iPhone တွေအတွက် အဆင်ပြေစေမယ့် လက်ညှစ်ဘက်ထရီစနစ် Mipwr




တီထွင်သူ ဒီဇိုင်နာ Bob Panos နဲ့ Karl Lee တို့နှစ်ဦး ဖန်တီးလိုက်တဲ့ iPhone လက်ညှစ် ဘက်ထရီ အားသွင်းစနစ်ပါ။ ဒါကြောင့်ကြိုးတွေနဲ့ အလုပ်ရှုပ်ပြီးအားသွင်းစရာလည်းမလို တော့သလို၊ ကြိုးမဲ့အားသွင်းစနစ် လုပ်ဖို့အတွက်လည်းခေါင်းစား စရာမလိုတော့ပါဘူး။

လျှပ်စစ်စွမ်းအင်မရတဲ့ ဒေသတွေမှာ လည်း ဖုန်းအားသွင်းဖို့ အခက်ခဲ
ဖြစ်နေသူတွေအတွက် ဒီလက်ညှစ် အားသွင်းစနစ်က အဆင်ပြေစေမှာပါ။ iPhone တွေဖြစ်တဲ့ 4,4s,5 တို့နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး လက်ညှစ်စက် မှာလည်း ဘက်ထရီစနစ်ဖြစ်တဲ့ 400 mA battery ထည့်သွင်း တည်ဆောက် ထား ပါသေးတယ်။

လက်ညှစ် မော်တာကနေဒိုင်နမိုကိုလည်ပတ်စေပြီး၊လျှပ်စစ်စွမ်းအင်ရရှိစေကာ 400 mA battery ထဲသို့သိုလှောင် စီးဝင်စေပြီး iPhone အတွင်းက ဘက်ထရီစနစ်ကို ချိတ်ဆက် အားဝင်စေတာပါ။

Mipwr iPhone Battery Charging လို့ခေါ်ပြီး ဥရောပ၊အမေရိက
နှင့် နိုင်ငံတကာဈေးကွက်အတွင်းကို အမေရိကန် ဒေါ်လာ ၂၅ နဲ့ဖြန့်ချိရောင်းချ ပေးမယ်လို့ဆိုပါတယ်။

ခွန်နေ(AMMG)
Ref:Dailymail
Guide Magazine


သင့်စီးပွားရေး လုပ်ငန်းက ဝဘ်ဆိုဒ်ရှိရန်လိုအပ်သည့် အကြောင်း ၈ ချက်






Website Never Sleep

လူတွေ ဘယ်လောက်အိပ်အိပ်၊ ဝဘ်ဆိုဒ်က မအိပ်ပျော်တတ်ပါဘူး။ ယေဘုယျအားဖြင့် တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက်၊ တစ်နှစ်မှာ ၃၆၅ ရက်လို့ အသက်ရှင်ပါတယ်။ ဒီတော့ နောက်ထပ် အချိန်ပြည့် မအိပ်မနေ အလုပ်သမား တစ်ယောက် ရထားလိုက်သလိုပါပဲ။ Customer တွေက ပို့ပေးတဲ့ စာတွေကို၊ အီးမေးလ်တွေကို သိမ်းထားပေးပါမယ်။ Auto reply စနစ်တွေပါ ထည့်ထားပေးရင် သူက ပိုတောင် အလုပ်လုပ်ပေးနိုင်အုံးမှာပါ။ ဒီတော့ အိပ်မပျော်တဲ့ ဝန်ထမ်းတစ်ယောက်ရလိုက်ခြင်းက ဝဘ်ဆိုဒ်တစ်ခု ရလိုက်ခြင်း ဖြစ်ပါတယ်။

Your Top Competitor Has a Website

ပြိုင်ဘက် ကုမ္မဏီက ဝဘ်ဆိုဒ်ရှိတယ်။ ကိုယ့်ဆီမှာ ဝဘ်ဆိုဒ်မရှိဘူး။ အဲဒီမှာတင် ကိုယ်က တစ်ဘမ်းရှုံးနေပါပြီ။ တစ်ဖက်က အွန်လိုင်းကနေ စီးပွားရေးကို အပီအပြင်ချဲ့ ထွင်နေချိန် ကိုယ်တွေက နောက်ကျ ကျန်ခဲ့ နိုင်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်တွေလည်း ဝဘ်ဆိုဒ် ရှိတာမို့ ကိုယ် စီးပွားရေး လုပ်ငန်းလည်း ရှိဖို့လိုအပ် ပါတယ်။

Just Google It

သာမန် လူတစ်ယောက်က ထုတ်ကုန်၊ ဝန်ဆောင်မှု တစ်ခုအတွက် ဘယ်ကုမ္မဏီကိုမှ မသိရင် Google တို့လို Search Engine ကနေ ရှာဖွေတာမျိုး ပြုလုပ် ပါတယ်။ ဒါကြောင့်မို့ သူတို့လို Customer တွေ ကိုယ့် စီးပွားရေး လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းကို S Engine ကနေ အလွယ်တကူ ရှာတွေ့နိုင်အောင် ဝဘ်ဆိုဒ် တစ်ခုတော့ ရှိထားဖို့ လိုအပ်ပါတယ်။

Websites Improve Customer Confidence & Corporate Image

ပရော်ဖက်ရှင်နယ် ကျကျ ဖန်တီးထားတဲ့ ဝဘ်ဆိုဒ်ကြောင့်မို့ ကိုယ့်ရဲ့  လုပ်ငန်းက Impression အတော်လေး ကောင်းနေပြီ။ Customer တစ်ယောက်အနေနဲ့ သူ အားကိုးလိုတဲ့ organization တစ်ခုကနေ sense of confidence ရဖို့အတွက် Website ကိုလည်း Care လုပ်လာကြတာ ကမ္ဘာမှာတင် မဟုတ်တော့ပဲ မြန်မာပြည် အထိ ဖြစ်လာပါပြီ။

Small Business Have Higher Revenue
ကိုယ်ပိုင် ဝဘ်ဆိုဒ်ရှိတဲ့ အသေးစားစီးပွားရေး လုပ်ငန်းများဟာ ကိုယ်ပိုင် ဝဘ်ဆိုဒ် မရှိတဲ့ စီးပွားရေး လုပ်ငန်းများထပ် နှစ်စဉ်ဝင်ငွေ များပြားတာကိုလည်း စစ်တမ်းအရ သိထားပြီး ဝဘ်ဆိုဒ်ကို Small Business သမားအတွက်လည်း ဖန်တီးစေရန် Recommend ပေးထား ပါတယ်။

Do you know billions of people?

ကမ္ဘာပေါ်မှာ လက်ရှိ အင်တာနက် အသုံးပြုသူ အရေအတွက်က သန်းဂဏန်းတင်မကတော့ပဲ ဘီလျံနဲ့ချီနေပါပြီ။ ၂ ဘီလျံအထပ်မှာပါ။ သူတို့အားလုံးက အင်တာနက်ပေါ်မှာ ရှိပါတယ်။

Website Help Establish More Customers

ယနေ့ စစ်တမ်းကောက်ချက်များအရ ကမ္ဘာအရပ်ရပ်က Customer အသစ်များ ရရှိမှုရဲ့  ၅၀ ရာခိုင်နှုန်းဟာ အင်တာနက်မှ တစ်ဆင့်ဖြစ်လာပြီး အဲဒီထပ်ပိုလို့သာ တိုးလာပါတယ်။ ဒါကြောင့် ဝဘ်ဆိုဒ်ရှိခြင်းက ဖောက်သည် ပိုအရ မြန်စေပါတယ်။

Websites are not just local, they are global

စီးပွားရေး လုပ်ငန်းအသေးစားပဲ ဖြစ်ဖြစ်၊ အကြီးစားပဲ ဖြစ်ဖြစ်ပါ၊ ဝဘ်ဆိုဒ်တစ်ခုရှိလိုက်ရင် ကိုယ့်လုပ်ငန်းရဲ့  လည်ပတ်မှုဟာ ပြည်တွင်းဒေသတွင်းတင် မကတော့ပဲ ကမ္ဘာနဲ့ ယှဉ်လာပြီဆိုတာ သိထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် global အထိခြေလမ်း နိုင်ဖို့အတွက် ဝဘ်ဆိုဒ် တစ်ခု ရှိရန် လိုအပ်ပါတယ်။
.
Ref: kylake.us
TechSpace Journal
အောင်ခမ်း ( TSJ Team )

ကလေးမြို့နယ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ရေကြီးမှု အဆိုးဝါးဆုံး ဒဏ်ခံနေရ



စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ရေကြီးမှု အဆိုးဝါးဆုံး ဒဏ်ခံနေရပြီး လူပေါင်း ၂၀၀၀ ကျာ် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။

အခုတပတ်အတွင်း မိုးဆက်တိုက် ရွာသွန်းတဲ့အတွက် ကလေးမြို့နယ်ထဲက မြစ်သားမြစ်၊ နေရဉ္စရာမြစ်၊ နတ်ချောင်း၊ နန်းကလီချောင်း၊ နမ့်မြော်ချောင်း အစရှိတဲ့ မြစ်ချောင်းတွေ ရေလျှံကျပြီး စက်တင်ဘာ ၂၉ ရက်နေ့က စပြီး လူနေရပ်ကွက်နဲ့ ကျေးရွာထဲကို ရေတွေ ၀င်ရောက်လာခဲ့တာပါ။

Photo: ကလေးမြို့မီဒီယာ
DVB TV News

ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင်အားလုံး ဆန္ဒပြု




ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ဒေသခံ ဘာသာဝင်များက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းဆုတောင်းပွဲသို့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ၊ ဟိန္ဒူဘာသာဝင်များ၊ ဆစ်ခ် ဘာသာဝင်များ၊ မွတ်စလင် ဘာသာဝင်များ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ဝန်ထမ်းများ လူဦးရေ ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး အခမ်းအနား ပြီးဆုံးခါနီးတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင် အားလုံးက ဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ယင်းဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ လူဆယ်ဦးခန့်က မိမိတို့၏ ဆန္ဒနှင့် အမြင်များကို ထုတ်ဖော်ခဲ့ကြပြီး ဓမ္မဆရာဖာသာ နော်ဒင့်က ''လူတွေပယောဂ ကြောင့်တော့ မြန်မာမြို့ရွာတွေ မပျက်စီးစေချင်ဘူး။ ကချင် ပြည်နယ်မှာ လျှပ်စစ်လိုအပ်ချက်ဟာ ၅၀ မဂ္ဂါဝပ်လိုတယ်။ မြစ်ဆုံစီမံကိန်းဟာ မဂ္ဂါ ၀ပ် ၆၀၀၀ ကျော် ထုတ်လုပ်မယ် ဆိုတော့ ဒီလောက်ကြီးမားပြီး အန္တရာယ်များတဲ့ မြစ်ဆုံဆည် စီမံကိန်းဟာ လုံးဝမလိုအပ်ပါဘူး။ ယခု စီမံကိန်း မစတင်ခင်ကတည်းက လမ်းကြော တစ်လျှောက်က သစ်တောကြီးတွေ မကျန်တော့ဘူး။ ဒီဒေသကြီးသာ တရုတ်နိုင်ငံကို အပ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာက ဘယ်မှာထားမှာလဲ။ ကျွန်တော်တို့ လက်ထက်မှာ အချိန်မီတားရမှာ။အခုတောင် ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ ဘ၀ဟာ သံယံဇာတတွေ ထုတ်ယူလွန်းလို့ ကြံဖတ်ဘ၀ ရောက်နေပါပြီ''ဟု မိန့်သည်။

အခြားဆွေးနွေး သူများကလည်း မြစ်ဆုံစီမံကိန်းမှာ စင်ကာပူနိုင်ငံထက် သုံးဆကြီးမားသော တောင်ပေါ် ပင်လယ်ကြီးဖြစ်ပြီး ငလျင်ကြောနေရာတွင် တည်ဆောက်ထားသောကြောင့် ၎င်းဆည်ရေကြော တစ်လျှောက်တွင် မြန်မာနိုင်ငံသားများ မည်ကဲ့သို့ နေထိုင်ရမည်ကို စဉ်းစားစေလိုကြောင်း၊ ၎င်းအပြင် တရုတ်နိုင်ငံ၏ နည်းပညာ အရည်အသွေးနှင့် မိမိနိုင်ငံ၏ လုံခြုံရေး အခြေအနေကိုပါထည့် သွင်း စဉ်းစားကြရမည် ဖြစ်ကြောင်း၊ လုံးဝ အန္တရာယ် မရှိနိုင်ဟု ယူဆတည်ဆောက်ခဲ့သော ၀ိုင်းမော်မြို့နယ် အတွင်းက ၀ါရှောင် ဆည်ကလေးပင် သုံးကြိမ်တိုင် ဆည်ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပြီး လူအများ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင်လည်း ဆည်များ၏ အန္တရာယ်ကြောင့် သေဆုံးဒုက္ခ ရောက်ရသူများ မရေမတွက် နိုင်အောင် ရှိကြောင်း တက်ရောက်သူများက ဆိုသည်။

ယင်းဆုတောင်းပွဲသို့ တက်ရောက်ခဲ့သူ ဒေါက်တာတူးဂျာက ၂၀၁၅ ရွေးကောက်ပွဲ တွင် မြစ်ဆုံဆည် စီမံကိန်းမှာ အကြီးမားဆုံး ဒီဘိတ်ဖြစ်လာနိုင်ပြီး ပြည်သူများ၏ ဆန္ဒသာ အဓိကကျကြောင်း ပြောကြားသည်။

၂၀၁၀ ခုနှစ် မေ ၂၈ ရက်တွင် နိုင်ငံတော် အစိုးရက မေခ-မလိခနှင့် ဧရာဝတီမြစ်ဆုံ ရေအားလQပ်စစ် စီမံကိန်းများ အကောင် အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အားထုတ် လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်း လိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခု စက် တင်ဘာ ၃၀ ရက်တွင် နှစ်နှစ်ပြည်ခဲ့ပြီဖြစ် သည်။ မြစ်ဆုံဆည် တည်ဆောက်သည့် CPI ကုမ္ပဏီမှာ ယင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုပြီး ဆိုးကျိုးထက်ကောင်း ကျိုးများကြောင်း လွန်ခဲ့သော ဇွန် ၂၃ ရက် တွင် ကချင်ပြည်နယ် သတင်းစာ ဆရာအသင်း ၀င်များနှင့် သတင်းစာ ဆရာများအား CPI ကုမ္ပဏီ မန်နေဂျာ လီကောင်ဝှါက ဆိုသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင် လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်း ခုနှစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် နှစ်သောင်းခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

မြစ်ဆုံရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
Eleven Media Group

သနပ်ခါးပုစ္ဆာ






မြန်မာပြည်မှာ သနပ်ခါးနဲ့ ပတ်သက်ပြီး သီချင်းစပ်ထားတဲ့ သနပ်ခါး တေးသီချင်းတွေဟာ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေကြားမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ရနံ့သင်းနေတဲ့ သနပ်ခါး တေးသီချင်းတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ စပ်ဆိုကြတယ် ဆိုတာကို မသိရပေမဲ့ ရေးသူ၊ ဆိုသူများကို လေးစားမိပါတယ်။

သနပ်ခါးဆိုတာ ကျွန်တော်တို့ နိုင်ငံက "ပျိုပျိုမေမေ" တွေရဲ့ ပါးပြင်အထက်မှာ ရှေးနှစ်ပေါင်း များစွာကတည်းက နေရာယူ အလှဆင်ခဲ့တဲ့ အသုံးဝင် "ယဉ်ကျေးမှု" ပစ္စည်းတစ်မျိုးပါပဲ။ ယနေ့ခေတ်မှာတော့ အဲဒီသနပ်ခါးတွေဟာ သီချင်းတွေထဲမှာပဲ ရှိတော့သလိုမျိုး ဖြစ်နေပါတယ်။

