Redlink မသုံးသင့်တဲ့ အကြောင်းရင်းများ

ပို့စ်တင်ချိန် - 9/15/2014 11:18:00 PM

မှတ်ချက်
အရင်ဦးဆုံး ပြောချင်တာက သူများမကောင်းကြောင်း ပြောချင်လို့ ဒီ post ကို ရေးတာမဟုတ်ပါဘူး။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို ရေးခြင်းသာဖြစ်ပါတယ်။ ဒီ post ကို နည်းပညာနဲ့ ပတ်သတ်တဲ့ အကြံပေးချက် တစ်ချက်လို့လည်း ယူဆနိုင်ပါတယ်။

Myanmar နိုင်ငံရဲ့ လက်ရှိ အင်တာနက် အခြေအနေ
အခုဆို ဖုန်းအင်တာနက်တွေ ရပြီးလို့ ဖုန်း company တွေလည်း အသစ်တွေ ရောက်နေပါပြီ။ အော်ရီဒူးကဒ် ထွက်ပြီးလို့ တယ်လီနောတောင် အခု စက်တင်ဘာလထဲ ထွက်တော့မယ့်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့အင်တာနက်တွေ ဘယ်လောက်မြန်မြန် ဖုန်းအင်တာနက်နဲ့တော့ ဘယ်သူမှ အလုပ်လုပ်မယ်လို့ မထင်ပါဘူး။ လုပ်ငန်းတွေမှာ သုံးဖို့အတွက်ဆိုရင်တော့ အင်တာနက်ကို မြန်တဲ့အင်တာနက်ကို ရွေးသုံးကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အင်တာနက် ဝန်ဆောင်မှုပေးတဲ့ company က သိပ်ပြီး ရွေးချယ်စရာမရှိပါဘူး။

အရင်တုန်းက မြန်မာ့ အင်တာနက်
ကျွန်တော် မှတ်မိသလောက် ဟိုးအရင်တုန်းက MPT ကနေ ADSL လိုင်းတွေ ဝယ်သုံးရပါတယ်။ ADSL internet ဆိုတော့ ကြိုးဖုန်းတစ်လုံးရှိဖို့လိုပါတယ်။ လိုင်းကလည်း အတော်ကလေး ဆိုးပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်း ရှိတာဆိုတော့ သူ့ကိုပဲ လူတိုင်း ကြိတ်မှိတ်ပြီး သုံးကြပါတယ်။ ဖုန်းလိုင်းနဲ့ဆိုတော့ နေရာတော်တော်များများမှာ သုံးနိုင်ပါတယ်။ Dial up card လေးတွေတောင် ရှစ်ထောင်တန်လောက်ကစပြီး ရောင်းပါတယ်။

နောက်ပိုင်း Yatanarpon ADSL ထွက်ပါတယ်။ ပုံစံအတူတူပါပဲ။

Redlink Internet အကြောင်း
အဓိက ပြောချင်တာက Redlink ပါ။ Redlink အင်တာနက်လိုင်းက အားသာချက်တစ်ခုရှိပါတယ်။ ကြိုးဖုန်း မလိုတဲ့အားသာချက်ပါ။ အင်တာနက်လိုင်းလည်း သူ့အရင်ထွက်ခဲ့တဲ့လိုင်းတွေထက် နည်းနည်းပိုကောင်းပါတယ်။ နည်းနည်လေးပါပဲ။ Redlink ကြော်ငြာတွေကိုလည်း နေရာတော်တော်များများမှာ သုံးတဲ့အတွက်ကြောင့်မို့လို့ လူသိများပါတယ်။ ဒါပေမယ့် ဝယ်သုံးဖို့ မလောပါနဲ့ဦး၊ ကိုယ်တွေ့ဖြစ်ရပ်ကလေး တစ်ခုပြောပြပါမယ်။ ပိုပြီးတော့ သဘာဝကျသွားအောင် redlink ရဲ့ facebook page မှာ ရေးထားတဲ့ review တွေကိုပါ ပူးတွဲ ဖော်ပြပေးပါမယ်။

