မြန်မာ့တပ်မတော်၊ ပြုပြင်ပြောင်းလဲရေးနဲ့ ဒိတ်လိုင်း


SATURDAY, OCTOBER 12, 2013



ဒီတပတ် ဒိတ်လိုင်းအစီအစဉ်မှာ မြန်မာ့တပ်မတော်ဟာ လက်ရှိပြုပြင်ပြောင်းလဲရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်တာဖြစ်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေး မျက်နှာစာတွေ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်လာနိုင်တာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီဝိုင်းတော်သားတွေ ဆွေးနွေးထားပါတယ်။
ဧရာဝတီ 

ကော့သောင်း အကျဉ်းထောင်အတွင်း လက်ကိုင်ဖုန်းနှင့် အရိုးအသွား ရှစ်လက်မရှိ ဓားကို အကျဉ်းသား အချို့ထံမှ စစ်ဆေးတွေ့ရှိ


Created on Friday, 12 October 2013

စက်တင်ဘာ ၁၄ ရက်က ကော့သောင်း အကျဉ်းထောင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း)

တနသာင်္ရီတိုင်း ဒေသကြီး ကော့သောင်း အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများနှင့် လက်နက် (ဓား) ကိုင်ဆောင်သူ အကျဉ်းသား သုံးဦးကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း တွင် The Daily Eleven သို့ ပြောကြားသည်။

အောက်တိုဘာ ပထမအပတ်အတွင်း ကော့သောင်း အကျဉ်းထောင်၌ လစဉ်ပုံမှန် စစ်ဆေးမှုတွင် အရိုးအသွား ရှစ်လက်မရှိ ဓားတစ်လက်၊ ကွပ်ပျစ်အောက်၌ တယ်လီဖုန်းဆင်းကတ်၊ ဟန်းဆက်နှင့် ဖုန်းပြောနေသူတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိ မှုကြောင့် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ-၄၂ အရ စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

''ထောင်အတွင်းကို ဒီပစ္စည်းတွေ မယူရဘူးဆိုတာ နှုတ်နဲ့လည်း အသိပေး ပြောထားပြီး ဖြစ်သလို၊ ထောင်ရဲ့အ၀င်ဝ တံခါး ကြီးမှာလည်း တားမြစ်ထားတဲ့ ကြေညာချက်ကိုလည်း ကပ်ထားပါတယ်။ အပြစ်ပေးခံရတဲ့ အကျဉ်းသား သုံးဦးကတော့ ၀င်းဘို၊ အောင်သူဟိန်းနဲ့ ပိုင်စိုးဦးတို့ ဖြစ်ပါတယ်'' ဟု တနသာင်္ရီတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးအေးသွင်က အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ''ထောင်အတွင်းမှာလည်း အကျဉ်းသား အချို့တွေက တစ်ရက်နဲ့ တစ်ရက် ကုန်ဆုံးမှန်း မသိအောင် မူးဝေစေတဲ့ ဆေးဝါးတွေကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတွေက ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး တော့လည်း စစ်ဆေးနေပါတယ်'' ဟု ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

ကော့သောင်း အကျဉ်းထောင်အတွင်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ထောင်အတွင်း အကျဉ်းကျ နေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်း ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့...

အဆိုပါကဲ့သို့ အကျဉ်းသား သုံးဦးကို အရေးယူခဲ့သည့် ကော့သောင်း အကျဉ်းထောင်အတွင်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ထောင်အတွင်း အကျဉ်းကျ နေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်း ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်း အကျဉ်းဦးစီး ၀န်ထမ်းအချို့ကို စစ်ဆေးအရေးယူမှုနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ''၀န်ထမ်းတွေကို ဘယ်လို အရေးယူလဲ ဆိုတာကိုတော့ မသိရသေးဘူး။ ကော့သောင်း အကျဉ်းထောင်မှာရှိတဲ့ ၀န်ထမ်းအားလုံးကိုတော့ နေရာပြောင်းရွေ့ ထားပါတယ်'' ဟု ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကြည်လင်းက ''ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စုံခုံစစ်ဆေးမှုတွေ ပြီးသွားပြီလို့ သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ၀န်ထမ်းအချို့ကို ဌာနအတွင်း အရေးယူမှုတွေ ပြုလုပ်တယ်လို့ ကြားသိရတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လုံခြုံရေး အပိုင်းကိုပဲ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်'' ဟု အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းသားများ အုပ်စုဖွဲ့မှုနှင့် ၀န်ထမ်းများကို တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့် အခြေအနေများကြောင့် စက်တင်ဘာလအတွင်း အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

လက်ရှိ ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူနှင့် အချုပ်ကျနေသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀၀ ကျော်ရှိပြီး အဆိုပါ အကျဉ်းထောင်မှာ လူဦးရေ ၁၀၀၀ ဆံ့ ဖြစ်ကြောင်း ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်ထံမှ သိရသည်။

EMG 

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက် လူထုအတွင်း ပထမဦးဆုံး အကြိမ်ဖြန့်ဝေမည်


ရန်ကုန် ၊ အောက်တိုဘာ ၁၀ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများ စိတ်ဝင်စားမှုရှိစေရန်ရည် ရွယ်၍ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီ မှထုတ်ပြန် သောကြေညာချက်အား လူထု အတွင်း ပထမဦး ဆုံးအကြိမ် ဖြန့် ဝေမည်ဖြစ်ကြောင်း သိရသည်။ တောင်ဒဂုံမြို့နယ်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်လင်းက ''လူငယ်တွေ တိုင်းပြည်ရဲ့အရေးကြီးဆုံးအခန်း ကဏ္ဍမှာ တက်တက်ကြွကြွပါလာ လို့ဝမ်း သာပါ တယ်။ ဖွဲ့စည်းပုံကို လူထုစိတ်ဝင်စားလာအောင် ပထမဆုံးပြု လုပ်တဲ့လှုပ်ရှားမှုပါ ပဲ။ ပထမဆုံးပြည်သူစိတ်ဝင်စား လာအောင်လုပ်မယ်။ ဒုတိယအ ဆင့် ပြည်သူတွေနားလည်လာ အောင် လုပ်မယ်။ ဒါဆိုရင် လက် ရှိဖြစ်နေတဲ့ပြင်ဆင်ရေး အသစ် ပြန်လည်ရေး ဆွဲရေးအတွက် လူ ထုရဲ့တကယ့်ဆန္ဒတွေပေါ်လာမှာ ပါ''ဟုပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ လူထု စိတ်ဝင်စား လာအောင် ပထမ အဆင့်ပြုလုပ်ရခြင်းဖြစ်ပြီး၊ ဒုတိ ယအဆင့် အနေဖြင့် ပြည်သူ များ နားလည်လာအောင် ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ လူထု ပညာပေး လုပ်ငန်းများလည်း ဆက်လက် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း ဆက်လက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မ တီ၏ ကြေညာ ချက်အရ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏လိုအပ်ချက်များ၊ မညီ မျှမှုများ၊ ဒီမိုကရေစီစံနှုန်းနှင့် မ ကိုက်ညီမှုများ စသည်တို့ကို တိုင်း ရင်းသား ပါတီများ နှင့် ချပြဆွေး နွေးခဲ့သော်လည်း ၎င်းကိုပြင်ဆင် ရန်(သို့မဟုတ်)အသစ်ပြန်လည် ရေးဆွဲရန်ကို တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့သောကြောင့် တိတိကျကျဆုံးဖြတ်နိုင်ရန် ပြည် သူလူထု၏သဘောထားကိုရယူ သွားရန် လိုအပ်ကြောင်း၊ ရရှိလာ သည့် ပြည်သူလူထု၏သဘော ထားကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး(သို့မဟုတ်)အသစ်ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူ့ ဆန္ဒ သဘောထားရယူခြင်းတွင် ပူး ပေါင်းကူညီဆောင်ရွက်ပေးကြ ပါရန် တိုက်တွန်းနှိုးဆော်ကြောင်း ဟူ၍ဖြစ်သည်။

ကြေညာချက် ဖြန့်ဝေခြင်း တွင် ဦးဆောင်လှုပ်ရှားသူလူငယ် တစ်ဦးဖြစ်သော ဦးမြတ်ကျော် က ''တောင်ဒဂုံတစ်မြို့နယ်လုံး အတိုင်းအတာနဲ့သွား မယ်။ နောက် ပိုင်းမှာ တခြားမြို့နယ်တွေကလဲ ဒီလိုလှုပ်ရှားမှုတွေ လုပ်လာမယ် ဆိုရင် ပြည်သူတွေ ဖွဲ့စည်း ပုံနဲ့ ပတ် သက်လို့ ပိုပြီး သိလာမယ်ထင် တယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကလဲ အဲ့ဒါပါပဲ''ဟုပြောသည်။
Yangon Media Group
ဒီခေတ်နေ

ဆီးရီးယား သူပုန်များ အရပ်သားရာချီ သတ်ဖြတ်ခဲ့သည့် အထောက်အထား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပထမဆုံးတွေ့


ဒမတ်စကတ်၊ အောက်တိုဘာ ၁၁

၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆီးရီးယား သူပုန်များသည် သြဂုတ်လက လာတာကီယာ ပြည်နယ်တွင် ထိုးစစ်ဆင် တိုက်ခိုက်စဉ်က အရပ်သား ၁၉၀ ခန့်ကို သတ်ဖြတ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရကြောင်း၊ ယင်းကိစ္စသည် ဆီးရီးယားသူပုန် များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် ပတ်သက်၍ ပထမဆုံး တွေ့ရှိရသော အထောက်အထား ဖြစ်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား သူပုန်အဖွဲ့သည် သြဂုတ် လ ၄ ရက်နေ့က ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံသော တပ်ဖွဲ့များရှိရာ အဆိုပါ ပြည်နယ်ရှိ ကျေးရွာ များသို့ အရုဏ်တက်ချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သူပုန်အဖွဲ့သည် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

“တချို့နေရာတွေမှာဆိုရင် ထွက်ပြေးတဲ့ တစ်မိသားစုလုံးကို သေနတ်နဲ့ ပစ်သတ်တာမျိုးတွေ ရှိပါတယ်။ သူတို့ရဲ့ သွေးတွေကို အခုထိ တွေ့နိုင်တုန်းပဲ ရှိပါသေးတယ်” ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့သည် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ လာတီကီရာ ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ တိုက်ခိုက်ရန် ထောက်ပံ့ပေးခြင်း၊ အစီအစဉ် ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သော သူပုန်အဖွဲ့ ငါးဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အဖွဲ့များမှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော ဂျပ်ဟပ်အယ်လ်နူဆာ အဖွဲ့၊ အီရတ် အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့၊ လီဗန့်သူပုန် အုပ်စု၊ အစ္စလာမ္မစ်အုပ်စု တစ်ခုဖြစ်သော အာရာအယ်လ်ရှန်နှင့် ပြည်ပဂျီဟတ် တိုက်ခိုက်ရေး အုပ်စုတို့ ဖြစ်ကြသည်။

အဆိုပါ အုပ်စုများက ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့ ပါဝင်ကြောင်း ဗီဒီယိုဖြင့် လည်းကောင်း၊ ကြေညာချက်များ ထုတ်၍ လည်းကောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ဆီးရီးယား အစိုးရနှင့် သူပုန်တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ပြည်တွင်း စစ်သည် အချိန်ကာလအားဖြင့် ၂ နှစ်ကျော် ကြာမြင့်ကာ လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီသော ပြည်သူများမှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယား မြို့တော် ဒမတ်စကတ် အနီးရှိ ဆင်ခြေဖုံးဒေသကို ဆီးရီးယား အစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု ယူဆခဲ့ပြီးနောက် အမေရိကန်က စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်သည်အထိ ပြုလုပ်ရန် စဉ်းစားခဲ့သည်။

သို့သော် ဆီးရီးယား အစိုးရက ၎င်းတွင်ရှိသော ဓာတုလက်နက်များကို ကုလသမဂ္ဂအား ဝင်ရောက် စစ်ဆေးခွင့် ပေးခဲ့ပြီးနောက် အမေရိကန်၏ စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်မည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
The Voice Weekly

ကြာသပတေး ဂြိုဟ်နှင့် စနေဂြိုဟ် ပေါ်တွင် စိန်မိုးရွာချ ခဲ့ဖွယ်ရှိဟု သိပ္ပံပညာရှင်များ အခိုင်အမာ ပြောကြား


Saturday, 12 October 2013

ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ် တို့ပေါ်တွင် ကြီးမားသော သမုဒ္ဒရာကြီးများ ဖွဲ့စည်း ဖြစ်ပေါ်နိုင်ရေးအတွက် ကောင်းကင်မှ စိန်မိုးများ ရွာချခဲ့ဖွယ် ရှိကြောင်း သိပ္ပံ ပညာရှင်များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း
တစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။

ဆိုလာစနစ်တွင် အကြီးဆုံးဂြိုဟ် ကြီးနှစ်လုံးဖြစ်သည့် ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်တို့၏ အခြေအနေ များအရ ၎င်းဂြိုဟ်များပေါ်တွင် သမုဒ္ဒရာ ဖြစ်ပေါ်စေရန် စိန်မိုးများ ရွာချနိုင်ဖွယ် ရှိသည်ဟု ရူပနက္ခတ ဗေဒပညာ ရှင်များက တွက်ချက်ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များ၏ပြောကြားချက်အရ ဂြိုဟ်ကြီး နှစ်လုံး၏ လေ ထု အတွင်း၌ ဖြစ်ပေါ်လာသည့် အင်အားပြင်းသော မိုးကြိုး မုန်တိုင်းများသည် ကာဗွန်မှုန်များကို ဖြစ်ပေါ်စေပြီး ယင်းကာဗွန် မှုန်များ သည် လေထု အတွင်းရှိ ဓာတ်ငွေ့များ နှင့် ဓာတ်ပြုပြီးနောက် စိန်ခဲများကို ဖြစ်ပေါ်စေကြောင်း၊ ထို့နောက် ယင်းစိန်ခဲများသည် ဂြိုဟ်ကြီးများ၏ ပတ်ဝန်းကျင် အခြေအနေကြောင့် နောက်ဆုံးတွင် အရည်ပျော် ကျကာ စိန်မိုးများ အဖြစ် ရွာသွန်းနိုင်ဖွယ် ရှိကြောင်း၊ ထိုမှတစ်ဆင့် သမုဒ္ဒရာ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိကြောင်း ဝစ်ကွန်စင်- မက်ဒီဆန် တက္ကသိုလ်မှ ဒေါက်တာ ကီဗင်ဘိန်းစ်က ပြောကြားသည်။

ထို့ကြောင့် ဂျူပီတာဂြိုဟ်နှင့် စေတန် ဂြိုဟ်တို့သည် မိန်းကလေးများ၏ အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်ဖွယ်ရှိ သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။

အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်


အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။

အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။

အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။

အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။

အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။

အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။

အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။

the voice weekly

လက်ကျန်နိုင်ကျဉ်းလွှတ်ရေး စစ်အစိုးရလက်ထက်က ဖမ်းဆီးထားသူတွေကို ဦးစားပေးမည်


၂ဝ၁၃ခုနှစ် မကုန်ခင်မှာ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြဆဲ နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ပြန်လွှတ်နိုင်ရေးအတွက် လက်ကျန်နိုင်ကျဉ်းစိစစ်ရေးကော်မတီက အောက်တိုဘာ ၁၂ရက်နေ့မှာ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

ကမာရွတ် မီဒီယာ

လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့ ဓာတ်ပုံ


အမည် Myleene Klass လို့ခေါ်ပါတယ်။ အင်္ဂလန်နိုင်ငံသူဖြစ်ပြီး လက်ရှိ အသက်-၃၅ နှစ်အရွယ်ရှိပါပြီ။ နာမည်ကျော် အဆိုတော်၊မော်ဒယ်လ်တစ်ယောက်လည်း

ဖြစ်သလို၊ ပါပါရာဇီတွေ စိတ်ဝင်စားတဲ့ Celebrity တွေထဲမှာလည်း အပါအဝင်ပါပဲ။ ယခုမြင်တွေ့ရတဲ့ ပုံကတော့ သူမရဲ့  Instagram မှာတင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး လူအများစိတ်ဝင်စားခဲ့တဲ့ပုံ တစ်ပုံဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အစစ်နီးပါးတူညီအောင် ပြင်ဆင်မွန်းမံထားတဲ့ မွေးကင်းစကလေးငယ်ပုံစံ Baby Cake ကြောင့်ပါ။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ကလေးကို အထုတ်ကဖြေပြီး ဝါးစားတော့မယ့် ဘီလူးမအတိုင်းပါပဲ။

သီးစုံကိတ်အဖြစ်ပြုလုပ်ထားတဲ့ အဆိုပါ Baby Cake သူမဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကိုတော့ ရေးသားထားခြင်းတော့မရှိပါဘူး။ ဒါပေမယ့် အနုပညာသတင်းတွေကိုဖော်ပြတဲ့ omg.yahoo.com မှာတော့ အဆိုပါပုံကို လူပြောသူပြောများတဲ့ ဓာတ်ပုံအဖြစ် ယခုလိုဖော်ပြသွားပါတယ်။

