သူရိယအလင်း ဂျာနယ်နှင့် ပတ်သက်ပြီး ဂျာနယ်အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များ ငြင်းဆို


အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီ အချိန်ခန့်က ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သူရိယအလင်း ဂျာနယ်တိုက်အား ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် လက်ရှိစီးပွားကူသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သော လူ (၁၅)ဦးခန့်က ၀င်ရောက်ပြီး ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ ထိန်းချုပ်သည့် ဆာဗာတို့အား ယူဆောင်သွားခဲ့သည်ဟုဆိုသော ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များက ငြင်းဆိုခဲ့ကြသည်။

ဦးမိုးဟိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်အား အောက်တိုဘာ ၂၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင်တွေနဲ့ ထုတ်ဝေသူရဲ့ ဆုံးဖြတ်ချက်ကတော့ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ အဖွဲ့ကတဆင့် အမှုဆောင် အရာရှိချုပ်ကို ရေးတာသားတာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီရေးဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ဖူးပါတယ်။ အယ်ဒီတာ အဖွဲ့ရဲ့ ပြောကြားချက်အရ ရေးတာ သားတာတွေဟာ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာအဖွဲ့ထံ ဖြတ်သန်းခြင်း မရှိပဲနဲ့ သူ့သဘောနဲ့သူ အကြိမ်ကြိမ် ရေးနေတယ်။ အဲဒီလို ရေးသားနေတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ သဘောဆန္ဒ မပါတဲ့အတွက် ရှယ်ယာရှင်နဲ့ ထုတ်ဝေသူတွေက ဒီသူရိယအလင်း ဂျာနယ်ကို ဆက်မထုတ်တော့ဘဲနဲ့ ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်မွေးနေ့ ညကတော့ မနက်ဖြန်မှာ ဂျာနယ်ဖြန့်မှာကို သိထားတယ်။ ကျွန်တော့် စိတ်ဆန္ဒအရတော့ ဒီဂျာနယ်ကို မဖြန့်ဖြူးချင်တဲ့ အခါကျတော့ ဂျာနယ်ရပ်ဆိုင်းဖို့ရော ဒီဂျာနယ်ကို မဖြန့်ချင်တဲ့ ကိစ္စရော ပါနေတဲ့အတွက် ဂျာနယ်တိုက်ကို သွားလိုက်ပါတယ်။ ကျွန်တော်တို့ သိထားတာက CEO က ဂျာနယ်တိုက်မှာ အိပ်တယ်စားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားတဲ့အခါကျတော့ CEO ကို မတွေ့ဘူး။ ထုတ်ဝေသူတစ်ယောက် အနေနဲ့ သွားတယ် CEO ကိုလည်း စောင့်တယ်။ မွေးနေ့ပွဲအပြီး သွားတာဆိုတော့ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်း လေးငါးယောက်ရဲ့ ကားတွေလည်း ပါတယ်။ သူ့ကိုမတွေ့တဲ့ အခါကျတော့ နောက်နေ့ဖြန့်ဖို့ ကျန်နေတဲ့ ဂျာနယ်တွေကို သိမ်းဆည်းလိုက်ပါတယ်။ ကွန်ပျူတာတွေကလည်း ဂျာနယ်ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်ချက် ချပြီးပြီ။ အဲဒီအတွက် ဒီကွန်ပျူတာတွေနဲ့ သူ့သဘောနဲ့သူ ဆက်လုပ်နေမှာစိုးလို့ ဒါကိုသိမ်းဆည်း လိုက်တာပါပဲ" ဟု ပြောကြားသည်။

ယခုကဲသို့ ညပိုင်းအချိန်တွင် ဂျာနယ်တိုက်သို့ ၀င်ရောက်ပြီး ဂျာနယ်များနှင့် ကွန်ပျူတာများအား လာရောက်ယူဆောင်ရာတွင် ကိုမိုးဟိန်း ပြောကြားသကဲ့သို့ ဖိုးလပြည့် လိုက်ပါလာခြင်း မရှိခဲ့ကြောင်းနှင့် ကိုသူရိန်မှာလည်း အဖော်အဖြစ်သာ အိမ်ပြန်ရင်း လိုက်ပါခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးယုနိုင်က ပြောကြားသည်။

"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေပါ။ CCTV တွေ ဖြုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး" ဟု ဦးယုနိုင်က ဆိုပါသည်။

သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း ပြောကြားထားသည့် ရှယ်ယာ ၉၀ ရာခိုင်နှုန်းမှာ ၎င်းပိုင်ဆိုင်ထားပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ ရှယ်ယာရှင်များ ပိုင်ဆိုင်သည်ဆိုသည့် ပြောကြားချက်နှင့် ပတ်သက်ပြီးလည်း "ဂျာနယ်ရဲ့ သဘောသဘာဝ အရတော့ ကျွန်တော်တို့က ရှယ်ယာရှင်တွေပါ။ နှစ်ဦးလောက် ရှယ်ယာပါပါတယ်။ ရှယ်ယာရှင်တွေကတော့ ဦးမျိုးမင်းထွန်း ပါပါတယ်။ ကျွန်တော် ပါပါတယ်။ ကိုသူရိန်တို့ မပါပါဘူး။ ရာခိုင်နှုန်း အားဖြင့်တော့ လောလောဆယ် မပြောနိုင်သေးပေမယ့် ၉၀ ရာနှုန်း သူပိုင်တယ် ဆိုတာကတော့ မဟုတ်ပါဘူး" ဟုလည်း ပြောကြားသည်။

သူရိယအလင်း အယ်ဒီတာ အဖွဲ့ထံသို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် အရေးအသားများ မရေးသားကြရန်နှင့် စာနယ်ဇင်း ကျင့်ဝတ်အတိုင်းသာ ရေးသားကြရန် ထုတ်ဝေသူတစ်ဦး အနေဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ပြီ အယ်ဒီတာ အဖွဲ့ကလည်း ၎င်းတို့အား အသိပေးခြင်း မရှိဘဲ ထည့်သွင်းဖော်ပြ နေသည်ဟု တင်ပြလာသည့်အတွက် ယခုကဲ့သို့ ဂျာနယ်အား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးယုနိုင်က ပြောကြားပါသည်။

သူရိယအလင်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ဂျာနယ်လက်ကျန်များနှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်နှင့်အတူ ဖိုးလပြည့်လည်း ပါဝင်ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ကာ ကွန်ပျူတာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဦးမိုးဟိန်း၏ ပြောကြားချက်တွင် ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်တို့မှာ ဂျာနယ်တိုက်အတွင်းသို့ မ၀င်ရောက်ခဲ့ဘဲ အပြင်တွင်သာ ကျန်နေခဲ့ကြောင်း ပြောကြားခဲ့သော်လည်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားဖြစ်သူ ဦးသူရိန်ကမူ ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကသာ ကွန်ပျူတာများကို ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် The Flower News ဂျာနယ်က ဖော်ပြသည်။ ထို့အတူ ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကလည်း ၎င်းအနေဖြင့် သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၏ မွေးနေ့ပွဲသို့သာ သွားရောက်ခဲ့ပြီး ဂျာနယ်တိုက်သို့ သွားရောက်ခဲ့ခြင်း မရှိဟု အဆိုပါ သတင်းဂျာနယ်က ဖော်ပြထားသည်။

Eleven Media Group

တရုတ် မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်း အပြည့်အဝ လည်ပတ်နေပြီ


တရုတ် မြန်မာ ၂ နိုင်ငံကြား သွယ်တန်း ဖောက်လုပ်ထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်း အပြည့်အဝ လည်ပတ်နေပြီလို့ CNPC ကော်ပိုရေးရှင်းက ပြောကြားကြောင်း ဆင်ဟွာ သတင်းများ အရ သိရပါတယ်။

တရုတ်ပြည် အနောက်တောင်ပိုင်းက လူဖန်းနဲ့ Guigang မြို့တွေအကြား နောက်ဆုံး ပိုက်လိုင်း အပြီးသတ် ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကီလိုမီတာ ၂၅ဝဝ ရှည်လျားတဲ့ ပိုက်လိုင်းတလျောက် တနှစ်ကို ကုဗမီတာ သန်းပေါင်း တသောင်းနှစ်ထောင် ပို့လွှတ်မယ်လို့ သိရပါတယ်။

နိုင်ငံတကာအလှမယ်များမြန်မာပြည်ရဲ့ အခြေခံလူတန်းစားများနဲ့ ထိတွေ့ 





မနက်ဖြန်အောက်တိုဘာ(၂၁)၇က်နေ့ ညနေ(၄)နာရီမှ
ည(၁၀)ထိJunction squareရှေ့ မှာဖျော်ဖြေတင်ဆက်မယ့်
Road To Sea Games,Road To Myanmar အမည်ရ
27th SEA Games အကြိုလှုံ့ဆော်မှုဂီတနဲ့ ဖက်ရှင်ပွဲမှာ
ပြည်သူလူထုလွတ်လပ်စွာအားပေးကြည့်ရူနိုင်မယ့်အခမဲ့ 
တင်ဆက်မူပွဲကြီးဖြစ်သလိုဖက်ရှင်ပွဲမှာပါဝင်ပြသမယ့်
နိုင်ငံတကာအလှမယ်Ying-Mae Leong(Miss Singapore ),
Hannah Carson (Miss New Zealand ),Xenia Likhacheva
(Miss Estonia ),Marion Amélineau(Miss France ),
Dori Dolgion(Miss Mongolia) ,Giulia Masala(Miss Italy )နဲ့ 
နန်းခင်ဇေယျာ(Miss Myanmar)တို့ ကလည်းဒီကနေ့ အောက်
တိုဘာ(၂၀)၇က်နေ့ မှာရန်ကုန်မြို့ တွင်းလည်ပတ်လေ့လာပြီး
ပြည်သူလူထုအခြေခံလူတန်းစားများနဲ့ တရင်းတနှီးထိတွေ့ ခဲ့ကြ
ပါတယ်။
သတင်း၊ဓါတ်ပုံ-ပေါ်ပြုလာ။

မြန်မာ့ဆက်သွယ်ရေးတွင် ကံစမ်းမဲပေါက်သည် ဟုဆိုကာ ငွေကျပ် ၂၁ သိန်းလိမ်လည်


ကျိုင်းတုံ၊ အောက်တိုဘာ ၁၈

ရွှေတြိဂံဒေသ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းကံစမ်းမဲတွင် ငွေကျပ်သိန်းသုံးရာနှင့် ကွန်ပျူတာတစ်လုံး မဲပေါက်သည် ဟုဆိုကာ ငွေကျပ် ၂၁ သိန်း လိမ်လည်တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း ယင်းငွေကြေးများ လိမ်လည်ခြင်း ခံခဲ့ရသည့် ပါဆံကျကျေးရွာနေ အာခါတိုင်းရင်းသား ဦးကျဂက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၃ မိနစ်က ၄င်း၏ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် ၀၉-၇၃၀၂၈၉၀၄ ဖြင့် ဆက်သွယ်ကာ ရန်ကုန်မြို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ဖုန်းကံစမ်းမဲ ငွေကျပ် သိန်းသုံးရာနှင့် ကွန်ပျူတာတစ်လုံး ထုတ်ယူရန်အတွက် ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကမ္ဘောဇဘဏ်သို့ ငွေကျပ် ၂၁ သိန်း လွှဲပေးရန် ပြောဆိုသဖြင့် ညနေ ၃ နာရီ ၁၃ မိနစ်တွင် ဦးသန့်ဇင်ဦး (၁၄/ကကန(နိုင်) ၁၄၉၃၅၉) ထံ ငွေလွှဲပို့ခဲ့ကြောင်း ၄င်းကရှင်းပြသည်။
"ငွေလွှဲပေးပြီးတော့ ပိုက်ဆံနဲ့ ကွန်ပျူတာ ဘယ်မှာ ထုတ်ယူရမလဲ မေးတော့ အိမ်ပြန်စောင့်နေ လို့ပြောတယ်။ ကိုယ့်မှာက ငွေရှိတာမဟုတ်ဘူး။ မဲပေါက်တာ လိုချင်တော့ ရွာထဲကနေ ဟိုလူ၊ ဒီလူ ဆီကနေ ငွေချေးပြီး ပို့ပေးလိုက်တာ" ဟု ၄င်းကဆိုသည်။

ယင်းဖုန်းနံပါတ်နှင့်ပင် ပါဆံကျ ကျေးရွာနေ ဦးယာကုတ် ကိုလည်း ကံစမ်းမဲ ပေါက်သည်ဟု ဆက်သွယ်ခဲ့သော်လည်း တောင်ယာထဲ ရောက်ရှိနေသဖြင့် ဖုန်းလိုင်းမကြည်လင် သောကြောင့် အိမ်ပြန်ချိန်တွင် ပြန်လည် ဆက်သွယ်မည်ဟု ပြောဆိုခဲ့ပြီး ယင်းဖုန်းနံပါတ်သို့ ပြန်လည်ဆက်သွယ် ခေါ်ဆိုရာတွင် ခေါ်ဆို၍ မရကြောင်း ဦးယာကုတ်က ပြောကြားသည်။
ငွေကျပ် ၂၁ သိန်း လိမ်လည် ခြင်းခံခဲ့ရသည့် ဦးကျဂ၏ တူတော်စပ်သူ ဦးအားနမ်က "လိမ်လည် ခံရကြောင်းကိုတော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ ဒီလိမ်လည်နည်းက အရင်က ခေတ်စားတဲ့ လိမ်လည်နည်းတွေ" ဟု ဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းကံစမ်းမဲပေါက်သည့် ပုံစံတူ လိမ်လည်ခြင်းမျိုး ကဲ့သို့ အလိမ်လည်ခံရသူ ငါးဦးခန့် လာရောက်၍ အကြောင်းကြား တိုင်ကြားထားကြောင်း ယင်းမြို့နယ် မြို့မ ရဲစခန်းက အတည်ပြု ပြောကြားသည်။
The Voice Weekly 

ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်ရှိနေခဲ့


ရန်ကုန်၊ အောက်တိုဘာ ၁၉။

ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။

၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မော်စကိုမှာ သာမယ့်’လ’ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင်ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။

အက္ခရာနိုင်(မြန်မာ့ခေတ်)

ဟီလာရီ ကလင်တန်၏ကားအား ချလံဖြတ်သွားသည့် ဗြိတိန်ရဲ


၂၀.၁၀.၂၀၁၃၊ တနင်္ဂနွေနေ့

ဒါမှ မထူးဆန်းရင်တော့ ဘာကို ထူးဆန်းတယ် ပြောရမလဲ မသိတော့ပါဘူး။ ဟီလာရီ ကလင်တန်ဆိုတာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း လည်းဖြစ်၊ သမ္မတကတော်လည်းဖြစ်၊ ၂၀၁၈ ခုနှစ်အတွက် အမေရိကန် သမ္မတလောင်းလျာလည်း ဖြစ်လာဖွယ် ရှိနေသည့် ကမ္ဘာ့ပေါ်တွင် သြဇာအာဏာ အကြီးဆုံး အမျိုးသမီးများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မစ္စကလင်တန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လန်ဒန်မြို့သို့ သူမရဲ့ သံတမန်ဆိုင်ရာ စွမ်းဆောင်မှုများကို ဂုဏ်ပြုတဲ့ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ သူမရဲ့ လုံခြုံရေးများနဲ့ လက်ထောက်များဟာ သူမရဲ့ ဂုဏ်ပုဒ်နဲ့နာမည်ကြောင့် လန်ဒန်မြို့မှာ ယာဉ်ရပ်နားခ ပေးစရာ မလိုဘူးလို့ ထင်သွားပုံ ရပါတယ်။ အဲဒီမှာတင် ပြဿနာက စပါတော့တယ်။

လန်ဒန်ရဲ့ နာမည်ကျော် ရဲအရာရှိ တစ်ဦးဟာ လုံခြုံရေးများရဲ့ ပြောဆိုတားမြစ်မှုကို လစ်လျူရှုပြီး မစ္စကလင်တန်ရဲ့ မာစီဒီးကို ပေါင် ၈၀ တန် ဒဏ်ကြေးပေးဖို့ ချလန်ဖြတ်သွားခဲ့ပါတယ်။ လုံခြုံရေးများက ရဲအရာရှိကို ဓာတ်ပုံရိုက်ကူးပြီး ဖိအားပေးခဲ့ပေမယ့် တုတ်တုတ်တောင် မလှုပ်ခဲ့ပါဘူး။ ရဲအရာရှိဟာ သူအလုပ်သူလုပ်ပြီး တာဝန်ကြေပွန် ခဲ့တာပါလို့ Westminister မြို့နယ် အုပ်ချုပ်ရေးရုံးက ကြေညာချက် ထုတ်ခဲ့ပါတယ်။

ယင်းတို့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒီ ရဲအရာရှိရဲ့ ဆောင်ရွက်မှုကို မစ္စကလင်တန် အနေနဲ့ နားလည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူပုဂ္ဂိုလ်မရွေး တန်းတူဆက်ဆံ ကိုင်တွယ်ရပါတယ်။ ကမ္ဘာကျော် ရာထူးတွေ၊ ဂုဏ်ပုဒ်တွေနဲ့ မဆိုင်ပါဘူး။ အလွယ်ဆုံးကတော့ မစ္စကလင်တန်အနေနဲ့ ကျွန်တော်တို့ရဲ့ iPhone app လေးကို download လုပ်ပြီး ကားရပ်နားဖို့ နေရာတွေကို အချိန်နဲ့ တစ်ပြေးညီ ရှာဖွေနိုင်ပါလိမ့်မယ်။” ဟု ဆိုသွားခဲ့သည်။

တစ်ခုစဉ်စားစရာက ဒီလို အခမ်းအနားကို တက်ရောက်လာတဲ့ မစ္စကလင်တန်အတွက် စီစဉ်သူတွေက ကားရပ်ဖို့ နေရာလေးတစ်ခုကို ဘာလို့များ မစီစဉ်ပေး နိုင်ခဲ့သလဲလို့ . . .

