်နယ် အစိုးရတို့ စီစဉ်နေကြကြောင်း သိရသည်။

“ဒုက္ခသည်တွေ အတွက် အိမ်ခြေ ၅၀ ဆောက်ပေးဖို့ လျာထားပါတယ်။ ၃ နှစ်စာ ထောက်ပံ့ကြေး ပေးဖို့တွေ၊ မိုင်း ရှင်းလင်းရေး ကိစ္စတွေ လုပ်ဆောင်နေ ပါတယ်။ အဲ့ဒါတွေ အားလုံး လုပ်ပြီးမှပဲ ပြန်ခေါ်ပါမယ်”ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

လက်ရှိ အချိန်တွင် ပြည်တွင်း စစ်ဘေးရှောင် (IDPs) များအတွက် ကယားပြည်နယ် ရှားတောမြို့နယ် မယ်လယု စံပြကျေးရွာတွင် ဦးစွာ ပြန်လည် နေရာ ချပေးမည်ဖြစ်ပြီး ပြန်လာသူများကို ကူညီ ထောက်ပံ့မည်ဟု ၄င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံ နယ်စပ်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ပြန်ခေါ်ရန် အတွက်ကိုမူ အစိုးရက တရားဝင် ခွင့်ပြုမိန့် မကျလာသေးကြောင်းနှင့် ယခု စစ်ဘေးရှောင် ပြည်တွင်း ဒုက္ခသည်များ (IDPs) ကို ထားရှိမည့် မယ်လယု စံပြကျေးရွာတွင် လမ်းများ မဖောက် လုပ်ရ သေးကြောင်းလည်း ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။

ကယား ဒေသတွင် ၁၉၈၄ ခုနှစ်မှစပြီး အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များသည် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBC) ၏ စားနပ်ရိက္ခာ ထောက်ပံ့မှု အကူအညီဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ခိုလှုံနေထိုင် နေကြသည်။

ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင် အမှတ် ၁ နှင့်အမှတ် ၂  ဒုက္ခသည် စခန်း၂ ခုတွင် ယခင်က ဒုက္ခသည် ဦးရေ ၃၀,၀၀၀ နီးပါး နေ ထိုင်ခဲ့ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး(UNHCR) အစီအစဉ်ဖြင့် တတိယ နိုင်ငံသို့ ၁၀၀၀၀ ကျော် သွားရောက် အခြေချ နေထိုင်နေကြောင်း၊ ယခု လက်ရှိ စုစုပေါင်း ဒုက္ခသည် ဦးရေ ၁၆,၀၀၀ ခန့် ကျန်ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည် (Refugee) များ နှင့် ပြည်တွင်း စစ်ဘေးရှောင် (IDPs)များ အားလုံးကို ပြန်လည် ခေါ်ဆောင်နိုင်ရန် ကယား ပြည်နယ် အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)တို့ ညှိနှိုင်း နေ ဆဲ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

ဧရာဝတီ သတင်း

မြန်မာစစ်အရာရှိများကို ဒီမိုကရေစီစနစ် အုပ်ချုပ်မှုပုံစံ သင်တန်းပေးမည်


၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေရသည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်(ဓာတျပုံ- ရိုက်တာ)

ဗြိတိန်က မြန်မာစစ်တပ်အရာရှိတွေကို ပေးသွားမယ့် သင်တန်းဟာ စာသင်ခန်းကို အခြေပြု ပေးမှာ ဖြစ်ပြီး ဒီမိုကရေစီ စနစ်မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တယ်လို့ ရန်ကုန် အခြေစိုက် ဗြိတိန် သံအမတ် အင်ဒရှုးပက်ထရစ်က ပြောပါတယ်။

သင်တန်းမှာ ဒီမိုကရေစီအကူးအပြောင်း ကာလမှာ အုပ်ချုပ်မယ့် ပုံစံနဲ့ အရပ်သားတွေက စစ်တပ်ကို ထိန်းချုပ်မှု စတာတွေ သင်ကြား ပို့ချမယ်လို့လည်း ဆိုပါတယ်။
သင်ကြားပေးတဲ့ အကြောင်းအရာ စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်ကို တိုးတက်အောင် လုပ်ဆောင်ပေးတာ မဟုတ်တဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး တမျိုးဖြစ်မယ်လို့ မထင်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

သင်တန်းကို ကိန်းဖီလ်း တက္ကသိုလ်နဲ့ ဗြိတိန် စစ်တက္ကသိုလ်က ဆရာတွေက သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကို ဇန်န၀ါရီလ ၆ ရက်ကနေ ၁၇ ရက်နေ့ အထိ နေပြည်တော်မှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
DVB Burmese

မြန်မာသံတော်ဆင့် အတွဲ(၂) အမှတ်(၄၂)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Digital Life နည်းပညာဂျာနယ် အတွဲ(၂) အမှတ်(၃၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၂-၂၀၁၃) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၂-၂၀၁၃) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ


မောင်တော၊ ဒီဇင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ဆူပူမှုများကြောင့် ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၆ ဦး ကို ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ခိုလှုံနေကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

အဆိုပါ ထွက်ပြေးလာသူ အိမ်ထောင်စု ၁၆ စု (လူဦးရေ ၆၆ ဦး) သည် မောင်တော မြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့အတွက် အစားအသောက်များနှင့် အသုံးအဆောင်များအတွက် အကူအညီ ပေးထားကြောင်း ဘက်စုံ လူမှုကူညီရေး အသင်းမှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျပ်အတည်းကာလ ဆူပူများကြားတွင် ဆက်လက် မနေထိုင်ဝံ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင် ဆေးသမားရွာမှ အိမ်ထောင်စု ခြောက်စုနှင့် နတ်ဆောင်းချရီမြို့နယ် မော်ဒုတ်ကြီးရွာနှင့် အနီးအနားမှ အိမ်ထောင်စု ၁၀ စုတို့ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း အဆိုပါ ထွက်ပြေး လာသူများထံမှ သိရှိရသည်။

အဆိုပါ ထွက်ပြေးလာသူများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လက်အောက်ရှိ ဖွံ့ဖြိုးမှု တိုးတက်ရေး အဖွဲ့ရုံး၏ အစီအစဉ်ဖြင့် နေရာချပေးသွားမည် ဖြစ်ကြောင်း ဖွံ့ဖြိုးမှု တိုးတက်ရေး အဖွဲ့ရုံးမှ ရရှိသော အချက်အလက်များကို ကိုးကားကာ တောင်ပြို လက်ဝဲမြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေးအသင်းမှ ကော်မတီဝင်တစ်ဦးက ပြောဆိုသည်။

ထွက်ပြေးလာသူများအနက် အိမ်ထောင်စု ခြောက်စုမှာ ချင်းပြည်နယ် ပလက်ဝမြို့မှ တစ်ဆင့် မောင်တောမြို့နယ်သို့ လာရောက်ခြင်း ဖြစ်ပြီး ကျန် ၁၀ စုမှာ ဘင်္ဂလားဒေ့ရှ်နိုင် တက္ကနာမြို့မှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို တောင်ပြို လက်ဝဲ မြို့နယ်ခွဲ စာသင်ကျောင်းတွင် ယာယီနေရာ ချထားပေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသူများထံမှ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ပြည်နယ်သို့ ထွက်ပြေးလာသူများ၂၀၁၂ ခုနှစ်မှ ယနေ့အထိ ၁၅၀၀ ကျော်ရှိပြီ ဖြစ်သည်။

(ခင်မောင်အေး)

The Voice Weekly

အရက်အတူသောက်သူကိုသတ်ပြီး ဇနီးကိုပါ သတ်ရန်ကြိုးပမ်းသူ ဖမ်းမိ


ချောင်းကမ်းနံဘေးတွင် အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ရင်း သောက်ဖော်သောက်ဖက်ကို တုတ်ဖြင့် ရိုက်သတ်ကာ သေသူ၏ဇနီးသည်ကိုပါ ထပ်မံသတ်ရန် ကြိုးစားသူကို တစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ရွာမချောင်းအနောက်ဘက်တွင် ဒီဇင်ဘာ ၂၈ ရက် ညနေက အမျိုးသားနှစ်ဦး အရက်အတူတူသောက်နေရင်း စကားများပြီးရန်ဖြစ်ကာ အပြန်အလှန်ရိုက်နှက်ကြရာ အမူးလွန်နေသူမှာ ဒဏ်ရာပိုရပြီး သေဆုံးသွားကြောင်း ကော့မှူးမြို့မရဲစခန်းမှ ဒုရဲမှူးကပြောသည်။

““တခြားလူမှုရေးပြဿနာမရှိဘူး။ နှစ်ယောက်တစ်ယောက်ဆိုတော့ ယောက်ျားကို ရိုက်သတ်ပြီးတော့ နင့်ကိုလည်းသတ်မယ်လုပ်တာနေမှာ။ ဒီမနက်ဆယ်နာရီခွဲမှာပဲ တရားခံကို ပိတ်ဆို့ဖမ်းတာ မိတော့ ၀န်ခံပါတယ်””ဟု အဆိုပါဒုတိယရဲမှူးက ဒီဇင်ဘာ ၂၉ ရက်တွင်ပြောသည်။

လူသတ်မှုဖြစ်၍ သေဆုံးသူသည် ယင်းနေ့နံနက်က ရေဒီယိုပြင်ရန် ကော့မှူးမြို့ပေါ်သို့ တက်သွားပြီးနောက် ညနေအချိန်အထိ အိမ်ပြန်မရောက်သောကြောင့် ဇနီးသည်က လိုက်ရှာရာ ရွာမချောင်းအရှေ့ဘက်တွင် ခင်ပွန်းသည်အားသတ်သူနှင့်အတူ ဆုံတွေ့ခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဆိုသည်။
““နင့်ယောက်ျားကို ချောင်းအနောက်ဘက်မှာ ငါသတ်ခဲ့ပြီ။ နင့်ကိုပဲ သတ်ဖို့ကျန်တော့တယ်”” ဟု ခင်ပွန်းသည်ကိုသတ်သူက ယင်းသို့ပြောဆိုကာ ပုလင်းဖြင့်ရိုက်ရန် လိုက်သည့်အတွက် သေဆုံးသူ၏ ဇနီးသည်မှာ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် သေဆုံးသူ၏ ဇနီးသည်က တရားလိုပြုကာ တိုင်ကြားသောကြောင့် ကော့မှူးမြို့ မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ပြီး ၎င်းအား ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day Daily

တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား


စက်မှုဇုန်လုပ်သားများ

၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။
”အလုပ်သမားတွေက ကိုယ့်အဖွဲ့အစည်းကို ခိုင်မာအောင်မလုပ်နိုင်ဘဲ အခွင့်အရေး တောင်းတာတွေနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်” ဟု အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင် က ပြောသည်။

ထို့အပြင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှု အရှိန်သည် ရပ်တန့်သွားခြင်း မရှိခဲ့ဘဲ အလုပ်သမား ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သော နှစ်ဟုလည်း ဆိုရမည် ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က အလုပ်သမား ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုများသည် လုပ်ခလစာပေါ် အခြေခံသောကြောင့် အနည်းဆုံး အခကြေးငွေ ဥပဒေ ထွက်လာလျှင် ထိုသို့သော ဖြစ်စဉ်များ လျော့နည်း သွားနိုင်သည်ဟု သုံးသပ်မှု များ ရှိခဲ့သည် ။၂ဝ၁၃ ခုနှစ်တွင်လည်း ထိုဥဒေ ထုတ်ပြန်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာနက  တရားဝင် ထုတ်ပြန်ထားခဲ့သည်။

သို့သော်လည်း အလုပ်သမား ဆန္ဒ ပြမှုများက ရပ်ဆိုင်းမသွား။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ရှိ  Globe Electronic စက်ရုံအလုပ်သမားများ၏ ဆန္ဒပြ မှုမှစ၍ တစ်နှစ်လုံးလိုလိုပင် အလုပ်သ မား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ နှစ် ဆန်းပိုင်း ဖေဖော်ဝါရီ တစ်လတည်း တွင်ပင် အလုပ်ရှင် အလုပ်သမား အငြင်း ပွားမှုပေါင်း ၆၄ ခုရှိခဲ့သည် ။
”တောင်းဆိုတဲ့ အခွင့်အရေးတွေ က တော်တော်များများက အလုပ် သမားထုအတွက်တောင်းတာ မဟုတ် ဘူး။ တချို့ တောင်းဆိုချက်တွေက အလုပ်ရှင်တွေ မပေးနိုင်တဲ့ တောင်းဆိုချက် တွေလည်းတွေ့ရတယ် ”ဟု ၄င်းကအ လုပ်သမားများ၏ တောင်းဆိုချက်များ ကိုသုံးသပ်သည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ၂ဝ၁၃ခုနှစ် မတ်လ၂၂ ရက်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ဥပဒေထွက်ပြီး နည်းဥပဒေ မထွက်သေးသော ကြောင့် အလုပ်သမားများ အတွက် လုပ်ခလစာ သတ်မှတ်ရေး နည်းဥပဒေ ကို စောင့်ခဲ့ရပြန်သည်။

နည်းဥပဒေ မထွက်မီ အချိန်တွင်လည်း New Way , Gallant Ocean  (အအေးခန်း)၊ Costec (အထည်ချုပ်)၊ Asia World(စက်ပြင်)၊ Bright Jaun  (အထည်ချုပ်) စသည့် စက်ရုံအလုပ် သမားဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့ပြီး အလုပ်သမားများ စောင့်မျှော်နေ သော အနည်းဆုံး အခကြေးငွေ နည်းဥပဒေကို ဇူလိုင် ၁၂ ရက်တွင် ပြဋ္ဌာန်း ခဲ့သည်။
အနည်းဆုံး အခကြေးငွေ နည်း ဥပဒေ ထွက်ပေါ်လာသောအခါ အလုပ် သမားအရေး လေ့လာသူများက ကျယ် လောင်စွာ ထောက်ပြကြသော အချက် မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ် သည့် စံနှုန်းပင်ဖြစ်သည်။
”သူက အခကြေးငွေ လို့ဆိုရာမှာ အလုပ်ရှင်က သဘောကျလို့ပေးတဲ့ ဆုကြေးတွေ ၊ အချိန်ပိုလုပ်ခတွေပါ ထည့်တွက်ထားတယ်၊ အမှန်တကယ်က အလုပ်သမားရဲ့ တစ်နေ့ရှစ်နာရီလုပ်အားခပဲဖြစ်ရမှာ” ဟု ခုံသမာ ဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းက ဥပဒေကို ထောက်ပြသည်။

