လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှု ပြန်အရှိန်မြင့်


ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟု သမ္မတရုံးကဆိုသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေ ၈ ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း သမ္မတရုံးက တရားဝင် သတင်းထုတ်ပြန် လိုက်ရာ ယခင်က ရှိပြီးသား လွှတ်တော်နှင့် အစိုးရ အကြား နိုင်ငံရေးပွတ်တိုက်မှု အရှိန်မြှင့်တင်လိုက်ခြင်း ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများအနက် သမ္မတဦးသိန်းစိန် လက်မှတ်ရေး ထိုးခြင်းမရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေ၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူမည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ အစိုးရ၏ သတင်းထုတ်ပြန်မှုသည် လွှတ်တော်က အခြေခံဥပဒေနှင့်အညီ ဆောင်ရွက် မှုများကို ပြဿနာ မီးထွန်းရှာသည့် ပုံစံဖြစ်နေကြောင်း၊ လွှတ်တော်နှင့် အစိုးရကြားတွင် ပဋိပက္ခရှိနေပြီး လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေသူများသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိရှိနားလည်ပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်သည်။

“ပြဿနာကို မီးထွန်းရှာတယ်လို့ပဲ ပြောချင် တယ်။ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီ ဘူးလို့ ပြောရလောက်အောင် မဟုတ်ဘူးထင်တယ်။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ စောင့်ကြည့်ကြသေးတာ ပေါ့။ လွှတ်တော်ဥက္ကဋ္ဌနဲ့ သမ္မတကြားမှာ ပဋိပက္ခက တော့ ရှိနေတယ်။  တကယ်ပဲ လွှတ်တော်က ပြဋ္ဌာန်း တဲ့ ဥပဒေတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုရင် တော့ တမျိုးပေါ့။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကလည်း မညီဘဲ မလုပ်ဘူး။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ဆိုလို့ရှိရင် အခြေခံဥပဒေကို ရေးဆွဲလာ တဲ့သူဗျ။ဦးခင်အောင်မြင့်က ပိုသိလိမ့်မယ်။ မညီဘဲ နဲ့တော့ ကျနော်တို့က မလုပ်ဘူး။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ကြည့်ပြီး လွှတ်တော်ဘက်က လုပ်စရာရှိတာ ဆက်လုပ်မှာပေါ့” ဟု ဦးလှဆွေက ရှင်းပြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး က လွှတ်တော်ကပြဋ္ဌာန်းထားသော ဥပဒေများသည် အခြေခံဥပဒေနှင့် မညီဟု ဆုံးဖြတ်ပါက ယင်းဥပဒေ များသည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းက လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ဥပဒေပြဋ္ဌာန်းရာတွင် အခြေခံဥပေဒနှင့် ညီညွတ်စေရန် ကြိုးစားဆောင်ရွက်နေပြီး အသွင်ကူးပြောင်းရေး ချောမွေ့စွာဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း၊ ဥပဒေများကိ မလိုအပ်ဘဲ ခုံရုံးတင်ပြခြင်း သည် နိုင်ငံရေးပဋိပက္ခနှင့် တင်းမာမှုများကို အရှိန်မြင့် တက်စေနိုင်ကြောင်း ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ရင်အောင် လွှတ်တော် ဥပဒေကြမ်းကော်မတီတွေက ဆုံးဖြတ်ပြီး တော့ ပြဋ္ဌာန်းတာပဲလေ။ သမ္မတက ဥပဒေတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီ စိစစ်ဖို့ တင်ပြတယ် ဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ တင်လို့ရတယ်။ ဥပဒေပြုအာဏာပိုင်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ် အောင်ကြိုးစားနေတယ်။ အဓိက အသွင်ကူးပြောင်းနေတဲ့ ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ လုပ်နေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေကြတာပဲ။ တရားသေ ဆုပ်ကိုင်ပြီး တော့ သမ္မတဘက်က လုပ်မယ်ဆိုရင်တော့ ကောင်း မွန်တဲ့ လက္ခဏာတရပ် မဟုတ်ဘူးလို့ မြင်တယ်။ ခုံရုံးကို လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေတွေကို တင်တယ်ဆိုတဲ့ အခြေအနေတွေက တင်းမာမှုဖြစ် လာနိုင်တယ်။ ပဋိပက္ခဘက်ကိုဦးတည်တဲ့ ဆောင်ရွက် မှုတော့ မဖြစ်စေချင်ဘူး။ တိုက်ခိုက်တဲ့သဘောမပါ စေချင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၁ တွင် နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်နိုင်သော ပြဋ္ဌာန်း ချက်များ ပါရှိပြီး ယင်းစွပ်စွဲပြစ်တင်မှုကို လွှတ်တော်က ဆောင်ရွက်နိုင်ကြောင်း၊ ယင်း အခွင့်အာဏာသည် လွှတ်တော်ထံတွင်ရှိနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“လုပ်ထုံးလုပ်နည်းအရ သမ္မတမှာ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ခုံရုံးကို တင်ပြ ဆုံးဖြတ်ခိုင်းနိုင်တဲ့ အခွင့်အရေးရှိတယ်။ လုပ်ထုံး လုပ်နည်းအရ လုပ်ကြတယ်ဆိုပေမယ့် တဖက်နဲ့ တဖက်က ပြည်သူအတွက် လုပ်ကြတာဆိုရင်တော့ ကောင်းတာပေါ့။ လွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်နိုင်တဲ့ အခြေခံဥပဒေပါ အခွင့်အရေး ရှိထားတယ်” ဟု ၄င်းက ဆိုသည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက လွှတ်တော်ကပြဋ္ဌာန်းသော ဥပဒေများ သည် အခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်မှုသည် ဒီမို ကရေစီစနစ်ကို တည်ဆောက်သော ဓလေ့ဖြစ်ပြီး အစိုးရနှင့် လွှတ်တော်ကြား ပဋိပက္ခအဖြစ် ရှုမြင်လျှင် မှားနိုင်ကြောင်း ပြောဆိုသည်။

“အရင်တုန်းက နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ အငြင်းအခုန်ဖြစ်တယ်ဆိုရင် အာဏာရှင်က အဆုံး အဖြတ်ပေးတာ။ ဦးသန်းရွှေက အဆုံးအဖြတ်ပေး လိုက်ရင် မှန်မှန် မမှန်မှန် ပြည်သူလူထု အကျိုးစီးပွား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒါက အတည်ပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ လွှတ်တော်ကလည်း ဥပဒေတွေပြဋ္ဌာန်း ရမယ်။ အစိုးရကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ ဆန့်ကျင်လို့ မရဘူး။ တရားစီရင်ရေးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေနဲ့ စီရင်လို့မရဘူး။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုတာနဲ့ ထိန်းတယ်။ ဒီခုံရုံးက အဆုံးအဖြတ်က အဓိကပဲ။ အငြင်းအခုံဆိုတာရှိမှာပဲ။ အဲဒါကို ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ပဋိပက္ခ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုလို့ မြင်ရင် မှားမယ်။ လွှတ်တော်ကလည်း ဥပဒေပြုနေမှာပဲ။ ငါမှန်၊ သူမှန်တယ်  ငြင်းကြမှာပဲ။ ကျနော့်သဘောအရဆိုရင် သမ္မတက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ မညီ ပါဘူးဆိုပြီး ခုံရုံးကိုတင်တာက မှန်တယ်” ဟုဦးရဲထွန်း က ပြောသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရက ဥပဒေများကို ခုံရုံးတင်ပြခြင်းဖြစ်သည့် အတွက်ခုံရုံးသည် ၄င်း၏တာဝန်အတိုင်း ဆုံးဖြတ်ချက် များ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။

“အရင်တုန်းကတော့ ဥပဒေပြုရေး တင်ပြလာ ရင် သမ္မတဘက်က ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ပြောရုံ လောက်နဲ့ပဲ ရပ်ပစ်လိုက်တာ။  နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုရင် ကြားကဝင်ထိန်းပေးရမှာက ခုံရုံးပဲ၊ သမ္မတ နဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲ နေတာကို ခုံရုံးကဘယ်လိုဆုံးဖြတ်မလဲ။ ဘယ်လောက် မှန်ကန်မလဲဆိုတာစောင့်ကြည့်မယ်၊ ဥပဒေပြုရေးကိစ္စ တွေမှာ သမ္မတနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ယူဆ ချက်တွေက တရားဝင် မဟုတ်ဘူး။ ခုံရုံးကသာ အတည်ပြု ဆုံးဖြတ်ချက်ချရာမှာ။ ခုံရုံးအသစ်က ခုချိန်ထိ အလုပ်လုပ်တာမတွေ့ရဘူး။ ဒါကြောင့်မို့လို့ တရားစီရင်နိုင်ခြင်း ရှိ၊ မရှိဆိုတာ သံသယဖြစ်စရာ ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ခုံရုံးသည် ပြည်သူတွေပေးတဲ့ လစာကိုယူပြီး ဘာအလုပ်လုပ်မှ မလုပ် ဘူး။ ခုံရုံးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ၃ ဦး၊ အမျိုး သားလွှတ်တော်က ၃ ဦးနဲ့ သမ္မတက ၃ ဦးရွေးချယ် ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုတော့ မဲစနစ် ဆုံးဖြတ် ချက်ချမယ်ဆိုရင် သမ္မတက ရှုံးမယ့်အနေအထားမှာ ရှိနေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆိုသောကိစ္စနှင့် ပတ် သက်၍ လွှတ်တော်နှင့် အစိုးရအကြား ပွတ်တိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အစိုးရတင်ပြချက်အတိုင်း လွှတ်တော်ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ် ဟု ဆုံးဖြတ်မှုကြောင့် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရသည်အထိ အခြေအနေဖြစ်ပေါ်ခဲ့သည်။

Irrawaddy ဧရာဝတီ သတင်း

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ယာယီအစိုးရထူထောင်ဖို့ သဘောကွဲ

ဆီးရီးယားအတိုက်အခံခေါင်းဆောင် Monzer Akbik (လယ်) ကုလဌာနချုပ်ရှေ့မှာ သတင်းသမားများအား လက်ခံတွေ့ဆုံစဉ်။ (ဇန်နဝါရီလ ၂၇၊ ၂၀၁၄)

ဆီးရီးယားနိုင်ငံမှာ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းနိုင်ရေးကို အဓိကထားဆွေးနွေးကြဖို့အတွက် တနင်္လာနေ့မှာ အစိုးရနဲ့အတိုက်အခံတို့ စတင်ဆွေးနွေးကြပြီး မကြာခင်မှာပဲ ဆက်ပြီးညှိနှိုင်းမရတဲ့ အနေအထားကို ရောက်သွားတယ်လို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရရဲ့ မူဝါဒကြေညာချက်ဟာ Geneva ဆွေးနွေးပွဲရဲ့ မူဘောင် ပြင်ပမှာ ရောက်နေပြီး အာဏာလွှဲပြောင်းဖို့ ကိစ္စကိုလည်း ပြောမထားဘူးဆိုပြီး ဆီးရီးယားအတိုက်အခံကိုယ်စားလှယ်တွေက ပယ်ချတာပါ။ ဆီးရီးယားအစိုးရ ညှိနှိုင်းရေး ကိုယ်စားလှယ်တွေကလည်း အကြမ်းဖက်ရေးကိစ္စနဲ့ ဆွေးနွေးဖို့ လာကြတာဖြစ်ပြီး အာဏာလွှဲပြောင်းရေးနဲ့မဆိုင်ဘူးလို့ ဆီးရီးယား ဒုနိုင်ငံခြားရေး ဝန်ကြီး Faisal Mekdad က ပြောပါတယ်။

အဲဒီမှာ စေ့စပ်ညှိနှိုင်းရေးမှူး မစ္စတာ Lakhdar Brahimi က ဒီစည်းဝေးပွဲကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆီးရီးယားသမ္မတ Bashar al-Assad အာဏာကို လက်လွှတ်ပေးပြီး ၂၀၁၂ က ပထမဆုံး Geneva ငြိမ်းချမ်းရေး ညီလာခံက ရရှိခဲ့တဲ့ သဘောတူညီချက်အရ ကြားဖြတ် အစိုးရ ဖွဲ့စည်းရမယ်လို့ အတိုက်အခံဘက်က တောင်းဆိုနေတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်အစိုးရကတော့ ကုလသမဂ္ဂထောက်ပံ့ရေး ယာဉ်တန်း Homs မြို့ထဲ ချက်ချင်းဝင်ခွင့်ပြုဖို့နဲ့ ပြီးတော့ မြို့ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ချက်ခြင်းထွက်ခွာခွင့်ပြုဖို့ တောင်းဆိုသွားပါတယ်။

VOA Burmese News

The Irrawaddy အမှတ် ၄ ကို အွန်းလိုင်းက ဖတ်နိုင်ပါပြီ


The Irrawaddy Weekly Journal အတွဲ ၁၊ အမှတ် ၄ ကို download လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ။ ပြည်တွင်းမှာ ကြာသပတေးနေ့တိုင်း ဖြန့်ချိကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြည်တွင်းမှာ ဖြန့်ချိနေတဲ့ ဧရာဝတီသတင်းဌာနက ထုတ်ဝေတဲ့ ဂျာနယ်ကို အွန်လိုင်းကနေ အောက်ဖော်ပြတဲ့ လင့်ကတဆင့် Download လုပ်ပြီး ဖတ်နိုင်ကြပါပြီ။




ရွေးကောက်ပွဲရက်ရွှေ့ဖို့ ထိုင်းအာဏာရပါတီ ငြင်းဆို

ဘန်ကောက်မြို့မှာ ကြိုတင်မဲကောက်ခံမယ့် မဲရုံဝန်ထမ်းတွေ အလုပ်လုပ်နေမှုကို ဆန့်ကျင်ကန့်ကွက်နေကြစဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ လလောက်အတွင်း လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ရာက မတည်ငြိမ်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စောကျင်းပဖို့ အစိုးရက စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အနည်းဆုံး တစ်လလောက် နောက်ဆုတ်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုလိုက်ပါတယ်။

အဲဒီလို ရက်ရွှေ့ဆိုင်းတာဟာ ဥပဒေနဲ့ ညီညွတ်ကြောင်း ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အခြေခံဥပဒေ ခုံရုံးက ပြီးခဲ့တဲ့သောကြာနေ့မှာ ဆုံးဖြတ်ခဲ့ပေမယ့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နဝါရဲ့ အာဏာရ Puea Thai ပါတီအကြီးအကဲက အဲဒီလို ရက်ရွှေ့ဆိုင်းဖို့ တောင်းဆိုချက်ကို တနင်္လာနေ့မှာပဲ ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ ပတ်သက်လို့ ၀န်ကြီးချုပ် ယင်းလပ်ရှင်နဝါနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ရာထူးကဆင်းပေးပြီး ရွေးကောက်တင်မြှောက်ထားခြင်းမရှိတဲ့ ကောင်စီကို အစိုးရအာဏာတွေ လွှဲပြောင်းပေးရေးအတွက် တောင်းဆိုနေကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ၀န်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ စောကျင်းပဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

