လူအများနှင့် သက်ဆိုင်သည့် နေရာများ၌ အခမဲ့နှင့် အခပေး Wi-Fi Zone များ ထူထောင်မည်


Red Link ကုမ္ပဏီသည် ရန်ကုန်မြို့အတွင်း အများနှင့်သက်ဆိုင်သော တည်နေရာများ၌ အခမဲ့နှင့် အခပေး Wi-Fi Zone များ ထူထောင်သွားရန် စီစဉ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဘုရားများ၊ ဈေးများ၊ တက္ကသိုလ်များ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ကားဂိတ်များ၊ ဘူတာကြီး၊ လေဆိပ်နှင့် အခြားသောအများနှင့် သက်ဆိုင်သည့် တည်နေရာများ၌ Wi-Fi Zone များ တည်ထောင်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ယခုနှစ်မကုန်ခင်၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။

ထူထောင်မည့် Wi-Fi Zone အရေအတွက်နှင့် အသုံးပြုခွင့်ပေးမည့် အမြန်နှုန်းများကို ကုမ္ပဏီအနေဖြင့် သတ်မှတ်ရသေးခြင်းမရှိကြောင်း ၊ အဆိုပါ Wi-Fi Zone များ၌ အခပေးစနစ်အသုံးပြုရန် ငွေဖြည့်ကုဒ်နံပါတ်များကို ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

Red Link အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အခမဲ့ Wi-Fi Zone များ တည်ဆောက်ခွင့်ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပူးပေါင်း၍ Wimax အင်တာနက်လိုင်းများကို ရောင်းချပေးနေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

Local Service Provider (LSP) တစ်ခုအနေဖြင့် Red Link ကုမ္ပဏီသည် အင်တာနက်လိုင်းများကို ရောင်းချလာခဲ့သည်မှာ ၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီးဖြစ်ပြီး သုံးစွဲသူအရေအတွက် ၁ သောင်းကျော်ရရှိခဲ့သည်ဟု သိရသည်။ ယခုလအတွင်း ကုမ္ပဏီသက်တမ်း ၅ နှစ်ပြည်ခဲ့သော Red Link ကုမ္ပဏီသည် နိုဝင်ဘာလအတွင်း ၎င်းတို့၏ Wimax အသုံးပြုသူများကို အမြန်နှုန်းအခမဲ့တိုးမြှင့်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။


မြင့်ကျော်လှိုင်
internet journal

ရန်ကုန်နှင့် မန္တလေးတွင် မိုင်းနှင့် ချိန်ကိုက်ဗုံးထောင်မှုများ အချိန်မီတားဆီး

 မန္တလေး ချိန်ကိုက်ဗုံး ရဲနှင့် တပ်မတော်က ရှာဖွေ ဖောက်ခွဲသည့် မြင်ကွင်း (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် မိုင်းနှင့် ချိန်ကိုက် ဗုံးထောင်မှုများ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု မဖြစ်ပွားမီ တပ်မတော်နှင့်ရဲတပ်ဖွဲ့က  အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း ၁၀ နာရီ ၀န်းကျင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်) ရပ်ကွက်၊ ကမ်းနား လမ်းတွင် ဖွင့်လှစ်ထား သော Western Park Ruby စားသောက်ဆိုင်တွင် ဆိုင်သန့်ရှင်းရေး ပြုလုပ်စဉ် မသကာင်္ဖွယ်ရာ အမည်းရောင် ကြွပ်ကြွပ်အိတ် တခုကို  စားပွဲထိုး ကိုကျော်ဇေယျာမင်းက တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အလုံမြို့နယ် ရဲစခန်းက လာရောက်စစ်ဆေးခဲ့ပြီး မိုင်းဟု အတည်ပြုခဲ့ကြောင်း သတင်း ရရှိသည်။

အလုံမြို့နယ်ရဲစခန်းမှ  စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်“ကျနော် သွားစစ်ဆေးတော့ အနက်ရောင် ကြွပ်ကြွပ်အိတ်ထဲမှာ အဖြူရောင်၊ အ၀ါရောင် ဓါတ်ကြိုးတွေနဲ့ ကိုယ်ထည် ထိပ်ကို တိပ်ပတ်ထားတဲ့ ချိန်ကိုက်ဗုံးလို့ ယူဆလို့ရတဲ့ ပစ္စည်းတခုကို တွေ့ပါတယ်။ ၁၂နာရီ ၄၅ မိနစ် မှာ မိုင်းလို့  တပ်မတော် အင်ဂျင်နီယာတပ်ရင်းက အတည်ပြုပြီး သိမ်းဆည်း လိုက် ပါတယ်´´ဟု ပြောသည်။

မိုင်းတွေ့ရှိသည့် Western Park စားသောက်ဆိုင်သည် မနက်ပိုင်းအချိန်တွင် မဖွင့်လှစ်ရသေးဘဲ ဆိုင် သန့်ရှင်းရေး ပြုလုပ်နေဆဲ ဖြစ်သည့်အတွက် မိုင်းပါသော အထုပ်ကို ယမန်နေ့ညကတည်းက ထားရှိခဲ့သည့်သဘောဖြစ်ပြီး ယင်းဆိုင် တွင် CCTV ကင်မရာ မရှိကြောင်း၊ မိုင်းတွေ့ရှိသည့် စားပွဲတွင် စားသောက်သွားသည့် လူစာရင်းကို ယင်း စားသောက်ဆိုင် မှ တောင်းယူပြီး သက်ဆိုင်ရာက ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ မိုင်းတွေ့ရှိသည့်အမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် ကိုင်တွယ် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးမြို့ ကျုံးအနောက်ဖက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင် အနီး လမ်းဘေး အုတ်ခုံတွင် ချိန်ကိုက်ဗုံး တလုံးတွေ့ရှိခဲ့ပြီး စနက်တံဖြုတ်ရန် ခက်ခဲသောကြောင့် နေ့လည် ၃ နာရီ တွင် ဗုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော မန္တလေး အခြေစိုက် ဧရာဝတီ သတင်းထောက်က ဆိုသည်။

ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နောက်ဆုံးရရှိသည့်သတင်းအရ မန္တလေးမြို့ ၆၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား ဝေပုလ္လာရာမကျောင်းတိုက် မသင်္ကာဖွယ်ရာ အထုပ်တထုပ်တွေ့ရှိထားပြီး သက်ဆိုင်ရာက သဲအိတ်များ ကာရံထားပြီး ဗုံးဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း သိရှိရသည်။

ချိန်ကိုက်ဗုံးနှင့် မိုင်းများ မတွေ့ရှိမီ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်မြို့နှင့် ပဲခူးတိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၃ ခုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က ရန်ကုန်- ပြည်လမ်း အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ကားမှတ်တိုင် တွင် ဗုံးတလုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရမှုမရှိဘဲ နောက်ထပ် မပေါက်ကွဲသေးသည့် ဗုံးတလုံးကိုလည်း လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေတွေ့ရှိ ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ထပ်မံတွေ့ရှိရသည့် ဗုံးမှာ စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန် အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် ၀ဲဘက် ရှိ စည်ပင်အမှိုက်ပုံး အနီးတွင် ဖြစ်ကြောင်း၊ ပလတ်စတစ် အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ ထု ၁ လက်မရှိ C-4 ယမ်း၊ ဒီတိုနေတာ၊ နှိုးစက် နာရီ၊ ၀ါယာကြိုးများ တပ်ဆင်ထားသည့် လက်လုပ် မိုင်း အမျိုးအစား ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်း သာကေတမြို့နယ် အခွန်လွတ်ဈေးအနီး လမ်းဘေး ပလက်ဖောင်း အနီး လမ်းဘေး ရပ် ထားသည့် နောက်တွဲယာဉ်တစီးအောက်မှ အထုပ်တခုအားဖြည်ကြည့်ရာ ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစံဝင်းက “ဒဏ်ရာ ရတဲ့ကလေး ၂ ဦးကလည်း ဘယ်လိုမှ စိုးရိမ်စရာ မရှိပါဘူး၊ လက်ကလေး၊ ခြေထောက်ကလေး မီးလောင်ဒဏ်ရာရ တဲ့ အခြေအနေမျိုးပါ”ဟု ဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ချမ်းမြေ့တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ညောင်လေးပင်မှ ဖြူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစီးပေါ်တွင် မသင်္ကာဖွယ် အထုပ်တခုအား လုံခြုံရေး တပ်ဖွဲ့များထံ သတင်းပို့အပ်နှံခဲ့ပြီးနောက် အဆိုပါ အထုပ်ကို သဲအိတ်များ ကာရံပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများသည် ယခင်စစ်အစိုးရများ စွပ်စွဲခံခဲ့ရသည့် လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲတွင် မတည်မငြိမ်ဖြစ်နေသည်ကို ပုံဖော်ရန် လှုံ့ဆော်ဖန်တီးမှုများ ရှိနေ သည်ဟု သံသယဖြစ်မိကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့အချိန်၊ နိုင်ငံတကာ အခမ်းအနားတွေကိုလည်း လက်ခံပြီးကျင်းပဖို့ လုပ်နေတဲ့အချိန်မျိုးမှာ တည်ငြိမ်မှု မရှိဘူး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေ တယ် ဆိုတာကို အရပ်သား အစိုးရအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ကာလမှာ ဒါဟာ အချိန်ကိုက်ပြီး လုပ်နေတယ်လို့် ကျနော် တော့ အဲဒီလိုပဲ မြင်တယ်”ဟု သူက ဆိုသည်။

ယခုပေါက်ကွဲမှုများနှင့်ပတ်သက်၍ လက်ရှိအစိုးရကလည်း မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက်ကိုမျှ ယခင် ကကဲ့သို့ စွပ်စွဲမှုများ မလုပ်သေးဘဲ စုံစမ်းမှု၊ အပူတပြင်း ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိပြီး မည်သည့်အဖွဲ့အစည်း ကမျှလည်း ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်းမျိုး မရှိသေးပေ။

(ဧရာဝတီ သတင်းထောက် လင်းသန့်၊ ထက်နိုင်ဇော်နှင့် တေဇလှိုင်တို့ ပူးပေါင်းရေးသားသည်)
ဧရာဝတီ

ဗုံး တရားခံ ဘယ်သူလဲ၊


၄၈ နာရီအတွင်း မပေါက်ကွဲသေးသည့် ဗုံး(၄)လုံးခန့် တွေ့ရှိနေပြီ ဖြစ်ရာ ဘာသာတရားကို အထွဋ်အမြတ်ထားသည့် နိုင်ငံဖြစ်သောကြောင့်လော-

ကံကောင်း၍လော

ပြည်သူများ သတိရှိနေ၍လော။

မည်သို့ပင် ဆိုစေ စိတ်တော့ သက်သာရာ မရပါ။

ဗုံးတွေ မည်သူ ခွဲနေသနည်း။

မြန်မာနိုင်ငံကလွဲ၍ နိုင်ငံအတော်များများတွင် လက်သည်တရားခံများက ထုတ်ဖော်ကြေညာတတ်ပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ခွဲကြသူများမှာ ဝန်ခံဖို့ ဝေးစွ မဟုတ် ဟု အသီးသီး ငြင်းဆန်ကြကြောင်း တွေ့ရှိရပါသည်။

ယခုလုပ်ဆောင်ချက်များမှာ အချိန်အခါကို လေ့လာကြည့်လျှင် ပွင့်လင်း ရာသီရောက်ရှိလာပြီး အခါကြီးရက်ကြီးများ နီးချိန်တွင် တမင်သက်သက် လုပ်သည်ဟု ပြောနေကြပါသည်။

အချို့ကလည်း အပြစ်မဲ့ပြည်သူများကို ထိခိုက်ရန် ဆောင်ရွက်ကြသော သတ္တိ မရှိသည့် မိန်းမလျာ အကြမ်းဖက်သမားများသာ ဖြစ်ကြောင်း ပြောနေကြပါသည်။

အာဆီယံဥက္ကဌ ယူတဲ့အချိန် မြန်မာနိုင်ငံ ကျီးလန့်စာစား ဖြစ်အောင် လုပ်လိုသူများက ဆောင်ရွက်ကြသည် ဟုလည်း ပြောကြပါသည်။

နောက်ကြောင်းပြန်လိုသူများက ဆောင်ရွက်သည်ဟုလည်း ဆိုကြပြန်ပါသည်။

အချို့ကလည်း အစွန်းရောက်များလက်ချက် ဟုဆိုကြပါသည်။

မိမိတို့၏ ထင်မြင်ယူဆချက်...ခန့်မှန်းချက်များကို ကွန်မန့်တွင် ရိုက်သွင်းပေးပါ။

ဤခန့်မှန်းချက်များကို တာဝန်ရှိသူများ ဖတ်၍ တစ်စုံတစ်ရာ သဲလွန်စ အထောက်အကူ ရလျှင် ကျေနပ်ပါသည်။

(RS News)

မန္တလေးမြို့၊ လမ်း ၈၀နှင့် ၁၆လမ်း ရွှေဘဲစားသောက်ဆိုင်အနီး ဗုံးတစ်လုံးတွေ့ရှိပြီး ရှင်းလင်းနိုင်ခဲ့