အလုပ်သမားများ၏ တစ်နေ့ ရှစ်နာရီလုပ်အားခကို မတွက်ဘဲ ထိုသို့ အပိုဆုကြေးများပါ ထည့်တွက်မည်ဆို လျှင် အနည်းဆုံး လုပ်အားခ သတ်မှတ်သော်လည်း အချည်းနှီးပင် ဖြစ်မည်ဟု ၄င်းက မှတ်ချက်ပြုသည်။ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန်အတွက် အမျိုးသားကော်မတီကို ဦးစွာဖွဲ့စည်းရမည် ဖြစ်သည်။ အမျိုးသားကော်မတီ ဖွဲ့စည်းပြီး အမျိုးသားကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် ကော်မတီများကို ဖွဲ့စည်းပေးရမည် ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီများက အလုပ်သမားများ၏ လူနေမှု စရိတ်နှင့် လုပ်ခ လစာတို့ကို ကွင်းဆင်းကာ စစ်တမ်း ကောက်ယူပြီး အမျိုးသား ကော်မတီသို့ ပြန်လည် တင်ပြရမည်ဟုသိရသည်။

သို့သော်လည်း အမျိုးသားကော်မတီ ဖွဲ့စည်းပုံသည် သမ္မတရုံးသို့ တင်ထားဆဲဖြစ်ပြီး ဖွဲ့စည်းပုံ ပြန်ကျမှသာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး စစ်တမ်း ကောက်ယူမှုများ စတင် လုပ်ဆောင်နိုင်မည် ဖြစ်၍ အခကြေးငွေ သတ်မှတ်ရေး လုပ်ငန်းများ ၂ဝ၁၄မှသာ လုပ်ဆောင်နိုင်မည်ဟု အလုပ်သမား ရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ  ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။

“‘အနည်းဆုံး အခကြေးငွေက လုပ်ငန်း အမျိုးအစား ၂၁ မျိုးအတွက် သတ်မှတ်ရမှာ၊ အလုပ် အမျိုးအစားက အမျိုးမျိုးဆိုတော့ ကော်မတီမှာ ပိုပြီးအလုပ်ရှုပ်မှာပေါ့” ဟု ဦးရဲနိုင်ဝင်းက ပြော ကြားပြီး ကော်မတီအတွက် လိုအပ်သည့် ဒေသတွင်း နိုင်ငံများ၏  အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အ ချက်အလက်များကို အစိုးရက ရှာဖွေ ကူညီပေးခြင်းဖြင့် လုပ်ငန်းများ ပိုမို လျင် မြန်နိုင်မည်ဟု မှတ်ချက်ပြုသည်။

အနည်းဆုံး အခကြေးငွေသတ်မှတ်ရာတွင် ဦးစားပေး ကဏ္ဍအဖြစ် လက်ခစား လုပ်ငန်းများကို ဦးစားပေး သတ်မှတ်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ ၊ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲများကို ယခုနှစ်အတွင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ သည်။ သို့သော်လည်း သဘော တူညီ ချက် တစ်စုံတစ်ရာ မရရှိသေးသည်ကို တွေ့ရသည်။ လုပ်ငန်း ၂၁ ခုထဲမှ တစ်ခု ဖြစ်သည့် လက်ခစား လုပ်ငန်းအတွက်ပင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး မလုပ်ဆောင် ရသေးသောကြောင့် အခြားကဏ္ဍမှ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးမှာ ၂ဝ၁၄ တွင်လည်း ကြန့် ကြာဦးမည့် အနေအထား ဖြစ်သည်ဟု အလုပ်သမားရေး စောင့်ကြည့်သူများက မှတ်ချက်ပြုကြသည်။

ဥပဒေဟောင်းများပြင်ဆင်ရေးဆွဲ

အနည်းဆုံး အခကြေးငွေ ဥပဒေနည်းတူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ၂ဝ၁၃ခုနှစ် သြဂုတ်လ ၃ဝ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ကာကွယ်ပေးနိုင်ရေး အတွက် ၁၉၉၉ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြုပြင်ရေးဆွဲ နေပြီး ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက် ဥပဒေကို လည်း ပြင်ဆင် ရေးဆွဲနေ ကြောင်း သိရသည်။ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဥပဒေ၊ နိုင်ငံခြားသား အလုပ်သမား ဆိုင်ရာ ဥပဒေတို့ကိုလည်း အသစ် ရေးဆွဲနေကြောင်း သိရသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ သည် လာမည့်နှစ်တွင် ထုတ်ပြန်နိုင်မည်ဟုလည်း သိရသည်။

ဥပဒေအားနည်းချက်

ဥပဒေသစ်များ ရေးဆွဲ နေသလို ထုတ်ပြန်ပြီးသား ဥပဒေအဟောင်း၏ အားနည်းချက်ကြောင့် ယခုနှစ်အတွင်း အလုပ်ရှင် အလုပ်သမား ပြသနာ ပိုမိုကြီးထွားခဲ့သည်။ ၂ဝ၁၂ခုနှစ် နှစ်လယ်ပိုင်း တွင် ဖြစ်ပွားခဲ့သော ရွှေပြည်သာမြို့နယ်၊ တော်ဝင်သစ် အချောထည်စက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုသည် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည့် ခုံ သမာဓိ ကောင်စီသို့ပင် ရောက်ရှိခဲ့ပြီး ခုံသမာဓိ ကောင်စီမှ ဆုံးဖြတ် ချက် ချမှတ်ပေးခဲ့သည်။ ထိုဆုံးဖြတ်ချက်များကို အလုပ်ရှင်ဘက်မှ မလိုက်နာသောကြောင့်  အလုပ်သမားများဘက်မှ ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြမှုများကြောင့် အလုပ်သမား ခေါင်းဆောင်များ ပုဒ်မ၁၈ ဖြင့် အရေးယူခံခဲ့ရသည်။ ၂ဝ၁၂ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေတွင် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသော အလုပ်ရှင်ကို အရေးယူရန် ပြစ်ဒဏ် မပါရှိသောကြောင့် ထိုသို့ မလိုလားအပ်သော ပြသနာများ ထပ်မံ ဖြစ်ပွားရသည် ဟု အလုပ်သမား အရေးဆောင် ရွက်သူများက မှတ်ချက်ပြုကြသည်။ ရန်ကုန်တွင် သာမက မန္တလေးတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။  ထိုအားနည်းချက်ကို ပြင်ဆင်ရန်အတွက် အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့က  ၂ဝ၁၃ခုနှစ် ဇန်နဝါရီလကတည်းက ဆောင်ရွက်ခဲ့ပြီး ပြစ်ဒဏ် ထည့်သွင်း ဖြည့်စွက်နိုင်ရေး အတွက် လွှတ်တော် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြ ထားသော်လည်း တစ်နှစ် ပြည့်ခါနီး ချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိ သေးကြောင်း အလုပ်သမား ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

အစိုးရဝန်ထမ်းများ လစာတိုးသည့်နှစ်

ယခုနှစ်တွင် အစိုးရဝန်ထမ်းများ အတွက် အပိုထောက်ပံ့ကြေးဟု ခေါင်းစဉ်တပ်ကာ လစာ ကျပ်သုံးသောင်း တိုးပေးခဲ့သည် ။ မလောက်ငှသော ဝင်ငွေ နှင့် ရပ်တည် နေကြရသည့်အတွက် ပြည်သူ့ ဝန်ထမ်းများ၏ အကျင့် ပျက် ခြစားမှုနှင့် အဂတိ လိုက်စားမှုများသည် နိုင်ငံတွင် အမြစ်တွယ်သလို ဖြစ်နေသည် ကို တိုက်ဖျက်နိုင်ရန် ဆွေးနွေးချက်ပေါ်တွင် အခြေခံကာ ဥပဒေကြမ်း ကော်မတီက ဝန်ထမ်း လစာတိုးရေး အဆိုပြုချက်ကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြု တောင်းခံခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေး ဆိုင်ရာ အဆိုပြုချက်ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင် စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍ ဝန်ထမ်း လစာ ထပ်တိုးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်၊ ၁၉၇၂ခုနှစ် ၊၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ်၊ ၂ဝဝ၆ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်တို့တွင် အစိုးရ ဝန်ထမ်းများအား လစာ တိုးပေးခဲ့ သည်။ လစာသုံးသောင်း တိုးမြှင့် ရရှိခဲ့သော်လည်း ဝန်ထမ်းများအတွက် စားဝတ်နေရေး အခက်ခဲများ ရှိနေဆဲဖြစ်ကြောင်း သာကေတ မြို့နေ လျှပ်စစ်ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။  ”ကျွန်တော်တို့ဆို နှစ်နှစ်နေမှ လစာတစ်ထောင် တိုးတာ ဘယ်လိုလုပ် အဆင်ပြေမလဲ” ဟု အထက်ပါလျှပ် စစ်ဝန်ထမ်းက ပြောသည်။

Popular Myanmar News Journal

ရုရှား ဆောင်းရာသီ အိုလံပစ်ပွဲ မကျင်းပမီ ဗုံးရက်ဆက်ပေါက်ကွဲ


ရုရှားနိုင်ငံ တောင်ပိုင်း ဘော်ဂိုဂရတ်မြို့မှာ ဒီနေ့ ဗုံးတလုံး ထပ်မံပေါက်ကွဲမှုအတွင်း လူ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး ၂၃ ဦးကို ဆေးရုံပို့လိုက်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တုန်းလည်း ဘောဂိုဂရတ်မြို့မှာပဲ ဘူတာရုံမှာ အသေခံဗုံးခွဲမှုအတွင်း လူအနည်းဆုံး ၁၇ ယောက်သေဆုံးခဲ့ပြီး ၃၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရုရှားမှာ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပဖို့ ရက် ၄၀ ပဲ ကျန်တောတဲ့အချိန်မှာ ဗုံးတွေ ရက်ဆက်ပေါက်ကွဲနေတာပါ။
ဗုံးပေါက်ကွဲသွားတဲ့ ထရော်လီ ဘက်စ်ကားကို နိုင်ငံပိုင်ရုပ်သံက ပြသပါတယ်။ အကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်အဖြစ် အာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ် ဘယ်အဖွဲ့ကမှ တိုက်ခိုက်မှုတွေကို တာဝန်ယူပြီး ကြေညာတာ မရှိသေးပါဘူး။

ဒီအဖြစ်အပျက်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ အဲဒီဒေသမှာ သုံးနှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းကပဲ အဲဒီမြို့မှာပဲ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပါခဲ့တယ်။

အခုလို အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် တလခွဲတောင် မလိုတော့တဲ့ ၂၀၁၄ ဆောင်းရာသီ အိုလံပစ်ပွဲကို အစ္စလာမ္မစ်တွေ တိုက်ခိုက်မယ့် အန္တရာယ် စိုးရိမ်စရာဖြစ်နေပါတယ်။

By ဒီဗွီဘီ

Mobile Guide ( Vol-2, Issue-35 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Weekly Eleven News Journal အတွဲ(၉) အမှတ်(၁၂)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကိုင်ရိုမြို့ ရဲနှင့်ကျောင်းသားများ ပဋိပက္ခ ဆက်လက်ဖြစ်ပွား


ဓာတ်ပုံ - ရိုက်တာ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Al-Azhar တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ရဲတွေရဲ့ ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၂၉ ရက်နေမှာလည်း ၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေ အထိအခိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

Al-Azhar တက္ကသိုလ်ဟာ ဆွန်နီမွတ်စလင် ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တခုအဖြစ် သတ်မှတ်ခံထားရပြီး သမ္မတမော်စီ အာဏာအသိမ်းခံရအပြီး ရဲတွေနဲ့ အဓိက ထိပ်တိုက်တွေနေတဲ့ နေရာတခု ဖြစ်ပါတယ်။
ကျောင်းသားတွေက ကျောင်းဝန်းထဲကနေ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရပ်ကွက်သားတွေကလည်း သူ့တို့ကို ပြန်ပြီး ပစ်ပေါက်နေကြပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များပါတီကို ဒီဇင်ဘာလ ၂၅ က အကြမ်းဖက်ပါတီအဖြစ် အစိုးရက တရားဝင်သတ်မှတ်အပြီး ပါတီအပေါ် ဖိနှိပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာပါတယ်။

ညီအစ်ကိုတော်များပါတီက Al-Azhar တက္ကသိုလ်ဆန္ဒပြပွဲတွေကို တော်လှန်ရေးရဲ့ ဘူမိနက်သန်အဖြစ် သတ်မှတ်ပြီး ထောက်ခံအားပေးနေပါတယ်။

ကျောင်းသားတွေကလည်း ဖြိုခွင်းမှုတွေအတွင်း ကျောင်းသားတွေ သေဆုံးခဲ့မှုအတွက် လပတ် စာမေးပွဲကို သပိတ်မှောက်မယ်လို့ ဆိုပါတယ်။

ညီအစ်ကိုတော်များပါတီကို အကြမ်းဖက်ပါတီအဖြစ် သတ်မှတ်အပြီး ပထမဆုံးအဖမ်းခံရသူတွေကတော့ ကျောင်းသားတွေပဲဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၇ ဦးကို ဆက်လက်ထိန်းသိမ်းထားဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က Al-Azhar တက္ကသိုလ်ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကျောင်းသား ၃၅ ယောက်ကို ဆေးကုသပေးခဲ့ရပြီး ၁၅ ယောက်ကိုတော့ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ လုံခြုံရေးတွေက ဆိုပါတယ်။

အစိုးရကတော့ အကြမ်းဖက်မှုတွေကို နှိမ်နင်းနေပြီး တဖက်မှာလည်း နောက်နှစ်အတွင်း သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လုပ်မယ့် အသွင်ကူးပြောင်းရေး လမ်းကြောင်းအတိုင်းသွားဖို့ အကောင်အထည်ဖော်နေပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေကတော့ အီဂျစ်နိုင်ငံမှာ မွတ်စလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနိုင်ပြီး ညီအစ်ကိုတော်များပါတီကို ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေအကြား လူထုပဋိပက္ခတွေကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
DVB Burmese

ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုအချိန်က ကျောက်ဖြာထက်ပေါ် စက်တော်ခေါ်ရမည့်အချိန်ဖြစ်ပြီး ဆေးရုံတက်နေခြင်းသာ အကောင်းဆုံးယတြာဟုဆို


စာရေးသူသည် ““ဆီးဂိမ်းမြန်မာပြည် ဒေါ်အောင်ဆန်းစုကြည်””ဆောင်းပါးကို ၂၀၁၃ ခုနှစ်အောက်တိုဘာ ၁၈ ရက်ကHot News ဂျာနယ်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ စာရေးသူအောက်တိုဘာလ ကကြိုတင်တင်ပြခဲ့သောအကြောင်းအရာ များနှင့် ဒီဇင်ဘာလတွင် အမှန်တကယ် ဖြစ်ပေါ်လာသောဖြစ်စဉ်ရပ်ဖြစ်ရပ်များ ကို ထင်ဟပ်ကြည့်ရှုသုံးသပ်နိုင်စေရန် စာရေးသူတင်ပြခဲ့သော ဆောင်းပါးမှ လိုအပ်သောအစိတ်အပိုင်းအချို့ကို ပြန် လည်ကောက်နုတ်တင်ပြရလျှင်...

