ဗိုလ်ချုပ်၏ လက်ရေးမူကို မြတ်နိုးသကဲ့သို့ စိတ်ရင်းမူကိုလည်း တန်ဖိုးထားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား


ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေး မူကို မြတ်နိုးသကဲ့သို့ စိတ်ရင်းမူကိုလည်း တန်ဖိုးထားသင့်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်သည်။

သြဂုတ်လ ၁၆ ရက်နေ့က နေပြည် တော်အမျိုးသားလွှတ်တော် ခန်းမ ဆောင်၌ ရေနံချောင်းမြို့မိမြို့ဖများ လက်သို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပြန်လည်ပေးအပ် သော ဗိုလ်ချုပ်လက်ရေးမူ စာအုပ်ကို ရေနံချောင်းမြို့မှသွားရောက်စောင့်ဆိုင်း ကြိုဆိုသော ဆရာတော်က အထက်ပါ အတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

''ရပ်ဝေးကို အပြီးလိုလို ထွက်ခွာ သွားတဲ့ ကိုယ့်အဘိုး မမျှော်လင့်ဘဲ အိမ် ပြန်ရောက်လာတာကို မြေးတစ်ယောက် အနေနဲ့ ဝမ်းမြောက်စွာ သွားကြိုတာပါ။ ဒီစာအုပ်လေး ပြန်ပေးတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒကာကြီး ဦးခင်အောင်မြင့်ကို လှိုက်လှဲစွာကျေးဇူး အထူးတင်ရှိသလို မြို့သူမြို့သားတွေရဲ့ ဆန္ဒကို အလေးအနက်ထားတဲ့ စိတ် ဓာတ်ကို လည်း လေးစားစွာ ချီးကျူးဂုဏ် ပြုပါတယ်'' ဟု ဆရာတော် အရှင်ဆန္ဒာ ဓိက က မိန့်ကြားသည်။

လက်ရေးမူစာအုပ်၏ သမိုင်း ကြောင်းအမှန်နှင့် ပတ်သက်၍ လက် တွေ့ သိမီလိုက်သူများကို စုံစမ်းမေး မြန်းထားသော ဆရာတော်က ''ဒီစာ အုပ်ကို ဦးဖိုးခက်တို့၊ ဦးဘဖေတို့က လှူ ထားတာ မဟုတ်ပါ ဘူး။ ရေနံချောင်း အထက (၁) ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်က လှူထားတာပါ။ ဦးကြည် စိန်ရဲ့ လက်ထဲကို ဗိုလ်ချုပ်အောင်ဆန်း ဆီကပဲ တိုက်ရိုက်ရောက်ရှိခဲ့ပါတယ်။ ဦးကြည်စိန်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် တွေပါ။ သူတို့ယူတဲ့ မေဂျာ ဘာသာရပ်မှာ ဗိုလ်ချုပ်နဲ့ ဦးကြည်စိန် နှစ်ယောက် တည်းပဲရှိတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် မှတ်စုစာအုပ် အပြန် အလှန် ငှားဖြစ်ခဲ့ကြပါ တယ်။ ဒီစာအုပ် က ဗိုလ်ချုပ်အောင်ဆန်းဆီက ဦးကြည် စိန် ငှားထားပြီး ပြန်မပေးဖြစ်တော့တဲ့ စာအုပ်ပါ။နောက်ပိုင်း ခဏခဏပြန်တွေ့ ကြပေမယ့် ဗိုလ်ချုပ်က ပြန်မတောင်း ဘူး ဆိုတော့ ဦးကြည်စိန်ကို အပိုင်ပေး လိုက်တဲ့သဘောပဲပေါ့။ ၁၉၆၂ ရေနံ ချောင်း အထက(၁)မှာပညာရေးပွဲတော် ကျင်းပတော့ ဘာသာရပ်အလိုက် ပြ ခန်းတွေ ပြသကြတဲ့အခါ သမိုင်းပြခန်း မှာ ဒီစာအုပ်လေးကို သမိုင်းဝင်စာအုပ် အဖြစ် ကျောင်းသူကျောင်းသားတွေနဲ့ မြို့သူမြို့သားတွေကို တရားဝင် စတင် ပြသခဲ့ပါတယ်။ ပြပွဲပြီးတော့ အိမ်ပြန် မယူတော့ဖို့ ဆရာ၊ ဆရာမတွေက မေ တ္တာရပ်ခံတဲ့အတွက် ကျောင်း စာကြည့် တိုက်မှာပဲ ဆရာကြီး ဦးကြည်စိန်က အပြီးအပိုင် လှူဒါန်းထား လိုက်တာပါ။ နဂိုက ဘီရိုထဲမှာပဲ တခြားစာအုပ်တွေနဲ့ ရောထားပေမယ့် ၁၉၆၇-၁၉၆၈ မှာ ဆရာမကြီး ဒေါ်ခင်မြင့်က ရေရှည်တည် တံ့ဖို့အတွက် အခုမြင်တွေ့နေရတဲ့ မှန် သေတ္တာပုံးလေး လုပ်ပြီး သီးသန့် ထိန်း သိမ်းထားခဲ့ပါတယ်။ ဆရာကြီး ဦးကြည် စိန်အိမ်မှာနှစ်ပေါင်း ၃ဝ၊ အထက (၁) မှာနှစ်ပေါင်း ၅ဝဆိုတော့ဒီစာအုပ် လေး ကို ရေနံချောင်းမြို့ကနှစ်ပေါင်း ၈ဝကျော် အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ရတာပါ'' ဟု ရှင်းလင်းမိန့်ကြား သည်။

နိုင်ငံတော်၏ ကူညီမှုဖြင့် ရေနံ ချောင်းမြို့တွင်သာ ဤစာအုပ်ကို စနစ် တကျ ဆက်လက်ထိန်းသိမ်းခွင့်ရပါက ရေနံချောင်းမြို့ရှိ ဗိုလ်ချုပ်နှင့် ရင်းနှီးခဲ့ သော မိသားစုအသီးသီး၌ ထိန်းသိမ်း ထားသော ဗိုလ်ချုပ်၏ အခြားလက်ရေး မူများ၊ ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်၏ လက်ရေးမူများကို ပိုင်ရှင်အသီးသီးက ဆရာတော်၏ လက်သို့ လွှဲပြောင်းလှူ ဒါန်းသွားကြရန် ဆန္ဒရှိနေကြကြောင်း ကြားသိရသည်။

စာအုပ်ပြန်ရ၍ ဝမ်းသာနေကြ သော မြို့သူမြို့သားများကို ဆရာတော် က ''ဗိုလ်ချုပ်ရဲ့ လက်ရေးမူကို မြတ်နိုး ထိန်းသိမ်းနေရုံနဲ့ ကျေနပ်မနေဘဲ ဗိုလ် ချုပ်ရဲ့ စိတ်ရင်းမူကိုလည်း တန်ဖိုးထား ကျင့်သုံးသင့်ပါတယ်။ ရိုးသားဖြောင့် မတ်ခြင်း၊ သနားကြင်နာခြင်း၊ ရဲစွမ်း သတ္တိရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ မလိမ်မညာခြင်း၊ အခွင့်အရေးမယူခြင်း၊ ဥာဏ်ပညာထက်မြက်ခြင်း၊ လုံ့လဝီရိယ ကြီးမားခြင်းစတဲ့ စိတ်ကောင်း စိတ်မြတ်၊ ဓာတ်ကောင်းဓာတ်မြတ်တွေဟာ ဗိုလ် ချုပ်ရဲ့ စိတ်ရင်းမူပါပဲ'' ဟု ရှင်းပြခဲ့သည်။

ဗိုလ်ချုပ်၏ စိတ်ဓာတ်နှင့် လုပ်ရပ် များကို အတုယူကျင့်သုံးနိုင်ရေး အတွက် ဗိုလ်ချုပ်အကြောင်း များများသိအောင် လေ့လာ ဖတ်ရှုကြ ရန် ရေနံချောင်းမြို့၊ အလင်းစေတမန်စာကြည့်တိုက်နှင့် အထက (၁) စာကြည့်တိုက်တို့သို့ ဆရာ တော်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ် သက်သော စာအုပ်အမျိုးအစား ၇ဝ ကျော်စီ နှစ်စုံလှူဒါန်းခဲ့သည်။ ဆရာ တော်သည် ဗိုလ်ချုပ်အောင်ဆန်း ပညာ သင်ကြားခဲ့ရာ အမျိုးသား အထက် တန်းကျောင်း 'ယခု အမက (၈)' သို့ လည်း သွားရောက်လေ့ လာခဲ့ပြီး ယင်း ကျောင်းကို မူလတန်းအဆင့်မှ အထက် တန်းအဆင့် သို့မဟုတ် အလယ်တန်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် နိုင်ငံ တော် သို့မေတ္တာရပ်ခံ အကူအညီတောင်း သွားမည်ဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူ အမျိုးသမီးကိစ္စ အေဂျင်စီများအသင်းချုပ် သွားရောက် ညှိနှိုင်းမည်

ရန်ကုန်၊ သြဂုတ်၂၁

မလေးရှားနိုင်ငံ ဂျိုဟိုးတွင် မုဒိမ်းကျင့်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကိစ္စ ဆွေးနွေးညှိနှိုင်းရန် အေဂျင်စီများ အသင်းချုပ်သည် သြဂုတ်လ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

ယင်းအမျိုးသမီးသည် လတ်တလောတွင် ဂျိုဟိုး ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိပြီး ၎င်းမှာမြန်မာနိုင်ငံသို့ ပြန်လာရန် ဆန္ဒမရှိသည့်အတွက် သူ၏သဘောအတိုင်း အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အလုပ်ပြောင်းမယ်ဆိုလည်း ပြောင်းပေးမယ်။ ကိုယ့်အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု အေဂျင်စီများအသင်းချုပ် ဥက္ကဋ္ဌက ပြောဆိုသည်။

ဂျိုဟိုးပြည်နယ်၊ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd B hd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး အလုပ်သမားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။

အဆိုပါပြစ်မှု ကျူးလွန်သူကို စုံစမ်းသိရှိပြီးဖြစ်ပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း၊ မြန်မာအလုပ်သမားများ လုံခြုံရေးနှင့် အခွင့်ရေးကာကွယ် စောင့်ရှောက်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ သံအရာရှိက ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
The Voice Weekly

တန်ဖိုးနည်း Sim ကတ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အတွက် အခွင့်အရေးတရပ် ဖြစ်နေပြီလား


ရန်ကုန်မြို့လယ်ရှိ တန်ဖိုးနည်းဖုန်းများ အရောင်းအ၀ယ် ပြုလုပ်နေသည့် ဆိုင်တဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ချပေးသည့် တန်ဖိုးနည်း ဖုန်း Sim ကတ်များကို မဲဖောက် ရောင်းချ ပေးခြင်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အတွက် လုပ်ကွက်အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

“ပြည်သူတွေ ပေါပေါများများ သုံးရဖို့ ကျပ် ၁၅၀၀ နဲ့ ဖုန်းကတ်ကို ချပေးပေမယ့် အဆင့်ဆင့် ဖြစ်နေပြီး ကြားမှာ တဆင့် ရနေတဲ့ အခွင့်အလမ်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အတွက် ဖန်တီးပေးနေသလို ဖြစ်နေတယ်။ ဒါတွေဟာ လုံးဝကို မရှိသင့်ဘူး” ဟု လှည်းကူး မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းက ချပေးသည့် ၁၅၀၀ ကျပ်သာ တန်ဖိုးရှိသော တန်ဖိုးနည်း ဖုန်း Sim ကတ်များသည် လက်ရှိ ပြင်ပပေါက်ဈေးတွင် ကျပ် ၉ သောင်းကျော်မှ ၁ သိန်း ၅ သောင်းအထိ ဖြစ်နေကြောင်း ဖုန်းဝယ်ရောင်း ဈေးကွက်မှ သိရသည်။

၁၅၀၀ ကျပ်သာ ပေးရသည့် တန်ဖိုးနည်း ဖုန်းကတ်များကို ပြင်ပ ဈေးကွက်တွင် ငွေကျပ် ၁ သိန်းကျော်ဖြင့် အရောင်း အဝယ် ပြုလုပ်နေကြခြင်းမှာ ဈေးကွက် ဝယ်လိုအားထက် ပစ္စည်းအရေအတွက် နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တန်ဖိုးနည်း ဖုန်းကတ်များကို ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးချနေကြကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

“Sim ကတ်တွေကို ပေါပေါများများ ထုတ်ပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆီမှာသာမက၊ လမ်းဘေး ဆိုင်လေးတွေမှာပါ ဝယ်လို့ရတဲ့အထိ ပေါပေါများများ ရောင်းလို့ရအောင် လုပ်ပေးမယ် ဆိုရင်တော့ အခုလို ကိစ္စတွေ ရှိမလာ နိုင်တော့ပါဘူး။ အခုက ပြည်သူကို ပေါပေါများများ သုံးစေချင်လို့ ချပေးပေမယ့် ၈ သောင်း ၁ သိန်း ကျော်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါဟာ လုပ်စားဖို့ အခွင့်အရေး ပေးထားသလို ဖြစ်နေတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။

တန်ဖိုးနည်း ဖုန်းကတ်များ ယခုကဲ့သို့ ၁ သိန်းကျော်အထိ ပေါက်ဈေး ရှိနေသောကြောင့် ၁ လ တကြိမ် မဲနှိုက်၍ ဖုန်းကတ် ဝယ်ရသူများသည် မိမိတို့ မဲပေါက်လျှင် အသုံးပြုရန် မထားတော့ဘဲ ဖုန်းကတ် အမျိုးအစားပေါ် လိုက်၍ ဈေးမြင့်မြင့်ဖြင့် ပြန်လည် ရောင်းချနေကြကြောင်း သိရသည်။

“အစကတော့ ဖုန်းကတ်ကို လိုချင်လို့ မဲနှိုက်တာပါပဲ။ ပေါက်လာတော့လည်း အပြင်မှာ ပြန်ရောင်းရင် ၁ သိန်း ကျော်ကျော် လောက် ရနေတာဆိုတော့ ပြန်ရောင်းလိုက်တယ်။ ကိုယ်ရောင်းမယ်ဆိုရင် ဝယ်မယ့်သူတွေက အဆင်သင့် ရှိနေတာလေ။ သူတို့ကလည်း သုံးဖို့ ဝယ်တာမဟုတ်ဘူး၊ ပြန်ရောင်းဖို့ ဝယ်တာ။ ကျမ သိသလောက်တော့ အဲဒီလို လိုက်ဝယ်နေတဲ့ သူတွေက ဖုန်းဆိုင်ဖွင့်ထားပြီး ပြန်ရောင်းနေကြတာ” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ မမာလာဆွေက ပြောသည်။

တန်ဖိုးနည်း ဖုန်းကတ်များကို လကုန်ခါနီး ရက်ပိုင်းများအတွင်း ကံစမ်းမဲနှိုက် ရောင်းချပေးလေ့ရှိပြီး ရပ်ကွက်အတွင်း နေထိုင်သည့် လူဦးရေအပေါ် မူတည်၍ ချပေးလေ့ရှိကြောင်း၊ ထိုသို့ ချပေးရာတွင် အစပိုင်းက တိတိကျကျဖြင့် မဲနှိုက် ရောင်းချ ပေးသော်လည်း နောက်ပိုင်းတွင် မသမာမှုများကို တာဝန်ရှိသူများကပါ ပြုလုပ်ကြလျှက် ရှိကြောင်း သိရသည်။

“ကျမတို့ ရပ်ကွက်မှာ ဒီလ ၆၃ ကတ် ချပေးတယ်။ မဲပေါက်တဲ့သူက ၆၀ ပဲရှိတယ်။ ၃ ယောက်က ပျောက်နေတယ်။ အဲဒီမှာ အမျိုးသမီး တယောက်က နာမည်ခေါ်ပြီး မဲနှိုက်တဲ့ အထဲမှာ သူ့နာမည်လည်း မပါသေးဘူး ဆိုပြီး ထပြောရော။ ပြီးတော့ ကျမတို့က အရင်လို မဟုတ်တော့ဘူး၊ ဘယ်နှကတ် ချပေးတယ်၊ ဘယ်နှကတ်ပဲ မဲပေါက်တယ် ဆိုတာကို စောင့်ကြည့် နေတာလို့ ပြောတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကဲ … ဒါဆိုလည်း အခုမဲနှိုက်သွားဆိုပြီး မဲပြန်နှိုက်ခိုင်းတယ်” ဟု မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်သူ မမေသဇင်က ဆိုသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ထိုကဲ့သို့သော မသမာသည့် နည်းလမ်းများ ပြုလုပ်သည့်အပြင် လူမနေသည့် တိုက်ခန်းများမှ အိမ်ရှင်များ၏ အမည်ဖြင့် မဲနှိုက်ကာ ထိုသူများက မဲပေါက်သွားသည်များလည်း ရှိကြောင်း ရပ်ကွက်နေ ပြည်သူတဦး၏ ပြောကြားချက် အရ သိရသည်။

တချို့သော ရပ်ကွက်များတွင် အထက်ပါ အဖြစ်အပျက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြုလုပ်နေသော်လည်း တချို့ရပ်ကွက်များတွင် ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များကလည်း သန့်ရှင်းသော နည်းဖြင့်သာ ဆောင်ရွက်ကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဆိုသည်။

တချို့ ရပ်ကွက်များတွင် တန်ဖိုးနည်းဖုန်းများ မဲနှိုက်၍ ဝယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှာ မဲနှိုက် ဝယ်ယူခွင့် မရှိကြောင်း၊ မဲနှိုက်၍ ဖုန်းကတ် ရောင်းချသည့်နေ့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးဦးက လာရောက် စောင့်လျှက်ရှိကြောင်း၊ တန်ဖိုးနည်း ဖုန်းကတ်များ မဲနှိုက် ရောင်းချသည့်နေ့တွင် ရပ်ကွက်အတွင်း နေထိုင်သူ များကို ဖိတ်ခေါ်၍ မိမိတို့ ဆန္ဒပါလျှင် လာရောက် ကြည့်ရှုနိုင်စေရန် အသိပေးထားကြောင်း ရန်ကုန် ကျောက်တံတား မြို့နယ်တွင် နေထိုင်သော အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။

“၁၅၀၀ တန် ဖုန်းကတ်တွေက အခုလို အချိန်ဆို ဈေးပိုကြီးတတ်တယ်။ မဲနှိုက်ပြီးပြီးချင်း ရက်တွေမှာ ဆိုရင်တော့ လက်ရှိ ပေါက်ဈေးထက် ၁ သောင်းခွဲ၊ ၁ သောင်းလောက် ဈေးသက်သာတယ်။ အခုအချိန်က ဝယ်လိုအား များပြီး ရောင်းလိုအား နည်းနေတဲ့ ကာလဖြစ်နေလို့ ဈေးနည်းနည်း ပိုများတာ” ဟု ယုဇနပလာဇာရှိ ဖုန်းကတ်မျိုးစုံနှင့် ဟန်းဆက် အရောင်းဆိုင်မှ မန်နေဂျာ မမေမျိုးက ဆိုသည်။

၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်ရောင်းချသည့် နေ့များတွင် ဖုန်းဆိုင်များမှ ဝန်ထမ်းများသည် ၎င်းတို့ ကိုယ်တိုင် တချို့ မြို့နယ်များသို့ ဆင်းဝယ်ကြကြောင်း၊ ဖုန်းကတ်များကို ၉ သောင်းနှင့် ဝယ်လာခဲ့ပါက ၅ ထောင်ခန့် ဈေးပိုရလျှင် ၎င်းတို့ဆိုင်၌ ပစ္စည်းမထားတော့ဘဲ ရောင်းချလျှက်ရှိကြောင်း၊ တချို့သော ဖုန်းဆိုင်များတွင်မူ တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်များကို ပေါ်ပေါ်ထင်ထင် ရောင်းချနေလျှက် ရှိသော်လည်း တချို့ဆိုင်များတွင်မူ ထိုသို့မဟုတ်ကြောင်း တွေ့ရသည်။

၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များနှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးတချို့က အလွဲသုံးစား လုပ်နေခြင်း ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ဖမ်းဆီးထားခြင်းခြင်းများ နေပြည်တော်တွင် ဖြစ်ပေါ်နေကြောင်း ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

“တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လက်ထဲ လုပ်ပိုင်ခွင့် ပေးလုပ်ရင်တော့ ဒီလိုကိစ္စတွေက ရှိနေဦးမှာပါပဲ။ သူတို့က ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်ပဲဖြစ်ဖြစ် ယခုအချိန်ထိကို လုပ်ပိုင်ခွင့်ကို အကြောင်းပြု၊ အာဏာကို အကြောင်းပြုပြီး အခုလို လုပ်နေဦးမှာပဲ။ သူတို့လက်ထဲ ထည့်နေသမျှတော့ ဒါမျိုးတွေ ရှိနေဦးမှာပါ။ ဒါကြောင့် ဖုန်းကတ်တွေကို သူများနိုင်ငံ တွေမှာလို လမ်းဘေးမှာ ဝယ်နိုင်တဲ့အထိ ပေါပေါများများ လုပ်ပေးသင့်တယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ပြည်သူများအနေဖြင့် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လာဘ်စားမှုများ၊ ကိုယ်ကျိုးအတွက် စီးပွားရှာ အလုပ်လုပ် နေသည် များကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများသို့ တိုင်ကြားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။

“တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ မှန်မှန်ကန်ကန် လုပ်နေကြပါတယ်။ တချို့ကတော့ ရာထူးကိုအကြောင်းပြပြီး စီးပွားရှာနေကြတယ်။ ၁၅၀၀ တန် ဖုန်းကတ်ကို အပြင်မှာ ပြန်ရောင်းရင် ဖမ်းဆီး အပြစ်ပေးမယ်ဆိုတဲ့ ဥပဒေတော့ မရှိပါဘူး။ ရောင်းတာဝယ်တာ ကတော့ ကာယကံရှင်တွေရဲ့ ဆန္ဒပဲလေ။ အပြင်မှာ တန်ဖိုးနည်း ဖုန်းကတ်တွေကို ရောင်းလို့ ဖမ်းမယ်လည်း မပြောထားဘူး၊ မဖမ်းဘူးလည်း မပြောထားဘူး” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဆိုသည်။

တန်ဖိုးနည်း ဖုန်းကတ်များကို ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရောင်းချပေးခဲ့ကာ၊ ယခုလအထိ ၄ ကြိမ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း၊ တန်ဖိုးနည်း ဖုန်းကတ် များသည် ပြင်ပ ဈေးကွက်တွင် CDMA ဆိုပါက ကျပ် ၉ သောင်း၊ GSM ဖြစ်ပါက ၁ သိန်း ၄ သောင်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ဧရာဝတီ

ငပုတောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ ဖမ်းဆီးရမိ


ဆလိုင်းသန့်စင်| August 22, 2013

ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံရန် နယ်ခြား နတ်မြစ်ကို ဖြတ်ကူးလာသည့် မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ – Reuters)
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ်တွင် မြန်မာနိုင်ငံတွင်းသို့ တရားမ၀င် ခိုးဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးနှင့် ရခိုင်ပြည်နယ် မောင်တောဒေသမှ မွတ်စလင် ၁၇ ဦးကို သက်ဆိုင်ရာ ဖမ်းဆီးရမိကြောင်း ဧရာဝတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်ပြီး ပင်လယ်ကမ်းခြေ ဘေးတွင် တည်ရှိသည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်း မြို့နယ်ခွဲ နံ့သာပု ကျေးရွာ အုပ်စု ဂေါ်ရင်ဂျီကျွန်းအနီးတွင် သြဂုတ်လ ၁၉ ရက်နေ့က မသင်္ကာဖွယ်ရာ စက်လှေတစီး လှည့်လည် မောင်းနှင်နေသည့်အတွက် ဒေသခံများက သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားခဲ့ရာ ငရုတ်ကောင်း မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး အရာရှိနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း စစ်ဆေးခဲ့ ကြပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးနှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ မွတ်စလင် ၁၇ ဦး စုစုပေါင်း ၅၂ ဦးကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။

“ဂေါ်ရင်ဂျီကျွန်းနားမှာ စက်လှေက တ၀ဲလည်လည် လှည့်ပတ်မောင်းနေတာ။ သူတို့စက်လှေက အနက်ရောင်ဆိုတော့ ဒေသခံစက်လှေ မဟုတ်ဘူးဆိုတာ သိကြတယ်။ အဲဒီသတင်းကို အုပ်ချုပ်ရေးပိုင်းက သိသွားပြီး နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေ စောင့်ကြည့်နေချိန်မှာ သူတို့တွေက စက်လှေပေါ်ကနေ ရေထဲခုန်ချပြီး ကမ်းပေါ်ကို ရေကူးပြီး တက်လာတာ။ အဲဒီမှာ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးလိုက်တာ” ဟု ဒေသခံ နံ့သာပုကျေးရွာသားတဦးက ဧရာဝတီကို ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက ခိုးဝင်လာသူ ၅၂ ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပွဲစား ဒူလ်အာလောင်ဆိုသူက မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁ ဦးလျှင် မြန်မာငွေကျပ် ၂ သိန်းနှုန်း တောင်းယူပြီး စက်လှေဖြင့် ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် လူ ၃၀၀ ကျော် ပါရှိသည်ဟု သိရှိရကြောင်း၊ ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှဖြစ်ပြီး မွတ်စလင် ၁၇ ဦးမှာ မောင်တောမြို့၊ နယ်မြေ ၂ ရွက်ညိုတောင်ဒေသမှဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများကို ငရုတ်ကောင်းမြို့နယ်ခွဲတွင် ထိန်းသိမ်းထားကြောင်း ငပုတော မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

“သူတို့ကို ပွဲစားက မလေးရှား ကိုပို့ပေးမယ်ဆိုပြီး စက်လှေနဲ့ခေါ်လာတာ။ ဘင်္ဂလားဒေ့ရှ်က လူတွေကို အရင်ခေါ်တယ်။ ပြီးတော့မှ မောင်တောက ၁၇ ယောက်ကို ၀င်ခေါ်တယ်။ ပြောတာတော့ သူတို့က ရေထဲခုန်ချတာ မဟုတ်ပါဘူးပေါ့။

ကန်ချခံရလို့ ရေထဲပြုတ်ကျပြီး ကမ်းပေါ်ကို ရေကူးလာတာပါဆိုပြီး ထွက်ဆိုသွားတယ်။ အဲဒီအဖွဲ့ထဲမှာ ဗမာစကားတတ်တာ ဆိုလို့ ၂ ယောက် လောက်ပဲပါတယ်။ စက်လှေကတော့ သူတို့ရေထဲကျပြီးတာနဲ့ ပင်လယ်ထဲ မောင်းထွက်သွားတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ဧရာဝတီသို့ ရှင်းပြသည်။

ရခိုင်ပြည်နယ်မှ မွတ်စလင်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတချို့မှာ ပင်လယ်လမ်းကြောင်းကို အသုံးပြုပြီး ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနှင့် ငရုတ်ကောင်း မြို့နယ်ခွဲ ဒေသများမှတဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်လေ့ရှိကြောင်း၊ နှစ်စဉ် မော်တင်စွန်း ဘုရားပွဲ ကာလများ၌ စက်လှေများဖြင့် လာရောက်ကာ ဘုရားဖူးများသဖွယ် အယောင်ဆောင်၍ မော်တင် – ပုသိမ် ကားလမ်းအတိုင်း မြို့ပြဒေသများသို့ ၀င်ရောက်လေ့ ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။


မန္တလေးတက္ကသိုလ်အနီး လူ ၁၀ ဦးပါ အုပ်စုလိုက် ဝိုင်းရိုက်မှုဖြစ်


မန္တလေး၊ သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီး သိပ္ပံလမ်း၊ ၆၈ လမ်းနှင့် လမ်း ၇၀ ကြားတွင် သြဂုတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က အမျိုးသား တစ်ဦးကို ဆိုင်ကယ် ငါးစီးနှင့် လူ ၁၀ ဦးခန့်က ဝိုင်းဝန်း ထိုးနှက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက် အမှုဖွင့် တိုင်ကြားခြင်း မရှိသေးကြောင်း အဆိုပါမြို့နယ် အမှတ် (၁၁) ရဲစခန်း တာဝန်ရှိသူက ပြောကြားသည်။

“ညဘက် သိပ္ပံလမ်းဘက်ကို ကြည့်လိုက်တော့ ကားတစ်စီးနားမှာ ဆိုင်ကယ်တွေ ဝိုင်းနေတယ်။ ကောင်လေး တစ်ယောက်လည်း လမ်းပေါ်မှာ လဲကျနေတယ်၊ ကောင်လေးနဲ့အတူ ပါလာတဲ့ ကောင်မလေးက အော်ဟစ် ပြီး တောင်းပန်နေတယ် ထင်တယ်။ မိနစ် ၂၀ လောက်နေတော့ ရဲတွေ ရောက်လာကြပြီး ကားပေါ်က ကောင်လေးကို ထိုးကြိတ်နေတဲ့ ဆိုင်ကယ်နဲ့ လူတစ်စုလည်း ထွက်ပြေး သွားကြတယ်။ ရဲတွေကတော့ ကျန်ခဲ့တဲ့ ကောင်လေးနဲ့ ကောင်မလေးကို မေးမြန်းနေတာ တွေ့ရတယ်” ဟု အဆိုပါဖြစ်ရပ်ကို မျက်မြင် တွေ့ရှိသူ မန္တလေးတက္ကသိုလ် ကျောင်းဝင်း အတွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။

အဆိုပါအခင်းဖြစ်ပွားရာ နေရာသို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန် တွင် ရိုက်နှက်နေသည့် လူများ မရှိတော့ဘဲ ရိုက်နှက်ခံရသည့် အမျိုးသား ကိုသာ တွေ့ရှိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောကြား သည်။

“ဆေးစာနဲ့တကွ အမှုဖွင့်ပါလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ခုချိန်ထိ အမှု လာမဖွင့်ကြသေးဘူး။ ရိုက်ခံရတဲ့ ကောင်လေးကလည်း ဒဏ်ရာ နည်းနည်းပဲ ရတာ တွေ့ရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ မန္တလေးမြို့တော်တွင် ညပိုင်း ခိုက်ရန် ဖြစ်ပွားမှုများ၊ လုယက်မှု များ ဖြစ်ပွားမှု များပြားလာပြီး မြို့ခံများ ညအချိန်များတွင် သတိနှင့် သွားလာနေရခြင်းများကြောင့် ညပိုင်း ရဲလှည့်ကင်း အင်အားကို တိုးမြှင့် ချထားပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

“ညပိုင်း မြို့တွင်းနဲ့ မြို့ အစွန်ဘက်တွေ၊ နေရာပေါင်းစုံကို လှည့်ကင်းတွေ အလှည့်ကျ ပတ်တယ်။ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း လစ်ဟင်းမှုဆိုတာ ရှိနိုင်ပါတယ်။ နေရာတစ်ခုမှာ လှည့်ကင်း လုပ်နေပြီး နောက် တစ်နေရာကို စစ်ဆေးနေတုန်း အရင်ထွက်လာ ခဲ့တဲ့ နေရာမှာ တစ်ခုခု ဖြစ်ပွားခဲ့ရင် ကျွန်တော်တို့ အနေနဲ့လည်း မတတ်နိုင် တဲ့ အခြေအနေတစ်ခု ဖြစ်နေပါ တယ်။ ဒါပေမဲ့ တစ်ခုခု ဖြစ်ပွားခဲ့လို့ ဖုန်းဆက် အကြောင်းကြားလာခဲ့ရင်တော့ ဖြစ်တဲ့နေရာကို အမြန်ဆုံး သွားရောက် ဖြေရှင်းပါတယ်” ဟု ညပိုင်း လှည့်ကင်းတွင် တာဝန်ကျသူ ရဲအရာရှိ တစ်ဦးက ဆိုသည်။

မန္တလေးကန်ပတ်လမ်း ဒဏ္ဍာရီ စားသောက်ဆိုင်ရှေ့တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ၂၃ရက်နေ့ ည ၁၁ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် အမည်မသိ လူငယ် ရှစ်ဦးခန့် ရောက်ရှိလာပြီး မောင်မိုးသဲ (၂၂)နှစ်ကို ဓားနှင့် ဝိုင်းထိုးကာ ထွက်ပြေးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
The Voice Weekly

ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်သို့ သွားရောက်ရေးဆွဲမည်


ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် ဂရက်ဖတီပုံကို လာမည့်စက်တင်ဘာ တွင် နေပြည်တော်သို့ သွားရောက်ရေး ဆွဲပေးမည်ဟု ဂရက်ဖတီ ပညာရှင် ကို အာကာကျော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ဆီးဂိမ်းThemes ပုံစံ ဂရက်ဖတီကို မြို့မ ဈေးနားတွင် ရေးဆွဲ ရမည်ဖြစ်ပြီး ရေးဆွဲရန် နေရာနှင့် လို အပ်သည့်ဆေးများကို အားကစားဝန် ကြီးဌာနဘက်မှ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''လောလောဆယ်မှာတော့ နိုင်ငံ ကိုယ်စားပြုအနေနဲ့ ဆီးဂိမ်း Themes ပုံကို တစ်ပုံတည်း အရင်ရေးဆွဲဖြစ်မှာပါ။ အဲဒီပုံကို ဓာတ်ပုံရိုက်ခွင့်တွေ ဘာတွေ ပေးထားမယ်လို့လည်း ပြောပါတယ်''ဟု ၄င်းက ဆက်ပြောသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ် မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအ တွက် အထိမ်းအမှတ်အဖြစ် ဂရက်ဖတီ ရေးဆွဲပေးရန် အားကစား ဝန်ကြီးဌာန နှင့် ဆီးဂိမ်း Theme song များ ဖန် တီးပြုလုပ်သည့် Event Master အဖွဲ့မှ လွန်ခဲ့သည့် တစ်လခန့်က ပြောဆိုထားခဲ့ ခြင်းဖြစ်ပြီး ယခုသြဂုတ်လအတွင်းမှသာ ရေးဆွဲရန် အတည်ပြုပြောဆိုပြီးဖြစ် သည်ဟု ကိုအာကာကျော်က ထပ် လောင်းပြောသည်။

''အဓိကအနေနဲ့ ဆီးဂိမ်းအားက စားပုံစံတွေ၊ ဇီးကွက်ပုံ အဲဒါလေးကို ဆွဲ ဖြစ်မှာပါ''ဟု ၄င်းက ဆက်ပြောသည်။

ဂရက်ဖတီပညာရှင် အာကာကျော် မှာ ပြည်တွင်းသို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်စဉ် ရွှေဂုံတိုင် တွင် ဂရက်ဖတီ ပုံ ရေးဆွဲဂုဏ်ပြုခဲ့သည်။

သို့သော် ယင်းနေရာ၌ပင် သမ္မတ ဦးသိန်းစိန်ပုံရေးဆွဲခဲ့ရာ ဒဏ်ငွေ တစ် သိန်းပေးဆောင်ခဲ့ရသည်။

သုတလင်း
Popular Myanmar News Journal

အသည်းကျန်းမာရေး ကောင်းပြီး အသက်ရှည်ရှည် နေနိုင်စေရန်


အသည်းဟာ အစားအစာတွေကို ကြေညက်ဖို့ ကူညီပေးပြီး အဆိပ်အတောက်တွေကို ပြေေ စနိုင် တာကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် ထားနိုင်မယ်ဆိုရင် ကိုယ်အလေး ချိန် ပြဿ နာ၊ ဆ...ီးချိုရောဂါ၊ နာတာရှည် မောပန်းတာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချနိုင် ပါတယ်။ အသည်းကျန်းမာရေး ကောင်းစေတဲ့ နည်းလမ်းတွေကို သုတေသီတွေက အောက်ပါ အ တိုင်း ဖော်ထုတ်ထားပါတယ်။

၁။ အဆိပ်အတောက်တွေ ပြေဖို့ ကယ်လ်စီယမ် မှီဝဲပါ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအားဖြင့် အနည်းငယ် ပါဝင်ပြီး ခန္ဓာကိုယ်က အလွယ် တကူ စုပ်ယူနိုင်တဲ့ Calcium d- glucarate ဟာ အသည်းအတွင်း အဆိပ်အတောက်တွေနဲ့ ပူးပေါင်းပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ်နိုင်တယ်လို့ အသည်းအထူးကု ဆရာဝန် က ပြောပါတယ်။ နေ့စဉ် ၄၀၀ မီလီဂရမ်မှ ၅၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းကို ကာကွယ်နိုင်ပြီး အသည်းဆဲလ်တွေ ကင်ဆာအကြို မဖြစ်အောင် ပိတ်ပင်နိုင်တယ်လို့ အိုဟိုင်းယိုး တက္ကသိုလ်မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။

၂။ စွမ်းအင် ၅၅ ရာခိုင်နှုန်း မြင့်တက်လာအောင် ထောပတ်သီး စားပါ

တစ်ပတ်ကို ထောပတ်သီး နှစ်လုံးစားတာဟာ အသည်း လုပ်ငန်းဆောင်တာ တိုးတက်နိုင်ပြီး နှစ်လ အတွင်း စွမ်းအင်အဆင့် ၅၅ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ ဂျပန်မှ သုတေသီတွေက အကြံေ ပး ထား ပါတယ်။

၃။ ရောင်ရမ်းမှု ရပ်တန့်အောင် နို့ဖျော်ရည်သောက်ပါ

ဘယ်ရီတစ်မျိုးမျိုး တစ်ခွက်စာကို ပဲပိစပ် ပရိုတင်းအမှုန့် ထမင်းစားဇွန်း သုံးဇွန်းနဲ့ နွားနို့ ရောစပ် ပြီး နို့ သစ်သီးဖျော်ရည် သောက်ပေးရင် တစ်လအတွင်း အသည်းရောင်ရမ်းမှု ရပ်တန့်သွားပြီး အသည်းအတွင်း အဆီစုဆောင်းမှု ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ အလီနိုးစစ် တက္ကသိုလ် မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ဘယ်ရီမှာ အသည်းကို ပြန်လည်ပြုပြင်နိုင်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ပဲပိစပ်ပရိုတင်းမှာ အဆီဖြိုခွင်းနိုင်တဲ့ မျိုးရိုးဗီဇ ဂျင်းကို လှုံ့ဆော်နိုင် တဲ့အပြင် ပျက်စီးနေတဲ့ အသည်းကို ပြန်လည် ပြုပြင်နိုင်တာကြောင့်လို့ ဆိုပါတယ်။

