ငွေသိန်း ၂၅၀နှင့် အမျိုးသမီး အငှားကားပေါ်တွင် သတိလစ်ပြီး ငွေများပျောက်နေ


ငွေကျပ်သိန်း ၂၅၀ သယ်ဆောင်လာသဖြင့် အငှားကားငှားစီးခဲ့သူ အမျိုးသမီးတစ်ဦး ကားပေါ်တွင် သတိလစ်သွားခဲ့ပြီး ငွေများလည်း ပျောက်ဆုံးနေမှုတစ်ခု မြောက်ဥက္ကလာပ ရဲစခန်းတွင် သြဂုတ် ၅ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ငွေများ ပျောက်ဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၅ နှစ်အရွယ် လက်ကိုင်ဖုန်း ၀ယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

သူမသည် လွန်ခဲ့သော သုံးလခန့်ကတည်းက သိကျွမ်းပြီး လက်ကိုင်ဖုန်း အရောင်းအ၀ယ် ပူးတွဲလုပ်ကိုင်သူ တရုတ်လူမျိုး သူဌေးတစ်ဦးက တယ်လီဖုန်းရောင်းရငွေများ ပြန်ပေးမည်ဖြစ်သဖြင့် တာမွေမြို့နယ် သီတာလမ်းထိပ်သို့ ဇူလိုင် ၃၀ ရက် မွန်းလွဲတွင် လာရောက်ရန် ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း ရဲကို ထွက်ဆိုထားသည်။

သို့သော် ထိုသူရောက်မလာသဖြင့် ဆက်သွယ်လိုက်ရာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အနီးရှိ စားသောက်ဆိုင် တစ်ခုသို့ ထပ်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုဆိုင်သို့ ရောက်သောအခါ တရုတ်သူဌေး၏ တပည့်ဆိုသူ ပေးသည့် ငွေကျပ်သိန်း ၂၅၀ ကို ရေတွက်ယူပြီး ထိုသူကပင် ငှားပေးသည့် ကားနှင့်
ပြန်လာခဲ့သည်ဟု သူမက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့နောက် ကားပေါ်တွင် လိုက်ပါလာရင်း ဖုန်းပြောနေစဉ် သတိလစ်သွားခဲ့ပြီး ညသန်းခေါင်အချိန်တွင် ပြန်နိုးလာသဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကားလမ်းဘေး တစ်နေရာတွင် ရောက်ရှိနေကြောင်း သိခဲ့ရသည်ဟုလည်း ကာယကံရှင်က ရဲကို တိုင်တန်းထားသေးသည်။

ထို့ပြင် သူမနှင့်အတူပါလာသော ငွေ ကျပ်သိန်း ၂၅၀ သည်လည်း ပျောက်ဆုံးနေသလို ဘောင်းဘီအိတ်ထဲတွင် ပါလာသော ငွေကျပ် တစ်သိန်းငါးသောင်းနှင့် သူ့ဖုန်းပါ ပျောက်ဆုံးသွားခဲ့သည်ဟုလည်း ရဲကို ပြောကြားထားသည်။

၎င်းအမျိုးသမီးသည် သူနှင့်အတူလက်တွဲ အလုပ်လုပ်ကိုင်ခဲ့သည်ဆိုသော တရုတ်သူဌေး၏ အမည်နှင့် သူ့ထံ ငွေများလာပေးသည့် ထိုသူဌေး၏ တပည့်အမည်တို့ကို မသိရှိကြောင်းလည်း ရဲများကို ထွက်ဆို ထားသည်။

သူမသည် ညသန်းခေါင်အချိန် ပြန်နိုးလာချိန် ရောက်ရှိနေသည်မှာလည်း ဆင်ခြေဖုံးမြို့နယ်ဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာအနီး ကားလမ်းဘေးတွင် ဖြစ်ကြောင်းလည်း ရဲက အတည်ပြုထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ငွေများကို ခိုးယူသွားသူကို စုံစမ်းပေးပါရန် ၎င်းအမျိုးသမီးက မြောက်ဥက္ကလာပ ရဲစခန်း၌ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းက အမှုအမှတ်(ပ)၆၂၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ ဖြင့် တရားစွဲဆိုမည်ဟု သတင်းထုတ်ပြန် ထား သည်။

ဇော်ဇော်ထွေး | Mizzima - News in Burmese

၁၅၀၀ တန် ဆင်းမ်ကဒ်ကို မဲမနှိုက်ရဘဲနဲ့ အလွယ်တကူ ဘယ်တော့ဝယ်နိုင်မလဲ မေးလာတဲ့ မသန်းသန်းဝင်း


Posted by AF in ဆောင်းပါးများ

မေး – မိုးဘိုင်းဖုန်းဆင်းကတ်တွေကို လစဉ်မဲနှိုက်ဝယ်ယူရတာ လေးလရှိပါပြီ။ တစ်ခါမှလည်း မပေါက်ဖူးပါဘူး။ ဒါ့ကြောင့် ဆက်သွယ်ရေးအနေနဲ့ ဘယ်တော့လောက်များ ကံစမ်းမဲ မနှိုက်ရဘဲနဲ့ အလွယ်တကူဝယ်ခွင့်ရမှာလဲ။
မသန်းသန်းဝင်း(မင်္ဂလာတောင်ညွှန့်မြို့နယ်)
ဖြေ – မသန်းသန်းဝင်း မေးတဲ့မေးခွန်းက လူတိုင်းသိချင်နေတဲ့ မေးခွန်းပါခင်ဗျ။ လူတန်းစေ့ အလွယ်တကူနဲ့ ဖုန်းကိုင်ခွင့် မရသေးတဲ့အတွက် ပွဲစားဈေးကွက်ကနေ မဖြစ်မနေလိုသူတွေက ၁၅ဝဝ တန် ဖုန်းဆင်းကတ်ကို တစ်သိန်းပတ်ဝန်းကျင်ပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။ ဒါကြောင့် မသန်းသန်းဝင်း မေးတဲ့ ကံစမ်းမဲ မနှိုက်ရဘဲ အလွယ်တကူဘယ်တော့ဝယ်ခွင့်ရမလဲဆိုတာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းကို မေးမြန်းတဲ့အခါမှာ ”မဲနှိုက်ပြီး ရောင်းတဲ့ စနစ်ကတော့ ကျွန်တော်တို့ ဆက်သွယ်ရေးက လုပ်တာမဟုတ်ပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့က  လုပ်တာပါ။ ကျွန်တော်တို့ဘက်က လစဉ် ဆင်းကတ်သုံးသိန်းခွဲ ပေးတာပဲရှိတယ်။ လွယ်လွယ်ကူကူဝယ်နိုင်တဲ့အခြေအနေကတော့ ဆက်သွယ်ရေး အော်ပရေတာတွေ အပြိုင်ရောင်းတဲ့ အချိန်ဖြစ်မှာပါ။ အဲဒီအချိန် ကျရင်တော့ ပြည် သူဝယ်ဖို့ သူ့ထက်ငါ အပြိုင်ရောင်းကြမှာပါ။ စိတ်ကြိုက်ဝယ်နိုင်ပါပြီ။ အခုလိုမျိုး မဲနှိုက်ဝယ်ရတဲ့ စနစ်လဲရှိတော့မှာ မဟုတ်ပါဘူး”လို့ ပြောသည်။
မေး – ရန်ကုန်မြို့တွင်း မြို့ထဲယာဉ်လိုင်းတွေ ဖြတ်တဲ့နေရာမှာပဲ နောက်ဖေးလမ်းကြားတွေ ရှိနေပါတယ်။ အဲဒီ နောက်ဖေးလမ်းကြားတွေမှာ ပလတ်စတစ် ဖော့ဘူးစတဲ့ လူသုံးကုန်အမှိုက်တွေ အများအပြားနဲ့ ညစ်ပတ်နေတာဟာမြို့ကို အတော်အကျည်းတန်စေပါတယ်။ ဒီလိုမြို့ကို ရုပ်ဆိုးအကျည်းတန်စေပြီး ကျန်းမာ ရေး ထိခိုက်စေနိုင်တဲ့ အမှိုက်တွေကို စည်းနဲ့ကမ်းနဲ့ လွှင့်ပစ်ဖို့ သက်ဆိုင်ရာ စည်ပင် သာယာအနေနဲ့ ကြပ်မတ်ဆောင်ရွက်သွားဖို့ ရှိပါသလား။
ဒေါ်ချိုမာ(ပုဇွန်တောင်)
ဖြေ – ရန်ကုန်မြို့ တစ်နေ့ အမှိုက်ထွက်ရှိနှုန်း တန်ချိန် ၁၆ဝဝ ခန့်ရှိတာကို ရန်ကုန် စည်ပင်ကနေ တစ်နေ့ တန်ချိန် ၁၅ဝဝ သိမ်းနိုင်ပြီး ကျန်တန် ၁ဝဝ ဝန်းကျင် ကတော့ နောက်ဖေးလမ်းကြား၊ မြောင်းကြိုမြောင်းကြားနဲ့ ပြန်ရောင်းလို့ရတဲ့ ပစ္စည်း တွေကြောင့် ပြန်ရောင်းချတာနဲ့ ပျောက်ဆုံးနေတယ်လို့ စည်ပင်ပြောကြား ချက်တွေအရ သိထားရပါတယ်။ မြောင်းတွေ၊ ချောင်းတွေနဲ့ နောက်ဖေးလမ်းကြားတွေမှာ အမှိုက် တွေ စည်းကမ်းမဲ့ စွန့်ပစ်မှုကို ဘယ်လို ကြပ်မတ်မလဲ ဆို တဲ့ ဒေါ်ချိုမာ မေးမြန်းမှု ကိုတော့ ရန်ကုန်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ဌာနမှူး ဦးသန်းလွင်ဦးကို မေးမြန်းကြည့် တဲ့အခါ ၎င်းက အခုလို ပဲ ဖြေကြားပေးခဲ့ပါတယ်။
”စည်းကမ်းမဲ့ စွန့်ပစ်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့ အခက်အခဲရှိ တယ်။ လူတစ်ယောက်၊ နှစ်ယောက်နဲ့ မရဘူး။  ဃဃွှဠ တပ်ထားတာမျိုးတွေ မရှိတော့ စောင့်ကြည့်လို့လည်း မရဘူး။ အရေးယူတာကတော့ အဲဒီအနီးအနားက အိမ်ခန်း တွေ၊ အိမ်တွေကပဲ အမှိုက်တွေများလာလို့ သိမ်းပေးပါဆိုရင် ကျသင့်ငွေတန်ဖိုး ကို အိမ်တွေကနေ ကောက်ခံပြီး ရှင်းပေးတယ်။ ဝိုင်းကြီးချုပ်စနစ်နဲ့ အပြစ်ပေးတယ်လို့ပဲ ပြောလို့ရမှာပေါ့”
မေး – တန်ဖိုးမြင့်မားတဲ့ငွေစက္ကူ ၅ဝဝဝ တန် အဟောင်းအနွမ်း အပြဲတွေကို ဘဏ်အချို့က လက်မခံကြဘူး။ ပြန်ပေးကြပါတယ်။ ဒါကိုအပြင်မှာ သုံးရင်လည်း အများစုက လက်မခံကြတော့ ဘယ်လိုလုပ်ရမလဲ သိလိုပါတယ်။
ဦးဇေယျ (ကျောက်တံတားမြို့နယ်)
ဖြေ – ပိုက်ဆံအဟောင်းအနွမ်းအစုတ် အပြဲတော်တော်များများကို အစိုးရက တာ ဝန်ယူလဲပေးခဲ့တဲ့ ၂ဝ၁၁ပြီး နောက်ပိုင်းမှာ ဒီပြဿနာ တော်တော်ရှင်းသွား ခဲ့ပါတယ်။ ဒါပေမဲ့ ဦးဇေယျပြောသလိုပဲ ဒီနှစ်ပိုင်းမှာတော့ ပိုက်ဆံဟောင်းရင် နွမ်းရင် ပြဲရင် မယူဘူး၊ မလဲပေးဘူးဆိုတဲ့အသံတွေ ပြန်ကြားလာရပါတယ်။ ဒါ ကြောင့် ဦးဇေယျ သိလိုတာကို ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးကို မေးမြန်းတဲ့အခါမှာ အခုလို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
”၅ဝဝဝ ကျပ်တန်အပါအဝင် ငွေစက္ကူအဟောင်းအနွမ်းများကို အသစ်နဲ့ လဲလှယ်ပေးနေပါတယ်။ သာမန် ဟောင်းနွမ်း၊ စုတ်ပြဲတာမျိုးဆိုရင် ပုဂ္ဂလိကဘဏ်၊ အစိုးရဘဏ်တွေက လဲလှယ်ပေးပါတယ်။ အဲဒီလို လဲလှယ်ပေးနိုင်ဖို့ကို ဗဟိုဘဏ်က အခွင့်အာဏာပေးပြီးသားပါ။ သာမန်ဟောင်းနွမ်း၊ စုတ်ပြဲတာထက် လွန်ပြီး ပိုပြီး တော့ စုတ်ပြဲနေရင် အခွင့်အာဏာပေးခံထားရတဲ့ ပုဂ္ဂလိကဘဏ်၊ အစိုးရဘဏ်တွေက လဲလှယ်မပေးတော့ဘဲ ဗဟိုဘဏ်ကို ပြန်လွှဲကြပါတယ်။ ဒါကလည်း ဆုံးဖြတ်လို့မရတဲ့ အခါမျိုးမှာပါ။ ဒီလိုဆိုရင် ဗဟိုဘဏ်က လဲလှယ်ပေးပါတယ်။ တစ်ခါတလေ ပုဂ္ဂလိ ကဘဏ်အချို့မှာ မလဲပေးတဲ့ပြဿနာလေးတွေရှိကြတယ်လို့ ကြားပါတယ်။ ဗဟို ဘဏ်က ရန်ကုန်မှာရော၊ နေပြည်တော် မှာပါ ငွေစက္ကူဟောင်းနွမ်းစုတ်ပြဲတာကို အသစ်နဲ့ လဲလှယ်ပေးတဲ့ကောင်တာတွေ ဖွင့်ထားပြီးဖြစ်ပါတယ်။
မေးခွန်းများမေးလိုပါက[email protected] (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။
အယ်ဒီတာအဖွဲ့

ကိုယ်လုပ်တဲ့ လုပ်ရပ် အပေါ်မှာ တာဝန်ယူတယ် ဆိုသူ ‘သံမဏိ လိပ်ပြာ’ဖန်တီးရှင် လင်းလင်း နဲ့ တွေ့ဆုံခြင်း