မြန်မာပြည်မှာ သနပ်ခါးလူးပြီး ရုံးတက်အလုပ်သွားတဲ့ မိန်းကလေးတွေ ရှားပါးနေပါပြီ။ မြန်မာ အမျိုးသမီးတွေရဲ့ ရိုးရာယဉ်ကျေးမှု အလှတွေထဲမှာ သနပ်ခါးဟာ တစ်ပါးအပါအ၀င် ဆိုပေမဲ့ ယနေ့ ခေတ်မှာတော့ သနပ်ခါးဆိုတာ မြန်မာ အမျိုးသမီးလေးတွေရဲ့ "ရှေ့တန်းစစ်မျက်နှာ" မှာ မရှိတော့ပါဘူး။ သူတို့ရဲ့ ထိပ်တန်းလက်နက်တွေက ခေတ်ပေါ် "အလှကုန်ပစ္စည်း" တွေပါပဲ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးသဘာဝ "စကားထာ" တွေ ၀ှက်ခဲ့ဖူးပါတယ်။ "တောမှာအရိုင်း၊ မြို့ရောက်တော့ အပျိုတွေဝိုင်း" တဲ့။ အဖြေက သနပ်ခါးကို ပြောတာပါ။ သနပ်ခါး တစ်ပင်ဟာ တောထဲမှာ အပွေးတွေ၊ အခေါက်တွေနဲ့ ရုပ်ဆိုးအကျည်းတန်ဖြစ်ပြီး အမြင်ရိုင်း နေရပေမဲ့ ကျောက်ပျဉ်ပေါ်ရောက်ရင် သူ့ဘ၀ဟာ ကောင်မလေးတွေရဲ့ ပါးပြင်ပေါ် ရောက်ပြီဆိုတဲ့ သဘောလေးကို စကားထာ ၀ှက်ခဲ့ကြတာပါ။

ခေတ်ရေစီးကြောင်းက လျင်မြန်ကူးစက်မှု ရှိသလို၊ ကြောက်စရာ သတိပြုစရာတွေလည်း ရှိလာပါတယ်။ ကျောက်သင်ပုန်းတွေ ပျောက်ကွယ်သလို သနပ်ခါးတွေလည်း ပျိုပျိုမေမေတွေရဲ့ပါးပြင်ထက်က ပျောက်ကွယ်သွားမှာလား။ ကျွန်တော်တို့ ငယ်စဉ်က လေးဘ၀က ရေချိုးပြီး သနပ်ခါး လိမ်းပေးကြတဲ့ မိခင်တွေဟာ ကလေးတွေရဲ့ ပါးစပ်ထဲကို သနပ်ခါးနှစ်တွေကို ထည့်ပေးတတ်ကြပါတယ်။ အဲဒီအရသာဟာ ခုချိန်ထိ စွဲမြဲနေတုန်းပါပဲ။

ရုံးတက်ခွင့် မရတဲ့ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု သနပ်ခါးတွေကို ဘယ်လိုဥပဒေနဲ့ အကာအကွယ် ပေးထားမလဲ ဆိုတာကတော့ စဉ်းစားစရာပါ။ ကျွန်တော်တို့ရဲ့ ရိုးရာသနပ်ခါးတွေဟာ ညအိပ်ရာဝင်ချိန် လိမ်းရရုံအထိပဲ တန်ဖိုးရှိတာလား။ ရာစုနှစ် တော်တော်များများ နန်းစံခဲ့တဲ့ သနပ်ခါးတွေဟာ ပြောင်းလဲခြင်း၊ တိုးတက်ခြင်းတွေအောက်မှာ နေရစ်ခဲ့ရ တော့မှာလား။ အန္တရာယ်ကင်းတဲ့ သနပ်ခါးတွေ မကျဆုံးပါစေနဲ့လို့ အမျိုးသမီးထုကိုယ်စား ဆုတောင်းပေးမိတာတော့ အမှန်ပါပဲ။

လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သနပ်ခါး သီချင်းနဲ့ ပတ်သက်ပြီး ကောင်မလေး တချို့က ပြောကြပါတယ်။ ခုခေတ်မှာ သနပ်ခါး သီချင်းတွေထဲကလို သနပ်ခါးကို "မြတ်မြတ်နိုးနိုး စွဲစွဲလမ်းလမ်း" လိမ်းတဲ့ မိန်းကလေးဆိုတာ နည်းသွားပြီတဲ့။ သွားလေရာ အလှကုန်ပစ္စည်းမျိုးစုံ ထည့်သွားတဲ့ မိတ်ဆွေမိန်းကလေး တစ်ယောက်ကို "ကျောက်ပျဉ်" ပါ ယူသွားပါလားလို့ စခဲ့ဖူးပါတယ်။ "ဘာလို့ ယူသွားရမှာလဲ ... ငါဘယ်တုန်းက သနပ်ခါး လိမ်းဖူးလို့လဲတဲ့"။ သူ့စကားက အံ့သြစရာတစ်ခု ဖြစ်ခဲ့ရတာ အမှန်ပါပဲ။

"ဘောလုံးပွဲ အထာနဲ့ ပြောမယ်ဆိုရင်" ကျွန်တော်တို့ မြန်မာနိုင်ငံဟာ "ခံစစ်" ပါ။ နိုင်ငံပေါင်းစုံရဲ့ ယဉ်ကျေးမှု အလေ့အထ မျိုးစုံ၊ ကုန်ပစ္စည်း မျိုးစုံဆိုတဲ့ တိုက်စစ်တွေဟာ မနားတမ်း တရစပ် တိုက်စစ်ဆင်နေတာကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ခံနေရတာပါ။ နိုင်ငံပေါင်းစုံရဲ့ တိုက်စစ်တွေကြားမှာ ကျွန်တော်တို့ နိုင်ငံရဲ့ "ချစ်စရာကောင်းတဲ့ ဓလေ့တွေ၊ ကြည်နူးစရာကောင်းတဲ့ ယဉ်ကျေးမှုတွေ၊ ချစ်မြတ်နိုးစရာ ကောင်းတဲ့ ရိုးရာပစ္စည်းတွေ" တဖြည်းဖြည်း ပျောက်ကွယ်နေတယ် ဆိုတာကိုတော့ သတိပြုကြရမှာပါ။

"မြန်မာအမျိုးသမီး" ဆိုရင် နိုင်ငံတကာက "ရင်ဖုံးအင်္ကျီနဲ့ သနပ်ခါး ပါးကွက်ကြား" လေးကို တွဲမြင်ကြတာပါ။ ခုချိန်မှာတော့ အဲဒီမြန်မာမလေးတွေကို အလွယ်တကူရှာလို့ မတွေ့နိုင်တော့ပါဘူး။ ကျွန်တော်တို့ နိုင်ငံက ရိုးရာပစ္စည်းတွေဟာ နှစ်ကာလများစွာ အသုံးဝင်လို့ အသုံးပြုခဲ့ကြ တာပါ။ ရိုးရာပစ္စည်းတွေ အမေ့ခံ၊ အစွန့်အပစ်ခံ ဘ၀ကို ရောက်သွားမှာကိုတော့ မြန်မာတစ်ယောက် အနေနဲ့ မလိုလားပါဘူး။

တိုင်းတစ်ပါး ပစ္စည်းကို မသုံးရဘူးလို့ မဆိုလိုပါဘူး။ လိုအပ်ရင် အသုံးပြုကြရမှာပါ။ တိုင်းတစ်ပါး ပစ္စည်းတွေ အပေါ်မှာ အလွန်အထင်ကြီးတဲ့ စိတ်ဓာတ်တွေကြောင့် ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်းတွေဟာ အိမ်နိမ့်စံဘ၀ကို ရောက်နေရတယ် ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းဖြစ်ကို ကျွန်တော်တို့ လှည့်ကြည့်ရပါမယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ မြန်မာပြည်ကြီးထဲမှာ ပြည်တွင်းဖြစ် ရိုးရာပစ္စည်းတွေကို မေ့ထားလို့၊ ပစ်ထားလို့ မရပါဘူး။ ကျွန်တော်တို့မှာ ရိုးရာအမွေအနှစ်၊ ရိုးရာပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ သမိုင်းပေး တာဝန်တစ်ခုပါပဲ။

ကျွန်တော်တို့ ပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာပစ္စည်းတွေဟာ တဖြည်းဖြည်း များလာပါတယ်။ အရင်က ပြည်တွင်းမှာ မရှိခဲ့တဲ့ အသစ်အဆန်း ယဉ်ကျေးမှုတွေ၊ အသုံးအဆောင်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ အသစ်နဲ့ အဟောင်းကြားမှာ ဥာဏ်နဲ့ယှဉ်ပြီး အသုံးပြုကြရမှာပါ။ အသုံးမပြုတတ်ရင်တော့ "ဘေး" ဖြစ်နိုင်တာတွေက အများကြီး ဆိုတာကို သတိပြုကြရမှာပါ။

ပေါင်မုန့်၊ ကိတ်မုန့်တွေ၊ ချိစ်တွေ နေ့စဉ်စားနေကြရပေမဲ့ ကောက်ညှင်းပေါင်းလေး၊ မုန့်ဟင်းခါးလေးတွေကို စားချင်ကြတာပါပဲ။ ကျွန်တော်တို့ရဲ့ ဘ၀အမှန်ကို ကျွန်တော်တို့ ကိုယ်တိုင်ကလည်း မေ့တတ်ကြတာဟာ သဘာဝ ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်လောက်အောင်လည်း "Made in Foreign" ဖြစ်တွေက ကျွန်တော်တို့ ပြည်တွင်းမှာ များစွာလွှမ်းမိုး ထားပါတယ်။

ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ဆုံးရှုံးပျောက်ကွယ်သွားအောင် မပြုသင့်သလို၊ ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်း၊ ရိုးရာယဉ်ကျေးမှု ဖြစ်တယ်ဆိုတာကိုလည်း အခွင့်အခါသင့်တိုင်း ကျွန်တော်တို့ ဖော်ထုတ်ကြရမယ် ဆိုတာကို မမေ့သင့်ပါဘူး။ "ကျွန်တော်တို့ဟာ ကျွန်တော်တို့ဖြစ်ပြီး သူတို့ဟာ သူတို့ပါပဲ။ လူချင်းတူပေမဲ့ ယဉ်ကျေးမှုချင်း မတူကြပါဘူး။ ကိုယ့်ယဉ်ကျေးမှု ကိုယ်စောင့်ရှောက်ကြတာတော့ နိုင်ငံတိုင်းက အတူတူပါပဲ"

ဧရာဝတီအတွက် ကျွန်တော်တို့ သီချင်းတွေ စပ်ခဲ့ကြတယ်။ ဆိုနေကြတယ်။ သနပ်ခါးတွေအတွက် သီချင်းတွေ စပ်ကြတယ်။ ဆိုကြတယ်။ Sea Game အတွက် သီချင်းတွေ စပ်ကြတယ်။ ဆိုကြတယ်။ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေအတွက် သီချင်းလေးတွေ စပ်ကြ၊ ဆိုကြပါဦးလို့ ပြောချင်ပါတယ်။ "ကျွန်တော်တို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ပါစေ"။

(စစ်ကိုင်းကောင်းမှုတော် စေတီဝင်း အနီးတွင် ဖွင့်လှစ်ရောင်းချသော သနပ်ခါး အရောင်းဆိုင်များကို တွေ့ရစဉ်)
(ဆောင်းပါးရှင် - ညီအောင်ညီ)
Eleven Media Group


ဂိမ်မာတွေအတွက် ဖြေသိမ့်စရာ Hyperkin Retron 5




လာမယ့်နိုဝင်ဘာမှာ PlayStation 4 နဲ့ Xbox One တို့ဈေးကွက်ထဲကို အပြိုင်နွဲကြပါတော့မယ်။ ကိုယ်စီကိုယ်စီ ကြိုင်တင်မှာယူမူတွေနဲ့ မထွက်ခင်ကတည်းက အလုံးရေသန်းနဲ့ချီလို့တောင် ရောင်းနေရပါ သတဲ့။

ဒီလိုအရည်အသွေးမြင့်ပြီး ရုပ်ထွက်ကောင်းတဲ့ ဂိမ်းစက်ကြီးတွေမပေါ်ခင်က ရှိတာလေးနဲ့ ရောင့်ရဲပြီး တစ်ချိန်တစ်ခါက အုံးအုံးကျွတ် လူကြိုက်များခဲ့တဲ့ ဂိမ်းစက်တို့ရဲ့ ဘုရင် Nintendo လေးကိုတော့ လူတိုင်းမှတ်မိကြဦးမှာပေါ့။

သူခေတ်နဲ့သူ့ခါ ကလေး၊လူကြီးမရွေး နှစ်ခြိုက်ခဲ့တဲ့ Nintendo ကို Generation များစွာထုတ်လုပ်ခဲ့ပြီး ယခုချိန်ထိနှစ်ခြိုက်အားပေးသူ ရှိနေတုန်းပါပဲ။

ဒါကိုကောင်းကောင်း နားလည်ထားတဲ့ Hyperkin က Nintendo Entertainment ကထွက်တဲ့ မျိုးဆက်တွေမှန်သမျှ တစ်စုတစ်စည်းတည်း ကစားလို့ရအောင် All in One ဖန်တီးပေး လိုက်ပါတယ်။

အဲဒါကတော့ Retron 5 လို့ခေါ်ပြီးကစားလို့ရမယ့် Console တွေကတော့ NES, Famicom, Super NES and Famicom, Sega Master System, Genesis and Mega Drive နဲ့ Game Boy original စတာတွေမှာ ကစား လို့ရတဲ့ ဂိမ်းမှန်သမျှကို Retron 5 တစ်ခုတည်းမှာတင် အသုံးပြုကစားလို့ အဆင်ပြေစေမှာပါ။

အရွယ်အစား ၁၀ လက်မရှိမှာဖြစ် ပြီး လာမယ့် ဒီဇင်ဘာ ဥရောပနဲ့ အမေရိကန်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ ကျသင့် မှာပါ။ PS4 နဲ့ Xbox One မတတ်နိုင်သူတွေ အတွက်တော့ ဖြေသိမ့်စရာ Hyperkin Retron 5 Console အသစ်ကြီးပေါ့။

စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းစက်တစ်ခုဖြစ်လာဦးမယ့် အပြင် ဖျော်မူပိုင်းအရ လုံလောက်တဲ့ ရွေးချယ်မှုတစ်ခုလို့ မှတ်ချက်ပြုချင်ပါတယ်။

Ref:Geeky
ခွန်နေ(AMMG)
TechSpace Journal

သံတွဲမြို့နယ်အတွင်းမှာ ညမထွက်ရ အမိန့်ကို နာရီ တိုးမြင့်သတ်မှတ်ထား


ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၇ မိုင် အကွာမှာရှိတဲ့ ရွှေလှေ ကျေးရွာအုပ်စုထဲက သပြုချိုင်၊ ပေါက်တောနဲ့ ရွှေလှေ ကျေးရွာ ၃ ခုမှာ မွတ်ဆလင် အိမ်တွေကို ဗုဒ္ဓဘာသာဝင်တွေက လူအုပ်နဲ့ ၀ိုင်းပြီး မီးရှို့တိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အိမ်ခြေ ၁၂ လုံးထက်မနည်း မီးလောင်သွားတယ်လို့ သံတွဲခရိုင် ဒုရဲမှူးကြီး ကျော်တင့်က ပြောပါတယ်။

အခုအခါ အဲဒီကျေးရွာတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ဆောင်ရွက်ပေးနေပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ သူက ဆိုပါတယ်။

ဒေသတွင်းမှာ ရောက်နေတဲ့ သတင်းထောက်တစ်ဦးရဲ့ အပြောအရတော့ ညနေ ၅ နာရီအထိ ကျေးရွာတွေမှာ မီးလောင်နေတာ တွေ့ရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ ညမထွက်ရ အမိန့်ကို အရင်က ည ၉နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ်ထားရာကနေ အခုအခါ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
BBC Burmese

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား MasterCard (World Wide) မှ MasterCard Principal Membership အဖြစ် တရားဝင် အသိအမှတ်ပြု


အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ATM စက်များနှင့် POS (Point of Sale) များတွင် Master Card များကို လက်ခံသုံးစွဲနိုင်ရန်အတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား MasterCard (World Wide) မှ MasterCard Principal Membership အဖြစ် ၄-၉-၂၀၁၃ ရက်နေ့ ၌ တရားဝင် အသိအမှတ်ပြုခဲ့ပြီး MasterCard Principal License ကို ရရှိခဲ့ပြီးဖြစ်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအနှံ့ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ATM စက်များအားလုံးတွင် MasterCard ကို အသုံးပြု၍ ငွေသားထုတ်ယူခြင်းများ ကို မကြာခင်မှာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

MasterCard ကို လက်ခံဆောင်ရွက်လိုသော Air Lines, Hotels, Restaurants, Souvenir Shops, Super Market များနှင့် အခြားသော လုပ်ငန်းရှင်များအားလုံးသည်လည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ခွဲများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

