မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့


မျက်ဝန်းဟာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါ အစိတ်အပိုင်း ဖြစ်သလို မျက်ဝန်းအလှကလည်း လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တင့်တယ်မှု အတွက် အရေးပါနေပါတယ်။ ဒါကြောင့် မျက်ဝန်းအလှ ပျက်စေတဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

မျက်ဝန်း အလှပျက်ရသော အကြောင်းရင်း
မျက်အိတ်ဖြစ်တာ၊ မျက်ဝန်း ဖောင်းအစ်တာ၊ မျက်ကွင်း ညိုတာစတဲ့ အခြေအနေတွေ ဖြစ်စေတဲ့ အကြောင်းရင်း အများကြီး ရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ရေဆွဲတာ၊ အဆိပ် စုပုံတာ၊ ရာသီဥတု အပြောင်းအလဲ၊ ဟော်မုန်း၊ ဓာတ်မတည့်တဲ့ တုံ့ပြန်မှု၊ ကျန်းမာရေး အခြေအနေနဲ့ ဆေးကုသမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေက မျက်ဝန်းပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်း တခိျု့ ဖြစ်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်ရင်လည်း တစ်ခါတစ်ရံ မျက်ဝန်းကို ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။မှောက်အိပ်ရင်လည်း တစ်ခါတလေ မျက်ဝန်း ဖောင်းအစ်စေနိုင်ပါတယ်။

မျက်ဝန်းအလှမပျက်စေရန်ကာကွယ်မှူ
 မျက်ဝန်း ဖောင်းအစ်မှု၊ မျက်အိတ်ဖြစ်တာနဲ့ မျက်ကွင်းညိုတာတို့ကို ကာကွယ်နိုင်မယ့် အခြေခံ နည်းလမ်း တစ်ရပ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကို စားဖို့နဲ့ ရေဓာတ် ပြည့်ဝအောင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။
 ရေများများ သောက်တာဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး မျက်ဝန်းဆီသို့ ရေ စုဆောင်းနိုင်ခြေကို လျော့ကျစေပါတယ်။ ကဖင်းဓာတ် ပါတဲ့ အရည်ကို ထိန်းချုပ် သောက်သုံးရင်လည်း ရေစုဆောင်းမှုကို လျော့ကျစေနိုင်ပါတယ်။
 ဆိုဒီယမ်ဟာ ခန္ဓာကိုယ်တွင်းကို ရေ အပို စုဆောင်းမှု ဖြစ်စေတဲ့ ဓာတ်ဖြစ်တာကြောင့် စားသောက်တဲ့ အစားအသောက်ထဲမှာ ဆား လျှော့စားတာကြောင့် မျက်အိတ် ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

မျက်ဝန်းအလှ အတွက် အိမ်တွင်းကုထုံး
မျက်ဝန်း ဖောင်းအစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖြစ်တာတို့ ကင်းဝေးပြီး မျက်ဝန်းအလှ ပိုင်ဆိုင်ဖို့ရာအတွက် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းတွေရှိပါတယ်။
 သခွားသီး ပါးပါးလှီးပြီး မျက်ဝန်း တစ်ဖက်စီမှာ ကပ်ထားပေးပါ။ ငါးမိနစ်ခန့် ကြာမှ ခွာလိုက်ပါ။
 လက်ဖက်စိမ်း လက်ဖက်အိတ် ဒါမှမဟုတ် တခြား အေးမြတဲ့ လက်ဖက်အိတ်ကို မျက်ဝန်းတွေပေါ် အချိန် ငါးမိနစ်ခန့်ကပ်ပေးပါ။
 နံနက်ခင်းမှာ မျက်ဝန်းလိမ်း ခရင်မ် လိမ်းမယ် ဆိုရင် ရေခဲသေတ္တာထဲက ထုတ်ယူပြီး လိမ်းပါ။
 ညအိပ်တဲ့ အခါ ခေါင်းအုံးကို အနည်းငယ် မြှင့်အိပ်တာက မျက်ဝန်း ဖောင်းအစ်မှုကို လျော့ကျစေပါတယ်။
 အေးမြ သန့်ရှင်းတဲ့ စတီး ဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲက ထုတ်ပြီး မျက်ဝန်း နှစ်ဖက်ပေါ် ကပ်ပေးပါ။

SweSone Media Group

သားသမီး လိုချင်သူများ မဖြစ်မနေ သိရှိထားသင့်သော အချက်များ


သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။
(၁) အသုံးပြုနေသော သားဆက်ခြားနည်းများကို ရပ်ပါ
သားသမီး မလိုချင်သေးလို့ ပဋိသန္ဓေတားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတားပစ္စည်း ထည့်တာ စတဲ့နည်းတွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီ ဆိုရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေ တားနည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ်လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ
သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူးစက် မဟုတ်တဲ့ နာတာရှည် ရောဂါ (ဆီးချိုသွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာမှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံ ကွေကာတွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေကိုတော့ လျော့စားသင့် ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ
ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံ တစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ခိျု့ယွင်းချက် ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ခိျု့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိခင်ကတည်းက ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီးယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDAက အကြံပြုထားပါတယ်။

(၅) ဆေးလိပ်နှင့် အရက် ဖြတ်ပါ
သားသမီးယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေ အနေနဲ့ ဆေးလိပ် သောက်တာ၊ အရက် သောက်တာတွေကို ဖြတ်ဖို့လိုပါတယ်။ ဒါတွေ သုံးစွဲတာက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာကြောင့်ပါ။ ခရိုမိုဇုမ်း ပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှား ကူးခတ်နိုင်စွမ်း လျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ
ရာသီလာပြီး ၁၄ ရက်မြောက်နေ့မှာ သားဥကြွေကျပြီး သားသမီး ရရှိနိုင်တဲ့နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူနေတာက သားသမီးရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးက ရာသီ စက်ဝန်းချင်း မတူညီတတ်ပါဘူး။ တခိျု့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာတတ်ပြီး တခိျု့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီစက်ဝန်း မတူညီပေမယ့် အဲဒီ စက်ဝန်းရဲ့ အလယ်ရက်က သားဥကြွေရက်ပါ။

(၇) ကိုယ်အပူချိန်ကို လေ့လာပါ
ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူချိန်တက် အနည်းငယ် တက်နေတတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလိုအချိန်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲအကျိများ သတိထားကြည့်ပါ
သားဥကြွေချိန်မှာ မိန်းမကိုယ်ကနေ ချောမွတ်တဲ့ အရည်ကြည်လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ၀င်ရောက်နိုင်အောင်ပါ။မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည်ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သားသမီး ရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ
အမျိုးသမီးတွေ အနေနဲ့ အတွင်းခံဘောင်းဘီ တင်းကျပ်လွန်းတာ၊ လေ၀င်လေထွက် မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။အမျိုးသားတွေမှာတော့ အတွင်းခံဘောင်းဘီ ကျပ်လွန်းတာ၊ လေ၀င်လေထွက် မရှိတာတွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို လျော့နည်းစေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ
သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေးတာက အဓိက ကျပါတယ်။ စိတ်ဖိစီးမှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထားပြီး သာယာကြည်နူးမှုတွေကို ဖန်တီးယူပါ။
SweSone Media Group


ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်


မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာသုဓမ္မာကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေးတရားနာပွဲ ကျင်းပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး တရားဟောဆရာတော်များနှင့် ပဋိပက္ခဖြစ်ပွားရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့သော အမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၈.၆.၂၀၁၂)နေ့တွင် အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား နံနက်(၆း၃၀)အချိန်မှစ၍ မုံရွာမြို့နယ် သံဃနာယကဆရာတော် ဦးဝိဇ္ဇောဘာသအပါအ၀င် ပင့်သံဃာ(၇)ပါးတို့အား ပင့်ဖိတ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ဇလုပ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အရေအတွက် (၂၈)ဦးပါဝင်သည့် ရွာသူအုပ်စုတစ်စုသည် သံတူရွင်း၊တုတ်၊ခဲ အစရှိသည်တို့အား ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။


ထိုအချိန်တွင် သံဃာတော်တစ်ပါးမှ အဆိုပါဖြစ်စဉ်အား လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ်တွင် ဇလုပ်ရွာသူ မဇင်မာအေးမှ ထိုလက်ကိုင်ဖုန်းအား လုယူခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဆရာတော်ဦးဏ္ဍန္ဒကနှင့် ဦးဇင်းဦးဝါသေဌတို့မှ ဝင်ရောက်တားမြစ်ရာမှတစ်ဆင့် မရွှေမုန်းက အနီးရှိ ဘုရားပန်းအိုးအား ကောက်ယူကာ ဦးဝါသေဌအား ရိုက်လိုက်သဖြင့် ဦးဝါသေဌ နဖူးကွဲသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မမြင့်မြင့်သန်းဆိုသူက သူမစီးလာသောဖိနပ်ဖြင့် ဆရာတော် ဦးဏ္ဍန္ဒက အားရိုက်ရာ ဆရာတော်၏ ဂုတ်ပိုးကို ထိမိခဲ့သည်။

ထိုကဲ့သို့ ပြုမူမှုများကြောင့် တရားနာပွဲအား ရပ်ဆိုင်းလိုက်ရပြီး ဆရာတော်များ ပြန်လည်ကြွချီရာတွင် ထိုအမျိုးသမီးအုပ်စုမှပင် အမျိုးမျိုးညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည်ဟုဆိုသည်။ သံဃာတော်များဘက်မှ ငြိမ်းချမ်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက် အာဏာပိုင်များနှင့် ရဲများရောက်ရှိလာပြီးနောက် လူစွဲကွဲသွားခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံဃာတော်များဘက်မှ ဦးဇာဂရမှ မုံရွာအမှတ်(၁) ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု ထပ်မံသိရှိရသည်။

