ခရီးသည်တင်ယာဉ်ရှေ့ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွား



မတ်လ (၁၄) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ရေတာရှည်မြို့နယ် သာဂရမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်း၌ ပျဉ်းမနားမှ တောင်ငူသို့ ထွက်ခွာလာသည့် ခရီးသည်တင်ဒိုင်နာယာဉ် ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် (၁၇) ဦး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘိုတောက်ထိန်လမ်း၊ မြို့ဦးမင်္ဂလာရပ်နေ အောင်အောင် (၃၂) နှစ်မောင်းနှင်သော ပျဉ်းမနား-တောင်ငူ ခရီးသည်တင် TOYOTA ၆က/------- ဒိုင်နာယာဉ်သည် ခရီးသည်များ တင်ဆောင်၍ တောင်ငူသို့ မောင်းနှင်လာစဉ် သာဂရမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၂၀၁/၇ နှင့် ၂၀၃ /၀ အကြားတွင် ရှေ့ ၀ဲဘက်ဘီးပေါက်သွားရာမှ ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် စပယ်ယာ အပါအ၀င် ခရီးသည် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁၃)ဦး ဒဏ်ရာရရှိ သွားခဲ့သဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။ '' ဘယ်လိုဖြစ်မှန်းတောင် မပြောတတ်ဘူး၊ ကားက တစ်ပတ်လည်ပြီး ရမ်းထွက်သွားတာ အထဲက ခရီးသည်တွေကတော့ ဇီးဖြူသီးလိမ့်နေတာ ကျနေတာပဲ'' ဟု ဒါဏ်ရာရရှိထားသော သာဂရမြို့ တုံးခေါင်းကျေးရွာနေ မချယ်ရီစိုး ကပြောပြသည်။ ယာဉ် မတော်တဆမှုအား သာဂရနယ်မြေရဲစခန်းက ယာဉ်(ပ)၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အာဖရိက မြောက်ပိုင်း သည် အယ်လ်ခိုင်ဒါ ပေါက်ဖွားရာ အဓိက နေရာဟု အမေရိကန် ဆို


အာဖရိက မြောက်ပိုင်း ဒေသ သည် အယ်လ်ခိုင်ဒါများ အဓိက ပေါက်ဖွားရာ နေရာဖြစ်ပြီး ဆီးရီး ယားစစ်ပွဲ မြေပြင်သည် အယ်လ်ခိုင်ဒါများ အတွက် လူစုဆောင်းရာ လေ့ကျင့်ရာ လက်နက် စုဆောင်း တပ်ဆင်ရာ နေရာဖြစ် နေကြောင်း အမေရိကန် စစ်တပ် အာဖရိက ဒေသ ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် ဒေး ဗစ် ရော်ဒရီးဂတ်စ် က ပြောကြား လိုက်သည်။

““ဆီးရီးယား ဟာ အယ်လ်ခိုင် ဒါ ဆက်စပ် အကြမ်းဖက် သမားတွေ အတွက် လူစုဆောင်းရာ လက်နက် တပ်ဆင်ရာ တိုက်ပွဲ လေ့ကျင့်ရာ နေရာ တစ်ခု ဖြစ်နေပါတယ်။ အဲဒီလူတွေ ဇာတိ နိုင်ငံကို ပြန်သွားကြ တဲ့ အခါ မှာလည်း ဇာတိ နိုင်ငံအတွက် အယ်လ် ခိုင်ဒါ ရင်းမြစ်တွေ ဖြစ်လာပြီး အန္တရာယ် ပိုကြီး လာပါတယ်””ဟု ဗိုလ်ချုပ် ရော်ဒရီးဂတ်စ် က ပြော သည်။

လစ်ဗျား အရှေ့ပိုင်း ဒေသ သည်လည်း အာဖရိက အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသများမှ အစ္စလာမ္မစ် အကြမ်းဖက် သမားများ အတွက် လေ့ကျင့် သင်တန်း ဆင်းရာ ဒေသဖြစ် လျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။ ထိုအကြမ်းဖက် သမားများ အနက် အချို့မှာ ဆီးရီးယား သို့ သွားရောက် ကာ တိုက်ပွဲဝင် နေကြသည် ကိုလည်း တွေ့ရသည်။

ဆီးရီးယား စစ်ပြန် အယ်လ်ခိုင် ဒါများသည် ဇာတိ နိုင်ငံကို ပြန် ရောက်သည့် အခါ နိုင်ငံတွင်း အကြမ်း ဖက်မှုများ ဆက်လက် ပြုလုပ်ကြ သည်ကို တွေ့ရကြောင်း လည်း ဗိုလ်ချုပ် ရော်ဒရီးဂတ်စ်က ပြောသည်။

““အကြမ်းဖက် သမား တွေဟာ ပြည်ပနိုင်ငံ တွေရဲ့ ပဋိပက္ခဒေသ တွေမှာ အကြမ်းဖက် လုပ်ငန်းတွေ တတ်သွား ကြပြီး ကိုယ့်နိုင်ငံ ကိုယ် ပြန်ရောက် တော့ အန္တရာယ် ပိုကြီးသူ တွေ ဖြစ်လာကြ တယ်””ဟု ဗိုလ်ချုပ် ရော်ဒရီးဂတ်စ် က ပြောသည်။

အာဖရိက အကြမ်းဖက် ကွန်ရက်များ သည် အာရေဗျ ကျွန်းဆွယ် အယ်လ်ခိုင်ဒါ ကွန်ရက်များ နှင့် လည်း ဆက်စပ် လျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံများ တွင် အကြမ်းဖက် လုပ်ငန်း များ ဆောင်ရွက် ရုံသာမက အမေရိကန် နှင့် အနောက် နိုင်ငံများကို တိုက်ခိုက်ရန် ပါ နိုင်ငံဖြတ်ကျော် ကွန်ရက်ဖွဲ့ ဆောင်ရွက် လျက်ရှိ ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိအချိန် တွင် ဆီးရီးယား သည် အကြမ်းဖက် သမားများကို ဆွဲဆောင် နေသည့် “သံလိုက်တုံး” အလား ရှိကြောင်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ အကြီး အကဲ ဂျိမ်းစ် ကလပ်ပါက ပြော သည်။ အာဖရိက မြောက်ပိုင်းမှ “သံလိုက်တုံး” ဆီးရီးယား သည် အာဖရိက တောင်ပိုင်း ဒေသများမှ အစ္စလာမ္မစ် အစွန်းရောက် များကို ဆွဲဆောင် နေကြောင်းဖြင့် ဂျိမ်းစ် ကလပ်ပါ ကလည်း ပြောကြား လိုက် သည်။

အာဖရိက မြောက်ပိုင်း ဒေသ ဟာ အစွန်းရောက် အကြမ်းဖက် သူတွေ အများဆုံး ထွက်ရာ ဒေသ ဖြစ်နေပြီး၊ အာဖရိက အစိုးရတွေ အနေနဲ့လည်း အစွန်းရောက် သူတွေ ကို ကိုင်တွယ်နိုင်မှု၊ ချေမှုန်းနိုင်မှု နည်းပါး တာကြောင့် ချေမှုန်းရေး မထိရောက် သေးသလို၊ အချို့သော အစိုးရ တွေဟာလည်း ချေမှုန်းရေး မူဝါဒ ကောင်းမရှိ ဘဲ အကြမ်းဖက် သူတွေကို မွေးမြူထား သကဲ့သို့ ဖြစ်နေ ကြောင်းဖြင့် ဂျိမ်းကလပ် ပါက ထောက်ပြ သွားသည်။

Source: Bloomberg
Messenger News Journal

ကြေးနီ စီမံကိန်း အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကျယ်ပြန့်စွာ ပြုလုပ်နေ


လက်ပံတောင်းဒေသ ကြေးနီ စီမံကိန်းကြီး အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကို နယ်စပ် ဒေသ များမှ လာရောက် လုပ်ကိုင် နေသည့် တရုတ် ကပြား များမှ ကျယ်ပြန့် စွာ လုပ်ကိုင် နေကြောင်း ကြေးနီ စီမံကိန်း အတွင်းရှိ အလုပ်သမား ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် နေမှု ကို ၂၀၁၃ ခုနှစ် ကတည်း က စတင်လုပ် ကိုင်နေပြီး၊ မူးယစ် ဆေးသုံးစွဲသူအများစုမှာ နယ်စပ် ဒေသ များတွင် နေထိုင်ခဲ့ကာ ယခု အခါ ကြေးနီ စီမံကိန်းကြီးတွင် ၀င်ရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်းလည်း ကြေးနီ စီမံကိန်း အနီးတွင် နေထိုင်သူများ၏ ပြောပြ ချက်အရ သိရသည်။ မူးယစ်ဆေးဝါး တွေကို လုပ် လာတာ နေရာ တွေများ နေပြီ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် တွေက လက်ပံတောင်း တောင် မှာ အများကြီး ချထားတာတောင် မူးယစ်ဆေးဝါး လုပ်ကိုင် နေတဲ့ သူတွေကို မဖော် ထုတ်နိုင်ဘူး။ ဒေ သခံ တွေကိုပဲ အာရုံစူးစိုက် နေတဲ့ အတွက် အခွင့် အရေး သမား တွေက ရောင်းဝယ်မှုတွေ လုပ် နေကြတယ်။ တရုတ်စကားပြန်တစ်ဦးက သွားရောက်ဝယ်ယူပြီး၊ စီမံကိန်းကြီးထဲက တရုတ်တွေကို ပြန်ဖြန့် နေတယ်။ မူးယစ် ဆေး တွေကို မုံရွာကနေ တစ်ဆင့် နေ့စဉ်လိုလို သွား ယူတယ်။ ပြီးရင် ဒီမှာ ပြန်ရောင်းတယ်။ စီမံကိန်းကြီးမှာ အလုပ် လာလုပ်တာကို အကြောင်းပြပြီး ဒေသခံ တွေဆီကို မူးယစ် ဆေးတွေ ရောက်လာမှာကိုစိုးရိမ် တယ်။ သက် ဆိုင်ရာကလည်း ပြန်ပြီးစစ်ဆေးသင့်ပါတယ်။တစ်ခါတလေ တရုတ် စီးကရက်တစ်လိပ်ကို မြန်မာငွေ သုံး သောင်းနဲ့ ရောင်းတာတွေ တောင်ရှိတယ်။ ဒေသခံလူငယ်တွေလည်း လမ်းမှား ရောက်သွား မှာကိုစိုးရိမ်ပါတယ် ဟု ကြေးနီစီမံကိန်းအနီးတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ပံတောင်းဒေသတွင် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုများ လုံးဝ ကင်းစင်ခဲ့ ပြီး၊ ယခုအခါတွင် ကြေး နီ စီမံကိန်းကြီးနှင့် ပတ်သက်၍ ဒေသခံများနှင့် တာဝန်ရှိသူများ မပြေလည် သည်ကို အကြောင်းပြုကာ မူးယစ် ဆေး ရောင်းဝယ်နေမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း အဆိုပါ အမျိုးသမီး ကဆိုသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ အတွင်း ကြေးနီစီမံကိန်း အုတ်လုပ်ငန်းခွင် တစ်ခုတွင် တရုတ်ကပြားလူမျိုးတစ်ဦး မူးယစ်ဆေး သုံး စွဲ မှု လွန်ကာ သေဆုံးမှု မျိုး ရှိခဲ့ပြီး၊ သက်သေခံ ပစ္စည်းများကို မြင်တွေ့ ခဲ့ရသော်လည်း ယင်းမူးယစ်ဆေးသုံး စွဲ ပြီး၊ သေဆုံးမှုကို သက်ဆိုင်ရာမှ နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့သည်ဟု မှုခင်း ဆေးမှတ်တမ်း များတွင် ဖော်ပြ ခဲ့ ကြောင်း လည်းမျက်မြင်တွေ့ ကြုံခဲ့ရသည့်ဒေသခံတစ်ဦးကပြောသည်။

ကြေးနီစီမံကိန်းကြီးအတွင်း သာမန် အလုပ်လာလုပ်တာကို လက်ခံတယ်။မူးယစ် ဆေးဝါး ရောင်းဝယ်မှု လုပ်တာကိုတော့ ခွင့် မပြုနိုင်ဘူး။ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ ကိုလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စုံးစမ်းဖို့ညွှန်ကြားထားပါတယ်။ မူးယစ်အဖွဲ့ တွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်ဆောင်ထား ပါတယ် ဟု စစ်ကိုင်း တိုင်း ဒေသကြီး နယ် စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောသည်။

Messenger News Journal

DVB - ရဲတပ်ရင်းဆောက်လုပ်ဖို့ သိမ်းယူလယ်ယာမြေတွေပြန်ပေးဖို့ ဆန္ဒပြ



ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာနားက ရဲတပ်ရင်းဆောက်လုပ်ဖို့ သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေပြန်ပေးဖို့ တောင်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး - မိုးမင်းဦး(icj) DVB TV - 14.03.2014



အချစ်က သရဲနဲ့တူတယ်ဆိုတဲ့ မော်ဒန်ကြယ်စင်သွယ်နဲ့ တွေ့ဆုံခြင်း


ရန်ကုန်မတ်၁၂။ ။ငါ့နေရာကိုခဏလောက်ဝင်ကြည့်ပေးပါ….ငါ့နေရာဆိုဘာလုပ်မှာလဲပြော ဆိုတဲ့ အွန်လိုင်း
ပေါ်ကသီချင်းနဲ့ ပရိတ်သတ်စရခဲ့ပြီး ငါ့ကိုလည်း လူတိုင်းလို မထင်နဲ့ကစားစရာ ရပါတယ် နင်ထွက်သွားပါ
ဆိုတဲ့ အမုန်းဒိုင်ယာရီအခွေနဲ့ လူသိခဲ့တဲ့အဆိုတော်ရဲရင့်အောင်က သူ့ချစ်သူကောင်မလေးနဲ့
ဖေ့ဘွတ်ပေါ်မှာတရားဝင် Relationship လုပ်ပြီးတွဲခဲ့ကြတယ်။သူတို့အတွဲလေးက ဖေ့ဘွတ်ပေါ်မှာ
လူတိုင်းအားကျခဲ့ရတဲ့ အတွဲလေးတစ်တွဲဖြစ်ခဲ့တယ်။ သိပ်မကြာခင်ကတော့ ရဲရင့်အောင်ဖေ့ဘွတ်ပေါ်မှာ
သူ့ကောင်မလေးနဲ့ လမ်းခွဲတဲ့အကြောင်းစာရေးပြီးတင်ထားခဲ့တယ်။ပရိတ်သတ်တွေကလည်း လမ်းခွဲ
တဲ့ အတွက် စိတ်မကောင်းသူရော၊ရဲရင့်အောင်ကို ဘယ်လိုပဲဖြစ်ဖြစ်အားပေးတယ်ဆိုတဲ့ သူရော
ရှိခဲ့တယ်။ရဲရင့်အောင်နဲ့တွဲခဲ့တဲ့ သူ့ကောင်မလေးကတော့ဖေ့ဘွတ်ပေါ်မှာ သတိရတဲ့အကြောင်း
ပိုစ့်လေးတွေတင်တာတွေ့ရတယ်။စကာင်္ပူမှာ Tourism & Hotel Management ဘာသာနဲ့ တက္ကသိုလ်တက်နေရာကနေ မြန်မာပြည်ပြန်လာပြီးမော်ဒယ်လ်အလုပ်ပြန် လုပ်လာတာတွေ့ရတယ်။ ယုနန္ဒာလို့ လူသိများခဲ့ပေမယ့် ကြယ်စင်သွယ်ဆိုတဲ့ နာမည်နဲ့ အနုပညာ အလုပ်တွေကို စတင် လုပ်ကိုင်နေတဲ့ သူမကို အချစ် ကိုဘယ်လိုမြင်လဲ၊အနုပညာအလုပ်ကို ဘာလို့ လုပ်ဖြစ်သလဲဆိုတာကို
ဓါတ်ပုံစတူဒီယိုတစ်ခုမှာ မော်ဒန်ဂျာနယ်မှသွားရောက်တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက အချို့
ကိုကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

မော်ဒန်။ ။ညီမလေးအနုပညာအလုပ်ကို ဘယ်အချိန်က စတင်လုပ်ဖြစ်ခဲ့တာလဲ။ ဘာကြောင့် လုပ်ဖြစ်ခဲ့တာလဲ။

ကြယ်စင်သွယ်။ ။ ညီမရန်ကုန်ကိုစကာင်္ပူမှာ ပထမနှစ်စာမေးပွဲဖြေပြီးတာနဲ့ပြန်လာခဲ့တာ။ ရန်ကုန်ကိုပြန်ရောက် တာ လွန်ခဲ့တဲ့တစ်ပါတ်လောက်ကပါ။ ဆရာဂျွန်လွင်ဆီမှာ သင်တန်းပြန်တက်ဖြစ်နေတယ်။ အရင်ကလည်းဆရာ ဂျွန်လွင်ဆီမှာတက်ဖူးတယ်။နောက်စကာင်္ပူကိုသွားလို့ မတက်ဖြစ်တော့တာ။ စကာင်္ပူကိုတော့မပြန်ဖြစ်သေးဘူး။ အခုတော့မော်ဒယ် အလုပ်ကိုသေချာလုပ်တော့မှာပါ။လောလောဆယ် ဂျာနယ် မဂ္ဂဇင်းတွေအတွက် ဓါတ်ပုံမော်ဒယ်လ်အနေနဲ့ ရိုက်ပေးဖြစ်ပါတယ်။

မော်ဒန်။ ။မော်ဒယ်လ်လုပ်မယ်ဆိုတော့ ကျောင်းကိုရော ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။

ကြယ်စင်သွယ်။ ။ ကျောင်းကိုတော့ တစ်နှစ်၊နှစ်နှစ်လောက်နားဖြစ်မယ်ထင်တယ်။မော်ဒယ်လ်အလုပ်ကို
သေချာလုပ်မလို့။

မော်ဒန်။ ။ ဖေ့ဘွတ်မှာ ယုနန္ဒာကနေ နာမည်ပြောင်းဖြစ်ပုံလေးသိပါရစေ။

ကြယ်စင်သွယ်။ ။ယုနန္ဒာက အိမ်ခေါ်နာမည်ကြီးဖြစ်နေလို့ပါ။ ကြယ်စင်သွယ်ကတော့ ကျောင်းနာမည်ပါ။
ဒါကြောင့်အနူပညာအလုပ်ကို ကြယ်စင်သွယ်နဲ့ လုပ်မှာပါ။ ဖေ့ဘွတ်ပေါ်မှာကတော့ Vicky Juliet နာ
မည်နဲ့သုံးပါတယ်။

မော်ဒန်။ ။ရဲရင့်အောင်နဲ့လမ်းခွဲဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

ကြယ်စင်သွယ်။ ။ကြိုက်ပြီးလမ်းခွဲခဲ့တာပေါ့။၂၀၁၄ ဇန္န၀ါရီမှာ လမ်းခွဲဖြစ်တာပါ။ နှစ်ယောက်လုံးက လမ်း
ခွဲဖို့ အစီအစဉ်ရှိပြီးသား။အဆင်မပြေဘူးဆိုတာတော့သိတယ်။ လမ်းကတော့ အစတုန်းက ခွဲမလို မခွဲမလို
နဲ့ပေါ့။ဒါပေမယ့်နောက်ဆုံးဆုံးဖြတ်လိုက်တာ လမ်းခွဲဖို့ဖြစ်သွားတာပါ။ပြသနာကကြီးကြီးမားမားမရှိပါဘူး။
အခြေအနေလေးတစ်ခုကြောင့်ပေါ့။

မော်ဒန်။ ။ရဲရင့်အောင်ဘက်က ပြန်ကမ်းလှန်းလာရင်ပြန်လက်ခံမယ့် အစီအစဉ်ရှိမရှိ သိပါရစေ။

ကြယ်စင်သွယ်။ ။အဲ့ဒါတော့ မသိသေးဘူးအမ။

မော်ဒန်။ ။အချစ်ကိုရော ဘယ်လိုမြင်ပါသလဲ။ညီမလေးမှာ အရင်ကရော ချစ်သူရှိဖူးလား။ရဲရင့်အောင်က
အချစ်ဦးလား။

ကြယ်စင်သွယ်။ ။အရင်တုန်းက ချစ်သူရှိတယ်။သူလည်းအချစ်ဦးမဟုတ်ဘူး။ညီမလည်း အချစ်ဦး
မဟုတ်ဘုး။အချစ်ကကြောက်စရာကြီး (ရီလျှက်)သရဲနဲ့တူတယ်။ ကောင်းတာတစ်ခုမှမရှိလို့။