VOA Burmese News

လိင်တူ၊ လိင်ကွဲ ၃၃ စုံတွဲ မင်္ဂလာပွဲနဲ့ Grammys ဆုရှင်တွေ

 ဓာတ်ပုံ- Yahoo

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ Grammys ဆုရှင်
တွေနဲ့အတူ  တမူ ထူးထူးခြားခြား စည်ကားတဲ့ ပွဲတခုကတော့ လိင်တူ၊ လိင်ကွဲ ၃၃ စုံတွဲရဲ့ တပြိုင်တည်း မင်္ဂလာပွဲပါ။

နာမည်ကြီးအဆိုတော်  Macklemore & Ryan Lewis တို့ စုံတွဲ သီချင်း သီဆိုမှုမှာ အဆိုတော် Mary Lambert ကလည်း ပူးပေါင်း ပါဝင်အားဖြည့်ခဲ့ပြီး အလွန်စည်းကားတဲ့ ပွဲကြီးတခုလည်းဖြစ်ပါတယ်။
Macklemore ကတော့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို စပ်ဆိုထားတဲ့ Same Love ဆိုတဲ့သီချင်း နဲ့ ဖျော်ဖြေခဲ့ပြီး Queen Latifah က စုံတွဲတွေကို လက်ထပ်လက်စွပ်လဲကြဖို့ နှိုးဆော်ပါတယ်။

အဲဒီနောက် နာမည်ကြီး အဆိုတော် မက်ဒေါနားဟာ အဖြူရောင်ဝတ်စုံနဲ့ ပေါ်ထွက်လာပြီး Open Your Heart ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က အဲဒီထူးခြားတဲ့ ပွဲဟာ လိင်တူ ချစ်သူတွေကို မုန်းတီးစိတ်တွေ ပပျောက်ရေးအထူးအစီအစဉ် တခုလို ပါပဲ။

Daft Punk ၊ ပေါလ်ဝီလျံတို့ကလည်း အကောင်းဆုံး ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ အလွန်စည်ကား တဲ့ မြင်ကွင်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း

ရန်ကုန်-အန်ကောဝပ် ကုန်းလမ်းဘတ်စ်ကား ခရီးစဉ်စတင်


မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် နာမည်ကျော်ကြားတဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းထိ ကုန်းလမ်းခရီး ဘတ်စ်ကားနဲ့ စတင် သွားရောက် လည်ပတ်နိုင်ပြီလို့ ၀န်ဆောင်မှုပေးနေတဲ့ VEGA Travel ခရီးသွားလုပ်ငန်းက ပြောပါတယ်။

ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတဆင့် အန်ကောဝပ်ဘုရားကျောင်းရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိပ်မြို့ထိ ကုန်းလမ်းခရီးစဉ် ဘတ်စ်ကားနဲ့ အလည်အပတ် သွားလိုသူတွေအတွက် ၀န်ဆောင်မှု စပေးနေတာလို့ VEGA Travel ခရီးသွားလုပ်ငန်း ကုမ္ပဏီက လက်မှတ်အရောင်းမန်နေဂျာ ဦးသန့်ဇင်က ပြောပါတယ်။

“ရန်ကုန်ကနေ မနက် ၆ နာရီလောက် စထွက်တယ်။ ညနေ ၄ နာရီဆိုရင် မြ၀တီဘက်ကို ရောက်သွားတယ်။ ညဘက် ၁ နာရီ ၂ နာရီလောက် ခဏနားပြီး ဟိုဘက် မြ၀တီကနေ ဘန်ကောက်ကိုတက်တဲ့ ကားရှိတယ်။ သူက ည ၇ နာရီ ၈ နာရီလောက် စထွက်တယ်။ မနက် ၅ နာရီလောက် ဘန်ကောက်ကို ရောက်တယ်။ ဘန်ကောက်မှာ တည အိပ်ပြီး နောက်နေ့ အန်ကောဝပ်ကို သွားချင်တယ်ဆိုရင်လည်း ကျနော်တို့ စီစဉ်ပေးတယ်။ တိုက်ရိုက် သွားချင်တဲ့သူတွေကိုလည်း အန်ကောဝပ်ကားနဲ့ ကျနော်တို့ ပြန်ဖြည့်ပေးတယ်။ အဲအတွက် ရန်ကုန်မှာ ပိုက်ဆံရှင်းပြီးတဲ့နောက်ပိုင်း ဟိုဘက်ခြမ်းအထိ လက်မှတ်တွေ ၀ယ်ပေးထားတာ။ ဧည့်သည်က လက်မှတ်ထုတ်ပြီး ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကနေ စစီးရုံပဲ။”

ရန်ကုန်မှ မြ၀တီထိ အဆင့်မြင့် မှန်လုံကားငယ်တွေနဲ့ ပြေးဆွဲမှာ ဖြစ်ပြီး မဲဆောက်- ဘန်ကောက်ခရီးကိုတော့ အဆင့်မြင့်မှန်လုံ ၂ ထပ်ဘတ်စ်ကားကြီးတွေနဲ့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားခနှုန်းထားတွေကတော့ ရန်ကုန်မှ ဘန်ကောက်ထိ ၁ ကြောင်းကို မြန်မာ ကျပ်ငွေ ၅ သောင်းခွဲ ဖြစ်ပြီး ရန်ကုန်ကနေ အန်ကောဝပ်ထိ ကျပ်ငွေ ၆ သောင်း သတ်မှတ်ထားပါတယ်။

ခရီးသည်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လက်ဝယ်ရှိရာမှာ ဖြစ်ပြီး ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေးနဲ့ တည်းခိုခတွေကတော့ ခရီးသည်က သီးခြားပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းဗီဇာကြေးအတွက်တော့ အမေရိကန်ဒေါ်လာ ၄၀ နဲ့ ၀န်ဆောင်ခ မြန်မာငွေ ကျပ် ၅ ထောင်ပေးပြီး ကုမ္ပဏီက တဆင့် လျှောက်ထားနိုင်သလို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်း ဗီဇာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ကနေ အန်ကောဝပ်ထိ ၀န်ဆောင်မှုပေးတဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က VEGA Travel ရုံးက လက်မှတ်အရောင်း တာဝန်ရှိသူ ခွန်ဆာရာက ခုလို ရှင်းပြပါတယ်။

“ဧည့်သည်က ရန်ကုန်-ဘန်ကောက်ကို လာရမယ်။ ဘန်ကောက်ကနေပြီးမှ ကမ္ဘောဒီးယားကို ကားနဲ့ ပြန်သွားရမယ်။ တိုက်ရိုက်တော့ သွားလို့ မရဘူး။ မြန်မာပြည်သားတွေက ဗီဇာမလိုဘူးလေ။ ထိုင်းတခုကိုပဲ ဗီဇာယူလာရုံပဲ။ ကမ္ဘောဒီယားကိုတော့ ဟိုမှာ on arrival visa ပေးတယ်။ အဲဒါပြီးရင် ဗီဇာကြေး ကိုယ့်ဘာသာကိုယ် ပေးရတာပေါ့။ ဗီဇာ ဒီကနေပြီး တခါတည်း လျှောက်စရာမလိုဘူး။ ဒါပေမယ့် ဟိုရောက်ရင်တော့ ဗီဇာက ဒေါ်လာ ၃၀ ပေးရတယ်။ အဲဒါက ဟိုရောက် ကိုယ့်ဘာသာကိုယ်ပေးပေါ့။”

ဘတ်စ်ကား ခရီးစဉ်ကြာမြင့်ချိန်ကတော့ ခန့်မှန်းချေ ရန်ကုန် – မြ၀တီ ၁၀ နာရီခန့် – မဲဆောက်မှ ဘန်ကောက် ၉ နာရီခန့်နဲ့ဘန်ကောက်မှ အန်ကောဝပ်ထိ ၈ နာရီခန့် အချိန် ကြာမြင့်မှာ ဖြစ်ပါတယ်။

အလားတူ မော်လမြိုင်နဲ့ ဘားအံမြို့တွေကနေ ဘန်ကောက်နဲ့ အန်ကောဝပ်ကို ခရီးသွား လိုသူတွေ အတွက်လည်း သီးခြား ၀န်ဆောင်ခတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထီးရိုးနဲ့ ပုဂံမြို့တွေကို သွားရောက် လည်ပတ်လိုတဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်လည်း VEGA Travel က ကုန်းလမ်းခရီးစဉ် ၀န်ဆောင်မှုတွေ ပေးနေပြီ ဖြစ်ပါတယ်။

DVB Burmese

နှလုံး ကျန်းမာရေးဆိုင်ရာ ရောဂါများနှင့် ဓာတ်စာ



နှလုံး သွေးကြောဆိုင်ရာ ရောဂါ ။ ။နှလုံးသွေးကြော ဆိုင်ရာ သွေးကြောကျဉ်းခြင်း ရောဂါဟာ သွေးလွှတ်ကြော၏ နံရံပေါ်မှ အဆီ၊ ကိုလက်စထရောနှင့် သွေးခဲများ စုပုံ၍ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ယင်းအစုအပုံကြောင့် သွေးကြောနံရံ ကျဉ်းမြောင်း အားနည်းစေသည်။

တဖြည်းဖြည်းချင်း သွေးကြော နံရံပေါက်သည် အထိ ဖြစ်ကာ သွေးလွှတ်ကြော အဖွဲ့အစည်းထဲတွင် ပိတ်ဆို့လာနိုင်သည်။

လေသင်တုန်းဖြတ်ခြင်း ။ ။ လေသင်တုန်း ဖြတ်ခြင်းသည် ဦးနှောက်ဆီသို့ သွေးပို့လွှတ် နေသော သွေးလွှတ်ကြော ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။

သွေးလွှတ်ကြော လှည့်ပတ်မှု ပျက်ယွင်းခြင်းကြောင့် ခြေထောက်နာခြင်း ။ ။ နှလုံးညှစ်အား ကောင်းသော သွေးထဲ၌ အဆီပိတ်ဆို့မှုကြောင့် ဖြစ်သည်။ ခြေထောက်များ အေးစက်ပြီး ခြေချောင်းတွေ ပုပ်ပွလာလျှင် သွေးကြောငယ် အသစ် ဖြစ်ပေါ်စေသဖြင့် ကျန်းမာရေး အတွက် ကိုယ်လက်ပုံမှန် လေ့ကျင့်ခြင်းက အထောက်အကူ ဖြစ်စေသည်။

ရုတ်တရက် နှလုံး တိုက်ခိုက်ခံရခြင်း ။ ။ရုတ်တရက် နှလုံး တိုက်ခိုက် ခံရခြင်းသည် နှလုံးသွေးကြော ပိတ်ဆို့မှုကြောင့် ဖြစ်သည်။ ပထမဆုံး တွေ့ရသည့် လက္ခဏာမှာ ရင်ဘတ်၌ မိနစ်ပိုင်း (နာရီပိုင်း) အောင့်လာခြင်းပင်။ ချွေးထွက်များလာပြီး အသားအရေပါ မွဲခြောက်ခြောက် ဖြစ်လာသည်။ အက်စပရင်နှင့် သွေးခဲခြင်းကိုသာ ဆေးဝါးများနှင့် ကုသနိုင်သည်။

နှလုံးညှစ်အား မကောင်းခြင်း ။ ။ နှလုံးညှစ်အား မကောင်းခြင်းမှာ Heart attach ကြောင့် ဖြစ်သည်။ နှလုံးမှာ သွေးလည်ပတ်မှု လျော့နည်းလာသည့် အတွက် နှလုံးကြွက်သား ပျက်စီးကာ အများဆုံး တွေ့တတ်သည် ကတော့ မောပန်းခြင်း၊ ခြေချင်းဝတ် ဖောရောင်ခြင်း၊ အသက်ရှူ ကျပ်ခြင်းတို့ ဖြစ်သည်။ ရုတ်တရက် ဖြစ်ပေါ်သော နှလုံးရပ်ခြင်းမှာ ဝေဒနာရှင်သည် အသက်ရှူကျပ်ပြီး ပါးစပ်က အမြှုပ်ထလာသည်။ ဆီးရွှင်ဆေးနှင့် ACO Whihter နှင့် ကုသနိုင်တယ်။(အေစီအီးအင် ဟာတာကေ)

ဘယ်လို အစာတွေ စားသောက်သင့်သလဲ ။ ။ သကြားစားသုံးမှု ကန့်သတ်ပါ။ သကြားလုံး၊ ရေခဲမုန့်၊ ဆိုဒါ အချိုရည် မသောက်ပါနှင့်။

အဆီ စားသုံးမှု ကန့်သတ်ခြင်း ။ ။ ထောပတ်၊ အာလူးချောင်းကြော် စသည့် အဆီပါသော အသား၊ ဘီစကွတ်မုန့်၊ ကြော်ထားသည့် အစားအစာများကို ရှောင်ပါ။

နှလုံး ကျန်းမာရေးနှင့် ညီသော အဆီများ ။ ။ မပြည့်ဝဆီမှ လွဲ၍ ကျန်အဆီများ၊ စားစရာနှင့် စားသုံးဆီထဲတွင် နှလုံး ကျန်းမာရေးနှင့် မညီသော အဆီများကို တွေ့ရသည်။ နှလုံး ကျန်းမာရေး အတွက် အဆီထုတ်ပြီး နို့နဲ့ နို့ထွက်ပစ္စည်း (ဒိန်ချဉ်၊ ဒိန်ခဲ)မှာ ကယ်လ်ဆီယမ်နဲ့ အသားဓာတ် ပေါကြွယ်လို့ နှလုံးရောဂါနဲ့ ခုခံအားကျဆင်းမှုကို မြှင့်တင်ပေးလို့ အစားအသောကနည်းနဲ့ နှလုံးသွေးကြော ဆိုင်ရာ ရောဂါများကို ကာကွယ် ပေးနိုင်တယ်။

အကြံပြုချက် ။ ။ ကိုယ်အလေးချိန် လျှော့ချရမည်။ ပုံမှန် ဘီအမ်အိုင်(၁၈ ဒသမ ၉ - ၂၄ ဒသမ ၉) အတွင်း ရှိရမည်။ (ဘီအမ်အိုင် ဆိုတာ အလေးချိန် ကီလိုဂရမ်ကို အမြင့်မီတာ နှစ်ထပ်ကိန်းနဲ့ စား၍ ရသော ကိန်းဖြစ်တယ်) နေ့စဉ် နာရီဝက် ကျန်းမာရေး လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှာက်၊ စက်ဘီးစီး) လုပ်ရမယ်။ အစားအစာကို များများ စားမယ့်အစား အစာနည်းနည်းနဲ့ အကြိမ်များများ စားရမယ်။ ဟင်းသီး ဟင်းရွက်ကြော်နဲ့ သစ်သီးများ စားပေးရမယ် ။ ။