အဆိုပါရွာသည် အုပ်စုနှစ်ခြမ်းကွဲနေပြီး ယခုပြဿနာမှာ သူ့ဆရာတော်၊ ငါ့ဆရာတော် ကျောင်းထိုင်နေရာ လုရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာခံများကို မေးမြန်းမှုများအရ သိရသည်။ ယခုအမျိုးသမီးများ၏နောက်ကွယ်တွင် အားပေးလှုံ့ဆော်သူ ရွာခံမျက်နှာဖုံး အချို့လည်းရှိနေပြီး လက်ရှိကျောင်းထိုင်အဖြစ် သီတင်းသုံးနေသောဆရာတော်သည် အဆိုပါရွာခံလူပုဂ္ဂိုလ်များ ကိုးကွယ်လိုသည့် ဆရာတော်မဟုတ်သည့်အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ThanLarWaddy Times

ဒေါက်တာ ဆိတ်ဖွားဇာတ်လမ်း ဘယ်လို အဆုံးသတ်လဲ

ဒေါက်တာ ဆိတ်ဖွား ပြဿနာဟာ အခုတော့ ဟိုလိုလို ဒီလိုလိုနဲ့ အဆုံးသတ်သွားမယ့် ပုံပါပဲ။





ဒီကနေ့ လွှတ်တော်ကြီးက စုံစမ်းရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအရ ဒေါက်တာ ဆိတ်ဖွားဆိုတာ ကို သိတဲ့သူဖြစ်တယ်ဆိုတဲ့ ဦးခင်မောင်ညို ( ဘောဂဗေဒ)က ဒေါက်တာ ဆိတ်ဖွား ဘယ်သူ ဖြစ်တယ် ဆိုတာ အတည်မပြုတဲ့ နောက်ဆုံးမှာ နောက်ကို ဒါမျိုး မဖြစ်ဖို့ သတိပေးချက်နဲ့ အဆုံးသတ်သွားခဲ့တယ် လို့ နေပြည်တော်က လာတဲ့ သတင်းတွေ ဆိုပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို  ဒေါက်တာ ဆိတ်ဖွားအဖြစ် ပုံဖော်ပြောဆိုနေကြတာတွေအပေါ် ဦးရဲထွဋ်လည်း မကြာခဏ မီဒီယာသမားတွေကို သူ ဒေါက်တာ ဆိတ်ဖွား မဟုတ်ကြောင်း ဖြေကြားလေ့ ရှိပါတယ်။

အခု ဒီကနေ့ မှာလည်း ဦးရဲထွဋ်က အခုလို ရှင်းလင်း ပြောကြားထားပြန်ပါတယ်။


ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့အစည်းအဝေးတစ်ခုအပြီးမှာ သတင်း သမားအချို့ က မေးခွန်းတွေ မေးပါတယ်။ အဲဒီထဲက မေးခွန်းတစ်ခုကတော့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်က ခေါ်ယူ မေးမြန်းတဲ့အထဲမှာ ကျွန်တော်ပါသလား၊ ပါတယ်ဆိုရင် ဘာတွေ ဖြေခဲ့ရသလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။

တကယ်တော့ ဒီမေးခွန်းဟာအစည်းအဝေးအကြောင်းအရာနဲ့ မဆိုင်ပါဘူး။ သို့သော် မကြာခဏ မေးကြလွန်းလို့ ကျွန်တော်ဘယ်လိုဖြေခဲ့တယ်ဆိုတာ ဒီကနေ တင်ပြလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ မှာ ကျွန်တော်ကို ဒေါက်တာဆိတ်ဖွားကိစ္စနဲ့ပတ်သက်ပြီး အကြံဥာဏ်ရယူ ဆွေးနွေးဖို့ အတွက်ဆိုပြီး ဖိတ်ကြားပါတယ်။ ဆွေးနွေးမှုများအပြီးမှာ ကျွန်တော်က ကော်မရှင်ဥက္ကဌ ဦးမြငြိမ်းကို သတင်းသမားများက မေးလာရင် ဘာတွေဖြေခွင့် ရှိသလဲလို့ တစ်ခါတည်းမေးမြန်းခွင့်တောင်းခဲ့ပါတယ်။ အဲဒီတုံးက ခွင့်ပြုထားတဲ့အပိုင်းကိုပဲ ဖြေပါ့မယ်။

တွေ့ဆုံမှုမှာ ကော်မရှင်ဘက်ကအခုလို စုံစမ်းစစ်ဆေးမှုပြုလုပ်ရတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းမဟုတ်ကြောင်း၊ ဆိတ်ဖွားရဲ့ ရေးသားချက် ကြောင့် ပြည်သူများက လွှတ်တော်ရဲ့ ဥပဒေပြုရေးလုပ်ငန်းများကို အထင် မှားစေတဲ့အတွက် အမှန်တရားကို သိစေရန်၊ ဆိတ်ဖွားအနေနဲ့ သူရေးတာမှားမှန်းသိစေရန် ဖော်ထုတ်ရခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ သိလိုသော အချက်များကိုမေးပါတယ်။ ဒါတွေကိုတော့ ပြောလို့ မရပါဘူး။

ကျွန်တော်ကတော့ မေးခွန်းများမဖြေမီအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ မီဒီယာအချို့ရဲ့ ရေးသားချက်များအရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော့် အပေါ် ဆိတ်ဖွားလို့ သံသယရှိနေတာကို သိကြောင်း၊ ဒါ့ကြောင့် အချက်သုံးချက်ပြောလိုကြောင်း

တစ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်အနေနဲ့သော်လည်း ဘယ်သူ့ကိုမှာ ဒေါက်တာဆိတ်ဖွားအနေနဲ့ ရေးဖို့ တာဝန်ပေးတာမရှိဘူး။

နှစ်။ ကျွန်တော်ဟာလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး။

သုံး။ ကျွန်တော် ဒေါက်တာဆိတ်ဖွားဆိုရင်လည်း ကော်မရှင်အနေနဲ့ ဒီလောက်လူတွေအများကြီး ခေါ်ပြီးမေးစရာမလိုပါဘူး။ ကော်မရှင်ဖွဲ့ပြီးနောက်တစ်နေ့မှာပဲ ကော်မရှင်ကို ကျွန်တော်ကိုယ်တိုင်လာပြီး ကျွန်တော်ဟာ ဒေါက်တာဆိတ်ဖွားပါ၊ ကျွန်တော်မြင်တဲ့အတိုင်း ရေးတယ်။ တရားဥပဒေနဲ့ ငြိစွန်းတယ်ထင်ရင် ဥပဒေအရအရေးယူပါ။ ရင်ဆိုင်ဖို့ အသင့်ပဲလို့ လာပြောမှာ ဖြစ်ပါတယ်။

ကျန်တာကတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက် တဲ့အချက်တွေဖြစ်တဲ့အတွက် ပြောလို့မရပါဘူး။

ဒါဆိုရင် မကြာခဏမေးခွန်းထုတ်နေသူများ ရှင်းမယ်လို့ ယုံကြည်ပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ

“သိပ်ကို နားချင်တာ....” ဆိုတဲ့ ဝန်ကြီးဦးစိုးသိန်း

ဝန်ကြီး ၅ ဦး တာဝန်ကနေ အနားပေးခံရတော့မယ် ဆိုတဲ့ အသံ ထွက်နေတာ ပြီးခဲ့တဲ့လ ကတည်းကပါပဲ။ ခုထိတော့ ဘယ်သူမှလည်း မနားသေးပါဘူး။
အဲဒီ ၅ ဦး အမည်စာရင်းထဲမှာ နေပြည်တော်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း တယောက် အပါအ၀င်ပေါ့။


ဦးစိုးသိန်း (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
ကာယကံရှင် ဦးစိုးသိန်းကို  စနေနေ့တုန်းက တွေ့တဲ့အခါ ဧရာဝတီက ဒီအကြောင်း မေးမြန်းရာမှာ ....

“ကျွန်တော် အနားယူမယ်ဆိုတာ ဘယ်က သတင်းထွက်တာလဲ။ မဟုတ်ပါဘူး။ ... ဘယ်လိုမှမဟုတ်တဲ့သတင်းပါ။ ဦးအောင်မင်း နားမယ်ဆိုတာလည်း မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

တကယ်လို့ အနားပေးခံရရင်လည်း ဦးစိုးသိန်းက ဝမ်းသာ ကျေနပ်မယ့်ပုံရပါတယ်။

“အမှန်က ရပ်နားတာ သိပ်ကြိုက်တာ။ သိပ်ကို နားချင်တာ” လို့  ဦးစိုးသိန်းက ပြောပါတယ်။
နားချင်တယ် ဆိုတော့ မလုပ်ချင်ဘူးပေါ့။ ဘာကြောင့် ဆက်မလုပ်လိုဘူးဆိုတာ မသိရပါ။

ကဲ ... ဝန်မင်း ၅ ပါး အနားပေးခံရတော့မယ် ဆိုတဲ့ အသံအကြောင်း ဆက်ပြောရရင် ....

