ဒဏ်ကြေဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် အမျိုးသမီးနှစ်ဦး အသားပုပ်၍ ဆေးရုံရောက်



ရန်ကုန်၊ သြဂုတ် ၅

တိုင်းရင်းဒဏ်ကြေဆေး အလွန် အကျွံသုံးခြင်းကြောင့် ပဲခူးတိုင်းဒေသ ကြီး မိုးညိုမြို့နယ်အတွင်းရှိအမျိုးသမီး နှစ်ဦး အသားများ ပုပ်သွားကာ မြို့ နယ်ဆေးရုံသို့ တင်ထား လိုက်ရကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှစကာ ယခုလ လဆန်းရက်အထိ ဒဏ်ကြေ လိမ်းဆေးကြောင့် ဆေးရုံသို့ အမျိုးသမီး နှစ်ဦး တက်ရောက်လာခဲ့ပြီး ယခုအချိန် အထိ ကုသ မှုပြုနေရဆဲဟု မိုးညှင်းမြို့ နယ် ဆေးရုံအုပ်ကြီးက Popular News သို့ ပြောသည်။

”လူနာကို တော်တော်ကြာကြာ ကု သမှု ပြုရမယ့် အခြေအနေ ရှိနေပါ တယ်” ဟု ၄င်းက ပြောသည်။

အမည်မသိ အကောင်ကိုက်ခြင်း ကို ဒဏ်ကြေဆေးလိမ်းရာမှ တစ်ဆင့် ယခုကဲ့သို့ အသားများ ပုပ်သွားခြင်းဟု ရောဂါဇစ်မြစ်ကို ပြောဆို၍ ရသော် လည်း အမှန်စင်စစ် တွင် ဒဏ်ကြေဆေး ကြောင့်သာ ဖြစ်သည်ဟု မိုးညှင်းပြည်သူ့ ဆေးရုံအုပ်ကြီးကမှတ်ချက်ပြုသည်။

”ပူရင် ကောင်းတာပဲလို့ တစ်လွဲထင် တဲ့ပြည်သူအချို့ကို အသိပညာရစေချင် တယ်။ ဘယ်ဆေးမဆို တန်ဆေး၊ လွန် ဘေးပဲ။ ကျေးလက်တွေမှာ ဒဏ်ကြေ ဆေးကို အလွန်အကျွံ လိမ်းရုံမက လိမ်း ထားတဲ့ နေရာကိုပါ ပတ်တီးတွေ စည်း လိုက်တော့ပိုဆိုးသွားတယ်” ဟု ၄င်းက ဆက်ပြောသည်။

ဆေးရုံ တက်ရောက်နေသည့် အသက် ၄ဝ ကျော်အရွယ် အမျိုးသမီး တစ်ဦးမှာ လက်မောင်းအလယ်မှစကာ လက်ဖမိုးအထိ အသားများ လောင်ကာ ပုပ်နေပြီးကျန်အ သက်  ၃ဝကျော်အရွယ် နောက်ထပ်အမျိုးသမီးတစ်ဦးမှာမူ ခြေ ဖမိုးအသား နှစ်လက်မကျော်ပုပ်နေ သည်ဟု ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံတက် လူနာတို့၏ ဆေးရုံ ထံပြောပြမှုအရ¤င်းတို့လိမ်းခဲ့သည့်ဆေး မှာ နာမည်ကြီးဒဏ်ကြေလမ်းဆေးများ ဖြစ်နေသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီး ဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသ) က ”တိုင်းရင်း ဆေး ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ဆေးတွေမှာ ဒီလိုမျိုးပြဿနာတွေ ရှိ တာ နည်းပါတယ်။ မှတ်ပုံမတင်ထားတဲ့ ဆေးတွေကတော့အတိုင်းအဆမရှိ တော့ ပြဿနာဖြစ်ရင်လည်း ဖြစ်နိုင် တယ်” ဟု ပြောသည်။

သို့သော်မှတ်ပုံတင် ပြုလုပ်ထား သော်လည်းအလွန်အကျွံသုံးစွဲပြီး အချိန် ကြာမြင့်စွာ ပတ်တီးစီးမည်ဆိုပါလျှင် အသားလောင်သည့်ပြဿနာ ရှိလာနိုင် သည်ဟု ၄င်းက ပြော သည်။

”ဘာဆေးမှ မလိမ်းဘူး။ ဒီအတိုင်း ပတ်တီးတင်းနေအောင် စည်းထားရင် တောင် ကြာလာရင် ပြဿနာ ရှိလာနိုင် ပါတယ်” ဟု ၄င်းကပြောသည်။