မန္တလေးမြို့၊ လမ်း ၈၀နှင့် ၁၆လမ်း ရွှေဘဲစားသောက်ဆိုင်အနီး ဗုံးတစ်လုံးတွေ့ရှိပြီး ရှင်းလင်းနိုင်ခဲ့။

၈၀.၁၆ လမ်းဒေါင့်ကလက်လုပ်ဗုံးကိုရှင်းလင်းပြီးပါကြောင်းဓါတ်ပုံနဲ့တစ်ကွပူး
တွဲတင်ပေးလိုက်ပါတယ်။

Posted From Stone Gold (မန္တလေး သတင်း ပုံရိပ်များ)


ဖုန်းထဲမှာရှိထားသင့်တဲ့ အလန်းဇယား မြန်မာ Ringtones 45 ခုမရသေးသူတွေအတွက် ထပ်တင်လိုက်ပါတယ်


ဒီ ( apk ) လေးကို ဖုန်းထဲထည့်လိုက်မယ်ဆို Ringtones 45 ခု အလွယ်တကူရမှာ
နာမည်ကြီးနေတဲ့ သီချင်းတွေကို လိုသလောက်ဖြတ်ပီး ထည့်ပေးထားတာဖြစ်ပီး

ဟာသဆန်တဲ့ ( လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ် )တွေရော

မြန်မာစံတော်ချိန် တီးလုံးတွေနဲ့  မြန်မာတွေ လူကြိုက်များ လူသုံးများနေတဲ့ဟာ

45 မျိုး ပါပါတယ် ။ နံပတ်စဉ်အလိုက် ဖွင့်ကြည့်ပါ ကြိုက်တယ်ဆိုရင် နံပတ်ပေါ်

လက်နဲ့ ဖိထားလိုက် မြန်မာလိုစာပေါ်လာမယ် မက်ဆေ့အ၀င်လား ဖုန်းခေါ်ဖို့ 

နှိုးစက်အတွက်လား ရွေးပေးလိုက်ရုံပါပဲ ။ဒီဟာလေးကိုတော့ ကိုနေမင်းလတ်

တည်ထွင်ထားတာပါ ။ သုံးချင်တဲ့သူ မသုံးရသေးသူ အောက်ကလင့်မှာယူပါ

Download

အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံဃာတော် တစ်ပါးကို သင်္ကန်းကပ်လှူ


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁၀၈ တောင် စေတီတော် ပုဗ္ဗာရုံတန်ဆောင်းတွင် ၁၃.၁၀.၂၀၁၃ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သော ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနားနှင့် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းကပ်လှုဒါန်းပွဲအခမ်းအနား၌ အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံဃာတော် တစ်ပါးကို သင်္ကန်းကပ်လှုနေစဉ်။။။။။။။။။။။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လွန်ခဲ့သောနှစ် ၂ဝကျော်က ကလေးတစ်ဦး သတ်ခဲ့သူကို နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီး


[ နယူးယောက် ၊ အောက်တိုဘာ ၁၃ ၊ Ref-AFP ]

လွန်ခဲ့သော ၂၂ နှစ်က မိန်းကလေးငယ်တစ်ဦးကို လိင် ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်ပြီး သတ်ဖြတ်ခဲ့မှုကို ဝန်ခံခဲ့သော အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း နယူးယောက်ရဲ တပ်ဖွဲ့က စနေနေ့တွင် ပြော ကြားခဲ့သည်။ ထိုစဉ်က သတ်ဖြတ် ခံရသော မိန်းကလေးငယ်အ လောင်းကို ပျော်ပွဲစားအအေးခံ ဘူးထဲ ထိုးထည့်ခဲ့သည်။

မသင်္ကာသူမှာ အိန်ဂျလိ ကာကတ်စတီပိုဟု ခေါ်ဆိုသည့် သတ်ဖြတ်ခံရသူ လေးနှစ်သမီး လေး၏ ဝမ်းကွဲအစ်ကိုကွန်ရာဒို ဂျူအာရက်ဇ်ဖြစ်သည်ဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။အသက် ၅၂နှစ်အရွယ် ဂျူအာရက်ဇ်ကို မန်ဟက်တန်ရှိ ၎င်းအလုပ်လုပ်နေသော စား သောက်ဆိုင်အနီး သောကြာနေ့ နောက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ် ပြီး ၎င်းအားဒုတိယအဆင့် လူ သတ်မှုဖြင့် စွဲချက်တင်ထားသည်။ ဂျူအာရက်ဇ်သည် ပြစ်မှုကို ဝန်ခံ ခဲ့သည်ဟု နယူးယောက်ရဲတပ်ဖွဲ့ အကြီးအကဲရေးကယ်လီက ပြော ကြားခဲ့သည်။

''ဒီကနေ့ နံနက်မှာပဲ ဂျူ အာရက်ဇ်က သူအိန်ဂျလိကာကို အသက်မရှူနိုင်အောင် ဖိသတ်ခဲ့ ပြီး အလောင်းကို ခုမရှိတော့တဲ့ သူ့ရဲ့ နှမဘယ်လ်ဗီနာဂျူအာရက်ဇ် ရာမီရက်ဇ်ရဲ့ အကူအညီနဲ့ ဖျောက်ပစ်ခဲ့တဲ့အကြောင်း ဝန် ခံခဲ့ပါတယ်''ဟု ကယ်လီက ပြော ကြားခဲ့သည်။
ကလေးမလေး သတ်ဖြတ် ခံရမှုအား မမောနိုင်မပန်းနိုင် ခြေရာခံခဲ့ကြသော ရဲတပ်ဖွဲ့ဝင် များကိုလည်း ချီးကျူးကြောင်း ၎င်းကပြောကြားခဲ့သည်။ သေ ဆုံးသူ၏ ယခုအခါ လူကြီးဖြစ် နေသော ညီမနှင့် မိခင်ဖြစ်သူ တို့၏ သတင်းပေးချက်က ရဲများ ကို ခြေရာကောက်စေနိုင်ခဲ့ သည်။
Yangon Media Group

ရေကျိုငါးပိ ပြဿနာ ထပ်မံပေါ်လာပါက ငါးပိ လုပ်ငန်းရှင်အသင်း တာဝန်ယူမည်


ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်က ပြောကြားသည်။

လက်ရှိ အချိန်တွင် ငါးပိ ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် နှစ်ရာနီးပါး ရှိပြီး အသင်းဝင်တိုင်း၏ စားသောက်ကုန် အရည်အသွေးကို အသင်းက တာဝန်ယူ စစ်ဆေးပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရေကျိုငါးပိတွင် ယူရီးယား တွေ့ရှိသည်ဆိုသော စားသုံးသူ ကာကွယ်ရေး အသင်း၏ ထုတ်ပြန်ချက်ကြောင့် ငါးပိ ဈေးကွက် ရောင်းအား နှစ်ဆ နီးပါး လျော့ကျခဲ့ရာက စားသုံးသူများအတွက် လုံခြုံစိတ်ချမှု ရှိသော သန့်ရှင်းသော ငါးပိဈေးကွက် ပေါ်ပေါက်ရန် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ငါးပိလုပ်ငန်းရှင်များ၊ စားသုံးသူ ကာကွယ်ရေးအသင်း၊ ဇီဝဓာတု ပညာရှင်များနှင့် စားသုံးသူများ စုစည်းကာ ပထမဆုံး အဖြေရှာခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က အခုဆို အချိုမှုန့်ရော၊ ကြက်သားမှုန့်ကိုပါ ရှောင်ထားကြတယ်။ အဓိက ငါးပိ၊ ငံပြာရည် တို့ကိုပဲ အားကိုးပြီး သုံးနေရတာပါ။ ဒါကိုရောင်းတဲ့ လုပ်ငန်းရှင်တွေက တာဝန်ယူ ပေးနိုင်ရင် ကောင်းမယ်” ဟု စားသုံးသူတစ်ဦးက ဆိုသည်။

ယင်းကြောင့် စားသုံးသူ ကာကွယ်ရေး အသင်းက စားသုံးသူများ၏ အခွင့်အရေးနှင့် အန္တရာယ် ဖြစ်စေမည့် အရာများကို အခါအခွင့် သင့်တိုင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါ အသင်း၏ အတွင်းရေးမှူး ဒေါက်တာရီလွင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် တည်ထောင်ထားပြီး အကျယ်အဝန်းအားဖြင့် မြေဧက ၉၀၀ ကျော် ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဘက်က ရရှိသော ငါးများကို ငါးပိအဖြစ် အဆင့်ဆင့် ပြုလုပ်ကာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူး ရောင်းချနေကြောင်း ငါးပိလုပ်ငန်းရှင်များထံမှ သိရသည်။
The Voice Weekly

ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည်


ရန်ကုန်၊ အောက်တိုဘာ ၁၃

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့တော်တွင် ရက် အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ကားမှတ်တိုင်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်တိုင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်၍ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော မြို့နယ်၊ လူစည်ကားရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းကြောင့် လုံခြုံရေး စစ်ဆေးမှုများကို ပြည်သူများ အနေနှင့် ကြည်ဖြူစွာ ခံယူပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယင်းသို့ ပြောကြားပြီးနောက် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတမြို့နယ် မာန်ပြေ ရပ်ကွက်၌ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။
“ဆီးဂိမ်းလည်း နီးလာတဲ့အချိန် ရန်ကုန်မှာ ဗုံးပေါက်ကွဲတယ် ဆိုတော့ လုံခြုံရေးကို အရင်ကထက် ပိုဆောင်ရွက်ရမယ်။ ဖောက်ခွဲရေး သမားတွေ လုပ်ရပ်က ထိခိုက်ရင် ပြည်သူတွေ အရင် ထိခိုက်ခံရမှာ။ ဒါကြောင့် မသင်္ကာဖွယ် လူ၊ ပစ္စည်း တစ်ခုခု တွေ့ခဲ့ရင် သက်ဆိုင်ရာကို သတင်းပေးပို့ ပေးမှ အချိန်မီ မဖြစ်သင့်တာတွေ ကာကွယ်ပေးနိုင်မှာ” ဟု ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း အတွင်းသို့ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်ကာ ဝင်လာမည်ဟု သတင်းများ ရရှိထားသောကြောင့် အင်းစိန်မြို့နယ် အတွင်းရှိ ရန်ကုန်-ပြည်လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ မြို့နယ်တွင်းရှိ အာဏာပိုင် အဖွဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ၂၄ နာရီတွင်း ဆောင်ရွက်လျက် ရှိကြောင်း အင်းစိန်မြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုသည် အများပြည်သူကို ထိတ်လန့်စေပြီး နယ်မြေ တည်ငြိမ်မှုကိုပါ ထိခိုက်စေသောကြောင့် နေထိုင်နေသူများက ရပ်ကွက်တွင်း လူစိမ်း ဝင်ရောက်လာပါက သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားရန်နှင့် ရပ်ကွက်တွင်း လုံခြုံရေး အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမြင့် (ခ) ဦးမောင်မောင်က ပြောဆိုသည်။

လတ်တလော ကာလသည် သီတင်းကျွတ်ကာလ ဖြစ်ပြီး ဗုံးပေါက်ကွဲသံနှင့် ဗြောက်အိုး ဖောက်ခွဲသံတို့သည် ဆင်တူသောကြောင့် အများပြည်သူ့ အထိတ်တလန့် မဖြစ်စေရန် ဗြောက်အိုး ရောင်း ချခြင်းနှင့် ဗြောက်အိုး ဖောက်ခြင်းတို့ကို ယခင်ထက် ပိုမိုတားမြစ်မည် ဖြစ်ကြောင်း၊ ပြည်သူများ အနေနှင့် မိမိ၏ အပျော်ကြောင့် အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် သတိပေး နှိုးဆော်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်- မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ် ဆက်သွယ်ရေးစခန်း စာတိုက်ရှေ့တွင် ညောင်လေးပင်မှ တောင်ငူမြို့ သို့ ပြေးဆွဲသော လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်၌ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့သည်။

ယင်း လက်လုပ်ဗုံးတွေ့ပြီး နှစ်ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့နယ် (၁၇) ရပ်ကွက် ချမ်းမြေ့ဧည့်ရိပ်သာ အပေါ်ထပ် တောင်ငူမြို့ မီးရထား ရဲတပ်ဖွဲ့ တပ်ခွဲ ၁၀ မှ အသက် ၂၉ နှစ်အရွယ်ရှိ တပ်သား နေမျိုးကျော်နှင့် အမျိုးသမီး နှစ်ဦးတို့ တည်းခိုရာ အခန်းတို့တွင် ပလတ်စတစ် အိတ်ထုပ်ကို ရဲတပ်သားက ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး အဆိုပါ တပ်သားနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကာ ကျန်အမျိုးသမီးမှာ တောင်ငူ ပြည်သူ့ ဆေးရုံကြီးတွင် ကုသလျက် ရှိကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ရန်ကုန်-ပြည်လမ်း နံဘေးတွင် ရန်ကုန်မှ မင်္ဂလာဒုံဘက်သို့အသွား ကားမှတ်တိုင်ရှိ အမြင့် ၁၁ ပေ၊ အလျား ၄၇ ပေ၊ ခရီးသည် နားနေဆောင် ပေ ၄၀ ခန့်ရှိသော အုတ်ခုံတန်း နောက်ကျော အောက်ခြေ သမံတလင်းပေါ်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် အုတ်ခုံတန်းဘောင် အနောက်ဘက် သမံတလင်းတွင် အနက် သုံးလက်မ၊ အကျယ်တစ်ပေ ပတ်လည်ခန့်ရှိ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး နားနေဆောင် အုတ်ကြွပ်မိုး၊ အုတ်ခုံတန်းတွင် ကပ်ထားသော ကြွေပြား၊ ခရီးသည်ထိုင်ခုံ ကျောက်ပြား အချို့နှင့် ကြော်ငြာဆိုင်းဘုတ် သွပ်ပြားတို့ ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယင်းနောက် လက်လုပ်ဗုံး ပေါက်ကွဲပြီး တစ်နာရီမိနစ် ၃၀ အကြာတွင် မှတ်တိုင်နှင့် ပေ ၄၀ အကွာရှိ အမှိုက်ပုံတွင် အနက်ရောက် ပလတ်စတစ် အိတ်ဖြင့် ထည့်ထားသော C4 ယမ်းများအပါ ချိန်ကိုက်နာရီနှင့် တွဲလျက် ဝါယာကြိုးများ တပ်ဆင်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပြီး အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်က မိုင်းရှာစက်များဖြင့် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အင်းစိန်မြို့နယ် မြို့မစခန်းမှူးက ပြောကြားသည်။
The Voice Weekly

