သင်တစ်ခါမှ စဉ်းစားကြည့်မိမှာ မဟုတ်တဲ့ အံ့သြဖွယ် သင့်ခန္ဓာကိုယ်အကြောင်း



လူ့ခန္ဓာကိုယ်ဟာ အရမ်းအံသြဖို့ကောင်းပါတယ်။ သင့်ကိုအံ့သြသွားစေမယ့် လူ့ခန္ဓာကိုယ် အတွင်းပိုင်းနဲ့ ပတ်သတ်တဲ့အချက်တွေကို လေ့လာကြည့်ရအောင်။

၁။ လျှာပေါ်ရှိအရသာရဲ့ ၈၀% - ၉၀%နီးပါးဟာ ကျွန်မတို့ရဲ့ အနံ့ခံအာရုံခံစားမှုကြောင့်ပဲ ဖြစ်ပါတယ်။

၂။ သင့်နှလုံးခုန်နှုန်းဟာ တစ်နှစ်မှာ ၃၅၀၀၀၀၀၀ကြိမ်လောက် ရှိပါတယ်။ ပျှမ်းမျှလူ့သက်တမ်းတစ်လျှောက်မှာ လူရဲ့နှလုံးဟာ ၂.၅ကုဋေထက်မက ခုန်တယ်ဆိုတဲ့သဘောပါပဲ။

၃။ သင့်ခန္ဓာကိုယ်မှာ သွေး ၅.၆လီတာခန့် ရှိတယ်။ မိနစ်တိုင်း သင့်ခန္ဓာကိုယ်အတွင်း သုံးကြိမ် လည်ပတ်ပါတယ်။ ဒါဆိုရင် တစ်ရက်မှာ သင့်သွေးဟာ စုစုပေါင်း ၁၉၀၀၀ ကီလိုမီတာ (၁၂၀၀၀မိုင်) ခန့် သွားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကွာအဝေးကတော့ အမေရိကန်ပြည်ထောင်စုတစ်လျှောက် ပင်လယ်ကမ်းခြေတစ်ဖက်ကနေ တစ်ဖက်အကွားဝေးလေးဆနဲ့ ညီမျှပါတယ်။

၎။ လူ့သက်တမ်းတလျှောက် ပျှမ်းမျှအားဖြင့် နှလုံးကနေ သွေးတွေ ဆီပိုင်း၁၀၀၀၀၀၀ ခန့် စုပ်ထုတ်ပေးပါတယ်။

၅။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော အကြီးအသေး အမျှင်အားလုံး ဆက်ထားမယ်ဆိုရင် စုစုပေါင်းအရှည်ဟာ မိုင်၆၀၀၀၀ (၁၀၀၀၀၀ ကီလိုမီတာ)ခန့်ရှိနိုင်ပါတယ်။ ကမ္ဘာကြီးကို နှစ်ပတ်ခွဲ နီးပါးပတ်နိုင်တဲ့အရှည်လောက် ရှိပါတယ်။

၆။ ပျှမ်းမျှအားဖြင့် ၂မီလီမီတာ လေးပဲထူတဲ့ သင့်အရေပြားကတောင်မှ သွေးရဲ့ထောက်ပံ့မှု ရှစ်ပုံတစ်ပုံတောင် ရယူထားပါတယ်။

၇။ ဦးခေါင်းဟာ အရိုးလုံးတစ်ခုလို ထင်ရပေမယ့် တကယ်တော့ သီးခြားအရိုး ၂၂ခုပေါင်း စပ်ထားတာဖြစ်ပါတယ်။

၈။ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အစာခြေလမ်းကြောင်းတစ်ခုလုံးကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ၆မီတာမှ ၉မီတာ (ပေ၂၀ - ၃၀) ထိ ရှည်ပါတယ်။

၉။ အနီရောင်သွေးဆဲလ်တွေဟာ အခြားသန်း၆၀၀၀ ဆဲလ်တွေကို စားသုံးရင်း ခန္ဓာကိုယ်အနှံ့ ၄လခန့် အသက်ရှင်ပြီးတော့ သူတို့ပေါက်ဖွားရာ ရိုးတွင်းခြင်ဆီအတွင်းကိုပဲ သေဖို့ ပြန်လှည့်လာကြတယ်။

၁၀။ ဆံပင်ဟာ လစဉ် ¼ လက်မ (၆မီလီမီတာ) ခန့်ရှည်နိုင်ပါတယ်။ ပြီးတော့ ၆နှစ်ထိ ဆက်လက် ဖွံ့ဖြိုးလာပါတယ်။ ၄င်းဆံပင်ဟာ ကျွတ်ကျပြီး အဲနေရာမှာပဲ အခြားဆံပင်တစ်ချောင်းပြန်ထွက်လာပါတယ်။

၁၁။ကျန်းမာနေတဲ့ခံတွင်းကနေပျှမ်းမျှအားဖြင့်၆၀၀မီလီလီတာခန့်
 နေ့စဉ်ထုတ်ပေးပါတယ်။၁၂အောင်စရှိတဲ့ ဆိုဒါပုလင်းအပြည့်နဲ့ညီမျှပါတယ်။

၁၂။ အမြန်ဆုံးရွှေ့လျားနေတဲ့အာရုံကြောဆဲလ်တွေက သတင်းပို့တဲ့အချိန်မှာ တစ်စက္ကန့်အတွင်း ၁၃၀ကိုက်အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ပါတယ်။

Credit: Trend Myanmar

ကိုယ်ဝန်တားနည်းအချို့သည် သွေးခဲစေနိုင်ဟုဆို



Contraceptive pills ကိုယ်ဝန်တား စားဆေး၊ Rings ကွင်း၊ နဲ့ Patches ကပ်ခွါတွေကနေ သုံးစွဲတဲ့ အမျိုးသမီးတွေ Risk of blood clot သွေးခဲစေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်တယ်လို့ ၂၇-၁ဝ-၂ဝ၁၁ နေ့က အမေရိကန် FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

Food and Drug Administration ကနေ အမျိုးသမီးပေါင်း ၈ သိန်းကျော်ကို ၂ဝဝ၁ ကနေ ၂ဝဝ၇ အတွင်းမှာ လေ့လာခဲ့တာပါ။ ဒီ အမျိုးသမီးတွေဟာ Yaz pill သုံးသူတွေ၊ Ortho Evra trans-dermal patch အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်းတွေ နဲ့ NuvaRing (ဗဂျိုင်းနား) ထဲထည့်ထားရတဲ့ ကွင်းတွေ သုံးနေကြသူတွေ ဖြစ်ပါတယ်။ ဒီ နည်း ၃ မျိုးလုံးဟာ Deep venous thrombosis ကိုယ်အတွင်းထဲမှာ ရှိတဲ့ သွေးပြန်ကြောထဲ သွေးခဲတဲ့ရောဂါနဲ့ ဆက်စပ်နေပါတယ်။

Drospirenone ဆေးပါတဲ့ဟာ Progestin ပါတဲ့ Levonorgestrel လိုဆေးနဲ့ မတူတဲ့သဘော ဖြစ်ပါတယ်။ ဒီအန္တရာယ် ရှိနိုင်တဲ့ ဆေးနာမည်တွေကတော့ Yaz, Yasmin, Beyaz, Ocella, Loryna, Gianvi, Safyral, Syeda နဲ့ Zarah တွေ ဖြစ်ကြတယ်။

- Yaz ဆေးဟာ ဂျာမန်ကုမ္ပဏီ Bayer ကနေထုတ်လုပ်ပြီး တကမ္ဘာလုံးမှာ ၁့၅၆ ဘီလီယမ် ဘိုး ရောင်ချနေရတဲ့ ကိုယ်ဝန်တား စားဆေး ဖြစ်တယ်။
- NuvaRing ဆိုတာ အမျိုးသမီးရဲ့ ဗဂျိုင်းနားထဲမှာ တလထားနိုင်တဲ့ ဆေးပါတဲ့ကွင်း ဖြစ်တယ်။ Merck pharmaceuticals ကနေ ထုတ်တယ်။
- Ortho Evra patch ကတော့ Janssen Pharmaceuticals ကနေထုတ်ပြီး တပါတ်တခါ အသစ်လဲရတာမျိုး ဖြစ်တယ်။

အခု တွေ့ရှိချက်ဟာ အသစ်ဖြစ်ပြီး လာမဲ့ ဒီဇင်္ဘာလထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဘို့ရှိပါတယ်။ အခုလို တာရှည်ခံ တားနည်းတွေကနေရတဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်းကြောင့် ဒီလိုဖြစ်ရလို့ ယူဆစရာရှိပါတယ်။

European Medicines Agency ကလဲဘဲ ၂၇-၅-၂ဝ၁၁ ကတည်းက ဒီလို သတိပေးချက် ထွက်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးခဲစေနိုင်တဲ့ ဖြစ်နှုန်းက သိပ်မများတာကြောင့် အမျိုးသမီးတွေ Drospirenone pills မသုံးကြနဲ့တော့လို့ မပြောသေးပါ။

ရှားပါတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတယောက် Yaz သုံးရာကနေ သွေးခဲပြီး သေဆုံးရတယ်လို့ စွပ်စွဲမှုနဲ့ တရားစွဲဘူးတယ်။ Michelle Pfleger ခေါ်တဲ့ ၁၈ နှစ်သမီး အမေရိကန်မလေးလဲ ဝက်ခြံ ပျောက်အောင်ဆိုပြီး တားဆေး Yaz သောက်လို့ နှလုံးရပ်ပြီး သေဆုံးသေးတယ်။

- ဒီနှစ်ထဲမှာ British Medical Journal ရဲ့ရေးသားချက် ၂ ခု အရလဲ Yaz နဲ့ Yasmin ဆေးတွေကနေ သွေးခဲမှာကို ၃ ဆ ရှိတယ်၊
- သုံးနေကြ ဆားဆေးတွေက ၂ ဆသာ ဖြစ်စေတယ်လို့ ပါရှိတယ်။ တားဆေးမသောက်သူထက် ပိုဖြစ်နိုင်တာကို ဆိုလိုတာဖြစ်တယ်။
- Yaz ရဲ့ တရားဝင် Website (ဝက်ဘ်ဆိုက်) မှာလဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ Blood clots သွေးခဲတာ၊ Stroke (စထုပ်ခ်) ရတာ နဲ့ Heart attack နှလုံး (အတက်ခ်) ရတာတွေ ဖြစ်စေနိုင်တယ်လို့ ပါထားတယ်။
- NuvaRing ဆေးကွင်း နဲ့ Ortho Evra ဆေးချောင်းတွေနဲ့ ဆက်စပ်မှုကတော့ အသစ်တွေ့ရှိချက် ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေအတွက် စိုးရိမ်စရာရှိနိုင်တယ်။


Credit: ဒေါက်တာတင့်ဆွေ

တရုတ်တွင် မူကြို ကျောင်းကား တိမ်းမှောက်ပြီး လူ(၁၁)ဦး သေဆုံး


တရုတ်နိုင်ငံတွင် မူကြို ကျောင်းကားတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ ကလေးအများစု အပါ
အဝင် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဇူလိုင်(၁၀)ရက် ညနေပိုင်းတွင် ဟူနန်၌


မီနီဘတ်စ်ကားတစ်စင်း တိမ်းမှောက်ကာ လမ်းဘေးရေကန်ထဲ ကျဆင်းသွားခြင်းဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ကျောင်းကားပေါ်တွင် လိုက်ပါလာသူ (၁၁)ဦး ရှိခဲ့ရာ အားလုံး သေဆုံးခဲ့ပြီး ယင်းတို့အနက် (၈)ဦးသည် မူကြိုကျောင်းသူကျောင်းသားများ၊ (၂)ဦးသည် ဆရာမများနှင့် ကျန်(၁)ဦးမှာ ဘတ်စ်ကား ဒရိုင်ဗာတို့ ဖြစ်ကြောင်းလည်း Xinhua က ဆိုသည်။

ဟူနန်၏ မြို့တော်ဖြစ်သည့် ချန်ရှာအနီး တောင်ထူထပ်သည့် နေရာတစ်ခုတွင် ကျောင်းကား ဖြတ်သန်းသွားစဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံ မီဒီယာများက ကျောင်းကားမှောက်သည့် နေရာမှာ လမ်းကျဉ်းတစ်ခုတွင်ဖြစ်ပြီး နံဘေးတွင် အကာအရံ အတားအဆီး မရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။

သေဆုံးသူများ၏ မိသားစုများက ယခုတစ်စင်း အပါအဝင် အဆိုပါ ဒေသရှိ ကျောင်းကားများတွင် လူဦးရေကို သတ်မှတ်ပမာဏထက် ပိုမိုတင်ဆောင်လေ့ရှိကြောင်း Xinhua သို့ ပြောကြားခဲ့သည်။ ရေကန်ထဲ နစ်နေသည့် မော်တော်ကားကို ဆယ်ယူရန် (၃)နာရီမျှ အချိန်ယူ လုပ်ဆောင်ခဲ့ရပြီး ဒေသစံတော်ချိန် ဇူလိုင်(၁၁)ရက်၊ နံနက် (၃)နာရီမှ ပြန်လည် ဆွဲတင်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: Xinhua
7Day News Daily

တိရိစ္ဆာန်နှင့် လူ မေထုံမှီဝဲမှုကို ဗြိတိန် အစိုးရက တရားဝင်ခွင့်ပြုချက် ချမှတ်လိုက်သည်ဟုဆို


ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန်
ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်
ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။

ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့ သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန့် ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။

မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။



တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-

လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့ တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို

-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့် ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့် ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို့ တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့ ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။ အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။

ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို

 နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င် ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊ အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။


Ref:shockingtimes.co.uk
Treand Myanmar

စာရေးဆရာ မိုးဇေညိမ်း၏ ''ဘာလဲဟဲ့စွမ်းအားရှင်နှင့် အခြားစာစုများ'' စာအုပ် ထွက်ရှိလာ



ညနေခင်းစာပေတိုက်မှ ထွက်ရှိလာသည့် ''ဘာလဲဟဲ့စွမ်းအားရှင်နှင့် အခြားစာစုများ'' ဆိုသည့် စာအုပ်တွင် စာရေးဆရာ မိုးဇေညိမ်းက စာအုပ်အစပိုင်း၌ ဘာသာရေးပဋိပက္ခကို အစပြုပြီး "ဘာလဲဟဲ့စွမ်းအားရှင်" ခေါင်းစဉ်ဖြင့် ရေးသားထားကာ စွမ်းအားရှင်များ ပေါ်ပေါက်လာပုံ၊ စွမ်းအားရှင် ဆိုတာ ဘာလဲ၊ စွမ်းအားရှင် ဘယ်လိုစွမ်းလဲ စသည့် စွမ်းအားရှင်များအကြောင်းကို နာမည်၊ အသက်၊ ဖုန်နံပါတ်တို့နှင့်တကွ အသေးစိတ် ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။