မော်ဒန်။ ။ညီမလေးဘ၀မှာ အချစ်ကြောင့်ဘာတွေပြောင်းလဲစေခဲ့သလဲ။

ကြယ်စင်သွယ်။ ။အချစ်ကရင့်ကျက်လာတယ်။အချစ်က အရေးမကြီးဘူးဆိုတာသိလာတယ်။ဘယ်သူ့ကိုမှ
တကယ်မချစ်တာကောင်းတယ်။တကယ်ချစ်ရင်ခံစားရတယ်။အလုပ်လည်းရှုပ်တယ်။ပြီးတော့ကိုယ်ကျောင်း
တက်နေတဲ့အချိန်စာတွေဘာတွေကျက်တဲ့အခါ ထိခိုက်တယ်။

မော်ဒန်။ ။ရဲရင့်အောင်နဲ့ ရည်းစားသက်တမ်းဘယ်လောက်ကြာခဲ့လဲသိပါရစေ။
ကြယ်စင်သွယ်။ ။တစ်နှစ်ကျော်လောက်ပါ။သူနာမည်မကြီးခင်ကတည်းကကြိုက်တာပါ။

မော်ဒန်။ ။မင်းသမီးတစ်လက်နဲ့ကြိုက်လို့လမ်းခွဲလိုက်တယ်ဆိုတဲ့ကောလာဟာလတွေနဲ့ပက်သက်
ပြီးတော့ရောဘာပြောချင်ပါသလဲ။

ကြယ်စင်သွယ်။ ။ဒီလိုပါပဲ။လူဆိုတာဒီလိုပဲပြောင်းလဲတတ်တယ်လေ။တနေ့ဒီလိုဖြစ်လာမယ်ဆိုတာ
ကြိုသိနေခဲ့တယ်။အောင်မြင်လာရင်ဘေးနားမှာကပ်လာတဲ့သူတွေအများကြီးရှိမယ်လေ။
ဘယ်လိုပြောမလဲ။မပြောတတ်ဘူး။ဒါကလည်းလူတိုင်းသိမယ်ထင်တယ်။အောင်မြင်လာရင်ကပ်လာမှာပဲလေ။
ညီမကဒါတွေကိုကြိုပြီးပြင်ဆင်ထားတာ။အခုအချိန်မှာလုံးဝအဆက်အသွယ်မရှိတော့ပါဘူး။

မော်ဒန်။ ။အနုပညာအလုပ်ကိုတစိုက်စိုက်မတ်မတ်လုပ်ဖြစ်မယ်ဆိုတာကရော ပြန်ဆက်လိုက်ရအောင်။

ကြယ်စင်သွယ်။ ။ဒီအလုပ်ကို ညီမအောင်မြင်အောင်လုပ်မှာပါ။ဓါတ်ပုံရိုက်ဖို့ကိစ္စတွေက အွန်လိုင်းမှာ ကတည်း
ကပြောထားတာတွေရှိပါတယ်။အဲ့ဒါကြောင့်ချက်ချင်းလုပ်ဖြစ်တာပါ။ဇာတ်ကားရိုက်ဖို့ကလည်း အတိအကျပြော
ထားတာမရှိသေးပေမယ့်အဆက်အသွယ်တော့ရှိပါတယ်။ညီမရဲရင့်အောင်နဲ့မကြိုက်ခင်ကတည်းက မော်ဒယ်
လုပ်ခဲ့တာပါ။ကြိုက်ပြီးတဲ့နောက်ပိုင်း သူကမော်ဒယ်လ်လုပ်တာမကြိုက်လို့ ကျောင်းပဲပြန်တက်ခဲ့တာ။ တစ်နှစ်
ကျော်ကြာပြီ ဘာမှ မရိုက်ဖြစ်ခဲ့တာ။သင်္ကြန်အတွက် ကာဗာဖိုတိုရိုက်ဖို့ရှိပါတယ်။မင်းသမီးလုပ်ဖို့
ဝါသနာပါတယ်။ငိုတာကျွမ်းတယ်။ဟာသပြောကျွမ်းတယ်။

မော်ဒန်။ ။နောက်ထပ်ချစ်သူထပ်ထားဖြစ်မဖြစ်သိပါရစေ။

ကြယ်စင်သွယ်။ ။ထားဘူး။ Single ပဲကောင်းတယ်။တကယ်မထားဘူး။ညီမဘက်က တကယ်သေချာ
တယ်။မိန်းကလေးတွေရည်းစားမထားတာတော့ကောင်းတယ်။သူ့ကိုတော့တော်တော်ချစ်ခဲ့ပါတယ်။
ရည်းစားမရှိတာကောင်းတယ်။ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်။အရင်ကဆိုဝါသနာပါတဲ့မော်ဒယ်အလုပ်
မလုပ်ရဘူး။အလှပြင်ခွင့်မရှိဘူး။အတိုဝတ်ဖို့ကအစ အခက်အခဲရှိတယ်။သူငယ်ချင်းတွေအများကြီးပြန်ရတယ်။
သူကအပေါင်းအသင်းထားတာမကြိုက်လို့လေ။နှစ်နှစ်လောက်နေရင်ကျောင်းပြန်တက်ဖြစ်မှာပါ။

မော်ဒန်။ ။လူငယ်မိန်းကလေးတွေကိုရော ဘာပြောချင်ပါသေးလဲ။

ကြယ်စင်သွယ်။ ။တော်တော်များများမိန်းကလေးတွေက အသဲကွဲတယ်ဆိုပြီး အကြံတောင်းတာတွေရှိတယ်။
သူတို့က အချစ်ကိုကမ္ဘာကြီးတစ်ခုလို ကိုးကွယ်ကြတယ်။ညီမလည်းဖြစ်ဖူးပါတယ်။မဖြစ်ဖူးတာမဟုတ်ပါ
ဘူး။ဒါပေမယ့်နောက်ဆုံးကြတော့ ထင်သလိုမဖြစ်လာဘူးပေါ့နော်။အဲ့လိုကြရင် အချိန်ကုန်တယ်။လူပင်ပန်း
တယ်။ပညာရေး၊မိဘ၊ရည်မှန်းချက်ကအရေးအကြီးဆုံးလို့ထင်တယ်။ပြီးတော့ဘယ်ယောကျာင်္းလေးမှအလွယ်တ
ကူမယုံနဲ့လို့ပြောချင်ပါတယ်။

Author အေးလပြည့်

The Modern News Journal

AIDS ရဲ့ ဂယက် (၂)


AIDS Discrimination Unit New York City Commission on Human Rights “နယူးယောက်မြို့ လူမှုရေး၊ အခွင့်အရေး ကောမရှင် AIDS ရောဂါကြောင့် လူလူချင်း ခွဲခြားမှုယူနစ်” မှ ဖော်ပြချက်အရ - ဟေတီကလေးတွေဟာ ကျောင်းမှာ အရိုက်အနှက် ခံရတယ်။ ဟေတီဆိုင်ပိုင်ရှင်တွေဟာ အရောင်းအဝယ်မဖြစ်လို့ အရင်းတွေ ဆုံးပြီး မွဲကုန်ကြတယ်။ ဟေတီမိသားစုတွေကိုလည်း အိမ်ရှင်တွေက နှင်ချကြတယ်တဲ့။ ဒီလိုပဲ နောက် နာမည် ပျက်ခံရတာကတော့ အာဖရိက ဖြစ်တယ်။

၂ နေရာစလုံးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်နေတယ်။ ဟေတီကျွန်းသားအမှုအခင်း အမေရိကန်မှာ ဖြစ်ရတဲ့ အချိန်လောက်မှာပဲ ဘယ်(လ)ဂျီယံနဲ့ ပြင်သစ် ဆရာဝန်တွေကလည်း ဒီလိုလက္ခဏာမျိုးနဲ့ အာဖရိကတိုက်သား လူနာတွေကို တွေ့နေကြတယ်။ သူတို့တတွေက ဘယ်(လ)ဂျီယံနဲ့ ပြင်သစ်ကို ရောဂါ လာကုကြသူတွေပါ။ ဒီတော့ ဆရာဝန်တွေက ဒီရောဂါဟာ အာဖရိကမှာ ရှိနေပြီး လူတွေမသိဖြစ်နေတာများလားလို့ သံသယ ဖြစ်စပြုတယ်။ ဒါလည်း အရင်ကဒီလိုပဲ ဖြစ်ခဲ့ကြတာတွေလည်း ရှိခဲ့တာကိုး။ အပူပိုင်းဖုံရောဂါ တွေဟာ အပူပိုင်းကနေ ဖွံ့ဖြိုးပြီး နိုင်ငံတေါကို ကူးသွားတဲ့ သာဓကတွေက ကျန်းမာရေး လောကသမိုင်းမှာ ရှိခဲ့တယ်။

ဒီလို ဆရာဝန်တွေ ထင်ယောင်ယောင် ရှိနေတာကို ထုံးစံအတိုင်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသစ်အဆန်း သတင်း ငတ်နေကြသူ စာနယ်ဇင်း သမားတွေက ရေးကြီးခွင့်ကျယ် သတင်း တစ်ခုအဖြစ်နဲ့ ထည့်လိုက်တော့ ပြဿနာ တက်စရာ ဖြစ်လာတာပေါ့။ နောက်တစ်ခါပိုပြီး အထင်မှားစရာ ဖြစ်လာတာကတော့ AIDS ရောဂါပိုး သွေးစစ်သုတေသနက တွေ့ရှိချက်ပဲ။ အဲဒီ အချိန်လောက်မှာ AIDS ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်လို့ရလာတယ်။ ဒီလို စစ်တဲ့အထဲမှာ အာဖရိကက အရင်အခြား သုတေသနတွေအတွက် ထုတ်ယူထားတဲ့ သွေးနမူနာ အဟောင်းတွေယူပြီး AIDS ဗိုင်းရပ်စ်ပိုး စစ်ကြည့်တယ်။

(အထက်မှာ ဖော်ပြပြီးအတိုင်း ဗိုင်းရပ်စ်ကို စစ်လို့ရတာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်ကြောင့် ကိုယ်တွင်းဖြစ်လာတဲ့ ပဋိပစ္စည်းကို ရှာလို့ရတာ။) ဒီသွေးနမူနာတွေဟာ ကင်ညာ ယူဂန်ဒါ တို့မှာ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ရထားတဲ့ သွေးတွေဖြစ်တယ်။ အဲဒီအထဲက ရာနှုန်းတော်တော် များများမှာ တွေ့နေပါလေရော တချို့မှာဆိုရင် ၅၀%-၆၀% တောင် တွေ့ရတယ်။ ဒီတော့ AIDS ဟာ အာဖရိကမှာ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတာ နှစ်အတော်ကြာ ကတည်းကပဲလို့ ထင်ကြတာပေါ့။

ဒါကြောင့် AIDS ဟာ အာဖရိကမှာ အရင်ဖြစ်ပြီး အမေရိကကို နောက်မှ ကူးတာဖြစ်ရမယ်လို့ ထင်ကြတယ်။ AIDS ဗိုင်းရပ်စ်ကို ရှာတွေ့သူ တစ်ဦးဖြစ်တဲ့ Dr. Robert Gallo ကတောင် “AIDS ဗိုင်းရပ်စ်ဟာ အာဖရိက အလယ်ပိုင်းမှာရှိနေတာ အချိန်အတော်ကြာသွားပြီလို့ ကျွန်တော်ယုံတယ်” လို့ ဆိုတယ်။ တကယ်တော့ ဒီစစ်နည်းတွေဟာ ပေါ်စအသစ်ဆိုတော့ သိပ်ပြီး ပီပီပြင်ပြင် တိတိကျကျ မရှိသေးဘူး။ ဒီတော့ အမှားတွေပါတယ်။ (False positive) ပိုး မရှိသူကလည်း စစ်နည်းမှာ အရှိပြနေတယ်။ နောက်ပိုပြီး မှန်ကန်တဲ့ နည်းတွေနဲ့ စစ်ကြည့်တော့ အာဖရိက သွေးတွေမှာလည်း ဒီရောဂါ မရှိခဲ့ကြောင်း သိရတယ်။ အာဖရိကကို ယိုးစွပ်ဖို့အတွက် ဖြစ်ြလာတဲ့ နောက်အကြောင်း တစ်ခုလည်း စောစောပိုင်းက ဖြစ်ခဲ့သေးတယ်။

ဒါကတော့ အနောက် အာဖရိကမှာ “အစိမ်းရောက်မျောက်” တစ်မျိုး ရှိတယ်။ သူတို့မှာလည်း ရောဂါတစ်မျိုးဟာ ကိုယ်တွင်ခုခံအား ကျဆင်ပြီး လူမှာဖြစ်တဲ့ AIDS ရောဂါနဲ့ ဆင်တူယိုးမှား လက္ခဏာတွေ ဖြစ်တယ်။ ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုလည်း သိထားတယ်။ SIV (Simian Immuno deficiency Virus) လို့ ခေါ်တယ်။ အဲဒီ ဗိုင်းရပ်စ်ကို မျောက်မှာတွေ့ပြီး (Senegal) ဆီးနီဂဲ တိုင်းပြည်က လူတစ်ယောက် ဆီမှာလည်း တွေ့တယ်လို့ ဆိုတယ်။ ဒီတော့ မျောက်ကနေ လူဆီရောက်၊ အဲဒီနောက် အခြားပြန့်သွားတာလို့ တွက်လာကြပြန်တယ်။

ဒီတော့လည်း အာဖရိက တိုင်းပြည်တွေက စိတ်ဆိုးစိတ်နာပြီး မခံခရပ်နိုင် ဖြစ်ကြပြန်တယ်။ အခုတော့ ဒီသီဝရီဟာ လက်ခံနိုင်တဲ့ အခြေ မရှိဘူးဆိုတာ သိရပါပြီ။ SIV အက်စ်အိုင်ဗွီ ဗိုင်းရပ်စ်ကတော့ ရှိတာ အမှန်ပဲ၊ ဒါပေမယ့် သူက AIDS ဖြစ်စေတာတော့ မဟုတ်ဘူး။ သူဘယ်ကစလာသလဲဆိုတာလည်း မသိရဘူး၊ ဒီတော့ ဒါဟာလည်း မှားယွင်းပြီး အပြောခံရတဲ့ ကိစ္စပဲလို့ ဆိုရမှာပဲ။ ဒါပေမယ့် အရေးအထင်းကတော့ ဖြစ်လိုက်ရသေးတာမို့ မဖြစ်သင့်ပဲနဲ့ မပြေလည်မှုတွေ ဖြစ်လာခဲ့ရတယ်။

ဒီလို ဘေးဆိုးကြီးနဲ့ ကြုံနေတဲ့ အခိုက်မှာ မဖြစ်ထိုက်တာတွေ ဖြစ်နေမှုကို အားပေးဖို့ မကောင်းပါဘူး။ အထူး သတိဝီရိယ ထားပြီး ရှောင်ရမှာပါ။ ဒီမှာ ဇန်ဘီယားနိုင်ငံရဲ့ သမ္မတ ကဲနက်ကဝန်ဒါးရဲ့ မှတ်သားဖွယ် စကားကို တင်ပြရမယ်ဆိုရင် “ဒီရောဂါဟာ ဘယ်ကလာသလဲဆိုတာ သိဖို့ထက် အရေးကြီးတာကတော့ ဒီရောဂါ ဘယ်ကို သွားမလဲဆိုတဲ့ ကိစ္စဖြစ်တယ်၊ ဒီတော့ ဘာမှ ဖုံးကွယ်ဖို့ မကောင်းဘူး” တဲ့။ သူကတော့လည်း ခံစားချက်နဲ့ လူဆိုတော့ အမှန်ကို ပိုပြီး ထိထိမိမိ မြင်မှာပေါ့။ သူ့ရဲ့သားဟာ ဒီ AIDS ရောဂါနဲ့ ဆုံးခဲ့တယ်။

နောက် ယူဂန်ဒါက AIDS ကော်မတီဝင် တစ်ဦးကလည်း ဆိုပြန်တယ်။ “အိမ်ထဲမှာမြွေဆိုးရောက်နေတယ်၊ အဲဒါကို ထိုင်ကြည့်ပြီး ဒီမြွေ ဘယ်ကလာတာလဲလို့ မေးနေမှာလား” တဲ့။ ဒီလို စွပ်စွဲမှုတွေ အငြင်းပွားမှုတွေ အထူးသဖြင့် အနောက် နိုင်ငံက သတင်းစာတွေက အခြေအမြစ် မခိုင်လုံသေးတဲ့ သတင်းအချို့ကို စာလုံးမည်းကြီးတွေနဲ့ အထိတ်တလန့် ဖော်ထုတ်ခဲ့တာတွေရဲ့ အကျိုးဆက်ကတော့ AIDS ကာကွယ်မှုအတွက် လှုံ့ဆော်ရေး စီမံချက်တွေမှာ နှောင့်နှေးသွား ရခြင်းပဲ။ သုတေသန ပြုရာမှာလည်း တချို့အာဖရိက နိုင်ငံတွေ (ဥပမာ ဇန်ဘီးယား) က ပူးပေါင်း လုပ်ကိုင်ရာမှာ တွန့်ဆုတ်ချင်လာ ကြတယ်။ သွေးနမူနာတွေယူပြီး လုပ်ရမယ့် ကိစ္စမျိုးတွေဟာ ကြန့်ကြာကုန်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV Information for Myanmar

သံသယများ နှင့် Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း (ခေါ်) ကောင်းမြတ်ဟိန်း သေဆုံးခြင်း အမှု


Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း သေဆုံးသွားခြင်းနှင့် ပါတ်သတ်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့များမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင် အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။

ထွက်ဆိုချက်များ ပေးခြင်း

အဆိုပါ အမှုမှန် ဖြစ်စဉ် မှန်ကန်စွာပေါ်ပေါက်ရေးအတွက် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် အဖွဲ့အစည်းမှ လိုအပ်သော သက်သေထွက်ဆိုချက်များကို

၁. အခင်းဖြစ်ပွားသည့် ညမှ စတင်ကာ အဆိုပါ ဟိုတယ်တွင် နာရီပေါင်း ၂၀ကျော် ထွက်ဆိုပေးခဲ့ခြင်း ၁ကြိမ်၊

၂. ထပ်မံ လိုအပ်သဖြင့် ရဲတပ်ဖွဲ့၏ ဆင့်ခေါ်မှုအရ ကျောင်းသားကျောင်းသူ ၁၀ဦးကျော်အား ရန်ကင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ၁ကြိမ်၊

၃. ၃ရက် ၂လတွင် မှူခင်း ရဲတပ်ဖွဲ့မှ လွှဲပြောင်းကိုင်တွယ်ပြီးနောက် ထပ်မံခေါ်ယူ စစ်ဆေးသည့်အချိန်တွင် အင်းစိန် CID ၀င်းအတွင်း ကျောင်းသားကျောင်းသူများနှင့် အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ၂ရက်တိုင်တိုင် သက်သေထွက်ဆိုခြင်း ၁ကြိမ်၊

၎. မန္တလေးရှိ မှုခင်းရဲတပ်ဖွဲ့မှ နယ်ရှိပြိုင်ပွဲဝင်အချို့အား ဆွေးနွေးမေးမြန်းခြင်း ၁ကြိမ်
အစရှိသဖြင့် အကြိမ်ကြိမ် ထွက်ဆိုချက်များ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။
———————-

စစ်ဆေးဆောင်ရွက်ခြင်း

အဆိုပါ အမှုအား အင်းစိန်ရဲစခန်းမှ ( သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ ) ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ ၃ရက် ၂လ ၂၀၁၄ ခုနှစ်မှ စတင်ကာမှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံ စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

အဆိုပါ အမှုအား ၁၈ရက် ၂လ ၂၀၁၄ခုနှစ် တွင် တရားရုံးသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အင်းစိန် တရားရုံးတွင် (ပြစ်မှုထွေမှု အမှတ် ၄၁/၂၀၁၄) ဖြင့် လက်ခံပြီး တွဲဘက်မြို့နယ် တရားသူကြီး (၂)ဦးမှစစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။

