OIC မှ ကမ်းလှမ်းလာလျှင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံမည်

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန် လေဆိပ်တွင် ကန့်ကွက်နေကြစဉ်။ (ဓါတ်ပုံ- အင်တာနက်)

ရခိုင်ပြည်နယ်သို့ နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် လာရောက် လည်ပတ်မည့် အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့မှ တွေ့ဆုံရန်  ကမ်းလှမ်းလာပါက  မိမိတို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် တွေ့ဆုံသွားမည်ဟု စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

“ တကယ်လို့ ကမ်းလှမ်းလာရင်တွေ့မယ်။ တွေ့ဖို့ဆိုတာကလည်း အဲဒီအဖွဲ့ကို စစ်တွေမြို့မိမြို့ဖ တွေဘက်က ဆွေးနွေးစရာတွေရှိပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။

ဆွေးနွေးရန် အချက်များကိုလည်း သူက အကြမ်းဖျင်း ယခုလို ပြောသည်။

“ ဆွေးနွေးမယ့် အချက်တွေကလည်း အခြေခံအားဖြင့်တော့ အိုအိုင်စီဟာ ဘာသာရေးကို အခြေခံပြီး ဖွဲ့စည်း ထားတဲ့ အဖွဲ့ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဘာသာရေး ပဋိ ပက္ခ မဟုတ်ဘူး။ ဒီပြဿနာက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေက နယ်မြေကျူးကျော်မှုကြောင့် ဌာနေရခိုင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်နေရတာ ဖြစ်တယ်။ ဒီအချက်ကို အလေးထား ဆွေးနွေး တင်ပြသွားဖို့ စဉ်းစားထားပါတယ်” ဟု သူက ဆိုသည်။

သို့သော်လည်း ယခုအချိန်ထိ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များကို သူတို့၏ ရခိုင် ခရီးစဉ် အတွင်းတွင် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမူ မရှိသေးကြောင်း သူကပြောသည်။

“ ဒီကနေ့ နေ့လယ် ပိုင်းအထိ တစ်စုံတစ်ရာ အကြောင်းကြား ကမ်းလှမ်းခြင်းမရှိသေးဘူး။ သူတို့ရဲ့ ခရီးစဉ် နဲ့ပတ်သတ်ပြီးတော့ အခုအချိန်အထိ ကျွန်တော့်တို့ဘက်က ဘာမှ မယ်မယ်ရရ မသိသေးဘူး” ဟု ၎င်းက ဆက်ဆိုသည်။

ယင်းအပြင် အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် ရခိုင် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန်လည်း ယခုအချိန်ထိ တစ်စုံတရာ ကမ်းလှမ်းမူ မရှိသေးကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“  ရန်ကုန်မှာရော စစ်တွေမှာပါ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့က ရခိုင် နိုင်ငံရေး  ပါတီတွေက ခေါင်းဆောင်တွေနဲ့  တွေ့ဆုံဖို့ ကမ်းလှမ်းမူ မရှိသေးပါဘူး” ဟု ဆိုသည်။

OIC ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်္ဘာလ ၁၅ ရက် သောကြာနေ့တွင် ရခိုင်ပြည်နယ်သို့ လာရောက်စဉ် ဘင်္ဂလီ ဒုက္ခသည်များနှင့် ၎င်းတို့၏ ဘာသာရေး ခေါင်းဆောင်များကိုသာမက ရခိုင် တိုင်းရင်းသား ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့တွင် အိုအိုင်စီကိုယ်စားလှယ် အဖွဲ့ ရခိုင်သို့ လာရောက်စဉ် ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေပြီး ဘူးသီးတောင်မြို့နယ် အခြေစိုက် နိုင်ငံရေး ပါတီနှစ်ခု အပါအ၀င် လူမူအဖွဲ့ (၈) ခုမှ  ကျေညာ တစ်စောင် ထုတ်ပြန်ကာ အိုအိုင်စီ၏ ရခိုင်ပြည်နယ် ခရီးစဉ်အား ကန့်ကွက်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှု မစ္စတာကင်တားနားကမူ အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက်ဆန္ဒပြခြင်းအားဖြင့် အစိုးရ အနေဖြင့် လက်ရှိ ပြဿနာကို အဖြေရှာရာတွင် မည်သို့မှ အထောက်ကူမပြုဟု VOA မြန်မာပိုင်း အစီအစဉ်ကို ပြောဆို ထားသည်။

၎င်းပြင်သူက အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံခြင်းသည် ကောင်းမွန်သည့် အရေးယူ ဆောင်ရွက်ချက်ဖြစ်ကြောင်း၊  အစိုးရ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ပြောဆိုသည်။

ယခု မြန်မာနိုင်ငံကိုရောက်ရှိနေသည့် OIC ကိုယ်စားးလှယ်အဖွဲ့ကို အဖွဲ့အတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတချို့မှ နိုင်ငံခြားရေး ၀န်ကြီးများလည်း လိုက်ပါလာကြသည်။

သူတို့အဖွဲ့မှာ မြန်မာနိုင်ငံတွင် ၅ ရက်ကြာနေထိုင်မည်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် မိတ္ထလာ၊ ရခိုင်စ သည့် ဒေသများသို့ သွားရောက်လေ့လာမည်ဟု သတင်း ရရှိသည်။
(နိရဉ္စရာ- ၁၄ နိုဝင်္ဘာ ၂၀၁၃) / မောင်အေး

ယောကျာင်္း လိင်အင်္ဂါ သဏ္ဍာန်ရှိတဲ့ မြွေ


ထူးထူးခြားခြား မျက်လုံးမပါရှိတဲ့ မြွေတစ်မျိုးဖြစ်ပါတယ်။

ဦးခေါင်းပြားကာ ခန္တာကိုယ် ကျောဖက်ပိုင်းမှာ ဆူးတောင်လိုမျိုးအခြင်းအရာတွေရှိပါတယ်။

ရေအောက်တွင်အနေများကာ ကုန်းနေရေနေ သတ္တ၀ါ ဖြစ်မယ်လို့ ယူဆရပါတယ်။
မြေအောက်မှာ ပုန်းကွယ်နေထိုင်လေ့ရှိတဲ့ တီကောင်နဲ့ အလားသဏ္ဍာန်တူပါတယ်။

သူကို တကယ်တမ်းခေါ်တာက Atretochoana eiselti လို့ခေါ်ပြီး

သြစတြေီးရီးယား မှာရှိတဲ့ Naturhistorisches Museum မှာတွေ့
ရှိနိင်ပါတယ်။

~Aung Heine~ 

အစာစားပြီးတိုင်း သွားတိုက်ပါက သွား၏ အပေါ်ယံ ကြွေလွှာများ ပါးပြီး သွားကျဉ်ခြင်းများ ဖြစ်နိုင်


“အစာစားပြီးတိုင်းသာ သွားတိုက်မယ်ဆိုရင် သွားရဲ့ အပေါ်ယံ ကြွေလွှာတွေ ပါးပြီး သွားကျဉ်တာမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒီလောက်အထိ သွားတိုက်ဖို့ မလိုအပ်ဘူး” ဟု သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာကျော်သူဦးက ပြောသည်။ အချို့သူများက အစားအစာ တစ်ခုစားပြီးတိုင်း သွားတိုက်လေ့ ရှိကြပြီး တစ်ရက်လျှင် ၁၀ ကြိမ်ခန့်အထိ သွားတိုက်သည်ကိုပင် တွေ့ရှိရကြောင်း၊ ယင်းမှာ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဒေါက်တာ ကျော်သူဦးက ဆိုသည်။

ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းမှာ အဓိက အရေးကြီး

ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းသည် အဓိက အရေးကြီးပြီး ညအိပ်ရာဝင် သွားတိုက်အိပ်ခြင်းသည် တစ်နေကုန် စားကြွင်း စားကျန်များမှအစ မရှိနိုင်တော့ဘဲ သန့်စင်သွားစေသောကြောင့် ညအိပ်ရာဝင်ချိန်တွင် သွားတိုက်ခြင်းသည် ကောင်းမွန်သော အလေ့အထ ဖြစ်ကြောင်း သိရသည်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

နံနက် အိပ်ရာထချိန်နှင့် ညအိပ်ရာဝင်ချိန်များတွင် သွားတိုက်ခြင်းဖြင့် လုံလောက်သော သွားကျန်းမာရေးနှင့် ခံတွင်းသန့်ရှင်းမှုကို ရရှိစေနိုင်ပြီး အစားအစာများ စားပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အကျင့်ကို ပြုလုပ်သင့်ကြောင်း၊ သွားတိုက်သည့် အခါတွင်လည်း နည်းစနစ် မှန်ကန်မှုသည် အရေးပါကြောင်း သိရသည်။

အလွန်မာသည့် သွားတိုက်တံကို မသုံးနဲ့၊ ကန့်လန့်ဖြတ် မတိုက်နဲ့

“သွားတိုက်တံကို အသုံးပြုတဲ့ အခါမှာလဲ သိပ်မာတဲ့ သွားတိုက်တံကို အသုံးပြုမယ်၊ သွားကို ကန့်လန့်ဖြတ် တိုက်မယ်ဆိုရင် သွားရဲ့ အရင်းပိုင်းတွေက ကြွေလွှာတွေပါးပြီးတော့ အပူတွေ အအေးတွေ သောက်တဲ့အခါမှာ မခံမရပ်နိုင်အောင် ကျဉ်တာတွေ ဖြစ်နိုင်တယ်” ဟု သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာ ကျော်သူဦးက ပြောသည်။ ဖလိုရိုက်ဓာတ်များလျှင်လည်း မကောင်း ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးများသည် သွားပိုးစားခြင်းကို ကာကွယ်ပေးသော်လည်း ယင်းဓာတ် ပါဝင်မှု များသွားပါက သွားတွင် အကွက်များ ဖြစ်တတ်ကြောင်း၊ ယင်းကြောင့် သွားတွင် အဖြူပြောက်များ ရှိသူများ အနေဖြင့် ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးမျိုးကို အသုံးမပြုသင့်ကြောင်း သိရသည်။ “ကလေးများ အတွက်ကတော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကတော့ သွားပိုးစားခြင်းကို ကာကွယ်ပေးတာပေါ့။ ဒါပေမဲ့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတိုင်းကတော့ ကောင်းလား ဆိုရင်တော့ တချို့ကျတော့ ဖလိုရိုးဆစ်လို့ခေါ်တဲ့ သွားမှာ အဖြူပြောက်တွေ ဖြစ်တယ်။ အဲဒီလိုလူမျိုးတွေကတော့ ဖလိုရိုက်မပါတဲ့ သွားတိုက်ဆေးမျိုးတွေကိုပဲ တိုက်ပေးသင့်ပါတယ်” ဟု ဒေါက်တာ ကျော်သူဦးက ပြောသည်။

