သမ္မတကတော် Michelle Obama ပီကင်းတက္ကသိုလ်ကျောင်းသားတွေနဲ့တွေ့ဆုံ


တရုတ်ပြည်သို့ ၅ ရက်ကြာ ခရီးရောက်နေတဲ့ အမေရိကန်သမ္မတကတော် မီရှဲလ် အိုဘားမား၊ ပီကင်းတက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ်။

တရုတ်နိုင်ငံက အထင်ကရ Peking တက္ကသိုလ်ရဲ့ Stanford Center မှာ တက္ကသိုလ်ကျောင်းသားတွေကို အမေရိကန်သမ္မတကတော် Michelle Obama က ဒီကနေ့မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လွတ်လပ်စွာပြောဆိုနိုင်ခွင့်၊ ကိုးကွယ်နိုင်ခွင့်နဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ်သိရှိနိုင်ငံရေးဟာ ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှလူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ မိန့်ခွန်းထဲမှာ သမ္မတကတော် Michelle Obama ကပြောသွားပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးတွေ ပိုပေးဖို့ တရုတ်အာဏာရ ကွန်မြူနစ်ပါတီကို တိုက်တွန်းပြောဆိုမှုမျိုးတော့ မိန့်ခွန်းထဲမှာ မပါ ပါဘူး။

သမီး ၂ ယောက်နဲ့အတူ တရုတ်နိုင်ငံကို ၅ ရက်ကြာခရီးနဲ့ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတကတော်က ခရီးစဉ် ဒုတိယနေ့မှာ ပီကင်းတက္ကသိုလ်မှာ
မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့တုန်းကတော့ ဘေဂျင်းမြို့တော်က အထင်ကရနေရာတွေကို တရုတ်သမ္မတကတော်က အမေရိကန် သမ္မတကတော်နဲ့မိသားစုကို လိုက်လံပြသခဲ့ပါတယ်။

သမ္မတ ရှီဂျင်းကလည်း သမ္မတကတော် Michelle Obama ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ Mrs. Obama ရဲ့ခရီးစဉ်ဟာ ပညာရေးကိစ္စ အဓိကပြောဖို့ ဖြစ်ပြီး တရုတ်နဲ့ အမေရိကန်ကြား အငြင်းပွားစရာဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ရှောင်ရှားမှာဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်တာ၊ အတိုက်အခံတွေအပေါ် ဖိနှိပ်တာ၊ အစိုးရကို ထိခိုင်နိုင်တဲ့ သတင်းတွေ website တွေကို
ပိတ်ပင်တာနဲ့ အင်တာနက်ကို ဆင်ဆာဖြတ်တာတွေလုပ်တဲ့အတွက် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး စာရင်းဝင်
နိုင်ငံတခုဖြစ်ပါတယ်။


VOA

သူနဲ့ စေ့စပ်ပြီးတဲ့အခါ သင်ကိုယ်တိုင် ပြောင်းလဲသွားနိုင်တဲ့ အချက်များ




မေသော် on 2014-03-22 11:42    
လူတစ်ယောက်ဟာ အိမ်ထောင်မပြုသေးခင် စေ့စပ်လိုက်ပြီဆိုကတည်းက အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ အဲ့ဒီလို ပြောင်းလဲသွားတဲ့အရာတွေထဲက တစ်ချို့ကို ထုတ်နုတ်ကြည့်ရရင်

၁။ကိုယ်စိတ်ကူးထားတဲ့အရာတွေကို လက်တွေ့စတင်လုပ်ဆောင်တော့တာပဲ။ အိမ်ထောင်မပြုရသေးပေမယ့် အိမ်ထောင်ကျသွားသလိုကို ကလေးဘယ်နှစ်ယောက်ယူမယ်၊ ငွေကို ဘယ်လိုစုမှ ဖြစ်မယ် စသဖြင့်  တွေးတောလာကြပြီမို့ ပြုမူနေကျ အမူအကျင့်တွေကို ပြောင်းလိုက်ကြပါတယ်။

၂။အရင်က သီးခြားနေတတ်တဲ့ ကိုယ့်ချစ်သူရဲ့ မိသားစုနဲ့ ရောရောနှောနှော နေရပါပြီ။ ဟိုဘက်က ကိုယ့်ချစ်သူရဲ့ မိဘတွေကိုတောင် မေမေ၊ ဖေဖေလို့ တရားဝင် ခေါ်ဝေါ်လာကြတဲ့အထိပါပဲ။

၃။ကိုယ့်သူငယ်ချင်းက သူ့သူငယ်ချင်း၊ သူ့သူငယ်ချင်းတွေနဲ့လည်း အရင်ထက်ပိုရင်းနှီးလာပါတယ်။ ညဘက် ဘီယာဆိုင်သွားထိုင်ရင်တောင် ကိုယ်ကဘေးနားကပ်ပါတတ်နေပြီလေ။

၎။အလုပ်တွေ ပိုရှုပ်လာသလို ခံစားလာရမယ်။ အစက တစ်ယောက်တည်းမို့ တစ်ကိုယ်စာပဲ တွေးတတ်ခဲ့ပေမယ့် ခုတော့ သူ့အတွက်၊ သူ့မိသားစုကိစ္စတွေပါ ခေါင်းထဲထည့်ထားရတော့မယ်။

၅။ငွေရေးကြေးရေးမှာလည်း နှစ်ယောက်သား အရင်ထက်ပိုပြီး မျှမျှတတသုံးစွဲတတ်လာမယ်။

၆။မင်္ဂလာဆောင်အတွက် ခေါင်းခြောက်ရတာတွေကြောင့် စိတ်ဖိစီးမှုတောင် ဖြစ်နိုင်ခြေ ရှိလာပါတယ်။

၇။အသိုင်းအ၀ိုင်းက ကျယ်ပြန့်လာပြီဆိုတော့ ကိုယ့်လူဘက်က သူငယ်ချင်းတွေရဲ့ပွဲတွေ၊ ဒင်နာ၊ ပါတီတိုင်း ကိုယ်လိုက်ရပြီသာမှတ်။

၈။အရင်လို နှစ်ယောက်သား ကြည်ကြည်နူးနူး ဒင်နာထွက်စားတာမျိုး၊ ညဘက် night out လုပ်တာမျိုး၊ ရှော့ပင်သွားတာမျိုးတွေ လျှော့ချလာရပြီလေ။ ပိုက်ဆံစုရတော့မှာကိုး။

၉။စေ့စပ်ပြီးတဲ့သူတွေဟာ လက်ထပ်လိုက်သူတွေလိုလည်း စိတ်ဒုန်းဒုန်းမကျနိုင်သေးဘဲ ကိုယ့်ရင်ထဲမှာလည်း ငါဟာ ခုဆို အရင်လို မဟုတ်တော့ဘူး။ စေ့စပ်လိုက်ပြီဆိုတဲ့ အတွေးနဲ့ နည်းနည်း စိတ်ကစဉ့်ကလျား ဖြစ်နေတတ်ပါတယ်။ နားထောင်တဲ့ သီချင်းတွေတောင် ပြောင်းလဲသွားတဲ့ အထိပါပဲတဲ့။

၁၀။ကိုယ့်ချစ်သူကို ကိုယ့်ယောင်္ကျားလို ကိုင်တွယ်ဖို့အတွက် ဘာတွေပြောင်းလဲပစ်ရမလဲဆိုတဲ့ အချက်တွေကိုလည်း မကြာခဏ စဉ်းစားနေပြီလေ။

Ref:cosmopolitan.com

Trend Myanmar

ရင်သားကြီးအောင်လို့ Vaseline အဆီထိုးထည့်ပြီးနောက် အဆုတ်ထဲသွေးခဲပြီး သေဆုံးသွားခဲ့သူ




Angel on 2014-03-22 12:16    
အာဂျင်တီးနားနိုင်ငံက အသက် ၃၉ နှစ်အရွယ် အပျော်တမ်းအားကစားသမား ဆိုနီယာ ပီရက်ဇ် ဆိုသူဟာ လွန်ခဲ့တဲ့ တစ်လက ဆေးရုံကို အသက်ရှုရခက်ခဲတဲ့ပြဿနာကြောင့် ရောက်ရှိလာခဲ့တာပါ။ ပထမတော့ သူမဟာ ဆရာဝန်တွေရဲ့ မေးမြန်းချက်တွေကို အကုန်ငြင်းဆန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရင်သားကြီး အောင်လို့ Vaseline အဆီကို ရင်သားထဲ မိမိဘာသာထိုးထည့်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အခုတော့ သူမဟာ  အဆုတ်ထဲမှာသွေးခဲတဲ့ဝေဒနာကို ခံစားရပြီးနောက် ဆေးရုံမှာပဲသေဆုံးသွားခဲ့ပါပြီ။ ဗြူနိုအေးရိစ် မြို့ အနောက်တောင်ဘက် မိုင် ၃၅၀ အကွာ၊ ဆန်တာရော့ဆာ မြို့ ဆေးရုံရဲ့ ခွဲစိတ်ဌာနမှူး ဂျူလီယို ပလာ က

“ အခုသေဆုံးသွားတဲ့ အမျိုးသမီး ဆေးရုံရောက်လာတော့ သူမရင်သားမှာ အနာတွေဖြစ်နေပါပြီ။ ပထမတော့ သူက မေးသမျှအကုန်ငြင်းသေးတယ်။နောက်မှ သူ ရင်သားကြီးချင်လို့ Vaseline ကို ရင်သားထဲ ထိုးထည့်ခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။

“ ဒီလို အဖြစ်မျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး။ လူ့ ခန္ဓာကိုယ်က တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို အသာတိုက်ထုတ်နိုင်တဲ့ ခုခံအားတွေရှိတယ်။ ဒီ Vaseline လို ထုတ်ကုန်ဟာမျိုးကိုတော့ ခုခံနိုင်မယ့် ဖွဲ့ စည်းပုံမရှိဘူး။”

“ Vaseline ကို သုံးနေတဲ့ တခြားလူတွေလည်း ခင်ဗျားတို့ ကိုယ့်သေတွင်းကိုယ်တူးနေတယ်ဆိုတာ သိထားဖို့  လိုတယ်” လို့ ဆရာဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

မကြာသေးမီကလည်း လိင်အင်္ဂါကြီးအောင်လို့ Vaseline ထိုးထည့်ကြတဲ့ ယောင်္ကျားအရေအတွက် များပြားလာမှု အပေါ် ဆရာဝန်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ရေနံစိမ်းပါဝင်တယ်ဆိုတဲ့ Vaseline အဆီကြောင့် တစ်သျူးပျက်စီးတာနဲ့ ပန်းသေးပန်းညှိုးရောဂါတွေ ကြုံတွေ့ နိုင်ပြီး အသက်အန္တရာယ်ပါ ဆုံးရှုံး နိုင်ကြောင်း သိရှိရပါတယ်။

Ref: Mirror.co.uk
trend myanmar

တိုင်းပြည်ရဲ့အနုတ်လက္ခဏာပြ ကြော်ငြာသာဓကတစ်ခု



    ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက ““ပြည်ပအိမ်ဖော် အလုပ်”တဲ့ . . . ““သြော် . . . ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနုတ်လက္ခဏာပြ ကြော်ငြာသာဓက တစ်ခုပါလား””လို့