ဖွဲ့စည်းပုံ မပြင်ရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းကျမှာ မဟုတ်လို့ ဒေါ်စုပြော


ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပထမ တထောက် အဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲမှု မလုပ်ရင် ၂ဝ၁၅ ခုနှစ် ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း ကျမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တယောက်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘရပ်ဆဲလ်စ် မြို့မှာ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso နဲ့ တွေ့ဆုံခိုက် မနေ့တုန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဟာ အများ လေးစား လက်ခံ နိုင်လောက်ပြီး ပွင့်လင်း မြင်သာမှု ရှိကာ အဖွဲ့အစည်း အသီးသီး နဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အားလုံး ပါဝင်ခွင့် ရှိရမယ်လို့ မစ္စတာ ဘရိုဆို ကလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ စေ့စပ် ညှိနှိုင်းရေး တို့ကို ဥရောပ သမဂ္ဂက ဆက်လက် ထောက်ခံသွားမယ် ၊ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း မြန်မာ နိုင်ငံကို ယူရို သန်း ၁၅ဝ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို နိုင်ငံ တိုးတက်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေကို အရင်ထက် နှစ်ဆတိုး အကူအညီ ပေးနေတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ က ဆိုပါတယ်။

ဘယ်လဂျီယမ်နိုင်ငံကို ရောက်ခိုက် ဒေါ်အောင်ဆန်းစုကြည်ဟာ လူဗန်း ကက်သလိတ် တက္ကသိုလ် က ၁၉၉၈ခုနှစ် တုန်းက သူအိမ်အကျယ်ချုပ် ကျစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံ ရယူခဲ့ပြီး "Charity and compassion in politics" သဒ္ဒါတရားနဲ့ ဂရုဏာ ခေါင်းစဉ်နဲ့ စနေနေ့တုန်းက ဟောပြောခဲ့ပါတယ်။

အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုများနှင့် အလွန်အမင်း ဈေးကစားမှုများသည် အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် အစိုးရ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ (ခ) အရ ပိုင်ဆိုင်မှုများအား ပြန်လည်စိစစ်သင့်ကြောင်း ဥပဒေ ပညာရှင်များ သုံးသပ်


လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးနှုန်း အလွန်အမင်း ကြီးမြင့်မှုများနှင့် ဈေးကစားမှုများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ် ၃၆ (ခ)တွင် ဖော်ပြထားသော ဖော်ပြချက်အရ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေသော လက်ဝါးကြီးအုပ် ဆောင်ရွက်မှု၊ တစ်နည်းအားဖြင့် ဈေးကစားမှုများ ဖြစ်နေသည့်အတွက် အစိုးရ အနေနှင့် ပြန်လည်စိစစ်သင့်ကြောင်း အများအကျိုး စီးပွားလိုလားသူ ဥပဒေ ပညာရှင်များက သုံးသပ်ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ (ခ)တွင် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ၊ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်ဟု ဖော်ပြထားသည်။
"လက်ရှိအိမ်ခြံမြေ ဈေးနှုန်းတွေ ဒီလောက်ကြီးမြင့်နေမှုဟာ ဈေးကစားလို့ ဒီလောက်ကြီးမြင့် လာတယ်ဆိုတာ သိကြတာပဲ။ ဒါတွေကို အစိုးရ အနေနဲ့ ပြန်ပြီးစိစစ်သင့်တယ်လို့ မြင်ပါတယ်။ အမှန်အတိုင်း ပြောရရင် အမိန့်ညွန်ကြားစာတွေနဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးပေးသင့်တယ်။ မနေ့ကလည်း ဂျပန်တွေက မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှာ ဒါပဲပြောတယ်။ နယူးယောက်ထက် ဈေးကြီးနေတော့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများက လန်ပြေးကြတယ်။ ဒါကြောင့် ဒါကိုတားဆီးဖို့ဆိုရင် အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့် အရလည်း တားဆီးလို့ ရတယ်။ ပြီးတော့ အုပ်ချုပ်ရေး အာဏာနဲ့လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်တယ်လို့ မြင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ငွေမည်းတွေကလည်း ဒီဈေးကွက်ထဲကို ၀င်နေတယ်ဆိုတော့ ဒါကိုအစိုးရက စိစစ်တာမျိုး လုပ်ပေးသင့်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်လောက်ကစ၍ အိမ်ခြံမြေ ဈေးကွက်တွင် အလွန်အမင်း ဈေးကစားမှုများ ရှိခဲ့ကြောင်း၊ ယခင်က ရွေ၊ ကားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည့် ပုံစံမျိုး ရင်းနှီးမြှုပ်နှံ လာခဲ့ရာမှ ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ ပွင့်လန်းလာသည့် အနေအထားများကြောင့် ဈေးကစားမှုများ အလွန်အမင်း ပြုလုပ်လာကြကြောင်း၊ ထိုသို့ ပြုလုပ်သူများမှာလည်း အိမ်ခြံမြေကို အများအပြား ချုပ်ကိုင်ထားသည့် သူများဖြစ်ကြောင်း သိရသည်။
"၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၆(ခ)အရ ဆိုရင်ဗျာ။ ဒီလို ဈေးသမားမှုတွေကို ပြည်သူလူထု အကျိုးစီးပွား ထိခိုက်တဲ့အတွက် နိုင်ငံတော်က တစ်ခုခု လုပ်ဆောင်သင့်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေလက်ထဲ မြေကွက်တွေ မရှိတော့ဘူး၊ တိုင်းရင်းသား အမည်ခံပြီး လူမျိုးခြားတွေက ၀ယ်တယ်။ ဒါအားလုံး သိပါတယ်။ ဘယ်သူတွေလည်း ဆိုတာ။ စသဖြင့် အများကြီးပဲ။ ဒါတွေက rule and regulation အားနည်းလို့ ဖြစ်တာ။ အခု နိုင်ငံတော် အစိုးရက ဘာလုပ်နိုင်လည်းဆိုရင် လက်ရှိ ဒီမြေကွက်တွေရဲ့ ပိုင်ဆိုင်မှုကို စာရင်းကောက်သင့်တယ်။ ဘယ်သူပိုင်လည်း ဆိုတာမျိုး။ ဒါမျိုး စာရင်းကောက်ရင် မြေကွက်ပေါင်းများစွာကို တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့က ပိုင်ဆိုင်တယ်ဆိုတာ ပေါ်လာမှာပဲ။ ပေါ်လာရင် ဒီမြေတွေကို ဘယ်တုံးကဘယ်ဈေးနဲ့ ၀ယ်တယ်။ တရားဝင် ဘယ်မှာစာချုပ်တယ်။ ဘယ်လောက်အခွန်ဆောင်တယ်ဆိုတာ ပေါ်လာမှာပဲ။ အစိုးရ အနေနဲ့ ဒီလောက်တော့ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်" ဟု ဥပဒေ ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။
အမှန်အတိုင်း ပြောရရင် အမိန့်ညွန်ကြားစာတွေနဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးပေးသင့်တယ်။ မနေ့ကလည်း ဂျပန်တွေက မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှာ ဒါပဲပြောတယ်။ နယူးယောက်ထက် ဈေးကြီးနေတော့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများက လန်ပြေးကြတယ်။ ဒါကြောင့် ဒါကိုတားဆီးဖို့ဆိုရင် အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့် အရလည်း တားဆီးလို့ ရတယ်။ ပြီးတော့ . . . . .
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်ကို ၀င်ရောက်ကစားကြသည့် ငွေများတွင် ငွေမည်းများ များစွာပါဝင်နေကြောင်း၊ အထူးသဖြင့် ဘိန်းမှောင်ခို ကူးခြင်းမှ ရရှိသော ငွေများလည်း ၀င်ရောက်မှုများ ရှိနေကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသား တရားဝင် မြေပိုင်ခွင့် မရှိကြောင်း၊ အကယ်၍ ၀ယ်ယူခဲ့ပါက ရောင်းသူရော၊ ၀ယ်ယူသူပါ ဥပဒေကို ချိုးဖောက်ရာ ရောက်သောကြောင့် အရေးယူနိုင်သော်လည်း ထိရောက်သော အရေးယူပိုင်းတွင် အားနည်းမှုများကြောင့် မြန်မာနိုင်ငံလုံးမှ မြေများအား နိုင်ငံခြားသားများ ပိုင်ဆိုင်မှု မြင့်တက်လာကြောင်း၊ အထူးသဖြင့် ကျောက်မှောင်ခို၊ ဘိန်းမှောင်ခို လုပ်ငန်းများမှ ငွေများဝင်ရောက်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။ အလားတူ ပြီးခဲ့သည့် နှစ်တွင်လည်း ဘဏ်တိုးနှုန်း ကွာဟမှုများကြောင့် အိမ်ခြံမြေ ဈေးကွက်တွင် ၀င်ကစားသွားခဲ့သည့် သာဓကများရှိကြောင်း သိရှိရသည်။
"ဈေးကစားတယ်ဆိုတဲ့ အပိုင်းကျတော့ ဒါက Business ဖြစ်နေတယ်။ သူက ရင်းနှီးတာပဲပေါ့နော်။ မြေ၀ယ်ပြီး အရင်းအနှီး လုပ်တာကိုတော့ သွားပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် ဘယ်ကရတဲ့ ပိုက်ဆံလည်းဆိုတာ စစ်နိုင်တယ်။ စစ်လည်းစစ်သင့်တယ်။ ကစားနေတဲ့ ငွေတွေက အခွန်မထားတဲ့ ငွေမဲတွေဆိုရင် အခွန်ကောက်သင့်တယ်။ နောက်ပြီးတော့ အမည်မပေါ်ဘဲနဲ့ ၀ယ်ထားတဲ့ ဟာတွေကိုလည်း စိစစ်ဖော်ထုတ် သင့်တယ်လို့ မြင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အနေအထားများ ရှိသော်လည်း မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစ၍ အိမ်ခြံမြေ ၀ယ်ယူသူများအား ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ၀င်ငွေရလမ်း ဖော်ပြစရာ မလိုဟူသော သတ်မှတ်ချက်ကြောင့် ငွေမည်းများ ၀င်ရောက်လာရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်ခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။
"တကယ်တော့ mismanagement ပေါ့။ ၂၀၀၅ ပတ်ဝန်းကျင်လောက်အထိ ၅၇ ရာခိုင်နှုန်း ကောက်တယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းကစပြီး ၁၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ ခုနစ်နှစ်လောက် ကြာလိုက်တယ်။ နောက်ပိုင်း တစစ ဈေးကစားမှုတွေ ရှိလာတယ်။ ပိုပြီး ဈေးတက်လာလာတော့ ဒီနှစ်နှစ် အတွင်းမှာ နှစ်ဆလောက် တက်သွားတာ။ စီးပွားရေးအရ ပွင့်လန်းလာနိုင်တဲ့ အနေအထားတွေပေါ်မှာ သတင်းအချက်အလက် ဦးတဲ့သူတွေက ၀င်မြုပ်နှံထားတာပေါ့။ ဥပမာ တိုက်ခန်းတွေ သိန်း ၂၀၀ လောက် တိုက်ခန်းတွေက အခုနှစ်နှစ်ခွဲ အတွင်းမှာ သိန်း ၃၅၀ လောက် ဖြစ်သွားပြီ။ ဒါကြောင့် လူလတ်တန်းစားတွေတောင် တိုက်ခန်းတစ်ခန်း ပိုင်ဖို့ဆိုတာ လိုက်လေဝေးလေ လိုက်လေဝေးလေပါပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေ လောကမှ အနေအထားသည် အများပြည်သူ အကျိုးစီးပွားအား ထိခိုက်နေပြီး လူတစ်စု၊ လူတစ်ဖွဲ့၏ အကျိုးစီးပွား အတွက်သာ ဖြစ်နေသည့်အတွက် အစိုးရအနေနှင့် ပိုင်ဆိုင်မှုများကို ပြန်လည်စိစစ်သင့်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

Eleven Media Group

သူရိယအလင်းဂျာနယ်တိုက်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ နှစ်ဖက်ပြောကြားချက်ကွဲလွဲ

ရန်ကုန်၊ အောက်တိုဘာ ၁၉- သူရိယအလင်း ဂျာနယ်တိုက်ကို ညအချိန်တွင်ဝင်ရောက် ခဲ့ပြီး ဖိုးလပြည့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့က ကွန်ပျူ တာများ ယူဆောင်သွားကြကြောင်း ဂျာနယ် စီအီးအို ဦးမိုးဟိန်းပြောကြားခဲ့သော်လည်း တစ်ဖက်တွင် ကာယကံရှင်များက အဆိုပါပြောကြားချက်အပေါ် မဟုတ်မှန်ကြောင်း ဖလားဝါးနယူးစ်သို့ ပြောသည်။ သူရိယအလင်းဂျာနယ် စီအီးအို ဦးမိုးဟိန်းက ”အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီနဲ့ ၁နာရီကြားမှာ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သား ဦးသူ ရိန်နဲ့ အပေါင်းအပါ ၁၅ ဦးလောက်က ကျွန် တော်တို့ရုံးကို လာရောက်ပြီး တံခါးဖွင့်ခိုင်း ကာ ရုံးထဲမှ ကွန်ပျူတာ ၁၄လုံးနဲ့ စီစီတီဗွီတွေ ကို ထိန်းချုပ်တဲ့ မိန်းဆာဗာကိုပါ ဖြုတ်ယူ သွားတာပါ”ဟု ပြောသည်။
သို့ရာတွင် ယင်းဖြစ်ရပ်တွင် ဖိုးလ ပြည့်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၏ သား ဦးသူရိန်တို့ ပါဝင်ပတ်သက်ခြင်းမရှိ ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ဂျာနယ်တိုက် ပိုင်ရှင်နှင့် ထုတ်ဝေသူဖြစ်သူ ဦးယုနိုင်ကိုယ် တိုင် ဝင်ရောက်ယူဆောင်ခြင်းသာဖြစ်ကြောင်း ကာယကံရှင်များက ဖလားဝါးနယူးစ်ဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက်အား ပြန်လည် ဖြေကြားသည်။

အောက်တိုဘာ ၁၉ရက် ည၁၂ နာရီဝန်းကျင်တွင် သူရိယအလင်းဂျာနယ် တိုက်သို့ ဖိုးလပြည့်နှင့် ကိုသူရိန်တို့မှ လူအင် အား၁၅ယောက်ခန့်ဖြင့် လာရောက်၍ ရုံး အတွင်းရှိ ကွန်ပျူတာများကို ဖြုတ်ယူဆောင် သွားသည်ဆိုပြီး သူရိယအလင်းဂျာနယ်၏ စီအီးအိုဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

ဦးနေရွှေသွေးအောင်(ခ)ဖိုးလ ပြည့်က ”ညကဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ကျွန်တော့် အနေနဲ့ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပါ ဘူး။ ကျွန်တော် သူတို့နဲ့လိုက်လဲမသွားဘူး။ ကျွန်တော်တို့ ညက သူရိယအလင်းထုတ်ဝေ သူ ဦးယုနိုင်မွေးနေ့မှာ ကိုသူရိန်နဲ့တွေ့လို့ မင်းတို့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ တအားများ နေတယ်။ မကောင်းဘူးနော်လို့ ပြောခဲ့ပါ တယ်။ ပြီးတော့ မွေးနေ့အထိမ်းအမှတ် စား သောက်ပြီးပြန်ခဲ့ပါတယ်”ဟု ပြောသည်။
စီးပွားကူးသန်းဝန်ကြီးဦးဝင်းမြင့် ၏သားဖြစ်သူ ကိုသူရိန်က ”ကျွန်တော်က ဂျာနယ်တိုက်ထဲကိုဝင်ပြီး ကွန်ပျူတာတွေကို ဝင်ရောက်ဖြုတ်ယူတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ကျွန်တော်တို့ မနေ့ညက သူရိယအ လင်းထုတ်ဝေသူဦးယုနိုင်ရဲ့ မွေးနေ့ညစာ အတူစားပြီးတော့ ဦးယုနိုင်ရယ် ကျွန်တော့် သူငယ်ချင်းတွေရယ် သူရိယအလင်းဂျာနယ် ရဲ့ ထွက်သမျှဂျာနယ်တွေဝယ်မယ်ဆိုပြီး ရုံး ကို ရောက်သွားပါတယ်။ ရုံးရောက်သွားတော့ ဦးယုနိုင်က တံခါးဖွင့်ပေးဖို့ပြောပေမယ့် မဖွင့် ပေးလို့ ကျွန်တော်တို့ တော်တော်ကြာကြာ ထိုင်စောင့်နေခဲ့ရပါတယ်။ တံခါးဖွင့်လာ တော့မှ သူရိယအလင်းဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ကွန်ပျူတာတွေကိုဖြုတ် ပြီး ကားပေါ်တင်သွားတာပါ”ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင်ပင် မိမိတို့အနေဖြင့် ယခုကဲ့သို့ဖြစ်ရပ်များ ဖြစ်မည်ကို ကြိုတင်မျှော်မှန်းထားပြီးဖြစ် သဖြင့် သူရိယအလင်းဂျာနယ်ကို မထုတ်ဝေ ဖြစ်တော့ပါက နောက်ထပ်ထုတ်ဝေရန် ဂျာ နယ်တစ်စောင်နာမည်ကို သူရိယနေဝန်းနာ မည်နဲ့ ထုတ်ဝေခွင့်တင်ထားခဲ့တာ အခုဆို ရင် ထုတ်ဝေခွင့်ကျနေပါပြီ”ဟု ဦးမိုးဟိန်းက ပြောသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းစာဆရာတစ်ဦးက”အခုပြဿနာက ထုတ်ဝေသူနဲ့ အယ်ဒီတာကြားကဖြစ်တဲ့ ပြဿနာပါ။ ထုတ်ဝေသူအနေနဲ့ မိမိလုပ်ငန်း ကို ရပ်ဆိုင်းနိုင်သလို လုပ်ငန်းပစ္စည်းတွေ ကို ယူခွင့်ရှိပါတယ်။ လုပ်ထုံးလုပ်နည်းမှားနေ တယ်။ သန်းခေါင်ကျော်မှာ ဝင်ယူတယ်ဆို တာ မှားတယ်လို့ယူဆပါတယ်။ အဖွဲ့အစည်း ကို အစည်းအဝေးခေါ်တင်ပြဖြေရှင်းပြီး လုပ် ငန်းဖျက်သိမ်းမယ်ဆိုလဲ ဖျက်သိမ်းတာမျိုး လုပ်သင့်ပါတယ်”ဟု သုံးသပ်ပြောသည်။

