ဆင်းမ်ကတ်ဈေးနှုန်းထပ်ချပေးဦးမည်


တယ်လီကွန်း အော်ပရေတာအဖြစ် စတင်လုပ် ကိုင်ပါက ကျေးလက်နေပြည်သူ များပါ ဝယ်ယူအသုံးပြုနိုင်ရန်အ တွက် ဖုန်းဆင်းမ်ကတ်များကို လက်ရှိဖုန်းဈေးထက် အနိမ့် ဆုံး ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း အများနှင့်သက်ဆိုင် သည့်ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့ စည်းလိုက်သည့် ရတနာပုံတယ် လီပို့ကုမ္ပဏီ လီ မိတက် မှ အမှု ဆောင်အရာရှိချုပ် ဦးတင်ဝင်း က ပြောကြားလိုက်သည်။တယ်လီကွန်းအော်ပရေ တာအဖြစ် မကြာမီလုပ်ကိုင် တော့မည့် ရတနာပုံတယ်လီပို့ အနေဖြင့် မြို့ပြနေလူတန်းစား သာမက ကျေးလက်နေပြည်သူ များပါ မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆက်သွယ်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက် အအုံများကို တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။''နိုင်ငံခြားကုမ္ပဏီနှစ်ခု ကလဲ အော်ပရေတာ အဖြစ်ဝင် လာတော့မယ်။ ကျွန်တော်တို့ ပြည်တွင်းကုမ္ပဏီနဲ့ ပြိုင်ရတော့မှာပါ။ ကျွန်တော်တို့အနေနဲ့လဲ နောက်ကျ ကျန်ခဲ့လို့ မဖြစ်ပါဘူး။ တယ်လီ ကွန်း အော်ပရေတာ အဖြစ် စလုပ်ပြီ ဆိုတာနဲ့ မိုဘိုင်းဖုန်းကတ်ကို အရင်လုပ်မှာပါ။ မြို့ရော၊ ကျေး လက်မှာပါ ဈေးနှုန်း အနိမ့် ဆုံး နဲ့ ဆင်းမ်ကတ် တွေကို ရောင်း မှာပါ။ အချိန် တစ်ခုပဲ ခဏစောင့်ရမှာပါ''ဟုဦးတင်ဝင်းက ပြောသည်။ ယခုလအတွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများမှ တယ်လီကွန်း အော်ပရေတာ နှစ်ခု ရွေးချယ် မည်ဖြစ် သည်။

ဖူးပွင့်သော်

ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းကို ဓားပြတိုက်


ရန်ကုန်  ဇွန် - ၉ ။           ။ကျိုက္ခမီမှ ရန်ကုန်မြို့ကို ထွက်ခွာလာသည့် အဝေးပြေးခရီးသည်တင်ယာဉ် တစ်စီးကို သထုံမြို့နယ်အတွင်း ဇွန်၈ရက်ညပိုင်းက ဓားပြတိုက် မှု ကြောင့် လူနှစ်ဦးအသတ်ခံခဲ့ ရပြီး ခရီးသည်များ၏ တန်ဖိုးရှိ ပစ္စည်းများ လုယူခံခဲ့ရကြောင်း သိရသည်။

ဇွန် ၈ ရက် ညနေ ၄နာရီ တွင်မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ကျိုက္ခမီကားဂိတ်မှ ရန်ကုန် မြို့ကိုထွက်ခွာခဲ့သည့် 'ရာဇာမင်း' ခရီးသည်တင်ယာဉ်လိုင်း ယာဉ် အမှတ် ၈ဇ/...သည် မွန်ပြည် နယ် သထုံမြို့နယ် တောင်စွန်း ရွာအလွန် ရွှေသံလွင်လမ်းတံ တားအသုံးပြုခကောက်ခံရေိးတ်(သထုံ)အနီး ဘုရားကုန်း ကွေ့အရောက် ည၁၁ နာရီဝန်း ကျင်တွင် ၎င်းယာဉ်နှင့်အတူ ကျိုက္ခမီမှ စီးနင်းလိုက်ပါလာ သည့် ခရီးသည်များထဲမှ လူငါးဦးက ယာဉ်ပေါ်ပါခရီးသည်များကို ဓားပြ တိုက်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဓားပြငါးဦးအ နက် တစ်ဦးက သေနတ်ကိုခြိမ်း ခြောက်ပစ်ဖောက်ပြီး ယာဉ်ကို ကားလမ်းဘေးရှိ ဘုရားကုန်း ဘုန်းကြီးကျောင်းလမ်းအတွင်း မောင်းခိုင်းခဲ့ပြီး ဓားပြ တိုက်ခဲ့ ခြင်းဖြစ်ကာ ခရီးသည်များ၏ ငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါရာဇာမင်းခရီး သည်တင်ယာဉ်ကို ဓားပြတိုက် နေစဉ် အတွင်း ဓားပြများသည်  ယာဉ်နောက်လိုက်ဖြစ်သူ၏ဦး ခေါင်းကို သေနတ်နှင့်ပစ်သတ် ခဲ့ပြီး ယာဉ်မောင်း၏လျှာကို ဖြတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူခရီး သည် ၏ ပြောကြားမှုအ ရ သိရသည်။