ခြေဖမိုးပေါ်ရှိ အသားအချို့ ပုပ် ကာ ဆေးရုံတက်နေသည့် အမျိုးသမီး မှာလည်း ဆူးစူးမိသဖြင့် ဒဏ်ကြေဆေး လိမ်းပြီး ပတ်တီးစည်းရာမှ တစ်ဆင့် ဖြစ်ခဲ့သည် ဟု   ဆေးရုံမှတ်တမ်းများအရ သိရသည်။

မိုးညှင်းမြို့နယ် ဆေးရုံအုပ်ကြီးက တိုင်းရင်းဒဏ်ကြေလိမ်းဆေးများအနေ ဖြင့် သုံးစွဲနည်းကို ဆေးဘူးများပေါ်တွင် မြင်သာအောင်ရိုက်သင့်ကြောင်း ထောက် ပြပြော ဆိုသည်။

PN-051

popular journal

နောက်တခါပြန်လာမဲ့ ကမ္ဘာကျော်မင်းသမီး မလုံးနဲ့ တွေ့ရင်ဆိုပြဖို့ ဂျက်စတင်ဘီဘာသီချင်း အလွတ်ကျက်နေသော လပြည့်ဝန်း



ထိုးထိုးထောင်ထောင် ခေါင်းတုံးဆံပင်ပေါက်၊ သနပ်ခါးပါးကွက်ကျား ထူပိန်းပိန်းနှင့် လပြည့်ဝန်းတစ်ယောက် သူ၏ သေးညှက်ညှက် ခန္ဓာကိုယ်ထက်က တစ်ပတ်နွမ်းဂါဝန်လေးကို သပ်ရပ်အောင် မကြာခဏဆွဲဆန့်နေသည်။ လက်ထဲက ပို့စကတ်အတွဲလိုက်ကို ပခုံးပေါ်လွှားတင်ဆွဲဖြန့်ထားရင်း ဗိုလ်ချုပ်ဈေးအလယ်ရုံကြီးထဲက ခမ်းနားသော ဆိုင်ကြီးတွေရှေ့မှာ လွန်းကလေးလို ပြေးလွှားလှုပ်ရှားနေသည်။

သူမျှော်နေသည်က ဈေးထဲကို လာကြမည့် နိုင်ငံခြားသားဧည့်သည်များ ဖြစ်သည်။
သိပ်မကြာလိုက်ပါ။ နိုင်ငံခြားသားတစ်သိုက် ဈေးထဲဝင်လာချိန် လပြည့်ဝန်းနှင့် ဘ၀တူ ပို့စကတ်ရောင်းသူ ကြီးကြီးငယ်ငယ်အချို့ ဧည့်သည်ဆီ ပြေးကပ်သွားသည်။ နှုတ်က ဘာရှာလဲ၊ ဘယ်သွားမလဲဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စကားဖြင့် ခပ်သွက်သွက်နှုတ်ဆက်ပြီး ပို့စကတ်တွေကို ရောင်းဖို့ကြိုးစားသည်။

အပြင်မှာ မိုးတွေသဲသဲမဲမဲရွာနေသော်လည်း ဈေးအပြိုင်ရောင်းရသည့် အရှိန်ဖြင့် လပြည့်ဝန်းပါးပြင်က သနပ်ခါးများက ချွေးနှင့်ရော၍ ပျက်ပြယ်စပြုနေသည်။ အသက်(၁၃)နှစ်ဆိုပေမယ့် သေးကွေးလွန်းသည့် ခန္ဓာကိုယ်လေးကြောင့် လပြည့်ဝန်းကို ဧည့်သည်တွေက သနားချစ်ခင်ကြသည်။

ထိုကလေး လပြည့်ဝန်းမှာ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သော The Hunger Games 2 ထဲမှ မင်းသမီးဂျီနာမဲလုန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တခမ်းတနားနေရာပေး ချစ်ခင်မှုကို ရထားသူလေးလည်း ဖြစ်သည်။

မင်းသမီးက လပြည့်ဝန်းနှင့် ရန်ကုန်မြို့တွင် တစ်နေ့တာ ကုန်ဆုံးခဲ့ပုံအကြောင်း အသေးစိတ်ရေးသားခဲ့သည်။ နောက်တစ်ကြိမ် မြန်မာပြည်ကိုလာလျှင် သူ ပထမဆုံးလုပ်မည့်အလုပ်က ဗိုလ်ချုပ်ဈေးသို့သွား၍ လပြည့်ဝန်းကို နှုတ်ဆက်ထွေးပွေ့မည့်အကြောင်းကို သူမနှင့် လပြည့်ဝန်းတို့ တွဲရိုက်ထားသည့်ပုံနှင့်အတူ ဖေ့စ်ဘွတ်ခ်တွင် တင်ထားခဲ့တာဖြစ်သည်။