Khun Nay@ခွန်နေ

ကမ္ဘာ့အင်အားကြီး နိုင်ငံများ နျူကလီးယား လက်နက် အဆင့်မြှင့်တင်


ဝါရှင်တန်၊ အောက်တိုဘာ ၁၁

ကမ္ဘာ့ နိုင်ငံများ၏ နျူကလီးယား လက်နက် အရေအတွက်သည် စစ်အေးကာလ တိုက်ပွဲ အရှိန်အမြင့်ဆုံး ၁၉၈၀ ပြည့်လွန် နှစ်များတွင် ရှိခဲ့သည့် အရေအတွက်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့က မိမိတို့၏ နျူကလီးယား လက်နက်များ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်နေကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် နျူကလီးယား ဒုံးကျည် ထိပ်ဖူး ၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်က ရှိခဲ့သည့် အရေအတွက်အောက် ၇၅ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူက ထုတ်ပြန်သည်။

လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ မကြာခဏ ဆိုင်းငံ့မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက နျူကလီးယားလက်နက် ကင်းမဲ့သော ကမ္ဘာဖြစ်ရန် လိုကြောင်း ၂၀၀၉ ခုနှစ်၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သဖြင့် လက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရာတွင် တွန်းအားသစ်များ ပေါ်ပေါက်ခဲ့သည်။

သို့သော်လည်း အမေရိကန်နှင့် နေတိုး စစ်မဟာမိတ် အဖွဲ့က ဒုံးခွင်းဒုံး စနစ်များ တည်ဆောက်နေခြင်းကြောင့် သမ္မတအိုဘားမား၏ မျှော်မှန်းချက်များ အကောင်အထည် ပေါ်လာရေး မှန်ဝါးလျက် ရှိသည်။

ထို့အပြင် အမေရိကန်နိုင်ငံက နျူကလီးယား လက်နက် အရေအတွက်ကို သုံးပုံတစ်ပုံ လျှော့ချသွားရန် ရုရှားနိုင်ငံကို ပြီးခဲ့သည့် ဇွန်လအတွင်း ကမ်းလှမ်းခဲ့သော်လည်း အမေရိကန် လုပ်ဆောင်နေသည့် ဒုံးခွင်းဒုံးစနစ်မှာ ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။

ရုရှားတာဝေးပစ် ဒုံးကျည်များကို ဒုံးခွင်းဒုံးစနစ်က တားဆီးနိုင်ခြင်းကြောင့် ရုရှားနိုင်ငံ အနေနှင့် မိမိ၏ နျူကလီးယား ထိပ်ဖူး အရည်အတွက်ကို တိုးမြှင့်ရန် သို့မဟုတ် မဟာဗျူဟာ ဟန့်တားရေး မူဝါဒကို အဆုံးရှုံးခံရန် နည်းလမ်းနှစ်ခုသာ ကျန်တော့ကြောင်း ဝေဖန်လိုက်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုက မိမိ၏ ဒုံးကျည်ထိပ်ဖူးများကို အဆင့်မြှင့်တင်လျက် ရှိသလို၊ ရုရှားနိုင်ငံကလည်း ဒုံးကျည်များတွင် တပ်ဆင်နိုင်သော ထိပ်ဖူး အရေအတွက်ကို တိုးမြှင့်လျက် ရှိပြီး တရုတ်နိုင်ငံက နျူကလီးယား လက်နက် တပ်ဆင်နိုင်သော ရွေ့လျား ဒုံးကျည် စနစ်သစ်များ တီထွင် ထုတ်လုပ်နေကြောင်း အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့အစည်းက သတိပေးလိုက်သည်။

ယင်းကဲ့သို့ လုပ်ဆောင်နေမှုများကြောင့် နျူကလီးယား ကင်းမဲ့ကမ္ဘာ ဖြစ်လာမည် မဟုတ်ဘဲ နျူကလီးယား လက်နက်များ အမြဲတမ်း တပ်ဆင်ထားသည့် ကမ္ဘာအဖြစ်သာ ရောက်ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လက်နက် ဖျက်သိမ်းရေး အကြီးတန်းအရာရှိ အန်ဂလာကိတ်က ပြောကြားသည်။

ထို့အပြင် ဆယ်စုနှစ် အနည်းငယ်အတွင်း နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံ အရေအတွက် ၂၅ နိုင်ငံသို့ တိုးမြင့်လာနိုင်ပြီး ယင်းနိုင်ငံများတွင် အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေးနှင့် မြောက်ကိုရီးယားနိုင်ငံ တို့ ပါဝင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ နျူကလီးယားလက်နက် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ဗြိတိန်၊ ပြင်သစ်၊ တရုတ်နိုင်ငံတို့က လက်နက် အရေအတွက် ၂၀၀ မှ ၃၀၀ ထိ ပိုင်ဆိုင်ထားကာ အိန္ဒိယနိုင်ငံတွင် နျူကလီးယားလက်နက် ၁၁၀၊ ပါကစ္စတန်တွင် ၁၂၀ နှင့် အစ္စရေးနိုင်ငံတွင် အခု ၈၀ ထိ ရှိနေကြောင်း အမေရိကန် သိပ္ပံပညာရှင် အဖွဲ့က ပြောကြားသည်။
The Voice Weekly

Apple iPhone 5C အလုံးရေ လျော့ထုတ်ပြီ




iPhone 5C တင်မကတော့ပဲ နောင်အနာဂတ်မှာ 5S ကိုပါ လျော့ထုတ်တော့ မှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ဝယ်လိုအား ကျဆင်းလာ မှုကြောင့် ဖြစ်ပါတယ်။

စထုတ်တဲ့ ရက်ပိုင်းအတွင်း အင်မတန် မြင့်တက်ခဲ့တဲ့ ရောင်းအားကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ထားကြပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် iPhone 5C ရောင်းအားဟာ ထင်ထားတာထက် တစ်ဝက်နီးနီးတောင် ကျနေပါတယ်။ ဒါကြောင့် တရုတ်ပြည်က စက်ရုံမှာ iPhone 5C ထုတ်လုပ်တဲ့ အလုံးရေကို တစ်ရက် ၃ သိန်းကနေ ၁ သိန်းခွဲအထိ လျော့ချလိုက်ပါပြီ။ တစ်ဝက်တိတိလျော့ချလိုက်ခြင်း ဖြစ် ပါတယ်။ iPhone 5S ကတော့ ရောင်းအား သိပ်မကျသေးပါဘူး။

အကြောင်းအရင်း ပြန်စစ်တမ်းကောက်ကြည့်ရာမှာ ရရှိလာတဲ့ သတင်းကတော့ iPhone နောက်ထွက်ဖုန်းများရဲ့  အင်မတန်မြင့်မား တဲ့ ဈေးများကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ ရွှေ၊ငွေ တပ်ဆင်အလှ ဆင်ထားခြင်း မရှိတဲ့ ရိုးရိုး စမတ်ဖုန်း Market ဟာ iPhone ဟာ ဈေးအကြီး ဆုံး စံချိန်တင်နေပါတယ်။ အထူးသဖြင့် iPhone 5S ပါ။ ဒါကြောင့် iPhone 5S နဲ့ 5C ထုတ်လုပ်မှု အရေအတွက်ကို Apple တို့ လျော့ချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
TechSpace Journal

အွန်လိုင်းက သတင်းများ မှန်ကန်မှုရှိမရှိ ကိုယ်တိုင်စစ်ဆေးနည်း





အောင်ခမ်း ( TSJ Team )

ဒီမိုကရေစီ ရရှိပြီးနောက် မြန်မာပြည်မှာ သတင်းအချက်အလက် စီးဆင်းမှုဟာ ယခင်ကထပ် များစွာ တိုးတက်လာတာကို တွေ့ရ ပါတယ်။ မှန်တာလည်း ပါမယ်။ မှားတာလည်း ပါမယ်။ မမှန်တစ်မှန်လည်းပါမယ်။ မမှားတစ်မှားလည်းပါမယ်။ ရေးတဲ့သူကတော့ရေးမှာပဲ၊ တင်တဲ့သူကတော့ တင်မှာပဲ။ သူမပိုင်၊ကိုယ်မပိုင် အွန်လိုင်း ကမ္ဘာကြီးထဲမှာ သတင်းတွေ ဟုတ်မဟုတ် ခွဲခြားစိတ်ဖြာရမှာက ကိုယ့်ရဲ့  တာဝန်။ ကောလဟာလ လွင့်တဲ့သူကတော့ လွင့်မှာပဲ။ ဒီတော့ Training သဘောမျိုးပေးရင် အနည်းဆုံး ၅ နာရီကြာနိုင်တဲ့ Information Filtering Subject ကို ဆောင်းပါးတစ်ပုဒ် နဲ့ အတိုဆုံးဖြစ်အောင် ကြိုးစားရေးလိုက် ရပါတယ်။ (ဒီတော့ အချက် အလက် မစုံပေမယ့် အရေးကြီးတာတွေတော့ ပါဝင်မှာပါ)

ဒီတော့ ခေါင်းစဉ်ကြီး နှစ်ခု ခွဲပါမယ်။ ပြည်တွင်း သတင်းအချက်အလက် နဲ့ ပြည်ပ သတင်းအချက်အလက်။


၁။ ပြည်ပ သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း

သတင်းတစ်ပုဒ်ထဲမှာ နီးကိုးလပ်ခ်ျဂေ့က ရေခဲတောင် အက်ဆီး ဒန့်ကြောင့် သေ တယ်လို့လည်း ကြားရကော လခ့်ဆီသွားပြီး ဖတ်လိုက်တာ အားလုံးက ရုပ်တည်ကြီးတွေပဲ။ အရေးအသားကလည်း သတင်း အရေးအသား ဆန်ဆန်ပေါ့။ သို့ပေမယ့် အဲ့ဒီ Title ကို Select လုပ်ပြီး Google Search ကနေ ပြန်ရှာကြည့်တော့ Search Engine က ထိပ်ဆုံးကနေ Fake News ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ရှာဖော်ပြတယ်။ ဒီတော့ ပြောချင်တာက ပြည်ပက သတင်းအချက်အလက် (Google က recognized လုပ်ထားသော Languageနဲ့ ရေးသားဖော်ပြ ထားသော သတင်းအချက်အလက်) တွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးရာမှာ Google က အစအဆုံး ကူညီပေးပါတယ်။ ဥပမာ Facebook မှာတစ်စုံတစ်ယောက်က ပုံတစ်ပုံတင်လိုက်တယ်ဆိုပါစို့။ ခေါင်း ၈ လုံးနဲ့ မြွှေ ဓာတ်ပုံကို Share ရင် စော်ကြည်ထီပေါက် Heaven ရောက်ဘာညာပေါ့။ လွယ်လွယ်လေး အဲ့ဒီပုံကို Download ချ။ Google Search Engine က Image Search ကို ကလစ်နှိပ်ပြီး ပုံကို Upload လုပ် ပြန်ရှာ လိုက်တော့ တွေ့ပါလေရာ။ Fake News ဖြစ်ပါတယ်ဆိုတာကို ရေးထားတာတွေကို Google က ပြန်ဖော်ပြတယ်။ ကယ် ပြောတာတွေ စနစ်တကျ ဖြစ်အောင် Bullet point လေးတွေနဲ့ ပြန်ဖော်ပြ ရမယ်ဆိုရင်

- သတင်း ခေါင်းစဉ် ကို စစ်ဆေးခြင်း
- သတင်း ဓာတ်ပုံကို စစ်ဆေးခြင်း
- သတင်း အရေးအသား ဟုတ်မဟုတ် (Grammer) စစ်ဆေးခြင်း
- သတင်း ဖော်ပြသော ဝဘ်ဆိုဒ်များကို စစ်ဆေးခြင်း
- သတင်း အောက်မှာ Comment များကို စစ်ဆေးခြင်း

အချက် ၅ ချက်လေးကတော့ အခြေခံအားဖြင့်သိရမယ်။ ဒါသိရုံနဲ့ ပြီးသွားပြီ လားဆိုတော့ မဟုတ်သေးဘူး။

http://www.google.com/advanced_search
http://www.googleguide.com/advanced_operators_reference.html

အဲ့ဒီ Link ၂ ခုကို မှတ်ထား။ တစ်ခုက Google Advanced Search ။ တစ်ခုက Google Search Engine ကို ကောင်းကောင်းခိုင်းစားလို့ရမယ့် နည်းလမ်း။ အဲ့မှာ ဘာကိုရှာချင်ရင် ဘာ Keyword ကို သုံးရတယ်။ အစရှိသဖြင့် အကုန်ပါပြီးသား။ အဲ့ဒါတွေ တစ်ချက်ချင်းစီ လိုက်ရေးပေးနေ ရရင် ရှည်နေမှာစိုးလို့ ကိုယ်တိုင်ပဲ Self study လုပ်နိုင်အောင် Link ပေးလိုက် ပါတယ်။


၂။ ပြည်တွင်း သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း

ပြည်ပ ပြီးရင် ပြည်တွင်းအကြောင်းလာပါပြီ။ ဟိုမင်းသမီးကတော့ ဘာတဲ့။ မင်းတစ်ယောက်ကတော့ ဘာတဲ့ အစရှိသဖြင့် Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် Opinion အမျိုးမျိုးပေးနေလိုက်ကြတာ။ သတင်းအချက် အလက် မှန်ကန်မှုရှိမရှိက ကွဲကွဲပြားပြား မသိရတော့ဘူး။ ပြည်တွင်းက အရေးကြီးတယ်။ ကောလဟာလ တစ်ခုလွင့်ရင် တိုင်းပြည်နစ်နာမှာလေ။ ဒီတော့ ဘယ်လိုစစ်ထုတ်ရမလဲဆိုတာ အင်မတန် အရေးကြီးတယ်။


ယုံကြည်နိုင်သော အရင်းအမြစ်ကို စားသုံးခြင်း

ဆိုင်ကယ်တွေလိုင်စင်ထုတ်တယ်ဆိုတာ အလကားထုတ်ပေးတာ မဟုတ် ပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် အဲ့ဒီ ဆိုင်ကယ်နဲ့ ပက်သက်ပြီး မှုခင်းတွေ ဘာတွေဖြစ်ရင် ကာယကံရှင်ကော၊ နစ်နာသူဘက်ကကော အလွယ်တကူ ဖြေရှင်းပေးလို့ရအောင် ဖန်တီးထားပေးတာ။ ဒီလိုပါပဲ။ သတင်းဌာနတွေ၊ မီဒီယာတွေကို လိုင်စင် ပေးတယ်ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်ရေးသားဖော်ပြ တင်ပြတဲ့ သတင်း အချက်အလက် မှန်ကန်မှု ရှိလားမရှိလားဆိုတာကို အာမခံပေးဖို့ဖြစ်ပါတယ်။ ဥပမာ သတင်းဌာနတစ်ခုက သတင်းမှားဖော်ပြရင် အဲ့ဒီသတင်းဌာနကို တိုင်ကြားပြီး ဒါအရေးယူလို့ရတယ်။ အကယ်၍ အဲ့လို လိုင်စင်ရှိထားတဲ့ Source တစ်ခုက တင်ပြတဲ့ သတင်းမဟုတ်တာကို သိလျက်နဲ့၊ ဖတ်မိတယ်၊ ယုံမိတယ်။ အားကိုးမိတယ်။ အဲဒါနဲ့ ကမောက်ကမတွေ ဖြစ်မှ ဟိုတိုင် ဒီတိုင်လုပ်တော့ ဘယ်သူက ဝင်ကယ်နိုင်မှာလဲ။ rumor လွင့်တာနဲ့ ပက်သက် လို့ တရားဥပဒေနဲ့ တားမြစ်တာတွေ ရှိပေမယ့် ဥာဏပစ္စည်း မူပိုင်ခွင့် အလေးမထားကြသေးတဲ့ မြန်မာပြည် လူမှုကွန်ရက်မှာ ကလေးငိုတာကအစ ဘယ်သူက လိုက်ဖြေရှင်းပေးနိုင်မလဲ။ ဒါကြောင့် အစိုးရက သတင်းဖော်ပြချရင် လိုင်စင်တင်။ လိုင်စင်တင်ထားတဲ့ သတင်းဌာနဟာ သတင်းမှန်တွေ ပေးနေတာပါ။

ဒီတော့ မြန်မာပြည်မှာ တရားဝင် ရပ်တည်နေတဲ့ သတင်းဌာန ဘယ်နှစ်ခု ရှိတယ်ဆိုတာ မသိချင်နေ၊ ကိုယ်သတင်း စားသုံးနေတဲ့ Source က ခိုင်မာ တဲ့ Source ဖြစ်မဖြစ် ဆန်းစစ်တာမျိုးကတော့ ကိုယ့်ဘက်က အနည်းဆုံး ကာဗာယူထားနိုင်ရ ပါမယ်။ ဒီတော့ ခု Facebook မှာ သတင်းတွေကို copy paste လုပ်ပြီး တင်နေတဲ့၊ ဖော်ပြနေတဲ့ Page တွေများလာတယ်။ ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် အလွယ်တကူ စီးဆင်းစေ ဖို့ပါပဲ။ သို့ပေမယ့် Source filtering မှာ နည်းလမ်းကျကျ ဘယ်လို Process လုပ်သင့်တယ် ဆိုတာကို သေချာမသိထားဘူးဆိုရင် သူတင်ပြတဲ့ သတင်းတွေကလည်း မှန်ချင်မှမှန်မှာပါ။ ဖတ်လို့ကောင်းတာနဲ့ပဲ တင်ရ ချည်ဟဲ့ဆိုပြီး တင်လိုက်ရင် ဖတ်စရာ စာလေးတွေပဲ ဖြစ်လာမှာပါ။ တတင်းဖြစ်မလာ ပါဘူး။ သတင်းတစ်ခုမှာ မူပိုင်ခွင့်ရှိတယ်။ ဒါကြောင့် အာမခံချက်လည်း ရှိတယ်။ မှားနေရင် စားသုံးသူဘက်ကလည်း complaint တက်လို့ရတယ်။ အဆုံးစွန်ဆုံး Source ဌာနအထိ တိုက်ရိုက်ဆက်သွယ် တဲ့အထိတောင် လုပ်နိုင်တယ်။ အခုက သူများတွေ ဒီ ပေ့မှာဖတ်လို့ ငါလည်းဖတ်တယ်။ ဟိုဆိုဒ်မှာဖတ်လို့ ငါလည်းဖတ်တယ်။ သတင်းမှန်ကန်မှု ရှိလားမရှိလားကို သေချာ မကြည့်။ ဒီတော့ ကောလဟာလ ပြန့်နှံ့မှု နှုန်း က ကြောက်စရာပါပဲ။