မြ၀တီ

ချင်းလူမျိုး နှင့် နာဂ လူမျိုး မတူညီကြောင်း စာတမ်းဖတ်မည်



သူသူထက်လွင်
====================================
ရန်ကုန် ၊ ဇန်န၀ါရီ ၂၇ ။ ။ နာဂ တိုင်းရင်းသားများစုပေါင်း ၍ သန်းခေါင် စာရင်းကောက်ယူ ရာတွင် လူမျိုးမှားယွင်းမှုမရှိ စေရေးအတွက် ချင်းလူမျိုးနှင့် နာဂလူမျိုး မတူညီကြောင်း၊ လူမျိုးရေးဆိုင်ရာစာတမ်းဖတ် ပွဲများ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

““နာဂလူမျိုးနဲ့ ချင်းလူမျိုး က လူမျိုးချင်းမတူပါဘူး။ သီး ခြားစီပါ။ သန်းခေါင်စာရင်း ကောက်ဖို့ ကုတ်နံပါတ်ယူရင် လဲ အဲဒီအတိုင်းလုပ်ရမယ်။ ချင်းအောက်ထဲမှာ ၀င်သွားလို့ မဖြစ်ဘူး။ နာဂတိုင်းရင်းသား တွေ အနေနဲ့ နိုင်ငံရေးအရ နစ် နာမှုတွေဖြစ်လာမယ်။ အဲဒီအ ကြောင်းတွေ ကိုရှင်းလင်း ဖို့ သန်း ခေါင်စာရင်းကောက်ယူခြင်းနဲ့ ပတ်သက်တဲ့ လူမျိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲနောက်လမှာ ပြုလုပ်သွားဖို့ရှိပါတယ်””ဟု နာဂစာပေနှင့် ယဉ်ကျေးမှုအ သင်းမှ ဦးရှုမောင်က ပြော သည်။

ချင်းတိုင်းရင်းသားများနှင့် နာဂတိုင်းရင်းသားများသည် လူမျိုးချင်းတူညီသည် ဟု ယူဆ ချက်များကြောင့် နိုင်ငံရေးအရ နာဂလွှတ်တော်အမတ်များ နစ် နာမှုများရှိသဖြင့် ယင်းကဲ့သို့ စာတမ်းဖတ်ပွဲ ကျင်းပခြင်းဖြစ် သည်။

““ချင်းနဲ့ နာဂ တူသွားရင် ၂၀၁၅ရွေးကောက်ပွဲမှာ ချင်း လွှတ်တော် အမတ်တွေ ပဲ ၀င် ပြိုင်လို့ရမယ်။ နာဂအမတ်တွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခက်ခဲ သွားလိမ့်မယ်။ ချင်းနဲ့ နာဂမ တူလို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေရထားတာပါ””ဟု နာဂတိုင်းရင်းသားတစ်ဦးက ပြောသည်။

အဆိုပါ နာဂတိုင်းရင်း သားများ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက် သည့်လူမျိုးရေးဆိုင်ရာစာတမ်း ဖတ်ပွဲကို ဖေဖော်ဝါရီလ တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

တရုတ် ရွှေဂက်စ် ပိုက်လိုင်း လုံခြုံရေး စိုးရိမ်စရာ မရှိဟု အစိုးရ ပြော


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၂၀၁၂ ခု ဒီဇင်ဘာလအတွင်းက တွေ့ရသော မြှုပ်လက်စ ဂက်စ်ပိုက်လိုင်း (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရွှေသဘာဝ ဓာတ်ငွေ့(ဂက်စ်)ပိုက်လိုင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသဖြင့် လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်း လွှတ်တော်၌ တင်ပြရာ စိုးရိမ်စရာ မရှိဟု အစိုးရ က တုံ့ပြန် ရှင်းလင်းသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးထွန်းအောင်ကျော်က “သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတလျှောက်ရှိ ကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေး လုံခြုံမှု အကာအကွယ်ပေးရန် အစီအစဉ် ရှိ၊မရှိ”မေးမြန်းရာ စွမ်း အင် ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်ထူး က အန္တရာယ် မရှိဟု ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ထူး က“ပိုက်လိုင်း၏ အရှည်နှင့် ပို့လွှတ်မည့် ဓာတ်ငွေ့ ထုထည် ပမာဏ၏ ဖိအား အပေါ်မူတည်၍ နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက်ထားကြောင်း၊ အနက် ၆ ပေတွင် မြှုပ်နှံထားသည့်အတွက် လုံခြုံစိတ်ချရကြောင်း”ဖြေဆိုခဲ့သည်။

ဒု ဝန်ကြီး၏ ဖြေဆိုမှုနှင့် ပတ်သက်၍ ဦးထွန်းအောင်ကျော်က ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌ မြေကြီး ထဲသို့ ၁၅ ပေ အနက်မြှုပ်နှံကာ၊ အသုံးပြုရမည့် ပိုက်၏ အထူသည်လည်း ၃ လက်မ ရှိရမည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အဆိုအရ သိရကြောင်း၊ သို့သော်လည်း ကျောက်ဖြူ-တရုတ် ပိုက်လိုင်းအား မြေကြီးထဲ၌ ၅ ပေမှ ၆ ပေအထိသာ မြှုပ်နှံထားပြီး ပိုက်လိုင်း အထူမှာလည်း ၁ လက်မခွဲသာ ရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ကျောက်ဖြူ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရာ၌ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ပိုက်များ ကွဲထွက်ခြင်း၊ မြေပြိုကျခြင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ အမ်းမြို့နယ်ရှိ နေရာ ၁၀ ခုခန့်တွင်လည်း စမ်းသပ် ကာလအတွင်း အက်ကွဲ ပေါက်ထွက်မှုများ ဖြစ်ပေါ်ခဲ့ရာ လွန်စွာဆိုးရွားသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

ထိုသို့ ဆိုးရွားသည့် ဖြစ်စဉ်များ ပေါက်ပေါက်ခဲ့သည့် အတွက် အန္တရာယ်ကျရောက်လာမည်ကို ပိုက်လိုင်းတလျှောက် နေထိုင် ကြ သည့် ပြည်သူများက စိုးရိမ် ထိတ်လန့်နေကြခြင်းကြောင့် လုံခြုံရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း မေးမြန်းခဲ့ သည်။

ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ထားခြင်းကြောင့် စိုးရိမ်စရာ မလိုအပ်ဟု အစိုးရ၏ ပြောဆိုမှုသည် တာဝန်မဲ့သည့် ပြောဆိုမှုသာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း အမ်းမြို့နယ်တွင် ဓာတ်ငွေ့ယိုစိမ့် ၍ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း အမ်းဒေသခံ တချို့က ဧရာဝတီ သို့ ပြောသည်။

အမ်းမြို့နယ် ကျောက်မြောင်း ကျေးရွာ ဒေသခံတဦး က “ကျမတို့ ဒေသက တချို့နေရာတွေမှာ ၂ ပေ ၃ ပေလောက်ပဲ မြှုပ်ထား ပါတယ်၊ တကယ်လို့ ပေါက်ကွဲမှုဖြစ်ရင် ကျမတို့ ပြေးဖို့ အချိန်ရလိုက်မှာ မဟုတ်ပါဘူး၊ ဒေသခံတွေကလည်း ဘာမှ နားမလည်တော့ ပိုပြီး စိုးရိမ်ကြတာပေါ့၊ တရက်ရက် ပေါက်ကွဲမှုကြီး ဖြစ်လာမလားဆိုတာပဲ စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပိုက်လိုင်း တလျှောက်၌ ချောက်ကမ်းပါး ပြိုကျခြင်း၊ မြေကြီး တုန်ခါခြင်း စသည့်ဖြစ်ရပ်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်း၌လည်း ဖော်ပြထားသည်။

ဂက်စ်များ မပို့လွှတ်ခင်က မ္ဗြုပ်နှံထားသည့် ပိုက်လိုင်းသည် ဂက်စ်ပို့လွှတ်သည့် အချိန်တွင် မြေကြီးအပေါ်သို့ ပေါ်ထွက်လာပြီး ထိုမှ တဆင့် ဓာတ်ငွေ့ ယိုစိမ့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များ တွင် နေထိုင် သည့် ပြည်သူများကလည်း စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်းလည်း သျှမ်းသံတော်ဆင့်က ဆိုသည်။

ဂက်စ်ပိုက်လိုင်း စတင်ရာ ကျောက်ဖြူမြို့နယ်အတွင်း နေရာတချို့၌ ပိုက်လိုင်း မြှုပ်နှံထားခြင်းသည် စနစ်တကျဆောင်ရွက်မှု မရှိကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ဂက်စ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးထွန်းလွင် က ပြောသည်။

“တောင်ကုန်းပေါ်က တချို့နေရာတွေမှာပဲ ၅ ပေ၊ ၆ ပေ လောက်မြှုပ်ထားတယ်၊ မြေပြန့်က နေရာတချို့မှာဆိုရင် စူးတံနဲ့ထိုး ကြည့် ရင်တောင် ပိုက်လိုင်းကို ထိနိုင်တဲ့ အခြေအနေ တွေ့နေရပါတယ်”ဟု ဦးထွန်းလွင် က ဆိုသည်။

ဒု ဝန်ကြီး ဦးအောင်ထူးက ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ဆောင် ရွက်နိုင်ရန် မီးသတ်စခန်းများ၊ ၂၄ နာရီ စောင့်ကြည့်ရေးအဖွဲ့များ ထားရှိကြောင်း၊ အရေးပေါ် ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ သယ်ယူ ပို့ဆောင်ရေး၊ ဆေးဝါးကုသရေး၊ မီးသတ် လုပ်ငန်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကို ဆောင်ရွက်ထားကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းသည် ဒေသခံလူထုအပေါ် ကောင်းကျိုး ခံစားခွင့်များ မရှိခြင်းကြောင့် ရခိုင် တိုင်းရင်း သား အများစု၏ ကန့်ကွက်ခြင်း ခံထားရသည့် စီမံကိန်းတခုဖြစ်သည်။
irrawaddy

သင်ချောင်းရိုက်ခံနေရပြီလား ??


အဖြစ်များလာနေတဲ့ ရေချိုးခန်း၊အိမ်သာတွေထဲက မိန်းမသားများ၏
ဝတ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက် သို့ တင်နေကြတာ
ကိုစိတ်မကောင်း ဖွယ်တွေ့ရှိနေရပါတယ်။

အဆိုပါကိစ္စများ မဖြစ်ပေါ်စေရန် တာစီးဖို့ မလွယ်ကူပေမဲ့ အတက်
နိုင်ဆုံး ရှောင်ရန် ဆောင်ရန်အချို့တော့ရှိနေပါတယ်။

(၁) မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို
ရေမချိုးခင် လုံခြုံမူ့ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်။

(၂) ဟိုတယ် ( သို့မဟုတ်) အများသုံးရေအိမ် ဖြစ်ပါက ရေဆွဲမောင်းတံများ၊
စက္ကူလိပ်များ၊ မီးလုံးများ ၊ ပန်းအိုးများ ၊ တခါးလော့ချတံများ၊ ပိုစတာများ ၊ ပစ္စည်းချိတ်တံများ စသည်တို့တွင် လျှုီူ့ဝှက်ထားတက် ကြသည်။

(၃) တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ တိုက်ခန်းဖြစ်နေရင်
တောင်မှ အပေါက်ဖေါက် ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ
မြင်နိုင်အောင် အပေါက်ဖေါက်ထား သလား၊ ခေါင်မိုးရှိတယ် ဆိုရင် တောင်
အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ စစ်ဆေးပြီးမှသာ
ရေချိုးကြ တာ အကောင်းဆုံးပါလို့ အသိပေးချင်ပါတယ်။

မကြာသေးမှီ ကဖြစ်ခဲ့ တဲ့အမူအရဆိုရင် ဗဟန်းမြို့နယ်မှာ တိုက်ခန်း
ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေ ကြပါတယ်၊ ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်လို့သိရတယ်။

တစ်နေ့မှာ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက် ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်။

အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေ နေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်း ဖြစ်တယ်လို့ သိရတယ်။

ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲဆိုတာ ကတော့ ကာယကံ
ရှင်ကိုယ်တိုင် သာသိနေမယ်လို့ ယူဆရတယ်။

မိန်းကလေးတွေ ရေချိုးတာမှာ လုံချီမပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို
ဘယ်ပွန်းဆိုက်တွေမှာ တင်လိုက်ပြီလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။

မိန်းကလေးတယောက် အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်တော့မှာ ဆိုတာတော့ သေချာနေပြီဖြစ်တယ်။

ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့
မိန်းကလေးတွေခင်မျာ ဖိဖိစီးစီး ပြောနိုင် အောင်နိုင်အောင် မလုပ်နိုင်ကြတော့
အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်လို့
လဲ ကြားသိခဲ့ရတယ်။

အိမ်ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို
ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ယောင်္ကျား၊ မောင်နှမသားချင်း
စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့တွေကြောင့် မနစ်နာသင့်ပဲ နစ်နာနေကြ
သူတွေ ဘယ်လောက်တောင် ရှိနေပါပြီလဲဆိုတဲ့ ကိစ္စကတော့ယနေ့ခေတ်မှာ
မေးခွန်းထုတ်စရာ တခုဖြစ်လို့ လာနေပါပြီ။

ဒီလိုအဖြစ်မျိုးကို နိုင်ငံတကာမှာလည်း တွေ့ကြုံနေရတာဖြစ်ပေမဲ့ မြန်မာ့
ယဉ်ကျေးမူတွေ ကိုဥပခါပြုနေတဲ့ လုပ်ရပ်တွေက နိုင်ငံနှင့်လူမျိုးအတွက် များ
စွာ ထိခိုက်စေတယ် ဆိုတာ အထင်အရှားတွေ့ရှိရမှဖြစ်တယ်။

ယခုလို ပြုလုပ်သူမျးကို ထိထိရောက်ရောက် ပြစ်မူ ၊ ပြစ်ဒဏ်များပေးဖို့လိုအပ်
သလို ဆောင်ရွက်ပေးဖို့ လူမူအသိုက်အ၀န်း ကလိုလားမူ တိုးတက်လာပြီဆို
တာ မငြင်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

အချူပ်ဆိုရသော် မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲ
လုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး ဆောင်ရွက်ကြပါလို့ တင်ဆက်ပေးလိုက်ပါတယ်။

Myawady News

စိုက်ခင်းတွေကို ဖျန်းတဲ့ ပိုးသတ်ဆေး DDT ဟာ အသက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ Alzheimer ရောဂါကို ပိုမို ဖြစ်နိုင်ခြေ များလာစေတယ်လို့ ဆိုပါတယ်။


စိုက်ခင်းတွေကို ဖျန်းတဲ့ ပိုးသတ်ဆေး DDT ဟာ အသက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ Alzheimer ရောဂါကို ပိုမို ဖြစ်နိုင်ခြေ များလာစေတယ်လို့ ဆိုပါတယ်။