Posted by AF in ဂီတ ရပ်ဝန်း

လင်းလင်းရဲ့ တတိယ တစ်ကိုယ် တော် ‘သံမဏိလိပ်ပြာ’ စီးရီးကို ဇူလိုင်လ ၁၉ ရက်နေ့က ထွက်ရှိခဲ့ပ တယ်။ ထွက်ရှိပြီး မကြာ ခင်မှာပဲ ထင်မှတ် မထားလောက်တဲ့ ရောင်းအား နဲ့အတူ အခွေများ ပြတ်လပ် သလောက်ကို ကုန်သွားခဲ့ပြီး သြဂုတ်လ ပထမ အပတ်မှာ လင်းလင်း ကိုယ်တိုင် အခွေ ထပ်ကူးဖို့ ဘန်ကောက်ကို သွားခဲ့ ရကြောင်းလည်း သိရပါ တယ်။ အဲဒီအခွေနှင့် ပတ်သက်ပြီး ပါဝင်တဲ့ သီချင်းများ အရ ဝေဖန်သံများ ညံခဲ့တာကြောင့် ပရိသတ် တွေသို့လော၊ သို့လော ဖြစ်နေစေတဲ့ မေးခွန်း တချို့ကို လင်းလင်းနဲ့ အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး- အရင်နှစ်ခွေ ထက်စာရင် ဒီအခွေမှာ ပိုပြီးတော့ ဝေဖန်သံ ကြားရတယ်။ သံစဉ်ရော စာသားပိုင်းမှာပါ ပြောစရာတွေ ရှိတဲ့အတွက် လင်း လင်းရဲ့ဂီတ ပရိသတ်တွေဆီ က တောင် ဝေဖန်သံတွေ ကြားရတယ်။ အသစ် တစ်ခုကို လုပ်လိုက်တဲ့ အ တွက် ပရိသတ်ရဲ့ အငြိုငြင် ခံရမှာကို တွေးပြီး စိုးရိမ်မိလား။
ဖြေ- အဲဒီလိုတော့ စိုးရိမ်မှု မဖြစ်မိဘူး ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ခေါင်းစဉ်တစ် ခုတည်း အောက်မှာပဲ နေပြီး ရုန်းကန် လှုပ်ရှား ပျော်မွေ့ရတဲ့ အနုပညာကို ကျွန်တော်က သဘော မကျဘူး။ အပြောင်းအလဲ တစ်ခုလုပ်ပြီဆိုရင် အဲဒီ အပြောင်းအလဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဒဏ်ကို ခံရမှာပဲ။ အဲ့ဒီအ ပေါ် မှာမှန်ကန်တဲ့ ရွေးချယ်မှုတွေ ရှိဖို့ပဲ လိုတယ်။ ကျွန်တော့်ကို ကြိုက်တဲ့ ပုံစံလေး ထဲမှာပဲ ကျွန်တော် တစ်သက် လုံးနေပြီး တော့ပရိ သ တ်အကြိုက်တွေချည်းပဲ သွားဖို့ မရှိဘူး။ ကျွန်တော် အနုပညာ လုပ် တဲ့အခါ အကောင်း လက္ခဏာ၊ အပေါင်း လက္ခဏာဆန်တယ် ဆိုရင် ဘယ်လို ပုံစံ ဘယ်လိုစတိုင်လေး ပဲဖြစ်ဖြစ် လုပ်ရဲတဲ့ သတ္တိတော့ မွေးထားတယ်။ အဲ့ဒီပေါ်မှာမှ ပရိသ တ်တိုးလာမှာ တွေ၊ လျော့သွား မှာတွေကို သိပ် မစဉ်းစားဖြစ်ဘူး။ ဘာလို့ဆို ကျွန်တော်က မကောင်းမှု လုပ်နေတာမှ မဟုတ်တာ။ ကောင်း မွန်တဲ့ အနုပညာ တစ်ခုကို ကြိုး စား ဖန်တီးနေတာပဲ ဆိုတော့ ကျွန်တော့် ပရိသတ်တွေ နဲ့ကျွန်တော်နဲ့ ပရိ သတ်က ဝေဖန် လိုက် ကျွန်တော်က ပြုပြင်လိုက် ကျွန်တော် လုပ်ချင် တဲ့ ပုံစံ လေးတွေရှေ့ ကနေ လုပ်ပြလိုက်၊ ပရိသတ်က နားထောင်ကြည့်လိုက် နဲ့ အဲ့ဒီလိုပဲရှေ့ဆက်သွား မယ်လို့ ယုံကြည်ပါတယ်။
မေး- ဒီ “သံမဏိလိပ်ပြာ” အခွေထဲ မှာ လတ်တလော Hit  ဖြစ်နေတာ၂ပုဒ် ရှိတယ်။ အဲ့ဒီ သီချင်း တွေတွေးဖြစ် ၊ရေးဖြစ်ပုံကို သိချင် ပါတယ်။
ဖြေ- ဟုတ်တယ်။ ကျွန်တော်လည်း ပြောချင်ပါတယ်။ အနုပညာ တစ်ခုကို ဖန်တီးပြီးရင် လိုက်ရှင်းပြနေရ တာ အနုပညာ မဆန်ဘူး ဆိုပေမယ့် တချို့အကြောင်း အရာလေးတွေ၊ ဝိ ဝါဒ ကွဲစရာလေးတွေ၊ ဝိရောဓိဖြစ် စရာလေးတွေ သို့လော သို့လောဖြစ် နိုင်တာလေးတွေ ကတော့ ကမ္ဘာနဲ့  အနှံ့သီချင်းတွေ အများကြီးရှိတာပဲ။ ကျွန်တော် ကတော့ ကျွန်တော်သုံးတဲ့ အသုံးအနှုန်း၊ ကျွန်တော်ရေးတဲ့ အရေးအသား နဲ့ ပတ်သက်လို့က တော့ ၁ဝ ဝရာခိုင်နှုန်း တာဝန်မှုရှိတယ်။ ကိုယ်လုပ်တဲ့ လုပ်ရပ်ပေါ် မှာ လည်း တာဝန်ယူတယ်။ ဘာလို့ ဒီလို စကားပြော ရဲတာလဲ ဆိုတော့ ကျွန် တော်ပေးချင်တဲ့ ဒီသီချင်းရဲ့ အကြောင်းအရာ ပန်းတိုင်က တစ်ခုပဲ။ တစ်ကမ္ဘာ လုံးမှာ စစ်မဲ့ဇုန် ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ထောင်ပြီး တော့ စစ်တွေသာ မရှိခဲ့ရင် ဆိုတဲ့ စိတ်ကူးကို အကောင်ထည် ဖော်ထားတာ။ အဲ့ဒီမှာ အရေးကြီးတာက ဒီသီချင်း ရဲ့ပန်းတိုင်က ဘယ်ကို သွားတာလဲဆိုတာ ခွဲခြား နိုင်ဖို့လိုတာပေါ့။ ကျွန်တော့်ရဲ့ သီချင်းထဲမှာ စစ်သားတွေကို ပုတ် ခတ်တာ မပါဘူး။ စစ်တပ်ပိုင်း ဆိုင်ရာကိုလည်း ဝေဖ န်ပုတ်ခတ်ပြော ဆိုတဲ့ အသုံးအနှုန်း တစ်ခုမှ ထည့် မထာ ဘူး။ ရိုးရိုး လေးတွေးကြည့် လိုက်ရင် ရှင်းရှင်းလေးပါ။ တစ် ယောက် နဲ့ တစ်ယောက် တိုက်ခိုက် သတ်ပုတ်တဲ့ စစ် ပွဲတွေ သာ မရှိခဲ့ရင်၊ လူ ကိုလူချင်းသတ်တဲ့ စစ်ပွဲ တွေသာ မရှိခဲ့ရင် ကျွန်တော် တို့ တစ်တွေ အကုန်လုံး မိဝေးဖဝေး တွေ မရှိဘူး။ အဖေအမေ ပျောက်တာ တွေလည်း မရှိဘူး ။သား၊သမီးတွေ ပျောက်တာ တွေလည်း မရှိဘူး။ နယ်ခြားမှာ တာဝန် ထမ်းဆောင်နေ ရတဲ့သားကို တစ်နေ့ ဘာဖြစ်မလဲ စိုးရိမ်နေရတဲ့ မိဘတွေလည်းပေါ် လာမှာ မဟုတ် ဘူး။
မေး- နောက်တစ်ပုဒ် အေ နနဲ့ ပြောရရင်တော့ “သံမဏိလိပ်ပြာ”ပေါ့။ တချို့ကလည်း ဒီလို သီချင်းမျိုးက ဒီလို စီးရီးထဲမှာ ထည့်မယ့် အစား တခြားနေရာမှာ ထည့်သွင်း လိုက်ရင် ရော ပို မသင့်တော်ဘူးလား ဆိုတဲ့ အမေး မျိုးတွေလည်း ရှိလာတယ်။ အဲ့ဒီ အပေါ်မှာ ဒီသီချင်း နဲ့ ပတ်သက် လို့ လင်းလင်း ကဘာပြောချင်လဲ။
ဖြေ- ဒီသီချင်း နဲ့ ပတ်သက်လို့က တော့ ဘာမှထွေထွေထူးထူးတော့ မရှိပါဘူး။ စကားလုံး တစ်လုံးချင်းစီ တိုင်းမှာ အမှန်တရားတွေပဲ ရေးထားတာပါ။ တစ်ခုပြော စရာ ရှိတာက ဘယ်လို အခွေမျိုး မှာပဲဖြစ်ဖြစ် အနု ပညာ တစ်ခုဟာ ကျွန်တော် တစ် ယောက်တည်း အမြင်ပြောရရင် ခွဲခြားလို့ မရဘူးလို့ ထင်တယ်။ ကိုယ် ပိုင် ထုတ်တဲ့ အခွေထဲမှာလည်း အပြု သဘောဆန်တဲ့ သီချင်းမျိုးတွေ လည်း လူတိုင်း ထည့်ခွင့်ရှိတယ်။ အနု ပညာမှာ အဲဒီလို ခွဲခြားတာမရှိဘူး။ တစ်ကမ္ဘာလုံး မှာလည်းမရှိဘူး။ ဒီ အခွေကြီး ကတော့ နိုင်ငံ ကောင်းကျိုး အတွက် လုပ်ထားတဲ့ အခွေကြီးပါ ဆိုပြီး သက်သက်ကြီး ရွေးထုတ်ပြီးတော့ လည်း လုပ်လို့မရဘူး။ ဒါကတော့ နိုင်ငံရေးပါတဲ့ သီချင်း ဒါကတော့ နိုင်ငံရေး မပါတဲ့ သီချင်းဆိုပြီး ခွဲ ခြားလို့မရဘူး။ ကာယကံရှင် အနု ပညာ သမားပေးချင်တဲ့ မက် ဆေ့ခ်ျပါတဲ့ သီချင်းက ဘယ်မှာ မဆို သုံးခွင့်ရှိ တယ် လို့ ယုံကြည်တယ် ။ကျွန်တော် ပြောတာရှင်း ရှင်းလေးနော်။ အပြုသဘော ဆန်တဲ့ ကောင်းမွန်တဲ့ အနာဂတ် ကိုရှေးရှုတဲ့ သီချင်းမျိုးက ဘယ်လိုနေ ရာမျိုးမှာ မဆိုသုံးခွင့် ရှိတယ် ထင်တယ်။ဘယ်လိုအခွေ မျိုး မှာမဆို ထည့်ပိုင်ခွင့်ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့နိုင်ငံရေး ဆို တာလူ တိုင်းနဲ့ ကင်းလို့မရပါဘူး။ အဲ့ဒါမှ ကိုယ်လုပ်နေတဲ့ အလုပ် နဲ့ တွဲပြီး နိုင်ငံရဲ့ကောင်း ကျိုးကို အများကြီး ပုံဖော် လို့ ရပါတယ်။
ရဲရဲ

အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်


ပဲခူးတိုင်း(အနောက်ပိုင်း)ပြည်မြို့၊ကမ်းနားလမ်း၊ကျောင်းကြီးအိုးတန်း
ရပ်ကွက်တွင် Myanmar MAAHKaWa(မအဲခ၀)အမည်ရှိဂျပန်
ပိုင်အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်
ထားကြောင်းသိရှိရသည်။

ထိုစက်ရုံတွင်အလုပ်ချိန် မနက်ခြောက်နာရီခွဲမှနေ့လည်တစ်နာရီခွဲ၊နေ့လည်တစ်နာရီခွဲမှ
ညကိုးနာရီခွဲ အလုပ်ချိန်နှစ်ချိန်ရှိသည်။ဝန်ထမ်3း8ယောက်ခန့်ထားရာ
ရုံးဝန်ထမ်းမှအပ ကျန်စက်ချုပ်ဝန်ထမ်းများကို လစာတစ်သိန်းနှစ်သောင်းဖြင့်
အလုပ်ခန့်ခဲ့ပြီး အမှန်တကယ်မှာ လစာခြောက်သောင်းသာပေးခဲ့သည်။

ထို့အပြင်ဂျပန်သို့ပညာတော်သင်ရန် လွှတ်မည်ဟုပြောကာ ပတ်စပို့များပြုလုပ်ခိုင်းပြီး
ဝန်ထမ်းများအားလိမ်ညာခဲ့သည်။အခွန်ရှောင်လိုသဖြင့် ယခုအခါ မြန်မာ သီတာ
အမည်ပြောင်းပြီး တရားမ၀င်ဖွင့်လှစ်ထားပါသည်။

ဝန်ထမ်းများအားသက်ဆိုင်ရာမှလာရောက်မေးမြန်းလျှင် ဂျပန်မှဝယ်ယူမည်ဖြစ်သဖြင့်
ဂျပန်နည်းပညာလာပြကြောင်းပြောကြားရန် မှာထားကြောင်းလည်းသိရသည်။

ထိုတရားမ၀င် ဂျပန်အထည်ချုပ်စက်ရုံကို
2013ရှစ်လပိုင်းတွင်အောင်ဆန်းပြည်သာယာကွက်သစ်သို့ပြောင်းရွှေ
့ရန်စီစဉ်ထားကြောင်းလည်း သိရှိရသည်။ထိုဂျပန်ပိုင်အထည်စက်ရုံအတွက်
တာဝန်ယူထားသူများမှာ ရန်ကုန်ဆူးလေဘုရားအနီးရှိ ဗိုလ်ဆွန်ပက်တာဝါတွင်
ဖွင့်လှစ်ထားသောVEVOပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းလုပ်ငန်းပိုင်ရှင် ဦးရဲထွန်း
နှင့် မဇင်မာထွန်း(ကမ္ဘာစိုးစတိုး ၊ပြည်ြမို့ )တို့ဖြစ်ကြောင်းသိရသည်။