 စာအုပ်ထုတ်ဝေရေး စာပေတိုက်ကြီး တစ်တိုက်က ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတချို့ကို စုစုစည်းစည်းနဲ့ စာအုပ်တစ် အုပ်ထုတ်မယ်ဆိုတာနဲ့ ဂျာနယ်တွေကို မိတ္တူကူးဆိုင် ယူသွားပြီး မိတ္တူကူးရပါတယ်။ မိတ္တူကူး ဆိုင်ရှေ့က ခုံတန်းလျား လေးမှာ ထိုင်စောင့်နေရင်း ပတ်ဝန်းကျင် ကို ဟိုငေးသည်ငေးနဲ့ ငေးနေမိပါတယ်။ မိတ္တူကူးတဲ့ဆိုင်ရဲ့ ဆိုင်နံရံတစ်နေရာ လူ မြင်ကွင်းမှာ ထင်းခနဲမြင်သာအောင် ကပ်ထားတဲ့ ကြော်ငြာ စာရွက်ကြီး တစ်ရွက်ကို တွေ့လိုက်ရပါတယ်။ ဘာကြော်ငြာများ ပါလိမ့်ဆိုပြီး စိတ်ဝင်စားလို့ ထပြီးဖတ် ကြည့်လိုက်ပါတယ်။ စိတ်ထဲမှာ မကောင်း စရာကြော်ငြာပါလား။ အသက် ၁၈နှစ်နဲ့ ၂၀ ကြား မိန်းကလေး တွေကို အလုပ်ခေါ်တဲ့ ကြော်ငြာဖြစ်နေပါတယ်။ ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက ““ပြည်ပအိမ်ဖော်အလုပ်””တဲ့။ ဆိုလိုချက်တွေကို၊ သတ်မှတ် ချက်တွေကို ဆက်ဖတ် လိုက်ပါတယ်။ ပြည်ပနိုင်ငံမှာ သွားပြီး အလုပ်လုပ်ရမယ်။ အိမ်ဖော်အလုပ်ကိုပဲ သီးသန့်လုပ်ကိုင်ရမယ်။ တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လစာငွေလည်း ရရှိမယ်တဲ့။ အိမ်ဖော်အလုပ်အတွေ့အကြုံရှိပြီးသား မိန်းကလေးကို ဦးစားပေးမယ်တဲ့။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ လိုအပ်တဲ့ တခြားအ ချက်အလက်တွေ ကိုလည်း ရေးထားပါသေးတယ်။ …လူတွေ့စစ်ဆေးမယ့်ရက်ကို တော့ ဖုန်းအဆက်အသွယ်ရပြီးမှ ပြန် ဆက်သွယ် အကြောင်းကြားမယ်လို့ ဆိုပါ တယ်။ တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လခဆိုတော့လည်း မိန်းကလေး တချို့ လိုချင်ကြမှာပါ။ ကိုယ့်မြန်မာနိုင်ငံ ထဲမှာ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ တစ် နေကုန် ကြိုးစားပြီး အလုပ်လုပ်၊ ပြန်တော့လည်း အလုပ်ရှင်၊ စက်ရုံပိုင်ရှင် တချို့က လုပ်ခလစာငွေကိုလည်း လျှော့ ပေးချင်ကြတယ်။ အချိန်ပိုကြေးလည်း မပေးချင်တဲ့ အလုပ်ရှင်တွေ ရှိနေကြပြန် တယ်။ ပြီးတော့ သက်သာ ချောင်ချိမှုခွင့် ယူရက်ကအစ မလိုက်လျောချင်ကြတဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ သား မဟုတ်ဘဲ တခြား အိမ်နီးနားချင်းနိုင်ငံ တချို့က ဒီမှာလာပြီး စက်ရုံကြီးတွေဖွင့်ရင်း ကိုယ့်ပြည်တွင်းက မိန်းကလေး အလုပ်သမားတွေကို ထင်သလို စော်ကားမော်ကား နှိမ့်ချကန့်သတ် ချုပ်ချယ်ပြီး ဒီအလုပ်လေးမှ မလုပ်ရရင် ငတ်တဲ့ကိန်းဆိုက်မှာမို့ တတ်နိုင်သမျှ သည်းခံခေါင်းငုံ့ပြီး လုပ်နေကြရရှာတာကို အခွင့်ကောင်း ယူနေတဲ့ လူတန်းစားကလည်း အလုပ်ရှင်လောကမှာ ဒုနဲ့ဒေးမ ဟုတ်လား။ ပြည်တွင်းအလုပ်အကိုင်တွေ ထဲမှာ အချိန်ပိုဆင်းရလို့ ညမှောင်တော့မှ ထမင်းချိုင့်လေးဆွဲပြီး ကြုံရာဘတ်စ်ကား လိုင်းကားစီးရင်း အိမ်ပြန်ရရှာတဲ့ မိန်းက လေးတချို့လည်း ရှိနေကြပါတယ်။ ကား မှတ်တိုင်မှာ ကားစောင့်ရင်း ကျီးလန့်စာစားနဲ့ ဘယ်သူကများ ငါ့ကို ထိကပါး ရိကပါး လာစော်ကားမလဲဆိုတာ အကြောက် တရားနဲ့ လှုပ်ရှားသွားလာနေကြရရှာတဲ့ မိန်းကလေး တွေလည်း ရှိပါတယ်။ တစ်ခါကဆိုရင် မိန်းကလေးနှစ်ယောက် အလုပ်ကပြန်လာရင်း ကားမှတ် တိုင်မှာ ညဥ့်နက်သွားတယ်။ ရဲပတ္တရောင် လှည့်ကင်းနဲ့တွေ့တော့ အချိန်မတော် မှောင်ရိပ်ခိုမှုဆိုပြီး ပုဒ်မ ၃၀-ဃ နဲ့ အဆွဲခံလိုက်ကြရတယ်။ ရဲအချုပ်မှာ တစ်ည ချုပ်ခံရပြီး နောက်နေ့ တရားရုံးကိုရောက်တယ်။ တရားရုံးတ ချို့ရဲ့ ဝေါဟာရရှိပါသေးတယ်။ ဒီလို ၃၀-ဃ ပုဒ်မနဲ့ ရုံးတင်ခံရတဲ့သူတွေကို ပြောတာ ရှိပါသေးတယ်။ ““အချိန်မ တော် လမ်းလျှောက်မှု”” တဲ့။ ဒီလိုနဲ့ ထောင်တစ်လကျသွားရရှာတဲ့ သာဓကတွေ ရှိခဲ့ပါ တယ်။ နောက်ပြီး မြို့စွန် မြို့ပြင်ရပ်ကွက် တွေကို ညဘက်ပြန်ရသူ မိန်းကလေးတ ချို့ကျတော့ ကြုံကြဆုံကြရရှာတာတွေ ရှိ ဖူးပါသေး တယ်။ ရိုးရိုးလိုင်းကားတွေ ပြေးဆွဲချိန်ကုန်သွားတဲ့အခါမှာ ကြားကားလို့ ခေါ်တဲ့ ဒိုင်နာလိုမျိုး ကားတွေက ကြား ပေါက် ၀င်ပြေးဆွဲပေးတယ်။ ကျွန်တော် မျက်ဝါးထင်ထင်မြင်ဖူး ကြုံဖူးတာတစ်ခု ပြောပြမယ်။ ကားပေါ်ကို မိန်းကလေးသုံး ယောက် ထမင်းချိုင့်လေးတွေနဲ့ ချွေးတစို စိုကပိုကရို တက်လာကြတယ်။ ညဥ့် နက်ကြားကား တချို့ လူကျပ်ပေမယ့် အဲဒီ ညကျွန်တော်လိုက်လာတဲ့ ဒိုင်နာကားက ထိုင်ခုံ ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင် ၂ တန်း ရှိတာ။ တစ်တန်းက လူမပြည့်ပါဘူး။ ဒီကလေးမလေးတွေ ၀င်ထိုင်လို့ ရ ပေမယ့်မထိုင်ဘဲ မတ်တတ်ရပ် နေကြတယ်။ ကျွန်တော်က မနေသာလို့ ““၀င်ထိုင်ကြ လေ””လို့ လှမ်းပြောတော့ မိန်းကလေး တစ်ယောက်က ပြန်ပြောလိုက်တဲ့စကားကို ခုထိ မမေ့နိုင်သေးဘူး။ ““ဒီကားက ထိုင်စီးသမားဆို ကားခပိုယူတယ် ဦးလေးရဲ့၊ ထပြီးစီးရင် တစ်ရာသက်သာတယ်””တဲ့။ သြော် …ဒီလိုကြားကားမျိုးလည်း သူ့အရပ်နဲ့ သူ့ဇာတ် ရှိနေပါလား ဆိုတာ ကျွန်တော် စိတ်မကောင်းစွာနဲ့ သိခဲ့ရတယ်။ သူတို့ခမျာ ကားခကအစ ခြိုးခြံချွေတာ ကြရရှာတာကိုး။ မိုးတိုးမတ်တတ်ရပ်ရင်းနဲ့ပဲ နွမ်းလျအိမ်ပြန် ကြရရှာပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းပါစေ၊ ပင်ပန်းရ ကျိုး မနပ်တဲ့ လုပ်ငန်းခွင်မျိုးတွေက အသီးသီး အသက ပြန်လာကြရတဲ့ လူတို့လေးတွေရဲ့ အခြေအနေကို ဘယ်လို လူတန်းစားမျိုးတွေက တာဝန်ယူကူညီမှုပေး ကြမှာလဲ။ တချို့မိန်းကလေးတွေ ကျတော့လည်း ကိုယ့်မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်လာခဲ့ကြတဲ့ လုပ်ငန်းမျိုးကို အစိုးရပိုင်းက ဖျက်သိမ်းဖယ်ရှား ပစ်တာ ခံလိုက်ရလို့ လတ်တလောမှာ ဘာလုပ်ကိုင်စားလို့ စားရမယ်မှန်း မသိ ကြသေးတဲ့ မိန်းကလေးတွေလည်း ရှိပါ တယ်။ ယောင်ချာချာနဲ့ စိတ်ထွေတလာ ဝေဒနာကိုယ်စီအရင်းတည်ရင်း ကိုယ့်တစ် ကိုယ်ရေပဲဖြစ်ဖြစ်၊ မိသားစု စားဝတ်နေ ရေးပြဿနာကိုပဲဖြစ်ဖြစ် ဘယ်ပုံဘယ်နည်း ဖြေရှင်းကြရမလဲဆိုတာ ဦးတည်ရာကင်းမဲ့ သွားတဲ့ မိန်းကလေးတွေလည်း ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာပဲ အသင်္ချေအနန္တပါ။ ကိုယ်ဘာဝါသနာပါလဲ၊ ကိုယ်ဘာ လုပ်တတ်လဲ၊ ကိုယ့်ဆန္ဒနဲ့ ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာတွေက (လုံးဝ)သာမည အဆင့်ကို ကျဆင်း သွားပြီး လတ်တလော စားဝတ်နေရေးကျပ်တည်းမှုကို ကြုံသလို ကျပန်းမြေစမ်းခရမ်းပျိုး သို့တည်းမဟုတ် ဆင်ကန်းတောတိုး သဘောမျိုးပဲ ဖြေရှင်း လိုက်တာ ကောင်းပါတယ်လေဆိုတဲ့ အ တွေးတွေက အဓိကဖြစ်သွား တတ်ပြန်တဲ့ မိန်းကလေးတွေလည်း ရှိနေကြပါတယ်။ အဲဒီလိုဝေေ၀၀ါးဝါးမှာပဲ ငွေများရင်အဆင် ပြေတာပေါ့ ဆိုတဲ့ လမ်းကြောင်းနောက် ကောက်ကောက်ပါအောင် သူတစ်ပါး ဆွဲဆောင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်က လိုက်ပါစီးမျောချင်လို့ပဲဖြစ်ဖြစ် အိပ်မက် သစ်တစ်ခုဆီကို ဦးတည်ရွေ့လျားသွားကြ ရှာတဲ့ မိန်းမသားများလည်း ရှိနေကြပါ တယ်။ တချို့ဆို တကယ့်ကို ကျောင်းနေ ပျော်ပြီး စာတော်ရမယ့်အရွယ်ကောင်းက လေးတွေပေါ့။ ထားပါတော့။ ပြည်ပနိုင်ငံ တစ်ခုကို ပျံသန်းနေတဲ့ လေယာဉ်ကြီးတစ် စီးရဲ့ ခရီးစဉ်တစ်ခုတည်းမှာတောင် လိုက် ပါသွားကြတဲ့ ကျွန်တော်တို့ နိုင်ငံက နိုင်ငံသူလေးတွေရဲ့ အခြေအနေချင်းက မမျှမတ လုံးဝမတူညီကြပါဘူး။ တချို့က မိဘ တတ်နိုင်လို့ ပြည်ပမှာ ပညာရှာ ကျောင်းသွားတက်ကြရမယ့် ပျိုရွယ်သူ လေးတွေလေ။ တချို့ ကတော့ သူများနိုင်ငံ မှာ ““ကျွန်သွားခံကြရရှာတော့မယ့်””မျက် စိသငယ်၊ နားသငယ်လေးတွေပေါ့။

““အိမ်ဖော်””အလုပ်ဆိုတာ တစ်နည်း အားဖြင့် စကားရိုင်းရိုင်းနဲ့ဆိုရရင် သူတစ် ပါးအိမ်မှာ သူတစ်ပါးရဲ့ စိတ်အ ထာအာသာ ဆန္ဒပြည့်ဝအောင် သူတစ်ပါးအလိုကျ ကိုယ်က လခစားအနေနဲ့ သွားပြီး သူတစ် ပါးစိတ်နဲ့ ကိုယ့် ခန္ဓာကိုယ်ဆိုသလို ““ကျွန်သွားခံ”” နေကြရရှာတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ ဘ၀လုံခြုံ မှုဆိုတာက ပြည်ပမှာ ကျောင်းသွားတက် တဲ့ မိန်းကလေးတွေလောက်တော့ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။ သူတို့အပေါ်မှာ တာဝန်ယူမှုက တော်တော့်ကို စိတ်မချရတဲ့ အဆင့်မှာရှိတယ်လေ။ ကျွန်တော်တော့ စိတ်ထဲမှာ တကယ့်ကိုမကောင်းဘူး။ သားသမီးချင်း၊ မြေးချင်းလည်း ကိုယ်ချင်းစာတယ်။ မိတ္တူဆိုင် မျက်နှာစာနံရံပေါ်က  ““အိမ်ဖော်”” အခေါ် ကြော်ငြာလေးကို ငေး ကြည့်ရင်း ““သြော် …ကျွန်တော်တို့တိုင်း ပြည်ရဲ့အနုတ် လက္ခဏာပြ ကြော်ငြာ သာဓကတစ်ခုပါလား””လို့ တွေးနေမိကြောင်း ပါခင်ဗျား။

ဆောင်းဝင်းလတ်

Myanmartandawsint Newspaper

အဖေပဲ မှားပါတယ် သားရယ်..




ညမိုးချုပ်နေပြီမို့ အိပ်ယာဝင်ခါနီးမှာ သားငယ်လေး အခန်းထဲကို ခဏ ဝင်နှုတ်ဆက်ပါတယ်။

သားငယ်လေး အိပ်မက်ဆိုးမက်ပြီး နိုးလာတဲ့ အချိန်နဲ့တိုးပြီး ဘာအိပ်မက် မက်လဲဆိုတာ မေးကြည့်လိုက်ပါတယ်။

"အိပ်မက်ထဲမှာ အန်တီ ရိုစီ ဆုံးသွားတယ်တဲ့ ဖေဖေ"

အဖေဖြစ်သူက အန်တီရိုစီနေကောင်းကြောင်း၊ ကျန်းကျန်းမာမာရှိကြောင်း စကားပြောပြီး အိပ်ယာပြန်ဝင်ခဲ့ပါတယ်။

နောက်နေ့မနက်ကျတော့ အန်တီရိုစီဆုံးတဲ့ သတင်းကို ကြားလိုက်ပါတယ်။

တစ်ပတ်ကြာသောအခါ------

ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာနဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော့

"အိပ်မက်ထဲမှာ အဖွား ဆုံးသွားတယ် ဖေဖေ" လို့ဖြေပါတယ်။

အဖေဖြစ်သူက အဖွားနေကောင်းကြောင်း၊ ကျန်းကျန်းမာမရှိကြောင်း နှစ်သိမ့် စကားပြောပြီး အိပ်ယာထဲ ဝင်တော့ နောက်နေ့မနက်ကျ အဖွားဆုံးတဲ့ သတင်းကြားလိုက်ပါတယ်။

တစ်ပတ်ကြာသောအခါ--------

ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာနဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော

"ဒီတစ်ခါကျ အိပ်မက်ထဲမှာ သားအဖေ ဆုံးသွားတာ"

အဖေဖြစ်သူက ကိုယ်တိုင်ကျန်းမာရေးကောင်းကြောင်း၊ ဘာမှ မဖြစ်ကြောင်း နှစ်သိမ့်စကားပြောပြီး အခန်းထဲ ပြန်ဝင်သွားပါတယ်။

သို့ပေမယ့် သူမအိပ်နိုင်ပါဘူး။ သားဖြစ်သူပြောပုံအရဆိုရင် မနက်ဖန်မှာ သူသေရမယ်ဆိုတာကို သိနေလို့ ဖြစ်ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် အရှေ့ မှာ တကယ်ဖြစ်သွားတော့ သူလည်း စိုးရိမ်ထိန့်လန့်နေပါတယ်။ မနက်စာစားပြီး ရုံးသွားဖို့ ကားမောင်းတော့ သတိနဲ့မောင်း ပါတယ်။ နေ့ လည်စာ တောင် အဆိပ်မိမှာစိုးလို့ မစားပါဘူး။ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား အသံကြားရင်တောင် စားပွဲအောက် ဝင်ပုန်းတဲ့ အထိကို ကြောက်လှန့် လို့နေ ပါတယ်။

ညနေရုံးဆင်းချိန် အိမ်ရောက်ခါနီး ကားမှန်ကနေ လှမ်းကြည့်လိုက်တော့ အိမ်ဘေးမှာ လူစည်နေပါတယ်။ လူတစ်ဦခေါ်မေးတော့ သူ့ရဲ့  အိမ်နီးချင်း မိတ်ဆွေ အမျိုးသားတစ်ဦး မနက်က ကွယ်လွန်သွားကြောင်း သတင်း ကြားသိလိုက်ရပါတယ်။

သူတွေဝေသွားပါပြီ။ အသက်မသေလို့ပဲ သက်ပြင်းချရမလို၊ မိတ်ဆွေ သေသွားလို့ပဲ ဝမ်းနည်းရမလို၊ ဝမ်းသာရမလိုနဲ့ အိမ်ထဲ ကို မေးခွန်းပေါင်း များစွာနဲ့ ဝင်ခဲ့ပါတော့တယ်။

ညဘက် အခန်းထဲကို သားငယ်က လာပြီး သတင်းမေးတော့.

"မင်းမမှားပါဘူး။ အဖေပဲ မှားပါတယ် သားရယ်"

--
Ref: mazejoke
အောင်ခမ်း (ရိုးရာလေး)

တောမီးမှတစ်ဆင့်လူနေတဲအိမ်များသို့ကူးစက်လောင်ကျွမ်း


နေပြည်တော်၊ မတ် ၂၂
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ၀က်သေကျေးရွာမြောက်ဘက်ထောင့်ရှိ လျှိုအတွင်းမှတောမီးစတင်လောင်ကျွမ်းခဲ့ရာ ၀က်သေ ကျေးရွာရှိ For Luck ကုမ္ပဏီပိုင် (၅x၂)သက္ကယ်မိုး/ထရံကာ ပစ္စည်းစတိုတဲ ၂ လုံး၊ (၆x၂)သက္ကယ်မိုး/ထရံကာတဲ ၁ လုံး၊ (၅x၂)သက္ကယ်မိုး/ထရံကာ အလုပ်သမားတန်းလျားတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အနီးရှိ ဦးတင်ရ၊ ဦးထွန်းမင်းလတ်၊ ဦးထွန်း၊ ဦးသန်းဝင်းဌေးတို့၏ (၂)ခန်းပတ်လည်ရှိ သက္ကယ်မိုး/ထရံကာနေအိမ်တဲ ၄ လုံး၊ (၂)ခန်းပတ်လည် ဗြုံးကြိတ်စက် တဲ ၁ လုံး၊ (၃x၂)သက္ကယ်မိုး/ထရံကာဗြုံးကြိတ်စက်တဲ ၁ လုံး၊ စုစုပေါင်းတဲ ၉ လုံးတို့အား ထပ်မံကူးစက် လောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုအား သပိတ်ကျင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ၀က်သေကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ရေထွက်ကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကွင်း(၂၉/၃၀)ကျေးရွာများမှ ကျေးရွာသူ/ သားများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲအချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ် (၅၀၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့်လူဦးရေ ကျား ၁၂ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၂၂ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သဖြင့် ၀က်သေကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ရခိုင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ ANP ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည်

၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ ( ဓါတ်ပုံ- အင်တာနက်)

(နိရဉ္စရာ- ၂၂ မတ်လ ၂၀၁၄) / မင်းဆက်ခိုင်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ လစ်လပ်နေသော လွှတ်တော်ကိုယ်စားလယ် (၃) နေရာ အတွက် ရခိုင်အမျိုးသားပါတီ (ANP) မှ  ပါဝင်ယှဉ်ပြိုင်ရန် သင့်မသင့်ကို ယခုလ ၂၃ ရက်နေ့တွင် စတင် ကျင်းပမည့် ယင်းပါတီ၏ ဗဟို အလုပ်အမူဆောင် ကော်မီတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု သိရသည်။

ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မတ်လ ၂၃ ရက်နေ့ စတင်ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းကို ယခင် RNDP အထွေထွေ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ  ဦးဦးလှစောက နိရဉ္စရာသို့ ပြောသည်။

“ဆုံးဖြတ်ချက်ကတော့ မချရသေးပါဘူး။ ဒါကို ANP ပါတီက ဗဟိုကော်မတီက ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီလ ၂၃ရက်နေ့မှာ လုပ်မယ့် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာပါ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် (၃) နေရာမှာ  မင်းပြားမြို့နယ် အမျိုးသား လွှတ်တော်အမတ် ဦးစောဖြူ (RNDP ပါတီ)၊ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိန်သာ (RNDP ပါတီ) နှင့် ဂွမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးစိုးအေး (ပြည်ခိုင်ဖြိုးပါတီ) တို့၏ နေရာများ ဖြစ်ကြသည်။

