ယာဉ်ထိန်းကိုရန်မလုပ်နဲ့ ကျင်စက်နဲ့တွေ့မယ်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ယာဉ်ကြောရှင်းလင်းရေးအဖွဲ့(၉) ဖွဲ့များကိုတာဝန်ထမ်းဆောင်စဉ် အတွင်း အသုံးပြုနိုင်ရန် ရာဘာ တုတ်နှင့် ကျင်စက်များချထားပေး တော့မည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲဒုတိယ ရဲမှူးကြီး လင်းထွဋ်ကပြောကြား လိုက်သည်။

““တပ်ဖွဲ့ဝင်တိုင်းကို ရာဘာ တုတ်တွေပေးထားတယ်။ သို့ သော် အကြမ်းဖက်မှုတွေဖြစ် လာတဲ့အတွက် ကိုယ့်ကိုယ်ကိုခုခံ ကာကွယ်ဖို့လိုအပ် လို့ကျင်စက် တွေပေးသွားမှာဖြစ်ပါတယ်။ တာဝန်ချိန်မဟုတ်ဘဲ အသုံး ပြုရင်နောက်ဆက်တွဲဖြစ်တဲ့ ပြဿနာပေါ်မူတည်ပြီးအရေးယူ သွားမယ်””ဟု၎င်းကဆိုသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းအင်အား (၈၀၀) ကျော်ရှိပြီး ယာဉ်ထိန်းတပ်ဖွဲ့ ၀င် တိုင်း ကျင်စက်များကိုင်ဆောင် နိုင်ရန် စီစဉ်နေပြီးအဆိုပါစက် များကို ထိုင်းနိုင်ငံမှဝယ်ယူသွား မည်ဖြစ် ကြောင်းသိရသည်။

ကျင်စက်များကို သင့်တင့် သည့်ဗို့အားကိုသာအသုံးပြုရမည် ဖြစ်ကာတာဝန်ချိန်အတွင်းသာကိုင် ဆောင်အသုံးပြုရမည်ဟုညွှန်ကြား ထားကြောင်းသိရသည်။

““ယာဉ်ထိန်းရဲက ဒါတွေလို လို့လား။ တာဝန်ချိန်ပြင်ပမှာအလွဲ သုံးစားမှုတွေလုပ်လာနိုင်တယ်။ ဒီ နိုင်ငံအနေအထားနဲ့ မလိုအပ်ဘူး ထင်ပါတယ်။ သုံးတတ်ရင်တော့ ကောင်းနိုင်ပါတယ်။ မသုံးတတ် ရင်အန္တရာယ်ဖြစ်နိုင်တယ်””ဟုမြို့ တွင်းပြေးဆွဲနေသည့် ဘတ်စ်ကား ယာဉ်ပိုင်ရှင်တစ်ဦးကပြောကြား လိုက်သည်။

““ရဲတပ်ဖွဲ့ဝင်ဆိုတာ လက်နက် ကိုင်ဆောင်ခွင့်ရှိတဲ့ အမျိုးအစား၊ ယာဉ်ထိန်းရဲဖြစ်တဲ့အတွက်ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းလုပ်နေ လို့သာ လက်နက်ကိုင်ဆောင်ခြင်း မပြုခဲ့ဘူး။ သို့သော်ပြည်သူဆိုတာ ကမျိုးစုံရှိတယ်။ ကာလာစုံပြည်သူ တွေနဲ့တွေ့ရတဲ့အခါ လိုအပ်ရင် လိုအပ်သလို ပြည်သူကိုကာကွယ် တာလည်းဖြစ်ချင်ဖြစ်မယ်။ ကိုယ့် ကိုယ်ကိုကာကွယ်ဖို့လည်းဖြစ်ချင် ဖြစ်မယ်””ဟုယာဉ်ထိန်းတပ်ဖွဲ့ရုံး မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်ကယာဉ်ထိန်းတပ်ဖွဲ့ နှင့် ပြည်သူကြားဆက်ဆံရေးတွင် ယဉ်ကျေးစေရန်လက်နက်ကိုင်ဆောင် အသုံးချခွင့်မပြုခဲ့သော်လည်း မိမိ ကိုယ်ကိုခုခံကာကွယ်နိုင်ရန်ကျင် စက်များကိုင်ဆောင်ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ကြယ်စင်လင်း(မြစ်မခ)
BY HOTNEWS

Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ


မေးတဲ့အရေအတွက်မနည်းလို့ ကိုယ်ဝန်ဖျက်ခြင်းဟာ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။ အမေး-အဖြေတွေကိုတော့ ကိုယ်ပိုင် (ဘလော့ခ်) မှာသာတင်ပြီး၊ (ဖေ့စ်ဘွတ်) မှာ မတင်ခဲ့ပါ။ အသိမပေးဘဲ၊ ကူးယူပြီး တခြား နေရာမှာ ပုံတွေနဲ့ ဝေဝေဆာဆာ တင်ကြလို့ အပြစ်တင်ခံရပါတယ်။ ခုတခါ (ဘလော့ခ်) ကို စည်းကမ်းနဲ့မညီလို့ဆိုပြီး အဖျက်ခံလိုက်ရလို့ တမျိုးလုပ်ရပါတော့မယ်။ နားလည်မှုပေးစေချင်ပါတယ်။

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်-ကလေးဖွါးတာဟာ ‘အသက်ဖက်နဲ့ ထုပ်ထားရသလို’ အန္တရာယ်ကြီးလှတယ်။ ဒီလို မျိုးပွါး-ကျန်းမာရေး ကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလဲပါတယ်။ လူတွေ အများဆုံးနေကြရပြီး၊ ဆင်းရဲမွဲတေမှု အများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ ဒီအထဲမှာ တရားမဝင် ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တကမ္ဘာလုံးမှာ တနှစ်ကို အမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။

Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။

သားပျက်ရာ ပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကနေ သွေးဆင်းမယ်၊ ဆင်းတာက အနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအား ကျနေမယ်၊ ကိုယ်မပူဘဲ အေးနေတာလဲ ရှိတတ်တယ်၊ ဆီးအောင်တာဖြစ်ဖြစ် ဆီးနဲတာဖြစ်ဖြစ် ရှိမယ်၊ အသက်ရှူတာ ခက်မယ်၊ လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊

ကိုယ်လဲပူ၊ ဗိုက်လဲ အတင်းနာလို့ အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန် ဆိုတာလဲ မမေ့ရဘူး။ ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ သွေးဆင်း ပုံမမှန်တာ၊ ရှော့ခ်ရတာ နဲ့ သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ ရာသီလာချိန် နာတာ၊ ထိခိုက်မိတာ။ ဒါတွေအပြင် မျိုးဥအိမ် အလုံး၊ မွေးလမ်းကြောင်းရောင်၊ မျိုးဥအိမ် လိမ်နေတာ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်၊ ရိုးရိုးကိုယ်ဝန်၊ သားအိမ်ပြင်ပကိုယ်ဝန်တည်တာ၊ တခြားရှားပါးတာတွေလဲ ရှိသေးတယ်။

မြန်မာပြည်မှာ ကိုယ်ဝန်ကို တမင်တကာဖျက်တာ တရားဥပဒေက ခွင့်မပြုပါ။ လုပ်ေးသူမှာလဲ အပြစ်ရှိတယ်။ တရားဝင် ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။ ရောဂါနောက်ဆက်တွဲ၊ မေ့ဆေး နောက်ဆက်တွဲ၊ ဆေးဝါးနောက်ဆက်တွဲ၊ ခွဲစိတ်မှုနောက်ဆက်တွဲ။ တချို့မှာ သားအိမ် ပေါက်ထွက်သွားတာ တွေ့ရတတ်တယ်။ အူထိခိုက်ထားတာ၊ ဆီးအိမ် ထိခိုက်တာတွေလဲ ဖြစ်နိုင်တယ်။ ပိုးက သွေးထဲရောက်သွားတာလဲ အတော်ဆိုးတယ်။

ဘာလို့ဖြစ်ရသလဲ
• သားပျက်လို့ ထွက်ရမဲ့အရာတွေက သားအိမ်ထဲမှာ ကျန်နေရာကနေလဲ ဖြစ်တယ်။
• ဖျက်ဘို့သုံးတဲ့ ပစ္စည်း-နည်းတွေကြောင့်လဲ ဖြစ်တယ်။
• မွေးလမ်းကြောင်း ထဲမှာ အမြဲလိုလို ရှိနေကြတဲ့ (ဗက်တီးရီးယား) တွေက အထက်ကို တက်လာရာကနေ ဝင်နိုင်သလို လိင်ကတဆင့် ကူးစက်ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။ ပိုးအမျိုးအစားတွေကတော့ E coli, B beta-hemolytic Streptococci, Staphylococcal, Bacteroides, Neisseria gonorrhoeae, Chlamydia trachomatis, Clostridium perfringens, Mycoplasma hominis နဲ့ Haemophilus influenza တွေ ဖြစ်တယ်။

ဘာတွေလုပ်ရမလဲ -
• အာလ်ထွာ-ဆောင်း ရိုက်၊
• (hCG) ကိုယ်ဝန် ဆီးစစ်တာ လုပ်မယ်။
• ပိုးဝင်နေရင် တခါတည်း D and C သားအိမ် မခြစ်သေးဘဲ နေရသေးတယ်။
• ဒါမှမဟုတ် Oxytocin ဆေးသွင်းတာနဲ့ ကျစေရမယ်။
• လိုအပ်ရင် Dextrose Water, Dextrose Saline, Ringer’s Lactate, Normal Saline ဆေးသွင်းပေး၊
• အောက်စီဂျင်လဲ လိုခြင်လိုမယ်။
• ဆေးရုံရောက်တာနဲ့ ဆေးစစ်-သွေးစစ်တာတွေ လုပ်မယ်။
• နာနေတာ၊ ဖျားနေတာတွေ အတွက် Antibiotics ဆေးတွေ ပေးမယ်။
• မေ့ဆေးအတွက် ပြင်ဆင်မယ်။
• သွေးသွင်းဘို့ လိုနိုင်တယ်။
• သားအိမ်က အလုပ်မလုပ်ရင် Oxytocin ဆေးသွင်းပေးမယ်။ ဒါမှမဟုတ် Intracervical vasopressin or Carboprost tromethamine ဆေးကို သားအိမ်အဝထဲထည့်ပေးမယ်။
• D and C သားအိမ်ခြစ်တာ လုပ်ရနိုင်တယ်။ ခြစ်ပြီးနောက်မှာလိုလို့ ထပ်လုပ်ရတာလဲ ရှိတယ်။
• မရတဲ့အဆုံး သားအိမ် ထုတ်ပြစ်ရသူလဲ ရှိနိုင်သေးတယ်။

ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ဘယ်လိုကုသမလဲ -
• အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့ အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုး တွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တနေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃)Gentamycin 80 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။ (၄) တခြားပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။
• D and C ပိုးသေဆေးပေးပြီး သားအိမ်ခြင်းခြင်း၊
• မေ့ဆေးနဲ့လုပ်မယ်။ သားအိမ် ပေါက်မသွားအောင်အထူးသတိထားပါ။
• နာတာသက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။
• ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ၊

နောက်တွဲဖြစ်နိုင်တာတွေကတော့ -
E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကနေထွက်တဲ့ အဆိပ်အတောက်ကြောင့် Septic Shock (ရှော့ခ်) ဖြစ်နိုင်တယ်။ အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။

ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ -
ဒီမေးခွန်းလဲ အခုတလော ဖြေနေရပါတယ်။ ဆေး (၃) မျိုးသုံးတယ်။ တချို့က တမျိုးထဲ၊ တချို့က ၂ မျိုးထဲသာသုံးတယ်။
(၁) Cytotec (ဆိုက်တုတက်) ရဲ့ ဘေးထွက်-ဆိုးကျိုးများ -
အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း

(၂) Mifepristone (Mifeprex ) ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -
ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နောက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။
သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။

(၃) Methotrexate ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -
အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ (အလာဂျီ) ရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။

ဒေါက်တာတင့်ဆွေ

ဖုန်းဖြင့်ငွေကြေးလိမ်လည်တောင်းခံခြင်းများ ကရင်ပြည်နယ်အတွင်းဖြစ်ပေါ်လျက်ရှိ


ကရင်ပြည်နယ်အတွင်းကျေး ရွာတချို့၌ ၂၀၁၄ မေလနှင့် ဇွန် လပိုင်းများတွင် ဖုန်းဖြစ်ဆက်သွယ်၍  ငွေကြေးလိမ်လည်တောင်းခံမှုများ  ဖြစ်ပေါ်ခဲ့ရာအများပြည်သူသိရှိ နိုင်စေရန် ရန်ကုန်မြို့ကဟုဆက် သွယ်လာသည့် ကမမောင်မြို့နယ် ခွဲ၊ ကော့ကရက်ကျေးရွာမှဖြစ်စဉ်  တစ်ခုကို အသေးစိပ်ဖော်ပြအပ် ပါသည်။

ရန်ကုန်- ဟဲလို ကမမောင်းက နော်။ အေးဟုတ်ပြီ။ အစ်ကိုပြော တာလေးခဏနားထောင်ပေး နော်။အခုဆက်သွယ်တာအရေး ကြီးလို့ ဆက်သွယ်တာနော်။အခု ဆက်သွယ်တာရန်ကုန်မြို့ပြည်တွင်း အခွန်ဦးစီးဌာနက ညီလေးက ဒီ ဖုန်းပိုင်ရှင်လား။

ရွာသား- ဟုတ်ပါတယ်။ ဟုတ်ပါ တယ်။

ရန်ကုန်- အေး၊ ဟုတ်ပြီ။ ညီလေး

သေချာလေးနားထောင်ပေးနော်။  ကိုယ်အခုဆက်သွယ်တာညီလေး  ရဲ့ ဖုန်းနံပါတ်နဲ့ ရန်ကုန်မြို့ ပြည် တွင်းအခွန်ဦးစီးဌာနမှာ နိုင်ငံတော်    အစိုးရရဲ့ ထောက်ပံ့ငွေရရှိထား တာ ညီလေးသိပြီးပြီလား။ အခု ညီလေးဆီမှာ အစ်ကိုရဲ့ဖုန်းနံပါတ်  ပေါ်လား။ ပေါ်တဲ့နံပါတ်ကို  လိုင်း  ကြည်မဲ့နေရာလေးက ပြန်ခေါ်ပေး၊ ဒီဖုန်းသံက အရမ်းတိုးနေတယ်၊ ဟုတ်ပြီလား။ အရေးကြီးလို့ အခု  ချက်ခြင်းပြန်ခေါ်ပေး။ ဟုတ်ပြီ နော်။

ရွာသား- ဟဲလို ဟဲလို

ရန်ကုန်- ညီလေးကြားရလား၊ အေးညီလေးတို့ဖုန်းနံပါတ်က ၀၉- ၂၅၅၉၂၃၊ ညီလေးတို့က ဒီဖုန်းပိုင်ရှင်နော်

ရွာသား- ဟုတ်ကဲ့ပိုင်ရှင်ပါ

ရန်ကုန်- အေးဟုတ်ပြီ။ ငါ့ညီတို့  တို့နာမည်နဲ့ ငါ့ညီတို့ရဲ့ ဖုန်းနံပါတ်   နဲ့ နိုင်ငံတော်အစိုးရရဲ့ထောက်ပံ ငွေရရှိထားတယ်နော်။ နိုင်ငံတော်  ထောက်ပံ့ငွေက ဘယ်လောက်ရ  တယ်။ ဘယ်လိုပို့ဆောင်ရမယ်ဆို  တာ အစ်ကိုတို့ပြည်တွင်းအခွန်ဦး စီးဌာနရဲ့ ဦးစီးအရာရှိက ရှင်းပြ ပေးမယ်။ ခဏလေး ဖုန်းကိုင်ထား ပေး။

လူကြီး- ဟဲလို

ရွာသား- ဟဲလို ဆရာ ကျွန်တော် ပဲ။

လူကြီး- အခုမင်းကနာမည်ဘယ် သူလဲ၊ မင်းနာမည်

ရွာသား- ဖြိုးကိုကိုလွင်ပါ ဆရာ

လူကြီး- ဖြိုးကိုလွင်

ရွာသား- ဖြိုးကိုကိုလွင်ပါဆရာ

လူကြီး- ၂၅၅၉၂၃ က မင်းဖုန်း လား။ ဘာလုပ်လဲ။အလုပ်အကိုင်  က

ရွာသား- ကျွန်တော်တို့က ဒီမှာ တော့ ကြုံရာ ကျပန်းပဲပေါ့၊

လူကြီး- ကျပန်း၊ အင်းဟုတ်ပြီ၊ ဒီမှာမင်းနာမည်နဲ့ နိုင်ငံတော်ရဲ့ ချီးမြှင့်ထောက်ပံ့ငွေရထားတယ်။ မင်းကို အဘတင်ပြပေးမယ်။ သေချာလေးနားထောင်ပေး။ အရေးကြီးလို့မင်းကိုခေါ်တာနော်။  အခုမင်းကိုဆက်သွယ်နေတာ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့  ရုံးချုပ်။ရန်ကုန်တိုင်းဒေသကြီးက ဆက်သွယ်နေတာနော်။ အဘ နာမည်မှတ်ထားဒုတိယညွှန်ကြား ရေးမှူးဦးသူရအောင်လို့ခေါ်တယ်။ အေးဒီမှာမင်းတို့ဖုန်းနံပါတ်နဲ့ ၂၀၁၃ ခုနှစ်၊ ပိုလျှံနေတဲ့ဒီက ဘတ်ဂျက်တွေကို အခု ၂၀၁၄ မှာ နိုင်ငံတော်သမ္မတကြီးရဲ့လမ်း ညွှန်မှုဖြစ်တဲ့တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသားဖွံ့ဖြိုး  တိုးတက်ရေး၊ မရှိဆင်းရဲနွမ်းပါး ပပျောက်ရေးဆိုပြီးတော့ ပရော့ ဂျက်အသစ်တစ်ခုချပေးတယ်နော်၊ အဲဒီလိုချပေးတဲ့အထဲမှာ ၂၀၁၃ မှာ ပိုလျှံနေတဲ့ ဘတ်ဂျက်တွေက ဖုန်းနံပါတ်တွေနဲ့မဲနှိုက်တော့ မင်း နံပါတ်အပါအ၀င် (၁၅) ဦး မဲ ပေါက်တယ်။ သိလား အေးအဲ့ဒီ (၁၅) ဦးကို ကျန်တဲ့ (၁၄) ဦးက တော့ စီစဉ်ပြီးလို့သူတို့မြို့နယ် အသီးသီးမှာ သူတို့ထောက်ပံ့ချီး မြှင့်ငွေကို ထုတ်ပြီးသွားကြပြီ၊ ခု သားနာမည်နဲ့ပဲကျန်တော့တယ်။ မင်းနာမည်နဲ့ ဒီကနေ့ နေပြည် တော်မှာ ဖောင်စာရင်းပိတ်မယ်လို့  အဘကို ညွှန်ကြားချက်ထုတ်ထား တယ်။ ဒီကနေ့ကို တောင်းခံလွှာ  တင်မယ်၊ ဖောင်တင်မယ်။ မင်းနဲ့  အဆက်အသွယ်ရတယ်ဆိုတဲ့ အကြောင်း ဖောင်တင်ပြီးရင် မင်း နေထိုင်ရာမြို့နယ်စီးပွားရေးဘဏ် မှာ မင်းဒီကထောက်ပံ့ချီးမြှင့်ငွေ ထုတ်ယူရမယ်။ ကြားလားနော်။ ထုတ်ယူရမှာဖြစ်တဲ့အတွက် မင်း လက်ရှိငွေရရှိမယ့်အပေါ်မှာ ဘယ်လို   ရရှိတယ်။ ဘယ်လိုထုတ်ယူရမယ် ဆိုတာကို အဘမင်းကိုပြောပြမယ်။ သေချာနားထောင်ပေး။ ချပေးတဲ့ အခါမှာ သိန်းပေါင်းက စုစုပေါင်း (၄၅၀၀) သိန်း ပိုလျှံတယ်ကြားလား၊  နော်၊ တစ်ဦးချင်းသိန်း (၃၅၀) စီ နဲ့ ဖုန်းနံပါတ်တွေမဲဖောက်လိုက် တာ မင်းနာမည်နဲ့ သိန်း (၁၅၀) တိတိ ရရှိထားတယ်။ ဒီကနေ့ ပိုင်ဆိုင်မှုရရှိဖို့ရာအတွက် မင်းတို့ မြို့နယ်ကဘာမြို့နယ်လဲ၊

