အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်လိုအရေးယူမလဲ




မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေး မြို့တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ် စဉ်များ၏ အဓိကဇာစ်မြစ်တရားခံမှာ ငြိမ်း ချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့သောလူမှု အသိုင်း အဝိုင်း နှစ်ခု အကြား အမုန်းတရားများ ကြီးထွား၍ ပဋိပက္ခများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်နေသော အွန်လိုင်းလူသတ်သမားများနှင့် ပဋိပက္ခများ ဖြစ်ပွားစေ၍ နိုင်ငံရေး အမြတ် ထုတ်လို သူများ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်ပင်ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူများနှင့် အိုင်တီနည်း ပညာကျွမ်းကျင် သူများက ဆိုကြသည်။

အမှန်စင်စစ် ထိုပြဿနာ၏ ရင်းမြစ်မှာ ဘာသာခြားနှစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးအား အဓမ္မကျူးလွန်သော မုဒိမ်းမှုပင် ဖြစ်ပြီး ရာဇဝတ်မှုတစ်ခုသာဖြစ်သည်။ ထို ရာဇ ဝတ်မှု အား တရား ဥပဒေစိုးမိုးရေးတာဝန် ယူထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူး လွန်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ် ဖမ်းဆီးအရေးယူရမည့် တာဝန်ကားရှိသကဲ့ သို့ပြည်သူ များ အနေဖြင့် ပြစ်မှုကျူးလွန်သူ များအား ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန်အတွက် ဝိုင်းဝန်းဖော်ထုတ်ပေးရမည်သာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက် ဖြင့် အွန်လိုင်း ရှိလူမှုရေးကွန်ရက် များနှင့် တရားဝင်မဟုတ်သော အွန်လိုင်း သတင်းဌာန များမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွားလာရ ခြင်းသာဖြစ် ကြောင်း၊ သို့သော် ထိုပြဿနာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆက်လက် ကျယ်ပြန့်ခြင်းမရှိစေရန်အတွက် အချိန်မီထိန်း ချုပ်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ ကြီး တစ်ဦး က ပြောကြားခဲ့ သည်။
ထို့အပြင် မကြာသေးမီနှစ်များအတွင်း ကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပွားခဲ့သော မန္တလေးဖြစ်စဉ်များ ကို လေ့လာကြည့်ပါက ပဋိပက္ခနှင့်အကြမ်းဖက် မှုများ ဖြစ်ပွား စေရန် လှုံ့ဆော်သူအချို့မှ အင်တာနက်အွန်လိုင်းနှင့် လူမှုရေး အင်တာနက်ကွန်ရက်များမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်စေရန်အတွက် သွေးထိုးလှုံ့ဆော် မှုများအား ပြုလုပ် ခဲ့သည် ကို တွေ့ရှိရသည့် အပြင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာအား ကျဆင်း စေရန်အတွက် အင်တာနက်အသုံးပြုကာ ပြည် ပသို့ သတင်းမှား များ ထုတ်လွှင့်ပေးပို့ခြင်း၊ ဖန်တီးပြု လုပ်ထားသောဓာတ်ပုံများ ပေးပို့ ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ အင်တာ နက်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြဿ နာများမှာ မကြီးထွားသင့်ဘဲ ကြီးထွား ခဲ့ရကြောင်း ၊ ယင်းအပြင် ပြည်တွင်း ရှိဝန်ကြီး ဌာနများ၏ အင်တာနက်စာမျက်နှာများနှင့် စီးပွားရေးလုပ်ငန်းများ၏ အင်တာနက်စာ မျက်နှာများကိုလည်း အင်တာနက် မှတစ်ဆင့် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည့်ဖြစ်စဉ်များ လည်းရှိခဲ့ကြောင်း၊ ထိုသို့သောဖြစ်ရပ်များသည် အင်တာနက်အား အလွဲအ သုံးပြုကာရည်ရွယ် ချက်ရှိရှိဖြင့် မှုခင်းများအား ကျူးလွန်ခြင်းသာ ဖြစ်ကြောင်း၊ အလား တူပင် လက်ရှိတွင်လည်း အင်တာနက်မှ တစ်ဆင့် ဒုစရိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်ရန်အစီအစဉ် များဆောင်ရွက်ခြင်း စသည့်အခြေအနေများ ကိုပါ တွေ့မြင်လာ ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''အင်တာနက်မှာ ဒီသတင်းတက်လာ ကတည်းက မလိုလားအပ်တဲ့ ပြဿ     နာတွေ မတက်ရအောင် လိုအပ်တဲ့ စုံစမ်းစစ်ဆေး မှု တွေလုပ်ပြီး အရေးယူဖို့အတွက် အောက်ခြေ က တပ်ဖွဲ့ ဝင်တွေကို ညွှန်ကြားထားပြီးသား။ ညွှန်ကြားထား တဲ့အတိုင်း လဲ အောက်ခြေ မှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေတုန်း အွန်လိုင်းကနေ သွေးထိုး လှုံ့ ဆော် သူတွေရဲ့ဝါဒဖြန့် မှုတွေကြောင့် မဖြစ်သင့်တာ တွေ ဖြစ်ခဲ့ရတာ။ ဒါနဲ့ပတ်သက်လို့လဲ ပဋိပက္ခ ပိုမိုကြီးထွားခြင်းမရှိအောင် လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ကာကွယ်နိုင်ခဲ့ ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုမှာ ပါဝင် တဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးအရေးယူမှု တွေလုပ်ပြီး ထိထိရောက်ရောက်လုပ်ဖို့ကိုလဲ ညွှန်ကြားထားတယ်''ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပြောင်းလဲပြီး ၂၀၁၁ခုနှစ်မှ စတင်ဖြစ် ပွားခဲ့သော ပဋိပက္ခပြဿနာများအား ပိုမိုကြီး ထွားလာစေရန်အတွက်နှင့် ယခင်က ငြိမ်း ချမ်းစွာ အတူယှ ဉ်တွဲနေထိုင် ခဲ့သော လူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား၊ ဘာသာ တစ်မျိုးနှင့် တစ်မျိုးအကြား ချစ်ကြည်ရင်းနှီးမှုပျက်ပြား စေ၍ အမုန်းတရားများ ကြီးထွားလာစေရန် အတွက်  မသမာသူ များမှ အွန်လိုင်းရှိ လူမှု ကွန်ရက်စာမျက်နှာများနှင့် တရားမဝင်အွန် လိုင်းသတင်းဌာနများအား အသုံးပြုကာ စဉ် ဆက်မပြတ် မဟုတ်မမှန် သတင်းများ ထုတ်လွှင့် ခြင်း၊ ဆူပူ အကြမ်း ဖက်မှုများဖြစ်ပေါ်စေရန် အတွက် သွေးထိုးလှုံ့ဆော်ခြင်းများအား ဆောင် ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ထိုသို့ အင်တာ နက်အွန်လိုင်းများမှတစ်ဆင့် ပြည်တွင်း၌ ဆူပူ အကြမ်း ဖက်မှု များ ဖြစ်ပေါ်စေရန်အလို့ ငှာ မဟုတ်မမှန်သတင်းထုတ်လွှင့်သော တရားမဝင် အွန်လိုင်းမီဒီယာများနှင့် သွေးထိုးလှုံ့ဆော်သူ များအား တရားဥပဒေစိုးမိုးရေး တာဝန်ယူ ထားသူများ အနေဖြင့် တည်ဆဲဥပဒေများအ ပြင် အီလက်ထရွန်နစ်ဥပဒေ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဥပဒေများဖြင့် အရေး ယူမှုမရှိသည်ကို ထူးဆန်းဖွယ်ရာတွေ့မြင်နေရကြောင်း၊ အကယ်၍ တရားဥပဒေစိုးမိုးရေးတာ ဝန်ယူထားသော သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ထိုသို့ အင်တာနက်အွန်လိုင်း အသုံး ပြု၍ ပြည်တွင်း၌ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ် စေရန် သွေးထိုး လှုံ့ဆော်သူများနှင့် အလားတူ ဖြစ်စဉ် များဖြစ်ပွားစေရန် အတွက် ရည်ရွယ် ချက်ရှိရှိဆောင်ရွက်နေသော တရားမဝင် အွန်လိုင်းမီဒီယာများအား စောင့်ကြည့်ဖမ်း ဆီးကာ ထိရောက် သောပြစ် ဒဏ်များချမှတ်၍ အရေးယူမည်ဆိုပါက လူမျိုးရေး၊ ဘာသာရေးကိုအခြေခံ၍ဖြစ်ပွားသောပဋိပက္ခနှင့် ဆူပူ အကြမ်းဖက်မှုများလျော့ပါးသွားစေနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာ ရှင်တစ်ဦး ဖြစ်သူ ကိုအောင်မျိုးလွင်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၌အမျိုးသားဆိုက် ဘာလုံခြုံရေးအဖွဲ့အား သက်ဆိုင်ရာတာဝန် ရှိသူများဖြင့် ဖွဲ့စည်းထားရှိသော်လည်း  အင်တာနက် အွန်လိုင်းများအား အသုံးပြု၍ ဖြစ်ပွားသော ဆိုက်ဘာ မှုခင်းများ အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ယခုကဲ့ သို့သော ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့်သွေးထိုးလှုံ့ဆော်သူများ၊ ပဋိပက္ခဖြစ်ပွား စေရန်အလို့ငှာ မဟုတ်မမှန် သတင်းများရေး သားဖြန့်ဝေလျက်ရှိသော တရားမဝင် အွန်လိုင်း မီဒီယာများအား ဖော်ထုတ်အရေးယူနိုင်ခြင်း မတွေ့ရှိရသေးကြောင်း ယင်းကထပ်မံ ပြော ကြားသည်။

''အခုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့် မယ်ဆိုရင် အရင်ဆုံး အွန်လိုင်းလူမှုရေးကွန် ရက်တွေကနေ သွေးထိုးလှုံ့ဆော်မှုတွေလုပ် ပြီးမှ အကွက်ကျကျ လုပ်ဆောင်နေတယ်ဆို တာကိုတွေ့ရတဲ့ အပြင် ဆူပူအကြမ်းဖက်မှုဖြစ် ပွားတဲ့နေရာမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေ ကလဲ အဲဒီအနီးအနားက လူတွေမဟုတ်ဘဲ ဘယ်ကလာလို့လာမှန်းမသိတဲ့လူတွေပဲဖြစ် နေတာ။ အဓိကက ဒီလိုပြသနာတွေဖန်တီးဖို့ အတွက် အကွက်ချပြီးစေခိုင်းတဲ့ နောက် ကွယ်က ကြိုးကိုင်သူတွေ ရှိနေတာပဲ။ ဒီလို လူတွေကို မဖော်ထုတ်မဖမ်းဆီးနိုင်သေးသ ရွေ့တော့ ဒီလိုပြဿ  နာတွေက ဆက်ပြီးဖြစ် နေဦးမှာပဲ''ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းမှ ဦးကံညွန့်က ၎င်း၏အမြင်ကိုပြော သည်။
''သစ်ထူးလွင်သတင်းဝက်ဘ်ဆိုဒ်က ပြည် တွင်းမှာရှိသမျှသတင်းဌာနတွေရဲ့ဝက်ဘ်ဆိုဒ် တွေက သတင်းတွေ အပြင် ဖေ့စ်ဘွတ်စ်ပေါ် က သတင်းတွေပါ အကုန်တင်တော့ ဒီဝက်ဘ် ဆိုဒ်ကို လူကြည့်များ တယ်။ အခုပြဿ     နာက ဒီ သတင်းဝက်ဘ်ဆိုဒ်ကနေ သတင်းရင်းမြစ်မခိုင် လုံတဲ့ သတင်းတစ်ခုကိုစာနယ်ဇင်းကျင့်ဝတ် ကို မလိုက်နာဘဲ တင်တယ်။ ဒါကို ပဋိပက္ခ မဖြစ်ဖြစ် အောင် လှုံ့ဆော်နေတဲ့ သူတွေက ဒီသတင်းကို လက်ဆင့်ကမ်းပြီး အမုန်းတရား တွေ တိုးလာပြီးပြဿနာ တက်အောင်လုပ် တယ်။ ဒီနေရာမှာ လိုသွားတာက ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဝက်ဘ်ဆိုဒ်က ဒီသတင်းနဲ့ပတ် သက်လို့ သတင်းမှန်ကို အချိန်မီ ထုတ်မပေး နိုင်တာပါသလို၊ ပြည်သူလူထုကလည်း သွေး ထိုးလှုံဆော်မှုတွေကြောင့် အမုန်းတရားတွေ ကြီးမားပြီး စဉ်းစားချင့်ချိန်မှု နည်းသွားတော့ မဖြစ်သင့်တာတွေဖြစ်လာတာပဲ။ လက်ရှိဖြစ် နေတဲ့ပဋိပက္ခတွေအကုန်လုံးက အွန်လိုင်းက သွေး ထိုးလှုံဆော်မှုတွေ ကနေ ပေါက် ဖွားလာ တာဆိုရင်လည်းမမှားဘူး။ ဒီလိုသွေးထိုးလှုံ့ ဆော်မှုတွေကို လုပ်နေတဲ့ ဒီလိုအွန်လိုင်း လူ သတ်သမားတွေကို အရေးမယူနိုင်သေးသရွေ့၊ အင်တာနက်အသုံးပြုမှုကို ထိန်းချုပ် စောင့် ကြည့်တာတို့၊ ကန့်သတ်မှုတွေ မလုပ်နိုင်သေး သရွေ့တော့ နောင်လည်း ဒီလိုပြဿနာတွေ ဆက်ဖြစ်နိုင်တယ်'' ဟု မြန်မာ့နိုင်ငံရေးလေ့ လာသူ တစ်ဦးဖြစ်သည့် ကိုတင်မောင်အေးက ဆိုသည်။

ထို့အပြင် ယနေ့ကဲ့သို့ အိုင်တီခေတ်၌ မိုဘိုင်းဖုန်းများ ပေါများလာသည့် နည်းတူ အင်တာနက်သုံးစွဲသူများမြင့်တက် လာခြင်းကြောင့် ဖေ့စ်ဘွတ်ကဲ့ သို့လူမှုကွန်ရက်စာမျက်နှာများ အား လူတိုင်းနီး ပါး အသုံးပြုလာကြကြောင်း၊ ထိုအချက်အား ပဋိပက္ခများဖြစ်ပွားစေလိုသော မသမာသူများက လုပ်ကြံဝါဒဖြန့်သောနည်း ပညာတစ်ရပ်အနေဖြင့် အသုံးပြုခဲ့ခြင်း သာဖြစ် ကြောင်း၊ အခြားသော နိုင်ငံများ တွင် လည်း လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသကဲ့သို့ မသမာသူများမှ တည်ငြိမ်မှု ပျက်ပြားစေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိပြီး ဥပမာအားဖြင့် ယခင်နှစ်အနည်းငယ် အတွင်းက အာရပ်နိုင်ငံ များနှင့် အရှေ့အလယ် ပိုင်းဒေသရှိနိုင်ငံများတွင်ဖြစ်ပွားခဲ့သော အာ ရပ်နွေဦးတော်လှန်ရေးမှာ လူမှုကွန်ရက်များမှ တစ်ဆင့် သွေးထိုး လှုံ့ဆော်ရာမှ ပေါက်ဖွား ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံ တွင်မူ လူမှု ကွန်ရက်စာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်စ်မှ တစ်ဆင့် နိုင်ငံရေး လှုံ့ဆော်မှုများနှင့် လူမျိုး ရေး၊ ဘာသာရေးလှုံ့ဆော်မှု များ ဖြစ်ပွားခြင်း မရှိစေရေန် ဥပဒေတစ်ရပ် ထုတ်ပြန်ကာအသုံး ပြုခွင့်အား ပိတ်ပင်တားဆီးထားသည်ကိုတွေ့ မြင် ရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အလားတူပြသနာများထပ်မံမဖြစ်ပေါ်စေရေး အတွက် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာ များ မှ တစ်ဆင့် ဆူပူအကြမ်း ဖက်မှုဖြစ် စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများနှင့်မဟုတ်မမှန် သတင်းထုတ်ပြန်သူ များအား စောင့်ကြည့်စစ် ဆေးဖော်ထုတ်အရေးယူခြင်းများနှင့် အွန်လိုင်း ဆင်ဆာစနစ်အား ပြုလုပ်ရန်လို အပ်နေ ပြီ ဖြစ် ကြောင်း ၎င်းက ထပ်မံပြောသည်။

အလားတူ အမုန်းတရားများပွားများစေ သော အန္တရာယ်ရှိသောပြောဆိုမှုများတားဆီး ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် ပန်းစကား အဖွဲ့မှ အိုင်တီပညာရှင်ဘလောဂ့်ဂါ ကိုနေဘုန်းလတ် က ''အင်တာနက်ကကောင်းကျိုး၊ ဆိုးကျိုးက ဒွန်တွဲနေတာ၊ ဘယ်ဟာကကောင်းကျိုးလဲ၊ ဘယ်ဟာက ဆိုးကျိုးလဲဆိုတာကို အသိပညာ ပေးမှုအားနည်းတာကြောင့် လူငယ်တော်တော် များများက အင်တာနက်ကို သုံးတဲ့အခါ ဆိုး ကျိုးဘက်ကိုရောက်သွားတာပါ။အစိုးရကနည်း ပညာကိုပဲ လူထုရဲ့လက်ထဲကို ထည့်ပေးလိုက် ပြီးတော့အသိပညာ ကိုမထည့်ပေးလိုက်တဲ့အတွက် လူငယ်တွေကြားမှာ တစ်လွဲအသုံးပြုကုန် တာပါ။ အင်တာနက်က တစ်ကမ္ဘာလုံးမှာ လည်း အသုံးပြုနေတာပဲ၊ ဘယ်သူ့ကိုမသုံးနဲ့ ဘယ်သူကသုံးဆိုပြီး။ မပြောထားတော့ ဒုစရိုက် သမားတွေနဲ့ မကောင်းတဲ့သတင်းတွေ၊ ဝါဒဖြန့် ချင်သူတွေအတွက် လက်နက်တစ်ခုဖြစ်လာ တာပါ ဒါတွေက ခုနက ပဋိပက္ခဖြစ်နိုင်တဲ့ ကိစ္စတွေသာ မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဓာတ်ပုံတွေကို ဖော်ပြနေတာက လည်း နောက်ပိုင်း မှာ ပိုပြီးအန္တရာယ်ရှိလာမှာ ပါ''ဟုဆိုသည်။

တရားမဝင်အွန်လိုင်းမီဒီယာများအား အရေးယူရန် လိုအပ်နေပြီလား
ဒီမိုကရေစီအစိုးရလက်ထက်၌ သတင်း အချက်အလက်နည်းပညာများဖွံ့ဖြိုးတိုး တက် လာသည်နှင့်အမျှ လူတိုင်းနီးပါးမို ဘိုင်း ဖုန်း ဖြင့် အင်တာနက်မှတစ်ဆင့် အွန်လိုင်းသတင်း များအား အချိန်နှင့် တစ်ပြေးညီဖတ်ရှုလေ့လာ နိုင်ခြင်းမှာ ကောင်းမွန်သော အချက်တစ်ခု ပင်ဖြစ်သော်လည်း တချို့သောတရားမဝင်အွန်လိုင်းမီဒီယာများမှာ မီဒီယာနှင့်စာနယ်ဇင်း ကျင့်ဝတ်များ အားလိုက် နာခြင်းမရှိရုံမျှ မက ကောလာဟလများနှင့် မဟုတ်မမှန်သတင်း များဖန်တီးထုတ်လွှင့်လျက်ရှိနေခြင်းကြောင့် လည်း မလိုလားအပ်သော လူမျိုးရေး၊ဘာသာ ရေးပဋိပက္ခပြဿ   နာများမှာ ပိုမိုကြီးထွားလာရ ခြင်းဖြစ်ကြောင်း  ပြည်သူများကဝေဖန်ပြော ဆိုကြသည်။
ထို့အပြင် အခြားတစ်ဖက်၌ ထိုသို့သော တရားမဝင်အွန်လိုင်းမီဒီယာများကြောင့် စစ် မှန်သောမီဒီယာသမားများနှင့် စာနယ်ဇင်း သမားများ၏ အကျိုးစီးပွားအားထိခိုက်စေလျက်ရှိသည့် အပြင်စ စ်မှန် သောစာနယ်ဇင်း လောက သားများအပေါ် ပြည်သူလူ ထုမှ အထင် အမြင်လွဲမှားမှုများဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ    ကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကစာနယ်ဇင်းမီဒီယာ သမားများက ဆိုကြ သည်။