 ပြည်ထောင်စုဝန်ကြီးတပါးဖြစ်တဲ့ ဦးခင်ရီကလည်း အနားယူခြင်းသတင်းတွေကိစ္စကို ငြင်းပါတယ်။

 “ဝန်ကြီး ၅ ဦး နားခံရမယ်ဆိုတာ မဟုတ်ပါဘူး။ ဘာမှ မကြားမိဘူး။ ဦးအောင်မင်းလည်း မနားဘူး။ ဦးစိုးသိန်းလည်း မနားပါဘူး” လို့  ဧရာဝတီကို ပြောပါတယ်။

သတင်းထွက်နေတာ ကြာပေမယ့် ခုချိန်ထိ တကယ် ဖြစ်မလာသေးတာဟာ မူရင်းသတင်းက မှားလို့လား၊ အစီအစဉ် ပြောင်းသွားတာလား၊ ယာယီ ဆိုင်းငံ့ထားတာလား ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်ပဲ သိမယ် ထင်ပါတယ်။

ဘာကြောင့် နားမှာလဲ/ဘာကြောင့် နားခိုင်းမှာလဲ ဆိုတဲ့အသံက အမျိုးမျိုး ထွက်ခဲ့တာပါ။

အဲဒီထဲမှာ ငြိမ်းချမ်းရေး ဝန်ကြီး ဦးအောင်မင်းတယောက် ကျန်းမာရေးကြောင့် အနားယူလိုကြောင်း သမ္မတထံ တင်ပြထားတယ် ဆိုတဲ့ အသံလည်း အပါအ၀င်ပေါ့။
သို့သော်လည်း ပြီးခဲ့တဲ့လကုန်ပိုင်း ရန်ကုန်ရောက်လာတဲ့ ဦးအောင်မင်းကိုကြည့်ရတာကတော့ ၉၆ ပါး ကင်းရှင်းပုံရပါတယ်။
ခါတိုင်းလို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပါပဲ။

နေပြည်တော်က အရာရောက်သူတဦးကတော့ ထင်ထားတာတွေရော၊ ထင် မထားတာတွေပါ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း ပြောပြပါတယ်။

“ဦးလွန်းမောင်တုန်းကလည်း ဘယ်သူမှ မသိလိုက်ဘူး။ ကာယကံရှင်တောင် မသိလိုက်ဘူး။ သတင်း သဲ့သဲ့ပဲ ကြားလိုက်ရတယ်။ နောက်ပိုင်း ဦးလွန်းမောင်ပါတာ သိလိုက်ရတယ်” လို့  သူက မှတ်ချက်ပေးပါတယ်။

အနားပေးခံခဲ့ရသူ ဦးလွန်းမောင်ကိုယ်တိုင်ကလည်း ဧရာဝတီနဲ့ အင်တာဗျူးစဉ်က  ...
“ဘာမှ ကြိုမသိခဲ့ဘူး။ နာမည်ပါလာမှ ကိုယ်အနားပေးခံရတာ သိတာ” လို့ ဖြေကြားခဲ့ဖူးပါတယ်။

ကဲ ... ဘာမှ ကြိုမသိနိုင်ပါဘူး လို့ ဆိုသူလည်း ဆိုခဲ့ပါပြီ။
ဝန်မင်းများ အနားမယူရဘူး၊ ကျန်းမာရေးလည်း ကောင်းတယ် ဆိုရင်တော့ ၂ဝ၁၅ အထိ ဆက်လက် တာဝန်ယူရတော့မယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

မေခ ~

 
ဧရာဝတီ Facebook / ဧရာဝတီ Twitter

ဒေါက်တာ ဆိတ်ဖွားကြောင့် ပြန်ကြားရေး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပေါ်


လွှတ်တော်က ဖွဲ့စည်းထားသော ဒေါက်တာဆိတ်ဖွား စုံးစမ်းရေးကော်မရှင်က မနေ့က တင်သွင်းဖတ်ကြားသော အစီရင်ခံစာအရ တချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေးအင်အားစုများကို ဝေဖန်ပြီး အစိုးရမူဝါဒများ ကောင်းကြောင်း ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့သော ပိတောက်မြေ ရေဒီယိုသည် ပြန်ကြားရေးဝန်ကြီးဌာနမှ သီးသန့်တာဝန်ဖြင့် လုပ်ခဲ့ခြင်းဟု သိရသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း ဖတ်ကြားသော အစီရင်ခံစာအရ ယင်းပိတောက်မြေ ရေဒီယိုမှာ သီးခြား ညွှန်ကြားရေးမှူးတယောက် ခန့်အပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးမှ ရေးခိုင်းသည်များကို ဦးမြတ်သူ၊ ဦးကိုကိုလှိုင်၊ ဦးချစ်လှိုင်၊ ဦးရဲထွဋ်၊ ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်နှင့် ဒုတိယဗိုလ်မှူးကြီးမျိုးထွန်းတို့က ရေးသားခဲ့ကြောင်း သိရသည်။

ယင်းရေဒီယိုမှာ သမ္မတဦးသိန်းစိန် အာဏာရယူပြီးနောက်ပိုင်း မီဒီယာအပါအဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းကြောင့် ရပ်ဆိုင်းသွားခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကို ဝေဖန်ချက်ရေးသူ ဒေါက်တာဆိတ်ဖွားဆိုသူ မည်သူဖြစ်နိုင်ကြောင်း စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များကို ဖတ်ကြားရာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်ဖြစ်နိုင်သော်လည်း ၄င်း၏ ဆောင်းပါးကို ဖော်ပြခဲ့သည့် Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညို(ဘောဂဗေဒ)က ကာကွယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း ဖတ်ကြားသော အစီရင်ခံစာအရ Eleven မီဒီယာက ဒေါက်တာဆိတ်ဖွားမှာ ဦးရဲထွဋ်ဖြစ်ကြောင်း ကော်မရှင်ထံ အထောက်အထားများ တင်ပြခဲ့သောကြောင့် ကော်မရှင်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ တာဝန်ထမ်းဆောင်ဆဲနှင့် ထမ်းဆောင်ခဲ့သူများဖြစ်သည့် ဒုဝန်ကြီး ဦးရဲထွဋ်၊ ဦးဇော်မင်းဦး၊ ဦးတင့်ဆွေ၊ ဦးသိန်းအောင်၊ ဦးဇေယျာတို့အပြင် ဒေါက်တာဆိတ်ဖွား ဆောင်းပါး ဖော်ပြခဲ့သည့် Smart News အယ်ဒီတာချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာ သိန်းမြင့်၊ ဦးဝေဖြိုး၊ ဦးနေထွန်းနိုင်၊ ဦးသိမ်းတင်သား၊ ဦးကျော်မင်းဆွေနှင့် သမ္မတရုံးမှ ဦးဇော်ဌေးတို့ကို  ခေါ်မေးခဲ့ကြောင်း သိရှိရသည်။

”Eleven နဲ့ ဦးရဲထွဋ်နဲ့က မတည့်ဘူး။ သူတို့နှစ်ယောက် ရန်ဖြစ်တာက သမ္မတရုံးက ဦးဇော်ဋ္ဌေးရဲ့ ထွက်ဆိုချက်ထဲမှာပါတယ်။ သူတို့နှစ်ယောက်က ကျနော့်ရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာ လာပြီးရန်ဖြစ်နေတယ်တဲ့။ ခင်ဗျားတို့ တခြားနေရာမှာ သွားရန်ဖြစ်ကြပါဗျာ ဆိုပြီး မောင်းထုတ်ရတယ်တဲ့။ ဦးရဲထွဋ်နဲ့ Elevenက ဝေဖြိုးတို့နဲ့ လုံးဝရန်ဘက်။ နှစ်ဖက်ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေပါလုပ်နေကြတာ ကျနော်တွေ့ရတယ်”ဟု ကော်မရှင် အဖွဲ့ဝင် ဦးလှဆွေကလည်း ဧရာဝတီသို့ ပြောဆိုသည်။

အစီရင်ခံစာအရ စစ်အောင် ဆိုသော ဖေ့ဘွတ်အကောင့်သည် ဆိတ်ဖွားနှင့် ပတ်သက်သည်ဟု Eleven ကတင်ပြရာ ဦးရဲထွဋ်က ငြင်းကြောင်း၊ Eleven က တင်ပြထားသောဓာတ်ပုံမှာ ဦးရဲထွဋ် ဆွစ်ဇာလန်သွားစဉ်က ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ပုံကို ကော်မရှင်က စုံစမ်းရာ အတိုက်အခံဆန့်ကျင်ရေး ပိတောက်မြေ၀က်ဆိုဒ်မှ ဖြစ်နေကြောင်း သိရသည်။

“အဲဒါနဲ့ ပြန်ကြားရေးကို မေးတော့ ပြန်ကြားရေးက သူတို့က ပိတောက်မြေအသံလွှင့်ပဲ လုပ်တာတဲ့။ ၀က်ဆိုဒ်မလုပ်ဘူးလို့ ဖြေတယ်။ ပိတောက်မြေကိုလည်း လုပ်ဖို့ ညွှန်ကြားထားခြင်း မရှိဘူးလို့ သမ္မတရုံးက မှူးဇော်ကပြောတယ်။ ဆိုတော့ စစ်အောင်က လိုက်လို့ မရတော့ဘူး”ဟုလည်း ဦးလှဆွေက ပြောသည်။

ဒေါက်တာ ဆိတ်ဖွားဆောင်းပါးကို ပုံနှိပ်ဖြန့်ချိခဲ့သော Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညိုက ယင်းစာမူကို အင်တာနက်ထဲကယူပြီး ထည့်သွင်းဖော်ပြခြင်းဖြစ်ကြောင်း၊
ဒေါက်တာဆိတ်ဖွားဆီမှ ခွင့်ပြုချက် မတောင်းကြောင်း၊ စာမူခလည်း ကိုယ်တိုင် ထုတ်ယူခဲ့ကြောင်း ဖြေဆိုသည်ဟု အစီရင်ခံစာက ဆိုသည်။

ဦးခင်မောင်ညို(ဘောဂဗေဒ)ကမူ သူ့ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကိုသာ တာဝန်ယူပြီး “တခြားဆောင်းပါးများကို တာဝန်မယူ”ဟု ဧရာဝတီကို ချက်ဘောက်စ်ကတဆင့် ပြောသည်။ ယင်းပြောဆိုချက်သည် ကော်မရှင်က ဒေါက်တာဆိတ်ဖွားသည် တဦးတယောက်တည်း မဟုတ်ပဲ အုပ်စုဖြင့် လုပ်ဆောင်နေနိုင်ကြောင်း သံသယကို ပိုမို ခိုင်မာစေခဲ့သည်။