အလုပ်သမားများ၏ရပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် အခွန်ရှောင်
ဖွင့်လှစ်ထားခြင်းတို့ကို သက်ဆိုင်ရာမှ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။


သတင်းပေါင်းစုံ

ချစ်သူက အဆိပ်သောက်သေသဖြင့် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်


ချစ်သူမိန်းကလေးက အဆိပ်သောက်ပြီး အဆုံးစီရင်သွားသောကြောင့် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်မှုတစ်ခု သြဂုတ် ၅ ရက်က မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ အမှုအခင်းသည် မင်္ဂလာဒုံမြို့နယ်မှ အပိုင် ( ၆)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသွား သည့် အမျိုးသားမှာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်းလည်း ရဲဌာနက အတည်ပြုထားသည်။

သေဆုံးသူ၏ ရည်းစားဖြစ်သူ မိန်းကလေးငယ်သည် တိုက်ကြီးမြို့ရှိ သူ့၏နေအိမ်တွင် လွန်ခဲ့သော ၁၃ ရက်ခန့်က အဆိပ်သောက် သေဆုံးခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း ၎င်းလူငယ်သည် စိတ်ညစ်သဖြင့် သေချင်ကြောင်း မိဘများကို မကြာခဏ ပြောကြားလေ့ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုသေဆုံးသွားသည့် လူငယ်သည် သူ့အိမ်မှ အမြင့် ၁၀ ပေခန့်ရှိသော ထုပ်တန်းတွင် လျှပ်စစ်မီးပူသုံး ၀ါယာကြိုးဖြင့် လည်ပင်းကို ချည်လျှက် ဆွဲကြိုးချခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကို ဈေးရောင်းရာမှ ပြန်လာသော မိဘများက မြင်သဖြင့် ၀ါယာကြိုးကို ကတ်ကြေးဖြင့် အမြန်ဖြတ်ချခဲ့သော်လည်း အသက်မမီဘဲ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရသော်လည်း ထိုလူငယ်သေဆုံးမှုသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ သေဆုံးခြင်း တကယ်ဟုတ်မဟုတ် သေချာစေရန် ရဲများက အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင် စစ်ဆေးနေကြောင်းလည်း ဆက်လက်ထုတ် ပြန်ထားသည်။

ထိုလူငယ် မိမိကိုယ် အဆုံးစီရင်သည့် သြဂုတ် ၅ ရက် တစ်ရက်တည်းတွင် ကြည့်မြင်တိုင်မြို့နယ်တွင် အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦး ပုဆိုးကိုကျစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်မှု တစ်ခု၊ အင်းစိန်မြို့နယ်တွင် အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ်ဆန်းမှ ပြီးခဲ့သည့် မေ ၁၆ ရက်အထိ ရက်ပေါင်း ၁၃၀ ကျော် ကာလအတွင်း မိမိကိုယ်ကို အဆုံးစီရင်မှုပေါင်း ၈၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့က မဇ္ဈိမကိုဖြေကြားသည့် မှုခင်းဆိုင်ရာ အချက်အလက်များတွင် ပါရှိသည်။

ဇော်ဇော်ထွေး | Mizzima - News in Burmese

စတိဗ်ဂျော့ သမိုင်းကြောင်း ရုပ်ရှင် သြဂုတ် ၁၆ ရုံတင်မည်


Apple ကုမ္မဏီအား ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့အကြောင်းကို ရိုက်ကူးတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင် အမည်ကို Jobs လို့ အမည်ပေးထားပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ စတင် ရုံတင်ဖို့ အတည်ပြုလိုက်ပါပြီ။ သို့ပေမယ့် ကမ္ဘာအနှံ့ ရုံတင်ပြသနိုင်ဖို့က ဆွေးနွေး တိုင်ပင်ဆဲ ကာလဖြစ်ကြောင်း ဆိုပါတယ်။ ရုပ်ရှင် ၁၉၇၁ ခုနှစ်ကစလို့ ပထမဆုံး iPod တီထွင်တဲ့ကာလအထိ အနှစ် ၃၀ စာကို Cover လုပ်ထားပါတယ်။ အများစု ပေးတဲ့ ဝေဖန်ချက်အရ ရုပ်ရှင် စတိဗ်ဂျော့အကြောင်း ပြည့်ပြည့်စုံစုံကို မီးမောင်းမထိုးပြနိုင်ပေမယ့် Apple ဖြစ်ပေါ်လာပုံကို အခြေခံအားဖြင့် ဖော်ပြနိုင်တဲ့ ရုပ်ရှင်လို့ ဆိုပါတယ်။ Apple တင်မက Pixar တို့လို အခြား စတူဒီယိုလုပ်ငန်းတို့ကို စတိဗ်ဂျော့တစ်ယောက် ဘယ်လောက်ထိ ကြိုးစားဖန်တီးသွားတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

ရုပ်ရှင်က စတိဗ်ဂျော့ကွယ်လွန်သွားချိန်အထိကို မလွမ်းခြုံထားပါဘူး။ ပထမဆုံး iPod မျိုးဆက် ဖန်တီးချပြ နိုင်မှုနဲ့ အဆုံးသတ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝေဖန်ခံရတာပါ။ Dermot Mulroney, Josh Gad, Lukas Haas, J.K. Simmons နဲ့ Matthew Modine အစရှိတဲ့ ရုပ်ရှင်သရုပ်ဆာင်များ ပါဝင်ပေးထားပါတယ်။Ashton Kutcher က စတိဗ်ဂျော့နေရာမှာ ပါဝင်သရုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ရုပ်ရှင် Trailer များကို အောက်ပါ လခ့်တွေမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/SKZfFpCKJLM
http://youtu.be/3rOiXeKaUUM

Aung Kham (TSJ team)

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသား ပျက်စီးနိုင်


ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသား ပျက်စီးနိုင်
Wednesday, August 07, 2013

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကို အန္တရာယ်ဖြစ်စေသည့်အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည်လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့ ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ” ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။

ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။

“ အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။
မြ၀တီ

ယောဂီဥပုသ်သည်များအား ဆဲဆိုကြိမ်းမောင်းသဖြင့် အရေးယူ

၆.၈.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်နေ ဦးထိန်မင်းသည် မိတ်ဆွေယောဂီများနှင့်အတူ ဥပုသ်သီလဆောက်တည်ရန်အတွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း အုပ်စု၊ ၀ါးတာကျေးရွာအနီးရှိ လှည်းကူးစမ်းဓမ္မတောရကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။

ထိုသို့သွားရောက်စဉ် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅/၂ အနီးအရောက် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြရာ ဆံရှည်(ခ)အောင်ကျော်လင်း(စုံစမ်းဆဲ) ဆိုသူမှ ဦးထိန်မင်းနှင့်
ယောဂီဥပုသ်သည်များအား ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်း
ခဲ့သောကြောင့် အရေးယူပေးပါရန် ဦးထိန်မင်းမှတိုင်တန်းခဲ့သဖြင့်
ဖောင်ကြီး နယ်မြေရဲစခန်း (ပ)၈၄/၂၀၁၃၊ ပုဒ်မ ၂၉၄/၂၉၅/၅၀၆ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
မြ၀တီ

ငွေသိန်း ၂၅၀နှင့် အမျိုးသမီး အငှားကားပေါ်တွင် သတိလစ်ပြီး ငွေ များပျောက်နေ

ငွေကျပ်သိန်း ၂၅၀ သယ်ဆောင်လာသဖြင့် အငှားကားငှားစီးခဲ့သူ အမျိုးသမီးတစ်ဦး ကားပေါ်တွင် သတိလစ်သွားခဲ့ပြီး ငွေများ လည်း ပျောက်ဆုံးနေမှုတစ်ခု မြောက်ဥက္ကလာပ ရဲစခန်းတွင် သြဂုတ် ၅ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ငွေများ ပျောက်ဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၅ နှစ်အရွယ် လက်ကိုင်ဖုန်း ၀ယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

သူမသည် လွန်ခဲ့သော သုံးလခန့်ကတည်းက သိကျွမ်းပြီး လက်ကိုင်ဖုန်း အရောင်းအ၀ယ် ပူးတွဲလုပ်ကိုင်သူ တရုတ်လူမျိုး သူဌေးတစ်ဦးက တယ်လီဖုန်းရောင်းရငွေများ ပြန်ပေးမည်ဖြစ်သဖြင့် တာမွေမြို့နယ် သီတာလမ်းထိပ်သို့ ဇူလိုင် ၃၀ ရက် မွန်းလွဲတွင် လာရောက်ရန် ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း ရဲကို ထွက်ဆိုထားသည်။

သို့သော် ထိုသူရောက်မလာသဖြင့် ဆက်သွယ်လိုက်ရာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အနီးရှိ စားသောက်ဆိုင် တစ်ခုသို့ ထပ်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုဆိုင်သို့ ရောက်သောအခါ တရုတ်သူဌေး၏ တပည့်ဆိုသူ ပေးသည့် ငွေကျပ်သိန်း ၂၅၀ ကို ရေတွက်ယူပြီး ထိုသူကပင် ငှားပေးသည့် ကားနှင့်
ပြန်လာခဲ့သည်ဟု သူမက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့နောက် ကားပေါ်တွင် လိုက်ပါလာရင်း ဖုန်းပြောနေစဉ် သတိလစ်သွားခဲ့ပြီး ညသန်းခေါင်အချိန်တွင် ပြန်နိုးလာသဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကားလမ်းဘေး တစ်နေရာတွင် ရောက်ရှိနေကြောင်း သိခဲ့ရသည်ဟုလည်း ကာယကံရှင်က ရဲကို တိုင်တန်းထားသေးသည်။

ထို့ပြင် သူမနှင့်အတူပါလာသော ငွေ ကျပ်သိန်း ၂၅၀ သည်လည်း ပျောက်ဆုံးနေသလို ဘောင်းဘီအိတ်ထဲတွင် ပါလာသော ငွေကျပ် တစ်သိန်းငါးသောင်းနှင့် သူ့ဖုန်းပါ ပျောက်ဆုံးသွားခဲ့သည်ဟုလည်း ရဲကို ပြောကြားထားသည်။

၎င်းအမျိုးသမီးသည် သူနှင့်အတူလက်တွဲ အလုပ်လုပ်ကိုင်ခဲ့သည်ဆိုသော တရုတ်သူဌေး၏ အမည်နှင့် သူ့ထံ ငွေများလာပေးသည့် ထိုသူဌေး၏ တပည့်အမည်တို့ကို မသိရှိကြောင်းလည်း ရဲများကို ထွက်ဆို ထားသည်။

သူမသည် ညသန်းခေါင်အချိန် ပြန်နိုးလာချိန် ရောက်ရှိနေသည်မှာလည်း ဆင်ခြေဖုံးမြို့နယ်ဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာအနီး ကားလမ်းဘေးတွင် ဖြစ်ကြောင်းလည်း ရဲက အတည်ပြုထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ငွေများကို ခိုးယူသွားသူကို စုံစမ်းပေးပါရန် ၎င်းအမျိုးသမီးက မြောက်ဥက္ကလာပ ရဲစခန်း၌ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းက အမှုအမှတ်(ပ)၆၂၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ ဖြင့် တရားစွဲဆိုမည်ဟု သတင်းထုတ်ပြန် ထား သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

၁၅၀၀ တန် စီဒီအမ်အေဖုန်းများ ဖုန်းခေါ်စဉ် သီချင်းသံကြားသည့်စနစ် အသုံးပြုသူ နှစ်သောင်းခွဲကျော်ရှိ

ဧပြီလအတွင်းက စတင်ချထားပေးခဲ့သည့် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများအတွက် ဖုန်းခေါ်စဉ် စောင့်ဆိုင်းတေးသံ (caller Ring Back Tone ) စနစ်ကို အသုံးပြုသူမှာ သြဂုတ်လ ပထမပတ်အထိ နှစ်သောင်းကျော်ရှိနေပြီဖြစ်သည်ဟု ယင်းဝန်ဆောင်မှုကိုပေးသည့် MTS (Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဦးသက်ဇင်က ပြောသည်။

“Hello Music” ဟု နာမည်ပေးထားသည့် ယင်းဝန်ဆောင်မှုကို ပြီးခဲ့သည့်မေလအတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လဆန်းအထိ အသုံးပြုသူ နှစ်သောင်းကျော်ရှိနေခြင်း ဖြစ်သည်။

ယင်းဝန်ဆောင်မှုအသုံးပြုခြင်းနှင့်ပတ်သက်ပြီး “အခုထိဖုန်း ring tone ထည့်တာကတော့ စီဒီအမ်အေ ၁၅၀၀ တန်ဖုန်းတွေပါပဲ။ ကြိုက်တဲ့သီချင်းကို ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်မှာ ရွေးချယ်နိုင်ပါတယ်။ကိုယ်ကြိုက်တဲ့သီချင်းက ၀က်ဘ်ဆိုဒ်မှာ မရှိရင်လည်း သက်ဆိုင်ရာဌာနကို ဖုန်းဆက်ပြီးပြောပြပေးလို့ ရပါတယ်” ဟု ပြောသည်။

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဇူလိုင်လနောက်ဆုံးပတ်ခန့်က MTS ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုလိုပါက ဖုန်းနံပါတ်-၁၂၁၂ သို့ ခေါ်ကာ ၀န်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။ ယင်းအပြင် ၃၃၃ သို့ “register” ဟု ရိုက်၍ စာတိုပို့စနစ်ပေးပို့ခြင်းဖြင့်လည်း ဆောင်ရွက်နိုင်သည်။

အဆိုပါ Hello Music ၀န်ဆောင်မှု အသုံးပြုခအတွက် လစဉ်ကြေးတစ်လလျှင် ကျပ် ၂၀၀၀ နှင့် သီချင်းတစ်ပုဒ်အတွက် ငွေကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်သည်။

Hello Music ၀န်ဆောင်မှုမှာ ဖုန်းခေါ်ဆိုရာတွင် ပုံမှန်အသံအစား မိမိနှစ်သက်သော Music Clip များနှင့် အစားထိုးခြင်းဖြစ်ပြီး ယခုအသစ်ထပ်မံထွက်ရှိလာသော ၁၅၀၀ တန် စီဒီအမ်အေ ၀၉၃ ... နှင့် စသောဖုန်းများအတွက် Myanmar Telecommunication & Technology Services Co., Ltd. (MTS) မှ ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။

