ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် တည်းခိုခန်း ဗုံးဖောက်ခွဲဟုဆို


တောင်ငူ၊ နိုဝင်ဘာ ၂၀

တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ဖော် ဝန်ခံခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။

“စောထွန်းထွန်းက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက တပ်သားဟောင်းက ခိုင်းစေတယ်လို့ ထုတ်ဖော် ဝန်ခံပေမယ့် ဗုံးဖောက်ခွဲရန် စေခိုင်းတဲ့အချိန်မှာ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းမှာ မရှိတော့ပါဘူးလို့ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းက ငြင်းဆို ထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုတွင် အဓိက သံသယရှိသူ စောထွန်းထွန်းကို ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၃) ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ကျောက်ကြီးမြို့နယ် အရှေ့ဘက် ရိုးမတစ်နေရာတွင် ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ မြို့မရဲစခန်းတွင် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ယင်းကဲ့သို့ ကာယကံရှင် ဖြစ်သူက ထုတ်ဖော် ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့မ ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်ချက်များအရ စုံစမ်းသိရှိရသည်။

ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် စောထွန်းထွန်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ခင်မင်ရင်းနှီးခဲ့သူ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင် လက်ကောက်ဝတ်သာသာ အရှည်ငါးလက်မခန့် အဖြူရောင် ဇစ်ဆွဲအိတ် အလယ်တွင် သားရေကွင်းပတ် အိတ်တစ်အိတ်ကို ဖွင့်မကြည့်ရန် မှာကြားပြီး ငွေကျပ် ၂၀,၀၀၀ ပေးအပ်ကာ တောင်ငူမြို့ပေါ်တွင် သွားရောက် ချထားရန် စေခိုင်းခဲ့ကြောင်း၊ ယင်းအတွက် နေအိမ်အနီး ချုံပုတ်တစ်ခုတွင် သိမ်းဆည်းကာ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်တွင် ပဲနွယ်ကုန်းမြို့သို့ ဆိုင်ကယ်ကယ်ရီ ငှားစီးကာ ထွက်ခွာလာကြောင်း၊ အဆိုပါ မြို့မှတစ်ဆင့် ခရီးသည် တင်ကားစီးပြီး တောင်ငူမြို့ကို ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိကာ တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ နံနက်တွင် တည်းခိုရာ အခန်း၏ ပြတင်းပေါက် ဘောင်ပေါ်တွင် လိုက်ကာချထားကာ ဖုံးကွယ် ချထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့တွင် တည်းခိုရာနေရာမှ ထွက်ခွာခဲ့ပြီး တောင်ငူ မြို့မဈေးကြီး၌ ဈေးဝယ်ကာ နေအိမ် ကျောက်ကြီးမြို့ သို့ စစ်တောင်း အရှေ့ခရီးသည်တင် ကားကိုစီးကာ နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း စောထွန်းထွန်း၏ ထုတ်ဖော် ဝန်ခံချက်များအရ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ချိန်ကိုက် ထောင်ထားသည့် ဗုံးကြောင့် အဆိုပါ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆/ဘ ၌ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ယင်း ပေါက်ကွဲစဉ် အဆိုပါ တည်းခိုခန်းသို့ လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုနေမျိုးကျော်ဆိုသူနှင့် အောက်တိုဘာ ၈ ရက်နေ့ ကတည်းက ညောင်လေးပင်မြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက်၂၄ နှစ်အရွယ် မယုခိုင်၊ အသက်၂၇ နှစ်အရွယ် မငြိမ်းသူဆိုသူ နှစ်ဦးတို့အနက် ကိုနေမျိုးကျော်နှင့် မယုခိုင်တို့ နှစ်ဦး သေဆုံးကာ မငြိမ်းသူနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့နှင့် ရန်ကုန်မြို့တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဗုံးပေါက်ကွဲမှု နှစ်ခုနှင့် ပတ်သက်ပြီး KNU စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ စောမြင့်လွင် (ခ) မောထဆိုသူက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ စောထွန်းထွန်းသည်လည်း ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက် ဆက်နွှယ်နေနိုင်သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့် နိုင်ငံတော်သမ္မတ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇေယျာကို (တောင်ငူ)
The Voice Weekly

တမူးမြို့နယ်တွင် အသေးစားပေါက်ကွဲမှုဖြစ် အသေအပျောက်မရှိ


21.11.2013

မုံရွာ၊ မဇ္ဈိမ။ ။ မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့နယ် အောင်ဇေယျမြို့ သစ်တွင် နိုဝင်ဘာလ ၂၁ရက် နံနက် ၁နာရီ ၀၅ မိနစ်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားသည်ဟု သနန်မြို့သစ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။လက်ရှိတွင် ဖောက်ခွဲသူများ နေထိုင်နိုင်သည်ဟု ယူဆရသည့် နေရာများသို့ ခလရ(၈၇)တပ်မှ ဦးစီး၍ အောင်ဇေယျနယ်မြေရဲစခန်းမှူးတို့က စုံစမ်းလျက်ရှိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင်မှာ ဒေါ်ဝင်းတင်ဖြစ်ပြီး အိမ်ဈေးဆိုင်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်ပုတို့ဖြစ်သည် ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုပေါက်ကွဲမှုကြောင့် လူအသေအပျောက် ထိခိုက်ဒဏ်ရာများ မရရှိ ခဲ့သော်လည်း ဒေါ်ဝင်းတင်၏ နေအိမ်အတွင်းရှိ စားပွဲဝိုင်းမှ ဖိုက်ဘာ ထိုင်ခုံ ငါးလုံး၊ မှန်ပြတင်တံခါး ရှစ်ချပ်နှင့် အိမ်းမိုးသွပ်ပြားတစ်ချပ်တို့ ပျက်စီး သွားခဲ့သည်။ ထို့အပြင် သူမ၏ မိခင်ဖြစ်သူ ဒေါ်ပု၏ နေအိမ် လှေကား ခုံများလည်း ပျက်စီးခဲ့သည်။

၂၀၁၂ခုနှစ်ကလည်း အဆိုပါဒေသတွင် သံကူကွန်ကရစ် သံဘေလီဘောင် တံတားတစ်စင်းအား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ မိုင်းထောင် ဖောက်ခွဲခဲ့သည့်အတွက် တံတား၏ ကိုယ်ထည်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

Mizzima - News in Burmese

မြန်မာပြည် ပြန်စရာမလို့ဘဲ ထိုင်းမှာ ဗီဇာသက်တမ်းတိုးလို့ရတော့မည်


21.11.2013

ထိုင်းနိုင်ငံထဲက ဗီဇာ ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းမှာဘဲ ဆက်ပြီး အလုပ် လုပ်မယ်ဆိုရင် မြန်မာပြည်ကို ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံကနေ ဗီဇာသက်တမ်းတိုးလို့ ရတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အပြောကို ကိုးကားပြီး ထိုင်းအစိုးရအင်တာနက် စာမျက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့ ထိုင်းအလုပ်သမား ရှာဖွေရေးဦးစီးဌာနရဲ့ ညွှန်ချုပ် မစ္စတာ ပရ၀စ်ခိန့်ဖွန်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး အခုလို ပြောကြားလိုက်တာလို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ ၄ နှစ် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာပြည် ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲကနေဘဲ အထောက်အထားတွေ လုပ်ဆောင်နိုင်ရေး၊ လက်ရှိ ဗီဇာ ကုန် အလုပ်သမားပေါင်း ၃ သောင်းကျော်အတွက် တနေရာတည်းအပြီး ၀န်ဆောင်ရေးစခန်း ၅ ခုကို ချင်းရိုင်းခရိုင်၊ တာ့ခ်ခရိုင် (မဲဆောက်မြို့နယ်)၊ ကန်ချနဘူရီခရိုင်၊ ရနောင်းခရိုင်၊ ပရကျူတ်ခီရိခန်ခရိုင် (ဆိန်းခေါင်န်ဂိတ်)တွေမှာ ဖွင့်လှစ်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲဒီဆွေးနွေးချက်တွေကို လာမယ့် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ ရှိတဲ့ ထိုင်းဝန်ကြီးများ အစည်းအဝေးမှာ တင်သွင်းဖို့ ရှိကြောင်း အတည်ပြုပြီးတာနဲ့ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက ၁ လအတွင်း ကြေငြာချက် ထုတ်ပြန်ပေးဖို့ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ်လို့လည်း ထိုင်းအစိုးရ၀က်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

DVB

ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်း Cable Car ပြေးဆွဲရေး ဗီယက်နမ် ကုမ္ပဏီလာရောက်ဆွေးနွေး


မွန်ပြည်နယ်၏သမိုင်းဝင် စေတီတော် ကျိုက်ထီးရိုး တောင်တက်လမ်း တွင် တောင်ခြေနှင့်ရင်ပြင်တော်ပေါ် cable car ပြေးဆွဲရေးနှင့် အခြား ရင်းနှီး မြှုပ်နှံရေးလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှ Oman Investment Fund အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးသို့ လာရောက်၍ အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့်တွေ့ဆုံကြောင်း သိရသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့မှ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Mr. Trvong Hoang Son က မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ရှိ ကျိုက်ထီးရိုး စေတီ တော် တောင်ဘက်လမ်းတွင် cable car ပြေးဆွဲရေး လုပ်ငန်းနှင့် မွန်ပြည်နယ် စက်ရုံများ တည်ဆောက်လုပ်ကိုင် လို ကြောင်း သို့မဟုတ် စက်ရုံကြီး များကို ငှားရမ်းလုပ်ကိုင်လိုကြောင်း ၊ စသည်တို့ ကို ပြောကြားကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဗမာ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်း၊ ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်နှင့် လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးနိုင်လဝီအောင် တို့တက်ရောက် ကြောင်း သိရသည်။

ထူးထူး (မော်လမြိုင်)
Popular Myanmar News Journal

ဥက္ကံ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦး အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချခံရ


ဥက္ကံ၊ နိုဝင်ဘာ ၂၀

ဥက္ကံမြို့တွင် လွန်ခဲ့သော ခုနစ်လခန့်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ အသက် ၃၃ နှစ်အရွယ် ဝန်ထမ်း ကိုဆန်းလင်းထွန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။

ကိုဆန်းလင်းထွန်းသည် တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် အကြီးတန်း စာရေးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပြီး ဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိကြောင်း၊ ဥက္ကံပဋိပက္ခ ဖြစ်ပွားခဲ့သော ဧပြီလ ၃၀ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဥက္ကံမြို့ ဗန္ဓုလရပ်ကွက်မှ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းသို့ သွားကာ လစာထုတ်နေသည်ဟု အထက် အရာရှိများက ထွက်ဆိုခဲ့ရုံသာမက တရားလိုပြ သက်သေ အယောက် ၄၀ ကို စစ်ဆေးခဲ့ရာ ၃၅ ဦးက မသိရှိကြောင်း ထွက်ဆိုခဲ့ပြီး ကျန်ငါးဦး၏ ထွက်ဆိုချက်ကြောင့် အမိန့်ချခံရခြင်း ဖြစ်ကြောင်း ကိုဆန်းလင်းထွန်း၏ ဇနီး မနန်းနန်းက ပြောကြားသည်။
“သူ့အထက် အရာရှိတွေက ဖြစ်တဲ့အချိန်မှာ လခ လာထုတ်နေတယ်လို့ ပြောခဲ့ပေမဲ့လည်း မရဘူး။ ပါလည်း မပါဘူး၊ သိလည်းမသိတဲ့ ကိစ္စကို ခုလို ထောင်ချလိုက်တာ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာကိုခေါ်တာလဲ” ဟု ၎င်းက မေးခွန်းထုတ် ပြောကြားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်လွဲ ၁နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက ၎င်းနှင့်အတူ ဗန္ဓုလရပ်ကွက် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့်သန်းကိုပါ ပြစ်မူဆိုင်ရာ ပုဒ်မ ၄၄၀/၃၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီဖြင့် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥက္ကံမြို့တွင် ကိုရင်လေးနှင့် အမျိုးသမီးတို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးလောင် ဖျက်ဆီးမှုများကြောင့် နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ခုနှင့် ဥက္ကံမြို့ပေါ် ဆိုင်ခန်း ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဥက္ကံ ပဋိပက္ခနှင့် ပတ်သက်၍ ပနီပင် ကျေးရွာနေသူ ရှစ်ဦး၊ ဗန္ဓုလ ရပ်ကွက်တွင်နေသူ လေးဦး၊ ဥယျာဉ်ကြီး ကျေးရွာနေသူ နှစ်ဦး၊ မီးနင်းကံကုန်း ကျေးရွာတွင် သုံးဦး အပါအဝင် စုစုပေါင်း လူ ၁၇ ဦးကို အမိန့်ချမှတ်ခဲ့ပြီး ဥက္ကံမြို့တွင် နေထိုင်သူ ၆၃ ဦးကို တရားရုံးက ဖမ်းဝရမ်း ထုတ်ထားကြောင်း တိုက်ကြီးမြို့နယ် တရားရုံးထံမှ သိရှိရသည်။
The Voice Weekly

ဝင်းစိန် ဆရာတော်ကြီးအား ထိုင်းဘုရင်မင်းမြတ်၏ ကိုယ်စားလှယ်အဖွဲ့မှ ကထိန်သင်္ကန်းကပ်လှူပူဇော်


21.11.2013

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အတောင် ၄ဝဝပြည့် လျောင်းတော်မူ ဘုရားကြီးအား တည်ထားတော်မူသော ဝင်းစိန် ဆရာတော်ကြီးအား ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ကိုယ်စား ထိုင်း ဘုရင့် ကိုယ်ရံ တော် တပ်မတော်မှ Ms. Nareephan Suwawaktti ဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်က ကထိန် သင်္ကန်းကပ်လှူ ပူဇော်ကြောင်း သိရသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ကထိန် သင်္ကန်းတော်ကြီး၊ အလှူငွေ ဘတ် ၂၅ သိန်းနှင့် နန်းတော်သုံး ပစ္စည်း မျိုးစုံ ၅ဝ ကျော်၊ ပင့်သံဃာတော် ၁၆ဝ ပါးအား ကထိန် သင်္ကန်း တစ်စုံစီနှင့် အလှူငွေများ၊ ရဟန်း၊ ကိုရင်၊ သီလရှင် နှင့် ယောဂီအပါး ၁ဝဝဝ အား ဆွမ်း ဆက်ကပ်၍ အခမ်းအနား သို့ တက် ရောက်လာသူများအား စတုဒိသာကျွေး မွေးဧည့်ခံကြောင်း သိရသည်။

ထိုင်းဘုရင် မင်းမြတ်နာမကျန်း ဖြစ်နေစဉ် ဝင်းစိန်ဆရာတော်ကြီးက လာရောက်ပြီး ဆေးကုပေးရာ ကျန်းမာ ရေးကောင်းမွန် သွားကြောင်း အိပ်မက် မက်သဖြင့် ကိုယ်စားလှယ်တော် အဖွဲ့ စေလွှတ်၍ ကထိန် သင်္ကန်းကပ်လှူပူ ဇော်ခြင်း ဖြစ်ကြောင်း သိရသည်။

ထူးထူး (မော်လမြိုင်)
Popular Myanmar News Journal

ရခိုင်ကလေးငယ် ၂ ဦး သေဆုံးမှု မသင်္ကာသူများ ရဲခေါ်စစ်


ကောလဟလများ ဖြန့်ပြီး အကြမ်းဖက်မှု ဖန်တီးနိုင်သောကြောင့် စစ်တွေ အနီးတဝိုက် လုံခြုံရေးတင်းကြပ် ထားသည် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

ကျောက်တော်ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်တွင် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော်သည် နေအိမ်မှ ပျောက်ဆုံးသွားသောကြောင့် နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ နံနက် ၂ နာရီ မိနစ် ၃၀ တွင် ရွာနှင့် အနည်းငယ်လှမ်းသော လယ်ကွင်းတနေရာတွင် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွင် ထိုးသွင်းဒဏ်ရာတချို့ ရှိသော်လည်း မျိုးဥ(Spam)များ မတွေ့ရှိရကြောင်း သိရသည်။

ပေါက်တော်ဖြစ်စဉ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ခမီးလူမျိုးများ နေထိုင်သည့် စောမဲကျီရွာတွင် အသက် ၅နှစ်အရွယ် မဇလပ်ဝါသည် ညနေပိုင်းတွင် အပေါင်းအသင်းများနှင့် ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ကျေးရွာလူကြီးများနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြေကြီးတွင်းတခုမှ ဦးခေါင်းထိပ်ကို ထိုးသွင်းထားသော ဒဏ်ရာဖြင့် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ထိုဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု လုံးဝမရှိကြောင်း  သိရသည်။

ကျောက်တော် မြို့မရဲစခန်းမှူး ဦးအောင်မြင့်ဦးကလည်း “ ကျနော်တို့ဘက်ကတော့ လောလောဆယ် မသင်္ကာသူတချို့ကို ခေါ်ယူစစ်ဆေးနေတာပဲ ရှိပါသေးတယ်။ အသေးစိတ် စစ်ဆေးနေတာဖြစ်လို့ ဘယ်သူ့ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။

သေဆုံးခဲ့သူ ကလေးနှစ်ဦးစလုံးကို ယမန်နေ့က သဂြိုလ်ပြီးစီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊  ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို  အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

သို့သော် အဆိုပါကိစ္စကြောင့် ပဋိပက္ခ ဖြစ်ပွားမည့်အရေး ဒေသခံများအကြားစိုးရိမ်မှုများ ရှိခဲ့သော်လည်း လုံခြုံရေး အခြေအနေ မစိုးရိမ်ရကြောင်း ကျောက်တော် မြို့မ စခန်းမှူး ဦးအောင်မြင့်ဦးက ရှင်းပြသည်။

“အခု အခင်းဖြစ်ခဲ့တဲ့ အပေါက်ဝ နယ်မြေဘက်မှာ ရဲတပ်ရင်းတွေရော၊ စစ်တပ်ကရော လုံခြုံရေးက တော်တော်ချ ထားပါတယ်” ဟု သူက ဆိုသည်။

အစိုးရထိပ်ပိုင်း တာဝန်ရှိသူများကလည်း ယခုကိစ္စကြောင့် နောက်ထပ် မလိုလား အပ်သည့် အကြမ်းဖက်တိုက်ခိုက်မှု မျိုး မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် စစ်တပ်လုံခြုံရေးများ ရခိုင်ပြည်နယ် အတွင်း ချထားပြီး လုံခြုံရေးတင်းကြပ် ထားကြောင်း ဒေသခံများနှင့် လုံခြုံရေးအရာရှိများက ဧရာဝတီကိုပြောသည်။

