ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်


အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။

credit to နှင်းဆီဖူးလေးများ-Love BUDS

ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား?


မေး။ ။ဆရာခင်ဗျား။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုဟာ စာမေးပွဲနီးတိုင်း အုပ်စုဖွဲ့ စာကျက်လေ့ ရှိကြရာမှာ တစ်ညလုံး မအိပ်တမ်း စာကျက်လိုဇောနဲ့ ကော်ဖီလည်း သောက်ြက ပါတယ် ဆရာ။ ပြီးခဲ့တဲ့ ရက်ကတော့ စာကျက်ရင်း သူငယ်ချင်း တစ်ယောက် ကော်ဖီ သောက်ရင်း ညမအိပ်တမ်း စာကျက်တာဟာ စာကျက် နေတုန်းကတော့ လန်းဆန်း နေပေမယ့် နံနက်ပိုင်း စာမေးပွဲခန်းလဲ ဝင်ရော စာတွေမေ့သွားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီလိုဖြစ်ပါတယ် ဆရာ။ ဒါဟာ ကော်ဖီကြောင့်ပလား။ ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား။

မောင်သားထူး (ပန်းဆိုးတန်း)

ဖြေ။ ။ကော်ဖီမှာ ကဖင်းဓာတ် ပါဝင်လို့ လူကိုလန်းဆန်း စေတာ အမှန်ပါပဲ။ ကော်ဖီအကြောင်း ပြောရရင် ပထမဆုံး လူ့ဦးနှောက်ထဲက Adenosine ဆိုတဲ့ ဟော်မုန်း အကြောင်းပါပဲ။ သူက လူတွေ အနားယူဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းပါ။ တစ်နေကုန် အလုပ်လုပ်ပြီး ညရောက်တာနဲ့ ငိုက်မျဉ်းလာစေတာ ဒီဟော်မုန်း ကြောင့်ပါ။

ဒီဟော်မုန်းများရင် လူက အိပ်ငိုက် လာပါမယ်။ ကော်ဖီမှ ကဖင်းက အဆိုပါ ဟော်မုန်းကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကော်ဖီ သောက်လိုက်ရင် မအိပ်ချင်တော့ တာပါ။ ကျောင်းသား လူငယ် အများစုကတော့ ညကော်ဖီ သောက်ရင်း စာကျက်ပြီး နံနက် စာမေးပွဲခန်း ဝင်တာက အစဉ်အလာ ဖြစ်နေပါပြီ။ တကယ်တမ်း ကျတော့ ကော်ဖီသောက်ရင်း ဦးနှောက်ပန်းအောင် တစ်ညတာလုံး ခိုင်းလိုက်တာက နောက်နေ့နံနက်မှာ မလန်းဆန်း စေတော့ပါဘူး။ ကော်ဖီက ပါတဲ့ ကဖင်းဓာတ်ကြောင့် မအိပ်ချင် တော့ပေမယ့် ဦးနှာက်ဟာ နားရမယ့် အချိန်မှာ အနား မရဘဲ ဖိစီးနေလို့ ဦးနှောက်ဝန်ပိ လာပါတယ်။ ဒီအခါကျ နံနက်ပိုင်း စာမေးပွဲခန်း ဝင်ချိန်မှာ ဦးနှောက်ရဲ့ စွမ်းရည်ဟာ သာမန်ထက် လျော့နည်းနိုင်ပါတယ်။ ဒီအခါမှာ ကျက်ပြီးသား စာတွေ မေ့လျော့ခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် ကော်ဖီသောက်လျှင် နေ့လယ်ပိုင်းနဲ့ ညဦးပိုင်းသာ သောက်သင့်ကြောင်း၊ ညဥ့်နက်ပိုင်း မသောက်သင့်ကြောင်း အကြံပြုလိုက် ပါရစေ။ မောင်သားထူးတို့ အနေနဲ့ တစ်နှစ်တာ စာတွေကို လွယ်လွယ်ရှင်းရှင်း မှတ်သား ထားပြီး စာမေးပွဲ ဖြေရမယ့် ညမှာ အိပ်ချိန် ၆ နာရီခန့် ပေးခြင်းဖြင့် စာမေးပွဲကို တည်ငြိမ်စွာ ဖြတ်ကျော် သင့်ကြောင်းပါ။ ။
မြ၀တီ

မိကျောင်းကန် သပိတ်စခန်းအနီး အငြင်းပွားမြေနေရာရှိ စေတီဝင်းအား လုပ်သားအင်အား ၄၀၀ ခန့်ဖြင့် ခြံစည်းရိုး လာရောက်ကာရံခဲ့ပြီး ဆန္ဒပြသူများနှင့် အလုပ်သမားများကြား အချင်းများမှု ဖြစ်ပွား


ထိခိုက်ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် လူနာတင်ကားပေါ်သို့ တင်နေစဉ်

မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့ ဒီဇင်ဘာ ၇ ရက်တွင် တပ်မတော်မှ အငြင်းပွား မြေနေရာပေါ်ရှိ မြစာရံအေးစေတီဝင်းအား တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ အလုပ်သမားအင်အား ၄၀၀ ခန့်ဖြင့် ၀င်ရောက်ကာ ခြံစည်းရိုးကာရံခြင်း၊ စေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများနှင့် အလုပ်သမားများကြား အချင်းများမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အချင်းများ ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူ အမျိုးသမီးငါးဦးခန့်၏ လက်၊ ခြေတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်က မိကျောင်းကန် သပိတ်စခန်း၏ အနောက်ဘက်ရှိ အငြင်းပွား မြေနေရာများအတွင်း တပ်မတော်မှ လုပ်သားအင်အား ၄၀၀ ခန့်ဖြင့် စေတီဝင်ပေါက်များကို ပိတ်ဆို့ခြင်း၊ အငြင်းပွား မြေနေရာအတွင်း ဆန္ဒပြသူများ အသုံးပြုနေသော ရေအိမ်များကို ဖျက်ဆီးပစ်ခြင်းတို့ ပြုလုပ်ခဲ့ရာမှ ယင်းနေရာ အနီးတစ်ဝိုက်တွင် စေတီဝင်းအား ခြံမခတ်ရန် စောင့်ဆိုင်းနေသော ဆန္ဒပြသူများနှင့် အချင်းများမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်မတို့ထိုင်နေတုန်းကို အဲဒီအဖွဲ့၊ အလုပ်သမားတွေက တွန်းလိုက်တယ်။ သူတို့က သွပ်ပြားချပ်တွေ သယ်နေတာ။ ကျွန်မက လဲကျသွားတော့ မသယ်နဲ့ဦးလို့ ပြောပေမဲ့ သူတို့က အတင်းသယ်တော့ ခြေထောက်ကို သွပ်ပြားရှသွားတာပါ။ ကျန်တဲ့လူတွေလည်း သူတို့တွန်းထိုးလို့ ဒဏ်ရာရကြပါတယ်။ ကျွန်မတို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြမှာမို့လို့ ဘာမှပြန်မလုပ်ပါဘူး"ဟု ဒဏ်ရာရရှိသွားသည့် အမျိုးသမီးတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

"လွှတ်တော်ဥပဒေတွေမှာတော့ ဒီလိုအငြင်းပွားဆဲ မြေနေရာပေါ်မှာ အဆောက်အဦး ဆက်လက်ဆောက်လုပ်ခွင့်ပြုတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ နောက်ပြီးတော့ ဆီးဂိမ်းစ်ပြိုင်ပွဲကို အကြောင်းပြတယ် ဆိုပေမယ့်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲကလည်း နိုင်ငံတကာပြိုင်ပွဲမို့လို့ အရေးကြီးသလို ပြည်သူတစ်ဦးချင်းစီရဲ့ ဘ၀ကလည်း အရေးကြီးပါတယ်" ဟု သပိတ်စခန်းသို့ လာရောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်က ယင်းသပိတ်စခန်းသို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့ လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်နှင့် ဆန္ဒပြသူများ သုံးပွင့်ဆိုင်ဆွေးနွေးရန် ကြိုးပမ်းမည်ဟု ပြောကြားခဲ့သည်။

"ဒီနေ့သွားပြောတဲ့အခါကျတော့ ၀န်ကြီးချုပ်က ဆီးဂိမ်းစ်ကာလ ဖြစ်တာရယ်၊ ကျန်တဲ့ အလုပ်ကလေးတွေ ရှိသေးတာရယ်ကြောင့် မလာနိုင်သေးဘူး။ ဒါပေမဲ့ နောက်နှစ်ရက်၊ သုံးရက်လောက်နေရင်တော့ လာမယ်လို့ပြောတယ်။
အဲဒီကျရင် သူဘာပြောမလဲ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ လာမည့်လွှတ်တော်မှာလည်း ဒီကိစ္စကို ဆက်လက်တင်ပြမှာပါ"ဟု ဦးအောင်သိန်းလင်းက ပြောကြားခဲ့သည်။

မိကျောင်းကန်ဆန္ဒပြသူများသည် အချက်ခုနစ်ချက်ကို တောင်းဆိုခဲ့ပြီး ယင်းခုနှစ်ချက်တွင် မြစာရံအေးစေတီအား ဖူးမြော်နိုင်ရေးလည်း ပါဝင်ပြီး ယင်းအချက်ကိုလည်း ရန်ကုန်တိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၂ ရက်က ဆန္ဒပြသူများနှင့် တွေ့ဆုံပွဲတွင် သဘောတူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စေတီဝင်းအား ခြံစည်းရိုးခတ်ခြင်း၊ ၀င်းတံခါးပိတ်ခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ သပိတ်စခန်းဖွင့် ဆန္ဒပြသည့် ဖြစ်စဉ်အပေါ် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက တရားလိုပြုလုပ်ကာ သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်းလည်း သိရသည်။

Eleven Media Group

ဦးဇင်ဝိုင်း ပြောသွားတာ ရှင်းလင်းပြီး ပြတ်သားပါတယ်…


" မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖြစ်ပျက်လာသမျှ ကိစ္စအဝဝသည် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တဲ့ အစဉ်အဆက်သော အစိုးရများမှာ တာဝန်ရှိတယ်လို့ ကျတော်တရားဝင်စွပ်စွဲပါတယ်…

တချိန်က တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး ရရှိတယ် ဆိုတဲ့ အသံကောင်းဟစ်ဖို့အတွက်ကို လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်းမရှိဘဲ တကယ်စားပွဲပေါ်မှာ ထိုင်ပြီး မိမိတို့ရဲ့ တိုင်းရင်းသားများနဲ့ တန်းတူညီမျှအခွင့်အရေးမရရှိခဲ့ဘဲံနဲ့ လက်နက်တွေ ကိုင်စွဲထားစေပြီးတော့ ငြိမ်းချမ်းရေး ဆိုတာကို ဟန်ပြစကားပြောခဲ့ပြီး လုပ်ချင်ရာလုပ်ကြဆိုပြီး လွှတ်ထားပေးခဲ့တဲ့ အကျိုးဆက်တွေဟာ ဒီနေ့ ကျတော်တို့လုငယ်အညွှန့်အဖူးကို ထိခိုက်နေပါပြီ…

တကယ့်ကိုမှ သူဋ္ဌေးသူကြွယ်ကြီးတွေလိုမျက်နှာဖုံးတပ်ပြီးတော့မှ လန်ခရူစာကြီးတွေ ဧကနဲ့ချီတဲ့ ခြံကြီးတွေထဲမှာ နေနေတဲ့ ပုဂ္ဂိုလ်များကို ဖော်ထုတ်ပေးပါ… ဖမ်းဆီးပေးပါ… ရှာဖွေပေးပါလို့ ကျတော်ကတောင်းဆိုပါတယ်ခင်မျာ…

သက်နှင်း သုန္ဒရီ
သတင်းပေါင်းစုံ

ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် SNLD ထပ်မံ ကမ်းလှမ်းမည်


ရန်ကုန်၊ ဒီဇင်ဘာ ၆

ရှမ်းတိုင်းရင်းသားပါတီ နှစ်ခု တစ်ပေါင်း တစ်စည်းတည်း ဖြစ်စေရန်အတွက် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ကမ်းလှမ်း ထားသော်လည်း အကြောင်းပြန်ခြင်း မရှိသည့်အတွက် ဒီဇင်ဘာလ အတွင်းတွင် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အဆိုပါ ရှမ်းတိုင်းရင်းသားပါတီ နှစ်ခု ပေါင်းစည်းရေး အတွက် နိုဝင်ဘာလအတွင်း SNLD က ကြေညာချက်ထုတ်ကာ ကမ်းလှမ်း ခဲ့သော်လည်း SNDP က ယနေ့အထိ ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“တစ်လပြည့်တဲ့အထိ မထူးခြားရင် ထပ်မံ ကမ်းလှမ်းသွားမယ်။ ပါတီ ပေါင်းဖို့အတွက် လူထုကပဲ ဆုံးဖြတ်လိမ့်မယ်” ဟု ၎င်းကဆိုသည်။

ရှမ်းတိုင်းရင်းသား နှစ်ပါတီ ပေါင်းစည်းရေးအတွက် SNDP ပါတီ၏ သုံးကြိမ်မြောက် ညီလာခံ အပြီးတွင် စတင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းရေးမှူး ဦးစိုင်းလှကျော်က ဆိုသည်။

SNLD ပါတီက ကမ်းလှမ်းလာသော ပါတီနှစ်ခု ပေါင်းစည်းရေး ကို ဆွေးနွေးရန်အတွက် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်များတွင် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဗဟိုကော်မတီဝင်များ ခရီးသွားလာ နေကြသောကြောင့် မဖြစ်မြောက်ခဲ့ကြောင်း SNDP ထံမှ သိရသည်။

SNLD ပါတီ ငွေရတု အခမ်းအနားအပြီး နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် SNDP ကို ကြေညာချက် ထုတ်ကာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်


သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။

ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။

အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့်ခြောက်အနည်းငယ်ကိုလည်းလက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

mg mandalay

လေးရက်အတွင်း အိမ်ကွင်းတွင် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည့် မန်ချက်စတာယူနိုက်တက်


ပရီးမီးယားလိဂ် (၁၅) စနေနေ့ည အစောဆုံး ပွဲစဉ်ဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် နယူးကာဆယ် ယူနိုက်တက် ပွဲစဉ်တွင် ဧည့်သည်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ အဆိုပါ ရှုံးပွဲသည် ၁၉၇၂ ခုနှစ်နောက်ပိုင်း အိုးထရတ်ဖို့ဒ်၌ နယူးကာဆယ်ကို ပထမဦးဆုံး ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ရာဖေးလ်၊ အီဗန်၊ ဗီဒစ်၊ အီဗရာ၊ နာနီ၊ ဂျုံးစ်၊ ကလီဗာလေ၊ ဂျနူဇက်၊ ဟာနန်ဒက်ဇ်၊ ဗန်ပါစီတို့ ပွဲထွက်ပါဝင်ခဲ့သည်။ ဝိန်းရွန်နီမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