အဆိုပါ စစ်ဆေးမှုများတွင် ပြိုင်ပွဲဝင်များအား မေးမြန်းသည့် အချက်များအရ ပြိုင်ပွဲဝင် ကျော်ဇောဟိန်း သေဆုံးသည့် အကြောင်းအရင်းအချို့အား သိရှိထားပြီး ဖြစ်သော်လည်း တရားရုံး၏ တရားဝင် စစ်ဆေးဖော်ထုတ်ချက်များ မထွက်ပေါ်လာသေးသဖြင့်၊ မည်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာမှု မရှိစေရန် အဖွဲ့အစည်းမှ မည်သည့် ထင်မြင်ချက်၊ ဖြေရှင်းချက်မျှကိုမှ ဖော်ပြခဲ့ခြင်း မရှိပါ။

သို့ရာတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ တဖက်သက် စွပ်စွဲချက်များ၊ မီဒီယာအချို့၏ တိကျခိုင်မာမှု မရှိသည့် အကြောင်းအချက် ဖော်ပြနေမှုများကို ယခု ရက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရသဖြင့် ယခု အချက်အလက် အချို့အား ဖော်ပြအပ်ပါသည်။

ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းမှ သက်ဆိုင်ရာ မိသားစု၏ ဆုံးရှူံးမှုနှင့် ခံစားချက်ကို များစွာ ငဲ့ကွက် စာနာ ထောက်ထားပြီး ပြိုင်ပွဲအားလည်း အကန့်အသတ်မရှိ ၂ကြိမ်တိုင်တိုင်
ရွှေ့ဆိုင်းပေးထားခဲ့ပြီးလည်း ဖြစ်ပါသည်။

သို့ရာတွင် အဆိုပါ သက်ဆိုင်သူ အချို့မှ ပြိုင်ပွဲဝင် ကျောင်းသားများအားယခုအချိန်ထိတိုင် စွပ်စွဲပြောဆို လျှက်ရှိပြီး၊ မီဒီယာများမှလည်း မည်သည့် အရင်းအမြစ်မှ ရရှိသည့် အချက်များကို ကိုးကားပြီး ဖော်ပြသည်မသိ၊ ပြိုင်ပွဲဝင် ကျောင်းသားများအား တရားခံများအဖြစ် စွပ်စွဲရေးသား
လျက်ရှိသည်ကို များစွာစိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်နေရပါသည်။
————————–
ဓာတ်ပုံအချို့

ကျောင်းသားကျောင်းသူ အချို့ ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံများအရ သေဆုံးသူသည်
ရေကူးကန်တွင် ပါဝင် ကူးနေခဲ့သည်ကို တွေ့ရှိရပြီး သေဆုံးပြီး ၀တ်ဆင်ထားသည့်
ဘောင်းဘီနှင့် ရေကန်အတွင်းသို့ မဆင်းမီ ၀တ်ဆင်ထားသည့် ဘောင်းဘီမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။

ရေဆင်းကူးနေစဉ်

ပြန်လည် ဆယ်ယူပြီးသည့် အချိန်

—————————
ရင်ခွဲစစ်ဆေးခြင်း

ရင်ခွဲစစ်ဆေးရာတွင်လည်း တစ်ဦးတစ်ယောက်ထဲ စစ်ဆေးခြင်း မဟုတ်ဘဲမှုခင်းဆရာဝန်ကြီးအပါအ၀င် ဆရာဝင်ကြီး (၄)ဦး ပါဝင်သည့် အထူးအဖွဲ့ကို ဖွဲ့စည်းပြီးမှသာ စစ်ဆေးခဲ့ကြသည်ဟု သိရှိရပါသည်။

ဓါတုဗေဒ၀န်ရုံးသို့ ထပ်မံ ပေးပို့ စစ်ဆေးရာတွင် သေဆုံးသူ၏ သွေးအတွင်း အရက် ပမာဏအချို့ ရှိနေသည်ကိုတွေ့ရှိရသည့်အတွက် အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး ပြိုင်ပွဲဝင်များအား မေးမြန်းစုံးစမ်းခဲ့ခြင်းများ ရှိခဲ့ပါသည်။
—————————
တရားရုံးသို့ ပေးပို့ခြင်း

မှုခင်း ရဲတပ်ဖွဲ့မှ ကောင်းမွန်စွာ စစ်ဆေးခဲ့ပြီး ဖြစ်သည့်အတွက် ယခုအခါတွင် မြို့နယ် ရဲတပ်ဖွဲ့သို့ ပြန်လည် ပေးပို့ကာ အမှုဖွင့် စစ်ဆေး နေခြင်း ဖြစ်ပါသည်။

ယခုအမှုသည် လက်ရှိတရားရုံးတွင် သေမှုသေခင်း အမှုအဖြစ်နှင့်သာအမှုဖွင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ယခု အချိန်အထိ သံသယရှိသည်ဟု မည်သည့် ကျောင်းသား ကျောင်းသူ တစ်ဦး တစ်ယောက်ကိုမှ ခေါ်ယူစစ်ဆေးထားခဲ့ခြင်းလည်း မရှိပါ။ တရားရုံးတွင် ၄ရက်နေ့ ပထမအကြိမ် ချိန်းဆို စစ်ဆေးသည့် ပွဲသို့လည်း ပြိုင်ပွဲဝင်များနှင့် အဖွဲ့အစည်းရှိ မည်သူ့ကိုမှလည်း အကြောင်းကြား ခေါ်ဆိုခဲ့ခြင်း မရှိပါ။

ယခုဖြစ်စဉ်သည် သတင်းဂျာနယ် အချို့တွင် ရေးသားဖော်ပြနေသကဲ့သို့ မဟုတ်ဘဲ သေမှုသေခင်း ကိစ္စသာ ဖြစ်ပါက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ များအတွက် များစွာ ထိခိုက်နစ်နာစေမည့် အပြင်၊ မှားယွင်းသော ထင်မြင်ယူဆချက် အလွဲများ ပြောဆိုချက်များကြောင့် အဆိုပါ မီဒီယာများ၏ အမည်နှင့် ဂုဏ်သိက္ခာအား ထိခိုက်လာမည်ကို တွေ့မြင်မိပါသည်။

ယခုကဲ့သို့ တိကျခိုင်မာမှု မရှိသည့် အချက်များကို ကိုးကားပြီး၊ တစ်ဖက်သက် ထင်မြင်ချက်၊ စွပ်စွဲချက်များနှင့် ပြိုင်ပွဲဝင်များ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဆောင်ရွက်နေမှုများအား လက်ရှိ ဖော်ပြလျက်ရှိသည့် ဂျာနယ် သတင်းမီဒီယာများမှ ဆက်လက်ရေးသားခြင်း မပြုလုပ်ဘဲ၊ သက်ဆိုင်ရာ တရားရုံး၏ တရားဝင် အဖြေထွက်ပေါ်လာသည့် အချိန်မှသာ အဖြစ်မှန်ကို ရေးသားဖော်ပြနိုင်ကြပါရန် အသိပေး ဖော်ပြလိုက်ရပါသည်။

August Myanmar Media Group

Comment:

သက်သေထွက်ဆိုချက်များသည် ခိုင်မာသော မှတ်တမ်းများ မပါဝင်ပါက အနည်ငယ် ကွဲလွဲနိုင်ပါသည်။
အပြင်လူ သက်သေစကားများမဆိုနှင့် မိသားစုဝင် အချင်းချင်း ပြောဆိုသည်များပင် လွဲမှားနေသည်ကို တွေ့မြင်ရပါသည်။

ယင်းပြိုင်ပွဲဝင်၏ မိဘနှစ်ပါးစလုံးမှ “သူသည် ရေကောင်းကောင်း မကူးတက်သေးပါ. စတင်သင်နေဆဲဖြစ်တယ်. သို့အတွက်ကြောင့် ရေကူးဝတ်စုံကိုပင် သိမ်းထားပြီး ရေမကူးစေရန် ထည့်ပင်မပေးထားပါ”ဟု (*ယခု ဘောင်းဘီသည် အခြားပြိုင်ပွဲဝင်ထံမှ ငှား၍ ဝတ်ပြီး ရေဆင်းကူးခြင်း ဖြစ်ပါသည်။ * Beach Fashion Challenge နေ့၊ အဆိုပါ ရေကူးကန်တွင် ကျင်းပသည့် အမျိုးသား ရေကူးပြိုင်ပွဲတွင်လည်း သေဆုံးသူ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။) ပြောသည်ကို ပြိုင်ပွဲဝင်များ ကြားရပြီး၊ မောင်နှမများမှ သူသည် “ရေကူးအထူးကျွမ်းကျင်ပြီး ဆုများပင်ရဖူးသူ တစ်ယောက်” ဖြစ်သည်ဟု ပြောပြန်သည်ကိုလည်း ကြားသိရပြန် ပါသည်။

မိသားစုဝင်များ ပြောသည်ပင်ကွဲလွဲ နိုင်သည့်အတွက် တရားရုံးမှ တရားဝင် ထုတ်ပြန်သည့်အချက်များ မဟုတ်ဘဲ ထင်မြင်ယူဆချက်များဖြင့် ပြောဆိုခြင်းသည် အခြားသူများအား နစ်နာမှုများ ရှိနိုင်သည့်အတွက် အထူးပင်ဂရုပြုပြောကြားရမည် ဖြစ်ပါသည်။

ယခုဓာတ်ပုံအချို့အား ပြိုင်ပွဲဝင်များ၏ ဖုန်းများမှ သက်ဆိုင်ရာသို့ စုစည်းပေးပို့ခဲ့ရသဖြင့် (မှားယွင်းစွာ ပြောကြားနေသည်များ ကြားသိနေသဖြင့်) ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အရက်ပမာဏတွေ့သည့်အချက်သည် ပြိုင်ပွဲဝင်များအား CID မှ အထူးမေးမြန်းသည့် အချက်ဖြစ်သည့်အတွက် ယခုဖော်ပြနိုင်ခြင်းဖြစ်ပြီး၊ အဆိုပါအချက်အား CID မှ မေးမြန်းထားသည့်အတွက် မိသားစုဝင်များမှလည်း သိရှိပြီးသား ဖြစ်ပါမည်။ တရားဝင်ဆေးစစ်ချက်အား တရားရုံးတွင် ဖော်ပြလာသည့်
အချိန်တွင်မှ ပိုမိုတိကျသည့် အချက်များကို ရရှိကာ၊ အမှန်တရားကို တွေမြင်နိုင်မည်ဖြစ်ပါသည်။

ယင်းမတိုင်မီ ပြောဆိုနေမှုများသည် မှားယွင်းခြင်းများ ရှိနိုင်ပြီး၊ အဆိုပါ စကားများကြောင့် ထိခိုက်နစ်နာမှုများ ၂ဦး၂ဘက်လုံး ရှိနိုင်သည့်အတွက် သတိပြုနိုင်ပါရန် ဖော်ပြထားခြင်းဖြစ်ပါသည်။

Credit: Myawady

ယခုနှစ်သင်္ကြန်ပွဲတော် ယာဉ်တိုက်မှုလျော့ နည်းစေရန် ယာဉ်ထိန်းရဲအင်အား ၈၀၀ ခန့် ဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်


ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီးစည်ပင်နယ်နမိတ်အတွင်းယခုနှစ်သင်္ကြန်ပွဲတော်တွင်ယာဉ်တိုက်မှုလျော့ နည်းစေရန် ယာဉ်ထိန်းရဲအင်အား ၈၀၀ ခန့် ဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဟု အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှသိရသည်။

ယင်းအင်အားဖြင့် ယာဉ်ကြောရှင်းလင်းစေရန် အတွက် ပျက်နေသောကားများနှင့်စည်းကမ်းမဲ့ရပ် ထားသာကားများအား ကရိန်းစနစ်ဖြင့်ဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

အဆိုပါကရိန်းယာဉ်များအားလှည်းတန်းလမ်းဆုံ၊မြေနီကုန်း၊ပြည်လမ်း၊ပါရမီလမ်းဆုံ၊ကုက္ကိုင်းလမ်းဆုံတို့ တွင် တစ်စီးစီထားရှိကာအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးစည်ပင်နယ်နမိတ်အတွင်းနှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင်ရေပက်ခံထွက်သောကား များဧ။်ယာဉ်တိုက်မှုနှုန်းမှာ ၂၀၁၁ ခုနှစ် တွင် ယာဉ်တိုက်မှု(၆)မှု၊ဒဏ်ရာရရှိသူ(၁၄)ဦး၊သေဆုံးသူ(၃)ဦး ၊၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု (၇)မှု၊ဒဏ်ရာရရှိသူ(၅၀)ဦး၊၂၀၁၃ ခုနှစ်တွင်မူ ယာဉ်တိုက်မှု (၂)မှု၊ ဒဏ်ရာရရှိသူ(၁)ဦးခန့် သာရှိပြီးယာဉ်တိုက်မှုလျော့နည်းသွားကြောင်း ၄င်းရုံးမှသိရသည်။

ဇေဝေယံ

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ


မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။

Myawady News

ကမ္ဘာ့အမျိုးသမီးများနေ့ အပြီး ရှမ်းအမျိုးသမီးငယ်များကို ပစ်မှတ်ထားပြီး KIA အဖွဲ့ဖမ်းဆီးလျှက်ရှိ အမျိုးသမီးအခွင့်အရေးကို မလေးစားရာကျ


မတ် ၁၄ ရက် ၂၀၁၄ ခုနှစ်

မတ်လ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အမျိုးသမီးများနေ့အပြီးတွင် ရှမ်းအမျိုးသမီးငယ်များကို ပစ်မှတ်ထားပြီး KIA အဖွဲ့အနေဖြင့် ဖမ်းဆီးခေါ်ဆောင်မူများ ပြုလျှက်ရှိပါသည်။

မတ်လ ၁၁ ရက် နံနက် ၈ နာရီအချိန်နေ့ခင်း မင်္ဂလာအချိန်တွင် မံစီမြို့နယ် တုံပေ ကျေးရွာမှ ရွာပြင်ထွက် ဈေးရောင်းသွားနေသော ရှမ်းနီ အမျိုးသမီး ငယ်သုံးဦးကို လမ်းမပေါ်တွင် KIA အဖွဲ့က လမ်းမပေါ်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

" မံဝိန်းကြီးနားက စခန်းတစ်ခုကိုခေါ်သွားတယ်လို့ပဲသိရတယ်။ ကျွန်တော်တို့ရွာကသုံးယောက်ပါတာ။ တခြားရွာကတွေလည်းပါသေးတယ်။ ဘယ်လောက်ပါလည်းတော့မသိဘူး။ အခုချိန်ထိ မိဘတွေနဲ့လည်းအဆက်အသွယ်မရဘူး။ သူတို့မိဘတွေက ငိုငိုရည်ရည်ဖြစ်နေကြတယ်။ " ဟုအဆိုပါကျေးရွာသားတစ်ဦးကပြောကြားလာပါသည်။

တုန်ပေကျေးရွာမှ ဖမ်းဆီးခံရသော ရှမ်းနီ မိန်းကလေးငယ်များမှာ မကြည်လေး (ဘ) ဦးကျော်ခင် (၁၈ နှစ်) ၊ မနီလာ (ဘ) ဦးမောင်ရွှေ (၁၅ နှစ်)၊မအိမ်ဦး (ဘ) ဦးအေးမြင့် (၁၆ နှစ်) တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါနေ့ရက်တွင်ပင် မံစီမြို့န် ပန်ဆက်ကျေးရွာတွင်လည်း ရှမ်းစာပေနှင့် ယဉ်ကျေးမူ ဥက္ကဌ သမီးနှင့်အတူ ရှမ်းလူငယ် နှစ်ဦးကိုလည်း KIA ရင်း ၂၇ မှအလားတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်းသိရသည်။

ယခုကဲ့သို့ ကမ္ဘာ့ အမျိုးသမီးများနေ့ အပြီးတွင် ရှမ်းအမျိုးသမီးငယ်များကို ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်ခြင်းမှာ KIA အနေဖြင့် ကမ္ဘာ့ အမျိုးသမီးထုကြီးကို မလေးမစားပြုလုပ်ရုံသာမက လူ့အခွင့်အရေးကို ချိုးဖောက်ရာလည်းကျရောက်ကြောင်း ရှမ်းနီတိုင်းရင်းသူ အမျိုးသမီးခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ရှမ်းနီသတင်းဌာန

၁ ပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း


တကယ်ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေ
ပေးလိုက် ရပါတယ်။ ငွေကြေးအမြောင်အများ မကုန်သည့်အတွက် အဆင်ပြေ
စေမှာ ဖြစ်ပါတယ်။

ရောဂါကုထုံး

(၁) စပါးလင် လိုအပ်ပါတယ်။

(၂) ၎င်းကိုရေစင်အောင် ဆေးကြောပါ။

(၃) ပြုတ်လိုက်ပါ။

(၄) ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ်သောက်ပေးပါ။

(၅) သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ်။

တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်

Myawady News

မျက်ကွင်း ညိုခြင်း ကို သက်သာ စေမည့် နည်းလမ်း ကောင်း


မျက်ကွင်း များ မျက်နှာမှာ ညိုနေ တယ် ဆိုရင် ကြည့်ရတာ တစ်မျိုး ဖြစ်နေ ပါလိမ့် မယ်။ ဒါကြောင့် မျက်ကွင်း ညို ဖြစ်ခြင်းကို ကာကွယ် နိုင်မည့် နည်းလမ်း ကောင်းလေး များကို မျှဝေ ပေးလိုက် ရပါတယ်။

- ကွန်ပျူတာ အကြည့်များ သူဆိုရင် တစ်နာရီ ကြာတိုင်း မီးနစ် အနည်းငယ် နား ပေးပါ။

- အိပ်ရေး မပျက်ပါ စေနှင့်။

- အသီး အရွက်များကို များများ စားပေး ပါ။

- ရေများများ သောက်ပေး ပါ။

- မျက်နှာ ကို အနှိပ်ခံ ပေးပါ။

- ဆား လက်ဖက် ရည်ဇွန်း ၁ ဇွန်းကို ရေဖန်ခွက် တစ်ခွက် ဖြင့်ရောကာ မျက်လုံး တစ်ဝိုက်ကို ဆေးကြော ပေးပါ။

Myawady News

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ဘူးသီးကနေ ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရပါတယ်

(၁) ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ပါတယ်

(၂) မျက်စိအတွက်လည်ူ ကောင်းမွန်ပါတယ်

(၃) အသည်းအတွက်လည်း ကောင်းမွန်ပါတယ်

(၄) ညောင်းညာသူတွေ စားသင့်ပါတယ်

(၅) အစာမကြေခြင်းကို သက်သာစေပါတယ်

(၆) ဆံပင်ဖြူသူများ စားပေးပါ

(၇) ဆီးချိုရောဂါ ရှိသူတေ စားနိုင်ပါတယ်

မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက် သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။

ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။
အသည်းရဲ့  လုပ်ငန်းဆောင်တာ တွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံ ဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေးဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာ ကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံကို ကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

ဂျိုင်းတွေဖြူနေအောင် ဘယ်လိုလုပ်ရမလဲ ?


