HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃)

Singapore Web Design website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် http://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။

အဲဒါကို အခက်အခဲရှိနေဦးမယ်ဆိုရင်လည်း သိပါရစေ၊ comment ချန်ခဲ့ပါ၊ တစ်ခြားနေရာမှာ တင်ပေးလိုက်ပါမယ်။ အရင်က သင်ခန်းစာတွေ ပြန်ကြည့်ချင်တယ်ဆိုရင်တော့


အပိုင်း (၃) video ကတော့ အောက်မှာပါ


ဂျပန်နိုင်ငံတွင် မော်ဒယ်အဖြစ် အနုပညာခရီးလျှောက်လှမ်းနေ တဲ့ မြန်မာပြည်ဖွား မြတ်နိုး


နိုင်ငံရပ်ခြားမှာ အောင်မြင်အောင်ကြိုးစားနေကြတဲ့ မြန်မာလူငယ်တွေများစွာ ရှိကြပါတယ်။ ဒီလူငယ်တွေထဲကမှ ဂျပန်နိုင်ငံက harajuku tv,FM urayatsu Rainbow town FM စတဲ့ ချန်နယ် တွေ မှာ မော်ဒယ်အဖြစ်ရော Presenter အဖြစ်ပါ။

အလုပ်လုပ်နေတဲ့ မြတ်နိုး လည်းတစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ သူက ၂ဝ၁ဝခုနှစ် ဧပြီလမှာ ဂျပန်ကို ရောက်ရှိနေတာဖြစ်ပြီး ဂျပန်အသိ မိသားစုတွေရဲ့ အားပေး မှုတွေကြောင့် ၂ဝ၁၃ခုနှစ်မေလ မှာ မော်ဒယ်အဖြစ်စလုပ် ခဲ့တာဖြစ်ကြောင်း မြတ်နိုးက ပြောပါတယ်။

မော်ဒယ် လုပ်ရင်းနဲ့ မြန်မာလူမျိုးဖြစ်ပြီး အင်္ဂလိပ်ဘာသာ၊ တရုတ် ဘာသာ၊ ဂျပန်ဘာသာနှင့် ကိုရီးယားဘာသာစကားတွေကိုလည်း ပြောဆိုတတ် တာကြောင့် TV Station နှင့်Radio FM တွေက စိတ်ဝင်စားပြီး အစမ်းသွားလုပ်ကြည့်ရင်းနဲ့ အခုနောက်ပိုင်း regular အဖြစ်နဲ့ presenter အလုပ်ကို လုပ်ဖြစ်သွားခြင်းဖြစ်ကြောင်း မြတ်နိုးက ပြောပါတယ်။ "မြတ်နိုးမော်ဒယ်တစ်ခုထဲ မဟုတ်ဘဲ သီချင်း လည်းဆိုနေပါတယ်။ အခုထိတော့ တအားအခက် အခဲတွေ့ခဲ့တာ မရှိသေးပါဘူး။ ဂျပန်လူမျိုးတွေက မြန်မာကိုနှစ်သက်တဲ့အတွက် အလုပ်မှာရော အားလုံးက ဝိုင်းပြီးသင်ပေးတာကြောင့် အခုထိတော့ တော်တော် အဆင်ပြေပါတယ်။ ဒီနှစ်ဇူလိုင်မှာ JMAC အဖွဲ့အစည်းကJapan Myanmmar Friendship Ambassador ရထားတဲ့အတွက် နောက်ပိုင်း မှာ မော်ဒယ်လုပ် ရင်းFriendship Ambassadorအလုပ် ကိုပါ ကြိုးစားသွားမှာပါ။ အခုဒီမှာ College တက်နေတာမို့ မြန်မာ နိုင်ငံကို ကျောင်းပိတ်ရင် အခွင့်ရတိုင်းပြန်ပါတယ်" လို့ပြောပါ တယ်။ မြတ်နိုးဆိုတဲ့နာမည်ကို ဂျပန် အသံထွက်နဲ့ဆိုရင် ခေါ်ရခက်တာကြောင့် Esther ဆိုတဲ့နာမည်နဲ့
ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဂျပန်မှာရောက်ရှိ နေတဲ့ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူဒါရိုက် တာအောင်လင်းနိုင်ရိုက်ကူးမယ့် 'အရုပ် ကလေးရဲ့ နတ်သမီး' ဗီဒီယို ဇာတ်ကားမှာပါဝင် သရုပ်ဆောင်သွား မှာဖြစ် ကြောင်းသိရပြီးဒီဇာတ်ကားနဲ့ပတ်သက်ပြီးမြတ်နိုးက "ဒါရိုက်တာ ကိုအောင်လင်းနိုင်ကို အသိ မိတ်ဆွေကမိတ်ဆက်ပေးလို့သိသွားတာပါ။ ကိုအောင် လင်းနိုင်ဆီကနေ acting ပိုင်းပညာတွေလည်း သင် ချင်လို့ ဗီဒီယို ရိုက်ဖြစ်သွားတာပါ။ နည်းနည်း သဘောမကောင်းတဲ့ေ နရာကသရုပ်ဆောင် လို့ မရသေးတဲ့အတွက်ပရိသတ်တွေ မုန်းသွားမှာ ကိုတော့တအားစိုးရိမ်နေမိပါတယ်" လို့ပြော ပြီးဒီဇာတ်ကားက သူ့ရဲ့ပထမဆုံးရိုက်တဲ့ ဇာတ် ကားဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal

TV ကြည့်ရန် မီးပလပ်ထိုးစဉ် အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ သြဂုတ် ၁၉

၁၉.၈.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံးရောက်ရှိလာကြောင်းသတင်းအရ အလုံမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ---- ၊ ၂၈နှစ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံမြို့နယ် နေသူဖြစ်ပြီး၊
၎င်းသည် ၁၉.၈.၂၀၁၃ ရက်နေ့ ၁၁၁၀ အချိန်ခန့်တွင် နေအိမ်၌ မိသားစုများနှင့်အတူ TV ကြည့်ရန်အတွက်မီးပလပ်ခုံသို့TV ကြိုးထိုးစဉ် ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် အလုံမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၃)ဖြင့်ရေးဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

ခြောက်ပေကျော် အရှည်ရှိမိကျောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်း


ရန်ကုန်၊ သြဂုတ် ၁၈

ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ခြောက်ပေ ခြောက်လက်မ အရှည်ရှိ မိကျောင်းတစ်ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သြဂုတ်လ ပထမပတ်က လာရောက် လှူဒါန်းထားကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က The Voice သို့ ပြောကြားသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ မရမ်းချောင်းနှင့် ကုတင်ချောင်းအစပ်တွင် အလျားတစ်ပေခန့်ရှိ အဆိုပါမိကျောင်းကို ၂၀၀၃ ခုနှစ်က ငါးဖမ်းပိုက်တွင်းမှ ဖမ်းဆီးရမိခဲ့သည် ရေလုပ်ငန်း လုပ်ကိုင်သော ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ဝယ်ယူမွေးထားခဲ့ပြီး အသက် ၁၂ နှစ် အရှည်ခြောက်ပေ ခြောက်လက်မ အရွယ်တွင် သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“သားရဲတိရစ္ဆာန်မှန်ရင် ဘာမှအိမ်မှာ (ပုဂ္ဂလိကအနေနဲ့) မွေးခွင့်မရှိဘူး” ဟု မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဆင် ရှိသူများရှိပြီး မှတ်ပုံတင်ထားသောဆင် သေပါက ပိုင်ရှင်က ပြန်ရောင်းချခွင့် ရှိသော်လည်း နိုင်ငံခြားကို ရောင်းချပါက တရားမဝင်ကြောင်း၊ လုပ်ငန်းပါမစ်ရှိသော ကုမ္ပဏီတစ်ခုမှ ကုမ္ပဏီပိုင် အိမ်မွေးငှက်၊ ငါးတို့မှ ပေါက်ဖွားသော တိရစ္ဆာန်များကို မွေးမြူခွင့် ရှိသော်လည်း မျိုးဆက်သုံးကြိမ်မြောက် တိရစ္ဆာန်ကိုသာ ပြန်လည် ရောင်းချခွင့် ရှိကြောင်း ၎င်းကပြောကြားသည်။

“ကန့်သတ်ထားတဲ့ တိရစ္ဆာန်ကို နိုင်ငံခြားကို ခိုးထုတ်တာ မှောင်ခိုလုပ်တာ ဆိုရင်တော့ ဥပဒေနဲ့ ငြိစွန်းတယ်” ဟု ၎င်းကဆိုသည်။

ယင်းမိကျောင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ငါးမြစ်ချင်း နှစ်ပိဿာ ကျွေးကြောင်း၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မိကျောင်း ၁၃ ကောင် ရှိကြောင်း မိကျောင်းများကို ထိန်းသိမ်း စောင့်ရှောက်သူ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များ၏ ကျွေးမွေးစရိတ်သည် တစ်ရက်လျှင် ကျပ်လေးသိန်းခွဲနှင့် ငါးသိန်းကြား ရှိသည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောဆိုသည်။

ရလေး
The Voice Weekly

တောင်နှင့် မြောက်ကိုရီးယား မိသားစု ဝင်များ ပြန်လည် ပေါင်းစည်းရန် မြောက်ကိုရီးယား သဘောတူ


၁၉၅ဝ- ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ကွဲကွာနေသော မိသားစုဝင်များ ပေါင်းစည်း တွေ့ဆုံရန် တောင်ကိုရီးယား အစိုးရ၏ အဆိုပြုချက်ကိုလက်ခံသဘောတူကြောင်း  မြောက် ကိုရီးယားအစိုးရအဖွဲ့က သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

 မြောက်ကိုရီးယား အစိုးရသည် စက်တင်ဘာ ၁၉ရက်တွင် ကျရောက်မည့် ရိုးရာ Chuseok အားလပ်ရက် အတွင်း  ကွဲကွာ နေသော မိသားစုဝင်များ ပေါင်းဆုံပွဲကို ကျင်းပရန် သဘောတူ ခဲ့ကြောင်း ကိုရီးယား ပြန်လည် ပေါင်းစည်းရေး မြောက်ကိုရီးယား ကော်မတီက အစီရင် ခံစာတွင် ပြောကြား ထားသည်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက ကွဲကွာနေသော မိသားစုများ ပေါင်းဆုံပွဲကို ကျင်းပရန်အတွက် မြောက်  ကိုရီးယား အစိုးရကို ယခုသီတင်းပတ် အတွင်း၌ တိုက်တွန်း ခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက်ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။