၎။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဖြတ်တာကြောင့် အသည်း ဒုက္ခရောက်နိုင်ခြေ ထက်ဝက်ခန့် လျှော့ချနိုင်တယ် လို့ လေ့ လာ မှုပေါင်း တစ်ဒါဇင်ကျော်အရ သက်သေပြထားနိုင်ပြီ ဖြစ် ပါတယ်။ ဆေးလိပ်ငွေ့ ကို ရှောင် ရှားနိုင် ရင် အသည်းကို ပျက်စီးနိုင်တဲ့ အဆိပ်အတောက်ပေါင်း ၁၀၀၀၀ ကျော်ကို လည်း ရှောင် ရှားနိုင် တာကြောင့်ပါ။

၅။ အသည်းပျက်စီးခြင်းမှ ကာကွယ်နိုင်အောင် ဟင်းသီးဟင်းရွက် စားပါ

အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ များစွာသော ဆာလဖာဒြပ်ေ ပါ င်းတွေဟာ သွေးအတွင်းရှိနေတဲ့ အသည်းပျက်စီးစေနိုင်တဲ့ ဒြပ်ပေါင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်တဲ့အပြင် အသည်းအတွင်း ရောက်ရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ပျက်ပြယ်ေ စပြီး ကျောက်ကပ်မှ အလွယ်တကူ စွန့်ထုတ်နိုင်အောင် ကူညီနိုင်တယ်လို့ ဂျွန်ဟော့ကင်း တက္က သိုလ် မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ တစ်ပတ်ကို အစိမ်းရောင် ပန်းဂေါ်ဖီ နှစ်ခွက်စာ စားပြီး ကြက်သွန်ဖြူ တစ်ဥနဲ့ ကြက်သွန်နီ ထမင်းစားဇွန်း တစ်ဇွန်းစာကို နေ့စဉ် စားပါ။

Tip - နေ့စဉ် ကြက်ဥနှစ်လုံး စားနိုင်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်တွေဟာ အ သည်း ပျက်စီးမှု နှေးကွေးနိုင်တဲ့ ဓာတုပစ္စည်းပေါင်း ၁၀၀ ကျော်ကို လှုံ့ဆော်မှု ပေးနိုင်တာကြောင့်ပါ။

၆။ ကင်ဆာမှ ကာကွယ်နိုင်အောင် မြေပဲထောပတ် စားပါ

မြေပဲထောပတ်မှာ အပင်အဆီတွေနဲ့ တစ်သျှူးကျက်စေနိုင်တဲ့ ဗီတာမင် E တွေ အများအပြား ပါဝင် ပါတယ်။ နေ့စဉ် ထမင်းစားဇွန်း သုံးဇွန်းစာ စားသုံးရုံနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှု န်းေ လျှာ့ချနိုင်တယ်လို့ ဗန်ဒါဘစ် ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ သင့်မှာ အ သည်းရောင်ရောဂါ ဒါမှမဟုတ် မိသားစုမှာ အသည်းကင်ဆာရှိလို့ ရောဂါဖြစ်နိုင်ခြေ များနေသူ ဖြ စ်နေ ရင်တောင် မြေပဲထောပတ် စားရုံနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အဆီတွေက ပျက်စီးနေတဲ့ အသည်းဆဲလ်တွေ ကင်ဆာအဖြစ် မပြောင်းလဲနိုင်ခင်မှာ ပဲ ပြန်လည်ပြုပြင်နိုင်ပြီး ဗီတာမင် E က မူမမှန်တဲ့ ဆဲလ်တွေကို ဖျက်စီးနိုင်တဲ့ မျိုးရိုးဗီဇ ဂျင်းတွေကို လှုံ့ဆော်နိုင်လို့ပါ။ မြေပဲထောပတ် မကြိုက်ရင် ခွက်လေးပုံ တစ်ပုံစာ ဗာဒန်စေ့ စားနိုင်ပါတယ်။

၇။ အသည်း အဆီဖုံးရောဂါ ရှိနေရင်

အမေရိကန်လူမျိုး လေးယောက်မှာ တစ်ယောက်နှုန်းနဲ့ အဝလွန်သူ ၇၅ ရာခိုင်နှုန်းကျော်မှာ အ သည်း အဆီဖုံးရောဂါ ရနေပြီး အဲဒီရောဂါကို မကုသဘဲ ထားရင် အသည်းမှာ အမာရွတ် ဖြစ်ေ ပ်ါနိုင် ပါတယ်။ DHA နဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်ကို မှီဝဲရင် အသည်း အဆီဖုံးရောဂါ ပျောက်ကင်းနို င်ပြီး ရေရှည်မှာ အသည်းပျက်စီးနိုင်ခြေ ၆၅ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ အော်ရီဂွန်စတိတ် တက္ကသိုလ်မှ တွေ့ရှိထားပါတယ်။

၈။ အသည်းကို ကာကွယ်နိုင်ဖို့အတွက် အောက်ပါတို့ကို ရှောင်ကြဉ်ပါ

- ပါရာစီတမော ဆေးဝါး (အထူးသဖြင့် အရက်သောက်နေစဉ်မှာ)
- ဗီတာမင် B3 ခေါ် နိုင်ရာစင်
- Valerian ဒြပ်ပေါင်း

ဒေါက်တာခင်မိုးမိုး

Good Health

အဆောင်နေ တက္ကသိုလ်ကျောင်းသူနှစ်ဦးကို တပ်မတော်သား ဓားထိုးလုယက်


ပုသိမ်၊ သြဂုတ် ၂၁

ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက် ဘဝရှေ့ဆောင် ဘော်ဒါဆောင် တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသူနှစ်ဦး၏ အခန်းတွင်းသို့ အမှတ် (၄၂၄) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ တပ်မတော်သားတစ်ဦး ဝင်ရောက်၍ ဓားထိုးလုယက်ခဲ့ကြောင်း ဓားဒဏ်ရာများ ရရှိခဲ့သည့် ကျောင်းသူ မသင်းသင်းဝေက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၃၀ ခန့်က ပုသိမ်တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မသင်းသင်းဝေနှင့် ပထမနှစ်ကျောင်းသူ မစုစုနိုင်တို့ နေထိုင်ရာအခန်းသို့ အဆိုပါ စွပ်စွဲခံရသည့် တပ်မတော်သားက ဖွင့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်ကာ အိပ်ပျော်နေသည့် မစုစုနိုင် လက်မှ လက်စွပ်ချွတ်ယူစဉ် လန့်နိုး၍ အော်ဟစ် အကူအညီ တောင်းရာမှ ဓားဖြင့်အထိုးခံရကာ မသင်းသင်းဝေ၏ ဝဲဘက် ရင်အုံ၊ ဝမ်းဗိုက်နှင့် ယာခြေသလုံးတို့တွင် ပြတ်ရှဒဏ်ရာများနှင့် မစုစုနိုင်၏ လက်မနှင့် လက်ညှိုးကြား ပြတ်ရှဒဏ်ရာများ ရရှိကြောင်း မသင်းသင်းဝေက ပြောဆိုသည်။

မစုစုနိုင်၏ တိုင်ကြားချက်အရ အမှတ် (၂) ရဲတပ်ဖွဲ့ဝင်စခန်းမှ စုံစမ်းရာ သံသယရှိသူ အသက် ၂၈ နှစ်အရွယ် ကိုမင်းထွဋ်ဦးကို သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဖမ်းမိခဲ့ပြီး တပ်မတော်သားတစ်ဦး ဖြစ်သဖြင့် သက်ဆိုင်ရာတပ်က လာရောက် ခေါ်ဆောင်သွားသည့်အတွက် ယင်းနေ့ ညနေပိုင်းတွင် လွှဲအပ်ခဲ့ကြောင်း အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဖြစ်တဲ့နေ့ပဲ အဆောင်ကို သူတို့တပ်က တာဝန်ရှိသူတွေ လာကြပါတယ်။ စစ်စည်းကမ်းအရ တိကျစွာ အရေးယူပေးမယ်။ အဆောင်သန့်ရှင်းရေးနဲ့ လျှပ်စစ်မီး သွယ်တန်းဖို့ လုပ်ပေးမယ်လို့ ပြောပါတယ်။ သူတို့ပြောတဲ့အတိုင်း လာလုပ်ပေးကြပါတယ်” ဟု ဘဝရှေ့ဆောင် အဆောင်မှူး ဒေါ်စန်းမြင့်က ပြောကြားသည်။
The Voice Weekly

လက်ရွေးစင်ကစားသမားများ၏ ကြံ့ခိုင်မှုမှာ မိမိလောက်ပင်မရှိဟု ပတ်ဆောင်ဟွာ ဝေဖန်


ရဲရင့်ဌေး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၆ မိနစ်

မြန်မာယူ-၂၃အသင်း၏ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာက ပဏာမလက်ရွေးစင်ကစားသမားများ၏ ကြံ့ခိုင်မှု အခြေအနေမှာ အသက် (၆၀) အရွယ်ရှိ မိမိ၏ ကြံ့ခိုင်မှုကိုပင် မမီကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဆီးဂိမ်းတွင်ပါဝင်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်းကို လက်ရှိအချိန်တွင် ပဏာမကစားသမား ၃၀ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်မှုများပြုလုပ်နေပြီး စက်တင်ဘာလအတွင်း မလေးရှားနိုင်ငံတွင် ကျင်းပမည့် မာဒေးကား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

လက်ရွေးစင် ကစားသမားများ၏ ကြံ့ခိုင်မှု အခြေအနေနှင့် ပတ်သက်ပြီး ပတ်ဆောင်ဟွာက “ပဏာမ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အနေအထားက အတော်လေးကို ဆိုးရွားနေတာပါ။ သူတို့က ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့အကြုံပြုချက်တွေကိုလည်း သိပ်အလေးမထားဘူး။ ဒီအတွက် လုပ်ကိုင်ရတာ ခက်နေပါတယ်။ သူတို့ကစားနေတဲ့ ၀ိတ်ပြားတွေကို မကြည့်တော့ ကျွန်တော့်အတွက်တောင် ပေါ့နေပါသေးတယ်။ အသက် ၆၀ ရှိတဲ့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုထက်တောင် ကစားသမားတွေရဲ့အခြေအနေက ဆိုးနေပါတယ်” ဟု သုံးသပ်ပြသည်။

သို့သော် ပတ်ဆောင်ဟွာက အဆိုပါအားနည်းချက်ကိုပြင်ချိန်ရထားသည့် သုံးလကာလအတွင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကာ
ဆီးဂိမ်းရွှေတံဆိပ်ရရန်ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားသည်။

“ကစားသမားတွေရဲ့ အားနည်းချက်တွေကို ဖြည်းဖြည်းချင်း ပြုပြင်ရမှာပါ။သူတို့ နားဝင်အောင် တစ်ယောက်ချင်း ရှင်းပြပေးရမှာပါ။ အခုအချိန်ကတော့ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလာအောင်ကြိုးပမ်းရမှာ ပါ။ ပြင်ဆင်ချိန် သုံးလအတွင်းမှာ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ရွှေတံဆိပ် ရအောင် ကြိုးပမ်းရမှာပါ” ဟု ၎င်းက ဆိုသည်။
Mizzima - News in Burmese

မိတ္ထီလာ ခရီးစဉ်အတွင်းမှာ အစိုးရက လုံခြုံရေးပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ပြောဆိုလိုက်ပါတယ်


မိတ္ထီလာ ခရီးစဉ်အတွင်းမှာ အစိုးရက လုံခြုံရေးပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင် တားနားက ပြောဆိုလိုက်ပါတယ်။
DVB TV News

Peugeot ထုတ် ဟိုင်းဘရစ် သုံးဘီးဆိုင်ကယ် Onyx


ပြင်သစ်အခြေဆိုက် Peugeot ကုမ္မဏီမှ ထုတ်လုပ်တဲ့ ဆိုင်ကယ် ဖြစ် ပါတယ်။ Peugeot ဟာ သာမန်အားဖြင့် ကားသာ ထုတ်လုပ်ပေမယ့် ဆိုင်ကယ်ကိုလည်း မော်ဒယ် အမျိုးအစား အနည်းငယ် ထုတ်လုပ်လျက် ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတာကတော့ Peugeot Onyx Scooter ဖြစ်ပါတယ်။

သုံးဘီးဆိုင် ကယ်သာ ဆိုပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က ၃၇၀၀ စီစီ ၈လုံးပူး V ပစ်စတင်ဖြစ်ပြီး ဆီချွေတာဖို့အတွက် လျှပ်စစ်မော်တော် တစ်လုံးလည်း တပ်ဆင် ထားပေးပါတယ်။ ဆီတစ်ဂါလံကို ၁၁၇ မိုင်ကျော် မောင်းနှင်နိုင်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်က ကားတစ်စီး အတိုင်းပါပဲ။

လျှပ်စစ်အားတစ်ခုတည်း သုံးမယ်ဆိုရင် ၁၈.၆ မိုင်မောင်းနှင်ပြီး ဆီချည်း သက်သက် သုံးမယ်ဆိုရင် ၃၁၀ မိုင် ဖြစ်ပါတယ်။ ကာဘွန်ဖိုက်ဘာဘော်ဒီနဲ့ တည်ထောက်ပြီး အလူမီနီသတ္တုကိုလည်း ပေါင်းစပ် အသုံးပြု ထားပေး ပါသေးတယ်။ ပေါ့လည်းပေါ့ရမယ်။ စွမ်းဆောင်ရည်လည်း မြင့်ရမယ်၊ အကြမ်းခံရမယ်လို့ ရည်ရွယ်ချက်ထား တည်ဆောက်ထားတဲ့ Onyx Scooter ဟာ ဈေးကြီး စကူတာ တစ်စီးဖြစ်လာမှာ ဖြစ်ပါတယ်။ Hybrid ဗားရှင်း ဖြစ် တဲ့အတွက် top speed ကတော့ တစ်နာရီ ၉၃ အထိ မှိုင်ကုန် သတ်မှတ် ထားတယ်လို့ သိရပါတယ်။
---
Ref: autoblog
Aung Kham (TSJ team)

ရှာလကာရည်၏ ကောင်ကျိုးများ


စိမ်းနေသေးတဲ့ ပန်းသီး အရသာလို ချဉ်တဲ့ အရသာ ရှိတဲ့ ရှာလကာရည်က ဗက်တီးရီးယား များကို ဒုက္ခပေးတဲ့ အရာ၊ Fungus ခေါ် မှိုရဲ့ ရန်သူ၊ ရေခူတုပ် ခြင်းကို အဆိပ် ပြေစေတဲ့ အရာဖြစ်သလို အောက်ပါ ကျန်းမာရေး အခြေအနေ တွေကို ကုစားရာမှာ အသုံး ဝင်ပါတယ်။

-ဝက်ခြံ

-ကိုယ်နံ့

 -ပွန်းပဲ့ဒဏ်ရာ များ

-ဗောက်

-ပါးစပ်ခြောက်ခြင်း

-ခြေနံ့ထွက်ခြင်း

-ခေါင်းမှသန်းများ

-ခေါင်းကိုက်ခြင်း

-ကြို့ထိုးခြင်း

-အင်ပျဉ်

-အစာမကြေခြင်း

-အင်းဆက်ပိုးမွှား များနှင့် ပင့်ကူ ကိုက်ဒဏ်ရာများ

-ဆီများတဲ့ ဆံပင်

-နေလောင်ဒဏ်ရာများ

-ကြွက်နို့

ဦးလှမြင့်(ဂန္ဓာမာ)

စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦးကို အရေးယူ


မန္တလေး၊ သြဂုတ် ၂၁

မန္တလေးခရိုင် မြို့နယ် သုံးမြို့နယ်အတွင်းရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေမြောင်းများ ပေါ်တွင် မြောင်းဆယ်၍ မရအောင် ကွန်ကရစ် တုံးများဖြင့် အသေပိတ် ဖုံးအုပ်ထားသူ ငါးဦးကို အရေးယူထားကြောင်း အဆိုပါကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

အဆိုပါ ရေမြောင်းဖုံးများကို ပြန်လည် ဖယ်ရှား၍ သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား အသစ် ပြန်လည် ပြုလုပ်ရန် မြောင်းအသေ ဖုံးထားသည့် နေရာ ၂၀ သို့ သတိပေးစာ ပေးပို့ထားသော်လည်း လိုက်နာခြင်း မရှိသူ ငါးဦးကို ငွေဒဏ်ဖြင့် အရေးယူထားကြောင်း ၎င်းထံမှ သိရသည်။

မန္တလေးခရိုင် ချမ်းအေးသာစံ၊ အောင်မြေသာစံနှင့် မဟာအောင်မြေမြို့နယ် တို့ အတွင်းရှိ မြောင်းဖုံး များကို စစ်ဆေး၍ သတိပေးစာ ပေးပို့သော်လည်း လိုက်နာမှု မရှိသဖြင့် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“၁၂ ရက်နေ့ နောက်ပိုင်းက လိုက်နာမှု မရှိတဲ့ သူတွေကို အရေးယူမယ် ဆိုတော့ သူတို့တွေက အသနားခံကြတယ်။ မသိလို့ပါ၊ ခရီးလွန်နေလို့ပါ ဆိုပြီး တောင်းပန်လို့ ၁၅ ရက်နေ့အထိ အချိန်ပေး လိုက်တယ်။ တော်တော် များများကတော့ အသစ် ပြန်လုပ်နေကြပြီ။ အခု အရေးယူလိုက်တဲ့ သူတွေက လုံးဝကို လိုက်နာမှု မရှိတဲ့သူတွေပါ။ တစ်ဦးကို ဒဏ်ငွေနှစ်သောင်း ရိုက်လိုက် တယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စည်ပင်ပိုင် ရေမြောင်း အသေပိတ်ထားခြင်းကို ဖယ်ရှားရန် အကြောင်းကြားထားသော် လည်း လိုက်နာခြင်း မရှိသည့် နေအိမ်များကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ငါးသောင်းအထိ ပေးဆောင်ရမည် ဖြစ်ပြီး ဒဏ်ငွေ ဆောင်ပြီးနောက် လိုက်နာခြင်း မရှိသည့် နေအိမ်၊ ဆိုင်ခန်းများကို စစ်ဆေး တွေ့ရှိရပါက စည်ပင်သာယာရေး အက်ဥပဒေအရ ပုဒ်မ၂၄/၂၅/၂၆ အရ ထောင်ဒဏ် သုံးလမှ တစ်နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သန့်ရှင်းရေးဌာနထံမှ ထပ်မံ သိရသည်။