ယင်းဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မိတ်ဆွေသူငယ်ချင်းများထံသို့ Music Clip များ လက်ဆောင်ပေးနိုင်ခြင်း၊ မိတ်ဆွေတစ်ဦးချင်းအလိုက် နှစ်သက်ရာ Music Clip အား ခွဲခြားသတ်မှတ်နိုင်ခြင်းနှင့် ဖုန်းအတွင်း သတ်မှတ်ထားသောအုပ်စုများအား မိမိနှစ်သက်ရာ Music Clip များ သတ်မှတ်နိုင်ခြင်း စသည့် ၀န်ဆောင်မှုများကို ရယူနိုင်ကြောင်းသိရသည်။

ယင်းဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အခြားမိုဘိုင်းဖုန်းများတွင်လည်း ဆောင်ရွက်နိုင်ပြီး ၁၅၀၀ တန်ဖုန်းများအတွက်မူ ပြီးခဲ့သည့် မေလကမှ စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ ၁၅၀၀ တန်မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများမှတစ်ဆင့် ချထားပေးခြင်းဖြစ်သည်။

မြ၀တီ

လက်ပံတောင်းအရေးကြောင့် ၀ရမ်းထုတ်ထားသူများကိစ္စ စစ်မေးရန် ရွာသားနှစ်ဦးကို ရဲများ ဖမ်းဆီး


မင်းမင်း၊ အေးအေးကျော်၊ တိုးကြီး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၅၀ မိနစ်

လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသဖြင့် ဖမ်းဝရမ်း ထုတ်ထားခြင်းခံရသူများသည် ဇီးတောရွာ ဘုန်း ကြီးကျောင်းတွင် ပုန်းခိုနေကြောင်း ရဲများက သတင်းရပြီး ၀င်ရှာရာ မတွေ့သဖြင့် ထိုသူများကိစ္စ စစ်မေး ရန် ရွာသားနှစ်ဦးကို သြဂုတ် ၆ ရက် နံနက်မိုးမလင်းခင် ဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်း သတင်းတပ်ဖွဲ့ရဲ မှူးက ပြောသည်။

“၀ရမ်းထုတ်ထားတဲ့သူတွေနဲ့ ပတ်သက်ပြီး မေးစရာလေးတွေရှိတာ မေးနေပါတယ်။ တရားခံမဟုတ်ရင် ပြန်လွှတ်မှာပါ”ဟု ရဲမှူးဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။

ရဲများသည် ကနဦးက ရွာသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လက်ရှိ ရဲများ၏ ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ဇီးတောရွာမှ လယ်သမားများဖြစ် သည့် ဦးမောင်တူးနှင့် ဦးတင်လင်းတို့ဖြစ်သည်ဟု ဒေသခံတို့က ဆက်ပြောသည်။

ရဲများလက်မှ ပြန်လည်လွတ်မြောက်လာသည့် အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ကျွန်တော့ကို စစ် ဖိနပ်နဲ့ နှစ်ခါ ၀င်ကန်ပါတယ်။ ပါးတွေရိုက်ပြီး ၀မ်းလျားမှောက်ခိုင်းပြီး ကန်တယ်”ဟု သူ၏ အတွေ့အကြုံ ကို ပြောသည်။ သို့သော် ရဲမှူးစိုးအောင်ကမူ “ကျွန်တော်တို့ ရိုက်တာနှက်တာ မရှိပါဘူး”ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ဇီးတောရွာသားများသည် ၀ါဆိုလကွယ်ဥပုသ်နေ့တွင် စတုဒိသာကျွေးမွေးရန် ဆန်ပြုတ် ပြုတ်ရန် ဘုန်းကြီးကျောင်းတွင် ညအိပ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံတို့က အတည်ပြုသည်။

ထိုသို့ ရဲများ ၀င်ဖမ်းစဉ်က ရဲအင်အား ၂၀ ခန့်ပင် ပါဝင်ကြောင်း ရွာသားများက ပြောသော်လည်း ရဲဌာန ဘက်ကမူ ယင်းကိစ္စသည် လုံခြုံရေးနှင့်ဆိုင်သဖြင့် အတည်မပြုပေးနိုင်ကြောင်း မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသဖြင့် အာဏာပိုင်များက ၀ရမ်းထုတ်ထားခံရသူများအ နက် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးကို ရဲများက ဖမ်းဆီးထားပြီးဖြစ်သော်လည်း ကျန်ခုနစ်ဦးဖြစ်သည့် ကိုဘထူး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူ၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုသောင်းထိုက်ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်မှ ကိုဟန်ဝင်းအောင်တို့ကိုမူ ဖမ်းမမိသေးပေ။

၎င်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၃ တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာ ကျင်စေမှု၊ ပုဒ်မ ၄၄၇ စီမံကိန်းဧရိယာအတွင်း ကျော်နင်းမှု၊ ပုဒ်မ ၁၄၃ ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု၊ ပုဒ်မ ၃၄ အကြံအစည်တစ်ခုကို အထမြောက်စေရန် တစ်ဦးထက်ပိုသော လူများစုဝေးမှု စသည့် အမှုများ နှင့် ဆားလင်းကြီး တရားရုံးတွင် တရားစွဲထားသည်။

သူတို့သည် ပြီးခဲ့သည့် ဧပြီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ဒေသခံ ရွာသားများ လယ်ထွန်ခြင်းကို ရဲများက တားဆီးသဖြင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့မှု၊ ဒေသခံများနှင့် အာဏာပိုင်များ တင်းမာနေမှုတို့ကို သွားရောက် ညှိနှိုင်းရာမှ ယခုကဲ့သို့ ၀ရမ်းထုတ်ခံရခြင်း ဖြစ်သည်။

ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီ၊ စစ် တပ်မှ ထိပ်တန်းအရာရှိကြီးများ ဦးစီးသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် သမ္မတဦးသိန်းစိန်အစိုးရ တို့အကြား စာချုပ်သစ် ပြန်လည် ချုပ်ဆိုခဲ့သည်။

ယင်းစာချုပ်သစ်ကြောင့် ကြေးနီစီမံကိန်းမှရသည့် အမြတ်ခွဲဝေမှု အချိုးအစားများ ပြောင်းလဲခဲ့ရာ ယခင် က တရုတ်ပိုင်ဝမ်ပေါင်သည် အမြတ်၏ ၄၉ ရာခိုင်နှုန်းကို ရမည်ဖြစ်သော်လည်း၊ စာချုပ်သစ်အရ ၀မ်ပေါင် သည် အကျိုးအမြတ်၏ ၃၀ ရာခိုင်နှုန်းသာ ရတော့မည် ဖြစ်သည်။

လက်ပံတောင်း ကြေးနီတောင်စီမံကိန်းအား စစ်အစိုးရလက်ထက်ဖြစ်သော ၁၉၉၈ ခုနှစ်တွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး၂၀၁၀ခုနှစ် တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှောင်းပိုင်းက ကြေးနီစီမံကိန်းကို ကန့်ကွက်သူများက လက်ပံတောင်းစီမံကိန်း အတွင်း၌ သပိတ်စခန်းများ ဖွင့်ထားသည်ကို အာဏာပိုင်များက ဖြိုခွင်းခဲ့ရာ သံဃာအပါး ၁၀၀ ကျော်နှင့် ပြည်သူအချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဒဏ်ရာအဆိုးရွားဆုံးဖြစ်သည့် သံဃာနှစ်ပါးမှာ အရေ ပြားအစားထိုး၍ပင် ကုသခဲ့ရသည်။
Mizzima - News in Burmese

အိမ်၊ ခြံ၊ မြေ အထူးကိုယ်စားလှယ် လွှဲစာ အရောင်းအဝယ် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်


ရန်ုကုန်၊ သြဂုတ် ၆

ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) သက်တမ်း ခွင့်ပြုခြင်းကို တိုးမြှင့်ပြီးနောက် အိမ်၊ ခြံ၊ မြေ အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ်မှု ၄၀ ရာခိုင်နှုန်းကျော် မြင့်တက် လာကြောင်း အဆိုပါ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) သက်တမ်းကို ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်ခန့်က စတင်၍ သက်တမ်း တစ်နှစ်မှ သုံးနှစ်အထိ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ်မှု ၄၅ ရာခိုင်နှုန်းခန့်ထိ မြင့်တက် လာကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမျိုးအောင်က ပြောကြားသည်။

“အရင်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အခု သက်တမ်းတိုးလိုက်မှ အများစုက Special Power နဲ့ပဲ လုပ်လာတော့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုကို အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) ဖြင့် အများစု လုပ်ကိုင်နေကြသော်လည်း ၎င်း၏ အားနည်းချက်မှာ အမည်ပေါက် ပိုင်ဆိုင်ထားသူ သေဆုံးခဲ့မည်ဆို ပါက ယင်းကိုင်ဆောင်ထားသူ၏ Special Power သည် ဆက်လက် အသုံးပြုခွင့် မရှိတော့ခြင်း ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ရှေ့နေ ဦးမောင်မောင်သူရက ရှင်းပြသည်။

ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံ လျက်ရှိသော ဝယ်ရောင်း အများစုသည် အခွန်ရှောင်လို၍ အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ် လုပ်ကိုင်လျက်ရှိပြီး ယင်း အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ်မှုသည် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ထိ ရှိကြောင်း ဇေယျာမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးမင်းမင်းက ပြောကြားသည်။

“ဝယ်ရောင်းတွေက ရှောင်တာ ရှားတာ လုပ်ချင်လို့ SP နဲ့ ကာဗာ လုပ်ကြ တယ်။ SP ကိုင်ဆောင်ထားတဲ့ လူပဲဖြစ်ဖြစ်၊ အမည်ပေါက် ရောင်းသူပဲဖြစ်ဖြစ် အခွန်ကတော့ ဆောင်ရမှာပဲ။ ဝင်ငွေ ပြနိုင်ရင် ၁၅ ရာခိုင်နှုန်း ဆောင်ရမယ်။ ဝင်ငွေ မပြနိုင်ဘူး ဆိုရင်တော့ ၃၀ ရာခိုင်နှုန်း ဆောင်ရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ဂရန် အမည်ပေါက်ဈေးနှင့် အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) ဈေးသည် ၃၀ ရာခိုင်နှုန်း ခန့် ဈေးနှုန်း ကွာဟလျက် ရှိခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု အများစု ကို အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) ဖြင့်သာ လုပ်ကိုင်နေ ကြခြင်း ဖြစ်သည်ဟု ဦးနေမျိုးအောင်က သုံးသပ်သည်။

ဟိန်းမြတ်စိုး
The Voice Weekly

မြိတ်အာဏာပိုင်တို့ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ပိုစတာများ ဖြုတ်သိမ်း

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၁ မိနစ်

တနင်္သာရီတိုင်း မြိတ်မြို့တွင် စိုက်ထူ ချိတ်ဆွဲထားသည့် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ပိုစတာများ သြဂုတ်လ ၅ ရက် ညတွင် အာဏာပိုင်များမှ ဖြုတ်ယူသိမ်းဆည်းသွားသည်ဟု အခမ်းအနား ကျင်းပရေး ကော်မတီက ပြောသည်။

ပိုစတာ ၁၁ ခုအနက် ၈ ခုခန့်ကို ည ၉ နာရီဝန်းကျင်တွင် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ငွေရတုအခမ်းအနားကျင်းပရေး ကော်မတီဝင်နှင့် မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုတင်ကိုကိုဦးက ပြောသည်။

သြဂုတ်လ ၅ ရက် မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အခမ်းအ နားကျင်းပရေးကော်မတီကို ခရိုင်ရုံးတွင် ခေါ်ယူတွေ့ဆုံရာ ပိုစတာပါ စာသားအချို့ကြောင့် ဆူပူအုံကြွမှု ဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ ပိုစတာများကို ဖြုတ်သိမ်းပေးရန် ပြောဆိုခဲ့သည်ဟုလည်း ကိုတင်ကိုကိုဦး က ပြောသည်။

“စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုတာနဲ့ အရေးတော်ပုံဆိုတဲ့ စာသားတွေ ပါနေလို့ ဖြုတ်ပေးပါတဲ့။ ကျွန်တော်တို့က ဖြုတ်/မဖြုတ် ဘာမှမပြောခဲ့ဘူး။ ညရောက်တော့ သူတို့ဝင်ဖြုတ်ချမယ်လုပ်တော့ ကျွန်တော် တို့ဘာသာ ဖြုတ်မယ်လို့ အကြောင်းပြန်လိုက်တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ၀င်ဖြုတ်လိုက်တာ ကျွန်တော်တို့ တစ်ခု၊ နှစ်ခုပဲ ဖြုတ်ရတယ်”ဟု ကိုတင်ကိုကိုဦးက ပြောသည်။

ပိုစတာများတွင် “မြန်မာနိုင်ငံ စစ်အာဏာရှင် ဖယ်ရှားရေး၊ ဒီမိုကရေစီအရေးတို့အတွက် တိုင်းရင်းသား၊ ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လူထုလှုပ်ရှားမှုကြီး ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားသို့ မြိတ်မြို့ ပြည်သူတစ်ရပ်လုံး တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်”ဟု ရေးသားထားသည်။

မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “သူတို့ရေးထားတဲ့ အကြောင်းလေးတွေက နည်းနည်း လှုံ့ဆော်မှုသဘောမျိုး သက်ရောက်နေတယ်လေ။ မနေ့နေ့လည်ပိုင်းကတည်းက သူတို့နဲ့ ဆွေးနွေးထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရထားပါတယ်။ စာသားအသုံးအနှုန်းတွေက မဆီ လျော်လို့ ရုတ်သိမ်းပေးပါဆိုတာ သူတို့လက်ခံတယ်လေ။ အဲဒါကို သူတို့ဖြုတ်ဖို့ကျတော့ သူတို့မှာအခက် အခဲရှိလို့ပါဆိုလို့ ကျွန်တော်တို့ လိုက်ဖြုတ်ပေးတာပါ”ဟု ပြောသည်။