ရွာသား- ကမမောင်းမြို့နယ်ပါ။

လူကြီး- ကမမောင်းက မြို့နယ်   ဆိုပေမယ့်တိုက်နယ်မြို့နယ်လေးဖြစ်  နေတယ်။ ဒီသိန်း (၃၅၀) ကို ထုတ်မပေးနိုင်ဘူး။ သိလားနော်။  အဲတော့ ဘားအံမြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှာ ထုတ်ယူဖို့ရာ  အတွက် ဒီကနေ့ ၂ နာရီခွဲကို မင်းကိုထုတ်ပေးမှာ ဒီသိန်း (၃၅၀) ထုတ်ပေးတဲ့နေရာမှာ နိုင်ငံတော် သမ်္မတကြီးက ပြဋ္ဌာန်းပါစည်းကမ်း  ချက် (၃) ချက်ကို လိုက်နာခိုင်း ထားတာရှိတယ်။ လိုက်နာနိုင်မှ သာလျှင် မင်းကို သိန်း (၃၅၀) ချပေးမှာ (၁၅) ဦးစလုံးလိုက်နာရ  တာနော်။ မလိုက်နာဘူးဆိုရင် တော့ ဒီအခွင့်အရေးက ရလာမှာ  မဟုတ်ဘူးနော်။ အဲဒါကိုအဘပြော  ပြမယ်။ (၁) မင်းဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး ရရှိတဲ့အပေါ်မှာ ဘယ်သူ့ကိုမှ လျှောက်မပြောရ ဘူး။ မိမိရရှိတဲ့အခွင့်အရေးကို မိမိကိုယ်တိုင်ထုတ်ယူရမယ်။ မင်း တို့ ဟိုလျှောက်ပြော ဒီလျှောက် ပြော ပြောနေမယ်ဆိုရင် လူကြီး တွေနဲ့ ရင်းနှီးတဲ့ ဆွေမျိုးအသိုင်း  အ၀ိုင်းတွေရှိတယ်။ လုပ်ငန်းရှင် တွေရှိတယ်။ သူတို့ကျတော့ပေး တယ်။ ကျွန်တော်တို့ကျတော့မပေး  ဘူး။ သူတို့ကျတော့ရတယ်။ ကျွန်မတို့ကျတော့မရဘူး။ အဘ ရုံးကမကောင်းဘူး။ နေပြည်တော် ရုံးကမကောင်းဘူးဆိုပြီး ဖုန်းတွေ နဲ့ ဆက်ပြီး မေးလာတဲ့အခါမှာ မင်းတို့နဲ့ ပတ်သက်ပြီးပေါက်ကြား ရင်ချမပေးဘူး။ ကြားလားနော်။ အဘတို့ဖြေရှင်းရတာ တော်တော်  ခက်တယ်။ (၁) အချက်ဘယ်သူ့ မှ လျှောက်မပြောရဘူး။ မင်းအဲဒါ   ကတိပေးရမယ်။ မောင်ဖြိုးကိုကို၊ (၂) အချက်ကတော့ မင်းတို့ကို ငွေဖြူအဖြစ်နဲ့ချပေးမယ်၊ နိုင်ငံ တော်သမ္မတကြီးကိုယ်တိုငGP ဖောင်မှာ လက်မှတ်ထိုးပြီး ဂျင်န ရယ်ပါဝါလွှဲပေးမှာ။အဲဒီတော့မင်း တို့က ငွေဖြူအဖြစ်နဲ့ သုံးရမယ်ဆို တော့ စီးပွားရေးလုပ်ငန်းကိုင်ငန်း မှန်သမျှကို အခွန်ပေးဆောင်စရာ  မလိုဘူး။ ကားဝယ်တင်သွင်းမယ် ဆိုရင်တောင်မှ အမြတ်ခွန်းမပေး ရဘူး။ အိမ်ဝယ်နေမယ်ဆိုလဲအမြတ်  ခွန်ပေးစရာမလိုဘူး။ အဲဒီလို အခွန်လွှတ်အောင်မင်းတို့ကိုယ်ပိုင် ငွေကြေးနဲ့ (၉) သိန်းနဲ့ (၅) သောင်း ကျတယ်။ အခွန်ဖိုးငွေတင်ရတယ်။ ဒီသိန်း (၃၅၀) ကို ကိုယ်ပိုင်ငွေ ကြေးနဲ့ (၉) သိန်း (၅) သောင်း  ကျပ်တင်ပေးရမှာ ကြားလား။ မင်းတို့က တင်နိုင်တယ်ဆိုရင် သိန်း (၃၅၀) ဒီကနေ့ (၂)နာရီခွဲ ကျရင်လာမယ်။ ဘားအံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ ထုတ် ယူရမယ်နော်။ပို့ဖို့ကတော့အဘတို့  တာဝန်ယူထားတယ်၊ (၉) သိန်း (၅) သောင်းအခွန်ဆောင်ရမယ် နော်။ ကျန်တဲ့ (၁၄) ဦးလည်း ဆောင်ရတယ်။ သတ်မှတ်ထားတဲ့ အတိုင်းဆောင်ပေးနိုင်တယ်ဆိုရင်  ကျလာမယ်။ မဆောင်ပေးနိုင်ဘူး ဆိုရင်ကျလာမှာမဟုတ်ဘူး။ (၃) အချက်ကသိန်း (၃၅၀) ကိုမင်းတို့ က (၃၅) သိန်းပြန်လည်လှူဒါန်း  ပေးရမယ်။ ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေအဖြစ် မတည်ပေးရမယ်နော်။ အဲတော့မောင်ဖြိုးကိုကိုလွင်အနေ နဲ့ အရေးကြီးတာက ဒီကနေ့ချ ပေးမှာ။ ဒီကနေ့မှာ ငါတို့နေပြည် တော်ကို စာရင်းတင်မယ်။ အခွန် ဖိုးငွေ (၉) သိန်း (၅) သောင်း ဆောင်စရာရှိတယ်။ မင်းကိုယ်ပိုင် ငွေနဲ့ ဆောင်ရမှာ မင်းဆောင်နိုင်  မလား။

ရွာသား- ကျွန်တော်မဆောင်နိုင် ပါဘူး။

ကမမောင်းမြို့နယ်အတွင်း ၌ အထက်ပါဖြစ်စဉ်ဖြစ်ပြီး မောင်ဖြိုးကိုကိုက ငွေကြေးတောင်း ခံလာသူအား ယုံကြည်မှုမရှိသဖြင့်  ပြန်လည်ငွေတင်ပို့မှုမပြုခဲ့ဘဲ သတင်းမီဒီယာသို့သတင်းတင်ပို့ ခဲ့သဖြင့် ယင်းဖြစ်စဉ်များကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ အလားတူမှတ်ပုံတင်နံပါတ်များ၊ ဖုန်းနံပါတ်များကို အသုံးပြုပြီး ပတ်သက်ပိုင်ရှင်များမှာ ထီပေါက်  နေကြောင်း၊ ထောက်ပံ့ကြေး ရောက်နေကြောင်း၊ ငွေလွှဲရောက်  နေကြောင်း၊ ကံစမ်းမဲပေါက်နေ ကြောင်း၊ လိမ်နည်းအမျိုးမျိုးမရိုး ရအောင်လိမ်လည်လျက်ရှိရာ အယုံလွယ်သူများ သတိထားနိုင် ရန် တင်ပြအပ်ပါသည်။



ပွင့်ဆန်း
BY HOTNEWS

Facebook တွင် လူများနှင့် app invite များကို block ပြုလုပ်ခြင်း


Facebook သည် မိတ်ဆွေဟောင်းများကို ရှာဖွေခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံခြင်း စသည့် လူမှုရေးကိစ္စရပ်များ အတွက် အသင့်တော်ဆုံး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် အားနည်းချက်များရှိသည်။

Facebook သုံးစွဲသူများသည် အကြောင်းအရာ အသေးအဖွဲ ကိစ္စရပ်များကိုပင် status update တင်သူများနှင့် တွေ့ကြုံနိုင်သလို မပြီးဆုံးနိုင်သည့် app နှင့် event invite များကဲ့သို့သော စိတ်ပျက်ဖွယ်ရာများနှင့်လည်း ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် Facebook တွင် လူများနှင့် app invite များကို တားဆီးပေးနိုင်မည့် နည်းလမ်းအား ဖော်ပြပေးလိုက်ပါသည်။

လူများကို block ပြုလုပ်ခြင်း


Facebook စာမျက်နှာ၏ အပေါ် ညာဘက်ရှိ သော့ခလောက်ပုံစံ ခလုတ်ကိုနှိပ်ပါ။ ပေါ်လာသည့် Privacy Shortcuts menu တွင် မိမိ၏ post ကို မြင်တွေ့စေလိုသူများအား အလျင်အမြန် ပြောင်းလဲနိုင်သလို post များတွင် comment ပေးသူများကိုလည်း ပြောင်းလဲနိုင်သည်။ ထို့အပြင် မိမိကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် လူများကိုလည်း အလျင်အမြန် block နိုင်သည်။

“How do I stop someone from bothering me” option ကိုနှိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသူ၏ အမည် သို့မဟုတ် email လိပ်စာကို ထည့်သွင်းပြီး block လုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းအတွက် Facebook က သုံးစွဲသူများကို အကြောင်းကြားမည် မဟုတ်ပါဘူး။ Block ပြုလုပ်ခံရသူ အနေဖြင့် block ပြုလုပ်သူ၏ profile ကို မမြင်ရတော့သလို message ပြုလုပ်ခြင်း၊ comment ပေးခြင်း စသည်တို့ကိုလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူငယ်ချင်း ဖြစ်နေသည့်သူများကိုလည်း အရင်ဆုံး unfriend ပြုလုပ်ပေးသည်။



app များနှင့် invite များကို block ပြုလုပ်ခြင်း


တစ်စုံတစ်ယောက်ကို block မလုပ်ချင်သလို မိမိတင်လိုက်သည့် post များကိုလည်း မမြင်စေချင်ဘူးဆိုရင်တော့ Settings menu ထဲက Blocking section တွင် ပြုလုပ်နိုင်သည်။ Blocking section > Restricted list တွင် တစ်ဦးတစ်ယောက်စီ၏ အမည်များကို ထည့်သွင်းနိုင်ပြီး ၎င်းစာရင်းတွင် ထည့်သွင်းခံထားရသူများသည် post များကို public ဖြင့် ဝေမျှမှသာ ဝေမျှသူ၏ အချက်အလက်များကို မြင်တွေ့နိုင်မည် ဖြစ်သည်။

လူနာမည်နှင့် restrict မလုပ်ဘဲ သက်ဆိုင်ရာ app တွေကို block လုပ်မယ်ဆိုရင်တော့ Blocking section > Block apps တွင် invite များကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေသည့် app အမည်ကို ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေမည့် invite များ ထပ်မံ ရောက်ရှိလာတော့မည် မဟုတ်ပေ။


Ref: CNET
Internet Journal

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)


1. ဆရာ ကန်တော့ပါ။ ကိုဝန်ရှိရင်ရာသီမလာတော့ဘူးလားဆရာ သိချင်ပါတယ်။
2. ဆရာရှင့် ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေထဲမှာ ခြေလက်တွေညောင်းတာမျိုးပါလား။
3. ရာသီမလာခင်တစ်ရက် ကိုယ်ဝန်စစ်တော့ မရှိပါ။ အခု ရာသီလာမဲ့ရက်ထက် သုံးရက်လောက် ကျော်နေပါပြီ။ မစစ်ရဲသေးလို့ပါ။ ကိုယ်က ကိုယ်ဝန်လိုချင်တာဆိုတော့ မရှိရင် ငိုမိမှာစိုးလို့ပါ။ ရင်သားတွေကတော့ အရမ်း နာကျင်ပါတယ်။ အဖြူကလည်း တော်တော်ဆင်းပါတယ်။ အဲဒါ ရာသီနောက်ကျတာပါလားရှင်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။


သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ
၅-၁ဝ-၂ဝ၁၃
Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲမလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ

နယ်သာလန်တွင် ငါးနှစ်အတွင်း မောင်းသူမဲ့ ထရပ်ကားများ အသုံးပြုရန် စီစဉ်နေ


Volvo မှ ပထမဦးဆုံး မောင်းသူမဲ့ကားများအား ဆွီဒင်နိုင်ငံရှိ လမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်နေစဉ်

ဒတ်ခ်ျအာဏာပိုင်များသည် လာမည့်နှစ်အနည်းငယ်အတွင်း ရော့တာဒမ်မြို့နှင့် အခြားမြို့များတွင် မောင်းသူမဲ့ ထရပ်ကားများကို အသုံးပြုရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မောင်းသူမဲ့ ထရပ်ကားများကို ကွန်ပျူတာဖြင့် စမ်းသပ်မောင်းနှင်စေခြင်းအပြင် သီးသန့်လမ်းများပေါ်တွင်လည်း စမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

နယ်သာလန်မှ တာဝန်ရှိသူများသည် အများပြည်သူလမ်းမပေါ်တွင် မောင်းသူမဲ့ကားများ စမ်းသပ်ပြေးဆွဲရန် မော်တော်ယာဉ်ဥပဒေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မီလန်နီရှူဇ့်က ပြောကြားခဲ့သည်။

အခြေခံအဆောက်အုံဆိုင်ရာ ဝန်ကြီးသည် လာမည့်နှစ်တွင် မောင်းသူမဲ့ထရပ်ကားများ စမ်းသပ်မှုပြုလုပ်ရန် ဥပဒေတစ်ရပ် တင်သွင်းသွားမည် ဖြစ်သည်။

ထိုသို့ မောင်းသူမဲ့ထရပ်ကားများ စမ်းသပ်ရာတွင် အထောက်အပံ့ဖြစ်စေရန် အတွက် တိကျသည့် လမ်းများနှင့် အခြေအနေများ အနှစ်ချုပ်ကို ဖော်ပြရန် စီစဉ်နေကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ငါးနှစ်စီမံကိန်းကို သုတေသီများနှင့် ကုမ္ပဏီများအပြင် နယ်သာလန် ပို့ဆောင်ဆက်သွယ်ရေး အာဏာပိုင်များ၊ DAF Trucks ကုမ္ပဏီ၊ ရော့တာဒမ်ဆိပ်ကမ်းနှင့် အသုံးချသိပ္ပံဆိုင်ရာ သုတေသနအဖွဲ့အစည်း(TNO) တို့ ပူးပေါင်း၍ လွှတ်တော်အတွင်းသို့ တင်သွင်းထားကြောင်း သိရသည်။

TNO အဖွဲ့အစည်းအနေဖြင့် လာမည့်နှစ်တွင် မောင်းသူမဲ့ ထရပ်ကားများကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်မှု ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း TNO ၏ ပြောရေးဆိုခွင့်ရှိသူ ဘတ်ရှန်စ်ခရော့စ်က ပြောကြားခဲ့သည်။

Ref: AutoWorldNews
Internet Journal

လက်ဗွေဖတ်စနစ် ပါဝင်ဖွယ်ရှိသည့် Huawei Honor 6 ဓာတ်ပုံများ ထွက်ပေါ်လာ


တရုတ်ဟန်းဆက်ကုမ္ပဏီ Huawei ၏ Honor 6 ဓာတ်ပုံများတွင် အွန်လိုင်းပေါ်တွင် ပေါက်ကြား ပေါ်ထွက်လာခဲ့ပြီး ၎င်းသည် ယခင် Huawei စမတ်ဖုန်း ဒီဇိုင်းများနှင့် တူညီသော်လည်း လက်ဗွေဖတ်စနစ် တစ်ခုပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က Huawei သည် ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် မီဒီယာပွဲတစ်ခု အတွက် ဖိတ်စာများ ပေးပို့ခဲ့ပြီးနောက် ၎င်းတွင် နံပါတ် ၆ ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည့် အတွက် အသစ်ထွက်မည့် စမတ်ဖုန်းကို Honor 4 အစား Honor 6 ဟုခေါ်ဆိုဖွယ်ရှိကြောင်း ဆိုသည်။