“အခုလို စစ်ဆေး အရေးယူတာက အလကားနေရင်း ဒဏ်ငွေ ရိုက်နေတာ မဟုတ်ပါဘူး။ မြောင်းဆယ် ရတဲ့ သန့်ရှင်းရေး လုပ်သားတွေက အဲဒီလို မြောင်းပိတ်ထားတာမျိုး ရှိရင် အရမ်း ဒုက္ခရောက်တယ်။ မြောင်း ဖုံးအောက်ထဲထိ ဝင်ပြီး မြောင်းဆယ်ရတာ အရမ်း သနားဖို့ ကောင်းတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြောင်းဆယ်တဲ့ လုပ်သား တစ်ယောက် မြောင်း ဖုံး ပြိုကျပြီး သေသွားဖူးတဲ့အတွက် အခုလို စစ်ဆေး အရေးယူရတာပါ” ဟု ဦးစိုးတင့်အောင်က ဆိုသည်။

ယင်းကဲ့သို့ မြောင်းဖုံးများကို အသေဖုံးထားသည့်အတွက် အမှိုက်များ ပိတ်ကာ မိုးရွာချိန်တွင် လမ်းမပေါ် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၂ အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။
The Voice Weekly

ဆေးဖက်ဝင် ငရုတ်သီး


ငရုတ်ပင်ကို ရုက္ခဗေဒ အခေါ်အဝေါ် အရ capsicum annuum ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင်  ငရုတ်သီး စားသုံးသူ အတော်များများ ရှိပေသည်။

ကျန်းမာရေး သုတေသီများက ငရုတ်သီး၏ ပါဝင်ပစ္စည်း များကို လေ့လာ စမ်းသပ်ခဲ့ရာ ဗီတာမင် C ၊ သံဓာတ်၊ သတ္တုဓာတ်၊ ကယ်လ်စီ ယမ်ဓာတ်၊ ဗီတာမင် Bနှင့် ဖော့စ်ဖောရပ်စ် ဓာတ်တို့် ကြွယ်ဝစွာ ပါဝင်နေကြောင်း တွေ့ရှိရသည်။ ငရုတ်သီးကို သင့်တင့်သည့် ပမာဏ စားသုံးပေး ခြင်းဖြင့် သွေးတိုး ရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် သွေးတွင်း ကိုလက် စထရောလ် များခြင်းတို့ ဖြစ် နိုင်ခြေကို ထိန်းသိမ်း နိုင်သည်ဟုလည်း သိရသည်။

ရိုးရားလေး ကျန်းမာရေး


ဆီးဂိမ်းအကြို အားကစား ပြိုင်ပွဲများ အခမဲ့ ကြည့်ရှုခွင့်နှင့် ကြိုပို့ စီစဉ်ပေးမည်


(ရန်ကုန်၊ သြဂုတ် ၁၉)
ဆီးဂိမ်း အကြိုပြိုင်ပွဲများအား အခ မဲ့ ကြည့်ရှုခွင့် အပြင် သွားလာရေး အတွက် စီစဉ်ပေးသွားမည်ဟု အားကစား ဝန်ကြီး ဌာနမှ သိရသည်။
”ဘယ်ပွဲစဉ်မဆို အခမဲ့ ကြည့်ခွင့် ပေးသွားမှာပါ။ အခြား ဝန်ဆောင်မှု အနေနဲ့ ပြိုင်ပွဲ လာကြည့်ဖို့ လွယ်ကူအောင် လိုင်းကားတွေ ပြေးဆွဲပေးမယ့် ပုံစံမျိုး ဆောင်ရွက်ပေး မှာပါ” ဟု အားကစား ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ဆီးဂိမ်း အကြိုပြိုင်ပွဲ အဖြစ် နေပြည်တော်တွင် ဗိုဗီနမ်နှင့် ကရာတေးဒို ပြိုင်ပွဲနှစ်ခု ကျင်းပရန် ရှိပြီး ဗိုဗီနမ် အားကစားနည်းကို ယခုလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အထိလည်း ကောင်း၊ ကရာတေးဒိုကို ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့ အထိလည်းကောင်း ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
”ရုပ်သံကတော့ ပြသမှာ မဟုတ်ပါဘူး။ အခမဲ့ လာရောက် ကြည့်ရှုခွင့်ပဲ ပေးသွားမှာပါ။ ရန်ကုန်က လာကြည့်မယ့် ပရိသတ်တွေကိုလည်း ကားစီစဉ် ပေးဖို့ မရှိပါဘူး။ ပြိုင်ပွဲကြီး ကျင်းပတော့ မှပဲ စီစဉ်ပေးသွားမှာပါ”ဟု ၄င်းက ဆက် လက်ပြောသည်။
အဆိုပါ ပြိုင်ပွဲများကို နေပြည် တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်း ပမည်ဖြစ်ကြောင်း၊ ဆီးဂိမ်း ကျင်းပသကဲ့ သို့ စီစဉ် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၇ ကြိမ် မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည့် အတွက် ဆီးဂိမ်း အကြို ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်နေ ခြင်းဖြစ်ပြီး လက်ရှိတွင် ဆီးဂိမ်း အကြို ပြိုင်ပွဲ အဖြစ် မြင်းစီး၊ မြားပစ်၊ နပန်း၊ စက်ဘီး၊ တိုက်ကွမ်ဒို စသည့် အားကစား နည်းများကို ကျင်းပပြု လုပ် ထားကြောင်း သိရသည်။
လက်ရှိတွင် ဆီးဂိမ်း အကြို (Pre Sea Games) အဖြစ် ကျင်းပမည့် ဗိုဗီနမ်နှင့် ကရာတေးဒို ပြိုင်ပွဲများ အပြင် MFFU-16 Championship 2013 ပြိုင်ပွဲကို လည်း နေပြည်တော် တွင် ပြု လုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရန် ပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တားမြစ်


UNHCR ကိုယ်စားလှယ် ကင်တားနားအား ရခိုင်ပြည်နယ်အရေးကိစ္စဖြင့် ပတ်သက်၍ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရန် ပြုလုပ်ခဲ့သော ကိုကျော်လင်းအောင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဇော်အေးမောင်၏ တားမြစ်ချက် ကြောင့် မပြုလုပ်ဖြစ်တော့ကြောင်းကို သြဂုတ်လ ၂၁ ရက် ညနေပိုင်းက စမ်းချောင်းမြို့နယ် မင်းလမ်းရှိ ရခိုင်အမျိုးသားကွန်ယက်ရုံး အောက်အတွင် ပြောနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Mizzima - News in Burmese

အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်


အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။

ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်းသူခြောက် ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော် သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက်လိုကြောင်းလည်း သိရသည်။

သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှကာကွယ်ရန် အခြားနည်းလမ်းများရှိကြောင်း၊ ယခုအစီအစဉ်သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။

ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။

၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့်အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

Ref-AFP/ACSP

Yangon Media Group

ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်


မုံရွာ၊ သြဂုတ် ၂၁

မုံရွာမြို့အရှေ့ဘက် ကန်ပြားလေးရွာ သုသာန်ဟောင်း အနီးရှိ ရေမရှိသော ရေကန်ဟောင်းကြီးအတွင်း၌ ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး၍ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်က ကန်ပြားလေးရွာ ရေကန်ဟောင်းကြီးအတွင်း၌ လူတစ်ဦး ဝဲဘက်ရင်အုံညှပ်ရိုးအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်တင်ပါးတွင် တစ်ချက်၊ ဝဲလက်မောင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်းကို တွေ့ရှိခဲ့ရကြောင်း သွားရောက် စစ်ဆေးခဲ့သည့် အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သေဆုံးသူမှာ မုံရွာမြို့ အိုးဘိုထောင် ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့နေစဉ် အဆိုပါ အမျိုးသမီး၏ခင်ပွန်း ရောက်ရှိလာကာ ၎င်းက အသင့်ယူဆောင်လာသည့် ၁၀ လက်မ အရှည်ရှိ ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်အား မုံရွာအမှတ် (၂) ရဲစခန်းတွင် အမှုကြီး အမှတ် ၈/၁၃ ပြစ်မှု အမှတ် (ပ)၃၈၄/၁၃ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
The Voice Weekly

နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံးပြုနိုင်ပြီ


ရန်ကုန်၊ သြဂုတ် ၂ဝ
မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုခွင့်ရရှိနေပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
”နိုင်ငံတွေ တော်တော်များနေပါ ပြီ။ အာရှ၊ ဥရောပ၊ အရှေ့ဖျားနိုင်ငံတွေ များပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာရှိတစ်ဦးက ပြောသည်။
ယင်းသို့ ပြည်ပဖုန်းများ မြန်မာ၌ သုံးစွဲခွင့်ပေးရာတွင် မြန်မာ့ဆက်သွယ် ရေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့် ကုမ္ပ ဏီများမှ ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။
”ပြောချင်တာက နိုင်ငံငါးဆယ် သုံးစွဲခွင့်ရတယ်ဆိုတာကRoaming   ချိတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံလုံးက ဖုန်း တွေလာသုံးလို့ရတာ မဟုတ်ဘူး။ ဥပမာ စင်ကာပူနိုင်ငံနဲ့ ချိတ်ဆက်ထားရင် စင် ကာပူမှာအော်ပရေတာအဖြစ် လုပ်ကိုင် နေတဲ့ ကုမ္ပဏီသုံးခုထဲက ကုမ္ပဏီ တစ် ခုနဲ့ပဲ ချိတ်ထားတဲ့ပုံစံမျိုးပေါ့။ ကုမ္ပ ဏီတစ်ခုပဲချိတ်ထားရင်ကျန်တဲ့ ကုမ္ပဏီ နှစ်ခုက ဖုန်းတွေ လာသုံးလို့မရဘူး။ ဒီသဘောပါ”ဟု ၄င်းကရှင်းပြသည်။
အဆိုပါ ဆောင်ရွက်ချက်များကို ၂ဝ၁၂ ခုနှစ်ဆန်းမှ စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျင်းပပြီးစီး ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့ အာရှ)တွင် စတင်သုံးစွဲခွင့်ပေးခဲ့ခြင်းဖြစ် ကြောင်း၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပ နိုင်ငံများမှ ဖုန်းများသုံးစွဲနိုင်ပြီဖြစ် သော်လည်း မြန်မာဖုန်းများအား ပြည်ပ နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင် မည်မဟုတ်သေးေ ကြာင်း ငွေကြေး ဖြတ် တောက်မှုနှုန်းထားများ ကျန်ရှိနေသည့် အတွက် အသုံးပြုခွင့် မပေးခြင်းဖြစ် ကြောင်း ၄င်းကဆက်ပြောသည်။
”စမ်းသပ်မှုတွေတော့ ပြုလုပ်နေ ပါတယ်။ ဘယ်အချိန်အသုံးပြုခွင့်ပေး သွားမလဲဆိုတာတော့ ခန့်မှန်းလို့ မရ သေးပါဘူး။ ရတာနဲ့ ကြေညာပေးသွား မှာပါ”ဟု ၄င်းက ဆက်ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သည် ယခင်က မြန်မာ့ဖုန်းများ နိုင်ငံ တကာနှင့် အပြန်အလှန်သယ်ဆောင်အ သုံးပြုခွင့်ကို ၂၇ ကြိမ်မြောက် ဆီးဂိမ်း တွင် ဆောင်ရွက် မည်ဟု ပြောဆိုထား မှုများရှိခဲ့သော်လည်း လက်ရှိတွင်Inbound Roaming အဆင့်သာ ရှိပြီး Outbound Roaming မရောက် ရှိသေးကြောင်း သိရသည်။
Popular Myanmar

ပြည်သူများ မိုဘိုင်းလ်ဖုန်း လိုအပ်ချက် ပြည့်မီစေရန် ရက်ပိုင်းအတွင်း တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ ရောင်းချပေးမည်


ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးနေသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို ပြည်သူများ ကြားတွင် လိုအပ်နေသေးသည့် အတွက် ထပ်မံကာ(၅) ကြိမ်မြောက် အဖြစ် ယခုရက်ပိုင်း အတွင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

ပြည်သူများ ကြားတွင် လိုအပ်နေသည့် တယ်လီဖုန်း လိုင်းအင်အားများကို တိုးမြှင့်တပ်ဆင် ပေးနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သြဂုတ် ၂၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ ကြိုတင် ပေးသွင်းထားသည့် CDMA 800 MHz (MEC) မိုဘိုင်းလ်ဖုန်း တစ်သိန်းခွဲနှင့် GSM မိုဘိုင်းလ်ဖုန်း နှစ်သိန်းတစ်သောင်း စုစုပေါင်း မိုဘိုင်းလ်ဖုန်း သုံးသိန်း ခြောက်သောင်းကို ဆင်းကတ် တစ်ခုအတွက် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရောင်းချပေးရာတွင် ပြည်နယ်အလိုက် ခွဲတမ်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ ငွေကျပ် ၁၅ဝဝ တန် ဖိုးနည်းဖုန်းများ ဖြစ်သည့် CDMA 800 MHz (MEC) မိုဘိုင်းလ်ဖုန်း တစ်သောင်း သုံးထောင့်ရှစ်ရာနှင့် GSM မိုဘိုင်းလ်ဖုန်း ငါးသောင်း ခြောက်ထောင် ရရှိမည်ဖြစ် သည့်အတွက် ဖုန်းနှစ်မျိုးပေါင်း ၆၉၈ဝဝ ခွဲတမ်း ရရှိမည် ဖြစ်သည်။

နေပြည်တော်တွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ခွဲတမ်းအနေဖြင့် CDMA 800 MHz (MEC) ၁၁၅ဝဝ နှင့် GSM မိုဘိုင်းလ်ဖုန်း ၁၅ဝဝဝ ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်သည့်အတွက် တန်ဖိုးနည်းဖုန်း ခွဲတမ်း အနေဖြင့် စုစုပေါင်း အလုံးရေ ၂၆၅ဝဝ ရရှိမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဧပြီလမှ စတင်၍ တန်ဖိုးနည်း ဖုန်းများကို စတင်ရောင်း ချပေးခဲ့သည်။ စတင်ရောင်းချ ပေးစဉ်အချိန်တွင် ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဆင်းကတ် အလုံးရေ သုံးသိန်း ငါးသောင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစဉ် ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် အရေအတွက်မှာ ၁ ဒသမ ၄ သန်းအထိ ရှိခဲ့သည့်အတွက် ယခင်ရောင်းချ ပေးထားသည့် ငွေကျပ် ၁၅ သိန်းတန် ဖုန်းများနှင့် ငွေကျပ်နှစ်သိန်း တန်ဖုန်းများ ပေါင်းပါက စုစုပေါင်း ၅ ဒသမ ၂ သန်းကျော်အထိ ရှိသွားပြီဖြစ်ကြောင်း ထုန်ပြန်ချက်အရ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး ရောင်းချပေးခဲ့ပြီး ဖြစ်သည့် ဖုန်းအရေ အတွက်များနှင့် နိုင်ငံအတွင်းရှိ အိမ်ထောင်စု ၈ ဒသမ ၇ သန်းကျော်ကို အချိုးကျ တွက်ချက် ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၇ စုလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံး ရရှိနိုင်မည် ဖြစ်သော် လည်း လက်ရှိ အချိန်တွင် အိမ်ထောင်စုတိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲရန် လိုအပ်နေလျက် ရှိကြောင်း စိစစ်တွေ့ရှိ ရသဖြင့် အိမ်ထောင်စု တိုင်းအတွက် မိုဘိုင်းလ်ဖုန်း ပိုမိုသုံးစွဲခွင့် ရရှိရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

တန်ဖိုးနည်း ဖုန်းများမှာ ကတ်ဝယ်ယူ ထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းကတ်တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ငွေကျပ် ၅ဝဝဝ တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြင့် ငွေဖြည့် သုံးစွဲရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ထားသည်။

ဆင်းကတ်ကို အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် ၁၅ ရက် အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

ယင်းတန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို လစဉ်ကြိုတင် ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ငွေကျပ် ၂၅ဝဝ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်၍ နှစ်လပြည့် သော်လည်း ကြိုတင်ငွေ ဖြည့်ကတ်မှ ငွေကျပ် ၅ဝဝဝ ကို အပြည့် မသုံးစွဲပါက အလိုအလျောက် ငွေကျပ် ၅ဝဝဝ ပြည့်သည်အထိ ဖြတ်တောက် သွားမည် ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီး နောက် ၁၅ ရက်အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကံထူး

မြ၀တီ

လွှတ်တော်ထဲက အလွဲများ


ခင်ဦးသာ| August 22, 2013 | Hits:1,350

ပြည်ထောင်စုအဆင့် လွှတ်တော်တွေ ကျင်းပနေတာ အခုဆိုရင် ၂ နှစ်ကျော် (သက်တမ်း တ၀က်ခန့်ရှိ)လာပြီ ဖြစ်ပေမယ့် ကိုယ်စားလှယ်တချို့ဟာ ကိုယ့်ရဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ထိတွေ့မှု အားနည်းသလို၊ လွှတ်တော်ထဲမှာ ထိရောက်မှုမရှိတဲ့ မေးခွန်းနဲ့ အဆို တချို့ကို မေးမြန်း ဆောင်ရွက်နေတာတွေလည်းပဲ တွေ့နေရဆဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းက ကိုယ်စားလှယ် တချို့ရယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ဒေသတွေက ကိုယ်စားလှယ်တချို့ဟာ ကိုယ့် မဲဆန္ဒရှင် ပြည်သူတွေနဲ့ တနှစ်နေလို့ တကြိမ် ထိတွေ့မှု မရှိသလို၊ မေးမြန်းဆွေးနွေးတဲ့ မေးခွန်းတွေ၊ အဆိုတွေဟာလည်း တခြားစီ ဖြစ်နေပါတယ်။

မိမိ ရွေးကောက်ခံခဲ့တဲ့ မဲဆန္ဒနယ် အတွင်းက အဖြစ်အပျက် အကြောင်းအရာ မဟုတ်ဘဲ လက်ရှိ မိမိနေထိုင်ရာ ရန်ကုန်မြို့က အကြောင်း အရာတွေကို မေးမြန်းတာမျိုး၊ တခြားဒေသက ကိစ္စတွေကို မေးမြန်းတာတွေ အတော်များများ တွေ့နေရပါတယ်။

ဒါ့အပြင် ကျေးရွာလမ်း ပြုပြင်ရေး၊ ရွာမူလတန်းကျောင်း ပြုပြင်ပေးရန် ရှိမရှိ၊ ငွေ အကြွေစေ့တွေ ပြန်ထုတ်ပေးရန် ရှိမရှိ၊ ချောင်း ကမ်းပါး ပြိုကျတာ ကာကွယ်ပေးရန် ရှိမရှိ၊ တံတား ကွန်ကရစ်တွေ ပျက်စီးနေတာ ပြုပြင်ပေးရန် ရှိမရှိ စတဲ့ မေးခွန်း အများ အပြားတွေကိုလည်း ပြည်ထောင်စု အဆင့် လွှတ်တော်တွေမှာ ဒီနေ့အထိ မေးမြန်းနေကြဆဲပါ။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ပြည်ထောင်စု လွှတ်တော် နာယကသစ် သူရ ဦးရွှေမန်း ကိုယ်တိုင်ကလည်း လူနာတင်ယာဉ် ပါ ဖုန်းနံပါတ်တွေဟာ အရေးပေါ်လာရင် ခေါ်ရတာ ရှည်လျားနေတဲ့အတွက် နံပါတ် ၃ လုံးသာထားဖို့ ဆက်သွယ်ရေး ၀န်ကြီးဌာ န ကို တိုက်တွန်းကြောင်း လွှတ်တော်အစည်းအဝေးမှာ အကျယ်တ၀င့် ပြောဆိုသွားတာ တွေ့ရတယ်။