ဂျိုင်းမဲခြင်းဟာလည်း အမျိုးသမီးတွေကို မိမိကိုယ်ကိုယ်ယုံကြည်မှုမဲ့စေတယ်... ဂျိုင်းမဲရခြင်းဟာ မိမိနှင့်မတည့်သော roll on များသုံးခြင်း၊ ဂျိုင်းမွေးရိတ်ခြင်း၊အမွှေးချွတ်ဆေးများ တို့ကြောင့်လည်းဖြစ်တတ်ပါတယ်... ဂျိုင်းရဲ့အောက်မှာ ဆဲလ်အသေများစုပြုံခြင်းကြောင့်လည်းမဲနေတတ်တယ်.. ဂျိုင်းမဲခြင်းကြောင့် အနံ့ဆိုးထွက်ခြင်း၊ယားယံခြင်းများလည်းဖြစ်တတ်ပါတယ်

ကဲ...အောက်ပါနည်းလမ်းတစ်ချို့နဲ့ ဖြေရှင်းလိုက်ရအောင်

(၁) ချေထားသောသခွားသီး အရည်တစ်ခွက် ၊ သံပုရာတစ်ဇွန်း နှင့် နနွင်းမှုန့်အနည်းငယ် ရောမွှေပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၂) လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာ စန္ဒကူးအမှုန့် နှင့် နှင်းဆီညစ်ထားသောရေအား သမအောင်ရောမွှေပြီး (၅)မိနစ်ခန့် နှိပ်နယ်ပါ။ မိနစ်(၃၀)ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၃) ကုလားပဲမှုန့် (၂)ဇွန်း၊သံပုရာရည်(၂)ဇွန်းနှင့် နို့ချဉ် အနည်းငယ်အားသမအောင်မွှေပါ။(၅)မိနစ်ခန့် နှိပ်နယ်ပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၄) မှုန့်ဖုတ်ပေါင်ဒါ နှင့် ရေအား သမအောင်ပျစ်ပျစ်လေးမွှေပါ။ (၁၅)မိနစ်လောက်ထားပြီး ရေဆေးချပါ။

(၅) သံပုရာသီးအား နှစ်ခြမ်းခြမ်းပြီး ဂျိုင်းနေရာအား ပွတ်ပေးပါ။ (၁၀)မိနစ်ခန့်ထားပြီးရေဆေးချပါ။ (နေ့စဉ်ပြုလုပ်ပေးပါ)

အလှအပရေးရာမှဘာသာပြန်သည်။

ပထမဆုံး Wi-Fi စနစ်ပါဝင်သော စမတ်အဲယားကွန်းမော်ဒယ်သစ်ကို ဆမ်ဆောင်းမိတ်ဆက်


ပထမဆုံး Wi-Fi စနစ်ပါဝင်သော စမတ်အဲယားကွန်းမော်ဒယ်သစ်ကို တြိဂံဒီဇိုင်းအဲယားကွန်းမော်ဒယ်သစ်များ မိတ်ဆက်ပွဲအခမ်းအနားတွင် ဆမ်ဆောင်းမှ မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ တြိဂံဒီဇိုင်းမော်ဒယ်သစ် အဲယားကွန်းများတွင် လျှပ်စစ်မီးအားသုံးစွဲမှုကို လျှော့ချပေးသော နည်းပညာမြင့် Singal User Mode စနစ်နှင့် စမတ် Wi-Fi နည်းပညာများ ထောက်ပံ့ပါဝင်ကြောင်း သိရသည်။

“ဆမ်ဆောင်းရဲ့ လေအေးပေးစက်သစ်မှာ စမတ်လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ Wi-Fi ကို သုံးပြီး လေအေးပေးစက်ကို ထိန်းချုပ်အသုံးပြုနိုင်တဲ့စနစ်က သုံးစွဲသူတွေကို လေအေးပေးစက် အဖွင့်အပိတ်၊ အပူချိန်ထိန်းညှိခြင်းတွေကို အခန်းတွင်းကနေမဟုတ်ဘဲ အဝေးကနေ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး လေအေးပေးစက်မှာ စက်ချို့ယွင်းမှု တစ်စုံတစ်ခုဖြစ်မယ်ဆိုရင် ဆမ်ဆောင်း ဆားဗစ်ရဲ့ ဖုန်းထဲကို ချို့ယွင်းမှုအပိုင်းရဲ့ မက်ဆေ့ခ်ျပို့ဆောင်ပေးတဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီလို ထည့်သွင်းပေးထားတဲ့အတွက် ဆားဗစ်သမားက လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းကို တစ်ခါတည်း ဆားဗစ်စင်တာကနေ ယူဆောင်လာပြီး အလွယ်တကူပြင်ဆင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ လေအေးပေးစက်ကို ကိုယ်တိုင်တပ်ဆင်တဲ့အခါမျိုးမှာလည်း တပ်ဆင်မှု မှန်ကန်မှုရှိမရှိကိုလည်း စမတ်ဖုန်း  App ကနေ အလွယ်တကူသိရှိနိုင်မယ်”ဟု ဆမ်ဆောင်း Thailand မှ အဲယားကွန်းအင်ဂျင်နီယာ Mr.Anuaek Prasandee က ရှင်းပြသည်။

အသစ်ဝင်ရောက်လာသော အဲယားကွန်းများတွင် အင်ဗာတာစနစ်မသုံးထားသော အဲယားကွန်း (non-inverter type) အမျိုးအစားနှင့် အင်ဗာတာစနစ် အသုံးပြုထားသော အဲယားကွန်း (innverter type) စီးရီးနှစ်မျိုးရှိပြီး ကြိုးမဲ့ Wi-Fi စနစ်ပါဝင်သော မော်ဒယ်များ မကြာမီထပ်မံဝင်ရောက်လာမည်ဖြစ်ကြောင်းကို ဆမ်ဆောင်း (မြန်မာ) မှ မားကတ်တင်းမန်နေဂျာ ကိုကျော်စွာလင်းက -

“အခုဝင်လာတဲ့ မော်ဒယ်တွေမှာ Inverter Type နဲ့ Non-inverter Type ဆိုပြီး နှစ်မျိုးရှိတယ်။ Non-inverter မှာဆိုရင် တစ်ကောင်အား ရှိမယ်။ တစ်ကောင်ခွဲနဲ့ နှစ်ကောင်ထိ လာတယ်။ Inverter Type မှာတော့ တစ်ကောင်အားနဲ့ တစ်ကောင်ခွဲနှစ်မျိုး လာတယ်။ နှစ်ခုစလုံးကတော့ Triangle ဒီဇိုင်းတွေပဲ။ အထဲက ဒလက်တွေ ပိုကြီးလာတယ်။ နောက်ပြီး အလွယ်တကူလည်း သန့်ရှင်းရေး လုပ်နိုင်တယ်။ နောက်တစ်ခုက
Single User Mode ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ အခန်းအကျယ်ကြီးထဲမှာ နှစ်ကောင်အားကြီး သုံးထားတယ်၊ လူကလည်း တစ်ယောက်ထဲပဲ ရှိမယ်ဆိုရင် Single user mode ကို ပြောင်းထားလိုက် မယ်ဆိုရင် အဲယားကွန်းက လိုသလောက် အအေးဓာတ်ကိုပဲ ထုတ်ပေးတော့မယ်။ အဲလိုသုံးတဲ့အတွက် မီးအားအများကြီး သက်သာစေမှာ ဖြစ်ပါတယ်။ ကိုယ်က နှစ်ကောင်အားကြီး တပ်ထားပြီး မီးအားအများကြီး
သုံးစရာမလိုဘဲ အဲဒီ Mode လေးပြောင်းလိုက်ရုံပဲ။ ဒီအဲယားကွန်းတွေမှာ မီးအားအတက်အကျ၊ လျှပ်စစ်မိုးကြိုး အကာအကွယ်စနစ်တွေ၊ လေထုထဲက ဗိုင်းရပ်စ်၊ မှိုနှင့် ဓာတ်မတည့်မှုတွေကို ဖယ်ရှားပေးတဲ့
ဗိုင်းရပ်စ်ဒေါက်တာစနစ်တွေလည်း ပါတယ်။ ယခင်မော်ဒယ်တွေတုန်းကဆိုရင် ၁၈ ပေ၊ ပေ ၂၀ ထိကို လေထုတ်လွှတ်ပေးနိုင်တယ်။ အခု Triangle ဒီဇိုင်းက ၄၆ ပေထိကို အအေးဓာတ် ထုတ်လွှတ်ပေးနိုင် တဲ့အတွက် အိမ်သုံးသာမကဘဲ လုပ်ငန်းသုံးအနေနဲ့ပါ သုံးနိုင်မှာပါ” ဟု ရှင်းပြသည်။

ယခုမိတ်ဆက်ခဲ့သော  AR-5000 နှင့် AR-7000 စီးရီအဲယားကွန်းနှစ်မျိုးကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့များရှိ အီလက်ထရွန်းနစ် အရောင်းဆိုင်ကြီးများတွင် တစ်ပြိုင်နက် ရောင်းချသွားမည်
ဖြစ်ပြီး ၎င်းလေအေးပေးစက် ကွန်ပရက်ဆာကို non-inverter မော်ဒယ်အတွက် အာမခံ ၅ နှစ်၊ inverter မော်ဒယ်အတွက် အာမခံ ၁၀ နှစ်နှင့် တခြားအစိတ်အပိုင်းများကို အာမခံ ၁ နှစ်ဖြင့် ဖြန့်ချိ ရောင်းချသွားမည်
ဖြစ်ကြောင်း သိရသည်။
-ရဲထွဋ်ဝင်;

Internet journal

ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူခြင်းနှင့် ပံ့သကူ ၀က်ပျိုသားဟင်း ဆက်စပ်မှု


ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူတာဟာ အသားဟင်းရဲ့ ပယောဂ မကင်းဘူးဆိုတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းလင်းပြောပြချင်ပါတယ်။ ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးတော်မူတာဟာ ပန်းထိမ်သည်ရဲ့သား စုန္ဒရဲ့ ပံ့သကူ ၀က်ပျိုသားဟင်းပါ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူတာဟာ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။

အဲဒါတွေကတော့ -

(၁) လူ့သက်တမ်း တိုတဲ့အချိန်မှာ ပွင့်တော်မူပြီး သက်တမ်းတော်ပြည့်ပြီ ဖြစ်တာက တစ်ကြောင်း၊

(၂) သာသနာတော်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မယ့် ပရိတ်သတ်လေးပါး စုံညီပြီဖြစ်တာက တစ်ကြောင်း၊

(၃) ဘုရားရှင် ကိုယ်တော်တိုင် ချေချွတ်ရမယ့် သတ္တ၀ါကုန်ပြီ ဖြစ်တာကတစ်ကြောင်း၊

(၄) နောက်ဆုံး ကျန်တဲ့ ၀ဋ်ကြွေးတော်ဖြစ်တဲ့ – ဘ၀တစ်ခုမှာ ဆေးဆရာဖြစ်ပြီး လူနာက ဆေးဖိုးမပေးနိုင်တာနဲ့ မကျေနပ်တာကြောင့် ခဏတာ စိတ်ရိုင်းဝင်ပြီး လူနာကို အားတိုးဆေးပါ ဆိုပြီး ၀မ်းနုတ်ဆေးတွေ ကျွေးမိတာကြောင့် လူနာမှာ ၀မ်းလျှောတဲ့ ဝေဒနာကိုပါ အလူးအလဲ ထပ်ခံစားရပါတယ်။ ဒါပေမယ့် ဘုရားလောင်းပီပီ အချိန်မှီ မိမိမှားမှန်းသိ၍ ၀န်ချတောင်းပန်၍ ဆေးပြန်ကုပေးပါသော်လည်း လူနာမှာ ၀မ်းလျှောခြင်းဝေဒနာကို ခံစားခဲ့ရပါတယ်။ ထိုဘ၀မှာ ပြုလုပ်ခဲ့မိတဲ့ ၀ဋ်ကြွေးကြောင့် ဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာ ဒီဝဋ်ကြွေးကို ပေးဆပ်ရတဲ့ အနေနဲ့ ၀မ်းတော်လားပြီး ပရိနိဗ္ဗာန်ပြုတော်မူတာ ဖြစ်ပါတယ်။

ဝက်ပျိုသားဟင်းကြောင့် မဟုတ်သလို အသားဟင်းရဲ့ ပယောဂ မပါဘူးလို့ ဆရာတော်တစ်ပါးက မိန့်ဖူးပါတယ်။ ၀မ်းတော်လားနေချိန်မှာ အင်အားအလွန်နည်းနေတော်မူနေပေမယ့်

(၁) ဘုရားရှင်တို့ မစွန့်အပ်သော ဖွား ပွင့် ဟော စံ ဌာနကြီးလေးခုမှာ ဘုရားရှင်အဆူဆူတို့ ပရိနိဗ္ဗာန်ပြုတော်မူကြရာ အရပ်ဒေသဖြစ်တဲ့၊

(၂) ကိုယ်တော်တိုင် ချေချွတ်ရမယ့် နောက်ဆုံးသာဝကဖြစ်တဲ့ သုဘဒ္ဒရဟန်းရှိရာ အရပ်ဖြစ်တဲ့၊

(၃) နောင်ဓာတ်တော်ဝေရာမှာ ခုနှစ်ပြည်ထောင်မင်းတွေ စစ်မတိုက်ကြပဲ ငြိမ်းချမ်းစွာ ဓာတ်တော်တွေကို ခွဲဝေပေးနိုင်မယ့် အဲဒီ့မင်းတွေရဲ့ ငယ်ဆရာဖြစ်တဲ့ ဒေါန ပုဏ္ဏားရှိရာ အရပ်ဖြစ်တဲ့

မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်ကို ဈာန်တန်ခိုးအဘိညာဉ်မသုံးပဲ ခြေဗလာနဲ့ပဲ ပကတိခြေကျင်ကြွတော်မူပါတယ်။ ဒီနေ့ခေတ်မိုင်နဲ့ ဆိုရင် မိုင်ရာချီ ရှိမယ်ထင်ပါတယ်။ (ဒီနေရာမှာ မိုင်အတိအကျကိုတော့ ကျမ်းဂန်တွေထဲမှာတော့ တွက်ပြထားပါတယ်။ ဗုဒ္ဓဂါယာ မြေပုံကိုကြည့်ပြီးတွက်ရင်လည်းရပါမယ်။ သေချာတာကတော့ သက်တော်ရှစ်ဆယ်အရွယ်၊ ၀မ်းတော်လားတဲ့ ဝေဒနာကို သည်းခံရင်း သတ္တ၀ါတွေရဲ့ အကျိုးစီးပွားအတွက် မိုင်ရာချီတဲ့ ခရီးကို ဖိနပ်မပါ၊ ထီးမပါ၊ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပါပဲ မဟာကရုဏာရှေ့ထားပြီး ကြွတော်မူတာပါ။)

အဲဒီ့အပြင် လမ်းမှာ စုန္ဒလှူဒါန်းတဲ့ ပံသကူ ၀က်ပျိုသားဟင်းဟာ ဘုရားရှင်အတွက် အားဖြစ်စေပါတယ်။ ပရိနိဗ္ဗာန်ပြုတော်မမူခင် နောက်ဆုံးဘုဉ်းပေးတာဖြစ်တာကြောင့် နတ်တွေက နတ်သြဇာတွေ ထည့်ထားတာကြောင့် ဘုရားမှ တစ်ပါး ရဟန္ဒာများအပါအ၀င် ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အစာအိမ်ကမှ ဒီအစာတွေကို ကြေညက်အောင် ကြိတ်ချေနိုင်စွမ်းမရှိတာကြောင့် ဘုရားရှင်တစ်ပါးတည်းကိုပဲ အဲဒီ့ ၀က်ပျိုသားဟင်းကို ကပ်စေပါတယ်။ ပြီးတော့ ဘုရားရှင်ဘုဉ်းပေးပြီးတာနဲ့ ချက်ချင်း ကျန်တာတွေကို တွင်းနက်နက်တူးပြီး မြေမြုပ်စေပါတယ်။ အဲဒီ ၀က်ပျိုသားဟင်းက ဘုရားရှင်အတွက်အားဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီ့အားနဲ့ပဲ ကုသိနာရုံထိ အရောက်ကြွပြီး နောက်ဆုံးသာဝကကို ချေချွတ်ပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူတယ်လို့ စာမှာလာတယ်လို့ ပြောပါတယ်ခင်ဗျာ။

အဲဒါကို ၀က်သားမစားတဲ့ ဘာသာခြားတွေရော၊ မင်းကြီး မင်းလေးနတ်တွေ ကိုးကွယ်တဲ့ နတ်ကတော်တွေကရော သူတို့ ၀က်သားမစားတာကို ကာကွယ်ချင်တာရယ်၊ ဗုဒ္ဓဘုရားရှင်နဲ့ ဗုဒ္ဓဘာသာတရားကို နှိမ့်ချစော်ကားချင်တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ၀က်သားစားလို့ ၀မ်းလျှောပြီး ပရိနိဗ္ဗာန်ပြုတော်မူတယ် (သူတို့အခေါ် သေတယ်) ဆိုပြီး မသိနားမလည်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရှေးရှေးကတည်းက ပြောဆိုစည်းရုံးခဲ့ကြတာပါ။

အမှန်တော့ ဘယ်အသားမဆို အခန့်မသင့်ရင်၊ ချက်နည်းပြုတ်နည်း မမှန်ရင် စားတဲ့လူမှာ ရောဂါရမှာ အမှန်ပါပဲ။ အခုဆိုရင် ကြက်ငှက်တုပ်ကွေးရောဂါပိုးဟာ H1N1 အဆင့်မဟုတ်တော့ပဲ H7N9 အဆင့်ကိုတောင် ရောက်နေပါပြီ။ ကြက် ဘဲ အားလုံးမှာ ကူးစက်ခံရနိုင်ပါတယ်။ အဲဒီလိုပဲ ၀က်မှာလည်း ၀က်တုပ်ကွေး virus ရှိတာပါပဲ။ အမဲသားမှာလည်း နွားရူးရောဂါပိုးကြောင့် သတိထားနေရတာပါ။ ဟိုတလောကပဲ သြစီနဲ့ အမေရိကန်က သူတို့ဆီကို အမဲသားတွေ တင်သွင်းခွင့် ပိတ်လိုက်တာပါပဲ။ ဆိုလိုတာက ဗုဒ္ဓဘာသာကို မလိုလားသူတစ်ချို့တွေက ၀က်သားကို ဗန်းပြပြီး ဘုရားက ၀က်သားစားလို့ပဲ ၀မ်းတော်လားပြီး ပရိနိဗ္ဗာန်ပြုရသလို ပုံစံမျိုးတွေ လျှောက်ပြောနေကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေ အယုံမလွယ်ကြဖို့ လိုပါတယ်။ ၀က်သားမှာမှ အပြစ်ရှိတာမဟုတ်ပါဘူး။ ဘယ်အသားမဆို အခန့်မသင့်ရင် အန္တရာယ်ဖြစ်တတ်ပါတယ်။ အသားတင်မဟုတ်ပါဘူး။ အသီးအရွက်စားရင်တောင် သပ္ပါယ မျှတအောင် မစားရင်၊ ချက်ပြုတ်ရာမှာ သန့်ရှင်းမှုမရှိရင်၊ မိမိနဲ့ ဓာတ်မတည့်တာမျိုးရှိရင် အချိန်မရွေး အန္တရာယ် ရှိတတ်ပါတယ်။

အဲဒီ့အပြင် မြတ်စွာဘုရားတို့ မည်သည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်မျှ ပရိနိဗ္ဗာန်စံဝင်ရခြင်းမျိုး ဘယ်သောအခါမှ မရှိလို့ ဘုရားရှင် ကိုယ်တော်တိုင် မိန့်ကြားဖူးပါတယ်။ မြတ်စွာဘုရားဟာ အစာအာဟာရကို မှီဝဲတာဟာ မဟာကရုဏာတော်ကြောင့် လူတွေကို ချီးမြှောက်တော်မူလိုတာကြောင့် မှီဝဲခြင်းဖြစ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆွမ်းလုပ်ကျွေးရတဲ့ ကုသိုလ်ထူးကို လူသတ္တ၀ါတွေကို ရရှိစေချင်တာကြောင့် လူတို့ကပ်တဲ့ ဆွမ်းကို အလှူခံယူတော်မူခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားရှင်ဟာ ဆွမ်းဘုဉ်းပေးတဲ့ နေရာမှာ သပ္ပါယမျှတအောင် ဘုဉ်းပေးလေ့ရှိပါတယ်။ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားအနေနဲ့ သူများကပ်တဲ့ဆွမ်းကို အစားမှား ၀မ်းလျှောပြီး ပရိနိဗ္ဗာန်ပြုရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဗုဒ္ဓဘာသာဝင်စစ်စစ်တွေကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ မလိုလားတဲ့သူတွေရဲ့ ကုန်းချောတဲ့ စကားကို အယုံမလွယ်ဖို့ မိမိကိုယ်တိုင်ရဲ့ ဉာဏ်နဲ့ ဘုရားဂုဏ်တော်တွေ ဘုန်းတော်တွေနဲ့ ယှဉ်ထိုးပြီး သေသေချာချာလေး စဉ်းစားပြီးမှ ဆုံးဖြတ်ကြပါလို့ တိုက်တွန်းပါတယ်။ ကာလာမသုတ္တန် ဒေသနာကို မမေ့ကြပဲ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

credit to – Kaung kin thit
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

KIA မှ ဂွမ်မော်အား အင်ဘန်လ က အကျယ်ချုပ်ချထား


KIA မှ ဂွမ်မော်အား အင်ဘန်လ က အကျယ်ချုပ်ချထားသဖြင့် ကေအိုင်အေ ခေါင်းဆောင်များအကြား သဘောထားတင်းမာမှုများဖြစ်ပွားလျက်ရှိ

14.3.2014

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒပြင်းပြနေသည့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား အင်ဘန်လမှ ပြီးခဲ့သော မတ်လ (၆) ရက်နေ့မှစကာ အကျယ်ချုပ်ချထားခဲ့ခြင်းဖြစ်သည်။