သတင်းပေါက်ကြားကာ ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ Honor 6 ဒီဇိုင်းသည် Samsung စမတ်ဖုန်း ဒီဇိုင်းနှင့် တူညီပြီး HTC One Max တွင် ပါဝင်သည့်အတိုင်း လက်ဗွေဖတ်စနစ် တစ်ခု ပါဝင်လာဖွယ်ရှိနေသည်။


အဆိုပါ Huawei Honor 6 တွင် စွမ်းဆောင်ရည်မြင့် hardware အချို့ ပါဝင်လာဖွယ်ရှိပြီး processor အနေဖြင့် Huawei ဌာနခွဲ Hisense က ထုတ်လုပ်ထားသည့် Kirin 920 1.3GHz octa-core chip ကို အသုံးပြုထားဖွယ်ရှိသည်။ RAM အနေဖြင့် Samsung Galaxy Note 3 နှင့် LG G3 တွင် ပါဝင်သည့်အတိုင်း 3GB ပါဝင်လာဖွယ်ရှိသည်။ Screen မှာ 1080p resolution နှင့် ဖော်ပြပေးနိုင်သည့် ၅ လက်မအရွယ် screen ကို အသုံးပြုထားသည်ဟုဆိုသည်။

ဈေးနှုန်းနှင့် ရောင်းချမည့်နေ့ကို ဇွန်လ ၂၄ ရက် မီဒီယာပွဲမှသာ သိရှိရဖွယ်ရှိသည်။



Ref: SlashGear
Internet Journal

အော်ရီဒူးမြန်မာ၏ IdeaBox အစီအစဉ်တွင် ပါဝင်သူများ Microsoft လိုင်စင်ဆော့ဖ်ဝဲများ အခမဲ့သုံးခွင့်ရမည်


အော်ရီဒူးမြန်မာမှ ဆောင်ရွက်ထားသော IdeaBox အစီအစဉ်တွင်ပါဝင်သူများ Microsoft လိုင်စင်ဆော့ဖ်ဝဲများ အခမဲ့သုံးခွင့်ရမည် ဖြစ်ကြောင်း IdeaBox မှတာဝန်ရှိသူတစ်ဦးကပြောသည်။ Microsoft ၏ DreamSpark နှင့် BizSpark အစီအစဉ်များကို IdeaBox အစီအစဉ်တွင်ပါဝင်သူများ အားလုံးအသုံးပြုခွင့်ရမည်ဖြစ်သည်။

“Microsoft အနေနဲ့ Developer အကောင့်တွေကိုတစ်နှစ်အခမဲ့ ပေးသုံးမှာဖြစ်ပါတယ်၊ နောက်ပြီးတော့ Developerနဲ့ ဒီဇိုင်နာတွေအတွက် နည်းပညာဆိုင်ရာ သင်တန်းတွေကိုလည်း Microsoft က IdeaBox နဲ့ပူးတွဲစီစဉ်ထားပါတယ်”ဟု ယင်းတာဝန်ရှိသူကပြောကြားသည်။

IdeaBox အဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုအများစုကို Microsoft ကဆောင်ရွက်ခြင်းဖြစ်သည် ဟုဆိုသည်။ လက်ရှိသဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်၍ Microsoft လိုင်စင်ဆော့ဖ်ဝဲများ အခမဲ့ပေးသုံးခြင်းအစီအစဉ်ကို ယခုလအတွင်းစတင် သွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကိုလည်း Microsoft က IdeaBox တို့ပူးတွဲဆောင်ရွက်သွားရန် စီစဉ်နေကြောင်းသိရသည်။

Internet Journal

4G ကွန်ရက်ကို အလွယ်တကူ ဖွင့်ပေးနိုင်သည်ဟု အော်ရီဒူးပြော


မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ပျမ်းမျှဝင်ငွေမြင့်တက်လာပြီး 4G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သော မိုဘိုင်းဟန်းဆက်များကိုင် ဆောင်လာနိုင်သည့်အခါ နောက် ဆုံးပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အလွယ်တကူဖွင့်ပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ မှပြောရေးဆို ခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။

"နိုင်ငံတကာမိုဘိုင်းဖုန်းဆက် သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ 4G အဆင့်စဖို့ဆိုတာမခက်ပါဘူး။ ဒါပေမယ့် အသုံးပြုသူလက်ထဲမှာ 4G ကွန်ရက်ကိုထောက်ပံ့ပေးနိုင်တဲ့ လက်ကိုင်ဖုန်းတွေရှိနေဖို့လိုပါ တယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှဝင် ငွေစံနှုန်းမြင့်တက်လာပြီး လူတိုင်း လက်ထဲမှာ 4G ကွန်ရက်အသုံးပြု နိုင်တဲ့ဟန်းဆက်တွေ ကိုင်ဆောင် လာနိုင်တဲ့အခါကြရင် ကွန်ရက်ကို ရုံးသုံးကွန်ပျူတာကနေ အဆင့် မြှင့်ပေးလိုက်ရုံပါပဲ" ဟု ဒေါ်သီရိ ကြာညိုကဆိုသည်။

လက်ရှိအချိန်၌ အော်ရီဒူး၏ အဓိက ပြိုင်ဘက်ဖြစ်သည့် တယ် လီနောသည် 2G နှင့် 3G ကွန် ရက်မိုဘိုင်းဖုန်းလိုင်းများကို ချ ထားပေးမည်ဖြစ်ပြီး အော်ရီဒူး သည် 3G အဆင့်မိုဘိုင်းဖုန်းလိုင်း တစ်ခုတည်းကိုသာချထားပေး မည်ဟု ကြေညာခဲ့ကြသည်။ ၄င်း တို့ကုမ္ပဏီနှစ်ခုသည် နောက်ဆုံး ပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အဆင့်သင့်ပြင်ဆင်ထား သော်လည်း မိုဘိုင်းဖုန်းလိုင်းများ ပထမအဆင့်စတင်အသုံးပြုခွင့် ပေးသည့်အခါ အဆိုပါကွန်ရက်ကို အသုံးပြုခွင့်ပေးအပ်သွားမည် မဟုတ်ကြောင်းသိရသည်။

"4G LTE စနစ်ကို ထောက်ပံ့ ပေးတဲ့ဟန်းဆက်တွေက ဈေး ကွက်ထဲမှာရောင်းအားနည်းသေး တယ်။ 4G ရဲ့အဓိက အားသာ ချက်ကတော့ ဗီဒီယိုစနစ်အရမ်း ကောင်းတာလို့ အကြမ်းဖျင်းပြော လို့ရတယ်။ ဈေးကွက်ထဲမှာ 4G စနစ်ကိုထောက်ပံ့ပေးတဲ့ ဟန်း ဆက်တွေ မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ Samsung ရဲ့ Note 3 ဆိုရင်လည်း 3G နဲ့ 4G ဆိုပြီး နှစ်မျိုး ဈေးကွက်ထဲမှာရှိနေတာပဲ။ ဒါပေမယ့် 4G စနစ်ပါလာရင် ဈေးက နှစ်သောင်းလောက်တော့ ကွာကြမယ်ထင်တယ်။ လူတွေက ဒီမှာလည်း 4G ကို သုံးလို့မရ တော့ ဈေးကြီးမသုံးကြတော့ဘူး" ဟု ACE ဟန်းဆက်အရောင်းဆိုင် မှ ဦးသန်းထိုက်ကပြောသည်။

အော်ရီဒူးမြန်မာသည် ၄င်းတို့ ၏ ဆင်းမ်ကတ်များကို လက်ကိုင် ဖုန်းများနှင့် တွဲဖက်ရောင်းချရန် ပြင်ဆင်ထားကြောင်း အဆိုပါ လက်ကိုင်ဖုန်းများသည် 3G ကွန် ရက်ကိုထောက်ပံ့ပေးနိုင်သည့် လက်ကိုင်ဖုန်းများဖြစ်ပြီး ဈေးနှုန်း ကို အများပြည်သူအသုံးပြုနိုင် သည့်ဈေးနှုန်းအဖြစ် သက်မှတ် ပေးသွားမည်ဖြစ်ကြောင်း ထုက် ပြန်ခဲ့သည်။ အလားတူ တယ်လီ နောသည်လည်း ၄င်းတို့၏ ဆမ်း ကတ်များကို မိုဘိုင်းဟန်းဆက် များနှင့် တွဲဖက်ရောင်းချပေးသွား မည်ဟုသိရသည်။

Internet Journal

ကမ္ဘာ့ အသေးဆုံး ၀ိုင်ယာလစ် နားကြပ်ဖူး


ကြိုးမပါပါဘူး။ တစ်ခြားမျက်စိရူပ်စေမဲ့ တွဲဖက်အရာတွေ တစ်ခုမှ မပါပါဘူး။ သီချင်း နားဆင်ရတာကို မြတ်နိုးသူတွေအတွက် တကယ့် အသုံးဝင်မဲ့ ပစ္စည်းလေးပါ။ Earin လို့ခေါ်တဲ့ ဘလူးတုမ့် ၀ိုင်ယာလစ် ချိတ်ဆက် ကရိယာလေးဟာ သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူရုံမျှမက အသံအရည်အသွေးပိုင်းမှာလည်း စိတ်ချရအောင် ပြုလုပ်ပေးထားတယ်လို့ ဆိုထားပြီး တစ်ခြား ဆင်ဆာ၊ အလင်း၊ မိုက်ခရိုခ်ဖုန်း တစ်ခုမှ တပ်ဆင်ထားခြင်းမရှိတဲ့ နားကြပ်သက်သက်သာ ဖြစ်ပါတယ်။ သူမှာ သိမ်းဆည်းစရာ ဘူးရှည်မျောမျောလေးတော့ ပါရှိပါတယ်။

Sony Ericsson နဲ့ Nokia က အင်ဂျင်နီယာတွေပါဝင်တဲ့ အဖွဲ့တစ်ခုက ဖန်တီးထားတာ ဖြစ်ပြီး အားသွင်းရန်အတွက် (၃) နာရီလောက်သွင်းရမှာ ဖြစ်ပြီး တကယ်တမ်းပြောရရင် ဘတ္တရီပိုင်းမှာ အားနည်းချက်ရှိရကာ( သို့ပေမဲ့ အတွင်းမှာ အကောင်းဆုံး ပစ္စည်းတွေကို သုံးခဲ့) ဒီအတွက်လည်း အဖြေတစ်ခု ရှာနေတယ်လို့ သိရပါတယ်။ အသုံးမပြုတဲ့ အခါမှာတော့ ဘူးလေးထဲမှာထည့်ထားပြီး အားသွင်းကာ သူတို့ကို သိမ်းဆည်းထားနိင်ပါမယ်။ တစ်ခုကို ဒေါ်လာ ၁၇၀ ကျသင့်မှာ ဖြစ်ပါတယ်။

Aung Heine ...
Smart Pro Journal

အကြင်နာမဲ့ပြီး ရက်စက်တဲ့ ခင်ပွန်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင်အပ်များစိုက်ဝင်နေရှာသည့် အမျိုးသမီး

ပုံကိုနှိပ်ပြီး ဖတ်ရှုပါ။


အကြင်နာမဲ့ပြီး ရက်စက်တဲ့ ခင်ပွန်းကြောင့် အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်အတွင်းမှာ စိုက်ဝင်နေတဲ့
အပ်ကိုးချောင်းကို ခက်ခက်ခဲခဲဖယ်ရှားရတော့မှာပါ။  ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေလို့ ဓာတ်မှန်ရိုက်
ကြည့်တော့မှ အဆိုပါ အပ်တွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Pyimyanmar

ပွဲကြမ်းသွားခဲ့တဲ့ မဟာသန္တိသုခ ဘာလဲ၊ ဘယ်လဲ


မဟာသန္တိသုခကျောင်းတော်ကြီးက သံဃာတော်တွေကို  ဇွန် ၁၁ ရက်ညဘက်မှာ
သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ နိုင်ငံတော် သံဃမဟာနာယကတို့က
ခေါ်ဆောင်သွားခဲ့ပါတယ်။ ပြီးတော့ သာသနာရေးဝန်ကြီးဌာနက သံဃာတော်ငါးပါးကို
လူဝတ်လဲခိုင်းပြီး အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့ပြီးတော့
သာသနာတော်ညိုးနွမ်းစေမှု ပုဒ်မ-၂၉၅(က)နဲ့ တရားစွဲဆိုခဲ့တဲ့ အပေါ်
ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်က အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သူ့မှာ
တာဝန်မရှိဘူးလို့ ပြောလိုက်ပါတယ်။   ၁၉၉၉ ခုနှစ်က နိုင်ငံတော်ငြိမ်
ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကနေပြီးတော့ အဆိုပါကျောင်းတော်ကြီးကို
နိုင်ငံတကာ အလှူရှင်ရှင်တွေရဲ့ပံ့ပိုးမှုနဲ့အတူ ပီနန်ဆရာတော်ကြီးထံ
ရေစက်ချအမျှဝေခဲ့တာပါ။ နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတော်ကြီး
ထိန်းသိမ်းခဲ့ခြင်း ကိစ္စနဲပတ်သက်လို့ သူ့မှာတာဝန်မရှိတော့ဘူး။
အခုလက်ရှိအစိုးရမှာပဲ တာဝန်ရှိတယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
”အဲဒါမမေးနဲ့ ကိုယ်လဲမသိဘူး။ လွန်မြောက်သွားပြီလေ။ တို့ခေတ်မဟုတ်တော့ဘူး။
အခုခေတ်က ခေတ်ပြောင်းသွားပြီ၊ တို့ခေတ် မဟုတ်တော့တဲ့အတွက် ဒါကို
ဘာမှမပြောချင်ဘူး။ အဲဒါကိုပြောဖို့လဲ တာဝန်မရှိဘူး။ ပြောရမယ့် အခြေအနေ
မျိုးလည်း မရှိဘူး။ ပြီးသွားပြီ ပြတ်သွားပြီ။ ဒါနဲ့ ပတ်သက်လို့လည်း
မပြောဘူး။ အခုဆိုရင် ကုသိုလ်ရေးကိစ္စပဲ လုပ်တယ်။ အကုသိုလ်ကိစ္စမလုပ်ဘူး။
အကုသိုလ်ဖြစ်မယ့်ကိစ္စ မစဉ်းစားဘူး။ နောက် ကိုယ့်မှာ ရန်သူမရှိစေရဘူး။
မိတ်ဆွေတွေပဲ ရှိရမယ်။ အဲဒီခံယူချက်နဲ့ ကိုယ်အခု ဒီ အတိုင်းနေတာပါ”
ဇွန် ၁၁ ရက်က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်မှာတည်ရှိတဲ့ မဟာ
သန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့
ညွှန်ကြားချက်နဲ့ သာသနာရေးဦးစီးဌာနကနေပြီး ကျောင်းမှာသီတင်းသုံးနေကြတဲ့
သံဃာတော်တွေကို ခေါ်ဆောင်ခဲ့ကြပြီး စစ်ဆေးမေးမြန်းမှုများ
ပြုလုပ်ခဲ့တယ်လို့ တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာ ရှိကပြောပါတယ်။
”ကျွန်တော်တို့ဆီမှာ ဖြစ်တဲ့ညက ကျောင်းတိုက်က ဆရာတော်တွေကို
မေးမြန်းမှုတချို့ လုပ်ခဲ့ပါတယ်။ လူဝတ်လဲ တာကတော့ ရဲစခန်းမှာမရှိပါဘူး။
ပြီးတော့ တရားမမှုဖြစ်တဲ့အတွက် တရားရုံးကနေ ဖြေရှင်းမယ်ထင်ပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ဘယ်သံဃာတော်မှ မရှိပါဘူး”
ပီနန်ဆရာတော်ကြီးရဲ့ဒကာများ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့သံဃာတော်တွေ
ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ထွက် ပေါ်ခဲ့ပေမယ့်လည်း မဟုတ်မှန်ကြောင်းကို
သရုပ်ဆောင်တွေက ပြောပါတယ်။ သာသနာရေးဝန်ကြီးဌာနကတော့ အခကိစ္စဟာ
နိုင်ငံတော်သံဃ မဟာနာယကရဲ့ ညွှန်ကြားချက်အရ လုပ် ဆောင်ရတာလို့ ဆိုပါတယ်။
စောင့်ကြည့်လေ့လာသူတွေအဆိုအရတော့ ပြည်ထောင်စုအစိုးရနဲ့
တိုင်းအစိုးရတို့ကပါ သာသနာရေးဝန်ကြီးဌာနနဲ့ မဟနရဲ့လုပ်ဆောင်ချက်တွေကို
တားမြစ်ခြင်းတစ်စုံတစ်ရာမရှိတဲ့အပေါ် ဘယ်လိုဝေဖန်ရမှန်းမသိဘူးလို့
ပြောနေကြ ပါတယ်။
လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော်
ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး
သာသနာတော်ညစ်နွမ်းစေမှုနဲ့တရားစွဲထားတဲ့အပေါ်မှာ အင်မတန် ထိတ်လန့်
အံသြရတယ်လို့ သာသနာ့ရန်သီ တိုက်အုပ်ဆရာတော် ဦးသိဠိဋ္ဌက မိန့်ကြားပါတယ်။
ယူကေနိုင်ငံမှာ မြန်မာတွေသာမက နိုင်ငံခြားသားတွေကြားမှာပါ ဗုဒ္ဓရဲ့
တရားတော်တွေကို ပြန့်ပွားအောင်ဆောင်ရွက်နေတဲ့ ဘုန်းကြီးတစ်ပါးကို ခုလို
ပုဒ်မတွေတပ် တရားစွဲတာကိုလည်း မယုံကြည်နိုင်ဖြစ်ရတယ်လို့ မိန့်ပါတယ်။
“လူဝတ်လဲတယ်ဆိုတဲ့အခါကျတော့ ဘုန်းဘုန်းတို့က တအားထိတ်လန့်သွားတာ။
ဘုန်းကြီးတွေအကုန်လုံး ကြားတဲ့ ကိုယ်တော်တွေတိုင်း ထိတ်လန့်တာ။
လူဝတ်လဲတယ်ဆိုတဲ့အဓိပ္ပာယ်က ပါရာဇိကကျမှ ဘုန်းကြီးတွေက လူဝတ်ရတာ။
ဘုန်းဘုန်းတို့ ဝိနည်းနဲ့လုပ်တယ်ဆိုလို့ရှိရင် အဲဒီ ဝိနည်းတရားကိုတော့
တအားအံ့သြသွားတာပေါ့နော်။ တကယ်လည်း ထိတ်လန့်သွားတာပေါ့။ တကယ်တော့
ဒီဟာတွေဟာ တိုင်းသူပြည်သားတွေကို ဝိနည်းအမှားတွေကိုပေး၊ ဝိနည်းတွေကို
ကိုယ်လိုရာကိုယ်ဆွဲပြော၊ ဘုရားဝိနည်းနဲ့နေတယ်ဆိုလို့ရှိရင်
ဒီလိုဖြစ်စရာအကြောင်း ရှိကို မရှိဘူးပေါ့နော်။”