ရပ်ကွက်နှင့် ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးများရှိ ပိုစတာများကို မြို့နယ် NLD တာဝန် ရှိသူများအား အကြောင်းကြားခြင်းမရှိဘဲ ရဲများနှင့် ၀င်ရောက်ဖျက်ဆီးခဲ့သည်မှာ ဘောင်ကျော်သည့် လုပ်ရပ်ဖြစ်ပြီး သမိုင်းမှန်ကို ဖုံးကွယ်လိုသည့် လုပ်ရပ်ဖြစ်သည်ဟု NLD လူငယ်များက ဝေဖန်သည်။

“သမ္မတကြီးပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ။ စစ်အာဏာရှင်ဆိုတဲ့ စကားက တကယ်ရော မမှန်ခဲ့လို့လား။ ၈၈ ကရော အရေးတော်ပုံမဟုတ်လို့ ဘောလုံးပွဲလား။ ဘာ့ကြောင့် လက်မခံတာလဲ။ ကျွန်တော် တို့လုပ်တာ သမိုင်းကို လူငယ်တွေ အမှန်အတိုင်း သိမြင်ပြီး လက်ဆင့်ကမ်းဖို့ပါ။ အခုလုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု မြိတ်မြို့နယ် NLD လူငယ်တစ်ဦးဖြစ်သူ ကိုဥက္ကာမင်းက ပြောသည်။

သြဂုတ်လ ၄ ရက်ညပိုင်းတွင်လည်း လူစည်ကားသည့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီး အလျား ၁၈ ပေ၊ အနံ ၃ ပေရှိ အကြီးဆုံး ဗွီနိုင်းပိုစတာကို ဖြုတ်ယူ ဖျက်ဆီးခဲ့ပြီး ကျင်းပရေးကော်မတီက သြဂုတ်လ ၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ပြန်လည် စိုက်ထူခဲ့ရသည်။

ဖြုတ်ယူ ဖျက်ဆီးခံရပြီးနောက် သြဂုတ် လ ၅ ရက်တွင် မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့က အထက်ပါ လုပ်ရပ်သည် ဒီမိုကရေစီအရေးအား နောက်ပြန်လှည့်လိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး “မည်သည့် ဒီမိုကရေစီစနစ်အား နောက်ပြန်လှည့်လိုမှု၊ မြိတ်မြို့တည်ငြိမ်မှုအား ဖျက်ဆီးလိုမှုကိုမဆို လုံးဝ ထောက်ခံသွားမည်မဟုတ်ပါ”ဟု ထုတ်ပြန်သည်။

“သူတို့လုပ်လေ လူထုသိလေ ပေါ့ဗျာ။ ဖာသိဖာသာနေရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကျွန်တော် ကတော့ ရင်ထဲ ဘာမှ အစွဲအမြဲ မထားပါဘူး။ သေရင် ဘာမှ ပါသွားတာမှ မဟုတ်တာ။ သမိုင်းကိုဖျောက်ချင်လို့လုပ်လည်း သမိုင်းအမှန်က ရှိနေမှာလေ”ဟု ကိုတင်ကိုကိုဦးက ပြောသည်။

မြိတ်မြို့တွင် ပြုလုပ်မည့် ရှစ်လေးလုံး ငွေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို မြိတ်မြို့က လွင်ကျေးရွာ တောရအောက်ကျောင်းတွင် အစီအစဉ်နှစ်ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နံနက်ပိုင်းတွင် ၈၈အရေးတော်ပုံတွင် ကျဆုံးသွားသူများကို ရည်စူး၍ ဆွမ်းကျွေးတရားတော်နာ ဆောင်ရွက်မည်ဖြစ်ပြီး နေ့လည် ၁၂နာရီ အချိန်တွင် အခမ်းအနားကျင်းပမည်ဖြစ်သည်။
Mizzima - News in Burmese

သင်္ဃန်းကျွန်း လော်ကယ်ရထား တိုက်မှုကြောင့် လူတစ်ဦး သေဆုံး


ရန်ကုန်   သြဂုတ်   ၅

ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက်နှင့် ကြီးပွားရေး ရပ်ကွက်ကြား သုဝဏ္ဏ ၃၈ ကားဂိတ်အနီး မီးရထားသံလမ်းကူး စင်္ကြံတံတားနှင့် ပြည်ထောင်စုခုံးကျော် တံတားကြား မီးရထားသံလမ်းကို အမည်မသိ (စုံစမ်းဆဲ) အသက် ၄ဝ ခန့် အမျိုးသမီး တစ်ဦး လမ်းဖြတ်ကူး စဉ် ဒဂုံတက္ကသိုလ်ဘက်မှ ရန်ကုန်ဘူတာကြီးသို့ ခရီးသည်တင်ဆောင်၍ စက်ခေါင်းမောင်း ဦးမြင့်အောင်၊ ရထထ ဦးလှမြိုင်တို့ မောင်းလာသော စက်ခေါင်းအမှတ် DF1618 လော်ကယ်ရထား တိုက်မှုကြောင့် လူသေမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က မီးရထား စက်ခေါင်းမောင်း ဦးမြင့်အောင်၊ ရထထ ဦးလှမြိုင်တို့ မောင်းလာသော စက်ခေါင်းအမှတ် DF1618 နှင်းဆီလော်ကယ် အမှတ်(၄) ရထားသည် ဒဂုံတက္ကသိုလ် ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ခရီးသည်တင်ဆောင် ၍ မောင်းလာစဉ် တိုးကြောင်ကလေး ဘူတာနှင့် ငမိုးရိပ်ဘူတာကြား (မိုင်တိုင်အမှတ် ၅/၉၁ဝ ကြား) သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက်နှင့် ကြီးပွားရေး ရပ်ကွက်ကြား ၃၈ ကားဂိတ်အနီး ရထားသံလမ်းကူး စင်္ကြံတံတားနှင့် ပြည်ထောင်စု ခုံးကျော်တံတားကြား သံလမ်းပေါ်မှ အသက် ၄ဝ ခန့် အမျိုးသမီးတစ်ဦး အင်္ကျီအဖြူကွက်နှင့် ထမီအပြာပွင့် ဝတ်ဆင်သူ လမ်းဖြတ်ကူးရာမှ တိုက်မိမှု ဖြစ်ပွားခဲ့ရာ တိုက်ခံရသူမှာ ခြေထောက်နှစ်ချောင်း ပေါင်ရင်းမှပြတ်၊ ခါးပြတ်၊ ညာလက်ကောက်ဝတ်ပြတ်၊ အူများထွက်ကျ ဒဏ်ရာများရရှိပြီး နေရာ တွင် သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်သို့ သင်္ဃန်းကျွန်း မီးရထားတပ်ခွဲ ၁၂ တပ်စု (၃) မှ စုမှူး ဒုတိယရဲအုပ် သန်းအေးနှင့် အဖွဲ့၊ ရထား လခရမှ ဒုတိယတပ်ကြပ် အောင်ရီ၊ သုဝဏ္ဏ ရဲစခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်၊ ကြီးပွားရေး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကို၊ မြို့နယ် အရန်မီးသတ် ဒုတိယ တပ်ရင်းမှူး ခင်မောင်ထွန်းတို့ ရောက်ရှိ ပြီး အလောင်းအား စံပြဆေးရုံကြီးသို့ ပို့ဆောင်ကြရာ ဆေးရုံမှ ပီအာရ် ၅၇ ဖြင့် လက်ခံ ခဲ့ကြသည်။

သေမှုသေခင်းအား သုဝဏ္ဏ ရဲစခန်းမှ ဒုတိယရဲအုပ် ဝင်းနိုင်က တရားလိုပြုလုပ် အမှုဖွင့်ခဲ့ရာ စခန်းမှ  သေမှု သေခင်းအမှတ် ၈/၂ဝ၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး အမှုစစ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်က စစ်ဆေးလျက် ရှိသည်ဟု သိရသည်။

မြ၀တီ

ဦးဇင်ဝိုင်းက သူ့ဖေ့စ်ဘုတ်မှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာတာကို အခုလို ပြောပြပါတယ်


မိတ်ဆွေများခင်ဗျား
ဆေးစစ်ချက်အဖြေသိပါပြီ..တိုးတက်မှုရှိပါတယ်
နောက်တစ်လထပ်ချိန်းပါတယ်..ရန်ကုန်မှာလေ့ကျင့်ခန်းဆက်လုပ်ရပါမယ်...
အာရုံကြောအတွက်ကတော့ဆေးဆက်သောက်
ရပါမယ်..အားပေးမှုများအတွက်လဲအထူးကျေးဇူး
တင်ပါတယ်..
သူငယ်ချင်းတစ်ယောက်အားပေးတဲ့စကားနဲ့
ပြောရယင်..ကျနော်ခံစားရတဲ့ ၈၈ ကပေးတဲ့ဝေ
ဒနာဆိုတာ..မြန်မာပြည်မြို့ကြီးတွေရဲ့လမ်းမတွေ
ပေါ်မှာ..တောထဲတောင်ထဲမှာ..လူသိသူသိ..
လူမသိသမသိအသက်ပေးခဲ့တဲ့..သူရဲကောင်း
အာဇာနည်တွေနဲ့စာယင်..ခြင်ကိုက်သလောက်
ရှိပါတယ်...သူရဲကောင်းအပေါင်းကိုလည်းဦး
ညွတ်အမျှဝေပါတယ်...
အားလုံးကိုချစ်ခင်လေးစားလျှက်ပါခင်ဗျာ
မိတ်ဆွေများလိုရာဆန္ဒပြည့်ဝကြပါစေ..
မေတ္တာရည်လျှက်......... .
ဇင်ဝိုင်း
ဓာတ်ပုံ - ဇင်ဝိုင်း ဖေ့စ်ဘုတ်

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် မျိုးနွယ်စုဝင်များ ဘင်္ဂါလီ တိုက်ခိုက်မှုကြောင့် အိန္ဒိယနယ်စပ် ထွက်ပြေးဟုဆို


မောင်တော၊ သြဂုတ် ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီ မြို့နယ်တွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဘင်္ဂါလီများ က တိုက်ခိုက်မှုကြောင့် ၁၅၀၀ ဦးခန့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရ ဒေသ များသို့ ထွက်ပြေး ခိုလှုံနေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

ဘင်္ဂါလီ အမျိုးသား ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် တိုင်းရင်းသား များက ပြန်ပေးဆွဲထားသည်ဟု ကောလာဟလ သတင်း ထွက်ပေါ်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ် သည့် မရာမာ၊ သက်၊ ဒိုင်းနက် မျိုးနွယ်စုဝင် အချို့ သတ်ဖြတ်ခံရပြီး နေအိမ် များ မီးရှို့ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် ကျေးရွာ ၃ ရွာခန့် မီးရှို့ ဖျက်ဆီးခံရပြီး အိမ်ခြေ ၆၀ ခန့် ပျက်စီးသွားကာ လူ ၁၅၀၀ ကျော် အိန္ဒိယနယ်စပ် ကျေးရွာများတွင် ထွက်ပြေး ခိုလှုံနေကြာင်း ဦးဦးထွန်းလှက ထပ်မံပြော ကြားသည်။

ခါ့ရ်ခရဆော်ရီ မြို့နယ်အတွင်း ကျန်နေသော ဌာနေ တိုင်းရင်းသား ကျေးရွာ များမှာလည်း ဆက်လက် မနေထိုင်ရဲသဖြင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံ နေထိုင်ခွင့် တောင်းခံနေကြကြောင်း အာတီးဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသား များ အဖွဲ့) အဖွဲ့ထံမှ သိရှိရသည်။

တိုက်ခိုက်မှုများသည် သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သုံးရက် ကြာ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့မှ သိရှိရသည်။

ဆိုင်ကယ် ကယ်ရီသမား ပြန်ပေးဆွဲခံရသည် ဆိုသည့်သတင်း မဟုတ်မှန်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်း မီဒီယာများတွင် ဖော်ပြခဲ့ကြောင်း ဖလောင်းချိတ် မြို့တွင် နေထိုင်သူ ဦးနိုင်နိုင်မှ ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို တားဆီးပေးရန် သြဂုတ်လ ၅ ရက်နေ့က ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်များ နှင့် ပျက်စီး ဆုံးရှုံးမှုများကို အစိုးရ က ဖြေရှင်းပေးရန်၊ ယခင် ဆုံးရှုံးထားသည့် လယ်ယာမြေများကို ပြန်ပေးရန် ဖလောင်းချိတ်မြို့တွင် ရခိုင် တိုင်းရင်းသားများ ဆန္ဒပြခဲ့ကြကြောင်း ဖလောင်းချိတ် ဒေသခံများက ပြောကြားသည်။

ခင်မောင်အေး

The Voice Weekly

BMW တရုတ်စက်ရုံခွဲမှ ထုတ်လုပ်ထားသော ကားများ ပြန်လည်သိမ်းဆည်းမည်


ပါဝါစတီယာရင်တွင် ချွတ်ယွင်းချက်အချို့ ရှိနေသည်ဆိုသော ပြဿနာအတွက် ကားအစင်းရေ (၁၄၃၂၁၅)စီးကို BMW Brillainceက ပြန်လည် သိမ်းယူမည်ဟု တရုတ် အရည်အသွေး စီစစ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်

BMW ကုမ္ပဏီ၏ တရုတ်နိုင်ငံမှ ဖက်စပ်လုပ်ငန်းခွဲက ကမ္ဘာတလွှားရှိ ကားအစင်းရေ (၁၄၀,၀၀၀)ကျော်ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် ပြန်လည်သိမ်းယူမည်ဟု သိရှိရသည်။ ပါဝါစတီယာရင်တွင် ချွတ်ယွင်းချက်အချို့ ရှိနေသည်ဆိုသော ပြဿနာအတွက် ကားအစင်းရေ (၁၄၃၂၁၅)စီးကို BMW Brillainceက ပြန်လည် သိမ်းယူမည်ဟု တရုတ် အရည်အသွေး စီစစ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂျာမန် မော်တော်ကား ကုမ္ပဏီကြီး BMWသည် တရုတ်နိုင်ငံ၊ ရှန်ယန်းမြို့တွင် BMW Brilliance အမည်ဖြင့် ဖက်စပ် လုပ်ကိုင်လျှက် ရှိသည်။