ဒီတော့ မှန်ကန်သော Source မှ စားသုံးသည့် အလေ့အထ ပြုလုပ်ခြင်း ကို ပြုလုပ်ရပါမယ်။ မဖြစ်မနေ မြင်နေရပြီ ဖတ်နေရပြီဟေ့ဆိုရင် Source က ဘယ်ကိုညွန်းထားလည်းဆိုတာကိုကြည့်။ ပြီးရင် အဲ့ဒီ source ကိုဆက်သွားပြီးတော့ ကြည့်။ သတင်းအောက်က Reader တို့ ဘယ်လို Feedback ရှိတယ်ဆိုတာကို ကြည့် အစရှိသဖြင့်ပေါ့။


၃။ Platform ခွဲမယ်


သတင်းဖော်ပြသော Platform သုံးခု ဖြစ်တဲ့ Website, Blog နဲ့ Social Media အစရှိတဲ့ Platform လေးခုမှာ အမျိုးအစားခွဲတတ်ရအုံးမယ်။ Website မှာဆိုရင် သတင်းဆိုဒ်လား၊ ကြော်ငြာဆိုဒ်လား၊ ထုတ်ကုန်ပစ္စည်း တစ်ခုခုကို ကိုယ်စားပြုတဲ့ ဝဘ်ဆိုဒ်လား အစရှိသဖြင့်ပေါ့။ အကယ်၍ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ကိုယ်စားပြုတဲ့ ဆိုဒ်ဆိုရင် သတင်းမှန်တွေ ဘယ်ရတော့မလဲ။ သူတို့ ကုန်ပစ္စည်းကောင်းကြောာင်းချည်းလာမှာပေါ့။ လက်ရှိချိန်အထိ ဝဘ်ဆိုဒ်က ဘယ်လိုအမျိုးအစားဖြစ်တယ် ဆိုတာကို အချို့တွေ မခွဲတတ်သေးဘူး။ Home Page appearance, About, Content တို့ကို စစ်ဆေးရုံနဲ့ ဒါ ဘာဆိုဒ်လည်းဆိုတာ တော်ရုံလူခွဲတတ်ပါတယ်။

Blog ကျတော့ Website လိုမဟုတ်တော့ဘူး။ Personal Blog, News Blog, Adv Blog အစရှိသဖြင့်ပေါ့။ အမျိုးမျိုးကွဲသေးတယ်။ အထူးသဖြင့် Blog ဆိုတာကို User တွေက Personal အတွက် အသုံးပြုတာ များတယ်။ ဒီတော့ သတင်းမှန်တွေ ဘယ်ရနိုင်မလဲ။ သူ့ Feeling တွေရေးသားဖော်ပြတာလေ။ တစ်စုံတစ်ယေက်ရဲ့  Opnion ပဲရလိမ့်မယ်။ သတင်းရချင်မှရမယ်။ Blog ရဲ့  Terms and Privacy မှာ သတင်းမှားတွေ မဖော်ပြရလို့ Google က မထည့်သွင်းထားဘူး။ လူတိုင်းတင်ချင်ရာတင်တယ်။ ဒီမှာ ယုံကြည်ရဖို့ အတွက်ကတော့ Website မှာတုန်းကလိုပဲ Home Page, About, Content တို့ကို အဓိကထား စစ်ဆေးရအုံးမယ်။

နောက်ထပ် Platform တစ်ခုက Social Media. အရင်တုန်းက Forum ခေတ်။ Forum တွေလုပ်ပြီး ကိုယ်သိတာတွေရေးကြပြောကြပေါ့။ အခုတော့ Facebook ခေတ်။ Facebook မှာလည်း Personal Account Page နဲ့ Blog လို အသုံးပြုလို့ရမယ် Fan Page ဆိုပြီးတော့ ၂ မျိုးရှိတယ်။ Social Media ရည်ရွယ်ချက်က ခံစားချက်တွေ မျှဝေဖို့။ သို့ပေမယ့် Social Media ကိုအခြေပြုပြီး Website တွေ Traffic တက်အောင် Joint လုပ်လာကြတယ်။ Social Media Marketing ပေါ့။ နောက်ဆုံး အဆင့်မှာတော့ Website တောင် မကူးတော့ပဲ Facebook မှာတင် သတင်းအချက်အလက် ဖော်ပြပေး၊ တင်ဆက်ပေးတဲ့ အဆင့်အထိ ရောက်လာတယ်။ Terms and Condition မှာက Nudity, Abuse, Annoy တို့လောက်ပဲ ပြောထားတာ။ သတင်းမှားလား မှန်လားဆိုတာကို Facebook က မစစ်ပေးဘူး။ စားသုံးသူတွေ ကိုယ်တိုင်စစ်ပြီး Report လုပ်လို့ရမယ့် UI ပဲ ပေးထားတယ်။ ကဲ။ ဒီတော့ ဘယ်လိုလုပ်မလဲ။

လွယ်ပါတယ်။ အထပ်က ပြောခဲ့သလို ပဲ။ တရားဝင် မှတ်ပုံတင်ထားတဲ့ သို့တည်းမဟုတ် ယုံကြည်ရရန် အာမခံချက် ပေးထားတဲ့ သတင်းဌာ များကိုသာ မှီခိုစားသုံးစေဖို့ပါပဲ။ အဲ့လို အာမခံချက်ပေးမထားတဲ့ နေရာတွေ ကနေ သွားစားသုံးရင်တော့ ကိုယ့် Risk နဲ့ ကိုယ်ပဲ။

နောက်ထပ် Platform တစ်ခုပေါ်လာပြီ။ မိုဘိုင်း App နဲ့တင်ဆက်တဲ့ သတင်းတွေ။ ဘုရား၊ဘုရား။ မလွယ်ပါလား။ Authorized ဖြစ် လားမဖြစ်လား၊ လိုင်စင်ရှိလား၊ Commitment ရှိလား၊ Terms and Privacy ထားလား။ မေးစရာမေးခွန်းတွေက အများကြီးပါပဲ။ မြန်မာပြည်မှာ ဖုန်းကနေရော၊ ကွန်ပြူတာကနေရော အင်တာနက် အသုံးပြုသူ အရေအတွက်က ဆပွားနဲ့ကို တတ်နေပါတယ်။ ဒီလိုတက်နေတဲ့ လူတွေအတွက် စားသုံးစရာ သတင်းကလည်း လိုမြဲတမ်းလိုမယ်။ တင်တဲ့သူတွေလည်းတင်မြဲတမ်းတင်မယ်။ ဒီလိုအချိန်မှ ကောလ ဟာလတွေလည်း ရောစပ်လာတယ်အခါ မြင်မကောင်း၊ ကြား မကောင်းတွေ ဖြစ်ကြရော။ ရေးရင်းနဲ့ မှာချင်တာ အတော်လေး များသွားပါတယ်။ အကြမ်းဖျဉ်းအားဖြင့် Trust ဖြစ်ဖို့ အာမခံချက်ပေးတဲ့ Source ကနေပဲ စားသုံးတဲ့ အလေ့အထကို လုပ်စေချင်ပါတယ်။ ဒါတောင် အမှားပါတတ်ပါသေးတယ။်

လူတိုင်း သတင်းအမှန် ခွဲခြား စားသုံးတတ်ဖို့ ရည်ရွယ်ချက်တဲ့ ရေး သား ဖော်ပြလိုက်ရပါတယ်။
TechSpace Journal

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက် လူထုအတွင်း ပထမဦးဆုံး အကြိမ်ဖြန့်ဝေမည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများ စိတ်ဝင်စားမှုရှိစေရန်ရည် ရွယ်၍ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီ မှထုတ်ပြန် သောကြေညာချက်အား လူထု အတွင်း ပထမဦး ဆုံးအကြိမ် ဖြန့် ဝေမည်ဖြစ်ကြောင်း သိရသည်။ တောင်ဒဂုံမြို့နယ်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်လင်းက ''လူငယ်တွေ တိုင်းပြည်ရဲ့အရေးကြီးဆုံးအခန်း ကဏ္ဍမှာ တက်တက်ကြွကြွပါလာ လို့ဝမ်း သာပါ တယ်။ ဖွဲ့စည်းပုံကို လူထုစိတ်ဝင်စားလာအောင် ပထမဆုံးပြု လုပ်တဲ့လှုပ်ရှားမှုပါ ပဲ။ ပထမဆုံးပြည်သူစိတ်ဝင်စား လာအောင်လုပ်မယ်။ ဒုတိယအ ဆင့် ပြည်သူတွေနားလည်လာ အောင် လုပ်မယ်။ ဒါဆိုရင် လက် ရှိဖြစ်နေတဲ့ပြင်ဆင်ရေး အသစ် ပြန်လည်ရေး ဆွဲရေးအတွက် လူ ထုရဲ့တကယ့်ဆန္ဒတွေပေါ်လာမှာ ပါ''ဟုပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ လူထု စိတ်ဝင်စား လာအောင် ပထမ အဆင့်ပြုလုပ်ရခြင်းဖြစ်ပြီး၊ ဒုတိ ယအဆင့် အနေဖြင့် ပြည်သူ များ နားလည်လာအောင် ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ လူထု ပညာပေး လုပ်ငန်းများလည်း ဆက်လက် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း ဆက်လက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မ တီ၏ ကြေညာ ချက်အရ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏လိုအပ်ချက်များ၊ မညီ မျှမှုများ၊ ဒီမိုကရေစီစံနှုန်းနှင့် မ ကိုက်ညီမှုများ စသည်တို့ကို တိုင်း ရင်းသား ပါတီများ နှင့် ချပြဆွေး နွေးခဲ့သော်လည်း ၎င်းကိုပြင်ဆင် ရန်(သို့မဟုတ်)အသစ်ပြန်လည် ရေးဆွဲရန်ကို တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့သောကြောင့် တိတိကျကျဆုံးဖြတ်နိုင်ရန် ပြည် သူလူထု၏သဘောထားကိုရယူ သွားရန် လိုအပ်ကြောင်း၊ ရရှိလာ သည့် ပြည်သူလူထု၏သဘော ထားကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး(သို့မဟုတ်)အသစ်ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူ့ ဆန္ဒ သဘောထားရယူခြင်းတွင် ပူး ပေါင်းကူညီဆောင်ရွက်ပေးကြ ပါရန် တိုက်တွန်းနှိုးဆော်ကြောင်း ဟူ၍ဖြစ်သည်။

ကြေညာချက် ဖြန့်ဝေခြင်း တွင် ဦးဆောင်လှုပ်ရှားသူလူငယ် တစ်ဦးဖြစ်သော ဦးမြတ်ကျော် က ''တောင်ဒဂုံတစ်မြို့နယ်လုံး အတိုင်းအတာနဲ့သွား မယ်။ နောက် ပိုင်းမှာ တခြားမြို့နယ်တွေကလဲ ဒီလိုလှုပ်ရှားမှုတွေ လုပ်လာမယ် ဆိုရင် ပြည်သူတွေ ဖွဲ့စည်း ပုံနဲ့ ပတ် သက်လို့ ပိုပြီး သိလာမယ်ထင် တယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကလဲ အဲ့ဒါပါပဲ''ဟုပြောသည်။
ဒီခေတ်နေ
Yangon Media Group

ကားဈေးကွက်တွင် ကျပ်သိန်းသောင်းချီ လိမ်လည်မှုဖြင့် အမှုဖွင့်ခံရသူ ရဲစခန်းသို့ လာရောက် အဖမ်းခံ

မန္တလေး မော်တော်ယာဉ် ဈေးကွက်တွင် အရောင်းအဝယ် ရပ်ဆိုင်းသည်အထိ အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သော ငွေကျပ် သိန်းသောင်းချီ လိမ်လည်မှုဖြင့် အမှုဖွင့်ထား ခံရသူ ဦးကျော်ခိုင်စိုးသည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် အမှတ် (၆) ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီအမှုနဲ့ ပတ်သက်ပြီး အာမခံပေးလို့ရတဲ့ ပုဒ်မ ဖြစ်နေတဲ့အတွက် အာမခံ ပေးလိုက်တာပါ။ နစ်နာတဲ့ သူတွေကိုလည်း လျော်ကြေး ပြန်ပေး သွားမယ်လို့ သိရတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ဆိုသည်။

ချမ်းအေးသာစံမြို့နယ် ဂေါဝန်ဆိပ် အနီးရှိ ခြံတစ်ခြံတွင် ယာဉ်အရောင်းအဝယ် ပြုလုပ်ကြရာ ယာဉ်အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ နစ်နာသူများကို ပြန်လည် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဦးကျော်ခိုင်စိုးက ပြောကြားသည်။

ယာဉ်ဝယ်ပေးမည်ဟုဆိုကာ ကျပ် ၁၁,၂၅၇ ဒသမ ၉ သိန်းခန့် လိမ်လည်မှုဖြင့် ဦးကျော်ခိုင်စိုးနှင့် ဇနီးကို ချမ်းအေးသာစံမြို့နယ်နေ ဦးအောင်ရဲလင်းက နယ်မြေ ရဲစခန်းအမှတ် (၆) တွင် (ပ) ၃၈၂/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့်၍ တိုင်တန်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လိမ်လည်မှုတွင် ဦးအောင်ရဲလင်း၏ ငွေများသာမက အခြားယာဉ် ရောင်းဝယ်ရေး လုပ်ကိုင်သူများ၏ ငွေများပါ ပါရှိကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။
“အခုထိတော့ သူ့ဆီက ဘာမှမသိရသေးပါဘူး။ ကျွန်တော်က သူ့ဆီက ကားသုံးစီး ဝယ်တယ်။ စလစ် မတပ်ရသေးတာပါ။ Owner Book ရရင် သူ့ကို ကားတစ်စီးကို ငွေ ၁၀ သိန်းပေးရမယ်။ အခု သူကရှောင်တော့ ကျွန်တော်တို့က ကုမ္ပဏီကို ဆက်သွယ်တယ်။ ကုမ္ပဏီက စာအုပ်လိုချင်ရင် သိန်း ၂၀ ပေးရမယ်လို့ ပြောတယ်။ တချို့လူတွေဆိုရင် ဘယ်ကုမ္ပဏီက ဝယ်တယ်ဆိုတာတောင် မသိရဘူး။ အဲဒီ ပွဲစားဝိုင်းက လူ ၁၀၀ ဆိုရင် ဒီလိုဖြစ်တာ ၇၀ လောက်ပါတယ်” ဟု ယာဉ် အရောင်းအဝယ် ပြုလုပ်သူ ဦးကျော်သူဆွေထွန်းက The Voice သို့ ပြောကြားသည်။

အထက်ပါ လိမ်လည်မှုဖြင့် အမှုဖွင့် ခံထားရသူ ဦးကျော်ခိုင်စိုးသည် အဆိုပါ ကာလခန့်က ငွေကြေး အခက်အခဲ ရှိခဲ့ကြောင်း၊ ယခုနစ်နာခဲ့သည့် ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများကိုလည်း ညှိုနှိုင်း ပြေလည်အောင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဦးကျော်ခိုင်စိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ဂေါဝိန်ဆိပ်အနီး ခြံတစ်ခြံ၌ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးထံသို့ ဝယ်ရောင်း လုပ်ကိုင်သူများ သွားရောက် အရောင်းအဝယ် လုပ်ကိုင်ခဲ့ရာမှ ယာဉ်ဈေးကွက်၏ အကြီးမားဆုံး လိမ်လည် တိမ်းရှောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွှတ်တည်း ပြောကြားသည်။

The Voice Weekly

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် OIC နိုင်ငံများ ရင်းနှီးမြှုပ်နှံ မှု ဒေသခံများ လက်မခံ

 အ ကောင်အထည်ဖော် ရန် ပြင် ဆင် နေပြီဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် OIC နိုင်ငံများလာ ရောက်ရင်းနှီးမြှုပ်နှံပါက လက် မခံနိုင်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူအထူးစီးပွား ရေးဇုန်ဆောင်ရွက်နိုင်ရန် ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများကို လာမည့် ဒီဇင်ဘာလအတွင်း တင်ဒါခေါ် ယူသွားမည် ဟု ကျောက်ဖြူအ ထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ မှထုတ်ပြန်ထားပြီး ယင်း သို့ရွေးချယ်ရာတွင် အစ္စလာမ်မစ် နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် OIC အဖွဲ့ဝင်နိုင်ငံများမှ လာ ရောက်ရင်းနှီးမြှုပ်နှံပါက စီမံကိန်း အား ပြင်းထန်စွာကန့်ကွက်သွား မည်ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