‘‘သူက ရုပ်ရှင်မင်းသမီးလား (အလွန်အံ့သြသွားဟန်ဖြင့်) သမီး မသိပါဘူး။ သူနဲ့စတွေ့တော့ သမီးက ယပ်တောင်လေးသွားပြတာ။ သူ့မှာရှိပြီးသားတဲ့။ နောက်နေ့ထပ်လာတော့ သူက အင်္ကျီအမည်းဝမ်းဆက်လေးနဲ့။ သမီးက ဘာရှာလဲလို့ သွားမေးတာ။ ငါ သိန်းတစ်ရာဆိုတဲ့ စားသောက်ဆိုင်ကို ရှာနေတာတဲ့။ အဲဒါနဲ့ သူ့ကိုခေါ်သွားတယ်။ ဆိုင်မှာ သူက လက်ဖက်ရည်၊ ပဲပလာတာ၊ အအေး၊ လက်ဖက်သုပ်၊ နန်းကြီးသုပ်တွေ စားသွားတယ်။ သမီးကိုလည်းကျွေးတယ်။ သူက သမီးကို အရမ်းခင်တာပဲတဲ့’’ဟု လပြည့်ဝန်းက မင်းသမီးဂျီနာမဲလုန်းနှင့် ဆုံတွေ့ပုံကို သတိတရပြောပြသည်။

ရန်ကုန်မြို့၏ အသည်းနှလုံး ဗိုလ်ချုပ်ဈေးသည် နိုင်ငံခြားသားခရီးသွားတိုင်း လာတတ်သည့်နေရာဖြစ်ပြီး ဈေးနှင့်အနီးတစ်ဝိုက်ကို အမှီပြု၍ လပြည့်ဝန်းလို ကလေးတွေ ကျင်လည်ကျက်စားတတ်သည်။ ဧည့်သည်တွေကို စကားဝေေ၀ဆာဆာပြောပြီး မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေ၊ အထိမ်းအမှတ်တွေကို အမြတ်တင်ရောင်းချရင်း သူတို့ဘ၀ရပ်တည်နေသည်။ မင်းသမီးဂျီနာမဲလုန်းလို နိုင်ငံခြားဧည့်သည်တစ်ယောက်ကို တကပ်ကပ်လုပ်ခွင့်ရလိုက်ပြီဆိုလျှင် လပြည့်ဝန်းတို့အတွက် ပွပေါက်တိုးပြီ ဖြစ်သည်။

ဒါပေမဲ့ မင်းသမီးကိုတော့ လပြည့်ဝန်းက ဘာမှအမြတ်တင် ရောင်းချခဲ့ပုံမရ။ မင်းသမီးပေးသည့် ပိုက်ဆံတွေကိုလည်း မယူဘူးဟု ငြင်းသည်။ ထို့ပြင် ကျပ်ငါးရာတန်သည့် ဖန်စီလက်စွပ်လေးကိုပင် သူ့ကို လပြည့်ဝန်းက လက်ဆောင်ပြန်ပေးခဲ့သည်ဟု ဂျီနာမဲလုန်းက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘ဒီပတ်ဝန်းကျင်က သမီးတို့ကို ဧည့်သည်ဆီက တောင်းစားတယ်လို့ပဲ ထင်တာကို မခံချင်ဘူး။ တကယ်တော့ သမီးတို့က ပစ္စည်းတွေကိုပဲ ဈေးတင်ရောင်းတာပါ။ နောက်ပြီး အဲဒီနေ့က သမီးသူငယ်ချင်းကိုလည်း သူက မုန့်ဖိုးငါးထောင်ပေးတယ်။ သမီးကိုထပ်ပေးတော့ မယူချင်တော့ဘူး။ အဲဒါကြောင့် ငြင်းတာ။ ဒါပေမဲ့ သူက တစ်သောင်းခွဲ အတင်းပေးသွားတယ်’’ဟု လပြည့်ဝန်းကပြောသည်။

ဧည့်သည်ဆီမှ ပိုက်ဆံကို အလကားမယူလိုသော်လည်း ဧည့်သည်ကျလောက်အောင်တော့ လပြည့်ဝန်းက ကရုဏာသက်ဖွယ် ပြောခဲ့ပုံရသည်။ မင်းသမီးဖေ့စ်ဘွတ်ခ်တွင် လပြည့်ဝန်းက အဖေဆုံးပြီး ကလေးငါးယောက်နှင့် ကိုယ်ဝန်သည်အမေကို သီလရှင်ထွက်ပြီး လုပ်ကျွေးနေရသည်ဟု ရေးထားသည်။ တကယ်တမ်း လပြည့်ဝန်းမှာ အဖေရောအမေပါ ရှိသေးသည်။ အဖေက စပါးတွဲကို အိမ်မှာလုပ်ပြီးရောင်းသည်။ တစ်မိသားစုလုံး၏ စားဝတ်နေရေးက ဖခင်၏ စပါးတွဲအလုပ်ကို မှီခိုခဲ့ရသည်။ အခုတော့ လပြည့်ဝန်း၏ ပို့စကတ်၊ ပန်းချီကား၊ ၀ါးယပ်တောင်လေးတွေရောင်းရင်း ဧည့်သည်ကို ဈေးထဲတစ်ဝိုက် လမ်းညွှန်ပေးသည့်အလုပ်က ၀င်ငွေဖြောင့်နေသည်။

