ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းကို ဓားပြတိုက်

ပို့စ်တင်ချိန် - 6/10/2013 05:34:00 PM


ရန်ကုန်  ဇွန် - ၉ ။           ။ကျိုက္ခမီမှ ရန်ကုန်မြို့ကို ထွက်ခွာလာသည့် အဝေးပြေးခရီးသည်တင်ယာဉ် တစ်စီးကို သထုံမြို့နယ်အတွင်း ဇွန်၈ရက်ညပိုင်းက ဓားပြတိုက် မှု ကြောင့် လူနှစ်ဦးအသတ်ခံခဲ့ ရပြီး ခရီးသည်များ၏ တန်ဖိုးရှိ ပစ္စည်းများ လုယူခံခဲ့ရကြောင်း သိရသည်။

ဇွန် ၈ ရက် ညနေ ၄နာရီ တွင်မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ကျိုက္ခမီကားဂိတ်မှ ရန်ကုန် မြို့ကိုထွက်ခွာခဲ့သည့် 'ရာဇာမင်း' ခရီးသည်တင်ယာဉ်လိုင်း ယာဉ် အမှတ် ၈ဇ/...သည် မွန်ပြည် နယ် သထုံမြို့နယ် တောင်စွန်း ရွာအလွန် ရွှေသံလွင်လမ်းတံ တားအသုံးပြုခကောက်ခံရေိးတ်(သထုံ)အနီး ဘုရားကုန်း ကွေ့အရောက် ည၁၁ နာရီဝန်း ကျင်တွင် ၎င်းယာဉ်နှင့်အတူ ကျိုက္ခမီမှ စီးနင်းလိုက်ပါလာ သည့် ခရီးသည်များထဲမှ လူငါးဦးက ယာဉ်ပေါ်ပါခရီးသည်များကို ဓားပြ တိုက်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဓားပြငါးဦးအ နက် တစ်ဦးက သေနတ်ကိုခြိမ်း ခြောက်ပစ်ဖောက်ပြီး ယာဉ်ကို ကားလမ်းဘေးရှိ ဘုရားကုန်း ဘုန်းကြီးကျောင်းလမ်းအတွင်း မောင်းခိုင်းခဲ့ပြီး ဓားပြ တိုက်ခဲ့ ခြင်းဖြစ်ကာ ခရီးသည်များ၏ ငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါရာဇာမင်းခရီး သည်တင်ယာဉ်ကို ဓားပြတိုက် နေစဉ် အတွင်း ဓားပြများသည်  ယာဉ်နောက်လိုက်ဖြစ်သူ၏ဦး ခေါင်းကို သေနတ်နှင့်ပစ်သတ် ခဲ့ပြီး ယာဉ်မောင်း၏လျှာကို ဖြတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူခရီး သည် ၏ ပြောကြားမှုအ ရ သိရသည်။

ယင်းဖြစ်ရပ်အတွင်း ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်း ကို သထုံဆေးရုံ၌ စတင်ဆေး ဝါးကုသခဲ့ပြီး မော်လမြိုင်ဆေးရုံ သို့ ညတွင်းချင်း ပြောင်းလဲဆေး ဝါးကုသမှု ပေးခဲ့သော် လည်း ရရှိ သည့်ဒဏ်ရာများကြောင့် ဇွန် ၉ ရက်နံနက်ပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း အဆိုပါခရီးသည် တင်ယာဉ်လိုင်းမှ သိရသည်။  ယင်းကား ဓားပြတိုက် ခံရ မှုနှင့်ပတ်သက်ပြီး ရာဇာမင်းခရီး သည်တင်ယာဉ်လိုင်းမှ မန်နေ ဂျာဦးချိုက ''ဒီနေ့ ဇွန် ၉ ရက် မနက် ၅နာရီက ပါးစပ်မှာဒဏ်ရာ ရရှိထားတဲ့ ဒရိုင်ဘာ က မော်လ မြိုင်ဆေးရုံမှာ သေသွားပြီ''ဟု ယာဉ်လိုင်းဓားပြတိုက်ခံရခြင်း နှင့်ပတ်သက်ပြီး အတည်ပြုပြော သည်။ သေဆုံးသူယာဉ်နောက် လိုက်မှာ နိုင်လင်းထွန်း အသက် ၂၆ နှစ်ရှိသူဖြစ်ပြီး ယာဉ်မောင်း မှာ ဇော်လင်းထူး ၃၈နှစ်ဖြစ် ကြောင်း သထုံမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ရဲစခန်း မှတ်တမ်း များ အရ ဓားပြ များ သည် ကပ်ဦးထုပ်ဆောင်း ပြီး ရုပ်ဖျက်ထားကြောင်းသည်။ ယင်းဖြစ်စဉ်အားသထုံမြို့မ ရဲစခန်း က(ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၉၆ဖြင့် အမှုဖွင့် ပြီးလို အပ် သည့် စုံစမ်းစစ်ဆေး မှုပြုလုပ်နေကြောင်း သိရသည်။

ကျော်ဇေယျ