မျက်နှာပေါင်းတင်ပြီးလျှင် ဘာလိမ်းရမလဲ


မျက်နှာပေါင်းတင်ပြီး နာရီဝက်ခန့်ကြာမှ toner ကိုလိမ်းပါ။ သို့မှသာ မျက်နှာကို အားဖြည့်မှုပို၍ သက်ရောက်မည်ဖြစ်သည်။

ထို့နောက်မှ moisturize (အစိုဓာတ်ထိန်း ဆေးရည်)၊ eye cream, မျက်နှာခရင်တို့ ကိုတစ်ဆင့်စီ လိမ်းပေးရပါမည်။

Toner ကို မနက်နှင့် ညတိုင်း လိမ်းပေးနိုင်သည်။ လက်နှင့်လိမ်း ခြင်းထက် နူးညံ့သော ဂွမ်းဖတ်ကလေးဖြင့် လိမ်းပေးပါ။

လိမ်းရာတွင် နည်းနည်းချင်းတို့ပေးခြင်းဖြင့် အသားထဲစိမ့်ဝင်မှုပို၍ ရှိစေမည်။
Toner ၏သဘောမှာ အရေးအကြောင်းများကိုပြေ၍ မျက်နှာကို တင်းရင်းစေပြီး အညစ်အကြေးများကို ပယ်ရှားပေးနိုင်သည်ဖြစ်ရာ မျက်နှာပေါင်းတင်ပြီး ကျန်နေသည့် မျက်နှာမှအစအနများကို ဖယ်ရှားပေးနိုင်သည်။

သို့ဖြစ်၍ မျက်နှာပေါင်း မတင်မီ Toner ကိုမလိမ်းဘဲ ပေါင်း တင်ပြီးမှသာ toner ကိုလိမ်းသင့်ပါသည်။

ဒေါန
Health Updates Journal

ကလေးငယ်အား ဓါတ်ဆီပက်မီးရှို့သည်ဆိုသူကို ရဲစခန်းက ထိန်းသိမ်း



ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မြ၀တီ ရပ်ကွက်နေ ဒေါ်စန်းအိ ၏သား အသက်(၁၀) နှစ်အရွယ်ခလေးကို ၂၈.၉.၂၀၁၃ ရက်နေ့က ဓါတ်ဆီပက်ကာ မီးရှို့သည်ဟုဆိုသူအား ရဲစခန်းက ၃၀.၉.၂၀၁၃ ရက်နေ့ကထိန်းသိမ်း လိုက်ကြောင်း သိရသည်။

ယင်းမီးရှို့သည်ဆိုသူမှာလည်း အသက် ၁၄ နှစ်အရွယ်ခန့်သာရှိသေးကြောင်း ၊ ၂၂၀ ပုဒ်မ ပုဒ်မ ၃၂၄ အမှတ်(၁) မြို့မ ရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကမ္ဘာ့ အကောင်းဆုံး ဟိုတယ် ၁၀၀ စာရင်း တွင် မြန်မာ နိုင်ငံ က ဟိုတယ် တစ်ခု ပထမဆုံး အကြိမ် ရွေးချယ် ခံရ


ကမ္ဘာပေါ် ရှိ အကောင်းဆုံး ဟိုတယ် လမ်းညွှန်မှု လုပ်ငန်း နှင့် ခရီးသွား အေဂျင်စီ ကြီး တစ်ခု ဖြ စ်သော Fodor’s က ၂၀၁၃ ခုနှစ် အတွက် အကောင်းဆုံး ဟိုတယ် ၁၀၀ ဆု စာရင်း ရွေးချယ် ထု တ်ပြန် ရာ တွင် မြန်မာ နိုင်ငံမှ ဟိုတယ် တစ်ခု ပထမဆုံး အကြိမ် ပါဝင် လာခဲ့ ကြောင်း ၂၇ – ၉ – ၂၀၁၃ ရက် က သတင်း ရရှိသည်။ Fodor’s သည် လမ်းညွှန် မှု လုပ်ကိုင် ရာ တွင် နှစ်ပေါင်း ၇၇ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး ၎င်း ၏ လမ်းညွှန်မှု မှာ မှားယွင်းမှု လုံးဝ မရှိခဲ့ဘဲ ခရီးသွားများ ၏ စိတ် ကျေနပ်မှု ကို ရစေ ခဲ့သည့် အေဂျင်စီ ကြီး တစ်ခု ဖြစ်ကြောင်း လည်း သိရသည်။

Fodor’s က ရွေးချယ် သည့် ဟိုတယ် ၁၀၀ စာရင်း အတွက် နိုင်ငံပေါင်း ၄၃ နိုင်ငံ မှ ဟိုတယ်များ ကို အမျိုးအစား ရှစ်မျိုး ခွဲပြီး အကောင်းဆုံး သတ်မှတ် ပေးခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ “Fodor’s ၁၀၀ စာရင်း အတွက် ရွေးချယ်မှု တွေ လုပ်တဲ့ နေရာမှာ အလားအလာ အကောင်းဆုံး ဟိုတယ် တွေနဲ့ ဝန်ဆောင်မှု စိတ် ကျေနပ် စေတဲ့ အချက်တွေ အဲဒီ နေရာကို ရောက်သွား သူတွေ ရဲ့ မှတ်ချက် တွေနဲ့ ရွေးချယ် တာ ဖြစ်ပါ တယ်” ဟု Fodor’s မှ မစ္စတာ Arabella Bowen က ရှင်းပြ သည်။

Fodar’s ၁၀၀ စာရင်း တွင် မြန်မာနိုင်ငံ မှ ကိုလံဘီယာ နိုင်ငံ နှင့် အတူ ပထမဆုံး အကြိမ် ပါဝင်လာ ခဲ့ခြင်း ဖြစ်ပြီး ရွေးချယ် ခံရမှုတွင် အေးချမ်း ဆိတ်ငြိမ်မှု ရှိပြီး နှစ်လိုဖွယ် ကောင်းသော နေရာများ အဖြစ် အမေရိကန် နှင့် ဂရိမှ ဟိုတယ်များ နည်းတူ ရွေးချယ် ခံခဲ့ ရခြင်း ဖြစ်သည်ဟု သိရသည်။ Fodor’s က ရွေးချယ် သော မြန်မာ နိုင်ငံမှ ဟိုတယ် မှာ ဒဂုံ မြို့နယ် ရှိ Governor’s Residance ဖြစ် ပြီး အိမ်နီးချင်း ထိုင်း နိုင်ငံ သည်လည်း ရွေးချယ်ခံ ထားရသည် ဟု သိရသည်။

Fodor’s သည် ကမ္ဘာ့ နိုင်ငံ တစ်ဝန်း ရှိ နာမည်ကြီး ခရီးစဉ် ပေါင်း ၇၅၀၀ ကျော် ကို ပို့ဆောင် ပေး ထား နိုင်သော အေဂျင်စီ တစ်ခု ဖြစ်ကာ ယခု ကဲ့သို့ ရွေးချယ်မှု မှာ လည်း ကမ္ဘာပေါ် ရှိ အဆင့်မြင့် အကောင်းဆုံး ဟိုတယ် ပေါင်း ၁၇၀၀၀ ကျော် ထဲမှ အကောင်းဆုံး ၁၀၀ ကို သာ ရွေးချယ် ခဲ့ခြင်း ဖြ စ်ကြောင်း သိရသည်။

ပြည်မြန်မာ ဂျာနယ်
Credit :Golden Land Myanmar

မန်းတွင် မိုဘိုင်းပြုပြင်ရေးဝန်ထမ်းများ ရှားပါးနေဟုဆို


မန်းမိုဘိုင်းဈေးကွက်အတွင်းရှိ အရောင်းဆိုင်ကြီးများတွင် ဝန်ထမ်းအများစုမှာ ကြာရှည်စွာ လုပ်ကိုင်လိုခြင်းမရှိခြင်းကြောင့် မိုဘိုင်းပြုပြင်ရေး ဝန်ထမ်းများ ရှားပါးလျက်ရှိနေကြောင်း သိရသည်။     မိုဘိုင်း ပြုပြင်ရေး သင်တန်းမှဆရာတစ်ဦးဖြစ်သူ ကိုဘိုဘိုမှ “သင်တန်းတွေမှာကတော့ လူများတာ မှန်ပေမယ့် အရောင်းဆိုင်ကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့သူက နည်းတယ်ဗျ။ သင်တန်းသား အများစုက သင်တန်းပြီးတာနဲ့ ကိုယ်ပိုင်ပြုပြင်ရေး ဆိုင်ဖွင့်မယ့်သူတွေပဲ များတယ်။ ဒီကသင်တန်းပြီးရင် တခြားဆိုင်တွေမှာ ဝင်လုပ်တဲ့သူတွေတော့ ရှိတယ်။ ဒါပေမဲ့ အတွေ့အကြုံရအာင် ဝင်လုပ်ြကရင်လည်း ၁ လ ၂ လ ထက် မပိုကြဘူး။ နယ်က လူတွေ လာတက်တာများတော့ သူတို့ကဆိုင်တွေမှာ ဝင်လုပ်လည်း ခဏပဲ။ အဲဒီတော့ ဝန်ထမ်းလုပ်လိုတဲ့ ဆားဗစ်သမားတွေက ရှားနေတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့က မိဘမဲ့ကလေးတွေလိုမျိုးကို အခမဲ့သင်ကြားပြီးဆိုင်ရဲ့ဝန်ထမ်းလိုအပ်ချက် ဖြည့်ပေးနိုင်သလို မိဘမဲ့ကလေးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း အဆင်ပြေစေမယ့်နည်းမျိုးနဲ့ အခမဲ့သင်ကြားပေးတာမျိုးတွေကို မန်းမှာ တွေ့လာရတာပါ ”ဟု ပြောသည်။     “ဆိုင်မှာလုပ်တဲ့ သင်တန်းပြီးပြီးသားလူတွေက အကြာဆုံးနေ ၄ လ ၅ လ လောက်ပဲလေ။ သူတို့က နယ်သမားတွေများတော့ ဒီကအတွေ့အကြုံရတာနဲ့ အလုပ်ထွက်ကြတာများတယ်။ ဒီတော့ ဝန်ထမ်းက မမြဲတဲ့သဘောပေါ့။ အမြဲတမ်းတော့ ဆားဗစ်ဝန်ထမ်း လိုအပ်နေတာပါပဲ” ဟု ၇၈ လမ်းရှိ မိုဘိုင်းဆိုင်တစ်ဆိုင်မှ သိရသည်။ မန္တလေးမြို့ရှိ မိုဘိုင်းပြုပြင်ရေးသင်တန်းများတွင် တက်ရောက်နေသော သင်တန်းသားအများစုမှာ နယ်မြို့များမှ ကိုယ်ပိုင်ဆားဗစ်ဆိုင်ဖွင့်လိုသူများဖြစ်ပြီး သင်တန်းသားအားလုံး၏ ၇၀ ရာ ခိုင်နှုန်းကျော် ရှိနိုင်သောကြောင့် မန်းရှိမိုဘိုင်းဆိုင်ကြီးများအတွက် ဝန်ထမ်းလိုအပ်ချက် ရှိနေသေးကြောင်း သင်တန်းကျောင်းအချို့က ပြောကြားသည်။
   မန္တလေး
myanmarinternetjournal

၆နှစ်အရွယ် ကလေးငယ်ကို လိင်ပြောင်းလဲခွင့်ပြုခဲ့သည့် အာဂျင်တီးနားနိုင်ငံ




အာဂျင်တီးနား နိုင်ငံအာဏာပိုင်တွေက ၆နှစ်အရွယ် ကလေးတစ်ဦးရဲ့ လိင်အင်္ဂါ ပြောင်းလဲမှုကို တရားဝင်ခွင့်ပြုလိုက်ပြီ
ဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ တရားဥပဒေပြုရေးက တရားရုံးထောက်ခံ ချက်မလိုဘဲ လိင်နဲ့ နာမည်ပြောင်းလဲမှုကို တရားဝင် အထောက်အထားများနဲ့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားမြို့တော် ဗျူနိုအဲရက်စ် အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို လိင်တူချစ် သူများအဖွဲ့တွေက ကြိုဆိုလိုက်ပြီး အခုလို တရားရုံးကို အယူခံဝင်စရာလိုဘဲ အုပ်ချုပ်ရေးပိုင်းက တစ်ဆင့် ခွင့်ပြုချက် ရရှိခဲ့တာဟာ ကမ္ဘာမှာ ပထမ ဆုံးဖြစ်ရပ်ပါပဲ။ ဒီကလေးဟာ ၂၀၀၇ခုနှစ်မှာ ယောင်္ကျာလေးအဖြစ် မွေးဖွားခဲ့တာဖြစ်ပေမယ့် စကားပြောတတ်စမှာပဲ မိန်းကလေးတစ်ဦးလို ပြုမူပြော ဆိုခဲ့ပါတယ်။

ကလေးရဲ့ မိဘတွေအနေနဲ့ အခုလို ခွင့်ပြုချက်ရဖို့ လအတော်ကြာကြိုးစားခဲ့ရပြီး နှစ်ကြိမ် အငြင်းခံခဲ့ရပါသေးတယ်။ ဒီခွင့်ပြုချက်ကို ဗျူနိုအဲရက်စ် အရာရှိချုပ် Alberto Perez က ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ ကလေးအခွင့် အရေးအရ ဒီကလေးရဲ့ လိင်အင်္ဂါ ပြောင်းလဲမှုကို ငြင်းဆန်မှုဟာ ကလေးရဲ့ လူ့အခွင့်အရေးကို ထိခိုက်စေခြင်း ဖြစ်တယ်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဂျင်တီးနားနိုင်ငံဟာ ၂၀၁၀ခုနှစ်မှာ လိင်တူထိမ်းမြှားမှုကို ခွင့်ပြုပေးခဲ့တဲ့ ပထမဆုံး လက်တင်အမေရိကနိုင်ငံ ဖြစ်လာခဲ့ပြီး ဥရုဂွေးနိုင်ငံကတော့ ၂၀၁၁ခုနှစ်မှာ စတင်ခွင့်ပြုပေးခဲ့ပါတယ်။
Credit: MRTV
MyanmarUpdates

ဖြစ်နိုင်ခြေက အစပြုကြပါ


အခု အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများရဲ့ ဦးတည်ချက်ဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နေပါတယ်။ အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့ရဲ့ လှုပ်ရှားမှုများ၊ SNLD ဦးဆောင်တဲ့ ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်တဲ့ တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်၊ SNDP (ကျားဖြူပါတီ) ရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၊ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရပါတယ်။

တစ်ဖက်ကလည်း ပြည်ထောင်စုလွှတ်တော်မှာ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ’ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် အစည်းအဝေး ထိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်ရေး ကော်မရှင်ရဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အပေါ် လေ့လာတင်ပြချက် ဆိုတာကိုလည်း သြဂုတ်လဆန်းပိုင်းက တွေ့ကြရတယ်။

ယနေ့အခြေအနေ၊ အခင်းအကျင်းများကို ကြည့်ရတာဟာ ၁၉၆၁- ၆၂ က အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ ထင်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ဖို့ ဥပဒေအရ ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ၁၀ နှစ်ကျော်လွန်လာခဲ့တဲ့ နောက်ပိုင်း ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ပြင်ဆင်ရာတွင် အစအဆုံး ပြင်ဆင်ရန် မဟုတ်ဘဲ ရှိပြီးသားမူကို မပျက်စေရန် ဘောင်ခတ်ပေးရန် တင်ပြပြီး (၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အဆိုပြုခဲ့တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တယ်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စတင်ဆွေးနွေးခဲ့တယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြုခဲ့တယ်။ ဒီစာတမ်းဟာ နောင်မှာ ဖက်ဒရယ်မူအဖြစ် ကျော်ကြား လာမယ့် စာတမ်းပဲ ဖြစ်ပါတယ်။
ဒီဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ပြည်လမ်း အသံလွှင့်ရုံမှာ နိုင်ငံရေးပါတီများ၊ အစိုးရ အဖွဲ့ဝင်များနဲ့ ဆွေးနွေးခဲ့တယ်။ တတိယအကြိမ် ဆွေးနွေးဖို့ မတ်လ ၇ ရက်နေ့ကို ချိန်းဆိုထားပေမယ့် မတ်လ ၂ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဒေါက်တာအေးမောင် တင်ပြရန်ရှိတဲ့ အာဏာရ ပ.ထ.စ အစိုးရရဲ့ သဘောထားကို မတင်ပြလိုက် ရတော့ပါဘူး။ ဒါကတော့ ၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူရဲ့ အရုပ်ဆိုးစွာ ဇာတ်သိမ်းခဲ့ပုံကို အကျဉ်းချုပ် တင်ပြတာ ဖြစ်ပါတယ်။

"ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။"

အခုတစ်ကြိမ်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပွဲကတော့ စည်နေပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ရှမ်းမူကို အသေဆုပ်ကိုင်ပြီး ရပ်ခံနေတဲ့ အင်အားစုအချို့ ရှိနေသလို မတူတဲ့ လမ်းကြောင်းများကို တင်ပြတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် အလွန်ခက်ခဲအောင် ရေးဆွဲထားတဲ့အတွက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်းထက် အသစ်ပြန်လည် ရေးဆွဲခြင်းက ပိုကောင်းမယ်လို့ ဆိုနေသူတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည် ရေးဆွဲမလားဆိုတာ ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။

အခုတစ်ကြိမ်မှာလည်း ၁၉၆၂ ခုနှစ်တုန်းကလိုပဲ အစိုးရဘက်ကရော၊ တိုင်းရင်းသားများနဲ့ အတိုက်အခံဘက်ကပါ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လေ့လာသုံးသပ်နေကြတာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ ကော်မတီရဲ့ အစီရင်ခံစာဟာ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ထွက်ပေါ်လာရမှာ ဖြစ်တယ်။ အလားတူ NLD နဲ့ တိုင်းရင်းသားပါတီ အချို့ရဲ့ ညှိနှိုင်းမှုဟာလည်း သုံးကြိမ် ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ကျားဖြူပါတီရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုကတော့ ပြီးဆုံးသွားပြီလို့ သိရတယ်။

ဒီအခြေအနေကြားမှာပဲ ပြီးခဲ့တဲ့ လအတွင်းက တစ်ဖက်နိုင်ငံမှာ ကျင်းပတဲ့ UNFC ရဲ့ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲဖို့ အခိုင်အမာ ရပ်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုတစ်လမ်းသွား ရပ်တည်ချက်ဟာ တကယ်တော့ အပြု သဘောဆောင်ပါရဲ့လား။ ဒီလိုရပ်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ စုရုံးပြင်ဆင် မူအား ကိုယ့်မှာ ရှိပါရဲ့လား၊ ပြင်ဆင်ခြင်း နည်းလမ်းနဲ့ သွားလို့ မရဘူးဆိုတာကော တကယ်ဟုတ်ပါရဲ့လား စတဲ့ စဉ်းစားစရာတွေ အများအပြား ထွက်ပေါ်လာပါတယ်။

ဒီလိုအရေးကြီးလှတဲ့ ကိစ္စကြီးတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ဆိုတာ လက်ရှိအခြေအနေကို နိုင်ငံရေးအရ အကဲဖြတ်မှုနဲ့ များစွာ သက်ဆိုင်ပါတယ်။ မြန်မာရဲ့ လက်ရှိအနေအထားဟာ ဗဟိုဦးစီးချုပ်ကိုင်မှု ဖြေလျှော့တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီအခြေအနေကမှ တစ်ဆင့် ကနဦးဒီမိုကရက်တစ် အကူးအပြောင်း အဆင့်ကို ရောက်အောင် အတော်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။

နောက်ကြောင်းပြန်တယ် ဆိုရာမှာ ဘက်တစ်ဖက်တည်းကချည်း မဟုတ်ဘဲ ဘက်နှစ်ဖက်စလုံးက နောက်ကြောင်းပြန်နိုင်တာ ဖြစ်ပါတယ်။ ရှမ်းမူအတိုင်း အသေဆုပ်ကိုင်ထားခြင်း၊ ဖွဲ့စည်းပုံဥပဒေသည် အသစ်ရေးဆွဲရန်မှတစ်ပါး အခြားလမ်းမရှိလို့ ယူဆခြင်းတွေဟာလည်း ကိုယ့်ဘက်က နောက်ကြောင်းပြန်ခြင်း တစ်မျိုးပါပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ဆိုကြရာမှ အလျှော့အတင်း အပေးအယူ ညှိနှိုင်းမှုများနဲ့ အစပြုရမှာပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်က နိုင်ငံတော်အစိုးရကို အကြံပြုဖို့ဖွဲ့စည်းထားတဲ့ ‘ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကော်မတီ’ ဟာ အစီရင်ခံစာတစ်စောင် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ အရင်းအမြစ် ခွဲဝေရေး (သစ်တော၊ သတ္တုတူးဖော်ခွင့်များ) ဆိုင်ရာတွေ ပါဝင်တဲ့အချက်၂၄ ချက် လိုက်လျောထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ခေတ်စားတဲ့ ကျန်ရှိနေသောအာဏာ (Resedue Power) ကိုပါ ပေးအပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း လွှတ်တော်ရဲ့သုံးသပ်ချက် ထွက်ပေါ်လာရန် ရှိနေပြီး NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်းမှုမှလည်း ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ရှိနေပါသည်။ ကျားဖြူပါတီရဲ့ အဆိုပြုချက်တွေဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီအချိန်မျိုးမှာ တစ်ကြောင်းဆွဲပုံစံကို တင်ပြလာခြင်းဟာ နိုင်ငံရေးအရ ရှေ့ကိုဆက်မတိုးနိုင်အောင် ဖြစ်သွား စေပါလိမ့်မယ်။

တစ်နေ့က လက်နက်ကိုင်အဖွဲ့ သေးသေးလေးတစ်ခုက ဗိုလ်မှူးကြီး ဆိုသူတစ်ဦးရဲ့ ရေဒီယို အင်တာဗျူး တစ်ခုလည်း ကြားလိုက်ရပါတယ်။
အမျိုးသား တွေ့ဆုံဆွေးနွေးပွဲကြီးမှာ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်ဖွဲ့၊ လက်နက်ကိုင် အုပ်စုများကတစ်ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ NLD ပါတီ အပါအဝင် အခြားပါတီများက တစ်ဖွဲ့စီ စုစုပေါင်း လေးပွင့်ဆိုင် အချိုးညီ ဆွေးနွေးရမယ်ဆိုပြီး ပြောပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ အချိုးအစားတွေကို တောင်းဆိုခြင်းတွေဟာ အကျိုးမများဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။

ယနေ့ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ အများအပြား ရှိပါတယ်။ ဥပမာ- တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွက် အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာငွေ ခွဲဝေရေးတွေမှာ အခွင့်အာဏာတွေ ပိုမိုရရှိလာနိုင်ပါတယ်။ လက်ရှိတိုင်းနဲ့ ပြည်နယ်အစိုးရများ ကိုယ်တိုင်က တင်ပြထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ ဖြစ်နေတဲ့ အချက်ပေါင်း ၁၅၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ အချို့ ဇယား (၁) မှ ဇယား (၂) သို့ ပြောင်းလဲပေးရမှာတွေလည်း ဖြစ်နိုင်ပါတယ်။ ဇယား (၁) ပါ နယ်ပယ်အသီးသီးမှ ဥပဒေပြုပိုင်ခွင့် အချက် ၁၂၃ ချက်အနက်မှ အချို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုခွင့်ထဲကို လွှဲပြောင်းပေးအပ်နိုင်ရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ဖက်ဒရယ်အသွင် ပိုဆောင်လာစေမှာ ဖြစ်ပါတယ်။

ဒီတလောမှာပဲ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ်ဆိုတဲ့ စာတမ်းတစ်စောင် ထွက်တာ တွေ့ရပါတယ်။ ဒီစာတမ်းဟာ MDRI လက်အောက်ရှိ CESD နဲ့ အာရှဖောင်ဒေးရှင်းတို့ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီး နှစ်ခုတို့မှာ ကွင်းဆင်း လေ့လာ ရရှိချက်တွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံရေးအရ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းနဲ့ ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းဆိုပြီး မျက်နှာစာသုံးဖက်မှ ဆန်းစစ် လေ့လာထားတာ တွေ့ရတယ်။ ခြုံလိုက်ရင် ဒီစာတမ်းမှာ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဗဟိုဦးစီးစနစ်ဟာ ပြင်းထန်စွာ တည်ရှိနေတာဖြစ်ပြီး အပိုင်းလိုက်၊ အပိုင်းလိုက် ဖြေလျှော့မှုတွေ လုပ်သွားဖို့ အခိုင်အမာ သုတေသနပြု တွေ့ရှိချက်တွေနဲ့ တင်ပြထားတာ တွေ့ရတယ်။ ဒီလိုအစီရင်ခံစာတွေဟာ ဆန္ဒစွဲမပါတဲ့ တင်ပြချက်တွေ ဖြစ်တဲ့အတွက် အစိုးရပိုင်း အနေနဲ့ ကြိုဆိုလက်ခံရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

ဒါကြောင့် အခုအချိန်ဟာ အရှိကိုအရှိအတိုင်း လက်ခံပြီး ရိုးသားစွာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ မျှော်လင့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒီအဆင့် (ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး) ကို အရင်ဖြတ်သန်းပြီးမှ နောက်တစ်ဆင့်ကို ဖြတ်သန်းကြရမှာပါ။ ဖွဲ့စည်းပုံဥပဒေကို အားလုံးအသစ် ပြန်လည် ရေးဆွဲမယ်ဆိုရင် အဲဒီကြားကာလဟာ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့ ကြားကာလ ဖြစ်လာပါလိမ့်မယ်။
လူဦးရေ နှစ်ယောက်နဲ့ တစ်ပိုင်းလောက်ပဲရှိတဲ့ အဖွဲ့အစည်းလေးတွေက သူတို့ရဲ့အပြောင်းအလဲကာလ ပါဝင်ခွင့်အတွက် အသည်းအသန် ရပ်တည်နေချိန်မှာ အင်မတန် ကြီးမားတဲ့ အင်စတီကျူးရှင်းကြီးတွေရဲ့ ရပ်တည်ခွင့်တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေကို အဲဒီ အဖွဲ့ကြီးတွေက လက်ခံနိုင်ပါ့မလား ဆိုတာ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ခြေက အစပြုတာ အကောင်းဆုံးပဲလို့ ယူဆမိပါတယ်။

thevoicemyanmar

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် ဆရာတော်တစ်ပါးတည်း မန္တလေးမှ ရခိုင်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်



နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအတွက် ၀ါတော် ၁၆၀ါရှိ ဆရာတော် ဦးရက္ခ၀ံသသည်သုံးကြိမ်မြောက်အဖြစ်
မန္တလေးမြို့မဟာမြတ်မုနိဘုရားမှ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ရှိ မဟာမြတ်မုနိဘုရားအထိ
လမ်းလျှောက်ဆန္ဒမှု ပြုလုပ်မည်ဖြစ်၍ယနေ့နေ့လယ် ၁၂နာရီတွင် မန္တလေးမြို့မှ စတင်ထွက်ခွာသွားပြီဖြစ်သည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်အဆာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့အပြီး ရန်ကုန်မှ မန္တလေးသို့ လမ်းလျှောက်ကာ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။
ယခုအခါ တတိယအကြိမ်မြောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်းသိရသည်။ ဖိုးလပြည့်
Popular Myanmar News Journal

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင်ဖမ်းဆီးရမိ



၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည်
(ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်
ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊
ဝဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့်
သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား (၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါးအကျိုး(၁)ချောင်းတို့အား
တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေး
တိမ်းရှောင်နေကြောင်းသိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ
တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည်မော်လမြိုင်မြို့တွင်
ရောက်ရှိတိမ်းရှောင်နေကြောင်းသိရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင်
မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဦးသိန်းစိန် ရခိုင် ရောက်စဉ် သံတွဲ ပဋိပက္ခ ထပ်ဖြစ်၊ လူတဦး သေဆုံး


မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
သမ္မတ ဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိစဉ် သံတွဲမြို့ ပေါ် နှင့် ကျေးရွာများတွင် ဓာတ်ဆီဆိုင်၊ ဗလီနှင့် နေအိမ် ၃၀ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ပဋိပက္ခကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားကြောင်း သံတွဲမြို့နယ် ရဲစခန်း ထံမှ စုံစမ်းသိရှိရသည်။

သမ္မတဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ဒေသခံများ နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှာကြားစစ်ဆေးနေချိန် သံတွဲမြို့နှင့် ၂၈ မိုင်ဝေးသော ရွှေလှေသပြုချိုင် တောင်ပေါ်ဒေသတွင် မွတ်စလင်များ၏ နေအိမ်များကို ဒေသခံ တိုင်းရင်းသား အင်အား တထောင်ခန့်က ၀င်ရောက် မီးရှို့ခဲ့ပြီး အနည်းဆုံး နေအိမ် ၃၀ လုံး မီးလောင် ကျွမ်းခံခဲ့ ရကြောင်း၊ အကြမ်းဖက်သူများ၏ ရိုက်နှက်မှုကြောင့် အသက် ၉၄ နှစ်အရွယ် ကမန်အစ္စလမ် ဒေါ်အေးကြည်ဆိုသူ အမျိုးသမီးတဦး သေဆုံးသွားကြောင်း၊ အကြမ်းဖက် လူအုပ်စုကို လုံခြုံရေး တပ်ဖွဲ့ဝင် များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကလည်း သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီ ဆိုင်တဆိုင် မီးရှို့ခံခဲ့ရပြီး သံတွဲမြို့ နှင့် ၂၅ မိုင်အကွာ ကျောက်ကြီးရွာတွင် ဗလီတလုံး ဖြိုချ ဖျက်ဆီးခံခဲ့ရ ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။

“အကြမ်းဖက်သူတွေရဲ့ အရိုက်ခံရလို့ ဒေါ်အေးကြည်ဆိုတဲ့ ကမန်တဦး သေသွားတယ်။ အသက် ၉၄ နှစ်ရှိပြီ။ ကျနော်တို့ ပစ်ခတ်ပြီး တော့တောင် လူစုခွဲရတယ်။ အဲဒါမှ သူတို့ ဆုတ်ပြေးသွားတာ။ တယောက်မှ မဖမ်းမိလိုက် သေးဘူး။ မြို့က လုံခြုံရေး အခြေအနေစိုးရိမ်ရတယ်။ သံတွဲ မြို့ပေါ် ဓာတ်ဆီဆိုင်ကို ပထမ တခေါက် မီးရှို့ဖို့ ကြိုးစား တယ်။ မအောင်မြင်လို့ မနေ့ညက ထပ်ဝင်ရှို့တာ။ ဆိုင်ထဲက ပစ္စည်းတွေ အကုန်လုံးနီးပါး ရွှေ့ထားလို့ ပစ္စည်းဆုံးရှုံးမှု ကတော့ တက်မလာဘူး ´´ဟု သံတွဲမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ကြပ်ကြီးက ပြောသည်။

မီးရှို့ခံခဲ့ရသော သပြုချိုင် ကျေးရွာမှ ကမန် မွတ်စလင်တဦး ဖြစ်သူ ကိုညီလေးက အိမ်ခြေ ၉၀ ခန့်ရှိသည့် သပြုချိုင် ကျေးရွာသို့ ယနေ့ မနက် ၄ နာရီခန့်အချိန်က ရခိုင် ဆင်ခေါင်းရွာမှ လူတချို့ မီးကွင်းပစ်ခဲ့ပြီး မွတ်စလင်နှင့် ရခိုင် အိမ်များ မီးလောင်ကျွမ်းခဲ့ သော်လည်း ရွာသားများက အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ပထမအကြိမ်တွင် မအောင်မြင် သော ကြောင့် မနက် ၁၀ နာရီ ခန့် တွင် ထပ်မံ ၀င်ရောက်ဖျက်ဆီးရာ လူအင်အားများသောကြောင့် ထွက်ပြေးခဲ့ရပြီး ယခု ကမန် မွတ်စလင် အများစု တောထဲ တွင် ပုန်းအောင်းနေရကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ တောထဲ ရောက်နေတယ်။ ကျနော်တို့ကို လိုက်သတ်နေတယ်။ ရဲတွေကလည်း မိုးပေါ်ထောင် ပစ်နေတယ်။ ဖုန်းဘက်ထရီ ကလည်း ကုန်တော့မယ်´´ဟု ကိုညီလေးက ဆိုသည်။