နှစ်နိုင်ငံ ကြက်ခြေနီ အဖွဲ့မှ အာဏာပိုင်များသည် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များ ဆွေးနွေးရန် အတွက် သြဂုတ် ၂၃ရက်တွင် အစည်းအဝေးပွဲ ကျင်းပ၍ ဆွေးနွေး သွားမည်ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ Mount Kumgang အပန်းဖြေစခန်း ပြန်လည် ဖွင့်လှစ်ရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း အကြံပြု ထားကြောင်း သိရသည်။

မြ၀တီ


ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်


စာရေးဆရာကြီး ဒဂုန်တာရာ (ဓာတ်ပုံ – ဧရာဝတီ)
စာရေးဆရာ၊ ကဗျာဆရာ ငြိမ်းချမ်းရေး ၀ါဒီ ဆရာကြီး ဒဂုန်တာရာ အသက်(၉၅)နှစ်သည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ နေ အိမ်တွင် လူကြီးရောဂါဖြင့် ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်က ခန့်ကွယ်လွန်သွားသည်ဟု သတင်းရသည်။

ဆရာကြီး ဒဂုန်တာရာသည် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ မိသားစုနှင့် အတူတူနေထိုင်ခြင်းဖြစ်သည်။

အမည်ရင်း ဦးဌေးမြိုင် ဖြစ်သော ဆရာကြီး ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ၌ မြစ်ဝကျွန်းပေါ် ကျိုက်လတ်မြို့နယ် ထိုင်ကူရွာတွင် မွေးဖွားခဲ့သည်။

ငယ်စဉ်ကပင် ဂီတကို ၀ါသနာပါခဲ့ပြီး ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ် ရောက်ရှိချိန်၌ စန္ဒရားကို အဆောင်သို့ ယူဆောင်ပြီး တီးခတ်ခဲ့သူဖြစ်သည်။

“လေနုအေးသည် တနွဲ့နွဲ့ နော့နေဆဲ”၊ “၀တ်လစ္စလစ် လမ်းမ”စသည့် ဆရာကြီး ဒဂုန်တာရာ ၏ အရေးအသားများသည် ထိုခေတ် ထိုအခါက စာပေ လောကတွင် ခေတ်မီသော စကားလုံးများဖြစ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားဘ၀ သခင် အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်ဇေယျ၊ အာဏာရှင် ကိုလှရွှေ၊ စသည့် သူများနှင့် နေခဲ့ရသော်လည်း ကွန်မြူနစ် ခေါင်းဆောင် သခင်ဗဟိန်းနှင့်မူ အရင်းအနှီးဆုံးဖြစ်သည်။

သခင်ဗဟိန်းနှင့်အတူ အင်္ဂလိပ် တော်လှန်ရေး လက်နက် အကူအညီရယူရန် တရုတ်ပြည်သို့ ထွက်ခွာခဲ့သော်လည်း ရှမ်းပြည်၏ နာမည်ကြီး ပုဒ်မ ၁၀ ကြောင့် လားရှိုးမြို့မှ ပြန်လည် လှည့်ပြန်ခဲ့ရသည်။

ကျောင်းသားဘ၀က သခင်အမည် ခံယူခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးနှင့် မနီးမဝေးမှပင် နေတော့သည်။ သို့သော် ပြည် တွင်းစစ်ကာလ ၀ါဒရေးရာအရ ကွန်မြူနစ်ပါတီ ဘက်သို့ စာနာမှုရှိခဲ့ပြီး ယိမ်းယိုင်ခဲ့သည်။

နောက်ပိုင်းတွင် မြသန်းတင့်၊ ကျော်အောင်၊ ကြည်လင်၊ ဗန်းမော်တင်အောင် စသည့်သူများနှင့်တွဲဖက်ပြီး စာပေသစ် တာရာမဂ္ဂဇင်း ကိုထုတ်ဝေခဲ့သည်။

“ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုသည့် ငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးခဲ့သော်လည်း ၎င်း၏ စာပေသဘောတရား၊ စာပေလှုပ်ရှားမှု၊ ဝေဖန် ရေး နှင့် ပတ်သက်ပြီး တိုက်ခိုက်မှုများကို ခံခဲ့ရသည်။

ဖဆပလ အစိုးရလက်ထက်၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့တွင် ပါဝင်လှုပ်ရှား ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာ လက်ဝဲ နိုင်ငံရေးသမားများ၊  အလုပ်သမားများ၊ ကျောင်းသားများ နှင့် စာရေးဆရာများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဆရာကြီး ဒဂုန်တာရာလည်း အဖမ်းခံခဲ့ရ သည်။

ဆိပ်ဖလူးရနံ့ သင်းပျံ့ရာ အင်းစိန်တောရဟု နာမည်ကြီးသည့် အင်းစိန်ထောင်တွင် ၁၉၆၃ ခုနှစ်မှ စတင်ပြီး ၃နှစ်နှင့် ၃လ နေထိုင် ခဲ့ရသည်။

“ကျနော့် အမြင်တော့ ဗိုလ်နေ၀င်း အစိုးရက တရားဝင်မှ မဟုတ်တာ၊ ကျနော်နဲ့ ထောင်က ထွက်တော့ ဗိုလ်နေ၀င်းနဲ့ တခါတွေ့တယ်၊ ဒါပေမယ့် စကားပြောစရာ မရှိပါဘူး၊ ဗိုလ်နေ၀င်းက ကျနော့်ထက် ၉ နှစ်ကြီးတယ်”ဟု ဧရာဝတီကို ပြောဖူးသည်။

ဆရာကြီး ဒဂုန်တာရာ၏ ထင်ရှားသော စာပေ လက်ရာများတွင် မေ၊ ဧရာဝတီ ယန်စီ ဗော်လဂါ၊ ကြာပန်းရေစင်၊ စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေလှုပ်ရှားမှု ၊ ရုပ်ပုံလွှာ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ မူးယစ်ရီဝေသော နွေဦးညများ၊ ဖျတ် ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ်၊ အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်းနုရောင်အို စသည့် စာအုပ်များမှာ ထင်ရှားသည်။

ဆရာကြီးသည် အသက်အရွယ် အိုမင်းချိန်အထိ နိုင်ငံအတွက် အကျိုးရှိမည့် ဆောင်ရွက်ချက် တခုဖြစ်သော ဧရာဝတီ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့သေးသည်။

ပိတောက် ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာနှင့် ကဗျာဆရာ မောင်စိမ်းနီက “စာပေနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ခေတ်ကို ထွန်းညှိပေးတဲ့ အတောက်ပဆုံး အလင်းရောင်တခု၊ လူထု လူတန်းစား အသီးသီး၏ ဘ၀အသီးသီးကို မြင်သာထင်သာအောင်၊ အမှန်တရားကို မြင်သာထင်သာအောင် လုပ်ပေးတဲ့ စာဆိုကြီး လို့ ယူဆထားတော့ အကြီးမားဆုံး ဆုံးရှုံးမှုလို့ သဘောထားပါတယ်”ဟု ပြောဆို သည်။

ဆရာဒဂုန်တာရာသည် မိမိတည်ဆောက်ထားသည့် ကိုယ်ပိုင်အတွေးအမြင်၊ ဒဿန၊ လမ်းစဉ် အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ သူ တဦးဖြစ်ကြောင်း၊ ပြည်သူ့ဘက် ရပ်တည်ကာ ငြိမ်းချမ်းရေးကို လိုလားသည့် ငြိမ်းချမ်းရေး စာဆိုတဦး ဖြစ်ကြောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြီးလျှင် ဆရာကြီး ဒဂုန်တာရာဟု ယူဆထားကြောင်း ဆရာမောင်စိမ်းနီက မှတ်ချက်ပြုသည်။
ရန်ပိုင်| August 19, 2013 |
ဧရာဝတီ

ဒါက်တာ စင်သီယာမောင်ကို ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေး ချီးမြှင့်လိုက်ပါတယ်၊


ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာ ပြည်သား ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကျောင်းသားဆေးခန်းလို့ သိကြတဲ့ မယ်တော် ဆေးခန်းကို ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေး ချီးမြှင့်လိုက်ပါတယ်၊ ဆစ်ဒနီ ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတ၀ှမ်းမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြှင့်နေတဲ့ဆု ဖြစ်ပါတယ်။ အရင်က ဆစ်ဒနီ ငြိမ်းချမ်းရေးဆုကို တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အရှေ့တီမော ခေါင်းဆောင် ဇာနာနာ ဂက်စ်မိုတို့ကို ချီးမြှင့်ခဲ့ပါတယ်။
DVB TV News

တစ်ရက် ကော်ဖီလေးခွက်သောက်သူများ အသေစောနိုင်သဖြင့် သတိထား


အသက် ၅၅နှစ်အောက်ရှိ လူများအနေဖြင့် တစ်နေ့လျှင် ကော် ဖီလေးခွက်၊ ရက်သတ္တ တစ်ပတ် လျှင် ကော်ဖီ ၂၈ ခွက်သောက် တတ်ပါက စောစီးစွာ သေနိုင် ကြောင်း ကျွမ်းကျင်သုတေသီများ က သတိပေးပြောကြားသည်။ အ သက် ၂ဝမှ ၈ရ နှစ်အတွင်းရှိ လူ ၄၃၇၂ရ အား ၎င်းတို့၏ နေထိုင် စားသောက်မှုဘဝပုံစံကို လေ့လာ ရာမှတွေ့ရှိသည်ဟုဆိုသည်။
ကိုယ်ခန္ဓာ၏အစာချေဖျက် မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုစသည် တို့နှင့်သက်ဆိုင်သော ဇီဝတွင်း ဖြစ်စဉ်အား ကော်ဖီအလွန်အကျွံ သောက်မှုမှ ဆိုးကျိုးသက်ရောက် စေနိုင်သည်ဟု အမေရိကန်သု တေသီများက ပြောသည်။
ကော်ဖီစွဲသောသူများ ထို ကဲ့သို့ဖြစ်တတ်သည်ဟုဆိုသည်။ သို့သော် ယခုသုတေသနပြုချက် သည် ကော်ဖီအသင့်အတင့်ပုံမှန် သောက်ခြင်းသည် အသက်ရှည် မှုကိုဖြစ်စေသည်ဟုဆိုသည့် တခြား သုတေသနပြုမှုများနှင့်ဆန့်ကျင် နေကြောင်းလည်း သိရသည်။
၁၆နှစ်ကြာလေ့လာမှုတွင် သေဆုံးမှု ၂၅၀ဝကိုမှတ်တမ်းတင် ခဲ့ရာ ၎င်းတို့ထဲမှသုံးပုံတစ်ပုံလျော့ လျော့မှ နှလုံးနှင့်သွေးလွှတ်ကြော ရောဂါများကြောင့် ဖြစ်ရသည် ကို တွေ့ရသည်ဟုဆိုသည်။ ကော် ဖီများများသောက်သူသည် ဆေး လိပ်ပိုသောက်တတ်ပြီး နှလုံးနှင့် အဆုတ်များ ကျန်းမာရေးအား နည်းသည်ဟု ဆိုသည်။
Yangon Media Group

