Lab-grown Liver အသဲကို ဓါတ်ခွဲခန်းမှာမွေးယူဘို့ ကြိုးစားနေတယ်



အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အသဲအစားထိုးဘို့ တယောက် ရောက်နေတယ်။ အသဲအစားထိုးပြီးသားတယောက်လဲ ထပ်ပြဘို့ ရောက်လာတယ်။ ကျောက်ကပ်အစားထိုးဘို့ တယောက်က ရောက်တော့မယ်။ ဒီလူနာတွေက ကိုယ်နဲ့ ရင်းနှီးသူတွေသာဖြစ်ပြီး၊ မသိဘဲရောက်နေသူတွေ၊ လာအုံးမဲ့သူတွေလဲ မနည်းမနောရှိမယ်။

ကနေ့ထုတ် သတင်းစာမှာ ဒေလီ ဆရာဝန်တွေကနေ အသဲကို ဓါတ်ခွဲခန်းထဲမှာ မွေးယူဘို့ ကြိုးစားနေတဲ့အကြောင်း သတင်းဆောင်းပါး ပါတယ်။ ကျောက်ကပ် မကောင်းလို့ ကျောက်ကပ်ကို စက်နဲ့စစ်ရတာကို လူအတော်များများ ကြားဘူးပါမယ်။ အလားတူ အသဲကိုလဲ စစ်ပေးတာလုပ်နိုင်ပါတယ်ဆိုတဲ့အချက်နဲ့ အစချီပါတယ်။ ကျောက်ကပ်ကနေ အဆိပ်အတောက်တွေကို ကိုယ်ထဲကနေ ဖယ်ရှင်းပေးသလိုဘဲ အသဲကလဲ အဆိပ်အတောက်တွေကို ချေဖျက်ပေးနေပါတယ်။

ရောဂါတခုခုကြောင့် ကျောက်ကပ်က သူ့အလုပ်ကိုသူ နိုင်အောင်မလုပ်နိုင်တော့ရင် အသက်ဆက်ရှင်ဘို့ ခက်ခဲလာမယ်။ ဒါကြောင့် Renal Dyalysis ကျောက်ကပ်စစ်ပေးရင် အသက်ဆက်နိုင်တယ်။ အလားတူ Liver dialysis အသဲကိုလဲ စစ်တာ လုပ်ပေးနိုင်တယ်။ ဒီလို စက်-ဆေး အကူအညီနဲ့ စစ်ပေးတာဟာ ယာယီသဘောသာဖြစ်ပြီး Renal transplant ကျောက်ကပ်ဖြစ်ဖြစ် Liver transplant အသဲဖြစ်ဖြစ် အစားထိုးဘို့လုပ်မှသာ အသက်ပိုရှည်နိုင်တယ်။ ကျောက်ကပ်လှူမဲ့ Kudney Donor အလှူရှင်နဲ့ Liver donor အသဲလှူမဲ့ အလှူရှင်တွေက လိုသလောက်မရနိုင်တာက အခက်အခဲကြီး ဖြစ်ပါတယ်။

ကျွန်တော် အခုလေးတင် ရေးတင်လိုက်တဲ့ ‘သင်္ကြန် (လူမှုရေး) စာ’ စာထဲကလို မြန်မာပြည်မှာ စေတနာ ပေါကြွယ်သူ မရှားပါ။ အသဲအစားထိုးပြီး လူနာက ပြန်ပြောပါတယ်။ သူ့ခင်ပွန်းကို အသဲအစားထိုးဘို့ လှူမဲ့သူရှာတုံးက ဖေ့စ်ဘွတ်ကို သုံးခဲ့တယ်တဲ့ နာရီပိုင်းအတွင်း စေတနာနဲ့ လှူပါမယ်ဆိုသူတွေ ရောက်လာပါသတဲ့။ ဆက်စပ်လို့ ထပ်ပြောပါအုံးမယ်။ ဒီလူနာက တသက်လုံးမှတ်သားလာခဲ့တဲ့၊ မှတ်ပုံတင်ထဲမှာလဲ ရေးမှတ်ထားတဲ့၊ သွေးအုပ်စု (ဘီ) ဟာ မှားနေပြီး (အို) သာဖြစ်တာကို ဒေလီရောက်မှ သိရပါတော့တယ်။ ဒါကြောင့် လူအမှား၊ စက်အမှားဆိုတာရှိတတ်ကြောင်း စာတပုဒ် ရေးလိုက်ပါသေးတယ်။

ကျောက်ကပ်စစ်ပေးတာလုပ်တာမှာ အားနည်းချက် (လိုအပ်ချက်) တွေရှိတာကို စာတပုဒ်ရေးထားပါတယ်။ အသဲစစ်ပေးနည်းမှာလဲ လိုအပ်ချက်တွေ ရှိတယ်။ အသဲကနေ လုပ်ပေးတဲ့အလုပ်တွေက အများကြီးဘဲ။ သွေးခဲစနစ်အတွက် လိုတဲ့ဓါတ်ပစ္စည်းတွေ ထုတ်လုပ်ပေးတယ်။ စားသမျှ၊ သောက်သမျှထဲက ကိုယ်နဲ့မသင့်တဲ့ အဆိပ်လို ဓါတ်တွေကို ဓါတ်ပျယ်အောင်လုပ်ပေးမယ်။ သွေးထဲမှာသကြားဓါတ်ကို မျှခြေညီနေအောင် ထိန်းညှိပေးတယ်။ (ကိုလက်စထော) ကို ချေဖျက်ဘို့လိုအပ်တဲ့ Bile acids (ဘိုင်းအက်စစ်) သည်းခြေရည်ထုတ်လုပ်ပေးတယ်။

လက်ရှိသုံးနေတဲ့ အသဲစစ်ပေးနည်းထက်ကောင်းတာကို ရှာနေကြတယ်။ အသဲကို ဓါတ်ခွဲခန်းထဲ မွေးယူနည်းကို တခြားနိုင်ငံတွေမှာလဲ ကြိုးစားပမ်းစား ရှာနေကြတယ်။ ခုထိတော့ အလားအလား မတွေ့ရသေးပါ။ ဒါကြောင့် အသဲအစားထိုးနည်းကိုသာ အားကိုးနေကြရတုံးဘဲ ဒါပေမဲ့ အခက်အခဲက အသဲအလှူရှင်နဲ့ ငွေကုန်ကြေးကျ များတာဘဲ။

အိန္ဒိယနိုင်ငံမှာ တနှစ်မယ် လူပေါင်းတစ်သိန်း အသဲအလုပ်မလုပ်နိုင်တာနဲ့ သေဆုံးကြရတယ်။ Liver Transplant အသဲအစားထိုးနိုင်လို့ လူ ၁၂ဝဝ လောက်ကိုတော့ ကယ်နိုင်တယ်။ မြန်မာပြည်ကကိန်းဂဏန်းလဲ နည်းမှာမဟုတ်ပါ။

အသဲဘာကြောင့်လဲရသလဲ
• ကလေးတွေမှာဆိုရင် မွေးရာပါ Biliary atresia သည်းခြေလမ်းပိတ်နေတဲ့ရောဂါ။
• လူကြီးတွေမှာဆိုရင် အများဆုံးက Cirrhosis အသဲခြောက်ရောဂါ။ အသဲခြောက်ရောဂါကိုဖြစ်စေနိုင်တာတွေက နာတာရှည် Hepatitis B or Hepatitis C ဘီပိုးနဲ့ စီပိုး အသဲရောင်ရောဂါတွေဖြစ်ကြတယ်။ နောက်တမျိုးက အရက်နာ Alcoholic liver disease ဖြစ်တယ်။
• တခြားအကြောင်းခံရောဂါတွေလဲရှိသေးတယ်။ Autoimmune hepatitis (အော်တိုအင်မြူး) အသဲရောင်ရောဂါ၊ Hepatic vein thrombosis အသဲသွားသွေးပြန်ကြောပိတ်ရောဂါ၊ Liver damage from poisoning or medications ဆေး-အဆိပ်တွေကနေ အသဲပျက်စီးတာ၊ Primary biliary cirrhosis or primary sclerosing cholangitis ပင်မအစဖြစ် အသဲခြောက်ရောဂါ၊ Metabolic disorders of copper or iron ကြေးနီဓါတ်နဲ့ သံဓါတ်ရောဂါ။

အသဲကောင်းနေအောင် နေဘို့သာ အရေးကြီးဆုံးဖြစ်တယ်။ အရက်ဖြတ်ပါ၊ ဘီပိုး၊ စီပိုး ကူးနိုင်တာမှန်သမျှကို ရှောင်ပါ။ ဆေးစစ်ပါ၊ ပိုးတွေ့ရင် စနစ်တကျ ဆေးကုပါ။ ကြိုတင်ကာကွယ်လို့ မရနိုင်တာတွေအတွက် ကံတရားအားကိုးပါ။


ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၄

သင်္ဘောပန်ကာ၌ ကြိုးငြိနေသဖြင့်ရေငုပ်၍ဖယ်ရှားသူပြန်ပေါ်လာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် ရှာဖွေလျက်ရှိ



ရန်ကုန်၊ ဧပြီ ၁၆

၁၆.၄.၂၀၁၄ ရက်နေ့ ၀၅၃၀အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး
အရှေ့ရပ်ကွက်၊ခနောင်တိုချောင်းအတွင်းရှိ “တနင်္သာရီ”လွန်းကျင်းတွင် လွန်ခဲ့သော(၁၅)ရက်ခန့်က ဒေါက်တင်ထား သည့် “ရတနာထွန်းအောင်” ကုန်တင်သင်္ဘောသည်လွန်းကျင်းမှရန်ကုန်သို့ထွက်ခွာစဉ်သင်္ဘောပန်ကာ၌
ကြိုးငြိနေသဖြင့်ရပ်ထားပြီး ပဲ့နင်းငယ်လုပ်သားဖြစ်သူ မောင်ထွန်းလှိုင်၊ (၂၈)နှစ်၊ (ဘ)ဦးစံသာအောင်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်နေသူမှေ
ချောင်းအတွင်းရေငုပ်၍ ကြိုးအားဖယ်ရှားရာမှ ပြန်ပေါ်လာခြင်းမရှိဘဲ
ပျောက်ဆုံးနေကြောင်းကို ပဲ့နင်းကြီးဖြစ်သူ ဦးရွှေဝင်းမှဆိပ်ကြီးခနောင်တို မြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့ပါသည်။

၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း လူပျောက်
အမှတ်စဉ် (၂/၂၀၁၄) ဖြင့် ရေးဖွင့်ကာ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

သင်္ကြန် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မှုခင်းပေါင်း ၄၀ ဖြစ်



ဒီနှစ်သင်္ကြန်ကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၄၀ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မှုခင်းပေါင်း ၃၅ ခု ဖြစ်ပွားခဲ့ပြီး ယဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ယောက်၊ ဒဏ်ရာရသူ ၁၁ ယောက်ရှိပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာပဲ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှု ၁၃ ခု ဖြစ်ခဲ့ပါတယ်။ မှုခင်း ဖြစ်စဉ်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၆ ယောက်ရှိပြီး ဒဏ်ရာရတဲ့သူ ၁၇ ယောက်ရှိပါတယ်။

သင်္ကြန်ကာလတခုလုံးအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူ စာရင်းတွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

DVB Burmese

တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူ ၄၇၀ ဦး တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော နစ်မြှုပ် ဓာတ်ပုံ မှတ်တမ်းများနှင့် ကယ်ဆယ်ရေး မှတ်တမ်းများ


တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူအယောက် ၄၇၀ ကျော်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော ၁ စီး ဧပြီ ၁၆ ရက် ဒီနေ့မှာ နစ်မြှုပ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
သင်္ဘောပေါ်မှာပါသူ အများအပြားဟာ ကျောင်းရဲ့လေ့လာရေး ခရီးစဉ်နဲ့ သွားတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။


စာဖတ်သူများအတွက် နှစ်သစ်လက်ဆောင် - ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး


ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။‘သင်္ကန္တ’ ပေါ့။
သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။
ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။
သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။

ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး

လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။
ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့်ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်။
အဟောင်းပျက်လို့ အသစ်ဆက်တာ။သူ့အကြောင်းနဲ့သူ မကင်းတာဘဲ ရှိတယ်။

♦ အဲဒီတော့ နှစ်သစ်ကူးရင် သန့်ရှင်းရမယ်နော်။သန့်ရှင်းအောင် လုပ်ရမယ်။
သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။ခေါင်းလျှော်ရ, အဝတ်လျှော်ရတယ်။
ဒါပေမယ့် အဲဒီ ချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့ကျန်းမာရေးတော့ ရတာပေါ့လေ။
ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။ဒါက လိုရင်းမဟုတ်ဘူးနဲ့ တူတယ်။

♦ ဒါက အပြင်သန့်ရှင်းရေး။

♦ အတွင်းသန့်ရှင်းရေးက လိုသေးတယ်။

♦နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ် မဟုတ်လား။

♦စိတ်ကိုကော ဖြူစင်အောင် လျှော်ကြ ဖွပ်ကြရဲ့လား။

♦စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။

ကိလေသာအညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှသန့်ရှင်း ဖြူစင်မယ်။
ကိလေသာဆိုတာ” လောဘ, ဒေါသ, မောဟ” တွေပဲ။

♦လောဘနဲ့ စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။

♦ဒေါသမှာလည်း ဒီလိုပဲ။ ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။

ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ ဒေါသဖြစ်ရင် ဖြစ်မှန်း သိရမှာပဲ။သွားတာ၊ လာတာ၊ စားတာ၊ သောက်တာ၊ နေတာ၊ထိုင်တာ အားလုံးမှာ “အသိနဲ့ သတိ” ကပ်ထားရမယ်။
အသိနဲ့ သတိ တစ်ထပ်တည်း ကျဖို့ လိုတယ်။လိုရင်းချုပ်လိုက်တော့ “သတိပဋ္ဌာန်”ပဲ။

♦ ခု သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်း စောင့်သုံးကြတာ၊ကိုယ်တွေ နှုတ်တွေ သန့်ရှင်းရေးလုပ်တာ၊
ကမ္မဋ္ဌာန်းဘာဝနာ ပွားများတာ“စိတ်သန့်ရှင်းဖို့၊အသိဉာဏ်သန့်ရှင်းဖို့ ” လုပ်ကြတာ။

♦ အဲဒီ သန့်ရှင်းရေးတွေ လုပ်ထားတဲ့လူကတော့
“အတွင်းရော ၊ အပြင်ရော” သန့်ရှင်းပြီး ကောင်းသောနှစ်သစ်ကူးခြင်းပေါ့။

ဒီပြင် လောဘ ဒေါသ မောဟတွေ ထူပြောနေတာတော့မကောင်းသော နှစ်သစ်ကူးခြင်း ဖြစ်မှာပေါ့။

ဘုန်းကြီးတို့ ပရိသတ်ကတော့ ကောင်းသောနှစ်သစ်ကူးခြင်းဖြစ်အောင် လုပ်ရမယ်။
ခန္ဓာသင်္ကြန်လည်း မကျသေးဘူး။ လုပ်ကြဦး။

ရှေးက ပြောကြသလို “ခါးတောင်းကျိုက် မဖြုတ်ကြနဲ့အုံး” ဆိုတာမျိုးပေါ့။
ကုသိုလ်တွေ လက်မမြှောက်နဲ့အုံး။ဒီပုံစံအတိုင်းပဲ သင်္ကြန်ရက်မှာ လုပ်ကြသလို ဆက်လုပ်ကြဦး။
လုပ်ကြဦးဆိုတော့ ဒီပြင် မဟုတ်ပါဘူး။

♦ ငါးပါးသီလနဲ့ ကိုယ်လုပ်နေကြ “ကမ္မဋ္ဌာန်းဘာဝနာအလုပ်”ကို လုပ်ကြဦးလို့ ဆိုလိုတာပါ။
အဲဒီတော့ ခန္ဓာသင်္ကြန် ဘယ်တော့မှ တက်မလဲဆိုတာ တွက်ဦးမှ။

♦ ခန္ဓာသင်္ကြန်ကတော့ ခန္ဓာရှိနေသရွေ့ သင်္ကြန်ကျနေမှာပဲ။ ♦

သင်္ကြန်ဆိုတာ အသစ်အဟောင်း ပြောင်းလဲတာဆိုသဖြင့်ရုပ်နာမ်အသစ်တွေ အသစ်အသစ် ထပ်ဖြစ်နေတာ။မီးခိုးမဆုံး မိုးမဆုံးပဲ။

ဒီက အကြောင်းမကင်းသေးဘူး။အကျိုး ရုပ်နာမ်တွေ ထပ်ဖြစ်နေတာတဲ့။
မသိမှု အဝိဇ္ဇာနဲ့ တဏှာလောဘ အကြောင်းခံပြီးတော့

“မသိလို့ လိုချင်၊
လိုချင်တော့ လုပ်၊
လုပ်တော့ ရ၊
ရတော့ ဒုက္ခ၊
ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာရ။”

အဲဒီတော့
“သိရင် မလိုချင်၊
မလိုချင်တော့ မလုပ်တော့ဘူး။
မလုပ်ရင် မရတော့ဘူးပေါ့။
ဒုက္ခတွေ မလိုချင်လို့ ဒုက္ခမလုပ်တာပေါ့။”

♦ ဒုက္ခသာ မလုပ်တာ၊တခြား လုပ်သင့်လုပ်ထိုက်တာတွေတော့သူ လုပ်တာပေါ့။

♦ အကြောင်းသိမ်းရင် အကျိုးငြိမ်း၊ လောင်စာသိမ်းရင် မီးငြိမ်း

အကြောင်းသမုဒယဆိုတဲ့ လောင်စာသိမ်းလိုက်ရင်ရုပ်နာမ် ခန္ဓာဆိုတဲ့ အကျိုးဒုက္ခ ငြိမ်းသွားမှာပဲ။

အဲဒီ ဘဝသစ် ရုပ်နာမ်ခန္ဓာ၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရင်သင်္ကြန်တက်ပြီ၊
♦ ခန္ဓာသင်္ကြန် တက်ပြီ။

အဲဒီအချိန်မှ အနားယူကြပေါ့။

နိဗ္ဗာန်ခရီး နီးအောင် လုပ်အခုကတော့ “တို့ ဆက်ပြီး လုပ်ရဦးမှာပဲ”လို့ သဘောပေါက်။
နားနေလို့ မဖြစ်သေးဘူး။

‘ဤခရီး နီးသလား?’ဆိုတာနော်။

ဘယ်ခရီးလဲ?
‘မရဏခရီးပါ ဘုရား’
အင်း … ပြောရမှာတောင် အားနာစရာနော်။ နိဗ္ဗာန်ခရီးပဲ လုပ်ပါတော့။ နိဗ္ဗာန်ခရီး နီးအောင် လုပ်။ ဟုတ်လား။

အဲဒါနဲ့(မရဏခရီးနဲ့) ပြောင်းပြန်ပဲ။
ဟိုက ‘မတ’ သေတာ။ဒီက ‘အ,မတ’ မသေတာ။
မသေတဲ့ခရီး နီးမှ ဖြစ်မယ်နော်။အခုပြောတဲ့ ပုံစံအတိုင်း သွားမယ်ဆိုရင် မသေတဲ့ခရီးဟာ နီးသွားမှာပါ။

တစ်လှမ်းထက် တစ်လှမ်း၊ တစ်အာရုံထက် တစ်အာရုံ၊ တစ်သိထက် တစ်သိ နီးသွားရမယ်။
အဲဒီလို တွက်ရမှာပါ။တော်လောက်ပြီလို့ စိတ်မချနဲ့အုံး။

ခေါင်းဆောင်ကြီးတွေ ခဏခဏ သတိပေးနေတာ။
သူတို့ကိစ္စနဲ့တော့ သူတို့ပေါ့လေ။ ခါးတောင်းကျိုက် မဖြုတ်နဲ့အုံးဆိုတာ။

ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ

ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားနဲ့ တပ်လှန့်နေတာပဲ။

ဘုရားက တပ်လှန့်နေတာ။
ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။

♦ ကိုယ်က ခံစစ်တင် မဟုတ်ဘူး။ တိုက်စစ်ပါ လုပ်ရမယ်။

♦ သီလလောက် ခံစစ်နဲ့ မရသေးဘူး။

♦ ဝိပဿနာတိုက်စစ်မှူးဖြစ်အောင်လုပ်ရမှာ။

♦ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။

♦ လောဘ ဒေါသ ရန်သူကို တိုက်ရမှာ။

♦ ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။

‘လိုသလောက် မရလည်း၊ လုပ်သလောက်တော့ ရတယ်’နော်။

မလျှော့ဘဲ လုပ်ရမှာပဲ။

သာဓု … သာဓု … သာဓုပါ ဘုရား။

[“ရွှေဥမင်ဆရာတော်ဘုရားကြီး၏သြဝါဒတရားတော်များ” မှ-]

