ပရိသတ်တွေနဲ့ မွေးနေ့ဖြတ်သန်းခဲ့တဲ့ ၀တ်မှုန်ရွှေရည်



သြဂုတ် ၁၀ ရက်တွင် ကျရောက်ခဲ့သော ၀တ်မှုန်ရွှေရည် ၏ မွေးနေ့တွင် ၎င်း၏ ပရိသတ် များဖြစ်သည့် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့်အတူ အမျိုးသမီးလူမှုဖူလုံရေး ကျောင်း၌ တစ်ရက်စာ အာဟာရ နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပြီး မွေးနေ့ကို ပရိသတ် များနှင့် ဖြတ်သန်းခဲ့ရသောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ၎င်းကပြော သည်။

‘‘ဘ၀မှာ  မွေးနေ့ကို  ပရိ သတ်တွေနဲ့ ဖြတ်သန်းတာ ပထမ ဆုံးပဲ။ ကစ်အတွက် အမှတ်တရ ဖြစ်သလို ပျော်လည်းပျော်ပါ တယ်’’ ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။

မွေးနေ့နံနက်တွင် မှော်ဘီ၊ အောင်ဇမ္ဗူတောရကျောင်း၌ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး We Love Wut Hmone Shwe Yi အဖွဲ့သားများနှင့် အမျိုးသမီး လူ မှုဖူလုံရေးကျောင်းတွင် တစ်ရက် စာ အာဟာရအလှူနှင့် အသုံးအ ဆောင်ပစ္စည်းများ    လှူဒါန်းခဲ့ သည်။

ထို့နောက် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့် Escape Gastero Bar တွင် မွေးနေ့ပွဲ   ဆက်လက်ကျင်းပခဲ့ ပြီး ပရိသတ်များက လက်ဆောင် များပေးခဲ့သလို ပရိသတ်များကို လည်း ၎င်း၏ ပုံပါသော ခေါင်းအုံး လေးများကို အမှတ်တရအနေဖြင့်  ပြန်လည်ပေးခဲ့သည်။

‘‘ပရိသတ်တွေကို ပေးခဲ့တဲ့ ခေါင်းအုံးလေးတွေက ကစ်အ မှတ်တရ Collection အနေနဲ့ ထုတ်ရောင်းဖို့  စီစဉ်ထားတာပါ။ အခုလောလောဆယ်ကတော့ ကြော်ငြာထားရုံပဲ ရှိသေးတယ်။ ဘယ်အချိန်ရောင်းမယ်ဆိုတာကို လည်း ပြန်ပြီး ပြောပေးပါမယ်။ ဒီနေ့ကတော့ ပရိသတ်တွေကို အ မှတ်တရအနေနဲ့ ပေးဖြစ်တာ’’ ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။

၎င်း၏ ပရိသတ်များအတွက် အမှတ်တရပစ္စည်းများကို Limited Edition အနေဖြင့် ရောင်းချသွား ရန် အစီအစဉ်ရှိပြီး ပထမဆုံးအ နေဖြင့် ၎င်း၏ ပုံပါသော ခေါင်း အုံးများကို စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု ၎င်းက ဆို သည်။

7day daily

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ



အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက် အကောင်းဆုံးသောနည်းလမ်းတခုမှာ
အောင်မြင်ကျော်ကြားသူများ၏ ဘ၀ဖြတ်သန်းပုံများကိုလေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်အထည်ဖော် ရန်ဖြစ်သည်။

အောင်မြင်လိုသောစိတ်ရှိသူတော်တော်များလည်း ဘ၀တွင်ကျရှုံးမှုများ ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်သူများ၏သာယာလှပသော ဘ၀ကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘ၀ကို ရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင်၊မသိနိုင်ခဲ့ကြလို့ပါ။

အောင်မြင်သော သူများ၏ ဘ၀ဖြတ်သန်းပုံကိုသိရှိခြင်းအားဖြင့် သင်လည်းပဲဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်ကောဘယ်လိုအခွင့်အရေးတွေရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ဘယ်လိုလျှောက်လမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။

ကျွန်တော်ဝေမျှလိုသော အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားသူများ၏ အတိုချုန်းထားတဲ့ဘ၀သင်ခန်းစာလေးတွေပါ။ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အများလေးစားဂုဏ်ယူတဲ့ဘ၀ကိုရောက်ရှိခဲ့ပုံလေးပေါ့။