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ဒေါ်အောင် ဆန်းစုကြည် အသက် ၆၉ နှစ်သည် တိုင် ခြေမြေလူးရာဟု သက်ရောက်နေသည့် အပြင်၊ မကောင်းသောရန်ဂြိုဟ်များ စီးနင်းနေသည်ဖြစ်ရာ ကံကြမ္မာဆိုးများ ကျရောက်နေသဖြင့် ဒေါ်အောင်ဆန်းစု ကြည်သည် ကျန်းမာရေးထိခိုက်တတ် ခြင်း၊ ဆေးရုံဆေးခန်းရောက်တတ်ခြင်း၊ ခွဲစိတ်မှုခံရတတ်ခြင်း (သို့) မတော်တဆ ထိခိုက်မှုဖြစ်တတ်ခြင်းများကို တင်ပြခဲ့ပါ သည်။

၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလတွင်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း ပြိုင်ပွဲ) ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ ၁၉၆၉ ခုနှစ်ကလည်း ကျွန်းဆွယ် အား ကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ရာ မထင် မှတ်သောအရေးအခင်းတစ်ခု ဖြစ်ပေါ် သကဲ့သို့ ယခုကျင်းပတော့မည့် ဆီးဂိမ်း ပြိုင်ပွဲမှာလည်း မကောင်းသောဂြိုဟ် (ရန်ဂြိုဟ်များ) ဖောက်ပြန်စီးနင်းနေ သဖြင့် ဆီးဂိမ်းပြိုင်ပွဲမှာလည်း ဆိုးဝါး သော အဖြစ်အပျက်များ (ပဋိပက္ခမှုများ) နှင့် အဖျားခတ်သွားတတ်သည်ဟုစာရေး သူအတိအလင်းတင်ပြခဲ့ပါသည်။

စာရေးသူ၏အောက်တိုဘာလက တင်ပြချက်များကို ဒီဇင်ဘာလရောက်ရှိ လာသောအခါ ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေကိုလည်း ကောင်း၊ ဆီးဂိမ်းပြိုင်ပွဲများကိုလည်း ကောင်း၊ ရင်တထိတ်ထိတ်စောင့်ကြည့်ခဲ့ ပါသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် သည် အာရှတော်ဝင်အထူးကုဆေးရုံ တက်ရောက်၍ ခြေမနှစ်ချောင်းခွဲစိတ်ရ ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ခြေမနှစ်ချောင်းသည် အတွင်း ဘက်အနည်းငယ်ယိုင်နေသဖြင့်ကြာရှည် စွာလမ်းမလျှောက်နိုင်ခြင်းကြောင့် ခွဲစိတ် ရကြောင်း သိရပါသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ညဦးပိုင်းတွင် ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲကို သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပလျက်ရှိရာ အုပ်စု (က) တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို ပွဲစဉ်သည် နှစ်သင်းစလုံးအကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပေး မည့်ပွဲဖြစ်သည်။ ပွဲပြီးသောအခါ မြန်မာ အသင်းသည် အင်ဒိုနီးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။ ဘောလုံးပွဲအပြီးတွင် ပရိသတ်အချို့၊ မကျေမနပ်ဖြစ်ကာ ဆူပူရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရသည်။ မကျေမနပ်ဖြစ်နေ သောလူအချို့သည်မြန်မာအသင်းအတွက် အားပေးရန်ဝတ်ဆင်ထားသောSEA GAMES အင်္ကျီများ မီးပုံရှို့ခဲ့ကြသည့် အပြင် အားကစားကွင်းအနီးရှိ ဆီးဂိမ်း ဆိုင်းဘုတ်များကိုလည်း မီးရှို့ဖျက်ဆီး ခြင်း၊ အော်ဟစ်ဆဲဆိုမှုများပြုလုပ်ရုံမျှ မက၊ ၀င်ရောက်ထိန်းသိမ်းပေးသော လုံခြုံရေးရဲများနှင့်ပါ ပဋိပက္ခဖြစ်ပွားခဲ့ကြ ပြီးနောက် လုံခြုံရေးရဲများထောင်ချီသုံး ၍ လူစုခွဲကာ ထိန်းသိမ်းခဲ့ရသည်။

အထက်ဖော်ပြပါစာရေးသူအောက် တိုဘာလက တင်ပြချက်များသည် ဒီဇင် ဘာလရောက်လာသောအခါ ဒီဇင်ဘာ လ ၁၆ ရက်၊ နံနက်ပိုင်းတွင် ဒေါ်အောင် ဆန်းစုကြည်ဆေးရုံတက်ခွဲစိတ်ရခြင်းနှင့် ၎င်းဒီဇင်ဘာလ ၁၆ ရက်၊ ညဦးပိုင်းတွင် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ပဋိပက္ခမှုများ ဖြစ်ပွားခဲ့သဖြင့် ဒီဇင်ဘာ ၁၆ ရက် တစ် ရက်တည်းမှာပင် ထူးခြားဆနးပြားစွာ ဖြစ်ပေါ်ခဲ့ကြောင်း ထင်ရှားစွာ တွေ့ရှိခဲ့ ရပါသည်။

ဤဖြစ်စဉ်များကိုကြည့်လျှင် စာရေး သူ၏တင်ပြချက်များ၊ ဟောပြောချက် များသည် တိတိပပမှန်ကန်ထိရှသွား ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ တင်ပြနေ ခြင်းမျိုးလုံးဝမဟုတ်ပါ။ စာရေးသူတင်ပြ နေခြင်းမှာ နိုင်ငံတော်အတွက် အရေး တကြီးကိစ္စရပ်များဖြစ်ပေါ်လာသောအခါ စာရေးသူတတ်သိကျွမ်းကျင်သည့်အတတ် ပညာဖြင့် နိုင်ငံတော်ကို အလုပ်အကျွေး ပြုနေခြင်းသာဖြစ်ပါသည်။

ဆီးဂိမ်းမြန်မာအသင်းနှင့် အင်ဒိုနီး ရှားအသင်းဘောလုံးပွဲကို အနှေးပြကွက် ပြန်ကြည့်သကဲ့သို့ ပြန်လည်သုံးသပ် ကြည့်ပါက ဖြစ်ရပ်မှန်ကို သဲသဲကွဲကွဲ မြင်တွေ့နိုင်ပေမည်။

တောင်ကိုရီးယားနည်းပြပတ်ဆောင် ဟွာ၏ ဘောလုံးသမားရွေးချယ်မှုမမှန် ကန်ခြင်း၊ မရိုးသားခြင်းတို့ကြောင့် မြန်မာ ဘောလုံးအသင်း မရှုံးသင့်ဘဲ ရှုံးသွား သောအခါ မြန်မာပရိသတ်၏ မကျေနပ် မှုများဒေါသများသည် ပြင်းထန်စွာပေါက် ကွဲထွက်လာပြီး ဆူပူမှုရုန်းရင်းဆန်ခတ် ဖြစ်မှုများဖြစ်ပေါ်လာခဲ့သည်။ မြန်မာ ပရိသတ်ရင်ထဲက အရှိန်ပြင်းစွာပေါက်ကွဲ ထွက်လာသော ဒေါသမီးတောက်သည် ကား မျိုးချစ်စိတ်ကြောင့်ဖြစ်သောဒေါသ မီးတောက်အဖြစ် အထင်အရှားတွေ့မြင် နေရသဖြင့် မြန်မာတို့ဘောလုံးရှုံးသွား သော်လည်း မျိုးချစ်စိတ်များ လုံးဝဆုံးရှုံး မသွားပါ။

ဆီးဂိမ်းပြိုင်ပွဲကြီး ပြီးဆုံးသွားသော အခါ မြန်မာဘောလုံးပွဲသည် မြန်မာ ပြည်သူတစ်ရပ်လုံး၏ ရင်ထဲအသည်းထဲ မှာ တငွေ့ငွေ့လောင်ကျွမ်းနေဆဲ။ တမြေ့ မြေ့ခံစားနေဆဲပင်ဖြစ်သည်။ ဘောလုံး သည် ကမ္ဘာကြီး၏ အသည်းနှလုံးဖြစ်နေ သကဲ့သို့ မြန်မာတို့၏ဒုတိယအသက်ဟု လည်း ဆိုနိုင်ပါသည်။ မျက်ရည်နှင့် ပဋိ ပက္ခကြားက မြန်မာ-အင်ဒိုပွဲသည်မြန်မာ သန်း ၆၀ သော ပြည်သူများ၏အသည်း ကို ခွဲလိုက်သည့် ညတစ်ညဟု ဂျာနယ် များက ဖွင့်ဆိုခဲ့ပါသည်။

စာရေးသူသည် သုတေသီပီပီ သဏ္ဌာန်တူဖြစ်စဉ်များ၏ ထူးခြားဆန်း ပြားပုံများကို တင်ပြလိုပါသည်။

၁၉၈၃ ခုနှစ်က ရုရှားလေယာဉ်ပိုင် နက်တွင် တောင်ကိုရီးယားလေယာဉ် ပစ်ချခံရပြီးနောက် မြန်မာနိုင်ငံတွင် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ရောက် ရှိစဉ် အာဇာနည်ကုန်း ဗုံးခွဲခံခဲ့ရသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းက ရုရှားလေယာဉ်ပျက်ကျပြီးနောက်တောင် ကိုရီးယားဘောလုံးနည်းပြပတ်ဆောင်ဟွာ နည်းပြတာဝန်ထမ်းဆောင်နေစဉ်အချိန် တွင် မြန်မာသန်း ၆၀ သော ပြည်သူတို့ ၏ အသည်းကို ခွဲပစ်ခဲ့သည်။

အထက်ပါ သဏ္ဌာန်တူဖြစ်စဉ်နှစ်ခု ကို ကြည့်မည်ဆိုပါက ခရစ်သက်္ကရာဇ် ၃ စွန်းသောနှစ်လည်းဖြစ်ရမည်။ ရုရှားတွင် လေယာဉ်ပျက်ကျသောအချိန်လည်းဖြစ် ရမည်။ ထိုအချိန်တောင်ကိုရီးယားလူမျိုး မြန်မာပြည်ရောက်ရှိနေပြီး ၀မ်းနည်း ကြေကွဲစရာဖြစ်ရပ်မျိုး ရင်ဆိုင်ကြုံတွေ့ ရတတ်ပါသည်။

ဆီးဂိမ်းအမျိုးသားဘောလုံးပွဲတွင် သဏ္ဌာန်တူဖြစ်ရပ်များဖြစ်ပေါ်သကဲ့သို့ ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲ၏သဏ္ဌာန် တူဖြစ်စဉ်ကို ဆက်လက်လေ့လာကြည့် မည်ဆိုလျှင်...

ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲရှုံးသွား ခဲ့သော်လည်း မြန်မာပရိသတ်ကြီးသည်၊ ဒေါသလည်းမထွက်။ အပြစ်လည်းမတင် ရက်ခဲ့ပါ။ မြန်မာဘောလုံးသင်းအမျိုးသမီး လေးများသည်တိုင်းပြည်နှင့်လူမျိုးအတွက် အားကြိုးမာန်တက်ရွတ်ရွတ်ချွံချွံကစား သွားသည်ကိုမြင်တွေ့ကြရသဖြင့်ဘောလုံး ရှုံးသော်လည်းပရိသတ်အားရကျေနပ်မှုရှိ ကြောင်းတွေ့ရပေသည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲတွင် မြန်မာအသင်းနှင့်ထိုင်းအသင်းတို့အကြိတ် အနယ်ကစားကြရာ၊ ပွဲပြီးမိနစ်(၉၀)မှာ တစ်ဂိုးစီးသရေဖြစ်နေသည်။ အချိန်ပို မိနစ်(၃၀)ထပ်ကန်ရာတွင်လည်း နှစ်ဂိုးစီး သရေဖြစ်နေပြန်သည်။ နောက်ဆုံး ပင် နယ်တီကန်ကြသောအခါသဏ္ဍာန်တူဖြစ် စဉ်ကြုံလာပါတော့သည်။

ပထမ(၅)လုံးကန်ကြသောအခါ ပဉ္စမမြောက် ကန်သူသည်စန်းစန်းမော် ဖြစ်ပြီး နာမည်မှာ အင်္ဂါနာမ်နှင့်စကာ ကြောနံပါဝင် (၆) ဖြစ်သည်။ စန်းစန်း မော် ကန် ၍၀င်သွားလျှင်ထိုင်းကတစ်ဂိုး ၀င်မထားသဖြင့် မြန်မာဖိုင်နယ်တက်ပြီး ဒိုင်းဆုချိန်နိုင်ပြီ။ သို့သော်စန်းစန်းမော် သည်အပေါ်စီးမှကန်ရသော်လည်း စန်း စန်းမော်ကန်သောအခါလုံးဝဂိုးမ၀င်ပါ။

ဒုတိယ(၅)လုံးကန်သောအခါ၊ထိုင်း ဘက်က (၅)လုံးစလုံးဝင်ထားသည်။မြန်မာ ကလည်း (၄)လုံးဝင်ထားပြီးဖြစ်ရာ ပဉ္စမ မြောက်ကန်သူမှာဇင်မာဝမ်းဖြစ်ပြီးနာမည် မှာအင်္ဂါနာမ်နှင့်စကာ ကြောနံပါတ် ၁၅ သည် (၁+၅)=၆ ဂဏန်းပင်ဖြစ်နေရာ ဇင်မာဝမ်းကန်သွင်းသောဘောလုံးမှာ လည်း လုံး၀၀င်မသွားသဖြင့် မြန်မာ အမျိုးသမီးအသင်း မရှုံးချင်ရှုံးချင်ရှုံးခဲ့ရ သည်။