(ဧရာဝတီသတင်းထောက် လင်းသန့်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)
Irrawaddy

သန်လျင်မြို့ဝင်မှ ကြယ်စင်အိမ်ရာ ဇုန်ဘီတိုက်ခန်းများ နောက်ဆုံးအကြိမ်အဖြစ်ရောင်းချမည်။


ရန်ကုန်၊ နိုဝင်ဘာ ၂၁

သန်လျင်ရှိကြယ်စင်မြို့တော် Star City မှ တိုက်ခန်းအသစ်ပေါင်း ၄၃၃ခန်းကို လာမည့် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စင်္ကာပူ၊ သန်လျင်နှင့် မန္တလေးမြို့ အရောင်းပြခန်းများတွင် ဘိုကင်လက်ခံ၍ရောင်းချပေးသွားမည်ဟု သိရသည်။

ယခုတစ်ခေါက်ရောင်းချပေးမည့်တိုက်ခန်းများမှာ ဇုန်ဘီအဖြစ်သတ်မှတ်ထားသည့် တိုက်ခန်းများဖြစ်ပြီး ဇုန်ဘီအတွက် နောက်ဆုံးအကြိမ် ရောင်းချခြင်းလည်းဖြစ်ကြောင်း YOMA အိမ်ခြံမြေလုပ်ငန်းဆိုင်ရာလုပ်ငန်းခွဲ အုပ်ချုပ်မှုဒါရိုက်တာ Mr.Elmar A.Busch ကပြောသည်။

၎င်းတိုက်ခန်းများမှာ YOMA Strategic မှ ၂၀၁၃ ခုနှစ်ဧပြီမှစတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ်ပြီးစီးအောင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် အိမ်ရာသစ်တည်ဆောက်မှုအဆင့် ငါးဆင့်အနက် ဒုတိယအဆင့်လည်းဖြစ်ကြောင်းသိရသည်။

ကြယ်စင်မြို့တော်အိမ်ရာတွင် အရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်များနှင့် ဘဏ်လုပ်ငန်းများဖွင့်လှစ်ရန် လက်မှတ်များလည်း ရေးထိုးပြီး ဖြစ်ကာ လာမည့်လအနည်းငယ်အတွင်းစတင်သွားမည်ဖြစ်သည်။

ထို့ပြင် ပထမဆုံးရောင်းချပေးခဲ့သည့် ဇုန်အေ ရှိတိုက်ခန်းပေါင်း တစ်ထောင်ကျော်မှာလည်း အားလုံးရောင်းထွက်ပြီးဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ Mr.Elmar A.Busch ကဆက်ပြောသည်။ အဆိုပါ ဇုန်ဘီကို SPA Project Management Pte. Ltd နှင့် Dragages Singapore Pte Ltd အပြင် BYMA Pte Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်ပြီး ကမ္ဘာသိအခြေခံအဆောက် အဦးတည်ဆောက်ရေးလုပ်ငန်း Bouygues S.A ကတည်ဆောက်ခြင်းဖြစ်သည်။

ကြယ်စင်အိမ်ရာ (Star City)တွင် စတုရန်းပေ ၆၄၂ပေမှ ၃၃၇၄စတုရန်းပေကျယ် အိမ်ခန်းအမျိုးအစား ၂၃ မျိုးကိုဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းအားဖြင့် အိပ်ခန်းတစ်ခန်းပါ အိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ရှစ်ထောင်ကျော်မှစတင်ပြီး အိပ်ခန်းလေးခန်းပါ အိမ်ခန်း အတွက် ကန်ဒေါ်လာ လေးသောင်းငါးထောင်ကျော်ကျသင့်မည်ဖြစ်သည်။

သုတလင်း
Popular Myanmar News Journal

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆန္ဒထုတ်ဖော်သူ ၆ ဦး ပုဒ်မ ၁၈ဖြင့် ပြစ်ဒဏ်ချမှတ်ခံရ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆဲရေးသပိတ်စခန်းများကို အင်အား အလွန်အကျွံသုံးစွဲဖြေရှင်းခဲ့ခြင်းကြောင့် ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သူ ၆ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ကြည်းမြင်တိုင်တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်ကြောင်း သိရသည်။

၎င်း ၆ ဦး၏ အမည်များမှာ ကိုမြင့်ကျော်ဦး၊ ကိုစိုးမိုးထွန်း၊ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦးနှင့် မသန္ဒာတို့ဖြစ်ပြီး ကိုဒီငြိမ်းလင်းကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တရားရုံးများက ပုဒ်မ ၁၈ ဖြင့်ပင် ထပ်မံ အမိန့်ချသွားမည်ဟု သိရသည်။

ယခုလ ၁၀ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် သမ္မတ၀န်ကြီးဦးစိုးသိမ်း (လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဥက္ကဌ)က ကျန်ရှိနေသေးသောနိုင်ငံရေးအကျဉ်းသားများ အားလုံးကို ဒီဇင်ဘာလကုန် နောက်ဆုံးထား၍လွှတ်ပေးမည်ဟု ပြောကြားခဲ့၍ ၁၅ရက်နေ့တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထိမ်းသိန်းခံ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသာ ၆၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက်တွင် နိုင်ငံရေးပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ၈ ဦးအထိရှိလာကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆဲရေးသပိတ်စခန်းများကို ၂၀၁၂ အောက်တိုဘာ ၂၉ ရက်နေ့က အင်အားသုံးဖြိုခွင်းခဲ့ပြီး ၎င်းလုပ်ရပ်အပေါ် ဆန်ကျင်ရှုတ်ချသည့်အနေဖြင့် ၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၃၀၀ ဦးကျော် မြေနီကုန်းမှ တရုတ်သံရုံးအထိ ဆန္ဒပြချီတတ်ခဲ့ကြသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဘင်္ဂလီတွေ အနေနဲ့သာ နိုင်ငံသား ပြုခွင့်ပေးမည်ဟု သမ္မတ ပြောခွင့်ရ ပြန်ကြား


ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးက ရခိုင်ပြည်နယ်ထဲတွင် နေထိုင်ကြသော ဘင်္ဂလီမျိုးနွယ်စုများကို ရိုဟင်ဂျာအမည်ဖြင့်  မြန်မာနိုင်ငံသားပေးရန်  မြန်မာအစိုးရကို တိုက်တွန်းထားသော ဆုံးဖြတ်ချက်  ထွက်ပေါ်လာခဲ့သည်။ ၎င်း ဆုံးဖြတ်ချက်အပေါ် သမ္မတ ပြော ခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ မီဒီယာများ၏  မေးမြန်းမှုကို သူ့ရဲ့ ဖေ့စ်ဘုတ်က ယခုလို  ဖြေကြား ထားသည်။

—————————————————————-

“ ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရ ကိုတိုက်တွန်းကြောင်း သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များကို ဒီကနေ့ပဲ ဖြေကြား လိုက်ပါတယ်။

အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင် ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါတယ်။

ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများ မှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီ ဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသား ပြုပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီသဘောပဲဖြစ် ပါတယ်။

နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေး လုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးများက ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်နေတဲ့ လုပ်ဆောင်ချက် များကိုလည်း ထောက်ပြဖို့လိုမယ်လို့ယူဆပါတယ်။”

————————————————————

ဒါ့အပြင် သူ့၏ ဖေ့စ်ဘုတ်တွင် မြန်မာ အစိုးရ အနေဖြင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကန့်ကွက်ရာတွင် ပြည်တွင်းတွင်  တစ်မျိုး၊  ပြည်ပတွင် တစ်မျိုး ပြုလုပ်နေခြင်း မဟုတ်ဘဲ  နိုင်ငံတော်သမ္မတကြီးနှင့်  မြန်မာနိုင်ငံအစိုးရ အနေဖြင့် တရားဝင် ကန့်ကွက်ထားကြောင်း  ပြောကြားပြီး  မြန်မာ အစိုးရ၏ ကန့်ကွက်ချက်ကို အောက်ပါလင့်တွင် ကြည်ရှု့နိုင်ကြောင်း ဖေါ်ပြသည်။

PDF Download
(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ ခါးပတ်အိတ် ဆိုင်ကယ်စီးသူ ဆွဲယူ ထွက်ပြေး


မန္တလေး၊ နိုဝင်ဘာ၂၀

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့ဟောင်းလမ်း ထီးလိုမင်းလိုဘုရားနှင့် ရွှေလိပ်တူးဘုရား ကြားတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စက်ဘီးဖြင့် သွားနေသော ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆိုင်ကယ်ဖြင့် နောက်က လိုက်၍ ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ညောင်ဦးမြို့ ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။

ပုဂံမြို့ဟောင်း ဗူးဘုရားမှ နေဝင်ဆည်းဆာ ကြည့်၍ ညောင်ဦးမြို့သို့ ပုဂံမြို့ဟောင်းလမ်းအတိုင်း တည်းခိုခန်းသို့ ပြန်လာသည့် အဆိုပါ နိုင်ငံခြားသူ အမျိုးသမီးစီးသည့် စက်ဘီး ရှေ့ခြင်းထဲမှ ခါးပတ်အိတ်ကို အသက် ၄၀ နှစ်ခန့်ရှိ ဂျာကင် အစိမ်းရောင် ပြောက်ကျား ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ဆွဲယူ ထွက်ပြေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အဲ့ဒီကြားမှာ ခဏခဏ ဖြစ်နေတယ်။ ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးကြားမှာ ဆိုတော့ လူသွားလူလာ နည်းနည်း ပြတ်တယ်။ ဒါပေမဲ့ ဆိုင်ကယ်တွေ၊ ကားတွေတော့ သွားနေကြတာပဲ။ ၅ နာရီ ၂၀ မိနစ်လောက် ဆိုတော့ အခုရာသီက မှောင်နေပြီလေ။ အဲ့ဒီလို အလုခံရတာတွေက စက်ဘီးသမားတွေ ပိုပြီး အဖြစ်များတယ်။ တစ်ခု ဖြစ်စေချင်တာက စက်ဘီး ငှားတဲ့သူတွေ ဆိုရင် နောက်ကနေ လိုက်ပေးတာ ပိုကောင်းတယ်” ဟု ပုဂံ-ညောင်ဦးတွင် မြင်းလှည်းမောင်းသူ ဦးမောင်စိုးက ဆိုသည်။

ညောင်ဦးတွင် Tourism Police များကို လူသွားလူလာ ပြတ်သော နေရာများတွင် ခြေလျင်ကင်း၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် ညပိုင်း အချိန်အထိ လှည့်ကင်းများ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

အလုခံရသည့် အဆိုပါ ခါးပတ်အိတ်ထဲတွင် ပြင်သစ် နိုင်ငံသူ၏ နိုင်ငံကူး လက်မှတ်စာအုပ် တစ်အုပ်၊ မြန်မာငွေ ၁၅၀,၀၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၈၀၀၊ Nikon Cooltix အနီရောင် ကင်မရာ တစ်လုံး၊ Credit Card တစ်ခုတို့ ပါဝင်ပြီး ပြင်သစ်နိုင်ငံသူက အမှု မဖွင့်လိုသော်လည်း ညောင်ဦးခရိုင် ရဲတပ်ဖွဲ့ စခန်းနှင့် မြို့နယ်မှူးများက တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

ပုဂံ-ညောင်ဦး တစ်ဝိုက်တွင် နိုင်ငံခြား ခရီးသွားများ၏ ပစ္စည်းများ အလုခံရမှု ၁၀ လ အတွင်းတွင် ၁၀ မှုခန့် ရှိပြီ ဖြစ်ပြီး Tourism Police မှာ ၆၅ ဦးခန့် ရှိကြောင်း အဆိုပါ ဒေသခံများ ထံမှ သိရသည်။

The Voice Weekly

လှန်းပေးထားတာ


စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦးရှိပါသည်။

တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နားရောက်တော.
အမျိုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။

ပြီးတော…. ရေနစ်တော.တာပဲ။

ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီးကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။

အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင့် စိတ်ပြန်လည်ကောင်းမွန် လာသည်မှတ်ကာ
ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင့်ပြုလိုက်ပါတယ်။

ဒါနဲ့ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး

ဆရာဝန် — နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ့သတင်းဆိုးတခုပြောစရာရှိတယ်ဗျ။
သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ လို စိတ်ပြန်လည်လာလို.ဆေးရုံက ဆင်းခွင့်ပေးလိုက်မယ်။

သတင်းဆိုးကတော. ခင်ဗျားကယ်ခဲ့တဲ့ အမျိုးသားလူနာခုနလေးကပဲ
ရေချိုးခန်းထဲမှာ တံဘတ် နဲ့ ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ်အဆုံးစီရင်သွားရှာတယ်။
စိတ်မကောင်းပါဘူးခင်ဗျာ။

အမျိုးသမီး — အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊

ကျွန်မကိုယ်တိုင်သူကို့ ရေတွေ စိုနေလို့ ခြောက်သွားအောင် လှန်းပေးလိုက်ခဲ့တာပါ

Credit - Original Writer

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သဘောထား ထုတ်ပြန်ကြေညာချက်(၁၁/၂၀၁၃)


၁။ မြန်မာနိုင်ငံသို့ OIC အဖွဲ့ လာရောက်ခါနီးအချိန်နှင့် လာရောက်စဉ် အချိန်တို့၌ ဆန္ဒပြကန့်ကွက်ပွဲများတွင် တစ်ဖက်ဘာသာအတွက် တိုက်ရိုက်ထိခိုက်နစ်နာစေနိုင်သော “သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” စသော အသုံးအနှုန်းအပြုအမူများကို သုံးစွဲထားသည်ကို တွေ့မြင်ရပါသည်။

၂။ မိမိ အမျိုး ဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက်မှု၊ ဟန့်တားမှု၊ ဆန္ဒထုတ်ဖော်မူများမှာ မိမိတို့၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့် အခွင့်အရေးများပင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပါသည်။

၃။ ထိုသို့ အမျိုးဘာသာ သာသနာအတွက် မိမိတို့၏ လုပ်ကိုင်ခွင့် အခွင့်အရေးများအရ ကာကွယ်စောင့်ရှောက် မှု၊ ဆန္ဒထုတ်ဖော်မှု စသည့် ဆောင်ရွက်ချက်များကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ဗဟို) အနေဖြင့်လည်း ထောက်ခံအပ်ပါသည်။

၎။ သို့သော် တစ်ဖက်ဘာသာ သာသနာကို ထိခိုက်နစ်နာစေနိုင်သော အပြုအမူ အသုံးအနှုန်းများသည် မပြုလုပ် မသုံးစွဲသင့်သော အရာများဖြစ်ပါသည်။

၅။ တစ်ဖက်ဘာသာ သာသနာ ထိခိုက်နစ်နာစေနိုင်သော အပြုအမူ အသုံးအနှုန်းများကို မည်သူမဆို ရှောင်ကြဉ်ရမည်သာဖြစ်ပါသည်။

၆။ ယင်းသို့တစ်ဖက် ဘာသာ သာသနာကို ထိခိုက်နစ်နာစေနိုင်သည့် လုပ်ရပ်များသည် မိမိတို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ဗဟို) ၏ မူဝါဒမဟုတ်ကြောင်း အတိအလင်း ကြေညာအပ်ပါသည်။

၇။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအားလုံးအနေဖြင့် ယင်းအပြုအမူများကို ဂရုပြုရှောင် ကြဉ်ကြပါရန်နှင့်(လုံးဝမပြုလုပ်ကြပါရန်) အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)အထက်ပါ သဘောထား ထုတ်ပြန်ကြေညာချက်အား အတည်ပြု ထုတ်ပြန်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ဥက္ကဋ္ဌ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
စာအမှတ်-၀၁၁၃/စီမံ-မဘသ/၂၀၁၃။
နေ့စွဲ-၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်။

လူငယ်များရန်ဖြစ်ရာမှာ ဌာနပိုင်ရုံးခန်းမှန်များပျက်စီး


ရန်ကုန်၊ နိုဝင်ဘာ ၂၀

လူငယ်များစကားများရန်ဖြစ်ရာမှ မြန်မာ့လေဆိပ်ကမ်း
အာဏာပိုင် မြေနှင့် ဆိပ်ကမ်း(အရှေ့ပိုင်း)ရုံးရှီ အလူမီနီယံ
ဘောင်ကွပ် မှန်တံခါး ၂ ချပ် ပျက်ဆီးသွားကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ရုံးရှေ့လမ်းမပေါ်၌ နိုဝင်ဘာလ ၁၈ ရက်နေ့ ည
၁၂နာရီ မိနစ် ၃၀ တွင် ယာဉ်မောင်းဝင်းမြင့် နိုင်မောင်းနှင်
လာသော အငှားယာဉ်သည် လမ်းပေါ်၌ ဘောလုံးကန်နေ
သူများ အန္တရာယ်ဖြစ်အောင် အကြိမ်ကြိမ်ကွေ့ပတ်မောင်း
နှင်ခဲ့ကြောင်း တိုင်းရုံးကထုတ်ပြန်ထားသည်။

၎င်းယာဉ်မောင်းပါ ၂ဦးနှင့် ဘောလုံးကန်နေသည့်
ဇင်သူဟိန်း စကားများကြရာမှ ဇင်သူဟိန်းနှင့် အဖွဲ့မှ
ခဲဖြင့်ပစ်ပေါက်၍ ၀င်းမြင့်နိုင်ပါ ၂ဦး သည် ဦးတင်လှထွန်း (ကုန်စည်ကြီးကြပ်ရေးမှူး တတိယအဆင့်)၏ ရုံးအတွင်းသို့ ၀င်ပြေးခဲ့ကြောင်း၊ တာဝန်ကျဝန်ထမ်းများက တားမြစ်ခဲ့
သော်လည်း ဇင်သူဟိန်းနှင့်အဖွဲ့မှ အုတ်ခဲ၊ ကျောက်ခဲတို့ဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် မှန်များပျက်စီးခဲ့ကြောင်း ၎င်းရုံးမှ
သိရသည်။

ယင်းကဲ့သို့ပျက်စီးသွားသည့်အတွက် ဆိပ်ကမ်း မမစ
(ပ)၃၁၃/၁၃၊ ပုဒ်မ-ပပက၆(၁)ဖြင့် ဇင်သူဟိန်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး၊ ကျန်တရားခံများ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရေးသားသူ - ဝေဖြိုး
တည်းဖြတ်သူ-နီတိုး
People power