ငယ်ထွေး(ကလေး)

Yangon Media Group

မန္တလေးမြို့တွင် လိုင်စင်မဲ့ ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ခဲ့သော ဗုံးလန့်မှု အပါအ၀င် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်




မန္တလေးမြို့၌ အောက်တိုဘာ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လိုင်စင်မဲ့ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ပွားခဲ့သော ဗုံးလန့်မှု အပါအ၀င် အများပြည်သူ သွားလာရာ နေရာများတွင် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်က မန္တလေးမြို့ ၆၆ လမ်းမပေါ်ရှိ အမျိုးသားကဇာတ်ရုံ အနီးတွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး ဖွင့်လှစ်စစ်ဆေးခဲ့ရာ ဟန်းဖုန်းတစ်လုံးအား ဓာတ်ခဲဖြင့် ပူးတွဲချည်နှောင် ထားသည်ကိုသာ တွေ့ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ၂၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အမှိုက်ပုံ တစ်ခုမှ မီးခိုးများ ထွက်ရှိလာသောကြောင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ ဗြောက်အိုးဖောက်မှုကြောင့်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က အတည်ပြု ပေးခဲ့သည်။

သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်တွင်လည်း မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေးကားဝင်း အတွင်း၌ မတ်ခ်တူးအမျိုးအစား လိုင်စင်မဲ့ ကားတစ်စီး လာရောက်စွန့်ပစ်ထားမှုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ၁၂ ဗို့အား ဘက်ထရီအိုး တစ်လုံး၊ ထီးတစ်ချောင်း၊ ရေသန့်ဘူး တစ်ဘူးနှင့် Red Label အမျိုးအစား အရက်ပုလင်း တစ်လုံးတို့ကိုသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

"လက်ရှိအချိန်မှာ ဗုံးနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာကို အကြောင်းကြားကြလို့ ဒီလိုကောလာဟလတွေ ထွက်နေတာပါ။ ရဲတပ်ဖွဲ့ဝင်တွေကလည်း သတင်းရရချင်း ဗုံးဟုတ်၊ မဟုတ်ကို ကျန်တဲ့တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အတည်ပြု ဆောင်ရွက်ပေးနေပါတယ်။ ဒီလို အသိရှိရှိနဲ့ ပြည်သူက သတင်းပေးနေတာကလည်း လုံခြုံရေးအတွက် အကျိုးရှိပါတယ်" ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဖြူး၊ တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ၏ ဖြစ်စဉ်များမှ ကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သော်လည်း ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့တို့တွင်မူ ဗုံးဟုမသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိမှုများ ဖြစ်ပွားခဲ့သည်။

(အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျွဲဆည်ကန် အဝေးပြေးကားဝင်းအတွင်း လိုင်စင်မဲ့ ကားတစ်စီးအား သက်ဆိုင်ရာမှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်)

Eleven Media Group

Stretch Marks အကြောပြတ်ခြင်း



(၁) Doctor ဝတဲ့သူတွေမှာ အကြောပြတ်ကြပါတယ် အကြောပြတ်တာပျောက်အောင် ဘယ်လိုလုပ်ရပါသလဲ

(၂) ဆရာရှင့် အကြောပြတ်တဲ့အကြောင်းလေးလည်း ရှင်းပြပေးပါဦးဆရာ။ ကျွန်မရဲ့ ဒူးခေါင်းနဲ့ ပေါင်ခြံတွေမှာ သိသိ သာသာကြီး အကြောပြတ်လာပါတယ်။ အကြောပြတ်တာ ကုလို့ရပါသလား။ သူများပြောတာ သံလွင်ဆီ လိမ်းရတယ် ဆိုတာ အကြောမပြတ်ခင် လိမ်းရတာမဟုတ်လား။ ပြတ်ပြီသား အရာကြောင်းကြီးကော လိမ်းဆေးရှိပါသလား ဆရာ။

“ဗိုက်အကြောပြတ်တယ်” လို့ ပြောလေ့ရှိတဲ့ဟာက ရောဂါတော့ မဟုတ်တတ်ဘူး။ ကျန်းမာရေးပြဿနာတော့ ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာတွေမှာပါ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာမှာ ပြိုင်နေတဲ့ မျဉ်းကြောင်းတွေလို၊ ပါးလျ၊ ပြောင်ချော၊ အရောင်ဖျော့၊ ဖြစ်စမှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ်လိုလို အပိုတွေ ဖြစ်လာတယ်။ အနားရှိတဲ့ ပုံမှန် အရေပြားထက် နဲနဲနိမ့်ပြီး၊ ထိ-ကိုင်ကြည့်ရင် ခံစားမှု မတူဘူး။

ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅% ကနေ ၉ဝ% မိခင်လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် မဟုတ်ဘဲ ရုတ်တရက် ဝလာ-ပိန်သွားတာကနေလည်း ဖြစ်တတ်တယ်။ တခြား အကြောင်းခံ ရောဂါတွေလည်း ရှိသေးတယ်။ (ကော်တီဇုန်း) လိမ်းဆေး ကြာကြာသုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါတခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ် ရောက်ချိန်မှာ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။ လူပျိုဖြစ်ပြီးနောက် (မာစတာဘေးရှင်း) လုပ်တတ်တဲ့ အရွယ်မို့ ဒူးနေရာ အကြောတွေ ပြတ်တာရင် ဒီအလေ့ကြောင့်လို့ ပြောင်ချင်ကြတယ်။

Collagen (ကိုလာဂျင်) တွေ ပုံမှန်မဟုတ် ဖြစ်လာလို့၊ အရေပြားရဲ့ အလည်ထပ် Dermis မှာ သွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ ဆိုင်သေးတယ်။ လူမဲတွေမှာ အဖြစ်နည်းတယ်။ မျိုးရိုးလိုက်တာလည်း ရှိတယ်။ အမေဖြစ်ရင် သမီးတွေမှာ အဖြစ်များလို့ မိန်းမ မယူခင် သူ့အမေကိုပါ လေ့လာသင့်တယ်။ ဈေးအကြီးဆုံး မော်ဒယ် ၁ဝ ယောက်စာရင်းဝင် သြစတြေးလျက Miranda Kerr ကလေး ယူတော့မယ် ဆိုတော့ သူ့အဖွါးကပြောတယ် "ခါးရ် မိသားစုမှာ ဗိုက်ကြောပြတ်တဲ့ ရာဇဝင် မရှိဘူး" တဲ့။

ဘယ်လို ကုရမလဲဆိုတာ “ပြောရမှာတော့ ဝမ်းနည်းပါတယ်။” (ဒီစကား အသုံးအနှုံးက I am sorry to tell you ကို တိုက်ရိုက် ဘာသာပြန် ပြောတာပါ။ နောက်ပေါ် အသုံးအနှုံးတခုပါ။ ဒီလိုပါဘဲ နုတ်ဆက်ရင် “မင်္ဂလာပါ” လို့ ပြောလာနေကြတယ်။ မူလ ပဋိသန္ဓာရစကားက “နေကောင်းလား” “ထမင်းစားပြီးပြီလား” မျိုးသာ ဖြစ်ပါတယ်။ Good morning ကို ဘာသာပြန်ရာကနေ အခုတော့ ယဉ်ကျေးတဲ့ နုတ်ခွန်းဆက် တခုလိုလို ဖြစ်လာတယ်။ ကိုယ့်စကားကိုယ် အားမရတာလား။ ဗိုလ်ဆန်ချင်တာလားတော့ မသိဘူး။)

ကြော်ညာပြီး ရောင်းတဲ့ (ခရင်မ်) တွေက လက်တွေ့မှာ တကယ်ကောင်းတယ်လို့ အာမမခံနိုင်ပါ။ အကြောပြတ်တာ ဖြစ်စေတဲ့ အခံရောဂါရှိရင် ကုသဘို့ လိုတယ်။ မဖြစ်အောင် ကာကွယ်ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာ အလေးချိန်ကို အပြောင်းအလဲ မမြန်အောင် သတိထားရမယ်။ ကော်တီဇုံးဆေးတွေ သိပ်လိုအပ်မှသာ သုံးပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဆီးချို ရှိ-မရှိစစ်ပါ၊ ကုပါ။ ဟော်မုန်းပါဆေးတွေကို သတိထားပါ။

အကြောပြတ်တာက အမာရွတ်သဘောနဲ့ တူတယ်။ အမာရွတ်ဆိုတာမျိုးက ပျောက်သွားအောင် လုပ်လို့ မရသလောက်ပါ။ အနာ-ဒဏ်ရာ ဖြစ်တုံးက အရေပြားကို ဘယ်လောက်ထိ နက်သွားခဲ့သလဲ အပေါ်မှာ မူတည်ပြီး အကြီး-အသေး၊ အပျောက် နှေး-မြန် ကွာတယ်။ ဖြစ်တဲ့နေရာအရလည်း မတူကြသလို၊ လူအပေါ်မှာပါ တည်သေးတယ်။ အသေားအရေ ကောင်းသူ၊ အရွယ်ငယ်ငယ်မှာ အပေါ်ယံဖြစ်တဲ့ အမာရွတ်ဆိုရင် ကြာလေလေ ပျောက်လေလေ။

စိတ်ဓါတ် မကျပါနဲ့အုံး။ သုတေသနတခုက Gotu kola, Vitamin E, Collagen hydrolysates တွေက အကြောပြတ်တာ အတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ Gotu kola ဆိုတာ တခြားမဟုတ်ဘူး မြင်းခွါရွက်ပါ။ Collagen hydrolysates ဆိုတာကလည်း Shampoos, Conditioners, Soaps, Face cares, Make-up လူသုံး ပစ္စည်းတွေမှာပါတဲ့ ဓါတ်ပါဘဲ။ ဗီတာမင် E ကို စာတပုဒ် ရေးထားပါတယ်။

နောက် သုတေသနတခုက Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ (Verum) Cream က ကောင်းတယ်လို့ ဆိုတယ်။ Cocoa butter ဆိုတာကလည်း ရေငွေ့ပေးတာမို့ ကောင်းတယ် ပြောတယ်။ သုတေသနတော့ မရှိသေးဘူး။

Dermatologic Surgery ဂျာနယ်က Radiofrequency combined with 585-nm pulsed dye laser နဲ့ ၃၇ ယောက်ကို ကုတာ၊ ၃၃ ယောက်မှာ အလွန်ကောင်းတဲ့ ရလဒ်ရတယ်လို့ ဆိုပါတယ်။ Tummy tuck ခေါ်တဲ့ ခွဲစိတ် ဖယ်ရှားမှုလည်း လုပ်ကြတယ်။ Fractional laser resurfacing (လေဆာ) နည်းသစ်ကလည်း ပိုကောင်းသတဲ့။

Dermatological Treatment ဂျာနယ် “Treatment of striae distensae with a TriPollar radiofrequency device: A pilot study" စာတမ်းမှာ အမျိုးသမီး ၁၇ ယောက်ကို ၆ ပါတ် ကုသပေးတာ ဆေးပါတ် ပြည့်ပြီးနောက် ၁ ပါတ်မှာ ၃၈့၂% က ၂၅့၅% နဲ့ ၁၁့၈% က ၅၁့၇၅% တိုးတက်မှုတွေ့ရတယ်။ ၂၃% က ကျေနပ်ကြပြီး၊ ၁၂% ကတော့ ကျေနပ်မှုမရှိဘူး ဆိုပါတယ်။

“အကြောပြတ်တာ ကျန်းမာရေးပြဿနာ” လို့ ရေးခဲ့ပါတယ်။ လူဆိုတာ မွေးတုံးကထက် ဖြစ်နိုင်ရင် ပိုလှချင်၊ ပိုကောင်းချင်၊ ပိုကျန်းမာ သန်စွမ်းချင်ကြတယ်။ လျော့သွား၊ ကျသွား၊ ပြောင်းသွားရင်လည်း နဂိုအနေ ပြန်ဖြစ်ချင်ကြတယ်။ ဒီအထိတော့ (နော်မယ်)ပါ။ မဖြစ်နိုင်ဘူး ဆိုတာကိုပါ ဖြစ်ချင်နေရင်တော့ ဝေဒနာ တိုးတာပါ။ ဒါ့ကြောင့် ကံနဲ့ စိတ်ဟာ အကြောင်းတရား တွေထဲမှာ ပါနေတာပေါ့။ အဲဒါကြောင့်လည်း စိတ်ကို ထားတတ်အောင် ပြုပြင်နည်းတွေ၊ ကံတရား ကောင်းအောင် ကျင့်ကြံစရာတွေ ပေါ်ပေါက်လာခဲ့တယ်။

ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့အတူ အရေ၏ ကောင်းခြင်းလည်း ပါတယ်။ အမျိုးသမီး တွေသာမက အမျိုးသားတွေအတွက်လည်း ဗိုက်စူ၊ ဗိုက်ပူတွေ မဖြစ်ချင်ကြတာမို့ “ဗိုက်ခေါက်ကျန်းမာရေး” က အတော် အရေးပါလှတယ်။ ဗိုက်ကြောပြတ်တာက အရေပြားမှာ ဖြစ်တာပါ။ အရေပြားအောက်မှာ အဆီပြင်၊ ကြွက်သား၊ နောက်ခံ အရွတ်ပြား၊ အတွင်းဆုံးကြမှ ဗိုက်ကိုဖုံးနေတဲ့ အလွှာဆိုပြီး ၅ ထပ်ရှိတယ်။ ဗိုက်မစူချင်ရင် ဗိုက်လှချင်ရင် အရေပြား လှရမယ်။ အဆီမထူရဘူး။ (ဗယ်လီ) ခေါ်တဲ့ ဗိုက်ကြွက်သား သန်နေရမယ်။ တချို့သိပ်မသိကြတာက အရွတ်ပြားရဲ့ အရေးပါမှုဘဲ။ ဗိုက်ကို ခွဲစိတ်ရရင် ဒီအထပ်ကို ကျကျနန ပြန်ချုပ်ပေးရတာ လက်ဝင်တဲ့ အလုပ်တခုပေါ့။

အထပ်ရှိသမျှ ကောင်းနေရမယ်။ အပေါ်ယံလေးနဲ့ မလုံလောက်ဘူး။ (တိုးရစ်) တွေ လာမဲ့နေရာတွေမှာသာ လမ်းတွေ၊ အိမ်တွေကို မြင်ကောင်းအောင် လုပ်ထားသလိုမျိုး။ စစ်ဆေးတဲ့သူ လာချိန်မှာ တခါမှ မတခါဘူးတဲ့ ခြင်တောင်တွေ၊ မွေ့ယာတွေ ထုတ်ပေးထားတာမျိုး ဆိုတာတွေက တကယ့် အကောင်း၊ အစစ်အမှန် မဟုတ်ဘူး။

လူတယောက်ကို ကြည့်တာနဲ့ ဗီတာမင်ဘီ ၂ နည်းနေတာကို သိနိုင်တယ်။ ပါးစပ်ဘေးစွန်းတွေမှာ အရောင်ဖျော့နေ၊ နီနေ။ အနာဖြစ်ချင်နေတာ မြင်ရမယ်။ ဆက်သိဘို့က သူ့မှာ ဘီ ၂ နည်းနေရင် ဘီ ၁ လည်း နည်းနေနိုင်သလို၊ တခြားတခြား အာဟာရတွေပါ နည်းနိုင်တယ်လို့ မှန်းတတ်ရတယ်။ ဒီဆင်ခြင်မှုသဘောအတိုင်းဘဲ ဗိုက်ကြောပြတ်သူတယောက်မှာ အရေပြား အောက်လွှာတွေလည်း တခုခု လိုနေနိုင်တယ်လို့ သံသယဝင်ဘို့ ထိုက်တယ်။

ရေနဲ့ အာဟာရဓါတ်ပြည့်ဝနေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရွက်-အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုတ်ရှား ရုံးကန်နိုင်ဘို့ Energy အား ဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ Protein (ပရိုတင်း)၊ နည်းနည်းစီနဲ့ နေ့တိုင်း မပါမဖြစ်တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်တယ်။ ဗီတာမင် A နဲ့ E ကို သောက်သင့်တယ်။ သူနည်းနေရင် ပြော့ဖတ်ဖတ် ဖြစ်နေတာမို့ (ပိုတက်ဆီယံ) ပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီးသူတွေအတွက်ပါ ကောင်းပါတယ်။

ဗိုက်ကြောပြတ်တာအတွက် ရေဓါတ်၊ အာဟာရဓါတ်နဲ့ စိတ်ဓါတ်၊ အလေးထားပြီးသကာလ၊ မအိုသေးသမျှ အပျိုလေးလို လှနေကြပါစေ။

Dr. တင့်ဆွေ

သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူတစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွား




အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူအုပ်စု တစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွားခဲ့ကြောင်း သူရိယအလင်း သတင်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်အရ သိရသည်။

ထိုကဲ့သို့ လာရောက်သိမ်းဆည်း ခဲ့ကြသူများထဲတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၊ ဖိုးလပြည့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သည်ဟု ဦးမိုးဟိန်းက ပြောကြားသည်။