အထက်ပါသဏ္ဍာန်တူဖြစ်စဉ်ကိုကြည့် ပါက ပထမ(၅)လုံးကန်သောအခါ ၅ ယောက်မြောက်ကန်သူသည် အင်္ဂါနာမ် နှင့်စပြီးကြောနံပါတ်(၆)ဖြစ်ပြီးကန်သွင်း သောအခါလုံးဝမဂိုးပါ။

ဒုတိယ(၅)လုံးကန်သောအခါ ၅ ယောက်မြောက်ကန်သူသည်အင်္ဂါနာမ် နှင့်စပြီးကြောနံပါတ်(၁+၅) ၆ ဂဏန်းဖြစ် ပြီးကန်သွင်းသောအခါမ၀င်ပါ။

ဤအကြောင်းအရာများကိုခြေရာခံ ကြည့်မိသောအခါ ထိုအချိန်ကကောင်း ကင်မှာရှိသော ၅ ဂဏန်းဖြစ်သော ကြာသပေတေးဂြိုဟ်နှင့် ၆ ဂဏန်းကိုယ် စားပြုသော သောကြာဂြိုဟ်ကြီးများသည် ရန်ဂြိုဟ်ကြီးများဖြစ်ရုံမကသွားနှုန်းပြင်းထန် စွာဖောက်ပြန်ကာ မြန်မာနိုင်ငံကိုအပြင်း အထန်စီးနင်းထားရာ မြန်မာပြည်ကံဇာ တာနိမ့်ကျချိန်ဖြစ်သောကြောင့် မြန်မာ အမျိုးသားဘောလုံးအသင်းရော၊အမျိုး သမီးဘောလုံးအသင်းပါမရှုံးသင့်ဘဲရှုံးခဲ့ ရခြင်းဖြစ်သည်။ အကြောင်းတရားတို့ သည်အကြောင်းမဲ့ဖြစ်ပေါ်မလာကြောင်း သိသာထင်ရှားပါသည်။

အထူးသဖြင့်ကိန်းဂဏန်းအတတ် ပညာသဏ္ဍာန်တူဖြစ်စဉ်များကိုလေ့လာ လိုက်စားလိုသောမျိုးဆက်သစ်သုတေသီ များသည် စာရေးသူ၏တွေ့ရှိချက်တင်ပြ ချက်များအပေါ်ခွဲခြားစိတ်ဖြာသုံးသပ်ပြီး ဆက်လက်သုတေသနပြုလုပ်ပါက အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍တင် ပြခြင်းဖြစ်ပါသည်။

အချုပ်အားဖြင့်တင်ပြရလျှင် ““ဆီး ဂိမ်းမြန်မာပြည်ဒေါ်အောင်ဆန်းစုကြည်””ဆောင်းပါးနှင့်ပတ်သက်၍ပရိသတ်များ သိလိုသမျှမေးမြန်းလာသမျှတို့ကို၊အရှိကို အရှိအတိုင်းဆက်လက်တင်ပြသွားပါမည်။ ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးသည်အောင် မြင်စွာပြီးဆုံးသွားခဲ့ပြီးဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်
သည်ဆေးရုံတက်ခွဲ စိတ်ပြီးနောက်အဆိုးတွေကျန်နေသေး လားဆိုသောနောက်ဆက်တွဲမေးခွန်းများ မေးလာကြပါသည်။ စာရေးသူတိတိပပ ဖြေဆိုရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်အတွက်မကောင်းသောကံကြမ္မာဆိုး ကြီးများသည် ၂၀၁၄ ခုနှစ်ဇန်န၀ါရီလ ကုန်ထိကျန်ရှိနေသေးကြောင်းတင်ပြလို ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ခွဲစိတ် ကုသခြင်းသည်အသေးစားခွဲစိတ်မှုဆို သော်လည်းအလွယ်တကူနှင့်ပျောက်ကင်း မသွားနိုင်ပါ။ အကယ်၍ဆေးရုံမှဆင်းသွား သောအခါတွင်လည်းမတော်တဆထိခိုက် ၍လည်းကောင်း၊ရုတ်တရက်ကျန်းမာရေး မကောင်းသောကြောင့်လည်းကောင်း ဆေးရုံပြန်တက်ရခြင်း (သို့) ထပ်မံခွဲစိတ်ခံ ရခြင်းမျိုးကြုံတွေ့ရတတ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ်ဇန်န၀ါရီလကုန်အထိအန္တရာယ်များ သောခရီးကြမ်းကိုဖြတ်သန်းနေချိန်ဖြစ်ရာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကိုထိပ်တိုက်ရင်ဆိုင်မှုများကိုပြင်းထန် စွာလုပ်ဆောင်နေပါက ဇန်န၀ါရီလအတွင်း မိမိအတွက်ရောတိုင်းပြည်အတွက်ပါ အန္တရာယ်ကြီးစွာကျရောက်တတ်သော အချိန်ဖြစ်သည်။ ကံဆိုးမိုးမှောင်ကျရောက် နေချိန်တွင်ထိပ်တိုက်ရင်ဆိုင်မှုများလျော့ ချသင့်သောအချိန်ဖြစ်သည်။ ကံမကောင်း သောအချိန်တွင်ပြောသမျှဆိုသမျှမအောင် မြင်တတ်သည့်အပြင်တစ်ဘက်မှအထင် မှားစရာကြုံတွေ့တတ်သည့်ပြင်၊ပြည်သူ တို့၏လေးစားမှုလည်းလျော့ကြသွားတတ် ပါသည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစု ကြည်သည်ဆေးရုံတက်နေခြင်းမှာအကောင်း ဆုံးသော ယတြာတစ်ခုပင်ဖြစ်သည်။ ယခု အချိန်အခါသည်ကား ကျောက်ဖြာထက် ပေါ် စက်တော်ခေါ်နေမည့်အချိန်ဖြစ်ပြီး၊ ဖုတ်သွင်းရထားဆိုက်မှထလိုက်တာမျိုး ကသင့်တော်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ကံကြမ်္မာ ဆိုးဝါးနေသကဲ့သို့ မြန်မာနိုင်ငံ၏ကံကြမ္မာ သည်လည်း ၂၀၁၄ ခုနှစ်ဇန်န၀ါရီလ (၃၀) ရက်အတွင်း အလွန်ဆိုးဝါးသောအချိန် ရောက်ရှိနေပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၀)ကျော်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အတွင်း အန္တရာယ်ပြင်းထန်သောခရီးကြမ်းကို လျှောက်လှမ်းနေသောအချိန်ဖြစ်ရာ၊ ရုတ်တရက်ပေါက်ကွဲမှုများဖြစ်ပေါ်တတ် ခြင်း၊ ဘာသာရေးနှင့်ဆိုင်သောအရေး အခင်းများဖြစ်ပေါ်တတ်ခြင်း၊ နာမည်ကြီးဆရာတော်များပျံတော်မူတတ်ခြင်း၊ငွေကြေး ပြဿနာပေါ်တတ်ခြင်းနှင့်ငလျင်ကဲ့သို့ သော
သဘာဝဘေးများဆိုင်းမဆင့်ဘုံမ ဆင့်ရုတ်တရက်ကျရောက်တတ်ပါသည်။ လေယာဉ်ပျံ၊ မီးရထား၊ မော်တော်ကား စသောဆိုးဝါးသောမတော်တဆထိခိုက်မှု များ၊ကြီးစွာသောပျက်စီးဆုံးရှုံးခြင်းများဖြစ် ပေါ်တတ်ပါသည်။ စာရေးသူတင်ပြသည့် အထဲမှတစ်စုံတစ်ခုဖြစ်ရုံမျှလည်းယတြာ ကျေနိုင်ပါသည်။

အထူးသဖြင့် ၂၀၁၄ ခုနှစ်အ၀င် ဇန်န၀ါရီလ (၁၀)ရက်အတွင်းအထူးသတိ ထားရန်လိုပါသည်။ မေထုန်လက်ပိုင်ရှင် များနှင့်ကန်လက်ပိုင်ရှင်များသည်ပို၍သတိ ထားသင့်ပါသည်။

ဤဆိုးဝါးသောရက်များတွင်အသွား အလာအနေအထိုင်သတိထားဆင်ခြင်ကာ သရကာဂုဏ်တော်၊သမ္ဗုဒ္ဓေပွားများရွတ် ဖတ်၍သီလဆောက်တည်နေပါက အန္တရာယ်များလွတ်ကင်းပါလိမ့်မည်။ မြန်မာပြည်သူသားအပေါင်းနှင့်တိုင်းရင်း သားအပေါင်းတို့သည်ဖြစ်လာသမျှဘေး အန္တရာယ်အပေါင်းကပ်အပေါင်းမှလွယ် ကူစွာကျော်လွန်လွတ်မြောက်နိုင်ကြစေ ကြောင်းဆုမွန်ကောင်းများတောင်းလျက်။

ဆရာတိုး(စမ်းချောင်း)
Hot News Journal

အဆိုတော် မဖြစ်ရင် သတ်သေလိုက်မယ်လို့ တွေးခဲ့တဲ့ မြန်မာအဆိုတော်မလေး


ပိုပိုရဲ့ ချစ်ဖူးခဲ့သမျှ အမ်တီဗီမိတ်ဆက်ပွဲအခမ်းအနားကို ၂၇.၁၂.၂၀၁၃ ရက်နေ့က စီးတီးစတားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ အခွေ ပရိုမိုးရှင်းကို ၅.၁.၂၀၁၄မှာ ၁နာရီကနေ ၃ နာရီထိ၊ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှာလုပ်မှာဖြစ်ပြီး ပထမဆုံးလာတဲ့ ပရိသတ်အယောက်၁၀၀ကို တီရှပ်လက်ဆောင်တွေ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ နောက်ထပ်အယောက်၃၀၀ကိုတော့ ပိုပိုဆိုထားတဲ့အခွေ selection တွေလက်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီထဲကနေ ၅ယောက်ရွေးပြီး ပိုပိုနဲ့အတူ အတူညစာစားခွင့်ပေးမှာလည်း ဖြစ်ပါတယ်တဲ့။

‘ပိုဒီအခွေလေးကို စီဒီကနေ အမ်တီဗီလုပ်နေတဲ့ကြားထဲမှာ ၁ နှစ်နဲ့၃ လကြာပါတယ်ရှင့်။ MTV ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုထွန်းထွန်း၊ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗို၊ ကိုနေဒွေး၊ စူးရှ၊ မမိုခမ်း၊ ဦးဝက်မ၊ စိုးပြည့်ပြည့်စံတို့အများကြီးပဲပါပါတယ်ရှင်။ ဒါရိုက်တာတွေအနေနဲ့ကတော့ ကိုဇော်ကြီးရယ်၊ ပိုကိုယ်တိုင်လဲ ရိုက်ထားတယ်။ ဒီခွေထဲမှာဆို ကိုထွန်းထွန်းနဲ့ ဆိုထားတဲ့ သီချင်းလေး ပိုအ၇မ်းအားရတယ်။ ဟိုင်းဝေးလမ်းမှာလဲ သွားရိုက်ထားတယ်။ အိုင်ဒီယာအသစ်လေးနဲ့ပေါ့နော်။ ချစ်ဖူးခဲ့သမျှ ဆိုလဲ တကယ့်ကို ခံစားချက်အစစ်နဲ့ရိုက်ထားပါတယ်’လို့ ပိုပိုက ပြောပါတယ်။

ဂီတကို အရင်ကတည်းက ရူးသွပ်ခဲ့ရတဲ့ သူမက သူမ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ‘ဂီတကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ ၀ါသနာပါရုံဆို ဒီအဆင့်ထိတောင် ရောက်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုဖြတ်သန်းခဲ့ရတာတွေက အရမ်းကိုခက်ခဲပါတယ်။ တကယ်ကို ရူးသွပ်ပြီး မြူးဇစ်မရှိရင်မဖြစ်တဲ့အနေအထားမို့လို့ပါ။ တစ်ခါတစ်လေဆို အဆိုတော်မဖြစ်ရင် ငါသတ်သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးဝင်တဲ့အထိပါပဲ။ ဒုတိယအခွေအတွက်လဲကြိုးစားနေသလို သင်္ကြန်အခွေလေးလဲလုပ်ဖြစ်မယ်ထင်ပါတယ်။ ပိုရဲ့ပရိသတ်ကြီးအားလုံး ပိုပိုလို့သိတဲ့သူတွေကတော့ ပိုပိုဘယ်လိုလေးကြိုးစားရတယ်။သီချင်းလေးတွေက ဘာလေးတွေလဲဆိုတာကအစ သိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်ကြီးမရှိရင် ပိုပိုဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီတော့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်’လို့ဖွင့်ဟသွားပါတယ်။
Trend Myanmar

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား


Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။
ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
Yoyarlay

စာတည်းမှူး ရှုထောင့်နှင့် သတင်း ကွာဟမှု


လက်ရှိ အစိုးရ တာဝန်ယူခဲ့သည့် ကာလအတွင်း ကားလမ်း ရထားများကိုလည်း အဆင့်မြှင့်တင်ပေးလျက်ရှိပြီး ရန်ကုန်မြို့ပတ်ရထားများ၊ ဘူတာများ သပ်ရပ်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ  စာမျက်နှာ ၂ စာတည်းမှူး ရှုထောင့်တွင် ဖော်ပြထားသည်။

သို့သော်လည်း  စာမျက်နှာ ၁၅ သတင်းတပုဒ်တွင်မူ    ရန်ကုန်ဘူတာကြီးမှ အရှေ့ပိုင်း တက္ကသိုလ် ပြေးဆွဲသည့် ရထား နောက်ကျကြောင်း  ရေးထားသည်။

ညနေ ၅ နာရီ ၃၅ မိနစ်ထွက်ရန် ဖြစ်သော်လည်း ၆ နာရီကျမှ ထွက်ခွာပေးသည်ဟု ဆိုသည်။

ခရီးသည်များပြားသော်လည်း တွဲဆိုင်း ၃ ဆိုင်းသာ ရှိသဖြင့်  စက်ခေါင်းတွဲတွင် စီးနင်းနေရသည်ဟုလည်း ရေးထားသည်။
ဧရာဝတီ သတင်း