Redlink portable wimax (သူတို့ ပြောတာတော့ mobile wimax ပေါ့) ကို အနိမ့်ဆုံးဖြစ်တဲ့ silver plan ကနေ စသုံးကြည့်ပါတယ်။ စဝယ်တုန်းကတော့ အနိမ့်ဆုံး plan အင်တာနက် အမြန်နှုန်းလေးက မဆိုးပါဘူး။ ဒါပေမယ့် Bandwidth limit က လဝက်လောက်ပဲ ခံပါတယ်။ ဒါနဲ့ အမြန်နှုန်းလေးလဲ သဘောကျတာနဲ့ တိုးရင်းတိုးရင်းနဲ့ နောက်ဆုံး plan ဖြစ်တဲ့ silver plus plan ကို သုံးဖြစ်သွားပါတယ်။ အဲဒီ plan မှာ ပါတာက 12GB bandwidth ပါပါတယ်။ အဲဒီ ၁၂ ဂစ် ကုန်သွားရင် တစ်ဂစ်ထပ်သုံးတိုင်း ၁၀ ဒေါ်လာယူပါတယ်။ စုစုပေါင်း ဒေါ်လာ ၁၈၀ ကျော်ရင်တော့ ၁၈၀ ပဲယူပါတယ်။ ကျွန်တော် လတိုင်း $180 ဆောင်ရပါတယ်။ ဒါပေမယ့် အမြန်နှုန်းကို ကျေနပ်တဲ့အတွက် ပြဿ        နာမရှိပါဘူး။ စဝယ်ကာစက လိုင်းမိတဲ့အားက တိုင်ပြည့်ကို တစ်တိုင်ပဲ လျော့ပါတယ်။

ဒါပေမယ့် နှစ်လလောက် ကြာတဲ့အခါကျတော့ လိုင်းဆွဲအားက နှစ်တိုင်ပဲ တက်ပါတော့တယ်။ အင်တာနက် အမြန်နှုန်းလည်း သိသိသာသာကို ကျသွားပါတယ်။ ဖုန်းဆက်ကြည့်တော့လည်း router ထဲက result တွေကို screenshot နဲ့ ပို့ခိုင်းပါတယ်။ ပို့လိုက်ပါတယ်။ ဒါပေမယ့် ဘာမှ မထူးလာပါဘူး။ ဘာမှထပ်မပြောတော့ဘဲ ရသလောက်လေးနဲ့ပဲ ဆက်သုံးနေပါတယ်။

အရင်တုန်းက လိုင်းကောင်းပြီး တဖြည်းဖြည်းနှေးလာတယ်ဆိုတဲ့ facebook ပေါ်က redlink review လေးတစ်ခု

တစ်လလောက်ပဲ ကော်နက်ရှင်ကောင်းတယ်ဆိုတဲ့ redlink review တစ်ခု



Redlink customer service အခြေအနေ
ကျွန်တော် တော်ရုံလိုင်းမကောင်းရုံနဲ့ဆို redlink support center ကို ဖုန်းဆက်လေ့မရှိပါဘူး။ ဒါပေမယ့် အခုရက်ပိုင်း လိုင်းက တော်တော်လေး အခြေအနေဆိုးလွန်းလို့ ၂၄နာရီ ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ ဖုန်းနံပါတ် နှစ်ခုထဲက တစ်ခုကို ဆက်လိုက်ပါတယ်။ ဖုန်းမအားဘူးဆိုလို့ နောက်ထပ် Service center ဖုန်းနံပါတ်ကို ထပ်ဆပ်ပါတယ်။ အဲဒီဖုန်းက ပိုဆိုးနေပါတယ် ဆက်လိုက်တိုင်း ဖုန်းပဲပျက်နေသလိုလို တူ၊ တူ၊ တူ ဆိုတဲ့အသံတွေမြည်ပြီးတော့ ဖုန်းလိုင်းကျကျသွားပါတယ်။ ဒါနဲ့ နည်းနည်းကြာမှ ပထမဖုန်းကို ပြန်ခေါ်ပါတယ်။ ဒီတစ်ခါတော့ ဖုန်းဝင်သွားပါတယ်။ ဒါပေမယ့် ဖုန်းမကိုင်ပါဘူး၊ တော်တော်လေး စိတ်ပျက်သွားပါတယ် အခုနက မအားတဲ့ဖုန်းက အခုကျတော့ ကိုင်မယ့်သူတောင် မရှိဘူးဆိုတော့ စဉ်းစားရ အတော်ကျပ်ပါတယ်။ နောက်တစ်ခေါက်ထပ်ခေါ်ပါတယ်။ တော်တော်လေးကြာတော့မှ လာကိုင်ပါတယ်။