Soichiro Honda – ဟွန်ဒါကုမ္ပဏီကိုတည်ထောင်ထားသူပေါ့။ ဟွန်ဒါလို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်ဖြစ်တဲ့ကမ္ဘာကျော်ကားအမျိုးအစားပါ။ တချိန်ကဟွန်ဒါ မတည်ထောင်ခင် တိုယိုတာကားကုမ္ပဏီမှာဝန်ထမ်းအဖြစ်အလုပ်လျှောက်စဉ် မိမိနှင့်သင့်တော်သောနေရာမရှိဟု အငြင်းခံလိုက်ရသူတဦးဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်မကျတဲ့အပြင် မခံချင်စိတ်ဖြင့်ကြိုးစားသဖြင့်ယခုအချိန်မှာ တိုယိုတာနှင့်အပြိုင်ကုမ္ပဏီတခုအဖြစ် ရပ်တည်နေနိုင်ပါပြီ။ သင်လည်းပဲဘယ်လိုပဲအငြင်းခံရပါစေ သင်ရောက်လိုသော ပန်းတိုင်ကို ရောက်အောင်သွားပါ။

Stephen King- နာမည်ကြီးစာရေးဆရာတဦးလို့ လူသိများတဲ့စတီဗင်ကင်းဟာဆိုရင်လည်းပဲ ပထမဦးဆုံးဝတ္တုကိုဖြန့်ချီရန်ကြိုးစားရာတွင်ဘယ်လိုမှ အစဉ်မပြေခဲ့ပဲ အမှိုက်ပုန်းထဲအထိမိမိစာအုပ်ကိုစွန့်ပစ်ခဲ့ပြီး ဇနီးမယား၏ အားပေး၊တိုက်တွန်းမှုဖြင့် အမှိုက်ပုန်းထဲကပြန်လည်ကောက်ယူ
ကာနောက်တကြိမ်ဖြန့်ချီရန် ကြိုးစားရာမှ အစပြုကာအောင်မြင်ကျော်ကြားသူ တဦးဖြစ်လာခဲ့သည်။ သင်ခန်းစာအနေဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်ပါ ဘယ်သူမှလက်မခံသေးခင်ကာလမှာ စိတ်ရှည်၊ဇွဲရှိစွာကိုယ်သွားလိုသော ခရီးကိုရောက်အောင်သွားပါ။

Thomas Edison- သောမတ်စ်အဲဒီစင် လို့ဆိုလိုက်ရင်တော့လူအများသိပြီးတဲ့အတိုင်း မီးသီးတလုံးထွန်းလင်းဖို့အတွက် မီးသီးပေါင်း ၉၉၉လုံးကိုအရင်စမ်းသပ်ခဲ့ရာ မအောင်မြင်သေးပဲ အလုံးတထောင်ရောက်မှပင်အောင်မြင်စွာတည်ထွင်နိုင်ခဲ့တာပါ။ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အံအားသင့်စရာကောင်းပေမယ့် သူ့ရဲ့တုံ့ပြန်မှုကတော့ မအောင်မြင်ခဲ့သောမီးသီးတလုံးကိုစမ်းသပ်တိုင်းဒါဟာနည်းလမ်းအမှန်မဟုတ် မီးသီး မီးထွန်းလို့ရတဲ့အထိထပ်ကာတလဲလဲ ကြိုးစားခဲ့သူ တဦးဖြစ်သည်။ သင်လည်းပဲ ဘ၀တွင်ဘယ်လိုကျရှုံးမှုများစွာကြုံတွေ့နေပါစေ သောမတ်စ်အဲဒီစင်ရဲ့ ဘ၀သင်ခန်းစာကိုယူက သင်လိုချင်သောဘ၀မျိုးဖြစ်အောင် ကြိုးစားပါ။

Oprah Winfrey- ကမ္ဘာ့အချမ်းအသာဆုံး အမျိုးသမီးတွေထဲကတဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ အိုပရာဟာ ဆိုရင်လည်းပဲသူမရဲ့ဘ၀ ယခုလိုမဖြစ်ခင်စဉ်က အလုပ်မှတကြိမ်အထုတ်ခံရဖူးပြီး ရုပ်သံလောကကိုဝင်စ က သူမနဲ့ မကိုက်ညီနိုင်ဟုအပြောခံခဲ့ရဖူးသူဖြစ်သည်။ သူမလည်းမည်သို့သောအခါကမျှအရှုံးသမားလို့ မခံယူပဲရုန်းကန်ကြိုးစားရာမှ ယခုလိုအများအထင်ကြီးလေးစားရတဲ့လူတဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

