ဒေါ်အောင်ဆန်းစုကြည် ဟားခါးမှာ တည်းခိုခန်းမရခဲ့သည့် ပြသနာအပေါ် သူတို့အမြင်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့ကို ရောက်ရှိချိန်မှာတော့ တည်းစရာ တည်းခိုခန်းမရလို့ ဖြစ်သလို အိပ်ခဲ့ရတယ်လို့ သိရပါတယ်။
တည်းစရာအခက်အခဲဖြစ်လို့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုနေထိုင်ဖို့ စီစဉ်ပေးခဲ့သော်လည်း ၆ ယောက်စာလောက်ပဲ နေစရာရှိတဲ့ အတွက် မတည်းတော့ဘဲ မြို့ထဲက ချယ်ရီတည်းခိုခန်းမှာ တည်းခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ NLD ကတာဝန်ရှိသူတွေ ပြောတာကတော့

 "ဟိုတယ်က ကြိုတင်ဘွတ်ကင် လုပ်ထားတာ ၊ ဟားခါး ရောက်မှ အခန်းမလုံလောက်ဘူး ဆိုပြီး ဖြစ် သွားတာ" လို့ ဆိုပါတယ်။

တစ်ချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်းတစ်ယောက်အတွက် အခန်းမရဆိုတာ မဖြစ်
နိုင်ကြောင်း၊ တကယ်လို့ ဖြစ်ခဲ့ရင်တောင် နိုင်ငံခြားခရီးစဉ်တွေ အများကြီးသွားခဲ့ဖူးတာ ဘာမှမဖြစ်ဘဲ ကိုယ့်ပြည်တွင်းခရီးစဉ်မှ ဒီလိုဖြစ်တယ်ဆိုရင် NLD အတွက် ခရီးစဉ် စီစဉ်တဲ့သူတွေရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လို အများကလေးစားရတဲ့ လူတစ်ယောက်အတွက် တည်းစရာနေစရာ
မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့အတွက်နေစရာရှိနိုင်ပေမဲ့ သူ့နောက်က ပါလာတဲ့ NLD ကလူတွေက
မနည်းဘူးလေ။ ဒီလောက်အများကြီးအတွက် တည်းစရာနေရာမရတာနေမှာပါ။ နောက်ပြီး နိုင်ငံခြား
ခရီးစဉ်တွေမှာ တောင် ဘာမှမဖြစ်ဘဲ ဒီလို ကိုယ့်နိုင်ငံတွင်း ခရီးစဉ်ကျမှ ဖြစ်တယ်ဆိုတာ ဘယ်သူညံ့လို့လဲ။
အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို စီစဉ်တဲ့ NLD က လူတွေ ညံ့တာပါ" ဟု ဟားခါးမြို့
ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံ တစ်ဦးကဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည် တည်းခိုခန်းမရဆိုတာ အစိုးရနဲ့ မဆိုင်ပါဘူး။  ဒီခရီးစဉ်က ပါတီတစ်ခုရဲ့ ခေါင်းဆောင် ခရီးစဉ်ပါ။ အဓိက သွားဖို့ လာဖို့ နေဖို့ ထိုင်ဖို့ စီစဉ်ပေးရမှာက
NLD က တာဝန်ရှိသူတွေပါပဲ။ ဟားခါးမှာလဲ NLD ပါတီဝင်တွေရှိတယ်။ သူတို့က ကြိုလုပ်ပေးရမှာပါ။
တည်းစရာမရှိအောင် အစိုးရ ကလုပ်တယ်လို့ ပြောနေကြတာ အခြေအမြစ်မရှိတဲ့ စကားပါ။
ပြည်ထောင်စုရိပ်သာမှာ တည်းလို့ ရတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခန်းနည်းလို့ မတည်းတာပါ။ ဒါကို အစိုးရကြောင့်လို့ မဆိုင်တာအပြစ်တင်နေတဲ့ သူတွေက NLD ပါတီရဲ့ အုပ်ချုပ်ရေးအပိုင်း ညံ့တာကို ဖုံးချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် NLD ရဲ့ နိုင်ငံရေး လှည့်ကွက်လည်း
ဖြစ်နိုင်တာပဲ" လို့  ဟားခါးမှ လုပ်ငန်းရှင် တစ်ဦးက သူ့အမြင်ကိုပြောသည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့မှ ကလေးမြို့သို့ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပြီး ဖလမ်းတွင် နေ့လည်စာ
စားဖို့ ခေတ္တရပ်နားမည်ဖြစ်သည်။ ထို့နောက် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် ကလေး၌ အခြေခံဥပဒေ
ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်မည်ဖြစ်ပြီး ထိုမှတဆင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်
ကြောင်း သိရသည်။

မေဇွန်(ဖလမ်း)
New Myanmar Pyi

မူလတန်းကျောင်းများတွင် အိုင်တီပညာကို သင်ရိုးညွှန်းတမ်းအဖြစ် ထည့်သွင်းသင်ကြားရန် ပညာရှင်များက အကြံပြုထား

အခြေခံပညာ မူလတန်း ပညာရေးစနစ်တွင် အိုင်စီတီနည်းပညာကို သင်ရိုးညွှန်းတမ်းများအဖြစ် ထည့်သွင်းသင်ကြားရန် အိုင်တီပညာရှင်တချို့က အကြံပြု ပြောကြားကြသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက “နည်းပညာကို အထောက်အကူပြုထားတဲ့ သင်ရိုးညွှန်းတမ်းကြီး တစ်ခုလုံး မဟုတ်တောင် မာတီလ်မီဒီယာ ပုံစုံမျိုးနဲ့ အသံထွက် ပုံပြင်တွေ၊ အရုပ်နဲ့ အသံထွက်ပါတဲ့ စကားပြောတွေနဲ့ နည်းပညာအခြေခံ သဘောတရားကို သိအောင် လုပ်ပေးရမယ်။ သမားရိုးကျပုံစံမျိုး မဟုတ်ဘဲ နည်းပညာ အကူအညီကို ယူထားတဲ့ ပရိုဂျက်တာတို့၊ ဘာတို့နဲ့သင်ကြားမှု ပုံစံပြောင်းပစ်ရမယ်။ မူလတန်းအဆင့်မှာ သူနဲ့လိုက်တဲ့ သင်ကြားမှုပုံစံမျိုး၊ ပြီးရင် အလယ်တန်းနဲ့ အထက်တန်း အဆင့်ဆင့်သိသွားအောင် သင်ယူနိုင်ဖို့ လိုတယ်။ ကလေးက သင်ရင်းနဲ့ပဲ နည်းပညာ သဘောတရားကို သိသွားပြီး အဆိုးနဲ့အကောင်းကို နားလည်သွားမယ်။ ထိန်းတတ်သွားမယ်” ဟု ဆိုသည်။ ယင်းကဲ့သို့ သင်ကြားနိုင်ရန် နိုင်ငံတကာနှင့် ညီမျှသည့် နည်းပညာ ဆော့ဖ်ဝဲလ်များရှိနေပြီး အခြေခံပညာ သင်ရိုးအဖြစ် သင်ကြားနိုင်မည်ဆိုပါက နည်းပညာ စွမ်းရည်များတိုးမြှင့်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ Myanmar ICT for Development Organizations (MIDO) မှ အမှုဆောင် ဒါရိုက်တာ ဦးနေဘုန်းလတ်က “ကျွန်တော်တို့ဆီမှာ အိုင်တီနဲ့ပတ်သက်တဲ့ သင်ရိုးမရှိဘူး။ သိသလောက်က ဆယ်တန်းလောက်မှပဲ ကွန်ပျူတာဆိုတာ ဘာလဲ၊ ဟာ့ဒစ်က ဘာလဲ ဆိုတာလောက်ပဲ သင်ကြားရတယ်။ အခြေခံ မူလတန်း အဆင့်လောက်ကတည်းက အိုင်တီနဲ့ ပတ်သက်ပြီး သင်ရိုးထဲမှာ နည်းနည်းစီ ထိတွေ့ပြီး သင်ကြားပေးနေမယ်ဆိုရင် ကလေးတွေ အနေနဲ့ အိုင်တီနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အစောကြီးထဲက ရှိနေမယ်” ဟု ပြောသည်။ ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးမှာ မူဝါဒတွေချမှတ်ပြီး လိုအပ်တာတွေ၊ ဖြည့်ဆည်းရမယ့် သင်ရိုးတွေကို ထပ်ဖြည့်ပြီး သင်ကြားပေးဖို့တွေ ရှိပါတယ်။ နည်းပညာပိုင်းကိုလည်း သင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။ ယနေ့ အခြေခံပညာ သင်ရိုးတွင် အင်္ဂလိပ်ဘာသာစကားအပြင် တိုင်းရင်းသား ဘာသာစကားနှင့် အထွေဗဟုသုတ၊ နှစ်ဆယ့်တစ်ရာစုအတွက် လိုအပ်သော ကျွမ်းကျင်မှုများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ ထည့်သွင်း သင်ကြားပေးရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge

ယနေ့ခေါင်းဆောင် နှင့် နောက်လိုက်များ ဘယ်လဲ ဘာလဲ?

ယနေ့သျှမ်းမျိုးနွယ်စု ခေါင်းဆောင်အချို့များသည် မိမိသျှမ်းနွယ်စု အကျိုးစီပွား ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် အသင်းအဖွဲ့ များကို လက်ရှိအခြေအနေလိုအပ်ချက်အရ ဖွဲ့စည်းကာ အားကျိုးမာန်တက် တာဝန်ထမ်းဆောင်လာနေကြ တာကို တွေ့မြင်နေ ရပါသည်။ အနာဂတ် အတွက် မြူတိမ်ကင်းစင်တဲ့ ငွေသော်တာလမင်းကြီးပေါ်ထွက်လာမည့်အလား လေးလေး နက်နက်ဖြင့် သျှမ်းနီသွေးရဲ့ ရင်ထဲက တောင်းတမိပါသည်။ ကံဆိုးမိုးမှောင်ကျနေသော မိမိတို့သျှမ်းမျိုးနွယ် စုများ၏ အဖိနှိပ်ခံ အညှင်းဆဲခံ အဖက်ဖက်က အောက်ကျနောက်ကျ ဖြစ်နေတာကို လည်း ခေါင်းဆောင် များက ကိုယ်ကျိုးစွန့် အနစ်နာခံ ကာ မှန်ကန်သော ဦးဆောင်မှုဖြင့် ထမ်းဆောင် သွားမည်ဟုလည်း အထူးယုံကြည်ပါသည်။

သို့သော်လည်း ခေါင်းဆောင်များအနေ ဖြင့် အများအကျိုးကို လုပ်ကိုင်နေရင်းက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများ ၊ရုပ်လက္ခဏာအမြင်မှာ ရွင်လန်းတက်ကြွနေသော်လည်း ပြောင်းလည်းနေသော ခေတ်စနစ် တွင် လိုက်လျှော ညီထွေစွာ မိမိ၏ အတွေးခေါ် အမြော်အမြင် အယူအဆများကို အသေ ဆုတ်ကိုင်မထားဘဲပြုပြင်ပြောင်း လည်းရန်၊ သျှမ်းမျိုးနွယ်စုများအတွက် မိမိရဲ့ မှားယွင်းသော သစ္စာတရား ကို ဆုတ်ကိုင်ထားပြီး အများအမြင်မှာ သူရဲကောင်းကြီးဘ၀အဖြင့် မခံယူရန် အလွန်အရေးကြီးပါသည်။

အရေးကြီးများစွာထဲက ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို သမ္မတ(ဗဟို)က ရွှေးချယ်ခန့်အပ်သည့်ပုံစံအမျိုးအစား မဟုတ်ဘဲ သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးများမှ တိုက်ရိုက်ရွှေးကောက်တင်မြောက်သည့် စနစ်ဖြစ်အောင် ကြိုးစား  ရပါမည်။ တကယ့် ကိုယ်ပိုင်ပြဌာန်ခွင့် အုပ်ချုပ်ခွင့် (real self-determination/autonomy) ရအောင်လည်းပြုလုပ်တောင်း ဆိုပေးရမည်။

ဝါရင့်နိုင်ငံရေးသိပ္ပံပညာရှင်(Larry Diamond)ပြောသလို ‘’ လူမျိုးစုံ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံမျိုးတွင် အမျိုးသားနိုင်ငံ (Nation-Satate) ကိုငြိမ်းချမ်းစွာရရှိဖို့ မဖြစ်နိုင်’’ ဟုမှတ်ချက်ပေးဘူးပါသည်။ ဆိုလိုသည်က အမျိုးသားနိုင်ငံ ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်ခု ယဉ်ကျေးမှုတစ်ခုဘာသာစကားတစ်ခု ဖြစ်နိုင်လျှင် ကိုးကွယ်သည့် ဘာသာတစ်ခု ပုံစံမျိုးဖြစ်ပါသည်။

ထို့ကြောင့်တိုင်းရင်းသားခေါဆောင်များထဲမှ မိမိတို့ သျှမ်းမျိနွယ်စု ခေါင်ဆောင်းများအနေဖြင့်လည်း မိမိစိတ်ဆန္ဒ၏ ဖြစ်ချင်မှုကို ဦးစားပေပြီး အများပြည်သူများ၏ စိတ်ဆန္ဒများကို လစ်လျူရှု့ကာ တစ်ယူတန် အစွဲဖြင့် မိမိစာ မှ မိမိစာ ၊ မိမိစကား မှ မိမိစကား မလုပ်မိစေရန် အလွန်အရေးကြီးပါသည်။

ဆိုလိုသည်မှာ စာကွဲတိုင်း စိတ်ဝှမ်းကွဲသည်မဟုတ် စကားကွဲတိုင်း စိတ်ဝှမ်းကွဲသည်မဟုတ် ဒေသကွဲတိုင်း စိတ်ဝှမ်း ကွဲသည် မဟုတ်ပါ။ သွေးနီးဖို့ စိတ်နှလုံးသား ချိပ်ဆက်ထားဖို့တာ အရေးကြီးပါသည်။ လက်ရှိအချိန် နဲ့ အခြေအနေ အရ ပြောချင်းဖြစ်ပါသည်။ နောင် မိမိတို့လိုချင်သော အတိုင်းအတာ တစ်ခုထိ ရောက်ရှိ ရရှိလာမည်ဆို လျင်တော့ သျှမ်းအားလုံး မျှော်လင့် တောင်းတနေ သော ‘’ One Tai’’ ‘’သျှမ်းဆိုတာ တစ်မျိုးထဲ ဖြစ်ရမည်။ စာပေ စကား တစ်မျိုးထဲဖြစ်ရမည်။ ဒါတွေကို အခြားညီအကိုတော် သွေးရင်းသျှမ်း ညီးအကို မောင်နှမ များအနေဖြင့် နားလည် ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

By : သျှမ်းနီသွေး(သျှမ်းနီလူငယ်ကွန်ယက်)


ကလေးတွေ ကျန်းမာရေးကောင်းမှ တိုင်းပြည် အနာဂတ်ကောင်းပါမည်


စာဖတ်သူတို့အနေဖြင့် အချိန်အားရလျှင်တီဗီ ဖန်သားပြင်ပေါ်ကရုပ်/သံ ဇာတ်လမ်းတွေ ကြည့်ဖြစ်ကြမည် ထင်ပါသည်။ထိုရုပ်/သံ ဇာတ်လမ်းတွေထဲမှာ မကြာ ခဏ ကြားဖြတ်ဝင်ရောက်လာ တတ်သောကြော်ငြာများကို လည်း (ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) ကြည့် ရှုဖြစ်ကြမည်ထင်ပါသည်။ ထို ကြော်ငြာအများစုထဲမှာမှ ယနေ့ ခေတ်အခြေအနေအရ ဗြူးတီးခရင်တို့၊ ဆပ်ပြာတို့၊ ချွေးနံ့ပျောက်ဆေးတို့ ပြည်ပ မှထုတ်လုပ်သည့် ဆေးပစ္စည်း အမယ်သစ်များတို့၊ကလေး တို့အတွက် စနက်ခေါ်သရေ စာမုန့်တွေ၊ ချောကလက်တွေ၊ ဝေဖာတွေ ကြော်ငြာအား ကောင်းကောင်းနှင့်ဖန်သား ပြင် ပေါ်မှာနေရာ
ယူနေတာတွေ လည်းတွေ့မြင်ကြားသိကြည့် ရှုဖြစ်ကြသည် ထင်ပါသည်။

ထိုကြော်ငြာများကို ထိုင်၍ ကြည့်ရှုဖြစ်သူအများ စုကလည်း အမျိုးသမီးများနှင့် ကလေးများသာဖြစ်၍ သူတို့ လိုချင်သော ရည်မှန်းချက်ကို ရောက်သည်။အောင်မြင် သည်ဟု ပြောရပါမည်။ ကဲ.. ဒီကြော်ငြာတွေထဲက ကုန်ပစ္စည်းတွေကို ဘယ်သူ တွေ ဝယ်သုံးနိုင်ကြပါသလဲ။ ဘယ်ကလေးတွေ ဝတ်စားနေ ကြပြီလဲ။ဘယ်လောက် ရောင်း ရသလဲဆိုတာကတော့ စာ ဖတ်သူတို့မသိနိုင်။ နောက်ပြီး ဒီပစ္စည်းတွေ၊ ဆေး တွေ၊ မုန့် တွေကလည်း သက်ဆိုင်ရာ ဌာနများက စစ်ဆေးမှုကို ဖြတ်သန်းပြီးမှ ကြော်ငြာခွင့်ရ သည့် ပစ္စည်းတွေ ဖြစ်သည်မို့ အရည်အသွေးကိုဖြင့်အာမ ခံ နိုင်ကောင်းသည် ဟု ယူဆရ သည်။ သည်လို ကြော်ငြာ တွေ မှာမပါဘဲ တစ်ဖက်နိုင်ငံက၊ တစ်ဖက် ဒေ သတွေ ကဝင်လာတဲ့မုန့် တွေကထုပ်ပိုးမှုပုံစံသစ်၊ လှလှပပ၊အရောင်တွေနဲ့ ဖမ်း စားပြီးဝင်ရောက်လာနေ သည် မို့ကလေးတွေရဲ့စာသင် ကျောင်းတွေမှာ၊ မုန့်ဆိုင်တွေ မှာအခန့် သားနေရာ ယူနေ ကြပါပြီ။ဒီလိုမုန့်တွေရဲ့ အန္တရာယ်ကစာဖတ်သူ သတိ ထားမိဖို့တော့လိုမည်ထင် ပါ၏။