ကျွန်တော့်ထက် ဖြစ်ဆိုးတယ်၊ အကြိမ် ၂၀ မကထိအောင် ဖုန်းမဖြေတဲ့ redlink ရဲ့ hotline

ဖုန်းကိုင်တဲ့သူက ဘာတွေဖြေရှင်းပေးလဲ
သူလည်းပဲ router ထဲက setting တွေကိုမေးပါတယ်။ မေးပြီးတော့ ပြန်သုံးကြည့်ပါတဲ့ သူတို့ဘက်ကလည်း နည်းနည်း လုပ်ပေးကြည့်မယ်ဆိုလို့ သုံးကြည့်တော့ ပိုဆိုးသွားပါတယ်။ ဒါနဲ့ ပိုဆိုးသွားတယ်ဆိုတဲ့အကြောင်း ဖုန်းထပ်ဆက်တော့၊ အခု setting အတိုင်းဆိုရင် အင်တာနက်လိုင်းကောင်းတယ်တဲ့၊ ပြဿ     နာပါပဲ လိုင်းမကောင်းလို့ ဆက်တာပါ ဆိုတော့ အကိုတို့ redlink router ကို service center ကို ယူလာခဲ့ပေးပါတဲ့ အဲဒီမှာ စစ်ပေးလိမ့်မယ်တဲ့။ Bill သွားဆောင်ရင်း လိုင်းမကောင်းတာကို complain တက်ရင် သူတို့ မသိဘူး၊ hot line ကို ဆက်ပါဆိုပြီး လွှဲချတယ်၊ hotline ကိုဖုန်းဆက်တော့ service center ကို လွှဲချတယ်။ Service center ကိုသွားရင်ကော??

ဖုန်းတွေ တစ်လုံးပြီးတစ်လုံး လွှဲနေပေမယ့် ရေရာတဲ့ အဖြေမရဘူးဆိုတဲ့ review တစ်ခု

Redlink service center ကို router ယူသွားပေမယ့် router က ကောင်းပါတယ်ဆိုပြီး ပြန်လွှတ်တယ်လို့ပြောတဲ့ review


ဘယ် အင်တာနက်လိုင်းကို သုံးသင့်လဲ
ဒီတော့ redlink က နောက်ဆုံး ထွက်ထားပြီးတော့ တစ်ခြားဟာတွေထက်  ပိုကောင်းတယ်လဲပြောသေးတယ် ဒီ review တွေမြင်တော့ ဘယ်ဟာကို သုံးရတော့မှာလဲဆိုပြီး တွေဝေနေကြပြီ ထင်ပါတယ်။
ပထမတစ်ချက်က redlink က နောက်ဆုံးထွက်တာမဟုတ်ပါဘူး။ သူ့နောက်မှာ ပေါ်လာတဲ့ fiber optics လိုင်းတွေကို ဝန်ဆောင်မှုပေးနေတဲ့ company တွေရှိပါတယ်။ ကျွန်တော်က ဘာကို recommend လုပ်လဲဆိုတာ မပြောခင်။ Redlink facebook page က review လေးတစ်ခုကို ထပ်ဖော်ပြပါဦးမယ်။

Redlink အစား အခြား အင်တာနက်လိုင်းကို အသုံးပြုဖို့ တိုက်တွန်းနေတဲ့ review တစ်ခု

ဟုတ်ပါတယ်။ အထက်က review လိုပါပဲ၊ အခုနောက်ပိုင်း ADSL တွေလည်း နေရာတိုင်းမှာ နှေးနှးကွေးကွေးမဟုတ်တော့ပါဘူး။ မြန်လာကြပါတယ်။ ဒါဆို ကျွန်တော်က ဘယ်အင်တာနက်လိုင်းကို ညွှန်းမလဲဆိုတော့ Fiber optics လိုင်းပါ။ အင်တာနက်လိုင်းတိုင်းက မြို့နယ်အကန့်အသတ်ရှိပါတယ်။ သူ့ coverage နဲ့ သူပါ။ ကြည့်ရတာ သူ့မြို့နယ်နဲ့သူ အပိုင်စားပေးထားသလား မှတ်ရတယ်။ redlink သုံးလို့ရတဲ့နေရာမှာ တစ်ခြား အင်တာနက် မရဖို့က ရာခိုင်နှုန်းတော်တော်များသလို၊ တစ်ခြားလိုင်းရတဲ့ မြို့နယ်တွေဆိုလည်း redlink internet လိုင်းက မရတတ်ပါဘူး။

ADSL တို့ redlink wimax တို့က မြို့နယ်တစ်ခုနဲ့တစ်ခု အမြန်နှုန်း မတူပါဘူး။ နှေးတဲ့မြို့နယ်က တော်တော်လေးနှေးပါတယ်။ အဲဒါအပြင် redlink ကတော့ အထက်ပါ အားပေးချီးမြှင့်မှုတွေအတိုင်း တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျွန်တော်က redlink ကမဟုတ်တဲ့ အခြား fiber လိုင်းတွေကို ဘာလို့ recommend လုပ်လဲဆိုတော့ fiber လိုင်းက မြို့နယ်တစ်ခုနဲ့ တစ်ခု အမြန်နှုန်းသိပ်မကွာသလို customer service လည်း တော်တော်လေး ကောင်းပါတယ်။ တစ်ခုရှိတာက fiber လိုင်းတွေက insulation တွေ (ကြိုးတွေပေါ့ဗျာ) ကို ကြွက်တွေ အရမ်းကြိုက်ပါတယ်။ အဲဒါကြောင့် ဖိုက်ဘာအင်တာနက်ကြိုးတွေ ကြွက်ကိုက်လို့ ခဏခဏပြတ်ပါတယ်။ ၃လတစ်ခါ၊ ၄လ တစ်ခါလောက် ပြတ်ပါတယ်။ ဒါတောင် ဖိုင်ဘာကြိုးတွေက မာပါတယ်။ တစ်ခါကိုက်ရုံနဲ့ ကြိုးမပြတ်ပါဘူး။ ရုံးတွင်းကိုဝင်တဲ့ ကြိုးအနုတွေဆိုရင်တော့ တစ်ခါကိုက်တာနဲ့ ပြတ်ပါတယ်။