သံတွဲမြို့ အခြေစိုက် လူမှုကွန်ရက်တာဝန်ခံ ရခိုင်လူငယ်ခေါင်းဆောင်တဦးက ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ သံတွဲမြို့တွင် ရခိုင်နှင့် မွတ်စလင်များ အကြား ဖြစ်ပွားသော အမှုအခင်းပေါင်း ၂၅ မှုအထိ ရှိပြီး အမှုများ တွင် ရခိုင်အများစု ခံခဲ့ရကြောင်း၊ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရခြင်း၊ ရခိုင်အမျိုးသားတဦး ခေါင်းဖြတ် အသတ်ခံ ရခြင်း၊ ဘုန်းတော်ကြီးတပါး အရိုက်ခံရခြင်း အပါအ၀င် အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားမှု အကြိမ်ရေ များစွာ ဖြစ်ပေါ် လာသဖြင့် ယခုအကြိမ်တွင် သည်းမခံနိုင်တော့ဘဲ ရခိုင်လူမျိုးများ ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ပြီးခဲ့တဲ့ ပဋိပက္ခ တွေမှာ ကျနော်တို့ မပါခဲ့ဘူး။ အေးအေးဆေးဆေးနေခဲ့တယ်။ အခုက သူခိုးက အိမ်ရှင်ကို စော်ကားတဲ့ပြဿနာ ။ ကျနော်တို့ တောက်လျှောက် သည်းခံခဲ့ပေမယ့် ဒီတခါတော့ မခံနိုင်တော့ဘူး။ ကမ္ဘာက ရခိုင်ကို လူဆိုးကြီး လို့မြင်နေတာ။ တကယ်ခံနေရတာက ကျနော်တို့ပါ”ဟု ယင်း လူမှုကွန်ရက်တာဝန်ခံက ဆိုသည်။

သံတွဲမြို့တွင် အခြေအနေများ ပိုမိုဆိုးရွားလာသည့်အတွက် လတ်တလောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထပ်တိုး ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း၊ သံတွဲအခြေစိုက် တပ်ရင်း ၅၆၆၊ ရဲတပ်ရင်း ၃၃ ၊
သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ၊ အခင်းဖြစ်ပွားရာ အပိုင် ရွှေလှေရဲစခန်း စခန်းမှူး ဦးတင်မောင်လွင်နှင့် အဖွဲ့ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအ၀င် အနည်းဆုံး လုံခြုံရေးအင်အား ၆၀ ခန့်က ပဋိပက္ခ မပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်နေသော်လည်း လုံခြုံရေး အင်အား လုံလောက်မှုမရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း သံတွဲမြို့တွင် မွတ်စလင်တဦး ပိုင်ဆိုင်သော အရောင်းဆိုင်ရှေ့ တွင် ဗုဒ္ဓဘာသာ သာသနာ့ အလံပါ သုံးဘီး ဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်မှု ပေါ်မူတည်ပြီး မွတ်စလင်တချို့၏ နေအိမ်တချို့ မီးရှို့ခံခဲ့ရသည်။

ဧရာဝတီ

ကမ္ဘာ့ပေါ်မှာတစ်စီးပဲထုတ်တဲ့ Maybeach Exelero


ဂျာမနီထုတ်နာမည်ရ ကားတွေထဲမှာ Mabeach Exelero လည်းအပါအဝင်
ပေါ့။ လူကြိုက်များအောင်မြင်ခဲ့တဲ့ ဒီအမှတ်တံဆိပ် ဆက်လက်ထုတ်လုပ်
ခြင်းမရှိလို့ ကြေငြာအပြီးမှာတော့ ပြိုင်ကားချစ်သူတွေကြားမှာ ဝမ်းနည်းစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါ သေးတယ်။

ယခင်မာစီဒီးလက်အောက်ကခွဲထွက်ပြီး ကုမ္ပဏီတူထွက်ရှိထားတဲ့ ဒီကားဟာ
ရှားရှားပါးပါး တစ်စီးသာထုတ်လုပ်ထားပါသတဲ့။ ဒီကားကိုပိုင်ဆိုင်သူလည်း
နယ်နယ်ရရတော့ မဟုတ်ပါဘူး။Rapper ကြီး Jay-Z ရဲ့ ကားဆိုတာပါပဲ။

၂၀၀၅ ခုနှစ်ကထုတ်လုပ်ထားတဲ့ ဒီကားဟာ မြင်းကောင်ရေ ၇၀၀၊ Twin Trubo ဆလင်ဒါ ၁၂ လုံး V ပုံစံ အင်ဂျင် တည်ဆောက်ထားပါတယ်။ Sport Type ကားဖြစ်တဲ့ အတွက်မောင်းနှင်နိုင်အားက တစ်နာရီ မိုင်-၂၀၀ အထက်ရှိမယ်ဆိုတာ ခန့်မှန်းကြည့်စရာတောင်လို မယ်မထင်ပါဘူး။

တစ်စီးတည်းသာထုတ်လုပ်ထားတဲ့ ဒီကားဟာ ဈေးနှုန်းကလည်း အမေရိကန် ဒေါ်လာ ၈ သန်းဆိုတော့ ဝယ်နိုင်တဲ့ သူအဖို့ ဈေးများပေမယ့် တန်တယ်လို့ တောင်ဆိုရမလိုပါပဲ။

ကမ္ဘာ့ပေါ်မှာပိုင်ဆိုင်သူ တစ်ဦးပဲရှိသလို တစ်စီးသာရှိတဲ့ Maybeach Exelero
ဒီဇိုင်းကိုလည်း အရောင်တောက်တောက်နဲ့ ယခုလိုမြင်တွေ့ရပါတယ်။

Ref:techblog
ခွန်နေ(AMMG)

ပန်းညှိုး ပန်းသေခြင်းနှင့် သုတ်လွှတ်မြန်ခြင်း၏ ကွာခြားချက် (အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ)


အမျိုးသားများ၏ လိင်ဆက်ဆံမှုကို အဟန့်အတားဖြစ်စေ သည့်ရောဂါများတွင် ပန်းညှိုးပန်းသေခြင်း ရောဂါနှင့် သုတ်လွှတ်မြန်ခြင်း ရောဂါသည်တွေ့ရအများဆုံးဖြစ်သည်။

ထိုရောဂါများကိုလူအများစုသည်အပေါ်ယံမျှသာသိကြပြီးအသေးစိတ်နားမလည်ကြပါ။ပန်းညှိုး ပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်းတို့သည်အဆက်အစပ်ရှိပါသည်။သုတ်လွှတ်မြန်ခြင်းသည်ပန်းညှိုးပန်း
သေခြင်း၏ပထမအဆင့်ဖြစ်ပါသည်။ သုတ်လွှတ်မြန်သောအခြေအနေဆိုးဝါးလာသောအခါပန်းညှိုးပန်းသေ    ခြင်းကိုဖြစ်စေပါသည်။ ပန်းညှိုးပန်းသေရောဂါဖြစ်လျှင်လည်းမကြာခဏသုတ်လွှတ်မြန်တတ်ပါသည်။ ထို့ကြောင့်ထိုရောဂါနှစ်ခုလုံးတွင်တူညီသောအချက်ရှိပါသည်။

ပန်းညှိုးပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်း၏ပင်ကိုသဘာဝကွာခြားချက်
ပန်းညှိုးပန်းသေခြင်းဆိုသည်မှာကာမဆက်ဆံချိန်တွင် လိင်တံမထောင်နိုင်ခြင်း (သို့)ကြာရှည်စွာမ ထောင်နိုင်ခြင်း၊ ထောင်နိုင်ခဲ့သော်လည်းကာမဆန္ဒပြီးမြောက်အောင်မလုပ်ဆောင်နိုင်ခြင်းကိုခေါ်ပါသည်။
သုတ်လွှတ်မြန်ခြင်းဆိုသည်မှာလိင်ဆက်ဆံရာတွင်အမျိုးသမီးများကလိင်စိတ်အထွတ်အထိပ်သို့မ ရောက်ရှိခင်အမျိုးသားများကနှစ်မိနစ်အတွင်းသုတ်လွှတ်ခဲ့ပါကလိင်သဘောအရမညီမျှသောအဟန့်အတား ဖြစ်ခြင်းကိုခေါ်ပါသည်။

ပန်းညှိုးပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်း၏ကုသမှုကွာခြားချက်
ရောဂါလက္ခဏာအရကာမစိတ်ပိုင်းဆိုင်ရာပန်းညှိုးပန်းသေခြင်းနှင့်လိင်အင်္ဂါအဖွဲ့အစည်းပန်းညှိုးပန်းသေခြင်းတို့ရှိသည်။ကုသနည်းတွင်ကာမဆက်ဆံခြင်းဖြင့်ကုသနည်း၊ ရုပ်ပိုင်းဆိုင်ရာကုသနည်း နှင့် ခွဲစိတ် ကုသနည်းတို့ရှိသည်။

ပန်းညှိုးပန်းသေခြင်းကိုကုသသည့်အဓိကရည်ရွယ်ချက်မှာလိင်တံမာကျောလာစေခြင်း၊ လိင်တံပုံမှန်ကြွနိုင်ခြင်းနှင့် ကာမဆန္ဒကိုအပြည့်အဝခံစားနိုင်စေရန်ဖြစ်သည်။
ပန်းညှိုးပန်းသေရောဂါကုသနည်းကိုအသေးစိတ်ပြောရမည်ဆိုလျှင်စိတ်ပိုင်းဆိုင်ရာကုသနည်းသည် ကမ္ဘာပေါ်တွင်အတွေ့များဆုံးသောကုသနည်းတစ်မျိုးဖြစ်သည်။အဓိကအားဖြင့်လင်မယားလိင်ဆက်ဆံရာ တွင်လိင်တံပြန်လည်ကြွလာစေရန်ကုသသောနည်းလမ်းဖြစ်သည်။

ရိုးရာဓလေ့ထုံးတမ်းအရပန်းညှိုးပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်းသည်ရောဂါအခြေအနေမတူ ခြင်းသာဖြစ်သည်။သုတ်လွှတ်မြန်ခြင်းသည်ပန်းညှိုးပန်းသေခြင်း၏ပထမအဆင့်ဖြစ်သည်။ထို့နောက်ပန်းညှိုးပန်းသေခြင်းသည်သုတ်လွှတ်မြန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။

သုတ်လွှတ်မြန်ခြင်းရောဂါအလွန်ဆိုးဝါးလာသောအခါပန်းညှိုးပန်းသေအဆင့်ကိုရောက်ရှိနိုင်သည်။ထိုသို့ဖြစ်ခြင်းကိုကြာရှည်စွာမကုသပါကအမျိုးသား များအတွက်စိတ်ပိုင်းဆိုင်ရာဖိအားများလာနိုင်သည်။ထိုစိတ်ဖိအားမမျှတသောအချိန်တွင်စိတ်ပိုင်းဆိုင်ရာပန်းညှိုးပန်းသေရောဂါရရှိနိုင်သည်။

သုတ်လွှတ်မြန်ခြင်းသည်အချိန်တိုအတွင်းသုတ်ရည်ထုတ်ခြင်းနှင့်ပုံမှန်လိင်ဆက်ဆံခြင်းကိုမထိန်း ချုပ်နိုင်သောရောဂါလက္ခဏာတစ်မျိုးဖြစ်သည်။အနောက်တိုင်းနိုင်ငံများတွင်သုတ်လွှတ်မြန်ခြင်းကိုဤသို့ရှင်း ပြထားသည်။သုတ်လွှတ်မြန်ခြင်းကြောင့်လိင်ဆက်ဆံမှုကိုအဟန့်အတားအလွန်ဖြစ်စေသည်။ဆိုလိုသည်မှာလိင်ဆက်ဆံမှုမပြုခင်(သို့)လိင်ဆက်ဆံချိန်တွင်သုတ်ရည်ကိုမထိန်းနိုင်ဘဲတစ်မိနစ်အတွင်းသုတ်လွှတ်သွား ခြင်းကိုခေါ်ပါသည်။ထို့နောက်စိတ်ရှုပ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်မအီမသာဖြစ်ခြင်းနှင့်လိင်ဆက်ဆံမှုကိုရှောင်လွှဲချင်သောလက္ခဏာများဖြစ်လာသည်။

ရောဂါအခြေအနေအရသုတ်လွှတ်မြန်ခြင်းတွင်လည်းစိတ်ပိုင်းဆိုင်ရာနှင့်လိင်အင်္ဂါအဖွဲ့အစည်းဟူ၍နှစ်မျိုးခွဲထားပါသည်။သို့သော်လည်းသုတ်လွှတ်မြန်ခြင်းနှင့်ပန်းညှိုးပန်းသေခြင်းကိုကုသသည့်နောက်ဆုံး ရည်ရွယ်ချက်မှာမတူညီပါ။

သုတ်လွှတ်မြန်ခြင်းကိုကုသသည့်နောက်ဆုံးရည်ရွယ်ချက်မှာသုတ်လွှတ်ချိန်ကြာစေခြင်း(သို့) သုတ်လွှတ်ချိန် ကိုထိန်းချုပ်နိုင်ခြင်းနှင့်သုတ်လွှတ်အားကောင်းစေရန်ဖြစ်သည်။ထိုကုသမှုအောင် မြင်ရန်အတွက်အမျိုးသားများနေ့စဉ်နေထိုင်မှုနှင့်ပတ်သက်၍ကျန်းမာရေးဗဟုသုတများကိုလေ့လာသင့်ပါ သည်။ အကယ်၍သုတ်လွှတ်မြန်ရောဂါဆိုးဝါးလာပါကအထူးကုဆေးရုံသို့အမြန်ဆုံးသွားရောက်ပြီးရောဂါအ
ခြေအနေအရကုသမှုခံယူသင့်သည်။

Shwe Padauk Yangon Hospital မှ ကူးယူဖော်ပြပါသည်။


ချင်းတောင်ခြေတွင် တောင်ကျရေ ကျဆင်းလာမှုကြောင့် မြေပြိုခြင်း အိမ်၊ တိရစ္ဆာန်များ မျောပါခြင်းနှင့် လူသေဆုံးမှုများ ရှိခဲ့




ကလေး၊ ကလေးဝ၊ တမူးမြို့နယ်များတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် မြေပြိုကျခြင်း၊ အိမ်များ၊ တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ခဲ့ကာ ဒေသတွင်းရှိ ကားလမ်းများ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

''အခုဆိုရင် ကလေးမြို့နဲ့ ကလေးဝမြို့ ၂၄ မိုင်ခရီးမှာ မြေပြိုမှုကြောင့် လမ်းတွေ ပိတ်နေတယ်။ သစ်ချောက်ကျေးရွာက ၀ါးရဲတံတားက အောက်ခြေတိုင် မရှိတော့ဘူး။ သစ်ချောက်ကျေးရွာနဲ့ ကျောက္ကာကျေးရွာ ကြားမှာ မြေပြိုနေတာ လေးနေရာလောက် ရှိတယ်။ ၁၂ မိုင်တံတားအနီး စိုက်ခင်းကျေး ရွာ ကွန်ပျူတာ တက္ကသိုလ်ရှေ့ ကျီကုန်းကျေးရွာနဲ့ ရှစ်မျက်နှာဘုရားနဲ့ ကလေးမြို့ကြားမှာ ရေတွေကျော်နေပြီး လှေတွေ၊ စက်လှေတွေနဲ့ သွားရတယ်။ ကလေး-ဂန့်ဂေါ လမ်းပေါ်က နန်းကလိန် တံတားလည်း ပြုတ်ကျသွားတယ်။ ဂန့်ဂေါမြို့အ၀င်က စိုင်ဒူး တံတားကလည်း အောက်ခြေ တိုက်စားသွားလို့ ကားဖြတ်လို့ မရဘူး'' ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် နတ်ကြီးကုန်းကျေးရွာအုပ်စု ဘုန်းချောင်းရေ ကျဆင်းမှုကြောင့် တဲများ၊ လူများ၊ တိရစ္ဆာန်များ မျောပါမှုများ ရှိခဲ့သည်ဟု သိရသည်။

''ချောင်းရေကြောင့် တဲပေါင်း ၄၀ ကျော် လောက် မျောမယ်။ ကလေးငယ်တစ်ဦး၊ ယောက်ျားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေတယ်လို့ သိရတယ်။ ရေက ရုတ်တရက် တိုးလာတာ။ ကျွဲတွေနွားတွေလည်း တော်တော်မျောတယ်'' ဟု နတ်ကြီးကုန်းကျေးရွာ ဒေသခံ ကိုမျိုးကိုကိုက ပြောကြားသည်။