World of widson

ယာဉ်နှစ်စီး လမ်းဆုံ၌တိုက်မိခဲ့၍ တစ်စီးတိမ်းမှောက်ကာ(၁)ဦးသေ၊ (၁၆)ဦးဒဏ်ရာရ



ရန်ကုန်၊ ဧပြီ ၁၆
၁၆.၄.၂၀၁၄ ရက်နေ့ ၀၀၁၅ အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်း
အတိုင်း ဒေါပုံဘက်မှသုဝဏ္ဏတံတားဘက်သို့ ယာဉ်မောင်း အောင်ဖြိုးလတ်၊ (၂၄)နှစ်၊ (ဘ)ဦးကြာညို၊ မင်္ဂလာဒုံမြို့နယ် နေသူမောင်းနှင်လာသော ယာဉ်အမှတ် 8J---- စူပါကာစတန်အမျိုးအစား နံ့သာရောင်ယာဉ်သည် သာကေတကျောက်တိုင်လမ်းဆုံအနီး ဧရာဝဏ်လမ်းမပေါ်အရောက် ဧရာဝဏ်လမ်းအတိုင်း သုဝဏ္ဏတံတားဘက်မှသာကေတအ၀ိုင်းဘက်သို့ ယာဉ်မောင်း ထွန်းလင်းအောင်၊ (၂၉)နှစ်၊ (ဘ)ဦးဗိုလ်မင်းအောင်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ် ၈ဂ/---- လိုက်ထရပ် အမျိုးအစား အဖြူရောင်ယာဉ်၏ခါးလယ်ကို ၀င်ရောက်တိုက်မိခဲ့သဖြင့်
၈ဂ/---- လိုက်ထရပ်ယာဉ်မှာ တိမ်းမှောက်သွားခဲ့ပါသည်။
ယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ၈ဂ/--- လိုက်ထရပ်ယာဉ်ပေါ်ပါ သန်လျင်
မြို့နယ်နေ မနှင်းနှင်းအိ၊ (၂၅)နှစ်မှာဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် လမ်း၌သေဆုံး သွားခဲ့ပြီး ယာဉ်မောင်း
(၂)ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၉)ဦးတို့တွင် ဖူးရောင်
ပေါက်ပြဲ ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင်အတွင်း/
ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။
ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်သူ 8J---- စူပါကာစတန်ယာဉ်မောင်း
အောင်ဖြိုးလတ် ကို သာကေတနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မြ၀တီမြို့က သင်္ကြန်တွင်း ရမ်းကားမှု



မနေ့က သင်္ကြန်အကြတ်နေ့ မြ၀တီမြို့၊ ရပ်ကွက်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှုးအား မြ၀တီအခြေစိုက် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ
အကြီးအကဲတစ်ဦး၏သားပါဝင်သော ကရင်အလံများကိုင်ဆောင်ထားသော ဆိုင်ကယ်အုပ်စုမှ လက်နက်ကိုင်များ အင်အား(၇၀)ခန့် မ
ှ ဒါးဖြင့်ခုတ်ရန် ကြိုးပမ်းခဲ့ပြီး မောင်းပြန်လက်နက်ငယ်များဖြင့် အသင့်ပစ်ခတ်ရန်အနေအထားဖြင့် ချိန်ရွယ်ကာ ရပ်ကွက်အတွင်း ၀င်ရောက်ခဲ့ပါ
သည်။ ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်းထောင့်ရှိ မဏ္ဍပ်တွင်အဆိုပါလူစုနှင့် မဏ္ဍပ်လူငယ်များ ပြသနာဖြစ်ပွားခြင်းကို
ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းပေးစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
ယနေ့အတက်နေ့ နေ့လည်ပိုင်း အဆိုပါဆိုယ်ကယ်စီးလူစုမှာ ကား များဖြင့် အင်အားဖြည့်တင်းလာပြီး တုတ်၊ဒါး၊သံပိုက်လုံးများကိုင်ဆောင်ကာ
ရပ်ကွက်အတွင်း နှစ်ရက်ဆက်တိုက် အင်အားပြလှည့်လည် ရမ်း ကားနေပါသည်။ ရပ်ကွက်လူငယ်များမှ ပြန်လည်ခုခံရန် အသင့်စုဖွဲ့နေပါသည်။
ထိုဖြစ်စဉ်ကြောင့် ရေကစားမည့်သူများ မရှိတော့ပဲ ရပ်ကွက်အတွင်းရှိ နေအိမ်များလည်း အိမ်တံခါး များ ပိတ်ကာနေကြရပါသည်။
ဓါတ်ပုံမှာ ယနေ့နေ့လည်ပိုင်း လုံခြုံရေး အဖွဲ့ရောက်ရှိလာစဉ်ပုံနှင့် ရပ်ကွက်လူငယ်များပုံများဖြစ်ပါသည်။
ပေးပို့သူ/ အမှတ်(၂)ရပ်ကွက်သားတစ်ဦး၊ မြ၀တီမြို့


ဟာဂျူလီ ကသာ

အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်မှုများကို စောင့်ကြည့်မှတ်သားမည့် Software ကို Google စမ်းသပ်


အင်တာနက်ကုမ္ပဏီကြီး Google က အွန်လိုင်းကနေ ဈေးဝယ်ယူမှုတွေကို စောင့်ကြည့်မှတ်သားတဲ့ software တစ်ခုကို စမ်းသပ်နေပြီလို့ ဆိုပါတယ်။ Google ရဲ့ software က အွန်လိုင်းကနေ ဈေးဝယ်ယူမှုတွေကို စောင့်ကြည့်မှတ်သားပြီး အဆိုပါ အချက်အလက်တွေကို ၎င်းတို့ရဲ့ အွန်လိုင်းကြော်ငြာလုပ်ငန်းမှာ ပိုမိုထိရောက်အောင် အသုံးချသွားမှာ ဖြစ်ပါတယ်။

ဒီ software ကို အသုံးပြုပြီး Google မှာ အွန်လိုင်းကြော်ငြာထည့်တဲ့ လုပ်ငန်းရှင်တွေကို ကြော်ငြာတွေကိုကြည့်ပြီး ဖောက်သည်တွေက အမှန်တစ်ကယ် ဝယ်ယူကြတယ်ဆိုတာ Google က သက်သေပြဖို့ဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ အွန်လိုင်းကြော်ငြာလုပ်ငန်းကနေ ဝင်ငွေအများအပြား ရရှိနေပြီး ယခု အကောင်အထည်ဖော်နေတဲ့ software က Google အတွက် ကြော်ငြာဝင်ငွေ ပိုမိုရရှိလာစေမှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ အဆိုပါ software ကို Google ရဲ့ လက်ရှိ အွန်လိုင်းကြော်ငြာ software ဖြစ်တဲ့ AdWords နဲ့ ပေါင်းစပ်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Planet Myanmar Network

နတ်တလင်းမြို့နယ် တာစုကံစုကျေးရွာ၌ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား


နေပြည်တော် ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိ ဆီဆုံကုန်းကျေးရွာအုပ်စု တာစုကံစုကျေးရွာနေ အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘာသာခြားတစ်ဦးနှင့် ချစ်ကြိုက်နေပြီး ယမန်နေ့ ညပိုင်းတွင် ထိုအမျိုးသားမှာ အဆိုပါနေအိမ်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်ပြီး ယမန်နေ့ ည ၁၁ နာရီခွဲခန့်မှစ၍ အဆိုပါနေအိမ်အား ၀ိုင်းထားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ဖြစ် ပေါ်နေကြောင်း သတင်းအရ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်မှူး ရဲမှူး အောင်သန်းဦးစီးအဖွဲ့၊ ကျေးရွာ အထောက်အကူပြု အဖွဲ့များက အဆိုပါကျေးရွာသို့ ယနေ့ နံနက် ၃ နာရီခန့်တွင် ရောက်ရှိပြီး နယ်မြေတည်ငြိမ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ညှိနှိုင်းပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားနေစဉ် ကာယကံရှင်အမျိုးသမီးက အိမ်ပေါ်မှ မခြေမငံ အော်ဟစ် ပြောဆိုလာသဖြင့် ရွာသူရွာသားများက နေအိမ်အား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ထိုအမျိုးသားစီးနင်းလာသော ဆိုင်ကယ်အား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က အကြမ်းမဖက်ကြရန် မေတ္တာရပ်ခံပြီး ယင်းအမျိုးသားအား လုံခြုံရာသို ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း ၊ ထို့နောက် တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် နံနက် ၄ နာရီ ခွဲခန့်တွင် လူစုကွဲသွားကြောင်း၊ အခင်းဖြစ်ပွားရာ နေရာသို့ သာယာဝတီ ခရိုင် ရဲမှူးနှင့်အဖွဲ့ ထပ်မံရောက်ရှိလာပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ သည့်အတွက် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်း သွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

Yangon Police

လျစ်လျူရှုတဲ့ အသိပညာ


အမေရိကန် ကယ်ရီဖိုးနီးယားကကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုးရှိခဲ့တယ်။ အဲဒီငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ဝယ်ယူကြတဲ့အတွက် ဒေသခံတွေက အလုအယက်ဖမ်းဆီးခဲ့ကြတယ်။ ဒီလိုနဲ့ တဖြေးဖြေး ကျွန်းပေါ်က လင်းယုန်ငှက်တွေမျိုးတုံးလာခဲ့တယ်။ နောက်ဆုံး ငှက်တွေရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ထင်ခဲ့ကြတယ်။

အမေရိကန်လင်းယုန်ငှက်က ဘယ်လိုငှက်မျိုးလဲ၊ အရွယ်ရောက် လင်းယုန်ငှက်တစ်ကောင်ရဲ့ ကိုယ်အလေးချိန်က ကီလို၂ဝအထိ ရှိနိုင်ပြီး ဖြန့်ထားတဲ့အတောင်ပံက ၃မီတာအထိရှိတဲ့ ငှက်ကြီးမျိုးဖြစ်တယ်။ အမေရိကန်လင်းယုန်က ရေပြင်ပေါ်ပျံဝဲရင်း ရုတ်တရက်ထိုးဆင်းပြီး ပင်လယ်ဖျံတစ်ကောင်ကို အလွယ်တကူကုတ်ယူနိုင်တဲ့ ငှက်မျိုးဖြစ်တယ်။ ဒီလိုငှက်မျိုး မျိုးတုံးသွားတဲ့အတွက် လူတွေနှမြောနောင်တရခဲ့ကြတယ်။

အမေရိကန်လင်းယုန်ငှက်တွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှတွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ လူတွေထင်နေချိန်မှာ ဒီငှက်မျိုးကို အထူးလေ့လာ သုတေသနပြုနေတဲ့ အမေရိကန်လူမျိုး Ah. Steven ဆိုသူက တောင်အမေရိကားမှာရှိတဲ့ Andes တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကျယ်ပြန့်တဲ့နေရာ၊ ပင်လယ်ရေပြင်တွေပေါ်မှာ ကျက်စားတတ်တဲ့ လင်းယုန်ငှက်က ဒီလိုကျဉ်းမြောင်းသေးငယ်တဲ့ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေတစ်ခါမှ တွေးထင်မထားခဲ့မိကြဘူး။
ဂူထဲမှာ ထိုးထိုးထောင်ထောင်ထိုးထွက်နေတဲ့ ကျောက်ချွန်းတွေရှိတာကို Ah. Steven သတိထားခဲ့မိတယ်။ အဲဒီအပြင် ဂူနံရံတစ်ခုနဲ့တစ်ခုကြား အကွာအဝေးဟာလည်း ဝ.၅ ပေပဲရှိခဲ့တယ်။ အကျဉ်းဆုံးနေရာက နံရံနှစ်ခု ထပ်လုနီးနီးပါပဲ။ တစ်ချို့ကျောက်တွေက ဓါးသွားလိုထက်မြက်ပါးလွှာပြီး တစ်ချို့က သံချောင်းလိုချွန်ထက်နေခဲ့တယ်။ ဒီလိုနေရာမျိုးမှာ ကိုယ်ထည်ကြီးမားတဲ့ လင်းယုန်ငှက်မဆိုထားနဲ့ စာကလေးတောင် ရှင်သန်ဖို့ရာ မလွယ်ကူလှပါဘူး။ အမေရိကန်လင်းယုန်ငှက်တွေ ဘယ်လိုရှင်သန်ခဲ့သလဲ။ ပညာရှင်တွေ ဉာဏ်မီအောင် မတွေးတောနိုင်ခဲ့ကြဘူး။

Steven က အဆင့်မြင့်နည်းပညာနဲ့ ဂူထဲက လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီနောက် ငှက်ကို သစ်ဆူးသစ်ခက်တွေနဲ့ ပတ်လည်ဝိုင်းလှောင်ထားပြီး သံဆူးကြိုးနဲ့ ဝ.၅ပေသာကျယ်ဝန်းတဲ့ ထွက်ပေါက်တစ်ခုလုပ်ခဲ့တယ်။ အဲဒီနောက် အပေါက်ကနေ လင်းယုန်ငှက် ဘယ်လိုပျံထွက်မလဲဆိုတာကို စူးစမ်းခဲ့တယ်။

လင်းယုန်ငှက်ဟာ လှောင်အိမ်ထဲကနေ လွှတ်လိုက်တယ်ဆိုရင်ပဲ လျှပ်တစ်ပြက်အတွင်း ဝ.၅ပေသာရှိတဲ့ အပေါက်ကနေ ပျံထွက်သွားခဲ့တယ်။ မြန်လွန်းလို့ ဘယ်လိုပျံထွက်သွားမှန်းတောင် မတွေ့ခဲ့ကြရဘူး။ ဒါပေမယ့် Steven က သွင်းထားတဲ့ အခွေကတစ်ဆင့် အနှေးပြကွက်နဲ့ အဖြေကိုရှာခဲ့ပါတယ်။
အပေါက်သေးသေးကနေ ပျံထွက်ချိန် တခဏအတွင်းမှာ လင်းယုန်ငှက်က သူ့အတောင်နှစ်ဖက်ကို ဗိုက်နားကပ်ထားပြီး ခြေနှစ်ချောင်းကို အမြီးနဲ့တစ်ဖြောင့်ထဲ ကပ်ထားလိုက်တယ်။ ခေါင်းနဲ့လည်ပင်းကို မျဉ်းတစ်ဖြောင့် အနေအထားမှာထားပြီး ကြီးမားတဲ့ခန္ဓာကိုယ်ကို ကြိုးတစ်ချောင်းလို့ ပျော့ပျောင်းပစ်လိုက်တယ်။ လူတွေ မတွေးတောမိအောင် သူ့ရဲ့ အပြုအမူက ပေါ့ပါးလွယ်ကူခဲ့ပါတယ်။
လင်းယုန်ငှက်ကို Steven လေ့လာစူးစမ်းနေတုန်း ငှက်ကိုယ်ပေါ်မှာ အဖုအပိန့် အသားမာတွေနဲ့ ပြည့်နေတာကို သတိထားမိခဲ့တယ်။ အဲဒီအသားမာတွေက ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျောနေခဲ့တယ်။ တစ်ချိန်က လူတွေရဲ့အဖမ်းအဆီးရန်ကရှောင်နိုင်ဖို့ လင်းယုန်ငှက်တွေဟာ ဂူထဲပုန်းအောင်းခဲ့တယ်။ ဂူထဲမှာ အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တယ်။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက်ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့တယ်။
လူတွေရဲ့ ဖမ်းဆီးပစ်ခတ်ဒဏ်ကို အမေရိကန် လင်းယုန်ငှက်တွေ ရှောင်လွဲမရနိုင်ခဲ့ဘူး။ ကျဉ်းမြောင်းတဲ့ ဂူတွေကို သူတို့မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ပြောင်းလဲခဲ့ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ကြတယ်။

လူရယ်လို့ဖြစ်လာတဲ့ ကျွန်တော်တို့မှာလည်း ကုန်းထလို့မရ၊ ကိုယ်ကိုစောင်းလှည့်လို့မရအောင် အဖက်ဖက်ကထိုးနှက်တဲ့ အခက်အခဲမျိုးစုံ ရှိတတ်ကြတယ်။ အဲဒီအခက်အခဲတွေ ကျော်လွှားဖို့၊ ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်တော်တို့က အမေရိကန်လင်းယုန်ငှက်လို ပြုမူရပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ကျုံ့နိုင်သမျှကျုံ့ပြီး ကျယ်ပြန့်တဲ့ရှင်သန်မှုကို (ဆက်လက်ရှင်သန်ဖို့) ရှာရပါလိမ့်မယ်။
ခန္ဓာကိုယ်ကိုကျုံ့နိုင်ဖို့ရာ မလွယ်ကူလှဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါလည်း ရှိမယ်။ မျက်ရည်ကျတဲ့အချိန်လည်း ရှိမယ်။ ဒါပေမယ့် အဲဒီနာကျင် ထိခိုက်ဒဏ်ကို ခံနိုင်တဲ့လူတွေကမှ သေးငယ်တဲ့အပေါက် (အခက်အခဲ)ကို ဖြတ်ကျော်ပြီး ကျယ်ပြန့်တဲ့ကောင်းကင်ကို တွေ့ရမှာဖြစ်တယ်။
မွေးဖွားရာအရပ်၊ မိဘနဲ့ မိသားစုတွေကို ကျွန်တော်တို့ ရွေးချယ်ခွင့် မရှိခဲ့ပါဘူး။ ဖြစ်ခဲ့တဲ့ဘဝကံကြမ္မာကို ကျွန်တော်တို့ ပြောင်းလဲခွင့်မရခဲ့ပါဘူး။ ဘယ်လိုအခက်အခဲလဲ၊ ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ ဆိုတာကို ကျွန်တော်တို့ ကြိုမသိခဲ့ပါဘူး။ ဒါကြောင့် အတိတ်ကဖြစ်ခဲ့သမျှကို ကျိန်ဆဲ၊ အပြစ်မတင်ဘဲ လက်ခံ၊ သည်းခံခဲ့ရတယ်။ ဒါပေမယ့် ရှေ့ဆက်ဖြစ်လာနိုင်မယ့် အခြေအနေမှာ ကျွန်တော်တို့ရွေးဖို့နည်းလမ်းရှိခဲ့ပါတယ်။ တနည်းပြောရရင် လဲကျရာမှ ပြန်ထဖို့၊ ဒုတိယအကြိမ်ရှင်သန်ဖို့ နည်းလမ်းရခဲ့ပါတယ်။
ပြောသလို လုပ်ဖို့ရာမလွယ်ဘူးလို့ တစ်ချို့ကပြောကြတယ်။ ဒါပေမယ့် ကိုယ်ကိုစောင်းလှည့်ဖို့၊ ကုန်းထဖို့ရာ လွယ်ကူပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြစ်လာတဲ့ပြဿနာကို ဖြေရှင်းရုံပါပဲ။ မှန်ကန်တဲ့နည်းလမ်းဆိုတာ ဘာလဲ။ ကိုယ့်ကိုလဲကျရာက ပြန်ထရပ်စေတဲ့၊ ထပ်မလဲစေတဲ့ နည်းပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့လို သာမန်လူတွေလုပ်နိုင်၊ သင်ယူနိုင်တဲ့ အနေအထားနှစ်မျိုးရှိခဲ့တယ်။ အဲဒီနှစ်မျိုးက "မေ့လျော့"တာနဲ့ "လျစ်လျူရှု" တာပဲဖြစ်တယ်။
အသက် (၂ဝ)မတိုင်ခင် လျစ်လျူရှု (ဥပေက္ခာပြု) တတ်ရမယ်။ လျစ်လျူရှုတတ်ဖို့ သင်ရလိမ့်မယ်။ လျစ်လျူရှုတာ သူရဲဘောကြောင်လို့မဟုတ်ဘဲ ရှင်သန်ဖို့ နည်းလမ်းသာဖြစ်တယ်။ အထူးသဖြင့် အားငယ်ချိန်၊ ဘေးရန်က မကာကွယ်နိုင်ခင်မှာဖြစ်တယ်။

တကယ်လို့ ကိုယ်ဟာမွဲတေနေတယ်ဆိုရင် ဆင်းရဲသားလို့ ကဲ့ရဲ့လှောင်ပြောင်လာတဲ့ လူတစ်ချို့ကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ သာမန်လူတန်းစားက မွေးဖွားလာတဲ့ကိုယ့်ကို အထင်သေး၊ မောက်မာပြတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ ကိုယ့်မှာဘာကျောထောက်နောက်ခံမှ မရှိဘူး၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ မရှိဘူးဆိုရင် လိုတရနေတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ လူတစ်ယောက်က ကိုယ်နဲ့တိုက်ရိုက် အကျိုးမပတ်သက်ခဲ့ရင် သူရဲ့ကိုယ်ကျင့်တရား၊ သူ့တန်ဖိုးကို လျစ်လျူရှုတတ်ရမယ်။
လျစ်လျူရှုတာက တစ်ခြားလူကို ခွင့်လွှတ်ခြင်း တစ်မျိုး၊ ကိုယ့်အတွက် လွှတ်မြောက်ခြင်းတစ်မျိုးဖြစ်တယ်။ လျစ်လျူရှုတာက ကိုယ့်ဖိအားကို ဖြည်လျော့စေတယ်။ လွယ်လွယ်ကူကူ ရှင်သန်စေတယ်။ ကိုယ်လုပ်ချင်တာကို စိတ်ဝင်တစား၊ အာရုံစိုက်လုပ်နိုင်စေတယ်။ အခက်အခဲကို လျစ်လျူရှုတာက ကိုယ့်ကို အင်အားတွေဖြည့်တာနဲ့ အတူတူဖြစ်တယ်။