ဆရာတော်ဦးဥတ္တရကို သံသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊
သံင်္ဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ စတဲ့ ပုဒ်တွေတပ်ပြီး
တရားစွဲထားတာပါ၊ ဦးဥတ္တရဟာ ယူကေမှာ လူနာတွေကို တရားပြနှစ်သိမ့်ပေးတဲ့
ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးဖြစ်ပြီး လန်ဒန်တော်မြို့တော်က
နာမည်ကြီး St. Thomas’ ဆေးရုံမှာ တရားပြ နှစ်သိမ့်ပေးသူ Chaplain အဖြစ်
ဆောင်ရွက်နေသူဖြစ်ပါတယ်။  ဦးဥတ္တရနဲ့အတူ လူဝတ်လဲဖမ်းဆီးခံထားရတဲ့
ဦးပညာစာရတို့ဟာဆိုရင် ယူကေက မြန်မာမိသားစုတွေ စည်းလုံးမှုရှိဖို့
မြန်လူငယ်တွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအကြောင်း သိရှိသဘောပေါက်အောင်
သင်ကြားပြသပေးတဲ့အကြောင်းကိုလည်း မိခင်တယောက်ဖြစ်သူ မနှင်းနှင်းခိုင်က
ပြောပြပါတယ်။

“ဘုန်းဘုန်းဦးဥတ္တရ ဦးဆောင်တဲ့၊ ဘုန်းဘုန်းဦးပညာရော ဒီ နှစ်ပါးလုံးက
မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှုတွေ၊ အနုပညာ တွေကို မပျက်စီးအောင်ဆိုပြီး
ကလေးတွေကို ဗမာစာသင်တာတို့၊ ဗုဒ္ဓဘာသာသင်တန်းတွေပေးတာတို့ ကျမတို့
အပတ်တိုင်းလိုလိုသွားတယ်။ ဒီက ကလေးတွေဟာဆိုရင် ဘုန်းဘုန်း ဦးဥတ္တရတို့၊
ဦးပညာတို့ သင်ပေးလိုက်တဲ့အတွက် ကျမတို့ကလေးတွေဟာ ဗုဒ္ဓဘာသာ ကဗျာတွေ၊
စာတွေ တော်တော်များများကိုရလို့ ရန်ကုန်ပြန်တဲ့အခါ ကျမတို့ အမေတွေက
ဒီကလေးတွေကို အရမ်းကို အံ့သြပါတယ်။ ဒီကလေးတွေက ဒီမှာမွေးပြီး
ဒီမှာကြီးတာ။ နိုင်ငံခြားသားတွေနဲ့ပဲ အပေါင်းအသင်းလုပ်လာရတာ။
တချို့ဆိုလို့ရှိရင် အဲဒီဘုန်းကြီးကျောင်းကိုရောက်ပြီးမှ
ဗမာစကားတတ်သွားတဲ့ ကလေးလေးတွေက ဒုနဲ့ဒေးပါပဲ။”

ယူကေနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဦဥတ္တရလွတ်မြောက်ရေးအတွက် ယူကေအစိုးရက
အကူအညီပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံထားပြီး
မြန်မာမိသားစုတွေက တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်းနေတယ်လို့
စီစဉ်ဆောင်ရွက်နေသူတစ်ယောက်က ပြောပါတယ်။

“ဗမာမိသားစုတွေအနေနဲ့ ဘုန်းဘုန်းက ဒီ ယူကေနိုင်ငံသား
တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Foreign Office ကနေတဆင့်
မြန်မာပြည်မှာရှိတဲ့ အင်္ဂလန်သံရုံးကနေပြီးတော့ ဘုန်းဘုန်းအတွက် ဘယ်လို
အကူအညီတွေ ပေးနိုင်မလဲဆိုတာ အမတို့ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ နောက်တခုက
ဒီမှာ ဗမာမိသားစုတွေ၊ ဘုန်းဘုန်းရဲ့ တကာ၊ တကာမတွေ သိပ်ပေါများပြီး
အားလုံးလည်း စိတ်နှလုံး မချမ်းမသာ ဖြစ်နေကြတဲ့အတွက်ကြောင့် ညနေတိုင်း
ဘုန်းဘုန်းတို့အတွက်ကို ဘုန်းဘုန်းတို့ စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာရှိဖို့ရယ်၊ လွတ်မြောက်ရေးအတွက်ရယ်ပေါ့ ဒီမှာ မိသားစုတွေ
ဝတ်ပြု ဆုတောင်းပွဲ ညနေတိုင်းပြုလုပ်ဖို့ ဒီမှာ စီစဉ်ထားပါတယ်။”

မဟာသန္တိသုခ ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကို နိုင်ငံတကာမှာ
လှည့်လည်သာသနာပြုနေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသ
တည်ထောင်ထားခဲ့တာဖြစ်ပေမယ့် နိုင်ငံတော် သံင်္ဃာ့မဟာနာယက အဖွဲ့ကို
လှူဒါန်းခဲ့ပါတယ်။ ပီနန်ဆရာတော် နိုင်ငံခြားကနေ ပြန်ရောက်လာချိန်မှာ
ပီနန်ဆရာတော်နဲ့ သံင်္ဃာ့ မဟာနာယကအဖွဲ့ကြား ကျောင်းတိုက်ပိုင်ဆိုင်မှု
အငြင်းပွားခဲ့ကြပါတယ်။ ပိုင်ဆိုင်မှုပြဿနာ ဖြေရှင်းဖို့
စီစဉ်ထားချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတိုက်ထဲကို အချိန်မတော်ကြီး
ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။  ပီနန်ဆရာတော်ကြီး
ဦးပညာဝံသ နဲ့ နိုင်ငံတော် သံဃာ့မဟာနာယက မဟနအဖွဲ့ကြား
မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခြေအတင်
အငြင်းပွားနေကြတဲ့အချိန် အခုလို အခြေအနေ ဖြစ်သွားခဲ့တာပါ။ အခုလို
ကျောင်းတိုက်တွင်း ညဥ့်သန်းခေါင်ယံ ဝင်ရောက် စီးနင်းပြီး သံဃာတွေကို
အင်အားသုံး ခေါ်ဆောင်သွားတဲ့အပေါ် သမ္မတ ဦးသိန်းစိန်ကို ဖြေရှင်းပေးဖို့
တောင်းဆိုမှာ ဖြစ်တယ်လို့ ဂျပန်ကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော်က
မိန့်ပါတယ်။

“ဓမ္မသတ်အစီအစဉ်ဆိုရင် အကြောင်းကြားရမှာပေါ့။ အခုအတိုင်းကတော့ စိတ်ကောင်း၊
စေတနာကောင်းနဲ့ လုပ်ပေးတယ်။ အခု ဒီလိုဖြစ်တယ်ဆိုတော့ တစ်ခုတော့ရှိတယ်
သံဃာ့နာယကက သူတို့က ဓမ္မစက်တဲ့၊ အစိုးရက အာဏာစက်တဲ့။ ဓမ္မစက်က မြင့်တယ်တဲ့။
သံဃာ့နာယကက လုပ်ချင်တာလုပ်တဲ့။ သူတို့ကို ဘယ်သူမှ တရားမစွဲနိုင်ဘူးတဲ့။
ဘုန်းကြီးတို့က သူတို့ကို ဘာလုပ်မလဲဆိုတော့ သူတို့လုပ်တာ ဘုန်းကြီးတို့
ကြည့်ရဦးမယ်။ သူတို့လုပ်တာမျိုးတော့ ဘုန်းကြီးတို့က အာဏာရှိတဲ့လူတော့
မဟုတ်ဘူးပေါ့လေ။ သူတို့လုပ်တာကို ကြည့်ပြီးတော့ နောက်ဘုန်းကြီးတို့က
လုပ်သင့်လုပ်ထိုက်တာတွေကို လောကကြီးမှာ လုပ်စရာတွေ အများကြီးပါပဲလို့
ဘုန်းကြီးပြောချင်တယ်လေ။”

ပီနန်ဆရာတော် မြန်မာပြည်ကို ပြန်ကြွလာချိန်မှာလည်း
ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းကြဖို့ စီစဉ်ထားချိန်မှာ
အခုလို အင်အားသုံး ဝင်စီးနင်းခဲ့တဲ့ ကိစ္စအပေါ် ပီနန်ဆရာတော်က စိတ်မသက်မသာ
ဖြစ်ရတယ်လို့ မိန့်ပါတယ်။

“အခုဘုန်းကြီးတို့က နိုင်ငံခြားသွားတဲ့ အခါကျတော့မှ သူတို့က အခုလို
ကျောင်းကို စစ်တပ်လို၊ Terrorist တွေလို၊ ဓားပြတိုက်သလို၊ တခါတည်း
ဝင်တိုက်ပြီးတော့ လူကြားမကောင်း၊ သူကြားမကောင်း သူတော်ကောင်းတွေရဲ့
စိတ်နှလုံး မသာယာအောင်လုပ်တဲ့ အဲဒီသံဃာ့နာယကဆိုတော့
စဉ်းသာစဉ်းစားကြည့်တော့။ နာမည်နဲ့ သူတို့ သံဃာ့နာယကခိုင်းလို့
သာသနာရေးဌာနက လုပ်ရပါတယ်လို့ ပြောတယ်။ အဲဒီတော့ သံဃာ့နာယကကလည်း
ခိုင်းလို့၊ တိုင်းသံဃာ့နာယက ကလည်း လုပ်ရတယ်လို့ ပြောတယ်။ အဲဒီတော့
ဘုန်းကြီးတွေမှာ ၀ါးရင်းတုတ်တွေလည်း ပါလာတယ်တဲ့။ Walkie Talkie တွေလည်း
ပါလာတယ်ဆိုတော့ ဘုန်းကြီးတွေကလည်း အခုနကလို Terrorist တွေလို ဖြစ်နေတယ်။
အဲဒီမှာလည်း စစ်တပ်ရော၊ ခုနက ရဲရော၊ သာသနာရေးဌာနရော ပါတယ်လို့ပြောတော့
မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ ဒီကနေ့ မဟာသန္တိသုခကျောင်းကို အကြမ်းပတမ်း
ဝင်စီးခြင်းကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီသွားတဲ့ နမူနာလား၊
ပြယုဂ်လား၊ example လားဆိုတာ အားလုံး သဘောပေါက်ဖို့ လိုတယ်လို့
ဘုန်းကြီးကတော့ အဲဒီလိုလည်း ထင်တယ်လေ။”
ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော် ဘုရားကြီးအနေနဲ့
မြန်မာနိုင်ငံတွင်းကို ပြန်လည်ကြွရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ
သံဃာ့မဟာနယကအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း
သိရပါတယ်။

Ref; VOA, BBC, RFA, online news
ဒေးဗစ်
ဓာတ်ပုံ-ထက်နောင်နောင်
The Myanma Age

အိမ်များဆီကို ဆက်သွယ်ထားတဲ့ ရေပိုက်လိုင်း က ရွှေတွေ ထွက်လာလို့ ဒေသခံတွေ အံ့အားသင့်ခဲ့ကြ



အမေရိကန်ပြည်ထောင်စု၊ မွန်တာနာအရပ် ဒေသမှာ နေထိုင်တဲ့ သူတွေဟာ ရေပိုက်လိုင်းက နေရွှေတွေ ထွက်လာတဲ့ ဖြစ်ရပ် အပေါ် အံ့အားသင့် နေကြတယ်လို့ သိရပါတယ်။ ဒီ ဖြစ်ရပ်ကို သတိထားမိတဲ့ သူကတော့ ရှာရွန်ဆိုတဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ အိမ်မှာ ရှိတဲ့ ရေပိုက်ခေါင်းကို ဖွင့်နေစဉ်မှာ မသင်္ကာစရာတွေ ကို တွေ့မြင်ခဲ့ ရပါတယ်။ အဲဒါကတော့ရေမှာ အမှုန်အမွှားတွေ ပါဝင်နေခြင်းပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ခင်ပွန်း ဖြစ်သူ မာ့ခ်ဘရောင်းကို အသိပေးခဲ့ပါတယ်။ ဒီနောက်သူတို့ နှစ်ဦးဟာ အမှုန်အမွှားတွေကို စစ်ထုတ်ပြီး စမ်းသပ်မှုတွေ ပြုလုပ် ခဲ့တဲ့အခါမှာ ရွှေအစစ်တွေ ဖြစ်ကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။

မာ့ခ်ဘရောင်းက ကျွန်တော့်ရဲ့ ဇနီးဟာ ရေပိုက်ကိုဖွင့်စဉ်မှာ အမှုန်တွေ တွေ့ခဲ့ရပါ တယ်။ ဒါတွေကို ကျွန်တော်တို့က ရွှေလို့ထင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စမ်းသပ်တဲ့ အခါမှာ ရွှေအစစ်တွေဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်ကို ကျွန်တော် မရှင်းပြတတ် တော့ပါဘူး လို့ ပြောခဲ့ပါတယ်။ မာ့ခ်ဘရောင်းရဲ့ အိမ်နီးနားချင်းဖြစ်သူ ပေါလ်ဟာပါကလည်း ရေသောက်ဖို့ပြင်တဲ့ အခါ ရွှေတွေကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ရေ ပိုက်လိုင်းမှာ ရွှေမှုန်တွေပါဝင်နေခြင်းအ ပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ဒီဒေသနဲ့ (၅)မိုင်သာ ကွာဝေးတဲ့ နေရာမှာ ရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုရှိပါတယ်။ ရွှေတွေဟာ အဲဒီကနေတစ်ဆင့် ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေ ကတော့ ရွှေတွေဟာ ရေပိုက်လိုင်း အတွင်းကို ရောက်လာဖွယ် လုံးဝမရှိဘူး လို့ ငြင်းချက်ထုတ်ထားကြပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

The Messenger


အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ


အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

နုပျိုစေမည့် နေထိုင်နည်း

အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။

အသက်ကြီးလာလျှင် ပိုဂရုစိုက်နည်း

အသက်ကြီးလာတဲ့အခါ ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။ အသက် ၂၀ အရွယ်မှာ နှစ်ပတ်ကြာတိုင်း အရေပြား အပေါ်ယံလွှာက ကွာကျလေ့ရှိပြီး အသက် ၅၀ အရွယ်မှာ နှစ်ဆလောက် အချိန်ကြာတတ်ပါတယ်။ အရေပြားက ကော်လာဂျင် ဓာတ်ဆုံးရှုံးမှုလည်း ဖြစ်လာတာကြောင့် အရေးကြောင်း၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြောင်း ထင်တဲ့အခါ သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အိုမင်းမှု တားပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန် လိမ်းသင့်ပါတယ်။

အမွေးမှန်မှန် ရိတ်ပြီး နုပျိုစေသော နည်း

နံနက်တိုင်း အမွေးရိတ်ပါ။ အမွေး ရိတ်တာကြောင့် ပွတ်သပ်မှုဟာ ကော်လာဂျင် ထွက်နှုန်းကို လှုံ့ဆော်ပေးပြီး အသားအရေ ချောမွေ့စေပါတယ်။ အမျိုးသားတွေက ပုံမှန်အမွေးရိတ်လေ့ ရှိတဲ့အတွက် အမျိုးသမီးတွေထက် အရေးကြောင်း လျော့ပါးနေတာ ဖြစ်ပါတယ်။

ဆံပင်ပုံမှန် ညှပ်ပြီး နုပျိုစေသည့်နည်း

နုပျိုချင်ရင် ဆံသဆရာနဲ့ မိတ်ဆွေ ဖွဲ့ထားပါ။ ဆံပင်စကျွတ်တဲ့ အရွယ်မှာ ဆံပင်တိုတို ညှပ်တာကြောင့် ခေါင်းမှာ ဆံပင်အပြည့်ရှိသလို ထင်ရစေပါတယ်။ ဆံပင်တိုတိုကို ထောင်ထားတဲ့ ပုံစံက ထူထဲတယ်လို့ ထင်ရစေပါတယ်။

နုပျိုစေမည့် အိပ်စက်နည်း

အိပ်ရေးပျက်တာ ကြာလာရင် မျက်နှာက ရင့်ရော်လာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ မျက်စိပြင်ပ ကြွက်သားတွေ အလုပ်လုပ်ပြီး တင်းရင်း စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်း ညိုတတ်ပါတယ်။ အိပ်မပျော်ရင် ညဘက်မှာ ကာဗိုဟိုက်ဒရိတ်များတဲ့ ညစာ စားပါ။ အိပ်ရာမဝင်ခင် ကာဗိုဟိုက်ဒရိတ် များများစားတဲ့ အမျိုးသားတွေက နှစ်နှစ်ခြိုက်ခြိုက် ကြာရှည် အိပ်ပျော်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ကယ်လိုရီ လျှော့စားခြင်းဖြင့် နုပျိုစေသောနည်း

ဂျာမန် လေ့လာမှုတစ်ခုအရ အစာကို နည်းနည်းပဲ စားတာက ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ကြီးတဲ့အထိ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

အူလှိုက်သည်းလှိုက် ရယ်မောခြင်းဖြင့် နုပျိုစေသောနည်း

ကလေးတွေနဲ့ လူကြီးတွေအကြား သိသာတဲ့ ခြားနားချက်တစ်ခုက ကလေးတွေက အပူအပင်ကင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များနေချိန်မှာ ရယ်မောတဲ့နည်းနဲ့ နုပျိုမှုကို အရယူလိုက်ပါ။ အူလှိုက်သည်းလှိုက် ရယ်မောတာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ၃၉-၇၀ ရာခိုင်နှုန်း အထိ လျော့ကျစေတယ်လို့ လိုမာလင်ဒါတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ရယ်မောတာက နှလုံးကိုလည်း ကျန်းမာစေပါတယ်။