‘(ပြသနာဖြစ်တဲ့) ABOVE THE LAW ဆောင်းပါးရေးတာဟာ ဦးခင်မောင်ညိုလို့ ကျနော်တို့ ဆိတ်ဖွားကော်မရှင် ၁၇ ယောက်စလုံးက ထင်တယ်။ ဒါပေမယ့် ကော်မရှင်ရဲ့
လေ့လာချက်အရ ဆိတ်ဖွားဝက်ဆိုဒ်က တစ်ခါတလေ တညလုံးနီးပါး တက်နေတော့ သူတယောက်တည်း ဖြစ်တယ်လို့ မထင်ဘူး။ တယောက်တည်း မကရင် သူ့မှာ
အဖွဲ့ရှိနေတယ်။ အဲဒါကို ဦးခင်မောင်ညိုက မဖော်ဘူး။ ဒေါက်တာဆိတ်ဖွားရဲ့ တချို့ဆောင်းပါးတွေမှာ အပြုသဘောဆောင်ပေမယ့် သူက သမ္မတကလွဲရင် အကုန်လုံးကို
လိုက်တွယ်နေတယ်။ လွှတ်တော်အပါအ၀င် NLD တောင်မချန်ဘူး အကုန်တွယ်ခဲ့တာပဲ”ဟုလည်း ဦးလှဆွေက ပြောဆိုသည်။

အကယ်၍ ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူတယောက် ဆိုလျှင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပါဘူးလို့ လွှတ်တော်ကို ဦးခင်မောင်ညို(ဘောဂဗေဒ)က မတ်လ ၂၈ နေ့မှာ စာရေးသားထုတ်ပြန်ခဲ့သည်။

အစီရင်ခံ တင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ချက်ပေးရာတွင် ထိုသို့လုပ်ဆောင်မှုသည် “အမှောင်ထဲက ခဲနဲ့ပေါက်”နေခြင်းသာဖြစ်ပြီး အမှန်တရားကို တာဝန်ယူ၍ ရင်ဆိုင်ဖြေရှင်းရဲသူ မဟုတ်ဟု ယူဆကြောင်း၊ လွှတ်တော်အမတ်များအနေဖြင့် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဟု ဖော်ထုတ် နိုင်ခြင်း မရှိ၍ အမျက်မထွက်ဘဲ “ငရဲမကြီးရအောင် အဆဲပြီးဆေးလေးများ ဆောင်ထားကြ”စေလိုကြောင်း ပြောဆိုပြီး နောက်နောင်မပြုလုပ်ရန် သတိပေးလိုက်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ဧရာဝတီ

ရုံးချိန်းခဏခဏလာနေရတဲ့ ရဲတိုက်


လင်းထွန်းဦး (ခ) သရုပ် ဆောင်ရဲတိုက်မှ ခရစ်ယာန်ဘုရား ကျောင်းမှာ

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘုရားကျောင်းမှ

ဗိုလ်တထောင်ရဲ စခန်းသို့ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ စပ်လျဉ်းပြီး

သရုပ်ဆောင်ရဲတိုက်နဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာတော် ရစ်ချက်တို့က

အများပြည်သူရှေ့မှာ ရဲတိုက်က ထိုကိစ္စမျိုး ထပ်မံမပြုလုပ်ပါတော့ ကြောင်း

ခံဝန်ချက်ကတိလက်မှတ် ရေးထိုးပြီး နှစ်ဦးသဘောတူ ငြိမ်း

ချမ်းစွာဖြေရှင်းခဲ့ကြပါတယ်။ အဲဒီ ကိစ္စကို

ဗိုလ်တထောင်တရားရုံးက ခေါ်ယူစစ်ဆေးမေးမြန်းတော့ တရားလိုဘက်က

ဘုရားကျောင်းရဲ့ တာဝန်ရှိသူများနဲ့ ဦးရစ်ချက်တို့ အပါအ၀င်

ရဲတိုက်တို့ကို ခေါ်ယူစစ် ဆေးခဲ့ကြပါတယ်။ ပထမရက်နဲ့ ဒုတိယရက်တို့မှာ

အကြောင်းအမျိုး မျိုးကြောင့် ရဲတိုက်နဲ့ ဦးရစ်ချက်တို့က တစ်လှည့်

စီလာရောက်ခဲ့ခြင်း မရှိပေမယ့် ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၁ နာရီမှာ

တရားလိုဘက်မှ သက်သေနှစ်ဦးနဲ့ သရုပ်ဆောင် ရဲတိုက်တို့ကိုခေါ်ယူ

စစ်ဆေးခဲ့ပါ တယ်။ တရားရုံးမှ သက်သေနှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး

တရားရုံးချိန်း နေ့ကို ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲသို့ ပြောင်းရွှေ့ပြီး

ထပ်မံ စစ်ဆေးသွားမှာဖြစ်ကြောင်း သိရှိ ရပါတယ်။ TMZ (8 DAYS)



ဆယ်တန်းအမှတ်စာရင်း မလိုဘဲ ဆရာ၊ဆရာမအဖြစ် လျှောက်ထားနိုင်ပြီ


အစိုးရမှဖွင့်လှစ်လျက်ရှိသည့် မူလတန်းကျောင်းများ၌ ဆရာ၊ဆရာမအဖြစ်
တာဝန်ထမ်းဆောင်လိုသူများကို ယမန်နှစ်များကဲ့သို့
(၁၀)တန်းအမှတ်စာရင်းမလိုတောင်းတော့ဘဲ အသက်(၁၈)နှစ်မှစ၍ မည်သူမဆို အလုပ်ဝင်ခွင့်စာမေးပွဲ ပေးပြီဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်မှူးထံက သိရှိရသည်။

ပြည်နယ်နှင့်တိုင်းများရှိ မူလတန်းကျောင်းများတွင် ဆရာ၊ဆရာမများ
လိုအပ်လျက်ရှိခြင်းကြောင့် ၂၀၁၃ခုနှစ် ပညာသင်နှစ်မှစ၍ ဆရာ၊ဆရာမများကို သတ်မှတ်စည်းကမ်းများ လျော့ ချကာ ခေါ်ယူခြင်းဖြစ် သည်ဟု ညွှန်မှူးဦးအေးကြိုင်က ဆိုသည်။

ယမန်နှစ်များတွင် ဆရာ၊ဆရာမများ ခေါ်ယူရာ၌ (၁၀)တန်းအမှတ် စာရင်းကိုသာ ကြည့်၍ ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး ရရှိလာသည့် အမှတ်ပေါ်မူတည်၍ အတန်းများခွဲကာ တာဝန်ထမ်းဆောင်စေကြောင်း သိရှိရသည်။

“ ဘယ်ဘာသာတွဲနဲ့ ဘွဲ့ရသည်ဖြစ်စေ ဆရာ၊ဆရာမ
အဖြစ်အလုပ်ဝင်ဖြေဆိုခွင့်ရှိပါတယ်၊ လစာအနေနဲ့ကတော့ မူလတန်း ဆရာမ နှုန်းနဲ့ အတူတူလောက်ရမယ်၊

ဒါပေမဲ့ အခုစာမေးပွဲဖြေဆိုအောင်မြင်သွားတဲ့သူတွေက
နေ့စားအနေနဲ့စ ၀င်ရမှာ၊ ပြီးမှ နောက်ထပ် သင်တန်းပေးပြီးတော့မှ
ပညာရေးဝန်ထမ်းအဖြစ် ခန့်အပ်မှာဖြစ်တယ်” ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ
ညွှန်မှူး ဦးအေးကြိုင်က ပြောသည်။

အဆိုပါ ၀င်ခွင့်စာမေးပွဲကို ဧပြီလ (၉) ရက်နေ့တွင် ဖြေဆိုခဲ့ရပြီး
ဖြေဆိုသူဦးရေအနေဖြင့် အထက်မြန်မာပြည်တွင် တစ်သိန်းနှစ်သောင်း၊
အောက်မြန်မာပြည်တွင် ကိုးသောင်း ကျပ်ဝန်းကျင်နှင့် အမှတ် ( ၃)
အခြေခံပညာဦးစီးဌာန လက်အောက်တွင် လူဦးရေ သုံးသောင်းဝန်းကျင်ခန့်
ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

“ အထွေထွေ၊ အင်္ဂလိပ်စာနှဲ့ သချာင်္ ဖြေရတယ်၊ သုံးဘာသာလုံးကိုတစ်နာရီပဲ
ဖြေရတယ်၊ဖြေရတာကတော့ ဘာမှ အခက်အခဲ မရှိပါဘူး၊

ဒါပေမဲ့ သိချင်တာက အဲလောက်
လူအများကြီး ၀င်ဖြေတာ သူတို့ ဘယ်လို ပြန်ရွေးမလဲဆိုတာ မသိဘူး၊
ဘာလို့လဲဆိုတော့ ဖြေတဲ့ သူတွေ အများကြီးပဲ၊ အကုန်လုံးကလည်း
ဖြေနိုင်ကြတယ်ပဲ ပြောကြတယ်” ဟု ပခုက္ကူမြို့တွင် လာရောက်ဖြေဆိုသူ
မဆုချိုသင်းက ပြောသည်။

အဆိုပါမူလတန်းပြ ၀င်ခွင့်စာမေးပွဲအတွက် အသက်(၁၈) နှစ်မှ (၄၀) အထိ
သတ်မှတ်ထားပြီး ၀င်ခွင့်အောင်စာရင်းကို မေလအတွင်းတွင်
ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မူလတန်းပြတွေအတွက် အခုလို လုပ်ပေးတာကောင်းပါတယ်၊ ဒါပေမဲ့
အရေအတွက်တိုးလာပြီး အရည်အချင်း မရှိမှာပဲ စိုးရိမ်တယ်၊ ဒါပေမဲ့
မူလတန်းပြတွေအပြင် အထက်တန်းပြ ဆရာ/ဆရာမတွေ လည်း ခေါ်ပေးစေချင်တယ်၊

အခုက ကျွန်မ သားအတန်းမှာဆိုရင် ကျောင်းသားတွေက အယောက် (၈၀) ကျော်တယ်၊ အဲဒီတော့ ဆရာမတစ်ယောက်က ကျောင်းသားတွေ အကြောင်း အကုန် ဘယ်သိပါ့မလဲ” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုရာတွင် မိမိလျှောက်ထားလိုသည့်နေရာဒေသကို
လျှောက်ထားနိုင်ပြီး အဆိုပါ နေရာဒေသတွင် နေရာလစ်လပ်မှုရှိပါက
ခန့်အပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်(မြစ်မခ)
မြ၀တီ