လျစ်လျူရှုတယ်ဆိုတာ အားအင်တစ်ခုကို ကိုယ်မွေးဖွားလိုက်သလို ကိုယ့်ကိုယ်ဖိထားတဲ့ဝန်တစ်ခုကို ခွါချလိုက်တာနဲ့တူပါတယ်။ ကိုယ်မရခဲ့တဲ့ မျှတမှုကို လျစ်လျူရှုတာက ကိုယ်အတွက် နောက်အခွင့်အရေးတစ်ခုကို ရယူလိုက်တာနဲ့တူပါတယ်။
နောက်တစ်ခုက မေ့လျော့တာဖြစ်တယ်။ ကိုယ်သည်းမခံနိုင်တဲ့ အရာကို မေ့လိုက်တာက ကိုယ့်အတွက် အလွယ်ကူဆုံး စိတ်ထွက်ပေါက်ဖြစ်တယ်။ အမှားနဲ့စခဲ့တာကို မေ့လိုက်တာက အမှန်နဲ့ပြီးဆုံးဖို့အတွက် ဖြစ်တယ်။ တစ်ချိန်က မိုက်မိုက်ကန်းကန်း ရွေးချယ်ခဲ့တာကို မေ့လိုက်တာက နောက်တစ်ချိန် ရှင်းရှင်းလင်းလင်းနဲ့ ပိုင်ဆိုင်ဖို့အတွက်ဖြစ်တယ်။
တကယ်တော့ လူ့ဘဝမှာ လျစ်လျူရှုတာနဲ့ မေ့လျော့တာက ရင်ထဲမှာဖြစ်နေတဲ့ အစိုင်အခဲ၊ စိတ်ဖိအားတွေကို ကုသပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ စိတ်တည်ငြိမ်၊ ပေါ့ပါးလွယ်ကူစေတယ်။ လျစ်လျူရှုနဲ့ မေ့လျော့ဆိုတာ သူရဲဘောကြောင်တာ မဟုတ်ဘူး။ ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်လျှောက်မယ့်လမ်းအတွက် အားအင်တွေဖြစ်တယ်။

မူရင်းရေးသားသူ - Zhang Le Wen (張禮文)
နိုင်းနိုင်းစနေ (Wednesday, May 13, 2009)

ရုရှားလိုလားတဲ့ လှုပ်ရှားမှု တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက်သမား ဆန့်ကျင်မှု စစ်ဆင်ရေး စတင်ဟု ယူကရိန်းသမ္မတ ပြောကြား


ယူကရိန်းနိုင်ငံရဲ့ လက်ရှိ သမ္မတ အိုလက်စန်ဒါ တာချီနော့ဗ်က နိုင်ငံရဲ့ အရှေ့ဘက် မြို့တွေမှာ ရုရှားလိုလားတဲ့ လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက်သမား ဆန့်ကျင်မှု စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က စတင်လိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။

ဒီလုပ်ရပ်ရဲ့အဓိကရည်ရွယ်ချက်က ယူကရိန်းပြည်သူတွေကို ကာကွယ်ဖို့၊ တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲဖို့ ကြိုးစားမှုတွေ၊ ရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဖြစ်တယ်လို့ ယူကရိန်းပါလီမန်မှာ သမ္မတက ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှလိုလားတဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေ လက်နက်တိုက် သိမ်းပိုက်
ဧပြီလ ၁၁ ရက်နေ့ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှလိုလားတဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေ လက်နက်တိုက် သိမ်းပိုက်

ဒါအပြင်အစိုးရဟာ ၀မ်းနည်းစရာ နောက်ဆက်တွဲတွေကို ရှောင်ရှားဖို့ စစ်ဆင်ရေးကို ဟန်ချက်ညီပြီး တာဝန်ယူမှုရှိတဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်မယ်လို့လည်း ကတိပြုပါတယ်။
တာချီနော့ဗ်က ယူကရိန်းနိုင်ငံတွင်းက လက်ရှိ လက်နက်အရေအတွက်ကို ရေတွက်ဖို့ ထိန်းချုပ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

တကယ်လို့ လက်နက်တွေကို နိုင်ငံသားတွေဆီက မဖယ်ရှားရင် ဆင်ခြင်တုံတရားမရှိဘဲ သုံးနိုင်ခဲ့ရင် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါအပြင် ယူကရိန်းနိုင်ငံတွင်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက မတည်ငြိမ်မှုတွေကို ဖန်တီးနေတယ်လို့ တာချီနော့ဗ်က ရုရှားအစိုးရကို စွပ်စွဲပါတယ်။

ဒေသတွင်း ပါတီအဖွဲ့ဝင်တယောက်ကတော့ လာမယ့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ဟာ ရုပ်သံမိန့်ခွန်းအတွင်း စော်ကားခံရလို့ ရွေးကောက်ပွဲရဲ့တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာရှိမှုကို သေချာစေရေး အစိုးရကို နှိုးဆော်လိုက်ပါတယ်။

လတ်တလော အကြမ်းဖက်သမားတိုက်ဖျက်မှု စစ်ဆင်ရေးကို ယူကရိန်းအရှေ့ဘက်က စလာဗီယန့်မြို့မှာ ဆင်နွှဲစဉ်အတွင်း ရုရှားလိုလားသူ ဆန္ဒပြသမားတွေနဲ့ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ်ခဲ့လို့ ၂ ဖက်စလုံး သေဆုံးမှု အမြောက်အများ ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

DVB Burmese b

မောင်းနှင်ထွက်ခွာသည့် ရထားရှေ့သို့ ပလက်ဖောင်းပေါ်မှ ခုန်ချသဖြင့် ရထားကြိတ်ခံရ၍ သေဆုံး


ရန်ကုန်၊ ဧပြီ ၁၆

၁၆.၄.၂၀၁၄ ရက်နေ့ ၀၇၄၅ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာတွင် လူတစ်ဦးရထားတိုက်ခံရပြီး သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးခင်မောင်လင်း၊ (၅၁)နှစ်၊ (၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူဖြစ်ပြီး ၀ဲပေါင်ပြတ်၊ ယာလက်ပြတ်၊ ယာပေါင်ကြေမွ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၇၃၀ အချိန်ခန့်က စက်ခေါင်းအမှတ် DF-1221.63 ရန်ကုန်-ပြည် အဆန် စာပို့ရထားမှာ လှည်းတန်းဘူတာမှ မောင်းနှင်
ထွက်ခွာစဉ်၎င်းသည် ဘူတာပလက်ဖောင်းပေါ်မှရထားရှေ့သို့ခုန်ချခဲ့သဖြင့် ရထားကြိတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

သံတွဲမြို့တွင် လုယက်မှု ကျူးလွန်ရန် အားထုတ်သူအား ဖမ်းဆီးရမိ



သံတွဲ ဧပြီ ၁၆

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၁း၀၀ နာရီအချိန်ခန့်က သံတွဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အိမ်အမှတ် (၂၀) နေ မရွှေနီလာမြင့် အသက် (၃၄) နှစ် (အဘ) ဦးရဲမြင့်သည် နေအိမ်ဈေးဆိုင် တွင်ဈေးရောင်းနေစဉ် အမည်မသိလူ (၂) ဦးမှ နှာခေါင်းစည်း အနက်ရောင် (Mask) တပ်လျက် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဆိုင်ထဲဝင်လာသဖြင့် မရွှေနီလာမြင့်မှ ဘာလိုချင်ပါသလဲဟု မေးရာ ၎င်းတို့မှ အရုပ်လိုချင်တယ်ဟု ပြော၍ မရွှေနီလာမြင့်မှ ဆိုင်ထဲရှိ သိုးမွှေးဝက်ဝံရုပ်များကို ချပြပြီး ဈေးနှုန်းပြောနေစဉ် အသင့်ပါလာသော အရိုးသွား (၁၀) လက်မခန့်ရှိ ဓားဦးချွန်ဖြင့် မရွှေနီလာမြင့်၏ ဝမ်းဗိုက်အား ထောက်ရာ မရွှေနီလာမြင့်မှ လက်ဖြင့် ပုတ်ချလိုက်၍ ဓားလွှတ်ကျသွားစဉ် “ဓားပြတိုက်တယ်” ဟု အော်ပြီး ၎င်းအား ဆိုင်အပြင်သို့ တွန်းထုတ်ပြီး မိခင်ဖြစ်သူ ဒေါ်မေမေမြင့် အသက် (၅၅)နှစ် (အဘ) ဦးတင်ဖေ ရောက်ရှိလာပြီး ထိုလူအား လှမ်းဆွဲစဉ် ဒေါ်မေမေမြင့်၏ လက်အားကိုက်ပြီးတွန်းထုတ်သဖြင့် ဖင်ထိုင်လဲကျသွားပြီး ဒေါ်မေမေမြင့်တွင် တင်ပစုံရိုး ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား အနီးဝင်းကျင်ရှိ လူများမှ ဝိုင်းဝန်းဖမ်းဆီးပြီး မေးမြန်းရာ ဌေးလှိုင်ဦး (၂၆) နှစ် (အဘ) ဦးစန်းလွင်ဖြစ်ကြောင်း သိရှိရပြီး ဆိုင်အတွင်း ဝင်ရောက်၍ လုယက်ကျူးလွန်ရာ အားထုတ်သူ ဌေးလှိုင်ဦးအပေါ် ဥပဒေအရ အရေးယူပေးပါရန် မရွှေနီလာမြင့်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့၍ သံတွဲမြို့မ ရဲစခန်းတွင် အမှုဖွင့်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါအမှုအား သံတွဲမြို့မ ရဲစခန်းမှ ရဲအုပ် ကျော်အောင်မှ လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

Zune Thinzar (ဇွန်သဉ္ဇာ) သင်္ကြန်ဖက်ရှင်




photo from internet

ဂူဂယ်လ်မျက်မှန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ် စိုးရိမ်ရ



အမေရိကန်ပြည်ထောင်စုမှာ အရောင်းသွက်နေတဲ့ ဂူဂယ်လ်မျက်မှန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ် စိုးရိမ်ရတယ်လို့ ကယ်လီဖိုးနီးယား အခြေစိုက် စားသုံးသူကာကွယ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

ဂူဂယ်လ်မျက်မှန်ကို သုံးပြီး ဘယ်သူ့ကိုမဆို ခွင့်ပြုချက်တောင်းစရာ မလိုဘဲ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်နိုင်ကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

Google Glass“ကိုယ့်ကို ဗီဒီယိုရိုက်နေတာကို သိမှာမဟုတ်ဘူး။ အလင်းရောင် ပျပျလေးနဲ့ အစိမ်းရောင် ခလုတ်ကလေးကို မြင်နိုင်မှာ မဟုတ်ဘူး။ မျက်မှန်တပ်ထားရင်းနဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်နေရာမှာ မဆို စောင့်ကြည့်တာမျိုးက ဖြစ်နိုင်ပါတယ်။”လို့ ဂျင်မီကော့က ပြောပါတယ်။

ဒီလိုပဲ ဂူဂယ်လ်မျက်မှန် တပ်ထားသူတွေရဲ့ အေတီအမ် လျှို့ဝှက်နံပါတ်တွေကလည်း မလုံခြုံနိုင်ဘူးလို့ ပြောပါတယ်၊

ဒီလိုပဲ ဂူဂယ်လ်မျက်မှန်ပိုင်ရှင်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ ဘဏ်ကတ်နံပါတ်တွေလည်း အခိုးခံရနိုင်တယ်လို့ စားသုံးသူ ကာကွယ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂူဂယ်လ်မျက်မှန်ကို တပ်ထားတာနဲ့ ဂူဂယ်လ်ရဲ့ အစိတ်အပိုင်းဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဂူဂယ်လ်ကုမ္မဏီ ၀င်ငွေအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းဟာ ကြော်ငြာနဲ့ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းကနေ ၀င်နေတာပါ၊

ဒါကြောင့် ဂူဂယ်လ်က လူတွေရဲ့ အချက်အလက်တွေကို ရနိုင်သလောက် လိုချင်နေတယ်။ လို့ ပြောပါတယ်။

ဂူဂယ်လ်မျက်မှန်ကို ဂူကယ်လ်(Google) ကုမ္မဏီက ၂၀၁၂ ခုနှစ် ဧပြီလမှာ တီထွင်ခဲ့ပြီး မျက်မှန်မှာပါတဲ့ functions တွေဟာ smart phones တွေနဲ့ တူပါတယ်။

ဂူဂယ်လ်မျက်မှန်တပ်ထားသူဟာ ဓာတ်ပုံရိုက်နိုင်၊ ဗီဒီယို call လည်း ခေါ်လို့ ရသလို အင်တာနက်သုံးနိုင်ပြီး လမ်းခရီး ဦးတည်ရာတွေကို ညွန်ပြတာအပါအ၀င် ဂူဂယ်လ်မျက်မှန်မှာ အသုံးပြုနိုင်တဲ့ functions တွေ တော်တော်များများ ပါဝင်နေပါတယ်။

DVB

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး



(၁) ဆရာရှင့် ကျမကအသက် ၃၁ နှစ်ရှိပါပြီ။ သားနှစ်ယောက်မွေးပြီးနောက် ကိုယ်ဝန်သုံးကြိမ် miss abortion ဖြစ်တယ်။ အခု နောက်ဆုံးတစ်ကြိမ်ဖြစ်တာ ၃ လရှိပါပြီဆရာ။ ကလေး ထပ်ယူချင်လို့ ဘာတွေစစ်ဆေးဖို့လိုပါသလဲဆရာ။ ကျမက abortion ဖြစ်တိုင်း ကိုယ်ဝန် ၅ လမှာဖြစ်တယ်။ ကလေးက နှလုံးမခုန်တော့ဘူးလို့ ပြောပါတယ်ဆရာ။ ထပ်မဖြစ်အောင် လိုအပ်တဲ့အကြံလေးပေးစေချင်ပါတယ်။
(၂) Missed abortion အကြောင်းနဲ့ ထပ်မဖြစ်အောင် ကာကွယ်လို့ ရနိုင်မဲ့နည်းလမ်းရှိရင် သိခွင့်ရချင်ပါတယ်ရှင်။

“ကိုယ်ဝန်လဲ ရှိနေပြီး မလွဲမသွေလဲ ပျက်တော့မယ်” ဆိုတာကို Missed abortion ခေါ်တယ်။ ကိုယ်ဝန်ပျက်ခြင်းတမျိုး ဖြစ်တယ်။ သွေးတော့ မဆင်းသေးဘူး။ ဗိုက်နာတာလဲ မရှိသေးပါ။ ကိုယ်ဝန်က ဆက်ပြီး ကြီးထွားမလာတော့ပါ။ ကိုယ်ဝန်ရှိတယ်သာပြောရတာ သန္ဓေသားက ဖြစ်ချင်မှ ဖြစ်လာအုံးမယ်။ ဖြစ်လာပြီးရင်လဲ အသက်မဝင်တော့ဘူး။ ဒါက သဘာဝတရားလို့ ခပ်လွယ်လွယ်ပြောနိုင်တယ်။ တခုခု လုပ်လိုက်လို့ ဥပမာ ဖျက်ဆေးသောက်တာ၊ ချော်လဲတာ၊ ပိုးဝင်တာ ဘာမှမလုပ်ရပါဘဲနဲ့ သူ့သဘောသူဆောင်ပြီး ပျက်တာကို ဆိုလိုတယ်။ ဒီအခြေအနေတွေ့ရင် ဆရာဝန်က စောင့်မနေတော့ဘဲ ဆေးနဲ့ဖြစ်ဖြစ် ခြစ်ထုတ်တာဖြစ်ဖြစ် လုပ်ပေးမယ်။ ဆရာဝန်နဲ့ မတွေ့သူမှာ သွေးဆင်းလာမယ်။ ဒါကိုတော့ Miscarriage လို့ သတ်မှတ်တယ်။

အမျိုးသမီး ကိုယ်ခန္ဓာကနေ အထဲမှာ ပျက်စီးသွားတာကို ထုတ်ပြစ်ဘို့ လုပ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အမျိုးသမီး ကိုယ်ခန္ဓာက သန္ဓေ သေသွားတာ မသိလိုက်ဘူး။ သန္ဓေတည်လိုက်တာတောင် သိချင်မှသိမယ်။ ဒါကြောင့် ထုတ်ပြစ်ရမဲ့ အလုပ်ကို လုပ်ရကောင်းမှန်း မသိဘူး။ ဒီလိုအခြေအနေကို Mayo Clinic ကနေ ဆေးဝေါဟာရတခုသုံးတယ်။ Missed miscarriage တဲ့။ သိထားဘို့က မြန်မာတွေ လူတိုင်းလိုလို Abortion (အဘောရှင်း) ဆိုတာ ကိုယ်ဝန် ပျက်တာရော ဖျက်တာရောကို ရောခေါ်ကြတယ်။ ဆေးပညာအရ ဆိုတာ တမင်တကာ ဖျက်တာကိုမှ Abortion ခေါ်ရတယ်။ သူ့အလိုလို ပျက်သွားတာကို Miscarriage လို့ခေါ်ရတယ်။ ဒါကြောင့် Missed miscarriage လို့သုံးတာ သင့်လျှော်တယ်။

Terminology ဆေးဝေါဟာရတွေ
Abortion (အဘောရှင်း) ဆိုတာ ဆေးစာအရပြောရရင် သုက်ပိုး နဲ့ မျိုးဥတို့ မျိုးစပ်ကြပြီးတဲ့နောက်မှာ ဆက်ဖြစ်လာနေတဲ့ Conception products သန္ဓေ (တစ်ရှူး) တွေဟာ တမင်လုပ်လို့ဖြစ်ဖြစ်၊ သူ့ဖါသူဖြစ်ဖြစ် ၂ဝ ပါတ် မတိုင်ခင် ဆုံးရှုံး-ပျက်စီးသွားခြင်းလို့ ခေါ်တယ်။

Blighted Ovum ပျက်စီးသွားသော မျိုးဥ
တကယ်လို့ သုက်ပိုးနဲ့ မျိုးဥ နှစ်ခုက ပေါင်းစပ်ကြမယ်။ (ဆဲလ်) တခုတည်းကနေ နှစ်ဆတိုးနည်းနဲ့ စဉ်တိုက်ဆက်တိုက် ပွါးများလာတယ်။ Placenta အချင်း နဲ့ Membranes အချင်းလွှာတွေဖြစ်လာမယ်။ ဒါပေမဲ့ Embryo သန္ဓေဖြစ်မလာဘူး။ ဒီအခြေအနေမျိုးကို Blighted ovum ပျက်စီးသွားသော မျိုးဥ လို့ ခေါ်တယ်။ သန္ဓေသာဖြစ်မလာတယ် အမျိုးသမီးမှာ ကိုယ်ဝန်ဆောင် လက္စဏာတွေတော့ ရှိလာတယ်။ ဆီး-သွေးထဲမှာ Pregnancy hormone (hCG) ကိုဝ်ဝန်ဟော်မုန်း ပါနေပြီမို့ စစ်ရင် အပေါင်းပြမယ်။ ကိုယ်ဝန် ၁၂ ပါတ်အတွင်းဖြစ်တဲ့ Miscarriages ကိုယ်ဝန်အလိုလိုပျက်တာတွေထဲမှာ တဝက်ကျော်ကျော်မှာ ဒီလိုမျိုးဖြစ်တယ်။ ဖြစ်ရင် Spontaneous miscarriage ချက်ချင်းကိုယ်ဝန်ပျက်တာ ဒါမှမဟုတ် Missed abortion ကိုယ်ဝန် အလိုလိုပျက်ခြင်း ဆက်ဖြစ်လိမ့်မယ်။

Molar pregnancy စပျစ်သီးကိုယ်ဝန်
ကိုယ်ဝန် ၁ဝဝဝ မှာ တယောက်ဖြစ်နိုင်တယ်။ Gestational trophoblastic disease ရောဂါလို့ခေါ်တယ်။ အချင်း (ဆဲလ်) တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး အိတ်လေးတွေလို ဖြစ်လာတယ်။ သန္ဓေက ဖြစ်လာအုံးတာ့ မရှင်နိုင်တော့ဘူး။ Spontaneous miscarriage ဒါမှမဟုတ် Missed abortion ကိုယ်ဝန် အလိုလိုပျက်ခြင်း ဆက်ဖြစ်လိမ့်မယ်။