ဆန့်ကျင်ဘက် ပြုလုပ်ခြင်းဖြင့် နုပျိုစေသောနည်း

ဦးနှောက်စွမ်းအားဟာ အသက်ကြီးလာချိန်မှာ တဖြည်းဖြည်း ကျဆင်း လာတတ်ပါတယ်။ ဒါကို တွန်းလှန်ချင်ရင် ဆန့်ကျင်ဘက် ပြောင်းလုပ်ပါ။ ဥပမာ- ဥယျာဉ်ခြံမြေထဲမှာ နောက်ပြန် လမ်းလျှောက်တာမျိုး၊ သွားကို မသန်တဲ့လက်နဲ့ တိုက်တာမျိုးတွေကို လုပ်ဆောင်ပေးပါ။ ဒီနည်းလမ်းတွေက ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဦးနှောက်အာရုံကြော ဆက်သွယ်မှုကို အားဖြည့်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နုပျိုစေသောနည်း

အသက်ကြီးလာချိန်မှာ သွေးခဲဖတ် ပိတ်ဆို့မှုကြောင့် အမျိုးသား လိင်တံရှိ သွေးကြောငယ်တွေထဲမှာ သွေးစီးဆင်းမှုကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၄၅ နှစ် အရွယ်မှာ အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့ကျ လာပါတယ်။ ဒီလို မဖြစ်စေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်ပေးသင့်ပါတယ်။

အရက် လျှော့သောက်ခြင်းဖြင့် နုပျိုစေသောနည်း

သင့်အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲချင်တယ်ဆိုရင် တစ်နေ့ အယ်လ်ကိုဟော နှစ်ပက်ထက် ပိုမသောက်ပါနဲ့။ အရက်မသောက်တတ်ရင် အကောင်းဆုံးပါ။ တကယ်လို့ သောက်တတ်ရင် ဝိုင်နီကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီမှာ ပါတဲ့ ရက်စ်ဗာရထရောဟာ နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

နံနက်စာစားပြီး ဝမ်းဗိုက် ချပ်ရပ်စေသောနည်း

ဗိုက်ပူတာက ကြည့်ရဆိုးစေရုံ သာမက အမျိုးသား ပီသမှုကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းဗေဒ လေ့လာမှုတစ်ခုအရ အမျိုးသားတွေ ကိုယ်အလေးချိန် ပေါင် ၃၀ ခန့် ပိုများရင် ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် တက်စတိုစတီရုန်းအဆင့် သိသိသာသာ လျော့နည်းကြောင်း သိရပါတယ်။ နံနက်စာကို ပရိုတင်း များများရရှိအောင် စားပြီး နေ့လယ်စာနဲ့ ညစာကို လျှော့စားတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါတယ်။

ကြွက်သား သန်စွမ်းစေခြင်းဖြင့် နုပျိုစေသောနည်း

ကြွက်သားတွေကို မသုံးရင် ဆုံးရှုံးရပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သား တည်ဆောက်မှု မလုပ်ရင် အဆီနဲ့ အစားထိုးပြီး ကြာလာတဲ့အခါ ခါးနဲ့ဗိုက်က ပူဖောင်းတစ်လုံးလို ဖြစ်လာပါလိမ့်မယ်။ ကြွက်သား သန်စွမ်းစေဖို့ အလေးမတာအပြင် ဟင်းနုနယ်ရွက်ကို များများစားပါ။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်ကေ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တွေ ပါဝင်တာကြောင့် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

နှလုံးကျန်းမာစေရန် လှုပ်ရှားခြင်းဖြင့် နုပျိုစေသောနည်း

နုပျိုချင်ရင် နှလုံးကို သန်စွမ်းအောင် ပြေးတာ၊ စက်ဘီးစီးတာ တို့လို လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် နှလုံးက ပုံမှန် အလုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ကောင်းကောင်း ရယူပြီး အသုံးပြုနိုင်ပါလိမ့်မယ်။

.
Good Health


ပိုးသတ်ဆေးဆပ်ပြာ အသုံးပြုသူများသို့


ကမ္ဘာကြီးပေါ်တွင် အမျိုးမျိုးသော ပိုးမွှားအသစ်များကြောင့် ရောဂါအသစ်အဆန်းအမျိုးမျိုးပေါ်ပေါက် လာပြီး ထိုရောဂါများက လူသားတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသဖြင့် တစ်ကမ္ဘာလုံးအထိတ်တလန့်ဖြစ်လာရသည်။

ထိုရောဂါများက အသက်အန္တရာယ်ကို ထိခိုက်လာသောအခါ လူအများ၌ ကျန်းမာရေးဗဟုသုတ များပြားလာသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးပေးလာကြပြီး ရောဂါပိုးမွှားများ ကူးစက်မှုမရှိစေရန် ပိုးသတ်ဆေး ထည့်သွင်းထားသော အသုံးအ ဆောင်ပစ္စည်းများအား စိတ်ဝင် တစားသုံးစွဲမှု ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာကြောင်း သိရ သည်။
ပိုးသတ်ဆေး ထည့်သွင်း ထားသောပစ္စည်းများထဲတွင် ဆပ် ပြာများအား အရေပြားရောဂါတစ် မျိုးမျိုး ဖြစ်ပွားနေသူများအတွက် အရေပြားဆရာဝန်များကအသုံး ပြုရန်ညွှန်ကြားလေ့ရှိပြီး ယခုနောက်ပိုင်းတွင် ပိုးမွှားကူးစက်မှု မရှိစေရန် နေ့စဉ်ရေချိုးရန်၊ လက်ဆေးရန်အတွက် အသုံးပြုမှုများ များပြားလာပြီး လူထုအား ဆွဲဆောင်သည့်ကြော်ငြာများလည်း များပြားလာကြောင်းသိရသည်။

““ပိုးသတ်ဆေးအာနိသင်ရှိပေမယ့် တခြားပစ္စည်းတွေနဲ့ ရော ပြီးသုံးနိုင်တယ်။ အရေပြားမှာ ပြဿနာဖြစ်နေတဲ့သူတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးခိုင်းလေ့ရှိတယ်””ဟု အရေပြားအထူး ကုပညာရှင် ဒေါက်တာဦးမြင့်ဦးကပြောသည်။
အရေပြားမှာရှိသည့် ဘက်တီးရီးယားများ အမွေး ပေါက်ထဲရောက်ရာမှ မွေး ကျွတ်နာဟုခေါ်သည့် အနာကြီးများ၊ ၀က်ခြံများ အများအပြား ပေါက်နေသည့်လူနာများ၊
လူတုပ်ကွေးရောဂါကဲ့သို့ ကူးစက်နိုင်သည့်ရောဂါပိုးများအား မပြန့်ပွားစေရန်သုံးသည့်အခါများ၊ ဆီးချိုရောဂါရှင်များနှင့် အပူပိုင်းဒေသများတွင် နေထိုင်သူများ ဖြစ်ပွားလေ့ရှိသည့် အရေပြားရောဂါတစ် မျိုး ကုသသည့်အချိန်များတွင် ပိုးသတ်ဆေးပါဝင်သောဆပ်ပြာများအသုံးပြုလေ့ရှိပြီး ရောဂါပြန့်ပွား မှုကို ကာကွယ်နိုင်ကြောင်း သိရသည်။
ပိုးသတ်ဆေး ဆပ်ပြာများ တွင် ထည့်သွင်းအသုံးပြုလေ့ရှိ သည့် ပိုးသတ်ဆေးအမျိုးအစား လေးမျိုးခန့်ရှိပြီး၊ အဆိုပါ ပိုးသတ် ဆေးများမှာ အရေပြားရှိ ပိုးမွှား များအား သေစေနိုင်ရုံသာမက ပိုးသတ်ဆေးအမျိုးအစား တချို့ မှာ လူကိုပါ အန္တရာယ်ပေးစေနိုင် ကြောင်းသိရသည်။
““ဘယ်လိုသုံးရမယ်ဆိုတာ သေချာမသိရင်တော့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်””ဟု အဆိုပါ ဆရာဝန်ကပြောသည်။
Hibicalels ပိုးသတ်ဆေးပါ ၀င်သော အသုံးအဆောင်ပစ္စည်း များမှာ အသုံးပြုပြီး ရေစိုနေသည့် အချိန်တွင် ပိုးသတ်နိုင်သည့်အာနိ သင်ရှိပြီး ရေခြောက်သည့် အချိန် တွင် အာနိသင်လျော့ပါးသွားလေ့ ရှိသည်။ သို့သော် ထိုဆပ်ပြာအ မျိုးအစားသည် အရေပြားတွင် ပေါက်ပြဲအနာများ ရှိနေပါက အနာတွင် ရှိသောဆဲလ်များအား အဆိပ်အတောက်ဖြစ်စေနိုင်ခြင်း၊ ဆပ်ပြာထဲတွင် ပိုးသတ်ဆေး သုံးပုံတစ်ပုံခန့်ပါဝင်နေသဖြင့် မျက်နှာ၊ လည်ပင်းနှင့် ဦးနှောက်အရေ ပြားနေရာများအား အသုံးမပြု သင့်ကြောင်း သိရသည်။
အခြားပိုးသတ်ဆေးတစ်မျိုးမှာ အရေပြားတွင် ပိုးသတ်နိုင် သည့်အာနိသင်ခြောက်နာရီအထိခံပြီး လည်ပင်းအောက် အရေ ပြားများတွင်သာ အသုံးပြုသင့်ကြောင်းသိရသည်။
““မျက်နှာကိုသုံးလို့ မျက်လုံးထဲဝင်ရင် မျက်ကြည်လွှာကိုလောင်စေပြီး အမြင်မှုန်သွားကာ မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေးဆပ်ပြာသုံးတဲ့သူ တ်ာတော်များများက
လည်း ဘယ်လိုသုံးရမလဲဆိုတာမသိကြဘူး””ဟု ဒေါက်တာမြင့်ဦးကပြောသည်။
ကိုယ်ခန္ဓာအရေပြားပေါ်တွင် အန္တရာယ်ဖြစ်စေနိုင်သော ပိုးမွှားများရှိသကဲ့သို့ လူသားတို့အတွက် လိုအပ်သော ရှိသင့်သည့် ကောင်းကျိုးပေးသည့် ပိုးမွှားများလည်းရှိသည်။
““ပိုးသတ်ဆေးပါတဲ့ပစ္စည်းတွေကို သုံးတဲ့အခါ လူကအရမ်းကိုပိုးမွှားကင်းစင်ပြီး သန့်သွားတယ်။ ဒါပေမဲ့ လူခန္ဓာကိုယ်မှာ ရောဂါပိုးတွေကို ခုခံနိုင်ဖို့ သက်ဆိုင်ရာရောဂါပိုးတွေအတွက် အန္တရာယ်မဖြစ်လောက်တဲ့ရှိသင့်တဲ့ အတိုင်းအတာပိုးမွှားတွေတော့ ရှိရပါမယ်။ ပိုးသတ်ဆေးပါဝင်တဲ့ ပစ္စည်းတွေကြောင့် ပိုးမွှားအားလုံး သေဆုံးသွားရင်တော့ Immune System တွေ ကျဆင်းလာပြီး ရောဂါပိုး ဖြစ်ပွားလွယ်တာတော့ သတိပြုရပါမယ်””ဟု ဒေါက်တာ မြင့်ဦးကပြောသည်။
နိုင်ငံတကာတွင်လည်း ထိုပိုးသတ်ဆေး ဆပ်ပြာနှင့်ပတ်သက်၍ အတိအကျလေ့လာစစ်ဆေးထားခြင်းမရှိသေးဘဲ ယခုနှစ်တွင် အမေရိကန် FDA မှ စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
အမေရိကန်နိုင်ငံတွင် လေ့လာချက်များအရ ပိုးသတ်ဆေးပါ ၀င်သောပစ္စည်းများ အသုံးပြုကြသည့်သူများတွင် လူခန္ဓာကိုယ်အ တွင်း ဟော်မုန်းဓာတ်ကို တစ်နည်းအားဖြင့် ထိခိုက်စေကြောင်း နိုင်ငံတကာစစ်တမ်းများတွင်ဖော်ပြထားသည်။
ပိုးသေရန်အတွက် စိုးရိမ်လွန်၍ ပိုးသတ်ဆေးပါသော ဆပ် ပြာများ အသုံးပြုကြသော်လည်း ထိုဆပ်ပြာများမှာ ရိုးရိုးဆပ်ပြာ များနှင့် အကျိုးရှိပုံချင်းတူညီကြောင်း အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။
ပိုးသတ်ဆေးပါဝင်သောပစ္စည်းများအား ငယ်ရွယ်လွန်းသောကလေးများတွင် သုံးစွဲပါက ဓာတ်မတည့်မှုဒဏ်ကို ပိုမိုခံစားရပြီး ရောဂါခုခံနိုင်မှု ပိုမိုနည်းပါးကြောင်းသိရသည်။
ထိုပိုးသတ်ဆေး ပါဝင်သောပစ္စည်းများအား အသုံးပြုသင့် သည့်အခြေအနေကို မေးမြန်းရာ ““ဘယ်ပစ္စည်းပဲဖြစ်ဖြစ် တန်ဆေးလွန်ဘေးအနေနဲ့သုံးတာ ပိုသင့်တော်ပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ ပိုးသတ်ဆေးပါတဲ့ပစ္စည်းတွေကိုတော့ ဆင်ခြင်သုံးသင့်ပါတယ်”” ဟု အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။

7daynewsjournal


မူးဝေခြင်းအတွက် အိမ်တွင် လွယ်ကူလျှင်မြန်စွာ သက်သာစေသော နည်းလမ်းများ



Vertigo လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ ပတ်ဝန်းကျင်ဟာ ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းများ

- အတွင်းနားမှာ လွင့်မျောနေသည့် ကယ်လစီယမ်ကာဘွန်နိတ်ပုံဆောင်ခဲငယ်များပိတ်ဆို့နေခြင်း
- နားတွင်းပိုးဝင်မှု ဖြစ်ပွားခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- ခေါင်းထိခိုက်ခြင်း
- ဦးနှောက်အကျိတ်များ
- သွေးအားနည်းခြင်း၊ ဦးနှောက်သို့ သွေးလှည့်ပတ်မှု မလုံလောက်ခြင်း
- သွေးတိုးခြင်း၊ ကိုလက်စတီရောများ ခြင်း၊ ဆီးချိုသွေးချိုရောဂါ
-ရေဓာတ်နည်းပါးခြင်း၊ လေဖြတ်ခြင်း စသဖြင့် အကြောင်းအရာပေါင်းများစွာရဲ့နောက်ဆက်တွဲပြဿနာအနေ နဲ့မူးဝေခြင်းကရှိနေပါတယ်။

နည်းလမ်းများ

Tip1-

ဇီးဖြူသီးအမှုန့် လက်ဖက် ဇွန်း သုံးဇွန်းကို ရေနဲ့ရောပါ။အဲဒီ နောက်နံနံစေ့မှုန့်တစ်ဇွန်း ထပ်ပေါင်း ပါ။ သကြားဇွန်းဝက်ခန့် ထည့်ပြီး ညစဉ်ဖျော်သောက်ပေးပါ။

Tip2-

ကိုယ်ခန္ဓာကို ဖြေလျော့ထား ပါ။ ပြီးရင်အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်မပျော်ခြင်း၊ အိပ်ချိန် နည်းပါးခြင်းဟာခေါင်းမူးခြင်း၊ ခေါင်း အုံခြင်းတွေနဲ့ပျို့အန်ခြင်းတွေကို ဖြစ် စေပါတယ်။

Tip3-

သစ်သီးလတ်လတ်ဆတ်ဆတ် ကို ကြိတ်ချထားတဲ့ သောက်စရာတွေကို သောက်သုံးပေးရင် ရေဓာတ်ဆုံးရှုံးလို့ဖြစ်တဲ့ ခေါင်းမူးခြင်းကို သက်သာစေပါတယ်။ွှ

Tip4-

အမြန်စာ (fast food)၊ အလွယ်စာတွေကို စားခြင်းကို ရှောင်ပါ။ အိပ်ယာထဲမှာ တစ်ဖက်ပဲစောင်း ပြီး အိပ်ခြင်းဟာ ဟန်ချက်ကို ထိန်းနိုင်ခြင်းကို လျော့ပါးစေပြီး ခေါင်းမူး စေနိုင်ပါတယ်။

Tip5

-စတော်ဘယ်ရီသီးများကို ကြိတ်ချေပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပါ။ နေ့စဉ် သောက်ပေးရင် ခေါင်းမူးခြင်းကို သက်သာစေပါတယ်။

Tip6 -

ချင်း(ဂျင်း) လက်တစ်ဆစ်ခန့် ကို လက်ဖက်ရည်ကြမ်းထဲမှာ ထည့် ပြီးသောက်ပေးပါ။ မသောက်လိုရင် ၀ါးစားပေးပါ။ ဒါဆိုရင် သွေးပေါင်ချိန် တက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်လိုခြင်းကို သက်သာစေပါတယ်။

Tip7-

မက်မန်းသီး (almonds) အနည်းငယ်ကို ကြိတ်ချေပြီး နို့ပူပူ တစ်ခွက်နဲ့ ရောပါ။ သောက်သုံးပေး ရင်စွမ်းအင်ပြည့်ဝစေတဲ့အပြင် ခေါင်းမူးခြင်းကိုလည်း သက်သာစေပါတယ်။

Tip8-

ပျို့အန်ပြီး ခေါင်းမူးတာမျိုးဆိုရင်တော့ ဆားအနည်းငယ်၊ ငရုတ် ကောင်းစေ့အနည်းငယ်ကို လိမ္မော်ဖျော်ရည်တစ်ဖန်ခွက်နဲ့ရောသောက် ပါ။ ပျို့အန်တာတွေ လုံးဝသက်သာ သွားပါလိမ့်မယ်။