နှစ်တန်းနှင့် ကျောင်းထွက်ပြီး အသက်ရှစ်နှစ်ကတည်းက လှည်းတန်း၊ အင်းလျားမြိုင်တစ်ခွင်မှာ လပြည့်ဝန်း စပါးတွဲရောင်းခဲ့ရသည်။ စရောင်းရောင်းချင်း မသွားတတ်၊ မလာတတ်မို့ အမေက အဖော်လိုက်ပေးသည်။ လွန်ခဲ့သည့်နှစ်ကတော့ ဖခင်ဖြစ်သူက ဗိုလ်ချုပ်ဈေးတွင် ပြောင်းရောင်းဖို့ခေါ်လာသည်။ အဖေ့အစီအမံဖြင့် စပါးတွဲရောင်းရင်းက ဗိုလ်ချုပ်ဈေးတစ်ခွင်တွင် လပြည့်ဝန်းနာမည်ပျောက်၍ ‘စပါးတွဲ’ဟု လူသိများလာသည်။

ဈေးနားတစ်ဝိုက် စပါးတွဲရောင်းရင်း တစ်ရက် နိုင်ငံခြားသားဧည့်သည် လာစကားပြောသည်ကို ပြန်မပြောနိုင်ခဲ့။ ဘေးမှ ပို့စကတ်ရောင်းသည့် သူငယ်ချင်းက သူ့ကို ၀င်ကူပြောပေးရင်း ပို့ စကတ်ရောင်းဖို့ အကြံပေးသည်။ အဲဒီသူငယ်ချင်းကပဲ သူ့ကို ဘာသာစကားလေးမျိုးကို ကြက်တူရွေးနှုတ်တိုက်သင်ပေးခဲ့ခြင်း ဖြစ်သည်။

‘‘စလုပ်လုပ်ချင်းတော့ ဧည့်သည်ကို စကားတစ်ခွန်းပြောရဖို့ တအားခက်ခဲတယ်။ သူငယ်ချင်းကပဲ အင်္ဂလိပ်၊ ဂျပန်၊ ထိုင်းဘာသာတွေကို သင်ပေးတာ။ သူပြောတဲ့စကားတစ်ခွန်းကို သမီးက စိတ်ထဲမှာရော ဦးနှောက်ထဲမှာပါမှတ်ပြီး ညဘက်ကျရင် ပြန်ပြောတယ်။ နောက်တော့ အလိုလိုတတ်သွားတယ်။ အခု သမီးအကျွမ်းဆုံးက အင်္ဂလိပ်နဲ့ ဂျပန်’’ဟု လပြည့်ဝန်းက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်ဆိုသည်။

မနက် ၇ နာရီ အိပ်ရာထ၊ စားသောက်ပြီးသည်နှင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာရှိ သူ့အိမ်ကနေ ကြည့်မြင်တိုင်ဘူတာကို သမ္မန်ဖြင့်ကူးသည်။ မနက် ၉ နာရီခွဲ ရထားစီးပြီး ဗိုလ်ချုပ်ဈေးသို့ ရောက်သည်နှင့် သူဖောက်သည်ယူသော ပန်းချီ၊ ပို့စကတ်ဆိုင်ကို ကူခင်းပေးသည်။ နေ့လယ်ပိုင်း ဧည့်သည်ကျချိန်တွင် ဈေးအလယ်ရုံကြီးနှင့် ပက်ဆန်ကုန်တိုက်ရှေ့ အနီးတစ်ဝိုက် ဈေးရောင်းရင်း၊ ဧည့်သည်ရှာရင်း၊ စားလိုက်၊ သောက်လိုက်၊ ကစားလိုက်နှင့် လပြည့်ဝန်းတို့ အလုပ်လုပ်သည်။

