တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ



မြတ်ဗုဒ္ဓ၏ သမီးတော် တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။ ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။ ၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ 
“သီလရှင်အနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။ ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထား မိပါတော့သည်။ ထို့ကြောင့် ယခင်အချိန်က အနုပညာလောကတွင် ပြည်သူတို့အား ပျော်ရွှင်စေရန် အနု ပညာဖြင့် ဖျော်ဖြေပေးခဲ့သော ဒေါ်တင့်တင့်ထွန်းသည် ယခုအခါ ဒေါ်နန္ဒမာလာအဖြစ် မြတ်ဗုဒ္ဓ၏ သမီး တော်ဘဝနှင့် ပဋိပတ္တိစာပေများ လေ့လာလိုက်စားကာ တရားဘာဝနာများ စီးဖြန်းအားထုတ်နေသလို တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် ကူညီပေးဆပ်နိုင်ရန် ဝတ္ထု ငွေကြေးများဖြင့် လှူဒါန်းခဲ့သော အလှူဒါနအား မိဘနှစ်ပါးနှင့်တကွ သံသရာတွင် ကျင်လည်ကြကုန်သာ (၃၁) ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာအပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏။ အားလုံးသော (၃၁) ဘုံသားအပေါင်းတို့ သာဓု .. သာဓု .. သာဓု ခေါ်ဆိုနိုင်ကြပါစေသား။ (၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။ သတင်းဓါတ်ပုံ- နာရေးကူညီမှုအသင်း(ရန်ကုန်)
popular journal

ဘောလုံးသံတမန်နန်းခင်ဇေယျာနှင့် မန်ယူကစားသမားများ

ဇွန်လ ၉ ရက်နေ့ မနက် ၉နာရီက မြန်မာနိုင်ငံသို့ရောက်ရှိပြီး ရွှေတိဂုံစေတီတော်သို့ ဦးစွာသွားေ၇ာက်ဖူးမျှော်ခဲ့ မန်ယူကစားသမားဟောင်းများအားမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏သံတမန် နန်းခင်ဇေယျာမှလိုက်လံရှင်းပြခဲ့သည်။



popular journal

မလေးရှား ဆာလာယန်းက သတိပေးသံ



ထိုင်းနိုင်ငံ ပြီးလျှင် မြန်မာလုပ်သား အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြသော မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ပြီးနောက် မလေးရှားနိုင်ငံရောက် မြန်မာများ၊ ရွှေ့ပြောင်း လုပ်သားများ၏ ဘဝ လုံခြုံမှုမှာ စိုးရိမ်မှတ်သို့ ရောက်ရှိ လာခဲ့သည်။

ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ကွာလာလမ်ပူမြို့ ဆူဗန်းဂျာယာတွင် မြန်မာနိုင်ငံသား ခြောက်ဦး နေထိုင်သော နေအိမ်ကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား တစ်ဦး ဓားဒဏ်ရာ ရရှိခဲ့သဖြင့် ကွာလာလမ်ပူ ဆေးရုံ တွင် ဆေးကုသနေရပြီး နှစ်ဦး ပျောက်ဆုံးနေ ကြောင်း ကပုန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှုများ စတင်ခဲ့သည့် ကွာလာလမ်ပူမြို့ရှိ ဟင်းသီးဟင်းရွက် ရောင်းချသည့် နေရာ ဆာလာယန်းနှင့် အန်းပန်းရွာသစ် အပါအဝင် ဆက်တိုက် ဖြစ်ပွားလာသည့် ယင်း အကြမ်းဖက်မှုများ သည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ် လက်ထက် ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုံခြုံရေးနှင့် အကာအကွယ် ပေးရေးကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

“မြန်မာတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ အလုပ်သမားတွေ အပြင် မထွက်ရဲကြဘူး”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ဦးအောင်ဘိုက ဖွင့်ဟသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ် ကြောက်လန့်မှု မြင့်တက်နေသော်လည်း မြန်မာအစိုးရနှင့် မလေးရှား အစိုးရတို့က မြန်မာနိုင်ငံသားများ၏ လုံခြုံရေး အတွက် လုပ်ဆောင်ပေးမှု မရှိကြောင်း အလုပ်သမားများက ဝေဖန်ကြသည်။