''စာနယ်ဇင်းကျင့်ဝတ် ထဲမှာ ပဋိပက္ခဖြစ် စေမယ့် အရေးအသားမျိုး၊ သွေးထိုးလှုံ့ဆော် မှုမျိုးတွေရေးသားခြင်း၊ ထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်းမပြုရဘူးဆိုတာပါပေမယ့် တရား မဝင်အွန် လိုင်းမီဒီယာတွေက မီဒီယာကျင့် ဝတ်ဆိုတာကိုလိုက်နာမှုမရှိဘဲ တရားဝင် သတင်းဌာနတွေက သတင်းတွေကိုခွင့်ပြု ချက်မရှိဘဲ ခိုးယူဖော်ပြတာတွေ၊ တရားဝင် သတင်းဌာတွေနဲ့ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ် တွေကသတင်းတွေကို ခိုးယူပြီးလိုသလိုဖြည့် စွက်တာတွေလုပ်နေကြတယ်၊ သူတို့ကအမှန် တကယ်လည်း သတင်းသွားရောက်ယူတာ မျိုးမရှိဘဲ သူများ လုပ်ထား တာကိုခိုးယူပြီး သူတို့ ကြော်ငြာခရရေးအတွက်ပဲလုပ်နေတဲ့ အပြင် တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း မရှိဘူး။ အခုဖြစ်သွားတဲ့ကိစ္စမှာဆိုရင် တာဝန်ယူမှုရှိ သင့်တယ်။ ဒီလို တရားမဝင် အွန်လိုင်းသတင်း မီဒီယာတွေကြောင့် အမှန်တကယ်နိုင်ငံတော် ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေအများကြီး ဖြစ်ပေါ်သလို လက်ရှိ ပြည်တွင်းပုဂ္ဂလိက သတင်းစာတွေနဲ့ ဂျာနယ်တွေအရှုံးပေါ်ရ တာလည်း ဒီလိုစာနယ်ဇင်းကျင့်ဝတ်နဲ့မညီတဲ့ တရားမဝင်အွန်လိုင်းသတင်းမီဒီယာတွေ ကြောင့်ပဲ''ဟု ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ အချို့မှ စာနယ်ဇင်းသမားများက သုံးသပ်ပြော ကြားသည်။

ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ''ဒီသစ်ထူးလွင်ဘလော့ဂ်ကကျင့် ဝတ်မရှိဘူး။ကော်ပီရိုက်ကိုချိုးဖောက်ပြီး တကယ့်မီဒီယာ သမား တွေပင်ပင်ပန်းပန်းနဲ့ ကြိုးစားထားတဲ့ သတင်းတွေကို အညွန့်ခူးစားတာပဲ။ ဒီဘလော့ဂ် ကိုဝင်ကြည့်တဲ့သူတွေကလဲ များလာတော့ နာမည်ကြီးဝက်ဘ်ဆိုဒ်ဖြစ်လာပြီး ဒီအပေါ်မှာ အကြမ်း ဖက်လုပ်ရပ်ကိုအားပေးတဲ့ ရင်းမြစ် တစ်ခုဖြစ်သွားတာ။ နောက်ပြီး အကြမ်းဖက် လုပ်ရပ်ကို လုပ်လိုသူတွေက သူ့ကိုအသုံးချ သွားတဲ့သဘောပဲ။ ဒီကိစ္စမှာ သူကိုယ်တိုင် ပါပါ၊ မပါပါ အန္တရာ ယ်ရှိတာကတော့အမှန်ပဲ။ ဒါကြောင့် တရားဝင်ရပ်တည်နေတဲ့ မီဒီယာ တွေအနေနဲ့ သူတို့ရဲ့သတင်းတွေကိုသုံးစွဲခွင့် မပြုတဲ့ အကြောင်းတရားဝင်လှမ်းပြီး ကန့်ကွက် သင့်တယ်။ နောက်စာ နယ်ဇင်း ကောင်စီကို လည်း တိုင်ကြားဖို့လိုသလိုသက်ဆိုင်ရာ ရှေ့ နေတွေနဲ့လည်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရေးယူမှုတွေလုပ်သင့်တယ်ဟု ပြောသည်။
လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ တွင် အင်တာနက်သုံးစွဲသူဦးရေမှာ ခြောက် သန်းနီးပါးခန့်အ ထိမြင့်တက်လာ ပြီး ဖေ့စ်ဘွတ် ခေါ်လူမှုရေး ကွန်ရက်စာမျက်နှာအားအသုံး ပြုသူမှာ ၄ ဒသမ ၃ သန်းနှင့် ဗိုက်ဘာခေါ် အင်တာနက်အခမဲ့ ဖုန်းသုံးစွဲသူမှာ ၃ ဒသမ ၈ သန်းခန့်ရှိသကဲ့သို့ အင်တာနက်မှတစ်ဆင့် အွန်လိုင်းသတင်း များအား ဝင်ရောက် ကြည့်ရှုမှုနှုန်း မှာ ငါးသန်းကျော်ခန့်ရှိကြောင်း၊ ထိုသို့ သော အွန်လိုင်းသတင်းများအားတင်ဆက်သူများတွင် ပြည်တွင်းပြည်ပမှ တရားဝင်ခွင့် ပြုချက် ရ ယူထားသော သတင်းမီဒီ ယာများ ပါဝင်သကဲ့သို့ တရားဝင်ခွင့်ပြုချက် များရယူ ထားခြင်းမရှိသော သတင်းမီဒီယာများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် အွန်လိုင်းမှ တစ်ဆင့်သတင်းများဝင်ရောက် ဖတ်ရှု လေ့လာသူ များအနေဖြင့် တရားမဝင် အွန်လိုင်းသတင်းဌာနများနှင့် စာနယ်ဇင်းမီဒီယာ သမားများမဟုတ်သော အကြမ်းဖက်မှုဖြစ် ပွားစေရန် သွေးထိုး လှုံ့ဆော်သူများ၏ ဖေ့စ် ဘွတ်စ်ပေါ်မှ သတင်း ဖော်ပြချက် များအား ယုံကြည်မှုမရှိရန်လိုအပ်ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်ခုမှ တာဝန်ခံ အယ်ဒီတာတစ်ဦးက ဆိုသည်။

''အွန်လိုင်းက သတင်းတွေကိုယ်အမြဲတမ်း ဝင်ဖတ်ကြည့်ပေမယ့် တချို့သတင်းတွေက အမှန်မဟုတ်ဘူးဆိုတာ၊ လူတိုင်းကသိ သင့် တယ်လို့တော့ထင်တယ်။ အဓိကကအွန်လိုင်း ကတစ်ဆင့်သွေးထိုးလှုံ့ဆော်မှုတွေဟာမှန်၊ မမှန်ဆိုတာကို စဉ်းစားချင့်ချိန် ဖို့တော့ လိုတာ အမှန်ပဲ။ မဟုတ်မမှန်သတင်းတွေလွှင့်ပြီး ဝါဒဖြန့်တာတွေ၊ ပဋိပက္ခဖြစ်အောင်သွေးထိုး လှုံ့ဆော်တာတွေက အရင်နှစ်တွေကတည်းက ဖြစ်နေခဲ့တာကို ပြည်သူတွေအနေနဲ့ သတိရှိပြီး လေ့လာဖို့ကလည်းအရေးကြီးတယ်လို့ထင်တယ်။ သူများသွေးထိုးတိုင်း လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ ပဋိပက္ခတွေထပ်မဖြစ်စေချင်တော့ဘူး။ သွေးထိုး လှုံ့ဆော်တဲ့သူတွေကလည်း မိမိရဲ့အတ္တနဲ့ အစွန်းရောက်မှုတွေ မိမိရဲ့သွေးထိုးလှုံ့ဆော် မှုကြောင့် အပြစ်မဲ့တဲ့ သူတွေထိခိုက်သေ ဆုံးရတာတွေကို ကိုယ်ချင်းစာစိတ်ထားပြီး ပြုပြင်ဖို့လိုတယ်လို့တော့ ယူဆပါတယ်''ဟု ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ကေကေ မိုးမြင့် က သူ့အမြင်အားပြောသည်။
''အင်တာနက်အသုံးပြုတဲ့နှုန်းတိုးတက် လာတာကောင်းပေမယ့် ကောင်းတဲ့နေရာမှာပဲ အကျိုးရှိရှိအသုံးချသင့်တယ်။ အခုက မကောင်း တဲ့နေ ရာတွေမှာ အသုံးပြုတဲ့အပိုင်းကများနေ တယ်။ ဒီတော့လမ်းမှားတွေရာက်ပြီး ရာဇဝတ် မှုကျူးလွန်ဖောက် ဖျက် တဲ့ အဆင့်အထိကို ရောက်လာကြတာပဲ''ဟု ယင်းကဆက်လက်သုံး သပ်ပြောကြားသည်။
ယင်းအပြင် လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးကွန်ရက်အဖွဲ့ဝင် ဦးထွန်းဦးကမြန်မာနိုင်ငံ၌အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ်သုံး စွဲ မှုမြင့်မား လာသော်လည်း အကျိုးရှိစွာအသုံး ပြုမှုမှာ နည်းပါးလျက်ရှိပြီး အပျော်အပါးအ တွက် သုံးသူကများလျက်ရှိကြောင်း၊ အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ်တို့မှနည်းပညာပိုင်းတိုးတတ်လာခြင်းသည် အကျိုးရှိဖို့ရည်ရွယ်သော် လည်း ထိုအပေါ်တွင်မကောင်းမှုများအား အသုံး ပြုလာသည့် အခါတွင်မလိုလားအပ်တဲ့ ပြဿ နာ တွေဖြစ်ပေါ် လာသည်ကို တွေ့ရကြောင်း ဆို သည်။

အိုင်တီခေါ်ဆက်သွယ်ရေး နည်းပညာများတိုးတက်လာမှုကြောင့် ကမ္ဘာ့သည်ရွာကြီး တစ်ရွာသဖွယ်ဖြစ်ပေါ်လာသည့် နည်း တူ ပြောင်းလဲတိုးတက်လာသော နည်းပညာ များအားအသုံးပြု၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာ သော နိုင်ငံများလည်းများ စွာပေါ်ထွက်လာခဲ့ သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ဒီမိုက ရေစီအရပ်သားအစိုးရလက်ထက်၌ သတင်း အချက်အလက်နှင့် ဆက်သွယ် ရေးနည်း ပညာများတိုးတက်လာခဲ့သည့်အပြင် အစိုးရ ၏ တန်ဖိုးနည်းဖုန်းများရောင်းချပေးမှု အစီအစဉ်အရ လူတန်းစားမရွေးမိုဘိုင်းဖုန်းများအားကိုင်ဆောင်လာနိုင်ကြသည်သာမက မို ဘိုင်းဖုန်းဖြင့် အင်တာ နက် အသုံးပြုမှုနှုန်းမှာ လည်း ဒီမိုကရေစီအစိုးရသုံးနှစ်တာသက် တမ်းကာလအတွင်း တစ်ဟုန်ထိုးမြင့်မားတိုး တက်လာခဲ့သည်။

ထိုသို့မိုဘိုင်းဖုန်းများအသုံး ပြုမှုတွင်ကျယ်လာမှုနှင့် အင်တာနက်အသုံး ပြုသူများတိုးတက်များပြားလာခြင်းမှာ နိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက် လာသည်ဟု ယူဆဖွယ်ရာ ရှိသော်လည်း အခြားတစ်ဖက်တွင်ကား အဆိုပါတိုးတက် လာသော ဆက်သွယ်ရေးနည်းပညာများအား အလွဲအသုံးပြုသူများက ပဋိပက္ခများဖြစ်စေ ရန်ဖန်တီးလှုံ့ဆော်မှုများ၊ လူပုဂ္ဂိုလ် တစ်ဦး ဦး၏ ဂုဏ်သိက္ခာအား ထိခိုက်ညိုးနွမ်းစေရန် ရည်ရွယ်သောပြုမူဆောင်ရွက်ချက်များ၊ လူငယ်လူရွယ်များအတုယူမှားစေမည့် ညစ် ညမ်းဓာတ်ပုံ၊ ဗီဒီယိုများအားဖန်တီးပြုလုပ် ခြင်းများနှင့် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ အပြင် ပြည့်တန်ဆာဈေး ကွက်ရှာဖွေ ချဲ့ထွင် ခြင်းများအထိ ရာဇဝတ်မှုနှင့်မကင်းသော အပြုအမှုများကို ဆောင်ရွက် ကျူးလွန် လျက် ရှိနေသည့်အပြင် လက်တွေ့တွင်ဖြစ် ပွားခဲ့သော ပဋိပက္ခနှင့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များက အွန်လိုင်းများမှ တစ်ဆင့်စတင်ဖြစ်သန္ဓေ တည်လာသည် ကို တွေ့မြင် လာ ရသော ကြောင့်  ပဋိပက္ခအသွင်ဖြစ်အောင် အားပေးဖော် ဆောင်နေသည့် တရားမဝင်အွန်လိုင်းမီဒီယာ များ၊ အင်တာနက် အလွဲသုံးပြု၍ ပဋိပက္ခဖြစ် ပွား စေရန် ပြုလုပ်ဆောင်ရွက်နေသူများကို ဥပဒေများ၊ ကျင့်ဝတ် များနှင့်အညီ ထိရောက် စွာအရေးယူ သင့်ပြီဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

သူရထွန်း
[--Democracy today Daily Newspaper--]

ကံအကြောင်းမလှခဲ့တဲ့ စောမွန်လှ


AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သော အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည် ငထွေရူး- မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။
ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။

ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။

ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ တဖက်ကမ်းသို့ လက်ပစ်ကူးသည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။

ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည် ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။

ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရ၏၊ ထိုသို့ ရှိစဉ် သထုံပြည်မှ ရှင်အရဟံမည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။

သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆေင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။

ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို---ဗျတ်ဝိ၏ အပေါင်အလက်တို့ကို ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမ၀င်နိုင်ရှိရာ၊ ဗျတ္တက မရီးကို မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ၀င်နိုင်ကြလေသည်။

ပဒေသရာဇ်ခေတ်တွင် "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသောအမျိုးသာတို့၏၊ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။ "

အဆိုပါ သဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည်။ မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်။
စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက်တွင် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

မြန်မာတို့အောင်နိုင် ကြသောအခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို၎င်း၊ နှုတ်မှု-လက်မှု -ပညာသည် တို့ကို၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူခဲ့လေသည်။ ဤသို့သထုံမှ ဗုဒ္ဓဘာသာ ပိဋကတ်တော်များ ရောက်လာသည် ကစ၍ ပုဂံပြည်တွင် အရည်ကြီး တို့သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ- ကြီးပွားလေတော့သည်။

အနော်ရထာမင်းလက်ထက် သထုံပြည်ကို အောင်နိုင်ခဲ့ကာ ပိဋကတ်သုံးပုံနှင့် မွန်စာပေတို့ကို သထုံပြည်မှ ပုဂံပြည်သို့ သယ်ဆောင်လာခဲ့ သော်လည်း မြန်မာဘာသာကို မွန်အက္ခရာ ဖြင့်ရေးသားနိုင်ခြင်း မရှိသေးသည့်အပြင် ထိုအချိန်ထိ မြန်မာစာကို ဖန်တီးနိုင် ခဲ့ခြင်းလည်း မရှိသေးပေ။

အနော်ရထာမင်းကိုယ်တိုင် ရေးထိုးခဲသည်ဆိုသာ် အုတ်ခွက်စာတို့မှာ ပါဋိဘာသာကို မွန်အက္ခရာ ဖြင့်သော်၎င်း၊ နာဂရိအက္ခရာ ဖြင့်သော်၎င်း ရေးသားထား သည်ကို တွေ့ရပါသည်။

မြန်မာတို့သည် မွန်အက္ခရာနှင့် မြန်မာစာကိုလည်း တီထွင်ဖန်တီးရန် အားထုတ်ကြိုးစားနေမည် မှာအလွဲပင်ဖြစ်သည်။ သို့ရာတွင် အောင်မြင်မှု့ မရသေးပေ။

အနော်ရထာမင်းနှင့် စောလူးမင်းလက်ထက်တွင် ပါဋိဘာသာကို သာနာဂရိအက္ခရာ ၊မွန်အက္ခရာဖြင့် တိုတိုတောင်းတောင်းပင် ရေးသားမှတ်တမ်း တင်ခဲ့ကြသည်ကိုတွေ့ရသည်။ မြန်မာစကားကို စာဖြင့်ရေးသား ခဲ့သည်မှာ ခရစ်နှစ် ၁၁-ရာစုဦးက ပင်ဖြစ်သည်။ စောလူးမင်းလက်ထက် ရေးထိုးခဲ့သည်ဟု ယုံကြည်ရသော ကျောက်စာမှာ ပါဋိဘာသာကို မွန်အက္ခရာဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။

မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။

အနော်ရထာမင်းသည် အမေနူဟာဘုရင် အားသုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။

မနူဟာမင်းကြီး တည်ထားခဲ့ မနူဟာဘုရား

မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း (မကုတ) တည်ခဲ့သော ဘုရားဖြစ်သည်။ မြင်းကပါ အရပ်တွင်တည်ထားသည်။ ဘုရားဂူအတွင်း၌ ရှေ့ ဘက်တွင် ထိုင်တော်မူ ဆင်းတုတော်ကြီး ၃ ဆူနှင့် အနောက်ဘက်တွင် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမား တော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာ အပြည့် ဖြစ်နေကြသည်။

ဆင်းတုတော်ကြီးများသည် မလှုပ်သာ မှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့  မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။

သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည် ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ၀တ်သောနန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။

မနူဟာမင်းကြီးသည် ဘုန်းတန်ခိုး အာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက စက်ပြောင်ပြောင် အရောင်ထွက် တတ်၏ အနော်ရထာသည် စိုးရိမ်ကြောက်လန့ှ်ု မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစေ၏။ မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ် ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ " ဖြစ်လေရာ ဘ၀၌ သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ " နောက်မကြာမီ မနူဟာမင်း နှင့်မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံဘုရားသို့ ဘုရားကျွန် အဖြစ်ဖြင့် လူလေသည်ဟုဆိုသည်။

အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေးကို ဗန်းပြကာ အခြားတိုင်းပြည်များကို ၀င်ရောက်ကျူးကျော် တိုက်ခိုက်ရန် စိတ်အားအလွန် စိတ်အား တက်ကြွလာပြီးလျှင် ရခိုင်ပြည်ရှိ မဟာ မုနိရုပ်ပွါးတော် ကိုလည်းပင့် ယူရန် သွားရောက်သေးသည် သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေသည်။

တဖန် အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းဟာ ဂန္ဓာလရာဇ် (ယခုတရုတ်) ပြည်၌ စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါ၍ စွယ်တော်မြတ်အား မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။

ထို့ကြောင့်စစ်သည် အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏ မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွား သည်လည်း မြို့တော်တံခါးကို အလုံပိတ်၍ အပြင်းအထန် ခုခံခဲ့ရသည်။
နောက်ဆုံး အနော်ရထာ မင်းကြီးက " အဆွေတော်တို့ တိုင်းပြည်သို့ လာရောက် ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့ စွယ်တော်မြတ်ကို ကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်ဟု မိန့်ရာ" ဘုရင် ဥတည်ဘွားက စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော် ပင့်တော်မူနိုင်ခဲ့သည် ဟုဆိုသည်။

အနော်ရထာမင်းလည်း ရတနာပန်း တောင်းကို ဦးခေါင်းတွင်ရွက်၍ သက်ဆင်း တော်မူရန် အဖန်ဖန်တောင်းပန် ခယသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ ဆင်းသက်တော်မမူသဖြင့် များစွာကြေကွဲ ဝမ်းနည်းခဲ့ရသည်။ သိကြားမင်းလည်း အနော်ရထာမင်းကြီး စိတ်သက်သာရာရစေရန် ကိုယ်ထင်ပြ၍ ဤစွယ်တော်မြတ်ကို မင်းကြီးအား ကိုးကွယ်စေဟု ဘုရားရှင်၏ ဗျာဒိတ်တော်မရှိခဲ့၊ သရေခေတ္တရာ ပြည်မှာရှိသည့် သင်းကျစ်တော် ဓာတ်ကိုသာ သင်မင်းကြီး ရလတ္တံ့ဟုသာ ဗျာဒိတ်ရှိသည်။ စွယ်တော်မြတ်မှာ ဂန္ဓာ လရာဇ်တိုင်း၌ သာသနာ ၅,ဝဝဝ တိုင်အောင် တည်စေလိမ့်မည်ဟုဆိုကာ မင်းကြီးအား သိကြားမင်းက မြဆင်းတုတော်ကို ပေးအပ်ခဲ့သည်ဟုဆိုသည်။

မှတ်ချက် - မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ တရုပ်ပြည်ကြီးထဲထိ ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ မရှိဟုဆိုသည်။

အနော်ရထာမင်းကြီးလည်း မြဆင်းတု တော်ကိုပင့်၍ ပုဂံသို့ပြန်လာခဲ့ပြီး အပြန် ခရီးတွင် မိုင်းမောဝ်ပြည်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာမင်းနှင့် မိုင်းမောဝ်ဘုရင် ခွန်ဟိုမိန်း တို့တွေ့ဆုံခဲ့ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန် မိုင်းမောဝ် ဘုရင် ခွန်ဟိုမိန်းက သမီးတော်စောမွန်လှ နှင့်အတူ နှောက်လိုက်နှောက်ပါ များကိုပါ ပေးအပ်ခဲ့လေသည်။