နယူးကာဆယ်တွင် ကားလ်၊ ဒီဘူချီ၊ ဝီလျံဆန်၊ ကိုလိုချီနီ၊ ဆန်တန်၊ ကာယာယီ၊ တီအိုတီ၊ အန်နီတာ၊ ဆစ်ဆိုကို၊ ရီမီ၊ ဂူဖရန်တို့ ပါဝင်ကစားခဲ့သည်။

ပထမပိုင်း ၁၁ မိနစ်တွင် ယူနိုက်တက်က ဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း ကလီဗာလေ၏ ကန်သွင်းချက်ကို နယူးကာဆယ် ခံစစ်ပိုင်းက ကာကွယ်သွားခဲ့သည်။ ၂၇ မိနစ်တွင် ဗန်ပါစီ၏ အလွတ်တည် ကန်ဘောကို ဝီလျံဆန် ခေါင်းတိုက် ရှင်းထုတ်ခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် နယူးကာဆယ်က အကောင်းဆုံး အခွင့်အရေး ရရှိခဲ့သော်လည်း ဒီဘူချီ၏ ကန်သွင်းချက်ကို ဒီဂီယာ အကောင်းဆုံး ပုတ်ထုတ်ကာကွယ်ခဲ့သည်။

ဒုတိယပိုင်းတွင် ယူနိုက်တက်က ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သည်။ ၅၀ မိနစ်တွင် ရာဖေးလ်က ဗန်ပါစီထံ ပေးပို့သည့် ဖြတ်တင်ဘောကို ကိုလိုချီနီနှင့် ဝီလျံဆန်တို့က အကောင်းဆုံး ရှင်းထုတ်သွားခဲ့သည်။ ၅၁ မိနစ်တွင် ဗန်ပါစီ၏ ကွင်းလယ်မှ ပေးပို့သည့် ဘောလုံးကို ဟာနန်ဒက်ဇ်က လူကျွံဘော ထောင်ချောက်ကို ကျော်ဖြတ်ရယူသွားပြီး ဂိုးသမားနှင့် တစ်ယောက်ချင်းအတွေ့ ကန်သွင်းသော်လည်း တင်ကားလ် ကာကွယ်သွားနိုင်ခဲ့သည်။ ၅၂ မိနစ်တွင် ဂျနူဇက် ဂိုးဧရိယာ ထိပ်မှ မြေမကျဘော ကန်သွင်းခဲ့သော်လည်း တင်ကားလ်ကပင် အလျင်အမြန် ကာကွယ်ခဲ့ရသည်။ ၅၄ မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် အီဗရာ ခေါင်းတိုက်သည့် ဘောလုံးမှာ တိုင်ထိပြီး နယူးကာဆယ် နောက်ခံလူ အန်နီတာ၏ လက်ကို ထိသွားခဲ့သော်လည်း ပင်နယ်တီ မရခဲ့ပေ။ ၆၁ မိနစ်တွင် နယူးကာဆယ်က ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ ဆစ်ဆိုကိုက အီဗရာကို ကျော်ဖြတ်ပြီး ပေးပို့သည့် ဘောလုံးကို ကွင်းလယ် ကစားသမား ကာဘာယီက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သည်။ ၇၂ မိနစ်တွင် ယူနိုက်တက် တိုက်စစ်မှူး ဗန်ပါစီ ချေပဂိုး သွင်းယူခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ဇာဟာ၊ အန်ဒါဆန်နှင့် ဗလင်စီယာတို့ကို ထည့်သွင်းပြီး ချေပဂိုး ရရန် ကြိုးစားခဲ့သော်လည်း ပွဲအပြီးတွင် ဧည့်သည် နယူးကာဆယ် အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။

Soccer Myanmar

အီဂျစ်ဆန္ဒပြဇာတ်ကား မှတ်တမ်းရုပ်ရှင်ဆုရ


အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်၊ Tharir ရင်ပြင်မှာ ဆန္ဒပြသူတွေအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းတင်ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းတင် ရုပ်ရှင်ဇာတ်လမ်းဆုကို ဆွတ်ခူးသွားပါတယ်။

၂၀၁၁ ခုနှစ်က အီဂျစ်သမ္မတ ဟော်စနီ မူဘာရက်ကို ဖြုတ်ချခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေနဲ့အတူ လိုက်ပါပြီးတော့ ရိုက်ကူးထားတဲ့ The Square မှတ်တမ်းတင် ရုပ်ရှင်ဇာတ်လမ်းကို အပြည်ပြည်ဆိုင်ရာ မှတ်တမ်းတင်ရုပ်ရှင် ဇာတ်လမ်းအသင်း IDA က သောကြာနေ့မှာ ဆုချီးမြှင့်လိုက်တာပါ။

အီဂျစ်နွယ်ဖွား၊ အမေရိကန်နိုင်ငံသား ဒါရိုက်တာ Jehane Noujaim ရိုက်ကူးတဲ့ အဲဒီဇာတ်လမ်းဟာ တိုရွန်တိုနဲ့ Sundance ရုပ်ရှင်ပြပွဲတွေမှာ မှတ်တမ်းတင် ဂုဏ်ပြုခံခဲ့ရပြီးတဲ့နောက် IDA ကလည်း အခုလို ဆုချီးမြှင့်တာပါ။ ဒါကြောင့်လည်း အော်စကာဆု စာရင်းဝင်နေပြီဖြစ်တဲ့ ဒီဇာတ်ကားဟာ ဆုချိတ်ဖို့ လူကြိုက်များနေပါပြီ။

ပြီးခဲ့တဲ့လတုန်းကလည်း အွန်လိုင်းကနေ ရုပ်ရှင်ဇာတ်လမ်းတွေ ငှားရမ်းပြသတဲ့ Netflix ကုမ္ပဏီက The Square ကို သူတို့ဆီကနေ ပြသဖို့ ၀ယ်ယူခဲ့တာကြောင့် သမိုင်းဝင်ခဲ့ပါသေးတယ်။

ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေကို အန်တုရင်ဆိုင်ပြီး ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းအသစ်တစ်ခု တည်ဆောက်ဖို့အတွက် အသက်အန္တရာယ်ကို အမှုမထားဘဲ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြလှုပ်ရှားသူတချို့နဲ့ လိုက်ပါပြီး The Squre ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

VOA Burmese News

လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင် မှတ်ပုံတင်မယ်


 လူဘောင်သစ်ပါတီ ပြန်လည် ပေါ်ပေါက်ရေး ကြိုးစားကြသူတချို့၊ ဓာတ်ပုံ-ဇေယျာဝင်း

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးက ပေါ်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး အတိုက်အခံ ပါတီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ကို တခုတည်းသော ပါတီအဖြစ် ပါတီ မှတ်ပုံတင် ဖို့ ပထမဆုံး အကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ဗဟိုကော်မတီတွေက ကြီးမှူးပြီး ကြိုးစားမှုတရပ်အဖြစ် မနေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးက သက်ဆိုင်ရာ လူ့ဘောင်သစ် အစုအဖွဲ့တွေက တရားဝင် တာဝန်ပေးအပ်သူတွေ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး ခိုင်မာတဲ့ နိုင်ငံရေးပါတီကြီး ပြန်လည် ပေါ်ထွန်းလာစေရေး ပါတီဝင် အသစ်၊ အဟောင်းတွေနဲ့ ဦးဆောင်ခဲ့သူတွေ တက်ရောက်ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်တွေလည်း ချမှတ်ခဲ့ပါတယ်။

အစည်းအဝေးကို တချိန်က လူဘောင်ပါတီ ဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ကိုမိုးသီးဇွန်၊ ကိုအောင်ဇေယျ အစရှိသူ
တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ပါတီဆက်လက် ရပ်တည်ရေးအတွက် ရွေးကောက်ပွဲကို စတိသဘော ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပါတီအနေနဲ့ စစ်အစိုးရ အာဏာပိုင်တွေရဲ့ အမျိုးမျိုး ဖိအားပေး ဖြိုခွင်းမှုတွေရှိလာပြီးနောက် DPNS ပါတီရဲ့ တရားဝင် ရပ်တည်ဖို့ အခက်အခဲတွေ ဖြစ်လာတဲ့အခါ ပြည်တွင်းနေ ပါတီဝင်တွေက အစုအဖွဲ့တွေအနေနဲ့ ရပ်တည်လာရတာ၊ ဒီအပြင် တချို့ ပါတီဝင်တွေက နယ်စပ်ဒေသကို ထွက်သွားပြီး ပါတီကို နယ်စပ်မှာ အခြေစိုက်လှုပ်ရှားခဲ့ရတဲ့ အဖြစ်တွေ ရှိခဲ့တာပါ။

ဒါကြောင့် နယ်စပ်အခြေစိုက်တဲ့ လူဘောင်သစ်ပါတီအဖွဲ့ကလည်း အခုအခါ တရားဝင် ပြည်တော်ပြန် လှုပ်ရှားခွင့်တွေရလာပြီး အစုအဖွဲ့တွေဖြစ်နေတဲ့ လူ့ဘောင်သစ်ပါတီကို ပြန်လည် စုစည်း ကာ တခု တည်းသော နိုင်ငံရေးပါတီကြီး ပြန်လည် ပေါ်ပေါက်ရေးအတွက် ပါတီခေါင်းဆောင်ဟောင်း၊ ခေါင်းဆောင် သစ်တွေက အခုလို ကြိုးစားနေကြတာပါ။




အိမ့်သံစဉ်
ဧရာဝတီ Myanmar News

ရိုဟင်ဂျာတွေကို ထိုင်း လူကုန်ကူးမှု ပြုနေ




မြန်မာပြည်က ထွက်ပြေး ရောက်ရှိလာတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် တွေကို ထိုင်း ထိန်းသိမ်းရေး စခန်းတွေ ကနေ လူမှောင်ခို သမားတွေ လက်ထဲကို ထိုင်း အာဏာပိုင်တွေက ရောင်းစား နေတာတွေ ရှိတယ်ဆိုပြီး အမေရိကန် နဲ့ ကုလ သမဂ္ဂ ၂ လကြာ လေ့လာ ပြီး မကြာခင် က အစီရင်ခံစာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဌာန က အမေရိကန်၊ ကုလသမဂ္ဂ တို့နဲ့ ပူးတွဲ စုံစမ်း ဖော်ထုတ်မယ်လို့ ထိုင်းဝန်ကြီးချုပ် ရင်းလတ် ချင်နာဝပ်က မနေ့က ကြေညာခဲ့ပါတယ်။

ဒီ လူမှောင်ခိုကူးမှုတွေ ဖြစ်ပွားနေတာ ဟာ နှစ်တွေ နဲ့ ချီပြီး ကြာခဲ့ ပြီလို့ စုံစမ်း သုတေသန ပြု နေတဲ့ ဘန်ကောက် မြို့ ချူလာလောင်ကွန် တက္ကသိုလ် အရှေ့တောင် အာရှ လေ့လာရေး ဌာနက မစ္စတာ အက္ကနက် ဝါတာနာ ဆုမ်ဘတ် က ဘီဘီစီ ကို ပြောပါတယ်။ ဒီ အခြေအနေတွေ ကို ထိုင်းအစိုးရ က သိပေမယ့် လက်ရှိ အခြေအနေ မှာ အမေရိကန်က ထိုင်းကို လူမှောင်ခိုကူးမှု စောင့်ကြည့် အဆင့် ၂ မှာ ထည့်ထားလို့ တောက်လျှောက် ငြင်းဆန်နေခဲ့ တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ထိန်းသိမ်းရေး စခန်းတွေကို ရောက်လာတဲ့ ရိုဟင်ဂျာတွေ ကို ပြန်လိုက်ခဲ့ ဖို့ မှောင်ခိုသမားတွေက အယုံသွင်းတယ်၊ ပြီးတော့ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ဒီလူတွေ ကို ခေါ်ဆောင်သွားတယ်၊ အာဏာပိုင်တွေ က ဒီ ရိုဟင်ဂျာတွေ လွတ်မြောက် သွားပြီ လို့ အထက် ကို အစီရင်ခံ တဲ့ အကြောင်း၊ မြန်မာ နိုင်ငံ က အဓိကရုဏ်းတွေ ကြောင့် ထိန်းသိမ်းရေး စခန်းတွေ ကို ဒုက0x081ခသည် အသစ်တွေ နေ့စဉ်လို ရောက်ရှိ လာနေတာ ဖြစ်တယ် လို့ ရှင်းပြ ပါတယ်။

ထိုင်း မှာ ဒီလို လူမှောင်ခိုကူးတဲ့ လူပြန်ပေး စခန်းတွေ ဘယ်လောက် ရှိလဲ သေချာ မသိရပေမယ့် ပြန်ပေးဆွဲ ငွေညှစ် ခံရသူ ထောင်ချီ ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒီလူတွေကို ကျွန်းတွေနဲ့ တောထဲက စခန်းတွေမှာ ထိန်းသိမ်းပြီး ငွေညှစ်တာ၊ ငါးဖမ်းလှေတွေပေါ် ရောင်းစား တာတွေ ရှိတယ်လို့ မစ္စတာ ဝါတာနာ ဆုမ်ဘတ် က ပြောပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ်ကို တာဝန်ပေး ဆောင်ရွက်စေ ပေမယ့် အခြေအနေ က သိသာ ဖြစ်ထွန်းမှု မရှိတဲ့ အတွက် ကုလ သမဂ္ဂ သတိပေးချက် ထွက်လာပြီးနောက် ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့် ရမယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို အရေးယူ ဖြေရှင်းမှု မရှိရင်တော့ လာမယ့် ဇွန်လမှာ အမေရိကန်က ထိုင်းနိုင်ငံကို လူမှောင်ခိုကူးမှု အခြေအနေ ဆိုးရွားတဲ့ နိုင်ငံ အနေနဲ့ အဆင့် ၃ ထိ နှိမ့်ချပြီး စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တွေ ဖြစ်လာနိုင်တဲ့ အထိ ဆိုးရွား သွားနိုင်ပါတယ်။ အဲဒိ အဆင့်က မြောက်ကိုရီးယား၊ အီရန်တို့ နဲ့ အဆင့်တူ ဖြစ်ပါတယ်။

ဒီလို ဒေသတွင်း မှာ ပြဿနာကြီး ဖြစ်လာနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ အရေး အမြန်ဆုံး ပပျောက်ဖို့ အတွက် ထိုင်းနဲ့ မြန်မာ အစိုးရချင်း ပူးပေါင်း အဖြေရှာဖို့ သင့်ပြီ လို့လည်း မစ္စတာဝါတာနာ ဆုမ်ဘတ်က ပြောကြား သွားပါတယ်။

BBC Burmese

မန်ဒဲလား ဈာပနယာဉ်တန်း ၃ ရက်ကြာလှည့်မယ်


ကွယ်လွန် သွားပြီ ဖြစ်တဲ့ တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလားကို အများ ပြည်သူ ဂါဝရ ပြုနိုင်ဖို့ အတွက် ဈာပန ယာဉ်တန်း ဟာ ရှေ့ သီတင်း ပတ် ကျရင် မြို့တော် ပရီတိုရီးယား လမ်းတွေပေါ် သုံးရက်ကြာ ဆက်တိုက် လှည့်လယ်မှာ ဖြစ်တယ်လို့ တောင်အာဖရိက အစိုးရ က ပြောကြား လိုက်ပါတယ်။