ဆရာကြီး ဒဂုန်တာရာအတွက် ပြေတီဦးရဲ့ဝမ်းနည်းစကား


" အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။ ဆရာကြီးက ကျွန်တော်တို့နိုင်ငံမှာ တကယ့်ကိုရှာမှရှားတဲ့ ပုဂ္ဂိုလ်၊ လူတွေအားလုံးရဲ့လေးစားခြင်း၊ ချစ်ခင်ခြင်းကိုလည်း ခံရတဲ့ဆရာကြီးပါ။

ဒီလိုလူမျိုးကို နောက်တစ်ယောက်အစားထိုးလို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အရမ်းကို ဝမ်းနည်းရတယ်။ အစ်ကိုတို့ မင်္ဂလာဆောင်မှာလည်း ကဗျာတွေရေးပေးခဲ့တယ်။

ကိုယ့်မိသားစုဝင်တစ်ယောက် ဆုံးရှုံးသွားသလိုပဲ ခံစားရပါတယ်။ ဆရာကြီးက သူအသက်ရှင်စဉ် အချိန်အတွင်းမှာ လူ့လောကအကျိုး၊ အများအကျိုးတွေအများကြီးလုပ်ခဲ့တယ်။ စာပေ တာဝန်တွေထမ်းဆောင်ခဲ့တယ်။ ဆရာကြီး ကောင်းရာ မွန်ရာကို ရောက်မှာပါ။ "
Popular Journal

ဇူကာဘတ် Facebook အကောင့် လည်း အဟက်ခံရ


Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့  Facebook တောင်အဟက် ခံရတဲ့အနေအထားပါ။ အကောင့်ကို ယူသွားတဲ့ အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ သို့ပေမယ့် ဇူကာဘတ်ပိတ်ထားတဲ့ Privacy Policy ကိုဖြတ်ပြီး သူ့ Wall မှာ Post သွားတင်တဲ့အဆင့်အထိ ဖြစ်သွားပါတယ်။

ဟက်ကာ ကတော့ ပါလက်စတိုင်း နိုင်ငံမှ Khalil Shreateh အမည်ရ Web Developer တစ်ဦး ဖြစ်ပါတယ်။ Facebook က Personal Account တိုင်းဆီမှာ ကိုယ်တိုင်သတ်မှတ်လို့ရမယ့် Account Setting, Privacy Policy UI တို့ပေးထားပေမယ့် ယင်း အတားအဆီးအားလုံးကို ဖြတ်လို့ Khalil အမည်ရ ပုဂ္ဂိုလ်က ကမ္ဘာပေါ်မှာ ရှိရှိသမျှ အကောင့်အားလုံးရဲ့  Wall သို့ ဝင်ကြည့်နိုင်တဲ့အဆင့်အထိကို ရောက်သွားပါတယ်။ ဒါနဲ့ လက်တည့် စမ်းချင်တာကြောင့် Facebook Zukerberg ရဲ့  Facebook Timeline ထဲကိုဝင်ပြီး Link တစ်ခုနဲ့အတူ စာရှည် ရေး တင်လိုက်ပါတယ်။

ယင်းလုပ်ရပ်ကြောင့် Facebook လုံခြုံရေး အင်ဂျင်နီယာနဲ့ ဇူကာဘတ်တို့ အံ့သြတုန်လှုပ်ရအေင် ဖြစ်ခဲ့ရပြီး Khalil ရဲ့  Account ကို ယာယီ suspend လုပ်လိုက်ပါတယ်။ အမှန်တော့ Facebook ရဲ့  Bug တွေကို ရှာပေး နိုင်သူက Facebook ရဲ့  တရားဝင် ဆုငွေချီးမြင့်ခြင်းကို ခံရမှာပါ။ သို့ပေမယ့် Khalil ဟာ Facebook ပေါ်က နာမည်ကြီး ပုဂ္ဂိုလ်များရဲ့  Wall သုံးလေးခု အထိဝင်ပြီး Privacy ချိုးဖောက် Post တင်မှုကြောင့် ဘာခံစားခွင့်မှ ရရှိတော့မှာ မဟုတ်ပါဘူး။ ဇူကာဘတ်ရဲ့  ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးရဲ့  Wall ပေါ်တောင် Post တင်ခဲ့ ပါသေးတယ်။

သူ့အနေနဲ့ ဇူကာဘတ်ရဲ့  ဝေါကို ဝင်ရခြင်းအတွက် ဗွေမယူစေလိုကြောင်း အားနာချက်များ ယခုကဲ့သို့ ရှိပါကြောင်း တရားဝင် ဝင်ရောက်ရေးသားခဲ့တဲ့အတွက် စောင့်ကြည့်သူများ အံ့သြသွားစေပါတယ်။ နောက်ဆုံးရင် Facebook account ပိုင်ရှင်များအနေနဲ့ Account အချက်အလက်လုံခြုံရေး အလွယ်တကူ ဖောက်ထွင်းခံရနိုင်ပြီး အကောင့်ပါ ပျောက်ဆုံးနိုင်မယ့် အနေအထားတစ်ခုကို မီးမောင်းထိုးပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Facebook Engineer Team ရဲ့  ပြောကြားချက်အရ Khalil ထောက်ပြသော Bug ကို ပြန်လည် ပြင်ဆင် လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

အမေရိကန် ပြည်ထောင်စု လက်ဝှေ့ပွဲမှာ ကချင် အမျိုးသားလက်ဝှေ့ကျော် အောင်လ အနိုင်ရ


အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် အတ္တလန်တစ် မြို့မှာ စနေနေ့က ကျင်းပတဲ့ လက်ဝှေ့ပွဲမှာ ကချင် အမျိုးသားလက်ဝှေ့ကျော် အောင်လဟာ ပြိုင်ဘက်ကို အနိုင်ရလိုက်ပါတယ်။ လက်ဝှေ့အားကစား မြှင့်တင်ရေး အဖွဲ့ (အမ်အမ်အေ) ရဲ့ အစီအစဉ်နဲ့ ကျင်းပတဲ့ ပြိုင်ပွဲမှာ မြန်မာစပါးကြီးမြွေလို့ သိကြတဲ့ အသက် ၂၈ နှစ်အရွယ် အောင်လက အသက် ၂၃ နှစ်အရွယ် ပြိုင်ဘက် ဆတ်ဒရစ် ဂိုးဒရိတ်ကို ဒုတိယအချီမှာ အနိုင်ရသွားတာပါ၊ ဒါဟာ အောင်လရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပြိုင်ပွဲတလျှောက်မှာ ၁၄ ပွဲမြောက် အနိုင်ရတဲ့ ပွဲလို့ သိရပါတယ်။ ဒီလို အနိုင်ရတဲ့ အတွက် ဘုရားသခင်နဲ့ သူ့ကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အကြောင်း အောင်လက လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်
DVB TV News

သြဂုတ်လ၁၅ရက်နေ့က မွေးဖွားတဲ့ ရင်းချင်းဆက်အမွှာညီအမကွယ်လွန်

ရန်ကင်းကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့အတွက် ရောက်ရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီး
ရေကြည်မြို့နယ်၊ သီတာကုန်းမြင့်တိုက်နယ်ဆေးရုံမှာ သြဂုတ်လ ၁၅ ရက်နေ့က မွေးဖွါးခဲ့တဲ့
ရင်ချင်းဆက်မိန်းကလေးအမွှာဟာ သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဆုံးပါးသွားပြီး
အဲ့သည့်နေ့မှာပဲ သဂြိုဟ်လိုက်တယ်လို့ ဧရာဝတီဖေါင်ဒေးရှင်းက တာဝန်ရှိသူထံမှ သိရတယ်။
ဧရာဝတီဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့ဆေးကုသမှုခံယူဖို့အတွက် သြဂုတ်လ ၁၆ ရက်နေ့က
ရန်ကင်းကလေးဆေးရုံကြီးကို ရောက်ရှိလာတာဖြစ်ပါတယ်။အဲ့သည့်ရင်ချင်းဆက် အမွှာညီအမမှာ
မွေးရာပါနှလုံးတစ်ခုသာပါရှိပြီး မွေးရာပါကိုယ်တွင်းအင်္ဂါကလည်း အားနည်းနေတယ်လို့ သိရတယ်။
Author ဟေမာန်ညီညီ
The Modern News Journal

မုဒိန်းကျင့်ခံရခြင်းမှ ကင်းဝေးအောင် ကွန်ဒုံးထဲတွင် ဓါးသွားပါသည့် ကွန်ဒုံးတီထွင်


၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။

တီထွင်သူ Dr. Sonnet Ehlers က အဆိုပါကွန်ဒုံး သည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင် ခြင်းမှလည်း ကာကွယ်နိုင်မည်ဟု
ဆိုသည်။

အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။

မုဒိန်းကျင့်ရန်ကြံစည်သူသည်မိန်းမကိုယ်အတွင်း လိင်တံကိုထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများလာရောက် စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်း လိင်တံနှင့်အတူ ကပ်ပါသွားမည်ဖြစ်သည်။

ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေးရမည် ဖြစ်သည်။

အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူကရဲကိုအကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။

လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။

သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်
မြ၀တီ

ငပိရေ ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေပါဝင်နေ


အခု ညနေ ၆ နာရီ MRTV 4 သတင်းမှာ ပြောသွားတာပါ စားသုံးသူများ ကာကွယ်ရေးအသင်း ဥက္ကဌနဲ့လည်း interview အတိုလေးပါ
လွှင့်ပေးသွားပါတယ်..သတင်းက မြန်မာပြည်အတွင်း တိုင်းရင်းသားတွေ နှစ်ချိုက်စွာ စားသုံးနေသော

ငပိရေ ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိကြောင်း ပြောသွား ပါတယ် ။
ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး တော်တော်များများ ငပိရည်ကို
တစ်ပါတ်မှာ ၄ / ၅ ရက်လောက် စားနေကြတာနော် ။
နည်းလမ်းအမှန်အန္တရာယ်ကင်းတဲ့ ငပိရည်ကျို သိပ်ရင်
အနည်းဆုံး ၆ လမှ ၁ နှစ်အချိန်ယူရပါတယ်တဲ့
ယူရီးယား နဲ့ သိပ်ရင် ၂ လ ဆိုစားလို့ရပြီမို့ ပိုက်စံမြန်မြန်ရဖို့
ဈေးကွက်ငပိရည်အားလုံးဟာ ယူရီယားကင်ဆာ welcome ငပိရည်တွေဖြစ်နေတာ ပြောသွားပါတယ်။