သွားကြားညပ်ရင် ဘယ်လိုလုပ်သင့်သလဲ

သွားကြားညပ်ပါက သွားကြားထိုးတံ အသုံးပြုခြင်းထက် သွားကြားထိုးသည့် ကြိုး၊ သွားကြားတိုက်သည့် တံပွတ်တံလေးများကို အသုံးပြုခြင်းက ပို၍ သင့်တော်ကြောင်း သိရသည်။ “သွားကြားထိုးတံကို အသုံးပြုရင် သွားနှစ်ချောင်းကြားထဲမှာ ရှိတဲ့ သွားဖုံးလေးက နိမ့်သွားပြီးတော့ အမြဲတမ်း စားလိုက်တဲ့ အစာတွေက အောင်းနေတတ်တယ်။ အဲဒါကြောင့် သွားကြားထိုးတဲ့ကြိုးကို အသုံးပြုသင့်တယ်။ အခုနောက်ပိုင်းမှာဆိုရင်တော့ သွားကြားတိုက်တဲ့ သွားတိုက်တံလေးတွေပါ ပေါ်နေပြီဆိုတော့ အဲဒါမျိုးတွေလဲ အသုံးပြုလို့ရတယ်” ဟု ဆက်လက်ပြောသည်။

ခြောက်လတစ်ကြိမ် သွားကျန်းမာရေးကို စနစ်တကျ စစ်ဆေးသင့်

သွားကျန်းမာရေးအတွက် သွားဆရာဝန်များနှင့် အနည်းဆုံး ခြောက်လတစ်ကြိမ် စနစ်တကျ စစ်ဆေးသင့်ကြောင်း ဒေါက်တာ ကျော်သူဦးက အသိပေး ပြောကြားခဲ့သည်။

ခင်သက်မွန်
BY YANGON TIMES JOURNAL

ကွမ်းခြံကုန်းမြို့နယ်တွင် ယာဉ်တိမ်းမှောက်၍ လူသေဆုံး ဒဏ်ရာရ


ရန်ကုန်၊ နိုဝင်ဘာ ၁၃

၁၃.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန် ကွမ်းခြံကုန်းမြို့နယ်၊ ကမာကလွန်း-မန်းကလိတ်-ထီဖာကျေးလက်လမ်းအတိုင်းကမာကလွန်းဘက်မှကွမ်းခြံကုန်း ဘက်သို့ ယာဉ်မောင်း မောင်ခိုင် (ဘ)ဦးအုန်း၊ ဖျာပုံမြို့နယ်နေသူ မောင်းနှင်လာသော ၄ဃ/----၊ဆပ်ဖ်အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မောင်ခိုင်တွင် ဦးခေါင်းထိပ်ပွင့်၊ နား၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ အေးမင်းထွန်း (ဘ)ဦးမြင့်အုန်း၊ ဘိုကလေးမြို့နယ်နေသူတွင် ၀ဲလက်ကောက်ဝတ်ရိုးကျိုး၊ ညှပ်ရိုးနာကျင်၊ ရင်ဘတ်အောင့်ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ခိုင်အား ကွမ်းခြံကုန်းမြို့မ ရဲစခန်းယာဉ်(ပ)၂၄/၂၀၁၃၊ ပုဒ်မ ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မိန်းကလေးအများစု သတိမထားမိသည့် အမှားများ


မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း
မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု ရှိတယ်လို့လည်း ခံစားရတာကြောင့် မပါ မဖြစ် လွယ်သွားတတ်ကြပါတယ်။ ဒါ ပေမဲ့ ဖြစ်လေ့ရှိတဲ့ အမှားတွေကတော့ အိတ်ထဲကို ပစ္စည်းပစ္စယအစုံ ထည့်လွယ် တာပါပဲ။ ခဏတစ်ဖြုတ် လွယ်တာက ကိစ္စမရှိပေမယ့် ကြာကြာလွယ်ထားတာ က ပခုံးနဲ့ကျောရိုးကို နာကျင်စေပါတယ်။ ကြွက်သားတွေကိုလည်း အားနဲ့ဆွဲထား သလိုဖြစ်စေပြီး ကိုယ်အနေအထားလည်း မမှန်တာကြောင့် ကြွက်တက်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

(၂) ဒေါက်မြင့် ဖိနပ်စီးခြင်း
ဒေါက်မြင့် ဖိနပ်စီးတာဟာ မိမိ ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုး တယ်လို့ ခံစားရစေတာကြောင့် မိန်းက လေးတိုင်း စီးလေ့ရှိပါတယ်။ အနေတော် ဒေါက်အမြင့်က အရိုးအဆစ်တွေကို ထိခိုက်မှုသိပ်မဖြစ်ပေမယ့် ဒေါက်မြင့်ဖိ နပ်တွေကတော့ ခြေထောက် သွေးကြော တွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲ တာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ် ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ် သက်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို လည်း ခံစားရ တတ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာဟာ အမျိုး သားတွေသာ အများဆုံးပြုလုပ်လေ့ရှိပေ မယ့် ဆေးလိပ်သောက်တတ်တဲ့ အမျိုး သမီးတွေကိုလည်း လေ့လာချက်တွေပြု လုပ်ခဲ့ရာ ဟော်မုန်း မညီမျှမှုတွေ တွေ့ရ တဲ့အပြင် ကလေးမရနိုင်တာ၊ မီးဖွားတဲ့ အခါ ခက်ခဲတာတွေအပြင် အဆုတ်ကင် ဆာလည်းဖြစ်နိုင်တယ်လို့ တွေ့ရှိ ရပါတယ်။

(၄) ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို အချိန်ကြာကြာ ဝတ်ခြင်း
အရမ်းကျပ်တဲ့ဂျင်းဘောင်းဘီတွေ ကို အချိန်ကြာကြာဝတ်ထားတာကြောင့် ခြေထောက်ကြွက်တက်တာ၊ ထုံကျဉ်တာ၊ ဆီးအိတ်ရောဂါနဲ့ မိန်းမကိုယ်မှိုစွဲတဲ့ရော ဂါတွေကိုလည်း ခံစားရနိုင်တယ်လို့ သိရ ပါတယ်။

(၅) ပါတီပွဲများတွင် အသောက်အစားများခြင်း
ပါတီပွဲတွေ၊ ပျော်ပွဲရွင်ပွဲတွေမှာ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ အရက် သောက်တာ၊ စားစရာတွေ မဆင်မခြေ စားတာဟာ ကျန်းမာရေးကို ထိခိုက်စေ တဲ့ အကြောင်းအရာထဲက တစ်ခုပါပဲ။

အိဖြူ (ဆေးဝါးတက္ကသိုလ်)
GOOD HEALTH

Chevorlet Trailblazer ကားများမြန်မာနိုင်ငံသို့ စမ်းသပ်မောင်းနှင်


General Motor မှ ထုတ်လုပ်သော Chevorlet အမျိုးအစား မော်ဒယ် အသစ်ဖြစ်သော Duramax Trailblazer အား မြန်မာနိုင်ငံသို့ လာရောက်မိတ်ဆက် သည့် အစီအစဉ်
တရပ်ကို General Motor နှင့် Pacific Alpine Myanmar တို့ မှ စီစဉ်ဆောင်ရွက်ပေး
ခဲ့ကြကြောင်းသိရသည်။ ယင်းအစီအစဉ် အား Chevorlet အမျိုးအစား မော်ဒယ် အသစ်ဖြစ်သောDuramax Trailblazer မော်တော်ယာဉ်များဖြင့် ၂၀၁၃ ခုနှစ်နိုဝင်ဘာလ
၁၁ ရက်နေ့ မှ စတင်၍ နိုဝင်ဘာလ ၁၂ ရက် နေ့ အထိမြန်မာနိုင်ငံ၏ အထင်ကရ
ဒေသများသို့ လာရောက်စမ်းသပ်မောင်းနှင်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ မီဒီယာများ၊
ထိုင်းနိုင်ငံမှ မီဒီယာများ၊ ယာဉ်မောင်းများ၊ အထောက်အကူပြု အဖွဲ့ များ စုစုပေါင်း
၂၄ ဦးပါဝင်ဆင်နွှဲခဲ့ကြပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် ပုဂံမြို့ မှ စတင်မောင်း
နှင်၍ နေပြည်တော်နှင့်ရန်ကုန်မြို့ သို့ လာရောက်စမ်းသပ်မောင်းနှင်ခဲ့ကြောင်းသိရသည်။

ယင်းChevorlet အမျိုးအစား မော်ဒယ် အသစ်ဖြစ်သော Duramax Trailblazer အား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံတွင်စတင်ရောင်းချပေးသွားမည်ဖြစ်သည်။

Photo by K0M
Popular Myanmar News Journal

ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င်သစ်များ သယ်ဆောင်သည့် ယာဉ်များအား Mobile Team များဖြင့် ရှာဖွေတားဆီးမည်


ရှမ်းပြည်နယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င်သစ်များ သယ်ဆောင်သည့် ယာဉ်များအား Mobile Team များဖြင့် ရှာဖွေတားဆီးမည်ဟု ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆောင်ဆီ မေးမြန်းသည့် မြန်မာ့သစ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးတွင် နေ့စဉ်ဖြတ်သန်း၍ သယ်ယူပို့ဆောင်နေခြင်းအား စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် ရှိ၊ မရှိ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
   
ဦးဆောင်ဆီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင်  သစ်များ သယ်ဆောင်သွားသည်မှာ လစဉ်ကားအစီး ၁၀၀ နှင့် ၂၀၀ ကြားအထိ ရှိနိုင်ပြီး နောင်ချိုမှ လားရှိုးမြို့နယ် တန့်ယန်း လမ်းခွဲအထိ အကျင့်ပျက် ၀န်ထမ်းအချို့နှင့် ပူးပေါင်းကာ ဥပဒေမဲ့ သယ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ အများစုမှာ တရုတ်ပြည်သို့ ရောက်ရှိမည်ဟု ယူဆကြောင်း၊ ၎င်းတို့အား စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။
   