တစ်နေ့တည်း ပို့စကတ်ပန်းချီကားတွေကို ငွေသောင်းနှင့်ချီ ရောင်းရသလို လုံးဝမရောင်းရဘဲ အိမ်ပြန်ရသည့်နေ့လည်း ရှိသည်။ သူ့ဝင်ငွေက ကလေးငါးယောက်၊ ဗိုက်ထဲမှာတစ်ယောက်နှင့် အဖေတို့၊ အမေတို့အတွက် အနည်းငယ်တော့ အသက်ရှူချောင်သည်။ ရပ်ကွက်ထဲ ရွယ်တူသူငယ်ချင်းများ ကျောင်းတက်တာ မြင်တိုင်းအားကျသော်လည်း မိသားစုက တော်တော်ဆင်းရဲ၍ အလုပ်ပဲလုပ်ချင်သည်ဟု လပြည့်ဝန်းခေါ် စပါးတွဲက ပြောသည်။

သွက်သော လပြည့်ဝန်းကို မင်းသမီးဂျီနာမဲလုန်းတင်မဟုတ်။ ဧည့်သည်တော်တော်များများက ချစ်ကြသည်။ မျက်စိမကောင်းဘူးဟုပြော၍ သြစတြေးလျမှ ဧည့်သည်အန်တီကြီးက ရွှေဘုံသာလမ်းထဲခေါ်ပြီး ချက်ချင်းမျက်မှန်လုပ်ပေးသည်။ အင်္ကျီအ၀တ်အစားနှင့် အသုံးအဆောင်လေးတွေ ၀ယ်ပေးသွားသူလည်းမရှား။ သူ့ဆီက ဘာမှမ၀ယ်ဘဲ အပြောကောင်းလို့ မုန့်ဖိုးအဖြစ် ဒေါ်လာလေးငါးဆယ် ပေးသွားသူများလည်း ရှိသည်။

ငယ်ငယ်လေးနှင့် ငွေရှာနိုင်သော လပြည့်ဝန်းတို့လေးတွေမှာ ပိုက်ဆံကိုတော့ သုံးလည်းသုံးသလို ဖြုန်းလည်းဖြုန်းတတ်နေသည်ကတော့ ရင်လေးစရာ။ လက်ထဲပိုက်ဆံရသည်နှင့် မုန့်တွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်စား၊ တန်မတန်မချင့်ချိန်ဘဲ အ၀တ်အစားအသုံးအဆောင်တွေဝယ်နှင့် လပြည့်ဝန်းတစ်ယောက် နည်းနည်းတော့ အလှမက်ချင်ပုံရသည်။

တကယ်တော့ သူတို့လို ပို့စကတ်ရောင်းသူများကို ဈေးတာဝန်ရှိသူတွေက တရားဝင်ခွင့်ပြုမထား။ နိုင်ငံခြားသားဧည့်သည်များကို လုယက်ရောင်းချရာကနေ ဆူညံပူညံဖြစ်ပြီး ဧည့်သည်တွေ စိတ်ငြိုငြင်မှာကို ဈေးတာဝန်ရှိသူတွေက စိုးရိမ်သည်။ လပြည့်ဝန်းတို့အတွက်ကျတော့လည်း ဒီဈေးကိုတည်မှီပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေခြင်း ဖြစ်သည်။

တချို့ ဧည့်သည်တွေကျတော့လည်း သူတို့နား ပေကပ်ကပ်ရပ်ပြီး အတင်းရောင်းတတ်သော လပြည့်ဝန်းတို့ကို စိတ်မရှည်။ အော်လွှတ်သည်။ ဒါပေမဲ့ လပြည့်ဝန်းတို့က မဖြုံ။ ခပ်တည်တည်ပင်။

‘‘ဧည့်သည်နားရောက်ရင် ဟဲလိုဘာညာနဲ့ ဖောရှောလုပ်ပြီး ရောင်းရလည်း မရောင်းရသေးဘူးပဲပြောပြီး ရောင်းတယ်။ သူတို့အော်လည်း စိတ်မညစ်ပါဘူး’’ဟု လပြည့်ဝန်းက သွက်သွက်လက်လက်ပြောသည်။

အခုတော့ လပြည့်ဝန်းက ဈေးရောင်းရင်းတစ်ဖက်နှင့် အားလပ်ချိန်မှာ ဂျပ်စတင်ဘီဘာရဲ့ ကမ္ဘာကျော် Baby သီချင်းကို အလွတ်ကျက်ဖို့ အလုပ်တစ်ခုပိုလာသည်။ အကြောင်းက ဂျီနာမဲလုန်းနှင့်တွေ့စဉ်က သူအကြိုက်ဆုံး အဆိုတော်က ဂျပ်စတင်ဘီဘာဟု ပြောထား၍ ဖြစ်သည်။