Alzheimer ရောဂါရှင်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ DDT ဒြပ်ပေါင်း ပါဝင်မှုဟာ သာမန်လူတွေမှာထက် လေးဆ ပိုများတယ်လို့ စမ်းသပ်မှုက ဆိုပါတယ်။

DDT ကို ဒုတိယ ကမ္ဘာစစ် ပြီးခါစက စီးပွားဖြစ် စိုက်ခင်းတွေမှာ ဖျန်းတဲ့ ပိုးသတ်ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

တချို့နိုင်ငံတွေမှာ ငှက်ဖျားရောဂါကို ထိန်းချုပ်ဖို့ ခြင်ဖျန်းဆေးအဖြစ် DDT ကို အခုတိုင် အသုံးပြုနေဆဲဖြစ်ပါတယ်။
Credit: BBC Burmese

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ



(၁) ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့် ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင် ဓာတ်များစွာ ပါဝင်တဲ့ အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေ သနပြု သူတွေက ဆိုပါတယ်။

ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နွားနို့ အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာ စားတဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျတက္ကသိုလ်မှ သုတေသန ပြုသူတွေက နံနက်စာကို နွားနို့ သောက်သူတွေဟာ အချိုရည် သောက်သူတွေထက် ပိုမို ဗိုက်ပြည့်တင်းမှု ရစေပြီး နေ့ခင်းအစာစားချိန်မှာ ၂၀၀ ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၃) ကြက်ဥ အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥစားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥ နှစ်လုံးနဲ့ စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁ ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။

မြ၀တီ

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၁၇) ( ၂၈-၁-၂၀၁၄ ရက် အင်္ဂါနေ့ အပတ်စဉ်ထုတ် )

အကျယ်ချဲ့ကြည့်ရန်





Tech Space ကွန်ပျူတာ ၊ သိပ္ပံနှင့် နည်းပညာဂျာနယ် အတွဲ(၂) အမှတ်(၄၄)

အကျယ်ချဲ့ကြည့်ရန်





အင်းဝဘဏ် အနုကြမ်းစီးသည့်ဗိုလ်ကြီးကို ပြစ်ဒဏ် နှစ်ရပ်ချမှတ်မည်


တပ်မ တော်ပိုင် အင်းဝဘဏ်ကို အနု ကြမ်း စီးခဲ့သည့် ဗိုလ်ကြီးအဆင့် ရှိသူသည် တရားရုံးတွင် ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံလိုက်ပြီ ဖြစ်သဖြင့် ကျူးလွန်သူကို စစ် ဘက်၊ နယ်ဘက်ဥပဒေများအ ရ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြင့် ချမှတ် သွား မည်ဖြစ်ကြောင်း နေပြည် တော် ရဲချုပ်ရုံးမှ ရဲမှူးကြီးတစ် ဦးက ရန်ကုန်တိုင်းမ်သို့ အတည် ပြုပြောကြားသည်။

အဆိုပါမှုခင်းသည် တပ် မတော်သားတစ်ဦးမှ ကျူးလွန် သော အမှုဖြစ်သောကြောင့် ပြစ်မှုကျူးလွန်သူဟုဆိုသော ဗိုလ်ကြီးဝေယံ မျိုးကျော်ကို ဖမ်း ဆီးရမိပြီး သက်ဆိုင်ရာအမှတ်- ၆၀၀၆ ကန့်ဘလူမြို့နယ် တင့် ကားတပ်(ကြည်း)သို့ အကြောင်း ကြားပြီး တပ်သို့လွှဲအပ်ကာ ယခု အခါတပ်မှ တာဝန်ရှိသူများက ၎င်းင်းကို စစ်ဘက်ဆိုင်ရာတရားရုံး တွင် စစ်ဆေးမေးမြန်းမှုများပြု လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါရဲမှူးကြီးက ““သူ ဖြောင့်ချက်ပေးပါပြီ။ သူ့ကိုတပ် ဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ ပါ အရေးယူရမှာပါ။ တရားရုံး က သူ့ကိုပြစ်မှုတွေ တစ်ပေါင်း တည်းကျခံစေဆိုပြီး အမိန့်ချ မှာပါ။ စစ်ဆေးစရာ ရှိတာတွေ တော့ ဆက်လုပ်နေတုန်းပဲ။ နောင် တပ်မတော်သားတွေ ပြစ်မှု ကျူးလွန်မှုတွေ မလုပ်ရဲအောင် စံပြနမူနာတစ်ခုအနေနဲ့ ဆောင် ရွက်သွားမှာပါ””ဟုပြောသည်။

မိတ္ထီလာမြို့နယ်အမှတ် (၂) ရဲစခန်း တောင်ဘက် (၂၂)ကိုက်ခန့်အကွာ မိတ္ထီလာဈေး ကြီးတောင်ဘက် ရန်ကုန်-မန္တ လေး လမ်းဘေးရှိ အင်းဝဘဏ် ကို လူတစ်ဦးက ဘဏ်မန်နေဂျာ အား ကျောမှသိုင်းဖက်ပြီး လက် တစ်ဖက်မှ အရိုးအသွား ၁၄ လက်မခန့်ရှိဓားဖြင့် လည်ပင်း အားထောက်ပြီး ၀င်ရောက်အနု ကြမ်းစီးရာမှ ဘဏ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်အောင်က ““တကယ် တော့ တပ်မတော် သားတွေဒီ လိုပြစ်မှုမျိုးကို ကျူးလွန် တာ နိုင်ငံတော် အတွက်တော့ သိက္ခာ ကျတယ်။ ပြင်းပြင်းထန်ထန်နဲ့ နောင်ကြဉ်အောင် စီရင်ချက် ချသင့်တယ် ။ နောင် တပ်မ တော်သားတွေအတွက်လဲ စံပြ ဖြစ်အောင်ပေါ့”” ဟု ပြောသည်။

ဗိုလ်ကြီးဝေယံမျိုးကျော် အား မိတ္ထီလာအမှတ်(၂) ရဲစခန်း မှ စခန်းမှူး ရဲအုပ်မြင့်သန်းက တရားလိုလုပ်ပြီး အမှုဖွင့်ကာ စစ် ဆေးဆောင် ရွက်နေကြောင်း သိ ရသည်။ ပြစ်မှုကျူးလွန်သူဟု အ မှုဖွင့်တိုင်ကြားခံထား ရသူ မှာ ကန့်ဘလူ အမှတ်၆၀၀၆ တင့် ကားတပ်မှ ကြည်း/၄၇၄၈၀ ဗိုလ် သင်တန်းအမှတ်စဉ်(၄၉)မှ ဗိုလ် တစ်ဦးဖြစ်ပြီး ကူမဲမြို့နယ်မိုင်း မောတပ်၌ တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆/၂၀၁၃တွင် သင် တန်းတက်ရောက်နေပြီး အသက် ၂၆နှစ်ခန့်ရှိကြောင်း သိရသည်။

Yangon Media Group

လူငယ်ဖွံ့ဖြိုးရေးအတွက် ၀န်ကြီးဌာန သီးသန့်ထားပါက မလိုအပ်ဘဲ ငွေကုန်မည်ဟု သမ္မတရုံးဝန်ကြီးပြော



Written by မင်းမင်း၊ အောင်သူရထွန်း

မြန်မာ့လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ထောင်စုအစိုးရက ကော်မတီ၊ ကော်မရှင် သို့မဟုတ် ၀န်ကြီးဌာန တစ်ခုထားရှိပြီး လူငယ်ဖွံ့ဖြိုးရေးကိစ္စများ လုပ်ဆောင်မည်ဆိုပါက မလိုအပ်ဘဲ ငွေကြေးကုန် ကျမည်ဟု နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်က ဇန်န၀ါရီ ၂၇ ရက် က အမျိုးသားလွှတ်တော်တွင် ပြောဆိုလိုက်သည်။

လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို“အခြားအာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများကဲ့သို့ ပြည်ထောင်စုအဆင့် လူငယ်ဆိုင်ရာ ကော်မရှင်၊ကော်မတီသို့မဟုတ် ၀န်ကြီး ဌာနဖွဲ့စည်းပြီး ပိုမိုလုပ်ဆောင်နိုင်ရန်” အစိုးရအား တိုက်တွန်းထားသည့် ဧရာဝတီတိုင်းမှ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်ရီ၏အဆိုကို ရည်ညွှန်း ပြီး သမ္မတရုံးဝန်ကြီးက ပြောဆိုသွားခြင်း ဖြစ်သည်။

“လူငယ်ဆိုင်ရာ ကော်မရှင်၊ ကော်မတီဖွဲ့ဖို့ အထူးမလိုအပ်သလို ၀န်ကြီးဌာန တစ်ခုအနေနဲ့ သီးသန့်ထား မယ်ဆိုရင် မလိုအပ်ဘဲ ငွေကြေးကုန်ကျမှုများ ရှိလာနိုင်လို့ သီးသန့်ဖွဲ့စည်းရန် မလိုအပ်သေးပါ” ဟုဝန်ကြီး ကပြောသည်။

လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၀န်ကြီးဌာနတစ်ခုတည်းက ကွပ်ကဲဆောင်ရွက်သည်ကို ၀န်ကြီးက ဂျပန် နိုင်ငံနှင့် ဥပမာပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ပါက ဘတ်ဂျက်ပိုမိုမြင့်တက်လာမည်ဟု ၀န်ကြီးက လွှတ်တော် သို့ ရှင်းပြသည်။

ယင်းအပြင် အဆိုကို ပြန်လည်ရုပ်သိမ်းရန်လည်း ၀န်ကြီးကပြောဆိုခဲ့သေးရာ အဆိုရှင်ဦးခင်မောင်ရီက လွှတ်တော်၏ သဘောထားကိုသာ ရယူလိုသည့်အတွက် စက်ခလုပ်နှိပ်မဲခွဲရာ ထောက်ခံသူများသဖြင့် အဆိုအတည် ဖြစ်သွားခဲ့သည်။

မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇၃ ဦးက မဲခွဲဆုံးဖြတ်ရာတွင် ၁၄ ဦးကသာ ကန့်ကွက်ခဲ့ပြီး ကြားနေဆန္ဒမဲ ၆၅ ဦးရှိခဲ့သည်။

ထိုအဆိုကို လွှတ်တော်တွင် ကိုယ်စားလှယ် ခြောက်ဦးက ထောက်ခံဆွေး နွေးခဲ့ကြပြီး ရန်ကုန်တိုင်းလွှတ် တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က “လက်ရှိအနေအထားမှာ အစိုးရက ခါတိုင်းထက် လူငယ်တွေအတွက် အလေးအနက်ထား ဆောင်ရွက်ကြရမယ်” ဟု ဆွေးနွေးခဲ့သည်။

ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အားလုံးက လူငယ်များး၏ ပညာရေး၊နိုင်ငံရေး၊ အလုပ်အကိုင် နှင့် စီးပွားရေး လုပ်ငန်းများအတွက် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် အရေးတကြီး လိုအပ်နေပြီဟု ထောက်ပြခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ လူငယ်နဲ့ပတ်သက်လို့ issue(ကိစ္စ)လေးတွေ ရှိနေတယ်။ မူးယစ်ဆေးဝါး၊ လူကုန်ကူး၊ အလုပ်လက်မဲ့ ဒါလေးတွေ ရှိနေတယ်။ လူငယ်အင်အားဟာ သန်း ၂၀ လောက်ရှိတယ်။ ဒါကြောင့် လူ ငယ်နဲ့ပတ်သက်ပြီး လိုအပ်လို့ ကျွန်တော် တင်ပြခြင်းဖြစ်တယ်” ဟု အဆိုရှင် ဦးခင်မောင်ရီက ပြောသည်။

မဇ္ဈိမ

မွန်းတည့်နေဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းနှင့် ဆောင်းပါးများ အတွက် တောင်းပန်ခြင်း မပြုပါက တရားစွဲမည် ဟုဆို



မန္တလေး၊ ဇန်နဝါရီ ၂၇

မွန်းတည့်နေ ဂျာနယ်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များအား စွပ်စွဲ ရေးသားထားသော သတင်းနှင့် ဆောင်းပါးတို့ ဖော်ပြခဲ့မှု အတွက် ပြန်လည်တောင်းပန်ခြင်း မပြုလုပ်ပါက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ ဥပဒေရေးရာ ဌာနထံမှ သိရှိရသည်။

"စာနယ်ဇင်းသမားတွေဟာ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်အောင် ရေးသားရင် ဒါဟာ ကျင့်ဝတ် ဖောက်ဖျက်တာပဲ။ မွန်းတည့်နေဟာ ဒီလိုတွေ ရေးသားနေတယ်။ အချိန်တော့ သတ်မှတ် မထားပါဘူး။ ပြန်တောင်းပန်စေ လိုပါတယ်။ ပြန်မတောင်းပန် ရင်တော့ ကျွန်တော်တို့က တရားမ လမ်းကြောင်းအတိုင်း အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် တရားလွှတ်တော် ရှေ့နေကြီး ဦးအေးပိုင်က ပြောကြားသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့သည် ရုံးပိတ်ရက်ဖြစ်သည့် အတွက် တိုက်ကို တရားဝင် အကြောင်း ကြားထားခြင်းရှိ၊ မရှိ မသိသေးကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရ သးကြောင်း မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ယင်းသတင်းနှင့် ပတ်သက်၍ ပြောဆိုသည်။

မွန်းတည့်နေ သတင်းဂျာနယ် အမှတ်စဉ် (၁) အတွဲ (၄၅) ပါ (နေသုတ)ရေးသားသော ယုံကြည်မှု တည်ဆောက် ပြန်လည်ပြုလုပ်ရမည့် လူမှုအသိုင်းအဝိုင်း ဆောင်းပါးတွင် ပါဝင်သည့် အသုံးအနှုန်း များ၊ အမှတ်စဉ် (၂) အတွဲ (၄) ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာသာသနာ မှေးမှိန်စရာရှိသည် ဟု သီတဂူဆရာတော် ဆိုသည့် သတင်းများ အပါအဝင် အဆိုပါဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးများတွင် ပါဝင်သည့်စာသားများ၊ ဓာတ်ပုံများ အသုံးအနှုန်းများ အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ပြန်လည်တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေ ဂျာနယ်ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ ထပ်မံသိရှိရသည်။