ဦးဝင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သစ်များ သယ်ယူပို့ဆောင်နေခြင်းသည် အကြောင်းအရာ ငါးခုဖြစ်နိုင်ကြောင်း၊ တရားမ၀င်သစ်များ သယ်ဆောင်သည့် ကားများလည်း ဖြစ်နိုင်ကြောင်း၊ သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ထိုဗဟိုကော်မတီအနေဖြင့် နယ်စပ်ထွက်ပေါက် လမ်းများတွင် Mobile Team များတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ UMFCCI နှင့် သတင်းမီဒီယာများ စသည်တို့ဖြင့် ဖွဲ့ စည်းထားကြောင်း၊ ယခုအခါတွင် Mobile Team ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲပြီး တရားမ၀င် ကုန်သွယ်မှုများကို စိစစ် ရှာဖွေတားဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
Eleven Media Group

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ကျင်းပပြီးပါက အားကစားကွင်း၊ အားကစားရုံများနှင့်အားကစားရွာတို့ကို အသုံးပြု၍ အားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန်စီစဉ်


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပပြီးစီးပါက နောက်ပိုင်းကာလများတွင် တည်ဆောက်ထားရှိပြီး ဖြစ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတို့ကို အသုံးပြုပြီး အားကစား တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုဝင်ဘာ ၁၃ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

ဝက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ "မြန်မာ့အားကစား တိုးတက်မြင့်မားရေးအတွက် နေပြည်တော်ရှိ အားကစားကွင်း/ရုံများအား အကျိုးရှိရှိ မည်သို့ ဆက်လက် အသုံးချသွား မည်နှင့် အမျိုးသား အားကစားပြိုင်ပွဲများနှင့် ကျောင်းသား အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရန် အစီအစဉ် ရှိ၊ မရှိ"မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက် ရေးဆွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လက်ရှိ တည်ဆောက်ထားပြီးဖြစ်သော အားကစားကွင်း၊ အားကစားရုံနှင့် အားကစားရွာတို့အား အသုံးပြုပြီး အားကစားနည်းများအလိုက် အကယ်ဒမီကျောင်း၊ လေ့ကျင့်ရေး စခန်းများအဖြစ် ထားရှိ အသုံးပြုကာ သင်တန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

ထို့အပြင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ (Sports Complex) အတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ၊ ပြည်တွင်း အားကစားပြိုင်ပွဲများ လက်ခံကျင်းပခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လက်ရွေးစင် ကစားသမားများကို စခန်းသွင်း လေ့ကျင့်ခြင်းများ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားသည်။

၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၇ ခုနှစ်များတွင် ကျင်းပခဲ့သည့် အမျိုးသား အားကစားပွဲတော်ကိုလည်း လေးနှစ်တစ်ကြိမ် ပြန်လည် ကျင်းပနိုင်ရေးအတွက်လည်း အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျောင်းအားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ အဆင့်မြင့်ပညာ၊ အခြေခံပညာ အဆင့်အလိုက် အားကစားပြိုင်ပွဲများကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အဆင့်ဆင့်၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။
Eleven Media Group

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် တစ်ပြိုင်တည်း ဆွေးနွေးရခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင် ပြီးမြောက်စေမည်ဟု UNFC ထောက်ပြ


တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးကို တညီတညွတ်တည်း တစ်ပြိုင်တည်း တွေ့ဆုံ ဆွေးနွေးရခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးအဆင့်ဆင့် အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အောင်မြင်ပြီးမြောက်စေမည့် အခွင့်အလမ်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC က နိုဝင်ဘာ ၁၂ ရက် က သဘောထား ထုတ်ပြန်ချက်ဖြင့် ထောက်ပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့နှင့် တစ်ဖွဲ့ချင်း ဆွေးနွေးရသော အခက်အခဲကို ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းအနေဖြင့် မကြာခဏ ညည်းညူလေ့ ရှိခဲ့သည်ဟု UNFC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အနေဖြင့်လည်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေးရာတွင် များစွာ ပင်ပန်းကြောင်းနှင့် ကြိုတင် ညှိနှိုင်းရမှုများရှိကြောင်း ပြောကြားသည်။
အုပ်ချုပ်သူ အဆက်ဆက်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ကြွေးကြော်နေကြသော်လည်း လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ သို့ရာတွင် လိုင်ဇာကွန်ဖရင့်ကို ကျင်းပခွင့်ပေးခဲ့ပြီး ခရီးသွားလာရေး အစစအရာရာ ကူညီပေးခဲ့သော သမ္မတဦးသိန်းစိန် . . .
ထို့ပြင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက "အခုမြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ပွဲဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ တစ်ကြိမ်တည်းမှာ ဆွေးနွေးရတာပါ။ အဲဒီတော့ ဘယ်လောက်ထိ လက်ဝင်မယ် ဆိုတာကတော့ မှန်းကြည့်လို့ ရပါတယ်။ ဒီ ၁၇ ဖွဲ့ကနေ သဘောတူညီချက် တစ်ခုရတာကိုက ကျွန်တော်တို့အတွက် အောင်မြင်မှုလို့ ပြောလို့ရပါတယ်"ဟု ပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက် UNFC ၏ သဘောထား ထုတ်ပြန်ချက်တွင် အုပ်ချုပ်သူ အဆက်ဆက်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ကြွေးကြော်နေကြသော်လည်း လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ သို့ရာတွင် လိုင်ဇာကွန်ဖရင့်ကို ကျင်းပခွင့်ပေးခဲ့ပြီး ခရီးသွားလာရေး အစစအရာရာ ကူညီပေးခဲ့သော သမ္မတဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် MPC  အဖွဲ့တို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။
Eleven Media Group

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် နိုင်ငံရေး ပါတီများနှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံမည်


အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် နိုင်ငံရေးပါတီများနှင့် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန(MPC)၌ နိုဝင်ဘာ ၁၄ ရက်(ယနေ့) တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီမှ ၅ နာရီထိ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကို MPC က ဖုန်းနဲ့တော့ ဖိတ်ထားပြီးပြီ။ ကျွန်တော်တို့ ပါတီက နှစ်ယောက်သွားမယ်။ MPC က ဖိတ်လို့ လာရောက်တယ် ဆိုတာရယ်၊ Ceasefire (အပစ်အခတ်ရပ်စဲရေး) ကိစ္စအတွက် လာတယ်လို့ပဲ ကျွန်တော်တို့ နားလည်ထားတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
"နိုင်ငံရေး ပါတီတွေကော၊ Civil Society တွေကော ဖိတ်ထားတယ်လို့တော့ သိရတယ်။ ဘယ်နှယောက် ပါတယ်ဆိုတာတော့ ပြီးမှပဲ သိရမှာ"ဟု MPC တွေ့ဆုံ ဆွေးနွေးရေး ဒုတိယ ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း အဆိုပါ တွေ့ဆုံပွဲအတွက် ၎င်းတို့ပါတီကို ဖိတ်ကြားထားကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းထွန်းအေးနှင့် လူထုဆက်ဆံရေး ဌာနမှ ဦးစိုင်းအောင်သိန်းတို့ တက်ရောက်မည်ဟု အတည်ပြု ပြောကြားသည်။
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် အမေရိကန်နိုင်ငံ၏ ၄၂ ယောက်မြောက်နှင့် တတိယ အသက်အငယ်ဆုံး သမ္မတဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ဆက် တာဝန် ထမ်းဆောင်ခဲ့သည်။
လက်ရှိတွင် ဇနီးဖြစ်သူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ သမီးဖြစ်သူ ချဲလ်ဆီး ကလင်တန်တို့နှင့်အတူ ကလင်တန် ဖောင်ဒေးရှင်းကို ထူထောင်ထားပြီး ဟီလာရီ ကလင်တန်နှင့် ချဲလ်ဆီး ကလင်တန်တို့ နှစ်ဦးစလုံးလည်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃  ခုနှစ်များတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိ အစိုးရ သက်တမ်းအတွင်း အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် လက်ရှိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
အစိုးရဘက်မှ ကြိုးပမ်းနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာပါက အသိသက်သေများအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်းများဖြစ်သည့် ဂျင်မီကာတာ၊ ဘီလ်ကလင်တန်နှင့် ၎င်း၏ ဇနီးဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ကိုလည်း ဖိတ်ကြားသွားမည်ဟု ၀န်ကြီး ဦးအောင်မင်းက ပြောကြားထားကြောင်း သိရသည်။
Eleven Media Group

အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ

လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့က စပါးခြွေပြီးတော့ လယ်တဲထဲမှာ ခဏ၀င်နားနေတာ လေးယောက်ပါ။ ၁၁ နာရီ ထိုးလောက်ကျတော့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ ရဲရှစ်ယောက်လောက်က ရောက်လာပြီး အတင်း ၀င်ဖမ်းပါတယ်။ ကိုငယ်ကို လက်ထိပ်နဲ့ နှစ်ဆင့်ခတ်ပြီး ဖမ်းတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်တယ်။သေနတ်နဲ့ ဆောင့်ထိုးတယ်။ လက်သီးနဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်တာက ဆက်တိုက်ပဲ လေးငါးချက်လောက် ရှိမယ်။ သေနတ်က အ ရှည်ပါ။ သေနတ်နဲ့ ပစ်တာက လက်ထိပ်ခတ်ပြီးမှ ပစ်တာပါ" ဟု လက်ထိပ်ခတ် ဖမ်းဆီးထားသည့် လယ်သမားအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားစဉ် အတူရှိနေသည့် လယ်သမား ကိုသန့်ဇင်ဦးက ပြောကြားသည်။
Eleven Media Group

က္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ငွေစက္ကူများ၌ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၌ နိုဝင်ဘာ ၁၃ ရက်က လာရောက် ရှင်းလင်းစဉ်

နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သင်္ဃန်းကျွန်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ယခင် အစိုးရအဆက်ဆက် ထုတ်ဝေခဲ့သော ငွေစက္ကူများ၌ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို အလေးထား ဖော်ပြ ထုတ်ဝေခဲ့ကြောင်း၊ ယခု ထုတ်ဝေလျှက်ရှိသော ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန် အထိမှာ ခြင်္သေ့ပုံများ ဖော်ပြထားသည် ဖြစ်ရာ အဆိုပါ ခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ်အသား ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အသားကို နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆကြောင်း၊ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင် ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည် အစားထိုး ထုတ်ဝေပေးရန် လွှတ်တော်က ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးပြီးနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ယခုကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက "မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကေသရာဇာ ခြင်္သေ့မင်းပုံပါ ငွေစက္ကူများအား ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ မေလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပါတီအဖွဲ့အစည်း တစ်ခု၏ တံဆိပ် အမှတ်အသားကို ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ စသည်များကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ် ထုတ်ဝေသွားမည်"ဟု ပြန်လည် ဖြေကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအခန်း(၉)ပုဒ်မ ၆၂ (ခ)တွင် ဗဟိုဘဏ်သည် ငွေစက္ကူများ ပြင်ဆင်ရိုက်နှိက် ထုတ်ဝေရန် အစိုးရအဖွဲ့၏ သဘော တူညီချက် ရရှိရန် လိုအပ်သည်ဟု ပါရှိကြောင်းလည်း ဒေါ်ခင်စောဦးက ထည့်သွင်း ပြောကြားသည်။
Eleven Media Group

စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း) အား နှစ် ၃၀ စာချုပ်ဖြင့် ထိုင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်

နိုဝင်ဘာ ၁၃ ရက်က စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာပွဲအား တွေ့ရစဉ်

စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း) အား နှစ် ၃၀ စာချုပ်ဖြင့် ထိုင်းနိုင်ငံ Double A ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅ သန်းဖြင့် တင်ဒါ အောင်မြင် သွားကြောင်း နိုဝင်ဘာ ၁၃ ရက်က စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကြေညာပွဲမှ သိရသည်။

အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း)အား အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စက်တင်ဘာလမှ အောက်တိုဘာလအထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပကုမ္ပဏီ ၁၀ ခုမှ စိတ်ဝင်စားခဲ့ပြီး ကုမ္ပဏီငါးခုမှ တင်ဒါတင်သွင်းခဲ့ရာ ကုမ္ပဏီငါးခုအနက် နှစ်ခုမှာ ပြည့်စုံမှုမရှိ၍ ကုမ္ပဏီသုံးခုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က "ဒီစက်ရုံဟာ နိုင်ငံတော်အတွက် အင်မတန် အရေးကြီးပါတယ်။ တန်ဖိုးရယ်၊ ၀န်ထမ်းအင်အား အများဆုံး စက်ရုံတစ်ရုံ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လို့ နိုင်ငံတော်ကဏ္ဍ တဖြည်းဖြည်းလျှော့ချဖို့ အစီအမံတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ အတွက်ကြောင့် ဒီစက်ရုံအနေနဲ့ မဖြစ်မနေ ပုဂ္ဂလိကဘက်ကို လွှဲပြောင်းမယ်ဆိုတာ ကိုလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြီးသလို လွှတ်တော်မှာလည်း အကြိမ်ကြိမ် ရှင်းလင်းပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အကျိုးနဲ့ ရေရှည်အကျိုးကို ကြည့်ပြီး တကယ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဒီစက်ရုံကို ငှားရမ်းသွားမှာ ဖြစ်ပါတယ်"ဟု ဆိုသည်။

Double A ကုမ္ပဏီ၏ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)စက်ရုံငှားရမ်းခမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၀ သန်းဖြစ်ပြီး တစ်နှစ်ငှားရမ်းခ၏ ငါးရာခိုင်နှုန်းအား နှစ်နှစ်လျှင်တစ်ကြိမ် တိုးမြှင့်ပေးသွားမည် ဖြစ်ပြီး ၀န်ထမ်းလစာနှင့် ကုန်ကျစရိတ်များအား ငှားရမ်းစာချုပ် ချုပ်ဆိုပြီးသည်နှင့် ကျခံသွားမည်၊ တိုးချဲ့ရင်းနှီးမှုအဖြစ် တစ်နှစ်လျှင် တန်သုံးသိန်းကျ စက်ရုံအသစ်တစ်ရုံ တည်ဆောက်သွားမည် ဖြစ်သည်။

Double A ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လွင်က "နိုင်ငံတော်အတွက်ရယ်၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပါမယ်။ ၀န်ထမ်းလစာ စရိတ်တွေ ရရှိဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရဖို့ လုပ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ အားပေးမယ့်သူတွေက ရှိပြီးသားပါ" ဟု ဆိုသည်။

စက္ကူစက်ရုံ (သာပေါင်း)အား တင်ဒါတင်ထားသည့် ကုမ္ပဏီသုံးခုအနက် Bamboo World သည် ငှားရမ်းခများသော်လည်း ခိုင်မာသော အထောက်အထားနှင့် အစီအမံများတွင် အားနည်းချက်ရှိခြင်း၊ ယခုအောင်မြင်သော ကုမ္ပဏီအနေဖြင့် JK Paper ထက် ငှားရမ်းခ ပိုမိုခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် စက်ရုံဝန်ထမ်းများသာမက ဒေသခံများအတွက်ပါ ဖန်တီးပေးနိုင်သည့် အစီအမံများ ရှိကြောင်း သိရသည်။
Eleven Media Group

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်

စည်းကမ်းမဲ့ လမ်းဘေးတွင် ရပ်နားမှုကြောင့် ဖမ်းဆီးထားသော ယာဉ်များကို မြေနီကုန်း ယာဉ်နားစခန်းအတွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့ ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူရာတွင် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်မှ  တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။
အများပြည်သူတို့အား အသိပေး ကြေညာထားပြီးဖြစ်သည့် ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေး အပေါ်မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း  ချမှတ် ခံရနိုင်ကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
"နိုဝင်ဘာ ၁၁ ရက်နေ့က စပြီးတော့ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၃၇ လမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို အရေးယူနေပါပြီ။ တစ်မြို့လုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း အရေးယူနိုင်ဖို့  ကရိန်းယာဉ်တွေ ထပ်မံ ၀ယ်ယူသွားမယ်။ ကရိန်းတွေနဲ့ ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ စကားအချေအတင်တွေ ပြောရတာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဒီလို အရေးယူသွားမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကလည်း ရပ်နားတဲ့အချိန် နာရီဝက်ကျော်သွားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်" ဟု အမှတ်(၂) ဒုယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။
စတင် အရေးယူခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် မော်တော်ယာဉ် ၁၇စီးကို ဖယ်ရှား အရေးယူခဲ့ကြောင်း သိရသည်။ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရ အ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်းသိရသည်။
Eleven Media Group

ဟိုင်ယန်လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ


ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေးနှိုးဆော်လိုက်တာဘဲလို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။

ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။

မနှစ်က အမေရိကန်ပြည်ထောင်စုတဝန်းမှာ စံချိန်တင် ပူခဲ့ပြီး ဒီနှစ် သြစတြေးလျနိုင်ငံမှာ အပူချိန်က စံချိန်တင်ခဲ့တယ်၊ ဒီနှစ်တွေဟာ ၁၉၉၈ခုနှစ်နောက်ပိုင်း ကမ္ဘာမှာ အပူဆုံးနှစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၈ ခုနှစ်နောက်ပိုင်း အအေးဆုံးဆိုတဲ့ နှစ်တွေတောင် ၁၉၉၈ခုနှစ်မတိုင်ခင်က အပူဆုံးဆိုတဲ့ နှစ်တွေ ထက် ပိုပူလာနေတယ်လို့ ပြောပါတယ်။

အရင်က မိုးလေဝသအခြေအနေတွေဟာ မျှမျှတတရှိနေခဲ့ပေမယ့် အခုနောက်ပိုင်း အရင်ကထက် ပိုပူလာနေတာကြောင့် သိပ္ပံပညာရှင်တွေက ဒါဟာ သဘာဝအတိုင်း ရာသီဥတုပြောင်းလဲလာမှု မဟုတ်တော့ဘူးလို့ ယူဆကြပါတယ်။

ဆိုင်ကလုန်းလေမုန်တိုင်း တခု ဖြစ်ပေါ်လာတာဟာ ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ရိုက် မပတ်သက်နိုင်ပေမယ့် ရာသီဥတုပူနွေးလာတာကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေဟာ ပင်လယ်ကမ်းခြေအနီး နေထိုင်သူတွေကို ပိုပြီး ထိခိုက်စေတာကို တွေ့နေရတယ်လို့ ကမ္ဘာမိုးလေဝသအဖွဲ့အကြီးအကဲ မိုင်ကယ် ဂျရတ်က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်းတွေ ပိုပြီး မကြာခဏဖြစ်လာသလားဆိုတာ အသေအချာ မပြောနိုင်ပေမယ့် မုန်တိုင်းတွေကို ပိုပြီး ပြင်းထန်လာစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

အခုလို သတိပေးချက်ကို လစ်လျူမရှုသင့်ဘူးလို့ ကမ္ဘာ့ ဘဏ်ဥက္ကဌ ကင်ရုံကင်က ပြောခဲ့ပြီး ဟိုင်ယန်လို ပြင်းအား အဆင့် ၅ ရှိတဲ့ လေမုန်တိုင်းမျိုးတွေ အရင်က တသက်မှာ တခါသာ တိုက်လေ့ရှိခဲ့ပေမယ့် အခုတော့ တလထဲတင် ဒေသတခုတည်း ၂ ခါတိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ


မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင် ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏ ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဒူဂီက "ကျွန်တော့် ဘောလုံးက သဲကျင်းထဲ ကျသွားတယ်။ အနားမှာက ခြုံပုတ်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ရေရှိမှန်း မသိဘူး။ ကျွန်တော် ဘောလုံးကို ရိုက်တင်လိုက်ပြီးချိန်မှာ နောက်ဘက်က အသံတွေ ကြားလိုက်ရတယ်။ လှည့်ကြည့်တော့ မိကျောင်းကြီးတစ်ကောင်။ ပြီးတော့ ကျွန်တော့် ခြေထောက်ကို အဟပ်ခံလိုက်ရတယ်"ဟု ရှင်းပြခဲ့သည်။ ၎င်းက "ကျွန်တော် နာမသွားဘူး။ အဲဒီအချိန်မှာ တုန်လှုပ်တဲ့စိတ်ပဲ ဖြစ်နေမိတယ်။ အဲဒီကောင်ကြီးက အရုပ်အကြီးကြီးနဲ့တူတယ်။ မျက်လုံးနက်နက်ကြီးတွေနဲ့လည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူ့ကို ဝိုင်းရိုက်ကြတာက အုတ်နံရံကို ရိုက်နေရသလိုပဲ"ဟုလည်း ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဒူဂီသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်တိုင် ပေါင်တွင် အချက်(၂၀၀) ချုပ်ခဲ့ရသည်။ လတ်တလောတွင် ၎င်းသည် မက္ကစီကိုရှိ ဆေးရုံတစ်ခု ကုသမှု ခံယူနေရပြီး မိသားစုက လိုက်ပါသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ဒူဂီက "မိကျောင်းက ထွက်ပြေးသွားတော့ ကျွန်တော့်ပေါင်သားတွေ ပါသွားတယ်။ ကျွန်တော့်ခြေထောက်ကို ကြည့်ရတာ သားသတ်ရုံ မှန်ပြူတင်းပေါက်ကို ကျော်မြင်ရတဲ့ မြင်ကွင်းမျိုးဗျ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