အဆိုပါ စက်ရုံမှ (၂၀၀၉)ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း ထုတ်လုပ်ထားသော ကားများတွင် စတီယာရင် နည်းပညာ အားနည်းချက်များ ရှိနေခြင်းဟု ဆိုသည်။ BMW Brillianceသည် BMWနှင့် Brilliance China ကားလုပ်ငန်းတို့ (၅၀)ရာခိုင်နှုန်းစီ ပူးတွဲရပ်တည်ထားသော ကုမ္ပဏီကြီး ဖြစ်သည်။ ယခုပြန်လည် သိမ်းဆည်းမည့် အစီအစဉ်သည် BMW Brillianceက နိုင်ငံမြောက်ပိုင်း ရှန်ယန်းရှိ စက်ရုံကို တိုးချဲ့ရန် ဒေါ်လာ (၁.၅)ဘီလျံတန် စီမံကိန်းကို လျှောက်ထားပြီး တရုတ်အစိုးရက ပယ်ချခဲ့သည့်နောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်ရေး ဈေးကွက်သည် တစ်စထက်တစ်စ ကြီးမားလပြီး အမေရိကန် မော်တော်ယာဉ် လုပ်ငန်းစုကြီး GMက မိမိတို့သည် (၂၀၁၆)ခုနှစ်တွင် တရုတ်ဈေးကွက်၌ ဒေါ်လာ (၁၁)ဘီလျံမျှ မြှုပ်နှံပြီး ဖြစ်နေမည်ဟု ဇွန်လက ကြေညာခဲ့သည်။ မေလအတွင်းကလည်း ဂျာမန် ကားကုမ္ပဏီ Volkswagenက တရုတ်အလယ်ပိုင်း ချန်ရှာမြို့တွင် ကားစက်ရုံသစ် တစ်ခု ဆောက်လုပ်မည့် စီမံကိန်းကို စတင်ခဲ့ပြီး ယင်းသည် (၂၀၁၅)ခုနှစ်နှောင်းပိုင်းတွင် ပြီးစီးဖွယ် ရှိသည်။ အဆိုပါ စက်ရုံသည် နှစ်စဉ် ကားအစင်းရေ (၃၀၀၀၀၀)မျှ ထုတ်လုပ်နိုင်မည်ဟုလည်း သိရှိရသည်။
Planet Myanmar Network

မြန်မာ့ ဖြတ်၊ ဖောက်၊ ချုပ် (ထိုင်းလိုဆိုရင်တော့ ladyboy)


သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

 အလှဖန်တီးတဲ့ သူ့ရဲ့ ဆိုင်တွင်းမှာ သာမန်အချိန်တွေ့ရတဲ့ PAT၊ ဓာတ်ပုံ- အိမ့်သံစဉ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလှဖန်တီးရှင်တဦးအနေနဲ့ ဆယ်နှစ်ကျော်ကြာ ဘ၀ကို ဖြတ်သန်းရင်း သူ့ ကိုယ်သူ မိန်းကလေး ဖြစ်ချင်လွန်းလို့ ငွေကြေး အကုန်အကျခံကာ လိင်အင်္ဂါ ခွဲစိပ် အသွင်ပြောင်းလိုက်တာ ပါတဲ့။

အသက် ၃၀ အရွယ် ထိုင်းလူမျိုး PAT က သူ့ရဲ့ လိင်အင်္ဂါ ခွဲစိပ်မှုကို ချင်းမိုင်မြို့မှာပဲ ထိုင်း ဘတ်ငွေ ၃ သိန်းကျော်၊ ၄ သိန်း နီးပါး ကုန်ကျခံခွဲစိပ်ခဲ့တာ မကြာသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ဆရာဝန် ညွှန်ကြားချက်အရ လိင်ဆက်ဆံမှု ၆ လ ကြာ စောင့်ရမယ်လေ” လို့ PAT က ဆိုတယ်။

ခွဲစိပ်မှု လုပ်ပြီး ဆေးဝါးတွေ ဆက်လက်မှီဝဲနေရသေတယ်လို့ သူက ဆက်ပြောတယ်။ ခွဲစိပ်မှုအပြီး မိန်းကလေး ဘ၀ ဖြစ်သွားတဲ့ PAT က နေရ ထိုင်ရတာလည်း အဆင်ပြေပါတယ်တဲ့။ သူ့ ကျန်းမာရေး ကလည်း ကောင်းပါတယ်တဲ့။ အထူးသဖြင့် ကိုယ်ဖြစ်ချင်တာကို ဖြစ်လိုက်ရလို့ ဘ၀မှာ ယုံကြည်မှုကို ပိုရှိလာပြီး ကျေနပ်တယ်လို့ သူ က ပြောပါတယ်။



ထိုင်းနိုင်ငံရဲ့ ဆေးရုံတွေ က ၀န်ဆောင်မှု ကောင်းတာလည်း ယုံကြည်မှုကို အားကောင်းစေနိုင်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူချစ်သူဆိုတာတွေက တကယ့် မိန်းကလေး အလား ထင်မှတ်မှားနိုင်ပါတယ်။ တချို့ လည်း ယောင်္ကျား ရင့်မာကြီးပုံစံတွေလည်း တွေ့ရပါတယ်။ သူတို့ဟာ မိန်းကလေးတွေထက် သူတို့ရဲ့ အသားအရေကို ပိုဂရုစိုက်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူ ချစ်သူဆိုတာတွေဟာ ထူးထူးခြားခြား ခွဲခြား ဆက်ဆံတာမျိုး မခံရဘဲ သူတို့ ရုပ်ရှင် ကားတိုင်းလိုလိုမှာ အမြဲ လိုလို ပါဝင် တတ်တာလည်း တခု အပါအ၀င်ပါဘဲ။ အများသူငါကလည်း သာမန်လိုပဲ သူတို့ ကို ဆက်ဆံကြတာ သတိထားမိပါတယ်။ အလုပ်ခွင်တွေမှာလည်း တန်းတူ အခွင့်အရေး ရကြပါ တယ်။

ပြောရရင် ထိုင်းနိုင်ငံဟာ လိင်တူချစ်သူ အများဆုံး နိုင်ငံတွေထဲက တခုလို့ ပြောရမလားပါဘဲ။ အမျိုးသား ချင်း၊ အမျိုးသမီး ချင်း လိင်တူချစ်သူ အလွန်များတယ်လို့ ဆိုရပါမယ်။

ကျမရဲ့ ထိုင်းမိတ်ဆွေ အမျိုးသမီး တယောက်က ပြောတာက စိတ်ဝင် စားစရာပါ။ ထိုင်းနိုင်ငံမှာ မိန်းမလျှာ
ဖြစ်သွားသူတွေလည်း များ၊ ယောင်္ကျားလျှာဖြစ်သွားသူတွေလည်း များလာတာတွေ ကြောင့် ထိုင်း အမျိုးသမီးတွေမှာ ခင်ပွန်း ရှားလာတယ်လို့ သူက ပြောတယ်။

ဒီကြားထဲ အမျိုးသမီးတွေ လုပ်ကြတဲ့ လေယာဉ်မယ်၊ ကား မယ်စတဲ့ နေရာတွေမှာ လည်း မိန်းမလျှာတွေ က နေရာဝင်ယူသွားတော့ အမျိုးသမီးတွေ အတွက် အလုပ်ခွင် နေရာ လျော့ ပါတယ်တဲ့။

မနှစ်ကဆို ဒေါ်လာဘီလျံနဲ့ချီပြီး ချမ်းသာတဲ့ သူဌေးကြီးတဦးက ထိုင်းနိုင်ငံက မိန်းမလျှာ တဦးကို ဒေါ်လာ သန်းချီ တင် တောင်းပြီး ခမ်းနားတဲ့ မင်္ဂလာပွဲတောင် ကျင်းပခဲ့တာမျိုးတောင် ရှိခဲ့တယ်။

မြန်မာနိုင်ငံက လိင်တူချစ်သူတွေထဲက တချို့လည်း ဖြတ်၊ ဖောက်၊ ချုပ် လုပ်ထားကြတဲ့ သတင်းတွေ ကြားနေရပါတယ်။ တချို့လည်း နိုင်ငံခြားထွက်ပြီး လုပ်ကြသလို တချို့လည်း ပြည်တွင်းမှာပဲ လက်တည့် စမ်းလိုက်လို့ မလိုလား အပ်တဲ့ ဖြစ်စဉ် တွေ ဖြစ်ပြီး အသက်ဆုံးပါး သွားရတာမျိုးတောင် ရှိတယ်လို့ ဆိုကြတယ်။

ဖြတ်၊ ဖောက်၊ ချုပ် လုပ်လိုက်တဲ့သူတွေအတွက် မှတ်ပုံတင်မှာ ဘယ်လို ပြောင်းလဲ ဖြည့်စွက်ရမလဲ ဆို တာတော့ မြန်မာ ပြည်မှာ သေချာ မရှင်းလင်းသေးပါဘူး။

ဒီအပြင် မြန်မာပြည်က လိင်တူ ချစ်သူ ဆို တာတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ ရှိနေသေးပြီး တလောက မန္တလေးဘက် မှာ လိင်တူချစ်သူတချို့ ကျုံးဘေးနားမှာ သောင်းကျန်းတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဖမ်းဆီး နှိမ် ချ အပြစ်ပေးတာခံကြရတယ်လို့ သတင်းပေါ်ထွက်ခဲ့ပါတယ်။


အိမ့်သံစဉ် ~

သားသမီး ယူလိုသူများ အတွက် သားဥကြွေရက် သိရှိစေရန်


သင်က သားသမီးယူဖို့ ကြိုးစားနေရင် သင်ရဲ့ သားဥကြွေရက်ကို သိရှိဖို့ လိုပါတယ်။

 သားဥ ကြွေတဲ့ ရက်နဲ့ သားဥကြွေပြီး သုံးရက်မြောက်နေ့ အထိ သားသမီး ရနိုင်ခြေ များတာ ကြောင့်ပါ။ သားဥကြွေတယ် ဆိုတာက အမျိုးသမီးရဲ့ သားအိမ် တစ်ဖက် တစ်ချက်စီမှာ ရှိတဲ့ သားဥ အိမ်တွေကနေ တစ်လုံး ဒါမှမဟုတ် တစ်လုံးထက်ပိုတဲ့ သားဥတွေကို ထုတ်ပေးတာပါ။ သားဥကြွေတဲ့ အချိန်မှာ အမျိုးသားနဲ့ စပ်ယှက်တဲ့အခါ သားဥလေးက မျိုးအောင်ပြီး သားသမီး ရရှိနိုင်ပါတယ်။ သားဥကြွေတဲ့ရက်ကို သိနိုင်ဖို့ အောက်ပါ လက္ခဏာတွေကို သိရှိထားဖို့ လိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု

သားဥကြွေရက်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု အနည်းငယ် ရှိနိုင်ပါတယ်။ မသိသာ လွန်းတာကြောင့် သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

-ရင်သားတင်းတာ

-ဗိုက်အောင့်တာ

-ယောနိလမ်းကြောင်းမှ အရည်ဆင်းတာက ပုံမှန်ထက် အနည်းငယ် ပိုများတာ

-သားအိမ်ခေါင်းအဝ ပုံသဏ္ဌာန် အနည်းငယ် ပြောင်းလဲမှုရှိတာ (ဆရာဝန် စမ်းသပ်ကြည့်မှ သိနိုင်)

ခန္ဓာကိုယ် အပူချိန်

အမေရိကန် သားဖွားနဲ့ မီးယပ်ကောလိပ်က သားဥကြွေချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အပူချိန် အနည်းငယ် မြင့်တက်တယ်လို့ ဆိုပါတယ်။ ကိုယ်အပူချိန် အနည်းငယ် တက်တာကို သိရှိနိုင်ဖို့က နေ့စဉ် အိပ်ရာထမှာ ကိုယ်ပူချိန် တိုင်းတာထားဖို့တော့ လိုပါတယ်။ ဖျားတာ၊ အိပ်ပျက်များတာ၊ အလုပ်ပင်ပန်းတာ၊ စိတ်လှုပ်ရှားနေတာ စတဲ့ အချိန် တွေမှာတော့ ကိုယ်ပူချိန်ကို တိတိကျကျ တိုင်းတာလို့ မရနိုင်ပါဘူး။

မိန်းမကိုယ်မှ ဆင်းသော အရည်

သားဥကြွေတဲ့ ရက်ကို မိန်းမကိုယ်မှ ဆင်းတဲ့ အရည်ကို ကြည့်ပြီးလည်း ခွဲခြား သိနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်က အမြဲလိုလို စွတ်စိုနေတတ်တယ် ဆိုပေမယ့် သားဥ ကြွေရက်မှာတော့ တခြားနေ့တွေထက် ပိုပြီး စွတ်စို နိုင်သလို အရောင်အဆင်းလည်း ကွဲပြား ပါတယ်။ ဓမ္မတာ လာပြီးနောက် မိန်းမကိုယ်မှ ဆင်းတဲ့ အရည်က စေးကပ်ကပ် ဖြစ်နေတာမျိုး သတိထား မိနိုင်ပါတယ်။ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား သားဥကြွေတဲ့ ရက်မှာတော့ မိန်းမကိုယ်မှ အရည်ဆင်း တာက ခါတိုင်းရက်တွေထက် အနည်းငယ် ပိုများပြီး ကြက်ဥစိမ်းရဲ့ အကာရည် ကြည်လိုပဲ အရည်ကြည်တွေ ဆင်းတတ်ပါတယ်။ သားဥကြွေပြီး နောက်ရက် တွေမှာ အရည်ဆင်းတာ နည်းသွားပြီး အရည်ကြည်ကနေ အရောင်နည်းနည်း အနောက် ဖြစ်သွားပါတယ်။ မိန်းမကိုယ်တွင်း ဆေးတောင့်ထည့်ပြီး ကုသမှု ခံယူနေရသူတွေ၊ နို့တိုက်မိခင်၊ သွေးဆုံးပြီး အမျိုးသမီးတွေ၊ သားအိမ်ခေါင်း ခွဲစိတ်ကုသမှု ခံယူထားသူတွေ အနေနဲ့ မိန်းမကိုယ်မှ ဆင်းတဲ့ အရည်ကို သတိထားကြည့်မယ်ဆိုရင် အခုပြောပြတဲ့ အချက်တွေနဲ့ အနည်းငယ် လွဲတာမျိုး ဖြစ်နိုင်ပါတယ်။

အလင်း (ဆေးဝါး)

မြ၀တီ


American Idol ရာသီသစ်မှာ ဒိုင်လူကြီးအဖြစ် ပြန်လည်မြင်တွေ့ရမည့် ဂျေလို


အသက်(၄၄)နှစ်ရှိ အဆိုတော် မင်းသမီးကို American Idolတွင် တစ်ကျော့ပြန် ပါဝင်ပါရန် Fox Entertainmentက ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုအခါ အပြန်အလှန် ဆွေးနွေးမှုများ အောင်မြင်ခဲ့ပြီ ဖြစ်သည်။
Posted on Aug 06 13 - 05:56 PM | Hits : 135