''ကျောက်ဖြူအထူးစီးပွား ရေးဇုန်လုပ်တာကိုတော့ ကြိုဆို ပါတယ်။ ဒါပေမဲ့ OIC ကို ဘာလို့ ထည့်ပြောရသလဲဆိုတော့ လက် ရှိ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေ တဲ့ပဋိပက္ခတွေနဲ့ယှဉ်ပြီး ပြောရ တာဖြစ်ပါတယ်''ဟု ကျောက်ဖြူ ဒေသခံ ဦးသိန်းဇော်က ပြော သည်။
အမေရိကန်ဒေါ်လာ၂ရရ သန်း ရင်းနှီးမြှုပ်နှံလုပ်ဆောင်ရန် ခန့်မှန်းထားပြီး ၂၀၁၄ ဧပြီလမှ စတင်ဆောင်ရွက် မည့် ကျောက် ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် OIC နိုင်ငံ များအနေဖြင့် တိုက်ရိုက် ဝင်ရောက် လာနိုင်ဖွယ်မရှိဘဲ အခြားအမည် ခံ၍ ဝင်ရောက်လာ နိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီအတွင်းရေးမှူး ဦးခိုင် ပြည်စိုးက ပြောသည်။

''OIC ဆိုင်းဘုတ်တွေကို ဖျောက်ပြီး တခြားဆိုင်းဘုတ်တွေ နဲ့ဝင်လာရင်သာ ဘာလုပ်မလဲဆို တာအရေးကြီးတယ်။ အစိုးရအ နေနဲ့ ပြည်သူတွေကို ဘယ်လောက် ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုရင် ဒီကိစ္စက အစိုးရအပေါ်မှာပဲမူတည် တယ်။ အစိုးရရိုးသားရင် ပြည်သူ တွေ အကျိုးရှိနိုင်မယ်''ဟု ယင်း ကပြောသည်။
ယင်းနှင့်ပတ်သက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ''တင်ဒါတင်တာ က တစ်ကမ္ဘာလုံးကတင်ခွင့်ရှိပါ တယ်။ တစ်ကမ္ဘာလုံးက တင်တဲ့ ဟာတွေကို ကျွန်တော်တို့သတ် မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေအတိုင်း ရွေးချယ်သွားမှာဖြစ် ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျွန် တော်တို့ လိမ္မာပါးနပ်စွာနဲ့ လုပ် ဆောင်သွားမှာပါ'' ဟု ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group

တင်မိုးလွင်၏ ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသူဘဝ


“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ တက်ပြီးတော့ အချိန်ခဏလေးနေပြီး ပြန်ပိတ်တယ်၊ ပြန်ဖွင့်တယ်၊ ပြီးတော့ အကြာကြီး ပြန်ပိတ်သွားတဲ့နှစ်လည်း ဖြစ်ပါတယ်”

တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ် အခြေအနေတစ်ခုကို ပြောပြနေသူမှာ မြန်မာနိုင်ငံ၏ မော်ဒယ်လ်ခေတ်ဦးတွင် မော်ဒယ်လ်တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့ပြီး လက်ရှိတွင် မော်ဒယ်လ် သင်တန်းကျောင်း တည်ထောင် သင်တန်းပို့ချ ပေးနေသူ၊ မော်ဒယ်လ် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ၊ အစီအစဉ် တင်ဆက်သူအဖြစ် အောင်မြင်စွာ ရပ်တည်နေသူ တင်မိုးလွင် ဖြစ်သည်။ သူသည် ရန်ကုန် စက်မှုတက္ကသိုလ် Mechanical ဘာသာရပ် အထူးပြုဖြင့် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
“မမိုးရဲ့ ပထမဆုံး တက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ ပထမဦးဆုံး ခဏတက်လိုက်၊ ပြန်ပိတ်လိုက်၊ ခဏတက်လိုက်၊ ပြန်ပိတ်လိုက်နဲ့ သုံးနှစ်ကြာပါတယ်။ ပထမနှစ်မှာတင် သုံးနှစ်ကြာခဲ့တာပေါ့”

ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသူဘဝကို ယင်းသို့သော အချိန်အခါနှင့် အခြေအနေတွင် ဖြတ်သန်းခဲ့သူ၊ တက္ကသိုလ် ကျောင်းသူဘဝကို အချိန်ပိုမို ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသော သူ၏ အတွေ့အကြုံများက ခေတ်ကာလ အခြေအနေနှင့် ကျောင်းသားဘဝ၊ ပညာရေးဘဝတို့ကို ဖော်ပြနေ သည်။ သူပြောပြနေသော သူတို့ကျောင်းသားဘဝ၊ သူကိုယ်တိုင်ပြောသော သူတို့ ပညာရေး အကြောင်းမှာ ဤသို့ ...။



“တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ ဟန်ပန်တွေ၊ စတိုင်တွေဝင်အောင်လို့ သင်ပေးကြတာပေါ့”

အစ်မတက္ကသိုလ် တက်ခဲ့ရတာက ဆယ်နှစ် ဖြစ်သွားတာပေါ့။ မမိုးတို့ရဲ့ Yangon Institute of Technology က ခြောက်နှစ် တက်ရတယ်။ ပြီးတော့ ခုနက ပြောပြခဲ့တာ ထဲကပေါ့ Delay ဖြစ်တာက သုံးနှစ်ကြာတယ်ဆိုတော့ ကိုးနှစ်ပေါ့။ မမိုးကလည်း Fifth Year မှာ တစ်နှစ်ကျတယ်ဆိုတော့ တက္ကသိုလ်မှာ ဆယ်နှစ်ကြာခဲ့တာပေါ့။ ပထမဦးဆုံး First Year မှာတော့ အရမ်းပျော်ခဲ့တယ်။ မတက်ခင်တုန်းကလည်း အိမ်ကအများကြီး ပြင်ဆင်ပေး၊ ပံ့ပိုးပေးခဲ့တယ်။ အဝတ်အစားကအစ၊ လမ်းလျှောက်ပုံ လျှောက်နည်းကအစ၊ လွယ်အိတ်၊ ကွန်ပါဘူး အကုန်လုံးပေါ့။ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ ဟန်တွေပန်တွေ စတိုင်တွေ ဝင်အောင်လို့ သင်ပေးကြတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီခေတ်တုန်းက ဒီလိုမျိုးတက္ကသိုလ် တက်ရောက်ရတယ်ဆိုတော့ အိမ်ကလည်း ဂုဏ်ယူကြတယ်လေ။ အဲဒီတော့ ပထမနှစ် တက်တက်ချင်း သုံး၊ လေးလလောက်ကတော့ အရမ်းကို ပျော်စရာနဲ့ ဂုဏ်ယူစရာပေါ့နော်။ အဲဒီ နောက်မှာ အရေးအခင်းတွေဖြစ်တော့ အရမ်းကြောက်ပြီးတော့ ကိုယ့်ပညာရေးတောင် ဆုံးခန်းတိုင်ပါ့မလား လို့တောင် စိတ်ပူခဲ့မိပါတယ်။ အကြာကြီး ပိတ်တဲ့အခါကျတော့ ပုံမှန်ဆိုရင် ဘွဲ့ရခါနီး အချိန်၊ ဘွဲ့ရသွားနိုင်လောက်တဲ့ အချိန်မှာ ဒီပထမနှစ်နဲ့ တစ်နေတယ်ဆိုတော့၊ ပြီးတော့ ပညာရေး တိုးလိုးတန်းလန်း ဖြစ်မယ်လို့ ဗေဒင်က ပြောထားတာလေးလည်းရှိတော့ စိတ်ပူတာပေါ့။ ကြားထဲမှာတော့ ပြန်ဖွင့်မလား၊ မဖွင့်မလားဆိုတဲ့ တက္ကသိုလ်ကို မမျှော်လင့်တော့ဘဲ တခြားကိုယ်တက်လို့ရမယ့် ဘာသာတွေ၊ Language သင်တန်းတွေ တက်တယ်။ ကွန်ပျူတာတွေ၊ ပြီးတော့ အိမ်တွင်းမှု ဘာသာတွေ၊ စိုက်ပျိုးရေး ဘာသာတွေ သင်ခဲ့တယ်။ ပြီးတော့မှ ပြန်တက်ခွင့်ရတယ်။

ပြန်တက်ခွင့်ရလို့ ပြန်တက်တဲ့အချိန်မှာ ပထမဆုံး ခံစားမိတာကတော့ စိတ်မကောင်းတာပါပဲ။ သုံး၊ လေး၊ ငါးလလောက် တက်ခဲ့ရတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ Taste နဲ့ အများကြီး ကွဲပြားခြားနားသွားတယ်။ လူတွေ လျော့သွားတယ်ဆိုတော့ အရမ်းပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်ပိုင်း နှစ်ရှည် ပြန်တက်တဲ့ အချိန်တွေမှာလည်း အထိတ်တလန့် လေးတွေတော့ ကြုံခဲ့ရတာပေါ့။ ဒါပေမဲ့လည်း ကျောင်းပြီးအောင်တော့ ဆက်တက်ခဲ့ပါတယ်။ အဲ့လိုပဲ Fifth Year မှာ ကျတဲ့အခါမှာလည်း အမေကပြောတယ်။ အဲဒီလိုသာ ထပ်ထပ်ကျနေမယ်ဆိုရင် အသက်တွေ ကြီးနေပြီ။ အလုပ်လုပ်ဖို့ နောက်ကျမယ်။ နောက်ပြီး ပညာရေးကလည်း တစ်ခါရပ်တန့်ခဲ့ရ ပြီးပြီပေါ့။ နောက် ပြီးတိုင်းပြည်ရဲ့ အခြေအနေက ဘယ်လို လာဦးမလဲဆိုတာ မသိနိုင်ဘူးပေါ့။ နောက် တစ်ခါထပ်ဖြစ်ရင် ဘွဲ့မရဘဲနေမယ်။ နောက်တစ်ခါတော့ မကျစေနဲ့လို့ ဖိအားတွေပေးတယ်။ ပြောပြတယ်ပေါ့။

“များပြားလှတဲ့ စွယ်တော်တောရှိတယ်”

တက္ကသိုလ်တက်ခဲ့ရတဲ့ တောက်လျှောက်တော့ အရမ်းပျော်ပါတယ်။ ကျောင်းတက်ဖို့ သွားရတာဆိုရင် အရမ်းဝေးပြီးတော့ မမိုးတို့အိမ်က ဘတ်စ်ကား သုံးဆင့်စီးရတယ်။ ရောက်ဖို့ဆိုလည်း အိမ်ကစောစော ထသွားရတယ်။ ကျောင်းဆင်းပြီးလို့ ပြန်လာရင်လည်း တော်တော်နောက်ကျမှ အိမ်ကိုပြန်ရောက်တယ်။ ဒါပေမဲ့လည်း ကျောင်းကို သွားချင်ပါတယ်၊ ဂုဏ်လည်း ယူပါတယ်။ ကိုယ်က အင်ဂျင်နီယာတစ်ယောက် အဖြစ် ရပ်တည်နိုင်မယ့် အင်ဂျင်နီယာ ဘာသာကို သင်ကြားပေးတဲ့ ဒီလိုကျောင်းတော်ကြီးမှာ သင်ယူရတယ်ဆိုတာ တအားဂုဏ်ယူရပါတယ်။ ကိုယ့်ကျောင်းရဲ့ တိုင်လုံးကြီးတွေက အရမ်းကို ခိုင်မာပြီး အဲ့လို ခိုင်မာမှုတွေ ကြည့်ပြီးတော့ ကိုယ့်စိတ်ဓာတ်တွေလည်း ခိုင်မာလာတယ်။ ကိုယ့်ကျောင်းကြီးရဲ့ ကြီးမားတဲ့ အဆောက်အအုံကြီးတွေ ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လည်း အရမ်းကို ထည်ဝါပြီးတော့ Grand ကျတယ်လို့လည်း မြင်လာပါတယ်။ 
နောက်ပြီးတော့ မမိုးတို့ တက္ကသိုလ်မှာ များပြားလှတဲ့ စွယ်တော်တောရှိတယ်။ အဲလိုမျိုး စွယ်တော်ပင်တွေက တက္ကသိုလ်နယ်မြေ အတွင်းက အမှတ်တရတွေပေါ့။ 
ကျောင်းဆောင်တိုင်းရဲ့ ကော်ရစ်ဒါတွေဆိုရင် မမိုးတို့ ခြေမချဖူးတဲ့ နေရာမရှိဘူး။ အဲဒီမှာ အမှတ်တရဖြစ်တဲ့ အလေ့အထလေးကတော့ မြားပစ်တဲ့ အလေ့အထလေးပါပဲ။ မကျွမ်းကျင်တဲ့ ကျောင်းသားတွေကတော့ မြားတုံးတုံးလေးတွေနဲ့ပေါ့။ ကျောင်းပြီးချိန် ရောက်လာတာနဲ့အမျှ မြားပစ်တာလည်း တော်တော် ကျွမ်းကျင်လာတယ်။ မြားလုပ်တာလည်း အရမ်းကျွမ်းကျင်လာတယ်။ အဲဒါလေးကတော့ တကယ့် အမှတ်တရပါ။

“အခက်အခဲတွေတော့ ကြုံခဲ့ရတယ်”

အစ်မတို့တုန်းက အဲ့လိုမျိုးတွေ ကြုံတော့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ရမှာလဲဆိုတဲ့ အခက်ခဲတွေတော့ ကြုံခဲ့ရရတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ ဘာမှပြောလို့ မရဘူးလေ။ အဲ့ဒါနဲ့ ဒီမှာပဲ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး စာဆက်သင်မယ်လို့ပဲ ဆုံးဖြတ်ပြီး ဆက်သင်ဖြစ်သွားတာပါ။ မမိုးတို့ ညီအစ်မသုံးယောက် ရှိတဲ့အထဲမှာ ညီမနှစ်ယောက်ကို အမေက နိုင်ငံခြားကို လွှတ်လိုက်တယ်။ မမိုးကတော့ လိုင်းကောင်းတော့ ဒီမှာပဲ ပြန်ဖွင့်နိုး၊ ပြန်ဖွင့်နိုးနဲ့ စောင့်ရင်းနဲ့ ဆက်တက်ဖြစ်သွားတာပေါ့။

“ဘဝတက္ကသိုလ်လို့လည်း သတ်မှတ်ထားပါတယ်”

တက္ကသိုလ်တက်စဉ် အချိန်တုန်းကတော့ ဆရာတွေ၊ ဆရာမတွေ အားပေးမှုကို အများကြီး ရခဲ့ပါတယ်။ ဆရာတွေက မမိုးတို့လို ကျောင်းသူ ကျောင်းသားတွေကို အရမ်းဂရုစိုက်တယ်။ အားလုံးကိုလည်း တစ်ပြေးတည်း၊ တစ်သားတည်း နွေးနွေးထွေးထွေး ဆက်ဆံတယ်။ အရမ်းခက်ခဲတဲ့ ဘာသာရပ်တွေ ဖြစ်ပေမယ့် ကျောင်းသားတွေရဲ့ စိတ်တွေ လေးပင်မနေအောင် အဘက်ဘက်က ဂရုစိုက်တယ်။ သင်ကြားပေးတယ်။ အင်ဂျင်နီယာ ဘာသာရပ်ဆိုတာ တိုင်းပြည် တိုးတက်အောင် စက်မှု အခန်းကဏ္ဍကနေ အရမ်းအရေးပါတဲ့ ဘာသာရပ်ပါ။ ကိုယ့်ဘက်က တခြားနိုင်ငံတွေနဲ့ ယှဉ်နိုင်အောင် စံမီအောင် သင်ပေးတယ်။ ကာလကလည်း ခြောက်နှစ်တာကာလ တက်ရတာဆိုတော့ အရမ်းကို ကောင်းကောင်းမွန်မွန် သင်ကြားပေးပါတယ်။ မမိုးတို့နဲ့ အတန်းတူ သူငယ်ချင်းတွေ၊ စီနီယာကြီးတွေကလည်း တကယ့်ကို နိုင်ငံခြားမှာရော၊ ပြည်တွင်းမှာပါ နေရာကောင်းကောင်းကို ရောက်နေကြပြီ။ 
နောက်တစ်ခုကကျတော့ နှစ်ရှည်လများ တက်ရတာဆိုတော့ ကျောင်းသူ ကျောင်းသား Life အနေနဲ့သာမကဘဲ ဘဝရဲ့ အသိပညာ၊ အတတ်ပညာတွေပါ သင်ကြားပေးတဲ့ ဘဝတက္ကသိုလ်လို့လည်း သတ်မှတ်ထားပါတယ်။ အဲဒီတုန်းက အင်ဂျင်နီယာဘာသာ ရပ်တစ်ခုတည်း မဟုတ်ဘဲ ကွန်ပျူတာတို့လို ပညာရပ်တွေပါ သင်ကြားပေးတော့ ဒီဘက် ခေတ်မှာလည်း အရမ်းကို ကောင်းမွန်တဲ့ အထောက်အကူတွေ ရပါတယ်။

“ဆေးကျောင်းထက်တောင် မြင့်သွားပြီပေါ့”