ကျောင်းသားမိဘက လည်း ကိုယ်ဖြစ်နေသည်မို့ ဒီမုန့်တွေရဲ့အန္တရာယ်ကို အတန်အသင့်တော့ သတိ ထားမိပါသည်။သို့သော် လည်း ကလေးကျောင်းသွား တိုင်း မုန့်ဈေး တန်းကို လိုက်မကြည့်နိုင်သည်မို့ ဘာ တွေရောင်းနေသည်၊ ဘယ်လို ကျန်းမာရေးနှင့် ညီညွတ် အောင်ထားသည်ကိုတော့ ကျွန်တော်တို့ မသိနိုင်ပါပေ။ ယခုနောက် ပိုင်း ဖေ့စ်ဘုတ်မှာ တက်လာသည့်သတင်းလေးတစ်ခုရှိပါသည်။ စာရေး ဆရာခေတ်ဘုန်းသစ်ရဲ့ စာကလေးပါ။ ” ဆိုဒါပါတဲ့ အချိုရည်နဲ့ကလေးတို့ရဲ့ ကျန်းမာရေး” ဆိုေ သာ ဆောင်းပါးဖြစ်ပါသည်။ ဆရာမကဆိုဒါပါသည့် အချို ရည်က သောက်သုံးသူကလေး အတွက် အန္တရာယ်ရှိပုံကို ယခုလို ရေးပါသည်။

” ကျွန်မတို့ဆီမှာ ကလေးတော်တော်များများဟာ “ဆိုဒါ” ပါတဲ့ အချိုရည်တွေကို သောက်နေကြတာ တွေ့ရပါတယ်။ ကျွန်မဟာကျွန်မရဲ့သားလေးကို အသီးဖျော်ရည် ကလွဲရင်ဘူးတွေ၊ ပုလင်းတွေမှာထည့်ထားတဲ့အသင့် သောက် လို့ရတဲ့အချိုရည်တွေကို မသောက်ခိုင်းပါဘူး။အထူးသဖြင့် ရှတတအရသားပေးတဲ့ဆို ဒါပါတဲ့အချိုရည်တွေ ကို လုံးဝမတိုက်ပါဘူး” ဟု ရေး သားထားသည်။ ဆရာမရဲ့ ဆောင်းပါးက စိတ်ဝင်စားဖွယ်မို့ ဆက်ဖတ်သည်။ ဆိုဒါပါတဲ့ အချိုရည် သောက်ရင် ကလေးတွေ ဘာဖြစ်နိုင် သလဲ ကျွန်တော် စိတ်ဝင်စားသည်။

” ဆိုဒါဟာ ကျန်းမာရေးကို အင်မတန်မှ ထိခိုက်စေတဲ့အရာပါ။ ဆိုဒါကြောင့် ခါးမှာအဆီစု၊အဝလွန်စေသလိုသွားကျန်းမာရေးကို လည်းထိခိုက်ပျက်စီးစေ ပါတယ်။အဆိုး ဆုံးကတော့ ကျောက်ကပ်ပျက် စီးစေနိုင်တာပါပဲ” ကျွန်တော်အတော် လေးလန့်သွားသည်။ ကျွန် တော်တို့ကလေးတွေ ကျွန်တော်တို့ကွယ်ရာမှာ ဘယ်နှဗူး သောက်သလဲ ကျွန်တော်မသိနိုင်။ အိမ်မှာပဲ အသီးအ နှံဖျော်ရည် လုပ် ပြီး ကိုယ့်ဘာ သာကိုယ်ဖျော် ရည်လုပ်ပြီး တိုက်ရင်မကောင်းပေဘူး လား စဉ်းစားမိသည်။ သို့နှင့် ကလေး ကျန်းမာရေးနှင့် ပတ်သက်သော သတင်းတစ်ပုဒ်ကို ကျွန်တော်ရှာတွေ့ သည်။တွေ့ပါပြီ။ ဒေါက်တာကျော်ဆွေ တင်ထားတဲ့ Post တစ်ခုပါ။ တောင်တွင်းကြီးမြို့ က “မုန့်တိုက်ပွဲ” ကမ်ပိန်း တစ်ခုပါ။နာမည်ကိုကစိတ်ဝင်စားဖွယ်ဖြစ်သည်မို့ ကျွန်တော် ဖတ်ကြည့်မိပါသည်။ တောင်တွင်းကြီးမြို့မှာ မုန့်တိုက်ပွဲ ဒုတိယနေ့လှုပ်ရှားမှု အနေနဲ့ အလကကျောင်းနှစ် ကျောင်း၊ အမကကျောင်းသုံး ကျောင်းတို့မှာ ကလေးများ နှင့်မိဘများကို လက်ကမ်းစာ စောင်လေးတွေဝေငှသည့် သတင်းလေးပါ။

သူတို့ကမ်ပိန်းက အတော်လေး အောင်မြင်သည်ဟုတော့ ဆိုချင်ပါသည်။တောင်တွင်း ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၁၅ရွာအထိ လိုက်လံ ဝေငှနိုင်သည့်အပြင်ဆရာ၊ ဆရာမများကပါ အားတက် သရောပူးပေါင်းဆောင်ရွက် လာသည်ကိုတော့ပိုပြီး အောင်မြင်သည်ဟုဆိုချင် ပါသည်။

” အားတက်သရော ပူးပေါင်းပါဝင်ကြပါတယ်။ တချို့ကျောင်းတွေမှာ မနက် ပိုင်းကျောင်းသားများ တန်းစီ ချိန်မှာ ရှင်းလင်းပြောကြား ပေးပါတယ်။ တချို့ကျောင်း တွေ မှာဆိုရင်ကျောင်းဈေးဆိုင် များကိုခေါ်ယူ သတိပေးတာ တွေလုပ်ခဲ့ပါတယ်။ ဒီနှစ်ရက် အတွင်းမှာ တခြားမြို့နယ် တွေကိုလည်း ဖြန့်ဝေမှုအနေနဲ့ မကွေး၊ ရေနံေ ချာင်းမြို့ သစ်၊ နတ်မောက်၊ပြည်၊ကျောက် ဆည်တို့ကိုလက်ကမ်းစာ စောင်တွေဝေငှပေးနိုင်ပါ တယ်။ မနက်ဖြန်မှာ မင်းဘူး၊ ရေနံချောင်းမြို့သစ်၊ နတ် မော က်၊ ပြည်၊ ကျောက်ဆည် တို့ကို လက်ကမ်း စာစောင်တွ ဝေငှပေးနိုင်ပါတယ်။ မနက် ဖြန်မှာမင်းဘူး၊စလင်းနဲ့ လက်ပံတန်းမြို့များ ကိုပေးဝေ ဖြန့်ချိ သွားမှာပါ။မြန် မာနိုင် ငံထဲက အလှမ်းေ ဝးတဲ့မြို့ နယ် တွေအထိ လက်ကမ်းစာစောင် တွေဖြန့်နိုင်အောင် မုန့်တိုက်ပွဲ ပေ့ခ်ျကနေစီစဉ်နေပါပြီ။ လက်ကမ်းစာစောင်ကို စကင် ဖတ်ပြီးပေ့ခ်ျမှာ တင်ေ ပး ထားပါ မယ်။တ စ်ဆင့်ကူးယူ ဖြန့်ချိပေးခြင်းအားဖြင့် မုန့် တိုက်ပွဲကိုတစ်နိုင်ငံလုံး အရှိန် မြှင့်ကြပါစို့။ တစ်ဖက်မှာလည်း မြန်မာမုန့်ရောင်းတဲ့ ဈေးဆိုင် များကိုလည်း ကျန်း မာရေးနဲ့ ညီညွ တ်အောင်ရောင်းချနိုင် ရေးအတွက် ပြုပြင်ပြောင်းလဲ ပေးနိုင် ဖို့ ကြိုးစားနေပါသည်။

ကျွန်တော်တို့မြို့မှာ တော့ မုန့် ရောင်းဝယ်ရေးဈေး ကွက်အခြေအနေ သိသိသာ သာ လှုပ်ခတ်လာပါ ပြီ။ မုန့် ဆိုင်အများစုဟာ မုန့်တွေကို စိစစ်တင်ဆောင်ရောင်းချ လာတာတွေ့ရပါတယ်။ မိဘ များကလည်းမိမိတို့ကလေး များရဲ့မုန့်ဝယ်ယူ စားသောက် နေမှုကိုအထူးအာရုံစိုက် ကြီးကြပ်လာတာတွေ့ရပါ တယ်” ဆိုပြီး post မှာရေး ထားတာတွေ့ရပါသည်။ ဟုတ်တာပေါ့။ လုပ်သင့် တာပေါ့။ ဖြစ်သင့်တာပေါ့ ဟုသာ ကျွန်တော်တိုက်တွန်းလိုပါသည်။ ကလေးတွေ ကြာဆံသုပ်ဝယ်စားရာအချဉ် ရည်ေ ကြာင့်လား ဘာလား မသိ၊ကလေးတွေ အစာ အဆိပ်သင့်တဲ့သတင်း ဇလွန် ဘက်မှာဖြစ်သွားတာတွေ့ လိုက်ရသည်။ ကလေးတွေ ကျန်းမာ ရေး ဘယ်မျှအရေးကြီး သည် ဆိုသည်ကိုတော့ ရေးပြဖို့ပင် လိုမည်မဟုတ်ပါ။ ကျွန်တော် တို့ရဲ့ အနာဂတ်မျိုးဆက် တွေ ကျန်းမာပါမှ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့တိုင်းပြည် အနာဂ တ်ေ ကာင်း သည်.. မဟုတ်ပါလား။

သိန်းအေး
By Popular Myanmar

Android Devices တွေမှာ Safe Mode ကို ဘယ်လို ၀င်ရမလဲ?


Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။ Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာဖြစ်ပါတယ်။သင့် Android Device ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့  ပိတ်သွာတာတွေ၊ ဖုန်းလေး လံလာတာတွေ၊ Apps တွေ အလုပ်ကောင်းကောင်း မလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာ အသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင် ပါတယ်။ Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ ပြဿနာတွေ မဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင်ပါတယ်။

“Safe Mode ကို ၀င် ခြင်း”

Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။

Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။

Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်းကို ပိတ်ပါ။ Power Button ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို့ ပြနေတဲ့အထိ ဖိထားရမှာဖြစ်ပါတယ်။

“Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း”

Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။

Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို ပဲအသုံးပြု ကြည့်ပါ။ ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင် Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။Apps တွေကို Disable လုပ်ထားပေ မယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေ တယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေ က ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ ။ ဖြုတ်လိုက် တဲ့ Apps တွေကိုတစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်း အရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့် ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup လုပ်ထား သင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။

From Myanmar Digital Life Journal

ကာချုပ်မှ သမ္မတလုပ်သည့် အစဉ်အလာ မရှိသင့်ပါ


ဒီမိုကရေစီ နိုင်ငံတည်ဆောက်နေပြီဟု တွင်တွင်ပြောနေကြသော်ငြား မြန်မာ့နိုင်ငံရေးတွင် စစ်ဝတ်စုံ ၀တ်များနှင့် ယူနီဖောင်းလဲသူများသာ ဆက်လက် ကြီးစိုးနေဆဲဖြစ်သည်။

စစ်တပ်ခေါင်းဆောင်များသည် မိမိတို့ ပိုင်နိုင်ကျွမ်းကျင်ခြင်း မရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် နှစ်ပေါင်းများစွာကြာ မူဝါဒရေးဆွဲ ဦးဆောင် စီမံနေခဲ့သဖြင့် တိုင်းပြည်အဘက်ဘက်က ဆင်းရဲ နိမ့်ပါးသွားခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဧရာဝတီ ၀က်ဘ်ဆိုဒ်တွင် “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်းအဖြစ် တပ်တွင်း ရေပန်းစား” ဟူ၍ သတင်းတပုဒ် ရေးသားခဲ့သည်။ သတင်း၏ အချုပ်မှာ ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ တွင် တပ်မတော်မှ အသက် ၆၀ ပြည့် အငြိမ်းစား ယူရမည့် ယခုလက်ရှိ ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယ သမ္မတဖြစ်လာပြီးလျှင် သမ္မတ ဖြစ်လာနိုင်ခြေရှိကြောင်း ဖြစ်သည်။ ထိုသတင်းမှာ လွှတ်တော်တွင် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်း၏ ပြောဆိုချက်ကို ကိုးကားပြီး သတင်းရေးခဲ့ခြင်း ဖြစ်သည်။

ဤသို့ဆိုရင် ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန်ကို ဆက်ခံမည့်သူက သမ္မတ ဦးမင်းအောင်လှိုင် ဖြစ်လာမည်လားဟု မေးခွန်းထုတ်ရပေမည်။

ထူးခြားသည်မှာ ကာချုပ်သည် မကြာသေးခင်က သူကိုယ်တိုင် ပြောကြားခဲ့သော မိန့်ခွန်းများတွင် ဒီမိုကရေစီဆိုသော စကားလုံးများ၊ ပြုပြင်ပြောင်းလဲရေး ဆိုသော အများကြိုက် စကားလုံးများကို ထည့်သွင်းပြောကြားလာခြင်းပင် ဖြစ်သည်။

ထို့ကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက သူ့ကို ပို၍ စောင့်ကြည့် လေ့လာနေခဲ့သည်။ ရန်ကုန် အခြေစိုက် အနောက်တိုင်း သံတမန်လောကတွင်မူ ကချင်ပဋိပက္ခတွင် တပ်မတော်မှ အကျအဆုံး များပြီး နောက်ပိုင်း ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်မှ အရပ်ဖက်သို့ ရွှေ့နိုင်သည်ဟူသော ကောလာဟလများ ပြောဆိုနေကြသည်။

ကာချုပ်၏ တာဝန်မှာ မြန်မာ့တပ်မတော်ကို ဦးစီးပြီး ပြည်ပမှ ရန်စ ကျူးကျော်မှုမှ ကာကွယ်ရန်၊ တိုင်းပြည်၏ အချုပ်အခြာနှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန်သာ ဖြစ်သည်။

သို့သော် လောလောဆယ် အရေးအကြီးဆုံး တာဝန်မှာ တပ်မတော်ကို ပြည်သူချစ်သော တပ်မတော် ဖြစ်လာစေရန်၊ Professional တပ်မတော် တခုဖြစ်လာစေရန်သာ ဖြစ်သည်။

သမိုင်းအစဉ်အလာ ရှိခဲ့သော တပ်မတော်သည် နယ်ချဲ့စနစ်နှင့် ဖက်ဆစ်ဝါဒကို တော်လှန်ဆန့်ကျင် တိုက်ခိုက်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲတွင် အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့သည်။ ထို့နောက် ပြည်ပ ကျူးကျော် ရန်စမှုများကို အသက်သွေးချွေးရင်း၍ တွန်းလှန်ကာကွယ်ပေးခဲ့သည်။ ဝမ်းနည်းဖို့ ကောင်းသည်မှာ နောက်ပိုင်းတွင် တပ်မတော်ကို အာဏာရှင်တစုက လက်ကိုင်တုတ် တပ်အဖြစ် အသုံးချပြီး ရဟန်းရှင်လူ ကျောင်းသား၊ ကျောင်းသူများကို သတ်ဖြတ်ခဲ့ရသော တပ်၊ တိုင်းရင်းသား များအပေါ် ရက်စက်စွာ ဖိနှိပ်သောတပ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သောတပ်အဖြစ် ကမ္ဘာက ရွံမုန်းခဲ့ကြရသည်မှာ မနေ့တနေ့က အထိဟု ဆိုရမည်။

ယခင်က ကာချုပ်လုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းသည် အာဏာသိမ်းပြီး တိုင်းပြည်ကို ၂၆ နှစ်အကြာ အုပ်စိုးခဲ့သည်။ ၁၉၈၈ တွင် ကာကွယ်ရေး ဦးစီးချုပ်များကို အာဏာသိမ်းခိုင်းခဲ့သည့် အစဉ် အလာများ ရှိခဲ့သည်။ ထို အာဏာသိမ်းခဲ့ သူများကလည်း နိုင်ငံတော် အကြီးအကဲများဟု မိမိကိုယ်မိမိ အမည်တပ်ကာ တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော်အကြာ အုပ်စိုးခဲ့ပြီး တိုင်းပြည်လည်း ပျက်ခဲ့ပါသည်။