Types of abortion ကိုယ်ဝန်ပျက်ခြင်း အမျိုးမျိုး
• Spontaneous Abortion အလိုအလျှောက်ပျက်ခြင်း၊
• Induced Abortion တမင်တကာဖျက်ပြစ်ခြင်း၊
• Threatened Abortion ကိုယ်ဝန်ပ်ျဘို့အန္တရာယ်ရှိခြင်း၊ ကိုယ်ဝန်က သားအိမ်ထဲမှာရှိနေသေးတယ်။ သွေးဆင်းမယ်။ သားအိမ်ဝက ပိတ်နေသေးတယ်။
• Inevitable Abortion ရှောင်လွဲမရဘဲ ကိုယ်ဝန် ပျက်ကိုပျက်တော့မယ်။
• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီး ဆင်းစရာ-ထွက်စရာတွေလဲ အကုန်ထွက်ကျသွားပြီးဖြစ်တယ်။
• Incomplete Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မယ့် Inevitable Abortion အဆင့်ကနေ တချို့တဝက် ထွက်ကျနေပြီ။ ဒါပေမဲ့ ဆင်းစရာတွေ အထဲမှာကျန်နေသေးတယ်။
• Missed Abortion ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်ဘဲ၊ ရှိနေတာကလဲ ပျက်စီးသွားပြီ။
• Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်ခြင်း။
• Recurrent or habitual Abortion ကိုယ်ဝန်ပျက်လေ့ရှိသူ။ ၃ ခါနဲ့ ၃ ခါမက ပျက်ကျနေသူကိုသာ သုံးသင့်တယ်။

Abortion symptoms ကိုယ်ဝန်ပျက် လက္စဏာများ
• Vaginal bleeding ဗဂျိုင်းနာကနေ သွေးဆင်းမယ်။ နဲနဲကနေ များများဖြစ်နိုင်တယ်။
• Pelvic pain ဆီးစပ်နာခြင်း။
• Pregnancy symptoms cessation ကိုယ်ဝန်ရှိစ လက္စဏာတွေ အဆုံးသတ်သွားခြင်း။ ရင်သားနာတာ၊ ပျို့-အန်ချင်တာ၊ ချဉ်ခြင်းတပ်တာတွေ၊ ဆီးခဏခဏ သွားချင်တာတွေ ဆက်မရှိတော့ဘူး။
• No sign or symptom ဘာဆိုဘာမှ မခံစားရဘူး။
• Pregnancy test ကိုယ်ဝန်ဆီးစစ်တာကတော့ ပျက်သွားလဲ အပေါင်းဆက်ပြနေအုံးမယ်။

Cause of Abortion ဘာလို့ ပျက်ရသလဲ
• Not known အများအားဖြင့် ဘာလို့ ပျက်သလဲ မပြောနိုင်ပါ။
• Genetic defect မျိုးဗီဇ နဲ့ Nature သဘာဝတရားကြောင့် ဖြစ်နိုင်တယ်။
• Smoking ဆေးလိပ်သောက်တာ နဲ့ Obesity ကိုယ်ဝန်ဆောင်သူက အဝလွန်ကဲတာ၊
• Stress စိတ်ဖိအားများတာကနေလဲ ဖြစ်နိုင်တယ်။
• Old ages မိဘလုပ်သူတွေ အသက်ကြီးနေကြတာ၊
• Narcotic and Alcohol (ကိုကိန်း) သုံးစွဲတာ၊ အရက်သောက်တာ၊
• Missed abortion ရဲ့ အများဆုံးသော အကြောင်းတရားဟာ Severe genetic abnormalities ကြီးမားတဲ့ မျိုးဗီဇ-ချို့ယွင်းချက် ဖြစ်တယ်။ မျိုးဗီဇက ဘာလို့ အဲလိုဖြစ်ရသလဲဆိုတာ မပြောနိုင်သေးပါ။ ကံတရားပါဘဲ။

ကိုယ်ဝန်ပျက်တာမှန်သမျှ ၁၄ ပါတ်အတွင်းမှာ ၉၉% ဖြစ်တယ်။ Pregnancy tests စမ်းရင် နောက်တကြိမ်ရာသီလာရမဲ့ရက်ထက် နောက်တပါတ်နေလို့မှ မလာချိန်ကစပြီး စစ်နိုင်ပြီ။ အဖို (သုက်ပိုး)-အမ (မျိုးဥ) တွေ့ကြပြီးတဲ့နောက် ၁ဝ ရက်ဆိုရင် အပေါင်းပြနိုင်တယ်။ Ultrasound လုပ်ရင် ၅-၆ ပါတ်မှာ မြင်လာရမယ်။ Missed abortion ဖြစ်နေရင် သားအိမ်ထဲက မကောင်းတော့တဲ့ (တစ်ရှူး) တွေဟာ ၃-၄ ပါတ်နေရင် ထွက်ကျလာနိုင်တယ်။ ကိုယ်ဝန် ရင့်ရင် ရင့်သလို သွေးတွေ အများကြီးဆင်းနိုင်တယ်။ ကာရံမသင့်ရင် ပိုးဝင်နိုင်တယ်။ ဒါကြောင့် ဆရာဝန်က ဆေးနည်း၊ ခွဲနည်း တခုခု လုပ်ပေးတယ်။

Treatment of Abortion ကိုယ်ဝန်ပျက်ရင် ဘယ်လိုကုသသလဲ
• Spontaneous Abortion အလိုအလျှောက်ပျက်ရင် ဘာမှ မလိုပါ။
• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီးဖြစ်လို့ လုပ်ပေးစရာမလိုပါ။ သွေးအားနည်းနေရင် လုပ်ပေးရမယ်။
• Threatened Abortion ပျက်ချင်သလိုဖြစ်ရင် အိပ်ရာထဲမှာ နားနေပါ။
• Inevitable Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မဲ့သူ နဲ့ Incomplete Abortion ပျက်ကို ပျက်တော့မဲ့သူတွေကို Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်တာ မဖြစ်အောင်လုပ်ရမယ်။ မဟုတ်ရင် အသက်အန္ကရာယ်ကို ထိခိုက်စေနိုင်တယ်။ သွေးဆင်းများသွားရင်လဲ (ရှော့ခ်) ရနိုင်တယ်။
• Incomplete Abortion ကိုယ်ဝန် တစိတ်တပိုင်းသာ ပျက်သေးဆာအတွက် D and C သားအိမ်ခြစ်တာ နဲ့ Medical abortion ဆေးပေးတာ ၂ နည်းလုပ်တယ်။ ဆေးပေးတာမှာ Oral misoprostol 600 micrograms ဆေးသောက်ခိုင်းမယ်။

Prevalence of Abortion ဘယ်လိုကာကွယ်မလဲ
• ကိုယ်ဝန်ဆောင်သမျှ ၁ဝ-၂ဝ% ပျက်နိုင်တယ်။
• Rhesus negative သွေးအုပ်စုက Rh –ve အမျိုးအစားဖြစ်နေသူကို Anti-D ဆေး ထိုးပေးထားရင် နောင်အတွက် အဲဒီအကြောင်းကြောင့် ကိုယ်ဝန် မပျက်စေနိုင်ဘူး။ ဒီနည်းကို လေ့လာမှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်။
• Emotional aspects of abortion စိတ်ထိခိုက်မှုအတွက် စိတ်သက်သာရာရအောင် နည်းအမျိုးမျိုးလိုမယ်။
• ကိုယ်ဝန်ရှိတာ သိတာနဲ့ Ultrasound (အာလ်ထွာဆောင်း) စစ်ဆေးတာ ပုံမှန်လုပ်နေသင့်တယ်။ ကာကွယ်ဘို့တော့ မတတ်နိုင်ပါ။ ဖြစ်-ပျက်လာတာကို စောစောသိဘို့ ပြင်ဆင်ဘို့အတွက်သာ ဖြစ်ပါတယ်။
• ဒီလို ကံမကောင်း အကြောင်းမလှ ဖြစ်ရတာဟာ မိဘနှစ်ပါး အပြစ်မဟုတ်ပါ။ ကလေးရဲ့ ကံတရားအစစ် ဖြစ်ပါတယ်။ ဒါကြောင့် တခါဖြစ်တဲ့နောက် ကံကောင်းတဲ့ ကလေးကို စောင့်မျှော်နိုင်ကြပါတယ်။

Pregnancy after Abortion ကိုယ်ဝန်ပျက်ပြီးနောက် ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ပျက်ပြီးနောက် အောင်မြင်တဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန် ၃ ခါ ပျက်တဲ့သူတွေတောင်မှ ကိုယ်ဝန်ရလမ်း ၅၅% ရှိတယ်။ သဘာဝတရားကြောင့် ပျက်နိုင်သလို သဘာဝတရားကနေ ကုစားနိုင်တာတွေလဲ ရှိပါတယ်။

Amenorrhea ရာသီမလာတာကို စောင့်ရှောက်ခြင်း
ရာသီမလာတာ ၆-၁၄ ပါတ်မှာ ဆီးစစ်တော့ အပေါင်းပြနေတယ်ဆိုရင် ကိုယ်ဝန်အပ်ရမယ်။ (၂) မျိုးစစ်လိမ့်မယ်။
1. Hb Blood grouping လုပ်မယ်။ လိုအပ်ရင် Anti-D ဆေးထိုးရမယ်။
2. Ultrasound ရိုက်မယ်။

Ultrasound ရိုက်ရင် (၄) မျိုးဖြစ်နိုင်တယ်။
(၁) Viable intrauterine pregnancy သားအိမ်ထဲမှာ ရှင်သန်နေတဲ့ သန္ဓေရှိနေတာတွေ့မယ်။
(၂) Empty uterus သားအိမ်ထဲမှာ သန္ဓေမတွေ့တာဖြစ်မယ်။
(၃) Incomplete abortion ကိုယ်ဝန် တပိုင်းတစ ပျက်မယ်။
(၄) Missed abortion ဖြစ်နိုင်တယ်။

(၁) ကိုယ်ဝန်ဆက်ကောင်းနေတာဆိုရင် Antenatal care (ANC) ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပုံမှန် ဆက်လုပ်နေရမယ်။
(၂) သားအိမ်ထဲမှာ သန္ဓေမတွေ့တာဆိုရင် Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအတွက် ကုသရမယ်။ ခွဲစိတ်ရမယ်။ ပေါက်သွားမှဆိုရင် အရေးပေါ် ခွဲစိတ်ရမယ်။ သွေးလိုနိုင်တယ်။ (ရှော့ခ်) ရနိုင်တယ်။
(၃) ကိုယ်ဝန် တပိုင်းတစ ပျက်တာဆိုရင် သွေးတွေ ဆင်းမယ်။ ဗိုက်နာမယ်။ သားအိမ်ဝမှာရှိနေတာ Speculum ကရိယာသုံးပြီး ထုတ်ပေးမယ်။
ပြီးတာနဲ့ Ergometrine 0.5 mg ထိုးပေးမယ်။ သွေးဆင်းတာ မရပ်သေးရင် သားအိမ်ထဲကျန်တာတွေ ထုတ်ပေးမယ်။ ERPC (evacuation of retained products of conception) ခေါ်တယ်။
(၄) Missed abortion ဖြစ်တာဆိုရင် တိုင်ပင်ဆုံးဖြတ်ဘို့လိုမယ်။
(က) စောင့်အုံးမလား၊ စောင့်မယ်ဆိုတာ ၁ဝ ရက်နေရင် (အာလ်ထွာဆောင်း) တခါ ထပ်ရိုက်တာဖြစ်တယ်။ မကောင်းတာ သေခြာရင် (ခ) အတိုင်းလုပ်ရမယ်။
(ခ) မစောင့်ချင်ရင် ERPC (evacuation of retained products of conception) သားအိမ်ထဲကျန်တာတွေ ထုတ်ပေးမယ်။

Dr. တင့်ဆွေ
၂၉-၃-၂ဝ၁၂
၁၆-၄-၂ဝ၁၄

မြန်မာ့သင်္ကြန် ပျက်ပြီလို့ မပြောနိုင်ဘူး (စာရေးဆရာ ကြည်မင်းနဲ့ ဆက်သွယ်မေးမြန်းချက်)


ဒီနှစ် မြန်မာ့သင်္ကြန်ပွဲတော်ရက်အတွင်း အရက်ကုမ္ပဏီကြီးတွေရဲ့ စပွန်ဆာနဲ့ စင်ပေါ်တက် ကော့ကန်ကားလုပ်ပြနေသူတွေကို ထိုင်ကြည့်နေတဲ့အစိုးရကို မကြိုက်ဘူးလို့ စာရေးဆရာ ကြည်မင်းက ဝေဖန် ပြောကြားလိုက်ပါတယ်။

ဒီလို လုပ်နေသူတွေဟာ ကွက်ကွက်ကလေး လူနည်းစုပဲ ဖြစ်တာမို့ မြန်မာ့သင်္ကြန် ပျက်ပြီလို့တော့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီနှစ် သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ရှိတဲ့ အရက်ကုမ္ပဏီတခုရဲ့ ဖျော်ဖြေရေးမဏ္ဍပ်မှာ ထိုင်းနိုင်ငံက အမျိုးသမီးအကတဖွဲ့ရဲ့ ကပြဖျော်ဖြေခဲ့ပုံတွေဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ် တက်လာပြီး လူပြောသူပြော များခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ စာရေးဆရာ ကြည်မင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။

DVB

အိန္ဒိယရှိ လယ်သမားတချို့ သီးနှံဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု များလာ



လွန်ခဲ့တဲ့လက အိန္ဒိယနိုင်ငံရဲ့ မဟာရက်ရှ်ထရာပြည်နယ်မှာ လယ်သမားအယောက် ၄၀ လောက်ဟာ သူတို့ရဲ့သီးနှံတွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေ သွားခဲ့ကြပါတယ်။

ပြည်နယ်အတော်များများမှာ မိုးသီးမုန်တိုင်းတွေ ကျရောက်ခဲ့ပြီး သီးနှံစိုက်ခင်း ဟက်တာပေါင်း ထောင်နဲ့ချီ ပျက်စီးသွားခဲ့ရတာကြောင့် လယ်သမားတွေလည်း ပျက်စီးဆုံးရှုံးခြင်း လမ်းစ ရောက်ခဲ့ရတာပါ။

အာမက်နာဂါခရိုင်မှာ အသက် ၄၅ နှစ်အရွယ် ပရာကက်ရှ်ဂါဒီတယောက် သူ့ရဲ့ ၅ ဧက ရှိတဲ့ ဂျုံစိုက်ခင်းထဲမှာ ရပ်နေတာပါ။ သူဟာ ရင့်မှည့်လုနီးပါးဖြစ်နေတဲ့ ဂျုံပင်အစည်းတစည်းကို ကောက်ယူလိုက်ပြီး သူ့အပင်တွေကို ၀မ်းပမ်းတနည်း ကြည့်လိုက်ပြီးတော့ အော်ငိုပါတော့တယ်။

“အားလုံး ကုန်ပါပြီ။ ငါတော့ သွားပါပြီ။ ဒါတွေနဲ့ ဘဏ်ချေးငွေ ပြန်ဆပ်နိုင်တော့မယ်လို့ တွေးထားခဲ့တာ။ ကျနော် လွန်ခဲ့တဲ့ ၅ နှစ်က ချေးငွေ ထုတ်ခဲ့ပြီးတော့ ဒီငွေအားလုံးကို ဒီမြေပေါ်မှာ အကုန် ရင်းနှီးသုံးစွဲထားတာ။ ကျနော် ပြန်မဆပ်နိုင်သေးဘူး။ ဒါပေမယ့် ဒီတကြိမ်တော့ သီးနှံတွေ အရမ်းကောင်းနေလို့ ကိုယ့်ပြသာနာတွေတော့ ပြေလည်ပြီလို့ တွေးထားတာ။ ဒါပေမယ့် ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာသာ ကြည့်ပါတော့ဗျာ။ ခုတော့ ကျနော် ဘာမှ မလုပ်တတ်တော့ဘူး။ ဘာမှလဲ မကျန်တော့ဘူး။”

ပြီးခဲ့တဲ့လတုန်းက မဟာရက်ရှ်ထရာ ပြည်နယ်နဲ့ အနီးဝန်းကျင် ပြည်နယ်တွေမှာ ချိန်ခါမဲ့ ရွာတဲ့မိုးနဲ့ မိုးသီးမုန်တိုင်းတွေကြောင့် ဆောင်းသီးနှံ စိုက်ခင်း ဟက်တာပေါင်း ၂ သန်းနီးပါး အကုန်လုံး ပျက်စီးသွားခဲ့ပြီး အပျက်အစီးတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အိမ်နီးချင်းပြည်နယ် ရှိုလာပူရ်ပြည်နယ်မှာတော့ လယ်သမားကြီး ဘာဘာဆို အောတာဒီက ဒီ ဖိစီးမှုကို မခံနိုင်ရှာပါဘူး။ သူ့ဘ၀ကို အဆိပ်သောက်ပြီး အဆုံးသတ်သွားပါတယ်။ သူရဲ့သားဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဂျာနက်ရှ်ဝါ အောတာဒီ ကတော့ ခုထိ ၀မ်းနည်းပူဆွေးနေရတုန်းပါ။

“အဖေက တော်တော်ကို စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားရှာတာပါ။ ကျနော်တို့ အများကြီး ဆုံးရှုံးသွားပြီးတော့ အကြွေးတွေလဲ အများကြီး တင်ကုန်ပါတယ်။ သူက တချိန်လုံး ချေးငွေအကြောင်းပဲ တွေးနေတာလေ။ အဲဒါကပဲ သူ့ကို ပျက်အောင် ဖျက်သွားတာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒီအကျဉ်းအကျပ်ကနေ ပြန်ထနိုင်ဖို့ တခြားဘာမှ မရှိဘူးလေ။ ဒီ စိတ်ဖိစီးမှုကို မခံနိုင်တော့လို့ သူ့ စိတ်တွေလဲ လွတ်သွားသလိုဖြစ်ပြီးတော့ နောက်ဆုံး သူ့ကိုယ်သူ သေကြောင်းကြံသွားတာပါပဲ။”

မီဒီယာတွေကနေ သတင်းထုတ်ပြန်တာကတော့ ပြီးခဲ့တဲ့လက သီးနှံတွေ ဆုံးရှုံးသွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ လယ်သမားတွေ ၄၀ လောက်ရှိတယ်လို့ ဆိုပေမဲ့ အစိုးရတော့ ၁၀ ယောက်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ့်ကိန်းဂဏန်းက ဒီ့ထက် အများကြီး ပိုတယ်လို့ လယ်သမားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဂျာယာဂျီ ဆူရ်ယာဗန်ရှီက ပြောပါတယ်။

“ကျနော်တို့ သိတာကတော့ နယ်မြေအနည်းအပါးတင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ၂၉ ယောက် ရှိပါတယ်။ ဒါတောင် ပထမပတ် ၁ ပတ်ထဲမှာတင် ဖြစ်သွားတာပါ။ မုန်တိုင်းက ပြည်နယ်တခုလုံးကို တိုက်သွားပြီးတော့ သီးနှံတွေ အားလုံးကို ပျက်စီးကုန်တာပါ။ ဒါက အရေးပေါ်အခြေအနေတရပ်ပါ။ ကိန်းဂဏန်းတွေကိုတော့ အမှန်တကယ်ထက်ကို လျော့ပြောထားတာပါ။”

ဒီပြည်နယ်မှာ မနှစ်တုန်းကတော့ သီးနှံဆုံးရှုံးမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတွေ တသီတတန်းကြီး ဖြစ်ခဲ့ကြပြီး အဲဒီအချိန်တုန်းက မိုးခေါင်ရေရှားဒဏ်လဲ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာပါ။