Microcytic hypochromic Anemia သွေးအားနည်းရောဂါများ


သွေးစစ်တဲ့အခါ သွေးနီဥလေးတွေက သေးနေပြီး အရောင်လဲ ဖျော့နေရင် ဒီရောဂါလို့ သတ်မှတ်တယ်။ တခုတည်း မဟုတ်ပါ။

(က) Iron deficiency anemia သံဓါတ်နည်း သွေးအားနည်းရောဂါ၊
အများဆုံးဖြစ်တယ်။ သွေးဆင်း-သွေးသွန်လို့ဖြစ်တာက များတယ်။ အမျိုးသမီးတိုင်း လစဉ် ရာသီဆေသွးကြောင့် သံဓါတ် 10-20 mg ဆုံးရှုံးနေရတယ်။ တခြားအကြောင်းတရားတွေကတော့ အစာလမ်းသွေးယိုခြင်း၊ ဆီးလမ်းသွေးယိုခြင်း၊ ထိခိုက်ဒဏ်ရာကနေ သွေးယိုခြင်း၊ IV hemolysis နည်းနဲ့ကုသရလို့ဖြစ်ခြင်း၊ အစာလမ်းက စုပ်ယူနိုင်စွမ်းမကောင်းလို့၊ စားသောက်တာထဲမှာ နည်းနေလို့လဲဖြစ်ရတယ်။

(ခ) Sideroblastic anemia (ဆိုက်ဒိုပလပ်စတစ်) သွေးအားနည်းရောဂါ၊
မျိုးရိုးလိုက်ပြီး မွေးရာပါဖြစ်နိုင်တယ်။ နောက်မှဖြစ်လာတာလဲရှိတယ်။ (၁) အကြောင်းရှာမရတာ၊ (၂) neoplasm, inflammatory, hematologic, metabolic diseases ရောဂါတွေကနေ ဆက်ဖြစ်တာနဲ့ (၃) Alcohol အရက်၊ Lead ခဲ၊ Chloramphenicol (ကလိုရင်ဖင်နကော) ဆေး၊ INH တီဘီဆေး၊ cytophosphamide ကင်ဆာဆေးတွေကြောင့်လဲ ဖြစ်တတ်သေးတယ်။

(ဂ) Thalassemia hemoglobinopathies / anemia (သာလာဆီးမီးယား) သွေးအားနည်းရောဂါ၊
မျိုးဗီဇလိုက်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ထုတ်လုပ်တာမှာ ပြဿနာရှိတာ ဖြစ်တယ်။ ဖြူဖျော့နေမယ်။ (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်ထားတယ်။ ဒီရောဂါရှိနေသူမှာ (ဟီမိုဂလိုဘင်) က ပြိုကွဲလွယ်နေလို့ သက်တမ်း မကုန်ခင် ပျက်စီးနေကြတယ်။ ဒါ့ကြောင့် မလုံလောက်တော့ဘဲ၊ သွေးအား နည်းလာတယ်။

အမျိုးအစား ၂ မျိုးရှိတယ်။
(၁) Thalassemia trait အမျိုးက သူကိုယ်တိုင် ရောဂါမပြပေမဲ့ သူ့မျိုးဆက်ကို သယ်ဆောင်ပေးနေတယ်။ သူကိုယ်တိုင် ဖြစ်ရင်လဲ သွေးအားနည်းတာ နဲနဲလောက်သာဖြစ်မယ်။ Hemoglobin A2 ဆိုတာတွေ ပိုများနေမယ်။ (၂) Thalassemia major (မေဂျာ) ဆိုတာနဲ့အညီ ဆိုးတယ်။ မွေးမွေးချင်း ကောင်းပေမဲ့ ၃ လ နဲ့ ၈ လ အကြား ရောဂါပြမယ်။ ဖြူဖတ်ဖြူရော် ဖြစ်လာမယ်။ သိပ်မအိပ်ဘူး။ နို့စို့နည်းမယ်။ အန်တာပိုမယ်။ မကုဘဲထားရင် ၈ နှစ်သား အထိသာ အသက်ရှင်မယ်။ ဖြူရော်တာအပြင် ခေါင်းကိုက်မယ်၊ အားယုတ်မယ်၊ အသက်ရှူ မဝဘူး၊ အသားဝါ ဖြစ်လာမယ်၊ ဘေလုံးကြီးလာမယ်။ မျက်နှာရိုး ပုံမှန်မဟုတ်၊ ကြီးထွားမှုနှေးမယ်။

သွေးနည်းရောဂါတွေကို ဘယ်လိုကုသမလဲ
သံဓါတ်ကြွယ်ဝတဲ့အစားအသောက်၊ သံဓါတ်စားဆေး။ သံဓါတ်ဆေးရည်။ Iron-dextran complex (Imferon) 100-250 mg ထိုးဆေးကို မထိုးခင် (0.5 ml dose) စမ်းပြီးမှ ထိုးပါ။ Dexferrum at 100 mg per dose IV ထိုးပါ။

(၁) ရိုးရိုးဖြစ်တဲ့ သွေးအားနည်းရောဂါ
အများဆုံးဖြစ်တယ်။ ရာသီဆင်းနေရတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်-ကလေးမီးဖွါး-သားပျက်-ကိုယ်ဝန်ဖျက်သူတွေမှာ အများဆုံးဖြစ်တယ်။ Iron sulfate (ferrous sulfate) စားဆေး 325 mg ကို တနေ့ ၂-၃ ကြိမ်သောက်ပါ။ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ၁-၂-၃ လအထိ ကြာနိုင်တယ်။ Hemoglobinပြန်စစ်လို့ ပုံမှန်ဖြစ်လာရင် တနေ့ ၁ ကြိမ် ဆက်သောက်နေပါ။ သံဓါတ်ကို ပါးစပ်ကနေပေးလို့မရရင်၊ သိပ်နည်းနေရင် ထိုးပေးမယ်။ ပိုမြန်ချင်လို့ ထိုးရတာတော့ မဟုတ်ပါ။ Imferon ထိုးဆေးကို အသုံးများတယ်။

(၂) အကြောင်းရှာမရတဲ့ သွေးအားနည်းရောဂါ
နံပါတ် (၁) မှာလို အကြောင်းရင်မသိတဲ့လူနာတွေဆိုရင် သွေးအားနည်းစေတဲ့အကြောင်းရင်းကို လိုက်ရှာရပါအုံးမယ်။ အသက် ၅ဝ ကျော်သူတွေကို အစာလမ်းကြောင်းစစ်ဆေးသင့်တယ်။ တနေရာရာက သွေးယိုနေသလား သိချင်တယ်။ Colonoscopy စအိုးလမ်းကနေ ကိရိယာထည့်စစ်တာလုပ်သင့်တယ်။ Sigmoidoscopy ထက်ပိုသင့်တယ်။ EGD နဲ့ UGI/SBFT x-ray တွေလုပ်ဘို့လိုချင်လိုမယ်။ ဆီးလမ်းစစ်တာလဲ လိုရင်လုပ်ရမယ်။

(၃) Iron intolerance သံဓါတ်မခံနိုင်တဲ့ရောဂါ
တချို့လူတွေက Ferrous sulfate ပေးမရတတ်ဘူး။ Ferrous gluconate ပြောင်းပေးနိုင်တယ်။ ဆေးအဆအတူတူပေးပါ။ ဒီဆေးမှာ သံဓါတ် နည်းပါတယ်။ 30 mg သာပါလို့ ခံနိုင်လိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၃
Dr. Tint Swe

Anti Emetics အအန်ပျောက်ဆေးများ


ပျို့ချင်-အန်ချင် ဖြစ်သည်မှာ လက္ခဏာတခုဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန်ရှိစဉ်၊ ခရီးသွားစဉ်၊ ဝမ်းလျောဝမ်းပျက်စဉ် အန်ခြင်းတို့အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိပ်ရောဂါများ၊ အစား အလွန်အကြွံစားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအားထိခိုက်မိခြင်း၊ ဦးနှောက်ထဲ အကျိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အစာအိမ်လေနာ၊ မကြိုက်သည့် အနံ့ဆိုး ရှူမိခြင်း၊ မေ့ဆေးပေးရခြင်း၊ ကင်ဆာဆေးပေးရခြင်းတို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။

Anti-Emetics အအန်ပျောက်ဆေးများ
• Antihistamines (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) အင်တီဟစ်တမင်း ခေါ်အာလာဂျီဖြစ်ခြင်းအတွက် အသုံးများသည့်ဆေးများကို သုံးသည်။
• Metoclopramide အစာအိမ်ထဲကအစာကို မြန်မြန်အောက်သို့ ပို့ပေးသည့်အတွက် အစာတင်းနေ၍ အန်ချင်သည်ကို သက်သာစေသည်။ စားဆေး၊ ထိုးဆေး၊ စအိုက ပေးနိုင်သည်။
• Domperidone အစာစားပြီး အန်ချင်သည့်ရောဂါအတွက် ပေးသည်။ အချို့က မိခင်နို့ထွက်များစေရန် သုံးသော်လည်း မသုံးရန်အကြံပြုထားသည်။
• Meclizine = Antivert (12.5 mg – 25 mg – 50 mg), Bonine, D-Vert, Dramamine II, Medivert, Driminate II, Meclicot, Ru-Vert-M, Meni-D, Bonine, Bonamine, Antivert, Postafen, Dramamine အမည်အမျိုးမျိုးရှိနေသည်။ Dramamine, Gravol, Gravamin, and Vertirosan တို့အစား meclizine ကိုပေးနိုင်သည်။ မကောင်းကျိုးနဲသည်။

ကင်ဆာအတွက်ပေးရသည့် ဆေးများကြောင့်အန်ခြင်း
• Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊
• Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။
• Aprepitant ကင်ဆာအတွက်ပေးသည့်ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီကြိုပေးရသည်။
• Nabilone တနေ့ ၂-၃ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။

မိုင်ဂရင်းရောဂါကြောင့်အန်ခြင်း
• Phenothiazines (Prochlorperazine, Trifluoperazine, Levomepromazine) စိတ်ငြိမ်ဆေး၊ အလွန်အန်ခြင်း၊ ကြို့ထိုးခြင်းတို့အတွက်ဆေးများ၊ အန်ခြင်းအားသက်သာစေသည်သာမက Compazine (Prochlorperazine) ကို IV ထိုးပါက မိုင်ဂရင်း အမူး-အကိုက် ရောဂါကိုတားဆီးနိုင်သည်။ ပါးစပ်ကသာမက စအိုကလည်း ပေးနိုင်သည်။
• Tigan (Trimethobenzamide) စားဆေး၊ ထိုးဆေး၊ စအိုကပေးနိုင်သည့်ဆေး၊

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်သည့် ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေပေးရသည့်ဆေးတချို့မှာ လူနာစိတ်သက်သာရစေသည့် ဆေးအဖြစ်ခေါ်သည်။ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့်ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့မှာလည်း ခေတ်သုံးဆေးများ ဖြစ်သည်။ Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ ကိုဖတ်ပါ။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံအန်ခြင်း
ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များသည်။ ၂ဝ ပတ်ဆိုလျင် ၁ဝ% ကလွဲလျင် ပျောက်နိုင်သွားသည်။ ဘာ့ကြောင့်ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်သည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနှင့်အစပ်လျော့သင့်သည်။

Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန်သက်သာရန် Pyridoxine ဗီတာမင် ဘီ ၆၊ doxylamine 10 mg နှင့် pyridoxine (B6) 10 mg ရောပေးသင့်သည်။ promethazine 12.5-25 mg ကို ၄ နာရီခြား၎င်း၊ prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်သည်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (methylprednisolone 16 mg စားဆေး or intravenously every 8 hours) ကို နောက်ဆုံးအဖြစ်ပေးနိုင်သည်။ ၃ ရက်နှင့်သက်သာပါက ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာက ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းသည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 times a day သည်လည်း ကောင်းသည်။ တရုပ်အပ်စိုက်နည်းတွင် acupuncture point P6 နေရာတွင် စိုက်ပေးရသည်။