သီတဂူဆရာတော် သတင်းနှင့် ပတ်သက်၍ သီတဂူ ဆရာတော်ကြီးနှင့် သီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ CEO အပါအဝင် အယ်ဒီတာအဖွဲ့က သွားရောက် တောင်းပန်ထားပြီး သီတဂူဆရာတော်နှင့် သီတဂူဗုဒ္ဓ တက္ကသိုလ်တို့က ခွင့်လွှတ်ကြောင်း၊ သတင်းစာ များနှင့် ဂျာနယ်တွင်လည်း တောင်းပန်စာများ ဆက်တိုက် ထည့်ထားကြောင်း မွန်းတည့်နေ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သီတဂူဆရာတော်ကြီးကို တောင်းပန် ထားသော်လည်း ဘာသာရေးကို ထိပါးသော အသုံးအနှုန်းများ ပါဝင်သည့်အတွက် သံဃာထုကို မတောင်းပန် သောကြောင့် ယခုကဲ့သို့ တောင်းပန်ရန် ပြောကြားခြင်း ဖြစ်ကြောင်း ရှေ့နေကြီး ဦးအေးပိုင်က ပြောဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြုလုပ်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ယင်းအဖွဲ့ ဦးဆောင် ဆရာတော်များတွင် တစ်ဦးအပါအဝင် ဖြစ် သော အရှင်ဝီရသူ၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် ဦးဒေဝိန္ဒာဘိဝံသ အပါအဝင် ဆရာတော်များ တက်ရောက် ခဲ့ကြသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြု ဌာန၊ သင်တန်း ရေးရာဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာ ဌာနနှင့် ရဟန်း သီလရှင်ပေါင်း ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မန္တလေး အတုမရှိ ကျောင်းတော်ကြီး ပေါ်တွင် ဖွဲ့စည်းခဲ့သည်။

The Voice Weekly

မက်ဆီ ဟာ ရောင်းကုန်တစ်ခုမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘာစီလိုနာအသင်းဥက္ကဌ


ရွှေဘောလုံးဆု လေးကြိမ်တိုင်တိုင် ရရှိထားတဲ့ အသက် ၂၆ နှစ်အရွယ် ကစားသမားမက်ဆီကို ခေါ်ယူဖို့  ပြင်သစ် ကလပ် PSG အသင်းရဲ့ ကြိုးစားနေမှုကို ဘာစီလိုနာအသင်း ဥက္ကဌ Joseph Maria Bartomeu က ဖြေကြားလိုက်တာပါ။

“ ကျွန်တော်တို့ မက်ဆီနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ညှိနှိုင်းသွားမှာပါ။ မက်ဆီဟာ ရောင်းဖို့ အတွက်မဟုတ်ပါဘူး” လို့ ကလပ်အသင်းရဲ့ ၀က်ဆိုဒ်မှာ တင်ထားတဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

မက်ဆီဟာ မနှစ်က ရာသီမှာ ပွဲစဉ် ၅၀ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၆၀ အထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီ အစမှာတော့ ဒဏ်ရာပြသနာနဲ့ ရုန်းကန်ခဲ့ရပြီး အရင်လို ဂိုးသွင်းနှုန်းရရှိဖို့ ကြိုးစားနေရပါတယ်။

PSG အသင်းဟာ မက်ဆီကို ခေါ်ဖို့ လွန်ခဲ့တဲ့နှစ်တွေထဲက ကြိုးစားခဲ့ပြီး တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။ ပြင်သစ် ကလပ်အသင်းရဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းချက်ဟာ မဖြစ်နိုင်တဲ့အလုပ်လို့ အားကစားမီဒီယာတွေက သတ်မှတ်ထားကြပြီး ဘာဖြစ်လို့ လည်းဆိုတော့ မက်ဆီကို ခေါ်ယူဖို့ အတွက် ဘဏ်တိုက် ကို ဖောက်မှ နီးစပ်မယ်လို့ ရေးသားထားကြပါတယ်။

Ref: marca.com
Trend Myanmar

အမျိုးသားများမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိ


          ဒီရောဂါဟာ ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာဟာ အမျိုးသားတွေအပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း သိရှိသူ အနည်းငယ်လောက်ပဲ ရှိပါတယ်။ ဒီရောဂါဖြစ်ရင် ကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေကို တချက်လောက် လေ့လာကြည့်ရအောင်။

(၁)     အမျိုးသားတွေမှာလည်း ရင်းသားကင်ဆာ ဖြစ်နိုင်ချေရှိခြင်း

          အမျိုးသားတွေဟာ ယေဘုယျအားဖြင့် ရင်သားကင်ဆာဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ရင်သားမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ တွေ့လာခဲ့မယ်ဆိုရင်တော့ ဆရာဝန်သွားပြသင့်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာ ဒီရောဂါဖြစ်နိုင်ချေနှုန်းက ၁ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒီရောဂါ ကျရောက်နိုင်ချေနှုန်းက အသက်အရွယ်အပိုင်းအခြားအလိုက် တိုးလာနိုင်ပါတယ်။

(၂)     ဖြစ်နိုင်သည့် အကြောင်းအရင်းများ

          အမျိုးသားတွေဟာ ရင်သားတစ်သျှူး ပိုင်ဆိုင်မှုနည်းပါးပါတယ်။ ဒီရင်းသားတစ်သျှူးတွေကတော့ နို့ရည် မထုတ်ပေးနိုင်ပါဘူး။ အဲဒီတစ်သျှူးတွေက ရင်ဘတ်နံရံပေါ်မှာရှိတဲ့ နို့သီးခေါင်းအနောက်မှာ စုနေပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ရင်သားကင်ဆာမျိုးကဲ့သို့ပဲ အမျိုးသားတွေမှဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဟာလည်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထားလာမှုနှုန်းကို မထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။

(၃)     သင်္ကေတနဲ့ ရောဂါလက္ခဏာများ

          အကျိတ် (သို့မဟုတ်) အသားပို ငယ်ရွယ်ပြီး ကုသနိုင်တဲ့အခြေအနေမှာ ရင်သားကင်ဆာဟာ ဘာရောဂါ လက္ခဏာမှ မပြပါဘူး။ ဒါကြောင့် ရင်သားကင်ဆာကို အစောပိုင်း အခြေအနေတွေမှာ တွေ့ရှိကုသ နိုင်ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာထားဖို့ဆိုတာ အလွန်ပဲခဲယဉ်းပါတယ်။ အဖြစ်အများဆုံး လက္ခဏာကတော့ နို့သီးခေါင်းအတွင်းပိုင်း နားတ၀ိုက်မှာ မာကျောပြီး နာကျင်မှုမရှိတဲ့ အသားစိုင်တစ်ခု ဖြစ်လာနိုင်တာပါပဲ။ တခြား ရောဂါလက္ခဏာမျိုးကတော့ ရင်သားကင်ဆာနဲ့ မပတ်သက်ပါဘူး။

(၄)     ရောဂါအမည်ကို ခွဲခြားဆုံးဖြတ်နည်း

          အသက်အရွယ်မရွေး သက်ရောက်နိုင်မှုရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာကို ရောဂါအမည် တပ်နိုင်ဖို့အတွက် ရရှိလာတဲ့ ကင်ဆာဆဲလ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ စမ်းသပ်နိုင်တဲ့ နည်းလမ်းလေးမျိုးကတော့

-       Breast self exam

-       Nipple discharge examination

-       Mammogram

-       Ultrasound တို့ ဖြစ်ပါတယ်။

(၅)     ကုသနည်း

          ဒီရောဂါကို ကုသမှုခံယူမယ်ဆိုရင်တော့ ရောဂါရဲ့အဆင့်နဲ့ လူနာရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေအတွေပေါ်မှာ မူတည်နေပါတယ်။ အများစုကတော့ ခွဲစိတ်ကုသခြင်းနည်းလမ်းကို အသုံးပြုကြ ပါတယ်။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာကိုလဲ အလားတူ ကုသနိုင်ပါတယ်။ တခြား ကုသနိုင်တဲ့နည်းလမ်း နှစ်မျိုးရှိပါသေးတယ်။

-       Radiation therapy: ခွဲစိတ်ပြီးနောက် ရင်သားအတွင်း ၊ ရင်သားနံရံနဲ့ လက်ပြင်အောက်နားတ၀ိုက် ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းနဲ့ ခွဲစိတ်ခြင်းမပြုခင် အကျိတ်ကို သေးအောင် အရင်လျော့ချခြင်း နည်းလမ်း

-       Systemic therapy: Anti-cancer ဆေးဝါးတွေကို သွေးပြန်ကြောများအတွင်း ထိုးသွင်းခြင်း နဲ့ မှီဝဲခြင်းနည်းလမ်း စတာတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ရင်သားကင်ဆာဟာ အမျိုးသားများမှာ အဖြစ်နည်းပေမယ့် ဖြစ်လေ့ရှိတတ်ပြီး ဖြစ်နိုင်ချေလည်းရှိတာကို သိထားသင့်တယ်ထင်တာကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။

Ref:mensxp
Trend Myanmar

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်း နိုင်ငံတကာ စံနှုန်းအတိုင်း ဖြစ်ရန် ညှိနှိုင်း ဆွေးနွေးနေဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝ ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးမည့် အောင်ဆန်းရုပ်ရှင် ဇာတ်ကား၏ ဇာတ်ညွှန်းကို နိုင်ငံတကာ စံနှုန်းအတိုင်းဖြစ်အောင် ညှိနှိုင်း ဆွေးနွေး နေကြကြောင်း၊ ယင်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒါရိုက်တာ အိအိခိုင်က The Voice သို့ ပြောကြားသည်။

အောင်ဆန်း ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ညွှန်းမှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း ပြည်ပမှ ထုတ်လုပ်သူ တစ်ဦးကို ပြကြည့်သောအခါ ဇာတ်ညွှန်းမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်အရ အဆင်ပြေသော်လည်း နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် အတွက်မူ လိုအပ်ချက်များ ရှိနေသေးသည်ဟု ထောက်ပြထားကြောင်း၊ ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ပြင်သစ်၊ ကနေဒါနှင့် အခြားနိုင်ငံများက အကူအညီများပေးရန် ကမ်းလှမ်းထားကြကြောင်း၊ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးသွားမည် ဖြစ်ပြီး၊ ရွေးချယ်ထားသည့် သရုပ်ဆောင်များကို သင်ကြားပေးနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ညွှန်းကို ပြည်ပမှ ပညာရှင်များက ရုပ်ရှင်ဆန်အောင် ပြုလုပ်စေချင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်များကမူ ရုပ်ရှင်ဆန်သွားပါက ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍနှင့် တန်ဖိုးရှိသည့် သမိုင်း အထောက်အထားများ၊ အဖြစ်အပျက်များ မှေးမှိန်သွားမည်ကို စိုးရိမ်သည့်အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ကာ မွမ်းမံ ပြင်ဆင်ရဦးမည်ဖြစ်ကြောင်း ယင်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်းက ပြောကြားသည်။

“ဒီရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ရိုက်ကူးပေးဖို့ အမေစုက ကိုယ့်ကို တာဝန် ပေးထားပါတယ်။ ဇာတ်ညွှန်းကတော့ တစ်လောက ပြင်ဦးလွင်မှာ ကိုယ်တို့ အဖွဲ့တွေ သွားရေးကြတယ်။ ဇာတ်ညွှန်းက ပြီးသွားပြီ။ အမေစုကလည်း သဘောကျတယ်။ ဒါပေမဲ့ ပြည်ပက ပညာရှင်ကို ပြကြည့်တော့ ရုပ်ရှင် မဆန်ဘူးလို့ ပြောတယ်။ ဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်လောက်မှ စရိုက်ဖြစ်လိမ့်မယ် ထင်တယ်” ဟု ယင်းရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားသည်။

The Voice Weekly Myanmar

ဆရာကို ဓါးနဲ့ထိုးသတ်တဲ့ ကျောင်းသား



တရုတ်ပြည် Fuzhou Linchuan အထက်တန်းကျောင်းက grade 12th ကျောင်းသား ဖြစ်တဲ့ Lei X ဟာ သူရဲ့ ဆရာကို ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့ နှစ်ရက် လောက်က Lei X ဟာ စာသင်ခန်းထဲမှာ ဖုန်းဆော့ကစားနေတဲ့အတွက် ဆရာက သူရဲ့ဖုန်းကို သိမ်းလိုက်ပြီး အိမ်ကို အကြောင်းကြားမယ်လို့ ပြောခဲ့ပါတယ်..။

Lei X ဟာ အသက် 18 နှစ်တောင် မပြည့်သေးပါဘူး..။ Lei X ဟာ နေ့လည် 11း26 မှာ ဆရာရဲ့ ရုံးခန်းထဲကို သွားရောက်ခဲ့ပြီး ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။ အဆိုပါ အချိန်မှာ အခြား ကျောင်းဆရာတစ်ဦး ရှိနေပေမယ့်လည်း ခုံတွေ စာအုပ်တွေနဲ့ ကွယ်နေတာကြောင့် သေချာ မမြင်တွေ့ခဲ့ရပဲ ဆရာရဲ့အော်သံကို ကြားမှသာ အပြေး လာရောက်ခဲ့တာပဲဖြစ်ပြီး ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်..။

တရုတ်မီဒီယာတွေကတော့ ကျောင်းသားနဲ့ ဆရာကြားမှာရှိတဲ့ ဆက်ဆံရေးကို မေးခွန်း ထုတ်ခဲ့ကြပါတယ်..