ဈာပန ယာဉ်တန်းဟာ ဗုဒ္ဒဟူး နေ့က စလို့ နေ့စဉ် ရင်ခွဲရုံ ကနေ ပရီတိုးရီးယား အစိုးရ အဆောက် အအုံတွေ ရှိဟာ နေရာ အထိ လှည့်မှာ ဖြစ်ပြီး အဲဒီ နေရာမှာ ရုပ်အလောင်းကို ထားရှိမှာ ဖြစ်ကြောင်း အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

လမ်းမတွေ ပေါ်မှာတော့ လူတွေဟာ စီတန်းပြီး ဂါဝရ ပြုကြဖို့ကို ဆော်သြထား ပါတယ်။ မစ္စတာ မန်ဒဲလာ ကြီးပြင်းခဲ့တဲ့ Eastern Cape ပြည်နယ် မှာတော့ ဈပန ပွဲကို ၈ ရက်ကြာ ကျင်းမှာ ဖြစ်ပါတယ်။

မစ္စတာ မန်ဒဲလား အတွက် အမှတ်ရ ဆုတောင်းပွဲတွေ၊ မီးထွန်းတာတွေ ကတော့ တောင်အာဖရိက နိုင်ငံမှာ ဆက်လက် ပြုလုပ် နေကြဆဲ ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံ ဒါဘန် မြို့မှာ ကျင်းပမယ့် နယ်လ်ဆင် မန်ဒဲလား ချယ်ပီယံ ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ကိုတော့ မန်ဒဲလား ဈာပနနဲ့ တိုက်ဆိုင် နေလို့ စီစဉ် ထားတာထက် တရက် စောပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
BBC Burmese

ဒီလှိုင်း စာစောင် အတွဲ(၁)၊ အမှတ်(၂၇) - D Wave Journal vol(1), No(27) (23-7-2013)


ဒီလှိုင်း စာစောင် အတွဲ(၂)၊ အမှတ်(၄၄) - D Wave Journal vol(2), No(44) (11-11-2013)


ဒီလှိုင်း စာစောင် အတွဲ(၂)၊ အမှတ်(၄၅) - D Wave Journal vol(2), No(45) (18-11-2013)


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း MADI အား စောင့်ကြည့်ရန်လို


ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော (06B) မုန်တိုင်းငယ်အား ဒီဇင်ဘာ ၇ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၎င်းမုန်တိုင်းငယ် (06B) အား အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း (MADI) အဖြစ် အမည်သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

၎င်းင်းမုန်တိုင်းသည် ခန့်မှန်းချက်များအရ ဒီဇင်ဘာ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗဟိုလေတိုက်နှုန်း ၇၀ knots (၈၀ မိုင်နှုန်းခန့်)ထိ မြင့်မားလာပြီး မြောက်၊ အရှေ့မြောက်ဘက်သို့ စတင် ချိုးကွေ့မည်ဟု mmweather.com တွင် ဖော်ပြသတိပေး ထားသည်။

" ဒီဇင်ဘာ ၆ ရက် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းက အိန္ဒိယနိုင်ငံကို Chennai မြို့ရဲ့အရှေ့တောင်ဘက် ၃၁၅ မိုင်အကွာမှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းရဲ့ လက်ရှိအခြေအနေက နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်းကို တိုးဝင်နေရတဲ့အတွက် မုန်တိုင်းကိုထိန်းချုပ်နိုင်တဲ့ ဦးတည်ရာ လမ်းကြောင်းပျောက်နေတာရယ်၊ ပြီးတော့ အေးတဲ့ရေမျက်နှာပြင်ကို တိုးဝင်နေရတဲ့အတွက် မုန်တိုင်းက အားလျော့လာနိုင်တဲ့အတွက်ကြောင့် မုန်တိုင်းက နောက် ၄၈ နာရီအတွင်း မြောက်ဘက်ကို ဦးတည် ရွေ့လျားမှာဖြစ်တယ်။ အခုထိမြန်မာနိုင်ငံကို သက်ရောက်နိုင်မှု မရှိသေးပေမယ့် နောက်ပိုင်းပြောင်းလဲနိုင်တဲ့ အခြေအနေတွေရှိတဲ့အတွက် မုန်တိုင်းသတင်းတွေကို အမြဲစောင့်ကြည့်နေဖို့ လိုတယ် " ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
Eleven Media Group

ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အမှုရင်ဆိုင်နေရသူများအား သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် လွှတ်ပေးရန် နှစ်မကုန်မီ မူကြမ်းတင်ပြမည်


ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အမှုရင်ဆိုင်နေရသူများအား သမ္မတလုပ်ပိုင်ခွင့်ဖြင့် လွှတ်ပေးရန် နှစ်မကုန်မီ သမ္မတထံ မူကြမ်းရေးဆွဲကာ အကြံပြုသွားမည် ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ ဦးဘိုကြည်က "ပုဒ်မ ၁၈ တို့ ၊ ၅၀၅ (ခ)တို့ အပါအ၀င် အခြား ၄၄၇၊ ၄၄၃တို့နဲ့ အမှုရင်ဆိုင်နေရသူတွေအတွက် ဒါတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကွင်းလုံးကျွတ်လွတ်အောင် လုပ်လို့ရမလဲဆိုတာကို မူကြမ်းရေးဆွဲပြီး သမ္မတဆီ အကြံပြုသွားမယ်။ သမ္မတကတော့ ဒီအကြံပြုစာကို ကြည့်ပြီးတော့ သူလုပ်နိုင်တဲ့ အပိုင်းကနေပြီးတော့ လုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီဇင်ဘာ ၃၁ အထိ စောင့်ကြည့်ရပါမယ်။ ဒါမှမဟုတ်ရင်လည်း ဒီထက်နည်းနည်းလေး ထပ်ပေးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ဒါက တရားဥပဒေနဲ့လည်း နည်းနည်းလေး သက်ဆိုင်နေတဲ့အတွက် အစိုးရဘက်မှာရှိတဲ့ တရားဥပဒေချုပ်တို့ ရှေ့နေချုပ်တို့နဲ့ထပ်ပြီး တိုင်ပင်ရမှာတွေ ရှိနေပါတယ်"ဟု ဆိုသည်။

အဆိုပါ အကြံပြုစာမူကြမ်းအား ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်မည့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ နောက်ဆုံးဆွေးနွေးပွဲတွင် ရေးဆွဲသွားမည်ဖြစ်ပြီး ရေးဆွဲမည့် မူကြမ်းအား ၂၀၁၃ မကုန်မီ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီလိုအကြံပြုတဲ့အခါမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ပေါ့နော်။ လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီဇင်ဘာ ၃၁ မတိုင်ခင်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ကွင်းလုံးကျွတ် လွှတ်ပေးဖို့ကို တည်ပြီးတော့ အကြံပြုသွားမှာပါ။ လွှတ်တာ၊ မလွှတ်တာကတော့ ကျွန်တော်တို့နဲ့လည်း မဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့တော့ ရနိုင်ပါတယ်"ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးနှင့် ဆက်နွှယ်၍ တရားရင်ဆိုင်နေရသူပေါင်း ၂၅၀ ရှိနေပြီး အကျဉ်းထောင်ထဲတွင်လည်း ပြစ်ဒဏ်ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ သိရသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၃ ခု နှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုဆိုသော်လည်း လက်ရှိတွင် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၈ နှင့်ပုဒ်မ ၅၀၅ (ခ)တို့ အပါအ၀င် အခြားနိုင်ငံရေး ပုဒ်မများဖြင့် ၂၀၁၃ ခုနှစ် နောက်ဆုံးလဖြစ်သည့် ယခုဒီဇင်ဘာလတိုင်အောင် တရားစွဲဆိုမှုများ၊ ဖမ်းဆီးမှုများ ရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
Eleven Media Group

၁၅၀၀ တန် GSM နှင့် CDMA ဖုန်းဆင်းကတ်များ စာချုပ်မပါဘဲရောင်းဝယ်မှုကြောင့် လိမ်လည်ခံရမှုများရှိလာ

လှိုင်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ၁၅၀၀ တန်ဖုန်းကတ် မဲနှိုက်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

မဲစနစ်ဖြင့် ချထားပေးသော ၁၅၀၀ တန် GSM နှင့် CDMA ဖုန်းဆင်းကတ်များကို အရောင်းအ၀ယ်ပြန်လည်ပြုလုပ်ရာတွင် စာချုပ်မပါရှိခြင်းကြောင့် လိမ်လည်ခံရမှုများရှိလာကြောင်းသိရသည်။

အဆိုပါဆင်းကတ်များကို မဲပေါက်သူများက အခြားသူများကို ပြန်လည်ရောင်းချရာ၌ ဆင်းကတ်တစ်ခုတည်းပါဝင်ပြီး စာချုပ်မပါဝင်ခြင်းကြောင့် ကျန်ရှိသည့် စာချုပ်နှင့် ကတ်ပျောက်ပြန်လည်လျှောက်ထားကာ ကိုင်ဆောင်ကြခြင်းဖြစ်သည်။

" ဟိုတစ်နေ့က ကျွန်မတို့ဆိုင်ကို သားအမိနှစ်ယောက်ရောက်လာပြီး CDMA ၁၅၀၀ တန် ဆင်းကတ်ကို အပြင်က ၈၀၀၀၀ နဲ့ ပြန်ဝယ်ထားပေမယ့် ဆက်လို့မရဘူးလို့ ပြောတယ်။ ကျွန်မတို့လည်း ဟန်းဆက်ထဲထည့်ပြီး စမ်းကြည့်တော့ တကယ်ဆက်လို့မရဘူး။ အခုနောက်ပိုင်း ဖုန်းပြန်ရောင်းတဲ့ လူတွေနဲ့ကြားက ပွဲစားတွေက လူကြည့်ပြီး မလည်မ၀ယ်ဆို စာချုပ်မပါဘဲရောင်းလိုက်ကြတယ်။ စာချုပ်ရှိတဲ့သူက ကတ်ပျောက်ဆိုပြီး ပြန်လျှောက်တော့ ၀ယ်ထားတဲ့သူရဲ့ကတ်က ပိတ်သွားတာပေါ့။ ကျွန်မတို့ဆိုင်ကိုလာတာ ဒီတစ်ယောက်တည်းတင်မကဘူး။ သုံးလေးယောက်လောက်ရှိပြီ။ တခြားဆိုင်တွေမှာလည်း အဲဒီလိုဖြစ်တာရှိတယ်လို့ ကြား တယ် " ဟု သင်္ဃန်းကျွန်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်မှ ပြောပြခဲ့သည်။

" ကျွန်တော်က ရန်ကုန်မှာ နေတာပါ။ ဒါပေမဲ့ ဖုန်းမဲနှိုက်တာမပေါက်လို့ နယ်က အသိတစ်ယောက်ဆီကနေ GSM ဆင်းကတ်ကို ၁၂၀၀၀၀ နဲ့ ပေးဝယ်လိုက်တာ။ သူကလည်း တစ်ဆင့်ခံပြီး တခြားတစ်ယောက်ဆီ က နေယူပေးတာပါ။ ဒါပေမဲ့ ဖုန်းကတ်ထည့်ပြီး ဆက်ကြည့်တော့ ဖုန်းကဆက်လို့မရဘူး ဖြစ်နေတယ်။ တခြားဖုန်းနဲ့ ကိုယ့်ဖုန်းကို ပြန်ခေါ်ကြည့်တော့လည်း လိုင်းပူးသလိုလို အသံမကြည်သလိုလို ဖြစ်နေတယ်။ အဲ့ဒါနဲ့ သိတဲ့သူငယ်ချင်းတစ်ယောက်ကို ပြကြည့်တော့မှ ထပ်ပွားထားတဲ့ကတ်ကြီး ဖြစ်နေပြီး အလိမ်ခံလိုက်ရမှန်း သိတော့တယ် " ဟု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ ကိုသူရက ပြောပြခဲ့သည်။

ယခုနောက်ပိုင်း ဖုန်းဆင်းကတ်ပျောက် လျှောက်ထားရာတွင် ဖုန်းဆိုင်များမှ တစ်ဆင့်လျှောက်ထားလာကြပြီး အချိန် လေးငါးရက်ခန့်ကြာမြင့်မည်ဖြစ်ကာ ငွေကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ ကြား ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပြင်ပပေါက်ဈေးများအနေဖြင့် CDMA800Mz ဆင်းကတ်မှာ နံပါတ်အလှပေါ်မူတည်၍ ကျပ်တစ်သိန်းမှ ၂၅၀၀၀၀ အထိနှင့် GSM ဆင်းမ်ကတ်တို့မှာ နံပါတ်အလှပေါ် မူတည်၍ ကျပ် ၁၂၀၀၀၀ မှ ၃၀၀၀၀၀ အထိရှိကြောင်း သိရသည်။

Eleven Media Group

ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့တွင် ကမ်းပြိုမှုများ ဖြစ်ပေါ်နေ

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုဖြစ်ပွားနေသည်ကိုတွေ့ရစဉ်


ပခုက္ကူမြို့နယ်တွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကြက်တန်းကုန်း၊ ကျွန်းဦးနှင့် ကျွန်းညိုကြီးကျေးရွာများတွင် မြစ်ရေကျဆင်းချိန် မြစ်ရေစီးကြောင်းမှာ ကျေးရွာဆီသို့ ဦးတည်စီးဆင်းနေသည့်အတွက် ကမ်းပြိုမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

မြစ်ရေစီးကြောင်း ပြောင်းလဲစီးဆင်းနေသည့်အတွက် ကမ်းပြိုမှုနှင့်ကြုံတွေ့နေရသည့် ကြက်တန်းကုန်းကျေးရွာမှာ မြစ်ရေတက်ချိန်တွင်လည်း ကမ်းပြိုသည့်ဒဏ်ကို ခံစားခဲ့ရပြီး ယခုအခါ မြစ်ကမ်းပါးနှင့် ကျေးရွာမှာနီးကပ်နေခြင်းကြောင့် ကမ်းပြိုမှုဆက်လက်ဖြစ်ပေါ်ပါကေ ရွှ့ပြောင်းရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

" ရေတက်တုန်းကလည်း ကမ်းပြိုတယ်။ အခုရေကျတော့လည်း ရေကြောင်းက ရွာကိုဦးတည်စီးတယ်။ မြစ်လယ်မှာ သောင်တွေတအားများနေပြီး ရွာဘေးမှာ ရေကြောင်း လာပေါက်နေတယ်။ မော်တော်တွေကလည်း ရွာနားကပ်မောင်းရတော့ လှိုင်းဒဏ်ကြောင့်ကမ်းပြိုနေတယ်။ ရွာနဲ့ကမ်းကလည်း တအားကပ်နေတော့ ဆက်ပြိုနေမယ်ဆိုရင် ရွာရွှေ့ရနိင်တယ် " ဟု ကြက်တန်းကုန်းရွာသား ကိုကျော်မင်းက ဆိုသည်။