၂ဝ၁၄ မှာ စစ်တပ်က အာဏာပြန်သိမ်းမည်မဟုတ်


ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - ဧရာဝတီ)

၂ဝ၁၄ မှာ စစ်တပ်က အာဏာပြန်သိမ်းမှာမဟုတ်ဘူး တဲ့။

 မြန်မာပြည်ရဲ့ အထင်ကရအဖြစ်ဆုံး  နက္ခဗေဒပညာ စံ-ဇာဏီဘိုက အဲဒီလို ဟောကိန်းထုတ်လိုက်ပါပြီ။ရက်ပိုင်းအတွင်း ရောက်လာတော့မယ့် ၂၀၁၄ ရဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေကို မြန်မာပို့စ်ဂျာနယ်က မေးမြန်းရာမှာ သူက အဲဒီလို ပြောလိုက်တာပါ။

သူ့ကို နောက်ထပ် မေးသင့်တဲ့ မေးခွန်းက  … ၂၀၁၅ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးတို့ရဲ့ကြံ့ခိုင်ရေးပါတီ အခြေအနေမကောင်းရင်ရော စစ်တပ်အာဏာသိမ်းတာမျိုး၊ ဗိုလ်ချုပ်ကြီးတို့ တနည်းနည်းနဲ့ ကလိမ်ကျနိုင်ချေရှိသလား ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးဇာတ်ခုံဆိုတာ ဗိုလ်ချုပ်ကြီးတို့ကိုယ်တိုင် ဇာတ်ဆရာလုပ်ထားတာဆိုတော့ အာဏာမသိမ်းဘဲ အာဏာမြဲစေမယ့်အစီအစဉ်တွေ ရှိပြီးသားလို့ ဗေဒဆရာက ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။

လူပြောများနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြောင်းလည်း သူက ဟောကိန်းထုတ်ပါတယ် …

“ပုဒ်မ ၁၈ ကနေ စပြင်ရမယ်။ မပြင်လို့ မရဘူး။ ပြင်ကိုပြင်မှဖြစ်မယ်။ နောက်ထပ် အနည်းဆုံး ကိုးချက်ကို ၂၀၁၄ ထဲမှာ ပြင်ဆင်ဖြစ်မယ်” လို့ သူက မြန်မာပို့စ်ကို တွက်ချက်ပြပါတယ်။

ကဲ...  အဘတွေ အနှစ် ၂၀ လောက် အချိန်ဆွဲပြီး စိတ်ကြိုက်ရေးထားတဲ့ စာအုပ်ကြီးကို လာမယ့်နှစ်ထဲ ပြင်ကြမယ် ဆိုပဲ။

 နောက်ကွယ်က မမြင်ရတဲ့လက်မည်းကြီးတွေ ၂၀၁၄ မှာ ဘယ်လောက်အထိ လက်သွက်နိုင်ချေရှိသလဲ၊ အစွန်းရောက်သမားတွေကို လက်မည်းကြီးတွေက အသုံးချနိုင်ချေရှိသလား ဆိုတာတွေကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေပါ။

ဗေဒပညာရှင်တွေလည်း ဒါကို တွက်ချက်ကြည့်ကြမယ်လို့ ယူဆရပါတယ်။
လောလောဆယ်ဆယ်မှာတော့  … လာမယ့်နှစ်ထဲ စစ်တပ်က အာဏာပြန်သိမ်းဦးမည်မဟုတ် ဆိုတဲ့ ဟောကိန်းနဲ့ပဲ ကျေနပ်ရတော့မယ့်အခြေအနေပါပဲ။

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကလည်း နောက်ပြန်မလှည့်ဘူးလို့ဆိုထားပါတယ်။
ဒီစကားက ...  နောက်ပြန်လှည့်စရာမလိုအောင် အပိုင် လုပ်ထားပြီးပြီလို့လည်း ဆိုလိုဟန် တူပါတယ်။
ဧရာဝတီ သတင်း

Studio City Channel အား Online မှ Live ကြည့်ရန်


Nice Game TV HD Channel အား အင်တာနက်မှ live ကြည့်ရန်


AKB48 Channel အား အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရန်


Dirt Live Channel အား အင်တာနက်မှ တိုက်ရိုက်ကြည့်ရန်


Japan TV အား Online မှ တိုက်ရိုက်ကြည့်ရန်


KPOP TV Channel အား အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရန်


Fashion TV အား အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရန်


Arirang TV အား Online မှ တိုက်ရိုက်ကြည့်ရန်


မြွေတောင်ဖားတောင်ထွက် မီးသင့်ကျောက်များ တရုတ်ပို့ရန် ဈေးကောင်းပေးဝယ်


ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။            ။ မြွေတောင် ဖားတောင်ဒေသမှထွက် ရှိသည့် မီးသင့်ကျောက်များကို တရုတ် နိုင်ငံသို့ပို့ဆောင်ရန် အတွက် ဈေးကောင်းပေး၍ အဝယ်လိုက် နေကြောင်း မီးသင့်ကျောက် တူးဖော်သူဒေသခံများထံမှသိ ရသည်။  တရုတ် နိုင်ငံ မှ မီးသင့် ကျောက်များကို ပန်းပုထုလုပ် ရန်အတွက် ဝယ်ယူခြင်းဖြစ်ပြီး ကျောက်၏အရည်အသွေးပေါ် မူတည်ကာ မြန်မာငွေ ကျပ် ၁၀ သိန်းအထိပေးကာ ပွဲစားများ မှတစ်ဆင့်ဝယ်ယူနေကြောင်း မြွေတောင်ဖားတောင်အနီးရှိ မြလင်း ကျေးရွာမှ ကိုနိုင်သီဟ က ပြောသည်။

ကိုနိုင်သီဟက''တရုတ် တွေက မီးသင့်ကျောက်တွေရဲ့ အရည်အသွေးပေါ်မူတည်ပြီး ရှစ်သိန်းကိုးသိန်းကနေ ၁ဝသိန်း အထိပေးပြီး အဝယ်လိုက်နေ တော့ မီးသင့်ကျောက်ကို ဒီဒေ သကလူတွေအပြင် တခြားဒေ သကလူတွေလဲ လာတူးနေကြ တယ် ။ ဝယ်တာကတော့ ပွဲစား တွေကနေတစ်ဆင့်ဝယ်ပြီး မန္တလေးလမ်းကြောင်းကနေ တစ်ဆင့် တရုတ်နိုင်ငံကိုပို့တာ ပါ။ ပန်းပုလုပ်ငန်းမှာ အသုံးဝင် တယ်လို့ပြောကြတယ်''ဟု ပြော သည်။

ယင်းကဲ့သို့ မြွေတောင်ဖား တောင်ဒေသတွင် မီးသင့် ကျောက်များကို အလုအယက် တူးဖော်နေခြင်းကြောင့် ဒေသ ခံအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပေါ်လျက်ရှိပြီး ယင်း တို့ကို ဌာနဆိုင်ရာမှ ထိန်းသိမ်း ပေးစေလိုကြောင်း မြလင်းကျေး ရွာမှ ရပ်မိရပ်ဖဖြစ်သူ ဦးကြည် လင်းကပြောသည်။

အဆိုပါ မြွေတောင်ဖား တောင်သည် ချင်းပြည်နယ် တီးတိန်မြို့၌တည်ရှိပြီး ယင်း တောင်တွင် နီကယ်သတ္တုရိုင်း တူးဖော်ရန်အတွက် တရုတ်ပိုင် North Mining Investment  ကုမ္ပဏီမှပြင်ဆင်နေပြီး မြွေတောင်ဖားတောင်ကိုပိုင်ဆိုင် သည့် ချင်းပြည်နယ် ကို စီမံကိန်း ကာလအတွင်း ကုမ္ပဏီမှ နှစ် စဉ်ကန်ဒေါ်လာ ငါးသိန်းထောက် ပံ့ရမည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group

ပြည်ခိုင်ဖြိုးပါတီတွင်း စည်းလုံးမှု အားနည်းနေသေးကြောင်း သူရဦးရွှေမန်း ၀န်ခံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့နှင့် လက်ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း နာယကအဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုလွှတ်တော်တို့အကြား ပွတ်တိုက်မှုများရှိနေချိန်တွင် ပါတီတွင်း စည်းလုံးညီညွတ်မှု အားနည်းနေကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ၀န်ခံပြောကြားလိုက်သည်။

““ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ပါတီတွင်း၊ အစိုးရ၊ တပ်မတော်တို့ကို ဆောင်ရွက်ခဲ့ရာတွင် ထိုက်သင့်သလောက် အောင်မြင်မှုရှိသော်လည်း မျှော်လင့်ထားသလောက် မရရှိသေးသည်ကို ၀န်ခံပြောဆိုရမှာ ဖြစ်ပါတယ်””ဟု သူရဦးရွှေမန်းက ကျင်းပဆဲဖြစ်သည့် ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့အချိန်သည် နိုင်ငံအတွက် အရေးကြီးသည့်အချိန် ဖြစ်သကဲသို့ ပါတီအတွက် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ပြီး ပါတီရှင်သန်အောင်မြင်ရေးအတွက် အလွန်အရေးကြီးနေသည့်အချိန် ဖြစ်ကာ ပါတီတွင်းစည်းလုံးညီညွတ်နိုင်ရေးအတွက် ပထမအကြိမ် ပါတီညီလာခံကို ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း သူရဦးရွှေမန်းကဆက်လက်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ပွတ်တိုက်မှုများရှိနေပြီး ယမန်နှစ်က အခြေခံဥပဒေခုံရုံးနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်သည် အကြီးမားဆုံးပွတ်တိုက်မှု ဖြစ်ခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ကာလအတန်ကြာ ကျင်းပခြင်းမပြုနိုင်အောင် ဖြစ်ခဲ့ရကြောင်း ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သော  ပါတီဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုကဆိုသည်။
ပါတီတွင်း စည်းလုံးညီညွတ်နေမှု အားနည်းနေခြင်းမှာ အမှန်ပင်ဖြစ်ပြီး အထူးသဖြင့် အောက်ခြေပါတီဝင်များအကြားတွင် သဘာထားကွဲလွဲမှုများ၊ နားလည်မှုလွဲမှားခြင်းများ၊ အာဏာရှင်ဆန်ဆန် ပြုမူမှုများလည်းရှိနေသည်ကို ကြားသိနေရပြီး ယခင်က အသင်းအဖြစ် ဆောင်ရွက်စဉ်တွင် ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့ခြင်း၏ အကျိုးဆက် ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း ပါတီဗဟိုကော်မတီဝင်တစ်ဦးကလည်းပြောသည်။

““ပါတီအနေနဲ့က လက်ရှိမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါ တယ်။ အရင်ကတော့ အာဏာရှင်စနစ် ကျင့်သုံးခဲ့တာဆိုတော့ အဲဒီအရှိန်လေးကလည်း ရှိသေးတော့ ဒီလိုပွင့်လင်းလာတဲ့အချိန်မှာ နည်းနည်းလေး စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့သဘောပါ။ ဒါကို စိုးရိမ်ဖို့တော့ မဟုတ်ပေမယ့် ပြုပြင်ရမယ့်အပိုင်းပါ””ဟု ၄င်းကဆိုသည်။

7 Day Daily

လှိုင်သာယာရှိ ကျူးကျော်တဲထိုးသူများ ဒေါ်အောင်ဆန်းစုကြည်နာမည်သုံး


လှိုင်သာယာမြို့နယ် ပန်းလှိုင်မြစ်ကူးတံတားအနီး ကျူးကျော်တဲထိုးသူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျူးကျော်တဲများ ဆောက်ခွင့်ပြုသည်ဟုဆိုကာ ကျူးကျော်တဲ အလုံးရေ တစ်ထောင်ကျော် ထိုးထားပြီး ရွှေလင်ပန်းစက်မှုဇုန်အနီးတွင်လည်း အခြားကျူးကျော်တဲထိုးသူများက ကျူးကျော်တဲ အလုံးရေ တစ်ထောင်ကျော် ထိုးထားကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်တဲများ ၀င်ရောက်ဆောက်လုပ်နေမှုကို အာဏာပိုင်များက တားဆီးနိုင်ခြင်းမရှိ၍ ကျူးကျော်တဲ ဆောက်လုပ်သူများက နေ့ရော၊ ညပါ ၀င်ရောက်ဆောက်လုပ်နေကြသည်။ ကျူးကျော်တဲ(အသစ်)အလုံးရေ နှစ်ထောင်ဝန်းကျင်အထိ ရှိလာပြီး ဒေသခံများနှင့်လည်း မကြာခဏ ပြဿနာဖြစ်ပွားလျက်ရှိသည်။

ပန်းလှိုင်မြစ်ကူးတံတားအနီး နေရာများနှင့် တွံတေးမြို့သို့သွားရာ လမ်းဘေးမြေနေရာများတွင် ကျူးကျော်တဲထိုးသူများက ဒီဇင်ဘာတွင် တဲအလုံးရေ တစ်ထောင်ကျော် ၀င်ရောက်ဆောက်ထားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က ကျူးကျော်တဲထိုးခွင့်ပြုသောကြောင့် ကျူးကျော်တဲများ ထိုးရခြင်းဖြစ်ကြောင်း ပန်းလှိုင်မြစ်ကူးတံတားအနီး ကျူးကျော်တဲထိုးသူများကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၄ ရက်တွင် ကော့မှူးမြို့နယ်သို့ သွားရောက်ပြီး အပြန်တွင် ပန်းလှိုင်မြစ်ကူးတံတားအနီး  ကျူးကျော်တဲထိုးသူများက ဒေါ်အောင်ဆန်းစုကြည်ကားကို လမ်းပိတ်ဆို့တားဆီးကာ ၎င်းတို့၏ အခက်အခဲများကို ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ကားပေါ်မှ မဆင်းဘဲ ကားမှန်ချကာ ကျူးကျော်တဲထိုးသူများ ပြောသည့် စကားများကိုသာ နားထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိဟု သတင်းရရှိသည်။
““ဒီမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဆောက်ခိုင်းလို့ဆိုပြီး တဲတွေဆောက်နေကြတာ။ သူတို့ကတော့ အဲဒီလိုပြောပြီး ဆောက်နေတာပဲ””ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ကိုကျော်စိုးကပြောသည်။