သူတို့မိသားစုစားဘို့ အတွက်တော့ no ယူရီးယားပါ။
တရုပ်ပြည်မှာလို သေဒဏ် နှစ်ရှည်ထောင်ဒဏ်မျိုး အပြစ်ပေး အရေးယူသင့်ကြောင်းလည်းထည့်ပြောသွားပါတယ်ဒါတွေ ကြောင့် မြန်မာနိုင်ငံဟာ ဒုတိယ ကင်ဆာရောဂါ အဖြစ်ဆုံးနိုင်ငံ နေရာ ရသွားတာပါ
ဝိသမလောဘသားတွေကိုထိထိ ရောက်ရောက် အရေးယူပေးဖို့တောင်းဆို အပ်ပါသည်။

မိ တေး
မြ၀တီ

မင်္ဂလာဆောင်ပြန် သတို့သမီးကား တောင်ကျချောင်းထဲမျော ၂၇ ဦးသေဆုံး

ယီမင်နိုင်ငံတောင်ပိုင်း၌ မုတ်သုံမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းတစ်ခု အတွင်း မိုးရေများ ဒလဟောစီးဆင်းလျက် ရှိသည်။ မင်္ဂလာဆောင်အခမ်းအနား တစ်ခုမှပြန်လာသော ကားများဖြတ် မောင်းခဲ့ရာ ရေစီးအတွင်းမျောပါသွားသဖြင့် အနည်းဆုံး ၂၇ ဦး သေဆုံးပြီး ၄၁ ဦး ထက်မကပျောက် ဆုံးနေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိ သူများက သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

သေဆုံးသူအများစုသည် အမျိုးသမီးများနှင့်ကလေးများဖြစ်ကြသည်။ ယင်းတို့သည် သတို့သမီးနှင့်အတူ ကားသုံးစီးအတွင်း ခြံရံလိုက်ပါလာခဲ့ကြသည်။ ရှာရက်ခရိုင်တိုက်ဇ်နှင့် အစ်ဘ်ပြည်နယ်ကြား ဝါဒီနက်ခ်လာ ချောင်းကိုဖြတ်ကူးပြီး နေအိမ်သစ်ဆီသို့အသွား ရေစီးထဲမျောပါသွားခဲ့သည်။ သို့သော် သတို့သမီးသည် ထိခိုက်ဒဏ်ရာသာရပြီး အသက်ရှင်လျက်ရှိသည်ဟုဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ လူရှစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာသတင်းတွင် ဖော်ပြသည်။

အမ်အင်န်အေ၊ ရိုက်တာ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ညောင်ဦးတွင် ပြင်သစ် အမျိုးသမီးအား ရိုက်နှက်လုယက် သွားသူကို ရဲတပ်ဖွဲ့က နှစ်ပတ်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့


ညောင်ဦးမြို့၊ အမှတ် ၇ နယ် မြေ၀က်ကြီးအင်းရပ်၊ ဆူးလေကုန်း ဘုရားအနီး သြဂုတ် ၃ ရက် ညနေ ပိုင်း က ပြင်သစ်ခရီးသွားဧည့်သည် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့်ရိုက်နှက်ကာ ပိုက်ဆံအိတ် လုယူပြေးသူ ကို ရဲတပ်ဖွဲ့ က သြဂုတ် ၁၆ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ်အမျိုးသမီး မစ္စအမ်မလီ ဆိုသူအား တုတ်ဖြင့်ရိုက်ကာ ငွေလုယူ ထွက်ပြေးသွားသူမှာ အသက် ၂၀ အရွယ် ရဲမင်းစိုး (ခ) မျိုးမင်းဦး ဆိုသူဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား (မြောက်ရွာ)တွင် လက်ရှိနေ ထိုင်သူ တစ်ဦးဖြစ်ပြီး ညောင်ဦးမြို့ တစ်ဖက်ကမ်း ပခုက္ကူကျွန်းရွာ ဇာတိဖြစ်ကြောင်း သိရသည်။

အဆိုပါအမှု ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု/ကူအဖွဲ့၊ ညောင်ဦးမြို့နယ် ရဲတပ် ဖွဲ့မှ အထူးအမှုစစ်အဖွဲ့၊ ညောင်ဦးခရိုင် အထူးမှုခင်းနှိမ်နှင်းရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲလှည့်ကင်း အဖွဲ့တို့သည် မသင်္ကာသူ လူငယ်အား စတင်တွေ့ရှိ စစ်ဆေးမေးမြန်း ရာမှ ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသင်္ကာလူငယ်သည် သြဂုတ် ၁၆ ရက်တွင် ပြင်သစ်သူအား တုတ်ဖြင့်ရိုက်ကာ ပိုက်ဆံအိတ် လုယူ ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ၎င်းကျူးလွန်ခဲ့ပုံနှင့် ထွက်ပြေးခဲ့ရာ လမ်းကြောင်းတွင် ငွေဖြည့်ကတ်ကဲ့သို့ ကတ်ပြားတစ် ခုအား လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့မှ သက်သေများဖြင့် သွားရောက်ရှာဖွေ သိမ်းဆည်းရာ ကတ်မှာ ပြင်သစ်အမျိုးသမီး Miss Amilie Schaitt အမည်ပါ Cridit Card ဖြစ်နေကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ချက်များအရ ညောင်ဦးဈေးအတွင်း လဲလှယ် ခဲ့သော ဒေါ်လာငွေ တချို့ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ယခုဖော်ထုတ် ဖမ်းဆီးရ မိထား သူ အား ယခင်ဖြစ်ပွားခဲ့သော အမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဆက်လက် စစ်ဆေး ဆောင်ရွက် သွား မည် ဖြစ်ကြောင်း လည်း သတင်းရရှိသည်။

From: Eleven

ရူဘီမတ် ဈေးဝယ်စင်တာအနီး အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွား

ရန်ကုန်မြို့တော် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ၃၇ လမ်းထောင့်ရှိ ရူဘီမတ် ရှော့ပင်းစင်တာ အနီးရှိ (ပန်းဆိုးတန်း ကားမှတ်တိုင်) ထမင်းဆိုင်တွင် သြဂုတ် ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က အဆိုပါဆိုင်ရှင်နှင့် အနီးတွင် ဖွင့်လှစ်ထားသော ဈေးရောင်းချသူများကို လူ ၁၀ ဦးကျော်က အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

အဆိုပါနေ့မတိုင်မီ နှစ်ရက် ( သြဂုတ် လ ၁၆ ရက်) နေ့က နေ့လယ်ပိုင်းတွင် ပြည့်တန်ဆာ လုပ်ကိုင်သူတစ်စုက လမ်းဘေးဈေးဆိုင်များရှေ့တွင် မြှူဆွယ်နေသဖြင့် ဆိုင်ရှင်များက ဆိုင်ရှေ့တွင် မရပ်ရန် ပြောဆိုရာမှ စကားများခဲ့ပြီးနောက် သြဂုတ် ၁၈ ရက်နေ့တွင် အမျိုးသမီးများပါ ပါဝင်သော လူ ၁၀ ဦးခန့်က တုတ်၊ သံတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ရာ ထမင်းဆိုင်ဖွင့်လှစ်သူ၊ ဝင်ရောက်ဖျန်ဖြေသူ၊ ထမင်းဆိုင်အနီးတွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချသူ အပါအဝင် လူငါးဦးခန့် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦးသည် သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးတွင် တင်ပို့ကုသထားရကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

“ထမင်းဆိုင်ထဲက အစ်မကြီးနှစ်ယောက် လဲသွားတာ လုံးဝမထနိုင်တော့ဘူး။ အုပ်စုလိုက် ဝိုင်းရိုက်တာ။ မိန်းမတွေက ဆံပင်ကို ဆွဲထားပေးတယ်။ ယောက်ျားတွေက တုတ်တွေနဲ့ ရိုက်တယ်။ တီဗီထဲမှာ ၁၉၉ က အမှုဖြစ်ရင် ချက်ချင်းရောက်လာတယ်။ အပြင်က ၁၉၉ က အမှုဖြစ်ရင် ဒီမှာ သေသာသွားမယ် ဘယ်တော့မှ ရောက်မလာဘူး” ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် ဈေးရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

မြ၀တီ

မန္တလေးတောင် ခြေတော်ရာ စောင်းတန်းတွင် မီးလောင်


မန္တလေးတောင်ပေါ်ရှိ ခြေတော်ရာ စောင်းတန်းဘေး ဈေးဆိုင် တစ်ဆိုင်ရှိ မီးအားမြှင့်စက်မှ တစ်ဆင့် ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု သြဂုတ်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေး တောင်ခြေ ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက The Voice သို့ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော် ရပ်ကွက်၊ အကွက် (ခ/၄၁၆) ရှိ မန္တလေးတောင် အတက်လမ်း ခြေတော်ရာ စောင်းတန်းတွင် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှ မီးစတင် လောင်ကျွမ်းခဲ့ရာ ဘေးပတ်ဝန်းကျင်၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း အောင်မြေသာစံ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် ကံအောင်မြင့် က ပြောကြားသည်။

အဆိုပါ မီးလောင်မှုကြောင့် ဈေးဆိုင်နှင့် တွဲလျက် နေအိမ် တစ်လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ခြောက်သောင်းခန့် ရှိကြောင်း ၎င်းက ဆိုသည်။

“ဈေးဆိုင်တွေက စည်းမဲ့ကမ်းမဲ့ လုပ်ကြတယ်။ ရင်ပြင်တော် တစ်ဝိုက်နဲ့ ရွှေသိမ်တော် ဘုရား တစ်ဝိုက်မှာတော့ ဟောင်းနွမ်း ပျက်စီးနေတဲ့ မီးကြိုးတွေကို ပြုပြင်ပြီးသွားပြီ။ အခုမီးလောင်တဲ့ ကိစ္စမှာလည်း ဂေါပက အဖွဲ့အနေနဲ့ စိစစ် အရေးယူသွားဖို့ ရှိတယ်” ဟု ဥက္ကဋ္ဌ ဦးသိန်းထွန်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ဈေးဆိုင်ပိုင်ရှင် ဒေါ်ဆွေကြည် အသက် (၅၅) နှစ် ကို အောင်မြေသာစံမြို့နယ် အမှတ်(၂) ရဲခစန်းက (ပ)၂၁၁/၂၀၁၃ ပြစ်မှု ပုဒ်မ၂၈၅ အရ အမှုဖွင့် အရေးယူခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