ပုံမှန် မဟုတ်တဲ့ မိုးလေ၀သ အခြေအနေအတွက် ကမ္ဘာကြီး ပူနွေးမှုကို ပြစ်တင်ပြောကြားကြောင်း စိုက်ပျိုးရေးပညာရှင် ဆဘ်ဟာ့ရှ် ပါလီကာ က “ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ကုလသမဂ္ဂအစိုးရအတွင်းပိုင်း အကြံပေးအဖွဲ့ကတော့ သူတို့ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ ကျနော်တို့ကို သတိပေးထားတာကတော့ ကမ္ဘာကြီးပူနွေးမှုက ကျနော်တို့ကို ပိုပြီး ပြင်းပြင်းထန်ထန် ထိခိုက်စေဦးမယ် ပေါ့လေ။ လူတွေရဲ့ကျန်းမာရေး၊ အစားသောက်-ကောက်ပဲသီးနှံ ထုတ်လုပ်ရရှိမှုနဲ့ ရေအရင်းအမြစ်တွေလဲ ထိခိုက်မှာပေါ့။ ကျနော်တို့ရှေ့မှာတင် ဒေသ ၃ ခုစလုံးမှာ ဆိုးကျိုးသက်ရောက်မှုတွေကို တွေ့နိုင်ပါတယ်လေ။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းကတော့ ကျနော်တို့က သဘာဝအတိုင်း လယ်ယာလုပ်တဲ့စနစ်ကို ဖျက်ဆီးခဲ့မိလို့ပါပဲ”လို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံလယ်သမားတွေအတွက်ကတော့ ဒါ မိုးလေ၀သကြောင့်ဖြစ်တာ မဟုတ်ပါဘူးတဲ့။ အမျိုးသား ရာဇ၀တ်မှုမှတ်တမ်းရုံးကတော့ ၁၉၉၅ ခုနှစ်ကတည်းက လယ်သမားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အမှု ၃ သိန်း နီးပါး ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

လယ်သမားအုပ်စုတွေ ပြောတာကတော့ ဒါဟာ အစိုးရက လယ်ယာမြေပြသာနာတွေကို အကြီးအကျယ် မျက်နှာလွှဲ ခဲပစ် လုပ်ခဲ့တဲ့ ပြသာနာပဲ လို့ ဆိုပါတယ်။ အိန္ဒိယ လယ်သမားများ အဖွဲ့အစည်းတွေကို ယာယီပူးပေါင်းဖွဲ့စည်းလိုကတဲ့ အဖွဲ့မှ အတွင်းရေးမှူးချုပ် ချန်ဂေါလ် ရဒ်ဒီက အခုလို ပြောပါတယ်။

“ဒါဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတွေနဲ့ နိုင်ငံရေးပါတီတွေ လုံးဝကို ပြိုလဲသွားတာပါပဲ။ ဘာလို့လဲဆိုတော့ ဒီကလူတွေအများစုက ဒါတွေ ဘာ့ကြောင့်ဖြစ်နေတယ်ဆိုတာကို နားမလည်ကြဘူးလေ။ ဒါက စိုက်ပျိုးရေးလုပ်ငန်း၊ ကြွေးမြီချပေးရမှာတွေ၊ သီးနှံအာမခံကိစ္စတွေ၊ ပို့ကုန်စနစ် သို့မဟုတ် တန်ဖိုးသတ်မှတ် ရောင်းချတဲ့စနစ်တွေနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယအစိုးရရဲ့ အခြေခံ မူဝါဒချို့တဲ့ခြင်းတခုပေါ့ဗျာ။ စက်မှုပိုင်းနဲ့ ၀န်ဆောင်မှုပိုင်းတွေရဲ့ တိုးတက်မှုမှာ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း များလာပါတယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် စိုက်ပျိုးရေးပိုင်းကဏ္ဍမှာတော့ အနုတ်လက္ခဏာ ပြနေတာပဲဗျ။”

အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးလောက်ရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးနေတာလဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်မူဝါဒအရ စိုက်ပျိုးရေးဟာ နိုင်ငံ့စီးပွားရေးရဲ့ ပင်မကျောရိုး ဖြစ်ပါတယ်။ ဒါပေမယ့်လဲ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက ခပ်မြန်မြန် ကျဆင်းနေတာလို့ ပညာရှင်တွေက ဆိုပါတယ်။ သတင်းအချက်အလက်ဆိုင်ရာ ပြည်သူ့အခွင့်အရေးအတွက် အမျိုးသားလှုပ်ရှားမှု အဖွဲ့မှ နစ်ခီးလ် ဒီးက ခုလိုပြောပါတယ်။

“လယ်သမားတွေ ကိုယ့်ကိုယ်ကို သတ်သေကြမှုတွေကို ကျနော်တို့ ပြောလာတာ နှစ်ပေါင်း အတော်ကြာလာပါပြီ။ စိုက်ပျိုးရေးကဏ္ဍကို အာရုံမစိုက်ကြလို့ ဆိုတာ သံသယတောင် မရှိပါဘူး။ တနေရာရာမှာတော့ ကျနော်တို့ စိတ်လုံခြုံမှုတော့ ပေးနိုင်ရမှာပေါ့။ မူဝါဒကို အကောင်အထည် ဖော်တာ မအောင်မြင်တဲ့အတွက် အကြောင်းပြချက် မရှိပါဘူး။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာ ဂီလာနီက နယူးဒေလီကနေ သတင်းပေးပို့ခဲ့တာပါ။

DVB

သင့်အိပ်မက်က ပြောသော သင့်ကျန်းမာရေး (၁)


အိပ်မက်တွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ အချို့လူတွေက ထင်ကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ အိပ်မက်တွေက ကျွန်မတို့တွေရဲ့ ကျန်းမာရေး အခြေအနေကို သဲလွန်စပေးနိုင်တယ်လို့ ထင်မြင်ထားကြပါတယ်။ လူအများစုဟာ တစ်ညမှာ အများဆုံး အိပ်မက် လေးခုကနေ  ခြောက်ခုအထိ မြင်မက်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်မှာ အိပ်မက်နှစ်ခု၊ သုံးခုလောက်ကိုပဲ  ကောင်းကောင်း မှတ်မိကြပါတယ်။ အကြောင်းကတော့ အိပ်မက်မက်တဲ့ အချိန်မှာ  နိုးမလာဘဲ  ပြန်လည် အိပ်ပျော်သွားတာကြောင့် မေ့သွားတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက  အအိပ်ဆတ်တဲ့အတွက်  အမျိုးသားတွေနဲ့စာရင် အိပ်မက်တွေကို  ပိုမှတ်မိတယ်လို့ ဆိုပါတယ်။ လူအများစု မက်လေ့မက်ထရှိတဲ့ အိပ်မက်တွေရဲ့ အဓိပ္ပါယ်က ကျန်းမာရေး အခြေအနေအေပါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့  ယူဆချက်တွေကို  ရေးသား လိုက်ပါတယ်။


တိုက်ခိုက်ခံရသော အိပ်မက်များ မက်ခြင်း

နောက်က တစ်ယောက်ယောက်လိုက်တာ၊ အတိုက်ခိုက်ခံရတာစတဲ့ စိတ်ဖိစီးမှုများစေတဲ့ အိပ်မက်တွေ မက်တာဟာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန် စတဲ့ ဦးနှောက်နဲ့ အာရုံကြောရောဂါတစ်ခုခုရဲ့ အစောပိုင်း လက္ခဏာတစ်ရပ်  ဖြစ်နိုင်ပါတယ်။

အိပ်မက်မက်စဉ် အတောအတွင်း ပုံမှန် အတိုက်ခိုက်ခံရတဲ့ အိပ်မက်မက် သူတွေဟာ REM အဆင့် အိပ်စက်မှု ပုံမမှန် ဝေဒနာကို ခံစားနေရတာ  ဖြစ်ပါတယ်။ အိပ်မက်မက်တဲ့ ဦးနှောက်အစိတ်အပိုင်း ထိခိုက်မှုကြောင့် အလွန် ကြမ်းတမ်းပြီး နှောင့်ယှက်ခံရတဲ့ အိပ်မက်တွေကို မက်ရတာ ဖြစ်ပါတယ်။ တခါတရံ ဒီလို အိပ်မက်မက်ရင်း သူတို့ကိုယ်သူတို့ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို  ကန်တာ နာကျင်အောင်  ပြုလုပ်တာတို့ကို  ပြူမူမိ တတ်ကြပါတယ်။

ဒါက အယ်ဇိုင်းမားရောဂါ အကြို ခန့်မှန်းချက်ဖြစ်ပြီး ဒီလို ဖြစ်ပြီး နောက်ထပ် ၁၀နှစ်ကြာမှ မှတ်ဥာဏ်ဆုံးရုံးတာမျိုး နဲ့ အခြား လက္ခဏာတွေ  ပေါ်လာတတ်တာ  ဖြစ်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ  ရောဂါရှိမရှိ ရောဂါရျာဖွေပြီး စောစီးစွာ ဆေးကုသမှုခံယူသင့်ပါတယ်။

စောစောနိုးထလာစေသည့် အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – အဆီများသော အစာစားခြင်း၊ ကိုယ်အလေးချိန် များခြင်း၊ စိတ်ဖိစီးမှုများခြင်း သို့ စိတ်ဓါတ်ကျခြင်း။

အဆီများတဲ့ အစာကို များများ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ခပ်ကြာကြာ ပြည့်နေပြီး အစာအိမ်နဲ့ အစာပြွန်အကြား အဆို့ရှင် အပေါ် ဖိအား  သက်ရောက်စေကာ အစာနဲ့ အစာအိမ် အက်စစ်တွေ အထက်ကို  ပြန်ဆန်တက်ပြီး ရင်ပူခြင်း  ဝေဒနာကို  ဖြစ်စေနိုင်ပါတယ်။

အိပ်မောကျပြီး အစောပိုင်း နာရီအတွင်း ဖြစ်တတ်တပြီး ညဘက် အစောကြီး လန့်နိုးတတ်ပါတယ်။

အက်ဆစ်အထက်ကို ဆန်တတ်တဲ့ ဝေဒနာက ပုံမှန်ထက် ကိုယ်အလေးချိန် များသူတွေမှာ အဖြစ်များတတ်ပါတယ်။ အဆို့ရှင်ပေါ် အဆီပိုတွေ  ဖိပြီး အားနည်းစေတဲ့အတွက် မကြာခဏ လန့်နိုးရခြင်း ဖြစ်ပါတယ်။

စိတ်ဓါတ်ကျတဲ့သူတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတဲ့ သူတွေက ညဘက်မှာ  အိပ်မက်မက်တဲ့ အိပ်စက်မှု အဆင့်ကို  မြန်မြန် ရောက်ရှိ တဲ့အတွက် ဖြစ်ပါတယ်။

လိင်ကိစ္စဆိုင်ရာ အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – ဖန်တီးနိုင်စွမ်း မြင့်မားခြင်း

လိင်ကိစ္စဆိုင်ရာ အိပ်မက်တွေကို အသက်အရွယ်မရွေး မက်တတ်ပေမယ့် အသက်ကြီးလာလေ ပိုမက်လေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၆၀ကျော် အရွယ်တွေမှာ ပိုပြီးမက်တတ်ပါတယ်။

အသက် ၆၀၊ ၇၀ အရွယ်တွေအနေနဲ့ သူတို့ရဲ့ လိင်မှုဘ၀ကို ငယ်ရွယ်စဉ် အချိန်ကလို ပြန်မရတော့ပေမယ့် ဒီလို အိပ်မက်မက်တာက ဖန်တီးနိုင်စွမ်း  မြင့်မားမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။

အငြိမ်းစား ယူပြီး ချိန်မှာ ၀ါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်နေသူတွေ အနေနဲ့ လိင်ကိစ္စနဲ့ စပ်လျဉ်းတဲ့ အိပ်မက်မက်နိုင်ခြေ  မြင့်မားတတ်ပါတယ်။


credit: ဇွန်ခိုင်ဦး (ဆေးဝါး)

ထန်တပင်မြို့နယ်တွင် ယာဉ်တိုက်တိမ်းမှောက်သဖြင့် (၇)ဦးဒဏ်ရာရ




ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ရက်နေ့ ၁၅၄၀ အချိန်တွင်ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်
လမ်းမကြီးအတိုင်း ထန်းတပင်ဘက်မှ ညောင်တုန်းဘက်သို့ ယာဉ်မောင်း ဖိုးခွား(ခ)ကရင် (၃၂)နှစ်၊ စမ်းချောင်း မြို့နယ်နေသူ မောင်းနှင်လာသော ၄ဂ--- လင်ခရူဇာ ခဲရောင်ကိုယ်ပိုင်ယာဉ်သည် မိုင်တိုင် အမှတ်(၈/၇)နှင့်
(၉/၀)ကြားအရောက်၎င်း၏ရှေ့မှယာဉ်မောင်းဦးလှကြည် မောင်းနှင်နေသည့်
5G---ဟိုက်ဂျက်မာဇဒါအဖြူရောင် ကိုယ်ပိုင်ယာဉ်ကို နောက်မှဝင်ရောက်
တိုက်မိခဲ့ရာ ယာဉ်(၂)စီးမှာ လမ်း၏ယာဘက် ပေ (၃၀)ခန့်အကွာရှိ
အနက်ပေ (၃၀)၊ အကျယ် (၁၅)ပေခန့်ရှိသော မြောင်းအတွင်းသို့ ထိုးကျ
တိမ်းမှောက် သွားခဲ့ပြီး လင်ခရှုဇာယာဉ်မောင်းဖြစ်သူ ဖိုးခွား(ခ)ကရင်မှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် 5G--- ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးလှကြည်ပါ(၇)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့၍ လှိုင်သာယာ
ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပိုအပ်ကုသခဲ့ရာ အတွင်း/အပြင် လူနာ(မစိုးရိမ်ရ)များအဖြစ် ကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ယာဉ်မဆင်မခြင်မောင်းနှင်သူယာဉ်မောင်း ဖိုးခွား(ခ)ကရင်အား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းယာဉ် (ပ)၃၅/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၂၇၉/၃၃၇/၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

Myanmar celebrity တို့ရဲ့ သင်္ကြန်ဖက်ရှင် - မထက်၊ ၀ိုင်းစုခိုင်သိန်း၊ အာဇာနည်၊ ဝမ်း၊ ဝါဆိုမိုးဦး

မထက်

ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်း

???

ဝိုင်းစု သင်္ကြန်ဖက်ရှင်

Rဇာနည် + ဝမ်း

အာဇာနည်နှင့် သူ၏ သားလေး

ဝါဆိုမိုးဦး

Ygn News

ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာတွင် ဘုရားပင့်လာသောယာဉ်အား ၀ိုင်းရိုက်မှုဖြစ်ပွား


ဒေါ်ကြည်ဝင်း (၆၄)နှစ် (ဘ)ဦးကျော်အုန်း၊ ဗမာ/ဗုဒ္ဓ၊ လှဇင်းတောင်ကျေးရွာ၊ သနပ်ပင်မြို့နယ်နေသူ သည် ၈ဂ/၉၃၅၈ အဖြူရောင် တောင်းအေ့စ်ယာဉ်အား သားဖြစ်သူ ရွှေသိန်း (၃၂)နှစ် (ဘ)ဦးကျင်ရွှေ အား မောင်းနှင်စေပြီး ယာဉ်ပေါ်တွင် သန်းလွင်၊ သက်ဖြိုးဦး၊ ကိုနိုင်သက်၊ ကိုနိုင်၊ စိုးနိုင်တို့လိုက်ပါလျက် ဘုရားပင့်ဆောင်ကာ သနပ်ပင်မြို့မှ ရန်ကုန်မြို့သို့ထွက်ခွါလာစဉ် ၁၅-၄-၂၀၁၄ ရက်နေ့ နေ့လည်(၁၂း၄၀) အချိန်တွင် ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာထိပ်ရေကစားမဏ္ဍပ်အရောက်၌ ရေမပက်ရန်နှင့် ဘုရားပင့်ဆောင်လာကြောင်း ပြောဆိုတောင်းပန်သော်လည်းမရဘဲ ရွှေသိန်းအား ကား ပေါ်မှဆွဲချကာ လက်သီးဖြင့်ထိုး၊ ခဲများဖြင့်ဝိုင်းဝန်းပစ်ခတ်သဖြင့် ကားပေါ်မှဆင်းပြေးခဲ့ရာ ကမာနတ်ရွာနေ ဇော်ဇော်၊ မင်းမင်း၊ ဟန်နုကျော်နှင့်အပေါင်းပါများမှ အရှည်(၂)တောင်ခန့်ရှိ သံတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်သဖြင့် ရွှေသိန်းနှင့် သန်းလွင်တို့တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ကိုနိုင်သက်လွင်တွင် ၀ဲပုခုံးဖူးရောင်နာကျင်ဒဏ်ရာ၊ သက်ဖြိုးဦးတွင် ၀ဲလက်မောင်းဖူးရောင်နာကျင်ဒဏ်ရာ၊ စိုးနိုင်တွင် ယာလက်မောင်း ဖူးရောင်နာကျင်ဒဏ်ရာ၊ ကိုနိုင်တွင် ယာမေးဖျားပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့သည့် အပြင် ၈ဂ/၉၃၅၈ ယာဉ်၏ ရှေ့လေကာမှန်ကွဲပြီး ဘုရားကျောင်းဆောင်ပျက်စီးခဲ့သဖြင့် ပဲခူးမြို့မရဲစခန်း (ပ)၂၄၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၅/၄၂၇/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ သည်။
Thant zin
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

သင်္ကြန်ရေကစားမဏ္ဍပ်များ၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီး အရေးယူ




ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ရေကစားမဏ္ဍပ်
များ၌ ခါးပိုက်နှိုက်များဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းဆောင်ရွက်ခဲ့
ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်းပေါ်ရှိ
Air Bagan ရေကစားမဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသားများ၏
ဘောင်းဘီအိတ်ကပ်အတွင်းမှ ငွေများနှိုက်ယူ နေသူများဖြစ်သည့် တင်အောင်လင်း(ခ)ဖားကြီး၊ (၂၁)နှစ်၊ (ဘ)ဦးမျိုးငွေ၊ လှိုင်သာယာမြို့နယ်၊
နေသူကို ငွေကျပ်(၅၁၀၀)နှင့်လည်းကောင်း၊ သိန်းအေး၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းဆွေ၊ ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူကို
ငွေကျပ်(၄၁၀၀)နှင့်လည်းကောင်း၊ မြင့်သန်း၊ (၂၉)နှစ်၊ (ဘ)ဦးဖေတင်၊ ကြည့်မြင်တိုင်မြို့နယ်နေသူအား HUAWEI အမျိုးအစား အနက်ရောင်
ဟန်းဆက် (၁)လုံးနှင့် ငွေကျပ်(၄၀၀၀)တို့နှင့်လည်းကောင်း၊ ငရှဥ့်(ခ)
ဝင်းထွဋ်၊ (၁၈)နှစ်၊ လှိုင်သာယာမြို့နယ်နေသူကို ငွေကျပ်(၅၈၀၀)နှင့်
လည်းကောင်း၊ ၀င်းမြင့်အောင်(ခ)အထစ်၊ (၂၀)နှစ်၊ (ဘ)ဦးမြင့်အောင်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူအား လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်
(၃၁၅၀၀) နှင့်လည်းကောင်း၊ မိုးသန်းဌေး၊ (၂၂)နှစ်၊ (ဘ)ဦးဌေးအောင်၊ လှိုင်သာယာမြို့နယ်နေသူကို လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်(၃၈၅၀၀)နှင့်
လည်းကောင်း၊ မပပ၀င်း၊ (၂၆)နှစ်၊ (ဘ)ဦးပေါက်စ၊ မရမ်းကုန်းမြို့နယ်
နေသူကို ငွေကျပ်(၆၂၀၀၀)နှင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ (၇)ဦးအား လှိုင်မြို့မရဲစခန်းတွင် အမှုများရေးဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်၍ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ရှေ့ ပိတောက်ချစ်သူ ရေကစားမဏ္ဍပ်ရှေ့၌ရေကစား
နေသော အမျိုးသားတစ်ဦး၏ဘောင်းဘီ အိတ်ကပ်အတွင်းမှ ငွေကျပ်
(၄၂၂၅၀)ပါ ပိုက်ဆံအိတ်(၁)လုံးကိုနှိုက်ယူခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေ ငတိ(ခ)သက်ထွန်းအောင်၊(၄၇)နှစ်၊ (ဘ)ဦးရွှေနှင့် အင်းစိန် မြို့နယ်နေ စိုးလင်း(ခ)အောင်မင်းထိုက်၊ (၂၄)နှစ်တို့(၂)ဦးကို
တွေ့ရှိဖမ်းဆီးရမိသဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဓာတ်ဆီလောင်း မီးရှို့ထွက်ပြေးသွားသူအား ဖမ်းဆီးရမိ


ငွေဆောင် ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ်ခွဲ သပြေခုံကျေးရွာတွင် ဧပြီ ၁၄ ရက်နေ့က မိမိနေအိမ်နှင့် မိသားစုအားမီးရှို့ ထွက်ပြေးသွားသော တရားခံဇင်နိုင်လင်းအား ၁၅ ရက် ညနေ ၆း၃၀ အချိန်တွင် ယင်းမီးရှို့ ခဲ့သည့်နေအိမ်၏ အရှေ့ဘက် ၂ ဖာလုံခန့် အကွာရှိ မီးသွေးဖိုအဟောင်းတွင် မီးလောင်ဒဏ်ရာများဖြင့်တွေ့ ရှိရ၍ မြို့နယ်ခွဲရဲစခန်းမှ ငွေဆောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိပြီး မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