ခွဲစိတ်ကုရာတွင် မေ့ဆေးကြောင့် ပျို့-အန်ခြင်း
• Hyoscine hydrobromide (Scopolamine hydrobromide) အသက်ရှူလမ်းမှထွက်သည့် စစ်ထုတ်ရည်အား တားဆီးသည့်ထိုးဆေး၊ ခွဲစိတ်ခြင်းမပြုမီပေးရသည်။
• A Serotonin antagonist နှင့် phenothiazine or dexamethasone ရောထားသည့် ဆေးသည် 90% ကောင်းသည်။ phenothiazines, metoclopramide, 5HT3 antagonists, antihistamines and dexamethasone) တို့ကို ကာကွယ်ရန် ပေးသည်။

Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း
ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, cinnarizine, promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းက လာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်း ဖြစ်သည်။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တနေ့လျင် ၄-၆ ကြိမ်သောက်ရသည်။

ဆေးနာမည်အမျိုးမျိုးရှိတယ်။ အတူတူပါဘဲ။ Dimenhydrinate, Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan, Viabom, Dramin, Daedalon, Antimo နောက်ပြီး၊ DRAMAMINE® Less Drowsy Formula ဆိုတာက အိပ်ချင်တာ သက်သာတဲ့ ကားမူးပျောက်ဆေးဖြစ်တယ်။

သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက် ပို၍မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောက်ျား ဆီးကြိတ် ကြီးရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။

ဆေး၏မကောင်းကျိုးများမှာ မျက်စိအမြင်ဝါးခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ခြင်းတို့ဖြစ်သည်။ အန်နေသူအား စားဆေး-သောက်ဆေး တိုက်လျင် အကျိုးမများနိုင်ပါ။ ဝယ်လို့လွယ်သည့်ဆေးကို အားကိုးရတတ်ပါသည်။ အန်လွန်းနေသူတယောက်ကို အလွယ်ရှာရနိုင်သော Chloropromazine စားဆေး-ထိုးဆေး (စိတ်ရောဂါ နှင့် ကြို့ထိုးခြင်း တို့အတွက် သုံးသည့်ဆေးလည်းဖြစ်သည်။)ကို အချိန်အဆနှင့်ပေးနိုင်ပါသည်။ Dramamine ဆေးကို ကားဆိပ်၊ ရေဆိပ်၊ လေဆိပ်များမှာ အလွယ်ဝယ်ယူရစေရန် စီစဉ်ခြင်းကကောင်းပါသည်။ Chloropromazine, Promathazine တို့ကို ကိုယ်အလေးချိန်ဖြင့် တိတိကျကျပေးရပါမည်။

အန်ပြီးလျင် ဝမ်းလျောသူများလို ဆားဓါတ် နည်းသွားမည်။ အစာအိမ်ထဲက အက်စစ်ဓါတ်များ နည်းသွားပါမည်။ ထို့ကြောင့် ဓါတ်ဆားရေတိုက်ရပါမည်။ လိုအပ်လျင် သွေးပြန်ကြောထဲ သွင်းပေးရပါမည်။

ကလေးတွေအတွက် အအန်သက်သာဆေးများ
• Bsmuth subsalicylate (Pepto Bismol or Kaopectate)
• Antihistamines = Diphenhydramine (Benadryl)
• Coca-cola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊
• Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။

Dr. တင့်ဆွေ
၁၇-၇-၂ဝဝ၉
၁၃-၁ဝ-၂ဝ၁၃
Dr. Tint Swe

ဂျပန်နိုင်ငံက ရိုးရာဓလေ့ တစ်ခုနဲ့ ယုံကြည်သက်ဝင်ရာ



ဒီတခုကတော့ စိတ်ဝင်စားစရာကောင်းတယ်။
နည်းနည်းလည်းမျက်နှာပူစရာကောင်းတယ် ။

ဂျပန်မှာ နှစ်တိုင်းနှစ်တိုင်းနွေဦးရာသီရောက်ရင် “Kanamara Matsuri” ခေါ် Penis Festival ကို နှစ်တိုင်းကျင်းပပါတယ်။ ပုံမှန်အားဖြင့် ဧပြီလ ပထမအပတ် တနင်္ဂနွေနေ.မှာကျင်းပလေ့ရှိကြပါတယ်။ တပြည်လုံးမဟုတ်ပဲ တိုကျိုနဲ. ယိုကိုဟားမားကြားမှာရှိတဲ့ ကာဝါဆာကီမြို.မှာပဲ ကျင်းပတာဖြစ်ပါတယ်။ အဲဒီမြို.ရဲ. ကာနာမာရာ ဆိုတဲ့ ဘုန်းကြီးကျောင်းမှာကျင်းပပါတယ်။ တမြို.လုံးက လူတွေ ပါဝင်ဆင်နွှဲတဲ့ပွဲဖြစ်ပြီး မျိုးပွားခြင်း မျိုးအောင်ခြင်း စတာတွေနဲ.ပြည့်စုံစေတယ်လို. ယူဆပါတယ်။ မွေးဖွားရလွယ်ကူခြင်း မိသားစု ဟာမိုနီကို တိုးတက်စေခြင်း သီးနှံစပါးပေါကြွယ်ဝခြင်း လဘ်လာဘ ပြောများခြင်းတွေလည်း အကျုံးဝင်ပါတယ်။

သူဖြစ်ပေါ်လာပုံက ဒီလိုပါ။ ဟိုးအရင်တုန်းက မိန်းခလေးတယောက်ရဲ. အ၈င်္ါမှာ Sharp-tooth Demon လို.ခေါ်တဲ့ ချွန်ထက်တဲ့သွားတယ်ရှိပါတယ်တဲ့။ အမှန်က လက်တင်မှာလဲ အဲလိုအယူအဆရှိပါတယ်။ သွားပါတဲ့ Vagina ဇာတ်လမ်းပေါ့လေ။ နာမည်လေးတောင် ရှိပါသေးတယ်။ Vagina Dentata လို.ခေါ်တယ်ဆိုပဲ။ ကဗျာတောင်ဆန်သေး နာမည်က။ အဲ ထားလိုက်ပါတော့။ အဲဒီအမျိုးသမီးလေးနဲ. ယူမိတဲ့ ယောက်ျားနှစ်ယောက်ဟာ အဝှာကို သွားနဲ.ဖြတ်ကိုက်ခံရပြီး သင်းကွပ်ပြီးသားဖြစ်သွားကြပါသတဲ့။ ဒါကြောင့် အဲဒီအမျိုးသမီးလေးဟာ ပန်းပဲဖိုသွားပြီး သူ.အတွက် သံယောက်ျားအင်္ဂါလုပ်ပေးဖို.တောင်းဆိုပြီး သုံးလိုက်တော့ သွားကျိုးထွက်သွားပြီး အားလုံးအဆင်ပြေသွားပါသတဲ့။ အဲဒါကနေ အဲဒီ သံအင်္ဂါကို ရုပ်တုလုပ်ပြီး ပူဇော်တဲ့ အကျင့်ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းမှာ လိင်လုပ်သား အမျိုးသမီးလေးတွေက ရောဂါမကူးစက်ခံ၇အောင် ဆုလာလာတောင်းကြပါတယ်တဲ့။ ခုတော့ တိုးရစ် attaction အတွက်ရော အပျော်အနေနဲ.ပါ ကျင်းပကြပါတယ်တဲ့။

ဟိန္ဒူတွေမှာလဲ Shiva Lingam လို.ခေါ်တဲ့ ကိုးကွယ်မှုအလေ့အထ တခုရှိပါတယ်။ Lingam ရဲ.အဓိပ္ဗါယ်က အမှတ်အသား ဖြစ်ပြီးတော့ သျှီဝကို ကိုယ်စားပြုပါတယ်။ အဲဒီသျှီဝအမှတ်အသားဟာ ဆာခ်တီ(Sakhti) နတ်ဘုရားမှရဲ. Yoni(ယောနိ) လို.ခေါ်တဲ့ မဓါတ်ကိုယ်စားပြု (female creative engergy) အမှတ်အသားနဲ.ဆက်နေပါတယ်။ ဒါဟာ နှစ်ကိုယ့်တစိတ်ပေါင်းစည်းမှု လူသားတွေဖြစ်တည်လာမှုကို ကိုယ်စားပြုတယ်လို.သတ်မှတ်ပါတယ်။ သူတို.ပြောတော့လည်း အဓိပ္ဗါယ်ရှိသလိုလို။ အနောက်နိုင်ငံကလူတွေကတော့ Lingam နဲ. Yoni ကို အမျိုးသားနဲ. အမျိုးသမီး အင်္ဂါဇာတ်ရယ်လို. ဘာသာပြန်ကြပေမဲ့ ဟိန္ဒူတွေကတော့ နှစ်ကိုယ့်တစိတ်ဖြစ်ခြင်း စတင်ဖြစ်တည်ခြင်းကို ကိုယ်စားပြုတယ်လို. သတ်မှတ်ကြပါတယ်။

အခုတော့ပစ် ၂ ခုကို ယှဉ်ပြပြီး ဘယ်အရာသာလဲနှိုင်းယှဉ်တာမဟုတ်ပါ။ ဒါပေမဲ့ ဘုံတူတဲ့အချက်ဖြစ်တဲ့ ဒီအမှတ်အသားတွေကို ပူဇော်မှုတွေလဲ ရှိနေပါသေးတယ် ဆိုတာကို တင်ပြခြင်းသာဖြစ်ပါကြောင်း။

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်


SUNDAY, OCTOBER 13, 2013
ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။



 ဓာတ်ပုံ- The Nation

ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

အိမ့်သံစဉ် ~
Irrawaddy

ဆရာများအား မကျေနပ်၍ တိုင်ကြားပါးက စစ်ဆေးအရေးယူနိုင်သော်လည်း အသင်အပြမကောင်းခြင်းကြောင့် ဆရာလဲလှယ်ပေးသည့်မူကို ချမှတ်ထားခြင်း မရှိဟုဆို


ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။     ။ဆရာ၊ ဆရာမများအား ကျောင်း သားမိဘများက မကျေနပ်၍ တိုင်ကြားပါက စစ်ဆေးအရေး ယူနိုင်သော်လည်း  အသင်အပြ မကောင်းခြင်းကြောင့် ဆရာလဲ လှယ်ခွင့်ပေးနိုင်သည့်မူကို ချမှတ် ထားခြင်း မရှိ ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။ စာအသင်အပြ မကောင်း ပါက ယင်းဆရာ၊ ဆရာမအား လဲလှယ်ပေးခွင့်ရှိသည်ဟု သတင်း စာစောင်တစ်ခုတွင် ဖော်ပြထား ခြင်းမှာမှားယွင်းကြောင်း ဒဂုံမြို့ နယ် အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်း ကျောင်း အုပ်ကြီး ဦးအေးသင်းက ပြောသည်။

''ဒီလိုသာ ဆရာလဲလှယ် ခွင့်ကို တောင်းဆိုတိုင်း ခွင့်ပြုပေး ရမယ်ဆိုတိုင်းသာ ဖြစ်ရမယ်ဆို ရင် အစိုးရယန္တရားတွေ ရပ်ဆိုင်း သွားလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့မူလဲမရှိပါဘူး။  ဒီလိုပြောတာတွေက ဆရာတွေ ရဲ့စိတ်ဓာတ် တွေ ကို ပျက်ပြား အောင်လုပ်တာနဲ့ အတူတူပဲ။ အ များသဘောအတိုင်းသာလုပ် မယ်ဆိုရင်တော့ အစိုးရဌာနတွေ အကုန်ရပ်သွားလိမ့်မယ်။ တောင်း ဆိုပိုင်ခွင့်တော့ရှိတယ်။ ဒီဘက် ခေတ်မှာ အကုန်တောင်းဆိုနိုင် တယ်။ တောင်းဆို တိုင်း သာ လိုက် လဲပေးရမယ်ဆိုရင် ကျောင်းရဲ့ စီမံ ခန့်ခွဲမှုပိုင်းတွေ ထိခိုက်သွား မှာပေါ့''ဟု ဦးအေးသင်းက ထပ်မံ ပြောသည်။

စစ်ကိုင်းတိုင်းပညာရေး မှူးရုံးမှ လက်ထောက်ပညာရေး မှူး ဦးမြင့်စိုးက ပြောကြားရာ တွင် ဆရာများကိုမကျေနပ်၍ တိုင်ကြားမှသာ စစ်ဆေးအရေး ယူပေးကြောင်း၊ ပညာရေးမှူးရုံး များမှာ ကျောင်းများ၏ကိစ္စများ ကို ဝင်ရောက် စွက်ဖက် ခွင့်မရှိဘဲ ကျောင်းတစ်ကျောင်း၏ စီမံ ခန့်ခွဲခွင့်မှာ ကျောင်းအုပ်ထံတွင် ပင်ရှိကြောင်း ပြောသည်။

