AGD ဘဏ် ရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဦးကျော်နေဝင်း ဦးဆောင်သောအဖွဲ့က လွှဲပြောင်းရယူရန် သဘောတူထားပြီဟုဆို

ပို့စ်တင်ချိန် - 7/24/2014 09:18:00 AM


အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၏ ရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဦးကျော်နေဝင်း ဦးဆောင်သော လုပ်ငန်းရှင် လေးဦးပါအဖွဲ့က လွှဲပြောင်းရယူရန် သဘောတူညီပြီး ဖြစ်ကြောင်း ဦးအေးနေဝင်းက The Voice သို့ အတည်ပြု ပြောကြားသည်။
ဘဏ်လုပ်ငန်းကိစ္စရပ်များကို ပြောဆိုရာတွင် လုပ်ငန်းကြီးမားသည်နှင့်အမျှ အနည်းငယ်နားလည်မှု လွဲခြင်းမျိုး ရှိတတ်သည့်အတွက် AGD ဘဏ်နှင့် ရှယ်ယာလွှဲပြောင်းရယူ သူတို့အကြား ပြောစကားများကို နားလည်မှုလွဲခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်းဆိုသည်။
“လက်ရှိအချိန်ထိ AGD ဘဏ်ရဲ့ ရှယ်ယာ ၆၅ ရာခိုင်နှုန်းအထိ လွှဲပြောင်းရယူဖို့ စာချုပ်ချုပ်ထားပြီး ဖြစ်ပါတယ်။ နောက်ခြောက်လအတွင်းမှာ ၈၅ ရာခိုင်နှုန်းအထိ ရယူသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
AGD ဘဏ်၏ ရှယ်ယာကို လွှဲပြောင်းရယူရာတွင် ဦးကျော်နေဝင်း အပါအဝင် မီကိုလုပ်ငန်းစုမှ ဦးယဉ်ထွေးနှင့် ကျန်လုပ်ငန်းရှင် နှစ်ဦးလည်းပါဝင်ပြီး လက်ရှိအချိန်တွင် ရှယ်ယာလွှဲပြောင်းမှု ၁၅ ရာခိုင်နှုန်းအတွက်သာ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း AGD ဘဏ်မှ ရှယ်ယာစီမံ ခန့်ခွဲမှုဌာန၏ အကြီးတန်းဒါရိုက်တာ ဦးစိုးသိန်းက The Voice သို့ အတည်ပြု ပြောကြားသည်။
အဆိုပါရှယ်ယာ ၁၅ ရာခိုင်နှုန်း လွှဲပြောင်းမှုတွင် မီကိုလုပ်ငန်းစုမှ ဦးယဉ်ထွေးက ၁၀ ရာခိုင်နှုန်း၊ ဦးကျော်နေဝင်းနှင့် ကျန်လုပ်ငန်းရှင်နှစ်ဦးတို့က ၁ ဒသမ ၅ ရာခိုင်နှုန်းစီခန့် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန) ကနေ ရှယ်ယာ Transfer Form ကိုယူပြီး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတယ်၊ လက်ရှိမှာ ၁၅ ရာခိုင်နှုန်းအတွက်ပဲ လွှဲပြောင်းဖို့ လုပ်နေတယ်။ လုပ်ငန်းရှင်ထဲမှာတော့ ဦးကျော်နေဝင်းနဲ့ ဦးယဉ်ထွေး တို့ပါတယ်။ ကျန်လုပ်ငန်းရှင်နှစ်ယောက် နာမည်ကို သေချာမမှတ်မိဘူး၊ မီကိုအုပ်စုကပဲလို့ တချို့ကလည်း ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်အတိအကျတော့ မသေချာဘူး” ဟု ဦးစိုးသိန်းက ဆိုသည်။
AGD ဘဏ်မှ အကြီးတန်း ဒါရိုက်တာဦးစိုးသိန်းကို ဆက်သွယ်မေးမြန်းချိန်တွင် ရုံးချိန်ပြင်ပ ဖြစ်နေသည့်အတွက် ရှယ်ယာလွှဲပြောင်းသူအမည် စာရင်းကို အတိအကျပြောရန် မသေချာကြောင်း ဦးစိုးသိန်းက ဆိုသည်။
AGD ဘဏ်၏ ရှယ်ယာစုစုပေါင်း ခြောက်သိန်းရှိသည့်အနက် ၁၅ ရာခိုင်နှုန်း ဝန်းကျင်ရှိသော ရှယ်ယာ ကိုးသောင်းကျော်ကို ဦးကျော်နေဝင်းတို့ကို လွှဲပြောင်းပေးခြင်းဖြစ်ပြီး ဘဏ်၏ မူလရှယ်ယာ တန်ဖိုးမှာ ရှယ်ယာတစ်ခုလျှင် ကျပ်ငါးသောင်း ဖြစ်ကြောင်း AGD ဘဏ်ထံမှ စုံစမ်းသိရှိရသည်။