ဒီနေ့ခေတ် ဆိုရင်တော့ Standard တွေလည်း ကွာသွားတာပေါ့။ နိုင်ငံတကာကလည်း ၁၉၉၆ အထိပဲ မြန်မာပြည်က အင်ဂျင်နီယာတွေကို လက်ခံတယ်ပေါ့။ အဲ့လိုမျိုး စင်ကာပူမှာတောင် Limit ထားတယ်။ ဒီနောက်ပိုင်းဆိုရင် စံနှုန်းမမီတော့ဘူးလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့လည်း အခုနှစ်ကနေစပြီး မမိုးတို့ သင်ကြားခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကြီးကို ခြေချခွင့်ရပြီ။ ဂုဏ်ယူစရာ နောက်တစ်ခုကတော့ ဒီနှစ်ရဲ့ အင်ဂျင်နီယာကျောင်းကို တက်ရောက်ခွင့် ရဖို့အတွက် အမှတ်က ဆေးကျောင်းထက်တောင် မြင့်သွားပြီပေါ့။ 
အမှန်တော့ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့၊ ကွန်ပျူတာ တက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့ တော်ရုံ ဦးနှောက်နဲ့တော့ မရပါဘူး။ ဒါပေမဲ့ Professional Institute တွေ အားလုံးက တကယ်ကိုတော်တဲ့ အရည်အချင်း ပြည့်ဝတဲ့သူတွေ မွေးထုတ်ပေးနိုင်လို့ မမိုးကတော့ တကယ်ကျေနပ်ပါတယ်။



“အများကြီး ပြောင်းလဲပစ်ဖို့ လိုသေးတယ်လို့ ထင်တယ်”

အခုခေတ် ပညာရေးစနစ်ကတော့ အများကြီး ပြောင်းလဲပစ်ဖို့ လိုသေးတယ် လို့ထင်တယ်။ ဥပမာ-အမေရိကန်နိုင်ငံ တိုးတက်တယ်ဆိုတာဟာ သူကပညာရေး Foundation အရမ်းကောင်းတာပါ။ နောက်ပြီးတော့ တက်လာတဲ့ အမေရိကန် သမ္မတတိုင်းဟာလည်း နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်ခွင့် ပြုနိုင်မယ့် လူငယ်တွေရဲ့ ပညာရေးကို အရမ်းဦးစားပေးတယ်။ ထိုင်းနိုင်ငံမှာလည်း ကွန်ပျူတာကိုင်ဖို့ အဆင့်ရှိတဲ့ လူငယ်တိုင်းကို ကွန်ပျူတာ တစ်လုံးစီ ပေးထားတဲ့ စနစ်မျိုးကျင့်သုံးတယ်။ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘက်စုံအရေးတွေကို ပံ့ပိုးပေးနိုင်တဲ့ အတွက်ကြောင့် ပညာရေးက နိုင်ငံတစ်နိုင်ငံမှာ အရမ်းအရေးကြီးပါတယ်။ မမိုးတို့နိုင်ငံဟာ ပညာရေးကို နောင်ဆယ်စုနှစ် နှစ်စုလောက်မှာ သေချာအုတ်မြစ်ချနိုင်ရင် သူများနိုင်ငံတွေလိုပဲအမီလိုက်နိုင်မှာပါ။

မမိုးတို ကျောင်းတော်ကြီး အရင်လို ပြန်လည် စိုပြည်ဖို့က ပညာတက်ရောက် သင်ယူဖို့ ကျောင်းသူ ကျောင်းသားများများ လိုပါတယ်။ ဆရာအင်အားများများ၊ နောက်ပြီးတော့ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ ကောင်းမွန်တဲ့ Facilities တွေသာ ရှိမယ်ဆိုရင် အမြန်ဆုံး ပြန်လည် စိုပြည်လာမယ်။ ကျောင်းတော်ကြီး စိုပြည်လာတာနဲ့အမျှ နိုင်ငံအတွက် အသီးအပွင့်တွေ အများကြီး ပေါ်ထွက်လာမှာပါ။ တကယ်ကို အရည်အချင်း ပြည့်ဝတဲ့ အင်ဂျင်နီယာတွေနဲ့ တိုင်းပြည်ရဲ့ စနစ်ကလည်း ကောင်းမွန် မှန်ကန်လာမယ်ဆိုရင် တိုင်းပြည်မှာ အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေကလည်း နိုင်ငံတကာ အဆင့်မီ ဖြစ်ထွန်းလာမှာပါ။

“ဂုဏ်သိက္ခာကို ထိခိုက်မယ့် အပျော်မျိုး မကျူးလွန်မိပါစေနဲ့”

မမိုးအရင်ဆုံး ပြောချင်တာကတော့ ကိုယ်က ဒီစက်မှုတက္ကသိုလ်ကို တက်ခွင့် ရပြီဆိုတာနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စွာနဲ့ ဂုဏ်ယူလိုက်ပါ။ ပြီးရင် တက်နေစဉ်ကာလ တစ်လျှောက်လုံးမှာလည်း ကိုယ့်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် ကြံဆောင်ပါ။ ကျောင်းနေစဉ်မှာ အပျော်အပါးတွေရှိတာ မှန်ပေမယ့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ့် အပျော်မျိုး မကျူးလွန်မိပါစေနဲ့။ အရာရာကို ချင့်ချိန် တိုင်းဆ တွက်ချက်ပြီးမှ တည်ဆောက်ရတာ အင်ဂျင်နီယာပါ။ အဲ့ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ် အဆင့်ဆင့် ချင့်ချိန်ပြီးမှ အလုပ်လုပ်ပါလို့ ပြောချင်ပါတယ်။


အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီ ကြွချီရာ ညောင်ရွှေမြို့သို့ ဆိုက်ရောက် (ရုပ်/သံ)

(အင်းလေး ဖောင်တော်ဦးဘုရား၊ ရုပ်ပွားတော်များ ညောင်ရွှေမြို့သို့ ဆိုက်ရောက်လာစဉ် )


ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန်းဟူးရွာစံ ကျောင်းတော်မှ ဆင်းသက်၍ အင်းတိမ်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်း၊ လင်းကင်း စသည့် ကျေးရွာစံ ကျောင်းများမှ တစ်ဆင့် အပူဇော်ခံ ဒေသစာရီခရီး ကြွချီလာရာ အောက်တိုဘာ ၁၁ ရက်၊ နံနက် ၈ နာရီခွဲတွင် ညောင်ရွှေမြို့၊ နမ့်ကတ်ချောင်း၊ ဖောင်တော်ဆိုက် ကျောင်းတော်သို့ ရောက်ရှိလာသည်။

အောက်တိုဘာ ၁၀ ရက်၊ ညကျိန်းစက် အပူဇော်ခံရာ လင်းကင်းကျေးရွာ စံကျောင်းမှ နံနက် ၇ နာရီတွင် စတင်ကြွချီ ခဲ့ခြင်းဖြစ်ပြီး အင်းလေး ကန်မကြီးကို ဖြတ်ကာ အနောက် ချောင်းလမ်းမှ တစ်ဆင့် နမ့်ကတ်ချောင်းသို့ တစ်စင်းလျှင် လှေလှော်သား ၆၀ မှ ၁၀၀ ကျော်အထိ ပါဝင်သည့် အင်းသားရိုးရာ မတ်တတ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်သည့် ဆွဲလှေ ၂၉ စင်းဖြင့် ဖောင်တော်ဦး ရုပ်ပွားတော်များ တင်ဆောင်ထားသည့် ကရ၀ိက် ဖောင်တော်အကြီးနှင့် အငယ်ကို ဆွဲယူခဲ့ခြင်း ဖြစ်ကြောင်း ပင့်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

ညောင်ရွှေ နမ့်ကတ်ချောင်းဆိပ်ကမ်း ဖော်တော်ဆိုက် ကျောင်းတော်သို့ အရောက်တွင် ဆရာတော်၊ သံဃာတော်ကြီးများ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသား ၀န်ကြီးဦးဝင်းမြင့်၊ စစ်ဘက်နှင့် ဌာနဆိုင်ရာ အရာရှိများက ရွှေဝေါများဖြင့် ပင့်ဆောင်၍ ကမ်းခြေရှိ ဘော်နန်းပြာသာဒ် ယာဉ်ပေါ်သို့ တင်ဆောင်ပေးခဲ့ကြပြီး ဖောင်တော်ဦး ရုပ်ပွားတော်များ တင်ဆောင်ထားသည့် ဘော်နန်းပြာသာဒ် ယာဉ်အား ဆရာတော် သံဃာတော်များ၊ ယောဂီအဖွဲ့၊ ဓမ္မစကြာအဖွဲ့များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ကျောင်းသူ ကျောင်းသားများနှင့် လုပ်သား ပြည်သူများက ပိတ်ဖြူကြိုးဖြင့်ဆွဲ၍ ညောင်ရွှေမြို့တစ်ပတ် အပူဇော်ခံပြီး ညောင်ရွှေမြို့ စံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။

ညောင်ရွှေမြို့ စံကျောင်းတော်သို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များ၊ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသ ခံပြည်သူများ၊ ဧည့်သည်တော်များက နေ့ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေနှင့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကြသည်။

ဆက်လက်၍ ညောင်ရွှေမြို့၊ နမ့်ကတ်ချောင်းတွင် အင်းသားရိုးရာ ခြေထောက်နှင့် မတ်တတ်၍ လှော်ခတ်သည့် လှေပြိုင်ပွဲကို ကျင်းပရာ အမျိုးသမီး ၂၆ တက်၊ အမျိုးသား ၄၆ တက်၊ အမျိုးသားရာကျော် လှေပြိုင်ပွဲများ ကျင်းပခဲ့ပြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြသည်။

အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်မြတ်များသည် ညောင်ရွှေမြို့တွင် အောက်တိုဘာ ၁၁၊ ၁၂၊ ၁၃ ရက် သုံးရက်သုံးည ကျိန်းစက် အပူဇော်ခံမည်ဖြစ်ပြီး ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်၊ ကြည့်ချင်ပွဲများ၊ ချား၊ ရဟတ်၊ ဘော်လီဘော ပြိုင်ပွဲများ၊ ပြခန်းများ၊ ဒေသခံ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒေသခံရိုးရာ အစားအသောက် ဆိုင်များ၊ ရပ်နီး၊ ရပ်ဝေးမှ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များဖြင့် စည်ကားစွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၁ ရက်၊ နံနက် ၈ နာရီက အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီရာ ညောင်ရွှေမြို့၊ နမ့်ကတ်ချောင်းတွင် လူ ၄၀ ဦးခန့် စီးနင်းလိုက်ပါသည့် ဆွမ်းတော်ပို့ သရုပ်ပြလှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ မကြွလာမီ ၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ လုပ်သား ပြည်သူများအား ရွာမကျေးရွာမှ ဆွမ်းတော်ပို့ ယိမ်းအကများဖြင့် ဖျော်ဖြေရင်း လှေအတွင်းသို့ ရေ၀င်ရောက် တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လှေနောက်မြီး အနည်းငယ် ကျိုးပဲ့သွားသည်မှအပ အခြားပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း၊ လူသေဆုံးမှု မရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

EMG

တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ေ၈ဟာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့


၂၀၁၃အောက်တိုဘာ ၁၁ ရက်နေ့ ည ၈နာရီ ၅၀ အချိန် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ေ၈ဟာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါဧည့်ဂေဟာ၏ အပေါ်ထပ်အခန်းနံပါတ် (၆)မှပေါက်ကွဲခဲခြင်းဖြစ်ပြီး ယင်းအခန်းတွင် တည်းခိုသူ မြို့မ(၄) ရပ်ကွက် ညောင်လေးပင်မြို့နေသူများဖြစ်ကြသော မယုယုခိုင်(ဘ) ဦးသိန်းဝင်း( ၂၄ နှစ်) မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မငြိမ်းသီတာ(ဘ) ဦးခင်မောင်သန်း(၂၇) မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး တောင်ငူခရိုင် ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ၄င်းအခန်း ၆ နှင့် ကပ်လျှက် အခန်း (B) တွင် တည်းခိုသူ တောင်ငူမြန်မာ့မီးရထားတပ်ခွဲ(၁၀)မှရဲတပ်သား နေမျိုးကျော် (၂၉နှစ်) (ဘ)ဦးကျော်လွင် ဌက်ပျောတောကျေးရွာ လယ်ဝေးမြို့နေသူမှာ ပွဲချင်းပြီးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။ ည ၁၁ နာရီ ၃၀ အချိန်မှာ မယုယုခိုင် ထပ်မံသေဆုံးသွားကြောင်း သိရသည်။ သတင်းဓာတ်ပုံ - ICJ မင်းထက်ကျော်

ကမ္ဘာကြီး ဟန်ချက် ပျက်ဦးမည်လော


Saturday, October 12, 2013

သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ ၂၈၈၀ ပြည့်နှစ် မတ်လ ၁၆ ရက်တွင် ကမ္ဘာကြီးကို အလွန်ကြီးမားသည့် ဂြိုဟ်ငယ်တစ်ခုက တစ်နာရီလျှင် ၃၈၀၀၀ မိုင်နှုန်းဖြင့် အရှိန်ပြင်းပြင်း ၀င်ဆောင့်ရန်အလားလားရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဆယ်စုနှစ် အနည်းငယ်ကြာလျှင် ကမ္ဘာပျက်မည့် ကောလဟလာများ ထွက်လာလေ့ရှိသည်။ Y2K ကိစ္စ၊ မာယာပြက္ခဒိန် အရှုတ်တော်ပုံများတွင် ဇာတ်သိမ်းခန်း၌ ရယ်ဖွယ်ဖြစ်ရပ်များနှင့်သာ အဆုံးသတ်လေ့ရှိ ခဲ့သည်။ သို့သော် သဘာဝဘေး အန္တရာယ်များမှာမူ ထိုသို့ မဟုတ်ပေ။ AD 1950 ပြည့်နှစ် ဖေဖော်ဝါရီလ ၂၃ရက်က အလားတူ ဂြိုဟ်သိမ်တစ်ခု ကမ္ဘာကို ၀င်တိုက်ခဲ့ဖြင့် ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။

ယခု ဂြိုဟ်ငယ်မှာမူ လမ်းကြောင်းမပြောင်းခဲ့လျှင်၊ ဖျက်ဆီးမှု ကြိုတင် မပြုနိုင်ခဲ့လျှင်၊ ပညာရှင်တို့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် လက်ရှိ ကမ္ဘာကြီးသည် 0.3 % အထိ ပြောင်းလဲမှုများနှင့် ကြုံတွေ့ရဖွယ် ဖြစ်သည်။ အကြောင်းမှာ ယင်းဖြစ်စဉ်သည် ၄၄၈၀၀ မီဂါတန်မျှရှိသော ဗုံးတစ်လုံး ပေါက်ကွဲသည့် နှယ် အဖျက်စွမ်းအား ကြီးမားသော ကြောင့် ဖြစ်သည်။

ယခုဂြိုဟ်ငယ်၏ အချင်းသည် တစ်မိုင်၏ သုံးပုံနှစ်ပုံခန့်အထိ ကြီးပြီး စက္ကန့်တွင် ၉မိုင်နှုန်းဖြင့် ချည်းကပ်လျှက် ရှိသည်။

Ref; Mail-online(UK)
မြန်မာ့ခေတ်

ရခိုင်ပြည်နယ်ရှိ အစိုးရ မဟုတ်သော အဖွဲ့များကို ပြန်လည် စိစစ်ရန် အစိုးရကို တောင်းဆိုမည်ဟုဆို


နေပြည်တော်၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် နှစ်ပေါင်း ကြာမြင့်စွာ ဝင်ရောက် လုပ်ကိုင်နေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် အစိုးရ မဟုတ်သည့် ပြည်တွင်းပြည်ပ NGO, INGO အဖွဲ့အစည်းများကို ပြန်လည် စိစစ်ရန် အစိုးရကို တောင်းဆိုမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် NGO, INGO အဖွဲ့ပေါင်း ၅၀၀ ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်အတွင်း ၁၉ ဖွဲ့ ဝင်ရောက် လုပ်ကိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုသော်လည်း ဒေသခံလူထု၏ တင်ပြချက်အရ အဖွဲ့ပေါင်း ၈၀ နီးပါးအထိ ရှိနေကြောင်း ဒေါ်ခင်စောဝေက ရှင်းပြသည်။
“အဲဒီအဖွဲ့တွေက ဘယ်ကပိုက်ဆံတွေရပြီး ဘာတွေ လုပ်နေတယ်ဆိုတာ ပြန်စိစစ်ပေးစေ ချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်နေသည့် NGO ၁၅ သင်းနှင့် INGO လေးသင်းရှိပြီး ယင်းအဖွဲ့အစည်းများကို အမည်စာရင်းများနှင့်တကွ အသေးစိတ် မှတ်တမ်း တင်ထားကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ ငွေရေးကြေးရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မှတ်တမ်းများ ထားရှိပြီး တောင်းယူ ကြည့်ရှုနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့အပြင် လစဉ် အစီရင်ခံစာနှင့် လေးလတစ်ကြိမ် အစီရင်ခံစာများကို NGO, INGO အဖွဲ့အစည်း အသီးသီးက အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာနသို့ တင်ပြရကြောင်း၊ ငွေကြေး သုံးစွဲမှုမှာလည်း အဆိုပါဝန်ကြီးဌာနထံ တင်ပြသဘောတူပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
The Voice Weekly