စခန်းကြီးကျေးရွာနှင့် နန်းစောင်းပု ကျေးရွာတို့တွင်လည်း နေရဉ္ဖရာချောင်းကျမှုကြောင့် အိမ်များမျောပါခြင်း တိရစ္ဆာန်များ မျောပါခြင်းများ ရှိခဲ့ပြီး လူအသေအပျောက် မရှိဟု သိရပါသည်။ ထို့ပြင် ကလေးဝ- ကလေးမြို့ ကားလမ်းနံဘေးရှိ နတ်ကြီးကုန်းကျေးရွာ၊ ကျောက္ကာကျေးရွာ၊ စိုက်ခင်းကျေးရွာ ၊ကျီကုန်းကျေးရွာတို့နှင့် တောင်ဦးရွာ၊ ပြင်သာကျေးရွာနှင့် မြစ်သာမြစ် ကမ်းနံဘေးရှိ ကျေးရွာအားလုံး ရေကြီးမှုဒဏ်ကို ခံစားခဲ့ကြရသည်ဟု သိရှိရသည်။

ကလေးမြို့အတွင်း တွင်လည်း ဆိပ်ကမ်းသာ တံတားမှာ ဥပုဒ်ချောင်းအတွင်း မျောပါခဲ့ပြီး ကလေးဝလမ်းပေါ်ရှိ ဆေးရုံတံတားမှာ ကမ်းကပ်အုတ်ခုံ ပြိုကျခဲ့ရကြောင်း သိရှိရသည်။

တောင်ကျရေ ကျဆင်းလာမှုကြောင့် ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်း ရေလျှံမှုများ ဖြစ်ပေါ်နေစဉ်
Eleven Media Group

ဂျပန်-မြန်မာ ပူးပေါင်းပြီး ဆန်စက်၊ ပေါင်းဆန်စက်၊ ဆန်ထွက်ပစ္စည်း၊ ဖွဲနုဆီတို့ ထုတ်လုပ်မည့် Myanmar Japan Rice Industry Co., Ltd ဖွဲ့စည်းခွင့်ရရှိ




ဂျပန်နိုင်ငံ အခြေစိုက် Mitsui Corporation နှင့် မြန်မာလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) တို့ ပူးပေါင်းကာ ဆန်နှင့်ဆန်ထွက် ပစ္စည်းများ ထုတ်လုပ်မည့် Myanmar Rice Industry Co., Ltd ကို စက်တင်ဘာ နောက်ဆုံးပတ်တွင် ဖွဲ့စည်းခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Rice Industry Co., Ltd ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၂၇ ရက်၌ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ကုမ္ပဏီ မိတ်ဆက်ပွဲကို စက်တင်ဘာ ၃၀ ရက်က UMFCCI တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Myanmar Rice Industry Co., Ltd သည် ဆန်စက်၊ ပေါင်းဆန်စက်၊ ဆန်ထွက် ပစ္စည်းများ ဖြစ်သော ဆန်ကွဲ၊ ဖွဲနု၊ ဖွဲနုဆီ၊ ခေါက်ဆွဲ၊ ဆန်မှုန့် စသည်တို့ ထုတ်လုပ်နိုင်သည့် စက်ရုံများကို နေရာလေးနေရာတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရှိမည်ဖြစ်ကြောင်း MAPCO တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

အဆိုပါ စက်ရုံများ ပါဝင်သည့် စက်မှုဇုန်များကို တွံတေး၊ နေပြည်တော်၊ ကျိုက်လတ်နှင့် လက်ပံတန်းမြို့များတွင် တည်ဆောက် သွားမည်ဖြစ်ပြီး ၂၀၁၅ နှစ်မကုန်မီ အပြီးတည်ဆောက် သွားမည်ဖြစ်သည်။ တည်ဆောက်မည့် စက်မှုဇုန်များအတွင်း နိုင်ငံတကာ အဆင့်မီ ပေါင်းဆန်ထုတ်လုပ်မည့် စက်ရုံများ၊ ဆန်ဖြူကြိတ်ခွဲမည့် စက်ရုံများ၊ ဖွဲနုဆီစက်ရုံ၊ ဆန်ကြာဆံစက်ရုံ စသည့် တန်ဖိုးမြှင့် ကုန်စည်ထုတ်လုပ်မည့် စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုနှစ် ဇွန်လမှ စတင်ပြီး ဂျပန်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်ခဲ့သည်။ ထိုသို့ တင်ပို့နိုင်ခြင်းသည် နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်တင်ပို့ နိုင်ခြင်းဖြစ်ပြီး တန်ချိန် ၅၀၀၀ ခန့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှုများကို MAPCO နှင့် Mitsui Co.,Ltd တို့ ပူးပေါင်းစီစဉ် တင်ပို့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ ယခုလအတွင်း ခေါ်ယူမည့် တင်ဒါတွင်လည်း မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ လယ်ယာထွက်ကုန် တန်ချိန် ၁ ဒသမ ၅၇ သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၄၃၈ သန်း ရရှိခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ်မှ စတင်ကာ ဂျပန်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်ခဲ့သော်လည်း အရည်အသွေးမြင့်ဆန်များ တင်ပို့နိုင်ရန် စိန်ခေါ်မှုများရှိနေပြီး လက်ရှိအချိန်အထိ မြန်မာ့ဆန်များကို တရုတ်၊ အာဖရိကနှင့် ရုရှားနိုင်ငံတို့ကိုသာ အဓိက တင်ပို့နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံမှ ပေါင်းဆန်များကို ရုရှားဈေးကွက်သို့ အဓိကတင်ပို့လျက် ရှိသော်လည်း ၂၅ မှတ် ဆန်များကိုမူ တရုတ်နိုင်ငံနှင့် အာဖရိကဈေးကွက်သို့ အဓိကတင်ပို့ လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ မှာ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာ့ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ-MAPCO)
Eleven Media Group

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို သုံးဆ တိုးချဲ့မည်




တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး အန္တရာယ် နှိမ်နင်းရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား နဂိုထက် သုံးဆပိုမို တိုးချဲ့သွားမည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

''မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကို တိုးချဲ့ဖို့အတွက် ဖွဲ့စည်းပုံ ကျပြီးပါပြီ။ နဂိုထက် သုံးဆပိုမို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှာက ထုတ်လုပ်မှုနဲ့ သုံးစွဲမှုတို့ကို အဓိက တားဆီးနှိမ်နင်းသွားမှာ ဖြစ်ပါတယ်'' ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက ထပ်မံပြောကြားသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ဖြစ်စဉ်များအရ နေ့စဉ်လိုလို ဖမ်းရမိမှုအပေါ် သုံးသပ်ချက်များအရ မူးယစ်ဆေးဝါးပိုင်းတွင် သယ်ယူရောင်းဝယ်၊ သုံးစွဲမှုများ မြင့်တက်လာကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် ထုတ်လုပ်၊ သယ်ဆောင်လျက်ရှိသည့် ဒုစရိုက်ဂိုဏ်း အဖွဲ့များမှ လက်နက်မှောင်ခိုနှင့် လူကုန်ကူးမှုများကို လုပ်ဆောင်လျက်ရှိပြီး အာဆီယံ နိုင်ငံများကဲ့သို့ အနောက် အာဖရိက နိုင်ငံများရှိ မူးယစ်ဆေးဝါး ဂိုဏ်းများ၏ အန္တရာယ်သည်လည်း ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် သက်ဆိုင်ဌာနများ ပါဝင်သည့် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉- ၂၀၀၀ ခုနှစ်မှ စတင်ကာ တားဆီးနှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ခုနှစ်တွင် စီမံကိန်းကာလ ပြည့်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး (၅)နှစ်စီမံကိန်းဖြင့် အကောင်အထည် ဖော်နေကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားအား ထိုင်းသက်ဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
Eleven Media Group

လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး၏ စေတီနှင့် သိမ်တော်ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ်အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု




လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ စည်တီးဘုန်းကြီးကျောင်းသို့ ရောက်ရှိကာ တစ်ညအိပ်နားခိုခဲ့ပြီး ၃၀ ရက် နံနက် ၇ နာရီတွင် ဆက်လက် ထွက်ခွာရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တားမြစ်ပိတ်ပင် ထားမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ ညှိနှိုင်းရာတွင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မအရ ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မပျက်မစီး မရွှေ့မပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည် ဖြစ်ကြောင်းကို တိုင်းဒေသကြီး သာသနာဝန်ကြီး၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့မှ သဘောတူညီ ကတိပြုခဲ့ကြသည်။

''ညှိနှိုင်းသဘောတူတဲ့ အချက်ထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကနေ စီတန်းလမ်းလျှေက် သူတွေကို အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်တဲ့ အချိန်ထိ အရေးယူခြင်း မပြုဖို့ ပါဝင်ပါတယ်။ အခုဖြစ်စဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ကြားဝင်ညှိနှိုင်း ပေးခဲ့ပြီး လွှတ်တော်မှာ တင်ပြပေးသွားမှာပါ။ ဒီအတောအတွင်း မူလအတိုင်း မပျက်မယွင်း ရှိစေဖို့ ၀န်ကြီးတွေ အဖွဲ့က သဘောတူ ကတိပြုလို့ လမ်းဆက် မလျှောက်တော့တာပါ'' ဟု လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ဆရာတော်ဦးသုက ပြောကြားသည်။

ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ်
Eleven Media Group

ဆင်ခြေထောက်ဆေး တိုက်ကျွေးခဲ့သည့် တိုင်းဒေသကြီး အချို့တွင် ဆေးအာနိသင် သက်ရောက်မှုနှင့် ရောဂါဖြစ်နှုန်း အခြေအနေများကို စစ်ဆေးမည်




ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်အဖြစ် မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ဆေးများ တိုက်ကျွေးခဲ့ပြီး တိုက်ကျွေးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနက်မှ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် ဆေးအာနိသင် သက်ရောက်မှုနှင့် ရောဂါဖြစ်နှုန်း အခြေအနေများကို စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းတိုင်းဒေသကြီး နှစ်ခုကို စစ်ဆေးရခြင်းမှာ ယင်းနေရာများတွင် ယခင်ကတည်းက ဆင်ခြေထောက်ရောဂါ ဖြစ်ပွားနှုန်း မြင့်မားခဲ့ပြီး အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးမတိုက်ကျွေးမီ ကတည်းက ဆေးတိုက်ကျွေးထားသည့် ဒေသများ ဖြစ်ကြောင်းနှင့် ယင်းဒေသများတွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားနှုန်းနှင့် ပတ်သက်၍ ကိန်းဂဏန်း အချက်အလက်များ ရရှိရန်၊ ဆေးအာနိသင် သက်ရောက်မှု အခြေအနေများနှင့် ဆေးဆက်လက် တိုက်ကျွေးရန် လိုအပ်မှုရှိမရှိ စသည်တို့သိရှိနိုင်စေရန် စစ်ဆေးမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''အခုစစ်ဆေးမယ့် ဒေသနှစ်ခုက အရင်ကတည်းက ရောဂါဖြစ်နှုန်းမြင့်ပြီး ဆေးတိုက်ကျွေးတဲ့ အကြိမ်အရေအတွက်ကလည်း ငါးကြိမ်အထက် ဆေးတိုက်ပြီးသား နေရာတွေ ဖြစ်တယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကျတော့ အခုမှ စတိုက်တာဖြစ်ပြီး စစ်ဆေးလို့ မရသေးတဲ့အတွက် ဒီဒေသနှစ်ခုကို ရွေးပြီးစစ်တာပါ။ စစ်ဆေးပြီးရင် ရောဂါနဲ့ ပတ်သက်တာတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီး ဖြစ်နှုန်းတွေ ကျဆင်းသွားတယ်ဆိုရင် နောက်တစ်နှစ် ဆက်တိုက်ပြီးရင် အဲဒီဒေသတွေမှာ ဆေးဆက်တိုက်ဖို့ မလိုတော့ပါဘူး။ ဆေးမတိုက်တော့ပေမယ့် အခြေအနေကိုတော့ စောင့်ကြည့်ရမှာပါ။ ကျန်ဒေသ တွေကိုတော့ ဆက်တိုက်သွားဖို့ စီစဉ်ထားပါတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်မှ ဒေါက်တာနီနီအေးက ပြောပြသည်။

ယခုစစ်ဆေးမည့် ဒေသနှစ်ခုအပြင် စက်တင်ဘာလ အတွင်းက ဆေးတိုက်ကျွေးမှု မရှိခဲ့သည့် ရခိုင်ပြည်နယ် ဒေသခံများတွင် ဆင်ခြေထောက်ရောဂါ ရှိမရှိ သွေးဖောက် စစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်ထားပြီး လာမည့်နှစ် ဆေးတိုက်ရာသီတွင် ဆေးတိုက်ကျွေးမှု မပြုလုပ်ရသေးသည့် ကချင်နှင့် ရခိုင်ပြည်နယ်များကိုပါ တိုက်ကျွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလ အတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတိုက်ကျွေးရာတွင် နေပြည်တော် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၁၉ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၂၂ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ၂၈ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ၂၈ မြို့နယ်၊ ကရင်ပြည်နယ် ခုနစ်မြို့နယ်၊ မွန်ပြည်နယ် ၁၀ မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး ၁၀ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ၂၆ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်များတွင် ဆေးတိုက်ကျွေးခဲ့သည်။

မြန်မာနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှု ပြန်လည်တွေ့ရှိ နေသည့်အတွက် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်အဖြစ် တစ်နိုင်ငံလုံးအနှံ့ ဆေးများတိုက်ကျွေး နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားသူဦးရေ အနည်းငယ် မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ခြေထောက် ရောဂါပိုးသည် မြန်မာနိုင်ငံ အတွင်းရှိ ရှမ်း၊ ကယားနှင့် ချင်းပြည်နယ် များမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အမြစ်တွယ်လျက်ရှိပြီး မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်များတွင် ရောဂါတွေ့ရှိမှုနှုန်းမှာ တစ်ရာခိုင်နှုန်းအောက် လျော့နည်းနေပြီ ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်၌ ဆင်ခြေထောက် ရောဂါဆေးအား မြို့နယ်မှ တာဝန်ရှိသူများက လိုက်လံတိုက်ကျွေးနေစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
Eleven Media Group

ဖက်ဒရယ်မူနှင့် ပတ်သက်၍ တိုင်းရင်းသားအားလုံး လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ လွှတ်တော်ပြင်ပတွင် ညီလာခံတစ်ခု ပြုလုပ်ခွင့်ပေးရန် တောင်းဆို




မွန်အမျိုးသား ကွန်ဖရင့်တွင် တက်ရောက်လာသော တိုင်းရင်းသား ပါတီများနှင့် ပညာရှင်တို့က တိုင်းရင်းသား လူမျိုးစုအားလုံး ဖက်ဒရယ်မူနှင့် ပတ်သက်၍ လွှတ်တော်ပြင်ပတွင် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်သော ညီလာခံတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် မွန်အမျိုးသား ကွန်ဖရင့်သို့ ပြည်ထောင်စု ၀န်ကြီးများ တက်ရောက် ဆွေးနွေးရာတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားပါတီ အချို့မှာ NLD ၏ ဖက်ဒရယ်မူ ပြင်ဆင်ရေးဆိုင်ရာ နည်းလမ်းများသည် လွှတ်တော်တွင်း တင်ပြမည် ဖြစ်ခြင်းကြောင့် ၎င်းတို့အနေဖြင့် လွတ်လပ်စွာ ဆွေးနွေးခွင့် မရှိမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ထို့အတွက် လွှတ်တော်ပြင်ပတွင် ဆွေးနွေးနိုင်ရန် ၀ိုင်းဝန်းတောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ဒီမိုကရက်တစ် ပါတီမှ ဦးနိုင်ငွေသိမ်းက ''ကျွန်တော်တို့ မွန်အမျိုးသား ကွန်ဖရင့်မှာ တက်ရောက်လာတဲ့ ပါတီတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံးက ဖက်ဒရယ်မူကို တွေ့ဆုံညှိနှိုင်းနိုင်အောင် လိုလိုချင်ချင် တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ဒီနှစ်အတွင်းမှာပဲ ဗမာအပြင် အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဆွေးနွေးမှုဆိုင်ရာ ညီလာခံတစ်ခု ကျင်းပလိုကြောင်း ပြောပြခဲ့ပါတယ်'' ဟုပြောကြားသည်။