ကျူးကျော်တဲထိုးသူများသည် တွံတေးမြို့နယ်ပိုင် မြေကွက်များပေါ်သို့ လာရောက်၍ ကျူးကျော်တဲများ ထိုးခြင်းကြောင့် ဒီဇင်ဘာ ၁၂ ရက်တွင် တွံတေးမြို့နယ်ရဲတပ်ဖွဲ့အပါအ၀င် ဒေသခံများနှင့် ကျူးကျော်တဲထိုးသူများ ထိပ်တိုက်တွေ့ခဲ့သည်။

လှိုင်သာယာမြို့နယ်တစ်ခုလုံးတွင် ယခင်ကတည်းက ကျူးကျော်တဲထိုးနေထိုင်သည့် တဲအလုံးရေ ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ယခု ကျူးကျော်တဲထိုးနေသည့် တဲအလုံးရေ နှစ်ထောင်ဝန်းကျင်ခန့်ရှိနေသည်။ ယခင်က လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လမ်းဘေးနေရာများ၊ မြောင်းဘေးနေရာများတွင် ကျူးကျော်တဲများ ထိုးနေရာမှ ယခုအခါ ကျူးကျော်တဲထိုးသူများက အိုးအိမ်ပိုင်မြေနေရာများ၊ စက်ရုံပိုင်မြေနေရာများ၊ ဒေသခံလယ်သမားများပိုင် မြေနေရာများပါ ကျူးကျော်တဲများ ၀င်ရောက်ဆောက်လုပ်လာခြင်းဖြစ်သည်။
““ကျူးကျော်တဲထိုးတဲ့သူတွေကို အကြမ်းဖက်ပြီး မဖြေရှင်းပါဘူး။ တရားဥပဒေအရပဲ အရေးယူဆောင်ရွက်သွားမှာပါ””ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက် ညတွင် ယောအတွင်းဝန်ဦးဘိုးလှိုင်လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင်ရှိသော မြေနေရာများကို ကျူးကျော်များက ၀င်ရောက်ကာ တဲများထိုး၍ ရွှေလင်ပန်းဒေသခံ ရွာသားများနှင့် ကျူးကျော်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက် ညတွင်လည်း ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအနီးတွင် ကျူးကျော်များက ၀င်ရောက်၍ တဲများထိုးသောကြောင့် ရွှေလင်ပန်းရွာသားများနှင့် ရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွားခဲ့သည်။

ကျူးကျော်တဲထိုးသူများသည် ၎င်းတို့တဲများ ထိုးပြီးသွားပါက နောက်ထပ်ကျူးကျော်များထံ ပြန်လည်၍ ငှားခြင်း၊ ရောင်းချခြင်း စသည်တို့ ပြုလုပ်နေခြင်းကြောင့် နေရာအနှံ့အပြားတွင် ကျူးကျော်တဲများ လိုက်လံထိုးနေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဒေသခံများက ပြောသည်။
ကျူးကျော်တဲထိုးသူအများစုသည် ဧရာဝတီတိုင်းမှဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်မဲ့များဖြစ်ကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကာ ကျပန်းလုပ်ကိုင်နေသူများဖြစ်သည်။ ၎င်းတို့သည် လှိုင်သာယာမြို့နယ်တွင် အိမ်ငှားဖြင့် နေထိုင်ကြသူများဖြစ်သည်။ အိမ်ငှားခပေးရန်အတွက် အခက်အခဲရှိသောကြောင့် ယခုကဲ့သို့ ကျူးကျော်တဲများ ထိုးရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
““ကျူးကျော်တွေကို ဘယ်လိုမျိုးအရေးယူရမယ်ဆိုတာ ဆွေးနွေးနေကြပါတယ်””ဟု လှိုင်သာယာမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

7 Day Daily

ရထားပို့ဆောင်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသိစေရန် (ပေးစာ)


ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်း ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲများ ဖြစ်ကြသော မိထ္တီလာ၊ မကွေး၊ ပြည်၊ ပန်းတောင်း၊ မင်းလှနှင့် ဟင်္သာတတို့မှ ကားအစီးရေ စုစုပေါင်း ၁၅၀ ကျော်မှ ကုန်စည် ပို့ဆောင်ရေး (ကပရ ) ယာဉ်မောင်းများ ကြုံတွေ့ နေရသော အခက်အခဲများကို သစ်ထူးလွင် သတင်းဌာနမှ တဆင့် တင်ပြ အပ်ပါသည်။

အောက်ခြေ (ကပရ) ယာဉ်မောင်းများ၏ အခက်အခဲ ပြဿနာ (၄) ချက်ရှိပါသည်။

မကွေးတိုင်းအတွင်းမှထွက်ရှိသည့် ကြံများကို တောင်တွင်းကြီးမြို့နယ် ကံလှသကြားစက်သို့ ပို့ဆောင်ပေးရန်အတွက် သကြားစက်နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူးတို့ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

ထိုသို့ချုပ်ဆိုရာတွင် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူးမှာ တပ်ထဲမှ အရပ်ဖက်သို့ ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့လာသည့် လုပ်ငန်းကျွမ်းကျင်မှုမရှိသည့် မိုးကျရွှေကိုယ် ဖြစ်နေသည့်အတွက် စာချုပ်တွင် ကပရ အောက်ခြေယာဉ်မောင်းများအတွက် များစွာနစ်နာမှုများ ဖြစ်ခဲ့ပါသည်။

၁။ ညွန်ကြားရေးမှူးနှင့် စက်ရုံတို့ ချုပ်ဆိုသည့်စာချုပ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် စက်ရုံဘက်မှ တာဝန်ယူပေးရန် ထည့်သွင်းမချုပ်ဆိုခဲ့မိသဖြင့် ယခုအခါ ကားလမ်းမကောင်း၍ ကားသမားများမှ ကားလမ်းများကို ကိုယ်ဖာသာကိုပြင်ပြီး မောင်းနေရသလို သတ်မှတ်ကုန်စည်တန်ချိန်ပြည့်မှီအောင် မတင်နိုင်ကြပါ။ ထို့ကြောင့် ကားသမားများမှာ များစွာ အခက်တွေ့နေရပါသည်။

၂။ ဌာနမှလက်ခံထားသည့်လုပ်ငန်းများကို လုပ်ကိုင်နေရသော်လည်း (ကပရ) ယာဉ်မောင်းဝန်ထမ်းများမှာ သက်ဆိုင်ရာဝန်ကြီးဌာနကို ( တလလျှင် ကားအသုံးပြုခ ကျပ်သုံးသိန်းခွဲ ) တရက်လျှင် ပျမ်းမျှနှုန်း ၁၂၀၀၀ ပေးသွင်းနေရပါသည်။ ကားပြင်ဆင်ရက်မပေးသည့်အပြင် ကားပျက်၍ပြင်ဆင်နေ့သည့် ရက်များတွင်လည်း နေ့စဉ် ၁၂၀၀၀ ပေးသွင်းနေရပါသည်။ ( ကားပြင်ရက်မပေးပါ။)

၃။ ကံလှသကြားစက်မှာ တလလျှင် ပျမ်းမျှ (၆)ရက်ခန့် စက်ရုံပိတ်ပါသည်။ စက်ရုံပိတ်ရက်များတွင်လည်း (ကပရ)ကားများကို ပြင်ပလုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုပဲ စက်ရုံဝင်းအတွင်း သော့ပိတ်ထားပါသည်။ ၎င်းနေ့ရက်များအတွက်ပါ ကားသမားများမှာ ကျပ်(၁၂၀၀၀) ပေးသွင်းရပါသည်။

၎။ (ကပရ) ယာဉ်မောင်းဝန်ထမ်းများမှ ရရှိသည့် သယ်ယူပို့ဆောင်စရိတ်များ (ခေါက်ကြေး) ထုတ်ပေးသည့်အခါ ၅% ( ၅ ရာခိုင်နှုန်း) ကို လူကြီးများအသုံးစရိတ်ဟုပြောကာ ဖြတ်တောက်ခံရပါသည်။ ထိုဖြတ်တောက်ငွေပမာဏမှာ တလလျှင် ကျပ်(၄၅) သိန်း ( လေးဆယ့်ငါးသိန်း) ခန့်ရှိပါသည်။

အဆိုပါ အခက်အခဲများအား ရထားပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အမြန်ဆုံးကူညီဖြေရှင်းပေးပါရန် သစ်ထူးလွင်သတင်းဌာနမှတဆင့် တင်ပြတောင်းဆို အပ်ပါသည်။

ကံလှသကြားစက်သို့ ကြံများမောင်းပို့နေရသည့်

ကုန်စည်ပို့ဆောင်ရေး (ကပရ ) ယာဉ်မောင်းများ

ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ မြေမြုပ်မိုင်း တွေ့


မြန်မာ-ဘင်္ဂ္လား နယ်စပ်မှာ မြန်မာဘက်က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဘင်္ဂ္လာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီး ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

အခုရှာဖွေတွေရှိပြီး ဖယ်ရှားခဲ့ရတဲ့ မြေမြုပ်မိုင်းက ၃၉ လုံးတောင်ရှိတယ်လို့ ပြောပါတယ်။

တွေ့ရှိတဲ့ နေရာကတော့ မြန်မာဘက်ကဆိုရင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘင်္ဂ္လားဒေ့ရှ် ဘက်ကဆိုရင် ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီ မြို့နယ်အတွင်းက နယ်စပ်မှတ် တိုင် (၄၄) အနီး နှစ်နိုင်ငံ စည်းရိုးမျဉ်းထဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ အပတ်အတွင်းက ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂ္လား အာဏာပိုင်တွေက ဆိုပါတယ်။

ဒီမြေမြုပ်မိုင်းနဲ့ပတ်သက်ပြီ ကော့စ်ဘဇားမြို့မှ အစိုးရ ရုပ်သံဌာန အကြီးအကဲ တစ်ဦးက ဒီကနေ့ထုတ်တဲ့ ဘင်္ဂ္လာဒေခ့်ျ သတင်းစာတွေမှာ မြန်မာဘက်က နယ်စပ်မှာ မြေမြုပ်တွေ ထောင်နေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြကြပါတယ်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် ဘီဂျီဘီအမှတ် (၃၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ချာဖေကူလ် ရာဟာမန်ကတော့ မိုင်း ၃၉ လုံးကို ဖယ်ရှားခဲ့တာဆိုတာ ဟုတ်မှန်တယ်လို့ အတည်ပြု ပြောကြားပြီး ယခု နယ်စပ် စည်းရိုးမျဉ်းအတွင်း မိုင်းထောင်ခြင်းမှာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်ဖြစ်တဲ့ အတွက် မြန်မာဘက်ကို သတိပေး ကန့်ကွက်မူများ ပြုလုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီလိုနယ်စပ်မှာ မိုင်းထောင်တဲ့ အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို သူက ပြောကြားရာမှာ အခုလို နှစ်နိုင်ငံ နယ်စပ်မှာ မြန်မာဘက်က မြေမြုပ်မိုင်းတွေ ထောင်နေတဲ့ အတွက် ဆက်ဆံရေး ကောင်းမွန် နေတဲ့ နှစ်နိုင်ငံအကြားမှာ အဖုအထစ်တွေလည်း ပေါ်ပေါက်နိုင်တယ် ဆိုပါတယ်။

မြန်မာဘက်က နယ်စပ်မှာ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေ ပျောက်ကွယ်နေခဲ့တာ ၁၀ စုနှစ် တစ်ခု နီးပါး ရှိနေပြီး အခု စွပ်စွဲချက်က အသစ် ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်တောခရိုင်ရဲမှူးကြီးကို ဆက်သွယ်ပေမယ့် အဆက်အသွယ် ရရှိခြင်းမရှိတဲ့ အတွက် မြန်မာဘက်က သဘောထားကိုတော့ သိရှိနိုင်ခြင်း မရှိခဲ့ပါဘူး။

BBC Burmese

၈၈ မျိုးဆက် ခေါင်းဆောင်များ ဆန္ဒပြမည့်ရက် တစ်ရက်နောက်ဆုတ်


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီး တရားစွဲဆိုသော ပုဒ်မ ၁၈ နှင့်ပုဒ်မ ၅၀၅ (ခ) တို့ကို ရုပ်သိမ်းပေးရန်အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင် ဆန္ဒထုတ်ဖော်မည့် နေ့ရက်ကို မူလ သတ်မှတ်ထားသည်ထက် တစ်ရက် နောက်ဆုတ် လိုက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက ပြောကြားသည်။

၈၈ မျိုးဆက်များ အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၅၉ ဖွဲ့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် လွတ်လပ်ရေးနေ့ ဖြစ်သောကြောင့် ရွှေ့ဆိုင်းပေးရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက ပြောကြားသောကြောင့် ယင်းနေ့တွင် ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်ဘဲ ဇန်နဝါရီလ ၅ ရက်နေ့မှ ဆန္ဒထုတ်ဖော်ရန် ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့က အခါကြီးရက်ကြီး ဖြစ်နေလို့ တခြားရက် ပြောင်းပေးဖို့ လာပြောလို့ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီး ရွှေ့လိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျအရာရှိ မရှိကြောင်း ပြန်လည် ဖြေကြားသည်။

လူ့အခွင့်ရေး တက်ကြွ လှုပ်ရှားသူများ ဖမ်းဆီးတရားစွဲဆို ခံရသော အဆိုပါ ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) စသည့် ပုဒ်မများကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကျဉ်းသားများကို ၂၀၁၃ နှစ် မကုန်မီ အကြွင်းမဲ့ လွှတ်ပေးရေးမှာ မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုထားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား ၃၀၀ ခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။

The Voice Weekly Myanmar

NLD အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ဗဟိုအစိုးရ လုပ်ပိုင်ခွင့်များ လျှော့ချ ထားဟုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် ချုပ်ကိုင်မှုများ လျှော့ချနိုင်မည့် ပုဒ်မများကို အများဆုံး ထည့်သွင်း ထားကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၆၈ ချက်တွင် တိုင်းရင်းသား ဒေသများ၏ လုပ်ပိုင်ခွင့် ပိုမိုရရှိစေမည့် အချက်အများဆုံး ပါဝင်ကြောင်း ၎င်းကဆိုသည်။
“ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတဲ့ အချက်တော်တော်များများ ကို ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း၁၄ ခန်းမှ ပြင်ဆင်ချက် ၁၆၈ ချက်ကို NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် အတည်ပြုထားပြီး ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့မည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ပြုလုပ် လျက်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီက ထုတ်ပြန် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်း ပေးထားသော ကိုယ်စားလှယ် ၁၀၉ ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရန် အဆိုပါ ပါတီက ထုတ်ပြန် ကြေညာ ထားသည်။