ထို့အပြင် အာဏာရှင် စစ်အစိုးရ လက်ထက်တွင် တပ်မတော် ခေါင်းဆောင်များက စီးပွားရေး ဦးပိုင် လီမိတက် တည်ထောင်ကာ စီးပွားရေးကို လက်ဝါးကြီး အုပ်ခဲ့သည်။ ယနေ့ တိုင်းပြည်တွင် ချမ်းသာ ကြွယ်ဝနေသူ အများစုမှာ တပ်မတော် အရာရှိကြီး အဟောင်း၊ အသစ်များသာ ဖြစ်သည်။ (အရာရှိ ကြီးများက ချမ်းသာကြွယ်ဝ နေသော်လည်း အောက်ခြေ ရဲဘော်များကား ဆင်းရဲတွင်းမှ မထွက်နိုင် သည့်အပြင် ပြည်တွင်းစစ်တွင်လည်း ရှေ့ဆုံးက အသက်ပေးရသူများ ဖြစ်သည်။)

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဓိက ဦးစားပေး လုပ်ရမည့်မှာ နာမည်ပျက်နေသည့် မြန်မာ့ တပ်မတော်ကို နာမည်တက်အောင်၊ ပြည်သူချစ်သည့် ပြည်သူ့ တပ်မတော်ဖြစ်အောင် အသွင်ပြောင်းလဲရေးပင် ဖြစ်သည်။

ထို့အပြင် အင်အားကြီး ၂ နိုင်ငံကြားတွင် ရပ်တည်နေရသော မြန်မာနိုင်ငံတွင် တပ်မတော် အနေဖြင့် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းတို့ကို စိုးမိုး ကာကွယ်ထားနိုင်ရုံသာမက “တရား အားထုတ်” သို့မဟုတ် တရုတ် အားထားရသည့် တရုတ် သြဇာခံ တပ်မတော်ဟု လှောင်ပြောင် ခေါ်ဝေါ်ခံရသည့် အရေးမှ ကင်းဝေးစေရန်အတွက် အာဆီယံ တပ်မတော်များအပြင် အာရှပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာရှိ တပ်မတော်များနှင့် တက်ကြွစွာ ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်။ တပ်မတော်သည် ပြည်ပမှ ရန်စ ကျူးကျော်မှုနှင့် အကဲဆတ်သော နယ်စပ်ဒေသများကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ များစွာ လေ့ကျင့် ရဦးမည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းကစပြီး ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တွေ့ရသည်။ ကာချုပ်၏ အနောက်နိုင်ငံ ခရီးစဉ်များကိုမူ ယခု အချိန်အထိ မစနိုင်သေးပေ။ မကြာခင် မြန်မာစစ်အရာရှိများကို စစ်သင်တန်း ပေးတော့မည့် ဗြိတိန်က ဖိတ်ကြားထားသည် ဆိုသော်လည်း သွားရောက်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

ဤအခြေအနေများ အတွင်းမှာပင် လူထုကြားထဲနှင့် မီဒီယာများထဲတွင် ရံဖန်ရံခါသာ တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပတ်သက်၍ ၂၀၁၅ အလွန်ကိစ္စများကို ခန့်မှန်းချိတ်ဆက် ရေးသား နေရခြင်း ဖြစ်သည်။ အကယ်၍ ယူနီဖောင်းပြောင်းဝတ်ပြီး “မိုးကျ ရွှေကိုယ်” သမ္မတ လုပ်မည်ဆိုလျှင် အစဉ်အလာ ဖြစ်သွားနိုင်သည်။ ကာချုပ်လုပ်လျှင် သမ္မတ ဖြစ်သည်ဟူသော ထုံးစံသည် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးတွင် မဖြစ်သင့်ပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တပ်မတော်၏ စွမ်းဆောင်ရည် မြှင့်တင်ပေးသွားခြင်း၊ အများ လေးစားလက်ခံသည့် တပ်မတော် ဖြစ်အောင် လုပ်ဆောင်ပေးခြင်းဖြင့် အငြိမ်းစားယူခြင်းက တိုင်းပြည် အတွက် အကောင်းဆုံး ဖြစ်သည်ဟု ယုံကြည်မိပါသည်။ မြန်မာ့တပ်မတော်ကို ပြည်တွင်းမှာရော ပြည်ပတွင်ပါ လေးစားလက်ခံသော၊ နိုင်ငံရေးနှင့် ကင်းရှင်းသော တပ်မတော်အဖြစ် တည်ဆောက်ရေး၊ မြန်မာ့ ရေပြင်၊ မြေပြင်၊ ဝေဟင် ပိုက်နက်များကို ကာကွယ် စောင့်ရှောင့်ရေးတို့က အရေးကြီးပါသည်။ ထိုတာဝန်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုခုံးပေါ်မှ ကြယ်ပွင့်များထက်ပင် လေးလံလှ သော တာဝန်များ ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါသည်။
ဧရာဝတီ သတင်း

ထိုင်းနိုင်ငံတွင် လုံခြုံရေးစိုးရိမ်မှုကြောင့် နိုင်ငံခြားသံရုံးများ ပိတ်


မောင်ဖေသက်နီ (ဘာသာပြန်)

လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဆန္ဒပြမှုတွေနဲ့ နီးတဲ့နေရာတွေကို မသွားကြဖို့ သက်ဆိုင်တဲ့ နိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေက ကြေညာချက်တွေ ထုတ်ပြန် သတိပေးထားတယ်လို့ သိရပါတယ်။

မြို့တော် ဘန်ကောက်မှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော် (Sihasak Phuangketkaew)က ပြောဆိုလိုက်ပါတယ်။

Photo by Reuters

ဘန်ကောက်မြို့မှာရှိတဲ့ ဆီလုံလမ်း၊ ဆသွန်လမ်းနဲ့ ၀ိုင်ယာလက်လမ်းတွေပေါ်မှာ ရှိတဲ့ နိုင်ငံခြားသံရုံး ၂၀ လောက်ဟာ အဲဒီ လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ရှိနိုင်တယ်လို့ ကြေညာချက်တွေ ထုတ်ပြန်သတိပေးထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော်က နိုင်ငံခြား သံတမန်တွေကို ကိုးကားပြီး အဲဒီလမ်းတွေပေါ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရှိလာနိုင်တဲ့အတွက် လာမယ် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့တမြို့လုံး လုံခြုံရေး အတွက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီး တွေ့ဆုံပွဲမှာ သံတမန်တွေကိုရော၊ ထိုင်းနိုင်ငံ ရောက်နေကြတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေကိုရော သတိထားကြဖို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နိုင်ငံပေါင်း ၅၀ က သံတမန်ပေါင်း ၆၃ ယောက် တက်ရောက်ခဲ့ပါတယ်။

တက်ရောက်သူတွေထဲမှာ ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ်၊ အီတလီနဲ့ ကနေဒါ သံအမတ်ကြီးတွေအပါအ၀င် သံတမန်ဝန်ထမ်း စုစုပေါင်း ၂၈ ယောက်ဟာ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဂျီနီဗာ သဘောတူညီချက်အရ (Geneva Convention) နိုင်ငံခြားသားတွေရော၊ အခြားသူတွေ အတွက်ရော လုံလုံခြုံခြုံနဲ့ ခရီးသွားလာနိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့အတိုင်း လုံလုံခြုံခြုံ ရှိတဲ့နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အမြဲတမ်းအတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော်ကတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နေတဲ့ သက်ဆိုင်ရာနိုင်ငံသားတွေ ပြဿနာ တစုံတရာ ဖြစ်ခဲ့ရင် ထိုင်းနိုင်ငံက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးသွားမယ့်အကြောင်း ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ (Centre for the Administration of Peace and Order)ဟာ နိုင်ငံခြားသံရုံးတွေနဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံခြားသံတမန်တွေကို ကိုးကားပြီး သူက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ လမ်းဆုံနဲ့ လမ်းခွတိုင်းလိုလိုမှာ ပိတ်ဆို့ စခန်းချပြီး သူတို့ တောင်းဆိုတာတွေ မရမချင်း သံတမန်ဆိုင်ရာ မော်တော်ယာဉ်တွေကလွဲပြီး တခြား မည်သည့်မော်တော်ယာဉ်ကိုမဆို ၀င်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကတော့ သံရုံးယာယီဖွင့်ထားတဲ့ CAT Telecom Plc ရုံးဖွင့်ထားတဲ့ ချာရူအဲန်ခရူးန်လမ်းမှာ အစိုးရဆန္ဒပြပွဲတွေ စတင်ကာစက လျှပ်စစ်မီးတွေ ဖြတ်တောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီးကတော့ အစိုးရဆန္ဒပြသူတွေက လေယာဉ်ကွင်း တွေကို သိမ်းပိုက်ထားမယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး သူအနေနဲ့ စိုးရိမ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
“ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်ဆုဘန်ကတော့ ဘယ်လေယာဉ်ကွင်းကိုမှ မလုပ်ပါဘူးလို့ အာမခံသွားတာပဲ” လို့ ဂျာမန်သံအမတ်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

DVB Burmese

ခန္ဓာကိုယ် အလှအပအတွက် ချစ်သူထံမှ အကြံကောင်းများ ရရှိကြောင်း ရှာကီရာဆို


အသက်(၃၆)နှစ်ရှိ ရှာကီရာသည် ပီကေးနှင့်အတူ မီလန်အမည်ရှိ သားငယ်လေးကို ရရှိထားပြီးဖြစ်သော်လည်း တစ်သားမွေး တစ်သွေးလှနေသည့် ဓာတ်ပုံများကို Glamour မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့မိမိအနေဖြင့် ချစ်သူဖြစ်သည့် ဂျရတ်ပီကေးထံမှ ခန္ဓာကိုယ် အလှအပဆိုင်ရာ အကြံဉာဏ်ကောင်းများစွာ ရရှိခဲ့ကြောင်း ရှာကီရာက ဖွင့်ဟ ပြောကြားလိုက်သည်။ ကိုလံဘီယာ နာမည်ကျော် Popအဆိုတော်သည် စပိန်လက်ရွေးစင်နှင့် ဘာစီလိုနာ ဘောလုံးအသင်းတို့၏ ခံစစ်မှူး ပီကေးနှင့် ချစ်သူများအဖြစ် ကာလရှည်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။ အသက်(၃၆)နှစ်ရှိ ရှာကီရာသည် ပီကေးနှင့်အတူ မီလန်အမည်ရှိ သားငယ်လေးကို ရရှိထားပြီးဖြစ်သော်လည်း တစ်သားမွေး တစ်သွေးလှနေသည့် ဓာတ်ပုံများကို Glamour မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့သည်။ သူမကို ပရိသတ် အချို့က အလွန်အကျွံ ပိန်သွားကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း ရှာကီရာကမူ လက်ရှိ ခန္ဓာကိုယ် အချိုးအစားအတွက် ကျေနပ်ကြောင်း ဖွင့်ဟခဲ့သည်။

"ကျွန်မရဲ့လူ ပီကေးကတော့ အရိုးပေါ် အရေတင်နေတာထက် အသားများများပဲ ရှိစေချင်ပါတယ်"ဟု ရှာကီရာက ရယ်ရယ်မောမော ဆိုသည်။ သူမက "သူက အရမ်းပိန်ကပ်နေတာကို မကြိုက်ပါဘူး။ ဒါက ကျွန်မအတွက်တော့ နည်းနည်းလေး စိတ်သက်သာရာ ရစေခဲ့တယ်။ အနည်းဆုံးတော့ အလွန်အကျွံ ဝိတ်ချနေစရာ မလိုဘူးပေါ့လေ။ ဒီလဆိုရင် ကျွန်မသိပ်ပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူး။ ကျွန်မရဲ့ အယ်လ်ဘမ်တစ်ခု အဆုံးသတ်နေတယ်။ ကလေးကိုလည်း ကြည့်ရသေးတယ်။ ဒီတော့ အလုပ်နည်းနည်း ရှုပ်နေတယ်"ဟု ရှာကီရာက Glamourသို့ ပြောကြားခဲ့သည်။

ရှာကီရာသည် ရီဟန်နာနှင့် တွဲဖက်၍ Can't Remember To Forget You အမည်ရှိ သီချင်းကိုလည်း စီစဉ်ဖန်တီးနေသည်။ သူမက "ရီဟန်နာနဲ့အတူ အလုပ်တွဲလုပ်ရတာ ဂုဏ်ယူစရာပါ။ သူက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး မိန်းကလေး တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံးက ကာရေဘီယန်ဖွား မိန်းကလေးတွေပါ။ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်ပြီးသားပါ။ သူက ကျွန်မကို တချို့ကကွက်တွေတောင် သင်ပေးသေးတယ်။ ရီဟန်နာက ချစ်စရာကောင်းတဲ့ ဆရာမလေးပါပဲ"ဟု မှတ်ချက်ပြုသွားခဲ့သည်။ 


ဒီနှစ်အတွင်း အခြေခံဥပဒေပြင်နိုင် ဖို့ အရေးကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား


လာမယ့် ၂၀၁၅ ဆိုတာထက် ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပြီးစီးမှ ၂၀၁၅ မှာ အသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ပြောကြားလိုက် ပါတယ်။

ဒီနေ့ မနက်က ချင်းပြည်နယ် ဖလမ်းမြို့ ဘောလုံးကွင်း က လူထုဟောပြောပွဲကို တက်ရောက်လာတဲ့ ချင်းတိုင်းရင်းသား ဒေသခံ နှစ်ထောင်ကျော်ကို မိန့်ခွန်းပြောစဉ်မှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

“မျိုးစေ့က ၂ဝ၁၅ မှာ ပွင့်မှာပါ၊ အဲဒီတော့ ၂ဝ၁၄ မှာ ကျမတို့က ဆူးပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ ဆူးပင်ပဲပေါက်မှာ ကျမတို့က ၂ဝ၁၄ မှာ အသီးစားလို့ရတဲ့အပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ အသီးစားလို့ရတဲ့အပင်ပေါက်မှာ၊ အဲဒီတော့ တကယ်အရေးကြီးတာဟာ အခုနှစ်ပဲဖြစ်ပါတယ်လို့ ကျမပြောပါရစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဟာ အားလုံး ပူးပေါင်းပြီးတော့ ဒီနှစ်မှာ ၂ဝ၁၅ မှာ လှလှပပပွင့်ပြီးတော့ ပြည်သူတွေ ဝဝလင်လင်စားနိုင်မယ့် အသီးတွေသီးမည့် အပင်မျိုးစိုက်ဖို့ရာ ကူညီကြပါ၊ ဝိုင်းပြီးတော့ ထောက်ခံပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ လာမယ့် ၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကိုကြည့်ပြီး ၀င်ရောက်လာမှာဖြစ်တဲ့အတွက် အခုအချိန်ကတည်းက လုပ်စရာရှိတာတွေကို ပြီးစီးအောင် လုပ်ထားနိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် တိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းကူညီဖို့နဲ့ တပ်မတော်ကလည်း ပြည်သူတွေရဲ့ဆန္ဒအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကူညီဖို့တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဖလမ်းမြို့လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့မိန့်ခွန်းကို RFA သတင်းထောက် မရတနာဦး ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် ဖလမ်းမြို့ဘောလုံးကွင်းမှာ ပရိသတ်တွေကို စကားပြောအပြီး တက်ရောက်လာသူတွေထဲက ၅ ဦးကို မေးခွန်းတွေမေးမြန်းခွင့်ပြုခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။

RFA Burmese

ကမ္ဘာ့ အလှဆုံးမယ် ၆ ဦး စာရင်းဝင်တဲ့ ခင်ဝင့်ဝါနဲ့ လတ်တလော အမေးအဖြေ


ခင်ဝင့်ဝါ (ဓာတ်ပုံ – ဧရာဝတီ)

ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty ၀က်ဘ်ဆိုက်မှာ ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ Miss Universe အလှမယ်ပြိုင်ပွဲ အပါအ၀င် ပြိုင်ပွဲ ၆ ခုကနေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အလှမယ် ၅၈၅ ဦးထဲက အလှဆုံးမယ်ကို စိန်နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်မယ့်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါက နံပါတ်စဉ် ၆ ချိတ်ခဲ့ပါတယ်။ ဘယ်လာရုစ် နိုင်ငံမှာပြုလုပ်ခဲ့တဲ့  Miss Supranational ပြိုင်ပွဲမှာ Miss Internet ဆုအပြင် Missosology website ကနေပေးတဲ့ People Choice Award၊ Face of Miss Supranational 2013 နဲ့ ဘယ်လာရုစ် ဝက်ဘ်ဆိုက်က ပေးတဲ့ Most Beautiful Girl in the World ဆု ၄ ခု ပိုင်ဆိုင်ခဲ့သူ အလှမယ် ခင်ဝင့်ဝါကို အဲဒီဆု ရတဲ့အကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဧရာဝတီက မေးမြန်းထားပါတယ်။

မေး။     ။ The Idea Beauty ကရွေးချယ်တဲ့ အလှမယ်စာရင်းထဲမှာ ခင်ဝင့်ဝါက ကမ္ဘာ့အလှဆုံး ၆ ယောက် စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ အတွက် ခံစားချက် ပြောပြပေးပါ။

ဖြေ။     ။ အတိုင်းမသိဝမ်းသာမိတယ်။ အစက ရွေးခဲ့တာ ခြောက်ယောက် အထိ ပါမယ်လို့ကို မထင်ခဲ့ပါဘူး။ အဲဒီကပေးတဲ့ ဆုကို လိုချင်ပေမယ့် မမျှော်မှန်းရဲဘူး။ တခြားနိုင်ငံက မယ်ရသွားပေမယ့် ကိုယ်က ခြောက်ယောက်ထဲမှာ ပါလို့ကို ကျေနပ် နေမိပါတယ်။ ညီမအတွက်လည်း အမှတ်တရ တခုလို ထင်ကျန်ခဲ့ပါတယ်။

မေး။     ။ ဘာကြောင့် အဲဒီ အဆင့်အထိ ၀င်သွားတယ်လို့ ထင်သလဲ။

ဖြေ။     ။ ဒိုင်တွေက သူတို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ပြီး ရွေးတယ်။ ပရိသတ်တွေ ကလည်း အရမ်းအားပေးလို့ ပါသွားတယ် ထင်ပါတယ်။

မေး။     ။ အလှမယ်တယောက်မှာ ဘယ်လို အချက်တွေက အဓိက လိုအပ်တယ်ထင်သလဲ။

ဖြေ။     ။ အလှမယ်ဆိုတာက မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်တဲ့အတွက် သူများ နိုင်ငံတွေနဲ့ ယှဉ်ရင် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာတွေ အားလုံးကို နှံ့စပ်အောင် သိရမယ်၊ ပြီးတော့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ် အချိုးအစားပေါ့။ အဲဒီ သုံးမျိုးကတော့ အဓိက လိုအပ်တာပေါ့နော်။

မေး။     ။ စိတ်ဓာတ်ကို ဘယ်လိုပုံစံမျိုး မွေးမြူရမယ် ထင်လဲ။

ဖြေ။     ။ ညီမကတော့ ကိုယ့်စိတ်ဓာတ်ကို အခိုင်မာဆုံး ထားတယ်။ ကိုယ်လုပ်တဲ့ အရာကို အကောင်းဆုံး ဖြစ်အောင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် စိတ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ဘယ်ကိစ္စကို မဆို
အတိုက်အခိုက်တော့ ရှိတာပဲ။ ဒါပေမယ့် ညီမကတော့ စိတ်ဓာတ် ကျမသွားအောင် အကောင်းဆုံး ပြင်ဆင်ပါတယ်။

မေး။     ။ နောက်ထပ် မြန်မာနိုင်ငံ ကိုယ်စားပြု သွားမယ့်သူတွေကို ခင်ဝင့်ဝါအနေနဲ့ ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။ ဘာတွေကို
ပြင်ဆင် သွားစေချင်သလဲ။

ဖြေ။     ။ ညီမတို့ သွားပြိုင်တဲ့ အချိန်တုန်းက အရမ်းကို ခတ်ခဲခဲ့ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံက ပွင့်လင်းလာပြီ ဆိုတော့ ပွဲတွေအများကြီး လုပ်လာပြီး အားပေးတဲ့ သူတွေ အများကြီးရှိလာတော့ အရမ်းလည်း ကောင်းပါတယ်။အဓိက ကတော့ စိတ်ဓာတ်ကို ပြုပြင်ပြီးသွားပါ လို့။ ဘာလို့လဲဆိုတော့ အားပေးတဲ့သူ ရှိသလို ကဲ့ရဲ့တဲ့ သူလည်း ရှိတယ်လေ။
ဘယ်လို အခက်အခဲပဲ ကြုံပါစေ ကိုယ်ယှဉ်ပြိုင်မယ့် အရာကို အောင်မြင်အောင် ယှဉ်ပြိုင်ပါလို့ ပြောချင်ပါတယ်။

မေး။     ။ အလှမယ် အဖြစ် တခြားနိုင်ငံကို သွားတဲ့အခါမှာ အမျိုးသမီးတွေကို ဆက်ဆံတဲ့ ပုံစံက ဘယ်လိုပုံစံမျိုး ကြုံရလဲ။

ဖြေ။     ။ အားလုံးက အတူတူပဲ။ သူတို့နိုင်ငံတွေမှာ ခွဲခြား ဆက်ဆံတာမျိုးတွေ မရှိဘူး။ ဘယ်သူ့ဘယ်သူကို အသားပေးတာ မျိုးလည်း မရှိဘူး။ အဓိကကတော့ ကြိုးစားရင် ကြိုးစားသလို နေရာပေး ခံရတယ်။ အရည်အချင်း ပေါ်မူတည်ပြီး ကြည့်တယ်။
ညီမတို့ သွားရောက်တဲ့ အခါမှာလည်း အကုန်လုံးကို တန်းတူဆက်ဆံပြီး ကောင်းကောင်းမွန်မွန် ပြုစုပါတယ်။

မေး။     ။ လက်ရှိ ညီမနဲ့ အရွယ်တူ အမျိုးသမီးတွေ အပေါ်ကိုရော ဘယ်လိုမြင်သလဲ။

ဖြေ။     ။ အခုခေတ် အမျိုးသမီးတွေ အကုန်လုံးကတော့ အသက်အရွယ် အားဖြင့် ၁၃ နှစ်ကျော်လေးနဲ့တင် အရမ်းကို တော်ကြပါတယ်။ အကုန်လုံးကလည်း သွက်လက်ကြတာ တွေ့ရတယ်။
မေး။     ။ သူတို့ကိုရော ဘယ်လိုမျိုးတွေ ဖြစ်စေချင်သလဲ။

ဖြေ။     ။ ကိုယ်ဖြစ်စေချင်သလို ဖြစ်တာမဟုတ်တဲ့ အတွက် အားလုံးကို ပြောချင်တာက ညီမတို့က ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့အတွက် ယဉ်ကျေးမှုကို အဓိက ထိန်းသိမ်းစေချင်တယ်။ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှုပေါများတဲ့
နိုင်ငံလည်း ဖြစ်တဲ့အတွက် ကိုယ်နိုင်ငံ ယဉ်ကျေးမှုကို အဓိက ဖော်ပြစေချင်တယ်။ အပြောအဆို အနေအထိုင်တွေကို
အဓိကထားပြီး ထိန်းသိမ်းသင့်တယ်လို့ ညီမ ထင်တယ်။

မေး။     ။ ညီမ အခုလုပ်လုပ်နေတဲ့ နေရာနဲ့ ဖြတ်သန်းနေတဲ့ ကာလတလျှောက်မှာ အမျိုးသမီးအမျိုးသား ခွဲခြား ဆက်ဆံ ခံရတာမျိုး တွေ့ဖူးလား။

ဖြေ။     ။ ကိုယ်တိုင်ကတော့ ခွဲခြားဆက်ဆံခံရတာမျိုးတွေ မကြုံဖူးပေမယ့် အမျိုးသမီးအမျိုးသား ခွဲခြားတာမျိုးတော့ တွေ့ဖူးတယ်။ ညီမတို့နိုင်ငံမှာ ဟိုအရင်ကတည်းက ယောကျာ်းလေးတွေကို အသားပေးတဲ့ နိုင်ငံဖြစ်တော့ ကျောင်းတက် ကတည်းက ခွဲခြားခံရတွေ ရှိခဲ့တယ်။ ညီမကတော့ ခွဲခြားပြီး မမြင်စေချင်ဘူး။ တော်ရင်တော်သလို အသားပေးတာမျိုးပဲ ဖြစ်စေချင်တယ်။

မေး။     ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ရဖို့အတွက် ဘယ်လိုစကားမျိုး ပြောချင်သလဲ။

ဖြေ။     ။ အလုပ်ခွင်တို့ ဘာတို့မှာ နှိမ့်ချတာမျိုးတော့ မဖြစ်သင့်ပါဘူးလို့။ ၂၁ ရာစုမှာ မိန်းကလေးနဲ့ ယောကျာ်းလေးက
ရင်ဘောင်တန်း နေတဲ့ခေတ်လေ။ ဘယ်လိုပဲပြောပြော ခွဲခြားဆက်ဆံတာမျိုးတော့ မရှိသင့်ဘူးလို့ ညီမထင်တယ်။

မေး။     ။ လတ်တလော လူမှုရေး လုပ်ရှားမှုလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

ဖြေ။     ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ အစားအသောက်တွေ သွားလှူ ဖြစ်ခဲ့တယ်။ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း ၃ နှစ်ပြည့် နေ့မှာတော့ သွားကူညီဖြစ်ခဲ့ပါတယ်။ ဒီလထဲမှာတော့ မအားသေးဘူး။ အားတဲ့ရက်တွေမှာတော့ သွားလုပ်ဖြစ်နေမှာပါ။ ဘယ်နေရာမှာ သွားလုပ်ဖြစ်မယ်တော့ မသိသေးပါဘူး။ ကိုယ်ကိုယ်တိုင်လည်း လူမှုရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ပြီးလုပ်ဖို့ ၀ါသနာပါတယ်။ အခုအချိန်က ညီမ အသက်ကလည်း ငယ်သေးတော့လေ၊ တကယ်လုပ်နိုင်တဲ့ အသက်အရွယ် အပိုင်းအခြားကျရင် ဦးဆောင်ပြီး လုပ်သွားမှာပါ။

မေး။     ။ လက်ရှိ အနုပညာနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ လုပ်ဖြစ်နေလဲ။

ဖြေ။     ။ အခု ကိုကောင်းပြည့်နဲ့ ဗီဒီယိုရိုက်ဖြစ်တယ်။ ၂၀ ရက်နေ့ကျရင် ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ မင်းသား ကိုစိုးရန်အောင်နဲ့
ရုပ်ရှင်ကား ရိုက်ဖို့ရှိပါတယ်။ ကား နာမည်ကတော့ မသိသေးပါဘူး။ ဇာတ်လမ်းပဲ သိရသေးတယ်။

မေး။     ။ ရုပ်ရှင်ကား ရိုက်မယ်ဆိုတော့ ဒါက ခင်ဝင့်ဝါအတွက် ပထမဆုံးပဲနော်။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ။     ။ ဟုတ်တယ် ပထမဆုံးကားပါပဲ။ အဲဒီကားမှာက ညီမက လူကြီးတွေ သဘောတူထားတဲ့ သူပဲပေါ့။ အဲဒီအထဲမှာ အလွမ်း ဇာတ်လေးဘက် ကူးတော့ သိပ်ပြီး မပေါ့ပါးပါဘူး။ ပန်ချီဦးစိုးမိုးကလည်း သင်ကြားပေးတဲ့အပြင်၊ ညီမလည်း
ရုပ်ရှင်ကားတွေ ပြန်ကြည့်ဖြစ်နေတယ်။ အမှားအယွင်း မဖြစ်အောင် သေသေချာချာတော့ လေ့လာဖြစ်ပါတယ်။ ညီမအနေနဲ့ က ဒါ ပထမဆုံးဆိုတော့ စောင့်ကြည့်နေတဲ့ သူတွေရှိလို့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်လေး ဖြစ်မိပါတယ်။ ညီမက ဗီဒီယို ကားရိုက်တာလည်း သိပ်မရှိသေးဘူးလေ။ အခုမှ လေးကားပဲ ရိုက်ရသေးတယ်။ အစိမ်းသက်သက်ကြီး ဒီ အနုပညာ လောကထဲ ၀င်ရတာဆိုတော့ ညီမအတွက် လိုအပ်ချက်တွေ အရမ်းများတယ်။ အဲဒါကြောင့် အကောင်းဆုံးတော့
လေ့လာနေပါတယ်။

မေး။     ။ ပရိသတ်တွေကို ဘာများ ပြောချင်သေးလဲ။

ဖြေ။     ။ ခင်ဝင့်ဝါဆိုတာ ပရိသတ်ကြောင့် ဖြစ်လာတာပါ။ ပရိသတ်က ဝေဖန်အကြံပေးကြပါ။ ညီမကလည်း အမြဲကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

ဧရာဝတီ သတင်း

“ Hard Drive တွေကို မပျက်စီးစေဖို့ ထိန်းသိမ်းနည်း”



Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါ တယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စ လက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ် ကြပါဘူး။

အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အ လက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။

အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ၁။ chkdsk ကို run ပေးပါ။
Hard drive တွေ က မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုး မျိုးကြောင့် ဖြစ် စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေ ဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါ တယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

၂။ Hard drive ကိုစောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့် ကြည့် လေ့ လာပေး တဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထား တဲ့နေ ရာ နဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

၎။ ကွန်ပျူတာသုံးနေတဲ့ပတ်ဝန်းကျင်ကိုသတိပြုပါ။
ကွန်ပျူတာ ကိုထား တဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာ ကို မီတာနဲ့ ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူ စေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင် လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။

၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲ တာကြာ လာ တဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။

၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေ က solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။

၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။

၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။

၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်လို့ အကြံပြူတင်ပြလိုက်ပါတယ်။ မသိသေးတဲ့သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်နော်။ကျေးဇူးတင်ပါတယ်။

credit@laminmaung
IT CARE Computer Systems


ပြီးခဲ့သည့် ဆီးဂိမ်းမှာ ကုန်ခဲ့တဲ့ အသုံးစရိတ်တွေ အစိုးရပြောတော့မည်



By ပြည်မြန်မာ

၂၀၁၄ ရင်းနှီးမြှုပ်နှံမှု တိုးတက်မည့် နိုင်ငံစာရင်းတွင် မြန်မာပါဝင်


မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အလျင်မြန်ဆုံးနဲ့ အတိုးတက်ဆုံး ၀င်ရောက်ဖို့ အလားအလာအကောင်းဆုံး နိုင်ငံစာရင်းထဲမှာ ပါလာတယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို စောင့်ကြည့်နေတဲ့ Maplecroft အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ
၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အဲဒီ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ စီးပွားရေး ၀င်ရောက်လုပ်ကိုင်ဖို့ စိတ်မချရဆုံး စာရင်းထဲမှာ အဆင့် ၅ နေရာ ရောက်နေသေးပေမယ့် ၂၀၁၃ ခုနှစ် လောက်မှာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားတာကို ဖယ်ရှားပေးခဲ့တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖွင့်ပေးတာ၊ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် လုပ်ကိုင်ဆောင်ရွက်လာတာကြောင့် ခုလို ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်ဖွယ်ရှိတဲ့စာရင်းထဲ ထည့်ရတာလို့ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်လုပ်ငန်း ၁၂၀ ကျော်အတွက် စုစုပေါင်း ဒေါ်လာ ၄၅ ဘီလျံကျော်ဖိုး ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့်တွေ ထုတ်ပေးခဲ့ပါတယ်။

DVB Burmese

ဂင်းနစ်မှတ်တမ်းဝင်တော့မည့် ရင်ခုန်စရာ အ၀တ်ဗလာဖြင့် ရေကူးပြိုင်ပွဲ


နယူး ဇီလန် နိုင်ငံ၊ ဂစ်ဘော်နီ ပင်လယ် ကမ်းခြေ မှာ ကျင်းပပြု လုပ် ခဲ့ တဲ့ အ၀တ် ဗလာ ရေကူး ပွဲ တော် ကို လူပေါင်း (၇၄၅)ဦး ၀င် ရောက် ဆင်နွှဲ ခဲ့တာ ဖြစ်ပြီး အ၀တ် ဗလာ နဲ့ ရေကူး ခဲ့ရာ မှ လူ အများ ဆုံး အ ဖြစ် မှတ်တမ်း တင်ခြင်း ခံခဲ့ ရပါ တယ်။ နယူး ဇီလန် အရှေ့ မြောက် ပိုင်း မှာ ရှိ တဲ့ ပင်လယ် ကမ်းခြေ မှာ သာ ယာတဲ့ရာသီ ဥတုရှိချိန် အ၀တ်ဗလာနဲ့လူပေါင်း ၇၄၅ ဦး ဟာ ရေကူးခြင်း ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ဒီ ပွဲ တော် ကို နယူးဇီလန်နိုင်ငံတ၀န်းမှ လာရောက် ဆင်နွှဲခဲ့တာဖြစ်ပြီး ကမ္ဘာ စံချိန်အဖြစ် ဂင်းနစ် အဖွဲ့က မှတ်တမ်း တင်ခြင်းခံရလိမ့်မယ်လို့ ပြိုင် ပွဲကျင်းပသူတွေက မျှော်လင့်ထားကြပါတယ်။

ဒီပင် လယ် ကမ်းခြေ မှာ ပြီးခဲ့တဲ့ နှစ်က အ၀တ် ဗလာနဲ့ လူပေါင်း ၅၀၆ ဦး ရေကူးပြီး ကမ္ဘာ့ စံချိန် တင် ထား ပေမယ့် ဇူလိုင်လအရောက် မှာတော့ စပိန် နိုင်ငံ၊ ဗီရာ မြို့မှာရှိတဲ့ ပင်လယ် ကမ်း ခြေ မှာ အ၀တ် ဗလာ နဲ့လူပေါင်း ၇၂၉ ဦး က စံချိန်သစ်တစ်ရပ် တင်သွားခဲ့ပါတယ်။ ဒါ ကြောင့် အ၀တ်ဗလာနဲ့လူပေါင်း ၇၄၅ ဦး ပါဝင် ဆင်နွှဲကာ ကမ္ဘာ့ စံချိန်ပြန်တင်နိုင်ဖို့လိုအပ်တဲ့ အထောက် အထား တွေဖြစ်တဲ့ ဗီဒီယို မှတ်တမ်းနဲ့ ဓာတ်ပုံတို့ကို ဂင်း နစ် ကမ္ဘာ့ စံချိန်အဖွဲ့ကြီးထံ ပေးပို့လိုက်ပြီဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦးက လူအများအပြား အ၀တ် ဗလာနဲ့ လာရောက်ဆင်နွှဲကြ မယ်လို့မျှော်လင့် ထားခြင်းမရှိကြောင်း၊ လူပေါင်း ၇၄၅ ဦးရဲ့ အ၀တ်ဗ လာ ပုံ ရိပ် တွေ ဟာ အမှတ်တရအဖြစ် ရှိသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
By Messenger

