ဆေးသောက်ရုံဖြင့် ဘာသာစကား အသစ်တစ်မျိုး ပြောနိုင်တော့မည်

ပို့စ်တင်ချိန် - 7/24/2014 09:19:00 AM


သိပ္ပံပညာရှင် တစ်ဦး၏ ဟောကိန်းသာ မှန်မည်ဆိုပါက ကျောင်း မှာ သဒ္ဒါစာအုပ်တွေ
လှန်ကာ သဒ္ဒါ စည်းမျဉ်းတွေ ဖတ်ရ မှတ်ရသည့် ဒုက္ခက ကင်းဝေး တော့မည်။



မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ သိပ္ပံပညာရှင် နီကိုလပ်စ် နီဂရိုပွန်တီက လာမည့် နှစ် ၃၀ ခန့်ဆိုလျှင် ဘာသာစကားများကို ဆေးလုံးအဖြစ် ဖန်တီးကာ ထိုဆေးလုံးကို သောက်လိုက်ရုံဖြင့် သက်ဆိုင်ရာ ဘာသာစကား များကို လူသားများ အလိုလျောက် တတ်မြောက် သွားကြမည်ဟု ဆိုသည်။

လူသားများသည် အသစ် အသစ်များ သင်ယူရာတွင် မျက်လုံး အမြင်ကို အားကိုး၍ သင်ယူကြကြောင်း၊ သို့သော် ထိုနည်းလမ်း အပြင် အခြားသော နည်းလမ်းများ လည်းရှိသေးကြောင်း မစ္စတာ နီဂရိုပွန်တီက ပြောသည်။ မစ္စတာ နီဂရိုပွန်တီ သည် ၄င်း၏ ရှေ့အလားအလာ ခန့်မှန်းချက်ကို ကနေဒါနိုင်ငံဗန် ကူးဗားမြို့ နည်းပညာ ဟောပြောပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မျက်လုံးဖြင့် သင်ယူခြင်း သာမက သတင်း အချက်အလက်များကို အစာချက်ခြင်း နည်းဖြင့်လည်း လူသားများ သင်ယူနိုင်မည်ဟု ၄င်းက ဆိုသည်။

““အင်္ဂလိပ်ဘာသာဆေး မျိုချရင် အင်္ဂလိပ်ဘာသာ တတ်သွားမယ်။ ရှိတ်စပီးယား ဆေးသောက်ရင် ရှိတ်စပီးယား စာတွေ အားလုံး ညက်ညက်ကျေအောင် သိသွားမယ်”” ဟု မစ္စတာ နီဂရိုပွန်တီက ပြောသည်။

““ဆေးလုံးထဲမှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ ပတ်သက်တာ အကုန် ထည့်ပေးလိုက်မယ်။ သောက်ချလိုက်ရင် အစာအိမ်ထဲ ရောက်မယ်။ အစာအိမ်က အစာချက်လိုက်တဲ့ အခါ သွေးထဲ ရောက်မယ်။ သွေးထဲ ကတစ်ဆင့် ဦးနှောက်ထဲ ရောက်မယ်။ သွေးထဲကနေ တစ်ကွဲတစ်ပြား စီးမျောလာတဲ့ သတင်းအချက် အလက်တွေဟာ ဦးနှောက်ထဲ ရောက်တော့ သူ့နေရာနဲ့သူ အစီအစဉ်တကျ ဖြစ်သွားပြီး သက်ဆိုင်ရာ ဘာသာစကား တတ်မြောက်အောင် ဦးနှောက် ကို ပုံသွင်း ပေးမယ်။ အဲဒီနည်းနဲ့ ဘာသာစကား တတ်မြောက်ကြမယ်”” ဟု ၄င်းက ရှင်းလင်း တင်ပြသွားသည်။ သိပ္ပံဇာတ်လမ်း ဆန်နေသော်လည်း လာမည့် နှစ် ၃၀ အတွင်း လက်တွေ့ ဖြစ်လာမည်မှာ ဧကန်ဟု ၎င်းက အာမခံ ပြောကြားသည်။

Source: Daily Mail
Messenger News Daily