လိုင်းကားများဖျက်သိမ်းအပ်နှံပါက မီနီဘတ်စ်နှင့် စီးတီးဘတ်စ်များအစားထိုးတင်သွင်းခွင့်ရ


[ ဝေယံ ၊ ရန်ကုန် ၊အောက်တိုဘာ ၁၀ ]

ခရီး သည်တင်လိုင်းများတွင် ပြေးဆွဲနေ သောယာဉ်များကို ဖျက်သိမ်းအပ် နှံပါက Mini Bus သို့မဟုတ် City Bus ကြိုက်နှစ်သက်ရာအစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ အရသိရသည်။
အဆိုပါကားအမျိုးအစား နှစ်ခုကို ကြိုက်နှစ်သက်ရာအစား ထိုးတင်သွင်းခြင်းပြုလုပ်ရာတွင် ခရီးသည်တင်ယာဉ်လိုင်းများ၌ ပြေးဆွဲနေသော ဟိုင်းလတ်၊ ပစ် ကပ်နှင့် လိုက်ထရပ်ယာဉ်များကို ဖျက်သိမ်းအပ်နှံရာတွင် တင်သွင်း ခွင့်ပြုခြင်းဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ''ခရီးသည်တင်လိုင်း မှာသုံးတဲ့ကားတွေဖြစ်တဲ့အတွက် Mini Bus အပြင် City Bus ကား ကြီးတွေကိုပါသွင်းတာက ပိုအ ဆင်ပြေစေမှာဖြစ်တဲ့အတွက် ကြောင့် ဒီလိုတင်သွင်းခွင့်ပြုလိုက် တာပါ''ဟုပြောသည်။
ယင်းသို့ အစားထိုးတင်သွင်း ခြင်းဆောင်ရွက်ရာတွင်လည်း အငှားယာဉ်အဖြစ် ပြန်လည်အစား ထိုးတင်သွင်းရမည်ဖြစ်ပြီး ခရီး သည်တင်ယာဉ်လိုင်းများတွင်သာ ပြန်လည်ပြေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ခရီးသည်တင်လိုင်း များတွင်ပြေးဆွဲနေသော ဟိုင်း လတ်၊ ပစ်ကပ်နှင့် လိုက်ထရပ်ယာဉ် အမျိုးအစားများကို ဖျက်သိမ်း အပ်နှံပြီး အစားထိုးတင်သွင်းရာ တွင် ခရီးသည်တင်လိုင်းများ၌ ပြန် လည်ပြေးဆွဲရန်အတွက် Mini Bus ယာဉ်များကိုသာတင်သွင်း ခွင့်ပြုခဲ့ရာမှ ခရီးသည်တင်ယာဉ် လိုင်းပြေးဆွဲယာဉ်ဖြစ်၍ ယခုအ ခါတွင် ငြညင ကျြ သို့မဟုတ် City Bus ကြိုက်နှစ်သက်ရာတင် သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယင်းသို့တင်သွင်းခွင့်ပြု ခြင်းနှင့်ပတ်သက်၍ ၃၁ ယာဉ် လိုင်းပိုင်ရှင် ဦးမျိုးဝင်းက ''အခု လို တင်သွင်းခွင့်ပြုလိုက်တဲ့အ တွက် ပိုအဆင်ပြေသွားတာပေါ့။ ခရီးသည်တွေလဲ အဆင်ပြေပြေ သွားလာနိုင်တာပေါ့။ ခရီးသည် တင်ယာဉ်လိုင်းတွေဖြစ်တဲ့အတွက် ငြညင ကျြ အပြင် ဃငအပ ကျြ ကိုပါ တင်သွင်းခွင့်ပြုလိုက်တာက ပို ကောင်းပါတယ်''ဟုပြောသည်။
ယခု ရန်ကုန်မြို့တွင်း ဖြစ် ပေါ်နေသော ခရီးသည်တင်ယာဉ် လိုင်း မတော်တဆမှုများတွင် ဟိုင်း လတ်၊ ပစ်ကပ်နှင့်လိုက်ထရပ်ကား အမျိုးအစားများက အများဆုံး ဖြစ်ကာ ယင်းကားများကို ယာဉ် အိုဟောင်း အစားထိုးစီမံချက်ဖြင့် Mini Bus နှင့် City Bus ကားများ အဖြစ် တင်သွင်းခွင့်ပြုခြင်းသည် ယာဉ်အန္တရာယ်များကို လျော့ကျ စေနိုင်ပြီး ယခင် Mini Bus ကို သာ တင်သွင်းခွင့်ရရာမှ ယခုကဲ့ City Bus ကားများကိုပါ တင် သွင်းခွင့်ပြုလိုက်ခြင်းသည် သယ် ယူ ပို့ဆောင်ရေးလုပ်ငန်းများ ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရ သည်။
Yangon Media Group

ကျန်းမာရေး ဆိုတာ...


ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။

Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။

ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေး ကလည်း လူကို တော်တော် နှိပ်စက်တာ ပါ။ ဇူလိုင်လ ကုန်ခါနီးအပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ Biopsy သွားလုပ်တော့ ဓာတ်ခွဲခန်း က အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲလို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲ ဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။

ကဲ ဘာတတ် နိုင်မှာလဲ ပေးဆိုပေးရုံပေါ့။ စစ်နေတုန်း ဘုရားတရား မြဲလိုက်ပုံတော့ ပြော မနေနဲ့တော့ လူဆိုတာတော့ သေမှာ ကြောက်တဲ့ အမျိုးချည်းပဲပေါ့။

အဖြေရတော့မယ့်နေ့ နေ့လယ်မှာ ဓာတ်ခွဲစစ်ဆေးတဲ့ ဆေးရုံက ဖုန်းဆက် တယ်။ ကျွန်မရင်တွေလည်း ခုန်နေလိုက် တာ တဒုန်းဒုန်းနဲ့ ခြေထောက်တွေလည်း ယိုင်နေတာပဲ။ အစ်မ ဒုတိယ ထပ်စစ် ရမယ့် အဆင့်မလိုတော့လို့ မြို့ထဲက ဓာတ်ခွဲခန်းမှာ ပိုက်ဆံပြန်ထုတ်လို့ရ တယ်တဲ့။ အဲဒီလို ကြားလိုက်တာ ဟုတ် မှ ဟုတ်ရဲ့လားလို့။ မယုံတယုံတောင် ဖြစ်နေသေးပါရဲ့။ ပြီးမှ ပျော်လိုက်တာ လေ။ ငါသေတွင်းက လွတ်ပြီကွလို့ပေါ့။ ဆရာဝန်ကို ဖောလိုးအပ်ပြန်ပြ တော့ ကျွန်မကို ဘာပြောတယ်မှတ်လဲ။ အခုတော့ မရှိဘူးတဲ့။ ဒါပေမဲ့ နောက် ဖြစ်လာမယ်၊ ဖြစ်မလာဘူး မပြောနိုင် ဘူးတဲ့။ ဟောတော် ဘယ်လိုကြီးတုန်း နဂိုကမှ ကြောက်ရတဲ့အထဲ။ အဲဒီတော့ ဆရာက အကြံပေးလိုက်တာက စိတ် အေးအေးနေသွားချင်ရင် အင်ဂျလီနာ ဂျိုလီလို လုပ်လိုက်ပါတဲ့။ ရော ဖြစ်မှဖြစ် ရလေ ဆရာရယ်လို့ပဲ တွေးနိုင်ပါတော့ တယ်။

သိပ်မကြာခင် ဖေ့စ်ဘွတ်သူငယ် ချင်း ကိုဇော်မင်းထွေး (Zawminn Htwe) သူတင်လိုက်တဲ့ စတေးတပ်အရ သူ့မှာ ကင်ဆာရောဂါစွဲကပ်နေပြီလို့ သိ လိုက်ရတယ်။ သူ့စတေးတပ်ဖတ်ပြီး တော်တော်လည်း စိတ်ထိခိုက်မိတယ်။ မကြာပါဘူး။ သူဆေးရုံရောက်နေပြီ။ အရေးပေါ် A Blood လိုနေတယ်ဆိုလို့ ကျွန်မသွေးနဲ့ တူနေလို့ လှူချင်တာ အဲဒီ အပတ်မှာ သွေးအားကျနေလို့ ကျွန်မ မလှူရဘူး။ ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေ ဆီက ရမလားလို့ လိုက်ရှာတယ်။ လော လောဆယ်အတွက်တော့ အဆင်ပြေ သွားတယ်။ သူ့သူငယ်ချင်းလာလှူလိုက် တယ်။ ဒါပေမဲ့ ကျွန်မ နောက်ထပ်လိုရင် လှူပေးလို့ရရင် လှူမယ်ဆိုတာ ပြောရင်း သူ့ကို သျှင်ပါကူမှာ သွားအားပေးဖြစ် တယ်။ သူဘာပြောလဲဆိုတော့ စဖြစ် ဖြစ်ချင်း အူမကြီးမှာ ဖြစ်တယ်လို့ အဖြေ မထုတ်နိုင်ဘဲ အချိန်တွေ ကြာသွားတယ် တဲ့။ ဒီလောက်တိုးတက်လာတဲ့ ခေတ် ကြီးမှာ တောင်မှလေ။

နောက်ဆရာတစ် ယောက်နဲ့မှ အဆင်ပြေတယ်။ နောက် ဆုံး နိုင်ငံခြား ထွက်ကုပေမယ့် နောက် ကျသွားပြီ ဆိုတဲ့အကြောင်း ကိုဇော်မင်း ထွေးကပဲ မမောနိုင် မပန်းနိုင် ပြောပြ ရှာတယ်။ ကျွန်မလည်း စကားတွေသာ ပြောနေရတယ်။ ရင်ထဲမှာ ဆို့နေတာပဲ။ သူ့အမေကလည်း သူ့အကြောင်း ပြော ပြတယ်။ အရမ်းလိမ္မာတဲ့ သားလေးဖြစ်တဲ့ အကြောင်း၊ အလုပ်လည်း တအားလုပ်လို့ သူ့သူငယ်ချင်းပတ်ဝန်းကျင် အသိုင်းအ ဝိုင်းတစ်ခုလုံးက ချစ်ကြောင်း၊ သြော် လိမ္မာတဲ့ လူတွေကို ပြန်ပြန်ခေါ်တာ စောလိုက်တာနော်လို့ပဲ မချိမဆံ့ တွေး မိပါရဲ့။ သူက ဘာပြောသေးလဲဆိုတော့ ကျွန်တော် နှစ်တွေအကြာကြီး ရယ်ဒီ မိတ်ခေါက်ဆွဲထုပ်တွေနဲ့ ကော်ဖီမစ်တွေ ပဲ တော်တော်များများ စားဖြစ်တဲ့အ ကြောင်း ဒါကြောင့်လို့ထင်ကြောင်းပြော တယ်။

နောက် ကျွန်မတို့ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းထဲက တစ်ယောက် အူ ကင်ဆာဖြစ်လို့ ဘန်ကောက်မှာ ဆေး သွားကုတယ် ကြားရပြန်တယ်။ မနေ့က ပဲ တခြားသူငယ်ချင်းတစ်ယောက်က တင်တဲ့ ပို့စ်မှာ ဂျာမန်ဧည့်လမ်းညွှန် အဆုတ်ကင်ဆာဖြစ်တယ်။ ၄ ရက်နေ့ မြန်မာပြည်ကနေ ဘန်ကောက်သွား မယ်။ ကုသအောင်မြင်နိုင်ပါစေ။ မင်း ပြန်လာရင် သောက်ဖို့ သင်္ဘောရွက်ပြုတ် ရေရအောင် ငါသင်္ဘောပင်တွေ စိုက် နှင့်မယ်လို့ ရေးထားတယ်။

ဘာကြောင့်များ ကျွန်မတို့ နိုင်ငံ မှာ ကင်ဆာရောဂါရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံနေရပါလိမ့်။ ကျွန်မတို့ ဘယ်သူတွေကို ဘာကို ယုံကြည်ရမလဲ။ ခုတလော ထွက်နေတဲ့ သတင်းတွေအရ ဘာစား စရာမဆို ကြောက်စရာချည်းဘဲ ဖြစ်နေ ပါလား။ ကျွန်မဟာ ဘယ်သူတွေ ဘာ ပြောပြော ကျွန်မခေါင်းနဲ့ တွေးပြီးမှ ယုံတတ်တဲ့သူ။ ဘာဖြစ်ဖြစ် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူးလို့ ခံယူထားတဲ့ သူပါ။ဒါပေမဲ့ ဒီကျန်းမာရေးကိစ္စ ကျန်း မာရေးနဲ့ ဆက်နွှယ်တဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အစိုးရမှာပဲ တာဝန် လုံးလုံးရှိတယ်လို့ ပြောချင်ပါတယ်။

FDA ဘာလုပ်နေသလဲ။ Myanmar FDA ကို ကျွန်မတို့ ဘယ်အတိုင်း အတာထိယုံရမလဲ။ FDA က ဘယ် ပမာဏတွေထိ စမ်းသပ်စစ်ဆေးသလဲ။ အစိုးရကရော FDA စစ်သမျှ ယုံတာပဲလား။ Counter Check လုပ်သင့်တယ် ယူဆပြီး လုပ်သလား ကျွန်မ မသိပါ။ ကျွန်မသူငယ်ချင်း ပါရဂူဘွဲ့ယူဖို့ စာ တမ်းပြုစုတော့ တိုင်းရင်းဆေးတချို့ကို ဓာတ်ခွဲပါတယ်။ တော်တော်နာမည်ကြီး တဲ့ အကိုက်အခဲ ပျောက်လိမ်းဆေးမှာ အာဆင်းနစ်တွေပါတယ်။

သူ့ကို အဲဒီ ဆေးပိုင်ရှင်က အပြင်ကို မပြောဖို့ လာ တောင်းပန်ကြောင်း သိရတော့ ကျွန်မနဲ့ တောင် စကားများရပါသေးတယ်။ နောက် တစ်ခါ အင်အားပြင်း ဓာတ်မြေသြဇာ တွေ တင်သွင်းတဲ့ကိစ္စ မသွင်းရဘူးဆိုတဲ့ ဟာတွေကို Custom Clearing Agent တွေ အကူအညီနဲ့ ရအောင်သွင်းတဲ့ ကုမ္ပဏီတွေ ရှိခဲ့ဖူးတယ်။ ဒီဓာတ်မြေ သြဇာတွေကြောင့် မဖြစ်သင့်တဲ့အမှုတွေ ခဏခဏဖြစ်တယ်။ ကျွန်မတောင် တစ် ခါ ပန်းဂေါ်ဖီပွင့်ကြော်နဲ့ သေမလို ဖြစ် တယ်ဆိုတာ ရေးဖူးပါတယ်။

တစ်ခါ အသီးအနှံတွေမှာ အစား အသောက်တွေမှာ ကြာကြာခံအောင် ဓာတုဆေးဝါးတွေနဲ့ စီမံထားတာ။ တစ် တိုင်းပြည်လုံး တွင်တွင်ကျယ်ကျယ် စား နေတဲ့ ကွမ်းသတ်လို့သေတဲ့ လူပေါင်း လည်း များနေပြီ။ ကွမ်းသီးကို ပိုးမကျ အောင်ဖျန်းတဲ့ ပိုးသတ်ဆေးက အဓိက ထင်တာပဲ။ ကွမ်းသီးပွဲရုံ အလုပ်သမား ဟာ ဓာတုဆေးဝါးကျွမ်းကျင်သူ မဟုတ် လို့ဘယ်အတိုင်းအဆဖျန်းရင် အန္တရာယ် ရှိတယ် မရှိဘူးဆိုတာ သိမှာ မဟုတ်ဘူး။

အန္တရာယ်မရှိဘူးထင်ရပြီး တစ်ခါ တလေမှာ အန္တရာယ်ရှိတဲ့ သနပ်ခါး အ ကြောင်းလည်း သိသင့်ပါတယ်။ ကျွန်မ တို့က နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တစ်နိုင်ငံလုံး နေရာအနှံ့ လျှောက်သွား နေရတဲ့ လူတွေပါ။ တစ်နိုင်ငံလုံး ဘယ် နေရာမှာ ဘာရပြီး ဘယ်နေရာက ဘာ တွေလုပ်နေတယ်ဆိုတာကို သိလည်း သိကြတယ်။ မြင်လည်း မြင်တယ်။

တစ် ခါတလေ ကိုယ်က မျက်စိရှန်းတောင် ကိုယ့်ဧည့်သည်တွေက ထောက်ပြပြီး ပြောသွားတာမျိုးတွေ ရှိကြတယ်။ အဲဒီ တော့ ပြောချင်တာက ဧည့်လမ်းညွှန်တွေ က သာမန်ပြည်သူပြည်သားတွေမသိတဲ့ ကိစ္စမျိုးတွေတောင် သိတယ်။ သိတာကို လည်း အများသိအောင် ချပြချင်တဲ့ စေ တနာနဲ့ သတ္တိလည်း ရှိကြတယ်ဆိုတာပါ။