Bill Gates – ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မိုက်ကရိုဆော့ဖ်ကို တည်ထောင်သူဘေးလ်ဂိတ်ဟာဆိုရင်လည်း တချိန်ကအခြားကုမ္ပဏီတခုမှာပရောဂျက်တခုအ
တွက်၎င်း၏အိုင်ဒီယာကိုအဆိုတင်သွင်းရာ အငြင်းခံခဲ့ရဖူးပါတယ်။ သူလည်းပဲလူတကာအထင်ကြီးလေးစားတဲ့ ဘေးလ်ဂိတ်ဖြစ်လာပြီ မဟုတ်ပါလော။

ထိုအောင်မြင်ကျော်ကြားသူများရဲ့ ဘ၀သင်ခန်းစာများကိုအမိအရ ရယူပြီး သင့်ဘ၀အတွက် အကျိုးရှိအောင် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင်လည်းပဲ သင်လိုချင်သော အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။

ကျွန်တော်အတွက်တော့ဘ၀သင်ခန်းစာများအဖြစ်ရရှိလိုက်တာကတော့……………….

၁) အငြင်းခံရခြင်းများစွာရှိခဲ့သော် ကိုယ့်ဘ၀အတွက်အရှုံးသမားအဖြင့်မခံယူရန်
၂) ရှုံးနိမ့်ခဲ့ဖူးခြင်းကို ပြသနာတခုဟု မထင်မှတ်ရန်
၃) ကိုယ့်ကိုလက်မခံသူများဟာ ကိုယ့်အကြောင်းကိုမသိသောသူများအဖြစ်သာ မှတ်ယူရန်
၎) ဘယ်သူလက်ခံခံ မခံခံ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲတမ်းရှိရန်

ဘ၀တွင်ဘယ်လိုပင်ခက်ခဲကြမ်းတမ်းပါစေ မလျှော့သောဇွဲဖြင့်ပန်းတိုင်ကိုအရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

Ref: M.Farouk Radwan, MSc

Mr. Guy
World Myanmar (world-myanmar.com)

Mr. Guy ရေးသားသောဆောင်းပါးများနှင့်ပတ်သတ်၍ အကြံပေး ဆွေးနွေးလိုသူများ အောက်ပါလင့်ခ်တွင်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးလိုပါတယ်။

https://www.facebook.com/profile.php?id=100005524216303&fref=ts

ကိုယ်ဝန်ဆောင်မိခင် နဲ့ အနေအထိုင်ဆိုင်ရာ



ကိုယ်ဝန်ဆောင်စဉ် အနေအထိုင် မမှန်တာကြောင့် မိခင် နဲ့ ခလေး ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အနေအထား ရုတ်တရက် ပြောင်းတာတွေ၊ ကြာကြာတစ်ပုံစံထဲ နေတာတွေကြောင့် ခါး၊ ဆီးခုံ၊ဆီးစပ်နာတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါလဲ။ ဒါ့အပြင် ကြာကြာရပ်တာ၊ ထိုင်တာနဲ့ ပက်လက်အိပ်တာတွေကြောင့်လည်း မိခင်ခြေထောက် ဖောတာအပြင် ကလေးကြီးထွားမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ဒီပြဿနာတွေကို ကာကွယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် စောင်းတာ၊ ကုန်းတာ၊ ကွတာတွေ မလုပ်ဘဲ၊ ဖြည်းဖြည်းသာသာ ဂရုစိုက်လုပ်သင့်ပါတယ်။ဒီ့အပြင် ကြာကြာထိုင်တာ၊ ထတာတွေမလုပ်ပဲ ခေတ္တနေထိုင်ပုံ အပြောင်းအလဲ လုပ်ပေးဖို့ လဲလျောင်းသင့်ပါတယ်။ ဒါပေမဲ့ ပက်လက်လှန် လဲလျောင်းတာမျိုး မဟုတ်ဘဲ ခဏတာ ဘေးစောင်းလဲလျောင်း အနားယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အနေအထိုင် မမှန်တာကြောင့် မိခင် နဲ့ ခလေး ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အနေအထား ရုတ်တရက် ပြောင်းတာတွေ၊ ကြာကြာတစ်ပုံစံထဲ နေတာတွေကြောင့် ခါး၊ ဆီးခုံ၊ဆီးစပ်နာတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါလဲ။ ဒါ့အပြင် ကြာကြာရပ်တာ၊ ထိုင်တာနဲ့ ပက်လက်အိပ်တာတွေကြောင့်လည်း မိခင်ခြေထောက် ဖောတာအပြင် ကလေးကြီးထွားမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ဒီပြဿနာတွေကို ကာကွယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် စောင်းတာ၊ ကုန်းတာ၊ ကွတာတွေ မလုပ်ဘဲ၊ ဖြည်းဖြည်းသာသာ ဂရုစိုက်လုပ်သင့်ပါတယ်။ဒီ့အပြင် ကြာကြာထိုင်တာ၊ ထတာတွေမလုပ်ပဲ ခေတ္တနေထိုင်ပုံ အပြောင်းအလဲ လုပ်ပေးဖို့ လဲလျောင်းသင့်ပါတယ်။ ဒါပေမဲ့ ပက်လက်လှန် လဲလျောင်းတာမျိုး မဟုတ်ဘဲ ခဏတာ ဘေးစောင်းလဲလျောင်း အနားယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