"ည ၁၂ နာရီ ၀န်းကျင်လောက်မှာ ကားခြောက်စီးလောက်နဲ့ ဒီရုံးရှေ့ကို ရောက်လာတာပေါ့။ လူ ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်။ ဘယ်သူတွေ ပါလဲဆိုတော့ ဖိုးလပြည့် ပါတယ်ဗျာ။ ပြည်ထောင်စုအဆင့် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန် ပါတယ်။ နောက်တစ်ခါ ဖိုးလပြည့်ရဲ့ သူငယ်ချင်း အုပ်စုတွေပေါ့။ သူတို့အားလုံး။ ရောက်လာပြီးတော့ ကျွန်တော်တို့ လက်ကျန်ဂျာနယ် အဲဒါကို လာတောင်းတယ်။ လာတောင်းတော့ ဒီကကလေးတွေက အရမ်းကြောက်လန့်ပြီးတော့ ပေးလိုက်ရတယ်ပေါ့ဗျာ။ ဘယ်သူတွေ ဘယ်သူတွေဆိုတာ ပြောပြီးတော့။ အဲဒီလို အချိန်မှာ နောက်တစ်ဆင့်က ဟိုဘက်တံခါးကို ဖွင့်ခိုင်းတယ်။ ဒီဘက်တံခါးက ပိတ်ထားတော့။ လုံခြုံရေး ဦးခင်အေးက တံခါးမဖွင့်ပေးဘူး။ ဟိုဘက်က တံခါးတစ်ပေါက် ရှိသေးတာကိုး။ ဟိုဘက်တံခါးက ၀င်ချလာတယ်။ ဟိုဘက်တံခါးက ကျွန်တော်တို့ဆီက ကလေးကနေပြီးတော့ သိနေတဲ့လူ ပါနေတဲ့ အခါကျတော့ ဖွင့်ပေးလိုက်တော့၊ တစ်ယောက်ပဲမှတ်ပြီး ဖွင့်ပေးလိုက်တော့ နောက်ကနေ အုပ်လိုက်ကြီး လိုက်ဆင်းဝင်လာတယ်။ အကုန်လုံး ဒီထဲကို ၀င်လာကြပြီး ဘာလုပ်လဲဆိုတော့ စီစီတီဗွီကို အရင်အုပ်တယ်။ အမှောင်ချပြီးတော့ အုပ်ပြီးတော့မှ မီးတွေပြန်ဖွင့်ပြီးတော့ ကျန်တဲ့ကောင်တွေ ကွန်ပျူတာတွေရဲ့ အောက်ကဘောက်စ်တွေ အကုန်ဖြုတ်သွားတယ်။ ကျွန်တော်တို့ ၂၂ လုံးရှိတာ ၁၄ လုံး ပါသွားတယ်" ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဦးမိုးဟိန်း အနေဖြင့် ကွန်ပျူတာများနှင့် ဂျာနယ်လက်ကျန်များ သိမ်းဆည်းခံရခြင်းကို အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ အချိန်မှ သိရှိခဲ့ခြင်းဖြစ်ကာ ဂျာနယ်လက်ကျန် ဖြန့်ချိမှု အဆင်ပြေ၊ မပြေ သိရှိလို၍ ဂျာနယ်တိုက်သို့ ဖုန်းဆက်ရာမှ သိရှိရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးမိုးဟိန်းက ပြောကြားသည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်း အကြောင်းအရင်းသည် အောက်တိုဘာ ၁၈ ရက်ထုတ် သူရိယအလင်းဂျာနယ် အတွဲ (၁) အမှတ် (၁၂) ၌ ဖော်ပြခဲ့သော ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်၏ "လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ည လာစမြဲပဲ၊ မော်စကိုမှာ သာမယ့်လ၊ ရုရှားမယ်စကြ၀ဠာ ပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ" ဆောင်းပါး၊ ဆောင်းပါးရှင် ထောင်သူရဲဘအုပ်၏ "မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာ" ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။

"မနေ့ကထွက်တဲ့ သူရိယအလင်း ဂျာနယ်ဟာ ပုံမှန်ထွက်ရမှာ မဟုတ်ဘူး။ စနေထွက်မှာ။ ဒါပေမဲ့ ဒီနေ့က သီတင်းကျွ တ်လပြည့်နေ့ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က စောထုတ်လိုက်တယ်။ အဓိကက ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်က နေပြီးတော့ မောစကိုမှာ သာတဲ့လကို ရေးတယ်။ မယ်စကြ၀ဠာ ပြိုင်ပွဲရယ်၊ ခရိုနီတွေရယ်။ ကားပြိုင်ပွဲတွေရယ်အကြောင်း ရေးတယ်။ နောက်စာရေးဆရာ ထောင်သူရဲဘအုပ်က မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် ဆိုပြီးတော့ ၁၉၆၂ ကနေ ဒီနေ့အထိဗျာ။ စစ်အာဏာပိုင် အဆက်ဆက် ၀န်ကြီးအဆက်ဆက်၊ ဗိုလ်ချုပ်အဆက်ဆက် လူကြီးသားသမီး အားလုံးက လူထုအပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျနေတာတွေ၊ ခရိုနီတွေ အားကိုးနဲ့ပေါ့ဗျာ။ အဲတာတွေကို ကျွန်တော်တို့က ရပ်တန်းကရပ်ဖို့ သတိပေး နှိုးဆော်တဲ့ဟာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဂျာနယ်လက်ကျန်နှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ပါဝင်ပြီး ဦးယုနိုင်နှင့် ဖိုးလပြည့်တို့မှာ ဂျာနယ်တိုက် အပြင်တွင် ကျန်နေခဲ့ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက်ပြောကြားသည်။

"ဦးယုနိုင်ပါတယ်။ အထဲကို မ၀င်ဘူး။ အပြင်မှာပဲ။ ဘာလို့ ဦးယုနိုင် ပါလာသလဲဆိုတော့ကား ဦးယုနိုင်က ကျွန်တော့်သူငယ်ချင်းပါ။ ပါလာတယ်ဆိုတာ သူ့ကိုခေါ်လာလို့ပဲ။ မလိုက်လာလို့ မရဘူး။ ခေါ်လာလို့ အပြင်ပါလာတယ်။ သူက အထဲထဲကို မ၀င်ဘူး။ သူ့မှာ တားနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ သာမန်ကုန်သည် တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သာမန်ကုန်သည် တစ်ယောက်ဆိုတာ အားလုံးကို ကြောက်နေရတယ်။ သူက အပြင်က ပါလာတယ်။ အထဲတော့ မ၀င်ဘူး။ သူလည်း ဒီအထဲကိုဝင်ဖို့တွေ တားတော့တားမှာပေါ့ဗျာ။ သို့သော်လည်း တားလို့မရလို့ ဖြစ်မှာပေါ့။ ကျွန်တော်က အဲဒီလို ယူဆတယ်။ ဒီထဲကို ဖိုးလပြည့်တော့ မ၀င်ဘူး။ အပြင်မှာ ကားပေါ်မှာ ကျန်နေတယ်။ အထဲကို ၀င်တဲ့ထဲမှာ ဦးသူရိန် ခေါင်းဆောင်တဲ့လူ ၁၅ ယောက် ပါတယ်" ဟု ဦးမိုးဟိန်းက ဆိုသည်။

အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ဖိုးလပြည့်နှင့် ဦးသူရိန်တို့ ပါဝင်ခြင်းကို သက်သေပြနိုင်သူ ငါးဦးခန့် ရှိကြောင်းနှင့် ဂျာနယ်တိုက်အတွင်း တပ်ဆင်ထားသည့် စီစီတီဗွီမှာ စက္ကူဖြင့် ဖုံးအုပ်ခံခဲ့ ရသည့်အပြင် စီစီတီဗွီ၏ အထိုင်စက်ကိုလည်း ယူဆောင်သွားကြသဖြင့် စီစီတီဗွီ မှတ်တမ်းမရှိကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။ ထို့အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခြင်း လုံးဝမရှိဘဲ ရှေ့နေဖြင့်သာ တိုင်ပင်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သူရိယအလင်း ဂျာနယ်တွင် ပြည်ထောင်စု ၀န်ကြီးများနှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ သားသမီး လေးဦးထက်မနည်းက ရှယ်ယာပါဝင်ကြောင်း သူရိယအလင်း သတင်းဂျာနယ်မှ အမည်မဖော်လိုသူ အယ်ဒီတာ တစ်ဦးက ပြောကြားသော်လည်း ထိုအချက်ကို ဦးမိုးဟိန်းက ငြင်းဆိုခဲ့သဖြင့် ဂျာနယ်ပိုင်ဆိုင်မှု၏ နောက်ကွယ်ကိစ္စရပ်များမှာ ရှုပ်ထွေးမှုများ ရှိနေကြောင်း သိရသည်။

"ရှယ်ယာနဲ့ ပတ်သက်လို့ဟာက ကျွန်တော်တို့က ကျွန်တော်တို့ဟာ ကျွန်တော်တို့ စုပြီးလုပ်ကြတယ်။ ဒီရှယ်ယာကိစ္စက ရှယ်ယာအများစုက ကျွန်တော်တစ်ယောက်တည်း ပိုင်တာ။ ၉၀ ရာခိုင်နှုန်းက ကျွန်တော်ပိုင်ပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်က ရှယ်ယာပေးထားတာ ရှိတယ်။ အဲတာနဲ့ ပတ်သက်လို့ကတော့ ဘာမှ အထွေအထူး ပြောစရာ မရှိဘူး။ ဒီကိစ္စက ရှယ်ယာပြဿနာ မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက ဆိုသည်။

ကျန်ရှိသော ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှာလည်း ၎င်း၏ဆွေမျိုး သားချင်းများသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်ဟု ပြောကြားသည်။

သူရိယအလင်း ဂျာနယ်တွင် ထည့်သွင်းဖော်ပြလေ့ရှိသော စစ်သူရဲဗလမင်းထင်၊ ထောင်သူရဲဘအုပ်၊ သတိုးစည်သူ အစရှိသူတို့၏ ဆောင်းပါးများကို ပြင်ပတွင် သတင်းထွက်ပေါ် နေသကဲ့သို့ ၎င်းတစ်ဦးတည်းက ရွေးချယ်တည်းဖြတ်ခြင်း မဟုတ်ဘဲ အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုဖြင့်သာ ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဦးမိုးဟိန်းသည် ယခင်က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိကာ အမေရိကန် ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှုမှာ အချိန်တစ်နှစ်ပင် မပြည့်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြန်မရောက်မီ အချိန်ကလည်း ၎င်းသည်ထောက်လှမ်းရေးအဖွဲ့၊ အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နီးစပ်သူဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်းများကိုလည်း ဦးမိုးဟိန်းက မမှန်ကြောင်း ငြင်းဆိုသည်။

သူရိယအလင်း ဂျာနယ်တိုက်တွင် အောက်တိုဘာ ၁၈ ရက်ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကို (အဆိုပါ ဂျာနယ်တိုက်မှ လမ်းညွှန်ပေးသည့် ဖုန်းနံပါတ်သို့) ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမှားနေသည်ဟု တစ်ဖက်မှ ပြန်လည်ဖြေကြား ခဲ့ပါသည်။ ထို့အတူ ဦးသူရိန်ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

(သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း (ဓာတ်ပုံ - နေထွန်းနိုင်))

Eleven Media Group

နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး



နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ
အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့  နိုင်ငံခြား
သူ မယ်တချို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့ အဖွင့်စာမျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ

နန်းခင်ဇေယျာဟာ တိုးရစ် ဂိုက်လည်း လုပ်သလို မနှစ်ကတော့ မြန်မာကိုယ်စားပြုပြီး ဂျပန်နိုင်ငံမှာ ကျင်းပ တဲ့ Miss International ပြိုင်ပွဲမျာ အင်တာနက်ဆုအပါအ၀င် ဆုတွေရခဲ့လို့ အခုတော့ သူဟာ ကြေညာမင်းသမီး လည်း ဖြစ်လာ ပါတယ်။

တဖက်ကလည်း လူမှုရေးလုပ်ငန်းတွေ လုပ်နေသလို အခုတော့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် တဲ့ Miss တချို့ကို နန်းခင်ဇေယျာက တိုးရစ်ဂိုက်အနေနဲ့ လိုက်ပါ ပို့ဆောင် ရှင်းလင်းပြသဖို့ ရှိပါတယ်။

အခု မြင်ရတဲ့ ပုံထဲမှာတော့ နန်းခင်ဇေယျာအပါအ၀င် မြန်မာနိုင်ငံကို အလည်ရောက်လာတဲ့ Miss တွေ ဟာ မြန်မာဝတ်စုံတွေ ၀တ်၊ မြန်မာ့သနပ်ခါးကိုလိမ်းပြီး မြန်မာဆိုတာဘာကို စတင် လေ့လာဖို့ အဆင်သင့် 
ဖြစ်နေပုံကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်က တဆင့် အသိပေးထားပါတယ်။

နန်းခင်ဇေယျာကတော့ နိုင်ငံခြားသူ Miss တွေကို မြန်မာ့ရိုးရာ ၀တ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေနဲ့ မြန်မာဆို
တာ ကမ္ဘာက ပိုပြီးစိတ်ဝင်စားအောင် ကြိုးစားမှုလည်းဖြစ်ပါတယ်။  




အိမ့်သံစဉ် ~

ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာပြီး လင်းပိုင်နှင့် ပူပေါင်း ငါးဖမ်းခြင်းဓလေ့ ပျောက်ကွယ်လာ





ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာပြီး လင်းပိုင်နှင့် ပူပေါင်း ငါးဖမ်းဆီးခြင်းဓလေ့ ပျောက်ကွယ်လာကြောင်း ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။

ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့သည် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေ(မန္တလေး-ကျောက်မြောင်း)အတွင်း ၂၀၁၃ခုနှစ် မိုးနှောင်းရာသီ ဧရာဝတီလင်းပိုင် သုတေသန ပြုလေ့လာရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး ပညာပေးခရီးစဉ်၌ ဆောင်ရွက်တွေ့ရှိချက်များအရ ဧရာဝတီလင်းပိုင် ပိုက်ကွန် ရေလုပ်သားများ လင်ပိုင်တို့နှင့် ပူးပေါင်း ငါးဖမ်းဆီးခြင်း လုပ်ငန်း စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း မြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ အနေဖြင့် လင်းပိုင်နှင့် ပူပေါင်းငါးဖမ်းဆီးမှု လုပ်ငန်းအား စိတ်ဝင်စားမှု လျော့နည်းလာပြီး အခြား စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်လာကြကြောင်း သိရသည်။

"အခုနောက်ပိုင်း ထိန်းသိမ်းရေး ဧရိယာထဲမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အရမ်းပေါတဲ့ 'ငါးလူး'ဆိုရင် တံငါသည်တွေထဲမှာ သိပ်မတွေ့ရတော့ဘူး။ ဒီနှစ် မိုးနှောင်းငါးဖမ်း ရာသီအစမှာဆိုရင် 'ငါးဖယောင်း' ဆိုတဲ့ ငါးလည်း ငါးလူးလိုပဲ ပျောက်စပြုလာပြီ"ဟု ပတ်ဝန်းကျင်နှင့် မျိုးသုဉ်း ရှားပါးရေသတ္တ၀ါများ ထိန်းသိမ်းရေးဌာနစုမှ လက်ထောက် ဦးစီးမှူး ဦးဟန်ဝင်းက ပြောကြားသည်။

"အခုလို အောက်တိုဘာနဲ့ နိုဝင်ဘာလတွေက ဧရာဝတီမြစ်ထဲမှာ ငါးအပေါဆုံး ရာသီပဲ။ ဒီလိုရာသီမှာတောင် ငါးအရမ်းရှားနေတော့ လင်းပိုင်နဲ့ ပင်တိုင်ငါးဖမ်းတဲ့ တံငါသည်တွေလည်း စားဝတ်နေရေးအရ တခြား ၀င်ငွေကောင်းတဲ့ အလုပ်တွေကို ပြောင်းလုပ်ကုန်ကြပြီ။ လင်းပိုင်နဲ့ ငါးတွဲဖမ်းတဲ့ ဓလေ့ ပျောက်သွားမှာစိုးလို့ ကျန်ရှိနေတဲ့ တံငါသည် အနည်းငယ်လောက်ကို နေ့တွက်ပေးပြီး ငါးဖမ်းခိုင်းနေရတယ်"ဟု ဦးဟန်ဝင်းက ဆက်လက် ပြောကြားသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ မြေစွန်းကျေးရွာတွင် လင်းပိုင်နှင့် ပူပေါင်း ငါးဖမ်းဆီးမှု လုပ်ကိုင်သည့် တံငါသည် ၁၃ဦးနှင့် မြစ်ကမ်းကြီးကျေးရွာတွင် ယခင်က ၁၇ဦးရှိရာမှ ယခုအခါ နှစ်ဦး၊ သုံးဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

မန္တလေး ဧည့်လမ်းညွှန်များအသင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း သွားရောက်စဉ်က တွေ့ခဲ့သည့် ငါးဖမ်းနေသူများ

Eleven Media Group

ပုဂ္ဂလိက အာမခံကုမ္ပဏီများ၊ မြန်မာ့ အာမခံ ကြီးကြပ်ရေးအဖွဲ့တို့ ပါဝင်သည့် အာမခံအသင်း ဖွဲ့စည်းမည်



အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်းကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထား)
အာမခံဈေးကွက် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီများ၊ မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့တို့ ပါဝင်သည့် အာမခံအသင်းကို ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုလုံးကို လိုင်စင်ချထားပြီးပါက အာမခံအသင်းကို ဖွဲ့စည်းသွားရန်ရှိပြီး ယခုအခါတွင် လိုင်စင်ပေးအပ်ရန် ကုမ္ပဏီတစ်ခု ကျန်ရှိနေသေးကြောင်း သိရသည်။

"ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုရယ်၊ မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့တို့ ပါဝင်တဲ့ အာမခံအသင်းကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ခုချိန်မှာက ပုဂ္ဂလိက ကုမ္ပဏီတွေလည်း မစုံသေးဘူး။ လိုင်စင်ပေးဖို့ ကုမ္ပဏီတစ်ခု ကျန်သေးတယ်။ အကုန်လုံး စုံသွားရင်တော့ ဖွဲ့စည်းသွားမှာပါ။ အာမခံအသင်း ဖွဲ့စည်းရတာလည်း အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ အာမခံဈေးကွက်မှာ rating (နှုန်းထား) သတ်မှတ်တာတို့၊ မူဝါဒ ချမှတ်တာတွေကို အာမခံအသင်းကပဲ ဆောင်ရွက်သွားမှာပါ"ဟု မြန်မာ့ အာမခံ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ပြောကြားသည်။