ယင်းဖြစ်ရပ်အတွင်း ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်း ကို သထုံဆေးရုံ၌ စတင်ဆေး ဝါးကုသခဲ့ပြီး မော်လမြိုင်ဆေးရုံ သို့ ညတွင်းချင်း ပြောင်းလဲဆေး ဝါးကုသမှု ပေးခဲ့သော် လည်း ရရှိ သည့်ဒဏ်ရာများကြောင့် ဇွန် ၉ ရက်နံနက်ပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း အဆိုပါခရီးသည် တင်ယာဉ်လိုင်းမှ သိရသည်။  ယင်းကား ဓားပြတိုက် ခံရ မှုနှင့်ပတ်သက်ပြီး ရာဇာမင်းခရီး သည်တင်ယာဉ်လိုင်းမှ မန်နေ ဂျာဦးချိုက ''ဒီနေ့ ဇွန် ၉ ရက် မနက် ၅နာရီက ပါးစပ်မှာဒဏ်ရာ ရရှိထားတဲ့ ဒရိုင်ဘာ က မော်လ မြိုင်ဆေးရုံမှာ သေသွားပြီ''ဟု ယာဉ်လိုင်းဓားပြတိုက်ခံရခြင်း နှင့်ပတ်သက်ပြီး အတည်ပြုပြော သည်။ သေဆုံးသူယာဉ်နောက် လိုက်မှာ နိုင်လင်းထွန်း အသက် ၂၆ နှစ်ရှိသူဖြစ်ပြီး ယာဉ်မောင်း မှာ ဇော်လင်းထူး ၃၈နှစ်ဖြစ် ကြောင်း သထုံမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ရဲစခန်း မှတ်တမ်း များ အရ ဓားပြ များ သည် ကပ်ဦးထုပ်ဆောင်း ပြီး ရုပ်ဖျက်ထားကြောင်းသည်။ ယင်းဖြစ်စဉ်အားသထုံမြို့မ ရဲစခန်း က(ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၉၆ဖြင့် အမှုဖွင့် ပြီးလို အပ် သည့် စုံစမ်းစစ်ဆေး မှုပြုလုပ်နေကြောင်း သိရသည်။