၂၀၁၁/၂၀၁၂ အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ KIA တို့ အလွန်ထိနာခဲ့ပြီး ဒေသခံ စစ်ဘေး ရှောင်တွေနဲ့အတူ တရုတ်နိုင်ငံထဲအပါအဝင် လွတ်မြောက်ရာဒေသတွေကို ရှောင်ပြေးခဲ့ကြတဲ့ သူတွေထဲမှာ KIA စစ်သားတွေ ဒုနဲ့ဒေးပါ။ လစာမရှိ၊ ထောက်ပံ့မှုမရှိ၊ ခေတ်မမီတော့တဲ့ လက်နက်၊ မပြည့်စုံတဲ့ ခဲယမ်း၊ အကန့်အသတ်များနဲ့ တရုတ်နယ်စပ်ဆေးရုံ၊ လက်မခံတော့တဲ့ ဒေသခံတွေနဲ့ သူတို့အချိန်ကြာကြာ တောင့်မခံနိုင်ဘူး ဆိုတာ သဘာဝကျပါတယ်။ ကံကြမ္မာအလှည့်ပြောင်းလို့ ပြောမလား၊ သမ္မတကြီးဦးသိန်းစိန်ရဲ့ မေတ္တာလွန်ကဲမှုလို့ မှတ်ယူမလား၊ စစ်တပ်က KIA စခန်းတစ်ခုပြီးတစ်ခု ထိုးစစ်ဆင်သိမ်းနေခဲ့တာ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကိုရောက်ခါနီး လက်မတင်လေး အလိုမှာ ထိုးစစ်တွေရပ်ခိုင်းခဲ့လို့ KIA အဖွဲ့ဟာ ကြီးမားတဲ့အကြပ်အတည်း ဒုက္ခဘေးက လွတ်မြောက်ခဲ့ပြီးဆက်ရပ် တည်နေနိုင်ခဲ့တယ် ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။

စစ်တပ်ကော တိုင်းရင်းသားလက်နက်ကိုင်ကော ဘယ်သူမှ စစ်တိုက်လိုကြမည် မဟုတ်ပါ။ နိုင်ငံသားခြင်းဖြစ်လို့ ပိုဆိုးသည်ပေါ့။ ဒါပေမယ့် အခုလို ထိုးစစ် ရပ်လိုက်ခြင်းကတော့ အစိုးရသစ်လက်ထက် နိုင်ငံရေးအလှည့် အပြောင်းမှာ KIA အခွင့်ကောင်းရရှိခဲ့တာပါ။

နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ် တရုတ်ကလည်း KIA အပေါ် ပြန်ဖိအားပေးလာတဲ့ အခြေအနေ၊ KIA တို့ လက်နက်ခဲယမ်း ဝယ်ယူရာမှာ “ဝ”နဲ့ အိန္ဒိယနယ်စပ်က အခက်အခဲများ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ စီးပွားရေးလုပ်ငန်းများ အဆင်မပြေတော့တဲ့ အချိန် စစ်တပ်က အမြစ်ဖြုတ်တိုက်တော့မှာ ပေါ်လွင်နေတဲ့ အခြေအနေတွေကြောင့် အစိုးရက မစည်းရုံးလည်း သူတို့ရဲ့ရပ်တည်ချက်ကို စစ်ရေးအသွင်ကနေ နိုင်ငံ ရေးကိုကူးဖို့ ဗဟိုကော်မတီမှာ ဆုံးဖြတ်ထားပြီးသားပါ.....

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြစ်ကြီးနားကို ဂွမ်မော်တို့ အဖွဲ့လာတော့ ပြည်သူတွေက KIA အလံတွေ နဖူးစီးတွေနဲ့ အုတ်အော် သောင်းနင်း ကြိုဆိုခဲ့ကြပြီး အထက်ပါအချိန်ကတည်းက ငြိမ်းချမ်းရေး လိုလားသည့် ဂွမ်မော်အား ထောက်ခံသူများပြားလာသည့်အပေါ် အင်ဘန်လက သဘောမကျခဲ့ဘူးလို့သိရပါတယ်။

အချိန်ကာလတစ်ခုကတည်းက ရန်ကုန် ကနေထောက်ပံ့မှုပြု နေတဲ့ ကချင်လူငယ်အဖွဲ့ရဲ့ စီစဉ်မှုနဲ့ ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်ရောက်လာတော့လည်း လက်နက်ကိုင်သောင်းကျန်းသူ (သူပုန်) ရယ်လို့ ဘယ်သူကပြောခဲ့လို့လည်း စည်စည်ကားကား သိုက်သိုက် ဝန်းဝန်းနဲ့ တွေ့ဆုံပွဲတွေ လုပ်ခဲ့တာ ၈၈ မျိုးဆက်နဲ့ ဦးတေဇတို့အပါအဝင် မဟုတ်ပါလား။ အဓိက ပြည်သူတွေဂုဏ်ပြုကြတာ KIA ကိုလည်း မဟုတ်၊ ဗိုလ်ချုပ် ဂွမ်မော်ကိုလည်း မဟုတ်ပါ။ ငြိမ်းချမ်းရေး လုပ်ကြမယ်၊ ဆွေးနွေးကြမယ်ဆိုပြီး လာသူကို ရင်ထဲကဖြစ်စေချင်တဲ့ ဆန္ဒအမှန်နဲ့ ထောက်ခံကြိုဆို အားပေးခဲ့ကြတာပါ။ ဒါပေမယ့် အများအမြင် နိုင်ငံတကာ ပြရုပ်မှာတော့ လူထုထောက်ခံမှုရရှိတဲ့ KIO/ KIA ဆိုပြီး ပုံပေါ်စေခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်လေ မြန်မာငြိမ်းချမ်းရေးကောင်စီ(MPC)အဖွဲ့ဝင်တွေ အယူအဆ မတူကြလို့ ဒီဇာတ်လမ်းမှာ ဘယ်သူသမိုင်း တရားခံဖြစ်မလဲဆိုပြီး အသံတွေထွက်လေနေကြပြီလေ။

ဒါ့အပြင် DVB က Person of Year ကို ဗိုလ်ချုပ် ဂွမ်မော် ဆိုပြီး မြှောက်စားခဲ့တယ်လို့ သိရပါတယ်။ လုံးဝမှားယွင်းမှာပါ။ ဗိုလ်ချုပ် ဂွမ်မော်ဟာ အတွင်းစိတ်ကို ခန့်မှန်းဖို့ မလွယ်ကူတဲ့ မျက်နှာချိုချိုနဲ့ မန္တလေးတက္ကသိုလ်ထွက် ဖြစ်တဲ့အတွက် မင်းသားဖြစ်သင့်သူလို့ စင်ပေါ် တင်ပေးလိုက်တဲ့ ဆရာကြီးရှိပါတယ်။ သူက KIO/KIA ရဲ့ Key Player ဖြစ်တဲ့ အင်ဘန်လပါ။ အမြစ်ပြုတ် တော့မယ့်အခြေအနေကနေ အပျိုရည်မပျက်သေးသလိုနဲ့ နိုင်ငံရေးနယ်ပယ်မှာ အမြတ်ထုတ် နေနိုင်အောင် စွမ်းဆောင်ခဲ့သူဖြစ်ပြီး အားနည်းချက်ကတော့ ၄ တန်းဆိုတဲ့ ပညာအရည်အချင်းပါ။ ၄ တန်းဆိုပြီး အထင်တော့ မသေးစေချင်ပါ။ Story လေးတစ်ခု ဖောက်သည်ချချင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ပါတယ်။ ဓားပြအဖွဲ့ ၈ ဦးလောက်ပါပြီး ခေါင်းဆောင် လုပ်သူဟာ ပညာအရည်အချင်း ၄ တန်းလောက်သာတတ်ပါတယ်။ ငယ်သားတွေထဲမှာ မဟာဘွဲ့ရပြီးသူတစ်ယောက် ပါတယ်။ ဘဏ်ထဲမှာရှိတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေဟာ ဓားပြအဖွဲ့ပြောတဲ့အတိုင်း ကြမ်းပြင်မှာ လေးဘက်ထောက် ခေါင်းငုံ့ နေကြရပါတယ်။ ဘဏ်စာရေးမတစ်ဦးဟာ ထိုင်ခုံကြား ကြောက်ကြောက်နဲ့ ကြုံသလိုလေးဘက် ထောက်တော့ သူ့ရဲ့စကတ်အတိုထဲကနေ မဖွယ်မရာပြကွက်ကို ဓားပြထဲက မဟာဘွဲ့ရသူတွေ့သွားတော့ ကောင်မလေးကို မတော်တရော်နဲ့တွေ့ရင် ဒုက္ခရာက်ဦးမယ်ဆိုပြီး ပုံစံပြောင်းပြီးနေဖို့၊ ဖုံးဖုံးဖိဖိ ပြင်ဆင် နေခိုင်းလိုက်ပါတယ်။ ဒါကို ခေါင်းဆောင်လုပ်သူသိသွားပြီး “လူမှုကယ်ဆယ်ရေး လုပ်နေတာ မဟုတ်ဘူးကွ၊ ဓားပြဟာ ဓားပြအလုပ်သာလုပ်”ဖို့ လှမ်းအော်ပါတယ်။ ဒီလိုနဲ့ ဘဏ်ကနေ ထွက်လာခဲ့ကြပါ ဓားပြတိုက်လို့ ငွေသန်း ၄၀ လောက်ရလာကြပါတယ်။ မဟာအောင်ပြီးသား ငယ်သားက ငွေတွေကို ရေတွက်ဖို့ ပြင်ဆင်တဲ့အခါ ခေါင်းဆောင်လုပ်သူက “အပိုတွေလုပ်မနေနဲ့။ ဓားပြအလုပ်ပဲ ဓားပြလုပ်၊ မကြာခင် ငွေဘယ်လောက်ဆိုတာ ရုပ်/သံက ကြေညာလိမ့်မယ်”လို့ ပြောပါတယ်။ မှန်ပါတယ်၊ မိနစ်ပိုင်းအတွင်းမှာဘဲ ဓားပြတိုက်ခိုက်မှုကြောင့် ဘဏ်မှငွေ ၁၂၀ သန်းပါသွားကြောင်း ထုတ်လွှင့်ကြေညာချက်ကို ကြားလိုက်ပါကြပါတယ်။ အဲဒီ ကြေညာ ချက်ကို ကြားလိုက်ရတဲ့ မဟာအောင်ပြီးသား ဘဏ်ဓားပြက “ဘယ်လိုဖြစ်တာလဲဆရာ ကျွန်တော်တို့ရခဲ့တာ သန်း ၄၀ ၊ ဘဏ်ကကြေညာတာက ၁၂၀ သန်းဖြစ်နေတယ်”၊ ဒီတော့ ၄ တန်းအောင် ဓားပြခေါင်းဆောင်က “မင်းကို ငါပြောထားသားပဲ ဓားပြ ဓားပြအလုပ်ပဲလုပ်လို့” ထပ်ပြောရှာပါတယ်။ ဒါကြောင့်မို့ အင်ဘန်လ ၄ တန်းဆိုပြီး အထင်မသေးလိုက်ပါနဲ့ ဂွမ်မော်ကို ပွဲထုတ်ပေးနေသူပါ။ အခုလည်း မကြာမီဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်စေချင်ပါတယ်။ KIO ဒုဥက္ကဌ ဂေါ်ရီဇော်ဆိုင်းကတော့ ရုတ်တရက်နှုတ်ထွက်သွားပါပြီ။ ယခုကဲ့သို့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား အင်ဘန်လမှ အကျယ်ချုပ်သဘောဖြင့် စောင့်ကြည့်နေခြင်းနှင့်ပါတ်သက်၍ အောက်ခြေရှိ ကေအိုင်အေတပ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

Oppositeyes

သံလွင်မြစ်ကို ဒုက္ခမပေးဖို့ ဒေသခံတွေ ပြောပြီ






ဓာတ်ပုံများ – စနေလင်း / ဧရာဝတီ
 
 အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်ပွဲကို
မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာအနီး သဲသောင်ပြင်တွင်  ထိုဒေသအတွက် ပထမဆုံးကျင်းပရာ
သံလွင်မြစ်ကို ဒုက္ခပေးမည့် ရေကာတာနှင့် ရေအားလျှပ်စစ် စီမံကိန်းများရပ်တန့်ပေးရန် အဖွဲ့ ၁၃၁ ဖွဲ့က တောင်းဆိုလိုက်သည်။

သံလွင်မြစ်ရိုးတလျှောက်  စီမံကိန်းများကြောင့်  ဒေသခံတိုင်းရင်းသားတို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဒေသတွင်း သစ်တော ၆၀%ကျော် ပြုန်းတီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခေးဆိုင်က ပြောသည်။

တောပြုန်းလာသည့်အတွက် တောနေဇီဝမျိုးစိတ်များ ပျက်သုန်းပြီး၊   သစ်တောကို အမှီပြုလုပ်ကိုင်စားသောက်နေကြရသည့်   ဒေသခံတို့   ဒုက္ခများစွာ ရင်ဆိုင်နေကြရသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတ၀ှမ်း ရေကာတာ၊ ရေအားလျှပ်စစ် စီမံကိန်း အများအပြား၏ နောက်ဆက်တွဲဆိုးကျိုးကို သက်ဆိုင်ရာ ဒေသခံတို့ လက်တွေ့ခံစားခဲ့ရပြီးဖြစ်ကြောင်း၊
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း ကွမ်းလုံရေကာတာ၊
နောက်ဖရေကာတာ၊ တာဆန်းရေကာတာ၊ ကယားပြည်နယ်မှ ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်မှ ဟတ်ကြီးရေကာတာတို့ကို
တည်ဆောက်ရန် စီမံနေခြင်းက သံလွင်မြစ်ရိုးတလျှောက် နေထိုင်ကြသော ပြည်သူတို့အပေါ် ဆိုးကျိုးအများအပြား သက်ရောက်နိုင်ကြောင်း
အထိမ်းအမှတ်ပွဲ ကျင်းပရေး တာဝန်ခံ ကိုကြည်ဇော်လွင်က ဆိုသည်။

“ဒီလိုပွဲမျိုးကို နိုင်ငံတိုင်းမှာ ကျင်းပကြတယ်။ ရေကာတာတွေကြောင့် အတိဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေက ကိုယ်နစ်နာမှုတွေအတွက် တောင်းဆိုကြတယ်။
ကျနော်တို့နိုင်ငံမှာ ဒီလိုကျင်းပတာ ပထမဦးဆုံးပဲ။ စွမ်းအင်ထုတ်ယူမှုတွေမှာ ဒီနည်း အပြင် တခြားဘယ်နည်းတွေရှိမလဲဆိုတာ စဉ်းစားဖို့လိုတယ်။
တကယ်လို့သဘာဝဘေးကြောင့်သာ ရေကာတာတွေ ကျိုးခဲ့မယ်ဆိုရင် ရေကာတာအောက်ခြေက သန်းနဲ့ချီတဲ့ ပြည်သူတွေပဲ ဒုက္ခရောက်မှာ” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်စီမံကိန်း ဒုက္ခသည်

အခမ်းအနားတွင် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရှိ လျှပ်စစ်စီမံကိန်း အပါအ၀င်   မြန်မာနိုင်ငံ တ၀ှမ်းလုံးရှိ ရေကာတာ၊ ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဒုက္ခရောက်နေကြသော တိုင်းရင်းသားများက   ၎င်းတို့တွေ့ကြုံခံစားမှုများကို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်တွင် စစ်ဘေးဒဏ်သင့် သူများကိုသာ ဒုက္ခသည်များအဖြစ် သတ်မှတ်ကြပြီး ဧရာဝတီမြစ် ဆုံရှိ လျှပ်စစ်စီမံကိန်းကြောင့် နေရပ်ရင်းစွန့်ခွာရသူတို့ကို  ဒုက္ခသည်အဖြစ် မသတ်မှတ်ကြကြောင်း မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသော ဒေါင်ပန်းရွာမှ ဒေါ်တိန့်ဝမ်က ပြောသည်။

“ကျမတို့က တကယ့် ငြိမ်းချမ်းရေး ဒုက္ခသည်တွေပါ။
စစ်ဘေးကြောင့် ဒုက္ခရောက်ကြတဲ့ သူတွေကို ကူညီမှုတွေ ပေးနေပေမယ့် ကျမတို့ကို ဘယ်အဖွဲ့အစည်းကမှ လာမကူညီကြဘူး။
ကျမတို့မှာ ရွာတွေပြောင်းလိုက်ရတဲ့အတွက် အခု အဲဒီစီမံ ကိန်းကို လုပ်နေတဲ့ တရုတ်ကုမ္ပဏီက ပေးတဲ့ တလကို ဆန် ၇ ပြည် ဆိုတာပဲ ရတယ်။
လုပ်စားကိုင်စားဖို့ကလည်း နေရာအသစ်မှာ ဘာမှ လုပ်လို့မရဘူး”

 ဒေသခံများ သဘောတူသောကြောင့် မြစ်ဆုံစီမံကိန်းကို လုပ် ကိုင်ရခြင်းဖြစ်ကြောင်း တရုတ်ကုမ္ပဏီဘက်က ပြောဆိုနေသော အချက်မှာလည်း မှားနေကြောင်း၊  နိုင်ငံ တ၀ှမ်း ရေကာတာ၊ ရေအား လျှပ်စစ် စီမံကိန်းများကို ပြန်လည် သုံးသပ်သင့်ပြီဖြစ်ကြောင်း  ဒေါ်တိန့်ဝမ်က ဆက်ပြောသည်။

အထိမ်းအမှတ်ပွဲတွင် သံလွင်မြစ်အတွင်းရှိ ရေကာတာများကို ချက်ချင်း ရပ်တန့်ပေးရန် ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ ၃၃,၅၃၈ ဦးတို့က လက် မှတ်ထိုးတောင်းဆိုခဲ့သည်။

စစ်တပ်အင်အား တိုးချဲ့တာ ပြဿနာကြီးတယ်

တိုင်းရင်းသားဒေသအသီးသီးတွင် ပဋိပက္ခ မရပ်တန့်သေးဘဲ စီမံကိန်း ရှေ့တိုးလုပ်ပါက   ပြည်တွင်းစစ်မီးကို လောင်စာထိုးပေးသကဲ့သို့ ဖြစ်နေကြောင်း၊
ထို စီမံကိန်းများသည် နိုင်ငံ တကာစံချိန်နှင့်မကိုက်ညီဘဲ  ပွင့်လင်းမြင်သာမှုလည်း  မရှိကြောင်း၊
 စီမံကိန်းလုံခြုံရေးဟုဆိုကာ  စစ်တပ်အင်အား တိုးချဲ့နေခြင်းကြောင့်  စစ်တပ်က ဒေသခံများကို အနိုင်ကျင့်ခြင်း ပိုမို တိုးပွားလာရကြောင်း  မြန်မာမြစ်ချောင်းများ ကွန်ရက်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာမြစ်ချောင်းများ ကွန်ရက်ကို ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက်၊ သံလွင်ချစ် သူ၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံး၊  ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့တို့ အပါအ၀င် အဖွဲ့ပေါင်း ၁၅ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။  -

စနေလင်း
ဧရာဝတီ

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ ရပ်ဆိုင်းရန် ပြည်သူ သုံးသောင်းကျော်နှင့် အဖွဲ့ ၁၃၀ က လက်မှတ်ထိုး တောင်းဆို