မြန်မာနိင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာသံအမတ် ဦးတင်လတ်က မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာ အလုပ်သမား အချို့ ပြည်တော်ပြန်ရန် ပြင်ဆင် နေကြပြီပြီး အချို့မှာမူ နိုင်ငံကူးလက်မှတ် မရှိသဖြင့် ပြည်တော်ပြန်ရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောကြားသည်။

“မိန်းကလေး ခုနစ်ယောက်က မနေရဲလို့ ပြန်ဖို့ လုပ်နေကြပြီ” ဟု မလေးရှားနိုင်ငံ ဂျိုဟိုးရှိ အလုပ်သမားတစ်ဦး ဖြစ်သူ ဦးရွှေထွန်းက ဇွန်လ ၆ ရက်နေ့က ပြောကြားသည်။ တစ်ယောက်တည်း ဆိုပါက အပြင်မထွက်ရဲ ကြကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မေလ ၃၀ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် ခံရမှုများကြောင့် ဇွန်လ ၆ ရက်နေ့တွင် မလေးရှားရောက် မြန်မာ အတိုက်အခံ အုပ်စုများက မလေးရှား ရောက် မြန်မာနိုင်ငံသားများကို တရား ဥပဒေကြောင်း အရ အကာအကွယ်ပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုကို သတင်း အမှောင်ချ ခဲ့သည်ဟုဆိုကာ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုပါ ရာထူးက နုတ်ထွက်ပေးရန် မြန်မာအတိုက်ခံ အုပ်စုများဖြစ်သော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia. GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှု အသင်းတို့က တောင်းဆို ခဲ့ကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ယင်းအကြမ်းဖက်မှု ကျူးလွန်သူများကို ချက်ချင်း စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေး အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို ဇွန်လ ၄ ရက်နေ့တွင် သတိပေးခဲ့သည်။

သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံ သား ၁၀၀၀ ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများ အနက် တရားဝင် အထောက်အထား မရှိသူများကို ဖမ်းဆီး အရေးယူမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရနိုင်ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အော်ပရာစီခေါ် ယင်းစစ်ဆင်ရေးကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာ စားသောက်ဆိုင်များ၊ စီးပွားရေး လုပ်ငန်းများ တည်ရှိသည့် Kota Raya အဆောက်အအုံ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဆာလာယန်း အပါအဝင် မြန်မာ အများစု နေထိုင်သည့် နေရာများတွင်လည်း ဝင်ရောက် စီးနင်းခံခဲ့ရသည်။

မလေးရှားတွင် ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှု များသည် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ရိုက်ခတ်မှု ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် မလေးရှား အလုပ်သမား ဈေးကွက်ကိုလည်း ရိုက်ခတ်မှု များရှိခဲ့သည်။

“မလေးရှားနိုင်ငံသို့ ထွက်ခွာ ခါနီးမှ မိဘတွေက စိုးရိမ်ပြီး အစီအစဉ်ဖျက်ဖို့ တောင်းဆိုတာရှိတယ်”ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ဆိုသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မည့် နေရာတွင် အလုပ်ရှင်က လုံခြုံရေး အတွက် အာမခံမှသာ စေလွှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ် စက်ရုံလုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသည့် ဒေါ်မအိအိကမူ “ထူးထူးခြားခြားတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ သတိထားပြီး နေနေကြတယ” ဟု ရှင်းပြသည်။

အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေးအတွက် မြန်မာအစိုးရက မလေးရှားအစိုးရကို သံတမန် နည်းလမ်းများအရ သတိ ပေးထားသော်လည်း အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမှုသည် မလေးရှား အပြင် ပြည်ပရောက် မြန်မာများ၏ လုံခြုံရေး၊ အကာအကွယ် ပေးမှုများမှာ မေးခွန်း ထုတ်စရာ ဖြစ်လာ ခဲ့သည်။ ပြဿနာ ဖြစ်ပွားမှုများတွင် ထိရောက်သည့် သံတမန် နည်းလမ်းများဖြင့် ချက်ချင်း အရေးယူ လုပ်ဆောင်ပေးရန် အဓိကအရေးကြီးသည်။