ကျော်ဇေယျ

2013 ခုနှစ်မှာ စိုးပြည့်သဇင် ၁၀ တန်းအောင်သွားပြီ

အသက် ၁၃ နှစ် အရွယ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိနေခဲ့တဲ့ အကယ်ဒမီ စိုးပြည့်သဇင်ဟာ ၂၀၁၃ ဇွန် ၈ ရက်နေ့က ထွက်ရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပါပြီ။
စိုးပြည့်သဇင် ၁၀ တန်းအောင်ပါတယ်တဲ့။ အနုပညာ အလုပ်တွေတဘက်နဲ့ ကျောင်းစာတွေကို ကျက်မှတ်ရတာကြောင့် ဂုဏ်ထူးတော့ မပါခဲ့ပါဘူး။
စိုးပြည့်သဇင် တက္ကသိုလ်ဝင်တန်း အောင်လား စိတ်ဝင်တစား မေးနေကြတဲ့ ပရိသတ်တွေအတွက် စိုးပြည့်သဇင်က “ စိုးပြည့် ဒီနှစ် စာမေးပွဲအောင်ပါတယ်။ ဂုဏ်ထူးတော့ မပါခဲ့ပါဘူး။ ဂရုတစိုက် လှမ်းမေးကြတဲ့ စိုးပြည့်ရဲ့ ပရိသတ်တွေအတွက် ကျေးဇူးလည်း တင်ပါတယ်။ ဆယ်တန်း ဖြေတုန်းကလည်း အနုပညာနဲ့ ပညာရေးကို မျှပြီးတော့ လုပ်သွားရတာပေါ့နော်။ အခုလည်း အနုပညာအတွက် အချိန်ပေးနိုင်မယ့် ပညာရေးကိုပဲ ရွေးရမှာပါ။ တက္ကသိုလ်ဆိုတာလည်း စိုးပြည့် သိပ်သွားချင်တဲ့ နေရာတခုပါ။ ပညာရေးကိုရော၊ အနုပညာကိုရော မျှပြီး လုပ်သွားမှာပါ။ အဝေးသင်ပဲ ယူဖြစ်ဖို့များပါတယ်။ ဘယ်ဘာသာ ယူရမလဲ ဆိုတာကတော့ စဉ်းစားတုန်းပါ။ အမှတ်စာရင်းကိုလည်း ကြည့်ရဦးမှာပါ” လို့ ဧရာဝတီကတဆင့် ပြောပါတယ်။
တက္ကသိုလ်ဝင်တန်းကို ပူပူနွေးနွေးအောင်ထားတဲ့ စိုးပြည့်သဇင်ဟာ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဟိန်းဝေယံနဲ့ ဗီဒီယို ဇာတ်ကား တကား ရိုက်ကူးပြီးသွားပြီ ဖြစ်ကြောင်း၊ ကောင်းကင်ရဲ့ ရာဇဝင်၊ အိပ်မက်ဝဿန် စတဲ့ ရိုက်ကူးဆဲ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်နေကြောင်း သိရပါတယ်။
၂၀၁၂ မှာ ချစ်သူရွေးမယ်ဆိုတဲ့ တကိုယ်တော် တေးစီးရီးလည်း ထွက်ရှိထားတဲ့ စိုးပြည့်သဇင်က ဒုတိယခွေအတွက် သီချင်းတွေလည်း စုနေပါပြီတဲ့။
“ချစ်သူရွေးမယ် စီးရီးမှာလည်း စိုးပြည့်ကိုချစ်တဲ့ ပရိသတ်တွေက စိုးပြည့်ကို အားပေးကြတော့ အရမ်း ဝမ်းသာပါတယ်။ ဒုတိယ ခွေအတွက်လည်း သီချင်းတွေ စုနေပါပြီ။ စိုးပြည့်အသံနဲ့ လိုက်မယ့် သီချင်းလေးတွေ ရှာနေတုန်းပါ။ အခုမှ စီစဉ်နေတုန်းပါ။ ပရိသတ်ကြီးလည်း အားပေးကြပါဦး” လို့ စိုပြည့်သဇင်က ပြောပါတယ်။
စိုးပြည့်သဇင်ဟာ အားလုံးသိပြီးတဲ့အတိုင်း စိုးမြတ်သူဇာတို့ ညီအစ်မတွေရဲ့ အနုပညာ မျိုးဆက်တခုဖြစ်ပြီး အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ တတ်မြောက်တဲ့သူ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်လောက်ကတည်းက ကီးဘုတ်အတီးကို သင်ယူ တတ်မြောက်ထားတဲ့ သူလည်း ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှု ပိုင်းမှာ ပုံစံတုံးတယ်လို့ ဝေဖန်ကြသလို၊ တချို့ပရိသတ် ကျတော့လည်း စိုးပြည့်သဇင်ရဲ့ ဝတ်စားဆင်ယင်မှုတွေမှာ လျှပ်ပေါ်လော်လည်တာမျိုး မတွေ့ရဘူးဆိုပြီး ချီးမွမ်းကြ ပြန်ပါတယ်။
သရုပ်ဆောင် ပိုင်းမှာဆိုလည်း ၂၀၀၉ အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ မိုးညအိမ်မက်မြူ ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု (အကယ်ဒမီ ရွှေစင်ရုပ်တု) ကို ရရှိခဲ့သူ ဖြစ်ပါတယ်။
ဧရာဝတီ