အဆိုပါ စာအုပ်နှင့်ပတ်သက်ပြီး စာရေးဆရာ မိုးဇေညိမ်းက "စွမ်းအားရှင်ဆိုတာ စစ်အစိုးရ လက်ထက်တုန်းက ရှိခဲ့သလို ခုချိန်ထိလည်း ရှိနေတုန်းပါပဲ။ စွမ်းအားရှင်အဖွဲ့တွေ ခုခေတ်မှာ မရှိတော့ဘူးဆိုရင် ကျွန်တော်လည်း အသေးစိတ် ရေးဖို့အတွက် စဉ်းစားမိမှာပါ။ ဒါပေမဲ့ မကြာသေးခင် ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ၊ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေမှာ စွမ်းအားရှင် လူမိုက်တွေ ပြန်တွေ့လာရတယ်။ သတိထားမိပါလိမ့်မယ်။ လုပ်ပိုင်ခွင့်ရ တုတ်ကိုင် လူမိုက်တွေ။ အရင်လူတွေလည်း ဆက်လုပ်နေတာ ရှိမယ်။ လူသစ်တွေလည်း ရှိမယ်။ စိတ်ပျက်လို့ မလုပ်တော့တဲ့သူတွေလည်း ရှိမယ်။ သူတို့စိတ်ထဲမှာ ငါတို့ လုပ်နေတာတွေကို လူတွေ မသိဘူး၊ ငါတို့ ဘယ်သူဆိုတာ လူတွေ မသိပါဘူး ဆိုတဲ့ အတွေး ရှိနေရင် ဆက်လုပ်နေဦးမှာပဲ။ စွမ်းအားရှိတိုင်း၊ အာဏာ လုပ်ပိုင်ခွင့် ရတိုင်း ထင်တိုင်း ရမ်းနေရင်တော့ သမိုင်းမှာ ဆိတ်ကွယ်ရာ မရှိဘူးဆိုတာ သိစေလိုလို့ပါ။ ခုချိန်မှ သူတို့အကြောင်းတွေ လူမသိစေချင်ဘူးလို့ ကာကွယ်နေတာကတော့ ပြစ်မှုလုပ်ပြီးမှ ပြစ်ဒဏ်ခံရမှာ ကြောက်နေသလိုပါပဲ။ ပြစ်ဒဏ်ခံရမှာ ကြောက်နေရင်လည်း အစထဲက ဆင်ခြင်ပေါ့ဗျာ။ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ အစည်းအဝေးပွဲ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေ၊ ကာယကံရှင်တွေ ကိုယ်တိုင် လက်ရေးနဲ့ ရေးသွင်းထားတဲ့ နေရပ်လိပ်စာ၊ လက်မှတ်တွေ ရှိပါတယ်။ စွမ်းအားရှင် စာရင်းအများအပြားထဲမှ ထုတ်ပြသင့်တဲ့ အနည်းစုကိုပဲ ဖော်ပြထားတာပါ" ဟု ကဗျာဆရာ ဝေမှူးသွင်၏ ဖေ့ဘွတ်စာမျက်နှာထက်တွင် စာရေးဆရာ မိုးဇေညိမ်းက ကွန်းမက် ဝင်ရောက် ရေးသားထားခြင်းဖြစ်သည်။

ယင်းစာအုပ်သည် ဇွန်လ ပထမပတ်တွင် ညနေခင်းစာပေတိုက်မှ ပထမအကြိမ် ထွက်ရှိလာသည့် စာအုပ်ဖြစ်ပြီး အုပ်ရေ ၂ဝဝဝ ထုတ်လုပ်ကာ ငွေကျပ် ၂ဝဝဝ ဖြင့်ရောင်းချပြီး ယခုအချိန်၌ ရောင်းအားအကောင်းဆုံး စာရင်းတွင် ပါဝင်လျက်ပြီး စာအုပ်ဈေးကွက်တွင် ကုန်ပါက ထပ်မံထုတ်လုပ်မည်ဟု ညနေခင်းစာပေက ပြောသည်။

စာရေးဆရာ မိုးဇေညိမ်းသည် အနုပညာလောကတွင် နာမည်ကြီး အနုပညာရှင်များ၏ မူးယစ်ဆေးနှင့် ပက်သက်သည့် အမှုကိစ္စများကို ၎င်း၏ဖေ့ဘွတ်မှ ရေးသားခဲ့ခြင်းကြောင့် အနုပညာလောကသားများနှင့် ပရိသတ်များကြားတွင် စိတ်ဝင်စားခြင်းခံရသည့် သတင်းတခုဖြစ်ကာ နာမည်ကြီး အနုပညာရှင်များမှလည်း ပြန်လည်ဖြေရှင်းကြရသည်အထိ ဖြစ်ခဲ့သည်။

၎င်းသည် ယခုချိန်၌ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ဒုတိယခြေလှမ်း အနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ တာဝန်ယူနေသည့် လူကြီးပိုင်းများနှင့် ပက်သက်သည့် စာအုပ်ကို ဒုတိယအကြိမ် ထပ်မံရေးသားထုတ်ဝေမည်ဖြစ်သည်။

မိုးသူ
Mizzima

အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အား ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ



၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်
တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊


မိုင်တိုင်အမှတ်(၇၈/၀)နှင့်(၇၈/၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ အောင်နိုင်ဦး(၃၆)နှစ်မောင်းနှင်လာသော ၈ဈ/xxxx ““ရွှေစင်စင်္ကြာ”” ခရီးသည်တင်မှန်လုံယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်း ဒေသကြီး၊

 မြောက်ဒဂုံမြို့နယ်နေ ဦးမောင်မောင်အေး(၅၀)နှစ်မောင်းနှင်နေသော BB/xxxx ပရိုဘောက် အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းမပေါ်၌ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ဦးမောင်မောင်အေးမှာ ဦးခေါင်းငယ်ထိပ်ပိန်ချိုင့်ပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ နား/နှာခေါင်း/ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး BB/xxxx ပရိုဘောက်ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ကိုဝင်းနိုင်(၄၅)နှစ်တွင် ယာမျက်ခုံး/ယာပါး/နဖူးယာဘက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်နိုင်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

တရုတ်နိုင်ငံ၊ စင်ကျန်ဒေသတွင် အကြမ်းဖက်မှု ဗွီဒီယိုများ ပေးပို့ခြင်း၊ ဒေါင်းလုတ်ရယူခြင်းများနှင့် ပတ်သက်၍ လူ ၃၂ အား ထောင်ဒဏ်ချမှတ်


 တရုတ်အစိုးရမှ အနောက်ပိုင်း စင်ကျန်ဒေသနေ အကြမ်းဖက် ဝီဂါမူဆလင် ၃၂ ဦးအား အကြမ်းဖက် ဗွီဒီယိုများ ပေးပို့ခြင်း နှင့် ဒေါင်းလုတ်ရ


ယူခြင်းများနှင့် ပတ်သက်၍ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

လူသုံးဦးကို ထောင်ဒဏ်တစ်သက် နှင့် ၂၉ ဦးကို ထောင်ဒဏ် ၄ နှစ်မှ ၁၅ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသော မေ ၂၃ နောက်ပိုင်း၌ တရုတ်အစိုးရမှ စင်ကျန်ပြည်နယ်အတွင်း မူဆလင်အကြမ်းဖက်ဂိုဏ်း ၄၀ ကျော်ကို ဖြိုခွင်းခဲ့ပြီး မူဆလင်အကြမ်းဖက် နှင့် ခွဲထွက်ရေးသမား ၄၀၀ ကျော်အား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။

မတ်လအတွင်းက တရုတ်ပြည်အနောက်ပိုင်း ခွေမင်စီးတီး၌ မူဆလင်အကြမ်းဖက်သမားများ၏ ဓားကိုင်ရမ်းကားအကြမ်းဖက်မှုကြောင့် လူ ၂၉ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း စင်ကျန်ဒေသတွင်း ဝီဂါမူဆလင်တို့၏ အကြမ်းဖက်မှုများကြောင့် လူ ၂၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။

မူရင်းလင့်
မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။

သားမယားအဖြစ်နေထိုင်ပုံများကို အင်တာနက်တင်သူ မကွေးမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်



မကွေး ဇူလိုင် ၁၀

မကွေးမြို့တွင် နာမည်ကြီး (SHOPPING MALL) စတိုးဆိုင်တွင် လွန်ခဲ့သော ကိုးနှစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်သည့် ဦး...အသက်(၄၂)နှစ် ကန်သာရပ်ကွက်နေသူနှင့် ခင်မင်ရင်းနှီးကာ စတိုးဆိုင်ပိတ်ချိန် နောက်ပိုင်းတွင် တီဗွီအောက်စက် ပြုပြင်သည့် ပညာသွားရောက်သင်ယူခဲ့စဉ် ငြိစွန်းခဲ့ပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ထိုသူတွင် အိမ်ထောင်ရှိ ကြောင်းသိရသဖြင့် တရားလိုမိန်းကလေးက ရှောင်တိမ်းနေစဉ် ရက်မမှတ်မိ ည ၇ နာရီချိန် ထိုသူရောက်ရှိလာပြီး ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ အတင်းအကျပ် ခေါ်ဆောင် သွားသဖြင့် လိုက်သွားခဲ့ရာ ၎င်းကသားမယားအဖြစ် နေထိုင်ရန်ပြောကြားခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် မိန်းကလေး၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ခန္ဓာကိုယ်အား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ထို့နောက် သားမယားအဖြစ် နေထိုင်သည့် ပုံများကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ အခွေများအား မိန်းကလေး ထံလာရောက်ပေးသဖြင့် တရားလို မိန်းကလေးက ရှက်သဖြင့် မန္တလေးသို့ နှစ်ပတ်ကြာထွက်သွားခဲ့သည်။

ထို့နောက် မကွေးမြို့သို့ ပြန်လည်ရောက်ရှိပြီး မိမိအလုပ်လုပ်ကိုင်ခဲ့သည့် စတိုးဆိုင်တွင် ပြန်လည်အလုပ်လုပ် ကိုင်နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်မှဝန်ထမ်းအမျိုးသားက တရားလို မိန်းကလေးနှင့် သားမယားအဖြစ်နေထိုင်သည့် ဗွီဒီယိုအား အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုတွင် ကြည့်ရှုရ ကြောင်းပြောကြားရာ သိရှိခဲ့သဖြင့် ဦး...အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သော အမှုဖြစ်သည်။ မကွေးမြို့မရဲစခန်းမှ ဦး...အား (ပ) ၁၃၇/၂၀၁၃ ပုဒ်မ ၃၇၆/၅၀၀/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါ အမှုအား ခိုင်မာစွာတည်ဆောက်၍ မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မကွေးမြို့နယ် တရားရုံးကဇူလိုင် ၄ ရက်တွင် တရားခံ ဦး...အား ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

MOI Webportal Myanmar

https://www.facebook.com/MOIWebportalMyanmar?fref=nf

သမီးတော်ရာဇ၀င်(၂) (သုဓမ္မာဇရပ်မှာမှ ဒင်နာစားချင်တယ်)



- လက်စောင်းထက်

အရင်ခေတ်က ဧပြီလဆိုရင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲလုပ်လေ့ရှိတယ်။ ဒီတော့ စစ်အာဏာရှင် ကာချုပ်ကြီးက ကျောင်းဆင်းပွဲတက်ရင် သမီးတော်တွေကလည်း ပြင်ဦးလွင်ကို နွေဦးရာသီ သင်္ကြန် အပန်းဖြေခရီး လိုက်လေ့ရှိကြတယ်။ ဒီတော့ တစ်ထောက်နားရာက မန္တလေးပေါ့ဗျာ။ မန္တလေးက တပ်တွေကလည်း သမီးတော်တွေ လာမယ်ဆိုရင်ကို ကြောက်နေကြတာ။ တစ်ခေါက်တစ်မျိုး မရိုး ရလေအောင် နှိပ်စက်လွန်းလို့လေ။ သမီးတော်ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သူတို့နားထဲမှာ သာယာနေလေတော့ ပြင်ဦးလွင်ခရီးစဉ် တစ်ခုမှာဆိုရင် ကားပေါ်မှာ လက်တိုလက်တောင်း ခိုင်းဖို့လိုက်ရတဲ့ တပ်မှူးကတော် တစ်ယောက်က “ဟုတ်ကဲ့သမီး”လို့ ဖြေမိတာကို သမီးတော်လို့ မခေါ်ရကောင်းလားဆိုပြီး မျက်မာန်တော်ရှ။ ကားကို ချက်ချင်းရပ်ခိုင်းပြီး ကားပေါ်ကနေ မောင်းချဖူး တာတွေကလည်း အားလုံး သိနေလေတော့ အဲဒီ့မိသားစု လာမယ်ဆိုရင်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံး သံဗုဒ္ဓေ ရွတ်နေကြရတာ။

ဒီတစ်ခေါက်တော့ ညနေလည်း စောင်းရော သမီးတော်တွေက အမိန့်တော် ထုတ်ပါတယ်။ မန္တလေး တောင်ခြေက သုဓမ္မာဇရပ်တွေမှာ ညစာဒင်နာ စားချင်ပါသတဲ့။ အဲဒါမှ တကယ့်ပြဿနာ။ အဲဒီ့ကာလက သုဓမ္မာဇရပ်တွေဆိုတာ အခြေအနေမဲ့တွေနဲ့ သူတောင်းစားတွေပဲ နေတဲ့နေရာ။ ဖုန်တသောသောနဲ့ မြက်တွေ အမှိုက်တွေက ဒင်းကြမ်း။ ဒါပေမဲ့ သမီးတော်တွေ မျက်မာန်ရှမှာကို ဘယ်သူမှ မခံရဲလေတော့ စစ်သား စုဆောင်းရေးတပ်က ရဲဘော်တွေနဲ့ တပ်အသီးသီးက ရဲဘော်တွေကို ချက်ချင်း ကားတွေနဲ့တင်ပြီး အဲဒီကို ပို့ရတော့တယ်။ ဂျီအီးတပ်နဲ့ စည်ပင်ကလည်း ရေကားတွေလွှတ်။ ပထမအဆင့် အနေနဲ့ အဲဒီ့မှာ အခြေချနေတဲ့ အခြေအနေမဲ့တွေ၊ သူတောင်းစားတွေကို ချက်ချင်း နှင်ထုတ်ရတာပေါ့။ သမီးတော်တွေရဲ့ နှိပ်စက်ချက်ကတော့ သူတောင်းစားတောင် မကျန်ပါဘူး။ မြက်နုတ်သူက နုတ်၊ အမှိုက်လှဲသူက လှဲနဲ့ တကယ်ဆိုရင် ရဲဘော်တွေခမျာ သူ့အိမ်မှာ ထမင်းချက်ရမယ့်၊ ညစာစားရမယ့် အချိန်ဖြစ်ပေမယ့် သမီးတော်တွေ နှိပ်စက်တာနဲ့ သုဓမ္မာဇရပ်မှာ အလုပ်တွေ ရှုပ်ကြရတော့တယ်။

ပြီးတာနဲ့ ရဲဘော်သစ်တွေနဲ့ စစ်သည်တွေက အဲဒီ့ဇရပ်တွေက အညစ်အကြေးတွေကို ရေပိုက်တွေနဲ့ ထိုးပြီး သန့်ရှင်းရေး လုပ်ရတယ်။ ပြီးတာနဲ့ အောက်က ဖယောင်းပုဆိုးတွေ ချက်ချင်းခင်းပေါ့ဗျာ။ တစ်ချိန်တည်းမှာပဲ ဂျီအီးတပ်က မီးသမားတွေက လျှပ်စစ်ကြိုးတွေ၊ မီးစက်တွေ သယ်လာပြီး အရေးပေါ် မီးဆင်ရတော့တယ်။ ပြီးတော့ ထုံးစံအတိုင်း ကားလမ်းကို ဟိုဘက်၊ဒီဘက် ပိတ်ဆို့ပြီး ဇရပ်ထဲမှာ စားပွဲတွေခင်း၊ ထမင်းဟင်းတွေ ပြင်ဆင်လို့ သမီးတော်တွေကို ညစာသုံးဆောင်ဖို့ အသင့်ဖြစ်ပါကြောင်း သတင်းပို့ကြရတယ်။

သမီးတော်တွေ ကြွချီလာပြီး စားတော့လည်း ဒီလောက် မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ လက်ညှိုးညွှန်ရင် ရေဖြစ်ရမယ်ဆိုတဲ့ စကားအတိုင်း စိတ်ထဲထင်တာတွေ လျှောက်ပြော၊ လျှောက်လုပ် နေကြတာ ဖြစ်တယ်။ သေချာတာကတော့ သူတို့မိသားစုကလွဲရင် ဘယ်သူမှ ပျော်နေတာ မမြင်ချင်ဘူး။ သူများပျော်နေတာမြင်ရင် မရှုစိမ့်ဘူးဆိုတာပဲ။ ဒီမဟုတ်တဲ့ နေရာမှာ ညစာတစ်နပ်စားဖို့ ရဲဘော်လေးတွေရဲ့ လုပ်အားတွေ ဘယ်လောက်သုံးလိုက်ရလဲ။ မီးစက်တွေ၊ မီးကြိုးတွေကို တစ်နာရီလောက် အရူးကြောထဖို့ ဘယ်လောက် သုံးလိုက်ရသလဲ ဆိုတာတွေလည်း တွေးမိပုံ မရပါဘူး။ သူတို့ဖြစ်ချင်တာကို ဖြစ်ရစေမယ်ဆိုတဲ့ စိတ်နဲ့ ထင်ရာ ပြောသမျှကို အောက်က တိုင်းမှူးများကလည်း မိမိတို့ရာထူး တည်မြဲဖို့အတွက် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ခွန်းတုံ့မပြန်ရဲပဲ ဖြစ်အောင် လုပ်ပေးနေကြလေတော့ နေမြင့်လေ အရူးရင့်လေ ဆိုသလိုတွေ ဖြစ်ကုန်တယ်။