MOI Webportal Myanmar

ရွှေမှော်လုပ်ကိုင်ခြင်းကို မကျေနပ်၍ ယာဉ်နှင့် စက်များကို မီးရှို့ဖျက်ဆီး


ကသာ ဧပြီ ၁၅

ကသာခရိုင် ဗန်းမောက်မြို့နယ် နန်းနွားထွန်ကျေးရွာအုပ်စု မိုးတေ ကျေးရွာအလွန် မံစီကြီးနယ်မြေ ရဲစခန်း အနောက်မြောက် ၂၅ မိုင်ခန့်အကွာ ဟုမ္မလင်းမြို့နယ်သို့ သွားသော ဘက်ဟိုးယာဉ်တစ်စီး မီးလောင် သွားကြောင်း သတင်းအရ ဧပြီ ၁၃ ရက်က မံစီကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲမြင့် ဦးစီးအဖွဲ့သည် သက်သေ ဦးဝင်းမောင် ဦးတင်ဝင်းတို့နှင့်အတူအခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
အခင်းဖြစ်အရပ်သို့ ဧပြီ ၁၄ ရက်နံနက် ၂ နာရီ ၃၅ မိနစ်က ရောက်ရှိပြီး ဘက်ဟိုးယာဉ်ပိုင်ရှင် ဦးစိုးလင်း၊ ကျော်ရွာ ဂန့်ဂေါမြို့နယ်နေသူအပါအဝင် အလုပ်သမား ၁၁ ဦးကို တွေ့ရှိမေးမြန်းခဲ့ရာ အဖွဲ့က ဧပြီ ၁၂ ရက် နံနက် ၂ နာရီ မိနစ် ၄၀ က KIA အဖွဲ့ဟု ပြောသော အရပ်ဝတ်ဖြင့် လက်နက်မဲ့ လူ ၁၅ ဦးခန့် ရောက်ရှိလာပြီး ခြင်ထောင်ထဲအိပ်နေသူများကို အပြင်မထွက်ရန်နှင့် ဘက်ဟိုး၌အိပ်နေသော ကိုမျိုးဝင်း သရက်ပင်ရွာ ထန်းတပင်မြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူအား ယာဉ်ပေါ်မှ အောက်သို့ ဆင်းခိုင်းပြီး ထိုင်ခိုင်းကာ KOBELCO အမျိုးအစား အစိမ်းနုရောင် ဘက်ဟိုးတစ်စီးနှင့် နဌ/-- ၃ ကီလိုဒိုင်နမိုတွဲလျက် ၅/၆ အင် ဂျင်တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဘက်ဟိုးယာဉ်အနောက်ပိုင်း စက်ခန်းပျက်စီးသွားပြီး ထော်လာဂျီ ယာဉ်ရှေ့ ယာဘက်ဘီးမှအပ ကျန်အစိတ်အပိုင်းများ မီးလောင်ပျက်စီးကာ ၅/၆ ဒိုင်နမိုမီးစက်မှာ အနည်း ငယ် မီးလောင်ပျက်စီးခဲ့ကြောင်းတွေ့ရသည်။
ကိုမျိုးဝင်းကို ထိုင်ခိုင်းထားစဉ် မီးလောင်နေရာမှ ထွက်ပေါ်လာသော မီးရောင်ဖြင့် နောက်သို့လှည့်ကြည့် ခဲ့ရာ အဖွဲ့ခေါင်းဆောင်မှာ ခန္ဓာကိုယ်တုတ်၊ အရပ်ပု၊ စကားပြောသွက်၊ လူကိုမြင်လျှင် မှတ်မိသူဖြစ်ပြီး ၎င်း KIA အဖွဲ့မှဖြစ်ကြောင်း၊ ခြံဝင်းအတွင်းမှ ထွက်မသွားရန်နှင့် မိုင်းများ ချထားကြောင်း ပြောပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဘက်ဟိုး၊ ထော်လာဂျီယာဉ်နှင့် မီးစက်တို့ကို မီးရှို့ဖျက်ဆီးသူမှာ KIA အဖွဲ့မှမဟုတ်ဘဲ ရွှေမှော်လုပ်နေခြင်း ကို မကျေနပ်၍ အနီးရွာမှ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖော်ပြပါသတင်းအား အတည်ပြု စစ်ဆေးနိုင်ရန်အတွက် မြို့နယ်စီမံခန့် ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး တင်မောင်၊ လ၀ကဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဝင်းဆွေ၊ သတ္တုရုံးမှ ဦးသန်းထွန်းတို့အဖွဲ့သည်ဧပြီ ၁၄ ရက်က အခင်းဖြစ်နေရာသို့ ထွက်ခွာသွားကြောင်း သိရသည်။

MOI Webportal Myanmar

ပျောက်ဆုံးလေယာဉ်ကို လူမဲ့အသေးစားရေငုပ်သဘောင်္ဖြင့် ရှာဖွေရာတွင် အချိန်အားဖြင့် နှစ်လကြာနိုင်


ပျောက်ဆုံးမလေးရှားလေယာဉ်ကို အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ အသေးစားရေငုပ်သဘောင်္ဖြင့် အိန္ဒယသမုဒ္ဒရာကြမ်းပြင်တစ်လျှောက် ရှာဖွေရာတွင်အချိန်ကာလအားဖြင့် နှစ်လကြာနိုင်ကြောင်း၊ ပျောက်ဆုံးလေယာဉ် ပျက်ကျသည်ဟု ယူဆကြသော သမုဒ္ဒရာကြမ်းပြင်အကျယ်အ၀န်းမှာ ၆၀၀ စတုရန်းကီလိုမီတာရှိသည့်အတွက် ပိုက်စိပ်တိုက် ရှားဖွေချိန် မှာ နှစ်လခန့်ကြာရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၁၅ ရက်က ပြောကြားသည်။

အသေးစားရေငုပ်သဘောင်္အား ပျောက်ဆုံးလေယာဉ်ရှာဖွေရေးတွင် စတင်အသုံးပြုလိုက်ခြင်းသည် ရှာဖွေရေးပုံစံသစ်တစ်ရပ်ကို စတင် လိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းအသေးစားရေငုပ်သဘောင်္သည် သြစတြေးလျသင်္ဘောပေါ်တပ်ဆင်ထားသော အသံလှိုင်းထောက်လှမ်းစက် PingerLocatorထက်ရေအောက်ရှာဖွေရေးတွင် ခြောက်ဆ
ခန့်နှေးကွေးကြောင်း၊ ထို့ကြောင့် ယခုသတ်မှတ်ထားသည့် ရှာဖွေနယ်နိမိတ်တစ်ခုလုံးကို ရှာဖွေမှုပြုသည့်အခါ ရက်သတ္တခြောက် ပတ်မှ နှစ်လအထိကြာနိုင်သည်ဟု ကျွမ်းကျင်သူများက တွက်ချက် ထားကြောင်း အမေရိကန်ရေတပ်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဂျေဂျီဒင်နီရယ်အက်စ်စီနစ်ကပြောသည်။

ဧပြီ ၁၅ ရက်စပြီး ဒုတိယအကြိမ်ရှာဖွေမှုစတင်တော့မှာဖြစ်ကြောင်း ဒင်နီရယ်အက်စ်မာစီနစ်ကထပ်လောင်းပြောကြားသည်။

၎င်းရေငုပ်သင်္ဘောငယ်သည် ပင်လယ်ရေမျက်နှာပြင်မှ ပင်လယ်ကြမ်းပြင် သို့ရောက်ရှိရန် နှစ်နှာရီကြာပြီး ပင်လယ်ကြမ်းပြင်မှ ပင်လယ်ရေ မျက်နှာပြင်သို့ပြန်တက်ရာတွင်လည်း နှစ်နာရီကြာကြောင်း၊ ထို့အတူ အချက်အလက်များကို ဒေါင်းလုတ်ယူသည့်အခါတွင်လည်း နာရီပေါင်းများစွာကြာကြောင်း၊ ရေငုပ်သင်္ဘောငယ်နှင့် အတူ ပါရှိသောခေတ်မီဆိုနာက ရှာဖွေနယ်နိမိတ်အတွင်းရှိ အသံလှိုင်းပုံရိပ် တစ်ခုကို အနုစိပ်ပုံဖော်တည်ဆောက်သွားမည်ဟု သိရကြောင်းဆိုသည်။

ယမန်နှစ်က ဂျပန်ကမ်းလွန်တွင် ပျက်ကျသွားသော F-15 ဂျက်တိုက်လေ ယာဉ်ရှာဖွေရာ၌ အသံလှိုင်းဖြင့်ရေအောက် အရာဝတ္တုတို့၏ တည်နေရာကိုရှာဖွေသောကိရိယာဖြစ်သည့် ဆိုနာကပင် အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ရာ ယခုလည်း ၁၆ နာရီဆိုလျှင် ပင်လယ်ပြင်အောက် ရှာဖွေထောက်လှမ်းမှုတစ်ကြိမ်ပြီးမြောက်မည့်ဆိုနာ က ရှာဖွေထောက်လှမ်းမှု စတင် လုပ်ဆောင်နေပြီဖြစ်သည်။ ဖြစ်နိုင်ဖွယ်ရှိသော အပျက်အစီးအပိုင်းအစကို ထောက်လှမ်းရရှိပါက ဆိုနာသည် ပင်လယ်ကြမ်းပြင်မှ ပင်လယ်ရေပြင်ပေါ်ပြန်တက်လာတာ ပင်လယ်ပြင်အောက် တွင် ထောက်လှမ်းရရှိသည့်အတိုင်း ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်မည်ဖြစ်သည်။

ယခုအသုံးပြုလျက်ရှိသော ဆိုနာသည် ပင်လယ်ပြင်ကြမ်းပြင်အောက် မာကျောသည့် အရာဝတ္တုများကို ရှာဖွေထောက်လှမ်းရာတွင် အလွန်ကောင်းမွန်သည့် ခေတ်မီစက်ကိရိယာတစ်ခုဖြစ်ကြောင်း၊ ပင်လယ်ကြမ်းပြင်သည်အလွန်နက်သော်လည်း အပျက်အစီး
အပိုင်းအစများ ရှာဖွေရာတွင်ကောင်းမွန်သော အနေအထား တစ်ရပ်ရှိကြောင်း၊ ဆိုနာနှင့်အတူ တွဲဖက်ပါရှိသော ရေငုပ်သင်္ဘောငယ်၏ အဓိက စိန်ခေါ်မှုတစ်ခုမှာ အကောင်းဆုံး ထောက်လှမ်းမှုပြုနိုင်ရန် ပင်လယ်ကြမ်းပြင်၏ ၅၀ ကီလိုမီတာ(၁၆၅ ပေ) အတွင်းရှိနေရန်လိုအပ်ပြီး သတ်မှတ်ထားသော ၄ ဒသမ ၅ ကီလိုမီတာထက် ကျော်လွန်ပါက ပျက်စီးသွားနိုင်ကြောင်း ဂျိမ်းစ်ကွတ်စ်တက္ကသိုလ်မှ ပင်လယ်ပြင်ဆိုင်ရာ ဘူမိဗေဒညာရှင်ဖြစ်သူ ရိုဘင်ဘီမန်က သတင်းထောက်များကိုပြောကြားသည်။

ရှာဖွေနယ်နိမိတ်ကို များစွာချုံ့ပစ်လိုက်ပြီဖြစ်ရာ လက်ရှိရှာဖွေနယ်နိမိတ်မှာ ၆၀၀ စတုရန်းကီလိုမီတာ(၂၃၀စတုရန်းမိုင်)သာရှိတော့ သဖြင့်အရွယ် ပမာဏမှာအလယ်အလတ်မြို့တစ်မြို့၏ ဧရိယာလောက်သာရှိကြောင်း၊ တာဝန်ရှိသူများကလည်း လေကြောင်း၊ရေကြောင်းမှ ရှာဖွေမှုကိုရပ်နား ရန်ဆွေးနွေးနေကြသလို Black Box မှ လာသည်ဟု ယူဆကြသော ဖမ်းယူရရှိထားသည့် အချက်ပြမှုများအပေါ် စိစစ်နေကြဆဲဖြစ်ကြောင်း သိရသည်။

ဘာသာပြန်-ကျော်သဲအိမ်
(ရိုက်တာ)
MOI Webportal Myanmar 

သုံးခွတွင် ခိုက်ရန်ဖြစ်ပွား


သုံးခွ ဧပြီ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်၉ ရပ်ကွက် အောင်ဇေယျလမ်းမဘေးရှိ ဝဲပြန်ဘုန်းကြီး ကျောင်းတိုက်ရှေ့၌ ဧပြီ-၁၄-ရက် ညနေ-၅-နာရီ ၅၀မိနစ်အချိန်ခန့် က ဘာဘူ(ခ)ရဲဝင်းလှိုင်- ၂၈-နှစ် (ဘ)ဦးတင်လှိုင်(ဗုဒ္ဓ/ဗမာ) ဈေးရောင်းအမှတ်-၆-ဗန္ဓုလလမ်း-၁၀-ရပ်ကွက်နေသူနှင့် မျိုးမင်းအောင်-၂၀-နှစ် (ဘ)ဦးသန်းမြင့်-၉-ရပ်ကွက်နေသူတို့နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ မျိုးမင်းအောင်က ခါးကြားတွင် အသင့်ပါလာ သော ချွန်ထက်သောအရာဖြင့် ထိုးသဖြင့် ဘာဘူ(ခ)ရဲဝင်းလှိုင် တွင် ဝဲဘက်နို့အုံအောက်ထိုးသွင်းဒါဏ်ရာ-၁-ချက် ဝဲခါးထိုးသွင်းဒါဏ်ရာ-၁-ချက်နှင့်ယာနား lနှာ ခေါင်းတို့ တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရှိခဲ့ကြောင်း ဒါဏ်ရာရှိသူ ဘာဘူ(ခ)ရဲဝင်းလှိုင်မှာ ဒါဏ်ရာအနည်းငယ်ပြင်းထန်သဖြင့် သုံးခွပြည်သူ့ဆေးရုံမှ ရန်ကုန် ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သုံးခွမြို့မရဲတပ်ဖွဲ့စခန်းမှ (ပ)၁၄၄/၂၀၁၄lပြစ်မှုပုဒ်မ-၃၂၆-အရအမှုဖွင့်လှစ်၍ တရားခံ မျိုးမင်းအောင်အား ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

MOI Webportal Myanmar

လက်မကို နှိပ်ပြီး မျက်လုံးရောဂါတွေကို ဖြေရှင်းကြရအောင်



ယခင်ရက်တွေက ဇက်ကြောတက်ခြင်း ခေါင်းကိုက်ခြင်း စတဲ့ပြဿနာ
များအား လက်ကို နှိပ်နှယ်ပေး ခြင်းဖြင့် ပျောက်ကင်းစေတဲ့ နည်းကောင်းလေးတွေကို
မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

ယခု တစ်ကြိမ်မှာလည်း မျက်လုံးကိုက် မျက်လုံး ကြည့်မကောင်းခြင်း မျက်ရိုးများ ကိုက်နေခြင်း စတာတွေအတွက် နည်းလမ်းကောင်းလေး တွေကို စာရေးသူ မျှဝေပေး လိုက်ပါတယ်။ အထူးသဖြင့်ကတော့ နေ့တိုင်း ကွန်ပျူတာ ကြည့်နေသူများ စာဖတ် ၀ါသနာပါသူများ မျက်လုံးဖြင့် အလုပ် လုပ်ကိုင် နေရသူတွေ လုံးဝ သိသင့်တဲ့ နည်းလေးဖြစ် ပါတယ်။

ပုံကို ကြည့်ပါ။ နံပါတ် ၁ မြှားထိုးထားတာကတော့ မျက်လုံးတွေ ကြည့်မကောင်း ဆိုရင် ဒါမှမဟုတ် မျက်လုံးတွေ မှုန်ဝါးနေရင် ထိုနေရာလေးကို နေ့တိုင်း နှိပ်နှယ်ပေး လိုက်က်ပါ။

နံပါတ် ၂ မြှားထိုးထားတဲ့ နေရာလေး ကတော့ မျက်ရိုးကိုက်နေရင် နှိပ်ပေးပါက သိသိသာသာ သက်သာလာစေမှာ ဖြစ်ပါတယ်။

နံပါတ် ၃ နေရကတော့ မျက်လုံးအကြောတွေ တင်းနေရင် နှပ်ပေးပါက သိသိသာသာ လျော့ကျပြီး သက်သာစေမှာ ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

တောင်ကိုရီးယား အနောက်တောင် ကမ်းရိုးတန်းမှာ လူ ၄၇၀ ဦး တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော နစ်မြှုပ်


ဓာတ်ပုံ – ရိုက်တာ

တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူအယောက် ၄၇၀ ကျော်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော ၁ စီး ဧပြီ ၁၆ ရက် ဒီနေ့မှာ  နစ်မြှုပ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

သင်္ဘောပေါ်မှာပါသူ အများအပြားဟာ ကျောင်းရဲ့လေ့လာရေး ခရီးစဉ်နဲ့ သွားတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။

အန်ဆန်ဒန်ဝမ် အထက်တန်းကျောင်းသား ၃၂၅ ယောက်အပါအ၀င် ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက်ဟာ အင်ချုံကနေ ဂျဲဂျုကို သွားရင်း ခုလိုဖြစ်တာလို့ လုံခြုံရေးနဲ့ ပြည်သူ့စီမံရေး ဒုဝန်ကြီးနဲ့ အရေးပေါ်ဗဟိုဌာနချုပ် ခေါင်းဆောင် လီဂယောင်အုတ်က ပြောပါတယ်။

ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ၁၈ စီး မီးသတ်တပ်ဖွဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေအပါအ၀င် ကမ်းရိုးတန်းစောင့်တပ်က သင်္ဘော ၃၄ စီးနဲ့ ရေတပ်က ၂၅ စီး ပူးတွဲဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မတော်တဆမှုကြောင့် နစ်မြှုပ်သင်္ဘောက အမှုထမ်းတယောက် သေဆုံးတယ်လို့  အတည်ပြုထားပါတယ်။

တောင်ကိုရီးယား သတင်းဌာန ယုံဟပ်ကတော့ အရေးပေါ်ဌာနချုပ်က အရာရှိ တယောက်ကို ကိုးကားပြီး လူ ၁၆၁ ယောက်ကို ကယ်ဆယ်ပြီးပြီလို့ အစီရင်ခံပါတယ်။

ကယ်ဆယ်ရရှိသူတွေကို အနားက ဆေးရုံတွေဆီ တင်ပို့ထားပြီး ကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ကားတွေနဲ့ ကုန်ကားတွေကိုပါ တင်ဆောင်ထားတဲ့ နစ်မြုပ်သင်္ဘောဟာ လူအယောက် ၉၀၀ ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။

မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နစ်မြုပ်တဲ့ ပတ်ဝန်းကျင်မှာတော့ မြူတွေ သိပ်သိပ်သည်းသည်း တညလုံး ကျနေလို့ ကျွန်းကို ကူးတဲ့ ခရီးသည်တင် ၀န်ဆောင်မှုအများအပြားကို ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက အသင့်အတင့်ရှိနေတယ်လို့ သတင်းဌာနတွေက အစီရင်ခံပါတယ်။

By ဒီဗွီဘီ



စက်ချို့ယွင်းနေသော ဆီတင် သင်္ဘောမှ တွန်းသင်္ဘောဖြင့် တွဲ၍ထွက်ခွာစဉ် နစ်မြုပ်




ရန်ကုန်၊ ဧပြီ ၁၆

၁၆.၄.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ကျောက်တန်းမြို့နယ်၊ မြန်မာ
အပြည်ပြည်ဆိုင်ရာ သီလ၀ါ ဆိပ်ကမ်းမှ ရန်ကုန်ဘက်သို့ ရေယာဉ်မောင်း ဦးစံသိန်းမောင်းနှင်လာသော ရွှေဗျိုင်းဖြူကုမ္ပဏိပိုင် သီဟကျော် အမည်ရှိ ဆီတင်တွဲအမှတ်(၄၇၁)တွန်းသင်္ဘောသည် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဈေးအနီး လှိုင်မြစ်ရေပြင်အရောက် စက်ချို့ယွင်းသွားသဖြင့်
(၀င်းပိုင်-၁)တွန်းသင်္ဘောကို ဆက်သွယ်ခေါ်ယူ၍ ၎င်းတွန်းသင်္ဘောဖြင့်
တွဲပြီး ဆက်လက်ထွက်ခွာစဉ် သီဟကျော်တွန်းသင်္ဘောမှာ ၀၄၂၀ အချိန်
တွင် အဆိုပါနေရာ၌ တိမ်းစောင်းနစ်မြုပ်သွားခဲ့ပါသည်။