ခွေးလည်ပင်းမှာ မီးပန်းတပ်ပြီး လည်ပင်းပြတ်အောင် ဖောက်ခွဲခဲ့တဲ့ အကြင်နာကင်းမဲ့သူ


မီးရှူးမီးပန်းရောင်းသူတစ်ယောက် ဖြစ်တဲ့ ၀ါရှင်တန်ဒီစီ နေ ၊ ခရစ်စတိုဖာ ၀ိန်း ၊ ၄၅ နှစ်ဟာ သူ့ ရဲ့ ခွေးကိုယ်တွင်းမှာ နတ်ဆိုး ပူးကပ်နေတယ်ထင်ပြီး မီးရှူးမီးပန်းတွေကို ခွေးရဲ့ လည်ပတ်မှာ တွဲချီပြီး ဖောက်ခွဲခဲ့ပါတယ်။ ဒီပြစ်မှုကြောင့် ခရစ်စတိုဖာဝိန်း ကို သြဂတ်လမှာ ဖမ်းဆီးပြီး ရုံးတင်ခဲ့ပါတယ်။ ခရစ်စတိုဖာကို ဖမ်းဆီးခဲ့တဲ့ အချိန်မှာ ခရစ်စတိုဖာက သူဟာ ကောင်းကင်ဘုံသို့ ကယ်ယူခြင်း ခံရမယ်လို့  ထင်မှတ်နေပါတယ်တဲ့။

သူ့ ရဲ့ ခွေးလည်ပတ်မှာ တွဲချည်လိုက်တဲ့ မီးရှူးမီးပန်းတွေရဲ့ ပေါက်ကွဲသံက အိမ်နီးချင်းတွေကို လန့် ဖျန့်စေခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ရာမှာ ခရစ်စတိုဖာကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲတွေ ရောက်ရှိတဲ့အချိန်မှာတော့ ခွေးဟာ လည်ပင်းက မီးရှူးမီးပန်းတွေ ပေါက်ကွဲမှုကြောင့် ခေါင်းပြတ် သေဆုံးနေပါပြီ။ ဒီ ကာဘီလာ လို့ ခေါ်တဲ့ သုံးနှစ်သားအရွယ် လာဘရာဒေါ ခွေးလေးကို သူ့ ရဲ့ ရည်းစားဟောင်းက လက်ဆောင်ပေးခဲ့တာပါ။

ခရစ်စတိုဖာဟာ ရုံးတော်မှာ တိရစ္ဆာန်ညှင်းပန်းမှု ရယ်၊ အန္တရာယ်ရှိတဲ့ ပေါက်ကွဲပစ္စည်းလက်ဝယ်ရှိမှုရယ်နဲ့  အမှုရင်ဆိုင်ရမှာ။ သူ့ ရဲ့ပြစ်မှုကို သောကြာနေ့ မှာ ချမှတ်မယ်လို့ သိရပါတယ်။

Ref:mirror.co.uk
By Trend Myanmar

ဦးသိန်းစိန် ၏ ၀န်ထမ်း လစာတိုးမြှင့်မှု လွှတ်တော် အတည်ပြုဖွယ်ရှိ


လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်က လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၀န်ထမ်းလစာများကို ကျပ် ၂၀၀၀၀ တိုး၍ ပင်စင်လစာများကို အချိုးကျတိုးမြှင့်ရန် စီစဉ်နေခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိမ့်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။

နေပြည်တော်တွင် ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ပြီး ၀န်ထမ်းလစာများ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဦးသိန်းစိန်က ထုတ်ပြန် ပြောဆိုခြင်းဖြစ်သည်။

အစိုးရ၀န်ထမ်း လစာသည် လက်ရှိ စားဝတ်နေရေး စရိတ်များနှင့် နှိုင်းယှဉ်လျှင် နိမ့်နေပြီး ယခုတိုးမြှင့်သည့် နှုန်းထားထက်ပင် ပိုမို ပေးသင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဧရာဝတီကို ပြောသည်။

“ဒါက ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကတည်းက သမ္မတ ကတိပေးပြီးသား ကိစ္စကို အကောင်အထည်ဖော်ဖို့ လုပ်တာပါ။ ပြီးခဲ့တဲ့နှစ်မှာ အစိုးရက ၀န်ထမ်းလခ မတိုးခဲ့တာကို လွှတ်တော်ကနေတောင် မဖြစ်မနေ တိုးသွားအောင် လုပ်ခဲ့ရသေးတာ။ အထူးသဖြင့် ပညာရေး ၀န်ထမ်းတွေမှာဆို လိုအပ်နေတာ အများကြီးပါ”ဟု ၎င်းက ဆိုသည်။

အစိုးရက ၀န်ထမ်းလစာတိုးမြှင့်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ၀န်ထမ်းများအကြား အမြစ်တွယ်ပြီး အလေ့အထတခု သဖွယ်ဖြစ်နေသည့် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကိုမူ ထိရောက်စွာ ကိုင်တွယ်ခြင်းမရှိသေးကြောင်း၊ လစာတိုးမြှင့်ပေးသည့်ကြား မှ ဆက်လက် ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးများ ဖြစ်နေဦး မည်ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် ၀န်ထမ်းလစာတိုးမြှင့်မှုများ ဆောင်ရွက်သော်လည်း ပုဂ္ဂလိ ၀န်ထမ်းများအတွက် တစုံတရာဆောင် ရွက်ပေးခြင်း မရှိသေးကြောင်း၊ အစိုးရ၀န်ထမ်း လစာတိုးမြှင့်မှုကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ဗျူဟာအဖြစ် အသုံးချမည် ကို စိုးရိမ်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြော သည်။

“အစိုးရ၀န်ထမ်း လစာတိုးပေးမယ့် အစီအစဉ်က ကိုယ့်အမြင်တော့ အတည်ဖြစ်သွားမယ်လို့ မြင်တယ်။ ဒါပေမယ့်လည်း အစိုးရ ၀န်ထမ်းတွေချည်းပဲ လစာတိုးနေတာ၊ ပုဂ္ဂလိက ၀န်ထမ်းတွေ အတွက်ရော ဘယ်လို ထည့်စဉ်းစားမလဲ။ အစိုးရ ၀န်ထမ်းလစာ တိုး လို့ ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်း တက်တာတွေကို ပြည်သူလူထုက ခါးစည်းခံရမှာ။ အစိုးရ သုံးတဲ့ငွေတွေဆိုတာ ပြည်သူ့ငွေတွေပဲ လေ။ စာရင်းစစ်တွေ၊ လုပ်ငန်းစစ်တွေ တင်ပြတဲ့ စာရွက်တွေလောက်ပဲ လွှတ်တော်ကိုယ်စားလှယ်က ကြည့်နေကြရတာ။ အသေး စိတ် ဘာမှစစ်ဆေးလို့မရတော့ ကျနော်တို့ တာဝန်မကျေဘူး။ အစိုးရပေးတာကိုပဲ ကြည့်ပြီး အတည်ပြုလိုက်ရသလို ဖြစ်နေတယ်” ဟုလည်း ဦးဖုန်းမြင့်အောင် က ဆိုသည်။

လက်ရှိ အစိုးရတွင် ၀န်ကြီးနှင့်ဒုဝန်ကြီး အရေအတွက် ဖောင်းပွနေသကဲ့သို့ အစိုးရ၀န်ထမ်း အရေအတွက်မှာလည်း များပြားလှကြောင်း၊ လစာတိုးမြှင့်မှုကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမြဲထမ်းရွက်ရမည့် ၀န်ထုပ်ဝန်ပိုးများဖြစ်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စီးပွားရေးပညာရှင်တချို့ကမူ သမ္မတ ဦးသိန်းစိန်၏ ၀န်ထမ်းလစာတိုးမြှင့်မှု အစီအစဉ်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ အစိုးရတွင် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်မည့် တိကျခိုင်မာသော မူဝါဒရှိရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။

စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ ရေးသားနေသော စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက အစိုးရ၀န်ထမ်း လစာတိုးမြှင့်မှုကြောင့် ပြည်သူများ၏ လူနေမှုဘ၀အပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း သုံးသပ် ပြော ဆိုသည်။

“ဒီသတင်းတွေကြောင့် လက်လီ ကုန်ဈေးနှုန်းတွေ တက်မတက်၊ နိုင်ငံခြားငွေလဲနှုန်းတွေ တက်မတက်ကို အဓိက စောင့်ကြည့်ရ မယ်။ GDP (ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး)တက်တယ် ဆိုရာမှာ ဘယ်နေရာက ရလာတဲ့ဝင်ငွေဆိုတာ ပြန်ကြည့်ရ မယ်။ သဘာဝဓာတ်ငွေ့ ကနေရတဲ့ ငွေတွေနဲ့ နိုင်ငံသားတွေကို အချိုးချပြီးမှ တက်လာတယ်ဆိုရင် တိုးတက်တာရဲ့ အကျိုးသက်ရောက်မှုကို ပြည်သူတွေ တကယ် ခံစားရမလားကို စဉ်းစားရမယ်။ လူများစု တကယ်လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေဘက်ကနေ ရတဲ့ဝင်ငွေဆိုမှသာ လူအများစု ခံစားရမှာ”ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ရာခိုင်နှုန်းကျော်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသော်လည်း ထပ်မံမြင့် တက်ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှုနှုန်းအတွက် ယခုအချိန်ကတည်းက အစိုးရက ပြင်ဆင်ထားသင့်သည်ဟုလည်း ဒေါက်တာ အောင်ကိုကို က ပြောဆိုသည်။

သမ္မတဦးသိန်းစိန်ကမူ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကို တိုးမြှင့်ပေးရန် လျာထားချက်သည် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေ အနေ၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ စီးပွားရေး တိုးတက်လာမည့် အလားအလာနှင့် ဖြစ်ပေါ်ရိုက်ခတ် လာနိုင်မည့် အကျိုးသက်ရောက်မှုတို့ကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကိုလည်း အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန်ရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လတ်တလော စိစစ်ပြီး စာရင်းများအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိပြီး လိုငွေမှာ ကျပ် ၂၇၅၀၆၄၅  ဘီလီယံဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဧရာဝတီ သတင်း

Apple ရဲ့ ပရိသတ်များအတွက် i လက်စွပ်



i လက်စွပ်ဟာ i Phone, i Pod , i Pad စတဲ့ အိုင်ပရိသတ်တွေအတွက် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒီ i လက်စွပ်ဟာ သင့်ရဲ့ စမတ်ကျလှတဲ့ i ပစ္စည်းတွေပေါ်မှာ ပိုပြီးစမတ်ကျစေမှာ ဖြစ်ပါတယ်။

ဒီ လက်စွပ်ကို အင်တာနေရှင်နယ မာတီးမီဒီယာ တစ်ခုဖြစ်တဲ့ IK ကထုတ်လုပ်ထား တာဖြစ်ပြီး အဓိက အိုင်လက်စွပ်ရဲ့
လုပ်ဆောင်ချက်ကတော့ လောလောဆယ် မြူးဖစ် Creation လောက်ပါပဲ။

သင့်ရဲ့ အိုင် Products တွေပေါ်မှာ လက်နဲ့ထိတွေ့စရာမလိုဘဲ ညွှန်းကြားထိန်းချုပ်နိင်မှာ ဖြစ်ပါတယ်။ မတူညီတဲ့ စတိုင် (၂)မျိုးနဲ့လာတာဖြစ်ပြီး သင့်ရဲ့ လက်ချောင်းအလယ်မှာ ၀ယ်ဆင်ရမှာ ဖြစ်ပါတယ်။ ဖုန်းဒါမှမဟုတ် Tablet ရဲ့ အရှေ့ဘက်ကင်မရာ က သင့်ရဲ့ လက်လှုပ်ရှားမူအတိုင်း ပါရှိတဲ့ ဆော့ဝဲတွေက ထောက်ပံပေးမှာ ဖြစ်ပါတယ်။

သင့် လှုပ်ရှားတဲ့ အတိုင်း ဖုန်း Screen ပေါ်မှာ ပေါ်နေ
ပပါလိမ့်မယ်။ လောလောဆယ် ဒီ အိုင်လက်စွပ်ကို ဖုန်းမှာ အသုံးပြုနိင်ဖို့အတွက် IK က Free APPs နှစ်ခု ချပေးခဲ့ပါတယ်။

iRing Music Maker နဲ့ iRing FX/Controller ဖြစ်ပါတယ်။ iRing Music Maker App ဟာဆိုလိုရှိရင် Beats တွေပြောင်းလဲခြင်း၊ ရမ်သမ်တွေ၊ Effect တွေကို အိုင်လက်စွပ် အနေနဲ့ ထိန်းချုပ် စေနိင်တဲ့ App တစ်ခု ဖြစ်ပါတယ်။

iRing FX/Controller app ကတော့ သီချင်းတွေ၊ ဒီဂျေတွေ၊ ကိုထိန်းချုပ်နိင်မှာပါ။ ဈေးကတော့ £19.99 ပါ။

Aung Heine ( www.smart.com.mm )


နိုင်ငံခေါင်းဆောင်များလိုက်နာရန် ဘုရားလောင်းရဲ့ ဆုံးမစာ





ရှေ့ဆောင်နွားလားဥသဘဟာ ရှေ့ဆုံးကနေ ကွေ့ကောက်သွားလျှင် နောက်က နွားတစ်သိုက်ကလည်း ကွေ့ကောက်လိုက်တယ်။ ဒီလိုပါပဲ အထွတ်အမြတ်ခေါင်းဆောင်လို့ သမုတ်ထားတဲ့ ခေါင်းဆောင်မင်းက မတရားတဲ့အကျင့်ကို ကျင့်နေရင် တိုင်းသူပြည်သားတို့မှာ ဆိုဖွယ်မရှိ။ ခေါင်းဆောင်တွေ မတရားတဲ့အကျင့်ကို ကျင့်နေရင် တိုင်းသူပြည်သားတွေ ဆင်းဆင်းရဲရဲနေရတယ်။

ရှေ့ဆောင်နွားလားဥသဘက ရှေ့မှနေ ဖြောင့်ဖြောင့်သွားရင် နောက်ကနွားများလည်း ဖြောင့်ဖြောင့်လိုက်ကြတယ်။ တိုင်းပြည်အုပ်ချုပ်သူမင်းက တရားနှင့်အညီ မျှတစွာကျင့်သုံးရင် တိုင်းသူပြည်သားတို့မှာ ဆိုဖွယ်မရှိ။ တရားကို လိုက်နာ ကျင့်သုံးကြမည်အမှန်။ ခေါင်းဆောင်များက တရားနှင့်အညီ ကျင့်လျှင် တိုင်းပြည် ချမ်းချမ်းသာသာနေရတယ်။


ချိုမြိန်တဲ့အရသာရှိတဲ့ သရက်သီးကို မမှည့်ခင် အစိမ်းလိုက်ခူးရင် သရက်သီးအရသာလည်းပျက်တယ်။ သရက်မျိုးစေ့လည်း ပျက်စီးတယ်။ ဒီလိုပါပဲ တိုင်းပြည်အုပ်ချုပ်သူများဟာ တိုင်းသူပြည်သားတွေကို အဂတိလိုက်စား မိုက်မိုက်မှားမှား ဆုံးမစီရင်လျှင် တိုင်းနိုင်ငံရဲ့ အရသာကိုလည်း မခံစားရ။ တိုင်းပြည်လည်း ပျက်စီးတယ်။
သရက်သီးအမှည့်ကို ခူးဆွတ်ရင်တော့ သရက်သီးရဲ့ ချိုမြိန်တဲ့အရသာကိုလည်း ခံစားရတယ်။ သရက်မျိုးစေ့လည်း ပြန်ရတယ်။ ထိုသရက်မျိုးစေ့မှတစ်ဆင့် မြောက်များစွာသော ချိုမြိန်ကောင်းမြတ်တဲ့ သရက်ပင်များ တိုးပွားတယ်။
ဒီလိုပါပဲ အုပ်ချုပ်သူခေါင်းဆောင်များဟာ တိုင်းပြည်ကို တရားနဲ့အညီ အဂတိမလိုက်စား မျှတစွာ အုပ်ချုပ်စီရင်လျှင် တိုင်းပြည်ရဲ့ အရသာကိုလည်း ခံစားရမယ်။ တိုင်းနိုင်ငံလည်း မပျက်စီးပဲ စည်ပင်ဝပြောမယ်။

တိုင်းပြည်ခေါင်းဆောင်မင်းဟာ အမြို့မြို့အနယ်နယ်မှ သူဌေးသူကြွယ်၊ ကုန်သည်တွေကို အာဏာသုံးပြီး တံစိုးလက်ဆောင်ဆက်သခိုင်းခြင်း၊ အခွန်အတုတ်များစွာကောက်ခြင်းဖြင့် နှိပ်စက်လျှင် တိုင်းပြည်ဘဏ္ဍာကျီကြနှင့် ဆန့်ကျင်နေတာပါပဲ။ လေးသမား၊ စစ်သားများနှင့် ပညာရှိအကြံပေးများကို နှိပ်စက်လျှင် ထိုမင်းဟာ ဗိုလ်ပါနှင့် ဆန့်ကျင်နေတာပါပဲ။ ကိုယ်နှုတ်နှလုံး စောင့်စည်းကုန်သော ရသေ့ရဟန်းတို့ကို နှိပ်စက်လျှင် နတ်ရွာသုဂတိနှင့် ဆန့်ကျင်နေပါတယ်။ အပြစ်မရှိတဲ့ မိဖုရားများနှင့် သားသမီးတို့ကို ညင်းဆဲလျှင် သားမိဖုရားတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။
ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများဟာ ရဟန်းရှင်လူ တိုင်းသူပြည်သားများကို မညှင်းဆဲ မသတ်ဖြတ်ပဲ မျှတစွာ တရားသဖြင့် အုပ်ချုပ်ရပါမယ်။