မြို့တစ်မြို့ရောက်တာနဲ့ ဆိုင်တကာဝင်ပြီး တွေ့သမျှ ကားပေါ်ဆွဲတင်လွန်းလို့ သမီးတော်တွေ လာမယ်ဆိုရင် လာမယ့်မြို့က စိန်ရွှေရတနာဆိုင်တွေမှာ တန်ဖိုးကြီးတာ တင်မထားရဆိုတဲ့ အမိန့် ထုတ်ခဲ့ရတယ်။ မြို့ငယ်လေး တစ်မြို့မှာတောင် သူတို့ဝယ်တာတွေကို ရှင်းရတာ သိန်း ၄၀၀၊၅၀၀ရှိပြီး မြို့ကြီးတွေမှာဆိုရင် သိန်းထောင်ကျော် ၀ယ်လေ့ရှိတယ်။ အ၀တ်အထည်တွေ ဆိုရင်လည်း အထုပ်လိုက် ကားပေါ်ဆွဲတင်လေ့ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုင်တွေကို ယူချင်တာ မှန်သမျှ ပေးလိုက်၊ ပြီးမှ ဘောင်ချာလိုက် ဖြတ်ပြီး ငွေရှင်းမယ်လို့ ကြိုပြောထားရတယ်။ ပြောရရင် အဲဒီ့သမီးတော် တစ်သိုက် ရောက်တဲ့မြို့မှန်သမျှ ဝေသာလီပြည် ဘီလူးဝင်သလိုပါပဲဗျာလို့ ဘောင်ချာ တစ်အုပ်နဲ့ ငွေလိုက်ရှင်းရတဲ့ အရာရှိကြီး တစ်ဦးက ရင်ဖွင့်ဖူးပါတယ်။

ခက်တာက အာဏာရှင် ကာချုပ်ကြီး ကိုယ်တိုင်က သူ့သမီးတော်တွေ ဘာလုပ်လုပ် အပြစ်မမြင်ရုံမက သူ့သမီးတော်တွေ စိတ်ဆိုးစိတ် ကောက်တာနဲ့ အဲဒီ့သက်ဆိုင်တဲ့ တိုင်းမှူးဖြစ်စေ၊ တပ်မမှူး ဖြစ်စေ သေဖို့သာ ကြံတော့ဆိုတဲ့ စိတ်ကရှိလေတော့ သမီးတော်တွေဆိုရင် ကာချုပ်ကြီးထက် ပိုအရိုအသေ ပေးရတယ်။ ပိုကြောက်ရတယ်။ အခု ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးဌေးဦး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး လုပ် ခဲ့တာပဲ။ အဲဒီ့တိုင်းမှူးတွေဆိုရင် အဆင့်ဆင့် ရာထူးတက် လေ့ရှိပေမယ့် ဦးဌေးဦး ဘာလို့ အရပ်ဖက် ရောက်သွားတာလဲဆိုတာ အတွင်းလူတွေကို မေးကြည့်ရင် သမီးတော် တစ်ယောက်ကြောင့်လို့ ဖြေပါလိမ့်မယ်။ ငွေဆောင်က ဟိုတယ်မှာ သမီးတော်တစ်ပါးက သူထိုင်စရာ ဆက်တီတစ်လုံး လိုနေတဲ့ ကိစ္စနဲ့ မျက်မာန်တော် ရှခဲ့လို့ ပြည်နှင်ဒဏ်သင့်သွားတာ ဖြစ်တယ်။

ဒီလိုပါပဲ။ မြိတ်က ခရီးစဉ် တစ်ခုမှာ သမီးတော် တစ်ပါးက ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကားကို ခပ်တည်တည် တက်စီးလို့ အခုလွှတ်တော် နာယကကြီး ကြုံရာကားပေါ် တက်စီးခဲ့ရဖူးပါတယ်။ အဲဒီ့ဖြစ်စဉ်မှာလည်း လေယာဉ်ပေါ်မှာ ဘယ်သူ့ကို စိတ်ကောက်မှန်းမသိဘဲ စိတ်ကောက်ပြီး သမီးတော်တစ်ပါးက လေယာဉ်ပေါ်ကနေ မဆင်းလို့ ယာဉ်တန်းကြီး တစ်ခုလုံး ရပ်စောင့်နေရတာပါ။ ဆင်းလာတော့လည်း ပထမဆုံးကားက ကာချုပ်ကြီးနဲ့ သူတို့အခေါ် အမေကြိုင်စီးဖို့ ကား၊ ဒုတိယကားက ဒုကာချုပ်ဦးအေး စီးဖို့ကား၊ တတိယကားက ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး အခုလွှတ်တော် နာယကကြီး စီးဖို့ကား။ ပြီးတော့မှ သမီးတော်တစ်ပါးစီ အတွက် ကားတစ်စီးစီ လုပ်ထားတာလေ။ သမီးတော်တွေက ဘယ်မြို့ရောက်ရောက် တစ်ယောက်ကို ကားတစ်စီးပဲ။ ဘယ်တော့မှ အတူတူမစီးဘူး။ စကားကို ပြန်ဆက်ရရင် အဲဒီ့စိတ်ကောက်နေတဲ့ သမီးတော်လည်း လေယာဉ်ပေါ်က ဆင်းလာရော ယာဉ်တန်းကြီးလည်း စထွက်တာပေါ့။ လွှတ်တော် နာယကကြီးက ရှေ့ဆုံးကားနဲ့ ဒုတိယကားကို သွားပြီး အလေးပြုနေချိန်မှာ သူ့ရဲ့ တတိယကားကို စိတ်ကောက်နေတဲ့ သမီးတော်က တက်တယ်။ ကားနားမှာ စောင့်နေတဲ့ တပ်ထိန်းအရာရှိက ကြောက်ကြောက်ရွံ့ရွံ့နဲ့ “သမီးတော် ခင်ဗျား။ ဒါ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအတွက် ကားပါ။ သမီးတော်ကားက နောက်မှာပါ” လို့ပြောတာကို လက်မခံဘဲ အတင်းတက်စီးခဲ့တာ ဖြစ်တယ်။ ဦးရွှေမန်းကတော့ ယာဉ်တန်းထဲက လွတ်နေတဲ့ ကြုံရာကား တစ်စီးကို တက်စီးပြီး ခရီးဆက်ခဲ့ရဖူးပါတယ်။

ပြောရရင် ဦးနေ၀င်းကို အာဏာရှင်လို့ ပြောပေမယ့် ဦးနေ၀င်း သားသမီးတွေ ဒီလောက်မဆိုးခဲ့ပါဘူး။ ဦးစောမောင် သားသမီးတွေဆိုရင် ဘယ်သူဘယ်ဝါဆိုတာ မသိရအောင်ကို အနေအထိုင် ရိုးအေး ခဲ့ပါတယ်။

ဒီလိုရေးတာတွေက ဇာတ်နာအောင်ရေးတယ်လို့ ထင်ရင် စာဖတ်ပရိသတ်ထဲမှာ စစ်တပ်က အသိအကျွမ်းတွေရှိရင် မေးကြည့်ပါ။ ဒီလို ရေးတာတွေက ဟုတ်မှဟုတ်ရဲ့လားလို့။ အဲဒီလိုမေးရင် “ဒါတွေက အပေါ်ယံအကင်းပဲရှိသေးတယ်။ ဒီထက်ဆိုးတာတွေ အများကြီး ရှိသေးတာပေါ့လို့” ပြန်ဖြေကြပါလိမ့်မယ်။ နောက်တစ်ပတ်ကျရင် သမီးတော်တွေနဲ့ ပတ်သက်ပြီး ရီစရာတစ်ခု ပြောပြမယ်။ ရေတွေရေတွေ စိုကုန်ပြီလို့ ခေါင်းစဉ်တပ်လိုက်ဆိုပြီး ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ ခရိုနီကြီးက သူ့စကားကို ဖြတ်လိုက်ပါတော့တယ်။

- လက်စောင်းထက်

http://www.tomorrow.com.mm/?q=articles%2F729


အ၀လွန်ခြင်းက လူတစ်ယောက်၏ အသက်ကို ၁၄ နှစ် တိုစေ




အ၀လွန်ခြင်းသည် ကျန်းမာရေး အန္တရာယ်တစ်ရပ် ဖြစ်သည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်လည်း အ၀လွန်ခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးများဖြစ်ပွားနိုင်ပုံကို လေ့လာမှုသစ်တစ်ရပ်က ပြသနေသည်ဟု ဇူလိုင် ၉ ရက်က ဗွီအိုအေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အလွန်အမင်း အ၀လွန်ခြင်းသည် လူတစ်ယောက်၏ အသက်ကို ၁၄ နှစ် တိုစေနိုင်ကြောင်း ဆေးဘက်ဆိုင် ရာ သုတေသီများက ပြောကြားသည်။

အလွန်အမင်း အ၀လွန်သူများသည် နှလုံးရောဂါ၊ ကင်ဆာရောဂါ ၊ ဆီးချို သို့မဟုတ် လေဖြတ်ရောဂါ ခံစားရမှုတို့ကြောင့် စောစီးစွာ သေဆုံးနိုင်မှု အလားအလာပိုများကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

ဆရာဝန်များသည် သတ်မှတ်ထားသည့် အသက်အရွယ်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို တိုင်းတာသော BMI ကို တွက်ချက်ခဲ့ရာ လူတစ်ယောက်သည် BMI 40 သို့မဟုတ် 40 ထက် ကျော်လွန်ပါက အလွန်အမင်း အ၀လွန်ခြင်း ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိခဲ့သည်။
Mizzima Burmese


အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော သားငယ်ကို လှောင်အိမ်ထဲ ထည့်ထားတဲ့ မိဘနှစ်ပါး ဖမ်းဆီးခံရ



အမေရိကန် ပြည်ထောင်စု ဆန်တာနာမြို့တွင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော အသက် ၁၁ နှစ်အရွယ် သားငယ်အား ကြီးမားသော လှောင်အိမ်တစ်ခု အတွင်း ထိန်းသိမ်း ချုပ်နှောင်ခဲ့သည့် မိဘများကိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လှောင်အိမ်သည် အရှည် ၆ ပေနှင့် အကျယ် ၃ ပေ သို့မဟုတ် ၄ ပေခန့်ရှိပြီး ၎င်းလူငယ်၏ ဒေါသကြီးမှုကို ထိန်းချုပ်နိုင်ရန် အတွက် မိဘများက ယင်းကဲ့သို့ ထိန်းသိမ်းထားခြင်း ဖြစ်မည်ဟု ယူဆရကြောင်း အေနာဟိမ်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဘော့ဘ်ဒန်းက ပြောကြားခဲ့သည်။

သို့ရာတွင် မိဘများသည် အဆိုပါ လူငယ်အား လှောင်အိမ်ထဲတွင် ကာလရှည်ကြာ မည်ကဲ့သို့ နေထိုင်စေသည်ကို မသိရှိရသေးကြောင်းနှင့် ယင်းကဲ့သို့ ကြီးမားသော ပြစ်မှုမျိုးကို မကျူးလွန်သင့်ကြောင်း ဘော့ဘ်ဒန်းက ထပ်လောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များသည် Orange ခရိုင်ရှိ ကလေးပြုစုရေး ဌာနမှ အမည်မသိ လူတစ်ဦး၏ သတင်းပေးချက် ရရှိပြီးနောက် ဇူလိုင် ၁ ရက် ညနေပိုင်းတွင် ကလေးငယ်အား ထိန်းသိမ်းခဲ့သော မိဘများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အား တရားစွဲဆိုခြင်း ရှိ၊မရှိကို ယခုတိုင် မသိရသေးကြောင်း သိရသည်။

မြ၀တီ

“သတင်းထောက်ရဲ့ အမျိုးသမီးဖြစ်ရတာဂုဏ်ယူတယ်”



ဉဏ်လှိုင်လင်း| သောကြာနေ့၊ ဇူလိုင် ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် တရားစွဲဆိုခံထားရသော ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို ဇူလိုင် ၁၀ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ပြီဖြစ် သည်။ထိုအထဲတွင် သတင်းထောက်လုပ်သက် နှစ်ပတ်သာရှိသေးသော၊ သုံးနှစ်အရွယ်သမီးတစ်ဦး၏ ဖခင် ကိုလူမော်နိုင်လည်းပါဝင်ခဲ့ပါသည်။ ဖြစ်စဉ်များ၊ တရားရုံးဆုံးဖြတ်ချက်နှင့် ဘ၀ရှေ့ရေးများအကြောင်းကို ၎င်း၏ဇနီး မလွင်လွင်မြင့်ကို မဇ္ဈိမက ဆက်သွယ်မေး မြန်းပါသည်။

အံ့သြတယ်၊ မအံ့သြဘူး

အံ့သြမိသလိုမအံ့သြလည်း မအံ့သြပါဘူး။ မတရားမှုလို့ ခံစားရတယ်။ တရားလိုပြသက်သေ ထွက်ဆိုချက် တွေကြည့်ရင် အမှုတင်ထားတဲ့စွပ်စွဲချက်နဲ့မကိုက်ညီဘူးဆိုတာအများသိကြပါတယ်။ တရားသူကြီးလည်း သိမှာပါ။အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်၁၀နှစ်ဆိုတာတရားသလား၊ မတရားသလားဆိုတာတရားသူကြီးသိမယ် လို့ယုံကြည်တယ်။ ရုံချိန်းပေါင်း ၁၈ချိန်းမှာ အပြန်ပြန်အလှန်လှန်ထွက်ချက်တွေကိုသူသေချာသိနေတာပဲ။ သူ့ကိုလည်း ဘယ်လိုဖိအားမျိုးတွေ ရှိနေမလဲကျွန်မ မသိဘူး။ ဒါပေမယ့်မျှတတဲ့ တရားစီရင်မှုနဲ့ ဆုံးဖြတ်ခဲ့ တဲ့ ပြစ်ဒဏ်မဟုတ်ဘူးလို့ အဲဒီလိုခံစားရတယ်။ နောက်တစ်ခုကကျွန်မယောက်ျားရော စွပ်စွဲခံရတဲ့သူတွေကို ထည့်မစဉ်းစားဘဲ တရားလိုပြ(အစိုးရနှင့်တပ်)သက်သေတွေရယ်၊ ဥပဒေအရာရှိတင်ပြချက်တွေ ရယ်ပေါ် မှာဘဲဆုံးဖြတ်လိုက်တာလို့ပဲ ပြောချင်တယ်။

အမှုဆင်ခံရတာ

ဒီစက်ရုံနေရာက အများပြည်သူသွားလာလို့ရတဲ့နေရာပါ။ အားလုံးဝင်ထွက်ခွင့် ရှိတယ်။ ဒေသခံတွေက လည်းအဲဒီလိုသိတာပါ။ ဖုန်းတို့ကင်မရာတို့တော့ တားမြစ်ထားတယ်ဆိုလို့ သူတို့လည်း အဲဒီသတင်း လိုက် နေတဲ့အချိန် ဒါတွေယူမသွားဘူးလို့သိပါတယ်။ အဲဒီလို အများပြည်သူသွားလာလို့ရတဲ့နေရာမှာ ဘာလျှို့ဝှက် ပေါက်ကြားစရာရှိနိုင်မလဲ။ ကျွန်မ နားမလည်ဘူး။ ဆိုင်းဘုတ်တွေ၊ ဟိုတားမြစ်နယ်မြေဆိုတဲ့ဆိုင်းဘုတ်တွေ အမှုဖြစ်ပြီးမှ လာစိုက်တာ၊ ဒေသခံတွေကလည်း ဒီလိုပဲပြောတယ်။ အဲဒီတော့ အမှုဆင်ပြီး ချလိုက်တာလို့ မြင်ပါတယ်။