ချစ်သုဝေ အိမ်ထောင်မပြုသေးရခြင်း အကြောင်းရင်း


လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။
မိန်းကလေး တယောက်က အသက်အစိတ်မှာ “ထရီဇာ အိမ်ထောင်ရေးကို မစဉ်းစားသေးဘူး။ အခု လောလောဆယ်မှာ အလုပ်တွေပဲ လောဘကြီးပြီး လုပ်နေတယ်။ နောက်ပြီး ကျောင်းပြန် တက်ချင်နေတယ် စာတွေ ပြန်ကျက်ချင်နေတယ်၊ ဒါကြောင့် စာတွေ ပြန်လေ့လာနေတယ်” လို့ ချစ်သူဝေက ဟြေပါတယ်။
အိမ်ထောင်ပြုသင့်တယ်လို့ လူတွေက သတ်မှတ်ကြပေမယ့် ချစ်သုဝေက သူ့အသက် အစိတ်ကျော်သွားပြီ ဖြစ်တဲ့အတွက် အိမ်ထောင် မပြုရတော့ဘူးလား၊ လက်မထပ် ရတော့ဘူးလား၊ ဟိုင်းသွား ပြီလား၊ ဒါတွေက သတ်မှတ်ချက်တွေပါလို့ ဆိုလာပါတယ်။
ချစ်သူ့ဝေက “လက်ရှိအချိန်ကိုပဲ စဉ်းစားတယ်၊ အနာဂတ်ကို ဘယ်တော့မှ ကြိုမတွေးဘူး၊ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင်လည်း အမှား ကင်းတယ်တော့ မဟုတ်ပေမယ့် အမှားနည်းနိုင်သမျှ နည်းတယ်လို့ ဟြေနိုင်တယ်။ နောင်တ ရစရာတွေလည်း နည်းနိုင်သမျှ နည်းတာကောင်းတယ်” လို့ လည်း သူ့ဒဿနကို ဖွင့်ဟပါတယ်။
သူက ခရစ်ယာန်ဘာသာဝင် တဦးဖြစ်လို့ ဘုရားသခင်ကို အရမ်းယုံကြည်တယ်၊ ဒါကြောင့် အိမ်ထောင်ရေးကို ကြိုမတွေးဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပဲ၊ ကိုယ်တွေးတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါလို့ ဆက် ဟြေပါတယ်။
“မိန်းကလေး တယောက်က လက်ထပ်သင့်တဲ့ အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဆိုတာတော့ ရှိပါတယ်။ အိမ်ထောင် ပြုရမယ်လို့တော့ မဟုတ်ပါဘူး၊ အခုလက်ရှိ အချိန်မှာတော့ ပျော်သလိုနေပါတယ်၊ စိတ်ချမ်းသာအောင်နေပါတယ်၊ အကောင်းဆုံး ဖြစ်အောင် နေတယ်၊ မနက်ဖြန်မှာ လာမေးရင် နောက်တမျိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ရှေ့ရေးတွေကို လာမေးရင် သိပ်မသိဘူး၊ အနာဂတ် ဆိုတာလည်း ကောင်းတာလေးတွေ လုပ်ရင် ကောင်းတဲ့ အကျိုးတွေ ခံစားရမှာပဲ” လို့ ဟြေပါတယ်။
ချစ်သုဝေရဲ့ ချစ်သူ ဘယ်သူဆိုတာ ပရိသတ်က သိပြီး ဖြစ်တဲ့အတွက် ချစ်သုဝေတယောက် အခုအချိန်မှာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဘာသာမတူတာ ဘာအကြောင်းလဲ … တို့တော့ ဒါတွေ နားမလည်” ဆိုတဲ့ သီချင်း စာသားလေးကိုများ ညည်းနေမလားလို့ ဝင်တွေးပေး နေကြမလားဘဲ။

ဧရာဝတီ

သမ္မတ ဦးသိန်းစိန်၊ RCSS/SSA ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် တွေ့ဆုံ (ရှမ်းပြည်မြန်မြန်အေးချမ်းပါစေ)...


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) နာယက ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့သည် နေပြည်တော်တွင် ပထမဆုံးအကြိမ် ယနေ့တွေ့ဆုံလျက်ရှိသည်။ အဆိုပါတွေ့ဆုံပွဲတွင် အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း အပါအ၀င် အဆင့်မြင့်အရာရှိကြီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များတက်ရောက်ခဲ့ကြပြီး RCSS/SSA ဘက်မှလည်း ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်က သမ္မတဦးသိန်းစိန်ကို ဗုဒ္ဓဆင်းတုတော်တစ်ဆူနှင့် ရှမ်းရိုးရာဝတ်စုံတစ်စုံ ပေးအပ်သည်။ ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ဇွန်လ ၉ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည်။ ဓာတ်ပုံ- ဦးရဲထွဋ် Facebook မှ ကူးယူဖော်ပြပါသည်။