့မြန်မာ့ အာမခံလုပ်ငန်းမှ ပုဂ္ဂလိက ကုမ္ပဏီများသို့ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လျှောက်လွှာများကို ၂၀၁၂ ခု နှစ် မေ ၁ ရက်တွင် စတင် ရောင်းချခဲ့ပြီး စည်းကမ်းချက်နှင့် ကိုက်ညီသော ကုမ္ပဏီ ၁၂ခုကို လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ အာမခံလုပ်ငန်းသည် ၁၉၅၂ ခုနှစ်မှစ၍ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်း တစ်ဦးတည်း လုပ်ကိုင်ခဲ့ပြီး ယခုနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ငန်း လုပ်ကိုင်ခွင့် ချထားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ အာမခံလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီ ၁၁ခုသို့ လုပ်ငန်းလိုင်စင် ပေးအပ်ပြီးကြောင်း သိရသည်။ ယင်းကုမ္ပဏီများကို ကနဦးအနေဖြင့် အသက် အာမခံလုပ်ငန်း၊ အထွေထွေ အာမခံလုပ်ငန်းများဖြစ်သော မီးအာမခံ လုပ်ငန်း၊ မော်တော်ယာဉ်အလုံးစုံ အာမခံ၊ သမာဓိအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံတို့ကိုသာ လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။


Eleven Media Group

ဇလွန်ပြည်တော်ပြန် ဘုရားကြီး ရောင်တော်ဖွင့်ချိန်တွင် လာရောက်သူ ယခင်နှစ်ထက် နည်းပါး - Eleven Media Group




မုနိလေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန် မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးတွင် သီတင်းကျွတ် လပြည့်နေ့ ရောင်တော်ဖွင့်ချိန်၌ နယ်ဝေးမှ လာရောက်သူ ယခင်နှစ်များထက် နည်းပါးခဲ့ကြောင်း သိရသည်။

"ရန်ကုန်စတဲ့ နယ်ဝေး ဘုရားဖူးတွေက လပြည့်မတိုင်ခင် သီတင်းကျွတ်ပွဲတော် အစရက်ညမှာတင် ကြိုလာကြလေ့ရှိတယ်။ အရင်က လပြည့်နေ့ မတိုင်ခင် ည ၁၂ နာရီလောက်ဆို ဘုရားဝင်းထဲ ကားတွေပြည့်နေပြီ။ နယ်ဝေး ဘုရားဖူးတွေက ရောင်တော်ဖွင့်ချိန် အဓိက လာတာများပါတယ်။ မျက်နှာသစ်တော်ရေကို အလေးအမြတ်ထားပြီး ယူလေ့ရှိကြတယ်။ ဒါပေမဲ့ ဒီနှစ်မှာ နယ်ဝေးက လာတဲ့သူက အရင်နှစ်တွေကထက် နည်းတယ်။ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေကြောင့် စိုးရိမ်စိတ်နဲ့ မလာဖြစ်ကြတာ ဖြစ်နိုင်ပါတယ်" ဟု ဇလွန်မြို့ခံ ကိုမောင်ဖုန်းက ပြောကြားသည်။

ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးက "ဒီပွဲတော်က တစ်ညလုံး ကျင်းပတဲ့ပွဲမျိုး မဟုတ်ပေမဲ့ လုံခြုံရေး ရဲအင်အားကို ပိုတိုးထားပါတယ်။ လုံခြုံရေးအတွက် ဘုရားဂေါပကအဖွဲ့၊ NGO အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ CCTV ကင်မရာ ၁၉ လုံးကိုလည်း သီတင်းကျွတ်ပွဲတော် မတိုင်ခင် နှစ်လလောက် ကတည်းက ကြိုတင် တပ်ဆင်ထားပါတယ်။ မြို့ဝင် မြို့ထွက်တွေမှာ အရာရှိဦးစီးတဲ့ အဖွဲ့တွေက လုံခြုံရေး ဆောင်ရွက်နေပြီး တည်းခိုခန်းတွေမှာလည်း ဧည့်စာရင်း စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်" ဟု ပြောကြားသည်။

ရပ်ဝေး၊ရပ်နီးမှ ဘုရားဖူး ပြည်သူများ လုံခြုံရေးအတွက် ဘုရားလုံခြုံရေး ၀န်ထမ်းများအပြင် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဆောင်ရွက်ပေးလျှက်ရှိပြီး အကျိုးတော်ဆောင် အဖွဲ့မှလည်း ဘုရားကြီး ပရ၀ဏ်အတွင်း လှည့်လည် စစ်ဆေးမှုများ ပြုလုပ်ပေးလျှက်ရှိကာ လုံခြုံရေး ကင်မရာများကိုလည်း တပ်ဆင်ပေးထားကြောင်း ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့မှ ဦးစိုးပိုင်က ပြောကြားသည်။

ယခုနှစ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ဗုဒ္ဓရုပ်ပွားတော်များ စုပေါင်းလှူဒါန်းပွဲကို လပြည်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ ရေချမ်း ၉၀၀၀ ကပ်လှူ ပူဇော်ပွဲကို အောက်တိုဘာ ၁၉ မှ ၂၁ ရက် အထိ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဇလွန် ပြည်တော်ပြန် ဘုရားကြီးတွင် ဆီမီးများ ထွန်းညှိပူဇော် ထားသည်ကို တွေ့ရစဉ်

ပါကစ္စတန်တွင် ၀န်ကြီးအိမ်ထဲအထိ အသေခံဗုံးဝင်ခွဲ၊ ၀န်ကြီးအပါအ၀င် ရှစ်ဦးသေဆုံး




အောက်တိုဘာ ၁၆ ရက် အိစ်ဒ်နေ့က ပါကစ္စတန် အနောက်ပိုင်း တွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်ဝန်ကြီး တစ်ဦး အပါအ၀င် အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့သည်။ ထိုနေ့က ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀ ကျော် ဒဏ်ရာရှိ ခဲ့ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ မဟာမက်ဂျန်က ထုတ်ဖော်ပြောကြားခဲ့သည်။

အသေခံဗုံး တိုက်ခိုက်မှုမှာ Khyber Pakhtunkhwa ပြည်နယ် ဒီရာအစ္စမေးခန်းမြို့အနီး ပြည် နယ်ဝန်ကြီး၏ အိမ်ထဲ ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသေခံ ဗုံးခွဲသမားက ပထမဦးစွာ အစောင့်ကို တိုက်ခိုက်ခဲ့ပြီးနောက် အိမ်ထဲသို့ ပြေးဝင်သွားပြီး ဧည့်ခန်း အရောက်ကိုတွင် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။

ထိုအချိန်သည် ၀န်ကြီးသည် ဧည်သည်များနှင့် တွေ့ဆုံ နေချိန်ဖြစ်၍ ရှစ်ဦးအထိ သေဆုံးခြင်းဖြစ်သည်။

ဝန်ကြီးကို ဆေးရုံသို့ အရေးပေါ် တင်ပို့ရန် စီစဉ်ခဲ့သော်လည်း လမ်းခုလတ်
၌ပင် ကွယ်လွန်သွားခဲ့သည်။

Myawady News

မြန်မာပြည်သားနဲ့ အကြောက်တရား (Min Kaung Chit)


မင်းကောင်းချစ် (မန္တလေး)
ဒီတခေါက် ခွင့်ရက်ရှည်ရလို့ ဗမာပြည်အလည်ပြန်တော့ အရင်အခေါက်တွေထက် စိတ်လက်ပေါ့ပါးနေခဲ့တယ်။ အိမ်သူနဲ့သမီးတွေကကြိုပြန်နှင့်တော့ တစ်ကိုယ်ရည်မို့ ၀န်စည်စလွယ်ကလည်းနဲနဲ၊ လက်ဆွဲအိတ် ငယ်တလုံးဆွဲရင်း အပူပင်ကင်းကင်းပြန်နိုင်ခဲ့တယ်။
ထုံစံအတိုင်း လေယာဉ်အပေါ်ကဆင်းပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာတွေအရှေ့မှာ အများနည်းတူတန်းစီ လိုက်တယ်။ ဘေးဘီကြည့်လိုက်တော့ လူတိုင်းလိုလိုပူပင်ကြောင့်ကြတဲ့ မျက်နှာလေးတွေနဲ့၊ အဆင်မပြေမှု တခုခုကြုံရမှာ စိုးရိမ်နေကြပုံပဲ။ အဆိုးဆုံးက ကိုယ့်အနောက်မှာလာတန်းစီတဲ့ လူငယ်လေးပဲ။ အရွယ်က အသက်(၂၅) နှစ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ သူကြောက်နေပုံက ရုပ်ပျက်ဆင်းပျက်။ ခြင်္သေ့နံရတဲ့အာဖရိ ကသမင်တကောင်လိုပဲ ဂနာမငြိမ်ဖြစ်နေတာ သိတာလွန်းတယ်။ ကျနော်လည်းမနေသာလို့ ဘာဖြစ်နေတာလဲ ငါ့တူကြီးလို့မေးတဲ့အခါ သူ့ပတ်စ်ပို့သက်တမ်းက(၂) လထဲကျန်တော့ကြောင်း၊ ငွေမလုံလောက်တာရယ်၊ အချိန်မရတာကြောင့် သက်တမ်းမတိုးရသေးကြောင်း၊ အခုလဲခွင့်က (၂) ပတ်တာရတာမို့ စာအုပ်အသိမ်း ခံရရင် ပြန်လိုက်ဖို့အခက်အခဲအများကြီးရှိတာမို့ စာအုပ်သိမ်းမှာစိုးရိမ်ကြောင်း၊ ခွင့်စာလည်းမပါကြောင်း တုန် တုန်ရီရီရှင်းပြရှာတယ်။ အဲ့ဒါနဲ့ကျနော်လည်း လူငယ်လေးကိုအားပေးခဲ့ရတယ်။ သက်တမ်းကုန်ခါနီးတာနဲ့ ပတ်စ်ပို့စ်မသိမ်းနိုင်ကြောင်း၊ ခွင့်စာ မပါရင် (D) Form သာလုပ်ရန်လိုကြောင်း ပြောပြတော့မှ စိတ်သက်သာ သွားပုံရတယ်။
ကျနော်အလှည့်ပြီး၊ သူ့အလှည့်ရောက်တော့ ဘာမှပြဿနာမရှိပါဘူး။ ရှောရှောရရှုရှုနဲ့ ပြီးသွားတော့ လူငယ်လေးမျက်နှာဝင်းပလို့။ ၀န်စည်စလွယ်တွေရွေးပြီး အကောက်အခွန်ဋ္ဌာန ဖြတ်ခါနီးတော့ တခါကြောက်နေပြန်ရော။ အဝေးထိန်းစနစ်နဲ့မောင်းတဲ့ ကစားစရာကားလေး ပါလာလို့တဲ့။ အဆင့်မြင့်အဝေးထိန်းစနစ်နဲ့ ပျံသန်းနိုင် တဲ့ ကစားစရာတွေကို လက်ရှိ အမိန့်နဲ့တားမြစ်ထားကြောင်း၊ ဒါတောင် တိကျတဲ့ဥပဒေ ရှိပုံမရကြောင်း၊ တားမြစ်စရာအကြောင်းမရှိ လို့ ဒီအမိန့်ဟာမလိုလားအပ်ကြောင်းရှင်းပြခဲ့ပါတယ်။
အကောက်အခွန်ဋ္ဌာနဖြတ်ပြီးတော့ ကြိုဆိုသူတွေစောင့်နေတဲ့ ခမ်းမထဲရောက်တော့ လူငယ်လေးက ကျေးဇူး စကားဆိုရင်း နှုတ်ဆက်တော့ စာများများဖတ်ဖို့၊ လေ့လာဆည်းပူးဖို့လိုကြောင်း၊ များများသိလာရင်ကြောက် စိတ်လျော့ပါးလာနိုင်ကြောင်းပြောရင်း လမ်းခွဲခဲ့ကြတယ်။ အဲ့ဒါနဲ့တက္ကစီတစ်စီငှားပြီး တည်းခိုမယ့် ဟော်တယ် ကိုသွားရင်း လမ်းမှာ အကြောက်တရားနဲ့ ပတ်သက်ပြီးတွေးလာမိတယ်။
အကြောက်တရားဘယ်ကလာ တကယ်တော့ လူသားတွေဟာ မသိတာကိုကြောက်လေ့ရှိကြတယ်။ အန္တ ရာယ်ဖြစ်မှာကြောက်ကြတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ကလေးတွေဂျီတိုက်ရင် ဒေဝေါကြီးလာလိမ့်မယ်။ ပသျှူးခေါင်းပြတ်ကြီးကြောင့် ကလေးတွေအငိုတိတ်ကြတယ်။ ကျောင်းနေတဲ့အရွယ်ရောက်လာတော့ ရိုသေ လေးစားမှုနဲ့အကြောက်တရားကို ခွဲခြားမသိတဲ့ ဝေဖန်ခွင့်မရှိတဲ့ဝန်းကျင်ကြောင့် မိဘဆိုကြောက်၊ လူကြီးသူမ ဆိုကြောက်၊ ဆရာဆိုကြောက်၊ ဘကြီးဘုန်းကြီးဆိုကြောက်၊ ကိုယ့်မှားလည်းကြောက်၊ ကိုယ်မှန်လည်း ကြောက်ရတယ်လေ။
ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲရောက်ပြန်တော့ အထက်အရာရှိဆိုကြောက်၊ ကိုယ့်ထက်ရာထူးငယ်ပေမယ့်  အဆက်အသွယ်ကောင်းတဲ့သူဆိုကြောက်၊ အရပ်ထဲဆိုရင် ရပ်ကွက်ကောင်စီ- ရ၀တဆိုကြောက်၊ စစ်သား၊ ရဲသား ဆိုကြောက်၊ စည်ပင်သာယာဝန်ထမ်းဆို ကြောက်၊ အလှူခံ၊ လုပ်အားပေးဆင့်တဲ့သူတောင်ကြောက်ကြရ တယ်မဟုတ်လား။ တရားရုံးသွားရရင် ရှေ့နေ၊ တရားသူကြီးဆိုကြောက်ရ၊ ဆေးရုံဆေးခန်းသွားရင်း၊ ဆ ရာဝန်၊ သူနာပြုမပြောနဲ့ဓါတ်မှန်ဆရာ၊ အ၀င်တံခါးဂိတ်စောင့်ကအစ ကြောက်ကြရတယ်မဟုတ်လား။
ဓါတ်မှန်ဆရာဆိုလို့ မန္တလေးဆေးရုံကြီး မြောက်ဖက်ကပုဂ္ဂလိကဆေးရုံမှာ မိသားစုကျန်းမာရေးကိစ္စနဲ့သွားရင်း ကြုံခဲ့ရတာလေးပြောပြချင်ပါတယ်။ ဓါတ်မှန်ခန်းကနံရံမရှိ၊ အပိတ်တံခါးမရှိ၊ အမျိုးသမီးလူနာကို အ၀တ်လဲ ဖို့ပေးထားတာက မတ်တပ်တရပ်ဖို့တနေရာစာကို အ၀တ်လိုက်ကာတခုနဲ့ပတ်ထားပေးတယ်။ အ၀တ်စားက လည်း နောက်ကျောမလုံဗလာကျင်းနဲ့။ လူနာအမျိုးသမီးခမျာ နောက်ကျောသိုင်းကြိုးတောင် ကောင်းကောင်း ချည်ခွင့်မရ၊ အသက်(၆၀)၀န်းကျင်ဓါတ်မှန်ဆရာက အကူအမျိုးသမီးရှိရက်နဲ့ သူကိုယ်တိုင်ခွင့်မတောင်းပဲ လူနာအမျိုးသမီးကို ဓါတ်မှန်စက်ရှေ့မှာကိုင်တွယ်ပြီးဆောင်ရွက်တယ်။ ကုတင်အပေါ် တစောင်းလှဲပြီး ဓါတ် မှန်ကိုရိုက်ဖို့ကိုလည်း ဘယ်အနားက နာတာလဲ စတဲ့…….မေးခွန်းတွေနဲ့ ကျော၊ တင်ပါး စတာတွေကိုကိုင် တွယ်ဖို့ကြိုးစားလာတာတွေ့ရတော့ ကျနော်လည်းမနေသာတော့ပဲ ၀င်ပြောရတော့တယ်။ အမျိုးသမီးလူနာတ ယောက်ကို ကိုင်တွယ်ဖို့ဆိုရင် ပထမခွင့်တောင်းရမယ်။ သဘောတူညီချက်ရယူရမယ်။ လူနာကအမျိုးသမီး
ဓါတ်မှန်ဆရာဝန်ထမ်း တောင်းဆိုပိုင်ခွင့်ရှိရမယ်။ လူနာပေမယ့် အမျိုးသမီးတယောက်ရဲ့ ကာအိနြေ္ဒသိက္ခာနဲ့ အခွင်ု့အရေးဆိုတာရှိတယ်။ အလေးထားရမယ်။ နားလည်တတ်ရမယ်။ မိန်းမသားတယောက်မလုံမခြုံနဲ့ ဓါတ်မှန်ရိုက်နေတဲ့အခန်းအထဲကို ဆေးရုံ အကူဝန်ထမ်းအမျိုးသားတွေ တံခါးမရှိ ဓါးမရှိဝင်ထွက်သွားလာနေတာဟာ အမျိုးသမီးတွေရဲ့ အိနြေ္ဒသိက္ခာကို မြေမှာချနင်းနေတာပဲ။ အဲ့ဒီဓါတ်မှန်ဆရာကပြောခဲ့တယ်။ ဒီလိုပဲသူ တို့လုပ်လာတာကြာပြီ။ ဒါထုံးစံပဲတဲ့။ သူရဲ့စိတ်ရင်းအခံကရိုးပုံရပါတယ်။ ဒါပေမယ့်ခက်တာက သူ့ရဲ့ခံယူချက် (Mind-set)၊ ဆေးသမား၊ ဓါတ်မှန်ဆရာပြောဆိုခိုင်းစေသမျှကို လူနာက ဘာမှအထွန့်မတက်နဲ့ လိုက်နာရ မယ်ဆိုတာပဲ။ လူနာတွေကလည်း ကိုယ့်မှာအခွင့်အရေးဘာရှိလည်းဆိုတာ မသိတာရယ်။ ဆေးသမား၊ ဆရာ ၀န်ပြောရင် ဘာမဆိုနာခံရမယ်ဆိုတဲ့ အသိအမှားရယ်၊ ဆရာဝန်ဖြစ်သူက ဓါတ်မှန်ဆရာလုပ်ကိုင်တာကိုမှား သလား၊ မှန်သလားဆိုတာခွဲခြားနိုင်တဲ့အတွေ့အကြုံ ဗဟုသုတမရှိတာရယ်၊ မသိတာတွေများတော့ ကြောက် ပြီး ဘာမှပြန်မပေး၊ ပြန်မပြောဝံ့ကြဘူးလေ။
ကျနော်လည်းအဲ့ဒီဓါတ်မှန်ဆရာကိုပြောဖြစ်ခဲ့တယ်။ အရင်တုန်းကလုပ်ခဲ့တာပဲဆိုပြီး မှန်တယ်မထင်ပါနဲ့၊ အတွေးအခေါ်နဲ့ အလုပ်အကိုင်တွေပြင်ကြပါ။ လူနာကိုလေးစားပါ။ သိက္ခာကိုတန်ဖိုးထားပါလို့ လူအများအရှေ့ မှာ ပြောပစ်ခဲ့တယ်။ အဲ့ဒီလိုပြန်ပြောတဲ့လူမရှိရင် သူ့စိတ်ထဲမှာသူလုပ်တာ မှန်တယ်ပဲ ထင်နေမှာ။ နောက်အမျိုးသမီးလူနာဆိုရင် ကျနော်ပြောရကျိုးနပ်မယ်ထင်ပါတယ်။ ဆေးရုံပိုင်ရှင်တွေကလည်း ဆေးရုံအသုံးအ ဆောင်၊ အခန်းတွေကိုပြုပြင်မွမ်းမံဖို့၊ အမျိုးသမီးလူနာတွေရဲ့ သိက္ခာကိုတန်ဖိုးထားဖို့ ဒီဆောင်းပါးကနေပြော ချင်သလို လူနာရှင်တွေကလည်း ကိုယ့်အခွင့်အရေးကိုသိအောင်ကြိုးစားဖို့၊ သိရင်လည်းတောင်းဆိုရဲတဲ့သတ္တိ မွေးဖို့တိုက်တွန်းခြင်ပါတယ်။ အရာရာကို မဆင်မခြင်ကြောက်မနေဖို့ ဒီနေရာကပြောချင်ပါတယ်။

