မရေရာသော အသုံးအနှုန်းများ အသုံးပြုခြင်း (Vocabulary Lesson)

ပို့စ်တင်ချိန် - 11/21/2013 09:46:00 AM


အင်္ဂလိပ်စကားမှာ မရေရာ မတိကျတဲ့ သတင်းအချက်အလက်ပေးတဲ့အခါမှာ အသုံးပြုတဲ့ စကားအသုံးအနှုန်းတွေ ထဲက အများသုံးလေ့သုံးထရှိတဲ့ အသုံးအနှုန်းအချို့ကို ဖော်ပြလိုက်ပါတယ်။
There are about 600 people working in this company. (ဒီကုမ္ပဏီမှာ လူ ၆၀၀ ခန့် အလုပ်လုပ်နေပါတယ်။)
*About (ခန့်)ကို ကိန်းဂဏန်းပါသောအသုံးအနှုန်း(a numbered expression) ဖြင့် တွဲသုံးရပါမည်။

There are approximately 600 people working in this company. (ဒီကုမ္ပဏီမှာ ခန့်မှန်းခြေလူ ၆၀၀ အလုပ်လုပ် နေပါတယ်။)
*Approximately (ခန့်မှန်းခြေ)ကိုလည်း ကိန်းဂဏန်းပါသော စကားစုနှင့် တွဲသုံးရပါမယ်။

There are a large number of students interested in taking this course. (ဒီသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား အတော်များများရှိတယ်။)
*A large number (အတော်များများ)နောက်က နာမ် (noun)ကို တွဲသုံးရပါတယ်။

Management predicts up to 50% growth for the coming year. (နောက်နှစ်အတွက် တိုးတက်မှုက ၅၀% အထိ မြင့်တက်သွားလိမ့်မယ်လို့ အုပ်ချုပ်သူတွေက ကြိုတင်ခန့်မှန်းပါတယ်။)
*up to (….ထိ)ကို နာမ်ဖြင့် တွဲသုံးရပါတယ်။

It’s a kind of a bottle opener which can also be used to peel vegetables.(ဒါကတော့ ဟင်းသီးဟင်းရွက်တွေကိုပါ အခွံခွာလို့ရတဲ့ ပုလင်းဖွင့်တဲ့ ကရိယာလိုလိုပါပဲ။)
*A kind of (လိုလို) ကို နာမ်နှင့်တွဲသုံးလေ့ရှိပါတယ်။
It’s the type of place you can go to relax for a week or so. (ဒီဟာကတော့ တစ်ပတ်ခန့်လောက် အပန်းဖြေဖို့သွားနိုင်တဲ့ နေရာမျိုးပဲဖြစ်တယ်။)
*Type of (မျိုး)ကို နာမ်နှင့် တွဲသုံးရပါတယ်။ ၀ါကျရဲ့ နောက်ဆုံးမှာ or so (ခန့်လောက်)ကို ထည့်ခြင်းဖြင့် အချိန်၏ ခန့်မှန်းချက် ကို ဖော်ပြပါတယ်။

They’re the sort of people that like going bowling on Saturday evenings. (သူတို့ကတော့ စနေနေ့ ညနေတွေမှာ ဘိုးလင်းသွားကစးတာကို ကြိုက်ကြတဲ့ လူမျိုးတွေပါပဲ)။
*Sort of (အမျိုး)ကို နာမ်နှင့်တွဲသုံးရပါတယ်။

It’s difficult to say, but I’d guess that it’s used for cleaning house. (ပြောဖို့ရာ ခက်ပေမဲ့ ဒီဟာကတော့ အိမ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ သုံးရတာလို့ ကျွန်တော်ထင်တယ်။)
*It’s difficult to say, but I’d guess ကို သီးခြားရပ်တည်နိုင်တဲ့ ပင်မ clause (Independent clause) နှင့် တွဲသုံးရပါတယ်။
I’m not really sure, but I think they enjoy hiking in the mountains. (သိပ်တော့ မသေချာပေမဲ့ သူတို့ဟာ တောင် ခြေလျင်တောင်တက်ရတာကို ပျော်မွေ့ကြတယ်လို့ ကျွန်တော် ထင်တယ်။)
*I’m not really sure, but I think ကိုလည်းပဲ independent clause ဖြင့် တွဲသုံးရပါမယ်။


About.com  မှ Kenneth Beare ၏ Using Vague Expressions – Being Imprecise ကိုမှီငြမ်းပါသည်။
British Council Myanmar