အလုံမြို့နယ်၊ စက်တွင်းလမ်း၊ လုယက်မှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၄)နာရီအတွင်း ဖေါ်ထုတ်ဖမ်းဆီး


အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၊ ဒေါ်မငယ်၊(ဘ)ဦးမောင်ထွန်း၏နေအိမ်တွင် သမီးခင်ငြိမ်းချမ်း၊ ယမင်းအေး၊ အိမ်အကူဒ်ါအေးမှုန်၊
ကိုဖြိုးတို့ရှိနေစဉ် ၁.၇.၂၀၁၃ရက်နေ့ ၂၀၃၀အချိန်
အမည်မသိ လူ(၅)ဦးမှ မောင်ဝမ်းကွဲ ပူးလေးအားမေးပြီး
ပြန်ထွက်သွားကာ သမီးကြီး ခင်ငြိမ်းချမ်းနှင့် ကိုဖြိုးတို့
သီရိမင်္ဂလာဈေးသို့ ထွက်သွားခဲ့ရာ ယမင်းအေးနှင့်
ဒေါ်အေးမှုန်တို့ (၂)ဦးတည်း ရှိနေစဉ် ပထမလာမေးသူ
(၅)ဦးအနက်မှ (၂)ဦး အိမ်တံခါးလာခေါက်သဖြင့်
ဖွင့်ပေးခဲ့ရာမှ အိမ်အတွင်းတို့အတင်းတက်လာပြီး
မီးခလုတ်များပိတ်၍ ဗီဒိုအတွင်းမှ ရွှေဆွဲကြိုး(၁)ကုံး၊
ရွှေလက်ကောက်(၁)ကွင်း၊ ရွှေလက်စွပ်(၁)ကွင်း၊
ဆွဲပြား(၁)ခု၊ နားကပ်(၁)ဘက်၊ နားဆွဲ(၁)ရံနှင့်
ငွေ ၁၅၀၀၀၀ကျပ်၊ စုစုပေါင်း ၁၈၃၅၀၀၀အား လုယက်ပြီး ဒေါ်အေးမှုန်နောက်ကျောကို
ဒါးနှင့်ထိုးထွက်ပြေးသဖြင့် အလုံမြို့မရဲစခန်း(ပ)၁၁၄/၂၀၁၃၊
ပုဒ်မ ၃၉၇ဖြင့် အရေးယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးအစီအမံဖြင့် အမှုဖြစ်ပွားကြောင်း
သတင်းရရှိသည်နှင့် တိုင်/ခရိုင်/အထူးအဖွဲ့များ၊ မြို့နယ်များမှချိတ်ဆက်ပိတ်ဆို့မှုများပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲမှ
တပ်ဖွဲ့ဝင်များသည် လုယက်သူများ၏ ပုံသဏ္ဍန်ကို စစ်မေးပြီးအဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ရာ
ပြစ်မှုကျူးလွန်သည်ဟု မသင်္ကာသော နိုင်ရဲအောင်
(ခ)ဖိုးထောင်အား ဖမ်းဆီးရမိရေး ၄င်းနေထိုင်သော လှိုင်သာယာ(၆)ရပ်ကွက်သို့ သွားရောက်စုံစမ်းရာ ဖိုးထောင်(ခ)နိုင်ရဲအောင်ပါ(၃)ဦးသည် ဆိုင်ကယ်အနီ
ဖြင့် ၂၂၃၀အချိန်က လှိုင်မြို့နယ်ဘက်သို့ထွက်သွားကြောင်း
သိရသဖြင့် လှိုင်အမှတ်(၄)ရပ်ကွက်၊ ၄င်းတို့ထိုင်နေကျ နန်းထိုက်တော်ဝင်ဘီယာဆိုင်အား စုံစမ်းရာ
ဘုရင့်နောင်ပွဲရုံတန်းဘက် ထွက်သွားကြောင်း၊
သိရှိရသဖြင့် ဆက်လက်လိုက်လံဖမ်းဆီးဆောင်ရွက်ခဲ့ရာ ဒုရဲမှူး အောင်မြတ်စိုး၊ ရဲအုပ် ညိုပု၊ ရဲအုပ် သန်းဇော်ထိုက်
တို့အဖွဲ့မှ ဘုရင့်နောင်ပွဲရုံတန်း ရိုးကြီးပတ်လမ်းတွင် အနီရောင်ဆိုင်ကယ်အား စီးပြီး ထွက်ပြေးရန်ပြုလုပ်စဉ်
နိုင်ရဲအောင်(ခ)ဖိုးထောင်၊ စိုင်းညီအောင်(ခ) သားပေါက်၊
ဇော်မင်းထွေး(ခ)ကိုထွေးတို့ (၃)ဦးအား လုံးထွေးသတ်ပုတ်
ဖမ်းဆီးရမိပြီး စစ်ကြောဖေါ်ထုတ်ခဲ့ရာ လုယက်ရာတွင်
အသုံးပြုသော အရှည် (၁၃)လက်မရှိ နှစ်ဘက်သွား
ဒါး(၁)ချောင်း၊ အရှည်(၁၂)လက်မရှိဒါး(၁)ချောင်းနှင့် အတူပါဆုံးရွှေထည်ပစ္စည်းများအား မူလပုံစံမပျက်
၎င်းတို့၏အဆောင်မှ သိမ်းဆည်းရမိခဲ့ပြီး
အလုံမြို့မရဲစခန်း(ပ)၁၄၄/၂၀၁၃၊ ပုဒ်မ ၃၉၇ဖြင့်
အရေးယူခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည်
ယခုလုယက်မှု အား အချင်းဖြစ်ပြီး (၄)နာရီအတွင်း
ကျူးလွန်သူ(၃)ဦးအား ပါဆုံးသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရှိပါသည်။

Yangon Police

အင်တာနက် သုံးစွဲမှု ကန့်သတ်မည် မဟုတ်ကြောင်း ဦးရဲထွဋ်ပြော


facebook ကဲ့သို့သော လူမှုမီဒီယာများ၌ အမုန်းတရား ပွားစေမည့် ပြောဆိုချက်များနှင့် ပတ်သက်၍ နောက်ကွယ်၌ ကြိုးကိုင်သူများကို ဖော်ထုတ် အရေးယူမည် ဖြစ်သော်လည်း အင်တာနက် သုံးစွဲမှုကို ကန့်သတ်ခြင်း လုပ်ဆောင်သွားရန် မရှိကြောင်း ဇွန် ၂၉ ရက်နေ့က နေပြည်တော်၌ ကျင်းပသော မီဒီယာတွေ့ဆုံပွဲတွင် ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

နောက်ကြောင်းပြန် လှည့်မည်ဆိုသည့် အတွေးများ ပြည်သူများ မခံစားရစေရေးအတွက် အင်တာနက် သုံးစွဲသူများအပေါ် အစိုးရ အနေဖြင့် မည်သည့် စစ်ဆေးမှုများကိုမှ မဆောင်ရွက်သေးဘဲ စောင့်ကြည့်ရုံသာ လုပ်ဆောင်လျှက် ရှိကြောင်း ၎င်းက ဆိုသည်။

“ဆင်ဆာ ကန့်သတ်မှာတွေ၊ နောက်ကြောင်းပြန်လှည့် ပိတ်ပင်မှာတွေ ဘာမှ လုပ်ဆောင်သွားဖို့ မရှိဘူး။ နောက်ကြောင်း ပြန်လှည့်ဖို့အတွက် တဘက်လှည့်နဲ့ အစိုးရကကော၊ တပ်မတော်ကပါ နောက်ကွယ်ကနေ လုပ်ဆောင်တာ မရှိဘူး။ တချို့ တိုင်းပြည်တွေလို facebook သုံးစွဲခွင့်ကိုလည်း အာဏာတခုနဲ့ ပိတ်ပင်ဖို့မရှိဘူး” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့က ရန်ကုန် ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့သည့် အမုန်းတရားများနှင့် ပတ်သတ်၍ ဘာသာပေါင်းစုံ တွေ့ဆုံ သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင်လည်း ဦးရဲထွဋ်က အစိုးရ အဆက်ဆက်တွင် မီဒီယာကို ပိတ်ပင်မှု ပြုကာ လက်နက်သဖွယ် အသုံးချခဲ့ကြခြင်းကြောင့် ပြည်သူတို့မှာ ဆိုရှယ်မီဒီယာ များကို အလွန်အကျွံ အားကိုးလာကြောင်း ပြောဆိုခဲ့သည်။

ဦးရဲထွဋ်က မီဒီယာကို ၂၀၁၁ ခုနှစ် အရှေ့ပိုင်း ကာလတွင် အစိုးရမှ စာပေစိစစ်ဖြင့် ထိန်းချုပ်လာခဲ့ကြောင်း၊ သို့အတွက် နိုင်ငံရေးနှင့် ပတ်သတ်သော ဝက်ဘ်ဆိုက်များ၊ မတူကွဲပြားသော အယူအဆများနှင့် အစိုးရကို ဝေဖန်သည့် ဝက်ဘ်ဆိုက် များကို ပိတ်ပင်ခဲ့ကြောင်း၊ ပုဂ္ဂလိက မီဒီယာများနှင့် စာပေကို စာပေစိစစ်အောက်တွင် တင်းကျပ်စွာ ထိန်းချုပ်ခဲ့ကြောင်း၊ ပုဂ္ဂလိက မီဒီယာများ အနေဖြင့် ၎င်းတို့ တင်ပြချင်သည့် အချက်များကို သွယ်ဝှိုက်သော နည်းဖြင့် တင်ပြခဲ့ရကြောင်း၊ စာတပုဒ် ရေးရာတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာအစား၊ စာပေစိစစ်မှုမှ လွတ်ကင်းအောင် တွေးတောကာ စဉ်းစားလုပ်ဆောင် ခဲ့ရကြောင်း ပြောကြား သွားခဲ့သည်။

“ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူတွေရဲ့ နိုင်ငံပိုင် သတင်းစာကို ဝေဖန် ပုတ်ခတ်ဖို့ အတွက်ရယ်၊ အစိုးရအဆက်ဆက် လုပ်ဆောင် မှုတွေ တင်ပြဖို့ အတွက်ရယ် အစိုးရ ကိုယ်စားပြု အနေနဲ့သာ သုံးဖြစ်လာခဲ့ကြတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။

ယခင်က နိုင်ငံရေး အရ အတိုက်အခံ လုပ်ခဲ့သူများကို တင်းကျပ်သော ထိန်းချုပ်မှုကြောင့် နိုင်ငံတွင်းရှိ မီဒီယာများတွင် လွတ်လပ်စွာ ရေးသားခွင့် မရခဲ့ကြောင်း၊ ပြည်ပအခြေစိုက် အဖွဲ့အစည်းများ၊ မီဒီယာများ၊ နိုင်ငံခြားအသံလွှင့် မြန်မာပိုင်း အစီအစဉ်များနှင့် အင်တာနက်များတွင် သတင်းများကို လွတ်လပ်စွာ ထုတ်ပြန်ခဲ့ကြောင်း၊ သို့အတွက် ပြည်တွင်း မီဒီယာများ အနေဖြင့် ကျင့်ဝတ်ပိုင်းကို မစဉ်းစား နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ဟာ တခြား အတိုက်အခံတွေနဲ့ စစ်ပွဲ ဆင်နွှဲနေရသလိုပဲ၊ ဒီမှာ ရနိုင်တာနဲ့ နိုင်အောင်တိုက်မယ် ဆိုတဲ့စိတ်နဲ့ မီဒီယာကို အသုံးချခဲ့ကြတယ်။ ကျနော်တို့မှာလည်း အပြစ်ရှိသလို လူတိုင်းမှာလည်း တာဝန်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ အကျိုးဆက်များကြောင့် ပြည်သူများမှာ လွတ်လပ်စွာ ပြောဆိုနိုင်သည့် ဆိုရှယ် မီဒီယာများကို ပိုသုံးလာကြကြောင်း၊ ကောလာဟလ များစွာကို ဆိုရှယ် ဝက်ဘ်ဆိုက်တွင် တွင်ကျယ်စွာ သုံးလာပြီး ၎င်းအပေါ်တွင်လည်း ပြည်သူ့တို့၏ ယုံကြည်မှု တိုးလာကြောင်း၊ ဆိုရှယ် ဝက်ဘ်ဆိုက်များတွင် ရေးသားချက် များကို ပြည်သူ အများစုက ပုံသွင်း လွှမ်းမိုးလာကြောင်း သူက ဆိုသည်။

“၂၀၁၁ ကနေ စာပေလွတ်လပ်ခွင့် ပေးအပြီးမှာ ပြည်သူတွေအကြားမှာ ကောင်းတာမျိုး ရတာထက်၊ အဆိုး ပိုများလာတဲ့ အခြေအနေ တခု ဖြစ်လာတယ်။ ဒါဟာ တကယ်ကို ရင်ဆိုင်နေရတဲ့ အခြေအနေတခု ဖြစ်နေရပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဆက်သွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ မြန်မာပြည်တွင် အင်တာနက် ပုံမှန် အသုံးပြုသူ ၁. ၀၅ သန်း ရှိကာ facebook အကောင့် ၈ သိန်းနီးပါး ရှိကြောင်း၊ ၎င်းအနက် ၅၀ ရာခိုင်နှုန်းမှာ အကောင့် အတုများ ဖြစ်ကြောင်း ဦးရဲထွဋ်၏ အဆိုအရ သိရသည်။

ထိုသို့ ပြောဆိုခဲ့သည့်အပေါ် စစ်တမ်းကောက်ခြင်း၊ စစ်ဆေး အရေးယူခြင်းများ ရှိမရှိကို ဧရာဝတီ သတင်းဌာနက ဦးရဲထွဋ်အား မေးမြန်းရာ ၎င်းက “ဒီဟာက စစ်တမ်း ကောက်ထားတာတော့ မဟုတ်သလို၊ စစ်ဆေး အရေးယူ နေတာလည်း မရှိသေးပါဘူး။ကျနော့် အကောင့်ထဲမှာ လာ Add တဲ့သူတွေ၊ ဝင်ထွက် ပြောဆိုနေတဲ့ သူတွေ၊ နောက် ဘလော့ဂါ ညီလင်းဆက်ရဲ့ အပြောနဲ့ ဒီလို ပြောနိုင်တာပါ။ ကျနော့်ဆီ ဝင်ရေးတာ ၄ သောင်းလောက် ရှိတယ်။ အဲဒီမှာ ၂ သောင်းကျော် လောက်က နာမည် အရင်းတွေ မဟုတ်တာ တွေ့တယ်။ ဒီအပေါ် အခြေခံပြောတာပါ” ဟု ၎င်းက ဖြေသည်။

လတ်တလောတွင် ဘာသာရေး အစွန်းရောက်မှုများ၊ အလွန်အကျွံ ထိခိုက်စေရန် ပြင်ဆင် ဖော်ပြသည့် ဓာတ်ပုံများ တင်နေသည့် facebook အကောင့်များ ရှိနေသော်လည်း ဆင်ဆာသည် ဒီမိုကရေစီ စနစ်နှင့် မညီညွတ်သောကြောင့် လက်မခံ တော့ကြောင်း၊ သို့အတွက် ထိန်းချုပ် ကန့်သတ်သွားရန် မရှိကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

“facebook တခွင်မှာ အခုလို ဘာသာရေး အစွန်းရောက်တွေ ရေးတာ၊ ပုံတွေ တင်တာကို အစိုးရ သို့မဟုတ် တပ်မတော်က တဘက်လှည့်နဲ့ လုပ်ဆောင်နေတယ်လို့ ပြောနေတာတွေ ရှိတယ်။ ဒါဟာလည်း လုံးဝမှားတယ်လို့ ပြောချင်တယ်။ အစိုးရ အနေနဲ့လည်း လုပ်ဆောင်တာတွေ မရှိကြောင်း ပြောချင်တယ်” ဟု သူက ရှင်းပြသည်။

တပ်မတော်မှ ဆိုက်ဘာ စစ်ဆင်ရေး လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက် တပ်မတော် စစ်ဦးစီးချုပ်သည် တပ်မတော်သားများကို ဆိုရှယ် ဝက်ဘ်ဆိုက် တခုဖြစ်သော facebook သုံးစွဲခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ဆိုသည်။

“တပ်မတော်သား တဦး တယောက် သို့မဟုတ် ဝန်ထမ်း တဦးတယောက် ကနေ ရေးတာတွေ၊ အလွန်အကျွံ ပြောဆိုတာတွေ ရှိကောင်း ရှိနိုင်တယ်။ သိလာရင်၊ ဖော်ထုတ်နိုင်ရင် ဝန်ထမ်း ဥပဒေနဲ့ကော၊ တပ်မတော်သား ဥပဒေနဲ့ကော အရးယူမှာပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အစ္စလမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးအေးလွင်က “ဘာသာ တိုင်းမှာ ကိုယ့်တရားတော် အတိုင်း လက်ခံကျင့်ကြံမယ် ဆိုရင် ဘာလောကီ ဥပဒေနဲ့မှ ထိန်းစရာ မလိုဘူး။ ဘယ်သူပဲစစ၊ဘယ်သူပဲလုပ်လုပ် ရပ်နေသင့်ပြီ ထင်ပါတယ်။ ဆိုရှယ်ဝက်ဘ်ဆိုက် တွေကနေ ပြန့်နေတာတွေ အနေနဲ့ နောက်ကွယ်ကနေ ဘယ်သူတွေ ကြိုးကိုင်နေသလဲဆိုတာ ကျနော်တို့တတွေ အဖြေရှာရပါမယ်” ဟု ဆိုသည်။

မီဒီယာ ဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် International Senior Lawyer Project မှ Richard N. Winfeld က ဆိုရှယ်မီဒီယာများ အတွက် နောက်ကွယ်မှ စုံစမ်း စစ်ဆေးရာ၌ ကျင့်သုံးလေ့ရှိသည့် နိုင်ငံတကာသုံး ဥပဒေများ ရှိကြောင်း၊ အဆိုပါ ဥပဒေတွင်လည်း အကျိုးအပြစ်များ ရှိကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြ ပြောကြားခဲ့သည်။

အမုန်းပွားစေသော ပြောဆို ရေးသားမှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် အကြံပေး အနေဖြင့် တက်ရောက်လာခဲ့သူ Richard N. Winfeld ၏ တင်ပြမှုနှင့် ပတ်သတ်၍ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် မည်သို့ စီစဉ်ရဦးမည်ကို စဉ်းစားဆဲသာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အမေရိကန် သံရုံးမှ ဦးစီး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်က မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်မှာ အားရကျေနပ်မှု အပြည့်ဖြင့် ရွေ့လျားနေသော်လည်း အတွေ့အကြုံ နုနယ်မှုကြောင့် လက်ရှိတွင် ပြဿနာပေါင်းစုံ ရင်ဆိုင် ဖြေရှင်းနေရကြောင်း၊ ပဋိပက္ခ များနှင့်ပတ်သတ်၍ တဘက်နှင့် တဘက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေး တိုင်ပင်သင့်ကြောင်း အကြံပြု တင်ပြ ပြောကြားခဲ့သည်။

ဧရာဝတီ

အင်တာနက်ပေါ်၌ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရား ပွားများလာစေရန် လှုံ့ဆော်နေသူများကို ဥပဒေပြဋ္ဌာန်း၍ ဖော်ထုတ်အရေးယူမှုများ ပြုလုပ်ရန် အကြံပြုချက်များရှိ