ဓာတ်ပုံ - ဧရာဝတီ

ဖနိဒါ| သောကြာနေ့၊ မတ်လ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ချင်းမိုင်၊ မဇ္ဈိမ။ ။ သံလွင်မြစ်ပေါ်တည်ဆောက်ထားသော
ရေကာတာ စီမံကိန်း ၆ခုကို ရပ်ဆိုင်းပေးရန် တိုင်းရင်းသားပြည်သူလူထု ၃ သောင်းကျော်နှင့် နိုင်ငံရေးပါတီများ အပါအဝင် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့တို့က လက်မှတ်ရေးထိုးကာ တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်ရှိ ကွမ်းလုံ၊ နောင်ဖါ၊ တာဆန်းရေကာတာ၊ ကရင်နီပြည်နယ်ရှိ ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာနှင့် ဒါးကွင်းရေကာတာများကို ချက်ချင်း ရပ်တန့်ပေးပါရန် တိုင်းရင်သားလူမျိုးများဖြစ်သော ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ် အတွင်းရှိ ပြည်သူလူထု (၃၃၅၃၈) ဦးနှင့် နိုင်ငံရေးပါတီ အပါအဝင်လူမှုအဖွဲ့အစည်း (၁၃၁)ဖွဲ့က လက်မှတ်ရေးထိုးကာ
တောင်းဆိုချက်ကို မတ်လ ၁၄ရက်တွင် မြန်မာမြစ်ချောင်းများကွန်ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ မြန်မာမြစ်ချောင်းများကွယ်ရက် အဖွဲ့ဝင်များက တိုင်းရင်းသားပြည်သူများထံမှ ရေကာသာတည်ဆောက်မှု ဆန့်ကျင်ကြောင်း လက်မှတ်များကို ကောက်ယူ စုဆောင်းခဲ့သည်ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့က ညှိနှိုင်းရေးတာဝန်ခံ စောသာဘိုးက ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းပြီးတော့ သံလွင်ရေကာတာကို လူတွေ ပိုသိလာအောင်၊ အစိုးရက သံလွင်ရေကာတာ ၆ခုကို ဆောက်ဖို့ လျာထားတာ ရှိတယ်။ ဒီအပေါ်မှာ ပြည်သူလူထုက အသိပညာ နည်းပါးနေသေးတယ်။ နည်းပါးတဲ့အပေါ် ကျွန်တော်တို့ ကန်ပိန်းလုပ်ပြီးတော့ ကျွန်တော်တို့ စုပေါင်းကျင်းပခြင်းဖြင့် လူတွေ သိလာမယ်”ဟု စောသာဘိုးက မဇ္ဈိမကို ပြောသည်။

အလားတူ ကရင်နီပြည်နယ်အတွင်းရှိ သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများကို ရပ်တန့်ရန်နှင့် ဆက်လက် တည်ဆောက်ပါက KNPPနှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်များ ထိခိုက်နိုင်သည်ဟု ကရင်နီ လူမှုအခြေပြု အဖွဲ့များကွန်ယက် (ကေစီအက်စ်အဲန်)၏ တာဝန်ခံ ခူးမီရယ် က မဇ္ဈိမကို ပြောသည်။

“ဒီလို စီမံကိန်းကြီး တည်ဆောက်မယ်ဆိုရင် ဒေသခံ ပြည်သူလူထုရဲ့ ဆန္ဒကို ပါဝင်ဖို့ လိုအပ်တယ်။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးချိန်ကာလမှာလည်း ရပ်တန့်ထားရမယ်။ အခိုင်အမာသဘောတူညီချက်ရမှ နောက်တဆင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင် ပြီးတော့မှ ဆက်ဆောင်ရွက်သွားဖို့ လိုတယ်၊ ဆက်လုပ်မယ် ဆိုရင် ငြိမ်းချမ်းရေးကို ထိခိုက်လာမယ်။ နှစ်ဖက် ညှိနှိုင်းသဘောတူထားတာတွေကို ထိခိုက်တယ်” ဟု သူက ပြောသည်။

ကရင်နီပြည်နယ် ရွာသစ်ရေကာတာကို တရုတ်ပြည် ဒါထန်းကုမ္ပဏီက တည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား (၄၀၀၀) မီဂါဝပ် ထုတ်လုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကေစီအကစ်အဲန်အနေဖြင့် KNPP အပါအဝင် အခြားတိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အစိုးရအကြား အခြေခံ ဥပဒေပြင်ဆင်ရေး အာမခံချက်နှင့် ဒေသခံ လူထုအခွင့်အရေးကို ကာကွယ်ပေးနိုင်သည့် နိုင်ငံရေးအခြေတည်မှု မရှိသည့်အတွက်
ရွာသသစ်ရေကာတာ အပါအဝင် သံလွင်ဖြစ်ပေါ်တည်ဆောက်မည့် စီမံကိန်းများအား ရပ်တန့်ရန် တောင်းဆိုထားသည်။

မြန်မာမြစ်ချောင်းများကွန်ရက်တွင် ရှမ်းသဘောဝပတ်ဝန်းကျင်အဖွဲ့၊ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ရက်၊ သံလွင်ချစ်သူ၊ တိုးတက်သော
မွန်လူငယ်များ အစည်းအရုံးနှင့်ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့များ အပါအဝင် အဖွဲ့ဝင် ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

မြစ်ချောင်းအင်အိုင်များနေ့ အထိန်းအမှတ်အဖြစ် မွန်ပြည်နယ်
မော်လမြိုင်မြို့အရှေ့ဘက် ဘီလူးကျွန်း ကော့မုပွန်ကျေးရွာရှိ သဲသောင်ပြင်ပေါ်တွင် တိုင်းရင်းသား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ အပါအဝင် အင်အား ၂၀၀ ကျော်က ဆုတောင်းမေတ္တာပို့ကာ မြစ်ချောင်း အင်းအိုင်များနေ့ကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်ဟု
စောသာဘိုးက ပြောသည်။

“အခမ်းအနားမှာ သံလွင်ကို ရောင်းစားမည်မဟုတ်၊ သံလွင်မြစ်ရေကာတာ အလိုမရှိဆိုတဲ့ တီရှပ်တွေ ဝတ်ကြတယ်။ ပြီးတော့ No Dam ဆိုတဲ့ နဖူးစည်းတွေ စည်းကြတယ်။ ဘာသာပေါင်းစုံ ဘုရားဖန်ဆင်းထားတဲ့ လက်ယာတွေဟာ သဘာဝအတိုင်းရှိနေဖို့၊ မေတ္တာပြု ဆုတောင်းကြတယ်။ ဒေသအသီးသီးက လာတဲ့ လူတွေ သူတို့ ဒေသက ကြုံရတာတွေ sharing လုပ်တယ်”ဟု သူက ဆက်ပြောသည်။

အခြား ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ နေရာတွင်လည်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့များကလည်း အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပသည်ဟုဆိုသည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံရေကာတာ စီမံကိန်း ဆောက်လုပ်ရန်အတွက်လမ်းများ ဖောက်လုပ်နေခြင်းကြောင့် ကျေးရွာပေါင်း ၆၀ မှ ပြည်သူများ မြေယာနှင့် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးနေရပြီး စီမံကိန်းကြောင့် အစိုးရ စစ်တပ်နောက်ခံရှိသော ကုမ္ပဏီများက သစ်လုပ်ငန်းနှင့် သတ္တုထူးဖော်ရေးလုပ်ငန်းများကို အရှိန်မြင့် ပြုလုပ်နေသည်ဟု မြန်မာမြစ်ချောင်းများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၆ခုမှ လျှပ်စစ်ဓါတ်အား စုစုပေါင်း (၁၅၀၀၀) မီဂါဝဂ် ထုတ်လုပ်ပြီး အများစုကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ရောင်းချမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ၊ တရုတ်နှင့် ထိုင်းအစိုးရတို့ အပါအဝင် သံလွင်ရေကာတာ စီမံကိန်း ၆ ခုအား အကောင်အထည်ဖော်ရာတွင် ပါဝင်သော ကုမ္ပဏီများကို စီမံကိန်း ချက်ချင်း ရပ်ဆိုင်းရန် တိုက်တွန်းထားသည်။

၁၉၉၇ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရေကာတာကြောင့် ဒုက္ခရောက်ခဲ့ရသည့် နိုင်ငံပေါင်း ၂၀ မှ ကိုယ်စားလျယ်များ စုဝေး၍ ဘရာဇီးနိုင်ငံတွင် နိုင်ငံတကာ အစည်းအဝေး ကျင်းပခဲ့သည့် နေ့ကို ကမ္ဘာ့မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese

သာကေတမြို့နယ်တွင် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး


ဇော်ဇော်ထွေး

လူငယ်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးခဲ့မှုတစ်ခု သာကေတ မြို့နယ်တွင် မတ်လ ၁၂ ရက် ညက ဖြစ်ပွားခဲ့ရာ အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် ထားသည်။

အမှုကို တာမွေမြို့နယ်နေသူ ကိုကျော်ထင်ဦး (၂၈)နှစ်၊ အလူမီနီယံ အလုပ်သမားဖြစ်သူက တိုင်တန်း ထားခြင်း ဖြစ်သည်။

မတ်လ ၁၂ ရက်ည ၁၁ နာရီခွဲက ကိုကျော်ထင်ဦးနှင့်အတူ အသက် ၂၀ နှစ် ၀န်းကျင်ရှိ အလူမီနီယံ လုပ် သား သုံးဦးသည် စစ်ဆေးဆဲဖြစ်သည့် သီဟ၊ ဘိုတိုးတို့ နှင့်အတူ သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ဘိုတိုးနှင့် ချစ်စမ်းမောင်တို့မှ အရင်ပြန်သွားပြီး ၅မိနစ်အကြာတွင် တရားလိုပါ လေးဦးမှာလည်း ပြန်ခဲ့ကြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။ ထို့နောက် ၀င်းထက်အောင်က အရင်ဆုံးပြန်သွား သည့် ချစ်စမ်းမောင်အား ဖုန်းဆက်ပြီး စောင့်ခိုင်းသဖြင့် ဖုန်းဖြင့် ပြန်ဆဲစဉ် လမ်းဘေးတွင်ထိုင်နေသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကို ဆဲသည်ထင်ကာ ရန်စကားများပြောသဖြင့်နောက် မှရောက်လာသည့် ကိုကျော်ထင်ဦးတို့အဖွဲ့နှင့် အခြေအတင် စကားများခဲ့ကြသည်ဟု တရားလိုဘက်က ထွက်ဆို ထားသည်။

ထိုစဉ် လမ်းဘေးရှိ အနက်ရောင်ဆလွန်းကားအနီး စကားပြောနေသည့် အမည်မသိ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ချစ်စမ်းမောင်အား လက်သီးဖြင့် ၀ိုင်းဝန်းထိုးကြသည်ဟု ဆိုသည်။

ထိုအချိန်တွင် သီဟက တစ်ဖက်လူများတွင် ဓားပါကြောင်း အော်ဟစ်ပြောဆိုသဖြင့် ထွက်ပြေးခဲ့ပြီး လဲကျ ကျန်ခဲ့သည့် ချစ်စမ်းမောင်အား သွားပြန်ခေါ်ရာ ယာပခုံးရှေ့ဘက်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက် ပြင်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိထားသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ချစ်စမ်းမောင်အား အလူမီနီယံဆိုင်သို့ ပြန်ပို့စဉ် ၀င်းထက်အောင်က ဖုန်းဆက်ခေါ်သဖြင့် အခင်းဖြစ်ရာသို့ ပြန်အရောက်တွင် ဝေယံစိုးသည် ရင်ဘတ်ထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ၀င်းထက်အောင်တွင်လည်း ခါးအတွင်း ထိုးသွင်းဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့အပ်ခဲ့သည်။ သေဆုံးသူ ဝေယံစိုးကို ပီအာရ် ၀၀၁ ဖြင့်လည်းကောင်း၊ ချစ်စမ်းမောင်ကို အတွင်း လူနာ(စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ၀င်းထက်အောင်ကို ပြင်ပလူနာအဖြစ်လည်းကောင်း ကုသနေရ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အပေါ် ဓားဖြင့် ထိုးသွားသူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ကိုကျော်ထင်ဦးက တိုင်တန်းထားရာ သာကေတရဲစခန်းက ည ၁ နာရီကျော်တွင် (ပ)၁၁၃/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီးဆောင် ရွက်နေသည်။ထို့ပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိပါက ပြစ်မှုပုဒ်မ ၂၀၂/၃၂၆/ ၁၁၄ တို့ဖြင့် တရားစွဲတင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima Burmese

ရွှေထည်အပါအ၀င် ကျပ်သိန်း ၂၅၀ ဖိုးခိုးယူခံရမှု ကိုယ်တိုင်စုံစမ်းမရတော့မှ ရဲတိုင်


 ဇော်ဇော်ထွေး

ကုန်ပစ္စည်း အရောင်းဆိုင်တစ်ခုတွင် ငွေနှင့် ရွှေထည်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ၂၅၀ ကျော်ဖိုး ခိုးယူခံရမှု တွင် ကာယကံရှင်များက ခိုးယူသူအား စောင့်ကြည့် စုံစမ်းခဲ့ရာမှ စုံစမ်းဖော်ထုတ်ပေးရန် ရဲစခန်းသို့အမှုဖွင့် တိုင်တန်းလိုက်သဖြင့် မတ်လ ၁၂ ရက်တွင် စစ်ဆေးလျက် ရှိသည်။

အမှုမှာ တာမွေမြို့နယ် ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်၊ ယုဇနလမ်း၊ တိုက် (၁၀)မြေညီထပ် ဆွိဝေါကုန် မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၀ ရက်က ဆွိဝေါကုန်မျိုး စုံဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ခင်မေရီသည် ငွေ ကျပ်သိန်း ၆၀ကျပ်ကို အံဆွဲတွင် ထည့်၍ သော့ခတ်သိမ်းထားပြီး အံဆွဲအောက်ရှိ အလုံပိတ် အံဝှက်အတွင်းတွင်လည်း ၄၁ ကျပ် သားရှိ ရွှေထည်ပစ္စည်းများ ထည့်သွင်း သိမ်းထားခဲ့သည်ဟု ထွက်ဆိုထားသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကုန်ပစ္စည်းအသစ်များအတွက် ငွေချေရန် ပိုက်ဆံများအား ကြည့်ရာ ကောင်တာအံဆွဲသော့ လုံးဝပျက်စီးချို့ယွင်းခြင်းမရှိဘဲ အတွင်းရှိ ကျပ်သိန်း ၆၀ သည် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အံဝှက်အတွင်း ထည့်ထားသည့် ကျပ်သိန်း ၁၉၃ သိန်းကျော်တန်ဖိုးရှိ လက်ဝတ် ရွှေထည်ပစ္စည်း များပါ ပျောက်ဆုံးနေသည်ဟု ဆိုသည်။ ထို့အတူ ဇန်န၀ါရီ ၂၁ ရက်ကလည်း ၎င်းအံဆွဲအတွင်း ထည့်ထား သည့် ငွေကျပ် သိန်း ၂၀တစ်ကြိမ် ပျောက်ဆုံးခဲ့ကြောင်းနှင့် ယခုအကြိမ် ပျောက်ဆုံးမှုကိုလည်း ရဲကိုမတိုင် ဘဲ မိသားစုနှင့်အတူ စောင့်ကြည့်စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုထားသည်။

သို့သော်စုံစမ်းမရသဖြင့် ခိုးယူသူကို စုံစမ်းဖော်ထုတ်ပေးရန် ဒေါ်ခင်မေရီက မတ် ၁၂ ရက်တွင်လာရောက် အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းတိုင်တန်းမှုကို တာမွေရဲစခန်း က(ပ)၁၃၃/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေကာ ပုဒ်မ ၃၈၀ဖြင့် အရေးယူသွာမည်ဟု ဆို သည်။

Mizzima Burmese

စီးပွားရေးလုပ်ငန်ရှင် ဦးတေဇ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်မည်



ရန်ကုန်၊ မတ် ၁၃

စီးပွားရေး လုပ်ငန်ရှင် ဦးတေဇသည် ဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ယူထားသည့် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုရန် စာတင်ထားကြောင်း အားကစားဝန်ကြီးဌာန လူထုပညာဌာန (ရန်ကုန်) ၏ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ဥမ္မာက အတည်ပြု ပြောကြားသည်။
ယင်းနုတ်ထွက်စာကို ယခုနှစ် နှစ်ဆန်းပိုင်းကပင် အားကစားဝန်ကြီးဌာနသို့ ပေးပို့ခဲ့ခြင်းဖြစ်ရာ လက်ရှိ အချိန်အထိ အားကစားဝန်ကြီးက နုတ်ထွက်ခွင့် ပေးမည်၊ မပေးမည်ကို စောင့်ဆိုင်းလျက် ရှိသည်ဟု ၎င်းကဆိုသည်။

ပြေးခုန်ပစ် ဥက္ကဋ္ဌ ယူထားသည့် ဦးတေဇသည် စီးပွားရေးလုပ်ငန်များ လုပ်ဆောင်ရသည့်အပြင် အသက်အရွယ်နှင့် ကျန်းမာရေးအရ နုတ်ထွက်စာ တင်ထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်က ပြောကြားသည်။

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတေဇသည် ၂၀၀၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကို စတင်ယူခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများမှ ရွှေတံဆပ်ခြောက်ခု၊ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ခုရရှိအောင် လက်ရွေးစင် ကစားသမားများကို ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲနောက်ပိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဒေါက်တာ စိုင်းဆမ်ထွန်းက မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးက လည်းကောင်း၊ ဧဒင်ဦးချစ်ခိုင်က မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးတို့မှ လည်းကောင်း နုတ်ထွက်ခွင့်ပြုရန် အားကစား ဝန်ကြီးဌာနသို့ နုတ်ထွက်စာ အသီးသီး တင်ခဲ့ကြပြီးနောက် တတိယမြောက်အဖြစ် ဦးတေဇက နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။

The Voice Weekly

ဆီးရီးယားအရေးကို မေ့လျော့ထားလျှင် ကပ်ဘေးဆိုက်နိုင်


ရိုက်တာ

ဝါရှင်တန်၊ မတ် ၁၃

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားရာတွင် ၎င်းတို့ အနေဖြင့် ယူကရိန်းမှလ ဒုက္ခသည်များ ကိုင်မီးယားဒေသမှ ထွက်ပြေးလာလျှင်ကူညီရန် အသင့်ရှိကြောင်း သို့သော် ၎င်းအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆီးရီးယားအရေးကို မေ့လျော့ထားလျှင် ကပ်ဘေး ဖြစ်လာနိုင်မည်ကို စိုး ရိမ်မိသည်ဟု ကုလ သမဂ်္ဂ ဒုက်္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ အန်တိုနီရိုဂတ်တိုနီရိုက ပြော ကြားခဲ့သည်ဟု မတ်လ ၁၃ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းက ၀ါရှင် တန်သို့ ဆီးရီးယားဒုက္ခသည် အကျပ်အတည်းကိစ္စရပ်ကို ဆွေးနွေးရန်ရောက်ရှိနေစဉ် ပြောကြားခဲ့ရာတွင်

“ပြီးခဲ့တဲ့လက ဂျီနီဗာဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးတဲ့နောက် ဆီးရီးယားအရေး ဖြေရှင်းရန် အမေရိကန်နဲ့ ရုရှတို့ရဲ့ ကြိုးပမ်းမှုတွေက အတော် နှေးကွေးသွားပါတယ်။ ယခု ယူကရိန်းကိစ္စရပ်ပါ ပါဝင်လာတော့ ပို ဆိုးရွားလာစေပါတယ်” ဟု ပြောကြားခဲ့သည်။

“ဆီးရီးယားငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဖို့လိုအပ်နေချိန်မှာ ယူကရိန်းကိစ္စရပ်ကြောင့် ကျွန်တော်တို့အတွက် အခက်တွေ့ စေပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့အရေးကိစ္စတွေမှာ တာဝန်အရှိ ဆုံးနိုင်ငံတွေအနေနဲ့ ဆီးရီးယားအရေးကို မေ့လျော့ထားခြင်းသည် လည်း ကပ်ဘေးသို့ ဆိုက်နိုင်ကြောင်း သတိပြုစေလိုပါတယ်ဟု ပြောကြားခဲ့သည်။ ၀ါရှင်တန်နှင့် မော်စကို တို့ကြားတွင် တင်းမာမှုများသည် ရုရှက ယူကရိန်းပိုင် ကရိုင်းမီးယားဒေသကို သိမ်းပိုက်ပြီးနောက် အဆိုး ရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