မြစ်ရေတက်ချိန် ကမ်းပြိုမှုနှင့် ကြုံတွေ့ခဲ့ရသည့် ကျေးရွာအချို့တွင်မူ မြစ်ရေကျဆင်းပြီးနောက် ရေစီးကြောင်း ပြောင်းလဲသွားသည့်အတွက် ကမ်းပြိုမှုရပ်တန့်သွားကြောင်း သိရသည်။ ပခုက္ကူမြို့နယ်တွင်းရှိ သိမ်ကုန်း၊ မရိုးကုန်းနှင့် မြင်းကျွန်းကျေးရွာ များမှာ ယခုနှစ် ဧရာဝတီမြစ်ရေတက်ချိန်တွင် ကမ်းပြိုမှုများကြောင့် ရွှေ့ပြောင်းခဲ့ရပြီး ရေစကြိုမြို့နယ်မှ ရှစ်အိမ်တန်း၊ ငမြာကြီး၊ ဆင်တဲနှင့် ငါးလံကျေးရွာများတွင်လည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရကြောင်းသိရသည်။

Eleven Media Group

Ctiy Mart ပိုင်ရှင်မိသားစုနှင့် ဆက်နွှယ်နေသော သာကေတ စက်မှုဇုန် ဂိုဒေါင်အား စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် တရားဝင် တင်သွင်းခွင့် အထောက်အထား မူရင်းများ လက်ရှိအချိန်ထိ မပြနိုင်သေး

သာကေတစက်မှုဇုန်ရှိ Mobile Team ၀င်ရောက်စစ်ဆေးနေသည့် ဂိုဒေါင်အားတွေ့ရစဉ်

City Mart ပိုင်ရှင် မိသားစုပိုင် Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသည့် သာကေတစက်မှုဇုန် ဂိုဒေါင်တစ်လုံးကို စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် တရားဝင် တင်သွင်းခွင့် အထောက်အထား မူရင်းများ လက်ရှိအချိန်ထိ မပြနိုင်သေးကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ သိရသည်။

တိုင်ကြားချက်အရ ဒီဇင်ဘာ ၄ ရက်ကတည်းက ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ရသော သာကေတ စက်မှုဇုန် မြမာလာလမ်းအတွင်းရှိ Premium Food Service Products ကုမ္ပဏီလီမိတက် အမည်ဖြင့် ငှားရမ်းလုပ်ကိုင်နေသော ဂိုဒေါင်အတွင်း ဒီဇင်ဘာ ၆ ရက်အထိ စစ်ဆေးချက်တွင် နိုင်ငံခြားဖြစ် ၀ိုင် ပုလင်း ၈၅၀၀၀၊ အရက် ပုလင်း ၁၀၀၀ ကျော်နှင့် အေးခဲအသား ၃၅ တန်တို့ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

သို့သော်အေးခဲအသားနှင့် ပတ်သက်သော အထောက်အထားများသာပြနိုင်ပြီး ကျန်ရှိသည့် ၀ိုင်၊ အရက်ပုလင်းနှင့် ပတ်သက်သော တရားဝင်တင်သွင်းခွင့် ရရှိသည့် အထောက်အထား မူရင်းများကိုမူ ရှာဖွေစစ်ဆေးသည့် သုံးရက်မြောက်အထိ ပြသနိုင်ခြင်းမရှိသေးကြောင်း ရှာဖွေစစ်ဆေးမှုကို ဦးစီးဆောင်ရွက်နေသည့် Mobile Team မှ ဦးဝင်းလွင်က ဒီဇင်ဘာ ၇ ရက်က ပြောကြားသည်။

ဦးဝင်းလွင်က "အေးခဲအသားတွေနဲ့ ပတ်သက်လို့ သုံးဦးတင်သွင်းထားတယ်ဆိုတဲ့ အချက်ကိုပဲ ပြနိုင်သေးတယ်။ကျန်တဲ့ ၀ိုင်၊ အရက်နဲ့ ပတ်သက်တဲ့အပိုင်းတွေမှာတော့ မိတ္တူလောက်ပဲ ပြနိုင်တယ်"ဟု ပြောကြားသည်။
Mobile Team ဗဟိုအဖွဲ့ချုပ်သို့ တင်ပြထားပြီး တရားဝင် အထောက်အထားများပြရန် တစ်ရက်ထပ်မံတိုးပေးပြီး ယင်းအချိန်အတွင်း မပြနိုင်ပါက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့၏ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရ . . .

ယင်းအတွက် Mobile Team ဗဟိုအဖွဲ့ချုပ်သို့ တင်ပြထားပြီး တရားဝင် အထောက်အထားများပြရန် တစ်ရက်ထပ်မံတိုးပေးပြီး ယင်းအချိန်အတွင်း မပြနိုင်ပါက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့၏ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားရန် အကြောင်းကြားမည်ဟု သိရသည်။

City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က"ကျွန်မတို့ဆီက ဘာမှအထောက်အထား မပြည့်စုံလို့ လာတင်ပြပါဆိုပြီး အကြောင်းကြားမှုတွေ မရှိသေးဘူး"ဟု ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဆိုသည်။

တွေ့ရှိရသည့် ပစ္စည်းများနှင့် ပတ်သက်၍ City Mart ပိုင်ရှင် ဒေါ်ဝင်းဝင်းတင့်မှ လိုက်လံဖြေရှင်းပေးလျှက်ရှိပြီး Premium Food Service Products ကုမ္ပဏီမှာ မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြောင်း City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ဒီဇင်ဘာ ၄ ရက်က ပြောကြားသည်။

ယင်းသို့ဖြစ်ပေါ်ပြီးနောက် City Mart Holding လက်အောက်ရှိ City Mart၊ Ocean၊ City Express ဆိုင်များတွင် အရက်၊ ဘီယာ၊ ၀ိုင်ရောင်းချမှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ဒီဇင်ဘာ ၆ ရက်က ပြည်တွင်း မီဒီယာအချို့အား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ် အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ်လည်ခန့် အပြည့်ရှိကြောင်း Mobile Team မှ ၀င်ရောက်ရှာဖွေ စစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိက နိုင်ငံထုတ်များ ဖြစ်ကြောင်း သိရသည်။

စီးတီးမတ် အရောင်းဆိုင်များတွင် တစ်ရက်လျှင် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက် ကျပ်သိန်း ၃၀ ခန့်ရောင်းချပေးနေရသည်ဟု ဆိုထားပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စီးတီးမတ်အရောင်းဆိုင် ၂၀ ၊ Ocean Super Center City Mart Holding ဆိုင်ခွဲပေါင်း ငါးဆိုင်နှင့် City Express ဆိုင်ခွဲပေါင်း ၂၆ ဆိုင် ဖွင့်လှစ် ရောင်းချလျှက်ရှိကြောင်း သိရသည်။

သာကေတ စက်မှုဇုန်ရှိ ဂိုဒေါင်အတွင်းရှိ ၀ိုင်ပုလင်းများ တရားဝင် ဟုတ်မဟုတ်ကို စစ်ဆေးနေစဉ် ဒီဇင်ဘာ ၆ ရက်က နိုင်ငံခြားဖြစ် အရက်ပုလင်း ၁၀၀၀ ခန့် ထပ်မံတွေ့ရှိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

Eleven Media Group

အဖေကိုဖမ်းရင် သမီးတက်လာမယ်...ဟေ့ မိချောင်းကန်သပိတ်အားဦးဆောင်သူ


မတရားမူကို ဖုံးကွယ်ထားလို့ရရိုးလား ( သို့ ) အဖေကိုဖမ်းရင် သမီးတက်လာမယ်...ဟေ့ မိချောင်းကန်သပိတ်အားဦးဆောင်သူ ဦးစိန်သန်းဖမ်းဆီးခံရပြီးနောက် သမီးဖြစ်သူ နေနွယ်မှ လူထုသွေးကိုမှ စုပ်ချင်တဲ့ အာဏာရှင်စစ်ဘီလူးတွေကို မကြောက်ဖို့ ၊ ငါတို့မြေ ငါတို့ကိုပြန်ပေး၊ တရားမျှတမူအတွက်ရင်ဆိုင်ကြ ၊ ထောင်ကျရင်လည်းကျမယ် ၊ အသက်ပေးရရင်လည်းပေးရမယ်၊ ဒို့မြေပြန်ရဖို့ ဆက်လက်တိုက်ပွဲဝင်ကြရမယ်ဟု သပိတ်စခန်းအား အနက်ရောင်ဝတ်ဆင်ထားသော လူတစုမှ ဝင်ရောက်ဆီးနှင်းပြီးနောက် ဒဏ်ရာရသူ ( ၈ ) ဦးအား ဆေးရုံသို့ပို့ဆောင်ပြီးနောက် ပြောကြားနေစဉ်။

Min Hteteain
ခေတ်သတင်း

အချိန်အခါမဟုတ်မိုးတွေ ရွာဖို့ရှိနေ


ဆိုရေးရှိက ဆိုအပ်လှ၏။
ဒီဇင်ဘာ(၉)ရက်မှစတင်ကာ အချိန်အခါမဟုတ်မိုးတွေ ရွာဖို့ရှိနေပါတယ်။
Weather News Ipdate
7-12-2013
4:45 am

TC06B မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ (၉-၁၂-၂၀၁၃)ရက်မှ စတင်ကာ (၁၁-၁၂-၂၀၁၃)ရက်နေ့အထိ (လောလောဆယ် တွက်ချက်မှုအရ) မိုးရွာသွန်းနှိုင် ပါတယ်။ အထူးသဖြင့် ပဲခူးတိုင်း အရှေ့မြောက်ပိုင်း နဲ့ အနောက်မြောက်ပိုင်းဒေသတွေ မှာ (၂၄)နာရီမိုးရေချိန် ၂၀-၅၀ မီလီမီတာ (၁လက်မ မှ ၂ လက်မခန့်) ရွာသွန်းတဲ့ အထိ မိုးရေချိန်ရရှိနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

ရေနှင့်မတည့်သောကြောင့် ငိုလျှင်ပင် မျက်ရည်ကြောင့်သေနိုင်သောမိန်းကလေး


ဝေလပြည်မြောက်ပိုင်း ဖလင့်မြို့၌ နေထိုင်သော အသက်၂၇နှစ်အရွယ်ရှိ ကက်တီဒဲလ်အမည်ရှိ မိန်းကလေးသည် ရေနှင့်ဓာတ်မတည့်သောကြောင့် ငိုမိလျှင်ပင် မျက်ရည်ကြောင့် သေနိုင်သည်ဟုဆိုသည်။ သူသည် ပြင်းထန်သော ရေနှင့် ဓာတ်မတည့်သည့် Aquagenic urticariaဟုခေါ်သော ရောဂါရှိပြီး တစ်ကမ္ဘာလုံး၌ ယင်းရောဂါမျိုးရှိသူ ၃၅ဦးသာ တွေ့ဖူးရာ အလွန်ရှားပါးသော ရောဂါဖြစ်သည် ဟုဆိုသည်။ သူသည် ငိုလိုက်လျှင်ပင် အလွန်နာကျင်သော အနီကွက်များ ဖြစ်ပေါ်လာသည် ဟုဆိုသည်။ သူသည် အဆိုပါရောဂါကြောင့် သူ၏ အလုပ်အကိုင်ဖြစ်သော အကသင်တန်း ဆရာမအလုပ်မှ ထွက်ခဲ့ရသည်။ သူ၏ အခြေအနေသည် ပိုမိုဆိုးဝါး၍ လာနေရာ သူသည် ယင်းကြောင့် အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေသည် ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အသက်၁၆နှစ် အရွယ်တွင် အာသီးဖြတ်ပြီးနောက် ယင်းကဲ့သို့ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။ သူ့အား ဖြန့်ချိရေး ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ အင်ဒီ(၃၂နှစ်)က အချိန်ပြည့် စောင့်ရှောက်ပေး နေရကြောင်း သိရသည်။
By ပြည်မြန်မာ

သစ်အလုံးလိုက် တင်ပို့မှု ရပ်တန့်မည်ဖြစ်၍ သစ်အချောထည် လုပ်ငန်းများ ဆက်တိုက် ဝင်ရောက်


ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ ရပ်တန့်တော့မည် ဖြစ်သဖြင့် သစ်အချောထည် ထုတ်လုပ်သည့် လုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက် လာကြကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။
“နောက်နှစ်မှာ သစ်အလုံးလိုက် တင်ပို့တာကို ရပ်တော့မှာဆိုတော့ အချောထည်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးလာတဲ့ သဘောပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အထပ်သားနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် စင်ကာပူနှင့် အိန္ဒိယမှ ကုမ္ပဏီ နှစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့က ထပ်မံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

စင်ကာပူအခြေစိုက် Myanmar Veneer & Plywood Private Ltd.က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ စစ်ကိုင်း စက်မှုဇုန်တွင် အထပ်သား မျက်နှာပြင် အပေါ်လွှာ၊ အထပ်သား အတွင်းသား၊ အူတိုင်နှင့် ကျွန်းအထပ်သားစသည့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အိန္ဒိယနိုင်ငံမှ Fine Ply Myanmar Private Limited ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန် (၂) တွင် အထပ်သားလွှာ၊ အထပ်သားနှင့် အူတိုင်များ ထုတ်လုပ်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံမှ B.S Progressvie Pvt. Ltd. နှင့် MAK Plywood Industries PVT. Ltd. တို့ကို အထပ်သားနှင့် အထပ်သားလွှာ ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

ပြည်တွင်းမှ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလ နောက်ဆုံးထား၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ကြေညာထားပြီး သစ်အချောထည် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်ထားသည်။
The Voice Weekly

၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု ချောက်မြို့တွင် ပထမဆုံးကျင်းပမည်


၁၃ဝဝ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ပထမဦးဆုံး အကြိမ်အဖြစ် ချောက်မြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ ကျင်းပမည်ဟု စိန်ရတု အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းမြင့်ညိုက ပြော သည်။

”ဒီပွဲလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သခင်မျိုးစေ့တွေ ချပေး ချင်လို့ပါ”ဟု ဦးသိန်းမြင့်ညိုက ပြောသည်။

ဆက်လက်၍ ၎င်းက သမိုင်းသေလျှင် လူမျိုးသေမည်ဖြစ်ကြောင်း၊ လူမျိုး သေလျှင် တိုင်းပြည်လည်းသေမည်ဖြစ် ကြောင်း၊ တိုင်းပြည်သေလျှင် ကျွန်ဖြစ် မည်ဖြစ်ကြောင်း ကျွန်မဖြစ်ချင်သည့် အတွက်ကြောင့် ကျင်းပရခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