.
credit to >>>Health Updates Journal

မကွေးတွင် သားအဖခိုက်ရန်ဖြစ်ပွားရာမှ ဘာသာရေးအသွင်းဆောင် အဓိကရုဏ်းဖြစ်ပွား


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စုတွင်ဘာသာခြားအမျိုးသမီးတစ်ဦး၏ ယောကျာင်္းဖြစ်သူဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ယင်း၏သားအရင်းဖြစ်သူ(အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူ)တို့ နှစ်ဦး
ဘာသာရေးကိစ္စအငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားမှ ဘာသာရေအသွင်ဆောင်သော အဓိကရုဏ်းတစ်ခု
အဆိုပါကျေးရွာအုပ်စု အေးတန်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် စတင်ဖြစ်ပွားကြောင်း မွတ်စလင်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဇာကရီယာဘိုင်က ဇွန်လ၁၇ ရက်နေ့တွင် ပြောကြားသည်။

“အခုတော့ပြီးသွားပါပြီ၊ ဖြစ်တဲ့ကလေးရဲ့အမေက မွတ်စလင်ဘာသာဝင်ပါ၊ သူတို့မှာ
သားသုံးယောက်ရှိပါတယ်၊ နှစ်ယောက်ကတော့ မွတ်စလင်ဘာသာကိုးကွယ်ပါတယ်၊
တစ်ယောက်ကတော့ အတိအကျမဖြစ်သေးပါဘူး၊ အဲ့ဒီကလေးနဲ့ သူတို့အဖေအရင်းဖြစ်သူ
ဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ ဘာသာရေးအကြောင်း အငြင်းအခုံဖြစ်ပြီး ရန်ဖြစ်ကြပါတယ်၊
ဒါကို ကျေးရွာအုပ်စုက တချို့လူတွေက တမျိုးမြင်ပြီး ဒီလိုအဓိကရုဏ်းဖြစ်သွားရတာပါ” ဟု ယင်းကပြောဆိုသည်။

“ရန်ဖြစ်ပြီး အများသုံးဓမ္မာရုံးရှေ့ရှိ ရေအိုးစင်မှ ရေအိုးကို
ရိုက်ခွဲခဲ့ပါတယ်၊ ဒါ့ပြင် ဘာသာရေးစုရုံးလုပ်နေတဲ့ အိမ်တစ်လုံးကို
အဓိက ဖျက်ဆီးခဲ့ပါတယ်၊ အဲဒီအိမ်ထဲမှာ ဗလီလို့ယူဆရတဲ့ ပစ္စည်းတွေနဲ့
ဓာတ်ဆီများစွာ တွေ့ရှိခဲ့ပါတယ်” ဟု ယင်းဒေသခံ ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။

ထိုအဖြစ်အပျက်များကြောင့် ပွင့်ဖြူမြို့နှင့်နီးစပ်သော မြို့နယ်များတွင်
လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း သိရသည်။ အဖြစ်အပျက်အားလုံးကို
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်သော်လည်း ပြန်လည်းမဖြေကြားခဲ့ပေ။

အဆိုပါဒေသသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်တွင် ဆင်ဖြူကျွန်းမြို့မှ အမျိုးသမီးငယ်တစ်ဦးကို ဘာသာခြားသုံးဦးက
ကာမရယူခဲ့ပြီး ကားပေါ်မှကန်ချထားမှုဖြစ်ပွားခဲ့သောကြောင့် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒေသခံပြည်သူများအနေဖြင့် ယင်းဒေသတွင် ဘာသာခြားအဆောက်အဦးများကို ဆက်လက်ဆောက်လုပ်ခွင့်
မပေးဘဲ စောင့်ကြည့်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းအချက်အလက်များအရ သိရသည်။

စောကျော်ဝင်း

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကော့သောင်းမြို့ ယနေ့ နံနက်စောစောမီး ကျပ် ၃၅ သိန်းခန့် ဆုံးရှုံး


ကော့သောင်းမြို့ တွင် ယနေ့ နံနက် ၉း၅၀ အချိန်က မီးလောင်မှုဖြစ်ပွားရာငွေကျပ် ၃၅ သိန်းခန့် ဆုံးရှုံးကြောင်းကော့သောင်းမီးသတ်ဌာနမှသိရ သည်။ကော့ေ သာင်းမြို့ ၊ပိေ တာက်ရွှေဝါရပ်ကွက် ၊မြရည်ပုလဲလမ်း၊ရှိအိမ်အမှတ်—တွင်မီးဖိုမီးကျွင်းမီးကျန်မှစတင်ကာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးဆုံးရှုံမှုတန်ဖိုးမှ ကျပ်(၃၅)သိန်း ခန့်  ရှိကြော င်းကော့သောင်းမီးသတ်ဌာနမှသိရသည်။
အဆိုပါမီးငြှိမ်းသက်ရာတွင်ကော့သောင်းမြို့ နယ်မီးသတ်ဌာနမှကားတစ်စီးနှင့်ရပ်ကွက်သူရပ်ကွက်သားများက ၀ိုင်းဝန်းကာမီးငြှိမ်းသတ်ခဲ့ရကြောင်း မျက်မြင်သက်သေ တစ်ဦး၏ပြောပြချက်အရသိရသည်။“ကျွန်တော်ကကလေးအကြီးကိုကျောင်းသွားပို့ ပြီးမိန်းမကိုဈေးကသွားကြိုတာပုလဲလမ်းမှာမီးလောင်တယ်ကြား လို့ ပြောတော့မှ ကျွန်တော့် အိမ်ကတစ်ဝက်လောက်လောင်ပြီးနေပြီ”ဟုအိမ်ရှင်ဖြစ်သူဦးသိန်းထွန်းကပြောသည်။ အဆိုပါ မီးလောင်မှုမှာမီးသတ်ဌာနမှ မီးအားနံနက် (၁၀း၁၀)တွင် မီး ထိန်းနိုင် ခဲ့ပြီး နံနက်(၁၁း၀၀)အချိန်တွင်မီးငြှိမ်း နိုင်ခဲ့ကြောင်းကော့သောင်းမီးသတ်ဌာမှသိရသည်။မီးလောင်မှုကြောင့်အိမ်ရှင်ဖြစ်သူ (- )အားပုဒ်မ(၂၈၅)အရအရေးယူ ထားကြောင်းကော့သောင်းမီးသတ်ဌာနမှသိရသည်
ဇေဝေယံ
ဓာတ်ပုံကိုမျိုးဆွေ
popular Myanmar

ဖိလစ်ပိုင်တွင် အင်တာနက်ပြစ်မှု ဥပဒေအရ အမျိုးသမီး တစ်ဦးအား တရားစွဲဆို ဖိလစ်ပိုင်တွင် ပြဋ္ဌာန်းထားသော အငြင်းပွားဖွယ်ရာ အင်တာနက်ပြစ်မှု ဥပဒေအရ အမျိုးသမီး တစ်ဦးမှာ ပထမဆုံး တရားစွဲ ဆိုခံရသူ ဖြစ်လာကြောင်း သိရသည်။



ကာလာမာတီနက်ဇ် အစ်ဂနာစီယိုဟု ခေါ်သည့် ထိုအမျိုးသမီးသည် ကွန်ပျူတာ ဒေတာများကို ခိုးယူပြီး ၎င်း၏ ဘဏ်စာရင်းထဲသို့ ဒေါ်လာငွေထောင်နှင့် ချီ၍ လွှဲပြောင်း ထည့်သွင်းခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ခဲ့ရကာ ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံရဖွယ် ရှိနေသည်ဟု ဖိလစ်ပိုင် တရားရေးဌာနက ထုတ်ပြန်သည်။

၎င်းကို မနီလာမြို့ပြင်ရှိ လတ်စ်ပီနာမြို့တွင် အစိုးရ ရှေ့နေတစ်ဦ်းက တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ဖီလစ်ပိုင် အင်တာနက်ပြစ်မှု တားဆီးရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထား သည်။ ဖိလစ်ပိုင်၏ အငြင်းပွားဖွယ်ရာ ထိုဥပဒေတွင် အင်တာနက်မှ စာရင်းအင်း နှင့် ဘဏ်ကတ်များကို ခိုးယူမှု၊ ကလေးသူငယ် ညစ်ညမ်း ရုပ်ပုံများဖြင့် လွှင့်တင်မှု အပါအ၀င် ပြစ်မှုများကို သတ်မှတ် ဖော်ပြထားသည်။ သို့သော် ဝေဖန်သူများက ထိုဥပဒေမှာ အစိုးရနှင့် သဘောထား ကွဲလွဲသည့် အတိုက်အခံများကို လည်း ဥပဒေ အကြောင်းပြ၍ နှိပ်ကွပ်နိုင်သည့် အတွက် ဝေဖန်နေကြသည်။

ထိုဥပဒေကို ၂၀၁၂ တွင် ပြဋ္ဌာန်းခဲ့သော် လည်း အတိုက်အခံများ၏ ကန့်ကွက်မှုများ ပြင်းထန်ခဲ့ပြီး ကြန့်ကြာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက ထိုဥပဒေမှာ အခြေခံဥပဒေနှင့် ညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့ရာ အတည် ဖြစ်ခဲ့သည်။ သို့သော် တရားရုံးသည် အာဏာပိုင်များအား ၀က်ဘ်ဆိုက်များကို ပိတ်ပင်ခွင့်နှင့် အင်တာနက် အသုံးပြုနှုန်း များကို ထိန်းချုပ်ခွင့် တို့ကိုမူ ပယ်ဖျက်ခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ



"ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအ တော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေး ရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ လောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါ တယ်။ နောက်တစ်ခါ ဆေးပြန်တိုက် လိုက်ရင် ကလေးက အဖျားပြန်ကျသွား ပြန်ရော။ အဲဒါက ဝင်တဲ့ ဗိုင်းရပ်စ်ပိုး အ မျိုးအစားပေါ်မူတည်ပြီး(ဥပမာ တစ်ရက် ဖျားမှာလား၊ သုံးရက်ဖျား မှာလား) အဖျား ကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေး နိုင်သလဲဆိုတာက ပိုအရေးကြီး ပါတယ်။

ပိုးဝင်ခြင်း

ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူ ကြီးလာတဲ့ အချိန်မှာ ကလေးတွေက ရုတ် တရက် တက်တတ်ပါတယ်။ အဲဒါမျိုး တွေဖြစ်ရင် အမေတွေက ပိုပြီးတော့ တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ် ပူပြီး တက်တတ်တဲ့ ကလေးတွေနဲ့ မျိုးရိုး ထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိ တတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့ က သူတို့ငယ်ငယ်တုန်းကလည်း တက် တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါ တယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိ ပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက် တယ်ဆိုတာ သိပ်မရှိတော့ဘူး။

ကိုပှုကြီးပြီး တက်လျှင်

အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာ လည်းပြန်ကျ သွားပါတယ်၊ သတိကောင်း တယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွား တယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေ မယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနားဖြစ်ရင် လည်း ဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျား ကြီးလို့ တက်တာမျိုးက ဘာမှ ကြောက် လန့်စရာအကြောင်းမရှိပါဘူး။ ဆေးတစ် မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အ ခန်း (Air-condition)ထဲ ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကိုကျ အောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာ ရင် အစာစားလား၊ မစားဘူးလား၊ အရည် ဝင်လား မဝင်ဘူးလား၊ လန်းလန်းဆန်း ဆန်းရှိလား၊ မလန်းဘူးလား၊ အဲဒါတွေ က ပိုပြီး အရေးကြီးပါတယ်။

ရေပတ်တိုက်သင့်၊ မသင့်

တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မဝတ်ရဘူး၊ စောင်မခြုံရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါ တယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်၊ ခဏခဏ ရေပတ်တိုက်တာ၊ ရေလောင်း နည်းဖြစ်တဲ့ ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေ အနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို အစာဝင်အောင် ကျွေးရမယ်။ အဖတ်မဝင်ရင်တောင်မှ အရည်ဝင် အောင် တိုက်ရပါမယ်။

အစားအစာ ကျွေးသင့်၊ မသင့်

မိဘအတော်များများက ကလေး တွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက် တာ၊ ကြက်ပေါင်းရည်လေးပဲ တိုက်တာ မျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေး လို့ ရပါတယ်။ အဲဒီအခါမှာပထမအစော ပိုင်း ခုနစ်ရက်လောက် ဖျားရင် ဘယ်အ သက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်း ကျွေးလို့ရပါတယ်၊ ထမင်းမဝင်ရင် အ ရည် တစ်ခုခုဝင်အောင် တိုက်လို့ရပါ မယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျား တိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆို တာလည်း မဟုတ်ပါဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည် သောက်သင့် တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မ သောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါ တယ်။

မက်ကလောင်ဖောက်ခြင်း

မှားယွင်း လုပ်ဆောင် တတ်တာတွေ ကတော့ မြန်မာနိုင်ငံမှာ တွေ့ရများ တာက မက်ကလောင် ဖောက်တယ်ဆို တဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်က လောင် ဖောက်ရတယ် ဆိုပြီး လက်ထိပ် တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ် တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာက တော့ စအိုနားကိုပါ ဖောက်တတ်ကြပါ တယ်။ အဲဒီလိုဖောက်တဲ့ အခါ တချို့က ဘူးလို့ပဲ ပြောချင်ပါတယ်။ အညစ်အ ကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများ ကြီးပဲ။ သူ့ဘာသာသူ အပြင်မှာ နေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ခန္ဓာ ကိုယ်ထဲ ပိုးတွေဝင် သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆို တော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွား တတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီ။ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။

.
ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ


အိမ်ငှား၊ မြေငှား လုပ်ကိုင်သူ ပိုင်ရှင်များအား အခွန်ဆောင်ခိုင်းမည်



အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ပိုင်ရှင်များအား လာမည့်လမှ စတင်ကာ စာရင်းကောက်ခံ၍ အခွန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။

စာရင်းကောက်ပြီး ထွက်လာရင် အိမ်ရှင်၊ ပိုင်ရှင်တွေကို အချိန် အတိုင်းအတာ တစ်ခုစောင့်ပြီး ဆက်သွယ် အခွန်ဆောင်ခိုင်းမယ်။ အရင် က (၁၀၀) မှာ (၂၀) ရာခိုင်နှုန်းပဲ အခွန်ဆောင်ကြတယ်။ ကျန်ရှိတဲ့ (၈၀) ရာခိုင်နှုန်းကို ဖော်ထုတ်ပြီး လုပ်ဆောင်သွားမယ် ဟု ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုး က The Messenger သတင်းစာသို့ ပြောသည်။

အိမ်ငှား၊ မြေငှားများ အပြင် တိုက်ခန်း၊ ကွန်ဒို၊ ရုံးခန်းများ ငှားရမ်းခွင့်ပြုပေးထားသော ပိုင်ရှင်များကို ရရှိသော တစ်နှစ်တာ ၀င်ငွေ၊ ကုန်ကျ စရိတ်ကို တွက်ချက်ပြီး၊ ကျန်ရှိသော ၀င်ငွေမှ ရာခိုင်နှုန်း တွက်ချက်ကာ အခွန်ပေးဆောင် စေရန် စီစဉ် သွားမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။ ရန်ကုန်မြို့ တွင် နေထိုင်သူ လူဦးရေ (၇ ဒသမ ၉) သန်းတွင် ငှားရမ်း နေထိုင်သူ လူဦးရေ တစ်သန်းကျော်ရှိပြီး၊ ၎င်း တို့အနက် အများစုသည် တိုင်းရင်းသား လူမျိုးများ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရသည်။

ဒီလို ကောက်ရင်တော့ ကိုယ်တွေ မထိခိုက်ဘူး။ အဆောင်လခ တိုးလာရုံပဲ ရှိတယ်။ ထိခိုက်မှာက အဆောင်နေသူတွေနဲ့ ငှားရမ်းနေတဲ့ လူတွေ၊ ကုမ္ပဏီမှာ လုပ်တဲ့လူတွေ အတွက်က မထူးခြားပေမယ့် ကိုယ်တို့ဘက်မှာက စက်ရုံ လုပ်သားများတော့ သူတို့ ထိခိုက်မယ်။ အဲဒီလို ဆိုရင်ရတဲ့ ၀င်ငွေနဲ့ အဆောင်လခ မကိုက်ဘဲ နယ်ပြန်တဲ့လူတွေ များလာမယ် ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် အဆောင် ဖွင့်လှစ်ထားသူ ကိုဇော်မင်းက The Messenger သတင်းစာသို့ ပြောသည်။

လ.၀.က ၏ မြေပြင် သန်းခေါင်စာရင်း ကောက်ယူမှု အရ အဆိုပါ အိမ်ငှား နေထိုင်သူများသည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ အရှေ့ပိုင်းခရိုင် တို့တွင် အများဆုံး တွေ့ရပြီး၊ ၎င်း တို့ အထဲတွင် အဆောင်တွင် ငှားရမ်း နေထိုင်သူ၊ တိုက်ခန်းများတွင် စုငှား နေထိုင်သူ (၁) ရာခိုင်နှုန်းခန့် ပါဝင် ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မှ သိရသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံ မှတ်တမ်းသည် ယခင်က ဆယ့်လေးသိန်းရှစ်သောင်း ရှိရာမှ ယခုမြေပြင် သန်းခေါင် စာရင်းကောက် ယူသော အခါတွင် သုံးသိန်းကျော် တိုးလာပြီး၊ (၁၇) သိန်းကျော်ရှိ လာကြောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သော (လ.၀.က) က ၀န်ထမ်းများက ဧပြီလက The Messenger သတင်းစာသို့ ပြောကြား ထားသည်။
Messenger News Journal

မြေတူးစက်သုံးစီးမှ ဘက်ထရီအိုးများပျောက်မှု တစ်အိမ်လျှင် နှစ်ထောင်ကျပ် ရွာခံများပေးလျော်ရ


ကုမ္ပဏီပိုင်မြေတူးစက် များမှ ဘက်ထရီအိုးများပျောက် ဆုံးခဲ့၍ ဒေသခံများစုပေါင်းပြီး ပြန်လျော်ပေးရန်ဆုံးဖြတ်ချက် ကို ဒေသခံများမကျေနပ်ကြကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင် ဘန်းချောင်း ဒေသ ကျောက်ထုကျေးရွာတွင် ကျောက်မီးသွေးတူးဖော်ရေးလုပ် ငန်းများဆောင်ရွက်နေသော East Star Mining ကုမ္ပဏီပိုင်မြေတူးစက် သုံးစီးမှ ဘက်ထရီသုံးစုံ(၆လုံး)မေလအတွင်း ပျောက်ဆုံးခဲ့ရာ ယင်းကျေးရွာအနီးရှိ ကျောက်ထု၊ ကထောင်းနီ၊ကွမ်း ချောင်းကြီး၊ သပြုချောင်း စသည့်ကျေးရွာများမှ ဒေသခံများက စုပေါင်း ပေးလျော်ရမည်ဖြစ်သည်။ ပျောက်ဆုံးခဲ့သော ဘက် ထရီအိုးများဒေသခံများ သယ်ယူ သွားသည်ကို ကုမ္ပဏီမှတာဝန်ရှိ သူများက မြင်တွေ့ခဲ့သည်ဆိုသ ဖြင့် အဆိုပါကျေးရွာများရှိ အိမ်ထောင်စုတစ်ခုလျှင် နှစ်ထောင် ကျပ်စီကောက်ခံပြီး ပြန်လျော်ပေးရန် ဆုံးဖြတ်ချက်ချထားခြင်းဖြစ် သည်။