ဟစ်ဟော့ပ်ဆိုတာ ချောင်းလေးမြောင်းလေးပါဟု လေးဖြူမှ ဝေဖန်ခံခဲ့ဟု သားစိုးဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

ပြည်တွင်း၌ ဟစ်ဟော့ပ်ဂီတစတင်လာသည့်အချိန်တွင်
ရော်ကာအဆိုတော်ကြီး လေးဖြူက ဟစ်ဟော့ပ်ဂီတအား
ချောင်းလေးမြောင်းလေး ပါဟု ဝေဖန်ခဲ့ဖူးကြောင်း
ဟစ်ဟော့ပ်အဆိုတော် သားစိုးက People Power သတင်းစာသို့ပြောကြားသည်။

“ဟစ်ဟော့ပ်ဂီတကိုစိတ်ဝင်စားပြီး စလုပ်တဲ့အချိန် ၁၉၉၈-၉၉ခုနှစ်လောက်မှာ ဦးလေးဖြူပြောတဲ့စကား စိတ်ထဲမှာအရမ်းစိတ်မကောင်းဖြစ်ပြီး လူငယ်သဘာဝ
အရမ်းခံစားခဲ့ရတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ
ဆက်လုပ်ခဲ့တော့ အခုမြန်မာနိုင်ငံမှာဟစ်ဟော့ပ်
အဆိုတော်တွေ အများ ကြီးပေါ်လာသလို ဟစ်ဟော့ပ်
ဂီတကိုလည်း အားပေးတဲ့ပရိသတ်တွေ အများကြီး
ရှိလာတယ်”ဟု ဟစ်ဟော့ပ်အဆိုတော် သားစိုးက
ပြောကြားသည်။

ပြည်တွင်း၌ ဟစ်ဟော့ပ်ဂီတ စတင်ပေါ်ပေါက်လာသည့်
အချိန်တွင် အမျိုးမျိုးဝေဖန်ကဲ့ရဲ့မှုများရှိသော်လည်း စိတ်
ထဲမှာမထားဘဲ ၀ါသနာပါရာ ဆက်လုပ်ခဲ့သည့်အတွက် ဟစ်ဟော့ပ်ဂီတပြည်တွင်း၌ ၁၃နှစ်တိုင် ရပ်တည်လာ
နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အောင်မြင်မှုလည်းရှိလာပြီဆိုတော့ ဆက်လက်ချီတက်
ကြပါ။ ပြည်တွင်းမှာ ဟစ်ဟော့ဂီတရဲ့တိုးတက်မှု အနေ
အထားကိုကြည့်ပြီး၊ ဟစ်ဟော့ပ် ဂီတ နှစ် ၄၀ပြည့် အခမ်းအနားမြန်မာနိုင်ငံမှာ လာကျင်းပတာလည်း
ဂုဏ်ယူပါတယ်။ Hip Hop Forever လို့မြင်ပါတယ်”ဟု သားစိုးက ပြောကြားသည်။

ရေးသားသူ- အေးငြိမ်းသူ
People power

ကုလ ဆုံးဖြတ် ချက် ကို အလို မရှိ ကြောင်း ကန့် ကွက် ဆန္ဒ ပြ ပွဲ တွေ ခြိမ့်ခြိမ့်သဲ ကျင်းပ မယ်


21.11.2013.

မြန်မာ နိုင်ငံ ရဲ့  အချုပ်အခြာအာဏာကို စော်ကေား နှောင့်ယှက် ပြီး ရန်စ တဲ့ အပြု အမူ ကျုးလွန် ခဲ့ တဲ့ ကုလ သမဂ္ဂကို လုံးဝ အလို မရှိ တော့ တဲ့ အကြောင်း ကန့် ကွက် ဆန္ဒ ပြ ပွဲ တွေ ကို ရန်ကုန် ၊ မန္တလေး နဲ့  နယ် မြို့ တွေ မှာ နိုဝင်ဘာလ ၂၅ ရက် တနင်္လာ နေ့  ကျရင် ကျင်း ပမယ် လို့  စီစဉ် သူ တွေ က FNG ကို ပြော ပါတယ်။

မနေ့  က ကုလ သမဂ္ဂ လူ့  အခွင့် အရေး ကော် မရှင် က မြန်မာ နိုင်ငံ တွင်း က နိုင်ငံ မဲ့ လို့  ဆို တဲ့ ရိုဟင်ဂျာ တွေ ကို နိုင်ငံ သား အဖြစ် ချက်ခြင်း ပေး ဖို့  ဆုံး ဖြတ် ချက် ချ ခဲ့ တာ ကို ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ အပေါင်း က တစ်ညီ တစ်ညွှတ် တည်း ကန့် ကွက် မှာ ဖြစ် ပါတယ်။

ရန်ကုန် မှာ တော့ တနင်္လာ နေ့  နေ့  လည် ၁ နာရီ မှာ ဗဟန်း ကြေးသွန်း ဘုရား ကြီး မှာ စု ပြီး အဲဒီ ကနေ့  ပြည်လမ်း (စမ်းချောင်း) မှာ ရှိ တဲ့ ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ ကော်မရှင် နာ ရုံး ရှေ့  မှာ ဆန္ဒ ပြ မှာ ဖြစ် ပြီး တစ်ဆက် တည်း မှာ ပဲ မြို့  တော် ခန်းမရှေ့  ကို ချီတက် သွားမှာ ဖြစ် ပါတယ်။

FNG

iOS users များအတွက် $3.99 တန် Live Score Once app Free ရနေပါပြီ


ကမ္ဘာတစ်ဝှမ်း အားကစားပွဲ တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မယ် Live score once ဖြစ်ပါတယ်။ App Store မှာ $3.99 တန်လေးဖြစ်ပါတယ်။ အခုတော့ free ပေးထားပါတယ်
Myanmar Mobile App Store

Free ရထားတုန်းလေး မြန်မြန်သွားဒေါင်းလိုက်ပါဦး ---> Live Score Once

အကျဉ်းကျခံနေသော ခင်ပွန်း မူးယစ်ဆေးသုံးစွဲရန် အရွယ်မရောက် သေးသော သမီးကို မူးယစ်ဆေး ပို့ခိုင်း


21.11.2013

ကျိုင်းတုံ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသူ တစ်ဦးကို မူးယစ် ဆေးပေးပို့ရန် လာရောက်စဉ် ဖမ်းဆီးရမိသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာနိုဝင်ဘာလ(၂၀) ရက်(၁၁) နာရီ (၂၀) မိနစ်တွင် ကျိုင်းတုံ မူးယစ်တပ်ဖွဲစု(၂၈) မှဒုရဲအုပ်မြင့်နိုင်စိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံရဲစခန်းမှ ဒုရဲအုပ်နေလင်းအောင်၊ ကျိုင်းတုံ အကျဉ်ထောင်မှ ဒုကြီးကြပ်ရေးမှူး နေလင်းထွန်း၊ အမှတ်(၅)ရပ်ကွက်ကျိုင်းအင်း သူကြီး ဦးစိုင်းဆိုက်၊ ရွာအကျိုးတော်ဆောင်ဦးစိုင်းယုန်တို့သည် သတင်းအရ ကျိုင်းတုံ အကျဉ်းထောင်အဝင်ပေါက်တွင် စောင်းဆိုင်းနေစဉ် ထောင်တွင်း၌ မူး/စိတ်ပုဒ်မ၁၉ (က)/၂၀(က)အရထောင်ဒဏ်(၁၆)နှစ် ပြစ်ဒဏ်ကျခံနေသော ထောင်ဝင်အမှတ်၊ ကတ/၁၃/၀၀၁၇၂//က၊ လော်ဘာ(ခ) ရာဆာ (၃၈) နှစ်ထံ ထောင်ဝင်စာလာတွေ့သူ ၎င်း၏သမီးကို ရှာဖွေစစ်ဆေးရာ ၎င်းကိုင် ဆောင်လာ သော ရှောင်လင် မင်းသား တံဆိပ်ပါ ကြွတ်ကြွတ်အိတ် အတွင်းမှ လင်းယုန်ငှက်ရုပ်တံဆိပ် ယိုးဒယားနိုင်ငံလုပ် အိုင်အိုဒင်း ဆားထုတ်အတွင်း ဝှက်၍ သယ်ဆောင်လာသည့် ပလပ်စတစ်အကြည်ဖြင့်ထည့် လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀)ပြားစီပါ(၃)ထုတ်၊ စုစုပေါင်း(၃၀)ပြား၊ အလေးချိန်(၃)ဂရမ်ကို ရှာဖွေတွေ့ရှိကာ ဒုရဲအုပ်မြင့်နိုင်စိုး ကတရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျိုင်းတုံမြို့မ ရဲစခန်းမှ မယ(ပ) ၅၈/၂၀၁၃၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)အရအမူ၏ဖွင့်အရေးယူထားပြီး ၎င်း၏ မိခင် ဒေါ်ဘူးဒေါ့က အကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော ခင်ပွန်းဖြစ်သူ လော်ဘာ(ခ)ရာဆာ ထံပို့ဆောင်ရန် စေလွတ်ခိုင်းကြောင်း စစ်ဆေးသိရသည်။
သမီးဖြစ်သူမှာ ကလေးသူငယ်ဖြစ်သဖြင့် စခန်းမှူး၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိနိုင်ရန် ကျိုင်းတုံမြို့နယ် တရားသူကြီးထံတွင် ခွင့်ပြုမိန့်တောင်းခံ၍ မူးယစ်ဆေးသုံးစွဲမှုရှိ/မရှိ ကျိုင်းတုံ ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တွဲဖက်ပြည်နယ်(ကျိုင်းတုံ)

၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစ၍ စတုတ္ထ တန်းနှင့် အဋ္ဌမတန်း စာမေးပွဲများ မြို့နယ် နှင့် ခရိုင်အဆင့် တို့ဖြင့် စစ်ဆေးတော့မည်


၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစတင်၍ အခြေခံပညာ စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အား မြို့နယ်အဆင့်နှင့် ခရိုင်အ ဆင့်တို့ဖြင့် စစ်ဆေးပေးတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုအရ အ ခြေခံပညာစတုတ္ထတန်း (Grade 5)အား မြို့နယ်ဘုတ်အဖွဲ့မှစစ်ဆေး မည်ဖြစ်ပြီးအဋ္ဌမတန်း (Grade -9)အား ခရိုင်(သို့မဟုတ်)တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့များ က စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
''ကျောင်းသားတွေရဲ့ ပညာအရည်အသွေး မြင့်မားဖို့ လုပ်ဆောင်တဲ့နေရာမှာ မူလတန်း အဆင့် ပြီးဆုံးတတ်မြောက်ခြင်း ကို မြို့နယ်ကနေ စစ်ဆေးပေးပြီး အလယ်တန်းအဆင့် သင်ယူပြီး မြောက်ခြင်းကို ခရိုင်အဆင့်သတ် မှတ်ပြီး စစ်ဆေးပေးသွားမယ်။ကျောင်းသားတွေကိုယ်တိုင် ကိုယ့် ရဲ့ဖြစ်ထွန်းတိုး တက်မှုနဲ့ အားသာ ချက်၊ အားနည်းချက်တွေကို သိ သွားမယ်။ ပိုပြီးတော့လဲ ကြိုးစား လာရမယ်''ဟု ပြောသည်။

ယင်းကဲ့သို့စစ်ဆေးရာတွင် မေးခွန်းလွှာ၌ ဘာသာရပ်အလိုက် ချမှတ်ထားသော သင်ရိုးညွှန်းတမ်း နှင့်အညီစစ်ဆေးရန်၊ အသက်အ ရွယ်၊ ပညာအရည်အချင်းအဆင့် နှင့်ကိုက်ညီသော ဘာသာစကား ဖြင့် စစ်ဆေးရန်နှင့် သင်ရိုးညွှန်း တမ်းတစ်ခု လုံးမှ သင်ကြား ထား သည့်နယ်ပယ်အသီးသီးကို ခြုံငုံမိ အောင် စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဗဟန်း မြို့နယ်ရှိ လက်ထောက်ပညာရေး မှူး ဦးတင်ဖုန်းက ''ပညာရည်မြင့် မားဖို့လုပ်တာဖြစ်လို့ ကျောင်းသား တွေအနေနဲ့ မကြိုးစားလို့မရဘူး။ ကျောင်းတွေမှာ လပတ်စာမေးပွဲ ရှိမယ်။ စာမေးပွဲကြီးအနေနဲ့ ပထမ နှစ်ဝက်ပြီး ရင် ဒုတိယနှစ်ဝက်စာ မေးပွဲဖြစ်သွားမယ်။ နောက်နှစ်ဝက် စာတွေပဲမေးမယ်။ ပညာရေးစီမံ ကိန်းပေါ်လစီနဲ့အညီ လုပ်ဆောင် ရတာကြောင့် ဒီလိုစာမေးပွဲစနစ်ကို ကျင့်သုံးရတာပါ''ဟု ပြောသည်။

မေသဉ္ဇာ- Yangon Media Group

မင်္ဂလာပွဲအကြို စိတ်ကူးပုံရိပ်များနဲ့ ဝိုင်းစုခိုင်သိန်း


‘မက်လောက်စရာ’ တေး စီးရီးနဲ့ ဂီတအနုပညာမှတ်တိုင် စိုက်ထူခဲ့သူ ဖြစ်ပြီး ‘မျက်လှည့်’ တေးစီးရီး၊အခုနောက်ဆုံး ထွက် ရှိခဲ့တဲ့ ‘အာဘွား’ တေးစီးရီးတို့ ဖြင့် ဂီတချစ်သူေ တွရဲ့အားပေးမှုကို အခိုင်အမာရ ရှိနေသူ သရုပ်ဆောင်အဆိုတော်ဝိုင်းစုခိုင်သိန်း က အမေရိကက ချစ်သူဥက္ကာကြူနဲ့ ၂ဝ၁၄ ဖေ ဖော်ဝါရီလမှာ မင်္ဂလာပွဲဆင်နွှဲတော့မှာ ဖြစ် ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ မနက်ပိုင်း ဆီဒိုးနားဟိုတယ်မှာ စုလျားရစ်ပတ် ဘိသိက် မင်္ဂလာပွဲ၊ ညပိုင်းကန်တော်ကြီးပဲလေ့စ်ဟို တယ်မှာ မင်္ဂလာညစာ စားပွဲပြုလုပ် မှာဖြစ်သလို ဖေဖော်ဝါရီ လဆန်းမှာလည်း လက်မှတ်ရေးထိုး ပွဲ၊မင်္ဂလာဦးဆွမ်းကျွေးပွဲ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ မကြာမီဘဝတစ်ခုကို အတူလက် တွဲကာ လျှောက်လှမ်းကြတော့မယ့် လိုက်ဖက်တဲ့ စုံတွဲ ဥက္ကာကြူနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ စကားသံ များကိုလည်း မင်္ဂလာသတို့သား၊ သတို့သမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံရိပ်များဖြင့် ရိုက်ကူးတင် ဆက်ဖော်ပြလိုက်ပါတယ်။

မင်္ဂလာမဆောင်ခင် ဗေဒင်မေး
“၁၄ ရက်နေ့မှာ အမှတ်တရဖြစ်သွား အောင်ပါ။သူနဲ့ဝိုင်းစုရဲ့ အဓိကနေ့နံက ဗုဒ္ဓဟူး နဲ့တနင်္ဂနွေဆိုတော့ အမှန်တကယ်က မတည့် ဘူး။ ဒါပေမဲ့တွက်ချက်ကြည့်တော့ ၂လပိုင်းဆို အဆင်ပြေမယ်တဲ့။ ၂လပိုင်းမှာ ရက်လှတာက Valentine’s Day က လှတာလေ။အမှတ်တရ လည်းဖြစ်သွားအောင် အဲဒီနေ့မှာ ဆောင်ဖြစ် သွားတာပါ။သူနဲ့ ဝိုင်းစုက ဂြိုဟ်စီးဂြိုဟ်နင်းတွေဆို လားဘာတွေဆို လားသေချာ တော့မသိဘူး။အိမ်ထောင် ပြု မယ် ဆို တော့ဗေဒင် မေးကြည့်ရ တာပေါ့။အဲ ဒီလိုမျိုး အရ ဆိုတည့်တယ်။

ယောက်ျားလေးကဗုဒ္ဓဟူးဆို မတည့် ဘူး။မိန်းကလေးက ဗုဒ္ဓဟူးဖြစ်နေတဲ့ အတွက် တည့်တယ်။ တချို့တွေအိမ် ထောင်ပြုတဲ့အထဲမှာလည်း မိန်းက လေး ဗုဒ္ဓဟူး ၊ယောက်ျားလေး တနင်္ဂ နွေရှိတယ်။ မတည့်ဘူး တဂျိမ်းဂျိမ်း ပဲ။ ဒါပေမဲ့ ရန်ဖြစ်တာပဲရှိတယ်။ဘာမှထွေထွေထူးထူးမရှိဘူး။ အဲဒါ ကြောင့် နေ့ နံနဲ့ ပတ်သက်ပြီး ဗေဒင် မေးကြည့်ရတာ။”
မင်္ဂလာပွဲအတွက် ကြိုတင်စိတ်ကူး
ဝိုင်းစုက အစောကြီးကတည်းက မင်္ဂလာဆောင်မယ်ဆိုရင် မနက် ပိုင်း ကို တကယ့်မြန်မာထုံးတမ်းစဉ် လာ အရ စုလျားရစ်ပတ်နဲ့ဆောင်မယ် ဆိုပြီးအစောကြီးကတည်း က စိတ်ကူး ထားတာရှိတယ်။ ညပိုင်းက တော့ လုံးဝအပျော်ပဲ။ ကိုယ်နဲ့ တကယ်ခင်တဲ့ သူတွေပဲ အားလုံးဖိတ်မယ်။ ညပိုင်းက တော့ သောင်းကျန်းမယ့်ပွဲပေါ့။