ကြောက်စိတ်ဆိုတာဘာလည်း?
ကြေက်စိတ်ကိုအင်္ဂလိပ်လို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ပါတယ်။
Fear-(1)           An unpleasant emotion cause by the threat of danger, Pain, or harm.
        (2)           A feeling of anxiety regarding the likelihood of something unwelcome happening.
မြန်မာလိုဒီလိုအဓိပ္ပါယ်ပြန်လို့ရမယ်ထင်ပါတယ်။
(၁) ကျရောက်လာမယ့်အန္တရာယ်၊ နာကျင်မှု၊ ဘေးဥပါဒ်တွေရဲ့ခြိမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မလို လားအပ်တဲ့စိတ်လှုပ်ရှားမှု။
(၂) ကိုယ်မဖြစ်စေချင်တဲ့ အဖြစ်ပျက်တွေဖြစ်လာနိုင်တဲ့ အရေးကြောင့် ပေါ်လာတဲ့ စိုးရိမ်ပူပန်ကြောင့်ကြစိတ်။
ဗုဒ္ဓဘာသာရှုထောင့်ကနေ စာရေးသူနားလည်ထားတဲ့ကြောက်လန့်စိတ်ဆိုတာ အာရုံ(၆)ပါးနဲ့ ဒွာရ(၆)ပေါက် တို့ထိခိုက်မိရာက မိမိမှာရှိတဲ့ တဏှာ၊ ရာဂ၊ လောဘ၊ မာနစတဲ့ကိလေသာတွေ အကြောင်းသင့်လို့ပေါ်လာတဲ့ အခါအကျိုးတရားအဖြစ် စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ဆင်းရဲမှု၊ ပူပင်သောကဖြစ်ပြီး အမျက်ဒေါသယှဉ်လျက်ဖြစ် ပေါ်လာတဲ့ ဒေါသမူစိတ်အနုစားပါပဲ။
ဥပမာပြောရရင် ဆောင်းပါးအရှေ့ပိုင်းက လူငယ်လေးကြောက်လန့်နေတဲ့စိတ်ဟာ သူ့ပတ်စ်ပို့အသိမ်းခံရပြီး အခက်အခဲတွေ့မှာကိုမလိုလားတဲ့ လောဘစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်ကြောက်လန့်နေတဲ့ ဒေါသ မူစိတ်ကလေးပါ။
နောက်ဥပမာကတော့ မြန်မာစစ်အစိုးရအဖွဲ့အထဲက မပြောင်းလဲလိုသူတွေရဲ့ ကြောက်စိတ်ပါ။ သူတို့ရရှိခံစား နေတဲ့အာဏာ၊ ပါဝါ၊ စည်းစိမ်တွေဆုံးရှုံးလျော့ပါးမှာ စိုးရိမ်ပူပန်ပြီးပြောင်းလဲရမှာကြောက်လန့်နေတဲ့ ဒေါသမူ စိတ်တွေပါပဲ။
အထက်ပါဥပမာ(၂)ခုစလုံးဟာ လောဘကိုအခြေခံပြီးဖြစ်ပေါ်လာတဲ့ကြောက်စိတ်တွေပါ။ ဒါပေမယ့် လူငယ် လေးရဲ့လောဘက ကိုယ့်ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုလိုချင်တဲ့ သမ္မာလောဘဖြစ်ပေမယ့် စစ်အစိုးရအဖွဲ့ ထဲက မပြောင်းလဲလိုသူတွေရဲ့လောဘကတော့ မတရားသဖြင့်ရယူလိုတဲ့ ၀ိသမဘောဖြစ်နေတယ်ဆိုတာ ခွဲခြားမြင်ဖို့လိုပါတယ်။
အဆိုပါလူငယ်လေးလိုပဲ မြန်မာတပြည်လုံးက တိုင်းသူပြည်သားတွေ၊ ကိုယ့်ရသင့်ရထိုက်တဲ့ အခွင့်အရေးအအတွက် ပူပန်နေရတဲ့ကြာက်စိတ်တွေနဲ့ အာဏာပိုင်တွေရဲ့မယူအပ်တဲ့ အာဏာ၊ ပါဝါ၊ ဥစ္စာတွေစွန့်လွှတ်ရမှာ ကြောက်တဲ့စိတ်တွေကို ဖြစ်ပေါ်စေတဲ့ တွန်းအားပေးနေတဲ့ အောက်ပါအခြေအနေတွေကို ၀ိုင်းဝန်းဖယ်ရှားပြု ပြင်ကြဖို့လိုပါတယ်။
Ø  (က)     တိုင်းသူပြည်သားများရဲ့ အထွေထွေအသိပညာ နိမ့်ကျမှု၊
Ø  (ခ)       အခွင့်အာဏာအလွဲသုံးပိုင်ခွင့်ပြုသော မမှန်ကန်သည့်အုပ်ချုပ်မှုစနစ်
Ø  (ဂ)       စီစစ်ဝေဖန်ခွင့်၊ အပြန်အလှန်ဆွေးနွေးခွင့်အားနည်းသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ      (အာရှတန်ဖိုး၊ မိသားစုတန်ဖိုးမှာ အားနည်းချက်)
Ø  (ဃ)     မိုးခါးရေသောက်နေသော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းခြစားလူ့အဖွဲ့စည်း။
မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း မိမိရဲ့အထွေထွေအသိတရားတွေတိုးတက်လာအောင် ကြိုးပမ်းဖို့လိုသ လို ကိုယ့်အခွင့်အရေးကိုသိပြီး အဲ့ဒီအခွင့်အရေးကို တောင်းဆို ရယူရဲတဲ့သတ္တိမျိုးမွေးဖို့လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ကြောက်လန့်ခြင်းမှကင်းဝေးရေး” စာအုပ်အထဲမှာလည်း လာဘ်ပေးလာဘ်ယူနဲ့ ဖောက်ပြန်မှုဖြစ်စေတဲ့ဆန္ဒာကတိ၊ ဘယာကတိ၊ ဒေါသကတိ၊ မောဟကတိ အစရှိတဲ့ အဂတိတရား(၄)ပါး အနက်က ဘယာကတိ (ကြောက်လန့်မှုဖြင့်၊ မလားအပ်သည်သို့လားခြင်း) ဟာ အဆိုးဝါးဆုံးဖြစ်နိုင်ကြောင်း အ မှားနဲ့အမှန်မခွဲခြားနိုင်စေတဲ့ အခြေခံကျတဲ့ အဂတိတရားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။
အနှစ်ချုပ်ကိုပြောရရင် ပုထုဇဉ်လူသားတိုင်းမှာ ကြောက်စိတ်ဆိုတာရှိပါတယ်။ ဒါပေမယ့် အဆင်ခြင်မဲ့ မ ကြောက်ကြဖို့ ၀ိသမာလောဘစိတ်နဲ့ယှဉ်ပြီး ဘယာဂတိမလိုက်စားဖို့၊ မိမိကိုယ်ကိုအသိဥာဏ်ဗဟုသုတတွေ မြင့်မားအောင် လေ့လာဆည်းပူးကြဖို့၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး တောင်းဆိုရဲ၊ ရယူတဲ့ရဲတဲ့စိတ်သတ္တိတွေ မွေးကြဖို့၊ နိုင်ငံသားတစ်ဦးချင်း ကြောက်စိတ်ကင်းမှ တရားမျှတပြီး၊ သန့်ရှင်းစင်ကြယ်တဲ့ဒီမိုကရေစီနိုင်ငံသစ် ကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်းပြောချင်ပါတယ်။
မြန်မာနိုင်ငံသားတိုင်း အဂတိတရားလေးပါးမှ ကင်းဝေးပြီးအစိုးရကိုမှီခိုနေရတဲ့ ပြည်သူမဟုတ်ပဲ အစိုးရကမှီ ခိုအားထားရတဲ့ မြင့်မြတ်သော အာဂမိဘပြည်သူ၊ ပြည်သားများဖြစ်နိုင်ကြပါစေ။

လူငယ်များ အားကောင်းရပါမည် - Eleven Media Group




(ဆောင်းပါးရှင် - လွင်ချန်ဖြိုး(နတ်မောက်))

စည်းကမ်းကလနားများသည် မျက်မှောက်ခေတ် လူငယ်များအဖို့ စည်းပါးပါးလေးများသဖွယ် ဖြစ်ကုန်ပြီလား ထင်မှတ်မိပါသည်။ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို ပြန်ကြည့်ချင်ပါသည်။ မိသားစုတိုင်း နီးပါးတွင်ရှိသော အသက်ငါးဆယ်နှင့်အထက် ပုဂ္ဂိုလ်များကို ရှေးခေတ်မျိုးဆက်၏ နောက်ဆုံးလက်ကျန်များဟု သတ်မှတ်ချင်ပါသည်။ ရှေးခေတ်လူကြီး အများစုသည် စည်းစနစ် ကြီးမားကြောင်း အားလုံးအသိ ဖြစ်ပါသည်။ စည်းစနစ် ကြီးခြင်းနှင့်အတူ အနေအထိုင်၊ အလုပ်အကိုင် ရိုးသားဖြူစင်ခြင်း၊ အသုံးအစွဲ ကျစ်လျစ်ချွေတာခြင်း၊ စုဆောင်းမိခြင်းများကို တွေ့နိုင်ပါသည်။ စည်းစနစ် ကြီးမားခဲ့သူတိုင်းသည် သူ့အတိုင်းအတာနှင့်သူ အထိုက်အလျောက် ချမ်းသာကြွယ်ဝ ပိုင်ဆိုင်မှု ရှိခဲ့ကြသည်သာ ဖြစ်ပါသည်။

လက်ရှိ သက်လတ်ပိုင်းနှင့် သက်ငယ်ပိုင်း မျိုးဆက်များသည် အဖေအမေ၊ အဘိုးအဘွား ရှေးခေတ်လူကြီးသူမများထံမှ စည်းကမ်းရှိကြဖို့ ပြောဆို၊ ဆုံးမ၊ သွန်သင်၊ လမ်းညွှန်မှု ခံယူခဲ့ကြရမည် ဖြစ်ပါသည်။ ဒီခရီးဒီထီး၊ ဒီအရပ် ဒီဖိနပ် ဆိုတာမျိုးကအစ အသေးစိတ် စနစ်တကျ စီမံကြလေ့ ရှိပါသည်။ သေချာသည်မှာ အဘိုးအဘွားတို့ခေတ်က စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် "အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက" ဟူသော ဆောင်ပုဒ်ဆိုင်းဘုတ်များ မရှိခြင်း ဖြစ်ပါသည်။ သို့သော်လည်း စည်းမဲ့ကမ်းမဲ့တွေ အခုအချိန်လောက် မပေါများခဲ့ဟု ယူဆမိပါသည်။

"အမှိုက်မပြစ်ရ၊ ဆေးလိပ်မသောက်ရ၊ ကွမ်းမထွေးရ၊ ယာဉ်ကြောပြောင်းပြန် မမောင်းရ၊ ဟွန်းမတီးရ" စသည့် စည်းကမ်းချက် များစွာသည် နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရပြီ ဖြစ်သည်။ "လမ်းသွားရင် သတိထား၊ ခရီးထွက်ရင် ဂရုစိုက်၊ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက်" စသော စည်းကမ်းချက် များစွာကိုလည်း မိသားစုတိုင်းမှာ နေ့စဉ်ကြားနေ ကြရသည်။ အမြင်၊ အကြား များခဲ့ကြသဖြင့် နား၊ မျက်စိ လျှံကုန်ပြီလား တွေးဆမိပါသည်။ စည်းကမ်း၏တန်ဖိုး လျော့ကျကုန်ပြီလား သုံးသပ်မိပါသည်။

"တော်ပြီ။ ဘောင်းဘီတို မ၀တ်ရင် လိုက်မပို့ဘူး။ သွားချင်ရင် ဘောင်းဘီတို ၀တ်ခဲ့။" စကိတ်ကွင်းသို့ သွားချင်နေသည့် တက္ကသိုလ်ကျောင်းသူ တစ်ယောက်ကို ကျောင်းသားတစ်ယောက်က ပုဂ္ဂလိက အမျိုးသမီး အဆောင်ခေါင်းရင်း လူသွားလမ်းမပေါ်မှာ အကျပ်ကိုင်၍ တောင်းဆိုနေခြင်း ဖြစ်ပါသည်။ ခဏနေတော့ ကျောင်းသူက အဆောင်တွင်းသို့ ဘောင်းဘီတို ၀င်လဲကာ နှစ်ဦးသား ဆိုင်ကယ်ဖြင့် ထွက်သွားပါသည်။ ဒါကတော့ လူငယ်များ အနေဖြင့် လွတ်လပ်စွာဖြင့် ကိုယ့်စည်းကို ကျော်ခြင်းဟု ဆိုချင်ပါသည်။ မည်သူ့ကိုမျှ အန္တရာယ် မဖြစ်သော စည်းကျော်ခြင်းများ ရှိသလို အရင်ဆုံး ကိုယ်တိုင်ထိခိုက် နစ်နာစေသည့် စည်းကျော်ခြင်းများ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ရည်မှန်းချက် ပန်းတိုင်သာမက နောက်ဆုံးအသက်ပါ ဆုံးရှုံးရသော၊ နိုင်ငံနှင့် လူမျိုးကိုပါ ထိခိုက်ရသော စည်းကျော်ခြင်းများလည်း ရှိပါသည်။

စာရေးသူ၏အိမ်တွင် အဆောင်ဖွင့်ကာ တက္ကသိုလ်ကျောင်းသားများ ထားပါသည်။ ည ၁၀ နာရီမှ နံနက် ၇ နာရီအတွင်း ဂီတာတီး၊ အော်ဟစ်ဆူညံ သီချင်းဆိုခြင်း မပြုရဟု စည်းကမ်းချက် ထုတ်ထားပါသည်။ ပတ်ဝန်းကျင်အား အနှောင့်အယှက် ဖြစ်မှာစိုး၍ ဖြစ်ပါသည်။ တစ်ညတွင် အိမ်မှကျောင်းသား သုံးယောက်က ဗွေဖောက်ကာ ည ၁၂ နာရီတွင် ဂီတာတီး သီချင်းဆိုကြပါသည်။ နာရီဝက်ခန့် ကြာသည်အထိ မရပ်သဖြင့် စာရေးသူက အကျိုးအကြောင်း သွားမေးပါသည်။ သူတို့ထံမှ မမျှော်လင့်သော၊ ထင်မှတ်မထားသော အဖြေကို ကြားသိရသဖြင့် အံ့သြမိပါသည်။ စာရေးသူ၏ အဆောင်နှင့် မျက်နှာချင်းဆိုင် ခြံဝင်းတွင် ကျောင်းသူအဆောင် ရှိပါသည်။ ထိုအဆောင်မှ မိန်းကလေးတချို့က စာရေးသူ၏ စည်းကမ်းချက်ကို သိသဖြင့် သီချင်းဆိုသော ကျောင်းသားများအား "နင်တို့ ဒီည ၁၂ နာရီကနေ မနက် ၂ နာရီအထိထပြီး ဂီတာတီး သီချင်းဆိုရဲရင် နောက်နေ့မှာ နင်တို့ကြိုက်တာ ကျွေးမယ်" ပြောသောကြောင့်ဟု ဆိုပါသည်။