အကြီးအကျယ်ဒုက္ခရောက်နေပြီ

အခုတော့ ပခုက္ကူ ထောင်မှာဘဲထားပါတယ်။ ပေါက်နဲ့ ပခုက္ကူ နဲ့က ၄၈ မိုင်ဝေးတယ်။ ကလေးငယ်လေးနဲ့ သွားရတဲ့ခရီးဆိုတော့ ဘယ်လိုမှအဆင်မပြေပါဘူး။ အမှုရင်ဆိုင်နေရတဲ့ ခြောက်လအတွင်းတောင် စား ၀တ်နေရေးရော၊သူ့ကိုထောင်ဝင်စာတွေ့ဖို့၊တရားရုံးတွေ့ဖို့၊ ရှေ့နေရှေ့ရပ်တွေနဲ့ တရားရုံးကိစ္စတွေ လုပ် ရတာနဲ့ စီးပွားလည်းပျက်နေပါပြီ။ ကျွန်မမိဘတွေ ထောက်ပံ့နေလို့တော်နေသေးတာပါ။ သူ အမှုမဖြစ်ခင် တုန်းကတော့ အိမ်မှာကွန်ပျူ တာနဲ့ အင်္ဂလိပ်စာသင်တန်းရှိတယ်၊ သင်တန်းသား ၂၀၀လောက်ရတယ်။ အခ မဲ့သင်ပေးတဲ့ သင်တန်းသားလည်း ၁၇ ယောက်လောက်ရှိတယ်။ အခု သင်တန်းတွေလည်း ဖျက်ပစ်လိုက် ရပြီ။တခြား ထောင်ပြောင်းခံရမယ်ဆိုရင်တော့ ကျွန်မအကြီးအကျယ် ဒုက္ခရောက်ပါပြီ။ မတွေးရဲဘူး။

မိတ်လည်းပျက်တယ်

ပေါက်မြို့ဆိုတာက ကျဉ်းကျဉ်းလေး၊ အာဏာပိုင်တွေကို ကြောက်နေတုန်းပဲ။ အဲဒီတော့ ကျွန်မတို့ မိသားစု အိမ်ကို ရဲကရှာတာ၊ ယောက်ျားကဖမ်းခံရတာ၊ ရဲလာရင်လည်း အယောက်၂၀လောက်လာတာ ဆိုတော့ ပတ်ဝန်းကျင်ကလည်း ကျွန်မတို့နဲ့မဆက်ဆံတော့ဘူး။ ကျောင်းသားမိဘတွေကလည်း သူတို့သားသမီးတွေ မထားတော့ဘူး။ စီးပွားလည်းပျက်၊ မိတ်လည်းပျက်ပေါ့။

အယူခံတင်မယ်

အမှုအတွက်ကတော့ ထောင်ဝင်စာတွေ့လို့ရပြီဆိုရင် ရှေ့နေနဲ့အတူသွားပြီး သူ့ဆီကပါဝါယူမယ်။ အယူခံ အဆင့်ဆင့် ဆက်တက်မယ်။ အချုပ်သားဘ၀နဲ့ကတော့ ထောင်ထဲမှာသာမန်အကျဉ်းသားတွေလိုပဲ ရိုးရိုးအ ကျဉ်းသားခြောက်ယောက်နဲ့အတူ ထားတယ်။ ထောင်ထဲမှာကသိတဲ့အတိုင်း သန့်ရှင်းမှုအားနည်းတော့ ကျန်းမာရေးကတော့ထိတာပေါ့။ တစ်ခါဆို အပြင်ဆရာဝန်ခေါ်ပြီး ဆေးကုလို့ရအောင်တောင်လုပ် ပေးရ သေးတယ်။ ထောင်ရဲ့ ဆေးကုသစောင့်ရှောက်မှုက ကောင်းမှမကောင်းပဲ။

၁၀နှစ်ဆိုတာကို မတွေးချင်

၁၀နှစ်ဆိုတာကြီးတွေးမိရင် ဘ၀ဘယ်လိုရှေ့ဆက်မလဲဆိုပြီး တော်တော်ခံစားရပါတယ်။ သမီးရဲ့ပညာရေး၊ ကျန်းမာရေးကလည်း ကျွန်မတစ်ယောက်တည်း တာဝန်ဖြစ်သွားပြီလေ။ စဉ်းစားထားတာကတော့ မိဘတွေ အကူအညီနဲ့ ပေါက်ကနေပခုက္ကူ ကို ပြောင်းပြီးနေမယ်လို့စဉ်းစားတယ်။ ကလေးပညာရေးအတွက်လည်း အဆင်ပြေ နိုင်တယ်။ သူ့ကိုထောင်ဝင်စာသွားတွေ့ရတာလဲ အဆင်ပြေနိုင်တယ်။ စီးပွားရေးဘာ လုပ်မလဲ ဆိုတာကတော့ သင်တန်းပြန်ဖွင့်ဖို့ စဉ်းစားရမယ်ထင်တယ်။ မိဘတွေဆီပြန်နေဖို့ကတော့ သူတို့ကမိထ္ထီ လာမှာဆိုတော့ အဆင်မပြေဘူး။ ထောင်ဝင်စာကလည်း တွေ့ရဦးမယ်လေ။

ဂုဏ်ယူတယ်

တကယ်ဆိုရင်တော့ သူကပြည်တွင်း မှာ သတင်းထောက်လုပ်တာနှစ်ပတ်လောက်ပဲရှိနေတဲ့အချိန်မှာ ကြုံ လိုက်ရတာပါ။ အရင်ကတည်းက စာရေးတာ၊မတရား တာတွေ့ရင်မခံချင်တာ၊ ဖော်ထုတ်ချင်တဲ့ စိတ်တွေ သူ့မှာရှိတယ်။ ပထမတော့ ကျွန်မတားပါသေးတယ်။ တားမရဘူး။ သူကလည်း ထက်သန်နေတော့ ခွင့်ပြု လိုက်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် သတင်းထောက်တစ်ယောက်ရဲ့ အမျိုးသမီးဖြစ်ရတာဂုဏ်ယူပါတယ်။ ဒုက္ခတော့ များရပြီပေါ့။

နောင်တမရဘူး

ကျွန်မမြင်တာက မီဒီယာသမားတွေကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ။ တစ်နေ့ကပဲ မိန့်ခွန်းထဲမှာ သမ္မတ ကထည့်ပြောသွားတယ်လေ။ မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပေးလာ ရင်အရေးယူမယ်ဆိုပြီးတော့လေ။ ပြီးတော့ သူတို့သတင်းက မီဒီယာကျင့်ဝတ်နဲ့ မညီဘူးဆိုတာမျိုးလည်း အ စိုးရက ပြောခဲ့ကြသေးတယ်။ အစိုးရမခံမရပ်နိုင်ဖြစ်တဲ့ ကိစ္စမျိုးရေးရင် မီဒီယာကျင့်ဝတ်နဲ့ မညီဘူးလို့ဘဲ သူ တို့သတ်မှတ်တယ်လို့ ထင်ပါတယ်။စာဖတ်သူတွေရော၊သတင်းထောက်တွေကိုရော ကိုယ့်အလုပ်ကို ဆက် လုပ်ကြပါ။သတင်းအမှန်တွေကို ပြည်သူတွေသိဖို့လုပ်ပေးကြပါလို့ ပြောချင်ပါတယ်။သမီးကသတင်းထောက် လုပ်ချင်တယ် ပြောလာရင်လည်းခွင့်ပြုမှာပါ။ ကျွန်မနောင်တမရပါဘူး။

ဉဏ်လှိုင်လင်း မေးမြန်းသည်။

Mizzima Burmese

Facebook ပေါ်၌ အစိုးရ၏မူဝါဒများအား အကာအကွယ်ပေး ရေးသားနေသူအများစုမှာ ၀ါဒဖြန့်ချိရေး Account အတုများ ဖြစ်နေ


လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook တွင် အစိုးရ၏မူဝါဒများ မှန်ကန်ကြောင်းနှင့် အစိုးရကို ထောက်ခံရေးသားပြောဆိုသူ အများစုမှာဝါဒဖြန့်ချိရေး Account အတုများ ဖြစ်နေကြောင်း Facebook ကို ပုံမှန်သုံးစွဲနေကြသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဝါဒဖြန့်ချိရေး Account များသည် အမည်ရင်း၊ Profile အမှန်ဖြင့် ရေးသားနေကြသူများမဟုတ်ဘဲ Account အတုများဖြင့် ၎င်းတို့၏ စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်ချိခြင်း၊ သတင်းဌာနများ၏  Facebook Page များသို့ ဝင်ရောက်ပြီး အစိုးရကောင်းကြောင်း၊ မှန်ကန်ကြောင်း Comment များ ဝင်ရောက်ရေးသားပြီး ဝါဒဖြန့်ချိနေကြခြင်း ဖြစ်သည်။

အနီးစပ်ဆုံးသာဓကအနေဖြင့် ဇူလိုင် ၁ဝ ရက်က ယူနတီသတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ခြင်းအား သတင်းဌာနကြီးများက ၎င်းတို့၏ Facebook Page များတွင် သတင်းတင်ပြခဲ့ရာ ထိုသတင်းအောက်၌ comment ဝင်ပေးခဲ့သူများ၏ ရေးသားချက်များက ဝါဒဖြန့်ချိရေး Account များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။

“Facebook ပေါ်မှာ Profile မမှန်ဘဲနဲ့ account အတုတွေကို အများသဖြင့်လုပ်တာ တွေ့ရတာက အစိုးရနဲ့ပတ်သက်တယ်လို့ ယူဆရသူတွေ အာဏာပိုင်နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေက ဆိုက်ဝါးအဖြစ်သုံးဖို့အတွက် account အတုတွေ သုံးတာတွေ့ရတယ်။ ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့သတင်းမှာ Profile မမှန်တဲ့သူတွေက ဒီကိစ္စကို ထောက်ခံတယ်ဆိုတဲ့သဘောက အစိုးရနဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို Lobby လုပ်တဲ့ သဘောပဲ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က မှန်တယ်ဆိုတဲ့သဘောမျိုး လုပ်တာ”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“တစ်ဖက်ကကြည့်ရင် မန္တလေးပဋိပက္ခကိစ္စမှာ အစိုးရကလည်းပြောပါတယ်။ ဆိုရှယ်မီဒီယာတွေက အမုန်းပွားစေတဲ့စကားတွေ၊ လှုံ့ဆော်တဲ့အရေးအသားတွေကို ထိန်းသိမ်းတယ်လို့ အစိုးရကလည်း တစ်ဖက်က ပြောတယ်။ အာဏာပိုင်ကလည်း တစ်ဖက်က ပြောတယ်။ အစိုးရရဲ့ ရပ်တည်ချက်ပေါ်မှာ အုံနဲ့ကျင်းနဲ့ထောက်ခံပြီးတော့ ဆိုက်ဝါးလုပ်လာတဲ့ account တွေကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ Profile မမှန်တဲ့၊ ယာယီသုံးတဲ့ account တွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆက်လက်ပြောကြားသည်။

ယူနတီသတင်းထောက်များကို ချမှတ်လိုက်သည့် အမိန့်မှာ ပြင်းထန်လွန်းသည်ဟု အများပြည်သူက ဝေဖန်နေချိန်တွင် ဝါဒဖြန့်ချိသူ Facebook Account ပိုင်ရှင်များက အစိုးရ၏ အရေးယူမှုအပေါ် အားပေးထောက်ခံခဲ့ပြီး အစိုးရ၏ လုပ်ရပ်မှန်ကန်ကြောင်း၊ ပြစ်ဒဏ်နည်းလွန်းကြောင်း အစရှိသဖြင့် ရေးသားပြီး အစိုးရ၏ လုပ်ရပ်အပေါ် အကာအကွယ်ပေး ပြောဆိုဝါဒဖြန့်ချိခဲ့ကြသည်။

“မန္တလေးပဋိပက္ခမှာ ကျွန်တော်တို့ Facebook ကို သတိထားစောင့်ကြည့်ခဲ့ပါတယ်။ အမုန်းတရားတွေ၊ လှုံ့ဆော်မှုတွေရေးတဲ့ account ပိုင်ရှင်တွေဟာ Facebook Profile အစစ်တွေ မဟုတ်ပါဘူး။ လှုံ့ဆော်မှုတွေလုပ်ဖို့ account တွေဆောက်ထားတာလို့ ကျွန်တော်တို့ထင်ပါတယ်။ အခု ယူနတီသတင်းထောက်တွေ အမိန့်ချခံရတဲ့သတင်းမှာ ဒါကိုထောက်ခံတဲ့သူတွေကလည်း account အစစ်တွေမဟုတ်သလို ပြီးခဲ့တဲ့ မန္တလေးပဋိပက္ခမှာ လှုံ့ဆော်ခဲ့တဲ့ account တချို့ ပါလာတာကို တွေ့ရပါတယ်။ ဒီ Profile မမှန်တဲ့ account တွေက ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုက ထောက်ခံနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် Facebook မှာ ရေးသားနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော် လေ့လာမိသလောက် ဒီလို account မျိုးတွေ  ထောင်ဂဏန်းလောက်ထိရှိပါတယ်။ ဒီ account တွေအများစုက အစိုးရရဲ့ ပေါ်လစီတွေကို ထောက်ခံလေ့ရှိတာတွေ့ရပါတယ်”ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

ထိုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုအပေါ် အားပေးခဲ့ပြီး အစိုးရမူဝါဒများကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သော ဝါဒဖြန့်ချိသူများ၏ Account များကို ပြန်လည်စိစစ်ရာ၌ ယင်း Account များသည် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် သွေးထိုးလှုံ့ဆော်ရေးသားမှုများ ပြုလုပ်နေသူ အများစုဖြစ်ကြောင်းတွေ့ရသည်။

၎င်းတို့သည်Eleven Media Group ၊ 7 Day ၊ ဧရာဝတီ၊ BBC Burmese အစရှိသော သတင်းဌာနများ၏ Facebook Page များတွင် အစိုးရ၏လုပ်ရပ်များ မှန်ကန်ကြောင်း၊ ထောက်ခံကြောင်းဖြင့် အစိုးရ၏ မူဝါဒများကို အကာအကွယ်ပေးပြောဆိုရေး သားလေ့ရှိသူ ရေးသားသူများမှာ အတူတူပင်ဖြစ်လေ့ရှိသည်။

အစိုးရအနေဖြင့် Facebook ပေါ်တွင်  မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်များကို လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုရေးသားချက်များ လျော့နည်းစေရန်အတွက် ၂၄ နာရီစောင့်ကြည့်စိစစ်ရန်  Facebook ကုမ္ပဏီဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟုဆိုသော်လည်း Facebook တွင် ဝါဒဖြန့်ချိရေးသားနေသူ Account များ၏  ရာခိုင်နှုန်း ၇ဝ ခန့်မှာ အစိုးရကို အကာအကွယ်ပေး ဝါဒဖြန့်ချိရေးသားနေကြသူများ ဖြစ်နေသည်။

news-eleven

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ



ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။

အစာချေဖျက်မှုကို ကူညီပေးသည်
နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။

အဆိပ်ပြေစေနိုင်သည်
သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါဝင်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။

ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည်
သံပရာသီးညှစ်ထည့်ထားသောရေကအန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်သည်။ သံပရာရည်တွင် စီးထရစ်အက်စစ်ပါဝင်သော်လည်း ယင်းတွင်ပါဝင်သည့် သတ္တု ဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာဝရှိသည်။ စီးထရစ်အက်စစ်မှာ မပြင်းသော အက်စစ်ဖြစ်သောကြောင့် ချွေးထွက်ခြင်းကဲ့သို့  ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်
နိုင်သည်။ သံပရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပရိုတင်းဓာတ်များစွာ ပါဝင်သည့် အသားများနှင့် ချိစ်များစားလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။ သွေးထဲရေပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။

ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်သည်
စီးထရစ်အက်စစ်ပါဝင်သော အစားအစာများ အားလုံးတွင် ဗီတာမင်စီပါဝင်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။ သံပရာသီးတွင် ပိုတက်စီယမ်ပါဝင်သောကြောင့်  ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အာရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကို ထိန်းချုပ်ပေးနိုင်သည်။

အသားအရေကြည်လင်လန်းဆန်းစေနိုင်သည်
ဗီတာမင်စီသည် အရေပြားထဲရှိ ပရိုတင်းဓာတ်ထုတ်လုပ်မှုကို  ကူညီပေးသောကြောင့် နုပျိုသော အသားအရေအတွက် အထူးကောင်းသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ်  အသားအရေကို တစ်ခါပြန်တောက်ပလာစေပြီး ကျန်းမာလာစေသည်။ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးက သွေးကြောများထဲရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ အမည်းစက်များပေါ် လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။

7day daily

လယ်သမားတစ်ယောက်၏ ၉ လာကျော်ကြာ ပျောက်ဆုံးသွားတဲ့ iPhone က မိုင် ၇ ထောင်ကျော်ကနေ ပိုင်ရှင်ထံ ပြန်လည် ဆက်သွယ်လာခဲ့



iPhone တွေဟာ လက်ကနေ ပြုတ်ကျရင်တောင်မှ မတော်တဆအနေနဲ့ မှန်တွေကွဲကြခြင်းဖြစ်တက်ပါတယ်။ ဒါပေမယ့် ပေါင်၂ သိန်း ၈ သောင်းကျော် အလေးချိန်အောက်မှာ ရောက်နေခဲ့တဲ့ iPhone ကတော့ ကမ္ဘာတစ်ပတ်သွားခဲ့တယ်လို့ ဆိုရပါမယ်။

အိုကလာဟိုးမား ပြည်နယ်မှာနေပြီး Kevin Whitney အမည်ရတဲ့ လယ်သမားတစ်ယောက်ရဲ့ iPhone ဟာ သူရဲ့ မိုးစပါးသိုလှောင်မှုတွေ ပြုလုပ်နေရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ Kevin Whitney ရဲ့ အပြောအရတော့ " ကျွန်တော်ဖုန်းကို အိတ်ကပ်ထဲမှာ ထည့်ထားခဲ့တာပါ။ အိတ်ကပ်ထဲကနေ မျိုးစေ့သိုလှောင်တဲ့ အထဲကို ပြုတ်ကျခဲ့တယ် ထင်ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။

သူရဲ့ ပျောက်ဆုံးသွားတဲ့ ဖုန်းဟာ ၉ လကျော် ကြာမြင့်သွားခဲ့ပါတယ်။ ၉ လကျော် ကြာမြင့်ပြီးနောက်မှာတော့ အဲဒီ လယ်သမားရဲ့ iPhone ကနေ သူထံကို ဖုန်းဆက်သွယ်လာပါတယ်။ " ဒါဟာ Kevin Whitney လားခင်ဗျာ ၊ ခင်ဗျား ဖုန်းတွေဘာတွေ ပျောက်ဘူးသေးလား " ဆိုပြီး ဂျပန်နိုင်ငံရဲ့ ကာရှီမားမြို့ကနေ ဆက်သွယ်လာခြင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ စက်ရုံလုပ်သားတစ်ယောက်ဖြစ်တဲ့ သူတစ်ဦးက Whitney ရဲ့ ဖုန်းကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်းဟာ lock မလုပ်ထားတဲ့ အတွက် အထဲမှာရှိတဲ့ လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေကို ကြည့်ပြီး Whitney ရဲ့ ဖုန်းမှန်းသိလို့ ဖုန်းဆက်သွယ်လာခြင်းဖြစ်ပါတယ်။

အဲဒီဖုန်းဟာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ လယ်သမားကြီး Whitney ရဲ့ လက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ KFOR ဗီဒီယိုတစ်ခုရဲ့ အဆိုအရတော့ Whitney ရဲ့ ဖုန်းထဲမှာ အလွန်ကို အဖိုးထိုက်တန်တဲ့ သူသမီးရဲ့ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Whitney ကတော့ သူ့ရဲ့ ဖုန်းဟာ ဘာကြောင့် မပျက်ဆီးပဲ ရှိနေတာလဲဆိုတာ သေချာမသိပါဘူးလို့ ဆိုပေမယ့် ကျွမ်းကျင်သူများကတော့ ဖုန်းကို ကာဗာအဖြစ်အသုံးပြုထားတဲ့ case ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Ref : Mashable
==========================================
#YangonMediaGroup | #MZK

ခွပ်ဒေါင်းအလံကို ပါမောက္ခချုပ်ကိုယ်တိုင်မပေးအပ်လျှင် ပြင်းထန်သည့်ဆန္ဒပြပွဲများ ဒဂုံတ.က.သအဖွဲ့ ထပ်မံလုပ်ဆောင်သွားမည်


ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ခွပ်ဒေါင်းအလံနှင့် ဗီနိုင်း အားကျောင်းအာဏာပိုင်များက ဇူလိုင်၉ရက်နေ့ညပိုင်းက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအားအသိပေးအကြောင်းကြားခြင်းမရှိဘဲ တိတ်တဆိတ်ဖြုတ်ချသိမ်းဆည်းခဲ့မှုကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအသင်းမှာ ဇူလိုင်၁၀ရက်နေ့ နေ့လည်၂နာရီတွင် ဆန္ဒပြခဲ့ကြပြီး ပါမောက္ခချုပ်အနေဖြင့်ခွပ်ဒေါင်းအလံအားကိုယ်တိုင် မပေးအပ်လျှင် ပိုမိုပြင်းထန်သည့်ဆန္ဒပြပွဲများ ထပ်မံပြုလုပ်သွားမည်ဟုဒဂုံတ.ကသအဖွဲ့မှသိရသည်။
ဒဂုံတ.က.သအဖွဲ့အနေဖြင့် ခွပ်ဒေါင်းအလံသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီးဇူလိုင်၁၀ရက်နေ့ နေ့လည်၁နာရီတွင် အလံများ၊ဗီနိုင်းများသိမ်းဆည်းရန် လုံခြုံရေးများအားအမိန့်ပေးခဲ့သည့် ပါမောက္ခချုပ်ဒေါက်တာလှလှဌေးကိုတွေ့ဆုံပြီး ပါမောက္ခချုပ်တစ်ယောက်အနေဖြင့် ဒဂုံတ.က.သသို့တလေးတစားပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် ယင်းနေ့ နေ့လည်၂နာရီခန့်တွင် အဖွဲ့ဝင် ၃၅ဦးခန့်ဖြင့်ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ဆန္ဒပြခြင်းနှင့်ပတ်သက်ပြီး ဒဂုံတ.က.သဥက္ကဌက’’ဇူလိုင်၉ရက်နေ့ညပိုင်းမှာ ခွပ်ဒေါင်းအလံ၊ဗီနိုင်းတွေကိုတိတ်တဆိပ်ဖြုတ်ယူသွားခဲ့ကြတယ်။ ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့တွေ ပါမောက္ခချုပ်နဲ့တွေ့ပြီးတောင်းဆိုတယ်။ ဖြုတ်သွားတဲ့အလံကိုလုံခြုံရေးတွေကနေတစ်ဆင့်ပြန်ပေးပေမယ့် အခုက အမိန့်ပေးလုပ်ခိုင်းခဲ့တဲ့ ပါမောက္ခချုပ်ကတစ်ဆင့်ပြန်ပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမဲ့သူကတောင်းဆိုမှု ကိုငြင်းဆန်ခဲ့တယ်။ ဒါ့ကြောင့်ဒီထက်ပိုပြင်းထန်တဲ့ဆန္ဒပြတောင်းဆိုမှုတွေထပ်လုပ်သွားမယ်။ လာမယ့်အင်္ဂါနေ့ကို ဒီနေ့ထပ်များတဲ့ ကျောင်းသားတွေနဲ့ဆန္ဒပြသွားမယ်”ဟုပြောခဲ့သည်။
ဒဂုံတ.က.သရုံးခန်းကိုဒဂုံတက္ကသိုလ်နားနေဆောင်အမှတ်(၁)တွင်ဖွင့်လှစ်ထားရှိထားပြီး ခွပ်ဒေါင်းအလံ၊ဗီနိုင်းများကိုလုံခြုံရေးများကမသိမ်းဆည်းခင်က ဒဂုံတ.က.သအမှုဆောင်အချို့အားသက်ဆိုင်ရာမေဂျာဌာနမှူးများကခေါ်ယူတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ဒဂုံတ.က.သဥက္ကဌကပြောခဲ့သည်။

Yangon Media Group

ဖုန်းထဲ မဟုတ်တာထည့်ထားသူတွေသတိထား၊ Android ဖုန်းများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အပြီးသတ် ဖျက်ပေးနိုင်ခြင်း မရှိဟုဆို


Android တွင် default အနေဖြင့် ပါဝင်သည့် အချက်အလက် ဖျက်နိုင်သော tool များသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးနိုင်ခြင်း မရှိကြောင်း လုံခြုံရေးဆော့ဖ်ဝဲ ကုမ္ပဏီ Avast ၏ လေ့လာဆန်းစစ်မှု တစ်ရပ်အရ သိရသည်။

Android စမတ်ဖုန်း အဟောင်းများကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် လှူဒါန်းခြင်းတို့ ပြုလုပ်ရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးသည့် Android ၏ factory reset option ၏ ထိရောက်မှု မရှိခြင်းအပေါ် Avast က မေးခွန်းထုတ်ခဲ့သည်။

Windows, Mac နှင့် Android အတွက် နာမည်ကျော် လုံခြုံရေးဆော့ဖ်ဝဲများကို ထုတ်လုပ်ပေးသည့် Avast သည် eBay မှ Android စမတ်ဖုန်း အလုံး ၂၀ ကို ဝယ်ယူခဲ့ပြီးနောက် ၎င်းဖုန်းများတွင် အမျိုးသားများ၏ ဝတ်လစ်စလစ် selfie ဓာတ်ပုံ ၂၅၀ အပါအဝင် ဓာတ်ပုံ ၄၀,၀၀၀ ကျော်နှင့်အတူ email နှင့် text message ၇၅၀ နှင့် ဆက်သွယ်မှုနံပါတ် ၂၅၀ တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပြဿနာသည် Android သုံးစွဲသူများက စမတ်ဖုန်းပေါ်မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို factory reset ပြုလုပ်ပြီး ရှင်းလင်းသော်လည်း ၎င်း option သည် application layer ကိုသာ ရှင်းလင်းပေးခြင်းကြောင့် ဖြစ်ကြောင်း Avast မိုဘိုင်းဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဂျုဒ်မက်ခ်ကိုလ်ဂန်က ပြောကြားခဲ့သည်။

ထို့အပြင် Avast ၏ အစီရင်ခံစာ၌ ကုမ္ပဏီ၏ ကိုယ်ပိုင် Android security app တွင် ပါဝင်သော deletion tool သည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပစ်ရာတွင် Android ၏ reset option ထက် ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

Credit : Internet Journal


အားပေးမှုနဲ့ဝေဖန်မှု ပြိုင်တူရနေတဲ့ ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’



ထွက်ရှိပြီးရက်ပိုင်း အတွင်းမှာပင် ပရိသတ်အကြား ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိသွား ပြီး အားပေးမှုများရခဲ့သလို ဝေဖန် မှုများလည်း ရရှိနေသည့် ‘မျှော် လင့်ချက်တစ်စုံတစ်ရာ’သီချင်းကို နာမည်ကြီးရန်ရည်ရွယ်ရိုက်ကူး ခဲ့ခြင်းမဟုတ်ဘဲ ဒေါ်အောင်ဆန်း စုကြည်ကိုလေး စားသည့်စိတ်ဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု နီနီခင် ဇော်က ပြောသည်။

အနုပညာရှင်များ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက် မှတ်ရေးထိုးနေချိန်တွင် နီနီခင် ဇော်က လက်မှတ်ရေးထိုးရန် လေ့လာဦးမည်ဟု အင်တာဗျူး တစ်ခုတွင် ဖြေဆိုခဲ့ပြီး ‘‘မျှော်လင့် ချက်တစ်စုံတစ်ရာ’’ သီချင်းကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျနေစဉ်က အသွင် သဏ္ဌာန်အတိုင်း သရုပ်ဆောင်ခဲ့ သဖြင့် ဝေဖန်မှုများညံနေခြင်းဖြစ် သည်။

‘‘ပုဒ်မ ၄၃၆ ကိုလေ့လာမယ် ဆိုပြီးပြောခဲ့တာက နီနီမလုပ်ဘူး လို့ပြောတာမဟုတ်သလို လုပ် မယ်လို့လည်းပြောခဲ့တာမဟုတ် ပါဘူး။ နီနီအသက်ငယ်သေးတဲ့ အတွက် လူကြီးတွေရဲ့ စကား တွေနဲ့ ပုဒ်မတွေအတွက် အများ ကြီးလေ့လာရဦးမှာပါ။ အဲဒါကို ဆိုးကျိုးအနေနဲ့ ရေးသွားတာပါ။ နီက အဲဒီလိုဆိုးကျိုးအနေနဲ့ပြော ခဲ့တာမဟုတ်ပါဘူး’’ဟု အထက် ပါအကြောင်းအရာနှင့်ပတ်သက် ၍ နီနီခင်ဇော်က ပြန်ရှင်းသည်။

ယင်းဂီတဗီဒီယိုကို မာရီယို ဒီဗီဒီမထွက်ရှိမီကတည်းက ပရိ သတ်များအထူးစိတ်ဝင်စားခဲ့ပြီး ထွက်ရှိလာချိန်တွင်လည်း ပရိ သတ်များအထူးအားပေးခဲ့သည်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုတွင် မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းကို တင်ပေးခဲ့ရာ နာရီပိုင်း အတွင်း Like အရေအတွက်လေး ထောင်ကျော်ခဲ့ပြီး ဝေမျှသူသုံး ထောင်နီးပါးအထိရှိခဲ့သည်။

‘‘ပရိသတ်အားပေးမှုလည်း ပါတယ်။ နီနီကိုယ်တိုင်လည်း ကြိုက်တယ်။ ဒါရိုက်တာရဲ့ ကြိုး စားအားထုတ်မှုကြောင့် ပိုပြီး ကောင်းသွားခဲ့တာပါ’’ဟု ၎င်းက ပြောသည်။ ‘‘မျှော်လင့်ချက်တစ်စုံတစ်ရာ’’သီချင်းကို ဆောင်းဦးလှိုင်က ရေးသားပေးခဲ့ပြီး ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူး ပုံဖော်ခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်ကို ရည်ရွယ်ရေးသားသည် ဟု ပရိသတ်များက ခန့်မှန်းနေကြ သော ထိုသီချင်း၏ သီချင်းစာ သားအဓိပ္ပာယ်များကိုလည်း ပရိ သတ်များက ကြိုက်နှစ်သက် လျက်ရှိသည်။

7 Day Daily

ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့


လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော် ၀ါဆိုလပြည့် နေ့တွင် ဗုဒ္ခ မြတ်စွာ သည် မိဂဒါဝုဏ် တောတွင် (ပဉ္စ၀ဂ္ဂီ) ရဟန်း ၅ ပါး ကို ဓမ္မစင်္ကြာ တရားဦး ဟောခြင်းဖြင့် ဗုဒ္မ သာသနာတော်ကို စတင် ခဲ့ပါသည်။

ဓမ္မစင်္ကြာ တရားတော် ၌ သဘာဝ လောက တွင် မဖောက်မပြန် မပြောင်းမလွဲ အမြဲ တည်ရှိ နေသော သစ္စာ ၄ ပါးကို ဖော်ပြ ဟောကြား ခဲ့ပါသည်။