ဒီအရွယ်မှာ အိမ်ထောင်ပြုမယ်
“ဝိုင်းစုက တော့ အစက တည်းက ၂၇၊၂၈၊ ၂၉က အလွန်ဆုံး ပဲ။၂၇၊ ၂၈ဆိုရင်အိမ်ထောင် ပြုမယ်လို့အစောကြီး ကတည်း က ရည်ရွယ်ထားတယ်။မိန်းက လေးတစ်ယောက် အနေနဲ့ ဒီ အရွယ်မှာအိမ်ထောင်ပြုသင့်တယ်။ အဓိကက မိသားစုဘဝပေါ့။ကလေး ယူရမယ်။ အသက် ၃ဝမကျော်ခင် ကလေးယူမယ်လို့စဉ်းစားထားတယ်။ အိမ်ထောင်ပြုပြု ပြီးချင်း ကလေးယူ ဖို့လည်း အဆင်မပြေဘူး။ အသက် ၂၈နှစ်ကျမှ ကလေးယူရင် အသက် ၂၉ နှစ်လောက်မှာ ကလေးမွေးလို့ရ မယ်။ အဲဒီလိုစဉ်းစားပြီး ဒီအသက် အရွယ် မှာ အိမ်ထောင်ပြုဖို့ ဆုံး ဖြတ်လိုက်တာပါ။”

အောင်မြင်မှုနဲ့ အိမ်ထောင်ရေး
“အများကြီး စဉ်း စားပါတယ်။ အောင် မြင်မှုဆိုတာတော့ တစ်ယောက် တည်းအတင်း ကြီးလုယူ ပြီးတစ်သက် လုံး ယူထား လို့ရတဲ့အရာ မဟုတ်ဘူး။ကိုယ့်ရဲ့မိ သားစုဘဝ ကလည်း အရေး ကြီးသေးတယ်။ဒီ အလုပ်ကို ကိုယ်က မြတ်နိုးပြီး သား၊ ချစ် ပြီးသား။ကိုယ့်ပရိသတ်တွေအ တွက် ဝိုင်းစုကတော့ တတ်နိုင်သမျှ အမြဲတမ်းကြိုးစားနေမှာပဲ။ အနည်း နဲ့ အများတော့ ထိခိုက်မှုလည်း ရှိရင် လည်း ရှိမယ်။ ရှိဖို့တော့ ပိုများတာ ပေါ့။ ဒါပေမဲ့ အခုခေတ်ကြီးက အိမ် ထောင်ပြုတယ်မပြုဘူးဆိုတာနဲ့ တော့ မဆိုင်တော့ပါ ဘူး။ ဂီတက တော့ အမြဲတမ်းကို အိုဟောင်းသွား တယ်လို့ မရှိပါဘူး။ သီချင်းစာသား နဲ့ သီချင်းကိုပဲ သေချာနားထောင်တာ လေ။ သီချင်းကတော့ ရုပ်နဲ့ မဆိုင် ဘူးလို့ ထင် ပါတယ်။”

အိမ်ထောင်ရေးခရီးလမ်း
အိမ်ထောင်ပြုပြီဆိုမှတော့ ဘဝ တစ်သက်လုံးအတွက် လက်တွဲမှာဖြစ် တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သွားမှာပါ။ လူတိုင်း ကတော့ ဖြည်းဖြည်း ချင်းပြုပြင် ပြောင်းလဲယူရမှာပေါ့။ သူ့အကြိုက်နဲ့ ကိုယ့်အကြိုက်ကတော့ တအားကြီးထပ်တူကျမှာမဟုတ်ဘူး။ ကိုယ့်ဟာ နဲ့ ကိုယ်တောင် တစ်ခါတလေကျရင် စိတ်တိုင်းမ ကျတာရှိတယ်။ ညှိစရာ တော့ အသေးအဖွဲ့ကအစ ညှိဖို့လို မယ်ထင်တယ်။ ဝိုင်းစုက တစ်ဦး တည်းသော သမီးလည်းဖြစ်တယ်။ အနုပညာရှင်လည်းဖြစ်တော့ သူက တော့ ပိုပြီး သည်းခံရမှာပေါ့။ ဒါပေမဲ့ ဝိုင်းစုက တစ်ဦးတည်းသော သမီး ပေမယ့် တအားကြီးတစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူတော့ မဟုတ်ပါဘူး။ တချို့ဟာတွေနည်းနည်း ဇီဇာ ကြောင်တတ်တယ်။ ကိုယ့်ဘက်ကနေ လည်း ပြန်လျော့ရတာတွေ၊ ပြန်ညှိရ တာတွေလည်းရှိတယ်။

ဘာကြောင့် သူ့ကိုရွေးချယ်လဲ
သူက ဝိုင်းစုအပေါ်မှာ ချစ် တယ်။ ဝိုင်းစုထက်လည်း အသက် ၅နှစ်ကြီးတယ်။ တတ်နိုင်သမျှ ဝိုင်းစု ကို အလိုလိုက်တာများတယ်။ သူ့ခြေ ထောက်ပေါ်သူ ရပ်တည်နိုင် တယ်။ သူ့ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရပ်တည်မှု ရှိတယ်။သူ့ရဲ့မိသားစုအသိုင်းအဝိုင်း နဲ့လည်း တအားအဆင်ပြေတယ်။ သူ့မိသားစုက လည်း တကယ့်သမီး တစ်ယောက်လိုပဲ ဆက်ဆံတယ်။ သူ့နဲ့ဝိုင်းစုနဲ့ယှဉ်ရင်တောင် ဝိုင်းစုကို ပိုအလေးထားတယ်။ တစ်ခုခုပြောရင် ဝိုင်းစုဘက်က ပိုပါကြတာများတယ်။

အမေရိကမှာ အခြေချနေထိုင်မယ်
သူ့အလုပ်က ဟိုမှာအခြေချပြီး သား။ သူ့ကိုယ်ပိုင်ကုမ္ပဏီရှိတယ်။ သွားလိုက်လာလိုက်တော့လုပ်မယ်။ ဒါပေမဲ့ ဒီဘက်ကို သူလုပ်တဲ့အလုပ် လည်း လာလုပ်လို့ရမယ်။ ဒီမှာ စီးပွားရေးတွေလည်းပွင့်နေပြီ။ ဒီမှာ ဆိုရင်တော့ အစက ပြန်လုပ်ရမှာ ပေါ့။အခုအဆက်အသွယ်တွေလည်း ရပြီ။ သူ့ဟာနဲ့သူအဆင်ပြေနေပြီ ဆိုတော့ ဒီမှာလုပ်ပြီး နောက်ပိုင်း ကလေး ၂နှစ်၊ ၃နှစ်ဆိုရင်တော့ အမေရိကမှာစပြီး အခြေချနေဖြစ် မယ်ထင်တယ်။ ကလေးယူမယ်ဆိုရင် ဟိုမှာ ပညာရေးတွေ၊ ကျောင်းထား ဖို့အတွက်နေ မယ်။ဟိုမှာပေမယ့် မိဘလည်း မိဘမှန်းသိရမယ်။ မြန်မာ့ ယဉ်ကျေးမှုလည်း သိရမယ်။ မြန်မာစာ၊ မြန်မစကားကိုလည်း ကောင်းကောင်းတတ်ရမယ်။ အဲဒီလို ဖြစ်အောင် ဝိုင်းစုသင်ပေးမယ်။ မိသားစုတစ်ခုတည်ဆောက်ပြီဆိုရင် တော့ ကိုယ့်ကလေးတွေအတွက်အားလုံးကိုတော့ ကြည့်ရမှာပေါ့။

Popular Journal

Miss Grand International ပြိုင်ပွဲတွင် ထားထက်ထက် ဆုလေးဆုဆွတ်ခူး


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Thunderdome တွင် နိုဝင်ဘာ ၁၉ ရက်က ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် Miss Grand International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ထားထက်ထက် သည် ဆုလေးဆုဆွတ်ခူးခဲ့သည်။ ၎င်းဆုများတွင် Miss Popular Vote (The most honorable and invaluable special award of Myanmar), T-Pagent People's Choice Award, Global Beauties Favourite Poll Winner, The Beauty Concept People's Choice Award တို့ဖြစ်ကြသည်။ ယင်းဆု များတွင် Miss Popular Vote ဆုမှာ Miss Grand International ပြိုင်ပွဲမှ ပေးအပ်သည့်ဆုဖြစ်ပြီးပရိ သတ်များကပေးအပ်သည့် မဲအရေအတွက်ပေါင်း ၈၈၉၉ ဖြင့်ရရှိခဲ့ခြင်းဖြစ်ကာ ဆုကြေးအဖြစ် အမေရိကန် ဒေါ်လာ ၃၀၀၀ ကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ထားထက်ထက်က “တကယ်ကို လိုအပ်နေတဲ့နေရာတွေမှာ အစဉ်အမြဲလှူဒါန်း နိုင်ဖို့အတွက်ဆုကြေး ငွေ အားလုံးကို မတည်ပြီး အများပြည်သူအားလုံးအတွက် အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်သွားပါမယ်””ဟု ဆိုသည်။

ထားထက်ထက်သည် ရိုးရာဝတ်စုံ ဖြင့် ယှဉ်ပြိုင်ရာတွင် ဒီဇိုင်နာမပုံ့၏ အင်းဝခေတ်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး ၁၀ ယောက်စာရင်းတွင် ပါဝင်နိုင်ခဲ့ပြီး Miss Grand International 2013 ၏ နောက်ဆုံး ဆန်ခါတင်အယောက် ၂၀ စာရင်းတွင် ပါရှိခဲ့သည်။

ထားထက်ထက်သည် နိုဝင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။

Mizzima - News in Burmese

ပူလောင်တဲ့အချစ်မျိုးနဲ့ပဲ ကြုံခဲ့ဖူးတယ်လို့ဆိုတဲ့ ၀တ်မှုန်ရွှေရည်


ပရိသတ်တွေသိချင်တဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးတွေထဲမှာ ချစ်စရာကောင်းတဲ့ မင်းသမီးလေး ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးလည်း ပါဝင်နေပါတယ်။ အားလုံးသိပြီးသား အဆိုတော်၊ မင်းသားနဲ့ ပြတ်သွားတဲ့နောက်ပိုင်း အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသံမှမကြားရတော့တဲ့ ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးကတော့ ‘အချစ်ရေးက မစဉ်းစားတာတော့ မဟုတ်ပါဘူး။ ကစ်စိတ်ချမ်းသာချင်တယ်။ ဒါပေမဲ့ စိတ်ချမ်းသာဖို့ကလဲ ကစ်အချစ်ရေးဘက်ကို စဥ်းစားလိုက်ရင် ၊ အဲ့ဒီဘက်ကို အားသာသွားရင် အလုပ်ဘက်မှာ အားလျော့သွားမှာ စိုးတယ်။ ကစ်စဉ်းစားချင်ရင်တောင်မှ မစဉ်းစားမိအောင် နေပါတယ်။ ကစ်ကတော့ အချစ်ဆိုတာကို ပူလောင်တယ်လို့ပဲထင်ပါတယ်။ ဒါကလဲ ပူလောင်တဲ့အချစ်မျိုးနဲ့ပဲကြုံဖူးလို့နေမှာပါနော်။ အေးချမ်းတဲ့အချစ်မျိုးကိုလဲ မရှာတော့ပါဘူး။ သူ့အလိုလိုကံပါရင် ရောက်လာပါလိမ့်မယ်။ ကစ် ရဲ့ အချစ်ရေးကတော့ ဘာမှမရှိပါဘူး။ အရင်အတိုင်းပါပဲ။

ဘာမှမရှိသေးတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားစရာမရှိပါဘူး’တဲ့။ ပရိသတ်တော်တော်များများရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူအဖြစ် သတ်မှတ်ခြင်းခံရတဲ့သူမက ‘ဘာပဲဖြစ်ဖြစ်ပရိသတ်တွေ ကစ်ကို ချစ်ကြ၊ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူတစ်ယောက်ကိုချစ်ရတယ်ဆိုတာလဲ တကယ်ပင်ပန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းခံပြီး ချစ်ပေးကြတဲ့အတွက်၊ အချစ်ခံရတဲ့အတွက် ကစ်အရမ်းပျော်ပါတယ်။ ပရိသတ်အချစ်တွေနဲ့ပဲ ဒီအလုပ်တွေကို အားရှိရှိနဲ့လုပ်နေတာပါ။ ကစ်ရဲ့ဇာတ်ကားတွေကို ပုံစံတွေပြောင်းပြီး ရိုက်ထားပါတယ်။ ကစ်ရဲ့လှုပ်ရှားမှုအသစ်လေးတွေကို ဝေဖန်အားပေးကြပါဦး’လို့ ဆိုသွားပါတယ်။

Trend Myanmar

ယာဉ်ကျော်တက်ရာမှ (၁၂)ဘီး ဆီဘောက်စာယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်၍ ကားဦးပိုင်း မီးလောင် လူနှစ်ဦးသေ ဆုံး


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
နိုဝင်ဘာ ၂၁
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ဖကျေးရွာနှင့် မြောင်းမြို့လမ်းခွဲ အနီး မုံရွာ - မန္တလေး ကားလမ်းပေါ်တွင် ယခုလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က (၁၂)ဘီး ဆီဘောက်စာယာဉ်တစ်စီး ယာဉ်ကျော်တက်ရာမှ လမ်းဘေးသစ်ပင်ဝင်တိုက်မိ ခဲ့ရာ ယာဉ်၏ ဦးပိုင်း မီးလောင်ကျွမ်းသဖြင့် ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်သူနှစ်စလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုနေ့ညက မုံရွာ - မန္တလေးဘက်သို့ ဦးတည်မောင်းနှင်းလာသော YGM -165724 Fuso (၁၂) ဘီး၊ ဆီဘောက်စာ အမျိုးအစား ယာဉ်အမှတ် 000000 အား မုံရွာမြို့၊ ကွေ့ကြီးရပ်နေ ကိုဇင်မင်းထွန်း အသက်(၂၆)နှစ် ဆိုသူမှ မောင်းနင်းလာခဲ့ ရာ ကင်တာပုံပြောင်း ဒိုင်နာယာဉ်တစ်စီးအား ယာဉ်ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်သို့ ၀င်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

ကိုတိုး ချင်းတွင်း 

နန်းခင်ဇေယျာရဲ့ အိုက်တင်အပေါ် ခန့်စည်သူရဲ့သုံးသပ်ချက်


ခန့်စည်သူက “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ ဇာတ်ကား ကို နန်းခင်ဇေ ယျာ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားမှာ နန်းခင်ဇေယျာ ကို တစ် ဆင်းန် ချင်းစီ စိတ်ရှည်ရှည်နဲ့ ရိုက် ကူးနေသလို ဒီဇာတ်က မင်းသမီး ဇာတ် လည်း ဖြစ်တာကြောင့် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“ဒီဇာတ်ကို တအားကြိုက်ခဲ့တာ။ မင်းသား ဇာတ်မှ၊ မင်းသမီး ဇာတ်မှ မဟုတ်ဘူး။ ပရိသတ် အတွက် တကယ်ကို အမြင်ဆန်း တဲ့ ဇာတ်လေး ဆိုရင်လည်း မင်းသားဇာတ် မ ဟုတ် လည်း ရိုက်မှာပါပဲ။ ရိုက်ရင်း နဲ့တောင် အရင်က ကိုညီအောင်ရယ်၊ မခိုင် ကြီးရယ် တို့နဲ့ ရိုက်ခဲ့တုန်းက အချိန်ကို သတိရမိတယ်။ ကိုယ့် အလှည့်တုန်း ကလည်း တစ် ကတ်ချင်း စီကို သေချာ သင်ပေးပြီး စိတ်ရှည်ရှည်နဲ့ ရိုက်ပေး ခဲ့ကြတာလေ။ ဒီလိုပဲ အခု နန်းခင် ဇေယျာ ကလည်း အသစ် ဆိုတော့ ဒီလိုပဲ လက်တွဲခေါ် ရတာပေါ့။

ကိုညီအောင် နဲ့လည်း မဆုံဖြစ်တာ ကြာပြီ။ သူ့ပုံစံ ကလည်း ကိုယ် သရုပ် ဆောင် စလုပ်တဲ့ အချိန်တုန်းက ပုံစံ အတိုင်းပါပဲ။ နန်းခင်ဇေယျာ ကို တစ်ကတ် ချင်းစီ သင်ပေးနေ တာတွေ့ ရတယ်။ ပရိသတ်က ဒီလို ဇာတ်မျိုး လေး ကြိုက်မယ် ထင်ပါတယ်။ အဓိကက သူကြိုးစားဖို့ပဲ လိုပါတယ်။ သူ့ရဲ့စိတ် ကလည်း စိတ်ပျက်သွားတာ မျိုးမဖြစ်ဘဲ ကြိုးစားချင် စိတ် တစ်ခုတည်း နဲ့တင် ချီးကျူးဖို့ ကောင်းပါတယ်” လို့ ပြောပြပါတယ်။ အကယ်ဒမီ လည်း နီးလာပြီ ဖြစ်တဲ့ အတွက် အကယ်ဒမီ ဇာတ်ကားတွေ နဲ့ ပတ် သက် ပြီး ခန့်စည်သူ ကိုမေးကြည့်ဖြစ်ခဲ့တော့

“အကယ်ဒမီရဲ့ သဘော သဘာဝ က ပရိသတ်ရဲ့ အမြင်နဲ့ အနုပညာ သမားအမြင် ကလည်း ကွာတယ်။ ဥပမာ- မင်းသမီး နှစ်ယောက် အပြိုင် ဖြစ်နေပြီ။ နှစ်ယောက် စလုံး ကလည်း အိုက်တင် ကောင်းတယ်၊ အကယ်ဒမီ ရနိုင်တယ်။ တစ်ယောက်က ကနေ့ တအား နာမည်ကြီးတယ်။ နောက်တစ် ယောက် က အဲဒီလောက် မဟုတ်တော့ပေ မယ့် အိုက်တင် ကောင်းတယ်။ အခု တော်တော်များများ ပရိသတ် ကိုမေးရင် လက်ရှိ သူတို့ကြည့် နေတဲ့သူကို ချစ်ပြီး ရစေချင်တယ်။ ဟိုတစ် ယောက်က ညံ့လို့လား ဆိုတော့ မဟုတ်ဘူး။

Generation အဟောင်း ဖြစ်သွားတော့ မကြည့်ဖြစ်တာ။ နောက် ခေါက်ရိုး ကျိုးနေတာက ဒီကား အကယ် မီ ရနိုင်တယ်ဆိုတော့ ဟိုကား မကောင်း လို့ လားမေးတော့ ကောင်းတယ်။ ဒါပေမဲ့ အကယ်ဒမီ ဘောင် မဝင်လို့ လို့ ပြောတယ်။ ဒီလို ကားတွေပဲ ပေးတာ မဟုတ်ဘူးလားတဲ့။ ဘယ်သူ ရနိုင်လဲ ဆိုတော့ ဘောင်ထဲက ပေး မှာလား၊ ဘောင်အပြင် က ပေးမှာ လား” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