Yangon Media

ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းကုပ္မဏီ သစ်အချောထည်စက်ရုံ ၀န်ထမ်းအိမ်ရာ၌ မီးလောင်မှု ဖြစ်ပွား





မြိတ် ဇန်န၀ါရီလ ၂၈ ရက်
ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းကုပ္မဏီသစ်အချာထည်စက်ရုံ ၀န်ထမ်းအိမ်ရာ၊ အိမ်အမှတ်( ၆၈) ၌ ဇန်န၀ါရီလ(၂၇)ရက် ည(၁၀း၂၅)နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၀န်ထမ်းအိမ်ရာအမှတ်(၆၈) ၌နေသူ မအေးအေးဖြူသည် အ၀တ်အစားများမီးပူတိုက်ပြီးနောက် မီးသွေးမီးပူအိုးမှ မီးခဲများအား မီးဖိုချောင်၌ သွန်ပစ်ထားရာမှတစ်ဆင့် နေအိမ်နံရံသို့ စတင်မီးကူးစက် လောင်ကျွမ်းခဲ့ရာ အခြားနေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ ပတ်ဝန်းကျင်ရှိပြည်သူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀၀)ဦး၊ မီးသတ် ရေသယ်ယာဉ် တစ်စီးနှင့် မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ရာ ည(၁၁း၄၅) နာရီတွင်မီးညွှန့် ကျိုးသွားပြီး ည(၁၂)နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွန်းမှုကြောင့် အလျား(၁၂)ပေ၊ အနံ(၃၅) ပေ ရှိ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး လုံးချင်း နေအိမ်(၈၂)လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကာလတန်ဖိုး (၂၂၁၄၀၀၀၀/ိ ) ဖြစ်ကြောင်းသိရသည်။

မီးလောင်ရာနေရာသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီသတ်တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူတို့မှ ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အထကကျောင်း၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး မီးဘေးသင့် အိမ်ထောင်စု (၇၄)စုအား ရွေ့ပြောင်းပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
Credit: MOI Webportal Myanmar

အလွဲသုံးစားမှုတွေ့ရှိပါက အထောက်အပံ့များ ချက်ချင်းရပ်ဆိုင်းမည်ဟု မြန်မာကို ကမ္ဘာ့ဘဏ် သတိပေး


ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၏ ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် အထောက်အပံ့နှင့် ချေးငွေများ ဆက်တိုက်ခွင့်ပြုလျက် ရှိသော်လည်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အကူအညီများတွင် အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိပါက အဆိုပါ အထောက်အပံ့များကို ချက်ချင်းရပ်ဆိုင်းမည် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင်မ်က ပြောကြားကြောင်း Reuters သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌတစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ် အတွင်း နေပြည်တော်သို့ ရောက်ရှိစဉ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ ၄င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ကမ္ဘာ့ဘဏ်၏ ကူညီထောက်ပံ့မှု အစီအစဉ်များတွင် အကျင့်ပျက်ခြစားမှုများ စစ်ဆေး တွေ့ရှိသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကူညီထောက်ပံ့နေသော ကမ္ဘာ့ဘဏ် အစီအစဉ်တစ်ခုကို မိမိကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူသည့် နေ့၌ပင် ရပ်ဆိုင်း ခဲ့ဖူးကြောင်း ဂျင်ယုံကင်မ်က ထုတ်ဖော်ပြောဆိုသည်။
"အကယ်၍ ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်တစ်ခုခုမှာ အဲဒီလို အကျင့်ပျက်ခြစားမှု စစ်ဆေး တွေ့ရှိရင် ဘင်္ဂလားဒေ့ရှ် မှာလို ရပ်ဆိုင်းမှုမျိုး နောက်တစ်ကြိမ် ပြုလုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး" ဟု ၄င်းက ဆိုသည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ကဏ္ဍ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ကူညီမည်ဖြစ်ကြောင်း ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း အကောင်းဆုံး နိုင်ငံများစာရင်း၏ အောက်ဆုံး ဆယ်နိုင်ငံတွင် မြန်မာကို ကမ္ဘာ့ဘဏ်က ထည့်သွင်းထားသည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားစီးပွားရေး လုပ်ငန်းရှင် များကို တွေ့ဆုံမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

The Voice Weekly Myanmar

မွန်းတည့်နေဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းနှင့် ဆောင်းပါးများ အတွက် တောင်းပန်ခြင်း မပြုပါက တရားစွဲမည် ဟုဆို


မန္တလေး၊ ဇန်နဝါရီ ၂၇

မွန်းတည့်နေ ဂျာနယ်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များအား စွပ်စွဲ ရေးသားထားသော သတင်းနှင့် ဆောင်းပါးတို့ ဖော်ပြခဲ့မှု အတွက် ပြန်လည်တောင်းပန်ခြင်း မပြုလုပ်ပါက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ ဥပဒေရေးရာ ဌာနထံမှ သိရှိရသည်။

"စာနယ်ဇင်းသမားတွေဟာ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်အောင် ရေးသားရင် ဒါဟာ ကျင့်ဝတ် ဖောက်ဖျက်တာပဲ။ မွန်းတည့်နေဟာ ဒီလိုတွေ ရေးသားနေတယ်။ အချိန်တော့ သတ်မှတ် မထားပါဘူး။ ပြန်တောင်းပန်စေ လိုပါတယ်။ ပြန်မတောင်းပန် ရင်တော့ ကျွန်တော်တို့က တရားမ လမ်းကြောင်းအတိုင်း အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် တရားလွှတ်တော် ရှေ့နေကြီး ဦးအေးပိုင်က ပြောကြားသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့သည် ရုံးပိတ်ရက်ဖြစ်သည့် အတွက် တိုက်ကို တရားဝင် အကြောင်း ကြားထားခြင်းရှိ၊ မရှိ မသိသေးကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရ သးကြောင်း မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ယင်းသတင်းနှင့် ပတ်သက်၍ ပြောဆိုသည်။

မွန်းတည့်နေ သတင်းဂျာနယ် အမှတ်စဉ် (၁) အတွဲ (၄၅) ပါ (နေသုတ)ရေးသားသော ယုံကြည်မှု တည်ဆောက် ပြန်လည်ပြုလုပ်ရမည့် လူမှုအသိုင်းအဝိုင်း ဆောင်းပါးတွင် ပါဝင်သည့် အသုံးအနှုန်း များ၊ အမှတ်စဉ် (၂) အတွဲ (၄) ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာသာသနာ မှေးမှိန်စရာရှိသည် ဟု သီတဂူဆရာတော် ဆိုသည့် သတင်းများ အပါအဝင် အဆိုပါဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးများတွင် ပါဝင်သည့်စာသားများ၊ ဓာတ်ပုံများ အသုံးအနှုန်းများ အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ပြန်လည်တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေ ဂျာနယ်ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ ထပ်မံသိရှိရသည်။

သီတဂူဆရာတော် သတင်းနှင့် ပတ်သက်၍ သီတဂူ ဆရာတော်ကြီးနှင့် သီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ CEO အပါအဝင် အယ်ဒီတာအဖွဲ့က သွားရောက် တောင်းပန်ထားပြီး သီတဂူဆရာတော်နှင့် သီတဂူဗုဒ္ဓ တက္ကသိုလ်တို့က ခွင့်လွှတ်ကြောင်း၊ သတင်းစာ များနှင့် ဂျာနယ်တွင်လည်း တောင်းပန်စာများ ဆက်တိုက် ထည့်ထားကြောင်း မွန်းတည့်နေ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သီတဂူဆရာတော်ကြီးကို တောင်းပန် ထားသော်လည်း ဘာသာရေးကို ထိပါးသော အသုံးအနှုန်းများ ပါဝင်သည့်အတွက် သံဃာထုကို မတောင်းပန် သောကြောင့် ယခုကဲ့သို့ တောင်းပန်ရန် ပြောကြားခြင်း ဖြစ်ကြောင်း ရှေ့နေကြီး ဦးအေးပိုင်က ပြောဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြုလုပ်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ယင်းအဖွဲ့ ဦးဆောင် ဆရာတော်များတွင် တစ်ဦးအပါအဝင် ဖြစ် သော အရှင်ဝီရသူ၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် ဦးဒေဝိန္ဒာဘိဝံသ အပါအဝင် ဆရာတော်များ တက်ရောက် ခဲ့ကြသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြု ဌာန၊ သင်တန်း ရေးရာဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာ ဌာနနှင့် ရဟန်း သီလရှင်ပေါင်း ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မန္တလေး အတုမရှိ ကျောင်းတော်ကြီး ပေါ်တွင် ဖွဲ့စည်းခဲ့သည်။

The Voice Weekly Myanmar

လှိုင်မြစ်နှင့်ဒုဋ္ဌဝတီမြစ် ရေအရည်အသွေး စစ်ဆေးမည်


ရန်ကုန်၊ ဇန်နဝါရီ ၂၇

စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများ အများဆုံး စီးဝင်နေသည့် လှိုင်မြစ် (ရန်ကုန်မြစ်)နှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဒုဋ္ဌဝတီမြစ် တို့တွင် ရေထုညစ်ညမ်းမှု ပမာဏမြင့် မမြင့် ရေအရည်အသွေးကို ယခုနှစ်အတွင်း စစ်ဆေးမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။

ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ စက်ရုံပေါင်း ၁၅၀ ခန့်မှ စွန့်ပစ်ရေဆိုး များကို
မြစ်အတွင်း စွန့်ထုတ်နေမှုများနှင့် ပတ်သက်၍ ရေထုညစ်ညမ်းမှု ရှိမရှိ စစ်ဆေးမည် ဖြစ်ပြီး စစ်ဆေး တွေ့ရှိပါက စက်ရုံများကို ကြပ်မတ်စစ်ဆေးကာ စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မည် ဖြစ်သည့်အပြင် လိုက်နာမှုမရှိသည့် စက်ရုံများကိုမူ ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းသို့စစ်ဆေးမည့် အစီအစဉ်ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန အနေနှင့် ဆွေးနွေးလျက် ရှိကြောင်း ဦးနေအေးက ဆက်လက် ပြောဆိုသည်။

"လက်ရှိအနေနဲ့ ရန်ကုန်မှာ စစ်ဆေးတာတော့ မရှိသေးပါဘူး၊ စက်ရုံတစ်ရုံ ကနေ ရေဆိုးထုတ်တာကို တိုင်တဲ့လူ ရှိရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ သွားရောက်စစ်ဆေးပြီး အရေးယူတာတွေတော့ လုပ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ဆိုသည်။

ဒုဋ္ဌဝတီမြစ် အတွင်းသို့ စက်ရုံစွန့်ပစ် ရေဆိုးများ စွန့်ထုတ်နေခြင်းကြောင့် ရေထု ညစ်ညမ်းပြီး အနံ့ဆိုးများ ထွက်နေခြင်းကြောင့် ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

The Voice Weekly Myanmar

တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် လာမည့် သုံးရက်အတွင်း ချပေးမည်





ရန်ကုန်၊ ဇန်နဝါရီ ၂၇

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့၏ လုပ်ငန်း လိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ် ရေးထိုး ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။
“အစိုးရဘက်က ရွေးချယ် ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာ နှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရက လိုင်စင် အတည်ပြုပြီးနောက် လိုင်စင်ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ စိစစ်နေပြီး သတ်မှတ်ထားသော အချိန်အတွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီထံမှ သိရသည်။

ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည် ဖြစ်ပြီး တယ်လီနောက ရှစ်လ အကြာတွင် စတင်မည်ဟု ကြေညာထားသည်။

တယ်လီနော ကုမ္ပဏီသည် ငါးနှစ်အတွင်း မိုဘိုင်းလ် ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ် ရောင်းချမည့် လက်လီဆိုင်ခွဲပေါင်း တစ်သိန်းအထိ ဖွင့်လှစ်ပြီး ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ကိုလည်း ပြည်တွင်းမှ ဒေသခံများကိုသာ ခန့်အပ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

အော်ရီဒူး ကုမ္ပဏီကလည်း ၅ နှစ်အတွင်း ဆင်းမ်ကတ် အရောင်းဌာန ၂၄၀,၀၀၀ နှင့် လက်ခွဲ အရောင်းဌာန ၇၂၀,၀၀၀ အထိ ဖွင့်လှစ်ပြီး ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည် ဖြစ်သည်။

ယမန်နှစ်အတွင်းက လိုင်စင်ကိစ္စ အပြီးသတ်မည်ဟု ဆိုခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှ အပြီးသတ်နိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာ ပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့၊ တယ်လီနောနှင့် အော်ရီဒူးစသည့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ အနေနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ် ဖုန်းအလုံးရေ ၃၉ ဒသမ ၅ သန်း ချထားပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တယ်လီနော ကုမ္ပဏီနှင့် ကာတာအစိုးရ ပါဝင် ပတ်သက်မှုရှိသော အော်ရီဒူး ကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။


The Voice Weekly

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ သမီးဖြစ်သူမှ အဖြစ်မှန် ရှင်းလင်း



ဖတ်ဖြစ်အောင် ဖတ်ပေးစေချင်ပါတယ်...

ဒီနေ့ ဒီ Post ကိုတင်တာ နားလည်မှုမရှိတဲ့ လူအချို့ ရဲ့  လုပ်ရပ် ကြောင့် ကျွှန်မ မိသားစု နဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာအတွက်ပါ။
ဟုတ်ပါတယ်..ကျွှန်မ ဖေဖေ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။

ကျွှန်မနဲ့  ကျွှန်မချစ်သူက လွန်ခဲ့ သော ၁ နှစ်လောက်ထဲက မိဘတွေရဲ့
ခွင့်ပြုချက်နဲ့ နှစ်ဦးသဘောတူ လက်မှတ်ထိုး လက်ထပ်ခဲ့ ကြပါတယ်။ကျွှန်မ တို့ က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ်ပိုင်ဘ၀တစ်ခုကို တည်ထောင် ချင်ခဲ့ တာပါ။

ကိုယ့် ရဲ့ ဝင်ငွေ၊လုပ်အားခ တွေ နဲ့ လက်ထပ်ပွဲ ကိုကျင်းပဖို့  တိုင်ပင်ခဲ့ ၊ကြိုးစားခဲ့ ကြတယ်။ လာမယ့်  2014 April မှာ တရားဝင်လူသိရှင်ကြား ကျင်းပါဖို့  ပါ စီစဉ်ပြီးသားပါ။

အဲဒါကြောင့်လည်း နှစ်ဘက်မိဘ နဲ့  မိတ်ဆွေတစ်ချို့ ကလွဲ၇င် ဘယ်သူ့ ကို မှ အသိမပေးဖြစ်ခဲ့ပါဘူး။ ကျွှန်မခင်ပွန်းလောင်းဟာလည်း အခုထင်နေကြသလို ဘာသာမတူတဲ့ လူမျိုးတစ်ယောက်မဟုတ်ပါဘူး။

အထူးသဖြင့် ကျွှန်မ တို့ နှစ်ယောက် ကို ထိခိုက်တာထက် ဖေဖေ့ ရဲ့  ဂုဏ်သိက္ခာ အများကြီးထိခိုက်စေခဲ့ပါတယ်။

ကျွှန်မတစ်ခုလောက်ပြောပါရစေ၊ အဲဒီ Page၊ အဲဒီ Post တွေကို ရေးတဲ့သူတွေက ကျွှန်မတို့  မိသားစု၊ အသိုင်းအ၀ိုင်း
ဂုဏ်သိက္ခာ ကျရစဉ် .သူတို့  အတွက် ဂုဏ်သိက္ခာ နဲ့  တန်ဖိုး တက်နေကြမယ်ဆိုရင်တော့..ကျွှန်မတို့ စိတ်မကောင်းစွာနဲ့ လွဲမှားနေတဲ့  သတင်းတစ်ခု ကို အမှန်ယူနေတဲ့ လူတစ်ချို့ရှေ့ မှာတော့  မျက်နှာပျက်စွာဆက်ရှိနေရမှာပါ၊

အားလုံးမှာလည်း မိဘ နဲ့  မိသားစု ဆိုတာရှိကြပါတယ်။ မိဘချင်း ၊မိသားစု ချင်း ကိုယ်ချင်းစာပေးစေချင်တာပါ။ အခုလိုမျိုး ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ 
သမိးက ကုလား တစ်ယောက်နဲ့  ဖြစ်နေပါတယ် ဆိုတဲ့  မမှန်ကန်တဲ့  သတင်း၊ စွပ်စွဲချက်တွေ ဟာ တကယ်တန်း စဉ်းစားတတ်သူ၊ဆင်ခြင်တတ်သူ တွေ အဖို့  ပြန်သုံးသပ်ကြည့်ကြပါ။

အပြင်ပန်း မြင်တဲ့ အမြင်တစ်ခု နဲ့ ဒီလိုမခိုင်လုံတဲ့ 
အကြောင်းကို ကို့ ယ် Page နာမည်ကြီးချင်ရုံသက်သက်နဲ့ တစ်သက်လုံး ထိန်းသိမ်းလာတဲ့ ..ကာယကံရှင်တွေ၊သူတို့ ရဲ့ မိသားစု အသိုင်း အ၀ိုင်းတွေရဲ့  ဂုဏ်သိက္ခာကိုတိုက်ခိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး ။

အဲဒီလိုပဲ..အကြောင်းအရင်းကို မသိဘဲနဲ့ ...ဘာမှန်းကိုမသိဘဲနဲ့ 
ရိုင်းစိုင်းစွာ Comment ပေးတဲ့ လူတွေ..Share လုပ်လိုက်တဲ့ လူတွေကိုလည်းတစ်ခုမေးချင်ပါတယ်...