ယင်းပျောက်ဆုံးမှုနှင့်ပတ် သက်သည့်အဆုံးအဖြတ်ကို ဇွန် လ ၁၂ ရက်က ကျောက်ထုနယ်မြေ တပ်စခန်းတွင် တပ်မှတာဝန်ရှိ သူ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အဆိုပါကျေးရွာများမှ အုပ်ချုပ် ရေးမှူး၊ အတွင်းရေးမှူးနှင့် ရပ်မိ ရပ်ဖအပါအဝင် တာဝန်ရှိသူလေး ဦးတက်ရောက်ကာ အစည်းအ ဝေးပြုလုပ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဘက်ထရီအိုးများ သည် တစ်လုံးလျှင်ကျပ်နှစ်သိန်း ဝန်း ကျင်ရှိသည်ဟုဆိုသည်။

‘‘ရွာသားတွေကိုပြန်လျော် ပေးရမယ်ပြောထားတယ်။ ဒါပေ မဲ့ ကျွန်တော်တို့ခိုးယူထားတာ မဟုတ်ဘူးဆိုတော့ မလျော်ပေး နိုင်ဘူးပေါ့။  တခြားရွာတွေမှာ လည်း ဒီလိုပဲပြောနေကြတယ်။ ဒါကိုခြိမ်းခြောက်ပြီး အတင်း တောင်းလာမယ်ဆိုရင်တော့ ရွာ သားတွေလည်း ငြိမ်ခံနေမှာမဟုတ်ဘူး’’ဟု ကထောင်းနီကျေးရွာခံ တစ်ဦးကပြောသည်။

ယခုအချိန်ထိ ကျေးရွာတာ ဝန်ရှိသူများက ဒေသခံများအား အသိပေးထားခြင်းသာဖြစ်ပြီး ပိုက်ဆံကောက်ယူခြင်းမရှိသေး ကြောင်းသိရသည်။

ကျေးရွာများမှ ကောက်ခံရရှိသောငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေးမှူးများက သိမ်းထားမည်ဖြစ်ကာ သီတင်းသုံးပတ်အ တွင်း တရားခံမပေါ်ပါက ကုမ္ပဏီ သို့လျော်ကြေးအနေဖြင့် သွင်းရမည်ဖြစ်သည်။ တရားခံဖော် ထုတ်နိုင်ပါက ဖော်ထုတ်ပေးသူ အား ဆုကြေးငွေငါးသောင်းကျပ် ချီးမြှင့်မည်ဖြစ်ကာ ကောက်ခံထားသောငွေများကို ဒေသခံများအား ပြန်ပေးမည်ဖြစ်ပြီး နောက်ထပ်အလားတူဖြစ်ရပ် များဖြစ် ပွားပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဟု ကျေးရွာများသို့ အသိပေးထား သည်။

စိုးမိုးအောင်
7day daily

လကမ္ဘာပျားရည်ဆမ်းခရီးမှာရှက်စရာဟု လျော်ကြေးငွေကိစ္စနှင့်ပတ်သက်၍ရွှေလုပ်သားတို့ဆို



ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ချမ်းမီမီကိုနှင့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္မဏီ ဥက္ကဋ္ဌ ဦးစိုး ထွန်းရှိန်တို့မှလကမ္ဘာသို့ ဒေါ်လာ သန်း(၃၀) အကုန်ကျခံကာ ပျား ရည်ဆမ်းခရီးသွားရောက်မည့် ကုန်ကျစားရိတ်မှာ မိုးထိမိုးမိရွှေ လုပ်သားတို့ကို ပေးရမည့်လျော် ကြေးအဆ ၁၀၀ မကရှိကြောင်း ရွှေလုပ်သားတို့က ဆိုသည်။

အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီက ရွှေလုပ်သားများ အား လျော်ကြေးငွေမပေးဘဲ  အာဏာပိုင် အဖွဲ့အစည်းများမှ တစ်ဆင့် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီး ယခုလို အကုန်ကျခံကာ ခရီးထွက်ရန် ပြင်ဆင်ခြင်းမှာ ရှက်စရာအလွန် ကောင်းသည်ဟု ရွှေလုပ်သား မိသားစုတို့ကဆိုသည်။

““ဒီကိစ္စဟာ လူ့ကျင့်ဝတ်၊ လူ့သိက်္ခာအရ အင်မတန်ရှက်ဖွယ် ကောင်းတဲ့ကိစ္စပါ လကမ္ဘာပေါ် မှာအမေရိကန်ဒေါ်လာသန်း(၃၀) အကုန်ခံပြီး သွားနိုင်တဲ့လူက ရွှေ လုပ်သားတွေရဲ့ အနယ်နယ် အရပ်ရပ်က လယ်တွေ၊ မြေတွေ ပေါင်ပြီးတော့ ဆောက်ထားတဲ့ အင်းတွေကို လျော်ကြေးမပေး နိုင်ရတာ ဘာကြောင့်လဲ””ဟု အချုပ်ကျနေသည့် ရွှေလုပ်သား တစ်ဦး၏ဇနီးက အမျိုးသားကြီး ပွားတိုးတက်ရေးကုမ်္ပဏီဥက္ကဋ္ဌသို့ မေးခွန်းထုတ်လိုက်သည်။

လျော်ကြေးမပေးသော ကြောင့် ဆန္ဒပြတောင်းဆိုသော ရွှေလုပ်သားတို့အား ကုမ်္မဏီက ဖမ်းဆီးထောင်ချခဲ့ခြင်းသည် မိုးထိမိုးရွှေလုပ်သားတို့အတွက် ဘယ်သောအခါမှ ဖျောက်ဖျက် မရမည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ် သည်ဟု ကျန်ရစ်သည့်မိသားစု များမှ ပြောဆိုကြသည်။

““ဒါဟာ တစ်ကိုယ်ကောင်း ဆန်လွန်းပါတယ်။ ကိုယ်တစ်ဦး တစ်ယောက်ကောင်းစားဖို့ ကျန် တဲ့သူတွေရဲ့ဘ၀တွေကို နင်းခြေ သွားတာပါ””ဟု မိုးထိမိုးမိ အရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့် ဆရာ တော်ဦးဓမ္မသာရကမိန့်ကြားသည်။

လက်ရှိအဖြစ်အပျက်နှင့် မြန်မာနိုင်ငံက လူသန်း(၆၀) ကျော်ကို တဲပေါ်မှ တိုက်ပေါ်သို့ တင်ပေးမည်ဟု ပြောဆိုခဲ့သော ဦးစိုးထွန်းရှိန် စကားများမှာ ကွာဟနေကြောင်း၊ ယင်းကိစ်္စ များကို ကမ်္ဘာသိအောင် ချပြရ မည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မိုးထိမိုးမိရွှေ လုပ်သားများ၏ ရွှေမြင်တင် သပိတ်စခန်းအား ရမည်းသင်း မြို့နယ်စခန်းမှူးဦးကျော်ကိုကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်အပါအ၀င် ရဲအင်အား (၂၀၀)ကျော်ဖြင့် ရွှေလုပ်သား (၄၅)ဦးအား ဖမ်းဆီးခဲ့ပြီး အမျိုး သားကြီးပွားတိုးတက်ရေးကုမ်္မဏီ အား နောက်ထပ်နစ်နာကြေး မတောင်းရန်နှင့် ထိုသို့နစ်နာ ကြေး မတောင်းဆိုတော့ပါက ၄င်းတို့အား စွဲဆိုထားသည့် (၅၀၅)။ ခ၊ ၁၄၃၊ ၁၄၇၊ ၁၈၈ စသည့်ပုဒ်မများအား ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း၊ ရွေလုပ် သား(၃၅)ဦးက နစ်နာကြေး ၅ သိန်းစီယူခဲ့ပြီး အမျိုးသားကြီးပွား တိုးတက်ရေးကုမ်္မဏီအား နစ်နာ ကြေးမတောင်းရန်နှင့် တောင်းဆို ခဲ့ပါက (၅၀၅)။ခ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၁၈၈ တို့ဖြင့် တရားစွဲဆို ခံပါမည်ဆိုသည့် ခံဝန်ကတိထိုး ကာ ပြန်လည်လွတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ဆူးလေလမ်းမ ပေါ်ရSule Shangri- La Hotel တွင် ဇွန်လ(၉)ရက်နေ့က ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် ချမ်းမီ ကိုကိုနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ်္ပဏီဥက်္ကဌ ဦးစိုးထွန်းရှိန်တို့က မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် တစ်ဦးလျှင် ကန်ဒေါ်လာ ၁၅သန်း ကုန်ကျခံကာ လကမ်္ဘာသို့ ပျားရည်ဆမ်း သွားရောက် လည်ပတ်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည့်အပေါ်တွင် ရွှေလုပ်သားများဘက်မှ တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားကြီးပွားတိုးတက်ရေးကုမ်္ပဏီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရပေ။

 

သီဟ(မြစ်မခ)
hot news journal

အသည်းကွဲနေသူတွေအတွက် သိမှတ်ထားရမယ့် အချက် (၁၀)ချက်




ချစ်သူနဲ့ပြတ်တာ၊ ရည်းစားနဲ့ လမ်းခွဲလိုက်တာမျိုးဟာ အဲ့ဒီလူအတွက် နာကျင်ခံစားရမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီလိုပြောင်းလဲခြင်းမျိုးဟာ သင့်ဘ၀ပိုကောင်းလာဖို့၊ ဒီ့ထက်ကောင်းတဲ့ချစ်သူမျိုး ပိုင်ဆိုင်စေဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ အသည်းကွဲတဲ့အခါ အရာအားလုံးကို စိတ်အေးအေးထားပြီး တွေးကြည့်ပါ။ အကောင်းမြင်ပေးဖို့လည်း လိုပါတယ်။ ဒီလိုအချက်လေးတွေက သင့်အသည်းကွဲရောဂါကို သက်သာသွားစေမှာမို့ ဖတ်ကြည့်လိုက်ပါဦး။

၁။ကိုယ်ပေးထားတဲ့အရာတွေက သူနဲ့တန်ပါသလား။ သူကရော ကိုယ်ပေးသလောက် ကိုယ့်အပေါ် ပြန်ကောင်းပါရဲ့လား။

အချစ်စစ်မှာ ညီမျှမှုရှိနေပါတယ်။ သူတကယ် ကိုယ့်ကိုချစ်သလားဆိုတာ စိတ်ကအလိုလိုကို သိနေတာပါ။ ဒီလိုမဟုတ်ပဲ သူကအယူချည်း၊ ကိုယ်ကတော့ ခံဘက်ကချည်း ဖြစ်နေရင်တော့ ပြတ်သွားတာ ကိုယ့်အတွက် ကောင်းပါတယ်။

၂။တစ်ဦးနဲ့တစ်ဦး လေးစားမှုမရှိရင် သင့်အချစ်ရေးဟာ ပျက်စီးသွားမှာပါပဲ။

ချစ်သူနှစ်ဦး သူကိုယ့်အပေါ်ကောင်းတာ၊ ကိုယ်ကရော သူ့အပေါ်ဘာတွေနားလည်ပေးတာဆိုတာမျိုး၊ တစ်ဦးနဲ့တစ်ဦး လေးစားတဲ့ ဆက်ဆံရေးကတော့ ရှိကိုရှိသင့်ပါတယ်။ ကိုယ့်အပေါ် ဘာလေးစားမှုမှ မရှိဘူး။ ပြောချင်ရာပြော ဆိုချင်ရာဆို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဆက်ဆံရေးဟာ ဘယ်လောက်ထိ တည်မြဲမှာတဲ့လဲ။

၃။ဝေဖန်မှုဒဏ်က လွတ်မြောက်ခြင်းအတွက် ပျော်ရွှင်ပါ။

တစ်ရက်တစ်ရက် ပိန်လိုက်တာ၊ ၀လာပြန်ပြီ၊ ဆံပင်ဘာအရောင်ဆိုးထားတာလဲ စတဲ့ ဝေဖန်မှုတွေနဲ့ နေနေရတာ မွန်းကျပ်နေပြီလို့ ခံစားရတယ် မဟုတ်လား။ ပြတ်သွားတဲ့ သံယောဇဉ်ကြိုးအတွက် နည်းနည်းနာကျင်ပေမယ့် အချိန်နည်းနည်းရလာတာနဲ့ ကိုယ့်ရဲ့လွတ်လပ်မှုကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ တစ်ခြားသူလက်ထဲရောက်မနေပါစေနဲ့။

၎။ဘယ်လောက်ရင်းနှီးခဲ့သူဖြစ်ပါစေ ဖိအားပေးတာမျိုး လုပ်လို့မရနိုင်ဘူးဆိုတာ သိထားပါ။

ကိုယ်ချစ်သလောက် သူကပြန်မချစ်လို့ ဆိုပြီး သူ့ကိုအပြစ်ဆို၊ ဖိအားပေးလို့မရပါဘူး။ တွက်ကပ်နေလို့လည်း မရပါဘူး။ ငါကတော့ သူ့ကိုဆို အားလုံးထက်ကို ချစ်ရတယ်၊ သူကကျတော့ ငါ့ကိုအဲ့ဒီလို မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေ ရှိနေရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါ။ နောက်ထပ် ကိုယ်နဲ့ပတ်သက်လာမယ့် လူတွေအပေါ်လည်း အရင်ကလို မဆက်ဆံပါနဲ့။ မမျှော်လင့်ပါနဲ့။

၅။ကိုယ့်ရဲ့တန်ဖိုးကို ချမပစ်လိုက်ပါနဲ့။

ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေ၊ အိပ်မက်တွေကို လူတစ်ယောက်အတွက် ပြောင်းမပစ်လိုက်ပါနဲ့။ ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မချပစ်ပါနဲ့။ ပိုကြိုးစားပါ။ ကိုယ်နေချင်တဲ့ပုံစံအတိုင်းနေသွားပါ။ အဲ့ဒီလိုမှ မဟုတ်ရင် နောက်ပိုင်းမှာ နောင်တရစရာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ သူ့တန်ဖိုးသူသိတဲ့ မိန်းမတစ်ယောက်လောက် ဆွဲဆောင်အားပြင်းတာ ဘာမှမရှိပါဘူး။

၆။ဘာပြောပြော ခေါင်းညိတ်ခဲ့တာတွေကို ပြင်လိုက်ပါ။

အရင်ကဆို သူ့ကိုချစ်လွန်းလို့ သူပြောသမျှကို ခေါင်းညိတ်နားထောင်ခဲ့တာပါပဲ။ ဒါပေမယ့် အဆုံးသတ်ကျတော့ရော နှစ်ဦးသားလမ်းခွဲသွားရတာပဲ မဟုတ်လား။ နောက်အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားရမှာက တစ်ဖက်လူပြောသမျှ  အားလုံးကို မလိုက်လျောဖို့ပါပဲ။ စဉ်းစားပါ၊ တွေးပါ၊ ဖြစ်နိုင်မှ ခေါင်းညိမ့်ပါ။

၇။သူများကို မချစ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးချစ်တတ်ပါစေ။

သူများတကာကို ချစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အခါ ကိုယ်ဘာလိုချင်လဲဆိုတာ သေသေချာချာ သိမှာမို့လို့ပါ။

၈။အချစ်ရေးတစ်ခုကို အဆုံးသတ်ဖို့ နောက်ထပ်အချစ်သစ် မရှာပါနဲ့။

ကိုယ့်ရဲ့လက်ရှိအချစ်ရေးကို အဆုံးသတ်ပစ်လိုက်ဖို့ လိုနေပြီလို့တွေးပြီး ဒီတစ်ခုမပြတ်သေးခင် နောက်တစ်ယောက်ထပ်ထားကာ ပထမအချစ်ရေးကို ဖြတ်တောက်ပစ်တာမျိုးတွေ မလုပ်ပါနဲ့။ အချိန်ပေးပါ။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်ပါနဲ့။

၉။အရမ်းမမျှော်လင့်မိပါစေနဲ့။

ကိုယ့်အတွက် သူကပြောင်းလဲသွားရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ မထားပါနဲ့။ ဒါက ဖြစ်နိုင်ချေနည်းလွန်းအားကြီးလွန်းလို့ပါ။ အဲ့ဒီလိုမျှော်လင့်မယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ဘယ်လိုပြုမူနေထိုင်သင့်တယ်၊ ဘယ်လိုတစ်ဖက်လူကို ဆက်ဆံသင့်တယ်ဆိုတာမျိုး တွေးပါ။

၁၀။လူတိုင်းမှာ ဒုတိယအကြိမ်မြောက် ရရှိလာမယ့် အခွင့်အရေးရှိသေးတယ်ဆိုတာ သတိရပါ။

ငါ ဘာ့ကြောင့်များ အချစ်ရေးမှာ ကံခေရသလဲဆိုပြီး အဆုံးထိ မတွေးထားပါနဲ့။ လူတိုင်းဟာ နာကျင်စရာတွေ တွေ့ကြုံပြီးတဲ့အခါ ပျော်ရွှင်မှုကို ခံစားရမယ့် အခွင့်အရေးသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးပြင်ဆင်နေထိုင်ပါ။ စိတ်ဓာတ်မကျပါနဲ့။

Ref:womenshealthmag.com
မေသော်
Trend Myanmar

လင်မယားချင်းစကားများနေသည်ကို တစ်လမ်းတည်းနေသူမှ ဆူညံသည်ဟု ပြောဆိုသဖြင့် ခိုက်ရန်ဖြစ်ပွားစဉ် ဓါးဖြင့်ထိုးခဲ့၍ ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ




ရန်ကုန်၊ ဇွန် ၁၇

၁၆.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး
ကျေးရွာနေ ဆယ်အိမ်မှူး ဦးမြင့်လွင်သည် မင်္ဂလာဒုံမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်
များနှင့်အတူလှည့်ကင်းလိုက်ပါဆောင်ရွက်နေစဉ် သင်္ဃန်းကျွန်းကြီးကျေးရွာ၊
အောင်မင်္ဂလာ(၁)လမ်း၌ ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်
စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ အဆိုပါလမ်းမပေါ်တွင် သင်္ဃန်းကျွန်းကြီးကျေးရွာ
နေ ဒေါ်မြင့်မြင့်စိုး(၃၁)နှစ်အား ကျောကုန်းယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာမျက်ခုံးပွန်းခြစ်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးစောမင်း(၅၆)နှစ်တွင် ၀ဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်နံစောင်း
ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်မြင့်မြင့်စိုးအားမေးမြန်းရာ ၂၂၀၀ အချိန်ခန့်က
၎င်းတို့လင်မယား(၂)ဦး နေအိမ်၌ စကားများနေစဉ် တစ်လမ်းတည်းနေ
ရဲလေး(ခ)ရဲလင်းအောင်(၂၀)နှစ်၊ (ဘ)ဦးဌေးအောင်မှာ နေအိမ်ရှေ့သို့
ရောက်ရှိလာကာ ဆူညံသည်ပြောဆိုရာမှ ခင်ပွန်းဖြစ်သူနှင့် စကားများခဲ့
ကြောင်း၊ ခင်းပွန်းဖြစ်သူမှ နေအိမ်ရှေ့သို့ တုတ်ဖြင့်ထွက်ရိုက်ခဲ့ရာ ရဲလေး
(ခ)ရဲလင်းအောင်မှ အသင့်ယူဆောင်လာသော အရိုးအသွား(၈)လက်မ
ခန့်ရှိဓါးဖြင့် ခင်ပွန်းဖြစ်သူအားထိုးခဲ့၍ ၎င်းမှ ၀င်ရောက်တားမြစ်ခဲ့ကြောင်း၊ ထိုကဲ့သို့ဝင်ရောက်တားမြစ်စဉ် ရဲလင်းအောင်မှ ၎င်းကိုလည်းဓါးဖြင့်ထိုးခဲ့၍
ဒဏ်ရာများရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ရဲလေး(ခ)ရဲလင်းအောင်အား အရေးယူပေးပါရန်
ဆယ်အိမ်မှူး ဦးမြင့်လွင်မှ တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)
၂၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

နာမည်ကျော် ၀က်ဘ်ဆိုက်ကြီး များ၏ လူမသိသေးသော နောက်ကြောင်းလေးများ


ebay
ဖေ့စ်ဘွတ်ခ် ဘာကြောင့် အပြာရောင် သုံးလဲ။ e Bay မှာ ရောင်းချင်တာ ရောင်းနိုင်လား။ နာမည်ကျော် ၀က်ဘ်ဆိုက်ကြီး များ၏ လျှို့ဝှက်ချက် လေးများကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။

ဖေ့စ်ဘွတ်ခ် ဘာကြောင့် ပြာရတယ်

ယခုနှစ် ဖေဖော်ဝါရီတွင် ဖေ့စ်ဘွတ်ခ် (၁၀)နှစ် ပြည့်သည်။ ဆယ်နှစ်တာ အတွင်း ဖေ့စ်ဘွတ်ခ်သည် ၀န်ဆောင်မှုနှင့် သွင်ပြင်ပိုင်းကို အပြောင်း အလဲ အကြိမ်ကြိမ် လုပ်ခဲ့သည်။ အချို့သော ပြောင်းလဲမှု များကို ဖေ့စ်ဘွတ်ခ် သုံးသူ သန်းထောင်ချီ မကြိုက်နိုင်ခဲ့သည် များလည်း ရှိသည်။ ဖေ့စ်ဘွတ်ခ်၏ မူလ ၀က်ဘ်ဆိုက် စာမျက်နှာလိပ်စာ thefacebook.com ဆိုတာကိုပါ အပြောင်းအလဲ လုပ်ခဲ့သည်။ ဖေ့စ်ဘွတ်ခ် အပြောင်းအလဲ မည်မျှလုပ်လုပ်၊ ဆယ်နှစ်တာ တစ်လျှောက် မပြောင်းလဲခဲ့တာ တစ်ခုတော့ရှိသည်။ အခြားမဟုတ် အရောင် ဖွဲ့စည်းပုံ ဖြစ်၏။ ဖေ့စ်ဘွတ်ခ် စတင် ထွက်ပေါ်လာချိန်မှသည် ယနေ့ထိတိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာသည် အဖြူနှင့် အပြာကိုသာ သုံးကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဘာကြောင့် ထိုသို့ ဖြစ်ရသနည်း

ဖေ့စ်ဘွတ်ခ်ကို ပထမဆုံး သုံးစွဲသူလည်းဖြစ်၊ ထူထောင်သူလည်း ဖြစ်သော မာ့ခ်ဇက်ကာဘက် ကြောင့် ဖြစ်သည်။ ဇက်ကာဘက်သည် အနီ နှင့် အစိမ်းကို ကောင်းစွာ မမြင်နိုင်သော အမြင်အာရုံ ချို့ယွင်းဝေဒနာရှိ သောကြောင့် ဖေ့စ်ဘွတ်ခ် ဒီဇိုင်းကို စတင်ရေးဆွဲစဉ် ကတည်းက အဖြူနှင့် အပြာ ကိုသာ အဓိကထားရေးဆွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။
e Bay ကို စထူထောင်တုန်းက

လူတစ်ယောက် အတွက် အမှိုက်သည် နောက်တစ်ယောက် အတွက် ရတနာ ဖြစ်နေတတ်သည် ဟူသော ဆိုရိုးရှိသည်။ ထိုဆိုရိုး လက်တွေ့ မှန်ကြောင်းကို ယနေ့ နာမည်ကျော် နေသော အွန်လိုင်း အရောင်းအ၀ယ် ၀က်ဘ်ဆိုက် e Bay ကို ထူထောင်သူက သက်သေခံနေသည်။ ထိုဆိုရိုး စကားကြောင့်ပင် e Bay ဟူ၍ ပေါ်ပေါက်လာခြင်း ဆိုလျှင်လည်း မမှား။ e Bay ကို ပီယာအိုမီဒါက စတင်ထူထောင်သည်။ စတင်စဉ်က e Bay ဟူ၍ မဟုတ်သေးဘဲ ခပ်ရိုးရိုးပင် AuctionWeb ဟူ၍ နာမည် ပေးထားသည်။ ကိုယ်လေလံပစ်ချင်တာများ ထိုဝက်ဘ်ဆိုက်မှာ တင်ပြီး လေလံပစ်နိုင်သည် ဟူသော သဘော ဖြစ်သည်။ အိုမီဒါသည် ထို ၀က်ဘ်ဆိုက်ကို ထူထောင်လိုက် သော်လည်း သူ့မှာစပြီး လေလံပစ်လောက်စရာ ဘာပစ္စည်းမှ မရှိ။ နောက်ဆုံး ကြံရာမရသည့် အဆုံး သူ့မှာ ရှိသည့် လေဆာပွိုင်တာ (အနီရောင် လေဆာ မီးထွက်သည့် ကိရိယာငယ်) အစုတ်လေးကို ၀က်ဘ်ဆိုက်မှာ တင်ပြီး လေလံပစ်သည်။ ၀က်ဘ်ဆိုက် စတင် လည်ပတ်နိုင်အောင်သာ လုပ်လိုက်ရသော်လည်း လေဆာပွိုင်တာ အစုတ်ကို လေလံဆွဲမည့်သူ မရှိနိုင်ဟု အိုမီဒါ စိတ်ပျက်အားလျှော့ထားသည်။ သို့သော် တစ်ယောက်က (၁၄ ဒသမ ၈၃) ဒေါ်လာထိ ပေးကာ လေလံဆွဲ ၀ယ်ယူသွားသည်။

အိုမီဒါမှာ အံ့သြလွန်း သဖြင့် လေလံဆွဲ ၀ယ်ယူသူထံ အီးမေးပို့ပြီး လေဆာပွိုင်တာသည် သုံးလို့မရ စုတ်နေပြီဖြစ်ကြောင်း သေချာရှင်းပြ သည်။ သို့သော် လေလံဆွဲ ၀ယ်ယူသူကလည်း သူသည် လေဆာပွိုင်တာ အစုတ်များ စုဆောင်းရခြင်းကို အလွန်အမင်း ၀ါသနာကြီးသူ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။ ထိုသို့ဖြင့် e Bay ၏ ပထမဆုံး အရောင်းအ၀ယ်ကြီး ဖြစ်မြောက်ခဲ့ကာ ယနေ့ ကမ္ဘာတစ်ဝန်း လူသိများနေသော e Bay ၀က်ဘ် ဆိုက်ကြီး ဖြစ်လာခဲ့သည်။ e Bay ၏ ပထမဆုံး ရောင်းကုန် အဖြစ် လေဆာပွိုင်တာ အစုတ်လေးက မှတ်တမ်းဝင်ခဲ့သည်။

ခုံဟောင်းလေး၊ ခေါင်းလောင်းစုတ်လေး တွေနဲ့ စခဲ့ရတဲ့ Amazon

အွန်လိုင်း လက်လီ အရောင်းဆိုင် လုပ်ငန်းကြီး Amazon သည် စတင် ထူထောင်စဉ်က လုပ်ထုံး လုပ်နည်းလေး အချို့ကိုသာ ယနေ့ထိ ဆက်လက် ကျင့်သုံးနေမည် ဆိုပါက လုပ်သားအားလုံးနားပူ ခေါင်းကိုက်ကြဖို့ ရှိသည်။

ဘာကြောင့်လဲ။ Amazon ကို စတင်ထူထောင်သူမှာ ဂျက်ဖ်ဘီးဇော့ ဖြစ်သည်။ Amazon စတင် ထူထောင်စဉ်က ဘီးဇော့သည် စားပွဲအသစ် တစ်လုံးပင် မ၀ယ်နိုင်သဖြင့် အခန်းတံခါးချပ် အဟောင်းအမြင်းများကို ၀ယ်ယူကာ စားပွဲခုံဖြစ်အောင် ကိုယ်တိုင် လက်သမား လုပ်ခဲ့ရသည်။ ထိုစားပွဲမျိုး မှာ ဘီးဇော့ထိုင်ပြီး အလုပ်လုပ်ခဲ့သည်။ Amazon အစဦး ၀န်ထမ်းများ အတွက်လည်း ထိုစားပွဲများ ကသာ ကြိုဆိုခဲ့သည်။ ကားဂိုဒေါင် ဟောင်းကို ရုံးခန်း လုပ်ထားရသည်ဖြစ်ရာ ဆောင်းတွင်း ချမ်းတုန်ချိန်များတွင် စနစ်တကျ တပ်ဆင်ထားသော အခန်းတွင်း အနွေးပေးစနစ်မျိုး မသုံးနိုင်ဘဲ လျှပ်စစ် ဓာတ်အားသုံး အပူပေးစက်ကြီး တစ်လုံးကိုသာ အခန်းထဲမှာ ချထားရသည်။ အွန်လိုင်းကနေ တစ်ယောက်ယောက် စာအုပ်တစ်အုပ်မှာ ယူလိုက်တိုင်း ရုံးခန်း ထဲက ကွန်ပျူတာနဲ့ ချိတ်ထားသော ခေါင်းလောင်းက “ကလင် ကလင်၊ ကလောင် ကလောင်” တစ်ခါမြည်သည်။ ထိုခေါင်းလောင်းကို ရက် အနည်းငယ်အတွင်းမှာပင် ဖြုတ်ပစ်ခဲ့ရသည်။ အကြောင်းမှာ နောက်ပိုင်းတွင် ပစ္စည်းမှာယူသူ များပြားလာပြီး ခေါင်းလောင်းသည် တစ်ချိန်လုံး မြည်နေကာ ၀န်ထမ်းများ နားမခံသာ ခေါင်းကိုက်ကြရ သောကြောင့် ဖြစ်သည်။

ငလျင်လှိုင်းထက်မြန်တဲ့ တွစ်တာ

၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းခြေမှာ ငလျင်လှုပ်သည်။ ငလျင်လာမည် ဆိုတာ ကြိုသိတာ လီမာမျောက်ရယ်၊ တွစ်တာသမား ရယ်သာ ရှိသည်။ အကြောင်းမည်သို့ နည်း။

ငလျင် ဗဟိုချက်သည် ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းအရပ် ဖြစ်သည်။ ထိုအရပ်ရှိ တိရိစ္ဆာန်ရုံ National Zoo ၏ တာဝန်ရှိသူများ အဆို အရ ရုံထဲရှိ လီမာမျောက်များသည် ငလျင် မလှုပ်မီ (၁၅) မိနစ် အကြိုကတည်းက ဂနာမငြိမ် ဖြစ်ကာ အချက်ပေးနေကြကြောင်း သိရသည်။

လူတွေထဲ မှာလည်း ငလျင်လာမည်ကို ကြိုသိသော လီမာနဲ့တူသော လူများ ရှိခဲ့သည်။ အခြားမဟုတ် တွစ်တာသုံးသူ အချို့ ဖြစ်၏။ ငလျင် လှိုင်း စတင်ခံစားရ ကတည်းက ဗဟိုချက်မှာ ရှိသော ၀ါရှင်တန်ဒီစီနှင့် ဗာဂျီးနီးယား ပြည်နယ်မှ တွစ်တာ သုံးသူများက တွစ်တာမှာ ချက်ချင်း တင်လိုက် ကြသည်။ တွစ်တာလှိုင်း က ငလျင်လှိုင်းထက် ပိုမြန်သည်။ အမေရိကန် အရှေ့စွန်းပိုင်းရှိ ဘော်စတန်မြို့သားများသည် ငလျင်လှိုင်းမခံစား ရမီ (၁၅) စက္ကန့်မှ စက္ကန့် (၃၀) လောက်ကတည်းက ဗာဂျီးနီးယား၌ ငလျင်လှုပ်ကြောင်း တွစ်တာမှာ တွေ့ကြရသည်ဟု ဆိုသည်။

ကိုယ့်တုတ်နဲ့ကိုယ် အရိုက်ခံရသည့်နှယ် ရှိသော Match.com တည်ထောင်သူ

အွန်လိုင်းမှ တစ်ဆင့် ကြင်ဖော်ကြင်ဖက် ရှာနိုင်သည့် Match.com ၀က်ဘ်ဆိုက် ကို ၁၉၉၃ ခုနှစ် တွင် ဂါရီခရီးမန်း ဆိုသူက စတင် ထူထောင်ခဲ့သည်။ Match.com ကျေးဇူးကြောင့် ကမ္ဘာတစ်ဝန်း အွန်လိုင်းတွင် တွေ့ဆုံကြကာ အပြင်မှာပါ လူချင်းတွေ့ကြ၊ သဘောထားတိုက်ဆိုင်သူများ သမီးရည်းစား ဖြစ်သွား၊ လက်ထပ်ဖြစ်သွားတာ သိန်းသန်းချီရှိခဲ့ပြီ။ အောင်သွယ်တော်ကြီး ခရီးမန်း ကိုယ်တိုင်ကား ကံမကောင်းရှာ။ ခရီးမန်းနဲ့ သူချစ်သူ မိန်းကလေး ပြတ်သွားချိန်တွင်ကား သူ့ချစ်သူ မိန်းကလေးသည် ခရီးမန်း ထူထောင်ထားသော Match.com မှ တစ်ဆင့် တွေ့ဆုံရသူ တစ်ယောက်နဲ့ အိမ်ထောင်ပြုသွားလေသည်။

လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကြီး ဂူဂဲ

ဂူဂဲဆိုလျှင် အင်တာနက် ရှာဖွေရေး ၀န်ဆောင်မှု လုပ်ငန်းကြီး အဖြစ်သာ လူသိများကြသည်။ ဂူဂဲသည် လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကြီး အဖြစ်လည်း ရပ်တည်နေသည်ကို သိရှိသူ နည်းလှသည်။ ဂူဂဲ၏ အင်တာနက် ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းများ နှင့် အခြား ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများစွာ လိုအပ်သည်။ ဂူဂဲသည် သမားရိုးကျ လျှပ်စစ် ဓာတ်အားချည်း သာမက၊ အစိမ်းရောင် စွမ်းအင်များ ဖြစ်သော နေစွမ်းအင်၊ လေစွမ်းအင် စသည့် စွမ်းအင်လုပ်ငန်းများ တွင်လည်း ရင်းနှီးမြှုပ်နှံထားကာ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးများ ဆောင်ရွက်လျက် ရှိသည်။ ဂူဂဲ လုပ်ငန်းများ အတွက် လိုအပ်သော လျှပ်စစ်စွမ်းအင်ကို ပြင်ပကိုချည်း အားကိုးနေရုံဖြင့် မလုံလောက်တော့ သဖြင့် ဂူဂဲသည် ကိုယ်တိုင် ထုတ်လုပ်ရန် ပါ ကြိုးပမ်းလျက် ရှိသည်။ သို့ဖြစ်သောကြောင့်ပင် ဂူဂဲသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့် တရားဝင် လိုင်စင်ရယူကာ ဓာတ်အားထုတ်လုပ်ရန်ပါ ကြိုးပမ်း နေသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အား ပွဲစား အနေဖြင့်လည်း ဆောင်ရွက်လျက် ရှိပြီး ဓာတ်အားဝယ်ခြင်း၊ တစ်ဆင့် ပြန်ရောင်းပေးခြင်းများကိုပါ လုပ်ပိုင်ခွင့် လိုင်စင် ရယူထားသည်။ ထိုနည်းလမ်းဖြင့် ဂူဂဲ လုပ်ငန်းများ အတွက် အလွန်အမင်း လိုအပ်သော လျှပ်စစ်ဓာတ်အားကို လောက်ငအောင် ကြိုးပမ်းလျက် ရှိသည်။ ၂၀၀၉ ခုနှစ် ကစပြီး ဂူဂဲစွမ်းအင် ကုမ္ပဏီ Google Energy ကို တည်ထောင်ထားသည်။

Ref: Little secrets about big websites by Den Lewis (rdasia.com)

messenger