Mizzima Burmese

တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံရေး ဘာကြောင့် အရေးကြီးသလဲ


Jessica Mudditt

Anthem Asia ၏ ညွှန်ကြားရေးမှူး မစ္စစ်ဂျိုးဇက်ဖင်းပရိုက်(စ်)နှင့် တွေ့ဆုံခြင်း

ဂျိုးဇက်ဖင်းပရိုက်စ် (Josephine Price) သည်၊ လွန်ခဲ့သော ၂ နှစ်အကြာက တည်ထောင်ခဲ့သော ရင်းနှီး မြှုပ်နှံရေးအုပ်စုတစ်ခုဖြစ်သည့် Anthem Asia ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး၊ Anthem Asia သည် တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံရေးနှင့်ပတ်သတ်သော ကုလသမဂ္ဂစည်းမျဉ်းများကို လိုက်နာလျက်ရှိ သည်။ Anthem Asia သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ် စက်တင်ဘာက ပထမဆုံးအကြိမ် ရင်းနှီး မြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်။ အမေရိကန်ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံထားသော ဟင်္သာစီးပွားရေးစင်တာ ဟု အမည်ရသည့် ရုံးခန်းငှားရမ်းမှုကုမ္ပဏီကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မူလက ရှေ့နေတစ်ဦးဖြစ်သူ မစ္စ ပရိုက်စ်သည် Anthem Asia ကို ပူးတွဲတည်ထောင်ခြင်း မပြုရသေးမီကာလများ၌၊ အာရှရှိဖွံ့ဖြိုးစဈေး ကွက်များတွင် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား ဆယ်စုနှစ် သုံးခုခန့် လုပ်ကိုင်ခဲ့သည်။ တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံရေးမှာ မြန်မာနိုင်ငံတွင်လည်း အရေးပါပုံကို မစ္စပရိုက်စ်က မဇ္ဈိမ စီးပွားရေးအပတ်စဉ် (Mizz- ima Business Weekly) ကို ပြောပြခဲ့သည်။

တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံမှု ဆိုတာ ဘာပါလဲ။

ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာရင် တာဝန်သိတတ်မှု (responsible) နဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့ခိုင်မြဲမှု (sustainable) ဆိုတာတွေနဲ့ပတ်သက်ပြီး၊ အထူးဝေါဟာရတွေ အများကြီးသုံးပြီး အဓိပ္ပါယ်ဖွင့်ဆိုကြလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဆိုလိုတဲ့ sustainable ရဲ့ အဓိပ္ပါယ်ကို စပြောခွင့်ပြု ပါ။ အဲဒါဟာ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ နယ်ပယ်အသိုင်းအ၀ိုင်းမှာ တန်ဖိုးကို ဖန်တီးပေးတဲ့ စီးပွားရေး လုပ်ငန်းဖြစ်ပြီးတော့ အဲဒီလုပ်ငန်းတွေဟာ ရေရှည်တည်တံ့ကြပါတယ်။ ကျွန်မတို့က စီးပွားရေးဆန်ဆန် ချဉ်းကပ်တာပါ။ ကျွန်မတို့ဟာ NGO အဖွဲ့တစ်ခု မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ငွေရှာချင်ပါတယ်။ ဒါ ပေမဲ့ အဲဒါကို တာဝန်သိစွာနဲ့ လုပ်ချင်တာပါ။

တခါတရံမှာ လူတွေက၊ sustainable ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေဆီကနေ ပြန်ရလာမယ့် အကျိုးအမြတ် ကို လျှော့ယူတာလို့ ယူဆကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သတ်တဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေးအကျိုး သက်ရောက်မှုတွေကို လူတွေက တဖြည်းဖြည်းနဲ့ စပြီး အကဲဖြတ် တွက်ချက်လာကြလိမ့်မယ်လို့ ကျွန်မ တို့ ယုံကြည်ပါတယ်။ ဆိုလိုတာကတော့ sustainable ဖြစ်တဲ့ (ရေရှည်တည်တံ့တဲ့) ရင်းနှီးမြှုပ်နှံမှုတွေ မှာ မြင့်မားတဲ့ ရေရှည်တန်ဖိုးတစ်ရပ် ရှိသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘေးထွက်ဆိုးကျိုး အလားအလာလျော့ကျသွားလို့ပါပဲ။ ကမ္ဘာမြေကြီးကနေ အရာဝတ္ထုတွေကို ထင်သလို ရယူလို့ မဖြစ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင် ထင်တိုင်းကြဲလို့ မရပါဘူး။ အခုအချိန်မှာတော့ ရကောင်း ရတာ တွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်းတော့ အဲဒီလိုရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရေရှည်တည်တံ့မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဆိုတာ ပိုပြီးကောင်းမွန်တဲ့ စီးပွားရေးပုံစံတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆို တော့ ဘေးထွက်ဆိုးကျိုး အလားအလာတွေ အများကြီး ပိုလျော့သွားလို့ပါ။

အခု ခင်ဗျားပြောသွားတာက၊ ဗြိတိန်အတိုင်ပင်ခံပုဂ်္ဂိုလ် John Elkington ၁၉၉၄ ခုနှစ်မှာထွင်ပြီး သုံးနှုန်းသွားတဲ့ “tripe bottom line”ဆိုတဲ့ အယူအဆနဲ့ ဆင်တူပုံရပါတယ်။ ခင်ဗျားရဲ့သဘော ထားက အကျိုးအမြတ်နဲ့ပတ်သတ်ပြီး အစဉ်အလာအယူအဆတွေထက်ကို ပိုပြီးတော့ ထည့်သွင်း စဉ်းစားမယ့် သဘောမျိုးလား။

အဲဒီသဘောမျိုး ဟုတ်ပါတယ်။ အဲဒါဟာ ကုမ္ပဏီတစ်ခုရဲ့ ပတ်ဝန်းကျင်အကျိုးဆက်၊ လူမှုရေးအကျိုး ဆက်နဲ့ ကော်ပိုရေးရှင်းစီမံအုပ်ချုပ်ပုံ (corporate governance)တွကို တိုင်းတာဖို့ စံနှုန်းတွေထဲက တစ် ခုပါပဲ။ အဲဒါကို ဘယ်လိုရယူမလဲဆိုတာနဲ့ပတ်သတ်ပြီး ရာနဲ့ချီပြီး အရေအတွက်ရှိတဲ့ ပညာရပ်စာတမ်း တွေ ရှိနေပေမဲ့၊ အဲဒါကို ဘယ်သူက ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကို ရှင်တို့ ကြည့်လိုက်မယ်ဆို ရင် လက်တွေ့ဆောင်ရွက်မှုတွေဟာ ပညာရှင်တွေ အကြံပြုတာထက် ပိုပြီး အတွေ့ရနည်းတယ်ဆိုတာ သိလာပါလိမ့်မယ်။

တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အောင်မြင်တဲ့ဥပမာတစ်ခုအကြောင်း ကျေးဇူးပြု ပြီး ပြောပြနိုင်မလား။

ကုန်ပစ္စည်းကဏ္ဍမှာ၊ လယ်သမားတွေ သီးနှံအထွက်တိုးဖို့နဲ့ သူတို့ရဲ့သီးနှံတွေ ဈေးကောင်းရဖို့အတွက် လယ်သမားတွေနဲ့ အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီကြီးအချို့ ရှိပါတယ်။ ယေဘုယျပြောရမယ်ဆိုရင်၊ လယ် သမားတစ်ယောက်ဟာ မျိုးစေ့တွေဝယ်ဖို့အတွက် များပြားလှတဲ့အတိုးနှုန်းနဲ့ ငွေချေးရလေ့ရှိလို့ ကြောက် စရာကောင်းလှတဲ့ ငွေချေးယူမှုဝဲဂယက်ထဲမှာ သံသရာလည်နေတတ်ပြီးတော့၊ သူတို့ရဲ့သီးနှံတွေကိုဈေး နှိမ်ဝယ်ယူမယ့် ကြားလူဆီကို ရောင်းချရလေ့ရှိပါတယ်။ အဲဒါကြောင့် လယ်သမားတွေဟာ ဆင်းရဲခြင်း သံသရာထဲကနေ ရုန်းထွက်လို့မရဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အချို့ကုမ္ပဏီကြီးတွေဟာ လယ် သမားတွေရဲ့ သီးနှံအထွက်တိုးလာရေးနဲ့ လယ်သမားတွေဆီက သီးနှံကို သင့်တော်တဲ့ သတ်မှတ်ဈေး နှုန်းနဲ့ တိုက်ရိုက် ၀ယ်ယူရေးတို့ကို လုပ်ဆောင်နေကြပါတယ်။ အဲဒါဟာ ပိုပြီးတာရှည်ခံတဲ့ စီးပွားရေးဖြစ် ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လယ်သမားတွေရဲ့လုပ်ငန်းဗဟုသုတ ပိုမိုပြည့်စုံလာမှာဖြစ်ပြီး၊ မြေ သြဇာ စတဲ့ပစ္စည်းတွေကိုလည်း ပိုပြီး ထိထိရောက်ရောက် အသုံးပြုလာနိုင်မှာ ဖြစ်လို့ပါပဲ။ အဲဒါဟာ ပိုပြီး အကျိုးကျေးဇူးများတဲ့ စက်ဝန်းတစ်ခုကို ဖန်တီးလိုက်တာပါပဲ။ အရှေ့တောင်အာရှတ၀ှမ်းမှာ လယ်သမား တွေနဲ့တွဲပြီး ပိုပြီးတာရှည်ခံမယ့် စီးပွားရေးဆောင်ရွက်မှုမျိုးတွေ အများကြီးရှိပါတယ်။

Anthem Asia လုပ်နေတဲ့ ကဏ္ဍတွေထဲက တစ်ခုကတော့ ခရီးသွားလုပ်ငန်းဖြစ်တယ်လို့ သိရပါ တယ်။ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်ပြီး ခင်ဗျားတို့အနေနဲ့ ဘာတွေဆောင်ရွက်မှာပါလဲ။

အခုလက်ရှိအဆင့်မှာတော့ ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်ပြီး ကျွန်မတို့ အတွေ့အကြုံတွေဟာ အကန့် အသတ်ရှိနေပါတယ်။ ဒါပေမဲ့ အဲဒါဟာ ကြီးကျယ်တဲ့ ကဏ္ဍတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်မတို့ ယုံ ကြည်ပါတယ်။ အခက်အခဲဖြစ်မှာကတော့၊ များပြားလှတဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ကို ဘယ်လို စီမံမလဲဆိုတာပဲဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ လာရောက်ကြမှာပါ။ ဒေသတွင်း စီးပွားဘက်တွေနဲ့ အတူတူအလုပ်လုပ်နေကြသူတွေ၊ ဒေသခံအသိုင်း အ၀ိုင်းတွေအပေါ်မှာ စာနာနားလည်တတ်သူတွေနဲ့ ကျွန်မတို့ အလုပ်လုပ်ချင်ပါတယ်။ ကမ္ဘာလှည့်ခရီး သည်တွေအနေနဲ့လည်း အဲဒါကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အဲဒါဟာ စီးပွါး ရေးဆန်တဲ့ အာရုံကို ဖြစ်ပေါ်စေပြီးတော့ ပိုမိုပြီး ရေရှည်တည်တံ့ပါလိမ့်မယ်။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဒေါ်လာတွေအားလုံး မြန်မာနိုင်ငံထဲက ထွက်မသွားစေသင့်သလို ဒေသခံတွေအတွက် အကျိုးမရှိတဲ့ အနေအထားမျိုးလည်း မဖြစ်သင့်ပါဘူး။

သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲဆိုတာရယ်၊ ခရီးသွားကဏ္ဍထဲက ၀န် ထမ်းတွေကို ပိုကောင်းတဲ့သင်တန်းတွေ ပို့ချဖို့ရယ် စတဲ့ ကိစ္စရပ်တွေ အမျိုးမျိုးအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ပြီးခဲ့တဲ့နှစ်ပတ်လောက်တုန်းက ကျွန်မတို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်း ပခဲ့ပြီးတော့၊ အစိုးရအဖွဲ့ဝင်တွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီတွေနဲ့ စကားပြောခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းလုပ်ကိုင်လိုစိတ် အရမ်းပြင်းပြနေပြီးတော့၊ အတူတကွလုပ်ဆောင်ကြမယ့် လုပ်ငန်းအဖွဲ့တစ်ခု ဖြစ်လာရေးအတွက် ကြိုးပမ်းနေတယ်လို့ ကျွန်မ ယူဆပါတယ်။ အဲဒါဟာ အပြုသဘောဆောင်ပါတယ်။

မြို့ပြင်တွေမှာ ဟိုတယ်ကြီးတွေဆောက်ရတာမှာ အကြောင်းမလှတဲ့ အကျိုးဆက်တွေရှိတာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ကျွန်မ ထပ်ပြောပါဦးမယ်။ ကျွန်မတို့ဟာ NGO အဖွဲ့အစည်းတစ်ခု မဟုတ်ပါ ဘူး။ ကျွန်မတို့ရဲ့တာဝန်က ကျွန်မတို့လုပ်နေတာတွေကို မှန်မှန်ကန်ကန်လုပ်ဖို့နဲ့ အန္တရာယ်ကင်းအောင် ကြိုးစားဆောင်ရွက်ဖို့ပါပဲ။ ကျွန်မတို့လုပ်နေတာက ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့နဲ့ ထိတွေ့ဆက်ဆံနေရတဲ့အရာတွေကို နည်းနည်းလေး ပြောင်းလဲပစ်ဖို့ပါပဲ။

အမြတ်များများရနိုင်မယ့် လမ်းကြောင်းမျိုးတွေ၊ ပိုပြီးလွယ်ကူနိုင်တဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ၊ ဖောက်သည်ဖြစ်လာနိုင်သူတွေအနေနဲ့ မှန်ကန်တဲ့အရာတွေပြုလုပ်ဖို့ ခင်ဗျားတို့ ဘယ်လိုသိမ်း သွင်းစည်းရုံးမလဲ။

အဲဒါဟာ ကမ္ဘာပေါ်က တခြားနေရာတွေမှာနဲ့ ခြားနားမှုမရှိပါဘူး။ ကျွန်မတို့အနေနဲ့ ဖောက်သည်တွေကို ကွန်ယက်တွေကနေတစ်ဆင့် ရှာတာပါ။ ကျွန်မတို့ ဘာတွေလုပ်တယ်ဆိုတာကို လူတွေကို ပြောပြပါ တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဇွတ်စည်းရုံးပြီး ရောင်းတာမျိုး ကျင့်သုံးလို့ရတယ်ဆိုတာကို ကျွန်မ အမှန် တကယ် မယုံကြည်ပါဘူး။ ဒီမှာ အသိုင်းအ၀ိုင်းထဲကို ပြန်ပြီးပေးတဲ့ ထုံးစံလည်းရှိပါတယ်။ ကျောင်းတစ်ခု ဆောက်လုပ်တည်ထောင်တာမျိုး ဖြစ်ဖြစ်၊ ကောင်းမှုတစ်ခုခုလုပ်တာမျိုးဖြစ်ဖြစ်ပေါ့။ ခုနကပြောတဲ့ဟာ ကို တရုတ်လိုနိုင်ငံမျိုးတွေမှာ ရှင်စမ်းသပ်ကြည့်သင့်ပါတယ်။ ဒီမှာတော့ ရေရှည်တည်တံ့ခိုင်မြဲမယ့်ရင်းနှီး မြှုပ်နှံရေးအယူအဆကို အများကြီး သိရှိနားလည်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သတိပြုရမှာက ကျွန်မတို့ ဟာ အသေးစားနဲ့အလတ်စား စီးပွါးရေးတွေကိုပဲ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အကြီးစားနဲ့ ရှုပ်ထွေး တဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။

တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် စပြီး လမ်းပွင့်လာတုန်းက အခြေအနေတွေနဲ့ အခုဖွံ့ဖြိုးစဈေးကွက်ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုနှိုင်းယှဉ်ကြည့်လို့ ရနိုင်ပါသလဲ။

ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအများအပြားကတော့ ဆင်တူကြပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိသေးတာတွေ၊ ကန်ထရိုက်စာချုပ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိပ်ပြီး နားမလည်ကြသေးတာတွေ၊ ငွေစာ ရင်းကိုင်တွယ်မှု ညံ့ဖျင်းတာတွေ၊ အရေအတွက်အလွန်နည်းတဲ့ လူတချို့လောက်ကပဲ အခွန်ဆောင်ကြ တာတွေ စတဲ့ ပြဿနာတွေ ရှိတာ တူညီကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထူးခြားတာက တော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု တစ်ချိန်တည်း လုပ်ဆောင်ခြင်းပါပဲ။ တရုတ်နိုင်ငံဟာ နိုင်ငံရေးကိုဖွင့်မပေးဘဲ စီးပွားရေးကိုသာ ဖွင့်ပေးခဲ့ပါတယ်။ ဗီယက်နမ်မှာလည်း အဲဒီ အတိုင်းပါပဲ။ အင်ဒိုနီးရှားနိုင်ငံဟာလည်း ပွင့်လင်းလာခဲ့ပြီး၊ အဲဒီနောက်မှာ အင်ဒိုနီးရှားမှာ တော်လှန်ရေး တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီအရာနှစ်ခု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု ဒီမှာ တစ်ချိန်တည်း ပေါ်ပေါက်နေတယ်ဆိုတဲ့အချက်ဟာ ကောင်းတဲ့အရာတစ်ခု ဖြစ်ပါ တယ်။ ဒါပေမဲ့ အရမ်းလည်း ရှုပ်ထွေးပါတယ်။ ဘာလို့လည်းဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ မရေမရာ ဖြစ်နေလို့ပါ။ နိုင်ငံရေးစကားစစ်ထိုးမှုတွေ ဆက်ရှိနေသလို၊ စီးပွားရေးဥပဒေသစ်တွေ ဖော်ဆောင်ဖို့လဲ ကြိုးစားနေကြပါတယ်။

မကြာသေးခင်က ရိုက်တာသတင်းတစ်ပုဒ်တွင် အာရှမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံလို့ ဖော်ပြထားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၀င်ငွေအလယ်အလတ်ရှိတဲ့နိုင်ငံ တစ်ခု ဘယ်အချိန်မှာဖြစ်လာလိမ့်မယ်လို့ ခင်ဗျား ထင်မြင်ယူဆထားပါသလဲ။

မြန်မြန်ဆန်ဆန်တော့ ဖြစ်မလာနိုင်ပါဘူး။ အနည်းဆုံး ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကြာနိုင်ပါတယ်။ ပြီး တော့ “၀င်ငွေအလယ်အလတ်” ဆိုတဲ့ အနေအထားကလည်း အတော်လေးဆင်းရဲနေတုန်းပဲဆိုတာကို သတိပြုသင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အင်မတန်နိမ့်ကျတဲ့ အောက်ခြေကနေ စတင်နေရတာပါ။ ဘာ ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ငွေမည်းတွေ အများအပြား ရှိနေတယ်ဆိုတဲ့အချက်က မြန်မာ့စီးပွားရေး အရွယ် အစားကို ခန့်မှန်းအကဲဖြတ်ရ အလွန်ခက်စေပါတယ်လို့ ကျွန်မပြောချင်ပါတယ်။

Mizzima Business Weekly တွင် ဖော်ပြခဲ့သော “Why Sustainable Investment Matters” ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

အမုန်းတရားဟောပြောမှု ရပ်စဲဖို့ အစိုးရက ဥပဒေပြဋ္ဌာန်းကိုင်တွယ်ပါ – ဦးအောင်မျိုးမင်း

ဦးအောင်မျိုးမင်း

နိုင်ငံအတွင်း အမုန်းတရားဟောပြောမှု (Hate Speech) တွေ ရပ်စဲအောင် အစိုးရအနေနဲ့ အမုန်းတရား ဟောပြောမှု တားဆီးရေး ဥပဒေတရပ်ကို ရေးဆွဲပြဋ္ဌာန်းဖို့ အဓိကတာဝန်ရှိတယ်လို့ ထင်ရှားတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီအမုန်းတရားတွေကို တိုက်ဖျက်နိုင်တာကတော့ တဦးနဲ့တဦး နားလည်မှု တည်ဆောက်ခြင်းပဲဖြစ်တယ်လို့ ပြောပါတယ်။ ဦးအောင်မျိုးမင်းကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်