အဆိုပါနစ်မြုပ်သွားသောသင်္ဘောပေါ်တွင် ရေယာဉ်အမှုထမ်း(၆)ဦးပါရှိသည့်အနက် ရေယာဉ်မောင်း ဦးစံသိန်းနှင့် စက်ဆရာ ဦးသန်းအောင်တို့မှာ
ပျောက်ဆုံးနေသဖြင့် ဆိပ်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ရွှေဗျိုင်းဖြူ
ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ ပူးပေါင်းရှာဖွေလျက်ရှိပြီး သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူသွားရန် စီစဉ်ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


Yangon Police

သင်္ကြန်လည်ပတ်စဉ် လူစုကွဲကျန်ခဲ့ပြီး နေရပ်မပြန်တတ်သူ မိန်ကလေးအား ကူညီစောင့်ရှောက်ကာ အုပ်ထိန်းသူထံပြန်လည်အပ်နှံ




ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန် ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းဆိပ်ကမ်းရှိ ကျန်းမာရေးဗောတံတားကမ်းစပ်တွင် အပန်းဖြေ
နေသောAA-8557ပရိုဘောက်အဖြူရောင် အငှားယာဉ်မောင်း ဦးအေးမြင့်နှင့်
အဖွဲ့ထံသို့ အမျိုးသမီးငယ်တစ်ဦးရောက်ရှိလာပြီး ၎င်းသည် ကန်တော်ကြီး
တွင် သင်္ကြန်လည်နေရာမှ အဖော်များနှင့်လူစုကွဲသွားကာ ပန်းဆိုးတန်း
ဆိပ်ကမ်းသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်သို့ပြန်ရန်အတွက် အကူအညီပေးပါရန် တောင်းခံလာသဖြင့် ဦးအေးမြင့်အဖွဲ့နှင့် လုံခြုံရေး
တာဝန်ကျ ရဲတပ်ကြပ် ကျော်တင်မောင်တို့မှ ဆိပ်ကမ်းမြို့မရဲစခန်းသို့ ပို့အပ်ကာ ကူညီစောင့်ရှောက်ထားရှိခဲ့ပါသည်။

၎င်းအမျိုးသမီးငယ်မှာ ဗာန်လာလ်ရှက်စ်(ခ)မခင်မိုးဆွေ (၁၈)နှစ်၊ အလှပြင်
ဆိုင်လုပ်ငန်း၊ (ဘ)ဦးရွှေကုန် ဖြစ်ပြီး ၁၅.၄.၂၀၁၄ရက်နေ့ ၁၇၀၀အချိန်
ခန့်တွင် သင်္ကြန်လည်စဉ် လူစုကွဲသွား ခြင်းဖြစ်ကြောင်း၊ ၎င်း၏အလှပြင်ဆိုင်
ဆရာမမှာဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ရတနာလမ်းနေ
ဒေါ်ပိုးဖြူဖြူစိုးဖြစ်ကြောင်းနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်ရရှိခဲ့၍ဆက်သွယ်စုံစမ်း
စိစစ်ခဲ့ရာ မှန်ကန်ကြောင်းသိရှိရသည့်အတွက် ပြန်လည်အပ်နှံပေးနိုင်ရေး
ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၂၀၀အချိန်တွင် ဗာန်လာလ်ရှက်စ်(ခ)မခင်မိုးဆွေ အလုပ်လုပ်ကိုင်သည့် အလှပြင်ဆိုင်ဆရာမဖြစ်သူ ဒေါ်ပိုးဖြူဖြူစိုး၊ နန်းထိုက်အောင်အလှပြင်ဆိုင်၊ (ဘ)ဦးခင်စိုးမှ ရဲစခန်းသို့ လာရောက်
ခေါ်ဆောင်သဖြင့် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

မယ်လစခန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးပွဲချင်းပြီးသေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်


ဧပြီလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဧပြီလ ၁၅ရက်၊ သင်္ကြန်အကြတ်နေ့ ညနေတွင် မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိ၍ မော်တော်ဆိုင်ကယ် စီးနင်းလာသူ တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

ယနေ့ ညနေ ၄နာရီ ၄၀မိနစ်တွင် မယ်လဒုက္ခသည်စခန်း ဇုံအေ ရပ်ကွက် (၁)နှင့် ကပ်လျှက် အဝေးပြေးကားလမ်းမကြီးတွင် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် စခန်းအပြင်ထွက်လည်သည့် လူငယ် ၂ဦးသည် ၆ဘီးကားတစ်စီးနှင့် ခေါင်းချင်းဆိုင်၍ မတော်တဆတိုက်မိခြင်းဖြစ်သည်ဟု ၎င်းစခန်း၏ လုံခြုံရေးတာဝန်ခံက ပြောသည်။

မယ်လစခန်း လုံခြုံရေးတာဝန်ခံ စောရှီးရှိုက “တစ်ယောက်ကတော့ တစ်ကိုယ်လုံး ကြွေမွပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ခြေဖျားကနေ ပေါင်အထိ အသားတွေ လှန်ထွက်သွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူကိုတော့ မဲဆောက်ဆေးရုံကို ပို့လိုက်ပြီ။ ကြည့်ရတဲ့အခြေအနေက အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက် မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ပွဲချင်းပြီးသေဆုံးသူမှာ မယ်လစခန်း ဇုံဘီ ရပ်ကွက် (၅) နေထိုင်သူ အသက် ၁၉နှစ်အရွယ် စောဖားချွဲ့ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ မယ်လစခန်း၏ တောင်ဘက် ၁ကီလိုမီတာထက်ဝက်ခန့်အကွာရှိ ထီးလော်သီရွာသား အသက် ၂၀နှစ် ၀န်းကျင်အရွယ် လူငယ်တစ်ဦးဖြစ်သည်ဟု သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ နော်ဖိုးမူလေးက “ဆိုင်ကယ်က အဝေးကြီး လွှင့်ထွက်သွားတယ်။ ဆိုင်ကယ်ရော လူကော ဘာမှ ရစရာမရှိတော့ဘူး။ တစ်ယောက်ကတော့ အဲဒီမှာပဲ ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်ကတော့ မသေသေးဘူး။”ဟု သူမ မြင်တွေ့ရပုံကို ပြောပြသည်။

၎င်းယာဉ်တိုက်မှုသည် မည်သူဘက်က မှားသည်၊ မှန်သည်ကို မသိရှိရသော်လည်း ထိုင်းနိုင်ငံ ဥပဒေနှင့် တိုက်ရိုက်သက်ဆိုင်သဖြင့် အမှုကိစ္စအားလုံးကို သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များထံသို့ လွှဲပြောင်းလိုက်ပြီဟု စခန်းလုံခြုံရေးတာဝန်ခံ စောရှီးရှိုက ဆက်ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ အပြင်ဘက် တောင်နှင့်မြောက်ကို ဖြတ်သွားသော ၎င်းအဝေးကားလမ်းမကြီးထဲတွင် ယခင်ကလည်း မတော်တဆ ယာဉ်တိုက်မှုနှင့် စခန်းအပြင်ကိုထွက်လည်ကြသည့် ဒုက္ခသည်များအား ယာဉ်တိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၏ မြောက်ဘက် ၆၁ ကီလိုမီတာအကွာအဝေးတွင်ရှိပြီး လူဦးရေ ၄သောင်းကျော်နေထိုင်လျှက်ရှိသည်။

ကေအိုင်စီ - KIC News 

နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ

အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့ (Credit: ABC)

နိုင်ဂျီးရီးယား ​နိုင်ငံ ​အရှေ့မြောက်ပိုင်းက ​မိန်းကလေးဘော်ဒါဆောင်တခုကို ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​၀င်ရောက်စီးနှင်းခဲ့ပြီး ​ကျောင်းသူ ​တစ်ရာကျော်ကို ​ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီ ​သေနတ်သမားတွေဟာ ​ညသန်းခေါင်ယံအချိန်မှာ ​ဘော်ဒါဆောင်ကို ​ရောက်လာခဲ့ပြီး ​လော်ရီ ​ကုန်တင်ကား ​အပြင် ​ဘက်စ်စကား ​တစီးနဲ့ ​တောနက်ထဲကို ​မောင်းနှင် ​ခေါ်ဆောင် ​သွားခဲ့ပါတယ်။

နိုင်ဂျီးရီးယား ​အရှေ့မြောက်ပိုင်းက ​ဘော်နိုပြည်နယ်ဟာ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​ကြီးစိုးတဲ့ ​ဒေသဖြစ်ပါတယ်။

မော်တော်ယာဉ် ​စက်ချို့ယွင်းလို့ ​ကားနှေးသွားတဲ့ ​အချိန်မှာ ​ကျောင်းသူလေးတချို့ဟာ ​ကားပေါ်က ​ခုန်ချ ​ပြီး ​တောထဲမှာ ​ပုန်းခိုကာ ​မိုးလင်းတဲ့ ​အချိန်ကျမှ ​အိမ်ပြန်ခဲ့ကြတယ်လို့ ​လွတ်မြောက်လာတဲ့ ​ကျောင်းသူတွေထဲက ​တယောက်က ​ပြန်လည်ပြောပြခဲ့ပါတယ်။

ABC Radio Australia

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး


အမျိုးသမီးတွေ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပက်သက်ပြီး တင်ပါဦးဆရာ။ ကျေးလတ်နေ မြန်မာအမျိုးသမီးတွေ အဒီဘက်မှာ အားနည်းသလားလို့။

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာတွေထဲမှာ ရေးထားပါတယ်။ ထုတ်နုတ်ပြီး စာလေးတပုဒ် လုပ်ပါအုံးမယ်။ အပေါ်ယံသန့်ရှင်းရေးမဟုတ်ဘဲ အတွင်းပိုင်းနေရာ သန့်ရှင်းရေးကိုသာ ရေးပါရစေ။

တကိုယ်ရေ သန့်ရှင်းရေး
လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေ ရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ (ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။”

အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေး လုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ်တွေက ကြိုက်တယ်။

ကူးစက်ရောဂါ မဟုတ်တာတွေ
အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ ဗဂျိုင်းနားကို ဖြန်းဆေး-ပန်းဆေးနဲ့ သုတ်ပိုးသေဆး တွေကြောင့် ဖြစ်တတ်တယ်။ တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
(ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။

မွေးလမ်းကြောင်းရောင်တာ
သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။

မွေးလမ်းကြောင်းယားတာ
အပျိုစင်တွေအတွက် အားနာရတယ်။ သူတို့လဲဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

ဗဂျိုင်းနား အနံ့ဆိုးနေတာဖြစ်နေရင် ဘာလုပ်ရမလဲ -
• အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။
• တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။
• (ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီး ရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
• အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
• ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊
• အိမ်ထောင်သည်တွေဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။
• မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။

မိန်းမကိုယ် ယားခြင်း ဖြစ်ရင် -
• Moisturisers (Emollients) ဆေးကို ခရင်၊ လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။
• ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။

Dr. Tint Swe
၁၅-၄-၂ဝ၁၄

Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း


အသက် ၃၆ နှစ်ပါဆရာ။့ နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အခု ပထမဦးဆုံးကိုယ်ဝန်ဆောင်ထားတာ ၃ လကျော် ရှိပါပြီ။ အရင်ထဲက ခြေသလုံးကြောတက်တတ်တဲ့ရောဂါရှိပါတယ်။ အခုကိုယ်ဝန်ဆောင်ချိန်မှာ ပိုတက်ပါတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်သင့်ပါသလဲရှင့်။

ကိုယ်လက် လေ့ကျင်ခန်းလုပ်တာ ဘယ်အရွယ်၊ ဘယ်ကာလမှာမဆို ကျန်းမာရေးအတွက် အကျိုးပေးတယ်။ ကိုယ်ဝန်ဆောင် နေတာလဲ ပါတာဘဲ။ အနု-အရင့်လိုက်ပြီးတော့ အပြောင်းအလဲတော့ ရှိရတာပေါ့။ ဘာတွေ ကောင်းသလဲ မေးနေစရာတောင် လိုချင်မှလိုမယ်။

• နေကောင်းနေတာကို ခံစားရမယ်။
• ခါးနာမှာ သက်သာမယ်။ ခါး-ပေါင်-ခြေသလုံး ကြွက်သားတွေ သန်မာတောင့်ခိုင်စေမယ်။
• ဝမ်းမချုပ်ဘဲ ဝမ်းမှန်စေမယ်။
• အဆစ်တွေ အိုဟောင်းလို့ အသုံးများလို့ ပျက်စီးယိုယွင်းတာတွေ သက်သာစေမယ်။
• အအိပ်မှန်စေမယ်။ စိတ်တင်းအား လျှော့စေမယ်။ စိုးရိမ်စိတ် နည်းစေမယ်။
• လူလဲ လှပမြဲ လှပနေစေမယ်။
• ကလေးဖွါးဘို့ ကောင်းနေအောင် ပြင်ဆင်ထားတာ ဖြစ်တယ်။
• မွေးပြီးရင်လဲ နဂိုအနေပြန်ရဘို့ မြန်စေမယ်။

ကိုယ်ဝန် မဆောင်ခင်ကတည်းက လေ့ကျင့်ခန်းလုပ်နေသူ ဆက်လုပ်ပါ။
• အပြောင်းအလဲလေးတွေတော့ လုပ်ရမယ်။
• ဖြေးဖြေး-မှန်မှန်နဲ့ စပါ။ ကျန်းမာသူ အမျိုးသမီးများ ခပ်သင့်သင့်ပြင်းထံတဲ့ လေ့ကျင့်ခန်းမျိုး တပါတ်မှာ ၁၅ဝ မိနစ် (၂ နာရီခွဲ) လုပ်ပါ။
• ကိုယ်ဝန်မှာ သွေးတိုးနေရင်၊ ဗိုက်နာရင်၊ သွေးဆင်းရင်၊ ရေဆင်းရင် ဆိုတာမျိုးကြ ရှောင်ပါ။
• ဘာကြိုက်သလဲ၊ ကခုန်တာလား၊ ရေကူးတာလား၊ အေရိုးဗစ်လား၊ ယောဂလား၊ စက်ဘီးစီးလား၊ လမ်းလျှောက်လား။
• လမ်းစလျှောက်သူဆိုရင် တပါတ် ၃ ရက်၊ တိုရာကနေ ပိုလုပ်ပါ၊ တခါလျှောက် ၁ မိုင်၊ တဖြေးဖြေး အချိန်ရော၊ အဝေးရော တိုးပါ။ နောက်ဆိုရင် အထက်မြင့်အတက်ကိုပါ ထည့်ပေးပါ။
• ဆရာဝန်က ခိုင်းတာဖြစ်ဖြစ်၊ ကိုယ့်ဖါသာ ရွေးတာဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာမှ သတိထားဘို့က ကိုယ့် ခန္ဓာကိုယ်၊ ကြွက်သား-အဆစ်တွေ သတိပေးတာကို နာခံပါ။ အချိန်ကြပေမဲ့ ကိုယ်လက်တွေ လေးလံနေတယ်၊ မအီမသာ ဖြစ်နေတယ် ဆိုရင် မလုပ်ပါနဲ့။ အထူးသဖြင့် ကိုယ်ဝန်ရင့်လာချိန်မျိုး။ မူးဝေမယ်၊ အားကုန်နေမယ်၊ အသက်ရှူမဝသလို နေမယ်၊ နှလုံးခုန်-တုန်နေမယ်၊ ခါးနာနေမယ် စသဖြင့်။ ရာသီဥတုလဲ သိပါ။ သိပ်ပူနေရင် နေပူထွက် မလုပ်နဲ့။ ခုန်တာ၊ အနေအထားကို ယုတ်တရက် ပြောင်းလဲတာ၊ ဂရုစိုက်ပါ။
• Kegel Exercises (ကီဂယ်) ခေါ်တဲ့ တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို အချိန်မရွေး လုပ်နိုင်တယ်။ (စာသတ်သတ် ရေးထားပါတယ်။)

လေ့ကျင့်ခန်း လုပ်သလို အစာအာဟာရ မျှတဘို့လဲ တပါတည်း ဂရူစိုက်ပါ။ အခြေခံကို သိထားပါ။ ကိုယ်ခန္ဓာက အဆစ်နဲ့ ကြွက်သားတွေ တမင်သက်သက် လှုတ်ရှားစေအောင် အချိန် မှန်မှန် ဖြေဖြေးကနေ တိုးလုပ်တယ် ဆိုတာ လေ့ကျင့်ခန်း ဖြစ်တယ်။
• အဆစ်တိုင်းမှာ သူလုပ်နိုင်တဲ့ အကွေး-အဆန့်မျိုး ရှိတာပါ။ ဆိုပါစို့ လက်ကောက်ဝတ်က အောက်ကွေး၊ အထက်လှန် လုပ်နိုင်တယ်။ ဘေးတိုက် ဘယ်-ညာလဲ လုပ်နိုင်တယ်။ လက်မောင်းဆစ်ကတော့ ဝိုင်းပတ်မှုပါ လုပ်နိုင်တယ်။
• နည်းနာတွေမှာ ဗဟုသုတ နည်းနေပါစေ။ ငယ်ငယ်ကိုယ် ကျောင်းနေတုံးဖြစ်ဖြစ် ကိုယ့် တူ-တူမလေးတွေ လုပ်တာဖြစ်ဖြစ် လုပ်ဖူး-တွေ့ဖူး ပါလိမ့်မယ်။ ၁-၂-၃-၄-၅-၆-၇-၈-၈-၇-၆-၅-၄-၃-၂-၁။ သွေးပူ-လေ့ကျင့်ခန်းလဲ ခေါ်တာမျိုး။
• ခြေနှစ်ဘက်ကို ခုန်ရင်း ဘေးကား၊ တပြိုင်ထဲမှာ လက်နှစ်ဘက်ကို ပခုံးနဲ့ တတန်းထဲ ကား။
• ခြေနှစ်ဘက်ကို ခုန်ရင်း ဘေးကား၊ တပြိုင်ထဲမှာ လက်က ခေါင်းပေါ်အထိ လက်ခုပ်တီး။
• ခါးကို ကုန်းပြီး ဆန့်တန်းနေတဲ့ လက်နှစ်ချောင်းက ခြေဖျားသွားထိ။ ခါးပြန်မတ်-လက်တွေ ဘေးမှာချ။
• တဒေါင်ဆစ်မှာကွေး လက်ဝါးဖြန့်ထားတဲ့ လက်နှစ်ဘက်က ရင်ပတ်ရှေ့မှာထားလိုက်၊ လက်တွေ ဘေးကားလိုက်။
• ခေါင်းကို ဘယ်-ညာ တလှည့်စီလှည့်၊ ခေါင်းကို ဘယ်ဝှိုက်-ညာဝှိုက် လည်ပင်းကို လည်စေနည်း။
• စာအုပ်တွေ၊ ဗီဒီယို-ဗီစီဒီတွေ၊ Youtube, Online, Gem အများကြီး ရှိပါတယ်။ လက်လှမ်းမီတာ ယူပါ။

Dr. Tint Swe
၁၅-၄-၂ဝ၁၄

အမုန်းမပွားရေး ပန်းစကားလှုပ်ရှားမှု သင်္ကြန်မှာ ဆင်နွှဲ



“ပန်းစကား” လို့ အမည်ပေးထားတဲ့ လူငယ်အဖွဲ့ တစ်ဖွဲ့ဟာ “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ ဒီနေ့ သင်္ကြန်အကြတ်နေ့မှာ ရန်ကုန်မြို့တွင်းက သင်္ကြန်ရေကစားမဏ္ဍပ်တွေကို လှည့်လည်ပြီး အမုန်းတရား မပြန့်ပွားရေးအတွက် နှိုးဆော်နေ ကြပါတယ်။

ဘာသာမတူ လူမျိုးမတူသူတွေအကြား တစ်ဦးနဲ့တစ်ဦး ချစ်ခင်စွာဆက်ဆံပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အနေနဲ့ ပန်းစကားလှုပ်ရှားမှုကို ပြုလုပ်ဖြစ်တာလို့ ပန်းစကား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုနေဘုန်းလတ်က ပြော ပါတယ်။

“အင်တာနက်ပေါ်မှာရော အပြင်မှာရောပေါ့နော်၊ Hate Speech လို့ခေါ်တဲ့ အမုန်းပွားစေတဲ့ စကားတွေရယ် Dangerous Speech လို့ခေါ်တဲ့ အန္တရာယ်ရှိစေတဲ့ စကားတွေရယ်၊ အဲဒါတွေဟာ တော်တော်လေးကို များလာတယ်ပေါ့နော်၊ အဲဒီအတွက် လူ့အဖွဲ့အစည်းက ပြဿနာဖြစ်တာတွေများလာတော့ အဲဒါကိုစိုးရိမ်လို့ ကျနော်တို့က ပန်းစကာာ ဆိုတဲ့ ခေါင်းစဉ်လေးယူပြီးတော့ လှုပ်ရှားတာပေါ့နော်၊ ဒီလိုလှုံ့ဆော်မှုတွေကို လူငယ်တွေက အရမ်းကိုစိတ်ညစ်ပြီးတော့ စိတ်ပျက်နေတယ်ဆိုတာကို ဒီပန်းစကားလှုပ်ရှားမှုက ပြလိုက်တာပဲ”