သျှမ်းသမိုင်းအဆိုရ မေ၀်ဘုရင် စဝ်ခွန်ဟိုမိန်းတွင် သားသမီး အမွှာ နှစ်ယောက်ရှိလေရာ သမီးတော်ကြီး စဝ်မွန်လှ ရုပ်ရည်ချောမော လှသူတယောက်ဖြစ်သလို အသက်တော်၂၈ နှစ်ရှိပြီဖြစ်ပြီး အပျိုကြီးဘ၀ဖြင့် ဗ္ဓုဒ္ဓဘာသာတရားကို လွန်စွာမှ ရိုသေကိုင်းရှိုင်းသူ အဖြစ် မေ၀်နန်းတွင်းသာက တောရောမြို့ပါ သိကြ၍ ပြည်လူအများ လေးစား ခြင်းချစ် ကြည်ညို ခဲ့ရတဲ့ မင်းသမီးလေးတပါး ပင်ဖြစ်သည်။ မင်းသားတာ် ဖြစ်တဲ့ မောင်တော် စဝ်ကော်လျန်း သည်လည်း တိုက်ရေးခိုက်ရေး ထက်မြက်သောမင်း တပါးဖြစ်သည်။

သျှမ်းမင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံးအရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်လေသည် ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်ဟု မြန်မာ့သမိုင်းက ဆိုသည်။

မင်းသမီးလေး စောမွန်လှရဲ့ နောက်လိုက် အချို့တို့သည် ယခုကျောက်ဆည် အရောက်တွင် ကျောက်သားများဖြင့် ဆည် ကံသင်းများ ပြုလုပ်ခဲ့ပြီး လည်မြေစပါး စိုက်ပျိုးကာ ပုဂံပြည်သို့ ဆက်သ ပို့ဆောင်ခဲ့ရသည်။ ထိုကြောင့်ထိုဒေသကို ကျောက်ဆည် လို့အမည်တွင်ခဲ့ကြောင်း သမိုင်းက ဆိုသည်။ ယခုကျောက်ဆည် နားတွင် မိန်းမောရွာသည် ရှိနေပါသေးသည်။
ပုံဂံသို့ ရောက်ရှိ သောအခါ မင်းသမီးလေး စောမွန်လှသည် လောကီကို ငြီးငွေ့နေသောကြောင့် ပုညကြိယာ ၁ဝ ပါး ဖြင့်မွေ့လျော်ပြီး သာသနာတော်ကို လွန်စွာ ချီးမြှောက်ခဲ့သည်။ အနော်ရထာမင်း ဟာလည်း သျှမ်းမင်းသမီးလေး စောမွန် လှကို မြတ်နိုးတော် မူလှတဲ့အတွက် မိဖုရားအချင်းချင်း မနာလိုမုန်းတီး မှုတွေဖြစ်ပေါ်ခဲ့ရာက ပုထုဇဉ်တို့ သဘောအရ ပုဂံနန်းတွင်းတွင် အိမ်ထောင်ရေး၊ လူမှုရေး မကျေလည်မှုများ ပေါ်ပေါက်ခဲ့ လေတော့သည်။

မိဖုရားစောမွန်လှရဲ့ နားတောင်းတော်မှာ မွေတော် ကိန်းဝပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးတာကို ဇော်ဂနီ စုန်းကဝေလို့ စွပ်စွဲပြီး မင်းကြီးထံ မဟုတ်မမှန် လျှောက်တင် ကြလေသည်။

မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရားဝတ်ပြု ရာသို့ တိတ်တဆိတ် ချောင်းမြောင် ကြည့်ရာတွင် ထိုသို့ ကွန့်မြူးသည်ကို မြင်တွေ့ရှိ၍ ယုံကြည်ရနိုး ဖြစ်နေစဉ် စောမွန်လှနှင့် နောက်လိုက် နောက်ပါ သျှမ်းတို့သည်လည်း သျှမ်း အစားစာဖြစ်သော ငါးချဉ်၊ ၀ါးပိုး၊ အသားချဉ် စသောအခြား အစားအစာများ ကိုစားသောက် ကြသည်ကို ကြည့်ရှု့၍ ဧကန်မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ် လိုက်လေသည်။
နဖူးစာရေစက် ဒီတင်ပြတ်တာမို့ အနော်ရထာမင်းအား ယုံစား သက်ဝင်တော်မူ ခြင်းမရှိလှကာ သျှမ်းမင်းသမီး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည့်အပြင် မိမိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိဂုဏ်သိက္ခာ ကိုလည်း စော်ကား ခံရသည်ဖြစ်၍။

မိမိဖခင် ပင်လျင်လည်း ကမ္ဘောဇ ပြည့်ရှင် မောဝ်ကိုးပြည်ထောင်ကို အစိုးရတဲ့ အရှင်သခင် ဖြစ်သည့် အလျှောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မေ၀်ပြည် ဖက်သို့ ထွက်လာခဲ့လေသည်။ ပုဂံပြညမှထွက်ခွာလာပြီး ၁၀ရက်မြောက်သောနေ့၌ ယခုဘုရား တည်ရာနေရာနဲ့ တစ်မိုင်အကွာ ပန်းချောင်းအတွင်း ဖြတ်ကူးစဉ်မှာ နားမှ ကျွတ်ပြီး ကောင်းကင်မှာ စာဝတီးငှက်များ ရံလျက်တည် ရှိတာကို အကြောင်းပြုလို့ ထိုအရပ်ကို ရွှေစာရံ လို့ ခေါ်တွင်ခဲ့ပြီး ပန်းချောင်းကိုလည်း နားတောင်း ကျချောင်းရယ်လို့ ယနေ့ထက်တိုင် ခေါ်တွင်ခဲ့ကြပါတယ်။

ငါးတောင်ပြည့် ရွှေစာရံစေတီတည်ထားတဲ့ အုတ်ချပ်ရေ ၁၅၄ ချပ်ကို `အုတ်ချပ်ရေက ဝမ်းဘဲဥ ပြောင်းပြန်လှန်၊ ဘုရားမူရင်း အုတ်ချပ်သွင်းခဲ့တယ်’လို့ မှတ်သားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်က တည်ထားခဲ့တဲ့ စေတီ ဖြစ်တဲ့အတွက် တဖြည်းဖြည်း မေ့ပျောက် တိမ်ကောခဲ့ရာမှ ၁၉၈၉ ခုနှစ်မှာ ရွှေစာရံဘုရားကို ပြန်လည် ဖော်ထုတ်ခဲ့ပြီး လူသိများထင်ရှား လာတာ အနှစ် နှစ်ဆယ် နီးပါးမျှသာ ရှိပါသေးတယ်။

ရွှေစာရံစေတီဟာ မန္တလေးမြို့မှ ပြင်ဦးလွင် ကားလမ်းအတိုင်း ၁၃ မိုင်အကွာမှာရှိတဲ့ အုန်းချောကျေးရွာလမ်းခွဲက တောင်ဘက် သုံးမိုင်နှစ်ဖာလုံအကွာ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်၊ ရွှေစာရံ ဂေါက်သီး အားကစားကွင်းနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၄) ရဲတပ်ရင်းတို့ကို ဖြတ်ပြီး အဘယခေမာ ကုန်းသာယာ (ဘေးကင်း၍ အေးချမ်းသာယာသော ကုန်းမြေ)မှာတည်ရှိပါတယ်။ ပုဂံပြည့်ရှင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ သျှမ်းမင်းသမီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက် `မိဖုရားစောမွန်လှ တည်ထားကိုးကွယ် တော်မူခဲ့သော ရွှေစာရံမြတ်စွာဘုရား’ စေတီတော် ဖြစ်ပါသည်။ (သျှမ်းတို့နဲ့ ဗမာတို့ ဖြစ်ပျက်ခဲ့ ခိုင်မှာသော သက်သေ သမိုင်းအထောက် အထားတရပ်ဖြစ်ရှိနေပါတယ်)

ခရစ်နှစ် ၄၁၆ ခုနှစ်မှာ ရွှေစာရံအမည် သမုတ်တဲ့ ဆယ့်တစ်မီးငြိမ်း စေတီကို ဘုရားဒါယိကာမစောမွန်လှဟာ နားတောင်းတော်ကို ဌာပနာလို့ ကမ္ဘာတည် သရွေ့ ထေရဝါဒဗုဒ္ဓဘာသာ အရှည်တည်တံ့ စေရန်အလို့ငှာ ငါးတောင်ပြည့် တည်ထားခဲ့ ပါတယ်။ မိဖုရား ဘုရားတည်တယ်လို့ ကြား သိတော်မူတဲ့ အနော်ရထာမင်းမြတ်ဟာ မင်းချင်းတွေကို စေလွှတ်လို့ ထောက်လှမ်းစေပါတယ်။

ဘုရားမုတ်ဝ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေ ဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။

မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်ဝ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက်လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ပြန်ကြလေသည်။

(ဤဘုရားသည် ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။ စောမွန်လှ နားတောင်းကျခဲ့သော စမ်းချောင်းကို ယနေ့တိုင် နားတောင်းကျချောင်း ဟုခေါ်ဆိုကြသည်။)

ထိုအချင်းရာကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မှုသည် နောင်အခါ၊ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ နောက်အင်းဝ- မိုးညှင်းမင်းတရာကြီး "သီရိတြိဘ၀နာဒီတျာ ပ၀ရပဏ္ဍိတ ဓမ္မရာဇာ" ဘွဲ့ခံ မိုးညှင်းသတိုး(၇၈၈-၈၀၁) သံတောင် ၃၀- အထိမြင့်၍ တည်တော်မှုသည်။

ဤအချင်းရာများကို ထောက်ရှုခြင်း အားဖြင့် သျှမ်းများနှင့် မွန်တို့သည် အနော်ရထာမင်းထက် ဗုဒ္ဓဘာသာကို စောလျင်စွာ ကိုးကွယ်နေပြီးဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာ အရာအရပ်၌ ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။
ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ အချို့က အကြိုထောက်တဲ့ ပေါ့(ဖခင်) စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့တဲ့အတွတ်ကြောင့် ဘော်ကြို ဘုရားဟုခေါ်သည်။ ထို့နောက် မင်းသမီးလေး စောမွန်လှသည် စိတ်ရော လူပါပင်ပန်း ဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။

သျှမ်း မင်းသမီးလေး စောမွန်လှသည် တိုင်းတပါးသို့ လိုက်ပါသွားရကာ မိဖုရား အဖြစ် တင်မြောက်ခြင်း ခံရသော်လည်း ရှေးဘ၀ ကုသိုလ်ကံ အကြောင်းမလှခဲ့၍ ပုဂံပြည်မှ နှင်ထုတ်ခြင်းခံရကာ အပြန်လမ်းတွင် မိမိကိုးကွယ် ယုံကြည်ရာ ဘာသာတရား ကောင်းမှုကုသိုလ်များ ပြုလုပ်နေပါသော်လည်း ဖမ်းဆီးသတ်ဖြတ်မည်ဟု ကြိမ်းမောင်းခြင်း ခံခဲ့ရရှာကာ ဖခင်ဘုရင်ကြီး မော်တော် စ၀်ကော်လျန်းနှင့် သီပေါ ဘောကြိုမှာတွင် တွေ့ဆုံပြီး ချိန်မှ ကံတော်ကုန်ရှာသော ကြောင့် သူ့ဘ၀သူခြေသည် ရှေးဘ၀က ပြုခဲ့ ကံတရားကြောင့် ကံအကြောင်း မလှရှာသော စောမွန်လှ အဖြစ်သို့ရောက်ရှိခဲ့ရလေသည်။

မည်သို့ပင် ရှိစေကာမှု နော်ရထာမင်းသည် ကံသူအကြိုးပေးဟု ဆိုရလေမလား မိမိပြုသမျှ ဒီဘ၀နဲ့ပဲ ပေးဆပ်ခဲ့ရသည်ဟုပြောမလား အထင်ကရ မင်းဖြစ်သော်ညားလည်း ကျွဲခတ်၍ နတ်ရွာစံ (သေဆုံး) ရလေကာ ပုဂံပြည့်ရှင် မင်းအနော်ရထာရုပ်ကလာပ်အား မိမိမင်းညီမင်းသား နှင့် မိမိပုဂံတိုင်းသူပြည်သား အပေါင်းတို့ မတွေ့လိုက်ရရှာတော့ပေ။

ထူးဆန်းဘွယ် ဘော်ကြိုဘုရား ဘုရားကြီး၏ ပရိဝုဏ်အတွင်း အနောက်မြောက်ထောင့်၌ ပေါက်လျှက် ရှိသော စကားပင်မှာ ဘုရား ၊စေတီ၊ အုတ်၊ ပြာသာဒ်၊ ထီးတော်၏ အမြင့်ထက်သို့ မည်သည့် အခါမျှ မြင့်တက် မသွားခြင်း၊ ဘုရားကြီး၏ အနောက်တောင်ထောင့် အရပ်တွင် စေတီတော်၏ အောက်မှ ရေစီးဆင်း နေပြီး ဆယ့်နှစ်လရာသီ ခမ်းခြောက်မှုမရှိခြင်း၊ (စေတီတော်၏ ပေ(၂ဝဝ)အကွာတွင် အုတ်ရေ ကန်လေးတစ်ခု တည်ဆောက်ထားပြီး အယားအရံ ဝေဒနာရှင်များ၊ မျက်စိဝေဒနာရှင်များ ၄င်းရေကိုချိုးခြင်း၊ မျက်စဉ်းခတ်ခြင်းဖြင့် မျက်စိဝေဒနာများ ပျောက်ကင်းခြင်း၊ ရေစင်ကို ဆောင်ကျဉ်းထားပါက လာဘ်လာဘ ကောင်းမွန်ခြင်း၊ အန္တရာယ်ကင်းခြင်း စသည်ဖြင့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်သော ရုပ်ပွားတော် များသည် သီတင်းသုံးသည့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်စေရခြင်း၊ ပင့်ဆောင်သည့် အခါတွင်လည်း ရှေ့နောက်တွဲစဉ် များအတိုင်း ပင့်ဆောင်ရခြင်း၊ မုခ်(၄)မုခ်တွင် ဘုရားအားမျက်နှာမူ၍ စောင့်ရှောက်နေသော ဘီလူးရုပ်တု (၅)ရုပ်ရှိခြင်း၊ (ရှေးယခင်အခါ ကအမဲသားစိမ်းများကို အပတ်စဉ် ကျွေးမွေးရခြင်း၊ ယခုအခါ ထိုသို့ မပြုလုပ်ကြတော့ပေ။) စသည့် ထူးခြားဖွယ်ရာများ အများအပြား ရှိသည်။

မိုးညှင်းသတိုးမင်းသည် ပြုသူများ ကြည်ညို သဒ္ဓါပွားစေနိုင်ရန် ရည်သန်၍ သက္ကရာဇ် ၇၆၅ ခုနှစ် ပြန်လည်ပြုပြင်ခဲ့သည်။

သက္ကရာဇ် (၈၄၂-၈၆၄) ဒုတိယမင်းခေါင် အင်းဝ ရွှေထီးနန်းကို စိုးစံစဉ်ကာလတွင် ဖြစ်သည်။ စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည်လည်း ပြန်လည်ပြုပြင်ခဲ့သည်။

ဘော်ကြိုဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်ကတည်း ထားခဲ့သည် ရှေးဟောင်းဘုရား တဆူဖြစ်သည်။ မြန်မာမင်း အဆက် သျှမ်းမင်း အဆက် ပြန်လည် ပြုပြင်တည်ထားကိုးကွယ် ခဲ့သောကြောင့် ၁၉၉၅ - ၁၉၉၆ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အမိန့်အရ ဘော်ကြိုဘုရားအား အကြီးအကျယ် ပြန်လည်ပြင်ဆင်ခဲ့သည်။ အမှန်တကယ်တော့ ရတြယာ အရပြုပြင်ခြင်းသာဖြစ်သည်။

The Express Times

ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုး မဖြစ်နိုင်ဟု သူရဦးရွှေမန်း သုံးသပ်



ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများသည် သွေးရိုးသားရိုးမဖြစ်နိုင်ပဲ အခြားပယောဂများ
ကြောင့် ဖြစ်နိုင်သည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇူလိုင်လ၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်အဝေးအပြီး
သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်ကြောင်း The Daily Eleven နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများ မရှိခဲ့သော်လည်း
ယခုအရပ်သားအစိုးရ လက်ထက်တွင် ပိုမိုအဖြစ်များလာကြောင်း၊ ဖြစ်ဖြစ်ချင်း ထိန်းထိန်းသိမ်းသိမ်း
လုပ်ဆောင်ခြင်း မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှလည်း လွှတ်တော်သို့
အသိပေး အကြောင်းကြားခြင်း မရှိကြောင်းနှင့် ယခုကိစ္စအပေါ် မည်ကဲ့သို့ သုံးသပ်မည်ကို
သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

"တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်တယ်။
အခုကျတော့ ဒီမိုကရေစီ ကူးပြောင်းတဲ့အခါမှာ ဒီမိုကရေစီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး
ဆောင်ရွက်လို့ ဒီလိုဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သွေးရိုးသားရိုးမဟုတ်ဘဲနဲ့
အခြားပယောဂကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြားပယောဂဆိုတဲ့နေရာမှာ အတော်လေး
ဆန်းကျယ် ရှုပ်ထွေးပါတယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြည့်လို့မရဘူး။ ကိုယ့်အဖွဲ့အစည်း
တစ်ခုတည်း ကြည့်လို့မရဘူး။ အခြားနိုင်ငံတွေလည်း ရှိတဲ့အတွက် မိမိတို့ မမြင်နိုင်တဲ့
ကိစ္စတွေကြောင့် ဒီလိုဖြစ်လာတယ်ဆိုရင် နာမှာက ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ
ဖြစ်တဲ့အတွက် အဲဒီလိုမဖြစ်အောင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်ရမယ်" ဟု
သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့အစည်းများက တင်ပြလာပါက လွှတ်တော်အနေနှင့် ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ပြီး ဒီမိုကရေစီအပြောင်းအလဲအတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်လာနိုင်သည့်
ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကို မီဒီယာများအနေဖြင့်လည်း ပူးပေါင်းကာကွယ်ရန်
လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွှတ်တော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းတွင် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း
နှင့် ယခုပဋိပက္ခ သတင်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက လာရောက်အကြောင်းကြား
ထားခြင်း မရှိသေးဘဲ အင်တာနက်သတင်းများမှသာ မိမိတို့ သိရှိရကြောင်းဖြင့် သူရဦးရွှေမန်းက
ဖြေကြားခဲ့သည်။

Myanmar Times

စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....


ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။

အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။

- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား

ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။

သေချာတာတစ်ခုက ဖုန်းရဲ့ အလွန်ကောင်းတဲ့ လုပ်ဆောင်နိင်စွမ်း မြင့်မားမူ၊ အရည်အသွေးနဲ့ ပြည့်ပြီးစုံမူတွေ စတဲ့ အရာတွေ အားလုံးဟာ ဈေးနှုန်း မြင့်မားမူ (သို့) အရည်အသွေးနဲ့ လိုက်တဲ့ ဈေးတစ်ခုမှာ ရှိနေခြင်း မှာ ချိတ်ဆက်နေပါတယ်။ ဥပမာ- တစ်ခု ပြပါရစေ။
Samsung Galaxy S5 ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ အတွင်း အစိတ်အပိုင်း ပြည့်စုံမူတွေ၊ မှာ အရည်အသွေး တစ်ခုရှိနေပါတယ်။ Samsung ရဲ့ ထုတ်လုပ်နေကြဖြစ်တဲ့ ဈေးနှုန်း သက်သာ ဖုန်း တစ်မျိုးဖြစ်တဲ့ Mini အနွယ်ဝင် Samsung Galaxy S5 Mini ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ တွေ သူအရင် S5 လိုပဲ တူညီစွာပါဝင်နေပေမဲ့လို့ ဈေးနှုန်း သက်သာမူကို ဇောင်းပေးထားတဲ့ အတွက် အတွင်း အစိတ်အပိုင်း တွေမှာ S5 နဲ့စလျှင် အနည်းငယ်လျော့ထားတာကို တွေ့နိင်ပါတယ်။ ဒါက ဈေးလျှော့ခြင်းရဲ့ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျတော်ပြောပြချင်တာက …

Operating စနစ်

Android, iOS, Window စတဲ့ Operating စနစ်တွေဟာ ယနေ့ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ အသုံးများတဲ့ စနစ်တွေ ဖြစ်ပြီး ကိုယ်က ဘယ်တစ်ခုကို သုံးဖို့ စိတ်ဝင်စားလဲဆိုတာ သေချာစေရပါမယ်။ Android OS ဆိုရင်တော့ Google က အခုနောက်ဆုံးထိထွက်ထားတာက Android 4.4 Kitkat ဖြစ်ပြီး iOS ကတော့ လက်ရှိ 7.1 ကျော်ပဲ ရရှိသေးကာ မကြာခင် iOS 8 ကို ရရှိနိင်တော့မှာပါ။ iOS 8 ကတော့ Apple ရဲ့ နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ iPhone 5s, 5c, 5, 4s, စတဲ့ ဖုန်းတွေနဲ့ အခြားသူရဲ့ တပ်ပလပ် အိုင်ပေါ့တွေမှာ ရရှိနိင်မှာပါ။

Window စနစ်ကတော့ သူတို့အားလုံးရဲ့နောက်မှာ တည်ရှိနေပါတယ်။ Window စနစ် ကိုကြည့်မယ်ဆိုရင်တော့ Nokia Lumia series ဖုန်းတွေမှာ တွေ့နိင်မှာပါ။

အတွင်း အစိတ်အပိုင်းရွေးချယ်မူ

တကယ်လို့ ဒီက သူငယ်ချင်းဟာ အမြင့်စား HD ဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင်တော့ qualcomm snapdragon 800 နဲ့ အနည်းဆုံး RAM 2GB မှာ ရှိတဲ့ ပရိုဆက်ဆာပါရှိတဲ့ ဖုန်းမျိုးကို ရွေးချယ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမူနဲ့ အင်တာနက်၊ အီးမေးလ်သုံးဖို့လောက်သာဆိုရင်တော့ Dual core processor နဲ့ 512 MB ရှိတဲ့ RAM လောက်ဆို ရပါပြီ။

အတွင်းမှတ်ဥာဏ်နဲ့ မှတ်ဥာဏ်တိုးမူ

စမတ်ဖုန်းတစ်လုံးမှာ လုံလောက်တဲ့ မှတ်ဥာဏ် အရည်အသွေး တစ်ခုရှိတာဟာ ကောင်းပါတယ်။ သူငယ်ချင်းဟာ အခြေခံ အစိတ်အပိုင်း အရည်အသွေးရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်တယ်။ ဒါပေမဲ့ မှတ်ဥာဏ် ထပ်တိုးလို့မရရင် ဘာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လုံလောက်တဲ့ ဖုန်းရဲ့ မှတ်ဥာဏ် ပမဏဟာ ဒီက သူငယ်ချင်းကို စိတ်ကျေနပ်မူကို ပေးတာထက်ပိုတဲ့ ပျော်ရွှင်မူကို ပေးနိင်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ပမာဏက ဘယ်လောက် ဖြစဟ်မလဲဆိုတဲ့ နောက်မှာ App ဘယ်လောက်များများကို အသုံးပြုမှာလဲဆိုတာ အရင်မေးရပါမယ်။ သီချင်း၊ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်များများ ထည့်ပြီး နားထောင် ကြည့်ရူချင်တာလဲဆိုတာကိုပေါ့။ အားလုံးသော စမတ်ဖုန်းတွေရဲ့ အတွင်းမှတ်ဥာဏ်ဟာ 2GB ကနေ 64GB အထိရှိတတ်ကြပါတယ်။ တစ်ခြား ကျန်တာကတော့ SD ကဒ်ကနေ တစ်ဆင့်တိုးမြင့်ကြတာပေါ့။

မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေး

ဒါကလည်း ကိုယ် အကြိုက်နဲ့ ကိုယ် ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု သိထားရဖို့ ရှိတာကတော့ ရုပ်ထွက် resolution နိမ့်တဲ့ ဖုန်းတွေဟာ HD ဗီဒီယိုတွေကို သင့်ဆီမှာ ဖွင့်လို့ မရစေနိင်ပါဘူး။ နောက်ပြီး ဒီ HD ဗီဒီယိုတွေဟာ PPI 200 အောက်ဖြစ်ပြီး ၅လက်မထက်ပိုတဲ့ ဖုန်းတွေဆီမှာ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ဒီတာ့ ဘက်ဂျက်ရယ် ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးရယ် ချိန်စေလို့ပါတယ်။ FULL HD ပြီးရင်တော့ အကောင်းဆုံးကတော့ QHD ဖြစ်ပါတယ်။

ကင်မရာ

တစ်ချို့တွေကလည်း ဖုန်းတစ်လုံး ဘယ်လောက်ကောင်းကောင်း ဖုန်းရဲ့ ကင်မရာက သိပ်ပြီး သူတို့အတွက် အားရစေမူ မရှိရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် ယနေ့တွေမှာ ဖုန်းတစ်လုံးရဲ့ ကင်မရာကို အနည်းဆုံး 5MP ဖြစ် တပ်ဆင်ပေးလာကြပါပြီ။ ဒီထက်ပိုကောင်းတာကတော့ 8MP (သို့) ဒီထက်Mega pixel ပိုတာတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ Megapixel နိမ့်တဲ့ ကင်မရာတစ်လုံးဟာ optical image stabilization (သို့) Optical zoom ပိုကောင်းနေတတ်သလို၊ Megapixel မြင့်တဲ့ ကင်မရာထက်ပိုပြီးလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီတော့ စမတ်ဖုန်းတစ်လုံးဟာ ကင်မရာ setting ပေါ်မှာ အသုံးပြုသူကို ဘယ်လောက် ထိန်းချုပ် ပြုမူစေခွင့်ပေးထားသလဲဆိုတာကို ကြည့်ရပါမယ်။
ရှပ်တာ အနှေးအမြန်၊ ISO, Aperture စသည့်ဖြင့် အားလုံးကို ကြည့်ပြီး စမ်းရပါမယ်။ ဒါမှလည်း ဘယ်ဖုန်းဟာ ဘယ်လိုကင်မရာ အားသာချက်ရှိလဲဆိုတာကို သိနိင်ပြီး သင့်စိတ်ကြိုက်နဲ့ ညီတဲ့ အကောင်းဆုံး တစ်ခုကို ရွေးနိင်ပါလိမ့်မယ်။

ဘတ်ဂျက်ကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။

ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။။။။

အောင်ဟိန်း (ရိုးရာလေး)

အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ အပေါ် သုံးသပ်ချက်




စာရေးသူ အောင်ရင်ငြိမ်းရဲ့ ရိုးမန်းဘော့ထ် တွေရဲ့ ကမ္ဘာ ဂယက် အတော်လေး ရိုက်ခတ်သွားတာ အားလုံး မျက်မြင် ကိုယ်တွေ့ ပါပဲ။ အဲ့ဒါနဲ့ ပက်သက်ပြီးတော့ ရိုးရာလေး အနေနဲ့ ဘယ်လို မြင်သလဲလို မေးကြတာတွေ အချို့ ရှိပါတယ်။ ဒီတော့ ခေတ်နောက်ကျ မကျန်အောင် စာရေးသူလည်း ဖတ်ရှုပြီး သကာလ ယခုလို ပြန်လည် သုံးသပ် ပေးလိုက် ရပါတယ်။

ဘာသာမဲ့ခြင်းရဲ့ ပြယုဂ်

စာရေးသူက ဘယ်ဘာသာ ကိုးကွယ်လဲတော့ မသိ။ အထဲက ရိုဘော့ ကတော့ ကတော့ အရေးအသား အသွားအလာ အရ ဆိုရင် ဘာသာမဲ့ ဖြစ်ပါ လိမ့်မယ်။ ရှေးဘဝ၊ နောက်ဘဝကို မယုံသလို၊ ငရဲကိုလည်း ယုံသူ မဟုတ်ပါဘူး။ ဘာသာ တရား ဆိုတာ လူတွေကို ချုပ်နှောင်ထားတဲ့ အရာ တစ်ခုလို့ ဖြစ်နေပြီး လောက ကို တစ်ဇောင်းတိုက် ရင်ဆိုင်လို့ ကြီးပြင်းလာပုံ ရ ပါတယ်။ အမှန်တော့ ဘာသာ တရား ဆိုတာ အမြင့်မားဆုံး လွတ်လပ်မှုကို လမ်းပြ ဆောင်ရွက်ပေးတာကို သေချာ သိလိုက်ပုံ မရ ပါဘူး။ ဒါကလည်း ကြီးပြီးလာတဲ့ ပတ်ဝန်းကျင်မှာ So-called religious people (မိရိုးဖလာ) တွေပဲ ရှိတော့ လေ့လာခွင့် မရခဲ့ခြင်း ဖြစ်နိုင် ပါတယ်။ ဒီတော့ ကမ္ဘာကျော် အတွေးအခေါ် ပညာရှင် များရဲ့ အယူအဆ အတွေးအခေါ် များက အမြင့်မားဆုံး မှန်ကန်တယ်လို့ တစ်ထစ်ချ ယုံကြည် သွားတတ်တာ စာပေ၊ ဗဟုသုတ ရှာမှီးမှု များသူ အများစုရဲ့ အလေ့အထ ပါ။ အမှန်တော့ လူဆိုတာ ပုထု ဇဉ် ဖြစ်ပါတယ်။ ပုထုဇဉ်ကို မြန်မာလို ဘာသာပြန်ရင် စွဲလမ်းမှု အာရုံ များကြားမှာ ရှင်သန် နေတဲ့ လူတွေပါ။ ယင်းကဲ့သို့ လူတွေ ပြောသမျှ စကားတိုင်းဟာ မှန်မယ်လို့ တစ်ထင်ချ မဆို နိုင် ပါဘူး။ ဒီတော့ ပုထုဇဉ် ဆိုတဲ့ Level ထက် ကျော်လွန်တဲ့ ပုဂ္ဂိုလ် များရဲ့ ပြောဆိုချက်များကို မေ့ထားမယ် ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးက ကြီးပါတယ်။ ဘာသာမဲ့ခြင်းက တစ်ကိုယ်တည်းဆို ကိစ္စ မရှိပေမယ့် ပေါင်းပါ မိတ်ဆွေ တွေကို အဲ့လို ဖြစ်လာအောင် စည်းရုံး ခြင်းက ပြဿနာ ရှိပါတယ်။ အကြောင်း ကတော့ လူ တစ်ဦး တစ်ယောက် ချင်းမှာ တူညီတဲ့ အယူအဆ အတွေးအခေါ်နဲ့ ဥာဏ် အနိမ့်အမြင့် ရှိမနေခြင်း ဖြစ်ပါတယ်။ ဒီအချက် ကို သိရင် ဘာသာမဲ့ ဖြစ်လာစေရေ ရေးသားတဲ့ အရေး အသားက မသင့်တော် ပါဘူး။

ဖောက်ပြန်ခြင်း ရဲ့ ပြယုဂ်

ရိုးမန်းဘော့က ကံမကောင်းစွာပဲ ဖောက်ပြန်သူ လောကမှ ကြီးပြင်းခဲ့ပုံ ရပါတယ်။ ပတ်ဝန်းကျင်က သူ့ကို Cheat လုပ်တယ်။ မိန်းမ ဖြစ်သူ ချစ်သူများက လည်း Cheat လုပ်တယ်။ ဒါနဲ့ပဲ ဖောက်ပြန်ခြင်း ကို အင်မတန် စိတ်နာကျည်းပြီး ဒါကို ပေါ်ပေါ် တင်တင် ရေးသား တင်ဆက်ခြင်း ဖြစ်ပါတယ်။

အစွန်းရောက် များနဲ့ ကြီးပြင်း လာမှု

အစွန်းရောက် ဆိုတာ မှန်ကန်မှု မရှိပဲ မမှန်ကန်တဲ့ ရှေးရိုး အယူအဆ တွေကို စွဲလမ်းပြီး အသက်ရှင် သူများကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ရိုးမန့်ဘော့က အဲ့ ပတ်ဝန်းကျင်က ကြီးပြင်း လာပုံ ရပါတယ်။ ဒါကို သူက Conservative လို့ အမည်ပေး ပါတယ်။ ရှေးရိုးစွဲ ပါတဲ့။

တဏှာ အာသီသ ရဲ့ ပြယုဂ်

ပြောစရာ မလို လောက်အောင် စာ အရေးအသား အဝင်အထွက်က တဏှာစိတ် ဘယ်လောက်ထိ ပြင်းထန် နေတယ်ဆိုတာကို ပြသ ပါတယ်။

သုံးသပ်ချက်

ရိုးမန့်ဘော့က Freedom လို့ သူခေါင်းစဉ် တတ်တဲ့ လွတ်လပ်ခြင်းကို အင်မတန် ဆာလောင် နေပါတယ်။ ဒါပေမယ့် သူဟာ ဒါက လွတ်လပ်ခြင်းဟာ အတ္တလား ဆိုတာကို သေချာ ခွဲခြား သိသွားပုံ မရ ပါဘူး။ သူတောင်းဆို တဲ့ လွတ်လပ်မှု က ကမ္ဘာ ရဲ့ ပျက်ဆီးမှုကို ဦးတည်သွားစေမယ်လို့ သူ မသိထားပါဘူး။ အချစ်မှာ စာချုပ် စာတန်းတွေ မလိုပါဘူးတဲ့။ လူတွေက စာရွက်စာတမ်း တွေနဲ့ တစ်ယောက် ကို တစ်ယောက် ပိုင်ဆိုင်ဖို့ အတွက် အတ္တနဲ့ ကြိုးစားနေကြ ပါတယ်တဲ့။ ဒါ မှားပါတယ်။ တိရစ္ဆာန်နဲ့ လူ ကွာခြားချက်ကို ပြောပြ ချင်ပါတယ်။ တိရစ္ဆာန် ဆိုတာ အားလုံး သိတဲ့ အတိုင်း မျိုးပွားချင်တဲ့ အချိန်အပွား၊ သွေးသားမှန်း မသိ၊ ဆွေမျိုးမှန်းမသိ၊ တစ်ကောင်နဲ့ တစ်ကောင် ကိုက်ချင်လဲကိုက်၊ အကောင်ကြီးရင် အကောင်ငယ်ကို အနိုင်ကျင့်၊ နေရာတွေ လုပ်၊ စားခွက်လုပ်၊ စားကျက်လု။

လူတွေကော ဘာထူးခဲ့လို့လဲ။ ကမ္ဘာဦး အစက တစ်ယောက်နဲ့ တစ်ယောက် အနိုင်ကျင့်၊ ကိုယ်လိုချင်တဲ့ မိန်းမကို တင်းပုပ်နဲ့ ရိုက်ခေါ်၊ မလိုရင် ပစ်ထား၊ မိန်းမ လည်း နေချင်သလိုနေ၊ ယောင်္ကျားလည်း နေချင်သလို၊ နေရာတွေလု၊ နိုင်ငံတွေ၊ စားခွက်တွေလုပ်၊ စားကျက်တွေလု။ ဒါတွေကို မဖြစ်လာအောင် ပါ ဆိုပြီးတော့ စာချုပ် စာတမ်း ဆိုတဲ့ ပညတ် တရားတွေနဲ့ တားဆီးလာ တယ်။ ဥပမာဗျာ။ အိမ်တစ်လုံး ဝယ်မယ်။ ပိုက်ဆံ ရော့အင့် ပေးပြီး သွားနေရုံနဲ့ လုံလောက် ပါမလား။ အိမ်ဝယ်လိုက်ကြောင်း အပိုင် စာချုပ်လေးကတော့ လိုပါ လိမ့်မယ်။ အဲ့လိုသာ မလုပ်ရင် လူတိုင်း နေချင်တဲ့ အိမ်တွေ တက်နေ နေမှာပေါ့။ တိရစ္ဆာန်နဲ့ မခြား လိင်ဆက်ဆံချင်တဲ့ သူတွေနဲ့ ဆက်ဆံ တော့မှာပါ။ ဒါဆိုရင် လူ ဘယ်မည် တော့မလဲ။ တိရစ္ဆာန်လို့သာ မည်တော့ မှာပါ။ တိရစ္ဆာန်နဲ့ ကွာခြားချက်က လူတွေက ပညတ် တရား များ ဖြစ်တဲ့ စာရွက်တွေ၊ စကားတွေ၊ အသုံးအနှုန်းနဲ့ အားလုံး ယဉ်ကျေးအောင် တိုးတက်အောင် နေကြတယ်။ တိရစ္ဆာန် ကတော့ အိပ်၊ စား၊ ကာမ ပဲ။

ယောင်္ကျား တစ်ယောက်ရဲ့ လွတ်လပ်မှု၊ မိန်းမ တစ်ယောက်ရဲ့ လွတ်လပ်မှု ဆိုပြီး နေချင်သလို ပေးနေ ကြည့်ပါလား။ ကမ္ဘာကြီး ဘာဖြစ်သွားမယ် ဆိုတာ စောင့်ကြည့်။ ခု ရိုးမန့်ဘော့ ဖြစ်နေတာက အစွန်းရောက် ခေတ်အမှီ မလိုက်နိုင်တဲ့ ပညတ်တွေ၊ ဥပဒေ တွေကို ရွံမုန်းသူပါ။ သို့ပေမယ့် သူ့ရဲ့ လုပ်ဆောင် ရေးသားချက်က ယင်ကောင်ကို အမြောက်နဲ့ ထုတ် သလို သိပ်မကွာခြား ပါဘူး။ အစွန်းရောက် တွေကို ပြန်လည် ဆုံးမဖို့ ကြိုးစားတဲ့ သူ့ အရေးအသားက အလည်မှာ တည့်တည့်မတ်မတ် မရှိပဲ အခြား တစ်ဖက်ကို အစွန်း ပြန်ရောက် သွားတယ်။ လွယ်လွယ် နဲ့ ရှင်းရှင်း ပြောရရင် - လိင်ဆက်ဆံ တာ ထည့် မရေးလည်း ရတယ်။ ရေးသားမှုကို လွတ်လပ်ခွင့် ပေးရမယ်တဲ့ သူက။ ပေးပါတယ်။ ဒါပေမယ့် လူတွေဆီ အဆိပ် အတောက် ရောက်မသွားအောင် စာပေ စိစစ်ရေးဆိုတာ ပေါ်လာတာပဲလေ။ နောက်ဆုံး စာပေ စိစစ် ကတော့ မစိစစ် နိုင်ခဲ့ရင် ဖတ်ရတဲ့ သူတွေက စိစစ် တားမြစ် မှာပါပဲ။

ဒီတော့ စာအုပ်ရဲ့ အမှာစာမှာ စာရေးဆရာ တစ်ယောက် ရေးထား သလိုပဲ အဆိပ် အတောက် ဖြစ်စေတဲ့ စာအုပ် ဖြစ်ပါတယ်။ တကယ် အဆိပ် အတောက် ပါ။ အစွန်းရောက်တဲ့ အတွေးအခေါ်ကို ဆွဲခေါ် သွားတယ်။ အတ္တ တွေ ပိုများ လာစေ မယ်။ ဒီတော့ ကျနော်သာ ရိုးမန့်ဘော့ ဆိုတဲ့ လူတစ်ပိုင်း စက်ရုပ် တစ်ပိုင်းကို အပြင်မှာ တွေ့ရင် မင်း ငါတို့ ဗုဒ္ဓ ဘုရား ဘာဟောခဲ့တဲ့ တရား တော် တွေကို ရပ်ကွက်က လူတွေ၊ so call religious people ပြောတာတွေ နားမယောင်ပဲ ကိုယ်တိုင် ကျမ်းဂန်တွေ လေ့လာ ကြည့်ပါလားလို့သာ ပြောချင် ပါတော့တယ်။ မဟုတ်လည်း ဘယ် ဘာသာကို မဆိုကိုယ် လေ့လာချင်တာ သေချာ လေ့လာ ပေါ့နော်။

အနားမကွပ်ထားတဲ့ ဖျာ နဲ့ တောင်းတွေ မကြာပဲ ပျက်ဆီး ရသလို၊ စည်းမျဉ်း စည်းကမ်းတွေ၊ ဥပဒေတွေနဲ့ ထိန်းချုပ်မထားတဲ့ ရပ်ကွက်တွေ၊ မြို့တွေ၊ ရွာတွေ၊ တိုင်းပြည်တွေ ပျက်ဆီး ရမှာပါ။ လူ ၁၀ ယောက်မှာ မတူညီတဲ့ အယူအဆ အတွေးအခေါ် တွေ ရှိမယ်။ ဒီထဲမှာ ကိုးယောက်က ညှိယူလို့ ရပြီး ညှိယူလို့ မရတဲ့ တစ်ယောက် ကတော့ ပတ်ဝန်းကျင် ကနေ ဗီလိန် ဖြစ်ရစမြဲ ဖြစ်ပါတယ်။ ဒါက ထုံးစံ ပဲလေ။ အဲ့ဒါကို လက်မခံပဲ ၉ယောက်စလုံး မှားတယ်လို့ အော်နေရင် အော်နေရုံပါပဲ။ ဒီထဲမှာ တရားမျှတမှု ရှိလာရအောင် ဘာသာတရား ဆိုတာ ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ အဆိုးတွေလည်း တဖြည်းဖြည်း ပျေက်ကွယ် မှာပါ။ သူကတော့ Freedom ကိုပြောနေပေမယ့် ရိုးမန်းဘော့ ပြောတဲ့ လွတ်လပ်မှုက သူ့ပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ လွတ်လပ်မှု ဖြစ်တာကြောင့် ဝမ်းနည်းစရာ ရလဒ် တွေပဲ သူ ရပါလိမ့်မယ်။

အောင်ခမ်း (ရိုးရာလေး)