မန္တလေးတောင်ပေါ် စောင်းတန်းတွင် ဈေးဆိုင်ပေါင်း ၁၅၀ ကျော်ခန့် ရှိကြောင်း အဆိုပါဂေါပက အဖွဲ့ထံမှ သိရသည်။
The Voice

ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ


သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။

အချစ်မြေပုံ
ဘ၀အဖော်ကို ရွေးချယ်တာ နဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာ နဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံ လို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကို လည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။

မိခင် နှင့် တူသော ချစ်သူ
အမျိုးသား အများစု ရဲ့ ဘ၀အဖော်တွေက သူတို့ မိခင်ရဲ့ စိတ်ဓာတ် နဲ့ တူညီ နေတတ် ပါတယ်။ အကြောင်း ကတော့ လူတွေရဲ့ ဘ၀မှာ ပထမဆုံး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဟာ မိခင်ဆီက ရရှိတာ ဖြစ်တယ် ဆိုတဲ့ အသိစိတ်ကို အချစ် မြေပုံ ထဲမှာ သိုမှီး ထားတာကြောင့် ပါပဲ။ ကျွန်တော်တို့ တစ်တွေ ကလေးဘ၀ ကတည်းက မိခင်တွေရဲ့ အထူး ဂရုစိုက်မှုကို ခံခဲ့ရ ပါ တယ်။ ဒါဟာ စစ်မှန်တဲ့ ဘ၀အဖော်ကို ရှာဖွေနိုင်ဖို့ သဲလွန်စ ပေးတာ ပါပဲ။ မိခင်က နွေးထွေး ကြင်နာပြီး စိတ်ထားကောင်းရင် သူ့သားဟာ အဲဒီလို ကြင်ဖက်မျိုးကို ရရှိနိုင်ခြေ များပါတယ်။ အဲဒီလို မဟုတ်ဘဲ မိခင်မှာ စိတ်ဓာတ် ကျနေတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး အရာရာကို ဆန့်ကျင် တတ်တဲ့ ပုံစံ ရှိခဲ့ရင် သားဖြစ်သူဟာ လက်ထပ်ဖို့ကို ကြောက်ရွံ့ နေနိုင် ပါတယ်။

ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းမှု
မိခင်တွေက သားယောက်ျားလေး အပေါ် လွမ်းမိုးမှု ရှိနေသလိုပဲ ဆန့်ကျင်ဘက် လိင်ကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတဲ့ အချက် ကတော့ ဖခင်အပေါ်မှာ မူတည် နေပါတယ်။ ဖခင်ရဲ့အခန်း ကဏ္ဍဟာ သားသမီးတွေ ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အိမ်ထောင်ရေး ပျော်ရွှင်မှု အခွင့်အလမ်းတွေ အပေါ်မှာ အများကြီး အရေးပါနေ ပါတယ်။ မိခင်တွေက သားယောက်ျားလေး တွေရဲ့ ဘ၀အဖော် အပေါ် ခံစားချက်ကို လွှမ်းမိုးမှု ရှိနေ သလိုပဲ သမီးတွေရဲ့ အမျိုးသား ရွေးချယ်မှု အပေါ် ခံစားမှုက ဖခင်ရဲ့ လွှမ်းမိုးမှုကို ခံရ ပါတယ်။ တကယ်လို့ ဖခင်က သမီးကို ချစ် ကြင်နာပြီး တန်ဖိုးထားရင် သူ့အနေ နဲ့ ယောက်ျားလေးတွေ နဲ့ ပတ်သက်ပြီး သူ့ ကိုယ်သူ ယုံကြည်မှု ရှိနေတတ် ပါတယ်။ ဖခင်ရဲ့ လျစ်လျူရှုမှု ကို ခံရရင်တော့ သူ့ကိုယ်သူ ချစ်စရာ မကောင်းတဲ့သူ လို့ ထင်နေတတ် ပါတယ်။

လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့် သူ
လက်ထပ်တဲ့ အခါမှာ စုံတွဲ အများစုဟာ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမယ့်သူကို ရှာဖွေ လေ့ရှိပါတယ်။ စကားများများ ပြောတတ် တဲ့သူက နားထောင်ပေးမယ့် ချစ်သူကို သဘောကျပြီး စိတ်တို တတ်တဲ့သူက သည်းခံ နားလည်ကာ အကောင်းမြင် တဲ့သူကို ချစ်တတ်ပါတယ်။ စုံတွဲတွေမှာ အများအားဖြင့် လူမှုရေး အခြေအနေ တွေက တူညီ နေတတ်ပါ တယ်။ ဒါကြောင့် တစ်ကျောင်း တည်းနေ သူငယ်ချင်းတွေ၊ တစ်မြို့တည်း နေသူ တွေ၊ အလုပ်တစ်ခု တည်းမှာ လုပ်ကိုင်ကြသူ တွေက အိမ်ထောင်ဖက်တွေ ဖြစ်သွား ကြတာ ပါပဲ။ တချို့စုံတွဲတွေ ဆိုရင် မိန်းမက စီးပွားရှာပြီး ခင်ပွန်းက အိမ်မှုကိစ္စ လုပ်ကာ ကလေးတွေကို ပြုစု ပျိုးထောင်တာမျိုး လည်း ရှိပါတယ်။ အိမ်ထောင်တစ်ခု မှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးရဲ့အားသာချက် နဲ့ ဖြည့်ဆည်း ပေးလိုက်ရင် အဆင်ပြေတာ ပါပဲ ဆိုတာ ဒီ ဇနီးမောင်နှံတွေ က သက်သေပြ နေတာပါ။

မြင်မြင်ချင်း အချစ်
သူစိမ်း နှစ်ဦးဟာ မြင်မြင်ချင်း ချစ်နိုင် ကြပါ့မလား။ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ဟာ ရုပ်ရည်ချင်း ဆင်ခဲ့ရင်၊ အကြိုက်တူ ခဲ့ရင်၊ ကိုယ်ရည်ကိုယ်သွေး တူ ခဲ့ရင် တစ်ယောက် နဲ့ တစ်ယောက် မြင်မြင်ချင်း တွယ်တာ သွားတတ် ပါတယ်။ အထူးသဖြင့် စာဖတ်ရတာ ၀ါသနာ ပါသူတွေမှာ ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ အကြောင်း ဆွေးနွေးရင်း တစ်ဦး နဲ့ တစ်ဦး သဘောကျ သွားတတ် ပါတယ်။ ချစ်ခြင်းတရားဟာ ကျွန်တော်တို့ရဲ့ စိတ်ကို ပူလောင်မှု နဲ့ အတူ ပျော်ရွှင်မှု၊ စိတ် ချမ်းသာမှု၊ ကြည်နူးမှု ၊ ပြည့်စုံမှု နဲ့ ကျန်းမာရေး ကောင်းမွန်မှု စတဲ့ အချက် တွေကို ပေးစွမ်း နိုင်ပါတယ်။ ချစ်ခြင်းတရား အပေါ် ထားရှိတဲ့ သဘောထား အပေါ် မူတည်ပြီး အရသာ အမျိုးမျိုးကို ပြောင်းလဲ ခံစားရ မှာပဲ ဖြစ်ပါတယ်။

Sweson

ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင် နေသူ တစ်ယောက် မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူ တွေ ထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံ ပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေ နဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။

၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်

ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ချီးကျူး ရမယ့် အကြောင်းအရာတွေကို သာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာ လို့ ပိုမြင်မိတတ် ကြပါတယ်။

၃။ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင် တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရ တတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ် သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါ လိမ့်မယ်။

၎။မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။

Swesonmedia


သမီးကို ၆ ပိုင်း ပိုင်းသတ်ပြီး ဆုံးမတဲ့ဖခင်


ပါကစ္စတန်နိုင်ငံ၊ ရှုဂျာဘတ်ဒေသတွင် ဖခင်ရင်း ဖြစ်သူက သူပေးစားသော သူနှင့် လက်ထပ် ရန်ငြင်းဆို သည့်အ တွက် အသက် ၁၂ နှစ် အရွယ် သမီးဖြစ်သူ ကို ၆ ပိုင်း, ပိုင်းကာ သတ်ပစ်လိုက်သည်။

မူဟာမက် ခါဒင် (၄၆ နှစ်) သည် လွန်ခဲ့သော ၆ လက သူ၏တူက သူ၏ သမီးဖြစ်သူ ဟာစီနားကို လက်ထပ် လိုပါကြောင်း ကမ်းလှမ်းသည်ကို လက်ခံခဲ့သည်။

သို့ရာတွင် ကမ်းလှမ်းခံရသူ ဟာစီနားကမူ သူမသည် အသက် ၁၂ နှစ်သာ ရှိသေးသူ၊ Grade 6 ကျောင်း သူသာ ဖြစ်သဖြင့် လက်မထပ် လိုသေးကြောင်း ဖခင်အား ပြောကြားခဲ့သည်။ မင်္ဂလာပွဲကို သူမကောလိပ်ပြီး သည် အထိ ရွှေ့ဆိုင်းပေး ပါရန်လည်း ဖခင်အား တောင်းပန်ခဲ့သည်။

ဤ၌ ဖခင်ဖြစ်သူ ခါဒင်သည် သမီးဖြစ်သူမှ သူ့စကားကို ငြင်းဆန်ရမည်လားဟု ဒေါသထွက်ကာ အခန်း တစ်ခန်း တွင်းသို့ သမီးလက်ကို ဆွဲကာခေါ်သွားပြီး ၆ ပိုင်း, ပိုင်းကာ သတ်ပစ်လိုက်သည်။

source- Link
သတင်းချစ်သူ - ဝေဟင်

စိတ်ဓါတ်ကျခြင်း (Depression)