စိန်ရတု အခမ်းအနားဖြစ်မြောက် ရေး ကော်မတီဥက္ကဋ္ဌ ဦးညိုသွေးက နောင်လာနောင်သားများ အနေနှင့် သမိုင်းအမွေကို တာဝန်ရှိသူများမှ ဖော် ထုတ်ပေးခဲ့ကြောင်း သိစေချင်သည့်အ တွက်ကြောင့်လည်း ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် စိန်ရတု အခမ်းအနားကျင်းပမည့် နေ့တွင် သခင်၊ သခင်မကြီး ၃၂ ဦး၏ ကျန်ရှိနေသော သားသမီးများ အား တစ်ဦးလျှင် ကျပ်သုံးသိန်းစီ ထောက်ပံ့ဂုဏ်ပြုငွေပေးအပ်သွားမည် ဖြစ်သည်။

၎င်းနေ့မှာပင် သခင်ဖိုးလှကြီး၏ ပိဿာချိန် ၂၁ဝရှိ ကြေးသွန်းရုပ်တုကြီး ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းလမင်း
Popular Myanmar News Journal

လက်ရှိ မြန်မာနိုင်ငံအပေါ် တိမ်ဖုံးလွှမ်းမှုအခြေအနေ


(၆-၁၂-၂၀၁၃ ရက် ညပိုင်းအထိအခြေအနေ။
Weather News Update
7-12-2013
11:58 am

ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှဲု တနင်္သာရီတိုင်းတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဒေါက်တာထွန်းလွင်

ပန်းလှိုင်မှာ ကျူးကျော်နှင့် ပိုင်ရှင်များ ပဋိပက္ခဖြစ်ပွားနိုင်


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနဲ့ တွံတေးမြို့နယ်တွေ ဆက်သွယ်ထားတဲ့ ပန်းလှိုင်မြစ်ကူး တံတားအပေါ်ဘက်ကနေ လှမ်းကြည့်လိုက်ရင် ကောနေပြီဖြစ်တဲ့ ပန်းလှိုင်မြစ်ရဲ့ မြေနုကျွန်းတွေပေါ်မှာ ၀ါးလုံးစိုက်၊ ခြံကွက်တွေ အများအပြားကို မြင် လိုက်ရတယ်။

အဲဒီလို ပန်းလှိုင်မြစ်ရဲ့ တွံတေးဘက်အခြမ်းမှာ လူ ၁ သောင်းလောက်ရှိမယ့် လူအုပ်ကြီးထဲကို ရောက်တာနဲ့ လူစိမ်းမြင်ရင် မင်္သကာတဲ့ မျက်နှာတွေ အများအပြားကို လှမ်းမြင်လိုက်ရသလို လူတိုင်းကိုယ်စီနီးပါးက တုတ်၊ ဓါးတွေ အသင့်ကိုင်ဆောင် ထားတာကို မြင်တွေ့လိုက်ရတယ်။

ဒီနေရာက လှိုင်သာယာ မြို့နယ်ထဲက နေရာအနှံ့ ကျူးကျော်နေထိုင်နေတဲ့သူတွေဟာ လှိုင်သာယာဘက်မှ နေလို့မရတော့ တဲ့အတွက် ဒီနေရာကို လာရောက် ကျူးကျော်နေဖို့ လုပ်နေတာပါ။ ပန်းလှိုင်တံတားအဆင်း၊ တွံတေးဘက်အခြမ်း တံတားဘေးနားမှာ “ဆင်းရဲ ဒုက္ခရောက်နေသော အိုးမဲ့ အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်းပေါ်တွင် ခေတ္တယာယီ တဲထိုးနေထိုင်သော ဒေသ” ဆိုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူးထားပါတယ်။

“ကျနော်တို့ကို ဒီဇင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ လှိုင်သာယာဘက်မှာ မောင်းထုတ်ထားတဲ့အတွက် ကျ နော်တို့က နေစရာမရှိတော့လို့ ဒီမြေနုကျွန်းပေါ်ကို လာနေဖို့ ပြင်ရတာပါ။ ဒီနေရာကလွဲလို့ တခြား ဘယ်နေရာကို သွား နေရမှာလဲ” လို့ ကျူးကျော်နေထိုင်ဖို့ ပြင်ဆင်နေတဲ့ ကိုအောင်အောင်က ဧရာဝတီကို ပြောပြတယ်။

ကျူးကျော်နေထိုင်ကြသူများဟာ ပန်းလှိုင်မြစ်နံဘေးက သံဒိုင်တွေမှာ အုတ်၊ သဲ၊ ကျောက် ထမ်းတဲ့သူ အများစုပါ။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြတဲ့သူတွေ အရမ်းကို နည်းပါတယ်။ လက်လုပ်လက်စားတွေ ဖြစ်တဲ့အပြင် နေ့စဉ် ပုံမှန် ၀င်ငွေ မရတဲ့သူ တချို့တောင် ပါပါတယ်။ သူတို့အများစုရဲ့ တနေ့ဝင်ငွေက ပျမ်းမျှ ၂၅၀၀ ကျပ် ၀န်းကျင်သာရတဲ့သူတွေပါ။

အခုလို ဒီလိုနေရာကို လာရောက် ကျူးကျော်ကြတဲ့အခါမှာ လှိုင်သာယာဘက်က မြေနုကျွန်းပေါ်ချိန် စိုက်ပျိုးခွင့်ရကြတဲ့သူ တချို့နဲ့ တွံတေးဘက်က လယ်ပိုင်ရှင်တွေက ဒီနေရာမှာ လာကျူးကျော်တာကို မလိုလားတဲ့အတွက် နီးစပ်ရာသူတချို့နဲ့ စုပေါင်းကာကွယ်ကြတဲ့အခါ တဖက်နဲ့တဖက် ပဋိပက္ခတွေ ဖြစ်လာမယ့်အနေအထားအထိ ရောက်ရှိခဲ့ပါတယ်။

“ဒီဇင်ဘာ ၄ ရက်နေ့က လယ်ပိုင်ရှင်တွေရဲ့ လူတွေဆိုပြီး လှိုင်သာယာထဲက လူမိုက်တွေ အုပ်စုလိုက်လာပြီးတော့ ကျနော့် ကို ဓါးနဲ့ထောက်ပြီး ခေါ်သွားတယ်။ ဒီနေရာမှာ လာမကျူးကျော်ဖို့ ပြောတယ်။ အဲဒီလို လူမိုက်ဆန်ဆန် လာဖြေရှင်းတာကို လုံးဝ လက်မခံဘူး။ အဲဒါကြောင့် ကျနော်တို့က ဓါး၊ တုတ်တွေ ကိုင်ထားရတာ။ လူစိမ်းတွေဆိုရင် ဘယ်သူ့ကိုမှ မယုံတော့ ဘူး” လို့ ဒီမိုကရက်တစ်(မြန်မာ) ပါတီဝင်လည်းဖြစ်၊ ကျူးကျော်နေထိုင်သူတွေကို အကူအညီပေးတဲ့သူလည်းဖြစ်တဲ့ ကိုကျော်ထက်နိုင်က ဧရာဝတီကို ပြောဆိုပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီပန်းလှိုင်တံတားရဲ့ လုံခြုံရေးနဲ့ ဂတ်စ်ပိုက်လိုင်းကလည်း ရှိနေတာကြောင့် လမ်းနယ်နမိတ်၊ တံတားနဲ့ ပေ ၁၅၀ အတွင်း ကျူးကျော်နေထိုင်ခြင်း မပြုရန်၊ နေထိုင်ပါက လမ်းတံတား ဥပဒေအရ ထောင်ဒဏ် ၃ နှစ် အထိ အပြစ်ပေးလို့ရတဲ့အကြောင်း ကျူးကျော်သူတွေသိအောင် အသံချဲ့စက်များနဲ့ အသိပေးခဲ့ပါတယ်။

ဒီနယ်မြေက မြေနုကျွန်းဖြစ်တဲ့အပြင် တချို့နေရာတွေက ရွံ့နွံတွေ ဒူးခေါင်းလောက်အထိ မြုပ်ပါတယ်။ ဒါ့အပြင် မြေနေရာ လာဦးကြတဲ့ အိမ်ထောင်စု ၃ ထောင်လောက်အတွက် လုံလောက်မှုရော ရှိပါ့မလားဆိုတာ အတိအကျ မသိနိုင်ပါဘူး။

မိုးတွင်းကာလမှာ ရေမြုပ်လေ့ရှိတဲ့နေရာဖြစ်တော့ ကျန်းမာရေး၊ အသက်အန္တရယ် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးကလည်း အားနည်းချက်များစွာ ရှိပေမယ့် ကျောခင်းစရာ တနေရာအတွက်က ရင်ဆိုင်ရမှာပဲလို့ ကျူးကျော်နေထိုင်ဖို့ စီစဉ်နေတဲ့ မသက်သက်မာက ဧရာဝတီကို ပြောပြတယ်။

“ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ မတော်တဆဖြစ်နိုင်တဲ့ အနေအထားတွေ အများကြီးဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီ နေရာမှမနေရင် ဘယ်နေရာ သွားနေရမှာလဲ။ ခြင် ယင်တွေကလည်း ရေ၀ပ်တဲ့နေရာဆိုတော့ တအားကိုများတဲ့ နေရာပါ။ အခုရှိနေတဲ့ မြေနဲ့ နေမယ့်လူတွေက မမျှဘူး။ ဒါပေမယ့် အချင်းချင်း နားလည်စွာနဲ့ ညှိနှိုင်းပြီး နေလို့ရအောင် လုပ်နေကြတယ်။ ကိုယ့်အချင်းချင်း စည်းလုံးနေဖို့လိုတယ်” လို့ သူက ဆက်ပြောတယ်။

ဝင်ငွေနည်းတဲ့ လူတန်းစားဖြစ်တဲ့အတွက် အဆောင်ငှားခ၊ အိမ်ငှားခတွေကို မတက်နိုင်တာကြောင့် လှိုင်သာယာထဲက မြေလွတ်တွေမှာ အဆင်ပြေသလို နေထိုင်နေကြရင်း ကျူးကျော်ဘ၀ကို ရောက်ခဲ့ကြတဲ့သူတွေပါ။ ဒါပေမယ့် လှိုင်သာယာမှာ ကျူးကျော်ခဲ့တဲ့ အစဉ်အလာကို ပြန်ကြည့်ရင် အမှန်တကယ် နေစရာ အခက်အခဲရှိလို့ နေစရာလိုနေတဲ့ သူတွေအပေါ်မှာ အချင်းချင်း ခေါင်းပုံဖြတ်တဲ့ သူတွေလည်း ရှိတယ်လို့ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ဧရာဝတီကို ပြောပြတယ်။

လှိုင်သာယာ တမြို့နယ်လုံး စိစစ်ကြည့်လိုက်မယ်ဆိုရင် ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၃ သောင်းနီးပါးမျှ ရှိပြီး အစပိုင်းမှာ အဆောက်အဦး မရှိတဲ့နေရာ၊ လမ်းဘေးနေရာများတွင် ကျူးကျော်နေထိုင်ပြီး နေစရာမရှိတဲ့ တခြားဆင်းရဲသူများကို ပြန်ရောင်းချမှုများရှိကြောင်း ဦးနေလင်းက ဆက်ပြောတယ်။

“တကယ်တော့ဗျာ။ ဆင်းရဲသားတွေကို လုပ်စားတဲ့သူတွေ အများကြီးဗျ။ သူတို့က ကျူးကျော်နေထိုင်ပြီးမှ မသိနားမလည်တဲ့သူတွေကို ပြန်ရောင်းစား၊ နောက်တနေရာမှာ ထပ်ကျူးကျော်၊ ထပ်ရောင်းစားနဲ့ လုပ်စားနေတဲ့သူတွေက အများကြီးပါ။ အဲဒီလို လုပ်စားနေတဲ့သူတွေက အုပ်စုလိုက်ဖွဲ့ပြီးတော့ကို လုပ်နေကြတာ။ ပြောတော့ မြေနေရာ အစားရမယ်လိုလို အသံလွှင့်ပြီး အမြတ်ထုတ်နေကြတာ” လို့လည်း ပြောပါတယ်။

ပြည်သူများကလည်း တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွင် စည်းကမ်းရှိရန်၊ ကောင်းမွန်စွာ နေထိုင်ရန်နဲ့ ရိုးသားမှုရှိရန် လိုအပ်ကြောင်း၊ ပန်းလှိုင်တံတားအနီးက အခြေအနေကို ပြန်ကြည့်ရင် မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေတာကို မြင်တွေ့ နေရကြောင်း၊ ထိုအရာများဟာ တိုင်းပြည် ပုံရိပ်ကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါသေးတယ်။

ကျူးကျော်နေထိုင်သူများကို ဥပဒေအရ အရေးယူရန်မှာ လက်ရှိနေထိုင်နေသူများကိုသာ အရေးယူရမှာဖြစ်ပြီး တကယ် နစ်နာသူများက လက်ရှိနေထိုင်သူများသာ ဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကလည်း မှတ်ချက်ပေးပါတယ်။

ယခု ပန်းလှိုင်တံတား မြေနုကျွန်းများမှာ ကျူးကျော်နေထိုင်ရင် မြန်မာနိုင်ငံ မြေနုကျွန်းများကို စီမံခန့်ခွဲတဲ့ မြေယာဥပဒေနဲ့ အရေးယူရမှာ ဖြစ်ကြောင်း၊ တချို့လယ်ကွက်များဟာ မြေယာဦးပိုင် အမည်ပေါက်ပိုင်ရှင်များ ရှိနေတဲ့အတွက် တရားဥပဒေဖြင့် ဖြေရှင်းကြမှာပဲလို့လည်း ပြောပါတယ်။

“လှိုင်သာယာမှာ သတိပေးစာ ဝေထားတာ ၃ ကြိမ်ရှိပါပြီ။ ဒီနေရာတွေကနေ ဖယ်ပေးဖို့ ပြောထားပြီးသားကို ဆက်နေတော့ အခု တရားရုံးက သမ္မာန်စာထုတ်ပြီး ဆင့်ခေါ်နေတာကြောင့် သူတို့က မြေနုကျွန်းဘက်ကို သွားကျူးကျော်တာ။ တကယ်တမ်း သူတို့ကို မမှန်မကန်တဲ့ နည်းလမ်းနဲ့ ကျူးကျော်အိမ်တွေကို ရောင်းသွားတဲ့သူတွေကို ပြန်တရားစွဲပါ။ သူတို့ကို လိမ်ညာရောင်းခဲ့တဲ့အတွက် အခုလို နစ်နာတာ” လို့လည်း ဆိုပါတယ်။

လက်ရှိ အချိန်တွင် ပန်းလှိုင်မြစ်နဘေး ကျူးကျော်နေသူများကို လယ်ပိုင်ရှင်များဘက်မှ လိုက်လံ ဆောင်ရွက်နေသူများသည် လှိုင်သာယာ မြို့နယ်အတွင်းက နာမည်ကြီး လူမိုက်များဖြစ်ကြောင်း၊ မိမိတို့ကလည်း မိမိတို့နေထိုင်ရေးအတွက် ခေါင်းငုံခံနေ မည်မဟုတ်ကြောင်း ကျူးကျော်နေထိုင်ရန် စီစဉ်နေသည့် ကိုစန်းလွင်က ဆိုပါတယ်။