အသူရာတို့ကို နှိပ်စက်လွမ်းမိုးနိုင်တဲ့ သိကြားမင်းဟာ မိမိရန်သူတို့ကို ထိတ်လန့်တုန်လှုပ်စေသလို တိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာ တိုင်းသူပြည်သားတို့ကို စောင့်ရှောက်ပြီး အမျက်မထွက် တရားစောင့်လျှက် နေမယ်ဆိုရင် မိမိရန်သူများကို မင်းရဲ့တန်ခိုးအရှိန်ဖြင့် ထိတ်လန့်တုန်လှုပ်စေနိုင်ပါတယ်။

(မဟာဗောဓိပရိဗ္ဗာဇကဇာတ်မှ)

Credit to : အရှင်က၀ိဓဇသာရ
worldofwisdom

ခေတ်လူငယ်ရှစ်ဦးရဲ့ အနုပညာ အခင်းအကျင်း




မနက်ဖြန် ရန်ကုန်မြို့မှာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာပြပွဲတခု ရှိနေပါတယ်။
ခေတ်လူငယ် ၈ ဦးရဲ့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ ၀တ္တု၊ အင်စတော်လေးရှင်း စသည် စသည်တို့ကို ပူးတွဲပြသမယ့် ပြပွဲပါ။ သူတို့ ဖော်ကျူးတဲ့အကြောင်းအရာကတော့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။

 Art Bridge for Peace လို့ အမည်ပေးထားပါတယ်။ ငြိမ်းချမ်းရေးအတွက် အနုပညာတံတား လို့ ဆိုရပါလိမ့်မယ်။

သူတို့ရဲ့ ပြပွဲတင်လက်ရာတချို့ကို ဖော်ပြလိုက်ပါတယ်။
ဖန်တီးသူတို့ရဲ့ဓာတ်ပုံတွေကိုလည်း သူတို့အမည်နဲ့တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

အနုပညာစိတ်ဝင်စားသူများ လာမယ့် ၃ ရက်အတွင်း ရန်ကုန်မှာရှိနေမယ်ဆိုရင်တော့ အဲဒီပွဲဟာ သွားသင့်သွားထိုက်တဲ့နေရာတခုပါပဲ။

Gallery 65 လို့ အမည်ပေးထားတဲ့ အဲဒီ အနုပညာပြခန်းက အမှတ် ၆၅ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာ ရှိပါတယ်။
သမ္မတဟိုတယ်ဘေးက လမ်း ဖြစ်ပါတယ်။ ဟိုတုန်းကတော့ အဲဒီလမ်းကို ယောက်လမ်း လို့ ခေါ်ပါတယ်။

၁၉၈၂ နောက်ပိုင်း မွေးဖွားလာသူများ ဖန်တီးတဲ့ အနုပညာလက်ရာတွေကို ၃ ရက်ကြာ ပြသသွားမယ်လို့ သိရပါတယ်။

သြကာသရှင်းတမ်း


♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠
ဒီပို့စ်လေးကတော့ ဗုဒ္ဓဘာသာဆိုပေမယ့်
အမည်ခံဗုဒ္ဓဘာသာသာ ဖြစ်နေကြသူများ၊
မိရိုးဖလာဗုဒ္ဓဘာသာများ၊
သူများဆိုလို့သာ လိုက်ဆိုနေရ၊ လိုက်ကန်တော့နေရပေမယ့် ဆိုလိုရင်းအဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်သူများ၊ ဘာသာရေးပွဲများရှိတိုင်း အစဉ်အလာအရ
လိုက်ဆိုနေသော်လည်း သြကာသရဲ့အဓိပ္ပါယ်နဲ့
ဒီကန်တော့ချိုးမှာပါတဲ့ စကားလုံးတစ်ခုချင်းကို
သေချာနားလည် သဘောမပေါက်သေးသူများအတွက်
ရည်ရွယ်ပြီး အများနားလည်အောင်
ရှင်းလင်းတင်ပြထားတဲ့ ပို့စ်လေးဖြစ် ပါတယ်။
နားလည်ပြီးဖြစ်နေသူများအတွက် နားဖူးထပ်မံပေါ့။ ဒီသြကာသရှင်းတမ်းလေးကို ပြောဖို့အတွက်
အရင်ဆုံး သြကာသကန်တော့ချိုးကို တင်ပြရပါမယ်၊
ပြီးတော့မှ တစ်ခုချင်းကို ရှင်းပြပါမယ်။

“သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ
တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ
အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျော ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို
ရပါလို၏ အရှင်ဘုရား။”

ဒီသြကာသ ကန်တော့ချိုးမှာ ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းနဲ့ ဆုတောင်းတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းတွေကို
အသေးစိပ်ရှင်းပြရရင် သြကာသကတော့ ပါဠိစကားလုံးပါ။
အခွင့်၊ အခွင့်တောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ရှိခိုးဝန်ချတောင်းပန်ခွင့် ပြုဖို့စကားပလ္လင်ခံတဲ့ သဘောပါ။
သုံးကြိမ်ဆိုတာက ပိုပြီးလေးနက်အောင်လို့ပါ။
နောက် ကာယကံ၊ ၀စီကံ မနောကံမှာ
ကာယကံက ကိုယ်ဖြင့်ပြုလုပ်တဲ့အမှု၊(စေတနာ)၊
ဝစီကံက နှုတ်ဖြင့်ပြောဆိုတဲ့အမှု(စေတနာ)၊
မနောကံက စိတ်ဖြင့်ကြံစီတဲ့အမှု(စေတနာ) ကိုဆိုလိုတာပါ။
ကိုယ်နှုတ်နှလုံး သုံးပါးမှာ ကိုယ်အမူအရာနဲ့ ဖြစ်စေ၊
စကားဖြင့် ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ဒီသုံးမျိုးဖြင့်
ပြုလုပ်ခြင်းကို ကံသုံးပါးလို့ ဆိုပါတယ်။

ဒီသုံးပါးမှာ တစ်ပါးပါးနဲ့ ပြစ်မှားမိတာတွေကို
ဝန်ချတောင်းပန်မှု ပြုခြင်းဖြင့် ကျေပျောက်စေလိုတဲ့
သဘောပါ။
(ဒီနေရာမှာ ပြောတဲ့ကံသုံးပါးနဲ့ ဒုစရိုက်ဆယ်ပါးမှာ လာတဲ့
ကာယကံ၊ ၀စီကံ၊ မနေကံတွေနဲ့တော့ မတူပါဘူး။
ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ဒုစရိုက်ဆယ်ပါးမှာ
ကာယကံသုံးပါး၊ ၀စီကံလေးပါး၊မနောကံက သုံးပါးရှိပါတယ်။
ကာယကံသုံးပါးက
♦ ပါဏာတိပါတ-သက်ရှိသတ္တ၀ါကိုသတ်ဖြတ်ခြင်း၊
♦ အဒိန္နဒါန-ပိုင်ရှင်မပေးတဲ့ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊
♦ ကာမေသုမိစ္ဆာစာရ-သူတစ်ပါးသားမယားကို
ပြစ်မှားလွန်ကျူးခြင်းတို့ဖြစ်ပြီး
ဝစီကံလေးပါးက
♦ မုသာဝါဒါ-လိမ်ညာပြောဆိုခြင်း၊
♦ ပိသုဏ၀ါစာ- ချောပစ်ကုန်းတိုက်သော
စကားကိုပြောဆိုခြင်း၊
♦ ဖရုသ၀ါစာ-ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်း၊
♦ သမ္ဖပ္ပလာပ-အကျိုးမရှိ ပြိန်ဖျင်းသော
စကားကိုပြောဆိုခြင်းတို့ဖြစ်ကာ
မနောကံသုံးပါကတော့
♦ အဘိဇ္ဈာ-အလိုကြီးခြင်း၊ တပ်မက်ခြင်း၊
♦ ဗျာပါဒ-မကောင်းကြံခြင်း၊ စောင်းမြောင်းခြင်း၊
♦ မိစ္ဆာဒိဋ္ဌိ- မှားယွင်းသောအမြင်အယူတို့ပဲ ဖြစ်ပါတယ်။
ဒါတွေက မကောင်းတဲ့စရိုက် ဆယ်ပါးဖြစ်ပါတယ်။
♠ဒီဆယ်ပါးကို ကျူးလွန်မိပါက ၀န်ချတောင်းပန်ရုံနဲ့
မကျေပျောက်ပါဘူး။

သူ့ကံအကျိုးပေးမှု ပေါ်ပြီးမှ ကျေပျောက်ပါတယ်။
သဗ္ဗဒေါသနဲ့ ခပ်သိမ်းသောအပြစ်က အဓိပ္ပါယ်အတူတူပါပဲ။
ပါဠိနဲ့ မြန်မာကိုတွဲပြီး ရေးထားတာပါ။
ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းမှာ
အဓိကသိထားသင့်တာတွေကတော့ ဒီလောက်ပါပဲ။
ဆုတောင်းတဲ့အပိုင်းမှာတော့ သိထားသင့်တဲ့
အပိုင်းတွေက များပါတယ်။ တစ်ခုချင်းရှင်းပြရရင်…

အပါယ်လေးပါး
(အပါယ=ပျက်စီး၍ကျရောက်အပ်သော
ချမ်းသာကင်းရာအရပ်)
•••••••••••••••••••••••••••
၁။ ငရဲ၊
၂။ တိရစ္ဆာန်၊
၃။ ပြိတ္တာ၊
၎။ အသုရကာယ်
(အသုရကာယ-ယုတ်ညံ့သောအသုရကာယ်နတ်အပေါင်း)

ကပ်သုံးပါး (ကပ္ပ=သတ္တ၀ါတို့၏အပြစ်ကံအလျောက်စီရင်ခံရခြင်း)
၁။ ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း
၂။ သတ္ထန္တရကပ် = တိုက်ခိုက်သတ်ဖြတ် စစ်မက်များဖြစ်ပွားခြင်း
၃။ ရောဂန္တရကပ် = အနာရောဂါ ကျရောက်သေကျေ ပျက်ဆီးခြင်း

ရပ်ပြစ်ရှစ်ပါး (မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော ဘ၀ဖြစ်တည်မှု)
•••••••••••••••••••••••••••
၁။ ငရဲဘုံ၌ဖြစ်ခြင်း၊
၂။ တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊
၃။ ပြိတ္တာဘုံ၌ဖြစ်ခြင်း၊
၎။ အသညသတ်ဘုံ၊ အရူပဗြဟ္မာဘုံ၌ဖြစ်ခြင်း၊
၅။ ပစ္စန္တရစ်အရပ်ခေါ် သာသနာမရှိသောအရပ်၌ဖြစ်ခြင်း၊
၆။ မှားယွင်းသောမိစ္ဆာဒိဋ္ဌိအယူရှိခြင်း၊
၇။ သုဂတိအဟိတ်ပဋိသန္ဓေနေခြင်း
(မွေးရာပါ၊ ဆွံ့၊ အ၊ နားမကြားခြင်းစသည်)
၈။ တိဟိတ်ပဋိသန္ဓေ (ခြေလက်အင်္ဂါအစုံအလင်)ဖြစ်သော်လည်း ဘုရားမပွင့်သော ကမ္ဘာ၌ဖြစ်ခြင်း

ရန်သူမျိုးငါးပါး
••••••••••••••
၁။ ရေ၊
၂။ မီး၊
၃။ မင်း၊
၎။ ခိုးသူ၊
၅။ မချစ်မနှစ်သက်သူ (အမွေခံသားဆိုးသမီးဆိုး)
www.facebook.com/youngbuddhistassociation.mm
ဝိပတ္တိတရားလေးပါး (ပျက်ဆီးခြင်းသို့ရောက်ခြင်းတရား)
•••••••••••••••••••••••••••
၁။ ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ဖြစ်ရခြင်း
၂။ ဥပဓိဝိပတ္တ = ကိုယ်အင်္ဂါချို့ယွင်းသော ခန္ဓာကိုယ်အတ္တဘောကိုရခြင်း
၃။ ကာလ၀ိပတ္တိ = မကောင်းယုတ်မာသော မင်းတို့၏လက်ထက်၌ ကာလဖောက်ပြန်ခြင်း
၎။ ပယောဂ၀ိပတ္တိ = မကောင်းမှုတို့နှင့်အသက်မွေးခြင်း (အသက်မွေးရခြင်း)

ဗျသနတရားငါးပါး (ပျက်ဆီးခြင်းတရား)
•••••••••••••••••••••••••••
၁။ ဉာတိဗျသန = ဆွေမျိုးတို့ပျက်ဆီးခြင်း
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာများပျက်ဆီးခြင်း
၃။ ရောဂဗျသန = အနာရောဂါနှိပ်စက်၍ ပျက်ဆီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်ဆီးခြင်း
၅။ ဒိဋ္ဌိဗျသန = မှန်ကန်သည့်အယူဝါဒ ပျက်ဆီးခြင်း

[စာရေးသူ = ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

Dhamma Danã Source ►
youngbuddhistassociation

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး




အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
 “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။

“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။

 ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။


‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
 ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။

ထိုခုနှစ်မျိုးမှာ ...


၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
 ၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။မည်သူမဆို ဤအလှူဒါန
ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

worldofwisdom

အသက် ၄၀ ကျော် အရွယ်များအတွက် ခန္ဓာကိုယ်ထိန်းသိမ်းနည်း (၅)နည်း



(၁) အပြင်စာများ မစားပါနှင့်

အပြင်စာတွေကို စားသုံးတာက ကယ်လိုရီအပိုတွေကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုအရ အသက် ၄၀ နှစ်ကျော် အရွယ်တွေ ကိုယ် အလေးချိန် လျှော့ချပေးဖို့ အဓိက ထိန်းချုပ်သင့်တာက ကယ်လိုရီအပိုတွေ စားသုံးမှုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ကိုယ်အလေးချိန် လျှော့ချပေးဖို့ ကယ်လိုရီ ၁၆၀၀ သာ စားသုံးဖို့ လိုအပ်ပါတယ်။ ကယ်လိုရီရရှိမှု လျှော့ချဖို့အတွက် သရေစာ စားသုံးတာနဲ့ အပြင်စာစားသုံးမှုတွေကို လျှော့ချပေးပါ။

(၂) အချိုရည်ရှောင်ပါ

အချိုရည်သောက်သုံးမှုကို လျှော့ချလိုက်တာက ကယ်လိုရီရနိုင်တဲ့ တခြားအစာတွေ လျှော့ချလိုက်တာထက် ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုမိုထိရောက်မှု ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်ကရတဲ့ ကယ်လိုရီက စိတ်ကျေနပ်မှုကို နည်းစေပြီး ဆာလောင်မှုကို ပိုမိုစေတာကြောင့်ပါ။

(၃) အသားဓာတ်ပါဝင်အောင် စားပါ

ဥရောပလေ့လာမှု တစ်ခုအရ ကိုယ်အလေးချိန် လျှော့ချနေသူတွေကို တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီရဲ့ ၂၅ ရာခိုင်နှုန်းကို ပရိုတင်း (အသားဓာတ်) ကနေရယူတာက ကိုယ်အလေးချိန် လျှော့ချရေးမှာ များစွာ အကျိုးရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတင်းက ဗိုက်ပြည့်စေပြီး အစာချေဖျက်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေထက် စွမ်းအင်ပိုမို အသုံးပြုရတာကြောင့်လို့ ပညာရှင်တွေက ပြောပါတယ်။ ကြက်သား သုံးအောင်စ ကနေ ပရိုတင်း ၂၆ ဂရမ်၊ တူနာငါး သုံးအောင်စကနေ ပရိုတင်း ၂၂ ဂရမ်ကို ရရှိနိုင်ပါတယ်။

(၄) ညစာ မစားမီ စွပ်ပြုတ်သောက်ပါ

ညစာမစားမီ စွပ်ပြုတ်သောက်တာကြောင့် ကယ်လိုရီစားသုံးမှုကို ၂၀ ရာခိုင် နှုန်း လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကယ်လိုရီပိုရတဲ့ ခရင်မ်နဲ့ အချိုများတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။

(၅) အသီးအရွက်ဖျော်ရည် သောက်ပါ

အသီးအရွက်ဖျော်ရည်က အစာစားချင်စိတ်ကို လျော့နည်းစေပြီး ကယ်လိုရီ စားသုံးမှုကို လျှော့ချပေးပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီ မစ္စတာ ဒေးဗစ်က အမျိုးသမီးရော၊ အမျိုးသားတွေပါ ကယ်လိုရီ နည်းပြီး နှလုံးကျန်းမာစေဖို့ ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ အသီးအရွက်ဖျော်ရည် သောက်သုံးပြီး အချိုရည်သောက်သုံးမှုကို ရှောင်ရှားပါလို့ ပြောပါတယ်။