အင်တာနက်ပေါ်၌ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရား ပွားများလာစေရန် လှုံ့ဆော်နေသူများကို လူ့ကျင့်ဝတ်ဖြင့် ထိန်းသိမ်းသည့် နည်းလမ်းအပြင် ဥပဒေပြဋ္ဌာန်းပြီး ဖော်ထုတ် အရေးယူမှုများ ပြုလုပ်ရန် အကြံပြုချက်များ ရှိနေကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင် ဘာသာရေးနှင့် ပတ်သက်သော အမုန်းတရားများ ပွားများလာစေရန် Hate Speech များ ရေးသားပြီး လှုံ့ဆော်သူများမှာ ပိုမိုများပြားလာကာ ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေကြောင်း သိရပါသည်။ ထိုကဲ့သို့ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရားပွားစေရန် လုပ်ဆောင်သူ အများစုမှာ Facebook Account အတုများဖြင့် ရေးသားနေသူများဖြစ်ကာ အမည်ရင်း၊ Facebook Account အစစ်၊ Profile အမှန်တို့ဖြင့် ရေးသားနေသူများလည်း ရှိကြောင်း သိရှိရပါသည်။
''ကျွန်တော်တို့ Hate Speech နဲ့ ပတ်သက်ပြီး ဧပြီလတုန်းက အလုပ်ရုံဆွေးနွေးပွဲ တစ်ခုလုပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ Social Media မှာ လိုက်နာကျင့်သုံးရမဲ့ Ethic ရှိပြီးသားပါ၊ လိုက်နာကျင့်သုံးမှု မရှိကြတာပါ။ Hate Speech ကို ပထမက လူ့ကျင့်ဝတ်နဲ့ ထိမ်းသိမ်းရမယ်။ နောက်တစ်ချက်က ဥပဒေနဲ့ ထိမ်းသိမ်းရမယ်။ Facebook ကို သုံးသူတွေရဲ့ ၂၂ ရာခိုင်နှုန်းက Facebook ကို တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်နေတာကို တွေ့ရတယ်။ အဲဒီ့လူတွေကို ဥပဒေနဲ့ ထိမ်းသိမ်းဖို့ လိုပါတယ်။ ကျွန်တော်တို့လည်း စိတ်ပူတယ်၊၂၀၁၃ ကနေ ၂၀၁၆ အထိကို ဖုန်းက ၃၉ သန်း ချမယ်ဆိုတော့ ပိုပြီးဆိုးလာဖို့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သေချာထိမ်းသိမ်းဖို့ လိုလာတယ်။ Facebook ပေါ်မှာကိုပဲ ကိုယ်နဲ့တူတဲ့ အစုလေးတွေ ဖွဲ့ပြီးတော့ Hate Speech တွေကို လက်မခံတာမျိုးတွေ၊ ကိုယ့်အုပ်စုထဲမှာပဲ အချင်းချင်း ထိမ်းသိမ်းတာမျိုးတွေ လုပ်သင့်ပါတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။
အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုများကို ဥပဒေအရ ကာကွယ်သင့်၊ မသင့် ဆွေးနွေးပွဲ တစ်ရပ်ကို အမေရိကန်သံရုံး၏ စီစဉ်မှုဖြင့် ဇွန် ၂၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် အေပီသတင်းဌာန၏ အတိုင်ပင်ခံဟောင်း Richard Winfield က အမုန်းတရား တိုးပွားအောင် ပြုလုပ်သည့် လှုံ့ဆော်မှုများမှ ကာကွယ်ရန် ဥရောပနိုင်ငံ အချို့တွင် ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း အခြားမလိုအပ်သည့် ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်ချိန်ဆွေးနွေးရန် ပြောကြားခဲ့ပါသည်။
''အမေရိကားမှာတော့ Hate Speech အတွက် သီးသန့် ဥပဒေတော့ မရှိဘူး။ ဒါပေမဲ့ ဥပဒေကို ချိုးဖောက်တာတစ်ခုခု၊ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် မတော်မလျော် ပြုလုပ်တာမျိုး ဆိုရင်တော့ FBI တို့ CIA တို့လို အဖွဲ့တွေက ချက်ချင်း လာဖမ်းသွားမှာပဲ။ မြန်မာနိုင်ငံမှာ အဲလိုအဖွဲ့တွေ မရှိတော့ Hate Speech ပတ်သက်ပြီး ဥပဒေ ထုတ်ပြန်သင့်ပါတယ်'' ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်မောင်ဋ္ဌေးက ပြောကြားပါသည်။
''သင်ခဲ့ရတဲ့ သင်ခန်းစာ တစ်ခုထဲမှာ discrimination ကနေ တစ်ဖြည်းဖြည်း Hate Speech ဖြစ်လာရင် Genocide ဖြစ်ဖို့ နီးလာပြီ။ ဒါကြောင့် မီးဆိုတာ မလောင်ခင်တားတာ ကောင်းပါတယ်။ Hate Speech တွေ မပြန့်နှံ့အောင် ဥပဒေတစ်ရပ် ထုတ်သင့်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးခင်မောင်ကြည်က ပြောကြားသည်။
အမုန်းတရား ပွားစေသာ လှုံ့ဆော်မှုများကို ဥပဒေထုတ်ပြန်၍ တားမြစ်ခြင်းများ၊ ဖော်ထုတ် အရေးယူခြင်းများ ပြုလုပ်ရန် အကြံပြုချက်များ ရှိသည့်နည်းတူ ဆွေးနွေး အဖြေရှာသည့် ပုံစံဖြင့် ချဉ်းကပ်သင့်ကြောင်း အကြံပြုချက်များလည်း ရှိပါသည်။
''Facebook ပေါ်မှာရေးနေတဲ့ အမုန်းတရားနဲ့ ပတ်သက်တဲ့ လှုံဆော်မှုတွေကို တွေ့တိုင်း ချိုသာတဲ့ စကားလုံးတွေနဲ့ ပြန်ပြီး ရှင်းပြပေးသင့်တယ်။ တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်နေတာကိုတွေ့ရင် Facebook ပေါ်မှာပဲ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာတဲ့ အလေ့အထမျိုး ရှိစေချင်ပါတယ်။ ဒီလိုဆွေးနွေး အဖြေရှာတဲ့ ပုံစံမျိုးကို Social Society တွေအနေနဲ့လည်း ပါဝင်သင့်ပါတယ်။ ဥပဒေတစ်ခုထုတ်ဖို့ ဆိုတာကိုတော့ ဥပဒေပညာရှင် တစ်ယောက်အနေနဲ့ မထိရောက်ဘူးလို့ မြင်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။
''Electronic Transaction Law ထဲမှာဆိုရင် Facebook ပေါ်က လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုတွေကို သွယ်ဝိုက်ပြီး အရေးယူနိုင်တဲ့ ပုဒ်မ ၃၃ တော့ရှိတယ်။ မြန်မာနိုင်ငံမှာက Facebook မှာ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေတော့ မရှိသေးဘူး'' ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားခဲ့သည်။
ဘာသာရေး အကြောင်းပြုပြီး အစွန်းရောက်သူများ၏ ရေးသားပြောဆိုမှုများကို အရေးယူနိုင်သည့် ဥပဒေမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ အချို့တွင် ပြဌာန်းထားပြီး ရာဇသတ်ကြီး အခန်း ၂၂၊ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများ အခန်းပါ ပုဒ်မ ၅၀၅ (ဂ) တွင် မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင် သို့တည်းမဟုတ် လှုံ့ဆော်ခြင်းကိုဖြစ်စေ၊ အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။
ထို့ပြင် ကိုးကွယ်ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း၊ လူတစ်စား ကိုးကွယ်သည့်ဘာသာ၊ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစား၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကျည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်ခြင်းများ ပြုလုပ်ပါက ရာဇသတ်ကြီး အခန်း-၁၅၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများအခန်း ပုဒ်မ-၂၉၅ နှင့် ၂၉၅(က)အရ ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။
အင်တာနက်ပေါ်တွင် ဘာသာရေးနှင့် ပတ်သက်သော အမုန်းတရား ပွားများစေရန် လှုံ့ဆော်နေသူများတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ရောက်ရှိနေသူများလည်း ပါဝင်နေပြီး ထိုသူများကိုလည်း ဥပဒေအရ အရေးယူနိုင်သည့် နည်းလမ်းများ ရှိကြောင်း သိရှိရပါသည်။
သို့သော် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ် ၁၉ နှင့် ၂၀ တွင် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ကျင့်သုံးရာ၌ အများစု၏ လွတ်လပ်ခွင့်ကို မထိပါးစေရန်၊ လူအများ အခွင့်အရေးကို လေးစားရန်နှင့် လူမျိုးရေး ဘာသာရေး မထိခိုက်စေရန် လိုအပ်ပါက ဥပဒေပြု တားမြစ်နိုင်ကြောင်း အခိုင်အမာ ပြဌာန်းထားသော်လည်း အရာရာတိုင်းကို ဥပဒေဖြင့် လိုက်ပိတ်ရန် မလွယ်ကူကြောင်း ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သော အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုများကို ဥပဒေအရ ကာကွယ်သင့်၊ မသင့် ဆွေးနွေးပွဲတွင် ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။

Eleven

မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ဖော်ထုတ်ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခများဖြေရှင်းရန် မလေးရှား တောင်းဆို

ဘရူနိုင်းနိုင်ငံ Begawan မြို့တွင် ဇွန် ၂၉ ရက်က ကျင်းပသော (၄၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က မလေးရှားနိုင်ငံ အတွင်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ထည့်သွင်းဆွေးနွေးခြင်း မပြုဘဲ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကိုသာ အလေးထားဖြေရှင်းရန် ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က     ''မြန်မာနိုင်ငံအတွင်း ယခုထက်ထိတိုင် မအေးချမ်းသေးသော အခြေအနေများသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း'' ဟု ပြောကြားသည်။
ထို့ပြင် ၎င်းက မြန်မာနိုင်ငံ အနေဖြင့် မွတ်စလင်ဘာသာဝင်များ လုံခြုံမှု ရှိစေရန် နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစီရင်သင့်ကြောင်း တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ မလေးရှားနိုင်ငံမှ တောင်းဆိုမှုများ ပြုလုပ်သော်လည်း မကြာမီကာလ အတွင်းက ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအား ဖော်ထုတ်ပေးမည်ဟု မလေးရှား အစိုးရဘက်မှ ပြောကြားခဲ့ခြင်း မရှိပေ။
လွန်ခဲ့သည့် ရက်သတ္တပတ်များအ တွင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံ သားများ အသတ်ခံရမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား စိုးရိမ်မှုများ ရှိနေကြသည်။
ထိုသို့ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ အစိုးရဘက်မှ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများအား မလေးရှား အစိုးရက ဖော်ထုတ်ပေးရန် ကတိပြုခြင်းမရှိပေ။
အဆိုပါ ဖြစ်ရပ်များ မဖြစ်ပွားခင် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြိုးပမ်းမှုတစ်ရပ်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ တားဆီးဖော်ထုတ် နိုင်ခဲ့သည်။