သဘာဝ လောက ၏ သစ္စာ ၄ပါး

ဒုက္ခ သစ္စာ = သတ္တ၀ါ တိုင်း ရုပ်နာမ် ဟူသမျှ မတည်မြဲ၊ အချိန်နှင့် အမျှ ဖောက်ပြန် ပျက်စီး၍ အိုခြင်း၊ နာခြင်း၊ သေခြင်း တရား များကို မလွန်ဆန် နိုင်ပဲ အို၊နာ၊သေ ဆင်းရဲ ဒုက္ခ ကို ရှောင်လွဲ မရ ဖြစ်ရခြင်း သည် လောက အမှန်တရား တခု။

သမုဒယ သစ္စာ = သတ္တ၀ါ တိုင်း မိမိကိုယ် (ရုပ်၊ နာမ် ခန္မာ) ကို မအိုချင်၊ နာမကျန်း မဖြစ်ချင်၊ မသေချင် ကြပဲ တပ်မက် စွဲလန်း တတ်ပြီး ထိုစွဲလန်း တပ်မက် မှုကြောင်း ဘ၀ တဖန် ဖြစ်ရခြင်း သည် အမှန်တရား တခု။

နိယောဓ သစ္စာ = ထို ရုပ်၊နာမ် ခန္ခာ ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း တရား ဒုက္ခ များ မှ လွတ်မြောက် ရာ သည် လည်း အမှန် ရှိသော အမှန်တရား တခု။

မဂ္ဂ သစ္စာ = ထို ရုပ်၊နာမ် ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း တရား ဒုက္ခ များ မှ လွတ်မြောက် ရန် တခုတည်း သော အကျင့်မှန် မဂ္ဂင် ၈ပါး တရားသည် သာ အမှန် ဖြစ်သော အမှန် တရားတခု။

ထို သစ္စာ တရား ၄ပါး ကို ဟောကြား ပြီး ဓမ္မစင်္ကြာ ဘီးကို ဗုဒ္မ မြတ်စွာ သည် စတင် လည်ပတ် ခဲ့ပါသည်။

ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်ကို သြ၀ါဒပါတိမောက် ဒေသနာတော်တွင် မြတ်ဗုဒ္ဓမှ အောက်ပါ
အတိုင်း အကျဉ်းချုပ် ဟောကြားခဲ့ပါသည်။
သဗ္ဗပါပဿ အကရဏံ - မကောင်းမှု ဒုစရိုက်တရားများကို ရှောင်ရန်။
ကုသလဿ ဥပသမ္ပဒံ - ကောင်းမှု သုစရိုက်တရားများကို ကျင့်သုံးရန်။
သစိတ္တပရိယောဒပနံ - မိမိတို့၏ စိတ်မနောကို ဖြူစင်စွာ ထားကြရန်။
ဧတံ ဗုဒ္ဓါန သာသနံ - ထိုသည်မှာ ဘုရားရှင် အဆူဆူတို့၏ အဆုံးမတော်ပင် ဖြစ်ပါသည်။

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇာ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန် ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော် “ပဉ္စ၀ဂ္ဂိယကထာ” အမည်ဖြင့် လာရှိပါသည်။ ပဋီသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တန၀ါရ”အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တနသုတ္တ”အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္က ပ၀တ္တန၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ “အစွန်း ၂ ခု”ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။ မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင် ဖြစ်သည်။

ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင် လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း၊ ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ဟူ၍ဖြစ်ပါသည်။

မြိတ်ပုလဲမြေ

မလေးရှားရောက်မြန်မာလုပ်သားများ လုံခြုံရေးဂရုပြုရန် မြန်မာသံရုံးထုတ်ပြန်



မလေးရှားနိုင်ငံတွင် သုံးရက်အတွင်း မြန်မာနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် မလေးရှားရောက်မြန်မာနိုင်ငံသားများအနေဖြင့် သတိပြုနေထိုင်သွားလာရန်နှင့် လုံခြုံရေးအထူးဂရုပြုရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ဇူလိုင် ၁၀ ရက်တွင် နှိုးဆော်ထားသည်။

ထို့အပြင် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူ တရားခံများအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



7Day Daily

သင့်ရဲ့ ဝှေးစေ့များကို အကန်ခံရပါက ဘာကြောင့် ဗိုက်နာရပါသလဲ



ဝှေးစေ့တွေဟာ အစာအိမ်ရယ် ကျောက်ကပ်တွေရယ် နဲ့ ကပ်ရက် ၀မ်းဗိုက်ပိုင်းမှာ သဘာဝအလျှောက် ဖြစ်တည်နေတာပါ။ ဝှေးစေ့ဟာ တွဲလောင်းကျနေပေမယ့်လည်း ယင်းအပိုင်းမှာ သွေးကြောတွေနဲ့ အာရုံကြောတွေ ဟာ တွဲဆက် ထားလျှက်ရှိပါတယ်။ဒါကြောင့် ယောကျာင်္းတစ်ယောက်ဟာ သူရဲ့ ဝှေးစေ့အကန်ခံရပြီဆိုပါက ဒါမှမဟုတ် လက်နဲ့  အညှစ်ခံရပြီဆိုပါက နာကျင်မှုဟာ ဝှေးစေ့ရဲ့ မူလအရင်းခံ အာရုံခံ နာဗ်ကြောတွေ ဖြစ်ကြတဲ့ သုတ်ပိုးအိမ် အာရုံခံ နာဗ်ကြောတွေ တွေကနေတဆင့် ဝှေးစေ့များကနေ ၀မ်းဗိုက်ခေါင်းထဲထိ တက်သွားပြီး ယင်း နာကျင်မှုဟာ ကျောရိုးထိ ဆက်ရောက်သွားပါတယ်။

လူတော်တော်များများဟာ အစာအိမ်နေရာတစ်ဝိုက် နာကျင်မှုအပြင် ပြင်းထန်တဲ့ ပျို့ အန်ချင်စိတ်ပါ ခံစားရနိုင်ပါတယ်။ ယင်းခံစားရမှုဟာ အလိုလျောက် လုပ်ဆောင်အာရုံကြောစနစ်မှ အာရုံခံမှုဆိုင်ရာ သတင်းအချက်အလက်များ ရုတ်တရက် အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှုကြောင့်ဖြစ်ပါတယ်။ ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် အလျင်အမြန်ထုတ်လွှတ်မှုကို ခန္ဓာကိုယ်အတွင်းမှ ခံစားနိုင်မှု အတိုင်းအတာက ယောကျာင်္းတစ်ယောက် ဝှေးစေ့ကို အကန်ခံရတဲ့အခါ ပျို့ အန်နိုင်သလား မပျို့  အန်နိုင်သလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အခြေခံအားဖြင့်ကတော့ ဝှေးစေ့ကို အကန်ခံရပါက ဝှေးစေ့များမှာ နာကျင်ခြင်း ၊ ၀မ်းဗိုက်ထဲမှာ နာကျင်ခံစားရခြင်း၊ မူးဝေခြင်းပျို့ တက်ခြင်းနဲ့  ပျို့ အန်ခြင်းများ ဖြစ်နိုင်ပါတယ်။

Ref:.todayifoundout.com


Credit: Trend Myanmar

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ လူဝတ်လဲရခြင်း အကြောင်း ကိုယ်တိုင်ဖွင့်ဟချက်)


သူတစ်ပါးကို မကြည်ညိုရင်
ကုသိုလ်မရရုံသာရှိမယ်။
ကိုယ့်ကိုယ်ကိုယ် မကြည်ညိုရင်
အပါယ်ကျတတ်တယ်။
အကြောင်းကား …
သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း
မိမိကိုယ်မိမိ လိမ်ညာ၍မရသောကြောင့်တည်း။

နှလုံးသားကလာတဲ့ ဒဿနပါ
ကိုယ်တိုင်မကျင့်ဘဲနဲ့
စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ်
ဒီလိုဒဿနမျိုး ထွက်မလာနိုင်ဘူးဆိုတာ
ပညာရှိသူတော်ကောင်းတိုင်း သိနိုင်ပါတယ်။
ယခု လူ့ဘဝရောက်တဲ့ထိ ကိုယ်ကိုယ်ကိုယ်
ကြည်ညိုလျက်ပါ။

ဓမ္မကထိကဘဝက ရောက်တဲ့အရပ်မှာ
ရတဲ့အလှူငွေတွေကို
ချက်ချင်းပြန်လှူခဲ့တာတွေကို
တကယ်လိုအပ်လို့ အလှူခံတဲ့
ရဟန်းရှင်လူတွေအသိပါ။

အောင်မြင်နေတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း
လှူခဲ့တဲ့အလှူငွေတွေကို ပြန်တွက်ကြည့်ရင်
သိန်းပေါင်းနှစ်သောင်းအထက်မှာရှိတာကြောင့်
တွေးကြည့်တိုင်း ပီတိဖြစ်ရပါတယ်။

ရဟန်းဘဝကရခဲ့တဲ့ ဝတ္ထုငွေကြေးတွေကို
လူ့ဘဝထိယူပြီး မသုံးသင့်ဘူးလို့ ယူဆတယ်။
ဒါကြောင့် လူဝတ်လဲချိန်မှာလည်း
ဘာမှမကျန်အောင် ခွဲဝေလှူဒါန်းပစ်တာပါ။ ကျောင်းကန်တွေကိုလည်း ဝိနည်းနဲ့အညီ
ဦးစီးအုပ်ချုပ်နိုင်တဲ့သံဃာတွေကို
လွှဲအပ်လှူဒါန်းခဲ့တယ်။

ရိပ်သာငါးခုမှာရှိတဲ့
အဆောက်အအုံကြီးကြီးတိုင်းဟာ
ဓမ္မပူဇာငွေအများစုနဲ့ ဆောက်လုပ်ခဲ့ရတာပါ။
တစ်ဦးတည်းအလှူရှင် မရှိခဲ့ပါဘူး။
သည်ကြားထဲက တရားဟောနားတဲ့အခါ
နွမ်းပါးသူများအတွက် ပညာရေးနဲ့ကျန်းမာရေးမှာ
ဆက်ထောက်ပံ့နိုင်အောင်
ဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာကို
အစိုးရဘဏ်မှာ အပ်ပေးထားပါတယ်။

မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူများကို
ယခုထက်မက လှူချင်၊ ကူညီချင်ပါတယ်။
ကျန်းမာရေးမကောင်းတဲ့အတွက်ရယ်၊
ဝိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊
အဲဒီကူညီချင်တဲ့ ရည်ရွယ်ချက်ကြီး
အောင်မြင်ဖို့အတွက်ရယ်ဟာ
လူဝတ်လဲရခြင်းရဲ့ အဓိကအကြောင်းတွေပါ။

နှစ်သုံးဆယ်ကျော် ကြိုးစားအားထုတ်ခဲ့ရတဲ့
ရဟန်းဘဝနဲ့ အောင်မြင်မှုတွေကို
စွန့်ရတဲ့အတွက် ကာယကံရှင်က
ဘေးကလူတွေထက် ပိုခံစားရပါတယ်။
အရင်းကအရမ်းများပါတယ်။
အရင်းများရင် အမြတ်များရတာဟာလည်း
သဘာဝပါ။
ရလာတဲ့အမြတ်ဟာလည်း
အများအကျိုးအတွက် အဓိကပါ။

ပုံမှန်အတိုင်း နေသွားမယ်ဆိုရင်
အောင်မြင်နေပါပြီ။ ပြည့်စုံနေပါပြီ။
ဒီအောင်မြင်မှုတွေ ပြည့်စုံမှုတွေကိုစွန့်ပြီး
သာမန်လူတစ်ယောက်အဖြစ်
ခံယူလိုက်ပြီဆိုကတည်းက
ကြီးမားတဲ့ရည်ရွယ်ချက်ကြီးတစ်ခုရှိနေပြီဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။

ဒီရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက်
အကူအညီပေးသူ လက်တွဲခေါ်သူများကိုလည်း
လက်ခံသင့်ရင် လက်ခံရမှာပါ။
ရည်ရွယ်ချက်ကြီး အောင်မြင်မှုလမ်းကြောင်းပေါ် စရောက်ပြီဆိုတာနဲ့
အားလုံးကို အသိပေးပါ့မယ်။
မာနချပြီး ရည်ရွယ်ချက်ကြီးကြီးထားဖို့
မင်းကွန်းတိပိဋကဆရာတော်က သြဝါဒပေး ဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်
သိပ်အောင်မြင်နေပြီလို့ထင်လာရင်
ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကို
မော့ကြည့်လိုက်
ကိုယ်ဘာမှမဟုတ်သေးဘူးဆိုတာ
သိလာလိမ့်မယ်တဲ့။
မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့
ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်သေးပါဘူး။

စာရေးတဲ့အဆင့်၊ လှူဒါန်းတဲ့အဆင့်တွေဟာ
ဘာမှ မပြောပလောက်သေးပါဘူး။
သူတစ်ပါးလှူတာ လက်ဖြန့်ခံပြီး
တစ်ဆင့်ပြန်လှူတဲ့
အဆင့်လောက်ပဲ ရှိတာပါ။

အချိန်ပေးပါ။
ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။

တစ်ချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ
အောင်မြင်မှုအသီးအပွင့်တွေ ပွေ့ပိုက်ပြီး၊
မြန်မာပြည်က နွမ်းပါးသူ ရဟန်းရှင်လူတွေ
ရင်ခွင်ထဲအရောက် ပြန်လာမယ်ဆိုတာ
နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။

ပရဝဇ္ဇာနု ပဿိဿ၊
နိစ္စံဥဇ္ဈာန သညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊
အာရာသော အာသဝက္ခယာ။ (ဓမ္မပဒ)

သူတစ်ပါးအပြစ်ကို အဖန်ဖန်မြင်တတ်ပြီး
အမြဲတမ်း သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချနေ သောသူသည်
အာသဝေါတရား(ကိလေသာများ) တိုးပွား၏။
အာသဝေါတရားကုန်ရာ နိဗ္ဗာန်မှဝေး၏။
(မရောက်နိုင်)။
သူတစ်ပါးမကောင်းကွက်ကိုရှာကြည့်လျှင်
အကုသိုလ်လည်းဖြစ်သည်
စိတ်လည်းဆင်းရဲသည်
အရုပ်လည်းဆိုးသည်
စီးပွားလည်းပျက်သည်
အပါယ်သို့လည်းကျသည်။

သူတစ်ပါး၏ကောင်းကွက်ကိုရှာကြည့်လျှင်
ကုသိုလ်လည်းဖြစ်သည်
စိတ်လည်းချမ်းသာသည်
ရုပ်လည်းလှသည်
စီးပွားလည်းတက်သည်
နိဗ္ဗာန်သို့လည်းရောက်သည်။

သူတစ်ပါး၏အပြစ်ကို
တွေးချိန်၊ ရေးချိန်၊ ပြောချိန်များသည်
အလကားရခြင်းမဟုတ်။
မိမိကုသိုလ်ရမည့်အချိန်များကို
အကုသိုလ်နှင့်လဲပေးရခြင်းဖြစ်သည်။

အင်တာနက်သည်လူ့ဘဝနှင့်တူသည်
လူ့ဘဝသည်ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။

ထို့အတူအင်တာနက်သည်လည်း
ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့၊
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။

*********
မေတ္တာရှင်(ရွှေပြည်သာ)


မေတ္တာရှင်ဆရာတော်ဦးဇဝနသည် ပြီးခဲ့သည့် ၂ဝ၁၃ခုနှစ်တွင် လည်ချောင်းနာသည့်ရောဂါကြောင့် ဆရာဝန်က အနားယူရန်ညွှန်ကြားထားသော်လည်း တရားပွဲများကို ဆက်လက်ဟော ကြားခဲ့သောကြောင့် ၂ဝ၁၄ခုနှစ်ထဲတွင် အခြေအနေဆိုးကာ လည်ချောင်းမှသွေးပါခဲ့သည်အထိဖြစ်ခဲ့ကြောင်း ဆရာတော်၏ကပ္ပိယကျောင်းသားဦးစိုးတင့်က ရန်ကုန်တိုင်းမ်သို့ပြောသည်။