အပြီးသတ် ညှိနှိုင်း ဆွေးနွေးမှုများ အောင်မြင်သည့်နောက် ရာသီသစ် American Idol အစီအစဉ်၏ ဒိုင်လူကြီး ထိုင်ခံနေရာတွင် ဂျနီဖာ လိုပက်ဇ်ကို ပြန်လည် တွေ့မြင်ရတော့မည် ဖြစ်သည်။ အသက်(၄၄)နှစ်ရှိ အဆိုတော် မင်းသမီးကို American Idolတွင် တစ်ကျော့ပြန် ပါဝင်ပါရန် Fox Entertainmentက ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုအခါ အပြန်အလှန် ဆွေးနွေးမှုများ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ သတင်းများက Fox Entertainment အနေဖြင့် ဂျေလိုဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်သည့် နာမည်ကျော် Popအဆိုတော်အား ဒေါ်လာ (၁၅)သန်း ပေးချေရမည်ဟု ဖော်ပြခဲ့သည်။ ဂျေလိုသည် American Idolတွင် (၂၀၁၁-၁၂) တစ်ရာသီစာ ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ဖူးသည်။



အစီအစဉ် တာဝန်ရှိသူများက ဂျေလိုကို တစ်ကျော့ပြန် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ခြင်းကြောင့် American Idol၏ ပုံရိပ်ကို ပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်နေကြသည်။ ပြီးခဲ့သည့်ရာသီက ပါဝင်ခဲ့သည့် ဒိုင်များအနက် မာရိုင်ကာရေးနှင့် နစ်ကီမီနက်ဂ်ျတို့မှာမူ အစီအစဉ်နှင့် ဆက်လက်၍ လက်တွဲတော့မည် မဟုတ်ချေ။ သို့သော်လည်း ကိတ်သ်အာဘန်မှာမူ ယခုရာသီတွင်လည်း ဒိုင်လူကြီး ထိုင်ခုံနေရာ၌ ဆက်မြဲနေမည် ဖြစ်သည်။ ဂျေလိုသည် (၅)နှစ်အရွယ် အမြွာကလေးငယ် နှစ်ဦးဖြစ်သူ မက်စ်နှင့် အမ်မာတို့ကို လော့စ်အန်ဂျလိစ်တွင် အခြေတကျ ဖြစ်စေရန် ရည်ရွယ်ထားပြီး Fox Entertainment၏ ညှိနှိုင်းမှုအတွက် လိုလိုလားလား ရှိခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။



On the Floorစတား အဆိုတော်၏ တစ်ကျော့ပြန် ပူးပေါင်းမှုကို American Idolက လာမည့် သီတင်းပတ်များအတွင်း အတည်ပြု ကြေညာဖွယ် ရှိနေသည်။ ဒိုင်လူကြီး (၃)ယောက် ကိုင်တွယ်ညွှန်ကြားမည့် အစီအစဉ်တွင် ဂျေလိုနှင့် အာဘန်တို့အတွက် (၂)နေရာစာ ရွေးချယ်ထားသော်လည်း တတိယတစ်ယောက်စာ လစ်လပ်နေဆဲ ဖြစ်သည်။ အဆိုပါ နေရာတွင် Black Eyed Peas အဖွဲ့မှ Will.I.Amက ရေပန်းစားနေကြောင်းလည်း သိရသည်။

WiMax အင်တာနက် ကနဦးတပ်ဆင်ခ မယူဘဲ ရောင်းချမည်


ပြည်တွင်းတွင် WiMax အင်တာနက် ၀န်ဆောင်မှုပေးသည့် Red Link Communications Company Ltd. မှ အင်တာနက် တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ တပ်ဆင်နိုင်မည်ဖြစ်သည်ဟု ယင်း ကုမ္ပဏီမှ သိရသည်။

ယင်းသို့ရောင်းချရာတွင် ကနဦးတပ် ဆင်ခအခမဲ့ဖြစ်ပြီး တပ်ဆင်ရမည့်ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကာ သုံးစွဲမည့် အင်တာနက်လိုင်း Plan အလိုက် ဈေးနှုန်းကွာခြားချက်များရှိမည်ဖြစ်သည်။

ပရိုမိုးရှင်းကာလအဖြစ် သြဂုတ် ၂ ရက် မှ ၈ ရက်အထိ Red Link ၏ Sales Office များဖြစ်သော Pearl Condo, BAK IT Mall, Junction Square၊ ချော်တွင်းကုန်းအရောင်းဆိုင်၊ Junction Mawtin အရောင်းဆိုင်နှင့် ဈေးကွက်အတွင်းရှိ Red Link အရောင်း ကိုယ်စားလှယ်ကြီးများထံတွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။

ယခင် ကျပ် ၄၅၀၀၀၀ နဲ့ရောင်းချရာ မည်သည့် Plan ဖြင့် ၀ယ်ယူသည်ဖြစ်စေ ယင်းဈေးနှုန်းတွင် ကနဦး တပ်ဆင်ခ၊ CPE (Router) တန်ဖိုးနှင့် နှစ်စဉ်ကြေးများ ပါဝင်သည်။ ယခုလျှော့ချပေးသောဈေးနှုန်းများတွင် ကနဦးတပ်ဆင်ခလျှော့ချပေးပြီး Gold Plus Plan အသုံးပြုလိုသူများအတွက် Router တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ်၂၃၀၀၀၀ ဖြစ်သည်။ Prepaid Plan အသုံးပြုသူများအတွက် Router တန်ဖိုး ၃၀ ရာခိုင်နှုန်း လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ် ၃၀၀၀၀၀ နှင့် အခြား Plan အသုံးပြုသူများမှာ ကျပ် ၄၀၅၀၀၀ ကျသင့်မည်ဖြစ်သည်။

ယင်းအပြင် Prepaid Plan အသုံးပြုသူများအတွက် 3 GB ငွေဖြည့်ကတ် ၁၀ ကတ် ၀ယ်ယူပါက 1 GB ငွေဖြည့်ကတ် ၁၀ ကတ် ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်
Mizzima - News in Burmese

ခင်ပွန်းကို အိပ်ဆေးတိုက်၊ ဓါးနှင့်ခုတ်သတ်သည့်ဇနီး


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းရဲစခန်းပိုင် တောင်စုံ အုပ်စု ဘောင့်ဘင်ကျေး ရွာတော၌ ဇူလိုင် ၂၇ ရက် ညက လူသတ်မှု ဖြစ်ပွား သည်။

 ဖြစ်စဉ်မှာ သေဆုံးသူ (သန်းထွန်း) (၄၂နှစ်)ကိုဇနီးဖြစ်သူ မနှင်းရွှေ (၄၃နှစ်) က ခင်ပွန်းဖြစ်သူကို အိပ်ဆေးတိုက်ပြီး အိပ်ပျော်နေစဉ် လည်ပင်း ကို ဓားနှင့်လှီး ပြီး ဓားမဖြင့် ရှစ်ချက်ဆက်တိုက်ခုတ်သတ်ကြောင်း။

သေဆုံးသူ  ကိုသန်းထွန်းနှင့် သတ်သူ မနှင်းရွှေတို့မှာ သားသမီးသုံးဦးရှိပြီး စီးပွားရေးချုပ်ကိုင်လွန်းသည်ဟု ဆိုကာ သတ်ရခြင်းဖြစ်ကြောင်း ၄င်းအမှုကို  မြိုင်မြို့နယ် ဗဟင်းရဲစခန်း စခန်းမှူး ရဲအုပ်ဇော်လင်းနိုင်နှင့်  နယ်ထိန်းရဲတပ်ဖွဲ့တို့က   နာရီပိုင်းအတွင်း ဖမ်းဆီးပြီး အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။    

စိန်မြိုင် - သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
သစ်ထူးလွင်

ဈေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း


ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက် ကင်း အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါ တိုင်း အောက် ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေး ပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း အောက်ခံ အဖြူသားပါအောင် စားလိုက် ကြရအောင်နော်။

မျက်နှာပေါ်က အမဲစက် ပျောက်နည်းမျက်နှာပေါ်မှာ အမည်း စက် ရှိ လို စိတ် ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ် မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးမို့ပါ။ လုပ် ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့နည်းလမ်းပါ။ အိမ်ရှင် မများ ဟင်းချိုချက်တဲ့အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်းအတိုင်း နေ့စဉ်လုပ်ပေးပါက တစ်ပတ်အတွင်းသိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ ဆေးနည်း ကောင်းလေးပါ။ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ myanmar local news မှ ပြန်လည် မျှဝေပေးလိုက်တာပါ။
myanmar local news

ကမ္ဘာ့အပါးဆုံး ဂိမ်း Laptop MSI GS70



ဘော်ဒါအိမ်မှာ Battle ဆိုင်ချင်သူများအတွက် ကမ္ဘာ့ အပါးဆုံး ဂိမ်း Laptop ဆိုပြီး MSI မှ အသစ်မိတ်ဆက်လာပါတယ်။

MSI GS70 လို့ အမည်ရပါတယ်။ Core i7 Intel Processor ကို အသုံးပြု ထားပါတယ်။ ၁ လက်မ အထူသာရှိလို့ ကမ္ဘာ့အပါးဆုံးလို့ ဆိုလိုခြင်း ဖြစ် ပါတယ်။ ၁၇.၃ လက်မ အရွယ် Full HD anti-reflective display ကို အသုံးပြုထားပြီး resolution က 1920 x 1080 ရှိပါတယ်။

Nvidia GeForce GTX 765M graphics ကို အသုံးပြုပြီး ကီးဘုတ်က SteelSeries full-colour backlit အမျိုးအစား ဖြစ်ပါတယ်။ memory ကလည်း 16GB DDR3 ဖြစ်ပါတယ်။ Webcam က 720p HD အရည် အသွေး ပေးပါတယ်။ အသံထွက် ကောင်းမွန်ပြီး USB 3.0 port များ ပါဝင်ကြောင်း ဆိုပါတယ်။

ကိုယ်ထည်ကို အလူမီနီယံနဲ့သ ပြုလုပ်ထားတဲ့အတွက် အလေးချိန်လည်း သိပ်မစားပါဘူး။ ၅.၇ ပေါင်ပဲ ရှိပါတယ်။ MSI GS70 ကို ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၀ ဝန်းကျင်နဲ့ ဖြန့်ချိရောင်း ချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)


စည်ပင် သုတ်သင်မည့် ရန်ကုန် ဆေးရုံကြီး ဝင်းမှ ခွေး အကောင် ၃၀ ကို ကယ်တင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနက ရှင်းလင်း သုတ်သင်တော့မည့် ပိုင်ရှင်မဲ့ လေလွင့် ခွေး အကောင် ၃၀ ကို ခွေးချစ်သူ နှစ်ဦးက ကယ်တင် ခဲ့ကြောင်း အဆိုပါ ခွေးများကို ကယ်တင်ခဲ့သူ ဒေါက်တာ စန်းရီထက်က The Voice သို့ ပြောကြားသည်။

အဆိုပါ ခွေးများသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း လှည့်လည် ကျက်စားသည့် ခွေးများ ဖြစ်ပြီး ကူးစက်ရောဂါ အန္တရာယ်နှင့် ဆေးရုံ လာ ပြည်သူလူထုများကို အနှောင့်အယှက် ဖြစ်စေသဖြင့် မြို့တော်စည်ပင် က မေ့ဆေးပေးကာ မသေမချင်း ရိုက်နှက် သတ်ဖြတ်မည်ကို သနားသဖြင့် သြဂုတ်လ ၄ ရက်နေ့တွင် အကောင် ၂၀ နှင့် သြဂုတ်လ ၅ ရက်နေ့တွင် ၁၀ ကောင်ကို ကယ်တင်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

“တိရစ္ဆာန် ဆိုပေမယ့် အခုလို ရက်ရက်စက်စက် သတ်တာကိုတော့ လက်မခံနိုင်ပါဘူး၊ ခွေးတွေ မရှိစေချင်ရင်လည်း တခြားနည်းနဲ့ လုပ်လို့ ရပါတယ်၊ သောကြာနေ့ (သြဂုတ်လ ၉ရက်နေ့) မှာလည်း နောက် ၁၀ကောင် ကို ထပ်ကယ်ဖို့ ရှိပါတယ်” ဟု ဒေါက်တာ စန်းရီထက်က ဆိုသည်။

ယခင်က အမဲသားတုံးတွင် အဆိပ်လူး၍ လေလွင့်ခွေးများကို ကျွေးကာ သုတ်သင် ရှင်းလင်းခဲ့ပြီး ယင်းသို့ အဆိပ်လူး ကျွေးသည်ကို ယခု ခွေးများက နားလည် သိရှိနေကာ အဆိုပါ အသားတုံးများကို မစားတော့ သဖြင့် မေ့ဆေးပေးကာ ဖမ်းဆီးပြီး မသေမချင်း ရိုက်သတ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ဌာနခွဲမှူးမှ တစ်ဆင့် မေးခွန်း များ ပေးပို့ မေးမြန်းရန် ဌာနမှူးခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေ ဆိုခဲ့သည်။

မလေးရှား နိုင်ငံတွင် ခွေး ထိန်းသိမ်းရေး စခန်းများ ထားရှိပြီး တစ်ကောင် လျှင် ရင်းဂစ် ၃၀ ခန့် ပေးရကြောင်း၊ အချို့သော ခွေးများကို မျိုးဆက် မပွားစေရန်အတွက် သားအိမ်များထုတ်ထားကြောင်း၊ အင်တာနက် ဝက်ဘ်ဆိုက်များမှလည်း ကြော်ငြာပေးကာ မွေးမြူလိုသူများကို ရှာဖွေပေးကြောင်း ဒေါက်တာ စန်းရီထက်က ဆက်လက် ပြောကြားသည်။

ကယ်တင်ခဲ့သည့် ခွေးများကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရခိုင် ဘုန်းတော် ကြီး ကျောင်းလမ်းနှင့် အောင်သပြေ လမ်းသွယ်ရှိ လေလွင့် ခွေးများ ကယ်တင်ရေး ဂေဟာသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့မှ တရုတ် နိုင်ငံသို့ တင်ပို့မည့် ခွေးအကောင် နှစ်ရာကျော်အနက် တစ်ကောင် လျှင် ငွေကျပ် ခုနစ်ထောင်နှုန်းဖြင့် ခွေးအကောင် ၆၀ ကို မန္တလေး အခြေစိုက် ခွေးချစ်သူများက ကယ်တင်နိုင်ခဲ့ကြောင်း ယင်းဒေသခံများက ဆိုသည်။
The Voice Weekly

သန်လျင် နည်းပညာ တက္ကသိုလ် ဗီဒီယိုဖိုင် ထွက်ပေါ်လာမှု ကာယကံရှင် နှစ်ဦးကိုသာ ပြစ်တင်မှု ဗကသ ရှုတ်ချ


နည်းပညာ တက္ကသိုလ် (သန်လျင်) တွင် ဖြစ်ပွားခဲ့သည့် ညစ်ညမ်း ဗီဒီယိုဖိုင် ထွက်ပေါ်လာမှုမှာ ကျောင်း အာဏာပိုင်တွင်လည်း တာဝန်ရှိပြီး အခင်းဖြစ်သည့်သူ နှစ်ဦးကိုသာ ပြစ်တင်ပြောဆိုနေမှုများ ကို ကန့်ကွက် ရှုတ်ချကြောင်း တက္ကသိုလ် ငါးခုမှ ကျောင်းသားများနှင့် ဖွဲ့စည်းထားသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ကိုယ်စားလှယ် များက သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီက နည်းပညာ တက္ကသိုလ် (သန်လျင်) အနီးရှိ တောသားကြီး စားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

အဆိုပါ ကိစ္စရပ်များကို ကျောင်း အာဏာပိုင်များ အနေနှင့် ဖြေရှင်း ရမည် ဖြစ်ပြီး ကျောင်းအုပ် ဆရာမကြီး (ပါမောက္ခချုပ်) မှ စ၍ ဆရာ ဆရာမများ၊ ကျောင်း စည်းကမ်းထိန်းသိမ်းရေး စသည်ထိ တာဝန်ရှိကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ သမဝါယမ တက္ကသိုလ် (သန်လျင်)၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တို့မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ နည်းပညာ တက္ကသိုလ်(သန်လျင်) ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် သီချင်း တစ်ပုဒ်မှာ အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိကြောင်း၊ မသမာ လောဘသားများကလည်း အဆိုပါ ညစ်ညမ်း ဗီဒီယိုဖိုင်ကို မီးပွိုင့်များတွင် ရောင်းချနေသည်ကို တွေ့နေ ရကြောင်း၊ ယင်းကဲ့သို့ ကျောင်းသားထုကို ထိပါး စော်ကားလာပါက လက်ခံမည် မဟုတ်ဘဲ ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်ပွားနေမှုများကို သက်ဆိုင်ရာ အာဏာပိုင်များက တားဆီးပေးစေလိုကြောင်း ဗကသ (ဗဟို ကော်မတီ) မှ တွဲဖက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က အဆိုပါပွဲတွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်ကို ရာဇဝတ်မှု ပုံစံ ပြောဆို ဖြန့်ဝေနေမှုမှာ တူညီဝတ်စုံ ဝတ်ဆင်နေရသည့် ကျောင်းသားထုကို ဖိနှိပ်ရာ ရောက်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပါ ကြေညာစာတမ်း အမှတ် ( ၆ ) အရ ငြိစွန်းကြောင်း၊ ယင်းကဲ့သို့ ပြုလုပ် ပြောဆိုနေမှုများမှာ ၎င်း၏ မိသားစု ဂုဏ်သိက္ခာ အပြင် ကျောင်းသားထုကို ထိခိုက်စေနိုင်ကြောင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (ဗကသ) မှ သဘောထား ထုတ်ပြန် ကြေညာသည်။

ကျောင်းပိတ်ရက် ဖြစ်သည့် ဇူလိုင်လ ၂၈ ရက်နေ့က ကျောင်းအတွင်း ရှိ ကျောင်းသား ကျောင်းသူများကို အသိမပေးဘဲ အဆိုပါ တက္ကသိုလ် အနီး တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားသည့် နည်းပညာတက္ကသိုလ် (သန်လျင်) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များမှာ ဗကသမှ အဖွဲ့ဝင်များ မဟုတ်ဘဲ ကျောင်းရှိ ပါမောက္ခများ အလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့ သာဖြစ်ပြီး မိမိတို့ ဗကသနှင့် မသက်ဆိုင်ကြောင်း နည်းပညာ တက္ကသိုလ် (သန်လျင်) ဗကသ အဖွဲ့မှ ကိုယ်စားလှယ်က အဆိုပါပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
The Voice Weekly

iPhone 5 ထက် ကင်မရာကောင်းကြောင်း ကြော်ငြာလုပ်တဲ့ Nokkia Lumia 925


iPhone 5 ရဲ့  ကြော်ငြာကိုပဲ အခြေခံလို့ Parody လုပ်ပြီး ကင်မရာကြော်ငြာမှု ကို Nokia တို့ ပြုလုပ် လိုက်ပါတယ်။ Nokia Lumia 925 ဖုန်းကင်မရာ အတွက် ဖြစ်ပါတယ်။

Action Shot ရရှိမှုအပြင် အခြားသော Feature များစွာ ပိုမိုကောင်းမွန်မှု ကို ကြော်ငြာတစ်ခုလုပ်ပြီး ရိုက်ကူး ပြသ ခဲ့ပါတယ်။ Nokia Lumia 925 ဆိုတာ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ထွက်ရှိတဲ့ စမတ်ဖုန်း ဖြစ် ပါတယ်။ ရောင်း အား အနည်းငယ်တတ်လာပြီး အားပေးသူ နေရာ ရလာမှုကြောင့် commercial ကြော်ငြာကိုလည်း တစ်ခုပြီး တစ်ခု ရိုက်ကူးလာပါတယ်။

ကင်မရာက 8.7 megapixel ရှိပြီး အခြားသော Feature ကောင်းများစွာ ပါဝင်မှုကြောင့် လက်ရှိ Samsung Galaxy S4 နဲ့ HTC One တို့ထက်တောင် ကောင်းမွန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကြော်ငြာထားပါတယ်။ iPhone နဲ့ Samsung ကို Parody လုပ်တဲ့ ကြော်ငြာမျိုးကို Nokia တင်မကပဲ သူ့ရဲ့ ပါတနာ ကုမ္မဏီဖြစ်တဲ့ Microsoft မှလည်း ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။
.
ကြော်ငြာဗီဒီယို ကြည့်ရှုရန် -

http://youtu.be/PqfEE_X5cpQ

Aung Kham (TSJ team)
.
http://blog.techspace.com.mm/2013/08/iphone-5-nokkia-lumia-925.html

မြန်မာ့ရိုးရာစားစရာ ထန်းလျက်နှင့် ကျန်းမာရေး အာနိသင်များ



(၁) နေ့စဉ် စားသုံးခြင်းဖြင့် သွေး သားကို သန့်စင်စေသည်။
(၂) အစာကြေစေပြီး အချိုစားလိုစိတ် ရုတ်တရက်ဖြစ်လာတတ်သောအခါ မျိုးတွင် ထန်းလျက်ကို သတိရလိုက် ပါ။
(၃) ထန်းလျက်ကို ဂျင်းနှင့်ရော၍ စားသုံးခြင်းဖြင့် အဆစ်အမြစ်နာကျင် ခြင်းကို သက်သာစေပြီး အဆစ်များ ခိုင်မာလာစေသည်။
(၄) စားသုံးခြင်းဖြင့် အသားအရေနှင့် ဆံပင်ကျန်းမာစေပြီး မျက်နှာပေါ်တွင် ဝက်ခြံ၊ အမည်းကွက်များထွက်ခြင်း ကို ဟန့်တားပေးနိုင်သည်။
(၅) နေ့စဉ် ထန်းလျက်ရည် စားပွဲဇွန်း (၁)ဇွန်း သောက်ခြင်းဖြင့် အမျိုးသမီး များ လစဉ်ဓမ္မတာမလာမီ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို သက်သာစေ သည်။
(၆) ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်လွယ်ချိန်၌ ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ် နိုင်သည်။
စားသုံးနည်းများ
(၁) အဆုတ်ပွ၊ ပန်းနာရောဂါအတွက် နှမ်းနက်ဖြင့် စားသုံးပါ။
(၂) အားနည်းခြင်းအတွက် ထန်းလျက် စားပွဲဇွန်း (၁)ဇွန်းတစ်နေ့ (၂)ကြိမ် စားပါ။
(၃)ြွကက်သားများသန်စွမ်းစေရန် နို့နှင့် ရောသောက်ပါ။
(၄) မောပန်းခြင်းအတွက် တစ်နေ့ လျှင် ထန်းလျက်စားပွဲဇွန်း(၁) ဇွန်း သောက်ပါ။
(၅) လစဉ် ဓမ္မတာလာစဉ်နှင့် မလာမီ ဖြစ်တတ်သော နာကျင်မှုများအတွက် တစ်နေ့လျှင်စားပွဲဇွန်း(၁)ဇွန်း သောက်ပါ။
နှင်း
Health Updates Journal

လုပ်ငန်းခွင် စိတ်ဖိစီးမှုဆိုင်ရာ အချက်အလက်များ စိတ်ဖိစီးမှုအများဆုံးအလုပ်များ


(၁) လေယာဉ်မှူး (pilot)
(၂) လူထုဆက်ဆံရေးအရာရှိ
(public relation officer)
(၃) ဓါတ်ပုံသတင်းထောက်
(photojournalist)
(၄) သတင်းထုတ်လွှင့်သူ (newscaster)
(၅) အကြီးတန်းအလုပ်အမှုဆောင်
(senior corporate executive)
(၆) ကြော်ငြာတာဝန်ခံ
(advertising account executive)
(၇) ဗိသုကာ (architect)
(၈) စတော့ရှယ်ယာပွဲစား
(stockbroker)
(၉) အရေးပေါ်ကျန်းမာရေးစောင့်ရှောက်သူ
(emergency medical technician
(၁၀) အိမ်ခြံမြေအကျိုးဆောင်
(real estate agent)
စိတ်ဖိစီးမှုအနည်းဆုံးအလုပ်များ
(၁) သောတအာရုံသမားတော်
(audiologist)
(၂) ဓါတ်စာပညာရှင်
(dietician)
(၃) ဆော့ဖ်ဝဲအင်ဂျင်နီယာ
(software engineer)
(၄) ပရိုဂရမ်မာ
(computer programmer)
(၅) သွားကျန်းမာရေးပညာရှင်
(dental hygenist)
(၆) နှုတ်ရောဂါဗေဒပညာရှင်
(speech pathologist)
(၇) ဒဿနပညာရှင်
(philosopher)
(၈) သင်္ချာပညာရှင်
(mathematician)
(၉) လုပ်ငန်းခွင်ကုထုံးပညာရှင်
(occupational therapist)
(၁၀) အကြောပြင်ဆရာ
(chiropractor)

လုပ်ငန်းခွင်စိတ်ဖိစီးမှုအကြောင်းရင်းများ
- တာဝန်ကြီးခြင်း၊ အလုပ်ဒဏ်ပိခြင်း
(heavy workload)
- စီမံခန့်ခွဲမှုအားနည်းခြင်း
(management)
- လုပ်ငန်းခွင်ပတ်ဝန်းကျင်မကြာခဏပြောင်းခြင်း
(restructuring)
- ပုဂ္ဂိုလ်ရေးပြဿနာ၊ မိသားစုပြဿနာများ
(personal or home problems)
- လုပ်ငန်းတာဝန်ရှင်းလင်းပြတ်သားမှုမရှိခြင်း
(lack of clarity in job responsibilities)
- အလုပ်လုံခြုံမှုမရှိခြင်းနှင့် ရှေ့ရေးပူပန်ရခြင်း
(job security and future concerns)
- ကိုယ်၊ နှုတ်တို့ဖြင့် နှိပ်စက်ညှင်းပန်းခြင်း
(abuse, both physical and verbal)
- ပတ်ဝန်းကျင်ပြဿနာများ
(နေစရာကျဉ်း၊ ဆူညံ၊ လေထုညစ်ညမ်း)
(lack of space, excessive noise, unclean air)
- လုပ်ဖော်ကိုင်ဘက်များနှင့် ဆက်ဆံရေးမကောင်းခြင်း(relationship with coworkers)
သီဟ
Source:RD
Health Updates Journal


နှစ်ခြိုက်စွာ အိပ်ပျော်စေရန် ခန္ဓာကိုယ်ကို ဖြေလျှော့ခြင်း


(၁) မှောင်အတိချထားသည့်အခန်း တွင် လဲလျောင်းပါ
(၂) မျက်လုံးမှိတ်ပါ။ အမှောင်နှင့်ကျင့် သားမရသေးသောကြောင့် မျက်စိ မှိတ်ထားသော်လည်း အလင်းစက် များတွေ့နေရတတ်သည်။ ၄င်း အလင်းစက်များကို စိုက်ကြည့်နေပါ။
(၃) တစ်မိနစ်ခန့်စိုက်ကြည့်နေလျှင် စိတ်ငြိမ်သက်လာမည်ဖြစ်သည်။ ထိုအခါလက်ဝဲလက်ကို (၄၅) ဒီဂရီ မြှောက်ပြီး တစ်မှငါးအထိရေတွက် ပါ။ ငါးအထိရေအပြီးတွင် လက် မောင်း အားကိုလုံးဝလျှော့လိုက်ပါ။ မွေ့ရာပေါ်သို့ လက်တစ်ချောင်းလုံး ပြုတ်ကျသွားပါစေ။
(၄) ထို့နောက်လက်ယာလက်ကို လည်း ထိုအတိုင်းပြုလုပ်ပါ။ ခြေ ထောက်နှစ်ချောင်းစလုံးကိုပါ ဆက် လုပ်ပါ။
(၅) ပက်လက်အနေအထားတွင် ခေါင်းကိုအနည်းငယ်မျှအပေါ်မပါ။ ငါးအထိရေပါ။ ထို့နောက် လည်ပင်းကြွက်က်သားများကို လုံးဝလွှတ်ချ လိုက်ပြီး ဦးခေါင်းကိုမွေ့ရာပေါ်ကျ သွားပါစေ။
(၆) ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်မရှိတော့သကဲ့သို့ တင်း အားများ လျော့ကျနေပြီဖြစ်သည်။ အတွေးမျိုးစုံအဝင်မခံတော့ဘဲ အိပ် ပျော်ရန်သာအာရုံစိုက်ပါ။
ဇော်ကို
Source:RD
Health Updates Journal