လူအချင်းချင်းဖေးမရမယ့် အစား ၊ ကိုယ့်နှမ ကိုပြန်လှန်ဆဲပြတဲ့  အဖြစ်ကရှင်တို့ တွေ အတွက်ကော တန်ဖိုးတွေများတက်သွားပါသလားရှင် ?
ဒါတွေကို နားလည်တယ်ဆိုရင် ကျွှန်မရဲ အဖေကို ခေါင်းစဉ်တတ်ပြီး လူမျိုးရေး၊ဘာသာရေး ပြသနာ တွေကြားရောက်အောင်
သွေးမဆောင်သင့်ဘူး...ကျွှန်မပြောတာတွေ ကိုနားလည်လက်ခံတယ်ဆို ရင် အောက်ကလင့် မှာရှိနေတဲ့ သတင်းမှားတွေ ၊ Share တွေ ရပ်တန့် သင့်ပြီလို့ ပြောချင်ပါတယ်။

Original Post Is Here
https://www.facebook.com/moieverything/posts/402298409916622

ဗီယက်နမ် နိုင်ငံတရားရုံးက ဘဏ်အရာရှိဟောင်း တစ်ယောက်ကို ငွေကြေးဆိုင်ရာ မမှန်မကန် လုပ်မှုနဲ့ ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။




ဒါဟာ ကွန်မြူနစ် ဗီယက်နမ်မှာ မသမာမှုနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ကြားနာ စစ်ဆေးမှုလည်း ဖြစ်ပါတယ်။

Huynh Thi Huyen Nhu နဲ့ နောက်ထပ် ၂၂ ယောက်ဟာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်း ဘဏ်လုပ်ငန်းပိုင်းမှာ ဒေါ်လာ သန်း ၂၀၀ မမှန် မကန်လုပ်မှုနဲ့ စွပ်စွဲခံခဲ့ကြရတာ ဖြစ်ပါတယ်။

ကျန်သူတွေကတော့ တစ်နှစ်ကနေ အနှစ် ၂၀ အထိ ထောင်ဒဏ် အသီးသီး ချမှတ် ခံခဲ့ကြရပါတယ်။

ပျမ်းမျှအားဖြင့် တစ်နှစ် ဝင်ငွေဒေါ်လာ တစ်ထောင်လောက်သာ ရှိကြတဲ့ ဗီယက်နမ် နိုင်ငံမှာ အခုလောက် များပြားလွန်းတဲ့ ငွေပမာဏ အလွဲသုံးစား လုပ်မှုကို မယုံနိုင်လောက်အောင် အံ့သြမဆုံး ဖြစ်ခဲ့ကြပါတယ်။


BBC Burmese

ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချမည့် ကုမ္ပဏီအသစ်များ မတ်လတွင် စတင်ရောင်းချမည်


ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ရောင်းခွင့်အတွက် တင်ဒါအောင်မြင်သောကုမ္ပဏီအသစ်များအနေဖြင့် ၂၀၁၄ မတ်လတွင် ဖုန်းငွေဖြည့်ကတ်များ စတင်ရောင်းချနိုင်မည်ဟု အဆိုပါကုမ္ပဏီများက ဆိုသည်။

ယခင်က ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီငါးခုမှာမူ ဖုန်းငွေဖြည့်ကတ်များ ထုတ် လုပ်ရောင်းချလျက်ရှိနေပြီး ကုမ္ပဏီအသစ်များမှာ မတ်လ၀န်းကျင်မှ စတင်ရောင်းချနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းငွေဖြည့်ကတ်ရောင်းချနိုင်မည့်ကုမ္ပဏီများကို ၂၀၁၃ ခုနှစ်တွင် တင်ဒါသစ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီး မူလက ကုမ္ပဏီငါးခုရှိရာမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှစတင်ကာ ကုမ္ပဏီကိုးခုအထိ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

တင်ဒါအောင်မြင်ထားသော Amara Communication မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်း ထွန်းလင်းက “မတ်လအတွင်းလောက်မှာ ဖုန်းငွေဖြည့်ကတ်တွေ စတင်ရောင်းချသွားဖို့ရှိပါတယ်။ လော လောဆယ်တော့ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ပြီး လုံခြုံရေးပိုင်ဆိုင်ရာစမ်းသပ်မှုတွေ လုပ်ဆောင်နေ ပါပြီ။ မတ်လမှာ ဈေးကွက်ထဲ စတင်ရောင်းချမှာပါ”ဟု မဇ္ဈိမကို ပြောသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီများတွင် Asia Mega Link ကုမ္ပဏီ၊Global Telephone ကုမ္ပဏီ၊ တာမိုး ညဲချမ်းသာ ထွန်းဝေသာကုမ္ပဏီ၊ ရတနာပုံတယ်လီပို့ နှင့်Elite Tech IT Services ကုမ္ပဏီကဲ့သို့ လတ် တလော ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ရောင်းချခွင့်ရရှိထားသည့်ကုမ္ပဏီများ ပါဝင်ပြီး Amara Communication၊ မြန်မာပိတောက်၊ ABC၊ Fortune International ကုမ္ပဏီများသည် တင်ဒါအသစ်ဖြင့် လုပ် ကိုင်ခွင့်ရရှိလာခြင်းဖြစ်သည်။

“ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခွင့်ရရှိခဲ့တဲ့ကုမ္ပဏီလေးခုကို စာချုပ်,ချုပ်ပြီး နှစ်လကျော်အတွင်းမှာ ဖုန်း ငွေဖြည့်ကတ်စရောင်းနိုင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဘက်က သတ်မှတ်ထားတာတော့ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း မတ်လအတွင်းလောက်မှာပဲ ဖုန်းငွေဖြည့်ကတ်တွေ စရောင်းနိုင်ပါလိမ့် မယ်”ဟု ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချခွင့်ရရှိခဲ့သည့် Furtune Interna-tional ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးဇော်အောင်က ပြောသည်။

ငွေဖြည့်ကတ်ထုတ်လုပ်မည့်ကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါအသစ်ဖြင့် ပြန်လည် ခေါ်ယူခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သောကုမ္ပဏီများမှာ သုံးနှစ်အထိဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်ကာ ကြိုတင်ငွေပေးချေကတ် (Top Up Card) အပြင်Electronic Charging စနစ်ဖြင့် ဖုန်းဘီလ်ဖြည့်သွင်းသည့် E-Top Up စနစ်ပါ လုပ်ကိုင်ရမည်ဖြစ်သည်။

မဇ္ဈိမ

လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှု ပြန်အရှိန်မြင့်

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟု သမ္မတရုံးကဆိုသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေ ၈ ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း သမ္မတရုံးက တရားဝင် သတင်းထုတ်ပြန် လိုက်ရာ ယခင်က ရှိပြီးသား လွှတ်တော်နှင့် အစိုးရ အကြား နိုင်ငံရေးပွတ်တိုက်မှု အရှိန်မြှင့်တင်လိုက်ခြင်း ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများအနက် သမ္မတဦးသိန်းစိန် လက်မှတ်ရေး ထိုးခြင်းမရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေ၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူမည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ အစိုးရ၏ သတင်းထုတ်ပြန်မှုသည် လွှတ်တော်က အခြေခံဥပဒေနှင့်အညီ ဆောင်ရွက် မှုများကို ပြဿနာ မီးထွန်းရှာသည့် ပုံစံဖြစ်နေကြောင်း၊ လွှတ်တော်နှင့် အစိုးရကြားတွင် ပဋိပက္ခရှိနေပြီး လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေသူများသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိရှိနားလည်ပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်သည်။

“ပြဿနာကို မီးထွန်းရှာတယ်လို့ပဲ ပြောချင် တယ်။ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီ ဘူးလို့ ပြောရလောက်အောင် မဟုတ်ဘူးထင်တယ်။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ စောင့်ကြည့်ကြသေးတာ ပေါ့။ လွှတ်တော်ဥက္ကဋ္ဌနဲ့ သမ္မတကြားမှာ ပဋိပက္ခက တော့ ရှိနေတယ်။  တကယ်ပဲ လွှတ်တော်က ပြဋ္ဌာန်း တဲ့ ဥပဒေတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုရင် တော့ တမျိုးပေါ့။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကလည်း မညီဘဲ မလုပ်ဘူး။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ဆိုလို့ရှိရင် အခြေခံဥပဒေကို ရေးဆွဲလာ တဲ့သူဗျ။ဦးခင်အောင်မြင့်က ပိုသိလိမ့်မယ်။ မညီဘဲ နဲ့တော့ ကျနော်တို့က မလုပ်ဘူး။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ကြည့်ပြီး လွှတ်တော်ဘက်က လုပ်စရာရှိတာ ဆက်လုပ်မှာပေါ့” ဟု ဦးလှဆွေက ရှင်းပြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး က လွှတ်တော်ကပြဋ္ဌာန်းထားသော ဥပဒေများသည် အခြေခံဥပဒေနှင့် မညီဟု ဆုံးဖြတ်ပါက ယင်းဥပဒေ များသည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းက လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ဥပဒေပြဋ္ဌာန်းရာတွင် အခြေခံဥပေဒနှင့် ညီညွတ်စေရန် ကြိုးစားဆောင်ရွက်နေပြီး အသွင်ကူးပြောင်းရေး ချောမွေ့စွာဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း၊ ဥပဒေများကိ မလိုအပ်ဘဲ ခုံရုံးတင်ပြခြင်း သည် နိုင်ငံရေးပဋိပက္ခနှင့် တင်းမာမှုများကို အရှိန်မြင့် တက်စေနိုင်ကြောင်း ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ရင်အောင် လွှတ်တော် ဥပဒေကြမ်းကော်မတီတွေက ဆုံးဖြတ်ပြီး တော့ ပြဋ္ဌာန်းတာပဲလေ။ သမ္မတက ဥပဒေတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီ စိစစ်ဖို့ တင်ပြတယ် ဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ တင်လို့ရတယ်။ ဥပဒေပြုအာဏာပိုင်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ် အောင်ကြိုးစားနေတယ်။ အဓိက အသွင်ကူးပြောင်းနေတဲ့ ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ လုပ်နေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေကြတာပဲ။ တရားသေ ဆုပ်ကိုင်ပြီး တော့ သမ္မတဘက်က လုပ်မယ်ဆိုရင်တော့ ကောင်း မွန်တဲ့ လက္ခဏာတရပ် မဟုတ်ဘူးလို့ မြင်တယ်။ ခုံရုံးကို လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေတွေကို တင်တယ်ဆိုတဲ့ အခြေအနေတွေက တင်းမာမှုဖြစ် လာနိုင်တယ်။ ပဋိပက္ခဘက်ကိုဦးတည်တဲ့ ဆောင်ရွက် မှုတော့ မဖြစ်စေချင်ဘူး။ တိုက်ခိုက်တဲ့သဘောမပါ စေချင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၁ တွင် နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်နိုင်သော ပြဋ္ဌာန်း ချက်များ ပါရှိပြီး ယင်းစွပ်စွဲပြစ်တင်မှုကို လွှတ်တော်က ဆောင်ရွက်နိုင်ကြောင်း၊ ယင်း အခွင့်အာဏာသည် လွှတ်တော်ထံတွင်ရှိနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“လုပ်ထုံးလုပ်နည်းအရ သမ္မတမှာ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ခုံရုံးကို တင်ပြ ဆုံးဖြတ်ခိုင်းနိုင်တဲ့ အခွင့်အရေးရှိတယ်။ လုပ်ထုံး လုပ်နည်းအရ လုပ်ကြတယ်ဆိုပေမယ့် တဖက်နဲ့ တဖက်က ပြည်သူအတွက် လုပ်ကြတာဆိုရင်တော့ ကောင်းတာပေါ့။ လွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်နိုင်တဲ့ အခြေခံဥပဒေပါ အခွင့်အရေး ရှိထားတယ်” ဟု ၄င်းက ဆိုသည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက လွှတ်တော်ကပြဋ္ဌာန်းသော ဥပဒေများ သည် အခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်မှုသည် ဒီမို ကရေစီစနစ်ကို တည်ဆောက်သော ဓလေ့ဖြစ်ပြီး အစိုးရနှင့် လွှတ်တော်ကြား ပဋိပက္ခအဖြစ် ရှုမြင်လျှင် မှားနိုင်ကြောင်း ပြောဆိုသည်။

“အရင်တုန်းက နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ အငြင်းအခုန်ဖြစ်တယ်ဆိုရင် အာဏာရှင်က အဆုံး အဖြတ်ပေးတာ။ ဦးသန်းရွှေက အဆုံးအဖြတ်ပေး လိုက်ရင် မှန်မှန် မမှန်မှန် ပြည်သူလူထု အကျိုးစီးပွား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒါက အတည်ပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ လွှတ်တော်ကလည်း ဥပဒေတွေပြဋ္ဌာန်း ရမယ်။ အစိုးရကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ ဆန့်ကျင်လို့ မရဘူး။ တရားစီရင်ရေးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေနဲ့ စီရင်လို့မရဘူး။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုတာနဲ့ ထိန်းတယ်။ ဒီခုံရုံးက အဆုံးအဖြတ်က အဓိကပဲ။ အငြင်းအခုံဆိုတာရှိမှာပဲ။ အဲဒါကို ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ပဋိပက္ခ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုလို့ မြင်ရင် မှားမယ်။ လွှတ်တော်ကလည်း ဥပဒေပြုနေမှာပဲ။ ငါမှန်၊ သူမှန်တယ်  ငြင်းကြမှာပဲ။ ကျနော့်သဘောအရဆိုရင် သမ္မတက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ မညီ ပါဘူးဆိုပြီး ခုံရုံးကိုတင်တာက မှန်တယ်” ဟုဦးရဲထွန်း က ပြောသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရက ဥပဒေများကို ခုံရုံးတင်ပြခြင်းဖြစ်သည့် အတွက်ခုံရုံးသည် ၄င်း၏တာဝန်အတိုင်း ဆုံးဖြတ်ချက် များ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။