မလေးရှားကုန်စည်ပြပွဲမှ ပေးအပ်သည့် Explore Quest Winner နှင့် အခြားဆုငါးဆု လှအဉ္ဇလီတင့်ဆွတ်ခူး


မလေးရှားနိုင်ငံတွင်ကျင်းပသည့် ကုန်စည်ပြပွဲမှပေးအပ်သည့် Explore Quest Winner ဆုနှင့်အခြားဆု ငါးဆုကို မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည့် မင်းသမီးလှအဉ္ဇလီတင့်ကဆွတ်ခူးခဲ့သည်။ ၎င်းဆုကို အာဆီယံနိုင်ငံနှင့် မလေးကျွန်းဆွယ်နှစ်ခုတို့မှ ကိုယ်စားပြုတက်ရောက်လာကြသူများထဲက ရွေးချယ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ချောဒီဆုရရှိတာက သူတို့နိုင်ငံနဲ့ပတ်သက်ပြီး လေ့လာစူးစမ်းနိုင်တာရယ်၊ သူတို့မေးသမျှကို ဖြေဆိုနိုင်ခဲ့ တာနဲ့ အဖွဲ့ကိုဦးဆောင်မှုပေးနိုင်ခဲ့လို့ ပေးအပ်တာလို့ ထင်ပါတယ်။ ဒီလိုဆုပေးမယ်မှန်းလည်း မသိပါဘူး။ တကယ့်ကို အံ့အားသင့်သွားတယ်” ဟု လှအဉ္ဇလီတင့်ကဆိုသည်။

မလေးရှားမှ ပွဲတာဝန်ခံများသည် အာဆီယံနှင့် ကျွန်းဆွယ်နိုင်ငံတို့မှ တက်ရောက်လာကြသူများကို အဖွဲ့ ၁၄ ဖွဲ့ဖွဲ့စည်းခဲ့ကာ ၎င်းတို့၏ထုတ်ကုန်များ၊ ဒေသတွင်းယဉ်ကျေးမှု၊ အနုပညာများ၊ သဘာဝပတ်ဝန်း ကျင်များကို လေ့လာစေခဲ့သည်။ ယင်းသို့အဖွဲ့များ ဖွဲ့စည်းရာတွင် လှအဉ္ဇလီတင့်သည် ခေါင်းဆောင်အ ဖြစ် လုပ်ဆောင်ခဲ့ရပြီး ၎င်း၏အဖွဲ့တွင် မြန်မာနိုင်ငံမှ တက်ရောက်လာကြသူသုံးဦးနှင့်အတူ စင်ကာပူ၊ လာအို၊ မီဒမ် (အင်ဒိုနီးရှားမြို့ရှိ ကျွန်းဆွယ်မြို့) ကိုယ်စားပြုတက် ရောက်လာကြသည့် မင်းသမီးများလည်း ပါဝင်ခဲ့သည်။

ယင်းပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး Tourism Malaysia မှ ပထမဆုံးအကြိမ် ဦးစီးကျင်းပခြင်းဖြစ်သည်။ ယင်းမလေးရှားခရီးစဉ်ကို ဒေသတွင်း နိုင်ငံများတွင် လည်း ပြန်လည်ထုတ်လွှင့်နိုင်ရန် စီစဉ် ထားကြပြီး မြန်မာနိုင်ငံမှ မင်းသမီး လှအဉ္ဇလီတင့် နှင့်အတူ သူမ၏မန်နေဂျာ၊5 Net Work မှ ရိုက်ကူးသူတို့ တက်ရောက်ခဲ့ကြသည်။

ဘုန်းနေလ

Mizzima - News in Burmese

ဘာသာရေးအဆောက်အအုံ ဗုံးခွဲဖို့ ကြံစည်သူတွေ ဖမ်းမိ


အစ္စလာမ် ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲဖို့ ကြံစည်စီစဉ်မှုနဲ့ မသင်္ကာသူ သုံးဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး၊ ကရင်ပြည်နယ်နယ်စပ်မှာ ဖေါက်ခွဲရေး သင်တန်းတက်ပြီးတဲ့နောက် ဗလီတွေကို ဗုံးထောင်တိုက်ခိုက်ဖို့ စီစဉ်နေကြသူတွေဖြစ်ကြောင်း၊ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းခန့်က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာက SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေခဲ့ရာမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကိုတင်မောင် ခေါ် ကိုခိုင်နေမင်း အသက် ၃၄ နှစ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်နေစဉ်မှာ ဖမ်းမိခဲ့ကြောင်း၊ အဲဒီကနေ ကွင်းဆက်လိုက်တဲ့အခါ သာယာဝတီမြို့နယ်က ကိုသိန်းညွှန့် အသက် ၃၁နှစ် ကို အဲဒီနေ့မှာ ဖမ်းမိခဲ့ပြီး၊ ကိုဘိုဘိုထွန်း အသက် ၂၉ နှစ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သူတို့ဆီက အသင့်ဆင်ပြီး လက်လုပ်မိုင်း နှစ်လုံး၊ ယမ်းကတ်တစ်ထုတ်၊ ခဲရောင်ယမ်း သုံးခု သိမ်းဆည်း ရမိခဲ့ပါတယ်။

ဖောက်ခွဲရေး ကြံစည်သူတွေဟာ ဘာသာရေး အဆောက်အဦတွေကို တိုက်ခိုက်ဖို့ရည်ရွယ်ခဲ့ပြီး နောက်ကွယ်မှာ ဆက်စပ်ပါဝင်သူတွေရှိသလို၊ မြေပေါ်အဖွဲ့အစည်းတချို့နဲ့လည်း ဆက်စပ်မှုတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် မသိရသေးပါဘူး။

မကြာခင်ရက်ပိုင်းက ကျောက်ဖြူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ဗလီတစ်ခုအတွင်းက ၀တ်ပြုကျောင်းတစ်ကျောင်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး၊ ဒုက္ခသည်စခန်းတစ်ခု ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း၊ ဒီလို အကြမ်းဖက် ခြိမ်းခြောက်တဲ့လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese

ရဲချုပ်များ၊ ထွေအုပ်များနှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးကော်မတီ စိစစ်မည်


ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်

ရဲချုပ်၊ ထွေအုပ်နှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက လေ့လာစိစစ်မှုများပြုလုပ်တော့မည်ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။

ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲချုပ်နှင့်ရဲစခန်းများကိုပါ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး လေ့လာမှုပြုရန် သမ္မတ၏ ညွန်ကြားချက်အရ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရှမ်းပြည်နယ်တာချီလိတ်မြို့သို့ သွားရောက်လေ့လာမှုများ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးကျန် တိုင်းနှင့် ပြည်နယ်များတွင်လည်း လေ့လာစိစစ်မှုများပြုလုပ်သွားမည်ဟု ဦးဝင်းမြင့်ကဆိုသည်။

“ကော်မတီအနေနဲ့ကတော့ ဘယ်နယ်မှာစစ်ဆေးမယ်ဆိုတာကို ကြိုပြောလို့မရပါဘူး။ အုပ်ချုပ်ရေးပိုင်းတွေက မိတ်ကပ်လိမ်းပြင်ဆင်ထားမှာကြောင့်ပါ။ မသွားရသေးတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ကော်မတီဥက္ကဋ္ဌနဲ့တိုင်ပင်ပြီး သွားလေ့လာမယ်။ အဓိကတော့ ရဲချုပ်၊ ရဲစခန်းနဲ့ ထွေအုပ်တွေဆီလေ့လာမယ်” ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကိုပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက တရားရုံးများသို့ လေ့လာစစ်ဆေးတွေ့ရှိ ချက်များအရ တရားခံဟုယူဆရသူများက ဖြောင့်ချက်ပေးရာတွင် ညှဉ်းပန်းနှိပ်စက်ဖြောင့်ချက်တောင်း ခြင်းများရှိသည့်အတွက် မြို့နယ်ရဲစခန်းများကို လေ့လာရခြင်းဖြစ်သည်ဟုလည်း ဦးဝင်းမြင့်ကဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ သမ္မတကသ၀ဏ်လွှာပေးပို့ပြီး မြို့နယ် ရဲစခန်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင် ၀င်aရာက်စစ်ဆေးခွင့် ပေးလိုက်သော်လည်း ထူးခြားမှုရှိမည် မဟုတ်ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

“တရားဥပဒေစိုးမိုးဖို့အတွက် သမ္မတကဒီလိုလုပ်ပေးလိုက်တာကောင်းပါတယ်။ ဒါပေမဲ့ တရားဥဒေစိုးမိုး ရေးကော်မတီက ကြားခံပဲဖြစ်တယ်။ ကြားကလက်ဝင်လျှိုတယ်လို့ ကျွန်တော်တော့မြင်တယ်။ တရား ဥပဒေစိုးမိုးရေးအတွက် အစိုးရကလုပ်ရမဲ့အရာပဲ။ ဒီကော်မတီကတွေ့ရှိတာတွေကို ပြန်ပြီးတင်ပြနေရဦး မယ်။ ထူးထူးခြားခြားတော့ ပြောင်းလဲမှုရှိလာမယ်လို့တော့ မထင်ဘူး”ဟု ပြောသည်။

အလားတူပင်တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှလျော့ရဲမှုများလည်း ရှိနေသည်ဟု ဦးဝင်းမြင့်ကဆိုသည်။

“အုပ်ချုပ်ရေးပိုင်းကလည်း အုပ်ချုပ်ရေးပိုင်းအလျောက် တရားဥပဒေစိုးမိုးမှုအားနည်းတာမျိုးတွေ တွေ့ရတယ်။ အခုချိန်ထိတော့ နယ်စပ်မြို့တွေဘက်မှာ သွားရောက်တာဖြစ်လို့ မူးယစ်ဆေးဝါးနဲ့ လယ်ယာမြေ ပြဿနာ အနည်းငယ်လောက် တရားဥပဒေစိုးမိုးမှုမှာအားနည်းတာ တွေ့ရတယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းလိုက်သည့် တရားဥပဒေနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီထံသို့ တိုင်စာပေါင်း ၁၅,၀၀၀ ရောက်ရှိနေသည်။ ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေပြီး အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

ကော်မတီ၏ လုပ်ပိုင်ခွင့်များအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ တရားဥပဒေနှင့်အညီ နေထိုင်ပြုမူလိုက်နာဆောင်ရွက်ရန် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်းများ ပြုလုပ်နိုင်သည်။ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြနိုင်သည်။

ဖိုးစိုးသူ - Mizzima - News in Burmese 

ဘာကြောင့် အကြောဆန့်သင့်တာလဲ


လေ့လာမှုတွေအရ အကြောဆန့်ပေးတာက ကျန်းမာရေး၊ စိတ်ခံစားမှု၊ ဘဝရဲ့ အရည်အသွေးနဲ့ ခန္ဓာကိုယ် ပျော့ပျောင်း သန်စွမ်းမှုတွေကို ကောင်းမွန် တိုးတက်စေတယ်လို့ သိရပါတယ်။

လတ်တလော လေ့လာမှုတစ်ခုအရ ဂျပန် သုတေသီတွေက အသက် ၂၀ နဲ့ ၈၃ နှစ်ကြား အမျိုးသမီးနဲ့ အမျိုးသား ၅၀၀ ကျော်ကို ခြေဆင်းထိုင်ကာ ခြေဖျားတွေကို လက်နဲ့ ထိတဲ့ အကြောဆန့် လေ့ကျင့်ခန်းကို ပြုလုပ်ခိုင်းကြည့်ခဲ့ပါတယ်။အဲဒီနောက်သူတို့ရဲ့ သွေးလွှတ်ကြော တွေကို သွေးလွှတ်ကြောတင်းမာမှုရှိ၊မရှိစမ်းသပ်စစ်ဆေးကြည့်ခဲ့ပါတယ်။ သွေးလွှတ်ကြောမာတင်းတာက သွေးတိုးတာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေး အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

အသက်၄၀ ကျော်လာတဲ့အခါမှာ ကြွက်သားတွေ တောင့်တင်းတာနဲ့ သွေးလွှတ်ကြောတွေမာတင်းတာကဆက်သွယ်မှုရှိတာကြောင့်ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှုမရှိသူတွေမှာ ပျော့ပျောင်းသန်စွမ်းသူတွေထက် သွေးလွှတ်ကြောဟာသိသိသာသာမာတင်း နေတတ်ပါတယ်။ ကြွက်သားတွေ ပျော့ပျောင်းနေအောင် အကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။

တခြား လေ့လာမှု တစ်ရပ်အရ ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှု မရှိတာက သွေးတွင်းသကြားဓာတ် မြင့်တက်တာနဲ့ဆက်စပ်မှုရှိတာကြောင့်ဆီးချိုသွေးချိုရောဂါ ဖြစ်နှုန်းကို မြင့်တက်စေပြီး နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ Metabolic Syndrome ရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ ရလဒ်အရ အကြောဆန့်ပေးတာနဲ့ အကြောလျှော့ပေးတာဟာ သွေးလွှတ်ကြောတွေ အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတွေအားလုံးကို ပျော့ပျောင်းသန်စွမ်းစေပါတယ်လို့ လေ့လာသူတချို့က ကောက်ချက်ချထားပါတယ်။

Credit by နှင်းဆီဖူးလေးများ

Facebook အဆိုတော် မေမြတ်မွန်နဲ့ အင်တာဗျူး

Facebook တွင် သီချင်း ဗီဒီယိုဖိုင်များဖြင့် လူသိများလာသည့် မေမြတ်မွန် (ဓာတ်ပုံ – မေမြတ်မွန် / Facebook)
သိပ်မကြာသေးခင် ကာလက ဖေ့စ်ဘုတ်မှာ ပြန်ဆိုတေး ဗီဒီယိုဖိုင်တွေကြောင်း တဟုန်ထိုး လူသိများလာသူ၊ အငြင်းပွားဖွယ် ဖြစ်လာရသူတဦး ရှိပါတယ်။ သူကတော့ သြတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၈ နှစ် အရွယ်ရှိ မေမြတ်မွန်ပါ။ မေမြတ်မွန်ရဲ့ Facebook မှာ မြန်မာသံ တေးသီချင်း၊ ခေတ်ပေါ် သီချင်း၊ အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ပြန်လည် သီဆိုထားရုံမက သူ့မရဲ့ ခံစားချက်တွေ၊ ဗဟုသုတဆိုင်ရာ အကြောင်းတွေကိုပါ ပြောပြ၊ ဖတ်ပြထားတဲ့ ဗီဒီယိုဖိုင်ပေါင်း ၈၈ ဖိုင်လောက် ရှိတယ်လို့ သိရပါတယ်။

မေမြတ်မွန်ရဲ့ သီချင်းဆို ပိုင်နိုင်ရုံတင်မက သူမရဲ့ ဝတ်စားဆင်ယင်မှုကြောင့်လည်း လူသိများလာတာ၊ အငြင်းပွားကြတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောက်ရှိခဲ့တဲ့ မေမြတ်မွန်ဟာ လက်ရှိမှာ သြစတြေးလျ နိုင်ငံသားတဦးနဲ့ လက်ထပ်ထားပြီး မြန်မာပြည်ကို ပြန်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ Facebook မှာ ရုတ်တရက် နာမည်ကြီး လူသိများလာတဲ့ မေမြတ်မွန်နဲ့ ပတ်သက်လို့ သိချင်နေတဲ့ အွန်လိုင်းပရိသတ်တွေအတွက် မေမြတ်မွန် သီချင်းတွေ ဆိုဖြစ်ပုံနဲ့ သူမရဲ့ အကြောင်းတွေကို မစပ်စုက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ အခု မေမြတ်မွန်ရဲ့ ဗီဒီယိုဖိုင်တွေက ဘယ်ကာလလောက်ကတည်းက စလုပ်ပြီး Facebook မှာ တင်ဖြစ်နေတာလဲ။

ဖြေ။     ။ ဒီဗီဒီယိုဖိုင်တွေက Facebook စသုံးကတည်းက တင်ဖြစ်တာ တနှစ်၊ နှစ်နှစ်လောက် ကြာနေပါပြီ။ အဲ့ဒီကတည်း ကိုယ့်အားလပ်ရက်ကလေးတွေမှာ သွင်းပြီးတော့ လုပ်စရာရှိတာ လုပ်ထားတာပေါ့။ မနက်ပိုင်းဆို သီချင်းက ဆိုချင်စိတ်ဖြစ်လာပြီ။ အပျော်ပေါ့နော်။ တခါတလေကျရင် သီချင်းက မှန်တာလည်း မရှိဘူး။ မှားတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကိုယ်က အပျော်သဘောပဲလေ။ သူငယ်ချင်းတွေကို လက်ဆောင်တွေလည်း ပေးချင်တယ်။

မေး။     ။  ဒါဆို စတင်တင်ချင်းမှာ ဘယ်သူမှ သတိမထားမိသေးဘူးဆိုတဲ့ သဘောလား။ ဒီလောက် နှစ်နဲ့ချီ ကြာခဲ့ပြီး အခုမှ Facebook မှာ like ကြ share နေကြတာ ဘာကြောင့်လို့ ထင်မိလဲ။

ဖြေ။     ။ စတင်တင်ချင်းကို အဲဒီလောက်အထိ Share တာတွေ ဘာမှမရှိသေးဘူး။ ဒီနှစ်ပတ်အတွင်းကို ဘယ်လိုကနေ ဘယ်လို ပျံ့သွားလဲ မသိဘူး။ တဟုန်ထိုးကြီး ဖြစ်သွားတာ။ ဒီနှစ်ပတ်အတွင်းကိုပဲ သူငယ်ချင်းပေါင်း ၅ ထောင်ရလာတာ။ ဖြစ်ချင်တော့လည်း ၀ုန်းကနဲ ဒိုင်းကနဲ Share ကြတော့တာပဲ။ ကိုယ်လုပ်နေတာ လွန်ခဲ့တဲ့နှစ်တွေ ကတည်းကပါ။ ဒီနှစ်ပတ်အတွင်းမှာမှ သူငယ်ချင်းပေါင်း ၅ ထောင်က လာ Add ကြတာပါ။ ကျမကလည်း မာန မကြီးဘူးလေ။ အကုန်လုံးကို လက်ခံတယ်။