VOA

http://burmese.voanews.com/audio/2405107.html

ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်



Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅ဝ) ကျပ်နှုန်းနှင့် Ooredoo မှ တစ်မိနစ် (၃၅) နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။

“ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅) ကျပ်ပဲ ကောက်ခံမယ်။ Sim ကတ်နဲ့ ငွေဖြည့်ကတ်ဒ်တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြန်သွားမယ်” ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။

Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅ဝဝ) ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ ယင်း Sim ကတ်ဒ်များမှ မိုဘိုင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများ ဖြစ်သည့် Video Call ၊ Voice mail ၊ အင်တာနက် စသည် တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

“MPT အနေနဲ့ ကလည်း ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ လျှော့ချဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ အားလုံး အဆင်ပြေစေမယ့် ဈေးနှုန်း ဖြစ်မှာပါ။ မကြာခင်တော့ အကောင်အထည် ဖော်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ဆိုသည်။

Telenor မှ ရောင်းချမည့် Sim ကတ်ဒ်များမှာ 2G ကွန်ရက်ဖြစ်၍ မည်သည့် ဟန်းဆက်မဆို အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်ဒ်များ စတင် ရောင်းချချိန်တွင် ဆင်းမ်ကတ်ဒ် သန်း (၃ဝ) ရောင်းချပေး သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။

Credit : Messenger

ကွန်ပျူတာနှင့်မျက်စိ


အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။

ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။

ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံး ဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ(Eye Strain) ပဲဖြစ်ပါတယ်။

မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးကကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကိုလိုသလို ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင်ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီ အများစုကထားလေ့ ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။

မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးသင့်ပါသလဲ ဆရာ။

မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။ မျက်စိက စုကြည့်နိုင်တဲ့ အစွမ်း(Convergence Power)က ၂၀မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAo( American Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။၂၀-၂၀-၂၀(၂၀,၂၀,၂၀) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန်မိနစ်၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀အကွာကို ကြည့်ရမလဲ ဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံဖောက်ပြီး မှန်ကြည့်ရပါမယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကိုရောက်ဖို့ နားနားပြီး တက်ရသလိုပါပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxationလို့ ခေါ်ပါတယ်။

ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြားဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။

ဆရာတို့ စာဖတ်တဲ့အခါ စာရွက်ကဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။

ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေများပါသလားဆရာ။

အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ်လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။

သူတို့က ဘာပြောတတ်သလဲဆိုရင် ‘ မျက်မှန်တပ်ချင်တယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်လောက်လည်းကြာရော မျက်မှန်လည်းချွတ်လို့မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။

ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရသလဲ ဆရာ။

မျက်စိစမ်းသပ်မှုမှာ လူနာအများစုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက်မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါတယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါပဲ။ ဆရာတို့ကလည်း မျက်မှန်မလိုပဲနဲ့ မပေးချင်ပါဘူး။ မျက်မှန်လို မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ဒါပေမယ့် လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့်မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာကို မနားဘဲသုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်က မျက်မှန်တပ်စရာမလိုပါဘူး။ ဆရာ စောစောကပြောသလို အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာအသုံးများတဲ့သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။

ကွန်ပျူတာ အသုံးများလို့ မျက်စိညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူတွေ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းရော… လမ်းလျှောက်တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက်စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် လက်ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်တွေလုပ်နေရတာပါပဲ။ ကွန်ပျူတာသုံးတာလို မျက်စိအတွက် ကြီးတဲ့တာဝန်(Heavy Duty) တွေ မလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်(Light Duty) ကိုတော့ မျက်စိဖွင့်လိုက်ပြီ ဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီတော့ ကွန်ပျူတာသုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေးကြည့်တဲ့နည်းနဲ့ ပုံမှန်အနားပေးပါလို့ အကြံပြုလိုပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် အာရောဂျံမဂ္ဂဇင်း အမှတ်(၂၆၅) မှ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)ရေးသားသော ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

MOI Webportal Myanmar