သို့ရာတွင် လယ်ပိုင်ရှင်များဘက်မှ ကူညီနေသူများက ၎င်းတို့အဆင်ပြေရေးအတွက် လွတ်နေသော နေရာများတွင် နေခွင့် ရရန် ဆောင်ရွက်ပေးနေခြင်းသာဖြစ်ပြီး မိမိတို့အနေဖြင့် ပိုင်ရှင်များနှင့် အမှုအခင်းမဖြစ်စေရန်သာ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်နေ ကိုဝင်းနိုင်က ဧရာဝတီကို ပြောပြတယ်။

လက်ရှိ အချိန်အထိ မည်သည့်အဖွဲ့အစည်းများမှ ကူညီမပေးသည့်အတွက် လှိုင်သာယာမြို့နယ်တွင် ဆက်လက်နေထိုင်၍ မရတော့သဖြင့် ဒီနေရာကို လာရောက်ရှာဖွေပြီး နေထိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လမ်းနယ်နမိတ်၊ တံတားလုံခြုံရေး၊ ဂတ်စ်ပိုက်လိုင်း လုံခြုံရေး များကိုလည်း မထိခိုက်စေပဲ နေထိုင်သွားမှာဖြစ်ကြောင်း ကိုကျော်ထက်နိုင်က ဆိုပါတယ်။

“ကျနော်တို့ကတော့ ဒီနေရာမှာ ရသလောက် နေသွားမှာပဲ။ ဘယ်အချိန်လောက်ထိ နေခွင့်ရမလဲတော့ မသိသေးဘူး။ တကယ်တမ်း ဒီနေရာလေးတွေကို လစ်လပ်နေတဲ့နေရာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် အစိုးရအဖွဲ့ကိုယ်တိုင်က စနစ်တကျ စီမံပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျ။ ဒီလို ပဋိပက္ခတွေလည်း ဖြစ်စရာရှိမှာ မဟုတ်တော့ဘူး” လို့ ကျူးကျော်နေထိုင်ဖို့ ပြင်ဆင်နေသည့် ကိုအောင်မျိုးဝင်းက ဆိုပါတယ်။


ဒဂုံအရှေ့ပိုင်းက ကျူးကျော်တဲတချို့ (ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ)

ဧရာဝတီ Myanmar News

လာအိုသမ္မတ မြန်မာနိုင်ငံလာမည်


ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံတော်၏ သမ္မတ Choummaly Sayasone သည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း လာအိုနိုင်ငံ အစိုးရက ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

လာအိုသမ္မတ Choummaly သည် ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း လာအို အစိုးရ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာအိုသမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ် အသေးစိတ်နှင့် လာရောက်မည့် နေ့ကိုမူ လုံခြုံရေးအရ ဖော်ပြထားခြင်း မရှိသော်လည်း ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း လာအိုအစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လာအိုသမ္မတသည် လာအို- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရန်နှင့် လာအိုနိုင်ငံ Louangnamtha ပြည်နယ်နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တို့ သွယ်တန်းထားသည့် မဲခေါင်းမြစ် ဖြတ်ကျော် ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လာအို-မြန်မာ ကားလမ်း ဖောက်လုပ်ရန်အတွက် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယခုနှစ် မတ်လအတွင်းက လာအိုနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ဖူးသည်။
The Voice Weekly

မိတ်ကပ်ဖျက်ဖို့ဘာကြောင့် အရေးကြီးတာလဲ


ညမအိပ်ခင် လိမ်းထားတဲ့မိတ်ကပ်တွေကို စင်ကြယ်အောင်ဆေးပြီးမှ အိပ်စက်တာဟာ အလှအပ ဂရုပြုသူတိုင်းအတွက် အခြေခံကျတဲ့အချက်ဆိုတာ နားလည်ကြမှာပါ။ အိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဒေါက်ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။

မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ၀င်ရောက်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။

- မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား?

ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့ ဆိုပါတယ်။ ဆိုတော့ ဒီပုဝါမျိုးဟာ လုံးဝကိုအသုံးမ၀င်တော့ဘူးလား။

- သန့်စင်ပုဝါများအား မှန်ကန်စွာအသုံးပြုနည်း

တကယ်လို့များ မျက်နှာသန့်စင်ပုဝါကို အသုံးပြုမယ်ဆိုရင် နူးညံ့တဲ့ မျက်လုံးနားတစ်ဝိုက်နဲ့ နှုတ်ခမ်းသားတို့ကို ရှောင်ရှားပြီး သုတ်ပါ။ ပြီးတာနဲ့ ချက်ချင်း ရေနွေးနွေးလေးနဲ့ သစ်လိုက်ပါ။

တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးမျိုး ဆိုးထားမိတယ်ဆိုရင်တော့ သာမန် မိတ်ကပ်ဖျက်ပုဝါထက် တစ်ဆင့်ပိုကောင်းပြီး ပိုထိရောက်တဲ့ Shu Uemura’s Ultime8 Sublime Beauty Cleansing Oil (ဒါမှမဟုတ်) Shiseido’s Ultimate Cleansing Oil တို့ကို ကြားခံအဖြစ်သုံးပေးပါ။

သုံးနည်းကတော့ ဖျက်ဆေးရည်ဆွတ်ထားတဲ့ မိတ်ကပ်ဖျက်ပုဝါကို ဖျက်လိုတဲ့ မျက်လုံး ဧရိယာနားတစ်ဝိုက်မှာ ၅-၁၀ စက္ကန့်လောက် ဖိထားပေးပါ။ ပြီးတာနဲ့ တစ်ချက်တည်း ဆွဲသုတ်ပြီး ဖယ်လိုက်ပါ။ ကျန်ခဲ့တဲ့အပိုင်းအစလေးတွေကိုတော့ တခြားပုဝါနဲ့ စင်ကြယ်သည်အထိ ထပ်ခါထပ်ပွတ်ပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ မှန်ကန်တဲ့ မိတ်ကပ်ဖျက်နည်းနဲ့ မိတ်ကပ်ဖျက်ပုဝါ အသုံးပြုနည်းကို ရရှိနိုင်ပြီလို့ မျှော်လင့်ပါတယ်။

Ref:herworldplus
Trend Myanmar

လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး


ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို၏ မောင်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လသာအမှတ် (၂)အထက်တန်းကျောင်းဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့် မတ်ခ်တူးအမျိုးအစားကားတစ်စီးသည် လမ်းမတော်လမ်းနှင့် မြို့မကျောင်းလမ်းမီးပွိုင့်အရောက်၌ မြို့မကျောင်းလမ်းဘက်မှ လမ်းမတော်ဘက်သို့မောင်းလာသည့် ၀က်သားခြမ်းများတင်လာသည့် ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်ချင်းတွေပါတယ်ပြောတယ်။ ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်းလှည်းတွေနဲ့ လာသယ်ကြတယ်။ ၀က်သားခြမ်းတွေ သံဈေးလာပို့တဲ့ကားပေါ်က ဒရိုင်ဘာနဲ့ နောက်တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူအမျိုးသားကြီးတစ်ဦးကပြောသည်။
မိုးဟေကိုတွင် မောင်နှမသုံးဦးရှိပြီး အဆိုတော်လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။

မတ်ခ်တူးကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင်နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၄တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Photo- fb.com/linneain.thit
7 Day News Journal

ကိန်းကြီးခန်းကြီး နိုင်လွန်းလှသည့် Lamborghini ကားသစ်မိတ်ဆက်ပွဲ


Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

အီတလီ နာမည်ကျော် ပြိုင်ကားကုမ္ပဏီ Lamborghiniသည် ၎င်းတို့၏ နောက်ဆုံးပေါ် အဆန်းတကျယ် ဖန်တီးမှု လက်ရာကို ထူးထူးခြားခြား အစီအစဉ်ဖြင့် မိတ်ဆက်ပြသခဲ့သည်။ ဒီဇင်ဘာလ (၁)ရက်နေ့က Lamborghiniသည် UAEနိုင်ငံ၊ အဘူဒါဘီရှိ ဆိပ်ကမ်းတစ်ခုတွင် Veneno Roadstar အမျိုးအစား စူပါကားကို စတင်ပွဲထုတ် ပြသခဲ့သည်။ သို့သော်လည်း လူအများရှေ့ ခန်းမတစ်ခု၊ ရင်ပြင်ကျယ်တစ်ခုတွင် မိတ်ဆက်ခြင်း မဟုတ်ဘဲ အီတလီရေတပ်မှ လေယာဉ်တင် သင်္ဘောကြီး Cavourပေါ်တွင် ခမ်းနားစွာ ပြသလာခြင်း ဖြစ်သည်။ Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

Lamborghini၏ ကားသစ်မိတ်ဆက်ပွဲကို ကျိကျိတက် ချမ်းသာသည့် လူ့မလိုင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အကျွေးအမွေးအတွက် အီတလီဟိုတယ် Splendidoမှ စားဖိုမှူးကို ငှားရမ်းခဲ့သည်။ ထို့အပြင် နာမည်ကြီး ဒီဇိုင်နာ ဂီယာဒါကာတီ၏ ဖက်ရှင်လက်ရာများကို ဝတ်ဆင်ထားသည့် မော်ဒယ်လ်များက ဧည့်ခံကြိုဆိုရေး တာဝန်ကို ယူထားခဲ့သည်။ UAEနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး ဂျော်ဂျီအို စတာရေ့စ်၊ အီတလီရေတပ် သေနာပတိ ပါအိုလိုထရီယူနှင့် အီတလီ လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဖေဘီယို ကင်နဗာရိုးတို့သည်လည်း အဆိုပါ အခမ်းအနားတွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် တက်ရောက်လာကြသည်။

Lamborghiniသည် Veneno Roadsterကို စုစုပေါင်း (၉)စင်းသာ ထုတ်လုပ်မည်ဟု ကြေညာထားသည်။ အဆိုပါ မော်တော်ကားတွင် 6.5-litre V12 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ (၇၃၉)ကောင်အား စွမ်းအင်ကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ အလေးချိန် (၃၂၇၈)ပေါင်သာရှိသည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီ မိုင်(၆၀)မြန်နှုန်းထိကို (၂.၉)စက္ကန့်အတွင်း အရှိန်တင်နိုင်သည်။ ထို့အပြင် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် (၂၂၁)မိုင်ထိ အရှိန်မြှင့်နိုင်မည် ဖြစ်သည်။ အဆိုပါ မော်တော်ကားကို ဝယ်သူဘက်မှ အခွန်အခ မပေးဆောင်ရသေးသည့် အချိန်တွင်ပင် တန်ကြေး ဒေါ်လာ (၄.၅)သန်း သတ်မှတ်ထားသည်။ Lamborghiniသည် ယခုနှစ်အတွင်း Veneno Roadsterအပြင် Egoista အမျိုးအစား မော်ဒယ်လ်ကိုလည်း ထုတ်လုပ်ထားကြောင်း သိရသည်။
Planet Myanmar Network

ဆိုင်ကလုန်းမုန်တိုင်းဝင်ပါက ဆီးဂိမ်းရွက်လှေပြိုင်ပွဲကို ရပ်တန့်ထားမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ငွေဆောင်တွင်ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်နေရာသို့ သွားရောက်ကြည့်ရှုစဉ်။

မင်းသန့် ၊ လွင်လွင်ထွေး

ရန်ကုန် ၊ ဒီဇင်ဘာ ၆။ ။ ဘင်္ဂလား ပင်လယ်အော်အနောက်တောင် ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိ အားနည်းရပ်ဝန်းက ရက်အနည်း ငယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့လျှင် ငွေဆောင်၌ပြုလုပ်မည့် ရွက်လှေ ပြိုင်ပွဲကိုရပ်ဆိုင်းထားမည်ဟု သိ ရသည်။

နိုင်ငံတကာဆိုင်ကလုန်း မုန်တိုင်းဆိုင်ရာသတိပေးစင်တာ က ဘင်္ဂလားပင်လယ်အော်အ နောက်တောင်ပိုင်း တွင်ဖြစ်ပေါ် နေ သည့် လေဖိအားနည်း ရပ်ဝန်း မှာဆိုင်ကလုန်းမုန်တိုင်းတစ်ခုအ ဖြစ်ပြောင်းလဲသွားနိုင်ကြောင်း ခန့်မှန်းထားခြင်းကို မိုးလေဝသ ပညာရှင်ဒေါက်တာ ဦးထွန်းလွင်၏ လူမှုကွန်ရက် တွင် ဖော်ပြထားသည်။

ပြိုင်ပွဲကာလနီးကပ်ချိန်တွင် မှ ယခုကဲ့သို့မုန်တိုင်းအခြေ အနေ ဖြစ်ပေါ်လာသည့် အပေါ် ရွက်လှေ အဖွဲ့ချုပ်အတွင်းရေး မှူး ဦးမောင် ဝင်းက ''မုန်တိုင်းက ဒီရက်ပိုင်း ဝင်မယ်လို့ ကြားရတယ်။ ပြိုင်ပွဲက ၁၅ရက်နေ့မှစမှာဆိုတော့ မုန် တိုင်းက ထိခိုက်မှုပေးနိုင်မလား ဆိုတာ ပြောလို့မရနိုင်သေးဘူး။ တ ကယ်လို့ ပြိုင်ပွဲကာလအတွင်း မုန် တိုင်းမိခဲ့မယ်ဆိုရင် ပြိုင်ပွဲကို ခဏ ရပ်ထားရလိမ့်မယ်''ဟု ပြောခဲ့သည်။

ရွက်လှေပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ရက်မှစတင်ကာ ဖွင့်ပွဲအခမ်း အနားပြုလုပ်သွားမည်ဖြစ်ပြီး ၁၅ ရက်မှ ၂ဝရက်ထိ ပြိုင်ပွဲကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ ငွေ ဆောင်တွင်ပြုလုပ်မည့် ရွက်လှေ ပြိုင်ပွဲတွင် မြန်မာအပါအဝင် မ လေးရှား၊ ထိုင်း၊ စင်ကာပူ၊ အင်ဒို နီးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Photo : AFP
Yangon Media Group

မြန်မာပြည်က စင်္ကာပူထက်ကြီးတယ်ဆိုတာ ဟုတ်ရဲ့လား...