‘‘သူက သီချင်းဆိုတဲ့အဆိုတော်တွေထဲမှာ ဘာကြိုက်လဲလို့ပြောတော့ သမီးက ဂျပ်စတင်ဘီဘာ ကြိုက်တယ်လို့ ပြောတယ်။ သူက တအားရယ်ပြီးတော့ ငါလည်း ကြိုက်တယ်ဆိုပြီး မုန့်ဆိုင်မှာ သမီးကို အဲဒီဘေဘီသီချင်း ဆိုပြတယ်။ ကလည်း ကပြတယ်။ (ရယ်လျက်) နောက်တစ်ခေါက် သူပြန်လာရင် အဲဒီခွေ လက်ဆောင်ယူခဲ့မယ်။ နင်က အဲဒီကျရင့် ငါ့ကို သီချင်းဆိုပြတဲ့’’ဟု လပြည့်ဝန်းကပြောသည်။

တစ်သက်လုံး ဒီအလုပ်ကို သူလုပ်ဖို့ ရွေးထားပုံရသည်။ သူတို့မိသားစုထဲက တစ်ဦးတည်းသော ကျောင်းသားဖြစ်သည့် ဒုတိယတန်းရောက် မောင်လေးကို ဆယ်တန်းအောင်ပါက အင်္ဂလိပ်ဘာသာလေ့လာပြီး ဧည့်လမ်းညွှန်လုပ်စေချင်သည်ဟု ဆိုသည်။

မေးသမျှ ဖြေနေရင်းကနေ ဧည့်သည်တစ်သိုက် ဈေးထဲဝင်လာတော့ သူလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကျွန်မကို ခပ်လောလောတစ်ချက်ကြည့်ရင်း ဈေးရောင်းဖို့ အချိန်မရှိတော့လို့ သူသွားတော့မည်ဟု နှုတ်ဆက်သည်။ ရိုးသားမှုရှိသော်လည်း ကလေးငယ်ဘ၀ဖြူစင်ခြင်းတို့ထက် စောစီးစွာ အရွယ်ရောက် ရင့်ကျက်သွားသော လပြည့်ဝန်းတစ်ယောက် ပက်ဆန်ကုန်တိုက်ရှေ့ကနေ ဈေးထဲဝင်သွားချိန်တွင်တော့ ဇူလိုင်လကုန်ပိုင်း မိုးရေစက်များက သည်းထန်စွာ ရွာချလိုက်ပါတော့သည်။ ။

Credit : 7Day Daily

အီဘိုလာ ရောဂါပိုးကို သတ်နိုင်မည့် ဆေးတွေ့ ပြီ(Breaking news)


အမေရိကန် နိုင်ငံကို ရောက်ရှိနေသည့် အီလိုလာပိုး ကူးဆက်ခံနေရသူဒေါက်တာ ဘရက်ဒလီ ကို
ZMapp ဟုခေါ်သည့် ဆေးရွက်ကြီး ပင်တမျိုးက ဖေါ်စပ်ထားတဲ့ဆေးနဲ့ ကုသလိုက်တဲ့အခါ. အီဘိုလာ ကူးစက်ခံလာရတဲ့ ဒေါက်တာ ဘရက်ဒလီ တယောက်ချက်ချင်းသက်သာလာတယ် ဆိုပါတယ်။ အမေရိက က အတ်လန်တာ ဆေးရုံ မှာ ကုသ နေပါတယ် ။ရောဂါရှိတဲ့မျောက်တွေကို စမ်းသတ်ကုသတဲ့အခါ သုံးပုံ. နှစ်ပုံ. အသက်. ရှင်တယ် ဆိုပါတယ်။

ယခုဆေးရွတ်ကြီးပင်မျိုးမှာ သြစတေးလျAustralia နိုင်ငံမှာပေါက်ရောက်ပြီး ဆေးပြင်းလိတ်ထုတ်လုပ်တဲ့ အပင်မျိုးမှာပါဝင်ပြီး မျောက်တွေကို အရင်စမ်းသတ်ခဲ့တာ တိုးတက်မှုတွေတွေ့ ရပြီး ပိုးတွေအား လျှော့ကုန်ကြောင်း။ဌင်းဆေးအာနိသင်မှာ အဆိပ်တောက်များကို နိုင်သည်-ပိုးများကိုသေစေနိုင်ပါသည် ။ ဌင်းဆေး အား လွန်ခဲ့သော ၁၀နှစ်ခန့် ကပင် စမ်းသတ်မှုများပြုလုပ်နေခဲ့သည်။

ယခုအီဘိုလာ လူနာ ဒေါက်တာ ဘရက်လီ ပြန်လည်နေကောင်းအောင် ကုသပြီးပါက အာဖရိက နိုင်ငံများမှ အသေစောင့်ရေကြသည့် လူနာများအတွက် ၀မ်းမြောက်ဖွယ်ဖြစ်သည်။
ကောင်းကျိုးမပေး မူးရစ်ဆေးဆိုသော်လည်း လူသားတွေအသက်ကယ်တင်နိုင်သည့် ဆေးရွတ်ကြီး မျိုးပင်မှာ အီဘိုလာနိုင်သည့် ကယ်တင်ရှင်အပင်ဖြစ်လာနိုင်သည်။

ပြည်မြန်မာ

အင်္ဂလိပ်စကားပြော စာကြောင်းတိုများ



(1) Rightly or wrongly,..
မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ....