''ဒီလိုမျိုးမိဘတွေက ဆရာ တွေ အသင်အပြမကောင်းလို့ လဲပေးပါလို့သွားပြောကြရင်တော့ ကျောင်းအုပ်ကနေ ဆုံးဖြတ်ပိုင် ခွင့်တော့ရှိတယ်။ ဒါပေမဲ့ ဒီလို ကိစ္စအတွက်ပြဋ္ဌာန်းထားတဲ့မူ မှ မရှိတာဘဲ''ဟု ယင်းက ပြော သည်။ အခြေ အနေတစ်ခု တွင် ဆရာ တစ်ဦးကြောင့် ပြဿနာ ပိုမိုဖြစ်ပွားနေပါက ယင်းပြဿ နာကို ငြိမ်းချမ်းသွားစေရန်အ တွက် ဆရာကိုခေတ္တခဏပြောင်း ရွှေ့ထားသင့်ပါက ပြောင်းပေး ထားရမည်ဖြစ်ကြောင်း၊ အသင် အပြမကောင်းသောဆရာအား လဲလှယ် စေလို သည် ဆိုပါ က သက် ဆိုင်ရာကျောင်းအုပ်နှင့် ကျောင်း သားမိဘများက ဆွေးနွေးသင့် ကြောင်း၊ ယင်းကဲ့သို့ ကျောင်း သားမိဘများတောင်းဆိုခွင့်ရှိ သည်ဟုပြောဆိုနေခြင်းများမှာ မဖြစ်သင့်ကြောင်း အငြိမ်းစား ပညာရေး မှူး တစ်ဦးက ပြော သည်။

မအူပင်မှ ကျောင်းသားမိဘ ဦးလှမြင့်က ''ကျွန်တော်တို့ကတော့ ဒီလိုလဲလှယ်ခွင့်ရှိတယ်လို့ သိရ ပေမယ့်လဲ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ရင်တော့ ပြောမှာမ ဟုတ်ဘူး။ ကလေးကိုတအားရိုက် တာမျိုးတို့ ခွဲခြားတာမျိုးတွေဆို ရင်တော့ သက်ဆိုင်ရာ သူတို့မြို့ နယ်ရုံးတွေမှာပဲ နောင်မဖြစ် အောင်ပဲတောင်းဆိုမှာပါ''ဟု ပြောကြားသည်။

အောင်သက်ကို 

ဗုံးပေါက်ကွဲမှုနှင့် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှုဖြစ်စဉ်များ ကိုးလအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး


ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ် ပစ္စည်း လုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး

၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတားအနီး လူသတ် ပစ္စည်းလုခဲ့သည့် ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းချက်များအရ သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ယခုလက်ရှိ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၌ လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအနက် ပြည်သူများ စိတ်ဝင်စားမှုနှင့် ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့သည့် ဖြစ်စဉ်အချို့မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာ ရန်ကုန်-မန္တလေး (ပုံမှန်)ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁ နှင့် ၁၃၉/၂ အကြားရှိ တံတားအမှတ် ၁၄၀/၁ ဇဟားချောင်းတံတားအောက် အနောက်ဘက်ကမ်းစပ် တစ်နေရာတွင် ပီနံအိတ်ကြီး တစ်လုံးအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဦးခေါင်းပြတ် (ဦးခေါင်းမပါ) အသက် ၂၀ ၀န်းကျင်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးခေါင်းအား ဆက်လက်ရှာဖွေရာ ညနေ ၃ နာရီတွင် မိုင်တိုင်အမှတ် ၁၃၈/၂ မှ ၁၃၈/၃ ကြား ရန်ကုန်- မန္တလေး ကားလမ်းနှင့် ရထားလမ်းကြား ကွင်းပြင်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ပြည်န၀ဒေး တံတားအနီး စုံတွဲတစ်တွဲထံမှ လုယက်ပြီး လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ည ၈ နာရီခန့်တွင် အဆိုပါ တံတားအနီး စုံတွဲတစ်တွဲထံမှ ပစ္စည်းအချို့ လုယက်ခဲ့ပြီး ၎င်းစုံတွဲမှ ယောကျာ်းလေးဖြစ်သူ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ မအိဇင်မိုက ၎င်းကိုယ်တိုင် မျက်မြင်တွေ့ရှိ ရမှုမှ လူသတ်မှု ကျူးလွန်ခဲ့သူမှာ တပ်မတော် သားများဖြစ်ကြောင်း သိရသည်။

သို့သော် အောက်တိုဘာ ၁ ရက်တွင် ပြည်မြို့အထွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) ဧည့်ရိပ်သာတွင် တပ်မတော်ဘက်မှ ယင်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများမှာ တပ်မတော်သားများ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ခဲ့သည်ဟု သိရသည်။

"စစ်ဘက်က အရာရှိ တစ်ဦးက ဒီတပ်မတော်သား သုံးဦးပာာ အဲဒီနေ့က အရက်နဲ့ဘီယာ သောက်ခဲ့တဲ့ အကြောင်း၊ ဖြစ်စဉ်ဖြစ်အပြီး တန်းစီးချိန် ည ၉ နာရီမှာလည်း ရှိနေခဲ့ကြောင်း၊ ပြစ်မှုကျူးလွန် ခံရသူ အသက်မသေဘဲ ကျန်ရစ်သူ မအိဇင်မိုကို၏ ထွက်ဆိုချက်အရ တရားခံ၏ ပါးစပ်တွင် အရက်နံ့ နံမနေခဲ့ကြောင်း စသဖြင့် သူတို့ပြန်လာတဲ့ လမ်းကြောင်းနဲ့တကွ ရှင်းပြတယ်။ နိဂုံးချုပ်မှာ တရားခံဟာ သူတို့တပ်သားသုံးဦး မဟုတ်ကြောင်း ပြောပါတယ်။ လက်ရှိမှာလည်း ဒီတပ်သား သုံးဦးကို တပ်တွင်းစည်းကမ်း ဖောက်ဖျက်မှု ဥပဒေအရ တပ်တွင်းထောင်သုံးလ ကျခံစေပြီး ဖြစ်တယ်လို့ ပြောတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုဘက်မှ ခိုင်လုံချက်ကြီးကြီးမားမား ပြနိုင်မှသာလျှင် အရပ်ဘက်ကို ဒီစစ်သားသုံးဦးကို လွှဲပြောင်းပေးနိုင်မယ်လို့ ပြောပါတယ်။ ကျွန်မတို့က DNA ကိစ္စကို မေးတဲ့အခါမှာလည်း DNA ကိစ္စဟာ ရဲဘက်ကို အပ်ခဲ့တဲ့အကြောင်း သူတို့ဆီမှာ ထားလို့ရှိရင် လှဲလှယ်တယ်လို့ အထင်ခံရမှာ စိုးတဲ့အတွက်ဖြစ်ကြောင်း ပြန်ပြီးပြောပါတယ်" ပာု သေဆုံးသူ၏ အစ်မဖြစ်သူ မသီတာဦးက ခေါ်ယူတွေ့ဆုံမှုနှင့် ပတ်သက်၍ ပြောကြားသည်။

၎င်းကပင် ဆက်လက်၍ "ရှင်းလင်းပွဲအပြီး ပြန်ခါနီးမှာ ကျွန်မတို့ မိသားစုကို ရဲကနေပြီး DNA ကို သူတို့ဆီမှာ ရှိတဲ့အကြောင်း၊ သိမ်းဆည်းထားကြောင်း၊ ပြည်မြို့မှာ DNA စစ်တဲ့ဖြစ်စဉ် တစ်ခါမှ မရှိခဲ့ဘူးကြောင်းနဲ့ DNA စစ်တယ်ဆိုတာ ငွေကြေးအမြောက်အမြား ကုန်ကျမှာ ဖြစ်တဲ့အတွက် လတ်တလောမှာ မစစ်နိုင်သေးတဲ့အကြောင်း ပြောပါတယ်။ ကျွန်မတို့ကို DNA စစ်မယ်ဆိုတုန်းက တစ်ပတ်အကြာမှာ သိရမယ်ဆိုတာ အခု ငါးလကျော် ကြာနေတာတောင် အဖြေဘာမှ မသိရဘူး။ ဒါကြောင့်မို့လို သူတို့ သိမ်းဆည်းထားတယ်ဆိုတဲ့ အချက်အလက်တွေကို အမြန်ဆုံး စစ်ဆေးအဖြေရှာပေးဖို့ လိုလားပါတယ်" ပာု ဆိုပါသည်။ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ ပဲခူးတိုင်းဒေသကြီး နယ်စပ်နှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းကလည်း ယခုဖြစ်စဉ်ကို သေချာမသိရှိ ထားကြောင်းနှင့် စစ်ဘက်နှင့် ရဲဘက်ပူးပေါင်းပြီး ဖြစ်စဉ်အား ထပ်မံစစ်ဆေး ပေးမည်ဟု အဆိုပါ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား ဆက်စပ်ဖော်ထုတ်မှုနှင့် အရေးယူမှု အခြေအနေကို မေးမြန်းရာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ၀င်းအောင်က "ဒါနဲ့ ပတ်သက်ပြီးတော့ CID ကို ဧပြီ ၃၀ ရက်က လွှဲထားတယ်။ ဒါကြောင့် ဘယ်လိုဆက်လက် ဆောင်ရွက်လည်းဆိုတာ မသိရသေးပါဘူး" ဟု အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှစ်ခုကို ပြည်ရဲစခန်း (ပ) ၂၉၄/၂၀၁၃၊ ပုဒ်မ- ၃၀၂၊ ၃၂၅၊ ဖြူးရဲစခန်း (ပ) ၃၆/၂၀၁၃၊ ပုဒ် မ- ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေးလုပ်ငန်းရှေ့ ရန်ကုန်-မန္တလေးလမ်းညောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ်ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဖြူးမှာဗုံးတွေ့တာနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေတုန်းပါပဲ။ အခုရက်ပိုင်း ပဲခူးတိုင်းဒေသကြီးမှာ ဗုံးတွေ့တာ၊ ဗုံးပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်က ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်လူသတ်မှုနှင့် ပတ်သတ်၍ "တချို့အမျိုးသမီးတွေဆိုရင် မှတ်ပုံတင် လုပ်မထားတဲ့အတွက် လက်ဗွေရာ စစ်ဆေးတဲ့အခါ အဆင်မပြေလို့ အခုဘယ်သူဘယ်ဝါ သေဆုံးတယ် ဆိုတာကို စစ်ဆေးနိုင်ဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးက အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသမီး လူပျောက်တိုင်တန်းတာတွေ ရှိမရှိကို တောင်းခံထားပါတယ်။ တရားခံရဲ့လမ်းစကို ရှာနိုင်ဖို့အတွက် လမ်းကြောင်းနှစ်ကြောင်းနဲ့ ဆောင်ရွက်နေပါတယ်" ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဗုံးတွေ့ရှိခဲ့ပြီးနောက် ၂ ရက်အကြာတွင် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလက်ရှိ အချိန်မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်နိုင်ဖို့အတွက် အဖွဲ့တွေခွဲပြီးတော့ ဆောင်ရွက်နေတယ်။ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးမှာတော့ တပ်ရောရဲတပ်ဖွဲ့ရော လုံခြုံရေး အပြည့်ချပြီး အထူးတင်းကျပ် ထားပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ပြောကြားခဲ့သည်။

"ကျွန်တော့်အမြင် အရတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း ဆိုင်တယ်။ လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးသမား နည်းနည်းပဲပါပြီး ခိုးဆိုးနှိုက် ဒုစရိုက်သမားတွေ အများကြီး ပါနေတယ်။ အဲဒီလူတွေက အပြင်ကို ရောက်လာပြီး အလုပ်အကိုင်က အဆင်မပြေတော့ သူကျင်လည်ခဲ့တဲ့ ခိုးဆိုးနှိုက် လုပ်ငန်းတွေပဲ ပြန်လုပ်ကြတာပေါ့၊ မြန်မာတစ်ပြည်လုံးမှာ အခုလို ခိုးဆိုးနှိုက်တွေ များလာတော့ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ မုဒိမ်းမှုတွေ စတဲ့မှုခင်းတွေ အဖြစ်များနေတာပဲ ဖြစ်တယ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အပိုင်းတွေလည်း ပါတာပေါ့။ အဓိက ပညာရေး အဆင့်အတန်း ထိန်းကွပ်မှု မရှိဘူးပေါ့၊ နောက်ဆုံးတော့ လူတွေက ဆင်ခြင်တုံတရား မရှိတော့ပဲနဲ့ အခုလို မလိုလားအပ်တဲ့ မှုခင်းဒုစရိုက်တွေ ခဏခဏ ဖြစ်ပွားနေရတာပါ" ဟု တောင်ငူမြို့နေ ဒုရဲမှူး အငြိမ်းစား ဦးစံလှက ဆိုသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် တောင်ငူမြို့၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ သိသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြ၀င်းအား ဖုန်းဖြင့် အောက်တိုဘာ ၁၂ ရက်တွင် အကြိမ်ပေါင်းများစွာ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အစည်းဝေး လုပ်နေသည်ဟုသာ ပြန်လည်ဖြေကြား ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
Eleven Media Group

အင်းစိန် စော်ဘွားကြီးကုန်းမှာ ဗုံးကွဲပြန်


ရန်ကုန်တိုင်းအင်းစိန်မြို့နယ် ပြည်လမ်းပေါ်က စော်ဘွားကြီးကုန်းပွဲရုံအနားမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရသူမရှိခဲ့ဘူးလို့ သိရပါတယ်။ ဗုံးပေါက်ကွဲအပြီး မကြာခင်မှာပဲ အဲဒီ အနီးနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း တောင်ငူမြို့က တည်းခိုခန်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦးသေဆုံးခဲ့ပါတယ်။
RFA Burmese