မေမြတ်မွန် စနေနေ့မှာ မင်္ဂလာဆောင်မယ်


  လာမယ့် စနေနေ့မှာ မင်္ဂလာဆောင်မယ် လို့ အွန်လိုင်းမှာလူသိများနေတဲ့
မေမြတ်မွန်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။



သတို့သားလောင်းကတော့ သူ့ဖေ့စ်ဘုတ်မှာ သူနဲ့ တရင်းတနှီးတွေ့ရသူဖြစ်ပါလိမ့်မယ်။

သူ့ မင်္ဂလာသတင်းကို သိပ်မကြာသေးခင်ကပဲ အွန်လိုင်းမှာ အသိပေးထားတာပါ။
အသေးစိတ်အချက်အလက်ကိုတော့ တင်မထားပါဘူး။

မေမြတ်မွန်ဟာ ကိုယ်တိုင်ရိုက်သီချင်းဆိုရုပ်သံတွေကြောင့် ဒီရက်ပိုင်း ထင်ရှားလာတာပါ။
သီချင်းရုပ်သံတွေ ရိုက်ထားတာ ကြာပြီလို့ ယူဆရပါတယ်။
သူ့မင်္ဂလာပွဲနီးမှ ဒီရုပ်သံတွေ အွန်လိုင်းမှာ ဆက်တိုက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

သူ့မင်္ဂလာပွဲမှတ်တမ်းဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တင်မယ်လို့လည်း ယူဆရပါတယ်။

Irrawaddy

စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

နိုဝင်္ဘာလ ၁၂ ရက်နေ့က ရန်ကုန်တွင် ဆန္ဒပြကန့်ကွက်နေသူ အမျိုးသမီး (၂) ဦး။

နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေမြို့တွင် ပြုလုပ်မည့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ဆန္ဒပြခွင့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သတင်း ရရှိသည်။

“ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (အမှတ်စဉ် ၅ / ၂၀၁၃)။ စာအမှတ် ၁၀၄၄ (၁) / ၁၁/ ၂၀၁၃ နဲ့ ဒီကနေ့ နေ့စွဲနဲ့ ခွင့်ပြု ပေးလိုက်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ခွင့်ပြုချက်တောင်းခံသူမှာ  ဦးမောင်နုနု ဖြစ်ပြီး သူ့ အမည်ဖြင့် ခွင့်ပြုလိုက်သည်ဟု သူက ဆိုသည်။

“ ခွင့်ပြုတဲ့ စာထဲမှာ လူ ၅၀၀ ကို ခွင့်ပြုတယ်။ နံနက် ၉ နာရီက ၁၂ နာရီထိ စစ်တွေ လေဆိပ် အပြင်ဘက်မှာ ပြုလုပ်ခွင့်ပေးတယ်လို့ ပါဝင်ပါတယ်။  သတ်မှတ်ထားတဲ့ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ဆိုပြီး စာထဲမှာ ညွှန်ကြားထားပါတယ်” ဟု သူက ဆိုသည်။

၎င်းပြင် ဦးဆောင် ဆန္ဒပြရန် ဦးအောင်နိုင်ချေ ( မိဇံရပ်ကွက်)နှင့် ပိုစတာများ၊ ဆိုင်းဘုတ်များကို လျှောက်ထားသူ ဦးမောင်နုနု လျှောက်ထားစာပါ အတိုင်း ခွင့်ပြုကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သိရသည်။

အိုအိုင်စီ ( အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့)သည် ယနေ့ နံနက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် စစ်တွေသို့ ရောက်ရှိလာမည်ဟု သိရသည်။
(နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃)

လုပ်ငန်းခွင်နှင့် ဒေါသ


လုပ်ငန်းခွင်။ စားဝတ်နေရေး အတွက်ဖြစ်ဖြစ် ဘဝအဓိပ္ပာယ် ပြည့်စုံမှုအတွက် ဖြစ်ဖြစ် အရွယ် ရောက်သူတိုင်း အလုပ်ကိုယ်စီ လုပ်ကိုင်ကြရသည်။ ထို့ကြောင့် လုပ်ငန်းခွင်သည် ကျွန်မတို့၏ ဒုတိယအိမ်သဖွယ်ဖြစ်လာတော့ သည်။ လုပ်ငန်းခွင်တွင် နေ့စဉ် ပြောဆိုဆက်ဆံနေရသည့် ပတ်ဝန်း ကျင်ရှိလူများ၊ လုပ်ဖော်ကိုင်ဖက် များကြောင့် အနည်းနှင့်အများဆို သလို စိတ်သဘောထား မတိုက်ဆိုင်သည့်အခါ စိတ်ဆိုးဒေါသထွက်မိတတ်ကြသည်။

လုပ်ငန်းခွင်သည် ပျော်ရွှင်ဖွယ်အတိဖြစ်နေသောနေရာဟု ဘယ်သူမှ အာမမခံ။ သို့သော် လုပ်ရင်းကိုင်ရင်းပင် အလုပ်၏အနှစ်သာရ၊ ပျော်ရွှင်မှုကို ခံစားကြရခြင်း ဖြစ်သည်။ အလုပ်လုပ်ရင်းပင် စိတ်မကျေနပ်မှု၊ ဒေါသဖြစ်မှုတို့ကိုလည်း ကြုံတွေ့ ခံစားရနိုင်ပါသေးသည်။ အလုပ်သည် သင်ပေါက်ကွဲပွင့်ထွက်စရာနေရာမဟုတ်ပါ။ ထို့ကြောင့် လုပ်ငန်းခွင်အတွင်း သင့်ဒေါသများ ထိန်းချုပ်နိုင်မည့်နည်းလမ်းအချို့ကို ပြန်လည်မျှဝေလိုက်ပါသည်။

အခြေအနေကို လက်ခံခြင်း
=================
အခြေတကျဖြစ်နေသည့် လုပ်ငန်းတစ်ခု၏ လည်ပတ်မှုယန္တရားကို သင်မကြိုက် လို့ ပြုပြင်ပြောင်းလဲမည်ဟုတွေးရင်း ဒေါသဖြစ်နေပါက ယင်းအတွေးများကို ရပ်တန့် လိုက်ပါ။ အဖြစ်သင့်ဆုံးက သင့်အနေဖြင့် လက်ရှိအနေအထားကို အကောင်းဆုံး ဟု လက်ခံလိုက်ခြင်းပင်။ အဆိုးဆုံးအခြေအနေများထဲမှ အကောင်းဆုံးလုပ်ကိုင် နိုင်မည့်နည်းလမ်းများကိုသာ ရှာဖွေပါ။ အကယ်၍လုပ်ငန်း၏ လက်ရှိအနေအထား ကို လက်မခံနိုင်လျှင် အလုပ်မှထွက်လိုက်ပါ။

အကောင်းမြင်စိတ်မွေးပါ
===============

အလုပ်နှင့်ပတ်သက်ပြီး မကောင်းမြင်တတ်သော အတွေးအမြင်များကို ရပ်တန့်ပြီး ယင်းအစား အကောင်းမြင်စိတ်ကို မွေးမြူပေးပါ။ စကားတစ်ခု ရှိပါ သည်။ 'သင်ကြုံတွေ့နေရသော အရာများသည် အဆိုးဆုံးမဟုတ်သေးပါ'။ မှန်သည်။ မုန်တိုင်းတွေထန်ပြီးလျှင် နေခြည်ဖြာမည့်အချိန် မကြာခင်ရောက်တော့မည်ဆိုသည် ကို သတိရပါ။

ပုဂ္ဂိုလ်ရေးအလေးပေးစဉ်းစားမှုကို လျှော့ချပါ
==========================
အလုပ်တွင် အခြားလူတစ်ဦးက ကိစ္စတစ်ခုကို သင့်ထက်အရင်ပြီးစီးအောင် ဆောင်ရွက်နိုင်မှုများ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါသည် သင်၏ညံ့ဖျင်းမှုဟုဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ်သားသဖွယ် မစဉ်းစားသင့်ပေ။ လူတစ်ဦးချင်းစီတိုင်းတွင် အားသာ ချက်များရှိပြီး အဆိုပါအားသာချက်များကို ကောင်းကောင်းအသုံးချတတ်ရန် သာ လိုအပ်သည်။

အလုပ်ကို ဦးစားမပေးပါနှင့်
================
အလုပ်ကို အကောင်းဆုံးလုပ်ပါ။ မိမိတွင်ရှိသမျှ အရည်အသွေးများကို အသုံးချပါ။ သို့သော် ဘဝ၏အစိတ်အပိုင်းအတော်များများတွင် အလုပ်ကို ဦးစား မပေးပါနှင့်။ အလုပ်တွင် ကုန်ဆုံးရမည့်အချိန်၊ အသုံးပြုရမည့်စွမ်းအင်တို့ကို သေချာသတ်မှတ်ပါ။ သင်ချစ်ခင်မြတ်နိုးရသော မိသားစုဝင်များ၊ မိတ်ဆွေများ လည်း အရေးကြီးသည်ကို သတိရပါ။ သူတို့နှင့်အချိန်ကုန်ဆုံးခြင်းသည် လုပ်ငန်းခွင် ဖိအားများကို ပြေလျော့စေပြီး ပျော်ရွှင်မှုကိုဖြစ်စေသည်။

Ref: Indian Times

The Union Daily

ကစားသမား ၆ ဦးသာ ကျန်တော့သဖြင့် ပွဲရပ်လိုက်ရသည့် ဘောလုံးပွဲ


ကစားသမား ၆ ဦးသာ ကျန်တော့သဖြင့် ပွဲရပ်လိုက်ရသည့် ဘောလုံးပွဲ အီတလီ မီဒီယာများက တနင်္ဂနွေနေ့က လီဂါပရို ပရိုင်မာတန်း (စီးရီးစီဝမ်း) ပွဲစဉ်အဖြစ် ဆလာနီတာနာနှင့် နိုစီရီနာတို့ ကစားသည့် ပွဲစဉ်ကို "အရှက်ရဖွယ် ဒါဘီပွဲ"ဟု ပြင်းထန်စွာ ရှုတ်ချ ရေးသားခဲ့ကြ

