စီးရီးထွက်ရှိနိုင်ဖို့ စာချုပ်အတွက် ကြိုးစားနေစဉ် ယောက်ျားများစွာနဲ့ အတူအိပ်ခဲ့တဲ့ Lana Del Rey

ပို့စ်တင်ချိန် - 7/27/2014 09:32:00 AM


Victor. Paa Tung

Lana Del Rey က သူမရဲ့ အောင်မြင်မှုနဲ့ ပတ်သက်တဲ့ ရင်တွင်းခံစားချက်တွေကို Complex Magazine ကို ဖွင့်ပြောခဲ့ တယ်။ အောင်မြင်မှုအထွတ် အထိပ်ဆီကို ရောက်အောင် အသည်းအသန် ရုန်းကန်ခဲ့တာပါ ဆိုပြီး ဝေဖန်ပြောဆိုသူတွေကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးထွက်ရှိခဲ့တဲ့ Ultraviolence ထဲမှာ F—ed My Way Up To The Top ခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်ကို ထည့်သွင်းထားတဲ့အကြောင်းနဲ့ ဒါဟာ ထိပ်ဆုံးနေရာကို ပို့ဆောင်ပေးတဲ့ သီချင်းတစ်ပုဒ်တော့ မဟုတ်ပါဘူးလို့ Del Rey က ပြောဆိုသွားပါတယ်။

ဒါဟာ I know what you think of me တွေ I’m alluding to that ဆိုတဲ့ စကားလုံးတွေလို ဖော်ပြချက် တစ်ရပ်ပဲဖြစ်ပါတယ်၊ ဒီလို အကူအညီစကားမျိုးကိုတော့မလိုလားပါဘူးလို့ သူ့သီချင်းနဲ့ ပတ်သက်ပြီး ၀န်ခံပြောဆိုသွားပါတယ်။

အလုပ်ရုံကလူ အတော်များများနဲ့အတူ အိပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့လဲ စီးရီးထုတ်ဖို့ ငွေကြေးအကူအညီကိုတော့ တစ်ယောက်ဆီကမှ မရခဲ့ပါဘူးလို သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘယ်လောက်စိတ်ညစ်ဖို့ကောင်းလိုက်လဲ။

သူမဟာ သူ့လိမ်ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိပါတယ်၊ ဒါကို သူ့သီချင်းကနေတဆင့်လဲ အားလုံးအသိပါ။ ကျွန်မက အသွေးအသားဆန္ဒပြင်းပြသူတစ်ယောက်ပါလို့ သူမကိုယ်တိုင်လဲ ဖွင့်ဟခဲ့ပါတယ်။

“လက်တွေ့ကျကျ ချစ်ကြတာပဲ ပိုသဘောကျတယ်လို့ ပဲ ပြောရမလား၊ ကြားလို့ကောင်းအောင် ဘယ်လိုပြောရမလဲတော့မသိ။ လက်တွေ့မြင်တွေ့ ခံစားလို့ရတဲ့အချစ်၊ အကြင်နာကို ဝေမျှခံစားလို့ရတဲ့ အချစ်မျိုးကိုပဲ သဘောကျတယ်။ ကျွန်မအနေနဲ့တော့ လက်တွေ့မဆန်ဘူးဆိုရင် သဘောမကျချင်ဘူး။”လို့ သူမက ပြောခဲ့ပါတယ်။

Lana က Jazz ဂီတကိုကြိုက်နှစ်သက်ခံစားပြီး Bob Seger ကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ သူမရဲ့ ဂီတလွမ်းမိုးမှုအကြောင်းကို အင်တာဗျူးမှာ ဝေမျှခဲ့ပါတယ်။

နောက်ဆုံး ထွက်ရှိထားတဲ့အခွေအတွက် သီချင်းတွေရေးစပ်တဲ့အချိန်က စိတ်အပန်းဖြေမှုတွေလုပ်ပြီဆိုရင် Jazz သီချင်းမျိုးတွေကို နားထောင်ဖြစ်တယ်လို့ ပြောပါတယ်။ Chet Bakerရဲ့ Let’s Get Lost မှတ်တမ်း ဗီဒီယို ကြိုက်နှစ်သက်မိတယ်၊ အဲ့ဒါဇာတ်ကားက Bruce Weber ရိုက်ကူးပေးထားတဲ့ ကျွန်မရဲ့ West Coast ဗီဒီယိုအပေါ်လွမ်းမိုးမှုရှိခဲ့ပါတယ်။

အတော်များများလဲကြိုက်နှစ်သက်တဲ့ Nina Simone နဲ့ Billie Holiday တွေကို သဘောကျတယ်။ နေ့တိုင်းနားထောင်နေကျ သီချင်းအပုဒ် ၇၀ လောက်ရှိတယ်လို့ သူမကထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲ့ဒီအထဲ ကျွန်မနှစ်သက်အားပေးတဲ့ Bob Seger ရဲ့ သီချင်းတွေ အများကြီးပါဝင်တယ်။ Eagles, Chris Isaak, Dennis Wilson နဲ့ Brain Wilson တို့အပါအ၀င် အဓိကနားထောင်ဖြစ်တာက ဒီအဆိုတော်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ Echo ၊ Bunnymen နဲ့ Killing Moon လို တစ်ကိုတော်ခွေတွေကိုကြိုက်ပါတယ်လို့လည်း သူမက ပြောသွားပါသေးတယ်။

Source: starpulse

Trend Myanmar