မေး။     ။ တချို့သူတွေရဲ့ Comment တွေမှာ တွေ့ရတာက မေမြတ်မွန် အခုလို သီချင်းတွေ ဆိုဖြစ်နေတာ စိတ်ထွက်ပေါက် တခုအနေနဲ့ လုပ်နေတာလား ဆိုတဲ့အပေါ် ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။     ။ ခံစားချက် ဆိုတာကတော့ အမြဲရှိနေတာပဲလေ။ ဥပမာ ကိုယ့်အမေနဲ့ဆိုလည်း ခံစားချက်တခုက ဖြစ်လာတယ်။ ကိုယ့်ရည်းစားနဲ့ဆိုလည်း ခံစားချက်တခုပေါ့။ ကိုယ်နဲ့နေ့စဉ် ထိတွေ့နေတဲ့ လူတိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ့်မှာ ခံစားချက် တမျိုးစီရှိတယ်။ အဲဒီ ခံစားချက်လေးတွေကို ဖော်ထုတ်ပြလိုက်တာ။ ဒါတွေက သူများလည်း သိတယ်။ သူများတွေမှာလည်း ရှိမှာဘဲ။ နေ့စဉ်တွေ့နေရတဲ့ လူတွေနဲ့ ဖြစ်ဖြစ်လာသမျှ ခံစားချက်တွေကို ကိုယ်က သီချင်းလေးနဲ့ ဖော်ထုတ်လိုက်တာ။ အံဝင်ခွင်ကျ သီချင်းလေးတွေကလည်း ရှိနေတယ်။ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းပေါ့နော်။ ကိုယ်ကလည်း အမြဲတမ်း အိမ်မှာဆိုနေတော့ သီချင်းတွေကလည်း ရနေတယ်။ အဲဒီတော့ သူငယ်ချင်းတွေကို ပြန်ဖျော်ဖြေလို့ ရတာပေါ့နော်။

မေး။     ။ မေမြတ်မွန်ရဲ့  အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ပြောပြပေးလို့ရမလား။

ဖြေ။    ။ ကျမ ပထမ ခင်ပွန်းနဲ့ အသက် ၁၇ နှစ်မှာ လက်ထပ်ပါတယ်။ ၁၈ နှစ်မှာ သားလေးကို မွေးတယ်။ အသက် ၂၂ နှစ်မှာ သူနဲ့ လမ်းခွဲလိုက်တယ်။ သူကတော့ သင်္ဘောအင်ဂျင်နီယာပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ခြေထေက်ပေါ် ကိုယ်ရပ်တည်ချင်လို့၊ သူများလုပ်စာ ထိုင်မစားချင်ဘူးဆိုပြီး ကိုယ့်ဖာသာ ရှာမယ်လို့ ဆုံးဖြတ်ပြီးတော့ သြစတြေးလျကို ထွက်လာခဲ့တယ်။ သြစတြေးလျကို ကျမရဲ့ အမေက အရင်ရောက်ပါတယ်။ ပြီးတော့ ကျမနဲ့ ကျမ မောင်လေးကို ခေါ်လိုက်တယ်ပေါ့။ သားလေးကိုတော့ မြန်မာပြည်မှာ ထားခဲ့ရတာပေါ့။ အခု သူ့အဖေနဲ့ ရန်ကုန်မှာ နေပါတယ်။ သူ့အဖေကလည်း နောက်အိမ်ထောင်ပြုထားပါတယ်။ ဒီ သြစတြေးလျရောက်ပြီး တနှစ်ကြာတော့ ကျမ လက်ရှိ ခင်ပွန်းနဲ့ အွန်လိုင်းမှာတွေ့တယ်။ သူ့မှာက ကလေး ၃ ယောက်ရှိတယ်။ သူက တခါမှ လက်မထပ်ထားဘဲ ပထမအမျိုးသမီးနဲ့ အတူနေပြီး နောက်တော့ လမ်းခွဲလိုက်ပြီး တော်တော်ကြာတော့ ကျမနဲ့တွေ့တယ်။ ကျမနဲ့ ချစ်ပြီး ၄ နှစ်ကြာတော့ ကျမတို့ လက်ထပ်လိုက်ကြတယ်။ သူက လက်သမားပါ။ Kitchen တွေ ဆောက်တယ်။ သူက ကျမကို အရမ်းချစ်တယ်။ နားလည်တယ်။ ဘာလုပ်လုပ် သည်းခံတယ်။ ကျမကလည်း သူ့ကို သနားတယ်။ စာနာတယ်။ အဲ့ဒါကြောင့်လည်း လက်ထပ်ဖြစ်သွားတာပါ။

မေး။     ။  အခုလို သီချင်းပေါင်း မနည်းမနောကို ပြန်ဆိုနေတာ တွေ့ရတော့ ဒီအဆိုအနုပညာနဲ့ ရှေ့လျှောက် တေးစီးရီး ထုတ်တာတို့ Professional အဖြစ် လုပ်သွားဖို့ရှိမလား။

ဖြေ။     ။  ကျမ မသေမချင်း သီချင်းကတော့ ဆိုသွားဦးမှာပါပဲ။ ဒါဟာ ကျမရဲ့  Favourite အဖြစ်ဆုံး ၀ါသနာဆိုတော့ ဆိုသွားမှာပါပဲ။ ဒါပေမယ့် စီးရီးထုတ်တယ် မထုတ်တယ် ကိစ္စကကျတော့ ကျမမှာ အခွေထုတ်ဖို့အတွက် အရင်းအနှီး မရှိပါဘူး။ သူက အများကြီးလိုတယ်။ အဲဒီအတွက် ကျမ မထုတ်နိုင်ပါဘူး။   သီချင်းလေးတွေ ဆိုထားတဲ့ ဗီဒီယိုဖိုင်လးတွေကို Facebook မှာ တင်မယ်။ ဒီလောက်ပါပဲ။ Professional လုပ်ဖို့ အစီအစဉ် မရှိပါဘူး။

မေး။     ။ မြန်မာနိုင်ငံမှာ နေခဲ့တုန်းကရော အခုလို အဆိုပညာနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ကိုင်ခဲ့တာရှိလဲ။ ဥပမာ- သီချင်းဆိုပြိုင်ပွဲတွေ ၀င်ပြိုင်တာတို့လိုမျိုးပေါ့။

ဖြေ။     ။  မြန်မာနိုင်ငံမှာနေခဲ့တုန်းကတော့ စတာကတော့ ရပ်ကွက်ပိုင်းက စတာပေါ့နော်။ ရပ်ကွက်ထဲက လွတ်လပ်ရေးနေ့ဆို သီချင်းဆိုပြိုင်ပွဲရှိတယ်။ အဲဒီမှာ ၃ နှစ်ပြိုင်တယ်။ ၃ နှစ်လုံး ဆုရပါတယ်။ ပထမနှစ်မှာ ဒုတိယဆု၊ ဒုတိယနှစ်မှာ ပထမဆု၊ တတိယနှစ်မှာ ပထမဆု ရတယ်။ နောက်နှစ်ကျတော့ ရပ်ကွက်လူကြီးက ပြောတယ်။ Presenter ပဲ လုပ်တော့ပါတဲ့။ ဒီနှစ်လည်း နင်ရဦးမှာပဲဆိုပြီး ပြောတယ်။ အဲဒါနဲ့ အပျော်လေးပဲ ဆိုပြီး Presenter ပဲ လုပ်တယ်ပေါ့။ အဲဒီနောက် ၂၀၀၂ ခုနှစ်က City FM ရဲ့ သီချင်းဆိုပြိုင်ပွဲမှာ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ သီချင်းနဲ့ ဒုတိယဆု ရခဲ့တယ်။ နောက် မြန်မာ့အသံလား MRTV-4 လားဆိုတာ မမှတ်မိတော့ဘူး။ အဲဒီမှာ ပြိုင်ပွဲတခု လုပ်တယ်ဆိုလို့ သွားဝင်ပြိုင်ပေးတယ်။ ဒါပေမယ့် ဆုမရပါဘူး။

မေး။     ။ အဲဒီတုန်းကရော Professional ဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်တာလား။ အပျော်တမ်းအနေနဲ့ပဲ ၀င်ပြိုင်ဖြစ် ခဲ့တာလား။

ဖြေ။     ။ အဲဒီတုန်းကတော့ ငယ်သေးတော့ Professional ဖြစ်ဖို့အတွက် မျှော်လင့်ချက် ရှိတာပေါ့။ ဒီလောက် ၀ါသနာပါတာ။ သူများ စီးရီး ထုတ်ပေးရင်တော့ သိပ်ကောင်းမှာပဲပေါ့။ အဲလိုမျိုးနဲ့ ပြိုင်တာပေါ့။ ဒါပေမယ့် မရပါဘူး။ ဘယ်သူမှလည်း စိတ်မ၀င်စားကြဘူးလေ။ အဲဒါနဲ့ ဒီအတိုင်းပဲ ဒီဘက်ကို ထွက်လာတာ။

မေး။     ။  အရင်က အဆိုတော် အရမ်းဖြစ်ချင်ခဲ့ အိပ်မက်ခဲ့စဉ်တုန်းက ဘယ်သူမှ စိတ်ဝင်စားမှုမရှိခဲ့ဘဲ အခုမှ မေမြတ်မွန်ကို စိတ်ဝင်စားလာကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။ အဲဒါက ကံပေါ့နော်။ ကံကောင်းတဲ့အချိန်လို့ ပြောရမှာပေါ့။ အားလုံးက ချစ်ပြီးတော့ အားပေးကြပါတယ်။ တချို့ ဆဲတဲ့သူက ဆဲနေပေမယ့် ချစ်တဲ့သူက ချစ်ကြတော့ ဒါ ကံပဲလို့ သဘောထားပါတယ်။ ပျော်လည်းပျော်ပါတယ်။ လုပ်ရကျိုးလည်း နပ်ပါတယ်။

မေး။     ။ မေမြတ်မွန်ရဲ့  ဗီဒီယိုဖိုင်တချို့မှာ မေမြတ်မွန်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါလဲ။

ဖြေ။     ။  ဒါကတော့ လုပ်ယူလို့ မရဘူးလေ။ သူ့အမြင်နဲ့ ကိုယ့်အမြင်မတူဘူးလေ။ ကိုယ်က မြန်မာသီချင်းတွေ ဆိုနေတာဆိုတော့ မြန်မာလူမျိုးတွေအတွက် ဆင်ခြင်ရမယ်လို့တော့ မြင်မိပါတယ်။ နောက်ဆို သူတို့ မကြိုက်တာတွေလည်း မ၀တ်တော့ပါဘူး။ ဘာမကြိုက်ဘူးလဲဆိုတာ သိသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူများကိုလည်း စိတ်ဒုက္ခ မပေးချင်ဘူးလေ။ နောက် ကိုယ့်ဘက်က ဆင်ခြင်ရုံပဲရှိပါတယ်။ အရွဲ့တိုက်ဖို့လည်း စိတ်ကူးမရှိဘူး။ စိတ်ဆိုးဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါ သူ့အမြင်ပဲလေ။ သူက ဒီမှာနေရင် ဒီလိုပဲ မြင်မှာပဲ။ ကိုယ်က ဒီဘက်မှာနေလို့သာ ဒီလိုမြင်နေပေမယ့် သူက သူ့နိုင်ငံထဲမှာဆိုတော့ ဒီလိုပဲ မြင်ကြမှာပါပဲ။ အဲ့ဒီအတွက် ဘာမှ ပြောစရာမရှိပါဘူး။ ဝေဖန်ကြပါစေ။

မေး။     ။  နောက်ပိုင်းမှာလည်း Facebook မှာ အခုလို သီချင်း ဗီဒီယိုဖိုင်တွေ ဆက်တင် ဆက်လုပ်သွား ဖို့ရှိမလား။

ဖြေ။     ။ ဟုတ်ကဲ့ ရှိပါတယ်။ ဘယ်သူအားပေးပေး မပေးပေး ကိုယ့်ဖာသာ ကြည့်ဖြစ်တယ်လေ။ ကိုယ့်ဖာသာ အားပေးတယ်လေ။ အစကတည်းက သူများအားပေးဖို့ မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကို ကြည့်ဖို့အတွက် ကိုယ့်ဝါသနာ အရပါ။ ကိုယ်ရဲ့ မှတ်တမ်းပေါ့။ ကိုယ်အသက်ကြီးလာရင် ပြန်ကြည့်ရအောင်လို့ ကိုယ်ဘာတွေ ဆိုခဲ့လဲ။ ဒီသီချင်းလေးတွေကို ပြန်ပြီး ကိုယ်အသက်ကြီးလာရင် ပြန်နားထောင်ရအောင်လို့ ဒီသီချင်းတွေကိုတော့ အမြဲတမ်းဆိုသွားမှာပါပဲ။ Favourite ဖြစ်တဲ့ သီချင်းလေးတွေကို ကိုယ့်ဖိုင်ထဲမှာ သိမ်းထားတဲ့သဘောပါပဲ။ ကြိုက်တဲ့ သူငယ်ချင်းတွေလည်း နားထောင်နိုင်တာပေါ့။ ဒီသဘောပါပဲ။

မေး။     ။ Facebook ကနေ မေမြတ်မွန်ကို သူတို့ကြိုက်တဲ့ သီချင်းတွေ သီဆိုပေးဖို့ တောင်းဆိုတာတွေရော ရှိလား။ အခုနောက်ပိုင်း သူငယ်ချင်းပေါင်း ၅ ထောင်နီးပါး ဖြစ်လာပြီဆိုတော့ သူတို့ တောင်းဆိုတာတွေရော ဆိုပေးဦးမှာလား။

ဖြေ။     ။ တောင်းဆိုပါတယ်။ ဟိုးအရင်ကတည်းက သူငယ်ချင်းတွေက တောင်းဆိုကြတယ်။ တခါတလေ သူတို့ တောင်းဆိုတဲ့သီချင်း ကိုယ်မရတာလည်း ရှိရင် မဆိုဘူးပေါ့နော်။ ဒါပဲနားထောင်ပေါ့။ ဒါပဲရတယ်လို့ ကျမကတော့ ပြန်ပြောတာပဲ။ သူတို့လည်း ကျေနပ်ပါတယ်။ သူတို့လည်း ရတာကို နားထောင်တယ်။ ဘယ်သူမှ ချေးမများဘူး။ နောက်ပိုင်း သူငယ်ချင်းတွေ တောင်းဆိုတဲ့ သီချင်းတွေလည်း ဆိုပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရထားတဲ့ သီချင်းတွေက ပြောရမယ်ဆိုရင် အများကြီးလေ။ ကိုယ်က ဆိုပေးချင်တယ်။ အခုဆိုရင် ပျော်တယ်။ သူငယ်ချင်း ငါးထောင်ဆိုတော့ တယောက်ကို တပုဒ်နှုန်းနဲ့ဆိုပေးဦး။ အပုဒ်ရေငါးထောင် ဆိုလို့ရပြီ။ အရမ်းပျော်တယ်။

မေး။     ။ ဒါဆို မေမြတ်မွန်ရဲ့ အိပ်မက်က သီချင်းဆိုနေရရင်ပြီးရော ဆိုတာလား။

ဖြေ။     ။ ဟုတ်ပါတယ်။ သီချင်းဆိုနေရရင် ပြီးပြီ။

မေး။     ။ Blog တွေ၊ Facebook စာမျက်နှာတွေမှာ မေမြတ်မွန်ရဲ့  ဗီဒီယိုဖိုင်တွေတင် မဟုတ်ဘဲ မေမြတ်မွန် ဘာလုပ်နေလဲ။ မေမြတ်မွန် အိမ်ထောင်ပြုတော့မယ် စသဖြင့် သတင်းတွေရေးကြ ပြောကြ ဆိုကြဆိုတော့ မေမြတ်မွန်ကို Celebrity တယောက်လို စောင့်ကြည့်ပြောဆိုနေကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။  အခုက အဲလို အနေအထား ဖြစ်လာပြီဆိုတော့ အရင်တုန်းကလိုတော့ ပရမ်းပတာ လုပ်ချင်တိုင်း လုပ်လို့မရတော့ပါဘူး။ ကိုယ့်ပရိတ်သတ်ကို ထည့်စဉ်းစားရတော့မှာပေါ့။ ကိုယ့်ပရိတ်သတ်ကို စော်ကားမိမလား သူတို့ မကြိုက်တာများ လုပ်မိမလား။ အဲ့လိုပူပန်တာတွေ ရှိလာပါတယ်။ ပိုပြီး ဆင်ဆင်ခြင်ခြင် လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် ပင်ကိုယ် အကျင့်စရိုက်ကတော့ ဖျောက်လို့ မရဘူးပေါ့နော်။ သူများကို မစော်ကားမိအောင်တော့ လုပ်ရမှာပါပဲ။ ဒါပါပဲရှင်။     ။
မစပ်စု| November 21, 2013
Irrawaddy
ဆက်စပ်သတင်း --- မေမြတ်မွန် သတင်းများ

စင်ကာပူ ဝန်ကြီးချုပ်ရုံးခန်း အလည်လာတဲ့ ဇီးကွက်


စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းက မနေ့က မနက်ပိုင်းက သူ့ရုံးခန်းမှာ အံ့သြစရာ ဧည့်သည်တဦးရောက်
နေတာ တွေ့လိုက်ရတယ်တဲ့။


ဓာတ်ပုံ- လီရှန်လွန်း ဖေ့စ်ဘုတ်

နိုဝင်ဘာလ ၂၀ ရက်နေ့မနက်က ၀န်ကြီးချုပ် လီရှန်လွန်းက သူ့ ရုံးခန်းဝင်လိုက်စဉ်မှာ တွေ့လိုက်ရတဲ့ ဧည့်သည်ဆိုတာက အတော်လှတဲ့ ဇီးကွက်တကောင်ဖြစ်တဲ့အကြောင်း သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါ တယ်။

ဇီးကွက်ဟာ တညလုံး လီရှန်လွန်းရဲ့ ရုံးခန်းအဆောက်အဦးထဲ ပျံသန်းနေခဲ့ပြီး မျက်နှာကျက်နား နားခို လို့ ကောင်းတဲ့နေရာလေး မှာ သူက နားနေတာလို့ ဆိုပါတယ်။