အီတလီနိုင်ငံမှ အဆင့်နိမ့် ဘောလုံးပွဲ တစ်ခုတွင် မြို့ခံပြိုင်ဘက် နှစ်သင်း၏ ပွဲစဉ်မှာ အရှက်ရဖွယ် အခြေအနေ တစ်ရပ်ဖြင့် ပွဲရပ်နားလိုက်ရကြောင်း သိရှိရသည်။ အီတလီ မီဒီယာများက တနင်္ဂနွေနေ့က လီဂါပရို ပရိုင်မာတန်း (စီးရီးစီဝမ်း) ပွဲစဉ်အဖြစ် ဆလာနီတာနာနှင့် နိုစီရီနာတို့ ကစားသည့် ပွဲစဉ်ကို "အရှက်ရဖွယ် ဒါဘီပွဲ"ဟု ပြင်းထန်စွာ ရှုတ်ချ ရေးသားခဲ့ကြသည်။ ယင်းပွဲစဉ်သည် ပွဲစပြီး (၂၁)မိနစ် အကြာတွင် ရပ်ဆိုင်းရန် အကြောင်းဖန်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အသင်းတစ်သင်း၌ ကွင်းအတွင်း ကျန်ရှိသော ကစားသမား အရေအတွက် (၆)ဦးသာ ရှိတော့၍ ဖြစ်သည်။ ထို့ကြောင့် ဒိုင်က ပွဲဆက်ကစားရန် လုံလောက်သည့် အခြေအနေ မရှိတော့ဟု ဆုံးဖြတ်ကာ ပွဲကို ရပ်ဆိုင်းခဲ့ရသည်။

အဝေးကွင်းတွင် လာရောက်ကစားရသည့် နိုစီရီနာ အသင်းသားများသည် ပွဲမတိုင်မီ ၎င်းတို့အသင်း ပရိသတ်များထံမှ မကျေမနပ်ဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ရရှိထားသည်။ ထို့ကြောင့် ၎င်းတို့သည် ပွဲမစမီ အသင်းဘတ်စ်ကားပေါ်မှ မဆင်းဘဲ ပေကပ်နေခဲ့ရာ မိနစ်(၄၀) နောက်ကျပြီးမှ ပွဲစဖြစ်ခဲ့သည်။ နိုစီရီနာ ပရိသတ်များကို ယင်းပွဲစဉ် ကြည့်ရှုခွင့် ပိတ်ပင်ထားသော်လည်း အတော်များများ ရောက်ရှိနေခဲ့ကြောင်းလည်း သိရသည်။ နိုစီရီနာ အသင်းသည် ပွဲစပြီး (၂)မိနစ်အတွင်း ၎င်းတို့၏ လူစားလဲခွင့် (၃)ကြိမ်လုံးကို အသုံးပြုခဲ့သည်။ ထို့နောက် ကစားသမား (၅)ဦးက ဒဏ်ရာများ ရရှိကြောင်း အကြောင်းပြကာ ကွင်းအပြင် ထွက်နေခဲ့ကြသည်။

ထို့ကြောင့် ကွင်းထဲ၌ နိုစီရီနာ အသင်းသား (၆)ဦးသာ ကျန်တော့ပြီး ဒိုင်က ပွဲကို ဖျက်သိမ်းရွှေ့ဆိုင်းရန် မဖြစ်မနေ ရွေးချယ်ခဲ့ရသည်။ အီတလီ မီဒီယာများက နိုစီရီနာ အသင်းသားများသည် ပွဲမကစားလိုသဖြင့် ဟန်ဆောင် လုပ်ဆောင်မှု တစ်ခုဟု စွပ်စွဲရေးသားခဲ့ကြသည်။ နိုစီရီနာ အနေဖြင့် ရန်လိုနေသည့် ပတ်ဝန်းကျင်မှ မြန်နိုင်သမျှမြန်မြန် စွန့်ခွာရန် လုပ်ဆောင်ခဲ့ခြင်းဟုလည်း ယူဆရသည်။ နိုစီရီနာ အသင်းကမူ မိမိတို့၏ ကစားသမားများ အနေဖြင့် သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ ပွဲကစားခဲ့ရသဖြင့် ကြွက်သားများ တင်းမာကာ ဒဏ်ရာများ ရခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။

Planet Myanmar Network

နိုင်ငံရေးသမားများ မနာလိုစိတ် နည်းပါးကြဖို့ လိုသည်


မနာလိုစိတ်ဟူသည် သူတစ်ပါးတို့၏ စည်းစိမ်ချမ်းသာများ၊ ထင်ပေါ်ကျော်ကြားမှုများ၊ ဂုဏ်သတင်းပျံ့ သင်းမွှေးကြိုင်မှုများနှင့် အောင်မြင်မှုများအပေါ် ငြူစူခြင်း၊ စောင်းမြောင်းခြင်း၊ မလိုလားခြင်း၊ မရှုဆိတ်ခြင်း ဖြစ်သည်။ အရကား ဣဿာစေတသိက်ရ၏။ ထိုဣဿာစေတသိက်သည် ဒေါသ မူစိတ်နှင့် ယှဉ်ရကား မနာလိုစိတ်သည် ဒေါသအခြေခံသော စိတ်ဓာတ်သာလျှင် ဖြစ်ပေတော့သည်။ မနာလိုခြင်းသည် မိမိကိုယ်ကိုယ် သူတစ်ပါးအောက် ညံ့သည်ဟု ဝန်ခံခြင်းပင် ဖြစ်သည်။ မနာလိုစိတ် နည်းပါးခြင်း ဟူသည်ကား သဘောထားကြီးခြင်းကို ဆိုလိုသည်။ သဘောထား ကြီးကြမှသာ မနာလိုစိတ် နည်းပါးကြပေလိမ့်မည်။

၁။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူ


၁၂-၉-၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများ ပြန်လည် ထည့်သွင်းပေးရန် အဆိုတင်သွင်းခဲ့၏။ ထောက်ခံသူ ကန့်ကွက်သူများ ပေါ်ပေါက်ခဲ့ပြီး မဲခွဲ ဆုံးဖြတ်သောအခါ လွှတ်တော် ကိုယ်စားလှယ် ၁၂၃ ဦး ရှိသည့်အနက် ၁၂၁ ဦးက ကန့်ကွက်ခဲ့သောကြောင့် အဆို ရှုံးနိမ့်သွားကြောင်း သိရပါသည်။ ထောက်ခံသူ နှစ်ဦးမှာ အဆိုတင်သွင်းသူနှင့် အဆိုထောက်ခံသူ နှစ်ဦးတို့သာ ဖြစ်ကြောင်း သိနိုင်ပါသည်။

အမှန်အားဖြင့် ဤကိစ္စသည် တိုင်းဒေသကြီး လွှတ်တော်တစ်ခုက ဆုံးဖြတ် ဆောင်ရွက်နိုင်သော ကိစ္စ မဟုတ်သောကြောင့် မဲခွဲ ဆုံးဖြတ်ရမည့် ကိစ္စ မဟုတ်ပါ။ အဆိုတင်သွင်းသူ ရှိလာလျှင်ပင် သဘာပတိ လုပ်သူက မဲခွဲ ဆုံးဖြတ်ရန် လက်မခံသင့်ပါ။ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပေးမည်ဟု အကြောင်းပြကာ မှတ်တမ်းတင်ရုံသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ ယခုမူကား မဲခွဲ ဆုံးဖြတ်လိုက်သောကြောင့် ‘အူ-လူမြင်တယ်’ဟူသော စကားကဲ့သို့ ဖြစ်ခဲ့ရပါသည်။

အဆိုတင်သွင်းသူက လက်ရှိ အသုံးပြုနေသည့် ငွေစက္ကူများတွင် ခြင်္သေ့ရုပ်ပုံ ဖော်ပြထားခြင်းသည် ပါတီကြီးတစ်ခု၏ သင်္ကေတရုပ်ပုံနှင့် တူညီနေ၍ နိုင်ငံတော်အဆင့် သင်္ကေတနှင့် တူညီနေခြင်းမှာ မဖြစ်သင့်ဟု အကြောင်းပြခဲ့သည်။ မှားယွင်းသော အကြောင်းပြချက် ဖြစ်ပါသည်။ ကမ္ဘာ့ နိုင်ငံတိုင်း၌ ပြည်သူလူထု လေးစားကြည်ညိုသော ခေါင်းဆောင်များ၏ ရုပ်ပုံကိုသာ ငွေစက္ကူများ၌ ထည့်သွင်း သုံးစွဲကြကြောင်း၊ ယခု မြန်မာ ငွေစက္ကူများ၌ တိရစ္ဆာန်ရုပ် ထည့်သွင်းခြင်းမှာ မသင့်လျော်ကြောင်း အကြောင်းပြလိုက်လျှင် ပြည့်စုံပါသည်။ ယခုမူကား အကြောင်းပြချက် မသင့်လျော်သောကြောင့် ခြင်္သေ့ကို အထိမခံနိုင်၍ ကန့်ကွက်သူတွေ များသွားသလားဟု တွေးဆ ရပါတော့သည်။

ကန့်ကွက်သူ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကိုယ်စားလှယ် ဦးစောလှထွန်း (တစ်နေရာ၌ ဦးစိုးလှထွန်းဟု တွေ့ရ၏) က “ငွေစက္ကူဒင်္ဂါး ထုတ်လုပ်ခြင်းသည် ပြည်ထောင်စု အဆင့်ကသာ လုပ်ပိုင်ခွင့်ရှိ၍ တိုင်းဒေသကြီး လွှတ်တော် အနေနှင့် ဆွေးနွေးဆုံးဖြတ်ရန် မသင့်ကြောင်း၊ ခြင်္သေ့ရုပ်ပုံသည် ပါတီတစ်ခု၏ သင်္ကေတနှင့် တူညီနေသည်ဆိုသော စွပ်စွဲချက်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိ၍ မဆွေးနွေး သင့်ကြောင်း” ပြောဆို ကန့်ကွက်ခဲ့ပါလျက် မဲခွဲ ဆုံးဖြတ်သည်အထိ ဖြစ်သွားခြင်းမှာ သဘာပတိ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။ ကန့်ကွက်ကြခြင်းမှာ တိုင်းဒေသကြီး လွှတ်တော်သို့ မတင်သွင်းသင့်သော အဆိုကို တင်သွင်းခြင်းကြောင့် လော။ (သို့မဟုတ်) ခြင်္သေ့ပါတီကို ထိပါးခြင်း ကြောင့်လော (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းအပေါ် မနာလိုစိတ် ကြောင့်လော ကန့်ကွက်သူများသာ သိကြပါလိမ့်မည်။

၂။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် မနာလိုစိတ်ဖြစ်ဖွယ် အကြောင်းနှစ်မျိုး