မြင်သမျှ … ကြားသမျှ


ဒီတစ်ပတ် ခေတ်အစားဆုံးသတင်း
ဒီတစ်ပတ် လူပြောအများဆုံး သတင်းကတော့မြန်မာ ကဗျာဆရာတစ်ယောက်ရဲ့ လုံးချင်းစာအုပ်ပါပဲ။ တချို့ကလည်း အပြာစာအုပ်လို့ ပြောပြီး တချို့ကလည်း ကြိုက် တ ယ်လို့ဆို ကြပြန်ရဲ့၊ ကျွန်တော်ကိုယ်တိုင် မဖတ်ရသေးတော့လည်း မပြောတတ်ဖူးပေါ့။ ထူးခြားတာက ဒီစာအုပ်ဟာ နာမည်ကြီး လွန်းလို့ ရောင်းေ ဈး နှစ်ထောင် ကျော် ကနေ ရှစ်ထောင်ကျော် ဖြစ်သွားတယ်ဆိုတာပါပဲ။ ဒီထက်ပိုထူးခြားတာက ရိုက်လို့တောင် မလောက်ဘူးဆိုတာပါပဲ။ အဲဒီထက် ပိုထူးခြားတာက ဘယ်လောက်ရိုက်ရိုက် ရှာ မရဘူးဆိုတာပဲ။ အဲဒီထက် ပိုထူးခြားတာက ဒီလောက်ရောင်းကောင်းတဲ့ စာအုပ်ရေးသူ စာရေးဆရာ ထွက်ပြေးနေရတယ်ဆိုတာပါပဲ။ (ဟုတ် မဟုတ်တော့ မသိပါဘူး။)
ဒီစာအုပ်နဲ့ ပတ်သက်ပြီး အသံတွေ ဆူဆူညံညံ ကြားနေရတာတော့ ဒီစာအုပ်ရဲ့ထူးခြားချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာတွေ ဘယ်လောက်တောင် ရေးထားလို့ လူတွေ ဘာကြောင့် လုဖတ်နေရတာလဲ။ ဘာတွေထူးခြားလို့ ဒီလောက် လူတွေ ဝေဖန်နေကြတယ်တော့ မသိပါဘူး။ ဒါပေမဲ့ ဒီစာအုပ် ကတော့ လူတွေရဲ့ ပါးစပ်ဖျား ရေပန်း စားနေ တယ်ဆိုတာ အသေအချာပါပဲ။
ကမ္ဘာ့ဖလားနဲ့ ဗေဒင်
ပြီးခဲ့တဲ့ လေးနှစ်က ကမ္ဘာ့ဖလားပွဲကို မှတ်မိကြမှာပါ။ အဲဒီတုန်းက လူတွေဟာ ကမ္ဘာ့ဖလားဘောလုံးပွဲအပြင်၊ ဘောလုံးပွဲရဲ့ အနိုင်အရှုံးကို ခန့်မှန်းတတ်တဲ့ စားသောက် ဆိုင်တစ်ခုရဲ့ ရေဘဝဲပေါလ်ကိုလည်း မှတ်မိမှာပါ။ ပွဲတိုင်းခန့်မှန်းတာ မှန်သွားလို့ တစ်ကမ္ဘာလုံးကပါ အာရုံစိုက်ခြင်းခံလိုက်ရသူ တိရစ္ဆာန်တစ်ကောင် ဖြစ်ခဲ့ပါတယ်။ ပွဲစပွဲ ဆုံး ခန့်မှန်းချက်တွေ မှန်ကန်လွန်းလို့ လောင်းကစား ဒိုင်တွေအတော်လေး ဒုက္ခရောက်ခဲ့ရပါတယ်။
ဟော၊ အခုနှစ်ကမ္ဘာ့ဖလားမှာလည်း တိရစ္ဆာန်ဗေဒင်ဆရာတွေအများအပြား ပေါ်ထွက်လာပါပြီ။ ကမ္ဘာ့ဖလားကိုခန့်မှန်းတဲ့ ကုလားအုပ်၊ ဘောလုံးပွဲ အဖြေခန့်မှန်းမယ့် ပင့်ကူ၊ အနိုင်အရှုံး ပြောပြမယ့် ယုန်၊ ကဏန်း စသည်ဖြင့် တိရစ္ဆာန်ဗေဒင်ဆရာ အများအပြား ရှိလာပါပြီ။ ကျွန်တော်စဉ်းစားမိတယ်။ ဗေဒင်ဆရာတွေဟာ ဘာလို့တိ ရစ္ဆာန်တွေ ဖြစ်ဖြစ်လာသလဲလို့။ စော်ကားတာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားကို ပြောတာပါ။ ဒီလို တိရစ္ဆာန်တွေပြောတာကို လူတွေက ယုံကြည်တယ်ဆိုရင် လူဆို တာ ဘယ် အဆင့်အတန်းလဲခင်ဗျ။ လူဆိုတာ တိရစ္ဆာန်ထက် ပိုအမြော်အမြင်ရှိတယ်ဆိုတဲ့ စကားကိုလည်း ကမ္ဘာ့ဖလားက ခြေဖျက်လိုက်သလို ဖြစ်မနေဘူးလားခင်ဗျား။
ဒီထက် ပိုရယ်ရတာက ကမ္ဘာ့ဖလားမှာ တိရစ္ဆာန်ဗေဒင်ဆရာတွေက ပိုမှန်ပြီး လူဗေဒင်ဆရာတွေက တက်တက်စင်အောင် လွဲနေတာကလည်း သရော်နေသလိုပါပဲ။ ဒီ ထက် ပိုရယ်ရတာက တိရစ္ဆာန်လောက်တောင် မမှန်တဲ့လူဗေဒင်ဆရာတွေကို ကျွန်တော်တို့ဆီက လူကြီးတွေ ကိုးကွယ်နေတယ်ဆိုတာပါပဲ။ ပြန် စဉ်း စားကြည့်ေ လ။ ဗေ ဒင်ဆရာ ပြောတဲ့နေ့မှာ ယတြာချေကြ။ ရာထူးတွေတိုးကြ။ အောင်မြေတွေ နင်းကြနဲ့ လုပ်နေကြတာ ရယ်စရာကြီး။ဒါပေမဲ့လည်း သူတို့ ဒီလိုအခြေခိုင်နေ တာက လည်း ဗေ ဒင်ဆရာတွေရဲ့ ယတြာကောင်းလို့ ဆိုပြန်တော့လည်း ဘယ်လို ပြောရမလဲပေါ့၊ အဲဒီလို ပဲပေါ့နော်။
ယာဉ်တိုက်မှုတွေ ပိုများလာသလား
အခုအချိန်အထိ လူသေဆုံးမှု အမြင့်မားဆုံးကတော့ ယာဉ်တိုက်မှုပါပဲ။ ဒီထက် ပိုထူးခြားတာက ရန်ကုန်မြို့မှာတင် ငါးလအတွင်း ယာဉ်တိုက်မှုတွေ မှာ ယာဉ်မောင်းတွေ ထွက်ပြေးမှုသုံးရာနဲ့ ငါးဆယ်ကျော်ရှိတဲ့အနက်၊ အမှုပေါင်းကိုးဆယ်ကျော်က ယာဉ်မောင်းတွေ လွတ်မြောက်နေဆဲ ဆိုတာပါပဲ။ထွက်ပြေးတဲ့ သုံးရာငါးဆယ်ကျော်မှာ ကိုး ဆယ်ကျော် လွတ်မြောက်နေဆဲဆိုတော့ လေးချိုးတစ်ချိုးလောက်က ဖမ်းဆီးခြင်းမခံရ၊ အမှုရင်မဆိုင်ရဘဲ လွတ်မြောက်နေဆဲလို့ သဘောရပါတယ်။
လေးချိုးတစ်ချိုးဟာ လွတ်မြောက်နေဆဲဆိုတာကြောင့် နည်းလှတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒါဟာ ယာဉ်တိုက်မှု တစ်ခုတည်းက ထွက်ပြေး တိမ်းရှောင်နေတဲ့ ပမာ ဏ ကိုပဲ ပြောပါတယ်။ ယာဉ်တိုက်မှုယာဉ်မတော်တဆ ဖြစ်တယ်ဆိုတာများသောအားဖြင့် လူမြင်ကွင်း၊ ဒါမှမဟုတ်လူအများစီး နင်းလိုက်ပါပြီး မြင်တွေ့ ရတဲ့မြင် ကွ င်းေ ရှ့မှာ ဖြစ်ပါတယ်။  ဒါကိုတောင် လေးချိုးတစ်ချိုးဟာ လွတ်မြောက်နေဆဲဆိုတော့ လူမြင်ကွင်းနောက်ကွယ်မှာ ဖြစ်ခဲ့တဲ့အမှုတွေ မှာ လွတ်မြောက်တရားခံ ဘယ်ေ လာ က် တောင်ရှိနိုင်သလဲ။ စဉ်းစားစရာတောင် မလိုပါဘူး။ ဒီလို ယာဉ်တိုက်မှုပမာဏထက် မလျော့နိုင်တာ သေချာပါတယ်။ ဒါဆိုရင် မဏ္ဍိုင်ကြီးတစ်ခု ဖြစ်တဲ့ တရားဥပဒေ စိုး မိုးရေး ဘယ်လောက်အထိ ပျော့ညံ့နေသေးတယ်ဆိုတာ သိသာလှပါတယ်။ ဒီမဏ္ဍိုင်ကြီး ပျော့ညံ့တဲ့အတွက် လူတွေရဲ့လုံခြုံရေး ဘယ်လောက် အနေအထားအထိ စိုး ရိမ်စရာကောင်းလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်။
ဒီလို အနေအထားကြောင့်ပဲ မြို့လည်ခေါင်၊ နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်တဲ့ အထိဖြစ်လို့ လာနေပါပြီ။ ဆိုင်ကယ်စီးတော့လည်း ဘယ် အချိန်လုယက်ခံရမယ် စိတ် မချရ၊ တက္ကစီမောင်းတော့လည်း ဘယ်သူက ဓားထောက်လုမယ် စိတ်မချရ။ ကိုယ့်ဖာသာ ကိုယ်လမ်းသွားတာတောင် ဘယ်အချိန် ရိုက်လုခံရမယ်ဆိုတာ စိတ်မချရနဲ့ အ ရာရာတွေးလိုက်တိုင်း တုန်လှုပ်စရာကြီးပါပဲ။ ဒါကြောင့် ဒီမိုကရေစီဆိုတာ လွတ်လပ်နေရုံနဲ့ မပြီးသေးပါဘူး။ ပြည်သူတွေ လုံခြုံဖို့လည်း လိုပါသေးတယ်။
ဆရာတော်ငါးပါး ရုံးထုတ်ပြီတဲ့
အားလုံးသိပြီးသား သတင်းပါပဲ။ ညအချိန်မတော် ကျောင်းတိုက်ကို (ဘယ်သူ့အမိန့်နဲ့မှန်း ရေရေရာရာ မသိသေး) ညကြီးအချိန်မတော် ဝင်ရောက်စီးနင်းပြီး ဆရာတော် ငါး ပါးကို လူဝတ်လဲစေပြီးမှ အာမခံနဲ့ ပြန်လွှတ်ပေးပြီး သင်္ကန်းပြန်စီးခဲ့ရတဲ့ အဖြစ်အပျက်ပါ။ သိပြီးသားမို့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ဒါပေမဲ့ဗျာ ပြောချင်တာက ဗုဒ္ဓ ဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓသားတော်တွေကို သင်္ကန်းချွတ် လူဝတ်လဲပစ်ပြီး အခြားဘာသာဝင်၊ အခြား တိုင်းပြည်တွေက ဝင်ရောက် ဖျန်ဖြေ တောင်း ပန်မှု ပြု လုပ်ခဲ့ပါသတဲ့။ စဉ်းစားကြည့်ပါဗျာ။ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်း ဒီလိုလုပ်တယ်ဆိုတော့ ဘာသာဝင်အချင်းချင်းကို ဘာသာဝင်တွေကပဲ မ သင့်မြတ်အောင်လုပ်ပေးတာလား။ တခြားနိုင်ငံတခြားလူမျိုးခြား၊ တခြားဘာသာခြားတွေ ကြားဖြစ်တယ်ဆို  တော် သေးတာပေါ့ဗျာ။ အခုတော့ ကိုယ့်နိုင်ငံမှာတင် ကိုယ့် ဘာသာဝင်အချင်းချင်း ဒီလိုလုပ်တယ်ဆိုတော့ အချင်းချင်း ရန်တိုက်ပေးသလို ဖြစ်မနေဘူးလား။ ဘာသာဝင်အချင်းချင်း ညှိလို့မရတာလား။ ညှိနှိုင်းလို့ရလျက်သားနဲ့ တ မင်များခွဲထုတ်လိုက်တာလား။ စဉ်းစားစရာတော့ အများကြီးပါ။
ဒီကြားထဲ အရေးပါသလိုလို ဝင်လုပ်ခဲ့တဲ့လူကြီးကလည်း အစစ်ဆေးခံနေရတယ်လို့သိရပြီး ဘာသတင်းမှ မကြားရသေးပါဘူး။ အင်တာဗျူးတွေမှာ ဘယ်သူ့ကိုမှ ဂရုစိုက် စရာမလိုဘူးဆိုတဲ့ လေသံ၊ ပုံသဏ္ဌာန်တွေနဲ့ ပြောသွားတဲ့သူ ဘာဖြစ်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီလူကြီးသာ ဘာမှမဖြစ်ခဲ့ရင်တော့ သေချာပါပြီ။ အားလုံး သွားပြီ ဆိုတာကိုပေါ့။ နောက်ဆုံးပြောချင်တာက လမ်းတွေကတော့  ဖျက်ထားဆဲပါပဲ…
ကျေးဇူးပါ။ နောက်တစ်ပတ် ပြန် ဆုံပါ့မယ်။

အကြည်တော်

အလွယ်ဆုံးက စပါ



မြန်မာ့နိုင်ငံရေးပြဿနာတွေထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့ ဇာတ်ညွှန်း၊ ဇာတ်ကွက်တစ်ခုက ရခိုင်အရေးကိစ္စပဲဖြစ်ပါတယ်။ ဒီပြဿနာဟာ ခေတ် အဆက်ဆက်ကရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အုတ်အော်သောင်းတင်းပေါက်ကွဲထွက်လာပါတော့တယ်။  အဲဒီအပေါ်မှာ ပြည်တွင်း၊ ပြည်ပမီဒီယာအသီးသီးက အမျိုးမျိုးသုံးသပ်ဝေဖန်ရေးသားခဲ့ကြပါတယ်။ ရေးသားဆဲလည်းဖြစ်ပါတယ်။ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးကလည်း ရခိုင်ပြည်နယ်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှုအကူအညီစသဖြင့် အထောက်အပံ့ အမျိုးမျိုးပေးခဲ့ကြပါတယ်။   ပေးနေဆဲလည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုပြီး လုပ်လိုက်ကြတဲ့ Interfaith ဆိုတာတွေလည်း   နိုင်ငံအဝန်း ရာနဲ့ချီရှိ လောက်ပြီ။  နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ထင်ရှားသိသာတဲ့ အပြန်အလှန်နားလည်မှုမျိုးမတွေ့မိသေးပါဘူး။ ဒီအတိုင်းဆို တွေ့ကောတွေ့ဦးမှာလား။ အခုဆိုရင် ရခိုင်မှာ ဝန်ကြီးချုပ်တောင် တစ်ဆက်ပြောင်းပြီ။ ဒီပြဿနာဖြေရှင်းဖို့အတွက် အလွယ်ဆုံးက မစကြသရွေ့ ပြဿနာတွေပတ်ချာလည်နေဦးမှာပါ။


ပဋိပက္ခတစ်ခုဖြေရှင်းရာမှာ ပြဿနာရဲ့ အခြေအမြစ်ကို သိဖို့ လိုတယ်။ ရောက်အောင်သွားဖို့လို တယ်။ ဒီမိုကရေစီ၊ လူ့အခွင့် အရေးလောက် ပြောနေရုံမရဘူး။ ဒီနိုင်ငံမှာ ပြဿနာက ကိုယ်သိ နားလည်တတ်ကျွမ်းအားသာတဲ့ အရာတစ်ခုတည်းကို ဇောင်းပေး လုပ်နေကြတာပဲ။ အတွင်း၊ အပြင်အဆက်အစပ်ကို မစဉ်းစား ကြဘူး။ မစဉ်းစားချင်ဘူး။ ကိုယ်နဲ့ သဘောညီမယ့်သူတွေကိုရှာရင်း အဲဒီသူတွေအချင်းချင်းပဲ အဆို တင်၊ ထောက်ခံနေကြတာများ တယ်။ ဒီတော့ ပြဿနာတစ်ခုဖြေ ရှင်းမယ်ဆိုရင် လိုရင်းကိုမရောက် တော့ဘူး။ ဘာသာနှစ်ခုရင်ကြား စေ့ဖို့ဆိုရင် အဲဒီလူ့အဖွဲ့အစည်း အတွင်း  ပါဝင်သူတွေအားလုံး အပြန်အလှန် နားလည်မှုရှိဖို့လို တယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေ ဖို့လိုတယ်။

ဆီမီနာလေးလုပ်လိုက်၊ အလုပ်ရုံဆွေးနွေးပွဲလေးလုပ်လိုက်၊ဘာပွဲတော်၊ ညာပွဲတော်လုပ်လိုက်၊ ဗီဒီယို၊ ရုပ်ရှင်လေး ပြလိုက်လုပ်နေလို့ ဒီနိုင်ငံမှာဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီဟာတွေ မကောင်းဘူးလို့ ပြောနေတာမဟုတ်ဘူး။  ဒီမြန်မာ့လူ့အဖွဲ့အစည်းမှာ  ကောင်းတိုင်းအဆင်မပြေဘူး။ မှန်တိုင်းအလုပ်မဖြစ် ဘူး။ ရိုးတိုင်းအရာမရောက်ဘူး။ မကောင်းနဲ့၊ မမှန်နဲ့၊ မရိုးနဲ့လို့ပြော နေတာမဟုတ်ပေမယ့် မြန်မာ့လူ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ရပ် ကို ချဉ်းကပ်ဆောင်ရွက်တဲ့နေရာ မှာ ကောင်းတာနဲ့မကောင်းတာ၊ မှန်တာနဲ့ မမှန်တာ၊ ရိုးတာနဲ့ မရိုး တာ ပေါင်းစပ်ပါဝင်ဖို့လိုပြီး အဲဒီ လိုလုပ်ဆောင်ခြင်းမှတစ်ဆင့် ကောင်းတာ၊ မှန်တာ၊ ရိုးတာ ဘက်အလေးသာအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။ ထပ်ရှင်းရရင်လူ့အခွင့်အရေးအကြောင်းပြောရင် အမျိုးသားရေးကိုထည့်သွင်းစဉ်းစားရမယ်။ သာတူညီမျှမှု၊ ဂုဏ်သိက္ခာ အကြောင်းပြောရင် ကိုယ့်နိုင်ငံသားတွေအရေးကို ပထမစဉ်းစားရမယ်။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအကြောင်းပြောရင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ အတားအဆီးဖြစ်စေတဲ့ အကြောင်းအချက်တွေ ဆွေးနွေးရမယ်။ အဲဒီလိုမှမဟုတ်ဘဲ တစ်ဖက်တည်းကို ဇောင်းပေးနေရင် ရလာရင်၊ ဖြစ်လာရင်တောင် အဲဒီလိုရလာ၊ ဖြစ်လာတဲ့ သဘောတူညီချက်၊ ကတိကဝတ်တွေဟာ ရေရှည်ခံမှာ မဟုတ်ဘူး။ သမိုင်းတစ်ပတ်ပြန်လည်မှာပဲ။

ဒီတော့ မြန်မာနိုင်ငံမှာ အဓိက ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ ဘာသာအချင်းချင်းကြား ယုံ ကြည်မှုကင်းမဲ့နေတဲ့  ပြဿနာတွေ၊လေးစား၊ နားလည်မှုလျော့နည်းနေတဲ့ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမလဲ။ ပြဿနာက ရခိုင်ပြည်နယ်ကဆိုပေမယ့် တစ်နိုင်ငံလုံးကို ကင်ဆာလိုလှိုက်စားနေတာပါ။ နေရာတိုင်းမှာ ဘာသာ မတူသူတွေကြား အတွင်းကျိတ် ပြဿနာတွေရှိနေတယ်။ အထူး သဖြင့် ဘာသာနှစ်ခုကြားပေါ့။

အခုလုပ်နေတဲ့ interfaith တို့၊ ဘာတို့ဆိုတာကလည်း အများအားဖြင့် ကြားကောင်း၊ မြင်ကောင်းရုံ  သက်သက်သာဖြစ် တယ်။ သတင်းရေး၊ ဓာတ်ပုံရိုက် တဲ့အဆင့်သာသာရှိတယ်။ တကယ့်အောက်ခြေပြည်သူတွေရဲ့ နှလုံးသားထဲအထိ ကျယ်ကျယ် ပြန့်ပြန့်စီးဝင်ပျံ့နှံ့သွားတာမျိုးမရှိဘူး။ ကြေညာချက်တွေထုတ်၊ လက်မှတ်တွေထိုး အဲဒါကိုတိုး တက်မှုလို့ ထင်မြင်ယူဆနေကြ ရင်တော့မှားမယ်။ ဒီနိုင်ငံက အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေလို မဟုတ်ဘူး။ နိုင်ငံတော်အဆင့်က  ကတိကဝတ်ပြုပြီးရင်တောင် ဟိုလိုလို၊ ဒီလိုလိုဖြစ်တတ်သေးတာ။ ဒီလိုကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေလောက်နဲ့ တော့ ပျင်းတောင်ပျင်းသေးတယ်။ ဒီလိုဆို ဘာမှမလုပ်ဘဲ ဒီလိုပဲထိုင်ကြည့်နေကြမလားဆိုတာ  မေးစရာတော့ရှိတယ်။