အဲဒီလို အသေးအမွှားတွေကို အချိန်ကုန်ခံ ဆွေးနွေးနေကြတာကို ခွင့်ပြုပေးထားပေမယ့် တနိုင်ငံလုံးက လယ်ယာမြေတွေ အဓမ္မ သိမ်းယူထားတဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြ ဆွေးနွေးမှုကိုတော့ သူရ ဦးရွှေမန်းက ခွင့်မပြုခဲ့ပါဘူး။ စစ်တပ်ကို ဝေဖန် တာဟာ စစ်တပ်အပေါ် ပြည်သူတွေက အထင်လွဲမှားမှုတွေ ဖြစ်စေတဲ့ အတွက်ကြောင့်လို့ ဦးရွှေမန်းက အကြောင်းပြတယ်။

စစ်အစိုးရ လက်ထက်မှာ စစ်တပ်၊ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် က သိမ်းယူထားတဲ့ မြေသိမ်းယာသိမ်း ပြဿနာဟာ ဖြေရှင်းရ ခက်ခဲနေပြီး ကြီးမားတဲ့ စိန်ခေါ်မှု တရပ် အဖြစ် ရှိနေဆဲပါ။

အဲဒီအထဲမှာ စစ်တပ်သိမ်းထားတာဟာ အများဆုံးဖြစ်ပါတယ်။ သိမ်းထားတဲ့ တချို့မြေတွေကို စစ်တပ်က စီးပွားရေး ကုမ္ပဏီ တွေကို ငှားစားနေတဲ့ အကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆွေးနွေးရာ စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူး ချုပ် ကျော်ဦးလွင် ဆိုသူက ကန့်ကွက်တဲ့အတွက် လယ်ယာမြေကိစ္စ ဆက်မဆွေးနွေးဖို့ ဦးရွှေမန်းက တားမြစ်ခဲ့ပါတယ်။

မြို့နယ်၊ ရပ်ကွက် အဆင့်က ဖြေရှင်းပေးနိုင်တဲ့ အရာတွေကို ပြည်ထောင်စု အဆင့်မှာ အချိန်ကုန်ခံ မေးမြန်းတာ၊ ဆွေးနွေး နေရတာဟာ လွှတ်တော် စတင်ခဲ့စဉ်တုန်းကတော့ သက်တမ်းနုလို့၊ အတွေ့ အကြုံ မရှိသေးတဲ့ အတွက်ဖြစ်တယ်လို့ ကိုယ် စားလှယ်တွေက တုံ့ပြန်ခဲ့ကြတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ဟာလည်းပဲ ကိုယ်စားလှယ်တွေရဲ့ တင်ပြ တောင်းဆိုမှုတွေကို အလေးထား လုပ်ဆောင်ပေးမှု မရှိတဲ့အတွက် လို့ဆိုကြတယ်။

အသေးအမွှား ကိစ္စတွေကို အခုအချိန်ထိ မေးခွန်းထုတ်နေကြတာ၊ အဆိုတင်တာတွေ တွေ့နေရဆဲမို့ အစိုးရ အာဏာပိုင်တွေ ဟာ လွှတ်တော်ရဲ့ တိုက်တွန်းမှုတွေကို အလေးထားမှု မရှိသေးဘူးလို့ ဆိုရမှာပါပဲ။ အောက်ခြေ အဆင့် အာဏာပိုင်တွေကို ဗဟို အစိုးရ ကလည်း ထိရောက်အောင် လမ်းညွှန်ပေးနိုင်မှု မရှိသေးပါဘူး။

ကြံ့ခိုင်ရေး ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့ လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်မှာ အောင် မြင်မှု အများအပြားရရှိထားပြီး ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လယ်ယာမြေ သိမ်းယူမှုဆိုင်ရာ တချို့တော့ ဒီနေ့အထိ အောင်မြင်မှု မရှိသေးဘူးလို့ ပြောတယ်။

လွှတ်တော်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ လယ်ယာမြေ ဥပဒေ စတဲ့ တနိုင်ငံ လုံးအတွက် အရေးပါတဲ့ ဥပဒေတွေ ကို ပြဌာန်ပေးနိုင်ခဲ့တာလည်း ရှိပါတယ်။

လွှတ်တော်ထဲမှာ နေရာအများဆုံး ရထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစု ဟာလည်းပဲ မြို့နယ်၊ ရပ်ကွက် အဆင့် ဖြေရှင်းနိုင်တာတွေကို မေးမြန်းတာ၊ အဆိုတင်တာ အခုချိန်အထိ လုပ်နေကြသေးသလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီ ကိုယ်စားလှယ်တွေဟာလည်းပဲ လွှတ်တော်ထဲရောက်တာ တနှစ်ကျော်လာပေမယ့် ပြည်သူတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေ မေးမြန်းတာ၊ အဆိုတင်တာ အားနည်းနေဆဲပါပဲ။

ဥပမာ-မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာ အနီးက ရထားလမ်းနဲ့ ကားလမ်းပါတဲ့ မြစ်ကူးတံတားရဲ့ ကတ္တရာတွေ ပျက် စီးနေတဲ့ အတွက် ပြုပြင်ပေးရန် ရှိမရှိဆိုတဲ့မေးခွန်းကို ဂန့်ဂေါ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့် က ဒီလဆန်းက မေးမြန်းခဲ့ပါတယ်။

ပြည် မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်းပဲ “ဆိုင်ကယ်စီး ဦးထုပ် မဆောင်း၍ ဖမ်းဆီးခံရသူများအား ဆိုင်ကယ် စီး ဦးထုပ်ကို ချက်ချင်းရောင်းချ၍ လက်တွေ့ဆောင်ရွက်ပေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးဖို့ ရှိမရှိ”ဆိုတဲ့ မေးခွန်းကို မေး ပါတယ်။

အလားတူ NLD ပါတီ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ ပြည့်တန်ဆာတွေအတွက် ဘ၀ အာမခံချက်ရှိအောင် လုပ်ပေးဖို့ မေးမြန်း တာ၊ အဆိုတင်ခဲ့တဲ့ အပေါ်မှာလည်းပဲ လူအများ ဝေဖန်ခဲ့ကြပါတယ်။ ပြည့်တန်ဆာတွေ အရေးကို အလေးမထားလို့ ထောက်ပြတာ မဟုတ်ပါဘူး။

ချင်းပြည်နယ်က ရွေးကောက်ခံထားတဲ့ ကိုယ်စားလှယ်က ရန်ကုန်မြို့မှာ မော်တော်ကားလမ်းတွေ ပိတ်နေတဲ့ကိစ္စတွေ ဖြေ
ရှင်း ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကို မေးမြန်းတာမျိုးလည်း ရှိနေပါတယ်။

“ကိုယ့် မဲဆန္ဒနယ်က ကိစ္စကို မမေး၊ မဆွေးနွေးဘဲ တခြားဒေသက ကိစ္စမေးမြန်းတဲ့အတွက် သူ့ကို ရွေးချယ်လိုက်တဲ့ ပြည် သူတွေအတွက် နစ်နာတာပေါ့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလိုမျိုး မရွေးမိဖို့ အရေးကြီးတာပေါ့၊ ကိုယ့်ဒေသမှာ အမှန်တကယ် နေတဲ့သူမျိုးကိုပဲ မဲပေးရွေးချယ်သင့်တယ်”လို့ ဦးလှဆွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန် ဆိုရင်လည်းပဲ ရန်ကုန်မြို့က ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ အလုံမြို့နယ်တွေထဲက အိမ်နောက်ဘက် လမ်းကြားတွေမှာ အမှိုက်တွေ စုပုံနေလို့ အနံ့ဆိုး ထွက်တာ၊ မီးဘေး စိုးရိမ်ရတာတွေကြောင့် နွေရာသီ မရောက်မီ ရှင်းလင်းပေးဖို့ ရှိမရှိ ဆိုတဲ့ မေးခွန်းကို ပြီးခဲ့တဲ့ ဇူလိုင် လထဲမှာ မေးမြန်းခဲ့ပါတယ်။

ဦးအောင်စိန်ဟာ မာန်အောင်ဇာတိ ဖြစ်ပေမယ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်နဲ့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်က လွဲရင် မာန် အောင် ဒေသ ကို လာရောက်မှု မရှိကြောင်း၊ ဒေသခံတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးမယ်ထင်လို့ မဲပေးခဲ့တာ ဖြစ်ကြောင်း ဒေသခံ တွေက ပြောပြပါတယ်။
“ဦးအောင်စိန် က ရန်ကုန်မှာပဲနေပြီးတော့ မာန်အောင်က မဲဆန္ဒရှင်တွေနဲ့လာတွေ့တာ သိပ်မရှိပါဘူး၊ ဒေသခံတွေ အတွက် လည်း အလုပ်လုပ်တာ မတွေ့ရဘူး၊ မာန်အောင်ကျွန်းမှာ လေယာဉ်ကွင်း တည်ဆောက်ဖို့ ရှိမရှိဆိုတာကို တခါတော့ မေးခွန်းမေးတာ တွေ့လိုက်တယ်”လို့ မာန်အောင် ဒေသခံ တဦးက ပြောတယ်။

မာန်အောင်ကျွန်းကို ခရီးသွားဇုန် တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့အတွက် ကျွန်းပေါ်မှာရှိတဲ့ လယ်ယာမြေ၊ နွားစား ကျက်မြေစတဲ့ ဧက ၅ သောင်းကျော်ထဲက ၄ သောင်းဝန်းကျင်ကို စီမံကိန်းအတွက် လျာထား ထားလို့ မိမိတို့မြေတွေ ဆုံးရှုံး မှာကို ဒေသခံတွေက စိုးရိမ်မှုရှိနေတယ်၊ ဒါနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန် အနေနဲ့ ဘာမှ ကူညီပေး တာ မရှိသေးဘူးလို့ မာန်အောင် ဒေသခံတွေက ပြောကြပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး ကတော့ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ် တွေ ဖြစ်တာမို့ နိုင်ငံတ၀န်း ဘယ်ဒေသက အကြောင်းအရာကို ဖြစ်ဖြစ် မေးမြန်းပေးတာဟာ မှားတယ်လို့ မဆိုလိုဘူးလို့ မှတ်ချက်ပြုပါတယ်။

တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အဆိုတွေ၊ မေးခွန်းတွေဆိုရင်တော့ ဘယ်မဲဆန္ဒနယ်က ကိုယ်စားလှယ်ပဲ ဖြစ်ဖြစ် ပါဝင်ဆွေးနွေး သင့်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ တခုလုံးက လယ်ယာမြေသိမ်းမှု ပြဿနာတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ၊ တိုင်းရင်းသား ဒေ သတွေက စစ်ပွဲတွေ၊ စစ်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် အရေး ကိစ္စတွေ၊ စစ်အစိုးရ လက် ထက်က လုပ်ထားခဲ့တဲ့ စီမံကိန်း အများအပြားဟာ ပွင့်လင်းမြင်သာမှု မရှိလို့ ဆန္ဒပြ ကန့်ကွက်မှုတွေ စတာတွေဟာ အရေး တကြီး ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ အရာတွေပါ။

ဒါပေမယ့် လွှတ်တော်ထဲမှာတော့ ဒီကိစ္စတွေအတွက် အချိန်ပေးပြီး အသေးစိတ်ဆွေးနွေးတာ သိပ်မတွေ့ရပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းရုံကလွဲပြီးတော့ ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဖြေရှင်းပေးဖို့ အစိုးရ အပေါ် ဖိအားပေး တိုက်တွန်းတာမျိုး သိပ်မတွေ့ရပါဘူး။

မြန်မာတနိုင်ငံလုံးက ကျေးလက်ဒေသတွေမှာ လယ်မြေသိမ်းမှု ပြဿနာတွေ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့လိုအပ်ချက်တွေ အများအပြားရှိနေပါသေးတယ်။ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး အားနည်းနေတဲ့ အ တွက် တနိုင်ငံလုံးမှာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စတဲ့ မှုခင်းပေါင်းစုံဟာလည်း အစိုးရ သတင်းစာတွေ အပါအ၀င် သတင်းမီဒီ ယာမှာ တွေ့နေရပါတယ်။

လွှတ်တော်ရဲ့ အချိန်သက်တမ်းဟာ နောက်ထပ် လ ၃၀ ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်အတွင်းမှာ အဓိက မကျတဲ့ အ ကြောင်းအရာတွေနဲ့ပဲ အချိန်ကုန်နေမယ် ဆိုရင်တော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေကို အချိန်ပေးဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။

လယ်ယာမြေကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည် အရေးတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲပြီး တိုင်းရင်း သားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာခွဲဝေရေး၊ ဒေသထွက် သယံဇာတ ခွဲဝေသုံး စွဲရေး စတဲ့ အကြောင်းအရာတွေဟာလည်း ပြည်တွင်း တည်ငြိမ်အေးချမ်းရေး နဲ့ ဆက်စပ်နေတာမို့ အချိန်ယူ အလေးထား ဆွေးနွေးဖို့ လိုအပ်မှာပါ။

တချို့ကိုယ်စားလှယ်တွေဟာ ပြည်သူ့ကိုယ်စားလှယ် ဆိုပေမယ့် ပြည်သူ့တို့ရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ရဲတဲ့ အနေအထား မရှိသေးတာလည်း တွေ့ရတယ်။ လွှတ်တော် ဥက္ကဋ္ဌ မျက်မုန်းကျိုးမှာ၊ စစ်တပ်က မျက်မုန်းကျိုးမယ့် အရာ၊ အစိုးရ အဖွဲ့ ညိုညင်မယ့် အရာတွေကို ရှောင်ရှားနေဆဲ ဖြစ်နေတာလည်း တွေ့ရပါတယ်။

အရေးမကြီးလှတဲ့ မေးခွန်းတွေကို ရှည်လျားစွာ မေးမြန်းနေကြတဲ့အတွက် လိုရင်းသာ မေးမြန်းကြဖို့ သူရ ဦးရွှေမန်းက သတိ ပေး နေပေမယ့် မလိုက်နာကြတဲ့အတွက် သြဂုတ်လ ၁၉ ရက်နေ့မှာ သတိပေး အကြောင်းကြားစာ ထုတ်ပြန်လိုက်တာလည်း တွေ့ရပါတယ်။

အစည်းအဝေးတွေ မြန်ဆန်သွက်လက်စေဖို့ မေးခွန်းတွေကို မလိုအပ်ဘဲ ရှည်လျားခြင်းမရှိတဲ့ မေးခွန်းများကိုသာ လွှတ်တော်မှာ မေးဖို့ အကြောင်းကြားစာပါ။ ဒါပေမယ့် တချို့မေးခွန်းတွေဟာ အကျိုးအကြောင်းနဲ့ရှင်းပြ မေးမြန်းရတာ ရှိပေမယ့် ကိုယ်စားလှယ် အများစုဟာ မလိုတာတွေ ပြောနေတာက များပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက လွှတ်တော်ဟာ နိုင်ငံတကာက လွှတ်တော်တွေနဲ့အတော်ကြီး ကွာခြားတာလည်း တွေ့ရတယ်၊ စစ်တပ်ကို မဝေဖန်ရတဲ့အပြင် အမြင်မတူတာတွေကို အပြန်အလှန် ဝေဖန်တာ၊ ထောက်ပြတာ ငြင်းခုံတာလည်း သိပ်မတွေ့ရပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေက ပါလီမန်တွေမှာဆိုရင် အမြင်မတူတာကို ဝေဖန်ထောက်ပြ ငြင်းခုံရာ ကနေ ဖိနပ်နဲ့ ကောက် ပစ်တာ၊ လက်သီးနဲ့ ထထိုးတာမျိုးတွေ အထိရှိပါတယ်။ နေပြည်တော်က လွှတ်တော်ကိုလည်း အဲဒီလိုမျိုး ဖြစ်ရမယ် လို့တော့ မဆိုလို ပါဘူး။ ပါလီမန်က ပါလီမန်နဲ့တူဖို့ပဲ အရေးကြီးပါတယ်။

ဒါပေမယ့် နေပြည်တော်က ပါလီမန် အဆောက်အအုံထဲက ကိုယ်စားလှယ်တော်တွေကတော့ ကိုယ်စားလှယ် တဦးရဲ့ဆွေး နွေးမှုကို နောက်တဦးက စိတ်မ၀င်စားဘူးဆိုရင် အိပ်ငိုက်သူက ငိုက်၊ အင်တာနက် သုံးသူကသုံး၊ သတင်းစာ ဖတ်နေသူက ဖတ် စတဲ့ ပုံစံမျိုးစုံရဲ့ ဓာတ်ပုံတွေကို အင်တာနက် စာမျက်နှာတွေမှာ တွေ့ရပါတယ်။

အိပ်ငိုက်နေကြတာနဲ့ ပတ်သက်ပြီး သီပေါ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “လွှတ်တော် အမတ် များ တိတ်တခိုး အိပ်ကြပုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတာ လည်း တွေ့ရပါတယ်။

တကယ်တော့ ကိုယ်စားလှယ်တွေ အနေနဲ့ သူများဆွေးနွေးမှုအပေါ် စိတ်ဝင်စားမှုမရှိတာ၊ မိမိ ဆွေးနွေးရမယ့် အလှည့် မရောက် သေးဘူး၊ အာရုံစူးစိုက်မှု မရှိဘူး ဖြစ်နေတယ်ဆိုရင် အိပ်ငိုက်နေမယ့်အစား နားနေဆောင် သွားနားတာ၊ အပြင်ထွက် လမ်းလျှောက်တာ စတဲ့ အာရုံပြောင်းမှုတွေနဲ့ လွတ်လပ်စွာ စိတ်အပန်းဖြေသင့်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့လည်း ဒါမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။

လွှတ်တော်အစည်းအဝေးတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် အကြောင်းအရာတွေ၊ ဝေဖန်မှုတွေ၊ အပြန်အလှန် ငြင်းခုံမှု တွေကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် မပေးဘဲ တင်းကျပ်မှု၊ ထိန်းချုပ်မှုတွေသာ ဆက်လုပ်နေကြဦးမယ်ဆိုရင်တော့ နောက်ထပ် ကျန် နေသေးတဲ့ လ ၃၀ အတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေ၊ ပြည်တွင်းစစ် လုံးဝ ရပ်စဲရေးဆောင် ရွက်မှုတွေ ဟာ ပြည်သူတွေ မျှော်လင့်နေကြသလို မြန်မြန်ဆန်ဆန်နဲ့ လက်တွေ့အကောင်အထည်ပေါ်လာဖို့ အားနည်းနေဦးမှာ ဖြစ်ပါတယ်။ ။

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart


Omate TrueSmart အမည်နဲ့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် အခြေဆိုက် နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Omate မှတ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

တကယ့် စမတ်နာရီ ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုရန် လုံးဝ မလိုတော့ ကြောင်း ကြော်ငြာစာသားမှာထည့်သွင်း ပြောကြားထားပါတယ်။ နာရီ မျက်နှာပြင်က ၁.၅၄ လက်မ ရှိပြီး တောင်ကိုရီးယား LG က ထုတ်တဲ့ TFT Display ကို အသုံးပြု ပါတယ်။

Android 4.2 OS ကို ပါဝင်ပြီး ကင်မရာက 5 megapixel အရည်အသွေး ရှိပါတယ်။ ဖုန်းပြောလို့ရပါမယ်။ GSM, CDMA နှစ်မျိုးစလုံး အတွက် ထောက်ပံ့ပြီး ဆင်းမ်ကဒ် ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။ Bluetooth 4.0, Wi Wi, GPS တို့လည်းပါရှိပါတယ်။ micro SIM ကို အသုံးပြု ရမှာပါ။ ဘက်ထရီက နာရီ ၁၀၀ အတွက် Standby ဖြစ်မယ့် 600mAh အား ဖြည့်တင်း ထားပါတယ်။ 2GM memory ပါရှိပြီး ကဒ် ထပ်ဆိုက် လို့ ရပါသေးတယ်။

ဖုန်းပြောဖို့၊ စာပို့ဖို့၊ အသံနဲ့ ပြောတဲ့ စကားကို စာအဖြစ် ပြောင်းလဲ ပေးမယ့် နည်းပညာ အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက်လည်း အသုံးပြု လို့ ရပါမယ်။ Facebook, Twitter, Instagram တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Android ကိုအခြေခံတဲ့ App အတော်များများကို စမတ်ဖုန်းမှာ အသုံးပြုသလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစုံခံ၊ အကြမ်းခံတဲ့ နာရီ ဖြစ်ပါတယ်။

ဒီတော့ ယခုလို Function စုံတဲ့ နာရီတစ်လုံးရဲ့  ဈေးဟာလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၉ သတ်မှတ်ထားပြီး ၂၀၁၃ နိုဝင်ဘာလမှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
http://youtu.be/YzPI3NIw-vI

Aung Kham (TSJ team)


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အကြမ်းဖက်ခံရမှု အာဏာပိုင်တွေ ဥပက္ခာပြု


မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tamas Ojea Quintana ကင်တားနားက မြန်မာပြည် (၁၀)ရက်ကြာ ခရီးစဉ်အတွင်း သြဂုတ်လ (၁၉)ရက် ညက မိတ္ထီလာမြို့မှာ ဆန္ဒပြသူတချို့က သူလိုက်ပါတဲ့ ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေ ရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မိတ္ထီလာမြို့ကိုရောက်ရှိခဲ့ချိန်မှာ လူနှစ်ရာလောက်ရှိတဲ့အုပ်စုက သူ့ရဲ့ကားကို ၀ိုင်းပြီး အော်ဟစ်ထုနှက် ရိုက်ပုတ်ခဲ့ကြပါတယ်၊

ဒါပေမယ့်မည်သည့် လုံခြုံရေးတပ်ဖွဲ့က မှ သူ့ကို အကာအကွယ် မပေးခဲ့ပါဘူး၊ နိုင်ငံတော်အစိုးရဟာ ကျနော့်လို ကုလသမဂ္ဂကလာတဲ့ အထူးကိုယ်စားလှယ်တစ်ယောက်ကို အကာအကွယ်ပေးဖို့တာဝန်ရှိပါတယ်။

ဒါပေမယ့် အစိုးရဟာ ဒီလို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်၊ ဒီဖြစ်ရပ်ကြောင့် ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေရဲ့ ကာကွယ် စောင့်ရှောက်မှုကို မရရှိခဲ့တဲ့ ဒုက္ခသည်တွေရဲ့ ခံစားချက်ကို နားလည်သွားခဲ့ပါတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါ့ပြင် မူဆလင်ဒုက္ခသည် (၁၆ဝဝ) လောက် ရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုဖို့ မူလ စီစဉ် ထားခဲ့တာကိုလည်း အဲဒီဖြစ်ရပ်ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်လို့ သူကပြောပါတယ်။ အခု ခရီးစဉ်ဟာ မစ္စတာ ကင်တားနားရဲ့ (၈)ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ် တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာ (၂၄) ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။
RFA Burmese

ဆရာကြီး ဒဂုန်တာရာ၏ ဈာပနတွင် လူ ၃၀၀၀ ကျော် တစ်မိနစ်ငြိမ်သက် ဂါဝရပြု


ဂျွန်ချစ်ငြိမ်း | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၈ မိနစ်

ဆရာကြီးဒဂုန်တာရာ၏ ဈာပနကို သြဂုတ် ၂၁ ရက်က နံနက် ၁၁ နာရီ ၂၃ မိနစ်တွင် စတင်ပြုလုပ်ခဲ့ရာ ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ လူအင်အား သုံးထောင်ကျော်က ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဂါဝရပြုခဲ့ကြသည်။

ထို့နောက် ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်)က ဆရာကြီးဒဂုန်တာရာအတွက် သန်္နိဋ္ဌာန်စိတ်ဓာတ်ကို ဖတ်ကြားခဲ့သည်။

ထိုဖတ်ကြားချက်တွင် ““မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေးလမ်းစဉ်များ ပေါ်ပေါက်လာစေရန်
ကိုယ်စွမ်းဉဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သည့်အတွက် ကျွန်ုပ်တို့က ဆရာကြီး ဒဂုန်တာရာ ကို အမြဲအဓိဋ္ဌာန်ပြုနေမည်””ဟု ပါရှိသည်။

ထို့ပြင် ကိုမိုးသီးဇွန်ကလည်း ဆရာကြီးအတွက် အမှတ်တရစကားပြောကြားရာ “ဆရာကြီးအနားမှာ ပြည်သူတွေ၊ မိတ်ဆွေတွေ၊ ရောက်ရှိနေပါပြီ။ ဆရာကြီးရဲ့ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲ၊ နယ်ချဲ့တိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ စာပေလှုပ်ရှားမှုတွေအတွက် ဆရာကြီးတို့လို၊ ဗိုလ်ချုပ်တို့လို ပုဂ်္ဂိုလ်တွေကို ဘယ်ခေတ်မဆို အမြဲ အောက်မေ့သတိရနေပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဒဂုန်တာရာ၏ ရုပ်ကလာပ်တင်ဆောင်လာသည့် နာရေးကားကို နာရေးကူညီမှုအသင်းရန်ကုန်၏ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် မောင်းနှင်ပို့ဆောင်ခဲ့သည်။

ပင့်ဖိတ်ထားသော သံဃာ ၉၅ ပါးက တရားဟောကြားပြီးသည့်နောက်တွင်မူ ဆရာကြီး၏ ရုပ်ကလာပ်ကို မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မီးသင်္ဂြိုဟ်သည်။ ရရှိလာသည့် အရိုးပြာများကို ဆရာကြီး၏ ဘ၀အဓိပ္ပာယ်နှင့် ကိုက်ညီသည့်တင့်တယ်လျောက်ပတ်သော အထိမ်းအမှတ်ဂူဗိမာန်ကို တည်ဆောက်မည်ဖြစ်ကြောင်း ဈာပန ဖြစ်မြောက်ရေးကော်မတီက ဆိုသည်။

ဂန္ထ၀င် ကဗျာဆရာကြီး၏ ဈာပနကျင်းပသည့်နေ့ အထိမ်းအမှတ်အဖြစ် ညနေခင်းတွင် ကဗျာဆရာများက ကဗျာများ ရွတ်ဖတ်ခဲ့ကြသေးသည်။
Mizzima - News in Burmese

တစ်နိုင်ငံလုံး၌ အာရုံကြောအထူးကု ၁၅ ဦးသာရှိသည်ဟု ၀န်ကြီးဆို


ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၃၈ မိနစ်

မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာအနေဖြင့် ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန် ၁၅ ဦးသာ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သြဂုတ် ၂၁ ရက်က
ကျင်းပသည့် အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ အထက်လွှတ်တော် အမတ် ဦးကျော်ကျော်က စစ်တွေမြို့နယ် ဆေးရုံကြီးတွင် လိုအပ်နေသော အထူးကု ဆရာဝန်များကို ဆေးရုံအဆင့်အတန်းနှင့် လျော်ညီစွာ အစိုးရက ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ၀န်ကြီးကဖြေကြားစဉ် ထိုအချက်ကို ထည့်ပြောခဲ့ခြင်း ဖြစ်သည်။

“ဦးနှောက်နဲ့ အာရုံကြောအထူးကုက လက်ရှိတာဝန်ထမ်းဆောင်နေတာရယ်။ သင်တန်းသားတွေရယ် ပေါင်းလိုက်ရင် ၁၅ ယောက်ပဲရှိပါတယ်။ ရန်ကုန် ဆေး - ၁ မှာ၊ ဆေး - ၂ မှာ၊ နေပြည်တော်မှာ၊ မန္တလေးမှာ ခွဲဝေလိုက်တဲ့အခါ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက ဆေးရုံတွေကိုပို့ဖို့အတွက် လုံလောက်သော အရေအတွက် မရှိသေးတာဖြစ်ပါတယ်” ဟု ၀န်ကြီး ဒေါက်တာဖေသက်ခင်က အဆိုပါအမတ်၏ အရေးဆိုမှုကို အစိုးရကမလိုက်လျောနိုင်သည့်အကြောင်း လွှတ်တော်တွင် ဖြေရှင်းချက်ပေးခဲ့သည်။

ထို့ပြင် အာရုံကြောအထူးကုဆရာဝန်ကဲ့သို့ အလားတူပင် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ဦးရေသည် လည်း နိုင်ငံတ၀န်းလုံး၌ ၁၂ ဦးသာရှိသည်ဟုလည်း ၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မှ အမတ်သည် ၎င်းင်း၏ မဲဆန္ဒနယ်မှဆေးရုံတွင် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုများချထားပေးရန် လွှတ်တော်တွင် မေးခွန်းထုတ်အရေးဆိုခဲ့ခြင်းဖြစ်ရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးကို ဖြေရှင်းရန် ဆက်လက်တောင်းဆိုခဲ့သည်။

သို့ရာတွင် အထူးကုဆရာဝန်တစ်ဦးဖြစ်လာရန်အတွက် ပညာသင်ချိန် ၁၂ နှစ်ကျော် အချိန်ယူရသဖြင့် အစိုးရက အထူးကုများ မွေးထုတ်ရန် ကြိုးပမ်းနေသော်လည်း လွယ်ကူစွာဖြစ်လာမည်မဟုတ်ကြောင်းလည်း ၀န်ကြီးက လွှတ်တော်တွင် ဖြေရှင်းခဲ့သည်။

သို့သော်လည်း ယခင်က အစိုးရကျင့်သုံးခဲ့သည့် မူဝါဒကိုပြောင်းလဲကာ ယခုအချိန်တွင် ဘာသာရပ်ဆိုင်ရာ အထူးကုအဖြစ် သီးသန့်ခွဲထုတ်ကာ သင်တန်းများပေးနေပြီဖြစ်ကြောင်း ၀န်ကြီးက ဆက်ပြောခဲ့သည်။
Mizzima - News in Burmese

တက္ကသိုလ်စာမေးပွဲမေးခွန်း ရိုက်ရာတွင် သင်ကြားရေး ဆရာ၊ ဆရာမ မပါဝင်ရန် ထုတ်ပြန်


ရန်ကုန်၊ သြဂုတ် ၂၁

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တိုင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ စာမေးပွဲ မေးခွန်းရိုက်နှိပ်ရာ၌ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ပါမောက္ခဌာနမှူးများ မပါ ဝင်ရန် တရားဝင် ထုတ်ပြန်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။

“တကယ်တော့ ပါမောက္ခဌာနမှူးတွေက မေးခွန်းထုတ်တဲ့ နေရာမှာပဲ ပါဝင်ရမှာ။ မေးခွန်းရိုက်တဲ့ နေရာမှာတော့ သူတို့မလိုတော့ဘူး။ သူတို့တွေကို ဂုဏ်တင်ပေး၊ Honor လုပ်တဲ့ သဘောပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခင်က ပါမောက္ခချုပ်က ရွေးချယ်ပြီးသား မေးခွန်းကို ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ၊ ပါမောက္ခ ဌာနမှူးများ၊ သင်တန်းရေးရာ ဌာနမှူးနှင့် မော်ကွန်းထိန်းများက အဆိုပါမေးခွန်းရိုက်ရာတွင် ပါဝင် ကြကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ရှင်းလင်း ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တိုင်းကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အကြောင်းကြားခဲ့ပြီး အချို့တက္ကသိုလ်များရှိ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

လတ်တလော တက္ကသိုလ်တိုင်း၏ စာမေးပွဲမေးခွန်းတွင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက မေးခွန်းနှစ်စုံစီထုတ်ပြီး အဆိုပါ မေးခွန်းများကို ပါမောက္ခချုပ်က ပြန်လည် ရွေးချယ်သည့်စနစ်ဖြင့် ကျင့်သုံးကြောင်း၊ စာမေးပွဲမဖြေမီ တစ်ပတ်ခန့်တွင် ပါမောက္ခချုပ်က ယင်းမေးခွန်းနှစ်စုံမှ တစ်စုံ ပြန်ရွေးကာ မေးခွန်းရိုက်သည့်နေရာသို့ ချိပ်ပိတ် ပို့ဆောင်ကြောင်းနှင့် ယင်းသို့ ရိုက်နှိပ်သည့် နေရာတွင် သင်ကြားရေး ဆရာ၊ ဆရာမများ၊ ပါမောက္ခဌာနမှူးများ ယခုရှိနေရန် မလိုတော့ကြောင်း ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန အသီးသီး လက်အောက်ရှိ တက္ကသိုလ် အားလုံးပေါင်း ၁၆၈ ကျောင်းရှိပြီး ယခုပညာသင်နှစ်တွင် အနှစ် ၂၀ နီးပါး ပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ ပထမနှစ် ဘွဲ့ကြိုသင်တန်းများကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။
The Voice Weekly

မွေးရာပါစအိုကြီးသည်ဟု ယူဆရတဲ့ ကလေးအတွက် သရုပ်ဆောင် နန်းခင်ဇေယျာ သွားရောက်ကူညီ လှူဒါန်း


နန်းခင်ဇေယျာ ဖေ့ဘုစ်မှ

ပရိသတ်ကြီး မင်္ဂလာပါ။

နန်းခင် (၂၁.၈.၂၀၁၃) ရက် နေ့လည်မှာ မန္တလေး ကလေးဆေးရုံ ကိုရောက်ရှိခဲ့ပါတယ်။ ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ ရွာငံမြို့နယ် လက်ပံပင်ကျေးရွာမှ ကိုအောင်ဆန်းဝင်း နဲ့ မချိုပြုံး တို့ရဲ့သားလေးကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကလေးရဲ့မိဘ ၂ ပါးကိုလည်းတွေ့ဆုံအားပေး စကားပြောကြားပြီး နန်းခင် နှင့်တကွ နန်းခင်ရဲ့ ပရိသတ်များမှလှူဒါန်းလိုက် တဲ့ အလှူငွေ ၅၀၀၀၀၀ (ငါးသိန်း)ကျပ်တိတိကို ကလေးမိဘထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကလေးလေးကို တာဝန်ယူကြီးကြပ်ကုသပေးနေသည့် ဆရာဝန်ကြီးနှင့် တကွ ဆရာ၊ ဆရာမများနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။ ဆေးရုံ အုပ်ဆရာဝန်ကြီးရဲ့ ပြောပြမှုကြောင့် သိရှိခဲ့ရသည်များကို နန်းခင် ပရိသတ်ကြီးကို ပြန်လည်ရှင်းပြပါရစေ....။

ကလေးလေးဟာ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာရှိနေစဉ်အခါကတည်းက မြီးညှောင့်ရိုးမှာအကျိတ်လေးဖြစ်ပေါ်လာခဲ့တာပါ။ မွေးပြီးပြီးချင်း ခွဲစိပ်နိုင်ခဲ့ရင် ဒီအခြေအနေထိဖြစ်လာမှာမဟုတ် ပါဘူး။ မွေးဖွားပြီးနောက် အကျိတ်က တဖြည်းဖြည်းကြီးထွားလာပြီး အရေပြားအက်ကွဲ အနာများလည်းဖြစ်ပေါ်လာကာ ပိုးဝင်တဲ့အခြေအနေထိဖြစ်ခဲ့ရတာပါ။ အလုံးကြီးက ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။ ပရိသတ်ကြီးတို့ သိထားသလို မွေးရာပါ စအိုကြီးတာမဟုတ်ပါဘူးလို့လည်း ဆရာဝန်ကြီးကရှင်းပြပါတယ်။ ကလေးက မွေးကတည်းက စအိုပေါက်ကပါလာပါတယ်။ မြီးညှောင့်ရိုးမှာဖြစ်တည်လာတဲ့ အလုံးအကျိတ်ကကြီးထွားလာခဲ့တာပါတဲ့။ ကလေးရဲ့အကျိတ်လုံးကြီးမှာ ပိုးဝင်နေတဲ့အခြေအနေဖြစ်ပြီးမှ မန္တလေးကလေးဆေးရုံကိုရောက်ရှိ လာခဲ့ရပါတယ်။

ယခုအချိန်မှာ မန္တလေးကလေးဆေးရုံမှ ကျွမ်းကျင် ဆရာဝန်ကြီး ဆရာ ဆရာမများမှ ၂၄ နာရီအချိန်ပြည့်ဆေးကုသမှု စောင့်ရှောက်မှု များပြုလုပ်ပေးလျှက်ရှိနေပါတယ်။ အလုံးကြီးမှာဖြစ်ပေါ်နေတဲ့ ပိုးဝင်မှုကို အရင်ဦးဆုံး ပိုးသတ်ဆေးပေး ကုသမှုပြုလုပ်ဆောင်ရွက်နေပါတယ်။ ထို့နောက် လိုအပ်သောဆေးဝါးများသွင်းခြင်း၊ အလုံးအကျိတ်ကြီးကို ခွဲစိပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်မှာဖြစ်ကြောင်းသိခဲ့ရပါတယ်။ အလုံးအကျိတ်ကြီးကို ခွဲစိပ်ဖြတ်တောက်ဖို့ရန် ပစ္စည်းအင်အား၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင် ဆရာဝန်ကြီး ဆရာမကြီးများလည်း အဆင်သင့်အလုံအလောက် ရှိနေကြောင်းသိရှိခဲ့ရပါတယ်။ ခွဲစိပ်ဖို့လည်းအစီအစဉ်ရှိပါတယ်။ ကလေးလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များကို ဆေးရုံမှ တာဝန်ယူပေးနေ ပါတယ်။

အများပြည်သူအလှူရှင်များမှ ကလေးမိသားစုအတွက် ကူညီလှူဒါန်းလိုပါက ကလေးမိဘထံတိုက်ရိုက်ပေးအပ်လှူဒါန်းလို့ရပါတယ်။ အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများကို ကလေးမိဘထံ တိုက်ရိုက်လှူဒါန်းပေးအပ် ထားပါတယ်။

ယခုလို နန်းခင် ကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့တဲ့
ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာ စိန်ဟန် နှင့် ဆရာ ဆရာမများအားလုံးကို ကလေးမိဘများနှင့်တကွ ပရိသတ်ကြီးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေပြောကြားပါရစေ။

ကလေးလေး မြန်မြန်ကျန်းမာပကတိ ချမ်းသာစွာရှိပါစေ
လို့ နန်းခင် ဆုတောင်းမေတ္တာပို့ပါတယ်။

နန်းခင်ဇေယျာ
Popular Myanmar News Journal

၂၀၁၄ တွင် သန်းခေါင်စာရင်းကောက်ရန် ဘင်္ဂါလီရွာများကို မြေပုံပြန်လည် ရေးဆွဲနေပြီ


ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၂ မိနစ်

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ၏ လူဦးရေစာရင်း၊ ၎င်းတို့ လက်ရှိနေထိုင်နေသည့် တည်နေရာတို့ကို မှတ် တမ်းပြုလုပ်
နေမှုကို ရပ်ဆိုင်းထားခဲ့ရာမှ သြဂုတ် ၁၉ ရက်တွင် ဘင်္ဂါလီရွာများကို မြေပုံရေးဆွဲ မှတ်တမ်းတင်မှုကိုမူ ပြန်လည် လုပ်ဆောင်နေပြီဟု ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရန် အကြို ပြင်ဆင်သည့်အနေဖြင့် ဘင်္ဂါလီများနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ခံလျက်ရှိသည့်အနက် ၎င်းတို့နေထိုင်သည့် တည်နေရာ မြေပုံရေးဆွဲခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။

သို့သော် မြေပုံရေးဆွဲရာတွင် ဒုက္ခသည်စခန်းများကို ထည့်သွင်းရေးဆွဲမည်မဟုတ်ဘဲ ဘင်္ဂါလီရွာများကိုသာ ထည့်သွင်းရေးဆွဲမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမည်မျှရှိသည်ကို အတိအကျသိရှိရန် “ဆွဲတင်စစ်”စနစ်ဟု လူဝင်မှုကြီးကြပ်ရေးအရာရှိ များ ခေါ်ဝေါ်သော “မြေပုံဆွဲခြင်း၊ အဆောက်အအုံပေါ် တင်ခြင်း၊ လူဦးရေစစ်ဆေးခြင်း” စနစ်ဖြင့် ကောက်ခံလျက် ရှိရာ ဘင်္ဂါလီများက အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက် စုရုံးတောင်း ဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများ လုပ်ကြသဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။

ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများက ပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်း၊ လုံခြုံရေးအစီအမံများ တိုးမြှင့်ခြင်းတို့ကို ပြုလုပ်ထားသည်ဟုလည်း စစ်တွေမြို့တွင်ရှိသည့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ယခင် ဘင်္ဂါလီစာရင်း ကောက်ခံရာတွင် နှောင့်ယှက်ခဲ့သည်ဟု သံသယရှိသည့် စစ်တွေမြို့နယ် သက္ကေပြင်ရွာမှ ရွာသားရှစ်ဦးကို ရဲများက ဖမ်းဆီးထားပြီး တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း မဇ္ဈိမက သတင်းဖော်ပြ ခဲ့ဖူးသည်။
Mizzima - News in Burmese

တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) အတွက် သိကောင်းစရာ ဆေးမြီးတို


 တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) အတွက် သိကောင်းစရာ ဆေးမြီးတို
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် တညင်းသီးပင်များ အောင်မြင် ဖြစ်ထွန်း ကြပါသည်။

တညင်းသီးကို မေလဆန်းတွင် စတင် ခူးဆွတ် စားသုံးရပြီး သြဂုတ်လကုန်တွင် တညင်းသီးရာသီ ကုန်သွားပါသည်။ ရှမ်းပြည်နယ် အောင်ပန်းဒေသနှင့် ကချင်ပြည်နယ် မြစ်ကြီးနား ဒေသထွက် တညင်းသီးများမှာ အောက်တိုဘာ၊ နိုဝင်ဘာ လအထိ ရရှိကြောင်း သိရပါသည်။ တညင်းသီးကို နေရာဒေသ အသီးသီးတွင် ချက်ပြုတ်၍ နှစ်ခြိုက်စွာ စားသုံး ကြပါသည်။ တညင်းသီး အနုများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ် စား၍သော် လည်းကောင်း၊ ဆားရေစိမ်၍ လည်းကောင်း၊ မီးဖုတ်၍ လည်းကောင်း၊ ပြုတ်ပြီး ထောင်းထု၍ ဝက်သား သုံးထပ်သားဖြင့် ဆီပြန်ချက်၍ သော် လည်းကောင်း၊ တညင်းသီး ရင့်မှည့်၍ စေးသော တညင်းသီးကို ပြုတ်ပြီး ထောင်းထုကာ အုန်းနို့ဆမ်း၍ သော် လည်း ကောင်း နည်းမျိုးစုံဖြင့် စားသောက်ကြသည်။ ထို့ပြင် တညင်းသီး အလုံးကြီးများကို ရေဖျန်း၍ တညင်းဝက်အဖြစ် အခြမ်းကြီး များ ဖြစ်လာအောင် တစ်လခန့် ထားပြီး တညင်းဝက် ခြမ်းများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ်၍သော် လည်းကောင်း၊ ဆီနှင့်ကြော်၍ နူးအိလာမှ ငါးပိရည်ဖြင့် တို့မြှုပ်၍ သော်လည်းကောင်း စားသုံးကြသည်။

တညင်းသီးသည် စား၍ အရသာရှိသော်လည်း လွန်ကြူးအောင် စားသုံးလျှင် ကျောက်ကပ်ရောဂါ ဖြစ်ခြင်း၊ ဆီး မသွားနိုင်ခြင်း၊ သွေးတိုးခြင်း၊ ဆီးသွားလျှင် သွေးပါခြင်း၊ ခေါင်းမူး၍ မအီမသာ ဖြစ်ခြင်းတို့ကြောင့် သတိထား ဆင်ခြင်၍ စားသုံးရန် လိုအပ်ပါသည်။ ''တန်ဆေး လွန်ဘေး'' ဆိုသကဲ့သို့ စည်းကမ်းမဲ့စွာ စားသုံး ပါက အန္တရာယ် ရှိနိုင်ပါသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ အတွင်းရှိ ကျောင်းကုန်းကျေးရွာမှ ဒေသခံ ကရင် အမျိုးသားကြီး တစ်ဦး၏ ပြောကြားချက် အရ တညင်းသီးကို အစားများလျှင် သော်လည်းကောင်း၊ အစိမ်း စားလိုက်၊ မီးဖုတ် စားလိုက်၊ ပြုတ်စားလိုက်နှင့် တစ်နေ့တည်း အမျိုးမျိုး လုပ်စားလျှင်သော် လည်းကောင်း တညင်းသီး အဆိပ်သင့်ခြင်း သို့မဟုတ် ဒေသအခေါ် (တညင်း တောက်ခြင်း)ကြောင့် ဆီးမသွားနိုင်ခြင်း၊ ဆီးသွား သွေးပါခြင်းများ ဖြစ်ပါက ဆေးမြီးတို အဖြစ် ကြက်တောင်ပံမွေးကို မီးမြှိုက်၍ရသော ပြာဖြင့် အရက် (မည်သည့် အရက်မဆို) ရော၍ သောက်ပါက ခဏနှင့် ပျောက်ကင်းကြောင်း သိရပါသည်။

နောက် တစ်နည်းမှာ တပ်မတော် အငြိမ်းစား (ဗိုလ်မှူးအဆင့်) အရာရှိ တစ်ဦး ပြောကြားသည်မှာ ''ကျွန်တော်တို့ ကရင်ပြည်နယ်ကို စစ်ဆင်ရေး ထွက်တုန်းက ကျွန်တော့် တပည့်တွေ တညင်းသီးကို ပြုတ်လိုက်၊ မီးဖုတ်လိုက်နဲ့ စားတာ များသွားတော့ တညင်းသီး အဆိပ်သင့်ပြီး ဆီးမသွားနိုင်ဘဲ အော်နေ ရတယ်။ ဒါနဲ့ ဒေသခံ တိုင်းရင်းသား တစ်ဦးက နာနတ်သီး ထိပ်ပိုင်း အဆူးနဲ့ အရွက်ချွန်ချွန်ကို ထောင်းထုပြီး သကြား အနည်းငယ်နဲ့ ရောတိုက်လိုက်တာ တစ်နာရီလောက်နဲ့ သက်သာ ပျောက်ကင်း သွားတယ်ဗျာ'' ဟု ပြောကြားကြောင်း သိရသည်။

သို့ဖြစ်ရာ တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) ဖြစ်ပါက အထက်ပါ ဆေးမြီးတိုများဖြင့် ကုသ ပျောက် vကင်း နိုင်ကြောင်း ရေးသား တင်ပြ အပ်ပါသည်။    ။

ဆောင်းပါးရှင် (တောင်ငူ- ဒေးဒေးဖိုး)

ရန်ကုန်တက္ကသိုလ် ထူးချွန်ကျောင်းသားများ ဘွဲ့နှင့်အလုပ် တစ်ပါတည်းရရှိမည်ဟုဆို


မေသဉ္ဇာ၊သြဂုတ်(၂၀)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ရန်ကုန် တက္ကသိုလ် ထူးချွန်ကျောင်းသား စီမံကိန်းတွင် ပါဝင်မည့်ကျောင်း သား၊ ကျောင်းသူများ ဘွဲ့ရရှိပါက အလုပ်အကိုင် တစ်ပါတည်းရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထူးချွန်ကျောင်း သား၊ ကျောင်းသူများ ဘွဲ့ရပညာ ရှင်များဖြစ်လာပါက ပြည်တွင်း ပြည်ပရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် ပညာရှင်အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရန် ကုန်တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက ပြော သည်။
''ထူးချွန်တဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်း ပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အတော် များများလဲဝင်လာနေပြီဆိုတော့ ဘွဲ့ရဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ လိုအပ်လာမယ်။ ကျွမ်းကျင်ပညာရှင်တွေကိုလိုအပ် တဲ့အဖွဲ့အစည်းက အဆင်သင့်ရှိ နေပြီးသားဆိုတော့ အလုပ်အတွက် ပူစရာမလိုပါဘူး။ အရင်က ဒီလို မျိုး အလုပ်အကိုင်တန်းပြီးရမယ့် ဈေးကွက်က မရှိဘူးလေ။ အခုအ ခြေအနေမှာ ကျွမ်းကျင်ရင် ကျွမ်း ကျင်သလောက် အလုပ်ပေးဖို့ ကမ်း လှမ်းမှုတွေက အဆင်သင့်ပါပဲ။ ဆရာတို့ဘက်က ဒီထူးချွန်ကျောင်း သားတွေကို မွေးထုတ်ပေးနိုင်အောင် အဘက်ဘက်က ဆောင်ရွက်ပေး သွားမှာပါ''ဟုယင်းကဆိုသည်။
ယင်းထူးချွန်ကျောင်းသား များ ကျောင်းတက်ရောက်နိုင်စေ ရန်စီမံချက်ရေးဆွဲအကောင်အ ထည်ဖော်လျက်ရှိရာတွင် ရာခိုင် နှုန်း ၅ဝခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာတွင် တစ်နိုင်ငံ လုံးရှိ တက္ကသိုလ်များပြန်လည်ဖွင့် လှစ်ချိန်၌ တစ်ပြေးညီဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
ထူးချွန်ကျောင်းသားစီမံ ကိန်းနှင့်ပတ်သက်၍ ဒေါက်တာ အောင်ထွန်းသက်က ''တိုင်းပြည် မှာ ပညာရှင် အများကြီးလိုအပ် တာ မှန်ပါတယ်။ နိုင်ငံတော်က ရည်မှန်းထားသလောက် ကျောင်း သား၊ ကျောင်းသူတွေဘက်ကလဲ အမှန်တကယ်ကြိုးစားဖို့လိုပါ တယ်။ ကြိုးစားတဲ့အလျောက်အ လုပ်အခွင့်အရေးလဲ တစ်ခါတည်း ရလာမယ်။ ကိုယ့်တိုင်းပြည်က ပညာ တတ်ဖြစ်လာတဲ့ပညာရှင်ကို တိုင်း ပြည်အတွက်ပဲ ပြန်လည်အသုံးချ စေလိုပါတယ်''ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ပညာရေးပြု ပြင်ပြောင်းလဲမှု စတင်နေချိန်တွင် ရန်ကုန်တက္ကသိုလ်၌ ယင်းကဲ့သို့ ထူးချွန်ကျောင်းသားစီမံကိန်းအ ဖြစ် ပြန်လည်ဖော်ဆောင်လာနိုင် ခဲ့ခြင်းသည် ပြုပြင်ပြောင်းလဲမှု၏ ခြေလှမ်းတစ်ရပ်ဖြစ်သည်။
Yangon Media Group

အီလက်ထရောနစ် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ လွှတ်တော် သဘောတူ


၂ဝဝ၄ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအမှတ် ၅ /၂ဝဝ၄ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သင်္ဃကျွန်းမဲဆန္ဒနယ်က ဦးသိန်ညွန့်က တင်သွင်းခဲ့ရာမှာ လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

အခု ဒီဥပဒကြမ်းကို ပြင်ဆင်တဲ့အပိုင်းနဲ့ ပတ်သက်လို့ အဆိုရှင် ဦးသိန်းညွန့်က ဥပဒေအခန်း(၁၂)မှာပါဝင်တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို အဓိကထားပြီး ပြင်ထားတယ်လို့ RFA ကို အခုလိုပြောပါတယ် ။

"ပုဒ်မ ၃၃ မှာပါတဲ့ ပြဌာန်းချက်တွေဟာ အင်မတန်ကျယ်ပြန့်တယ်၊ တိုင်းရင်းသား စည်းလုံးခြင်းကို ထိခိုက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး နောက်ဘာညာအဲဒါတွေကို ကျနော်ကမဟုတ်ဘူး၊ အခြေခံဥပဒေမှာပေးထားတဲ့ ပုဒ် ၃၅၄ ကို အခြေခံပြီးတော့ အဲဒီဘောင်အတွင်းကျရင် နည်းဥပဒေနဲ့ ကင်းလွှတ်ခွင့်ရှိတယ်ဆိုတာကိုပြင်တယ်၊ နောက်ထောင်ဒဏ်တွေကို ကျနော်ပြင်ပစ်လိုက်တယ်၊ ထက်ဝက်နီးပါး၊ သုံးပုံတစ်ပုံနီးပါး အထူးသဖြင့် ငွေဒဏ်ကို တော်တော်များများသုံးခိုင်းပါတယ်"

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်ကလည်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံပြောဆိုသွားပါတယ် ။

“ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် တင်ပြထားတဲ့ ထပ်မံဖြည့်စွက်ရန် အကြံပြုချက်မှာ နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုဆိုသည့်ကိစ္စရပ်မှာ ယခုဥပဒေနဲ့ ဆက်သွယ်တဲ့ကိစ္စရပ်များမှာ နည်းပညာနဲ့ ဆက်စပ်နေတဲ့ကိစ္စရပ်များဖြစ်သဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ကြိုတင်တောင်းခံမယ်ဆိုပြီးတော့ ပြင်ဆင်စဉ်းစားသင့်ပါကြောင်း တင်ပြအပ်ပါတယ်၊ ယခုတင်သွင်းတဲ့ ပြင်ဆင်ချက်အဆိုဟာ ဥပဒေကြမ်းကော်မတီသို့လွှဲအပ်ပြီး လက်ခံဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်အဆိုအား ကန့်ကွက်ရန်မရှိပါကြောင်း တင်ပြအပ်ပါတယ်”

ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်ခဲ့ဖူးပါတယ်။ ဒီဥပဒေဟာ အရင်စစ်အစိုးရလက်ထက်က အတိုက်အခံတွေကို အဓိကဖိနှိပ်ခဲ့တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
RFA Burmese

BRT ယာဉ်မောင်းများကို လစာကျပ်လေးသိန်းခွဲဖြင့် ခန့်မည်


အောင်သူ(ဒေးဒရဲ)၊သြဂုတ်(၂၀)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ရန်ကုန်မြို့ တွင်းပြေးဆွဲမည့် BRT (အမြန် သယ်ယူပို့ဆောင်ရေးစနစ်) တွင် ယာဉ်မောင်းများကို တစ်လလျှင် လစာ ကျပ်လေးသိန်းခွဲဖြင့် ခန့်အပ် သွားမည်ဖြစ်ကြောင်း အဆိုပါယာဉ် လိုင်းပြေးဆွဲမည့် Omni Focus Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။
လက်ရှိတွင် အဆိုပါယာဉ် လိုင်းမှ အမေရိကန်ဒေါ်လာခုနစ် မီလီယံခန့်ရင်းနှီးမြှုပ်နှံရန် နိုင်ငံ တော်သမ္မတကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြု ချက်များတင်ပြထားကြောင်း သိ ရသည်။
ဦးကျော်သီဟက ''ယာဉ် မောင်းတွေကို တစ်လကို ကျပ်လေး သိန်းခွဲ၊ ယာဉ်အကူကိုတော့ ကျပ် ၂၂၅၀၀၀ အထိ သတ်မှတ်ထား တယ်။ နောက်ပြီးစည်းကမ်းနဲ့ပတ် သက်လို့လဲ ဆုကြေးဒဏ်ကြေးတွေ နဲ့ သတ်မှတ်ထားပါတယ်။ ခန့်အပ် တဲ့နေရာမှာလဲ သတ်မှတ်အရည် အချင်းတွေပြည့်မီမှသာ အလုပ် ခန့်သွားမှာပါ''ဟု ပြောသည်။
ယင်းအပြင် အဆိုပါကုမ္ပဏီ မှ ဗဟိုထိန်းသိမ်းရေးစနစ်အတွက် ကုန်ကျငွေ ကျပ်သိန်း ၁၅၀ ခန့်၊ ယာဉ်ထိန်းဌာနအတွက် ကျပ်သိန်း ၁၅ဝခန့်၊ ကွပ်ကဲမှုဌာနအတွက် ကျပ် ၁၀၈သိန်း၊ သတ်မှတ်လမ်း ကြောင်းထိန်းသိမ်းစရိတ်အတွက် ကျပ်သန်း ၂၀ဝခန့်၊ Station ၃၉ခု အတွက် ဝန်ထမ်းစရိတ် ကျပ် ၁၅၆ သိန်း လစဉ်ကုမ္ပဏီမှကုန်ကျမည့် ငွေကြေးများဖြစ်ကြောင်းနှင့် ကုမ္ပ ဏီ၏ဝင်ငွေခွန်များကိုလည်း ပေး ဆောင်ထားပြီးဖြစ်ကြောင်း ယင်း ကရှင်းလင်းပြောသည်။
အဆိုပါယာဉ်လိုင်းယာဉ်အ စီးရေ ၈ဝဖြင့် ပြေးဆွဲရန် စီစဉ်ထား ပြီး ယင်းစနစ်ကျင့်သုံးရန် အသင့် တော်ဆုံးလမ်းကြောင်း လေးကြောင်း ကို နိုင်ငံတော်အစိုးရမှ ချမှတ်ပေး ထားပြီး ယင်းလမ်းကြောင်းလေး ခုထဲမှ တစ်ခုအား ၎င်းကုမ္ပဏီမှ ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းက ထပ်မံပြောသည်။
ယင်းကုမ္ပဏီ၏ လူမှုဆက် ဆံရေးအရာရှိ ဦးနေဝင်းက ''ယာဉ် စီးခကောက်ခံတဲ့ စမ်းသပ်ကာလ မှာBRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) မှတ်တိုင်တိုင်းမှာကို လက်မှတ်ရောင်းချတဲ့စနစ်နဲ့ စတင် ကျင့်သုံးမယ်။ ပြီးတော့ ဝန်ဆောင်ခ မပါတဲ့ ကတ်စနစ်ကိုလဲ ဒီစီမံကိန်း စတင်ပြီးချိန်မှာ ကျင့်သုံးဖို့လဲစီစဉ် ထားတယ်''ဟု ပြောသည်။
BRT (အမြန်သယ်ယူပို့ ဆောင်ရေးစနစ်)အား နိုင်ငံပေါင်း ၃၆နိုင်ငံ၊ မြို့ကြီးပေါင်း ၁၃၄မြို့ တွင် အောင်မြင်စွာ ကျင့်သုံးနေပြီး BRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) ကျင့်သုံးသည့် နိုင်ငံများ ရှိသကဲ့သို့ ယင်းစနစ်တစ်ဝက်တစ် ပြက်ကျင့်သုံးသည့် နိုင်ငံများလည်း ရှိကြောင်း၊ မေတ္တာလှိုင်းယာဉ်မှ ပြေးဆွဲမည့် ယင်းစနစ်ကားများကို ယာဉ်စီးခအနေဖြင့် ကျပ် ၄၀၀ သတ်မှတ်ထားကြောင်းသိ ရသည်။
၄၃ခရီးသည် တင်ယာဉ်လိုင်း မှ ယာဉ်မောင်းတစ်ဦးက ''လက်ရှိ မောင်းနေတာကတော့ နေ့စဉ်အ ခေါက်ကြေးနဲ့မောင်းနေတယ်။ ဘယ်နှကြောင်း မောင်းနိုင်မလဲ။ မောင်းနိုင်သလောက် ယာဉ်မောင်း တွေအတွက်ရတယ်။ လစာနဲ့ကျ တော့ မပြောတတ်ဘူး။ ကိုက်ရင် တော့ မောင်းကြမှာပေါ့'' ဟု သုံး သပ်ပြောသည်
Yangon Media Group

သွးလွန်တုပ်ကွေးရောဂါအကြောင်း ဟောပြောပွဲကျင်းပ


ရန်ကုန်၊ သြဂုတ် ၂၁

ယခုကာလတွင် အဖြစ်များနေသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အများပြည်သူသူများအလွယ်တစ်ကူနားလည်သိရှိနိုင်ရန် သွေးလွန်တုပ်ကွေးဆိုင်ရာဟောပြောပွဲတစ်ခုကို ယနေ့နေ့လည် ၂ နာရီမှ ၄ နာရီအထိ Capital Hyper Market တွင်ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်ကြည်ဝင်းက " သွေးလွန်တုပ်ကွေးနှင့် ရင်သွေးအန္တရာယ် " ဟူသောခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲကို Family Magazine နှင့် Capital Hyper Market တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

မြောက်ဥက္ကလာ မျက်နှာဖုံးစွပ်လူသတ်မှု နှစ်ဖက်လျှောက်လဲချက် ပေးမည်


ရန်ကုန်၊ သြဂုတ် ၂၀

မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်က ဖြစ်ပွားခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်လူသတ်သမား တစ်စုက ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ဖြစ်ပွားခဲ့သောလူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် သြဂုတ်လ ၂၇ ရက်နေ့ ရုံးချိန်း၌ လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း အဆိုပါတရားရုံးထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် လျှောက်လဲချက်တင်ရန် တရားရုံးက ချိန်းဆိုခဲ့သော်လည်း အဆိုပါ တရားပြိုင်ဘက်မှ လျှောက်လဲချက်ရေးသားရန် များပြားသောကြောင့် နောက်တစ်ပတ် သြဂုတ်လ ၂၇ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်အပြန်အလှန် တင်ပြနိုင်မည်ဖြစ်ကြောင်း အဆိုပါတရားရုံး ထံမှ ထပ်မံသိရှိရသည်။

၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၁၇ ရက် နေ့ ည ၈ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ်၊ နွယ်သာကီ (၆) လမ်းထိပ်ရှိ စားသောက်ဆိုင်တွင် လိုက်ထရပ်ကား နံပါတ်ပြားကို ဖျောက်ဖျက်၍ လူခြောက်ဦးခန့် ရောက်ရှိလာပြီး ဆိုင်တွင်းသို့ သုံးဦး ဝင်ရောက်ကာ ဦးကျော်မင်းကို ဓားဖြင့် ဝိုင်းခုတ်သဖြင့် အပြင်သို့ထွက်ပြေးစဉ် ဆိုင်ပြင်ပတွင် အသင့်စောင့်နေသည့် လူတစ်စုက ဓားဖြင့် ထပ်မံထိုးခုတ်ခဲ့ကြ သဖြင့် သေဆုံးခဲ့သည်။

လူသတ်ရန် ငွေပေးခိုင်းစေခဲ့သူများ နှင့် လူသတ်မှုတွင် ပါဝင်ခဲ့သည့်ဟု ယူဆရသူ ၂၃ ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့စဉ် ၄င်းတို့ ခိုက်ရန်ဖြစ်ပွားသဖြင့် လုံခြုံရေးအခြေအနေအရ ၂၀၁၂ ခုနှစ် အကုန်က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းလဲစစ်ဆေးခဲ့သည်။

အဆိုပါ တရားရုံးတွင် သြဂုတ်လ ၂၀ ရက်နေ့က ကြားနားစစ်ဆေးမှုနှင့် ပတ်သက်၍ ယင်းအမှုစစ်ဆေးသူ တရားသူကြီးနှင့် မြောက်ပိုင်းခရိုင် တရားသူကြီးကို သွားရောက် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားခြင်းမရှိပေ။
The Voice Weekly

မြန်မာ့ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်ရန်တယ်လီနောက ကမ္ဘာကျော်မိုဘိုင်းဖုန်းကုမ္ပဏီများနှင့်ပူးပေါင်း

သြဂုတ်(၂၀)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

တယ်လီ ဖုန်းအော်ပရေတာအဖြစ် လုပ် ကိုင်ဆောင်ရွက်မည့် တယ်လီနော (မြန်မာ)မှမြန်မာနိုင်ငံတွင်အဆင့် မြင့်ဆက်သွယ်ရေး ကွန်ရက်ဖြန့် ကျက်နိုင်ရန် ကမ္ဘာကျော်မိုဘိုင်း ဖုန်းကုမ္ပဏီကြီးများနှင့် ဩ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ် ကြောင်း တယ်လီနောမြန်မာမှ သိရသည်။
မြန်မာနိုင်ငံအနှံ့တွင် တယ် လီဖုန်းဆက်သွယ်ရေးလိုင်းများ ဖြန့်ကျက်နိုင်ရန်အတွက် တယ် လီနော(မြန်မာ)မှ Ericsson, Wipro, Huaweitp အစရှိသည့် ကုမ္ပဏီများနှင့် နားလည်မှုစာချွန် လွှာ MOU ရေးထိုးထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

''မြန်မာအစိုးရနဲ့ လိုင်စင် ဆိုင်ရာတရားဝင်သဘောတူညီ မှုများရရှိပြီးတာနဲ့ တစ်ချိန်တည်း မြန်မာနိုင်ငံတွင်း လုပ်ငန်းလည် ပတ်နိုင်စေဖို့အတွက် ကြိုတင် စီစဉ်မှုတွေ လုပ်ဆောင်နေပါ တယ်။ ဒီကုမ္ပဏီတွေနဲ့ပူးပေါင်း လုပ်ဆောင်မှုအသေးစိတ်ကို ဒီ လုပ်ငန်းတွေနဲ့တရားဝင်စာချုပ် ချုပ်ဆိုပြီးတဲ့အခါမှ ထုတ်ပြန် ကြေညာသွားမှာပါ''ဟု တယ်လီ နော(မြန်မာ)မှပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ကုမ္ပဏီများအနေ ဖြင့် တရားဝင်စာချုပ်ချုပ်ဆိုခြင်း သည် လိုင်စင်လက်ဝယ်ရရှိပြီး နောက်ပိုင်းတွင်သာ အကျုံးဝင် လာမည်ဖြစ်ပြီး Huawei ကုမ္ပဏီ အနေဖြင့် ယင်းပရောဂျက်ငွေ ကြေးပမာဏအမေရိကန်ဒေါ် လာတစ်ဘီလီယံရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး Core Network, VAS (Value Added Service), IN (Inte lligent), IP (Internet Protocol) နှင့် Transmission များ၊ ရန်ကုန်မြို့အပါအဝင် Value Area တို့၏ ဝါယာလက်စက်ပစ္စည်း များ၊ သက်ဆိုင်ရာစက်ပစ္စည်း၏ှSiteTK(Turnkey) နှင့်ဝန်ဆောင် မှုလုပ်ငန်းများ၊ ငါးနှစ် CAPEX (Capital Expense) နှင့် ရှစ်နှစ် OPEX (Operating Expense)Capital Expense) တို့လည်း ပါ ဝင်ကြောင်း သိရသည်။

''တယ်လီနောကုမ္ပဏီက ၂၀၀၆ခုနှစ်ကစပြီး ဟွာဝေးကုမ္ပ ဏီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် တယ်လီ နောကုမ္ပဏီရဲ့ အရေးကြီးတဲ့ တစ် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းလုပ် ကိုင်ရမယ့် ပါတနာဖြစ်လာခဲ့ပါ တယ်။ ရှေ့ဆက်ပြီး မြန်မာနိုင်ငံ ရဲ့ ကွန်ရက်အတွက် လုပ်ကိုင်ဖို့ အစီအစဉ်တွေ ရှိပါတယ်''ဟုံHuawei ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တယ်လီ နောမှ အော်ပရေတာလိုင်စင် လက်ဝယ်ရရှိနိုင်ရန် ပြင်ဆင် ဆောင်ရွက်နေသည့်ကာလဖြစ် ပြီး ခြောက်လအတွင်း မြန်မာနိုင်ငံ တွင် ဆင်းမ်ကတ်များ စတင်ဖြန့် ချိသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group

ဂျပန်နီပွန်လေကြောင်း စက်တင်ဘာလကုန်တွင် တိုကျို-ရန်ကုန် နေ့စဉ်ပျံမည်



ရွှေနု ၊ သြဂုတ်(၂၀)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ဂျပန်နိုင်ငံ ၏အကြီးဆုံးလေကြောင်းလိုင်း ဖြစ်သည့် All Nippon Airways (ANA) မှ စက်တင်ဘာ ၃ဝရက် မှစတင်ကာ တိုကျိုနာရီတာလေ ဆိပ်မှ ရန်ကုန်သို့ နေ့စဉ်ပျံသန်း မည်ဖြစ်ကြောင်း အေအင်န်အေ လေကြောင်းမှ သိရသည်။
ခရီးသည်၂၀ဝကျော်တင် ဆောင်နိုင်သည့် (ဘိုရင်း ၇၆၇)လေယာဉ်ဖြင့် ဂျပန်နိုင်ငံ တိုကျို မြို့ နာရီတာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နေ့စဉ်ပျံသန်းမည်ဖြစ်ပြီး လက် မှတ်သက်တမ်းကာလပေါ်မူတည် ၍ လက်မှတ်ဈေးနှုန်းအမျိုးမျိုးရှိ ကြောင်းသိရသည်။
All Nippon Airways (ANA) မှတာဝန်ရှိသူတစ်ဦးက ''အရင်လေယာဉ်က လူဦးရေ နည်း နည်းပဲဆံ့တဲ့ အသေးစားနဲ့ တစ် ပတ်ကို သုံးကြိမ်ပဲ ပျံပေးတယ်။ အခုလေယာဉ်မှာ Business Class 35cHeJUEconomy Class 167 ခုံပါတယ်။ နေ့စဉ်လဲ ပျံမှာဆိုတော့ ခရီးသွားတဲ့သူတွေအတွက်လဲ ပိုပြီးအဆင်ပြေလာမှာပါ''ဟု ပြော သည်။
ပွင့်လင်းလာသည့် မြန်မာ နိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်ရောက် လာသော ဂျပန်နိုင်ငံသားများပြား လာသည့်အပြင် လာရောက်လည် ပတ်သူပိုမိုများလာသည့်အတွက် လေကြောင်းခရီးစဉ်များ ပိုမိုတိုး ချဲ့လာခြင်းဖြစ်ကြောင်း သိရသည်။
All Nippon Airways (ANA) မှာ ရန်ကုန်မှအိုဆာကာ သို့ ၂၀၀ဝခုနှစ်မှစတင်ကာ ပြေး ပျံသန်းပေးခဲ့ပြီး ၂၀၁၂ အောက် တိုဘာမှစတင်ကာ တိုကျိုမှရန် ကုန်သို့ တစ်ပတ်လျှင်သုံးကြိမ် ပျံ သန်းပေးခဲ့ကြောင်း သိရသည်။
Yangon Media Group

ခြေတစ်ပေါင်ကျိုး ရပ်ပြီး သွားတိုက်ပေး


သွားတိုက်တဲ့ အခါ ခြေထောက် တစ်ချောင်းတည်း ထောက်ကာ ခြေတစ်ပေါင်ကျိုး ရပ်ပြီး တိုက်ပေးခြင်းက ခါးကို ကာကွယ် ပေးနိုင်တဲ့ ဝမ်းဗိုက်အတွင်းရှိ ကြွက်သား တွေကို အကျိုး ရှိစေပါတယ်။

လူအများစုက အတွင်းပိုင်း ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်လေ့ မရှိတာကြောင့် သွားတိုက်တုန်း ဒီလို လုပ်ပေးခြင်းက အချိန် တိုပေမယ့် ထိရောက်မှု ရှိပါတယ်။

ညာဘက်နဲ့ သွားတိုက်တဲ့ အခါ ဘယ်ခြေပေါ်ရပ်ပြီး တစ်မိနစ်လောက် တိုက်ပေးကာ နောက်တစ်ခေါက် ဘက်ပြောင်းပြီး တိုက်ပေး လိုက်ပါ။

အခုလို့ ဖတ်လို့ သိသွားပြီးနော် နောက်နေ့ ကစပြီး ဖော်ပြပါ နည်းအတိုင်း တိုက်ပေးပါ ။

credit to; Mg Mandalay

အသင်းဖော်များနှင့်အတူ မိတ်ဆုံစားပွဲ တက်ရောက်ခဲ့သည့် ရွန်နီ


အင်္ဂါနေ့ညက မန်နေဂျာ ဒေးဗစ်မိုယက်စ်ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သော အသင်းသားများ မိတ်ဆုံညစာ စားပွဲတွင်မူ ရွန်နီသည် ဇနီးသည် ကောလင်းရွန်နီနှင့်အတူ ရောက်ရှိလာခဲ့သည်။

အသင်းဖော်များနှင့်အတူ မိတ်ဆုံစားပွဲ တက်ရောက်ခဲ့သည့် ရွန်နီ
မန်ချက်စတာ ယူနိုက်တက် အသင်းသားများ အတူတကွ မိတ်ဆုံစားပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာ အသင်းနှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေသည်ဟု သတင်းကြီးနေသည့် ဝိန်းရွန်နီက ဇနီးဖြစ်သူနှင့်အတူ စုံတွဲ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသော ရွန်နီသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များတွင် အသင်းနှင့် ပူးပေါင်းခဲ့ခြင်း မရှိသော်လည်း ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဆွမ်ဆီးစီးတီးကို (၄-၁)ဖြင့် အနိုင်ယူခဲ့စဉ်က လူစားဝင် ကစားသွားခဲ့သည်။ အင်္ဂါနေ့ညက မန်နေဂျာ ဒေးဗစ်မိုယက်စ်ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သော အသင်းသားများ မိတ်ဆုံညစာ စားပွဲတွင်မူ ရွန်နီသည် ဇနီးသည် ကောလင်းရွန်နီနှင့်အတူ ရောက်ရှိလာခဲ့သည်။ မန်ချက်စတာ မြို့တော်ခန်းမရှိ ဒင်းစ်ဂိတ်သို့ ရွန်နီနှင့် မိုယက်စ်တို့အပြင် အသင်းမှ နာမည်ကျော် ကစားသမား အများအပြားလည်း ချစ်သူများ၊ ဇနီးများနှင့်အတူ စုရုံးလာခဲ့သည်။



တွမ်ကလီဗာလေက ၎င်း၏ချစ်သူ ဂျော်ဂျီယာနာ ဒေါဆတ်ကို ခေါ်ဆောင်လာသလို ရော်ဘင်ဗန်ပါစီက ဇနီးသည် ဘူချရာ ဗန်ပါစီ၊ ရိုင်ယန်ဂစ်ကလည်း ဇနီးသည် စတေစီဂစ်တို့ကို အသီးသီး ပွဲထုတ်လာသည်။ နီမန်ယာ ဗီဒစ်သည် ဇနီးဖြစ်သူ အေနာ အိုင်ဗန်နိုဗစ်နှင့်အတူ ရောက်ရှိလာပြီး ဂျွန်နီအီဗန်စ်က လက်ထပ်ထားသည်မှာ လပိုင်းမျှသာ ရှိသေးသည့် ဟယ်လန် မက်ကောနဲလ်နှင့်အတူ ပွဲတက်ခဲ့သည်။ ခရစ်စမောလင်း၊ အက်ရှ်လေယန်းနှင့် ဖီးလ်ဂျုံးစ်တို့ကလည်း ၎င်းတို့၏ လက်တွဲဖော်များနှင့်အတူ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။ ဒေးဗစ်ဒီဂီယာ၊ ရှင်ဂျီကာဂါဝါ၊ အန်တိုနီယို ဗလန်စီယာ၊ ရီယိုဖာဒီနန်၊ ဒန်နီဝဲလ်ဘက်၊ ဝီလ်ဖရိုက်ဒ်ဇာဟာ၊ အလက်ဇန္ဒား ဘတ္တနာတို့မှာမူ အနှောင်အဖွဲ့ ကင်းကင်းနှင့်ပင် မိတ်ဆုံစားပွဲသို့ ရောက်ရှိလာသည်။



မိုယက်စ်သည် ယူနိုက်တက်၏ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ကိုင်တွယ်ဖြတ်သန်းမှုတွင် (၄-၁)ဖြင့် အနိုင်ရခဲ့သည့်နောက် ကျေနပ်စရာ ဖြစ်လာခဲ့သည်။ ရွန်နီသည် အဆိုပါ ပွဲစဉ်တွင် မိနစ်ပိုင်းသာ ကစားဖူးပြီး သွင်းဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံချိန်တွင် အတန်ငယ် ကင်းကွာနေဟန် ရှိသော်လည်း ဗန်ပါစီက ရွန်နီထံ သွားရောက် အောင်ပွဲခံ ဝေမျှခဲ့သည်ကိုလည်း တွေ့ရသည်။ ယခုကဲ့သို့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသားများ စုံစုံညီညီ ရောက်ရှိလာချိန်တွင် ဖြတ်သွားဖြတ်လာ ပရိသတ် အချို့က ဖာဒီနန်နှင့် အချို့သော ကစားသမားများကို ခွင့်တောင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ကြောင်းလည်း သိရှိရသည်။