မွန်အမျိုးသား ကွန်ဖရင့်အား စက်တင်ဘာ ၂၈ ၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် မွန်တိုင်းရင်းသား ပါတီများနှင့် အခြားတိုင်းရင်းသား ပါတီတို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည့် နည်းလမ်းများ၊ လွှတ်တော်ပြင်ပတွင် ဖက်ဒရယ်မူဆိုင်ရာ ညီလာခံတစ်ခု ပြုလုပ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် မွန်အမျိုးသား ကွန်ဖရင့်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
Eleven Media Group

အမေရိကန်မောင်းသူမဲ့လေယာဉ်ပစ်၍ ပါကစ္စတန်စစ်သွေးကြွသုံးဦး သေဆုံး




ပါကစ္စတန်နိုင်ငံ အာဖဂန် နစ္စတန်နယ်စပ်၌ စစ်သွေးကြွများ နေထိုင်ရာဒေသသို့ အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တနင်္လာ နေ့က ဒုံးပျံဖြင့်ပစ်ခတ်မှုကြောင့် စစ်သွေးကြွသုံးဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောခဲ့သည်။ပစ်ခတ်မှုမှာ မြောက်ဝါဇီ ရစ္စတန်ဒေသအဓိကမြို့ မီရန်ရှား မြောက်ပိုင်းလေးမိုင်အကွာ ဒါဂါ မန်တီဒေသ၌ဖြစ်ကြောင်း သိရ သည်။ ဤဒေသမှာ စစ်သွေးကြွ များက တာလီဘန်နှင့် အယ်လ် ခိုင်ဒါတို့နှင့် ဆက်သွယ်လှုပ်ရှား သည့်နေရာဖြစ်သည်။ အမေရိကန် ဒရုန်းလေယာဉ်က ဒုံးပျံနှစ်စင်းကို ခြံဝင်းတစ်ခုထဲသို့ ပစ်ခတ်ခဲ့ရာ သူပုန်သုံးဦးသေဆုံးသွားခဲ့ကြောင်း အထက်တန်းလုံခြုံရေးအရာရှိ တစ်ဦးက AFP ကိုပြောခဲ့သည်။

မီရန်ရှားဒေသရှိ ထောက် လှမ်းရေးအရာရှိများကမူ သေဆုံး သူလေးဦးရှိသည်ဟု ဆိုသည်။ ဤ ဒေသမှအာဖဂန်နစ္စတန် တာလီ ဘန်ဟက်ကာနီ၏နယ်မြေဖြစ်၍ ဒရုန်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။အမေရိကန်ဒရုန်းတိုက်ခိုက် မှုအား ပါကစ္စတန်လူထုမကြိုက် သော်လည်း ဝါရှင်တန်က ဥပဒေ မစိုးမိုးသည့် အာဖဂန်နယ်စပ် ဒေသ၌ ဤသို့ တိုက်ခိုက်မှုက ထိရောက်သည်ဟုဆိုသည်။ ပါကစ္စ တန်အစိုးရက ဒရုန်းတိုက်ခိုက်မှုမှာ သူ့နိုင်ငံ၏အချုပ်အခြာအာဏာ ကို ချိုးဖောက်သဖြင့် အမြဲကန့် ကွက်လျက်ရှိသည်။ သို့ရာတွင် ဤသို့တိုက်ခိုက်ခြင်းဖြင့် စစ်သွေး ကြွများနှိမ်နင်းရေးအတွက် အသုံး ဝင်သည်ဟု ဆိုသည်

Yangon Media Group

ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ ခန့် ရှိနေ




မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူဦးရေ တရားဝင် ထုတ်ပြန်ချက်များအရ ၂၄၀ ဦးသာ ရှိသည်ဟု ဆိုသော်လည်း နှစ်စဉ်ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူမှာ ၁၀၀၀ ခန့် ရှိနေကြောင်း စက် တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ''ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ အထိမ်းအမှတ် ဟောပြောပွဲ'' တွင် ပါမောက္ခ ဒေါက်တာချစ်စိုး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်အတွင်း ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၀၅ ဦးရှိရာ ၂၀၅ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၄၀ ဦးရှိရာ ၂၄၀ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်တွင် ခွေးရူးရောဂါကြောင့် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း သေဆုံးနေပြီး တစ်နှစ်လျှင် ၅၅၀၀၀ ၀န်းကျင် အသက်ဆုံးရှုံး နေကြောင်းနှင့် မြန်မာနိုင်ငံတွင်နှစ်စဉ် ၂၀၀ ဦးကျော် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြီး လူသေဆုံးမှု မြင့်မားသည့် ရောဂါများတွင် ခွေးရူးပြန်ရောဂါမှာ တစ်ခုအပါအ၀င် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အတွင်းက အာဖရိကနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မွေးမြူရေး တိရ စ္ဆာန်များ သုတေသနဗဟို (ILRI) မှ ထုတ်ပြန်ခဲ့သည့် ကျန်းမာရေး သုတေသန စာတမ်းအရ သိရသည်။

ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ရာတွင် ကြောင်၊ ခွေး၊ မြေခွေး၊ လင်းနို့တို့မှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး မြန်မာနိုင်ငံတွင် ခွေးမှတစ်ဆင့် ကူးစက်မှု ပိုမိုများပြားကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် Rabies ဟုခေါ်သည့်ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်ပြီး ယင်းပိုးကူးစက် ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိပြီး ရောဂါလက္ခဏာများ ပြလေ့ရှိကြောင်း၊ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါပိုးနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် စဥ့်ကိုင်မြို့နယ်တို့၌သာ ရှိနေသေးပြီး ရောဂါပျံ့နှံမှုအား လေ့လာရာတွင် ယင်းဒေသနှစ်ခုမှ တွေ့ရှိချက်ကိုသာ နိုင်ငံ့အတိုင်းအတာဖြင့် မှတ်ချက်ယူနေရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစုမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

တိရစ္ဆာန်ဆေးကုခန်း တစ်ခုတွင် ကာကွယ်ဆေး ထိုးနှံနေသည့် အိမ်မွေးခွေးအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
Eleven Media Group

ပထမဆုံး အကြိမ်အဖြစ် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်




ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုအရ ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိများအား ပြည်ပလေ့ကျင့် သင်တန်းပေးရေး အစီအစဉ်အရ လာရောက်ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ စစ်သည်များနှင့် အားကစား ပူးပေါင်း လေ့ကျင့်မှုများ၊ အခြားကူးလူး ဆက်ဆံမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ယခုလာရောက်သည့် ခရီးစဉ်တွင် မြန်မာ့တပ်မတော် (ရေ) နှင့် စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်း လုပ်ဆောင်သွားရန် အစီအစဉ် မရှိသော်လည်း အနာဂတ် ခရီးစဉ်များတွင် ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

''အခုခရီးစဉ်မှာတော့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် မရှိပေမယ့် အနာဂတ် မြန်မာနိုင်ငံကို လာရောက်မယ့် ချစ်ကြည်ရေး ခရီးစဉ်တွေမှာတော့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် ရှိပါတယ်'' ဟု ဂျပန်ရေတပ် ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေယာဉ်မှူး F. KITGAWA က ပြောကြားသည်။

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး သင်္ဘောများဖြစ်သော KASHIMA, SHIRAYUKI, ISOYUKI သင်္ဘောသုံးစင်းတွင် အရာရှိစစ်သည် ၇၀၀ ကျော် လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ခေတ္တနေထိုင်မည့် ငါးရက်ကြာ ကာလအတွင်း ရန်ကုန်မြို့တွင်း ထင်ရှားသည့် နေရာများသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံသားများနှင့် ချစ်ကြည်ရေးအရ ကူးလူးဆက်ဆံမှုများ ပြုလုပ်နိုင်သည့်အတွက် ၀မ်းသာမိကြောင်းလည်း စစ်ရေယာဉ်မှူး F. KITGAWA က ပြောကြားသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး သင်္ဘောများ လာရောက်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ စစ်သည်များအား The Daily Eleven သတင်းစာက သဘောထား မှတ်ချက်ပေးရန် မေးမြန်းမှုအပေါ် မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ စစ်သည်များက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများအား တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံမှ စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နှင့် ကိုရီးယားနိုင်ငံများမှ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင်၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

၎င်းပြင် တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံ သင်္ဘော (Peace Ark) သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက်က ရောက်ရှိခဲ့ပြီး အခမဲ့ ဆေးကုသမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်




ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေးများတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပြီး ကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်၊ လုပ်ထုံး လုပ်နည်းများ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို သတ်မှတ်နိုင်ခဲ့သည်။

ထို့နောက် လွှတ်တော်သည် သြဂုတ် ၃၀ ရက်တွင် ရပ်နားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များကိုပါ ခေတ္တရပ်နား ထားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်တွင် ထပ်မံပြုလုပ်ခဲ့ပြီး ယခုပြန်လည် စတင်မည့် လွှတ်တော်အစည်းအဝေး ကာလတစ်လျှောက်တွင် ကော်မတီ၏ လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ကြမည်ဟု သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''နောက်လုပ်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါတီအလိုက် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တစ်ဦးချင်း ဆွေးနွေးတာတွေ ရှိမှာပါ။ အကုန်လုံးညှိပြီးမှ ပြည်ထောင်စု လွှတ်တော်ကို တင်မှာပါ။ ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်အချက်တွေ ပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါမှာပါ။ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို လေ့လာသုံးသပ် တင်ပြဖို့ရှိပါတယ်'' ဟု ပြောကြားသည်။

လာမည့်လွှတ်တော်တွင် မီဒီယာဆိုင်ရာ ဥပဒေကြမ်း သုံးခုဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းများ အားလုံးကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာသည့် ပြည်ထောင်စု တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုင်ရာ ဥပဒေကြမ်းများကို လွှတ်တော်စတင် ကျင်းပသည့်အချိန်မှ တစ်ပတ်အတွင်း အပြီးသတ် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့်လွှတ်တော်တွင် ဆောင်ရွက်ရန် ဥပဒေကြမ်းပေါင်း ၃၀ ကျော်ရှိကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်တွင် ပြန်လည် စတင်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် အစိုးရ ၀န်ကြီးဌာန အသီးသီးမှ ထပ်တိုးဘတ်ဂျက်များကို ထပ်မံ တောင်းခံမည်ဖြစ်ပြီး ထပ်မံတောင်းခံသည့် ဘတ်ဂျက်များသည် ထပ်မံတောင်းခံသင့် မသင့်၊ သုံးသင့် မသုံးသင့် ဆိုသည်ကို ၀န်ကြီးဌာနအလိုက် လွှတ်တော်ကော်မတီ အသီးသီးမှ စိစစ်မည် ဖြစ်သည်။

သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်
Eleven Media Group

ပထမတန်းစား ဂျပန်သစ်သီးဝလံများ ဈေးကောင်းနေ



ဂျပန်နိုင်ငံတွင် အရည်အ သွေးကောင်းမွန်သော သစ်သီး များမှာ အလွန်ဈေးကောင်းရလျက် ရှိကြောင်းသိရသည်။ ထိပ်တန်း ဖရဲသီးများကို မော်တော်ကားသစ် တစ်စီးဈေးနှုန်းနှင့် ရောင်းချရသ ကဲ့သို့ စပျစ်သီးများကိုလည်း အ မေရိကန်ဒေါ်လာ ၁၀ဝအထက ဈေးရရှိကြောင်း သိရသည်။

ဇူလိုင်လအတွင်းက စပျစ်သီး တစ်ခိုင်တည်းကို ယန်းငွေ ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၀၀၀)နှင့် ရောင်းချရကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမြောက် ပိုင်းမှ ဖရဲသီးဆိုလျှင် ခေတ်ပေါ် မော်တော်ကားသစ်တစ်စီးတန်ဖိုး မျှ ဈေးရရှိကြောင်းသိရသည်။ စင် စစ် ပထမတန်းစားသစ်သီး ဝလံ များသည် စီးပွားရေးလောကအတွင်း အဖိုးထိုက်တန်သော ရာသီလက် ဆောင်အဖြစ် ရှိနေခြင်းဖြစ်သည် ဟု ဆိုသည်။

ဂျပန်နိုင်ငံတစ်ဝန်းတွင် ထိပ် တန်းသစ်သီးဝလံထုတ်ကုန်များကို လက်ဆောင်ပေးရန်ရည်ရွယ်ချက် ဖြင့် အများဆုံးစိုက်ပျိုးထုတ်လုပ် လေ့ရှိကြောင်း တိုကျိုမြို့ရှိ Sun Fruit ကုမ္ပဏီမန်နေဂျာ ယိုရှီနိုဘူ အိရှိယာမက ပြောကြားခဲ့သည်။သူတို့၏ အရည်အသွေးမြင့် မားသော သစ်သီးဝလံများမှာ အနံ့ အရသာ ထူးခြားပြည့်ဝသည့် ရှား ပါးထုတ်ကုန်များဖြစ်သည်ဟုလည်း ဆိုသည်။

ဥပမာအားဖြင့် Ruby Roman စပျစ်သီးအမျိုးအစားဆိုပါ က တစ်ခိုင်လျှင် ယန်း ၃၁၅၀၀ အထိဈေးရရှိပြီး အနာအဆာကင်း မဲ့သော မွေးကင်းစကလေးငယ်၏ ဦးခေါင်းအရွယ်အစားရှိ မက်မွန် သီးတစ်လုံးကို ယန်း၂၆၂၅နှင့်ရောင်း ချရသည်ဟုသိရသည်။
Yangon Media Group

ဆက်သွယ်ရေးဥပဒေ သမ္မတပြင်ဆင်ချက်အားလုံး ဥပဒေကြမ်းကော်မတီ သဘောတူ



ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့သော ဆက်သွယ်ရေး ဥပဒေကြမ်း ပြင်ဆင်ချက် အားလုံးကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ငါးခုဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားပြီး ယင်းပြင်ဆင်ချက်များကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက လက်ခံခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ပြင်ဆင်ချက် ငါးချက်ကို ပေးပို့လာတာပါ။ ကော်မတီက အားလုံးသဘောတူပါတယ်။ လာမယ့် ၃ ရက်နေ့ လွှတ်တော်မှာ ပြန်အတည်ပြုမယ်” ဟု ဦးစောလှထွန်းက ရှင်းပြသည်။

သမ္မတ၏ သဘောထား မှတ်ချက်များကို လွှတ်တော်က ကနဦးသဘောထားပြီး ဖြစ်သော်လည်း မည်သည့် ပြင်ဆင်ချက်များ ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆို၍ မရကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး များကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည် စတင်မည် ဖြစ်ပြီး ယင်းမတိုင်မီ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ကြိုတင်ညှိနှိုင်း သဘောတူခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

သမ္မတ၏ ပြင်ဆင်ချက်များကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူထားပြီး ဖြစ်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထပ်မံအတည်ပြု ပြီးပါက နိုင်ငံတော်သမ္မတထံ ပြန်လည် ပေးပို့ရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတက ယင်းဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုရမည် ဖြစ်ပြီး လက်မှတ်ရေးထိုးခြင်း မပြုပါကလည်း ၁၄ ရက်အကြာတွင် ဥပဒေအဖြစ် အလိုအလျောက် အတည်ဖြစ်မည် ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစတင်ရန် အရေးတကြီး လိုအပ်နေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပြီးဆုံးရန် ရက်အနည်းငယ် အလိုတွင် လွှတ်တော်က အတည်ပြု ပေးခဲ့သော်လည်း နိုင်ငံတော်သမ္မတက သဘောမတူသည့် အချက်များ ရှိနေ၍ လက်မှတ်ရေးထိုးခြင်းမရှိဘဲ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားသဖြင့် အချိန်ထပ်မံ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

FDA ဝန်ထမ်းအင်အား ၆ ဆ တိုးချဲ့မည်


ရန်ကုန်မြို့ သံဈေးရှိ ငါးပိရောင်းသည့် ဆိုင်တဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဋ္ဌာန (FDA) တွင် အချန်မီ သတင်းထုတ်ပြန်နိုင်ရေးနှင့် လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဝန်ထမ်းအင်အား ၆ ဆ တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။