သူတို့ သုံးဦးစလုံးမှာ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သဖြင့် ယင်းနေရာ (၃) ခုမှာ ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည်။

မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် နေရာများမှာ ပြည်ထောင်စုလွှတ်တော်တွင် ၁၉ဦး၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်တွင်  ၁၁ဦး  ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယမန်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လွှတ်တော် ကျင်းပမည့် ရက် အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ယခုနှစ် နိုဝင်္ဘာလနှင့် ဒီဇင်္ဘာလ တို့တွင် ကျင်းပနိုင်သည်ဟု သတင်း မီဒီယာများကို ထုတ်ဖေါ် ပြောကြားထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင်  ရခိုင်အမျိုးသားပါတီ (ANP) အတွက် အဓိက ပြိုင်ဘက်မှာ ပြည်ခိုင်ဖြိုးပါတီသာ ဖြစ်မည်ဟု ဦးဦးလှစောက ဆက်ပြောသည်။

“ ကျွန်တော်တို့ ပါတီသာ ၀င်ရင် အဓိက ပြိုင်ရမယ့် ပါတီက ပြည်ခိုင်ဖြိုး ပါတီ ဖြစ်မယ်လို့ ကျွန်တော်တို့က ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ကျင်းပရန် အစီအစဉ်ရှိကြောင်းကို မတ်လ ၂၀ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

Narinjara 

ဘူးသီးတောင်နယ် ရှင်ပြုပွဲ တစ်ခုတွင် ဓါးထိုးမူ ဖြစ်၍ တစ်ဦးသေ


(နိရဉ္စရာ- ၂၂ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖက်လိပ်ပေါက်တော ကျေးရွာ ရှင်ပြုပွဲ တစ်ခုတွင် အရက်သောက်စကားများကြရာမှ ဓါးထိုးမူ ဖြစ်ပွား၍ ကျေးရွာသားတစ်ဦး သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ဖက်လိပ် ပေါက်တောကျေးရွာမှ ဦးဘခိုင် ဖြစ်ကြောင်း ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

“ မနေ့က အဲဒီကျေးရွာက ဦးလှထွန်းမှာ ရှင်ပြုပွဲ မဏ္ဍပ်ဝင်နေ့ ဖြစ်ပါတယ်။ ညနေပိုင်းမှာ အရက်ဝိုင်းမှာ စကားများကြရာကနေ မှန်နီပြင်ကျေးရွာသား အောင်ကျော်လှကနေ ဓါးနဲ့ထိုးတဲ့ အတွက် ဦးဘခိုင် သေဆုံးသွားပါတယ်” ဟု ပြောသည်။

ဖက်လိပ်ပေါက်တော ကျေးရွာမှာ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အစပ်တွင် တည်ရှိပြီး မှန်နီပြင်ကျေးရွာမှာ ရသေ့တောင်မြို့နယ်တွင် တည်ရှိသည်။

ယခုအခါ  လူသတ် တရားခံ အောင်ကျော်လှမှာ ထွက်ပြေးလွှတ်မြောက်သွားသည်ဟု သိရသည်။

“ အခုတော့ ဘူးသီးတောင်မြို့မရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပါပြီ။ ဦးဘခိုင်ရဲ့ အလောင်းကိုတော့ ဘူးသီးတောင်ကို ယူသွားပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် ညောင်ချောင်း ရဲစခန်းသို့ ဖုံးမှ တဆင့် ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခြင်း မရှိပါ။

Narinjara 

ကလေးများရှေ့မှာ မိဘများရန်ဖြစ်ပြပါက ကလေးများ၏ ဦးနှောက်အပေါ် ဆိုးကျိုးများရှိနိုင်


ကလေးများ ရှေ့တွင် မိဘ လုပ်သူများ ရန်ဖြစ် ငြင်းခုံခြင်းသည် ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှု အပေါ် ဆိုးကျိုး သက်ရောက် မှုများ ရှိစေနိုင် ကြောင်း သိရသည်။

ဦးနှောက် ကို သံလိုက် လှိုင်းသုံး ပုံရိပ်ဖော် လေ့လာမှုများ အရ အသက် ဆယ့်တစ်နှစ် အထိ မိသားစု ပြဿနာ များကို အနည်းနှင့် အများကြုံတွေ့ ခဲ့ရသည့် ကလေးများ သည် ဦးနှောက် ဖွံ့ဖြိုးမှု နှေးကွေးပြီး စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများ တွင် မိဘများ အကြား ဆက်ဆံရေး တင်းမာ မှုများ၊ ကိုယ်ထိ လက်ရောက် သို့မ ဟုတ် စိတ် ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ၊ ချစ်ခင် နွေးထွေးမှု မရှိခြင်း သို့မဟုတ် မိသားစု ၀င်များအကြား ဆက်ဆံရေး အေးစက်ခြင်း စသည် တို့ ပါဝင်သည်။

ကလေးငယ်များ အပေါ် မသိ ကျိုးကျွံပြုမူခြင်း၊ နှိပ်စက်ညှင်း ပန်းခြင်း တို့၏ အကျိုးဆက် များကို အဓိက ထား လေ့လာ ခဲ့ကြခြင်းဖြစ် သည်။မိသားစု ပြဿနာများနှင့် ကြုံ တွေ့ရသည့် ဆယ်ကျော် သက်လေး များသည် စိတ်ပိုင်း ဆိုင်ရာ ပြဿနာ များရှိနေ သည့် မိဘများ သို့မဟုတ် မိသားစု အပေါ် အကောင်းမမြင် တတ်သည့် လူမျိုးများ ဖြစ်လာနိုင် သည်ဟု လည်း သိရသည်။

လေ့လာမှု စစ်တမ်းကို Neuro Image: Clinical ဂျာနယ်တွင် ထည့် သွင်း ဖော်ပြ ထားခြင်းဖြစ်သည်။

Myawady News

ကယ်ရီမောင်းသူထံမှ ဆိုင်ကယ်ကို ခရီးသည်များမှလုယက်


၂၁.၃.၂၀၁၄ရက်နေ့၁၉၃၀အချိန် လှိုင်သာယာမြို့နယ်နေကိုကျော်သိုက်စိုး
သည် လှိုင်သာယာမြို့နယ်(၁)ထိပ်မှတ်တိုင်တွင်ဆိုင်ကယ်ကယ်ရီဆွဲရန်
ရှိနေစဉ် အမည်မသိအမျိုးသား(၂)ဦး ရောက်ရှိလာပြီး (၅၅၅)သဲကွင်းသို့ ကယ်ရီငှားသဖြင့် ငွေကျပ်(၁၅၀၀)ဖြင့်လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ သဲကွင်းအရောက် ခဏဆင်းသွားပြီး မီးခွက်ဈေးသို့ဆက်လက်ငှားသဖြင့်
လိုက်ပို့ပေးခဲ့ကြောင်း၊ မီးခွက်ဈေး၌ ဘီယာဝင်သောက်ပြီး (၅၅၅)သဲကွင်း
သို့ ပြန်ပို့ခိုင်းသဖြင့် ၎င်းတို့အားတင်ဆောင်ပြီး စက်မှုဇုန်(၂) အတွင်းမှ
ဖြတ်ကာမောင်းနှင်လာရာဆိပ်ကမ်းသာလမ်းနှင့်ဦးအောင်သူလမ်းထောင့်
အနီးအမှောင်ရိပ်သို့အရောက်တွင် အပေါ့သွားချင်ကြောင်းပြောကာ
ရပ်ခိုင်းသဖြင့်ရပ်ပေး ခဲ့ကြောင်း၊ ထိုသို့ရပ်ပေးစဉ် ၎င်းအမျိုးသားများမှ ဆိုင်ကယ်အားထားခဲ့ ဟုပြောဆိုကာ လက်သီးဖြင့်ထိုးခဲ့ကြပြီးတစ်ဦးမှ အသင့်ပါလာသော စတီးဓါးဖြင့်ထိုးခဲ့သဖြင့် ၎င်းတွင်ယာလက်ဖနောင့်နှင့် ယာလက်မတို့၌ပြတ်ရှဒဏ်ရာများနှင့်နဖူး၊ ယာမျက်လုံး၊ ယာနားတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းအမျိုးသား (၂)ဦးမှ ဆိုင်ကယ်အား
ယူဆောင်မောင်းနှင်ထွက်ပြေးသွားသဖြင့်ပတ်ဝန်းကျင်အားအော်ဟစ်အကူ
အညီတောင်းခဲ့ပြီးဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဆိုင်ကယ် နောက်မှစီးသူ အမျိုးသား
အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူမှာ ၀င်းနိုင်၊ (၂၅)နှစ်၊ (ဘ)ဦးအောင်ကြွယ်၊ ရှမ်းချောင်းကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူဖြစ်ကာ ဓါးဖြင့်ထိုးခဲ့သူဖြစ်ကြောင်း၊ ဆိုင်ကယ် နှင့်အတူထွက်ပြေးလွတ်မြောက်
သွားသူမှာ အငယ်လေးဆိုသူဖြစ်ကြောင်းသိရှိရပြီးရရှိခဲ့သည့် ဒဏ်ရာများ
အား လှိုင်သာယာဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန်တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း (ပ)၃၄၉/၂၀၁၄၊ ပုဒ်မ ၃၉၄ဖြင့်အမှုဖွင့်လှစ်ကာ ထွက်ပြေးလွတ်မြောက်သွားသူ အငယ်လေး (စုံစမ်းဆဲ)အား ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပုခက်အတွင်းသိပ်ထားသည့် ကလေးငယ် ရေစည်ပိုင်းအတွင်းပြုတ်ကျ သေဆုံး


၂၁.၃.၂၀၁၄ရက်နေ့ ၁၈၃၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် လှိုင်သာယာဆေးရုံတွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်နေ အသက် (၂)လသားအရွယ်
ကလေးငယ် မောင်ဝိုင်းချစ်ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၆၃၀အချိန်ခန့်က ၎င်းကလေးငယ်ကို နေအိမ်ရှေ့ တံစက်မြိတ်တွင် စောင်ပုခက်ဖြင့်သိပ်ထားခဲ့ကြောင်း၊ အိပ်ယာနိုးချိန် လူးလွန့်ရာမှ ပုခက်အောက်ရှိ အမြင့်(၂)ပေ၊ အကျယ်(၃)ပေရှိသော
ကျောက်ရေစည်အတွင်းသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍လှိုင်သာယာမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၄)ဖြင့် ရေးဖွင့်ကာစုံစမ်းစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ယာဉ်မောင်းနှင်နေစဉ် ရေသောက်ရန်ရေဗူးယူရာက ယာဉ်တိမ်းမှောက်မှုဖြစ်


၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၁/၁-၂)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ တောင်ငူမှရန်ကုန်သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နေ ထွန်းထွန်းလွင်(၄၄)နှစ်သည် ၂ဃ/xxxx ပါဂျဲရိုးအဖြူရောင်ယာဉ်အားမောင်းနှင်လာစဉ် ရေသောက်ရန်ရေဗူးယူရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ဘေးတွင်ကာရံထားသောတန်းအားတိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိမ်းမှောက် မှုကြောင့် ထွန်းထွန်းလွင်တွင် ၀ဲခြေသလုံးပေါက်ပြဲ၊ ယာခြေဖမိုးပွန်းပဲ့ဒဏ်ရာများနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မသက်စုလွင်(၁၂)နှစ်တွင် ၀ဲလက်မောင်း/ယာခြေဖနောင့်နာကျင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်း/ဘော်ဒီပိန်ချိုင့်၊ ၀ဲ/ယာတံခါး မှန်များကွဲ၍ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ထွန်းထွန်းလွင်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ကြားဖြတ် ရွေးကောက်ပွဲ ဒုတိယ အကြိမ် ပြုလုပ်မည်


လစ်လပ် နေသော မဲဆန္ဒ နယ်ပေါင်း (၃၀) ရှိနေ သောကြောင့် ဒုတိယ အကြိမ် မြောက် ကြားဖြတ် ရွေး ကောက်ပွဲ ကို ၂၀၁၄ ခုနှစ် အတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြော ကြားသည်။ မတ်လ (၂၀) ရက်နေ့ က ပြုလုပ် သော ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် လှည်းကူး မြို့နယ် မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ရန် အစီ အစဉ် ရှိ၊ မရှိနှင့် ကျင်းပ မည့် နေ့ရက် ကို မည်သို့ ကြိုတင် ကြေညာ ပေးမည် ကို မေးမြန်းခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ က လာ ရောက် ဖြေကြား ခဲ့ ခြင်း ဖြစ် သည်။ လစ်လပ်မဲ ဆန္ဒနယ် (၂၈) နယ် မှာ ဒုတိယ အ ကြိမ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် အစီ အစဉ် ရှိပါတယ်။ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပမည့် နေ့ကို အနည်းဆုံး သုံးလ ကြိုတင် ကြေညာ ပေးမှာ ဖြစ် ပါတယ် ဟု ကော်မရှင် ဥက္ကဋ္ဌ က ဆိုသည်။ လွှတ်တော် သက်တမ်း သုံးနှစ် ကျော် အတွင်း အကြောင်း အမျိုးမျိုး ကြောင့် လစ်လပ် သွားသော မဲ ဆန္ဒ နယ်မြေ များမှာ ပြည်နယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် များ အတွက် ကိုယ် စားလှယ် (၁၁) ဦး၊ ပြည်သူ့ လွှတ် တော် တွင် ကိုယ်စားလှယ် (၁၃) ဦး၊ အမျိုး သား လွှတ်တော် တွင် ကိုယ်စား လှယ် လေးဦး၊ စုစု ပေါင်း လစ်လပ်မဲ ဆန္ဒနယ် ပေါင်း (၂၈) ခုရှိ နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိ ရသည်။ ထို့နောက် ယခု နှစ် မတ်လ (၂၀) ရက်နေ့ တွင် ချင်း ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် လစ်လပ်မဲ ဆန္ဒနယ် နှစ်ခု ထပ်မံ ဖြစ်ပေါ် လာသော ကြောင့် လစ်လပ်မဲ ဆန္ဒ နယ်ပေါင်း (၃၀) အထိ ဖြစ်နေ ကြောင်း သိရသည်။

Messenger News Journal 

တိုးမြှင့်မီတာခလား၊ သယံဇာတ ကျိန်စာလား

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မီတာခ များတိုးမြှင့်ကောက်ခံမည့်အပေါ်ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)

(Written by: သစ်ထွဋ်)

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစိုးရက ကောက်ခံနေတဲ့ လျှပ်စစ်မီတာခ နှုန်းထားများကို လာမယ့်ဧပြီလမှ စတင်ကာ တိုးမြှင့်ကောက်ခံဖို့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အဆိုပြုတင်ပြမှုကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးအတည်ပြုပေးခဲ့ပါတယ်။

ဝေဖန်မှုများ

ပြောင်းလဲတိုးမြှင့်ကောက်ခံမယ့် နှုန်ထားများကို မီဒီယာများက ဖော်ပြခဲ့ပြီးနောက်မှာတော့ Facebook လူမှုစာမျက်နှာများတွင် ဝေဖန်မှုများရှိခဲ့ရာ အများစုက ဈေးနှုန်းများတိုးကောက်သလို မီးမှန်မှန်လာဖို့ အစိုးရက တာဝန်ခံဖို့ လိုအပ်တယ်လို့ ယူဆကြပြီး အလတ်စား၊ အသေးစားလုပ်ငန်းအများစု ပေးဆောင်ရမယ့် တိုးမြှင့်မီတာနှုန်းထားများကြောင့်လည်း ကုန်ဈေးနှုန်းများ လိုက်တက်လာမှာကို စိုးရွံ့နေသူများလည်း အများအပြားရှိနေပါတယ်။ အရပ်ထဲမှာလည်း မီတာခများတိုးမြှင့်လာမယ့်အပေါ် ရိုက်ခတ်လာမယ့် နောက်ဆက်တွဲပြသာနာများအပေါ် အမြင်အမျိုးမျိုးကို ပြောဆိုနေကြပြီး အများစုက အစိုးရကတိုးမြှင့်ကောက်ခံမယ့် နှုန်းထားများကို ပေးချေရမယ့်အပြင် လမ်းမရှိဘူးဆိုတဲ့ အမြင်များသာရှိနေတာ တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ ယခုလို မီတာခတွေ တိုးမြှင့်ဖို့ ဆောင်ရွက်လာမှုဟာ နောင်တစ်ချိန် လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ကာမိစေဖို့လုပ်ဆောင်တဲ့အပြုအမူလို့ ဝေဖန်ခဲ့ကြပါတယ်။