လျစ်လျူရှု ခံလာရသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ အရေးကို အရပ်သား အစိုးရသစ် လက်ထက်တွင် အရေးယူ လုပ်ဆောင်ပေးမှုများ ရှိလာပြီ ဖြစ်သော်လည်း ထိထိရောက်ရောက် ဖြေရှင်း ပေးနိုင်မှုများ အားနည်း နေသေးကြောင်း ပြည်ပရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများက ဝေဖန်ကြသည်။

ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသက် ၁၂ နှစ်အရွယ် ကရင် တိုင်းရင်းသူ၏ ရေနွေးပူ လောင်း နှိပ်စက်ခံရမှု ကျူးလွန်သူများကို သုံးလကျော် ကြာထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးမှုက ယင်းအားနည်းမှုများကို သက်သေ ထူနေသည်။

အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကမူ အင်ဒိုနီးရှား အိမ်အကူများ မလေးရှားနိုင်ငံတွင် နှိပ်စက် ခံရမှုများကြောင့် စေလွှတ်မှုများ ရပ်ဆိုင်းပြီး အိမ်အကူနှင့် ပတ်သက်သည့် အကာအကွယ်ပေးရေး မူဝါဒများကို တင်းကျပ်၍ အခွင့်အရေးနှင့် လုံခြုံမှုများကို ကာကွယ် ဖြေရှင်းပေးမှု ရှိခဲ့သည်။

အချို့နိုင်ငံများက ဥပဒေများ ပြဋ္ဌာန်း၍ အကာအကွယ်ပေးသည်။

ဖိလစ်ပိုင်နိုင်ငံကမူ ရွှေ့ပြောင်း လုပ်သားများအတွက် ဥပဒေတစ်ရပ် ထုတ်ပြန်၍ အကာအကွယ် ပေးထားပြီး မူဝါဒပိုင်း ဆိုင်ရာ သတ်မှတ်ချက်များ၊ သတ်မှတ်ချက် မမီသည့် နိုင်ငံများကို လုပ်သား စေလွှတ်မှု တားမြစ်ချက်၊ တရားမဝင် လုပ်သားခေါ်ယူမှု၊ အရေးယူ အပြစ်ပေးမှုများ အပါအဝင် အခွင့်အရေး အကာအကွယ်ပေးသည့် အချက်များစွာ ထည့်သွင်းကာ ၁၉၉၅ ခုနှစ် က စတင် ပြဋ္ဌာန်းကာ အကာအကွယ် ပေးထားသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာရန် ကြိုးပမ်း လုပ်ဆောင်နေဆဲသာ ရှိနေသေးသည်။

ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ ထိပ်တန်းနိုင်ငံများကပါ အသိအမှတ် ပြုခံလာရသည့် မြန်မာနိုင်ငံ အစိုးရအတွက် မလေးရှားနိုင်ငံ ဆာလာယန်းက စတင်ခဲ့သည့် အကြမ်းဖက်မှုများမှာ အစိုးရ တရားဝင် စာရင်းအရ လေးသန်းကျော်ရှိသည့် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝ လုံခြုံရေးအတွက် ထပ်ဆင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

The Voice Weekly

မလေးရှားနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရသော မြန်မာနိုင်ငံသား မောင်စောဘာဘလူဂေး (ငပုတော) ကွယ်လွန်



မလေးရှားနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရသော မြန်မာနိုင်ငံသား မောင်စောဘာဘလူဂေး (ငပုတော)မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

အဖ ဦးစောလှစိန်+အမိဒေါ်နော်ဆဲဖေါ တို့၏သား) မလေးရှားနိုင်ငံသို့ တရားဝင် လာသည်မှာ ( ၄ ) ရက် သာရှိပါသေးသည်။ 

ဆလာရန်း ဆေးရုံ ကြီးတွင်အတွင်းလူနာအဖြစ် အိုင်စီယူ ဌာနတွင် အရေးပေါ်တင်ထားသည့် Saw Bur Blu Gay passport MA 004462 အသက် (၂၀ ) နှစ် ဧရာဝတီ တိုင်း ငပုတောမြို့နယ်တွင်နေထိုင်ပါသည်။

၈-၆-၂၀၁၃ ရက် ယခုမလေးရှားစံတော်ချိန်( နေ့လည် ၁းနာရီ ) တွင်ဆလာရန်ဆေးရုံကြီး 4B တွင်သေဆုံးသွားပါသည်။