အများပိုင် ပန်းခြံမြေပေါ်တွင် အဆောက်အအုံဆောက်လုပ်ခဲ့သဖြင့်ကန့်ကွက်ခံခဲ့ရသည့် ကြံ့ခိုင်ရေး ပါတီ၏ ကွန်ဒိုစီမံကိန်း (ဓာတ်ပုံ-သာလွန်ဇောင်းထက်/ဧရာဝတီ)

အစိုးရက သိမ်ဖြူအားကစားကွင်းအား ပုဂ္ဂလိကကုမ္ပဏီသို့ ရောင်းချလိုက်ခြင်းအား ကန့်ကွက်သည့် ဆန္ဒပြပွဲကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သူများထံမှ သိရသည်။

အများပြည်သူပိုင် သိမ်ဖြူအားကစားကွင်းအား အစိုးရက အာရှမြန်မာ့စီးပွားရေး ဖွံဖြိုးတိုးတက်ရေး ပုဂ္ဂလိက ပိုင် ကုမ္ဗဏီသို့ ရောင်းချခဲ့ပြီး၊ ဈေးဝယ်စင်တာများနှင့် အထပ်မြင့် လူနေအဆောက်အဦများ ဆောက်လုပ် ရန် စီစဉ်နေခြင်း ကြောင့် ဒီဇင်ဘာ ၉ ရက်၊ နေ့လယ်နှစ်နာရီတွင် ဗညားဒလလမ်းမှ မြို့တော်ခန်းမရှေ့ အထိ ခရိုနီဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းစားဟောင်းများ အဖွဲ့ မှ ကော်မတီဝင် ဦးလှဌေးကပြောကြားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများသို့ ယခုကဲ့သို့ ရှင်းလင်းပြောဆိုခဲ့သည်။ မင်္ဂလာတောင်ညွန့်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့တွင် ခွင့်ပြုမိန့် ယူထားပြီး လူဦးရေ ၂၀၀ ခန့်ပါမည် ဖြစ် ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရခြင်းမှာ မမှန်ကန်မှု၊ မတရားမှုများကို နိုင်ငံတကာက သိအောင် ထုတ်ဖော်သည် ဆိုသော အသိကို ပြည်သူများ ရစေလို ခြင်းကြောင့် ဖြစ်ကြောင်း ဦးလှဌေးက ဆက်လက် ပြောကြားသည်။

သိမ်ဖြူအားကစားကွင်းသည် ယခင်က လွတ်လပ်ရေးပျော်ပွဲရွှင်ပွဲကဲ့သို့ အခမ်းအနားများကို အများပြည်သူ ကျင်းပခွင့် ရရှိခဲ့သော်လည်း၊ နိုင်ငံတော် အာဏာသိမ်းခဲ့သည့် နောက်ပိုင်းမှ စတင်ကာ ယာဉ်မောင်းသင်တန်းကွင်းအဖြစ် ပြောင်းလဲခဲ့ပြီး၊ ယခုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။

မင်္ဂလာတောင်ညွန့်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက “အားကစားကွင်းတွေကို သိမ်းတာက နောင် တက် လာမယ့် အညွန့်လေးတွေကို ပိုးသတ်ဆေးနဲ့ လောင်းနေတာနဲ့တူတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဦးလှဌေးက နိုင်ငံပိုင် မြေများသည် ပြည်သူတို့၏ အကျိုးအတွက်သာ အသုံးပြုသင့်ကြောင်း ပြောသည်။

“ခရိုနီတွေကို အားပေးနေတဲ့သူတွေဟာ အာဏာရှင်စနစ်ကို ဆွဲကိုင်ထားတဲ့ အုပ်ချုပ်သူတွေပဲ။ အုပ်ချုပ်သူတွေ မပါဘဲ ခရိုနီတွေ ရှင်သန်လို့မရဘူး။ စစ်အစိုးရ လက်ထက်ကနေ အဆင့်ဆင့် ချမ်းသာလာတဲ့ ခရိုနီတွေကို မဆန့်ကျင်ရင် ခရိုနီတွေဟာ ကြီးမားတဲ့အန္တရာယ် ဖြစ်နိုင်ပါတယ်” ဦးလှဌေးက ပြောကြား သည်။

အလားတူ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဦးမိုးသီးဇွန်ကလည်း “မြန်မာပြည်က စင်္ကာပူထက် ကြီးတယ်ဆိုတာ ဟုတ်ရဲ့လား။ သူတို့နိုင်ငံမှာ ဘူတာရုံတွေ၊ ဈေးဝယ်စင်တာတွေ။ ကစားကွင်းတွေ ဆိုတာ အကြီးကြီးတွေ။ မြန်မာနိုင်ငံဟာ ပလက်ဖောင်းတောင် မရှိတဲ့နိုင်ငံ ဖြစ်နေတယ်” ဟုပြောကြား ခဲ့သည်။

သူကဆက်လက်၍ ယခုကဲ့သို့ မြေများသိမ်းယူခြင်းကို လက်ပိုက် ကြည့်မနေနိုင်သောကြောင့် ဆန္ဒပြပွဲ ပြု လုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် သိမ်ဖြူကွင်းနည်းတူ အများပြည်သူပိုင် အားကစားကွင်း များကို အများပြည်သူ ပိုင်ဆိုင် အသုံးပြုခွင့် မပေးခဲ့သည့် သာဓကများလည်းရှိ ခဲ့ပြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာ တွင် ကြံ့ခိုင်ရေး ပါတီက ကွန်ဒိုအိမ်ယာ စီမံကိန်းတခု တည်ဆောက်ခဲ့သဖြင့်၊ အများပြည်သူ ကန့်ကွက် မှုများ ကြုံတွေ့ခဲ့ရသေးသည်။

သဇင်ငြိမ်း
ဧရာဝတီ Myanmar News

ရန်ကုန်မြို.ပေါ်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ခေတ် ဒုတိယအကြိမ် စွမ်းအားရှင်ဆိုတာတွေပေါ်လာပြန်ပြီလား


ဒီဇင်ဘာ၇-ရက် မိကျောင်းကန်သပိတ်စခန်းသို့ ကာလုံးဒုဝန်ကြီး မနက်၇နာရီက လာရောက်သော်လည် ပြေလည်စွာ ဖြေရှင်း
ပေးပါမည်ဟု အဖြေမပေးနိုင် အုပ်တံတိုင်းကာရံဘို့ ဖယ်ပေးရန်
သာပြောကြား၍ ပြည်သူမှားမှ လုံးဝလက်သင့်မခံပါ။

သက်ကြီးအဖွားများက လက်အုပ်ချီပြီး ပြေလည်အောင် ဆောင်ရွက်
ပေးပါဟု လက်အုပ်ချီတောင်းပန်မှ ကျွန်တော်မှာ တာဝန်ယူဖြေရှင်း
နိုင်သူမဟုတ်ဟု ပြောကြားပြီးထွက်ခါသွားကြောင်း သိရှိရပါသည်။

(Thein Aung Myint )
ခေတ်သတင်း

မြန်​မာေ​ရွှ​တံ​ဆိပ် ​အ​များ​ဆုံး ​ရ​ရှိ​ထား


ဝူ​ရှူး ​အား​က​စား​ပြိုင်​ပွဲ​တွင် ​မြန်​မာ​မှ ​ထက်​ဟန်​ကျော်​နဲ့ ​စိန်​သီ​ဟ​အောင်​တို့ေ​ရွှ ၂ ​ခု ​ဆွတ်​ခူး​ရ​ရှိ
၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ (​ဆီး​ဂိမ်း​)​ကျင်း​ပ​နေ​ရာ​မှာ ​အ​ခု ​လက်​ရှိ ​မြန်​မာ​ကေ​ရွှ ၆ ​ခု ​ရ​ရှိ​နေ​ပြီး ​ဖြစ်​ပါ​တယ်။

မြန်​မာ​က ​ရိုး​ရာ​ခြင်း​လုံး​မှာေ​ရွှ ၄ ​ခု​နဲ့  ၀ူ​ရှူး ​အား​က​စား​မှာေ​ရွှ ၂ ​ခု ​စု​စု​ပေါင်းေ​ရွှ​တံ​ဆိပ် ၆ ​ခု ​ရ​ရှိ​ထား​ပါ​တယ်။

၄၄ ​နှစ်​တာ​ကာ​လ ​အ​တွင်း ​မြန်​မာ​ပြည်​မှာ ​ပြန်​လည် ​ကျင်း​ပ​ခွ​င့်​ရ​ခဲ့​တဲ့ ​ဆီး​ဂိမ်း ​အား​က​စား ​ပွဲ​တွေ​ရဲ့ ​က​န​ဦ ​မှာ​ပဲ ​ရိုး​ရာ​ခြင်း​လုံး (​ခေါ် ၀ိုင်း​ခြင်း ​က​စား​နည်း​နဲ့ ​မြန်​မာ​အ​မျိုး​သား​နဲ့ ​အ​မျိုး​သ​မီး ၂ ​သင်း​လုံးေ​ရွှ​ဆု​ကို ​စ​တင် ​ရ​ရှိ​ခဲ့​ကြ​ပါ​တယ်။

ဝိုင်း​ခြင်း​ဟာ ​မြန်​မာ​နိုင်​ငံ​မှာ ​လွန်​ခဲ့​တဲ့ ​နှစ်​ပေါင်း ၁၅၀၀ ​လောက်​က​တည်း​က ​တွင်​တွင် ​ကျယ်​ကျယ် ​က​စား​ခဲ့​ကြ​တာ​မို့ ​ကျွမ်း​ကျင်​ပိုင်​နိုင်​စွာ​ပဲေ​ရွှ​တံ​ဆိပ်​တွေ ​ဆွတ်​ခူး​ခဲ့​တာ​လို့ ​လေ့​လာ​သူ​တွေ​က ​ဆို​ကြ​ပါ​တယ်။

ဒီ​နေ့​မှာ​တော့ ​ရိုး​ရာ​ခြင်း​လုံး ​အ​ခြေ​ခံ​အ​ဆင့် ​မျိုး​ကွဲ​ပြိုင်​ပွဲ​ကို ​၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​မှာ ​ဆက်​လက် ​ယှ​ဉ်​ပြိုင်​ခဲ့​ပြီး ​မြန်​မာ​အ​မျိုး​သား​နဲ့ ​အ​မျိုး​သ​မီး ​နှစ်​သင်း​လုံးေ​ရွှ​တံ​ဆိပ် ​ထပ်​မံ​ရ​ရှိ​ခဲ့​ပါ​တယ်။ ​ဒါ​ကြောင့် ​ခြင်း​လုံး​နဲ့​ဘဲေ​ရွှ ၄ ​ခု ​ရ​နေ​ခဲ့​ပါ​တယ်။

နောက်​ထပ် ၀ူ​ရှူး​ပြိုင်​ပွဲ​မှာ​လည်း ​မြန်​မာ​ကေ​ရွှ ၂ ​ခု ​ထပ်​ရ​လိုက်​ပြန်​ပါ​တယ်။ ​ဒါ​ကြောင့် ၆ ​ခု ​ဖြစ်​သွား​ပါ​ပြီ။ ​ဒီ​နေ့ ၀ူ​ရှူး​က​စား​နည် ​ထောက်​လု ​နှစ်​ယောက်​တွဲ ​အ​တိုက် ​ပြိုင်​ပွဲ​မှာ ​ကျော်​ဇင်​သစ်​နဲ့ ဝေ​ဖြိုး​အောင်​အ​တွဲ​ကေ​ရွှ​တံ​ဆိပ်​ရ​ယူ ​လိုက်​ကြ​တာ ​ဖြစ်​ပါ​တယ်။ ​နောက်​ထပ် ၀ူ​ရှူး ​တ​ဦး​ချင်း​ပြိုင်​ပွဲ​မှာ​လည်း ​အောင်​စည်​သူ​ကေ​ရွှ​တံ​ဆိပ် ​ထပ်​မံ ​ဆွတ်​ခူး ​လိုက်​ပါ​သေး​တယ်။

လက်​ရှိ ​အ​ခြေ​အ​နေ​ထိ ​မြန်​မာ​ကေ​ရွှ ၆ ​ခု၊ ​ထိုင်း​ကေ​ရွှ ၂ ​ခု​နဲ့ ​ဗီ​ယက်​နမ်​ကေ​ရွှ ၁ ​ခု ​ရ​ရှိ​ထား ​ပါ​တယ်။

By ​ဒီဗွီဘီ

ရထားပေါ်မှ ရဲတပ်ကြပ်တစ်ဦးပြုတ်ကျသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင်အမှတ်(၉၂/၂၃)နှင့်
(၂၄)ကြားတွင် (၈.၁၂.၂၀၁၃)နေ့ နံနက်(၆း၀၀)အချိန်ခန့်က အမှတ်(၄)စုန်
ရထားပေါ်မှလူတစ်ဦးပြုတ်ကျသေဆုံးနေသဖြင့် ပဲနွယ်ကုန်းရဲစခန်းမှ
စခန်းမှူး ဒုရဲမှူးသက်လွင်နှင့်အဖွဲ့သည်သက်သေများနှင့်အတူအ
ခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာသေဆုံးသူမှ
ရဲတပ်ကြပ်ကြီးဝင်းခိုင်၊အသက်(စီစစ်ဆဲ)၊တောင်ပိုင်းဆက်သွယ်ရေး
စာပို့၊လွှတ်တော်ဝင်းရုံး၊အလုံးမြို့နယ်၊ရန်ကုန်တိုင်းဒေသ
ကြီးနေသူသည် ယာဂျိုဇောင်းပွန်းပဲ့ဒဏ်ရာနှင့်ခြေထောက်ပြတ်ဒဏ်ရာများ
ဖြင့်သေဆုံးနေသဖြင့် ညောင်လေးပင်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်
(၁၇/၂၀၁၃)အရအမှုဖွင့်ထားကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင် 

ယာဉ်ကျော်တက်ရာမှ ယာဉ်တိမ်းမှောက်၍တစ်ဦးသေဆုံး


ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင်၊ ၀ါးမရမ်းကျေးရွာအုပ်စု၊ ကျားလေး ချောင်းကျေးရွာလမ်းတွင် (၇.၁၂.၂၀၁၃)နေ့ နံနက်(၉း၀၀)အချိန်တွင် ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ရာ ပဲခူးအမှတ်(၃)စခန်းမှ တာဝန်မှုး ဒုရဲအုပ်ဇော်ဇော်မောင်နှင့်အဖွဲ့မှ သက်သေများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်မောင်းဝင်းအောင်(၃၁)နှစ်၊(ဘ)ဦးကျော်စိန်မောင်းနှင်လာသည့် ၇ဃ/xxxxx ဖောကား(အပြာရောင်) ယာဉ်မှ ကွန်ကရစ်တိုင်များနှင့်အလုပ်သမား အမျိုးသား(၈)ဦးလိုက်ပါလျှက် မောင်းနှင်စဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင်ပါလာသူ သဲကို(ခ)ရဲရင့်အောင်(၂၅)နှစ်၊ (ဘ)ဦးခင်အောင် အိမ်ခြံလေးဆယ်ရွာ၊ ဒိုက်ဦးမြို့နယ်နေသူသည် မျက်နှာညိုမဲဒဏ်ရာ၊ ယာပါးပေါက်ပြဲဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာနှာဖူးညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်(၇)ဦးမှ ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့်ဆေးကုသမှုခံယူ
လျှက်ရှိပြီး ပဲခူးမြို့အမှတ်(၃)ရဲစခန်းမှ ယာဉ်(ပ)၅၇/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ဖြင့်အမှုဖွင့်
အရေးယူထားကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်
thit htoo lwin

မုံရွာမြို့ပေါ်တွင် ညအချိန် လမ်းမပေါ်တက်၍ လက်ကိုင်ပိုက်ဆံအိတ် လိုက်လံလုယက်သူများအား ဖော်ထုတ်ဖမ်းဆီး