ရှုံးနေသဖြင့်

လျှပ်စစ်မီတာခ နှုန်းထားတွေတိုးမြှင့်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ကြိုးပမ်းခဲ့တာ ယခုမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တိုးဖို့အတွက် အဆိုပြုခဲ့တာပါ။ တိုးချင်တဲ့ အကြောင်းပြချက်ကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ အရှုံးပေါ်နေခြင်းနဲ့ လျှပ်စစ်ဓာတ်အားပေးကဏ္ဍကို တိုးချဲ့ဖို့အတွက် ငွေကြေးလိုအပ်ချက် ရှိနေတာကြောင့် ဖြစ်တယ်လို့ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်အားသုံးစွဲမှု လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နှစ်စဉ်စီမံကိန်းများ ချမှတ်ခဲ့သော်လည်း ဘဏ္ဍာငွေ အခက်အခဲကြောင့် မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း ၀န်ကြီးကဆိုခဲ့ပါတယ်။ အရှုံးခံကောက်ခံနေရတဲ့ မီတာခတွေ တိုးမြှင့်လိုက်ပေမယ့်လည်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးဖို့အတွက် အစိုးရကဏ္ဍတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မှာမဟုတ်တဲ့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိတယ်လို့လည်း ယင်းကလွှတ်တော်မှာ ပြောဆိုခဲ့ပါသေးတယ်။

ဒေါ်လာနှင့် ၀ယ်ရသည့် သဘာဝဓာတ်ငွေ့

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက လျှပ်စစ်စွမ်းအားဝန်ကြီးရဲ့ လွှတ်တော်မှာ ပြောဆိုခဲ့တဲ့ ၀န်ကြီးဌာန အရှုံးဘာကြောင့်ပေါ်နေရသလဲ ဆိုတာပါ။ ၀န်ကြီးက သူတို့ ၀န်ကြီးဌာနအနေဖြင့် လက်ရှိမှာ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကတို့မှ ကမ်းလွန်သဘာဝဓာတ်ငွေ့ကို k1MMBTU လျှင် 5USD နှုန်း၊ ရွှေကမ်းလွန်မှ ရရှိတဲ့ ဓာတ်ငွေ့အား 1 MMBTU လျှင် 12 USD နှုန်း တို့ဖြင့်ဝယ်ယူနေရပြီး သောက်ရေခပ် ရေအားလျှပ်စစ်စက်ရုံမှ တစ်ယူနစ်လျှင် ကျပ် ၇၀ နှုန်းဖြင့် ၀ယ်ယူဖြန့်ဖြူးခဲ့ရတာကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၂၈၄ ဘီလျံ ခန့်စိုက်ထုတ်သုံးစွဲရမယ့် အခြေအနေရှိနေတယ် ဆိုခဲ့ပါတယ်။ ၀န်ကြီးရဲ့အပြောအရဆိုရင်တော့ လျှပ်စစ်ဓာတ်အား ဖြန့်ကဏ္ဍအရှုံးပေါ်နေရတဲ့ လက်သည်က နိုင်ငံအတွင်းရှိနေတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်တွေက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို ဒေါ်လာနဲ့ ပြန်ဝယ်နေရတာကြောင့်ဖြစ်သလို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံထားတဲ့ သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်းကနေ ဈေးကြီးနဲ့ ပြန်ဝယ်နေရတာကြောင့်လည်း အခုလို ကျပ်ဘီလျံရာနဲ့ချီပြီး စိုက်ထုတ်သုံးစွဲရမယ့် အခြေအနေကို ဆိုက်ရောက်နေတာကြောင့် မီတာခတွေ မတိုးမဖြစ်တိုးရလိမ့်မယ်ဆိုတဲ့သဘော သက်ရောက်နေတာ ဖြစ်ပါတယ်။

သယံဇာတကျိန်စာလား

တကယ်တော့ ယခုလို ဒေါ်လာနဲ့ ပြန်ဝယ်သုံးနေရတဲ့ သဘာဝဓာတ်ငွေ့တွေဟာ ပြည်ပက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနဲ့အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်ပိုင် သဘာဓာတ်ငွေ့သိုက်တွေက ထွက်ရှိနေတဲ့ ဓာတ်ငွေတွေဖြစ်တာကြောင့် ရေရှည်အကျိုးစီးပွားကို မျှော်မကြည့်ဘဲ ရေတိုနိုင်ငံခြားငွေ ရရှိဖို့အတွက်သာ ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းရဲ့ အကျိုးဆက်ကို လက်ရှိအချိန်မှာ စီးပွားရေးကျပ်တည်းမှုကို ခံစားနေရတဲ့ အများပြည်သူများအတွက် ခါးစည်းခံရဖို့ဖြစ်လာခဲ့ရတာပါ။ ယခုကြုံတွေ့ရတဲ့ အခြေအနေဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ အစိုးရတွေရဲ့ရေတိုစီးပွားရေး စီမံခန့်ခွဲမှုအမှားတွေကြောင့် စနစ်ကျတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ မရရှိခဲ့ဘဲ သယံဇာတတွေကိုသာ ထုတ်ရောင်းရင်း ရေရှည်မှာ ဆင်းရဲသံသရာက မလွတ်မြောက်နိုင်တဲ့ သယံဇာတကျိန်စာမိနေသော နိုင်ငံများရဲ့ဖြစ်ရပ်နဲ့ အလားသဏ္ဌာန် တူနေပါတယ်။

ဖောင်စီးရင်းရေငတ်

ပညာရှင်များကတော့ သယံဇာတကျိန်စာမိနေသော နိုင်ငံများတွင် အစိုးရတွေဟာ ကိုယ့်နိုင်ငံထွက် သယံဇာတတွေကို လွယ်လွယ်ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ရရှိလာပြီး နိုင်ငံအတွက် လိုအပ်တဲ့ အခြေခံစီးပွားရေး အဆောက်အအုံများ၊ စီးပွားရေးစနစ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ အခြားမရှိမဖြစ် လိုအပ်ချက်များကို လုပ်ဆောင်ဖို့ အာရုံမကျဘဲ ရေတိုပေါ်ပင် အစီအမံတွေမှာသာ ပျော်မွေ့လေ့ရှိသလို ရရှိလာတဲ့ဝင်ငွေတွေကိုလည်း စနစ်တကျစီမံခန့်ခွဲ သုံးစွဲလေ့မရှိကြတာကြောင့် ရေရှည်မှာ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေ ရှာဖွေရာမှာ အခက်အခဲတွေ ကြုံတွေ့ကြရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မီတာခ တိုးကောက်ရတဲ့အကြောင်းပြချက်မှာလည်း ကိုယ့်နိုင်ငံထွက် သဘာဝဓာတ်ငွေ့ကို ပြန်ဝယ်သုံးရဖို့ ဘဏ္ဍာငွေ အခက်အခဲရှိနေသော ဖောင်စီးရင်းရေငတ်နေရတဲ့ ဖြစ်စဉ်ဟာ နောင်တစ်ချိန်မှာ သယံဇာတတွေ ရောင်းချရာတွင် ရေရှည်အစီအမံများနဲ့ ချင့်တွက်ဆောင်ရွက်ကြဖို့လိုကြောင်း ညွှန်ပြနေတဲ့ ဖြစ်ရပ်တစ်ခုပါ။

ဒီအတွက် လက်ရှိအချိန်မှာ ဝေဖန်မှုများ ရှိနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ရခိုင်ဒေသထွက် သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံသို့ တင်ပို့နေသော ကျောက်ဖြူရွှေလီ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ကဲ့သို့ နိုင်ငံရဲ့သဘာဝသယံဇာတတွေနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းများ ဆောင်ရွက်တဲ့အခါ မှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်မှန်းပြီး ကောင်းမွန်သောအစီအမံများကိုသာ ဆောင်ရွက်သင့်ပြီး တစ်ချိန်မှာ သယံဇာတကျိန်စာ ဖြစ်ရပ်များကို မကြုံတွေ့လိုတော့ပါကြောင်း အများပြည်သူများကိုယ်စား တင်ပြလိုက်ရပါတယ်။

Eleven Media Group

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေး နှိုးဆော်


ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေး နှိုးဆော်ချက်ရပ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပြီး ထိတွေ့မှုကြာလာရင် မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနဲ့ အရေပြားကင်ဆာ ရောဂါတို့ ဖြစ်ပွားနိုင်တယ်လို့ သတိပေး ဖော်ပြထားပါတယ်။

တတ်နိုင်သမျှ နေပူထဲ မထွက်ကြဖို့နဲ့ နေပူထဲထွက်ရင်လည်း အမိုးအကာ လုံလုံခြုံခြုံ ၀တ်ဆင်သွားလာဖို့ တိုက်တွန်းထားပြီး ကလေးသူငယ်တွေဟာ လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည်ဒဏ် ပိုခံစားရတာမို့ သတိထားကြဖို့လည်း နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

DVB Burmese

မန္တလေး အိုးဘိုထောင် မီးလောင်

မန္တလေး အိုးဘိုအကျဉ်းထောင်

မန္တလေး အိုးဘို အကျဉ်းထောင်မှာ မတ်လ ၂၁ ရက်နေ့ညက လျှပ်စစ်ရှော့ဖြစ်ရာကနေ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ကားတွေ ၀င်ရောက်ခွင့်မရရှိခဲ့ပါဘူး။
ကြက်ခြံလောင်ကျွမ်းခဲ့တာဖြစ်ပြီး မိန်းပလပ်ခုံမှာ ပလပ်ဝိုင်းထိုးကြလို့ ၀ါယာရှော့ဖြစ်ရာက စတင်လောင်ကျွမ်းခဲ့တာပါ။

အချိန်မှီ ငြိမ်းသတ်နိုင်တာဖြစ်လို့ ထောင်လန့်တာမျိုးမဖြစ်အောင် မီးသတ်ကားတွေကို ၀င်ခွင့်မပြုတာလို့ ဇုန်နယ်မြေမှူး ဦးလှမင်း မီးသတ်ဦးစီးဌာန က ပြောပါတယ်။
ည ၇ နာရီဝန်းကျင်ခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ထောင်အတွင်းက လူတွေနဲ့ဝိုင်း ငြိမ်းသတ်နိုင်ခဲ့လို့ ဆယ်ငါးမိနစ် အကြာမှာ မီးငြိမ်းသွားပါတယ်။
အဲ့ဒီလောင်ကျွမ်းမှုကြောင် ကြက်ခြံအမိုး ဆယ်ပေငါးပေ ခွဲလောင်ကျွမ်းသွားပြီး ၂၅၀၀ ကျပ်ဖိုး ဆုံးရှုံးသွားတယ်လို့ သူကပြောပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်တဲ့ မြို့နယ် ၃ မြို့နယ်က မီးသတ်ကား ၁၁ စီးခန့် အရင်ဆုံး ရောက်ရှိလာတာ ဖြစ်ပေမယ့် အကျဉ်းထောင်ဝရောက်မှ ၀င်ခွင့်မပေးလို့ နာရီဝက်နီးပါးခန့် စောင့်နေခဲ့ရပြီး ၀င်ခွင့်မရရှိခဲ့လို့ မီးသတ်ကားတွေ ပြန်လှည်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့အတွက် သက်ဆိုင်ရာဌာနတွေကနေ အမှုဖွင့်အရေးယူသွားမယ်လို့လည်း ပြောဆိုပါတယ်။

DVB Burmese

ခရိုင်းမီးယားဒေသ ယူကရိန်းနိုင်ငံက ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းခဲ့တဲ့ အထိမ်းအမှတ်ပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ

ခရိုင်းမီးယားဒေသ ယူကရိန်းနိုင်ငံကနေ ခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို ဆင်ဖာရာပိုမြို့တော်မှာ မတ်လ ၂၁ ရက်နေ့က ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပါတယ်။

ခရိုင်းမီးယားဝန်ကြီးချုပ် ဆာဂျေ အာဆင်နော့ (Sergei Aksenov) က ခရိုင်မီယာလူထုကို မိန့်ခွန်းပြောကြားခဲ့ပြီး ပျော်ပွဲရွင်ပွဲတွေကို စနေနေ့အထိ ကျင်းပခဲ့ကြပါတယ်။ မော်စကိုမြို့မှာလည်း ပျော်ပွဲရွှင်ပွဲတွေကို ခရိုင်မီယာနဲ့ အချိန်ကိုက်ကျင်းပခဲ့ကြပါတယ်။

ခရိုင်းမီးယား ပျော်ပွဲရွှင်ပွဲတွေ ကျင်းပချိန်မှာပဲ ဥရောပလုံခြုံရေးးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လေ့လာရေးအဖွဲ့ဟာ ရုရှားထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား တင်းမာမှုတွေဖြစ်နေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ရောက်ရှိလာခဲ့ကြပါတယ်။
မတ် ၂၁ ရက်နေ့က မော်စကိုမြို့ အထက်လွှတ်တော်အမတ် ၁၅၅ ဦးတို့ဟာ ခရိုင်းမီးယားပူပေါင်းရေးအဆိုကို တညီတညွတ်ထဲ ထောက်ခံအတည်ပြုခဲ့ကြပြီး သမ္မတပူတင်က တရားဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဘရာဆယ်လ်မြို့မှာတော့ ယူကရိန်းနိုင်ငံ အီးယူနဲ့ ပူးပေါင်းရေးစာချုပ်ကို ယူကရိန်းဝန်ကြီးချုပ် ရက်ဆင်ညှပ် (Yatsenyuk) က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ယူကရိန်းနိုင်ငံ အီးယူအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့နေ့ဟာ ယူကရိန်းနိုင်ငံအတွက်ရော၊ ဥရောပတိုက်တတိုက်လုံးအတွက်ပါ သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB Burmese

၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား ( ၂ )


၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင် အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

( HE HAD sex with his 13-year-old schoolmate who was also his girlfriend, forced her to perform oral sex on him, then filmed and posted the video online without her knowledge.)


ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိမှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက်မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန် အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။
MWD
မူရင်းသတင်း

တိုင်းရင်းသားအရေးနဲ့ 68 Residence – စည်သူအောင်မြင့်


ဗမာစစ်ဗိုလ်ချုပ်တွေကိုပဲ အတုခိုးပြီး သေနတ်ကိုင်ထားသူတွေပဲ နေရာတကာခေါင်းဆောင် မလုပ်ကြနဲ့တော့၊ နိုင်ငံရေး လုပ်တတ်သူတွေ၊ စီးပွားရေး လုပ်တတ်သူတွေ၊ အခြားပညာရှင်တွေနဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူ၊ ကိုယ့်ပြည်နယ်အကျိုး တစ်ပြိုင်နက်တည်း လုပ်ကြဖို့လိုပြီ …

လာကပေါ်- ပြီးခဲ့တဲ့ ရက်ပိုင်း သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ကချင် ပြည်နယ် ခရီးထွက်တယ်နော်။ ဘာ အဓိပ္ပာယ်ဆောင်သလဲ။

အောင်ကျော်- ကျွန်တော့် စိတ်ထင် အခုငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ကေအိုင်အိုနဲ့ အပစ်ရပ် လက်မှတ် မထိုးနိုင် သေးတာက ပြဿနာ။ နောက် ဃြဃွှ လို့ခေါ်တဲ့ တိုင်းရင်းသားတွေရဲ့ တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့မှာလည်း ကေအိုင်အိုက သဘောထားတင်းမာ သူဆိုပြီး နာမည်ထွက်တယ်။ ဆိုတော့ ကချင် တိုင်းရင်းသားတွေကို စည်းရုံးဖို့ဟာ အရေးကြီးတယ်ဆိုတာ နားလည်တော့ ခုလို ခရီးထွက်တယ် ထင်တာပဲ။

လာကပေါ်- အင်း ဟုတ်တယ်။ ကျွန်တော့်အသိ ကချင်တွေကို မေးကြည့် တော့ ခုလို ကေအိုင်အိုက အစိုးရနဲ့ အပစ်ရပ် လက်မှတ် မထိုးနိုင်သေးတာ ကချင် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ သဘော ထားလည်း ပါတယ်လို့ ပြောနေကြတယ်။…

အောင်ကျော်- ကျွန်တော် အတိ အကျတော့ မသိဘူး။ ပိုပြီး အသံကျယ်တဲ့ အဖွဲ့တွေကတော့ အဲလိုပြောနေ ဆိုနေကြတာ ကြားရတယ်။ ဒါကြောင့် အခု သမ်္မတ ဦးသိန်းစိန် သွားတော့ ကချင်လူမှု အဖွဲ့အစည်း တာဝန်ရှိ သူတွေနဲ့ တွေ့ တယ်၊ ခရစ်ယာန် ဘာသာရေး ဆရာတွေ နဲ့ တွေ့တယ်။

လာကပေါ်- တွေ့တော့-

အောင်ကျော်- သတင်းတွေထဲဖော်ပြ တာကတော့ သမ္မတ ဦးသိန်းစိန်က အပစ်ရပ် လက်မှတ်ထိုးမယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ စမယ်ဆိုပြီး ရှင်းပြ တယ်၊ အဲ ကချင် တိုင်းရင်းသားတွေဘက် ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပေးပါဆိုပြီးတင်ပြ သတဲ့။ နိုင်ငံရေး တောင်းဆိုချက်ပေါ့ဗျာ။