AGD ဘဏ်၏ ပိုင်ဆိုင်မှုရှယ်ယာ လွှဲပြောင်းမှုများကြောင့် ဘဏ်နှင့် ဆက်စပ်လုပ်ဆောင်နေသူများ၊ လုပ်ငန်းရှင်များ အကြားတွင် သက်ရောက်မှုတချို့ ရှိနေပြီး AGD ဘဏ်နှင့် ဆက်လက်လက်မတွဲဘဲ တခြားဘဏ်တစ်ခုခုကိုသာ ရွေးချယ်တော့မည် ဆိုသူများလည်း ရှိလာသည်။
“ဒီလိုပိုင်ရှင် အပြောင်းအလဲ ဖြစ်လာချိန်မှာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် တရားဝင် သတင်းစာရှင်းလင်းပွဲမျိုး လုပ်သင့်တယ်၊ ပိုင်ဆိုင်သူတွေ ပြောင်းသွားချိန်မှာ ဒီဘဏ်နဲ့ ဆက်လုပ်၊ မလုပ်ဆိုတာတော့ ခုချိန်မှာ မဆုံးဖြတ်ရသေးဘူး။ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် ရွေးချယ်စရာ ဘဏ်တွေက အများကြီး ရှိနေပြီလေ။ ဘယ်ဘဏ်နဲ့ဖြစ်ဖြစ် လုပ်လို့ရနိုင်တာပဲဓဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
နောက်ခြောက်လအတွင်း AGD ဘဏ်၏ ရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ လွှဲပြောင်းရယူမည် ဖြစ်ကြောင်းနှင့် အကယ်၍ အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံ၏ ထူးလုပ်ငန်းစုအပေါ် ပိတ်ဆို့မှုများကြောင့် ရှယ်ယာရှင်အသစ်များကို ထိခိုက်မှု ရှိလာမည်ဆိုပါက AGD ဘဏ်၏ ရှယ်ယာအားလုံးကို လွှဲပြောင်းပေးရန်အထိ ဦးတေဇက ကမ်းလှမ်းထားကြောင်း ဦးအေးနေဝင်းက ဆိုသည်။
လက်ရှိအချိန်တွင် AGD ဘဏ်သည် ဘဏ်ခွဲပေါင်း ၄၀ ကျော်ခန့်ရှိပြီး ပိုင်ဆိုင်မှုရှယ်ယာတန်ဖိုး ကျပ် ၃၀ ဘီလီယံ အထိရှိကြောင်း AGD ဘဏ်ထံမှ စုံစမ်းသိရှိရသည်။ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၏ ရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဦးကျော်နေဝင်း ဦးဆောင်သော လုပ်ငန်းရှင် လေးဦးပါအဖွဲ့က လွှဲပြောင်းရယူရန် သဘောတူညီပြီး ဖြစ်ကြောင်း ဦးအေးနေဝင်းက The Voice သို့ အတည်ပြု ပြောကြားသည်။ ဘဏ်လုပ်ငန်းကိစ္စရပ်များကို ပြောဆိုရာတွင် လုပ်ငန်းကြီးမားသည်နှင့်အမျှ အနည်းငယ်နားလည်မှု လွဲခြင်းမျိုး ရှိတတ်သည့်အတွက် AGD ဘဏ်နှင့် ရှယ်ယာလွှဲပြောင်းရယူ သူတို့အကြား ပြောစကားများကို နားလည်မှုလွဲခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်းဆိုသည်။ “လက်ရှိအချိန်ထိ AGD ဘဏ်ရဲ့ ရှယ်ယာ ၆၅ ရာခိုင်နှုန်းအထိ လွှဲပြောင်းရယူဖို့ စာချုပ်ချုပ်ထားပြီး ဖြစ်ပါတယ်။ နောက်ခြောက်လအတွင်းမှာ ၈၅ ရာခိုင်နှုန်းအထိ ရယူသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ AGD ဘဏ်၏ ရှယ်ယာကို လွှဲပြောင်းရယူရာတွင် ဦးကျော်နေဝင်း အပါအဝင် မီကိုလုပ်ငန်းစုမှ ဦးယဉ်ထွေးနှင့် ကျန်လုပ်ငန်းရှင် နှစ်ဦးလည်းပါဝင်ပြီး လက်ရှိအချိန်တွင် ရှယ်ယာလွှဲပြောင်းမှု ၁၅ ရာခိုင်နှုန်းအတွက်သာ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း AGD ဘဏ်မှ ရှယ်ယာစီမံ ခန့်ခွဲမှုဌာန၏ အကြီးတန်းဒါရိုက်တာ ဦးစိုးသိန်းက The Voice သို့ အတည်ပြု ပြောကြားသည်။ အဆိုပါရှယ်ယာ ၁၅ ရာခိုင်နှုန်း လွှဲပြောင်းမှုတွင် မီကိုလုပ်ငန်းစုမှ ဦးယဉ်ထွေးက ၁၀ ရာခိုင်နှုန်း၊ ဦးကျော်နေဝင်းနှင့် ကျန်လုပ်ငန်းရှင်နှစ်ဦးတို့က ၁ ဒသမ ၅ ရာခိုင်နှုန်းစီခန့် ပါဝင်ကြောင်း ၎င်းက ဆိုသည်။ “DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန) ကနေ ရှယ်ယာ Transfer Form ကိုယူပြီး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတယ်၊ လက်ရှိမှာ ၁၅ ရာခိုင်နှုန်းအတွက်ပဲ လွှဲပြောင်းဖို့ လုပ်နေတယ်။ လုပ်ငန်းရှင်ထဲမှာတော့ ဦးကျော်နေဝင်းနဲ့ ဦးယဉ်ထွေး တို့ပါတယ်။ ကျန်လုပ်ငန်းရှင်နှစ်ယောက် နာမည်ကို သေချာမမှတ်မိဘူး၊ မီကိုအုပ်စုကပဲလို့ တချို့ကလည်း ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်အတိအကျတော့ မသေချာဘူး” ဟု ဦးစိုးသိန်းက ဆိုသည်။ AGD ဘဏ်မှ အကြီးတန်း ဒါရိုက်တာဦးစိုးသိန်းကို ဆက်သွယ်မေးမြန်းချိန်တွင် ရုံးချိန်ပြင်ပ ဖြစ်နေသည့်အတွက် ရှယ်ယာလွှဲပြောင်းသူအမည် စာရင်းကို အတိအကျပြောရန် မသေချာကြောင်း ဦးစိုးသိန်းက ဆိုသည်။ AGD ဘဏ်၏ ရှယ်ယာစုစုပေါင်း ခြောက်သိန်းရှိသည့်အနက် ၁၅ ရာခိုင်နှုန်း ဝန်းကျင်ရှိသော ရှယ်ယာ ကိုးသောင်းကျော်ကို ဦးကျော်နေဝင်းတို့ကို လွှဲပြောင်းပေးခြင်းဖြစ်ပြီး ဘဏ်၏ မူလရှယ်ယာ တန်ဖိုးမှာ ရှယ်ယာတစ်ခုလျှင် ကျပ်ငါးသောင်း ဖြစ်ကြောင်း AGD ဘဏ်ထံမှ စုံစမ်းသိရှိရသည်။ AGD ဘဏ်၏ ပိုင်ဆိုင်မှုရှယ်ယာ လွှဲပြောင်းမှုများကြောင့် ဘဏ်နှင့် ဆက်စပ်လုပ်ဆောင်နေသူများ၊ လုပ်ငန်းရှင်များ အကြားတွင် သက်ရောက်မှုတချို့ ရှိနေပြီး AGD ဘဏ်နှင့် ဆက်လက်လက်မတွဲဘဲ တခြားဘဏ်တစ်ခုခုကိုသာ ရွေးချယ်တော့မည် ဆိုသူများလည်း ရှိလာသည်။ “ဒီလိုပိုင်ရှင် အပြောင်းအလဲ ဖြစ်လာချိန်မှာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် တရားဝင် သတင်းစာရှင်းလင်းပွဲမျိုး လုပ်သင့်တယ်၊ ပိုင်ဆိုင်သူတွေ ပြောင်းသွားချိန်မှာ ဒီဘဏ်နဲ့ ဆက်လုပ်၊ မလုပ်ဆိုတာတော့ ခုချိန်မှာ မဆုံးဖြတ်ရသေးဘူး။ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် ရွေးချယ်စရာ ဘဏ်တွေက အများကြီး ရှိနေပြီလေ။ ဘယ်ဘဏ်နဲ့ဖြစ်ဖြစ် လုပ်လို့ရနိုင်တာပဲဓဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။ နောက်ခြောက်လအတွင်း AGD ဘဏ်၏ ရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ လွှဲပြောင်းရယူမည် ဖြစ်ကြောင်းနှင့် အကယ်၍ အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံ၏ ထူးလုပ်ငန်းစုအပေါ် ပိတ်ဆို့မှုများကြောင့် ရှယ်ယာရှင်အသစ်များကို ထိခိုက်မှု ရှိလာမည်ဆိုပါက AGD ဘဏ်၏ ရှယ်ယာအားလုံးကို လွှဲပြောင်းပေးရန်အထိ ဦးတေဇက ကမ်းလှမ်းထားကြောင်း ဦးအေးနေဝင်းက ဆိုသည်။ လက်ရှိအချိန်တွင် AGD ဘဏ်သည် ဘဏ်ခွဲပေါင်း ၄၀ ကျော်ခန့်ရှိပြီး ပိုင်ဆိုင်မှုရှယ်ယာတန်ဖိုး ကျပ် ၃၀ ဘီလီယံ အထိရှိကြောင်း AGD ဘဏ်ထံမှ စုံစမ်းသိရှိရသည်။

 7daydaily