ယခု အခါ တရားပွဲများကိုဖျက်သိမ်းပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ အမေရိကန်စသော နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်အနားယူရာ ရုတ်တရက် ချော်လဲပြီး ခါးရိုးအက်သွားသောကြောင့် ဒကာ၊ ဒကာမများ၏ ကာလရှည်ပြုစုမှုကိုခံယူရမည်ဖြစ်သည်။

ထို့ကြောင့် ရဟန်းတော်ဝိနည်းနှင့်အညီဖြစ်စေရန် လူဝတ်လဲလိုက်ခြင်းဖြစ်ကြောင်း ဦးစိုးတင့်က ရှင်းပြသည်။ ဆရာတော်၏ကိုယ်တိုင်ဖွင့်ဟဝန်ခံချက်ကိုလည်း ၄င်း ထံမှ ခွင့်ပြုချက်ရယူကာ မိမိတို့ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပေးထားပါသည်။

Yangon Times

နှစ် ၇၀ ကြာ အစာမစား၊ရေမသောက်ဘဲ အသက်ရှင်ခဲ့တယ်လို့ ဆိုတဲ့ အိန္ဒိယအဖိုးအို


အစားအစာနဲ့ ရေဆိုတာ အသက်ဇီဝအတွက် အခြေခံလိုအပ်ချက်တစ်ရပ်လို့ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် အသက် ၈၂ နှစ်အရွယ် Prahlad Jani ဆိုသူ အိန္ဒိယတိုင်းရင်းသားအဖိုးအိုဟာ ဒီ လက်ခံယူဆထားချက်ကို မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။ အဖိုးအိုဟာ သူ့ ဘ၀ရဲ့ နှစ် ၇၀ လုံး အစာမစား၊ရေမသောက်ဘဲ အသက်ရှင်ခဲ့တယ်လို့ ဆိုခဲ့တာပါ။

သူဟာ အသက် ၇ နှစ်အရွယ်မှာ အိမ်ကို စွန့် ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်မှာ သူတော်စင် တစ်ယောက် အဖြစ်နဲ့ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖိုးအိုဟာ နတ်ဘုရားမတစ်ပါးက သူ့ ရဲ့ ခံတွင်းထဲ ကို နတ်သက်ရှည်ဆေး လောင်းချခဲ့ပြီး သူ့ ကို မစခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဒီအဖိုးအို ဟာ နာမ်ဝိဥာဉ်သက်သက် နေထိုင်နိုင်တဲ့ အာဟာရသိဒ္ဓိပြီးတဲ့လူတစ်ယောက်အဖြစ် ပြည်သူတွေက မှတ်ယူနေကြပါတယ်။ ဒီအဖိုးအိုရဲ့ ပြောကြားချက်ကို သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်တယ်လို့ ပြောကြားတဲ့ လူတွေကို အထူးပြုလေ့လာမှုပြုလုပ်နေတဲ့ အိန္ဒိယဆရာဝန်တစ်ဦးက ထောက်ခံချက်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တစ်ချို့ လူတွေကတော့ သူ့ ကို လူလိမ် တစ်ယောက်အဖြစ် ပစ်ပယ်ထားခဲ့ကြပါတယ်။

Mr.Prahlad ကို Ahemdabad မှာ ရှိတဲ့ ဆေးရုံတစ်ရုံမှာ သီးခြားခွဲထားခဲ့ပြီး အိန္ဒိယကာကွယ်ရေးသုတေသနပြု အဖွဲ့ အစည်းက အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီအဖွဲ့ အစည်းဟာ ဒရုန်းလေယာဉ်တွေ၊ ကုန်းတွင်းပစ် ဒုံးကျည်တွေနဲ့ ဗုံးအမျိုးအစားအသစ်တွေကို ထုတ်လုပ်နေတဲ့ အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ ရဲ့ သိပ္ပံပညာရှင်တွေဟာ စစ်သားတွေကို စားနပ်ရိက္ခာမရှိဘဲ အချိန်ကြာအသက်ရှင်နေနိုင်ဖို့  ကူညီလမ်းပြပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပြီး သဘာဝဘေးသင့်ဒုက္ခသည်တွေအတွက်လည်း အကူအညီ ရောက်မလာခင် ကြံ့ကြံ့ခံနိုင်ဖို့ သင်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဇီဝကမ္မဗေဒ နှင့် ပေါင်းစပ်သိပ္ပံပညာ ကာကွယ်ရေးဌာနအဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါက်တာ G Ilavazhagan က တကယ်လို့ သာ ဒီအဖိုးအိုရဲ့ ပြောကြားချက်တွေကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဆေးသိပ္ပံပညာသမိုင်း မှာ အကြီးဆုံးအောင်မြင်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး လူတွေကို အသက်ကြာကြာနေထိုင်ဖို့ လမ်းပြနိုင်မှာဖြစ်တယ် ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Mr.Prahlad ကို လေ့လာနေစဉ်အတွင်းမှာတော့  သူဟာ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ခြောက်ရက်ဆက်တိုက် ဘာမှမစားခဲ့သလို၊ ဘာအရည်ကိုမှလည်း သောက်သုံးခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် Mr.Prahlad ဟာ အဲဒီ့အချိန် အတွင်းမှာ ဆီးဝမ်းသွားခြင်းလည်း မရှိခဲ့သလို မောပန်းနွမ်းနယ်အားပြတ်တဲ့ အရိပ်အယောင်တွေလည်း မရှိခဲ့တာကို အံ့သြဖွယ်ရာတွေ့ မြင်ရပါတယ်။



သူ့ ကို ၂၀၀၃ ခုနှစ်က မေးမြန်းစမ်းသပ်ခဲ့တဲ့ ဒေါက်တာ Sudhir Shah အရ Mr.Prahlad ဟာ အစာရေစာ မရှိဘဲနဲ့ ဆယ်ရက်ကြာနေထိုင်ခဲ့ပြီးနောက် ဆီးအိမ်အတွင်း ဖြစ်လာတဲ့ ဆီးတွေကို သူ့ ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်စုပ်ယူသွားပုံရတယ်လို့ ဆိုပါတယ်။ ဆယ်ရက်နောက်ဆုံးမှာ သူ့ ရဲ့ ကိုယ်အလေးချိန်သာ အနည်းငယ်လျော့ကျခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဂျိန်းနဲ့ ဟိန္ဒူဘာသာဝင်တွေ ဘာသာရေးကိုးကွယ်မှုတစ်ခုအဖြစ် ရှစ်ရက်ကြာ အစာမစားဘဲ ဥပုသ်စောင့်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ သိပ္ပံနည်းကျအချက်တွေအရတော့ လူအများစုဟာ ရက် ၅၀ ကြာ အစာမစားဘဲ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အရှည်ကြာဆုံး အစာငတ်ခံဆန္ဒပြမှု တစ်ခုဟာလည်း ၇၄ ရက်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

Ref: u-facts.com

World Myanmar News (www.world-myanmar.com)

Credit: Trend Myanmar

ပြောလည်းမသိ၊ ထိလည်းမနာ ဝန်ဆောင်မှုမပါတဲ့ ခေါင်းပုံဖြတ်ကမ္ဘာ



အပြောင်းအလဲတချို့ အလျင်အမြန် ဖြစ်ပေါ်နေသော မြန်မာ့မြို့ပြအသိုင်းအဝိုင်းကြားထဲ တွင်ကျယ်စွာကြားလာရသော စကားတစ်ခုမှာ အများပြည်သူ သယ်ယူ ပို့ ဆောင်ရေးကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲသင့်ပြီဆိုခြင်းပင် ဖြစ်သည်။

လူသန်းနှင့်ချီကာ နိစ္စဓူဝအသုံးပြု နေရသော စုတ်ပြတ်နုံချာလှသည့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သည် မြို့နေလူတန်းစားတို့၏ လူ့ဂုဏ်သိက္ခာကိုပင် ထိ ခိုက်စေသည်ဟု ပညာရှင်များက ဝေဖန်နေကြသည့်တိုင် ဝန်ဆောင်မှုက တိုးကောင်းမလာသေး။ သို့သော် ဝန်ဆောင်ခကိုမူ တိုးယူရန် ယာဉ်လိုင်းများက ပြင်ဆင်လာနေကြ ပြီကို တွေ့နေ ရသည်။ ဗန္ဓုလ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးမျိုးမြင့်က အဓိပတိယာဉ် (အဖြူ) ၃၅ စီးအား ယာဉ်စီးခ ကျပ် ၃ဝဝ တောင်းခံရန် ဇွန် ၁၆ က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့သည်။

မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ”ကျွန်တော်တို့ကစီအန်ဂျီမရဘဲ ဒီဇယ်ဆီ နဲ့ ပြေးနေရတော့ ဘယ်လိုမှမကိုက်ဘူး။ တစ်နေ့ကို စီအန်ဂျီနဲ့ဆိုရင် တစ်သောင်းခွဲ၊ ဒီဇယ်ဆီနဲ့ က လေးသောင်းခွဲကုန်ကျတယ်၊ အဲဒီအတွက် ကျပ် ၃ဝဝ ကောက်ခံဖို့ တင်ပြခဲ့တာပါ”ဟုပြောသည်။ ၎င်းတို့ပြေးဆွဲသော ယာဉ်တစ်စီး၏တန်ဖိုးမှာဝယ်ယူခဲ့စဉ်က ကျပ် ၄၂၆ သိန်း ရှိခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနမှ စီအန်ဂျီ မရ ရှိခဲ့ခြင်းကြောင့် အခက်အခဲဖြစ်ခဲ့ကြောင်း၊ ယင်းယာဉ်စီးခနှုန်းထားအတိုင်း ပြေးဆွဲမည်ဆိုပါက ယာဉ်ကြောကျပ်လာ သည်နှ င့်အမျှ ယာဉ်ပျက်စီးမှုများခြင်း၊ ယာဉ်ပြင် ဆင်စရိတ်များလာခြင်း စသည်တို့ကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း ယင်းကဆက်ပြောသည်။

ပြည်တွင်းရေကြောင်းသင်္ဘောများ၊ ရထားစီးနင်းခနှုန်းထားများ စသည်တို့ပင်လျှင် အဆင့်ဆင့်တိုးမြှင့်ကောက်ခံနေကြသည့်အလျောက် ဘတ်စ်ယာဉ်စီးခနှုန်း ထားများကို လည်း သင့်တင့်မျှတသည့်နှုန်းထားများဖြစ်စေလိုကြောင်း ယာဉ်ပိုင်ရှင်များက သုံးသပ်ကြသည်။ စပါယ်ယာများနှင့် ယာဉ်ပိုင်ရှင်တို့ လိုလားသည့် ယာဉ်စီးခနှုန်းထားများမှာ ကျပ် ၅ဝ ဖြင့် ပိုင်းဖြတ်သောခရီးစဉ်နှစ်ပိုင်း ကို ကျပ်၁ဝဝ နှုန်းထားဖြင့် ကောက်ခံရန်ဖြစ်ကြောင်း၊ ယာဉ်လုပ်သားစရိတ်၊ ယာဉ်ပြင်ဆင်စရိတ်တို့မှာ ခရီးသည် ပို့ဆောင် ရေး လုပ်ငန်းများကို တိုးချဲ့ရန်ခက်ခဲလာရသည့် အကြောင်းအရာတစ်ခုဖြစ်သည်ဟု ၎င်းတို့က သုံးသပ်ပြောဆိုသည်။

”အခုခေတ် လမ်းဘေးကအိမ်သာတက်ရင်တောင် ကျပ် ၅ဝ နဲ့ မရတော့တဲ့ ခေတ်မှာ သိန်းချီပြီးရင်းထားတဲ့ ဘတ်စ်ကားခကကျပ် ၅ဝ ဆိုတာက မဖြစ်သင့် တော့ဘူး”ဟု မထသ (၃၁)ယာဉ်ပိုင်ရှင်ဦးကိုကိုနိုင်က ပြောသည်။ ခရီးသည်တင်ယာဉ်ဟောင်းတစ်စီး ဝယ်ယူလျှင်အနည်းဆုံး ကျပ်သိန်း၂ဝဝ ရှိပြီး ယာဉ်သစ်တစ်စီးဆိုပါက သိန်း ၄ဝဝ ကျော်ရှိကြောင်း၊ ထိုသို့ ရင်းနှီးမြုပ်နှံမှုများသောယာဉ်များအတွက် ခရီးစဉ်တစ်ပိုင်းလျှင် ယာဉ်စီးခ ကျပ် ၅ဝ သတ်မှတ်ကောက် ခံစေခြင်း မှာ ခေတ်နှင့် မလျော် ညီ တော့ကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။ ကုန်ဈေးနှုန်း၊ ခေတ်စနစ်စသော စကားလုံး အကာအရံအတားအဆီးတို့ဖြင့် ယာဉ်စီးခကို တရားဝင် တိုးတောင်းရန် ကြိုးစား မှုမရှိစဉ်ကပင် ခရီးသည်တင်ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားများသည် ယာဉ်အကူ(စပါယ်ယာ)တို့ ပါးစပ်ထဲတွင်ပင် ခေတ်စနစ်နှင့် အညီပြောင်းလဲနေခဲ့ပြီ ဖြစ်သည်ကို အထင်အရှား တွေ့နေရပြီ ဖြစ်သည်။။

”၅ဝ(ကျပ်)နဲ့မရတော့ဘူးဗျ။ ဟိုနား ဒီနားသွားရင် ၁ဝဝ(ကျပ်)ပေး၊ မစီးချင်ရင် နောက်ကားပြောင်းစီးလိုက်”ဟူသော ခပ်ရင့်ရင့်စကားသံတို့က ရိုးရိုးယာဉ်လိုင်းစီး ခရီးသည် တို့ကို အေးဓားပြတိုက်သလို ယာဉ်စီးခတောင်းခံနေသော စပါယ်ယာအများစု၏ အသံဖြစ်နေသည်မှာ ကာလပင် အတန်ကြာနေပြီဟု ခရီးသည်တို့က ဆိုကြသည်။

အထည်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဝေက ”အန်တီက ငါသွားနေကျ ငါးဆယ်ပဲ၊ ငါးဆယ် ပိုမပေးနိုင်ဘူးဆိုတော့ သူက ဒါဆို အန်တီက ငါးဆယ်ခိုးစီးနေကျ သူခိုးပဲလို့ပြော တယ်။ အန်တီလည်း စိတ်တိုပြီးတော့ ပြန်ပြောရာကနေတစ်ယောက် တစ်ခွန်းစကားများပြီး အဲ့ဒီကောင်က ကားပေါ်က အတင်းဆင်းခိုင်းတယ်။ အန်တီကိုလည်း နောက် တစ်ခါ သူ့ကားပေါ်တက်လာရင်မှတ်မိအောင်ဆိုပြီး ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်တယ်”ဟု ပြောသည်။

၎င်းအပြင် ကားကိုလမ်းဘေးသို့ ထိုးရပ်ပြီး ဒေါ်မြင့်မြင့်ဝေအား ကားမှတ်တိုင် မဟုတ်သည့်နေရာတွင် မောင်းချခဲ့ကြောင်း၊ ယင်းကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူအား အရေးယူပေးရန် သက်ဆိုင်ရာမေတ္တာလှိုင်းအမှတ်(၁)ကားဂိတ် သို့ တိုင်ကြားခဲ့ကြောင်းဆိုသည်။ ဒေါ်မြင့်မြင့်ဝေက ”အဲဒီတော့မှ သက်ဆိုင်ရာကလူကြီးတွေ လာပြီး ပြေ ရာပြေကြောင်း တောင်းပန်ကြတယ်။ လူတွေအများကြီးရှေ့မှာကွဲခဲ့ရတဲ့ အရှက်တရားအတွက် နောက်ထပ် အန်တီ့လိုပဲ ခရီးသည်တွေ အရှက်တကွဲအ ကျိုး နည်းဖြစ်ပြီး သူ တို့စော်ကားမခံရဖို့ အန်တီကတော့ လာရှိခိုးတောင်းပန်လည်း ခွင့်မလွှတ်နိုင်ဘူး။ သက်ဆိုင်ရာကပဲစ ကားပြောမယ် လို့ ပြောလိုက် တယ်”ဟုယင်းဖြစ်ရပ် ကို ပြန် ပြောပြ သည်။

