ကလေးအား တိပ်နဲ့ပတ် ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် မူကြိုဆရာမ

ပို့စ်တင်ချိန် - 7/21/2014 08:26:00 PM



တရုတ်နိုင်ငံ Hebei ပြည်နယ်က မူကြိုဆရာမဟာ အင်တာနက်ပေါ် ကလေးတစ်ယောက်ရဲ့ ပုံကို တင်ခဲ့တာကြောင့် အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။

သူ့တပည့်ဖြစ်တဲ့ ဒီကလေးရဲ့ခေါင်းနဲ့လက်များကို ပုံပါအတိုင်း ပလတ်စတစ်တိပ်နဲ့ အထပ်ထပ်ပတ်ပြီး တရုတ်နိုင်ငံရဲ့ လူကြိုက်များ မက်ဆေ့ဂ်ျအပ်ပလီကေးရှင်းဖြစ်တဲ့ WebChat ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

Shanghaiist ရဲ့ဖော်ပြချက်အရ ဒီလူငယ်ဆရာမဟာ Yu Tian မူကြိုကျောင်းက ဆရာမတစ်ဦးဖြစ်ပါတယ်။
သူမဟာ ကျောင်းသားကလေးရဲ့ နှာခေါင်းနဲ့ မျက်လုံးတွေကိုသာချန်ပြီး ကျန်တဲ့နေရာအားလုံးကို တိပ်နဲ့ ရစ်ပတ်ခဲ့တာ ဖြစ်ပါတယ်။  ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒီလိုလုပ်ခဲ့ပုံရပါတယ်။

အခန်းထောင့်မှာထိုင်နေတဲ့ ကလေးဟာ မသက်မသာနဲ့ ဒုက္ခရောက်နေပုံ ပေါ်ပေမဲ့ သူမသူငယ်ချင်းတွေကိုပြဖို့ သူမက ဓာတ်ပုံရိုက်ကာ WebCaht မှာ ရှယ်ယာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဓာတ်ပုံဟာ တရုတ်ဆိုရှယ်ဝက်ဆိုက်ဒ် Weibo မှာပါ ပြန့်နှံ့သွားခဲ့ပြီး တရုတ်နိုင်ငံသားတွေ ဒေါသထွက်နေကြတယ်လို့ Apple Daily က ဖော်ပြခဲ့ပါတယ်။

တော်တော်များများက ဒီလိုပြစ်ဒဏ်ပေးမှုကြောင့် ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်ရုံမက စိတ်ပိုင်းဆိုင်ရာပါ ဒဏ်ရာရသွားနိုင်တယ်လို့ ဆိုပါတယ်။
အချို့ကတော့ ဒီဆရာမကို ပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။



credit: phothutaw