ကြိုးတစ်ခါဆက်ရင် ဝန်ဆောင်ခ တစ်သောင်း ပေးရပါတယ်။ လူတိုင်းဆက်လို့မရပါဘူး၊ ကြိုးဆက်ဖို့ သက်ဆိုင်ရာ tools တွေလိုပါတယ်။ ဒါကတော့ သူ့ရဲ့ ကြီးမားတဲ့ အားနည်းချက်ပါ။ ပြတ်တဲ့နေရာသိရင်တော့ ကြိုးဆက်တာ ၁၅ မိနစ်လောက်သာ ကြာပါတယ်။ နေရာတိုင်းမှာ ကြိုးပြတ်လို့ထင်တယ်၊ ကြိုးလိုက်ဆက်ပေးတဲ့ အင်ဂျင်နီယာတွေကိုတော့ လာဆက်ပေးဖို့ တစ်ခါတစ်လေ ၁ရက်၊ ၂ ရက်စောင့်ရတယ်။

အားသာချက်တွေကတော့ 
- အင်တာနက်မြန်ပါတယ်
- customer ဝန်ဆောင်မှုကောင်းပါတယ်
- အင်တာနက်လိုင်းနဲ့အတူ VOIP ဖုန်းတစ်လုံးရပါတယ်။ (ဖုန်းဆက်ရင် ဆက်သလောက် ပိုက်ဆံကုန်ပါတယ်၊ တစ်မိနစ်ဆက်ရင် ၂၅ကျပ်လောက်ကောက်တယ်ထင်ပါတယ်)
- 2 Mbps လိုင်းကို လူအယောက် ၃၀ လောက် ကောင်းကောင်းမွန်မွန်သုံးနိုင်ပါတယ်။ (Redlink ရဲ့ 2Mbps လိုင်းကတော့ ၆ယောက်၊ ၇ယောက်ဆိုရင် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပါပြီ။)
- ဈေးနှုန်း ကတော့ အင်တာနက်သီးသန့်ဆို redlink နဲ့ယှဉ်ရင် ထက်ဝက်လောက် သက်သာပါတယ်၊


မေး။ ဒါဆို ကျွန်တော် အခုဘာသုံးလဲ
ဖြေ။ Redlink သုံးပါတယ်။

မေး။ ဒီလောက်အဆင်မပြေတဲ့လိုင်းကို ဘာဖြစ်လို့ သုံးတာလဲ
ဖြေ။ ဖိုင်ဘာလိုင်း မရတဲ့ မြို့နယ်မို့လို့။

မေး။ redlink သုံးတာ ဘာအကျိုးကျေးဇူးတွေရလဲ
ဖြေ။ ဒီ post ရေးဖို့အတွက် ခိုင်မာတဲ့ ကိုယ်တွေ့အချက်အလက်တွေ ရလိုက်တယ်။

မေး။ နောင်တစ်ချိန်မှာ ဘယ်အင်တာနက်လိုင်းသုံးမလဲ
ဖြေ။ Redlink က ဒီပုံအတိုင်း ဆက်သွားနေမယ်ဆိုရင် redlink ကလွဲရင် ကျန်တာစဉ်းစားမယ် ဖိုင်ဘာလိုင်းကို ဦးစားပေး သုံးမယ်။

=======================================================

ကျွန်တော်က Redlink ရဲ့ မကောင်းတဲ့အချက်တွေကိုပဲ ရွေးဖော်ပြတာ မဟုတ်ပါဘူး။ redlink facebook page မှာ ရေးထားတာတွေကိုက အားလုံးနီးပါး သူ့မကောင်းကြောင်းတွေပါပဲ။ Redlink ရဲ့ facebook စာမျက်နှာမှာ ရေးထားတာလေးတွေ ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာနှိပ်ပါ။

Credit: Redlink မသုံးသင့်တဲ့ အကြောင်းရင်းများ