ထိုကဲ့သို့သော ဖြစ်စဉ်များမှာ ယာဉ်လုပ်သားများနှင့် ခရီးသွားပြည်သူများကြားတွင် နိစ္စဓူဝတွေ့ကြုံ နေရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ယာဉ်စီးခနှုန်းထား ထက်ကျပ် ၅ဝ၊ ၁ဝဝ ပိုမိုတောင်းခံခြင်း၊ ယာဉ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အရှိန်ပြင်းမောင်းနှင်ခြင်း စသည်တို့ဖြင့် ခရီးသွားပြည်သူများအပေါ် ဝန်ဆောင်မှုပေးခြင်း ဆို သည် ကား သွေဖည်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။


၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ခရီးသည်ထံမှ တိုင်ကြားမှု ၄၇၅ မှုရှိခဲ့ပြီး ယင်းအနက် ယာဉ်စီးခပိုမိုတောင်းခံမှု ၂၆၂ မှု ရှိခဲ့ကြောင်း မထသ(ဗဟို)မှထုတ် ပြန်ချက် အရ သိရသည်။ ၎င်းထုတ်ပြန်ချက်ကိုကြည့်ခြင်းအားဖြင့် ယာဉ်စီးခပိုမို တောင်းခံမှုမှာ ထက်ဝက်ကျော်ရှိသည်ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။

ဆိုရလျှင် ယာဉ်စီးခပိုမိုတောင်းခံခြင်းကို ယာဉ်နောက်လိုက်များက သူတို့ ၏ တရားဝင်သတ်မှတ်ထားသော အခွင့်အရေးသဖွယ် အသုံးချနေကြခြင်းပင် ဖြစ် သည်။ သို့သော် ယာဉ်လိုင်းပိုင်ရှင်အချို့ကမူ ယင်းကို အပြစ်တစ်ခုဟုမမြင်။ စပါယ်ယာများ ယာဉ်စီးခပိုမိုတောင်းခံခြင်းသည် ခေတ်၏ တောင်းဆိုမှုအရပင် ဖြစ်သည် ဟုဆိုကာ ယာဉ်စီးခ တိုးမြှင့်ရန် ယင်းတို့၏အသံကို စာမျက်နှာများထက်တွင်ကျယ် လောင်စွာပြောဆိုနေကြသည်ကို တွေ့ ရသည်။

မထသ(၃၁) ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ”စပါယ်ယာတွေ ယာဉ်စီးခ ပိုတောင်းတယ်ဆိုတာကခေတ်နှင့် မလျော်ညီတော့လို့ ပိုတောင်းတယ်လို့ယူဆတယ်။ အခုလို တိုင်ကြားမှုတွေအရ ပြစ်မှုကျူးလွန်တာတွေ များလာပြီဆိုရင် အဲဒါဘောင် မဝင်တော့လို့ပဲ”ဟုဆိုသည်။ သို့သော် သူတို့ သတိမထားမိသည် က သယ်ယူ ပို့ဆောင်ရေးသည် ဝန်ဆောင် မှုလုပ်ငန်းဖြစ်သည်ဆိုသည်ပင်။ ဝန်ဆောင်ခကို တိုးမြှင့်ကောက်ယူရန် ကြံစည်နေကြ၊ အလိုရှိနေကြငြား သူတို့၏ ဝန်ဆောင်မှုသည် မည်သည့်အ ဆင့်အ တန်း တွင် ရှိနေ သည်ကို ပြန်လည်စောကြောကြည့်ရန်ပင် သူတို့ စိတ်ကူးမိဟန်မတူ။

ထိုသို့ ယာဉ်လိုင်းများက ခေတ်စနစ် နှင့်အညီ ယာဉ်စီးခကိုတိုးယူရန် ကြံစည် နေကြ ၊ တရားဝင်မဟုတ်သော ငွေငါးဆယ်၊ တစ်ရာကို အေးဓားပြတိုက်နေကြသော်လည်း ယင်းတို့၏ ဝန်ဆောင်မှုမှာမူ ယခုအချိန်အထိ အကောင်းဘက်က မည်သို့မျှမှတ်ချက်ပေးမရသေးသည့် အခြေအနေတွင်ပင် ရှိနေသေးသည်ကို တွေ့နေရတုန်းပင်။

”ကားခေါင်းခန်းကစီးရင် အနည်းဆုံး ၅ဝဝ ပေးရတယ်၊ နောက်ကထိုင်ခုံ တွေကျတော့လည်း ထိုင်ရတာ ဒူးတောင်မလွတ်ဘူး။ မစီးမဖြစ် နေ့တိုင်းဘတ်စ်ကား ပဲစီးနေ ရတော့ စပါယ်ယာတွေရဲ့ အပြောအဆိုကင်းအောင် ကားခေါင်းခန်းကစီး ဖြစ်တာများတယ်။ ဘာဝန်ဆောင်မှုမှမပြောနဲ့၊ လိုင်းကားစီးရင် စိတ်ဒုက္ခပဲရတာ”ဟု မရမ်း ကုန်းမြို့ နယ်မှ ဘွဲ့လွန်ပညာသင်ကြားနေသည့် မကေကေက ဆိုသည်။

အထူးကားဟု မည်သို့ပင်ဆိုစေကာမူ ထိုင်ခုံများက ခရီးသည်များကို စိတ်ကျဉ်းကျပ်မှုအား အဆုံးစွန်ထိ ခံစားရစေရန် အထူးဒီဇိုင်းဆွဲထားသော ထိုင်ခုံများ တပ်ဆင် ထားသည်။၂ဝဝ ပေးပြီး နောက်ခုံများတွင် မထိုင်လိုသောသူများအတွက် အထူးတကာ့အထူး ထိုင်ခုံများလည်း ဘတ်စ်ကားပေါ်တွင် ပါရှိပါသည်။သို့သော် သင် သည် ယော က်ျားသားဖြစ်နေလျှင်တော့ ထိုကိစ္စကို မေ့ထားနိုင်လျှင် အကောင်းဆုံးပင်ဖြစ်မည်။ သို့မဟုတ်လျှင် သင်သည် အလိုက်ကန်းဆိုး မသိ တတ်သူအဖြစ် ဘတ်စ် ကား ကိုယ်တော်များ၏ ရွှေစိတ်တော်ငြိုငြင်မှုကို ခံယူရပေလိမ့်မည်။ ဤသည်ကလည်း ဘတ်စ်ကားဆရာတို့၏ ပညာခန်းတစ်ကွက်ပင် ဖြစ်သည်ဟု မှတ်သားလိုက မှတ် သားနိုင်ပါသည်။

ထို့ပြင်တဝ သင်ထပ်မှတ်သားလိုပါက ဘတ်စ်ကားပေါ်က ဟိုကပ်ဒီကပ်စာသားများသည် ဘတ်စ်ကိုယ်တော်များနှင့် လားလားမျှ မသက်ဆိုင်ဆိုခြင်းပင်။ ဘတ်စ် ယာဉ် လိုင်းများပေါ်တွင် ခရီးသည်များအပေါ် အပြုံးဖြင့်ဝန်ဆောင်မှုပေးပါ၊ အချင်းအချင်းရိုင်းပင်းကူညီပါ၊ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ၊ မင်္ဂလာပါ၊ ဆေးလိပ်မသောက်ရ စသည့် စတစ်ကာများဖြင့် ကပ်ထားသောစာတန်းများသည် အမှန်တကယ်ပင် ၎င်းအတိုင်း လိုက်နာကျင့်သုံးမှု မရှိသေးသည်ကို တွေ့ရှိရပေသည်။

ကမ္ဘာ့နာမည်ကျော် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲလို အများသူငါ သွားလာနေသော လမ်းများတွင် ဘတ်စ်ကားချင်းပြိုင်မောင်းမည်၊ ကားပေါ်ကို ခရီး သည်တွေ ဆွဲတင် မည်။ ကားပေါ်ကနေ တွန်းချမည်၊ မှတ်တိုင်တွင် ရပ်ချင်မှ ရပ်မည်။ ဆိုရသော် စည်းကမ်းမဲ့ခြင်းကို ရှက်စရာကောင်းမှန်း သူတို့မသိကြတော့။အင်းစိန်မြို့နယ်မှ အလှကုန် အရောင်းဝန်ထမ်း မမျိုးသူက ”စပါယ်ယာ အများစုကတော့ စကားပြောမိုက်ရိုင်းကြတယ်။ အရက်နံ့ ကွမ်းနံ့ကလည်း နံဟောင် နေတာပဲ။ ယာဉ်မောင်းတွေ ဆိုရင် ဆေးလိ ပ်ကလည်းသောက်သေးတယ်”ဟု သူမ ၏ နေ့စဉ်ကြုံတွေ့နေရမှုအား ဆိုသည်။

ထို့အတူ ယာဉ်စီးခနှုန်းထားများကို ည ၇ နာရီကျော်သည်နှင့် သတ်မှတ်နှုန်းထားထက် နှစ်ဆတိုး ကောက်မှုများရှိသည်ကို မပြောလိုသော်လည်းနေ့စဉ် ရုံး တက်ရုံး ဆင်းချိန် များတွင် ယာဉ်စီးခတိုး မြှင့်ကောက်ခံမှု မရှိသင့်ကြောင်း မမျိုးသူက ထပ်လောင်းပြောသည်။ ”ပိုက်ဆံပိုပေးရတာက ဘာမှမဟုတ်ပေမယ့် အဲဒီပိုက်ဆံနဲ့တန်တဲ့ဝန်ဆောင်မှု မျိုးတော့ ရသင့်တယ်လို့ထင်ပါတယ်” ဟု သူမက ပြောသည်။

ယာဉ်စီးခနှုန်းထားများကို ယနေ့ချိန်ထိ တိုးမြှင့်ကောက်ခံရန်တင်ပြမှုမျိုးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ခံဆောင်ရွက်ပေးမှုမရှိသေးကြောင်း၊ သို့သော် ခရီးစဉ် ဆစ်ပိုင်းပိုင်းဖြတ်မှုပေါ် ငွေကျပ် ၁ဝဝ နှုန်းထားသတ်မှတ်ပေးရန် တင်ပြမှုအပေါ် မထသ(ဗဟို)အပါအဝင် သက်ဆိုင်ရာဌာနများကစိစစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ကခွင့်ပြုချက် ပေးမှုများရှိကြောင်း သိရသည်။

မထသ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က ”အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားအတိုင်း သဘောတူညီလို့ သူတို့လက်ခံပြေးဆွဲခဲ့တာပဲလေ။ စပါယ် ယာတွေကို ယာဉ်ပြေးဆွဲခွင့်ကိုအချက် ၁ဝ နဲ့ညီမှပေးတာပါ။ အခုဖြစ်စဉ်တွေကိုကြည့်ရင် ဘော်ဒါစပါယ်ယာတွေများပါတယ်။ အဲဒါကို ထိန်းသိမ်းကြပ် မတ်မှုလုပ် နေပါ တယ်”ဟုပြော သည်။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် ၁၄ နှစ်ကြာ ကုမ္ပဏီအနေဖြင့် ရပ်တည်လာခဲ့သည့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ မန်နေးဂျင်းဒါရိုက်တာဦးမျိုးမြင့်က ”လမ်းပေါ်မှာ ရိုက်ပွဲတွေဖြစ်နေတာ၊ ခရီးသည်တွေ လုတင်နေတာ။ အဲဒါကြောင့် ပိုက်ဆံပေးတဲ့ စနစ်အစား i Pay ကတ်စနစ်ကို စလုပ်ခဲ့တာ၊ ၅ဝ ရာခိုင်နှုန်းလော က် ပဲ အောင်မြင်သေးတယ်” ဟု ပြောသည်။

အဆိုပါယာဉ်လိုင်းမှ ယာဉ်လုပ်သားများအနေဖြင့် ယာဉ်မတော်တဆမှု လုံးဝမဖြစ်စေရေး၊ စည်းကမ်းဟူသမျှလိုက်နာရေး၊ ခရီးသည်များနှင့် ယာဉ်လိုင်းများအ ချင်းချင်း အပေါ်တွင် ဆက်ဆံရေးကောင်း မွန်စေရေးနှင့် ပြိုင်မောင်းနှင်မှု မရှိစေရေးတို့ကို နေ့စဉ်သင်ကြားပေးကြောင်း သိရသည်။၎င်းနှင့်ပတ်သက်၍ ကြည့်မြင်တိုင် မြို့နယ်မှ NGo ဝန်ထမ်းတစ်ဦးဖြစ်သူက ”ယာဉ်လိုင်းအချင်းချင်းရိုက်ကြပြန်ပြီလို့ ကြားရင် ပါရမီ/အဓိပတိက သူတွေပဲ၊ တကယ်လည်း ဟုတ်တယ်ဗျ၊ သူတို့ ကားအချင်းချင်း ပြိုင်မောင်း ချင်တော့ ခရီးသည်ကို တွန်းချ၊ ဆွဲတင်လုပ်ကြတယ်။ခရီးသည်က မှတ်တိုင်ပါရင်တောင် ခင်ဗျားတို့က ပါးစပ်မပါဘူးလား ကြိုအော်ထားတာပဲလေ၊ နောက်မှတ်တိုင်မှပဲ ဆင်းတော့တဲ့”ဟုနေ့စဉ်ကြုံတွေ့ရသည်များကို ပြန်ပြောပြသည်။

နိုင်ငံတကာတွင် ကတ်စနစ်ထားရှိ သောကြောင့် စပါယ်ယာနှင့်ဆက်ဆံရန် မလိုတော့ဘဲ လိုရာခရီးကိုအဆင်ပြေချော မွေ့စွာရောက်ရှိကြောင်း၊ ကုမ္ပဏီအနေ ဖြင့် ပို့ေ ဆာင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်သည့်စနစ်တစ်ခုဖြစ်ကြောင်း အငြိမ်းစားသံအမတ်တစ်ဦးက နိုင်ငံတကာ၌ လေ့လာတွေ့ရှိချက်များကို သုံး သ ပ်ပြောသည်။

G 2000 ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးမျိုးဝင်းက ”ယာဉ်စီးခကို အနည်းဆုံး ၁ဝဝ သတ်မှတ်ပြီးပြေးဆွဲရင် ဝန်ဆောင်မှုကိုလည်း ကောင်းကောင်းပေးနိုင်မှာပါ”ဟု ဆိုထားသ ည်။ သို့သော် ယခုလို ဝန်ဆောင်ခတိုးမြှင့် ကောက်ခံရန် ကြံစည်မှုသည် ပထမဆုံးအကြိမ်မဟုတ်သည်ကို သူသတိမူမိဟန်မတူ။

တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က မြန်မာနိုင်ငံတွင်ယာဉ်လိုင်းများအနေဖြင့် စီးပွားရေးကိုဦးတည်ကြပြီး ဝန်ဆောင်မှုကို နောက်တွင်ချန်ထားကြောင်း၊ မထသ အား ယာဉ် လိုင်းများကို စီမံခန့်ခွဲနိုင် ရန်နေရာပေးထားသော်လည်း ပြည်သူအကျိုးပြု ခရီးသွားလုပ်ငန်းကိုမလုပ်ဆောင် နိုင်ကြောင်း၊ နိုင်ငံတကာတွင် အစိုးရက နေရာပေး ထား သည့် အဖွဲ့အစည်းများအနေဖြင့် အခကြေးငွေသက်သာပြီး မျှတသောဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ကြောင်း ဆိုသည်။

”ကျွန်တော်တို့ဆီမှာ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ပြည်သူအကျိုးကြည့်တာ နည်းပါးတယ်”ဟု သူက ဆိုသည်။ ”ဘယ်နေရာမှာဘယ်သူနဲ့ပေါင်းပြီး ဘယ်လိုစီးပွားဖြစ်အောင် လုပ်ရမယ်ဆိုတာကိုတော့ သူတို့ကောင်းကောင်းသိကြပါတယ်”ဟု ကိုနေမျိုးဇင်က ပြောသည်။

ထက်ထက်မိုးမြင့်၊ ခိုင်သဇင်ဦး၊ အောင်ဇော်ထူး

Popular Myanmar