လာကပေါ်- နောက်တော့ကော-

အောင်ကျော်- နောက် သမ္မတခရီးစဉ်မှာ ကာချုပ်လိုက်သွားတယ် ဆိုတာက အစိုးရနဲ့တပ်မတော် တစ်သား တည်း ရှိနေတယ် ဆိုတာကို ပြဖို့ ရည်ရွယ်တယ်လို့ ထင်တယ်။ ဘာကြောင့်ဆို ရှေ့ပိုင်းမှာ ဆွေးနွေးပွဲတွေ လုပ်တိုင်း အစိုးရတာဝန် ရှိသူတွေနဲ့ပဲ လုပ်နေရတယ်။ တပ်က သိပ်မပါဘူး။ အစိုးရနဲ့ သဘောတူပေမယ့် တပ်က တိုက်တာပဲ။ သမ္မတက တပ် အပေါ် သြဇာမညောင်းဘူး စသဖြင့် ပြော ဆို ဝေဖန်နေကြတာ ရှိတော့ အဲလိုမဟုတ်ဘူးဆိုတာ ပြတဲ့ သဘောပေါ့ဗျာ။

လာကပေါ်- ဟုတ်တယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာတောင် ဗိုလ် ချုပ် ၅ ယောက်၊ ၆ ယောက်လောက် ပါ လိုက်သေး။ တိုင်းရင်းသားကိုယ်စားလှယ် တွေကလည်း တပ်အပေါ် ယုံကြည်မှု တိုး လာတယ်လို့ ပြောကြ တာပဲ။

အောင်ကျော်- မှန်တယ်။

လာကပေါ်- ဒါဆိုရင် အစိုးရဘက်က ဆန္ဒရှိသလို လာမယ့် သြဂုတ်လ ၁ ရက် မတိုင်ခင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ရေး ထိုးနိုင်မယ်လို့ ခင်ဗျား ထင် သလား။

အောင်ကျော်- ကျွန်တော်တော့ မထင်ဘူး။ အစိုးရဘက်ကတော့ အဲလို တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးချင်တဲ့အခါကျတော့ အစိုးရ၊ တပ်၊ အားလုံး အင်တိုက် အားတိုက် လုပ်မှာပဲ၊ လုပ်လည်း လုပ်နေတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ အဲလို ဆန်္ဒမရှိရင် ဖြစ်နိုင်ဖို့ မလွယ်ဘူး။ တိုင်းရင်း သားတွေက အဖွဲ့လည်း များ တယ်၊ အမြင်လည်း မတူကြဘူး။ အခြေ စိုက်တဲ့ နေရာတွေကလည်း ပြန့်ကျဲနေ တယ်။ အဲတော့ ခက်တယ်။

လာကပေါ်- အဓိက ဘာပြဿနာ ကြောင့်လို့ ထင်သလဲ။

အောင်ကျော်- ကျွန်တော် ဟိုတစ် ခေါက် ပြောဖူးသလိုပေါ့။ အဲလို တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်ရပ် စာချုပ် ကြီးကို မြန်မာသိ၊ ကမ္ဘာသိ လက်မှတ်ရေးထိုးဖြစ် လိုက်ရင် ဦးသိန်းစိန် အစိုးရ အကြီး အကျယ် နာမည်ကောင်း ရသွားမယ်၊ အမြတ်ထွက်သွားမယ်၊ ကမ္ဘာကလည်း ချီးမွမ်းကြမယ်၊ ဆိုတော့ နောက်ပိုင်း ငါတို့ကိုသိပ် ဂရုမစိုက် ဘဲ နိုင်ငံရေး လိုလားချက်တွေ လိုက်လျောမပေးရင် ဘယ် လိုလုပ်မလဲ၊ စသဖြင့် စိုးရိမ်စိတ်တွေပေါ့ ဗျာ။ အဲဒါ အဓိကပဲ ထင်တယ်။

လာကပေါ်- အဲဒါက မြို့ပေါ် အင် အားစုတွေမှာတောင် ရှိတာပဲ။ ကျွန်တော် တို့ တိုင်းရင်းသားတွေဘက်မှာ ရှိတာက ရော သဘာဝမကျဘူးလား။

အောင်ကျော်- သဘာဝကျတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ လိုလား တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တိုက်ပွဲ ပုံစံတွေ ပြောင်းစပြုလာနေပြီဆိုတာ သိဖို့ တော့လိုတယ်။

လာကပေါ်- ဘာဆိုလိုတာလဲ။

အောင်ကျော်- သြော် အရင်က လက်နက်နဲ့ ဖိနှိပ်လို့ လက်နက်နဲ့ တွန်းလှန်တယ်လေ။ နှစ်ဖက်စလုံး မအောင်မြင်ဘူး မဟုတ်လား။

လာကပေါ်- အင်းလေ။

အောင်ကျော်- အခု အစိုးရနဲ့စစ်တပ် ဘက်က သံန်္နိဋ္ဌာန်ဟာ ပစ်ခတ် တိုက်ခိုက်ရေး မဟုတ်တော့ဘူး။ သူတို့ တည်ငြိမ်မှုလိုချင်တယ်။ သူတို့လိုချင်တာကို သူတို့လည်း လက်နက်နဲ့ တိုက်ယူတာ မဟုတ်ဘဲ အခြားနည်းနဲ့ ရအောင်ကြိုးစားမယ် ဆိုတဲ့ သဘောမျိုး။

လာကပေါ်- အစိုးရ စစ်တပ် လက်နက်တွေ ပုံမှန် ဖြည့်တင်းနေတယ်လေ၊ တစ်လောကတောင် စစ်ရေး လေ့ကျင့်တာတွေ လုပ်နေတယ်။ နောက် အနောက်နိုင်ငံ စစ်တပ်တွေနဲ့ ဆက်ဆံရေးကလည်း ကောင်းလာ နေတယ်။ ဆိုတော့-

အောင်ကျော်- ကျွန်တော် အဲဒါ အမြဲပြောနေတယ်လေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ကိုယ့် တပ်ဖွဲ့ကို ကိုယ်ကျစ်လျစ်အောင်လုပ်၊ အရည်အချင်းရှိတဲ့ တပ်ဖြစ်အောင်လုပ်၊ လက်နက်နဲ့ ဖိနှိပ်မှုရှိလာ ရင် လက်နက်နဲ့ တွန်းလှန်နိုင်အောင် အမြဲတမ်း အဆင်သင့် ဖြစ်အောင်ပြင်ထားလေ၊ ကျွန်တော် အဲဒါ အမြဲပြော နေတာပဲ။ ဒါပေမဲ့ တပ်ကိုပဲ ဖက်တွယ်ထားရုံ တစ်ခုတည်း မရတော့ဘူး ဗျ။

လာကပေါ်- ဘာကြောင့်လဲ။

အောင်ကျော်- တိုင်းရင်းသားတွေ လက်နက်ကိုင်စွဲ တွန်းလှန်ရတာ ဘာရည် ရွယ်ချက်လဲ၊ အဲဒီရည်ရွယ်ချက် မပြည့် မချင်း လက်နက်ကိုင်စွဲထားတာ စွန့်ဖို့ မဟုတ်ဘူး၊ ဒါအမှန်တရား၊ ဒါပေမဲ့ တစ်ပြိုင်နက်တည်း တိုက်နေ ခိုက်နေရင်း ကိုယ့်လူမျိုး ကိုယ့်ပြည်သူ ပိုဒုက်္ခရောက်၊ ပိုဆင်းရဲ၊ ပိုပြီး ပညာမဲ့ ဖြစ်သွားလို့တော့ မရဘူးလေ။

လာကပေါ်- ဆိုတော့-

အောင်ကျော်- အခွင့်ရသလောက် နိုင်ငံရေး လုပ်ရမယ်၊ ကိုယ့်လူမျိုး နိုင်ငံ ရေး၊ ကိုယ့်ပြည်နယ် နိုင်ငံရေး၊ တစ်တိုင်း ပြည်လုံး နိုင်ငံရေး အားလုံးမှာ ပါဝင်ရမယ်။ နောက်ကိုယ့်လူမျိုး ကိုယ့်ပြည်သူ ဖွံ့ဖြိုး တိုးတက်ရေး တစ်ပြိုင်နက်တည်း လုပ်ရမယ်။ ဒီမယ် အခု ကျွန်တော်ပြောမယ်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ စစ်ဗိုလ်ချုပ်တွေ သူတို့ ပေါ်လစီပြောင်းတော့ နိုင်ငံတကာက လည်း သူတို့အပေါ် ပြောင်းလဲ ဆက်ဆံ လာတယ်၊ အကူအညီ တွေပေးတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနေကြပြီ။ အဲဒါတွေ တိုင်းရင်းသားဒေသတွေဆီ မရောက်သင့်ဘူးလား၊ တိုင်းရင်းသားတွေ ရော မခံစားသင့်ဘူးလား။

လာကပေါ်- အင်း ဟုတ်တယ်။ ဒီရက်ပိုင်း ရွှေနန်းတော် စိန်နန်းတော် အုပ်စုက စင်ကာပူ ကုမ္ပဏီတွေနဲ့ ပေါင်း ပြီး 68 Residence ကြီး ဆောက်တော့မယ်။ နောက် သီလ၀ါအထူးဇုန်အကြီးကြီး ပေါ် လာတော့မယ်။ အဲဒါ တွေနဲ့ ကျွန်တော့် ဇာတိမြေ ချိန်ထိုးကြည့်နေတာပါ။ ကွာ သွားတော့မယ်နော်။ ၀မ်းနည်းတယ်။

အောင်ကျော်- အဲဒါပေါ့ဗျာ။ ဒီနေရာမှာ တိုင်းရင်းသားတွေဘက် လှည့်ပြောရ မှာက အရင် ဗမာ စစ်ဗိုလ်ချုပ် တွေကိုပဲ အတုခိုးပြီး သေနတ်ကိုင်ထားသူတွေပဲ နေရာတကာ ခေါင်းဆောင်မလုပ်ကြနဲ့တော့၊ နိုင်ငံရေး လုပ်တတ်သူတွေ၊ စီးပွားရေး လုပ်တတ်သူတွေ၊ အခြားပညာရှင်တွေနဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူ၊ ကိုယ့်ပြည် နယ်အကျိုး တစ်ပြိုင်နက်တည်းလုပ်ကြဖို့ လိုပြီလို့ပဲ ပြောလိုက်ချင်တယ်ဗျာ။

လာကပေါ်- တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့ကို ဗမာ စစ်ဗိုလ်ချုပ်တွေနဲ့ နှိုင်းရင် သိပ် စိတ်ဆိုး တာဗျ။

အောင်ကျော်- မတတ်နိုင်ဘူးလေဗျား- ပြောစရာရှိတာတော့ ပြောရမှာပဲ။ ဟားဟား ဟား။

မြန်မာသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၅ဝစာရင်းမှာ ၆ ဦးမြောက်အဖြစ် Fortune မဂ္ဂဇင်းက ဖော်ပြ


အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ Fortune စီးပွားရေးမဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၄ ခုနှစ်အ တွက် ရွေးခြယ်ထုတ်ပြန်တဲ့ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင် ၅ဝ စာရင်းမှာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ၆ ဦးမြောက်ပုဂ္ဂိုလ်အဖြစ် ဖော်ပြလိုက် ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) က ပထမနေရာမှာဖေါ်ပြခံရပြီး၊ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel က ဒုတိယ၊ Ford မော်တော်ကား ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Alan Mulally ကတတိယ၊ သူဌေးကြီး Warren Buffect က စတုတ္ထနဲ့ သမ္မတဟောင်း ဘီလ်ကလင်တန် က ပဉ္စမနေရာ မှာဖေါ်ပြခံရတာဖြစ်ပါတယ်။

ဒီကမ္ဘာကျော်ပုဂ္ဂိုလ် အယောက် ၅ဝ ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေတဲ့ကာလမှာ Walk On အမည်ရှိတဲ့သီချင်း ရေးသားသီဆိုခဲ့တဲ့ နာမည်ကြီးအဆိုတော် ဘိုနို၊ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ခွင့်ကြိုးပမ်းသူ မာလာလာလဲပါဝင်ပါတယ်။

ဒီပုဂ္ဂိုလ်တွေဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင် ရွက်နေသူဖြစ်သလို၊ သူတို့အပေါ် ယုံကြည်ထောက်ခံသူတွေကို ခွန်အားပေးနေသူတွေဖြစ်တယ်လို့ Fortune မဂ္ဂဇင်းကဆိုပါတယ်။ အခုလိုဖေါ်ပြခံရသူတွေဟာ ကမ္ဘာတဝှမ်း နိုင်ငံရေး၊ ဘာသာရေး၊ စီးပွါးရေး၊ လူမှုရေးနယ်ပယ် အသီးသီးမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြ ပါတယ်။
RFA Burmese

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO ၀န်ခံခဲ့ပြီ..


လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ ပစ္စည်းသိုလှောင်ခန်းကနေ သယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားကြောင်း ၀န်ခံခဲ့တဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄၀ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစားဖြစ်ကြောင်းလည်း သိရပါတယ်။

အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဂြိုလ်တုကနေ အပိုင်းအစ ၂ ခု တွေ့ပါတယ် ဆိုတဲ့ သြစတေးလျ နိုင်ငံ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက လေယာဉ်ပျက်လို့ ယူဆရတဲ့နေရာမှာလည်း ရှာဖွေရေး အဖွဲ့တွေရှာတာ ၂ ရက်ရှိပြီ ဖြစ်ပေမယ့် မတွေ့သေးပါဘူး။ တရုတ်ပြည်က ရှာဖွေရေး အတွက် ဆိုပြီး စစ်သင်္ဘာ ၈ စင်း အထိဝင်ခွင့်တောင်းထားကြောင်းလည်း မလေးရှား အာဏာပိုင်တွေက အတည်ပြုပါတယ်။...

ခရီးသည် ၂၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH370 ပျောက်ဆုံးသွားတာ အခုဆိုရင် ၂ ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။






Zaw Lwin Win

ရန်ကုန်သင်္ကြန်နှင့် ပြည်သူ့လုံခြုံရေး – ၀တ်ရည်နွေးနွေး


မဏ္ဍပ်တွေကို အာဏာပိုင်တွေက မီးသတ်တပ်ဖွဲ့ဝင်ပဲ ချပေးတာ ဒါတောင် မဏ္ဍပ်တစ်ခု သုံးလေးယောက်ပဲ သူတို့ကလည်း လမ်းရှင်းတာတို့လောက်ပဲ လုပ်ပေးနိုင်တယ် . . .

