အမေရိကန်မှာရှိတဲ့ Facebook အသုံးပြုသူတွေဟာ တစ်နေ့ကို ပျမ်းမျှ မိနစ် ၄၀ သာ Facebook ကို အသုံးပြုဟုဆို

ပို့စ်တင်ချိန် - 7/27/2014 05:17:00 PM


အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိနေကြတဲ့ Facebook အသုံးပြုသူတွေဟာ တစ်နေ့ကို မိနစ် ၄၀ ခန့် Facebook ကို အသုံးပြုကြောင်း သိရသည်။ မက်ဇူကာဘက် က Facebook ရဲ့ ဒုတိယ ၄ လပတ်အစည်းအဝေးမှာ ပြောကြားရာမှာ ” အမေရိကန်နိုင်ငံမှာ ရှိတဲ့ Facebook ပေါ်က သူတွေဟာ တစ်နေ့ကို မိနစ် ၄၀ လောက်ပဲ မိမိတို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုကြတယ်” လို့ ပြောကြားခဲ့သည်။ CDC ရဲ့ အကြံပြုချက်များအရ အမေရိကန်လူမျိုးတွေဟာ တစ်နေ့ကို ၂၂ မီနစ်လောက် လေးကျင့်ခန်းလုပ်ကြပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝတယ်လို့ ဆိုသည်။

ဇူကာဘက်က ပြောကြားရာမှာ မိနစ် ၄၀ အသုံးပြုတဲ့အချိန်အတွင်းမှာ တကယ်တမ်း မိုဘိုင်းဖုန်းပေါ်ကနေ အသုံးပြုတာက Facebook အကောင့် တစ်ခုအတွက် ၅ မီနစ်ပဲ ရှိတယ်လို့ ဆိုသည်။ ဒါကြောင့် Facebook ရဲ့ CEO ဖြစ်တဲ့ ဇူကာဘက်ကပြောတာကတော့ အမေရိကန်က သူတွေဟာ ပျမ်းမျှ တစ်နေ့ကို ၉ နာရီလောက်ရှိတဲ့ အချိန်တွေကို ဒီဂျစ်တယ်မီဒီယာတွေ ဖြစ်တဲ့ တီဗီ ၊ ဖုန်း နှင့် ကွန်ပျူတာတွေအပေါ်မှာ သုံးစွဲတယ်လို့ ဆိုသည်။ ဒါဟာ လူတွေကို ဝေမျှဖို့အတွက် အကြီးမားဆုံး တိုးတက်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ဆိုသည်။ အမေရိကန်နှင့် ကနေဒါနိုင်ငံ နှစ်ခုပေါင်းမှာရှိတဲ့ ပြည်သူတွေထဲက ၂၄ မီလီယံဟာ Facebook ကို အသုံးပြုနေကြကြောင်း သိရသည်။

Yangon Media Group