သနပ်ခါးကို တချို့ရောင်းတဲ့သူ တွေက အရောင်ပိုလှအောင် ဆေးခြယ် လေ့ ရှိတယ်။ ပန်းချီဆေးခြယ်တာ ပြဿနာမဟုတ်ပေမယ့် ဘက်ထရီပလိပ် ပြားထောင်း အညိုရင့်ရင့် (စဥ့်အိုး အရောင်ခြယ်ရန်လည်း သုံးပါသည်)တွေခြယ်တာကတော့ တကယ့် ပြဿနာ ပဲ။ တစ်ခါတလေ အမေတွေက သနပ် ခါးသွေးရင်း ကလေးကို သနပ်ခါးခွံ့သေး တာ။ ဒီက အမျိုးသမီးတွေလည်း သနပ် ခါးပဲလိမ်းရင်းနဲ့ အမည်းကွက် အမည်း စက် တင်းတိပ်တွေ ထွက်တယ်ဆိုတာ အဲဒါတွေရဲ့ အကျိုးဆက်ပေါ့။ ဘက်ထရီ ပလိပ်ပြားမှုန့်ကတော့ ကင်ဆာပါဖြစ်မှာ အသေချာပဲ။ တချို့က သနပ်ခါးတုံးဖြတ်ရင်း အပွေးလေးတွေထွက်လာရင် လွှင့်မပစ်ဘူး။ ဆူပါဂလူးနဲ့ ပြန်ကပ်တာ တောင်ရှိတယ်။ ဒါကတော့ ကိစ္စမရှိပါ ဘူး။

အရင် ကျွန်မတို့ငယ်ငယ်က ဘယ် မှာ ကင်ဆာဆိုတာ ဖြစ်လို့လဲ။ ရှိတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ ခုလိုတော့ ကမ္ဘာ မှာ ကင်ဆာဒုတိယအဖြစ်ဆုံး တိုင်းပြည် လို့ အခေါ်ခံရလောက်အောင် မရှိခဲ့ပါ ဘူး။ အဲဒါဘာကြောင့်လဲ သမ္မာအာဇီဝ မဖြစ်တဲ့လုပ်ငန်းတွေကြောင့် အများကြီး ပါတယ်လို့ မထင်ကြဘူးလား။ စိတ် ဖိစီးမှုတွေ ပတ်ဝန်းကျင်ကမ္ဘာကြီး ပူနွေး ဖောက်ပြန်လာမှုတွေလည်း ပါမှာပေါ့။ အစားအသောက်ကတော့ အဓိက ထင် ပါရဲ့။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သမ္မာအာဇီဝဆိုတာ သိကြပါတယ်။ သိ သိကြီးနဲ့ တချို့က ဝိသမလောဘသား ကောင်တွေအဖြစ်နဲ့ မသိချင်ယောင် ဆောင်နေကြတယ်။ သူခိုး ဓားပြမှ ငရဲ ကြီးမှာ မဟုတ်ဘူး။ မသမ္မာ အာဇီဝ လုပ်ရင်လည်း ကြီးမှာပဲ။ ဥပမာ ခု ခေတ်စားနေတဲ့ ငါးပိ ကိစ္စဆိုပါတော့ ရောင်းတဲ့သူကတော့ လူမသတ်ဘူး။ ဒါ ပေမဲ့ သူ့ဟာစားပြီး သေမယ်ဆိုရင် သူ လည်း ပါဏာတိပါတ ကံကျူးလွန်တာပဲ။ ငရဲမင်းကိုတော့ မသိလို့ပါလို့ အစစ်ခံ လို့ရမယ် မထင်ဘူး။ 'သင်မသိ ဟု ဆိုရုံ မျှဖြင့် . . . 'ဆိုတဲ့ ဥပဒေစကားတောင် ရှိတာပဲ။

ကြွပ်ကြွပ်အိတ်လို့ခေါ်တဲ့ ပလတ်စတစ်အိတ်တွေကိုလည်း နေရာတကာမှာ သုံးကြပါတယ်။ အပူမထည့်ရင် ကိစ္စသိပ်မရှိပေမယ့် အပူတွေထည့်ရင်တော့ Chemical Reaction တွေ ဖြစ်မှာ အသေအချာပါပဲ။ အထူးသဖြင့် မုန့်ဟင်း ခါးဟင်းရည်ထည့်ကြတာလေ။ ကျွန်မ တော့ အိမ်က ချိုင့်ယူသွားခိုင်းတယ်။ ကြွပ်ကြွပ်အိတ်ထဲ ထည့်တဲ့ အပူတွေ မြင်ရင် အဆိပ်လို့ ခံစားရတယ်။ အရင် တုန်းကလို ငှက်ပျောဖက် အင်ဖက်တို့နဲ့ ထုပ်တဲ့ ခေတ်ပြန်ရောက်ရင် ကောင်းမှာ ပါပဲ။

အကြော်တွေမှာ ပွဆေးတွေထည့် တာလည်း ရှိသေး။ ဒါကြောင့် သိပ်ပွ ရွနေတာတွေလည်း မစားရင်ကောင်း မယ်။ အကြော်(တင်ပူရာ)ဆိုလည်း ဆီ တစ်ခါကြော်ပြီးတိုင်းမှာ မသွန်နိုင်တာ ဒီတော့ စားချင်ရင် အိမ်မှာ ကြော်စား ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသားက တော့ တစ်ခုခုကြော်ပြီးရင် ဆီကို ဘတ်ခနဲ သွန်ပစ်တာ စမြင်ရတုန်းက ဗမာပီပီ နှမြောလိုက်တာ။ တိုးရစ်တွေ စားတဲ့ စားသောက်ဆိုင်တွေဆို MSG Free (အချိုမှုန့် မပါ) စားအုန်းဆီမသုံး စတာတွေ ဖော်ပြထားရတယ်။ နို့မို့ဆို ကျွေးလို့မရဘူး။ နိုင်ငံခြားသားကတော့ ကျန်းမာရေး လိုက်စားတယ်ဆို တကယ် ကို လိုက်စားတာပါ။ သူတို့က ကိုယ် လက်လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ကြ တဲ့ လူမျိုးတွေ။သူတို့ အစိုးရတွေကလည်း ဂရုစိုက်ကြတယ်။ တကယ်တော့ ဒီအ စားအသောက်တွေ မသန့်ရှင်းတာ အန္တရာယ်ရှိတာကို အစိုးရအနေနဲ့ ဖိဖိ စီးစီး တကယ်ကို စေတနာပါပါနဲ့ဆောင် ရွက်ပေးလို့ ရတာပဲ။ ကိုယ့်တိုင်းပြည်သူ ပြည်သားတွေ ကျန်းမာရေး ဆေးကု စရိတ်တွေနဲ့ လုံးလည်လိုက်ပြီး မမွဲစေ ချင်ရင်ပေါ့။ ခုတော့ မွဲလည်း မွဲသေး။ လူလည်း အသက်မရှင် ဆိုတာကတော့ မတန်ပါဘူးလေ။

မူလတန်းကျောင်းတွေမှာ ကလေး တွေကို သတ်တော့မလား အောက်မေ့ရ တယ်။ ခုတော့ တောင်တွင်းမှာ အစား အသောက်တွေနဲ့ပတ်သက်ပြီး အန္တရာယ် ရှိတဲ့အကြောင်းကို လူတွေသိအောင် Campaign လုပ်မယ်ပြောတယ်။ အရမ်းကြိုဆိုပါတယ်။ အဲဒါမျိုး တစ်နိုင်ငံလုံးမှာ လုပ်ရမယ်။ မလုပ်မရှုပ်မပြုတ်တွေ များနေရင်တော့ မလွယ်လှဘူးပေါ့။
အင်း ကျွန်မတို့ မြန်မာလူမျိုးတွေ ရဲ့ဘဝကတော့ ရင်လေးစရာ အတိပါပဲ။ အစိုးရမင်းများကိုပဲ တောင်းဆိုချင်ပါ တယ်။ မြန်မာလူမျိုးတွေ သက်ရှည်ကျန်း မာတာကို စာရွက်ပေါ်မှာတင်မဟုတ် လက်တွေ့မြင်ချင်ကြပါလို့ ....။

အမရာ(ရူပ)
Popular Myanmar News Journal

အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန်လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင်သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏နေအိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက်ရှာဖွေခြင်းပြုလုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြတင်း ပေါက်သံဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။ အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ်ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့်တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမအကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံးခဲ့သည်ဆို၏။ သေဆုံးသူ ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) အပျိုကြီးဖြစ်ကာ ၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။ အလောင်းကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။

ကောင်းထက်၊ မောင်မျိုး (၁၁-၁ဝ-၂ဝ၁၃)

-----------------------------------------------------
အောက်တိုဘာ ၁၂ ရက်ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၈၉)

ငွေကို ရေလို တကယ်ချိုးပြသည့် ဓာတ်ပုံကြောင့် အခွန်ရှောင်မှုပေါ်


အောက်တိုဘာ ၁၂။

ဖိလစ်ပိုင်သူ Jeane Napoles သည် ရေချိုးကန်ထဲတွင် ငွေအပြည့်ထည့်ကာ ငွေကိုရေလို တကယ် သုံးပြထားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်မိရာမှ အခွန်ရှောင်သည့် အမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။

လက်တလောတွင် အမေရိကန်တွင် နေထိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား Jeane Napoles  အသက် ၂၃ နှစ်သည် ငွေကန်ထဲတွင် စိမ်နေသည့်ပုံများ၊ အကောင်းစား ကွန်ဒိုတိုက်ခန်းတွင် ပျော်ရွှင်နေသည့် ပုံများနှင့် အဖိုးတန် လက်ဝတ်ရတနာများ ၀တ်ဆင်ကာ ရိုက်ကူးထားသည့် ပုံများကို သူမ၏ လူမှုကွန်ရက်တွင် တင်မိရာမှ ပြည်တွင်းအခွန်ဌာနမှ သတိပြုမိကာ အခွန်ရှောင်သည့် အမှုနှင့် စွဲဆိုခံနေရသည်။

ဖိလစ်ပိုင် နိုင်ငံသားများအနက် ၂၈ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသည်။ ပြည်တွင်း အခွန်ဌာနမှ အကြီးအကဲဖြစ်သူ Kim Henares အင်တာနက်မှ တစ်ဆင့် သူမကိုခြေရာခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လော့စ်အိန်ဂျလိတွင် ဖက်ရှင်ဒီဇိုင်းပညာ သင်ယူနေသည့် Jeane Napoles  ၏ တိုက်ခန်းမှာ အမေရိကန်ဒေါ်လာ ၁.၃သန်းတန်ကြောင်းနှင့် သူမ ပေးဆာင်းရမည့်အခွန်များကို ၂၀၀၈ ခုနှစ်ကလည်းက ပျက်ကွက်ခဲ့ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

Jeane Napoles  သည် အမေတူ သမီး ဟု ဆိုရမည်လားမသိ။ လက်ရှိအချိန်တွင် သူမ၏ မိခင် Janet Napoles သည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံး ငွေအလွဲသုံးစားမှုဖြင့် အချုပ်ထဲတွင် အမိန့်ချမည့် ရက်ကို စောင့်နေရသူ ဖြစ်သည်။ Janet Napoles အလွဲသုံစားလုပ်သည့် ငွေပေါင်းမှာ ဒေါ်လာ၂၃၂သန်း အထိ ဖြစ်သည်။

ဖိလစ်ပိုင်တွင် ယင်းသို့သော အမှုမျိုးဖြင့် ထောင်ဒဏ် အပြစ်ပေးခံရသူများထဲတွင် သမ္မတဟောင်း ဂလိုရီယာအာရိုယို သည်လည်း တစ်ဦး အပါအ၀င်ဖြစ်သည်။ Henares က ယခု Jeane Napoles ကိုစွဲဆိုချက်သည် နိုင်ငံရေးကိစ္စ တစ်စုံတစ်ရာမပါဘဲ အခွန်ဥပဒေသက်သက်ကြောင့်သာ ဖြစ်သည်ဟု အတိအလင်း ဆိုထားသည်။

Ref; Mail-online(UK)

တရုတ်မယ်လား၊ မြန်မာမယ်လား၊ မိုးစက်ဝိုင်အတွက် မေးခွန်းများ


အနှစ် ၅၀ ကျော် အလှမ်းကွာဝေးနေခဲ့သော မယ်စကြဝဠာပြိုင်ပွဲကို မြန်မာ နိုင်ငံက ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တော့မှာမို့ မြန်မာနိုင်ငံသားတို့ ရင်ခုန်စွာ စောင့်မျှော်နေကြတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့်သူကတော့ တက္ကသိုလ်များ ချန်ပီယံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအတွက် ဆုဖလားကိုကိုင်ပြီး အဝါ ရောင်ပြိုင်ကားပေါ်ကဆင်းလာတဲ့ ဓာတ်ပုံ ကြောင့် ဟိုးလေးတကျော် နာမည်ကြီးနေ တဲ့ “မိုးစက်ဝိုင်”ပဲ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံအကြောင်း လူတကာရဲ့ ပါးစပ်ဖျား ရောက်သွားရတာက ပြိုင်ကားအဝါကြီးနဲ့ ဆုဖလားကြောင့်မဟုတ်သလို မိုးစက်ဝိုင် ရဲ့ ပင်ကိုအလှကြောင့်လည်း မဟုတ်ပါဘူး။ ဓာတ်ပုံထဲက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေးအနှစ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကနေပြီးတော့ ပြိုင်ကားပေါ်ကဆင်းလာတဲ့ အသစ်စက်စက် မယ်စကြဝဠာမြန်မာကို စောင့်ကြိုနေပုံက မြင်သူတိုင်းကို ရင်ခုန်စေခဲ့တာပါ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် အမျိုးမျိုးပုံဖော်တွေး၊ ဆက်စပ် တွေးလိုက်ကြတာ မိုးစက်ဝိုင်ကိုယ်တိုင်က သူမနဲ့ နေရွှေသွေးအောင် ဘယ်လိုမှမပတ် သက်ပါကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ရတဲ့အထိပါပဲ။ နေရွှေသွေးအောင်ကလည်း ဝဘ်ဆိုက်တစ်ခုကတစ်ဆင့် ဆိုခဲ့ပြီးဖြစ်တဲ့ တက္ကသိုလ်ဘောလုံးပွဲကို ဘယ်လိုကြောင့် ရောက်သွားရကြောင်း ရှင်း လင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပျံ့နှံ့သွားပြီးဖြစ်တဲ့ ဓာတ်ပုံတွေကို ပြန်သိမ်းလို့မရနိုင်တော့သလို လူအများရဲ့ “သို့လော၊ သို့လော”အတွေးတွေကလည်း ပျောက်ပျက်မသွားခဲ့ပါ။ နေရွှေသွေးအောင် က မိုးစက်ဝိုင်ကို မော်စကိုမြို့အထိ လိုက်ပါအားပေးမယ်ဆိုတဲ့ ကောလာဟလတွေက ထွက်နေသေးတယ်။ မိုးစက်ဝိုင်က လည်း မည်သူမဆို လိုက်ပါအားပေးနိုင်ခွင့်ရှိတယ်။ အားပေးမှုကို ဖိတ်ခေါ်ပါတယ် လို့ လိမ္မာပါးနပ်စွာ ဖြေကြားထားတယ်။ အဲဒီလို အပြောစွမ်းရည်ကျွမ်းကျင်လိမ္မာမှုကို နိုဝင်ဘာ ၉ ရက်နေ့မှာ ကျင်းပမယ့် မယ်စကြဝဠာပွဲမှာ အသုံးချနိုင်လိမ့်မယ် မျှော်လင့်တယ်။

ပြိုင်ပွဲရက်နဲ့ တစ်လတိတိအလို အောက်တိုဘာ ၉ ရက်နေ့မှာ အွန်လိုင်း ပေါ်တက်လာတာက ၂၀ဝ၉ ခုနှစ်ကလုပ် တဲ့ Miss Chinese Burma ပြိုင်ပွဲမှာ မိုးစက်ဝိုင် ဒုတိယဆုရခဲ့တဲ့သတင်းနဲ့ဓာတ်ပုံများပါပဲ။ တချို့လူတွေက တရုတ်နိုင်ငံမှာ လုပ်တဲ့ မယ်ပြိုင်ပွဲဝင်ထားသူတစ်ဦး က မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ ဖြစ်သင့်သလားပေါ့။ တကယ်ကတော့ အဲဒီ Miss Chinese Burma က တရုတ်ကုန် သည်ကြီးများအသင်းနဲ့ “Gold Phoenix - ဇာမဏီ” သတင်းစာ က ပူးတွဲကမကထပြုပြီး ရန်ကုန်မှာကျင်းပခဲ့တာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် မြန်မာနိုင်ငံသား တရုတ် အမျိုးသမီးများသာ သီးသန့်ပြိုင်တဲ့ မယ်ပြိုင်ပွဲ ပေါ့။ အဲဒီတော့ မိုးစက်ဝိုင်ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် (Eligibility) အပေါ် မေးခွန်းထုတ်စရာ မရှိတော့ပါ။ အဲဒီ ၂၀ဝ၉ ခုနှစ် ပွဲသတင်းကတစ်ဆင့် သိလိုက်ရတာက မိုးစက်ဝိုင်ရဲ့ တရုတ်နာမည်က “ယန်စင်ရောင်း” (Yang Xinrong) ပါတဲ့။