ဇာခြည်ဝင်း

Royal Hero Media

Samsung ပရိသတ်တွေအတွက် လျို့ဝှက်အညွှန်းကုဒ်များ




အခု ခေတ်မှာဖုန်းဆိုင်တွေများပြားစွာ ပေါ်ပေါက်နေတာဖြစ်လို့အရည်အသွေးအနေနဲ့သံသယမဖြစ်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ပုံမှန်ထက် ဈေးသက်သာလို့ ဈေးကြီးလို့ စိတ်ထဲတစ်မျိုး ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ပေါ့ကိုယ်ရဲ့ ဖုန်းဟာ ဘယ်လိုအရည်အသွေး၊ ဘယ်လိုစွမ်းဆောင်ရည်ရှိတယ်ဆိုတာ လူတိုင်းသိချင်ကြမှာပဲလေ ။

ကောင်းပါပြီ။ အောက်မှာ ကြည့်လိုက်ပါဦး

ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေ အတွက် *#*#4636#*#* ကိုနှိပ်ပါ။သင့်သိချင်တဲ့ IMEI ကုတ်၊ မိမိရဲ့ဖုန်းနက်ဝမ်၊ ဖုန်းဝန်ဆောင်မူထဲမှာ ရှိမရှိသိရှိစေမှာ ဖြစ်ပါတယ်။ဘတ္တရီနဲ့ ပတ်သက်တဲ့ အချက်တွေ အပြင် ဖုန်းမှာ သုံးထားတဲ့ ကိန်းဂဏန်းဇယားတွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။

Touch Screen စမ်းသပ်ရန်အတွက်ဒီစမ်းသပ်ချက်လေးက ဖုန်းမ၀ယ်ခင်လေးမှာ တော်တော် အသုံးဝင်ပါလိမ့်မယ်။
ဖုန်းတစ်လုံးရဲ့ Touch Screen အရည်အသွေးကို သိရှိစေနိင်ပါတယ်။
ဒီအတွက် *#*#2664#*#* ကိုနှိပ်ပါ ဗျာ ။

touch screen version အတွက်ကတော့
*#*#2663#*#* ကိုနှိပ်ပါ။


ဖုန်းခေါ်လိုက်တာနဲ့ လက်နဲ့ပွတ်စရာမလိုပဲ နားနဲ့ကပ်ရုံနဲ့ ဖြေကြားနိင်တဲ့ proximity sensor ကိုစမ်းသပ်ဖို့အတွက်*#*#0588#*#* ကိုနှိပ်ပါ။

ဖုန်းတစ်လုံးမှာ RAMက လည်းအရေးကြီးပါတယ်။ တစ်ချို့ဖုန်းတွေက အပြင်မှာ RAM ဘယ်လောက်ဘယ်လောက်ဆိုပြီး ရေးထားပေမဲ့လို့
တစ်ကယ်တမ်း တရားဝင်မဟုတ်တဲ့ ဖုန်းတွေဖြစ်နေတတ်ပါတယ်။ ကဲ ကိုယ်ဖုန်းက အတုလား အစစ်လားဆိုတာ RAM အတွက် *#*#3264#*#* ကိုနှိပ်လိုက်ပါဦး။ Null ဆိုရင်တော့ တရားမ၀င်လို့ဖော်ပြထားတာဖြစ်ပါတယ်။

မြူးဇစ် ကြိုက်တဲ့ ကိုကို မမများ ဖုန်းရဲ့ အသံပိုင်းဆိုင်ရာ မယ်လိုဒီ စမ်းသပ်ဖို့အတွက်ကတော့ *#*#0673#*#* ကိုနှိပ်ကာ စမ်းကြည့်ပါ။

တုန်ခါမူ Vibration အတွက် *#*#0842#*#* ကိုနှိပ်ကာ စမ်းပါ။

ဖုန်းတစ်လုံးရဲ့ အရောင်ကာလာကောင်းမွန်မူ၊ အာရုံခံ Accelerometer တွေကောင်းမကောင်း၊ စပီကာကောင်းမကောင်း၊ ကင်မရာကြည်မကြည်ဆိုတာတွေအားလုံးအတွက် lcd စမ်းသပ်မူလိုခေါ်တဲ့ ဒီနံပါတ်ကိုနှိပ်ကာ *#*#0*#*#* စမ်းပါဗျို့

အဆင်ပြေချောမွေ့ကာ စိတ်ချမ်းသာကျန်းမာ ကြပါစေဗျာ

Smart Pro Journal

ကုန်တာခြင်းအတူတူ...စေတနာလေးထည့်လိုက်ပါ.



တနေ့တနေ့ ပေးကမ်းနေရသောသူတွေ ကို ပေးတဲ့ခါ စေတနာ၊မေတ္တာနဲ့ ပေးရင်ကုသိုလ်ရနေမှာပါ...

သားသမီးကို ကျွေးမွေးရတာခြင်းအတူတူ စေတနာလေးထည့်လိုက်ပါ။

မိဘကို လုပ်ကျွေးရတာခြင်းအတူတူ စေတနာလေးထည့်လိုက်ပါ။

ဆွေမျိုးတွေကို ထောက်ပံ့ရတာခြင်းအတူတူ စေတနာလေးထည့်လိုက်ပါ။

မိတ်ဆွေတွေကို ကျွေးမွေးရတာခြင်းအတူတူ စေတနာလေးထည့်လိုက်ပါ။

တိရစ္ဆာန်လေးတွေကို ကျွေးတာခြင်းအတူတူ စေတနာလေးထည့်လိုက်ပါ။

တာဝန်ကြောင့် ထမ်းဆောင်နေရတာခြင်းအတူတူ စေတနာလေးထည့်လိုက်ပါ။

မဖြစ်မနေပေးရတဲ့ခါ မေတ္တာလေးနဲ့ ပေးလိုက်ပါ။

ကုန်တာခြင်း အတူတူ ကုသိုလ်လေးနဲ့ ကုန်လိုက်ပါ။

လုပ်ပေးရတာခြင်းအတူတူ ကုသိုလ်လေးသာ ယူလိုက်ပါ။

စေတနာမပါတဲ့ အလုပ်ဟာ ဆားမပါတဲ့ ဟင်းလိုပါဘဲ။

ကိုယ့်ကံဟာ ကိုယ့်စေတနာမို့ ကုန်တာခြင်းအတူတူ...စေတနာလေးထည့်လိုက်ပါ....

မေတ္တာဖြင့်
မနန်းမွန်း
သတင်းဘုရင်

ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။


************************************************
-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-

-နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-

-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-

-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-

-ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့-

-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-

-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-

-တစ်ပတ်(၇ ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။ profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်) ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့ မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက် ရာပြန်ပြင်နိုင်ပါပြီ-

-အကောင့်န်သစ် စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန် တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက် လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-

-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။

Creadit ~ ကိုဇော်သွင်(နည်းပညာ)

နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ ရောဂါများ သတိထား




နှာခေါင်းနှင့် လည်ချောင်းသည် လူ့ကိုယ်ခန္ဓာ၏ အဓိက အရေးကြီးသော အင်္ဂါဖြစ်ပြီး အသက်ရှူသွင်း ရှူထုတ်ရာနှင့် စကားပြောရာတွင် အဓိက အရေးပါသည်။ ယခုခေတ်တွင် စက်မှုလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ ပတ်ဝန်းကျင် လေထုသည်လည်း ညစ်ညမ်းလာသောကြောင့် နှာခေါင်း ရောင်နာနှင့် လည်ချောင်းရောင် ရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာသည်။

ယင်း ရောဂါများ၏ လက္ခဏာများသည် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာပြည်ရည်ယိုခြင်း၊ လည်ချောင်းတွင်း ခိုးလိုးခုလု ဖြစ်၍ ထွေးထုတ်မရ၊ မျိုချမရ ဖြစ်ခြင်း၊ လည်ချောင်း ခြောက်ခြင်း၊ နာခြင်း၊ ချွဲသလိပ်ကပ်ခြင်းနှင့် အော်ဂလီဆန်ခြင်းတို့ ဖြစ်တတ်သည်။

နှာခေါင်းရောဂါ မဖြစ်ရန် ရှောင်ရမည့် အချက်များမှာ နှာခေါင်းအတွင်း လက်ဖြင့် မကြာခဏ ထိုး၍ ပွတ်ခြင်း မပြုလုပ်သင့်။ နှာခေါင်းတွင်းရှိ အပေါ်ယံ မြှေးပါးများသည် နူးညံ့လွန်းသောကြောင့် လက်ဖြင့် ပွတ်ခြင်းဖြင့် ဗက်တီးရီးယား ပိုးများ ဝင်ရောက်ခြင်းတို့ ဖြစ်သည်။

ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်သော လက္ခဏာများမှာ နံနက် အိပ်ရာထချိန်တွင် အဆက်မပြတ် နှာချေခြင်း၊ နှာရည် ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းအတွင်း အမြဲ ယားနေခြင်း၊ နံနက် အိပ်ယာထချိန်တွင် ခေါင်းမူး၊ ခေါင်းကိုက်၍ ချွဲသလိပ်များ လည်ချောင်းတွင်း ပြည့်စို့နေခြင်း စသော လက္ခဏာများ တစ်လအတွင်း ဆက်တိုက်ဖြစ်ပွား ပါက ဆရာဝန်ဖြင့် အမြန်ဆုံး ပြ၍ ကုသသင့်ပေသည်။ ။

သိုက်ရာဇာ
မြ၀တီ

မီးရထားရုံးဝင်းအတွင်း အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားထောက်ပြီး အဓမ္မကျင့်




9-1-2014

အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်အဓမ္မပြု ကျင့်ခဲ့သည်ဟု တိုင်တန်းသဖြင့် ဗိုလ်တထောင်ရဲစခန်းက ဇန်န၀ါရီ ၇ တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၆ ရက် ည ၇နာရီ က ဆိပ်ကမ်းမြို့နယ်နေ အသက် (၁၉)နှစ်ရှိ အမျိုးသမီးသည် ပန်းဆိုးတန်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဈေးကူရောင်းပေးနေစဉ် ဒလမြို့နယ်နေကပ္ပလီ (ခ) အောင် မြင့် (ခ)မဲကြီး (၂၁)နှစ် ရောက်ရှိလာပြီး “နင့်ယောက်ျားနဲ့တွေ့ချင်ရင် လိုက်ခဲ့” ဟု ခေါ်ဆောင်ကာ ဘိုက လေးဈေးလမ်းရှိ လက်ဖက်ရည်ဆိုင် အရောက်တွင် အောင်ကိုဝင်း (၂၄)နှစ်၊ ဆိုက္ကားနင်းသူနှင့် ထပ်မံ တွေ့ရှိခဲ့သည်ဟု အမှုဖွင့်ရာတွင် ကာယကံရှင်ဖြစ်သူက ထွက်ဆိုထားသည်။

ထို့နောက် ၎င်းတို့နှစ်ဦးက ဗိုလ်တထောင်မီးရထားရုံးဝင်း အတွင်းဘက်သို့ လှည့်ပတ်ခေါ်သွားပြီးနောက် ကပ္ပလီက ဓားပုံစံပြုလုပ်ထားသော သံဖြတ်လွှငယ်တစ်ခုဖြင့် လည်ပင်းကိုထောက်ကာ သံလမ်းနှင့် ရေမြောင်းကြား ခြုံစပ်တွင် သားမယားပြုကျင့်ခဲ့သည်ဟု တရားလိုက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

ထို့ပြင် အောင်ကိုဝင်းကလည်း သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု အမှုဖွင့်ရာတွင် ထွက်ဆိုထားသည် ကို တွေ့ရသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို သားမယားပြုကျင့်မှုဖြင့် အရေးယူပေးရန် တိုင်တန်းထားရာ ယင်းတိုင်တန်း မှုကို (ပ) ၅/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆/ ၁၁၄ ဖြင့် အရေးယူသွားမည်ဖြစ်သည်။

Mizzima Burmese


Windows 8 သုံးသောသူများ သိစေရန်



----------------------------------------

Window 8 OS တွင် ညစ်ညမ်းဂိမ်း (Adult Game) ဆော့ကစားခြင်းအား Microsoft မှ တားဆီး ပိတ်ပင်ထားမည် ဖြစ်ကြောင်း သိရသည်။

ဂိမ်းခွေတွင် ပါရှိသော rating သည် – PEGI 16 သို့မဟုတ် ESRB Mature ထက်ကျော်လွန်ပါက Window 8 OS တွင် ဆော့ကစား၍ ရမည် မဟုတ်ကြောင့် မိုက်ခရိုဆော့ဖ် ပရိုဂမ်မာများက ပြောကြားသည်။ app certification requirements ကို အဆင့်မြင့်တင်ထားသော်လည်း ယင်း တားမြစ်ချက်က အခြား ဂိမ်များကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရသည်။

ဂိမ်း Rating များမှာ နိုင်ငံတစ်ခုနှင့် တစ်ခု မတူညီပေ။

အမေရိကန်တွင် Mature rating ရရှိပြီး အဆင်ပြေနိုင်သော်လည်း ဥရောပ တွင် ဆင်မပြေနိုင်မည့် ဂိမ်းများ ရှိသည်။ Dishonored, Skyrim, Sleeping Dogs, Assasin’s Creed, Call of Duty စသည့်ဂိမ်းများ ဖြစ်ပြီး အခြား Violence ပြင်း၍ အသက်အရွယ် ကန့်သတ်မှု များသော အက်ရှင်ဂိမ်း၊ Horror ဂိမ်း လည်း Windows 8 တွင် ဆော့ကစား၍ မရနိုင်ကြောင်း သိရသည်။

ညစ်ညမ်းဂိမ်းကို Windows 8 OS တွင် စစ်ထုတ် တိုင်းတာရန် စနစ်ပါရှိပြီး ဂိမ်းက ဖော်ပြသည့် Metadata မှာ အားလုံးအတွက် သင့်လျော်နေရ မည် ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ကြောင့် Windows 8 OS အသုံးပြု၍ ဂိမ်းခွေစတိုးများ ဝင်ရောက်ရာတွင်လည်း အခက်တွေနိုင် ကြောင်း သိရသည်။

ထို့ကြောင့် Windows 8 OS တွင် ညစ်ညမ်းဂိမ်း တားမြစ်ချက်အတွက် အသုံးပြုသော နည်းပညာ ကို အဆင့်မြင်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။

မြ၀တီ

အဆိုမမိန့်



Thursday, January 9, 2014

၁) ပုံမှန်ငိုက်မြည်းခြင်းဟာ အသက်အရွယ်အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်... အထူးသဖြင့် ကားမောင်းနေစဉ် ငိုက်မြည်းတာ ပိုထိရောက်ပါတယ်...

၂) ကလေးတစ်ယောက်ရလာရင် သင်မိဘတစ်ယောက်ဖြစ်လာပါမယ်... ကလေးနှစ်ယောက်ရလာရင်တော့ သင်ဒိုင်လူကြီးဖြစ်လာပါမယ်...

၃) အိမ်ထောင်မှုမှာ တစ်ယောက်က အမြဲမှန်နေပြီး နောက်တစ်ယောက်ကတော့ ခင်ပွန်းဖြစ်ပါတယ်...

၎) အခွန်ဆောင်တဲ့အခါ အပြုံးလေးနဲ့ပေးဆောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်... တကယ်ပေးကြည့်တဲ့အခါမှာတော့ သူတို့က ငွေသားကိုပဲ လိုချင်ကြတယ်...

၅) စိတ်မပျက်ပါနဲ့.... ငတုံးတွေအများကြီးရှိပါတယ်...

၆) တူတူနေချင်တဲ့သူနဲ့ သင်လက်မထပ်ပါနဲ့... သူမရှိရင် သင်အသက်ဆက်မရှင်ချင်တော့လောက်အောင် ဖြစ်စေတဲ့သူနဲ့လက်ထပ်ပါ... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင်တော့ ဒီလိုလက်ထပ်တဲ့အတွက် သင်နောင်တရမိပါလိမ့်မယ်...

၇) အချစ်ကို ငွေနဲ့ဝယ်ယူလို့မရဘူး.... ဒါပေမဲ့ အချစ်အတွက်တော့ ငွေကုန်ကြေးကျများလိမ့်မယ်...

၈) ပျင်းရိခြင်းဆိုတာ မပင်ပန်းခင် အနားယူတတ်တဲ့အကျင့်ပဲ...

၉) လက်ထပ်ခြင်းဆိုတာ အပေးနဲ့အယူပဲ... သင်က ပိုကောင်းတာပေးရင်ပေး ဒါမှမဟုတ် သင်ပေးတာကို သူမက ဘယ်လိုပဲဖြစ်ဖြစ်ယူနေမှာပါပဲ...

၁၀) ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က အမြဲတမ်း ညှိထားတယ်... ကျွန်တော်မှားတဲ့အကြောင်းကို ဝန်ခံတယ်... သူမကလည်း ကျွန်တော့်သဘောအတိုင်းပဲ...

၁၁) ကိုယ့်ကိုယ်ကို မရယ်မောတတ်တဲ့သူတွေဟာ တခြားသူတွေရယ်ဖို့ ချန်ထားပေးတာပဲ...

၁၂) အမျိုးသမီးများကို ဦးစားပေးပါ... လှတဲ့အမျိုးသမီးတွေကို ပိုဦးစားပေးပါ..

မြ၀တီ.