Posted From Zhon Oo Mg

မလေးရှားနိုင်ငံတွင်ဖြစ်ပွားသော အကြမ်းဖက်မှု ပိုဆိုးရွာလာပါက မြန်မာလုပ်သားတင်ပို့မှုရပ်ဆိုင်းမည်

ရန်ကုန်-ဇွန်၈
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲံ့သော အကြမ်းဖက်တိုက်ခိုက်မှုများယခုထက်
ပိုမိုဆိုးရွားလာပါက မြန်မာအလုပ်သမားစေလွှတ်မှုအား
ရပ်ဆိုင်းသွားရန် စီစဉ်ထားကြောင်း
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်ကပြောသည်။
လက်ရှိအခြေအနေတွင် မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား မလေးရှားရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် ဖမ်းဆီးလျက်ရှိသည့်အပြင်၊
မြန်မာနိုင်ငံသားအချို့အား လူတချို့က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာအလုပ်သမားတချို့မှာ တိမ်းရှောင်နေရကြောင်း၊
ယခုထက် အခြေအနေများ ပိုမိုဆိုးရွားလာပါက အေဂျင်စီအသင်းချုပ်မှ
့မလေးသို့အလုပ်သမားတင်ပို့မှုအားလုံးဝ ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း ၄င်းကပြောသည်။
အေဂျင်စီအသင်းချုပ်အနေဖြင့် လက်ရှိတွင်မလေးသို့ လုပ်သားစေလွှတ်မှုအား ယာယီရပ်ဆိုင်းထားလိုက်ပြီး
မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများ၏ အခြေအနေကို သိရှိနိုင်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့်
ဆေးရုံတက်ဆေးဝါးကုသမှုခံနေရသူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဇွန်လ ၉ ရက်နေ့တွင် အသင်းချုပ်မှ
အဖွဲ့ဝင် တစ်ဦးအားမလေးရှားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အသင်းချုပ်၏ ထုတ်ပြန်ချက်အရမလေးရှားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်နေသော
မြန်မာရွှေ့ပြောင်း လုပ်သားဦးရေ (တရာဝင်သွားရောက်သူ)မှာ
နှစ်သိန်းခန့်နှင့် မလေးရှားသို့စေလွှတ်သည့်
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပေါင်း ၁၆၂ ခုရှိသည်ဟု ထပ်မံသိရသည်။
သူရထွန်း

Popular Myanmar News Journal

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးသူများ သတိထား


ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။

ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည် ။

လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့်အတူ အိပ်စက်ခြင်းမရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်းပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည် ။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြစ်ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည်မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။


Credit to စိတ်ကူးပျော်ရာ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

ဗုံးသီးဟောင်းတွေ့ရှိ

ဗုံးသီးဟောင်းတွေ့ရှိ
Saturday, June 8, 2013

၇-၆-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊
အောင်ဇေယျာ ရပ်ကွက်၊ နယ်မြေ(၃)ရှိ မဟာမေဒင်သုဿာန်ဟောင်းတွင် မိတ္ထီလာအကျဉ်းဦးစီးဌာနမှ ဒုတပ်ကြပ် ၀င်းမင်းလှိုင်(၃၇)နှစ်သည် အကျဉ်းသား (၁၀)ဦးဖြင့် လဲကျနေသောသစ်ပင်များအား ဖယ်ရှား ရှင်းလင်း နေစဉ် သုဿာန်အရှေ့တောင်ဘက်ရှိ လဲကျနေသော သစ်ပင်အမြစ်များအား ဖယ်ရှားရာမှ သံချေးတက်နေသည့် ၃၆ ခွင်းဗုံး အဟောင်းတစ်လုံးအား တွေ့ရှိခဲ့သည်။

ဗုံးသီးဟောင်းတွေ့ရှိသည့်နေရာသို့ မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများရောက်ရှိစစ်ဆေးခဲ့ပြီး ၎င်းဗုံးသီးအား နယ်မြေခံတပ်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Myanmar Online News

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ 

မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။

မနေ့က သေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။

“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမ အမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အထဲမှာ ဒီနေ့နေ့ခင်း ၁ နာရီက ၁ ယောက် သေဆုံးသွားတယ်"