7day news

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
Ref & Credit to Digital Life Journal

ကိုယ်လုံးတီး မက္ကဆီကို စက်ဘီးစီးပွဲ


မက္ကဆီကိုမြို့ လမ်းမတွေ တလျှောက် ထောင်နဲ့ချီတဲ့ စက်ဘီး သမားတွေဟာ ကမ္ဘာ့ ကိုယ်တုံးလုံးတီး စက်ဘီစီးပွဲ အဖြစ် အဝတ်မပါ ဗလာကျင်းပြီး၊ စက်ဘီးစီးခဲ့ကြ ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အတွက် စက်ဘီးစီးခြင်းဟာ အရေးပါကြောင်းနဲ့ လောင်စာစီ လျှော့ချနိုင်မယ့် နည်းလမ်း အဖြစ် သတိထား မိလာစေဖို့ ရည်ရွယ်ပြီး အခုလို စီးခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ


အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့
အကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော်
ရေးရာ ကိစ္စရပ်တွေကို လေ့လာဖို့ ခရီးစဉ်တစိတ်တပိုင်းအဖြစ်နဲ့ ရောက်ရှိ

လာတဲ့ ခရီးစဉ်အတွင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်း ကအခုလို ပြောလိုက်တာပါ။

၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ သမ္မတ
အဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ လက်ရှိ အခြေခံဥပဒေအရ ကန့်သတ်ခံထားရတာပါ။

ဒါပေမဲ့လည်း အများသဘောတူ လက်ခံတယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်တွေကို သူ့အနေနဲ့ ကန့်ကွက်မှ မဟုတ်တဲ့အကြောင်းလည်း ဦးရွှေမန်း ကပြောပါတယ်။ သီတင်း ၂ ပတ်နီးပါးကြာ အမေရိကန် ခရီးစဉ်အတွင်းမှာတော့ လွှတ်တော်ရေးရာ တာဝန်ရှိသူတွေနဲ့အတူ ဦးရွှေမန်းဟာ အမေရိကန် လွှတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး မြန်မာနိုင်ငံက လွှတ်တော်ရဲ့ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို
လေ့လာဖို့ ရည်ရွယ်ထားတာပါ။ လတ်တလောခရီးစဉ် အစနေ့အဖြစ်
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ၀ါရှင်တန် မြန်မာသံရုံးမှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

VOA

အဲပုဂံ လေယာဉ်တစီး စက်ချွတ်ယွင်းလို့ ညောင်းဦးလေဆိပ် ပြန်ဆင်းခဲ့ရ


ညောင်ဦးမှ ရန်ကုန်ခရီးစဉ် အဲပုဂံလေယာဉ်တစီးဟာ ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက က စက်ချွတ်ယွင်း လို့ ညောင်ဦးလေဆိပ်ကို ပြန်လည် ဆင်းသက်ခဲ့ရပြီး ခရီးသည်တွေကို ကမ္ဘောဇ လေကြောင်းနဲ့ စီစဉ်ခဲ့ရ တယ် လို့ သိရပါတယ်။
ခရီးစဉ် (W9-129 ) ရန်ကုန်-ဟဲဟိုး-ညောင်ဦး-ရန်ကုန် ကွင်းပတ် အဲပုဂံ လေယာဉ်ဟာ မနေ့က ညနေ ၄ နာရီ ခွဲမှာ ညောင်ဦးလေဆိပ်ကို ဆိုက်ရောက်ပြီး ညောင်ဦးမှ ရန်ကုန်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသည် ၄၁ ဦးတင်ဆောင်ပြီး ညနေ ၅ နာရီမှာ ပြန်လည် ထွက်ခွာခဲ့ပြီး ၁၀ မိနစ်အကြာ စက်ချွတ်ယွင်းခဲ့တာလို့ ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

အဲပုဂံရဲ့ ခရီးသည်တွေကို ကမ္ဘောဇ လေကြောင်းလိုင်းက လေယာဉ်တစီးနဲ့လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး 
လေယာဉ်ကိုတော့ မန္တလေးနဲ့ ရန်ကုန်က အင်ဂျင်နီယာတွေနဲ့ ပြင်ဆင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ပြီးဆီးသွားတယ်လို့ ဆိုထားပါတယ်။ 