ဒါနဲ့ပဲ စင်ကာပူရဲ့ The Agri-Food & Veterinary က အရာရှိနဲ့ ဂျူရောင်း ငှက်ပန်းခြံက တာဝန်ရှိ သူတွေ က အဲဒီ ဇီးကွက်ကို ဖမ်းဖို့ စီစဉ်ရတော့တယ်တဲ့။ နောက်တော့ အန္တရာယ်ကင်းရှင်းတဲ့ Sri Temasek
နောက် နားကို သွားပြီး လွှတ်ပေးခဲ့လိုက်တယ်လို့ The Real Singapore အွန်လိုင်း သတင်းတပုဒ်က ရေး ထားပါ တယ်။

“Istana နယ်မြေဟာ ကျေးငှက်တိရိစ္ဆာန်တော်တော်များများရဲ့ ခိုလှုံရာ စိမ်းလမ်းတဲ့ နယ်မြေတခုပါ။ ကျနော်တို့ ကျွန်း တခုလုံးကို ဒီလို စိမ်းလန်းစိုပြေဖို့ ထိန်းသိန်းပြီး တကျွန်းလုံး ဒီလိုဖြစ်အောင် ဖန်တီး သင့်တယ်၊ ဒါကြောင့် ကျနော်တို့ စင်ကာပူရဲ့ သဘာဝ ပတ်ဝန်းကျင်ဟာ သဘာဝ စိန်းလန်းစိုပြေမှုနဲ့ ပန်းမာလာ ရနံ့တွေနဲ့ စိတ်ချမ်းမြေစရာ ကောင်း နိုင်တယ်” လို့ ၀န်ကြီး ချုပ် လီရှန်လွန်းက ရေးထားပါ တယ်။

အခုလို လီရှန်လွန်းက သူ့ဖေ့စ်ဘုတ်မှာ ရေးလိုက်တဲ့စာသာကို ဖေ့စ်ဘုတ်သုံးသူတွေက Like လုပ်တာ၊ Share လုပ် လိုက်ကြတာ ထောင်ချီရှိသွားပြီး ဇီးကွက်ကို မသတ်ခဲ့ပဲ လုံခြုံတဲ့ သဘာဝရပ်ဝန်းကို သေသေ ချာချာ ပြန်ပို့ လိုက်တာ ကြောင့်လည်း သူ့ကိုလည်း ချီးမွမ်းစကားတွေဆိုထားကြပါတယ်။

စင်ကာပူရောက် မြန်မာတချို့ကလည်း အခုလို စင်ကာပူ ၀န်ကြီးချုပ်ရဲ့ ရုံးခန်းမှာ ဇီးကွက်လာတဲ့ အတွက် မြန်မာအယူ အဆအရ ဇီးကွက်ဟာ လာဘ်ကောင်ဖြစ်လို့ လီရှန်လွန်းဟာ နောက်ထပ် လာဘ် လာဘ ပေါများမယ့် အတိတ်နိမိတ်လို့ ပြောနေသူတွေ ရှိကြပါတယ်။

တချို့ကလည်း ဇီးကွက်လည်း ငှက်ပဲ၊ သူညဖက် လမ်းပျောက်ပြီး ရုံးထဲဝင်နားနေတာကို ၀န်ကြီးချုပ်ကတွေ့ တဲ့ ကိစ္စဟာ သာမန် ကိစ္စသာဖြစ်ပြီး အရေးတကြီးသတင်းတပုဒ်မဟုတ်ဘူးလို့လည်း ဝေဖန်နေကြပါတယ်။

အိမ့်သံစဉ် ~
Irrawaddy

အမည်မသိလူလေးဦး တိုက်ခန်းတွင်းဝင်ကာ ဓားဖြင့်ခုတ်


ရန်ကုန်၊ နိုဝင်ဘာ ၂၀

အမည်မသိ ယောက်ျားလေးဦးမှ တိုက်ခန်းအတွင်း ၀င်ရောက်ကာ အထဲရှိလူငယ်နှစ်ဦးအား လက်သီးဖြင့်
ထိုး၊ ဓားနှင့်ခုတ် သည် ဖြစ်ရပ်ကို နိုဝင်ဘာ ၁၈ ရက်၊ ကြည့်မြင်တိုင်ဈေး၊ လေးရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ကျော်သူဇော် ၂၆ နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျှင်မြို့နယ် နေသူနှင့်၎င်း၏သူငယ်ချင်းဖြစ်သူ
အောင်အောင် ၂၃ နှစ် ကြည့်မြင် တိုင်ဈေးလေး ရပ်ကွက် ရှိ အောင်အောင်၏တိုက်ခန်းတွင် ရှိနေစဉ် တိုက်ခန်း တံခါးတွန်း ဖွင့်၍လူတစ်ဦး ၀င်လာသဖြင့် “မင်းတို့ ငါ့ကို သိလား၊ နေလင်းအောင်ဆိုတာ ကြားဖူးလား” ဟု မေးရာ ဇော်ဇော်က မသိကြောင်း ပြောကြားစဉ် နောက်ထပ် လူ သုံးဦးထပ်မံရောက်ရှိလာပြီး ၎င်းတို့ ထဲမှတစ်ဦးက ဆာလာအိတ်ဖြင့်ပတ်ထားသော ဓားအားထုတ် ကိုင်၍ ၎င်းတို့နှစ်ဦးထိုင်ခိုင်းပြီးကျန် နှစ်ဦးမှ ကျော်သူဇော်၏ မျက်နှာအား လက်သီးဖြင့်ထိုး၍ အောင်အောင်အား ဓားရှည်နှင့် ခုတ်ခဲ့ကြောင်း ၎င်းရုံးမှသိရသည်။

ထို့ကြောင့် ကျော်သူဇော်၏ နှာခေါင်းတွင် သွေးထွက် ဒဏ်ရာရရှိသွားခဲ့ပြီး အောင်အောင်တွင် ၀ဲဘက်ချိုစောင်းပြတ်ရှ ဒဏ်ရာဖြင့် ရန်ကုန်တိုင်း အနောက်ပိုင်းဆေးရုံကြီးတွင် ကုသနေရကြောင်း အဆိုပါရုံးမှသိရသည်။

တရားခံသုံးဦးအား ဖမ်းဆီးရမိထားပြီး ကျန်တစ်ဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ယင်းအမှုအား ကြည့်မြင်တိုင် မမစ (ပ) ၇၅၂/၁၃၊ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရေးသားသူ- ဝေဖြိုး
တည်းဖြတ်- နီတိုး

People power

အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးက ဝါယာကြိုးဖြင့် ရိုက်နှက်ကာ ထိတ်တုံးခတ်ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၀

အမျိုးသမီးငယ်ကို ဆယ်အိမ်မှူးက မဖွယ်မရာ ပြုလုပ်၍ ဝင်ရောက် တားမြစ်သည့် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးနှင့် လူနှစ်ဦးတို့က လက်ပြန်ကြိုး တုပ်ပြီး ဝါယာကြိုးထုံးဖြင့် ရိုက်နှက်ကာ ထိတ်တုံး ခတ်ခဲ့မှုတစ်ခု ဒဂုံ (မြို့သစ်ဆိပ်ကမ်း) မြို့နယ် အမှတ် ( ၆၇) ရပ်ကွက် ချင်းတွင်းလမ်းသွယ် ၄ တွင် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။

အဆိုပါ လမ်းသွယ်ရှိ ကျူးကျော်တဲတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်နှင့်အတူ ၎င်း၏ညီမ အပါအဝင်လေးဦး အိပ်စက်နေစဉ် အဆိုပါ လမ်းအပိုင် ဆယ်အိမ်မှူး ဦးဆန်းဝင်း ရောက်ရှိလာပြီး ၎င်းတို့အား နှိုးခဲ့ကြောင်း၊ ယင်းနောက် ၎င်းသည် အဆိုပါ ရပ်ကွက်၏ ဆယ်အိမ်မှူး ဖြစ်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး၏ ခန္ဓာကိုယ်ကို မဖွယ်မရာ ပြုလုပ်သောကြောင့် အိမ်တွင် နေထိုင်သူများထဲမှ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မျိုးနိုင်က မပြုလုပ်ရန် ပြောစဉ် ‘ငါ့အကြောင်း သိမယ်’ ဟုပြောကာ ထွက်သွားကြောင်း အဆိုပါ အမျိုးသမီးငယ်၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းနောက် ဆယ်အိမ်မှူး ဦးဆန်းဝင်းနှင့် လူနှစ်ဦးတို့ ရောက်ရှိလာပြီး ယူလာသော ကြိုးဖြင့် မောင်ကျော်မျိုးနိုင်ကို လက်ပြန်တုပ်၍ ဝါယာကြိုးထုံးများဖြင့် ရိုက်နှက်ကာ ဦးဆန်းဝင်း၏ အိမ်ရှေ့လမ်းမပေါ်တွင် ခြေနှစ်ချောင်းကို ထိတ်တုံးခတ်ခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်း၏ ကနဦး စစ်ဆေး တိုင်ကြားချက်အရ သိရှိရသည်။

ယင်းကဲ့သို့ ရိုက်နှက်ကာ ထိပ်တုံးခတ်မှု ဖြစ်ပွားစဉ် အသက် ၁၈ နှစ်အရွယ် အိမ်ရှင် အမျိုးသမီးက ချင်းတွင်းလမ်းအပိုင် ရာအိမ်မှူးကို သွားရောက် အကြောင်းကြားခဲ့ရာ အဆိုပါ ရာအိမ်မှူး ရောက်ရှိလာသောကြောင့် ဆယ်အိမ်မှူး ဦးဆန်းဝင်းက ထိတ်တုံးကို ဖြုတ်ပေးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“မြင်မြင်ချင်း မျက်လုံး ပြူးသွားတယ်။ ဘယ်သူ့ အမိန့်နဲ့ ခတ်တာလဲလို့ မေးတော့ ဘယ်သူ့အမိန့်မှ မပါဘူး။ သူ့သဘောနဲ့ သူခတ်တာလည်းသိရော ပြည်သူလူထုကို ဒီလိုခတ်ခွင့် မရှိဘူး ဆိုတော့မှ ဖြုတ်တာ။ ထိတ်တုံးခတ်ခွင့်ဆိုတာ ဒီဘက်ခေတ်မှာတောင် မရှိတော့ဘူး။ ရဲသာ ခတ်ပိုင်ခွင့် ရှိတာ” ဟု ချင်းတွင်းလမ်းအပိုင် ရာအိမ်မှူး ဦးထွန်းလင်းနိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ရိုက်နှက်မှုကြောင့် မောင်ကျော်မျိုးနိုင်၏ ဘယ်ဘက်ပါး၊ ညာပခုံး၊ ညာလက်မောင်း၊ ကျောကုန်းနှင့် ခြေထောက်တို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“အရိုက်ခံရတဲ့ ကလေးက မျက်နှာမှာ တစ်ချက်၊ ကျောကုန်းမှာ ပွနေတာပဲ။ မတရားဘူးဗျာ၊ ခေတ်လည်း မရှိတော့ဘူး” ဟု အဆိုပါ ရိုက်နှက်မှုကို သွားရောက် စစ်ဆေး ဖမ်းဆီးသူများတွင် ပါဝင်သည့် အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ထိတ်တုံးကို ဆယ်အိမ်မှူး ဦးဆန်းဝင်း မည်သည့်နေရာက ယူဆောင် လာသည်ကို ၎င်းအနေနှင့် မသိရှိကြောင်း၊ လက်တလောတွင် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း အထက်ပါ ရပ်ကွက်တွင်း နေထိုင်သူက ဆိုသည်။

ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ခန့်အပ်ရာတွင် ရပ်ကွက်တွင်း နေထိုင်သူများက ယုံကြည် ကိုးစားရပြီး အကျိုးကို ဆောင်ရွက်နိုင်သူများကို ပြည်သူက ရွေးချယ်ကာ ခန့်အပ်စေလိုကြောင်း အမှတ် (၆၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ ဝါယာကြိုးဖြင့် ရိုက်နှက်ကာ ထိတ်တုံးခတ်ခဲ့သူ ဆယ်အိမ်မှူး အပါအဝင် လူသုံးဦးကို ( ပ) ၄၀၇/၁၃၊ ပြစ်မှုပုဒ်မ -၃၅၄/၃၄၂/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ဝင်များကို ရိုက်နှက်သူများအား အရေးယူ


နေပြည်တော်၊ နိုဝင်ဘာ ၂ဝ

ယခုလ ၁၇ ရက် ည ၁၁ နာရီက မန္တလေး တိုင်းဒေသကြီးအောင်မြေသာစံမြို့နယ် (၂၆x၈ဝ) လမ်းထောင့်တွင် အောင်မြေသာစံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်စိန်နှင့် ရဲတပ်သားဝေယံစိုး တို့နှစ်ဦး ရပ်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရိုက် နှက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူနှစ်ဦးကို အရေးယူထားကြောင်း အောင်မြေသာစံ မြို့မ ရဲစခန်းမှအတည်ပြုသည်။ ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးက ဆိုင်ကယ်လီဗာကိုအသံကျယ် လောင်စွာပြုလုပ်ပြီးအော်ဟစ်ဆူညံခြင်းတို့ပြုလုပ် သဖြင့် ရဲတပ်ကြပ်ကြီးတင်စိန်က မပြုလုပ်ရန်နှင့် သွားရာလမ်းအတိုင်းသွားရန် ပြောဆိုစေလွှတ်ရာ အဆိုပါအမျိုးသားနှစ်ဦးက (၂၆)လမ်းအတိုင်း အနောက်ဘက်သို့ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီ မိနစ် ၂ဝတွင် တုတ်များကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာပြီး ရဲတပ်ကြပ်ကြီးတင်စိန်နှင့် ရဲတပ် သားဝေယံစိုးတို့အား ဝင်ရောက်ရိုက်နှက်ကြောင်း သိရသည်။

ထို့နောက် ဆက်သွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ နယ်မြေလှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဝင်များက ရိုက်နှက်သူများကို ဝိုင်းဝန်းဖမ်းဆီး ခဲ့ရာ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် မြို့သစ်နေသူများဖြစ်သော ဖြိုးဝေ (၂၆) နှစ်နှင့် မျိုးမင်းထွန်း(၂၄)နှစ်တို့နှစ်ဦးကို အရှည် သုံးပေ ခန့်ရှိ ထိပ်တွင်သံချွန်များပါသော ၂ x ၁ လက်မ တုတ်တစ်ချောင်းနှင့် ၄င်းတို့ စီးနင်းလာသော ၁ယ/xxxxx ဟွန်ဒါ စူပါကပ်ဆိုင်ကယ် အစိမ်းရောင်တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ရဲတပ်ကြပ်ကြီးတင်စိန်မှာ ယာလက်ခုံ ဖူးရောင်ဒဏ်ရာ၊ ရဲတပ်သားဝေယံစိုး တွင် ဝဲ/ယာလက်ဖျံ၊ ဝဲ/ယာ ချိုစောင်းဖူးရောင်၊ ယာနားထင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ဖြိုးဝေနှင့်မျိုးမင်းထွန်းတို့နှစ်ဦးကို အောင်မြေသာစံ မြို့မရဲစခန်းက (ပ)၅၉၈/၂ဝ၁၃၊ပြစ်မှုပုဒ်မ ၃၃၃ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုကိုလတ် (မန်းတက္ကသိုလ်) - The Union Daily

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်တွင် သြစတြေးလျသို့ သွားရောက်မည်ဖြစ်ပြီး ပညာရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာဆွေးနွေးမည်

လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၆ ရက်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ပညာရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် Tony Abbott၊ နိုင်ငံခြားရေးဝန်ကြီး Julie Bishop တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး သြစတြေးလျရောက် မြန်မာများနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် Sydney Opera House တွင် တက္ကသိုလ်သုံးခု ပူးပေါင်းပြုလုပ်မည့် ဘွဲ့အပ်နှင်းပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကာ Australian National University နှင့် Monash University တို့တွင် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင်(၂၅)ကြိမ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကိုလည်း တက်ရောက်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော ခရီးစဉ် အစီအစဉ်အရ သိရသည်။

သြစတြေးလျခရီးစဉ်သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ဆက်သွယ်ရေး တာဝန်ခံ ဦးမိုးဇော်ဦးတို့ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

“နှုတ်ဆက်စကား...မှတ်သားစရာ”


ဒီနေ့တော့ ခွဲခွါခါနီးနှုတ်ဆက်ရာမှာ သုံးတဲ့ အင်္ဂလိပ်စကား
အတိုလေးတွေကို .ဖော်ပြပေးလိုက်ပါတယ်။အနီးစပ်ဆုံး အ
သံထွက်လေးတွေကိုပါ ရေးပေး လိုက်ပါတယ်။

(1) Bye !
ဘိုင်း.....။
သွားတော့မယ်နော်။
(ဗြိတိသျှလူမျိုးများ အသုံးများ။မိမိနှင့် သိသောသူ မည်သူ့ကိုမ
ဆို ဒီနှုတ်ဆက်စကားကို သုံးနိုင်။)

(2) Bye for now !
ဘိုင်ဖော်နောင်း.....။
အခုတော့ သွားဦးမယ်။နောက်မှ ဆုံတာပေါ့။
(ခင်မင်ရင်းနှီးမှုပြ အရပ်သုံး စကား)

(3) Bye-bye !
ဘိုင်ဘိုင်း....။
သွားမယ်နော်...။
(ကလေးအချင်းချင်း နှုတ်ဆက်စကား၊လူကြီးကလည်း ကေ
လးကို နှုတ်ဆက်နိုင်၊လူကြီးအချင်းချင်း ဘိုင်ဘိုင် သုံးပါက
ကလေးဆန်ခြင်း၊ကလက်တက်တက်နိုင်ခြင်းကိုပြပါတယ်။)

(4) See ya !/ See you!
ဆီးယာ့....။ ဆီးယူ။
နောက်မှ ပြန်တွေ့ကြတာပေါ့။
(ခင်မင်ရင်းနှီးမှုပြ အရပ်သုံး)

(5) So long !
ဆိုလောင်း.....။
သွားတော့မယ်..။
(တော်တော်ကြာကြာ မတွေ့နိုင်တော့တဲ့အခါ သုံး။သိပ်အ
သုံး မများသော . နှုတ်ဆက်စကားဖြစ်။)

(6) Ciao !
ချာယို့....။
သွားမယ်နော်။
(အီတလီစကားမှ ဆင်းသက်လာသော စကား။ဒီစကားနဲ့န
ှုတ်ဆက်ရင်.. .ခေတ်ဆန်မှု၊စတိုင်ကျမှုကို ဖော်ပြသည်ဟုဆြို
က။)

(7) Later !
လိတ်ထာ...။
နောက်မှဆုံတာပေါ့။
(ခင်မင်မှု အရပ်သုံးစကား။အမျိုးသားများ အသုံးများ။Later
နောက်မှာ "man", "bro", "dude", or "dear".ထည့်ဖြည့်ပြီး
ပြောတတ်ကြ။ ဥပမာ. .Later,man! ကဲ..နောက်မှဆုံကြ
တာပေါ့ ကိုယ့်လူရာ...။.)