နောက်တစ်ဦးကတော့ Kuantan ကွန်တင်းမြို့မှာ ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ အလားတူ မနေ့ကလည်း Songui Besi ဆွန်ဂိုင်းဘတ်ဆီဒေသမှာ အိပ်ပျော်နေတဲ့ မြန်မာပြည်သားတွေအိမ်ကို spray နဲ့ဖျန်းပြီး မနေနိုင်လို့ တံခါးဖွင့်ထွက်လာတော့မှ လူအုပ်စုတွေက ဓါးနဲ့ဝိုင်းခုတ်တာဖြစ်တဲ့အတွက် ၂ ဦးပျောက်ဆုံးနေပြီး ရခိုင်အမျိုးသား အသက် ၂၃ နှစ်အရွယ် ကိုခင်မောင်ဝင်း ဆိုသူကိုတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။

"မနေ့ကမနက် ၃ နာရီခွဲကဖြစ်တယ်၊ သူတို့ညဘက်မှာအိပ်နေတယ်၊ ရခိုင်လူမျိုး ၆ ယောက်၊ အိမ်အဟောင်းလေးမှာ ငှားနေကြတယ်၊ သူငယ်ချင်းတွေစုနေတယ်၊ သူတို့က ဒီကြေးပိုက်စက်ရုံမှာ အလုပ်လုပ်တယ်ပေါ့လေ၊ အိမ်မှာအပေါက်ကလေးတွေရှိတယ်၊ အပေါက်ကလေးတွေကနေပြီးတော့ spray တွေ မှုတ်တယ်၊ မှုတ်တော့ သူတို့မခံနိုင်လို့ အိမ်တံခါးတွေဖွင့်တဲ့အခါ ဓားနဲ့ချည်းခုတ်တာ၊ ဓားနဲ့ခုတ်တော့ ကိုခင်မောင်ဝင်းက မမြင်မကန်းနဲ့ တွေ့တဲ့ဓားကို ဆွဲပြီးတော့ ပြန်ခုတ်တယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးတယ်၊ ၂ ယောက်ပျောက်နေတယ်၊
သေလားရှင်လားမသိဘူး”

ကွာလာလမ်ပူ ဆေးရုံကြီးမှာတင်ထားတဲ့ ကိုခင်မောင်ဝင်းဟာ ဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သူကပြောပါတယ်။ မေလ ၃ဝ ရက်နေ့ကတည်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

RFA

မလေးရှား သတင်းထူး မျှဝေလိုက်ပါတယ်။

အစ်ကိုကြီးရေ..... ၇ ရက်နေ့ညပိုင်း ၁၀ နာရီက စပြီး ထပ်ဖမ်းနေပြန်ပြီ။ လူတွေလဲ ကျီးလန့်စာစားဖြစ်နေကြပါပြီ ။ ဘ၀လုံခြုံမှုလည်းမရှိဘူး။ ပြန်လာမယ်ဆိုရင်လဲ မိသားစုစားဝတ်နေရေးက အဆင်မပြေနိုင်ဘူး။ မြန်မာတွေက နေ့စဉ်နဲ့အမျှ အသတ်ခံနေရတယ် ။ ၈၈ အရေးအခင်းမှာလိုပဲ ကိုယ့်ကိုကိုယ် ကာကွယ်နေရတယ်။ ကိုယ့်အစုနဲ့ကို နေ့နေ့ညည ကိုယ့်လုံခြုံရေးကိုယ်တာဝန်ယူပြှီး နေနေရတာ။ ယောက်ျားလေးတွေက ပြဿနာမရှိပေမဲ့ မိန်းခလေးတွေက တော်တော်လေးကို ထိတ်လန့်ကြောက်ရွံ့  နေကြပြီ။ ၈၈ အရေးအခင်းကို ပြန်ရောက်နေသလိုပါပဲ။ အားလုံးက အမေစုရဲ့လုပ်ဆောင်ချက်ကို စောင့်မျှော်နေကြပါတယ်။
ဒီနေ့-4;50.PM မလေးရှားမှကိုရဲပေးပို့တာကိုပြန်မျှဝေထားပါသည်။

စမ်းချောင်းကိုကိုကြီး(88-G.S)
လေးစားစွာ မျှဝေလိုက်ပါတယ်
8.5.2013

Aung Nay Myo


From Myanmar News Update