ဗိုလ်ချုပ်အပေါ် မြန်မာနိုင်ငံသည် ပြည်သူလူထု အများကြီးက လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညို ချစ်ခင်ကြသော်လည်း မနာလိုသော အစိတ်အပိုင်းများ ရှိနေကြသည်ကား အမှန်ပင်ဖြစ်၏။ အဆက်ဆက်သော အာဏာပိုင်များက ဗိုလ်ချုပ်နှင့် ပတ်သက်သော နေ့ထူးရက်ထူးကြီးများကို သိမ်ငယ်အောင် ပြုလုပ်လာခြင်း၊ ဗိုလ်ချုပ်၏ ရုပ်ပုံများကို ပြည်သူများ တန်ဖိုးထား သုံးစွဲသော ငွေစက္ကူများပေါ်မှ ဖယ်ရှားလာခြင်း၊ ဗိုလ်ချုပ်၏ သမိုင်းကို မှေးမှိန်အောင် ပြုလုပ်လာခြင်း စသည်တို့မှာ ဗိုလ်ချုပ်အပေါ် မနာလိုစိတ် ရှိကြောင်း ပြသရာ၌ ထင်ရှားသော သက်သေ သာဓကများ ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် တိုင်းပြည်အတွက် အမှန်တကယ်ပင် စွန့်လွှတ်အနစ် နာခံခဲ့သော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်၏။ သို့သော် ဗိုလ်ချုပ်သည် လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ စိတ်အလိုမကျလျှင် မကျသလို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း ပြောဆိုတတ်၏။ ထို့ကြောင့် ဗိုလ်ချုပ်နှင့် သက်တူရွယ်တူများ (သို့မဟုတ်) ဗိုလ်ချုပ်ထက် အသက်ကြီးသော လုပ်ဖော်ကိုင်ဖက်များ အနေနှင့် ဗိုလ်ချုပ်၏ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း ပြောဆိုခံရခြင်း၊ ဗိုလ်ချုပ်အား ပြည်သူလူထု၏ တစ်ခဲနက် လေးစားကြည်ညို ခံရခြင်းအပေါ် ပုထုဇဉ် သဘောအရ မနာလိုမရှုဆိတ်မှုများ ဖြစ်နိုင်သည်သာ ဖြစ်ပါသည်။

သို့သော် ယခုခေတ် နိုင်ငံရေးသမားများ အထူးသဖြင့် ၈၈ အရေးအခင်းပြီး နောက်ပိုင်း နိုင်ငံရေးသမားများမှ စ၍ ဗိုလ်ချုပ်နှင့် တွဲလုပ်ဖူးသူ တစ်ယောက်မျှ မရှိချေ။ ၈၈ ခုနောက်ပိုင်းမှ စ၍ ဗိုလ်ချုပ် ရုပ်ပုံများကို ငွေ စက္ကူများပေါ်မှ ဖယ်ရှားလာခြင်း၊ ဗိုလ်ချုပ်နှင့် ပတ်သက်သော နေ့ထူး ရက်ထူးကြီးများကို ပိုမိုသိမ်ငယ်အောင် ပြုလုပ်လာခြင်း၊ ဗိုလ်ချုပ်၏ သမိုင်းကြောင်းကို ခေတ်လူငယ်များ သိရှိမှု နည်းပါးစေရန် ဆောင်ရွက်လာခြင်းတို့ကို ထောက်ဆလျှင် ၈၈ ခု နောက်ပိုင်း နိုင်ငံရေးသမားများကပင် ဆရာကြီးများထက် ပို၍ လက်စောင်းထက် လာသလောဟု တွေးတောစရာ ဖြစ်လာရပါသည်။

ယခုခေတ် နိုင်ငံရေးသမားများ ဗိုလ်ချုပ်အပေါ် မနာလိုစိတ် ဖြစ်ကြရာ၌ အာစရိယ ပါစရိယ (ခေါ်) ဆရာအဆက်ဆက်ပေါ် သစ္စာ စောင့်သိခြင်းကြောင့်လော (သို့မဟုတ်) ဒေါ်စုကြည် နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာခြင်းကြောင့် လောဟု တွေးတောရပါသည်။ ၁၉၈၈ ခုနှစ်တွင် ဒေါ်စုကြည် နိုင်ငံရေးလောက ဝင်ရောက်လာခြင်းနှင့် ၈၈ ခုနောက်ပိုင်း ဗိုလ်ချုပ်အပေါ် မလိုလားသော လုပ်ရပ်များ တိုးပွားလာခြင်းတို့မှာ တိုက်ဆိုင်နေခဲ့၏။ ဒေါ်စုကြည်သည်လည်း ဖခင်နည်းတူ ပြည်သူလူထု၏ ထောက်ခံမှုကို တစ်ခဲနက် ရရှိခဲ့၏။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတို့သည် ဒေါ်စုကြည်အတွက် လူထုထောက်ခံမှု သက်သေပင် ဖြစ်သည်။ ဒေါ်စုကြည် ထိုသို့ အောင်မြင်လာသောကြောင့် ပြိုင်ဘက်၏ ဒေါ်စုကြည်အပေါ် မနာလိုစိတ်သည် ဗိုလ်ချုပ်အပေါ်ပါ ကူးစက်လာခြင်းလော (သို့မဟုတ်) ဗိုလ်ချုပ်ကို ဂုဏ်တင်လျှင် ဒေါ်စုကြည်၏ ဂုဏ်ပါ ပို၍တက်လာမည် စိုးသောကြောင့် လောဟု တွေးဆရပါသည်။

ဒေါ်စုကြည် နိုင်ငံရေးလောကထဲ ဝင်လာစ အချိန်တွင် ပြည်သူလူထုက ဗိုလ်ချုပ်သမီးဟူသော စိတ်ဖြင့် မော့ကြည့်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် နောက်ပိုင်း ယနေ့ကာလအထိ ဒေါ်စုကြည်ကို ထောက်ခံကြခြင်းမှာ ဗိုလ်ချုပ်သမီးဟူသော စိတ်ဖြင့် မဟုတ်တော့ပါ။ ဒေါ်စုကြည်၏ ပင်ကို အရည်အချင်းများအပေါ် ယုံကြည် လက်ခံလာသောကြောင့် ဖြစ်ပါသည်။ ဒေါ်စုကြည် ယနေ့ အမှားအယွင်း များစွာ ပြုလုပ်ပြောဆိုလာလျှင် ယနေ့ပင် ပြည်သူလူထုက ဒေါ်စုကြည်ကို ပစ်ပယ်ဖို့ ဝန်လေးမည် မဟုတ်ပါ။ မဆလ အစိုးရ၏ ကုလားထိုင်ကို စတင် လှုပ်ရမ်းခဲ့သော ဦးအောင်ကြီးကို လူထုက ရှေးဦးစွာ အထင်ကြီး အားကိုးခဲ့၏။ သို့သော် ဦးအောင်ကြီး မိန့်ခွန်းကို ရေဒီယိုမှ နားထောင်လိုက်ရ ကတည်းက ဦးအောင်ကြီးအပေါ် အထင်ကြီး လေးစားစိတ်များ လျော့ပါး သွားပါတော့သည်။ ပြည်သူလူထု အများစုကို နလပိန်းတုံးများဟု မှတ်ထင်လျှင် မှားလိမ့်မည်။ ပြည်သူလူထု လေးစား ကြည်ညိုသော ဗိုလ်ချုပ်အပေါ် အကောင်းမထင်လျှင် ပြည်သူလူထု ကလည်း ထိုပုဂ္ဂိုလ်များအပေါ် မည်သည့်အခါမျှ အကောင်း ထင်ကြလိမ့်မည် မဟုတ်ပေ။

၃။ ဘုရားရှင်နှင့် ခြင်္သေ့မင်း

ခြင်္သေ့မင်းကား သားကောင်အပေါင်းတို့တွင် ရှင်ဘုရင်ဖြစ်၏။ ထို့ကြောင့် ကေသရာဇ ခြင်္သေ့မင်းဟု ခေါ်တွင်ခြင်း ဖြစ်သည်။ ဘုရားရှင်သည် ဟီနူပမာ (ယုတ်ညံ့သောဥပမာ) အနေအားဖြင့် ကိုယ်တော်မြတ်ကို တစ်ခါ တစ်ရံ ခြင်္သေ့မင်းနှင့် နှိုင်းယှဉ်တော်မူခဲ့သည်။ လုံ့လဝီရိယ စိုက်ထုတ်သည့် နေရာ၌ ခြင်္သေ့မင်းသည် သားကောင်များကို လိုက်ရာတွင် သားကောင် မည်မျှ ငယ်သည်ဖြစ်စေ (ယုန်ကလေးပင် ဖြစ်စေ) သားကောင်ကြီးများကို လိုက်သော လုံ့လဝီရိယအတိုင်း လိုက်သကဲ့သို့ ထို့အတူ ကိုယ်တော်မြတ် သည်လည်း တရားဟောရာ၌ တရားနာ ပရိသတ် မည်မျှပင် နည်းပါးသည် ဖြစ်စေ (တစ်ဦးတည်းပင် ဖြစ်စေ) ပရိသတ် များစွာကို ဟောသော လုံ့လဝီရိယ အတိုင်း ဟောတော်မူကြောင်း နှိုင်းယှဉ်တော် မူခဲ့ပါသည်။

ဒါက နှိုင်းယှဉ်သင့်သော နေရာ၌ နှိုင်းယှဉ်ခြင်း ဖြစ်သည်။ သို့သော် ငွေစက္ကူတွင် ရုပ်ပုံထည့်သွင်းသော ကိစ္စမျိုး၌ ပြည်သူလေးစား ကြည်ညိုသော ခေါင်းဆောင်နှင့် အဟိတ်တိရစ္ဆာန်တို့ကို ထပ်တူ မပြုအပ်ချေ။ ယခုကား ထပ်တူ မပြုရုံမက ပြည်သူ လေးစားကြည်ညိုသော ခေါင်းဆောင်ကို ခြင်္သေ့အောက်ပင် ချထားကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့မြင် နေရပါသည်။ ကမ္ဘာ့ နိုင်ငံများ သည်လည်း ပြည်သူ လေးစားကြည်ညိုသော ခေါင်းဆောင်ပုံများကိုသာ ငွေစက္ကူ၌ ထည့်သွင်း သုံးစွဲကြောင်း အစိုးရမင်းတို့ သတိပြုသင့်ကြ ပါသည်။