သင်္ကြန်ကား ၅ စီးလောက်နဲ့ လူငယ် ၅၀ လောက်ဟာ အင်္ကျီအနီရောင်ဆင်တူတွေ ၀တ်ဆင်ပြီး လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။ ပန်းစကားအဖွဲ့ဟာ မန္တလေး၊ ပဲခူး၊ ဒလ၊ သန်လျင်၊ ပခုက္ကူ စတဲ့နယ်တွေမှာလည်း ဧပြီလ ၄ရက်နေ့ကစပြီး အလားတူ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လာမယ့် နှစ်ဆန်းတစ်ရက်နေ့မှာလည်း ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာ အမုန်းတရားတွေ မပြန့်ပွားစေဖို့ ဆောင်ပုဒ်နဲ့ ဆုတောင်းပွဲကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

‘ပန်းစကား’ အဖွဲ့လိုပဲ  ‘ပုံပြင်ပြောသူများ’ လို့အမည်ပေးထားပြီး ကလေးငယ်တွေကို ပုံပြင်တွေ လိုက်ပြောပြတဲ့ Myanmar Story Tellers အဖွဲ့ဟာ မြန်မာနိုင်ငံမှာရပ်တည်လာတာ ၄နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့ ဘယ်လို ဖြစ်ပေါ်လာတာလဲ၊  ဘယ်လိုပုံပြင်တွေကို ပြောပြသလဲဆိုတာ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA

သမ္မတကြီးဦးသိန်းစိန်အတွက် စာတစောင်



အကျဉ်းစံ တေးရေးဆရာ “ဖုန်းမြတ်မင်း”၏ “မျှော်လင့်သော မနက်ဖြန်” တေးသီချင်းအား နားဆင်ခံစားခြင်း
 .
“မျှော်လင့်ချက်ဆိုတဲ့ စကားဟာ စာလုံး ၃ လုံးပဲရှိပေမယ့် လူတယောက်ရဲ့ စိတ်နဲ့ဘ၀ကို အများကြီး အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

မျှော်လင့်ချက်ကြောင့် စိတ်ဓာတ်အင်အားတွေပြည့်ဝပြီး အနာဂတ်တွေ ပီပြင်လာရတယ်။ မျှော်လင့်ချက်မဲ့သွားလို့ စိတ်ဓာတ်တွေကျဆင်းပြီး အနာဂတ်မဲ့သွားရလို့ မကြံစည်သင်တာတွေ ကြံစည်ပြီး ပျက်သုန်းသွားရတဲ့ ဘ၀တွေလည်း ကြုံဖူး၊ ကြားဖူးကြမှာပါ။

မျှော်လင့်ချက်ကြောင့် ဘ၀တွေ၊ အသက်ရှင်ခြင်းတွေဟာ အဓိပ္ပါယ်ရှိလာရသလို မျှော်လင့်ချက်မဲ့သော အခြေအနေကြောင့် ဘ၀တွေ၊ အသက်ရှင်ခြင်းတွေ အဓိပ္ပါယ်မဲ့သွားတာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် ဘာပဲပြောပြော လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ်ဆိုတာတော့ အားလုံးသိကြတဲ့ အမှန်တရားတခုပါ။

လွတ်လပ်စွာ ရှင်သန်ခွင့်ရတဲ့ ဘ၀အနေအထားမျိုးမှာ ရုတ်တရက်မျှော်လင့်ချက်မဲ့တဲ့အနေအထားမျိုး ကြုံတွေ့ခဲ့ရင် မိမိရဲ့ ကာယအား၊ ဥာဏအားနဲ့ ဘ၀ကို ပြန်လည်ပြီးကြိုးစားတည်ဆောက်ပြီး မျှော်လင့်ချက် တွေ ပြန်တောက်ပလာအောင် လွတ်လပ်စွာ ကြိုးစားနိုင်စွမ်းရှိနိုင်ပါတယ်။ တကယ်လို့ မျှော်လင့်သလို လုံးဝဖြစ်မလာ ဘူးဆိုရင်တောင် မိမိရဲ့ အစွမ်းရှိသလောက် ကြိုးစားပြီးမှ ဖြစ်ရတဲ့အတွက်ဘာပဲဖြစ်ဖြစ် ဖြေနိုင်တယ်လို့ ဆိုရပါမယ်။

အကျဉ်းစံဘ၀နဲ့ ရှင်သန်နေထိုင်ရသူများအတွက်ကတော့ မျှော်လင့်ချက်တွေပျက်ပြယ်သွားတိုင်း ဘယ်လို ကြိုးစားခွင့်မရှိဘဲ၊ ဘယ်ကိုမှ တင်ပြတိုင်တည်ခွင့်မရှိဘဲ ကံကြမ္မာကိုရင်စီးခံပြီး မျှော်လင့်သလို ခံစားခွင့်မရတဲ့  ဘ၀အတွက် ၀မ်းနည်းကြေကွဲစွာနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး အသက်ရှင်ချင်စိတ်ကင်းမဲ့လောက်အောင် စိတ်ဓာတ်တွေကျခဲ့ရပါတယ်။

ဒါဟာ နိုင်ငံတော်သမ္မတရဲ့ လူသားချင်းစာနာထောက်ထားပါတယ်ဆိုတဲ့ လွတ်ငြိမ်းခွင့်တွေလာတိုင်း အကျဉ်းစံ တွေဖြစ်တဲ့ ထောင်တသက်နဲ့ နှစ်ကြီးပြစ်ဒဏ်ကျနေသူများရဲ့ ခံစားချက်တွေဖြစ်ပါတယ်။

အဲဒီခံစားချက်တွေကို (၂၆-၂-၂၀၁၄) မှာ ကျရောက်တဲ့ အကျဉ်းဦးစီးဌာနရဲ့ နှစ်ပတ်လည်နေ့ မိသားစု ပဒေသာကပွဲမှာ တေးရေး-အကျဉ်းစံဘုန်းမြတ်မင်းက ဘ၀တူ အကျဉ်းစံတွေရဲ့ တူညီသော ခံစားချက်ကို သီချင်းအဖြစ် အသက်သွင်းထားတဲ့ “မျှော်လင့်သော မနက်ဖြန်” ဆိုတဲ့ တေးသီချင်းကို ရင်နှင့်ခံစားရေးဖွဲ့ပြီး ထူးခြားသော Performance တွေနဲ့ တင်ဆက်ခဲ့ပါတယ်။

အကျဉ်းစံတွေအားလုံးဟာ သီချင်း သီဆိုတင်ဆက်နေချိန်မှာ မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ သံတိုင်တွေနဲ့ အုတ်ရိုးပုံ အပြင်အဆင်တွေရဲ့ကြားမှာ ခေါင်းငိုက်စိုက်ချပြီး မျက်ရည်များဖြင့်သီဆိုနေသော ဘ၀တူ အကျဉ်းစံအဆိုတော်များကို မြင်ယုံနဲ့တင် သီချင်းမသီဆိုခင်ထဲက စတင်ပြီး ငိုကုန်ကြပြီဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါဟာ “ယုံကြည်ချက်မဲ့ အကျဉ်းသား”လို့ ကိုယ့်ကိုကိုယ်ကင်ပွန်းတပ်ထားတဲ့ အကျဉ်းစံများအားလုံးရဲ့ ရင်တွင်းခံစားချက်အစစ်အမှန်ပါ။ ဒါတွေကို သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အကြီး အကဲများကို သိစေချင်ပါတယ်။ အကျဉ်းစံများရဲ့ ရင်တွင်းကို ၀င်ရောက်ခံစားကြည့်စေချင်ပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ပြီး အာဏာရှင်စနစ်ကို တော်လှန်ရင်း ထောင်နန်းစံရသူတွေကို “ယုံကြည်ချက် အကျဉ်းသား”လို့ သုံးနှုန်းခေါ်ဝေါ်တာ အားလုံးအသိဖြစ်ပါတယ်။

ဒါကြောင့် “ယုံကြည်ချက်အကျဉ်းသား” ခေါင်းစဉ်အောက်မှာ အကျုံးမ၀င်တဲ့ အကျဉ်းစံတွေကို “ယုံကြည်ချက်မဲ့ အကျဉ်းသား” လို့ ကင်ပွန်းတပ်တာမှားမည်မထင်ပါ။ အဲဒီ အမည်နာမအပေါ်မှာ စာရေးသူရဲ့ ခံစားချက်နဲ့ အဓိပ္ပါယ်ဖွင့်ရှင်းပြချက်ပါတယ်။

ထောင်ထဲမှာ ပြစ်မှုမျိုးစုံနဲ့ ရောက်ရှိနေကြသူတွေကို ထောင်တွင်းတရား စခန်းများ၊  တရားပွဲများ၊ စာကြည့်တိုက်များ ဂီတပွဲများဖြင့် စိတ်နှလုံး နုညံ့လာအောင် အကျဉ်းဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့်လည်း “အကျဉ်းထောင်” ဆိုတဲ့ စကားရပ်အစား Correctional Depertment ပြုပြင်ထိန်းသိမ်းရေးဌာနလို့ ပြောင်းလည်း ခေါ်ဝေါ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုဆို နရသိန်စံများဟာ အရင်တခတ်ထက်ကို ပိုပြီး ပြောင်းလဲလာပြီး ယဉ်ကျေးလာပါတယ်။ နယူတန်ရဲ့ တူညီသော သက်ရောက်မှုအတွက် တူညီသော တုန့်ပြန်မှုဆိုတဲ့ သီအိုရီ အတိုင်း နုညံ့ညင်သာသော ပြုပြင်မှုအတွက် နုညံ့ သိမ်မွေ့ယဉ်ကျေးသော တုန့်ပြန်ပြောင်းလဲလာမှုဟု ဆိုချင်ပါသည်။

ထောင်တွင်းမှာရှိနေတဲ့ အကျဉ်းစံအတိုင်း အမြဲဆိုးမိုက်နေသော လူမိုက်များမဟုတ်ကြပါ။ လူတိုင်းတွင် အမှားရှိပါသည်။ မှားပုံမှားနည်းခြင်းသာကွာပါလိမ့်မည်။ အမှားကို မှားမှန်းသိ၍ ပြုပြင်လာမှုကို လက်ခံ နားလည်ပေးပြီး ကြိုဆိုသင့်ပါသည်။

တချိန်က လူဆိုးလူမိုက်များဖြစ်ခဲ့လျှင်တောင် အကျဉ်းစံတွေရဲ့ နှလုံးသားဟာ တရားဓမ္မရဲ့ အစွမ်းကြောင့် နုညံ့လာပြီး မိမိတို့ ကြုံနေရတဲ့ ဘ၀နဲ့ တိုက်ဆိုင်မှုရှိတဲ့ တေးသီချင်းကို နားဆင်ရတာနဲ့တင် မျက်ရည်မဆည် နိုင်တဲ့ နုညံ့သော နှလုံးသားပိုင်ရှင်များဖြစ်နေကြပါပြီ။ “နှလုံးလှလူမိုက်များ” ဖြစ်နေပါပြီဟု ပြောလိုပါသည်။

အာဏာရှင်စနစ်ကို တော်လှန်ရာမှာ မပါဝင်ခဲ့ပေမယ့် အဲဒီအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကြောင့် ပညာ၊ စီးပွား၊ လူမှုစနစ်တွေယိုင်နဲ့ပြီး အတွေးမှား၊ အသိမှား၊ အတုယူမှားတွေကြောင့် အကျဉ်းစံဘ၀ရောက် ရသူတွေလည်း ဒုနဲ့ဒေးပါ။

ဘာကြောင့်ပဲ နရသိန်စံဘ၀ရောက်ရောက် အခုအချိန်မှာတော့ အားလုံးဟာ ပြောင်းလဲနေပြီဖြစ်ပါသည်။ သို့ပေမယ့်လည်း အကျဉ်းစံတို့ရဲ့ ကောင်းသောပြောင်းလဲလာမှုတွေကို သမ္မတကြီးက အယုံအကြည်မရှိသေး ဘူးလို့ ထင်ပါတယ်။ စာရေးသူတို့အပေါ် သမ္မတကြီး အယုံအကြည်မဲ့နေပါသေးတယ်။ ဒါကြောင့်လည်း  ထောင်တသက်လို့ ပြောင်းလဲပေးထားသော ၃ နှစ် ၃ မိုး ကြာတာတောင် အခြားထောင်တသက်ကို ၄၀ နှစ် သတ်မှတ်လို့မှ ခံစားခွင့်မရသူတွေ။ ခေတ်အဆက်ဆက်မှာ သေဒဏ်တောင် နှစ် ၂၀ နဲ့ ပြောင်းလဲပေးခဲ့ပေမယ့်  အခုတော့ ထောင်တသက်ကို လူ့သတ်တမ်းတ၀က်ရှိတဲ့ နှစ် ၄၀ လို့ သတ်မှတ်တာခံရသူတွေနဲ့ ပေးကားပေး၏ မလွတ်ဟုဆိုရနိုင်သော ထိရောက်သောခံစားခွင့်မရသူတွေဖြစ်ခဲ့နေတာပါ။ စာရေးသူတို့အပေါ် သမ္မတကြီး ယုံကြည်ချက် မရှိသေးတာအသေအချာပါ။

ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်မဲ့ အကျဉ်းသားလို့ ကင်ပွန်းတပ်ကာ စာရေးသူအနေနဲ့ ကန့်ကွက်ရန်မရှိ လက်ခံပါတယ်။

ယုံကြည်ပေးပါ သမ္မတကြီး ——— တကယ်ကို ပြောင်းလဲနေပါပြီ။

ခေတ်ဆိုးစနစ်ဆိုးတခုကို  ဖြတ်သန်းချိန် အမှောင်ထဲမှ လမ်းမှာဆိုတာ ရောက်နိုင်ပါတယ်။ လူတယောက်ကို လူ့ပတ်ဝန်းကျင်နဲ့ အကြာကြီး အဆက်အသွယ်ဖြတ်ထားခြင်း၊ ထိုသူအတွက်ရော မိသားစုအတွက်ပါ အင်မတန် ကို ဆိုးကျိုးတွေများပါတယ်။ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ စိတ်ဓာတ်သေသွားပါတယ်။ စိတ်ကို သတ်တာ လူကိုသတ်တာထက် ပိုဆိုးပါတယ်။

အကျဉ်းစံတွေထဲမှာ တကြိမ်တခါသာ မိုက်မှားမိတဲ့ ပညာတတ်လူငယ်တွေလည်းအများအပြားပါ။ ဒါကြောင့် ဒီလိုလူတွေကို ငဲ့ညာသောအားဖြင့် စဉ်းစားပေးစေချင်ပါတယ်။ တကြိမ်တခါမှားမိသူတွေအား ခွင့်လွတ်ရင်းနဲ့  ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရာမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။

ထပ်ပေးမယ့် လွတ်ငြိမ်းခွင့်တိုင်းမှာ မည်သည့် ကန့်သတ်ချက်မျိုးမှ မပါဘဲ တကယ့်ကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက်နဲ့ ချွင်းချက်မရှိ အကျဉ်းစံအားလုံးခံစားခွင့် အမှန်တကယ်ရသော လွတ်ငြိမ်းခွင့်မျိုး ဖြစ်စေချင်ပါတယ်။  ချွင်းချက်နဲ့ လူတစုစာကို ကွက်ချန်ပြီး ကြေညာသော လွတ်ငြိမ်းခွင့်များကြောင့် ခံစားရသူတွေရဲ့ ခံစားချက်ကို မျှဝေခံစားကြည့်စေချင်ပါ။

ဘယ်လိုမျိုးဘဲ ကောင်းသောစနစ်တွေ ပြောင်းလဲလာပါစေ ထောင်ထဲမှာ နေချင်သူရယ်လို့မရှိပါဘူး။ မျက်စိဖွင့်တာနဲ့ တမ်းတမိတာ မိသားစုရင်ခွင်ပါ။ ဖြေရှင်းမရတဲ့ခံပြင်းစရာကိစ္စတွေကြောင့် အံကြိတ်ရင်း မျက်ရည်ကျရမှုတွေ၊ သံသယမျက်လုံးတွေကြားမှာ အငွေ့ပျံရတဲ့ သိက္ခတရားတွေ၊ စာနာမှုမဲ့တဲ့ စကားတွေ၊ အပြုအမှုတွေ ခံရတိုင်းမှာ တမ်းတမိတာ အမေရဲ့ မေတ္တာရိပ်ကိုပါ။

တကယ်တော့ စိတ်ဆိုတာ တသတ်မှတ်ထဲ မရှိဘဲ အမြဲပြောင်းလဲနေပါတယ်။ ဒီနေ့လူဆိုးမနက်ဖြန် လူကောင်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်း အမှောင်ထဲမှာနေရလိုသူရယ်လို့ မရှိပါဘူး။ အိပ်ရေးဝသည်ဖြစ်စေ၊ မ၀သည်ဖြစ်စေ၊ နေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အမိန့်တခုနဲ့ အိပ်ရာကထ ငုတ်တုတ်တန်းစီ၊ တခါတရံ ကျီးမနိုး ခင်ကွင်းပြင်ထဲ ထွက်တန်းစီပြီးရှိသမျှ အထုပ်တွေ ရှာဖွေခံရတဲ့ သက်မဲ့စက်ရုပ်လို ဘ၀တွေထဲက ရုန်းထွက်ချင လှပါပြီ။

မိမိတို့ကြောင့် နစ်နာခဲ့ရတဲ့ မိသားစုတွေကိုလည်း ပြန်လည်ပေးဆပ်လိုချင်လှပါသည်။ ယိုင်နဲ့သောတရားရေး မဏ္ဍိုင်ကြောင့် မဖြစ်သင့်တဲ့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မျက်ရည်တွေကို သမ္မတကြီးရဲ့ မေတ္တာလက်နဲ့ သုတ်ပေးစေချင်ပါတယ်။

အာဏာရှင်စနစ်ရဲ့ ငွေများတရားနိုင်ခေတ်မှာ တကယ်လုပ်သူရော၊ မလုပ်သူရော၊ ခုခံချေပခွင့်မဲ့သူရော၊ သံသယရဲ့ အကျိုးခံစားခွင့်မရှိသူရော၊ သက်သေမခိုင်လုံသူရော၊ ပြစ်မှုပြစ်ဒဏ်မမျှသူတွေရော အစုံပဲ နရသိန်စံ ဘ၀ရောက်ခဲ့ရပါတယ်။

ဒါကြောင့်လည်း မျှော်လင့်သော မနက်ဖြန်တေးသီချင်းရဲ့  Rap စာသားမှာ စာသားအချို့ကို မိမိဘာသာ ထပ်ဖြည့်သီဆိုမိပါတယ်။

တချို့လုပ်လည်း တချို့ ဟုတ်လည်း ဆိုတဲ့ စာသားကို ဖြည့်စွက်လိုက်ချင်ပါတယ်။ ထောင်ထဲက အကျဉ်းစံတွေရဲ့ အဖြစ်တွေစုံလင်သွားမှာပါ။

နရသိန်စံတွေ၊ နှလုံးသားနဲ့ ရေးစပ်သီဆိုပြီး သီဆိုသူရော၊ ရေးဖွဲ့သူအပြင်၊ နားဆင်သူတွေပါ ငိုကြွေးခဲ့ရတဲ့ “မျှော်လင့်သော မနက်ဖြန်”ဆိုတဲ့ တေးသီချင်းကို နိုင်ငံတော်သမ္မတကြီးက နှလုံးသားဖြင့် ခံစားနားဆင်ပြီး အကျဉ်းသားတဦးမကျန် တကယ်ကို ချွင်းချက်မရှိ ခံစားခွင့်ရသော စစ်မှန်သည့် “အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်” အမိန့်အား အမြန်ဆုံးထုတ်ပြန်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

နရသိန်စံများအားလုံးက သမ္မတကြီးကို မေတ္တာရပ်ခံချင်ပါတယ်။

“ယုံကြည်ချက်မဲ့ အကျဉ်းသားများ ထောင်ထဲ၌ ရှိနေပါသည်။”

“ဘင်္ဂလားပင်လယ်အော်ထဲသို့ ပစ်မချပါနဲ့” လို့ မေတ္တာရပ်ခံပါတယ်။

(ဧရာဝတီရုံးကိုရောက်လာတဲ့ စာတစောင် ရှိပါတယ်။ ဒီစာကို ဦးသိန်းစိန် ဖတ်စေချင်တယ်လို့ စာ ယူဆောင်လာသူက ဆန္ဒရှိတဲ့အတွက် – သမ္မတကြီးဦးသိန်းစိန်အတွက် စာတစောင် လို့ ခေါင်းစဉ် တပ်ပေးလိုက်ပါတယ်)

 Irrawaddy