မြန်မာ့နှစ်ကူး အတာသင်္ကြန် ပွဲတော်ကို နှစ်စဉ် ရိုးရာပွဲတော်အဖြစ် ကျင်းပလာခဲ့ရာ မြန်မာ သက္ကရာဇ် ၁၃၇၅ မှ ၁၃၇၆ နှစ်သစ်ကူးပြောင်းမည့် သင်္ကြန်ကာလကို ဖြတ်သန်း ရန် ပြည်သူများ အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

မြန်မာတစ်ပြည်လုံး ခြိမ့်ခြိမ့်သဲကျင်းပခဲ့သည့် အတာသင်္ကြန်ပွဲတော်သည် မြန်မာဘုရင်များ လက်ထက်မှစတင် ကျင်းပဆင်နွှဲခဲ့ကြရာ ရန်ကုန်၊ မန္တလေး မြို့ကြီးများ၏ အထင်ကရ ပွဲတော်ဟု ဆိုရပေမည်။

အမြို့မြို့အနယ်နယ် အပြိုင်အဆိုင် ကျင်းပသည့်အနက် ရန်ကုန် သင်္ကြန်နှင့် မန္တလေး သင်္ကြန်သည် အစည်ကားဆုံး ဖြစ်သည်။ ယခင် စစ်အစိုးရ လက်ထက်မှစ၍ ပြည်သူကြား ဖိနှိပ်မှုများ စတင်ခဲ့ရာမှ ပြည်သူများ၏ လုံခြုံရေး လျော့နည်းလာခဲ့သည်။

ရန်ကုန်သင်္ကြန်သည် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် လည်ပတ်ရန် အများဆုံး တည်နေရာအဖြစ် သတ်မှတ် ခံခဲ့ရသည်။ အင်းလျားလမ်း၊ ကမ္ဘာအေး၊ ပြည်လမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဆရာစံလမ်းတို့သည် အစည်ကားဆုံး နေရာဖြစ်သည့်အတွက် ရေကစား မဏ္ဍပ်များ၊ ရေပက်ခံကားများ တိုးမပေါက်အောင် စည်ကားလှပေသည်။

ရန်ကုန်မြို့တွင်း ယာဉ်အန္တရာယ် မဖြစ်စေရန် ကြီးကြပ်ပေးမည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အလွန်နည်းပါးခြင်း၊ မတော်တဆ ထိခိုက်မှုများကို အချိန်မီ ပို့ဆောင်ပေးနိုင်မည့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ၊ ခေတ္တဖွင့်လှစ် ထားသည့် အရန်သင့် ဆေးပေးခန်းများ မရှိခြင်း၊ ပွဲတော်အတွင်း ပျော်ပါးမှု လွန်ကဲကာ ခိုက်ရန်ဖြစ်ပွားမှုများကို အချိန်မီ တားဆီးနိုင်မည့် လုံခြုံရေးအင်အား အဆင်သင့် မရှိခြင်းတို့သည် ရိုးရာသင်္ကြန်ပွဲတော်၏ ချစ်စရာ ဓလေ့များကို အရောင်ဆိုးလာခဲ့ပါသည်။

ယခင် အုပ်ချုပ်ခဲ့သည့် စစ်အစိုးရခေါင်းဆောင်များ၏ တိုင်းပြည်တွင်း အုပ်ချုပ်ပုံ စနစ်များသည် ပြည်သူကြား ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာစေသည့်အပြင် မတန်မဆ မြင့်တက်လာသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများကြောင့် ပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုများ ကြမ်းတမ်းလာခဲ့သည်။

ထို့ကြောင့် ရန်ကုန်သင်္ကြန် မဏ္ဍပ်စီစဉ်သူများ အခက်တွေ့လာခဲ့သည်။ မဏ္ဍပ်မြေနေရာအလိုက် လေလံ ဆွဲရခြင်း၊ လေလံမဆွဲပါက တည်ဆောက်ရန် လျာထားသော မြေနေရာများ ခွင့်ပြုမိန့် မရခြင်းတို့ကြောင့် မဏ္ဍပ်ဆောက်လုပ်မှုအပိုင်းတွင် မူလကုန်ကျရန် မှန်းထားသည့် ငွေကြေးပမာဏထက် လျှော့ကာ တည်ဆောက်ကြရသည်။

မဏ္ဍပ်အလိုက် လုံခြုံရေးကို အစိုးရက ဆောင်ရွက်မှု မရှိသည့်အတွက် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့များ၊ အရန်မီးသတ်ဝင်များကိုသာ ထပ်မံ ငှားရမ်းကြရသည်။ ထို့ကြောင့် စီးပွားရေးအဖြစ် လုပ်ကိုင်သည့် မဏ္ဍပ် စီစဉ်သူများသည် အဆိုပါ မြေနေရာ ငှားရမ်းမှုနှုန်း မြင့်တက်ခြင်း၊ ရေခွန် ဆောင်ရခြင်းများကြောင့် အခြားသော လုံခြုံရေးနှင့် မဏ္ဍပ်တည်ဆောက်မှု အပိုင်းတွင် အသုံးပြုမည့် ငွေပမာဏ လျှော့ကာ ပြုလုပ်လာကြသည်။

မဏ္ဍပ်တွင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ မတော်တဆ ထိခိုက်မှုများကို အချိန်မီ စောင့်ကြပ်နိုင်မည့် လုံခြုံရေး လုံလောက်စွာ မရှိသည့်အတွက် မဏ္ဍပ်ထိုင်သူများသည် စည်းလွတ်ဝါးလွတ် ပျော်ပါးကာ အခြားသော လည်ပတ်သူများကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်အပြင် မဏ္ဍပ်ခိုင်ခံ့မှုမရှိ၍ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ဖြစ်ရပ်များကြောင့် မဏ္ဍပ်တည်ဆောက်သူ နည်းပါးလာပြီး ယင်းသို့ နည်းပါးလာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှလည်း မြေနေရာ ခွင့်ပြုမိန့်များ လျှော့ချလာခဲ့သည်။ ထို့ကြောင့် ရေပက်ခံထွက်သည့် ကားများ ပိုမိုများပြားလာခဲ့ပြီး လည်ပတ်ရန် နေရာနှင့် ရေပက်ခံကားများ မျှတမှုမရှိဖြစ်ကာ စည်ကားရာ နေရာများတွင် ရေပက်ခံကားများနှင့် လည်ပတ်သူများ စုပြုံလာခဲ့သည်။

ထိုအခြေအနေတွင် လူစည်ကားရာ နေရာအလိုက် လုံခြုံရေး အင်အားမျှတမှု မရှိ၍ သောက်စား မူးယစ်ကာ ပျော်ပါးသူ များပြားလာခဲ့သည်။ အဆိုပါ လမ်းများတွင် ကားပိတ်ခြင်းများ ဖြစ်ပေါ်ကာ ရေပက်ခံရန် စောင့်ဆိုင်းသည့် ကားများသည် တန်းစီနေရသဖြင့် မည်သို့ဆိုစေ ပြန်လှည့်ထွက်ရန် အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုသို့ကားများ ပိတ်၍ ရပ်နားစဉ် တစ်ဦးနှင့်တစ်ဦး ကျီစယ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်လာခဲ့ပြီး ထိခိုက်မှုရှိလျှင် နီးစပ်ရာ အရန်သင့် ဆေးပေးခန်းများ မရှိသည့်အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့သာ သွားကြရသည်။

အရန်သင့် ဆေးပေးခန်းများ ထားရှိခြင်း မရှိသည့်အပေါ် NLD ကျန်းမာရေးကွန်ရက် ဒေါက်တာ တင်မျိုးဝင်းက ““အဓိကယက အခုလို ပွဲတော်ရက်မှာဖြစ်တဲ့ ထိခိုက်မှုတွေက ရဲနဲ့ပတ်သက်တာလို့ ယူဆကြတယ်။ ကားပေါ်က ပြုတ်ကျရင်လည်း မကုခင် စစ်တယ်။ ရန်ဖြစ်လည်း မေးတယ်။ အဲဒါကြောင့် ကုချင်တိုင်း ကုလို့မရဘူး ဖြစ်နေ တယ်။ ဒီတော့ ဆရာဝန်တွေက ကုပေးချင်ရင်တောင် ကိုယ့်သဘောနဲ့ကိုယ် ကုလို့မရဘူးလေ။ ဒီတော့ ဒါတွေက သက်ဆိုင်ရာဌာန အလိုက်ပဲ နိုင်ငံတော်က စီစဉ်ရမှာ။ ဒီလိုက လုပ်ပေးသင့်ပါတယ်။ ခိုက်ရန် မဖြစ်ပွားအောင် လုံခြုံရေး မချနိုင်ရင် အခုလို စီစဉ်ဖို့ လိုအပ်တယ်။ ပြည်သူအတွက် ကျန်းမာရေး လုံခြုံမှု ပဲလေ”” ဟု သုံးသပ်ပြောကြားခဲ့သည်။

မန္တလေးမြို့ကြီး၏ သင်္ကြန်ပွဲတော် တစ်နှစ်ထက်တစ်နှစ် စည်ကားလာပြီး ရန်ကုန်မြို့တော် သင်္ကြန်သည် အဘယ်ကြောင့် တစ်နှစ်ထက်တစ်နှစ် ခြောက်ကပ်လာသည်ကို ပြည်သူတွေ မေးခွန်းထုတ်နေကြပါပြီ။

၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် ပြည်သူအတွက် ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့သည်။ ကန်တော်ကြီးပတ်လမ်း တင့်ကားကုန်း အရှေ့လမ်းဆုံ X2O ၊မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည့်အတွက် သင်္ကြန်သည် ရန်ကုန်နေ ပြည်သူများအတွက် အသက်မဲ့စေခဲ့ပြန်သည်။

ဗုံးပေါက်ကွဲမှုမဖြစ်ခင် များပြားလှသည့် ပြည်သူများ ကခုန်နေကြသည့် ပြည်သူများသာတွေ့ မြင်ရပြီး ပေါက်ကွဲ ပြီးချိန်တွင် များပြားလှသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များကို ရုပ်သံမီဒီယာများမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။ မည်သည့် အဖွဲ့အစည်းက မည်သည့် အကြောင်းကြောင့် ဖောက်ခွဲမှု ပြုလုပ်သည့် သတင်းများထက် လုံခြုံရေး မည်မျှ တိုးမြှင့်ချထားပေးမည့် သတင်းကိုသာ ပြည်သူတွေ မျှော်လင့်နေကြသည်။

သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း သင်္ကြန်မတိုင်မီ လုံခြုံရေး တိုးမြှင့်သတင်း မဟုတ်ဘဲ မဏ္ဍပ် ဆောက်လုပ်ခွင့် လျှော့ချသည့်သတင်း၊ မဏ္ဍပ်ပြိုကျမှု မဖြစ်ပေါ်စေရန် မဏ္ဍပ်ကြံ့ခိုင်မှု စစ်ဆေးမည့် အစီအစဉ်များ၊ သရုပ်ပျက် ၀တ်စားဆင်ယင်မှု ထိန်းချုပ်မည့် သတင်းများ၊ အရက်သေစာ သောက်စား၍ ကားမောင်းသူများကို စစ်ဆေးမည့် သတင်းများစသည့် အကြောင်းအရာများသာ ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့တွင်း စည်ကမ်း တင်းကျပ်မှုကြား မဏ္ဍပ်အရေအတွက် ဆယ်ဂဏန်းမျှသာရှိပြီး ရေပက်ခံကားများ လမ်းပေါ် မမြင်တွေ့ရသည်အထိ ဖြစ်ခဲ့ပြီး မန္တလေးသင်္ကြန်သည် မဏ္ဍပ်အရေအတွက် ရာဂဏန်းအထက်ရှိပြီး ရေပက်ခံ ပြည်သူများ တိုးမပေါက် ဖြစ်လာသည်မှာ မည်သည့်အရာက ကွာခြားသည်ကို စဉ်းစားရပေမည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု ခေါ်သော ရန်ကုန်မြို့၏ လုံခြုံရေး အင်အားအပေါ် မေးခွန်းထုတ်ရမည်။ ယခင် မြန်မာနိုင်ငံ၏ အစိုးရမင်းများ အခြေချ နေထိုင်ခဲ့သည့်အတွက် စည်ကားရန် စီစဉ်မှုများ ရှိခဲ့သော်လည်း နေပြည်တော်သည် မြန်မာနိုင်ငံ အုပ်ချုပ်သူ လူတန်းစား၏ ဌာနေဖြစ်လာသည့် နောက်ပိုင်းတွင် ယင်းဌာနေ သာယာ စည်ကားရေး ငွေကြေးများစွာ ကုန်ကျခံ တည်ဆောက်နေသည်မှာ အပြစ်ဟု မဆိုသာသော်လည်း အခြား မြို့ကြီးများကို ထိခိုက်လာ စေသည်။

နေပြည်တော်သို့ ရန်ကုန်မှ အခြားအရာ မဆိုထားနှင့် တိရစ္ဆာန်ရုံတွင် ပြသထားသော တိရစ္ဆာန်များ သယ်ဆောင် သွားခြင်းသည် အလွန်ရုပ်ဆိုးလှပေသည်။ ယခု သင်္ကြန်ကာလများတွင်လည်း နေပြည်တော် သည် လည်ပတ်သူထက် ခမ်းနားထည်ဝါသော မဏ္ဍပ်ကြီးများက ပို၍နေရာယူထားကြသည်။ လုံခြုံရေး အင်အားသည် ပြည်သူ၏ သုံးပုံတစ်ပုံ ရှိနေသည်မှာ အံ့သြဖွယ် ကောင်းလှသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်များပေမို့ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သော်လည်း နေရာတိုင်းတွင် နေထိုင်သော ပြည်သူများအားလုံး အရေးကြီးသည်ကို သတိပြုရပေမည်။ ထိုသို့ လုံခြုံရေး လုံလောက်စွာ မပေးနိုင်ခြင်းအပေါ် ပုဂ္ဂလိက လုံခြုံရေး ငှားရမ်းခြင်း ကုမ္ပဏီ Winning Security Co.,Ltd ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က “ကျွန်မတို့ကို သင်္ကြန်မှတော့ မဟုတ်ဘူး။ အခြားစက်ရုံ၊ အလုပ်ရုံတွေကလည်း လာငှားကြတယ်။ သင်္ကြန်ကျတော့ အရမ်းတာဝန်ကြီးတယ်။ သူတို့ မဏ္ဍပ်တွေကို အာဏာပိုင်တွေက မီးသတ်တပ်ဖွဲ့ဝင်ပဲ ချပေးတာ။ ဒါတောင် မဏ္ဍပ်တစ်ခု သုံးလေးယောက်ပဲ။ သူတို့ကလည်း လမ်းရှင်းတာတို့လောက်ပဲ လုပ်ပေးနိုင်တယ်။ ဒီတော့ လာငှားကြတယ်။ ကျွန်မတို့လူတွေက အာဏာပိုင် အဖွဲ့ဝင်တို့လို၊ ရဲ တပ်ဖွဲ့ဝင်တို့လို ဘယ်လုံခြုံရေး အပြည့်အ၀ပေးနိုင်မလဲ။ နယ်မြေ တစ်ခုအတွင်း စောင့်ကြည့်ပေးတာ ပေါ့။ သူတို့ကလည်း မဏ္ဍပ်လေး အနည်းငယ်လုံခြုံမှုရှိစေဖို့ ငှားကြတာပါပဲ။ ကျွန်မတို့က အတတ်နိုင်ဆုံး save (လုံခြုံမှု)ဖြစ်အောင် လုပ်ပေးပါတယ်”ဟူ၍ ပြောသည်။

ယခင်မဏ္ဍပ်စီစဉ်သူ တစ်ဦးဖြစ်သူက ““ကျွန်တော်တို့က သူငယ်ချင်းတွေစုပြီး စီးပွားဖြစ် လုပ်ကြတာ။ မဏ္ဍပ် လျှောက်တော့လည်း အဆင်မပြေ။ စပေါ်တင်ရတာလည်း ရှိတယ်။ ကျွန်တော်တို့က လုံခြုံရေး အင်အား မပြနိုင်ရင် မဏ္ဍပ်ထိုင်တဲ့သူကလည်း မလာချင်ဘူး။ မိတ်ဆွေတွေကလည်း တကယ်သာတဲ့ မဏ္ဍပ်၊ လုံခြုံရေး ကောင်းတဲ့ မဏ္ဍပ်ပဲ သွားကြတာ။ ကျွန်တော်တို့က ဒီလောက်ငွေ မလိုက်နိုင်တော့ အခုမဏ္ဍပ် မဆောက်ဖြစ်တာ ၂နှစ်ရှိပြီ” ဟူ၍ ပြောသည်။

၂၀၁၄ သင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်တွင်း မဏ္ဍပ်ဆောက်လုပ်ခွင့် ၉၃ နေရာ ခွင့်ပြုထားပြီး မဏ္ဍပ် တစ်ခုလျှင် ဒေသအာဏာပိုင် ရဲတပ်ဖွဲ့ဝင် (သို့မဟုတ်) SB နှစ်ဦးစီ ထားရှိမည်ဖြစ်သည်။ မဏ္ဍပ် ဆောက်လုပ် မှုကို မြေနေရာပါမစ် လျှောက်ထား၍ ပါမစ်ကျပါက စပေါ်ငွေ သိန်း ၇၀ တင်ရမည် ဖြစ်ကြောင်းကို ““ကျွန်တော် တို့က အခုပါမစ် တင်ထားတယ်။ သူတို့ဘက်က လုံခြုံရေး နှစ်ယောက်လောက် ပေးပေမယ့် ပုဂ္ဂလိက လုံခြုံရေး ငှားရမှာပဲ။ ဒီနှစ်တော့ စည်လာနိုင်တယ်။ ဒါပေမဲ့ လုံခြုံရေးတော့ နိုင်ငံတော်က သေချာစီစဉ် ပေးစေချင်တယ်။ အပျော်ကနေ အပျက် မဖြစ်စေဘူး””ဟု Out of the Control မဏ္ဍပ်စီစဉ်သူက ပြောသည်။

ယခုနှစ် ၂၀၁၄ ခုနှစ် သင်္ကြန် ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေဆော့ကစားနိုင်ရန် နိုင်ငံတော်မှ တာဝန် ရှိသူများက လုံခြုံရေးအင်အား အဘက်ဘက်မှ တိုးမြှင့်ပေးရန် လိုအပ်လာပြီဖြစ်သည်။ နှစ်စဉ် အတာသင်္ကြန် ပွဲတော်တွင် အစိုးရ တာဝန်ရှိသူများ၏ လျစ်လျူရှုခံရသော ပြည်သူ့လုံခြုံရေးကို အလေးထား ဆောင်ရွက်ရန် စနစ်တကျ ပြုလုပ်ရန် ပြည်သူများ စောင့်မျှော်လျက် ရှိသည်။
မြန်မာသံတော်ဆင့်