(8) Cheerio !
ချီရီယို့.....။
သွားတော့မယ်။
(ေ၇ှးကျပေမယ့် အရပ်သုံးစကားဖြစ် တော်တော်လေးသုံးတ
ယ်။)

(9) See you around !
ဆီးယူ..အရောင်း....။
ပြန်ဆုံကြတာပေါ့။
( See you soon ! ဒါမှမဟုတ် Be seeing you ! ဒါမှမဟု
တ် See you again !ဒါမှမဟုတ် See you later! လည်းသုံ
းနိုင်။..တစ်ကယ်လို့ ဖုန်းပြောပြီးလို့ နှုတ်ဆက်ရင်တော့
Talk to you later! ကို သုံးပါ။)
(ခင်မင်ရင်းနှီးမှုပြ အရပ်သုံး)

(10) Farewell !
ဖယ်ဝဲလ်.......။
သွားတော့မယ်နော်။
(ချစ်သူနှစ်ဦး ထပ်မတွေ့ကြတော့ရင်.. ကြေကွဲစရာနှုတ်ဆ
က်တဲ့စကား အဖြစ်ပဲ အသုံးများ။)

(11) Ta-ra !
ထာ ရား....။
သွားတော့မယ်။

(12) I'm off !
အမ်မော့။
သွားပြီကွာ...။
(အနည်းငယ်ရိုင်း။ဘာမပြောညာမပြော ထနှုတ်ဆက်ပြန်တ
ာ။ တစ်ကယ် လို့ I'm out! “တို့တော့သွားပြီ”ဆိုရင်တော့
လုပ်ဖော် ကိုင်ဖက်တွေကို.. . နှုတ်ဆက်ပြီး ၀မ်းသာအားရြ
ပန်သွားတဲ့သဘော။))

(13) Ta-ta for now !
တတ်ထာ..ဖော်နောင်း....။
သွားတော့မယ်...တာ့တာ..။
(ကလေးတွေ နှုတ်ဆက်တတ်တဲ့ စကား၊လူကြီးကလည်း က
လေးကို နှုတ် ဆက်နိုင်။)

(14) Catch you later !
ခဲ့ချူ..လိတ်ထား။
နောက်မှ ပြန်ဆုံကြတာပေါ့။
(ရင်းနှီးခင်မင်မှုပြ အရပ်သုံးစကားUS အသုံးများ။)

(15) Goodbye !
ဂွတ်ဘိုင်း.....။
သွားတော့မယ်နော်..။
(တည်တည်ခံ့ခံ့ရှိသော နှုတ်ဆက်စကား)
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

ဓာတ်လိုက်ရာမှလက်နှစ် ဖက်ဖြတ်တောက်လိုက်ရပြီး ဒေါ်အောင်ဆန်းစုကြည်၏အစီအစဉ်ဖြင့် ဂျာမနီတွင်သွားရောက်ကုသမှုခံယူခဲ့သည့် ပါတီဝင်တစ်ဦး NLD အတွက် ဆက်လက်ရှင်သန်မည်ဟုဆို


ဓာတ်လိုက်ရာမှ လက်နှစ်ဖက် ဖြတ်တောက်လိုက်ရပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏အစီအစဉ် ဖြင့် ဂျာမနီနိုင်ငံတွင်သွားရောက် ကုသမှုခံယူခဲ့သော ပါတီဝင် ကိုဇင်မင်းဦးက NLD အတွက် နောက်ဆုံးအသက်အထိ စွမ်းသလောက်လုပ်ဆောင်သွားမည်ဟု ဆိုလိုက်သည်။
”ခု လက်တစ်စုံ ပြန်ရတယ်။ လူ ကောင်းတစ်ယောက်လို မလုပ်နိုင်ပေမယ့် တတ်စွမ်းသ လောက်လုပ်ပေးမယ်။ကုန်ကုန်ပြောရရင် နောက်ဆုံးကျန်ရှိတဲ့ အသက်အထိ NLD လျှောက်လှမ်းမယ့်လမ်းကြောင်းတစ် လျှောက်လုံးမှာ ကိုယ်စွမ်းနိုင်သလောက် ပါရမီဖြည့်သွားမယ်” ဟု ၎င်းကပြောသည်။၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက အင်းစိန်မြို့နယ်ကမ်းနားလမ်း အလယ်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်/ကျေး ရုံးခန်းဖွင့်ရန် ပြင်ဆင်နေစဉ် စတီးအလံတိုင်ထိပ်နှင့် ဗို့အား ၃၃ဝဝဝ ရှိလျှပ်စစ်မီးကြိုးတို့ထိမိရာမှ ကိုဇင်မင်းဦး ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ခဲ့ပြီးနောက် ၎င်းအား အင်းစိန်ဆေးရုံကြီးသို့ ညတွင်းချင်း ပို့ဆောင် ခဲ့ပြီး အောက်တိုဘာ ၂ ရက် နေ့တွင်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာ လက်နှစ်ဖက် ဖြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။ အောက်တိုဘာ ၇ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်ဆေးရုံ သို့ လာရောက်ခဲ့ပြီး ”သားဘာမှအားမငယ်နဲ့။ ဆုံးရှုံးသွားတဲ့လက်နှစ်ဖက်ကိုအစားပြန်ရအောင် လုပ်ပေးမယ်။ အမေကြိုးစားပြီး လုပ်ပေးမယ်၊ စိတ် အားလျော့စရာ မလို ဘူး”ဟု အားပေးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ၎င်းဆေးရုံတွင် ကုသမှုခံယူနေရစဉ် ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည်ရေးသားပေးခဲ့သော ”သားရဲ့ထက်သန်တဲ့စိတ်ဓာတ်နဲ့ အ ခက်အခဲတွေအားလုံးကို ရင်ဆိုင်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟူသောစာသားအတွက် ၎င်းက”ကျွန်တော့်လို အညတရ ပါတီဝင်တစ်ယောက်အပေါ်မှာ ရင်ကလွယ် မွေးခဲ့တဲ့ မိခင်တစ်ယောက် လို စေတနာ၊ မေတ္တာအပြည့်နဲ့ကို လာရောက် အားပေးခဲ့တယ်။ အမေစုဟာ တကယ်တော့ အားလပ်ချိန်ဆိုတာမရှိသလောက်ပါပဲ။ အဲဒီကြားကမှ အချိန် ပေးလာရောက် ခဲ့ တာပါ”ဟု ဆိုသည်။
ကိုဇင်မင်းဦးအနေဖြင့် လက်နှစ်ဖက်ဆုံးရှုံးခဲ့ရပြီးနောက် ကျန်ရှိဒဏ်ရာများအတွက် ရန်ကုန်အရိုးဆေးရုံကြီး တွင် ၂ လနှင့် ၈ ရက် တက်ရောက်ကုသမှု ခံယူခဲ့ ရပြီးေ နာက် ဒေါ်အောင်ဆန်းစု ကြည်၏ စီစဉ်ပေးမှုဖြင့် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့သို့ အောက်တိုဘာ ၁၃ ရက် နေ့က သွားရောက်ဆေးကုသမှုခံယူခဲ့ ခြင်း ဖြစ်သည်။ အဆို ပါအစီ အစဉ်အရဂျာမနီမှ ခြေ တုလက်တုတပ်ဆင်ရေးကုမ္ပဏီ Otto- bock မှ ပြုလုပ်ပေးခြင်းဖြစ်သည်ဟု သိရပြီးရောက်ရောက်ချင်း အာရုံကြောများ အလုပ်လုပ်၊ မလုပ် စမ်း သပ်ကာ အလုပ် လုပ်နေသေးကြောင်းသိရှိပြီးနောက် လက်တုတပ်ဆင်ပေးခဲ့သည်ဟု သိရသည်။
”သာမန်လူတစ်ယောက်လိုတော့ လှုပ်ရှားလို့ရတယ်။ ဒါပေမဲ့ လက်က အစစ်မဟုတ်တော့ အခက်အခဲရှိတယ်။ လက်အတုတပ်ဆင်ပြီး တစ်ပတ်လေ့ ကျင့်ခန်းလုပ်ရတယ်။ အခု လောလော ဆယ် လူကောင်းတစ်ယောက်လိုတော့ စာရေးလို့မရပေမယ့် လက်မှတ်တော့ ထိုးလို့ရတယ်” ဟု ကိုဇင်မင်းဦးက ဆိုသည်။ ၎င်း သည် မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၁ဝ ရက်နေ့က ပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အင်းစိန်မြို့နယ်ကမ်းနားလမ်း အ လယ်ရပ်ကွက်ရုံး ခန်းတွင်ဒုဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။
ထွဋ်မြတ်
Popular Myanmar

ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ခိုး၊ ဆိုး၊ နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်မည်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂက အောက်တိုဘာလအတွင်းက လေ့ကျင့် သင်ကြားပေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် မှုခင်းများ ကျူးလွန်နိုင်သည်ဟု ထင်မြင်ယူဆရသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထိုသို့ ခြေချုပ်ပြုလုပ်သွားမည့် သူများမှာ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များဖြင့် ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ခိုးမှု၊ နှိုက်မှု၊ ဆိုးမှု ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကို ခြေချုပ်ခံဝန် ပြုလုပ်သွားမယ်။ ဒါ့အပြင် ညပိုင်းအချိန်တွေနဲ့ ညဥ့်နက်ပိုင်းတွေမှာ မသင်္ကာလို့ စစ်ဆေးမိတဲ့ သူတွေထဲက ပြစ်မှုကျူးလွန်နိုင်တယ်လို့ ယူဆနိုင်တဲ့သူတွေကိုလည်း ခြေချုပ် ပြုလုပ်သွားမယ်။ ခြေချုပ်ခံဝန် ပြုလုပ်သွားမယ့် သူတွေအားလုံးကို တရားရုံးပေါ်တင်ပြီးတော့ တရားသူကြီးရှေ့မှာပဲ ခံဝန်လုပ်သွားမှာပါ။ အရင်တုန်းက ခိုးမှုနဲ့ ပြစ်ဒဏ်ကျပြီး ပြန်ထွက်လာမယ့် သူတွေကလည်း ပြန်ခိုးဖို့ ရာခိုင်နှုန်း များပါတယ်။ အဓိကကတော့ ဒီကာလအတွင်းမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုတာကို ၀န်ခံခိုင်းခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ယင်းသို့ ဆီးဂိမ်းစ်ပြိုင်ပွဲကာလ၌ လုံခြုံရေးအရ ပြစ်ချက်ဟောင်း ရှိသူများကို ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် ခြေချုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာအတွင်း၌ ခိုးမှု ၇၉ မှု၊ အောက်တိုဘာ၌ ခိုးမှု ၈၄ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့အပြင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲကာလ၌ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားကွင်းနေရာ အနီးတစ်ဝိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို တိုးချဲ့ချထားသွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။              
Eleven Media Group

မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှု စွမ်းအားမှာ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော လာအိုထက်ပင် ကျဆင်းနေဟု ပညာရှင်များဆို


မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှု စွမ်းအားမှာ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော လာအိုနိုင်ငံထက်ပင် ကျဆင်းနေကြောင်း စီးပွားရေး ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

"တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ မက်ခရို အီကော်နော်မစ် ပြောင်းလဲဖို့ လိုအပ်သလို တိုင်းသူပြည်သားတွေ အနေနဲ့လည်း လုပ်စရာတွေ အများကြီး ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ Productivity အရမ်းနိမ့်တယ်။ Every Aspect မှာ နိမ့်နေတာ။ Knowledge နဲ့ပတ်သက်တဲ့ Productivity ဆိုလည်း နိမ့်တယ်။ ကုန်ထုတ်လုပ်ငန်းတွေမှာ Physically လုပ်နေတာတွေလည်း နိမ့်တာပဲ။ ဒီကောင်က တော်တော် အားပျော့နေတယ်။ အခုကျွန်တော်တို့ရဲ့ Competitiveness က အခုနောက်ဆုံး သုံးသပ်တဲ့အထဲမှာ လာအိုရဲ့ အောက်မှာ ရှိနေတယ်။ တစ်ဖက်ကလည်း မြန်မာနိုင်ငံမှာ မက်ခရို အီကော်နောမစ် ပြုပြင်ရေး အပိုင်းတွေလုပ်ဖို့ လိုအပ်တယ်။ အားနည်းနေတယ်ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့အားလုံးလည်း အားနည်းနေတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ကောင်းတဲ့ ပေါ်လစီတွေ ချချပေါ့။ ကျွန်တော်တို့လည်း ကြိုးစားဖို့ လိုအပ်တယ်။ ဒီလိုပဲ အလုပ်သမားတွေကလည်း Labour Productivity မရှိဘူး၊ နိမ့်တယ်" ဟု MCC Group of Companies ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းအောင်က ပြောကြားသည်။

"အခု SMEs အကြောင်းပဲ ပြောကြပါတော့။ ဂျာမနီနိုင်ငံကို ကြည့်ရင် ဂျာမနီနိုင်ငံရဲ့ လုပ်ငန်း တော်တော်များများက အသေးစားနဲ့ အလတ်စားတွေပဲ။ ဥရောပမှာ အတိုးတက်ဆုံးနိုင်ငံက ဂျာမနီပဲ။ အဓိက SMEs ပဲ။ သူတို့ကိုသွားကြည့်ရင် အလုပ်သမား နည်းနည်းလေးပဲ။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်ဝင်တဲ့ပစ္စည်းတွေ ထုတ်နေတယ်။ Value Added တွေ ထုတ်နေတယ်။ ဂျာမနီက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကိရိယာတွေ အများစုက SMEs က လာတာ။ ဒါပေမဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ Labour Productivity က အရမ်းမြင့်တယ်။ ဒါလေးကို ထည့်သုံးသပ်ဖို့ လိုတယ်။ အဲဒါကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက်လာအောင် ကြိုးစားမှ ဖြစ်လာမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ယခုနှစ်ပိုင်းအတွင်း စီးပွားရေး တိုးတက်မှုနှင့် ပတ်သက်၍ မက်ကင်စီကလည်း လေ့လာသုံးသပ်ထားသည်ကို တွေ့ရသည်။ သုံးသပ်ချက်များအရ အားရစရာလည်း ကောင်းသည်။ သို့သော် မှန်ကန်သည့် စီးပွားရေးဆိုင်ရာ မူဒါဒများကို ချမှတ်နိုင်မှသာဟု ဆိုထားသည်ကို တွေ့ရသည်။ အကယ်၍ မူဝါဒကောင်းမွန်ပါက မြန်မာ့ GDP သည် ၂၀၃၀ ပြည့်နှစ်တွင် ၂၀၀ ဘီလျံကျော်မည်ဟု ခန့်မှန်းထားသည်။ သို့သော် မူဝါဒပိုင်း အကောင်အထည်ဖော်သည့် ကိစ္စများ၊ ဆင်းရဲချမ်းသာ ကွာဟမှု ပြဿနာ၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် အခြားနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။

"ကမ္ဘာ့ဘဏ်က သုံးသပ်ထားတာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ GDP ကို ၆ ဒသမ ၇ လောက် မှန်းထားတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုတော့ ၆ ဒသမ ၈ လို့ ပြင်ပြီးတော့ မှန်းထားပါတယ်။ အကောင်းမြင် တဲ့ဘက်ကို ရောက်နေပါတယ်။ FDI ဆိုရင်လည်း ၄၃ ဘီလျံလောက် ရှိတယ်။ GDP ဆိုရင်လည်း အခုကမ္ဘာ့ဘဏ်က မှန်းတာ ၅၄ ဒသမ ၄ ဘီလျံကျော်လောက် ရှိတယ်။  အကုန်လုံးကတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြောတာမဟုတ်ဘဲ အင်တာနေရှင်နယ်ကပြောတဲ့ ကိန်းဂဏန်းတွေ ဖြစ်နေတဲ့အတွက် အလွန်ကောင်းပါတယ်။ အခုတော့ အင်ဖလေးရှင်းကတော့ ၅ ဒသမ ၉ လောက်ကနေ ၈ ဒသမ ၉ လောက်ဆိုတော့ သတိထားရတာပေါ့။ အလုပ်လက်မဲ့ကျတော့ မပြောတတ်ဘူး။ ကိန်းဂဏန်း အတိအကျမသိဘူး။ လေးရာခိုင်နှုန်းလို့ ပြောတယ်။ ကျွန်တော်စောစောက ပြောသလို ကိန်းကဏန်း အတိအကျ မသိတဲ့အတွက် အလုပ်လက်မဲ့နှုန်း ဘယ်လောက်လဲဆိုတာ မှန်းပြီးပြောနေရတာပဲ ရှိပါတယ်"ဟု ဦးတင်ဝင်းအောင်က ပြောကြားသည်။

အလုပ်လက်မဲ့ Unemployment ဆိုသော အဓိပ္ပာယ်မှာ အလုပ်လိုချင်လျှက် မရရှိသည့် သူများကိုသာ ခေါ်ဆိုကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် သီအိုရီအရ အလုပ်လက်မဲ့ နည်းနိုင်ကြောင်း၊ သို့သော် တကယ် အလုပ်လုပ်နေသည့် သူများ၏ Capacity မှာလည်း များစွာ နိမ့်နေကြောင်း သိရသည်။

"တကယ်တော့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း (Vocational Training) ပဲ။ ဒါမှလုပ်သားတွေရဲ့ အလုပ်အကိုင် ရရှိမှုနဲ့ ကျွမ်းကျင်မှုက မြင့်တက်လာတာ။ နိုင်ငံခြားမှာလည်း ဒီလိုပဲ လေ့ကျင့် ပျိုးထောင်ပေးရတာပဲ" ဟု စီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။                  
Eleven Media Group