အဲ . . . မေးစရာရှိတာက “ယန်စင်းရောင်း”ဆိုတဲ့ အလှမယ် ဘယ်ပုံဘယ်နည်းနဲ့ မြန်မာနိုင်ငံသားဖြစ်လာသလဲဆိုတာပါ။ မျိုးဆက် ဘယ်နှဆက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ပြီလဲ။ နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်လာတာလား။ ဒါတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ မိတ်ဆွေ တစ်ယောက်ဆို တရုတ်သွေး တစ်မတ်ပါလို့ ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲဖို့အတွက် လျှောက်လွှာမှာ “မြန်မာ-ရှမ်း-တရုတ်”လို့ ဖြည့်မိလို့လားမသိ နှစ်ပေါက်အောင်ကြာနေတာ ယနေ့အထိ မကျလာသေးဘူး။ မျက်နှာကြီးရာ ဟင်းအိုးပါထည့်ပေးလိုက် ကြသလား။

မြန်မာနိုင်ငံသားစစ်စစ်ဖြစ်လျှင် တရုတ်၊ ကုလား၊ ဂျူး၊ အာမေးနီးယန်း ဘယ်လူမျိုးမဆို အရည်အချင်းပြည့်မီရင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ပါတယ်။

ဒါပေမဲ့ ခံစားမိတာတစ်ခုက မြန်မာတိုင်းရင်းသူစစ်စစ်ကလေးတွေ တရုတ် ပြည်ကို နည်းမျိုးစုံနဲ့ လူကုန်ကူးခံနေရတာတွေကို နိုင်နင်းစွာ မဟန့်တားနိုင်သေးခင် ကျွန်တော့်တစ်သက်တာမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့်၊ ကမ္ဘာက အာရုံစိုက်တဲ့ မယ် စကြဝဋ္ဌာပြိုင်ပွဲကို မြန်မာနိုင်ငံက တရုတ်အမျိုး သမီးစစ်စစ်က မြန်မာနိုင်ငံကို ကိုယ်စားပြု မယ်ဆိုတော့ “ဖြစ်မှဖြစ်ရလေခြင်း”ပေါ့။ ဘယ်သူတွေညံ့လို့လဲ။ မီးကျိုးမောင်းပျက် တရုတ်အမျိုးသားကြီးများရဲ့ မျိုးဆက်ရှင်သန်ရေးအတွက် ကူညီပေးနေရတဲ့ (လူကုန်ကူးခံနေရတဲ့)မြန်မာတိုင်းရင်းသူလေးတွေအတွက် မချိတင်ကဲဖြစ်မိတာပါ။ သူတို့ထက် ကံဆိုးသူတွေကတော့ လိင် အလုပ်သမလေးတွေ ဖြစ်ရပေါ့။ “တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါဆဲချင် ပလေး” ဆိုတာမျိုး ပေါ့။ ကျွန်တော်ကကော ဘာများ တတ်နိုင်ဦးမှာလဲ။

မိုးစက်ဝိုင်ရဲ့ နိုင်ငံသားဖြစ်မှုအပေါ် သံသယဝင်မိတာက တရုတ်ရုပ်သံလိုင်း CCTV မှတစ်ဆင့် ကြည့်လိုက်ရတဲ့ ဗီဒီယိုအင်တာဗျူးမှာ အင်္ဂလိပ်လို ရေလည် အောင်ပြောသွားနိုင်ပေမယ့် ပြည်မကြီး တရုတ်လေသံကပ်ပါလာတာကို သတိပြုလိုက်မိလို့ပါ။ သူငယ်ချင်း မြန်မာတရုတ်တွေ အင်္ဂလိပ်လိုပြောတာကို နားရည်ဝ နေတဲ့အပြင် ပြည်မကြီးတရုတ်များနဲ့လည်း ထိတွေ့ဆက်ဆံဖူးတဲ့အတွက် ကွာခြားချက်ကို သတိပြုမိတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ရှိသူတွေ တာဝန်မယူသေးမီအထိတော့ မယ်စကြ ဝဠာမြန်မာ မိုးစက်ဝိုင်(ခ) ယန်စင်ရောင်း ရဲ့ မော်စကိုခရီးစဉ်ဖြစ်တဲ့ “Journey To The West” ကို ရင်ခုန်စွာ စောင့်စားအား ပေးနေမှာပါ။

ဥက္ကာဦး
စောင့်ကြည့်ဂျာနယ်၊ အတွဲ(၈)၊ အမှတ်(၁၉)

‘အ’ အက္ခရာယာဉ်များ အောက်တိုဘာလ နောက်ဆုံးပတ် အပ်နှံခွင့်ပြုမည်


ရန်ကုန်၊ အောက်တိုဘာ ၁၁

ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး ယာဉ်သစ် တင်သွင်းသည့် အစီအစဉ်အရ ယာဉ်ဟောင်း အပ်နှံခွင့်ရှိသော ‘သ’ အက္ခရာများ ပြီးဆုံးတော့မည် ဖြစ်၍ ‘အ’ အက္ခရာများကို အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်အောင်က ပြောကြားသည်။
“အခုတစ်နိုင်ငံလုံး မညီမညာ ဖြစ်နေတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း အခွန်ကောက်ခံမှု စံနှုန်းတွေကိုလည်း တစ်ပြေးညီ သတ်မှတ်ပေးပြီးပြီဆိုတော့ အပြင်မှာ ဖြစ်နေတဲ့ ဈေးတွေ လည်း ပြောင်းသွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

‘အ’ အက္ခရာယာဉ်များ လက်ခံတော့မည့်ရက် နီးကပ်လာ၍ ယင်းနံပါတ် ယာဉ်များမှာ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း လုပ်ကိုင်သူ ဦးကျော်မြင့်အောင်က ရှင်းပြသည်။

အောက်တိုဘာလ ၁၀ ရက်နေ့အထိ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပြုထားသည့် အစီးရေမှာ ၅၆,၆၈၂ စီးရှိပြီ ဖြစ်ကြောင်း မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

နန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို နိုင်ငံ့စီးပွားရေး ထိခိုက်စေမှုဖြင့် စွဲချက်တင်


သာလွန်ဇောင်းထက်| October 12, 2013 |

အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားမ၀င် မြေကွက် အရောင်းအ၀ယ်မှုဖြင့် ခေါ်ယူစစ် ဆေးစဉ် သေဆုံးသွားသည့် မနန်းဝိုးဖန် ၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟီကို ကို လှိုင်သာယာမြို့နယ် တရားရုံး က အောက်တိုဘာလ ၉ ရက်နေ့ တွင် အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အထူးစုံစမ်းစစ်ရေးဦးစီးဌာနက တရားမ၀င် အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး အသက် ၁၉ နှစ် အရွယ်ရှိ မနန်းဝိုးဖန် ကို ခေါ်ယူစစ်ဆေးခဲ့ပြီး မနန်းဝိုးဖန်သည် မတ် လ၂၄ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း၊ မနန်းဝိုးဖန် သေဆုံးမှု သည် အာဏာပိုင်များ၏ ဥပဒေနှင့်မညီ ခေါ်ယူစစ်ဆေးမှုကြောင့် ဖြစ်သည်ဟု ဆိုကာ မိသားစုဝင်များက သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူများ ထံသို့ တိုင်ကြားခဲ့သော်လည်း သေမှုသေခင်းဖြင့်သာ အမှုပိတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် မစ္စတာ နာမဆဲ မိုတိုဟီကို ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅ (ဇ)ဖြင့် တရား ရုံးတင် စစ်ဆေးခဲ့ရာမှ တနှစ်ခွဲ နီးပါးကြာမြင့်လာချိန် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် တရားရုံးက နိုင်ငံတော် စီးပွားရေး ကမောက်ကမ ဖြစ်စေမှုဖြင့် စတင် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြစ်မှု မြောက်တယ်ဆိုပြီးတော့ အခုမှ စွဲချက်တင်တာပေါ့။ စွပ်စွဲချက် တရားမ၀င်တဲ့ငွေနဲ့ ဒီမှာလာပြီး မြေကွက် ၀ယ်တယ်ပေါ့။ ပုဒ်မ ၅(ဇ) ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေပါ။ နိုင်ငံတော်စီးပွားရေး ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်ပေါ့။ နိုင်ငံတော် စီးပွားရေး ထိခိုက်အောင် လုပ်တယ်ပေါ့။ ဒီပုဒ်မက ထောင်ဒဏ် ၇ နှစ်အထိ ချလို့ရတဲ့ ပုဒ်မပါ´´ဟု မစ္စတာ နာမဆဲ မိုတိုဟီကို၏ရှေ့နေဖြစ်သူ ဒေါ်နန်းထွေးမှုန်က ဧရာဝတီသို့ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဂျပန်နိုင်ငံသား မစ္စတာနာမဆဲကို တနှစ်ခွဲနီးပါး ကြာမြင့်လာမှ စွဲချက်တင်မှုသည် တရားရေး စနစ်တွင် နှောင့်နှေး အားနည်းမှုများ ရှိနေသည်ကို ပေါ်လွင်စေကြောင်း ပြောသည်။

“ဒီအမှုကို စိတ်ဝင်စားလို့ တလျှောက်လုံး စောင့်ကြည့်ခဲ့တာ။ အမှုတခုကို တနှစ်ခွဲလောက်ကြာမှာ စွဲချက်တင်နိုင်တယ် ဆိုတော့ နှောင့်နှေးကြန့်ကြာမှုရှိတယ်ပြောရမယ်။ နောက်ပြီး ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံ လျှောက်တာ အာမခံ မရဘူးဆိုတဲ့အချက်ကလည်း တရားရေးစနစ်ကို မေးခွန်းထုတ်ရမယ်။ တရားစီရေးရဲ့ အားနည်းချက်တွေ ရှိနေတာ တော့ အမှန်တကယ်ပဲ´´ ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမဆဲ မိုတိုဟီကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုလုပ်၍ ရုံးတင် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းဝိုးဖန်နှင့် ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမစဲ မိုတိုဟီကို

Credit To >ဧရာဝတီ


အစိုးရထီ ပြင်ပပေါက်ဈေး မြင့်နေမှုကြောင့် ကွန်ပျူတာစနစ် ပြောင်းရန်စီစဉ်


နေပြည်တော်၊ စက်တင်ဘာ ၁၁

ပြည်တွင်းအခွန်များ ဦးစီးဌာနက တစ်စောင်လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော်လည်း ပြင်ပဈေးကွက်တွင် ထက်ဝက်ကျော် ဈေးတင် ရောင်းချနေသည့် အောင်ဘာလေထီ စနစ်ကို ကွန်ပျူတာသုံး ထီစနစ် (Computerized Lottery) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ကွန်ပျူတာသုံး ထီစနစ်ကို အကောင်အထည် ဖော်နိုင်ပါက ထီစောင်ရေ အရေအတွက် ကန့်သတ်မှုနှင့် တန်ဖိုးတိုးမြှင့်မှု မရှိဘဲ ရောင်းချနိုင်မည် ဖြစ်ပြီး ပြင်ပဈေးနှုန်း ကြီးမြင့်နေမှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ထပ်မံပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အောင်ဘာလေသိန်းဆု လက်မှတ် ပြင်ပရောင်းဈေးမှာ ၅၀ ရာခိုင်နှုန်းခန့် ကြီးမြင့်နေသည်ကို ပြုပြင်ရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အစိုးရက ၁၁ စောင်ပါ ထီလက်မှတ် တစ်အုပ်ကို ကျပ်နှစ်ထောင်ဖြင့် ရောင်းချသော်လည်း ထီရောင်းချသူ လုပ်ငန်းရှင်များက အခြားကုန်ကျစရိတ်များ ထပ်ပေါင်း ထည့်ထားသဖြင့် ထီတစ်စောင်လျှင် ၂၀၀ ကျပ်ထက် ပိုမိုရောင်းချနေခြင်း ဖြစ်ပြီး အဆိုပါ အခြေအနေ များကို ပြင်ဆင်ရန် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကွန်ပျူတာသုံး ထီစနစ်ကို လေ့လာနေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကွန်ပျူတာသုံး ထီစနစ်ကို လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေလည်း လာဆွေးနွေးနေတာ ရှိပါတယ်” ဟု ဒေါက်တာ လင်းအောင်က ဆိုသည်။
“သိသလောက်တော့ ကွန်ပျူတာစနစ်က လူနဲ့ရွေးတာထက် ကုန်ကျစရိတ် ပိုသက်သာတယ် ပိုမြန်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အရေးကြီးတာ ဟက်ကာတွေရဲ့ ရန်ကို ထည့်စဉ်းစားရမယ်။ နောက်ပြီး ကွန်ပျူတာစနစ်ဆိုတာ လူဖန်တီးတာဖြစ်လို့ ဂဏန်းကို တွက်ချက် မရဘူးလို့ အာမခံနိုင်ပါ့မလား” ဟု စင်ကာပူနိုင်ငံ အိုင်တီ လုပ်ငန်းတစ်ခု၌ သွားရောက်အလုပ် လုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

အစိုးရ ထီလက်မှတ်များကို ပြင်ပဈေးကွက်တွင် ထီတစ်စောင် ကျပ် ၂၅၀၊ ကျပ် ၃၀၀ စသဖြင့် ဈေးအမျိုးမျိုးဖြင့် ရောင်းချနေကြောင်း၊ အစိုးရထံမှ လက်မှတ်ကို လုပ်ငန်းရှင်များကိုသာ ကန့်သတ် ဝယ်ယူ ခွင့်ပြုနေခြင်းကို ပြင်ဆင်သင့်ကြောင်း မကွေးမြို့၌ ထီရောင်းချနေသူ ဦးမောင်အေးက ပြောဆိုသည်။

အစိုးရ၏ အောင်ဘာလေထီ စနစ်တွင် လစဉ် ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးပြီး ထီလက်မှတ် ရောင်းရငွေ ၄၀ ရာခိုင်နှုန်းနှင့် လာရောက် ထုတ်ယူမှု မရှိသည့် ပေါက်မဲဆု များကို နိုင်ငံတော် အခွန်ဘဏ္ဍာအဖြစ် ရယူနေခြင်း ဖြစ်သည်။
The Voice Weekly

မြန်မာ-ဗီယက်နမ် ဗီဇာမဲ့ ၀င်ထွက်ကြမယ်


SATURDAY, OCTOBER 12, 2013

မြန်မာပြည်သားတွေ ဗီယက်နမ်သွားတဲ့အခါ ဗီဇာမလိုဘဲ သွားနိုင်ပါတော့မယ်။
ဗီယက်နမ်တွေလည်း မြန်မာပြည်လာတဲ့အခါ ဗီဇာမလိုဘဲ လာနိုင်မယ်။

နှစ်နိုင်ငံအစိုးရပိုင်း အပြန်အလှန် သဘောတူလိုက်ကြတဲ့အတွက် ဗီဇာကင်းလွတ်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။
ရက်အားဖြင့်ဆိုရင် ၁၅ ရက် နေထိုင်ခွင့် ရကြပါမယ် တဲ့။
ဘယ်နေ့ကစပြီး ဒီသဘောတူညီချက် အသက်ဝင်မလဲ။
ဒီလ ၂၆ ရက်နေ့ ဖြစ်ပါတယ် တဲ့။
အင်း.... ၂၆ ရက်နေ့ မတိုင်ခင် သွားမယ် ဆိုရင်တော့ ဗီဇာ လျှောက်ကြရမယ့်သဘောပေါ့လေ။

သတ်မှတ်ထားတာကတော့ မြန်မာတွေ ဗီယက်နမ်သွားချင်ရင် ဗီဇာကြေးက ၅၅ ဒေါ်လာ  ဖြစ်ပါတယ်။
မြန်မာပြည်ကို ဗီယက်နမ်တွေ လာချင်ရင်တော့ ဗီဇာကြေးက ဒေါ်လာ ၂၀။

ဒီအတိုင်းဆိုရင် စာရွက်စာတမ်းကိစ္စ အင်မတန် နည်းပါးသွားတာကြောင့် မြန်မာပြည်ကို ဗီယက်နမ်ခရီးသည် ပိုများများ လာကြမယ်လို့ ယူဆပါတယ်။

ပြီးတော့ ဗီယက်နမ်က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနေတာ ၂၀၁၅ ဆိုရင် ဒေါ်လာ ၁ ဘီလျံအထိ ရှိလာမယ်၊ ၂၀၂၀ ဆိုရင် ဒီထက် ၂ ဆ တိုးလာမယ်လို့ တွက်ထားပါတယ်။
အထူးသဖြင့် ဆောက်လုပ်ရေး နဲ့ ဘဏ်လုပ်ငန်းပိုင်းတွေမှာ မြှုပ်နှံမှာဖြစ်ပါတယ်။

နိုင်ငံတခုကို အလည်ပဲသွားသွား၊ အလုပ်သဘောအရပဲသွားသွား အင်မတန် အလုပ်များပါတယ်။ အလုပ်များရတဲ့အဓိကအကြောင်းရင်းများထဲမှာ ဗီဇာ ရရှိရေးလည်း ပါဝင်ပါတယ်။
ထောက်ခံစာတွေတောင်းရ၊ မိတ္တူတွေကူးရ၊ သံရုံးကို တကြိမ်မက သွားလာရတာပါ။
ဒီလို အခြေအနေမှာ မြန်မာ-ဗီယက်နမ် ဗီဇာမဲ့ ၀င်ထွက်နိုင်ကြတော့မယ် ဆိုတဲ့ သတင်းက သတင်းကောင်းတပုဒ်ပဲ ဖြစ်ပါတယ်။

Irrawaddy