သနားစရာကောင်းလိုက်ပါဘိ တို့တပ်မတော်


ယနေ့တပ်မတော်သည် အခက်အခဲ များ ရင်ဆိုင်နေရသည်။ လွှတ်တော်များ တွင် ရောက်ရှိနေသော ၂၅ ရာခိုင်နှုန်း သော တပ်မတော်သားကိုယ်စားလှယ်များ ကို လွှတ်တော်များအတွင်းမှမောင်းထုတ်သူ များနှင့် ရင်ဆိုင်နေရသည်။ တပ်ရင်းတပ် ဖွဲ့များမှ သိမ်းပိုက်ထားသောမြေများကို ပြန်ပေးရန်တောင်းဆိုသူများနှင့် ရင်ဆိုင် နေရသည်။ ကာကွယ်ရေးအသုံးစရိတ် များနေသည်ဟုဆိုကာ ဖြတ်တောက်နေသူ များနှင့်ရင်ဆိုင်နေရသည်။ အစိုးရဌာန များသို့ တပ်မတော်အရာရှိများဝင်ရောက် တာဝန်ထမ်းဆောင်နေခြင်းကိုကန့်ကွက် သူများက ကန့်ကွက်နေကြသည်။
ဆန့်ကျင်ကန့်ကွက်ခံနေရသော မြန်မာ့တပ်မတော်သည် ဘယ်ကဘယ်လို ပေါ်ပေါက်လာပါလိမ့်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် တပ်မတော်ကို စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ တပ်မ တော်အင်အားကြီးထွားလာမည်ကိုမလိုလား သဖြင့် ဂျပန်များကလည်းတပ်မတော်ကို ဖျက်သိမ်းပြီး လူအင်အားနည်းနည်းဖြင့် ပြန်ဖွဲ့ခဲ့ဖူးသည်။ အင်္ဂလိပ်များကလည်း တပ်မတော်ကိုအင်အားကြီးမလာစေရန် ဖျက်သိမ်းပြီးအင်အားလျှော့ကာပြန်လည် ဖွဲ့စည်းခဲ့ဖူးသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့က မည်သို့ပင်တပ်မတော်ကိုအင်အားချိနဲ့ အောင်လုပ်ခဲ့ကြစေကာမူ မြန်မာ့တပ်မ တော်သည် လွတ်လပ်ရေးရပြီးစ မြန်မာ နိုင်ငံကိုတစ်စစီဆုတ်ဖြဲရန်လုပ်ကြံခဲ့ကြသည့် လက်နက်ကိုင်သောင်းကျန်းသူများ အား အနိုင်တိုက်ခဲ့သည်။ အကယ်၍ တပ်မတော်ရှုံးခဲ့သော် တရုတ်ပြည်မကြီး တွင် စစ်ရှုံးထွက်ပြေးလာသော တရုတ်ဖြူ ကေအမ်တီများသည် ရှမ်းပြည်နယ်အရှေ့ ပိုင်းသို့ထွက်ပြေးဝင်လာကာအခြေချခဲ့ သည်။ သူတို့သည်ရှမ်းပြည်သူများအထူး သဖြင့် ရှမ်းပျိုဖြူများကိုအကြီးအကျယ် စော်ကားဒုက္ခပေးခဲ့သည်။ ဘိန်းစိုက်ပျိုး ခြင်းဖြင့် ရှမ်းပြည်နယ်နေသူများကို ဘိန်း စားများဖြစ်အောင်လုပ်ခဲ့သည်။ အင်းစိန် တိုက်ပွဲ၊ ပြည်တိုက်ပွဲ၊ တောင်ငူတိုက်ပွဲ၊ မိတီ်္ထလာတိုက်ပွဲ၊ မန္တလေးတိုက်ပွဲကြီးများ နွှဲပြီးစ စစ်ပမ်းနေသောတပ်မတော်သည် ရှိသမျှအင်အားကိုစုစည်းကာ တရုတ်ဖြူ အနှိပ်စက်ခံရှမ်းပြည်နယ်နေပြည်သူများကို ကယ်တင်ရန် ရှမ်းပြည်နယ်သို့အဟုန်ပြင်း စွာချီတက်ပြီး ဘုရင့်နောင်စစ်ဆင်ရေး ကြီးကို ခက်ခက်ခဲခဲအကျအဆုံးများစွာ ဖြင့် ဆင်နွှဲခဲ့သည်။
စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ စစ်ရေးအကူအညီကိုရယူထားသော တရုတ်ဖြူကေအမ်တီများသည် လက်နက်အင်အား၊ လူအင်အားနည်းလွန်းလှ သော မြန်မာ့တပ်မတော်သားများ၏ စွမ်းရည်သတိ္တကိုရင်မဆိုင်နိုင်တော့ဘဲ မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှထွက်ပြေး သွားကြရသည်။ အကယ်၍မြန်မာ့ တပ်မတော်သည်ကေအမ်တီများကိုရှုံးနိမ့် ခဲ့လျှင် ရှမ်းပြည်နေလူထု၏ဘ၀သည် မည်သို့သက်ဆင်းသွားမည်နည်း။
တစ်ခေတ်တစ်ချိန်က ဧရာဝတီတိုင်း ဒေသကြီးသည်သောင်းကျန်းသူများလွှမ်း မိုးမှုအောက်သို့ရောက်ခဲ့ဖူးသည်။ တစ်ရွာ နှင့်တစ်ရွာ၊ တစ်မြို့မှတစ်မြို့သို့ အသက်ကို ဖက်နှင့်ထုပ်ဆိုသလိုသွားလာနေထိုင်ခဲ့ရ ဖူးသည်။ ဆက်ကြေးမျိုးစုံသောင်းကျန်း သူများကို အငတ်ခံပေးခဲ့ကြရသည်။ ပုသိမ်မြို့ပင်လျှင်မကြာခဏခြိမ်းခြောက် ခံရဖူးသည်။ တပ်မတော်ကရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးများဆင်နွှဲကာ ဧရာဝတီ တိုင်းမှ ပြည်သူများ၏ဘ၀မကြောင့်မကျ တည်ငြိမ်အေးချမ်းအောင်ကယ်တင်ပေး ခဲ့ဖူးသည်။ အကယ်၍တပ်မတော်သည် ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးတွင် အရေးနိမ့်ခဲ့ပါက ယနေ့ဧရာဝတီတိုင်းနေ ပြည်သူများ၏ဘ၀ မည်သို့ဖြစ်နေမည် နည်း။
အင်အားကြီးမားသောလက်နက်ကိုင် အင်အားစုတစ်စုသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွန်းလုံမြို့ကိုသိမ်းပိုက်ပြီး ထိုမှတဆင့် လားရှိုးမြို့ကိုပါသိမ်းပိုက်ကာ လွတ်မြောက်နယ်မြေထူထောင်ရန်ကြိုးပမ်း လာဖူးသည်။ လူအင်အား၊ လက်နက် အင်အားအသာစီးရထားသောလက်နက် ကိုင်သောင်းကျန်းသူများကို တပ်မတော် သားများသည် အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါအစိပ်အပိုင်းများကိုစွန့် လွှတ်ကာ အစာရေစာအပြတ်ခံကာ သောင်းကျန်းသူများကိုအနိုင်တိုက်ခြင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနေ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုကယ်တင်ခဲ့ဖူး သည်။ (စာရေးဆရာကြီး ဦးသိန်းဖေမြင့် သည် ““အရှေ့မြောက်ပိုင်းတစ်ခွင်””အမည် ဖြင့် ၀တ္တုဟန်ဆောင်းပါးရှည်ကြီးကို ဗိုလ်တထောင်သတင်းစာတွင်အခန်းဆက် ရေးသားကာတပ်မတော်သားများကို ဂုဏ်ပြုဖူးသည်) အကယ်၍သာတပ်မ တော်သည် ရက် ၄၀ကြာ ကွန်းလုံတိုက် ပွဲကြီးတွင် ရှုံးနိမ့်ခဲ့ပါက ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများ၏ဘ၀မည်သို့ ရှိချေမည်နည်း။
၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်၌ အမြို့ မြို့အနယ်နယ်တွင် ဆန္ဒပြပွဲများဆင်နွှဲ နေကြသဖြင့် အစိုးရအကြပ်ဆိုက်နေချိန် ကို အခွင့်ကောင်းယူပြီး မိုင်းယန်းနှင့် မဲ သဝေါဘက်၌ သောင်းကျန်းသူများက တိုက်ပွဲကြီးများဖန်တီးခဲ့ကြသည်။ တပ် မတော်သားများသည်အပြေးအလွှားသွား ကာ သောင်းကျန်းသူများကိုထိန်းချုပ် အနိုင်ယူခဲ့သည်။ အကယ်၍ မိုင်းယန်း တိုက်ပွဲနှင့် မဲသဝေါတိုက်ပွဲ၌ တပ်မတော် ရှုံးနိမ့်ခဲ့လျှင် ရှမ်းပြည်နယ်နှင့် ကရင် ပြည်နယ်မှ ပြည်သူတို့၏ဘ၀ နွံနစ်ပေ တော့မည်။
တောင်ပေါ်မြေပြန့်နေရာမရွေး သွားရောက်ကာ အသက်၊ သွေး၊ ချွေး၊ အင်္ဂါအစိတ်အပိုင်းများကိုစွန့်လွှတ်ကာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အသက်၊ အရှက်၊ စည်းစိမ်ဥစ္စာကိုကယ် တင်ကာကွယ်စောင့်ရှောက်ပေးခဲ့သော တပ်မတော်သားများကိုလွှတ်တော်အတွင်းမှ မောင်းထုတ်သူများကမောင်းထုတ်နေပြီ။ ကာကွယ်ရေးအသုံးစရိတ်ဖြတ်တောက်ခြင်း ဖြင့် တပ်မတော်သား၏စွမ်းရည်ကိုချိနဲ့ စေသူများလည်းပေါ်ပေါက်လာနေချေပြီ။ တပ်ရင်းများကသိမ်းယူထားသောမြေကြီး များကိုလည်း ပြန်တောင်းကြသူများက တောင်းနေကြပြီ။
လွန်ခဲ့သော ဆယ်နှစ်လောက်က သက်ပြည့်အငြိမ်းစားယူခဲ့သောတပ်ရင်းမှူး တစ်ဦးနှင့် မန္တလေး-ရန်ကုန်အမြန်ရထား ပေါ်၌ ဆုံခဲ့ဖူးသည်။ သူက ““တပ်ရင်း တွေက မြေသိမ်းတယ်ဆိုတာကလဲ ရည် ရွယ်ချက်ရှိပါတယ်။ ကာကွယ်ရေးအသုံး စရိတ်ဖြတ်တာကို တပ်မတော်ကဘယ်လိုမှ မတတ်နိုင်တော့ တပ်မတော်သားတွေဟာ တပ်ရင်းဧရိယာတွေထဲမှာပဲ စိုက်ပျိုးမွေး မြူရေးတွေလုပ်ကြမယ်။ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းလေးတွေလုပ်ကြမယ်။ ဒီနည်းနဲ့ ၀င်ငွေရှာကြမယ်ပေါ့ဗျာ။ တပ် ရင်းတစ်ရင်းမှာ လေ့ကျင့်ရေးကွင်း၊ တပ် တွင်း ဆေးရုံ၊ အားကစားကွင်း၊ ဒါတွေလဲ လုပ်ရမှာပေါ့။ အခုတော့ တပ်တွေထံက လယ်မြေတွေကိုပြန်တောင်းကြတော့လဲ ပြန်ပေးကြရမှာပေါ့။ အင်း ကာကွယ်ရေး အသုံးစရိတ်လဲအဖြတ်ခံရ၊ မြေကြီးတွေလဲ ပြန်ပေးရဆိုတော့ တပ်မတော်သားတွေ ဟာ ရှေ့လျှောက်ဆင်းဆင်းရဲရဲနဲ့တိုင်းပြည် ကို ကာကွယ်ရတော့မှာပေါ့လေ”” ဟု ပြောသည်။
ပြည်သူဗဟိုပြုလုပ်နည်းလုပ်ဟန်ကို အစိုးရကလက်တွေ့ကျင့်သုံးနေရာ တပ် မတော်သည်လည်း ပြည်သူတို့၏ဆန္ဒ အတိုင်းသာ စခန်းသွားရတော့မည်ဖြစ် သည်။
ပြည်သူ့ဗဟိုပြုလုပ်နည်း လုပ်ဟန် သည် အထူးကောင်းမွန်သောလုပ်နည်း လုပ်ဟန်ဖြစ်သည်ကို လူတိုင်းကလက်ခံ ကြရမည်သာဖြစ်သည်။ အဆုံးအဖြတ် ပေးကြမည့် ပြည်သူတစ်ဦးချင်းစီ၏ အတွေးအခေါ်အယူအဆသည်သာ မှန်ကန်ရန်လိုအပ်သည်။ အတွေးအခေါ် အယူအဆမှန်ကန်ရန် ပညာရည်ဗဟုသုတ ပြည့်ဝရန်လိုသည်။
တပ်မတော်သည် ပြည်သူတို့၏ ဆန္ဒအတိုင်းသာနေထိုင်သွားရမည်သာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးကိုကာ ကွယ်စောင့်ရှောက်ရန် အင်အားတောင့် တင်းသော တပ်မတော်ဖြစ်လာဖို့၊ ဖြစ် မလာဖို့ဆိုသည်ကို ပြည်သူတို့၏ဆန္ဒ ကသာ ဆုံးဖြတ်ပေတော့မည်။

မိုးအောင်ရီ
BY HOTNEWS

စောနေတိုးကို မမိသေး


မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံစည်ကာ ရွှေတိဂုံဘုရား ကို အစ္စလာမ်ဘာသာဝင်များ၏ အစ်ဒ်နေ့တွင် ဗုံးခွဲရန်ကြံစည်ခဲ့သူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU  မှ စောနေတိုးကို ၅ လခန့် ကြာမြင့်သော်လည်း ဖမ်းဆီးရမိ ခြင်းမရှိသေးဘဲ ဆက်လက်လွတ် မြောက်နေဆဲဖြစ်ကြောင်း သိရ သည်။

စောနေတိုးသည်KNU  ထိန်းချုပ်နယ်မြေရှိ တပ်မဟာ ၅ တွင် လွတ်မြောက်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်း သတင်းများသည်မှားယွင်းကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးရှိရှိက မတ်လ ၁၀ရက်နေ့ က ပြောသည်။

သတ်မှတ်ရက်အတွင်း ရွှေတိဂုံဘုရားကို ဗုံးခွဲရန် စော နေတိုးဆိုသူမှ စောမြင့်လွင်ဆို သူကို ငွေ ၅သိန်းနှင့် ရွှေလုပ် ကွက်အချို့ပေးမည်ဟုဆိုကာ ခိုင်းစေခဲ့ခြင်းဖြစ်သည်။

““စောမြင့်လွင်ဆိုသူက အရင် က တပ်သားအဖြစ်နဲ့ မြို့နယ် အဆင်KNU ပြည်သူစစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖူးပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ သူဟာKNU အဖွဲ့ကနေပြီးတော့ ထွက် သွားပါပြီ။ ကျွန်တော်တို့တပ်မှာ တာဝန်မထမ်းဆောင်တော့ပါဘူး””ဟုKNU အဖွဲ့မCEC   အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့KNU အနေဖြင့် အဆိုပါ ကိစ်္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများကို အစိုးရနှင့်ပူးပေါင်းကာ လုပ်ဆောင်နေလျက်ရှိပြီး စော မြင့်လွင်ဆိုသူကို ဖမ်းဆီးရမိသော် လည်း စောနေတိုးသည် လွတ် မြောက်နေဆဲဖြစ်ပြီး ၎င်း၏ နောက်တွင် ကြိုးကိုင်ခြယ်လှယ် မည့်သူများရှိနေသေးကြောင်းကို လည်း အဖွဲ့မှ CEC  အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆို ထားသည်။

““ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့ လာစုံစမ်းဆဲပဲရှိသေးတယ်။ KNU အဖွဲ့ကမဟုတ်ရင်တောင် ကရင်အမျိုးသားတစ်ယောက်၊ ကရင်တိုင်းရင်းသားတစ်ယောက် ဖြစ်တဲ့အတွက် KNU မှာ တာဝန် ရှိတယ်လို့မှတ်ယူတယ်””ဟု ဖဒိုမန်း ငြိမ်းမောင်က ရန်ကုန်မြို့ရှိMyanmar Peace Centre တွင် ပြုလုပ်ခဲ့သော စောနေတိုးကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲတွင်လည်း ပြောဆိုထားသည်။

ဗုံးပေါက်ကွဲမှုများသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၊ အင်းစိန်မြို့နယ်၊ သာကေတ မြို့နယ်၊ အလုံမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ကာ မပေါက်ကွဲ သေးသည့် ဗုံးများကိုလည်း တွေ့ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့များတွင် ၁၀ကြိမ် ထက်မနည်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာ ၉ရက်မှစတင်က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူ မြို့များတွင် ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 ဖြိုးအောင်
BY HOTNEWS

မွန်ပြည်နယ်က ကုလားမတောင်တန်း မဖြိုချရန် ဒေသခံများ ကန့်ကွက်

ဓာတ်ပုံ - ဇော်နိုင်ထွေး ဖေ့ဘုတ်

မွန်ပြည်နယ် ပေါင်မြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနားမှာ ကပ်နေတဲ့ ကုလားမ တောင်ကို ဖြိုပြီး အမ်ဘာတို (Amberto) ကုမ္ပဏီက လမ်းခင်းကျောက်ထုတ်လုပ်မှာကို ဒေသခံတွေက မလိုလားတဲ့အတွက် သက်ဆိုင်ရာကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။

အုန်းတပင်ကျေးရွာအုပ်စုက ရွာသားတွေက ကုလားမတောင်တန်းက ဖြတ်သန်း စီးကျလာတဲ့ တောင်ကျရေတွေကို အားထားပြီး သောက်သုံးနေရသလို တောင်ပေါ်က တနိုင်တပိုင်း ရေအားလျှပ်စစ်တွေနဲ့ မီးရရှိရေးကို ဖြေရှင်းနေရတာပါ။

ဒါကြောင့် ကုလားမတောင်တောင်းကို ဖြိုချပြီး လမ်းခင်းကျောက် ထုတ်လုပ်မယ်ဆိုရင် သူတို့အတွက် ရေမီး အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာမို့ ကန့်ကွက်ကြတာလို့ ဦးငယ်လေးက ပြောပါတယ်။
“အခုလက်ရှိကတော့ အုပ်ချုပ်ရေးရုံးမှာပေါ့နော်၊ သစ်တောမှာ သူတို့က ငွေသွင်းထား ပြီးပြီလို့ ကြားပါတယ်။ အုပ်ချုပ်ရေးမှူးကို ကျနော်တို့ကလည်း စာတင်ထားတဲ့ အခါကျတော့ ကျနော်တို့ ပြည်သူနဲ့ သူတို့အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ရလာတဲ့အဖြေကို ရမှာပဲ လိုင်စင်ထုတ်ပေး မယ်ဆိုတဲ့ အနေအထားပါ။ အခုက ကျနော်တို့က ကန့်ကွက်နေတာပဲ။ ဒါပေမယ်သူတို့က အတင်းဇွတ်ဝင်နေတာပဲ။”

ဒီတောင်ကို ဖြိုမချဖို့ အုန်းတပင်ကျေးရွာအုပ်စုအတွင်း ရွာ ၆ ရွာက ရွာသူရွာသား ၁၀၀ ကျော်နဲ့ ဘုန်းတော်ကြီးတွေက အုပ်ချုပ်ရေးမှူးရုံးကို ကန့်ကွက်စာလည်း တင်ထားကြပါတယ်။ အမ်ဘာတိုကုမ္ပဏီဟာ ပုဂ္ဂလိကပိုင် မြန်မာကုမ္ပဏီတခု ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သောင်းကတော့ ဒီကိစ္စတွေကို ဖြစ်အောင်လုပ်တာကို သူလုပ်တာလို့ ရွာသားတွေဘက်က နားလည်မှုလွဲနေကြောင်းနဲ့ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိကြောင်း ရှင်းပြပါတယ်။

အဲဒီရွာမှာ ရောက်နေတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးတင်လှကတော့ တောင်ဖြိုချလိုက်ရင် တောင်ခြေတ၀ိုက်နားက ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ၊ ရာဘာစိုက်ခင်းတွေ၊ တောင်ခြေက ရွာတွေအပြင် သဘာဝပတ်ဝန်းကျင်တွေလည်း ထိခိုက်နိုင်တဲ့အကြောင်းနဲ့ ရေမြေသစ်တောတွေကို ထိန်းသိမ်းဖို့ ဥပဒေတွေ ရှိတယ်လို့ ပြောပါတယ်။

အုန်းတပင်ကျေးရွာစုက ရွာ ၆ ရွာအပါအ၀င် တခြားအနီးအနားက ရွာသားတွေကလည်း တောင်ကျရေတွေနဲ့ လျှပ်စစ်ဓာတ်အားကို အမှီပြုနေရတာမို့ တောင်ဖြိုစီမံကိန်း အကောင်အထည်ဖော်မှာ စိုးရိမ်နေကြပါတယ်။

အသံဖိုင်နားဆင်ရန်



DVB Burmese