Sony ကထုတ်တဲ့ တစ်ကိုယ်ရည်သုံး 3D မျက်မှန် Sony HMZ-T3W


Sony ကပြီးခဲ့တဲ့ ရက်ပိုင်းတင်မိတ်ဆက်လိုက်တာ့ HMZ-T3W လို့ခေါ်တဲ့
တစ်ကိုယ်ရည်သုံး 3D မျက်မှန်ပါ။ ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေး ကို LED ဖန်းသာပြင်မှာကြည့်ရှုရသလို စွမ်းဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။ ပြီးတော့မိမိ Devicesမှရုပ်ပုံများ၊ဗီဒီယိုများကိုအရည်အသွေးကောင်းကောင်း
နှင့် သီချင်းများကိုလည်း အသံစွမ်းရည်ကောင်းကောင်းနဲ့ ခံစားနားဆင်နိုင်
အောင်ပြုလုပ်ပေးထား ပါတယ်။

မိမိရဲ့  Devices နှင့်ကြိုးမဲ့စနစ်အသုံးပြုလို့ရနိုင်မှာဖြစ်သလို၊ USB ကြိုးနဲ့ချိတ်
ဆက်အသုံးပြုမယ်ဆိုလည်း အဆင်ပြေစေမှာပါ။ ပြီးတော့ HDMI စနစ်ဖြစ်တဲ့
Input/Output ကိုပါအသုံးပြုလို့ရမယ့်အပြင် HDMI Wireless စနစ်နဲ့လည်း
အသုံးပြုလို့အဆင်ပြေစေပါတယ်။

ပုံမှာမြင်တွေ့ရတဲ့ကြော်ငြာကတော့ Sony စမတ်ဖုန်းနဲ့တွဲဖက်အသုံးပြုထား
တာမြင်တွေ့ရပေမယ့် Andorid ထဲမှာအကြုံးဝင်တဲ့ Devices စုံတွဲဖက် အသုံးပြုလို့အဆင်ပြေလောက်မယ်လို့တော့မြင်မိပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့စတင်ဖြန့်ချိရောင်းချပေးနေပါပြီ။
လုပ်ဆောင်နိုင်တဲ့
အသေးစိတ်အချက်အလက်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Capability

-Twin OLED HD screens, virtual 7.1 channel surround sound,
wireless HD technology
-Stream movies and games in smooth HD and 3D picture
-Connect to your mobile device and watch anywhere
-Enjoy a stylish, lightweight design with a comfort fit

ပါဝင်တဲ့ Accessories တွေကတော့

Headphones-YES

Headphones Attachment-3(S/M/L)

AC adapters-2

Start-up Guide-YES

Instruction Manual-YES

AC Cable-1

HDMI Cable-1(1.5m)

Sheild for Outside Light-1

Carrying Case-1

Ref:Sony
TechSpace Journal
ခွန်နေ(AMMG)

ပေါက်ကွဲမှုများ ရှိနေသော်လည်း ဆီးဂိမ်းအတွက် မစိုးရိမ်ဟု ပြည်ထောင် စု ဝန်ကြီးပြော


ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။ ။ ဆီး ဂိမ်းပြိုင်ပွဲကျင်းပရန် နီးကပ်ချိန် တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နေ သော်လည်း ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ စိုးရိမ်စရာအကြောင်း မရှိဟု ပြည်ထောင်စုဝန်ကြီး ဦး အေးမြင့်ကြူက ထုတ်ဖော်ပြော ကြားသည်။

''ဒီလိုမျိုးဖြစ်တိုင်းသာ တွေး ပူနေရင် ဘာမှအလုပ်ဖြစ်မှာမဟုတ် ဘူး။ ဆီးဂိမ်းပြိုင်ပွဲအတွက်လုံခြုံ ရေးအစီအမံတွေကို စနစ်တကျ စီစဉ်ထားပါတယ်''ဟု ၎င်းက ပြော သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေး အစီအမံများ ကို ထားရှိမည်ဖြစ် သော်လည်း ပြိုင်ပွဲလာရောက်သည့် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အားကစား သမားများ၊ ဒိုင်ဂျူရီ/အုပ်ချုပ် နည်းပြများ၊ မီဒီယာများအနေ ဖြင့် လုံခြုံရေးလည်ဆွဲပြားများ ချိတ်ဆွဲထားရမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ က ''ပြည်ထောင်စုဖလားပြိုင်ပွဲ မှာ လုံခြုံရေးကတ်တွေ မပါတဲ့ အတွက် လွှတ်တော်အမတ်တွေ တောင် လမ်းလျှောက်ပြီးဝင်ခဲ့ရ တယ်။ ဆီးဂိမ်းပြိုင်ပွဲတွေမှာလုံခြုံ ရေးလည်ဆွဲကတ်တွေက အရေး ကြီးတယ်။ ကျွန်တော်တို့တောင် အင်ဒိုနီးရှားမှာ လုံခြုံရေးလည် ဆွဲကတ်ကို သွားလေရာဆောင် ထားရတယ်''ဟု ၎င်းက ထပ်မံ ပြောသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား များနှင့် ပြိုင်ပွဲကာလ တစ်လျှောက် တွင် လာရောက်မည့်သူများအ နေဖြင့် လုံခြုံရေးလည်ဆွဲကတ် ပါရှိပါက သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်သော်လည်း ပြည် ထောင်စုဖလားပြိုင်ပွဲကဲ့သို့ တင်း တင်းကျပ်ကျပ် အစစ်အဆေးခံရ မည်မဟုတ်ကြောင်း သိရသည်။

''ပြိုင်ပွဲကိုလာရောက်တဲ့ ပရိသတ်တွေအနေနဲ့ ကွင်းထဲကို သယ်ဆောင်လို့ မရတဲ့ ပစ္စည်းတွေ ကို အပြင်မှာထားရမယ်။ ပါလာ တဲ့ပစ္စည်းတွေကို စစ်ဆေးတဲ့အခါ ဖွင့်ပြရမယ်။ VIP အပေါက်က ဝင်ရင်လဲ အခုလိုမျိုးဆောင်ရွက် မှာဖြစ်ပါတယ်''ဟု ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကျင်းပရေးကော် မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

အောက်တိုဘာ၁၁ရက် ည ပိုင်းတွင် တောင်ငူမြို့တွင် ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဖြူးမြို့နယ်ဆက်သွယ်ရေး ရုံးစာတိုက်ရှေ့တွင် ဗုံးတွေ့ရှိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
Yangon Media Group
ညီသစ်လူ

ရန်ကုန်ကို နိုင်ငံတော် အဆင့် လုံခြုံရေး အဖြစ် တိုးမြှင့်


ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။ ။ ရန် ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ကားမှတ်တိုင်တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန် ကုန်မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့် လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ ထုတ်ဖော်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်နှင့် ပဲခူးတိုင်းဒေ သကြီး တောင်ငူတို့တွင် ယခုရက် ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ် ပွားခဲ့ပြီး ညောင်လေးပင်၊ ဖြူးမြို့ နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်နီးပါးတွေ့ရှိနေသဖြင့် ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ တွင် ပထမဆင့်အနေဖြင့် မြင် သာမှုရှိသော လှည့်ကင်းရဲကင်း များဖြင့် ဆောင်ရွက်နေပြီး နောက် တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာ စုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

''ဗုံးကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေး မှုတွေ ပြု လုပ်နေ ဆဲပါ။ လော လောဆယ်တော့ ဘာမှပြောလို့ မရသေးပါ ဘူး။ လုံခြုံရေးကိုနိုင်ငံ တော်အဆင့်အနေနဲ့ အရေးတ ကြီး ထားပြီး ဆောင်ရွက်နေပါ တယ်။ လုံခြုံရေးလုပ်ငန်းတွေကို လဲ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက် နေပါတယ်''ဟုပြောသည်။
ကျော်မြတ်ဇံ
Yangon Media Group

မန္တလေးဗုံး စနက်တံဖြုတ်မရ၍ ဖောက်ခွဲ

အောက်တိုဘာ ၁၄၊ ၂၀၁၃

မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် မွန်းလွဲ ၂ နာရီကျော်က ဗုံးတလုံး တွေ့ရှိ၍ သက်ဆိုင်ရာက စနက်တံဖြုတ်ရန် ကြိုးပမ်းခဲ့ပြီး စနက်တံဖြုတ်မရ၍ မွန်းလွဲ ၃ နာရီတွင် ဖောက်ခွဲလိုက်ကြောင်း အခင်းဖြစ်ပွားသည့်နေရာ ရောက်ရှိနေသည့် မန္တလေးအခြေစိုက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။
The Irrawaddy (Burmese Version)

အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၄

၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင်
အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့




MONDAY, OCTOBER 14, 2013

  မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။

ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက   ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။

ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထားတာပါ။

ဖမ်းချုပ်ထိန်းသိမ်းရာမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ကိုင်ထားတဲ့လက်ထိပ်နဲ့ တယောက်ကို ခတ်လိုက်တယ်၊ လမ်းပေါ်မှာ မှောက်လျက်အနေအထားရှိတဲ့ နောက်တယောက်ရဲ့ ဇက်ကို ဒူးနဲ့ ဖိထားတာကို တွေ့ရပါမယ်။

ဘားအံအခြေစိုက် ရဲအရာရှိတဦးဖြစ်မယ်လို့ ယူဆရပါတယ်။

အိမ်ထဲကအထွက် ပိတ်ဖမ်းတယ် ဆိုတော့ သူတို့ ဖမ်းရမယ့်သူ(တွေ)ကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။
လိုင်စင်မဲ့ကားမောင်းလို့ ဖမ်းတာတော့ မဖြစ်နိုင်ပါဘူး။ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ကား များတဲ့အတွက် ကားဖမ်းဖို့အတွက်တော့ အဲဒီလောက် လှုပ်ရှားစရာ မလိုပါ။
တခြားအကြောင်းအရာအတွက် ဖမ်းတာ ဖြစ်မယ်လို့ ထင်ပါတယ်။

မြင်းဆေး ခေါ် စိတ်ကြွဆေး အလုံးခြောက်ဆယ်ကျော် ဖမ်းမိတယ်လို့ သတင်းမှာ ရေးထားတဲ့အတွက် မူးယစ်ဆေးအမှုအတွက် သံသယရှိလို့ ဖမ်းတာဖြစ်မယ်လို့ ယူဆရပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေး၊ နှိမ်နင်းရေး လှုပ်ရှားမှုတွေကို တနိုင်ငံလုံးမှာ တွေ့နေရပါတယ်။
သို့သော်လည်း မူးယစ်ဆေးစီးဆင်းမှုက အရှိန်အဟုန်နဲ့ ဆက်ရှိနေပုံရပါတယ်။ ရဲတပ်ဖွဲ့ကို လိုအပ်တဲ့ နည်းပညာ၊ ဘတ်ဂျက် စသဖြင့် အားဖြည့်ပေးမယ် ဆိုရင်ဖြင့် နှိမ်နင်းရေးအရှိန် ပိုသွက်လာဖွယ်ရှိပါတယ်။
(ဓာတ်ပုံများ - ဇော်ရဲထက်)
Irrawaddy

ခွဲစိတ် ကုသရန် မတတ်နိုင်သောကြောင့် တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး ၎င်း၏ ခြေထောက်ကို ကိုယ်တိုင် ဖြတ်တောက် ကုသခဲ့



Monday, 14 October 2013

တရုတ်နိုင်ငံမြောက်ပိုင်း ဟူပေးပြည်နယ်မှ သွေးလွှတ်ကြော ပိတ်ဆို့မှု ရောဂါ ခံစားနေရသော အမျိုးသား တစ်ဦးသည် အသီးလှီးဓားနှင့် လွှကို အသုံးပြု၍ ၎င်း၏ ခြေထောက်ကို ကိုယ်တိုင် ဖြတ်တောက် ကုသမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၄၇ နှစ်အရွယ်ရှိ ကျောင်ယန်လျင်ဆိုသူ ယင်းအမျိုးသားသည် ပေတောင်မြို့တောင်ဇန်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဇွန်လက အစာအိမ် နာကျင်မှု ဝေဒနာကို ခံစားခဲ့ရာမှ အစပြု၍ နာကျင်မှု ဝေဒနာသည် ၎င်း၏ ခြေထောက်သို့ ကူးစက် ပျံ့နှံ့ ခဲ့သည်။

ဒေသတွင်း သမားတော်များက ကျောင်၏ ရောဂါ ဝေဒနာကို အစပိုင်းက ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘဲ နာကျင်မှုကို သက်သာစေရန် ၎င်းအား အကိုက် အခဲ ပျောက်ဆေး များသာ ပေးခဲ့ ကြောင်းနှင့် နောက်ပိုင်းတွင် ၎င်းသည် အချိန်ကြာရှည်စွာရပ်နိုင်ခြင်း မရှိတော့သောကြောင့် ရောဂါရှာဖွေမှုများ ထပ်မံ ပြုလုပ်ရန် အတွက် ပေတောင် မြို့နှင့် ပေကျင်းမြို့ရှိ ဆေးရုံများကို သွားရောက်၍ စစ်ဆေးမှု ခံယူခဲ့ရာမှ နောက်ဆုံးတွင် ခြေထောက်နှစ်ဖက်လုံး၌ သွေးကြောပိတ်ဆို့မှု ရောဂါခံစားနေရသည် ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်း၏ ရောဂါအခြေအနေသည် နိုင်ငံအတွင်းဖြစ် ခေါင့်ဖြစ်ခဲလှသော ရောဂါတစ်ခု ဖြစ်ကြောင်း၊ ခွဲစိတ်မှု ပြုလုပ်ရန်လိုအပ်ပြီး တစ်လခန့်သာ အသက်ရှင်သန်ခွင့် ရှိတော့ ကြောင်း၊ ဆရာဝန်များက ၎င်းအား ပြောကြားခဲ့ကြောင်း ကျောင်က ပြောကြားသည်။