(2) More's the pity!
ဝမ်းနည်းစရာ ကောင်းလိုက်တာ။

(3) Not a pretty sight!
လူမြင်လို့ မကောင်းပါဘူးကွာ။

(4) Listen everyone!
အားလုံး..နားထောင်ပေးကြပါ။

(5) Have the heart?
စိတ်ပါရဲ့လား။

(6) So sudden!
ဘာတွေ...ပြာယာခတ်နေတာလဲ။

(7) It's not intentional!
တမင်လုပ်တာ..မဟုတ်ပါဘူး။

(8) Cross my heart!
ဘုရားစူးရပါစေရဲ့။
(ငါ..တစ်ကယ် ပြောနေတာပါ။)

(9) How astonishing!
ဘယ်လောက် အံ့သြဖို့ ကောင်းလဲ။

(10) That's not chicket!
ဒါ..မတရားဘူး။

(11) Don't talk rot!
မဟုတ်တာ..မပြောနဲ့။

(12) I'm like you!
ကျွန်တော်လည်း ခင်ဗျားလိုပဲ။

(13) Nice chat!!!
စကားပြောရတာ အာတွေ့တယ်။

(14) That's it!
ဒါပေါ့။ (ဟုတ်ပါ့)

(15) All is forgiven!
ရပါတယ်။ဗွေမယူပါဘူး။
(အားလုံးကို ခွင့်လွှတ်ပါတယ်)


(1) How's by you?
အခြအနေ..ဘယ်လိုလဲဗျ။

(2) God bless you!
ဘုရားသခင် ကောင်းချီးပေးပါစေ။

(3) What happened next?
နောက် ဘာဆက်ဖြစ်လဲ။

(4) Not any feeling!
ဘာ..ခံစားချက်မှ မရှိပါဘူး။

(5) Not only that!
အဲဒါတင် ဘယ်ကမလဲ။

(6) Stairs is stairs!
နဂိုရှိမှ နဂိုင်းထွက်တာပါကွာ။

(7) Go chase yourself!
သွားစမ်းပါ..။(ငါ့ဆီလာမရှုပ်စမ်းနဲ့။)

(8) Going to complain!
တိုင်ပြောလိုက်မှာနော်။

(9) Make no mistake!
မမှားစေနဲ့။

(10) Mind your head!
ခေါင်းတိုက်မိမယ်။သတိထား။

(11) Hold your horses!
စိတ်ထိန်း...စိတ်ထိန်း။

(12) It all depends!
အခြေအနေအရပဲ။

(13) All in all,...
အတိုချုံး..ပြောရရင်...

(14) Couldn't be happier!
ဒီ့ထက် ပျော်စရာကောင်းတာ မရှိတော့ဘူး။
(အရမ်းကို ပျော်တာပဲ။)

(15) Tell me another!
တော်စမ်းပါ...။(မင်းပြောတာ မယုံဘူး။)