 စာရေးသူဆိုလိုချင်တာ အဓိက,က အခြေခံအချက်ဖြစ်တဲ့ အောက်ခြေပြည်သူတွေအကြား နားလည်မှုတိုးပွားစေမယ့် အခြေ အနေတွေကိုလည်း တစ်ချိန်တည်း ဖန်တီးပေးနေဖို့လိုတယ်။ စာရေး သူဆို  လိုချင်တဲ့အလွယ်ဆုံးဆိုတာအဲဒါပဲ။ ဒါပေမဲ့ အဲဒီအလွယ်ဆုံးတွေက တစ်ခါတလေ အခက်ဆုံးလည်းဖြစ်ချင်ဖြစ်နေမှာပေါ့လေ။ ဆိုကြပါစို့။  မြန်မာနိုင်ငံက လူများစု ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဒါကြောင့် လူများစုနဲ့လိုက်လျောညီထွေရှိဖို့လိုတယ်။ စာရေးသူတို့ တခြားနိုင်ငံသွားရင်လည်း အဲဒီနိုင်ငံရဲ့ လူများစုနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတာပဲ။ ဒါ မပြောနဲ့ ကိုယ်နားလည်ရမယ့် ကိစ္စဖြစ်တယ်။

ဆိုကြပါစို့။ ဒီမှာ မနက်ဆို မုန့်ဟင်းခါး၊ ခေါက်ဆွဲ စသဖြင့် စားလေ့ရှိတယ်။ စာရေးသူ သတိ ထားကြည့်မိတယ်။ မြန်မာ့ရိုးရာ အဲဒီစားသောက်ဆိုင်တွေမှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံတွေ့ရ တယ်။ သို့သော် အခုပဋိပက္ခဖြစ် နေတဲ့ ဘာသာဝင်တွေကိုတော့ တွေ့ရခဲတယ်။ မြန်မာစားသောက် ဆိုင်တွေကြည့် သူတို့ကို အလွန် တွေ့ရခဲပါတယ်။ ဒီတော့ သူတို့ ကိုယ်၌က  ဒီနိုင်ငံမှာနေသော် လည်း ဒီနိုင်ငံရဲ့ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးစံတွေနဲ့ဝေး အောင်နေတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ သင်္ကြန်လို မြန်မာ့ရိုးရာယဉ်ကျေးမှုအထွတ်အထိပ်ကာလမျိုးမှာလည်း သူတို့ကို သိပ်မတွေ့ရဘူး။ သူတို့ဘာသာရေးကျောင်းတွေဆို တံခါးတွေပိတ်၊ အဲဒီကာလ အပြင်ပေးမထွက်ကြဘူး။ ဒီတော့ ရပ်ကွက်ထဲကလူတွေက အမြင်စောင်းတာမျိုး ပိုဖြစ်စေနိုင်တာပေါ့။  ဒီလိုပဲ ဗုဒ္ဓဘာသာဝင်တွေကလည်း သူတို့ရဲ့ စားသောက်ဆိုင်တွေ၊ လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ အခြားလူတွေလိုပဲ အားပေးရမယ်။ ဝင်ထွက်သွားလာသင့်တယ်။ ဒါမှ ပိုမိုနီးစပ်လာမယ်။

ဆိုလိုတာက အဲဒီလိုအောက် ခြေမှာဖြစ်နေတဲ့  ကွာဟမှုတွေ ပေါင်းစုလိုက်တော့ လူအများစု က အဲဒီဘာသာကို သီးသန့်၊ သီး ခြားလိုမြင်လာတယ်။   မပြော သော်လည်း စိတ်ထဲမှာသံသယ တွေ ကိန်းဝပ်လာတယ်။ အဲဒီ အမြင်၊ သံသယတွေဟာ ရခိုင်လို ကိစ္စမျိုး မီးတောက်ဖြစ်လာတဲ့ အခါ  နိုင်ငံအနှံ့ပျံ့နှံ့သွားတယ်။ ပြဿနာတွေ လျော့ပါးအောင် ဝိုင်းဝန်းထိန်းကျောင်းဖျန်ဖြေ ကြရမယ့်အစား  ပြဿနာကိုဝင် ရောက်အားဖြည့်သူတွေ ဖြစ်လာ ကြတယ်။ ဒီအချိန်မှာ ဘယ် လောက်ပဲမျှတမျှတ၊ လူတွေအမြင်မှာ ဒီလုပ်ရပ်တွေဟာ ဘင်္ဂါလီတွေကို ကူညီပံ့ပိုးဖို့လမ်းကြောင်းနေတာပဲလို့မြင်ရင်၊ အဲဒီလိုပံ့ပိုးမှုကတစ်ဆင့် ဘင်္ဂါလီတွေကို မြန်မာ့လူ့အဖွဲ့အစည်းထဲ တစ်နည်းတစ်ဖုံ သွတ်သွင်းဖို့ကြိုးစားအားထုတ်မှုလို့မြင်ရင် ဒီပြဿနာဟာ အချိန်မရွေး ၂၀၁၂ အခြေအနေမျိုး နိုင်ငံအနှံ့မှာ တစ်နည်းတစ်ဖုံကြုံလာရနိုင်တယ်။ ဒီနေရာမှာ အရေးကြီးတာ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် လူသားအနေနဲ့ ရှုမြင်ကြဖို့တော့လိုပါတယ်။

ဒါကြောင့် ဒီပြဿနာကိုဖြေ ရှင်းဖို့ အလွယ်ဆုံးကစကြပါ။ Interfaith တွေလည်းလုပ်ကြပါ။ ကြေညာချက်တွေလည်းထုတ်ကြ ပါ။ တစ်ချိန်တည်းမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးခေါင်း ဆောင်တွေကလည်း ကိုယ့်ဘာ သာဝင်တွေကို မြန်မာစားသောက် ဆိုင်တွေမှာ အတူတကွဝင်ရောက်စားသောက်၊ ပေါင်းသင်းဆက်ဆံဖို့ တွန်းအားပေးကြပါ။ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ပါ။ မြန်မာပွဲလမ်းတွေမှာ ဝင်ရောက်ဆင်နွှဲပါ။ လှူပါ။ တန်းပါ။ ပြီးခဲ့တဲ့သင်္ကြန်မှာ ဘာသာခြားတွေ မဏ္ဍပ်ထိုးပြီး အလှူလုပ်ကြတယ်လို့ကြားတယ်။ ဒါဟာ အကောင်းဆုံး interfaith နမူနာ တစ်ခုပါပဲ။ စာရေးသူဘာသာခြားမိတ်ဆွေတွေနဲ့ မကြာမကြာတွဲဖူးတယ်။ အတန်းထဲမှာ၊ အပြင်မှာ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပဲ။ မြန်မာစားသောက်ဆိုင်မှာ စားကြပြီဆိုရင် သူတို့က သီးသန့်အခြားဆိုင်မှာသွားထိုင်တယ်။ မဟုတ်လည်း အတူထိုင်တောင် အရည်လောက်ပဲသောက်ကြတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ တချို့လည်း မြန်မာလိုတွေး၊ မြန်မာလိုဝတ်၊ မြန်မာစားသောက်ဆိုင်တွေမှာအတူစားကြပါတယ်။ အသားတစ်ခုကလွဲရင်ပေါ့။ ဒီလို ဘာသာခြားသူငယ်ချင်းမျိုးက သိပ်ရှားတယ်။ အမှန်မှာကတော့ ဒါက မြန်မာ့လူ့အဖွဲ့အစည်းဆိုတော့ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဝေးကွာသွားခြင်းဟာ လူနည်းစုအတွက် အန္တရာယ်များတာပေါ့။ အချိန်ကြာလာလို့ ပိုပြီးနီးစပ်မလားဆိုတော့လည်း မမြင်ပါဘူး။ ဒီတော့ ပြဿနာတွေက တအုံနွေးနွေးပေါ့။ ဆေးတခြား၊အနာတခြား  ဖြစ်နေတယ်ထင် တယ်။

ဒါကြောင့် ပြဿနာကို မြင် အောင်ကြည့်ကြပါ။ ဒီပြဿနာက ကချင်ပြဿနာ၊ ကရင်ပြဿနာ၊ ချင်းပြဿနာလိုမဟုတ်ဘူး။ ဆို ချင်တာက ကချင်မှာစစ်ပွဲတွေဖြစ် နေတယ်။ ကရင်မှာလည်း စစ်ပွဲ တွေဖြစ်ခဲ့တယ်။ ချင်းပြည်သူတွေ လည်း နိုင်ငံတကာအနှံ့ ပြန့်ကျဲ နေတာမျိုးရှိတယ်။ ပဋိပက္ခတွေ ဟာ နှစ်ဖက်လက်နက်ကိုင်တပ် တွေကြားမှာ အဓိကဖြစ်တာပါ။ တစ်ဖက်နဲ့တစ်ဖက် အရပ်သား တွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးတွေ အစော်ကားခံရတဲ့သတင်းတွေလည်း မကြာမကြာထွက်ပေါ်လာတတ်ပါတယ်။ သို့သော် အဲဒီတိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာ တိုင်းရင်းသားတွေ နိုင်ငံအနှံ့ယှဉ်တွဲနေထိုင်ကြတာပါပဲ။ နှစ်ဖက် အောက်ခြေလူ့အဖွဲ့အစည်းအတွင်းမှာတော့ နိုင်ငံအနှံ့ အပြန်အလှန်ပဋိပက္ခဆိုတာမျိုးတစ်ခါမှ မဖြစ်ခဲ့သေးပါဘူး။ အဲဒီတိုင်းရင်းသားတွေနဲ့ ဗမာတွေဆိုတာလည်း တစ်ဖက်နဲ့တစ်ဖက်ကြည့်ရင် အနည်းနဲ့အများ ဘာသာခြားတွေပါပဲ။ အသွင်မတူကြပါဘူး။ ဒါပေမဲ့ နေရာအနှံ့ အေးအတူ၊ ပူအမျှယှဉ်တွဲနေထိုင်ကြတာပါပဲ။

ရခိုင်ကအစပြုတဲ့ လူ့အဖွဲ့ အစည်းနှစ်ခုအကြား အခုဖြစ်နေ တဲ့ ပြဿနာမှာတော့ ယှဉ်တွဲနေ ထိုင်ကြပါတယ်ဆိုပေမယ့် သံသ ယတွေနဲ့ပါ။ ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ နယ်ဘက်တွေမှာ ပိုဆိုးမှာပေါ့။ ဘာသာခြားအသိုင်း အဝိုင်းဆိုတာက နည်းနည်းလေး လေ။ နိုင်ငံတကာအသိုင်းအဝိုင်း ဆိုတာလည်း တကယ်တော့ တိုက်တွန်းတောင်းဆိုတဲ့အဆင့် သာရှိတာပါ။ ဒါကြောင့် ရေရှည် ကိုကြည့်ပါ။ အလွယ်ဆုံးကစပါ။ ဒီနိုင်ငံရဲ့ အစားအသောက်တွေ ကို  အတူအကွစားသုံးပါ။ လူများစုနဲ့လိုက်လျောညီထွေရှိအောင် နေထိုင်ပါ။ မြန်မာလိုဝတ်စားဆင်ယင်ပါ။ အဲဒီလိုမြန်မာ့ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေပြုမူနေထိုင်ခြင်းမှတစ်ဆင့်  မြန်မာ့မိသားစုဝင်အဖြစ်  လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုလာမှာဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ရေရှည်တည်တံ့တဲ့အပြန်အလှန်လေးစား ယုံကြည်မှုကိုလည်း ဖြစ်ထွန်းပွားများစေမှာဖြစ်ကြောင်းပါ။


အောင်အောင် (IR)

7day daily

ထမင်းငတ်လို့သေတဲ့မသာမရှိသော နိုင်ငံတော်



(တစ်)
ခေတ်အဆက်ဆက် လူထုကို မျက်ကွယ်ပြုကာ အုပ်စိုးသူ အစိုးရမင်းများ၏ဘက်ကနေ အမြဲတမ်းပင်းပြီး ရပ်ခံလျက် စကားပြောတတ်ကြသူတို့ ဆိုလေ့ဆိုထရှိသော စကားတစ်ခွန်းရှိပါသည်။ ‘‘ဟေ့.. မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာမရှိဘူးကွ’’ဟူသော စကားပဲဖြစ်ပါသည်။ ခင်ဗျားတို့ ထင်သလောက်မဆိုးပါဘူးဟူသော အနက်အဓိပ္ပာယ်။

၁၉၆၂ ခုနှစ်မှစ၍ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးလာခဲ့သော နိုင်ငံတော်ကိုကြည့်ကာ စာတတ်ပေတတ် မျက်စိကြီးနားကြီး အသွားအလာ အဝင်အထွက် ခြေဆံလက်ဆံရှည်သူတို့က နိုင်ငံ့အခြေအနေကို မချိတင်ကဲဖြင့် ညည်းလေ့ရှိသည့်အခါတိုင်းတွင် ထိုသူတို့သည် ‘‘လမ်းဖြတ်ကူးတဲ့အခါ၊ မျက်မှောင်မကြုတ်ဘဲကူးတဲ့လူဟာ၊ မိတ်ဆွေတွေရဲ့ဒုက္ခနဲ့ ကင်းကွာနေတဲ့သူပဲဖြစ်ရမယ်’’ဟူသည့် ဂျာမန်ကဗျာဆရာကြီး ဘားတိုးဘရက်ခ်ျ (Bertolt Brecht)၏ ကဗျာစာသားထဲကအတိုင်း လူထုကို မျက်နှာလွှဲခဲပစ်ပြောလေ့ရှိပါသည်။ ခုနက ရေးပြခဲ့သည့်အတိုင်း မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးပဲပေါ့။

ရုတ်တရက်တော့ ဟုတ်သယောင်ယောင်ကြီး။ စားစရာထမင်းမရှိ။ ဗုန်းခနဲပစ်လဲကျ။ ဆန့်ငင်ဆန့်ငင်ဖြစ်။ သေ။ ဒါမျိုးမရှိပါဘူးဆိုတာမျိုး။ တကယ့်တကယ်က ငတ်သည်ဆိုသော အခြေအနေသည် ထိုသူတို့ တွေးထင်သလောက် ရိုးစင်းလှသောကိစ္စ မဟုတ်ပါ။

၂၀၁၁ က ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံသားတို့၏ သက်တမ်း (Life expectancy)မှာ ၆၅ ဒသမ ၁၅ နှစ်ဖြစ်ပါသည်။ ဂျပန်က ၈၁ ဒသမ ၃ နှစ်၊ ဆွီဒင်က ၇၉ ဒသမ ၉ နှစ်၊ ကနေဒါက ၇၉ ဒသမ ၂ နှစ်၊ စပိန်က ၇၉ ဒသမ ၁ နှစ်၊ ဆွစ်ဇာလန်က ၇၉ နှစ်၊ ဩစတြေးလျက ၇၉ နှစ်၊ အစ္စရေးက ၇၈ ဒသမ ၉ နှစ်၊ နော်ဝေးက ၇၈ ဒသမ ၇ နှစ်၊ ပြင်သစ်က ၇၈ ဒသမ ၇ နှစ်၊ အီတလီက ၇၈ ဒသမ ၆ နှစ်၊ ယူကေက ၇၇ ဒသမ ၉ နှစ်၊ ယူအက်စ်အေက ၇၆ ဒသမ ၉ နှစ် စသည်စသည်များနှင့် နှိုင်းယှဉ်လိုက်သောအခါ မြန်မာတို့ အသက်တိုကြောင်း ပေါ်လွင်နေပါပြီ။

ဘာကြောင့် အသက်တိုသလဲ။ အလွယ်ဆုံးပြောရရင် ငတ်လို့ပါပဲ။

(နှစ်)

အရွယ်ရောက်ပြီးသူတစ်ယောက် နေ့စဉ်စားသုံးရန် ကိုယ်ခန္ဓာအတွက် လိုအပ်ချက် (Body need)များကို ကျန်းမာရေးပညာရှင်များက ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

Protein (အသားဓာတ်) 50 grams, Fat (အဆီ) 70 grams, Carbohydrats (ကစီ) 310 grams, Sugar (သကြား) 90 grams, Sodium (ဆား) 2.3 grams, Dietary Fibre (အမျှင်) 30 grams.

ဒါက အခြေခံဖြစ်ပါသည်။ နေ့တိုင်း နေ့စဉ်လူတစ်ယောက်ချင်း လူတစ်ယောက်ချင်း၏ လိုအပ်ချက်ဖြစ်ပါသည်။ မဖြစ်မနေ စားကိုစားရမည့်ကိစ္စ။

အသားက ၅၀ ဂရမ်ဆိုတော့ ကျပ်သားနှင့်တွက်သော် သုံးကျပ်သားကျော်ကျော်၊ လေးကျပ်သား ဆိုပါတော့။ လူငါးယောက်ရှိသော မိသားစုတစ်စုအဖို့ ၂၀ သားလောက် နေ့တိုင်းစားရန် လိုအပ်ပါသည်။ နေ့တိုင်းပါ။ ၁၅ ကျပ်သားလောက်ဝယ်ကာ အာလူးနှင့်ရောပြီး သုံးရက်တစ်ခါ၊ လေးရက်တစ်ခါစားပြီး ကြက်သားနဲ့ကွဟူသော အခြေအနေမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့စားသုံးခဲ့ကြပါသလား။ ထို့အတူ သကြား၊ ဆား၊ အမျှင်နှင့် ကစီဓာတ်ကြွယ်ဝသည့်ဆန်များ။

ထမင်းကြမ်းတစ်ပန်းကန်ကို ဗယာကြော်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ လက်ဖက်သုပ်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ ဘဲဥတစ်ခြမ်းနှင့် ပြီးခဲ့ရသောရက်များ၊ ထန်းလျက်တစ်ခဲ၊ မြေပဲဆန်နည်းနည်းနှင့် ပြီးခဲ့ရသောရက်များ၊ ငါးပိထောင်းကလေး ငါပိဖုတ်ဆီဆမ်းကလေးတို့နှင့် ပြီးခဲ့ရသောရက်များ၊ မည်သည့်ဟင်းခတ်မှမပါသည့် ချဉ်ပေါင်ဟင်းကလေး ဟင်းချိုကလေးမျှနှင့် ခေါက်သောက်ခဲ့ရသောရက်များ ကျွန်တော်တို့တွေမှာ အနည်းနှင့်အများတော့ ရှိထားကြသူတွေချည်းပဲ ဖြစ်ပါသည်။

ကျွန်တော်တို့ ငတ်ခဲ့ကြပါသည်။

(သုံး)

ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ကစီဓာတ်ကိုပေးသော ထမင်းနှင့် ပရိုတိန်းကိုပေးသော အသားမျှကိုသာ လိုအပ်နေတာမျိုး မဟုတ်ပါ။

သတ္တုဓာတ်တွေကိုလည်း လိုအပ်ပါသည်။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ခရိုမီယမ်၊ သံဓာတ်။ နို့ထွက်ပစ္စည်းတွေ၊ ပဲပိစပ်တွေ၊ ဆယ်လ်မွန်ငါးတွေ၊ ဆာဒင်းငါးတွေ၊ နေကြာ၊ မြေပဲ၊ ဂျုံ၊ အသီးအရွက်စိမ်းစိမ်း၊ ဥတွေ၊ ပင်လယ်စာတွေ။ ကျွန်တော်တို့ မှန်မှန်စားသုံးခဲ့ကြပါရဲ့လား။

ဗီတာမင်အေတို့၊ ဘီတို့၊ စီတို့၊ ဒီတို့၊ အီးတို့၊ ကေတို့ကိုရော ကျွန်တော်တို့ နိုင်ငံသားအများ မှန်မှန်စားဖြစ်ကြပါစ။ နို့တွေ၊ အသည်းတွေ၊ မုန်လာဥအနီတွေ၊ ငါးကြီးဆီတွေ၊ အဝါရောင်ရွှမ်းတဲ့ အသီးတွေ၊ ငါးတွေ၊ ဒိန်ခဲတွေ၊ ခရမ်းချဉ်တွေ၊ သံပရာတွေ၊ ရှောက်တွေ၊ သစ်သီးအဆန်တွေ၊ ပန်းဂေါ်ဖီတွေ၊ ဟင်းနုနယ်တွေ၊ အရိုးပါဝါးစားနိုင်တဲ့ငါးတွေ၊ ရွှေဖရုံသီးတွေ။ အမျိုးအစားစုံစုံလင်လင် ပြည့်ပြည့်ဝဝ တစ်နိုင်ငံလုံး စားသုံးနေကြပါစ။

မည်ကာမတ္တထမင်းကို ကပြက်ကချော်ဟင်းကလေးတွေနဲ့ အသက်ရှင်နေတယ်ဆိုရုံကလေး စားသုံးနေခဲ့ကြတာ မဟုတ်ဘူးလား။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကလေးတွေဖြူလို့။ ဆံပင်အရောင်တွေက နက်ပြီးတော့ မှောင်မနေကြတော့ဘူး။ မျက်လုံးတွေက တောက်တောက်ပပမရှိ။ အရိုးအဆစ်တွေက ပျော့ပျော့ခွေခွေ။ အသားအရေတွေက လျော့ရိလျော့ရဲ။ လူကလေးတွေက သေးသေးညှက်ညှက်။ နှုတ်ခမ်းကလေးတွေဖြူဖွေးလို့။ မျက်တွင်းကလေးတွေကျလို့။ ရင်ဘတ်ကလေးတွေက ရှုံ့လို့ကျုံ့လို့။ လက်ပြင်ကလေးတွေကကုန်းလို့။ အရိုးပေါ်အရေတင် နားထင်နားရင်းကလေးတွေ ချိုင့်လို့ခွက်လို့။ သည်လိုနဲ့ပဲ တစ်မျိုးသားလုံးရဲ့ သက်တမ်း (Life expectancy)က ကျဆင်းသွားလိုက်တာ။