၎။ သူ့ဂုဏ်ကိုမြှောက် ကိုယ့်ဂုဏ်မြောက်၏

ဘုရားရှင်က သူတော်ကောင်း လက္ခဏာများ အဖြစ် (က) မိမိအပြစ်ကို ပြောစရာ ကြုံလာလျှင် လျှော့မပြောရ၊ (ခ) မိမိဂုဏ်ကို ပြောစရာ ကြုံလာလျှင် လျှော့ပြောရမည်၊ (ဂ) သူတစ်ပါး အပြစ်ကို ပြောစရာ ကြုံလာလျှင် လျှော့ပြောရမည်၊ (ဃ) သူတစ်ပါးဂုဏ်ကို ပြောစရာ ကြုံလာလျှင် သာသာ ထိုးထိုး ပြောရမည်ဟု မိန့်တော်မူခဲ့၏။ သို့သော် လောကကြီးကား ပြောင်းပြန် ဖြစ်နေတတ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကား အသက် ၃၂ နှစ်သာသာ အရွယ်မျှဖြင့် တိုင်းပြည်အတွက် အရွယ်နှင့် မလိုက်အောင် အံ့မခန်း ဆောင်ရွက်ပေးခဲ့၏။ မည်မည်ရရ စည်းစိမ် မခံစားရဘဲ တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့၏။ သူ၏ စိတ်ဓာတ် အခြေခံကြောင့်ပင် သူ၏ ရုပ်ပုံလွှာတို့သည် အမြဲတမ်း ကြည်လင် သန့်ရှင်းနေပါသည်။ သူနှင့် ခေတ်ပြိုင်သူနှင့် အဆင်မပြေသော ပုဂ္ဂိုလ်အချို့မှ လွဲ၍ ကျန်ရှိသူများ အနေနှင့် ဗိုလ်ချုပ်အပေါ် မနာလိုစိတ်များ၊ မလိုလားစိတ်များ မည်သို့မျှ မထားသင့်ပါ။

ဒီမိုကရေစီ အစိုးရ လက်ထက်၌ တစ်သောင်းကျပ်တန် ငွေစက္ကူ ထုတ်ဝေခဲ့ပြီး ဖြစ်၏။ ထိုစဉ်ကတည်းက ငွေစက္ကူ၌ ဗိုလ်ချုပ်ရုပ်ပုံကိုသာ ထည့်သွင်းခဲ့လျှင် သမ္မတကြီး ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သတင်းသည် လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ဂုဏ်သတင်းသည် လည်းကောင်း လက်ရှိ အခြေအနေထက် များစွာ တိုးတက်လာမည်မှာ သေချာလှပါသည်။ ဒီမိုကရေစီ ခေတ်ကြီးတွင် ပြည်သူလူထု ကိုယ့်ဘက်ပါလာအောင် ပါးနပ်ဖို့ အထူး လိုအပ်လှပါသည်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိစ္စ၌ ဖြစ်ပေါ်ခဲ့သော အနေအထားကြောင့် ၂၅ ရာခိုင်နှုန်း ပါဝင်နေသော တပ်မတော် အပါအဝင် အစိုးရအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ အမှတ်များ အကြီးအကျယ် လျော့ကျသွားနိုင် ပေသည်။ သဘောထားကြီးစွာဖြင့် သူတစ်ပါးဂုဏ်ကို မြှောက်လျှင် ကိုယ့်ဂုဏ်ပါ မြောက်နိုင်ပါသည်။

အကယ်၍သာ နောက်ထပ် ငွေစက္ကူကိစ္စ ပေါ်လာလျှင် ဗိုလ်ချုပ်ပုံ ထည့်သွင်းမှုကို ထောက်ခံခြင်း၊ အာဏာရပါတီ၏ အစိုးရအဖွဲ့က ခန့်ထားသော ဌာနဆိုင်ရာ အဓိက ဝန်ထမ်းများအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကို လျှော့ချခြင်းတို့ကို မပြုလုပ်နိုင်ပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနေနှင့် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း သဘောရိုးဖြင့် အကြံပြုရေးသားလိုက် ရပေသည်။

ဘဒ္ဒန္တ နန္ဒဝံသ (ပထမကျော်၊ မဟာဓမ္မာစရိယ M.A) ၊ တောင်ငူ
The Voice Weekly

မိုင်းဖုန်းဆရာတော် ပြည်တော်ပြန်ခရီး ကြိုဆိုရန် တာချီလိတ်ဒေသခံများပြင်ဆင်


Wednesday, 13 November 2013 20:24

ထိုင်းနိုင်ငံ လမ်းပန်းမြို့တွင် သုံးနှစ်ကျော် ဂူအောင်းတရားကျင့်သော မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် သည် ယခုလ ၁၅ ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဆရာတော်၏ စံမြန်းရာကျောင်းတော်သို့ပြန်လည်ကြွချီမည်ဖြစ်သဖြင့် ဒေသခံလူထုတို့မှ စောင့်ကြိုကြ ရန်ပြင်ဆင်နေကြ ကြောင်း ကြားသိရပါသည်။


ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ (ခူးဝါးဝုန်းစုမ့်) သည် ၁၅ ရက်နေ့မနက် ၈ နာရီ ထိုင်းနိုင်ငံမှ တာချီလိတ်မြို့သို့ ကြွချီမည်ဖြစ်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်လှူပွဲသို့ ကြွရောက်တရားဟောကြားမည်ဖြစ်ကြောင်း ၊ ကြိုဆိုရန် အတွက် သျှမ်းပြည် အရှေ့ပိုင်း ကျားဖြူပါတီအကြီးအကဲ ဆရာမနန်းငွေမြက ဒေသခံလူထုအား ဦးဆောင်၍ ပြင်ဆင်မှုပြု လုပ်နေကြောင်း ဆိုပါ သည်။

“ ဆရာတော်က ၁၅ ရက်နေ့ နဂါး ၂ ကောင်ကျောင်းတိုက်မှာ ကထိန်သင်္ကန်းအလှူ တရားဟောပြီးရင် တည ကျိန်းမယ်။ ၁၆ နဲ့ ၁၇ ရက်နေ့ကျတော့ မိုင်းဖုန်းမှာရှိတဲ့ ဖရထတ် စောမ်ဟုန်ကျောင်းမှာ ကျိန်းမယ်။ ၁၈ ရက်နေ့မှ ဆရာတော်ရဲ့ကျောင်း တော်ဖြစ်တဲ့ ဖရထတ်ဆီလောန်းဟိန်း ကိုကြွချီမယ်” ဟု ဆရာတော်၏ ခရီးစဉ်အား ဆရာမနန်းငွေမြက ပြောပြသည်။

အောက်တိုဘာလနှောင်းပိုင်းက ကျားဖြူပါတီ လွှတ်တော်အမတ်များ ဆရာတော်၏ဂူသို့သွားကာ မိုင်းဖုန်းရှိကျောင်းတော် သို့ပြန်လည်ကြွချီနေထိုင်တော်မူရန် ပင့်ဆောင်ခဲ့ပါသည်။

“ ဆရာတော်က မိုင်းဖုန်းကျောင်းမှာဘဲဆက်လက်နေထိုင်သွားမှာလား။ ဘယ်လောက် အထိနေသွားမလဲဆိုတာကျမတို့လဲ မသိရသေးဘူး။ ကျမတို့ပြည်သူလူထုအနေနဲ့တော့ ဆရာတော်ဘုရားကိုဘယ်မှမကြွချီစေချင်တော့ဘူး။ စံကျောင်းမှာဘဲပြန် လာနေစေချင်ပါတယ်” ဟုဆရာမနန်းငွေမြကပြောပါသည်။


စစ်အစိုးရခေတ် ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည် စစ်ထောက်လှမ်းရေးအဖွဲ့က ဆရာတော်အား မတရားအသင်း ဆက် သွယ်မှု၊ ပြည်ထောင်စုပြိုကွဲစေသည့် တရားတော်များ ဟောကြားမှုအစရှိအမှုများဖြင့်စွပ်စွဲကာ ၂၀၀၄ ခုနှစ်က ဖမ်းဆီးရန် ကြိုးစားစဉ် ဆရာတော်မှာ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။ ထို အချိန်မှစ၍ တခြားအရပ်သို့ကြွချီ တရားဟောခြင်း မပြုတော့ ဘဲ မိမိကျောင်းတော်တွင်သာ တနှစ်တကြိမ် မွေးနေ့အလှူကျင်းပခဲ့၏။ သို့သော်လည်း ၂၀၁၀ မှစ၍ လမ်းပန်း မြို့ရှိ မဟာဗောဓိဂူတွင် ဂူအောင်း တရားကျင့်ခဲ့ရာ ယနေ့တိုင် ၄ နှစ်နီးပါးရှိခဲ့ပြီးဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

ဆက်ကြဦးစို့ဗျာ


break into =ဖောက်ဝင်သည်
Thieves broke into the rich man's house.
သူခိုးတွေက သူဌေးအိမ်ထဲကို ဖောက်ဝင်တယ်။

break into =အသံထွက်ရယ်သည်
When he told them about the eccentric rich man, they broke into laughter.
သူက အူကြောင်ကြောင် သူဌေးအကြောင်းကို ပြောပြသောအခါ သူတို့ရယ်ကြတယ်။ (အသံထွက်ရယ်တာကို ဆိုလိုပါတယ်)

break out =ဖြစ်ပွားသည်
Fire broke out in the northern part of the village.
ရွာမြောက်ပိုင်းမှာ ရုတ်တရက် မီးလောင်တယ်။
In disaster areas epidemics broke out.
ဒုက္ခရောက်တဲ့ ဒေသတွေမှာ ကူးစက်ရောဂါဖြစ်ပွားတယ်။

busy with =နှင့် အလုပ်များသည်
The officer was busy with office work.
အရာရှိက ရုံးကိစ္စနဲ့ အလုပ်များနေတယ်။
I am busy with the writing of a book.
ငါ စာအုပ်တစ်အုပ်ရေးတဲ့ကိစ္စနဲ့ အလုပ်များနေပါတယ်။

call at =မှာတွေ့ဖို့ ခေါ်သည်
He was asked to call at the office.
သူ့ကို ရုံးခန်းမှာတွေ့ဖို့ ခေါ်ထားတယ်။
(နေရာ နှင့်ပတ်သက်၍ call at)

call on =နှင့်တွေ့ဖို့ ခေါ်သည်
He was asked to call on the manager.
သူ့ကို မန်နေဂျာနဲ့ တွေ့ဖို့ခေါ်ထားတယ်။
(လူနှင့် ပတ်သက်၍ call on)
He was asked to call on the manager at the office.
သူ့ကို ရုံးခန်းမှာ မန်နေဂျာနဲ့ တွေ့ဖို့ခေါ်ထားတယ်။
ပြောဆိုသွားလာအင်္ဂလိပ်စာ