ဇူလိုင် ၆ ရက်နေ့မှာ Password ဂဏန်း တွေ ပြောပြနိုင်သူကို ဖော်ထုတ်တော့မယ့် ဒါရိုက်တာ ညိုမင်းလွင်

ပို့စ်တင်ချိန် - 7/02/2013 09:12:00 AM


ဒါရိုက်တာ ညိုမင်းလွင်က “ဆဋ္ဌမမြောက် အခန်း”ဆိုတဲ့ ဇာတ် ကားကို လူမင်း၊ ပိုင်ဖြိုးသု တို့နဲ့ ရိုက်ကူးနေပါတယ်။ အောင်သီရိ ထုတ်လုပ်ရေးကို ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးမှု နဲ့ထူးခြား တိုက်ဆိုင်မှုတွေကို ပြောပြတာက “ကျွန်တော်နဲ့ ကိုလူမင်းက မဆုံတာလည်း ကြာပြီ။ ခုပြန်ဆုံတဲ့ ကားက ဆဋ္ဌမမြောက် ဇာတ်ကား၊ ခြောက်နှစ်ကြာမှ ပြန်ဆုံတာ။ ရိုက် တာကလည်း ခြောက်လပိုင်း။ အဲဒါ ကြောင့် ဇာတ်ကား နာမည်ကို “ဆဋ္ဌ မမြောက်အခန်း” လို့ပေးခဲ့တာ။ ဒီ ဇာတ်ကားက ဇာတ်လမ်း ဆန်းတော့ သာမန်ကား တစ်ကားထက် လုပ်ရတာ ပိုလက်ဝင်တယ်။ ပိုပင်ပန်းတယ်။ ဒါပေမဲ့လည်း သရုပ်ဆောင် တွေရော၊ ကျွန်တော် ကိုယ်တိုင် ပါ ဖန်တီးရတာ ကျေနပ်တယ်။ ပရိသတ်တွေ ကျေ နပ်မယ့် ကားတစ်ကား လို့လည်း ယုံ ကြည်ပါတယ်” လို့ ဒါရိုက်တာ ညိုမင်း လွင်က ပြောပြပါတယ်။
ခရေဖြူ ထုတ်လုပ်ရေးက ရိုက် ကူးထားတဲ့ Password ဆိုတဲ့ ဇာတ်ကားမှာ ပဟေဠိ ဝှက်ထားတဲ့ ဂဏန်းတွေ ဖော်ပြပေးနိုင်တဲ့ သူ ကို iPhone 5 ၅ ဆု ချီးမြှင့်ပေးဖို့ အတွက် ဇူလိုင် ၆ရက်နေ့ Happy World မှာ ကျင်းပ မှာဖြစ်ပါတယ်။ ဒီဇာတ် ကားကို ရိုက်ကူး ပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင် ကိုယ်တိုင် အဖြေ များ ပေးပို့ တဲ့စာများကို စစ်ဆေးဖြစ်တယ် လို့လည်း ပြောပြတာကြောင့် “အဖြေ လွှာတွေက ဇွန် ၃ဝရက်နေ့ နောက် ဆုံးပေးပို့ကြ ရမှာပါ။ အခု လက်ရှိ ရောက်လာတာတွေကို စပြီး စိစစ် ရွေးချယ် နေပါပြီ။ နောက်ထပ် ရောက်လာ တာတွေကိုလည်း ထပ် ရွေးဦးမှာပါ။ အဖြေမှန်တဲ့သူတစ် ဦးတည်းပဲရှိတယ်ဆို ဖိတ်ပြီးတစ်ခါ တည်းငဏ့သညန ၅ ချီးမြှင့် မှာပါ။ အဖြေမှန်တဲ့သူ တစ်ဦး ထက်ပိုတယ်။ နယ် ကလူတွေ ပါတယ်ဆိုလည်း လှမ်း အသိပေးပြီး ဖိတ်မယ်။ အောင်ရဲလင်း နဲ့ ဖွေးဖွေးက ဇာတ်ကားထဲ မှာ ကြော်ငြာ ထားတဲ့ အတိုင်း မဲနှိုက်ရွေး ချယ်ပေးပါမယ်။ အခု ရောက်လာတဲ့ အဖြေလွှာတွေက တအားများတယ်။ တအားပျော်မိတယ်။ အဲဒီနေ့ အတွက် လည်း တအား ရင်ခုန် တယ်။ ကိုယ့် ဇာတ်ကားကို နှစ်ခေါက်၊ သုံးခေါက် ပြန်ကြည့်ခဲ့တဲ့ ပရိသတ်တွေ တချို့ ဆို ဝယ်ကြည့် ခဲ့တဲ့ ပရိသတ်တွေ နဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရမယ့် အတွက် အဲဒီ နေ့ ကို တအား ရောက်ချင်နေပါတယ်။ နောက် ပရိသတ်ကို သိစေချင်တာ က ခရေဖြူ ထုတ်လုပ်ရေးက တစ်ဦးထက် အဖြေမှန် ပေါ်ခဲ့ရင် အမှတ်တ ရမေတ္တာ လက်ဆောင်တွေ ထပ်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ တချို့သော ပရိသတ်တွေက ဒါက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတဲ့ ရှုထောင့်ကနေမြင်တဲ့ သူတွေ လည်း ရှိတယ်။ ကျွန်တော်တို့က ဒီအစီအစဉ် လုပ်ကတည်းက တစ်အိမ်မှာ မိသားစု ၅ယောက်ရှိ ရင် ၅ယောက်စ လုံးပေး လို့ရတယ်။ တစ်ယောက် ကိုလည်း  အဖြေလွှာ ဘယ်နှစ်စောင် ပို့ရ မယ်လို့ မကန့်သတ်ထားဘူး။ ဘာမှ ချုပ် ချယ်ထားတာ မရှိဘူး။ ပရိသတ်နဲ့ ကျွန် တော် တို့ကြားက အမှတ်တရ အစီအစဉ် တစ်ခုပါ” လို့ ပြောပြ ပါတယ်။
“နှင်းဆီတစ်ထောင်” ဇာတ်ကား ထဲက နှင်းဆီ လက်မှတ်ထိုးထားတဲ့ ပိုက်ဆံ တစ်ထောင်တန်ကို တကယ် ရှာတွေ့ခဲ့ရင်လည်း ပွဲလုပ်ဖို့ အစီ အစဉ် ရှိပေမယ့် ခုချိန်ထိ ဒီတစ် ထောင်တန်ကို တွေ့တဲ့သူ ၃ယောက် လောက် ရှိတယ်လို့ ဖုန်းဆက်လာ ကြောင်း သိရပါတယ်။
မေမွန်မောင်
Popular Myanmar