“အခုကျနော်တို့က လူသန်း ၆၀ အတွက် လူပေါင်း ၁၃၀ နဲ့ လုပ်နေရတဲ့အတွက် အများပြည်သူဆီ သတင်းထုတ်ပြန်ရေးဌာန သီးသန့်မရှိဘူး။ ရှိတဲ့သူတွေ အကုန်လုံးက ထိုင်မနေရဘူး၊ နားမနေရဘူး၊ မရပ်မနား လုပ်နေရတယ်။ ဒါတောင်မှ FDA ကလူတွေက ဘယ်နား သွားသေနေသလဲ၊ ဘယ်နား အိပ်နေသလဲလို့ မီဒီယာရဲ့ ထိုးနှက်တာတွေလည်း ခံရတယ်” ဟု FDA ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဧရာဝတီသို့ ပြောသည်။

FDA တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းပေါင်း ၁၃၀ ရှိပြီး ဈေးကွက်အတွင်းရှိ အစားအသောက်များ စိတ်ချလုံခြုံမှု ရှိ/မရှိကို ပုံမှန်စီမံချက်နှင့် အထူးစီမံချက်ဟု သတ်မှတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပုံမှန် စီမံချက်အနေဖြင့် ၃ လတကြိမ် ဈေးကွက်အတွင်း သုတေသနပြုလုပ်ကာ အများပြည်သူ သိသင့်သော အချက်အလက်များကို သတင်းစာများမှတဆင့် ထုတ်ပြန်ပေးခြင်း၊ အထူးစီမံချက် အနေဖြင့်လည်း ရရှိလာသည့် သတင်း အချက်အလက်ပေါ် မူတည်၍ နယ်မြေဆင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေါက်တာ ထွန်းဇော်က ရှင်းပြသည်။

“ကျနော်တို့က ဖွဲ့စည်းပုံမှာ လူအင်အား ဒီလောက်နဲ့ဆို ဒီလုပ်ငန်းတွေကို အကုန် ပြည့်ပြည်၀၀ မလုပ်နိုင်ဘူး။ အဲဒါကြောင့် ဖွဲ့စည်းပုံ တိုးချဲ့ခွင့် တင်တယ်။ လူကြီးတွေကလည်း ဒါကို နားလည်ပြီး နိုင်ငံတော်ကလည်း တိုးချဲ့ခွင့်ပေးတယ်။ နောက်ထပ် ဖွဲ့စည်းပုံ တိုးချဲ့ခွင့်မှာဆိုရင် လူဦးရေ ၆၆၅ ယောက်ဆိုတော့ လက်ရှိဖွဲ့စည်းပုံထက် ၆ ဆလောက်ကို ခွင့်ပြုထားတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

“အဲဒီချိန်ကျရင် မီဒီယာတွေ ကျေနပ်လောက်အောင် ဌာနစိတ်တိုင်းက လုပ်ဆောင်ချက်တွေက ရတဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့အတွက် ပြင်ပ ဆက်ဆံရေးဌာနတွေကနေ လုပ်ပေးသွားမယ်။ အခု ကျနော်တို့ ကိုယ်ပိုင် ၀က်ဘ်ဆိုက် စာမျက်နှာ လုပ်ဖို့ ပြင်ဆင်နေတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆက်ပြောသည်။

ထပ်မံတိုးချဲ့မည့် ၀န်ထမ်းအင်အား အပြည့်ရရှိနိုင်ရေးအတွက် ၀န်ထမ်းခေါ်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းများကို ပြုလုပ်ရဦးမည်ဖြစ်ပြီး တိုးချဲ့ဖွဲ့စည်းပုံ အပြည့်ရရှိပါက FDA ၏ လက်ရှိ လုပ်ဆောင်မှုများထက် ၆ ဆပို၍ လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“ကျနော်တို့ လုပ်တာကိုင်တာတွေကို အများပြည်သူကို ထုတ်ပြန်ဖို့အတွက် ကျနော်တို့မှာ လူအင်အားမရှိဘူး။ လူအင်အား မရှိဘူးဆိုတာ သတင်းထုတ်ပြန်ရေး ဌာနရှိမှ လုပ်မယ်။ ဒါလည်းလုပ်ရ၊ ဟိုဟာလည်း လုပ်ရဆိုတော့ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ မဖြစ်မနေ အသိပေးရမယ့် ကိစ္စမျိုးကိုတော့ ကျနော်တို့က အသိပေးရဖို့ တာဝန်ရှိတယ်။ အသိပေးသင့်လျက်နဲ့ မပေးဘူး ဆိုရင်တော့ ကျနော်တို့ဘက်က နှောင့်နှေးတာပေါ့” ဟု ဒေါက်တာ ထွန်းဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကလေးကြိုက် သွားရေစာများနှင့် အစားအသောက်များသည် လည်းကောင်း၊ ဈေးကွက်အတွင်းသို့ တံဆိပ်အမျိုးမျိုးဖြင့် ၀င်ရောက်နေသည့် အရက်များသည် လည်းကောင်း၊ ဓာတုပိုးသတ်ဆေး အကြွင်းအကျန်များ ပါဝင်နေနိုင်သည့် မီးဖိုချောင်သီးနှံများသည် လည်းကောင်း၊ ဈေးကွက်အတွင်းရှိ ဆေးဝါးများကို လည်းကောင်း စားသုံးသူများ၏ ကျန်းမာရေးအတွက် စစ်ဆေးပေးရန် လိုလျက်ရှိနေကြောင်း စားသုံးသူ အချို့က ပြောသည်။

“ကျနော်တို့ ဖြစ်စေချင်တာတော့ အစားသောက် ကွပ်ကဲရေးဌာနတွေကနေ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေချင်ပါတယ်။ စားသုံးသူတွေက မစားရလည်း မနေနိုင်တော့ အရဲစွန့်ပြီး စားနေရတာပေါ့ဗျာ။ ကျနော် ကြားဖူးတာကတော့ သူတို့က လာစစ်တော့မယ်ဆို ကြိုအကြောင်းကြားတယ်။ အဲဒီတော့ စက်ရုံတွေက ပြင်ဆင်လို့ ရသွားတယ်။ အဲဒီတော့ သူတို့လာစစ်ရင် အိုကေတယ်” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် ကိုဖြိုးဝေက ပြောသည်။

ထို့အပြင် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မ၀ါဝါလင်းလှိုင်ကလည်း “အစိုးရအနေနဲ့က အဲ့ဒီလို စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ တင်းတင်းကြပ်ကြပ် စစ်ဆေးစေချင်တယ်။ ကျန်းမာရေးအတွက် Safe ဖြစ်ပြီဆိုမှ အဲ့ဒီ့စားသောက်ကုန်ကို ခွင့်ပြုမိန့် ချပေးစေချင်တယ်။ တကယ်လို့ ဈေးကွက် ရောက်သွားခဲ့ရင်လည်း အဲဒီကုန်စည်ကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က လက်ဖက်များ၊ ငရုတ်ဆီများ၊ ငရုတ်သီးမှုန့်များ၊ အစိမ်းစား ငါးပိများ၊ မျှစ်များတွင် ဓာတုဆိုးဆေးများ ပါဝင်နေခြင်း၊ တရုတ်ပြည်တွင် ဖြစ်ပွားသည့် ကလေးနို့မှုန့်များတွင် မယ်လမင်း ပါဝင်နေခြင်းတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက ပူးပေါင်းကာ စစ်ဆေးဖမ်းဆီး၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။

မကြာသေးမီကာလကလည်း ဧရာဝတီတိုင်းမှ ထုတ်လုပ်သော ရေချိုငါးပိများတွင် ယူရီးယားပါဝင်မှုရှိကြောင်း လူမှုရေး အသင်းအဖွဲ့တခု ဖြစ်သည့် မြန်မာနိုင်ငံ စားသူများ ကာကွယ်ရေးအသင်းက သံသယရှိသဖြင့်၊ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ FDAဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ နမူနာတမျိုးတွင် ယူရီးယား ပါဝင်နေကြောင်း FDAက အတည်ပြုခဲ့သည်။

“အပြင်ဓာတ်ခွဲခန်းတွေမှာက အရောင်နဲ့ ဗက်တီးရီးယား ပါဝင်မှုကိုပဲ စစ်လို့ရတယ်။ ဒါပေမယ့် သုံးထားတဲ့ ဓာတုဆေးဝါးကို စစ်လို့မရဘူး။ စက်ကိရိယာ မစုံတဲ့အတွက်လို့ ပြောတယ်။ FDA မှာ သွားစစ်တာ အဖြေရဖို့ ၁ လကြာတယ်။ အသင်းပိုင် ဓာတ်ခွဲခန်းထောင်ချင်ပေမယ့် ကျနော်တို့ မလုပ်နိုင်သေးဘူး” ဟု မြန်မာနိုင်ငံ စားသူများ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။

မန္တလေးမြို့တွင်းရှိ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များနှင့် အရောင်းဆိုင်များကို အောက်တိုဘာလမှ စတင်ပြီး ရှောင်တခင် ၀င်ရောက် စစ်ဆေး ဖမ်းဆီးတော့မည် ဖြစ်ကြောင်း သိရသည်။

ဈေးချိုအပါအ၀င် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စ္စည်းများမှာ တရားဝင်သော ကုန်ပစ္စည်းများ ဟုတ်၊ မဟုတ်ကို စစ်ဆေးကာ တရားဝင် သယ်ဆောင်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက သိမ်းဆည်းထားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောသည်။

မန္တလေးမြို့သို့ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများ အများဆုံး ၀င်ရောက်လျက် ရှိပြီး အကောက်ခွန်မဲ့ ပစ္စည်းများမှာ အီလက်ထရွန်းနစ် ပစ္စည်းများ၊ အရက်ဘီယာ၊ ကလေးငယ်များ စားသုံးနေသည့် အသင့် ထုတ်ပိုးထားသော မုန့်ပဲသရေစာများနှင့် မိုဘိုင်းဖုန်းများ အများဆုံး တင်သွင်းကြကြောင်း သိရသည်။

irrawaddy

တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ




မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။

''မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်က တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်ကို ဆင်းသက်ချိန်မှာ အရှိန်ထိန်းချုပ်တဲ့ လေထီးမပွင့်လို့ ပြေးလမ်းပေါ်မှာ ခဏရပ်သွားတာပါ။ ခဏနေတော့ သူတို့ လေတပ်ဌာနချုပ် လေယာဉ်တွေနဲ့ ဆွဲယူသွားပါတယ်။ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ်ကို ဆင်းမယ့်လေယာဉ်တချို့ ခဏဆင်းလို့မရ ဖြစ်သွားတာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယင်းသို့ ရန်ကုန်လေဆိပ်အား ခေတ္တပိတ်ခဲ့ရသဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) မှ ဗန်ကောက်-ရန်ကုန်ခရီးစဉ် ပျံသန်းသည့် ခရီးစဉ်အမှတ် 8M 336 လေယာဉ်သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခေတ္တသွားရောက် ဆင်းသက်ပြီးမှသာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက် ခဲ့ရကြောင်း သိရသည်။ အဆိုပါ လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက် ရမည့်အစား ညနေ ၃ နာရီ ၁၅ မိနစ်မှသာ ဆိုက်ရောက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

''ရန်ကုန်လေဆိပ်ကို ခဏပိတ်ထားတဲ့ အချိန်နဲ့ ကျွန်မတို့ 8 M 336 လေယာဉ်ဆင်းမယ့် အချိန်နဲ့ ကွက်တိဖြစ်သွားလို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခဏသွား ဆင်းခဲ့ရတာပါ။ ပြီးမှ ရန်ကုန်လေဆိပ်ကို ပြန်ဆင်းခဲ့ပါတယ်'' ဟု (MAI) လေကြောင်းလိုင်းမှ Marketing Manager ဒေါ်အေးမရသာက စက်တင်ဘာ ၃၀ ရက်က ပြောပြသည်။

ယခုကဲ့သို့ လေယာဉ်ပြေးလမ်းပေါ်တွင် လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ပွားမှုကြောင့် လေဆိပ်သို့ ဆင်းသက်မည့် အခြားလေယာဉ်များနှင့် လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်များ ဆင်းသက်-ထွက်ခွာ၍ မရဖြစ်ခြင်းမှာ လေယာဉ်ပြေးလမ်း တစ်ခုတည်းရှိသည့် လေဆိပ်ဖြစ်သည့် အတွက် ဖြစ်ကြောင်း သိရသည်။

''အခုလို လေယာဉ်ပြေးလမ်းပေါ်မှာ လေယာဉ်တစ်စင်း တစ်ခုခုဖြစ်လို့ ကျန်တဲ့ လေယာဉ်တွေ ဆင်းမရ၊ တက်မရဖြစ်တာက ပြေးလမ်းတစ်ခုတည်း ရှိတာကြောင့်ပါ။ ပြေးလမ်းသာ နှစ်ခုရှိမယ်ဆိုရင် ဒီလိုပြဿနာတွေ ဘာမှမရှိနိုင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ လေကြောင်းဦးစီးဌာနက ဆင်းခွင့်ပေးပါလို့ပြောတဲ့ လေယာဉ်တိုင်းကို ဆင်းခွင့်ပြုပါတယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဦးထွန်းနေ၀င်းက ပြောကြားသည်။

မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Eleven Media Group

ဆန်ထုတ်လုပ်ရေးအတွက် ဂျပန်က သန်း ၁၀၀ မြှုပ်နှံမည်




ဂျပန်နိုင်ငံက Mitsui ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဆန်နဲ့ဆန်အချောထည် ပစ္စည်းစက်ရုံတွေ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဂျပန်ကုမ္ပဏီအနေနဲ့ အခုလို ရင်းနှီးမြှပ်နှံမှုပြုလုပ်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီကို ဒီကနေ့မှာ စတင်တည်ထောင်လိုက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFFCI ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်းက သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက အခုလို ပြောပါတယ်။

"ဆန်စက်ပါမယ်၊ အုန်းဆံစက်ပါမယ်၊ ဆန်ခေါက်ဆွဲစက်တို့၊ ဆန်မှုန့်၊ ဆန်ကြာဇံ၊ ဖွဲနုဆီစက် အဲဒါတွေလုပ်ဖို့အတွက်ကို လျှပ်စစ်ဓာတ်အားစက်တွေပါဝင်မယ်၊ ၂ဝ၁၅ မှာ ပြီးအောင်ဆောက်ဖို့ရှိပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး တွံတေးမှာ တန်ချိန် ၁ သိန်းလောက်အထိကို အထွက်နှုန်းရှိပါမယ် "

ဒီသဘောတူညီချက်အရ မြန်မာနိုင်ငံအတွင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ နယ် ၊ ပဲခူးတိုင်းဒေသကြီးနဲ့ နေပြည်တော်တို့မှာ ဆန်နဲ့ဆန်အချောထည် ပစ္စည်းစက်ရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ဒီနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကနေ တန်းမြင့်ဆန် ( ၁၀၀ ရာခိုင်နှုန်းသန့်စင်ပြီး ) တွေကို တန်ချိန် ၅၀၀၀ ၀ယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

ရမ်းဗြဲမြို့နယ် ၂၄ နာရီ မီးရရေး ဒေသခံများ ဆန္ဒပြ




ရခိုင်ကမ်းလွန်ဒေသမှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ရမ်းဗြဲမြို့နယ်ကိုလည်း ၂၄ နာရီမပြတ် လျှပ်စစ်မီးပေးရေးအတွက် ရမ်းဗြဲမြို့နယ်ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ကျောက်ဖြူမြို့နယ်ကို မီးပေးနေပြီ ဖြစ်တာကြောင့် ရမ်းဗြဲမြို့နယ်မှာလည်း လျှပ်စစ်မီး ရရှိရေး တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ရမ်းဗြဲမြို့ခံ ဦးထွန်းကြည်က ပြောပါတယ်။

ရမ်းဗြဲမြို့အပါအဝင် မြို့နဲ့အနီးဝန်းကျင် ကျေးရွာအတော်များများက ဒေသခံတွေပါပူးပေါင်းပြီး လျှပ်စစ်မီးရဖို့ တောင်းဆိုတာဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတွေကပြောပါတယ်။ ရမ်းဗြဲမြို့ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရက ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားပြီး အိမ်ထောင်စုတစ်စုကို လျှပ်စစ်အား ၁၀ ယူနစ် သုံးစွဲခွင့်ပေးရာမှာ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ပေးဆောင်ရပါတယ်။ ၁၀ ယူနစ်ထက်ပိုသုံးရင် ပိုတဲ့ယူနစ်အတွက် တစ်ယူနစ်ကို ကျပ် ၆၀၀ နှုန်းနဲ့ ပေးဆောင်နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

RFA Burmese