စည်းကမ်းတားမြစ် ကန့်သတ်ချက် အများအပြား ရှိသော်လည်း ကျူးလွန်ချိုးဖောက်ရန်လည်း လွယ်ကူနေတတ်ပါသည်။ ဆေးလိပ်၊ ကွမ်းယာ၊ ဘီယာ၊ အရက် စသည်များက နေရာမရွေး၊ အချိန်မရွေး၊ လူငယ်လူကြီး မရွေးအလွယ်တကူ ၀ယ်ယူအသုံးပြု နိုင်ကြသည်။ စာသင်ကျောင်းသို့ မရောက်ဘဲ ဂိမ်းဆိုင်၊ ဘိလိယက်ဆိုင်၊ ကေတီဗွီ၊ မာဆတ်၊ နေ့ကလပ်များမှာ ၀င်ရောက်ခိုနား ပျော်ပါးနိုင်ကြသည်။ ယာဉ်လမ်းစည်းကမ်းနှင့် အပြောအဆို၊ အတွေးအခေါ်ပိုင်း ဆိုင်ရာတွင်လည်း လိုက်နာမှု၊ ယဉ်ကျေးမှု၊ ဆန်းသစ်မှု အားနည်းသည်ဟု ဆိုချင်ပါသည်။ မိမိကိုယ်မိမိ တန်ဖိုးမထားခြင်း၊ ငွေကြေးနှင့် အချိန်များကို အကျိုးမဲ့စွာ လေလွင့်ဖြုန်းတီးခြင်းများသည် တစ်ဦးချင်းစီအတွက် မသိသာသော်လည်း နိုင်ငံတော် တစ်ခုလုံးအတွက် ဆိုပါက ဆုံးရှုံးနစ်နာမှု ကြီးမားလှပါသည်။

မိဘ၊ အုပ်ထိန်းသူ၊ ဆရာများ၏ ရှေ့မှောက်တွင် စည်းကမ်းရှိခြင်းသည် ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်ပါသည်။ သို့သော် ထိုသူများ၏ မမြင်ကွယ်ရာတွင် စည်းကမ်းဖောက်ဖျက်ခြင်းများကြောင့် ဆိုးပြစ်များစွာကို ပို၍ပေါ်ပေါက် စေနိုင်ပါသည်။ အထူးသဖြင့် တက္ကသိုလ်မှာ ပညာဆည်းပူးရန် ရောက်လာကြသည့် လူငယ်များသည် ပိုမိုလွတ်လပ်ခွင့် ရကြသည်။ လုပ်ချင်ရာ လုပ်နိုင်ကြသည်။ တက္ကသိုလ်ဝင်တန်း အောင်ချိန်အထိ ရိုးအေးနုံအသော လူငယ်အချို့ တက္ကသိုလ်အဆင့် ရောက်ခါမှ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြရသည်။ ပညာရေး လမ်းမဆုံးမီ ထွက်သွားရသူတွေ ရှိသည်။ ယာဉ်တိုက်မှု၊ ရမ်းကားမှု၊ ကိုယ်ဝန်ပျက်ကျမှု စသည့်အကြောင်း အမျိုးမျိုးကြောင့် အသက်စွန့်ကြရသည်။ ထောင်၊ အချုပ်ခန်းများတွင် စံမြန်းကြရသည်။ မလိုလားအပ်သော လုပ်ရပ်များအတွက် လူငယ်များ၏ အားအင်များကို လွဲမှားစွာ အသုံးချခြင်းအား ရှောင်ကြဉ်ကြရ ပါမည်။

အမှန်စင်စစ် လူငယ်များတွင် ကောင်းမွန်ထက်မြက်သော စွမ်းအားများ ပိုင်ဆိုင်ထားကြပါသည်။ ထိုစွမ်းအားများကို စည်းနှင့်ကမ်းနှင့် ထိရောက်မှန်ကန်စွာ အသုံးချခြင်းဖြင့် ကောင်းကျိုးများစွာကို ရရှိစေမည် ဖြစ်ပါသည်။ မူးယစ်သေစာ၏ သားကောင်များ၊ မှုခင်းပြစ်ဒဏ်များ၏ တရားခံများ၊ အချိန်မတိုင်မီ အညွန့်ကျိုးခဲ့ရသည့် လူသားပန်းပွင့်လေးများ မဖြစ်ရအောင် အားထုတ်ကြရပါမည်။ တိုင်းပြည်တည်ဆောက်ရေးအတွက် လူငယ်များက အဓိက အကျဆုံးဟု ဆိုချင်ပါသည်။ အရာရာ နှစ်ပေါင်းများစွာ နောက်ကျနေခဲ့ရသော စာရေးသူတို့ မြန်မာနိုင်ငံအတွက် အနာဂတ်ပုံရိပ် လှပဖို့ လူငယ်များ၏ လက်ထဲတွင် ရှိပါသည်။ လူငယ်တွေ ကြိုးစားလျှင် ဘာမဆို ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ ဆိုင်ရာဆိုင်ရာများကလည်း လူငယ်များ၏ ကြိုးပမ်းလုံ့လပြုမှု၊ အသုံးဝင်မှုများကို အသိအမှတ်ပြု၊ လုပ်ကိုင်ခွင့်ပြုဖို့ လိုပါသည်။

အားလုံးအတွက် စည်းကမ်းချက်များသည် ကျော်လွှားပစ်ပယ်ရန် မဟုတ်ဟု ဆိုချင်ပါသည်။ စည်းကမ်းများကို လျစ်လျူရှုမှု များပြားလာပါက ကြာလေကြာလေ မှုန်ဝါးဝါးဖြစ်ကာ စည်းကမ်းသတ်မှတ်ချက်များ မရှိတော့ဟု ထင်ရလောက်အောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါသည်။ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ကာလတွင် လူငယ်တွေ အားကောင်းဖို့ လိုပါသည်။ စာရိတ္တ အားကောင်းရမည်။ ကြိုးစားမှု အားကောင်းရမည်။ ပညာလေ့လာမှု အားကောင်းရမည်။ ကျွမ်းကျင်အသုံးချနိုင်မှု အားကောင်းရမည်။ ခံယူချက်၊ ရည်မှန်းချက်၊ ဇွဲ၊ သတ္တိများ အားကောင်းရမည်။ တိုင်းရေးပြည်ရေး စိတ်ဝင်စားမှု အားကောင်းရမည်။ နိုင်ငံရေး နားလည်နှံ့စပ်မှု အားကောင်းရမည်။

လူငယ်မျိုးဆက်သစ်တွေ အခုအချိန် ကတည်းက စည်းကမ်းစနစ်ကျကျ၊ အားကောင်းထားပါမှ အာဏာပြ ဖိနှိပ်မှု၊ လိမ်ညာဖုံးကွယ်မှု၊ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရအောင် လုပ်ခဲ့မှုများကို တွန်းလှန်တိုက်ဖျက်နိုင်မှာ ဖြစ်ပါသည်။ ပြည်ပနိုင်ငံ အသီးသီး၊ လူမျိုးခြား အသီးသီး၏ နည်းပေါင်းစုံဖြင့် အားစမ်းထိုးဖောက် လွှမ်းမိုးမှုများကိုလည်း ဟန့်တားကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များ ကောင်းသောအားများ အားကောင်းဖို့ လိုပါသည်။

(ရွှေတိဂုံ စေတီတော်တွင်၂၀၁၁ ခုနှစ်က စုပေါင်းသွေးလှူဒါန်းပွဲ တစ်ခု၌ သွေးလှူဒါန်းရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်)

အသက်မ၀င်မှု၏ အခြားတစ်ဖက်မှာ - Eleven Media Group




(ဆောင်းပါးရှင် - တင်ယုနွယ်)

ဖြစ်စဉ် (၁)

"ရှီခါး ရှိလား"

"ရှီခါးဆိုတာ ဘာလဲ"

"အိန္ဒိယကလာတဲ့ ဆေးပေါင်းထုပ်လေ၊ တစ်ထုပ် ၅၀"

ကြည့်လိုက်တော့ အသက် ၇ နှစ်ဝန်းကျင် ကောင်လေးနှစ်ယောက်။ ဘာလုပ်ဖို့လဲမေးတော့ စားဖို့တဲ့။ ကွမ်းယာထဲမှာထည့်တဲ့ ဆေးပေါင်းအရသာတဲ့လေ။ အဲ့ဒီ အသင့်စား ဆေးပေါင်းထုပ်တွေ ပြည်တွင်းကို ၀င်လာတာ နှစ်ချီကြာနေပြီဖြစ်ပြီး ဈေးလည်းပေါသလို အလွယ်တကူလည်း ၀ယ်နိုင်တာကြောင့် စားသုံးမှု များလာပါတယ်။ ကွမ်းယာရောင်းတဲ့ ဆိုင်တိုင်းနီးပါးမှာ ပြည်ပနိုင်ငံတွေက တရားမ၀င် သွင်းလာတဲ့ အသင့်စား ဆေးပေါင်းထုပ်များစွာကို အရသာ အစုံနဲ့ ၀ယ်ယူနိုင်ပါတယ်။ အိမ်နားက ကွမ်းယာဆိုင်ကို မေးကြည့်တဲ့အခါ တစ်နေ့ကို အထုပ်ငါးဆယ်ကနေ တစ်ရာလောက်အထိ ရောင်းရတယ်တဲ့။ လာဝယ်တဲ့ သူတွေမှာ အမျိုးသားတွေသာမက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ ပါဝင်ပြီး အရွယ်စုံ လာဝယ်ပါတယ်တဲ့။

ဖြစ်စဉ် (၂)

"ဆေးလိပ် ၁၀၀ ဖိုး ပေးပါ"

"မီးခြစ်ပါ ပေးပါ"

"အသက် ဘယ်လောက်လဲ"

"၁၃ နှစ်"

ဆိုင်ရှင်ဖြစ်သူက မေးလည်းမေး။ ဆေးလိပ်လည်း ပေးပါပဲ။ ဘူးပေါ်မှာ ရေးထားတာက အသက် ၁၈ နှစ် မပြည့်သေးသူများကို မရောင်းရတဲ့။ စာအဖြစ်နဲ့သာရှိပြီး ၀ယ်တဲ့သူတွေက ၀ယ်နေသလို ရောင်းတဲ့သူတွေကလည်း ရောင်းမြဲပါပဲ။ သေချာတာကတော့ တခြားကုန်ပစ္စည်းတွေရဲ့ ရောင်းအားဟာ ပုံမှန် (သို့မဟုတ်) နိမ့်ကျသွားနိုင်ပေမယ့် ဆေးလိပ်နဲ့ ကွမ်းရောင်းအားကတော့ နေ့စဉ်ဝယ်ယူ သောက်သုံးမှု ပုံမှန်ရှိနေတယ်လို့ ဆိုင်ရှင်တွေက ပြောပြပါတယ်။

ပြည်တွင်းရှိ စတိုးဆိုင်၊ Supermarket၊ အိမ်ဆိုင်၊ ကွမ်းယာဆိုင် စတဲ့ဆိုင်တိုင်းလိုလိုမှာ တံဆိပ်မျိုးစုံ ဆေးလိပ်တွေ ရောင်းနေသလို အိမ်ဆိုင်နဲ့ ကွမ်းယာဆိုင်တွေမှာတော့ အလိပ်ပြေပါ အလွယ်တကူ ၀ယ်နိုင်ပါတယ်။ ဒီလို ၀ယ်နိုင်တာကြောင့်လည်း အခြေခံပညာအရွယ် ကျောင်းသားငယ်လေးတွေဟာ ရတဲ့မုန်းဖိုးနဲ့ပဲ စီးကရက် သောက်သုံးနေနိုင်ကြပါတယ်။ Global Youth Tobacco Survery ရဲ့ ဖော်ပြချက်အရ လက်ရှိ မြန်မာကျောင်းသား၊ ကျောင်းသူအရွယ် လူငယ်အကြား ဆေးလိပ်သောက်သုံးမှုနှုန်းဟာ မြင့်တက်နေပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်မှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၀၇ ခုနှစ်မှာ ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာတော့ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက် လာတယ်လို့ ဖော်ပြထားပါတယ်။

ကြားဖူးတာကတော့ ပြည်ပနိုင်ငံတွေမှာ ကျောင်းသား၊ ၀န်ထမ်း စသူတွေဟာ ယူနီဖောင်းဝတ်ထားပြီး စီးကရက် သောက်သုံးခွင့် မရှိဘူးလို့သိထားပါတယ်။ ပြည်တွင်းမှာတော့ သောက်တဲ့သူက ၀ယ်သောက်သလို ရောင်းတဲ့သူကလည်း မငြင်းပါဘူး။

ဈေးကွက်အတွင်းမှာတော့ ပြည်ပကနေ တင်သွင်းလာတဲ့ စီးကရက်တံဆိပ် အစုံရှိသလို ပြည်တွင်းမှာ လာရောက်ဖက်စပ် ထုတ်လုပ်တဲ့ တံဆိပ်တွေလည်း အမျိုးမျိုး ရှိပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ တံဆိပ်တွေထဲမှာ အခွန်ဆောင်ပြီး သွင်းတာရှိသလို တရားမ၀င် နယ်စပ်တွေက ၀င်နေတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ချောကလက်၊ ပူရှိန်းနဲ့ အနံ့မျိုးစုံရှိတဲ့ စီးကရက်တွေကြောင့်လည်း အမျိုးသမီးငယ်တွေပါ ဆေးလိပ်ကို စမ်းသပ်သောက်ကြည့်မှုတွေ ရှိလာပြီး အဲဒီကတစ်ဆင့် စွဲစွဲလမ်းလမ်း သောက်သုံးမှုတွေအထိ ဖြစ်လာပါတယ်။

ဒီကြားထဲမှာ ဈေးကွက်အတွင်း ရောင်းချနေတဲ့ စီးကရက် ကုမ္ပဏီတွေကလည်း အပြိုင်ဈေးကွက် ဝေစုရရှိဖို့ လက်လီနဲ့လက်ကား ဆိုင်တွေကတစ်ဆင့် ၀ယ်ယူစားသုံးသူတွေကို အရောင်းမြှင့်တင် ဆွဲဆောင်မှုတွေ ပြုလုပ်ကြပြန်ပါတယ်။ ဒေါ်လာကံစမ်းမဲပေးပြီး ဆွဲဆောင်သလို၊ ဘူးခွံတစ်ဘူး ပြန်ပေးပါက ငွေသားပြန်ပေးပြီး သူ့ထက်ငါအပြိုင် အစီအစဉ် မျိုးစုံနဲ့ အရောင်းမြှင့်တင် ကြပါတယ်။ ရှိပါသေးတယ်။ တစ်ဘူးဝယ် တစ်ဘူးလက်ဆောင်တဲ့။ စီးကရက်ကို စားသောက်ကုန် ရောင်းချတဲ့ အသွင်လို အရောင်းမြှင့်တင် ပါတယ်။ ဒီလို ရောင်းချမှုတွေကြောင့် လိုချင်တဲ့ ဆန္ဒရှိသူတွေက အလိပ်ပြေ ၀ယ်သောက်နေကြရာကနေ ဘူးလိုက်သောက်သလို၊ တစ်ဘူးပဲ ၀ယ်သောက်တဲ့ သူကလည်း ကံစမ်းဖို့ နှစ်ဘူး၊ သုံးဘူးအထိ တိုးပြီးဝယ်ယူ ကြပါတယ်။

စီးကရက် အရောင်းကားတွေကလည်း ရန်ကုန်မြို့ရှိ ရပ်ကွက်တွေအပြင် နယ်မြို့တွေအထိပါ သွားရောက်ကာ ဈေးကွက်အပြိုင် ရှာဖွေရောင်းချ ကြပါတယ်။ လူစည်ကားတဲ့ ပွဲတော်ကာလ၊ နေရာတွေမှာဆို စီးကရက် အလိပ်တွေကို ကြဲချပေးသလို အချို့ဆိုရင် စားသောက်ဆိုင်တွေထဲအထိ အရောင်းဝန်ထမ်းတွေက ၀င်ရောက်ပြီး လာရောက်စားသုံးသူတွေကို စမ်းသပ်သောက်သုံးစေတဲ့ အစီအစဉ်တွေနဲ့ ရောင်းချကြပါတယ်။ တကယ်တော့ ၂၀၀၆ ခုနှစ် မေလ ၄ ရက်မှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေအရ ဆေးလိပ်ရောင်းချတဲ့ ကုမ္ပဏီတွေဟာ အရောင်းမြှင့်တင်မှု အစီအစဉ်တွေနဲ့ ရောင်းချမှု မပြုလုပ်ရပါဘူး။

ဒီလိုဥပဒေ ပြဋ္ဌာန်းအပြီး ၇ နှစ်ကြာ နေတဲ့တိုင်ထိရောက်တဲ့ အသက်ဝင်မှု မရှိသေးပါဘူး။ စစ်တမ်းတွေ သေချာကောက်ယူမှု မရှိတာတွေကြောင့် သောက်သုံးမှုနှုန်းကို အတိအကျ မသိပေမဲ့ လူစည်ကားတဲ့ နေရာတွေကနေ လမ်းသွယ်၊ လမ်းထိပ်နေရာတိုင်းမှာ စီးကရက်၊ ကွမ်းယာ ရောင်းချတဲ့ ဆိုင်တွေကို တွေ့မြင်နေရပါတယ်။ စီးကရက် ကုမ္ပဏီမှာ အရောင်းမြှင့်တင်ရေး လုပ်ခဲ့ဖူးသူ တစ်ဦးက ပြောပြမှုမှာတော့ ဘူးပေါ်မှာ ပါကင်မပိတ်ခင် ကပ်ရတဲ့ Tax Paid လို့ရေးထားတဲ့ စာရွက်တွေကို ပြင်ပဈေးကွက်မှာ ပေါပေါနဲ့လွယ်လွယ် လိုသလောက် ၀ယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ စာရွက်တွေကို ပြည်ပနိုင်ငံတွေက Duty Free ဆိုင်တွေကနေ ၀ယ်လာပြီး ပြည်တွင်းမှာ Whole Sale ရောင်းသူအချို့နဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စီးကရက်ကုမ္ပဏီ အချို့မှာလည်း အသင့်ဆောင်ထားပြီး လိုအပ်လာတဲ့အခါ စီးကရက်ဘူးပေါ်မှာ ကပ်ပေးပြီး ရောင်းချမှု ရှိတယ်လို့ ပြောပြပါတယ်။ ဒီတော့ စီးကရက်နဲ့ ပတ်သက်ပြီး အခွန်တိုးကောက်ဖို့ ဆိုရာမှာနဲ့ ပြည်ပက သွင်းထားတဲ့၊ ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ စီးကရက်ဘူးမှာ ဖော်ပြထားတဲ့ Tax Paid တွေအတွက် စဉ်းစားစရာ ဖြစ်လာပါတယ်။