ကြေကွဲစရာကောင်းတာက ကျွန်တော်တို့တစ်တွေဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အရာတွေကို စားပါလို့ လမ်းညွှန်ထားသည်များကို မစားနိုင်ရုံမျှသာမက မစားပါနဲ့ဆိုသည်များကို စားနေရရှာတာ အများအသိပါ။ Monoum Saturated Oil လို့ခေါ်သော ပဲဆီ၊ သံလွင်ဆီကိုစားပါ၊ မတတ်နိုင်ပါက အသင့်အတင့်ကောင်းသော Polyum Saturated Oil ခေါ် ပြောင်းဖူးဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီကို စားပါဟုဆိုသော်လည်း ကျွန်တော်တို့တစ်တွေ Saturated Oil ခေါ် ဘေးအန္တရာယ်အလွန်ကြီးသည့် စားအုန်းဆီကို စားသုံးနေကြဆဲပါ။ ငတ်တာကိုး။ ပိုက်ဆံမှမရှိတာ။ သွေးတိုးတိုး လေဖြတ်ဖြတ် နှလုံးရောဂါဖြစ်ဖြစ် စားကြရရှာတာပဲပေါ့။

အရက်သောက်ချင်ရင် အမျိုးအစားကောင်းတာလေး ရွေးသောက်လို့ လမ်းညွှန်သော်လည်း တစ်ပုလင်း သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ် အတန်းအစားတွေကို အသာထားလို့ တစ်သောင်းခွဲ၊ နှစ်သောင်းတန်၊ သုံး၊ လေးသောင်းတန်တွေ အနားကိုတောင်မှ ရစ်သီရစ်သီမလုပ်နိုင်တဲ့အခါ ငါးဆယ်ဖိုးပေးပါဦး တစ်ခွက်မော့ချ၊ တစ်ရာဖိုးပေးပါဦး တစ်ခွက်မော့ချလုပ်ကြရတာ ကျွန်တော်တို့ဆီကလူတွေပါ။

၂၀၁၀ ပြည့်နှစ်က ကုန်ဈေးနှုန်းများကို အခြေခံကာ လူတစ်ယောက်စားဖို့အတွက် တစ်နေ့ငွေမည်မျှ သုံးစွဲသင့်သနည်းဆိုသော စာရင်းဇယားကို ကျွန်တော်ကြည့်ဖူးပါသည်။ ၇၆၃ ကျပ်တဲ့။ ဝတ်ဖို့၊ နေဖို့၊ ပညာသင်ဖို့၊ ဆေးကုဖို့၊ အလှပြင်ဖို့၊ အပန်းဖြေဖို့၊ လှူဖို့တန်းဖို့မပါ။ စားဖို့သက်သက် ၇၆၃ ကျပ်။ သို့ဆိုလျှင် မိသားစုငါးယောက်ရှိသော် ၃,၈၁၅ ကျပ်လိုမည်ပေါ့။ ဝင်ငွေ ၃,၀၀၀ ပဲရှိသော် ဘယ်လိုလုပ်ရပါ့။ အခုထိ တစ်နေ့လုပ်ခ ၁,၀၀၀၊ ၁,၅၀၀ သာရရှိသော အလုပ်များရှိနေပါသေးသည်ဆိုလျှင် စာဖတ်သူ ယုံကြည်နိုင်ပါစ။

(လေး)

မြန်မာတို့ အသက်တိုကြရှာပါသည်။ ရှင်စဉ်မှာလည်း စွမ်းဆောင်ရည်တို့ ကျဆင်းကြပါသည်။ မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးဟုဆိုသောသူတို့ မည်သို့သော အချက်အလက် စာရင်းဇယားများနှင့် ပြောရဲဆိုရဲရှိခဲ့ကြသလဲ ဆိုသည်ကို ကျွန်တော်သိလိုလှပါသည်။      

7day daily

အရက်မူးနေသော တပ်မတော်သားတစ်ဦး၏ ရိုက်နှက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ



တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဇူလိုင် ၂ရက်နေ့က အရက်မူးနေသော တပ်မတော်သား တစ်ဦး၏ ရိုက်နှက်မှုကြောင့်အသက် ၂၁နှစ်အရွယ် ဒေသခံ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။ဇူလိုင် ၂ရက်က မြိတ်မြို့၊
တောထွက်ကြီးကျေးရွာမှ ကုန်းဖောက်ရွာသို့ပြန်လာသော မထွေးငယ်နှင့် အဘွားအိုတစ်ဦးအား ကုန်းဖောက်ကျေးရွာအနီးလေတပ်စခန်းဂိတ်ပေါက်အနီးတွင် လေတပ်စခန်းဌာနမှ အရက်မူးနေသည့် တပ်မတော်သားတစ်ဦးက အကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ဆေးရုံသို့လာရောက်ပို့ဆောင်ခဲ့သော မိန်းကလေး၏ ဆွေမျိုးများက ပြောသည်။မထွေးငယ်၏ အစ်မတော်စပ်သူက “လေတပ်စခန်းနဲ့ ဘာပြဿနာမှမရှိခဲ့ပါဘူး၊ ကုန်းဖောက်ဂိတ်ပေါက်နားမှာ ရိုက်ခံထိတာပါ၊အဘွားကိုလည်းရိုက်ပါတယ်၊ အဘွားအိုက လက်မှာနည်းနည်းထိသွားပြီး ထွက်ပြေးသွားပါတယ်၊ မထွေးငယ်မှာတော့ ဦးခေါင်းတွေ
မျက်ခုံးတွေမှာ တုတ်နဲ့ အရိုက်ခံရတယ်လို့ သိရတယ်၊ အခုလောလောဆယ်မှာ ဓာတ်မှန် ရိုက်ထားလို့ အဖြေမသိရသေးပါဘူး၊မိန်းကလေးက ကယောင်ကတန်းဖြစ်နေလို့ ဘာမှလည်း မေးလို့မရဘူးဖြစ်နေတယ်” ဟု ပြောသည်။

အရိုက်ခံရသူ မထွေးငယ် (ခ) မအိမိုး (ဘ) ဦးလှဆွေမှာ လေတပ်စခန်းတွင် လုပ်ကိုင်လျက်ရှိသည့် စီမံကိန်းများ၌ အလုပ်ကြမ်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း၊ လေတပ်စခန်းမှ တပ်သားများနှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း ဆွေမျိုးများ၏ပြောကြားချက်အရ သိရသည်။

“ပြဿနာဖြစ်ပွားပြီးတဲ့နောက်မှာ တပ်သားနှစ်ဦးနဲ့ တာဝန်ရှိသူတစ်ဦးဆိုတဲ့သူတွေ ရောက်လာပါတယ်၊ လူနာရှင်ရဲ့မိသားစုတွေကိုဖိအားပေးပြီး ပြင်ပဆေးရုံဖြစ်တဲ့ တော်ဝင်ဆေးရုံကိုတင်ခိုင်းပါတယ်။ နိုင်ငံရေးပါတီတွေနှင့်အင်အားစုတွေရောက်လာတော့ မှအစိုးရဆေးရုံကိုပို့လိုက်တာဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ သေချာစောင့် ကြည့်နေမှာပါ”ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ကိုပိုအင်
က ပြောကြားခဲ့သည်။

ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီးနောက်ပိုင်း လေတပ်စခန်းမှ ဗိုလ်မှူးအဆင့်ရှိသူနှင့် တာဝန်ရှိသူများရောက်ရှိလာကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပါက်သက်၍ အရိုက်နှက်ခံရသူ အမျိုးသမီးဘက်မှ ဆွေမျိုးများက ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။

မြတ်ထွဋ် ( မြိတ် )
မြန်မာ့ခေတ်

မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ချက် ဝေဖန်စရာဖြစ်


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က “မန္တလေးမြို့ပေါ် ရန်ပြုအကျိုးဖျက်ဆီးမှု အခြေအနေ ထိန်သိမ်းဆောင်ရွက်မှုသတင်း” ကို ဇူလိုင် ၃ ရက်နေ့စွဲနဲ့ ဖော်ပြပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ ဒီသတင်းဖော်ပြချက်မှာ အုပ်စုတအုပ်စုနဲ့ တအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားချက်ဟာ ရဲသတင်းမှတ်တမ်းပုံစံဖြစ်ပြီး ညွှန်းဆိုချက်တွေမှာ ဗမာလူမျိုးနဲ့ မွတ်စလင်လူမျိုးဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

တုတ်ဓားလက်နက် ကိုင်ဆောင်တာ၊ ဆိုင်ကယ်တွေအသုံးပြုပြီး  ရိုက်နှက်သတ်ဖြတ်လု ယက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။

ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေကို မဖမ်းမိပေမယ့် ရဲစခန်းဝင်းအနီးကို ခဲနဲ့ ပစ်ပေါက်တဲ့သူ အယောက် ၅၀ ထဲက ၄ ဦးကိုတော့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ညနေပိုင်းမှာ မန္တလေးက မြို့နယ်ခြောက်ခုမှာ ညကိုးနာရီကနေ မနက် ငါးနာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဒီသတင်းဖော်ပြချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်ရဲ့ စတင်တဲ့ စာပိုဒ်မှာ ဗမာတွေကို မွတ်စလင်အမျိုးသားတွေက ၀ိုင်းရိုက်လို့ ဒဏ်ရာရတယ်ဆိုတာနဲ့ အစပြုရေးသားပြီးနောက်ပိုင်းမှာ မွတ်စလင်နဲ့ ဗမာတွေ အပြန်အလှန်ကျူးလွန်တာတွေကို ရေးထားပါတယ်။

မြန်မာပြည်မှာ မွတ်ဆလင်လူမျိုးမရှိပေမယ့် ဒီလိုရေးသားချက်ဟာ မသင့်ကြောင်းနဲ့ ဆင်ခြင်သင့်ကြောင်း မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော့်အယူအဆ ပြောရရင် ရခိုင်ကိစ္စမှာလည်း တကြိမ်ကြုံ ပြီးပြီခင်ဗျ။ နိုင်ငံပိုင်သတင်းစာကနေပြီးတော့လေ။ မွတ်စလင်ကုလားများဆိုတဲ့ အသုံးအနှုန်းပေါ့ဗျာ။ အခုချိန်က သိပ်ပြီးတော့ အထိခိုက်မခံတဲ့အချိန် ဖြစ်တဲ့အခါကျတော့ စကားလုံးအသုံးအနှုန်းကအစ သတိပြုသင့်ပါတယ်။ (hate speech (အမုန်းစကားပြောကြားခြင်း) ကို အားပေးတယ်ပေါ့ဗျာ။ လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာ တခုနဲ့တခု သွေးထိုးလှုံ့ဆော်ရာကျတဲ့ စကားလုံးမျိုး မသုံးနှုန်းသင့်ဘူးဗျ။ နောက်ပြီးတော့ ကျနော်တို့မှာ မွတ်စလင်လူမျိုးဆိုတာလည်း မရှိဘူး။ အစ္စလာမ်ဘာသာ လိုက်နာသူ မွတ်ဆလင်ခေါ်တာပဲ။ အဲဒီလိုအသုံးအနှုန်းမျိုးကတော့ ခုလိုအခြေအနေမှာ မသုံးသင့်ဘူးလို့ ယူဆတာပဲဗျ။”

“ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းကိုယ်တိုင်က ဒီလိုအရေးအခင်းတွေမှာ ပရောဂါတွေ ပါတယ်လို့ ပြောထားတော့ ကိုယ်က အဲဒီပယောဂထဲ ၀င်မပါသင့်ဘူး”  လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

မန္တလေးမြို့မှာ မုဒိမ်းမှုဆိုင်ရာ စွပ်စွဲချက်တခုနဲ့ စတင်တဲ့ ရုန်းရင်းဆန်ခတ်မှုဟာ ဇူလိုင် ၁ ရက်နေ့ ညပိုင်းက စတင်ဖြစ်ပွားပြီး တုတ်ဓားကိုင်ဆောင်သူတွေက ယာဉ်တွေ၊ အိမ်တွေကို ဖျက်ဆီးခဲ့ကြပြီး နောက်ရက်တွေမှာ လူသတ်မှုတွေပါ ဆက်ဖြစ်လာတာဖြစ်ပါတယ်။

DVB Burmese

ဝမ်းနည်းခြင်းကြုံနေပေမယ့် ရှုံးနိမ့်မသွားစေဖို့ သိထားရမယ့် အချက်များ



လူဖြစ်လာပြီဆိုရင် ဝမ်းနည်းစရာတွေဟာ ရှောင်ရှားလို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒီဝမ်းနည်းစရာတွေဟာ ကိုယ့်ဆီရောက်လာဖို့ အလှည့်ကျလာပြီဆိုရင် သင်ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သင်ဝမ်းနည်းရင် ဖြစ်တတ်တဲ့ အလေ့အထတွေ ဖြစ်ပြီး ဒီဝမ်းနည်းခြင်းကနေတဆင့် မရှုံးနိမ့်သွားဖို့ အကြံပေးချက်တွေနဲ့အတူ စုစည်းပေးထားပါတယ်။

၁။ အိပ်ရေးမဝဖြစ်လာတယ်

သင် မအိပ်တော့ဘူးဆိုရင် ခန္ဓာကိုယ်နဲ့စိတ်နှစ်ခုစလုံးလိုအပ်သလို အနားပေးလို့မရတော့ပါဘူး။ အကြိမ်ရေများလာပြီဆိုရင်တော့ ပိုပြီး အအိပ်နည်းလာမှာဖြစ်ပြီး မကောင်းမြင်တတ်တဲ့ အကျင့်ဆိုးတွေ ပိုပြီးစွဲကပ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲအကျင့်ဆိုးကပဲ သင့်ကို အိပ်လို့မရအောင် အနှောက်အယှက်ပေးမှာဖြစ်တယ်။ သာမန်လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ၈နာရီပုံမှန်တော့ ဖြစ်သင့်တယ် မဟုတ်ဘူးလား။

၂။ အခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို အရမ်းစိုးရိမ်လာတယ်

ကိုယ်လုပ်နေတဲ့အရာအပေါ် အခြားလူတွေက သူတို့အယူအဆနဲ့ ကောက်ချက်ချတာကို မှားနေတယ်လို့ သင်ပြောလို့မရပါဘူး။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေလို့ မရသလို ကိုယ့်ဘာသာနေထိုင်လို့လည်း မရပါဘူး။ စွပ်စွဲချက်တွေမခံနိုင်တဲ့ သင့်စိတ်က စိတ်ဆင်းရဲအောင် လုပ်ပေးနေတဲ့တရားခံပါပဲ။ အဲဒါကြောင့် အခြားလူတွေ ဘယ်လိုထင်လဲဆိုတာထက် ကိုယ်က ဘယ်လိုယူဆလဲဆိုတာ ပိုအရေးကြီးတယ်ဆိုတဲ့ ခံယူချက်ကို သင်ယုံကြည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

၃။ ကျန်တဲ့သူများဆီကနေ ကိုယ့်ကိုယ်ကို သီးသန့်ခွဲထုတ်ထားတယ်

ကမ္ဘာကြီးဟာ ကြမ်းတမ်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခြားသူတွေနဲ့အတူတကွ တိုင်ပင်ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် သင့်ကိုသင် သီးခြားခွဲထုတ်ထားတယ်ဆိုရင်တော့ သင့်ခံစားချက်ကို ပိုပြီးဆိုးလာအောင် လုပ်တာနဲ့အတူတူပါပဲ။ လူတွေကြားကနေ သင့်ကိုသင် ခွဲထုတ်လိုက်တာနဲ့ သင်ဟာ အထီးကျန်ဆန်ပြီး ဝမ်းနည်းလာမှာ သေချာပါတယ်။

၎။ သင့်ကို စိတ်ဆိုးအောင်လုပ်တဲ့အရာတွေကို သင်ခွင့်မလွှတ်နိုင်ဘူး

ကိုယ့်ကို ခံစားအောင်လုပ်တဲ့လူတွေကို စိတ်ဆိုးတယ်ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့် တောင်းပန်ပြီးမှ ခွင့်မလွှတ်ပဲ ဆက်ပြီး ခံစားနေမယ်ဆိုရင်တော့ နစ်နာမယ့်သူက ကိုယ်ပါပဲ။ တောင်းပန်တဲ့စကားလုံးတွေကို သင်လက်ခံတတ်အောင် သင်ပြီးတော့ သင့်ကိုနာကြင်အောင် လုပ်ခဲ့တဲ့ကိစ္စတွေကို သင်မေ့ဖျောက်နိုင်မှာ ဖြစ်တယ်။

၅။ကိုယ့်နှုတ်ကနေ ထုတ်ပြောလိုက်တဲ့ စကားလုံးက သူတစ်ပါးကို ထိခိုက်စေတယ်

သင့်စိတ်ထဲမှာ ရှိနေတာကို သင်လွတ်လွတ်လပ်လပ် ထုတ်ပြောဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် အားလုံးကို ပျော်ရွှင်စေနိုင်မယ့် အကျိုးရှိတဲ့စကားလုံးဖြစ်ဖို့ကလည်း အရေးကြီးတယ်မဟုတ်ဘူးလား။ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေအားလုံးကို သင်မမုန်းဘူးဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်တဲ့ စကားအသုံးအနှုန်းတွေကို သင့်တစ်ယောက်တည်း ထွက်ပေါက်အတွက် အသုံးမိဖို့ သတိထားစေချင်ပါတယ်။

၆။ ခက်ခဲတဲ့အချိန်တိုင်းမှာ သင်လက်လျော့လိုက်တယ်

ဒီတစ်ခုဟာ ဝမ်းနည်းနေတဲ့အမျိုးသမီးတွေကို ရှုံးနိမ့်သွားစေတတ်တဲ့ ရန်သူဖြစ်ပါတယ်။ ကိုယ်ဘာမှမလုပ်သေးခင်မှာ လက်လျော့လိုက်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုတိုက်ခိုက်တတ်တဲ့ စရိတ်ဆိုးဖြစ်ပြီး သင် ပိုကောင်းအောင် လုပ်နိုင်တဲ့အင်အားတွေ ရှိနေသေးတယ်ဆိုတာကို သင်လက်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။

Ref:womenslife.today

Trend Myanmar

ကစားသမားများအား sex ကိစ္စခွင့်ပြုသည့်အသင်းများ ကမ္ဘာ့ဖလားတွင် အခြေအနေကောင်းနေ



၂၀၁၄ ကမ္ဘာ့ဖလားမှာ ကစားသမားတွေကို sex ကိစ္စတားမြစ်ခဲ့တဲ့ နိုင်ငံအသင်းတွေ အကုန်လုံးဟာ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီကိစ္စပေါ် သဘောထားမတင်းမာတဲ့ အသင်းတွေကတော့ ရလဒ်ကောင်းတွေရခဲ့ပါတယ်။
ဂျာမနီနဲ့ ဟော်လန်အသင်းတို့ရဲ့ မန်နေဂျာတွေဟာ သူတို့ကစားသမားတွေရဲ့ ဇနီးတွေကို အသင်းရဲ့ ဟော်တယ်မှာ နေခွင့်ပြုခဲ့ပါတယ်။ ဒီနှစ်သင်းစလုံးဟာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။

ပြိုင်ပွဲဝင်နေစဉ်မှာ sexနဲ့ပက်သက်လို့ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ ချမှတ်ထားပေမဲ့ ဒါကို ခွင့်ပြုခဲ့တဲ့ အသင်းတွေကတော့ ကော်စတာရီကာ၊ ပြင်သစ်နဲ့ ဟော်လန်တို့ဖြစ်ပါတယ်။ သူတို့ဟာ ပြိုင်ပွဲမှာ အသင်းကောင်းတွေ အဖြစ် ဆက်လက်ယှဉ်ပြိုင်နေပါတယ်။
သူတို့လို ကွာတားတက်အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘယ်ဂျီယံနဲ့ ကိုလံဘီယာတို့ကတော့ ဒါနဲ့ပက်သက်ပြီး ထုတ်ပြောတာမျိုး မရှိပါဘူး။

ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ပါးပါး နေခွင့်ပြုခဲ့တဲ့ အခြားအသင်းတွေကတော့ ဥရုဂွေး၊ ဆွစ်ဇာလန်၊ နိုက်ဂျီးရီးယားနဲ့ အမေရိကန်တို့ဖြစ်ပြီး သူတို့အားလုံးကတော့ ၁၆ သင်းအဆင့်ထိ ရောက်ခဲ့ပါတယ်။
Sex ကို တားမြစ်ခဲ့တဲ့ အသင်းတွေကတော့ စပိန်၊ ရုရှား၊ ဘော့စနီးယား၊ ချီလီနဲ့ မက္ကဆီကို တို့ဖြစ်ပြီး ဒီအသင်းတွေ အကုန်လုံးဟာ ၁၆ သင်းအဆင့်ကို မကျော်ခဲ့ပါဘူး။