ရောဂါလက္ခဏာများ

၁။ အမြဲ ၀မ်းနည်းတတ်နေခြင်း၊ ရင်ထဲမှာ ဘာမှမရှိသလို ဗလာနတ္ထိဖြစ်နေတတ်ခြင်း၊ဘ၀တွင် ဘာမှ မရှိတော.ဟု ခံစားရခြင်း။ အရာရာကို အဆိုးမြင်နေတတ်ခြင်း။
၂။ ယခင်က အားတတ်သရော လုပ်ဆောင်ခဲ.သော လုပ်ငန်းဆောင်တာများအပေါ် စိတ်ဝင်စားမှူ နည်းပါးလာခြင်း။
၃။ အစားစားချင်စိတ်မရှိခြင်း။ ( သို.မဟုတ်) အစားအသောက်ကို သာမန်ထက် ပိုစားလာခြင်း။
၎။ အိပ်မပျော်သော ရောဂါ ရလာခြင်း။ ( သို.မဟုတ်) သာမန်ထက် ပို အိပ်လာခြင်း။ အအိပ်လွန်ခြင်း။
၅။ ကဏှာမငြိမ်ခြင်း။ တည်ငြိမ်မှူမရှိခြင်း။ ဒေါသဖြစ်လွယ်ခြင်း။
၆။ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိုး များကို ရှောင်လာခြင်း။
တစ်ဦးတည်းသာ နေလိုခြင်း။
၇။ သေချင်လိုသော အတွေးများကို အမြဲ တွေးနေတတ်ခြင်း။
ကိုယ်.ကို ကိုယ် သတ်သေရန် အတွေးများကို တွေးလာခြင်း။
၈။ အာရုံစူးစိုက်ရန် ခက်ခဲလာခြင်း။
( ဥပမာ။ ။စာအုပ်ဖတ်ခြင်း။ အလုပ်တခုခု လုပ်ခြင်း)

Depression ရတာ ဘာ.ကြောင့်လဲ

၁။ စိတ်ဖိစီးမှူများသော လူနေမှူဘ၀ပုံစံတွင် နေထိုင်ရခြင်း။
၂။ ရောဂါတခုခုကြောင့် ဖျားနာမှူများကို ခံစားနေရခြင်း။
( ဥပမာ။ ။ နှလုံးရောဂါ။ အသဲရောဂါ။ အဆစ်အမြစ်ယောင်ရောဂါ။ လေဖြတ်ခြင်း။)
၃။ ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှူပြသနာများ ရှိခြင်း။
၎။ ကိုယ်လက်လှုပ်ရှား အားကစားများနှင့် exercise လုပ်မှူ မရှိခြင်း။
၅။ ဘ၀တွင် ကြီးမားသော ဆုံးရှုံးမှူ တခုခုကို တွေ.ကြုံရခြင်း။
၆။ မျိုးရိုးလိုက်ခြင်း။

ဘယ်လိုကာကွယ်ရမလဲ

၁။ ဘ၀ကို အကောင်းဘက်က များများတွေးပေးပါ။ များများ မြင်ပေးပါ။
၂။ တခုခုအပေါ်မှာ သင်ရှု.မြင်တဲ. ကြည်.တဲ.နည်းလမ်းကို ထိန်းချူပ်ပေးပါ။
၃။ သင်ကြိုက်တဲ. အရာတွေကို လုပ်ခြင်းအားဖြင့် သင့်အချိန်တွေကို အသုံးချပေးပါ။
၎။ သင့်ကျန်းမာရေးကို အမြဲ ဂရုစိုက်ပေးပါ။
၅။ သင့်ရဲ. အတွေးခံစားချက်တွေကို ရင်းနှီးသောမိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေပေးပါ။
၆။ စိတ်ဖိစီးမှူ တခုခု ခံစားနေရလျှင် နှစ်သိမ်.ပညာပေးရန်အတွက် တတ်ကျွမ်းသူများထံ တိုင်ပင်ပါ။

ဘယ်လိုထိန်းချူပ်ကြမလဲ

၁။ music ကို များများနားထောင်ပေးပါ။
၂။ Meditate ကဲ.သို. ယောဂလေ.ကျုင့်ခန်းမျိုးနှင့် စိတ်လေ့ကျင့်ခန်းမျိုး မကြာခဏလုပ်ပေးပါ။
၃။ ကိုယ်လက် လှုပ်ရှား အားကစားနှင့် exercise များများပြုလုပ်ပေးပါ။
(ဥပမာ။ ။ ရေကူးခြင်း၊ အေရိုးဗစ် ကစားခြင်း၊ )
၎။ ဘာသာစကားအသစ် တခုခု ကို သင်ယူလေ.လာပါ။
၅။ လူမှူ လုပ်ငန်း တခုခုတွင် သင်ကိုယ်တိုင် ပါဝင် ပြီး လုပ်အားပေးပါ။

အထောက်အကူ ရနိုင်စေသော အစားအစာများ

၁။ သစ်သီးဖျော်ရည်များ၊ ဟင်းသီးဟင်းရွက်များ၊ လတ်ဆက်သော သစ်သီးများ။
၂။ ဆေးသကြားပါသော အစားအစာများ၊ သဘာဝမဟုတ်သော အစားအစာ၊အချိုရည်များ နှင့် caffeine ဓါတ်များပါဝင်သော
အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
၃။ အသားဓါတ် အသင့်အတင့်နှင့် Omega 3 fatty acid များကို စားသုံးပေးပါ။
၎။ vitamins နှင့် သတ္တုဓါတ်တွေဟာလဲ မရှိမဖြစ်လိုအပ်တဲ. အစာအဟာရတွေပါ။ စားသုံးပေးပါ။

todaymyanmar

ပုဇွန်တောင်မြို့နယ်တွင် ညအိပ်ရပ်ထားသောယာဉ်ကို ခိုးယူသူများအား အရေးယူ

၁၆.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ (၁၀)ရပ်ကွက်နေ ဦးစိန်ဖေ(ဘ)ဦးဖိုးဆိတ် သည် ၎င်းပိုင် တန်ဘိုးငွေကျပ်
သိန်း(၁၆၀)တန် ၄င/---- Belta ငွေမှင်ရောင်ယာဉ်အား
နေအိမ်တိုက်ခန်းရှေ့၌ ရပ်ထားခဲ့ပြီး ၁၇.၈.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ယာဉ်မှာပျောက်ဆုံနေကြောင်းသိရှိရသဖြင့်စုံစမ်းရာ ၎င်း၏ကုမ္ပဏီဝန်ထမ်း
ဖြစ်သူ လှထွန်းသာ(ဘ)ဦးမောင်မြင့်၊ လှိုင်သာယာမြို့နယ်နေသူနှင့် လှထွန်းသာ၏ သူငယ်ချင်းဖြစ်သူ အောင်မျိုးဇော် ၊ လှိုင်သာယာမြို့နယ်
နေသူတို့(၂)ဦးမှ ခိုးယူသွားကြောင်း သိရှိရသဖြင့် အရေးယူပေးရန်
တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၈၈/၂၀၁၃၊ ပုဒ်မ ၃၇၉(ကား)
ဖြင့်အရေးယူဆောင်ရွက်ခဲ့ပြီး တရားခံလှထွန်းသာအားဖမ်းဆီးရမိ စစ်ဆေး
လျက်ရှိကြောင်းနှင့် ကျန်တရားခံ အောင်မျိုးဇော်အား ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

၁၁ နှစ်အရွယ်မိန်းကလေးရေချိုးစဉ် ရေထဲနှစ်၍ ရင်သားကိုင်သူ အဖမ်းခံရ



မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု မကျီးချိုကျေးရွာ အရွယ် မရောက် သေးသော ၁၁ နှစ် မိန်းကလေးကို ကာယိနြေ္ဒပျက်အောင် ပြုလုပ်ခဲ့သည်ဟု သံသယရှိသူတစ်ဦးကို သြဂုတ် လ ၂ ရက်နေ့က မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု မကျီးချိုရွာနေ ဦးနိုင်ဝင်းစိန်၊ ဒေါ်မြမြထွေးတို့၏သမီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က ရွာအနောက်ဘက် ချောင်းအတွင်း ရွယ်တူသူငယ်ချင်းအဖော် မိန်းကလေးတစ်ဦးနှင့် ရေချိုးနေစဉ် လူကြီး တစ်ဦး သည် ရေငုပ်၍လာပြီး အဆိုပါ ၁၁ နှစ်အရွယ် မိန်းကလေး၏ ကိုယ်ခန္ဓာကို မဖွယ်မရာ ကိုင်တွယ် ခဲ့၍ အော်ဟစ် အကူအညီတောင်းရာ ယင်းနေရာနှင့် မလှမ်းမကမ်းတွင် ရောက်ရှိနေသည့် ဆယ်အိမ်မှူး ဦးမြခဲက ကြားသိ၍ ကူညီရာမှ ထိုလူမှာ ထွက်ပြေးသွားကြောင်း မိတ္ထီလာမြို့နယ် အလယ်ရွာ ရဲစခန်းထံမှ သိရသည်။

“ကလေးက အဖော်နဲ့ ရေချိုးသွားတာ ငိုယိုပြီး ပြန်လာတော့ ချော့မေးကြည့်မှ သမီးကို လူကြီး တစ်ယောက်က ရေငုပ် လာပြီး ခြေနှစ်ချောင်းကကိုင်ပြီး သုံးခါလောက် ရေထဲနှစ်တယ်။ ရေမွန်းနေတဲ့ သမီးကို ဖက်ပြီး ရင်သားတွေကို အကြိမ်ကြိမ် ဖျစ်ညှစ်တယ်။ သမီးတို့ အော်လိုက်တော့ ဦးမြခဲ ရောက်လာပြီး ဟေ့ကောင် ဘာလုပ်တာလဲလို့ မေးတော့မှ ကစားတာပါဆိုပြီး ထွက်ပြေးသွားတယ်လို့ ကလေးကပြောတယ်” ဟု အဆိုပါ မိန်းကလေး၏ မိခင်က The Voice ကို ပြောသည်။

လိုက်လံစုံစမ်းရာ ထွက်ပြေးသွားသူသည် မကျီးချိုကျေးရွာ၏ နီးစပ်သည့် မြိုင်သာကျေးရွာရှိ ဦးသိုက်စိုး ( ခ) ဦးထိုက် ၃၀နှစ် ဖြစ်သည်ဟုသိရပြီး မိတ္ထီလာမြို့နယ် အလယ်ရွာ ရဲစခန်းတွင် ဇူလိုင်လ ၉ ရက်နေ့က ပုဒ်မ ၃၅၄ ရဲစခန်း (ပ) ၁၂/၂၀၁၃ဖြင့် အမှုဖွင့်၍ သက်ဆိုင်ရာ မိတ္ထီလာမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုကို မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၄၂၇၆/၂၀၁၃ ဖြင့်လက်ခံ၍ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က စတင်ကြားနာ စစ်ဆေးခဲ့ကာ လာမည့် သြဂုတ်လ ၉ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကျူးလွန်သည်ဟု သံသယ ရှိခံထားရသူ ဦးသိုက်စိုးကို မေးမြန်းရာ ပြောစရာမရှိဟု ၎င်းကပြန်လည် ဖြေကြားသည်။