Question & Answer


သြစတြေးလျမှာ ကျောင်းပြီး အလုပ်အကိုင် ရရှိဖို့ ဘယ်ဘာသာရပ်တွေက ဦးစားပေးခံရပါသလဲ။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ခေတ်နဲ့အညီ Science, Technology, Engineering, Math ဘာသာရပ်တို့ကို ဦးစားပေးနေကြပါ တယ်။ ဘာသာရပ် နယ်ပယ်လေးမျိုးကို ပေါင်းစည်းပြီးတော့လည်း STEM ဟု အတိုကောက် ခေါ်ဝေါ်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း STEM ဆက်စပ် ဘာသာရပ်များနဲ့ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိနိုင်ခြေပိုများ ပါတယ်။ သြစတြေးလျအစိုးရ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ Bachelor (သို့) Master (သို့) PhD ဘွဲ့ ရရှိထားမယ်ဆိုပါက (သြစတြေးလျတွင် အနည်းဆုံး နှစ်နှစ် သင်ကြားထားခြင်းဖြစ်ရ မည်) Pot Study Work အဖြစ် သြစတြေးလျမှာ ဆက်လက် နေထိုင်ခွင့် အနည်းဆုံး ၂ နှစ်ရရှိနိုင်ပါတယ်။



အင်္ဂလန် အသိအမှတ်ပြု ဒီပလိုမာ အောင်လက်မှတ်တွေဖြင့် ယူကေကျောင်းတွေကို လျှောက်ထားလို့ ရနိုင်ပါသလား။ ဘယ်နှစ်ကနေ ဝင်ခွင့်ပြုပေးပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။

အင်္ဂလန် သိအမှတ်ပြု အောင်လက်မှတ်တွေမှာ စီးပွားရေး၊ ကွန်ပျူတာ၊ အင်ဂျင်နီယာ အထူးပြုများဆိုပြီး သုံးမျိုးရှိပါတယ်။ ယူကေမှာ တက္ကသိုလ်၊ ကောလိပ် ၁၄၀ ကျော်ရှိပြီး ကျောင်းတိုင်းကတော့ မြန်မာနိုင်ငံမှ အင်္ဂလန် အသိအမှတ်ပြု ဒီပလိုမာများကို အသိအမှတ်ပြုလေ့ မရှိဘဲ အချို့သော တက္ကသိုလ်များကတော့ အသိအမှတ်ပြု လက်ခံပါတယ်။ယူကေက ဘာသာရပ် ကင်းလွတ်ခွင့်များ ပေးလေ့မရှိဘဲ စာသင်နှစ် ကင်း လွတ်ခွင့် စနစ်နဲ့ သွားလေ့ရှိပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ကိုယ်သင်ယူထားတဲ့ဟာနဲ့ ကိုယ်လျှောက်ထားမယ့် ဘာသာရပ် ဆက်စပ်ကိုက်ညီပါက ဘာသာရပ် ကင်းလွတ်ခွင့်နဲ့ စာသင်နှစ် ကင်းလွတ်ခွင့်၊ နှစ် မျိုးစလုံး ရရှိနိုင်ပါတယ်။


ဥပမာ IADCS, IADBA, ABE Level 6 ဒီပလိုမာ လက်မှတ်ကိုင်ဆောင်ထားပါက ယူကေတက္ကသိုလ် အချို့တွင် နောက်ဆုံးနှစ် (Top Up Degree Program) တွေကို ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်။ အင်ဂျင်နီယာ အထူးပြု HND (သို့) Adv Diploma များရှိရင်တော့ IELTS နဲ့ Transcript ပေါ်မူတည်ပြီး စာသင်နှစ် ကင်းလွတ်ခွင့်ကို တက္ကသိုလ်ရဲ့ Ranking နဲ့ မိမိရွေးချယ်တဲ့ အင်ဂျင်နီယာ ဘာသာရပ်ပေါ် မူတည်ပြီး သက်ဆိုင် ရာ ကျောင်းများမှ case by case ဆုံးဖြတ်မှာ ဖြစ်ကာ နောက်ဆုံးနှစ် (သို့) ဒုတိယနှစ်မှ ဝင်ရောက်ခွင့် ရရှိနိုင်ပါတယ်။


CROWN Education မှ ကူညီဖြေကြားသည်။
Internet Journal 

ဖခင်ရဲ့ ချစ်စနိုးနဲ့ နမ်းမှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်ရဲ့ ၀မ်းနည်းဖွယ်ဖြစ်ရပ်


Kaiden McCormick ဆိုတဲ့ ကလေးငယ်ကို မွေးဖွားမယ့် ရက်ထက် ငါးပတ်စောပြီး လမစေ့ဘဲ သူရဲ့မိခင် ကမွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်က သူ့ကိုအလွန်ချစ် တာကြောင့် ညတိုင်း ကိုယ်တိုင်ရေချိုး ပေးပြီးနောက် အနမ်းပေးကာ ချီပိုးပြီး သိပ်ပေးတယ်လို့ သိရပါတယ်။ ကလေးငယ် နှစ်ပတ်အရွယ်မှာ နို့ဘူး မစို့တော့ဘဲ ကိုယ်ပူချိန် အနည်းငယ် မြင့်တက်လာတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။ အဲဒါဖြစ်ပြီး နောက်မှာပဲ ရုတ်တရက် ကလေးငယ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူ ရပ်တန့်သွား တာကြောင့် အရေးပေါ်ကားကို ခေါ်ကာဆေးရုံ သွားခဲ့ပါတယ်။ ဆေးရုံမှာ အသက်ကယ်ဖို့အတွက် အထောက်အပံ့ ပေးတဲ့စက် (အသက်ရှူစက်)နဲ့ ခြောက်ပတ်ကြာ နေခဲ့ရပြီးမှ အသက်ရှူ ရပ်သွားကာ အတက်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပြီးနောက် ကလေးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အကုန်လုံး အလုပ် မလုပ်တော့တဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ထံမှ ရေယုန်ရောဂါပိုး ကူးစက်ခံ ရတာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားရပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။

ရေယုန်ရောဂါပိုးဟာ Herpes simple ဗိုင်းရပ်စ် ပိုးမွှားကြောင့်ဖြစ်ပြီး လူအများစု ကိုယ်အတွင်းမှာ ရှိနေတတ်ပါတယ်။ အနမ်းပေးတာ ဒါမှမဟုတ် နို့တိုက်တာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူကြီးအများစုမှာ ဒီဗိုင်းရပ်စ် ပိုးက ရှိနေတတ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မပေးတတ်ပေမယ့် နို့စို့ကလေးငယ်တွေ အတွက်မှာမူ ခုခံအား ကျဆင်းနေပါက အသက်အန္တရာယ် ရှိနိုင်ပါတယ်။ မွေးကင်းစ ခြောက်ပတ် အတွင်းမှာ အန္တရာယ် အရှိဆုံးဖြစ်ပြီး ရောဂါကူးစက် ခံရပါက ကလေးငယ်ဟာ နို့မစို့တော့တာ၊ မှိန်းနေတာ၊ အဖျားတက်တာနဲ့ အသံခြစ်ပြီး ငိုယိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့်မို့လို့ နို့စို့ကလေးငယ်တွေကို မနမ်းသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။

ကျန်းမာရေးနှင့် အလှအပ

ရင်သားကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့


အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါတယ်။

(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိမ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။

ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျှော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

(၇) လမ်းများများ လျောက်ပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

တောင်ကြီးမြို့၌ ကျောင်းသားတစ်စု ဆိုင်ကယ်တိုက်ခံရမှုဖြစ်ပွား၊ တိုက်ခံရသူကျောင်းသားများ တရားစွဲခံရမည်

ယမန်နေ့ နေ့လည် ၁၂နာရီဝန်ကျင်ခန့်တွင် တောင်ကြီးမြို့၊ ပင်သခွားတောင်ရွာကျေးရွာ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး ပြန်လာကြသော လုံးကောင် ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားသုံးယောက်ကို ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဆိုင်ကယ်တိုက်မှုကြောင့် ကျောင်းသားများမှာ ခြေသန်းကျိုးဒဏ်ရာနှင့် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ပွန်းပဲ ဒဏ်ရာများ ရရှိကာ၊ ခြေသန်းကျိုးကျောင်းသားအား ယမန်နေ့က ခွဲစိတ်ကုသခဲ့ရသည်ဟု သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ၁၉ ၃ ၂၀၁၄ ရက်နေ့ နေ့လယ် ၁၂း၀၀ အချိန်ခန့် တောင်ကြီးမြို့ ပင်သခွားတောင်ရွာ
လုံးကောင် ပရဟိတဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားဝင်းလှိုင်အောင်  ကျော်သစ် ကျော်ပေ တို့သည် ပင်သခွား အထကကျောင်းမှ ဆယ်တန်းဖြေဆိုပြီး တောင်ကြီးမြို့သို့ ဆိုင်ကယ်ဖြင့်မိန်းလမ်းအတိုင်း မှတက်လာရာတောင်ကြီးမြို့ ကျောင်းကြီးစုရပ် မီးရထားဘူတာ ရှေ့အရောက်တွင် ဘူတာလမ်းကြားမှ အမည်မသိဆိုင်ကယ်တစီး မှရုတ်တရက်ထွက်လာပြီး တိုက်မှု့ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ဖြစ်ပွားပြီးအနီးနားရှိ လူတဦးမှယာဉ်ထိန်းရုံးသို့ ဖုန်းဖြင့်အကြောင်းကြားကာ ယာဉ်ထိန်းရဲရောက်ရှိလာပြီး ခေါ်ဆောင်သွားခဲ့ပါသည်။

ထိုသို့ခေါ်ဆောင်သွားပြီးသည့်နောက် ဒဏ်ရာရသည့် ကျောင်းသားများကို စဝ်စံထွန်းဆေးရုံသို့ မှု့ခင်းလူနာအဖြစ်တက်ရောက်ကုသခဲ့ရသော်လည်း တဖက်မှလမ်းကြောင်းမှားဝင်လာသည် မော်တော်ဆိုင်ကယ်မောင်းသူမှာ လူမှု့ရေးအရ လူနာများလာရောက်သတင်းမေးခြင်းမရှိ ဆေးဖိုးဝါးခလည်း ကူညီပံ့ပိုးမှု့မပေးသည့်အပြင် ကျောင်းသားများကို ထပ်မံ၍ပင်တရားစွဲမည်ဟု ပြောခဲ့ပါသည်။ ယာဉ်ထိန်းရုံးသို့ သွားရောက်ပြောဆိုပေမဲ့လည်း ယာဉ်ထိန်းရဲများကို ဘာလုပ်ထားသည်မသိ ယာဉ်ထိန်းရဲတစ်ဦးက မင်းတို့မှားသည်ဟုပဲ ပြောဆိုနေပါသည်။

ကျောင်းသားများကိုယခု လုံးကောင်ပရဟိတကျောင်းမှ ဆရာတော်ဘုရားကပဲ ဆေးကုသစရိတ်ကို အကုန်အကျခံကာ ကုသပေးပါသည်။ ကျောင်းသား ဝင်းလိုင်အောင်မှာ ခြေသန်းကျိုးဒဏ်ရာ ယနေ့ (၂၁၊ ၃၊ ၂၀၁၄) ခွဲစိတ်ခန်းဝင်နှင့် မျက်နှာပွန်းပဲ့ဒဏ်ရာ ကျော်သစ် နှင့်ကျော်ပေတို့မှာ ခြေ၊ လက်၊ ပခုံး ပွန်းပဲ့ဒဏ်ရာအသီးသီးရှိကာ ဆေးဖိုးဝါးခမရသည့်အပြင် ထပ်မံ၍ပင် တရားအစွဲရဦးမည်ဆိုသောကြောင့် မတရားသည်ကို မခံချင်သည်ကတစ်ကြောင်း၊ ယခုလို ဘုမသိဘမသိ တိုင်းရင်းသားလူငယ်များကို တာဝန်ရှိသူနှင့် လက်ဝါးချင်းရိုက်ကာ အနိုင်ကျင့်နေသည်ကို မခံနိုင်၍ အထက်လူကြီးများမှ သိရှိပြီး တရားမျှတစွာဖြေရှင်းပေးနိုင်ရန်အတွက် Myanmar CNN ထံသို့ အကူညီတောင်းခံ အပ်ပါသည်။












Myanmar CNN မှ တင်ဆက်သည်။
အထောက်အထား ခိုင်လုံသော သတင်းများကို [email protected] သို့ ပေးပို့နိုင်ပါသည်။

အပိုင်းအစတွေ့ရှိခဲ့တဲ့ နေရာကို ရှာဖွေရေးလေယာဉ် ၆ စီး စေလွှတ်ထား


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ကို ရှာဖွေနေတာမှာ ရက်သတ္တပတ် ၃ ပတ်ရှိလာပြီဖြစ်ပါတယ်။

လေယာဉ်ရှာဖွေရေးမှာ အမေရိကန်နိုင်ငံက နည်းပညာအကူအညီပေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ် ထံ မလေးရှားနိုင်ငံက တောင်းခံထားပါတယ်။

tbo.comသြစတြေးလျ ရေကြောင်းအန္တရာယ် ကင်းရှင်းရေးအာဏာပိုင်တွေကတော့ အပိုင်းအစတွေ့ရှိခဲ့တဲ့ နေရာကို မတ်လ ၂၂ ရက်နေ့က ရှာဖွေရေးလေယာဉ် ၆ စီးစေလွှတ်ထားပါတယ်။

သြစတြေးလျနိုင်ငံ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ အကွာက အပိုင်းအစတွေ တွေ့တဲ့နေရာမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း သြစတြေးလျနိုင်ငံက သွားရောက်ရှာဖွေခဲ့ကြပေမယ့် ရာသီဥတု ဆိုးဝါးတာကြောင့် ဘာမှ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သြစတြေးလျအာဏာပိုင်တွေကတော့ ဆက်လက်ကြိုးစားရှာဖွေဦးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့ရက်တွေအတွင်း လေပေါ်ပေါ်နေခဲ့တဲ့ အပိုင်းအစတွေဟာ ရေအောက်ကို မြှုပ်သွားပုံပေါ်တယ်လို့ သြစတြေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရန် ထရတ်စ် က ဆိုပါတယ်။

ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံ နဲ့ ထိုင်းနိုင်ငံကြား ပင်လယ်ပြင်ကို ဒုတိယအကြိမ် ထပ်မံ ရှာဖွေကြအုံးမှာလည်း ဖြစ်ပါတယ်။

ဒီတပတ် လေယာဉ်ရှာဖွေရေးမှာ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်လေယာဉ်တွေနဲ့ တရုတ်နိုင်ငံနဲ့၊ ဂျပန်နိုင်ငံက လေယာဉ်တွေ ပူးပေါင်းရှာဖွေကြမှာဖြစ်ပါတယ်။

DVB Burmese

I Am What I Read "တဲ့ ။ ကိုယ်ဖတ်နေတဲ့စာအုပ်တွေက ကိုယ်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုသတ်မှတ်တယ်တဲ့။


စာအုပ်တွေဟာကိုယ်ရင်းရင်းနှီးနှီးပေါင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေလိုပဲ။
ကိုယ်နှစ်နှစ်ခြိုက်ခြိုက်ဖတ်တဲ့စာအုပ်သို့ မဟုတ် စာရေးဆရာဆီကလာတဲ့
အတွေးအခေါ်အာဘော်တွေဟာကိုယ့်ဘယ်လိုနေထိုင်တွေးခေါ်ပြောဆိုတယ်
ဆိုတာကို အတိုင်းအတာတစ်ခုအထိလွှမ်းမိုးတတ်တယ်။
ဒါကြောင့်သင်စာအုပ်ကောင်းတွေဘယ်လောက်ဖတ်ပြီးသွားတယ်ဆိုတာက
အဓိကမကျဘူး။ စာအုပ်ကောင်းဘယ်နှစ်အုပ်က သင့်ရဲ့ ရင်ထဲနှလုံးသားထဲကို
ရောက်သွားစေသလဲဆိုတာကသာ အဓိကျတယ်တဲ့။
Credit- စာပေလောက
" I Am What I Read " တဲ့ ။
ကိုယ်ဖတ်နေတဲ့စာအုပ်တွေက
ကိုယ်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုသတ်မှတ်တယ်တဲ့။

စာအုပ်တွေဟာကိုယ်ရင်းရင်းနှီးနှီးပေါင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေလိုပဲ။
ကိုယ်နှစ်နှစ်ခြိုက်ခြိုက်ဖတ်တဲ့စာအုပ်သို့ မဟုတ် စာရေးဆရာဆီကလာတဲ့
အတွေးအခေါ်အာဘော်တွေဟာကိုယ့်ဘယ်လိုနေထိုင်တွေးခေါ်ပြောဆိုတယ်
ဆိုတာကို အတိုင်းအတာတစ်ခုအထိလွှမ်းမိုးတတ်တယ်။