“အရင်တုန်းကတော့ ဥပဒေပြုရေး တင်ပြလာ ရင် သမ္မတဘက်က ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ပြောရုံ လောက်နဲ့ပဲ ရပ်ပစ်လိုက်တာ။  နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုရင် ကြားကဝင်ထိန်းပေးရမှာက ခုံရုံးပဲ၊ သမ္မတ နဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲ နေတာကို ခုံရုံးကဘယ်လိုဆုံးဖြတ်မလဲ။ ဘယ်လောက် မှန်ကန်မလဲဆိုတာစောင့်ကြည့်မယ်၊ ဥပဒေပြုရေးကိစ္စ တွေမှာ သမ္မတနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ယူဆ ချက်တွေက တရားဝင် မဟုတ်ဘူး။ ခုံရုံးကသာ အတည်ပြု ဆုံးဖြတ်ချက်ချရာမှာ။ ခုံရုံးအသစ်က ခုချိန်ထိ အလုပ်လုပ်တာမတွေ့ရဘူး။ ဒါကြောင့်မို့လို့ တရားစီရင်နိုင်ခြင်း ရှိ၊ မရှိဆိုတာ သံသယဖြစ်စရာ ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ခုံရုံးသည် ပြည်သူတွေပေးတဲ့ လစာကိုယူပြီး ဘာအလုပ်လုပ်မှ မလုပ် ဘူး။ ခုံရုံးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ၃ ဦး၊ အမျိုး သားလွှတ်တော်က ၃ ဦးနဲ့ သမ္မတက ၃ ဦးရွေးချယ် ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုတော့ မဲစနစ် ဆုံးဖြတ် ချက်ချမယ်ဆိုရင် သမ္မတက ရှုံးမယ့်အနေအထားမှာ ရှိနေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆိုသောကိစ္စနှင့် ပတ် သက်၍ လွှတ်တော်နှင့် အစိုးရအကြား ပွတ်တိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အစိုးရတင်ပြချက်အတိုင်း လွှတ်တော်ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ် ဟု ဆုံးဖြတ်မှုကြောင့် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရသည်အထိ အခြေအနေဖြစ်ပေါ်ခဲ့သည်။

irrawaddy

ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း




မူကြိုအရွယ်ကလေးများတွင် တွေ့ရမည့်လက္ခဏာများ

(၁) တစ်ချိန်လုံး မျက်ရည်များ စီးကျနေခြင်း

(၂) အစာမစားတော့ခြင်း

(၃) ညအချိန်တွင် မအိပ်ဘဲ နိုးနေခြင်း

(၄) မကြာခဏ အိပ်မက်ဆိုးများ မက်ပြီး ချောက်ချားစရာများ ကြုံရခြင်း

(၅) တောင်းဆိုမှုတွေ များလာခြင်း နှင့် သိနားလည်မှုမရှိခြင်း

(၆) တခြားကလေးများအား အနိုင်ကျင့်ခြင်း၊ ထိပါးရိုက်ပုတ်ခြင်း၊ ကိုက်ခြင်း

(၇) မုသားစကားတွေ စတင်ပြောလာခြင်း

(၈) ဖျက်လိုဖျက်ဆီး အပြုအမူများ ပြုလုပ်လာခြင်း စသည်တို့ဖြစ်သည်။

အနည်းငယ်သော ကလေးများက သူတို့၏ ဝမ်းနည်းခံစားမှုများကို စကားလုံးများအဖြစ် ထုတ်ဖော်ပြော ဆိုတတ်သော်လည်း ပုံမှန်အားဖြင့် အပြင်သွားခြင်း၊ ပျော်ရွှင်စွာနေထိုင် ခြင်းများ ရှိတတ်ပါသည်။ ၄င်းတို့၏ ပါးစပ်မှ "လောကကြီးက မှန်ကန်မျှတ မှု မရှိပါဘူးမေမေရယ်" ဟု ပြောတတ်သည်။ ကလေးများအနေဖြင့် တစ်ခုခု မှားယွင်းသွားသည့်အခါ သူတို့ကိုယ်သူတို့ အပြစ်တင်လွယ်လာကြပြီး သူတို့ကိုယ်သူတို့ တန်ဖိုးမရှိ ဟု ထင်လာတတ်ကြပါသည်။ သူတို့၏ အပြုအမူများသည် ပြစ်ဒဏ်ပေးရန် ထိုက်တန်သော အပြုအမူများဖြစ်လာ တတ်သည်။ ဥပမာ- လိမ်ပြောခြင်း၊ ခိုးဝှက်ခြင်း၊ ကျောင်းမှ ကျောင်းပြေး များနှင့်အတူ အပေါင်းအသင်းလုပ် ဆော့ကစားခြင်း စသည်တို့ဖြစ်သည်။ သတိပြုရန်မှာ- စိတ်ဓာတ်ကျပြီး အလိုက်ကန်းဆိုးမသိဖြစ်နေသော ကလေးသည် လုံးဝဆိုးသွမ်းနေသော ကလေးတစ်ဦးမဟုတ်ပါ။

ကျောင်းနေအရွယ်ကလေးများတွင် တွေ့ရသည့်လက္ခဏာများ

(၁) ကျောင်းစာနှင့် ကစားခြင်းများ တွင် စိတ်ဝင်စားမှု လျော့နည်းလာခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲလာခြင်း

(၂) အထီးကျန်များဖြစ်လာခြင်း

(၃) ကျောင်းသွားရန် ငြင်းဆန်ခြင်း

(၄) ပျင်းရိငြီးငွေ့သည်ဟု တစ်ချိန် လုံးပြောနေခြင်း

(၅) သူတို့ကိုယ်သူတို့ အထီးကျန်နေ သည်ဟု ပြောဆိုခြင်း

(၆) မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း

(၇) မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလာခြင်း

(၈) ပေါက်လွှတ်ပဲစား ဖြစ်သလို နေလာခြင်း

ဆယ်ကျော်သက်အရွယ်များတွင် တွေ့ရသည့်လက္ခဏာများ

ဆယ်ကျော်သက် များသည် စိတ်ခံစားမှု များနှင့် လူမှုရေး ပျက်ကွက်ခြင်များ ခံစား ကြရတတ်ပါသည်။ မည်သည့် အပြုအမူက ပုံမှန်အတိုင်း ဖြစ်သလဲဆိုသည်နှင့် စိတ်ဓာတ်ကျ ခြင်းက ဘယ်လိုဖြစ်သလဲ ဆိုသည်ကို ခွဲခြားရန်လည်း ခက်ခဲတတ်ပါသည်။ စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို ရှာဖွေရန် လိုပါသည်။ လက္ခဏာ တစ်ခု သို့မဟုတ် တစ်ခုမှသုံးခု သို့မဟုတ် လေးခုထက် ပို၍လည်း ရှိတတ် ပါသည်။

၎င်းတို့မှာ-

(၁) ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားမှု များလာခြင်း၊ ဆတ်ဆတ်ထိမခံ ဖြစ်လာခြင်း

(၂) သူငယ်ချင်းများနှင့် ဝါသနာပါသည့် လုပ်ငန်းများကို စွန့်ခွာပစ်ပယ်လာခြင်း

(၃) ကျောင်းတွင် ခါတိုင်းကဲ့သို့ ကောင်းစွာ သင်ယူခြင်းမရှိတော့ဘဲ စိတ်ဝင်စားမှု နည်းလာခြင်း

(၄) အဝတ်အစား၊ ဂီတ၊ ဆံပင် ပုံစံ စသည်တို့တွင် စိတ်ဝင်စားမှု နည်းလာခြင်း

(၅)အစာလုံလောက်စွာ မစားတော့ခြင်း၊ အစားအသောက်ပျက်လာခင်း သို့မဟုတ် လွန်ကဲစွာ စားလာခြင်း၊ အန်ထွက်သည်အထိ စားခြင်း

(၆) မိမိကိုယ်ကို တန်ဖိုးထားမှု နည်းလာခြင်း

(၇) နေ့လယ်ခင်း ရောက်သည့်တိုင် အိပ်ရာမှ မထသေးဘဲရှိခြင်း

(၈) အကျင့်ဆိုးများနှင့် သူငယ်ချင်းဆိုးများ ရရှိလာခြင်း

(၉) မူးယစ်ဆေးဝါး သုံးစွဲလာခြင်း

(၁၀)အရက်သောက်တတ်လာခြင်း

(၁၁)သေခြင်းတရားအကြောင်း တွေးတောမှုတွေ များပြားလာခြင်း

(၁၂)သူတို့အရေပြားကို သူတို့ လှီးဖြတ်ခြင်းဖြင့် အနာတရဖြစ်အောင် လုပ်လာခြင်း

Myawady News


တရားမ၀င် ဆီတွေနဲ့ ပြန်ကျော်ဆီ ကင်ဆာရောဂါဖြစ်နိုင် (ရုပ်/သံ)



DVB

အထက်အမိန့်ကို ချင့်ချိန် လိုက်နာရန် တပ်မတော် တပ်မှူး၊ တပ်သားများကို PSLF/TNLA ပန်ကြား




ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့များအကြား ၂ နှစ်ကျော် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များတွင် တပ်မတော်သား အများစုသာ သေကြေ ပျက်စီးရသဖြင့် မြန်မာ့တပ်မတော် တပ်မှူး၊ တပ်သားများ အထက်အမိန့်ကို ချင့်ချိန် လိုက်နာကြရန် PSLF/TNLA က ပန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

တအန်းဒေသတွင် တပ်မတော်က တပ်ရင်း ၅၀ ခန့်အထိ အသုံးပြု ထိုးစစ်ဆင်နေသော်လည်း မည်သည့် TNLA တပ်စခန်းကိုမျှ သိမ်းပိုက်နိုင်ခြင်း မရှိဘဲ အထက်အမိန့်ကို မလွန်ဆန်နိုင်ခြင်းကြောင့် တပ်မတော် တပ်မှူးတပ်သား များသာ မလိုအပ်ဘဲ ထိခိုက် ကျဆုံးမှုများ ဖြစ်နေကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မည်သည့် သောင်းကျန်းသူကိုမျှ မတိုက်နိုင်စရာ၊ မတိုက်ရဲစရာ အကြောင်းမရှိဟု နိုဝင်ဘာလအတွင်း ပြောဆိုခဲ့မှုမှာ ငြိမ်းချမ်းရေးကို ပိုမို ဝေဝါးစေပြီး ပြည်တွင်းစစ်မီး ပိုမို တောက်လောင်ရေးကိုသာ ဦးတည်နေကြောင်း PSLF/TNLA က ထုတ်ပြန် ပြောဆိုသည်။

အဆိုပါ ကြေညာချက်တွင် “မြန်မာ့တပ်မတော် ခေါင်းဆောင်ကြီးများ၏ ထိုမှားယွင်းသော ဆောင်ရွက်ချက်များကို လိုက်နာရန် သင့်/မသင့် လေးနက် သေချာစွာ စဉ်းစား သုံးသပ် ဆောင်ရွက်ကြပါရန် မြန်မာ့တပ်မတော် တပ်မှူးတပ်သားများ အားလုံးကို P.S.L.F/T.N.L.A တအန်း တပ်မတော်က လေးစားစွာ ပန်ကြား နှိုးဆော်အပ်ပါသည်” ဟု ဖော်ပြထားသည်။

သို့သော် တပ်မတော်နှင့် နီးစပ်သူ တစ်ဦးကမူ PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသကဲ့သို့ တပ်မတော်သားများ အထိအခိုက် အကျအဆုံး များပြားသည် ဆိုခြင်းမှာ မမှန်ကန်ကြောင်း The Voice သို့ ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ညှိနှိုင်းလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုတွင် PSLF/TNLA ၊ KIO/KIA တို့နှင့် အပစ်ရပ် စာချုပ် မချုပ်ဆိုနိုင်သေးကြောင်း၊ PSLF/TNLA နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ အမြန်ဆုံး တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး တစ်ဦးက ပြောဆိုသည်။

အစိုးရနှင့် TNLA တို့၏ ၂ နှစ် ကျော်အကြာ တိုက်ပွဲများတွင် TNLA တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးပြီး ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ သော်လည်း မြန်မာ့ တပ်မတော်သား ၃၀၀ ကျော် ကျဆုံးခဲ့ပြီး ၇၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly


ဆေးခြောက်များဖမ်းဆီးရမိ




နေပြည်တော်၊ ဇန်န၀ါရီ ၂၈

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံလွင်တံတားစစ်ဆေးရေးဂိတ်၌ ယာဉ်များအားစစ်ဆေးနေစဉ် ဖားအံ-ရန်ကုန် ““ပွင့်သစ်စရတနာ”” ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲ၊ ဘုရားကုန်းရွာနေ မောင်ဦး(၃၂)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ စံပယ်ကုန်းတိုက်နယ်၊ စကားလုံးကုန်းကျေးရွာနေ ၀င်းကို (၃၆)နှစ်တို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဆေးခြောက်(၂၀.၉)ကီလို၊ တန်ဘိုးငွေကျပ်(၁၆.၇၂)သိန်း၊ ငွေကျပ်(၂၁၉၀၀ိ/-)နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ ထိုသို့သိမ်းဆည်း ရမိသဖြင့် မောင်ဦးနှင့်ဝင်းကိုတို့(၂)ဦးအား ဖားအံမြို့မရဲစခန်း မယ(ပ) ၆/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ချပေးမည်



ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့၏ လုပ်ငန်းလိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုး ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။

“အစိုးရဘက်က ရွေးချယ်ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာနှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရက လိုင်စင်အတည်ပြုပြီးနောက် လိုင်စင်ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ စိစစ်နေပြီး သက်မှတ်ထားသော အချိန်တွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ကုမ္ပဏီထံမှ သိရသည်။

ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည်ဖြစ်ပြီး တယ်လီနောက ရှစ်လအကြာတွင် စတင်မည်ဟု ကြေညာထားသည်။ တယ်လီနော ကုမ္ပဏီသည် ငါးနှစ်အတွင်း မိုဘိုင်းလ် ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ် ရောင်းချမည့် လက်လီဆိုင်ခွဲပေါင်း တစ်သိန်းအထိ ဖွင့်လှစ်ပြီး ဝန်ထမ်း ၉၉ ရာခိုင်နှုန်းကိုလည်း ပြည်တွင်းမှ ဒေသခံများကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အော်ရီဒူး ကုမ္ပဏီကလည်း ၅ နှစ်အတွင်း ဆင်းမ်ကတ်အရောင်းဌာန ၂၄၀,၀၀၀ နှင့် လက်ခွဲအရောင်းဌာန ၇၂၀,၀၀၀ အထိ ဖွင့်လှစ်ပြီး ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည်ဖြစ်သည်။

ယမန်နှစ်အတွင်းက လိုင်စင်ကိစ္စ အပြီးသတ်မည်ဟု ဆိုခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှ အပြီးသတ်နိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့၊ တယ်လီနောနှင့် အော်ရီဒူး စသည့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအနေနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ချထားပေးရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကြေညာထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တယ်လီနောကုမ္ပဏီနှင့် ကာတာအစိုးရ ပါဝင်ပတ်သက်မှုရှိသော အော်ရီဒူးကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge


လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ


လုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။

ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။

ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။

တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။

ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

(နိရဉ္စရာ- ၂၈ ဇန်န၀ါရီ ၂၀၁၃) / မောင်အေး