The Voice Weekly Myanmar

စက်လှေမှောက်၍ ကျောက်ဖြူတွင် အမျိုးသမီး ၁၇ ဦး သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကျောက်ဖြူမြို့နှင့် ရှစ်မိုင်ခန့် ဝေးကွာသည့် ဆင်ဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာမှ ထင်းခုတ်၍ ပြန်လာသည့် စက်လှေသည် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းက တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ပြောကြားသည်။

ယင်းစက်လှေ၌ ထင်းခုတ်သွားရန် လိုက်ပါသွားသူ ၄၉ ဦးအနက် စက်တပ်ရေယာဉ်၏ စက်ခန်းအနီးတွင် လိုက်ပါလာသူ ၁၅ ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်ရရှိခဲ့ရာ ယင်းနေ့တွင် ၁၆ ဦးကို သင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်ဦးကို ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်ကြောင်း ၎င်းကဆိုသည်။

ယင်းလှေပေါ်တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄၀ ဦး လိုက်ပါလာသည်။
“ထင်းတွေကို ဝမ်းဗိုက်ထဲ မထည့်ဘူး။ ခေါင်းမိုးပေါ် တင်လာတယ်။ စက်လှေ ဝိတ်မမျှတော့ ရွာကိုရောက်ဖို့ နှစ်မိုင်အလိုမှာ လူးပြီးမှောက်တယ်” ဟု စခန်းမှူးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်လှေပိုင်ရှင်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀/၃၀၄ - (က) နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly Myanmar

ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကားတပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား


ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေသည့်အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆိုတိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။

ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ နှလုံးရောဂါသည် ဝေဒနာရှင်တစ်ဦးဓာတ် လှေကားညပ်ကာ သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်အား လမ်းမတော်မြို့မရဲစခန်းက ပဏာမစစ်ဆေးချက်အရ နှလုံးရောဂါဖြင့်သေဆုံးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

““ဒီဖြစ်စဉ်က ဓမ္မတာအတိုင်း သေတာမဟုတ်ပါဘူး။ ဓာတ်လှေကားတပ်ဆင်ပေးတဲ့သူမှာ တာဝန်ရှိပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ တရားလိုလုပ်ပြီးတိုင်လို့ရပါတယ်””ဟု ဦးမြင့်အေးက ပြောသည်။
လူနာသေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ဓာတ်လှေကားမှာ ၁၉၈၄ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီး ဌာနက တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်အရှိဆုံးဖြစ်ပြီး ယင်းဌာနသို့ တရားစွဲဆိုနိုင်ကြောင်း ၎င်းကပြောသည်။

သေဆုံးသူအသက် (၂၆) နှစ် အရွယ် ကိုအောင်ဇော်မျိုးသည် မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း သီတဂူဆရာတော်ကြီးအစီအစဉ်ဖြင့် ပြန်လာခဲ့သူဖြစ်ပြီး မလေးရှားမှ ပြန်လာစဉ်ကတည်းကပင် နှလုံးရောဂါဝေဒနာရှင်ဖြစ်၍ နိုဝင်ဘာ ၅ ရက်တွင် ဂျပန်ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည်။ အခင်းဖြစ်ပွားခဲ့သည့်အချိန်က ၎င်းအားပထမထပ်တွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ၎င်းနေထိုင်ရာ ဒုတိယထပ်သို့ လူနာတင်လှည်းဖြင့်တင်ခေါ်၍ ဓာတ်လှေကားဖြင့် ပို့ဆောင်ခဲ့သည်။ ဒုတိယအထပ်သို့အရောက်တွင် ဓာတ်လှေကားမှာ ရုတ်တရက်စက်ချို့ယွင်းပြီး အပေါ်သို့ ထိုးတက်သွားကာ လူနာမှာ လူနာတင်လှည်းနှင့်အတူ တံခါးဘောင်ဖြင့် ညပ်၍ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခြင်းဖြစ်သည်။

““တရားရုံးစစ်ဆေးချက်က ဘယ်လိုအဖြေထွက်လာသလဲဆိုတာ အဓိကပါ။ ဆေးရုံကလူနာ ဓာတ်လှေကားညပ်ပြီး သေဆုံးရတဲ့ဖြစ်စဉ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်””ဟု ဥပဒေပညာရှင်ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ရဲစခန်းက သေဆုံးသူလူနာမှာ နှလုံးရောဂါကြောင့် သေဆုံးသည်ဟု ပဏာမ သတင်းထုတ်ပြန်ထားသော်လည်း နှလုံးရောဂါမရှိသည့် သာမန်လူနာတစ်ဦးပင်လျှင် အဆိုပါဖြစ်စဉ်မျိုး ရင်ဆိုင်ရပါက ရရှိသည့်ဒဏ်ရာဖြင့်ပင် သေဆုံးနိုင်ကြောင်း နှလုံးရောဂါအထူးကုဆရာဝန် ဒေါက်တာ မြင့်ကြွယ်က သုံးသပ်ပြောကြားသည်။

ဓာတ်လှေကားညပ်ခဲ့မှုကြောင့် သေဆုံးသူမှာ ၀ဲနှင့်ယာဘက်ဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးရှိ အလှည့်ကျဆရာဝန်၏ ပဏာမစစ်ဆေးချက်အရ ၎င်းသည် နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
““အခုတော့ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ အတည်မပြုရသေးဘူး။ ဆေးစာပြန်ပြီးမှ ဘယ်လိုကြောင့် သေတယ်ဆိုတာ သေချာစစ်ဆေးမှာပါ။ အကယ်၍ ရောဂါကြောင့် သေတယ်ဆိုရင်တော့ သေမှုသေခင်းပဲ ဖွင့်မှာပါ။ သေမှုသေခင်းဆိုရင်တော့ နောက်ပိုင်း အမှုပိတ်ရင် ပိတ်မှာပေါ့”” ဟု လမ်းမတော်မြို့နယ် ရဲခစန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် - ၇/၁၃ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးကို ပုံစံ အမျိုးမျိုးဖြင့် အသွင်ယူဆောင်ရွက်နေ


ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။         ။ နိုင်ငံ တော်အဆင့် လုံခြုံရေးကိစ္စများ နှင့်ပတ်သက်ပြီး လုံခြုံရေးပိုင်း တွင် တာဝန်ယူ ထားရသူများ သည် ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးတွင် ပုံစံအမျိုးမျိုးဖြင့် အသွင်ယူကာ လုံခြုံရေးကိစ္စများ ကို ဆောင်ရွက်နေ ပြီး ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အသွင်ယူစုံ စမ်းထောက်လှမ်းနေသူများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့အနေဖြင့် ပုဂ္ဂိုလ်ရေး ကိစ္စများကို ထောက်လှမ်းခြင်း မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေး နှင့်သက်ဆိုင်သော သတင်းများ ကို ပြည်သူများကြားမှ သိရှိစေ ရန်နှင့် ရရှိ လာသော သတင်း များကို ဌာနမှ တာဝန်ရှိသူများ သို့ တင်ပြရန် ယင်းကဲ့သို့ စေ လွှတ်ထားခြင်းဖြစ်ကြောင်း ယင်း က ဆက်လက်ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး အ ဆင့်မြင့်အရာရှိက ''ပုံစံမျိုးစုံနဲ့ သတင်းတွေကို စုံစမ်းဖို့ ထည့် ထားပါတယ်။ နိုင်ငံတော်လုံခြုံ ရေးအတွက် ပြုလုပ်ထားတဲ့ သဘောပါ။ ဒီလိုမျိုး လုပ်တဲ့ အတွက်လဲ အများပြည်သူတွေ ကို ဘာအနှောင့်အယှက်မှ မဖြစ်စေပါ ဘူး။ သတင်း တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က တာဝန် ရှိသူတွေကို ဒီလို အများဆုံး အသွင်ယူပြီး ထောက်လှမ်းမှု တွေ လုပ်ခိုင်းထားပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတော် အတွက် လျှို့ဝှက်စုံစမ်းမှုများ ပြုလုပ်သည်မှာ ကောင်းမွန်သော် လည်း ယင်းကိစ္စသည် ပြည်သူ များအတွက် အနှောင့်အယှက် မဖြစ်သင့်ကြောင်း တရားလွှတ် တော်ရှေ့နေတစ်ဦးက ပြော သည်။ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''ထောက်လှမ်းရေးဆို ပြည်သူတွေက အလိုလိုလန့်နေ တာ။ အရင်ထောက်လှမ်းရေး ခေတ်က ထောက်လှမ်းရေးတွေ မကောင်းလို့ ပြည်သူတော်တော် များများ ဒုက္ခရောက်ခဲ့ပြီးပြီ။ ဘယ်လိုပဲ ထောက်လှမ်းထောက် လှမ်း ပြည်သူတွေ အတွက် ဖြစ်ဖို့ အရေးကြီးတယ်''ဟု ထောက်ပြ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဆီးဂိမ်းကာလ အတွင်းကလည်း ရဲအရာရှိသင် တန်းသားတချို့ အရပ်ဝတ်အ သွင်ယူကာ နိုင်ငံတော်အတွက် လုံခြုံရေးသတင်းများ ထောက် လှမ်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်းတစ်ခုမှ အသွင် ယူကာ တက္ကစီမောင်းနေသည့် စမ်းချောင်းရဲစခန်းမှ ရဲဝန်ထမ်း ယာဉ်မောင်းတစ်ဦးက ''ကျွန် တော်တို့က ကျရာနေရာမှာ တာ ဝန်ထမ်းဆောင်ရတယ်။ အခုဆို တက္ကစီသမားပေါ့။ နောက်တစ် ပတ်ဆိုရင် ကလေးတွေကျောင်း နားမှာ မုန့်ရောင်း တဲ့သူ ဖြစ်ချင် ဖြစ်မယ်။ ကျောင်းသား ဒါမှ မဟုတ် ဝန်ထမ်းတစ်ယောက်လဲ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ တာဝန်အပေါ်မူတည်ပြီး ကွဲပြား တာ''ဟု ပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group

လှမ်းလာခဲ့ပါ ဒို့ရဲ့နာဂရိုးရာ နှစ်သစ်ကူးပွဲတော်


မုံရွာ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုဘွား နာဂတိုင်းရင်းသားများသည် မြန်မာနိုင်ငံ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များတွင် နေထိုင်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ (အထက်ပိုင်း) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သည် နာဂလူမျိုးတို့ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခု ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်အကြီးအကဲများ၊ အနယ်နယ်ရပ်မှ လေ့လာလိုသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြား ခရီးသွားများ၊ ဒေသခံတိုင်းရင်းသား/တိုင်းရင်းသူများအခြား စိတ်ပါဝင်စားသူများ လာရောက် ကြတယ်လို့ သိရပါတယ်။

မိုးရာသီဆိုလျှင် လဟယ်နှင့် လေရှီးမြို့များမှ ခန္တီးမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်လျှင် အသွားတစ် ကြောင်းလျှင် ကျပ် ၄ သောင်းပေးရပြီး အသွားအပြန် ကျပ် ၈၀၀၀၀ ပေးရကြောင်း သိရသည်။

နာဂပွဲတော်သို့ သွားရောက်လိုသူများသည် လေကြောင်းမှ သွားလိုပါက ခန္တီးမြို့အထိ လေယာဉ်ဖြင့် သွားရောက်နိုင်ပြီး ခန္တီးမြို့မှတဆင့် နန်းယွန်းမြို့သို့ ဆက်လက်သွားရောက်ရမည် ဖြစ်သည်။

အကယ်၍ ရေကြောင်းမှ သွား ရောက်မည် ဆိုပါက မုံရွာမြို့မှ ခန္တီးမြို့အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်ဖြင့် သွားရောက် ၍ ခန္တီးမြို့မှ တဆင့် နန်းယွန်းမြို့သို့ ဆက်လက်သွားရောက်ရမည် ဖြစ်သည်။

MOI Webportal Myanmar

ဒလမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊ အုပ်ချုပ်ရေးမှူးကို အရေးယူ


ဒီဇင်ဘာ ၃၀၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင် ကျွမ်းမှုတစ်ခု ဒီဇင်ဘာ ၂၉ ရက် နံနက် ၁နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ ပေ ၃၀ × ပေ ၂၀ရှိသွပ်မိုး အုတ်ညှပ်ရုံးအဆောက်အအုံတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါညက ရုံးချိန်အပြီးတွင် ရုံးခန်းပိတ်သွားသော်လည်း မီးအားမြှင့်စက်အား ပိတ်ခဲ့ခြင်း မရှိသဖြင့် အပူလွန်ကဲမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါရုံးတွင် ညအိပ်ရုံးစောင့်မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ်တွင် ညအချိန်မတော်ဖြစ်သော်လည်း အောင်မင်္ဂလာရပ်ကွက်၊ ရှင်စောပု လမ်းမှ ကြည်ဖြူအပေါင်ဆိုင်တွင် ခရစ်စမတ်ပွဲတော်အဖြစ် ကျင်းပနေသည့် လူငယ်များက နံနက်ပိုင်း ကျွေးမွေးလှူဒါန်းရန် ချက်ပြုတ်နေကြစဉ် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေသည်ကိုသိရှိ ပြီး သက်ဆိုင်ရာ မီးသတ်ဦးစီးသို့ အကြောင်းကြားကာ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးအပါအ၀င် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင် ကိုးဦး၊ အရန်မီးသတ်များ၊ ရပ်ကွက်နေ ပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ရပ်ကွက်ရှိ နေအိမ်များသို့ မီးမကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် နံနက် ၂နာရီ ၅ မိနစ်တွင် မီးညွန့်ကြိုးသွားပြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ခုနစ်သိန်းငါးသောင်းခန့် ရှိသည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိုသည်။ အဆိုပါ မီးလောင်မှုကြောင့် လူအသေအပျောက် မရှိခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးကို မီးပေါ့ ဆစွာ အသုံးပြုမှုအတွက် ဒလမြို့နယ် မြို့မရဲစခန်းက (ပ) ၅၆၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ကျော်ကြား (ဒလ)
Mizzima Burmese

၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ


ဒီဇင်ဘာ ၃၀၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် မြို့ပေါ်တွင် ဈေးရောင်းနေသည့် အသက် (၃၈)နှစ်အရွယ် ကလေးငယ်ဖခင်ကို တစ်ခြံ တည်းနေထိုင်သူက သမီးငယ်ဖြစ်သူမှာ နေအိမ်တွင် မရှိကြောင်းလာရောက်အသိပေးခဲ့ရာမှတစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်လာစဉ်တွင် သမီးငယ်ဖြစ်သူကို Max ဓာတ်ဆီအရောင်းဆိုင်ရှေ့အရောက် တွင် တွေ့ရှိခဲ့သဖြင့် ယင်း၏ဈေးဆိုင်သို့ ခေါ်ယူပြီး မေးမြန်းခဲ့သည်ဟု ဖခင်ဖြစ်သူက ရဲစခန်းသို့ အမှု ဖွင့်ရာတွင် ပြောဆိုထားသည်။

သမီးဖြစ်သူက ပြောပြရာတွင်လည်း နေအိမ်တွင် တစ်ဦးတည်း အိပ်ပျော်နေစဉ် ညသန်းခေါင်အချိန်၌ တစ်ခြံတည်းနေ သက်ပိုင်ဦး (၁၈)နှစ်က နေအိမ်နောက်ဘက် မြေပြင်ပေါ်သို့ ခေါ်သွားကာ သားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို သားမယားပြုကျင့်ခဲ့သူအပေါ် အရေးယူပေးရန် ဒီဇင်ဘာ ၂၈ ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် လှည်းကူးရဲစခန်းက (ပ) ၅၇၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး အဓမ္မပြု ကျင့်သူအဖြစ် စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေကာ အမှန်တကယ်ပြစ်မှု ကျူးလွန် ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese

လပွတ္တာ ကန်ဘဲ့ ရွာလုံးကျွတ်မီးလောင်


ရန်ကုန် ဒီဇင်ဘာ၃၀

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘဲ့ကျေးရွာတွင် ဒီဇင်လာလ ၃၀ရက် မနက် ၂နာရီ၁၀ ခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ ရွာလုံးကျွတ် နီးပါးမီးထဲပါသွားကြောင်း ဒေသခံများက ပြောကြားသည်။

ကနဦးသတင်းများအရ မုန့်ဟင်းခါးဖိုမှတဆင့် လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ခြေ ၂၁၃အိမ်ခန့် မီးထဲပါသွားကြောင်း လပွတ္တာ မြို့နယ်အုပ်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။

တာဝန်ရှိလူကြီးများ ကန်ဘဲ့သို့ ဆင်းသွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သတင်းအချက်အလက်များ စိစစ်နေဆဲ ဖြစ်၍အသေးစိတ်ပြောဆိုရန်အခက်အခဲရှိသည်ဟု ၎င်းကဆိုသည်။

ကမ်းနားလမ်းရှိ အထည်ဆိုင်များ၊ ဆန်ဆိုင်များ၊ သံထည်ဆိုင်များ အကုန်လောင်ကျွမ်းသွားပြီး သိုလှောင်ထားသည့် လောင်စာဆီ ပီပါများ ပေါက် ကွဲမှု ရှိခဲ့ကြောင်း ဆန်ဆိုင်မီးထဲပါသွားသူ ဦးဘိုဘိုက ပြောကြားသည်။

“လောင်စရာမရှိလို့ ငြိမ်းသွား ငြိမ်းလို့ ငြိမ်းတာမဟုတ်”ဟု ခြောက်ကောင်ခွဲ အင်ဂျင်နှင့် ကြိုးစားမီးငြိမ်းသတ်ခဲ့သူ ဦးဘိုဘိုက ဆိုသည်။

လက်ရှိ မီးဘေးဒုက္ခသည်အများစုကို မဟာအောင်မြေဇံကျောင်းတွင် နေရာချပြီး လယ်ကွင်းများ နေထိုင်သူများရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

People power

ရွေးကောက်ပွဲစနစ် ပြင်ဆင်ပါက မြန်မာ့နိုင်ငံရေး အကျပ်အတည်း လွတ်မြောက်နိုင်ဖွယ်ရှိဟု လာရီဒိုင်းမွန်းဆို


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေသည် ဆိုသော မြန်မာနိုင်ငံအနေနှင့် လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲ စနစ် ပြင်ဆင်နိုင်ပါက လတ်တလော ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများမှ လွတ်မြောက်နိုင်ဖွယ် ရှိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လာရီဒိုင်းမွန်းက ပြောကြားသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် “မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးပဋိညာဉ် မရှိခြင်း အန္တရာယ်” အမည်ရှိ ဟောပြော ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု စတန်းဖို့စ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦး ဖြစ်သူ လာရီဒိုင်းမွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေတွင် တပ်မတော်က ကျောထောက်နောက်ခံ ပြုထားသည့် ပါတီကို အကာအကွယ် ပေးနိုင်မည့် အချက်အလက်များ ထည့်သွင်း ထားခြင်းကြောင့် မြန်မာနိုင်ငံရေး အကျပ်အတည်းများ ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အချက်များသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့သည့် ယခင်အစိုးရ ခေါင်းဆောင်များ ပါဝင်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကဲ့သို့ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်မည်ကို ကြိုတင် ကာကွယ်သည့် အနေနှင့် အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အုပ်စိုးသူနဲ့ အတိုက်အခံအကြား နှစ်ဖက် အပြန်အလှန် ယုံကြည်မှုရဖို့နဲ့ လက်ရှိကြုံနေတဲ့ နိုင်ငံရေး အကျပ်အတည်းက လွတ်ဖို့ ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့် သုံးခြင်းက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်” ဟု လာရီဒိုင်းမွန်းက ရှင်းပြသည်။

ရွေးကောက်ပွဲစနစ်တွင် PR ကို ကျင့်သုံးခြင်းမှာ ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရေး အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အကူးအပြောင်း ကာလတွင် ဦးစားပေး အနေနှင့် သတ်မှတ်ရန် သင့် မသင့်ကို ဝိုင်းဝန်း စဉ်းစားရန် လိုအပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သော်လည်း လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်သည့် အချိန်မှသာ ရွေးကောက်ပွဲစနစ် ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးတော့မည် မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံအတွက် လာမည့် ရွေးကောက်ပွဲများမှာ အချိန် ၂ နှစ် ခန့် လိုအပ်နေသေးပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ခြင်းကဲ့သို့ ရှုပ်ထွေးမှုများ မရှိနိုင်သဖြင့် စဉ်းစားသင့်ကြောင်း ပါမောက္ခ လာရီဒိုင်းမွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေသည့် အခြေခံဥပဒေ အကျပ်အတည်း အပါအဝင်၊ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ တင်းမာမှုများနှင့် အပြောင်းအလဲများ ရပ်တန့်နေခြင်းကို စိုးရိမ်မိကြောင်း၊ သို့သော် အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုလျှင်ပင် ရွေးကောက်ပွဲကို သပိတ်မမှောက်ဟု ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက ဆုံးဖြတ်ခြင်းမှာ ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

Journal of Democracy ကို ဦးဆောင် တည်ထောင်ခဲ့သူ ပါမောက္ခ လာရီဒိုင်းမွန်းသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်များကို အထူးပြု လေ့လာသူ တစ်ဦးဖြစ်ပြီး ဒီမိုကရေစီ ကျမ်းစာအုပ် ၃၀ ကျော်ကို တည်းဖြတ် ထုတ်ဝေထားကာ လက်တွေ့ကျပြီး အပြုသဘော ဆောင်သည့် ထောက်ပြဝေဖန်မှု များကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် အစိုးရများနှင့် အတိုက်အခံများ၏ အထူးဂရုပြုမှု ရရှိထားသူလည်း ဖြစ်သည်။

The Voice Weekly Myanmar

လုပ်သားကတ် မပါသည့် မြန်မာလုပ်သား ပြည်ပသွားရောက် လုပ်ခွင့်မပြု


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားများ အလုပ်သမားကတ် (Smart Card) ကိုင် ဆောင်ခြင်းရှိ မရှိ ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးမည် ဖြစ်ပြီး အလုပ်သမားကတ် ကိုင်ဆောင်ခြင်း မရှိသူများကို ပြည်ပ ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ပြောကြားသည်။

ပြည်ပတွင် တရားဝင် သွားရောက် လုပ်ကိုင်တိုင်းတွင် Smart Card ပါရှိရမည် ဖြစ်သဖြင့် ထိုသို့ စစ်ဆေးခြင်း ဖြစ်ပြီး ကတ်ကိုင်ဆောင်ခြင်း မရှိသူများကို အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကတ်မပါရင် အရေးယူမယ်။ အခုလောလောဆယ်က ပညာပေးတာမို့လို့ ချက်ချင်း အရေးယူမှာတော့ မဟုတ်သေးဘူး” ဟု ဒေါ်ခင်နွေဦးက ပြောဆိုသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မဟုတ်ဘဲ လုပ်သားကိုယ်တိုင် အစီအစဉ်ဖြင့် သွားရောက် လုပ်ကိုင်သူများလည်း Smart Card ပါမှ ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနထံမှ သိရှိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရာတွင် Smart Card တင်ပြမှသာ သံရုံးက ဗီဇာထုတ်ပေးသဖြင့် ကတ်ကို မဖြစ်မနေ ပြုလုပ်ရကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။
“စင်ကာပူ ဆိုရင်တော့ Smart Card ပြဖို့ မလိုဘူး။ ဗီဇာ ထုတ်လို့ရတယ်” ဟု ၎င်းကဆိုသည်။

ယခင်က Smart Card ပြုလုပ်ရာတွင် FEC ၁၀၀ ပေးဆောင်ခဲ့ရပြီး ယင်းစနစ်ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။

ပြည်ပနိုင်ငံ အသီးသီးတွင် မြန်မာနိုင်ငံသား ငါးသန်းခန့် သွားရောက် လုပ်ကိုင်လျက် ရှိကြောင်း အစိုးရက ဆိုထားသည်။

The Voice Weekly Myanmar

မော်တော်ကား တာယာများအား သွင်းကုန်လိုင်စင် ပြန်လည်"လျှောက်ထားရန် ထုတ်ပြန်


မော်တော်ကား တာယာများအား သွင်းကုန်လိုင်စင် ပြန်လည်လျှောက်ထားရန်နှင့် ပတ်သက်၍ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၊ အစိုးရဝန်ကြီးဌာနများအား ပို့ကုန်ပစ္စည်း ၁၅၂မျိုး၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးတို့အား ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုအပ်ကြောင်း ပစ္စည်းအမယ်များဖြင့် ထုတ်ပြန်ခဲ့ပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် သွင်းကုန်ပစ္စည်း ၁၆၆ မျိုးအပေါ် H.S Code အနေဖြင့် ခွဲခြား၍ လိုင်းပေါင်း ၁၉၂၈ လိုင်းကို ထပ်မံအသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ထုတ်ပြန်ခဲ့သည့် နေ့မှစ၍ ရက်ပေါင်း ၉၀ ပြည့်မြောက်ပြီးပါက သွင်းကုန်လိုင်စင်ရယူရန် မလိုသော H.S Code ဖြင့် ခွင့်ပြုလျက်ရှိသော မော်တော်ကား တာယာများအား သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း ဖော်ပြပြီး ဖြစ်သည်ဟု ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါ ရက်ပေါင်း ၉၀ ပြည့်မြောက်သည့် ၇.၁၂.၂၀၁၃ ရက်နေ့ နောက်ပိုင်းမှစ၍ မော်တော်ကား တာယာများအား သွင်းကုန်လိုင်စင် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ယခင် သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုအပ်သည့် H.S Code လိုင်းပေါင်း ၁၉၈၂ လိုင်းအစား ၁၉၂၆ လိုင်းဖြင့်သာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge

၂၀၁၃ ခုနှစ် ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Huawei တံဆိပ် လူသုံးအများဆုံးအဖြစ် ဆက်လက်တည်ရှိ


ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်၌ ၂၀၁၃ ခုနှစ် တစ်နှစ်လုံး၏ အရောင်းရဆုံး ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အမှတ်တံဆိပ်များဖြစ်ပြီး ယင်းတို့ထဲတွင် Huawei အမှတ်တံဆိပ် ဟန်းဆက်များက အရောင်းရဆုံး ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများထံမှ စုံစမ်းသိရသည်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် မြို့များ၏ မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Huawei အပြင် ZTE အမှတ်တံဆိပ် မိုဘိုင်းဖုန်းများက ယခုနှစ်၏ လူသုံးအများဆုံး ဟန်းဆက်များအဖြစ် ဈေးကွက်အတွင်း ယမန်နှစ်ကအတိုင်း ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်ဟု အထက်ပါလုပ်ငန်း လုပ်ကိုင်နေသူများက တညီတညွတ်တည်း ပြောသည်။ တရုတ်(တိုင်ပေ)မှ တင်သွင်းသည့် HTC အမှတ်တံဆိပ် ဖုန်းအိမ်များမှာမူ Huawei နှင့် ZTE တံဆိပ်များလောက် အရောင်းမသွက်သော်လည်း အရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်းတွင်မူ အဆိုပါအမှတ်တံဆိပ် ဟန်းဆက်များထက် သာလွန်မှုရှိသဖြင့် တတိယနေရာမှ လိုက်နေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဆိုင် အချို့က သုံးသပ်ပြောကြားသည်။ ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေသော်လည်း အခြေခံလူတန်းစား အများစုတတ်နိုင်သည့် နှုန်းထားများဖြစ်နေခြင်းကြောင့် Huawei နှင့် ZTE တံဆိပ်များကိုသာ အများဆုံး ရွေးချယ်ရခြင်းဖြစ်ကြောင်း သုံးစွဲသူများက ပြောသည်။ Huawei ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ၄င်းတို့၏ သီးသန့်ဝန်ဆောင်မှု စင်တာများကို ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ထိုအမှတ်တံဆိပ် ဟန်းဆက်များကို ပိုမိုချဲ့ထွင်ရန် ကြိုးစားနေသည်ဟု သိရသည်။ မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်တက်လာသော်လည်း အခြေခံလူတန်းစားများ၏ အရေအတွက်က ပိုမိုများပြားနေသောကြောင့် ဈေးနှုန်းသက်သာသည့် တရုတ်ထုတ် ဟန်းဆက်များကို လူသုံးများရခြင်း ဖြစ်သည်။ ထို့ကြောင့် Huawei ကဲ့သို့သော တရုတ်မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ဈေးကွက်ကို အများဆုံး ရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်းလုပ်ငန်းရှင် တချို့က သုံးသပ်ကြသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge