ဆူးလေ မီးပွိုင့်မှာ ကနေတဲ့ယဉ်ထိန်းရဲ ဗွီဒီယိုနောက်ဆုံးရသတင်း


Saturday, 13 July 2013

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ ဂုဏ်သိက္ခာ ကျဆင်း အောင် ပြုလုပ်ခဲ့သူများအားအရေးယူ
၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်
facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်
ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ် ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့်သ ရုပ်
ပျက် ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာ
အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)
ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင်
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်
ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Video ကြည့်ရန်

Yangon Police

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်း သိရ


 အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော)

ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့ သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံ အတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

''စစ်သင်တန်းတွေ ပို့ချနေပြီလို့ ဆိုတဲ့ဟာက မြန်မာနိုင်ငံတွင်းမှာ လုပ်လို့မရပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ မီဒီယာ လုပ်ကွက်တွေပါပဲ။ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘင်္ဂါလီတွေကတော့ အေးအေး ဆေးဆေးပါပဲ။ ရိုဟင်ဂျာ ဆိုတာကိုတော့ မသိပါဘူး။ ဒီဒေသဟာ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာတော့ မည်သို့သော အနှောင့်အယက် အတားအဆီး၊ အဖျက်အမှောင့်တွေ လာသော်ရှိ၊ မလာသော်ရှိ လုံခြုံရေးကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပါတယ်'' ဟု မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယ ကွပ်ကဲရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ထူးလှိုင်က ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံ ၂၈ ပုံ ဖော်ပြခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုများအား ''Ramadan gift'' ဟု ကြွေးကြော်ထားပြီး ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များအား ရခိုင်ပြည်နယ်တွင် ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် တိုက်တွန်းထားကြောင်း သိရသည်။

RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်...

ယင်းအပြင် Rohingya Solidarity Organisation (RSO) နှင့် ပတ်သက်သူများ ဖြစ်သည့် ရိုဟင်ဂျာခေါင်းဆောင် ဗလီဆရာဖြစ်သူ Abu Arif နှင့် စစ်သွေးကြွခေါင်းဆောင် Abu Shafiyah တို့နှစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ အမာခံအုပ်စုများနှင့် တွေ့ဆုံကာ တိုက်ခိုက်ရေးသမားများ၊ လက်နက်ခဲယမ်းများ၊ ငွေကြေးနှင့် ဖောက်ခွဲရေး သင်တန်းပေးမည့်သူများ ရှာဖွေခဲ့ကြောင်း သိရသည်။

''RSO ကို ၈၂ မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၈၈ နောက်ပိုင်းမှာ ပိုအားကောင်းလာတယ်။ ၈၈ ခုနှစ် မေလ ၁၃ မှာ မောင်တော တစ်မြို့လုံးကို ၀ိုင်းပြီးသိမ်းဖို့ လုပ်ခဲ့တယ်။ နောက် RSO နဲ့ သူ့ယူဂျီတွေက ၉၄ မှာ မောင်တောမြို့ပေါ် နေရာတွေမှာ ဗုံးကိုးလုံး ဖောက်ခဲ့တယ်။ မပေါက်ဘဲ ဗုံးနှစ်လုံးရသေးတယ်။ RSO သင်တန်းတွေကတော့ အာဖဂန်နစ္စတန် နိုင်ငံက တာလီဘန်တွေဆီမှာ သွားသင်တန်းတက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ RSO စစ်စခန်း လေးခုလောက်ဖွင့်ပြီး သင်တန်းပို့ချတယ်လို့ သိရတယ်။ အခုက RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်။ ဒါတွေကို လုံခြုံရေး အဖွဲ့တွေကလည်း ဖော်ထုတ်မပေးနိုင်ဘူး'' ဟု မောင်တော မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာသာမောင်က ဆိုသည်။

RSO သည် ၁၉၈၂ ခုနှစ် စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ အဖွဲ့ဝင်များသည် အခြားစစ်သွေးကြွ အဖွဲ့များနည်းတွင် အရှေ့အာရှဒေသတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြ ကြောင်းလည်း သိရသည်။ ဒေသလုံခြုံရေးအတွက် နယ်စပ်တွင် နစက၊ ရဲ၊ စစ်တပ်တို့မှ နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် နိုင်ငံလုံခြုံရေး အတွက် တည်ဆောက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှာလည်း အခြေအနေ ကောင်းကြောင်းနှင့် လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တနားထားရသည့် ရာသီ ဖြစ်ကြောင်းလည်း သိရသည်။

The Myawady Dailys

ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေး မွေးဖွားနေပြီး အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကို လျော့ချရန် အကူအညီများ လိုအပ်နေ

ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရ ရက်သတ္တပတ်နေ့ အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေးမွေးဖွားနေပြီး အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျော့ချရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ''ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်'' အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ လူဦးရေသည် သန်း ၆၀ ရှိသည့်အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြား အမျိုးသမီး ဦးရေသည် ၂ ဒသမ ၉ သန်းခန့် ရှိကြောင်း၊ မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းများအရ ယင်းအသက်အရွယ် အကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦး ကလေးမွေးဖွားနေကြောင်း၊ ငယ်ရွယ်စဉ် ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်နိုင်ရန် အတွက် အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်း၊ အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန် ဆောင်ရခြင်းတို့ကို လျော့ချနိုင်ရန် အကူအညီများပေးရန် လိုအပ်နေကြောင်း ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

''အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်တာ များလာတာ မြန်မာနိုင်ငံတင် မဟုတ်ပါဘူး။ ဒါကတစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးပါ။ သူ့မိသားစု၊ သူ့အနာဂတ် ဆိုတာတွေ အကုန်ပါနေပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ဆယ်ကျော်သက် အရွယ်တွေမှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်'' ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာနေ၀င်းက ပြောကြားခဲ့သည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု မြင့်မားနေပြီး မိခင်သေနှုန်း လျော့ချရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားသည့် အချိန်များ၌ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ရေးစနစ် အကောင်အထည် ဖော်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြထားသည်။

Eleven Media Group

အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို သားမယား အဖြစ်ပြုကျင့်

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဒလမြို့နယ်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးသည် ရန်ကုန် ဘက်ကမ်းရှိ ခင်ပွန်း ဖြစ်သူ လုပ်ငန်းခွင်သို့ လိုက်ပါသွားစဉ် နေအိမ်တွင် အသက် ၁၈ နှစ် အရွယ်နှင့် ခုနစ်နှစ် အရွယ်သားဖြစ်သူ နှစ်ဦးနှင့် အသက် ရှစ်နှစ် အရွယ်နှင့် တစ်နှစ်ခွဲ အရွယ် သမီးဖြစ် သူတို့ ကျန်ခဲ့ချိန်တွင် နေအိမ်သို့ သားဖြစ်သူ၏ သူငယ်ချင်း ဒလမြို့နယ်နေ သက်နိုင်ဦး(ခ) ကုလား (၂၇ နှစ်) ရောက်လာပြီး အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို အိပ်ခန်းတွင်းသို့ ခေါ်ယူကာ သား မယား အဖြစ်ပြု ကျင့်ရန် အားထုတ်နေစဉ် အိမ်နီးချင်း အမျိုးသမီးက မြင်တွေ့ကာ အော်ဟစ် အကူညီ တောင်းခံခဲ့သည်ဟု ဆိုသည်။

အကူအညီ တောင်းခံစဉ် သက်နိုင်ဦး(ခ) ကုလားမှာ ထွက်ပြေးသွားသည်ဟုဆိုကာ အရေးယူပေးရန် တိုင်ကြားခဲ့သဖြင့် ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။

တိုးဝေအောင်နှင့် မင်းသုနောင်
မြန်မာတိုင်း(မ်)

မန္တလေး အဖမ်းအဆီးအကြောင်း လိင်တူချစ်သူများ ဖွင့်ချမယ်


မကြာသေးခင်က မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးမှုတခုမှာ ရဲတပ်ဖွဲ့ ၀င်တွေဟာ "အခွင့်အာဏာ ထက်ကျော်လွန်ပြီး လိင်တူချစ်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့"တယ်လို့ မြန်မာလိင် တူချစ် သူများအခွင့်အရေးဆိုင်ရာကွန်ယက်က ပြောလိုက်ပါတယ်။

မန္တလေး အဖမ်းအဆီး သတင်းကို Click Here မှာ ဖတ်နိုင်ပါတယ်။ အဖမ်း အဆီးနဲ့ ပတ်သက်ပြီး သတင်း စာရှင်းလင်းပွဲလုပ်မှာ ဖြစ်တဲ့အတွက် တက်ရောက်ပေးကြဖို့ စာနယ်ဇင်း သမားတွေကို ဖိတ်ကြား ထားပါတယ်။

အစီအစဉ်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

နေ့ရက် - ဇူလိုင်လ (၁၄) ရက် (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီ
နေရာ - 88 Café၊ ၇၄လမ်း၊ ၃၆x၃၇လမ်း

အသေးစိတ်သိရှိလိုပါက ရှင်းသန့် (09-402-602-911) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် လို့ ဖိတ်စာမှာ ရေးထားပါတယ်။


ရန်ကုန်မြို့ လိင်တူချစ်သူများပွဲတခု မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင်)

ဧရာဝတီ