မြန်မာတိုင်း (မ်) ကို ဖျက်သိမ်းရန် လျှောက်ထားမှု ပလပ်ခံရ




ရန်ကုန်၊ ဇန်နဝါရီ ၈

မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် မြန်မာတိုင်း (မ်) ဂျာနယ်ကို ထုတ်ဝေနေသည့် Myanmar Consolidated Media ကို ဖျက်သိမ်းရန် အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ ၅၀ ကျော် ပိုင်ဆိုင်ထားသည့် ဒါရိုက်တာနှစ်ဦးက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားမှုကို ဇန်နဝါရီလ ၇ ရက်နေ့တွင် အဆိုပါ တရားရုံးက ပလပ်လိုက်ကြောင်း မြန်မာ တိုင်း (မ်) ဂျာနယ်၏ အကြီးတန်း စာတည်းမှူး ဦးမောင်သွေးသစ်က ပြောကြားသည်။

ကုမ္ပဏီ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဒါရိုက်တာ နှစ်ဦးဖြစ်သည့် ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ယင်းသို့ လျှောက်ထားခြင်း ဖြစ်ပြီး လျှောက်ထားပြီး လေးလကျော် အကြာတွင် တရားရုံးက ယင်းသို့ ပလပ်လိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီ ဖျက်သိမ်းရန် လျှောက်ထားမှုကို ပလပ်လိုက်သော်လည်း ရှေ့နေနှင့် တိုင်ပင်ကာ အဆင့်ဆင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းဦးက ဆိုသည်။
“ဘောလုံးပွဲ တစ်ပွဲလိုပါပဲ။ အခုမှ ပြိုင်ပွဲက အစပဲရှိသေးတယ်။ ပွဲမပြီးသေးပါဘူး။ နစ်နာ ဆုံးရှုံးခဲ့ရတာတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ တရားကို နတ်စောင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

Myanmar Consolidated Media ကုမ္ပဏီက ထုတ်ဝေနေသည့် မြန်မာတိုင်း(မ်) ဂျာနယ်၊ NOW! မဂ္ဂဇင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ဝေမှု ခေတ္တရပ်ဆိုင်းမည်ဟု ပြည်မြန်မာ ဂျာနယ်မှတစ်ဆင့် ဒေါက်တာတင်ထွန်းဦးက ကြေညာခဲ့သော်လည်း မြန်မာတိုင်း(မ်) ဂျာနယ်၊ NOW! မဂ္ဂဇင်းတို့ကို ဆက်လက် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ဒေါက်တာ ခင်မိုးမိုးသည် ဇွန်လ ၂၈ ရက်နေ့က မြန်မာတိုင်း(မ်) ရုံးခန်းသို့ သွားရောက်စဉ် ရုံးနှင့် မသက်ဆိုင်သူများကို ခွင့်ပြုချက် မရှိဘဲ ရုံးခန်းအတွင်းသို့ ခေါ်လာသည်ဟုဆိုကာ ရော့စ်ဒန်ကလီက ဒေါက်တာ ခင်မိုးမိုး၏ လက်မောင်းဆွဲကာ Get Out ဟု ပြောဆိုပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် သမက်ကို လက်သီးဖြင့် ထိုးခဲ့ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် နှစ်ဖက်အပြန်အလှန် တရားစွဲဆို ခဲ့ကြသည်။

Myanmar Consolidated Media ကုမ္ပဏီကို သြစတြေးလျ နိုင်ငံသား ရော့ဒန်ကလေနှင့် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ကြပြီး တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းပြီးချိန်တွင် ရှယ်ယာရှင်များ ဖြစ်ကြသည့် ဦးဆန်နီဆွေနှင့်ဇနီး ဒေါ်ယမင်းထင်အောင်တို့၏ အစုရှယ်ယာများကို ပြည်မြန်မာ ဂျာနယ် ထုတ်ဝေသော ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ဒေါ်ခင်မိုးမိုးတို့ကို ရောင်းချပေးခဲ့သည်။

Myanmar Consolidated Media ကုမ္ပဏီ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို မစ္စတာရော့စ်ဒန်ကလီက ပိုင်ဆိုင်ထားသည်။

The Voice Weekly Myanmar

ဆရာမကို ချစ်ရင်



(Written by: ညီအောင်ညီ)

(၁)

“မင်္ဂလာပါဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ။

ဆရာမကိုချစ်ရင်၊ အမှိုက်မပစ်ရပါ ဆရာမ။

ဆရာမကိုချစ်ရင်၊ သစ်ပင်စိုက်ရပါမယ်ဆရာ။

ဆရာမကိုချစ်ရင်၊ မိဘစကားကို နားထောင်ရပါမယ်ဆရာမ” ...။

ကျောင်းသား ကျောင်းသူတွေရဲ့ အထက်ပါ နှုတ်ဆက်ခြင်းမျိုးနဲ့ နှုတ်ဆက်သံတွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရန်ကုန်တိုင်းဒေသကြီး အစွန်အဖျား မြို့နယ်တစ်ခုက ကျေးရွာအလယ်တန်း ကျောင်းလေးမှာ ကြားခဲ့ရတာပါ။ သူတို့ရဲ့နှုတ်ဆက်သံတွေကို ကြားကြားချင်း ကျွန်တော့်ရင်ထဲမှာ ဘယ်လိုပြောရမှန်း မသိအောင် ကြည်နူးမှုတွေ ဖြစ်ခဲ့ပါတယ်။

ကျောင်းက ဒီလိုနှုတ်ဆက်ရမယ်လို့ သတ်မှတ်ပေးထားခြင်း မဟုတ်ဘဲ အတန်းပိုင် ဆရာမလေးက ကျောင်းသားတွေကို စည်းစနစ်တကျရှိဖို့နဲ့ ထိုနှုတ်ဆက်သံတွေနဲ့ ဘ၀မှာ နေထိုင်တတ်ဖို့ ရည်ရွယ်၍ သူ့အနေဖြင့် နှုတ်တိုင်ချပေးထားကြောင်း ကျွန်တော်သိလိုက်ရတော့ ထိုဆရာမလေးကို ကျွန်တော်အတိုင်းမသိ လေးစားမိခဲ့ပါတယ်။

ထိုဆရာမလေး၏ နောက်ကြောင်းကို ကြည့်ပြန်တော့ သူနေသည့် နေရာနှင့် စာသင်ကျောင်းက တစ်နေ့ကို နှစ်နာရီကျော် ကားစီးပြီး ဆိုင်ကယ်ကယ်ရီထပ်စီးမှ ကျောင်းသို့ ရောက်သည်။

ထိုရွာစာသင်ကျောင်းလေးမှာ သူ၏လုပ်သက်က ၁၀ နှစ်ကျော်နေပြီ။ ကျောင်းပိတ်သည့် ရက်မှအပ ဆရာမလေးက ကျောင်းပျက်ရက်မရှိ။ ထိုကဲ့သို့ ကလေးများအပေါ်တွင် အမြဲဂရုစိုက်တတ်သော၊ ကျိုးနေသော စာသင်ခုံများကို လက်ဖ၀ါးနုနုဖြင့် တူနှင့်သံကိုင်ကာ ရိုက်တတ်၊ ပြုပြင်တတ်သော ဆရာမလေး အနေဖြင့် တစ်ရွာလုံးရှိ ကျောင်းသား မိဘများ၏ လေးစားချစ်ခင်မှုကို ရရှိထားသည်ကတော့ မဆန်းပါဟု ပြောရမည်ပင်။

ထိုဆရာမလေး၏ လုပ်သက် ၁၃ နှစ်ခန့်တွင် ရာထူးတိုးဖြင့် တခြားကျောင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ အားလုံးက ၀မ်းနည်းကြသည်။ ငိုကြွေးကြသည်။ တားမြစ်ကြသည်။

ဆရာမတွင်လည်း ဘ၀ရှိသည်။ အနာဂတ်အတွက် ရုန်းကန်ရဦးမည့် သံသရာ လူသားတစ်ယောက်။ ဆရာမလေးလည်း မျက်ရည်များဖြင့် လမ်းခွဲခဲ့ရသည်။

သူမ၏ နောက်ဆုံးလမ်းခွဲသည့် နေ့ရက်တွင်တော့ ဆရာမလေးက သူ့တပည့်တွေကို “ဆရာမကိုချစ်ရင် ဘာလုပ်ရမှာလဲ တပည့်တို့ဆိုတဲ့ စကားသုံးခွန်းကတော့” ကြားရတဲ့သူတွေရဲ့ ရင်ကို စွဲငြိစေခဲ့ပါတယ်။

(၂)

ကလေးတွေကို စာသင်ပေးရုံတင်မကဘဲ ကလေးတွေရဲ့စိတ်ကိုပါ သင်ပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာကြမယ် ဆိုတာပါပဲ။ တချို့ကလေးတွေ စာတော်၊ စာတတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ထားကောင်းကောင်း မထားတတ်ဘဲ “ငါတတ်၊ ငါတော်” အဖြစ်နဲ့ မိဘကို မိဘမှန်းမသိ၊ ဆရာကို ဆရာမှန်း မသိတော့ လောက်အောင် ဖြစ်သွားတဲ့ သူတွေကို ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရဖူးပါတယ်။

ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာတွေ ဆိုတာ ဆရာကို “အနန္တဂိုဏ်းဝင်” အဖြစ် ကိုးကွယ်သတ်မှတ် ထားကြတာပါ။ ဆရာတွေ၊ ဆရာမတွေ အနေနဲ့ ကျောင်းသား တစ်ယောက်ကို စာတကယ်တတ်အောင် သင်ပေးရုံတင်မကဘဲ စိတ်ကောင်းထားတတ်အောင်၊ စိတ်ကောင်းရှိအောင် သင်ပေးကြမယ်ဆိုရင် ကျောင်းသားတွေရဲ့ ငယ်ဘ၀ တစ်စိတ်တစ်ဒေသမှာတင် စိတ်ကောင်း၊ စေတနာကောင်းတွေကို သူတို့ဥာဏ်မီသလောက် ထားနိုင်ကြမှာပါ။

စိတ်ကောင်း ထားတတ်အောင် သင်ပေးတဲ့ ဆရာ၊ ဆရာမတွေ လုံးဝမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ခြောက်တန်းရောက်နေတဲ့ ကျောင်းသား ငါးတန်းတုန်းက ဆရာမကို တွေ့ရင် အပြည့်အ၀ လေးစားမှုမျိုး ဆင့်ကဲ ဆင့်ကဲ ရှိနိုင်ကြရင် အကောင်းဆုံးပါပဲ။

ဆရာနဲ့ တပည့်တွေကြားမှာ ဒါမှမဟုတ် ဆရာနဲ့ မိဘတွေကြားမှာ ငွေအသပြာတွေ၊ လက်ဆောင်တွေက လုံးဝလွှမ်းခြုံသွားလို့လား၊ ဒါမှမဟုတ် စာဆိုစာပဲ သင်ပေးပြီး ယဉ်ကျေးမှုရှိအောင် မသင်ပေးခဲ့ကြလို့လား ဆိုတာကို ကျွန်တော်ဝေခွဲ မရခဲ့ပါဘူး။ ပညာရေးလောက ပျက်စီးခြင်း အကြောင်းတရား တွေထဲမှာ အဖြစ်သည်းတတ်တဲ့ ကျောင်းသား မိဘအချို့တွေကြောင့်လည်း ပါပါတယ်။ ဒီကျောင်းမှ မထားရရင် သူ့သားသမီးက စာမတတ်တော့တဲ့အတိုင်း ခံယူထားခြင်းဟာ တခြားကျောင်းက ဆရာ၊ ဆရာမတွေကို စော်ကားခြင်း တစ်မျိုးပါပဲ။

ငွေကြေးလက်ဆောင်ဆိုတာ ပေးသူ၊ ယူသူနှစ်ယောက်လုံးအတွက် အဆိပ်အတောက် ဖြစ်စေနိုင်တာတွေ အများကြီးပါပဲ။ ငွေအသပြာ မပေးဘဲနဲ့ မရနိုင်တဲ့ ပညာရပ်တွေရှိတယ် ဆိုတာကိုလည်း မငြင်းနိုင်ပါဘူး။ လက်ခံပါတယ်။ အရာအားလုံးက “တန်ဆေးလွန်ဘေး” ဆိုသလိုပါပဲ။

အတိုင်းအတာ တစ်ခုထိပဲ ရှိသင့်ပါတယ်။ တကယ်တော့ ဆရာ၊ ဆရာမတွေဆိုတာ မိဘတွေပြီးရင် အထိတွေ့ရဆုံး ဒုတိယ မိဘတွေပါပဲ။ တခြားနိုင်ငံတွေမှာ ဆရာ၊ ဆရာမတွေကို ဘယ်လိုသဘောထားတယ် ဆိုတာ မသိရပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဆရာနဲ့မိဘ၊ ဆရာနဲ့ တပည့်တွေကြားမှာ အမြဲရှိနေခဲ့တဲ့ လေးစားမှု စံနှုန်းလေးတွေကိုတော့ မပျောက်ပျက် စေချင်ပါဘူး။

ကျောင်းသား၊ ကျောင်းသူတွေကို “Message ကောင်းတွေ၊ ယဉ်ကျေးမှုကောင်းတွေ၊ စိတ်ကောင်း စေတနာ ကောင်းတွေကို စာသင်ကြားရင်းနဲ့ ရောညှပ်သင်ပေးနိုင်ရင် ယဉ်ကျေးပြီး ပညာတတ်တဲ့ ကျောင်းသားတွေ၊ လောကကို ချစ်တတ်တဲ့ လောကကို စောင့်ရှောက်တတ်တဲ့ ကျောင်းသားကောင်းတွေ များစွာပေါ်ထွက်လာမယ်” လို့ ယုံကြည်မိပါတယ်။

“ဆရာမကိုချစ်ရင်” ဆိုတဲ့ စာသားလေးတွေကို အမြဲရွတ်နေခဲ့တဲ့ ဆရာမလေးရဲ့ ကျောင်းသား၊ ကျောင်းသူ တချို့ဟာ ဆရာမလေး မရှိတော့ပေမယ့် အမှိုက်ကို အလွယ်ပစ်မယ်ကြံတိုင်း ဆရာမစကားကြောင့် တွေ့ရာနေရာမှာ အမှိုက်မပစ်ဖြစ်ပါဘူး။ ဆရာမစကားကြောင့် သစ်ပင်တွေလည်း တချို့သော ကလေးတွေ စိုက်နေကြတာကို တွေ့ရပါတယ်။ အဲဒီဆရာမလေး အနေနဲ့ တာဝန်ကျေတယ်လို့ ကျွန်တော်မြင်မိပါတယ်။ ဆရာနဲ့ တပည့်တွေကြားမှာ ကြားခံပစ္စည်းဝတ္ထုတွေ မရှိသင့်တော့ဘူးလို့ မြင်မိပါတယ်။ တာဝန်ကိုယ်စီ ကျေကြပါစေလို့ ဆန္ဒပြုမိပါတယ်။

eleven media group

တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာမြို့နယ်များအတွက် အွန်လိုင်းမှ လုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်


အတွဲ (၁၅)၊ အမှတ် (၂)
Mon, 01/06/2014 - 17:25
တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာမြို့နယ်များအတွက် အွန်လိုင်းမှ လုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းကို မြို့နယ်အသီးသီးအတွက် တိုးချဲ့နေခြင်းဖြစ်ရာ အထက်ပါ မြို့နယ်များကိုလည်း တိုးချဲ့လိုက်ခြင်း ဖြစ်သည်။ ယခုအခါ ကျောက်တံတား၊ အလုံ၊ လမ်းမတော်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ တာမွေ၊ ပုဇွန်တောင်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်များတွင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ တစ်ရက်နေ့မှ စတင်၍ တာမွေမြို့နယ်နှင့် တောင်ပိုင်းခရိုင်ရုံး၊ မရမ်းကုန်းမြို့နယ်နှင့် မြောက်ပိုင်းခရိုင်ရုံးရှိ လုပ်ငန်းလိုင်စင်ဆိုင်ရာ လျှောက်ထားချက်များကို ဆောင်ရွက်နိုင်ခဲ့ရာမှ ယခုအခါ အခြားမြို့အချို့တွင်ပါ ထပ်တိုး ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နိုင်သော မြို့နယ်များအတွင်းရှိ လုပ်ငန်းများအတွက် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စများကို ဝက်ဘ်ဆိုက်လိပ်စာ www.ycdc.com.mm/business-license သို့ ဆက်သွယ်လျှောက်ထားနိုင်မည် ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သော လိုင်စင်အသစ် လျှောက်လွှာများမှာ လုပ်ငန်းလိုင်စင်၊ အစားအသောက်လိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့်လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ ယာယီဇာတ်ရုံပါမစ်တို့ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းလိုင်စင်လျှောက်ရန်အတွက် လုပ်ငန်းတည်နေရာ၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်အမည်၊ အဆောက်အဦအမှတ်၊ အခန်းအမှတ်၊ မြေတိုင်းရပ်ကွက်အမှတ်၊ မြေကွက်အမှတ် စသည်တို့ကို သတ်မှတ်နေရာတွင် ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအမျိုးအစား၊ လုပ်ကိုင်မည့် လုပ်ငန်းအမည် စသည့် လုပ်ငန်းအချက်အလက်များ၊ အခြားအ ချက်အလက်များကိုလည်း လုပ်ငန်းအချက်အလက်များ နေရာတွင် ဖြည့်စွက်ရမည်ဖြစ်သည်။ လုပ်ငန်းရှင်နှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်အချက်အလက်များကို ဖြည့်စွက်ကာ လျှောက်ထားမည့်နေရာတွင် ကလစ်လုပ်ကာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် စာရွက်စာတမ်းများကို တွဲပို့ရန်အတွက်လည်း သတ်မှတ်နေရာများ ပေးထားကြောင်း ဝက်ဘ်ဆိုက်မှ သိရသည်။


ထွန်းထွန်း
Internet Journal