ဒါကြောင့်သင်စာအုပ်ကောင်းတွေဘယ်လောက်ဖတ်ပြီးသွားတယ်ဆိုတာက
အဓိကမကျဘူး။ စာအုပ်ကောင်းဘယ်နှစ်အုပ်က သင့်ရဲ့ ရင်ထဲနှလုံးသားထဲကို
ရောက်သွားစေသလဲဆိုတာကသာ အဓိကျတယ်တဲ့။
" I Am What I Read " တဲ့ ။
ကိုယ်ဖတ်နေတဲ့စာအုပ်တွေက
ကိုယ်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုသတ်မှတ်တယ်တဲ့။

စာအုပ်တွေဟာကိုယ်ရင်းရင်းနှီးနှီးပေါင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေလိုပဲ။
ကိုယ်နှစ်နှစ်ခြိုက်ခြိုက်ဖတ်တဲ့စာအုပ်သို့ မဟုတ် စာရေးဆရာဆီကလာတဲ့
အတွေးအခေါ်အာဘော်တွေဟာကိုယ့်ဘယ်လိုနေထိုင်တွေးခေါ်ပြောဆိုတယ်
ဆိုတာကို အတိုင်းအတာတစ်ခုအထိလွှမ်းမိုးတတ်တယ်။

ဒါကြောင့်သင်စာအုပ်ကောင်းတွေဘယ်လောက်ဖတ်ပြီးသွားတယ်ဆိုတာက
အဓိကမကျဘူး။ စာအုပ်ကောင်းဘယ်နှစ်အုပ်က သင့်ရဲ့ ရင်ထဲနှလုံးသားထဲကို
ရောက်သွားစေသလဲဆိုတာကသာ အဓိကျတယ်တဲ့။

Techspace Journal

ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေမှု တောင်ငူတွင်ဖြစ်ပွား


တောင်ငူ၊ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် (၁၈) ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ရွက်သစ်ဝေဝေ စားသောက်ဆိုင်မှ အသက် ၂၁ နှစ်အရွယ်ရှိ စားပွဲထိုး လုပ်သားတစ်ဦး မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

တောင်ငူမြို့နယ် ကေတုမတီ မြို့သစ်နေ ဦးမျိုးမင်းလှိုင် (ခ) မောင်မျိုး ဆိုသူသည် တောင်ငူမြို့ ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ ရွက်သစ်ဝေဝေ စည်ဘီယာဆိုင်တွင် လွန်ခဲ့သော ငါးနှစ်မှစတင်ကာ အလုပ် လုပ်ကိုင်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်နေ့က ဆိုင်ရှင်ဖြစ်သူထံ လုပ်ခလစာငွေများ စုဆောင်း သိမ်းဆည်း ထားသည်ကို ပြန်လည် တောင်းခံရာမှ အဆင်မပြေ ဖြစ်သည်ကို အကြောင်းပြု၍ နံနက် ၉ နာရီ ၁၀ မိနစ်တွင် အိပ်ယာခင်းတွင် သုံးသည့် ဂွမ်းစောင်ကိုပတ်ကာ ဓာတ်ဆီလောင်းချ၍ စားသောက်ဆိုင်ရှေ့ မြေကွက်လပ်တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေခဲ့ကြောင်း၊ မီးလောင်နေသည့် ခန္ဓာကိုယ်ကြီးမှာ ယင်းဆိုင်အနီးရှိ ချစ်တီး ထမင်းဆိုင်အတွင်း ဝင်ရောက် သွားသဖြင့် အနီးအနားရှိ လူများက ဝိုင်းဝန်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယင်းသို့ မီးလောင်မှုကြောင့် ဆံပင်၊ လည်ကုတ်၊ ရင်ဘတ်နောက်ကျော၊ ခြေနှစ်ဖက် လက်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပို့ဆောင် ကုသပေးထားရကြောင်း (အတွင်းလူနာ/မစိုးရိမ်ရ) အဖြစ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဦးမျိုးမင်းလှိုင်သည် ရွက်သစ်ဝေဝေ စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီး မတ်လ ၂၀ ရက်နေ့က ဆိုင်ရှိလုပ်သားများကို ချန်ပီယံလိဂ် ဘောလုံးပွဲလောင်းကြေး အနိုင်ရခဲ့၍ လက်ဖက်ရည်နှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်း ဆိုင်ပိုင်ရှင် ဦးခင်မောင်မြင့်က ပြောကြားသော်လည်း လုပ်အားခ ပြန်တောင်းသည့် ကိစ္စကိုမူ ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

မီးရှို့ သေကြောင်းကြံစည်မှုနှင့် ပတ်သက်၍ မျိုးမင်းလှိုင် (ခ) မောင်မျိုးကို ကေတုမတီမြို့သစ် တောင်ငူမြို့ မြို့မရဲစခန်းက (ပ)၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ (မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ထမင်းအိုးခွဲသူများ


Written by  ဇေယျသူ
Print Email
ခေတ်စနစ်ပြောင်းလာချိန်တွင် လုပ်ထုံးလုပ်နည်းများ ပြောင်းလာသလို ပြိုင်ဘက် အသစ်များလည်း ပေါ်လာသည်။ ယခင် ရပေါက်ရလမ်းများဖြင့် ရှာဖွေနိုင်ခြင်း မရှိတော့သဖြင့် ထမင်းအိုးကွဲသူတို့ ကွဲကုန်ကြပြီ။

ထမင်းအိုးကွဲလျှင် ဘာလုပ်ကြမလဲ။ ရွေးစရာ နည်းလမ်းမရှိ၊ ထမင်းအိုး အသစ်တည်ရန်သာ ဖြစ်သည်။ စင်စစ် ထမင်းအိုးဟောင်းများ ကွဲခြင်း ကိုယ်တိုင်က ထမင်းအိုးသစ် တည်ခွင့်ကို ဖန်တီးပေးသည်။ အဓိကမှာ ထမင်းအိုးသည် ခေတ်အပြောင်းတွင် ကွဲတတ်သည်ကို သတိပြုရန် ဖြစ်သည်။

အပြောင်းအလဲ စပ်ကူးမပ်ကူးကာလ၊ ခေတ်ပျက် ခေတ်ပြောင်းတို့တွင် မသေချာ မရေရာခြင်းတို့ များပြားသည်။ အမြဲ တည်ရှိမည်ဟု ထင်ရသော အရာများ မျက်စိ ရှေ့မှောက်တွင်ပင် ပျက်စီး ပြိုလဲသွားကြသည်။ အပြောင်းအလဲကာလ ဆိုသည်မှာ အဟောင်း အဟောင်းတို့ ပြီးဆုံးသွားခြင်း ဖြစ်သည်။ အပြောင်းအလဲ ကာလသည် အသစ်အသစ်တို့ မွေးဖွား ပေါ်ပေါက်ခြင်းလည်း ဖြစ်သည်။ အခြေအနေဟောင်းများ၊ နယ်ပယ်ဟောင်းများ ပျောက်ဆုံးသွားသောကြောင့် အခွင့်အလမ်းဟောင်းတို့ ပျက်ပြယ်သွားပြီး အခြေအနေသစ်များ၊ နယ်ပယ်သစ်များ ပေါ်ပေါက်လာသည့် အတွက် အခွင့်အလမ်းသစ်တို့ ပေါ်ပေါက်လာမည် ဖြစ်သည်။

Survival of the fittest

“ကမ္ဘာ့သက်တမ်း တစ်လျှောက်တွင် ရှင်သန် ကျန်ရစ်ခဲ့သည်မှာ အသန်မာဆုံး အတောင့်တင်းဆုံး သတ္တဝါများ မဟုတ်၊ ဉာဏ်အထက်မြက်ဆုံး များလည်း မဟုတ်၊ အပြောင်းအလဲကို တုံ့ပြန်မှု အကောင်းဆုံး သတ္တဝါများသာ ရှင်သန် ကျန်ရစ်ခဲ့သည်” ဟု နာမည်ကျော် ချားလ်စ်ဒါဝင်က ပြောကြားခဲ့ဖူးသည်။

သတ္တဝါတို့၏ ဆင့်ကဲပြောင်းလဲခြင်း သဘောတရားကို ထုတ်ဖော်ပြီး ကမ္ဘာကို တုန်ဟည်းစေခဲ့သည့် ချားလ်စ်ဒါဝင်၏ အခြေခံ သီအိုရီသည် Survival of the fittest ဖြစ်သည်။ Survival of the fittest ကို နောက်ပိုင်းတွင် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြသော်လည်း အဓိက သဘောတရားမှာ “အပြောင်းအလဲနှင့် လိုက်လျောညီထွေ နေတတ်ခြင်း” “Adapt to change” ဖြစ်သည်။ မိမိနေထိုင် ကျင်လည်သော ပတ်ဝန်းကျင် အပြောင်းအလဲအတိုင်း အလိုက်သင့် အလျားသင့် မပြောင်းလဲ နိုင်လျှင် ပျက်စီးဆုံးရှုံးရမည်။

အမေရိကန်ပြည်ထောင်စုသည် မကြာမီ ကျဆင်း ပျက်စီးတော့မည်ဟု နိမိတ် မကြာခဏ အဖတ်ခံခဲ့ရသော်လည်း စီးပွားရေး၊ ပညာရေး၊ နည်းပညာ အသီးသီးတို့တွင် အင်အားကြီး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်းမှာ ယင်း၏ မိမိကိုယ်ကိုယ် ပြန်လည်တီထွင် ဖန်တီးနိုင်စွမ်း (United States reinvents itself) ကြောင့် ဂုရုများက သုံးသပ်ကြသည်။ ကမ္ဘာ့အခြေအနေများ ပြောင်းလဲလာလျှင် အမေရိကန် ပြည်ထောင်စုသည် ထိုအခြေအနေတို့နှင့် လိုက်ပါ ပြောင်းလဲနိုင်သောကြောင့် ဆက်လက်ကာ ထိပ်တန်းမှ ရပ်တည်နေခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်တွင် စစ်နိုင် မဟာအင်အားကြီး နိုင်ငံအဖြစ် ပေါ်ထွက်လာကတည်းက အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် ဦးဆောင်နေရာတွင် အမြဲရှိနေခဲ့သည်။

ကွန်ပျူတာများ ပေါ်လာသောအခါ လက်နှိပ်စက်များ ဘုံပျောက်သကဲ့သို့ မြစ်ကူး တံတားတစ်စင်း တည်ဆောက်သော အခါတွင် ထိုမြစ်ကို လှေဖြင့် ကူးတို့ ပို့နေသော လှေသမားများ အလုပ်အကိုင် ပျောက်ဆုံးမည်။ သို့သော် ကွန်ပျူတာများကြောင့် အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာသလို မြစ်ကူးတံတားကြောင့် တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ကုန်ကူးသန်း ရောင်းဝယ်မှု တိုးတက်လာကာ မြစ်တစ်ဖက် တစ်ချက်ရှိ လူ့အဖွဲ့အစည်း အားလုံး အကျိုးကျေးဇူး ဖြစ်ထွန်းမည်။

မိမိ ကျင်လည်နေသည့် နယ်ပယ် ထမင်းအိုးများ အက်သံ ပေးလာလျှင် ထမင်းအိုး ပြောင်းတည်လျှင်တည်၊ သို့မဟုတ် လက်ရှိ ထမင်းအိုးကို ပိုကောင်းအောင် တည်ရန် ဖြစ်သည်။

ဥပမာ- မြို့ကြီးများရှိ ပန်းခြံများ၊ စေတီများတွင် ယခင်က ဓာတ်ပုံ ဆရာများစွာ ရှိခဲ့သော်လည်း ယခုအချိန်တွင် ဖုန်းဖြင့်သာ ဓာတ်ပုံရိုက်ကြသည့် အတွက် ဓာတ်ပုံ ဆရာများ ထမင်းအိုး ကွဲကြသည်။ လက်ကိုင်ဖုန်းများ ဈေးပေါလာသော အခါ လမ်ဘေး ဖုန်းဆိုင်များ ဝင်ငွေ ကျကုန်ကြသည်။ ကားသစ်များ ဝင်လာသည့်အခါ ပန်းပဲဖိုသာသာ ကားဝပ်ရှော့တို့ ကားအလာ ကျဲသွားကြသည်။ ထိုဓာတ်ပုံဆရာများ၊ လမ်းဘေး ဖုန်းဆိုင်များ၊ ကားဝပ်ရှော့များ အနေနှင့် ထမင်းအိုး အသစ် တည်နိုင်မှသာ ထမင်းအိုး မကွဲမည် ဖြစ်သည်။ ထိုဥပမာများသည် အလွယ်တကူ မြင်သာသော ဥပမာများသာ ဖြစ်ပြီး နယ်ပယ်အလိုက် ကာယကံရှင်များ ကိုယ်တိုင်ေ လ့လာဆန်းစစ်ကြည့်လျှင် မည်သည်တို့ ပျောက်မည်၊ မည်သူတို့ ထွန်းမည်ကို တွက်ဆနိုင်ကြမည်။

တံခါးဖွင့်လိုက်သောကြောင့် ဝင်ရောက်လာသော ဝင်ရောက်လာမည့် အပြောင်းအလဲများသည် ထမင်းအိုး ခွဲနိုင်သလို ထမင်းအိုးလည်း တည်ပေးနိုင်စွမ်း မြင့်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ကမ္ဘာလှည့် ခရီးသည်များကြောင့် ပေါ်ပေါက်လာသော ထမင်းအိုးများကို မြင်ရသလို မပြိုင်နိုင် မဆိုင်နိုင်သောကြောင့် နိဂုံးချုပ်ရမည့် လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကိုလည်း မှန်းဆနိုင်သည်။ ယခင်က တော်သူထက်သူ ရှားသဖြင့် “အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ” နိုင်ခဲ့သူများသည် ယခုအခါ ရုန်းကန်ရတော့မည်။ မီးခဲပြာဖုံး ဖြစ်ခဲ့သော အမှန်တကယ် ထူးချွန်သူများမှာမူ ကမ္ဘာသို့တိုင် ပျံ့နှံ့ကျော်ကြားရန် အခွင့်အရေးများ ပေါ်ပေါက်လာပြီ။ ယခင် ပန်းပန်သူများလည်း အချိန်မီ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တီထွင်လိုက်နိုင်လျှင် ဆက်လက် ပန်းပန်နေနိုင်သည်။

“မပြောင်းလဲသည့် တစ်ခုတည်းသော အရာမှာ အပြောင်းအလဲသာ ဖြစ်သည်” “Only thing that does not change is change itself” ။ အပြောင်းအလဲနှင့်အတူ လိုက်ပါ စီးဆင်းနိုင်ရန်သာ လိုအပ်သည်။

The Voice

အသက်အန္တရယ်ကို ထွေးပွေ့လို့ ရင်ဆိုင်သော အမေရိကန် ကလေး ညီကို ၂ဦး



အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Iowa ပြည်နယ် မှာ ဖြစ်ပြီး ဆောင်း ရာ သီ ဖြစ်တာကြောင့် Des Moines မြစ်က အပေါ်ယံ ရေခဲဖုံးနေ ပါတယ်။ လမ်းလျှောက်ရင်း အလယ် ရောက် လို့ ရောက်မှန်းမသိ ရောက်သွားကြတဲ့ ကလေးငယ် ညီအကို နှစ်ဦးဟာ အနည်းငယ် ရွှေ့ရုံနဲ့တင် ရေခဲပြင် ကွဲနိုင် တာကို သတိပြုမိ ခဲ့ကြ ပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေး လာသည် အထိ စောင့်ဆိုင်းပြီး နှစ်ဦးသား ဖက်တွယ်လို့ နေပါတယ်။ အသက် ၁၄ နှစ်အရွယ် အကို ဖြစ်သူကို ၁၂ နှစ် အရွယ်ဖြစ်သူ ညီငယ်က ဖက်ထားပြီး အသက်ဘေးကို အတူရင်ဆိုင် လက်ခံ သွားမယ်ဆိုတဲ့ ပုံရိပ်ကြောင့် အင်တာနက်မှာ ရေပန်းစားတဲ့ ဓာတ်ပုံ ဖြစ်လာ ပါတယ်။ ရေခဲ ကွဲသွားရင် ကြမ်းပြင်အောက်က စီးနေတဲ့ ရေစီးကြောင်း အတိုင်း ကယ်မရပဲ ပါသွားမှာ ဖြစ်ပါ တယ်။ ကြောက်နေတဲ့ ညီငယ်ကို အကြောက်နည်းနည်း လျော့တဲ့ အကိုက ထွေးပွေ့လို့ အားပေးနေခြင်း ဖြစ် ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ် ၄၅ မိနစ် ကြာမြင့်ခဲ့ပြီး အားလုံး အသက်ရှင်ခဲ့ ပါတယ်။
ကုန်းပေါ် ပြန်ရောက်လို့ မိဘနဲ့ ပြန်စုံတွေ့ခဲ့ပြီး Des Moines မြစ်က ရေခဲပြင် ကို မသွားရ တားမြစ် ဥပဒေ ထုတ်ပြန် ခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး