ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား


အောင်ထက်ခိုင်
ငလျင်လှုပ်ခတ်မှုကြောင့် အနည်းငယ်တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား တွေ့ရစဉ်
ဩဂုတ် ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေးလေးရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်းအတွင်းရှိ တိုက်အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုကြောင့် တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား စည်ပင်သာယာနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

“တိုက်တွေကတော့ ဆောက်လုပ်ပြီးတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ တိုက်တွေကတော့ လူနေထိုင်ခွင့်ပါမစ် မရသေးပါဘူး။ ဒါပေမဲ့ နားလည်မှုနဲ့အိမ်ထောင်စုငါးစုလောက် နေနေကြပါတယ်။ သက်ဆိုင်ရာကတော့ လာကြည့်သွားပါတယ်၊ အခုဘယ်တိုက်က စောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်” ဟု အဆိုပါရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူမှ ဆက်လက်၍ “တိုက်က တစ်တိုက်နဲ့တစ်တိုက်ကြားထဲမှာ တစ်ပေ ကျော်ကွာနေပါတယ်။ ငလျင်လှုပ်တော့ အပေါ်ပိုင်းက လုံးလုံးကိုထိသွားတာပါ။ တိုက်က တဖြည်းဖြည်းနဲ့ လဲသွားတာကို လူတွေက ဝိုင်းကြည့်နေကြပါတယ်” ဟု ဆိုသည်။

အဆိုပါအထပ်မြင့်တိုက် ၁၁၉ တွင် နေထိုင်သူတစ်ဦးက “ ညနေ ၄ နာရီထိုးကာနီးမှာ မူးကနဲ ဖြစ်သွားတယ်။ အောက်ကနေသူတွေက တိုက်ပြိုတော့မယ်လို့ပြောတော့ အောက်ကိုဆင်းပြေးရတယ်။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့” ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ  ကန်ထရိုက်အဆောက်အအုံ ၅ဝဝ ခန့်မှာ မြို့နယ်စည်ပင်သာယာ၏ တားမြစ်ခြင်းခံထားရကြောင်း သိရသည်။

အဆိုပါ အထပ်မြင့်တိုက်နှစ်လုံးသည် ခြောက်လွှာအမြင့်ရှိပြီး သံလွင်ဆောက်လုပ်ရေး Pile foundation မှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း လူနေထိုင်ခွင့်ပါမစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ထားကြောင်း သိရသည်။

အဆိုပါလှုပ်ခဲ့သော ငလျင်သည် ညနေ ၃ နာရီ ၄၁ မိနစ်က ရန်ကုန်မြို့ကို ဗဟိုပြု၍ အင်အားရစ်ချက်ရ်တာစကေး လေးအဆင့်ရှိပြီး ရန်ကုန်မြို့နေရာအနှံ သိသာစွာသက်ရောက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

news-eleven

Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်




Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့အတွက် ဘာတွေသိသင့်လဲ ဘာတွေလိုအပ်လဲ ဆောင်ရန်ရှောင်ရန်လေးပါ။

Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစားဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ Ooredoo Sim Card ကိုအသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့သိပ်အဆင်မပြေကြောင်းသိရပါတယ်။ Samsung တွေနဲ့ဆိုရင်တော့ အိုခေတယ်လို့ပြောကြပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက်ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေးထားတဲ့ default ဖုန်းဆိုတာကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲဖြစ်ပါတယ်ခဗျာ … ဖုန်းအဝင်အထွက်ဈေးနှုန်းတွေကတော့ ၂ မျိုး ရှိကြောင်းသိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ဖုန်း၁ခုပဲရှိသေးကြောင်းသိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှိကြောင်းသိရပါတယ်။ ထို Keypad အမျိုးအစားဖုန်းမှာ ၂ သောင်း ၂ ထောင်ကျပ် သာရှိကြောင်းသိရပါတယ်။

Ooredoo Sim Card အားဝယ်ယူရန် မှတ်ပုံတင် ရယ် Sim Card ဖိုး ၁၅၀၀ ရယ် ငွေဖြည့်ကတ်ဖိုး ၃၀၀၀ ရယ်ယူလာရပါမယ်။ စုစုပေါင်း ၄၅၀၀ ကြပါမယ်ခဗျာ။

Ooredoo Sim Card ဝယ်ပြီးလို့ မီမိလက်ထဲကို ရောက်လာပြီဆိုပါတော့ … မိမိဝယ်ယူလာသော ဖုန်းနာပတ် နှင့် လိုင်းကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကတော့ လွယ်ကူပါတယ် … Ooredoo/ QRdroid/Barcode scanner ထို Apk ၃ ခုလိုပါတယ် … အသုံးခုကို install ပြုလုပ်ပြီးပါက Ooredoo Sim Card ကို စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် … Ooredoo/ QRdroid/Barcode scanner apk ၃ ခုလုံးမှာ Ooredoo Activation APK တစ်ခုထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။ အဓိအနေဖြင့် Ooredoo Activation ကို install ပြုလုပ်ပြီး အဆင့်ဆင့်လုပ်သွားဖို့ပါပဲ …

Ooredoo ရဲ့ အင်တာနက် Setting အနေနဲ့ကတော့ Sim Card ကို မိမိ၏ ဟန်းဆက်ထဲထည့်လိုက်တာနဲ့ အင်တာနက် setting ချိန်ပြီးသားဖြစ်ပါတယ်။ name နဲ့ apn မှာ internet ဖြစ်ပြီး username password မလို Authentication type မလို apn type မှာ default ပဲဖြစ်ပါတယ်ခဗျာ … အခြားသောအပိုင်းများအား စာရေးသူ ထပ်မံသိရှိရပါက ဆက်လက်ဝယ်မျှပါဦးမည်။

Credit: mmdailystar

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး



အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဟူစတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် John Henry Skillern ရဲ့ e-mail အတွင်းမှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဓါတ်ပုံ ၃ ပုံခန့််ကို Google က ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်များဆိုင်ရာ အမျိုးသားရေးဋ္ဌာနကို အကြောင်းကြားခဲ့တာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက KHOU-TV ကိုပြောပြခဲ့ပါတယ်။


ဒီလိုမျိုး Google အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account အတွင်း မှ ဥပဒေနှင့်မလွတ်ကင်းတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အချက်အလက်တွေအတွက် Google က ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးမျိုး ရှိသလားဆိုတာတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Google က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒီလို ရှာဖွေခွင့်မှာ ပေးပို့ထားတဲ့ e-mail တွေ ၊ လက်ခံရရှိ့ ထားတဲ့ e-mail တွေ နဲ့ သိမ်းဆည်းထားတဲ့ e-mail တွေအတွက်သာဖြစ်ပြီး ထို ၀န်ဆောင်မှု စည်းကမ်းချက်မှာ ဧပြီလက ပြုပြင်ဖြည့်စွက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Ref:cnet.com

Trend Myanmar

လှိုင်သာယာမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားခဲ့သည့် CCTV မှတ်တမ်း Video file အား လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြလာခဲ့ရာ ၎င်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှဆောင်ရွက် ထားရှိမှုအားသိရှိစေရန်နှင့် နောင်တွင် အလားတူ မှတ်တမ်းများကို ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံခြင်း



ရန်ကုန်၊ သြဂုတ် ၎

၉.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်အော်ကျော်လမ်း
ရှိ လ္ဘက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၎င်းဆိုင်ရှိ CCTV မှ မှတ်တမ်း Video file အား လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခဲ့
သဖြင့် ပြန့်နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၎င်းခိုက်ရန်ဖြစ်ပွားမှုတွင် ကိုသန်းဇော်ဦးမှာ ဓါးဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင် ပေါက်ပြဲဖူးရောင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှု
ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်း (ပ)၈၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်
ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေ ဖြိုးကိုကို၊(၁၈)နှစ်၊ (ဘ)ဦးခင်သန်း၊ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊(၁၈)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ မျိုးဇော်၊ (၂၄)နှစ်၊(ဘ)ဦးတင်ဝင်း၊ အရှည်ကြီး(ခ)နိုင်လင်းထွန်း၊(၁၇)နှစ်၊(ဘ)ဦးတရုတ်ကြီး၊
တင်မောင်မျိုး၊ (၁၃)နှစ်၊ (ဘ)ဦးမျိုးတင့်တို့(၅)ဦးအား ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် အခင်းဖြစ်ပွားပြီး (၅)နာရီ အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီးဖြစ်
ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ၁၀.၆.၂၀၁၄ ရက်နေ့တွင် Yangon Police လူမှုကွန်ယက် စာမျက်နှာမှ သတင်းထုတ်ပြန်ပေးခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအားစစ်ဆေးရာ ခိုက်ရန်ဖြစ်ပွားစဉ် ငြိမ်းချမ်း(ခ) သက်မောင်မောင်မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်လူများမှ ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါတ်ဘူး၊ ပန်းကန်လုံးများဖြင့် ရိုက်နှက်၊ ပစ်ပေါက်ခဲ့ကြ
ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးပေါ်ပေါက်ချက်များအရ မြောက်ပိုင်းခရိုင်ဥပဒေရုံးသို့ ဥပဒေ
အကြံပြုချက်တောင်းခံခဲ့ပြီး အကြံပြုချက်နှင့်အညီ ပြစ်မှုပုဒ်မ-၃၀၂/၃၂၃/၁၁၄
ဖြင့် ၁၈.၇.၂၀၁၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုကိုတို့(၃)ဦးအား ရဲစခန်းစွဲချက်အမှတ် (၇၉၉/၂၀၁၄) ဖြင့်
မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှတ်(၁၂၁/၂၀၁၄)
ဖြင့်လည်းကောင်း၊ ကလေးသူငယ်များဖြစ်သည့် ပြစ်မှုကျူးလွန်သူ တင်မောင်မျိုး
နှင့် အရှည်ကြီး(ခ) နိုင်လင်းထွန်းတို့(၂)ဦးအား ရဲစခန်းစွဲချက်အမှတ်-၇၉၉(က)/၂၀၁၄ ဖြင့် လှိုင်သာယာမြို့နယ်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ ကလေးသူငယ်ပြစ်မှုကြီးအမှတ်(၁၈/၂၀၁၄) ဖြင့်လည်းကောင်း လက်ခံစစ်ဆေး လျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အခင်းဖြစ်လ္ဘက်ရည်ဆိုင်ရှိ CCTV Camera မှတ်တမ်း video file အား တစ်ဦးတစ်ယောက်မှ လူမှုကွန်ယက်စာမျက်နှာတွင်
ဖော်ပြခဲ့သည့်အတွက် ကြည့်ရှုသူ ပြည်သူများအနေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်းများဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ်သော
ပြဿ နာများဖြစ်ပွားလာနိုင်ပြီး တစ်ဦးတစ်ယောက်၏လုံခြုံရေးကို ထိခိုက်နိုင်ဖွယ်
ရှိသဖြင့် အလားတူ video file များအား နောင်တွင်ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

Yangon Police

ချစ်သူကို မတော်တဆဓားဖြင့် ထိုးသတ်မိခဲ့ပြီးမှ ဇာပနအခမ်းအနားတွင် ပြန်လည်လက်ထပ်ခွင့်တောင်းခဲ့


တဒင်္ဂအတွင်းမှာဖြစ်ပေါ်လာတဲ့ ပြင်းပြင်းထန်ထန်စိတ်ခံစားမှု ဒေါသအိုးကြောင့်နောက် ဆက်တွဲအကျိုးရလာဒ်က ပတ်ဝန်းကျင်လှုမှုဘ၀တွေမှာ ဘယ်လိုမှအစားထိုး လို့ မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေပါပဲ။

ကျွန်တော်တို့ သာမန်လူတွေမှာတော့ နေစဉ် နဲ့အမျှစိတ်ရှုပ်ထွေးမှုတွေ၊ လှုမှုဆက်ဆံရေးလုပ်ငန်းတွေမှာ အဆင်မပြေတဲ့ အခါမျိုး တွေဖြစ်လာလေ့ရှိတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်ကတော့ ဒေါသကို မထိန်းလိုက်နိုင် ခဲ့လို့ မတော်တဆဖြစ်သွားခဲ့တဲ့အရာတွေပါပဲ။

တောင်အာဖရိက သမီးရည်းစားတို့နှစ်ဦးတစ်ဦးနဲ့ တစ်ဦးစိတ်အခန့်မသင့် စကားများ ကြရာမှ ကောင်လေးဖြစ်တဲ့ ကွာဇူလူနက်တယ်လ်က ကောင်မလေး လောင်းဝေးလ် နဲ့ ကောင်မလေးမိ ခင်ဖြစ်သူတို့ကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခဲ့ရာမှ ချစ်သူကောင်မလေးက နေရာမှာပင်သေဆုံးသွားခဲ့ပါတယ်။

ယင်းနောက် ဇာပနအခမ်းအနားမှာ သူရဲ့ချစ်သူကောင်မလေးနဲ့ ပြန်လည်လက်ထက် ခွင့်တောင်းခံခဲ့ကာ  သူရဲ့စိတ်ဒေါပြင်းထန်ပေါက်ကွဲမှုကြောင့် ဒီလိုဖြစ်သွားခဲ့ပေမဲ့လည်း သူ့ကောင်မလေးကိုတော့ တကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာဖြစ်တဲ့ အတွက်လက် ထပ်လိုကြောင်းဆိုပြီး သူ့ရဲ့ပြစ်မှုကိုဝန်ခံခဲ့ပါတယ်။

ချစ်သူကောင်မလေးရဲ့ ဇာပနအခမ်းအနားမှာ ကွာဇူလူက သူရဲ့ကောင်မလေးအုတ်ဂူ ရှေ့မှာ သူ့ရဲ့ဒေါသလက်လွတ်ဖြစ်မှုကြောင့် ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ဆုံးရှုံး မှုကြီးကြောင့် ငိုယိုတောင်းပန်နေကာ  လက်ထပ်ခွင့်လည်းတောင်းနေပါတယ်။ သူ့ရဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့တောင် အခွင့်အရေးမရှိတော့ပါဘူး။ ကိုယ်ချစ်တဲ့ သူကို ကိုယ့်လက် နဲ့ပဲ အသက်ဆုံးရှုံးသွားအောင် လုပ်လိုက်တဲ့တာက တခြားပြစ်မှုတွေ ထက်တောင် ကြေကွဲဖွယ်ကောင်းပါတယ်။

သူတို့သမီးရည်းစားသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကိုတောင် ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါတယ်။
မြို့တော် အီဗ်ကူဗူကီနီရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ကောင်မလေး ဇာပနအခမ်းအနား မှာ မင်္ဂလာဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ ညှာတာသောအားဖြင့် ကွာဇူလူ ကို စောင့်ကြည့်ထား မှာဖြစ်ပြီးတော့ ဇာပနပြီးမှသာ သူ့ကို တရားဥပဒေအရ ဖမ်းဆီး အပြစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


credit: phothutaw