ယမန်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံက်ပိုင်းကလည်း ဟဲဟိုးလေဆိပ်မရောက်မီ ၂ မိုင်အလိုခန့် အရေးပေါ် ဆင်းသက်မှုကြောင့် လေယာဉ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် တဦးသေဆုံးခဲ့ကာ ဒေသခံ ဆိုင်ကယ် စီးလာသူအား လေယာဉ် အစိပ်အပိုင်းနှင့် တိုက်မိ၍  နောက်ထပ် တဦး သေဆုံးခဲ့ပါသေးတယ်။ 

အဲပုဂံလေကြောင်းလိုင်းကို နာမည်ကြီး သူဋ္ဌေးကြီး ဦးတေဇ ပိုင်ဆိုင်တယ်လို့ လူသိများပါတယ်။ 



အိမ့်သံစဉ် ~ irrawaddy
 

မလေးရှားနိုင်ငံ ဆလာရန်းမြို့ သို့ မြန်မာ လူမျိုးများ လုံးဝ မသွားရောက်ကြ ပါရန်


မလေးရှားနိုင်ငံ ဆလာရန်းမြို့ သို့ မြန်မာ လူမျိုးများ လုံးဝ မသွားရောက်ကြ ပါရန်။ ဆလာရန်းမြို့ရှိ အိန္ဒြာ ခင်မောင်ဝင်းဆိုင်နှင့် ဇေယျာဆိုင် ကူးသော လမ်းတွင် မင်းမဲ့စရိုက်ဆန်စွာ မြန်မာလူမျိုးများအား သတ်ဖြတ်နေကြပါ တယ်။

လောလောဆယ်သတင်းအရ အလောင်း ၅လောင်းအား ရဲကားဖြင့် သွားရောက်ကောက်ထားပြီး ပျောက်နေတာ အယောက် ၃၀ကျော်ရှိပါတယ်..

ပိတ်မိနေသော သူများလည်းရှိသောကြောင့် ကူညီကယ်ဆယ်ရေး အတွက်ကြိုးပမ်းနေကြပါတယ် အရင်နေ့တွေက ပြသနာအရှာခံရတဲ့ သူတွေကိုလည်း နေရာပြောင်းပေးထားပါတယ် ။

နာရေးအလောင်းများ မြေကျရန်လည်း အလှူငွေများလိုအပ်နေကြောင်းကြား သိရပါတယ် အားလုံးမိမိနေရပ်မျာ ဂရုတစိုက်နေကြပါ။

ဖြစ်နိုင်ရင် ဘယ်နေရာကိုမှ အရေးကြီးကိစ္စမရှိပဲ မသွားစေချင်ဘူး အထူးသဖြင့် ဆလာရန်း ကလန်း ဆရမ်ဘန်း အရပ်များသို့ မသွား ကြပါနဲ့ သတင်းမှန်ကြောင်း အာမခံပါတယ်။

ခုတော့ ခိုလှုံသူ ၁၀၀ နီးပါး ရှိနေပါတယ်။ ကွာလာလမ်ပူ(ကပ်ပုံး) က ဘုန်းကြီးကျောင်းကိုလည်း ရဲတွေစောင့်ပေးနေပါတယ်။

(မလေးရှားရောက် မြန်မာများပေးပို့သည်)

အင်တာနတ်


Myanmar News Update

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်


နေပြည်တော် ဇွန် ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး၊ ကြူကုတ်၊ မုံးပေါ် ဒေသရှိ ဝိန်းဆိုင်ကျေးရွာ အုပ်စု၊ ဟူးကြီးရွာ၏ အနောက်ဘက် ချောင်း အနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး သစ်ပင်တွင် တွဲလောင်း ချည်ထားသည့် ယောက်ျား အလောင်း တစ်လောင်းအား ဦးခေါင်း အနောက်ဘက်ပိုင်းတွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ရင်အုံ လက်နက်ငယ် ကျည်ဖောက် ထွက် ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း ကျေးရွာနေ တာဝန်ရှိ သူများမှ တွေ့ရှိခဲ့သည်။
အဆိုပါ သေဆုံးသူမှာ မူဆယ်- မုံးပေါ် လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံ ရောင်းချသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်မှ ဦးမင်းနိုင် (ဘ) ဦးသော်ဌေး ၅၂ နှစ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် ဈေးရောင်းသည့် ဆိုင်ကယ်နှင့် ဈေးခြင်းတောင်းများ တွေ့ရှိရပြီး တပ်မတော် သတင်းပေးဟု ယူဆသဖြင့် ကေအိုင်အေ အဖွဲ့မှ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မြဝတီ