Eleven

အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့်က အနုကြမ်းစီးမှုဖြစ်ပွား


အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်း တစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့် အချိန်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ဝတ် လက်စားများနှင့် ငွေကြေးများ ယူဆောင် သွားကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ယင်းတိုက်ခန်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦး (သမီးအကြီးဖြစ်သူ) နှင့် ခင်ပွန်းလောင်း ဖြစ်သူတို့ သီရိမင်္ဂလာဈေးသို့ သွားစဉ် အိမ်တွင် အသက် ၁၄ နှစ်ဝန်းကျင်ရှိ သမီးအငယ် ဖြစ်သူနှင့် အသက် ၄၃ နှစ်ဝန်းကျင်ရှိ အိမ်ဖော် အမျိုးသမီးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အမျိုးသားနှစ်ဦးမှ အနုကြမ်းစီးကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးတို့ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
''ည ၇ နာရီခွဲလောက် ကတည်းက အမျိုးသားငါးဦး တက်လာပြီး လူတစ်ယောက်ကို လာရှာသလိုမျိုး မေးတယ်။ မရှိဘူး ပြောလိုက်တော့ ပြန်ဆင်းသွားကြတယ်။ ည ၈ နာရီခွဲလောက်မှာ နှစ်ဦးပဲ တက်လာတယ်။ တံခါးခေါက်လို့ သမီးအငယ် ဖြစ်သူက တံခါးဖွင့်ပေးလိုက်တဲ့ အချိန်မှာ အိမ်ထဲကိုဝင်ပြီး မီးတွေ ပိတ်လိုက်တယ်။ ပြီးတော့ 'နင့်အမေ မဲဖိုးထုတ်ထားတဲ့ သိန်း ၃၀ ဘယ်မှာလဲ' လို့မေးတယ်။ 'မရှိတော့ဘူး၊ ပေးလိုက်ပြီ' လို့ ပြန်ပြောတဲ့အခါ အခန်းထဲကို အတင်းဆွဲခေါ်သွားတယ်။ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကျပ်တစ်သိန်းခွဲကို လုယူထွက်ပြေးသွားတယ်။ အိမ်ဖော်အမျိုးသမီးရဲ့ နောက်ကျောကို ဓားနဲ့ထိုးလို့ ဒဏ်ရာရတယ်။ ရဲစခန်းကို အကြောင်းကြားတော့ ၉ နာရီ မိနစ် ၂၀ လောက်မှာ ကျွန်တော်တို့ သိရတယ်။ အဲဒီအချိန်မှာ တရားခံတွေ မရှိတော့ဘူး။ ထွက်ပြေးသွားပါပြီ'' ဟု အလုံရဲစခန်းမှ ရဲအုပ် ညီမျိုးလွင်က ပြောပြခဲ့သည်။
ပ-၁၄၄/၁၃၊ ပုဒ်မ ၃၉၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Eleven

ဇူလိုင် ၆ ရက်နေ့မှာ Password ဂဏန်း တွေ ပြောပြနိုင်သူကို ဖော်ထုတ်တော့မယ့် ဒါရိုက်တာ ညိုမင်းလွင်


ဒါရိုက်တာ ညိုမင်းလွင်က “ဆဋ္ဌမမြောက် အခန်း”ဆိုတဲ့ ဇာတ် ကားကို လူမင်း၊ ပိုင်ဖြိုးသု တို့နဲ့ ရိုက်ကူးနေပါတယ်။ အောင်သီရိ ထုတ်လုပ်ရေးကို ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးမှု နဲ့ထူးခြား တိုက်ဆိုင်မှုတွေကို ပြောပြတာက “ကျွန်တော်နဲ့ ကိုလူမင်းက မဆုံတာလည်း ကြာပြီ။ ခုပြန်ဆုံတဲ့ ကားက ဆဋ္ဌမမြောက် ဇာတ်ကား၊ ခြောက်နှစ်ကြာမှ ပြန်ဆုံတာ။ ရိုက် တာကလည်း ခြောက်လပိုင်း။ အဲဒါ ကြောင့် ဇာတ်ကား နာမည်ကို “ဆဋ္ဌ မမြောက်အခန်း” လို့ပေးခဲ့တာ။ ဒီ ဇာတ်ကားက ဇာတ်လမ်း ဆန်းတော့ သာမန်ကား တစ်ကားထက် လုပ်ရတာ ပိုလက်ဝင်တယ်။ ပိုပင်ပန်းတယ်။ ဒါပေမဲ့လည်း သရုပ်ဆောင် တွေရော၊ ကျွန်တော် ကိုယ်တိုင် ပါ ဖန်တီးရတာ ကျေနပ်တယ်။ ပရိသတ်တွေ ကျေ နပ်မယ့် ကားတစ်ကား လို့လည်း ယုံ ကြည်ပါတယ်” လို့ ဒါရိုက်တာ ညိုမင်း လွင်က ပြောပြပါတယ်။
ခရေဖြူ ထုတ်လုပ်ရေးက ရိုက် ကူးထားတဲ့ Password ဆိုတဲ့ ဇာတ်ကားမှာ ပဟေဠိ ဝှက်ထားတဲ့ ဂဏန်းတွေ ဖော်ပြပေးနိုင်တဲ့ သူ ကို iPhone 5 ၅ ဆု ချီးမြှင့်ပေးဖို့ အတွက် ဇူလိုင် ၆ရက်နေ့ Happy World မှာ ကျင်းပ မှာဖြစ်ပါတယ်။ ဒီဇာတ် ကားကို ရိုက်ကူး ပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင် ကိုယ်တိုင် အဖြေ များ ပေးပို့ တဲ့စာများကို စစ်ဆေးဖြစ်တယ် လို့လည်း ပြောပြတာကြောင့် “အဖြေ လွှာတွေက ဇွန် ၃ဝရက်နေ့ နောက် ဆုံးပေးပို့ကြ ရမှာပါ။ အခု လက်ရှိ ရောက်လာတာတွေကို စပြီး စိစစ် ရွေးချယ် နေပါပြီ။ နောက်ထပ် ရောက်လာ တာတွေကိုလည်း ထပ် ရွေးဦးမှာပါ။ အဖြေမှန်တဲ့သူတစ် ဦးတည်းပဲရှိတယ်ဆို ဖိတ်ပြီးတစ်ခါ တည်းငဏ့သညန ၅ ချီးမြှင့် မှာပါ။ အဖြေမှန်တဲ့သူ တစ်ဦး ထက်ပိုတယ်။ နယ် ကလူတွေ ပါတယ်ဆိုလည်း လှမ်း အသိပေးပြီး ဖိတ်မယ်။ အောင်ရဲလင်း နဲ့ ဖွေးဖွေးက ဇာတ်ကားထဲ မှာ ကြော်ငြာ ထားတဲ့ အတိုင်း မဲနှိုက်ရွေး ချယ်ပေးပါမယ်။ အခု ရောက်လာတဲ့ အဖြေလွှာတွေက တအားများတယ်။ တအားပျော်မိတယ်။ အဲဒီနေ့ အတွက် လည်း တအား ရင်ခုန် တယ်။ ကိုယ့် ဇာတ်ကားကို နှစ်ခေါက်၊ သုံးခေါက် ပြန်ကြည့်ခဲ့တဲ့ ပရိသတ်တွေ တချို့ ဆို ဝယ်ကြည့် ခဲ့တဲ့ ပရိသတ်တွေ နဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရမယ့် အတွက် အဲဒီ နေ့ ကို တအား ရောက်ချင်နေပါတယ်။ နောက် ပရိသတ်ကို သိစေချင်တာ က ခရေဖြူ ထုတ်လုပ်ရေးက တစ်ဦးထက် အဖြေမှန် ပေါ်ခဲ့ရင် အမှတ်တ ရမေတ္တာ လက်ဆောင်တွေ ထပ်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ တချို့သော ပရိသတ်တွေက ဒါက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတဲ့ ရှုထောင့်ကနေမြင်တဲ့ သူတွေ လည်း ရှိတယ်။ ကျွန်တော်တို့က ဒီအစီအစဉ် လုပ်ကတည်းက တစ်အိမ်မှာ မိသားစု ၅ယောက်ရှိ ရင် ၅ယောက်စ လုံးပေး လို့ရတယ်။ တစ်ယောက် ကိုလည်း  အဖြေလွှာ ဘယ်နှစ်စောင် ပို့ရ မယ်လို့ မကန့်သတ်ထားဘူး။ ဘာမှ ချုပ် ချယ်ထားတာ မရှိဘူး။ ပရိသတ်နဲ့ ကျွန် တော် တို့ကြားက အမှတ်တရ အစီအစဉ် တစ်ခုပါ” လို့ ပြောပြ ပါတယ်။
“နှင်းဆီတစ်ထောင်” ဇာတ်ကား ထဲက နှင်းဆီ လက်မှတ်ထိုးထားတဲ့ ပိုက်ဆံ တစ်ထောင်တန်ကို တကယ် ရှာတွေ့ခဲ့ရင်လည်း ပွဲလုပ်ဖို့ အစီ အစဉ် ရှိပေမယ့် ခုချိန်ထိ ဒီတစ် ထောင်တန်ကို တွေ့တဲ့သူ ၃ယောက် လောက် ရှိတယ်လို့ ဖုန်းဆက်လာ ကြောင်း သိရပါတယ်။
မေမွန်မောင်
Popular Myanmar