တစ်ချို့မန်နေဂျာတွေဟာ ဒီကိစ္စပေါ်မှာ အခြားလူတွေထက် ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။ ဘရာဇီးနည်းပြ စကိုလာရီဟာ ဒါကို မတားမြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူက စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ သူပြောသွားတာက
“ကမ္ဘာ့ဖလားမှာ ကစားသမားတွေ ပုံမှန် sex လုပ်လို့ရတယ်။ ပုံမှန် sex ဆိုတာက ဟန်ချက်ညီတဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ တခြားပုံစံတွေနဲ့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်။ ထူးထူးဆန်းဆန်းသမားတွေလည်း ရှိသေးတယ်။ ကျွန်တော်တို့က အကန့်အသတ်လေးနဲ့ စောင့်ကြည့်လေ့လာသွားပါမယ်” လို့ ဆိုပါတယ်။

ကော်စတာရီကာနည်းပြ ပင်တို ကလည်း “သေချာပါတယ်၊ သံသယမရှိပါဘူး၊ နောက်တစ်ဆင့်ကို တက်နိုင်သမျှတော့ “သူတို့ကိုယ်သူတို့ ပျော်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Sex ကိစ္စဟာ ကစားသမားတွေကို ဆိုးကျိုးများ သက်ရောက်စေတယ်လို့ ယခင်က ယုံကြည်ထားမှုများ ရှိခဲ့သော်လည်း မကြာသေးခင်က သုတေသနများဟာ ရုပ်ပိုင်းဆိုင်ရာအရ သက်ဆိုင်မှုမရှိဘူးလို့ ထောက်ပြခဲ့ကြပါတယ်။

ကစားသမားများအပေါ် ဒီကိစ္စနဲ့ ပက်သက်လို့ ပျော့်ပြောင်းတဲ့ မူဝါဒများထားရှိခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့တဲ့အသင်းဟာ အင်္ဂလန် ဖြစ်ပါတယ်။ သူကတော့ အထွတ်အထိပ်ကိုမရောက်ဘဲ အုပ်စုအဆင့်ကနေထွက်ခဲ့ရပါတယ်။

Credit:  phothutaw

မန္တလေးဖြစ်ရပ်အပေါ် ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု ဒေါ်စုပြော



စိုးသန်းလင်း

နေပြည်တော်၊ မဇ္ဈိမ။ ။ ပြီးခဲ့သည့်နှစ်ရက်အတွင်း လူသေဆုံးမှုရှိခဲ့ပြီး ဇူလိုင် ၃ရက်ကစ၍ ‘ညမထွက်ရ’ အမိန့် ထုတ်ထားသည့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု မဇ္ဈိမကို ဇူလိုင်လ ၄ရက် နံနက်တွင် ပြောခဲ့သည်။

“အဲဒီဖြစ်ရပ်အပေါ် အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာချက်ထုတ်တယ်၊ ထုတ်ထုတ်ချင်းမှာ အတု ထွက်လာတယ်၊ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေသလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီး စဉ်းစားရမယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်ဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်နေတာကတော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး NLD က ထုတ်ပြန်သည့် ကြေညာချက်တွင် ‘လူမျိုးစုများ တွေ့ဆုံဖြေရှင်းကြစေလိုကြောင်းနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း’ ဖော်ပြပါရှိသော်လည်း ကြေညာချက် အတုတွင်မူ ‘ ယခုဖြစ်ရပ်၌ တာဝန်ပေါ့လျော့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတို့အား ပြင်းထန်စွာအရေး ယူသင့်ကြောင်း အပြင် မွတ်ဆလင် ဘာသာဝင်တို့အား ကာကွယ်ပေးသင့်သည် ဟူသည့် အဓိပ္ပါယ်မျိုး ဖော်ပြပါရှိသည်ဆို၏။

NLD က ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်ပြီး “အစတုန်းက သူများတွေပြောရင် အဖွဲ့ချုပ်က ဝင်မပါဘူး၊ တတ်နိုင်သမျှ ဒါတွေမဖြစ်အောင်လို့ အားလုံးအဆင်ပြေဖို့အတွက် ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင် ကြေညာချက်ထုတ်တာပါ” ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့အပြင် ယခုကဲ့သို့ ညမထွက်ရ ကာဖျူးထုတ်ခြင်းသည် အမှန်တကယ် လိုအပ်မှသာ ထုတ်သင့်ကြောင်း၊ အမှန်တကယ်လိုအပ်မှု ရှိ မရှိ သေချာဖို့လိုအပ်ကြောင်းနှင့် နောက်ထပ် ပဋိပက္ခမဖြစ်စေရန် ကာကွယ် ခြင်းမျိုး ဖြစ်စေလိုကြောင်း၊ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ မတူခြားနားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက်၊ ၂ရက်နှင့် ၃ရက်နေ့များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဒဏ်ရာရရှိခဲ့ပြီးနောက် မန္တလေးမြို့အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဇူလိုင်လ ၃ရက်မှ စ၍ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်အမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

Mizzima Burmese

ပဋိပက္ခကြောင့် သေဆုံးခဲ့သည့် ကိုထွန်းထွန်းနာရေးကို မန္တလေးမြို့ခံ ထောင်နှင့်ချီ၍ ပို့ဆောင်နေ




မန္တလေးမြို့တွင် ပဋိပက္ခဖြစ်ရပ်အတွင်း ကွယ်လွန်သွားခဲ့သည့် အသက်(၃၆) နှစ်အရွယ် ကိုထွန်းထွန်း၏ ဈာပနကို လိုက်ပါပို့ဆောင်သူပေါင်း ထောင်နှင့်ချီရှိနေပြီး လူတန်းကြီးမှာ ယခုအချိန်ထိ လမ်းပေါ်တွင်သာ ရှိနေဆဲဖြစ်ကြောင်း အဆိုပါနာရေးတွင် လိုက်ပါနေသည့် 7Day News မှ သတင်းထောက်က ပေးပို့သည်။

နာရေးသို့ လိုက်ပါပို့ဆောင်သည့် ကားပေါင်း ရာဂဏန်းကျော်ရှိပြီး လူအုပ်ကြီးမှာလည်း လမ်းတစ်လျှောက်ပြည့်နှက်နေကာ ကားခေါင်မိုးများပေါ်တွင်လည်း လူအပြည့်ဖြစ်ကြောင်း သိရသည်။ နာရေးပို့ဆောင်သူတချို့က ကမ္ဘာမကြေသီချင်းကို ပြိုင်တူသီဆိုမှုများလည်းရှိပြီး ရဲတပ်ဖွဲ့ကလည်း လမ်းတစ်လျှောက် လုံခြုံရေးယူပေးထားသည်ဟု ဆိုသည်။



“”လူတွေက မနက် ၁၁ နာရီခွဲလောက်ကတည်းက ရောက်နေကြတာ။ လမ်းတစ်လျှောက်လုံး အပြည့်အလျှံပဲ။ ရန်ကင်းတောင်ခြေကနေ ၁၉ လမ်းအတိုင်းသွားပြီး ကြာနီကန်ဖက်ကို မချိုးဘဲ မြို့ထဲဖက်ကို ချိုးဝင်တယ်။ ခါတိုင်းကတော့ နီးရာလမ်းကသွားတာပေါ့။ အခုက ကျုံးကို တစ်ပတ် ပတ်ကြတယ်။ ခုထိ အေးရိပ်ငြိမ်သုဿန်ကို မရောက်သေးဘူး။ လမ်းမှာပဲရှိပါသေးတယ်”"ဟု မန္တလေးသတင်းထောက်က ၂ နာရီ ၅၅ မိနစ် အချိန်က သတင်းပေးပို့သည်။

7day


ဘင်္ဂလီ လူကုန်ကူးဂိုဏ်းခေါင်းဆောင်မှာ ရဲမှူးကြီးသမီးဖြစ်၍ အာမခံဖြင့် ပြန်လည်လွှတ်ထား



ဇူလိုင် ၄ ရက်အမ်းတွင်ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီလူကုန်
ကူးဂိုဏ်းခေါင်းဆောင်မှာရဲမှူးကြီးသမီးဖြစ်၍အာမခံဖြင့် နေရပ် နေပြည်တော်ထိ
ပြန်လည်လွှတ်ပေးထားကြောင်းသိရသည်။

ဇွန်လ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့များက ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီ၁၉ ဦးအား တရားမ၀င်သယ်ဆောင်လာသည့် လူကုန်ကူးကူးဂိုဏ်း တစ်ခုအား အမ်းဂိတ်တွင် ဖမ်းဆီးမိခဲ့သည်ဟုသိရသည်။ ၄င်း ဘင်္ဂလီများအား သယ်လာသည့် ဂိုဏ်းမှ ခေါင်းဆောင်များမှာ ရဲမှူးကြီး အငြိမ်းစားသားသမီးများဖြစ်နေကြောင်းလည်းသိရသည်။

ယင်းအထဲမှ ခေါင်းဆောင် ၃ ဦးအား အမ်းဂိတ်မှဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲမှူးကြီးအုန်းမြင့်ဆိုသူ၏သမီးမခိုင်ဆိုသူကို နေပြည်တော်သို့ ပြန်ခွင့်ပြုလိုက်ကြောင်းသိရသည်။
ယင်းသို့လူမှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ဦးအား ရဲအချင်းချင်းဖြစ်၍ တရားဥပဒေကို လက်လွတ်စပယ်ပြုကာ ထိရောက်စွာအရေးမယူခြင်းကို ဒေသခံများ မေးခွန်းထုတ်လျက်ရှိပြီး အမ်းမြို့နယ် ရဲမှူး မှ ယင်းသို့တရားခံအား ပြန်လွှတ်လိုက်ခြင်းမှာ ၄င်းနှင့်မကင်းရာမကင်းခြင်းကြောင်းများလား၊

ငွေကြေးရယူကာထိထိရောက်ရောက်အရေးမယူခြင်းလားဆိုသည်ကို စောင့်ကြည့်နေကြကြောင်း
ဒေသခံများကပြောကြားခဲ့သည်။

ရဲမှူးကြီး အုန်းမြင့်၏သမီး မခိုင်မှာ ၂၀၁၃ ခုနှစ် ၈ လပိုင်း ခန့်က ၄င်း ၏ယောက်ျား ဘိုဘိုသိန်းနှင့်အတူ ဘင်္ဂလီများသယ်ဆောင်လာစဉ် ကြက်ရေစမ်း ဂိတ်အနီးတွင် ဖမ်းဆီးခံခဲ့ရပြီး အမ်းမြို့နယ်ရဲတပ်ဖွဲ့ မှူးမှ ရဲမှူးကြီး တစ်ဦး၏ သမီးဖြစ်နေ၍ အရေးမယူဘဲ ပြန်လွှတ်ခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လ၀က မှ အရေးယူခဲ့ရကြောင်းလည်းစုံစမ်းသိရှိရသည်။

ယင်းအတွက် ဘင်္ဂလီသယ်ယူရာတွင် အဓိကတရားခံဖြစ်သူ မခိုင် အား ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ် အရေးယူပေးရန်နှင့် ၄င်းအမှုနှင့်ပတ်သက်သော ဂိုဏ်းသားများအားလည်းဖော်ထုတ်အရေးယူပေးရန် ၊မခိုင်စီးလာသော ကားကိုလည်း မသိမ်းဆည်းဘဲ မခိုင်ကိုပါ နေရပ်သို့ပြန်လွှတ်လိုက်ခြင်းမှာ မေးခွန်းထုတ်စရာများဖြစ်နေကြောင်း ဒေသခံများကပြောသည်။

“ဥပဒေ က ဆင်းရဲသားတွေကိုသာ ထိရောက်ပြီး အာဏာရှိသူ ၊ငွေရှိသူ ၊ အုပ်ချုပ်သူများနှင့် မကင်းရာမကင်း သူတွေကိုအကာအကွယ်ပြုထားသလိုဖြစ်နေတယ်။”ဟု အမ်းမြို့ခံတစ်ဦးကပြောသည်။

Credit : Arakan News Online

ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနှင့်မေးမြန်းချက်


ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေနဲ့   မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ သရက်ထောင်ကနေ ဒီနေ့ မွန်းတည့် ပြန်လည်လွတ်မြောက်ပါတယ်။


ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်း တခုက ပေးအပ်တဲ့ ပညာသင်ဆုရွေး ချယ်ပုံနဲ့ ပတ်သက်လို့ မကွေးတိုင်းပညာရေး မှူးရုံးမှာ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဇော်ဖေနဲ့ သူ့ကို ကူညီပေးတဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ သရက်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ချမှတ်ထားရကနေ မနေ့က ၃ လ ပြင်ဆင်သတ်မှတ်လိုက်ပြီးနောက် ဒီနေ့ ပြန်လွတ်လာတာပါ။

ပြန်လွတ်လာတဲ့ ကိုဇော်ဖေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese b

အမုန်းတရား ဖြန့်ဖြူးသူမဟုတ် အမှန်တရားသာ ဟောပြောဟု ဦးဝီရသူမိန့်ကြား


မင်းမင်း| သောကြာနေ့၊ ဇူလိုင် ၄ ရက်၊ ၂၀၁၄ ခုနှစ်

မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မလုပ်ရန် တိုက်တွန်းထားသည့် သမ္မတ၏ မိန့်ခွန်းကို ကမ္ဘာကျော် TIME မဂ္ဂဇင်းတွင် “ဗုဒ္ဓဘာသာ အကြမ်းဖက်သမား”ဟု သုံးနှုန်းဖော်ပြခံရသည့် ဆရာတော်ဦးဝီရသူက ပြောသင့်သည့်စကားဟု မှတ်ချက်ပြုလိုက်သည်။ ထို့ပြင် မိမိ၏ ဟောပြောမှုများသည် အမှန်တရားသာဖြစ်ပြီး အမုန်းတရားဖြန့်ဖြူးသည်ဟု ဆို၍မရဟု ဇူလိုင် ၃ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချ ပြစ်တင်ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်”ဟု ဇူလိုင် ၃ ရက် ရေဒီယိုမှတစ်ဆင့် သမ္မတဦးသိန်းစိန်က မိန့်ခွန်းခြွေခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ မိန့်ခွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြို့တော် မန္တလေး၌ အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ပြောဆိုခြင်းလည်း ဖြစ်သည်။ မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကမူ အဆိုပါဖြစ်စဉ်များသည် အများရှုမြင်သကဲ့သို့ လူမျိုးရေးအကြမ်းဖက်မှု၊ ဘာသာရေးပဋိပက္ခများမဟုတ်ဘဲ ဘာသာခြားတို့၏ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသော စီမံကိန်းများကြောင့်သာ ဖြစ်သည်ဟု မဇ္ဈိမကို မိန့်သည်။

“အားလုံးပြေလည်သွားစေချင်တယ်ဆိုရင်တော့ မွတ်ဆလင်တွေရဲ့ စီမံကိန်းကြီးကို ရပ်တန်းက ရပ်မှရမယ်” ဟု ၎င်းက မိန့်သည်။ သို့သော်မည်သို့သော စီမံကိန်းမျိုးဖြစ်သည်ကိုမူ ဦးဝီရသူက တိတိကျကျ မိန့်ဆိုခြင်း မရှိဘဲ ဘာသာခြားများ ကိုယ်တိုင် ၎င်းတို့၏ စီမံကိန်းကို မစွန့်လွှတ်ပါက အစိုးရသည်ပင်လျှင် ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနုကမူ ပဋိပက္ခများသည် အားပေးအားမြှောက်လုပ်သူများရှိနေ၍ ဖြစ်ပွားနေသည်ဟု သုံးသပ်သည်။ “အာဏာရပုဂ်္ဂိုလ်များကနေပြီးတော့ သွေးထိုးမြှောက် ပင့်နေတဲ့ဟာတွေပေါ့လေ။ အုပ်စု နှစ်ဖက်စလုံးမှာရှိနေတယ်လို့ ကျွန်မထင်တယ်”ဟု သုံးသပ်သည်။

သမ္မတနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့က လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ထင်ရှားစွာ ဖြစ်ပွားခဲ့သည့် ရခိုင်၊ မိတ္တီလာ၊ လားရှိုးပဋိပက္ခကာလများအပြီးတွင် နောက်ကွယ်၌ ကြိုးကိုင်နေသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူမည်ဟု မိန့်ခွန်းများ၊ မီဒီယာများမှ တစ်ဆင့်ပြောဆိုခဲ့ကြသည်။ သို့သော် ဖြစ်စဉ်အတွင်း ပြစ်မှုကျူးလွန်သူများကိုသာ ဖမ်းဆီးနိုင်ခဲ့သည်။

မန္တလေးတွင် ပဋိပက္ခဖြေရှင်းခဲ့သူ ဂဠုန်နီဆရာတော် ဦးကာဝိယက“အလှကြည့်နေတယ်”ဟု တာဝန်ရှိသူတို့အပေါ် သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ “အခြေအနေ တစ်ခုကို နောက်အခြေအနေတစ်ခုနဲ့ တိုက်ချချင်ရင် ဒီလိုပယောဂတွေနဲ့ ကျင့်သုံးနေကျပါပဲ”ဟု မှတ်ချက်ပြုသည်။

လက်ရှိတွင် သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၂ ခုနှစ် က စတင်ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများကို အစိုးရသက်တမ်းတစ်နှစ်ကျော်သာ ကျန်တော့ချိန်တွင် အဆုံးသတ်သည်အထိ ကိုင်တွယ်နိုင်သည်ကို မတွေ့ရသေးပေ။

Mizzima Burmese

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို

မေမြတ်နိုးနှင့်၎င်း၏မိခင်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)


ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလောမည့်သည်မှတ်ချက် မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှ သာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး   က စွပ်စွဲထားတာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါ တယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာသွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာ ရှင်း လင်းပွဲက နောက်မှ လုပ်ပါမယ်’’ ဟု မေမြတ်နိုးကပြောသည်။

ဘန်ကောက်တွင် ကြော်ငြာ ရိုက်ကူးရန် ဇူလိုင် ၆ ရက်၌ သွားရောက်မည်ဖြစ်ပြီး အခြား သော အလုပ်ကိစ္စအချို့ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း မေမြတ်နိုးကပြောသည်။

Miss Asia Pacific World Organization မှ မေမြတ်နိုးအား သရဖူသိမ်းရန် အကြောင်းကြား ထားသော်လည်း မလှနုထွန်းတို့ ဘက်မှ ပြန်လည်တောင်းပန်ထား ၍ လတ်တလောတွင် သရဖူကို ရုပ်သိမ်းမည်မဟုတ်သေးကြောင်း Natinnal Director မလှနုထွန်းက ပြောသည်။

‘‘ဂျာနယ်လစ်တွေဆီကပဲ ကွန်ပလိမ်းတွေတက်တယ်။ သူ တို့ချိတ်ပေးထားတဲ့ ကုမ္ပဏီတွေ ကလည်း အကုန်ကွန်ပလိမ်းတက် တယ်ရှင့်။ မဂ္ဂဇင်းကာဗာရိုက်တဲ့ အချိန်မှာ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမရရင်မလုပ်ပေးနိုင်ဘူးလို့ လုပ်တာပေါ့နော်။ ဒီလိုဆိုတော့  လှနုဆိုလည်း ရှက်တယ်ရှင့်၊ ရှက် တော့ ဟိုလိုက်တောင်းပန်၊ ဒီ လိုက်တောင်းပန်နဲ့ဖြစ်နေတယ်’’ ဟု မလှနုထွန်းကပြောသည်။

မေမြတ်နိုး၏ အနုပညာအ လုပ်များနှင့် ပတ်သက်၍ လုပ်ပိုင် ခွင့်များကို မလှနုထွန်းတို့က မစီမံ တော့ဘဲ မေမြတ်နိုး၏  မိခင်  တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မေမြတ်နိုးသည် Organizationမှ တာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်ကိစ္စများတွင် အချိန်မလေးစားခြင်းများ ရှိခဲ့သည်ဟု မလှနုထွန်းက ဆို သည်။

ယင်းအချက်များကြောင့် တောင်ကိုရီးယားရှိ Miss Asia World Organization က သရဖူ သိမ်းရန် ပြောဆိုလာခြင်းဖြစ် သည်။

မေမြတ်နိုး၏ အနုပညာ ကြေးထဲမှ  ၃၀ ရာခိုင်နှုန်းကို မလှနုထံပေးရန် နှုတ်ကတိပေး ထားသော်လည်း လက်ရှိတွင် ကျပ်သုံးသိန်းခွဲသာ သူမဆီက ရယူဖူး ကြောင်း၊ ကျေးဇူးသိတတ်လာရင် ပေးလိမ့်မည်ဟု မှတ်ယူထား ကြောင်း မလှနုထွန်းက ပြော သည်။

‘‘အခုဟာက လူတွေ ထင် နေတာ လှနု ၃၀ ရာခိုင်နှုန်းမရလို့ ကလေးကိုပြောနေတယ်လို့ထင် နေတာ။ အဲဒီလိုမဟုတ်ဘူး။ အစ်မသရဖူကို Save လုပ်ပေးနေတာ ပါ’’ဟု လှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မကြာသေး မီက မြန်မာနိုင်ငံအတွက် နိုင်ငံတ ကာအလှမယ်ပထမဆုံးသရဖူကို ပူပူနွေးနွေးရရှိထားပြီး မကြာမီတွင် ထိုကဲ့သို့ကိစ္စများဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

7day daily