သို့သော် ခွဲစိတ်ကုသမှု ခံယူရန်အတွက် ခွဲစိတ်ခ မတတ်နိုင်ခဲ့ကြောင်းနှင့် ညာဘက် ခြေထောက်သည် ခန္ဓာကိုယ် အလေးချိန်ကို မနိုင်တော့ဘဲ နာကျင်မှု ဝေဒနာ သည် ခြေ ထောက်အထက်သို့ ပျံ့နှံ့လာခြင်းကြောင့် ယခုကဲ့သို့ ကိုယ်တိုင်ဖြတ်တောက် ကုသမှုပြု လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်၏ ခွဲစိတ်မှုသည် အောင်မြင်မှု ရရှိခဲ့သော်လည်း ၎င်း၏ ဘယ်ဘက်ခြေထောက်မှာ ရောဂါခံစား နေရဆဲဖြစ်ပြီး ခြေချင်းဝတ်မှ ဒူးခေါင်းအောက် ခန့်မှန်းခြေအားဖြင့် ၁ဝ စင်တီမီတာအတွင်း ရောဂါပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ ကျောင်သည် မိသားစုအပေါ် ဆက်လက်အလုပ်အကျွေး ပြုနိုင်ရေးအတွက် ခြေတုတစ်စုံရရှိ ရန် မျှော်လင့်နေကြောင်း သိရသည်။
မြ၀တီ

ရန်ကုန်မြို့တွင် တစ်ရက်အတွင်း ဒုတိယမြောက် ဗုံးပေါက်ကွဲမှု သာကေတမြို့နယ်၌ ဖြစ်ပွားရာ ကလေးငယ်နှစ်ဦး ဒဏ်ရာရ


ရန်ကုန်မြို့တွင် တစ်ရက်အတွင်း ဒုတိယမြောက် ဗုံးပေါက်ကွဲမှုအဖြစ် သာကေတမြို့နယ်၌ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် ရပ်ထားသော သစ်လုံးတင်ကား နောက်တွဲအောက်တွင် အမဲရောင် ကျွတ်ကျွတ်အိပ်ဖြင့် ထည့်ထားသော အထုပ်အား ဒေါပုံမြို့နယ် သင်္ဘောကျင်း ရပ်ကွက်တွင် နေထိုင်သည့် ထက်အောင်နိုင် (၁၄ နှစ်) နှင့် ၀င်းမင်းထွေး (၁၄ နှစ်) တို့ နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်း ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်နှစ်ဦးမှာ လက်နှင့် ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်သို့ အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ မိုင်းရှင်းလင်းရေး အဖွဲ့ဝင် ၁၂ ဦး လာရောက်ကာ ဖြစ်စဉ်အနီး ၀န်းကျင်တွင် မိုင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက "ကနဦး အနေနဲ့ မိုင်းတပ်စု တစ်စုနဲ့ ရှင်းလင်းရေး ဆောင်ရွက်နေပါတယ်။ လက်ရှိရရှိတဲ့ အချက်အလက်တွေအရ နံနက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်စဉ်က ဗုံးအမျိုးအစားနဲ့ အခုဖြစ်ခဲ့တဲ့ ဗုံးအမျိုးအစားက အတူတူပဲ ဖြစ်တဲ့အတွက် လုပ်တဲ့အဖွဲ့က တစ်ဖွဲ့တည်းလို့ သုံးသပ်လို့ ရပါတယ်။ လက်လုပ်ချိန်ကိုက်မိုင်းပါ။ အသေးစိတ် စစ်ဆေးဆောင်ရွက်နေဆဲ ဖြစ်ပါတယ်" ဟု အောက်တိုဘာ ၁၃ ရက် ည ၉ နာရီက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း တစ်ရက်အတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ တိုင်းခရိုင်၊ မြို့နယ်များတွင် လုံခြုံရေး တိုးမြှင့်ချထားပြီး ပြည်သူများ အနေဖြင့်လည်း လူစည်ကားရာ နေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာဖွယ်ရာ အထုပ်များ တွေ့ရှိပါက ဖွင့်ဖောက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာသို့ သတင်းပို့ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၃ ရက် ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာ၌ အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ မိုင်းရှင်းလင်းရေး အဖွဲ့ဝင်များ မိုင်းရှာဖွေမှုများ ပြုလုပ်နေစဉ်
Eleven Media Group

ရှန်ဟိုင်းမှ ပဟေဠိဆန်သော အဖော်အချွတ်မယ်ကို ရဲတပ်ဖွဲ့ စတင်စုံစမ်း



Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။

တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း ယင်းမိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူမနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို မည်သူမျှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ လူအများရှေ့တွင် အဝတ်အစားများကို လှစ်ပြတတ်သည့် ပဟေဠိဆန်သော မိန်းကလေးကို ယခုအခါ ရှန်ဟိုင်းရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှု စတင်နေပြီဟု သိရသည်။


ပထမဆုံး သူမ၏ ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်လာချိန်က အရက်မူးနေသည့် မိန်းကလေးတစ်ဦး အဆင်ခြင်မဲ့ ပြုမူသည်ဟု ယူဆခဲ့ကြသော်လည်း သီတင်းပတ် အတော်များများ ကြာလာသည်အထိ ဓာတ်ပုံအသစ်များ ပေါ်ထွက်နေသည့်နောက် လူပြောများသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။ ဓာတ်ပုံတစ်ခုတွင် လူအများ သွားလာနေသည့် ဟန်ရှန်လမ်းမပေါ်၌ ကင်မရာဘက်သို့ လှည့်ကာ အဝတ်အစားများကို လှစ်ပြနေသည့် မိန်းကလေး၏ ပုံရိပ်ကို တွေ့နိုင်သည်။ ထို့နောက်ပိုင်းတွင် ရှင်တီယန်ဒီနှင့် ဘွန်းဧရိယာများ၌ပါ ညဘက်ထွက်၍ အဝတ်အစားများ ချွတ်ပြသည့် မိန်းကလေး၏ ဓာတ်ပုံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။


ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် နောက်တစ်ကြိမ် လူအများရှေ့သို့ ထိုအမျိုးသမီး ထွက်ပေါ်မလာမီ သူမကို အတည်ပြု ဖော်ထုတ်နိုင်ရန် တစ်မြို့လုံးအနှံ့ ရှာဖွေမှုများ ပြုလုပ်နေသည်။ သို့သော်လည်း သူမ၏ သတင်းကို လုံးဝဥဿုံ အစအန မရသေးဘဲ ရှိနေကြောင်း သိရသည်။ အင်တာနက်တွင် ရှန်ဟိုင်းမှ အဖော်အချွတ်မယ်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူဟု အများစုက လက်ခံထားပြီး သူမကို ကူညီနေသည့် ဓာတ်ပုံသမား တစ်ဦးလည်း ရှိနိုင်သေးကြောင်း ဆွေးနွေးနေကြသည်။ တရုတ် အင်တာနက် လုံခြုံရေး တာဝန်ရှိသူများကလည်း ဓာတ်ပုံများ စတင်လာသည့် ရင်းမြစ်ကို ရဲတပ်ဖွဲ့နှင့်အတူ ကူညီ ရှာဖွေပေးနေကြောင်းလည်း သိရှိရသည်။

ရှင်ဥပဂုတ္တပူဇော်ပွဲ

ရန်ကုန်မြို့  လသာမြို့ နယ် စဥ့်အိုးတန်းဆိပ်ကမ်းမှ ရန်ကုန်မြစ်အတွင်းသို့ ရေမျှောပူဇော်သည့် ရှင်ဥပဂုတ္တပူဇော်ပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၃ရက် ညနေအချိန်က ရန်ကုန်မြို့ လသာမြို့ နယ်တွင် ပြုလုပ်ကျင်းပသည်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)










တာမွေမြို့နယ်တွင် (၁၀၀၀)ကျပ်တန်ငွေစက္ကူ အတုများဖမ်းဆီးရမိ


ရန်ကုန်၊ အောက်တိုဘာ ၁၄

၁၂.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၆)လမ်းဒေါင့်ရှိ လက်ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့် ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော Maddox စာတမ်းပါ အဖြူစင်းအနက်ရောင် လက်ဆွဲအိတ်(၁)လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (အသေး) (၄၁၀)ရွက်အားလည်းကောင်း၊ဆင်းကဒ်ပါ Forme တံဆိပ် အနက်ရောင်(ဘေးအစင်းအနီရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့်အား ထပ်မံစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူအတုများအား တောင်ဥက္ကလာပမြို့နယ်နေသူ မျိုးသူရထံမှ ငွေကျပ်(၄)သိန်းဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းနှင့် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်ရှိ နေအိမ်တွင် ငွေစက္ကူအတုများ ထပ်မံသိုဝှက်သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေသိမ်းဆည်းခဲ့ရာ
ထင်းရှူးသေတ္တာထဲတွင် အနက်ရောင်ကြွပ်ကြွပ်အိတ်နှင့် ထုပ်လျက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ (၁၀၀၀)ကျပ်တန်(အသေး) ငွေစက္ကူအတု (၁၉၉၇)ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၅၁/၂၀၁၃၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အမှုအား မှုခင်းတပ်ဖွဲ့သို့ လွှဲပြောင်း၍ ကွင်းဆက်တရားခံ မျိုးသူရအား ဖမ်းဆီးစစ်ဆေးခဲ့ရာ (၁၀၀၀)ကျပ်တန် ငွေစက္ကူအတု (၇၀၀)ရွက်၊ (၇)သိန်းကျပ်နှင့် ငွေတုလုပ်သည့် ကာလာပရင်တာတို့အား သိမ်းဆည်းရရှိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဖြူးမြို့နယ်တွင် ဇနီးမောင်နှံ နှစ်ဦး အသတ်ခံရမှု ဖြစ်ပွား


Monday, 14 October 2013

ဖြူးမြို့နယ် ခင်တန်းကြီး ကျေးရွာအုပ်စု ကျွဲမကူး ကျေးရွာရှိ ကျွန်းစိုက်ခင်းအတွင်း အောက်တိုဘာ ၁၂ရက် ညနေ ၆နာရီခန့်က ဇနီး မောင်နှံနှစ်ဦး အသတ်ခံရမှု ဖြစ်ပွား ခဲ့ပြီး အမျိုးသားမှာ ဦးခေါင်းဖြတ် အသတ်ခံရပြီး ဦးခေါင်း ရှာ မတွေ့ သေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွဲမကူးကျေးရွာ အနောက်ဘက် ၁ ဖာလုံခန့်အကွာရှိ ဖြူးမြို့နေသူ ဒေါ်စန်းစန်းသွယ်၏ စိုက်ခင်းတွင် အစောင့်လုပ် ကိုင်နေသည့် ဦးဇော်မင်း ၅၆နှစ် (ဘ) ဦးဇသန်း ဗဟာဒူးနှင့် ဒေါ်တင်ရွှေ ၅၅နှစ် (ဘ)အမည် စုံစမ်းဆဲ ကျွဲမ ကူး ကျေးရွာနေသူ ဇနီးမောင်နှံ နှစ်ဦးသည် ညနေ ၅ နာရီခွဲ ကျော်သည်အထိ နေအိမ်သို့ ပြန်ရောက်ခြင်း မရှိသဖြင့် တစ်ရွာတည်းနေ ကိုဇော်နိုင်ဦးက အဖော်နှစ်ယောက် ခေါ်ဆောင်ပြီး ဦးဇော်မင်းတို့ ဇနီးမောင်နှံ အလုပ်လုပ် ကိုင်သည့် စိုက်ကွင်း အတွင်း သွားရောက်ကြည့်ရှုခဲ့သည်။

ကိုဇော်နိုင်ဦးနှင့် အဖွဲ့ ရောက်ရှိချိန်တွင် စိုက်ကွင်းရှိ တဲတွင်း မြေကြီးပေါ်တွင် ဦးဇော်မင်းမှာ လည်ပင်းပြတ်ရှလျက် (ဦးခေါင်းရှာ မတွေ့သေး) ယာရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေပြီး ၎င်း၏အနီးတွင် ဇနီးဖြစ် သူ ဒေါ်တင်ရွှေမှာ ဝမ်းဗိုက် နံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ အူများထွက်ပြီး သေဆုံး နေကြောင်း တွေ့ ရှိခဲ့သဖြင့် ဖြူးရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူး မြို့မ ရဲစခန်းမှ (ပ) ၄၃၃/ ၂ဝ၁၃ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂၊ အမှုကြီး အမှတ် စဉ် ၇/၂ဝ၁၃ ဖြင့် အမှုဖွင့် အရေးယူထား ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

အခြေခံဥပဒေပြင်ဆင်ရေး ဗဟန်းလူထု ဆန္ဒပြု


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့နယ်က ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာပေး ဟောပြောပွဲကို တက်ရောက်လာတဲ့ ပါတီဝင်တွေ ရဟန်းရှင်လူပြည်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သဘောတူ ထောက်ခံခဲ့ကြပါတယ်။

ရန်ကုန်မြို့ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ ဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ရဟန်းရှင်လူပြည်သူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖိှု့ဆန္ဒပြုခဲ့ကြတာပါ။

ဟောပြောပွဲမှာ ဦးဆောင်ဆွေးနွေး ဟောပြောသူတဦးဖြစ်တဲ့ စာရေးဆရာ ထင်လင်းဦး က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာနေရာယူထားတာဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီကြောင်း အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအရည်အချင်းတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အကြောင်း လည်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့သဘောဆန္ဒကို စစ်တမ်းကောက်ယူဖို့ ဟောပြောပွဲတွေကို အောက်တိုဘာလ ပထမပတ်ကစလို့ နိုင်ငံအ၀ှမ်းမှာ ကျင်းပနေတာဖြစ်ပါတယ်။
RFA Burmese

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ) အချိန်ပိုင်းဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း


၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)တွင် အောက်ဖော်ပြပါ အချိန်
ပိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းအမည် - Post Graduate Dipaloma in Web Engineering
သင်တန်းကြေး -၃သိန်းကျပ်
သင်တန်းကာလ - ၄၂ပတ်
ဖွင့်လှစ်မည့်ရက် -၂၁-၁၂-၂၀၁၃
လက်ခံသင်ကြားမည့်ဦးရေ- ၃၀ ဦး

၂။သင်တန်းချိန်များမှာ စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉:၀၀ နာရီ
မှ ညနေ ၄:၀၀ နာရီအထိသင်ကြားမည်ဖြစ်ပါသည်။ တနင်္လာနေ့မှ သောကြာ
နေ့အထိ ညနေ ၄:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ လက်တွေ့ချိန်များ
သတ်မှတ်ပေးပြီး သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

၃။သင်တန်းသားများ၏ ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များအတိုင်း
လျှောက်ထားနိုင်ပါသည်-
(က) Post Graduate Diploma in Web Engineering သင်တန်းကို ကွန်ပျူ
တာဘာသာရပ်နှင့် ၄င်းနှင့် ဆက်စပ်ဘာသာရပ်ဖြင့်ဘွဲ့ရရှိပြီးသူများလျှောက်
ထားနိုင်သည်။
(ခ)လုပ်ငန်းခွင်မှ ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်း/ဌာန အကြီးအကဲ
၏ ထောက်ခံချက်ဖြင့် လျှောက်ထားခွင့်ပြုမည်။
(ဂ)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

၎။သင်တန်းဝင်ခွင့်စာမေးပွဲကို အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါသည်။
(က)အင်္ဂလိပ်ဘာသာနှင့် ဘာသာရပ်ဆိုင်ရာများအား Online ဖြင့်ဖြေဆိုရ
မည်ဖြစ်ပါသည်။
နေ့ရက် -၂၃-၁၁-၂၀၁၃(စနေနေ့)
အချိန် -နံနက် ၉:၃၀နာရီမှစတင်၍
နေရာ -ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)

(ခ)ဝင်ခွင့်စာမေးပွဲအောင်မြင်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်
ပါသည်။

၅။သင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ရန်ကုန်ကွန်ပျူတာ
တက္ကသိုလ်(ဗဟန်းနယ်မြေ)တွင် ၁၁-၁၁-၂၀၁၃ (တနင်္လာနေ့) နောက်ဆုံး
ထား၍ လျှောက်ထားနိုင်ပါသည်။

၆။အခြားသိရှိလိုသည်များရှိပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်
မြေ) ဖုန်း ၀၁-၅၃၇၃၉၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ကောလာဟလကြောင့် တံတားပေါ်ကြောက်လန့်တကြားပြေးကြရာမှဘုရားဖူး၆ဝခန့် သေဆုံး


[ Ref-AFP ၊ ဘဟိုးပါး ၊ စက်တင်ဘာ ၁၃ ]

အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘုရား ကျောင်းတစ်ကျောင်း အပြင်ဘက် ရှိ တံတားတစ်ခုပေါ်တွင် လူအ များ ထိတ်လန့်တကြား ကမူးရှူး ထိုး
ပြေးလွှားခဲ့ရာ အနည်းဆုံး လူ ပေါင်း၆ဝခန့် သေဆုံးခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်အထိ သေ ဆုံးသူ ၆ဝခန့်ရှိကြောင်း အတည် ပြုပြောကြားနိုင်သော်လည်း အ သေအပျောက်စာရင်းတွင် ၁၀၀ အထိတိုးလာဖွယ်ရှိသည်ဟု ဒေသ ခံ လက်ထောက်စုံစမ်းစစ်ဆေး ရေးအရာရှိ ဗိုလ်ချုပ်ကြီးဒီကော အာယာက ပြောကြားခဲ့သည်။

တံတားပေါ်ရှိ လူများထိတ် လန့်တကြားနှင့် ဝရုန်းသုန်းကား ပြေးလွှားရသည့်အကြောင်းမှာ ကုန်တင်ကားကြီးတစ်စီးက တံ တားကို တိုက်မိပြီးနောက် တံတား ပြိုကျတော့မည်ဖြစ်ကြောင်း ကောလာဟလအသံများ ထွက် ပေါ်လာပြီးနောက် တံတားပေါ် တွင်ရှိနေသူများ ကမူးရှူးထိုးပြေး လွှားခဲ့ကြကြောင်း၊ အချို့လူများ မှာ ကြောက်အားလန့်အားနှင့် တံတားပေါ်မှ မြစ်ထဲသို့ခုန်ချခဲ့ ကြကြောင်း၊ မြစ်ထဲသို့ ခုန်ချသူ အရေအတွက် မည်မျှအထိရှိသည် ကို အတိအကျမသိရသေးကြောင်း မစ္စတာအာယာက ပြောကြားခဲ့ သည်။

အခင်းဖြစ်ပွားချိန်တွင် ဟိန္ဒူ ဘာသာဝင်တို့ နာဝါရာတရီပွဲ တော်ကျင်းပသည့် နောက်ဆုံးနေ့ ဖြစ်ပြီး ဘုရားကျောင်းသို့ ဘုရား ဖူးသန်းနှင့်ချီ၍ ရောက်ရှိနေချိန် ဖြစ်သည်။ ၂၀၁၁ခုနှစ်ကလည်း တံတားကျိုးကျမှုကြောင့် ဟိန္ဒူ ဘုရားဖူး ၁၀၂ဦး သေဆုံးခဲ့ဖူး ကြောင်း သိရသည်။
Yangon Media Group

ရုပ်ရှင်အစည်းအရုံး (၅၀) ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၅၀) ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲမြင်ကွင်း







Solar Flare ဖြစ်စဉ်ကြောင့် ထူးခြားလှပသည့် သဘာဝ အလှတရားတစ်ခု ဖြစ်တည်လာပုံကို ဓာတ်ပုံဆရာ တစ်ဦးက မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့







အကျိုးဆက်အဖြစ် ညဘက်ကောင်းကင်ယံတွင် အလွန်လှပသော ရောင်စဉ်တန်းများ သဘာဝအတိုင်း ယှဉ်ဖြာ နိုးကြွလာသည်ကို ကမ္ဘာ့မြောက်ပိုင်း အရပ်ဒေသ အချို့မှ လူများ တွေ့မြင်ခွင့် ရရှိခဲ့သည်။
Posted on Oct 14 13 - 12:00 AM | Hits : 94
ကောင်းကင်ယံမှ Masterpiece ဆေးရေးပန်းချီ
နေ၏ မျက်နှာပြင်တွင် ပေါက်ကွဲ လင်းဖြာထွက်လာတတ်သည့် Solar Flare ဖြစ်စဉ်ကြောင့် ကမ္ဘာမြေပေါ်တွင် ထူးခြားလှပသည့် သဘာဝ အလှတရားတစ်ခု ဖြစ်တည်လာပုံကို အမေရိကန်မှ ဓာတ်ပုံဆရာ တစ်ဦးက အကောင်းဆုံး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့သည်။ နေမျက်နှာပြင်တွင် ကမ္ဘာမြေဘက်သို့ ဦးတည်သည့် အားကောင်း ပြင်းထန်သည့် Solar Flare ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာပြီး ယင်းပေါက်ကွဲမှု၏ အရှိန်အဟုန်က ကမ္ဘာ၏ သံလိုက်စက်ကွင်းများထဲ တိုးဝင်ရိုက်ခတ်လာခဲ့သည်။ အကျိုးဆက်အဖြစ် ညဘက်ကောင်းကင်ယံတွင် အလွန်လှပသော ရောင်စဉ်တန်းများ သဘာဝအတိုင်း ယှဉ်ဖြာ နိုးကြွလာသည်ကို ကမ္ဘာ့မြောက်ပိုင်း အရပ်ဒေသ အချို့မှ လူများ တွေ့မြင်ခွင့် ရရှိခဲ့သည်။


ကနေဒါ၊ အမေရိကန်နှင့် အိုင်ယာလန် နိုင်ငံများ၏ အချို့သော အစိတ်အပိုင်းများ၌ ရောင်စဉ်တန်းများ ထင်ရှားစွာ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် ကန်းဆက်စ်၊ မိန်းနှင့် ကန်တက်ကီတို့၏ ညဘက် ကောင်းကင်ယံတွင် ယင်းအလင်းရောင်များကို ဆန်းကျယ်လှပစွာ တွေ့ရှိနိုင်သည်။ မိန်းပြည်နယ်မှ အသက်(၆၁)နှစ်အရွယ် ပေါလ်ဆိုင်ရာသည် ကံကောင်း ထောက်မစွာဖြင့် ယင်းရောင်စဉ်တန်းများ အထင်ရှားဆုံး စတင်ဖြစ်ပေါ်နေချိန်ကို မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့သည်။ ပန်းရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်များ အမျိုးမျိုး ရောယှက် တည်ရှိနေပုံကို ရှုထောင့် အမျိုးမျိုးဖြင့် ပေါလ်က မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။


ယခုဖြစ်ရပ်သည် ညသန်းခေါင်ကျော် အချိန်ကြီးတွင် ထင်ထင်ရှားရှား စတင်ခဲ့သဖြင့် မြင်ကွင်းကောင်းကို လက်လွတ်သွားသူ အများအပြား ရှိခဲ့သည်။ "ကျွန်တော်က ညသန်းခေါင်လောက်မှာ ပြူတင်းပေါက် အပြင်ဘက်ကို အမှတ်မထင် ငေးနေရာကနေ ရောင်စဉ်တန်းတွေကို စသတိထားမိတာပါ။ နောက်တော့ ကျွန်တော် တွေးမိတဲ့အတိုင်း တကယ်ဖြစ်လာတယ်။ ဒီလို ရောင်စဉ်တန်းတွေ ဖြစ်လာဖို့ ဆိုတာက ကြိုမှန်းဆလို့ မရပါဘူး။ ဒါပေမဲ့ Solar Flare ဖြစ်ပြီး နောက်(၂)ရက်ကျော်လောက်ထိတော့ ခပ်ရေးရေး အရောင်တွေ ကျန်နေနိုင်ပါသေးတယ်"ဟု ပေါလ်က ပြောဆိုခဲ့သည်။


၎င်းသည် အမ်မစ်ရှ် လူငယ်တစ်ဦး မြင်းလှည်းမောင်းနေစဉ် ရောင်စဉ်တန်းများ ထွက်ပေါ်လာပုံကိုလည်း ဓာတ်ပုံရိုက်ခဲ့သေးသည်။ ပေါလ်က "အမ်မစ်ရှ်တွေက မနက်ဆို အစောကြီးထပြီး အလုပ်လုပ်လေ့ ရှိပါတယ်။ ဒီလူငယ်လေးကတော့ သူ့တစ်သက်မှာ ဒီလိုရောင်စဉ်တန်းမျိုး တစ်ခါမှ မကြုံဖူးဘူးထင်တယ်။ သဘာဝရဲ့ အလှအပက သူ့ကို မင်တက်နေအောင် ဖမ်းစားနိုင်ခဲ့တယ်။ မြင်းလှည်းကိုရပ်ပြီး တော်တော်ကြာအောင် ငေးနေခဲ့တယ်လေ"ဟုလည်း ပြောကြားသွားသည်။ Solar Flareနှင့်အတူ ကမ္ဘာမြေသို့ ဦးတည်လာသည့် ဖြာထွက်စွမ်းအင်သည် ကမ္ဘာ့လေထုထဲရှိ လျှပ်စစ်သိုလှောင်သော ပရိုတွန်များနှင့် ထိတွေ့ပြီးနောက် ရောင်စဉ်တန်းများ လှပစွာ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းတို့သည် သံလိုက်စက်ကွင်း အားကောင်းစွာ ဖြစ်တည်နေသည့် ဝင်ရိုးစွန်း လေထုများတွင် ပိုမိုထင်ရှားပြီး အီကွေတာဘက် နီးလာလေလေ၊ အားပျော့ မှေးမှိန်သွားလေလေ ဖြစ်ကြောင်း သိရှိရသည်။