The Voice Weekly

ဦးထောင်ဘိုအဝိုင်းတွင် BELTA ယာဉ်ကို ခရီးသည်တင်ယာဉ် ဝင်တိုက်


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးထောင်ဘို အဝိုင်းအနီးတွင် သြဂုတ်လ ၁၇ ရက်နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဗဟန်း ၃ လမ်းဘက်မှ ရွှေတိဂုံ ဘုရားဘက်သို့ မောင်းနှင်လာသော BELTA ယာဉ်ကို ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဆူးလေဘုရားဘက်သို့ မောင်းနှင်လာသည့် မြောက်ဒဂုံ - ဆူးလေပြေးဆွဲနေသော BM ယာဉ်က ဝင်တိုက်ခဲ့ကြောင်း မျက်မြင်တွေ့ကြုံသူများက ပြောကြားသည်။

အတိုက်ခံရသည့် BELTA (၄ဃ/၄၅၀၂) ယာဉ်ကို မောင်းနှင်လာသူမှာ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဗဟန်း ၃ လမ်းဘက်မှ ရွှေတိဂုံ ဘုရားဘက်သို့ မောင်းနှင်လာရာ ဦးထောင်ဘိုအဝိုင်းကို ပတ်စဉ် ရွှေဂုံတိုင်ဘက်မှ ဆူးလေဘုရားဘက်သို့ မောင်းနှင်လာသည့် အမှတ် ၂၅၅ BM (သ/၆၈၂၂) ဘတ်စ်ကားက အရှိန်မထိန်းနိုင်ဖြစ်ကာ BELTA ယာဉ်၏ ညာဘက် ရှေ့တံခါးကို တိုက်မိခဲ့ကြောင်း မျက်မြင်များက The Voice သို့ ပြောကြားသည်။

“အတိုက်ခံရတဲ့ အဘွားကြီးက ကြောက်အားလန့်အားနဲ့ သတိလက်လွတ် ဖြစ်သွားတယ် ထင်တယ်။ ကားကအဝိုင်းကိုပတ်ပြီး တစ်ဖက်ယာဉ်ကြောက ပလက်ဖောင်းပေါ်အထိ ရောက်သွားတယ်။ ကားမှာ လေအိတ် ပါတာကြောင့် ကြီးကြီးမားမား ထိခိုက်မှုမရှိဘူး။ ခဏတော့ သတိမေ့သွားတယ်” ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ယာဉ်တိုက်မှုဖြစ်လျှင် ဖြစ်ချင်း အနီးအနားရှိ အမှတ် (၁) မော်တော်ယာဉ်တပ်ရင်းမှ တပ်မတော်သားအချို့ ရောက်လာပြီး ယာဉ်တိုက်ခံရသူ အမျိုးသမီးကြီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယာဉ်တိုက်မှု ဖြစ်ပွားသည့် အနီးအနားတွင် တာဝန်ကျသည့် ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

“ယာဉ်စည်းကမ်းအရဆိုရင် အဝိုင်းကို ပတ်နေတဲ့ကားကို ဦးစားပေးရမှာပါ” ဟု ယာဉ်ထိန်းရဲက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် ရဲစခန်းသို့ ယနေ့ နေ့လယ် ၁၂ နာရီခန့်က သွားရောက်မေးမြန်းရာ ဘတ်စ်ကား ယာဉ်မောင်းကို ထိန်းသိမ်းထားပြီး ယာဉ် (ပ) ၃၅/၁၃၊ ပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ကျန်သည့် အချက်အလက်များကို အမှုစစ်ထံတွင် ဖုန်းဆက် မေးမြန်းနိုင်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အောင်မျိုးထက်

ကိုရီးယားနိုင်ငံ၏ အကောင်းဆုံးတေးသံရှင်ဆု PSY ကို ရွေးချယ်


Gangnam Style သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ကိုရီးယား ရက်ပ်တေးသံရှင် PSY ဟာ ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး တေးသံရှင်ဆု အတွက် ရွေးချယ်ခံခဲ့ရတယ်လို့ kpopinsider.com မှာ ဖော်ပြထားပါတယ်။

PSY ဟာ အကြိမ် (၄၀) မြောက် ကိုရီးယား ရုပ်သံထုတ်လွှင့်မှု ဆုပေးပွဲမှာ အဆိုပါဆုကို လက်ခံရယူရမှာ ဖြစ်ပါတယ်။

ကိုရီးယား ရုပ်သံထုတ်လွှင့်မှု ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ၁၉၇၃ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆုပေးပွဲမှာ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲ၊ အကောင်းဆုံး သတင်းတင်ဆက်မှု၊ အကောင်းဆုံး ရေဒီယို အစီအစဉ်စတဲ့ ဆုတွေကို ချီးမြှင့်လေ့ရှိပြီး တစ်ဦးချင်းထူးချွန်တဲ့ အနုပညာရှင်တွေကိုလည်း ကဏ္ဍအလိုက် ဆုတွေ ချီးမြှင့်လေ့ ရှိပါတယ်။

ယခုနှစ်အတွက် ကိုရီးယား ရုပ်သံထုတ်လွှင့်မှု ဆုပေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှာ ဆိုးလ်မြို့ရှိခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ကိုရီးယား ရုပ်သံထုတ်လွှင့်မှု ဆုပေးပွဲမှာ PSY အပြင် တစ်ဦးချင်း ထူးချွန်သူအဖြစ် ဆုချီးမြှင့်ခံရမယ့် သူတွေကတော့ အကောင်းဆုံး ဟာသပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရှင်ဒေါင်ယပ်နဲ့ အထူးချွန်ဆုံး သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆွန်ဟွန်ဂျူးတို့ပဲ ဖြစ်ပါတယ်။

PSY ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ အယ်လ်ဘမ်သစ် ရိုက်ကူးဖို့အတွက် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ရောက်ရှိနေပြီး စက်တင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲကို တက်ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတာကိုတော့ အကြောင်း ပြန်ကြားခြင်း မရှိသေးပါဘူး။
မြ၀တီ

ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားပြုမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်သူ ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း



ဘယ်လာရုစ် (Belarus) နိုင်ငံ မင့်စ် (Minsk) မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့၌ ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် ခင်ဝင့်ဝါနှင့် တွေ့ဆုံပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ဖြစ်ပုံ၊ လေ့ကျင့်ပြင်ဆင်မှုများ အကြောင်းနှင့် Miss တစ်ယောက်၏ အရည်အချင်းများအပေါ် သူ၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ ယခုအခါ ယင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

Voice ။ ။ Miss Supranational ပြိုင်ပွဲကို ဘယ်လိုကြောင့် ပြိုင်ဖြစ်သွားတာလဲ။

K.W.W ။ ။ ။ ဒီပွဲလေးကို ပြိုင်ဖြစ်သွားတာကတော့ ပြိုင်ပွဲဝင်ခွင့် ဖောင်မှာပါတဲ့ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်၊ စည်းကမ်းချက်တွေကိုတွေ့ပြီး သဘောကျတာနဲ့ ပြိုင်ဖြစ်သွားတာပါ။

Voice ။ ။ ပထမတော့ ဒီပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု Miss ကို ပြိုင်ပွဲ ကျင်းပပြီး ရွေးမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ဖူးတယ်။ အခုကျတော့ ပြိုင်ပွဲဝင်ဖို့ လာရောက် လျှောက်ထားတဲ့သူတွေရဲ့ လျှောက်လွှာကိုပဲကြည့်ပြီး ရွေးလိုက်တဲ့အပေါ် Facebook ပေါ်မှာ ဝေဖန်နေကြတာလည်း ရှိတယ်လေ။ ဒီလိုဝေဖန်မှုတွေ အပေါ် ခင်ဝင့်ဝါ ဘာပြောချင်လဲ။

K.W.W ။ ။ ။ ညီမအနေနဲ့ ဒီလိုဝေဖန်မှုတွေအပေါ် ဘာမှတော့ မပြောချင်ပါဘူး။ ပြိုင်ပွဲမလုပ်ဘဲ ညီမကို ရွေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်လာတာကိုလည်း ကြားပါတယ်။ ဒါကတော့ သူတို့အမြင်နဲ့သူတို့ ပြောကြတာပေါ့။ ဒီလို အရွေးချယ်ခံရဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ ညီမကိုယ်တိုင်ပဲ သိပါတယ်။

Voice ။ ။ အရင်တုန်းက ခင်ဝင့်ဝါက မော်ဒယ်လ်လောကမှာ လှုပ်ရှားခဲ့ဖူးသေးတယ် ထင်တယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

K.W.W ။ ။ ဟုတ်ကဲ့။ ညီမ မော်ဒယ်လ် လောကမှာ ပြိုင်ပွဲတွေလည်း ပြိုင်ခဲ့ဖူးတယ်။ ဖက်ရှင်ရှိုးတွေလည်း လျှောက်ခဲ့ဖူးပါတယ်။ ဆုတွေကတော့ Miss Cotto မှာ 2nd Runner up ဆုနဲ့ Best Smile ဆုတွေ ရခဲ့ဖူးပါတယ်။

Voice ။ ။ ခင်ဝင့်ဝါရဲ့အသက်နဲ့ ပညာအရည်အချင်းလေး ပြောပြပေးပါဦး။

K.W.W ။ ။ ညီမအသက်က ၁၈ နှစ် ပြည့်ပြီးပါပြီ။ ပညာအရည်အချင်းကတော့ တတိယနှစ်၊ ရုက္ခဗေဒ ဘာသာရပ်နဲ့ အဝေးသင် တက်နေပါတယ်။

Voice ။ ။ ဒီပြိုင်ပွဲအတွက် ဘာသာစကားပိုင်းကိုရော ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားသလဲ။

K.W.W ။ ။ ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေထဲမှာတော့ အင်္ဂလိပ် ဘာသာစကားကို Fluent ဖြစ်အောင် ပြောတတ်စရာ မလိုဘူးလို့ ရေးထားပါတယ်။ အများနားလည်နိုင်မယ့် Common English လောက်တော့ ညီမပြောတတ်ပါတယ်။

Voice ။ ။ ပြိုင်ပွဲအတွက် ခင်ဝင့်ဝါ Training တွေ ဆင်းခဲ့ရတယ်လို့ သိထားတယ်။ Training ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။

K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ညီမမှာ လေ့ကျင့်ပြင်ဆင်ချိန် အရမ်းနည်းပါတယ်။ Training က မနက် ၈ နာရီကနေ ည ၈ နာရီအထိ လုပ်ရတယ်။ တစ်ခါတလေ ၁၀ နာရီ အထိတောင် လုပ်ရပါတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပင်ပန်းမှုတွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ညီမကြိုးစား ခဲ့ပါတယ်။

Voice ။ ။ Training ကာလမှာရော ဘာတွေ လေ့လာခဲ့ရလဲ။

K.W.W ။ ။ Training ကာလမှာ ညီမ အကတိုက်ရတယ်။ Gym နေ့တိုင်း ကစားရတယ်။ Cat Walk တွေ လေ့ကျင့်ရတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေကို အချိန်ပေးပြီး လေ့လာရပါတယ်။

Voice ။ ။ ဒီ Miss Supranational ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပေးတဲ့ အဖွဲ့အစည်းနဲ့ရော စာချုပ်တွေဘာတွေ ရှိပါသလား။

K.W.W ။ ။ ဟုတ်ကဲ့။ ညီမစာချုပ်တစ်နှစ် ချုပ်ထားပါတယ်။ စာချုပ်ဆိုပေမယ့် အရမ်းကြီး ချုပ်ချယ် ကန့်သတ်ထားတာမျိုး မပါပါဘူး။ Family Type ပုံစံ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်ခွင့် ပေးထားပါတယ်။

Voice ။ ။ ဘယ်လာရုစ်နိုင်ငံကိုရော ခင်ဝင့်ဝါနဲ့အတူ ဘယ်သူတွေ လိုက်ပါဦးမလဲ။

K.W.W ။ ။ ညီမတစ်ယောက်တည်း သွားမှာပါရှင်။ ဒီကနေညီမ သြဂုတ်လ ၁၅ ရက်နေ့ထွက်မယ်။ ဟိုကိုရောက်တာနဲ့ သူတို့လာကြိုကြမယ်။ ပြီးရင်ပြိုင်ပွဲအတွက် Camp ဝင်ပြီး လေ့ကျင့်ရမယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ စက်တင်ဘာလ ၆ ရက်နေ့မှာ လုပ်မယ်။ ဒီ Final ပြိုင်ပွဲမတိုင်မီ Talent Show ပြရတဲ့ ပြိုင်ပွဲသေးသေးလေးတွေ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဒီပွဲကို တာဝန်ယူပြီး ကျင်းပပေးတဲ့ Organization က အစ်ကိုတွေက Final ပြိုင်ပွဲမစခင် တစ်ပတ်အလိုမှာ လိုက်လာကြမှာပါ။

Voice ။ ။ Miss Supranational ပြိုင်ပွဲမှာက ပြည်တွင်း ပြိုင်ပွဲတွေနဲ့မတူဘဲ နိုင်ငံတကာက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ဒီပြိုင်ပွဲအပေါ် ခင်ဝင့်ဝါရဲ့ ခံစားမှုကို သိပါရစေ။

K.W.W ။ ။ ဒီပြိုင်ပွဲမှာက နိုင်ငံအသီးအသီးက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ညီမပြိုင်နေကျ ပြည်တွင်း ပြိုင်ပွဲတွေနဲ့ မတူဘဲ ပိုပြီးတော့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ တော်တော်လေးလည်း ကြိုးစားရမယ်။ ပြည်တွင်း ပြိုင်ပွဲတွေက မခက်ခဲဘူးတော့ မဟုတ်ဘူးပေါ့နော်။ ဒီပွဲကတော့ နိုင်ငံတကာအဆင့် ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပိုပြီးကြိုးစား ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။

Voice ။ ။ နိုင်ငံတကာမှာ ကျင်းပတဲ့ Miss ပြိုင်ပွဲတွေရော ကြည့်ဖူးလား။

K.W.W ။ ။ ညီမ ငယ်ငယ်တုန်းကတော့ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကို ကိုယ်က ဝါသနာပါတဲ့ အချိန်မှာ စကြည့်ဖြစ်တာပေါ့နော်။ ကြည့်ပြီးတဲ့ အခါမှာလည်း အရမ်းသဘောကျတယ်။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသမီးထုကို ကိုယ်စားပြုသလို သူလုပ်သမျှကလည်း အမျိုးသမီး ထုကို ပုံရိပ်ထင်တယ်လေ။ နိုင်ငံတစ်နိုင်ငံက အမျိုးသမီးထုရဲ့ စံပြထားခြင်းခံရတဲ့ Miss တစ်ယောက် ညီမလည်း ဖြစ်ချင်ခဲ့ပါတယ်။

Voice ။ ။ Miss တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကရော ဘာတွေလို့ ခင်ဝင့်ဝါထင်လဲ။

K.W.W ။ ။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ Public Figure ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် လူမှုရေးပိုင်း၊ အကျင့်စာရိတ္တ ပိုင်းတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေသင့်ပြီး နိုင်ငံ့အကျိုးကိုလည်း ကိုယ်တတ်နိုင်သမျှ လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။

Voice ။ ။ ကျောင်းတက်နေဆဲဆိုတော့ ကျောင်းနဲ့ရော ဘယ်လိုနားလည်မှု ယူထားလဲ။

K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ကျောင်းမှာ ပါမောက္ခကို သွားပြောပြီး ခွင့်ရက်ရှည် ပေးပါဆိုပြီး ခွင့်ယူထားပါတယ်။ ပြန်လာရင်တော့ စာမေးပွဲ ဖြေရမှာပေါ့နော်။

Voice ။ ။ အခုဆို မော်ဒယ်လ်လောကမှာက မော်ဒယ်လ်တွေအတွက် နိုင်ငံတကာ ပြိုင်ပွဲတွေကို သွားပြိုင်ဖို့အထိ အခွင့်အရေးတွေ ရလာပြီလေ။ ဒီလိုပြောင်းလဲလာတဲ့ အခြေအနေတွေ အပေါ်မှာရော ခင်ဝင့်ဝါ ဘယ်လိုမြင်လဲ။

K.W.W ။ ။ ဒီလိုအခွင့်အရေးတွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ ဖြစ်သင့်တာလည်း ကြာပြီပေါ့နော်။ မနန်းခင်ဇေယျာကိုပဲ ကျေးဇူးတင်ရမလား မသိဘူး။ သူကဒီလိုမျိုးတွေ သွားပြိုင်ခဲ့တဲ့အတွက် နောက်ပိုင်း ညီမတို့အတွက်လည်း အခွင့်အရေးတွေ ရလာတာပေါ့နော်။ တကယ်လို့ သူသာ သွားမပြိုင်ခဲ့ဘူးဆိုရင် ညီမတို့ အတွက်လည်း အခွင့်အရေးတွေ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။

Voice ။ ။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါ ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။

K.W.W ။ ။ ညီမပြောချင်တာကတော့ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ညီမကို အားပေးကြပါလို့။ ညီမ အတတ်နိုင်ဆုံးလည်း ကြိုးစားထားပါတယ်။ ပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့မှာပါ။ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုက ညီမအတွက် အားဆေးပါပဲလို့ ပြောချင်ပါတယ်။

(သန့်ဇင်ဦး)

အမျိုးသားများတွင် လိင်ဆက်ဆံချင်စိတ် လျော့နည်းရခြင်း အကြောင်းရင်း(18+)



အမျိုးသားတွေမှာ ရောဂါဝေဒနာ ခံစားရတာနဲ့ ဆေးကုသမှု ခံယူရတာတွေကြောင့် လိင်စိတ် လျော့နည်းမှု ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပန်းသေပန်းညှိုး ရောဂါ
ပန်းသေတာ ဒါမှမဟုတ် ပန်းသေပန်းညှိုး ရောဂါ ဟာ လိင်စိတ် လျော့နည်းတာနဲ့ မတူပါဘူး။ လူငယ် ခုနစ် ရာခိုင်နှုန်းကသာ ပန်းသေပန်းညှိုး ဖြစ်တတ်ကြ ပါတယ်။ ပန်းသေပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉နှစ် အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေပန်းညှိုး ရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ်မှုရှိပြီး လိင်စိတ် လျော့နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုးဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေးကုသမှု ခံယူနိုင်ပါတယ်။

ပူပင်သောက များလွန်းခြင်း
အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ် လျော့နည်းမှု ဖြစ်ပေါ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း
လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရတဲ့အခါ အောင်မြင်အောင် မလုပ်ဆောင်နိုင်ရင် အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် လျော့နည်း လာပါတယ်။ ဒီအတွက်ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံနိုင်ပါတယ်။

ကျန်းမာရေး အခြေအနေ
အမျိုးသားတွေမှာ နာတာရှည် ရောဂါ ဝေဒနာတွေကြောင့် လိင်မှုဘ၀ကို ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာနဲ့ စိတ်ကျရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွားအင်္ဂါ အပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဆီကို သွေးရောက်ရှိမှု လျော့နည်းသွား ပြီး လိင်စိတ် လျော့နည်းစေ ပါတယ်။ အရက်စွဲတာနဲ့ အရက်ကို အလွန်အမင်း သောက်သုံးတာကြောင့်လည်း လိင်ဆန္ဒကို လျော့ပါးစေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။

ဆေးကုသမှု
စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ် ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျစေပါတယ်။ မူးယစ်ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။

အိမ်ထောင်ရေး အဆင်မပြေခြင်း
မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသားတွေမှာ လိင်စိတ် လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်းထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင်သွားတာကြောင့် လိင်စိတ် လျော့နည်းရတတ်ပါတယ်။

မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း
တခိျု့ အမျိုးသားတွေ အတွက် ကလေးငယ် မွေးဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစု စောင့်ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ်ပါတယ်။

ပြည်မြန်မာ

ဘီယာမျှောပွဲ



ဖင်လန်နိုင်ငံမှာကျင်းပတဲ့ ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပါဝင်ဆင်နွှဲ သူများဟာ ဘီယာအပြည့်နဲ့အတူ ဘောကွင်းလှေများစီးပြီး Kerava မြစ် ဒါမှမဟုတ် Vantaa မြစ်ကနေ Helsinki ကမ်းခြေကို စုန်ဆင်းလာကြပါတယ်။

ဒီပွဲကို ဦးဆောင်ကျင်းပမယ့်သူသီးသန့်မရှိပေမယ့် Facebook လို Social Media တွေနဲ့ အွန်လိုင်း ဖိုရမ်တွေမှ တဆင့် ပွဲကျင်းပမယ့်ရက်ကို သတ်မှတ် ကြပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြတဲ့ ပွဲတော်တစ်ခု ဖြစ်ပြီး၊ ဘီယာများနဲ့ အတူ မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းတဲ့ထူးခြားတဲ့ ဘီယာမျှောပွဲ (Beer Floation - Kaljakellunta in Finnish) တစ်ခုပါ။

သုတဘဏ်