ပြည်တွင်းမှာ စီးကရက် ထုတ်လုပ်တဲ့ စက်ရုံအရေအတွက်တွေကို မသိရှိရပေမဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားမှုအရ စီးကရက် အရေအတွက် သန်း ၃၀၀၀ ခန့်ကို နှစ်စဉ်ထုတ်လုပ်နိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဖြန့်ဝေခဲ့တဲ့ အချက်အလက်တွေမှာ ဆိုထားပါတယ်။

ဥပဒေမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရောင်းချရာမှာ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းကို တားမြစ်ထားသလို အခွန်ကောက်ခံမှု မြှင့်တင်ခြင်း စတာတွေ လုပ်ဆောင်ဖို့ ပါပါတယ်။ ဒါ့အပြင် ကျောင်းအနီးတစ်ဝိုက် ပေ ၁၀၀ အကွာအဝေးအတွင်း ဆေးလိပ်ရောင်းချမှုကို ကန့်သတ်ထားသလို အများပြည်သူတွေနဲ့ဆိုင်တဲ့ နေရာတွေဖြစ်တဲ့ အားကစားကွင်း၊ လူအများနေတဲ့ Air-Con အလုံအခန်း၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်တဲ့ အဆောက်အအုံတွေမှာ စီးကရက် သောက်သုံးမှု ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ ကျောင်းအနီး ပေ ၁၀၀ ၀န်းကျင်မှာ စီးကရက်ကို အလိပ်ပြေ၀ယ်မလား။ ဘူးလိုက်လိုချင်လား။ ကြိုက်သလို ၀ယ်ယူနိုင်သလို စီးကရက် မသောက်ရတဲ့ နေရာတွေမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေ ရှိနေလည်း မရှောင်ဘဲ သောက်သုံးနေကြပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ အချက်အလက်တွေအရ တိုက်ရိုက်သုံးစွဲမှု မရှိပေမဲ့ တစ်ဆင့်ခံ ရှူရှိုက်မိတာကြောင့် ၇၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အသက်သေဆုံး နေကြရပါတယ်။

တကယ်တော့ ဆေးလိပ်သောက်သုံး၊ ကွမ်းစားတာဟာ ရောဂါရတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်သုံးသူတွေဟာ ကြိုက်လို့သောက်ခြင်း၊ စမ်းသောက်သုံးကြည့်ရာကနေ ဖြတ်လို့မရတော့ဘဲ ဆက်လက်သောက်သုံးနေခြင်း၊ ဖက်ရှင်တစ်ခုအသွင် သောက်သုံးခြင်း စတဲ့အကြောင်းများစွာနဲ့ သောက်သုံးမှုတွေ ဆက်လက်ရှိနေဆဲပါ။ ဒါ့ကြောင့် ကမ္ဘာမှာ ဒုတိယ ကင်ဆာအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဆုတ်ကင်ဆာက အဖြစ်အများဆုံး ကင်ဆာရောဂါပါတဲ့။ ဒီတော့ ဥပဒေပြဋ္ဌာန်းပြီးတဲ့ တစ်ဖက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအတိုင်း အသက်ဝင်ဖို့ သောက်သုံးမှုတွေကို ထိန်းချုပ်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြည်ပကနေ တရားမ၀င် တင်သွင်းလာမှုတွေ၊ တံဆိပ်မျိုးစုံနဲ့ ပြည်တွင်းမှာ ထုတ်လုပ်ခွင့် ပေးနေမှုတွေနဲ့ အမျိုးစုံတဲ့ နည်းတွေနဲ့ အရောင်းမြှင့်တင် ရောင်းချမှုတွေကိုလည်း လျှော့ချဖို့ လိုအပ်လာနေပါပြီ။ ဒီလိုမှမဟုတ်ဘဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ ဆက်လက်အသက် ကင်းမဲ့နေမယ် ဆိုရင်တော့။

(လမ်းဘေးတွင် ရောင်းချနေသော စီးကရက်ဆိုင်အား တွေ့ရစဉ်)

အကြမ်းဖက် ဥပဒေကို ရေးဆွဲနေပြီး လုံခြုံရေးအတွက် ကျပ်ခြောက်ဘီလျံ အသုံးပြုကာ နည်းပညာ အထောက်အကူ ပစ္စည်းများ ၀ယ်ယူမည် - Eleven Media Group



ပြည်တွင်း၌ အကြမ်းဖက် ဥပဒေကို ရေးဆွဲနေပြီး လုံခြုံရေးအတွက် ကျပ်ခြောက်ဘီလျံ အသုံးပြုကာ နည်းပညာ အထောက်အကူပြု ပစ္စည်းများအား နိုဝင်ဘာလအတွင်း ၀ယ်ယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ကျပ်ခြောက်ဘီလျံ အသုံးပြုပြီး နည်းပညာ အထောက်အကူ ပစ္စည်းများကို ၀ယ်ယူရခြင်းမှာ ပြည်တွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်အတန်း တစ်ခုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် ဥပဒေ ရေးဆွဲနေမှုမှာ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး ပြီးစီးပါက လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။

နည်းပညာ အထောက်အကူပြု လုံခြုံရေးပိုင်းဆိုင်ရာ ပစ္စည်းများကို နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

"လုံခြုံရေးအတွက် နည်းပညာ အထောက်အကူပြု ပစ္စည်းတွေကို ကျပ်ခြောက်ဘီလျံ အသုံးပြုပြီး ၀ယ်ယူသွားဖို့ စီစဉ်ထားတယ်။ ဒါကို လွှတ်တော်ကို တင်ပြပြီးတော့ အမြန်ဆုံး ဆောင်ရွက်သွားပါမယ်" ဟု မြန်မာနိုင်ငံ ရဲဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။


အောက်တိုဘာ ၇ ရက်က သံတွဲမြို့အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဘီပိုး ၊ စီပိုးကြောင့်သာမက ငှက်ဖျားကြောင့်ပါ အသည်းကြီးရောဂါဖြစ်နိုင် - Yangon Media Group




ရန်ကုန် ၊ အောက်တိုဘာ ၁၈။ ။ အ သည်းကြီးရောဂါသည် ဘီပိုး၊ စီပိုး နာတာရှည်ရောဂါကြောင့်သာ မက ငှက်ဖျားကြောင့်ပါ ဖြစ်ပွား နိုင်သည်ဟု ရန်ကုန်အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံမှ တွဲဖက် ပါမောက္ခ ဒေါက်တာဇော်သန်း ထွန်း က ပြောသည်။

ငှက်ဖျားရောဂါကြောင့် ဘေ လုံးကြီးလာပြီး အသည်းပါကြီး လာနိုင်ကြောင်း သိရသည်။''အသည်းရောဂါဖြစ်ရတဲ့ အကြောင်းရင်းက အများကြီးပဲ။ အရက်ကြောင့်၊ အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးကြောင့်ပေါ့။ လူတော်တော်များများ မသိကြ တာက ငှက်ဖျားဖြစ်တာကြာလာ လို့ ဘေလုံးကြီးလာပြီး အသည်း ကြီးလာတာကိုပဲ။ ဒါတွေက ဆရာ တို့ တိုင်းပြည်မှာ တော်တော်များများတွေ့ရတယ်''ဟု ဒေါက်တာ ဇော်သန်းထွန်းက ထပ်မံပြောသည်။

ယင်းသို့ အသည်းရောဂါ ဝေဒနာခံစားနေရသောလူနာ အများစုတွင် အမျိုးသမီးများထက် အမျိုးသားများက ပိုမိုများပြား လျက်ရှိကြောင်း၊ တချို့သော နာ တာရှည်ရောဂါများကြောင့် အ သည်းကြီးနိုင်သည့်အပြင် အသည်း ထဲရှိ သံဓာတ်များခြင်း၊ ရေ ကော် ပါးဓာတ်များကြောင့်လည်း ဖြစ် နိုင်ခြေရှိကြောင်း၊ တချို့သောကင် ဆာရောဂါဆဲလ်များ အသည်း တွင်ပျံ့နှံ့နိုင်သည့်အခါတွင်လည်း အသည်းကြီးခြင်းများဖြစ်နိုင်သည် ဟု ယင်းကဆက်လက်ပြောသည်။

''အစာအိမ်ကင်ဆာ၊ အူမ ကြီးကင်ဆာဆဲလ်တွေ အသည်း ကို ပျံ့နှံ့လာ တာကြောင့်လဲအသည်းကြီးနိုင်တယ်။ဒီထက်ပိုပြီး ဖြစ် နိုင်ခြေက သွေးရော ဂါဖြစ်တဲ့ နီးဖိုးမားပြွန်ရှည်ကျိတ်ကြောင့် လည်း အသည်းကြီးတာတို့ ဖြစ် တတ်တယ်။ ဒါတွေကတော့ ရှား ပါတယ်။ အသည်းကြီးတယ်ဆိုပြီး လူနာတော်တော် ကြောက်ကြ တဲ့ရောဂါပေါ့''ဟုဆိုသည်။

အဆိုပါရောဂါကို ကာကွယ် သည့်အနေဖြင့် အရက်သောက် စားမှုကိုရှောင်ကြဉ်သင့်ကာ ဆေး ထိုးအပ်ကိုသုံးလျှင် တစ်ခါသုံးအပ် ကို သုံးစွဲသင့်ကြောင်း၊ ဘီပိုးကာ ကွယ်ဆေးကို ထိုးထားသင့်ကြောင်း နှင့် အသည်းကြီးရောဂါဝေဒနာ ရှင်များမှာ အသက်အားဖြင့် ၃၀ နှင့် ၅၀ အထက်ဝန်းကျင်များတွင် ပိုမိုအတွေ့များတတ်ကြောင်း သိ ရသည်။

ဇင်မျိုးထက်

ဟင်းသီးဟင်းရွက်အချို့ စားသုံးရာ တွင် သတိထားရမည့်အချက်များ - နှင်းဆီဖူးလေးများ-Love BUDS



ပဲပင်ပေါက်ကို ချက်ပြီးမှ စားသုံးသင့်သည်။ အစိမ်းစားခြင်း သည် အခန့်မသင့်လျှင် မအီမလည် ဖြစ်ခြင်း၊ မူးဝေ၊အော့အန်ခြင်း၊ ဝမ်း သွားခြင်းတို့ကို ဖြစ်စေတတ်သည်။

ခရမ်းချဉ်သီးတွင် အက် ဆစ်ဓာတ်ပါဝင်သဖြင့် ဗိုက်ထဲ၌ အစာမရှိဘဲ စားမိပါကဗိုက်နာခြင်း၊ဝမ်းသွားခြင်းစသည့်ဗိုက်ပြဿနာကို ဖြစ်စေတတ်သည်။

ရေခဲသေတ္တာထဲတွင် ထည့်ထားသောဟင်းသီးဟင်းရွက် များကို ကြာရှည်စွာမချက်ပြုတ်ရပါ ။ သို့မဟုတ်က ယင်းတို့တွင်ပါရှိသော အာဟာရဓာတ်များ ပျက်ပြယ်သွား မည် ဖြစ်သည်။

ကြက်ဟင်းခါးသီးတွင် အောက်ဆဲလစ်အက်ဆစ်ပါဝင်သ ဖြင့် မချက်မီ ရေနွေးဖျောသင့်သည်။

မုန်လာဥနီနှင့်မုန်လာဥဖြူ ကိုရော၍ မစားသုံးသင့်ပါ။ အတူ ကြိတ်၍လည်းကောင်း၊ ရောပြီး အစာသွတ်ခြင်း၊ သုတ်ခြင်းဖြင့် မုန် လာဥနီတွင်ပါဝင်သောအင်ဇိုင်းဓာတ် က မုန်လာဥဖြူအတွင်းမှ ဗီတာမင်စီ ကို ပျက်စီးသွားစေသည်။


ဗုဒ္ဓဂယာ ခရီးသွား အာမခံထားရှိခွင့် ပြန်လည်ခွင့်ပြုပေးပြီးနောက် ခရီးသွား အများစု ထားရှိလာ - Eleven Media Group


ဗုဒ္ဓဂယာ ခရီးသွား အာမခံ ထားရှိခွင့်ကို မြန်မာ့အာမခံ လုပ်ငန်းမှ ယခုနှစ်အတွင်း ပြန်လည်ခွင့်ပြုပြီးနောက် ခရီးသွား အများစုမှာ အာမခံ ထားရှိမှု ပြုလုပ်ပြီးမှသာလျှင် ခရီးသွားလာမှုများ ပြုကြကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

ဗုဒ္ဓဂယာ ဘုရားဖူးသွားပြည်သူ ရာခိုင်နှုန်း ၆၀ မှာ ဗုဒ္ဓဂယာ ခရီးသွား အာမခံကို ထားရှိကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး ပို့ဆောင်ရေး အေဂျင်စီများထံမှ သိရသည်။

"ဘုရားဖူးပြည်သူ ရာခိုင်နှုန်း ၆၀ ကျော်ကျော်လောက်က အာမခံကို ထားရှိပြီးမှ သွားကြတာပါ။ တချို့ကျတော့လည်း လက်လှမ်းမမီလို့ မထားကြတာတွေ ရှိတယ်။ အများစုကတော့ ထားကြပါတယ်။ ဒီနှစ်မှာ ဗုဒ္ဓဂယာ ဘုရားဖူး မြင့်တက်နိုင်မယ်လို့လည်း ခန့်မှန်းထားတယ်" ဟု ဗုဒ္ဓဂယာ မဇ္ဈိမဒေသ ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

ဗုဒ္ဓဂယာ ခရီးသွား အာမခံနှင့် မက္ကာခရီးသွား အာမခံတို့ကို ၂၀၀၉ ခုနှစ် ကတည်းကပင် မြန်မာ့အာမခံ လုပ်ငန်းမှ ရပ်ဆိုင်းထားခဲ့ပြီး ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများမှ တောင်းဆိုသောကြောင့် ယခုနှစ်တွင် မြန်မာ့အာမခံ လုပ်ငန်းမှ ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

အာမခံ ထားရှိရာတွင် လေယာဉ်ဖြင့် သွားလာရသည့် ခရီးသွားအာမခံကြေး အသွားအပြန် တစ်ထောင်၊ ခရီးစဉ် နှစ်ပတ်အတွက် အာမခံကြေး တစ်ယူနစ်လျှင် ကျပ် ၂၅၀ သတ်မှတ်ထားပြီး ၁၀ ယူနစ်အထိ ၀ယ်ယူခွင့် ရရှိထားကြောင်း သိရသည်။ နှစ်ပတ်ထက်ပို၍ ကျော်လွန်ပါက သတ်မှတ်ထားသည့် နှုန်းထားများအလိုက် ထပ်ဆောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအာမခံ ထားရှိထားသည့် ခရီးသွားပြည်သူများ အနေဖြင့် အာမခံ ထားရှိသည့် ကာလအတွင်း ခရီးသွားစဉ်တွင် ထိခိုက်ရရှိလျှင်သော် လည်းကောင်း၊ သေဆုံးလျှင်သော် လည်းကောင်း အာမခံလျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သေဆုံးပါက တစ်ယူနစ် ထားရှိသည့် ခရီးသွားအတွက် ကျပ်ငါးသိန်း၊ ၁၀ ယူနစ် ထားရှိပါက လျော်ကြေးကျပ်သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အတွက်မူ သတ်မှတ်ထားသည့် ဒဏ်ရာအမျိုးအစား ၇၄ မျိုးအလိုက် ရာခိုင်နှုန်းအားဖြင့် လျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဂယာ ဘုရားဖူး ပြည်သူများမှာ နှစ်စဉ်ငါးသောင်းဝန်းကျင် ရှိကြောင်း၊ ယခုနှစ်တွင် ခုနစ်သောင်း ၀န်းကျင်သို့ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း အေဂျင်စီများက သုံးသပ်ပြောကြားသည်။

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာဒေသသို့ မြန်မာနိုင်ငံမှ သွားရောက်လိုသူများ နှစ်စဉ်များပြားနေပြီး ဗုဒ္ဓဂယာခရီးစဉ် ပို့ဆောင်ပေးသည့် ခရီးသွား အေဂျင်စီများထံမှ သိရသည်။

တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တုန်းက ပါသွားတယ်ဆိုတဲ့ တယောတလက်ကို အင်္ဂလန်မှာ ဒေါ်လာ သိန်းချီပေးပြီး လေလံဆွဲ - BBC Burmese



တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တုန်းက ပါသွားတယ်ဆိုတဲ့ တယောတလက်ကို အင်္ဂလန်မှာ ဒေါ်လာ သိန်းချီပေးပြီး လေလံဆွဲ

တယောဆရာ Wallace Hartley အလောင်းမှာ ပူးချည်ထားတဲ့ တယောကို ဆယ်ယူ ရရှိခဲ့တာဖြစ်ပြီး တိုက်တန်းနစ် လက်ကျန် ပစ္စည်းတွေထဲမှာ ဈေးအများဆုံး စံချိန်တင်ရရှိ။