(1) Surprised to see you!
မင်းကို တွေ့လိုက်ရတော့ အံ့အားသင့်သွားတာပဲ။

(2) There you go again!
မင်းကတော့..လုပ်ချလိုက်ပြန်ပြီ။

(3) What's it to you?
မင်းနဲ့ ဆိုင်လို့လား။

(4) Stay away from him!
သူနဲ့...ကင်းကင်းနေပါ။

(5) You're my age.
မင်းနဲ့ငါ..အသက်တူတယ်။

(6) Long time no see!
မတွေ့ရတာ ကြာပြီနော်။

(7) Back in a moment!
ချက်ချင်း ပြန်လာပါ။

(8) Are you day dreaming?
ဘာတွေများ အတွေးနယ်လွန်နေတာလဲ။

(9) I cross my heart!
ကျိန်ပြောရဲတယ်..တစ်ကယ်ပါ။

(10) I think you can!
မင်းလုပ်နိုင်မယ်လို့ ငါထင်တယ်။

(11) It fits just right!
အနေတော်ပါပဲ။

(12) Sorry to bother you!
ဒုက္ခပေးသလိုဖြစ်သွားတာ တောင်းပန်ပါတယ်။

(13) You're most understanding!
ခင်ဗျားက အရမ်းနားလည်ပေးတတ်တာပဲ။

(14) Nice talking to you!
ခင်ဗျားနဲ့ စကားပြောလို့ သိပ်ကောင်းပါရဲ့..။

(15) I'd better get going!
သွားလိုက်ဦးမယ်ဗျာ။ ။

(ပထမဆုံးစာအုပ်ဖြစ်တဲ့ နေ့စဉ်သုံးအင်္ဂလိပ်စကား Daily English Expressions ကို အားပေးဝယ်ယူကြတဲ့ အင်္ဂလိပ်စာချစ်သူများအား အထူးကျေးဇူးတင်ရှိပါတယ်။ဒုတိယစာအုပ်ဖြစ်တဲ့ အင်္ဂလိပ်စကားပြောအတိုများ Short Conversations In Use စာအုပ်လည်း မကြာခင် ထွက်လာတော့မှာမို့ ဆက်ပြီး အားပေးကြပါဦး..လို့။)

--------------------<<< ဂိုဂို-ဆေးတက္ကသိုလ်>>>----------------------

သူဌေးဖြစ်တဲ့ အမျိုးသမီးတွေရဲ့ တူညီတဲ့ စည်းကမ်း ၅ ချက်



သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နေ့စဉ်လိုက်နာဆောင်ရွက်ရမဲ့ ကိစ္စလေးတွေကို မမေ့မလျှော့ပဲ လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လိုက်နာရမဲ့ အဓိက အချက်လေးတွေကတော့ အောက်ပါအတိုင်းပါဘဲ။
၁. ကျန်းမာရေးသာလျှင် အဓိက
နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။
ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ။
၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း
နေ့တိုင်းပိုက်ဆံမရှိဘူးဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့လဲဘာမှဖြစ်မလာပါဘူး။ဒါကြောင့်စဉ်းစားနေတာထက်ပြုံးပြုံးရွှင်ရွှင်နေတက်မှသာလျှင်လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။
၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက်
ပိုက်ဆံကိုချွချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။
၎. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့
ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်
အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။

myeyshin

နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ


(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား?
ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)

(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?
လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။

(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?
ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

(၄) နားကိုက်နေပါသလား?
ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား?
ချယ်ရီသီး လက်တဆုပ် စာလောက် နေ့  စဉ်စားပေးပါ။

(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ် မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအ မျိုးမျိုး တို့ စားပေးပါ။

(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?
အဆီမပါတဲ့ ဒိန်ချဉ် ကို နေ့ စဉ် ၂-ခွက်လောက်သောက်ပေးပါ။

(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား?
နနွင်းမှုန့် စစ် စစ်ကို နေ့ စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့  ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)

(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?
ကွေကာအုပ်(အကြမ်း) နေ့ စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြု ပါ တယ်)

(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား?
ဇလုံ တစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်းနှုန်းဖြင့်ရော ၍ ခြေထောက် ထဲ့စိမ်ပေးပါ။ (မိနစ် ၂၀ ခန့်ကြာအောင် တနေ့  ၂-ကြိမ် ကျ ခြေထောက် စိမ်ပေးရပါမယ်)

(၁၁) လေပွနေပါသလား?
နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက် ညက်ဝါးစားပေးလိုက်ပါ။

(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား?
ပူစီနံရွက် များများစားပါ (သို့ မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။

(၁၃) ခါးနာနေပါသလား?
နေ့ စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။

(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား?
သောက်ရေသန့် သန့်  ၈-ခွက်လောက် နေ့ စဉ်သောက်သုံးပေးပါ။ (သွေးရော ဂါအမျိုးမျိုး တို့ ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့် စေပါတယ်)

(၁၅) ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးအိမ်ရောင်နေပါသလား?
ဘလူးလယ်ရီသီးကို လက်တဆုပ်စာလောက် နေ့ စဉ်စားပေးပါ။

(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား?
သဘာဝ ပျားရည်စစ်စစ် ကို တနေ့  ၄-ကြိမ်လောက် လိမ်းပေးပါ။

(၁၇) ကိုယ်ခံအားနည်းလို့  မကြာခဏ နေမကောင်းဖြစ်နေပါသလား?
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ အ၀ါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့ အစေ့) ကို နေ့ စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင် သား) ရောင် ရမ်း နာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)

့(၁၈) ခေါင်းတခြမ်းကိုက်နေပါသလား?
ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။

(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား?
ပိုတက်စီယမ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးမှည့်မှည့်ကို နေ့ စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ် သီး မဟုတ်ပါ)

လူတိုင်းသက်ရှည်ကျန်းမာစေဖို့ ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

(တင်ထက်ထက်ဇော်……မျှဝေသည်)
(ကိုးကား….Healthy and Natural World)
promise.pauk