ဒီဇင်ဘာ ၇ ရက်၊ စနေနေ့ည ၉ နာရီ

စစ်ကိုင်းတိုင်းဒေသကြီး၏ အစိုးရရုံးများ အခြေစိုက်တည်ရှိရာ မုံရွာမြို့ကြီးတွင် ညအချိန်များ၌ အများပြည်သူ သွားလာလျက် ရှိသည့် လမ်းမကြီးများပေါ်တွင် ဆိုင်ကယ်စီး၍ လက်ကိုင်ပိုက်ဆံအိတ် လိုက်လံလုယူသူများအား ယနေ့ည( ၇.၁၂.၂၀၁၃ ) ၈ နာရီအချိန်ခန့်က ဖော်ထုတ်ဖမ်းဆီးနိုင်လိုက်ပြီဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ မဇ္ဈိမသို့ ပြောသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ရဲတပ်ဖွဲ့ဝင် (၃၀) ဦးပါဝင်သော မှုခင်းဖော်ထုတ်ရေးအဖွဲ့သည် မုံရွာမြို့၊ ဗိုလ်ချုပ်ကြေး ရုပ်နှင့် ဆင်နှစ်ကောင်ဘုရား အကြား ဗိုလ်ချုပ်လမ်းမကြီးတလျောက်တွင် လုပ်ငန်းလိုအပ်ချက်များအရ အများပြည်သူ ၀တ် ဆင်လေ့ရှိသည့် အ၀တ်အထည်များကို ၀တ်ဆင်၍ လက်ကိုင်ပိုက်ဆံအိတ် လိုက်လံလုယူသူများကို ဖော်ထုတ်ဖမ်းဆီးရ ရှိရေးအတွက် အသွင်ယူစောင့်ဆိုင်းခဲ့ရာမှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး ကြူအင်းမှ ဆက်လက်၍ ပြောသည်။

ထိုသို့ ဆောင်ရွက်ခဲ့သည်မှာ လွန်ခဲ့သော သုံးရက်ခန့်မှစတင်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုလ ၇ ရက်နေ့ ညနေ ၆ နာရီက ဒုရဲအုပ် မဌေးဌေးလှိုင် ဆိုသည် အများပြည်သူ ၀တ်ဆင်လေ့ရှိသည့် အ၀တ်အထည်များကို ၀တ်ဆင်၍ တစ်ဦးတည် ဆိုင်ကယ်စီးနင်းကာ သူမ၏ ဆိုင်ကယ်ရှေ့၌ တပ်ဆင်ပါရှိသော ခြင်းအတွင်း လက်ကိုင်ပိုက်ဆံအိတ်တစ် လုံးအား ဆိုင်ကယ်ခြင်းနှင့် ကြိုးဖြင့်တွဲကာ ချည်နှောင်၍ ယူဆောင်လာခဲ့ပြီး အဆိုပါ လမ်းမကြီးအတိုင်း တောင်မှ မြောက်သို့ ဆိုင်ကယ်စီးနင်းလာစဉ် ၎င်းလမ်းကြောင်းအတိုင်း သူမ၏နောက်မှ ဆိုင်ကယ်တစ်စီး လူငယ်နှစ်ဦးက လိုက်လံလာခဲ့သည်။

ထို့နောက် လမ်းမီးအလင်းရောင် လုံးဝမရှိသော ကန်သာယာတံတားအနီး ရာပြည့်ကပ်ကျော်ဘုရားမုခ်ဦး၏ အနောက်ဘက် နေရာအရောက်တွင် ၎င်းလူငယ်နှစ်ဦးအနက် ဆိုင်ကယ်နောက်မှ ထိုင်၍လိုက်ပါလာသူက ဒုရဲအုပ် မဌေးဌေးလှိုင် ဆိုင်ကယ် ရှေ့ခြင်းအတွင်းရှိ လက်ကိုင်ပိုက်ဆံအိတ်( စလင်းဘတ်)အား လုယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ လူယူနေစဉ် ဒုရဲအုပ် ဌေးဌေးလှိုင်၏ နောက်မှ လုံခြုံရေးလိုက်ပါလျက်ရှိသော ဒုရဲအုပ် သန်းလွင်က အသင့်စောင့်ဆိုင်း လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြားခဲ့ရာ အလစ်သုတ်လူငယ်နှစ်ဦးမှ ထိုသူတို့စီးနင်းလာသော ဆိုင်ကယ်အား စက်အရှိန်အကုန်မြင့်တင်၍ တဟုန်ထိုး နောက်ကြောင်းပြန်ကွေ့ကာ မောင်နှင်ထွက်ပြေးခဲ့စဉ် ဆိုင်ကယ် နောက်မှ ထိုင်၍လိုက်ပါလာသူ ပိုက်ဆံအိတ်လုယူသူမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျကျန်ခဲ့ခြင်းဖြစ်သည်။ ထိုသူမှာ အရက်သေ စာသောက်စားထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။
အဆိုပါ လက်ကိုင်ပိုက်ဆံအိတ်များ လိုက်လံ လုယက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဒုရဲအုပ် သန်းလွင်မှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ မုံရွာမြို့မရဲစခန်းက (ပ) ၆၀၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အခုတလော လမ်းမပေါ်မှာ လုယက်ခံရတဲ့ နေရာတွေကို လေ့လာကြည့်ရင် လမ်းမီးအလင်းရောင် အလုံအလောက် ကောင်းစွာ မရရှိပါဘူး။ ဒါဟာလည်း ဒုစရိုက်သမားတွေအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်နေရပါတယ်..” ဟု ဒေသတွင်း တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းအား လိုလားလျက်ရှိသူ ပြည်သူတစ်ဦးမှ ထိုကဲသို့ ပြောပြသည်။
ကျန်ရှိနေသေးသည့် ပိုက်ဆံအိတ်လုယက်ထွက်ပြေးသူများအား အချိန်တိုအတွင်း ဖမ်းဆီးရရှိမိရေးအတွက် ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့် ဦးဆောင်သောအဖွဲ့သည် အပူတပြင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ + မူပိုင် = ကိုတိုးကြီး

ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ၍ ထောင်သုံးလစီ ချမှတ်ခံရသူ သံတွဲဒေသခံ ၄ ဦးလွှတ်မြောက်လာ


ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြည်သူလူထုကို ကိုယ်စားမပြုဟု ဆိုကာ ဆန္ဒပြ၍ ပုဒ်မ (၁၈)ဖြင့်  ထောင်ချခံရသူ (၄) ဦးသည် ထောင်သက်တမ်းကုန်ဆုံး၍ သံတွဲထောင်မှ လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။

လွှတ်မြောက်လာသူများမှာ သံတွဲမြို့နယ် ဂျိတ်တော ကျေးရွာမှ ဖြစ်ကြပြီး ဒေါ်ငွေသိန်းနု၊ ကျော်ဝင်း၊ ကျန်အောင်တို့မှာ မနေ့က လွှတ်မြောက်လာပြီး ဒေါ်အာမ ဆိုသော အမျိုးသမီးမှာ လျှော့ရက်ဖြင့် လွန်ခဲ့သော အပတ်ကတည်းက လွှတ်မြောက်လာခဲ့သည်ဟု သံတွဲ လူမူကွန်ယက်မှ ကိုစိန်ချစ်က ပြောသည်။

သူတို့သည် ဂျိတ်တောကျေးရွာ အုပ်ချုပ်ရေးမှူးအား လူထုကို ကိုယ်စား မပြုဟု ဆိုကာ ဆန္ဒပြသဖြင့် တရားစွဲခံရပြီးနောက် ပုဒ်မ (၁၈) ဖြင့် သံတွဲမြို့နယ် တရားရုံးက ထောင် (၃) လချမှတ်ခံခဲ့ရသည်။

narinjara burmese news

ထိုင်းနိုင်ငံမှာ ၉ သုံးလုံး လှုပ်ရှားမှု မနက်ဖြန် စတင်မယ်


ထိုင်းနိုင်ငံက ဆန္ဒပြ ခေါင်းဆောင် ဒီမိုကရက်အမတ်ဟောင်း ဆူထေ့ပ် သပ်ဆူဗန်က ၉ ဂဏန်းတွေ အသုံးပြုကာ ၉ သုံး လုံး လှုပ်ရှားမှုကို ပူးပေါင်း ပါဝင်ကြဖို့ သူ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ဖိတ်ခေါ်ထား ပါတယ်။

 ဆူထေ့ပ်ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားတဲ့ ၉ သုံးလုံး လှုပ်ရှားမှု ဖိတ်ခေါ်ပုံ

အဓိပ္ပာယ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီ နဲ့ ၃၉ မိနစ်မှာ ယင်လတ် အစိုးရ ပြုတ်ကျရေး ဆန္ဒပြ တိုက်ပွဲကို စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ၈ လေးလုံးတို့ ၉ လေးလုံးတို့ ဆိုတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာကို သူက အတုယူလုပ်လေသလား၊ ဒါမှမဟုတ် ထိုင်းတွေကလည်း ဂဏန်းဆိုင်ရာ ထူးခြားမှုတွေကို ယုံကြည် သူ ဖြစ်လေ တော့ ယုံကြည်မှုခြင်း တိုက်ဆိုင်လေတာလား မဝေခွဲတတ်ပါဘူး။

ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းဘုရင်ရဲ့ ၈၆ နှစ်မြောက် မွေးနေ့ဖြစ်တာကြောင့် ဘုရင်ကို ချစ်ခင် လေးစား တဲ့ အတွက် သူတို့ ဆန္ဒပြ အုပ်စုတွေက ခေတ္တ ရပ်နားထားခဲ့ကြတာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၆ ရက်နေ့က စပြီး ဆန္ဒပြမှုတွေကို ဆက်လက် အစပျိုး လုပ်ကိုင်လာရင်း ဆူထေ့ပ်က အခုလို ပုံနဲ့ အတူသူက ရေးထား ပါတယ်။

သူနဲ့ အတူ လမ်းလျှောက်ကြမယ့် ညီအကို မောင်နှမတွေကို သတင်းစကားပါးထားပုံက သူကလည်း ဒီညီအကို မောင်နှမ တွေနဲ့ အတူ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှာဖြစ်တဲ့အကြောင်း၊ မိတ်ဆွေများရဲ့ လမ်းလျှောက် လူ တန်းကြီးဟာ အနည်းဆုံး ကီလို မီတာ ၂၀ လောက် ရှိဖို့ လိုပါတယ်တဲ့။

စောစောအိပ်၊ စောစောထပြီး အစိုးရရဲ့ ဗဟိုချက် မရှိတဲ့နေရာတွေဆီကို ချီတက် ဆန္ဒပြကြမယ်တဲ့။ အနာဂတ် မျိုးဆက် မြေး၊ မြစ်တွေအတွက် ဒီတချီမှာ သမိုင်းတွင်ကျန်ရစ်စေမယ့် လှုပ်ရှားမှုကို လုပ်ဖို့ လိုအပ် တယ် လို့ သူက ရေးသား လှုံ့ဆော်ထားပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ Myanmar News

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီက သတင်းထုတ်ပြန်


ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက် တခု ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားချက်ကို ပြန်လည် ကူးယူဖော်ပြပေးလိုက် ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ
သတင်းထုတ်ပြန်ချက်(၃/၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပတ်သက်၍ အကြံပြုချက် တောင်းခံခြင်း အပေါ် ဌာန၊ အသင်းအဖွဲ့ပါတီ အသီးသီးနှင့် ပုဂ္ဂိုလ်များထံမှ ရရှိမှု အခြေအနေ သတင်းထုတ်ပြန်ခြင်း

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း
ကော်မတီ မှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၃) ဖြင့် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရား စီရင်ရေး မဏ္ဍိုင်များထံမှ လေ့လာ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မတိုင်မီ ပေးပို့နိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

၂။ သို့သော်လည်း ပြည်သူများ၊ အဖွဲ့အစည်းများ၊ ဌာနအသင်းအဖွဲ့ ပါတီများမှ ကျယ်ကျယ်ပြန့်ပြန့် အကြံပြု စာများ ရရှိရန် အလို့ငှာ (၃/၂၀၁၃) ပူးပေါင်း ကော်မတီ အစည်းအဝေးကို (၃၁-၁၀-၂၀၁၃) တွင် ကျင်းပ ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ သဘော တူညီချက်ဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ပေးပို့နိုင်ပါကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

၃။ သတင်း ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီထိ အကြံပြုစာပေါင်း ၁၂၄ စောင် ရရှိခဲ့ပါသည်။

၎။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၃၁၆ စောင်ရရှိခဲ့ပါ သည်။

၅။ သို့ပါ၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး ပါတီ အဖွဲ့ အစည်းနှင့် အသင်းအဖွဲ့အသီးသီးမှ-

(က) အခန်း(၁)တွင် အကြံပြုချက် (၅၉၀) ချက်၊
( ခ ) အခန်း(၂)တွင် အကြံပြုချက် (၃၆) ချက်၊
(ဂ ) အခန်း(၃)တွင် အကြံပြုချက် (၂၆၁) ချက်၊
(ဃ) အခန်း(၄)တွင် အကြံပြုချက် (၃၀၉) ချက်၊
( င ) အခန်း(၅)တွင် အကြံပြုချက် (၄၃၈) ချက်၊
( စ ) အခန်း(၆)တွင် အကြံပြုချက် (၁၇၉) ချက်၊
(ဆ) အခန်း(၇)တွင် အကြံပြုချက် (၂၈) ချက်၊
( ဇ ) အခန်း(၈)တွင် အကြံပြုချက် (၁၂၀) ချက်၊
( ဈ ) အခန်း(၉)တွင် အကြံပြုချက် (၄၉) ချက်၊
(ည) အခန်း(၁၀)တွင် အကြံပြုချက် (၂၀) ချက်၊
( ဋ ) အခန်း(၁၁)တွင် အကြံပြုချက် (၈၃) ချက်၊
( ဌ ) အခန်း(၁၂)တွင် အကြံပြုချက် (၂၁၈) ချက်၊
( ဍ ) အခန်း(၁၃)တွင် အကြံပြုချက် (၁၁) ချက်၊
( ဎ ) အခန်း(၁၄)တွင် အကြံပြုချက် (၂၂) ချက်၊
(ဏ) အခန်း(၁၅)တွင် အကြံပြုချက် (၁၂) ချက်၊
(တ) ဇယား(၁)တွင် အကြံပြုချက် (၅၉) ချက်၊
(ထ) ဇယား(၂)တွင် အကြံပြုချက် (၄၅) ချက်၊
( ဒ ) ဇယား(၃)တွင် အကြံပြုချက် (၁၀) ချက်၊
( ဓ ) ဇယား(၄)တွင် အကြံပြုချက် (၁) ချက်၊
( န ) ဇယား(၅)တွင် အကြံပြုချက် (၂၁) ချက်၊

စုစုပေါင်း အကြံပြုချက် (၂၅၁၂) ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြံပြုစာများ ရောက်ရှိ လျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီ
ဧရာဝတီ Myanmar News